အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်။

အစအဦး၌ ဘုရားသခင်သည် အနားယူလျက်ရှိ နေခဲ့သည်။ ထိုအချိန်က ကမ္ဘာမြေကြီးပေါ်တွင် လူသားများ သို့မဟုတ် အခြားမည်သည့်အရာမျှ မရှိပဲ ဘုရားသခင်သည် မည်သည့် အလုပ်ကိုမျှ မလုပ်ပဲ ရှိနေခဲ့သည်။ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှု လုပ်ငန်းများကို လူသားများ တည်ရှိလာပြီး လူသားများ ပျက်စီးလာခဲ့ချိန်မှသာ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ ဘုရားသခင်သည် မည်သည့်အခါမှ အနားယူတော်မမူပဲ လူသားများအကြားတွင် ကိုယ်တော်ကိုယ်တိုင် စတင်၍ အလုပ်များနေခဲ့သည်။ ယင်းမှာ လူသား ပျက်စီးမှုကြောင့် ဘုရားသခင်သည် သူ၏ အနားယူခြင်းမှ ခေါ်ယူခံခဲ့ရပြီး ကောင်းကင်တမန်မင်း၏ ပုန်ကန်မှုကြောင့်လည်း ဘုရားသခင်သည် သူ၏အနားယူခြင်း မှခေါ်ယူခြင်း ခံခဲ့ရသည်။ ဘုရားသခင်က စာတန်ကို နှိမ်နင်းပြီး ပျက်စီးနေပြီဖြစ်သော လူသားကို မကယ်တင်ခဲ့ပါက ဘုရားသခင်သည် မည်သည့်အခါမှ အနားယူခြင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ လူသားသည် အနားယူခြင်း နည်းပါးသကဲ့သို့ ဘုရားသခင်သည်လည်း အလားတူဖြစ်သည်။ ဘုရားသခင်သည် အနားယူခြင်းသို့ နောက်တကြိမ် ဝင်ရောက်သည့်အခါ လူသားသည်လည်း အနားယူခြင်းသို့ ဝင်ရောက်လိမ့်မည်။ အနားယူနေသည့် အသက်တာတွင် စစ်ပွဲမရှိ၊ ညစ်ညမ်းမှုမရှိ၊ တရားပျက်မှုတို့ ဆက်လက်တည်ရှိခြင်း မရှိချေ။ ဆိုလိုသည်မှာ စာတန်၏ နှောင့်ယှက်ခြင်း (ဤနေရာတွင် “စာတန်” သည် ဘေးအန္တရာယ်ပြုသော အင်စားစုများကိုရည်ညွှန်းသည်) ၊ စာတန်၏ ပျက်စီးခြင်း သာမက ဘုရားသခင်ကို ဆန့်ကျင်သော အင်အားစုတစ်ခုခု၏ ကျူးကျော်ခြင်းတစ်ခုမျှ မရှိတော့ပေ။ အရာအားလုံးသည် သူ့သဘောသူဆောင်ပြီး ဖန်ဆင်းတော်မူသော ဘုရားရှင်ကို ကိုးကွယ်ကြသည်။ ကောင်းကင်နှင့်မြေကြီးသည် အကြွင်းမဲ့ ငြိမ်သက်ခြင်း ရှိလိမ့်မည်။ ယင်းမှာ လူသားတို့၏ အနားယူသော အသက်တာဖြစ်သည်။ ဘုရားသခင်သည် အနားယူခြင်းသို့ ဝင်ရောက်သည့်အခါ မတရားမှုများသည် ကမ္ဘာမြေကြီးပေါ်တွင် တည်ရှိတော့မည်မဟုတ်ပဲ ဘေးအန္တရာယ်ပြုသော အင်အားစုတို့၏ ကျူးကျော်မှုလည်း တစ်ခုမျှ ရှိတော့မည်မဟုတ်ချေ။ လူသားတို့သည် နယ်ပယ်သစ်သို့ ဝင်ရောက်ကြလိမ့်မည်။ သူတို့သည် စာတန်က ဖျက်ဆီးထားသော လူသားများ ဖြစ်ကြတော့မည်မဟုတ်။ သို့သော်လည်း စာတန်၏ ဖျက်စီးခြင်းခံရပြီးနောက် ကယ်တင်ခြင်းခံရသော လူသားများ ဖြစ်ကြလိမ့်မည်။ လူသားတို့ အနားယူသော ရက်သည် ဘုရားသခင်၏ အနားယူသော ရက်လည်း ဖြစ်သည်။ လူသားက အနားယူခြင်းသို့ ဝင်ရောက်နိုင်စွမ်းမရှိသည့်အတွက် ဘုရားသခင်သည် သူ၏ အနားယူခြင်းများကို ဆုံးရှုံးခဲ့ရသည်။ ယင်းမှာ ကိုယ်တော်သည် မူလက အနားမယူနိုင်ခဲ့ခြင်းကြောင့် မဟုတ်ပေ။ အနားယူခြင်းသို့ ဝင်ရောက်မှုဆိုသည်မှာ အလုံးစုံသော အရာတို့ ရပ်တန့်သွားခြင်း သို့မဟုတ် အလုံးစုံသော အရာတို့ ဖွံ့ဖြိုးမှု မရှိတော့ခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်က အလုပ်လုပ်မှု ရပ်တန့်သွားခြင်း သို့မဟုတ် လူသားများ အသက်ရှင်မှု မရှိတော့ခြင်းကို မဆိုလိုပါ။ အနားယူခြင်းသို့ ဝင်ရောက်သည့် လက္ခဏာမှာ ဤသို့ဖြစ်သည်- စာတန်သည် ဖျက်စီးခြင်းခံခဲ့ရသည်၊ စာတန်၏ မကောင်းဆိုးဝါး လုပ်ရပ်များတွင် ပေါင်းစည်းခဲ့သော ကောက်ကျစ်စဉ်းလဲသူများသည် အပြစ်ပေး ဖယ်ရှားခံခဲ့ရသည်၊ ဘုရားသခင်အား အန္တရာယ်ပြုမည့် အင်အားစုအလုံးစုံသည် တည်ရှိခြင်း မရှိတော့။ ဘုရားသခင်သည် အနားယူခြင်းသို့ ဝင်ရောက်ခြင်း ဆိုသည်မှာ ကိုယ်တော်သည် လူသားများကို ကယ်တင်သောလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိတော့ခြင်းကို ဆိုလိုသည်။ လူသားတို့ အနားယူခြင်းသို့ ဝင်ရောက်ခြင်း ဆိုသည်မှာ လူသား အားလုံးတို့သည် ဘုရားသခင်၏ အလင်းအတွင်းနှင့် ကိုယ်တော်၏ ကောင်းချီးမင်္ဂအောက်တွင် နေထိုင်ခြင်းဖြစ်သည်။ စာတန်၏ ဖျက်ဆီးခြင်းတို့ ရှိတော့မည်မဟုတ်သကဲ့သို့ မတရားသော အရာများလည်း ဖြစ်ပေါ်တော့မည်မဟုတ်ချေ။ လူသားတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်နေထိုင်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်ကြလိမ့်မည်။ ဘုရားသခင်နှင့် လူသားသည် အတူတကွ အနားယူခြင်းသို့ ဝင်ရောက်သည့်အခါ လူသားတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်ပြီး စာတန်သည်လည်း ဖျက်စီးခြင်းခံရပြီး ဖြစ်ကာ လူသားတို့အကြား ဘုရားသခင်၏ လုပ်ငန်းများ လုံးဝဥဿုံပြီး ဆုံးသွားပြီဟုအဓိပ္ပါယ်ရပါမည်။ ဘုရားသခင်သည် လူတို့အကြားတွင် အလုပ်ဆက်လုပ်တော့မည်မဟုတ်ပဲ၊ လူသားတို့သည်လည်း စာတန်၏ စိုးမိုးမှုအောက်တွင် နေထိုင်မှုရှိတော့မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဘုရားသခင်သည် ဆက်လက် အလုပ်မများတော့ပဲ လူသားသည်လည်း ဟိုဟိုသည်သည် ပြေးလွှားလှုပ်ရှားနေရန် မလိုတော့ပေ။ ဘုရားသခင်နှင့် လူသားသည် တချိန်တည်း တပြိုင်တည်းတွင် အနားယူခြင်းသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်သည် သူ့ မူလ အနေအထားသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်စီတိုင်းသည်လည်း သူ သို့မဟုတ် သူမ၏ သက်ဆိုင်ရာ နေရာများတွင် ပြန်လည် ရောက်ရှိလိမ့်မည်။ ယင်းတို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး ပြီးဆုံးပြီးသည့်နောက်တွင် ဘုရားသခင်နှင့် လူသားသည် အသီးသီး အနားယူသွားမည့် ရည်မှန်းချက်ပန်းတိုင်များဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင်ရှိပြီး လူသားသည် လူသား၏ ရည်မှန်းချက်ပန်းတိုင်ရှိသည်။ အနားယူနေစဉ်အတွင်း ဘုရားသခင်သည် လူသားအားလုံးတို့၏ ကမ္ဘာမြေပေါ်မှအသက်တာကို ဆက်လက်လမ်းပြတော်မူမည်။ ဘုရားသခင်၏ အလင်းတော်အတွင်းတွင် ရှိနေစဉ်တွင်လူသားသည် ကောင်းကင်ဘုံတွင်ရှိတော်မူသော စစ်မှန်သော ဘုရားတစ်ဆူတည်းကိုသာ ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် လူသားများအကြားတွင် ဆက်လက်နေထိုင်တော့မည်မဟုတ်ပဲ လူသားသည်လည်း ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင်တွင် ဘုရားသခင်နှင့်အတူ နေထိုင်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် နယ်ပယ်တစ်ခုထဲတွင် အတူတကွ မနေနိုင်။ ယင်းအစား နှစ်ဦးစလုံးတို့သည် သူတို့၏ သက်ဆိုင်ရာ ကိုယ်ပိုင် နေထိုင်ပုံများ ရှိကြသည်။ လူသားအားလုံးတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု လုပ်ငန်းများ၏ လုပ်ငန်းစဉ်များ ဖြစ်နေစဉ်တွင် ဘုရားသခင်သည် လူသားအားလုံးကို လမ်းပြတော်မူသည်။ လူသားတို့သည် ဦးဆောင်မှု ခံယူသူများဖြစ်သည်၊ အနှစ်သာရအားဖြင့် လူသားသည် ဘုရားသခင်နှင့် မတူပေ။ အနားယူခြင်း၏ အဓိပ္ပာယ်မှာ တစ်ဦးတစ်ယောက်၏ မူလနေရာသို့ ပြန်လာခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်က အနားယူခြင်းသို့ ဝင်ရောက်သည့်အခါ ဆိုခြင်းမှာ ဘုရားသခင်သည် မိမိ၏ မူလနေရာသို့ ပြန်လာခြင်းဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်နေထိုင်တော့မည်မဟုတ် သို့မဟုတ် လူသားတို့ အကြားတွင်ရှိ သကဲ့သို့ လူသားတို့၏ ပျော်ရွှင်မှုနှင့် နာကျင်မှုများကို ဝေမျှတော့မည် မဟုတ်ပေ။ လူသားသည် အနားယူခြင်းသို့ ဝင်ရောက်သည်ဆိုခြင်းမှာ လူသားသည် အမှန်တကယ် ဖန်ဆင်းခြင်းတစ်ခုဖြစ်လာပြီး၊ လူသားတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်လိမ့်မည်ဖြစ်ပြီး ပုံမှန်လူသား အသက်တာများ ရရှိလိမ့်မည်။ လူတို့သည် ဘုရားသခင်အား နားမထောင်ခြင်း သို့မဟုတ် ဘုရားသခင်အား ဆန့်ကျင်ခြင်းတို့ ရှိတော့မည် မဟုတ်ပေ။ သူတို့သည် အာဒံနှင့် ဧဝတို့၏ မူလ ဘဝသို့ ပြန်လည် ရောက်ရှိလိမ့်မည်။ ယင်းတို့မှာ အနားယူခြင်းသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ကြသည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွဲမရှောင်သာသည့် ဖြစ်စဉ်ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု လုပ်ငန်းများ ပြီးပြည့်စုံပြီးနောက် ကိုယ်တော်သည် အနားယူခြင်းသို့ ဝင်ရောက်ခြင်း၊ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်း၊ နှင့် အနားယူခြင်းသို့ ဝင်ရောက်ခြင်းတို့သည်လည်း အလားတူပင် ရှောင်လွဲ၍မရသော ဖြစ်စဉ်များဖြစ်သည်။ လူသား၏ အနားယူရာ နေရာမှာ ကမ္ဘာမြေကြီးဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူသည့် နေရာမှာ ကောင်းကင်ဘုံဖြစ်သည်။ လူသားအနားယူနေစဉ် သူသည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ပြီးကမ္ဘာမြေပေါ်တွင်လည်း နေထိုင်လိမ့်မည်၊ ဘုရားသခင် အနားယူသည့်အခါ ကိုယ်တော်သည် ကျန်ရှိနေသော လူသား တစိတ်တပိုင်းကို ဦးဆောင်လိမ့်မည်။ ကိုယ်တော်သည်မြေကြီးပေါ်မှ မဟုတ်ပဲ ကောင်းကင်ဘုံမှ သူတို့ကို ဦးဆောင်လိမ့်မည်။ ဘုရားသခင်သည် ၀ိညာဉ်အဖြစ် ဆက်လက်ရှိလိမ့်မည်ဖြစ်ပြီး လူသားသည် အသွေးအသားဖြင့် ဆက်လက်ရှိနေလိမ့်မည်။ ဘုရားသခင်နှင့် လူသားတို့ နှစ်ဦးနှစ်ဖက်လုံးသည် သူတို့၏ မတူညီသော သက်ဆိုင်ရာ အနားယူခြင်းပုံစံနှင့် ရှိလိမ့်မည်။ ဘုရားသခင် အနားယူနေစဉ် ကိုယ်တော်သည် လူသားများအားလာရောက် ကိုယ်ထင်ပြလိမ့်မည်၊ လူသားအနားယူနေစဉ် ကိုယ်တော်သည် ကောင်းကင်ဘုံသို့ လည်ပတ်ရန် ဘုရားသခင်၏ ဦးဆောင်မှုကို ခံရမည်ဖြစ်ပြီး ကောင်းကင်ဘုံတွင်လည်း အသက်တာကို စံစားရမည်။ ဘုရားသခင်နှင့် လူသားတို့ အနားယူခြင်းသို့ ဝင်ရောက်ပြီးသည့်အခါ စာတန်သည် ဆက်လက်တည်ရှိနေတော့မည်မဟုတ်ပဲ စာတန်ကဲ့သို့ပင် ကောက်ကျစ်စဉ်းလဲသော လူတို့သည်လည်း ဆက်လက်တည်ရှိ တော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့ အနားယူခြင်းသို့ မဝင်ရောက်မီတွင် ကမ္ဘာမြေကြီးပေါ်တွင် တစ်ချိန်က ဘုရားသခင်အား သတ်ဖြတ်စီရင်ခဲ့သော ကောက်ကျစ်စဉ်းလဲသော လူပုဂ္ဂိုလ်များတို့နှင့် ကိုယ်တော့်ကို မနာခံသော ကမ္ဘာမြေကြီးပေါ်မှ ရန်သူများတို့သည် ဖျက်စီးခံကြရပြီး ဖြစ်လိမ့်မည်။ သူတို့သည်နောက်ဆုံးသော နေ့ရက်များ၏ ကြီးမားသည့် ဘေးအန္တရာယ်တို့၏ ဖျက်စီးခြင်းကို ခံကြရလိမ့်မည်။ ကောက်ကျစ်စဉ်းလဲသောသူပုဂ္ဂိုလ်များ လုံးဝ ပျက်စီးပြီးသွားသည့်နောက်တွင် ကမ္ဘာမြေကြီးသည် စာတန်၏ နှောင့်ယှက်ခြင်းကို မည်သည့်အခါမှ ထပ်မံ သိရှိတော့မည်မဟုတ်ပေ။ လူသားသည် ပြီးပြည့်စုံသော ကယ်တင်ခြင်းကို ထိန်းသိမ်းထားလိမ့်မည်ဖြစ်ပြီး ထိုအချိန်အခါ နောက်မှသာလျှင် ဘုရားသခင်၏ လုပ်ငန်းဆောင်တာများ အလုံးစုံ ပြီးပြည့်စုံလိမ့်မည်။ ယင်းတို့သည် ဘုရားသခင်နှင့် လူသားတို့ အနားယူခြင်းသို့ မဝင်ရောက်မီ ကြိုတင်လိုအပ်သည့် အခြေအနေများ ဖြစ်ကြသည်။

