၁) လူတစ်ဦး၏ အဆုံးသတ်ကို မည်သည့်အရာကို အခြေပြု၍ ဘုရားသခင် ဆုံးဖြတ်ပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး လူသားကို ငါ စတင် အမှုပြုသည့် အဆင့် မဟုတ်ပေ။ လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များ၊ ငါ့နောက်သို့ လိုက်ရာတွင် ထိုသူတို့၏လမ်းကြောင်းများ၊ အရင်းခံ ထူးခြားသော လက္ခဏာများနှင့် သူတို့နောက်ဆုံးတွင် မည်သို့ကျင့်ကြံပြုမူသည် ဆိုသည်တို့ကို ငါ၏မှတ်တမ်းစာအုပ်ထဲတွင် တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် ထိုသူတို့သည် မည်သို့သောလူစားမျိုး ဖြစ်နေပါစေ၊ မည်သူမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့သည် ငါချမှတ်ပေးသည့်အတိုင်း ၎င်းကဲ့သို့သော လူစားများနှင့် ရှိနေရမည်။ ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါ၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” မှ

လူသားမျိုးနွယ်က ငြိမ်သက်ခြင်းချမ်းသာထဲသို့ မဝင်ရောက်မီ၊ လူအမျိုးအစား အသီးသီးသည် အပြစ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခံရမည်ဆိုသည်ကို သမ္မာတရားကို ၎င်းတို့ ရှာဖွေခြင်း ရှိမရှိ၊ ဘုရားသခင်ကို ၎င်းတို့ သိကျွမ်းခြင်း ရှိမရှိဆိုသည်နှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိ ဆိုသည်တို့နှင့်အညီ ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။ မြင်တွေ့နိုင်သော ဘုရားသခင်ကို အစေခံပြီးဖြစ်သော်လည်း၊ သူ့ကို မသိသကဲ့သို့ ကျိုးနွံမနာခံသောသူတို့သည် သမ္မာတရား ကင်းမဲ့ကြသည်။ ထိုသို့သော လူများသည် မကောင်းမှုပြုသူများ ဖြစ်ပြီး၊ မကောင်းမှုပြုသူများသည် ဧကန်အမှန် အပြစ်ပေးခံကြရလိမ့်မည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော လုပ်ရပ်အတိုင်း အပြစ်ဒဏ် ပေးခံကြရလိမ့်မည်။ လူသားအတွက် ဘုရားသခင်သည် ယုံကြည်ရမည့်သူ ဖြစ်ပြီး၊ သူသည် ၎င်းတို့၏ နာခံမှုနှင့်လည်း ထိုက်တန်သည်။ မရေရာသကဲ့သို့ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများ ဖြစ်ကြပြီး၊ ဘုရားသခင်ကို ကျိုးနွံမနာခံနိုင်ကြသူများ ဖြစ်သည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသွားသည့် အချိန်တွင် ဤလူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို မယုံကြည်နိုင်သေးသကဲ့သို့၊ လူ့ဇာတိ၌ မြင်တွေ့နိုင်သော ဘုရားသခင်ကို ဆက်လက်၍ မနာခံဘဲ ခုခံနေပါက၊ ဤ “မရေရာသောသူများ” သည် ယုံမှားဖွယ်ရာ မရှိ၊ ဖျက်ဆီးခြင်းခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ယင်းမှာ သင်တို့ထဲမှ အချို့သော သူများကဲ့သို့သာ ဖြစ်သည်- လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ် ပြုသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသောသူ မည်သူမဆိုသည် နောက်ဆုံးတွင် ဖယ်ရှားခံရပြီး ဖျက်ဆီးခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ထို့အပြင် သူဖော်ပြသည့် သမ္မာတရားကို စားသောက်သော်လည်း၊ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုလည်း ရှာဖွေရင်း၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသူ မည်သူမဆိုသည် အနာဂတ်တွင် သာ၍ပင် ဖျက်ဆီးခံရဖို့ အလားအလာ ရှိလိမ့်မည်။ ဤလူများထဲမှ မည်သူမျှသည် ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် လာမည့် အနားယူခြင်း အချိန်ကာလရောက်သည်အထိ ကျန်ရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုသို့သော လူများနှင့်အလားတူသည့် သူတစ်ဦးတစ်ယောက်မျှသည် ထိုအနားယူခြင်း အချိန်ကာလတွင် မကျန်ရှိနိုင်ပေ။ မကောင်းဆိုးဝါးဆန်သော လူတို့မှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်း အနှစ်သာရတစ်ခု ဖြစ်ပြီး၊ ၎င်းတို့သည် သူ့ကို ကျိုးနွံနာခံခြင်း ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။ သင်သည် သမ္မာတရား ရှိပြီး၊ ဘုရားသခင်ကို ခုခံခြင်း ရှိမရှိဆိုသည်မှာ သင်၏ သွင်ပြင် သို့မဟုတ် အခါအားလျော်စွာ သင် မည်သို့ စကားပြောမည် သို့မဟုတ် မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်မည်ဆိုသည်တို့အပေါ် မဟုတ်ဘဲ၊ သင်၏ အနှစ်သာရပေါ်တွင် မူတည်ပေသည်။ တစ်ဦးတစ်ယောက်သည် ဖျက်ဆီးခံရခြင်း ရှိမည်၊ မရှိမည်မှာ မိမိ၏ အနှစ်သာရအားဖြင့် သတ်မှတ်ခံရပေသည်။ ယင်းကို မိမိ၏ အပြုအမူနှင့် မိမိ၏ သမ္မာတရား လိုက်စားမှုက ထုတ်ဖော်ပြသည့် အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပေသည်။ ၎င်းတို့ အလုပ်လုပ်ရာတွင် အချင်းချင်းကဲ့သို့ တူညီသူများနှင့် တူညီသော အလုပ်ပမာဏများကို လုပ်ဆောင်ကြသူ လူများထဲတွင်၊ မိမိ၏ လူသားအနှစ်သာရ ကောင်းမွန်ပြီး၊ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ကျန်ရှိမည့်သူများ ဖြစ်သော်လည်း၊ မိမိ၏ လူသားအနှစ်သာရများ ဆိုးယုတ်ပြီး၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်လိမ့်မည်။ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် ဆက်နွှယ်သည့် ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ လူတို့ကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်း လိမ့်မည်။ အမှားအယွင်း စိုးစဉ်းမျှ ဖြစ်ပွားမည် မဟုတ်သကဲ့သို့၊ အမှားတစ်ခုကိုမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောသွားသည်မှာ လူတို့ အလုပ်လုပ်ကြသည့် အချိန်တွင်သာ ဖြစ်သည်။ ဘုရားသခင် ပြုသော အမှုသည် အသင့်လျော်ဆုံး ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံသတ္တဝါထံကိုမျှ မှားယွင်းသည့် တောင်းဆိုမှုများ လုံးဝ မဆောင်ကြဉ်းချေ။ လတ်တလောတွင် လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်ကို မသိမြင်နိုင်သည့်သူများနှင့် ငါ မိန့်မြွက်သော နှုတ်ကပတ်တော်များကို မယုံကြည်ကြသော လူများစွာ ရှိ၏။ မယုံကြည်သောသူအားလုံးအပြင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ လူအချို့သည် အနာဂတ်တွင် ကောင်းသော ခရီးပန်းတိုင်ကို ရရှိရန် ကောင်းသောလုပ်ရပ်များကို အသုံးပြုရန် ဆန္ဒ ရှိကြပြီး၊ လူအချို့သည် ကောင်းသော ခရီးပန်းတိုင်ကို ရယူရန် ကောင်းမွန်သော စကားများကို အသုံးပြုရန် ဆန္ဒရှိကြသည်။ ဘုရားသခင်သည် ၎င်းတို့၏ အပြုအမူကို စောင့်ကြည့်ပြီးနောက်တွင် သို့မဟုတ် ၎င်းတို့၏ စကားကို နားထောင်ပြီးနောက် လူတို့၏ ရလဒ်များကို ဆုံးဖြတ်သည်ဟု လူတို့သည် မှားယွင်းစွာ ယုံကြည်ကြသည်။ ထို့ကြောင့် များစွာသော လူတို့သည် ၎င်းတို့အား ယာယီ မျက်နှာသာတစ်ခု ပေးစေခြင်းအဖြစ်သို့ ဘုရားသခင်ကို လှည့်ဖြားဖို့ ဤအရာကို ကောင်းစွာ အသုံးပြုရန် ဆန္ဒ ရှိကြလေသည်။ အနာဂတ်တွင် အနားယူခြင်း အခြေအနေတစ်ခု၌ ရှင်သန်ကြမည့် လူအားလုံးသည် ဘေးဒုက္ခ နေ့ရက်ကို သည်းခံကြရပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ဘုရားသခင်အတွက် သက်သေလည်း ခံကြပြီး ဖြစ်လိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းပြီးသူများနှင့် ဘုရားသခင်ကို တမင်သက်သက် ကျိုးနွံနာခံပြီးသူများ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အစေခံခြင်း ပြုဖို့ အခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိသူတို့သည် ကျန်ရှိခွင့် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် တစ်ဦးစီတိုင်း၏ ရလဒ်နှင့်ဆိုင်သည့် အစီအစဉ်အတွက် သင့်လျော်သော စံချိန်စံညွှန်းများ ရှိသည်။ သူသည် တစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် အပြုအမူနှင့်အညီ ဤဆုံးဖြတ်ချက်များကို မပြုလုပ်သကဲ့သို့၊ အချိန်ကာလ တစ်ခုအတွင်း တစ်ဦးတစ်ယောက် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် အခြေခံကာ ဤဆုံးဖြတ်ချက်များကို ပြုလုပ်သည်လည်း မဟုတ်ပေ။ သူ့အတွက် ၎င်းတို့၏ အတိတ်က အစေခံမှုကြောင့် တစ်ဦးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်သည် လုံးဝ သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါမျှ အသုံးခံခဲ့မှုကြောင့်လည်း၊ တစ်ဦးတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ဆိုးယုတ်မှုအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို မရှောင်လွှဲနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကို ဖုံးကွယ်ကာ၊ ထိုသို့ဖြင့် ဖျက်ဆီးခံရခြင်း၏ ညှဉ်းဆဲမှုများကို မရှောင်တိမ်းနိုင်ပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်ကြပါက၊ ယင်းမှာ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ၊ ဘုရားသခင်ကို ထာဝရ သစ္စာရှိပြီး ဆုလာဘ်များကို ရှာဖွေခြင်း မရှိဟု ဆိုလိုပေသည်။ လူများသည် ကောင်းချီးမင်္ဂလာကို မြင်ရသောအခါ ဘုရားသခင်ကို သစ္စာရှိသော်လည်း၊ မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ မတွေ့မြင်ရသည့်အခါ ၎င်းတို့၏ သစ္စာရှိမှု ဆုံးရှုံးပါက၊ ပြီးလျှင် နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေကို မခံနိုင်ကြဆဲဖြစ်ပါက သို့မဟုတ် ၎င်းတို့ တာဝန်ရှိသည့် တာဝန်များကို မဖြည့်ဆည်းနိုင်ဆဲဖြစ်ပါက၊ ၎င်းတို့သည် တစ်ချိန်က ဘုရားသခင်ကို သစ္စာရှိသည့် အစေခံမှု ယခင်က ပေးခဲ့ကြသော်လည်း၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြဆဲ ဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ဆိုးယုတ်သော လူတို့သည် ထာဝရကာလတစ်လျှောက် ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့လည်း မဝင်ရောက်နိုင်ကြပေ။ ဖြောင့်မတ်သော သူတို့သည်သာ ငြိမ်သက်ခြင်းချမ်းသာ၏ အရှင်သခင်များ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

