သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်မျာ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၇။ နောက်ဆုံးသော ကာလ ခရစ်တော်ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် စာစောင်ကို ဖွင့်ပြီး သူ၏ တရားစီရင်ခြင်းများကို စီမံဆောင်ရွက်သည်

၁။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အကြွင်းမဲ့တန်ခိုးနှင့်ပြည့်စုံပြီး၊ အလုံးစုံကို ရယူကာ လုံးလုံးလျားလျား စစ်မှန်သောဘုရားသခင်ဖြစ်သည်။ သူသည် ကြယ်ခုနစ်လုံးကို ကိုင်ဆောင်သည်သာမက ဝိညာဉ်တော်ခုနစ်ပါးကို ခံယူကာ၊ မျက်လုံးခုနစ်လုံးရှိပြီး၊ တံဆိပ်ခုနစ်ချက်ကိုဖွင့်၍ စာစောင်ကိုဖွင့်သည့်အပြင် ဘေးဒဏ်ခုနစ်ပါးနှင့် ဖလားခုနစ်လုံးကို စီမံခန့်ခွဲပြီး ခုနစ်ချက်သော မိုးချုန်းသံများကို ဖွင့်လေသည်။ လွန်လေပြီးသောအခါက သူသည် တံပိုးခုနစ်လုံးကို တီးမှုတ်မူခဲ့သည်။ သူ၏ဖန်ဆင်းခြင်းခံပြီး သူ၏ပြည့်စုံစေခြင်းကိုခံရသော အရာရာတိုင်းသည် သူ့ကိုချီးမွမ်းသင့်သည်။ သူ့ကိုဂုဏ်သရေပေးပြီး၊ သူ့ရာဇပလ္လင်ကိုချီးမြှောက်သင့်သည်။ အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်။ သင်သည် ခပ်သိမ်းသော အရာရာတိုင်းဖြစ်၏။ သင်သည် အရာရာတိုင်းကို ပြီးမြောက်ခဲ့၍ သင်နှင့်ဆိုလျှင် အားလုံးသည် ပြီးပြည့်စုံကာ လင်းလက်တောက်ပပြီး အဆီးအတားမှလွတ်ကင်း၍ အားလုံး လွတ်လပ်၊ သန်မာကာ တန်ခိုးနှင့် ပြည့်ပေ၏။ အားလုံးသော နက်နဲရာအချက်များသည် သင်နှင့်ဆိုလျှင် ဖော်ထုတ်ခံကြရသည်။ ဘာမျှဖုံးကွယ်ထားခြင်း သို့မဟုတ် ကွယ်ဝှက်ထားခြင်းမရှိ။ ထို့အပြင် သင်သည် များပြားလှသော သင်၏ရန်သူများကို တရားစီရင်၍ သင်၏ ဘုန်းအာနုဘော်ကိုပြကာ၊ သင်၏အမျက်တော်မီးကိုပြပြီး၊ သင်၏အမျက်ဒေါသကိုပြသည့်အပြင် သင်၏ မကြုံစဖူးဖြစ်သော၊ ထာဝရခိုင်မြဲသော၊ လုံးလုံးလျားလျား အနန္တဖြစ်သော ဘုန်းကိုပြလေသည်။ လူအပေါင်းတို့သည် အကြွင်းမဲ့ စစ်မှန်သော၊ အကြွင်းမဲ့ အသက်ရှင်သော၊ ကြွယ်ဝသော၊ ဘုန်းကြီးပြီး စစ်မှန်၍ ထာဝရကာလမှ ထာဝရကာလတိုင်ဖြစ်သော အနန္တတန်ခိုးရှင်ကို ထောမနာပြုလျက် ခြွင်းချက်မရှိ နိုးကြားပြီး သြဘာပေးကာ သီကျူးသင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

၂။ ငါသည် မတရားသောသူတို့ကို အပြစ်ပေး၍၊ တရားသောသူတို့ကို ဆုပေးမည်၊ ငါ၏ ဖြောင့်မတ်ခြင်းကို တည်စေကာ၊ တရားစီရင်ခြင်းကို ငါ လုပ်ဆောင်မည်။ အရာခပ်သိမ်းတို့ ပြီးမြောက်အောင်မြင်စေရန် ငါသည် ငါ၏ နှုတ်ကပတ်တော်များကို အသုံးပြုမည်ဖြစ်ပြီး၊ ပြစ်တင်ဆုံးမတတ်သော ငါ၏ လက်ကို အယောက်တိုင်းနှင့် အရာခပ်သိမ်းတို့အား တွေ့ကြုံစေမည်။ လူအပေါင်းတို့အား ငါ၏ အလုံးစုံသော ဘုန်းကို မြင်စေရန်၊ ငါ၏ အလုံးစုံသော ဉာဏ်ပညာကို မြင်စေရန်၊ ငါ၏ အလုံးစုံသော ကြွယ်ဝလျှံပယ်ခြင်းကို မြင်စေရန် ငါ ပြုမည်။ အရာခပ်သိမ်းသည် ငါနှင့်အတူ စုံလင်သည်ဖြစ်သောကြောင့်၊ မည်သူကမျှ တရားစီရင်ချက်ကို ချမှတ်ရန် ပုန်ကန်ဝံ့မည် မဟုတ်ပေ။ ခပ်သိမ်းသောအရာတို့သည် ငါနှင့်အတူ ပေါ်လွင်နေခြင်းကြောင့်၊ ဤသို့အားဖြင့် အယောက်တိုင်းသည် ငါ၏ အလုံးစုံသော ဘုန်းအသရေကို မြင်ရလိမ့်မည် ဖြစ်ကာ၊ အားလုံးသည် ငါ၏ အလုံးစုံသော အောင်မြင်ခြင်းကို တွေ့ကြုံရလိမ့်မည်။ ဤအရာမှတစ်ဆင့် တစ်ယောက်သောသူသည် ငါ၏ ကြီးမြတ်သော တန်ခိုးနှင့် ငါ၏ သြဇာအာဏာကို ကောင်းစွာ မြင်နိုင်စွမ်း၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၂၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

၃။ ငါချစ်သော ထိုသူအားလုံးသည် ထာဝရကာလတိုင် ဧကန်အမှန် ရှင်သန်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့တဘက်၌ထကြသော ထိုသူအားလုံးတို့သည်ကား ဧကန်အမှန်ပင် ငါ၏ပြစ်တင်ဆုံးမခြင်းကို ထာဝရကာလတိုင် ခံကြရပေလိမ့်မည်။ အကြောင်းမူကား၊ ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်တော်မူ၏။ ငါသည် လူအားလုံးကို သူတို့ပြုခဲ့သောအရာများကြောင့် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည်မဟုတ်။ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးအပေါ်သို့ စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

၄။ နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူအားလုံးကို၊ အဆုံးတိုင်အောင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင်ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူ၏။ သို့သော် ဘုရားသခင်ကိုယ်တိုင်၏ခေတ် မရောက်လာမီတွင် ဘုရားသခင်၏အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူသား၏ အသက်တာကို စုံစမ်းမှုပြုရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ ရောက်လာသူတိုင်းကို သန့်စင်ပေးလိမ့်မည် ဖြစ်သောကြောင့်တည်း။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက်ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောလူအယောက်စီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။

