အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၃

ဘုရားသခင်၏ အခွင့်အာဏာ (၂)

ယနေ့ "အတုမရှိ ဘုရားသခင်ကိုယ်တိုင်" ဆိုသည့် ခေါင်းစဉ်နှင့် ပတ်သက်သည့် မိဿဟာရ ပြုလုပ်ခြင်းကို ဆက်သွားပါမည်။ ဤအကြောင်းအပေါ်မှာ မိဿဟာရပြုခြင်း နှစ်ခု ရှိနှင့်ပြီးဖြစ်သည်။ ပထမတစ်ခုသည် ဘုရားသခင်၏ အခွင့်အာဏာနှင့်ပတ်သက်ပြီး ဒုတိယတစ်ခုသည် ဘုရားသခင်၏ ဖြောင့်မတ်မှန်ကန်သည့် စိတ်သဘောထားနှင့်ပတ်သက်ခြင်း ဖြစ်ပါသည်။ ဤမိဿဟာရပြုလုပ်ခြင်းကို နားထောင်ပြီးသည့်နောက်သင်တို့သည် ဘုရားသခင်၏ ဝိသေသလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့နှင့် ပတ်သက်ပြီး နားလည်မှု အသစ်များ ရရှိပါသလော။ ဤနားလည်သိမြင်မှုတွေက သင်တို့ကို ဘုရားသခင်တည်ရှိမှု၏ အမှန်တရားနှင့်ပတ်သက်ပြီး ပိုပြီး အခြေအမြစ်ရှိသည့် အသိပညာနှင့် သေချာမှုတွေရရှိဖို့ ကူညီပေးပါသလော။ ယနေ့ "ဘုရားသခင်၏ အခွင့်အာဏာ" ဆိုသည့် ခေါင်းစဉ်အပေါ်မှာ အသေးစိတ်ပြောဖို့ ငါစီစဉ်ထားသည်။

ဘုရားသခင်၏ အခွင့်အာဏာကို ကျယ်ပြန့်သည့်ရှုထောင့်နှင့် အနုစိတ်ရှုထောင့်မှ နားလည်ခြင်း

ဘုရားသခင်၏ အခွင့်အာဏာသည် အတုမရှိပါ။ ၎င်းသည် ဘုရားသခင်ကိုယ်တိုင်၏ ထူးခြားသည့် ပင်ကို လက္ခဏာဆိုင်ရာ ဖော်ပြချက်၊ ထူးခြားသည့် အနှစ်သာရနှင့် ဝိသေသလက္ခဏာဖြစ်သည်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်း မခံရသည့် မည်သည့်အရာမှ ယင်းကဲ့သို့ သောထူးခြားသည့် ပင်ကိုလက္ခဏာဆိုင်ရာ ဖော်ပြချက်နှင့် ထိုသို့သော ထူးခြားသည့် အနှစ်သာရတို့ မပိုင်ဆိုင်ပါ။ ဖန်ဆင်းရှင်သာ ဤသို့သော အခွင့်အာဏာမျိုးကို ပိုင်ဆိုင်ပါသည်။ ဆိုလိုသည်မှာ အတုမရှိသည့် ဘုရားသခင်၊ ဖန်ဆင်းရှင်သာ ဤ နည်းလမ်းနှင့် ဖော်ပြပြီး ဤအနှစ်သာရ ရှိပါသည်။ ဘုရားသခင်၏ အခွင့်အာဏာအကြောင်းကို အဘယ်ကြောင့်ပြောသနည်း။ ဘုရားသခင်ကိုယ်တိုင်၏ အခွင့်အာဏာက လူသား၏ စိတ်ထဲမှာရှိသည့် အခွင့်အာဏာနှင့် မည်သို့ ကွာခြားသနည်း။ ၄င်းနှင့်ပတ်သက်ပြီး ဘာတွေထူးခြားသနည်း။ အဘယ်ကြောင့် ဤအကြောင်းကို ဤတွင်ပြောဖို့ အထူးသဖြင့် အရေးပါသည့်အရာ ဖြစ်နေသနည်း။ သင်တို့ တစ်ယောက်ချင်းစီတိုင်းက ဤကိစ္စကို သေချာဂရုစိုက်ပြီး စဉ်းစားသုံးသပ်ရပါမည်။ လူအများစုအတွက်က "ဘုရားသခင်၏ အခွင့်အာဏာ" ဆိုသည်မှာ ဇဝေဇဝါဖြစ်သည့် အယူအဆဖြစ်သည်။ လူတစ်ယောက်နားလည်ရန် အလွန်ခက်ခဲသည့် အရာတစ်ခုဖြစ်ပြီး ဤအကြောင်း ဆွေးနွေးချက်များက မရေမရာဖြစ်ဖို့များသည်။ ထို့ကြောင့် လူသားက သိရှိနိုင်သည့် ဘုရားသခင်၏ အခွင့်အာဏာ၏ အကြောင်းအရာနှင့် ဘုရားသခင် အခွင့်အာဏာ၏ အနှစ်သာရကြားမှာ အမြဲ ကွာဟမှုတစ်ခုရှိနေပါမည်။ ဤကွာဟမှုကို ဆက်စပ်ဖို့ လူသားက လက်လှမ်းမှီသည့်၊ လူသားတို့ နားလည်နိုင်စွမ်းရှိသည့် တကယ့်လက်တွေ့ဘဝက လူများ၊ အဖြစ်အပျက်များ၊ အကြောင်းအရာများ သို့မဟုတ် ထူးခြားဖြစ်ရပ်တွေကနေတစ်ဆင့် တဖြည်းဖြည်းချင်း သိလာရပါမည်။ "ဘုရားသခင်၏ အခွင့်အာဏာ"ဆိုသည့် စကားစုသည် ဉာဏ်မမှီနိုင်ဟု ထင်ရသော်လည်း ဘုရားသခင်၏ အခွင့်အာဏာက ယေဘူယျသဘောတစ်ခု လုံးဝ မဟုတ်ပါ။ ဘုရားသခင်သည် လူသားဘဝ၏ မိနစ်တိုင်းမှာ သူနှင့်အတူ ရှိနေပြီး နေ့စဉ် သူ့ကိုဦးဆောင်ပေးနေ ပါသည်။ ထို့အတွက်ကြောင့်လူတိုင်း၏ နေ့စဉ်ဘဝတွင် ဘုရားသခင် အခွင့်အာဏာ၏ ရှင်းလင်းမြင်သာသည့် အချက်ကို သူသည် သေချာမြင်ပြီး ကြုံတွေ့ရမည်။ ဤ ရှင်းလင်းမြင်သာမှုက ဘုရားသခင်၏ အခွင့်အာဏာ အမှန်တကယ် တည်ရှိခြင်း၏ လုံလောက်သည့် သက်သေဖြစ်ပြီး၊ ဘုရားသခင်က ဤအခွင့်အာဏာကို ပိုင်ဆိုင်သည် ဆိုသည့်အချက်ကို အပြည့်အဝ သိမြင်ပြီး နားလည်သဘောပေါက်စေသည်။

ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပါသည်။ ဖန်ဆင်းပြီးသည့်နောက် အရာအားလုံးအပေါ်မှာ အုပ်စိုးခဲ့သည်။ အရာအားလုံးအပေါ် အုပ်စိုးခြင်းကို ထပ်ဖြည့်စွက်လျှင် သူသည် အရာအားလုံးကို ထိန်းချုပ်ထားသည်။ "ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားသည်" ဆိုသည့် အယူအဆက မည်သည်ကို ဆိုလိုသနည်း။ မည်သို့ရှင်းပြရမည်နည်း။ လက်တွေ့ဘဝတွင် မည်သို့အသုံးချမည်နည်း။ "ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားသည်"ဆိုသည့် အချက်ကို နားလည်ခြင်းအားဖြင့် ဘုရားသခင်၏ အခွင့်အာဏာကို သင်တို့ မည်သို့သိမြင်လာမည်နည်း။ "ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားသည်" ဆိုသည့် စကားစုမှ ဘုရားသခင်၏ ထိန်းချုပ်မှုသည် ဂြိုဟ်များ၏ အစိတ်အပိုင်းတစ်ခု၊ ဖန်ဆင်းခြင်း၏ အစိတ်အပိုင်းတစ်ခု၊ လူသားမျိုးနွယ်၏ အစိတ်အပိုင်းတစ်ခုဆိုသည်မှာ သာ၍ပင် မဟုတ်ဘဲ အရာအားလုံးအပေါ်မှာ ရှိသည်ဆိုတာကို သိသင့်သည်။ ထူးကဲကြီးမားသည်မှ သေးငယ်မှုန်မွှားသည်အထိ၊ မြင်နိုင်သည့်အရာများမှမှ မမြင်နိုင်သည့်အရာအထိ၊ စကြဝဠာအတွင်းက ကြယ်များမှ ကမ္ဘာမြေကြီးပေါ်က သက်ရှိများအထိ၊ သာမန်မျက်လုံးနှင့် မမြင်နိုင်သည့် အဏုဇီဝရုပ်လေးများ သို့မဟုတ် တစ်ခြားပုံသဏ္ဌာန်နှင့် ဖြစ်တည်နေသည့် သက်ရှိများအထိဖြစ်ပါသည်။ ဤကား ဘုရားသခင်က "ထိန်းချုပ်ထားသည်" ဆိုသည့် "အရာအားလုံး" ၏ တိကျသည့်အဓိပ္ပါယ် ဖွင့်ဆိုချက်ဖြစ်ပြီး ဘုရားသခင်က သူ့ရဲ့ စိုးပိုင်မှုနှင့် အုပ်စိုးမှုအတိုင်းအတာဖြစ်သည့် သူ၏အခွင့်အာဏာ ကိုင်ဆောင်သည့် နယ်ပယ်ဖြစ်ပါသည်။

ဤလူသားမျိုးနွယ် ဖြစ်မလာခင်တွင် စကြဝဠာ၊ ဂြိုဟ်အားလုံး၊ မိုးကောင်းကင်မှ ကြယ် များအားလုံးသည် တည်ရှိနှင့်ပြီးဖြစ်သည်။ ကျယ်ပြန့်သည့်ရှုထောင့်အဆင့်တွင် ဤ မိုးကောင်းကင်တွင်ရှိသည့် အစုအဝေးများသည် နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ဘုရားသခင်၏ ထိန်းချုပ်မှုအောက် တွင် သူတို့ဖြစ်တည်နေသည့် တစ်လျှောက်လုံး ပုံမှန်လည်ပတ်နေပါသည်။ မည်သည့်ဂြိုဟ်က မည်သည့် အချိန်တွင် မည်သည့် အရပ်ကိုသွားသည်၊ မည်သည့် ဂြိုဟ်က မည်သည့်အလုပ်ကိုလုပ်သည်၊ ထို့နောက် မည်သည့်အချိန်တွင် မည်သည့်အရာကို လုပ်သည်၊ မည်သည့် ဂြိုဟ်က မည်သည့် ဂြိုဟ်ပတ်လမ်းကြောင်း တလျှောက်မှာပတ်သည်၊ မည်သည့်အချိန်မှာ ပျောက်ကွယ်သည် သို့မဟုတ် အစားထိုးခံရသည်။ ၎င်းတို့အားလုံးက အမှားအယွင်းနည်းနည်းမှ မဖြစ်ဘဲ ဆက်သွားနေပါသည်။ ဂြိုဟ်များ၏ တည်နေရာများနှင့် သူတို့ကြားထဲက အကွာအဝေး အားလုံးက တိကျသည့် ပုံစံရှိသည်။ အားလုံးက တိကျသည့်အချက်အလက်နှင့် ဖော်ပြ၍ရသည်။ ၄င်းတို့သွားသည့် လမ်းကြောင်းတစ်လျှောက်၊ ၄င်းတို့၏ လည်ပတ်မှု မြန်နှုန်းနှင့်နှင့် ပုံစံ၊ တည်နေရာအမျိုးမျိုးမှာ ၄င်းတို့ရှိသည့်အချိန်၊ ၄င်းတို့အားလုံးကို တိကျစွာတိုင်းတာနိုင်ပြီး အထူးနိယာမများနှင့် ဖော်ပြနိုင်သည်။ အလွန်ကြာမြင့်သည့် အချိန်အထိ ဂြိုဟ်များသည် မည်သည့်အခါမျှ ယိမ်းယိုင်မသွားဘဲ ဤ နိယာမများအတိုင်း ပြုလုပ်သည်။ မည်သည့်တန်ခိုးအစွမ်းမှ ၄င်းတို့၏လှည့်ပတ်လမ်းကြောင်း သို့မဟုတ် ၄င်းတို့သွားလာသည့် ပုံစံကို မပြောင်းလဲနိုင်ပါ သို့မဟုတ် မနှောင့်ယှက်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့၏လှုပ်ရှားမှုများကို ထိန်းချုပ်သည့် အထူးနိယာမများနှင့် သူတို့ကိုဖော်ပြသည့် တိကျသည့် အချက်အလက်တို့သည် ဖန်ဆင်းရှင်၏ အခွင့်အာဏာနှင့် ကြိုတင်ပြဌာန်း သတ်မှတ်ပြီး ဖြစ်သည်။ သူတို့သည် ဖန်ဆင်းရှင်၏ စိုးပိုင်မှုနှင့် ထိန်းချုပ်မှုအောက်တွင် ဤနိယာမများကို သူတို့ဖာသာ နာခံလိုက်လျှောက်ပါသည်။ ကျယ်ပြန့်သည့် ရှုထောင့်မှကြည့်လျှင် တစ်ချို့ပုံစံများ၊ တစ်ချို့ အချက်အလက်များ၊ တစ်ချို့ ထူးဆန်းပြီး ရှင်းပြ၍မရနိုင်သည့် နိယာမများ သို့မဟုတ် ထူးခြားဖြစ်ရပ်များကို လူသားတို့ ရှာဖွေဖော်ထုတ်ရန် မခက်ပါ။ လူသားမျိုးနွယ်က ဘုရားသခင် တည်ရှိသည်ဆိုသည်ကို ဝန်မခံသော်လည်း၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊ ဖန်ဆင်းရှင်၏ အခွင့်အာဏာ တည်ရှိမှုကို မသိမြင်သော်လည်း၊ လူသား သိပ္ပံပညာရှင်များ၊ အာကာသ သိပ္ပံပညာရှင်များ၊ ရူပဗေဒပညာရှင်များသည် စကြဝဠာထဲတွင်ရှိသည့် အရာအားလုံး၏ဖြစ်တည်မှု၊ သူတို့၏လှုပ်ရှားမှုတွေကို သတ်မှတ်သည့် အခြေခံစည်းမျဉ်းနှင့် ပုံစံများအားလုံးသည် ကြီးမားကျယ်ပြန့်ပြီး မမြင်နိုင်သည့် စွမ်းအင်နက်တစ်ခုက အုပ်စိုးပြီး ထိန်းချုပ်ထားသည်ဆိုတာကို ပိုပိုပြီး ရှာဖွေတွေ့ရှိလာကြသည်။ ဤအချက်သည် ဤလှုပ်ရှားမှုပုံစံတွေကြားထဲမှာ အရာအားလုံးကို ကိုင်တွယ်ညွှန်ကြားနေသည့် တန်ခိုးအစွမ်းရှိသည့်သူတစ်ဦး ရှိနေသည်ကို လူသားကို လက်ခံအသိအမှတ်ပြုစေသည်။ သူ၏တန်ခိုးအစွမ်းက ထူးခြားဆန်းကြယ်သည်။ သူ့မျက်နှာကို မည်သူမှ မမြင်နိုင်သော်လည်း သူသည် အချိန်တိုင်းတွင် အရာရာတိုင်းကို အုပ်စိုးပြီး ထိန်းချုပ်သည်။ မည်သည့်လူသား သို့မဟုတ် အစွမ်းမှ သူ၏ အချုပ်အခြာအာဏာကို မကျော်လွန်နိုင်။ ဤအချက်ကို ကြည့်ပြီး အရာအားလုံး၏ ဖြစ်တည်မှုကို အုပ်ချုပ်နေသည့် နိယာမများကို လူသားတို့က မထိန်းချုပ်နိုင်၊ မည်သူမှ မပြောင်းလဲနိုင် ဆိုသည်ကို လူသားက သိမြင်ရပါမည်။ ထို့နောက် တစ်ချိန်တည်းမှာ လူသားများသည် ဤနိယာမတို့ကို အပြည့်အဝ နားမလည်နိုင်ဆိုသည်ကို ဝန်ခံရမည်။ သူတို့သည် သဘာဝအလျောက် ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ အရှင်သခင်တစ်ယောက်က ထိန်းချုပ်ထားပါသည်။ ဤ အရာအားလုံးက ကျယ်ပြန်သည့်ရှုထောင့်မှ လူသားမျိုးနွယ် သတိပြုနိုင်သည့် ဘုရားသခင်၏ အခွင့်အာဏာ ဖော်ပြချက်များ ဖြစ်ပါသည်။

