အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၂)

ပြီးခဲ့သည့်အခါက ဆွေးနွေးခဲ့သည့်အကြောင်းအရာကို ဆက်ကြရအောင်။ ပြီးခဲ့သည်အခါက မည်သည့်အကြောင်းအရာကို ငါတို့ဆွေးနွေးခဲ့သည်ကို သင်မှတ်မိနိုင်သလော။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်၏။) “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်၏” သည် သင်တို့အတွက် အလွန်အလှမ်းဝေးသည်ဟုခံစားရသော အကြောင်းအရာ တစ်ရပ်လော။ ၎င်းကို အပေါ်ယံနားလည်မှုအချို့ သင်တို့၌ရှိသလော။ ပြီးခဲ့သည့်အခါက ငါတို့ ဆွေးနွေးခဲ့သည့် ဤအကြောင်းအရာ၏ အဓိကအချက်ကို တစ်စုံတစ်ဦး ငါ့အား ပြောပြနိုင်မည်လော။ (အရာအားလုံးကို ဘုရားသခင်၏ဖန်ဆင်းခြင်းအားဖြင့် ဘုရားသခင်သည် အရာအားလုံးကို ပြုစုပျိုးထောင်ကာ လူသားမျိုးနွယ်အား ပြုစုပျိုးထောင်သည်ကို ကျွန်ုပ်တွေ့၏။ ဘုရားသခင်သည် လူသားကို ထောက်ပံ့ပေးသောအခါ သူသည် သူ၏ရွေးချယ်ခြင်းခံရသူတို့ကိုသာ သူ၏နှုတ်ကပတ်တော် ထောက်ပံ့ပေးသည်ဟု အတိတ်က ကျွန်ုပ်အမြဲထင်ခဲ့သော်လည်း ဘုရားသခင်သည် အရာခပ်သိမ်း၏ နိယာမများအားဖြင့် လူသားမျိုးနွယ်ကို ပြုစုပျိုးထောင်ပေးနေသည်ကို ကျွန်ုပ် မည်သည့်အခါမျှ မမြင်ခဲ့ပေ။ သမ္မာတရား၏ဤကဏ္ဍကို ဘုရားသခင်၏ဆွေးနွေးခြင်းအားဖြင့်သာ ဘုရားသခင်သည် အရာခပ်သိမ်း၏ အရင်းအမြစ်ဖြစ်ပြီး အရာခပ်သိမ်း၏အသက်ကို ဘုရားသခင်ထောက်ပံ့ပေးသည်၊ ဤနိယာမများကို ဘုရားသခင်ချုပ်ကိုင်ထားပြီး သူသည် အရာခပ်သိမ်းကို ပြုစုပျိုးထောင်ပေးသည်ဟု ကျွန်ုပ် ခံစားခဲ့ရသည်။ အရာခပ်သိမ်းကို ဘုရားသခင်၏ဖန်ဆင်းခြင်းမှနေ၍ ကျွန်ုပ်သည် သူ၏ချစ်ခြင်းမေတ္တာကို မြင်ရ၏။) ပြီးခဲ့သည့်အခါက အဓိကအားဖြင့် ဘုရားသခင်၏အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် ၎င်းတို့အတွက် နိယာမများနှင့် အခြေခံသဘောတရားများ သူချမှတ်ခဲ့ပုံကို ငါတို့ဆွေးနွေးခဲ့ကြသည်။ ဤကဲ့သို့သောနိယာမများနှင့် ဤကဲ့သို့သော အခြေခံသဘောထားများ အောက်တွင်၊ အရာခပ်သိမ်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်နှင့် ဘုရားသခင်၏ မျက်လုံးများအောက်တွင် လူသားနှင့် နေထိုင်၍သေဆုံးကြကာ၊ လူသားနှင့် အတူယှဉ်တွဲနေထိုင်ကြသည်။ ဘုရားသခင် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းအကြောင်းနှင့်၊ ၎င်းတို့၏ကြီးထွားမှုနိယာမများအပြင် ၎င်းတို့၏ ကြီးထွားမှုအတွက် လမ်းကြောင်းများနှင့်ပုံစံများကို သတ်မှတ်ရန် သူ၏ကိုယ်ပိုင်နည်းနာများကို အသုံးပြုခြင်းအကြောင်းတို့ကို ငါတို့ဦးစွာပြောဆိုခဲ့သည်။ ဤမြေ၌ အရပ်ခပ်သိမ်း ဆက်လက်ကြီးထွား၍ ပွားများကာ ရှင်သန်နိုင်ရေးအတွက် တစ်ဦးပေါ်တစ်ဦးမှီခိုရန် ၎င်းတို့ ဆက်လက်ရှင်သန်သည့် နည်းလမ်းများကိုလည်း သူချမှတ်၏။ ဤကဲ့သို့သော နည်းနာများနှင့် နိယာမများဖြင့် အရာခပ်သိမ်းသည် ဤမြေတွင် အောင်မြင်စွာနှင့် ငြိမ်းချမ်းစွာ တည်ရှိ၍ ကြီးထွားနိုင်ကြသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ် ရှိခြင်းအားဖြင့်သာ လူသားသည် တည်မြဲသောအိမ်ယာနှင့် အသက်ရှင်နေထိုင်ရာ ပတ်ဝန်းကျင်ရှိနိုင်ကာ၊ ဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် ဆက်လက်ဖွံ့ဖြိုးကာ ရှေ့သို့တက်လှမ်း၍၊ ဖွံ့ဖြိုးကာ ရှေ့သို့တက်လှမ်း၏။

ပြီးခဲ့သည့်အခါက ဘုရားသခင်မှ အရာခပ်သိမ်းကို ထောက်ပံ့ပေးခြင်း အခြေခံအယူအဆကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ အရာခပ်သိမ်းသည် လူသားမျိုးနွယ်အတွက် တည်ရှိပြီး အသက်ရှင်ရန် ဘုရားသခင်မှ အရာခပ်သိမ်းကို ဤနည်းဖြင့် ဦးစွာထောက်ပံ့ပေး၏။ တစ်နည်းအားဖြင့် ထိုကဲ့သို့သောပတ်ဝန်းကျင် တည်ရှိခြင်းမှာ ဘုရားသခင်ချမှတ်ခဲ့သော နိယာမများကြောင့် ဖြစ်၏။ ဘုရားသခင်မှ ဤကဲ့သို့သော နိယာမများကို ထိန်းသိမ်းကာ စီမံခန့်ခွဲခြင်းအားဖြင့်သာ လူသားမျိုးနွယ်သည် ၎င်းတို့ယခုရှိနေသည့် အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင် ရှိခြင်းဖြစ်သည်။ ပြီးခဲ့သည်အခါက ငါတို့ပြောဆိုခဲ့သည့်အရာမှာ ယခင်က ငါတို့ပြောခဲ့သည့် ဘုရားသခင်ကိုသိခြင်းမှ လျင်မြန်စွာတိုးတက်မှုကြီး ဖြစ်၏။ ထိုကဲ့သို့သော လျင်မြန်စွာတိုးတက်မှု အဘယ်ကြောင့် ရှိသနည်း။ အဘယ်ကြောင့်ဆိုသော် အတိတ်က ဘုရားသခင်ကို သိလာနေခြင်းအကြောင်း ငါတို့ပြောခဲ့သည့်အခါ ငါတို့သည် ဘုရားသခင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် စီမံအုပ်ချုပ်မှု၏ ခွင်အတွင်းမှ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ရွေးချယ်ခံရသူတို့အား ကယ်တင်ခြင်းနှင့် စီမံခန့်ခွဲခြင်း၏ ခွင်အတွင်းမှ ဘုရားသခင်ကို သိခြင်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ရည်မှန်းချက်များနှင့် သူမှ လူသားတို့ကို သမ္မာတရားနှင့် အသက်တို့ မည်သို့ထောက်ပံ့သည်ကို ဆွေးနွေးနေခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ပြီးခဲ့သည့်အခါက ငါတို့ပြောခဲ့သည့် အကြောင်းအရာသည် သမ္မာကျမ်းစာနှင့် ဘုရားသခင်၏ ရွေးချယ်ခံလူတို့ကို ကယ်တင်သည့် နယ်ပယ်အတွင်းသာ ကန့်သတ်ခံနေရခြင်း မရှိတော့ပေ။ အတိအကျပြောရလျှင် ၎င်းသည် ဘုရားသခင်ကိုယ်တော်တိုင်ကို ဆွေးနွေးရန် ဤနယ်ပယ်အတွင်းမှ၊ သမ္မာကျမ်းစာအတွင်းမှနှင့် ဘုရားသခင်မှ သူ၏ရွေးချယ်ခံ လူတို့အပေါ် လုပ်ဆောင်သည့် အမှု၏အဆင့်သုံးဆင့်၏ ကန့်သတ်ချက်များအတွင်းမှ ခုန်ထွက်သွားခဲ့၏။ ထို့ကြောင့် ငါ၏ဆွေးနွေးမှု ဤအပိုင်းကို သင်တို့ကြားသည့်အခါ သင်တို့သည် ဘုရားသခင်အပေါ် သင်တို့သိခြင်းကို သမ္မာကျမ်းစာနှင့် ဘုရားသခင်၏ အမှုတော်အဆင့်သုံးဆင့်တွင်သာ ကန့်သတ်မထားရပေ။ ယင်းအစား သင်တို့၏ အမြင်ကို ဖွင့်ထားရမည်၊ အရာခပ်သိမ်းအကြား ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် သူ၏အရာနှင့်ဖြစ်ခြင်းအပြင် အရာခပ်သိမ်းကို ဘုရားသခင်မှ စိုးမိုကာစီမံခန့်ခွဲပုံကို မြင်ရမည်။ ဤနည်းလမ်းအားဖြင့်နှင့် ဤအခြေခံအပေါ်တွင် အရာခပ်သိမ်းကို ဘုရားသခင် မည်သို့ထောက်ပံ့သည်ကို သင်မြင်နိုင်၏။ ယင်းသည် လူသားမျိုးနွယ်အား ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်၏အရင်းအမြစ်အစစ်အမှန် ဖြစ်ကြောင်းနှင့် ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ စစ်မှန်သောကိုယ်ပိုင်လက္ခဏာဖြစ်ကြောင်း နားလည်စေ၏။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်းနှင့် သြဇာအာဏာနှင့် သူ၏အရာခပ်သိမ်းတို့သည် လောလောဆယ် သူ့နောက်လိုက်သူများအပေါ်သာ ပစ်မှတ်ထားခြင်းမဟုတ်၊ သင်တို့ ဤလူတစ်စုကိုသာ ပစ်မှတ်ထားခဲ့ခြင်း မဟုတ်ဘဲ အရာခပ်သိမ်းအပေါ် ပစ်မှတ်ထားခြင်းဖြစ်၏။ ထိုအခါ အရာခပ်သိမ်း၏ နယ်ပယ်သည် လွန်စွာကျယ်ပြန့်၏။ ဘုရားသခင် စိုးမိုးသည့် အရာများသည် သင်တို့၏မျက်စိများဖြင့် မြင်နိုင်သည့်အရာများသာမကဘဲ လူတို့မြင်နိုင်သည့် ရုပ်ဝတ္ထုလောကအပြင် ရုပ်ဝတ္ထုလောက၏ပြင်ပ လူ့မျက်စိများဖြင့် မမြင်နိုင်သော အခြားလောကတစ်ခုသာမက လူသားမျိုးနွယ် လောလောဆယ် တည်ရှိသည့် နေရာ၏ပြင်ပ အာကာသနှင့်ဂြိုဟ်များပါ ပါဝင်ကြောင်းကို သင်တို့အား ငါပြောပြလိုသဖြင့် ဘုရားသခင်၏ အလုံးစုံအပေါ် အုပ်ချုပ်မှုနယ်ပယ်ကို ဖော်ပြရန် ငါသည် “အရာခပ်သိမ်း” ကို အသုံးပြုခြင်း ဖြစ်သည်။ ယင်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုနယ်ပယ်ဖြစ်၏။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏အုပ်စိုးမှု နယ်ပယ်သည် အလွန်ကျယ်ပြန့်၏။ သင်တို့အတွက်မူ သင်တို့ နားလည်သင့်သည့်အရာ၊ မြင်သင့်သည့်အရာနှင့် မည်သည့်အရာများမှ သင်တို့ အသိပညာရရှိသင့်သည် စသည့် ဤအရာများသည် သင်တို့ တစ်ဦးစီ နားလည်သင့်၊ မြင်သင့်၊ ရှင်းလင်းသင့်ပြီး နားလည်ရန်၊ မြင်ရန်နှင့် ရှင်းလင်းရန် လိုအပ်သည့် အရာများဖြစ်သည်။ ဤ “အရာခပ်သိမ်း” ၏ နယ်ပယ်သည် လွန်စွာကျယ်ပြန့်သော်လည်း သင်တို့လုံးဝမမြင်နိုင်သည့် သို့မဟုတ် သင်တို့ တွေ့ဆုံနိုင်မည် မဟုတ်သည့် နယ်ပယ်အကြောင်း ကျွန်ုပ် သင်တို့ကို ပြောမည်မဟုတ်ပေ။ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော စကားစု၏စစ်မှန်သော အဓိပ္ပာယ်ကို လူတိုင်းခံစားနိုင်ရန်အတွက် လူတို့ တွေ့ဆုံနိုင်မည့်၊ နားလည်နိုင်မည့်၊ သဘောပေါက်နိုင်မည့် နယ်ပယ်ကိုသာ သင်တို့ကို ငါပြောပြမည်။ ဤနည်းအားဖြင့် ငါသင်တို့ကိုပြောသော မည်သည့်အရာမဆို အနှစ်သာရမဲ့သော နှုတ်ကပတ်တော်များ ဖြစ်မည် မဟုတ်ပေ။

ပြီးခဲ့သည်အခါက အရာခပ်သိမ်းကို ဘုရားသခင် မည်သို့ထောက်ပံ့သည်ကို သင်တို့ အခြေခံ နားလည်မှုတစ်ရပ် ရှိနိုင်ရန် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော အကြောင်းအရာအပေါ် ရိုးရှင်းသည့် အကြမ်းဖျင်းဖော်ပြချက်တစ်ရပ်ပေးရန် ပုံပြောသည့် နည်းလမ်းတစ်ခုကို ငါတို့အသုံးပြုခဲ့၏။ သင်တို့အတွင်း၌ ဤအခြေခံအယူအဆ မွေးမြူပေးခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သမ္မာကျမ်းစာနှင့် သူ၏အမှုအဆင့်သုံးဆင့် ပြင်ပတွင် ဘုရားသခင်သည် လူသားတို့ မြင်နိုင်ခြင်း၊ တွေ့ဆုံနိုင်ခြင်း မရှိသည့် အလုပ်ကို သာ၍ပင်လုပ်ကိုင်နေကြောင်း သင်တို့ကို အသိပေးရန် ဖြစ်၏။ ဤကဲ့သို့သောအမှုကို ဘုရားသခင်ကိုယ်တိုင် ဆောင်ရွက်နေခြင်းဖြစ်၏။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲခြင်းအမှု၏ပြင်ပမှ ဤအမှုမပါဘဲ သူ၏ရွေးချယ်ခံလူတို့ကို ရှေ့သို့ဆက်၍ ဦးဆောင်လမ်းပြခြင်းကိုသာ ပြုလုပ်နေပါက သင်တို့အားလုံး အပါအဝင် ဤလူ့လောကအနေဖြင့် ရှေ့ဆက် တက်လှမ်းရန် လွန်စွာခက်ခဲမည်ဖြစ်ပြီး ဤလူသားများနှင့် ကမ္ဘာလောကတို့သည် ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ ယနေ့ သင်တို့ကို ငါပြောပြနေသည့် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော စကားစု၏ အရေးပါမှုဖြစ်သည်။

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံနေထိုင်မှု ပတ်ဝန်းကျင်

“ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော စကားစုနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် ပါဝင်သည့်အကြောင်းအရာများ အများအပြား ငါတို့ ဆွေးနွေးခဲ့ကြသော်လည်း ဘုရားသခင်သည် သင်တို့ကို သူ၏နှုတ်ကပတ်တော်ပံ့ပိုးပေး၍ သင်တို့အပေါ် သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ခြင်းတို့အပြင် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် မည်သည့်အရာများ ပေးသနားသည်ကို သင်တို့၏စိတ်နှလုံများအတွင်း၌ သိသလော။ အချို့သူများက “ဘုရားသခင်သည် ကျွန်ုပ်အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပေးသနား၍၊ စည်းကမ်း၊ ကိုယ်စိတ်ချမ်းသာမှုနှင့် စောင့်ရှောက်မှုနှင့်အကာအကွယ်တို့ကို ဖြစ်နိုင်သမျှ နည်းဖြင့် ပေးသည်” ဟု ပြောကောင်းပြောနိုင်၏။ အခြားသူများက “ဘုရားသခင်သည် ကျွန်ုပ်အပေါ် နေ့စဉ်စားစာရာ၊ သောက်စရာများပေးသည်” ဟုပြောမည်ဖြစ်ပြီး၊ အချို့ကမူ “ဘုရားသခင်သည် ကျွန်ုပ်ကို အရာခပ်သိမ်း ပေးသနား၏” ဟုပင် ပြောလိမ့်မည်။ ၎င်းတို့၏နေ့စဉ်ဘဝများ၌ လူတို့တွေ့ဆုံနိုင်သည့် ဤအရာများနှင့်ပတ်သက်၍၊ သင်တို့အားလုံး၌ သင်တို့ကိုယ်တိုင်၏ ရုပ်ခန္ဓာဘဝအတွေ့အကြုံနှင့် ဆက်နွှယ်သည့် အဖြေအချို့ ရှိကောင်းရှိလိမ့်မည်။ ဘုရားသခင်သည် လူအယောက်စီတိုင်းအပေါ် အရာများစွာ ပေးသနားသော်လည်း ငါတို့ ဤနေရာ၌ ဆွေးနွေးနေသည့်အရာမှာ လူတို့၏နေ့စဉ် လိုအပ်ချက်များ၏ နယ်ပယ်၌သာ ကန့်သတ်ထားခြင်းမရှိဘဲ သင်တို့တစ်ဦးစီကို အလှမ်းဝေးဝေး ကြည့်စေသည်။ ကျယ်ပြန့်သောအမြင်မှနေ၍ကြည့်လျှင် ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်သောကြောင့် သူသည် အရာခပ်သိမ်း၏အသက်ကို မည်သို့ ထိန်းသိမ်းသနည်း။ အရာခပ်သိမ်းဆက်လက် တည်ရှိနိုင်ရေးအတွက် ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖြစ်တည်မှုကို ထိန်းသိမ်းရန်နှင့် ၎င်းတို့၏ ဖြစ်တည်မှု၏နိယာမများကို ထိန်းသိမ်းရန် ၎င်းတို့ထံ မည်သည့်အရာကို ယူဆောင်လာသနည်း။ ယင်းမှာ ငါတို့ယနေ့ဆွေးနွေးနေသည့် အရာ၏ အဓိကအချက်ဖြစ်သည်။ ငါပြောခဲ့သည်အရာကို သင်တို့နားလည်သလော။ ဤအကြောင်းအရာသည် သင်တို့အတွက် အလွန်စိမ်းနေနိုင်သော်လည်း အလွန်လေးနက်သည့် အယူဝါဒများအကြောင်း ငါပြောမည် မဟုတ်ပေ။ သင်တို့အားလုံး နားထောင်ပြီးနောက် နားလည်စေရန် ငါကြိုးပမ်းမည်။ သင်တို့သည် မည်သည့်ဝန်ထုပ်ဝန်ပိုးမျှ ခံစားရန် မလိုပေ၊ သေချာစွာ နားထောင်ရန်သာလိုသည်။ သို့ရာတွင် ငါသည် ယင်းကို အနည်းငယ် သာ၍ အလေးပေးရဦးမည် ဖြစ်သည်၊ ငါအဘယ်အကြောင်းအရာ ပြောနေသနည်း။ ငါ့ကို ပြောလော့။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။) ထိုသို့ဆိုပါက ဘုရားသခင်သည် အရာခပ်သိမ်းကို မည်သို့ ထောက်ပံ့ပေးသနည်း။ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟုပြောနိုင်စေရန် အရာခပ်သိမ်းကို သူမည်သည့်အရာ ထောက်ပံ့ပေးသနည်း။ ဤအရာအကြောင်း သင်တို့၌ အယူအဆများ သို့မဟုတ် အတွေးအခေါ်များ ရှိသလော။ ငါပြောနေသည့် အခြေခံအားဖြင့် သင်တို့၏နှလုံးသားများနှင့် သင်တို့၏စိတ်များတွင် ဤအကြောင်းအရာအကြောင်း လုံးဝ ဘာမျှမရှိပုံရသည်။ သို့သော် သင်တို့သည် ဤအကြောင်းအရာနှင့် ငါပြောမည့်အရာများကို ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဆက်စပ်တွေးနိုင်ကာ မည်သည့်အသိပညာ သို့မဟုတ် မည်သည့် လူ့ယဉ်ကျေးမှု သို့မဟုတ် သုတေသနနှင့်မျှ ဆက်စပ်မည်မဟုတ်ဟု ငါမျှော်လင့်၏။ ငါသည် ဘုရားသခင်အကြောင်းနှင့် ဘုရားသခင်ကိုယ်တော်တိုင် အကြောင်းကိုသာ ပြောနေခြင်းဖြစ်၏။ ယင်းသည် သင်တို့အပေါ် ငါ၏အကြံပြုချက်ဖြစ်၏။ သင်နားလည်သည်၊ ဟုတ်သလော။

ဘုရားသခင်သည် လူသားအပေါ် အရာများစွာ ပေးသနားခဲ့၏။ လူတို့ မြင်နိုင်သည့်အရာ၊ ဆိုလိုသည်မှာ လူတို့ ခံစားနိုင်သည့်အရာအကြောင်း ပြော၍ ငါစတင်မည်။ ဤအရာများသည် လူတို့ အတွင်း၌နားလည်၍ လက်ခံနိုင်သည့် အရာများဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထောက်ပံ့ပေးခဲ့သည့်အရာကို ဆွေးနွေးရန် ရုပ်လောကဖြင့် အစပြုကြရအောင်။