ယခင်တွင် ပြောခဲ့သော စကားလုံးများထဲမှ “တရားစီရင်ခြင်း” ဟူသည့်စကားလုံးသည် “တရား စီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်ပေလိမ့်မည်” နောက်ဆုံးသောကာလတွင် သူ၏ ပလ္လင်ရှေ့သို့ လာကြသော သူများထံ ယနေ့ ဘုရားသခင်ချမှတ်သော တရားစီရင်ချက်ကို ရည်ညွှန်းသည်။ နောက်ဆုံးသောကာလ ရောက်လာခဲ့ပြီးချိန်တွင် ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ကြီးမားသော စားပွဲတစ်လုံးကို တည်ပေလိမ့်မည်။ ယင်းအပေါ်တွင် အဖြူရောင် စားပွဲခင်းကြီးကို ဖြန့်ခင်းထားလိမ့်မည်၊ ထို့နောက် မဟာပလ္လင်ပေါ်တွင် ထိုင်သောအခါ လူတို့သည် မြေပေါ်တွင် ဒူးထောက်နေကြမည်၊ သူသည် လူအသီးသီး၏ အပြစ်များကို ဖော်ပြ၍ ထိုမှမည်သူသည် ကောင်းကင်ဘုံသို့ တက်ရမည် သို့မဟုတ် ကန့်မီးအိုင်ထဲသို့ အပို့ခံရမည်ကို ဆုံးဖြတ်မည် စသည့် ဤကဲ့သို့သော သဘာဝလွန် စိတ်ကူးမှုများကို ယုံကြည်သောသူများ ရှိကောင်းရှိနေနိုင်သည်။ လူတို့၏ စိတ်ကူးမှုများက မည်သို့ရှိစေကာမူ၊ ဘုရားသခင် အမှု၏ အခြင်းအရာသည် ပြောင်းလဲ၍ မရပေ။ လူ၏ စိတ်ကူးမှုများသည် လူ၏အတွေးအိမ်မှ တည်ဆောက်မှုများနှင့် လူ၏ဦးနှောက်မှ ထွက်ပေါ်လာသော အရာတို့ပင်ဖြစ်ပြီး အခြားဘာမျှမဟုတ်၊ လူတွေကြားခဲ့၊ မြင်ခဲ့ရသော အရာများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားခြင်းဖြစ်၏။ ထို့ကြောင့် ငါပြောမည်၊ ပုံစံတောက်ပသော ပုံရိပ်တို့အား မည်ကဲ့သို့ပင် တွေးထင်စေကာမူ ယင်းတို့သည် ယခုတိုင် ပုံကြမ်းတစ်ခုထက်မပိုပဲ ဘုရားသခင်အမှု၏ အစီအစဉ်ကို အစားထိုးနိုင်ခြင်း မရှိချေ။ ခြုံငုံပြောရလျှင် လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရသူဖြစ်၏။ ထို့ကြောင့် သူသည် အဘယ်သို့လျှင် ဘုရားသခင်၏ အတွေးများကို နားလည် သဘောပေါက်နိုင်မည်နည်း။ လူသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို အထူးပင် ထူးဆန်းလှသည်ဟု တွေးထင်လေ၏။ သူသည် ဘုရားသခင်ကိုယ်တိုင် တရားစီရင်ခြင်းအမှုကို ပြုနေကတည်းက အလွန်မှ အံ့မခန်းသော အတိုင်းအတာ ဖြစ်ရမည်၊ သေမျိုးများအတွက် နားမလည်နိုင်သောအရာ ဖြစ်ရမည်၊ ယင်းကိစ္စသည် ကောင်းကင်ဘုံကို ပဲ့တင်ရိုက်လျက် မြေကြီးကိုလည်း တုန်လှုပ်စေရမည်ဟု ယုံကြည်ကာ၊ သို့မဟုတ်လျှင် ၎င်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှု မည်ကဲ့သို့ ဖြစ်နိုင်မည်နည်းဟု တွေးထင်သည်။ သူသည် ယင်းမှာ တရားစီရင်ခြင်းအမှု ဖြစ်သည့်အတိုင်း ဘုရားသခင်သည် သူအမှုပြုသည့် အချိန်တွင် အထူးသဖြင့် ပြစ်ဒဏ်စီရင်လျက် သူသည် ဘုန်းတန်ခိုး အာနုဘော် ပြည့်ဝလိမ့်မည်ဖြစ်ပြီး၊ တရားစီရင်ခြင်း ခံရလျက်ရှိသော ထိုသူတို့သည် သည်းထန်စွာ မျက်ရည်များနှင့် ငိုကြွေးလျက်ရှိကာ ကရုဏာတရားကို ဒူးထောက်၍ တောင်းခံနေကြရမည်ဟု ယုံကြည်သည်။ ထိုမြင်ကွင်းမျိုးသည် ကြီးကျယ်ခမ်းနားမှုရှိပြီး နက်နက်ရှိုင်းရှိုင်း နိုးကြားစေရပေမည်…။ လူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို အံ့သြဖွယ် သဘာဝလွန်ဖြစ်ရန် စိတ်ကူးကြလေ့ရှိ၏။ သို့သော်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လူသားတို့၏အကြား စတင်ခဲ့သည်မှာ ကြာလှချေပြီဖြစ်ပြီး၊ ဤအတောအတွင်း သင်သည် ငြိမ်းချမ်းသော မေ့လျော့ခြင်းထဲတွင် နှပ်နေခဲ့သည်ဆိုခြင်းကို သင်သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် တရားဝင် စတင်နေပြီဟု သင်ထင်သည့် အချိန်တွင်၊ ဘုရားသခင်အတွက်မူ ကောင်းကင်နှင့် မြေကြီးကို တဖန်ထပ်မံ၍ အသစ်ပြုလုပ်ရန် အချိန်ရောက်ခဲ့ပြီး ဖြစ်နေပြီကို သင်သိသလော။ ထိုအချိန်တွင် သင်သည် ဘဝအဓိပ္ပာယ်ကို နားလည်ခဲ့ရုံမျှသာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ သို့သော် ဘုရားသခင်၏ ကရုဏာမဲ့သော ပြစ်ဒဏ်ပေးခြင်းအမှုသည် သင့်အား အိပ်မောကြီး ကျနေစဉ်တွင်ပင်၊ ငရဲသို့ ခေါ်ဆောင်သွားလိမ့်မည်။ ထို့နောက်မှသာလျှင် ဘုရားသခင်၏ စီရင်ခြင်းအမှုသည် အဆုံးသတ်ခဲ့ပြီးသည့် အကြောင်းကို သင်သည် ရုတ်တရက် နားလည်လာလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

၅။ ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူသောအခါ၊ သူ၏အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးကာ လက်တွေ့ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားမှ လူသားကိုကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံအကြောင်းရင်းများ ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

၆။ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။...ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်နှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်နှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

၇။ ဘုရားသခင်သည် တစ်ခါတစ်ရံတွင် ကမ္ဘာကြီးပေါ်သို့ကြွရောက်လာကာ လူတို့ရှေ့တွင်ပေါ်ထွန်းပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်တရားစီရင်ကာ၊ မည်သူ့ကိုမျှ အလွှတ်မပေးဘဲ တစ်ယောက်ပြီး တစ်ယောက်ကို စစ်ဆေးမည်ဟု အချို့တို့က ယုံကြည်ကြသည်။ ဤသို့ထင်မြင်ကြသူတို့သည် လူ့ဇာတိခံယူသည့် အမှု၏ ဤအဆင့်ကို မသိကြ။ ဘုရားသခင်သည် တစ်ယောက်ပြီးတစ်ယောက်ကို တရားစီရင်ခြင်းမပြု၊ တစ်ယောက်ပြီးတစ်ယောက်ကို စစ်ဆေးခြင်းမပြု၊ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်လိမ့်မည်မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူပင်ဖြစ်သည် မဟုတ်လော။ လူသား၏ အနှစ်သာရသည် အားလုံးအတူတူပင်ဖြစ်သည် မဟုတ်လော။ တရားစီရင်ခြင်းကို ခံရမည့်အရာမှာ လူသား၏ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်က ဖျက်ဆီးခဲ့သော လူသား၏အနှစ်သာနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ သေးငယ်၍ မထင်ရှားသောအမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုခြင်းသာဖြစ်ပြီး၊ လူတစ်ဦးတစ်ယောက်အတွက် အထူးလုပ်ဆောင်သည်မဟုတ်ပေ။ စင်စစ်အားဖြင့် လူသားမျိုးနွယ်အားလုံးကို တရားစီရင်ခြင်းကို ကိုယ်စားပြုရန် လူအုပ်စုတစ်စုက တရားစီရင်ခြင်းခံရမည့် အမှုဖြစ်သည်။ လူတစ်အုပ်စုအပေါ်၌ မိမိ၏အမှုကို ကိုယ်တိုင်ဆောင်ရွက်ခြင်းအားဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ နောက်တွင် ယင်းသည် တဖြည်းဖြည်းပျံ့နှံ့သွားလိမ့်မည်။ တရားစီရင်ခြင်းအမှုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဘုရားသခင်သည် လူသားတစ်မျိုး၊ သို့မဟုတ် လူတစ်အုပ်စုကို တရားစီရင်သည်မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဖြောင့်မတ်မှုမရှိခြင်း၊ ဥပမာအားဖြင့် ဘုရားသခင်အပေါ် လူသား၏ဆန့်ကျင်မှု၊ သို့တည်းမဟုတ် လူသား၏ ဘုရားသခင်ကိုမရိုသေမှု၊ သို့မဟုတ် ဘုရားသခင်၏အမှုကို နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်သည်။ တရားစီရင်ခံရသည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး၊ ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားတို့ မျက်မြင်တွေ့မြင်ရသည့် လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်သည် လူသားတို့ ယခင်အတိတ်ကာလများက တွေးထင်ခဲ့သော နောက်ဆုံးသောကာလအတွင်းမှ ဖြူသောပလ္လင်ကြီးရှေ့တွင် တရားစီရင်ဆုံးဖြတ်မည့် အမှုဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်က လက်ရှိလုပ်ဆောင်လျက်ရှိသော အမှုသည် ဖြူသောပလ္လင်ကြီးရှေ့တွင် တရားဆုံးဖြတ်နေခြင်း အတိအကျပင်ဖြစ်သည်။ ယနေ့ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်ဆုံးဖြတ်သည့် ဘုရားသခင်ဖြစ်သည်။ ဤဇာတိခန္ဓာနှင့် သူ၏အမှု၊ နှုတ်ကပတ်တော်နှင့် စိတ်သဘောထားအလုံးစုံတို့သည် ဘုရားသခင်၏ အလုံးစုံဖြစ်မှုဖြစ်သည်။ သူ့အမှု၏ အတိုင်းအတာသည် ကန့်သတ်ချက်ရှိပြီး၊ စကြဝဠာတစ်ခုလုံး တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း၊ တရားစီရင်ခြင်းအမှု၏ အနှစ်သာရမှာ လူသားတစ်မျိုးနွယ်လုံးကို တိုက်ရိုက်တရားစီရင်ခြင်းဖြစ်သည်၊ တရုတ်နိုင်ငံအတွက်သာ လုပ်ဆောင်သောအမှု မဟုတ်သကဲ့သို့ လူနည်းစုအတွက်သာ လုပ်ဆောင်သောအမှုလည်း မဟုတ်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုအတောတွင်းတွင် ဤအမှု၏နယ်ပယ်သည် စကြဝဠာ တစ်ခုလုံးမပါဝင်သော်လည်း စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်၊ သူ့ဇာတိခန္ဓာဖြင့် အမှုလုပ်ဆောင်သည့် နယ်ပယ်အတွင်းမှ အမှုကို သူအဆုံးသတ်ပြီးသည့်နောက်တွင် ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ကြွမြန်းခြင်းပြီးသည့်နောက် စကြဝဠာအနှံ့အပြားသို့ ယေရှု၏ဧဝံဂေလိတရား ပျံ့နှံ့သွားသည့်နည်းတူ သူသည် သူ၏အမှုကို စကြဝဠာတစ်ခုလုံးသို့ ချက်ချင်းချဲ့ထွင်လိမ့်မည်။ ဝိညာဉ်တော်၏ အမှုဖြစ်စေ၊ ဇာတိခန္ဓာ၏အမှုဖြစ်စေ၊ ယင်းသည် ကန့်သတ်ထားသော နယ်ပယ်အတွင်း လုပ်ဆောင်သော အမှုဖြစ်သည်၊ သို့သော်လည်း ယင်းအမှုသည် စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူသည့် သွင်ပြင်လက္ခဏာကို အသုံးပြု၍ သူ၏အမှုကိုလုပ်ဆောင်ရန် ပေါ်ထွန်းလာကာ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် ဖြူသော ပလ္လင်ကြီးရှေ့တွင် လူသားတို့ကို တရားစီရင်သည့် ဘုရားသခင်ဖြစ်သည်။ ဝိညာဉ်တော်ဖြစ်စေ၊ ဇာတိခန္ဓာဖြစ်စေ၊ တရားစီရင်သည့်အမှုကို ပြုသူသည် နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်ကို တရားစီရင်သည့်သူဖြစ်သည်။ ယင်းကို သူ၏အမှုအပေါ် အခြေခံ၍သတ်မှတ်ပြီး၊ သူ၏ အပြင်ပန်းသဏ္ဌာန်၊ သို့မဟုတ် အခြားသော အချက်အလက်အချို့တို့ဖြင့် သတ်မှတ်ခြင်းမဟုတ်ပေ။ လူသားသည် ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အယူအဆများရှိသော်လည်း၊ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ လူသားမျိုးနွယ်အားလုံးကို တရားစီရင်မှုနှင့် သိမ်းပိုက်မှု အစရှိသည့်အချက်တို့ကို မည်သူမျှ မငြင်းနိုင်ပေ။ ယင်းကို လူသားက မည်သို့ပင်သဘောရစေကာမူ အချက်အလက်များသည် နောက်ဆုံး၌ အချက်အလက်များသာ ဖြစ်သည်။ “အမှုကို ဘုရားသခင်က လုပ်ဆောင်သော်လည်း ဇာတိခန္ဓာသည် ဘုရားသခင်မဟုတ်” ဟု မည်သူမျှ မပြောနိုင်ပေ။ ယင်းမှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည်၊ အကြောင်းမှာ ဤအမှုကို ဇာတိခန္ဓာရှိသော ဘုရားသခင်မှလွဲ၍ မည်သူမျှဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူထားသော ဘုရားသခင်အားဖြင့် ကယ်တင်ခြင်းကို အလိုအပ်ဆုံးဖြစ်သည်” မှ

