အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၁။ တစ်စုံတစ်ဦးသည် ဘုရားသခင်နှင့် သမ္မာကျမ်းစာကြား ဆက်နွှယ်မှုနှင့် ပတ်သက်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာကို ရှင်းလင်းပြတ်သားစွာ မိတ်သဟာရပြုရမည်

၃။ သမ္မာကျမ်းစာကို ဘုရားသခင်ကမဟုတ်ဘဲ လူကစုစည်းထားခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

"ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။" (ယောဟန် ၅:၃၉-၄၀)

"ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။" (ယောဟန် ၁၄:၆)

သမ်မာကမျြး

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာကျမ်းစာသည် ဣသရေလနိုင်ငံတွင်းက ဘုရားသခင် လုပ်ဆောင်မှု၏ သမိုင်း မှတ်တမ်းဖြစ်ပြီး ရှေးခေတ် ပရောဖက်များ၏ အနာဂတ္တိဟောကြားချက် အများအပြားကို လည်းကောင်း၊ ထိုစဉ်တုန်းက ယေဟောဝါ၏ ဖွင့်ဆိုချက် အချို့ကိုလည်းကောင်း မှတ်တမ်းတင်ထားသည်။ သို့ဖြစ်သောကြောင့် လူများသည် (ဘုရားသခင်က သန့်ရှင်းပြီး ကြီးမြတ်သူဖြစ်၍) ထိုကျမ်းစာကို သန့်ရှင်းသည်ဟု ခံယူကြသည်။ ၎င်းသည် ယေဟောဝါကို သူတို့၏ ရိုသေလေးမြတ်မှုနှင့် ဘုရားသခင်ကို သူတို့၏ ကြည်ညိုမှု၏ ရလဒ်ဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ထိုကျမ်းစာကို လူများက ယင်းကဲ့သို့သာ ရည်ညွှန်းကြခြင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့၏ ဖန်ဆင်းရှင်ကို အလွန်မြတ်နိုးကြ၍ဖြစ်ပြီး ထိုစာအုပ်အား ကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာဟူ၍ပင် ခေါ်ဝေါ်သူများ ရှိကြသည်။ စင်စစ်အားဖြင့် ၎င်းသည် လူသားများ၏ မှတ်တမ်းမျှသာ ဖြစ်ပါသည်။ ကျမ်းစာကို ယေဟောဝါကိုယ်တိုင်မှ အမည်ပေးထားခြင်း မဟုတ်သကဲ့သို့၊ ယေဟောဝါကိုယ်တိုင်က ထိုကျမ်းစာ ဖြစ်ပေါ်လာရန် လမ်းမညွှန်ခဲ့ချေ။ တစ်နည်းပြောရလျှင်၊ ထိုကျမ်းစာကို ရေးခဲ့သူမှာ ဘုရားသခင် မဟုတ်ဘဲ လူသားများဖြစ်သည်။ သန့်ရှင်းသော သမ္မာကျမ်းစာဟူသည်မှာ လူများက ပေးခဲ့သည့် လေးစားထိုက်သော အမည်သာဖြစ်သည်။ ယေဟောဝါနှင့် ယေရှုတို့က တစ်ဦးနှင့်တစ်ဦး ဆွေးနွေးခဲ့ကြသည့်နောက်မှာ ဆုံးဖြတ်လိုက်ကြသည့် အမည်မဟုတ်ဘဲ၊ လူများ၏ စိတ်ကူး သက်သက်သာ ဖြစ်ပါသည်။ အကြောင်းမှာ ထိုစာအုပ်ကို ယေရှုက ရေးသားခဲ့ရန် မဆိုထားနှင့် ယေဟောဝါပင် မရေးသားခဲ့ချေ။ ထိုအစား၊ ၎င်းသည် များပြားလှသည့် ရှေးခေတ် ပရောဖက်များ၊ တမန်တော်များနှင့် ရှေ့ဖြစ်ဟောသူများ၏ ဖြစ်စဉ်များ ဖြစ်ပြီး၊ နောက်ပိုင်း မျိုးဆက်များက ရှေးခေတ် ရေးသားချက်များအဖြစ် စုစည်း ပေးလိုက်ကြ၍၊ လူများအနေနှင့် အထူးကို သန့်ရှင်းသော ကျမ်းစာအုပ်ကြီး၊ အနာဂတ် မျိုးဆက်များက ဖြေရှင်းပေးကြရမည်ကို စောင့်စားနေကြသည့် နက်ရှိုင်း သိမ်မွေ့လျက် နက်နဲရာများပါဝင်သော ကျမ်းစာအုပ်ပင်ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍၊ လူများက ထိုစာအုပ်သည် ကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာဟု သာ၍ ယုံကြည်လိုကြသည်။ ခရစ်ဝင်ကျမ်း လေးကျမ်းနှင့် ဗျာဒိတ်ကျမ်း စာအုပ်ကို ထည့်ပေးထား၍၊ ယင်းကျမ်းစာဆိုင်ရာ လူများ၏ စိတ်ထားသည် အခြားမည်သည့် စာအုပ်နှင့်မျှမတူဘဲ ခြားနားသောကြောင့်၊ မည်သူမျှ အထူးမြင့်မြတ်သည့် ယင်းကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာအုပ်ကို ခွဲခြမ်း ဆန်းစစ်ခြင်းကို မလုပ်ရဲကြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)" မှ