၁။ လေ

ပထမအနေဖြင့် လူသားအသက်ရှူနိုင်ရန် ဘုရားသခင်သည် လေကို ဖန်ဆင်းခဲ့၏။ ဤ “လေ” သည် လူသားတို့ စဉ်ဆက်မပြတ်ထိတွေ့နေသည့် နေ့စဉ်ဘဝ၏ လေပင် မဟုတ်လော။ ဤလေသည် လူသားတို့ အခိုက်အတန့်တိုင်း၊ အိပ်စက်နေသည့်အခါ၌ပင် အားထားသော အရာပင် မဟုတ်လော။ ဘုရားသခင် ဖန်ဆင်းခဲ့သည့်လေသည် လူသားမျိုးနွယ်အတွက် အလွန့်အလွန် အရေးကြီးပေသည်၊ ယင်းသည် ၎င်းတို့၏ ထွက်သက်ဝင်သက်တိုင်းနှင့် အသက်ကိုယ်တိုင်အတွက် မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းဖြစ်သည်။ ခံစား၍သာရကာ မမြင်နိုင်သော ဤအရာသည် အရာခပ်သိမ်းအတွက် ဘုရားသခင်၏ ပထမဆုံးသော လက်ဆောင်ဖြစ်၏။ လေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် ထွက်ခွာရန်ပြင်ဆင်သလော။ လေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် လေ၏သိပ်သည်းမှုကို သုံးသပ်ဆင်ခြင်သလော။ ဘုရားသခင်သည် လေတွင်ပါဝင်သည့်ပစ္စည်းများကို သုံးသပ်ဆင်ခြင်သလော။ (ဟုတ်ကဲ့။) ဘုရားသခင်သည် လေကိုပြုလုပ်စဉ်က မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ ဘုရားသခင်သည် လေကို အဘယ်ကြောင့်ပြုလုပ်သနည်း၊ ထို့အပြင် သူ၏ အကြောင်းပြချက်မှာ အဘယ်နည်း။ လူတို့သည် လေကိုလိုအပ်ပြီး အသက်ရှူရန် လိုအပ်၏။ အရင်ဆုံးအနေဖြင့် လေ၏သိပ်သည်းမှုသည် လူ၏အဆုတ်နှင့် ကိုက်ညီရမည်။ လေ၏သိပ်သည်းမှုကို သိသူ တစ်စုံတစ်ဦးရှိသလော။ ယင်းသည် လူတို့သိရန်လိုသည့် အရာတစ်ခု မဟုတ်ပေ၊ ဤအရာကိုသိရန် မလိုအပ်ပေ။ လေ၏သိပ်သည်းမှုနှင့်ပတ်သက်၍ ငါတို့သည် နံပါတ်အတိအကျ မလိုအပ်ဘဲ ယေဘုယျသဘောတစ်ရပ်ရှိရုံမျှဖြင့် ရပြီဖြစ်သည်။ ဘုရားသခင်သည် လူသားတို့အသက်ရှူရန် အဆုတ်များနှင့် အသင့်တော်ဆုံးဖြစ်မည့် သိပ်သည်းမှုဖြင့် လေကိုပြုလုပ်ခဲ့သည်။ ဆိုလိုသည်မှာ လူသားတို့အသက်ရှူသည့်အခါ သက်သောင့်သက်သာရှိပြီး ၎င်းတို့၏ ကိုယ်ခန္ဓာကို ထိခိုက်မည် မဟုတ်ပေ။ ဤသည်မှာ လေ၏သိပ်သည်းမှုနောက်ကွယ်မှ အတွေးအခေါ်ဖြစ်သည်။ ၎င်းနောက်တွင် ငါတို့သည် လေတွင်ပါဝင်သည့်ပစ္စည်းများအကြောင်း ပြောမည်။ ပထမအနေဖြင့် လေတွင်ပါဝင်သည့်ပစ္စည်းများမှာ လူတို့အတွက် အဆိပ်မဖြစ်ပေ၊ ထို့အတွက်ကြောင့် အဆုတ်နှင့် ကိုယ်ခန္ဓာကို ဖျက်ဆီးမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာအားလုံးကို ဆင်ခြင်သုံးသပ်ရ၏။ လူသားတို့ ရှူသွင်းရှူထုတ်သည့် လေသည် ချောမောစွာ ဝင်ထွက်ရမည်ဖြစ်ကြောင်းကို ဘုရားသခင်မှ ဆင်ခြင်သုံးသပ်ရ၏၊ ၎င်းနောက် ရှူသွင်းပြီးသည့်အခါ သွေးအပြင် အဆုတ်နှင့်ကိုယ်ခန္ဓာရှိ စွန့်ထုတ်လေသည် သင့်တော်စွာ ဇီဝတွင်းဖြစ်ပျက်ပြီး ယင်းလေတွင် အဆိပ်ဖြစ်စေသည့် အစိတ်အပိုင်းများ မပါရလေအောင် လေတွင်ပါဝင်သည့် ပစ္စည်းများနှင့် ပမာဏတို့သည် ရှိနေသင့်သည်။ ဤအဆင့်အတန်းနှစ်ရပ်နှင့် ပတ်သက်၍ သင်တို့အား ငါသည် အသိပညာများစွာ မပေးလိုဘဲ အတိအကျအားဖြင့်ဆိုရလျှင် ဘုရားသခင်သည် အရာတစ်ခုစီတိုင်း ဖန်ဆင်းခဲ့သည့်အခါက သူ၏စိတ်ထဲ၌ တွေးတောမှုဖြစ်စဉ်တစ်ရပ်၊ အကောင်းဆုံးဖြစ်စဉ်တစ်ရပ် အတိအကျရှိခဲ့ကြောင်းကိုသာ အသိပေးလို၏။ ထို့အပြင် လေထဲ၌ရှိသည့် ဖုန်မှုန့်ပမာဏအတွက်မူ၊ ကမ္ဘာပေါ်ရှိ ဖုန်မှုန့်၊ သဲနှင့် အညစ်အကြေးပမာဏအပြင် မိုးကောင်းကင်မှ လွင့်မျောလာသည့် ဖုန်မှုန့်၊ ၎င်းတို့အတွက်လည်း ဘုရားသခင်၌ ဤအရာများကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် ဖြေရှင်းခြင်း နည်းလမ်းတစ်ရပ်ဖြစ်သည့် အစီအစဉ်တစ်ရပ် ရှိခဲ့သည်။ ဖုန်မှုန့်အချို့ရှိသော်လည်း ကိုယ်ခန္ဓာနှင့် လူသား၏အသက်ရှူခြင်းအပေါ် အန္တရာယ်မပြုစေရန်နှင့် ဖုန်မှုန့်အပိုင်းအစများသည် ကိုယ်ခန္ဓာအား အန္တရာယ်မပြုမည့် အရွယ်အစားဖြစ်စေရန် ဘုရားသခင်ပြုလုပ်ခဲ့၏။ လေကို ဘုရားသခင်ဖန်ဆင်းခြင်းသည် လျှို့ဝှက်ဆန်းကြယ်မှု မရှိခဲ့သလော။ သူ၏ပါးစပ်မှ အသက်လေ မှုတ်ထုတ်ရုံမျှလောက်သာ ရိုးရှင်းသလော။ (မဟုတ်ပါ။) ဘုရားသခင်သည် သူ၏အရိုးရှင်းဆုံး အရာများကို ဖန်ဆင်းရာ၌ပင် ဘုရားသခင်၏ နက်နဲမှု၊ သူ၏စိတ်များ၊ အတွေးများနှင့် ဉာဏ်ပညာတို့အားလုံးသည် ထင်ရှားနေ၏။ ဘုရားသခင်သည် လက်တွေ့မကျပေလော။ ဆိုလိုသည်မှာ ရိုးရှင်းသော အရာတစ်ခုကို ဖန်ဆင်းခြင်း၌ပင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စဉ်းစားနေ၏။ ပထမဦးစွာ လူသားတို့ရှူရှိုက်သည့် လေသည် သန့်ရှင်း၏၊ ပါဝင်သည့်ပစ္စည်းများသည် လူအသက်ရှူရန် သင့်တော်၏၊ ၎င်းတို့သည် အဆိပ်မဖြစ်စေဘဲ လူတို့အပေါ် အန္တရာယ် မဖြစ်စေနိုင်ပေ၊ ထို့အပြင် သိပ်သည်းမှုသည် လူအသက်ရှူရန် ချိန်ညှိထားသည်။ လူတို့ရှူသွင်းရှူထုတ်သည့်လေသည် ၎င်းတို့၏ကိုယ်ခန္ဓာအတွက်၊ ၎င်းတို့၏အသားအတွက် မရှိမဖြစ် လိုအပ်၏။ ထို့ကြောင့် လူတို့သည် အဟန့်အတား မရှိဘဲ၊ စိုးရိမ်မှုမရှိဘဲ လွတ်လပ်စွာ အသက်ရှူနိုင်၏။ ၎င်းတို့သည် ပုံမှန် အသက်ရှူနိုင်ကြသည်။ လေသည် အစအဦး၌ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာဖြစ်၍ လူအသက်ရှူရန် မရှိမဖြစ်သောအရာဖြစ်၏။

၂။ အပူချိန်

ဒုတိယအရာသည် အပူချိန်ဖြစ်၏။ အပူချိန်သည် မည်သည့်အရာဟူသည်ကို လူတိုင်းသိ၏။ အပူချိန်သည် လူအသက်ရှင်နေထိုင်ရေးအတွက် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ရပ်အနေဖြင့် ထားရှိရမည့် အရာတစ်ခုဖြစ်၏။ အပူချိန်မြင့်လွန်းပါက၊ ဆိုကြပါစို့၊ အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ပိုမြင့်ပါက၊ လူတို့အတွက် အားအင် လွန်စွာကုန်ခမ်းစေမည် မဟုတ်လော။ ၎င်းတို့အသက်ရှင်ရန် လွန်စွာ ခြေကုန်လက်ပန်းကျစေမည် မဟုတ်လော။ လူသားတို့သည် ၎င်းကို ခံနိုင်ရည်ရှိမည်လည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤအပူအချိန်အတိုင်းအတာကို သတ်မှတ်ရာတွင် အလွန် အသေးစိတ် ဂရုပြုခဲ့၏။ လူ၏ကိုယ်ခန္ဓာ အလိုက်သင့်ပြောင်းနိုင်သည့် အပူချိန်အတိုင်းအတာမှာ အခြေခံအားဖြင့် အနုတ်လက္ခဏာ ၃၀ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်၏။ ယင်းသည် မြောက်မှတောင်အထိ အခြေခံ အပူချိန်အတိုင်းအတာဖြစ်၏။ အေးသောအရပ်များတွင် အပူချိန်များသည် အနုတ်လက္ခဏာ ၅၀ မှ ၆၀ ဒီဂရီ စင်တီဂရိတ်သို့ ကျကောင်းကျနိုင်သည်။ ထိုကဲ့သို့သောဒေသသည် လူသားအသက်ရှင်ရန် ဘုရားသခင်ခွင့်ပြုသော နေရာတစ်ခုမဟုတ်ပေ။ ဤသို့အေးသောအရပ်များ အဘယ်ကြောင့်ရှိနေသနည်း။ ဤအတွင်း၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ရည်ရွယ်ချက်မြားရှိနေသည်။ သူသည် သင့်အား ထိုနေရာများအနီးသို့ သွားခွင့်မပြုပေ။ ဘုရားသခင်သည် ပူလွန်း၊ အေးလွန်းသောနေရာများကို ကာကွယ်ထား၏၊ ဆိုလိုသည်မှာ သူသည် ထိုနေရာ၌ လူသားကို နေခွင့်ပြုရန် အဆင်သင့်မရှိပေ။ ယင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ပေ။ သူသည် ထိုကဲ့သို့သောနေရာမျိုးများကို ကမ္ဘာပေါ်တွင် အဘယ်ကြောင့် တည်ရှိခွင့်ပြုသနည်း။ ဘုရားသခင်သည် လူသားကို ထိုနေရာ၌ နေထိုင်ရန် သို့မဟုတ် တည်ရှိရန် ခွင့်မပြုလျှင် ၎င်းတို့ကို အဘယ်ကြောင့် ဖန်ဆင်းသနည်း။ ဘုရားသခင်၏ ဉာဏ်ပညာသည် ထိုနေရာ၌ရှိ၏။ ဆိုလိုသည်မှာ လူသားအသက်ရှင်နေထိုင်ရန်အတွက် ပတ်ဝန်းကျင်၏ အခြေခံအပူချိန်ကိုလည်း ဘုရားသခင်မှ အတန်အသင့် ညှိနှိုင်းခဲ့၏။ ဤနေရာ၌ နိယာမတစ်ရပ်လည်း ရှိ၏။ ထိုကဲ့သို့သော အပူချိန်တစ်ရပ်ကို ထိန်းသိမ်းထားရေးအတွက်၊ ဤအပူချိန်ကို ထိန်းချုပ်ရေးအတွက် အထောက်အကူပြုရန် ဘုရားသခင်သည် အချို့အရာများကို ဖန်ဆင်းခဲ့၏။ ဤအပူချိန်ကို ထိန်းသိမ်းထားရန် မည်သည့်အရာများကို အသုံးပြုသနည်း။ ပထမဆုံးအနေဖြင့် နေသည် လူတို့ကို အပူချိန်ပေးနိုင်သည်၊ သို့သော် ပူနွေးလွန်းပါက လူတို့သည် ခံနိုင်ရည် ရှိမည်လော။ နေအနီး ချဉ်းကပ်ရဲသူ တစ်စုံတစ်ဦးရှိသလော။ ကမ္ဘာပေါ်တွင် နေအနီး ချဉ်းကပ်နိုင်သည့် ကိရိယာ တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ ယင်းသည် ပူလွန်း၏။ နေအနီးချဉ်းကပ်သည့်အခါ ယင်းသည် အရည်ပျော်သွားလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်မှ နေ၏အကွာအဝေးကို အတိအကျ အတိုင်းအတာတစ်ရပ် ပြုလုပ်ခဲ့သည်၊ သူသည် အထူးအမှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ ဘုရားသခင်၌် ဤအကွာအဝေးအတွက် အဆင့်အတန်းတစ်ရပ် ရှိသည်။ ကမ္ဘာ၏ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့လည်း ရှိသေး၏။ ထိုအရပ်၌ အားလုံးသည် ရေခဲမြစ်များ ဖြစ်၏။ လူသားမျိုးနွယ်သည် ရေခဲမြစ်များပေါ်တွင် နေနိုင်သလော။ ယင်းသည် လူသားနေထိုင်ရန်အတွက် သင့်တော်သလော။ (မသင့်တော်ပါ။) မသင့်တော်၊ ထို့ကြောင့် လူတို့ ထိုနေရာသို့ မသွားပေ။ လူတို့ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့သို့ မသွားသဖြင့် ရေခဲမြစ်များကို ထိန်းသိမ်းထားပြီး၊ ၎င်းတို့သည် အပူချိန်ထိန်းသိမ်းခြင်းတည်းဟူသော ၎င်းတို့၏အခန်းကဏ္ဍတွင် ပါဝင်နိုင်လိမ့်မည် ဖြစ်သည်။ နားလည်သလော။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ မရှိခဲ့ဘဲ နေသည်လည်း ကမ္ဘာပေါ်တွင် အစဉ်တောက်ပနေပါက ကမ္ဘာပေါ်ရှိ လူအားလုံးသည် အပူကြောင့် သေဆုံးကြလိမ့်မည်။ ဘုရားသခင်သည် ဤအရာနှစ်ခုကို လူသားအသက်ရှင်နေထိုင်ရေးနှင့် သင့်တော်သော အပူချိန် ထိန်းချုပ်ရုံအတွက်သာ အသုံးပြုသလော။ မဟုတ်ပေ၊ ကွင်းပြင်ရှိ မြက်များ၊ သစ်ပင်အမျိုးအစား အမျိုးမျိုးနှင့် တောထဲရှိ အပင်အမျိုးအစားအားလုံး စသည့် သက်ရှိအမျိုးအစား အားလုံးလည်း ရှိကြ၏။ လူတို့နေထိုင်သည့် အပူချိန်ကိုထိန်းညှိရန် ၎င်းတို့သည် နေ၏အပူချိန်ကို စုပ်ယူ၍ နေ၏အပူစွမ်းအင်ကို ထုတ်လုပ်၏။ မြစ်များနှင့် ရေကန်များကဲ့သို့ ရေအရင်းမြစ်များလည်း ရှိ၏။ မြစ်များနှင့် ရေကန်များ၏ မျက်နှာပြင်ဧရိယာသည် မည်သူတစ်ဦးတစ်ယောက်ကမျှ သတ်မှတ်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ကမ္ဘာမြေကြီးပေါ်တွင် ရေမည်မျှ ရှိသည်၊ ရေ မည်သည့်နေရာသို့ စီးဆင်းသည်၊ ၎င်း စီးဆင်းမှု၏ လားရာ၊ ရေပမာဏ သို့မဟုတ် စီးဆင်းသည့် အရှိန်အဟုန်တို့ကို မည်သူမျှ မထိန်းချုပ်နိုင်ပေ။ ဘုရားသခင်သာလျှင် သိ၏။ မြေအောက်ရေနှင့် လူတို့မြင်နိုင်သည့် မြေပေါ် မြစ်များနှင့်ရေကန်များအပါအဝင် ဤရေအရင်းမြစ်အမျိုးမျိုးသည်လည်း လူတို့နေထိုင်သည့် အပူချိန်ကို ထိန်းညှိနိုင်၏။ ၎င်းအပြင် တောင်များ၊ လွင်ပြင်များ၊ နက်ရှိုင်းသော ချောက်ကြီးများနှင့် စိမ့်မြေအရပ်များကဲ့သို့ ပထဝီဝင် ဖွဲ့စည်းမှုအမျိုးအစား အမျိုးမျိုးလည်း ရှိသေး၏၊ ဤပထဝီဝင် ဖွဲ့စည်းမှုအမျိုးအစားအမျိုးမျိုးနှင့် ၎င်းတို့၏ မျက်နှာပြင်ဧရိယာများနှင့် အရွယ်အစားများသည် အပူချိန်ထိန်းညှိရာ၌ အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ကြသည်။ ဥပမာ ဤတောင်သည် အချင်းဝက် ကီလိုမီတာ ၁၀ဝ ရှိပါက၊ ဤကီလိုမီတာ ၁၀ဝ တွင် ကီလိုမီတာ ၁၀ဝ ထိရောက်မှုတစ်ရပ် ရှိလိမ့်မည်။ ထိုကဲ့သို့တောင်တန်းများနှင့် နက်ရှိုင်းသောချောက်ကြီးများ မည်မျှကို ကမ္ဘာပေါ်တွင် ဘုရားသခင် ဖန်ဆင်းခဲ့သနည်းဟူသည်အတွက်မူ ယင်းသည် ဘုရားသခင်မှ သေချာစွာ ဆင်ခြင်သုံးသပ်ခဲ့သည့် အရာတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာတစ်ခုစီတိုင်း၏ ဖြစ်တည်မှုနောက်ကွယ်၌ ဇာတ်လမ်းတစ်ပုဒ်ရှိပြီး ယင်းတွင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အစီအစဉ်များ ပါရှိသည်။ ဥပမာဆိုကြပါစို့၊ သစ်တောများနှင့် သဘာဝပေါက်ပင် အမျိုးမျိုး၊ ၎င်းတို့ပေါက်သည့် မျက်နှာပြင်ဧရိယာနှင့် နေရာအရွယ်အစားကို မည်သည့်လူသားမျှ ထိန်းချုပ်နိုင်ခြင်း မရှိသကဲ့သို့ ဤအရာများအပေါ် မည်သည့်လူသားမျှ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိပေ။ ၎င်းတို့ ရေမည်မျှစုပ်ယူသည်၊ နေမှ အပူစွမ်းအင် မည်မျှစုပ်ယူသည်တို့ကိုလည်း မည်သည့်လူသားမျှ ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ဤအရာအားလုံးသည် အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူစီစဉ်ခဲ့သည့် ခွင်အတွင်းတွင် ရှိကြ၏။

ကဏ္ဍအမျိုးမျိုး၌ ဘုရားသခင်၏ စေ့စပ်သေချာစွာ စီစဉ်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်းနှင့် စီမံမှုများကြောင့်သာ လူသားသည် ဤကဲ့သို့ သင့်တော်သည့်အပူချိန်ရှိသော ပတ်ဝန်းကျင်တစ်ရပ်တွင် နေနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် နေ၊ လူတို့ မကြာခဏကြားရသည့် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းအပြင် မြေပေါ်မြေအောက်နှင့် ရေထဲ၊ သစ်တောများနှင့်အခြားသော သဘာဝပေါက်ပင်များ၏ မျက်နှာပြင် ဧရိယာများ၊ ရေအရင်းမြစ်များ၊ ရေအစုအဝေးအမျိုးမျိုး၊ ရေချိုရေငံ မည်မျှရှိသည်၊ ထို့အပြင် ပထဝီဝင် ပတ်ဝန်းကျင် အမျိုးမျိုးစသည့် လူသားမှ သူ၏မျက်လုံးများဖြင့်မြင်သော အရာတစ်ခုစီတိုင်းကို လူသား အသက်ရှင်နေထိုင်နိုင်ရေးအတွက် သာမန်အပူချိန်များ ထိန်းသိမ်းနိုင်ရန် ဘုရားသခင် အသုံးပြု၏။ ယင်းသည် အကြွင်းမဲ့ဖြစ်၏။ ဘုရားသခင်၌ ဤသို့သော ဆင်ခြင်သုံးသပ်မှုများရှိ၍သာ လူသားသည် ဤကဲ့သို့သော သင့်တော်သည့်အပူချိန်များရှိသည့် ပတ်ဝန်းကျင်တစ်ရပ်တွင် နေနိုင်ခြင်းဖြစ်သည်။ ယင်းသည် အေးလွန်း၍ မရပေ၊ ပူလွန်း၍လည်း မရပေ၊ ပူလွန်းသောအရပ်များနှင့် လူ၏ကိုယ်ခန္ဓာမှ လိုက်လျောညီထွေရှိစေရန် ပြောင်းလဲနိုင်သည့် အပူချိန်များထက် ကျော်လွန်သည့်နေရာများသည် သင့်အတွက် ဘုရားသခင်မှ ပြင်ဆင်ထားခြင်း မဟုတ်ပေ။ အေးလွန်းသောနေရာများနှင့် အပူချိန်နိမ့်လွန်းသော နေရာများ၊ လူသားရောက်သည်နှင့် မိနစ်အနည်းငယ်အတွင်း ၎င်းတို့ကို အေးခဲစေလွန်းသဖြင့် ၎င်းတို့ စကားပင် မပြောနိုင်၊ ၎င်းတို့၏ ဦးနှောက်များ အေးခဲမည့်၊ ၎င်းတို့ စဉ်းစား၍မရဘဲ မကြာမီ အသက်ရှုကျပ်သောနေရာများ၊ ထိုနေရာများသည်လည်း လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ထားသော နေရာများ မဟုတ်ပေ။ လူတို့သည် မည်ကဲ့သို့သောသုတေသန ပြုလုပ်လိုသည်ဖြစ်စေ၊ ၎င်းတို့တီထွင်လိုသည် သို့မဟုတ် များပြားလွန်းသော ကန့်သတ်ချက်များကို ကျော်လွှားလိုသည်ဖြစ်စေ၊ လူတို့ မည်ကဲ့သို့ ထင်မြင်ယူဆသည်ဖြစ်စေ၊ ၎င်းတို့သည် လူ့ခန္ဓာမှ လိုက်လျောညီထွေရှိအောင် ပြောင်းလဲနိုင်သည့် အကန့်အသတ်များကို မည်သည့်အခါမျှ ကျော်လွန်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် လူသားအတွက် ဘုရားသခင်ဖန်ဆင်းခဲ့သော ဤအကန့်အသတ်များကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့ပြီး လူ့ခန္ဓာသည် မည်သည့်အပူချိန်များနှင့် လိုက်လျောညီထွေရှိအောင် ပြောင်းလဲနိုင်သည်ကို ဘုရားသခင် အကောင်းဆုံး သိသောကြောင့် ဖြစ်သည်။ သို့ရာတွင် လူသားများကိုယ်တိုင်ကမူ မသိပေ။ လူတို့ မသိဟု ငါအဘယ်ကြောင့်ပြောသနည်း။ အဘယ်သို့သော မိုက်မဲသည့်အရာမျိုးများကို လူတို့ ပြုခဲ့သနည်း။ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့ကို အစဉ်စိန်ခေါ်လိုသော လူအတော်များများရှိခဲ့သည် မဟုတ်လော။ ၎င်းတို့သည် ထိုနယ်မြေ၌ အခြေချ၍ ထိုနယ်မြေကို ဖွံ့ဖြိုးနိုင်ရန်အတွက် ၎င်းကို သိမ်းပိုက်ရန် အစဉ်သွားလိုကြသည်။ ယင်းမှာ မိမိကိုယ်ကိုယ် ဖျက်ဆီးသည့် လုပ်ရပ်တစ်ခုပင် မဟုတ်လော။ သင်သည် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းအကြောင်း စေ့စပ်သေချာစွာ သုတေသနပြုခဲ့ပြီး ဆိုပါစို့။ သင်သည် ထိုကဲ့သို့သော အပူချိန်များနှင့် လိုက်လျောညီထွေဖြစ်ရန် ပြောင်းလဲနိုင်၍ သင်သည် ထိုနေရာ၌နေနိုင်ကာ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့၏ နေထိုင်မှုပတ်ဝန်းကျင်ကို “ပိုမိုကောင်းမွန်” စေနိုင်သော်လည်း ယင်းသည် လူသားမျိုးနွယ်အား တစ်နည်းနည်းဖြင့် အကျိုးပြုမည်လော။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းရှိ ရေခဲအားလုံး အရည်ပျော်သွားပါက သင်သည် ပျော်ရွှင်မည်လော။ ယင်းသည် ယုံနိုင်ဖွယ် မရှိပေ။ ယင်းသည် အဓိပ္ပာယ်ကင်းမဲ့သည့် လုပ်ရပ်တစ်ခုဖြစ်သည်။ လူသားမျိုးနွယ်၌ ၎င်းတို့ အသက်ရှင်နေထိုင်နိုင်သည့် ပတ်ဝန်းကျင်တစ်ရပ် ရှိ၏၊ သို့သော် ၎င်းတို့သည် တိတ်ဆိတ်စွာနှင့် တာဝန်သိသိ ဤနေရာ၌သာ မနေနိုင်သည့်အပြင် ၎င်းတို့ အသက်ရှင်နေထိုင်နိုင်ခြင်း မရှိသည့်နေရာသို့ သွားရ၏။ ၎င်းအခြေအနေ အဘယ်ကြောင့် ဖြစ်ရသနည်း။ ထိုသူတို့သည် သင့်တော်သော ဤအပူချိန်၌ နေထိုင်နေခြင်းအပေါ် ငြီးငွေ့နေ၏။ ၎င်းတို့ ကောင်းချီးမင်္ဂလာ များစွာ ခံစားခဲ့ပြီးဖြစ်သည်။ ထို့အပြင် ဤပုံမှန်အသက်ရှင်နေထိုင်သော သဘာဝသည် လူသားမျိုးနွယ်၏ ဖျက်ဆီးခြင်းကို အတော်ပင်ခံခဲ့ရပြီးဖြစ်သဖြင့် ၎င်းတို့သည် နောက်ထပ် ဖျက်ဆီးခြင်းများ ပြုလုပ်ရန် သို့မဟုတ် ၎င်းတို့သည် “ရှေ့ဆောင်သူ” လိုလိုဖြစ်နိုင်ရေးအတွက် “အရေးကိစ္စ” တစ်ခုတွင် ပါဝင်ရန် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းသို့ သွားသင့်သည်။ ယင်းသည် မမိုက်မဲပေဘူးလော။ ဆိုလိုသည်မှာ ၎င်းတို့၏ ဘိုးအေစာတန်၏ ခေါင်းဆောင်မှုအောက်၌ ဤလူသားမျိုးနွယ်သည် အဓိပ္ပာယ်မဲ့သည့်အရာ တစ်ခုပြီးနောက်တစ်ခု ဆက်၍လုပ်ကာ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤလှပသောအိမ်ကို မဆင်မခြင် အကြောင်းမဲ့သက်သက် ဖျက်ဆီးနေကြ၏။ ယင်းမှာ စာတန်ပြုခဲ့သည့်အရာဖြစ်၏။ ထို့အပြင် ကမ္ဘာမြေကြီးပေါ်၌ လူသားမျိုးနွယ်၏ အသက်ရှင်မှုအပေါ် အန္တရာယ်အနည်းငယ်ရှိသည်ကို မြင်သောအခါ လူအတော်များများသည် လပေါ်တွင် သွားရောက်နေထိုင်ရန် နည်းလမ်းများ ရှာလိုကြ၏၊ ၎င်းတို့ ထိုနေရာ၌ နေထိုင်ခြင်းရှိမရှိ ကြည့်ခြင်းဖြင့် ထွက်ပေါက်ရှာလိုကြ၏။ အားလုံးကို သုံးသပ်ပြီးနောက်၊ လပေါ်၌ အောက်စီဂျင် မရှိပေ။ လူတို့သည် အောက်စီဂျင် မရှိဘဲ အသက်ရှင်နိုင်မည်လော။ လသည် အောက်စီဂျင်ကင်းမဲ့သဖြင့် လူသားနေနိုင်သည့် နေရာတစ်ခု မဟုတ်ပေ၊ သို့သော် လူသားသည် ထိုနေရာသို့ သွားချင်လျက်သာ ရှိနေ၏။ ဤသည်မှာ အဘယ်နည်း။ မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်းဖြစ်သည်၊ ဟုတ်သလော။ ယင်းသည် လေမရှိသော နေရာတစ်ခုဖြစ်၏၊ ထို့အပြင် အပူချိန်သည် လူသားအသက်ရှင်ရန် မသင့်တော်ပေ၊ ထို့ကြောင့် ယင်းသည် လူသားအတွက် ဘုရားသခင် ပြင်ဆင်ထားခြင်း မဟုတ်ပေ။