၈။ လူသား၏ ဇာတိခန္ဓာဖောက်ပြန်ပျက်စီးမှုကို တရားစီရင်သည့် အမှုအတွက် ဇာတိခန္ဓာရှိသည့် ဘုရားသခင်ထက် ပို၍သင့်တော်ပြီး အရည်အချင်းရှိသောသူ မရှိပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်ဆောင်ရွက်မည်ဆိုလျှင် အလုံးစုံကို ခြုံငုံနိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲပေမည်၊ အကြောင်းမှာ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်နေသဘောထားကို သာ၍ရှင်းလင်းစွာ တွေ့မြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားနှင့် မျက်နှာချင်းဆိုင်၍ပင် မရနိုင်သဖြင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းမရှိနိုင်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသော လူသားနှင့်တူညီသူတစ်ဦးအနေဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက်တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ယင်းသည် သူ၏ရှိရင်းစွဲ သန့်ရှင်းမြင့်မြတ်မှု၏ လက္ခဏာဖြစ်ပြီး၊ သူ၏သာမန်ထက်ထူးခြားမှုဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကို တရားစီရင်နိုင်သည့် အခြေအနေတွင်ရှိပြီး၊ ထိုအရည်အချင်းနှင့် ပြည့်မီသည်၊ အကြောင်းမှာ သူသည် သမ္မာတရားနှင့် ဖြောင့်မတ်မှုကို ပိုင်ဆိုင်သဖြင့် လူသားကို တရားစီရင်နိုင်လေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်မှုမရှိသောသူတို့သည် အခြားသူများကို တရားစီရင်ရန် သင့်တော်မှုမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူထားသော ဘုရားသခင်အားဖြင့် ကယ်တင်ခြင်းကို အလိုအပ်ဆုံးဖြစ်သည်” မှ

၉။ ဤတရားစီရင်ခြင်းများကြောင့် ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်သည် သန့်ရှင်းသော ဘုရားသခင် ဖြစ်သည်ကို သင်တို့ တွေ့မြင်ခြင်းငှာ တတ်စွမ်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကြောင့် သူသည် သင်တို့ကို တရား စီရင်ခဲ့ပြီး၊ သူ၏ အမျက်ဒေါသကို သင်တို့အပေါ်သို့ သက်ရောက်စေခဲ့ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်၏ ပုန်ကန်မှုကို တွေ့မြင်ရသောအခါ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို သူသည် ဖော်ပြနိုင်သည့် အတွက်ကြောင့်နှင့် လူသားမျိုးနွယ်၏ ညစ်ညူးခြင်းကို တွေ့မြင်ရသောအခါ သူ၏သန့်ရှင်းခြင်းကို သူဖော်ပြနိုင်သည့်အတွက်ကြောင့်၊ သူသည် သန့်ရှင်း၍ စွန်းထင်းခြင်းမရှိသော်လည်း ညစ်ညူးခြင်း၏ တိုင်းပြည်တွင် မွေးဖွားလာခဲ့သည့် ဘုရားသခင်ကိုယ်တော်တိုင်လည်း ဖြစ်ကြောင်းကို သက်သေပြရန် ထိုအရာက လုံလောက်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်နှင့်ဆိုင်သော ဒုတိယခြေလှမ်း၏ သက်ရောက်မှုများကို ရရှိပုံ” မှ

၁၀။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သာမက စစ်ဆေးခြင်းအားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ယူဆမည့်အစား သန့်ရှင်းစင်ကြယ်စေခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။ အမှန်တကယ်အားဖြင့် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့်ဖြစ်သည်သာမက ကယ်တင်ခြင်းအလုပ်ရှိ ဒုတိယအဆင့်လည်း ဖြစ်သည်။ လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် ဘုရားသခင်၏ ရယူခြင်းကို ခံရသည်။ နှုတ်ကပတ်တော်ကို အသုံးပြုလျက် စစ်ဆေးပဲ့ပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် မသန့်ရှင်း ခြင်း အားလုံး၊ အယူအဆများ၊ ဆန္ဒများနှင့် လူ၏ စိတ်နှလုံးအတွင်းရှိ တစ်ဦးချင်း မျှော်လင့်ချက်များသည် လုံးဝ ဖော်ထုတ်ခံရသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၁၁။ လူသားသည် သူနှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိကောင်းရရှိစေရန်နှင့် သူ၏သက်သေခံချက်အတွက် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအပေါ် သူ၏တရားစီရင်မှုမရှိပါက လူသားသည် မကောင်းမှုကို သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထားကို သိနိုင်ကောင်းမည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ပတ်သတ်သော သူ၏အသိဉာဏ်ဟောင်းကို အသစ်တစ်ခုဆီသို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ထို့ပြင် သူ၏စီမံခန့်ခွဲမှုအတွက် သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်။ သို့ဖြင့် လူသိရှင်ကြားပေါ်ထွန်းခြင်းအားဖြင့် လူသားကို ဘုရားသခင်နှင့် ပတ်သက်သောအသိဉာဏ်အား ရရှိရန်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲရန်နှင့် ဘုရားသခင်အတွက် ထူးကဲလှသော သက်သေခံချက်ကို လုပ်ဆောင်ခံရန် လူသားကို ထောက်ကူပေးသည်။ လူသား၏ စိတ်သဘောထားပြောင်းလဲမှုကို ဘုရားသခင်၏ မတူညီသည့် အမှုအမျိုးမျိုးအားဖြင့် ရရှိသည်။ သူ၏စိတ်သဘောထားတွင် ထိုကဲ့သို့သော ပြောင်းလဲမှုများမရှိဘဲ၊ လူသားသည် ဘုရားသခင်အတွက် သက်သေခံနိုင်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ချည်နှောင်ခြင်း၊ အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကို လွတ်အောင်ရုန်းခဲ့ပြီဖြစ်ကြောင်းနှင့် ဘုရားသခင့်အမှု၏ စံပုံစံနှင့် နမူနာ၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သောသူတစ်ဦး ဧကန်အမှန်ဖြစ်လာကြောင်းကို ညွှန်ပြသည်။ ယနေ့ လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် ကမ္ဘာကြီးပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ လူသားအနေဖြင့် သူနှင့်ပတ်သက်သော အသိဉာဏ်၊ သူ့အပေါ် နာခံခြင်း၊ သူ့အတွက် သက်သေခံခြင်းတို့ကို ရရှိရန် သူတောင်းဆိုသည်။ သူ၏ လက်တွေ့ကျပြီး သာမန်ဖြစ်သော အမှုကိုသိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို နာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးကိုလည်းကောင်း၊ လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်ခဲ့သော လုပ်ဆောင်ချက်များ အားလုံးကိုလည်းကောင်း သက်သေခံရန် သူတောင်းဆိုသည်။ ဘုရားသခင်အတွက် သက်သေခံသောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်ရှိရမည်။ ဤကဲ့သို့သော သက်သေခံချက်သည်သာလျှင် တိကျပြီး စစ်မှန်ကာ ဤကဲ့သို့သော သက်သေခံချက်ကသာလျှင် စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို တွေ့ကြုံခြင်းအားဖြင့် သူ့အား သိကျွမ်းလာသူများကို သူ့အတွက် သက်သေခံရန် အသုံးပြုသည်။ ဘုရားသခင်သည် စာတန်၏ ဖျက်ဆီးခြင်းခံထားရသူများကို သူ့အတွက် သက်သေခံရန် အသုံးပြုသည်။ ထိုနည်းတူ မိမိတို့၏စိတ်သဘာထားကို ပြောင်းလဲထားသူများနှင့် ထိုသို့အားဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိထားသူများကို သူ့အတွက် သက်သေခံရန် အသုံးပြုသည်။ ဘုရားသခင်သည် လူသားကို နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် အလိုမရှိသကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံထားရသော စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း မလိုအပ်ပေ။ ဘုရားသခင်ကို သိသောသူများသာလျှင် သူ့ကို သက်သေခံရန်အရည်အချင်းမီပြီး၊ မိမိတို့၏စိတ်သဘောထားအတွင်း အသွင်ပြောင်းလဲထားသူများသာလျှင် ဘုရားသခင်အတွက် သက်သေခံရန် အရည်အချင်းမီသည်။ ဘုရားသခင်သည် လူသားမှ သူ၏နာမကို အရှက်ရစေရန် လုပ်ဆောင်ခြင်းကို တမင်တကာ ခွင့်ပြုမည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်” မှ