ထိုအချိန် မတိုင်မီက အစ္စရေးလူမျိုးများသည် ဓမ္မဟောင်းကျမ်းကိုသာ ဖတ်ရှုခဲ့ကြသည်။ တနည်းအားဖြင့် ပညတ်တော်ခေတ်မှ လူများသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုခဲ့ကြသည်။ ဓမ္မသစ်ကျမ်းသည် ကျေးဇူးတော် ခေတ်ထဲရောက်မှသာ ပေါ်ပေါက်လာခဲ့သည်။ ယေရှု အလုပ်လုပ်ခဲ့သည့် အချိန်က ဓမ္မသစ်ကျမ်း မရှိ။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်သို့ ပျံတက်သွားပြီးနောက်တွင် လူတို့သည် ယေရှု လုပ်ဆောင်ခဲ့သည့် အရာများကို မှတ်တမ်းတင်ခဲ့ကြသည်။ ထိုအချိန်ကျမှသာ ခရစ်ဝင်ကျမ်း လေးကျမ်း၊ ပေါလုနှင့် ပေတရုတို့၏ ရေးစာများနှင့် ဗျာဒိတ်ကျမ်း ပေါ်ထွက်လာသည်။ ယေရှု ကောင်းကင်သို့ ပျံတက်သွားခဲ့သည့် နောက်ပိုင်း နှစ်ပေါင်း သုံးရာကျော်သွားချိန်မှာသာ၊ နောက်ပိုင်း မျိုးဆက်အသီးသီးတို့က သူတို့၏ မှတ်တမ်းများကို စုလိုက်မှသာ ဓမ္မသစ်ကျမ်း ဖြစ်ပေါ်လာခဲ့ပါသည်။ မှတ်တမ်းများ စုစည်းသည့် အလုပ်ပြီးမှသာ ဓမ္မသစ်ကျမ်းဆိုပြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်၊ ယခင်တုန်းက ဓမ္မသစ်ကျမ်း မရှိခဲ့ပါ။ ဘုရားသခင်သည် ထိုအလုပ်အားလုံးကို လုပ်ဆောင်ခဲ့သည်၊ ပေါလုက ထိုအလုပ်အားလုံးကို လုပ်ဆောင်ခဲ့သည်၊ နောက်ပိုင်းတွင် ပေါလုနှင့် ပေတရုတို့၏ ရေးစာများကို ပေါင်းလိုက်ပြီး၊ ပတ်မုကျွန်း၌ ယောဟန် မှတ်တမ်းတင်ခဲ့သည့် အထင်ရှားဆုံး ရူပါရုံကို ဓမ္မသစ်ကျမ်း၏ နောက်ဆုံးပိုင်းတွင် ထည့်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုကျမ်း၌ နောက်ဆုံးသောနေ့ရက်များ၌ လုပ်ဆောင်မည့်အရာများ အကြောင်းကို ကြိုတင်ဟောထားသောကြောင့် ဖြစ်သည်။ ထိုအရာများအားလုံးသည် နောက်ပိုင်း မျိုးဆက်များ၏ စီစဉ်အားထုတ်မှုများ… လူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် သူတို့၏ ပညာရေး အဆင့်အတန်းနှင့် လူ့အစွမ်းအစအပေါ်၌မူတည်သောအရာများ ဖြစ်သည်ဟု ပြောနိုင်ပါသည်။ သူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် လူတို့၏ အတွေ့အကြုံများ ဖြစ်ပြီး စာရေးသူ တစ်ဦးချင်းဆီ၌ ကိုယ်ပိုင်မှတ်တမ်းတင်နည်းများ၊ အကြောင်းအရာတစ်ခုကို သိနိုင်သည့် နည်းလမ်းများ ရှိသောကြောင့် ၎င်းတို့၏ မှတ်တမ်းများသည် တစ်ခုနှင့်တစ်ခု မတူကြပေ။ သို့ဖြစ်၍ သင်က သမ္မာကျမ်းစာကို ဘုရားသခင်အဖြစ် သတ်မှတ်ကိုးကွယ်နေလျှင် သင်သည် အလွန်အမင်း ပညာမဲ့သူ၊ မိုက်မဲသူဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၃)" မှ

အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်၏ အလုပ်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့် ကိုက်ညီရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိနိုင်ဘူးဆိုခြင်းကြောင့် ဖြစ်နိုင်ပါသလော။ ဘုရားသခင်သည် သမ္မာကျမ်းစာကို စွန့်ပစ်လျက် အခြားအလုပ်ကို မလုပ်ဆောင်နိုင်ဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ခဲ့ကြသည်မှာ အဘယ့်ကြောင့်များနည်း။ ယေရှုသည် ဥပုသ်ကို စောင့်လျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လုပ်ဆောင်ရမည်ဟု ဆိုပါက၊ သူသည် ပေါ်လာလာချင်း ဥပုသ်ကို မစောင့်ခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်များနည်း။ ထိုအချက်များ အားလုံသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များမှ ကင်းကွာ မနေကြဘူးလော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ဖီဆန်ခဲ့သည်မှာ အဘယ်ကြောင့်များနည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင်သည် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်သူသည် သမ္မာကျမ်းစာ၏ သခင်ရော မဖြစ်နိုင်ဘူးလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)" မှ

လူများစွာတို့သည် သမ္မာကျမ်းစာကို နားလည်နိုင်ပြီး အဓိပ္ပာယ် ဖွင့်ဆိုနိုင်လျှင် မှန်ကန်သည့် လမ်းခရီးကို ရှာတွေ့ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း လက်တွေ့မှာ အမှုအရာများသည် အမှန်ပင် အလွန် ရိုးရှင်းသလော။ သမ္မာကျမ်းစာသည် ဘုရားသခင် လုပ်ဆောင်မှု၏ သမိုင်းဝင် မှတ်တမ်းသက်သက်ဖြစ်ပြီး ဘုရားသခင်၏ ယခင်တုန်းက လုပ်ဆောင်မှု၏ အဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်လျက်၊ ဘုရားသခင် လုပ်ဆောင်မှု၏ ရည်မှန်းချက်များကို သင်နားလည်ဖို့ ကမ်းလှမ်းချက် တစ်ခုမျှမပါဟူသည့် သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုခဲ့ဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလ နိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းမှု အချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါသည့် ကမ္ဘာကြီးပေါ်မှ ယေရှု၏ လုပ်ဆောင်ချက်ကို လည်းကောင်း၊ ပေါလု၏ လုပ်ဆောင်ချက်ကို လည်းကောင်း ဖော်ပြထားရာ၊ ၎င်းတို့သည် သမိုင်း မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ ယူဆောင်လာမှုက ၎င်းတို့ကို သမိုင်းလုပ်ပစ်သည်၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်ပြီး လက်တွေ့ကျနေပါစေ၊ ၎င်းတို့သည် သမိုင်းဖြစ်နေတုန်းပင်ဖြစ်ပြီး၊ သမိုင်းဆိုသည်မှာ ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ အကြောင်းမှာ ဘုရားသခင်သည် သမိုင်းဆီ ပြန်မကြည့်၍ပင် ဖြစ်သည်။။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် လုပ်ဆောင်မှုအကြောင်း ဘာမျှမသိဘူးဆိုလျှင်၊ ထို့အပြင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မရှာကြံဘူး ဆိုလျှင်၊ သင်သည် ဘုရားသခင်အား ရှာဖွေမှုဆိုသည်မှာ အဘယ်အရာအား ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သမ္မာကျမ်းစာကို သင်ဖတ်ရှုသည်က ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်ကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့ပုံသမိုင်းကို သုတေသနပြုရန်အတွက် ဆိုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်သောကြောင့်၊ ဘုရားသခင်၏ အသိပညာများကို လိုက်စားပြီး အသက်မရှိကြတော့သည့် စကားလုံးများနှင့် အယူဝါဒများကို သို့မဟုတ် သမိုင်းအား နားလည်မှုကို မလိုက်စားသောကြောင့်၊ သင်သည် ဘုရားသခင်၏ ယနေ့ အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှု၏ လမ်းညွှန်ချက်ကို ရှာကြံရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်း ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ တစ်ယောက် ဖြစ်သည်၊ သင့်အတွက် အကောင်းဆုံးမှာ ဘုရားသခင်၏ ယနေ့ အလိုတော်ကို ရှာကြံရန်ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)" မှ

ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်းဖြစ်၍ သူ၏အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျက် တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် စာများ၊ အယူဝါဒများအပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများနှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍ လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။ အတိတ်ကာလများမှ ယနေ့တိုင် ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို သင်လက်တွေ့ အသုံးချပါက သင်သည် ရှေးဟောင်းသုတေသီတစ်ဦးဖြစ်၍ သင့်ကို သမိုင်းဆိုင်ရာ အမွေအနှစ် ပညာရှင်တစ်ဦးဟု အကောင်းဆုံး ဖော်ပြနိုင်ပါသည်။ ဤသည်မှာ သင်သည် အတိတ်ကာလများတွင် ဘုရားသခင် ဆောင်ရွက်ခဲ့သည့်အမှု၏ တစ်စွန်းတစ်စ ကျန်ရှိသော လက္ခဏာများကို အစဉ်ယုံကြည်သောကြောင့်၊ ဘုရားသခင် ယခင်က လူသားတို့အကြား အမှုဆောင်ရွက်ခဲ့စဉ် သူချန်ရစ်ခဲ့သည့် အရိပ်ကိုသာ ယုံကြည်သောကြောင့်နှင့် ယခင်ကာလများတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်သည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ လမ်းပြမှုကို မယုံကြည်၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်၊ ထို့အပြင် ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကိုလည်း မယုံကြည်ပေ။ ထို့ကြောင့် သင်သည် အမှန်တရားနှင့် လုံးဝ ကင်းကွာနေသော စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်ကို မငြင်းနိုင်ပါ။ ယခု သင်သည် လူသားကို အသက်ယူလာပေးရန် မစွမ်းသည့် စကားလုံးများကိုစွဲကိုင်နေဆဲဖြစ်ပါက သင်သည် မျှော်လင့်ချက်မရှိသော သစ်တုံးခြောက်တစ်ခုသာ[က] ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ရှေးရိုးစွဲဆန်လွန်း၏၊ ပေကပ်ကပ် နိုင်လွန်း၏၊ ကျိုးကြောင်း ဆင်ခြင် ပြ၍မရ ဖြစ်နေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်" မှ

ကျမ်းစာ၏စကားလုံးများအကြောင်းသာ ဂရုစိုက်သူများ၊ သမ္မာတရားအကြောင်း သို့မဟုတ် ငါ၏ခြေလှမ်းများကို ရှာဖွေရန် အရေးမစိုက်သူများ—ထိုသူတို့သည် ငါ့ကို ဆန့်ကျင်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ငါ့အား သမ္မာကျမ်းစာနှင့်အညီ ကန့်သတ်ကြကာ၊ သမ္မာကျမ်းစာအတွင်း ငါ့ကို ဘောင်ခတ်ထားကြသဖြင့် ငါ့ကို လွန်ကဲစွာ ပြစ်မှားကြ၏။ ထိုသို့သောသူများ ငါ၏ရှေ့မှောက် မည်သို့လာနိုင်မည်နည်း။ ထိုသူတို့သည် ငါ၏လုပ်ဆောင်ချက်များ၊ သို့မဟုတ် ငါ၏အလိုဆန္ဒ၊ သို့မဟုတ် သမ္မာတရားကို လုံးဝဂရုမစိုက်ဘဲ သေစေသော စကားလုံးများအပေါ်သာ ပူပန်ကြ၏။ ထိုကဲ့သို့သောလူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်" မှ

