အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၄။ ဘုရားသခင်၏ အသင်းတော်နှင့် ဘာသာရေးအဖွဲ့အစည်းများကြား ကွဲပြားမှုများ

၁) ဘုရားသခင်၏ အသင်းတော် ဆိုသည်မှာအဘယ်နည်း။ ဘာသာရေးအဖွဲ့အစည်း တစ်ခု ဆိုသည်မှာအဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ထိုအသင်တော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသော သူ၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း။” (ဧ ၁:၂၂-၂၃)

“ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း တွန်းလှဲတော်မူလျက်၊ ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထို အိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။” (မ ၂၁:၁၂-၁၃)

သူသည်ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။ အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူ သော စပျစ်ရည်ကိုသောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။” (ဗျာ ၁၈:၂-၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိနေသူများအားလုံး၌ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိမနေသူများ၌မူ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့်လုပ်ဆောင်မှုမျှမရှိပေ၊ ထိုသူတို့သည် စာတန်၏ ကွပ်ကဲမှုအောက်တွင် ရှိနေကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိနေသူများက ဘုရားသခင်၏ အလုပ်သစ်ကို လက်ခံသူများဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်သစ်တွင် ပူးပေါင်းဆောင်ရွက်သူများဖြစ်သည်။ ဤရေစီးကြောင်းအတွင်း ရှိနေသူများက ပူးပေါင်းဆောင်ရွက်ခြင်းငှာ မတတ်စွမ်းနိုင်ဘဲ၊ ယခုအချိန်တွင် ဘုရားသခင်အလိုရှိသည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အသစ်ကို လက်ခံသူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းတွင် နေထိုင်နေမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းကို ခံရမည်ဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒမရှိသူများကမူ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကိုခံရပြီး၊ အပြစ်ဒဏ်ပေးခြင်းကိုပင် ခံရကောင်းခံရမည်။ သူတို့သည် မည်သို့သောလူမျိုးဖြစ်နေပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း သူတို့ရှိနေပါက၊ သူ၏နာမတော်အလို့ငှာ သူ့အလုပ်ကို လက်ခံသည့်သူများအားလုံးကို ဘုရားသခင်က တာဝန်ယူလိမ့်မည်။ သူ၏နာမတော်ကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူများသည် သူ၏ကောင်းချီးများကို ရရှိလိမ့်မည်။ သူ့ကိုမနာခံဘဲ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်သူများကမူ သူ၏အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိနေသည့် လူများသည် အလုပ်သစ်ကို လက်ခံသူများဖြစ်သည်။ ထို့ပြင် သူတို့သည် အလုပ်သစ်ကို လက်ခံသူများ ဖြစ်သည့်အတွက် သူတို့၌ ဘုရားသခင်နှင့် သင့်လျော်သည့် ပူးပေါင်းဆောင်ရွက်မှု ရှိသင့်ပြီး၊ မိမိတို့၏တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မလုပ်ဆောင်သင့်ပေ။ ဤကား