အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၇၂၆ အနန္တတန်ခိုးရှင်သည် တရုတ်ပြည်တွင် လူတစ်စုကို စုံလင်စေတော်မူ၏ကျူး

၁ ဘုရားသခင်၏ သိပ်ပိုက်မှုကို ခံရခြင်းသည် သိုင်းပြိုင်ပွဲတစ်ခုနှင့်တူသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ငါတို့၏ မျှော်လင့်ချက်များနှင့် အိပ်မက်များ အားလုံးကို ခွာချပစ်ပြီး ငါတို့၏ အလွန်အကျွံဖြစ်သော စိတ်ဆန္ဒများကို အဆုံးသတ်ပေးသည့်အပြင် သူသည် ငါတို့၏ ကယ်တင်ရှင်ဖြစ်ပြီး ငါတို့ကို ကယ်တင်နိုင်စွမ်းရှိသောသူ ဖြစ်သည် ဟူသည့်အချက်ကိုလည်း ယုံကြည်လိုခြင်း မရှိတော့ဘဲ ဖြစ်စေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် သူနှင့် ငါတို့အကြား၌ မည်သူကမျှ ကြိုးစား၍ မဖြတ်ကူးလိုသည့် ချောက်နက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ပထမဦးဆုံးအကြိမ် ငါတို့ခံစားခဲ့ရသည့် အလွန်ကြီးမားသော ဆုတ်ဆိုင်းမှုဖြစ်သည်၊ ငါတို့၏အသက်တာ၌ အလွန်ကြီးမားသော အရှက်ရမှုဖြစ်သည်။ သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ဘုရားသခင်၏ ဂုဏ်သရေနှင့် လူသား၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်းအား ငါတို့ကို အမှန်တကယ် နားလည်စေသည်၊ ထိုအရာများနှင့်ယှဉ်လျှင် ငါတို့သည် အလွန်ပင်နိမ့်ကျပြီး မစင်ကြယ်သူများ ဖြစ်သည်။ သူ၏တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုက ငါတို့သည် မည်မျှမောက်မာကြောင်း၊ မည်မျှခမ်းကြီးနားကြီးနိုင်ကြောင်း၊ လူသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ အဆင့်ချင်းတူမည် မဟုတ်ကြောင်း၊ သို့မဟုတ် ဘုရားသခင်နှင့် တန်းတူဖြစ်မည် မဟုတ်ကြောင်းကို ငါတို့အား ပထမဦးဆုံးအကြိမ် သတိထားမိစေသည်။

၂ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုက ဖောက်ပြန်သော စိတ်သဘောထားဖြင့် ဆက်လက် အသက်မရှင်တော့အောင် တောင့်တသည့်စိတ်ကို ငါတို့၌ ဖြစ်စေသည့်အပြင် ထိုသို့သော သဘာဝနှင့် အနှစ်သာရကို အမြန်ဆုံး စွန့်လိုစိတ်ရှိအောင်၊ ဘုရားသခင် မနှစ်မြို့သောသူ မဖြစ်တော့အောင်၊ ဘုရားသခင်အတွက် ရွံရှာဖွယ်ကောင်းသောသူ မဖြစ်တော့အောင်လည်း လုပ်ပေးသည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် သူ့နှုတ်ကပတ်တော်များကို ငါတို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ နာခံလိုစိတ်ရှိအောင်နှင့် သူ၏စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ပုန်ကန်လိုစိတ် မရှိတော့အောင် လုပ်ခဲ့ပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် အသက်ကို ရှာဖွေလိုစိတ်အား ငါတို့ကို နောက်တစ်ကြိမ် ထပ်ပေးပြီးဖြစ်သည်၊ သူ့ကို ငါတို့၏ ကယ်တင်ရှင်အဖြစ် ဝမ်းမြောက်ဝမ်းသာလက်ခံအောင် လုပ်ခဲ့ပြီးဖြစ်သည်...။ ငါတို့သည် သိမ်းပိုက်ခြင်းအလုပ်ကို ထားခဲ့ပြီးဖြစ်သည်၊ ငရဲမှလည်း ထွက်ခွာလာခဲ့ပြီး ဖြစ်သည်၊ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲမှ လှမ်းထွက်လာခဲ့ပြီးဖြစ်သည်...။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဤလူစုဖြစ်သည့် ငါတို့ကို ရရှိပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် စာတန်ကို အောင်နိုင်ပြီးဖြစ်သည်၊ သူ၏ရန်သူများအားလုံးကို နှိမ်နင်းပြီး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရား၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့သည် လူကို ကယ်တင်ရန်ဖြစ်၏ကျူး

နောက်တစ်ခုသို့:ဘုရား၏တရားစီရင်ခြင်းမှ သင်ထွက်ပြေးပါက အဘယ်အရာဖြစ်လိမ့်မည်နည်းကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