ဖျက်ဆီးခြင်းခံရသော လူတို့အားလုံးသည် စာတန်၏ထောင်ချောက်တွင် နေကြ၏။ ၎င်းတို့သည် ဇာတိပကတိ၌ နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် နေကြကာ ၎င်းတို့အကြားတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးမျှ မရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ၎င်းတို့အားလုံးသည် မရေရာသော ရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားလုံးများသည် ဝင့်ဝါမှု၊ မိမိကိုယ်ကို ယုံကြည်မှုများနှင့် ပြည့်နှက်လျက် ရှိ၏။ အဘယ်ကြောင့်ဆိုသော် အရင်းခံအားဖြင့် ၎င်းတို့အားလုံးသည် ငါ့အပေါ်ဆန့်ကျင်ကြလျက် ငါနှင့် သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ ကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်ရမည်ကို မသိကြပေ။ ငါနှင့်မသင့်မြတ်ခြင်းသည် မည်သည့်အဓိပ္ပာယ်ရှိကြောင်း မသိကြပေ။ ထို့အပြင် ကျမ်းပိုဒ်များကို မျက်ကန်းတောတိုး ဖတ်ရုံသာဖတ်ကြ၏။ ကျမ်းစာအတွင်း၌ ၎င်းတို့မမြင်ဖူးသော၊ မြင်နိုင်စွမ်းမရှိသော မရေရာသည့်ဘုရားသခင် တစ်ပါးကို ၎င်းတို့ ဘောင်ခတ်ထားကာ ၎င်းတို့အားသည့်အချိန်၌ ထုတ်၍ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ အတိုင်းအတာအတွင်း၌သာ ငါ၏ဖြစ်တည်မှုကို ယုံကြည်ကြ၏။ ၎င်းတို့အတွက် ငါသည် သမ္မာကျမ်းစာနှင့် အတူတူပင်ဖြစ်၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိနိုင်၊ ထို့အပြင် ငါမရှိဘဲ သမ္မာကျမ်းစာမရှိနိုင်ပေ။ ၎င်းတို့သည် ငါ၏ဖြစ်တည်မှု သို့မဟုတ် လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြသော်လည်း သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကာ မြှုပ်နှံကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါသည် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု ၎င်းတို့အများအပြားက ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာအပေါ် အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့်နှုတ်ကပတ်တော်တိုင်းကို တိုင်းတာရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြု၍ ငါ့ကို ပြစ်တင်ရှုတ်ချသည့်အတိုင်းအတာအထိ စကားလုံးများနှင့် ထုတ်ဖော်ချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေနေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း မဟုတ်ဘဲ သမ္မာကျမ်းစာ၏စကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းခရီးဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် အရာတစ်ခုခုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများထံမှ တာဝန်ကျေသည့် ဆင်းသက်လာသူများ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလက ယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုကြသော်လည်း၊ အဆုံးတွင် အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ ကားတိုင်၌ရိုက်ထားသည့် အတိုင်းအတာအထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာ၏။ ၎င်းတို့၏အနှစ်သာရကား အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတရှိသည့် လမ်းခရီးကို ရှာဖွေခဲ့ခြင်း မပြုခဲ့သည် မဟုတ်သလော။ သမ္မာကျမ်းစာ၏စကားလုံးတိုင်းအပေါ် ၎င်းတို့စိုးရိမ်လွန်ကဲခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒနှင့် ငါ့အမှု၏ အဆင့်နှင့် နည်းနာများကိုမူ လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာ၏ စကားလုံးများကို တင်းတင်းကျပ်ကျပ် လိုက်နာခဲ့ကြသူများဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်နှင့် ဂုဏ်သိက္ခာကိုထိန်းသိမ်းထားရန်နှင့် သမ္မာတရား၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားသည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် ဤသည်ကို သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်သာနှင့် လူတို့၏နှလုံးသားရှိ သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန် ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ်ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံအတွင်း ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရေးအတွက် သူ့အား လူသားအကြားမှ မောင်းနှင်ထုတ်ရန် သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန် သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိနေရေး သေချာအောင် ပြုလုပ်ရန် လူ့ဇာတိခံ၍ တဖန်ပြန်ကြွလာသော ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် တဖန်ပြန်၍ရိုက်ထားရန် သာ၍လိုလားခဲ့ကြ၏။… လူသားသည် စကားလုံးများနှင့်၊ သမ္မာကျမ်းစာနှင့် သဟဇာတဖြစ်မှု လမ်းခရီးကို ရှာ၏။ သို့ရာတွင် သမ္မာတရားနှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကိုရှာဖွေရန် ငါ့ရှေ့မှောက် လာရောက်သူ တစ်ဦးမျှ မရှိပေ။ လူသားသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါ၏တည်ရှိမှုအတွက် အထူးစိုးရိမ်သော်လည်း ဇာတိပကတိ၌ရှိသောငါ့အကြောင်း မည်သူမျှ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် လူသားအကြားနေသောငါသည် အရေးမပါလွန်း၍သာဖြစ်သည်။ သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် မရေရာသောဘုရားသခင်နှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများသည် ငါ့အတွက် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံများနှင့် ၎င်းတို့အား ဖော်မပြသေးသောရတနာများ ပေးနိုင်စွမ်းရှိသော ဘုရားသခင်တစ်ပါးသာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုးကွယ်သည့်အရာမှာ လူသား၏ ကရုဏာအပေါ် လုံးဝအားထားနေရသော ဘုရားသခင်ဖြစ်ကာ၊ မတည်ရှိသော အရာဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာ ရရှိနိုင်မည်နည်း။ လူသားသည် စကားလုံးများအတွက် နိမ့်ကျလွန်း၏။ ငါ့ကိုဆန့်ကျင်သူများ၊ ငါ့အပေါ် အကန့်အသတ်မရှိတောင်းဆိုမှုများ ပြုသူများ၊ သမ္မာတရားကိုမချစ်သူများ၊ ငါ့အပေါ်ပုန်ကန်သူများ—ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်" မှ