လူသားအပေါ်ထားရှိသည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အလုပ်သစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့က သူတို့အပေါ် သက်ရောက်မှု မရှိပေ။ ထိုသူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ နေသည်၊ မိမိတို့၏ စိတ်အတွင်း၌နေပြီး၊ သူတို့လုပ်သမျှသည် သူတို့ကိုယ်ပိုင် ဦးနှောက်များနှင့် ခွဲခြမ်းစိတ်ဖြာ သုတေသနပြုပြီး ထွက်လာသည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်သစ်၏ သတ်မှတ်ချက်များပင် မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံသူများ၌ ဘုရားသခင်၏ မျက်မှောက်တော် ကင်းမဲ့သည့်အပြင် သူတို့၌ ဘုရားသခင်၏ ကောင်းချီးများနှင့် ကာကွယ်ခြင်းတို့ လုံးဝမရှိပေ။ သူတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ ယခင်က သတ်မှတ်ချက်များကို ထိန်းသိမ်းထားသည်။ ယင်းတို့သည် အယူဝါဒဖြစ်ပြီး၊ သမ္မာတရားမဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းတို့သည် ထိုသူတို့ကို အတူတကွ စုစည်းစေသည့် တစ်ခုတည်းသောအရာက ဘာသာတရားဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ ထိုသူတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင် အလုပ်၏ အပြုခံအရာများ မဟုတ်ကြပါ။ ထိုသူတို့အားလုံးကြားမှ စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် မခေါ်ဆိုနိုင်ပါ။ ယင်းသည် ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်မရှိ၊ သူတို့လုပ်ဆောင်သည့်အရာက ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံ ပေါ်နေသည်၊ သူတို့အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာရေးနှင့် ပြည့်နှက်သည့်ပုံ ပေါ်နေသည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် ဉာဏ်ဖွင့်ပေးခြင်းကို ရရှိစိမ့်သောငှာ သင့်လျော်ရန် မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်နှင့် အမှုကိုပင် မပိုင်ဆိုင်ကြပေ။ ထိုလူအားလုံးတို့သည် အသက်မရှိသည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏အလုပ်နှင့် ဘုရားသခင်၏ လက်ရှိအလိုတော်တို့ကို သိရန်မဆိုထားနှင့် လူသား၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုကို သိနားလည်ခြင်းမရှိ၊ လူသား၏ မကောင်းမှုပြုခြင်းကို သိနားလည်ခြင်းမရှိ။ သူတို့အားလုံးသည် ပညာမဲ့သော၊ အသုံးမကျသောလူများ ဖြစ်ကြသည်၊ သူတို့သည် ယုံကြည်သူများဟုပင် ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများပင် ဖြစ်တော့သည်။ သူတို့လုပ်သမျှတွင် ဘုရားသခင်၏ အစီအစဉ်များကို နှောင့်ယှက်နိုင်ရန် မဆိုထားနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် ဆက်စပ်သည့်အရာ ဘာတစ်ခုမျှ မရှိပေ။ သူတို့၏စကားများနှင့် လုပ်ရပ်များက စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်၊ သနားစရာကောင်းလွန်းပြီး ရှင်းပြရလောက်အောင်ပင် လုံးဝမထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိမနေသည့် ထိုသူတို့ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်နှင့် မည်သို့မျှသက်ဆိုင်မှုမရှိချေ။ ထို့အတွက်ကြောင့် သူတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးမှုလည်း မရှိပေ။ အကြောင်းမှာ သူတို့အားလုံးသည် သမ္မာတရားကို ချစ်သည့်သူများ မဟုတ်ကြဘဲ သန့်ရှင်းသော ဝိညာဉ်တော်က မုန်းတီးပြီး ငြင်းပယ်ခြင်းကို ခံရသည့်သူများ ဖြစ်နေသည့်အတွက်ကြောင့် ဖြစ်သည်။ သူတို့သည် ဇာတိပကတိထဲတွင် လျှောက်နေကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် သူတို့စိတ်ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နေကြသည့်အတွက် သူတို့ကို မကောင်းမှုပြုသူများဟု ခေါ်သည်။ ဘုရားသခင် အလုပ်လုပ်နေစဉ်တွင် သူတို့သည် တမင်တကာ သူ့ကိုရန်လိုပြီး သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးကြသည်။ လူသားက ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကျရှုံးခြင်းကိုယ်၌ကပင်လျှင် အဆုံးစွန် ပုန်ကန်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်သို့ တမင်တကာပြေးကြသောသူတို့သည် အထူးသဖြင့် သူတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ရရှိကြမည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ပညတ်တော်ခေတ်အတွင်းက ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည့် ကျမ်းတတ်ပုဂ္ဂိုလ်များ၊ ဖာရိရှဲများနှင့် ယခု ခရစ်ယာန် အသင်းတော်များရှိ ဘုရားသခင်ကို အစေခံပြီး နောက်လိုက်ကြသည့် လူများကြားက ကွာခြားချက်မှာ အဘယ်နည်း။ သူတို့သည် မတူညီသော ခေတ်များတွင် နေထိုင်ခဲ့ကြပြီး သူတို့ယုံကြည်သည့် အမည်နာမနှင့် သူတို့ကျင့်သုံးမှု၏ အခြားအမျိုးမျိုးသော ကဏ္ဍများတွင် ခြားနားသော်လည်း ဘုရားသခင်သည် သူတို့နှင့်ပတ်သက်၍ တူညီသောအဆုံးအဖြတ်ကို နောက်ဆုံးတွင် ချမှတ်ခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါကို ယုံကြည်သောသူများကို ဘုရားသခင် မည်သည့်အမည် ပေးသနည်း။ ယုဒဘာသာပင်ဖြစ်သည်။ ၎င်းတို့သည် ဘာသာရေးအဖွဲ့တစ်ဖွဲ့ကဲ့သို့ ဖြစ်လာကြသည်။ ထို့အပြင် ဘုရားသခင်သည် ယေရှုကို ယုံကြည်သောသူများကို မည်ကဲ့သို့ သတ်မှတ်သနည်း။ (ခရစ်ယာန်ဘာသာပင်ဖြစ်သည်။) ဘုရားသခင်၏အမြင်တွင် ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာသည် ဘာသာရေးအဖွဲ့များ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို အဘယ်ကြောင့် ထိုကဲ့သို့ သတ်မှတ်သနည်း။ ဘုရားသခင်၏ သတ်မှတ်ခြင်းကို ခံရသော ဤဘာသာရေးအဖွဲ့များ၏ အသင်းဝင်များ ဖြစ်သောသူ အားလုံးအကြားတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော၊ ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်ပြီး ဘုရားသခင်၏လမ်းကို လိုက်နာသောသူ တစ်စုံတစ်ဦးရှိသလော။ (မရှိပါ။) ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်နောက် အမည်ခံ လိုက်သောသူအပေါင်းသည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ် သူ လက်ခံသောသူများ ဖြစ်သည်၊ မဖြစ်သည်ကို သင်မြင်နိုင်သလော။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် ဆက်နွှယ်မှုတစ်ခု ရှိနိုင်ကြသလော။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ပြစ်မှတ်များ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ထို့ကြောင့် သင်တို့ကို