အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား

ခေတ်ဟောင်းကုန်လွန်သွား၍ ခေတ်သစ်ကို ရောက်ရှိလာခဲ့ပြီ။ တစ်နှစ်ပြီး တစ်နှစ်၊ တစ်နေ့ပြီး တစ်နေ့၊ ဘုရားသခင်သည် များပြားလှသည့် အမှုကို ဆောင်ရွက်ခဲ့သည်။ သူသည် ကမ္ဘာကြီးထဲသို့ ကြွဆင်းလာခဲ့ပြီးသည့်နောက်မှာ ခွဲခွာသွားခဲ့သည်။ ယင်းသံသရာမှာ မျိုးဆက်များစွာအထိကို ဆက်ပြီးဖြစ်ပျက်နေခဲ့သည်။ ယနေ့တွင် ဘုရားသခင်သည် သူ့အနေနှင့် ဆောင်ရွက်ရမည့်အမှု၊ ပြီးဆုံးအောင် လုပ်ဆောင်ရဦးမည့်အမှုကို ဆက်ပြီးဆောင်ရွက်နေသည်၊ သူသည် ယနေ့အတွက် အနားယူဖို့ လိုပါသေးသည်။ ဖန်ဆင်းမှုကာလမှနေပြီး ယနေ့အထိ၊ ဘုရားသခင်သည် များပြားလှသည့် အမှုကို ဆောင်ရွက်ပြီးခဲ့ပြီ၊ သို့သော် ဘုရားသခင်က ယနေ့တွင် ဆောင်ရွက်နေသည့် အမှုသည် ယခင်ကထက် ပို၍များပြားနေပြီး အတိုင်းအတာမှာ ပို၍ပင် ကြီးမားသည်ကို သင်သိသလော။ သို့ဖြစ်၍ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့်အမှုကို ဆောင်ရွက်ခဲ့သည်ဟု ငါပြောနေခြင်းပင်ဖြစ်သည်။ ဘုရားသခင့်အမှု၏ အချက်တိုင်းမှာ လူသားများနှင့် ပတ်သက်ဆက်နွှယ်နေသည့်အတွက် သူ့အမှုအားလုံးတို့သည်၊ လူသားအတွက်ပင်ဖြစ်စေ၊ ဘုရားသခင်အတွက်ပင်ဖြစ်စေ၊ အလွန်အရေးကြီးသည်။

ဘုရားသခင်၏အမှုကို ကမ္ဘာကြီးအနေနှင့် မြင်တွေ့နိုင်ရန်ဝေးစွ၊ မြင်၍လည်းမရ၊ ခံစား၍လည်း မရနိုင်သည့်အတွက်၊ ၎င်းသည် ကြီးမားသည့်အရာတစ်ခုခု မည်ကဲ့သို့ဖြစ်နိုင်သနည်း။ အမှုအရာများ၏ မည်သည့်ပုံစံများကို ကြီးမားသည်ဟူ၍ ယူဆရမည်နည်း။ ဘုရားသခင်၏ အမှုအားလုံးတို့သည် ကြီးမားကြသည်ဟု မှတ်ယူမှုကို မည်သူမျှ မငြင်းဆိုနိုင်သည်မှာ သေချာသော်လည်း၊ ဘုရားသခင်၏ ယနေ့အမှုမှာ ကြီးမားပါသည်ဟူ၍ ငါပြောနေသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် ကြီးမားသည့်အမှုကို ဆောင်ရွက်ပေးခဲ့သည်ဟူ၍ ငါပြောဆိုရာတွင်၊ လူသားများအနေနှင့် နားလည်ဖို့ကြိုးစားကြရဦးမည့် နက်နဲရာများ များစွာ ပါဝင်ကြမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ၎င်းတို့အကြောင်းကို ယခုပြောကြစို့။

ယေရှုအား သူ၏တည်ရှိမှုကို ခွင့်မလွှတ်သည်းမခံနိုင်ခဲ့ကြသည့် ကာလမျိုး၌ နွားစားခွက်ထဲ မွေးခဲ့ခြင်း ဖြစ်ခဲ့သော်လည်း၊ ကမ္ဘာကြီးက သူ့အား မတားဆီးနိုင်ခဲ့ချေ၊ သူသည် ဘုရားသခင်၏ စောင်မမှုကိုဖြင့် လူများအကြား၌ သုံးဆယ့်သုံးနှစ်ကြာ နေထိုင်ခဲ့ပါသည်။ မိမိအသက်၏ များပြားလှသည့် ယင်းနှစ်များထဲတွင်၊ သူသည် လောကကြီး၏ခါးသီးမှုကို ခံစားခဲ့ရပြီး ကမ္ဘာပေါ်က