အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၃။ လူတစ်ဦး၏ နောက်ဆုံး ရလဒ်ကို မည်သည့်အချက်အပေါ်အခြေပြု၍ ဘုရားသခင် ဆုံးဖြတ်ပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ချိန်ဟု ငါဆုံးဖြတ်ပြီး ဤသည်မှာ လူသားအပေါ် ငါစတင်လုပ်ကိုင်သည့်အဆင့် မဟုတ်။ ငါ၏မှတ်တမ်းစာအုပ်ထဲတွင် လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များအပြင် ငါ့နောက်သို့လိုက်ရာတွင် ထိုသူတို့၏လမ်းများ၊ အရင်းခံ လက္ခဏာများနှင့် သူတို့၏နောက်ဆုံး လုပ်ဆောင်ချက်ကို တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် မည်သို့သောလူသားမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့သည် ငါ ချမှတ်ပေးသည်အတိုင်း မိမိတို့ကဲ့သို့သော သူများနှင့် နေရမည်။ ငါသည် လူတစ်ဦးစီ၏ ခရီး လမ်းဆုံးကို အသက်၊ အဆင့်မြင့်မှု၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအဖြစ် သူတစ်ပါးမှ ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်။ ၎င်းတို့တွင် သမ္မာတရား ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏အလိုကို မလိုက်သောသူတို့အားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်သိရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ် ပေးခံရသူ အားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းအတွက်နှင့် ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များအတွက် အပြစ်ပေးခံရခြင်းဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” မှ

လူသားတို့ အနားယူခြင်းထဲသို့ မဝင်ရောက်မီ၊ မည်သည့်ပုဂ္ဂိုလ်မျိုးသည် အပြစ်ဒဏ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်ရရှိမည်ဆိုသည်ကို သူတို့သည် သမ္မာတရားကို ရှာဖွေသလော၊ သူတို့သည် ဘုရားသခင်ကို သိသလော၊ သူတို့မြင်တွေ့နိုင်သော ဘုရားသခင်ကို နာခံနိုင်သလော ဆိုသည်တို့အပေါ် မူတည်ပြီး ဆုံးဖြတ်လိမ့်မည်။ မြင်တွေ့နိုင်သော ဘုရားသခင်ကို အစေခံခဲ့သော်လည်း သူ့ကိုမသိသေးသောသူများ၌ သို့မဟုတ် မနာခံသေးသောသူများ၌ သမ္မာတရား မရှိကြပါ။ ဤလူများသည် မကောင်းမှု ကျူးလွန်သူများဖြစ်ပြီး မကောင်းမှုကျူးလွန်သူများသည် ဧကန်အမှန်ပင် အပြစ်ဒဏ်ပေးခံကြရမည်။ ထို့အပြင် သူတို့သည် သူတို့၏ ကောက်ကျစ်စဉ်းလဲသော လုပ်ရပ်အတိုင်း အပြစ်ဒဏ်ပေးခံကြရလိမ့်မည်။ လူသားအတွက် ဘုရားသခင်သည် ယုံကြည်ရမည့်အရာဖြစ်သည်၊ ထို့ပြင် သူသည် လူသား၏ နာခံမှုနှင့်လည်း ထိုက်တန်သည်။ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများဖြစ်ကြသည်။ ထို့အပြင် သူတို့သည် ဘုရားသခင်ကို မနာခံနိုင်ကြပေ။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသွားသည့် အချိန်တွင် ထိုသူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို မယုံကြည်သေးပါက၊ ထို့ပြင် လူ့ဇာတိ၌ မြင်တွေ့နိုင်သော ဘုရားသခင်ကို ဆက်လက်၍ မနာခံဘဲ ခုခံနေပါက၊ ထိုမရေရာသောသူများသည် ဖျက်ဆီးခံကြရမည်မှာ ယုံမှားဖွယ်ရာမရှိပေ။ သင်တို့အကြားတွင် လက်ရှိအခြေအနေအတိုင်းသာဖြစ်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်ကို နာခံခြင်း၏ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိသောသူမှန်သမျှသည် အဆုံးတွင် ဖယ်ရှားခံရပြီး ဖျက်ဆီးခံရလိမ့်မည်၊ ထို့ပြင် မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုပြီး မြင်တွေ့နိုင်သော ဘုရားသခင်ဖော်ပြသည့် သမ္မာတရားကိုပါ စားသောက်သော်လည်း မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကို ရှာဖွေသောသူမှန်သမျှသည် အနာဂတ်တွင် သာ၍ပင် ဖျက်ဆီးခြင်းကို ခံကြရမည်။ ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် အနားယူခြင်း အချိန်ရောက်သည်အထိ ထိုသူတို့အထဲမှ မည်သူမျှ ကျန်ရှိနိုင်မည်မဟုတ်ပေ၊ အနားယူခြင်း အချိန်အထိ ကျန်ရှိမည့် ထိုသူများနှင့်တူသူ မည်သူမျှ မရှိနိုင်ပေ။ ဆိုးသွမ်းသော သူတို့သည် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများဖြစ်ကြသည်၊ သူတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်းဖြစ်သည်၊ ထို့ပြင် သူတို့တွင် ဘုရားသခင်ကို နာခံရန် ရည်ရွယ်ချက်များ စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