ငါသည် ဤနေရာတွင် ရှင်းလင်းပြနေရခြင်းမှာ ဤအချက်ကြောင့်ပင် ဖြစ်သည်။ ဘုရားသခင်၏ ဖြစ်ခြင်းနှင့် အရာအားလုံးသည် ထာဝရ မကုန်ခမ်းနိုင်ပဲ အကန့်အသတ်မဲ့ပေ၏။ ဘုရားသခင်သည် အသက်နှင့် အရာခပ်သိမ်း၏ အရင်းအမြစ်ပင် ဖြစ်သည်။ မည်သည့် ဖန်ဆင်းခံ သတ္တဝါမှ ဘုရားသခင်အား နားလည် ဉာဏ်မီ နိုင်ခြင်းမရှိပေ။ နောက်ဆုံးအနေနှင့်၊ လူတိုင်းအား ငါသတိပေးရ ပေဦးမည်၊ ဘုရားသခင်အား စာအုပ်များ၊ နှုတ်ကပတ်များ၊ သို့မဟုတ် အတိတ်မှ သူ၏ မြွက်ဆိုချက်များထဲတွင် နောက်တစ်ဖန် ကန့်သတ်မထားပါနှင့်။ ဘုရားသခင်အလုပ်၏ စရိုက်လက္ခဏာအတွက် စကားလုံး တစ်လုံးသာရှိသည်’အသစ်။ သူသည် လမ်းဟောင်းများကို လိုက်ရန် သို့မဟုတ် သူ၏ အလုပ်အား တစ်ကျော့ပြန်ရန် ဆန္ဒမရှိ၊ ထို့အပြင် သူသည် လူများမှ သူ့အား သတ်သတ်မှတ်မှတ် နယ်ပယ်တစ်ခုအတွင်း ကန့်သတ်ထားခြင်းဖြင့် သူ့အား ဝတ်ပြုကိုးကွယ်ခြင်း ကိုလည်း မလိုလားပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်နေသဘောထားပင်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ နိဂုံးအမှာစကား မှ