အရာအားလုံး၏ အဆုံးသတ် ချည်းကပ်မှုသည် ဘုရားသခင်၏ လုပ်ငန်းအဆုံးသတ်မှုနှင့် လူသား ဖွံ့ဖြိုးတိုးတက်မှု အဆုံးသတ်ကို ညွှန်ပြသည်။ ဆိုလိုသည်မှာ စာတန်၏ ဖျက်စီးခြင်းကို ခံရသော လူသားတို့သည် သူတို့၏ ဖွ့ံဖြိုးတိုးတက်မှု အဆုံးကို ရောက်ရှိပြီဖြစ်ပြီး အာဒံနှင့် ဧဝမှ ဆင်းသက်လာသူတို့သည် သူတို့၏ သက်ဆိုင်ရာ လမ်းဆုံးများသို့ ရောက်ရှိသွားလိမ့်မည်။ ယင်းသို့သော လူသားများအတွက် စာတန်၏ ဖျက်စီးခြင်းကို ခံရပြီးနောက်တွင် ဆက်လက်ဖွံ့ဖြိုးရန် မဖြစ်နိုု်ငတော့ ဟုလည်းဆိုလိုပါသည်။ အစအဦးတွင် အာဒံနှင့် ဧဝတို့သည် ပျက်စီးခြင်းသို့ မရောက်သေးသော်လည်း၊ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခြင်းခံခဲ့ရသော အာဒံနှင့် ဧဝတို့သည် စာတန်၏ ဖျက်စီးခြင်းကို ခံခဲ့ကြရသည်။ ဘုရားသခင်နှင့် လူသားတို့ အနားယူခြင်းသို့ အတူတကွ ဝင်ရောက်သော အခါတွင် ဧဒင်ဥယျာဉ်အတွင်းမှ နှင်ထုတ်ခံခဲ့ရသော အာဒံနှင့် ဧဝနှင့် သူတို့မှ ဆင်းသက်လာသူတို့သည် နောက်ဆုံးတွင် နီးကပ်သွားလိမ့်မည်၊ အနာဂတ် လူသားတို့သည် အာဒံနှင့် ဧဝတို့မှ ဆင်းသက်လာသူများ ဆက်လက် ပါဝင်နေမည်ဖြစ်သော်လည်း စာတန်၏ စိုးမိုးမှုအောက်တွင် နေထိုင်သော သူတို့ ရှိတော့မည်မ ဟုတ်ချေ။ သူတုုိ့သည် ကယ်တင်ခြင်းခံရပြီး သန့်စင်ခြင်းခံခဲ့ရသောသူများဖြစ်လိမ့်မည်။ ယင်းလူသားတို့မှာ စီရင်ခြင်းနှင့် အပြစ်ဒဏ်ခတ်ခြင်း ခံရပြီးသူများဖြစ်ပြီး သူတို့သည် သန့်ရှင်းသူများ ဖြစ်လိမ့်မည်။ ထိုသူတို့သည် မူရင်းရှိခဲ့သော လူသား မျိုးနွယ်စုနှင့် တူလိမ့်မည်မဟုတ်ပေ။ လုံးဝနီးပါး ပြောနိုင်သည်မှာ သူတို့သည် မူလ အာဒံနှင့် ဧဝတို့မှ လုံးဝ ကွဲပြားခြားနားသော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။ သူတို့သည် စာတန်၏ ဖျက်စီးခြင်းခံရသော သူအားလုံးထဲမှ ရွေးကောက်ခြင်း ခံရသူများဖြစ်ပြီး သူတို့သည်ဘုရားသခင်၏စီရင်ခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းကာလတွင် အခိုင်အမာ ရပ်တည်ခဲ့သူများ ဖြစ်သည်၊ သူတို့သည် ပျက်စီးနေသော လူသားမျိုးနွယ်စုများကြားမှ နောက်ဆုံးကျန်ရှိသော လူအုုပ်စု ဖြစ်လိမ့်မည်။ ဤလူအုပ်စုသည်သာလျှင် နောက်ဆုံးတွင် ဘုရားသခင်နှင့် အတူ အနားယူခြင်းသို့ ဝင်ရောက်မည့်သူများဖြစ်သည်။ နောက်ဆုံးသော ကာလတွင်ဘုရားသခင်၏ စီရင်ခြင်းနှင့် ပြစ်ဒဏ်ပေးခြင်း ခံရသော ကာလတွင်- ဆိုလိုသည်မှာ နောက်ဆုံး ရှင်းလင်းခြင်းလုပ်ငန်း ကာလအတွင်းဖြစ်သည် - အခိုင်အမာရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့်အတူ နောက်ဆုံးတွင် အနားယူခြင်းသို့ ဝင်ရောက်ကြမည့်သူများဖြစ်လိမ့်မည်။ သို့ဖြစ်ရာ အနားယူခြင်းသို့ ဝင်ရောက်သော သူတို့သည် စာတန်၏ လွှမ်းမိုးခြင်းမှ ကင်းလွတ်ကြပြီး၊ကိုယ်တော်၏ နောက်ဆုံး ရှင်းလင်းခြင်း လုပ်ငန်းအတွင်း ဖြတ်ကျော်ပြီးမှသာလျှင် ဘုရားသခင်က သိမ်းပိုက်ထားသူများ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို လုံးဝ ခံရသော ထိုသူများသည် နောက်ဆုံး အနားယူခြင်းသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းနှင့် စီရင်ခြင်း လုပ်ငန်း၏ အနှစ်သာရသည် လူသားတို့ကို သန့်ရှင်းစေခြင်းဖြစ်ပြီး ယင်းသည် နောက်ဆုံးအနားယူသော ကာလအတွက် ဖြစ်သည်။ သို့မဟုတ်ပါက လူသားအလုံးစုံတို့သည် သူတို့၏ ကိုယ်ပိုင် အမျိုးနောက်သို့ လိုက်ပါနိုင်ခြင်း သို့မဟုတ် အနားယူခြင်းသို့ ဝင်ရောက်ခြင်း ရှိနိုင်မည်မဟုတ်ပေ။ ယင်းလုပ်ငန်းသည် လူသားတို့အတွက် အနားယူခြင်းသို့ ဝင်ရောက် သောတစ်ခုတည်းသောလမ်းကြောင်း ဖြစ်သည်။ ဘုရားသခင်၏ သန့်စင်ခြင်း လုပ်ငန်းသည် လူသားတို့ကို သူတို့၏ မဖြောင့်မတ်ခြင်း တို့မှ သန့်စင်စေပြီး ကိုယ်တော်၏ အပြစ်ပေးခြင်းနှင့် စီရင်ခြင်း လုပ်ငန်းသည်သာလျှင် လူသားတို့အကြားမှ အရာများကို မနာခံသောသူများအား အလင်းသို့ ပို့ဆောင် ပေးလိမ့်မည်။ ဤနည်းအားဖြင့် ကယ်တင်ခြင်းခံရနိုင်သူတို့ကို မခံရနိုင်သူတို့နှင့် ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများနှင့် ခွဲခြားခြင်းဖြစ်လိမ့်မည်။ ကိုယ်တော်၏ အလုပ်ပြီးသော အခါ ကျန်ရှိမည့်သူများသည် သန့်ရှင်းစင်ကြယ်ခြင်း ခံကြရပြီး ပိုမိုမြင့်မြတ်သော နိုင်ငံတော်သို့ ဝင်ရောက်သည်နှင့်အတူ ပိုမို ပျော်ရွှင်ဖွယ်ကောင်းသော ဒုတိယ လူသားဘဝကို ကမ္ဘာမြေပေါ်တွင် ခံစားကြရမည်။ တနည်းအားဖြင့် ဆိုသော် သူတို့သည် လူသား၏ အနားယူသော နေ့သို့ ဝင်ရောက်ကြပြီး ဘုရားသခင်နှင့် အတူ နေထိုင်ကြလိမ့်မည်။ ထို့နောက်တွင် မကျန်ရှိနိုင်သော သူတို့သည် အပြစ်ပေးခြင်းနှင့် စီရင်ခြင်းကို ခံကြရပြီး သူတို့၏ မူလ ရုပ်သွင်မှာ လုံးဝဥဿုံပေါ်လာလိမ့်မည်။ ထို့နောက်တွင် သူတို့သည် စာတန်ကဲ့သို့ပင် ဖျက်စီးခြင်းကိုခံကြရပြီး ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် ရှင်သန်ခွင့် ရှိတော့မည်မဟုတ်ပေ။ အနာဂတ်လူသားတို့တွင် ဤကဲ့သို့သော လူများ ဆက်လက်ပါဝင်တော့မည်မဟုတ်ပေ၊ ထိုလူများသည် လုံးဝ အနားယူခြင်းမြေအတွင်းသို့ ဝင်ရောက်ရန် မထိုက်တန်သကဲ့သို့ ဘုရားသခင်နှင့် လူသား ဝေမျှမည့် အနားယူခြင်းနေ့ရက်ကို ဝင်ရောက်ရန် မထိုက်တန်ပေ။ အကြောင်းမှာထိုသူများသည် အပြစ်ပေးမည့် ပစ်မှတ်များဖြစ်ကြပြီး ကောက်ကျစ်စဉ်းလဲသူများဖြစ်ကာ သူတို့သည် ဖြောင့်မတ်ခြင်းမရှိသော လူများဖြစ်သောကြောင့် ဖြစ်သည်။ သူတို့သည် တချိန်တွင် ကယ်နှုတ်ခြင်းခံခဲ့ရပြီး သူတို့သည် စီရင်ခြင်းနှင့် အပြစ်ပေးခြင်းကိုလည်း ခံခဲ့ကြရသည်၊ တချိန်က သူတို့သည်လည်း ဘုရားသခင်၏ အမှုတော်ကိုထမ်းခဲ့ကြရသော်လည်း နောက်ဆုံးကာလသို့ ရောက်သော အခါ သူတို့၏ ကိုယ်ပိုင် စဉ်းလဲခြင်းကြောင့် နှင့် သူတို့၏ ကိုယ်တိုင် နာမခံခြင်းနှင့် ပေးဆပ်နိုင်ခြင်းမရှိမှုတို့ကြောင့် ဖယ်ရှားခြင်းနှင့် ဖျက်စီးခြင်း ခံကြရလိမ့်မည်။ သူတို့သည် အနာဂတ်ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိ တော့မည်မဟုတ်ပဲ၊ သူတို့သည် အနာဂတ် လူသားမျိုးနွယ်စုများအကြားတွင်လည်း ဆက်လက်တည်ရှိ တော့မည်မဟုတ်ပေ။ လူသားများအကြား သန့်ရှင်းသူတို့ အနားယူခြင်းသို့ ဝင်ရောက်သည့်အခါ မကောင်းမှုလုပ်သော သူအားလုံး၊ ကယ်တင်ခြင်းမရရှိသော လူအားလုံးနှင့် မည်သူမဆိုတို့သည် သေဆုံးသူတို့၏ ၀ိညာဉ်အနေဖြင့် ရှိသည်ဖြစ်စေ၊ အသွေးအသားဖြင့် အသက်ရှင်လျက်ရှိသည် ဖြစ်စေ ဖျက်စီးခြင်းခံကြရမည်။ မည်သည့်ခေတ်တွင်မဆို ထိုမကောင်းမှုလုပ်သည့် ၀ိညာဉ်များနှင့် မကောင်းမှုလုပ်သည့် လူများ၊ သို့မဟုတ် ဖြောင့်မတ်သည့် လူများ၏ ၀ိညာဉ်များနှင့်ဖြောင့်မတ်ခြင်းနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မကောင်းမှုကို လုပ်သူတိုင်း ဖျက်စီးခြင်းခံရမည်ဖြစ်ပြီး၊ ဖြောင့်မတ်သည့် မည်သူမဆို ရှင်သန်နေလိမ့်မည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် ၀ိညာဉ်တစ်ခု ကယ်တင်ခြင်းရမည် မရမည်မှာ နောက်ဆုံး ကာလ၏ အလုပ်များအပေါ်တွင်သာ လုံးဝ တည်မှီနေမည်မဟုတ်ပဲ ဘုရားသခင်အပေါ် ဆန့်ကျင်ခဲ့သလား သို့မဟုတ် မနာခံခဲ့သလား ဆိုသည့် အပေါ်တွင် အခြေခံပြီး ဆုံးဖြတ်လိမ့်မည်။ အကယ်၍ ယခင်ခေတ်က လူများသည် မကောင်းမှုများပြုလုပ်ခဲ့ပြီး ကယ်တင်ခြင်း မရရှိခဲ့ပါက သူတို့သည် ပြစ်ဒဏ် စီရင်မှုအတွက် ပစ်မှတ်များဖြစ်မည်မှာ သံသယ ဖြစ်ဖွယ်မရှိပေ။ ယနေ့ခေတ် လူများသည် မကောင်းမှုများကျူးလွန်ပြီး ကယ်တင်ခြင်းမခံရပါက သူတို့သည်လည်း သေချာပေါက် ပြစ်ဒဏ်စီရင်ခြင်းခံရမည့် ပစ်မှတ်များ ဖြစ်သည်။ လူများကို ကောင်းမှုနှင့် မကောင်းမှုအပေါ်တွင် အခြေခံပြီး ခွဲခြားပြီး၊ ခေတ်ကိုအခြေခံပြီး ခွဲခြားခြင်းမဟုတ်ပါ။ ကောင်းမှုနှင့် မကောင်းမှုအပေါ်တွင် အခြေခံပြီး ခွဲခြားပြီးနောက်တွင် လူများသည် ချက်ခြင်း အပြစ်ပေးခံရခြင်း သို့မဟုတ် ဆုုလာဘ်များရရှိခြင်းတို့ ဖြစ်မည်မဟုတ်။ ယင်းအစား ဘုရားသခင်သည် သူ၏ မကောင်းသူများကို အပြစ်ပေးခြင်းနှင့် ကောင်းသူများကို ဆုလာဘ်ပေးခြင်းတို့ကို နောက်ဆုံးကာလတွင် သူ၏ အလုပ်များ အောင်နိုင်ပြီးနောက်တွင်သာ လုပ်ဆောင်လိမ့်မည်။ အမှန်တကယ်အားဖြင့် ကိုယ်တော်သည် လူသားတို့ အကြားတွင် အလုပ်များ လုပ်ဆောင်ချိန်မှစ၍ ကောင်းမှုနှင့် မကောင်းမှုတို့ကို အသုုံးပြုလျက် လူသားတို့အား ခွဲခြားနေခဲ့ခြင်းဖြစ်သည်။ ကိုယ်တော်၏ အလုပ်ပြီးစီးချိန်တွင် ဖြောင့်မတ်သူများ ကိုဆုလာဘ်ပေးပြီး ကောက်ကျစ်စဉ်းလဲသူများကို အပြစ်ပေးရုံသာရှိပြီး နောက်ဆုံးတွင် ကိုယ်တော်၏အလုပ်များပြီးစီးသည့်အခါ ကောက်ကျစ်စဉ်းလဲသူနှင့် ဖြောင့်မတ်သူများကို ခွဲခြားပြီး နောက်တွင် မကောင်းသူများကို အပြစ်ပေးခြင်းနှင့် ကောင်းသူများကို ဆုလာဘ်ပေးခြင်းတို့ကို ချက်ချင်း လုပ်ဆောင်လိမ့်မည်။ ကိုယ်တော်၏ မကောင်းသူများကို အပြစ်ပေးခြင်းနှင့် ကောင်းသူများကို ဆုလာဘ်ပေးခြင်း အဆုံးစွန်သော အလုပ်သည် လူသား အားလုံးကို လုံးဝ သန့်ရှင်းစင်ကြယ် စေရန် နောက်ဆုံး လုပ်ဆောင်ခြင်းဖြင့် သန့်ရှင်းသော လူသား အားလုံးကို ထာဝရ အနားယူခြင်းသို့ ဆောင်ယူလိမ့်မည်။ ဤအဆင့်တွင်ရှိသော ကိုယ်တော်၏ အလုပ်သည် အရေးကြီးဆုံး အလုပ်ဖြစ်သည်။ ယင်းမှာ ကိုယ်တော်၏ စီမံခန့်ခွဲမှု အလုပ်တစ်ခုလုံး၏ နောက်ဆုံး အဆင့်ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်သည် ကောက်ကျစ်စဉ်းလဲသူများကို မဖျက်စီးပဲ သူတို့ကို ကျန်ရှိစေပါက၊ လူသား အားလုံးတို့သည် အနားယူခြင်းသို့ မဝင်ရောက်နိုင်သေးပဲ ရှိလိမ့်မည်။ ထိုအခါ ဘုရားသခင်သည် လူသားအားလုံးကို ပိုမိုကောင်းမွန်သော နိုင်ငံတော်သို့ ခေါ်ဆောင် မသွားနိုုုင်ပဲ ရှိလိမ့်မည်။ ဤအလုပ်မျိုးသည် အဆုံးတိုင် ပြီးစီးခြင်း ရှိမည်မဟုတ်ပေ။ ကိုယ်တော်သည် အလုပ်ပြီးစီးသည့် အခါ အားလုံးသောလူသား တို့သည် လုံးဝ သန့်ရှင်းကြလိမ့်မည်။ ထိုသို့သော အနေအထားမျိုးမှသာလျှင် ဘုရားသခင်သည် အနားယူခြင်း၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်ပေမည်။