ဤကမ္ဘာပေါ်၌ ငါ၏နောက်လိုက်များ ဖြစ်လာစေရန် လူအမြောက်အမြားကို ရှာတွေ့ထားသည်။ ထိုနောက်လိုက်များ အားလုံးအထဲ၌ ယဇ်ပုရောဟိတ်များ၊ ဦးဆောင်ဦးရွက်ပြုသူများ၊ ဘုရားသခင်၏သားများ ဖြစ်လာရန် ပုံသွင်းကြသူများ၊ အသင်းအဖွဲ့ တည်ထောင်သူများနှင့် အစေခံလုပ်ငန်း ဆောင်ရွက်နေသူများ စသည်ဖြင့် အမျိုးမျိုးရှိကြ၏။ ၎င်းတို့ အသီးသီး၏ သစ္စာစောင့်သိမှုအပေါ် မူတည်၍ မတူကွဲပြားခြားနားသည့် အမျိုးအစားများအဖြစ် အုပ်စုအသီးသီး ငါခွဲထုတ်လိုက်သည်။ ထိုသူအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် အုပ်စုအသီးသီး ခွဲခြားလိုက်သောအခါ အမျိုးအစား တစ်ခုချင်းစီ၏ သဘောသဘာဝသည် ထုတ်ဖော်ခြင်း ခံရသည်၊ ထို့နောက် လူတစ်ဦးချင်းစီကို ၎င်း၏ အမျိုးအစား အုပ်စုအလိုက် မှန်မှန်ကန်ကန် ရေတွက်နိုင်ပြီး ၎င်းတို့နှင့် ကိုက်ညီသော နေရာအမှန်ထဲ၌ ထည့်သွင်းနိုင်သည်။ သို့မှသာ ငါ၏ ရည်ရွယ်ချက် ဖြစ်သော လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဟူသည့် အရာကို ငါအကောင်အထည်ဖော်နိုင်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏” မှ

ဘုရားသခင်သည် လူတို့၏ အဆုံးသတ်ကို သတ်မှတ်ရန် စမ်းသပ်မှုများကို အသုံးပြုသည်။ လူတို့၏ အဆုံးသတ်ကို သတ်မှတ်ရန် စမ်းသပ်မှုများကို အသုံးပြုရာ၌ စံနှုန်း နှစ်ခု ရှိသည်၊ ပထမ စံနှုန်းမှာ လူတို့ ကြုံရသော စမ်းသပ်မှု အရေအတွက် ဖြစ်ပြီး ဒုတိယမှာ ဤ စမ်းသပ်မှုများထဲမှ လူတို့၏ ရလဒ်ပင် ဖြစ်သည်။ လူတို့၏ အဆုံးသတ်ကို သတ်မှတ်ပေးသော အရာမှာ ဤ အညွှန်း နှစ်ခုပင် ဖြစ်သည်။ ယခု ငါတို့ ဤစံနှုန်းများ နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းကြမည်။

............