၁၂။ ငါ၏တရားစီရင်ခြင်းအလုပ်သည် လူသားအား ငါ့အပေါ်၌ ပိုမိုနာခံလာအောင် ထောက်ကူပေးဖို့အတွက်ဖြစ်ပြီး ငါ၏ပြစ်တင်ဆုံးမမှုအလုပ်သည် လူသားအနေနှင့် ပို၍ထိထိရောက်ရောက်ပြောင်းလဲခြင်းကို ခံနိုင်စေဖို့ဖြစ်သည်။ ငါလုပ်ဆောင်သည့်အရာမှာ ငါ၏စီမံခန့်ခွဲမှုအတွက်ဖြစ်သော်လည်း လူသားအတွက် အကျိုးမရှိသည့်အရာတစ်ခုကိုမျှ ငါမလုပ်ဖူးပါ။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံပြင်ပမှ လူမျိုးအားလုံးကို ဣသရေလလူမျိုးများကဲ့သို့ပင် နာခံတတ်သူများ ဖြစ်စေလိုသောကြောင့်၊ လူသားစစ်စစ်များ ဖြစ်စေလိုသောကြောင့် ဖြစ်သည်၊ ထိုသို့အားဖြင့် ဣသရေလနိုင်ငံပြင်ပရှိ နယ်မြေများ၌ ငါခြေကုပ်ယူနိုင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏စီမံခန့်ခွဲမှုဖြစ်သည်၊ ယင်းသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အောင်မြင်အောင် ငါလုပ်ဆောင်နေသော အမှုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်” မှ

၁၃။ သမ္မာတရားကို နာခံပြီး ဘုရားသခင်၏ အမှုကို နာခံသောသူသည် ဒုတိယအကြိမ် လူ့ဇာတိအဖြစ် ခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမအောက်တွင် အကျုံးဝင်လိမ့်မည်။ သူတို့သည် ဘုရားသခင်၏ ကိုယ်တိုင်လမ်းညွှန်မှုကို လက်ခံရလိမ့်မည်၊ ပိုသာပြီး ပိုမြင့်သော သမ္မာတရားကိုရပြီး စစ်မှန်သော လူသားဘဝကို ရလိမ့်မည်။ သူတို့သည် ယခင်ခေတ်ကလူများ မမြင်ဖူးသည့် ရူပါရုံကိုလည်း ရှုမြင်ကြရမည်၊ “ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှါ ငါသည်လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနှစ် လုံးကို၎င်း၊ ထိုမီးခွက်ခုနှစ်လုံးအလယ်၌ လူသားတော်နှင့် တူသောသူတဦး ကို၎င်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့လည်းကောင်း၊ မိုဃ်းပွင့်ကဲ့သို့လည်းကောင်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်း တောက်သောနေကဲ့သို့ဖြစ်၏။” (ဗျာဒိတ်ကျမ် ၁:၁၂-၁၆) ဤရူပါရုံမှာ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြခြင်းဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြခြင်းသည် ယခုအချိန်တွင် လူ့ဇာတိအဖြစ်ကို သူခံယူသည့်အခါ ဘုရားသခင်၏ အမှုကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ ပြစ်ဒဏ်ပေးခြင်းနှင့် တရားစီရင်ခြင်း လုပ်ငန်းစဉ်များတွင်၊ လူသားတော်သည် သူ၏ ပင်ကိုစိတ်သဘောထားကို မိန့်ကြားသော စကားများဖြင့် ဖော်ပြပါသည်။ ယောဟန်တွေ့မြင်ခဲ့သော လူသားတော်မျက်နှာ၏ တိတိကျကျ သရုပ်ဖော်ထားသော မျက်နှာပင်ဖြစ်သည့် မိမိ၏ မျက်နှာအမှန်ကို မိမိ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူအားလုံး မြင်တွေ့စေပါသည်။ (ဤအရာအားလုံးကို နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏အမှုကို လက်မခံသောသူများ မြင်လိမ့်မည်မဟုတ်သည်မှာ သေချာလှပါသည်။) ဘုရားသခင်၏ မျက်နှာအစစ်ကို လူသားတို့၏ စကားလုံးများကိုသုံး၍ အပြည့်အဝ ရှင်းလင်းပြောဆိုနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်သည် မိမိ၏ မျက်နှာအစစ်ကို လူသားတို့ကို ပြသရန်အတွက် မိမိ၏ ပင်ကိုစိတ်သဘောထားကို ဖော်ပြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူသားတော်၏ ပင်ကိုစိတ်သဘောထားကို ကြုံတွေ့ခဲ့ဖူးသောသူများ အားလုံးသည် လူသားတော်၏ မျက်နှာအစစ်ကို ဖူးမြင်ခဲ့ပြီးဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး လူသားတို့၏ စကားလုံးများဖြင့် အပြည့်အဝ ရှင်းလင်းပြောဆိုနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

၁၄။ ဘုရားသခင်သည် တိတ်ဆိတ်နေပြီး ငါတို့ထံ မည်သည့်အခါမျှ မပေါ်ထွန်းခဲ့ပေ၊ သို့သော် သူ့အလုပ်မှာမူ မည်သည့်အခါမျှ မရပ်တန့်ခဲ့ချေ။ ဘုရားသခင်သည် မြေကြီးတစ်ပြင်လုံးကို ကြည့်ရှုစစ်ဆေးသည်၊ အရာအားလုံးကို အမိန့်ပေးသည်၊ ထို့ပြင် လူသား၏ စကားအားလုံးနှင့် လုပ်ဆောင်ချက်အားလုံးကို ရှုမြင်သည်။ သူသည် မိမိ၏ စီမံခန့်ခွဲမှုကို ဖြည်းဖြည်းမှန်မှန် အဆင့်များနှင့် သူ၏အစီအစဉ်နှင့်အညီ ရင်ဖိုစရာကောင်းသည့် အကျိုးဆက်များ မရှိဘဲ တိတ်တဆိတ် ပြုလုပ်သည်၊ သို့တိုင်အောင် သူ၏ခြေလှမ်းများသည် တစ်လှမ်းပြီးတစ်လှမ်း လူသားတို့နှင့် ပို၍ နီးကပ်လာလျက်ရှိပြီး သူ၏တရားစီရင်ရာပလ္လင်ကိုလည်း အလင်း၏မြန်နှုန်းဖြင့် စကြဝဠာ၌ နေရာချထားသည်၊ ယင်းနောက်တွင် သူ၏ပလ္လင်သည် ငါတို့အလယ်သို့ ချက်ချင်း ဆင်းသက်လာမည် ဖြစ်သည်။ ထိုမြင်ကွင်းသည် ကြီးကျယ်ခမ်းနားသော မြင်ကွင်းပါတကား၊ ခန့်ညားပြီး လေးနက်သော ရင်ဖိုဖွယ် မြင်ကွင်းပါတကား။ ချိုးငှက်ကဲ့သို့သာမက ဟောက်သော ခြင်္သေ့ကဲ့သို့ ဝိညာဉ်တော်သည် ငါတို့အလယ်သို့ ကြွလာသည်။ ဝိညာဉ်တော်သည် ဉာဏ်ပညာဖြစ်၏၊ သူသည် ဖြောင့်မတ်ခြင်းဖြစ်ပြီး ဘုန်းတန်ခိုးကြီးခြင်းဖြစ်၏၊ ထို့ပြင် သြဇာအာဏာကို စွဲကိုင်လျက်၊ ချစ်ခြင်းမေတ္တာ၊ ကရုဏာတို့နှင့်ပြည့်လျက် ငါတို့အလယ်သို့ တိတ်ဆိတ်စွာ ကြွလာသည်။ ဝိညာဉ်တော် ရောက်လာသည်ကို မည်သူမျှ သတိမထားမိကြ၊ မည်သူကမျှလည်း ဝိညာဉ်တော်ကို မကြိုဆိုကြ၊ ထို့အပြင် ဝိညာဉ်တော်လုပ်ဆောင်မည့် အရာအားလုံးကို မည်သူမျှ မသိကြပေ။ လူ၏အသက်တာသည် ပြောင်းလဲခြင်း မရှိပေ၊ သူ့နှလုံးသားသည်လည်း မပြောင်းလဲဘဲ နေ့ရက်များသည် ထုံးစံအတိုင်း ကုန်လွန်သွားသည်။ ဘုရားသခင်သည် ငါတို့အကြား၌ အခြားလူများကဲ့သို့သော လူသားတစ်ဦးအနေနှင့်၊ ထင်ရှားမှုမရှိဆုံး နောက်လိုက်တစ်ဦးအနေနှင့်သာမက သာမန်ယုံကြည်သူတစ်ဦးအနေနှင့် နေထိုင်လျက်ရှိသည်။ သူ၌ ကိုယ်ပိုင်ရှာဖွေနေသည့်အရာများ၊ ကိုယ်ပိုင်ပန်းတိုင်များ ရှိသည့်အပြင် သာမန်လူများ၌ မရှိသည့် ဘုရားသဘောသဘာဝလည်း ရှိသည်။ သူ့မှာ ဘုရားသဘောသဘာဝများ ရှိကြောင်းကို မည်သူမျှ သတိမပြုမိပေ၊ ထို့ပြင် သူ၏ အနှစ်သာရနှင့် လူသား၏ အနှစ်သာရတို့အကြားရှိ ခြားနားမှုကိုလည်း မည်သူကမျှ မသိမြင်ပေ။ ငါတို့၏အမြင်၌ သူသည် မထင်ရှားသည့် ယုံကြည်သူတစ်ဦးသာ ဖြစ်သောကြောင့် ငါတို့သည် ချုပ်တည်းခြင်းမရှိ၊ ကြောင်းရွံ့ခြင်းမရှိဘဲ သူနှင့်အတူ နေထိုင်လျက်ရှိသည်။ သူသည် ငါတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်၊ ငါတို့၏ အတွေးများနှင့် စိတ်ကူးများသည်လည်း သူ့ရှေ့တွင် လှစ်ဟထုတ်ဖော်ခြင်း ခံထားရသည်။

............