ယနေ့လက်ရှိလူသားများသည် အသွေးအသားဆိုင်ရာ အရာများကို မခွဲခွာနိုင်ကြချေ။ သူတို့သည် အသွေးအသား ပျော်ရွှင်မှုကို မစွန့်လွှတ်နိုင်ကြရုံသာမက ကမ္ဘာလောက၊ ပိုက်ဆံ၊ သို့မဟုတ် သူတို့၏ စာရိတ္တပျက်စီးသည့် သဘောထားများကိုလည်း မစွန့်လွှတ်နိုင်ကြချေ။ လူအများစုတို့သည် အဆင်အခြင်မဲ့သော ပုံစံဖြင့် သူတို့လိုအင်ကို သွားနေကြသည်။ အမှန်တကယ်တွင် ထိုလူများသည် သူတို့၏ စိတ်နှလုံးတွင် ဘုရားသခင်မရှိပဲ ပိုဆိုးသည်မှာ သူတို့သည် ဘုရားသခင်ကို မကြောက်ခြင်း ဖြစ်သည်။ သူတို့သည် သူတို့၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိသည် ဖြစ်ရာ သူတို့သည် ဘုရားသခင်လုပ်ဆောင်သမျှအားလုံးကို မသိရှိနိုင်ကြပဲ ကိုယ်တော်၏ နှုတ်တော်မှ ကိုယ်တော် မိန့်ကြားတော်မူသော နှုတ်ကပတ်တော်တို့ကို ပို၍ပင် မယုံကြည်နိုင်ပဲ ရှိကြသည်။ ဤသူတို့မှာ အလွန်အသွေးအသားနောက်လိုက်သူများဖြစ်သည်။ သူတို့သည် နက်နက်ရှိုင်းရှိုင်း ပျက်စီးနေကြပြီး အမှန်တရားများ နည်းပါးနေကြသည်။ ပိုဆိုးသည်မှာ သူတို့သည် ဘုရားသခင်သည် လူ့ဇာတိခံခြင်းကို မယုံကြည်ကြပေ။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို မယုံကြည်သူ မည်သူမဆို - မြင်ရသော ဘုရား၏ အလုပ်နှင့်ဟောကြားချက်များကို မယုံသူများ နှင့် မြင်တွေ့ရသောဘုရားကိုမယုံကြည်ပဲ မမြင်တွေ့နိုင်သော ကောင်းကင်ဘုံက ဘုရားသခင်ကို ကိုးကွယ်သူများ- သူတို့၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိပေ။ သူတို့သည် ဘုရားသခင်အား မနာခံသော ဆန့်ကျင်သော သူများဖြစ်ကြသည်။ ဤလူများသည် လူသားဆန်မှု နှင့် ကျိုးကြောင်း ဆင်ခြင်မှုအားနည်းပြီး အမှန်တရား၏ မည်သည့်အရာကိုမျှ မပြောကြပေ။ ဤလူများအတွက် မြင်တွေ့နိုင်သော ကိုင်တွယ်နိုင်သော ဘုရားသခင်ကို အခြားအရာများထက်ပို၍ပင် မယုံကြည်ကြသော်လည်း မမြင်တွေ့နိုင်သော နှင့် မကိုင်တွယ်နိုင်သော ဘုရားသခင်သည်သာ ယုံကြည်ရဆုံး နှင့် သူတို့၏ စိတ်နှလုံးကို အချမ်းမြေ့စေနိုင်ဆုံး ဖြစ်သည်။ သူတို့ ရှာဖွေသည်မှာ လက်တွေ့၏ အမှန်တရား မဟုတ်သကဲ့သို့ အသက်တာ၏ မှန်ကန်သော အနှစ်သာရလည်းမဟုတ်၊ ဘုရားသခင်၏ လိုအင်ဆန္ဒလည်း သာ၍ပင်မဟုတ်ပဲ သူတို့သည် စိတ်လှုပ်ရှားမှု နောက်ကိုသာ လိုက်ကြသည်။ သူတို့၏ ကိုယ်ပိုင် ဆန္ဒများကို ဖြည့်စွမ်းနိုင်သော ခွင့်အပေးဆုံးမည့်သည့်အရာမဆိုသည် သံသယရှိဖွယ်မလိုပဲ သူတို့၏ ယုံကြည်ခြင်းနှင့် လိုက်လျှောက်ခြင်းတို့ဖြစ်သည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင် ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းသာဖြစ်ပြီး အမှန်တရားကို ရှာဖွေခြင်း မဟုတ်ပေ။ ဤလူများသည် မကောင်းမှု ကျူးလွန်သူများ မဟုတ်ပါလော။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအလွန်အမင်းရှိကြပြီး ကောင်းကင်ဘုံမှ ဘုရားသခင်သည် ဤ"လူကောင်းများ" ဖြစ်သော သူတို့အား ဖျက်ဆီးမည်ဆိုသည်ကို မယုံကြည်ကြပေ။ ထိုအစား သူတို့သည် ဘုရားသခင်က သူတို့ကို ကျန်ရှိရန် ခွင့်ပြုမည်ဟုယုံကြည်ပြီး ထို့ထက်မကပဲ ဘုရားသခင်အတွက် အရာများစွာကို သူတို့ လုပ်ဆောင်ခဲ့ခြင်းနှင့် ကိုယ်တော့်အပေါ် "သစ္စာရှိမှု" ကို အကြီးအကျယ် ပြသခြင်းတို့အတွက် သူတို့ကို ဆုလာဘ် ကောင်းမွန်စွာ ပေးသနားမည်ဟု ယုံကြည်ကြသည်။ အကယ်၍သာ သူတို့သည် မြင်ရသော ဘုရားသခင်ကို လိုက်လျှောက်ကြမည်ဆိုလျှင် သူတို့သည် ချက်ချင်းပင် ဘုရားသခင်ကို ဆန့်ကျင်ကြလိမ့်မည် သို့မဟုတ် သူတို့၏ ဆန္ဒများ ကျဆုံးသွားသည်နှင့် ဒေါသကြီးစွာထွက်ကြလိမ့်မည်။ ဤသူတို့သည် သူတို့ကိုယ်တိုင်၏ အလိုဆန္ဒများကို ရှာဖွေသော မကောင်းသော သူများ ဖြစ်ကြသည်၊ သူတို့သည် အမှန်တရားကို လိုက်လျှောက်သော ဂုဏ်သရေရှိသူများ မဟုတ်ကြပေ။ ထိုကဲ့သို့သော လူများကို ခရစ်တော်နောက်တော်ကိုလိုက်သော ကောက်ကျစ်စဉ်းလဲသော လူများဟု ခေါ်ဆိုသည့် လူများဖြစ်သည်။ အမှန်တရားကို မရှာဖွေသူတို့သည် အမှန်တရားကို မယုံကြည်နိုင်ကြပေ။ မြင်နိုင်သော ဘုရားသခင်၏ အလုပ် သို့မဟုတ် မိန့်ဆိုချက်များကို မ ယုံကြည်သူများဖြစ်ရာ သူတို့သည် လူသား အနာဂတ် ရလဒ်များကို လက်ခံရန် သာ၍သာ ဝေးပြီး သူတို့သည် လူသား၏ အနာဂတ် ရည်မှန်းချက်ပန်းတိုင်ကိုလည်း မယုံကြည်နိုင်ပေ။ သို့ဖြစ်ရာ သူတို့သည် မြင်နိုင်သော ဘုရားသခင်ကို လိုက်လျှောက်သည့်တိုင်အောင်ပင် သူတို့သည် မကောင်းမှုများ၌ မွေ့လျော်ဆဲဖြစ်ပြီး အမှန်တရားကို မရှာဖွေသကဲ့သို့ ငါလိုအပ်သော အမှန်တရားကိုလည်း သူတို့ မကျင့်သုံးကြပေ။ သူတို့ ဖျက်စီးခြင်းခံရမည်ဟု မယုံကြည်သော လူတို့သည် ဖျက်ဆီးခြင်းခံရမည်မှာသေချာပြီးသားဖြစ်သောသူများနှင့် တူညီသည်။ သူတို့အားလုံးသည် သူတို့ကိုယ်သူတို့ အလွန်ထက်မြက်သူများဟု ယုံကြည်ကြပြီး သူတို့သည် သူတို့ကိုယ်သူတို့ အမှန်တရားကို ကျင့်သုံးသူများဟု ယုံကြည်ကြသည်။ သူတို့၏ မကောင်းသော လုပ်ရပ်များကို အမှန်တရားအဖြစ် သတ်မှတ်ထားကြသည်ဖြစ်ရာ ယင်းကို တန်ဖိုးထားကြသည်။ ထိုကောက်ကျစ်စဉ်းလဲသော သူများသည် ကိုယ့်ကိုယ်ကို ယုံကြည်မှု အလွန်ရှိကြသည်၊ သူတို့သည် အမှန်တရားကို မူဝါဒစည်းမျဉ်းအဖြစ် စွဲကိုင်ကြသည်၊ ထို့ပြင် သူတို့၏ မကောင်းမှု လုပ်ရပ်များကို အမှန်တရားဟု ယူကြသည်။ နောက်ဆုံးတွင် သူတို့သည် သူတို့ စိုက်ပျိုးထားသည်များကိုသာ ရိတ်သိမ်းနိုင်ကြလိမ့်မည်။ ကိုယ့်ကိုယ်ကို အလွန် ယုံကြည်မှုရှိသည့်လူများဖြစ်လေ၊ မာန်မာန လွန်စွာ ထောင်လွှားသူများဖြစ်လေ၊ အမှန်ကို ပိုပြီးမရနိုင်သူများဖြစ်လေ၊ ကောင်းကင်ဘုံမှ ဘုရားသခင်ကို ပိုမိုယုံကြည်သူများလေ၊ ဘုရားသခင်ကို ပို၍ပုန်ကန်သူများ ဖြစ်ကြသည်။ ဤသူများသည် အပြစ်ပေးခံရမည့်သူများ ဖြစ်သည်။ လူသားတို့ အနားယူခြင်းသို့ မဝင်ရောက်မှီ မည်သည့် ပုဂ္ဂိုလ်မျိုးသည် အပြစ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်များ ရရှိမည်ဆိုသည်ကို သူတို့အမှန်တရားကို ရှာဖွေသလား၊ သူတို့ ဘုရားသခင်ကို သိသလား၊ သူတို့ မြင်နိုင်သော ဘုရားသခင်ကို နာခံသလား ဆိုသည်တို့အပေါ် မူတည်ပြီး ဆုံးဖြတ်လိမ့်မည်။ မြင်နိုင်သော ဘုရားသခင်ကို ဆက်ကပ်သူများသည် ကိုယ်တော်ကို မသိ သို့မဟုတ် ကိုယ်တော်ကို မနာခံဘဲ အမှန်တရား မရှိကြပါ။ ဤလူများသည် မကောင်းမှု ကျူးလွန်သူများဖြစ်ပြီး မကောင်းမှုကျူးလွန်သူများသည် သံသယ ဖြစ်ဖွယ်မရှိအောင်ပင် အပြစ်ပေးခံကြရမည်။ ထို့အပြင် သူတို့သည် သူတို့၏ ကောက်ကျစ်စဉ်းလဲသော လုပ်ရပ်များအတိုင်း အပြစ်ပေး ခံရကြလိမ့်မည်။ ဘုရားသခင်သည် လူသား၏ ယုံကြည်မှုကိုခံရပြီး ကိုယ်တော်သည် လူသား၏ နာခံမှုနှင့်လည်း ထိုက်တန်သည်။ ဝေ၀ါးမှုနှင့် မမြင်ရသော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများဖြစ်ကြသည်။ ထို့အပြင် သူတို့သည် ဘုရားသခင်ကို မနာခံနိုင်ကြပေ။ ကိုယ်တော်၏ အောင်ပွဲခံတော်မူခြင်း အလုပ်ပြီးမြောက်သည့် အချိန်အထိနှင့် လူ့ဇာတိခံယူသည့်ဘဝတွင် မြင်နိုင်သော ဘုရားသခင်ကို မနာခံပဲ ဆန့်ကျင်မှု ဆက်လက်ရှိနေပြီး ထိုသူတို့သည် မြင်ရသော ဘုရားသခင်ကို မယုံကြည်သေးပါက ထိုမပြတ်သားသူများသည် သံသယဖြစ်ဖွယ် မရှိစွာပင် ဖျက်စီးခံကြရမည်။ ထိုအရာသည် သင်တို့ အတွင်း ရှိနေသူများ ကဲ့သို့ပင် ဖြစ်သည်။ - တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ လူဇာတိ ခံယူတော်မူခြင်းကို နှုတ်အားဖြင့် အသိအမှတ်ပြုသော်လည်း လူ့ဇာတိခံသော ဘုရားသခင်ကို နာခံခြင်း အမှန်တရားကို ကျင့်သုံးနိုင်ခြင်းမရှိပါက သေချာပေါက် ဖယ်ရှားခြင်းနှင့် ဖျက်စီးခြင်းတို့ကို ခံရလိမ့်မည်ဖြစ်ပြီး၊ တစ်စုံတစ်ဦးသည် မြင်ရသော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုပြီး မြင်ရသော ဘုရားသခင် ဖော်ပြသော အမှန်တရားကို သုံးဆောင်ခြင်း ရှိသော်လည်း ဝေ၀ါးမှုနှင့် မမြင်နိုင်သော ဘုရားသခင်ကို ရှာဖွေသူတို့အားလုံးတို့သည် အနာဂတ်တွင် ပိုမိုသော ဖျက်စီးခြင်းကို ခံကြရမည်။ ဘုရားသခင်၏ အလုပ်များ ပြီးစီးသည့်နောက် အနားယူခြင်း အချိန်ရောက်သည် အထိ ထိုသူတို့အထဲမှ မည်သူမျှ ကျန်ရှိမည်မဟုတ်ပေ၊ အနားယူခြင်း အချိန်အထိ ကျန်ရှိမည့် ထိုသူများနှင့် တူသူ မည်သူမျှ မရှိနိုင်ပေ။ ဆိုးသွမ်းသော သူတို့သည် အမှန်တရားကို မကျင့်သုံးသူများဖြစ်ကြသည်၊ သူတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ဆန့်ကျင်ရန်နှင့် မနာခံရန် ဖြစ်သည်၊ ထို့ပြင် သူတို့တွင် ဘုရားသခင်အား နာခံ ရန် ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိပေ။ ထိုသို့သော လူများအားလုံးတို့သည် ဖျက်စီးခံကြရလိမ့်မည်။ သင့်တွင် အမှန်တရား ရှိမရှိ နှင့် ဘုရားသခင်အား ဆန့်ကျင်ခြင်းရှိမရှိတို့ကို သင်၏ သွင်ပြင် သို့မဟုတ် သင်၏ အခါအားလျော်စွာ ပြောဆို ပြုမူမှုများအပေါ် မူတည်ဆုံးဖြတ်ခြင်း မရှိပဲ သင်၏ အနှစ်သာရပေါ်တွင် ဆုံးဖြတ်သည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အနှစ်သာရသည် ထိုသူတို့ ဖျက်စီးခြင်း ခံရမည် မခံရမည်ကို ဆုံးဖြတ်သည်။ ယင်းမှာ သူတို့၏ လုပ်ဆောင်မှုနှင့် သူတို့၏ အမှန်တရားအပေါ် လိုက်လျှောက်မှုကို ဖော်ထုတ်ထားသည့် အနှစ်သာရ အရ ဆုံးဖြတ်ခြင်းဖြစ်သည်။ လူအများကြားတွင် အလုပ် တူညီပြီး အလုပ်ပမာဏ တူညီကာ လူသား အနှစ်သာရ ကောင်းမွန်သော လူများနှင့် အမှန်တရားကို ပိုင်ဆိုင်သော လူများတို့သည် ကျန်ရစ်မည့် သူများ ဖြစ်သော်လည်း လူသား အနှစ်သာရ မကောင်းသူများနှင့် ဘုရားသခင်အား မနာခံသူများ တို့သည် ဖျက်စီးခြင်းခံရမည့် သူများဖြစ်သည်။ လူသား၏ ရည်မှန်းချက်ကို လမ်းပြသော ဘုရားသခင်၏ အလုပ် သို့မဟုတ် နှုတ်ကပတ်တော်များသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အနှစ်သာရအပေါ်မူတည်၍ သင့်တင့်လျောက်ပတ်စွာ လူသားတို့နှင့် ထိတွေ့ ပတ်သက်သည်။ မတော်တဆဖြစ်ခြင်းများ မရှိပဲ သေချာပေါက် မှားယွင်းမှုလည်း စိုးစင်းမျှ မရှိပေ။ လူတစ်ဦးသည်အလုပ်ကို ဆက်လက်လုပ်ဆောင်သော အခါမှသာ လူသား၏ စိတ်ခံစားမှု သို့မဟုတ် အဓိပ္ဗာယ် တို့ ရောနှောပါဝင်လာမည်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သော အလုပ်သည် အသင့်လျော်ဆုံးဖြစ်သည်။ ကိုယ်တော်သည် မည်သည့် အရာ သတ္တဝါကိုမျှ မှားယွင်းစွာ တောင်းဆိုမည်မဟုတ်သည်မှာ သေချာပေသည်။ ယခုအခါတွင်လူသားတို့၏ အနာဂတ် ရည်မှန်းချက်ကို လက်ခံနိုင်ခြင်းမရှိသာ လူများစွာ ရှိနေပြီး ငါပြောသော စကားများကိုလည်း သူတို့ မယုံကြည်ကြပေ။ မယုံကြည်သော လူအားလုံးတို့သည် အမှန်တရားကို လက်တွေ့ ကျင့်သုံးခြင်းမရှိသော သူတို့နှင့် အတူ မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ရှာဖွေသော သူတို့နှင့် ရှာဖွေခြင်း မရှိသူတို့သည် ယခုအခါ မတူညီသော လူနှစ်မျိုး ဖြစ်ကြပြီး သူတို့သည် မတူညီသော ရည်မှန်းချက်များနှင့် လူနှစ်မျိုးနှစ်စား ဖြစ်ကြသည်။ အမှန်တရား၏ အသိဉာဏ်ပညာကို ရှာဖွေပြီး အမှန်တရားကို ကျင့်သုံးသူတို့ကို ဘုရားသခင်က ကယ်တင်လိမ့်မည်။ မှန်ကန်သော လမ်းကို မသိသော သူတို့သည် မကောင်းဆိုးဝါးများ နှင့် ရန်သူများ ဖြစ်ကြသည်။ သူတို့သည် ကောင်းကင်တမန်မင်းမှ ဆင်းသက်လာသူများဖြစ်ပြီး ဖျက်စီးခြင်း ခံကြရလိမ့်မည်။ ဝေ၀ါးသော ဘုရားသခင်၏ ရိုးဖြောင့်သော ယုံကြည်သူတို့ပင်လျှင် - သူတို့အားလုံးသည်လည်း မကောင်းဆိုးဝါးများ မဟုတ်ပါသလော၊ ကောင်းမွန်သော အခြေခံ သဘောတရားတို့ကို ပိုင်ဆိုင်သော်လည်း မှန်ကန်သော လမ်းကို လက်မခံသူတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ သူတို့၏ အနှစ်သာရမှာ ဘုရားသခင်အား ဆန့်ကျင်ပုံကန်ခြင်းများထဲမှ တစ်မျိုး ဖြစ်သည်။ မှန်ကန်သော လမ်းကို လက်မခံသူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုံကန်သူများဖြစ်ပြီး ထိုသူတို့သည် ဒုက္ခဆင်းရဲ အများအပြားကို ကြံ့ကြံ့ခံခဲ့သည့်တိုင် သူတို့သည် ဖျက်စီးခံရဆဲပင် ဖြစ်လိမ့်မည်။ ကမ္ဘာလောကကို စွန့်ခွာခြင်းမပြုလိုသူ၊ သူတို့၏ မိဘများနှင့် ခွဲခွာခြင်းကို မခံစားနိုင်သူ၊ သူတို့၏ ကိုယ်ပိုင် အသွေးအသား ပျော်ပါးမှုများကို သူတို့ကိုယ်တိုင် ဖယ်ရှားရန် မဆောင်ရွက်နိုင်သူ တို့အားလုံးသည် ဘုရားသခင်ကို မနာခံသူများ ဖြစ်ပြီး၊ သူတို့အားလုံးသည် ဖျက်စီးခြင်းကို ခံကြရလိမ့်မည်။ ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းအပေါ် မယုံကြည်သူ မည်သူမဆိုသည် မကောင်းဆိုးဝါးများ ဖြစ်ကြပြီး ထို့ထက်ပို၍ ထိုသူတို့သည် ဖျက်စီးခြင်း ခံကြရလိမ့်မည်။ ယုံကြည်သော်လည်း အမှန်တရားကို မကျင့်ကြံသူများ၊ ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းအပေါ် မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်သူ အားလုံးတို့သည် ဖျက်စီးခြင်းခံကြရမည်။

ပြုပြင်ခြင်း၏ ခါးသည်းမှုကို ခံကြရပြီး ခိုင်မာစွာ ရပ်တည်သော သူတို့သည် ကျန်ရစ်မည့်သူများဖြစ်ကြသည်။ ယင်းသည် စမ်းသပ်ခြင်းများကို အမှန်တကယ် ကျော်ဖြတ်နိုင်သူတစ်ဦးဖြစ်သည်။ ဘုရားသခင်အား အသိအမှတ်မပြုသူ တစ်ဦးတစ်ယောက်သည် ရန်သူ ဖြစ်သည်။ ဆိုလိုုသည်မှာ ဤရေစီးကြောင်း အတွင်း သို့မဟုတ် ပြင်ပမှ တစ်စုံတစ်ယောက် သို့မဟုတ် ဘုရားသခင် လူဇာတိခံယူခြင်းကို အသိအမှတ်မပြုသူ တစ်စုံတစ်ယောက် တို့သည် ခရစ်တော်ကို ဆန့်ကျင်သူ ဖြစ်သည်။ စာတန်က မည်သူ၊ မကောင်းဆိုးဝါးများက မည်သူ နှင့် ဘုရားသခင်၏ ရန်သူများက မည်သူဖြစ်သနည်း။ ဘုရားသခင်၌ ယုံကြည်ခြင်း မရှိသော ဆန့်ကျင်သူများ မဟုတ်ပါသလော။ ဘုရားသခင်ကို မနာခံသော သူများ မဟုတ်ပါလော။ သူတို့သည် နှုတ်အားဖြင့် ယုံကြည်ခြင်းကို ထုတ်ဖော်ကြသော်လည်း အမှန်တရား အားနည်းသူများ မဟုတ်ပါလော။ သူတို့သည် ကောင်းချီးမင်္ဂလာတော်များကို ရယူရန် ကြိုးပမ်းခြင်းသာ ရှိသော်လည်း ဘုရားသခင်အား သက်သေ မခံနိုင်သူများ မဟုတ်ပါလော။ သင်သည် ထို မကောင်းဆိုးဝါးများနှင့် ယနေ့တွင် ပေါင်းသင်း ဆက်ဆံနိုင်ဆဲဖြစ်ပြီး ဤလူဆိုးလူမိုုက်များနှင့် ဂုဏ်သိက္ခာနှင့် ချစ်ခြင်းမေတ္တာကို အားဖြည့်နိုင်ဆဲဖြစ်သော်လည်း၊ ယင်းသည် စာတန်ထံ ကောင်းသော ရည်ရွယ်ချက်များ တိုးမြင့်ခြင်းဖြစ်သည်ဟု မစဉ်းစားနိုင်ဘူးလား။ ယင်းကို မကောင်းဆိုးဝါးများ နှင့် ပူးပေါင်းခြင်းဟု စဉ်းစား၍ မရနိုင်ဘူးလား။ အကယ်၍ လူများသည် ယနေ့တွင် အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးပဲ ဘုရားသခင်၏ အလိုဆန္ဒကို ရှာဖွေရန် မျှော်လင့်ချက် တစ်စုံတစ်ခုု မရှိပဲ မျက်စိမှိတ်ကာ ချစ်ခြင်းမေတ္တာ နှင့် သနားခြင်းကို ဇောင်းပေးနေဆဲဖြစ်ကာ ဘုရားသခင်၏ စိတ်နှလုံးကို သူတို့ ကိုယ်တိုင် အဖြစ် မည်သည့် နည်းနှင့်မျှ မရှိနိုင်ပါက သူတို့၏ အဆုံးသတ်များသည် အားလုံးထက်ပို၍ပင် အချည်းအနှီးဖြစ်လိမ့်မည်။ လူ့ဇာတိ ပကတိတွင် ရှိသော ဘုရားသခင်ကို မယုံကြည်သူ တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူထံ ဂုဏ်သိက္ခာနှင့် ချစ်ခြင်းမေတ္တာကို ဇောင်းပေးနေပါက သင်သည် ဖြောင့်မတ်ခြင်း သဘောသတ္တိ နည်းပါး နေခြင်း မဟုတ်ဘူးလား။ ကျွန်ုပ် မုုန်းတီးပြီး သဘောမတူသူတို့နှင့် သင်သည် ကိုက်ညီနေပြီး သူတို့အပေါ် ချစ်ခြင်း မေတ္တာနှင့် ပုဂ္ဂိုလ်ရေး ခံစားချက်များကို ဇောင်းပေးနေပါက သင်သည် မနာခံသူ မဟုတ်ဘူးလား။ သင်သည် ရည်ရွယ်ချက်ရှိစွာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်ဘူးလား။ ထိုသို့သော ပုဂ္ဂိုလ်သည် အမှန်တရားကို ပိုင်ဆိုင်နိုင်မည်လား။ လူများသည် ရန်သူများ၏ ဂုဏ်သိက္ခာကို ဇောင်းပေးပြီး မကောင်းဆိုးဝါးများအပေါ် ချစ်ခြင်းမေတ္တာကို ဇောင်းပေးကာ စာတန်ကို သနားနေပါက ထိုသူတို့သည် ဘုရားသခင်၏ အလုပ်ကို ရည်ရွယ်ချက်ရှိစွာ နှောင့်ယှက်ခြင်း မဟုတ်ဘူးလား။ ဘုရားသခင်ကို မယုံကြည်သူများကိုမဆိုထားနှင့်သခင်ယေရှုကိုသာ ယုံကြည်ပြီး နောက်ဆုံးကာလတွင် လူ့ဇာတိကို ခံယူတော်မူသော ဘုရားသခင်ကို ယုံကြည်ခြင်းမရှိသော သူများနှင့် လူ့ဇာတိကို ခံယူသော ဘုရားသခင်ကို နှုတ်အားဖြင့် ယုံကြည်သည်ဟု ပြောဆိုသော်လည်း မကောင်းမှုများကို လုပ်ဆောင်သူများ အားလုံးတို့သည် ခရစ်တော်ကို ဆန့်ကျင်သူများ ဖြစ်သည်၊ ထိုသူတို့သည် ဖျက်စီးခြင်း ခံရကြလိမ့်မည်။ လူသားက လူသားကို စီရင်ဆုံးဖြတ်ခြင်း၏ စံချိန်စံညွှန်းမှာ သူ၏ အပြုအမူပေါ်တွင်အခြေခံပါသည်။ လုပ်ဆောင်မှု ကောင်းသော လူသည် ဖြောင့်မတ်သော ပုဂ္ဂိုလ်ဖြစ်ပြီး မုန်းတီးရွံရှာဖွယ်ကို လုပ်ဆောင် သူသည် ကောက်ကျစ်စဉ်းလဲသူဖြစ်၏။ လူသားကို ဘုရားသခင် စီရင် ဆုံးဖြတ်သော စံချိန်စံညွှန်းမှာ တစ်စုံတစ်ယောက်၏ ကိုယ်တော့်အပေါ် နာခံမှု အနှစ်သာရအပေါ် အခြေခံသည်။ ဘုရားသခင်ကို နာခံသူ တစ်စုံတစ်ယောက်သည် ဖြောင့်မတ်သူဖြစ်သည်၊ ဘုရားသခင်ကို မနာခံသော သူသည် ရန်သူနှင့် စဉ်းလဲသူ ဖြစ်သည်၊ ထိုပုဂ္ဂိုလ်၏ အမူအကျင့်တို့ ကောင်းသည် သို့မဟုတ် ဆိုးသည်နှင့် မသက်ဆိုင်ပေ။ ထိုသူ ပြောသော စကားမှန်သည် သို့မဟုတ် မှားသည်နှင့် မသက်ဆိုင်ပေ။ အချို့သော သူများသည် အနာဂတ်တွင် ကောင်းသော ရည်မှန်းချက်ပန်းတိုင်ကို ရရှိအောင် ကောင်းသောလုပ်ရပ်များကို အသုံးပြုလိုပြီး၊ အချို့သူများသည် ကောင်းသော ရည်မှန်းချက်ပန်းတိုင်ကို ဝယ်ယူရန် ကောင်းသော စကားများကို အသုံးပြုလိုကြသည်။ ဘုရားသခင်သည် လူသား၏ ရလဒ်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြုအမူ သို့မဟုတ် ပြောစကားတို့အပေါ်တွင် ဆုံးဖြတ်သည်ဟု လူတို့သည် မှားယွင်းစွာ ယုံကြည်ကြလျှက် သို့ကြောင့်ပင် လူအများအပြားသည် မဖြောင့်မှန်ခြင်းမှတဆင့် ယာယီ သဘောကျမှုကို ရရှိစေရန် ယင်းကို အသုံးပြုကြသည်။ အနားယူခြင်းအားဖြင့်နောက်ပိုင်းရှင်သန်မည့် သူများအားလုံးတို့သည် စီရင်တော်မူမည့်နေ့ကို အစဉ်တစိုက်သည်းခံပြီး ဘုရားသခင်အတွက် သက်သေခံခြင်းကိုပြသကြသည်။ သူတို့ အားလုံးသည် သူတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ဘုရားသခင်အား နာခံလိုကြသည်။ အမှန်တရား ကျင့်သုံးမှုကို ရှောင်ရှားရန် အမှုတော်ထမ်းခြင်း အခွင့်အရေးကိုသာ အသုံးပြုရုံ ပြုလိုသူတို့သည် ကျန်ရစ်နိုင်ကြမည်မဟုတ်ပေ။ ဘုရားသခင်တွင် လူအားလုံးတို့၏ ရလဒ်များ အပေါ် စီမံခန့်ခွဲမှုအတွက် သင့်လျော်သော စံချိန်စံညွှန်းများရှိသည်။ ကိုယ်တော်သည် လူတစ်ဦးတစ်ယောက်၏ ပြောစကားနှင့် လုပ်ဆောင်မှုအပေါ်တွင်မူတည်ကာ ယင်းဆုံးဖြတ်ချက်များကို ချမှတ်မည်မဟုတ်သကဲ့သို့ အချိန်တစ်ခုတည်းတွင် လုပ်ဆောင်သော သူတို့၏ အပြုအမူအပေါ်တွင်လည်း ကိုယ်တော်သည် လုပ်ဆောင်မည် မဟုတ်ပေ။ ကိုယ်တော်သည် တစ်စုံတစ်ယောက်က ဘုရားသခင်အတွက် အတိတ်တွင် တကြိမ်တစ်ခါ အမှုတော်ထမ်းသောကြောင့် သူ၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှု အားလုံးအတွက် သက်ညှာမည်မဟုတ်သကဲ့သို့ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါ ပေးဆပ်ခဲ့မှုအတွက်လည်း ကိုယ်တော်သည် တစ်စုံတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်သည်မှာ သေချာသည်။ သူတို့၏ စဉ်းလဲခြင်းအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို ရှောင်လွဲနိုင်မည်မဟုတ်ပဲ မည်သူတစ်ဦးတစ်ယောက်မျှလည်း သူတို့၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုကို ဖုံးကွယ်၍ မထားနိုင်သောကြောင့် ခံရခက်သော ဖျက်စီးခြင်းမှ လွတ်မြောက်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် သူ၏ တာဝန်ကို အမှန်တကယ် လုပ်ဆောင်နိုင်ပါက ဆိုလိုုသည်မှာ သူတို့သည် ကောင်းချီးမင်္ဂလာ ရရှိသည် သို့မဟုတ် ကံဆိုးမိုးမှောင်ကျသည်ဖြစ်စေ ဘုရားသခင်ကို အဆုံးအစမရှိ သစ္စာရှိပြီး ဆုလာဘ်များ မမျှော်ကိုးခြင်း ဟုအဓိပ္ပါယ်ရပါသည်။ လူများသည် ကောင်းချီးမင်္ဂလာကို တွေ့ရသောအခါ ဘုရားသခင်ကို သစ္စာရှိသော်လည်း သူတို့သည် ကောင်းချီးမင်္ဂလာကို မတွေ့မြင်ရသည့်အခါ သူတို့၏ သစ္စာရှိမှု လျော့နည်းခဲ့ပြီး နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေခံခြင်းကို မထမ်းဆောင်နိုင်သေးပါက သူတို့လုပ်သင့်သလောက် တာဝန်များကို မထမ်းဆောင်နိုင်ပါက ထိုသူတို့သည် တချိန်က ဘုရားသခင်၏ အမှုတော်ကို သစ္စာရှိစွာ ထမ်းရွက်ခဲ့ သော်လည်းဖျက်စီးခြင်းကို ခံကြရဆဲ ဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ကောက်ကျစ်စဉ်းလဲသူတို့သည် အစဉ်ထာဝရ ရှင်သန်နိုင်မည်မဟုတ်သကဲ့သို့ အနားယူခြင်းသို့လည်းဝင်ရောက်နိုင်မည်မဟုတ်ပေ။ ဖြောင့်မတ်သော သူတို့ သည်သာ အနားယူခြင်း၏ အရှင်သခင်များဖြစ်သည်။ လူသားတို့သည် မှန်ကန်သော လမ်းကြောင်းကို ဝင်ရောက်ပြီးသော အခါ၊ လူများသည် ပုံမှန်လူသားဘဝကို ရကြလိမ့်မည်။ သူတို့သည် သူတို့၏ သက်ဆိုင်ရာ အလုပ်များအားလုံးကို ထမ်းရွက်ကြပြီး ဘုရားသခင်အား အကြွင်းမဲ့ သစ္စာရှိကြလိမ့်မည်။ သူတို့သည် သူတို့၏ မနာခံမှုနှင့် သူတို့၏ မှားယွင်းသော သဘောထားများကို အလုံးစုံ ပစ်ပယ်ကြပြီး သူတို့သည် ဘုရားသခင်အတွက် နှင့်ဘုရားသခင်ကြောင့် အသက်ရှင်ကြလိမ့်မည်။ သူတို့သည် မနာခံမှုနှင့် ဆန့်ကျင်မှုတို့ ရှိမည်မဟုတ်။ သူတို့သည် ဘုရားသခင်အား လုံးဝဥဿုံ နာခံနိုင်ကြလိမ့်မည်။ ယင်းမှာ ဘုရားသခင်နှင့် လူသား၏ အသက်တာ ဖြစ်ပြီး ကိုယ်တော့် နိုင်ငံတော်၏ အသက်တာဖြစ်ကာ အနားယူသူတို့၏ အသက်တာ ဖြစ်သည်။

