အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၁။ ဘုရားသခင်နှင့် သမ္မာကျမ်းစာကြား ဆက်နွှယ်မှုနှင့် ပတ်သက်သည့် သမ္မာတရားများ

၅) ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းက အဘယ်နည်း။ ကိုယ်တော်၏ ချီးမွမ်းခြင်းကို ရရှိရန် လူတစ်ဦးသည် ဘုရားသခင်ကို မည်သို့ ယုံကြည်သင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိကြောင်းကို ယုံကြည်ခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရိုးရှင်းဆုံး အယူအဆပင်ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိကြောင်း ယုံကြည်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်းနှင့် မတူပါ၊ ဆိုရလျှင် ယင်းမှာ ခိုင်မာသော ဘာသာရေး အငွေ့အသက်ပါသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုးဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်းဆိုသည်မှာ အရာအားလုံးအပေါ် ဘုရားသခင်၏ အာဏာတည်ကြောင်းကို ယုံကြည်သည့်အပေါ် အခြေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို တွေ့ကြုံခံစားခြင်းဖြစ်သည်။ သင်၏ ဖောက်ပြန်သော စိတ်သဘောထားမှ ကင်းလွတ်မည်ဖြစ်ပြီး ဘုရားသခင်၏အလိုကို ပြည့်စေနိုင်မည့်အပြင် ဘုရားသခင်ကိုလည်း သိလာမည်ဖြစ်သည်။ ဤခရီးလမ်းအတိုင်း သွားမှသာ ဘုရားသခင်ကို ယုံကြည်သည်ဟု သင်ဆိုနိုင်ပါမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

ဘုရားသခင်ကို စစ်မှန်စွာယုံကြည်ခြင်းသည် ကယ်တင်ခြင်းခံရရန်အတွက် သူ့ကိုယုံကြည်ခြင်း မဟုတ်သကဲ့သို့ လူကောင်းတစ်ဦး ဖြစ်ခြင်းအကြောင်း သာ၍ပင် မဟုတ်ပေ။ လူသားပုံသဏ္ဌာန်တစ်ခုကို ပိုင်ဆိုင်ရန် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်းလည်း မဟုတ်ပေ။ အမှန်တွင် လူတို့သည် ယုံကြည်ခြင်းကို ဘုရားသခင်ရှိသည်ဟူသော ယုံကြည်ချက်တစ်ရပ်အဖြစ်သာ မမြင်သင့်ပေ၊ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီး၊ အသက်တို့မှလွဲ၍ မည်သည့်အရာမျှ မဟုတ်ဟု သင်ယုံကြည်သင့်ရုံမျှသာ မဟုတ်ပေ။ ဘုရားသခင်ကို သင်အသိအမှတ်ပြု၍ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးသူဖြစ်သည်၊ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ ဘုရားသခင်သည် လောကရှိ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ဘုရားသခင်သည် အတုမရှိ၊ အထွတ်အထိပ်ဖြစ်သည်ဟု သင့်အနေဖြင့် ယုံကြည်ရန်အတွက်မျှသာလည်း မဟုတ်ပေ။ ဤအချက်အလက်များကို သင်ယုံကြည်စေရန်မျှသာ မဟုတ်ပေ။ ဘုရားသခင်၏အလိုတော်မှာ သင်၏ဖြစ်တည်မှု တစ်ရပ်လုံးနှင့် သင်၏စိတ်နှလုံးတစ်ခုလုံးကို ဘုရားသခင်အားပေးရန်နှင့် ဘုရားသခင်ကို နာခံရန်ဖြစ်၏၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်နောက်သို့လိုက်၍၊ ဘုရားသခင်ကို သင့်အား အသုံးပြုခွင့်ပေးကာ၊ သူ့အတွက် အစေခံရခြင်းကို ပျော်ရွှင်သင့်ပြီး ဘုရားသခင်အတွက် မည်သည့်အရာမဆို သင်လုပ်သင့်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

ယနေ့ကာလ၌ ဘုရားသခင်ကို ယုံကြည်ခြင်းအစစ်အမှန်မှာ အဘယ်အရာနည်း။ ၎င်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အသက်တာ၏ လက်တွေ့အရှိတရားအဖြစ် လက်ခံခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ရန်အတွက် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် သူ့ကို သိခြင်းဖြစ်သည်။ ရှင်းအောင်ဆိုရလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်ကို သင်နာခံနိုင်ရန်၊ ဘုရားသခင်အား သင်ချစ်နိုင်ရန်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် လုပ်ဆောင်သင့်သော တာဝန်ကို သင်လုပ်ဆောင်နိုင်ဖို့ရန်အတွက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို သိသောအသိ၊ ဘုရားသခင်အနေဖြင့် ရိုသေလေးမြတ်ခြင်းကို မည်မျှခံထိုက်ကြောင်းကို သိသောအသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုနှင့် စုံလင်အောင် ပြုလုပ်ပေးသည့် အမှုအား မည်သို့ပြုသည်ကို သိသောအသိကို သင့်အနေဖြင့် စွမ်းဆောင်ရရှိရမည်။ ဘုရားသခင်ကို သင်၏ယုံကြည်ခြင်းအရာ၌ အနည်းဆုံး ထိုသို့သော အသိများ ရှိရမည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိ၌ ရှင်သန်နေသော အသက်တာမှ ဘုရားသခင်ကို ချစ်သည့်အသက်တာသို့ ပြောင်းလဲခြင်း၊ သဘာဝကျမှုအတွင်းနေသည့် အသက်တာမှ ဘုရားသခင်၏ဖြစ်ခြင်းအတွင်းတည်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ စာတန်၏အုပ်စိုးမှုအောက်မှ ထွက်လာပြီး ဘုရားသခင်၏ စောင့်ရှောက်ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း၊ ဘုရားသခင်ကို နာခံနိုင်စွမ်းရှိခြင်း၊ ဇာတိပကတိကို မနာခံခြင်း၊ ဘုရားသခင်အား သင့်နှလုံးသား တစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်က သင့်ကို စုံလင်အောင် လုပ်ပေးနိုင်ဖို့ အခွင့်ပေးခြင်း၊ ဖောက်ပြန်ပျက်စီးသော စာတန်၏ စိတ်သဘောထား မရှိအောင် ကိုယ်တိုင်ရုန်းထွက်ခြင်းတို့ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ ဘုန်းနှင့်တန်ခိုးသည် သင့်အထဲ၌ ထင်ရှားစေရန်၊ ဘုရားသခင်၏ အလိုတော်ကို သင်ဆောင်ရွက်နိုင်ပြီး ဘုရားသခင်၏ အကြံအစည်ကို အထမြောက်အောင် သင်လုပ်ဆောင်နိုင်ရန်၊ စာတန်၏ရှေ့၌ ဘုရားသခင်အကြောင်း သင်သက်သေခံနိုင်စွမ်း ရှိစေရန်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရဖို့ မဖြစ်သင့်သကဲ့သို့၊ သင်၏ကိုယ်ပိုင်ဇာတိပကတိအတွက်လည်း မဖြစ်သင့်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကိုသိအောင် ကြိုးစားရှာဖွေဖို့၊ ဘုရားသခင်ကို နာခံနိုင်စွမ်းရှိဖို့၊ ပေတရုကဲ့သို့ သေသည်အထိ ဘုရားသခင်ကို နာခံဖို့ ဖြစ်သင့်သည်။ ဤသည်မှာ အဓိကအားဖြင့် အောင်မြင်ခြင်းအလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းသည် ဘုရားသခင်ကို သိကျွမ်းရန်ဖြစ်ပြီး ဘုရားသခင် ကျေနပ်စေရန်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းက သင့်ကို ဘုရားသခင်အကြောင်း ပိုသိစေသည်၊ ထိုသို့သိပြီးနောက်မှသာ သင်သည် ဘုရားသခင်ကို နာခံနိုင်သည်။ ဘုရားသခင်ကို သင်သိမှ ဘုရားသခင်ကို ချစ်နိုင်သည်၊ ထို့ပြင် ဤရည်ရွယ်ချက်ကို အောင်မြင်စွာ ရယူခြင်းသည် လူသားအနေဖြင့် ဘုရားသခင်ကို ယုံကြည်ရာ၌ ထားရှိသင့်သည့် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်သည်။ ဘုရားသခင်ကို သင်ယုံကြည်ရာ၌ သင့်အနေဖြင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ရှုမြင်ရဖို့ အမြဲတမ်း ကြိုးစားနေလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သော ဤအမြင်သည် လွဲမှားနေ၏။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်တာ၏ လက်တွေ့အရှိတရားအဖြစ် လက်ခံခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်မှလာသော သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး သင့်အထဲ၌ ထိုနှုတ်ကပတ်တော်များကို အကောင်အထည်ဖော်ခြင်းတို့ကသာ ဘုရားသခင်နှင့်ဆိုင်သော ရည်ရွယ်ချက်ကို အောင်မြင်စွာ ရရှိခြင်းဖြစ်သည်။ လူသားသည် ဘုရားသခင်ကို ယုံကြည်ရာ၌ ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်းရှိဖို့၊ ထို့ပြင် ဘုရားသခင်ကို အပြည့်အဝ နာခံတတ်ဖို့ ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်ကို မြည်တွန်တောက်တီးခြင်း မရှိဘဲ နာခံနိုင်လျှင်၊ ဘုရားသခင်၏ အလိုဆန္ဒများကို သတိပြုနိုင်လျှင်၊ ပေတရု၏ ဝိညာဉ်အသက်တာကို စွမ်းဆောင်ရရှိနိုင်လျှင်၊ ထို့ပြင် ဘုရားသခင်ပြောသည့် ပေတရု၏ပုံစံအတိုင်း အသက်ရှင်နိုင်လျှင် ထိုအချိန်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ အောင်မြင်မှုကို သင်ရရှိပြီးသော အချိန်ဖြစ်လိမ့်မည်၊ ထို့ပြင် ဘုရားသခင်က သင့်ကို ရယူပြီးဖြစ်ကြောင်းကို ထိုအရာက ဖော်ပြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