သူ၏နှုတ်ကပတ်တော်များ၌ အသက်နှင့်ဆိုင်သော စွမ်းအားရှိသည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့လျှောက်လှမ်းသင့်သည့် လမ်းကို ပြသည်၊ သမ္မာတရားဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း ငါတို့ကို နားလည်စေသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို စတင်ဆွဲဆောင်လာသည်၊ သူ၏ ပြောဆိုဟန်နှင့် လေသံတို့အပေါ် ငါတို့သည် စတင်အာရုံစိုက်လာပြီး ငါတို့၏မသိစိတ်ကလည်း သာမညောင်ညဖြစ်သော ထိုသူ၏ အတွင်းနှလုံးသားထဲက ခံစားချက်များကို စတင်စိတ်ဝင်စားလာသည်။ သူသည် ငါတို့အတွက် အပင်ပန်းခံကြိုးစားသည်၊ အအိပ်ပျက်ခံသည်၊ အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်ပြီး ညည်းညူသည်၊ ငါတို့၏ ပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းကြောင့် သူ့နှလုံးသား သွေးထွက်သည်၊ မျက်ရည်ကျသည်။ ထိုသို့သော ဖြစ်ခြင်းနှင့် ရှိခြင်းသည် သာမန်လူနှင့် မသက်ဆိုင်သောအရာများ ဖြစ်သကဲ့သို့ ဖောက်ပြန်သော မည်သည့်လူသားတစ်ဦးမျှ ပိုင်ဆိုင်နိုင်စွမ်း သို့မဟုတ် ရရှိနိုင်စွမ်း မရှိသောအရာများ ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သူပြသပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်ယောက်၌မျှ မရှိသည့် မေတ္တာဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးများအားလုံးကို မသိနိုင်ပါ၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရကို ရှင်းလင်းပြည့်စုံစွာ သဘောမပေါက်နိုင်ပါ၊ သို့မဟုတ် လူသားတို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်နိုင်ခြင်း မရှိပါ၊ သို့မဟုတ် ကောင်းကင်ဘုံမှ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့၏အကြား၌ ယခုကဲ့သလို့ အလုပ်မလုပ်နိုင်ပါ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ အာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကို မပိုင်ဆိုင်ပါ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ အလုံးစုံသည် သူ့အထဲ၌ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်၊ ငါတို့ထံ အလင်းကို မယူဆောင်လာနိုင်ပါ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းကို အစပြုသည့် အချိန်မှ ယနေ့အထိ ဘုရားသခင်ကဖွင့်ပြခြင်း မရှိသော နက်နဲသည့်အရာများကို ငါတို့အား ထုတ်ဖော်ပြသနိုင်စွမ်း မရှိပါ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ချည်နှောင်မှုနှင့် ငါတို့၏ဖောက်ပြန်သော စိတ်သဘောထားမှ မကယ်တင်နိုင်ပါ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ အတွင်းနှလုံးသား၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားအားလုံးကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူဖော်ပြသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုသာမက အလုပ်အသစ်ကိုလည်း ယူဆောင်လာသည်၊ ထို့ပြင် မရေရာမှုထဲ၌ ရှင်သန်နေသော ငါတို့၏ဘဝကို အဆုံးသတ်ပေးပြီး ကယ်တင်ခြင်းလမ်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျက် ငါတို့ထံသို့ မျှော်လင့်ခြင်းကို ယူဆောင်လာခဲ့သည်။ သူသည် ငါတို့၏ ဖြစ်တည်မှု အလုံးစုံကို သိမ်းပိုက်ပြီး ဖြစ်သည်၊ ငါတို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း” မှ

၁၅။ ခပ်သိမ်းသောအရာအားလုံးကို သိမ်းပိုက်ခြင်းအားဖြင့် အမျိုးအစားအလိုက် မျိုးတူစုခံရမည့်အချိန်သည် နောက်ဆုံးသောကာလ ဖြစ်သည်။ သိမ်းပိုက်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်၊ တစ်နည်းအားဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြစ်များကို စီရင်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် လူများကို မည်သို့ အမျိုးအစားခွဲခြားနိုင်မည်နည်း။ သင်တို့အကြား လုပ်ဆောင်လျက်ရှိသော ခွဲခြားခြင်းအအမှုသည် စကြဝဠာတစ်ခွင်လုံး၌ ဤကဲ့သို့သောအလုပ်၏ အစဖြစ်သည်။ ဤနောက်တွင်ကား နေရာတိုင်းတွင်ရှိသော တိုင်းနိုင်ငံအားလုံးမှ လူတို့သည် သိမ်းပိုက်ခြင်းအလုပ်ကို ခံစားစေရကြလိမ့်မည်။ ဤသည်မှာ ဖန်ဆင်းရာထဲ၌ရှိသော ပုဂ္ဂိုလ်တိုင်း တရားစီရင်ခံရဖို့ တရားစီရင်ရာပလ္လင်ရှေ့သို့ လာကြပြီး အမျိုးအစားအလိုက် ခွဲခြားခံရမည်ကို ဆိုလိုသည်။ ဤပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းကို ကြုံရခြင်းမှ အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ မလွတ်မြောက်နိုင်၊ ထို့ပြင် အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ ဤအမျိုးအစားအလိုက် ခွဲခြားစုဖွဲ့ခြင်းကို ရှောင်ကွင်းမသွားနိုင်၊ အယောက်တိုင်း အတန်းအစားများထဲသို့ ခွဲခြားခံရမည်ဖြစ်သည်။ ထိုအရာမှာ အရာခပ်သိမ်းတို့အတွက် အဆုံးသတ်နီးလာပြီး ခပ်သိမ်းသော ကောင်းကင်နှင့်မြေကြီးတို့သည် သူတို့၏နိဂုံးသို့ ရောက်ရှိလာကြသောကြောင့်ပင် ဖြစ်သည်။ လူသည် သူ့တည်ရှိမှု၏အဆုံးသတ်ကို အဘယ်သို့ လွှဲရှောင်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” မှ

၁၆။ ခေတ်ကိုအဆုံးသတ်သော သူ၏နောက်ဆုံးအလုပ်တွင် ဘုရားသခင်၏ စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း စိတ်သဘောထားဖြစ်ပြီး၊ ယင်းတွင် လူအားလုံးကို လူအများရှေ့မှောက်တွင် တရားစီရင်ရန်နှင့် သူ့ကို ရိုးဖြောင့်သော စိတ်နှလုံးဖြင့် ချစ်မြတ်နိုးသောသူများကို စုံလင်အောင်ပြုရန် သူသည် မဖြောင့်မတ်သည့်အရာ အားလုံးကို ဖော်ထုတ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိလာပြီ ဖြစ်သည်။ ဖန်ဆင်းထားသော အရာအားလုံးကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး သူတို့၏သဘာဝအပေါ်မူတည်၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားလိမ့်မည်။ ယင်းအချိန်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ရလဒ်နှင့် သူတို့၏ ခရီးဆုံးပန်းတိုင်ကို ဖော်ထုတ်သည့် အချိန်ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံရပါက သူတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာလျှင် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်းဖြင့် မကောင်းသောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ လူသား၏ ဖောက်ပြန်ခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားသော စိတ်သဘောထားသည်သာလျှင်၊ နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းခံရသော စိတ်သဘောထားသည်သာလျှင် လူသားကို အပြည့်အဝ ပြောင်းလဲပြီး စုံလင်စေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး ထိုသို့အားဖြင့် မဖြောင့်မတ်မှုအားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၁၇။ တရားစီရင်မှုက အဘယ်အရာဖြစ်သည်၊ သမ္မာတရားက အဘယ်အရာဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်သည်ဆိုပါလျှင် တရားစီရင်မှုကို ခံယူခြင်းငှာ ကျိုးကျိုးနွံနွံနှင့် နာခံဆက်ကပ်ရန် ငါအလေးအနက်တိုက်တွန်း၏။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ ချီးကျူးခံရခြင်းအခွင့်ကို ဘယ်တော့မျှ ရလိမ့်မည်မဟုတ်၊ သို့မဟုတ် သူ၏နိုင်ငံတော်အတွင်းသို့ သင့်ကို သူက ဆောင်ယူလိမ့်မည်မဟုတ်။ တရားစီရင်ခြင်းတစ်ခုကိုသာ လက်ခံပြီး မည်သည့်အခါမျှ သန့်စင်၍မရသော သူတို့သည်၊ တစ်နည်းအားဖြင့်ဆိုလျှင်၊ တရားစီရင်ခြင်းအမှုအလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ထာဝရရွံရှာမှုနှင့် ငြင်းပယ်မှုကို ခံကြရလိမ့်မည်။ သူတို့၏ အပြစ်များသည် ဖာရိရှဲတို့ထက် သာလွန်များပြားကာ၊ ပို၍ကြီးလေးလှ၏၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ပုန်ကန်ခဲ့သောကြောင့်ပင် ဖြစ်သည်။ အစေခံရန်ပင် မထိုက်တန်သည့် ထိုကဲ့သို့သောသူများသည် သာ၍ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ပြီး၊ ထိုအပြစ်ဒဏ်မှာ ထာဝရအတွက်ဖြစ်သည်။ ဘုရားသခင်သည် သူ့အားတစ်ချိန်က သစ္စာစောင့်သိမှုကို ပြခဲ့ကြသော်လည်း သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်များကိုမျှ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သောလူတို့သည် ကိုယ်၊ စိတ်နှင့် ဝိညာဉ်တို့တွင် အပြစ်ဒဏ်ပေးခံရခြင်းအားဖြင့် ဒဏ်ခတ်ခံကြရလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို တိကျစွာ ထုတ်ဖော်ခြင်းမဟုတ်ပေလော။ ယင်းသည် လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ပင် မဟုတ်လော။ ဘုရားသခင်သည် ယုတ်မာသောအမှုမျိုးစုံကို ပြုခဲ့သော ထိုသူအားလုံးတို့ကို တရားစီရင်ရာ အချိန်ကာလတွင် ဆိုးယုတ်သော ဝိညာဉ်များကြီးစိုးသော နေရာသို့ ပို့ဆောင်လိမ့်မည်။ ထိုဆိုးယုတ်သော ဝိညာဉ်များကို သူတို့၏ ခန္ဓာအသွေးအသားအား စိတ်ကြိုက်ဖျက်ဆီးခွင့်ကို ပေးလိမ့်မည်။ ထို့ပြင် ထိုသူတို့၏ ခန္ဓာကိုယ်များမှ အလောင်းကောင်အပုပ်နံ့ တထောင်းထောင်း ထုတ်လွှတ်နေမည်။ ယင်းကား သူတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခံရခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော ယုံကြည်သူအတုအယောင်များ၊ တမန်တော်အတုအယောင်များနှင့် အမှုတော်ဆောင်အတုအယောင်များ အယောက်စီတိုင်း၏ အပြစ်များကို မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်လျက်ရှိ၏။ ထို့နောက် အချိန်ကျလေသောအခါ သူသည် ညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ သူတို့ကို နှင်ထုတ်လေ၏။ ထိုညစ်ညမ်းသော ဝိညာဉ်များက သူတို့၏ ခန္ဓာတစ်ခုလုံးကို ညစ်ညမ်းစေရန် စိတ်ကြိုက်ပြုမူကြလေ၏။ ထိုသို့အားဖြင့် သူတို့သည် ပြန်လည်၍ လူဖြစ်ခြင်းနှင့်၊ အလင်းရောင်ကို ထပ်မံတွေ့ရှိခြင်း လုံးဝမရှိကြတော့စေရန်ဖြစ်သည်။ ခဏတစ်ဖြုတ်မျှ အစေခံခဲ့ကြသော်လည်း အဆုံးတိုင်သစ္စာရှိရန် မတတ်နိုင်ကြသော ထိုကြောင်သူတော်တို့ကို ဘုရားသခင်သည် ယုတ်မာသူတို့နှင့်အတူ ရေတွက်၏။ ထိုသို့အားဖြင့် သူတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းကို လိုက်ကြပြီး ပရမ်းပတာဖြစ်နေသော ထိုလူစု၏ အစိတ်အပိုင်း ဖြစ်လာစေရန်ဖြစ်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူတို့ကို အပြီးတိုင် ချေမှုန်းလိမ့်မည်။ ခရစ်တော်အပေါ် မည်သည့်အခါကမျှ သစ္စာမခံခဲ့သော၊ သို့မဟုတ် မိမိတို့၏အစွမ်းခွန်အားကို မည်သည့်အခါကမျှ ဆပ်ကပ်မှုတစ်စုံတရာ မပြုခဲ့သော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုမပြုဘဲ ခေတ်အကူးတွင် အပြီးတိုင်ချေမှုန်းလိမ့်မည်။ ထိုသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိနေကြတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါကမျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ ပတ်ဝန်းကျင်၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို အပေါ်ယံမျှသာ ဆက်ဆံခဲ့သောသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့နှင့်အတူ ရေတွက်ခြင်းခံရ၏။ ထိုသူတို့ထဲမှ လူအနည်းငယ်သာ ရှင်ကျန်ရစ်မည်ဖြစ်ပြီး အများစုမှာမူ အစေခံရန် အရည်အချင်းမပြည့်မီကြသောသူတို့နှင့်အတူ ပျက်စီးကြလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်နှင့် စိတ်သဘောတူသူများ၊ ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ သားများနှင့် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့်ထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်အတွင်းသို့ ဆောင်သွင်းလိမ့်မည်။ သူတို့သည် ဘုရားသခင့်အမှု၏ စစ်ယူရရှိထားသောအရာ ဖြစ်လိမ့်မည်။ ဘုရားသခင်စီစဉ်ထားသော အမျိုးအစားတစ်မျိုးမျိုးအထဲ သတ်မှတ်ခြင်း မခံရနိုင်သောသူများကမူ မယုံကြည်သူများထဲသို့ ထည့်သွင်းရေတွက်ခြင်း ခံရလိမ့်မည်။ ထိုသူတို့၏ရလဒ်မှာ အဘယ်အရာဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာတိုင်းကို သင်တို့အား ငါပြောခဲ့ပြီးလေပြီ၊ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ဆုံးဖြတ်ချက်သာဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏၊ ဘုရားသခင်၏အမှုသည် သူနှင့်အတူ မီအောင်မလိုက်နိုင်သောသူများကို လုံးဝစောင့်နေမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကရုဏာမထားကြောင်းပင်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