လုံးဝ ယုံကြည်မှု မရှိသော သူတို့၏ ကလေးများနှင့် ဆွေမျိုးများကိုဘုရားကျောင်းအတွင်းသို့ ခေါ်လာသူများသည် အလွန် အတ္တကြီးပြီး သူတို့၏ ကြင်နာမှုကို ပြသသည်။ ဤလူများသည် ချစ်ခြင်းမေတ္တာကိုသာ အဓိက ထားပြီး သူတို့ ယုံကြည်ခြင်း မယုံကြည်ခြင်း သို့မဟုတ် ဘုရားသခင်၏ အလိုဆန္ဒ ရှိခြင်းမရှိခြင်းကို ဂရုမစိုုက်ချေ။ အချို့မှာ သူတို့၏ မိန်းမများကို ဘုရားသခင် ရှေ့မှောက်သို့ ခေါ်ဆောင်လာကြသည် သို့မဟုတ် သူတို့၏ မိဘများကို ဘုရားသခင် ရှေ့မှောက်သို့ ခေါ်ဆောင်လာပြီး သန့်ရှင်းသော ၀ိညာဉ်တော် သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ သို့မဟုတ် ကိုယ်တော်၏ လုပ်ငန်းများ လုပ်သည် ဖြစ်စေ မလုပ်သည်ဖြစ်စေ သူတို့သည် မျက်စိစုံမှိတ်၍ ဘုရားသခင်အတွက် "ပင်ကိုယ် ထူးချွန်သူများကို မွေးစားသည်။" ထိုမယုံကြည်သူများအပေါ် သူ၏ ကြင်နာမှုကို ဆန့်တန်းခြင်းမှ မည်သည့် အကျိုးကျေးဇူးများ ရနိုင်ချေ ရှိပါသလဲ။ သန့်ရှင်းသော ၀ိညာဉ်တော် မပါရှိပဲ ဘုရားသခင်နောက်လိုက်ရန် ကြိုးစားရုန်းကန်နေရသည့် ဤမယုံကြည်သူများသည်ကယ်တင်ခြင်းရနိုင် သည်ဟုယုံကြည်သော်လည်း ကယ်တင်ခြင်းမရနိုင်ပေ။ ကယ်တင်ခြင်း ရရှိသူတို့သည် အမှန်တကယ်အားဖြင့် ဤမျှ လွယ်လွယ်ကူကူ ရရှိသည်မဟုတ်ပေ။ သန့်ရှင်းသော ၀ိညာဉ်တော် အလုပ်နှင့် စမ်းသပ်မှုများကို ဖြတ်သန်းခြင်းမရှိပဲ လူ့ဇာတိခံတော်မူသော ဘုရားသခင်၏ ပြီးပြည့်စုံစေခြင်း မရှိသော သူတို့သည် ပြီးပြည့်စုံခံရခြင်း လုံးဝ မရှိနိုင်ပေ။ သို့ဖြစ်ရာ ဤသူများသည် ဘုရားသခင်ကို အမည်ခံအဖြစ်သာ စတင်လိုက်လျှောက်သည့်အချိန်မှစကာသန့်ရှင်းသော ၀ိညာဉ်တော် တည်ရှိမှု ကင်းမဲ့နေတော့သည်။ သူတို့၏ အခြေအနေများနှင့် အမှန်တကယ် အနေအထားများအရ သူတို့သည် ရိုးရှင်းစွာပင် ပြည့်စုံခြင်းသို့ ပြုလုပ်ခံရခြင်း မရှိနိုင်ပေ။ ထို့ကြောင့် သန့်ရှင်းသော ၀ိညာဉ်တော်သည် သူတို့အပေါ် အားအင်များစွာ စိုက်ထုတ်ရန် ဆုံးဖြတ်ခြင်း မရှိသကဲ့သို့ ကိုယ်တော်သည် သူတို့ကို ဉာဏ်အလင်း သို့မဟုတ် မည်သည့် လမ်းညွှန်မှုမျှ မပေးပေ။ ကိုယ်တော်သည် သူတို့ကို အတူတကွ လိုက်လျှောက်ရုံမျှသာ ခွင့်ပြုပြီး သူတို့၏ ရလဒ်ကို နောက်ဆုံးတွင် ဖော်ပြသည်- ယင်းမှာ လုံလောက်ပေပြီ။ လူသား၏ စိတ်အားထက်သန်မှုနှင့် ရည်ရွယ်ချက်များသည် စာတန်ထံမှ လာပြီး သူတို့သည် သန့်ရှင်းသော ၀ိညာဉ်တော်၏ အလုပ်ကို မည်သည့် နည်းဖြင့်မျှ မပြည့်စုံစေနိုင်ပေ။ တစ်စုံတစ်ယောက်သည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည်ဖြစ်စေ ထိုတစ်စုံတစ်ယောက်တွင် သန့်ရှင်းသော ၀ိညာဉ်တော်၏ အလုပ်ရှိရမည်။ - လူပုဂ္ဂိုလ် တစ်ဦးသည် အခြားလူပုဂ္ဂိုလ် တစ်ဦးကို ပြည့်စုံစေနိုင်သလား။ လင်ယောက်ျားသည် အဘယ်ကြောင့် ဇနီးမယားကို ချစ်သနည်း။ ဇနီးမယားသည် လင်ယောက်ျား ကို အဘယ်ကြောင့် ချစ်သနည်း။ ကလေးများက သူတို့၏ မိဘများပေါ် အဘယ်ကြောင့် တာဝန်ကျေပါသနည်း။ မိဘများက ကလေးများအပေါ် အဘယ်ကြောင့် အလွန်အမင်း ချစ်မြတ်နိုးသနည်း။ လူများသည် အမှန်တကယ်အားဖြင့် အဘယ်သို့သော ရည်ရွယ်ချက်များ ထားရှိကြပါသနည်း။ ယင်းသည် မိမိ ကိုယ်ပိုင် အစီအစဉ်များနှင့် အတ္တ လိုလားချက်များကို နှစ်သိမ့်ရန် မဟုတ်ပါလား။ ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက်အမှန်တကယ် ဖြစ်ပါသလား။ ယင်းမှာ ဘုရားသခင်၏ အလုပ်အတွက် ဖြစ်ပါသလား။ ယင်းမှာ သတ္တဝါများ၏ တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်ပါသလား။ ဘုရားသခင်ကို ပထမဆုံး ယုံကြည်ပြီး သန့်ရှင်းသော ၀ိညာဉ်တော် တည်ရှိမှုကို မထိန်းသိမ်းနိုင်သူတို့သည် သန့်ရှင်းသော ၀ိညာဉ်တော်၏ အလုပ်ကို မည်သည့်အခါမျှ ထိန်းသိမ်းနိုင်မည်မဟုတ်ပေ။ ထိုလူတို့ ဖျက်စီးခြင်းခံရမည်ကို သတ်မှတ်ထားပြီးဖြစ်သည်။ သူတို့အတွက် တစ်စုံတစ်ယောက်သည်ချစ်ခြင်းမည်မျှ ရှိသည်ဖြစ်စေ သန့်ရှင်းသော ၀ိညာဉ်တော်၏ အလုပ်ကို အစားထိုး၍ မရနိုင်ပေ။ လူသား၏ စိတ်ထက်သန်မှုနှင့် ချစ်ခြင်းမေတ္တာသည် လူသား၏ ရည်ရွယ်ချက်များကို ကိုယ်စားပြုသော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကိုယ်စားမပြုသလို ဘုရားသခင်၏ အလုပ်များကို အစားမထိုုးနိုင်ပါ။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကိုအမည်ခံအားဖြင့် ယုံကြည်သူများသို့ အကြီးမားဆုံး အတတ်နိုင်ဆုံးသောမေတ္တာ နှင့် သနားကရုဏာကို ဖြန့်ကျက်ပေးကာ ကိုယ်တော့်နောက်တော်သို့ လိုက်သည်ဟု ဟန်ဆောင်နေစေကာမူ ဘုရားသခင်ကိုယုံကြည်ခြင်းသည် မည်သို့ဖြစ်သည်ကိုမသိရှိပါက သူတို့သည် ဘုရားသခင်၏ ကရုဏာတော် ကို ရရှိမည် မဟုတ် သို့မဟုတ် သန့်ရှင်းသော ၀ိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ရိုးသားစွာ လိုက်လျှောက်သည့် လူများသည် စွမ်းရည်နည်းပါးပြီး အမှန်တရား များစွာကို နားမလည်နိုင်သည့် တိုင်အောင်ပင် သူတို့သည် အခါအားလျော်စွာပင် သန့်ရှင်းသော ၀ိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်သော်လည်း စွမ်းရည် အမြောက်အများရှိပြီး ရိုုးသားစွာ ယုံကြည်မှု မရှိသော သူတို့သည် သန့်ရှင်းသော ၀ိညာဉ်တော်ကို တည်ရှိမှုကို ရိုးရှင်းစွာ ရယူနိုင်မည် မဟုတ်ပေ။ ထိုသူများသည် ရိုးရှင်းစွာပင် ကယ်တင်ခြင်း ရရှိနိုင်စွမ်း မရှိပေ။ သူတို့အနေဖြင့် ဘုရားသခင်၏ သတင်းစကားကို တစ်ခါတစ်ရံ ဖတ်ရှုခြင်း သို့မဟုတ် ကြားနာခြင်း သို့မဟုတ် ဘုရားသခင်ထံချီးမွမ်းသီချင်းသီဆိုခြင်း ရှိလျှင်ပင် နောက်ဆုံးတွင် သူတို့သည် အနားယူသော အချိန်ရောက်သည့်တိုင် ကျန်ရစ်နိုင်စွမ်း မရှိကြပေ။ ရိုးသားစွာ ရှာဖွေခြင်းသည် သူတို့အပေါ် အခြားသူများက မည်သို့ သတ်မှတ်သည် သို့မဟုတ် သူတို့ ပတ်ဝန်းကျင်မှ လူများက သူတို့ကို မည်သို့ ရှုမြင်သည်နှင့် မသက်ဆိုင်ဘဲ သန့်ရှင်းသော ၀ိညာဉ်တော်က သူတို့ အပေါ် အလုပ်လုပ်မှုနှင့် သန့်ရှင်းသော ၀ိညာဉ်တော် သူတို့ အပေါ် တည်ရှိခြင်း ရှိမရှိ အပေါ်တွင် သတ်မှတ်ပြီး သူတို့၏ သဘောထားများ ပြောင်းလဲမှု ရှိမရှိနှင့် ထိုထက်ပို၍အချိန်အတိုင်းအတာ တစ်ခုတွင် သန့်ရှင်းသော ၀ိညာဉ်တော်၏ အလုပ်ကိုကျော်လွန်ဖြတ်သန်းပြီးသည့် နောက်၌ သူတို့သည် ဘုရားသခင်နှင့် ဆိုင်သည့် အသိပညာ ဗဟုသုုတ ရှိမရှိတို့ အပေါ်တွင် သတ်မှတ်သည်။ သန့်ရှင်းသော ၀ိညာဉ်တော်က ပုဂ္ဂိုလ် တစ်ဦး အပေါ် အလုပ်လုပ်သည့် အခါ ထိုပုုဂ္ဂိုလ်၏ သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလာပြီး ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် သူတို့၏ အမြင်သည် တဖြည်းဖြည်း ပိုမို သန့်စင်လာသည်။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ကာလမည်မျှကြာအောင် လိုက်လျှောက်သည်နှင့် မသက်ဆိုင်ဘဲ သူတို့ ပြောင်းလဲသွားခဲ့သည် ဆိုပါက သန့်ရှင်းသော ၀ိညာဉ်တော်သည် သူတို့ အပေါ် အလုပ်လုပ်သည်ကို ဆိုလိုသည်။ အကယ်၍ သူတို့သည် ပြောင်းလဲခြင်း မရှိခဲ့ဟု ဆိုပါက သန့်ရှင်းသော ၀ိညာဉ်တော်သည် သူတို့ အပေါ်တွင် အလုပ်မလုပ်ဟု ဆိုလိုသည်။ ထိုသူများ အချို့သော အမှုတော်ထမ်းခြင်းကို လုပ်ဆောင်ခဲ့သည့် တိုင်အောင် ကံကောင်းခြင်းကို ရလိုသော သူတို့၏ ရည်ရွယ်ချက်များက သူတို့ကို တွန်းအားပေးခြင်းသာ ဖြစ်သည်။ တစ်ခါတစ်ရံ အမှုတော်ထမ်းခြင်းသည် သူတို့၏ သဘောထား ပြောင်းလဲမှုကို အစားမထိုးနိုင်ပေ။ အဆုံး တွင် သူတို့သည် ဖျက်စီးခြင်းကို ခံရဆဲ ဖြစ်လိမ့်မည်။ နိုင်ငံတော်အတွင်း အမှုတော် ထမ်းသူတို့ မလိုအပ်သည်ဖြစ်သလို ဘုရားသခင်၏ ပြီးပြည့်စုံစေခြင်းကို ခံရသူတို့နှင့် ဘုရားသခင်ကို ယုံကြည်သူတို့အတွက် အမှုထမ်းရန် သဘောထား ပြောင်းလဲခြင်း မရှိသူ မည်သူ့ကိုမျှ မလိုအပ်သော ကြောင့် ဖြစ်သည်။ အတိတ်က စကားလုံးများဖြစ်သည့် "တစ်စုံတစ်ယောက်သည် သခင့်အပေါ် သစ္စာ ရှိသော အခါ ကံကောင်းခြင်းသည် ထိုသူ၏ မိသားစု တစ်ခုလုံး အပေါ် သက်ရောက်သည်" ဆိုသည်မှာ ကျေးဇူးတော်ခေတ်တွင် ကိုက်ညီသော်လည်း လူသား၏ ရည်မှန်းချက်ပန်းတိုင်နှင့် မသက်ဆိုင်ပေ။ သူတို့သည် ကျေးဇူးတော်ခေတ်အတွင်း အဆင့်တစ်ဆင့် အတွက်သာ သင့်လျော်ခဲ့သည်။ ထိုစကားလုံးများက ရည်ရွယ်သော အဓိပ္ဗာယ်မှာ လူများ ပျော်မွေ့သော ငြိမ်းချမ်းရေးနှင့် ရုုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးများကိုသာ ညွှန်းသည်။ ယင်းတို့က ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးတစ်ယောက်၏ မိသားစု တစ်ခုလုံး ကယ်တင်ခြင်းခံရမည်ဟု မဆိုလိုသကဲ့သို့ တစ်စုံတစ်ယောက်သည် ကံကောင်းခြင်းကို ရရှိသည့်အခါ ထိုသူ၏ မိသားစု တစ်ခုလုံးသည် အနားယူခြင်းသို့ ဆောင်ယူခြင်းခံရမည်ဟု မဆိုလိုုပေ။ တစ်စုံတစ်ယောက်သည် ကောင်းချီးများ ခံရခြင်း သို့မဟုတ် ကံမကောင်းခြင်းကို ရရှိခြင်းတို့သည် ထိုသူ၏ အနှစ်သာရအပေါ်တွင်သာ သတ်မှတ်ပြီး တစ်စုံတယောက်က တူညီသော အနှစ်သာရကို အခြားသူများနှင့် ဝေမျှခြင်းအပေါ်တွင် မသတ်မှတ်ပေ။ နိုင်ငံတော်တွင် ရိုးရှင်းစွာပင် ထိုကဲ့သို့ ပြောဆိုခြင်း သို့မဟုတ် ထိုကဲ့သို့သော စည်းမျဉ်းများ မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် နောက်ဆုံး၌ ရှင်သန်နိုင်လျှင် ယင်းမှာ ထိုသူသည် ဘုရားသခင်၏ တောင်းဆိုသည့်အရာများကို ရရှိထားသောကြောင့် ဖြစ်ပြီး အကယ်၍ တစ်စုံတစ်ယောက်သည် အနားယူခြင်း အချိန်နောက်ဆုံး၌မကျန်ရှိနိုင်တော့လျှင်ယင်းမှာ ထိုပုဂ္ဂိုလ်သည် ဘုရားသခင်အား မနာခံခြင်း သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုသည့်အရာများကို မဖြည့်ဆည်း နိုင်ခြင်းကြောင့် ဖြစ်သည်။ လူတိုင်းတွင် သင့်လျော်သော ပန်းတိုင် ရှိသည်။ ထိုပန်းတိုင်များကို လူပုုဂ္ဂိုလ် တစ်ဦးချင်း၏ အနှစ်သာရ နှင့် အညီဆုံးဖြတ်ပြီး အခြားသူများနှင့် လုံးဝ မသက်ဆိုင်ပေ။ ကလေးတစ်ယောက်၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုသည် သူ၏ မိဘများကို လွှဲပြောင်း မပေးနိုင်ဘဲ ကလေးတယောက်၏ ဖြောင့်မတ်ခြင်းကို်လည်း သူ၏ မိဘများနှင့် မဝေမျှနိုင်ပေ။ မိဘတစ်ဦး၏ ကောက်ကျစ်စဉ်းလဲမှု လုပ်ရပ်သည် သူ၏ ကလေးများ အပေါ် လွှဲပြောင်း၍ မရဘဲ မိဘ၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏ ကလေးများနှင့် မဝေမျှနိုင်ပေ။ လူတစ်ဦးစီတိုင်းသည် သူ၏ သက်ဆိုင်ရာ အပြစ်များကို လွယ်ပိုးထားကြပြီး လူတိုင်းသည် သူ သို့မဟုတ် သူမ၏ သက်ဆိုင်ရာ ကံကြမ္မာကို ခံစားကြရသည်။ မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူအတွက် အစားမထိုးနိုင်ပါ။ ယင်းသည် ဖြောင့်မတ်ခြင်း ဖြစ်သည်။ လူသား၏ အမြင်တွင် မိဘများသည် ကံကောင်းခြင်းကို ရရှိပါက သူတို့ ကလေးများလည်း ရရှိမည်၊ ကလေးများသည် မကောင်းမှုကို ကျူးလွန်ပါက သူတို့၏မိဘများသည် သူတို့ အပြစ်များအတွက် ပေးလျော်ကြရမည်။ ယင်းမှာ လူသား၏ အမြင်ဖြစ်ပြီး လူသား၏ လုပ်ဆောင်ပုံ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမြင်မဟုတ်။ လူတိုင်း၏ ရလဒ်သည် သူတို့ လုပ်ဆောင်မှုမှလာသော အနှစ်သာရအပေါ်တွင် ဆုံးဖြတ်ပြီး အစဉ်အမြဲ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်သည်။ မည်သူမျှ အခြားသူ တစ်ဦး၏ အပြစ်ကို မသယ်ပိုးနိုင်၊ ထို့ထက်မက မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူ တစ်ဦး အတွက် အပြစ်ပေးခြင်းကို မခံရနိုင်။ ယင်းမှာ လုံးဝအမှန်တရားဖြစ်သည်။ မိဘတစ်ဦး၏ မေတ္တာဖြင့် သူ သို့မဟုတ် သူမ၏ ကလေးများအပေါ် စောင့်ရှောက်မှုသည် သူတို့၏ ကလေးများ ကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်သည်ဟု မဆိုလိုသကဲ့သို့ ကလေး၏ သူ သို့မဟုတ် သူမ၏ မိဘများအပေါ် တာဝန်သိသော စိတ်ဓါတ်အားဖြင့် သူတို့၏ မိဘများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်မှုများကို မလုပ်ဆောင်နိုင်ပေ။ ယင်းမှာ ကျမ်းစာလာ စကားလုံးများဖြစ်သော “ထိုအခါလယ်၌ရှိသော ယောကျ်ားနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍တစ်ယောက်နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောမိန်းမနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ ၍ တယောက်မူကားနေရစ်ရလတံ့။” ဟူသည်၏ နောက်ကွယ်ရှိ စစ်မှန်သော အဓိပ္ဗာယ် ဖြစ်သည်။ မည်သူမျှ သူတို့၏ မကောင်းမှုလုပ်သော ကလေးများအပေါ် ထားရှိသော နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ အခြေခံ၍ကလေးများကို အနားယူခြင်းသို့ မဆောင်ယူနိုင်သကဲ့သို့ မည်သူတစ်ဦးတစ်ယောက်မျှ သူတို့၏ ဇနီး (သို့မဟုတ် ခင်ပွန်း) ကို သူတို့ကိုယ်တိုင်၏ ဖြောင့်မတ်သော လုပ်ဆောင်မှုအခြေခံပေါ်တွင် အနားယူခြင်းသို့ မဆောင်ယူနိုင်ပေ။ ယင်းသည် စီမံခန့်ခွဲမှု ဆိုင်ရာ စည်းမျဉ်းဖြစ်သည်၊ မည်သူ တစ်ဦးတစ်ယောက်အတွက်မျှ ချွင်းချက်မရှိပေ။ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများမှာ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများဖြစ်ပြီး မကောင်းမှု လုပ်ဆောင်သူများသည် မကောင်းမှု လုပ်ဆောင်သူများဖြစ်ကြသည်။ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူတို့သည် ရှင်သန်နိုင်ကြလိမ့်မည်ဖြစ်ပြီး မကောင်းမှုကို လုပ်ဆောင်သူများသည် ဖျက်စီးခြင်း ခံကြရမည်။ သန့်ရှင်းသူများသည် သန့်ရှင်းသူများဖြစ်သည်၊ သူတို့သည် မညစ်ညမ်းကြပါ။ ညစ်ညမ်းသော သူတို့သည် ညစ်ညမ်းသူများဖြစ်ကြပြီး သူတို့တွင် သန့်ရှင်းသော အစိတ်အပိုင်း တစ်ခုမျှ မပါရှိပေ။ မကောင်းမှုလုပ်သူတစ်ဦး၏ ကလေးများသည် ဖြောင့်မတ်သော အလုပ်များကို လုပ်ဆောင်သည့် တိုင်အောင် ၊ နှင့် ဖြောင့်မတ်သော သူ၏ မိဘများက စဉ်းလဲသော လုပ်ဆောင်မှုများ ကျူးလွန်သည့် တိုင်အောင် စဉ်းလဲသော လူအားလုံးတို့သည် ဖျက်စီးခံရမည်ဖြစ်ပြီး ဖြောင့်မတ်သူ အားလုံးတို့သည် ရှင်သန်ကြလိမ့်မည်။ ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် မယုံကြည်သော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွယ်မှုမျှမရှိဘဲ ယုံကြည်သော ကလေးများနှင့် မယုံကြည်သော မိဘများကြားတွင်လည်း မည်သည့် ဆက်နွယ်မှုမျှ မရှိပေ။ သူတို့သည် မကိုက်ညီသော အမျိုးအစားနှစ်မျိုး ဖြစ်ကြသည်။ အနားယူခြင်းသို့ ဝင်ရောက်ခြင်းမပြမီတွင် တစ်စုံတစ်ဦးသည် ရုပ်ပိုင်းဆိုင်ရာ ဆက်နွယ်များမှု ရှိသော်လည်း ထိုသူသည် အနားယူခြင်းသို့ ဝင်ရောက်သွားသည်နှင့် ထိုသူတွင် ပြောဆိုစရာ ရုပ်ပိုင်းဆိုင်ရာ ဆွေမျိုးများ မရှိတော့ပေ။ သူတို့၏ တာဝန်များကို ထမ်းရွက်သူများနှင့် မထမ်းရွက်သူများတို့သည် ရန်သူများ ဖြစ်ကြသည်၊ ဘုရားသခင်ကို ချစ်မြတ်နိုးသူနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။ အနားယူခြင်းသို့ ဝင်ရောက်သူများနှင့် ဖျက်စီးခြင်းခံရသူတို့သည် မတူညီသော အမျိုးအစား သတ္တဝါများဖြစ်ကြသည်။ သူတို့၏ တာဝန်ကို ထမ်းရွက်ကြသော သတ္တဝါတို့သည် ရှင်သန်နိုင်စွမ်းရှိပြီး သူတို့၏ တာဝန်ကို မထမ်းရွက်ကြသော သတ္တဝါတို့သည် ဖျက်စီးခြင်းခံရကြလိမ့်မည်။ ထို့ထက်သာမက ယင်းသည် ထာဝရ တည်တံ့လိမ့်မည်။ သင်သည် သတ္တဝါ တစ်ခု၏ တာဝန်ကို ထမ်းရွက်ရန် အတွက် သင်၏ ခင်ပွန်းကို သင်ချစ်သလား။ သင်သည် သတ္တဝါ တစ်ခု၏ တာဝန်ကို ထမ်းရွက်ရန် အတွက် သင်၏ ဇနီးကို ချစ်သလား။ သင်သည် သတ္တဝါ တစ်ခု၏ တာဝန်ကို ထမ်းရွက်ရန်အတွက် မယုံကြည်သော သင်၏ မိဘများကို တာဝန်ကျေပါသလား။ လူသား၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်း အမြင်သည် မှန်သလား မှားသလား။ သင်ဘာကြောင့် ဘုရားသခင်ကို ယုံကြည်သနည်း။ သင်ဘာကို ရလိုပါသလဲ။ ဘုရားသခင်ကို သင်မည်သို့ ချစ်သနည်း။ သတ္တဝါများအဖြစ် သူတို့၏ တာဝန်ကို မထမ်းရွက် နိုင်သူများ နှင့် အပြည့်အဝ အားထုတ်မှု မလုပ်နိုင်သူတို့သည် ဖျက်စီးခြင်း ခံကြရမည်။ ယနေ့ လူများသည် တစ်ဦးနှင့် တစ်ဦးကြား ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသကဲ့သို့ သွေးအားဖြင့်လည်း ဆက်နွယ်မှုများ ရှိကြသော်လည်း နောက်ပိုင်းတွင် ယင်းတို့အားလုံးသည် ပျက်စီးသွားလိမ့်မည်။ ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတဖြစ်နေကြခြင်းမဟုတ်ပဲ တစ်ယောက်နှင့် တယောက် ဆန့်ကျင်နေကြခြင်းဖြစ်သည်။ အနားယူခြင်းတွင် ရှိသူတို့သည် ဘုရားသခင်ရှိတော်မူခြင်းကို ယုံကြည်ကြပြီး ဘုရားသခင်ကို နာခံကြသည်။ ဘုရားသခင်ကို မနာခံသော သူတို့သည် အားလုံး ဖျက်စီးခြင်း ခံကြရလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် မိသားစုများ ရှိတော့မည်မဟုတ်၊ မည်သို့လျှင် မိဘများ သို့မဟုတ် ကလေးများ သို့မဟုတ် ခင်ပွန်းများနှင့် ဇနီးများအကြား ဆက်ဆံမှုများ ရှိတော့မည်နည်း။ ယုံကြည်သူများနှင့် မယုံကြည်သူများ၏ လွန်စွာ မကိုက်ညီမှုသည် ယင်း ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို ဖြတ်တောက်ပစ်လိမ့်မည်။

အစအဦး၌ လူသားများအကြားတွင် မိသားစုများမရှိကြပါ၊ မိန်းမနှင့် ယောကျာ်းဟူ၍ လူနှစ်မျိုးသာရှိခဲ့သည်။ နိုင်ငံများလည်း မရှိခဲ့ပါ၊ ပြောရမည်ဆိုလျှင် မိသားစုများမရှိပါ။ လူသားတို့၏ ပျက်စီးမှုကြောင့် လူသားများအားလုံးတို့သည် သူတို့ကိုယ်သူတို့ လူမျိုးစုများ တစ်ခုစီအဖြစ် ဖွဲ့စည်းကြပြီး၊ နောက်ပိုင်းတွင် နိုင်ငံများနှင့် တိုင်းပြည်များအဖြစ်သို့ တိုးတက်ပြောင်းလဲလာကြသည်။ ဤနိုင်ငံများနှင့် တိုင်းပြည်များကို သေးငယ်သည့် မိသားစု တစ်စုချင်းစီဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ဤကဲ့သို့သော ပုံစံဖြင့် မျိုးစုံသောလူတို့သည် အမျိုးမျိုးသော လူမျိုးများအကြားတွင် မတူညီသော ဘာသာစကားနှင့် ပိုင်းခြားထားသော နယ်ခြားစည်းများ အားဖြင့် ပြန့်ပွားနေခဲ့ကြသည်။ ကမ္ဘာပေါ်တွင် လူမျိုးတွေ ဘယ်လောက်ဘဲများပြားပါစေ၊ လူသားမျိုးနွယ်စု၏ မျိုးရိုးမှာ တစ်ခုသာရှိသည်။ အစအဦး၌ လူနှစ်မျိုးသာရှိခဲ့သည်၊ ထိုလူနှစ်မျိုးမှာ မိန်းမနှင့် ယောကျာ်းတို့ဖြစ်ကြသည်။ သို့သော် ဘုရားသခင်၏ လုပ်ဆောင်မှု တိုးတက်လာသည်နှင့်အမျှ၊ သမိုင်းနှင့်ပထဝီအနေအထားပြောင်းလဲမှုများ ဖြတ်ကျော်သွားပြီး၊လူအမျိုးအစားနှစ်မျိုးမှသည် နောက်ထပ်လူအမျိုးအစား အများကြီးဆီသို့ အမျိုးမျိုးသော အတိုင်းအတာထိ ဖွံ့ဖြိုးပွားများလာခဲ့သည်။ ထိုသို့ဆင်းသက်လာရာတွင်၊ လူသား မျိုးနွယ်စုများ မည်မျှပင် ပါဝင်နေစေကာမူ၊ လူသားအားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းပင် ဖြစ်နေသေးသည်။ လူများသည် မည်သည့် လူမျိုးနှင့် သက်ဆိုင်နေပါစေ၊ သူတို့အားလုံးသည် ကိုယ်တော်ဖန်ဆင်းထားသော သတ္တဝါများဖြစ်ကြသည်။ သူတို့အားလုံးသည် အာဒံနှင့် ဧဝမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်လက်တော်ဖြင့် လုပ်ထားသည့်သူများမဟုတ်သော်လည်း၊ သူတို့သည် ဘုရားသခင်ကိုယ်တော်တိုင် ဖန်ဆင်းထားသည့် အာဒံနှင့် ဧဝမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ ဘယ်လိုလူမျိုး အမျိုးအစားနှင့် သက်ဆိုင်နေပါစေ၊ သူတို့အားလုံးသည် ဘုရားသခင်၏ သတ္တဝါများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားများနှင့် သက်ဆိုင်သောကြောင့်၊ သူတို့၏ ခရီးဆုံးပန်းတိုင်မှာ လူသားများရှိသင့်သည့်နေရာဖြစ်ပြီး၊ လူသားများကို စုစည်းထားသည့် နည်းဥပဒေသအရ သူတို့ကို ခွဲခြားထားသည်။ ထို့ကြောင့် မကောင်းမှု ကျူးလွန်သူများနှင့် ဖြောင့်မတ်သော သူများအားလုံးတို့သည် သတ္တဝါများပင်ဖြစ်သည်ဟု ပြောရမည်။ မကောင်းမှု ကျူးလွန်သည့် သတ္တဝါများသည် နောက်ဆုံးတွင် ပျက်စီးခြင်းသို့ရောက်ရှိပြီး၊ ဖြောင့်မတ်မှန်ကန်မှုကို လုပ်ဆောင်သည့် သတ္တဝါများသည် ဤနည်းဖြင့် အသက်ရှင်ကျန်ရစ်နေလိမ့်မည်။ ယင်းသည် ဤသတ္တဝါနှစ်မျိုးအတွက် အသင့်တော်ဆုံးသော အစီအစဉ်ပင်တည်း။ မကောင်းမှု ကိုပြုသူများသည် သူတို့၏နာမခံမှုကြောင့် အသက်ရှင်ကျန်ခဲ့ခြင်းမရှိပါ၊ သူတို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံရ သည့်အကြောင်းကို ငြင်းဆန်ကြပြီး စာတန်၏ လုယူမှုကို ခံခဲ့ရသည်၊ ထိုအကြောင်းကြောင့် သူတို့သည် ကယ်တင်ခြင်းကို မရရှိနိုင်ကြပေ။ ဖြောင့်မတ်မှန်ကန်စွာ နေထိုင်သည့် သတ္တဝါများသည် စာတန်၏ဖျက်စီးခြင်းကိုခံခဲ့ရပြီးနောက်၊ ဘုရားသခင်၏ ဖန်ဆင်းခံရခြင်းကို မငြင်းပယ်ရသေးသော်လည်း၊ သူတို့သည် အသက်ရှင်နေလိမ့်မည် ကယ်တင်ခြင်းရရှိလိမ့်မည်ဟူသည့်အချက်ကို အမှီမပြုနိုင်ပေ။ မကောင်းမှု ကျူးလွန်သူများသည် ဘုရားသခင်ကို မနာခံသည့် သတ္တဝါများ ဖြစ်ကြသည်။ သူတို့သည် ကယ်တင်ခြင်းမရရှိနိုင်သည့် သတ္တဝါများဖြစ်ကြပြီး စာတန်၏ လုံးလုံးလျားလျား သိမ်းပိုက်ခြင်း