သမ္မာကျမ်းစာ၏ အနှစ်သာရ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ချွတ်ယွင်းချက်များအပေါ် ဘုရားသခင်၏ ရှင်းပြချက်မှာ သမ္မာကျမ်း၏ တည်ရှိမှုကို ငြင်းပယ်ခြင်း လုံးဝ မဟုတ်သကဲ့သို့ ၎င်းအား ရှုတ်ချခြင်းလည်း မဟုတ်ပါ။ အမှန်တကယ်အားဖြင့် ၎င်းသည် လက်တွေ့ကျပြီး သင့်လျော်သော ရှင်းပြချက် ပေးခြင်း၊ သမ္မာကျမ်းစာ၏ မူရင်း ရုပ်သွင်ကို နဂိုအတိုင်း ပြန်ဖြစ်စေခြင်းနှင့် သမ္မာကျမ်းစာနှင့်ပတ်သက်၍ လူတို့၌ရှိသော နားလည်မှုလွဲခြင်းများကို အမှန်ပြင်ပေးခြင်းဖြင့် လူအားလုံးသည် သမ္မာကျမ်းစာအပေါ် မှန်သောအမြင် ရှိစေရန်၊ ၎င်းကို ဆက်လက် မကိုးကွယ်ကြရန်နှင့် ဆက်၍ လမ်းမပျောက်စေရန် ဖြစ်သည်၊ ၎င်းတို့သည် သမ္မာကျမ်းစာအား အမြင်ကန်းစွာ ယုံကြည်ခြင်းကို ဘုရားသခင်ကို ယုံကြည်ကာ ကိုးကွယ်ခြင်းအဖြစ် တလွဲယူကြပြီး သမ္မာကျမ်းစာ၏ နောက်ကြောင်းအမှန်နှင့် ၎င်း၏ အားနည်းချက်များကို ရင်ဆိုင်ရန်ပင် မဝံ့ရဲကြပေ။ အယောက်စီတိုင်း၌ သမ္မာကျမ်းစာအပေါ် စစ်မှန်သော နားလည်ခြင်း ရှိကြသည့်နောက်တွင် ၎င်းတို့သည် တွန့်ဆုတ်ခြင်း မရှိဘဲ ၎င်းအား ဘေးသို့ဖယ်နိုင်ကာ ဘုရားသခင်၏ အသစ်သော နှုတ်ကပတ်တော်များကို ဝံ့ရဲစွာ လက်ခံနိုင်စွမ်း ရှိကြလိမ့်မည်။ ဤသည်မှာ အချို့သော အခန်းများထဲမှ ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ဤနေရာတွင် လူတို့အား ဘုရားသခင် ပြောလိုသော သမ္မာတရားမှာ ဘုရားသခင်၏ လက်ရှိအမှု သို့မဟုတ် နှုတ်ကပတ်တော်တို့ကို မည်သည့် အယူအဆ သို့မဟုတ် အမှန်တရားဖြင့် အစားထိုးနိုင်ခြင်း မရှိကြောင်းနှင့် ဘုရားသခင်၏ အရိုက်အရာအား အစားထိုးနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိကြောင်း ဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာကျမ်းစာ၏ ပိုက်ကွန်ကို ဘေးသို့ မဖယ်နိုင်ပါက ၎င်းတို့သည် ဘုရားသခင်၏ ရှေ့သို့ မည်သည့်အခါတွင်မျှ လာရောက်နိုင်မည် မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့သို့ လာရောက်လိုပါက သူ့အား အစားထိုးနိုင်သော အရာမှန်သမျှကို ၎င်းတို့၏ စိတ်နှလုံးထဲမှ ၎င်းတို့ ဦးစွာ ရှင်းထုတ်ပစ်ရမည် ဖြစ်သည်၊ ဤနည်းဖြင့် ဘုရားသခင်သည် ကျေနပ်အားရမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ကျမ်းထဲရှိ နိဒါန်းအခန်းမှသည် အသင်းတော်များတွင် ခရစ်တော်လျှောက်သွားစဉ် သူ၏နှုတ်ကပတ်တော်များအခန်းအထိ

အောက်ခြေမှတ်စုများ-

က။ သစ်တုံးခြောက်တစ်ခု- "မကူညီနိုင်တော့သော" ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။

ယခင်က:ခရစ်တော်က ဖော်ပြခဲ့သည့် သမ္မာတရားကို အသိအမှတ်မပြုသည့် လူ့ ပြဿနာ၏ သဘောသဘာဝကား အဘယ်နည်း။ ခရစ်တော်ကို ဘုရားသခင်အဖြစ် သဘောမထားသည့် လူ၏အကျိုးဆက်ကား အဘယ်နည်း။

နောက်တစ်ခုသို့:တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် နည်းလမ်းအတိုင်း သမ္မာကျမ်းစာကို မည်ကဲ့သို့ မှန်ကန်စွာ ချဉ်းကပ်ပြီး အသုံးပြုမည်နည်း။ သမ္မာကျမ်းစာ၏ မူလတန်ဖိုးမှာ အဘယ်နည်း။