အနုစိတ်ရှုထောင့်တွင် လူသားတို့သည် ကမ္ဘာမြေကြီးပေါ်မှာ မြင်တွေ့နိုင်သည့် တောင်များအားလုံး၊ မြစ်များ၊ ကန်များ၊ ပင်လယ်များနှင့် ကုန်းမြေများ၊ သူတွေ့ကြုံရသည့် ရာသီဥတုအားလုံး၊ အပင်များ၊ တိရိစ္ဆာန်များ၊ အဏုဇီဝရုပ်များနှင့် လူသားများပါဝင်သည့် ကမ္ဘာမြေကြီးပေါ် နေထိုင်သည့် အရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် သက်ရောက်မှုရှိပြီး ဘုရားသခင်က ထိန်းချုပ်ထားပါသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် အရာအားလုံးသည် သူ၏ စိတ်ကူးနှင့်အညီ ဖြစ်ပေါ်လာသည် သို့မဟုတ် ပျောက်ကွယ်သွားပါသည်။ သူတို့၏အသက်သည် နိယာမအချို့ဖြင့် လွှမ်းမိုးထားပြီး သူတို့သည် ဤနိယာမတွေနှင့်အညီ ကြီးထွားပြီး ပွားများကြပါသည်။ မည်သူမှ သို့မဟုတ် မည်သည့်အရာမှ ဤ နိယာမများ၏ အထက်တွင် မရှိပါ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ တစ်ခုတည်းသောအဖြေမှာ ဘုရားသခင်၏ အခွင့်အာဏာကြောင့်ဖြစ်သည်။ သို့မဟုတ် တစ်ခြားနည်းနှင့်ပြောလျှင် ဘုရားသခင်၏ စိတ်ကူးနှင့် ဘုရားသခင်၏ စကားတွေကြောင့်ပါ။ ဘုရားသခင်ကိုယ်တိုင် ဤ အရာအားလုံးကို ပြုလုပ်သည့်အတွက်ဖြစ်သည်။ ဆိုလိုသည်မှာ ဤနိယာမတွေကို ဖြစ်ပေါ်စေခြင်းက ဘုရားသခင်၏ အခွင့်အာဏာနှင့် ဘုရားသခင်၏စိတ်ဖြစ်ပါသည်။ သူ၏စိတ်ကူးနှင့်အညီ ဤနိယာမများသည် ရွှေ့ပြောင်းမည်ဖြစ်ပြီး ဤရွှေ့ပြောင်းမှုအားလုံးသည် သူ၏အစီအစဉ်အရ ဖြစ်ပေါ် သို့မဟုတ် ပျောက်ကွယ်ပါမည်။ ဥပမာ ကူးစက်ရောဂါ ပြန့်ပွားခြင်းကို ကြည့်ပါ။ သူတို့သည် ရုတ်တရက်ဖြစ်ပေါ်သည်။ မည်သူမှ သူတို့၏ အရင်းအမြစ်ကို မသိပါ။ သို့မဟုတ် အဘယ်ကြောင့်ဖြစ်ရသည်ဆိုသည့် တိကျသည့်အကြောင်းပြချက်ကို မသိပါ။ ကူးစက်ရောဂါပြန့်ပွားမှုက နေရာတစ်ခုကို ရောက်တိုင်း ကံဆိုးသူများသည် ဘေးဒုက္ခကနေ မလွတ်မြောက်နိုင်ကြပါ။ လူသားတို့၏ သိပ္ပံပညာသည် ကြောက်စရာ ကောင်းသည့် သို့မဟုတ် အန္တရာယ်ရှိသည့် ပိုးမွှားတွေကြောင့်ဖြစ်သည့် ကူးစက်ရောဂါနှင့် သူတို့၏ ပျံ့ပွားနှုန်း၊ အတိုင်းအတာနှင့် ကူးစက်ခြင်းနည်းလမ်းတွေကို လူသားတို့၏ သိပ္ပံပညာအားဖြင့် ကြိုတင်မခန်မှန်းနိုင် သို့မဟုတ် မထိန်းချုပ်နိုင်သည်ကို နားလည်ပါသည်။ လူသားမျိုးနွယ်သည် တတ်နိုင်သလောက် ခုခံသော်လည်း ကူးစက်ရောဂါ ပျံ့ပွားသည့်အခါ မည်သည့်လူ သို့မဟုတ် တိရစ္ဆာန်တို့သည် မလွဲမရှောင်ကူးစက်ခြင်းများကို မထိန်းချုပ်နိုင်ပါ။ လူသားတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာက ခုခံကာကွယ်ခြင်းနှင့် သုတေသနလုပ်ခြင်းပင်ဖြစ်သည်။ သို့သော်လည်း ကူးစက်ရောဂါ ပျံ့နှံခြင်းတစ်ခုစီတိုင်း၏ အစ သို့မဟုတ် အဆုံးသတ်ကို ရှင်းလင်းစေသည့် အရင်းအမြစ် အကြောင်းအရာကို မည်သူမှမသိပါ။ မည်သူမှ မထိန်းချုပ်နိုင်ပါ။ ကူးစက်ရောဂါဖြစ်ပေါ် ပျံ့ပွားခြင်းကို ရင်ဆိုင်ရသည့်အခါ လူသားတို့လုပ်သည့် ပထမဆုံး လုပ်ဆောင်ချက်က ဖြေဆေးတစ်ခု ဖော်ထုတ်ခြင်း ဖြစ်သည်။ သို့သော်လည်း မကြာခဏပင် ဖြေဆေး အဆင်သင့်မဖြစ်ခင်တွင် ကူးစက်ရောဂါပျံ့နှံ့ခြင်းက အဆုံးသတ်ပါသည်။ ကူးစက်ရောဂါ ပျံ့ပွားခြင်းက အဘယ်ကြောင့် အဆုံးသတ်သနည်း။ တစ်ချို့က ရောဂါပိုးများကို ထိန်းချုပ်နိုင်လိုက်သည်ဟု ဆိုကြသည်။ တစ်ချို့က ရာသီဥတု အပြောင်းအလဲကြောင့် ပြီးဆုံးသွားသည်ဟု ဆိုသည်။ ဤထင်ကြေးပေးချက်များက အကျိုးအကြောင်းသင့်သည်ဖြစ်စေ မသင့်သည်ဖြစ်စေ၊ သိပ္ပံပညာက ရှင်းပြချက် မပေးနိုင်ပါ။ တိကျသည့် အဖြေကို မပေးနိုင်ပါ။ လူသားမျိုးနွယ် ရင်ဆိုင်ရသည်မှာ ဤထင်ကြေးပေးချက်များ တင်မဟုတ်ဘဲ လူသားမျိုးနွယ်၏ နားလည်မှုနည်းပါးခြင်းနှင့် ကူးစက်ရောဂါပျံ့ပွားမှုကို ကြောက်ရွံ့ခြင်းတို့ ဖြစ်ပါသည်။ နောက်ဆုံး စစ်ဆေးလေ့လာပြီးသည့်နောက် ကူးစက်ရောဂါပျံ့ပွားခြင်းက အဘယ်ကြောင့်ဖြစ်ပေါ်သည် သို့မဟုတ် အဘယ်ကြောင့် အဆုံးသတ်သွားသည်ဆိုတာကို မည်သူမှ မသိပါ။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် သိပ္ပံကိုသာ လုံးဝအားထားပြီး သိပ္ပံမှာပဲ ယုံကြည်မှုရှိသည်။ ထို့နောက် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို မသိမြင်သည့်အတွက် သို့မဟုတ် သူ့၏ အချုပ်အခြာအာဏာကို လက်မခံသည့်အတွက် ဖြစ်ပါသည်။ သူတို့သည် ဘယ်သောအခါမျှ အဖြေရမည် မဟုတ်ပါ။

ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် အရာအားလုံးသည် သူ၏အခွင့်အာဏာကြောင့်၊ သူ၏ စီမံခန့်ခွဲမှုကြောင့် ဖြစ်တည်ပြီး ပျောက်ပျက်ပါသည်။ တစ်ချို့အရာတွေက တိတ်တဆိတ်ပေါ်လာပြီး ပျောက်ပျက်သွားသည်။ လူသားသည် သူတို့မည်သည့်အရပ်ကလာသည်ကို မပြောနိုင်ပါ။ သို့မဟုတ် သူတို့ပြုမူသည့် စည်းမျဉ်းကို နားမလည်နိုင်ပါ။ သူတို့အဘယ်ကြောင့်လာသည်၊ သွားသည်ဆိုသည့် အကြောင်းပြချက်ကို နားလည်ရန် ပိုပြီး မဖြစ်နိုင်ပါ။ လူသားသည် အရာအားလုံးကြားတွင် ဖြတ်သန်းသွားသည့် အရာအားလုံးကို မြင်တွေ့နိုင်၊ ကြားနိုင်၊ ကြုံတွေ့နိုင်သော်လည်း၊ သူတို့အားလုံးသည် လူသားနှင့် ဆက်နွယ်မှုရှိသော်လည်း၊ လူသားသည် တမူထူးခြားမှု၊ ပုံမှန်ဖြစ်ပေါ်မှု သို့မဟုတ် ထူးခြားဖြစ်ရပ် အမျိုးမျိုးတို့၏ ထူးဆန်းမှုကိုပင် မသိစိတ်မှ ဖမ်းမိသော်လည်း ဤအရာများနောက်မှာတည်ရှိသည့် ဖန်ဆင်းရှင်၏ အလိုနှင့် သူ့၏စိတ်နှင့်ပတ်သက်ပြီး မည်သည်ကိုမျှမသိသေးပါ။ ဤအရာများနောက်တွင် အဖြစ်အပျက်များစွာ၊ ဖုန်းကွယ်ထားသည့် အမှန်တရားများစွာ ရှိပါသည်။ လူသားသည် ဖန်ဆင်းရှင်၏ အဝေးကို ထွက်သွားခဲ့သည့်အတွက်၊ ဖန်ဆင်းရှင်၏ အခွင့်အာဏာသည် အရာအားလုံးကို အုပ်စိုးသည် ဆိုသည့်အချက်ကို လက်မခံသည့်အတွက်၊ သူသည် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာအောက်မှာ ဖြစ်ပျက်သည့် အရာရာတိုင်းကို ဘယ်သောအခါမှ သိမြင်ပြီး နားလည်သဘောပေါက်မည် မဟုတ်ပါ။ အများစုမှာ ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာသည် လူသားကြံစည်တွေးတောခြင်း၊ လူသား၏ အသိပညာ၊ လူသား၏ နားလည်မှု၊ လူသား၏ သိပ္ပံပညာက ရရှိနိုင်သည့် နယ်ပယ်ထက် ကျော်လွန်ပါသည်။ ဖန်ဆင်းခံ လူသားမျိုးနွယ်၏ အစွမ်းက ဤအရာတွေကို မယှဉ်နိုင်ပါ။ လူအချို့တို့ကပြောသည်။ "ဘုရားသခင်၏ အချုပ်အခြာ အာဏာကို သင်ကိုယ်တိုင် မမြင်တွေ့ရသည့်အတွက် အရာရာတိုင်းက သူ့၏အခွင့်အာဏာအပေါ် သက်ရောက်မှုရှိသည်ကို သင်မည်သို့ယုံမည်နည်း။" မြင်တွေ့ခြင်းက အစဉ်အမြဲ ယုံကြည်ခြင်း မဟုတ်ပါ။ မြင်တွေ့ခြင်းက အစဉ်အမြဲ သိမြင်ခြင်းနှင့် နားလည်ခြင်း မဖြစ်ပါ။ သို့ လျှင် ယုံကြည်မှုက မည်သည်က လာသနည်း။ ဒါကို ငါသေချာပေါက် ပြောနိုင်ပါသည်။ "ယုံကြည်ခြင်းက အကြောင်းအရာများ ၏ ဖြစ်ပေါ်သည့် အရင်းအမြစ်နှင့် အမှန်တရားအပေါ် လူတို့၏ နားလည်မှု၊ တွေ့ကြုံမှု၏ အဆင့်နှင့် အတိမ်အနက် မှ လာပါသည်။" သင်က ဘုရားသခင် တည်ရှိသည် ဟု ယုံကြည်သော်လည်း သင်က အရာအားလုံးအပေါ် ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာကို သတိပြုမိဖို့ကို ထားလိုက်ပြီး မသိမြင်နိုင်ဘူးဆိုလျှင် သင့်၏ နှလုံးသားမှာ ဘုရားသခင်က ဤလိုအခွင့်အာဏာမျိုး ရှိသည်၊ ဘုရားသခင်၏ အခွင့်အာဏာသည် အတုမရှိ ဆို သည် ကို သင်ဘယ် သောအခါ မှ ဝန်ခံမှာမဟုတ်ပါ။ သင်သည် ဖန်ဆင်းရှင်ကို သင်၏သခင်၊ သင်၏ဘုရားအဖြစ် ဘယ်သောအခါမှ အမှန်တကယ် လက်ခံမှာ မဟုတ်ပါ။

လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် စကြဝဠာ၏ ကံကြမ္မာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ခွဲခြား၍မရပါ

သင်တို့အားလုံး အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်။ သင်တို့ထဲမှ တစ်ချို့က လူလတ်ပိုင်း ဖြစ်သည်။ တစ်ချို့က သက်ကြီးပိုင်းထဲကို ဝင်နေသည်။ မယုံကြည်သူမှ ယုံကြည်သူအထိ၊ ဘုရားသခင်ကို စတင်ယုံကြည်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံခြင်းနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုတွေကို ကြုံတွေ့ခြင်းအထိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်ပြီး သင်တို့တွင် အသိပညာ မည်မျှ ရှိပါသနည်း။ လူသားကံကြမ္မာကို မည်သို့ သိမြင်နားလည်မှု ရခဲ့သနည်း။ လူတစ်ယောက်က ဘဝတွင် သူဆန္ဒရှိသမျှ အားလုံးကို ရနိုင်ပါသလော။ သင်ဖြစ်တည်လာပြီး ဆယ်စုနှစ် အနည်းငယ်မှာ သင်ဆန္ဒရှိသည့်အရာ ဘယ်နှစ်ခု ပြီးမြောက်ပါသနည်း။ ဘယ်နှစ်ခုက ထင်သလို မဖြစ်ခဲ့ပါသနည်း။ ဘယ်နှစ်ခုက ကိုယ်ကြိုက်နှစ်သက်သည့် အံ့သြစရာအနေနှင့် ရောက်လာပါသနည်း။ အချိန်ကောင်းကို မသိစိတ်ကနေ စောင့်နေရင်း၊ ကောင်းကင်ဘုံ၏ အလိုကို စောင့်နေရင်း အကျိုးရလဒ်ကောင်းတွေ ရဖို့အတွက် လူတို့သည် အကြောင်းအရာ ဘယ်နှစ်ခုစောင့်နေပါသနည်း။ အကြောင်းအရာဘယ်နှစ်ခုက လူတို့ကို ပိတ်ပင်တားဆီးပြီး အကူအညီမဲ့သလို ခံစားစေခဲ့သနည်း။ လူတိုင်းက သူတို့၏ ကံကြမ္မာနှင့်ပတ်သက်ပြီး မျှော်လင့်ချက်များ နှင့် ပြည့်နေသည်။ သူတို့ဘဝတွင် အရာရာသည် သူတို့ဆန္ဒရှိသလို ဖြစ်မည်၊ အစားအစာ သို့မဟုတ် အဝတ်အစားအတွက် မလို၊ သူတို့၏ စည်းစိမ်များသည် သိပ်အံ့သြစရာကောင်းအောင် မြှင့်တက်လာမည်ဟု မျှော်လင့်ကြသည်။ ဆင်းရဲပြီး ဖိနှိပ်ခံရသည့်ဘဝ၊ အခက်အခဲများနှင့် ပြည့်နေသည့်ဘဝ၊ ဘေးဒုက္ခတွေနှင့် ဝန်းရံနေသည့်ဘဝကို မည်သူမှ မလိုချင်ပါ။ သို့သော်လည်း လူတို့သည် ဤ အရာတွေကို ကြိုမမြင်နိုင် သို့မဟုတ် မထိန်းချုပ်နိုင်ပါ။ တစ်ချို့အတွက်က အတိတ်ဆိုသည်မှာ အတွေ့အကြုံများ ရောထွေးနေခြင်းပဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူတို့သည် ကောင်းကင်ဘုံ၏ အလိုက မည်သည် ဆိုတာကို ဘယ် သောအခါမှ မသိမြင်သလို ဂရုလည်းမစိုက်ပါ။ သူတို့၏ဘဝကို တိရစ္ဆာန်များကဲ့သို့ မဆင်မခြင်နှင့် တစ်နေ့ပြီးတစ်နေ့ အသက်ရှင်နေထိုင်ရင်း၊ လူသားမျိုးနွယ်၏ ကံကြမ္မာက မည်သို့နည်း၊ လူသားတွေက အဘယ်ကြောင့်အသက်ရှင်သည် သို့မဟုတ် မည်သို့ရှင်သန်ရမည်ဆိုသည်ကို ဂရုမစိုက်ဘဲနေရင်း အသက်ရှင်ကြသည်။ ဤလူတို့သည် လူသား၏ကံကြမ္မာကို နားလည်ခြင်းမရှိဘဲ အသက်ကြီးလာကြသည်။ သူတို့သေသည့်အချိန်အထိ ဘဝဆိုသည် မည်သို့နည်းဆိုသည်ကို မသိကြပါ။ ဤလိုလူတွေက လူသေတွေပါ။ သူတို့သည် ဝိညာဉ်မပါသည့် သက်ရှိများဖြစ်သည်။ သူတို့သည် သားရဲတိရစ္ဆာန်တွေ ဖြစ်သည်။ အရာအားလုံးကြားမှာ အသက်ရှင်နေထိုင်ရင်း၊ ကမ္ဘာကြီးက သူတို့၏ ရုပ်ဝတ္ထုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသည့် နည်းလမ်းများကနေ လူတို့သည် ပျော်ရွှင်မှုတွေကို ရယူနိုင်သော်လည်း၊ ဤရုပ်ဝတ္ထုကမ္ဘာသည် အစဉ်တစိုက် တိုးတက်နေခြင်းကို သူတို့မြင်ရသော်လည်း သူတို့၏ကိုယ်ပိုင်အတွေ့အကြုံ၊ သူတို့၏ နှလုံးသားနှင့် ဝိညာဉ်က ခံစားပြီး ကြုံတွေ့ရသည့်အရာတို့သည် ရုပ်ဝတ္ထုတို့နှင့် မည်သို့မျှမသက်ဆိုင်ပါ၊ မည်သည့်ရုပ်ဝတ္ထုပစ္စည်းမှ ဤအရာအတွက် အစားထိုး မဖြစ်နိုင်ပါ။ ယင်းသည် နှလုံးသားထဲမှာရှိသည့် သိမြင်ခြင်းဖြစ်သည်။ ပကတိမျက်စိနှင့် မြင်လို့မရနိုင်သည့် အရာပါ။ ဤ သိမြင်ခြင်းသည် လူသားဘဝနှင့် လူသားကံကြမ္မာအပေါ် သူ၏နားလည်မှု၊ ခံစားမှုတို့ထဲမှာ တည်ရှိပါသည်။ ဤအရာသည် မမြင်ရသည့် အရှင်သခင်တစ်ယောက်က အရာအားလုံးကို စီစဉ်နေသည်၊ လူသားအတွက် အရာရာတိုင်းကို ကိုင်တွယ်ညွှန်ကြားနေသည် ဆိုသည့်အပေါ် နားလည်စေပါသည်။ ဤအရာအားလုံးထဲတွင် လူတစ်ယောက်သည် ကံကြမ္မာ၏စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုများကို လက်ခံရုံပဲရှိပါသည်။ ဖန်ဆင်းရှင်ချပေးသည့်လမ်း၊ သူ၏ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံရုံပဲရှိပါသည်။ ဤကား မငြင်းနိုင်သည့် အချက်တစ်ခုပါ။ ကံကြမ္မာနှင့်ပတ်သက်ပြီး မည်သို့ ထိုးထွင်းသိမြင်မှုနှင့် သဘောထားပဲရှိပါစေ ဤအချက်ကို မည်သူမှ မပြောင်းနိုင်ပါ။