...သင် မရင့်ကျက်သည့်အခါ ဘုရားသခင်သည် အလွန်နိမ့်သော စံနှုန်းတစ်ခုကို ပေးမည် ဖြစ်သည်၊ သင်၏ ဝိညာဉ်အသက်တာ အနည်းငယ် ကြီးထွားသည့်အခါ ဘုရားသခင်သည် အနည်းငယ်ပိုမြင့်သော စံနှုန်းတစ်ခုကို ပေးမည် ဖြစ်သည်။ သို့သော်လည်း သင်သည် သမ္မာတရားအားလုံးကို နားလည်ပြီးနောက်တွင် ဘုရားသခင်သည် မည်ကဲ့သို့ ပြုလိမ့်မည်နည်း။ ဘုရားသခင်သည် သင့်အား ပို၍ပင် ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်စေမည် ဖြစ်သည်။ ဤစမ်းသပ်မှုများအကြားတွင် ဘုရားသခင် ရလိုသော အရာ၊ ဘုရားသခင် မြင်လိုသော အရာမှာ ဘုရားသခင်အပေါ် ပို၍ နက်ရှိုင်းသော အသိ နှင့် သင်၏ စစ်မှန်သော ကြောက်ရွံ့မှု ဖြစ်သည်။ ဤအချိန်တွင် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ ပိုမြင့်လာပြီး သင်၏ ဝိညာဉ်အသက်တာ မရင့်ကျက်ခဲ့သည်ထက် “ပို၍ပြင်းထန်မည်” ဖြစ်သည် (မှတ်ချက်- လူတို့က ၎င်းကို ပြင်းထန်သည်ဟု မြင်သော်လည်း ဘုရားသခင်က ၎င်းမှာ အကျိုးသင့်အကြောင်းသင့် ဖြစ်သည်ဟု မြင်သည်။ ဘုရားသခင်သည် လူတို့အား စမ်းသပ်မှုများကိုပေးသည့်အခါ ဘုရားသခင်သည် မည်ကဲ့သို့သော စစ်မှန်မှုကို ဖန်တီးလိုခြင်း ဖြစ်သနည်း။ ဘုရားသခင်က လူတို့အား ၎င်းတို့၏ စိတ်နှလုံးကို ပေးရန် အဆက်မပြတ် တောင်းလျက်ရှိသည်။...ဘုရားသခင်သည် သင့်အား စမ်းသပ်မှု တစ်ခုကို ပေးသောအခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၌၊ ဇာတိပကတိ၌ သို့မဟုတ် စာတန်၌ ရှိမရှိ မြင်သည်။ ဘုရားသခင်သည် သင့်အား စမ်းသပ်မှု တစ်ခုကို ပေးသည့်အခါ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း ရှိမရှိ သို့မဟုတ် သင်သည် ဘုရားသခင်နှင့် သဟဇာတ ဖြစ်သည့် အနေအထား၌ ရပ်နေခြင်း ရှိမရှိ ဘုရားသခင် ကြည့်ပြီး သင်၏ စိတ်နှလုံးသည် သူ ဘက်၌ တစ်ဖက်တည်း ရှိမရှိ သူ ကြည့်သည်။ သင်သည် ရင်ကျက်ခြင်း မရှိသည့်အပြင် စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ သင်၏ ယုံကြည်မှုသည် အလွန်နိမ့်ပြီး သင်၌ သမ္မာတရားအပေါ် ကန့်သတ်ထားသော အသိ တစ်ခုရှိခြင်းကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ ပြည့်မီစေရန်အလို့ငှာ သင် ပြုရန် လိုအပ်သည်တို့ကို အတိအကျ သိနိုင်မည် မဟုတ်ပေ။ ဤအရာအားလုံး ဖြစ်ပေါ်စေကာမူ သင်သည် ဘုရားသခင်ထံ စစ်မှန်စွာ နှင့် ရိုးသားစွာ ဆက်၍ ဆုတောင်းနိုင်ပြီး တန်ဖိုးရှိသည်ဟု သင် ယုံကြည်သော ထိုအရာများကို ဘုရားသခင်ထံ ဆက်ကပ်ရန် ဆန္ဒရှိဦးမည် ဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးနှင့်ပြီးသော အကြောင်း ဖြစ်သည်။ သင်သည် တရားဒေသနာကို ပို၍ ပို၍ နားထောင်ပြီး သမ္မာတရားကို ပို၍ ပို၍ နားလည်လာသည်နှင့်အမျှ သင်၏ ဝိညာဉ်အသက်တာသည်လည်း တဖြည်းဖြည်း ရင့်ကျက်လာမည် ဖြစ်သည်။ ဤအချိန်တွင် သင့်အား ဘုရားသခင် တောင်းဆိုသော စံနှုန်းမှာ သင် မရင့်ကျက်သည့် အချိန်ကနှင့် မတူပေ၊ သူသည် ထိုထက် မြင့်သော စံနှုန်းတစ်ခုကို တောင်းဆိုလေသည်။ လူ၏ စိတ်နှလုံးကို ဘုရားသခင်ထံ တဖြည်းဖြည်းချင်း ပေးပြီးသည့်အခါ ၎င်းသည် ဘုရားသခင် နှင့် သာ၍ သာ၍ နီးကပ်လာသည်၊ လူတို့သည် ဘုရားသခင်၏ အနီးသို့ စစ်မှန်စွာ ရောက်နိုင်သည့်အခါ ၎င်းတို့သည် သူ့ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု တိုး၍ ရှိလာကြသည်။ ဘုရားသခင်သည် ဤကဲ့သို့ စိတ်နှလုံးကို အလိုရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်သဘောထား နှင့် သူ့အမှုတော်၏ ရလဒ်ကို သိနားလည်ပုံ” မှ