အသက်ရှင်မှု၏ ဆင်းရဲလှမှုကိုပါ မြည်းစမ်းခဲ့ရပါသည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ပေးရန်အလို့ငှာ သူသည် ကားစင်တင်ပြီး အဆုံးစီရင်ခံခဲ့ရသည်အထိ လေးလံသည့်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ သူသည် စာတန်၏ အုပ်စိုးမှုအောက်၌ နေထိုင်ခဲ့ကြရသည့် အပြစ်သားများ အားလုံးတို့ကို ရွေးနုတ်ပေးလိုက်ပြီး၊ နောက်ဆုံးမှာတော့ သူ၏ထမြောက်လာသည့် ခန္ဓာကိုယ်သည် သူ၏ကျိန်းဝပ်ရာအရပ်သို့ ပြန်သွားခဲ့သည်။ ဘုရားသခင်၏အမှုသစ်ကို ယခုစတင်လိုက်ရာ၊ ၎င်းသည် ခေတ်သစ်၏အစလည်းဖြစ်သည်။ ဘုရားသခင်သည် ကယ်တင်ခြင်း အမှုသစ်ကို စတင်ရန် သူရွေးနုတ်ပေးလိုက်သည့် ထိုလူများကို မိမိအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် ကယ်တင်ခြင်းအမှုသည် အတိတ်ကာလများနှင့်စာလျှင် ပိုပြီးစေ့စပ်သည်။ ၎င်းကို သန့်ရှင်းသော ဝိညာဉ်တော်က လူသားများ သူတို့ဘာသာသူတို့ ပြောင်းလဲလာကြရန် လူသားများထဲ၌ လုပ်ကိုင်မည် မဟုတ်သကဲ့သို့ ယေရှုကိုယ်တိုင် လူသားများအကြား၌ ပေါ်ပေါက်လာလျက် လုပ်ဆောင်မှု မဟုတ်ဘဲ၊ အခြားသောပုံစံမျိုးဖြင့် လုပ်ဖြစ်ဖို့ ပို၍ကိုအလားအလာနည်းလှသည်။ ယင်းအစား လူ့ဇာတိခံ ဘုရားသခင်ကိုယ်တိုင်က အမှုကို ဆောင်ရွက်ပြီး ထိန်းကျောင်းပေးသွားမည် ဖြစ်သည်။ လူသားကို အမှုသစ်ဆီ ခေါ်ဆောင်သွားရန်အတွက် ထိုသို့လုပ်ဆောင်မည်ဖြစ်သည်။ ၎င်းမှာ ကြီးမားသည့်အရာ မဟုတ်ပေလော။ ဘုရားသခင်သည် ယင်းအမှုကို လူအချို့မှတစ်ဆင့် သို့မဟုတ် ပရောဖက်ပြုချက်များမှတစ်ဆင့် လုပ်ဆောင်မည် မဟုတ်ဘဲ၊ ဘုရားသခင်ကိုယ်တိုင်မှ လုပ်ဆောင်မည်ဖြစ်သည်။ အချို့တို့က ၎င်းသည် မကြီးမား၊ ၎င်းက လူသားကို စိတ်ဓာတ်တက်ကြွအောင် မလုပ်နိုင်ဟု ဆိုကောင်း ဆိုနိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်၏အမှုသည် ထိုသို့သက်သက် မဟုတ်ဘဲ၊ ပိုကြီးမားပြီး ပိုများပြားသည်ဟု ငါသင့်ကိုပြောလိုသည်။

ယခုတစ်ကြိမ်မှာ ဘုရားသခင်သည် ဝိညာဉ်ခန္ဓာကိုယ်ထဲမှာ မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်ထဲတွင် လုပ်ဆောင်ရန် ကြွဆင်းလာသည်။ ၎င်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်ပါသေးသည်။ ၎င်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အထဲတွင် အခြားသူတို့နှင့် မတူသည့်အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က တစ်ခါမျှ မကြားဖူးသည့် သမ္မာတရားများကို သင်ကြားရနိုင်သည်။ ယင်းကဲ့သို့ မထင်မရှားသည့် ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရားဆိုင်ရာ နှုတ်ကပတ်တော်များအားလုံး၏ ပြယုဂ်ဖြစ်ပြီး၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာဖြစ်ကာ၊ လူသားများ သိရှိလာရန်အလို့ငှာ လူသားတို့အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြမှုလည်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုပင် သင့်အားပြောပြဦးမည် ဖြစ်သည်။ သူသည် ဘုရားသခင့်နိုင်ငံတော်အတွင်းသွားရာ သင်၏တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ သင့်ကိုလမ်းပြမည့်သူဖြစ်သည်။ ယင်းကဲ့သို့သော သာမညဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသောနက်နဲမှုများကို စွဲကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များကို သင့်အနေနှင့် သိနားလည်ဖို့ ခက်ခဲနိုင်သော်လည်း သူလုပ်ဆောင်သည့် အမှုအားလုံး၏ ပန်းတိုင်မှာ သူသည် လူသားယုံကြည်သကဲ့သို့ သာမညဇာတိခန္ဓာ မဟုတ်သည်ကို မြင်ရဖို့အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်ကိုလည်းကောင်း၊ ဘုရားသခင်က နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်တို့ထံ ပြသနေသည့် စောင်မမှုကိုလည်းကောင်း ကိုယ်စားပြုနေ၍ ဖြစ်သည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါပစ်နေကြသည်ဟု ထင်ရသည့် သူပြောဆိုသော နှုတ်ကပတ်တော်များကို မကြားနိုင်သော်လည်း၊ သို့မဟုတ် မီးလျှံကဲ့သို့ တောက်ပနေသည့် သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ သူ၏သံလှံတံဖြင့် ဆုံးမပဲ့ပြင်မှုကို သင်သည် မခံစားရနိုင်သော်လည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အမျက်ဒေါသကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် ကရုဏာပြကြောင်းကို သင်သိနိုင်သည်၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင်၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ထားရှိသည့် ဘုရားသခင်၏ ပူပန်မှုနှင့် စောင်မမှုကိုလည်း သင်နားလည်သဘောပေါက်နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုက ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မြေကြီးပေါ်ရှိ လူသားများအကြား၌ နေထိုင်နေခြင်းကို လူသားတို့အား မြင်တွေ့စေလျက် လူသားအနေဖြင့် ဘုရားသခင်အား သိရှိလာစေရန်၊ နာခံရန်၊ ရိုသေလေးမြတ်ရန်နှင့် မေတ္တာထားရှိရန် သူ့ကိုထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ ယနေ့တွင် လူသားက မြင်နေရသည့် ဘုရားသခင်သည် လူသားကဲ့သို့ပင်၊ နှာခေါင်းတစ်ပေါက်နှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ မထူးခြားသော ဘုရားသခင်ဖြစ်သည်မှာ မှန်သော်လည်း၊ နောက်ဆုံးမှာတော့ ထိုလူသားသာ မရှိခဲ့လျှင်၊ ကောင်းကင်နှင့် မြေကြီးတို့သည် အကြီးအကျယ် ပြောင်းလဲသွားကြမည်ဖြစ်ကြောင်း၊ ထိုလူသားသာ မရှိခဲ့လျှင်၊ ကောင်းကင်သည် မှောင်မည်းလာမည်ဖြစ်ပြီး၊ မြေကြီးသည် ကမောက်ကမဖြစ်လာလျက်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်ကာ ကပ်ဘေးဆိုက်လာမည်ဖြစ်ကြောင်းကို ဘုရားသခင်က ပြသပေးမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်၏ ကယ်တင်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရှေးကတည်းက ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီးဖြစ်မည်ကို သူပြသပေးမည်ဖြစ်သည်၊ ဤဇာတိခန္ဓာသာ မရှိလျှင်၊ သင်တို့သည် အပြစ်သားများနှင့် အလောင်းကောင်များ၏ အကြီးအကဲအဖြစ် ထာဝရ ရှိနေကြမည်ဖြစ်သည်။ ထိုဇာတိခန္ဓာသာ မရှိလျှင်၊ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ကပ်ဘေးကြီးကို မလွဲဧကန် ရင်ဆိုင်လာရမည်ဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ပိုပြီးပြင်းထန်သည့် ဒဏ်ခတ်မှုမှ လွတ်မြောက်ရန် ခဲယဉ်းမည်ကို သင်တို့သိသင့်သည်။ ယင်းသာမညဇာတိခန္ဓာသာ မမွေးခဲ့ပါက၊ သင်တို့အားလုံးသည် မည်သို့ပင်ရှာကြံကြစေကာမူ အသက်ရှင်၍လည်း မရနိုင်၊ သေ၍လည်း မရနိုင်သည့် အခြေအနေကို ရင်ဆိုင်ကြရမည်၊ ထိုဇာတိခန္ဓာသာ မရှိလျှင်၊ သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်ဘဲ ဘုရားသခင်၏ ပလ္လင်ရှေ့မှောက်ကို ရောက်လာနိုင်ကြမည် မဟုတ်ပေ။ စင်စစ်အားဖြင့် သင်တို့သည် သင်တို့၏ ကြီးလေးလှသည့် အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကိုခံကြရလိမ့်မည်။ သင်တို့သိပါ၏လော။ ဘုရားသခင်က လူ့ဇာတိသို့ ပြန်လာခဲ့ခြင်းကြောင့်သာ မဟုတ်လျှင်၊ မည်သူ၌မျှ ကယ်တင်ခံရမည့် အခွင့်အလမ်းရှိခဲ့မည် မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို အဆုံးသတ်ပစ်ခဲ့သည်မှာ ကြာလှပြီးဖြစ်လိမ့်မည်။ သို့ဖြစ်လျှင်၊ သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမှုကို ငြင်းပယ်နိုင်တုန်းပင်လော။ သင်တို့သည် ယင်းသာမညလူသားထံမှ ကြီးမားစွာ အကျိုးခံစားရနိုင်သည်ဖြစ်လေရာ၊ သင်တို့သည် သူ့ကို အဘယ်ကြောင့် အလွယ်တကူ လက်မခံလိုကြသနည်း။

