အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၃၈ ဖန်ဆင်းရာအားလုံးကြား ဘုရားသခင်ဘုန်းပွင့်ပြီကျူး

၁ ဖန်ဆင်းခြင်း အချိန်မှစ၍ ယနေ့တိုင်အောင် ငါသည် အောင်မြင်သော တိုက်ပွဲများစွာကို တိုက်ခဲ့ပြီး ဖြစ်၍ ချီးမွမ်းဖွယ်ကောင်းသော အမှုအရာများစွာကို ပြုခဲ့ပြီးဖြစ်သည်။ လူများစွာတို့သည် တစ်ချိန်က ငါ့ကို ချီးကျူးဂုဏ်ပြုကြပြီး ငါ့ကို ကျေးဇူးတော်ချီးမွမ်းကြ၍ ငါ့အတွက် ကခုန်ခဲ့ကြသည်။ ဤအရာများမှာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းပြီး မမေ့လျော့နိုင်သော မြင်ကွင်းများ ဖြစ်သော်လည်း ငါ၏အပြုံးကို မည်သည့်အခါမျှ ငါ မပြခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ငါသည် လူသားကို မသိမ်းပိုက်ရသေးခြင်းကြောင့် ဖြစ်ပြီး ဖန်ဆင်းခြင်းနှင့်ဆင်တူသော အမှု၏တစ်စိတ်တစ်ပိုင်းကို ပြုနေခြင်းမျှသာဖြစ်သောကြောင့်ပေတည်း။ ယနေ့သည် အတိတ်နှင့် မတူညီပေ။ ငါသည် ပလ္လင်ပေါ်တွင် အပြုံးတစ်ခုကို ပေးသည်၊ ငါသည် လူတို့ကို သိမ်းပိုက်ပြီးဖြစ်၍ လူအပေါင်းသည် ငါ့ရှေ့တွင် ပြပ်ဝပ်၍ ကိုးကွယ်ကြသည်။ ယနေ့ခေတ်လူများသည် အတိတ်က လူများနှင့် မတူညီပေ။ ငါ၏အမှုသည် ပစ္စုပ္ပန်အဖို့အလိုငှာ မည်သည့်အခါက မဟုတ်ခဲ့သနည်း။ ၎င်းမှာ ငါ၏ဘုန်းအသရေအတွက် မည်သည့်အခါက မဟုတ်ခဲ့သနည်း။ ပို၍တောက်ပသော မနက်ဖြန်အဖို့အလို့ငှာ ငါသည် ငါ၏အမှုအားလုံးကို လူသားအထဲတွင် ကြိမ်ဖန်များစွာ ရှင်းလင်းစေမည်၊ ထိုအခါ ငါ၏ဘုန်းအသရေ အားလုံးသည် ဖန်ဆင်းခံရသော လူသား၌ ""တည်"" ကောင်းတည်လေမည်။

၂ ငါသည် ဤအရာကို ငါ၏အမှု၏နိယာမအဖြစ် မှတ်ယူမည်။ ငါနှင့်ပူးပေါင်းဆောင်ရွက်လိုသောသူများ ထ၍ ကြိုးစားလုပ်ဆောင်ကြလော့၊ ထိုမှသာ ငါ၏ နောက်ထပ် ဘုန်းအသရေသည် မိုးကောင်းကင်တွင် ပြည့်ကောင်းပြည့်နိုင်လေမည်။ ယခုအချိန်မှာ ကြီးမားသော အစီအစဉ်များကို လုပ်ဆောင်ရန် အချိန်ဖြစ်သည်။ ငါ၏ချစ်ခြင်းမေတ္တာ၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ ရှိသောသူအပေါင်းတို့သည် ငါ၏နေရာဖြစ်သော ဤနေရာတွင် ၎င်းတို့၏စွမ်းရည်များကို အသုံးပြုရန် အခွင့်အရေးရကြမည် ဖြစ်၍ ငါ၏အမှုအတွက် ""လှည့်စေရန်"" အမှုအရာအားလုံးကို ငါ ကိုင်တွယ်မည်။ ကောင်းကင်တွင် ပျံသန်းနေသော ငှက်များမှာ ကောင်းကင်ပေါ်မှ ငါ၏ဘုန်းအသရေဖြစ်သည်၊ ကမ္ဘာမြေကြီးပေါ်မှ ပင်လယ်များမှာ ကမ္ဘာမြေကြီးပေါ်တွင် ငါ၏လုပ်ဆောင်ချက်များ ဖြစ်သည်၊ အရာခပ်သိမ်း၏ သခင်မှာ အရာခပ်သိမ်းအကြားတွင် ငါ၏သရုပ်သကန် ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်၌ ရှိသမျှတို့ကို ငါ၏စီမံခန့်ခွဲမှုအတွက် အရင်းအဖြစ် ငါ အသုံးပြုခြင်း ဖြစ်ပြီး၊ အရာခပ်သိမ်းတို့ကို ပွားများစေရန်၊ ကြီးပွားတိုးတက်စေရန်နှင့် အသက်ဖြင့် ပြည့်လျှံလျက်ရှိစေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၂” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရား၏တရားစီရင်ခြင်းကို မည်သူမျှ မလွတ်မြောက်နိုင်ကျူး

နောက်တစ်ခုသို့:ဘုရားသည် မိမိအမှုကို လုပ်ဆောင်ရန် လူ့ဇာတိကို ခံယူရမည်ကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