ငါတို့ခုနတင်ပြောခဲ့သည့် အပူချိန်သည် လူတို့ ၎င်းတို့၏နေ့စဉ်ဘဝများတွင် ကြုံတွေ့နိုင်သည့် အရာတစ်ခုဖြစ်သည်။ “ယနေ့ ရာသီဥတု အတော်ကောင်းသည်၊ ၂၃ ဒီဂရီ စင်တီဂရိတ်။ ရာသီဥတု ကောင်းသည်၊ ကောင်ကင် ကြည်လင်နေပြီး လေကလည်း လန်းဆန်းစေသည်။ လေကောင်းလေသန့် ရှူသွင်းလိုက်ပါ။ နေသာနေသည်။ နေရောင်အောက်မှာ အကြောဆန့်လိုက်ပါဦး။ ငါစိတ်ကောင်းဝင်နေသည်။” ဒါမှမဟုတ် “ဒီနေ့ရာသီဥတုက သိပ်အေးတာပဲ။ သင့်လက်ထုတ်လိုက်လျှင် ချက်ချင်း အေးခဲသွားလိမ့်မည်။ အလွန့်အလွန်အေးသည်၊ ထို့ကြောင့် ဤမျှကြာအောင် အပြင်၌ မနေနှင့်။ အမြန်လုပ်ဆောင်၍ ပြန်လာပါ၊ အေးခဲမသွားစေနှင့်။” အပူချိန်သည် လူ့ကိုယ်ခန္ဓာအားလုံး အာရုံခံစားနိုင်သည့် အရာတစ်ခုဖြစ်သော်လည်း ဤအပူချိန် မည်သို့ဖြစ်ပေါ်လာသည်ကိုလည်းကောင်း၊ လူတို့နေထိုင်အသက်ရှင်မှုအတွက် သင့်တော်သည့် ဤအပူချိန်ကို မည်သူ၌ တာဝန်ရှိသည်နှင့် မည်သူက ထိန်းချုပ်ထားသည်ကို မည်သူမျှ မစဉ်းစားပေ။ ဤသည်မှာ ငါတို့ယခု သိလာနေသည့်အရာဖြစ်သည်။ ဤအရာအတွင်း၌ ဘုရားသခင်၏ ဉာဏ်ပညာ ရှိသလော။ ဤအရာအတွင်း၌ ဘုရားသခင်၏ လုပ်ဆောင်ချက် ရှိသလော။ (ဟုတ်ကဲ့။) ဘုရားသခင်သည် လူတို့နေထိုင်အသက်ရှင်မှုအတွက် သင့်တော်သည့် အပူချိန်ရှိသော ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းခဲ့သည်ကို ထောက်ထားသော် ယင်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်မှ ထောက်ပံ့ပေးသည့် နည်းလမ်းတစ်ရပ်ပေလော။ (ဟုတ်ကဲ့။) ဟုတ်သည်။

၃။ အသံ

တတိယအရာကား မည်သည်နည်း။ ယင်းသည် လူသားများအတွက် ပုံမှန်အသက်ရှင်နေထိုင်ရန် ပတ်ဝန်းကျင်တစ်ရပ်တွင် ရှိရမည့် အရာတစ်ခုလည်းဖြစ်၏။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့စဉ်က သူကိုင်တွယ်ဖြေရှင်းခဲ့ရသည့် အရာတစ်ခုလည်းဖြစ်၏။ ယင်းသည် ဘုရားသခင်အတွက်နှင့် လူတိုင်းအတွက် လွန်စွာအရေးကြီးသည့် အရာတစ်ခုဖြစ်၏။ ဘုရားသခင်ကသာ ယင်းကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိခဲ့ပါက ယင်းသည် လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်ရေးအတွက် ကြီးမားသော အတားအဆီးတစ်ရပ် ဖြစ်ခဲ့ပေလိမ့်မည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ်သည် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် အသက်ရှင်နေထိုင်နိုင်ခြင်း မရှိသည့် အတိုင်းအတာအထိ ယင်းသည် လူသား၏ခန္ဓာကိုယ်နှင့် အသက်အပေါ် အလွန်ကြီးမားသည့် သက်ရောက်မှုတစ်ရပ် ရှိခဲ့ပေလိမ့်မည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် သက်ရှိအားလုံး အသက်ရှင်နေထိုင်နိုင်မည် မဟုတ်ဟုလည်း ပြောနိုင်သည်။ ထို့သို့ဖြစ်လျှင် ဤသည်မှာ အဘယ်အရာနည်း။ ယင်းသည် အသံဖြစ်၏။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲ၌ နေထိုင်ကြ၏။ ဘုရားသခင်၏အမြင်တွင် အရာခပ်သိမ်းသည် လှုပ်ရှားသွားလာလျက် နေထိုင်နေကြ၏။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာတစ်ခုစီ၏ ဖြစ်တည်မှုသည် တန်ဖိုးရှိ၍ အဓိပ္ပာယ်ရှိ၏။ ဆိုလိုသည်မှာ ၎င်းတို့အားလုံးသည် ၎င်းတို့၏ ဖြစ်တည်မှုနောက်ကွယ်တွင် လိုအပ်ချက်တစ်ရပ် ရှိ၏။ ဘုရားသခင်၏အမြင်တွင် အရာတစ်ခုစီတိုင်း၌ အသက်ရှိ၏၊ ယင်းတို့အားလုံးသည် အသက်ရှင်နေသောကြောင့် ၎င်းတို့သည် အသံများထွက်ကြမည်။ ဥပမာ ကမ္ဘာမြေကြီးသည် စဉ်ဆက်မပြတ် လည်နေသည်၊ နေသည် စဉ်ဆက်မပြတ် လည်နေကာ၊ လသည်လည်း စဉ်ဆက်မပြတ် လည်နေသည်။ အရာခပ်သိမ်းတို့၏ မျိုးပွားခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းများနှင့် လှုပ်ရှားမှုများ၌ အသံများကို စဉ်ဆက်မပြတ် ပြုလုပ်နေလျက်ရှိသည်။ ကမ္ဘာမြေကြီးပေါ်ရှိ အရာများသည် စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးလျက်နှင့် လှုပ်ရှားလျက် ရှိသည်။ ဥပမာ တောင်ခြေများသည် လှုပ်ရှား၍ ရွေ့လျားလျက်နေခိုက်၊ ပင်လယ်များ၏ နက်ရှိုင်းသောနေရာများ၌ သက်ရှိသတ္တဝါခပ်သိမ်းသည် လှုပ်ရှားနေလျက် ရေကူးနေကြ၏။ ဆိုလိုသည်မှာ ဤသက်ရှိများ၊ ဘုရားသခင်၏အမြင်ထဲရှိ အရာခပ်သိမ်းသည်၊ အားလုံး စဉ်ဆက်မပြတ် သာမန်အားဖြင့် ပုံမှန်ရွေ့လျားနေကြသည်။ ထို့သို့ဖြစ်လျှင် ဤအရာများ၏ ပုန်းလျှိုးကွယ်လျှိုး မျိုးပွားခြင်းနှင့် ကြီးထွားဖွံ့ဖြိုးခြင်းနှင့် ရွေ့လျားမှုများက အဘယ်အရာများ ပေါ်ပေါက်စေသနည်း။ အားကောင်းသော အသံများ ပေါ်ပေါက်စေသည်။ ကမ္ဘာမြေကြီးအပြင် ဂြိုဟ်အမျိုးမျိုးတို့သည်လည်း စဉ်ဆက်မပြတ် ရွေ့လျားနေကာ ဤဂြိုဟ်များပေါ်၌ရှိသည့် သက်ရှိများနှင့် ဇီဝရုပ်များ အမျိုးမျိုးသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးလျက်နှင့် ရွေ့လျားလျက် ရှိကြ၏။ ဆိုလိုသည်မှာ သက်ရှိသက်မဲ့အရာအားလုံးသည် ဘုရားသခင်၏အမြင်တွင် စဉ်ဆက်မပြတ် ရှေ့သို့ ရွေ့လျားနေကာ တစ်ချိန်တည်းမှာပင် အသံများကိုလည်း ပြုလုပ်နေကြ၏။ ဘုရားသခင်သည်လည်း ဤအသံများကို ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။ ဤအရာများအား ကိုင်တွယ်ဖြေရှင်းရသည့် အကြောင်းရင်းကို သင်တို့သိသင့်သည်၊ ဟုတ်သလော။ သင်သည် လေယာဉ်ပျံတစ်စင်းနှင့် နီးကပ်သောအခါ ထိုလေယာဉ်ပျံ၏ မြည်ဟိန်းနေသော အသံက သင့်ကို မည်သည့်အရာ ပြုမည်နည်း။ အချိန်ကြာလာသည်နှင့်အမျှ သင့်နားများ ထိုင်းသွားလိမ့်မည်။ ယင်းကို သင်၏နှလုံးသားများ ကြံ့ကြံ့ခံနိုင်မည်လော။ နှလုံးပိုအားနည်းသူအချို့သည် ယင်းကို ခံနိုင်မည် မဟုတ်ပေ။ နှလုံးသန်မာသူများပင်လျှင် အလွန့်အလွန်ကြာမြင့်စွာ ဤသို့ ဖြစ်ပါက ခံနိုင်ရည်ရှိမည် မဟုတ်သည်မှာ မှန်ပေသည်။ ဆိုလိုသည်မှာ နားများအပေါ်ဖြစ်စေ၊ နှလုံးအပေါ်ဖြစ်စေ၊ လူ့ကိုယ်ခန္ဓာအပေါ် အသံ၏သက်ရောက်မှုသည် လူတစ်ဦးစီတိုင်းအတွက် အလွန့်အလွန်အရေးပါပြီး ကျယ်လွန်းသောအသံများက လူတို့ကို အန္တရာယ်ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က အရာခပ်သိမ်းကိုဖန်ဆင်း၍ ၎င်းတို့ ပုံမှန်စတင်လုပ်ကိုင်ပြီးနောက် ဘုရားသခင်သည် ရွေ့လျားနေသော အရာအားလုံး၏အသံများဖြစ်သည့် ဤအသံများကို သင့်တော်သည့် ကိုင်တွယ်မှုတစ်ရပ် ခံယူစေ၏။ ယင်းသည် လူသားမျိုးနွယ်အတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ဘုရားသခင် ဖန်ဆင်းချိန်က ထည့်သွင်းစဉ်းစားရန် လိုအပ်ခဲ့သည့် အရာတစ်ခုလည်း ဖြစ်သည်။

ပထမဦးစွာ ကမ္ဘာ့မြေမျက်နှာပြင်မှ လေထု၏အမြင့်သည် အသံများအပေါ် သက်ရောက်မှု ရှိလိမ့်မည်။ မြေဆီလွှာထဲရှိ ဟာကွက်များ၏ အရွယ်သည်လည်း အသံကို ကိုင်တွယ်၍ သက်ရောက်မှုရှိလိမ့်မည်။ ထို့နောက် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အမျိုးမျိုးတို့၏ ပေါင်းစပ်မှုရှိပြီး၊ ယင်းသည်လည်း အသံအပေါ် သက်ရောက်မှုရှိလိမ့်မည်။ ဆိုလိုသည်မှာ လူသားတို့သည် ၎င်းတို့၏နားများနှင့် နှလုံးသားများ ခံနိုင်ရည်ရှိသည့် ပတ်ဝန်းကျင်တစ်ရပ်တွင် အသက်ရှင်နေထိုင်နိုင်ရေးအတွက် ဘုရားသခင်သည် အသံအချို့ကို ဖယ်ရှားရန် နည်းလမ်းအချို့ကို အသုံးပြု၏။ သို့မဟုတ်ပါက အသံများက လူသားမျိုးနွယ် အသက်ရှင်နေထိုင်မှုအပေါ် ကြီးမားသည့် အတားအဆီး ဖြစ်စေလိမ့်မည်၊ ၎င်းတို့၏ ဘဝများအပေါ် ကြီးမားသည့် ဒုက္ခဖြစ်စေမည်။ ယင်းသည် ၎င်းတို့အတွက် ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် မြေ၊ လေထုနှင့် ပထဝီဝင် ပတ်ဝန်းကျင်အမျိုးမျိုးကို ဖန်ဆင်းရာ၌ လွန်စွာ အနုစိတ် ဂရုပြုခဲ့သည်။ ယင်းတို့အားလုံး၌ ဘုရားသခင်၏ ဉာဏ်ပညာ ပါဝင်နေ၏။ ဤအရာအပေါ် လူသားမျိုးနွယ်၏ နားလည်သဘောပေါက်မှုသည် အသေးစိတ်ကျလွန်းရန် မလိုပေ။ ယင်းတို့အထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက် ပါဝင်နေသည်ကို သိရန်သာလို၏။ ဘုရားသခင်လုပ်ဆောင်ခဲ့သည့် ဤအမှုသည် လိုအပ်ခဲ့သလော၊ ယခု သင်တို့ငါကို ပြောလော့။ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်နှင့် ၎င်းတို့၏ ပုံမှန်ဘဝတို့ကို ထိန်းသိမ်းရန် အသံကို အလွန်တိကျစွာ ကိုင်တွယ်မှု ပြုလုပ်ခြင်းဖြစ်သည်။ (ဟုတ်ကဲ့။) ဤအမှုသည် လိုအပ်ခဲ့ပါက ဘုရားသခင်သည် အရာခပ်သိမ်းကို ထောက်ပံ့ရန် ဤကဲ့သို့သော နည်းလမ်းတစ်ရပ်ကို အသုံးပြုခဲ့၏ဟု ဤရှုထောင့်မှနေ၍ ပြောနိုင်မည်လော။ လူ၏ကိုယ်ခန္ဓာသည် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်၌ အနှောင့်အယှက်များ တစ်စုံတစ်ရာမရှိဘဲ အလွန်ပုံမှန် အသက်ရှင်နေနိုင်ရန်နှင့် လူသားမျိုးနွယ်သည် ပုံမှန်ဖြစ်တည်၍ အသက်ရှင်နေနိုင်ရန် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဤကဲ့သို့သော ငြိမ်သက်သည့် ပတ်ဝန်းကျင်တစ်ရပ် ထောက်ပံ့ပေး၍ ဖန်တီးပေးခဲ့၏။ ယင်းမှာ ဘုရားသခင် လူသားမျိုးနွယ်ကို ထောက်ပံ့သည် နည်းလမ်းများအနက် တစ်ခုလော။ ဘုရားသခင်ပြုလုပ်ခဲ့သော ယင်းအရာသည် လွန်စွာအရေးကြီးသလော။ (ဟုတ်ကဲ့။) ယင်းသည် လွန်စွာ လိုအပ်ခဲ့၏။ ထို့ကြောင့် ယင်းကို သင်တို့ မည်သို့ နားလည်သဘောပေါက်သနည်း။ ယင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်ကြောင်းကို သင်တို့မခံစားနိုင်ကြသော်လည်း၊ ထိုအချိန်က ဘုရားသခင် မည်ကဲ့သို့ ပြုလုပ်ခဲ့သည်ကို မသိသော်လည်း၊ ဤအရာကို ဘုရားသခင်ပြုလုပ်ရခြင်း၏ လိုအပ်ချက်ကို သင်ခံစား၍ ရသေးသလော။ ဘုရားသခင်၏ ဉာဏ်ပညာ သို့မဟုတ် သူမြှုပ်နှံခဲ့သည့် ဂရုပြုမှုနှင့် စဉ်းစားတွေးခေါ်မှုတို့ကို သင်ခံစား၍ ရသလော။ (ဟုတ်ကဲ့။) ယင်းကို ခံစား၍ရနေရုံခြင်းသည်ပင် ကောင်း၏။ ယင်းသည် လုံလောက်၏။ လူတို့ မခံစားနိုင်၊ မမြင်နိုင်သော အရာအားလုံးအကြား ဘုရားသခင် ပြုလုပ်ခဲ့သည့် အရာများစွာရှိ၏။ ယင်းကို ဤနေရာ၌ ငါပြောနေခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့အား ဘုရားသခင်၏ လုပ်ဆောင်မှုများအကြောင်း အချက်အလက်အချို့ပေးရန်နှင့် သင်တို့ ဘုရားသခင်ကို သိလာနိုင်ရန်ဖြစ်၏။ ဤသဲလွန်စများသည် သင်တို့အား ဘုရားသခင်ကို သာ၍ကောင်းမွန်စွာ သိစေပြီး နားလည်စေနိုင်သည်။

၄။ အလင်း

စတုတ္ထအရာသည် လူတို့၏မျက်လုံးများနှင့် ဆက်နွှယ်နေ၏၊ ယင်းမှာ အလင်းဖြစ်သည်။ ယင်းသည်လည်း လွန်စွာ အရေးကြီး၏။ သင်သည် တောက်ပသောအလင်းတစ်ခုကို မြင်ပြီး၊ ဤအလင်း၏တောက်ပမှုသည် အတိုင်းအတာတစ်ခုသို့ ရောက်သည့်အခါ သင်၏မျက်လုံးများ ကန်းသွားလိမ့်မည်။ အမှန်အားဖြင့် လူ့မျက်လုံးများသည် အသားဖြင့်ပြီးသော မျက်လုံးများဖြစ်၏။ ၎င်းတို့သည် ထိခိုက်ပျက်စီးမှုမှ ကင်းလွတ်နိုင်ခြင်း မရှိပေ။ နေကို တိုက်ရိုက်ငေးစိုက်ကြည့်ရဲသူ တစ်စုံတစ်ဦးရှိသလော။ အချို့သူများ စမ်းကြည့်ဖူး၏။ သင်သည် နေကာမျက်မှန်နှင့် ကြည့်၍ရသည်၊ ဟုတ်သလော။ ယင်းသည် ကိရိယာများ၏ အကူအညီ လိုအပ်သည်။ ကိရိယာများမရှိဘဲ လူသား၏ ပကတိမျက်လုံးများသည် နေအတွင်းသို့ တိုက်ရိုက်ငေးစိုက်ကြည့်နိုင်စွမ်း မရှိပေ။ သို့သော် ဘုရားသခင်သည် နေကို လူသားမျိုးနွယ်ထံ အလင်းယူဆောင်လာရန် ဖန်ဆင်းခဲ့ပြီး ဤအလင်းကို ကိုင်တွယ်ခြင်းလည်းပြုခဲ့၏။ နေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် ၎င်းကိုထားရစ်ခဲ့ပြီး လစ်လျူရှုခြင်းသာပြုခဲ့သည် မဟုတ်ပေ။ “လူသား၏မျက်လုံးများ ယင်းကို ခံနိုင်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သူဂရုစိုက်သနည်း။” ဘုရားသခင်သည် ဤကဲ့သို့သော အရာများကို မပြုပေ။ သူသည် အမှုအရာများကို အလွန်လိမ္မာပါးနပ်စွာ လုပ်ဆောင်ပြီး ကဏ္ဍအားလုံးကို သုံးသပ်ဆင်ခြင်၏။ လူသားမျိုးနွယ် မြင်နိုင်ရန်အတွက် ဘုရားသခင်သည် ၎င်းတို့အား မျက်လုံးများပေးသော်လည်း ၎င်းတို့ မည်သည့် တောက်ပမှုအတိုင်းအတာ အောက်၌ မြင်နိုင်သည်ကိုလည်း ဘုရားသခင် ပြင်ဆင်ခဲ့၏။ အလင်းအလုံအလောက်မရှိလျှင် ဖြစ်မည်မဟုတ်ပေ။ အလွန်မှောင်လွန်း၍ လူတို့သည် ၎င်းတို့အရှေ့ရှိ ၎င်းတို့၏လက်ကို မမြင်နိုင်ပါက ၎င်းတို့၏မျက်လုံးများသည် လုပ်ကိုင်နိုင်ခြင်း ရှိလိမ့်မည်မဟုတ်ဘဲ အသုံးဝင်လိမ့်မည် မဟုတ်ပေ။ တောက်ပလွန်းသည့် နေရာတစ်ခုသည် လူ့မျက်လုံးများအတွက် မခံမရပ်နိုင်ဖြစ်ပြီး မည်သည့်အရာကိုမျှ မြင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူသာမျိုးနွယ်နေထိုင်သော ပတ်ဝန်းကျင်တွင် လူ့မျက်လုံးများနှင့် သင့်တော်သည့် အလင်းပမဏကို ဘုရားသခင်က ပေးထားခဲ့ခြင်းဖြစ်၏။ ဤအလင်းသည် လူတို့၏မျက်လုံးများကို အနာတရ ဖြစ်စေခြင်း သို့မဟုတ် ထိခိုက်ဖျက်ဆီးခြင်း ပြုလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ယင်းသည် လူတို့မျက်လုံးများအား လုပ်ကိုင်ခြင်းမရှိအောင် ပြုလုပ်လိမ့်မည်လည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် နေနှင့်ကမ္ဘာ ပတ်လည် တိမ်များကို ထည့်ထားခြင်းဖြစ်ပြီး လေ၏သိပ်သည်းမှုသည်လည်း လူတို့၏ မျက်လုံးများ သို့မဟုတ် အရေပြားကို အနာတရဖြစ်စေနိုင်သည့် အလင်းကို သာမန်အားဖြင့် စစ်ထုတ်လိုက်နိုင်သည်။ ယင်းသည် အပြန်အလှန် ဆက်စပ်နှီးနွှယ်နေသည်။ ထို့အပြင် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီး၏ အရောင်သည်လည်း နေရောင်နှင့် အလင်းအမျိုးမျိုးကို ရောင်ပြန်ဟပ်၍ လူ၏မျက်လုံးများကို အနေရခက်စေသော အလင်းရှိတောက်ပမှု အပိုင်းကို ဖယ်ရှားပစ်၏။ ဤနည်းအားဖြင့် လူတို့သည် အပြင်တွင် ဟိုဟိုသည်သည် လျှောက်သွားနိုင်ရန်နှင့် ၎င်းတို့၏ဘဝများကို လုပ်ကိုင်နိုင်ရန် အလွန်နက်သော နေကာမျက်မှန်များကို အစဉ်တပ်ဆင်ထားရန် မလိုပေ။ သမန် အခြေအနေများတွင် လူ့မျက်လုံးများသည် ၎င်းတို့၏မြင်ကွင်းအတွင်းမှ အရာများကို မြင်နိုင်ပြီး အလင်း၏ နှောင့်ယှက်ခြင်းကို ခံရမည်မဟုတ်ပေ။ ဆိုလိုသည်မှာ ဤအလင်းသည် လွန်စွာစူးရှလွန်းခြင်း သို့မဟုတ် မှိန်လွန်းခြင်း ဖြစ်၍မရပေ၊ မှိန်လွန်းပါက လူတို့၏မျက်လုံးများ ထိခိုက်ပျက်စီးမည်ဖြစ်ပြီး ၎င်းတို့၏မျက်လုံးများလုပ်ဆောင်မှု မရပ်ဆိုင်းမီ ကြာကြာ အသုံးပြု၍မရဘဲ ဖြစ်မည်၊ လင်းလွန်းပါက လူတို့၏မျက်လုံးများသည် ခံနိုင်မည်မဟုတ်ဘဲ အနှစ် ၃၀၊ ၄၀ အတွင်း သို့မဟုတ် အနှစ် ၄၀၊ ၅၀ အတွင်း အသုံးပြု၍ ရတော့မည် မဟုတ်ချေ။ ဆိုလိုသည်မှာ ဤအလင်းသည် လူ့မျက်လုံးများ မြင်နိုင်ရန်သင့်တော်ပြီး၊ အလင်းအားဖြင့် လူ့မျက်လုံးထိခိုက်ခြင်းကို ဘုရားသခင်က နည်းလမ်းမျိုးစုံဖြင့် လျော့နည်းစေခဲ့သည်။ အလင်းသည် လူ့မျက်လုံးများအား အကျိုးပြုသည်ဖြစ်စေ၊ ချွတ်ယွင်းစေသည်ဖြစ်စေ၊ ယင်းသည် လူတို့၏မျက်လုံးများကို ၎င်းတို့၏အသက်တာ ကုန်ဆုံးသည်အထိ တာရှည်ခံစေရန် လုံလောက်သည်။ ဘုရားသခင်သည် ဤသည်ကို အလွန်စေ့စပ်သေချာစွာ စဉ်းစားခဲ့သည် မဟုတ်လော။ သို့သော် နတ်ဆိုးဖြစ်သူ စာတန်သည် အမှုအရာများကို ပြုလုပ်သည့်အခါ ဤအရာတစ်ခုကိုမျှ မည်သည့်အခါမျှ ထည့်သွင်းစဉ်းစားခြင်း မပြုပေ။ အလင်းသည် လင်းလွန်းသည်၊ သို့မဟုတ် မှောင်လွန်းသည်။ ယင်းမှာ အမှုအရာများကို စာတန်လုပ်ဆောင်ပုံဖြစ်သည်။

ဘုရားသခင်သည် လူသားများ ပုံမှန်အသက်ရှင်၍ ဆက်လက်အသက်ရှင်နိုင်ရေးအတွက် လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှု အလိုက်သင့်ပြောင်းလဲနိုင်မှု အမြင့်မားဆုံးဖြစ်စေရန် လူ့ကိုယ်ခန္ဓာ၏ ကဏ္ဍအမျိုးမျိုးဖြစ်သည့် အမြင်၊ အကြား၊ အရသာ၊ အသက်ရှူခြင်း၊ ခံစားချက်များ၌ ဤအရာများကို လုပ်ဆောင်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ဖန်ဆင်းသည့် ဤကဲ့သို့ တည်ရှိနေသော အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင် တစ်ရပ်သည် လူသားမျိုးနွယ် အသက်ရှင်နေထိုင်ရေးအတွက် အသင့်တော်ဆုံးနှင့် အကျိုးရှိဆုံးဖြစ်သည်။ အချို့က ယင်းသည် သိပ်အရေးမကြီး၊ အလွန်သာမန်ကျရုံသာ ရှိသည်ဟု ထင်နိုင်၏။ အသံများ၊ အလင်းနှင့် လေတို့သည် လူတို့အနေဖြင့် မွေးရာပါများ၊ မွေးသည့်အချိန်မှစ၍ ၎င်းတို့ မွေ့လျော်နိုင်သောအရာများဟု ယူဆကြသည်။ သို့သော် ဤအရာများအပေါ် ၎င်းတို့၏မွေ့လျော်မှုနောက်ကွယ်၌ ဘုရားသခင် လုပ်ဆောင်သောအရာသည် ၎င်းတို့သိ၍နားလည်ရန် လိုအပ်သော အရာတစ်ခုဖြစ်သည်။ ဤအရာများကို သင် နားလည်ရန်လိုသည် သို့မဟုတ် သိရန်လိုသည်ဟု သင်ယူဆသည်ဖြစ်စေ၊ မယူဆသည်ဖြစ်စေ၊ အတိုအားဖြင့် ဤအရာများကို ဘုရားသခင် ဖန်ဆင်းခဲ့စဉ်က သူ တွေးတောခဲ့သည်၊ သူ၌ အစီအစဉ်တစ်ရပ် ရှိခဲ့သည်၊ သူ၌ စိတ်ကူးအချို့ ရှိခဲ့သည်။ သူသည် လူသားမျိုးနွယ်ကို ဤကဲ့သို့သော နေထိုင်မှုပတ်ဝန်းကျင်၌ အလွယ်တကူ၊ သာမန်ကာလျှံကာ သို့မဟုတ် မည်သည့် ဆင်ခြင်သုံးသပ်မှုမျှ မရှိဘဲ ထားခဲ့ခြင်း မဟုတ်ပေ။ ငါပြောခဲ့သော အကြောင်းအရာ တစ်ခုစီတိုင်းသည် အရေးမကြီးဟု သင်တို့ ထင်ကောင်းထင်နိုင်သော်လည်း ငါ၏အမြင်တွင် လူသားမျိုးနွယ်ကို ဘုရားသခင်ထောက်ပံ့ပေးသည့် အရာတစ်ခုစီတိုင်းသည် လူသား အသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သည်။ ယင်း၌ ဘုရားသခင်၏ လုပ်ဆောင်ချက် ရှိသည်။

၅။ လေစီးဆင်းမှု

ပဉ္စမအရာကား အဘယ်နည်း။ ဤအရာသည် လူတိုင်း၏နေ့ရက်တိုင်းနှင့် လွန်စွာ ဆက်နွှယ်နေပြီး ဤဆက်နွှယ်မှုသည် ခိုင်မာ၏။ ဤရုပ်ဝတ္ထုလောက၌ ယင်းမရှိဘဲ လူ၏ခန္ဓာ နေထိုင်နိုင်ခြင်းမရှိသော အရာတစ်ခုဖြစ်သည်။ ဤအရာသည် လေစီးဆင်းမှုဖြစ်သည်။ “လေစီးဆင်းမှု” သည် လူအားလုံး နားလည်ကြောင်း သေချာလောက်သည့် စကားတစ်လုံးဖြစ်သည်။ သို့ဖြစ်လျှင် လေစီးကြောင်းဆိုသည်မှာ အဘယ်နည်း။ လေ၏စီးဆင်းမှုကို “လေစီးဆင်းမှု” ဟုခေါ်သည်ဟု သင်ဆိုနိုင်သည်။ လေစီးဆင်းမှုသည် လူ့မျက်လုံးဖြင့် မမြင်နိုင်သော လေဖြစ်သည်။ ၎င်းသည် ဓာတ်ငွေ့ရွေ့လျားသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ သို့ရာတွင် ငါတို့ ဤနေရာ၌ အဓိကပြောနေသော လေစီးကြောင်းမှာ အဘယ်နည်း။ ငါပြောလိုက်သည်နှင့် သင်တို့ နားလည်ကြလိမ့်မည်။ ကမ္ဘာမြေကြီးသည် လည်ပတ်နေစဉ်တွင် တောင်များ၊ ပင်လယ်များနှင့် အရာခပ်သိမ်းကို သယ်ဆောင်ထားပြီး၊ ၎င်းလည်ပတ်သည့်အခါ၌ အရှိန်ရှိသည်။ လည်ပတ်နေခြင်း တစ်စုံတစ်ရာကို သင်မခံစားနိုင်သော်လည်း ၎င်း၏လည်ပတ်မှု အမှန်ပင် ရှိသည်။ ၎င်း၏လည်ပတ်မှုကြောင့် မည်သည့်အရာ ပေါ်ပေါက်သနည်း။ သင်ပြေးသည့်အခါ သင့်နားရွက်များအနီး၌ လေရှိသလော။ သင်ပြေးသည့်အခါ လေကို ထုတ်လုပ်နိုင်ပါက ကမ္ဘာမြေကြီး လည်ပတ်သည့်အခါ လေစွမ်းအင်မရှိဘဲ မည်သို့ဖြစ်နိုင်မည်နည်း။ ကမ္ဘာမြေကြီး လည်ပတ်သည့်အခါ အရာခပ်သိမ်းသည် ရွေးလျားနေ၏။ ကမ္ဘာမြေကြီးပေါ်ရှိ အရာများသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက် ဖွံ့ဖြိုးနေစဉ် ယင်းသည် အရှိန်တစ်ခုဖြင့် ရွေ့လျားလည်ပတ်နေ၏။ ထို့ကြောင့် အရှိန်တစ်ခု၌ လှုပ်ရှားနေခြင်းသည် လေစီးဆင်းမှုကို ပေါ်ပေါက်စေမည်မှာ သဘာဝကျပေသည်။ လေစီးဆင်းမှုမှာ ဤကဲ့သို့ ဖြစ်၏။ ဤလေစီးဆင်းမှုသည် လူ့ခန္ဓာကိုယ်အား အတိုင်းအတာတစ်ခုအထိ ထိခိုက်မည်လော။ တကယ်တော့ သာမန် လေမုန်တိုင်းများသည် ဤမျှ အစွမ်းမထက်ပေ၊ သို့သော် ၎င်းတို့တိုက်ခတ်ပါက လူတို့သည် ငြိမ်သက်စွာ ရပ်မနေနိုင်ဘဲ လေထဲတွင် လမ်းလျှောက်ရန် ခက်ခဲကြောင်း တွေ့ရှိရလေသည်။ ခြေတစ်လှမ်း လှမ်းဖို့ရာပင် ခက်ခဲလေသည်။ ၎င်းသည် အလွန်ပြင်းထန်လွန်း၏၊ အချို့သူများသည် လေမှ ၎င်းတို့ကို အခြားအရာတစ်ခုအပေါ် တွန်းခြင်းကိုခံရပြီး လှုပ်ရှား၍မရကြပေ။ ယင်းသည် လူသားမျိုးနွယ်အပေါ် လေစီးဆင်းမှု၏ သက်ရောက်နိုင်ပုံ နည်းလမ်းတစ်ရပ်ဖြစ်သည်။ ကမ္ဘာမြေကြီးတစ်ခုလုံးသည် လွင်ပြင်များနှင့် ပြည့်နေပါက လူ့ခန္ဓာကိုယ်သည် ကမ္ဘာမြေကြီး၏လည်ပတ်မှုနှင့် အရာခပ်သိမ်း၏ အရှိန်နှုန်းတစ်ရပ်၌ ရွေ့လျားမှုကြောင့် ထုတ်လုပ်သည့် လေစီးဆင်းမှုကို ခံနိုင်ရန် လွန်စွာခက်ခဲပေလိမ့်မည်။ ယင်းကို ကိုင်တွယ်ရန် လွန်စွာပင် ခက်ခဲပေလိမ့်မည်။ ဤအခြေအနေသာဖြစ်ပါက၊ ဤလေစီးဆင်းမှုသည် လူသားမျိုးနွယ်အပေါ် အန္တရာယ်ကျရောက်စေရုံသာမက ပျက်စီးခြင်းလည်း ကျရောက်စေမည်ဖြစ်သည်။ ယင်းကဲ့သို့သော ပတ်ဝန်းကျင်၌ မည်သူမျှ အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်မှ ဤကဲ့သို့သော လေစီးဆင်းမှုများကိုဖြေရှင်းရန် ကွဲပြားသည့် ပထဝီဝင်ပတ်ဝန်းကျင်များကို အသုံးပြုခြင်းဖြစ်သည်၊ လေစီးဆင်းမှုကို အားနည်းစေရန် ၎င်းတို့၏ဦးတည်ရာ၊ အမြန်နှုန်းနှင့် ပြင်းအားတို့ကို ကွဲပြားသောပတ်ဝန်းကျင်များအားဖြင့် ပြောင်းလဲသည်။ ထို့ကြောင့် လူတို့သည် တောင်များ၊ တောင်တန်းများ၊ လွင်ပြင်များ၊ တောင်ကုန်းများ၊ ချိုင့်ဝှမ်းများ၊ တောင်ကြားများ၊ ကုန်းပြင်မြင့်များနှင့် မြစ်များကဲ့သို့ ကွဲပြားသော ပထဝီဝင်ပတ်ဝန်းကျင်များကို တွေ့နိုင်ခြင်းဖြစ်သည်။ လေစီးဆင်းမှုတစ်ရပ်၏ အမြန်နှုန်း၊ ဦးတည်ရာနှင့် ပြင်းအားတို့ကို ပြောင်းလဲရန် ဘုရားသခင်သည် ဤကွဲပြားသော ပထဝီဝင်ပတ်ဝန်းကျင်များကို အသုံးပြု၏၊ လူတို့တွင် ပုံမှန် အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်တစ်ရပ် ရှိနိုင်ရေးအတွက်၊ ၎င်းအား သင့်တော်သည့် လေတိုက်နှုန်း၊ လေဦးတည်တိုက်ခတ်ရာအရပ်နှင့် လေပြင်းအားအဖြစ် လျှော့ချရေး သို့မဟုတ် ကိုင်တွယ်ရေးအတွက် ဤကဲ့သို့သော နည်းလမ်းတစ်ရပ်ကို အသုံးပြုခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ရန် လိုအပ်သလော။ (ဟုတ်ကဲ့။) ဤသို့သောအရာတစ်ခုကို လုပ်ဆောင်ခြင်းသည် လူတို့အတွက် ခက်ခဲပုံရသော်လည်း၊ ဘုရားသခင်သည် အရာခပ်သိမ်းကို စောင့်ကြည့်လေ့လာသဖြင့် သူ့အတွက် လွယ်ကူပေသည်။ သင့်တော်သော လေစီးဆင်းမှုရှိသည့် ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးရန် သူ့အတွက် ရိုးရှင်းလွန်း၏၊ လွယ်ကူလွန်း၏။ ထို့ကြောင့် ဘုရားသခင်ဖန်တီးသည့် ထိုကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် အရာခပ်သိမ်းအကြား အရာတစ်ခုစီတိုင်းသည် မရှိမဖြစ်လိုအပ်၏။ ၎င်းတို့၏ဖြစ်တည်မှုအားလုံးတွင် တန်ဖိုးရှိ၍ မရှိမဖြစ် လိုအပ်မှုရှိ၏။ သို့ရာတွင် စာတန်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဤကဲ့သို့သော အတွေးအမြင်ကို နားမလည်ပေ။ ၎င်းတို့သည် တောင်များကို မြေပြန့်အဖြစ်ပြောင်းလဲရန် အချည်းနှီး စိတ်ကူးယဉ်လျက်၊ နက်ရှိုင်းသော ချောက်ကြီးများကို ဖြည့်လျက်နှင့် ကွန်ကရစ်တောကြီးမျက်မည်းများ ဖန်တီးရန် မြေပြန့်ပေါ်တွင် မိုးမျှော်တိုက်ကြီးများ ဆောက်လျက်၊ ဖျက်ဆီးပြီးရင်းဖျက်ဆီးကာ တည်ဆောက်ပြီးရင်း တည်ဆောက်ဆောက်ကြ၏။ လူသားမျိုးနွယ်အနေဖြင့် ပျော်ရွှင်စွာနေထိုင်လျက်၊ ပျော်ရွှင်စွာ ကြီးထွားဖွံ့ဖြိုးကာ ၎င်းတို့အတွက် သူပြင်ဆင်ပေးခဲ့သော အသင့်တော်ဆုံးပတ်ဝန်းကျင်၌ နေ့စဉ် ပျော်ရွှင်စွာနေထိုင်နိုင်ရန်မှာ ဘုရားသခင်၏ မျှော်လင့်ချက်ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှုပတ်ဝန်းကျင်ကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်သည် မည်သည့်အခါမျှ သတိမမူခြင်း မရှိပေ။ အပူချိန်မှ လေအထိ၊ အသံမှ အလင်းအထိ၊ ဘုရားသခင်သည် ရှုပ်ထွေးသော အစီအစဉ်များနှင့် အစီအမံများကို ပြုခဲ့၏။ ယင်းမှာ လူသားမျိုးနွယ်၏ ကိုယ်ခန္ဓာများနှင့် ၎င်းတို့၏ အသက်ရှင်နေထိုင်မှုပတ်ဝန်းကျင်တို့သည် သဘာဝအခြေအနေများ၏ နှောင့်ယှက်မှုတစ်စုံတစ်ရာမျှ မခံရဘဲ လူသားမျိုးနွယ်အနေဖြင့် ပုံမှန် အသက်ရှင်နေထိုင်ပြီး ပုံမှန်မျိုးပွားကာ အရာခပ်သိမ်းနှင့် သဟဇာတဖြစ်သော အတူယှဉ်တွဲနေထိုင်ရန် ဖြစ်သည်။ ဤသည်အားလုံးကို ဘုရားသခင်မှ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်အပေါ် ထောက်ပံ့ပေး၏။

လူအသက်ရှင်နေထိုင်ရေးအတွက် ဤအခြေခံလိုအပ်ချက်ငါးခုကို သူကိုယ်တွယ်ပုံမှ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ထောက်ပံ့ပေးမှုကို သင်မြင်နိုင်သလော။ (ဟုတ်ကဲ့။) ယင်းမှာ ဘုရားသခင်သည် လူသားအသက်ရှင်သန်ရေးအတွက် အခြေခံအကျဆုံးသော လိုအပ်ချက်များကို ဖန်တီးခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် ဤအရာများကို စီမံခန့်ခွဲနေ၍ ထိန်းချုပ်နေ၏၊ ထို့အပြင် လူတို့ နှစ်ပေါင်းထောင်ပေါင်းများစွာ တည်ရှိနေပြီးနောက် ယခုပင်လျှင် ဘုရားသခင်သည် ၎င်းတို့၏ အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်ကို အဆက်မပြတ် ပြောင်းလဲနေဆဲရှိလျက် ၎င်းတို့၏ဘဝများကို ပုံမှန်ထိန်းသိမ်းထားနိုင်ရန် လူသားမျိုးနွယ်အတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံး ပတ်ဝန်းကျင်ကို ပေးလျက်ရှိ၏။ ဤသည်ကို မည်သည့်အချိန်အခါအထိ ထိန်းသိမ်းထားမည်နည်း။ တစ်နည်းဆိုရလျှင် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်ကို ဘုရားသခင်မှ မည်မျှကြာ ဆက်လက် ထောက်ပံ့ပေးနေမည်နည်း။ ဘုရားသခင်မှ သူ၏စီမံခန့်ခွဲသည့်အမှု လုံးလုံးလျားလျား စုံလင်စေသည့်အခါအထိ ဖြစ်သည်။ ထိုအခါ ဘုရားသခင်သည် လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှုပတ်ဝန်းကျင်ကို ပြောင်းလဲလိမ့်မည်။ ယင်းမှာ ဤနည်းနာများအတိုင်း ဖြစ်နိုင်သည်၊ သို့မဟုတ် ကွဲပြားသောနည်းနားများအားဖြင့် ဖြစ်နိုင်သည်၊ သို့ရာတွင် ယခု လူတို့ အမှန်တကယ် သိရန်လိုအပ်သည်မှာ ဘုရားသခင်သည် အစဉ်မပြတ် လူသားမျိုးနွယ်၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနေ၍၊ လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်ကို စီမံခန့်ခွဲကာ၊ လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောင့်နေ၏။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်ကြောင့် ဘုရားသခင်၏ ရွေးချယ်ခံရသူများသည် ဤသို့ ပုံမှန်နေထိုင်နိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံနိုင်ခြင်းဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ဤနည်းဖြင့် ဘုရားသခင်၏ ထောက်ပံ့ပေးမှုကြောင့် ဆက်၍ ရှေ့သို့သွားနေစဉ် အရာခပ်သိမ်းသည် ဘုရားသခင်၏အုပ်ချုပ်မှုကြောင့် ဆက်လက်တည်ရှိနေခြင်း ဖြစ်၏။