ဘုရားသခင်၏ အမှုဆိုသည်ကို သင်သိနားလည်၍ မရနိုင်ပါ။ သင်သည် ကိုယ့်ဆုံးဖြတ်ချက် မှန်၊ မမှန်ကို နားလည်ရခက်နေသည်၊ သို့မဟုတ် ဘုရားသခင်၏အမှု အောင်မြင်မည်လော ဆိုသည်ကို မသိပါက၊ ကိုယ့်ကံကို စမ်းကြည့်နိုင်ရန် ထိုသာမညလူသားသည် သင့်ကို ကြီးမားစွာ ကူညီပေးနိုင်မည်လော၊ ဘုရားသခင်ဆောင်ရွက်ခဲ့သည့် အမှုမှာ ကြီးမားသလောဆိုသည်ကို မြင်စမ်းကြည့်ပါ။ မည်သို့ပင်ဖြစ်စေ နောဧခေတ်တုန်းက လူများသည် သောက်စားနေခဲ့ကြပြီး လက်ထပ်ကြလျက် ဘုရားသခင်အနေနှင့် မည်သို့မျှ မကြည့်ရက်နိုင်သည့် ပုံစံမျိုးဖြင့် အိမ်ထောင်ဖွဲ့နေထိုင်လာခဲ့ကြ၍ သူသည် လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်ရန် ရေလွှမ်းမိုးမှုကြီးကို သူတို့ထံ စေလွှတ်လျက် လူရှစ်ဦးရှိသည့် နောဧမိသားစု၊ ငှက်များနှင့် သားရဲမျိုးစုံတို့ကိုသာ ချန်ထားခဲ့သည်။ သို့သော်လည်း နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်ထိန်းသိမ်းထားခဲ့သူအားလုံးတို့သည် သူ့အား နောက်ဆုံးအထိကို သစ္စာရှိနေခဲ့သည့် သူများပင်ဖြစ်သည်။ ခေတ်နှစ်ခေတ်စလုံးထဲ၌ ဘုရားသခင်အနေနှင့် မကြည့်ရက်နိုင်အောင်ကို အကြီးအကျယ် ဖောက်ပြန်ပျက်စီးနေခဲ့ကြပြီး နှစ်ခေတ်စလုံးထဲတွင် လူသားမျိုးနွယ်သည် ဘုရားသခင်ကို အရှင်သခင်အဖြစ် ငြင်းဆိုခဲ့သည်အထိပင် ဖောက်ပြန်ပျက်စီးနေခဲ့သည် ဖြစ်လေရာ၊ နောဧခေတ်တုန်းက လူသားအားလုံးကို ဘုရားသခင်က ဖျက်ဆီးပစ်ခဲ့သည်။ ခေတ်နှစ်ခေတ်စလုံးထဲတွင် လူသားမျိုးနွယ်သည် ဘုရားသခင်ကို ကြီးမားစွာ ဝမ်းနည်းကြေကွဲစေခဲ့သည်ပင်လျှင် ဘုရားသခင်သည် နောက်ဆုံးသောကာလ၌ရှိသော လူသားများကို ယခုအထိပင် ဆက်လက်သည်းခံခဲ့ပါသည်။ အဘယ့်ကြောင့်များနည်း။ သင်တို့သည် ထိုအကြောင်းကို မည်သည့်အခါမျှ မစဉ်းစားခဲ့ဘူးလော။ သင်တို့ အမှန်မသိကြဘူးဆိုလျှင်၊ ငါသင်တို့ကိုပြောမည်။ ဘုရားသခင်က လူသားများကို နောက်ဆုံးသောကာလတွင် သိမ်မွေ့စွာ ပြုမူနေခြင်းက လူသားများသည် နောဧခေတ်ကထက် နည်းပြီးဖောက်ပြန်ပျက်စီးနေကြ၍ သို့မဟုတ် သူတို့သည် နောင်တရခဲ့ကြခြင်းကို ဘုရားသခင်အား ပြသနေကြ၍ မဟုတ်ပါ၊ နောက်ဆုံးသောကာလအတွင်းမှာ စက်မှုနည်းပညာများ တိုးတက်လာခဲ့၍ ဘုရားသခင်က လူသားများကို မဖျက်ဆီးလိုခြင်းမျိုးလည်း ပို၍ပင်မဟုတ်ပါ။ ယင်းအစား ထိုသို့ဖြစ်ရခြင်းက ဘုရားသခင်သည် နောက်ဆုံးသောကာလမှာ လူအုပ်စုထဲတွင် အမှုကို ဆောင်ရွက်ရန် ရှိနေသောကြောင့်ဖြစ်ပြီး ၎င်းကို လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တိုင်သာလျှင် လုပ်ဆောင်သွားမည် ဖြစ်သောကြောင့်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် ထိုအုပ်စုထဲက တစ်ပိုင်းကို သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ အသီးအပွင့်အဖြစ် သူကယ်တင်ပေးရန် ရွေးချယ်ခဲ့သူတို့ကို သူနှင့်အတူ နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ သို့ဖြစ်၍ မည်သို့ပင်ဖြစ်စေ ဘုရားသခင်က ပေးဆပ်ခဲ့သည့် ထိုတန်ဖိုးတစ်ခုလုံးသည် နောက်ဆုံးသောကာလအတွင်း၌ သူ၏လူ့ဇာတိခံယူရေးအမှုအတွက် ပြင်ဆင်မှုပင်ဖြစ်သည်။ သင်တို့ထံတွင် ယနေ့ ရှိသမျှအားလုံးသည် ယင်းဇာတိခန္ဓာ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ သင်တို့ထံတွင် အသက်ရှင်နေထိုင်ခွင့် ရှိနေခြင်းသည် ဘုရားသခင်က လူ့ဇာတိထဲ၌ နေထိုင်နေ၍ပင် ဖြစ်သည်။ ယင်းကဲ့သို့ ကံကောင်းမှုအားလုံးကို ရရှိခဲ့မှုက ထိုသာမည လူသားကြောင့် ဖြစ်သည်။ ထိုမျှမကသေး အဆုံးတွင် လူမျိုးတိုင်းသည် ထိုသာမည လူသားကို ဝတ်ပြုကြမည်ဖြစ်သကဲ့သို့ ထိုမထင်မရှားလူသားကို ကျေးဇူးတင်ရုံသာမက နာခံကြမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ပေးမည့် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ယူဆောင်ပေးခဲ့ပြီး ဘုရားသခင်နှင့် လူသားအကြားက ပဋိပက္ခကို ပြေလည်စေလျက် ဘုရားသခင်နှင့် လူသားကို ပိုမိုရင်းနှီးစေပြီး ဘုရားသခင်နှင့် လူသားအကြားတွင် အတွေးအခေါ်များကို ဆက်သွယ်ဖလှယ်ရန် လုပ်ဆောင်ပေးခဲ့သည်မှာ ထိုသူပင် ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတန်ခိုး သာ၍ကြီးထွားလာအောင် လုပ်ဆောင်ပေးခဲ့သည်မှာလည်း ထိုသူပင်ဖြစ်သည်။ ထိုကဲ့သို့သော သာမညလူသားသည် သင့်အနေနှင့် ယုံကြည်ပြီး ကြည်ညိုထိုက်သူ မဟုတ်သလော။ ယင်းကဲ့သို့သော သာမည ဇာတိခန္ဓာကို ခရစ်တော်ဟူ၍ မခေါ်ဆိုထိုက်ပေသလော။ ထိုသာမည လူသားသည် လူများအကြား၌ ဘုရားသခင်၏ပြယုဂ် မဖြစ်နိုင်သလော။ လူသားမျိုးနွယ်ကို ကပ်ဘေးမှ ချမ်းသာရာရရန် ကူပေးသည့် ထိုသာမညလူသားကို ချစ်မြတ်နိုးလျက် စွဲကိုင်ထားရန် မထိုက်တန်သလော။ သင်တို့က သူ၏နှုတ်မှ မိန့်ကြားခဲ့သည့် သမ္မာတရားများကို ငြင်းပယ်လျက် သင်တို့အကြား၌ သူ၏နေထိုင်မှုကို စက်ဆုပ်ကြမည်ဆိုလျှင် သင်တို့၏ ကံကြမ္မာမှာ မည်သို့များ ဖြစ်လာမည်နည်း။

နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ အမှုအားလုံးကို ထိုသာမညလူသားမှတစ်ဆင့် လုပ်ဆောင်သွားမည်ဖြစ်သည်။ သူသည် အရာခပ်သိမ်းကို သင့်အား အပ်နှင်းပေးလျက်၊ ရှေ့ဆက်ပြီး သင့်အကြောင်း အရာရာတိုင်းကို သူက ဆုံးဖြတ်နိုင်သည်။ ယင်းကဲ့သို့သော လူသားသည် ထုတ်ဖော်ပြောဆိုရန်ပင် မထိုက်တန်လောက်အောင်ကို