အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၄။ ဘုရားသခင်၏ အသင်းတော်နှင့် ဘာသာရေးအဖွဲ့အစည်းများကြား ကွဲပြားမှုများ

၂) ဘုရားသခင်သည် သူ၏အမှုတော်ကို လက်ခံပြီး နာခံသည့် အသင်းတော်ကိုသာ အဘယ်ကြောင့် ကောင်းချီးပေးသနည်း။ ကိုယ်တော်သည် ဘာသာရေးအဖွဲ့အစည်းများကို အဘယ်ကြောင့် ကျိန်ဆဲသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် အရှင်းဆုံးသော ဖော်ပြချက်မှာ ယခုအချိန်နှင့် ယခုနေရာအတွက် အကျုံးဝင်နေပြီး၊ ယခင်အတိတ်ကို ဖက်တွယ်မနေခြင်းဖြစ်သည်။ ယနေ့အလုပ်ကို လိုက်မမီသည့် ထိုသူများနှင့် ယနေ့လက်တွေ့လုပ်ဆောင်မှုမှ ခွဲထွက်သွားသည့် ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆန့်ကျင်ကာ လက်မခံသောသူများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ လက်ရှိအလုပ်ကို ဖီဆန်ကြသည်။ သူတို့သည် အတိတ်က အလင်းကို ဆုပ်ကိုင်သော်လည်း၊ ထိုသို့ပြုခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိဟု ငြင်းပယ်ရန် ဖြစ်နိုင်သည်ဟု မဆိုလိုပါ။...သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိနေသည့် ထိုသူများက မိမိတို့မှန်ကန်သည်ဟု အမြဲတမ်း တွေးထင်သော်ငြားလည်း၊ အမှန်တကယ်မှာ၊ သူတို့အတွင်းမှ ဘုရားသခင်၏အလုပ်သည် ကြာမြင့်စွာကတည်းကပင် ရပ်တန့်သွားပြီး၊ သူတို့ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လည်း ကင်းမဲ့နေပြီဖြစ်သည်။ ကြာမြင့်စွာကတည်းကပင် ဘုရားသခင်၏ အလုပ်သည် အခြားလူတစ်စုဆီသို့၊ သူ၏အလုပ်သစ်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် သူရည်ရွယ်သည့် လူတစ်စုဆီသို့ လွှဲပြောင်းသွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးအတွင်း ရှိနေသည့် ထိုသူများသည် ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံနိုင်ကြဘဲ၊ ယခင်က အလုပ်ဟောင်းကိုသာ စွဲကိုင်ထားကြသောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားသခင်က ထိုသူများကို စွန့်ပစ်ခဲ့ပြီး၊ ဤအလုပ်သစ်ကို လက်ခံသည့် သူများအပေါ် သူ၏အလုပ်သစ်ကို လုပ်ဆောင်သည်။ ထိုလူတို့သည် သူ၏အလုပ်သစ်၌ ပူးပေါင်းဆောင်ရွက်သည့်သူများဖြစ်ပြီး၊ ဤနည်းလမ်းအားဖြင့်သာ သူ၏စီမံခန့်ခွဲမှုက အောင်မြင်နိုင်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ဘုရားသခင်နောက်လိုက်ရာတွင် အဓိကအရေးကြီးသောအရာမှာ အရာခပ်သိမ်းသည် ယနေ့ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ဖြစ်သင့်ခြင်းပင် ဖြစ်သည်၊ အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင်ရှာမှီးနေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေခြင်းကို ရှာမှီးနေသည်ဖြစ်စေ၊ အရာခပ်သိမ်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဗဟိုပြုထားခြင်း ဖြစ်သင့်သည်။ အကယ်၍ သင်မိတ်သဟာယဖွဲ့သောအရာနှင့် လုပ်ဆောင်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဗဟိုမပြုပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားနေသော သူတစ်ဦးဖြစ်ပြီး၊ သင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် လုံးဝကင်းမဲ့နေမည်။ ဘုရားသခင်အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများနောက်ကို လိုက်လျှောက်ကြသောသူများဖြစ်သည်။ သင်ယခင်က နားလည်ခဲ့သောအရာများသည် မည်သို့ပင် အံ့သြဖွယ်ကောင်းပြီး ဖြူစင်သည်ဖြစ်စေ ဘုရားသခင်က ၎င်းကို အလိုမရှိပါ၊ ထို့အပြင် အကယ်၍ သင်သည် ထိုသို့သောအရာများကို ဘေးသို့ မဖယ်ထားနိုင်ပါက ၎င်းတို့သည် အနာဂတ်၌ သင်၏ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်စွမ်းရှိသူ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံစားရသောသူများဖြစ်သည်။ အတိတ်ကာလများမှ လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသော်လည်း၊ ယနေ့တိုင် ၎င်းတို့ လိုက်လျှောက်နိုင်ခဲ့ခြင်း မရှိပါ၊ ဤအရာသည် နောက်ဆုံးသောကာလရှိ လူများ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က သူတို့ကို မည်သည့်နေရာသို့ ဦးဆောင်သည်ဖြစ်စေ လိုက်လျှောက်နိုင်သည့်အတိုင်း ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်းရှိသော အဆိုပါလူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံစားရသောသူများဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ မလိုက်လျှောက်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အလုပ်ထဲသို့ ဝင်ရောက်ခြင်း မရှိသေးပါ၊ ထို့အပြင် ၎င်းတို့ မည်မျှပင် လုပ်ဆောင်ပါစေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှပင် ကြီးမားပါစေ၊ သို့မဟုတ် ၎င်းတို့ မည်မျှပင် ဟိုဟိုသည်သည် အလုပ်များနေပါစေ၊ ထိုအရာတစ်ခုမျှ ဘုရားသခင်အတွက် အဓိပ္ပာယ်မရှိပါ၊ ဘုရားသခင်သည် ၎င်းတို့ကို ချီးကျူးမည်မဟုတ်။ ယနေ့ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပ၌ ရှိကြပြီး၊ ယင်းကဲ့သို့သောသူများသည် ဘုရားသခင်၏ချီးကျူးမှုကို မခံရကြ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များနှင့် ကင်းကွာသော အစေခံခြင်းသည် ဇာတိပကတိနှင့်၊ အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်စွမ်းမရှိ။ အကယ်၍ လူများသည် ဘာသာရေးအယူအဆများအကြား၌သာ အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုတော်နှင့် အံဝင်ခွင်ကျဖြစ်သောအရာ တစ်စုံတစ်ခုကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်ကို အစေခံသည်ဖြစ်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ စိတ်ထင်ရာများနှင့် အယူအဆများအကြား၌သာ အစေခံကြခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ကြ၊ ဘုရားသခင်၏အလိုတော်ကို နားမလည်သောသူများသည် ဘုရားသခင်ကို အစေမခံနိုင်ကြ။ ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့်ညီညွတ်သော အစေခံခြင်းကို အလိုရှိသည်၊ အယူအဆများနှင့်၊ ဇာတိပကတိနှင့်ဆိုင်သော အစေခံခြင်းကို ဘုရားသခင် အလိုမရှိ။ အကယ်၍ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်လုပ်သောအလုပ်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် အယူအဆများအကြား၌ အသက်ရှင်ကြ၏။ ထိုသို့သောသူတို့၏ အစေခံခြင်းသည် ကာဆီးခြင်းနှင့် အနှောင့်အယှက်ဖြစ်စေပြီး၊ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်၏။ ထိုအကြောင်းကြောင့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို အစေခံနိုင်ခြင်းမရှိ၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို ဧကန်မုချ ဆန့်ကျင်ကြခြင်းဖြစ်ပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။ “သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်း၊ လက်ရှိ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကျင့်ကြံလုပ်ဆောင်နိုင်စွမ်း ရှိခြင်းနှင့် ဘုရားသခင်၏ အသစ်အဖြစ်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကိုဆိုလိုသည်။ ဤသို့သောသူသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်သောသူနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲ၌ ရှိသောသူဖြစ်သည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိရုံမျှမက၊ ဘုရားသခင်၏ စိတ်သဘောထားကို ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှုတို့ကိုသာမက လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ဘုရားသခင်၏ နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပါသည်၊ ထို့အပြင် ၎င်းတို့အစေခံစဉ် ၎င်းတို့၏ စိတ်သဘောထားအထဲ၌ တဖြည်းဖြည်း ပြောင်းလဲမှုများကို ရယူနိုင်စွမ်းရှိကြသည်။ ဤကဲ့သို့သောသူများသာလျှင် ဘုရားသခင်ကို ရနိုင်စွမ်းရှိကြပြီး၊ မှန်သောလမ်းကို အမှန်တကယ် တွေ့ရှိသောသူများဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ပယ်ရှင်းခြင်းကို ခံရသောသူများမှာ ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအလုပ်ကို ဆန့်ကျင်ပုန်ကန်ကြသူများ ဖြစ်သည်။ ယင်းကဲ့သို့သောသူများသည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကြသည့်အကြောင်းမှာ ဘုရားသခင်သည် အလုပ်အသစ်ကို လုပ်ဆောင်ပြီးခြင်းကြောင့် ဖြစ်သည်သာမက၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲကသဏ္ဌာန်နှင့် မတူညီခြင်းကြောင့်ဖြစ်သည်၊ ထိုအကြောင်းကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကန်ကြခြင်းဖြစ်ပြီး ဘုရားသခင်ကို ဝေဖန်ကြခြင်းဖြစ်ကာ၊ ယင်းက သူတို့ကို ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်းသို့ ဦးတည်သွားစေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို သိရန်မလွယ်ကူပါ၊ သို့သော်လည်း အကယ်၍ လူအများသည် ဘုရားသခင်၏အလုပ်ကို နာခံရန် စိတ်ဆန္ဒရှိပြီး ဘုရားသခင်၏အလုပ်ကို ရှာဖွေနိုင်ပါက ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်အဖြစ်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏အလုပ်ကို ရည်ရွယ်ချက်ပါပါဖြင့် ဆန့်ကျင်ပုန်ကန်သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှု သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပါ။ ထို့ကြောင့် လူအများသည် ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို လက်ခံရရှိနိုင်ခြင်း သို့မဟုတ် မရရှိနိုင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အပေါ်တွင် မူတည်သည်၊ ၎င်းသည် ၎င်းတို့၏ ရှာဖွေလိုက်စားမှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်သည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိဖွင့်ဆိုချက်များကို နာခံနိုင်စွမ်းရှိသောသူများ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံရကြသည်။ ၎င်းတို့ မည်ကဲ့သို့ ဖြစ်ခဲ့ပါစေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အလုပ်လုပ်ခဲ့ပါစေ အကြောင်းမဟုတ်ပါ၊ နောက်ဆုံးသောအလုပ်ကို ရသောသူများမှာ ကောင်းချီးမင်္ဂလာကို အခံစားရဆုံးသောသူများဖြစ်ကြပြီး နောက်ဆုံးသော အလုပ်ကို ယနေ့လိုက်လျှောက်နိုင်စွမ်း မရှိသောသူများမှာ ပယ်ရှင်းခံကြရသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသော အလုပ်ကို သိပြီး ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ

လူသားသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို အနီးကပ်၊ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်သင့်သည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ နောက်တော်၌ လိုက်သောသူ” ဖြစ်သင့်သည်။ ဤကဲ့သို့သော လူများသာလျှင် မှန်သော လမ်းကြောင်းကို ရှာဖွေသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများသာ ဖြစ်ကြသည်။ စကားလုံးများနှင့် အယူဝါဒများကို စုံမှိတ်ပြီး လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလ တစ်ခုစီအတွင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို စတင်လိမ့်မည်။ ထို့နောက် အချိန်ကာလတစ်ခုစီ အတွင်းတွင်၊ လူသားများအကြား အသစ်သော စတင်မှု တစ်ခုရှိလိမ့်မည်။ ခေတ်တစ်ခုအတွက်သာ အကျိုးသက်ရောက်မှုရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာနေပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်မည် မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ပင် လုပ်ဆောင်သည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်သည်။ ဤနည်းလမ်းအားဖြင့်၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့လျှင် ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကိုပင် လုပ်ဆောင်နေပါစေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု လူသားဘက်က သေချာနေပြီး၊ သံသယအနည်းငယ်မျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များသို့ ရောက်ရှိအောင် ကြိုးစားနေသရွေ့၊ သူသည်မည်သို့လျှင် အပြစ်ဒဏ်ပေးခြင်း ခံရမည်နည်း။...ဣသရေလလူမျိုးတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ”သည့်အတွက် မှားယွင်းနေသည်ဟု လူကယုံကြည်သည်။ သို့သော် လူအများစုတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်သည်” နှင့် “မေရှိယ ပြန်ကြွလာခြင်းကို တောင့်တသည်၊ သို့သော် ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည်” ဟူသည့် ဇာတ်ထုပ်ကို ကနေကြသည်။ သို့ဖြစ်၍ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်ကို လက်ခံပြီးသည့်နောက် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်နေဆဲဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးများကို မရရှိဆဲဖြစ်သည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသားပုန်ကန်မှု၏ ရလဒ်ပင် မဟုတ်ပေလော။ ယနေ့၏ အလုပ်သစ်ကို လိုက်မမီသည့် ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်များသည် သူတို့၏ ဆန္ဒတစ်ခုချင်းစီကို ဘုရားသခင်က ဖြည့်ဆည်းပေးသည့်အတွက် သူတို့က ကံကောင်းသူများဖြစ်ကြသည်ဟူသော ယုံကြည်မှုကို ဆုပ်ကိုင်ထားကြသည်။ သို့တိုင် သူတို့စိတ်ကူးထားသည့် နေ့ရက်တွင် ယေရှုသည် ဖြူသောမိုးတိမ်ကို စီးပြီး ဧကန်အမှန် ရောက်လာ မလာကို သူတို့သည် မုချသေချာမှုနှင့် ပြောနိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်က သူတို့ကို အဘယ်ကြောင့် တတိယကောင်းကင်သို့ ခေါ်ဆောင်သွားမည်ကို သူတို့ သေချာမပြောနိုင်သကဲ့သို့၊ ဘုရားသခင်က ဖြူသောမိုးတိမ်ကို စီးပြီး သူတို့ကို မည်သို့ လာရောက်ကောက်ယူမည့် အကြောင်းနှင့် ပတ်သက်၍လည်း သူတို့မသေချာပေ။ သူတို့အားလုံးတို့သည် သောကရောက်နေပြီး အဘယ်အရာ လုပ်ရမည်မှန်းမသိ ဖြစ်နေကြသည်။ ဘုရားသခင်က ဂိုဏ်းဂဏတစ်ခုစီမှ ကွဲပြားသည့် သေးငယ်သော လူလက်တစ်ဆုပ်စာ ဖြစ်သည့် သူတို့တစ်ယောက်စီကို ခေါ်မည် မခေါ်မည်ကိုပင် သူတို့ကိုယ်တိုင် မသိရှိကြပေ။ လက်ရှိခေတ်တွင် ဘုရားသခင်ပြုသည့် အမှုမှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်၊ သူတို့သည် ယင်းတို့၏ တစ်စုံတစ်ရာကိုမျှ နားလည်သဘောပေါက်ခြင်းမရှိ၊ ဘာကိုမျှ မလုပ်နိုင်ဘဲ၊ သူတို့၏လက်ချောင်းများကို ချိုးကာ နေ့ရက်များကိုသာ ရေတွက်နေကြသည်။ သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သည့် ထိုသူများသာလျှင် နောက်ဆုံး ကောင်းချီးကို ရရှိနိုင်သည်။ ထိုစဉ် အဆုံးထိ လိုက်မလျှောက်နိုင်သော်လည်း သူတို့ အလုံးစုံကို ရရှိပြီးပြီဟု ယုံကြည်ကြသည့် ထို”လူတော်များ”သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သက်သေမခံနိုင်ကြပေ။ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတော်ဆုံးလူများဖြစ်ကြသည်ဟု သူတို့အားလုံးက ယုံကြည်နေကြပြီး၊ အဘယ် အကြောင်းပြချက်မျှ မရှိဘဲ ဘုရားသခင် အလုပ်၏ ဆက်လက်၍ဖွံ့ဖြိုးမှုကို သူတို့က ဖြတ်တောက်လိုက်သည်။ ပြီးလျှင် သူတို့သည် “ဘုရားသခင်ကို အဆုံးစွန်သစ္စာရှိသူ၊ ဘုရားသခင်နောက်လိုက်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူ” များဖြစ်သည့် သူတို့ကို ဘုရားသခင်က ကောင်းကင်ဘုံသို့ ချီဆောင်သွားလိမ့်မည်ဟု မုချသေချာစွာဖြင့် ယုံကြည်နေပုံပေါက်သည်။ သူတို့သည် ဘုရားသခင်ပြောခဲ့သော နှုတ်ကပတ်တော်များကို “အဆုံးစွန်သစ္စာရှိ” သော်လည်း၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆန့်ကျင်ပြီး၊ ဆိုးယုတ်မှုနှင့် လှည့်ဖြားမှုများကို ကျူးလွန်သည့်အတွက်၊ သူတို့၏ စကားများနှင့် လုပ်ရပ်များသည် ရွံ့ရှာဖွယ်ခံစားရဆဲ ဖြစ်သည်။ အဆုံးထိတိုင် လိုက်မလျှောက်သော သူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်သောသူတို့နှင့်၊ ဟောင်းသောအလုပ်ကို ဖက်တွယ်သူတို့သည် ဘုရားသခင်အား သစ္စာရှိခြင်း မရှိသည့်အပြင်၊ ဆန့်ကျက်ဘက်ဖြစ်သည့်၊ ဘုရားသခင်ကို ဆန့်ကျင်သူများဖြစ်လာကာ၊ သူတို့သည် အပြစ်ဒဏ်ပေးခြင်းခံရမည့်သူ၊ ခေတ်သစ်က ငြင်းပယ်ခြင်းကို ခံရသည့်သူများ ဖြစ်လာကြသည်။ သူတို့ထက်ပိုပြီး သနားဂရုဏာသက်စရာ တစ်စုံတစ်ရာ ရှိသေးသလော။ ပညတ်ဟောင်းကို ပယ်ဖျက်ပြီး အလုပ်သစ်ကို လက်ခံသူတို့သည် အသိစိတ်မရှိသူများဟုပင် များစွာသော လူတို့က ယုံကြည်ကြသည်။ “အသိစိတ်” ကိုသာ ပြောဆိုကြသည့် ဤလူတို့သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိဘဲ၊ သူတို့ကိုယ်တိုင်၏ အသိစိတ်များဖြင့်သာ သူတို့၏ မျှော်လင့်ချက်များ တိုတောင်းသွားပါလိမ့်မည်။ ဘုရားသခင်၏ အမှုသည် အယူဝါဒကို လိုက်နာခြင်းမရှိ၊ ယင်းသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်သော်ငြားလည်း သူသည် ယင်းကို ဖက်တွယ်ထားခြင်း မရှိပေ။ ငြင်းပယ်သင့်သည့်အရာကို ငြင်းပယ်ပြီး၊ ဖယ်ထုတ်သင့်သည့်အရာကို ဖယ်ထုတ်ရမည်။ လူသားသည် ဘုရားသခင်စီမံခန့်ခွဲမှု အလုပ်၏ အစိတ်အပိုင်း အသေးလေးတစ်ခုကိုသာ ဆုပ်ကိုင်ပြီး၊ သူ့ကိုယ်သူ ဘုရားသခင်အား ရန်လိုသည့်နေရာကို ယူထားသည်။ ဤသည်မှာ လူသား၏ ရယ်ဖွယ်ကောင်းခြင်းတစ်ခု မဟုတ်လော။ ဤသည်မှာ လူသား၏ မသိနားမလည်မှု မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ကောင်းချီးများ မရရှိမည်ကို ကြောက်ရွံ့သည့်အတွက် သူတို့သည် တွန့်ဆုတ်ပြီး လိုသည်ထက် ပိုသတိရှိနေလေ၊ သူတို့သည် နောက်ဆုံးသော ကောင်းချီးနှင့် သာ၍ ကြီးမားသည့် ကောင်းချီးများကို ပိုမိုမရရှိနိုင်လေ ဖြစ်သည်။ ပညတ်တော်ကို စုံမှိတ်ပြီး လိုက်နာသည့် ထိုသူများ အားလုံးသည် ပညတ်တော်အပေါ် အဆုံးစွန် သစ္စာရှိပြကြသည်။ သူတို့သည် ပညတ်တော်အပေါ် ထိုသို့ပိုပြီး သစ္စာရှိပြလေ၊ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် ပုန်ကန်သူများ ပိုဖြစ်လေပင် ဖြစ်သည်။ အကြောင်းမှာ ယခုသည် နိုင်ငံတော်ခေတ်ဖြစ်ပြီး ပညတ်တော်ခေတ်မဟုတ်ပေ၊ ယနေ့အလုပ်ကို