ဘုရားသခင်က ဘာသာရေးအဖွဲ့တစ်ဖွဲ့ဟု မြင်သောအဖွဲ့သို့ ဆိုက်ရောက်သော နေ့ရက်တစ်ရက် ရောက်လာမည်လော။ (ဖြစ်နိုင်ချေရှိသည်။) ဘာသာရေးအဖွဲ့တစ်ဖွဲ့အဖြစ်သို့ ဆိုက်ရောက်စေခြင်း ခံရသည့်အားလျော်စွာ ယင်းမှာ စိတ်ကူး၍မရနိုင်ပုံရ၏။ အကယ်၍ လူတို့သည် ဘုရားသခင်၏အမြင်တွင် ဘာသာရေးအဖွဲ့အစ်ဖွဲ့၏ အစိတ်အပိုင်း ဖြစ်လာပါက၊ သူတို့သည် သူ၏ ကယ်တင်ခြင်းကို ခံရလိမ့်မည်လော။ သူတို့သည် ဘုရားသခင်၏အိမ်တော်သားများ ဟုတ်ကြသလော။ (မဟုတ်ကြပါ။) ထို့ကြောင့် စဉ်းစားကြည့်ပြီး အကျဉ်းချုပ်ကြည့်ပါ- စစ်မှန်သောဘုရားသခင်ကို အမည်ခံ ယုံကြည်သော်လည်း ဘုရားသခင်က ဘာသာရေးအဖွဲ့တစ်ဖွဲ့၏ အစိတ်အပိုင်းဖြစ်သည်ဟု ယူဆသည့် ဘုရားသခင်၏ အိမ်တော်သားမဟုတ်သော ဤသူများသည် မည်သည့်လမ်းကြောင်းကို လျှောက်ကြသနည်း။ ဤလူများသည် ကိုယ်တော့်လမ်းကို လိုက်ခြင်း၊ ဘုရားသခင်အား ယုံကြည်သော်လည်း ကိုယ်တော့်ကို လုံးဝကိုးကွယ်ခြင်း မရှိ၊ ထို့အစား ကိုယ်တော်ကို စွန့်ပစ်ကြလျှင် ယုံကြည်ခြင်းအလံလွှင့်ထူနေသော လမ်းကြောင်းကို လျှောက်ကြသည်ဟု ဆိုနိုင်သလော။ ယင်းမှာ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောလမ်းကြောင်း၌ လျှောက်ကြသော်လည်း ဘုရားသခင်၏လမ်းကို လိုက်လျှောက်ခြင်းမရှိဘဲ ဘုရားသခင်ကို စွန့်ပစ်ကြသည်။ သူတို့၏လမ်းမှာ ဘုရားသခင်ကို ယုံကြည်သော်လည်း စာတန်ကို ကိုးကွယ်သည့်လမ်းပင် ဖြစ်၏၊ သူတို့သည် မာရ်နတ်ကို ကိုးကွယ်သည်၊ သူတို့သည် သူတို့၏ကိုယ်ပိုင် စီမံခန့်ခွဲမှုကို လုပ်ဆောင်ရန် ကြိုးစားပြီး၊ သူတို့၏ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ရန် ကြိုးပမ်းကြသည်။ ဤသည်မှာ ၎င်း၏အနှစ်သာရလော။ ဤကဲ့သို့သော် လူများသည် လူသားကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆက်နွှယ်မှုတစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) လူမည်မျှ ဘုရားသခင်ကို ယုံကြည်ပါစေ၊ ၎င်းတို့၏ယုံကြည်မှုများမှာ ဘာသာရေးတစ်ခု သို့မဟုတ် အဖွဲ့တစ်ခု ဖြစ်သည်ဟု ဘုရားသခင်၏သတ်မှတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့မှာ ကယ်တင်၍မရနိုင်ဟု ဘုရားသခင် သတ်မှတ်ပြီးဖြစ်၏။ ဤအရာကို အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်၏အမှုနှင့် လမ်းပြခြင်းမရှိသည့်အပြင် ကိုယ်တော့်ကို ကိုးကွယ်ခြင်း လုံးဝမရှိသော လူစု သို့မဟုတ် လူအုပ်တစ်ခုတွင် ၎င်းတို့သည် မည်သူ့ကို ကိုးကွယ်ကြသနည်း။ ၎င်းတို့သည် မည်သူ့နောက်သို့ လိုက်ကြသနည်း။ ပုံစံနှင့် အမည်နာမအရ သူတို့သည် ပုဂ္ဂိုလ်တစ်ဦးနောက် လိုက်ကြသော်လည်း မည်သူ့ကို သူတို့အမှန်တကယ် လိုက်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အသိအမှတ်ပြုကြသော်လည်း၊ အမှန်တွင် ၎င်းတို့သည် လူသား၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ စီစဉ်ခြင်းများနှင့် ထိန်းချုပ်ခြင်းကို ခံကြရ၏။ ၎င်းတို့သည် စာတန်မာရ်နတ်နောက်သို့ လိုက်ကြခြင်းဖြစ်၏၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုသော၊ ဘုရားသခင်၏ရန်သူများဖြစ်ကြသော အင်အားစုများနောက်သို့ လိုက်ကြ၏။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူအုပ်တစ်အုပ်ကို ကယ်တင်နိုင်မည်လော။ (မကယ်တင်နိုင်ပါ။) အဘယ့်ကြောင့်နည်း။ ၎င်းတို့သည် နောင်တရနိုင်စွမ်း ရှိကြသလော။ မရှိပါ။ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လွှင့်ကာ လူသားလုပ်ငန်းများကို လုပ်ဆောင်နေကြပြီး၊ ၎င်းတို့၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို ဆောင်ရွက်နေကြပြီး ၎င်းတို့သည် လူသားမျိုးနွယ် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဆန့်ကျင်ကြ၏။ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ဤလူများကို ကယ်တင်ရန် မဖြစ်ေနိုင်ပေ၊ ၎င်းတို့သည် နောင်တရရန် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် စာတန်၏ဖမ်ဆီးချုပ်နှောင်ခြင်းကို ခံရနှင့်ပြီဖြစ်၏၊ ၎င်းတို့သည် စာတန်၏လက်ထဲ၌သာ လုံးလုံးလျားလျား ရှိကြ၏။ … ထို့ကြောင့် သမ္မာတရား မြောက်မြားစွာ ကြားဖူးပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်လာပြီဖြစ်သော ဤမျက်မှောက်ခေတ်လူများအနေဖြင့်၊ သူတို့သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်စွမ်းမရှိသည့်အပြင် ကယ်တင်ခြင်းလမ်းကြောင်းတွင် မလျှောက်လှမ်းနိုင်ပါက၊ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့၏နောက်ဆုံးရလဒ်မှာ ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာကို ယုံကြည်သောသူများနည်းတူ ဖြစ်ကြလိမ့်မည်၊ ကွာခြားမှု ရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားပေတည်း။ တရားဟောချက် မည်မျှကို သင် ကြားဖူးပြီး သမ္မာတရားမည်မျှကို နားလည်ပြီးပါစေ၊ အကယ်၍ သင်သည် အဆုံး၌ လူများနှင့် စာတန်နောက်သို့ ဆက်၍လိုက်နေပြီး အဆုံး၌ သင်သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခြင်း မရှိပါက၊ ယင်းကဲ့သို့ လူများသည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။ ကြည့်ရသည်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသော ဤလူများသည် စာစောင်များနှင့် သြဝါဒ အကြောင်းများကို များစွာပြောနိုင်ကြကာ၊ သမ္မာတရား မြောက်မြားစွာကို နားလည်လာကြပြီဖြစ်သော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်နိုင်ခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို မရှောင်နိုင်ကြသည့်အပြင်၊ ဘုရားသခင်ကို အကြွင်းမဲ့နာခံနိုင်ခြင်း မရှိကြပေ။ ဘုရားသခင်၏အမြင်တွင် ၎င်းတို့ကို ဘာသာတစ်ခုအဖြစ်၊ လူတစ်စုသာသာအဖြစ်၊ လူအဖွဲ့တစ်ဖွဲ့အဖြစ်နှင့် စာတန်အတွက် ယာယီနေထိုင်ရန် နေရာတစ်ခုအဖြစ် ဘုရားသခင်သတ်မှတ်၏။ ၎င်းတို့ကို ခြုံငုံ၍ စာတန်၏လူစုအဖြစ် ရည်ညွှန်းပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို အလျှင်းခံကြရ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

ပထမအနေနှင့် “ယုံကြည်ခြင်းရှိသောလူများ” တွင် ရှိသည့် “ယုံကြည်မှု” သည် မည်သည့်ယုံကြည်မှုများကို ရည်ညွှန်းသည်ကို ငါတို့ ပြောဆိုဆွေးနွေးကြစို့။ ယုဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဗရင်ဂျီဘာသာ၊ အစ္စလမ်ဘာသာနှင့် ဗုဒ္ဓဘာသာ၊ ဤအဓိက ဘာသာငါးမျိုးကို ဆိုလိုသည်။...