သင်သည် ဘုရားသခင်ကို ယုံသောသူဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကြုံတွေ့ခံစားရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ပြောသည့်အတိုင်း အသက်ရှင်နေထိုင်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည်သာလျှင် ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု သင့်နှုတ်ကပြောသော်လည်း သူ၏ မည်သည့်နှုတ်ကပတ်တော်ကိုမျှ သင်သည် လက်တွေ့မလုပ်ဆောင်နိုင်လျှင် သို့မဟုတ် မည်သည့်စစ်မှန်မှုကိုမျှ မထုတ်ဖော်ပြနိုင်လျှင် ဘုရားသခင်ကို သင်မယုံဟု သတ်မှတ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် “အဆာပြေဖို့အတွက် အစာရှာခြင်း” ဖြစ်သည်။ အရေးမပါသော သက်သေခံချက်၊ အသုံးမဝင်သောကိစ္စများနှင့် အပေါ်ယံကိစ္စများကိုသာ ပြောဆိုခြင်းနှင့် စစ်မှန်မှု နည်းနည်း လေးမျှ မရှိခြင်း၊ ဤအရာတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အပြုအမူများ၌ မပါဝင်သည့်အပြင် ဘုရားသခင်ကို မှန်ကန်သည့်နည်းလမ်းဖြင့် ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကိုလည်း သင်တကယ့်ကို နားမလည်သေးပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် သင်ပိုပြီး စားသောက်ရမည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမပြုဘဲ၊ ကောင်းကင်နိုင်ငံသို့ရောက်ဖို့သာ ကြိုးစားနေလျှင် ထိုအရာကို ယုံကြည်ခြင်းဟု သတ်မှတ်ပါသလား။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ပထမဦးဆုံး လုပ်ရမည့်အဆင့်မှာ မည်သည့် အဆင့်ဖြစ်သနည်း။ ဘုရားသခင်သည် မည်သည့်နည်းလမ်းဖြင့် လူကို စုံလင်စေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသောက်သော သင့်ကို ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးနိုင်ပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ပကတိအရှိတရားအဖြစ် မသတ်မှတ်လျှင် သင့်ကို နိုင်ငံတော်နှင့်ဆိုင်သော သူတစ်ဦးဟု သတ်မှတ်နိုင်ပါသလား။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အတိအကျအားဖြင့် အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် အနည်းဆုံးအနေနှင့် ပြင်ပန်းသဏ္ဌာန်အားဖြင့် ကောင်းသောအကျင့်စရိုက်များကို ပိုင်ဆိုင်သူဖြစ်သင့်ပြီး အရေးအကြီးဆုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိသူများဖြစ်ရမည်။ မည်သို့ပင်ဖြစ်စေ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံးဝ မစွန့်ပစ်ရ။ ဘုရားသခင်ကိုသိသော သင်၏အသိနှင့် ဘုရားသခင်၏ အလိုပြည့်စုံအောင် လုပ်ဆောင်ခြင်း အားလုံးကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ရရှိသည်။ အနာဂတ်တွင် နိုင်ငံတိုင်း၊ ဂိုဏ်းဂဏတိုင်း၊ ဘာသာတရားတိုင်းနှင့် ကဏ္ဍတိုင်းကို နှုတ်ကပတ်တော်အားဖြင့် သိမ်းပိုက်လိမ့်မည်။ ဘုရားသခင်သည် တိုက်ရိုက်စကားပြောလိမ့်မည်၊ လူအားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မိမိတို့၏ လက်များထဲ၌ စွဲကိုင်ထားကြလိမ့်မည်၊ ထိုအခြင်းအရာအားဖြင့် လူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် နေရာအနှံ့အပြား