၁၈။ သမ္မာကျမ်းစာကို ပရောဖက်များ ပြောကြားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိုအချိန်က ဘုရားသခင် အသုံးပြုသော လူများက ရေးသားထားသော စကားလုံးများနှင့် ဖွဲ့စည်းထားသည်။ ထိုစကားလုံးများကို ဘုရားသခင် ကိုယ်နှိုက်ကသာလျှင် ရှင်းပြနိုင်သည်၊ ထိုစကားလုံးများ၏ အဓိပ္ပာယ်များကို သန့်ရှင်းသော ဝိညာဉ်တော်ကသာလျှင် သိစေနိုင်ပြီး ဘုရားသခင် ကိုယ်တော်ကိုယ်တိုင်မှ သာလျှင် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ပြီး စာစောင်ကို ဖွင့်တော်မူနိုင်သည်။ သင်သည် ဘုရားသခင် မဟုတ် သကဲ့သို့ ကျွန်ုပ်သည်လည်း မဟုတ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သူကဆန္ဒရှိသလို ရှင်းပြဝံ့သနည်း။ ထိုစကားလုံးများကို သင်ရှင်းပြရဲပါသလား။ ဤနေရာတွင် ပရောဖက်များဖြစ်သော ယေရမိ၊ ယောဟန်နှင့် ဧလိယ တို့ရှိလျှင်ပင် သူတို့သည် သိုးသငယ် မဟုတ်သဖြင့် သူတို့သည်လည်း ဝံ့ရဲကြမည်မဟုတ်။ သိုးသငယ်သည်သာလျှင် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ပြီး စာစောင်ကို ဖွင့်နိုင်သည်ဖြစ်ရာ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အခြားသူမည်သူမျှ ရှင်းမပြနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၁၉။ သမ္မာကျမ်းစာထဲတွင် သိုးသငယ်သည်သာလျှင် တံဆိပ်ခုနှစ်ချက်ကို ဖွင့်နိုင်သည်ဟု ရေးထားသည်။ ခေတ်များတစ်လျှောက် ကြီးကျယ်သော လူပုဂ္ဂိုလ်များအကြားတွင် သမ္မာကျမ်းစာလာ အချက်များကို ရှင်းပြပေးသူ အများအပြားရှိခဲ့သည်။ သို့ဆိုလျှင် ထိုသူတို့အားလုံးသည် သိုးသငယ်ဖြစ်သည်ဟု သင်ပြောနိုင်သလော။ သူတို့၏ရှင်းပြချက်များအားလုံးသည် ဘုရားသခင်ထံမှ လာသည်ဟု သင်ပြောနိုင်သလော။ သူတို့သည် အနက်ဖွင့်သူများသာ ဖြစ်သည်။ သူတို့တွင် သိုးသငယ်၏ သွင်ပြင်လက္ခဏာမရှိ။ သူတို့သည် မည်သို့လျှင် တံဆိပ်ခုနှစ်ချက်ကိုဖွင့်ရန် ထိုက်တန်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍” မှ

၂၀။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကြယ်ခုနစ်လုံးသည် တောက်ပကြသည်။ အသင်းတော်သည် သူ့အားဖြင့် စုံလင်အောင်ပြုခြင်းကို ခံရသည်။ သူသည် မိမိအသင်းတော်၏ တမန်များကို တည်ထောင်ပြီး အသင်းတော်တစ်ခုလုံးသည် သူ၏ထောက်ပံ့ခြင်းအောက်တွင် ရှိသည်။ သူသည် တံဆိပ်ခုနစ်ချက်စလုံးကို ဖွင့်ပြီး သူကိုယ်တိုင် သူ့စီမံခန့်ခွဲမှု အစီအစဉ်နှင့် သူ့အလိုတော်ကို ပြည့်စုံခြင်းသို့ ယူဆောင်သည်။ စာစောင်သည် သူ့စီမံခန့်ခွဲမှု၏ လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်ဘာသာစကားဖြစ်ပြီး သူသည် ထိုစာစောင်ကို ဖွင့်ပြ၍ ထုတ်ဖော်ပြီးဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

၂၁။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ်လုပ်သည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုကို လူသားအား အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ သူသည် လူဇာတိကိုခံယူခဲ့သည်။ လူကိုသိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်ဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသားသည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အမှုအလုံးစုံကို နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူသားကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသားသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော်တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် ဘုရားသခင်တည်ရှိကြောင်းကို သူယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို သူယုံသည်၊ လူသားအပေါ်ထားသော ဘုရားသခင်၏မေတ္တာနှင့် လူကိုကယ်တင်လိုသည့် ဆန္ဒကိုလည်း သူယုံသည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရိုးသာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်တော်မှထွက်လာသော နှုတ်ကပတ်တော်သည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသား၏နှလုံးသား၊ အယူအဆ၊ စိတ်သဘောထားအဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုကဲ့သို့ စကားပြော၍ လူသားကို ထိုကဲ့သို့ကယ်တင်ရန် ကြွလာသည်။ ထိုအချိန်မှစ၍ လူသားသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ လူအားလုံးတို့သည် နှုတ်ကပတ်တော်၏ကမ္ဘာ၌ ရှင်သန်နေထိုင်လာကြသည်၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများအတွင်း၌ ရှင်သန်နေထိုင်လာကြသည်။ ထို့အပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် ရှင်သန်နေထိုင်လာကြသောသူများမှာ သာ၍ပင်များသေးသည်။ ဤနှုတ်ကပတ်တော်များနှင့် အမှုသည် လူသားကို ကယ်တင်ခြင်းအလို့ငှာ၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်စွမ်းခြင်းအလို့ငှာ၊ ဖန်ဆင်းခြင်းအဟောင်းဆိုင်ရာ လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့မှ လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် လောကဟောင်းတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည်ဖြစ်သည်။ ထို့နောက်တွင်မှ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည်ဖြစ်သည်။ နိုင်ငံတော်ခေတ်တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ့အမှုကို လုပ်ရန်နှင့် သူ့အမှု၏ အကျိုးကျေးဇူးများကိုရရှိရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သူသည် အံ့သြဖွယ်ရာများကို လုပ်ဆောင်ခြင်းမရှိသကဲ့သို့ တန်ခိုးများကိုလည်း ပြသခြင်းမရှိပါ။ သူ့အမှုကို နှုတ်ကပတ်တော်အားဖြင့်သာ လုပ်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