သင်တို့အား ယခုတင် ငါပြောခဲ့သည့်အပိုင်းတွင် အတွေးအခေါ်သစ်များ ပါသလော။ ယခု သင်တို့သည် ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားမှုကို သိပြီလော။ အရာခပ်သိမ်း၏ သခင်မှာ မည်သူနည်း။ ၎င်းသည် လူသားလော။ (မဟုတ်ပါ။) သို့ဖြစ်ပါက ဘုရားခင်၏ အရာခပ်သိမ်းကို ကိုင်တွယ်ဖြေရှင်းပုံနှင့် လူတို့၏ အရာခပ်သိမ်းကို ကိုင်တွယ်ပုံ ကွာခြားချက်မှာ အဘယ်နည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်ချုပ်၍ စီမံပြီး လူသားကမူ ၎င်းအားလုံးကို မွေ့လျော်ခံစား၏။) ထိုစကားများကို သင်တို့ သဘောတူသလော။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားချက်မှာ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်ချုပ်၍ အရာခပ်သိမ်းကို ထောက်ပံ့၏။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အရင်းအမြစ်ဖြစ်ပြီး၊ ဘုရားသခင် အရာခပ်သိမ်းကို ထောက်ပံ့ပေးစဉ် လူသားမျိုးနွယ်မှ ၎င်းတို့ကို မွေ့လျော်ခံစား၏။ ဆိုလိုသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင် ပေးသနားသော အသက်ကို လူသားလက်ခံသောအခါ အရာခပ်သိမ်းကို သူမွေ့လျော်ခံစားရသည်။ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခြင်း၏ အကျိုးဆက်များကို လူသားမျိုးနွယ် မွေ့လျော်ခံစား၍၊ ဘုရားသခင်ကမူ သခင်ဖြစ်၏။ သို့ဖြစ်ပါက အရာခပ်သိမ်း၏ရှုထောင့်မှနေ၍ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား ကွာခြားချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖွံ့ဖြိုးကြီးထွားမှုပုံစံကို ထင်ရှားစွာ မြင်နိုင်ပြီး အရာခပ်သိမ်း၏ ဖွံ့ဖြိုးကြီးထွားမှုပုံစံကို ထိန်းချုပ်ကာ စိုးမိုးသည်။ ဆိုလိုသည်မှာ အရာခပ်သိမ်းသည် ဘုရားသခင်၏ အမြင်တွင်ရှိ၍ သူ၏ စစ်ဆေးမှုနယ်ပယ်အတွင်း၌ ရှိ၏၊ လူသားမျိုးနွယ်သည် အရာခပ်သိမ်းကို မြင်နိုင်ပါသလား။ လူသားမြင်နိုင်သည်မှာ နည်းပါး၏၊ ၎င်းတို့၏ မျက်လုံးများအရှေ့တွင် မြင်သည့်အရာသာ ဖြစ်၏။ သင်ဤတောင်ကိုတက်ပါက သင်မြင်သည့်အရာမှာ ဤတောင်ဖြစ်၏။ ဤတောင်၏အခြားတစ်ဘက်တွင် ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ သင်သည် ပင်လယ်ကမ်းခြေကို သွားပါက ပင်လယ်၏ ဤဘက်အခြမ်းကို သင်မြင်နိုင်၏၊ သို့သော် ပင်လယ်၏ အခြားတစ်ဘက်တွင် မည်သို့ရှိမည်ကို သင်မသိပေ။ သင်သည် ဤသစ်တောသို့ရောက်လျှင် သင့်မျက်လုံးများ ရှေ့နှင့် သင့်အနီးတဝိုက်ရှိ အပင်များကို သင်မြင်နိုင်၏၊ သို့သော် အရှေ့တွင် သာ၍ဝေးသောနေရာ၌ ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ လူတို့သည် သာ၍မြင့်ရာ၊ သာ၍ဝေးရာနှင့် သာ၍နက်ရှိုင်းရာ နေရာများကို မမြင်နိုင်ကြပေ။ ၎င်းတို့မြင်သည်မှာ ၎င်းတို့၏မျက်လုံးများရှေ့၌ ရှိသည့်အရာနှင့် ၎င်းတို့၏မြင်ကွင်း တည့်တည့်အတွင်းရှိ အရာကိုသာ မြင်နိုင်ကြ၏။ လူတို့သည် တစ်နှစ်တွင်ရှိသည့် လေးရာသီ၏ပုံစံနှင့် အရာခပ်သိမ်း၏ ကြီးထွားဖွံ့ဖြိုးမှုပုံစံကို သိသော်လည်း ၎င်းတို့သည် အရာခပ်သိမ်းကို စီမံခန့်ခွဲနိုင်ခြင်း သို့မဟုတ် စိုးမိုးနိုင်ခြင်း မရှိပေ။ အခြားတစ်ဘက်တွင်မူ အရာခပ်သိမ်းကို ဘုရားသခင်မြင်ပုံမှာ သူကိုယ်တိုင်ကိုယ်ကျ တည်ဆောင်ခဲ့သော စက်တစ်ခုကို မြင်ပုံကဲ့သို့ဖြစ်သည်။ သူသည် အစိတ်အပိုင်းတစ်ခုစီကို အလွန်ကောင်းစွာ သိလိမ့်မည်။ ၎င်း၏အခြေခံစည်းမျဉ်းများ၊ ၎င်း၏ပုံစံများနှင့် ၎င်း၏ရည်ရွယ်ချက်၊ ဤအရာအားလုံးကို ဘုရားသခင်သည် အလွယ်တကူ ရှင်းလင်းစွာ သိ၏။ ထို့ကြောင့် ဘုရားသခင်သည် ဘုရားသခင်ဖြစ်၍၊ လူသားသည် လူသားဖြစ်နေခြင်း ဖြစ်၏။ လူသားသည် သိပ္ပံပညာနှင့် အရာခပ်သိမ်းတို့၏ နိယာမများကို သုတေသန ပြုပြီးရင်းပြုသော်လည်း ယင်းသည် အကန့်အသတ်ရှိသော အတိုင်းအတာအတွင်း၌သာ ဖြစ်၏၊ ဘုရားသခင်ကမူ အရာခပ်သိမ်းကို ထိန်းချုပ်၏။ လူသားအတွက် ထိုအရာသည် အနန္တဖြစ်၏။ ဘုရားသခင်ပြုလုပ်ခဲ့သော အလွန်သေးငယ်သည့်အရာတစ်ခုကို လူသားမှ သုတေသနပြုပါက စစ်မှန်သည့် ရလဒ်များ မရဘဲ ၎င်းတို့၏ဘဝတစ်ခုလုံး ကုန်ဆုံးသွားနိုင်၏။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို လေ့လာရန် အသိဉာဏ်နှင့် သင်ယူမိခဲ့သည့်အရာကို အသုံးပြုပါက သင်သည် ဘုရားသခင်ကို မည်သည့်အခါမျှ သိနိုင်မည် သို့မဟုတ် နားလည်နိုင်မည် မဟုတ်ပေ။ သို့သော် သင်သည် သမ္မာတရားနှင့် ဘုရားသခင်ကို ရှာဖွေသည့်နည်းလမ်းကို သိပြီး ဘုရားသခင်ကို သိလာရန်ဟူသည့် ရှုထောင့်မှ ဘုရားသခင်ကို ကြည့်ပါက၊ တစ်နေ့တွင် ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိသည်ဟု သင်ဝန်ခံပြီး၊ ဘုရားသခင်ကို အရာခပ်သိမ်း၏သခင်နှင့် အရာခပ်သိမ်းအတွက် အရင်းအမြစ်ဟု အဘယ်ကြောင့် ခေါ်ဆိုသည်ကိုလည်း သင်သိလိမ့်မည်။ ဤကဲ့သို့သော အသိဉာဏ် သင်၌ရှိလေလေ၊ ဘုရားသခင်အား အရာခပ်သိမ်း၏သခင်ဟု အဘယ်ကြောင့်ခေါ်သည်ကို နားလည်လေလေ ဖြစ်မည်။ သင်အပါအဝင် အရာခပ်သိမ်းနှင့် အားလုံးသည် ဘုရားသခင်၏ ပုံမှန်စီးဆင်းနေသော ထောက်ပံ့မှုကို စဉ်ဆက်မပြတ် ရရှိနေ၏။ သင်သည် ဤလောကနှင့် ဤလူသားမျိုးနွယ်အကြားတွင် ထိုအရာကို ရှင်းလင်းစွာလည်း ခံစားနိုင်လိမ့်မည်၊ ဘုရားသခင်မှလွဲ၍ အရာခပ်သိမ်း၏ ဖြစ်တည်မှုအပေါ် အုပ်စိုးရန်၊ စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းရန် ထိုကဲ့သို့သော တန်ခိုးနှင့် ထိုကဲ့သို့သော အနှစ်သာရ ရှိနိုင်သူ မရှိပေ။ ဤကဲ့သို့သော နားလည်မှုတစ်ရပ်ကို သင်ရရှိနိုင်သည့်အခါ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်ကြောင်းကို သင်စစ်မှန်စွာ ဝန်ခံလိမ့်မည်။ သင်ဤအဆင့်ရောက်သောအခါ သင်သည် ဘုရားသခင်အား စစ်မှန်စွာလက်ခံခဲ့ပြီး သူ့အား သင်၏ဘုရားသခင်နှင့် သင်၏သခင်ဖြစ်စေပြီး ဖြစ်လိမ့်မည်။ ထိုကဲ့သို့သော နားလည်မှုတစ်ရပ် သင်၌ရှိပြီး သင်၏ဘဝသည် ထိုကဲ့သို့သောအဆင့်တစ်ခုသို့ ရောက်ရှိသည့်အခါ ဘုရားသခင်သည် သင့်ကို စမ်းသပ်မှုနှင့် တရားစီရင်မှု မပြုတော့ဘဲ၊ သင့်အပေါ် သတ်မှတ်ချက်များလည်း ပြုမည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို နားလည်၍ သူ၏စိတ်နှလုံးကို သိကာ သင်၏စိတ်နှလုံးတွင် ဘုရားသခင်ကို စစ်မှန်စွာ လက်ခံခဲ့ပြီးသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် စိုးမိုးမှုနှင့် စီမံခန့်ခွဲမှုအကြောင်း ဤအကြောင်းအရာများကို ပြောဆိုရခြင်းအတွက် အရေးကြီးသော အကြောင်းရင်းတစ်ရပ် ဖြစ်၏။ ယင်းမှာ လူတို့အား ဉာဏ်ပညာနှင့် နားလည်မှုတို့ သာ၍ပေးရန်ဖြစ်သည်၊ သင့်ကို ဝန်ခံစေရုံသာ မဟုတ်ဘဲ သင့်အား လက်တွေ့ကျသည့် ဉာဏ်ပညာနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုများအပေါ် နားလည်မှုတို့ သာ၍ပေးရန်ဖြစ်၏။

လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ပေးသော နေ့စဉ်အစားအသောက်

အထွေထွေပတ်ဝန်းကျင်အကြောင်း၊ ဆိုလိုသည်မှာ ဘုရားသခင် လောကကို ဖန်ဆင်းကတည်းက လူအသက်ရှင်နေထိုင်ရန် လိုအပ်သည့် အခြေအနေများကို လူသားမျိုးနွယ်အတွက် သူပြင်ဆင်ခဲ့သည့် အခြေအနေများအကြောင်းကို ငါတို့ ခုတင်ပြောခဲ့ကြပြီးဖြစ်သည်။ ငါတို့သည် အရာငါးခုအကြောင်းသာ ပြောခဲ့ပြီး၊ ဤအရာငါးခုသည် အထွေထွေ ပတ်ဝန်းကျင်ဖြစ်သည်။ နောက် ငါတို့ ပြောမည့်အကြောင်းအရာမှာ လူ့ဇာတိ၌ လူတိုင်း၏အသက်နှင့် နီးကပ်စွာဆက်နွှယ်နေ၏။ ယင်းသည် လူ့ဇာတိ၌ လူတစ်ဦး၏ဘဝနှင့် သာ၍ ကိုက်ညီကာ သာ၍တပြေးညီရှိသော လိုအပ်သည့်အခြေအနေတစ်ရပ် ဖြစ်သည်။ ယင်းမှာ အစာ ဖြစ်၏။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းပြီး သင့်တော်သည့် အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်တွင် ထားရှိခဲ့၏။ ၎င်းနောက် လူသားသည် အစာနှင့် ရေကို လိုအပ်ခဲ့၏။ လူသား၌ ထိုကဲ့သို့သော လိုအပ်ချက် ရှိခဲ့သဖြင့် ဘုရားသခင်သည် ထိုကဲ့သို့သော ပြင်ဆင်မှုများကို လူသားအတွက် ပြုလုပ်ခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ အမှုအဆင့် တစ်ခုစီနှင့် သူပြုလုပ်သည့် အရာတစ်ခုစီသည် အနှစ်သာရမဲ့ စကားများမဟုတ်ဘဲ အမှန်စင်စစ် ဆောင်ရွက်နေခြင်း ဖြစ်၏။ အစာသည် လူတို့၏နေ့စဉ်ဘဝများတွင် ၎င်းတို့ မရှိမနေနိုင်သော အရာတစ်ခုလော။ အစာသည် လေထက် သာ၍အရေးကြီးသလော။ ၎င်းတို့သည် တန်းတူအရေးကြီးကြ၏။ ၎င်းတို့နှစ်ခုစလုံးသည် လူသားမျိုးနွယ် အသက်ရှင်နေနိုင်ရေးနှင့် လူ့ဘဝ ဆက်လက်တည်ရှိမှုကို ထိန်းသိမ်းရေးအတွက် လိုအပ်သည့် အခြေအနေများနှင့် အရာများဖြစ်ကြသည်။ လေသည် သာ၍အရေးကြီးသလော၊ သို့မဟုတ် ရေသည် သာ၍အရေးကြီးသလော။ ၎င်းတို့အားလုံး အရေးကြီးကြသည်။ လူတို့ မရွေးချယ်နိုင်ခြင်းမှာ ၎င်းတိုု့တစ်စုံတစ်ခု မရှိ၍မဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ တကယ့်ပြဿနာဖြစ်သည်၊ သင်ရွေးချယ်နိုင်သော အရာတစ်ခု မဟုတ်ပေ။ သင်မသိသော်လည်း ဘုရားသခင်သိ၏။ သင်သည် အစာတွေ့သောအခါ “ငါ အစာမရှိဘဲ မနေနိုင်” ဟု ခံစားရမည်ဖြစ်သည်။ သို့ရာတွင် သင့်ကိုဖန်ဆင်းပြီးသည်နှင့် ထိုနေရာ၌ သင့်ကိုထားခဲ့ပါက သင်အစာလိုကြောင်း သင်သိခဲ့မည်လော။ သင်သိခဲ့မည် မဟုတ်ပေ၊ သို့သော် ဘုရားသခင် သိ၏။ သင်သည် ဆာလောင်လာ၍ အပင်များအပေါ်၌ အသီးများနှင့် မြေကြီးပေါ်တွင် အစေ့အဆန်များ သင့်အတွက်စားစရာ ရှိကြောင်း တွေ့သောအခါမှသာ အစာလိုကြောင်း သင်သိခြင်းဖြစ်သည်။ သင်ရေဆာသောအခါ သင့်ရှေ့တွင် စမ်းရေတစ်ခုကို မြင်ပြီး သင်ရေသောကသောအခါမှသာ သင်ရေလိုကြောင်းကို သိခြင်းဖြစ်သည်။ ရေကို ဘုရားသခင်က လူသားအတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ အစာအတွက်မူ၊ တစ်နေ့သုံးနပ်စားသည်ဖြစ်စေ၊ နှစ်နပ်စားသည်ဖြစ်စေ၊ ထိုထက်ပင်ပို၍စားသည်ဖြစ်စေ အရေးမကြီးပေ၊ အတိုအားဖြင့် အစာသည် လူတို့၏ နေ့စဉ်ဘဝများတွင် မရှိမဖြစ်နိုင်သော အရာတစ်ခုဖြစ်၏။ ယင်းသည် လူ့ခန္ဓာ ပုံမှန်အသက်ရှင်နေထိုင်မှုကို ထိန်းသိမ်းရေးအတွက် လိုအပ်သောအရာတစ်ခုဖြစ်၏။ သို့ဖြစ်လျှင် အစာသည် အဓိကအားဖြင့် မည်သည့်နေရာမှ လာသနည်း။ ဦးစွာအနေဖြင့် ၎င်းသည် မြေကြီးမှလာ၏။ ဘုရားသခင်သည် မြေကြီးကို လူသားအတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်၏။ မြေကြီးသည် သစ်ပင်များ သို့မဟုတ် မြက်ပင်များအတွက်သာမဟုတ်ဘဲ အပင်အမျိုးမျိုး အသက်ရှင်သန်ရေးအတွက် သင့်တော်၏။ ဘုရားသခင်သည် လူသားအတွက် အစေ့အဆန်အမျိုးမျိုးအတွက်အစေ့များနှင့် အစာအမျိုးမျိုးအပြင် လူတို့စိုက်ပျိုးရန် သင့်တော်သည့် မြေဆီလွှာနှင့် မြေကြီးတို့ ပြင်ဆင်ပေးပြီး ဤနည်းအတိုင်း အစာပေး၏။ မည်ကဲ့သို့သော အစာများရှိသနည်း။ ဤသည်နှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းသင့်သည်၊ မှန်သလော။ ပထမအနေဖြင့် အစေ့အဆန် အမျိုးအစား အမျိုးမျိုးရှိ၏။ အစေ့အဆန်များတွင် မည်သည်တို့ပါသနည်း။ ဂျုံစေ့၊ လူး၊ ဆပ်နှင့် နှံစားပြောင်းကောက်နှံများနှင့် စပါးစသည့် အခွံပါသည့်အရာများပါ၏။ ကောက်နှံပင်များကို အမျိုးအစားများစွာလည်း ခွဲခြားထား၏။ ဘာလီ၊ ဂျုံ၊ အုတ်ဂျုံနှင့် ပန်းဂျုံအစရှိသော ကောက်နှံပင်များ တောင်ပိုင်းမှမြောက်ပိုင်းအထိ အမျိုးအစား များစွာရှိ၏။ ကွဲပြားသည့် အမျိုးများမှာ ကွဲပြားသည့်ဒေသများတွင် စိုက်ပျိုးရန် သင့်တော်၏။ စပါးအမျိုးမျိုးလည်း ရှိသေး၏။ တောင်ပိုင်း၌ ၎င်း၏ကိုယ်ပိုင်စပါး အမျိုးအစားများရှိ၏။ ၎င်းသည် ပိုရှည်၍၊ စေးကပ်လွန်းခြင်း မရှိသဖြင့် တောင်ပိုင်းသားများနှင့် သာ၍ သင့်တော်၏။ တောင်ပိုင်း၌ ရာသီဥတုပိုပူသဖြင့် ၎င်းတို့သည် အင်ဒိက (indica) ဆန် ကဲ့သို့ အမျိုးအစားများကို စားသုံးရ၏။ ယင်းမှာ စေးကပ်လွန်း၍ မရပေ၊ သို့မဟုတ်ပါက ၎င်းတို့ စား၍မရဘဲ အစားအသောက်ပျက်လိမ့်မည်။ မြောက်ပိုင်းသားများ စားသည့်ဆန်မှာ သာ၍ စေးကပ်၏။ မြောက်ပိုင်းသည် အစဉ်သာ၍အေးသဖြင့် ၎င်းတို့သည် စေးကပ်သည့်ဆန်ကို စားရ၏။ ထို့အပြင် ပဲအမျိုးမျိုးလည်း ရှိ၏။ ၎င်းတို့ကို မြေပေါ်တွင်စိုက်ကြ၏။ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥနှင့် အခြားများစွာသော မြေအောက်တွင် စိုက်ပျိုးသည့်အရာများလည်း ရှိသေး၏။ အာလူးသည် မြောက်ပိုင်းတွင်ပေါက်၏။ မြောက်ပိုင်းမှ အာလူးများ၏အရည်အသွေးမှာ အလွန်ကောင်း၏။ လူတို့၌ စားစရာအစေ့အဆန်များ မရှိသည့်အခါ ၎င်းတို့ တစ်နေ့သုံးနပ်စားနေနိုင်ရန် အာလူးသည် ၎င်းတို့၏အစားအသောက်၌ အခြေခံစားကုန် ဖြစ်နိုင်သည်။ အာလူးသည်လည်း စားသောက်ကုန်ဖြစ်နိုင်၏။ ကန်စွန်းဥမှာ အရည်အသွေးအားဖြင့် အာလူးလောက် မကောင်းသော်လည်း ၎င်းတို့ တစ်နေ့အစာသုံးနပ်စားနေနိုင်ရန် အခြေခံစားကုန်အဖြစ် အသုံးပြုနိုင်သေးမည် ဖြစ်သည်။ အစေ့အဆန်များ မရှိသေးသည့်အခါတွင် လူတို့သည် ၎င်းတို့၏ဝမ်းဖြည့်ရန် ကန်စွန်းဥကို အသုံးပြုနိုင်သည်။ တောင်ပိုင်းသားများ စားလေ့ရှိသည့် ပိန်းဥကိုလည်း ထိုနည်းတူပင် အသုံးပြုနိုင်ပြီး၊ ယင်းသည်လည်း အခြေခံစားကုန်တစ်ခု ဖြစ်နိုင်သည်။ ၎င်းတို့သည် လူတို့ နေ့စဉ် အစားအသောက်အတွက် လိုအပ်သည့်အရာ တစ်ခုဖြစ်သော အစေ့အဆန် အမျိုးမျိုးဖြစ်၏။ လူတို့သည် အစေ့အဆန်အမျိုးမျိုးကို ခေါက်ဆွဲ၊ ပေါက်ဆီ၊ ထမင်းနှင့် ဆန်ခေါက်ဆွဲများ ပြုလုပ်ရန်အသုံးပြုကြ၏။ ဘုရားသခင်သည် ဤအစေ့အဆန်အမျိုးမျိုးကို လူသားမျိုးနွယ်အပေါ် အလျှံအပယ် ပေးသနား၏။ အမျိုးအစားမြောက်များစွာ အဘယ်ကြောင့် ရှိနေသနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဤနေရာ၌ တွေ့နိုင်၏၊ တစ်ဘက်တွင်၊ ယင်းမှာ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်တို့ရှိ ကွဲပြားသော မြေဆီလွှာများနှင့် ရာသီဥတုများနှင့် သင့်တော်စေရန် ဖြစ်သည်၊ အခြားတစ်ဘက်တွင်မူ၊ ဤအစေ့အဆန်များ၏ အစိတ်အပိုင်းများနှင့် ပါဝင်ပစ္စည်းများ အမျိုးမျိုးတို့သည် လူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများနှင့် ပါဝင်ပစ္စည်းများတို့နှင့် ကိုက်ညီကြသည်။ လူတို့သည် ဤအစေ့အဆန်များကို စားခြင်းဖြင့်သာ ၎င်းတို့၏ကိုယ်ခန္ဓာများအတွက် လိုအပ်သည့် အာဟာရများနှင့် အစိတ်အပိုင်းများ အမျိုးမျိုးကို ထိန်းသိမ်းနိုင်ကြ၏။ မြောက်ပိုင်းအစာနှင့် တောင်ပိုင်းအစာတို့ ကွဲပြားကြသော်လည်း ၎င်းတို့၌ရှိသည့် တူညီချက်များမှာ ကွဲပြားချက်များထက် သာ၍များသည်။ ၎င်းအစာများသည် လူ့ခန္ဓာကိုယ်၏ သာမန်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး လူ့ခန္ဓာကိုယ်၏ သာမန် အသက်ရှင်မှုကို ထိန်းသိမ်းထားနိုင်သည်။ ထို့ကြောင့် နေရာဒေသအမျိုးမျိုးတွင် ထုတ်လုပ်သည့် အမျိုးအစားများ အလွန်များပြားရခြင်း အကြောင်းရင်းမှာ လူ့ခန္ဓာကိုယ်သည် ထိုကဲ့သို့သော အစာများက ထောက်ပံ့ပေးသည့်အရာကို လိုအပ်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် လူ့ခန္ဓာကိုယ်၏ ပုံမှန်အသက်ရှင်နေထိုင်မှုကို ဆက်လက်ထိန်းသိမ်း၍ ပုံမှန် လူ့ဘဝကိုရရှိရန် မြေဆီလွှာ၌ စိုက်ပျိုးထားသော အစာအမျိုးမျိုးမှ ထောက်ပံ့ပေးသည့်အရာကို လိုအပ်ကြ၏။ အတိုအားဖြင့်ဆိုလျှင် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အလွန်စာနာထောက်ထား၏။ လူတို့အပေါ် ဘုရားသခင်ချပေးသော အစာအမျိုးမျိုးသည် ပျင်းဖွယ်မကောင်းပေ၊ ၎င်းတို့သည် လွန်စွာ ပြီးပြည့်စုံကြသည်။ လူတို့သည် ကောက်နှံစားလိုပါက၊ ကောက်နှံစားနိုင်၏။ အချို့သူများက ခေါက်ဆွဲ မစားလိုကြပေ၊ ထမင်းစားလိုကြ၏၊ ထိုအခါ ထမင်းစားနိုင်ကြသည်။ ဆန်လုံးရှည်၊ ဆန်လုံးတို စသည်ဖြင့် ဆန် အမျိုးအစား အမျိုးမျိုးရှိပြီး ၎င်းတို့အားလုံးသည် လူတို့၏အရသာများကို အာသာပြေစေနိုင်၏။ ထို့ကြောင့် လူတို့သည် ဤအစေ့အဆန်များကို စားပါက၊ ၎င်းတို့သည် ၎င်းတို့၏အစာနှင့်ပတ်သက်၍ ဇီဇာမကြောင်လွန်းသရွေ့၊ အာဟာရ ချို့တဲ့မည်မဟုတ်ဘဲ၊ အသက်အရွယ်အိုမင်းသည်အထိ ကျန်းမာစွာနေနိုင်ရန် အာမခံထားသည်။ ယင်းမှာ လူသားမျိုးနွယ်အပေါ် အစာပေးသနားခဲ့စဉ်က ဘုရားသခင်စိတ်ထဲတွင်ရှိခဲ့သော မူလအကြံဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် ဤအရာများမရှိဘဲ မဖြစ်နိုင်ပေ၊ ၎င်းသည် လက်တွေ့ကျခြင်းပင် မဟုတ်လော။ လူသားမျိုးနွယ်သည် ဤလက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသော်လည်း၊ ဘုရားသခင်သည် ယင်းကို ပြင်ဆင်ခဲ့ပြီးဖြစ်ကာ သေချာစွာ စဉ်းစားဆင်ခြင်ခဲ့ပြီးဖြစ်၏။ လူသားအတွက် ဘုရားသခင်သည် ရှေးမဆွကတည်းက အမှုအရာများကို ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။