ယခင်ကအလုပ်နှင့် ယှဉ်၍ မရပေ၊ ထို့အတူ ယခင်က အလုပ်ကိုလည်း ယနေ့အလုပ်နှင့် နှိုင်းယှဉ်၍ မရပေ။ ဘုရားသခင်၏ အလုပ်သည် ပြောင်းလဲခဲ့ပြီး၊ လူသား၏ လက်တွေ့ လုပ်ဆောင်မှုသည်လည်း ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ပညတ်တော်ကို ကိုင်စွဲထားရန် သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းထားရန် မဟုတ်တော့ပါ။ ထို့ကြောင့် ပညတ်တော်နှင့် လက်ဝါးကပ်တိုင်ကို လူတို့၏ သစ္စာရှိမှုသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိမည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

မာရ်နတ်များ နှင့် ဆိုးသွမ်းသော ဝိညာဉ်များသည် ကမ္ဘာမြေကြီးပေါ်၌ ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏ အလိုတော်နှင့် အပတ်တကုတ် လုံ့လစိုက်ထုတ်ခြင်းတို့ကို ပိတ်ပင်တားဆီးခဲ့ကာ ၎င်းတို့ကို မဖောက်ထွင်း နိုင်အောင် ပြုသည်။ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့လျှင် မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့လျှင် အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို ဆန့်ကျင်ခြင်းနှင့် ကြီးလေးသော အဟန့်အတားကို ဖြစ်ပေါ်စေသည်။ အလွန်အမင်း ပုန်ကန်သည်တကား။ ထိုမာရ်နတ်အကြီး အငယ်တို့သည်ပင် သာ၍တန်ခိုးကြီးသော မာရ်နတ်၏ ခွန်အားကို မှီ၍ မောက်မာလာကြပြီး ခလောက်ဆန်ရန် စတင်တော့သည်။ ၎င်းတို့သည် သမ္မာတရားကို ရှင်းလင်းစွာ နားလည်သော်လည်း တမင်တကာ ခုခံကြ၏။ ပုန်ကန်ခြင်း၏ သားများပါတကား။ ၎င်းတို့၏ ငရဲဘုရင်သည် ယခု၌ မင်းမြောက်ပလ္လင်သို့ တက်ခဲ့ ပြီးဖြစ် သည့်အတွက် ၎င်းတို့သည် မာန်ဝင့်လာကြပြီး အခြားသူများ အားလုံးကို အထင်အမြင်သေးစွာ ဆက်ဆံသည့်အလား ဖြစ်သည်။ မည်မျှတို့သည် သမ္မာတရားကို ရှာဖွေ၍ ဖြောင့်မတ်ခြင်း တရားကို လိုက်လျှောက်သနည်း။ ၎င်းတို့ အားလုံးသည် ဝက်များနှင့် ခွေးများကဲ့သို့ သားရဲများ ဖြစ်ကြပြီး ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်း၍ ကစဉ့်ကလျားဖြစ်မှုကို လှုံ့ဆော်ရန် နောက်ချေးပုံထဲသို့ နံဟောင်သော ယင်ကောင် တစ်အုပ်ကို ဦးဆောင်လေသည်။ ၎င်းတို့သည် အပုပ်အပျက်ပေါ်မှ ယင်ကောင်များထက် ဘာမှမပိုသည်ကို သဘောပေါက်ခြင်းမရှိဘဲနှင့် ၎င်းတို့၏ငရဲဘုရင်သည် ဘုရင်များထဲတွင် အသာလွန်ဆုံးသော ဘုရင်ဖြစ်သည်ဟု ၎င်းတို့ယုံကြည်ကြသည်။ ထိုမျှသာမကဘဲ ၎င်းတို့သည် မိမိတို့၏ မိဘများဖြစ်သည့် ဝက်များနှင့် ခွေးများကို အားကိုး၍ ဘုရားသခင်၏ ဖြစ်တည်မှုနှင့် ပတ်သက်၍ သွားပုပ်လေလွင့် မှတ်ချက်များ ပြုကြသည်။ မှုန်မွှားသေးငယ်လှသော ယင်ကောင်များသည် ၎င်းတို့၏ မိဘများကို သွားပေါက်သော ဝေလငါး သမျှ ကြီးမားလှသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် သေးကွေးလှသော်လည်း ၎င်းတို့၏ မိဘများမှာ ၎င်းတို့ထက် ကုဋေတစ်ရာမျှ သာ၍ ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့် ခွေးများ ဖြစ်ကြောင်းကို သဘောမပေါက်ကြသလော။ မိမိတို့၏ နိမ့်ကျခြင်းကို သတိမမူဘဲ ၎င်းတို့သည် ထိုဝက်များနှင့် ခွေးများတို့၏ ပုပ်စပ်သော အနံ့အသက်ကို အခြေခံ၍ ဒေါသတကြီး လျှောက်ရမ်းပြီး အနာဂတ်မျိုးဆက်များကို ပေါက်ပွားရန် ယုံမှားသော အကြံအစည် ရှိကြသည်။ ယင်းမှာ အကြွင်းမဲ့ပင် အရှက်မဲ့ခြင်းတည်း။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများနှင့် (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာ ဆိုခြင်းကို ရည်ညွှန်း၏) ၎င်းတို့သည် မိမိတို့၏ မစင်ကြယ်မှုများကို