အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၉။ ခရစ်တော်သည် ဘုရားသခင်၏ သရုပ်သကန်ဖြစ်၏

၃) ခရစ်တော်က ဖော်ပြခဲ့သည့် သမ္မာတရားများကို အသိအမှတ်မပြုသည့် လူသား၏ ပြဿနာ၏ သဘောသဘာဝကား အဘယ်နည်း။ ခရစ်တော်ကို ဘုရားသခင်အဖြစ် လူသားမှ သဘောမထားခြင်း၏အကျိုးဆက်ကား အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရား မရှိ သောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏။ ငါသည်သစ္စာစကားကို ပြောသောကြောင့် သင်တို့မယုံကြ။...ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့ သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။” (ယော ၈:၄၄-၄၇)

“ဘုရားသခင်၏ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့်ကြွလာ တော်မူသော ယေရှုခရစ်ကို ဝန်ခံသောဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရား သခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။” (၁ ယော ၄:၂-၃)

“လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။” (၂ ယော ၁:၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ ဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူလုပ်ဆောင်သည့် အလုပ်အားလုံးကို သင်ယုံကြည်ရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ ဖြစ်သောကြောင့် ဘုရားသခင်ကို နာခံရမည်။ မနာခံနိုင်လျှင် ဘုရားသခင်ကို သင်ယုံသည်၊ မယုံဘူးဟူသည့် အချက်သည် အရေးမကြီးတော့။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ကြာသည်အထိ ယုံကြည်ခဲ့သော်လည်း ဘုရားသခင်ကို တစ်ခါမျှ မနာခံဖူးလျှင် (သို့မဟုတ်) သူ၏ နှုတ်ကပတ်တော် အားလုံးကို လက်မခံဖူးဘူးဆိုလျှင်၊ ထိုအစား ဘုရားသခင်အား သင်၏ အကြံအစည်များအတိုင်း ပြုမှုရန်နှင့် သင့်ကို လိုက်လျောရန် တောင်းဆိုမည်ဆိုလျှင် သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ ဖြစ်သည်၊ သင်သည် မယုံကြည်သူ တစ်ဦးပင်ဖြစ်သည်။ ထိုသို့သော သူတစ်ဦးက လူတို့၏ အယူအဆနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များကို မည်သို့ နာခံနိုင်သနည်း။ အပုန်ကန်ဆုံး သူသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်၊ အာခံသူ ဖြစ်သည်။ သူသည် ဘုရားသခင်၏ ရန်သူ၊ အန္တိခရစ် ဖြစ်သည်။ ထိုသို့သောသူသည် ဘုရားသခင်၏အမှုသစ်အပေါ် ရန်လိုသော သဘောထားကို အစဉ်တစိုက် ကိုင်စွဲထားပြီး နာခံလိုသည့်သဘော နည်းနည်းလေးမျှမရှိ၊ နာခံလိုစိတ်ကို လိုလိုလားလား တစ်ခါမျှ မပြဖူး၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် တစ်ခါမျှ မနှိမ့်ချဖူးပေ။ သူသည် အခြားလူများရှေ့၌ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်လေ့ရှိပြီး မည်သူ့ကိုမျှ မနာခံဖူးပေ။ ဘုရားသခင်၏ရှေ့၌ သူသည် သူ့ကိုယ်သူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံးသူ၊ အခြားသူများကို ပြုပြင်ရာတွင် အကျွမ်းကျင်ဆုံးသူအဖြစ် သတ်မှတ်လေ့ရှိသည်။ သူသည် လက်ဝယ်ပိုင်ဆိုင်ထားပြီးသော “အဖိုးတန်ရတနာများ” ကို ဘယ်တော့မျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်နှင့် သူ့ကို ဘုရားကဲ့သို့ ကိုးကွယ်ကြသော အရူးများကို သင်ကြားပို့ချရန်အတွက် ထိုပစ္စည်းများကို ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းများအဖြစ် သတ်မှတ်အသုံးပြုသည်။ အသင်းတော်ထဲ၌ ထိုသို့သောသူများမှာ အရေအတွက် အတိုင်းအတာ တစ်ခုအထိရှိသည်။ သူတို့ကို ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ယာယီနေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းကြီးများ” ဟုခေါ်နိုင်သည်။ သူတို့သည် နှုတ်ကပတ်တော်များအား (အယူဝါဒ) ဟောပြောခြင်းကို ၎င်းတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးအမြတ်ထားပြီး မချိုးဖောက်အပ်သော” တာဝန်ကို အခြားသူများ လိုက်နာလုပ်ဆောင်အောင် သူတို့သည် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို ပေါ်ပေါ်ထင်ထင် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို အာဏာရှင်တစ်ဦးကဲ့သို့ ဆက်ဆံပြီး ပွားများနေကြလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်မိစ္ဆာအဖွဲ့သည် အချင်းချင်းလက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်၊ အသက်ရှင်နေသော ထိုနတ်မိစ္ဆာများကို အဘယ်သို့ ငါ့မျက်စိရှေ့၌ ဆက်လက်နေထိုင်ခွင့် ပေးနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်” မှ

လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆို၊ ဆိုလိုသည်မှာ မြင်တွေ့နိုင်သော ဘုရားသခင်၏ အမှုနှင့် စကားတို့ကို မယုံသူများနှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကိုမယုံကြည်ဘဲ မမြင်တွေ့နိုင်သော ကောင်းကင်ဘုံမှ ဘုရားသခင်ကို ကိုးကွယ်သူများသည် သူတို့၏စိတ်နှလုံးတွင် ဘုရားသခင် မရှိပေ။ သူတို့သည် ဘုရားသခင်ကို မနာခံ၍ ဆန့်ကျင်သောသူများဖြစ်ကြသည်။ ဤလူများ၌ သမ္မာတရားကို ထည့်မတွက်နှင့်ဦး၊ လူ့သဘာဝနှင့် အသိစိတ်တို့ ချို့တဲ့ကြသည်။ ဤလူများအတွက်မူ မြင်တွေ့နိုင်ပြီး ကိုင်တွယ်နိုင်သော ဘုရားသခင်ကို အခြားအရာများထက်ပို၍ပင် မယုံကြည်နိုင်ကြသော်လည်း၊ မမြင်တွေ့နိုင်၍ မကိုင်တွယ်နိုင်သော ဘုရားသခင်ကမူ ယုံကြည်ရဆုံးနှင့် သူတို့၏စိတ်နှလုံးကို အချမ်းမြေ့စေနိုင်ဆုံးဖြစ်သည်။ သူတို့ရှာဖွေသည်မှာ လက်တွေ့အရှိတရား၏ သမ္မာတရားမဟုတ်သကဲ့သို့ အသက်တာ၏ မှန်ကန်သော အနှစ်သာရလည်းမဟုတ်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များလည်း သာ၍ပင်မဟုတ်ဘဲ၊ ယင်းအစား သူတို့သည် စိတ်လှုပ်ရှားမှုနောက်ကိုသာ လိုက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဆန္ဒများကို ကြိုးပမ်းရရှိနိုင်ခွင့် အပေးနိုင်ဆုံးသော မည်သည့်အရာမဆိုသည် ယုံမှားဖွယ်ရာမလိုဘဲ သူတို့၏ယုံကြည်ခြင်းများနှင့် လိုက်လျှောက်ခြင်းများဖြစ်သည်။ သူတို့သည် သူတို့၏ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းသာဖြစ်ပြီး သမ္မာတရားကို ရှာဖွေရန် မဟုတ်ပေ။ ဤလူများသည် မကောင်းမှုကျူးလွန်သူများ မဟုတ်ပါလော။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်းယုံကြည်စိတ်ချကြပြီး ကောင်းကင်ဘုံမှ ဘုရားသခင်သည် ဤ “လူကောင်းများ” ဖြစ်သော သူတို့အား ဖျက်ဆီးမည်ဆိုသည်ကို မယုံကြည်ကြပေ။ ထိုအစား သူတို့သည် ဘုရားသခင်က သူတို့ကို ကျန်ရှိရန် ခွင့်ပြုမည်ဟုယုံကြည်ကြပြီး၊ ထို့ထက်မက ဘုရားသခင်အတွက် အရာများစွာကို သူတို့လုပ်ဆောင်ခဲ့ပြီး သူ့အပေါ် “သစ္စာစောင့်သိမှု” ကို