ဘုရားသခင်သည် လူသားမျိုးနွယ်အား ဤအရာများထက် သာ၍ပေးထား၏၊ ဟင်းသီးဟင်းရွက်များလည်း ရှိသေး၏။ သင်ထမင်းစားသည့်အခါ၊ သင်စားသမျှမှာ ထမင်းသာဖြစ်ပါက သင် အာဟာရချို့တဲ့နိုင်၏။ ထိုအခါ သင်သည် ထမင်းနှင့်အတူစားရန် ဟင်းရွက်ကြော်ပွဲငယ်နှစ်ပွဲ သို့မဟုတ် အသုပ်တစ်ပွဲရောလိုက်ပါက ဟင်းသီးဟင်းရွက်များတွင်ရှိသည် ဗီတာမင်များနှင့် အသက်ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သော ဓာတုပစ္စည်းပမာဏအနည်းငယ် အမျိုးမျိုး သို့မဟုတ် အခြား အာဟာရများသည် လူ့ခန္ဓာကိုယ်အတွက် လိုအပ်ချက်များကို လွန်စွာပုံမှန်ကျသောနည်းဖြင့် ထောက်ပံ့ပေးနိုင်ပေမည်။ လူတို့သည် အဓိကထမင်းနပ်များကို မစားပါက အသီးအနှံအချို့ကိုလည်း စားနိုင်သည်၊ မှန်သလော။ တစ်ခါတစ်ရံတွင် လူတို့သည် အရည်များ သို့မဟုတ် အခြားအာဟာရများ သို့မဟုတ် ကွဲပြားသည့် အရသာများ လိုအပ်သည့်အခါ ၎င်းတို့ကို ထောက်ပံ့ပေးရန် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများလည်း ရှိ၏။ အရှေ့၊ အနောက်၊ တောင်နှင့် မြောက် မြေဆီလွှာများနှင့် ရာသီဥတုများ ကွဲပြားသောကြောင့် ၎င်းတို့တွင် ကွဲပြားသည့် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများလည်း ရှိကြ၏။ တောင်ပိုင်းရာသီဥတုသည် ပူလွန်းသဖြင့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက် အများစုသည် လူတို့စားသည့်အခါ ၎င်းတို့၏ခန္ဓာကိုယ်၌ အပူနှင့်အအေး မျှစေနိုင်သော အေးစေသည့်အမျိုးအစားများဖြစ်ကြသည်။ အခြားတစ်ဘက်တွင်မူ၊ မြောက်ပိုင်းတွင် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ အမျိုးအစား ပိုနည်းပါး၏၊ သို့သော် မြောက်ပိုင်းသားတို့ မွေ့လျော်ရန် လုံလောက်သေး၏။ သို့ရာတွင် များမကြာမီနှစ်များက လူမှုအဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကြောင့်၊ လူမှုရေးတိုးတက်မှုများ ဆိုသည့်အရာများကြောင့်အပြင် တောင်နှင့်မြောက်၊ အရှေ့နှင့် အနောက် ချိတ်ဆက်ထားသည့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်မှုများကြောင့်၊ မြောက်ပိုင်းသားများသည်လည်း တောင်ဘက်မှ အသီးအနှံများ၊ ဒေသန္တရ အထူးထွက်ကုန်များ သို့မဟုတ် ဟင်းသီးဟင်းရွက်များကိုလည်း တစ်နှစ်ပတ်လုံးပင် စားနိုင်ကြ၏။ လူတို့သည် ၎င်းတို့၏ စားချင်စိတ်များနှင့် ရုပ်ဝတ္ထုတပ်မက်မှုများကို ထိုနည်းဖြင့် ဖြည့်ဆည်းနိုင်သော်လည်း၊ ၎င်းတို့၏ ကိုယ်ခန္ဓာများသည် ကွဲပြားသည့်ဘေးအန္တရာယ်အဆင့်များကို ခံရမှန်းမသိ ခံရ၏။ ယင်းမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ပေးသော အစားအစာများကြား၌ တောင်ပိုင်းသားတို့အတွက် သင့်တော်သည့် အစားအစာများနှင့် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များရှိသည့်အပြင် မြောက်ပိုင်းသားတို့အတွက် သင့်တော်သည့် အစားအစာများနှင့် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များလည်း ရှိသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် တောင်ပိုင်း၌မွေးပါက တောင်ပိုင်းမှအရာများကို စားခြင်းသည် သင့်အတွက် လွန်စွာသင့်တော်၏။ တောင်ပိုင်း၌ သီးခြားရာသီဥတုရှိသောကြောင့် ဘုရားသခင်မှ ၎င်းအစားအစာများနှင့် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ပြင်ဆင်ခဲ့ခြင်းဖြစ်၏။ မြောက်ပိုင်း၌ မြောက်ပိုင်းသားတို့၏ ကိုယ်ခန္ဓာများအတွက် လိုအပ်သည့် အစားအစာရှိ၏။ သို့ရာတွင် လူတို့၌ အငမ်းမရ စားချင်သောက်ချင်စိတ်များ ရှိသောကြောင့် ၎င်းတို့သည် လူမှုအဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဒီရေ၏ ဆွဲဆောင်ခြင်း ခံရမှန်းမသိခံရပြီး ထိုကဲ့သို့သော နိယာမများကို ချိုးဖောက်မှန်းမသိ ချိုးဖောက်စေ၏။ လူတို့သည် ၎င်းတို့၏ဘဝများ ယခုပိုကောင်းသည်ဟု ခံစားရသော်လည်း၊ ထိုကဲ့သို့သော လူမှုအဖွဲ့အစည်းဆိုင်ရာ တိုးတက်မှုတစ်ရပ်သည် ပို၍များပြားသော လူတို့၏ကိုယ်ခန္ဓာများသို့ ဖုန်းကွယ်နေသော အန္တရာယ်တစ်ရပ် ပေါ်ပေါက်စေသည်။ ယင်းမှာ ဘုရားသခင်မြင်လိုသောအရာ မဟုတ်၊ ထို့အပြင် လူသားမျိုးနွယ်ထံ အရာခပ်သိမ်းနှင့် ဤအစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ယူခဲ့စဉ် သူမူလကရည်ရွယ်ခဲ့သည့် အရာမဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ချမှတ်ထားသော နိယာမများကို လူသားမျိုးနွယ် ဖောက်ဖျက်ခြင်းမှ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လူသားမျိုးနွယ်အပေါ် ဘုရားသခင် ချမှတ်ပေးသောအရာသည် ကြွယ်ဝ၍ များပြား၏၊ နေရာတစ်ခုစီ၌ ၎င်းတို့၏ကိုယ်ပိုင် ဒေသန္တရအထူးထွက်ကုန်များ ရှိ၏။ ဥပမာ အချို့အရပ်များသည် (ဂျူဂျူဘီဟု လူအများသိကြသည့်) စွံပလွန်သီးအနီများ ပေါကြွယ်ပြီး၊ အခြားအရပ်များသည် သစ်ကြားသီး၊ မြေပဲ သို့မဟုတ် အခြားအခွံမာသီးအမျိုးမျိုး ပေါကြွယ်၏။ ဤရုပ်ဝတ္ထုပစ္စည်းများအားလုံးသည် လူ့ခန္ဓာကိုယ်လိုအပ်သည့် အာဟာရများကို ထောက်ပံ့ပေးသည်။ သို့သော် ဘုရားသခင်သည် ရာသီနှင့် အချိန်အခါအလိုက် လူသားမျိုးနွယ်ကို အမှုအရာများ ထောက်ပံ့ပေးပြီး သင့်တော်သည့်ပမာဏကို သင့်တော်သည့်အချိန်၌လည်း ချပေး၏။ လူသားမျိုးနွယ်သည် ကိုယ်ခန္ဓာပျော်ပါးမှုကို တပ်မက်ကာ အငမ်းမရဖြစ်သဖြင့် လူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့ချိန်က လူကြီးထွားမှု ပုံမှန်နိယာမများကို ချိုးဖောက်၍ ထိခိုက်ပျက်စီးစေရန် လွယ်ကူ၏။ ဥပမာတစ်ရပ်အနေဖြင့် ချယ်ရီသီးများကို ကြည့်ကြရအောင်၊ ၎င်းတို့အကြောင်း လူတိုင်းသိကြသည်၊ ဟုတ်သလော။ ၎င်းတို့သည် ဇွန်လတွင် ရင့်မှည့်ကြသည်။ ပုံမှန်အခြေအနေများတွင် သြဂုတ်လ၌ ၎င်းတို့ကုန်သွားကြမည်ဖြစ်သည်။ ချယ်ရီသီးများသည် နှစ်လသာ လတ်ဆတ်၏၊ သို့သော် သိပ္ပံနည်းကျ နည်းလမ်းများအားဖြင့် လူတို့သည် ယခုအခါ ၎င်းကို ၁၂ လအထိ တိုးနိုင်ပြီး နောက်နှစ် ချယ်ရီရာသီအထိပင် တိုးနိုင်၏။ ယင်းက ချယ်ရီသီးများ တစ်နှစ်ပတ်လုံး ရှိသည်ဟု ဆိုလိုသည်။ ဤဖြစ်ရပ်မှာ မူမှန်သလော။ (မူမမှန်ပါ။) သို့ဖြစ်လျှင် ချယ်ရီသီးများစားရန် အကောင်းဆုံးရာသီသည် မည်သည့်အခါနည်း။ ယင်းသည် ဇွန်လမှ သြဂုတ်လအထိ ကာလဖြစ်၏။ ဤကန့်သတ်ချက်ထက် ကျော်လွန်လျှင် ၎င်းတို့ကို သင်မည်မျှပင် လတ်ဆတ်စွာ ထားစေကာမူ အရသာတူမည် မဟုတ်ပေ၊ လူ့ခန္ဓာကိုယ်မှ လိုအပ်သည့်အရာလည်း မဟုတ်ပေ။ ၎င်း၏ သက်တမ်းကုန်သည့်ရက်စွဲ ကျော်လွန်သည်နှင့် သင် မည်သည့်ဓာတုပစ္စည်းများကို အသုံးပြုသည်ဖြစ်စေ၊ သင်သည် သဘာဝအတိုင်း စိုက်ပျိုးသည့်အခါရသည့် ၎င်း၏အနေအထားကို ရနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဓာတုပစ္စည်းများကြောင့် လူတို့၌ပေါ်ပေါက်စေနိုင်သည့် ထိခိုက်မှုသည် မည်သူတစ်ဦးတစ်ယောက်ကမျှ ဖယ်ရှားရန် သို့မဟုတ် ပြောင်းလဲရန် တစ်စုံတစ်ရာလုပ်နိုင်သည့်အရာ မဟုတ်ပေ။ ထို့ကြောင့် လက်ရှိဈေးကွက်စီးပွားရေးသည် လူတို့အတွက် မည်သည့်အရာ ဖြစ်ပေါ်စေသနည်း။ လူတို့၏ဘဝများ ပိုကောင်းလာပုံရသည်၊ အဘက်ဘက်ရှိ သယ်ယူပို့ဆောင်ရေးသည် အမှန်တကယ်ပင် အဆင်ပြေလာခဲ့ပြီး လူတို့သည် တစ်နှစ်လေးရာသီ မည်သည့်အချိန်မဆို အသီးအနှံ အမျိုးမျိုး စားနိုင်ကြ၏။ မြောက်ပိုင်းသားတို့သည် ငှက်ပျောသီးများနှင့် မည်သည့်အစားအစာမဆို၊ တောင်ပိုင်းမှ ဒေသန္တရအထူးထွက်ကုန်များ သို့မဟုတ် အသီးများ၊ စားနိုင်လေ့ရှိကြသည်။ သို့ရာတွင် ယင်းမှာ လူသားမျိုးနွယ်အား ဘုရားသခင် ပေးလိုသည့် ဘဝမဟုတ်ပေ။ ဤကဲ့သို့သော ဈေးကွက်စီးပွားရေးသည် လူတို့၏ဘဝများအား အကျိုးကျေးဇူးအချို့ ဖြစ်စေသော်လည်း အန္တရာယ်အချို့လည်း ပြုနိုင်ပေသည်။ ဈေး၌ အလျှံအပယ်ပေါများမှုကြောင့် များစွာသောလူတို့သည် မည်သည့်အရာကိုမဆို စားကြ၏၊ မစဉ်းစားမဆင်ခြင်ဘဲ စားကြ၏။ ဤသည်က သဘာဝနိယာမများကို ချိုးဖောက်ပြီး ၎င်းတို့၏ကျန်းမာရေးကို ထိခိုက်၏။ ထို့ကြောင့် ဈေးကွက်စီးပွားရေးသည် လူတို့ကို စစ်မှန်သော ပျော်ရွှင်မှု မပေးနိုင်ပေ။ သင်နားလည်သည်၊ ဟုတ်သလော။ ကြည့်ပါ။ ဈေး၌စပျစ်သီးများကို လေးရာသီစလုံး ရောင်းသည် မဟုတ်လော။ အကယ်စင်စစ် စပျစ်သီးများသည် ခူးပြီးနောက် အချိန်တိုသာ လတ်ဆတ်နေ၏။ နောက်ဇွန်လအထိ ထားပါက ၎င်းတို့ကို စပျစ်သီးဟုခေါ်၍ရသေးသလော။ အမှိုက်ဟု ခေါ်နိုင်သလော။ ၎င်းတို့သည် စပျစ်သီးတို့၏ နဂိုမူလ ပေါင်းစပ်ဖွဲ့စည်းပုံ မရှိတော့သည်သာမက ၎င်းတို့အပေါ်၌ ဓာတုပစ္စည်းများလည်း ပို၍ရှိနေပေသည်။ တစ်နှစ်ကြာပြီးနောက် ၎င်းတို့သည် မလတ်ဆတ်ရုံမက ၎င်းတို့၏ အာဟာရများသည်လည်း ကုန်ဆုံးသွားသည်မှာ ကြာပြီဖြစ်ပေသည်။ လူတို့သည် စပျစ်သီးစားသောအခါ- “ပျော်လိုက်တာ။ လွန်ခဲ့တဲ့အနှစ် ၃၀ က ဒီရာသီမှာ စပျစ်သီး စားလို့ရနိုင်ခဲ့ပါ့မည်လော။ စားချင်၍ပင် စား၍မရ။ ယခု အင်မတန်ကောင်းလိုက်သည့်ဘဝ။” ဟု ခံစားရ၏။ ယင်းမှာ အကယ်ပင် ပျော်ရွှင်မှုလော။ သင် စိတ်ဝင်စားပါက ဓာတုပစ္စည်းများနှင့် တာရှည်ခံအောင် ပြုလုပ်ထားသည့် စပျစ်သီးများကို သွားလေ့လာပြီး ၎င်းတို့၏ ပေါင်းစပ်ဖွဲ့စည်းပုံမှာ မည်သည့်အရာဖြစ်သည်ကို မြင်နိုင်ကာ ဤပေါင်းစပ်ဖွဲ့စည်းပုံသည် လူတို့ကို အကျိုးကျေးဇူး တစ်စုံတစ်ရာ ပေးနိုင်ခြင်းရှိမရှိကို မြင်နိုင်၏။ ပညတ်တော်ခေတ်၌ အဲဂုတ္တုပြည်မှ ထွက်ခွာပြီးနောက် ဣသရေလအမျိုးတို့ ခရီးသွားစဉ်က ဘုရားသခင်သည် ၎င်းတို့အား ငုံးငှက်နှင့် မန္နမုန့်တို့ကို ပေး၏။ ဘုရားသခင်သည် လူတို့အား ၎င်းတို့ကို တာရှည်ခံအောင် လုပ်ခွင့်ပေးသလော။ အချို့သူများက သဘောထားကျဉ်းမြောင်း၍ နောက်နေ့၌ နောက်ထပ် မရှိတော့မည်ကို စိုးရိမ်ကြသဖြင့် နောင်တွင် လိုအပ်ခဲ့သော်ရှိရန် အချို့ကို ဖယ်ထား၏။ ထို့နောက် မည်သည့်အရာ ဖြစ်သနည်း။ နောက်တစ်နေ့ရောက်သော် ယင်းသည် ပုပ်သွားလေ၏။ ဘုရားသခင်သည် ၎င်းတို့အား အရန်အဖြစ် ထားခွင့်မပြုပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ငတ်မွတ်ခြင်းမရှိကြောင်း သေချာစေရန် ဘုရားသခင်သည် ပြင်ဆင်မှုအချို့ကို ပြုလုပ်ခဲ့ပြီးဖြစ်၍ဖြစ်သည်။ လူသားမျိုးနွယ်၌ ထိုစိတ်ချယုံကြည်မှု မရှိပေ၊ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် အစဉ်ပင် နောင်အတွက် အချို့ဖယ်ထားကြပြီး လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ခဲ့သည့်အရာ နောက်ကွယ်မှ ဂရုစိုက်မှုနှင့် စဉ်းစားဆင်ခြင်မှုကို မည်သည့်အခါမျှ မြင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အစဉ်ပင် ယင်းကို ခံစားနိုင်ခြင်း လုံးဝမရှိပေ၊ အစဉ်ပင် ဘုရားသခင်ကို အယုံအကြည်ကင်းမဲ့ကာ အစဉ်ပင် “ဘုရားသခင်၏ လုပ်ဆောင်မှုများသည် စိတ်မချရပေ။ လူသားမျိုးနွယ်ကို ဘုရားသခင် ထိုအရာ ပေးမပေး သို့မဟုတ် မည်သည့်အခါ ပေးမည်ကို မည်သူသိမည်နည်း။ ငါသည် အလွန်ဆာလောင်လျက် ဘုရားသခင်က မပေးလျှင် ငါသည် ငတ်လိမ့်မည် မဟုတ်လော။ အာဟာရ ချို့တဲ့မည်မဟုတ်လော” ဟု စဉ်းစားကြသည်။ လူသား၏ စိတ်ချယုံကြည်မှု မည်မျှသေးငယ်သည်ကို မြင်လော့။

အစေ့အဆန်များ၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များနှင့် အခွံမာအသီးအမျိုးမျိုးတို့မှာ သက်သတ်လွတ်အစားအစာ အမျိုးအစားအားလုံးဖြစ်ကြ၏။ ၎င်းတို့သည် သက်သတ်လွတ်အစာများဖြစ်ကြသော်လည်း ၎င်းတို့တွင် လူ့ခန္ဓာကိုယ်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လုံလောက်သည့်အာဟာရများ ရှိ၏။ သို့ရာတွင် ဘုရားသခင်က “ယင်းတို့ကို လူသားမျိုးနွယ်အား ပေးခြင်းသည် လုံလောက်၏။ လူသားမျိုးနွယ်သည် ဤအရာများကိုသာ စား၍ရသည်” ဟုမပြောပေ။ ဘုရားသခင်သည် ထိုနေရာ၌မရပ်ဘဲ ယင်းသို့ရပ်မည့်အစား လူသားမျိုးနွယ်အတွက် သာ၍အရသာရှိသော အရာများကို ပြင်ဆင်၏။ ဤအရာများမှာ မည်သည်တို့နည်း။ သင်တို့ မြင်နိုင်၊ စားနိုင်သော အသားငါးအမျိုးမျိုးတို့ ဖြစ်ကြ၏။ လူသားအတွက် ဘုရားသခင်ပြင်ဆင်ထားသော အသားငါး အမျိုးအစားများစွာရှိ၏။ ငါးအားလုံး ရေထဲ၌နေကြ၏၊ ၎င်းတို့၏အသား၏ ထိတွေ့ခံစားရသည့် အနေအထားသည် မြေကြီးပေါ်တွင်မွေးမြူသော အသားနှင့် ကွာခြားကာ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် ကွဲပြားသော အာဟာရများ ပေးနိုင်၏။ ငါး၏ ဂုဏ်သတ္တိများသည်လည်း လူ့ခန္ဓာကိုယ်များ၏ အပူနှင့်အအေးကို ညှိပေးနိုင်သဖြင့် ၎င်းတို့သည် လူသားမျိုးနွယ်အတွက် အလွန့်အလွန် အကျိုးရှိကြ၏။ သို့ရာတွင် အရသာကောင်းသောအရာကို လွန်ကဲစွာ မွေ့လျော်၍မရပေ။ ယင်းမှာ လူတို့သည် ဤအရာများကို အချိန်ရာသီနှင့်အညီ ပုံမှန်နှင့် သင့်တော်စွာ ခံစားနိုင်ရေးအတွက် ဘုရားသခင်သည် သင့်တော်သောအချိန်တွင် သင့်တော်သောပမာဏကို လူသားမျိုးနွယ်အား ပေးသနား၏ဟူသော ဆိုရိုးပင်ဖြစ်သေး၏။ ဥစား၊ အသားစားအတွက် မွေးမြူသော ကြက်ငှက်များတွင် မည်သည်တို့ ပါဝင်သနည်း။ ကြက်၊ ငုံး၊ ခို စသည်ဖြင့် ပါဝင်သည်။ လူအများအပြားသည် ဘဲနှင့် ဘဲငန်းတို့ကိုလည်း စားကြ၏။ ဘုရားသခင်သည် ဤအသားအမျိုးအစားများကို ပြင်ဆင်ခဲ့သော်လည်း ဘုရားသခင်၌ သူ၏ရွေးချယ်ခြင်း ခံရသူများအတွက် သတ်မှတ်ချက်အချို့ရှိပြီး ၎င်းကို ပညတ်တော်ခေတ်တွင် အတိုင်းအတာအချို့သို့ ကန့်သတ်ထား၏။ ဤအတိုင်းအတာကို တစ်ဦးချင်းစီ၏အရသာနှင့် ကိုယ်ပိုင်နားလည်မှုပေါ်တွင် အခြေခံထားသည်။ ဤအသားအမျိုးမျိုးသည် လူ့ခန္ဓာကိုယ်ကို ကွဲပြားသည့်အာဟာရများ ပေးပြီး၊ ၎င်းတို့က ပရိုတိန်းနှင့်သံဓာတ် ပြန်လည်ဖြည့်ဆည်းပေးနိုင်၏၊ သွေးကြွယ်ဝစေကာ၊ ကြွက်သားများနှင့် အရိုးများကို သန်မာစေလျက် အင်အား ပိုမိုပေး၏။ ၎င်းတို့ကို လူတို့ချက်စားသည့် နည်းနာများကို ပဓာနမထားဘဲ၊ အတိုအားဖြင့်၊ ဤအရာတို့သည် တစ်ဘက်တွင် လူတို့၏အနံ့အရသာများနှင့် စားချင်စိတ်ကို ပိုမိုကောင်းမွန်စေပြီး၊ အခြားတစ်ဘက်တွင် ၎င်းတို့၏ဝမ်းများကို ဖြည့်ဆည်းပေး၏။ အရေးအကြီးဆုံး အရာမှာ ၎င်းတို့သည် လူ့ခန္ဓာကိုယ်ကို နေ့စဉ်အာဟာရလိုချက်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်သည်။ ယင်းတို့မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်မှ အစားအစာပြင်ဆင်ပေးသည့်အခါက သူစဉ်းစားဆင်ခြင်ခဲ့သည့် အရာများဖြစ်သည်။ သက်သတ်လွတ်အစာများအပြင် အသားများလည်းရှိ၏၊ ယင်းသည် ကြွယ်ဝများပြားသည် မဟုတ်လော။ သို့ရာတွင် လူသားမျိုးနွယ်အတွက် အစားအစာအားလုံးကို ဘုရားသခင်ပြင်ဆင်ခဲ့စဉ်က ဘုရားသခင်၏ မူလရည်ရွယ်ချက်များကို လူတို့နားလည်သင့်သည်။ ယင်းမှာ လူသားတို့ ၎င်းရုပ်ဝတ္ထု အစားအစာများကို အလိုကြီးစွာ မွေ့လျော်ခံစားစေရန်လော။ လူသားတို့သည် ဤရုပ်ဝတ္ထုကျေနပ်မှုတွင် မိမိတို့ကိုယ်ကိုယ် အလိုလိုက်ပါက မည်သို့ဖြစ်မည်နည်း။ ၎င်းတို့သည် အာဟာရပိုလွန်းသွားမည် မဟုတ်လော။ အာဟာရပိုလွန်းခြင်းသည် လူ့ခန္ဓာကိုယ်ကို ဖျားနာမှုအမျိုးမျိုး ဖြစ်စေမည် မဟုတ်လော။ (ဟုတ်ကဲ့။) ထို့ကြောင့် ဘုရားသခင်သည် သင့်တော်သောအချိန်တွင် သင့်တော်သည့်ပမာဏ မျှဝေပေး၍ လူတို့အား ကွဲပြားသည့် အချိန်ကာလများ၊ ရာသီများနှင့်အညီ ကွဲပြားသည့်အစာများကို မွေ့လျော်စေခြင်းဖြစ်၏။ ဥပမာ အလွန်ပူပြင်းသော နွေရာသီကို ကျော်ဖြတ်ပြီးနောက် လူတို့သည် ၎င်းတို့၏ကိုယ်ခန္ဓာအတွင်း အပူအတော်များများ၊ ရောဂါဖြစ်စေနိုင်သော ခြောက်သွေ့မှုနှင့် စိုထိုင်းမှုအတော်များများ စုဆောင်းမိလာမည်။ ဆောင်းဦးရာသီရောက်သည့်အခါ အသီးအနှံအမျိုးများစွာ ရင့်မှည့်မည်ဖြစ်ပြီး၊ လူတို့သည် အသီးအချို့စားသောအခါ ၎င်းတို့၏ စိုထိုင်းမှု ဖယ်ရှားခံရမည်။ တစ်ချိန်တည်းမှာပင် ကျွဲနွားတိရစ္ဆာန်နှင့် သိုးတို့သည် သန်မြန်သွားခဲ့မည်ဖြစ်သဖြင့် လူတို့သည် အာဟာရအဖြစ် အသားအချို့စားသင့်သည်။ အသားအမျိုးမျိုးစားပြီးနောက် လူတို့၏ခန္ဓာကိုယ်များသည် ဆောင်းရာသီ၏ အအေးကို ခံနိုင်ရေးအတွက် အထောက်အကူပြုရန် စွမ်းအင်ရှိမည်ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဆောင်းရာသီကို ငြိမ်းချမ်းစွာ ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် မည်သည့်အချိန်တွင် မည်သည့်အရာများကို ပြင်ဆင်ပြီး၊ မည်သည့်အချိန်တွင် မည်သည့်အရာများကို ကြီးထွား၍ အသီးသီးစေကာ ရင့်မှည့်စေရမည်ဟူသည့် ဤအရာအားလုံးကို ဘုရားသခင်မှ လွန်စွာချင့်ချိန်မှုဖြင့် ထိန်းချုပ်၍ ထိန်းသိမ်းထားသည်။ ယင်းအကြောင်းအရာသည် “လူသားနေ့စဉ်နေထိုင်မှုအတွက် လိုအပ်သည့်အစားအစာကို ဘုရားသခင်ပြင်ဆင်ပုံ” အကြောင်း ဖြစ်၏။ အစားအစာအမျိုးမျိုးအပြင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရေအရင်းအမြစ်နှင့်လည်း ထောက်ပံ့ပေး၏။ အစာစားပြီးနောက် လူတို့သည် ရေအနည်းငယ်သောက်ရ၏။ အသီးအနှံစားရုံနှင့် လုံလောက်သလော။ လူတို့သည် အသီးအနှံသာစားခြင်းကို သည်းခံနိုင်မည်မဟုတ်ပေ၊ ထို့အပြင် အချို့ရာသီများတွင် အသီးမရှိပေ။ ထိုသို့ဖြစ်လျှင် လူသားမျိုးနွယ်၏ ရေပြဿနာကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ ဘုရားသခင်သည် ရေကန်များ၊ မြစ်များနှင့် စမ်းများအပါအဝင် ရေအရင်းအမြစ်များစွာကို မြေပေါ်မြေအောက် ပြင်ဆင်ခြင်းဖြင့် ဤရေအရင်းအမြစ်များကို အညစ်အကြေးမရှိသော၊ သို့မဟုတ် လူသား၏စီမံပြုပြင်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းမရှိသော အခြေအနေများမှ သောက်နိုင်ကြ၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ ရုပ်ခန္ဓာများ၏ အသက်တာများအတွက် အစာအရင်းအမြစ်များနှင့်ပတ်သက်၍ ဘုရားသခင်သည် အလွန်တိကျမှန်ကန်ကာ သင့်တော်သော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့၏၊ ယင်းမှာ လူတို့၏ဘဝအသက်တာများ ကြွယ်ဝများပြား၍ မည်သည့်အရာ တစ်စုံတစ်ရာမျှ ချို့တဲ့နေခြင်း မရှိစေရန် ဖြစ်သည်။ ဤသည်မှာ လူတို့ ခံစား၍မြင်နိုင်သော အရာတစ်ခုဖြစ်သည်။