လူသားထံသို့ လျှို့ဝှက်စွာ စွန့်ပစ်နေရင်း မိမိတို့ကိုယ်ပိုင်၏ အလှတရားနှင့် ဆွဲဆောင်မှုတိုကို အရပ်တကာ၌ ကြွားဝါကာ စတင်၍ စိတ်ကြီးဝင်လာ ကြသည်။ ၎င်းတို့၏ မစင်ကြယ်မှုများကို သက်တံရောင် တောင်ပံတစ်စုံက ဖုံးကွယ်ပေးနိုင်သည့်အလား ၎င်းတို့သည် မာန်ဝင့်၍ပင် နေကြပြီး ဤနည်းနှင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ ဖြစ်တည်မှုကို နှိပ်ကွပ်သည် (ဤသည်မှာ ဘာသာရေးလောက၏ အတွင်းဇာတ်လမ်းကို ရည်ညွှန်းသည်)။ ယင်ကောင်၏ တောင်ပံများသည် လှပ၍ နှစ်သက်ကြည်နူးဖွယ် ကောင်းသော်ငြားလည်း စင်စစ်တွင်မူ ၎င်းသည် ညစ်ညူး ခြင်းနှင့် ပြည့်နှက်လျက် ရောဂါပိုးများနှင့် ပေကျံနေသော မှုန်မွှားသေးငယ်လှသည့် ယင်ကောင် တစ်ကောင် ထက် ဘာမျှမပိုဆိုခြင်းကို လူသားသည် လုံးဝမသိပေ။ ၎င်းတို့၏ မိဘများဖြစ်သည့် ဝက်များနှင့် ခွေးများ၏ ခွန်အားကိုမှီ၍ ၎င်းတို့သည် အလွန်အမင်း ကြမ်းကြုတ်ရက်စက်စွာ့ ကုန်းမြေတစ်လျှောက် ဒေါသတကြီး ပတ်ရမ်းနေကြသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို သစ္စာဖောက်သော နိုင်ငံတော်၏ အင်တိုက်အားတိုက် ထောက်ခံမှုကို အခြေပြု၍ ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ကြသည့် ဘာသာရေး ခေါင်းဆောင်များကို ရည်ညွှန်းသည်)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲများ၏ ဝိညာဉ်တို့သည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံဆီသို့ ပြန်လာခဲ့ပြီး ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာခဲ့သည့် အလားပင် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို နှစ်ထောင်ပေါင်း အချို့မျှ ဆက်လက် သက်ဆိုး ရှည်စေရင်း မိမိတို့၏ ညှဉ်းပန်းနှိပ်စက်သော အလုပ်ကို တစ်ဖန်ပြန်လည် စတင်ခဲ့သည်။ အကျင့်ပျက်သော ဤလူစုသည် အဆုံးတွင် ကမ္ဘာမြေကြီးပေါ်၌ ပျက်ယွင်းမည်မှာ သေချာ၏။ နှစ်ထောင်ပေါင်းအချို့အကြာတွင် မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားလာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို လျှို့ဝှက်စွာ ယုတ်လျော့အောင်ပြုရန် နည်းလမ်းများကို အစဉ်တစိုက်ပင် တွေးတော သည်။ ၎င်းတို့သည် စဉ်းလဲပြီး ကလိမ်ကျတတ်ကာ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်တစ်ဖန် ဖြစ်လာစေရန် ဆန္ဒရှိကြသည်။ ထိုအရာသည် ဘုရားသခင်ကို ကျယ်လောင်စွာ အော်ဟစ်ရန် စေ့ဆော်လုနီးပါး ဖြစ်ပြီး ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ တတိယ ကောင်းကင်ဘုံသို့ ပြန်ကြွသွားလိုခြင်းကို ဘုရားသခင်သည် မနည်းထိန်းနေရ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

စစ်မှန်သောဘုရားသခင်ကို အမည်ခံ ယုံကြည်သော်လည်း ဘုရားသခင်က ဘာသာရေးအဖွဲ့တစ်ဖွဲ့၏ အစိတ်အပိုင်းဖြစ်သည်ဟု ယူဆသည့် ဘုရားသခင်၏ အိမ်တော်သားမဟုတ်သော ဤသူများသည် မည်သည့်လမ်းကြောင်းကို လျှောက်ကြသနည်း။ ဤလူများသည် ကိုယ်တော့်လမ်းကို လိုက်ခြင်း၊ ဘုရားသခင်အား ယုံကြည်သော်လည်း ကိုယ်တော့်ကို လုံးဝကိုးကွယ်ခြင်း မရှိ၊ ထို့အစား ကိုယ်တော်ကို စွန့်ပစ်ကြလျှင် ယုံကြည်ခြင်းအလံလွှင့်ထူနေသော လမ်းကြောင်းကို လျှောက်ကြသည်ဟု ဆိုနိုင်သလော။ ယင်းမှာ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောလမ်းကြောင်း၌ လျှောက်ကြသော်လည်း ဘုရားသခင်၏လမ်းကို လိုက်လျှောက်ခြင်းမရှိဘဲ ဘုရားသခင်ကို စွန့်ပစ်ကြသည်။ သူတို့၏လမ်းမှာ ဘုရားသခင်ကို ယုံကြည်သော်လည်း စာတန်ကို ကိုးကွယ်သည့်လမ်းပင် ဖြစ်၏၊ သူတို့သည် မာရ်နတ်ကို ကိုးကွယ်သည်၊ သူတို့သည် သူတို့၏ကိုယ်ပိုင် စီမံခန့်ခွဲမှုကို လုပ်ဆောင်ရန် ကြိုးစားပြီး၊ သူတို့၏ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ရန် ကြိုးပမ်းကြသည်။ ဤသည်မှာ ၎င်း၏အနှစ်သာရလော။ ဤကဲ့သို့သော် လူများသည် လူသားကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆက်နွှယ်မှုတစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) လူမည်မျှ ဘုရားသခင်ကို ယုံကြည်ပါစေ၊ ၎င်းတို့၏ယုံကြည်မှုများမှာ ဘာသာရေးတစ်ခု သို့မဟုတ် အဖွဲ့တစ်ခု ဖြစ်သည်ဟု ဘုရားသခင်၏သတ်မှတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့မှာ ကယ်တင်၍မရနိုင်ဟု ဘုရားသခင် သတ်မှတ်ပြီးဖြစ်၏။ ဤအရာကို အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်၏အမှုနှင့် လမ်းပြခြင်းမရှိသည့်အပြင် ကိုယ်တော့်ကို ကိုးကွယ်ခြင်း လုံးဝမရှိသော လူစု သို့မဟုတ် လူအုပ်တစ်ခုတွင် ၎င်းတို့သည် မည်သူ့ကို ကိုးကွယ်ကြသနည်း။ ၎င်းတို့သည် မည်သူ့နောက်သို့ လိုက်ကြသနည်း။ ပုံစံနှင့် အမည်နာမအရ သူတို့သည် ပုဂ္ဂိုလ်တစ်ဦးနောက် လိုက်ကြသော်လည်း မည်သူ့ကို သူတို့အမှန်တကယ် လိုက်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အသိအမှတ်ပြုကြသော်လည်း၊ အမှန်တွင် ၎င်းတို့သည် လူသား၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ စီစဉ်ခြင်းများနှင့် ထိန်းချုပ်ခြင်းကို ခံကြရ၏။ ၎င်းတို့သည် စာတန်မာရ်နတ်နောက်သို့ လိုက်ကြခြင်းဖြစ်၏၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုသော၊ ဘုရားသခင်၏ရန်သူများဖြစ်ကြသော အင်အားစုများနောက်သို့ လိုက်ကြ၏။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူအုပ်တစ်အုပ်ကို ကယ်တင်နိုင်မည်လော။ (မကယ်တင်နိုင်ပါ။) အဘယ့်ကြောင့်နည်း။ ၎င်းတို့သည် နောင်တရနိုင်စွမ်း ရှိကြသလော။ မရှိပါ။ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လွှင့်ကာ လူသားလုပ်ငန်းများကို လုပ်ဆောင်နေကြပြီး၊ ၎င်းတို့၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို ဆောင်ရွက်နေကြပြီး ၎င်းတို့သည် လူသားမျိုးနွယ် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဆန့်ကျင်ကြ၏။ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ဤလူများကို ကယ်တင်ရန် မဖြစ်ေနိုင်ပေ၊ ၎င်းတို့သည် နောင်တရရန် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် စာတန်၏ဖမ်ဆီးချုပ်နှောင်ခြင်းကို ခံရနှင့်ပြီဖြစ်၏၊ ၎င်းတို့သည် စာတန်၏လက်ထဲ၌သာ လုံးလုံးလျားလျား ရှိကြ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

အောက်ခြေမှတ်စု(များ)-

၁။ “ကစဉ့်ကလျားဖြစ်မှုကို လှုံ့ဆော်” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် မည်သို့ သောင်းကျန်းကြမ်းတမ်းပုံ၊ ဘုရားသခင်၏ အမှုကို ဟန့်တား၍ ဆန့်ကျင်ကြပုံကို ရည်ညွှန်းသည်။

၂။ “သွားပေါက်သော ဝေလငါး” ဆိုသည်မှာ သရော်သည့် သဘောနှင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှပုံမှာ ဝက်များနှင့် ခွေးများပင် ၎င်းတို့အတွက် သွားပေါက်သော ဝေလငါးတမျှ ကြီးသည်ဟု မြင်ရပုံကို တင်စားဆိုထားခြင်း ဖြစ်သည်။

ယခင်က:ဘုရားသခင်၏ အသင်းတော် ဆိုသည်မှာအဘယ်နည်း။ ဘာသာရေးအဖွဲ့အစည်း တစ်ခု ဆိုသည်မှာအဘယ်နည်း။

နောက်တစ်ခုသို့:သခင်ယေရှုသည် ဖာရိရှဲများကို အဘယ်ကြောင့် ကျိန်ဆဲခဲ့သနည်း။ ဖာရိရှဲများ၏ အနှစ်သာရမှာ အဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