သင်နေ့တိုင်း ဘယ်ကိုသွားမည်၊ ဘာလုပ်မည်၊ ဘယ်သူ သို့မဟုတ် မည်သည်ကို သင်ကြုံတွေ့မည်၊ သင် ဘာပြောမည်၊ သင့်ဆီမှာ ဘာတွေဖြစ်မည်၊ ဤ အရာအားလုံးကို ကြိုတင်ခန့်မှန်း နိုင်ပါသလော။ လူတွေက ဤ အဖြစ်အပျက်အားလုံးကို ကြိုမမြင်နိုင်ပါ။ ဒါတွေ မည်သို့ဖြစ်သည်ဆိုတာကို ထိန်းချုပ်ဖို့ ပိုပြီး မဖြစ်နိုင်ပါ။ ဘဝမှာ ဤ ကြိုမမြင်နိုင်သည့် အဖြစ်အပျက်တွေက အချိန်ပြည့်ဖြစ်ပေါ်နေပြီး နေ့စဉ်ဖြစ်ပေါ်သည့် အရာတစ်ခုပါ။ ဤနေ့စဉ်လောကဓံတရားများနှင့် သူတို့ဖြစ်ပေါ်သည့် နည်းလမ်း သို့မဟုတ် ဖြစ်ပေါ်သည့် ပုံစံတို့သည် မည်သည့်အရာမျှ ဖြစ်ချင်သလိုမဖြစ်ကြောင်း၊ ဤအရာများ၏ ကြီးထွားရင့်သန်သည့် လမ်းစဉ်နှင့်၊ ရှောင်လွှဲမရခြင်းတို့သည် လူသား၏ စိတ်အလိုနှင့် မရွှေ့ပြောင်းနိုင်ကြောင်းတို့ကို လူသားမျိုးနွယ်အား အစဉ်တစိုက် သတိပေးနေသည်။ အဖြစ်အပျက်တိုင်းက လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်၏ အသိပေးချက်တစ်ခု ပါဝင် ဆက်သွယ်နေပြီး လူသားမျိုးနွယ်သည် သူတို့၏ ကိုယ်ပိုင်ကံကြမ္မာကို မထိန်းချုပ်နိုင်ဆိုသည့် အချက်ကို ဤအရာက အသိပေးနေပါသည်။ တစ်ချိန်တည်းမှာပဲ အဖြစ်အပျက်တိုင်းက လူသား၏ ကြမ်းတမ်းသည့် အချည်းနှီးဖြစ်သည့် ရည်ရွယ်ချက်နှင့် ကံကြမ္မာကို ကိုယ်တိုင်ရယူလိုချင်သည့် ဆန္ဒအတွက် ပြန်လည် ချေပချက်တွေပဲ ဖြစ်သည်။ ဤအရာများသည် အဆုံးမှာ မည်သူက သူတို့၏ ကံကြမ္မာကို အုပ်စိုးပြီး ထိန်းချုပ်နေသည်ဆိုသည်ကို ပြန်လည် သုံးသပ်ဖို့ လူတွေကို တိုက်တွန်းနေရင်း လူသားမျိုးနွယ်၏ နားကို တစ်ဖက်ပြီးတစ်ဖက် လက်နှင့် ရိုက်ချက်များကဲ့သို့ပင်ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်တွေနှင့် လိုအင်ဆန္ဒများသည် တစ်ကြိမ်ပြီးတစ်ကြိမ် ပိတ်ပင်တားဆီးခံရပြီး ပျက်စီးကြေမွသွားသည့်အခါ လူသားတို့သည် မသိစိတ်ကနေ ကံစီမံသမျှကို လက်ခံခြင်း၊ အမှန်တရားကို လက်ခံခြင်း၊ ကောင်းကင်ဘုံနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းကို သဘာဝအလျောက် ရောက်ရှိလာပါသည်။ ဤနေ့စဉ် လောကဓံတရားမှ လူသားတို့ဘဝတစ်ခုလုံး၏ ကံကြမ္မာတွေအထိ ဖန်ဆင်းရှင်၏ အစီအစဉ်နှင့် သူ့၏ အချုပ်အခြာအာဏာကို ဖွင့်မပြသည့်အရာ တစ်ခုမှမရှိပါ။ "ဖန်ဆင်းရှင်၏ အခွင့်အာဏာသည် သာလွန်ကြီးမြတ်သည်" ဆိုသည့် ထာဝရအမှန်တရားကို မပြသည့် "ဖန်ဆင်းရှင်၏ အခွင့်အာဏာကို မကျော်လွန်နိုင်"ဆိုသည့် အချက်ကို မပြသည့် အရာတစ်ခုမှ မရှိပါ။

လူသားမျိုးနွယ်နှင့် စကြဝဠာ၏ကံကြမ္မာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် နီးစပ်စွာရစ်ပတ်နေပြီး ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုမှာ ခွဲထွက်မရအောင် ချည်နှောင်ထားပါသည်။ အဆုံးမှာ သူတို့သည် ဖန်ဆင်းရှင်၏ အခွင့်အာဏာမှ ဆွဲခွာလို့မရပါ။ အရာအားလုံး၏ နိယာမများမှတစ်ဆင့် လူသားသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် သူ၏ အချုပ်အခြာအာဏာကို နားလည်လာသည်။ ရှင်သန်ရပ်တည်နေရေး စည်းမျဉ်းမှတစ်ဆင့် သူသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို သတိပြုမိလာသည်။ အရာအားလုံး၏ ကံကြမ္မာကနေ ဖန်ဆင်းရှင်က သူ့အခွင့်အာဏာကို အသုံးချပြီး သူတို့ကို ထိန်းချုပ်သည့် နည်းလမ်းများနှင့် ပတ်သက်ပြီး သူကောက်ချက်ဆွဲသည်။ အရာအားလုံးနှင့် လူသားတို့၏ ဘဝစက်ဝန်းတွင် လူသားသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အရာအားလုံးနှင့် သက်ရှိအားလုံးတို့အတွက် အစီအစဉ်တို့ကို အမှန်တကယ် တွေ့ကြုံရသည်။ ဤ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်တို့သည် ကမ္ဘာမြေကြီးနှင့်ဆိုင်သည့် နိယာမများ အားလုံး၊ စည်းမျဉ်းများ၊ အလေ့အထများ၊ အ ခြားတန်ခိုးအစွမ်းနှင့် စွမ်းအင်များ အားလုံးကို မည်သို့ ဝင်ရောက် နေရာယူသည်ကို အမှန်တကယ် မျက်မြင်တွေ့ရှိရသည်။ ဤအချက်ကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာသည် ဘယ်ဖန်ဆင်းခံကမှ ချိုးဖောက်၍ မရဆိုသည်ကို၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ခဲ့သည့် အဖြစ်အပျက်နှင့် အကြောင်းအရာတွေကို ဘယ်စွမ်းအားကမှ ဝင်ရောက်နှောင့်ယှက်၍ မရဆိုသည်ကို လူသားမျိုးနွယ်ကို လက်ခံစေပါသည်။ လူသားနှင့် အရာအားလုံးသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်နေထိုင်ပြီး မျိုးပွား ခြင်းက ဤမြင့်မြတ်သည့် နိယာမများနှင့် စည်းမျဉ်းများ၏ အောက်တွင်ဖြစ်ပါသည်။ ဤကား ဖန်ဆင်းရှင် အခွင့်အာဏာ၏ စစ်မှန်သည့် ပုံဆောင်ချက်တစ်ခုပင် မဟုတ်လော။ ဤဓမ္မဓိဌာန်ကျသည့် နိယာမများတွင် အရာအားလုံးနှင့် အဖြစ်အပျက်အားလုံးအတွက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အမိန့်ချမှတ်မှု များကို လူသားက မြင်သော်လည်း စကြဝဠာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ အခြေခံသဘောတရားများကို မည်သူက နားလည်ဖမ်းဆုပ်နိုင်ပါသနည်း။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် သူတို့၏ကိုယ်ပိုင်ကံကြမ္မာအပေါ် စီမံမှုကို အမှန်တကယ်သိနိုင်၊ အသိအမှတ်ပြုနိုင်၊ လက်ခံနိုင်ပြီး ဝန်ခံအပ်နှံနိုင်သည့်သူ ဘယ်နှစ်ယောက်ရှိပါသနည်း။ အရာအားလုံးအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ အချက်အလက်ကို ယုံကြည်ပြီး ဖန်ဆင်းရှင်က လူသားဘဝ၏ ကံကြမ္မာကို အမိန့်ပေးသည်ဆိုသည်ကိုလည်း မည်သူက အမှန်တကယ်ယုံကြည်ပြီး အသိအမှတ်ပြုပါသနည်း။ လူသား၏ ကံကြမ္မာသည် ဖန်ဆင်းရှင်၏ လက်ထဲမှာရှိသည်ဆိုသည့် အချက်ကို မည်သူက အမှန်တကယ် နားလည်သဘောပေါက် ပါသနည်း။ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို အုပ်စိုးပြီး ထိန်းချုပ်သည်ဆိုသည့်အချက်ကို ရင်ဆိုင်ပြီးသည့်အခါ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် လူသားမျိုးနွယ်သည် မည်သို့သဘောထားမျိုး ထားမည်နည်းဆိုသည့် ဆုံးဖြတ်ချက်သည် ဤအချက်နှင့်ရင်ဆိုင်ပြီးသည့် လူသားတိုင်း သူတို့ကိုယ်တိုင်ပြုလုပ်ရမည့် ဆုံးဖြတ်ချက်ပဲ ဖြစ်ပါသည်။

လူသားဘဝတစ်ခုမှာရှိသည့် ဆုံမှတ်ခြောက်ခု

လူသား၏ ဘဝလမ်းကြောင်းတွင် အရေးကြီးသည့် ဆုံမှတ်များသို့ လူတိုင်းရောက်ကြပါသည်။ ဤအရာများသည် အခြေခံအကျဆုံး၊ အရေးအကြီးဆုံး၊ ဘဝတွင် လူတစ်ယောက်၏ ကံကြမ္မာကို ပိုင်းခြားသတ်မှတ်သည့် အဆင့်များဖြစ်ကြပါသည်။ အောက်ပါအချက်တို့သည် လူတိုင်း သူ့ဘဝ သို့မဟုတ် သူမ၏ ဘဝလမ်းကြောင်းမှာ ဖြတ်သန်းရမည့် ဘဝမှတ်တိုင်သုံးခု၏ အကျဉ်းချုပ် အချက်အလက်များဖြစ်ပါသည်။

မွေးဖွားခြင်း - ပထမဆုံမှတ်

လူတစ်ယောက် မွေးဖွားသည့်အခါ သူ သို့မဟုတ် သူမက မည်သည့်မိသားစုမှ မွေးသည်၊ လိင်အမျိုးအစား၊ ပုံသဏ္ဌာန်၊ မွေးဖွားချိန်၊ ၄င်းတို့သည် လူတစ်ယောက်ဘဝ၏ ပထမဆုံမှတ် အသေးစိတ် အချက်အလက်များ ဖြစ်ပါသည်။

ဤဆုံမှတ်တွင် မည်သူမှ ဤအပိုင်းတွေကို ရွေးချယ်ခွင့်မရှိပါ။ ဤအရာ အားလုံးသည် ဖန်ဆင်းရှင်အားဖြင့် ရှေးကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်ပါသည်။ ဤအရာတို့သည် ပြင်ပပတ်ဝန်းကျင်မှ ဘယ်နည်းလမ်းနှင့်မှ လွှမ်းမိုးခံရခြင်း မရှိပါ။ ဖန်ဆင်းရှင်က ကြိုတင်ပိုင်းခြား သတ်မှတ်ပေးထားသည့် ဤအချက်တွေကို လူသားပြုလုပ်ထားသည့် မည်သည့်အချက်ကမှ မပြောင်းလဲနိုင်ပါ။ လူတစ်ယောက် မွေးဖွားလာခြင်းက ထိုလူအတွက် ဖန်ဆင်းရှင် စီစဉ်ထားသည့် ကံကြမ္မာ၏ ပထမအဆင့် ပြီးပြည့်စုံပြီးခြင်းဖြစ်သည်ဟု ဆိုလိုပါသည်။ သူသည် ဤအသေးစိတ် အချက်အလက် အားလုံးကို ရှေးကတည်းက ကြိုပြီး ပိုင်းခြားသတ်မှတ် ထားသောကြောင့် မည်သူကမှ မည်သည့်အချက်ကိုမှ ပြောင်းနည်းနိုင်သည့် အစွမ်းမရှိပါ။ လူတစ်ယောက်၏ နောက်ပိုင်းဖြစ်လာမည့် ကံကြမ္မာတို့နှင့် မသက်ဆိုင်ဘဲ သူ့၏မွေးဖွာခြင်း အခြေအနေများက ကြိုတင်သတ်မှတ်ထားပြီးဖြစ်၍ ၄င်းအတိုင်းပဲ ရှိပါသည်။ ဤအချက်တို့ကို လူတစ်ယောက်ဘဝ၏ ကံကြမ္မာက ဘယ်နည်းလမ်းနှင့်မှ လွှမ်းမိုးမှုမရှိသကဲ့သို့ ဤကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဘယ်နည်းနှင့်မှ သက်ရောက်မှု မရှိပါ။