သင်မှတ်သားသင့်သည့် ဆိုရိုးစကားတစ်ခုရှိ၏။ ဤ ဆိုရိုးစကားမှာ အလွန် အရေးကြီးသည်ဟု ငါ ယုံကြည်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နေ့စဉ်နေ့တိုင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငါ၏ အတွေးထဲ ရောက်လာသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးနှင့် ငါ မျက်နှာချင်းဆိုင်သည့် အကြိမ်တိုင်း၊ တစ်စုံတစ်ဦး၏ ဘဝဇာတ်ကြောင်းကို ငါ ကြားရသည့် အကြိမ်တိုင်း၊ တစ်စုံတစ်ဦး၏ အတွေ့အကြုံများ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ၎င်းတို့၏ သက်သေခံချက်ကို ငါ ကြားရသည့် အကြိမ်တိုင်း ဤ လူပုဂ္ဂိုလ်သည် ဘုရားသခင် အလိုရှိသော လူ အမျိုးအစား၊ ဘုရားသခင် သဘောကျသော လူ အမျိုးအစား ဟုတ် မဟုတ် ဤ ဆိုရိုးစကားကို ငါ အမြဲ အသုံးပြုကာ ချိန်ဆခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤ ဆိုရိုးစကားမှာ အဘယ်နည်း။...၎င်းမှာ “ဘုရားသခင်၏ လမ်းထဲ၌ လျှောက်လော့၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ရိုးရှင်းသော စကားရပ် တစ်ခု ဖြစ်သည် မဟုတ်လော။ ဤဆိုရိုးစကားသည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း ၎င်းကို စစ်မှန်စွာ နက်နက်နဲနဲ နားလည်သော သူ တစ်စုံတစ်ဦးသည် ၎င်းမှာ အလွန် ကြီးလေးသောအရာ် ဖြစ်ကြောင်း၊ ၎င်းမှာ လက်တွေ့လုပ်ဆောင်ရန် တန်ဖိုး မြောက်မြားစွာ ရှိကြောင်း၊ ၎င်းသည် သမ္မာတရား၏ စစ်မှန်မှု ပါဝင်သော ဘဝ၏ ဘာသာစကား ဖြစ်ကြောင်း၊ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားလျက်ရှိသော သူများအတွက် ကြိုးပမ်းရန် ရာသက်ပန် ရည်မှန်းချက် ဖြစ်ကြောင်း နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားသော သူ အယောက်တိုင်း လိုက်နာသင့်သော ရာသက်ပန် လမ်းခရီး တစ်ခု ဖြစ်ကြောင်း ခံစားရကြလိမ့်မည်။... ငါသည် ဤ ဆိုရိုးစကားကို အဘယ်ကြောင့် ဆွေးနွေးသနည်း။ သင်တို့၌ မည်သည့် သဘောထား ရှိပါစေ၊ သို့မဟုတ် သင်တို့ အဘယ်သို့ ထင်ပါစေ၊ ဤ ဆိုရိုးစကားကို ငါ မဖြစ်မနေ ဆွေးနွေးရမည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ဘုရားသခင်သည် လူ၏ အဆုံးသတ်များကို မည်ကဲ့သို့ သတ်မှတ်ခြင်းအကြောင်းနှင့် အလွန်အမင်း သက်ဆိုင်သောကြောင့် ဖြစ်သည်။ ဤ ဆိုရိုးစကား နှင့်ပတ်သက်၍ သင်တို့၏ လက်ရှိ အသိမှာ အဘယ်သို့ပင် ဖြစ်စေကာမူ၊ သို့မဟုတ် သင်တို့ မည်ကဲ့သို့ သဘောထားစေကာမူ၊ သင်တို့အား ငါ ဆက်၍ ပြောဦးမည် ဖြစ်သည်၊ အကယ်၍ တစ်စုံတစ်ဦးသည် ဤဆိုရိုးစကားကို မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်း၏ စံနှုန်းကို ရရှိနိုင်ပါက ၎င်းတို့သည် အသက်ရှင်ကျန်ရစ်သူ တစ်ဦး၊ ကောင်းသော အဆုံးသတ် တစ်ခုရှိသော သူ တစ်စုံတစ်ဦးဖြစ်သည်မှာ သေချာသည်။ အကယ်၍ သင်သည် ဤ ဆိုရိုးစကားအားဖြင့် ဖော်ပြထားသော စံနှုန်းကို ရရှိနိုင်ခြင်း မရှိပါက သင်၏ အဆုံးသတ်မှာ မထင်မရှား ဖြစ်မည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ငါသည် သင်တို့အား ဤ ဆိုရိုးစကားအကြောင်းကို ပြောခြင်းမှာ သင်တို့၏ စိတ်ပိုင်းဆိုင်ရာကို အသင့်ပြင်ဆင်ရန် ဖြစ်သည်၊ ထိုမှသာ ဘုရားသခင်သည် မည်သည့် စံနှုန်းကို အသုံးပြု၍ သင်တို့အား တိုင်းတာကြောင်းကို သင်တို့ သိကြမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်သဘောထား နှင့် သူ့အမှုတော်၏ ရလဒ်ကို သိနားလည်ပုံ” မှ