ခံထားရသူများဖြစ်ကြသည်။ မကောင်းမှု ကျူးလွန်သူများသည်လည်း လူများပင်ဖြစ်ကြသည်။ သူတို့သည် လွန်ကဲစွာ ပျက်စီးနေကြပြီး၊ ကယ်တင်ခြင်း မရရှိနိုင်သည့် လူများဖြစ်ကြသည်။ သူတို့သည် သတ္တဝါများသာ ဖြစ်သည့်အတိုင်း၊ ဖြောင့်မတ်သည့် လူများ၏ လုပ်ဆောင်မှုများသည်လည်း ပျက်စီးနေပါသည်၊ သို့သော် သူတို့သည် သူတို့၏ အကျင့်ပျက်သည့် သဘောထားကို ချိုးဖျက်လွတ်မြောက်လိုသည့် ဆန္ဒရှိကြပြီး ဘုရားသခင်ကို နာခံနိိုင်သည့် အစွမ်းရှိကြသည်။ ဖြောင့်မတ်သည့်လူတို့၏ လုပ်ဆောင်မှုများသည် ဖြောင့်မတ်မှန်ကန်ခြင်းနှင့် မပြည့်နေပါ။ တကယ်တမ်းမှာ၊ သူတို့သည် ကယ်တင်ခြင်း ရရှိခဲ့ကြပြီး ဘုရားသခင်ကို နာခံရန်အတွက် သူတို့၏ အကျင့်ပျက်သည့် သဘောထားမှ ချိုးဖျက်ပြီး လွတ်မြောက်ခဲ့ကြသည်။ သူတို့သည် အဆုံးတွင် ခိုင်မာစွာ ရပ်တည်နေကြမည်၊ သို့သော် ဒါက သူတို့သည် စာတန်၏ ဖျက်စီးခြင်းကို မခံခဲ့ရဟု ပြောလို့မရပါ။ ဘုရားသခင်၏ လုပ်ငန်းအဆုံးသတ်ပြီးနောက်၊ ကိုယ်တော်၏ သတ္တဝါများအားလုံးအကြားတွင် ဖျက်စီးခံရသူများရှိသလို အသက်ရှင်ရသည့် သူများလည်းရှိလိမ့်မည်။ ဤကား ကိုယ်တော်၏စီမံခန့်ခွဲမှုမှ မလွဲမသွေဖြစ်လာမည့် လမ်းကြောင်းပင်ဖြစ်သည်။ မည်သူတစ်ဦးတယောက်မျှ ယင်းကိုငြင်းပယ်၍ မရပါ။ မကောင်းမှု ကျူးလွန်သူများ ရှင်သန်ရမည်မဟုတ်၊ ကိုယ်တော်ကို နာခံပြီး သူ့နောက်သို့ အဆုံးထိတိုင် လိုက်သောသူများက အသက်ရှင်မည်မှာ သေချာလှပေသည်။ ဤလုပ်ဆောင်မှုသည် လူသားများဆိုင်ရာ စီမံခန့်ခွဲမှု ဖြစ်သည့်အတွက်၊ ဆက်လက်ကျန်ရှိနေမည့်သူများနှင့် ပယ်ရှားခြင်းခံရမည့်လူများ ရှိလိမ့်မည်။ ယင်းတို့သည် လူအမျိုးအစား အမျိုးမျိုးတို့အတွက် မတူညီသည့် ရလဒ်များဖြစ်ပြီး၊ ယင်းတို့သည် ကိုယ်တော်၏ ဖန်ဆင်းထားသောသတ္တဝါများအတွက် အသင့်တော်ဆုံးသော စီစဉ်မှုများဖြစ်ပါသည်။ ဘုရားသခင်၏ လူသားများအတွက် နောက်ဆုံးအစီအစဉ်မှာ မိသားစုများကို အစိတ်စိတ်အမွှာမွှာ ကွဲကွာစေခြင်းဖြင့် ခွဲခြားခြင်း၊ နိုင်ငံများကို အစိတ်စိတ်အမွှာမွှာ ကွဲကွာစေခြင်းနှင့် နိုင်ငံနယ်နိမိတ်များကို အစိတ်စိတ်အမွှာမွှာ ကွဲကွာစေခြင်းဖြင့် ခွဲခြားခြင်းတို့ ဖြစ်ပါသည်။ ထိုအရာကား မိသားစုများနှင့် တိုင်းနိုင်ငံ နယ်နိမိတ်များ မရှိသည့်အစီအစဉ်တစ်ခုဖြစ်သည်။ အကြောင်းမှာ လူသားသည် ဘိုးဘေးမျိုးနွယ်တစ်ခုတည်းရှိပြီး ဘုရားသခင်၏ဖန်ဆင်းခြင်းဖြစ်သောကြောင့်တည်း။ အတိုချုပ်ပြောရလျှင်၊ မကောင်းမှု ကျူးလွန်နေသည့် သတ္တဝါများ ဖျက်စီးခြင်းခံရပြီး၊ ဘုရားသခင်ကို နာခံသည့် သတ္တဝါများသည် အသက်ရှင်လိမ့်မည်။ ဤနည်းလမ်းအားဖြင့် မိသားစုမရှိ၊ နိုင်ငံများမရှိ အထူးသဖြင့် ကျန်ရှိနေသည့် အနာဂတ်တွင် တိုင်းပြည်များ မရှိပေ။ ဤကဲ့သို့သော လူသားများသည် အသန့်ရှင်းသော လူသားအမျိုးအစားဖြစ်သည်။ လူသားများသည် ကမ္ဘာမြေကြီးပေါ်ရှိ အားလုံးသော အရာများကို ကြည့်ရှုစောင့်ရှောက်ရန်အတွက်အာဒံနှင့် ဧဝတို့သည့် မူလအစက ဖန်ဆင်းခြင်းခံခဲ့ရခြင်းဖြစ်သည်။ လူသားသည် မူလအစကပင် အားလုံးသောအရာများ၏ အရှင်သခင်ဖြစ်သည်။ ယေဟောဝါ၏ လူသားကို ဖန်ဆင်းရခြင်း ရည်ရွယ်ချက်မှာ ကမ္ဘာမြေကြီးပေါ်တွင် အသက်ရှင်နေထိုင်ခွင့်ပြုပြီး၊ ယင်းပေါ်တွင် ရှိသည့် အရာအားလုံးကို ကြည့်ရှုစောင့်ရှောက်ရန်ဖြစ်သည်။ မူလအစတွင် လူသားသည် အကျင့်ပျက်ပြားခြင်းမရှိခဲ့သေးဘဲ မကောင်းမှု ကျူးလွန်မှုကိုလဲမပြုလုပ်နိုင်သည့်အတွက်အကြောင့် ဖြစ်သည်။ သို့သော်၊ လူသားသည် အကျင့်ပျက်လာပြီးနောက်တွင် သူသည် အရာအားလုံးကို ဆက်လက် ကြည့်ရှုစောင့်ရှောက်သူ မဟုတ်တော့ပါ။ ဘုရားသခင် ကယ်တင်ခြင်းပေးသည့် ရည်ရွယ်ချက်မှာ လူသား၏ ဒီလုပ်ငန်းကို မူလအတိုင်းပြန်ဖြစ်စေရန်၊ လူသား၏ မူလ အကြောင်းရင်းနှင့် သူ၏မူလ နာခံမှုကို မူလကအတိုင်းပြန်ဖြစ်စေရန်ဖြစ်သည်။ အနားယူခြင်းတွင် လူသားသည် ကိုယ်တော်၏ ကယ်တင်ခြင်း အလုပ်ကို ရရှိရန်မျှော်လင့်သည့် ရလဒ်အတွက် ပြယုဂ်ပင်ဖြစ်ပါလိမ့်မည်။ ဧဒင်ဥယျာဉ်ထဲမှ အသက်တာတစ်ခုလို ဆက်လက် ရှိနေလိမ့်မည် မဟုတ်သော်လည်း၊ ယင်း၏ အနှစ်သာရက အတူတူပင်ဖြစ်ပါလိိမ့်မည်။ လူသားတို့သည် အစောပိုင်း စာရိတ္တမပျက်စီးသေးစဉ်က တည်ရှိခြင်းမျိုး သည် နောက်ထပ်ရှိတော့မည်မဟုတ်တော့ပဲ၊ ထိုအစား ပျက်စီးပြီးနောက်တွင် ကယ်တင်ခြင်းခံရသော လူသားများ ဖြစ်လိမ့်မည်။ ကယ်တင်ခြင်း ရရှိသည့် လူသားများသည့် နောက်ဆုံးတွင် အနားယူခြင်းသို့ ဝင်ရောက်လိမ့်မည် (ဤကား ကိုယ်တော်၏ လုပ်ငန်းပြီးဆုံးပြီးနောက် ဖြစ်သည်)။ ထိုနည်းတူစွာပင် အပြစ်ဒဏ်ပေးခြင်းခံရသူများ၏ ရလဒ်များသည်လည်း အဆုံးတွင် လုံးဝထုတ်ဖော် ဖွင့်ပြခြင်းခံရမည်။ ထို့နောက် ကိုယ်တော်၏ လုပ်ငန်းဆောင်တာများ ပြီးဆုံးသွားပြီးမှ ထိုသူတို့သည် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ ဆိုလိုသည်မှာကိုယ်တော်၏ လုပ်ငန်းဆောင်တာများ ပြီးဆုံးသွားပြီးမှ၊ မကောင်းမှု ကျူးလွန်နေသူများနှင့် ကယ်တင်ခြင်းခံရသည့် လူများအားလုံးတို့သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်။ လူအမျိုးအစား အားလုံး (သူတို့သည် မကောင်းမှု ကျူးလွန်နေသူများဖြစ်စေ သို့မဟုတ် ကယ်တင်ခြင်းခံရသည့်သူများဖြစ်စေ)ကို ထုတ်ဖော်ခြင်းကို လူသားအားလုံးအပေါ်တပြိုင်နက်တည်း ဆောင်ရွက်သွားမည်။ မကောင်းမှု ကျူးလွန်သူများသည် ပယ်ရှားခြင်းခံရမည်ဖြစ်ပြီး၊ ကျန်ရှိနေနိုင်မည့်လူများသည် တပြိုင်နက်တည်း ထုတ်ဖော်ခြင်း ခံရလိ်မ့်မည်။ ထို့ကြောင့်၊ လူအမျိုးအစားများ အားလုံး၏ ရလဒ်များသည် တပြိုင်နက်တည်း ထုတ်ဖော်ခြင်း ခံရလိ်မ့်မည်။ မကောင်းမှု ကျူးလွန်သူများကို အနည်းငယ်မျှ ဘေးဖယ်ခြင်းနှင့် တရားစီရင်ခြင်း သို့မဟုတ် အနည်းငယ် အပြစ်ဒဏ်ခတ်ခြင်း တို့ကို ပြုလုပ်ခြင်း မတိုင်မှီတွင်၊ ကိုယ်တော်သည် ကယ်တင်ခြင်းခံထားရသော လူတစ်စုကို အနားယူခြင်းသို့ ဝင်ရောက်ရန် ဦးစွာ ခွင့်ပြုမည်မဟုတ်ပေ။ အမှန်တရားက အမှန်တကယ်တွင် ဤကဲ့သို့ ဖြစ်မည်မဟုတ်ပေ။ မကောင်းမှုပြုသူများ ဖျက်စီးခြင်းခံရချိန်တွင် ရှင်သန်သူတို့သည် အနားယူခြင်းသို့ ဝင်ရောက်ကြသည်။ ကိုယ်တော်၏ လုပ်ငန်းသည် စကြဝဠာ တစ်ခုလုံးတွင်ပြီးမြောက်သွားလိမ့်မည်။ ကောင်းချီးရရှိသူများနှင့် ကံဆိုးမှုကို ခံစားရသူများ အကြားတွင် ဦးစားပေးခံရသည့် စီစဉ်မှုမရှိပေ။ ကောင်းချီးရရှိသူများက ထာဝရ အသက်ရှင်နေမည်ဖြစ်ပြီး ကံဆိုးမှုကို ခံစားရသူများက ထာဝရ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ဤလုပ်ငန်းနှစ်ဆင့်သည် တပြိုင်နက်တည်း ပြီးမြောက်လိမ့်သည်။ နာခံခြင်းမရှိသော သူတို့ကြောင့် နာခံသော သူတို့၏ ဖြောင့်မတ်ခြင်းသည် ဖော်ထုတ်ခံရမည်မှာ အသေအချာဖြစ်သည်၊ ကောင်းချီးတော် ရရှိသော သူတို့ရှိသောကြောင့် မကောင်းမှုလုပ်သူတို့၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုအတွက် မကောင်းမှုလုပ်သူတို့ ခံစားရမည့် ကံဆိုးခြင်းသည် ပေါ်ထွက်လာမည်မှာ အသေအချာဖြစ်သည်။ မကောင်းမှုလုပ်သူတို့ကို ဘုရားသခင်က မဖော်ထုတ်ခဲ့ပါက ဘုရားသခင်ကို ရိုုးသားစွာ နာခံသော သူတို့သည် မည်သည့်အခါမျှ နေကို မြင်ကြရမည်မဟုတ်ပေ။ ဘုရားသခင်သည် ကိုယ်တော်ကို နာခံသူတို့ကို သင့်တင့်လျောက်ပတ်သော ပန်းတိုင်ကို မဆောင်ယူခဲ့ပါက ဘုရားသခင်အား နာခံခြင်းမရှိသူတို့သည် သူတို့ရသင့်သော အပြစ်ဒဏ်ပေးခြင်းကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ ယင်းသည် ကိုယ်တော်၏ လုပ်ငန်းစဉ်ပင်ဖြစ်သည်။ ကိုယ်တော်သည် မကောင်းသူများကို အပြစ်ပေးပြီး ကောင်းသူများကို ဆုလာဘ်ပေးသည့် အလုပ်ကို မလုပ်ဆောင်ခဲ့ပါက ကိုယ်တော် ဖန်ဆင်းတော်မူသော သတ္တဝါများသည် သူတို့၏ သက်ဆိုင်သော ခရီးလမ်းဆုံးသို့ မည်သည့် အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ လူသားမျိုးနွယ်တို့ အနားယူခြင်းသို့ ဝင်ရောက်သည်နှင့် တပြိုင်နက် မကောင်းမှု လုပ်သူတို့သည် ဖျက်စီးခြင်းခံရကြလိမ့်မည်။ လူသား အားလုံးတို့သည် မှန်ကန်သော လမ်းကြောင်းကို ဝင်ရောက်လိမ့်မည် ဖြစ်ပြီး လူပုဂ္ဂိုလ် အမျိုးအစားတိုင်းသည် သူတို့လုပ်ဆောင်သင့်သော လုပ်ငန်းများနှင့် အညီ သူတို့ ကိုယ်ပိုင် အမျိုးအစား ဖြစ်ကြလိမ့်မည်။ ယင်းသည်သာလျှင် လူသားတို့၏ အနားယူသော နေ့ဖြစ်လိမ့်မည်ဖြစ်ပြီး လူသားတို့၏ ဖြစ်ပေါ် တိုးတက်မှုအတွက် မလွှဲမရှောင်သာသော လမ်းကြောင်းဖြစ်ကာ လူသားတို့ အနားယူခြင်းသို့ ဝင်ရောက်သော အခါမှသာ ဘုရားသခင်၏ ကြီးမြတ်ပြီး အဆုံးစွန်သော ရရှိမှုတို့သည် ပြီးဆုံးခြင်းသို့ ရောက်သည်။ ယင်းသည် ကိုယ်တော့် အလုပ်၏ နိဂုံးဖြစ်လိမ့်မည်။ ဤအလုပ်သည် လူသားအားလုံးတို့၏ ဆုတ်ယုတ်သောရုပ်ပိုင်းဆိုင်ရာ အသက်တာကို အဆုံးသတ်လိမ့်မည်ဖြစ်ပြီး ပျက်စီးသော လူသားတို့၏ အသက်တာကို အဆုံးသတ်လိမ့်မည်။ ဒီနေရာမှစ၍ လူသားတို့သည် နယ်ပယ်သစ်သို့ ဝင်ရောက်လိမ့်မည်။ လူသည် ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုကို ဦးဆောင်သော်လည်း သူ့ အသက်တာ၏ အနှစ်သာရနှင့် ပျက်စီးသော လူတို့၏ အသက်တာ၏ အနှစ်သာရအကြားတွင် ထင်ရှားသော ခြားနားချက် ရှိသည်။ သူ၏ တည်ရှိမှု အဓိပ္ဗာယ်နှင့် ပျက်စီးသော လူသားတို့၏ တည်ရှိမှု အဓိပ္ဗာယ်များသည်လည်း ခြားနားကြသည်။ ယင်းသည် လူပုုဂ္ဂိုလ်အမျိုးအစားသစ်၏ အသက်တာ မဟုတ်သော်လည်း ကယ်တင်ခြင်းရရှိသော လူသား၏ အသက်တာ၊ လူသားအသက်တာ နှင့် ကြောင်းကျိုးဆက်စပ်မှု ပြန်လည်ရရှိခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် တချိန်က ဘုရားသခင်ကို မနာခံသူများဖြစ်ကြပြီး တချိန်တွင် ဘုရားသခင်အားဖြင့် အောင်နိုင်ခဲ့ကာ ထိုု့နောက်တွင် ကိုယ်တော်က သူတို့ကို ကယ်တင်ခဲ့သည်။ ထိုသူတို့သည် ဘုရားသခင်ကို စော်ကားသူများဖြစ်ပြီး နောက်ပိုုင်းတွင် ကိုယ်တော်ကို အမှန်တကယ် သက်သေခံသူများဖြစ်ခဲ့သည်။ ကိုယ်တော်၏ စမ်းသပ်ခြင်းတွင်အသက်ရှင်ကျန်ရစ်ပြီးဖြတ်သန်းသွားပြီးနောက်တွင် သူတို့၏ တည်ရှိမှုသည် အဓိပ္ဗာယ် အရှိဆုံးသော တည်ရှိမှုဖြစ်သည်။ သူတို့သည် စာတန်၏ ရှေ့မှောက်တွင် ဘုရားသခင်အား အမှန်တကယ် သက်သေခံသူများဖြစ်သည်။ သူတို့သည် အသက်ရှင်ရန် သင့်တော်သူများဖြစ်သည်။ ဖျက်စီးခြင်းခံရမည့် သူများမှာ ဘုရားသခင်အား သက်သေခံ ရပ်တည်ခြင်း မပြုနိုင်သူများဖြစ်ပြီး အသက်ရှင်ရန် မသင့်လျော်သူများဖြစ်သည်။ သူတို့၏ ပျက်စီးခြင်းသည် သူတို့၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုကြောင့်ဖြစ်ပြီး