၁။ ဖန်ဆင်းရှင်၏ အစီအစဉ်အားဖြင့် ဘဝသစ်တစ်ခု မွေးဖွားသည်

လူတစ်ယောက်၏ မွေးဖွားရာနေရာ၊ မိသားစု၊ လိင်အမျိုးအစား၊ ရုပ်အသွင်အပြင်၊ မွေးဖွားသည့် အချိန်ဖြစ်သည့် ပထမဆုံမှတ်တွင် မည်သည့်အသေးစိတ် အချက်အလက်ကို လူတစ်ယောက်က ရွေးချယ်နိုင်စွမ်း ရှိပါသလော။ သိသာပါသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းက ကိုယ်တိုင်ပြုလုပ်လို့မရသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။ လူတစ်ယောက်သည် နေရာတစ်နေရာ၊ အချိန်တစ်ခု၊ မိသားစုတစ်စုမှာ၊ ရုပ်အသွင်အပြင်တစ်ခုနှင့် ကိုယ့်သဘောနှင့် မဟုတ်ဘဲ မွေးဖွားပါသည်။ လူတစ်ယောက်သည် အိမ်ထောင်စုတစ်စုတွင် ကိုယ့်သဘောနှင့်မဟုတ်ဘဲ အဖွဲ့ဝင်ဖြစ်လာပြီး မိသားစုမျိုးဆက်တစ်ခုတွင် အမွေဆက်ခံပါသည်။ လူတစ်ယောက်သည် ဤပထမဆုံမှတ်မှာ ရွေးစရာလမ်းမရှိဘဲ ဖန်ဆင်းရှင်၏ အစီအစဉ်နှင့်အညီ သတ်မှတ်ထားသည့် ပတ်ဝန်းကျင်တစ်ခု၊ သတ်မှတ်ထားသည့် မိသားစုတစ်စု၊ သတ်မှတ်ထားသည့် လိင်အမျိုးအစားနှင့် အသွင်အပြင်တစ်ခုနှင့်၊ သူ့ဘဝလမ်းကြောင်းနှင့် နီးကပ်စွာ ဆက်သွယ်နေသည့် သတ်မှတ်ထားသည့် အချိန်တွင် မွေးဖွားပါသည်။ အလွန်အရေးပါသည့် ဤဆုံမှတ်တွင် လူတစ်ယောက်သည် မည်သည့်အရာ ကို လုပ်နိုင်ပါသနည်း။ အားလုံးပေါင်းလိုက်လျှင်၊ လူတစ်ယောက်သည် သူ၏ မွေးဖွားခြင်းနှင့် ပတ်သက်ပြီး ဤအသေးစိတ် အချက်အလက်များမှ တစ်ခုကိုမှ ရွေးချယ်လို့မရပါ။ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းနှင့် သူ့၏လမ်းညွှန်မှုမရှိလျှင် ဤကမ္ဘာတွင် အသစ်မွေးဖွားလာသည့် သက်ရှိတစ်ဦးသည် မည်သည့်နေရာကိုသွားရမည် သို့မဟုတ် မည်သည့်နေရာတွင် နေရမည်ဆိုတာကို မသိပါ။ ဆွေမျိုးရှိမည်မဟုတ်ပါ။ မည်သည့်နေရာကိုမှ မပိုင်ဆိုင်ဘဲ စစ်မှန်သည့်အိမ်ရှိမှာ မဟုတ်ပါ။ သို့သော်လည်း ဖန်ဆင်းရှင်၏ စေ့စပ်သေချာသည့် အစီအစဉ်ကြောင့် နေစရာနေရာတစ်ခုနှင့်၊ မိဘများနှင့်၊ သူပိုင်ဆိုင်သည့်နေရာနှင့်၊ ဆွေမျိုးများနှင့် သူ၏ဘဝခရီးကို စတင်ပါသည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် ဤ ဘဝသစ်တစ်ခု ပေါ်ထွက်မှုသည် ဖန်ဆင်းရှင်၏ အစီအစဉ်နှင့် ပိုင်းခြားသတ်မှတ် ခြင်းဖြစ်ပါသည်။ သူပိုင်ဆိုင်လာမည့် အရာအားလုံးကို ဖန်ဆင်းရှင်က ချပေးသနားပါလိမ့်မည်။ မည်သည့်အမည်မှမရှိသေးသည့် လွတ်လွတ်လပ်လပ် လွင့်မျောနေသည့် ကိုယ်ခန္ဓာတစ်ခုမှ အသွေးနှင့်အသားနှင့် ဖြစ်လာသည်။ မြင်နိုင်လာသည်။ ရှင်းလင်းပြတ်သားသည့် လူသားတစ်ယောက်ဖြစ်လာသည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းတစ်ခုဖြစ်သည့်၊ စဉ်းစားတတ်သည့်၊ အသက်ရှူသည့်၊ အပူနှင့်အအေးကို သိရှိခံစားနိုင်သည့်၊ ရုပ်ဝတ္ထုကမ္ဘာမှာ ဖန်ဆင်းခံတစ်ယောက်၏ သာမန်လှုပ်ရှားမှုအားလုံးကို ပါဝင်လုပ်ဆောင်နိုင်သည့်၊ ဖန်ဆင်းခံတစ်ယောက်က ဘဝမှာ ကြုံတွေ့ရမည့် အရာအားလုံးကို ဖြတ်သန်းရမည့် သူတစ်ယောက် ဖြစ်လာပါမည်။ လူတစ်ယောက်ကို မွေးဖွားခြင်းမှာ ဖန်ဆင်းရှင်၏ ကြိုတင်ပိုင်းခြား သတ်မှတ်ခြင်းသည် ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်သည့် အရာအားလုံးကို ဤလူအား ချပေးသနားလိမ့်မည်လို့ ဆိုလိုပါသည်။ လူတစ်ယောက်က ဤကဲ့သို့ မွေးဖွားလာခြင်းသည် သူသို့မဟုတ် သူမသည် ဖန်ဆင်းရှင်ထံမှ ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်သည့် အရာအားလုံးကို လက်ခံရရှိလိမ့်မည်၊ ဤအချိန်မှစပြီး ဖန်ဆင်းရှင်က ပံ့ပိုးပေးသည့် နောက်ပုံစံတစ်ခုနှင့် သူသို့မဟုတ် သူမသည် အသက်ရှင်နေထိုင်မည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာ သက်ရောက်မှုရှိမည်ဟုဆိုလိုပါသည်။

၂။ မတူညီသည့် လူသားတို့သည် မတူညီသည့် အခြေအနေများအောက်တွင် အဘယ်ကြောင့် မွေးဖွားလာသနည်း

လူတို့သည် နောက်တစ်ကြိမ် မွေးဖွားလာလျှင် ဂုဏ်ရှိပြီး ကျော်ကြားသည့် မိသားစုတွင် မွေးလိမ့်မည်ဟု ကြံစည် စဉ်းစားကြသည်။ သူတို့က အမျိုးသမီးများဖြစ်လျှင် စနှိုးဝှိုက်နှင့် တူပြီး အားလုံးက ချစ်ခင်ကြမည်။ သူတို့က အမျိုးသားဖြစ်လျှင် ဘာကိုမှမလိုအပ်သည့်၊ သူစေခိုင်းတာကိုလုပ်မည့် တစ်ကမ္ဘာလုံးက လူတွေရှိသည့် ချောမောလှပသည့် မင်းသားလေးဖြစ်မည်။ သူတို့၏မွေးနေ့နှင့်ပတ်သက်ပြီး အမြင်မှားသည့်သူ အများကြီးရှိပြီး မကြာခဏမကျေမနပ်ဖြစ်ကြသည်။ သူတို့မိသားစု၊ သူတို့၏ အသွင်အပြင်၊ သူတို့၏ လိင်အမျိုးအစား၊ သူတို့မွေးသည့် အချိန်ကိုပင် မကျေမနပ် ဖြစ်ကြသူများရှိသည်။ သို့သော်လည်း လူတို့က ဤမိသားစုတွင် အဘယ်ကြောင့် မွေးလာသည် သို့မဟုတ် အဘယ်ကြောင့် ဤပုံစံ ဖြစ်သည်ကို လုံးဝ နားမလည်ကြပါ။ သူတို့မည်သည့်အရပ်တွင် မွေးသည်ဖြစ်စေ၊ မည်သို့ပုံစံရှိသည်ဖြစ်စေ၊ သူတို့သည် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှုတွင်ရှိသည့် မတူညီသည့် တာဝန်များကို ပြီးပြည့်စုံစေရန်နှင့် နေရာအမျိုးမျိုးတို့တွင် လှုပ်ရှားဖို့ဆိုတာကို သူတို့မသိကြပါ။ ဤရည်ရွယ်ချက်က ဘယ်သောအခါမှ မပြောင်းလဲပါ။ ဖန်ဆင်းရှင်၏အမြင်တွင် လူတစ်ယောက်မွေးဖွားသည့်နေရာ၊ လိင်အမျိုးအစား၊ ရုပ်အသွင်အပြင်၊ ၄င်းတို့အားလုံးသည် ယာယီများဖြစ်ပါသည်။ သူတို့သည် လူသားမျိုးနွယ် တစ်ခုလုံးအပေါ် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှု၏ ပြောင်းလဲမှုအဆင့် တစ်ခုစီမှာရှိသည့် အလွန်မှုန်မွှားသည့် အစက်အပြောက်လေးများ၊ အလွန်သေးငယ်သည့် သင်္ကေတလေးများ ဖြစ်ကြပါသည်။ လူတစ်ယောက်၏ စစ်မှန်သည့်ပန်းတိုင်နှင့် အဆုံးသတ်သည့် သီးသန့်ပြောင်းလဲမှု အဆင့်တစ်ခုတွင်ရှိသည့် သူ၏ သို့မဟုတ် သူမ၏ မွေးဖွားခြင်းအားဖြင့် ပိုင်းခြားသတ်မှတ်ခြင်း မဟုတ်ဘဲ ဘဝတိုင်းမှာ သူသို့မဟုတ် သူမ ပြီးမြောက်စေသည့် တာဝန်အားဖြင့်၊ ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှု အစီအစဉ်တို့ ပြီးဆုံးသည့်အချိန်တွင်သာ သူတို့အပေါ် ဖန်ဆင်းရှင်၏ တရားစီရင်မှုအားဖြင့် ပိုင်းခြားဆုံးဖြတ်မည် ဖြစ်ပါသည်။

အကျိုးတရားတိုင်းတွင် အကြောင်းတရားရှိပြီး အကြောင်းတရားမရှိသည့် အကျိုးဆိုသည်မှာ မရှိပါဟု ဆိုကြပါသည်။ ထို့ကြောင့် လူတစ်ယောက်၏ မွေးဖွားခြင်းသည် သူ၏လက်ရှိဘဝနှင့် ယခင်ဘဝနှစ်ခုလုံးနှင့် သေချာပေါက် ဆက်သွယ်နေပါသည်။ လူတစ်ယောက်၏ သေဆုံးခြင်းသည် သူတို့၏လက်ရှိဘဝကို အဆုံးသတ်စေခဲ့လျှင် လူတစ်ယောက်၏ မွေးဖွားခြင်းသည် စက်ဝန်းအသစ်၏ အစတစ်ခုဖြစ်သည်။ စက်ဝန်းအဟောင်းက လူတစ်ယောက်၏ ယခင်ဘဝကို ကိုယ်စားပြုသည်ဆိုလျှင် စက်ဝန်းအသစ်က အလိုအလျောက် သူတို့၏ လက်ရှိဘဝဖြစ်ပါသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းက သူ၏ယခင်ဘဝနှင့် လက်ရှိဘဝကို ဆက်သွယ်နေသည့်အတွက် သူ၏မွေးဖွားမှုနှင့် ဆက်စပ်နေသည့် တည်နေရာ၊ မိသားစု၊ လိင်အမျိုးအစား၊ အသွင်အပြင်နှင့် တစ်ခြား အချက်အလက်များ အားလုံးသည် သူတို့နှင့် သေချာပေါက် ဆက်သွယ်နေပါသည်။ ဤကား လူတစ်ယောက်၏ မွေးဖွားခြင်းနှင့်ပတ်သက်သည့် အချက်အလက်တို့သည် ယခင်ဘဝ၏ လွှမ်းမိုးမှု ရှိရုံတင်မကဘဲ လက်ရှိဘဝတွင် သူ၏ပန်းတိုင်ကို ပိုင်းခြားသတ်မှတ်သည်ဟု အဓိပ္ပါယ်ရသည်။ ၄င်းသည် လူတို့ မွေးဖွားလာသည့် အခြေအနေအမျိုးမျိုးနှင့် ဆက်စပ်နေသည်။ လူအချို့က ဆင်းရဲသည့် မိသားစုတွေမှာ မွေးဖွားကြသည်။ အချို့က ချမ်းသာသည့် မိသားစုတွင် မွေးဖွားသည်။ တစ်ချို့က သာမန်လူတန်းစားမှ လာပြီး၊ တစ်ချို့က ဂုဏ်ရှိပြီး ကျော်ကြားသည့် မျိုးရိုးများ ရှိကြသည်။ တစ်ချို့က တောင်ပိုင်းတွင်မွေးသည်။ တစ်ချို့က မြောက်ပိုင်းတွင်မွေးသည်။ တစ်ချို့က သဲကန္တာရထဲတွင် မွေးသည်။ တစ်ချို့က စိမ်းလန်းသည့် မြက်ပင်မြေတွင် မွေးသည်။ တစ်ချို့လူတို့၏ မွေးဖွားခြင်းက အသိအမှတ်ပြုမှု၊ ရယ်သံ၊ ပွဲကျင်းပမှုတွေနှင့် အတူယှဉ်တွဲသည်။ တစ်ချို့က မျက်ရည်၊ ဘေးဒုက္ခ၊ ဝမ်းနည်းစိတ်ညစ်ခြင်းတို့ သယ်ဆောင်လာသည်။ တစ်ချို့က တန်ဖိုးအထားခံ ရန်အတွက် မွေးဖွားလာသည်။ တစ်ချို့က မြက်ပင်တွေလို ဘေးကို အပစ်ခံရသည်။ တစ်ချို့က ကောင်းမွန်သည့် ပုံသဏ္ဌာန်များနှင့် မွေးဖွားသည်။ တစ်ချို့က ပုံပန်းမကျသည့် အရာများနှင့် မွေးသည်။ တစ်ချို့ကချစ်စရာ အလွန်ကောင်းသည်။ တစ်ချို့က ရုပ်ဆိုးသည်။ တစ်ချို့က သန်းခေါင်ယံတွင် မွေးသည်။ တစ်ချို့က နေ့လည်နေ၏ တောက်လောင်မှုအောက်တွင် မွေးသည်။ အမျိုးအစား အားလုံးတွင်ရှိသည့် လူတို့၏ မွေးဖွားခြင်းက ဖန်ဆင်းရှင် သူတို့အတွက် ပြင်ဆင်ထားသည့် ကံကြမ္မာအားဖြင့် ပိုင်းခြားသတ်မှတ် ထားပါသည်။ သူတို့၏မွေးဖွားမှုသည် လက်ရှိဘဝက သူတို့၏ကံကြမ္မာနှင့် သူတို့လှုပ်ရှားရမည့် နေရာများနှင့် သူတို့ပြီးမြောက်ရမည့် တာဝန်များကို သတ်မှတ်ပေးသည်။ ဤအရာအားလုံးသည် ဖန်ဆင်းရှင် အချုပ်အခြာအာဏာ၏ သက်ရောက်မှုရှိသည်။ သူက ကြိုတင်သတ်မှတ်ထားသည်။ သူတို့၏ကြိုတင် သတ်မှတ်ထားသည့် ပန်းတိုင်မှ မည်သူမှ မလွတ်မြောက်နိုင်ပါ။ သူတို့မွေးဖွားခြင်း၏ အခြေအနေများကို[က] မည်သူမှ မပြောင်းလဲနိုင်ပါ။ သူတို့၏ ကိုယ်ပိုင်ကံကြမ္မာကို ဘယ်သူမှ မရွေးချယ်နိုင်ပါ။

အရွယ်ရောက်လာခြင်း- ဒုတိယဆုံမှတ်

မည်သည့်မိသားစုမျိုးမှာ မွေးလာသည်ဆိုသည့်အပေါ် မူတည်ပြီး လူတို့သည် မတူညီသည့်အိမ် ပတ်ဝန်းကျင်များတွင် ကြီးပြင်းလာပြီး သူတို့မိဘတွေဆီများမှ မတူညီသည့် သင်ခန်းစာများကို သင်ကြားကြသည်။ ဒါက လူတစ်ယောက် ကြီးပြင်းလာသည့် အခြေအနေအပေါ် သတ်မှတ်ပြီး အရွယ်ရောက်ခြင်းက[ခ] လူတစ်ယောက်ဘဝ၏ ဒုတိယအရေးပါသည့် ဆုံမှတ်ကို ကိုယ်စားပြုသည်။ ပြောပြစရာမလိုပါ။ လူတွေက ဤဆုံမှတ်တွင်လည်း ရွေးစရာလမ်းမရှိပါ။ ၄င်းသည်လည်း သတ်မှတ်ပြီးသား ကြိုတင်စီစဉ်ပြီးသားဖြစ်သည်။