အကြီးအကျယ် ပြသခဲ့ခြင်းတို့အတွက် သူတို့ကို ရက်ရက်ရောရော ဆုလာဘ်ပေးသနားမည်ဟု ယုံကြည်ကြသည်။ အကယ်၍သာ သူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို လိုက်လျှောက်ကြမည်ဆိုလျှင် သူတို့သည် ချက်ချင်းပင် ဘုရားသခင်ကို ဆန့်ကျင်ကြလိမ့်မည် သို့မဟုတ် သူတို့၏ဆန္ဒများ ပျက်ပြားသွားသည်နှင့် ယမ်းပုံမီးကျဖြစ်ကြလိမ့်မည်။ ဤသူတို့သည် သူတို့ကိုယ်တိုင်၏ အလိုဆန္ဒများကို ဖြည့်ဆည်းရန် ကြိုးပမ်းကြသည့် ဆိုးညစ်သောသူများ ဖြစ်ကြသည်၊ သူတို့သည် သမ္မာတရားကို လိုက်လျှောက်ကြသည့် ဂုဏ်သိက္ခာရှိသောသူများ မဟုတ်ကြပေ။ ထိုကဲ့သို့သောလူများသည် ခရစ်တော်နောက်ကိုလိုက်သည့် ကောက်ကျစ်စဉ်းလဲသော လူများဟုဆိုသည့် လူများဖြစ်သည်။ သမ္မာတရားကို မရှာဖွေသောသူတို့သည် သမ္မာတရားကို မယုံကြည်နိုင်ကြပေ။ မြင်တွေ့နိုင်သော ဘုရားသခင်၏အမှု သို့မဟုတ် စကားများကို မယုံကြည်ကြသောကြောင့် သူတို့သည် လူသား၏ အနာဂတ်ရလဒ်များကို သာ၍ပင် မသိမြင်နိုင်ကြပေ၊ ထို့အပြင် သူတို့သည် လူသား၏ အနာဂတ် ခရီးပန်းတိုင်ကိုလည်း မယုံကြည်နိုင်ကြပေ။ သို့ဖြစ်ရာ သူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို လိုက်လျှောက်သည့်တိုင်အောင်ပင် သူတို့သည် မကောင်းမှုကို ကျူးလွန်ကြဆဲဖြစ်ပြီး သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ငါအလိုရှိသော သမ္မာတရားကိုလည်း သူတို့လက်တွေ့မကျင့်သုံးကြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

လူသားနှင့် ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ၊ သူသည် မမြင်နိုင်သော သို့မဟုတ် ထိတွေ့မရနိုင်သော အရာများ၊ အလွန့်အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြဖွယ်ဖြစ်သော အရာများ၊ လူသားမှ စိတ်ကူးမရနိုင်သော အရာများနှင့် သေမျိုးသာသာမျှဖြစ်သော သူတို့မှ မရရှိနိုင်သော အရာများကိုသာ ခုံမင်နှစ်သက်ခြင်း ဖြစ်သည်။ ဤအရာများ ပို၍လက်တွေ့မကျလေလေ၊ အခြားအရာအားလုံးကို အလေးမထားဘဲ ၎င်းတို့ကို လိုက်စားသော လူသားမှ ၎င်းတို့အား ပိုမိုခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး၊ ၎င်းတို့ကို ရရှိရန် ကြိုးပမ်းလေသည်။ ၎င်းတို့ ပိုမိုလက်တွေ့မကျလေလေ၊ လူသားသည် ၎င်းတို့ကို ပိုမိုနီးကပ်စွာ စေ့စေ့စပ်စပ်ကြည့်ရှုကာ ခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး ၎င်းတို့အကြောင်း မိမိ၏ ပြည့်စုံ စေ့စပ်သော ကိုယ်ပိုင် စိတ်ကူးများကို ဖန်တီးသည်အထိပင် ဖြစ်လေသည်။ ဆန့်ကျင်ဖက်တွင်၊ အမှုအရာတို့သည် ပိုလက်တွေ့ကျလေလေ၊ လူသားက ၎င်းတို့နှင့် စပ်ဆိုင်၍ ပိုအရေးမထားလေလေ ဖြစ်၏၊ သူသည် ၎င်းတို့ကို လွယ်လွယ် အထင်အမြင်သေးကာ၊ မထီလေးစားပင် ပြုပေသည်။ ဤသည်မှာ ယနေ့ ငါလုပ်ဆောင်သော လက်တွေ့ကျသည့် အလုပ်အပေါ် သင်တို့၏သဘောထား အတိအကျဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့သောအရာများ ပိုမိုလက်တွေ့ကျလေလေ၊ သင်တို့သည် ၎င်းတို့အပေါ် ပိုမိုဆန့်ကျင်၍ မစူးစမ်းဘဲခွဲခြားဆက်ဆံ လေလေဖြစ်ကြ၏၊ ၎င်းတို့ကို့ ဆန်းစစ်ဖို့ သင်တို့အချိန်မပေးဘဲ လျစ်လျူရှု၍သာ ထားကြ၏၊ ဤလက်တွေ့ကျ၍ ရိုးရှင်းသော လိုအပ်ချက်များကို သင်တို့အထင်အမြင်သေးပြီး၊ လက်တွေ့အကျဆုံးသော ဤဘုရားသခင်အကြောင်း များမြှောင်လှသော အယူအဆများပင် တည်ထားကာ၊ သူ၏ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်ခြင်းတို့ကို လုံးဝ လက်ခံနိုင်စွမ်းမရှိကြပေ။ ဤနည်းအားဖြင့်၊ သင်တို့သည် မရေရာမှုအလယ်တွင် ယုံကြည်နေကြသည် မဟုတ်လော။ သင်တို့သည် အတိတ်ကာလ၏ မရေရာသော ဘုရားသခင်၌ မယိမ်းယိုင်သော ယုံကြည်မှုတစ်ခု ရှိကြပြီး၊ ယနေ့၏ လက်တွေ့ကျသော ဘုရားသခင်၌ စိတ်ပါဝင်စားမှုမရှိကြ။ ဤသည်မှာ မနေ့က ဘုရားသခင်နှင့် ယနေ့ ဘုရားသခင်တို့သည် ကွဲပြားသော ခေတ်ကာလနှစ်ခုမှ ဖြစ်သောကြောင့် မဟုတ်လော။ ယင်းမှာ မနေ့က ဘုရားသခင်သည် ကောင်းကင်ဘုံ၏ အဆင့်မြင့်သော ဘုရားသခင်ဖြစ်ပြီး ယနေ့ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်က သေးငယ်သော လူသားတစ်ဦး ဖြစ်သောကြောင့်လည်း မဟုတ်လော။ ထို့အပြင်၊ ယင်းမှာ လူသားမှကိုးကွယ်သော ဘုရားသခင်သည် သူ၏အယူအဆများမှ ထွက်ပေါ်သော ဘုရားသခင် တစ်ပါးဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်၌ ထွက်ပေါ်သော ဇာတိပကတိ အစစ်အမှန်တစ်ပါး ဖြစ်သောကြောင့် မဟုတ်လော။ အရာအားလုံး ထည့်သွင်းစဉ်းစားလိုက်ပါက၊ ယနေ့၏ ဘုရားသခင်သည် လက်တွေ့ကျလွန်းသောကြောင့် လူသားက မလိုက်စားခြင်းဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် ယနေ့၏ ဘုရားသခင်က လူသားကို စေခိုင်းသောအရာမှာ လူသားက မလုပ်ချင်ဆုံးသောအရာ အတိအကျဖြစ်၍၊ သူ့ကို ရှက်ကြောက်စေသောအရာ ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာက လူသားအဘို့ အမှုအရာတို့ကို ခက်ခဲစေသည် မဟုတ်လော။ ဤအရာက သူ၏အမာရွတ်များကို ဖော်ထုတ်ပြသည်မဟုတ်လော။ ဤနည်းအားဖြင့်၊ လက်တွေ့ကျမှုကို မလိုက်စားသောသူများစွာတို့သည် လူ့ဇာတိခံဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီး၊ အန္တိခရစ်များ ဖြစ်လာကြ၏။ ဤအရာသည် သိသာထင်ရှားသော အမှန်တရားတစ်ခု မဟုတ်လော။ ဘုရားသခင် လူ့ဇာတိမခံယူသေးသည့် အတိတ်ကာလတွင်၊ သင်သည် ဘာသာရေးပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်ကောင်း ဖြစ်ခဲ့ပေမည်။ ဘုရားသခင်က ဇာတိပကတိ ဖြစ်လာခဲ့ပြီးနောက်၊ ထိုကဲ့သို့ ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူများစွာသည် အမှတ်တမဲ့ အန္တိခရစ် ဖြစ်လာကြသည်။ ဤသည်မှာ မည်သို့ဖြစ်သည်ကို သင်သိသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ချက်အရ၊ သင်သည် လက်တွေ့ကျမှုကို အာရုံမစိုက် သို့မဟုတ် သမ္မာတရားကို မလိုက်စားပေ၊ သို့သော် ထိုအစား၊ မုသားများအပေါ် စွဲလမ်းလေသည်— ဤသည်မှာ လူ့ဇာတိခံဘုရားသခင်ကို ထားသော သင့်ရန်ငြိုး၏ အရှင်းလင်းဆုံး အရင်းအမြစ် ဖြစ်သည် မဟုတ်လော။ လူ့ဇာတိခံဘုရားသခင်ကို ခရစ်တော်ဟု ခေါ်သည်၊ ထို့ကြောင့် လူ့ဇာတိခံဘုရားသခင်ကို မယုံကြည်သောသူအပေါင်းတို့သည် အန္တိခရစ်ဖြစ်ကြသည် မဟုတ်လော။ ထို့ကြောင့် သင်ယုံကြည်ပြီး အမှန်တကယ် ချစ်ခင်သောသူမှာ ဤလူ့ဇာတိခံဘုရားသခင်လော။ လက်တွေ့အကျဆုံးနှင့် သဘာဝထက်လွန်ကဲစွာ သာမန်ဖြစ်သောသူမှာ အမှန်တကယ်ပင် ဤအသက်ရှင်ပြီး အသက်ရှူနေသော ဘုရားသခင်လော။ သင့်လိုက်စားခြင်း၏ ရည်ရွယ်ချက် အတိအကျမှာ မည်သည့်အရာနည်း။ ယင်းမှာ ကောင်းကင်ဘုံ၌လော သို့မဟုတ် မြေကြီးပေါ်မှာလော။ ယင်းမှာ အယူအဆတစ်ခုလော သို့မဟုတ် သမ္မာတရားလော။ ယင်းမှာ ဘုရားသခင်လော သို့မဟုတ် သဘာဝလွန်သက်ရှိ တစ်ရပ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ

သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ယေရှုတစ်ဖန်ပြန်ကြွလာခြင်းသည် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ်ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ဤသည်မှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိလမ်းကြောင်း မိမိရွေးချယ်ရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်းနှင့် သမ္မာတရားကို ငြင်းပယ်ခြင်းတို့ မပြုရ။ သင်တို့သည် အသိဉာဏ်ကင်းမဲ့သူနှင့် ဝင့်ဝါသူများ မဖြစ်ရ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာ၍ သမ္မာတရားကို တမ်းတကာ ရှာဖွေသူများ ဖြစ်ရမည်။ ဤနည်းဖြင့်သာ သင့်အတွက် အကျိုးရှိမည်။ ဘုရားသခင်အား ယုံကြည်သည့်လမ်းကြောင်းကို သတိဖြင့်လျှောက်လှမ်းရန် သင်တို့ကို ငါအကြံပြု၏။ အလွယ်တကူ ကောက်ချက်ချခြင်း မပြုနှင့်။ ထို့အပြင် ဘုရားသခင်အပေါ် သင်တို့ယုံကြည်ခြင်းအရာတွင် သာမန်ကာလျှံကာဖြစ်ခြင်းနှင့် ပူပန်ကြောင့်ကြမဲ့ခြင်းတို့ မဖြစ်စေနှင့်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် အနည်းဆုံးအနေဖြင့် စိတ်နှလုံးနှိမ့်ချ၍ ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်ကြောင်း သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားဖူးသော်လည်း ၎င်းတို့အတွက် သေးသိမ်သဖြင့် လက်မခံသောသူတို့သည် မိုက်မဲ၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားဖူးသော်လည်း သတိမပြုဘဲ အလွယ်တကူကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် ဝင့်ဝါခြင်းဖြင့် ဒုက္ခ ခံစားနေကြ၏။ ယေရှုကိုယုံကြည်သူ မည်သူမျှ တစ်ပါးသူအား ကျိန်ဆဲခြင်း၊ ရှုတ်ချခြင်းများပြုရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် ဆင်ခြင်တုံတရားရှိ၍ သမ္မာတရားကို လက်ခံသူများ ဖြစ်ရမည်။ သင်သည် သမ္မာတရားလမ်းအကြောင်းကို ကြားခဲ့ပြီး အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ပြီးသည့်နောက် ဤစကားလုံး ၁၀,၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏ခံယူချက်များနှင့် သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင်ယူဆကောင်းယူဆနိုင်သည်။ ထို့နောက် သင်သည် ဤ ၁၀,၀၀၀ မြောက်သောစကားလုံးကို ဆက်လက်ရှာဖွေရမည်။ သင်သည် နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးကျူးရန် ငါအကြံပြုသေး၏။ သင်၏နှလုံးသားတွင် ဘုရားသခင်ကို ထိုသို့အနည်းငယ် ရိုသေလေးမြတ်မှု ရှိလျှင်ပင် သင်သည် ပို၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေး၍ ကြိမ်ဖန်များစွာ ဆင်ခြင်ပါက ၎င်းတို့သည် သမ္မာတရား ဟုတ်မဟုတ်နှင့် ၎င်းတို့သည် အသက်ဟုတ်မဟုတ်ကို သင်နားလည်လိမ့်မည်။ အချို့သူများသည် ဝါကျတစ်ကြောင်း နှစ်ကြောင်းကိုသာ ဖတ်ပြီး “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းရစေခြင်းပင်ဖြစ်သည်” ဟူ၍ဖြစ်စေ၊ “ဤသည်မှာ လူသားတို့အားလှည့်ဖြားရန် ရောက်လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏” ဟူ၍ဖြစ်စေ ပြောဆိုလျက် ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချနိုင်သည်။ ထိုကဲ့သို့သောအရာများကို ပြောသူတို့သည် အသိဉာဏ်ကင်းမဲ့မှုဖြင့် မျက်ကန်းနေကြသည်တကား။ ဘုရားသခင်၏အမှုတော်နှင့် ဉာဏ်အမြော်အမြင်ကို သင်နားလည်သည်မှာ နည်းပါးလွန်း၏။ ထို့ကြောင့် အစမှပြန်စရန် သင့်ကိုငါအကြံပြု၏။ နောက်ဆုံးကာလတွင် ခရစ်တော်၏အယောင်ကိုဆောင်သောသူများ ပေါ်ထွက်လာခြင်းကြောင့် သင်တို့သည် ဘုရားသခင် ထုတ်ဖော်ပြောဆိုသော နှုတ်ကပတ်တော်များကို ဆင်ကန်းတောတိုး ရှုတ်ချခြင်း မပြုရ။ သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်း ပြုသူတစ်ဦး မဖြစ်ရ။ ဤသို့ဖြစ်ပါက လွန်စွာ သနားဖွယ်မကောင်းပေဘူးလော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်၊ ဘုရားသခင်၏ ထုတ်ဖော်ပြောဆိုချက် မဟုတ်ဟု သင်ယုံကြည်ဆဲဖြစ်ပါက သင်သည် အဆုံးတွင် အပြစ်ဒဏ်ပေးခြင်းခံရမည်ဖြစ်ပြီး သင်သည် ကောင်းချီးမင်္ဂလာများ ကင်းမဲ့လိမ့်မည်။ ထိုသို့သော သိသာထင်ရှားလှစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မထိုက်တန်ပေ။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ တစ်ဖန်ပြန်ရောက်ရန် အခွင့်မသာသောသူတစ်ဦး ဖြစ်နေမည် မဟုတ်ပေသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်” မှ

သင်တို့သည် ကောင်းကင်ဘုံ၌ ဘုရားသခင် ရှိသည်ဟု ယုံသော်လည်း မြေကြီးပေါ်၌ ဘုရားသခင်ရှိသည် ဟူသည့် အချက်ကိုတော့ လက်မခံကြ။ သို့ရာတွင် သင်တို့၏ အမြင်များကို ငါလက်မခံ။ လက်တွေ့ကျကာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို အစေခံသော သူများကိုသာ ငါလက်ခံသည်။ မြေကြီးပေါ်၌ရှိသော ခရစ်တော်ကို တစ်ကြိမ်တစ်ခါမျှ အသိအမှတ် မပြုသူများကို ငါတစ်ခါမျှ လက်မခံဖူးပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ထိုသို့သော သူများ မည်မျှ သစ္စာရှိသည်ဖြစ်စေ အဆုံး၌ သူတို့သည် ကောက်ကျစ်သော သူများကို အပြစ်ပေးသည့် ငါ့လက်မှ လွတ်မြောက်မည် မဟုတ်။ ထိုသူတို့သည် ကောက်ကျစ်သူများ ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး ခရစ်တော်ကို တကြိမ်တခါမျှဝမ်းမြောက်ဝမ်းသာမနာခံဖူးသော ကောက်ကျစ်သူများဖြစ်သည်။ မှန်ပါသည်၊ ထိုသူတို့အထဲတွင် ခရစ်တော်ကိုမသိသူများ၊ ခရစ်တော်ကိုအသိအမှတ် မပြုသူများ ပါဝင်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အပေါ်သစ္စာရှိနေသရွေ့ ခရစ်တော်ကို စိတ်ကြိုက်ဆက်ဆံနိုင်သည်ဟု သင်ယုံကြည်နေသလော။ မှား၏။ ခရစ်တော်ကို မသိခြင်းသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို မသိခြင်းပင် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို သင်မည်မျှ သစ္စာရှိသည်ဖြစ်စေ သင်၏ စကားသည် အချည်းနှီးသာ ဖြစ်သည်၊ ဟန်ဆောင်မှုမျှသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြေကြီးပေါ်၌ရှိသော ဘုရားသခင်သည် သမ္မာတရားနှင့် သာ၍နက်နဲသော အသိဉာဏ်ကို လူရရှိဖို့ လုပ်ပေးရာတွင် အဓိကကျသူ ဖြစ်သည့်အပြင် လူကို ဝေဖန်ပြစ်တင်ပြီးနောက် ကောက်ကျစ်သောသူများကို ဒဏ်ပေးရန် အချက်အလက်များ ရယူရာတွင်လည်း အဓိကကျသူ ဖြစ်သောကြောင့် ဖြစ်သည်။ ကောင်းသည့်အကျိုးဆက်နဲ့ ဆိုးသည့်အကျိုးဆက်များကို သင် ယခု နားလည်ပြီလော။ ထိုအကျိုးဆက်များကို သင် ခံစားဖူးပြီလော။ ဘုရားသခင်ကို သိဖို့အတွက် သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို သာမက