............

ငါတို့ပြောဆိုခဲ့သည့်ဘာသာငါးခုအကြား ခရစ်ယာန်ဘာသာသည် အနည်းငယ်ထူးခြားသည်။ ခရစ်ယာန်ဘာသာသည် မည်သို့ထူးခြားသနည်း။ ဤသူတို့သည် စစ်မှန်သောဘုရားသခင်ကို ယုံကြည်ကြသူများ ဖြစ်၏။ စစ်မှန်သောဘုရားသခင်ကို ယုံကြည်သောသူများကို ဤနေရာတွင် မည်သို့ စာရင်းဝင်နိုင်သနည်း။ ခရစ်ယာန်ဘာသာသည် ယုံကြည်ခြင်းတစ်မျိုးဖြစ်သည့်အတွက် ၎င်းသည် ယုံကြည်ခြင်းနှင့်သာ သက်ဆိုင်သည်မှာ သံသယရှိဖွယ် မဟုတ်ပေ။ ၎င်းသည် အခမ်းအနားတစ်မျိုး၊ ဘာသာတရားတစ်မျိုးနှင့် ဘုရားသခင်နောက် စစ်မှန်စွာ လိုက်လျှောက်သူများ၏ ယုံကြည်ခြင်းမှ ကွဲပြားသည့် အရာတစ်မျိုးဖြစ်၏။ ငါသည် ၎င်းကို အဓိကဘာသာ ငါးမျိုးအကြား စာရင်းဝင်စေခဲ့ခြင်း အကြောင်းရင်းမှာ ခရစ်ယာန်ဘာသာသည် ယုဒဘာသာ၊ ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာတို့၏အဆင့်သို့ လျှော့ချခံရသည့်အတွက်ဖြစ်၏။ ခရစ်ယာန်အများစုသည် ဘုရားသခင်ရှိကြောင်း သို့မဟုတ် သူသည် အရာခပ်သိမ်းအပေါ် အုပ်စိုးကြောင်းကို မယုံဘဲ သူ၏တည်ရှိမှုကို သာ၍ပင် မယုံကြည်ပေ။ ယင်းအစား ဓမ္မပညာအကြောင်းပြောရန် ၎င်းတို့သည် ကျမ်းပိုဒ်များကို အသုံးပြုရုံမျှသာရှိကာ၊ လူတို့အား ကြင်နာရန်၊ ဒုက္ခခံရန်နှင့် ကောင်းသောအရာများကို ပြုလုပ်ရန် သင်ကြားရေးအတွက် ဓမ္မပညာကို အသုံးပြုကြ၏။ ၎င်းမှာ ခရစ်ယာန်ဘာသာသည် မည်သို့သောဘာသာဟူသည် ဖြစ်၏။ ၎င်းသည် ဓမ္မပညာနှင့်သက်ဆိုင်သော အယူဝါဒများကိုသာ အာရုံစိုက်လျက် ဘုရားသခင်၏ လူသားကို စီမံခန့်ခွဲခြင်းနှင့် ကယ်တင်ခြင်းအမှုနှင့် လုံးဝသက်ဆိုင်ခြင်း မရှိပေ။ ၎င်းသည် ဘုရားသခင်မှ အသိအမှတ်မပြုသော ဘုရားသခင်နောက်လိုက်သူများ၏ ဘာသာတစ်ရပ်ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

“ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။” (ရှင်မဿဲ ၁၂:၆-၈) ဒီနေရာတွင် “ဗိမာန်တော်” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ရိုးရိုးရှင်းရှင်းပြောရလျှင် “ဗိမာန်တော်” ဆိုသည်မှာ ကြီးကျယ်ခမ်းနားသော မြင့်မားသော အဆောက်အဦးကို ဆိုလိုပြီး ပညတ်တော်ခေတ်တွင် ဗိမာန်တော်သည် ပုရောဟိတ်တို့အတွက် ဘုရားသခင်ကို ကိုးကွယ်ရန် နေရာတစ်ခုဖြစ်ပါသည်။ သခင်ယေရှုက “ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။” လို့ပြောသောအခါတွင် “အရာ” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ရှင်းပါသည်။ “အရာ” ဆိုသည်မှာ ဇာတိခန္ဓာထဲမှ သခင်ယေရှုပင်ဖြစ်သည်။ ဘာကြောင့်လဲဟု ဆိုရလျှင် သူသာလျှင် ဗိမာန်တော်ထက် ကြီးမြတ်သူဖြစ်သောကြောင့်ဖြစ်သည်။ ဤစကားလုံးတို့က လူတို့ကို မည်သို့ပြောပြနေသနည်း။ ဗိမာန်တော်ထဲမှ ထွက်ရန် လူတို့ကို ပြောနေပါသည်။ ဘုရားသခင်က ထွက်နှင့်ပြီးဖြစ်ပြီး ထိုအထဲတွင် အလုပ်မလုပ်တော့ပေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ ခြေလှမ်းတို့ကို ဗိမာန်တော်၏အပြင်ဖက်တွင် ရှာဖွေပြီး သူ၏အလုပ်အသစ်တွင် သူ၏ခြေလှမ်းတို့နောက်ကို လိုက်သင့်ပါသည်။ သခင်ယေရှုက ၎င်းကိုပြောပြသော နောက်ခံအကြောင်းက ပညတ်တော်အောက်တွင် လူတို့က ဗိမာန်တော်ကို