၁။ လူတစ်ယောက် ကြီးပြင်းသည့် အခြေအနေတွေကို ဖန်ဆင်းရှင်က သတ်မှတ်သည်

လူတစ်ယောက်သည် သူသို့မဟုတ် သူမကြီးပြင်းရမည့် သွန်သင်ဆုံးမမှုနှင့် လွှမ်းမိုးမှု ပြုလုပ်မည့် လူ သို့မဟုတ် အချက်အလက်များကို မရွေးချယ်နိုင်ပါ။ လူတစ်ယောက်သည် မည်သည့်အသိပညာ သို့မဟုတ် ကျွမ်းကျင်မှုကို သူရရှိမည်၊ မည်သို့အကျင့်မျိုး ဖြစ်မည်ကို မရွေးချယ်နိုင်ပါ။ သူ့၏မိဘများနှင့် အမျိုးများက မည်သူ ဖြစ်မည်၊ မည်သည့်ပတ်ဝန်းကျင်တွင် ကြီးပြင်းမည်ဆိုတာကို မရွေးချယ်နိုင်ပါ။ လူတစ်ယောက်၏ လူများနှင့် ဆက်ဆံရေး၊ ဖြစ်ရပ်များ၊ သူ့ပတ်ဝန်းကျင်က အကြောင်းအရာများ၊ သူ့၏ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့လွှမ်းမိုးသည် ဆိုသည်မှာ အားလုံးက သူ့ထိန်းချုပ်မှုထက်ပိုပြီး ကျော်လွန်ပါသည်။ သို့ဆိုလျှင် ၄င်းတို့ကိုမည်သူက ဆုံးဖြတ်သနည်း။ မည်သူက စီစဉ်သနည်း။ ဤကိစ္စများတွင် လူက ရွေးချယ်လို့မရသည့်အတွက် ဒါတွေကို သူတို့ကိုယ်တိုင် မဆုံးဖြတ်နိုင်သည့်အတွက်၊ သူတို့သည် သိသာစွာနှင့်ပဲ ပုံသဏ္ဌာန်ကို သဘာဝအတိုင်း မလုပ်သည့်အတွက်၊ ဤအရာများအားလုံး၏ ဖြစ်ပေါ်ပုံက ဖန်ဆင်းရှင်၏ လက်ထဲမှာရှိသည်ဆိုတာ ပြောစရာမလိုတော့ပါ။ ဖန်ဆင်းရှင်က လူတိုင်း မွေးဖွားမှု၏ သီးသန့်အခြေအနေတွေကို စီစဉ်သလို သူကြီးပြင်းမည့် သီးသန့်အခြေအနေ တစ်ခုကိုလည်း စီစဉ်ပါသည်။ ဒါက ပြောဖို့မလိုပါ။ လူတစ်ယောက်၏ မွေးဖွားမှုက လူတွေ၊ ဖြစ်ရပ်တွေ၊ သူသို့မဟုတ် သူမဘေးပတ်ဝန်းကျင်က အကြောင်းအရာပတ်ဝန်းကျင်ကို ပြောင်းလဲစေသည်ဆိုလျှင် ဤလူ၏ကြီးပြင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကလည်း သူတို့ကိုအမှန်တကယ် သက်ရောက်မှု ရှိမည်။ ဥပမာ လူအချို့က ဆင်းရဲသည့် မိသားစု တွင်မွေးသည်။ သို့သော်လည်း ချမ်းသာမှုများ ဝန်းရံပြီး ကြီးပြင်းသည်။ တစ်ချို့က ချမ်းသာသည့်မိသားစုတွင် မွေးသည်။ သို့သော်လည်း သူတို့မိသားစု၏ စည်းစိမ်ကို လျှော့နည်းသွားစေသည်။ ဤသို့နှင့် သူတို့သည် ဆင်းရဲသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းသည်။ မည်သူ၏ မွေးဖွားခြင်းကမှ သတ်မှတ်ထားသည့် စည်းမျဉ်းနှင့် အုပ်ချုပ်ခြင်းမရှိပါ။ မည်သူကမှ သတ်မှတ်ထားသည့် ရှောင်လွှဲလို့မရသည့် အခြေအနေအောက်မှာ မကြီးပြင်းပါ။ ဒါတွေက လူတစ်ယောက် စဉ်းစားတွေးတောနိုင်သည့် သို့မဟုတ် ထိန်းချုပ်နိုင်သည့် အရာများ မဟုတ်ပါ။ ဤအရာများသည် လူတစ်ယောက် ကံကြမ္မာ၏ ထုတ်ကုန်များ ဖြစ်ပြီး သူ့ကံကြမ္မာကို သတ်မှတ်သည်။ သိသာပါသည်။ အဓိကက ဤအရာများသည် ဖန်ဆင်းရှင်က လူတစ်ယောက်၏ ကံကြမ္မာနှင့် ကြိုတင်သတ်မှတ်ထားပါသည်။ ဤအရာများသည် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏနှင့် ဤလူ၏ ကံကြမ္မာအတွက် သူ၏ အစီအစဉ်တို့က ပိုင်းခြားသတ်မှတ်ထားပါသည်။

၂။ လူတို့ အရွယ်ရောက်သည့် အခြေအနေအမျိုးမျိုးတို့က မတူညီသည့် အခန်းကဏ္ဍများကို ဖြစ်ပေါ်စေသည်

လူတစ်ယောက် မွေးဖွားခြင်း၏ အခြေအနေများသည် အခြေခံအဆင့် တစ်ခုအပေါ်မှာ တည်ဆောက် ပါသည်။ သူတို့ကြီးပြင်းသည့် ပတ်ဝန်းကျင်နှင့် အခြေအနေ၊ လူတစ်ယောက်ကြီးပြင်းသည့် အခြေအနေများသည် သူ၏ သို့မဟုတ် သူမ၏ မွေးဖွားမှု အခြေအနေများ၏ ထုတ်ကုန်တစ်ခုဖြစ်ပါသည်။ ဤအချိန်တွင် ဘာသာစကားကို စပြီး သင်ယူလာသည်။ အစဉ်တစိုက် ကြီးပြင်းနေသည့် ဖြစ်စဉ်တွင် သူ့စိတ်က အကြောင်းအရာအသစ် များစွာကို ကြုံတွေ့ပြီး နားလည်လက်ခံလာသည်။ လူတစ်ယောက်သည် သူ့နားနှင့် ကြားသည့်အရာများ၊ သူ့မျက်လုံးနှင့် မြင်သည့်၊ သူ့စိတ်ထဲမှာ ခံယူသည့်အရာများ တဖြည်းဖြည်းနှင့် ပေါများလာပြီး သူ့အတွင်းကမ္ဘာကို သက်ဝင်လှုပ်ရှားစေသည်။ သူတွေ့ကြုံလာရသည့် လူများ၊ ဖြစ်ရပ်များ၊ အကြောင်းအရာများ၊ သူသင်ယူသည့် အသိတရား၊ အသိပညာ၊ ကျွမ်းကျင်မှု၊ သူလွှမ်းမိုးခံရသည့်၊ စွဲမြဲအောင်သင်ယူခံရသည့်၊ သင်ကြားခဲ့ရသည့် စဉ်းစားပုံများအားလုံးသည် လူတစ်ယောက်၏ဘဝတွင် သူ့ကံကြမ္မာနှင့် လမ်းညွှန်ပြီး လွှမ်းမိုးပါလိမ့်မည်။ သူကြီးလာသည့် အလျောက် သင်ယူသည့် ဘာသာစကားနှင့် သူ၏စဉ်းစားပုံနည်းလမ်းက သူ့ငယ်ဘဝတွင် အချိန်ကုန်ဆုံးခဲ့သည့် ပတ်ဝန်းကျင်မှ ခွဲခြားလို့မရပါ။ ဤ ပတ်ဝန်းကျင်မှ မိဘများ၊ မွေးချင်းများ၊ တစ်ခြားလူများ၊ အဖြစ်အပျက်များ၊ သူသို့မဟုတ် သူမ၏ဘေးပတ်လည်က အကြောင်းအရာများ ပါဝင်ပါသည်။ ထို့ကြောင့် လူတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းရင်းကို သူကြီးပြင်းသည့် ပတ်ဝန်းကျင်က သတ်မှတ်ပြီး လူများ၊ အဖြစ်အပျက်များ၊ ဤအချိန်ကာလတွေမှာ သူကြုံတွေ့ရသည့် အကြောင်းအရာများ အပေါ်လည်း မူတည်ပါသည်။ လူတစ်ယောက် ကြီးပြင်းသည့် အခြေအနေတွေကို ရှေးကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်သည့်အတွက် ဤဖြစ်စဉ်အတွင်း သူနေထိုင်သည့် ပတ်ဝန်းကျင်ကလည်း အလိုအလျောက် ကြိုတင်ပိုင်းခြားသတ်မှတ်ပြီး ဖြစ်သည်။ လူတစ်ယောက်၏ ရွေးချယ်မှုနှင့် ကြိုက်နှစ်သက်မှုအပေါ် သတ်မှတ်ခြင်းမဟုတ်ဘဲ ဖန်ဆင်းရှင်၏ အစီအစဉ်အားဖြင့် သတ်မှတ်သည်။ ဖန်ဆင်းရှင်၏ ဂရုတစိုက် စီစဉ်မှု၊ လူတစ်ယောက်၏ဘဝတွင် သူ့ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအားဖြင့် သတ်မှတ်သည်။ ထို့ကြောင့် ဤကြီးပြင်းမှု လမ်းကြောင်းတွင် လူတို့ ကြုံတွေ့ရသည့် လူများ၊ သူကြုံတွေရသည့် အကြောင်းအရာများ အားလုံးသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်မှ ရှောင်လွှဲလို့မရဘဲ တွယ်ဆက်နေပါသည်။ လူတို့သည် ဤကဲ့သို့ ရှုပ်ထွေးသည့် အပြန်အလှန် ဆက်ဆံရေးမျိုးကို ကြိုတင်မမြင်နိုင်သလို မထိန်းချုပ်နိုင် သို့မဟုတ် နားလည်သဘောပေါက်ခြင်း မရှိနိုင်ပါ။ များပြားလှသည့် မတူညီသည့် အကြောင်းအရာများနှင့် များပြားသည့် မတူညီသည့် လူတို့သည် လူတစ်ယောက်ကြီးပြင်းသည့် ပတ်ဝန်းကျင်အပေါ် ဆက်နွယ်မှုရှိပြီး မည်သည့်လူသားမှ ဤကဲ့သို့ ကျယ်ပြန့်သည့် ဆက်စပ်မှု ကွန်ယက်ကို စီစဉ်နိုင် စီစဉ်ညွှန်ကြားနိုင်သည့် အစွမ်းမရှိပါ။ လူအမျိုးမျိုး၊ ဖြစ်ရပ်များနှင့် အကြောင်းအရာများအားလုံး၏ ပေါ်ပေါက်မှု၊ တည်ရှိမှုနှင့် ကွယ်ပျောက်မှုတို့ကို ဖန်ဆင်းရှင်မှလွဲပြီး မည်သူမျှ သို့မဟုတ် မည်သည့်အရာမှ မထိန်းချုပ်နိုင်ပါ။ ဖန်ဆင်းရှင်မှ ကြိုတင်သတ်မှတ်ထားသလို လူတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှုကို ပုံဖော်သည့်၊ လူတို့ကြီးပြင်းသည့် ပတ်ဝန်းကျင်အမျိုးမျိုးမှ ကျယ်ပြန့်သည့် ဆက်နွယ်မှု ကွန်ယက်မျိုးဖြစ်ပြီး လူတို့သည် သူတို့၏ တာဝန်များကို အောင်မြင်စွာ ပြီးမြောက်စေဖို့အတွက် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှုအလုပ်၊ ချမှတ်ထားသည့် စိတ်ချရသည့် ခိုင်မာသည့်အုတ်မြစ်အတွက် လိုအပ်သည့် တာဝန်နေရာအမျိုးမျိုးကို ဖန်တီးပါသည်။

အမှီအခိုကင်းခြင်း- တတိယ ဆုံမှတ်

လူတစ်ယောက်သည် ကလေးဘဝ၊ ကြီးကောင်ဝင်ချိန်ကို ဖြတ်သန်းပြီး ရင့်ကျက်သည့်အရွယ်ကို တဖြည်းဖြည်းနှင့် ရှောင်လွှဲလို့မရဘဲ ရောက်လာသည့်အခါ နောက်တစ်ဆင့်က သူတို့အတွက် သူတို့၏ငယ်ရွယ်မှုကို လုံးဝနှုတ်ဆက်လိုက်ဖို့၊ သူတို့၏မိဘများကို နှုတ်ဆက်ပြီး အမှီအခိုကင်းသည့် အရွယ်ရောက်ပြီး သူတစ်ယောက်အနေနှင့် ရှေ့လမ်းကို ရင်ဆိုင်ဖို့အတွက် ဖြစ်ပါသည်။ ဤအချိန်တွင်[ဂ] အရွယ်ရောက်ပြီးသူ တစ်ယောက် ကြုံတွေ့ရမည့်၊ သူတို့ကံကြမ္မာကွင်းဆက်၏ အချိတ်အဆက်များအားလုံးကို ရင်ဆိုင်ရမည့် လူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများအားလုးကို သူတို့ရင်ဆိုင်ရပါမည်။ ဤကားလူတစ်ယောက် ဖြတ်သန်းသွားရမည့် တတိယဆုံမှတ်ပါ။

၁။ အမှီအခိုကင်းပြီးနောက်တွင် လူတစ်ယောက်သည် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို စတင်ကြုံတွေ့လာသည်

လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် ကြီးပြင်းခြင်းသည် သူ၏ဘဝခရီးအတွက် "ကြိုတင်ပြင်ဆင်ခြင်း ကာလ" ဖြစ်ပြီး၊ လူတစ်ယောက်၏ ကံကြမ္မာ၏ အုတ်မြစ်ချခြင်း ဖြစ်ပါသည်။ ထို့နောက်တွင် လူတစ်ယောက်၏ အမှီအခို ကင်းခြင်းသည် သူ့ဘဝကံကြမ္မာက ဖွင့်ပြလာသည့် ဖော်ပြချက်ဖြစ်ပါသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် ကြီးပြင်းခြင်းသည် သူတို့ဘဝကံကြမ္မာအတွက် စုဆောင်းခဲ့သည့် ချမ်းသာမှုဖြစ်မည်ဆိုလျှင်၊ လူတစ်ယောက်၏ အမှီအခိုကင်းခြင်းသည် ဤချမ်းသာခြင်းကို သူတို့အသုံးချသည့်အချိန် သို့မဟုတ် ဖြည့်စွက်သည့်အချိန်ပင် ဖြစ်ပါသည်။ လူတစ်ယောက်သည် မိဘများကို ထားခဲ့ပြီး ကိုယ်တိုင်ရပ်တည်သူ တစ်ယောက်ဖြစ်လာသည့်အခါ သူလျှင်ဆိုင်ရသည့် လူမှုရေးရာ အခြေအနေများ၊ သူရရှိနိုင်သည့် အလုပ်နှင့် လုပ်ငန်းအမျိုးအစားနှစ်ခုလုံးသည် ကံကြမ္မာ၏ စီရင်ထုံးဖွဲ့ခြင်းကို ခံရခြင်းဖြစ်ပြီး သူ့မိဘတွေနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပါ။ လူအချို့က မေဂျာ ကောင်းကောင်းကို ရွေးချယ်ပြီး ဘွဲ့ရပြီးနောက် ကျေနပ်စရာကောင်းသည့်အလုပ်ကို ရှာဖွေတွေ့ရှိရင်း သူတို့ဘဝခရီးတွင် အောင်မြင်သည့် ပထမခြေလှမ်းကို လှမ်းရင်း အဆုံးသတ်ကြသည်။ လူအချို့က ပညာအမျိုးမျိုးကို သင်ယူပြီး ကျွမ်းကျင်သော်လည်း သူတို့နှင့် သင့်တော်သည့် အလုပ် သို့မဟုတ် သူတို့၏ ရာထူးနေရာကို လုံးဝရှာမတွေ့ပါ။ လုပ်ငန်းတစ်ခုရှိဖို့ ပိုပြီးမဖြစ်နိုင်ပါ။ သူတို့၏ ဘဝခရီးအစတွင် အလှည့်အပြောင်း တိုင်းမှာ ပိတ်ပင်တားဆီးခံရခြင်း၊ ပြဿနာများ ဝန်းရံလာခြင်း၊ သူတို့ရှေ့ရေးသည် စိတ်ညစ်စရာဖြစ်လာပြီး သူတို့၏ဘဝသည် သေချာမှုမရှိပါ။ လူအချို့တို့တို့သည် စာကို လုံ့လရှိရှိနှင့် အသုံးချသည်။ သို့သော်လည်း ပိုမြင့်သည့် ပညာရေးရရန် သူတို့၏ အခွင့်အရေးအားလုံး ကျဉ်းမြောင်းစွာနှင့် လွဲချော်သွားခဲ့ပြီး အောင်မြင်မှုမရရန် သေချာသည့်ပုံစံဖြစ်သွားသည်။ သူတို့ဘဝခရီးတွင် သူတို့၏ပထမဆုံး စိတ်အားထက်သန်မှုသည် လေထဲ ပျောက်ကွယ်သွားသည်။ ရှေ့မှာရှိသည့်လမ်းက ချောမွေ့သလော သို့မဟုတ် ကြမ်းတမ်းသလောဆိုတာ မသိဘဲ[ဃ] လူသား၏ ပန်းတိုင်အမျိုးမျိုးက မည်မျှထိ များပြားနေသနည်းဆိုတာကို ပထမဆုံးအကြိမ် သူတို့ခံစားကြရပြီး ဘဝကို မျှော်လင့်ခြင်း၊ စိုးရိမ်ခြင်းတို့နှင့် မှတ်ယူကြသည်။ လူအချို့တို့က ပညာသိပ်မတတ်ကြသော်လည်း စာအုပ်များရေးပြီး အောင်မြင်မှု အတိုင်းအတာ တစ်ခုအထိ ရရှိကြသည်။ တစ်ချို့ကတော့ လုံးဝ စာမတတ်သော်လည်း စီးပွားရေးနှင့် ဝင်ငွေရှာပြီး ဤနည်းနှင့် သူတို့ကိုယ်သူတို့ ထောက်ပံ့နိုင်သည်။ လူတစ်ယောက် မည်သည့်အလုပ်အကိုင် ရွေးချယ်သည်၊ မည်သို့ အသက်မွေးဝမ်းကျောင်း ပြုလုပ်သည်၊ လူတွေက ကောင်းမွန်သည့် ရွေးချယ်မှု သို့မဟုတ် မကောင်းသည့် ရွေးချယ်မှုလုပ်သည့်အပေါ်မှာ ထိန်းချုပ်မှုရှိသလော။ လူတွေက သူတို့၏ဆန္ဒနှင့် ဆုံးဖြတ်ချက်အပေါ်မှာ ကိုက်ညီကြသလော။ လူအများစုက အလုပ်နည်းနည်းလုပ်ပြီး ပိုက်ဆံများများရချင်ကြသည်။ နေပူထဲ မိုးထဲတွင် မလုပ်ဖို့၊ အဝတ်ကောင်းကောင်းဝတ်ပြီး နေရာတိုင်းမှာ လင်းလက်တောက်ပနေဖို့၊ တစ်ခြားလူတွေထက် မြင့်ဖို့၊ သူတို့၏ ဘိုးဘေးတွေ ဂုဏ်ယူကြဖို့ ဆန္ဒရှိကြသည်။ လူတို့၏ ဆန္ဒသည် အလွန် ပြီးပြည့်စုံသည်။ သို့သော်လည်း လူတွေက သူတို့ဘဝခရီးတွင် ပထမခြေလှမ်းကို စလှမ်းသည့်အခါ လူသား၏ပန်းတိုင်က မည်မျှထိ ပြည့်စုံမှုမရှိသနည်းဆိုတာကို တဖြည်းဖြည်း သိမြင်လာကြပြီး လူတစ်ယောက်က သူ၏အနာဂတ်အတွက် ခိုင်မာသည့် အစီအစဉ်များကို ချမှတ်နိုင်သော်လည်း၊ လူတစ်ယောက်သည် ရဲတင်းသည့် စိတ်ကူးယဉ်ဆန်မှုများကို သိမ်းဆည်း ထားနိုင်သော်လည်း၊ သူ၏ သို့မဟုတ် သူမ၏ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ မည်သူမှ အရည်အချင်း သို့မဟုတ် အစွမ်းမရှိကြပါ၊ မည်သူကမှ သူ၏ သို့မဟုတ် သူမ၏ ကိုယ်ပိုင်အနာဂတ်ကို ထိန်းချုပ်နိုင်သည့်နေရာတွင် မရှိဘူးဆိုသည့်အချက်ကို ပထမဆုံးအကြိမ် အမှန်တကယ် နားလည်လာကြသည်။ လူတစ်ယောက်၏ အိပ်မက်နှင့် အမှန်တရားကြားမှာ သူရင်ဆိုင်ရမည့် အကွာအဝေးတစ်ချို့ အမြဲရှိနေပါလိမ့်မည်။ အကြောင်းအရာများသည် လူတစ်ယောက် ဖြစ်စေချင်သည့်အတိုင်း ဘယ်သောအခါမှမဖြစ်ပါ။ ဤအမှန်တရားနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် စိတ်ကျေနပ်မှု သို့မဟုတ် အားရကျေနပ်မှု ဘယ်တော့မှ မရရှိကြပါ။ တစ်ချို့လူတို့သည် စိတ်ကူးလို့ရသည့် အတိုင်းအတာအထိ သွားကြလိမ့်မည်။ သူတို့၏ကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲဖို့ ရည်ရွယ်ချက်နှင့် သူတို့၏ အသက်မွေးဝမ်းကျောင်းနှင့် အနာဂတ်အတွက် ကြီးမားသည့် အားစိုက်မှုများ ပြုလုပ်ပြီး ကြီးမားသည့် စွန့်လွတ်မှုများ ပြုလုပ်ကြသည်။ သို့သော်လည်း အဆုံးမှာ သူတို့၏ ကိုယ်ပိုင်ကြိုးစားမှုများနှင့် အိပ်မက်များကို အကောင်အထည် ဖော်နိုင်ခဲ့သည့်တိုင် သူတို့၏ ကံကြမ္မာတွေကို ဘယ်သောအခါမှ မပြောင်းလဲ နိုင်ပါ။ မည်မျှပင်ဇွဲကြီးကြီးနှင့် ကြိုးစားပါစေ ကံတရားက သူတို့ကို ပိုင်းခြား သတ်မှတ်ပေးသည်ထက် ဘယ်သောအခါမှ ကျော်လွန်နိုင်မှာမဟုတ်ပါ။ အရည်အချင်း၊ ဉာဏ်ရည်ဉာဏ်ကဲ၊ စိတ်ဓါတ်စွမ်းအား မတူညီမှုများနှင့် မသက်ဆိုင်ဘဲ လူအားလုံးသည် ကံကြမ္မာ၏ ရှေ့မှောက်တွင် ညီတူညီမျှဖြစ်ပြီး ကြီးမားခြင်းနှင့် သေးငယ်ခြင်းကြား၊ အမြင့်နှင့် အနိမ့်ကြား၊ ပီတိဖြစ်ခြင်းနှင့် စိတ်တိုခြင်းကြားတွင် ခြားနားချက်မရှိပါ။ လူတစ်ယောက်က ဘာအလုပ်အကိုင် လုပ်ဖို့ကြိုးစားသည်၊ စားဝတ်နေရေးအတွက် မည်သည့်အလုပ်လုပ်သည်၊ ဘဝတွင် ချမ်းသာမှုများ မည်မျှစုစည်းထားသည် စသည်တို့သည် သူ၏မိဘ၊ သူ့ ပါရမီ၊ အားစိုက်ထုတ်မှု သို့မဟုတ် ရည်ရွယ်ချက်တို့နှင့် သတ်မှတ်ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဖန်ဆင်းရှင်မှ ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ပါသည်။