ထို့အပြင် ဘုရားသခင်သည် အရာခပ်သိမ်းအကြား လူတို့၌ ထိခိုက်မှုများကို စောင့်ရှောက်ရန် သို့မဟုတ် ဖျားနာမှုများကို ကုသရန် အထူးအသုံးဝင်သည့် အပင်အချို့၊ တိရစ္ဆာန်များနှင့် မြက်အမျိုးမျိုးကို ဖန်ဆင်းခဲ့၏။ ဥပမာ သင်သည် အပူလောင်ပါက သို့မဟုတ် မတော်တဆ ရေနွေးလောင်ပါက မည်သို့ပြုလုပ်သနည်း။ ယင်းကို သင်ရေနှင့်လောင်းချ၍ ရသလော။ တစ်နေရာရာ၌ အဝတ်စတစ်စ ရှာ၍သာ ယင်းကို ပတ်ထားလိုက်နိုင်သလော။ ဤနည်းဖြင့် ပြည်တည်ခြင်း သို့မဟုတ် ရောဂါပိုးမွှားဝင်ခြင်းများ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဥပမာ သင်၌အဖျားရှိလျှင်၊ အအေးမိလျှင်၊ ကာယအလုပ်ကြောင့် ထိခိုက်မှုဖြစ်လျှင်၊ အစာမှားသဖြင့် ဝမ်းပျက်လျှင်၊ သို့မဟုတ် အသက်ရှင်နေထိုင်မှု အကျင့်များ သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ ပြဿနာများကြောင့် သွေးကြောဆိုင်ရာရောဂါများ၊ စိတ်ပိုင်းဆိုင်ရာရောဂါများ သို့မဟုတ် ကိုယ်တွင်းအင်္ဂါရောဂါများကဲ့သို့ ရောဂါအချို့ ပေါ်ပေါက်လျှင် ၎င်းတို့အားလုံးကို ပျောက်ကင်းစေရန် လိုက်လျောညီထွေသည့် အပင်များရှိ၏။ သွေးတန့်မှုကို ဖယ်ရှားရန်၊ နာကျင်မှု သက်သာစေရန်၊ သွေးတိတ်စေရန်၊ သိမှုကင်းစေရန်၊ ပုံမှန်အသားအရေ ပြန်လည်ရရှိရေး အထောက်အကူပြုရန်၊ ကိုယ်ခန္ဓာအတွင်း သွေးနှေးခြင်းကို ဖယ်ရှားရန်နှင့် ကိုယ်ခန္ဓာမှ အဆိပ်အတောက်များကို ဖယ်ရှားရန် အပင်များရှိ၏။ အတိုအားဖြင့် ၎င်းတို့အားလုံးကို နေ့စဉ်အသက်တာတွင် အသုံးပြုနိုင်ကြသည်။ ၎င်းတို့သည် လူတို့အတွက် အသုံးဝင်၍ လူတို့၏ကိုယ်ခန္ဓာ လိုအပ်သည့်အခါအတွက် ဘုရားသခင်မှ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အချို့မှာ ဘုရားသခင်မှ လူသားအား အမှုမဲ့အမှတ်မဲ့ တွေ့ရှိစေခဲ့ပြီး၊ အခြားအရာများမှာမူ အထူးသဘာဝဖြစ်စဉ်အချို့မှ ရှာဖွေတွေ့ရှိခဲ့ခြင်း သို့မဟုတ် ဘုရားသခင်မှ ပြင်ဆင်ထားသော လူအချို့မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။ ၎င်းတို့ကို ရှာဖွေတွေ့ရှိပြီးနောက်၊ လူသားမျိုးနွယ်သည် ၎င်းတို့ကို လက်ဆင့်ကမ်းကာ၊ ယင်းနောက် လူများစွာတို့က ၎င်းတို့အကြောင်း သိခဲ့ကြလိမ့်မည်။ ဤနည်းဖြင့် ဤအပင်များကို ဘုရားသခင်၏ဖန်ဆင်းခြင်း၌ တန်ဖိုးနှင့်အဓိပ္ပာယ် ရှိ၏။ အတိုချုပ်အားဖြင့် ဤအရာများအားလုံးသည် ဘုရားသခင်ထံမှဖြစ်ပြီး လူသားမျိုးနွယ်အတွက် အသက်ရှင်နေထိုင်ရန် ပတ်ဝန်းကျင်တစ်ရပ်ကို သူဖန်ဆင်းခဲ့စဉ်က ပြင်ဆင်၍စိုက်ပျိုးခဲ့ခြင်း ဖြစ်၏။ ဤအရာအားလုံးမှာ အလွန်လိုအပ်ပေသည်။ ဘုရားသခင်၏ စဉ်းစားဆင်ခြင်မှုသည် လူသား၏ စဉ်းစားဆင်ခြင်မှုထက် သာ၍ကောင်းမွန်စွာ တွေးတောထားခဲ့သလော။ ဘုရားသခင်ပြုခဲ့သမျှကို သင်မြင်သောအခါ သင်သည် ဘုရားသခင်၏ လက်တွေ့ကျသောဘက်ကို ခံစားနိုင်သလော။ ဘုရားသခင်သည် လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့၏။ လူသားသည် ဤလောကသို့ မလာခဲ့သေးမီက၊ ဤလူသားမျိုးနွယ်နှင့် မထိတွေ့သေးမီက၊ ဘုရားသခင်သည် ဤအရာအားလုံးကို ဖန်ဆင်းခဲ့ပြီးဖြစ်၏။ သူပြုလုပ်ခဲ့သမျှသည် လူသားမျိုးနွယ်အတွက်၊ ၎င်းတို့ အသက်ရှင်နေထိုင်မှုအတွက်နှင့် လူသားမျိုးနွယ်၏ဖြစ်တည်မှုကို စာနာထောက်ထားမှုအတွက် ဖြစ်၏။ ယင်းမှာ လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင်မှ ၎င်းတို့အတွက် ပြင်ဆင်ခဲ့သော ကြွယ်ဝ၍များပြားသည့် ဤရုပ်ဝတ္ထုလောက၌ အစားအစာ သို့မဟုတ် အဝတ်အစားအကြောင်း စိုးရိမ်စရာမလိုဘဲ၊ မည်သည့်အရာမျှ ချို့တဲ့နေခြင်းမရှိဘဲ၊ ပျော်ရွှင်စွာနေထိုင်ရန်ဖြစ်သည်။ လူသားမျိုးနွယ်သည် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်၌ ဆက်လက်၍ မျိုးပွားကာ အသက်ရှင်နေထိုင်ကြ၏။

ဘုရားသခင်ပြုလုပ်သည့်အရာများတွင် ကြီးသည်၊ ငယ်သည် ပဓာနမထားဘဲ၊ တန်ဖိုးမရှိသော သို့မဟုတ် အဓိပ္ပာယ်မရှိသောအရာ တစ်စုံတစ်ရာ ရှိသလော။ သူပြုလုပ်သမျှ၌ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိ၏။ ယင်းကို လူတို့ပြောလေ့ရှိသည့် မေးခွန်းတစ်ခုမှ ဆွေးနွေးကြရအောင်။ လူအများအပြားက မည်သည့်အရာ အရင်လာသနည်း၊ ကြက်လော၊ ကြက်ဥလောဟု အစဉ်မေးကြ၏။ (ကြက်။) ဤသည်ကို မည်သို့ဖြေသနည်း။ ကြက်အရင်လာသည်မှာ သေချာ၏။ ကြက် အဘယ်ကြောင့်အရင်လာသနည်း။ ကြက်ဥ အဘယ်ကြောင့် အရင်မလာနိုင်ခဲ့သနည်း။ ကြက်သည် ကြက်ဥမှ ပေါက်သည်မဟုတ်လော။ ကြက်ဥများသည် ကြက်များပေါက်ပြီး၊ ကြက်များသည် ကြက်ဥများကို ဝပ်သည်။ ကြက်ဥကို ၂၁ရက်ကြာ ဝပ်ပြီးနောက် ကြက်ပေါက်၏။ ထို့နောက် ယင်းကြက်သည် ကြက်ဥများဥပြီး၊ ထိုကြက်ဥများမှ ကြက်များ ပေါက်ပြန်၏။ ယင်းသို့ဆိုလျှင် ကြက်အရင်လာသလော၊ ကြက်ဥအရင်လာသလော။ သင်တို့သည် အသေအချာပင် “ကြက်” ဟု ဖြေကြ၏။ အဘယ်ကြောင့်နည်း။ (သမ္မာကျမ်းစာ၌ ဘုရားသခင်သည် ငှက်များနှင့် သားရဲများကို ဖန်ဆင်းခဲ့သည်ဟုဆို၏။) ယင်းမှာ သမ္မာကျမ်းစာကို အခြေခံထားခြင်းဖြစ်သည်။ သင်တို့၌ ဘုရားသခင်၏ လုပ်ဆောင်မှုများကို အမှန်တကယ်သိခြင်း ရှိမရှိသိရန် သင်တို့ကိုယ်တိုင်၏ အသိပညာအကြောင်း ငါသင်တို့ကို ဆွေးနွေးစေလို၏။ သင်တို့၏အဖြေကို သေချာသလော၊ မသေချာသလော။ (ဘုရားသခင်သည် ကြက်ကို ဖန်ဆင်းခဲ့ပြီးနောက် ၎င်းအား ဥများဝပ်ရန်နှင့် အသက် ဆက်လက်ဖြစ်ပေါ်စေနိုင်သည့်အစွမ်း၊ အသက်ပြန်၍ဖြစ်ပေါ်နိုင်စွမ်းကို ပေးခဲ့၏။) ဤရှင်းပြချက်သည် အကြမ်းအားဖြင့် မှန်၏။ အခြားညီအစ်ကို သို့မဟုတ် ညီအစ်မများ၌ ထင်မြင်ယူဆချက်တစ်ရပ် ရှိသလော။ လွတ်လပ်စွာ ပြောဆိုလော့။ ဤသည်မှာ ဘုရားသခင်၏အိမ်ဖြစ်၏။ အသင်းတော်ဖြစ်သည်။ သင်၌ ပြောစရာ တစ်စုံတစ်ရာရှိလျှင် ပြောလော့။ (ငါ ဤသို့ထင်သည်၊ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်း၏၊ ထို့အပြင် သူဖန်ဆင်းသည့် အရာခပ်သိမ်းသည် ကောင်းမွန်၍ စုံလင်၏။ ကြက်သည် ဇီဝအခြေခံသော သတ္တဝါတစ်ကောင် ဖြစ်ပြီး သားပေါက်ခြင်းနှင့် ကြက်ဥများဝပ်ခြင်းတာဝန် ရှိ၏။ ယင်းသည် စုံလင်၏။ ထို့ကြောင့် ကြက်အရင်လာပြီးနောက် ကြက်ဥလာသည်။ ယင်းမှာ ကြက်ဥနှင့် ကြက်တို့ဖြစ်ပေါ်ခြင်း၏ အစဉ်ဖြစ်သည်။) ကြက်အရင် ဖြစ်ပါသည်။ ဤသည်မှာ သေချာ၏။ ယင်းသည် အလွန်လေးနက်သော နက်နဲသည့်အရာတစ်ခု မဟုတ်သော်လည်း လောက၏လူတို့သည် ယင်းအား အလွန်လေးနက်သည်ဟု မြင်၍ ၎င်းတို့၏ တွေးခေါ်မြော်မြင်မှုအတွက် ဒဿနကို အသုံးပြုကြ၏။ အဆုံး၌ ၎င်းတို့တွင် ကောက်ချက်တစ်ရပ် မရှိသေးပေ။ ဤသည်မှာ ကြက်သည် ဘုရားသခင်၏ဖန်ဆင်းခြင်းခံရသည်ကို လူတို့ မသိသကဲ့သို့ ဖြစ်၏။ လူတို့သည် ဤအခြေခံသဘောတရားကိုလည်း မသိ၊ ကြက်ဥ သို့မဟုတ် ကြက် အရင်လာသင့်သည်ကိုလည်း မရှင်းပေ။ ၎င်းတို့သည် မည်သည့်အရာ အရင်လာသင့်သည်ကို မသိသောကြောင့် အစဉ်ပင် အဖြေရှာမရနိုင်ဖြစ်ကြ၏။ ကြက်အရင်လာခဲ့သည်မှာ အလွန်ပင် ပုံမှန်ကျသည်။ ကြက်မလာမီ ကြက်ဥအရင်လာပါက ယင်းသည် ပုံမှန်မဟုတ်ဖြစ်လိမ့်မည်။ ကြက်သည် အသေအချာပင် အရင်လာ၏။ ယင်းသည် အလွန်ရိုးရှင်းသော အရာတစ်ခုဖြစ်သည်။ သင့်အနေဖြင့် အလွန်နှံ့စပ်ရန်မလိုပေ။ ဤသည်အားလုံးကို ဘုရားသခင်ဖန်ဆင်းခဲ့၏။ သူ၏ကနဦးရည်ရွယ်ချက်မှာ ယင်းကို လူသားမှ မွေ့လျော်ရန်ဖြစ်၏။ ကြက်ရှိလျှင်ရှိချင်း ကြက်ဥ အလိုအလျောက် လာ၏။ ယင်းမှာ မထင်ရှားသလော။ ကြက်ဥကို အရင်ဖန်ဆင်းပါက ယင်းကိုဝပ်ရန် ကြက်ကို လိုဦးမည်ဖြစ်သည်။ ကြက်ကို တိုက်ရိုက်ဖန်ဆင်းခြင်းက အလွန်သာ၍လွယ်ကူ၏။ ကြက်သည် ဥနိုင်ပြီး ကြက်ပေါက်ကလေးများကိုလည်း ဝပ်နိုင်ကာ၊ လူသားသည်လည်း ကြက်ကိုစားနိုင်၏။ ယင်းသည် အလွန်ပင် အဆင်မပြေသလော။ ဘုရားသခင်မှ အမှုအရာများကို ပြုလုပ်သည့်နည်းလမ်းသည် လိုရင်းတိုရှင်းကျ၍ ဝန်မကျယ်ပေ။ ကြက်ဥသည် မည်သည့်နေရာမှ လာသနည်း။ ယင်းသည် ကြက်မှလာ၏။ ကြက်မရှိဘဲ ကြက်ဥ မရှိပေ။ ဘုရားသခင်ဖန်ဆင်းခဲ့သည်မှာ အသက်ရှိသောအရာတစ်ခု ဖြစ်၏။ လူသားမျိုးနွယ်သည် ကတ်သီးကတ်သတ်နိုင်၍ ရယ်ဖွယ်ဖြစ်၏၊ အစဉ်ပင် ဤရိုးရှင်းသောအရာများအတွင်း ရစ်ပတ်ရှုပ်ထွေးနေကာ အဆုံး၌ ရယ်ဖွယ်ကောင်းသော မှားယွင်းသည့်အထင်အမြင်များ တစ်ပုံတစ်ခေါင်းပင် စိတ်ကူးရကြ၏။ လွန်စွာ ကလေးဆန်လေတကား။ ကြက်ဥနှင့် ကြက်တို့အကြား ဆက်နွှယ်မှုသည် ရှင်း၏- ကြက်အရင်လာသည်။ ယင်းမှာ အမှန်ကန်ဆုံး ရှင်းပြချက်၊ ယင်းကိုနားလည်ရန် အမှန်ကန်ဆုံးနည်းလမ်းနှင့် အမှန်ကန်ဆုံး အဖြေဖြစ်၏။ ဤသည်မှာ မှန်၏။