သင်တို့ မှတ်သားသင့်သည့် ဆိုရိုးစကားတစ်ခုရှိ၏။ ဤဆိုရိုးစကားမှာ အလွန်အရေးကြီးသည်ဟု ငါယုံကြည်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နေ့စဉ်နေ့တိုင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငါ၏အတွေးထဲ ရောက်လာသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးနှင့် ငါမျက်နှာချင်းဆိုင်သည့် အချိန်တိုင်း၊ တစ်စုံတစ်ဦး၏ ဇာတ်ကြောင်းကို ငါကြားရသည့် အချိန်တိုင်း၊ လူတစ်ဦး၏ အတွေ့အကြုံ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း သက်သေခံချက်ကို ငါ ကြားရသည့် အချိန်တိုင်း၊ ဤလူပုဂ္ဂိုလ်သည် ဘုရားသခင် အလိုရှိသော လူအမျိုးအစားနှင့် ဘုရားသခင် သဘောကျသော လူအမျိုးအစား ဟုတ်မဟုတ် ငါ၏ စိတ်နှလုံးထဲ၌ အဆုံးအဖြတ်ပေးရန် ဤဆိုရိုးစကားကို ငါ အမြဲအသုံးပြုခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤဆိုရိုးစကားမှာ အဘယ်နည်း။ ယခု ငါသည် သင်တို့အားလုံး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေစေသည်။ နှစ်ပေါင်းများစွာ အလုပ်မပါဘဲ အပြောသက်သက်ဖြင့်သာ အစေခံနေကြသောသူများ ရှိခြင်းကြောင့်၊ ဤဆိုရိုးစကားကို ငါဖော်ထုတ်သည့်အခါ၊ သင်တို့ စိတ်ပျက်ကောင်း စိတ်ပျက်ကြလိမ့်မည်။ သို့သော် ငါမူကား မည်သည့်အခါမျှ အပြောသက်သက်ဖြင့်သာ အစေခံခဲ့ဖူးခြင်း အလျင်းမရှိပေ။ ဤဆိုရိုးစကားသည် ငါ၏စိတ်နှလုံးထဲ၌ တည်ရှိသည်။ ထိုသို့ဆိုသော် ဤဆိုရိုးစကားမှာ အဘယ်နည်း။ ဤသည်မှာ- “ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လော့- ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ရိုးရှင်းသော စကားရပ်တစ်ခု မဟုတ်လော။ သို့ပါလျက် ဤဆိုရိုးစကားမှာ ရိုးရှင်းစေကာမူ ဤစကားလုံးများအပေါ် နက်နဲသော နားလည်မှု အမှန်တကယ်ရှိသော သူတို့အနေဖြင့် ၎င်းတို့တွင် သြဇာသက်ရောက်မှု ပါရှိကြောင်း၊ ဤဆိုရိုးစကားမှာ လူတစ်ဦး၏ လက်တွေ့လုပ်ဆောင်မှုအတွက် လွန်စွာတန်ဖိုးရှိကြောင်း၊ ၎င်းသည် သမ္မာတရား၏စစ်မှန်မှု ပါဝင်သော ဘဝ၏ ဘာသာစကားမှလာသည့် စာကြောင်းပင်ဖြစ်ကြောင်း၊ ယင်းက ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားလျက်ရှိသော သူများအတွက် ရာသက်ပန် ရည်မှန်းချက်ကို ပုံဖော်ကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားသည့် မည်သူမဆို လိုက်နာသင့်သော ရာသက်ပန် လမ်းခရီးတစ်ခုဖြစ်ကြောင်း ခံစားရကြလိမ့်မည်။ ထို့ကြောင့် သင်တို့ အဘယ်သို့ ထင်သနည်း- ဤ ဆိုရိုးစကားက သမ္မာတရား မဟုတ်လော။ ၎င်း၌ ဤမျှ အရေးပါမှု ရှိသလော သို့မဟုတ် မရှိသလော။ ထို့ပြင် သင်တို့အချို့သည် ဤဆိုရိုးစကားအကြောင်းကို စဉ်းစားနေပြီး ၎င်းကို နားလည်သဘောပေါက်ရန် ကြိုးစားကောင်း ကြိုးစားနေနိုင်ပြီး၊ ၎င်းကို သံသယဖြစ်သော လူအချို့ပင် ရှိကောင်းရှိနိုင်သည်- ဤဆိုရိုးစကားမှာ အလွန် အရေးကြီးသလော။ ၎င်းက အလွန်အရေးကြီးသလော။ ၎င်းကို လွန်စွာ အလေးထားရန် လိုအပ်သလော။ သင်တို့အချို့သည် ဤဆိုရိုးစကားကို သိပ်သဘောမကျသောသူများလည်း ရှိကောင်းရှိနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ လမ်းခရီးကိုယူကာ ၎င်းကို ဤဆိုရိုးစကား တစ်ခုထဲသို့ အနှစ်ချုပ်ခြင်းမှာ အလွန့်အလွန် ပေါ့ပြက်ပြက်လုပ်ခြင်းဖြစ်သည်ဟု ထင်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ပြောခဲ့သော အရာအားလုံးကိုယူကာ ဆိုရိုးစကားတစ်ခုအဖြစ် အကျဉ်းချုံးခြင်း- ယင်းမှာ ဘုရားသခင်ကို တစ်ဆိတ် သေးသိမ်လွန်းအောင် ပြုလုပ်ရာ မကျသလော။ ယင်းက ဤသို့ပင်ဖြစ်သလော။ သင်တို့အများစုက ဤစကားလုံးများ၏ လေးနက်သောအဓိပ္ပာယ်ကို အပြည့်အဝ နားမလည်နိုင်ခြင်းကြောင့် ဖြစ်နိုင်သည်။ သင်တို့အားလုံးသည် ၎င်းကို မှတ်စုရေးမှတ်ခဲ့သော်လည်း၊ ဤဆိုရိုးစကားကို သင်တို့၏ စိတ်နှလုံးထဲ၌ သိုထားရန် ရည်ရွယ်ခြင်းမရှိပေ၊ ၎င်းကို အားလပ်ချိန်တွင် ပြန်ကြည့်ရန်နှင့် ဆင်ခြင်တွေးတောရန်အတွက် သင်တို့၏ မှတ်စုစာအုပ်ထဲတွင် ရေးချရုံမျှသာ ရေးချခဲ့ကြခြင်း ဖြစ်သည်။ သင်တို့အချို့သည် ၎င်းကို ကောင်းစွာအသုံးချရန် ကြိုးစားဖို့နေနေသာသာ၊ ဤဆိုရိုးစကားကို အလွတ်ကျက်မှတ်ရန်ပင် ဒုက္ခခံကြမည် မဟုတ်ပေ။ သို့သော် ငါသည် ဤဆိုရိုးစကားကို အဘယ်ကြောင့် ဖော်ပြလိုသနည်း။ သင်တို့၌ မည်သည့်သဘောထား ရှိပါစေ၊ သို့မဟုတ် သင်တို့ အဘယ်သို့ထင်ပါစေ၊ ဤဆိုရိုးစကားကို ငါ ဖော်ပြရမည်၊ အကြောင်းမှာ ၎င်းသည် ဘုရားသခင်က လူတို့၏ အဆုံးသတ်များကို အဆုံးအဖြတ်ပေးပုံနှင့် အလွန်အမင်း သက်ဆိုင်သောကြောင့် ဖြစ်သည်။ ဤဆိုရိုးစကားအား သင်တို့၏ လက်ရှိ သိနားလည်ခြင်းမှာ အဘယ်သို့ပင်ဖြစ်စေ သို့မဟုတ် ယင်းကို သင်တို့ မည်ကဲ့သို့ပင် သဘောထားသည်ဖြစ်စေ၊ သင်တို့အား ဤအရာကို ငါ ပြောဦးမည်- အကယ်၍ လူတို့သည် ဤဆိုရိုး၏ စကားလုံးများကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ စံနှုန်းကို ရရှိနိုင်ပါက သူတို့သည် အောင်မြင်စွာကျော်လွှားသူများ သေချာပေါက် ဖြစ်လာပြီး အဆုံးသတ်ကောင်းများ ရရှိရန် သေချာသည်။ သို့သော် အကယ်၍ သင်သည် ဤဆိုရိုးစကားက ဖော်ပြထားသော စံနှုန်းကို မပြည့်မီနိုင်ပါက၊ သင်၏အဆုံးသတ်မှာ မသေမချာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ငါသည် သင်တို့အား ဤဆိုရိုးစကား အကြောင်းကို သင်တို့ကိုယ်၌၏ စိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ဆင်မှုအတွက် ပြောခြင်းဖြစ်ပြီး၊ ဘုရားသခင်သည် သင်တို့ကို တိုင်းတာရန် မည်သည့်စံနှုန်းမျိုးကို အသုံးပြုကြောင်း သင်တို့သိစေရန် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

ဘုရားသခင်သည် သူတို့၏ အဆုံးသတ််များကို သတ်မှတ်ရန် စမ်းသပ်မှုများကို အသုံးပြုပါသည်။ လူတို့၏ အဆုံးသတ်များကို သတ်မှတ်ရန် စမ်းသပ်မှုများကို ဘုရားသခင် အသုံးပြုခြင်းအတွက် စံနှုန်းနှစ်ခု ရှိလေသည်- ပထမမှာ လူတို့ ကြုံတွေ့ရသော စမ်းသပ်မှုအရေအတွက်ဖြစ်ပြီး ဒုတိယမှာ ဤစမ်းသပ်မှုများက လူတို့အပေါ်တွင် ရရှိသော ရလဒ်များပင် ဖြစ်သည်။ လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ပေးသောအရာမှာ ဤအညွှန်းနှစ်ခုပင် ဖြစ်သည်။ ယခု ငါတို့ ဤစံနှုန်းနှစ်ခုနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းကြမည်။

ဦးစွာ လူတစ်ဦးသည် ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ရပါက (မှတ်သားရန်- ဤစမ်းသပ်မှုသည် သင်၏အမြင်တွင် ဖော်ပြရန် မထိုက်တန်သည့်၊ သေးငယ်သော စမ်းသပ်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါသည်။)၊ ဤသည်မှာ သင့်အပေါ် သူ၏ပြုလုပ်ချက်ဖြစ်ကြောင်းနှင့် ဤအခြေအနေကို သင့်အတွက် စီစဉ်ခဲ့သူမှာ သူဖြစ်ကြောင်းကို ဘုရားသခင်သည် သင့်အား ထင်ရှားစွာ သတိပြုမိစေမည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု မရင့်ကျက်သေးသည့်အခါ ဘုရားသခင်သည် သင့်ကို စစ်ဆေးရန်အလို့ငှာ စမ်းသပ်မှုများကို စီစဉ်ပေးလိမ့်မည်ဖြစ်ပြီး ဤစမ်းသပ်မှုများမှာ သင်၏ ဝိညာဉ်ရင့်ကျက်မှု၊ သင်တို့ သဘောပေါက်နိုင်သည့် အရာနှင့် သင်တို့ ကြံ့ကြံ့ခံနိုင်သော အရာတို့နှင့် ညီမျှပါလိမ့်မည်။ သင်၏ မည်သည့်အပိုင်းက စစ်ဆေးခြင်း ခံရမည်နည်း။ ဘုရားသခင်အပေါ် သင်၏ သဘောထားပင်။ ဤသဘောထားမှာ အလွန် အရေးကြီးသလော။ အမှန်တကယ် အရေးကြီးပါသည်။ ၎င်းမှာ အထူးအရေးကြီးသည့် အရာဖြစ်သည်။ လူသားတို့၌ရှိသော ဤသဘောထားမှာ ဘုရားသခင် အလိုရှိသော ရလဒ်ပင်ဖြစ်သောကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ကား ၎င်းမှာ အားလုံးထက် အရေးကြီးဆုံးသောအရာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဘုရားသခင်သည် ထိုသို့သောအလုပ်ကို ဝင်ရောက်လုပ်ဆောင်ခြင်းအားဖြင့် လူတို့အပေါ်တွင် သူ၏ကြိုးပမ်းမှုများကို အသုံးပြုခဲ့လိမ့်မည် မဟုတ်ပေ။ ဤစမ်းသပ်မှုများအားဖြင့် ဘုရားသခင်သည် သူ့အပေါ် သင်၏ သဘောထားကို မြင်လိုသည်။ သင်သည် မှန်သောလမ်းကြောင်းပေါ်၌ ရှိမရှိကို သူမြင်လိုသည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းရှိမရှိကိုလည်း သူမြင်လိုသည်။ ထို့ကြောင့် သင်သည် သီးသန့်အချိန်တစ်ခုခု၌ သမ္မာတရားကို များစွာ သို့မဟုတ် အနည်းငယ် နားလည်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ စမ်းသပ်မှုများကို ရင်ဆိုင်ရဦးမည် ဖြစ်ပြီး သင်နားလည်သော သမ္မာတရားအတိုင်းအတာ တိုးပွားလာပြီးနောက်တွင် သင့်အတွက် ဆီလျော်သော စမ်းသပ်မှုများကို သူ ဆက်လက်စီစဉ်လိမ့်မည် ဖြစ်သည်။ သင်သည် စမ်းသပ်မှုတစ်ခုကို နောက်ထပ်တစ်ကြိမ် ရင်ဆိုင်ရသည့်အခါ၊ သူ့အပေါ်ထားသော သင်၏ရှုထောင့်၊ အတွေးအခေါ်များနှင့် သဘောထားတို့သည် ထိုကြားကာလအချိန်အတွင်း