၂။ မိဘများ ကို စွန့်ခွာပြီး ဘဝဇာတ်ခုံပေါ်တွင် ကပြဖို့အတွက် လေးနက်ခိုင်မာစွာ စတင်ခြင်း

လူတစ်ယောက်သည် အရွယ်ရောက်ပြီး ရင့်ကျက်လာသည့်အခါ မိဘများကို စွန့်ခွာပြီး ကိုယ်တိုင် ရပ်တည်လာနိုင်ပါသည်။ ကိုယ့်တာဝန်ကိုယ်ယူရန် အမှန်တကယ် စတင်ပြုလုပ်သည့် အချိန်လည်းဖြစ်သည်။ သူ့ဘဝတာဝန်က ဝေဝါးမနေတော့ဘဲ တဖြည်းဖြည်း ရှင်းလင်းလာသည့် အချိန်လည်း ဖြစ်ပါသည်။ မိဘများနှင့် အနည်းငယ်တော့ နီးကပ်စွာ နေထိုင်ပါသေးသည်။ သို့သော်လည်း ဘဝမှာ သူ့တာဝန်နှင့် အခန်းကဏ္ဍကို လုပ်ဆောင်ခြင်းက သူ့အမေအဖေနှင့် ဘာမှမသက်ဆိုင်သည့်အတွက် အမှန်တကယ်တွင် လူတစ်ယောက်သည် တဖြည်းဖြည်း ကိုယ်ပိုင်ရပ်တည်လာနိုင်သည်နှင့်အမျှ ဤနီးစပ်နေသည့် ချည်နှောင်ကြိုးက တဖြည်းဖြည်းနှင့် ပျက်ပြယ်လာပါသည်။ မျိုးရိုးရှုထောင့်မှကြည့်လျှင် လူတို့သည် မိဘအပေါ်မသိစိတ်က မှီခိုမိနေပါသေးသည်။ သို့သော်လည်း အရှိအတိုင်း ပြောရမည်ဆိုလျှင် သူတို့တွေ အရွယ်ရောက်လာသည်နှင့် သူတို့၏ မိဘများနှင့် လုံးဝခွဲထွက်သွားပြီး သူတို့ တာဝန်ယူထားသည့် အခန်းကဏ္ဍများကို အမှီအခိုကင်းစွာ ပြုလုပ် ဆောင်ရွက်ကြပါလိမ့်မည်။ မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် ကလေးတစ်ယောက်၏ဘဝတွင် မိဘ၏ တာဝန်ဝတ္တရားက သူကြီးပြင်းဖို့ ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့်အတူ သူ့ကို သို့မဟုတ် သူမကို ပံ့ပိုးဖို့ဖြစ်ပါသည်။ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းကလွဲပြီး ဘယ်အရာကမှ လူတစ်ယောက်၏ ကံကြမ္မာပေါ် ဆက်နွယ်မှု မရှိပါ။ လူတစ်ယောက်က မည်သို့အနာဂတ်မျိုး ရှိမည်ကို ဘယ်သူကမှ မထိန်းချုပ်နိုင်ပါ။ ရှေးကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်ပါသည်။ သူ့မိဘများကပင် သူ့ကံကြမ္မာကို မပြောင်းလဲ နိုင်ပါ။ ကံကြမ္မာက ဆက်စပ်နေသရွေ့ လူတိုင်းက အမှီအခိုကင်းပါသည်။ လူတိုင်းက သူ၏ သို့မဟုတ် သူမ၏ ကိုယ်ပိုင်ကံကြမ္မာရှိသည်။ ထို့ကြောင့် မည်သူ၏ မိဘကမှ ကလေး၏ ဘဝကံကြမ္မာကို မပိတ်ပင်နိုင်ပါ။ သို့မဟုတ် ဘဝတွင် သူပြုမှုလှုပ်ရှားသည့် အခန်းကဏ္ဍအပေါ် လွှမ်းမိုးမှုအနည်းငယ်ပင် မသက်ရောက် နိုင်ပါ။ လူတစ်ယောက်က သူမွေးဖွားခံရဖို့ သတ်မှတ်ထားသည့် မိသားစု၊ သူကြီးပြင်းသည့် ပတ်ဝန်းကျင်၊ ယင်းတို့သည် သူ့ဘဝ တာဝန်ကို ပြီးမြောက်စေဖို့အတွက် ကြိုတင်သတ်မှတ်ချက်များ ဖြစ်ခြင်းထက် ဘာမှမပိုပါ။ ဤ အရာတွေက လူတစ်ယောက်၏ ဘဝကံကြမ္မာကို သို့မဟုတ် လူတစ်ယောက် ကသူ၏ သို့မဟုတ် သူမ၏ တာဝန်ကို ပြီးမြောက်စေသည့် ပန်းတိုင်မျိုးကို ဘယ်နည်းနှင့်မှ သတ်မှတ်ခြင်းမရှိပါ။ သို့အတွက်ကြောင့် မည်သူ၏ မိဘကမှ ကလေး၏ ဘဝတာဝန်ကို ပြီးမြောက်စေဖို့ ကူညီ၍မရပါ။ မည်သူ၏ ဆွေမျိုးများမှ သူ့ကို ဘဝတွင် သူ့အခန်းကဏ္ဍကို တာဝန်မယူပေးနိုင်ပါ။ သူ့တာဝန်ကို သူမည်သို့ ပြီးမြောက်အောင် ပြုလုပ်သည်၊ သူ့အခန်းကဏ္ဍကို မည်သို့ ပတ်ဝန်းကျင်မျိုးမှာ ဆောင်ရွက်သည် ဆိုတာတွေက လုံးဝ သူ့ဘဝ ကံကြမ္မာအားဖြင့် သတ်မှတ်ပြီး ဖြစ်ပါသည်။ တစ်ခြားနည်းနှင့်ပြောရလျှင် ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားသည့် လူတစ်ယောက်၏ တာဝန်ကို တစ်ခြား ဘယ်ဦးတည်ချက် အခြေအနေတွေကမှ မလွှမ်းမိုးနိုင်ပါ။ လူအားလုံးက သူတို့၏ ကိုယ်ပိုင်တစ်ဦးချင်းစီ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်မှာ ရင့်ကျက်လာကြပြီး တဖြည်းဖြည်းနှင့် တစ်ဆင့်ပြီးတစ်ဆင့် သူတို့၏ ကိုယ်ပိုင် ဘဝလမ်းမတွေပေါ်မှာ ခရီးစတင်လာကြသည်။ ဖန်ဆင်းခံတွေအနေနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအတွက်၊ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ချက်အတွက် သူတို့၏ တာဝန် ဝတ္တရားတွေကို ပြီးမြောက်စေဖို့ စတင်လုပ်သည့်နေရာဖြစ်သည့် လူသားမျိုးနွယ် ပင်လယ်ပြင်ကျယ်ကြီးထဲကို အလိုအလျောက်ဝင်လာပြီး ဘဝမှာ သူတို့၏ ကိုယ်ပိုင်နေရာတွေကို ခန့်မှန်းယူဆရင်း ဖန်ဆင်းရှင်က သူတို့အတွက် စီစဉ်ထားသည့် ပန်းတိုင်တွေကို ပြီးမြောက်ဖို့ဆောင်ရွက်ကြသည်။

အိမ်ထောင်ပြုခြင်း- စတုတ္ထဆုံမှတ်

လူတစ်ယောက်က အသက်ကြီးလာပြီး ရင့်ကျက်လာသည့်အခါ သူမွေးဖွားကြီးပြင်းခဲ့သည့် ပတ်ဝန်းကျင်နှင့် သူ့မိဘတွေနှင့် ပိုပြီးဝေးကွာလာသည်။ သူ့ဘဝအတွက် ဦးတည်ချက်တစ်ခုကို စတင်ရှာဖွေလာပြီး သူ့မိဘတွေနှင့် ကွဲပြားသည့် ဘဝပုံစံအတွင်း သူ့ကိုယ်ပိုင် ဘဝပန်းတိုင်နောက်ကို လိုက်သည်။ ဤအချိန်တွင် သူ့မိဘတွေကို မလိုအပ်တော့ပါ။ သို့သော်လည်း သူ့ဘဝမှာ သူနှင့်အချိန်ကုန်ဆုံးစေမည့် အဖော်တစ်ယောက် လိုအပ်လာသည်။ သူ့ကံကြမ္မာနှင့် နီးကပ်စွာ ချည်နှောင်ထားသည့် လူတစ်ယောက်ဖြစ်သည့် အိမ်ထောင်ဖက်ဖြစ်ပါသည်။ ဤကဲ့သို့လွတ်လပ်ခြင်း နောက်ကလာသည့် သူရင်ဆိုင်ရမည့် ပထမဆုံး အဓိက ဖြစ်ရပ်သည် အိမ်ထောင်ပြုခြင်း၊ သူ ဖြတ်သန်းရမည့် စတုတ္ထဆုံမှတ်ဖြစ်ပါသည်။

၁။ လူတစ်ယောက်သည် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး ရွေးချယ်စရာမရှိပါ

အိမ်ထောင်ပြုခြင်းသည် လူတိုင်းဘဝ၏ အလွန်အရေးကြီးသည့် ဖြစ်ရပ်ဖြစ်သည်။ တာဝန်ဝတ္တရား အမျိုးမျိုးတို့ကို အမှန်တကယ် အကောင်အထည်ဖော်ရန် စတင်ဖြစ်ပေါ်လာသည့် အချိန်၊ တာဝန်အမျိုးမျိုးကို ပြီးမြောက်စေဖို့ တဖြည်းဖြည်း စတင်လာသည့်အချိန် ဖြစ်ပါသည်။ လူတိုင်းက အိမ်ထောင်ပြုခြင်းကို သူတို့ကိုယ်တိုင် မကြုံရခင်မှာ အထင်မှားများဖြင့် တွေးတောတတ်ကြသည်။ ဤအထင်မှားများအားလုံးသည် လှပတတ်သည်။ အမျိုးသမီးများက သူတို့၏ အမျိုးသားက ချောမောလှပသည့် မင်းသားလေးဖြစ်မည်ဟု စိတ်ကူးကြသည်။ အမျိုးသားများက သူတို့သည် စနှိုးဝှိုက်ကို လက်ထပ်ကြမည်ဟု စိတ်ကူးကြသည်။ ဤ စိတ်ကူးယဉ်မှုက လူတိုင်း၏ အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး သီးသန့်လိုအပ်ချက်တွေ၊ သူတို့ကိုယ်ပိုင် သတ်မှတ်ထားသည့် တောင်းဆိုချက်တွေ၊ စံသတ်မှတ်ချက်တွေ ရှိကြသည်ဆိုတာကို ပြပါသည်။ ဤဆိုးယုတ်သည့် ခေတ်ကာလတွင် လူတို့သည် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး မကောင်းသည့်သတင်းများ တရစပ်ကြားနေရပြီး နောက်ထပ်ပိုများသည့် လိုအပ်ချက်များကို ဖန်တီးလာပြီး ဖြစ်ရပ်မျိုးစုံနှင့် တမူထူးသည့် စိတ်သဘောထားများကို လူတို့အား ပေးနေသော်လည်း အိမ်ထောင်ပြုခြင်းကို အတွေ့အကြုံရှိသည့်မည်သူမဆို လူတစ်ယောက်က မည်မျှပဲ နားလည်ပါစေ၊ ၎င်းအပေါ် မည်သို့ပဲ သဘောထားပါစေ၊ အိမ်ထောင်ပြုခြင်းက လူတစ်ယောက်၏ ရွေးချယ်မှု မဟုတ်ဆိုတာကို သိကြပါသည်။