ပျံ့နှံ့သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းပြောကြသည်၊ နှုတ်ကပတ်တော်အတိုင်း လက်တွေ့ လုပ်ဆောင်ကြသည်၊ နှလုံးသားထဲ၌ သိမ်းဆည်းထားကြသည်မှာလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ပင် ဖြစ်သည်၊ အတွင်းကော အပြင်ပါ လူတို့သည် ဘုရားသခင် နှုတ်ကပတ်တော်၌ နက်နက်ရှိုင်းရှိုင်း တည်နေကြသည်၊ ထို့ကြောင့် သူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရသည်။ ဘုရားသခင်၏ အလိုပြည့်စုံအောင် လုပ်ဆောင်ပြီး ဘုရားသခင်၏အကြောင်း သက်သေခံနိုင်သောသူများသည် ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှု ရှိသောသူများဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

ဘုရားသခင်ကို အစေခံသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်အဖို့အလို့ငှာ မည်သို့ဒုက္ခခံရမည်ကို သိသင့်ရုံမျှမက ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ သူ့ကိုချစ်ရန် ကြိုးစားခြင်းအတွက်လည်းဖြစ်သည်ကို ၎င်းတို့နားလည်သင့်ကြောင်းကို ယခုအခါ လူအားလုံး မြင်ခဲ့ကြပြီဖြစ်သည်။ သင့်ကို ဘုရားသခင်အသုံးပြုခြင်းမှာ သင့်ကို စစ်ဆေးရုံ၊ သို့မဟုတ် သင့်ကို ဒုက္ခခံစေရုံသာ မဟုတ်ဘဲ သူ၏လုပ်ရပ်များကို သင်သိစေရန်၊ လူ့ဘဝ၏ အဓိပ္ပာယ်အမှန်ကို သိစေရန်နှင့် ဘုရားသခင်ကိုအစေခံခြင်းမှာ လွယ်သောအလုပ် မဟုတ်ကြောင်းကို အထူးသဖြင့် သိစေရန်ဖြစ်သည်။ ဘုရားသခင်၏အမှုကို ကြုံတွေ့ခြင်းဆိုသည်မှာ ကျေးဇူးတော်ကို ခံစားခြင်းအကြောင်း မဟုတ်ဘဲ သူ့ကို သင်ချစ်သည့်အတွက်ကြောင့် ဒုက္ခခံခြင်းအကြောင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရသည့်အတွက် သူ၏ပြစ်တင်ဆုံးမခြင်းကိုလည်း ခံစားရပေမည်၊ ထိုအရာအလုံးစုံကို သင်ကြုံတွေ့ရမည်။ သင့်အထဲတွင် ဘုရားသခင်၏ ဉာဏ်ပွင့်စေခြင်းကို သင်ကြုံတွေ့ခံစားနိုင်ပြီး သင့်ကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် သူ၏တရားစီရင်ခြင်းဖြင့်လည်း သူ့ကို ကြုံတွေ့နိုင်သည်။ ထိုနည်းဖြင့် သင်သည် အဘက်ဘက်ကို ကြုံတွေ့မည်ဖြစ်သည်။ ဘုရားသခင်သည် သင့်အပေါ်၌ တရားစီရင်ခြင်းအမှုကို ပြုခဲ့ပြီးသည်သာမက သင့်အား ပြစ်တင်ဆုံးမခြင်းအမှုကိုလည်း ပြုခဲ့ပြီးပြီဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီးဖြစ်သည်၊ သင့်ကို ဉာဏ်ပွင့်စေခဲ့ပြီး အလင်းပေးခဲ့ပြီးဖြစ်သည်။ သင်ထွက်ပြေးလိုသည့်အခါ ဘုရားသခင်၏ လက်တော်သည် သင့်ကို ဆက်၍ဆွဲကိုင်ထားသည်။ ဤအမှုအားလုံး၏ ရည်ရွယ်ချက်မှာ လူနှင့်ပတ်သက်သော အမှုအရာမှန်သမျှသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် ရှိသည်ကို သင်သိစေရန်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဒုက္ခခံခြင်း၊ သို့မဟုတ် သူ့အတွက် အမှုအရာများစွာကို လုပ်ဆောင်ခြင်းဖြစ်သည်၊ သို့မဟုတ် သင်၏ဇာတိပကတိ ငြိမ်သက်ခြင်းရရန်၊ သို့မဟုတ် သင့်အတွက် အရာခပ်သိမ်း အဆင်ပြေချောမွေ့စေရန်၊ အရာခပ်သိမ်း သက်သောင့်သက်သာရှိစေရန် ဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်သော်လည်း ထိုအရာများသည် ဘုရားသခင်ကို ယုံကြည်ရန်အတွက် လူတို့၌ရှိသင့်သော ရည်ရွယ်ချက်များ မဟုတ်ချေ။ အကယ်၍ ထိုအရာမှာ သင်ယုံကြည်သောအရာဖြစ်ပါက သင်၏အမြင်မှာ မမှန်ကန်ဘဲ သင်သည် စုံလင်ခြင်းသို့ အကယ်ပင် ရောက်နိုင်မည်မဟုတ်။ ဘုရားသခင်၏လုပ်ရပ်များ၊ ဘုရားသခင်၏ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏ဉာဏ်ပညာ၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏အံ့သြကြီးမြတ်ခြင်းနှင့် လူ၏ဉာဏ်ဖြင့်စဉ်းစား၍ မမီနိုင်ခြင်းစသည်တို့မှာ လူတို့နားလည်သင့်သော အရာအားလုံးဖြစ်သည်။ ဤနားလည်မှုကို အသုံးပြုကာ ပုဂ္ဂိုလ်ရေးရာ တောင်းခံချက်များသာမက သင်၏စိတ်နှလုံးထဲမှ တစ်ဦးတစ်ယောက်စာ မျှော်လင့်ချက်များနှင့် အယူအဆများကို ရှင်းထုတ်လော့။ ထိုအရာများကို သုတ်သင်ဖယ်ရှင်းလိုက်ခြင်းဖြင့်သာ ဘုရားသခင်တောင်းဆိုထားသော သတ်မှတ်ချက်များကို သင်ပြည့်မီနိုင်မည်။ ဤအရာအားဖြင့်သာ သင်သည် အသက်ကိုရကာ ဘုရားသခင်ကို ကျေနပ်စေနိုင်မည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ သူ့ကိုကျေနပ်စေခြင်းအကြောင်းနှင့် သူသတ်မှတ်ထားသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ခြင်းအကြောင်းဖြစ်သည်၊ ထိုသို့အားဖြင့် သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားကောင်းထင်ရှားနိုင်ရန်ဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် မှန်သောအမြင်ဖြစ်ပြီး သင်ရှာဖွေသင့်သော ပန်းတိုင်လည်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည့်အရာတွင် သင်၌ မှန်ကန်သော သဘောထားရှိသင့်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များကိုရရန် ရှာဖွေသင့်သည်။ သင့်အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားသောက်ရန်နှင့် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ရန် လိုအပ်ပြီး အထူးသဖြင့် သူ၏လက်တွေ့လုပ်ဆောင်ချက်များကို မြင်ရန်၊ စကြဝဠာတစ်ဝှမ်းလုံးတွင် သူ၏အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို မြင်ရန်သာမက လူ့ဇာတိထဲတွင် သူလက်တွေ့ပြုသောအမှုတို့ကို မြင်ရန်လိုအပ်သည်။ လူတို့၏ အတွေ့အကြုံ အစစ်အမှန်များအားဖြင့် ၎င်းတို့သည် ၎င်းတို့အပေါ်၌ ဘုရားသခင်သည် သူ၏အမှုကို မည်ကဲ့သို့ပြုကြောင်းနှင့် ၎င်းတို့အတွက် သူ၏အလိုတော်မှာ အဘယ်သို့ဖြစ်ကြောင်းကို နားလည်နိုင်မည်။ ခပ်သိမ်းသော ဤအမှုတို့မှာ သူတို့၏ ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးနေသည့် စိတ်သဘောထားကို သုတ်သင်ဖယ်ရှားပစ်ရန် ဖြစ်သည်။ သင့်အထဲမှ မသန့်ရှင်းခြင်းနှင့် မဖြောင့်မတ်ခြင်းကို ဖယ်ရှားလော့၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို ခွာချလော့၊ ထို့နောက် သင်၌ ဘုရားသခင်အပေါ် မှန်သောယုံကြည်ခြင်း ပေါ်ပေါက်ကြီးထွားလာနိုင်သည်။ မှန်သောယုံကြည်ခြင်းရှိမှသာ ဘုရားသခင်ကို သင်အမှန်တကယ်ချစ်နိုင်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း အုတ်မြစ်ဖြင့်သာ သူ့ကို စစ်မှန်စွာချစ်နိုင်မည်။ သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲ သူ့ကို ချစ်တတ်လာနိုင်သလော။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် ထိုအရာနှင့်ပတ်သက်၍ သင်ယောင်ချာချာမဖြစ်ရ။ လူအချို့တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် သူတို့ထံ ကောင်းချီးမင်္ဂလာများ ရောက်ရှိလာကြောင်းကို မြင်လျှင်မြင်ချင်း အားမာန်ဖြင့် ပြည့်ဝလာကြသော်လည်း စစ်ဆေးခြင်းများကိုလည်း ခံစားရမည်ဖြစ်ကြောင်းကို ၎င်းတို့မြင်လျှင်မြင်ချင်း အားအင်အလုံးစုံ ကုန်ခန်းသွားတတ်ကြသည်။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သလော။ နောက်ဆုံးတွင် သင်၏ယုံကြည်ခြင်း၌ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် လုံးလုံးလျားလျားနှင့် အကြွင်းမဲ့ နာခံခြင်း ရရှိရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့အပေါ် တောင်းဆိုချက်များ သင်၌ ရှိနေသေးသည်၊ သင်မစွန့်ပယ်နိုင်သော ဘာသာရေးအယူအဆများစွာ၊ သင်လက်မလွှတ်နိုင်သော ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ်များ ရှိနေသေးပြီး၊ ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများကို ရှာဖွေနေဆဲဖြစ်ကာ သင်၏ဇာတိခန္ဓာကို ဘုရားသခင်က ကယ်မစေရန်၊ သင်၏စိတ်ဝိညာဉ်ကို ကယ်တင်စေရန် အလိုရှိနေသေးသည်။ ထိုအရာအားလုံးမှာ မှားယွင်းသောအမြင်ရှိသော လူများ၏ ဖော်ပြချက်များပင်ဖြစ်သည်။ ဘာသာရေးအယူဝါဒများရှိသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် စိတ်သဘောထား ပြောင်းလဲရန်အတွက် မရှာဖွေကြ၊ ဘုရားသခင်ကိုသိသောပညာကို လေ့လိုက်လိုက်စားခြင်းမရှိကြဘဲ ၎င်းတို့၏ဇာတိပကတိ အကျိုးအမြတ်တို့ကိုသာ ရှာဖွေကြသည်။ သင်တို့အထဲမှ လူများစွာတို့သည် ဘာသာရေးခံယူချက် အတန်းအစားထဲတွင်ရှိသော ယုံကြည်ခြင်းများ ရှိကြသည်။ ထိုအရာမှာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ရန်အတွက် လူတို့သည် ဘုရားသခင်အတွက် ဒုက္ခခံလိုသော စိတ်နှလုံးကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းတို့ကိုယ်ကို လက်လျှော့လိုစိတ် ရှိရမည်။ ၎င်းတို့အနေဖြင့် ထိုသတ်မှတ်ချက်နှစ်ချက်နှင့် မပြည့်မီသရွေ့ ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု မသတ်မှတ်နိုင်ပေ၊ ထို့ပြင် ၎င်းတို့သည် စိတ်သဘောထား ပြောင်းလဲခြင်းကို ရနိုင်ကြမည်မဟုတ်။ သမ္မာတရားကို စင်စစ်လိုက်စားသောလူများ၊ ဘုရားသခင်ကိုသိသောပညာကို ရှာဖွေပြီး အသက်ကိုရအောင် အားထုတ်သောလူများသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

ပေတရု၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ သူသည် အရာခပ်သိမ်း၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စောဒကတက်ခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ စစ်ဆေးခြင်းအပါအဝင်၊ ကြီးစွာသောဒုက္ခနှင့် သူ့အသက်တာအတွင်း ချို့တဲ့မှုများကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အားချစ်ခြင်းကို မပြောင်းလဲနိုင်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်ကို အကြွင်းမဲ့သော ချစ်ခြင်းပင် မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းပင် မဟုတ်ပေလော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ဖြစ်စေ၊ သို့မဟုတ် ကြီးစွာသောဒုက္ခ၌ဖြစ်စေ၊ သင်သည် သေဆုံးသည်အထိ နာခံခြင်းကို ပြီးမြောက်အောင်မြင်ရန် အမြဲတတ်စွမ်းနိုင်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးမှ ပြီးမြောက်အောင်မြင်သင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ သန့်စင်မှုပင် ဖြစ်သည်။ အကယ်၍ လူသည် ဤမျှလောက်ထိ ပြီးမြောက်အောင်မြင်နိုင်လျှင်၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်သည်၊ ထို့ပြင် ဖန်ဆင်းရှင်၏ လိုအင်ကို ဤအရာထက် သာ၍ကျေနပ်စေနိုင်သည့်အရာ ဘာမျှမရှိတော့ချေ။ သင်သည် ဘုရားသခင်အတွက် လုပ်ဆောင်နိုင်သော်လည်း ဘုရားသခင်အား နာခံခြင်း မရှိပဲ၊ ဘုရားသခင်အား စစ်မှန်စွာ ချစ်ခြင်းငှာ မတတ်စွမ်းနိုင်ပဲ ရှိသည်ဟု စိတ်ကူးကြည့်ပါ။ ဤသို့လျှင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းနိုင်သည် သာမက၊ ဘုရားသခင် ၏ ပြစ်တင်ရှုတ်ချခြင်းလည်း ခံရမည်ဖြစ်သည်၊ အကြောင်းမှာ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သော သူတစ်ယောက်ဖြစ်ပြီး၊ ဘုရားသခင်အား နာခံခြင်းအား မတတ်စွမ်းနိုင်သော သူတစ်ယောက်ဖြစ်ကာ၊ ဘုရား သခင်အား နာခံခြင်း မရှိသော သူတစ်ယောက်လည်း ဖြစ်သည်။ ဘုရားသခင်အတွက် လုပ်ဆောင်ရန်သာ သင်သည် အလေးထားပြီး၊ သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းအား အလေးမထား၊ သို့မဟုတ် မိမိ ကိုယ်ကို သိခြင်းကိုလည်း အလေးမထားပေ။ သင်သည် ဖန်ဆင်းရှင်ကို မသိကျွမ်း၊ သို့မဟုတ် နားမလည်ပေ၊ ပြီးလျှင် ဖန်ဆင်းရှင်အား ချစ်ခြင်း သို့မဟုတ် နာခံခြင်း မရှိချေ။ သင်သည် ဘုရားသခင်အား မွေးရာပါ မနာခံသူ တစ်ယောက် ဖြစ်သည်၊ ထိုကဲ့သို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ဘုရားသခင်အား ယုံကြည်ရာ၌ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းကို အချုပ်ဆိုရလျှင်၊ ထိုအရာမှာ သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်း လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းဖြစ်သည်၊ ယင်းသည် မိမိကိုယ်ကို အမှန်တကယ်သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်းလည်း ဖြစ်လေသည်။ ပေတရု၏လမ်းကြောင်းအတိုင်း သွားမှသာလျှင် လူတစ်ဦးသည် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုလုပ်ပေးမှုခံရခြင်း လမ်းကြောင်းအတိုင်း သွားနေလိမ့်မည်ဖြစ်သည်။ လူတစ်ဦးသည် ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်းနှင့် ယင်းအား လက်တွေ့လုပ်ဆောင်နည်းကို အထူးသဖြင့် ရှင်းလင်းစွာ နားလည်ရမည်။ ပထမဦးစွာ လူတစ်ဦးသည် သူ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် သူ၏မိသားစုနှင့် လူ့ဇာတိအရာအားလုံးကိုပင် လျစ်လျူရှုထားရမည်။ သူသည် စိတ်နှလုံးအကြွင်းမဲ့ သစ္စာစောင့်သိရမည်၊ တစ်နည်းဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ သူ့ကိုယ်သူ လုံးလုံးလျားလျား နစ်မြှုပ်ထားရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းအပေါ် အာရုံစိုက်ပြီး သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ၏ နှုတ်ကပတ်တော်များထဲ၌ ရှာဖွေခြင်းတို့အပေါ် အာရုံစိုက်ကာ အရာခပ်သိမ်း၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ရန်အလို့ငှာ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် အလွန်အရေးပါဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ သခင်ယေရှုကို မြင်ပြီးနောက် ပေတရု လုပ်ခဲ့သောအရာ ဖြစ်သည်၊ ထို့ပြင် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံး ရလဒ်များကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်ခြင်း ဟူသည်မှာ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ၏ နှုတ်ကပတ်တော်များထဲ၌ ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို ရယူခြင်းနှင့် နားလည်ခြင်းတို့ကို ဆိုလိုသည်။ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် သြဝါဒများကို နားလည်ခြင်းအပေါ် အာရုံမစိုက်ခဲ့ဘဲ ဘာသာရေးဆိုင်ရာယုံကြည်မှု အသိပညာ ရရှိခြင်းအပေါ် ပို၍ပင် အာရုံမစိုက်ခဲ့ချေ၊ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သည်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းနှင့် စွမ်းဆောင်ရရှိခြင်းတို့အပေါ် အာရုံထားခဲ့သည်။ သူသည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုချက်များ၏ ကဏ္ဍအားလုံးကို စွမ်းဆောင်ရရှိရင်းနှင့် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများကိုလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်၊ လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် လူသား၏ စစ်မှန်သော ချို့ယွင်းချက်များကို နားလည်ရန် ကြိုးစားခဲ့သည်။ သူ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း များစွာသော မှန်ကန်သည့် လက်တွေ့ကျင့်ဆောင်ခြင်းများ ရှိခဲ့သည်၊ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို လူသား၏ ကိုယ်တွေ့ ကြုံတွေ့ခြင်း၌ သူ၏ အကောင်းဆုံးသော ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။...