၂၂။ နောက်ဆုံးသောကာလသည် နောက်ဆုံးသောကာလထက် မကျော်လွန်သကဲ့သို့ နိုင်ငံတော်ခေတ်ကိုလည်း မကျော်လွန်ပေ၊ ယင်းသည် ကျေးဇူးတော်ခေတ်၊ သို့မဟုတ် ပညတ်တော်ခေတ်ကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလအတောအတွင်း အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ရှိ အလုပ်အလုံးစုံကို သင်တို့အား ဖော်ပြခြင်းသာ ဖြစ်သည်။ ယင်းမှာ နက်နဲမှုကို ဖော်ထုတ်ပြသခြင်း ဖြစ်သည်။ ယင်းသို့သော နက်နဲခြင်းကို မည်သည့် လူတစ်ဦးတစ်ယောက်ကမျှ မဖော်ထုတ်နိုင်။ လူတစ်ဦး တစ်ယောက်သည် မည်မျှပင် သမ္မာကျမ်းစာကို နားလည်သည်ဆိုစေကာမူ လူသားသည် သမ္မာကျမ်းစာ၏ အခြင်းအရာကို နားမလည်သောကြောင့် ယင်းသည် စကားလုံးများထက်မပိုပေ။ လူက သမ္မာကျမ်းစာကို ဖတ်သည့်အခါ သမ္မာတရား အချို့ကို သူရနိုင်သည်၊ စကားလုံး အချို့ကို ရှင်းပြနိုင်မည် သို့မဟုတ် ကျော်ကြားသော အဆိုများနှင့် ကိုးကားချက်များကို လေ့လာဆန်းစစ်နိုင်မည်။ သို့သော်လည်း လူအားလုံး မြင်သည်မှာ အသက် မရှိသော စကားလုံးများသာ ဖြစ်ပြီး ယေဟောဝါနှင့် ယေရှုတို့ အလုပ်၏ ရှုခင်းများ မဟုတ်သည့်အတွက် ယင်းစကားလုံးများတွင် ပါဝင်သော အဓိပ္ပာယ်များကိုမူ သူသည် မည်သည့်အခါမျှ ထုတ်နှုတ်နိုင်မည် မဟုတ်ဘဲ လူသားသည် ယင်းအလုပ်၏ နက်နဲခြင်းကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲခြင်းသည် အကြီးမားဆုံး နက်နဲခြင်း ဖြစ်ပြီး လူသားတို့အတွက် အကြီးမားဆုံး ဖုံးကွယ်ထားမှု ဖြစ်ကာ လူသားတို့ မည်သို့မျှ မဖော်ထုတ်နိုင်ပေ။ ဘုရားသခင်၏ အလိုကို သူကိုယ်တိုင်က ရှင်းပြပြီး လူသားအား ဖွင့်ပေးခြင်း မပြုပါက မည်သူတစ်ဦးတစ်ယောက်မျှ တိုက်ရိုက် နားလည်နိုင်မည် မဟုတ်ပေ။ တစ်နည်းဆိုရလျှင် ယင်းတို့သည် လူသားအတွက် အစဉ်အမြဲ ပဟေဠိဖြစ်နေပြီး ချိတ်ပိတ်ထားသော နက်နဲရာများအဖြစ် အစဉ်အမြဲ ရှိနေမည်ဖြစ်သည်။...ဤနှစ်ပေါင်း ခြောက်ထောင် အလုပ်သည် ပရောဖက်များ ဟောကြားချက်အားလုံးထက် ပိုမို၍ နက်နဲရှုပ်ထွေးသည်။ ယင်းသည် ဖန်ဆင်းသည့် အချိန်မှစ၍ အနက်နဲဆုံးဖြစ်ပြီး ယခင်က ဖော်ထုတ်ခဲ့ခြင်း မရှိဘဲ နောက်ဆုံးခေတ်တွင်မှသာ ဖော်ထုတ်မည် ဖြစ်သောကြောင့် ဤနက်နဲခြင်းကို မည်သည့် ယခင်က ပရောဖက်မှ နားမလည်နိုင်သေးပေ။ သင်တို့သည် ဤနက်နဲခြင်းကို နားလည်ပြီး အပြည့်အဝ ဖော်ထုတ်နိုင်ခဲ့လျှင် ယင်းဘာသာရေး ပုဂ္ဂိုလ်များသည် ဤနက်နဲခြင်း၏ သိမ်းပိုက် အောင်မြင်ခြင်းကို ခံကြရလိမ့်မည်။ ဤအရာသည်သာလျှင် အကြီးကျယ်ဆုံး ရူပါရုံ ဖြစ်ပြီး လူသားတို့ နားအလည်ချင်ဆုံး အရာဖြစ်သော်လည်း သူ့အတွက် မရှင်းလင်းဆုံး အရာလည်း ဖြစ်သည်။ သင်တို့သည် ကျေးဇူးတော်ခေတ်တွင် ရှိသောအခါ သင်တို့သည် ယေရှု သို့မဟုတ် ယေဟောဝါ လုပ်ဆောင်သော အလုပ်တို့ကို သင်တို့ သိခဲ့ကြသည် မဟုတ်ပေ။ ယေဟောဝါသည် အဘယ်ကြောင့် ပညတ်တော်များကို ချမှတ်သည်၊ သူက အဘယ်ကြောင့် လူများကို ပညတ်တော်များကို စောင့်ထိန်းရန် ပြောကြားသည်၊ သို့မဟုတ် ဗိမာန်တော်ကို အဘယ်ကြောင့် ဆောက်လုပ်ခဲ့ရသည်တို့နှင့် ပတ်သက်၍ မည်သည်ကိုမျှ လူအများ နားမလည် ခဲ့ဘဲ ဣသရေလ လူမျိုးတို့ကို အဲဂုတ္တုပြည်မှ တောထဲသို့ ခေါ်သွားပြီး ခါနာန်ပြည်သို့ အဘယ်ကြောင့် ခေါ်ဆောင် သွားခဲ့သည်ကို လူများနားလည်ရန် ပိုမိုခက်ခဲသည်။ ဤနေ့သို့ မရောက်မီအထိ ယင်းကိစ္စများကို ဖော်ထုတ်ခြင်း မခံရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၂၃။ အလုပ်၏ ဤနောက်ဆုံးအဆင့်တွင် ရလဒ်များကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုအားဖြင့် ရယူသည်။ နှုတ်ကပတ်တော်အားဖြင့် လူသည် နက်နဲရာအချက် အများအပြားနှင့် အတိတ်ကာလ မျိုးဆက်များတစ်လျှောက် ဘုရားသခင်လုပ်ဆောင်ခဲ့သော အလုပ်တို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ခံရသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် ယခင်မျိုးဆက်များက မည်သည့်အခါမျှ မဖော်ထုတ်ခဲ့သော နက်နဲရာအချက်များကိုသာမက အတိတ်အချိန်များမှ ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်နှင့် သူတို့အလုပ်လုပ်ခဲ့သော နိယာမများတို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားကိုသာမက လူ၏ပုန်ကန်မှုနှင့် ခုခံခြင်းတို့ကိုလည်း နားလည်လာပြီး၊ သူတို့ကိုယ်တိုင်၏ အနှစ်သာရများကိုလည်း သိနားလည်လာသည်။ ယင်းအလုပ်အဆင့်များနှင့် ပြောကြားခဲ့သော နှုတ်ကပတ်တော်များ အားလုံးမှတစ်ဆင့် လူသည် ဝိညာဉ်တော်၏ အလုပ်၊ ဘုရားသခင်ခံယူသော ဇာတိခန္ဓာ၏ အလုပ်နှင့် ထို့ထက်မက သူ၏စိတ်သဘောထား တစ်ခုလုံးကို သိလာသည်။ နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာ ဘုရားသခင်၏ စီမံခန့်ခွဲမှုများအပေါ် သင်၏သိနားလည်မှုကိုလည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိသည်။ သင်၏ ယခင်က အယူအဆများအပေါ် သင်၏သိနားလည်မှုနှင့် ယင်းတို့ကို ဘေးဖယ်ထားရာ၌ အောင်မြင်မှုသည်လည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရခဲ့သည်မဟုတ်လော။ ယခင်အဆင့်တွင် ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လုပ်ခဲ့သော်လည်း ယခုအဆင့်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ မရှိတော့ပေ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အဘယ်ကြောင့် သူမထုတ်ဖော်တော့သည်ကို သင်၏နားလည်မှုသည်လည်း နှုတ်ကပတ်တော်အားဖြင့် ရရှိသည်မဟုတ်လော။ ထို့ကြောင့် ဤအဆင့်တွင် ပြောကြားထားသော နှုတ်ကပတ်တော်တို့သည် အတိတ်မျိုးဆက်များမှ တမန်တော်များနှင့် ပရောဖက်များလုပ်ခဲ့ကြသော အလုပ်ကို ကျော်လွန်သွားသည်။ ပရောဖက်များပြောကြားခဲ့ကြသော ပရောဖက်ပြုချက်များသည်ပင်လျှင် ဤရလဒ်ကို မရရှိနိုင်ခဲ့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၂၄။ နောက်ဆုံးကာလရှိ အလုပ်သည် ယေဟောဝါနှင့် ယေရှုတို့၏အလုပ်၊ ထို့ပြင် လူတို့နားမလည်သော နက်နဲခြင်းအားလုံးကို ထုတ်ဖော်ပြသပြီး ယင်းသည် ခရီးဆုံးပန်းတိုင်နှင့် လူသားမျိုးနွယ်၏ အဆုံးသတ်ကို ဖော်ထုတ်ရန်၊ ထို့ပြင် လူသားမျိုးနွယ်အကြား ကယ်တင်ခြင်း အလုပ်အားလုံးကို အဆုံးသတ်ရန် ဖြစ်သည်။ နောက်ဆုံးသောကာလရှိ ဤအလုပ်အဆင့်သည် အရာအားလုံးကို အပြီးသတ်သို့ ယူဆောင်လာခြင်းဖြစ်သည်။ လူတို့နားမလည်သည့် နက်နဲသော အရာအားလုံးကို ဖွင့်ဟပြီး လူကို ထိုအရာများ၏ နက်ရှိုင်းရာများကို စူးစမ်းလေ့လာခွင့်ပေးကာ သူတို့၏ စိတ်နှလုံးများတွင် ရှင်းလင်းသော နားလည်ခြင်းကို ရှိစေသည်။ ထို့နောက်တွင်မှသာ လူသားမျိုးနွယ်သည် သူတို့၏အမျိုးအစားများအလိုက် ခွဲခြားခံရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၂၅။ အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်၊ လူတိုင်း အလွယ်တကူ ရယူနိုင်သောအရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့်ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင်ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားအနေဖြင့် အသက်ရရှိစေရန်အလို့ငှာ ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီးလည်း ဖြစ်သောကြောင့်ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူသားအကြားတွင် အစဉ်နေထိုင်၏။ သူသည် လူသားအသက်ရှင်မှု၏ တွန်းအား၊ လူသားဖြစ်တည်နေမှု၏ အခြေခံနှင့် လူသား မွေးဖွားပြီးနောက် တည်ရှိနေရေးအတွက် ကြွယ်ဝသောသိုက်ဖြစ်၏။ သူသည် လူသားကို ပြန်လည်မွေးဖွားစေ၍ လူသားကို ၎င်း၏အခန်းကဏ္ဍတိုင်းတွင် ဇွဲလုံ့လဖြင့် အသက်ရှင်နိုင်စေ၏။ သူ့တန်ခိုး၏ ကျေးဇူးကြောင့်နှင့် သူ၏ငြိမ်းသတ်၍မရသော အသက်အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်ခဲ့ကာ ထိုသို့နေထိုင်စဉ်ကာလတစ်လျှောက် ဘုရားသခင်၏ အသက်တန်ခိုးသည် လူသားတည်ရှိရေးအတွက် အဓိကပံ့ပိုးမှုဖြစ်၍ လူသားတည်ရှိရေးအတွက် မည်သည့်သာမန်လူသားကမျှ ပေးဆပ်ခဲ့ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင်က ပေးဆပ်ခဲ့၏။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့်သတ္တဝါ၊ သို့မဟုတ် မည်သည့်ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန်၊ သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသောပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပါပေ။ အရာခပ်သိမ်း မတည်သော်လည်း ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အရာခပ်သိမ်း တည်ရှိနေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့်ဖြစ်၏။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာပိုင်နက်မှ ခွဲထွက်သွားနိုင်ခြင်း မရှိပါ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရမည်။ လူတိုင်း ဘုရားသခင်၏ ပညတ်တော်အောက်တွင် အသက်ရှင်နေထိုင်ရမည်ဖြစ်၍ မည်သူမျှ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