လူတစ်ယောက်သည် သူ့ဘဝတွင် လူအများကြီး ဆုံတွေ့ရသည်။ သို့သော်လည်း သူ့ အိမ်ထောင်ဖက်က မည်သူဖြစ်မည်ဆိုတာကို မည်သူမှ မသိပါ။ လူတိုင်းက အိမ်ထောင်ပြုခြင်း အကြောင်းအရာအပေါ်မှာ သူတို့၏ ကိုယ်ပိုင်စိတ်ကူးနှင့် ကိုယ်ပိုင်ရပ်တည်ချက် များ ရှိကြသည်။ သူတို့၏ စစ်မှန်သည့် အဖော်က နောက်ဆုံး မည်သူဖြစ်မည်ကို မည်သူမှ ကြိုမမြင်နိုင်ပါ။ လူတစ်ယောက်၏ ကိုယ်ပိုင်အယူအဆက အနည်းငယ်သာ သက်ရောက်မှုရှိသည်။ သင်ကြိုက်နှစ်သက်သည့် လူတစ်ယောက်ကို တွေ့ပြီး ထိုသူကို ရဖို့ သင်ကြိုးစားနိုင်သည်။ သို့သော်လည်း သူ သို့မဟုတ် သူမက သင့်ကို စိတ်ဝင်စားသလော၊ သူ သို့မဟုတ် သူမက သင့်အဖော် ဖြစ်နိုင်သလောဆိုတာက သင်ဆုံးဖြတ်ဖို့ မဟုတ်ပါ။ သင်နှစ်သက်သည့် အရာက သင့်ဘဝကို သူနှင့်အတူ ဝေမျှနိုင်မည့်သူ ဖြစ်ရမှာမျိုး မဟုတ်ပါ။ ဤ အချိန်မှာ သင်လုံးဝ မျှော်လင့်မထားသည့် သူတစ်ယောက်က သင့်ဘဝထဲ တိတ်တဆိတ် ဝင်ရောက်လာပြီး သင့်လက်တွဲဖော် ဖြစ်လာသည်။ သင့်ကံကြမ္မာအတွက် အရေးကြီးဆုံးအချက် ဖြစ်လာသည်။ သင့်ကံကြမ္မာက ခွဲခြားလို့မရအောင် သတ်မှတ်ထားသည့် သင့်လက်တွဲဖော် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် အိမ်ထောင်ပြုခြင်း သန်းပေါင်းများစွာ ရှိသော်လည်း လူတိုင်းက မတူညီကြပါ။ အိမ်ထောင်ပြုခြင်း မည်မျှက မကျေမနပ်ဖြစ်ကြသနည်း၊ မည်မျှက ပျော်ရွှင်သနည်း၊ မည်မျှက အရှေ့နှင့် အနောက်ထိ ကျယ်ပြောပြီး၊ မည်မျှက တောင်နှင့် မြောက်ထိ ကျယ်ပြောသနည်း။ မည်မျှက လိုက်ဖက်ညီသည့် စုံတွဲဖြစ်သနည်း၊ မည်မျှက အဆင့်အတန်းညီသနည်း။ မည်မျှက ပျော်ရွှင်ပြီး မျှတသနည်း၊ မည်မျှက နာကျင်ခံစားရပြီး ဝမ်းနည်းရသနည်း၊ မည်မျှက အများ မနာလိုဖြစ်ရသနည်း၊ မည်မျှက နားလည်မှုလွဲပြီး မကြိုက်နှစ်သက်ကြသနည်း၊ မည်မျှက ပျော်ရွှင်မှုများ ပြည့်နေကြသနည်း၊ မည်မျှက မျက်ရည်တွေပြည့်နေပြီး စိတ်အားငယ်မှုများ ဖြစ်နေကြသနည်း… ဤ များပြားလှသည့် အိမ်ထောင်များတွင် လူသားတို့သည် အိမ်ထောင်ပြုခြင်းတွင် သစ္စာရှိမှု၊ တစ်သက်လုံး ရင်းနှီးမြုပ်နှံမှု သို့မဟုတ် အချစ်၊ တွယ်တာမှု၊ ခွဲခြားမရနိုင်မှု၊ သို့မဟုတ် အောင့်အည်းသည်းခံခြင်းနှင့် နားမလည်ခြင်းများ၊ သို့မဟုတ် သစ္စာဖောက်ခြင်း တိုနှင့် မုန်းခြင်းကိုပင် ဖွင့်ပြကြသည်။ အိမ်ထောင်ပြုခြင်းက ပျော်ရွှင်ခြင်းသို့မဟုတ် နာကျင်ခြင်းကို သယ်ဆောင် လာသည်ဖြစ်စေ၊ အိမ်ထောင်ပြုခြင်း၌ လူတိုင်း၏ တာဝန်ကို ဖန်ဆင်းရှင်က ကြိုတင်ခွဲခန့်ထားပြီးဖြစ်ပြီး ပြောင်းလဲမည်မဟုတ်ပါ။ လူတိုင်းက ဤအရာကို ပြီးမြောက်စေရပါသည်။ ထို့နောက် အိမ်ထောင်တိုင်း၏ နောက်ကွယ်တွင် တည်ရှိနေသည့် တစ်ဦးချင်း၏ ကံကြမ္မာက မပြောင်းလဲပါ။ ဖန်ဆင်းရှင်က ရှေးကတည်းက ကြိုတင် သတ်မှတ်ပြီး ဖြစ်ပါသည်။

၂။ အိမ်ထောင်သည် လက်တွဲဖော်နှစ်ယောက်၏ ကံကြမ္မာမှ ပေါက်ဖွားသည်

အိမ်ထောင်ပြုခြင်းသည် လူတစ်ယောက်၏ဘဝတွင် အရေးကြီးသည့် ဆုံမှတ်တစ်ခု ဖြစ်ပါသည်။ လူတစ်ယောက် ကံကြမ္မာ၏ ထုတ်ကုန်ဖြစ်သည်။ သူ့ကံကြမ္မာမှာရှိသည့် အလွန်အရေးကြီးသည့် အချိတ်အဆက် တစ်ခုဖြစ်သည်။ မည်သူ့၏ စိတ်ဆန္ဒ သို့မဟုတ် ကြိုက်နှစ်သက်မှုနှင့်မှ တည်ဆောက်ထားခြင်းမဟုတ်ပါ။ ပြင်ပအချက်အလက်များ၏ လွှမ်းမိုးမှု မရှိပါ။ နှစ်ဦးနှစ်ဖက်၏ ကံကြမ္မာအားဖြင့်၊ စုံတွဲ၏ ကံကြမ္မာနှင့် ပတ်သက်ပြီး ဖန်ဆင်းရှင်၏ စီစဉ်မှုနှင့် ကြိုတင်သတ်မှတ်မှုအားဖြင့် လုံးဝ သတ်မှတ်ပါသည်။ အပေါ်ယံမှာ အိမ်ထောင်ပြုခြင်း၏ ရည်ရွယ်ချက်က လူသားမျိုးနွယ်ကို ဆက်လက်ဖြစ်ပေါ်စေဖို့ပါ။ သို့သော်လည်း အမှန်တကယ်မှာ အိမ်ထောင်ပြုခြင်းသည် လူတစ်ယောက်၏ တာဝန်ကို ပြီးဆုံးဖို့ ဆောင်ရွက်နေသည့် ဖြစ်စဉ်ကို ဖြတ်သန်းရသည့် ဓလေ့တစ်ခု သက်သက်သာဖြစ်သည်။ အိမ်ထောင်တွင် လူတို့ လှုပ်ရှားဆောင်ရွက်ရသည့် အခန်းကဏ္ဍသည် နောက်မျိုးဆက်ကို ကြည့်ရှုစောင့်ရှောက်ရုံ သက်သက်မဟုတ်ပါ။ ၄င်းတို့က သူတာဝန် ယူရမည့် အခန်းကဏ္ဍအမျိုးမျိုးဖြစ်ပြီး အိမ်ထောင်တစ်ခုကို ထိန်းသိမ်းခြင်းလမ်းစဉ်မှာ သူပြီးမြောက်အောင် ပြုလုပ်ရမည့် တာဝန်များဖြစ်ပါသည်။ လူတစ်ယောက်၏ မွေးဖွားမှုက လူများ၊ ဖြစ်ရပ်များနှင့် သူ့ပတ်ဝန်းကျင်က အရာများ၏ ပြောင်းလဲမှုအပေါ် လွှမ်းမိုးမှုရှိသည့်အတွက် သူ၏ အိမ်ထောင်ပြုခြင်းကလည်း ဤအရာတွေကို မလွှဲမရှောင်နိုင် သက်ရောက်မည်ဖြစ်ပြီး ဤ အရာများကို ပုံစံအမျိုးမျိုးအဖြစ် ပြောင်းနည်းပေးပါလိမ့်မည်။

လူတစ်ယောက်သည် ကိုယ်ပိုင်လွတ်လပ်စွာ ရပ်တည်လာနိုင်သည့်အခါ သူ့၏အိမ်ထောင်နှင့် ဆက်စပ်နေသည့် လူများ၊ အဖြစ်အပျက်များ၊ အကြောင်းအရာများဆီကို တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလာစေသည့် သူ၏ကိုယ်ပိုင် ဘဝခရီးကို အစပြုပါသည်။ ထို့နောက် တစ်ချိန်တည်းမှာပဲ ဤအိမ်ထောင်ကို ဖြစ်စေသည့် တစ်ခြားလူက ဤတူညီသည့် လူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများဆီကို တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်လာသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာအောက်တွင် ဆက်စပ်နေသည့် ကံကြမ္မာကို ဝေမျှခံယူကြသည့် မဆက်စပ်သည့် လူနှစ်ယောက်သည် အိမ်ထောင်တစ်ခုကို တဖြည်းဖြည်းဝင်ရောက်လာပြီး ဆန်းကြယ်စွာနှင့် မိသားစုတစ်စု ဖြစ်လာပါသည်။ "ကျိုင်းကောင်နှစ်ကောင် ကြိုးတစ်ချောင်းတည်းမှာ တွယ်ကပ်နေကြသည်။" ထို့အတွက်ကြောင့် တစ်ယောက်က အိမ်ထောင်တစ်ခုကို ဝင်ရောက်သည့်အခါ သူ၏ဘဝခရီးက သူ့လက်တွဲဖော်အပေါ်မှာ လွှမ်းမိုးမှုရှိပြီး သက်ရောက်မှု ရှိပါလိမ့်မည်။ ဤကဲ့သို့ လူတစ်ယောက် အဖော်၏ ဘဝခရီးကလည်း တစ်ယောက်၏ ဘဝကံကြမ္မာကို လွှမ်းမိုးမှုနှင့် သက်ရောက်မှု ရှိပါလိမ့်မည်။ တစ်နည်းပြောရလျှင် လူသားကံကြမ္မာများသည် ဆက်စပ်နေကြသည်။ မည်သူကမှ သူများ၏ ဘဝတာဝန်များကို ပြီးဆုံးအောင် မပြုလုပ်နိုင်ပါ သို့မဟုတ် သူ့အခန်းကဏ္ဍကို လုံးဝ အမှီအခိုကင်းစွာနှင့် မဆောင်ရွက်နိုင်ပါ။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဆက်ဆံရေးများ၏ ကြီးမားသည့် ကွင်းဆက်တစ်ခုအပေါ်မှာ ဆက်နွယ်မှုရှိပါသည်။ အရွယ်ရောက် ကြီးပြင်းခြင်း ကလည်း ဆက်ဆံရေးများ၏ ရှုပ်ထွေးသည့် ကွင်းဆက်တစ်ခု ပါဝင်ပါသည်။ အလားတူပဲ အိမ်ထောင်ပြုခြင်း ကလည်း အဖွဲ့ဝင်တိုင်းပါဝင်ပြီး ဤအရာ၏ အစိတ်အပိုင်းဖြစ်သည့် လူတိုင်း၏ ကံကြမ္မာကို လွှမ်းမိုးမှုရှိနေရင်း လူသားဆက်နွယ်မှု၏ ကျယ်ပြန့်ပြီး ရှုပ်ထွေးသည့် ကွန်ယက်ထဲမှာ မလွှဲမရှောင်သာ ဖြစ်တည်ပြီး ဆက်လက် တည်ရှိပါသည်။ အိမ်ထောင်တစ်ခုသည် နှစ်ယောက်စလုံး၏ မိသားစုများ၏ ထုတ်ကုန်၊ သူတို့ကြီးပြင်းလာသည့် အခြေအနေများ၊ သူတို့၏ ရုပ်ရည်အသွင်အပြင်များ၊ အသက်အရွယ်များ၊ အရည်အချင်းများ၊ ပါရမီများ၊ သို့မဟုတ် တစ်ခြားအချက်အလက်များ ကြောင့်မဟုတ်ဘဲ ဆက်စပ်နေသည့်ကံကြမ္မာနှင့် ဝေမျှပြီးယူထားသည့် တာဝန်များမှ ဖြစ်ပေါ်လာပါသည်။ ၄င်းကိုဖန်ဆင်းရှင်က စီစဉ်ညွှန်ကြားပြီး စီစဉ်ခဲ့သည့် လူသားကံကြမ္မာ၏ ထုတ်ကုန်ဖြစ်သည့် အိမ်ထောင်ပြုခြင်း၏ အရင်းအမြစ် ဖြစ်ပါသည်။

သားသမီး- ပဉ္စမဆုံမှတ်

လက်ထပ်ပြီးသည့်နောက် လူတစ်ယောက်သည် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ဖို့ စတင်ပြုလုပ်ပါသည်။ လူတစ်ယောက်သည် သားသမီး မည်မျှများများ၊ မည်သို့သားသမီးမျိုး ရှိသည်ဆိုသည့်အပေါ်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ၄င်းကိုလည်း ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားသည့် လူတစ်ယောက်၏ ကံကြမ္မာအားဖြင့် သတ်မှတ်ထား ပါသည်။ ဤကား လူတစ်ယောက် ဖြတ်သန်းရမည့် ပဉ္စမဆုံမှတ် ဖြစ်သည်။

လူတစ်ယောက်သည် တစ်ခြားတစ်ယောက် ကလေး၏ အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့ မွေးဖွားလာသည် ဆိုလျှင် သူသည် တစ်ခြားသူ၏ မိဘ၏ အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့အတွက် နောက်မျိုးဆက်ကို ကြည့်ရှု စောင့်ရှောက်ပါသည်။ ဤအခန်းကဏ္ဍ ရွှေ့ပြောင်းခြင်းက လူတစ်ယောက်ကို မတူညီသည့် ရှုထောင့်မှ ဘဝ၏ မတူညီသည့် ပြောင်းလဲမှုအချိန်ကာလများ ကို ကြုံတွေ့စေပါသည်။ ဤအချက်ကလည်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် မည်သူကမှ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ချက်ကို မကျော်လွန်နိုင် သို့မဟုတ် မပြောင်းလဲနိုင်ဆိုသည့် အချက်ကို သိလာစေသည့် မတူညီသည့် ဘဝအတွေ့အကြုံ တစ်စုံကို ပေးပါသည်။

၁။ လူတစ်ယောက်သည် သူ့သားသမီးတွေ မည်သို့ဖြစ်လာမည်ဆိုသည့်အပေါ်မှာ ထိန်းချုပ်မှုမရှိပါ