သာ၍အရေးကြီးသည်မှာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို သိရမည် ဟူသည့် သမ္မာတရားကို သင်တို့ တနေ့နားလည်ဖို့ ငါဆန္ဒရှိသည်။ မည်သည့်အရာကို ဦးစားပေးသင့်ကြောင်းကို ဇဝေဇဝါ မဖြစ်ပါနှင့်။ အရေးသိပ်မကြီးသည့် အရာကိုလည်း တကယ်အရေးကြီးသည့် အရာထက်ပိုပြီး ဦးစားမပေးပါနှင့်။ သို့မှသာ ဘုရားသခင်နှင့် သင့်အကြားတွင် ကောင်းမွန်သော ဆက်ဆံရေး အမှန်တကယ် တည်ဆောက်နိုင်မည်၊ ဘုရားသခင်နှင့် အမှန်တကယ် ပိုရင်းနှီးနိုင်မည်၊ သင်၏နှလုံးသားကို ဘုရားသခင်နှင့် ပိုနီးအောင် အမှန်တကယ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ယုံကြည် သူအဖြစ် သင့်ကိုယ်သင် ခံယူထားသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သော်လည်း ငါနှင့် ဝေးနေသေးလျှင် သင်သည် ဘုရားသခင်၏စိတ်သဘောထားကို မကြာခဏ စော်ကား သောကြောင့် ဖြစ်ပြီး သင်၏ အဆုံးကိုလည်း ခန့်မှန်းဖို့ အလွန်ခက်ပေလိမ့်မည်သည်ဟု ငါပြော၏။ ငါနှင့် နှစ်အတန်ကြာ ပေါင်းသင်းခဲ့ခြင်းက သင့်ကို ကိုယ်ချင်းစာစိတ်ရှိသောသူ၊ သမ္မာတရားရှိသောသူအဖြစ် ပြောင်းလဲအောင် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ သင်၏ မကောင်းသော စရိုက်များကို သင်၏ သဘာ၀ ဖြစ်လာစေ၍ သင်၏မိမိကိုယ်ကိုယ် ကြီးကျယ်ခန်းနားသည်ဟု ထင်ယောင်မှားခြင်းများသည် အရင်ကထက်နှစ်ဆ များလာသည်သာမက ငါ့ကိုလည်း သာ၍ နားလည်မှုလွဲလာပြီး ငါ့ကိုပင် သင်၏လက်ထောက်လေးတစ်ဦးအဖြစ် သဘောထားလာသည်အထိဖြစ်လျှင် သင်၏ရောဂါသည် အရေပြား၌ သာမက အရိုးထိတိုင်အောင် စွဲနေပြီဟု ငါ ပြောသည်။ သင်လုပ်ရန်မှာ သင့်အတွက် အသုဘအစီအစဉ် လုပ်ပေး သည်ကို စောင့်ရန်သာ ကျန်တော့၏။ သို့ပြုလျှင် သင်သည် ငါ့ကို သင်၏ ဘုရားသခင်အဖြစ် တောင်းခံရန် မလိုတော့ပေ။ အကြောင်းမှာ သင်သည် ခွင့်မလွှတ်နိုင်သောအပြစ်၊ သေဒဏ် ပေးထိုက်သောအပြစ်ကို ကျူးလွန်ခဲ့သောကြောင့် ဖြစ်သည်။ ငါသည် သင့်ကို ကရုဏာထားနိုင်သော်မှ ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်က သင်၏အသက်ကို နုတ်ယူဖို့ အပြင်းအထန် တောင်းဆိုမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားခြင်းသည် သာမန်ပြဿနာ တစ်ခုမဟုတ် အလွန်ကြီးလေး သဘာ၀ရှိသော ပြဿနာ တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ အချိန်တန်လျှင် သင့်ကို ကြိုတင်၍ သတိမပေးဟု ငါ့ကို အပြစ်မတင်နှင့်။ ထပ်ပြောရမည်ဆိုလျှင်- သင်သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ဖြစ်သူ ခရစ်တော်ကို သာမန်လူတစ်ဦးအဖြစ်သာ သတ်မှတ် ဆက်ဆံလျှင်၊ တစ်နည်းအားဖြင့် ဘုရားသခင်သည် သာမန်လူတစ်ယောက်ထက်မပိုဟု ယုံကြည်လျှင် သင်ပျက်စီးလိမ့်မည်။ သင်တို့အားလုံးကို ငါဆုံးမလိုသည့် တစ်ခုတည်းသော အချက်မှာ ဤအချက်ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကမ္ဘာမြေကြီးရှိဘုရားသခင်ကို သိရှိနိုင်ပုံ” မှ

ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရယ်စရာအကောင်းဆုံး သူများဖြစ်၍ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသူတို့သည် စိတ်ကူးယဉ်၌ ပျောက်ဆုံးနေသူများ ဖြစ်ကြ၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသောကာလတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်၍ မည်သူမျှ ရှောင်ကွင်း၍ မရနိုင်ပါ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပါ။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံခြင်းမရှိဘဲ၊ သို့မဟုတ် အသက်၏ထောက်ပံ့မှုကို လက်မခံဘဲ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင်မစဉ်းစားရပါ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံး အသက်ရရှိစေရန် ခရစ်တော်သည် နောက်ဆုံးသောကာလတွင် လာခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်၍ ခေတ်အသစ်ထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ ခေတ်အသစ်သို့ ဝင်ရောက်မည့်သူအားလုံး လိုက်လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သူ့ကို အသိအမှတ်ပြုနိုင်စွမ်း သင့်တွင်မရှိဘဲ ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ သို့မဟုတ် သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက သင်သည် ထာဝရလောင်ကျွမ်းခံရ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရောက်ရမည် မဟုတ်သည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော်ကိုယ်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေးစေခိုင်းခဲ့သူ ဖြစ်သောကြောင့်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်က ဆောင်ရွက်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်းဖြစ်သည်ဟု ငါပြော၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုသူတို့ ခံစားရမည့် အကျိုးအပြစ်မှာ အားလုံးအတွက် သက်သေပြရန် မလိုပါ။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပြီးနောက် သူ့ကိုငြင်းပယ်ပါက အကျိုးသက်ရောက်မှုများကို သင့်ကိုယ်စား ခံစားပေးနိုင်သူ တစ်ဦးမျှ မရှိဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ ထောက်ခံမှုကိုရရှိရန် အခွင့်အရေး နောက်တစ်ရပ်ရှိမည် မဟုတ်ပါ။ သင့်ကိုယ်သင် ရွေးနုတ်ရန် ကြိုးစားလျှင်ပင် သင်သည် ဘုရားသခင်၏မျက်နှာကို နောက်တစ်ကြိမ် မြင်ရတော့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သောသူမှာ လူသားတစ်ဦးမဟုတ်၊ သင်ငြင်းပယ်သောသူမှာ သေးနုပ်သည့်သတ္တဝါမဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအကျိုးသက်ရောက်မှုကို သင်သိပါသလား။ သင်ပြုလိုက်သည်မှာ သေးငယ်သည့် အမှားတစ်ရပ် မဟုတ်ဘဲ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ရပ်ဖြစ်၏။ ထို့ကြောင့် သမ္မာတရား ရှေ့မှောက်တွင် အစွယ်မထုတ်ရန်၊ သို့မဟုတ် အမှုမဲ့အမှတ်မဲ့ ကဲ့ရဲ့ပြစ်တင်ပြောဆိုမှုများ မလုပ်ရန် လူတိုင်းကို ငါအကြံပြု၏။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားသည်သာ သင့်ကို အသက်ပေးနိုင်၍ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားခွင့်နှင့် ဘုရားသခင်၏မျက်နှာကိုမြင်ခွင့် ပေးနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

ယခင်က:ခရစ်တော်သည် ဘုရားသခင်၏သားတော်လော၊ သို့မဟုတ် ကိုယ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်လော။

နောက်တစ်ခုသို့:ဘုရားသခင်ကို သိခြင်းမှာ အဘယ်နည်း။ သမ္မာကျမ်းစာအသိပညာနှင့် ဓမ္မပညာသဘောတရားကို နားလည်ခြင်းကို ဘုရားသခင်အားသိခြင်းအဖြစ် ယူဆနိုင်ပါသလော။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