အကယ်၍ လူတစ်ဦးသည် သူ၏တာဝန်ကို ထမ်းဆောင်ရာ၌ ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ သူ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရားကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်ဆိုပါက ဤသူသည် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်လိမ့်မည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ထိုပုဂ္ဂိုလ်အတွက် လုံးလုံး ထိရောက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက်တာ ဖြစ်လာသည်ဟု ဆိုနိုင်ပြီး သူသည် သမ္မာတရားကို ရရှိကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နိုင်၏ဟု ဆိုနိုင်သည်။ ထို့နောက်တွင် သူ့ဇာတိပကတိ၏ သဘာဝသည်၊ တစ်နည်းအားဖြင့် သူ့မူလတည်ရှိမှု၏ အခြေခံအုတ်မြစ်သည် တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ ထို့နောက် သူ၏ အသက်တာသည် အသစ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာ သည်နှင့်အမျှ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုရ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ့အသက်တာ ဖြစ်လာသည်။ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားအပေါ်ထားရှိသည့် သူ၏ သတ်မှတ်ချက်များ၊ လူသားကို သူ၏ဖွင့်ပြချက်များနှင့် လူသား၏အသက်တာ ဖြစ်လာစိမ့်သောငှာ စွမ်းဆောင်ရန် ဘုရားသခင် ပြဌာန်းထားသည့် စစ်မှန်သော အသက်တာအတွက် စံနှုန်းများ စသည့် နှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း ထိုသူသည် အသက်ရှင်ပြီး ဤပုဂ္ဂိုလ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်လာပေသည်။ သူသည် ပြန်လည်မွေးဖွားခြင်းကို တွေ့ကြုံရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသစ်သော လူတစ်ဦး ဖြစ်လာ၏။ ဤသည်မှာ သမ္မာတရားကို ပေတရုရှာဖွေလိုက်စားခဲ့သော လမ်းကြောင်းဖြစ်၏၊ ယင်းသည် စုံလင်စေခြင်းခံရသည့် လမ်းကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စုံလင်စေခြင်းခံရသည့် လမ်းကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်ရခြင်းလမ်းကြောင်းဖြစ်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်များက ဖော်ပြသော သမ္မာတရားသည် သူ၏အသက်ဖြစ်လာပြီး ထိုအခါမှသာ သူသည် သမ္မာတရားကို ရရှိထားသူတစ်ဦး ဖြစ်လာ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်းလျှောက်လှမ်းနည်း” မှ

ယခင်က:သမ္မာကျမ်းစာထဲတွင် ထာဝရအသက် လမ်းခရီးမရှိပါ၊ လူသားသည် သမ္မာကျမ်းစာကို စွဲကိုင်ပြီး ယင်းကို ကိုးကွယ်ပါက၊ သူတို့သည် ထာဝရအသက်ကို ရရှိလိမ့်မည် မဟုတ်ပါ

နောက်တစ်ခုသို့:တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် နည်းလမ်းအတိုင်း သမ္မာကျမ်းစာကို မည်ကဲ့သို့ ချဉ်းကပ်ပြီး အသုံးပြုသင့်သနည်း။ သမ္မာကျမ်းစာ၏ ရှိရင်းစွဲတန်ဖိုးမှာ အဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