ငါတို့ မည်သည့်အရာအကြောင်း ယခုတင်ပြောခဲ့ကြသနည်း။ အစ၌ ငါတို့သည် လူသား၏ နေထိုင်မှုပတ်ဝန်းကျင်နှင့် ဤပတ်ဝန်းကျင်အတွက် ဘုရားသခင် ပြုလုပ်၊ ပြင်ဆင်၍ ကိုင်တွယ်ဖြေရှင်းခဲ့သော အရာအပြင်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ခဲ့သော အရာခပ်သိမ်းအကြား ဆက်နွှယ်မှုများနှင့် လူသားမျိုးနွယ်အပေါ် အရာခပ်သိမ်းမှ အန္တရာယ်ဖြစ်စေမှုကိုကာကွယ်ရန် ဤဆက်နွှယ်မှုများကို ဘုရားသခင်ကိုင်တွယ်ပုံအကြောင်း ပြောခဲ့ကြ၏။ ဘုရားသခင်သည် အရာခပ်သိမ်းကြောင့် ဖြစ်ပေါ်သည့် သဘာဝအင်အားစုများကြောင့် လူသားမျိုးနွယ်၏ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများကိုလည်း ဖြေရှင်းကာ၊ အရာခပ်သိမ်း၏အသုံးဝင်မှုကို အမြင့်မားဆုံးဖြစ်စေလျက်၊ လူသားမျိုးနွယ်ထံ ကောင်းမွန်သောပတ်ဝန်းကျင်တစ်ရပ်နှင့် အကျိုးရှိစေသည့် သဘာဝအင်အားစုများ ယူဆောင်လာ၍ လူသားမျိုးနွယ်အား ထိုကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်နှင့် လိုက်လျောညီထွေရှိစေနိုင်ပြီး မျိုးပွားခြင်းနှင့် ဘဝအသက်တာသံသရာကို ပုံမှန်ဆက်လက်ဖြစ်စေသည်။ နောက်တစ်ခုမှာ လူ့ခန္ဓာကိုယ် လိုအပ်သည့် အစားအစာ၊ နေ့စဉ်အစားအသောက် ဖြစ်သည်။ ယင်းသည်လည်း လူသားမျိုးနွယ် ရှင်သန်နေထိုင်ရေးအတွက် လိုအပ်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ လူ့ခန္ဓာကိုယ်သည် အသက်ရှူနေရုံမျှဖြင့်၊ နေရောင်ခြည် သို့မဟုတ် လေဖြင့်သာ၊ သို့မဟုတ် သင့်တော်သည့် အပူချိန်များဖြင့်သာ မရှင်သန်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်လည်းလိုပေသည်။ ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်အရာများကိုလည်း ဘုရားသခင်မှ လူသားမျိုးနွယ်အတွက် လုံးလုံးလျားလျား ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်၊ ယင်းသည် လူသားမျိုးနွယ်၏အစာအတွက် အရင်းအမြစ်ဖြစ်သည်။ ကြွယ်ဝ၍ များပြားသော လူသားမျိုးနွယ်၏ အစားအသောက်၏အရင်းအမြစ်များဖြစ်သည့် ဤခြံထွက်ပစ္စည်းများကို မြင်ပြီးနောက် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့်အရာခပ်သိမ်းအတွက် ထောက်ပံ့မှုအရင်းအမြစ်ဖြစ်သည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းဖန်ဆင်းစဉ်က သစ်ပင်များနှင့်မြက် သို့မဟုတ် သက်ရှိသတ္တဝါအမျိုးမျိုးကိုသာ ဖန်ဆင်းခဲ့ပါက၊ ယင်းသက်ရှိသတ္တဝါအမျိုးမျိုးနှင့် အပင်များ အားလုံးသည် ကျွဲနွားတိရစ္ဆာန်များနှင့် သိုးများစားရန်အတွက် သို့မဟုတ် မြင်းကျားများ၊ သမင်များနှင့် အခြားတိရစ္ဆာန် အမျိုးမျိုးအတွက် ဖြစ်သော်လည်း (ဥပမာ ခြင်္သေ့များက မြင်းကျားများနှင့် သမင်များကဲ့သို့ အရာများစားပြီး၊ ကျားများက သိုးသငယ်များနှင့် ဝက်များစားသည်) လူသားတို့စားရန် သင့်တော်သည့်အရာ တစ်စုံတစ်ခုမျှပင် မရှိပါက ဖြစ်မည်လော။ လူသားမျိုးနွယ်သည် ဆက်လက်၍ အသက်ရှင်သန်နေနိုင်ခဲ့မည် မဟုတ်ပေ။ လူတို့သည် သစ်ရွက်များကိုသာစားလျှင် မည်သို့ဖြစ်မည်နည်း။ ဖြစ်မည်လော။ လူတို့သည် သိုးအတွက် ပြင်ဆင်ခဲ့သော မြက်ကိုစားနိုင်မည်လော။ ၎င်းတို့အနည်းငယ်မျှသာ စမ်းကြည့်ပါက ရကောင်းရနိုင်သော်လည်း ရည်ရှည်ဆက်၍စားပါက လူ့အစာအိမ်များသည် ယင်းကို သည်းခံနိုင်မည်မဟုတ်ဘဲ ၎င်းတို့ ကြာကြာခံမည်မဟုတ်ပေ။ ထို့အပြင် တိရစ္ဆာန်များစားနိုင်သော အရာအချို့ပင်ရှိသော်လည်း ၎င်းတို့ကိုလူတို့စားပါက အဆိပ်သင့်လိမ့်မည်။ တိရစ္ဆာန်များ ထိခိုက်မှုမရှိဘဲ စားနိုင်သည့် အဆိပ်ဖြစ်စေသောအရာအချို့ ရှိသော်လည်း လူသားတို့မှာ ထိုနည်းအတိုင်း ပြု၍မရပေ။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်က လူတို့ကိုဖန်ဆင်းခဲ့၏၊ ထို့ကြောင့် လူ့ကိုယ်ခန္ဓာ၏ အခြေခံသဘောတရားများနှင့် တည်ဆောက်ထားပုံနှင့် လူတို့ လိုအပ်သည့်အရာတို့ကို ဘုရားသခင် အကောင်းဆုံးသိ၏။ ဘုရားသခင်သည် ယင်း၏ပေါင်းစပ်ဖွဲ့စည်းမှုနှင့် ပါဝင်မှု၊ ၎င်းလိုအပ်သည့်အရာများအပြင် လူ့ခန္ဓာကိုယ်၏ အတွင်းအင်္ဂါများ လုပ်ကိုင်ပုံ၊ စုပ်ယူ၊ ဖယ်ရှား၍ ဇီဝတွင်း ဖြစ်ပျက်ပုံတို့ကို လုံးဝရှင်း၏။ လူတို့သည် ယင်းကိုမရှင်းဘဲ တစ်ခါတစ်ရံတွင် ဆင်ကန်းတောတိုး စားသောက်၍ ဖြည့်ဆည်း၏။ ၎င်းတို့သည် ဖြည့်ဆည်းလွန်းကာ အဆုံး၌ မညီမမျှ ဖြစ်စေ၏။ သင်သည် သင့်အတွက် ဘုရားသခင် ပြင်ဆင်ထားခဲ့သော ဤအရာများကို ပုံမှန်စားသောက်၍ မွေ့လျော်ပါက သင်၌ အမှားအယွင်း တစ်စုံတစ်ရာ ရှိမည်မဟုတ်ပေ။ တစ်ခါတစ်ရံ သင်သည် စိတ်ဆိုးနေပြီး သင်၌ သွေးနှေးနေသော်လည်း အရေးမကြီးပေ။ အချို့သော အပင်အမျိုးအစားကိုသာ စားရန်လိုပြီး သွေးနှေးနေခြင်း ပျောက်သွားလိမ့်မည်။ ဘုရားသခင်သည် ဤအရာအားလုံးကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် လူသားမျိုးနွယ်သည် အခြား သက်ရှိများထက် များစွာမြင့်မားပေသည်။ ဘုရားသခင်သည် အပင်အမျိုးအစား အားလုံးအတွက် ပြင်ဆင်ခဲ့ပြီး တိရစ္ဆာန်အမျိုးမျိုးအတွက် အစားအစာနှင့် နေထိုင်ရန်ပတ်ဝန်းကျင်များကို ပြင်ဆင်ခဲ့သော်လည်း၊ ၎င်းတို့ကိုယ်တိုင်၏ နေထိုင်ရန်ပတ်ဝန်းကျင်အပေါ် လူသားမျိုးနွယ်၏ သတ်မှတ်ချက်များသည်သာ အတင်းကျပ်ဆုံးဖြစ်၍ လစ်လျူရှုထားခြင်းကို သည်းမခံနိုင်ဆုံးဖြစ်သည်။ သို့မဟုတ်ပါက လူသားမျိုးနွယ်သည် ပုံမှန် ဆက်လက်ကြီးထွားခြင်းနှင့် မျိုးပွားခြင်းနှင့် အသက်ရှင်ခြင်းတို့ ပြုလုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ဤသည်ကို ဘုရားသခင်က သူ၏စိတ်နှလုံးတွင် အကောင်းဆုံးသိ၏။ ဤအရာကို ဘုရားသခင်ပြုလုပ်သောအခါ သူသည် ယင်းအပေါ်တွင် အခြားမည်သည့်အရာမဆိုထက် သာ၍အလေးထားခဲ့၏။ သင်မြင်၍မွေ့လျော်သော မဖြစ်စလောက်အရာတစ်ခု၏ အရေးပါမှု၊ သို့မဟုတ် သင်၏မွေးရာပါဖြစ်၍ သင်မွေ့လျော်နိုင်သည့်အရာတစ်ခုဟု သင်ခံစားရကာ တိတ်တဆိတ် သို့မဟုတ် ရှေးမဆွကတည်းက ဖြစ်ကောင်း ဖြစ်နိုင်သည့် ဘုရားသခင်မှ သူ၏ဉာဏ်ပညာဖြင့် ပြင်ဆင်ထားခဲ့နှင့်ပြီးသော အရာတစ်ခု၏အရေးပါမှုကို သင်ခံစားနိုင်ခြင်းမရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ဆိုးရွား၍ လူ့ကိုယ်ခန္ဓာကို အန္တရာယ်ဖြစ်စေနိုင်သော အပျက်သဘောဆောင်သည့် အကြောင်းရင်းအားလုံးကို တတ်နိုင်သမျှ အကြီးမားဆုံး ဖယ်ရှား၍ ဖြေရှင်းခဲ့ပြီးဖြစ်၏။ ယင်းက မည်သည့်အရာကို ရှင်းလင်းစေသနည်း။ ယင်းက ယခုအကြိမ် လူသားမျိုးနွယ်ကိုဖန်ဆင်းခဲ့စဉ်က ၎င်းတို့အပေါ်သူ၏သဘောထားကို ရှင်းလင်းစေသလော။ ဘုရားသခင်၏ သဘောထားမှာ တင်းမာ၍လေးနက်၏၊ ထို့အပြင် သူသည် မည်သည့်အကြောင်းရင်းများ သို့မဟုတ် အခြေအနေများ သို့မဟုတ် ဘုရားသခင်အပြင် မည်သည့်ရန်သူအင်အားစု၏ နှောင့်ယှက်မှုကိုမျှ သည်းမခံခဲ့ပေ။ ဤသည်မှ လူသားမျိုးနွယ်ကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူ၏သဘောထားနှင့် ယခုအကြိမ်တွင် လူသားမျိုးနွယ်ကို သူ၏စီမံခန့်ခွဲမှုတွင် သူ၏သဘောထားကို သင်မြင်နိုင်၏။ ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ လူသားမျိုးနွယ် မွေ့လျော်သည့် နေထိုင်မှုနှင့် အသက်ရှင်သန်မှု ပတ်ဝန်းကျင်အပြင် ၎င်းတို့၏ နေ့စဉ်အစားအသာက်များနှင့် နေ့စဉ်လိုအပ်ချက်များမှတဆင့်၊ ဘုရားသခင်သည် ၎င်းတို့ကို ဖန်ဆင်းခဲ့သည့်အချိန်ကတည်းက လူသားမျိုးနွယ်အပေါ်ထားရှိသည့် တာဝန်အပေါ် ဘုရားသခင်၏သဘောထားကို ငါတို့တွေ့နိုင်သည့်အပြင် ဤအကြိမ်တွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စိတ်ပိုင်းဖြတ်မှုကိုလည်း တွေ့နိုင်၏။ ဤအရာများအားဖြင့် ငါတို့သည် ဘုရားသခင်၏ စစ်မှန်မှုကို မြင်နိုင်သလော။ ဘုရားသခင်၏ အံ့သြဖွယ်ရာဖြစ်ခြင်းကို မြင်နိုင်သလော။ ဘုရားသခင်၏ မတွေးတတ်အောင် နက်နဲမှုကို မြင်နိုင်သလော။ ဘုရားသခင်၏ အနန္တတန်ခိုးကို မြင်နိုင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထောက်ပံ့ရန်အပြင် အရာခပ်သိမ်းကို ထောက်ပံ့ရန် သူ၏အနန္တတန်ခိုးနှင့် သူ၏ဉာဏ်ပညာရှိသော နည်းလမ်းများကို အသုံးပြုရုံသာဖြစ်၏။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ငါသည် များစွာပြောဆိုခဲ့ပြီးနောက်၊ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ဟု သင်တို့ ပြောနိုင်သလော။ (ဟုတ်ကဲ့။) ယင်းမှာသေချာ၏။ သင်တို့၌ သံသယတစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ ထောက်ပံ့မှုသည် ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်ကြောင်းကိုပြရန် လုံလောက်ပေသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် အရာခပ်သိမ်း တည်ရှိနေရန်၊ အသက်ရှင်နေရန်၊ မျိုးပွားရန်နှင့် ဆက်လက်ရှင်သန်နေရန် ထောက်ကူသည့် ပံ့ပိုးမှုအရင်းအမြစ် ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်မှတစ်ပါး အခြားမရှိပေ။ လူတို့၏ အခြေခံအကျဆုံး အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်ဖြစ်စေ၊ လူတို့နေ့စဉ် လိုအပ်သည့်အရာဖြစ်စေ၊ သို့မဟုတ် လူတို့၏ဝိဉာဉ်များအပေါ် သမ္မာတရား အထောက်အပံ့ဖြစ်စေ ပဓာနမထားဘဲ ဘုရားသခင်သည် အရာခပ်သိမ်း၏ လိုအပ်ချက်အားလုံးနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်အားလုံးကို ထောက်ပံ့ပေး၏။ ရှုထောင့်အမျိုးမျိုးမှနေ၍၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် လူသားမျိုးနွယ်အတွက် သူ၏အနေအထားနှင့်ပတ်သက်၍ ဘုရားသခင်ကိုယ်တိုင်သာလျှင် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်၏။ ဤသည်မှာ မှန်သလော။ (ဟုတ်ကဲ့။) ဆိုလိုသည်မှာ ဘုရားသခင်သည် လူတို့ ၎င်းတို့၏မျက်လုံးများဖြင့် မြင်နိုင်၍ ခံစားနိုင်သော ဤရုပ်ဝတ္ထုလောက၏ အုပ်စိုးသူ၊ အရှင်သခင်နှင့် ထောက်ပံ့သူ ဖြစ်၏။ လူသားမျိုးနွယ်အတွက် ယင်းသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ မဟုတ်လော။ ယင်းသည် လုံးဝမှန်ကန်၏။ ထို့ကြောင့် ကောင်းကင်၌ ငှက်များပျံသန်းနေသည်ကို တွေ့လျှင်၊ ဘုရားသခင်သည် ပျံသန်းနိုင်သော အရာများကို ဖန်ဆင်းခဲ့ကြောင်းကို သင်သိသင့်သည်။ သို့ရာတွင် ရေထဲ၌ ရေကူးသောသက်ရှိသတ္တဝါ များစွာရှိပြီး ၎င်းတို့သည်လည်း ကွဲပြားသောနည်းများဖြင့် အသက်ရှင်နေထိုင်ကြ၏။ မြေကြီးထဲတွင် အသက်ရှင်သည့် သစ်ပင်တို့နှင့် အပင်တို့သည် နွေဦးရာသီတွင် အစို့အညှောက်ထွက်ပြီး အသီးသီးကာ ဆောင်းဦးရာသီတွင် အရွက်များ ကြွေကြသည်၊ ထို့အပြင် ဆောင်းရာသီအရောက်တွင် အရွက်အားလုံး ကြွေကျကုန်ပြီး ဆောင်းကာလကို ဖြတ်သန်းကြ၏။ ယင်းမှာ ၎င်းတို့၏ အသက်ရှင်နေထိုင်ပုံ ဖြစ်၏။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းပြီး ယင်းတို့တစ်ခုစီသည် ကွဲပြားသော ပုံစံများနှင့် ကွဲပြားသောနည်းလမ်းများအားဖြင့် အသက်ရှင်ကြပြီး ၎င်း၏စွမ်းအင်နှင့် ဇီဝပုံစံတို့ကို ပြသရန် ကွဲပြားသည့် နည်းနာများကို အသုံးပြုကြ၏။ မည်သည့်နည်းနာပင်ဖြစ်စေ အားလုံးမှာ ဘုရားသခင်၏ အုပ်ချုပ်မှုအောက်တွင် ရှိ၏။ ကွဲပြားသော ဇီဝပုံစံများနှင့် သက်ရှိတို့အားလုံးအပေါ် ဘုရားသခင်၏ အုပ်ချုပ်မှု၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် လူသားမျိုးနွယ်၏ အသက်ရှင်သန်နေထိုင်မှုအတွက်လော။ (ဟုတ်ကဲ့။) သူသည် လူသားမျိုးနွယ် အသက်ရှင်သန်နေထိုင်ရေးအတွက် ဘဝနိယာမအားလုံးကို ထိန်းချုပ်၏။ ယင်းသည် လူသားမျိုးနွယ်၏ အသက်ရှင်သန်နေထိုင်ရေးသည် ဘုရားသခင်အတွက် မည်မျှအရေးကြီးသည်ကို ပြ၏။

လူသားမျိုးနွယ် အသက်ရှင်သန်နေထိုင်နိုင်ခြင်းနှင့် ပုံမှန်မျိုးပွားနိုင်ခြင်းသည် ဘုရားသခင်အတွက် အရေးကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးသည်။ သူသည် ကွဲပြားသောနည်းလမ်းများဖြင့် အရာခပ်သိမ်းကို ထောက်ပံ့ပေးပြီး၊ အရာခပ်သိမ်း၏ အသက်ရှင်နေထိုင်မှုကို ထိန်းသိမ်းသည့် အခြေအနေများတွင် သူသည် လူသားမျိုးနွယ်အား လူသား၏ပုံမှန်ဖြစ်တည်မှုကို ထိန်းသိမ်းရေးအတွက် ဆက်လက်တက်လှမ်းရန် ထောက်ကူ၏။ ဤသည်တို့မှာ ငါတို့ ယနေ့ဆွေးနွေးသည့် ရှုထောင့်နှစ်မျိုးဖြစ်သည်။ (ပိုမိုကြီးမားသောရှုထောင့်မှ၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အသက်ရှင်နေထိုင်မှုပတ်ဝန်းကျင်ကို ဖန်ဆင်းခဲ့၏။ ယင်းသည် ပထမရှုထောင့်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် လူသားမျိုးနွယ်လိုအပ်ပြီး မြင်နိုင်၊ ထိတွေ့နိုင်သည့် ဤရုပ်ဝတ္ထုပစ္စည်းများကို ပြင်ဆင်ခဲ့၏။) ဤရှုထောင့်နှစ်မျိုးအားဖြင့် ငါတို့သည် ငါတို့၏ အဓိကအကြောင်းအရာကို ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ငါတို့၏ အဓိကအကြောင်းအရာမှာ အဘယ်နည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။) ဤခေါင်းစဉ်အောက်၌ ယင်းကဲ့သို့သော အကြောင်းအရာကို ငါအဘယ်ကြောင့် ဆွေးနွေးခဲ့သည်ကို သင်တို့ ယခုနားလည်သဘောပေါက်မှု အချို့ရှိသင့်ပြီ။ အဓိကအကြောင်းအရာနှင့် ဆက်စပ်မှုမရှိသော ဆွေးနွေးမှု တစ်စုံတစ်ရာ ရှိခဲ့သလော။ တစ်ခုမျှ မရှိ၊ ဟုတ်သလော။ ဤအရာတို့ကို ကြားပြီးနောက် သင်တို့အချို့သည် နားလည်သဘောပေါက်မှု အချို့ရရှိပြီး ဤနှုတ်ကပတ်တော်များသည် အလွန်အရေးကြီးသည်ဟု ထင်ကောင်းထင်ကြသော်လည်း အခြားသူများက တိုက်ရိုက်နားလည်သဘောပေါက်မှု အနည်းငယ်သာရှိပြီး ဤနှုတ်ကပတ်တော်တို့သည် အရေးမကြီးဟု ထင်ကောင်းထင်နိုင်သည်။ ယခုသင်တို့ ဤသည်ကို မည်သို့နားလည်သဘောပေါက်သည်ကို ပဓာနမထားဘဲ၊ သင်တို့၏အတွေ့အကြုံတစ်လျှောက်၌ သင်တို့၏နားလည်သဘောပေါက်မှုသည် အဆင့်တစ်ခုသို့ ရောက်သည့်နေ့တစ်နေ့ ရောက်လာလိမ့်မည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏လုပ်ဆောင်မှုများနှင့် ဘုရားသခင်ကိုယ်တိုင်အပေါ် သင်တို့၏သိခြင်းသည် အဆင့်အတစ်ခုသို့ ရောက်သည့်အခါ သင်တို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုများအပေါ် လေးနက်၍ စစ်မှန်သော သက်သေခံချက်တစ်ရပ်ပေးရန် သင်တို့ကိုယ်တိုင်၏ လက်တွေ့ကျသောစကားများကို အသုံးပြုကြလိမ့်မည်။

ယခု သင်တို့၏နားလည်သဘောပေါက်မှုသည် အတော်ပင်ရိုးရှင်း၍ တိုက်ရိုက်ဖြစ်သေးသည်ဟု ငါထင်၏၊ သို့သော် ငါဤရှုထောင့်နှစ်ရပ် ဆွေးနွေးသည်ကို နားထောင်ပြီးနောက် ဘုရားသခင်မှ လူသားမျိုးနွယ်ကို ထောက်ပံ့ရန် မည်သည့်နည်းများ အသုံးပြုသည် သို့မဟုတ် ဘုရားသခင်မှ လူသားမျိုးနွယ်ကို မည်သည့်အရာများ ထောက်ပံ့သည်ကို အနည်းဆုံးအနေဖြင့် သင်တို့သိသလော။ သင်တို့၌ အခြေခံအယူအဆတစ်ရပ် အပြင် အခြေခံနားလည်သဘောပေါက်မှုတစ်ရပ် ရှိသလော။ (ဟုတ်ကဲ့။) သို့သော် ငါဆွေးနွေးခဲ့သည့် ဤရှုထောင့်နှစ်ရပ်သည် သမ္မာကျမ်းစာနှင့် ဆက်နွှယ်မှုရှိသလော။ (မရှိပါ။) ၎င်းတို့သည် နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့် ဆက်နွှယ်မှုရှိသလော။ (မရှိပါ။) ထိုသို့ဆိုလျှင် ငါသည် ဤရှုထောင့်နှစ်ရပ်ကို အဘယ်ကြောင့်ဆွေးနွေးခဲ့သနည်း။ ယင်းမှာ ဘုရားသခင်ကို သိရန်အတွက် ၎င်းတို့ကို လူတို့သိရမည်ဖြစ်သောကြောင့်လော။ (ဟုတ်ကဲ့။) ဤအရာတို့ကို သိရန် အလွန်လိုအပ်ပြီး ၎င်းတို့ကို နားလည်သဘောပေါက်ရန်လည်း အလွန်လိုအပ်သည်။ ဘုရားသခင်အကြောင်း အရာခပ်သိမ်းကို နားလည်သဘောပေါက်ရန် သမ္မာကျမ်းစာ၌သာ ကန့်သတ်ထားမနေနှင့်၊ ထို့အပြင် လူသားကို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၌သာ ကန်သတ်ထားမနေနှင့်။ ငါယင်းကိုပြောခြင်းနောက်ကွယ်၌ ရည်ရွယ်ချက်ကား မည်သည်နည်း။ ဘုရားသခင်သည် သူ၏ရွေးချယ်ခံလူတို့၏ ဘုရားသခင်သာမဟုတ်ကြောင်း လူတို့ကို အသိပေးရန်ဖြစ်သည်။ သင်သည် လောလောဆယ် ဘုရားသခင်နောက်သို့လိုက်ပြီး သူသည် သင်၏ဘုရားသခင်ဖြစ်၏၊ သို့သော် ဘုရားသခင်နောက်လိုက်သောသူတို့၏ ပြင်ပရှိလူတို့အတွက် ဘုရားသခင်သည် သူတို့၏ဘုရားသခင်လော။ ဘုရားသခင်သည် ဘုရားသခင်နောက်လိုက်သောသူတို့၏ ပြင်ပရှိလူတို့အားလုံး၏ ဘုရားသခင်လော။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဘုရားသခင်လော။ (ဟုတ်ကဲ့။) သို့ဖြစ်လျှင် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်၍ သူ့နောက်သို့ လိုက်သောသူတို့အပေါ်၌သာ သူ၏လုပ်ဆောင်မှုများကို ပြုလုပ်သလော။ (မဟုတ်ပါ။) ယင်း၏ အတိုင်းအတာမှာ အဘယ်နည်း။ သေးငယ်သောရှုထောင့်မှ၊ ၎င်း၏အတိုင်းအတာသည် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက်နှင့် အရာခပ်သိမ်းအကြားဖြစ်၏။ ကြီးမားသောရှုထောင့်မှ၊ ယင်းသည် စကြဝဠာတစ်ခုလုံးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ် ခပ်သိမ်းအကြားတွင် သူ၏အမှုကို ဆောင်ရွက်ပြီး သူ၏လုပ်ဆောင်မှုများကို ပြုလုပ်သည်ဟု ငါတို့ဆိုနိုင်၏။ ဘုရားသခင် ကိုယ်တော်တိုင်အကြောင်း အားလုံးကို လူတို့အား အသိပေးရန် ဤသည်မှာ လုံလောက်၏။ သင်သည် ဘုရားသခင်ကို သိလိုပြီး သူ့ကို စစ်မှန်စွာနားလည်လိုပါက ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်ကိုသာ ကန့်သတ်မထားလေနှင့်၊ ထို့အပြင် တစ်ချိန်တစ်ခါက ဘုရားသခင် ပြုလုပ်ခဲ့သော အမှုအကြောင်း ဇာတ်လမ်းများကိုသာ ကန့်သတ်မထားလေနှင့်။ သင်သည် သူ့ကို ဤနည်းဖြင့် သိရန်ကြိုးစားပါက သင်သည် ဘုရားသခင်အား ကန့်သတ်ချက်တစ်ရပ်အထိ ဘောင်ခတ်နေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်အား အလွန်အရေးမပါဟု မြင်နေခြင်းဖြစ်သည်။ ဤသို့သောအကျိုးဆက်များက သင့်ထံ မည်သည့်လွှမ်းမိုးမှုများ ယူဆောင်လာမည်နည်း။ သင်သည် ဘုရားသခင်၏ အံ့သြဖွယ်ရာကောင်းခြင်းနှင့် လွှမ်းမိုးမှုတို့ကို မည်သည့်အခါမျှ သိနိုင်မည် မဟုတ်ပေ၊ ထို့အပြင် သင်သည် ဘုရားသခင်၏ တန်ခိုးနှင့် အနန္တတန်ခိုးနှင့် သူ့အာဏာ၏အတိုင်းအတာတို့ကို မည်သည့်အခါမျှ သိနိုင်မည် မဟုတ်ပေ။ ထိုကဲ့သို့သော နားလည်မှုတစ်ရပ်သည် ဘုရားသခင်သည် အရာခပ်သိမ်းကိုအုပ်ချုပ်သူဟူသော သမ္မာတရားကို သင်၏လက်ခံနိုင်စွမ်းအပြင် ဘုရားသခင်၏ စစ်မှန်သော ကိုယ်ပိုင်လက္ခဏာနှင့် အနေအထားကို သင်၏သိခြင်းတို့အပေါ် သက်ရောက်မှုရှိလိမ့်မည်။ တစ်နည်းအားဖြင့် ဘုရားသခင်ကို သင်၏နားလည်ခြင်းသည် အတိုင်းအတာနည်းပါးလျှင် သင်ရရှိနိုင်သည့်အရာသည်လည်း နည်းပါး၏။ ထို့ကြောင့် သင်သည် အတိုင်းအတာချဲ့၍ သင်၏နယ်ပယ်ကို ဖွင့်ရမည်။ ဘုရားသခင်၏အမှု၏ အတိုင်းအတာဖြစ်စေ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် ဘုရားသခင်၏အုပ်ချုပ်မှု၊ သို့မဟုတ် ဘုရားသခင်၏ အုပ်ချုပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းခံရသော အရာခပ်သိမ်းဖြစ်စေ၊ သင်သည် အားလုံးကို သိလာရန်နှင့် ယင်း၌ဘုရားသခင်၏ လုပ်ဆောင်မှုများကို သိလာရန် ဆောင်ရွက်သင့်သည်။ ဤကဲ့သို့သော နားလည်နည်း တစ်ရပ်အားဖြင့် ဘုရားသခင်သည် ၎င်းတို့အကြား အရာခပ်သိမ်းကို အုပ်ချုပ်နေသည်၊ စီမံခန့်ခွဲနေပြီး ထောက်ပံ့နေသည်ဟု သင်မရည်ရွယ်ဘဲ ခံစားရလိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်သည် အရာခပ်သိမ်း၏ အစိတ်အပိုင်းတစ်ရပ်နှင့် အရာခပ်သိမ်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းကိုလည်း စစ်မှန်စွာခံစားရလိမ့်မည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ထောက်ပံ့ပေးစဉ် သင်သည်လည်း ဘုရားသခင်၏ အုပ်ချုပ်မှုနှင့် ထောက်ပံ့မှုကို လက်ခံသည်။ ယင်းသည် မည်သူမျှ မငြင်းနိုင်သည့် အမှန်တရားဖြစ်သည်။ အရာခပ်သိမ်းသည် ၎င်းတို့ကိုယ်တိုင်၏ နိယာမများကို လိုက်နာရ၏၊ ယင်းသည် ဘုရားသခင်၏ အုပ်ချုပ်မှုအောက်၌ရှိသည်ဖြစ်ပြီး၊ အရာခပ်သိမ်း၌ ၎င်းတို့အသက်ရှင်နေထိုင်မှုအတွက် ကိုယ်ပိုင်စည်းကမ်းများရှိကြ၏၊ ယင်းသည်လည်း ဘုရားသခင်၏ အုပ်ချုပ်မှုအောက်၌ရှိနေစဉ်၊ လူသားမျိုးနွယ်၏ကြမ္မာနှင့် ၎င်းတို့လိုအပ်သည့်အရာတို့သည်လည်း ဘုရားသခင်၏အုပ်ချုပ်မှုနှင့်သူ၏ထောက်ပံ့မှုတို့နှင့် နီးကပ်စွာ ဆက်နွှယ်လျက်ရှိ၏။ ထို့ကြောင့် ဘုရားသခင်၏ အုပ်စိုးမှုနှင့် အုပ်ချုပ်မှုအောက်တွင် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းတို့သည် အချင်းချင်း ဆက်စပ်နေကာ၊ အပြန်အလှန်မှီခိုနေပြီး ရောယှက်နေကြ၏။ ဤသည်မှာ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်နှင့် တန်ဖိုးဖြစ်၏။ ယခု နားလည်ပြီလော။ (ဟုတ်ကဲ့။) နားလည်လျှင် ယနေ့ ငါတို့ဆွေးနွေးမှုကို ဤနေရာ၌ အဆုံးသတ်ကြရအောင်။ သွားတော့မယ်။ (ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။)

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်

ယခင်က:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)

နောက်တစ်ခုသို့:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