အလွန်အမင်းရိုးစင်းသည့် လူသားဖြစ်နိုင်သည်ဟု သင်တို့ယုံကြည်သလော။ သူ၏သမ္မာတရားမှာ သင်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့အတွက် မလုံလောက်သလော။ သူ၏လုပ်ဆောင်ချက်များကို မျက်မြင်တွေ့ရခြင်းသည် သင့်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့ မလုံလောက်သလော။ သို့မဟုတ် သူက သင်တို့ကို ခေါ်ဆောင်သွားနေသည့် လမ်းကြောင်းကို သင်တို့အနေနှင့် မလိုက်လျှောက်ထိုက်သလော။ သင်တို့အနေနှင့် သူ့ကိုမနှစ်သက်လိုဘဲ သူ့ကိုချန်ထားချင်ပြီး ရှောင်ဖယ်ချင်ကြသည်မှာ အဘယ်ကြောင့်နည်း။ သမ္မာတရားကို ဖော်ပြပေးနေသည်မှာ သူပင်ဖြစ်သည်၊ သမ္မာတရားကို ဖြည့်တင်းပေးနေသည်မှာ သူပင်ဖြစ်သည်၊ ထို့အပြင် သင်တို့အတွက် သွား၍ရမည့် လမ်းကြောင်းရှိအောင် လုပ်ဆောင်ပေးနေသည်မှာလည်း သူပင်ဖြစ်သည်။ ယင်းသမ္မာတရားများအကြား၌ သင်တို့သည် ဘုရားသခင့်အမှု၏ လက္ခဏာများကို ရှာမတွေ့နိုင်သေးခြင်းမှာ ဖြစ်နိုင်သလော။ ယေရှု၏အမှုသာ မရှိခဲ့လျှင် လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာနိုင်ခဲ့မည် မဟုတ်ချေ၊ ယနေ့၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာခဲ့ကြသူတို့ကို ဘုရားသခင်က မည်သည့်အခါမျှ ချီးကျူးမည် မဟုတ်သကဲ့သို့ ထိုသူတို့သည် ခေတ်သစ်ထဲကိုလည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ထိုသာမညလူသား၏ ကြွဆင်းလာခြင်းသာ မရှိခဲ့ပါက သင်တို့ထံတွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို ရှုမြင်ရန် အခွင့်အလမ်း၊ သို့မဟုတ် အရည်အချင်း မည်သည့်အခါမျှ ရှိလာခဲ့မည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် ဖျက်ဆီးပစ်ခံခဲ့ကြရမည်မှာ ကြာလှပြီဖြစ်ခဲ့၍ဖြစ်သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသူ ကြွဆင်းလာခဲ့ခြင်းကြောင့် ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ပေးလျက် ကရုဏာကို ပြသပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ ငါသည် သင်တို့အတွက် ချန်ထားပေးခဲ့ချင်သည့် နှုတ်ကပတ်တော်များမှာ ဤအရာများဖြစ်သည်- လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ထိုသာမညလူသားသည် သင်တို့အတွက် အလွန်ကို အရေးပါသူပင် ဖြစ်သည်။ ထိုအချက်ကမှ လူသားများအကြား၌ ဘုရားသခင်လုပ်ဆောင်ပေးခဲ့ပြီဖြစ်သည့် ကြီးမားသည့်အရာဖြစ်ပေ၏။

ယခင်က:ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

နောက်တစ်ခုသို့:နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