ဘုရားသခင်ကိုယ်တော်တိုင်ထက် ကြီးမြတ်နေသကဲ့သို့ မြင်လာခဲ့ကြ၍ပင်ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းထက် ဗိမာန်တော်ကို ကိုးကွယ်နေကြသည်။ ထို့ကြောင့် သခင်ယေရှုက ဘုရားသခင်သည် သာလွန်ကြီးမြတ်သောအတွက်ကြောင့် ရုပ်တုတို့ကို မကိုးကွယ်ဘဲ ဘုရားသခင်ကို ကိုးကွယ်ရန် သတိပေးခဲ့သည်။ ထို့ကြောင့် “ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏” ဟု သူပြောခဲ့သည်။ ၎င်းသည် သခင်ယေရှု၏အမြင်၌ ပညတ်တော်အောက်တွင်ရှိသော လူအများစုသည် ယေဟောဝါ ဘုရားသခင်ကို မကိုးကွယ်တော့ဘဲ ယဇ်ပူဇော်ခြင်းလမ်းစဉ်ကို လိုက်နေသည်ဆိုသည်ကို ထင်ရှားမြင်သာပြီး သခင်ယေရှုက ဤလမ်းစဉ်သည် ရုပ်တုကိုးကွယ်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ ဤရုပ်တုကိုးကွယ်သူတို့သည် ဗိမာန်တော်ကို ဘုရားသခင်ထက် ပိုပြီးကြီးမြတ်သော၊ ပိုပြီးမြင့်သော အရာတစ်ခုအဖြစ် မြင်ခဲ့ကြသည်။ သူတို့နှလုံးသားတွင် ဗိမာန်တော်သာ ရှိသည်။ ဘုရားသခင်မရှိချေ။ ဗိမာန်တော်ကို သူတို့ ဆုံးရှုံးသွားလျှင်၊ သူတို့ ကျိန်းဝပ်ရာအရပ်ကို ဆုံးရှုံးသွားသကဲ့သို့ပင်။ ဗိမာန်တော်မရှိလျှင် သူတို့ ကိုးကွယ်ရန်နေရာမရှိချေ။ သူတို့၏ ယဇ်ပူဇော်ခြင်းတို့ကို မလုပ်ဆောင်နိုင်တော့ချေ။ သူတို့၏ ကျိန်းဝပ်ရာအရပ်ဆိုသောနေရာက ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်ခြင်းဆိုသော နဖူးစည်းစာတန်းအောက်ဝယ် သူတို့လှုပ်ရှားသောနေရာဖြစ်ပြီး သူတို့ကို ဗိမာန်တော်တွင် နေခွင့်ပေးပြီး သူတို့၏ ကိုယ်ပိုင်အရေးကိစ္စတို့ကို လုပ်ဆောင်ခွင့်ပေးသည်။ သူတို့၏ ယဇ်ပူဇော်ပသခြင်းဆိုသောအရာက ဗိမာန်တော်မှာ သူတို့၏ အစေခံခြင်းကို လုပ်ဆောင်ခြင်းဆိုသော အသွင်ပုံစံအောက်တွင် သူတို့၏ကိုယ်ပိုင် ရှက်စရာကောင်းသော အတွင်းရေးကိစ္စတို့ကို ဆောင်ရွက်ရန်သက်သက်ပင် ဖြစ်ပါသည်။ ၎င်းသည် ဗိမာန်တော်ကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု ယင်းအချိန်တုန်းက လူတို့မြင်ရသော အကြောင်းရင်းပင်ဖြစ်ပါသည်။ သူတို့က ဗိမာန်တော်ကို အကာအကွယ်အနေနှင့် အသုံးပြုပြီး လူတို့ကို လိမ်ညာရန်နှင့် ဘုရားသခင်ကို လိမ်ညာရန်အတွက် အသွင်ပုံစံတစ်ခုအနေနှင့် ယဇ်ပူဇော်ခဲ့ကြသောအတွက်ကြောင့် သခင်ယေရှုက လူတို့ကို သတိပေးရန်အတွက် ဤစကားကို ပြောခဲ့သည်။ သင်တို့သည် ဤစကားလုံးတို့ကို လက်ရှိအချိန်အထိ အသုံးချလျှင် ၎င်းတို့သည် တန်းတူ ကိုက်ညီမှုရှိပြီး တန်းတူ အသုံးပြု၍ ရဆဲပင်ဖြစ်သည်။ ယနေ့လူတို့သည် ပညတ်တော်ခေတ်က လူတို့ ကြုံတွေ့ရခြင်းနှင့်မတူသော ဘုရားသခင်၏ လုပ်ဆောင်မှုကို ကြုံတွေ့ရသော်လည်း ယင်းတို့၏ သဘောတရား အနှစ်သာရက အတူတူပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

ယခင်က:နောက်ဆုံးသော ကာလတွင် အမှုပြုဖို့ရန် တရုတ်ပြည်၌ ဘုရားသခင် လူဇာတိခံခြင်း၏ ရည်မှန်းချက်နှင့် အရေးပါမှုများမှာ အဘယ်နည်း။

နောက်တစ်ခုသို့:ဘုရားသခင်သည် သူ၏အမှုတော်ကို လက်ခံပြီး နာခံသည့် အသင်းတော်ကိုသာ အဘယ်ကြောင့် ကောင်းချီးပေးသနည်း။ ကိုယ်တော်သည် ဘာသာရေးအဖွဲ့အစည်းများကို အဘယ်ကြောင့် ကျိန်ဆဲသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