လူပုဂ္ဂိုလ်တိုင်း၏ အနှစ်သာရသည် ထိုသူတို့ ဖျက်ဆီးခြင်း ခံရမည် မခံရမည်ကို အဆုံးအဖြတ်ပေးသည်။ ယင်းမှာ သူတို့၏ လုပ်ဆောင်မှုနှင့် သူတို့၏ သမ္မာတရားအပေါ် လိုက်လျှောက်မှုအားဖြင့် ဖော်ထုတ်ခံရသည့် အနှစ်သာရအရ ဆုံးဖြတ်ခြင်းဖြစ်သည်။ တစ်ပုံစံတည်း အလုပ်လုပ်ပြီး တူညီသောအလုပ်ပမာဏများကိုလည်း လုပ်သည့် လူများအကြားတွင် လူသားအနှစ်သာရ ကောင်းမွန်သောလူများနှင့် သမ္မာတရားကို ပိုင်ဆိုင်သောလူများသည် ကျန်ရစ်မည့်သူများဖြစ်သော်လည်း လူသားအနှစ်သာရ မကောင်းသူများနှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်သည်။ လူသား၏ ခရီးပန်းတိုင်ကို ရည်စူးထားသော ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အနှစ်သာရအပေါ်မူတည်၍ လူသားတို့နှင့် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းသည်။ မတော်တဆဖြစ်ခြင်းများ ရှိမည်မဟုတ်ဘဲ အနည်းငယ် မှားယွင်းမှုလည်း လုံးဝရှိမည် မဟုတ်ပေ။ လူတစ်ဦးသည် အလုပ်ကို လုပ်ဆောင်သော အခါမှသာ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောပါဝင်လာမည်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သော အမှုသည် အသင့်လျော်ဆုံးဖြစ်သည်။ သူသည် မည်သည့်ဖန်ဆင်းခံသတ္တဝါကိုမျှ မှားယွင်းစွာ တောင်းဆိုမည် မဟုတ်သည်မှာ သေချာပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

ယခင်က:မည်သည့်လူတို့ကို ဘုရားသခင် ကယ်တင်သနည်း။ မည်သည့်လူတို့ကို သူ ပယ်ရှင်းပါသနည်း။

နောက်တစ်ခုသို့:ဘုရားသခင်၏ လူတို့ဆိုသည်မှာ အဘယ်နည်း။ အစေခံသူများဆိုသည်မှာ အဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