၂၆။ နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကိုသိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က လက်ခံမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏အတည်ပြုမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ရုပ်သေးနှင့် အကျဉ်းသားပါ ဖြစ်သောကြောင့်ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံနေရသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ ဤသည်မှာ ထိုသူတို့၌ရှိသမျှမှာ ပလ္လင်တော်မှစီးဆင်းလာသည့် အသက်ရေအစား နှစ်ထောင်ပေါင်းများစွာ စွဲကပ်ထားသည့် နောက်ကျိသောရေများ ဖြစ်ကြသောကြောင့်ဖြစ်၏။ အသက်ရေကို မရရှိသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ ထိုသို့ဖြစ်ပါက ထိုသူတို့သည် ဘုရားသခင်ကို မည်သို့မြင်နိုင်မည်နည်း။ သင်သည် အတိတ်ကိုစွဲကိုင်ထားရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထားရန်သာ ကြိုးစား၍ ရှိနေသည့် အနေအထားကို ပြောင်းလဲရန်နှင့် သမိုင်းကိုစွန့်ပစ်ရန် မကြိုးစားပါက သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင်အမှု၏ အဆင့်များသည် တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မည်ဟည်းနေသော မိုးချုန်းသံကဲ့သို့ ကျယ်ပြန့်၍ တန်ခိုးကြီးမား၏၊ သို့ရာတွင် သင်သည် ထိုင်နေလျက် တုံဏှိဘာဝေသာ ရှိနေကာ ပျက်စီးခြင်းကို စောင့်၏။ သင်၏မိုက်မဲမှုကို စွဲကိုင်လျက် ဘာမျှမလုပ်ဘဲနေ၏။ ဤနည်းအားဖြင့် သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ထင်မှတ်နိုင်မည်နည်း။ သင်စွဲကိုင်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်လျက် မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသူ ဘုရားသခင်အဖြစ် သင်မည်သို့အကြောင်းပြနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

၂၇။ ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရယ်စရာအကောင်းဆုံး သူများဖြစ်၍ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသူတို့သည် စိတ်ကူးယဉ်၌ ပျောက်ဆုံးနေသူများ ဖြစ်ကြ၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသောကာလတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်၍ မည်သူမျှ ရှောင်ကွင်း၍ မရနိုင်ပါ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပါ။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံခြင်းမရှိဘဲ၊ သို့မဟုတ် အသက်၏ထောက်ပံ့မှုကို လက်မခံဘဲ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင်မစဉ်းစားရပါ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံး အသက်ရရှိစေရန် ခရစ်တော်သည် နောက်ဆုံးသောကာလတွင် လာခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်၍ ခေတ်အသစ်ထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ ခေတ်အသစ်သို့ ဝင်ရောက်မည့်သူအားလုံး လိုက်လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သူ့ကို အသိအမှတ်ပြုနိုင်စွမ်း သင့်တွင်မရှိဘဲ ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ သို့မဟုတ် သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက သင်သည် ထာဝရလောင်ကျွမ်းခံရ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရောက်ရမည် မဟုတ်သည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော်ကိုယ်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေးစေခိုင်းခဲ့သူ ဖြစ်သောကြောင့်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်က ဆောင်ရွက်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်းဖြစ်သည်ဟု ငါပြော၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုသူတို့ ခံစားရမည့် အကျိုးအပြစ်မှာ အားလုံးအတွက် သက်သေပြရန် မလိုပါ။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပြီးနောက် သူ့ကိုငြင်းပယ်ပါက အကျိုးသက်ရောက်မှုများကို သင့်ကိုယ်စား ခံစားပေးနိုင်သူ တစ်ဦးမျှ မရှိဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ ထောက်ခံမှုကိုရရှိရန် အခွင့်အရေး နောက်တစ်ရပ်ရှိမည် မဟုတ်ပါ။ သင့်ကိုယ်သင် ရွေးနုတ်ရန် ကြိုးစားလျှင်ပင် သင်သည် ဘုရားသခင်၏မျက်နှာကို နောက်တစ်ကြိမ် မြင်ရတော့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သောသူမှာ လူသားတစ်ဦးမဟုတ်၊ သင်ငြင်းပယ်သောသူမှာ သေးနုပ်သည့်သတ္တဝါမဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအကျိုးသက်ရောက်မှုကို သင်သိပါသလား။ သင်ပြုလိုက်သည်မှာ သေးငယ်သည့် အမှားတစ်ရပ် မဟုတ်ဘဲ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ရပ်ဖြစ်၏။ ထို့ကြောင့် သမ္မာတရား ရှေ့မှောက်တွင် အစွယ်မထုတ်ရန်၊ သို့မဟုတ် အမှုမဲ့အမှတ်မဲ့ ကဲ့ရဲ့ပြစ်တင်ပြောဆိုမှုများ မလုပ်ရန် လူတိုင်းကို ငါအကြံပြု၏။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားသည်သာ သင့်ကို အသက်ပေးနိုင်၍ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားခွင့်နှင့် ဘုရားသခင်၏မျက်နှာကိုမြင်ခွင့် ပေးနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

၂၈။ စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှု ထမ်းဆောင်လျက်ရှိပြီး အရှေ့အရပ်တွင် စဉ်ဆက်မပြတ် မိုးပျက်ကျနေလျက် တိုင်းနိုင်ငံအားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေသည်။ လူသားအားလုံးကို ပစ္စုပ္ပန်သို့ လမ်းပြခဲ့သည်မှာ ငါ၏အသံဖြစ်သည်။ ငါ၏အသံဖြင့် လူသားအားလုံးကို အနိုင်ယူမည်။ လူသားအားလုံးကို ဤစမ်းချောင်းအတွင်း ကျစေပြီး ငါ၏ရှေ့မှောက် နာခံစေမည်။ အကြောင်းမူကား ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတန်ခိုးကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ဝေခဲ့ပြီ ဖြစ်သည်။ အဘယ်သူသည် ငါ၏ဘုန်းကိုမြင်ရရန် မတောင့်တသနည်း။ အဘယ်သူသည် ငါပြန်လာမည့် အချိန်ကို စိုးရိမ်ကြီးစွာ စောင့်၍ မနေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မတောင့်တ သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲနေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုအကြောင်း မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်မည့်သူ ပြန်လာမည်ကို မတောင့်တဘဲနေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်း ဆိုင်လျက် နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အစွမ်းကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်သည် လူသား၏ ရတနာဖြစ်ပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်ကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်ကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သည်။ သို့သော် နှုတ်ကပတ်တော်တွင် ပျော်ပိုက်ခြင်းမှာ ပို၍များပါသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ဝမ်းမြောက်ပျော်ရွှင်လျက် ငါကြွလာမည့် အချိန်အတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပ နေကြပါသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အကြား တရားဝင် ဝင်ရောက်မည်။ ဖြာထွက်လျက်ရှိသော ငါ၏ဘုန်းတန်ခိုးနှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော် အားဖြင့် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည်လည်း အရှေ့အရပ်၏ “သံလွင်တောင်” ပေါ်သို့ ဆင်းသက်ပြီဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ မြေကြီးပေါ်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်ကြောင်းကို ထိုသူတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး လူသားမျိုးနွယ်အကြားမှ ထွက်ခွာလာပြီးနောက်၊ ဘုန်းတန်ခိုးဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကတည်းက ဝတ်ပြုခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ နှစ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သူ မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကိုလာစေလျက် ဘုန်းတန်ခိုးရှိသော ငါ၏ မျက်နှာကို ဖူးမျှော်ပါစေ။ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်ပါစေ။ ဤသည်မှာ ငါ၏အလိုဆန္ဒ တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုပါစေ။ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုပါစေ။ လူတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံပါစေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်” မှ

ယခင်က:၆။ ကျေးဇူးတော်ခေတ် အမှုတော်နှင့် နိုင်ငံတော်ခေတ် အမှုတော်တို့ကြား ဆက်နွယ်မှု

နောက်တစ်ခုသို့:၈။ တစ်ပါးတည်းသော ဘုရားသခင်သာ ရှိပါတယ်: သုံးပါးတစ်ဆူဆိုတာ မရှိပါဘူး။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