တိုးတက်မှုတစ်စုံတစ်ရာ ရှိမရှိကို ဘုရားသခင်မြင်လိုသည်။ လူအချို့က “ဘုရားသခင်က အဘယ်ကြောင့် လူတို့၏ သဘောထားများကို အမြဲမြင်လိုသနည်း။ ၎င်းတို့သည် သမ္မာတရားကို မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ကြောင်းကို ဘုရားသခင် မမြင်သေးသလော။ လူတို့၏ သဘောထားများကို အဘယ်ကြောင့် သူမြင်လိုရသေးသနည်း” ဟု တွေးတတ်ကြသည်။ ဤသည်မှာ ထင်ရာမြင်ရာပြောသော ပေါက်ကရစကား ပါတကား။ ဘုရားသခင်သည် ဤပုံစံအတိုင်း အမှုပြုသည်ကို ထောက်ဆလျှင်၊ သူ၏ အလိုတော်မှာ ယင်း၌ရှိရမည်။ ဘုရားသခင်သည် ဘေးမှနေ၍ လူတို့ကို အမြဲတမ်း လေ့လာနေကာ၊ သူတို့၏ စကားလုံးနှင့် လုပ်ဆောင်မှုတိုင်း၊ သူတို့၏ ဆောင်ရွက်ချက်နှင့် လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။ သူသည် ၎င်းတို့၏ အတွေးနှင့် စိတ်ကူးတိုင်းကိုပင် စောင့်ကြည့်သည်။ ၎င်းတို့၏ ကောင်းသော လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ အမှားများ၊ ၎င်းတို့၏ ကျူးလွန်ပြစ်မှားမှုများ၊ ၎င်းတို့၏ ပုန်ကန်မှုများနှင့် သစ္စာဖောက်မှုများစသည့် လူတို့၌ ဖြစ်ပျက်သမျှကိုပင်လျှင် ဘုရားသခင်သည် ၎င်းတို့၏ အဆုံးသတ်များကို သတ်မှတ်ရာ၌ အထောက်အထားအဖြစ် မှတ်သားထားသည်။ ဘုရားသခင်၏ အမှုသည် တစ်ဆင့်ပြီးတစ်ဆင့် အရှိန်မြင့်လာသည်နှင့်အမျှ သင်သည် နောက်ထပ် သမ္မာတရားများကို ကြားရပြီး အပြုသဘောဆောင်သော အရာများနှင့် အချက်အလက်တို့ကို နောက်ထပ် လက်ခံလာမည် ဖြစ်သည့်အပြင် သင်သည် သမ္မာတရား၏ စစ်မှန်မှုကို နောက်ထပ်ရရှိလိမ့်မည် ဖြစ်သည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာလည်း တိုးပွားလာမည် ဖြစ်ကာ တိုးပွားလာသည်နှင့်အမျှ ဘုရားသခင်သည် သင့်အတွက် ပို၍ပြင်းထန်သော စမ်းသပ်မှုများကို စီစဉ်ပေးလိမ့်မည်။ သူ၏ရည်မှန်းချက်မှာ ဘုရားသခင် အပေါ်၌ရှိသော သင်၏ သဘောထားသည် ထိုအချိန်အတောအတွင်း ရင့်ကျက်လာခြင်း ရှိမရှိကို ဆန်းစစ်ရန် ဖြစ်သည်။ ဤသို့ဖြစ်သောအခါ သင့်အား ဘုရားသခင် တောင်းဆိုသော အမြင်သဘောထားက သမ္မာတရား၏ စစ်မှန်မှုအပေါ် သင်၏နားလည်မှုနှင့် ကိုက်ညီမည်မှာ အမှန်ပင် ဖြစ်သည်။

သင်၏ ဝိညာဉ်ရင့်ကျက်မှု တဖြည်းဖြည်း ကြီးထွားလာသည်နှင့်အမျှ သင့်အား ဘုရားသခင်တောင်းဆိုသော စံနှုန်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာမည် ဖြစ်သည်။ သင် မရင့်ကျက်သေးသည့်အခါ၊ ဘုရားသခင်သည် သင်ဖြည့်ဆည်းဖို့ အလွန်နိမ့်သော စံနှုန်းတစ်ခုကို ချမှတ်ပေးမည် ဖြစ်သည်၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ကြီးမားသည့်အခါ သူသည် သင့်စံနှုန်းကို အနည်းငယ်ပိုမြှင့်ပေးမည် ဖြစ်သည်။ သို့သော်လည်း သမ္မာတရားအားလုံးကို သင် နားလည်ခြင်း ရရှိပြီးနောက်တွင် ဘုရားသခင်သည် မည်ကဲ့သို့ ပြုလိမ့်မည်နည်း။ သူသည် သင့်အား ပို၍ပင် ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်စေမည် ဖြစ်သည်။ ဤစမ်းသပ်မှုများ အကြားတွင်၊ ဘုရားသခင် သင့်အား ရရှိစေလိုသောအရာ၊ ဘုရားသခင် သင့်ထံမှ မြင်တွေ့လိုသောအရာမှာ ဘုရားသခင်အပေါ် ပို၍နက်ရှိုင်းသော သိနားလည်ခြင်းနှင့် သူ့အပေါ် သင်၏ စစ်မှန်သော ကြောက်ရွံ့မှု ဖြစ်သည်။ ဤအချိန်တွင် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ ယခင်က သင်၏ ပို၍ နုနယ်သေးသည့် ဝိညာဉ်ရင့်ကျက်မှုထက် ပို၍မြင့်လာပြီး “ပို၍ပြင်းထန်” လာလိမ့်မည် ဖြစ်သည် (မှတ်ချက်- လူတို့က ၎င်းကို ပြင်းထန်သည်ဟု မြင်သော်လည်း၊ ဘုရားသခင်က ၎င်းမှာ အသင့်အတင့် ဖြစ်သည်ဟု မြင်သည်။) ဘုရားသခင်သည် လူတို့အား စမ်းသပ်နေသည့်အခါ မည်ကဲ့သို့သော စစ်မှန်မှုမျိုးကို သူဖန်တီးလိုခြင်း ဖြစ်သနည်း။ ဘုရားသခင်က လူတို့အား မိမိတို့၏ စိတ်နှလုံးကိုပေးရန် အဆက်မပြတ် တောင်းနေသည်။ လူအချို့က “၎င်းကို ကျွန်ုပ် မည်ကဲ့သို့ပေးရမည်နည်း။ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပြီ။ နေအိမ်နှင့် အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ခဲ့ပြီး ကျွန်ုပ်သည် မိမိကိုယ်ကိုယ် အသုံးတော်ခံခဲ့သည်။ ဤအရာများအားလုံးမှာ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အားပေးခြင်း၏ သာဓကများပင် ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အား နောက်ထပ်မည်ကဲ့သို့ ပေးနိုင်မည်နည်း။ ဤအရာများမှာ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အားပေးသော နည်းလမ်းများ အမှန်တကယ် မဟုတ်ခြင်းကြောင့် ဖြစ်နိုင်သလော။ ဘုရားသခင်၏ တောင်းဆိုချက် အတိအကျမှာ အဘယ်နည်း။” ဟု ဆိုတတ်ကြသည်။ သတ်မှတ်ချက်မှာ အလွန် လွယ်ကူရိုးရှင်းလှသည်။ အမှန်အားဖြင့် ၎င်းတို့၏ အမျိုးမျိုးသော စမ်းသပ်မှုများ အဆင့်ဆင့်တွင် ၎င်းတို့၏ စိတ်နှလုံးများကို ခြားနားသော အတိုင်းအတာဖြင့် ဘုရားသခင်အား ပေးနှင့်ပြီးသောသူအချို့ ရှိလေသည်၊ သို့သော်လည်း လူပေါင်းမြောက်မြားစွာတို့သည် ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ မပေးကြပေ။ ဘုရားသခင်သည် သင့်အား စစ်ကြောသောအခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၌၊ ဇာတိပကတိ၌ သို့မဟုတ် စာတန်၌ ရှိ မရှိကို သူ မြင်သည်။ ဘုရားသခင်သည် သင့်အား စမ်းသပ်သည့်အခါ၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းရှိ မရှိ သို့မဟုတ် ဘုရားသခင်နှင့် သဟဇာတ ဖြစ်သည့် အနေအထား၌ ရပ်တည်ခြင်းရှိ မရှိ၊ ဘုရားသခင်မြင်ပြီး သင်၏ စိတ်နှလုံးသည် သူ့ဘက်၌ရှိ မရှိကို သူမြင်သည်။ သင်သည် ရင့်ကျက်ခြင်းမရှိဘဲ၊ စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ သင်၌ မိမိကိုယ်ကိုယ်ယုံကြည်မှု နည်းပါးပြီး သင်၌ သမ္မာတရားအား သိနားလည်ခြင်းမှာ နည်းပါးသောကြောင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ သင်ပြုဖို့လိုအပ်သည့်အရာကို အတိအကျ သိနိုင်မည် မဟုတ်ပေ။ သို့သော်လည်း အကယ်၍ သင်သည် ဘုရားသခင်ထံ စစ်မှန်စွာနှင့် ရိုးသားစွာ ဆုတောင်းနိုင်သေးပါက၊ ထို့ပြင် သင့်စိတ်နှလုံးကို သူ့အားပေးရန်၊ သူ့အား သင်၏ အချုပ်အခြာအာဏာပိုင် ဖြစ်စေရန်နှင့် တန်ဖိုးအရှိဆုံးဟု သင်ယုံကြည်သော ထိုအရာများအားလုံးကို ဘုရားသခင်ထံ ဆက်ကပ်ရန် ဆန္ဒရှိပါက၊ သင်သည် သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးနှင့်ပြီးဖြစ်လိမ့်သည်။ သင်သည် နောက်ထပ် တရားဒေသနာများကို နားထောင်ပြီး သမ္မာတရားကို ပို၍နားလည် လာသည်နှင့်အမျှ၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု သည်လည်း တဖြည်းဖြည်း ကြီးထွားလာမည် ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင့် တောင်းဆိုချက်များ၏ စံနှုန်းမှာ သင်မရင့်ကျက်သည့် အချိန်ကနှင့် တူတော့မည် မဟုတ်ပေ။ သူသည် သင့်အား ပိုမြင့်သော စံနှုန်းတစ်ခုကို တောင်းဆိုလိမ့်မည်။ လူတို့သည် မိမိတို့၏ စိတ်နှလုံးကို တဖြည်းဖြည်းချင်း ဘုရားသခင်ထံ ပေးလာသည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် တဖြည်းဖြည်းချင်း ဘုရားသခင်နှင့် သာ၍နီးကပ်လာသည်၊ လူတို့သည် ဘုရားသခင်ထံ အမှန်တကယ် နီးကပ်လာနိုင်သည်နှင့်အမျှ၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ကို သာ၍ပင် ချစ်ကြောက်ရိုသေလာလိမ့်မည် ဖြစ်သည်။ ဘုရားသခင် အလိုရှိသော အရာမှာ ထိုစိတ်နှလုံးမျိုးပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

တစ်ဦးတစ်ယောက်သည် ကောင်းချီးများ ရရှိခြင်း သို့မဟုတ် ကံအကြောင်း မလှသည့် ဖြစ်ရပ် ခံစားရခြင်း ရှိမရှိဆိုသည်မှာ သူ၏အနှစ်သာရအရ ဆုံးဖြတ်ခြင်း ဖြစ်သည်၊ အခြားသူများနှင့် မျှဝေခံစားသည့် မည်သည့် ဘုံအနှစ်သာရအရမျှ မဟုတ်ပေ။ ထိုသို့သော ဆိုရိုးစကား သို့မဟုတ် စည်းမျဉ်းသည် နိုင်ငံတော်တွင် တကယ်ကို နေရာမရှိပေ။ အကယ်၍ လူတစ်ဦးသည် နောက်ဆုံးတွင် ရှင်သန်နိုင်ပါက၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီကြပြီးဖြစ်သောကြောင့် ဖြစ်ပြီး၊ အကယ်၍ ၎င်းတို့သည် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အချိန်ကာလအထိ နောက်ဆုံးတွင် မကျန်ရှိနိုင်ပါက၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်အပေါ် မနာခံကြသကဲ့သို့၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းသေးသောကြောင့် ဖြစ်သည်။ အယောက်တိုင်းသည် သင့်လျော်သော ခရီးပန်းတိုင်တစ်ခု ရှိသည်။ ဤခရီးပန်းတိုင်များကို တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ ဆုံးဖြတ်ထားခြင်း ဖြစ်ပြီး၊ အခြားလူများနှင့် လုံးဝ မသက်ဆိုင်ပေ။ ကလေးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူကို သူ၏မိဘများထံ လွှဲပြောင်းပေး၍ မရသကဲ့သို့၊ ကလေး တစ်ယောက်၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏မိဘများနှင့် ဝေမျှ၍မရနိုင်ပေ။ မိဘတစ်ဦး၏ ဆိုးယုတ်သော အပြုအမူကို ၎င်းတို့၏သားသမီးများထံ လွှဲပြောင်း၍ မရသကဲ့သို့၊ မိဘ၏ ဖြောင့်မတ်ခြင်းကိုလည်း ၎င်းတို့၏ သားသမီးများနှင့် ဝေမျှ၍မရနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာအပြစ်များကို သယ်ပိုးကြပြီး အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာ ကံကြမ္မာကို မွေ့လျော်ခံစားကြရသည်။ မည်သူမျှ အခြား လူအတွက် အစားထိုးတစ်ခု မဖြစ်နိုင်ပေ။ ဤသည်မှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ လူသား၏အမြင်မှ၊ မိဘများသည် ကောင်းမွန်သော ကံကြမ္မာရရှိပါက၊ ၎င်းတို့၏ သားသမီးများလည်း ရရှိသင့်ပြီး၊ သားသမီးများက မကောင်းမှုကို ကျူးလွန်ပါက၊ ၎င်းတို့၏မိဘများသည် ထိုအပြစ်များအတွက် ပြေရာပြေကြောင်း ပြုလုပ်ရမည် ဖြစ်သည်။ ဤသည်မှာ လူသား ရှုထောင့်အမြင်ဖြစ်ပြီး လူသား၏ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ရှုထောင့်အမြင်မဟုတ်ပေ။ အယောက်တိုင်း၏ ရလဒ်သည် ၎င်းတို့၏ အပြုအမူမှလာသော အနှစ်သာရနှင့်အညီ ဆုံးဖြတ်ခြင်း ဖြစ်ပြီး၊ ယင်းကို အမြဲ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ မည်သူမျှ အခြားသူ၏ အပြစ်များကို မသယ်ပိုးနိုင်ပေ။ ထို့ထက်မက မည်သူမျှ အခြားသူကိုယ်စား အပြစ်ပေးခြင်းကို လက်မခံနိုင်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ မိဘတစ်ဦး၏ မိမိတို့သားသမီးများအပေါ် မေတ္တာဖြင့် စောင့်ရှောက်မှုသည် မိမိတို့၏ သားသမီးများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြသကဲ့သို့၊ ကလေးတစ်ဦး၏ သူ့မိဘများ အပေါ် သားသမီးဝတ္တရားကျေသော ချစ်ခင်မှုသည် ၎င်းတို့အနေဖြင့် ၎င်းတို့၏ မိဘများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြပေ။ ဤသည်မှာ၊ “ထိုအခါ လယ်၌ရှိသော လူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။” ဟူသော နှုတ်ကပတ်တော်များက အမှန်တကယ် ရည်ရွယ်သည့်အရာ ဖြစ်သည်။ လူတို့သည် မိမိတို့၏ သားသမီးများအတွက် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာပေါ် အခြေခံ၍ မိမိတို့၏ မကောင်းမှုပြုသော သားသမီးများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍ မရနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ဇနီး (သို့မဟုတ် ခင်ပွန်း) ကို ၎င်းတို့ကိုယ်တိုင်၏ ဖြောင့်မတ်သော လုပ်ဆောင်မှုပေါ် အခြေခံ၍ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍မရနိုင်ပေ။ ဤသည်မှာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ မည်သူအတွက်မျှ ခြွင်းချက်များ မရှိနိုင်ပေ။ အဆုံးသတ်တွင် ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများမှာ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများဖြစ်ပြီး မကောင်းမှုပြုသူများသည် မကောင်းမှုပြုသူများဖြစ်ကြသည်။ ဖြောင့်မတ်သူတို့သည် နောက်ဆုံးတွင် ရှင်သန်ခွင့် ရကြလိမ့်မည်ဖြစ်သော်လည်း၊ မကောင်းမှုပြုသူများသည် ဖျက်ဆီးခံကြရလိမ့်မည်။ သန့်ရှင်းသူများသည် သန့်ရှင်းသူများ ဖြစ်သည်။ ၎င်းတို့သည် မညစ်ညမ်းကြပေ။ ညစ်ညမ်းသောသူတို့သည် ညစ်ညမ်းသူများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ အစိတ်အပိုင်းတစ်ခုမျှ မသန့်ရှင်းပေ။ ဆိုးယုတ်သူတစ်ဦး၏ ကလေးများသည် ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်လျှင်ပင်၊ ပြီးလျှင် ဖြောင့်မတ်သူတစ်ဦး၏ မိဘများက ဆိုးယုတ်သော လုပ်ဆောင်ချက်များ ကျူးလွန်လျှင်ပင်- ဖျက်ဆီးခံရမည့် လူများမှာ ဆိုးယုတ်သောသူများသာ ဖြစ်ပြီး၊ ရှင်သန်မည့်သူများမှာ ဖြောင့်မတ်သောသူများသာ ဖြစ်သည်။ ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် မယုံကြည်သော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ယုံကြည်သော သားသမီးများနှင့် မယုံကြည်သော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် လုံးဝ သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင်၊ တစ်ဦးတစ်ယောက်သည် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများရှိသော်လည်း၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြောဆိုစရာ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများ ရှိတော့မည် မဟုတ်ပေ။ မိမိတို့၏ တာဝန်ကို လုပ်ဆောင်သူများသည် မလုပ်ဆောင်သူများ၏ ရန်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးသူများနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မည့်သူများနှင့် ဖျက်ဆီးခြင်းခံရပြီးဖြစ်မည့်သူများသည် သဟဇာတ မဖြစ်သည့် ဖန်ဆင်းခံသတ္တဝါအမျိုးအစား နှစ်မျိုး ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသော ဖန်ဆင်းခံသတ္တဝါတို့သည် ရှင်သန်နိုင်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏တာဝန်များကို မဖြည့်ဆည်းသော သူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ထို့အပြင် ဤသည်မှာ ထာဝရကာလတစ်လျှောက် တည်တံ့လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ တိုက်တွန်း၏၊ သို့မဟုတ်ပါက သင်သည် ဘုရားသခင်၏ ချီးကျူးခံရမည့် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ခေါ်ဆောင်ခြင်းကို ခံရမည့် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း၊ မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ပုန်ကန်ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏ပြစ်များထက် သာလွန်များပြားကာ၊ သာ၍ ဆိုးရွားလေသည်။ အစေခံခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း၊ ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် စိတ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့၏ အပြစ်ဒဏ်ပေးခြင်းမှတစ်ဆင့် ဒဏ်ခတ်မှုကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ တိကျစွာ ဖွင့်ပြခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ လွှဲအပ်ပြီး၊ ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ၊ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင်ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ အယောက်စီ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် အချိန်ကျသောအခါတွင်၊ ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်ကြဖို့အလို့ငှာ၊ သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ဖျက်ဆီးရမ်းကားစေခွင့် ပြုလျက်၊ ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်သည်။ ၎င်းတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းသို့ လိုက်ကြပြီး ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ဝရုန်းသုန်းကား လူအုပ်တွင် ပါဝင်ဖို့အလို့ငှာ၊ အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း၊ အဆုံးတိုင် သစ္စာစောင့်သိနေနိုင်စွမ်း မရှိကြသည့် သူတော်ကောင်းအယောင်ဆောင်များကို ဘုရားသခင်သည် ယုတ်မာသူတို့ အထဲတွင် ထည့်တွက်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ၊ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် အခြေအနေဖြင့် တွန်းအားပေးခြင်းခံရသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့အထဲတွင် ထည့်တွက်ခြင်းခံရကြ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်သော်လည်း၊ အများစုသည် အစေခံခြင်းကို လုပ်ဆောင်ရန်ပင် အရည်အချင်း မပြည့်မီကြသော သူတို့နှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင်၊ ဘုရားသခင်နှင့် စိတ်သဘောတူညီသူများ၊ ဘုရားသခင်၏ လူများနှင့်သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ အကျိုးရလဒ် ဖြစ်လိမ့်မည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတစ်လေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ မယုံကြည်သူများအထဲတွင် ထည့်တွက်ခြင်း ခံရလိမ့်မည်- ပြီးလျှင် ၎င်းတို့၏ရလဒ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

အရှေ့သို့- အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံသူတို့ကို ဘုရားသခင်သည် အဘယ်ကြောင့် ကပ်ဘေးများ အလယ်တွင် ပစ်ထားလိမ့်မည်နည်း။

နောက်တစ်ခုသို့- မည်သူတို့ကို ဘုရားသခင် ကယ်တင်သနည်း။ မည်သူတို့ကို သူ သုတ်သင်ဖယ်ရှင်းပါသနည်း။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်မခံခြင်း၏ အကျိုးဆက်များနှင့် ရလဒ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏...

တရုတ် ကွန်မြူနစ်ပါတီ အစိုးရသည် အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သွေးရူးသွေးတန်း ဖိနှိပ်ပြီး ညှဉ်းပန်းနှိပ်စက်သည့် အကြောင်းအရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။” (ရှင်လုကာခရစ်ဝင် ၁၁:၂၉) “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌...

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်သည် လူသားမျိုးနွယ်ကို သန့်စင်ပေးပြီး ကယ်တင်သည့်နည်းလမ်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ...

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုစီ၏ အရေးပါမှုနှင့် ရည်ရွယ်ချက်

(၁) ပညတ်တော်ခေတ်ရှိ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဣသရေလလူမျိုးတို့အပေါ်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်