ပျက်စီးခြင်းသည် သူတို့အတွက် အကောင်းဆုံး ခရီးဆုံးပန်းတိုင်ဖြစ်သည်။ လူသည် နောက်ပိုုင်းတွင် ကောင်းသော နယ်ပယ်သို့ ဝင်ရောက်သောအခါ လူတို့တွေ့ရှိမည်ဟုတွေးထင်ထားသောခင်ပွန်းနှင့် ဇနီးအကြား၊ ဖခင်နှင့် သမီးအကြား သို့မဟုတ် မိခင်နှင့် သားအကြား ဆက်ဆံရေးများသည်လည်း တစ်ခုမျှ ရှိတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် လူသည် သူ၏ ကိုယ်ပိုင် အမျိုးအစားနောက်ကို လိုက်ပြီး မိသားစုသည် အစိတ်စိတ်အမွှာမွှာပြိုကွဲခြင်းခံရလိမ့်မည်။ အပြည့်အစုံကျဆုံးခြင်းဖြင့် စာတန်သည် လူသားကို မည်သည့်အခါမျှ နှောင့် ယှက်တော့မည်မဟုတ်ဘဲ လူတွင် ပျက်စီးသော စာတန် သဘောထားဘယ်တော့မှ ရှိတော့မည်မဟုတ်ပေ။ နာခံခြင်း မရှိသော သူတို့သည် ဖျက်စီးခြင်းခံရပြီးဖြစ်ပြီး နာခံသူများသည်သာ အသက်ရှင်လိမ့်မည်။ သို့ဖြစ်ရာ မိသားစု အနည်းငယ်သာလျှင် မပျက်မစီးပဲ ရှင်သန်လိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ မည်သို့လျှင်ဆက်လက်ရှိနေနိုင်ဦးမည်နည်း။ လူ၏ အတိတ်က ရုပ်ပိုင်းဆိုင်ရာ အသက်တာသည် လုံးဝ တားမြစ်ခံရလိမ့်မည်။ လူတို့အကြား ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများသည် မည်သို့လျှင် တည်ရှိနိုင်ဦးမည်နည်း။ စာတန်၏ ပျက်စီးသော သဘောထားမရှိပဲ လူများ၏ အသက်တာသည် အတိတ်က အသက်တာဟောင်းအဖြစ် ဆက်လက်ရှိလိမ့်မည် မဟုတ်သော်လည်း အသက်တာအသစ်သာ ဖြစ်တော့မည်။ မိဘများသည် ကလေးများကို ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး ကလေးများသည်လည်း မိဘများကို ဆုံးရှုံးလိမ့်မည်။ ခင်ပွန်းများသည် ဇနီးများကို ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး ဇနီးများသည် ခင်ပွန်းများကို ဆုံးရှုံးလိမ့်မည်။ ယခုအခါ လူများသည် တစ်ဦးနှင့် တစ်ဦးအကြား ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိသည်။ သူတို့အားလုံး အနားယူခြင်းသို့ ဝင်ရောက်သောအခါ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ ဆက်လက်ရှိတော့မည် မဟုတ်ပေ။ တိုသို့သော လူသားတို့သည်သာ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်း တို့ ရှိလိမ့်မည်ဖြစ်ပြီး ထိုသို့သော လူသားတို့သည်သာ ဘုရားသခင်အား ကိုးကွယ်ဆည်းကပ်သူများ ဖြစ်လိမ့်မည်။

ဘုရားသခင်သည် ကိုယ်တော်တိုင် ယနေ့နေ့ရက်သို့ ဦးဆောင်ခဲ့ရသည့် လူသားတို့ကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် နေရာချထားခဲ့သည်။ ကိုယ်တော်သည် ထို့နောက်တွင် လူသားတို့ကို ကယ်တင်ခဲ့ပြီး လူသားတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်ခဲ့သည်။ အဆုံးတွင် ကိုယ်တော်သည် လူသားတို့ကို အောင်နိုင်ရမည်၊ လူသား အလုံးစုံကို ကယ်တင်ရမည်၊ သူတို့၏ မူလရုပ်ဆင်းသဏ္ဍာန်သို့ သူတို့ကို ပြန်လည် ရယူရလိမ့်မည်။ ယင်းအလုပ်သည် ကိုယ်တော် အစမှ အဆုံးထိ လူသားအား သူ၏ မူရင်း ရုပ်သွင်နှင့် သူ၏ မူလရုပ်ဆင်းသဏ္ဍာန်ကို ပြန်လည်ရယူခြင်းအလုပ်ကို ထိတွေ့လုပ်ဆောင်ခဲ့သော အလုပ်ဖြစ်သည်။ ကိုယ်တော်သည် ကိုယ်တော်၏ နိုင်ငံတော်ကို တည်ထောင်လိမ့်မည်ဖြစ်ပြီး လူ၏ မူလရုပ်ဆင်းသဏ္ဍာန်ကို ပြန်လည် ရယူလိမ့်မည်။ ဆိုလိုသည်မှာ ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်တွင် ကိုယ်တော်၏ အခွင့်အာဏာကို ပြန်လည်ရယူလိမ့်မည်ဖြစ်ပြီး ဖန်ဆင်းခံသတ္တဝါများအားလုံးအကြားတွင် သူ့အခွင့်အာဏာကို ပြန်လည် ရယူလိမ့်မည်။ လူသည် စာတန်၏ ဖျက်စီးခြင်းကို ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပျောက်ဆုံးခဲ့ပြီး ဘုရားသခင် ဖန်ဆင်းထားသော သတ္တဝါတွင် ရှိသင့်သည့် အလုပ် ပျောက်ဆုံးသွားခဲ့ကာ ဘုရားသခင်ကို မနာခံသော ရန်သူ ဖြစ်လာခဲ့သည်။ စာတန်၏ လွှမ်းမိုးမှုအောက်တွင် လူသည် နေထိုင်ခဲ့ပြီး စာတန်၏ အမိန့်များကို လိုက်လျှောက်ခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်တွင် သူဖန်ဆင်းသော သတ္တဝါများကြား အလုပ်လုပ်ရန် လမ်းမရှိခဲ့တော့ကာ ထိုထက်ပို၍ ကိုယ်တော် ဖန်ဆင်းသော သတ္တဝါတို့ထံမှ ကြောက်ရွံ့ခြင်းကိုလည်း အရမယူနိုင်ခဲ့ပေ။ လူကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း လူသည် ဘုရားသခင်ကို မျက်ကွယ်ပြုခဲ့ကာ စာတန်ကို ကိုးကွယ်ခဲ့သည်။ စာတန်သည် လူ၏ စိတ်နှလုံးအတွက် စံပြဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် လူ၏ စိတ်နှလုံးတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏။ ဆိုလိုသည်မှာ ကိုယ်တော်သည် လူသားကို ဖန်ဆင်းခြင်း အဓိပ္ဗာယ်ကို ပျောက်ဆုံးခဲ့သဖြင့် လူသားကို ကိုယ်တော်ဖန်ဆင်းခြင်း၏ အဓိပ္ဗာယ်ကို ပြန်လည်ရယူရန် လူသား၏ မူလရုပ်ဆင်းသဏ္ဍာန်ကို ပြန်လည်ရယူပြီး လူ၏ ပျက်စီးသော သဘောထားကို ပယ်ဖျက်ပစ်ရမည်။ လူကို စာတန်ထံမှ ပြန်လည် ရယူရန် ကိုယ်တော်သည် လူကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းအားဖြင့်သာ ကိုယ်တော်သည် လူသား၏ မူလ ရုပ်ဆင်းသဏ္ဍာန်ကို တဖြည်းဖြည်း ပြန်လည် ရယူနိုင်ပြီး လူ၏ မူလ လုပ်ငန်းကို ပြန်လည်ရယူနိုင်ကာ နောက်ဆုံးတွင် ကိုယ်တော်၏ နိုင်ငံတော်ကို ပြန်လည် ရယူနိုင်လိမ့်မည်။ လူ သားသည်ဘုရားသခင်အား ပိုမို ကိုးကွယ်နိုင်ရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုုမိုကောင်းမွန်စွာ ရှင်သန်နိုင်ရန် နာခံခြင်း မရှိသော သူများ၏ အဆုံးစွန်သော ဖျက်ဆီးခြင်းကိုလည်း လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်သည် လူကို ဖန်ဆင်းခဲ့သည် ဖြစ်ရာ ကိုယ်တော်သည် လူကို ကိုယ်တော့်အား ကိုးကွယ်ရန် လုပ်လိမ့်မည်၊ ကိုယ်တော်သည် လူ၏ မူလ အလုပ်ကို ပြန်လည် ရယူလိုသည်ဖြစ်ရာ ကိုယ်တော်သည် ယင်းကို ပြီးပြည့်စုံစွာ ပြန်လည်ရယူပြီး မည်သည့် အစွန်းအထင်းမှ ရှိစေမည်မဟုတ်ပေ။ ကိုယ်တော်၏ အခွင့်အာဏာကို ပြန်လည်ရယူခြင်း ဆိုသည်မှာ လူကို ကိုယ်တော်အားကိုးကွယ်စေပြီး လူကို ကိုယ်တော်အား နာခံအောင် လုပ်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်တော်သည် လူကို ကိုယ်တော်အားဖြင့် ရှင်သန်အောင် လုပ်ပြီး ကိုယ်တော်၏ အခွင့်အာဏာကြောင့် ကိုယ်တော်၏ ရန်သူများ ပျက်စီးအောင် လုပ်လိမ့်မည်။ ဆိုလိုသည်မှာ ကိုယ်တော်သည် ကိုယ်တော်၏ နောက်ဆုံး အစိတ်အပိုင်းအားလုံးကို လူသားတို့ကြားတွင်ဆက်လက်လုပ်ဆောင်ကာ လူသား၏ မည်သည့် ဆန့်ကျင်မှုမှ မရှိဘဲ လုပ်ဆောင်လိမ့်မည်။ ကိုယ်တော် တည်ထောင်လိုသော နိုင်ငံတော်သည် ကိုယ်တော်၏ ကိုယ်ပိုင် နိုင်ငံတော်ဖြစ်သည်။ ကိုယ်တော်ဖြစ်စေလိုသောလူသားသည်ကိုယ်တော့်ကို ကိုးကွယ်သူများ၊ ကိုယ်တော်ကို အကြွင်းမဲ့ နာခံသူများ၊ ကိုယ်တော်၏ ဘုန်းထင်ရှားသူများ ဖြစ်သည်။ ကိုယ်တော်သည် ပျက်စီးနေသော လူသားတို့ကို ကယ်တင်ခြင်း မပြုပါက လူသားကို ကိုယ်တော်ဖန်ဆင်းခြင်း၏ အနှစ်သာရမှာ ဘာမှ ရှိမည်မဟုတ်၊ ကိုယ်တော်သည် လူတို့အကြား အာဏာဆက်လက် တည်ရှိတော့မည်မဟုတ်ဘဲ ကိုယ်တော်၏ နိုင်ငံတော်သည်လည်း ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် တည်ရှိနိုင်တော့မည် မဟုတ်ပေ။ ကိုယ်တော်ကို နာခံခြင်း မရှိသော ရန်သူများကို ကိုယ်တော် မဖျက်စီးပါက ကိုယ်တော်သည် ကိုယ်တော်၏ ပြီးပြည့်စုံသော ဘုန်းတန်ခိုး အာနုဘော်ကို ရယူနိုင်တော့မည် မဟုတ်သလို ကမ္ဘာမြေကြီးပေါ်တွင် ကိုယ်တော်၏ နိုင်ငံတော်ကိုလည်း တည်ဆောက်နိုင်တော့မည် မဟုတ်ပေ။ ယင်းသည်ကိုယ်တော်၏အလုပ် ပြီးမြောက်ခြင်းသင်္ကေတများဖြစ်ပြီး၊ လူသားတို့ကြားရှိ ကိုယ်တော့်ကို နာခံခြင်း မရှိသောသူတို့အား လုံးဝ ဖျက်စီးရန်၊ နှင့် နာခံသူတို့အား အနားယူခြင်းသို့ရောက်ရန်ပြီးပြည့်စုံအောင်ပြုခြင်းခံရသောသူများကို ဆောင်ယူရန်အစရှိသော ကိုယ်တော်၏ ကြီးမြတ်သော အောင်မြင်တော်မူခြင်း၏ ပြည့်စုံခြင်း၏ သင်္ကေတများ ဖြစ်သည်။ လူသားတို့ကို သူတို့၏ မူလ ရုပ်ဆင်းသဏ္ဍာန်သို့ ပြန်လည် ရယူပြီးသည့်အခါ၊ လူသားတို့သည် သူတို့၏ သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်နိုင်သည့်အခါ၊ သူတို့၏ ကိုယ်ပိုင်နေရာကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များအားလုံးကို နာခံသည့်အခါ ဘုရားသခင်သည် ကမ္ဘာမြေကြီး ပေါ်တွင် ကိုယ်တော့်ကို ကိုးကွယ်သူ လူအုပ်စုကို လက်ခံပြီး ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်တွင် ကိုယ်တော့်ကို ကိုးကွယ်သော နိုင်ငံတော်ကိုလည်း တည်ထောင်ပြီး ဖြစ်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် အဆုံးမရှိသည့် အောင်မြင်ခြင်းကို ကိုယ်တော်ရရှိလိမ့်မည်ဖြစ်ပြီး ကိုယ်တော့်ကို ဆန့်ကျင်သူတို့ကို ကိုယ်တော်သည် အဆုံးစွန်အလုံးစုံ ဖယ်ရှားလိမ့်မည်။ ယင်းသည် ကိုယ်တော်၏ လူသားကို ဖန်ဆင်းခြင်း၏ မူလ ရည်မှန်းချက်ကို ပြန်လည် ရရှိစေလိမ့်မည်။ ယင်းသည် အရာအလုံးစုံကို ဖန်ဆင်းခြင်း၏ မူလ ကိုယ်တော်၏ မူလရည်မှန်းချက်ကို ပြန်လည် ရရှိစေလိမ့်မည်ဖြစ်ပြိး ယင်းသည် ကမ္ဘာမြေကြီးပေါ်တွင် အရာအလုံးစုံ အကြား ကိုယ်တော်၏ အာဏာနှင့် ကိုယ်တော်၏ ရန်သူများအကြား ကိုယ်တော်၏ အာဏာကိုလည်း ပြန်လည်ရရှိစေလိမ့်မည်။ ယင်းတို့သည် ကိုယ်တော်၏ လုံးဝ ဥဿုံ အောင်မြင်ခြင်း၏ သင်္ကေတများဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် အနားယူခြင်းသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး လမ်းကြောင်းမှန်ကို လိုက်လျှောက်သော အသက်တာအတွင်းသို့ ဝင်ရောက်လိမ့်မည်။ ဘုရားသခင်သည်လည်း အဆုံးမရှိသော အနားယူခြင်းသို့ လူသားနှင့် အတူ ဝင်ရောက်ကာ ဘုရားသခင်နှင့် လူသားတို့သည် အတူတကွ မျှဝေသောအဆုံးမရှိသော အသက်တာသို့ ဝင်ရောက်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် မနာခံခြင်းတို့သည် ကမ္ဘာမြေကြီးပေါ်ရှိ ငိုကြွေးခြင်းတို့ကဲ့သို့ပင် ကွယ်ပျောက်သွားလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်အား ဆန့်ကျင်မှုအားလုံး ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် ကိုယ်တော် ကယ်တင်တော်မူသော လူများသာလျှင် ကျန်ရှိလိမ့်မည်။ ကိုယ်တော်၏ ဖန်ဆင်းခြင်းသာလျှင် ကျန်ရှိလိမ့်မည်။

ယခင်က:လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

နောက်တစ်ခုသို့:ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်

သင်နှစ်သက်နိုင်သည့် အရာများ