မွေးဖွားခြင်း၊ အရွယ်ရောက်ခြင်းနှင့် အိမ်ထောင်ပြုခြင်း အားလုံးတို့သည် မတူညီသည့် စိတ်ပျက်စရာ အဆင့်များနှင့် ပုံစံအမျိုးမျိုးတို့ကို ပေးအပ်သည်။ လူအချို့တို့က သူတို့မိသားစု သို့မဟုတ် သူတို့၏ ရုပ်ရည် အသွင်အပြင်တို့နှင့် ပတ်သက်ပြီး ကျေနပ်ခြင်းမရှိကြပါ။ တစ်ချို့က သူတို့မိဘများကို မကြိုက်နှစ်သက်ကြပါ။ တစ်ချို့က သူတို့ကြီးပြင်းလာသည့် ပတ်ဝန်းကျင်အပေါ်မှာ မကျေမနပ်ဖြစ်သည် သို့မဟုတ် ပြောစရာ နာကျည်းချက်တွေ ရှိကြသည်။ လူအများစုအတွက်က ဤစိတ်ညစ်စရာများ အားလုံးထဲမှ အိမ်ထောင်ပြုခြင်းက မကျေနပ်စရာ အကောင်းဆုံး ဖြစ်ကြသည်။ လူတစ်ယောက်က သူ၏မွေးဖွားခြင်း၊ ကြီးပြင်းခြင်း၊ သို့မဟုတ် အိမ်ထောင်ပြုခြင်းအပေါ်မှာ မည်သို့ မကျေမနပ်ဖြစ်နေပါစေ ဤအရာတွေကို ဖြတ်သန်းပြီးသည့်သူတိုင်းက သူ မည်သည့်နေရာ၊ မည်သည့်အချိန်မှာမွေးသည်၊ မည်သို့ပုံစံရှိသည်၊ မိဘတွေက မည်သူတွေဖြစ်သည်၊ အိမ်ထောင်ဖက်က မည်သူဆိုတာတွေကို မရွေးချယ်နိုင်ဘဲ ကောင်းကင်ဘုံ၏ အလိုကို ရိုးရိုးပဲ လက်ခံရမည် ဆိုတာကို သိကြသည်။ သို့သော်လည်း လူတို့အတွက် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ရန် အချိန်ရောက်လာသည့် အခါ သူတို့၏ သားသမီးများသည် သူတို့ဘဝ ပထမတစ်ဝက်မှာ ကြုံတွေ့ခဲ့ရသည့် စိတ်ညစ်စရာများ အားလုံးအတွက် ပြန်လည်ဖြည့်ဆည်း ပေးလိမ့်မည်ဟု မျှော်လင့်ရင်း သူတို့၏ဘဝ ပထမတစ်ဝက်မှာရှိသည့် အကောင်အထည်မဖြစ်လာသည့် ဆန္ဒအားလုံးကို သူတို့၏ မျိုးဆက်များအပေါ် ထိုးအပ်လိုက်သည်။ ထို့အတွက်ကြောင့် လူတို့သည် သူတို့ကလေးများ နှင့် ပတ်သက်ပြီး စိတ်ကူးယဉ်မှုမျိုးစုံနှင့် နှစ်မြုပ်နေသည်။ သူတို့သမီးများသည် အလွန်ဆွဲဆောင်မှုရှိသည့် အလှပဂေးလေးများအဖြစ် ကြီးပြင်းလာမည်၊ သူတို့၏သားများက စတိုင်ကျသည့် လူကြီးလူကောင်းများ ဖြစ်လာမည်၊ သူတို့၏သမီးများသည် ယဉ်ကျေးမှုနှင့်ညီပြီး ပါရမီတွေနှင့်ပြည့်ဝပြီး သူတို့၏သားများသည် အလွန် တော်သည့်ကျောင်းသား၊ အားကစားကြယ်ပွင့်များ ဖြစ်လာမည်၊ သူတို့၏သမီးသည် ယဉ်ကျေးမည်၊ ကိုယ်ကျင့်သီလကောင်းမွန်မည်၊ စဉ်းစားဆင်ခြင်တတ်ပြီး သူတို့၏သားများက ဉာဏ်ထက်မြက်မည်၊ အောင်နိုင်စွမ်းရှိမည်၊ ခံစားတတ်မည် ဆိုသည့် စိတ်ကူးယဉ်မှုများဖြစ်သည်။ သမီး သို့မဟုတ် သားဖြစ်ပါစေ၊ သူတို့အထက်က အကြီးတွေကို လေးစားဖို့၊ သူတို့မိဘတွေကို ပြန်ပြီးကြည့်ရှုတတ်ဖို့၊ လူတိုင်းက ချစ်ခင်ပြီး ချီးမွမ်းခံရဖို့ လူတွေက မျှော်လင့်ကြသည်။ ဤအချိန်တွင် ဘဝမျှော်လင့်ချက် အသစ်ပေါက်ဖွားလာပြီး လူတို့၏ နှလုံးသားထဲတွင် စိတ်အားထက်သန်မှုများနှင့် တက်ကြွနေသည်။ ဤဘဝတွင် သူတို့က အစွမ်းမရှိ၊ မျှော်လင့်ချက် မရှိတော့ခြင်း၊ တစ်ခြားလူများထက် သာဖို့ နောက်ထပ်အခွင့်အရေး၊ နောက်ထပ် မျှော်လင့်ချက် မရှိတော့ခြင်း၊ သူတို့မှာ ရွေးချယ်စရာမရှိတော့ဘဲ သူတို့ကံကြမ္မာကိုပဲ လက်ခံရန်သာ ရှိတော့သည်ကို သိကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ သားသမီးများက သူတို့၏ အိပ်မက်တွေကို ရရှိရန်၊ သူတို့၏ ဆန္ဒတွေကို အကောင်အထည်ဖော်ရန်၊ သူတို့၏ သားများ၊ သမီးများသည် မိသားစုနာမည်အတွက် ဂုဏ်ကျက်သရေတွေ သယ်ဆောင်လာရန်၊ အရေးပါခြင်း၊ ချမ်းသာခြင်း သို့မဟုတ် ကျော်ကြားခြင်းများဖြစ်လာရန် မျှော်လင့်ရင်းနှင့် သူတို့၏ မျှော်လင့်ချက်များ၊ သူတို့၏ အကောင်အထည်မဖော်ခဲ့ရသည့် အလိုဆန္ဒများနှင့် ပြည့်စုံမှုများအားလုံးကို နောက်မျိုးဆက်ဆီသို့ ထိုးအပ်လိုက်ကြသည်။ အတိုချုပ် အနေနှင့် သူတို့ကလေးများ၏ ကံများ မြှင့်တက်လာခြင်းကို သူတို့ မြင်လိုကြသည်။ လူတို့၏ အစီအစဉ်နှင့် စိတ်ကူးယဉ်မှုများက ပြည့်စုံသည်။ သူတို့တွင်ရှိသည့် သားသမီးအရေအတွက်၊ သူတို့ကလေးများ၏ အသွင်အပြင်၊ အရည်အချင်းနှင့် ဤကဲ့သို့သောအရာများကို သူတို့သတ်မှတ်၍ မရနိုင်၊ သူတို့ကလေးများ၏ ကံကြမ္မာက သူတို့လက်များထဲတွင် လုံးဝ ရှိမနေဘူးဆိုတာကို သူတို့မသိကြသလော။ လူတို့က သူတို့၏ ကိုယ်ပိုင် ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်ကြပါ။ သို့သော်လည်း ငယ်ရွယ်သည့် မျိုးဆက်များ၏ ကံကြမ္မာကို ပြောင်းဖို့ မျှော်လင့်ကြသည်။ သူတို့၏ကံကြမ္မာ မှ လွတ်မြောက်ဖို့ အစွမ်းမရှိကြပါ။ သို့သော်လည်း သူတို့၏ သားများ၊ သမီးများ၏ ကံကြမ္မာကို ထိန်းချုပ်ဖို့ ကြိုးစားကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ ပိုပြီးမှန်းနေကြ ခြင်း မဟုတ်ဘူးလော။ ဤကား လူသား၏ မိုက်မဲခြင်းနှင့် မသိမြင်ခြင်း မဟုတ်သလော။ လူတို့သည် သူတို့ သားသမီးများအတွက် မည်သည့်အတိုင်းအတာအထိမဆို သွားကြသည်။ သို့သော်လည်း အဆုံးတွင် ကလေး ဘယ်နှစ်ယောက် ရှိသည်၊ ကလေးများမည်သို့ပုံစံဖြစ်သည် ဆိုတာက သူတို့၏ အစီအစဉ်တွေနှင့် လိုအင်ဆန္ဒတွေကို ဖြေရှင်း မပေးပါ။ လူအချို့က ပိုက်ဆံမရှိပါ။ သို့သော်လည်း ကလေး အများကြီးမွေးကြသည်။ လူအချို့က ချမ်းသာသည်။ သို့သော်လည်း ကလေးမရှိပါ။ တစ်ချို့က သမီးလိုချင်သည်။ သို့သော်လည်း ယင်းဆန္ဒက ငြင်းပယ်ခံရသည်။ တစ်ချို့က သားလိုချင်သည်။ သို့သော်လည်း ယောက်ျားလေးမွေးဖို့ ဖြစ်မလာပါ။ တစ်ချို့အတွက်က ကလေးများသည် ကောင်းချီးမင်္ဂလာတွေပါ။ တစ်ချို့အတွက်ကတော့ သူတို့သည် ကျိန်စာပင်ဖြစ်သည်။ တစ်ချို့စုံတွဲများက ထူးချွန်ကြသည်။ သို့သော်လည်း နုံအ နှေးကွေးသည့် ကလေးများမွေးသည်။ တစ်ချို့မိဘများက ရိုးသားပြီး ကြိုးစားသည်။ သို့သော်လည်း သူတို့ ပြုစုပျိုးထောင်သည့် ကလေးများက ပျင်းရိသည်။ တစ်ချို့ မိသားများက ကြင်နာပြီး ဖြောင့်မတ်သည်။ သို့သော်လည်း ကောက်ကျစ်ပြီး ကြမ်းတမ်းသည့် ကလေးများရှိသည်။ တစ်ချို့မိဘတများက စိတ်ရော ကိုယ်ပါ ကျန်းမာသည်။ သို့သော်လည်း ကိုယ်အင်္ဂါချို့ယွင်းသည့် ကလေးများမွေးလာသည်။ တစ်ချို့မိဘများက သာမန်ဖြစ်ပြီး မအောင်မြင်သော်လည်း မြင့်မားသည့်အရာများ ရရှိသည့် ကလေးများရှိသည်။ တစ်ချို့မိဘများက အခြေအနေ အဆင့်အတန်း နိမ့်သော်လည်း ထင်ပေါ်ကျော်ကြားသည့် ကလေးများရှိသည်။…

၂။ နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ပြီးနောက် လူတို့သည် ကံကြမ္မာနှင့်ပတ်သက်ပြီး နားလည်မှုအသစ်များ ရရှိလာကြသည်

အိမ်ထောင်ပြုသည့် လူအများစုက အသက် ၃၀ ဝန်းကျင်တွင် ပြုကြသည်။ ဘဝ ဤအချိန်တွင် လူတစ်ယောက်သည် လူသား၏ကံကို နားလည်မှုမရှိပါ။ သို့သော်လည်း ကလေးများကို စတင် ပြုစုပျိုးထောင်သည့် အချိန်တွင်၊ သူတို့၏သားသမီးများ ကြီးပြင်းလာသည့်အချိန်တွင် မျိုးဆက်သစ်က ယခင်မျိုးဆက်၏ ဘဝနှင့် အတွေ့အကြုံအားလုံးကို ထပ်ပြီးကြုံတွေ့ခြင်းကို မြင်ရပြီး နောက်မျိုးဆက်ဆီမှာ သူတို့၏ ကိုယ်ပိုင်အတိတ်က ပြန်ထင်ဟပ်နေခြင်းက မြင်ရပြီး သူတို့ကဲ့သို့ပင် ငယ်ရွယ်သည့်မျိုးဆက် များလျှောက်သည့်လမ်းကို စီစဉ်ပြီး ရွေးချယ်၍ မရဆိုသည်ကို သူတို့ သိမြင်လာကြသည်။ သူတို့သည် ဤအချက်ကို ရင်ဆိုင်တွေ့ကြုံရပြီးသည့်အခါ လူတိုင်း၏ ကံကြမ္မာသည် ကြိုတင်သတ်မှတ်ပြီး ဖြစ်သည်ကို ဝန်ခံဖို့ကလွဲပြီး တစ်ခြားရွေးစရာ မရှိတော့ပါ။ ဤ အချက်ကို သေချာ မသိမြင်သေးဘဲ တဖြည်းဖြည်းနှင့် သူတို့၏ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဘေးချပြီး သူတို့နှလုံးသားထဲမှာရှိသည့် စိတ်အားထက်သန်မှုများသည် မှေးမှိန် ပျောက်ကွယ်သွားပါသည်။ ဤအချိန်ကာလ အတွင်း လူတစ်ယောက်၏အစိတ်အပိုင်းအများစုမှာ ဘဝ၏ အရေးကြီးသည့် ဘဝမှတ်တိုင်များကို ဖြတ်သန်းခဲ့ပြီး ဘဝ၏ နားလည်မှု အသစ်တစ်ခုကို ရရှိခဲ့ပြီး စိတ်သဘောထား အသစ်ကို ခံယူခဲ့သည်။ ဤအသက်အရွယ်ရှိသည့် လူတစ်ယောက်သည် အနာဂတ်အတွက် မည်မျှမျှော်လင့်နိုင်မည်နည်း။ မည်သည့်အလားအလာများ ရှိမည်နည်း။ မည်သည့် အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ယောက်က ချောမောလှပသည့် မင်းသားကို အိပ်မက်မက်နေဆဲ ဖြစ်မည်နည်း။ မည်သည့်အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက်က သူ့၏ စနှိုးဝှိုက်ကို ရှာဖွေနေဆဲ ဖြစ်မည်နည်း။ မည်သည့် လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်က ရုပ်ဆိုးသည့် ဘဲကနေ ငန်းတစ်ကောင်အဖြစ် ပြောင်းသွားဖို့ မျှော်လင့်နေဆဲ ဖြစ်မည်နည်း။ အသက်ကြီးသည့် ယောက်ျားအများစုက လူငယ်ယောက်ျားများကဲ့သို့ တူညီသည့် ရည်မှန်းထားသည့် အလုပ်ရှိပါသလော။ အနှစ်ချုပ်ကြည့်လျှင် လူတစ်ယောက်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ဤအရွယ်ရောက်သည့်သူတိုင်းက အိမ်ထောင်၊ မိသားစုနှင့် သားသမီးတို့အပေါ် ဆက်စပ်မှုရှိသည့် အကျိုးအကြောင်းသင့်ပြီး လက်တွေ့ကျသည့် သဘောထားရှိဖို့ ပိုပြီးဖြစ်နိုင်ခြေရှိပါသည်။ ဤလိုလူတစ်ယောက်တွင် အထူးသဖြင့် ရွေးချယ်စရာမရှိတော့ပါ။ ကံကြမ္မာကို စိန်ခေါ်ဖို့ ပြင်းပျသည့် ဆန္ဒမရှိတော့ပါ။ လူသား၏ အတွေ့အကြုံ ရှိသလောက်၊ လူတစ်ယောက်က ဤအသက်အရွယ်ကို ရောက်လာသည်နှင့် ဤသဘောထားက အလိုအလျောက် ဖြစ်ပေါ်လာသည်။ "ကံကြမ္မာကို လက်ခံရမည်။ သားသမီးများတွင် သူတို့၏ ကိုယ်ပိုင်ကံများ ရှိသည်။ လူသားကံကြမ္မာသည် ကောင်းကင်ဘုံမှ သတ်မှတ်ချပေးသည်။" ဤကမ္ဘာကြီး၏ လောကဓံ လှိုင်းလုံးများ၊ ကျရှုံးမှုများ၊ အခက်အခဲများ၏ တိုက်စာခြင်းခံရပြီးနောက်၊ အမှန်တရားကို နားမလည်သည့် လူအများစုသည် လူသားဘဝကို သူတို့၏ သိမြင်နိုင်သည့်ဉာဏ်နှင့် ဤစကားလုံး နှစ်လုံးနှင့် အနှစ်ချုပ်လိုက်သည်။ "ကံပဲ"။ ဤစကားစုက လူသားကံကြမ္မာနှင့် ပတ်သက်ပြီး အတွေ့အကြုံရင့်ကျက်သည့် လူတို့၏ ကောက်ချက်ချခြင်းနှင့် သိမြင်ခြင်းကို အတိုဆုံး အရှင်းဆုံး ဖော်ပြသော်လည်း၊ လူသားမျိုးနွယ်၏ အကူအညီမဲ့ခြင်းကို ဖော်ပြပြီး ထိရောက်ပြီး တိကျသည်ဟု ဆိုနိုင်သော်လည်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို နားလည်ခြင်းနှင့် သိပ်ကွဲပြားပြီး ဖန်ဆင်းရှင်၏ အခွင့်အာဏာကို သိမြင်မှုအတွက် အစားထိုး၍ မရပါ။

၃။ ကံကြမ္မာကို ယုံကြည်ခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိမြင်မှုအတွက် အစားထိုး မဟုတ်ပါ

နှစ်ပေါင်းများစွာကြာသည်အထိ ဘုရားသခင်၏ နောက်လိုက်ဖြစ်ခဲ့ပြီးသည့်နောက် ကံတရားအပေါ် သင်တို့ သိမြင်မှုနှင့် လောကနှင့်ဆိုင်သည့် သူတို့၏ သိမြင်မှုကြားတွင် သိသာသည့် ကွာခြားချက်ရှိပါသလော။ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းကို အမှန်တကယ်နားလည်ပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သင်တို့ အမှန်တကယ် သိမြင်လာပါသလော။ တစ်ချို့လူတွေက "ကံပဲ"ဆိုသည့် စကားစုအပေါ် သိပ်ကောင်းမွန်ပြီး လေးနက်သည့် နားလည်မှုမျိုး ရှိကြသည်။ သို့သော်လည်း သူတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အနည်းငယ်မျှ မယုံကြပါ။ လူသား၏ ကံကြမ္မာကို ဘုရားသခင်က စီစဉ်ပြီး ကိုင်တွယ်ညွှန်ကြားသည် ဆိုတာကို မယုံပါ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လိုက်လျှောက်ဖို့ ဆန္ဒမရှိကြပါ။ ဤလိုလူများက ပင်လယ်ထဲမှာမျောနေပြီး ရေစီးကြောင်းနှင့်အတူမျောပါရင်း လှိုင်းများ၏ ရိုက်ပုတ်ခြင်းကို ခံရရင်းနှင့် မတုန်မလှုပ်နှင့် စောင့်နေပြီး သူတို့ကိုယ်သူတို့ ကံအပေါ်မှာ ပုံအပ်ထားဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာ မရှိပါ။ သို့သော်လည်းလည်း ဘုရားသခင်၏ အချုပ်အခြာအာဏာက လူသား၏ ကံကြမ္မာအပေါ် သက်ရောက်မှုရှိတာကို သူတို့ မသိမြင်ကြပါ။ သူတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိမလာနိုင်ပါ။ ထို့အတွက်ကြောင့် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို သိမြင်မှုကို ရရှိခြင်း၊ ဘုရားသခင်၏ ကိုင်တွယ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို လိုက်လျှောက်ခြင်း၊ ကံကြမ္မာကို ခုခံနေတာကို ရပ်ခြင်း၊ ဘုရားသခင်၏ ဂရုစိုက်မှု၊ ကာကွယ်မှုနှင့် လမ်းညွှန်မှုအောက်မှာ နေထိုင်ခြင်းတို့ ဖြစ်မလာနိုင်ပါ။ တစ်နည်းအားဖြင့်ဆိုလျှင် ကံကြမ္မာကိုလက်ခံခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လိုက်လျှောက်ခြင်းနှင့် မတူပါ။ ကံကြမ္မာကို ယုံကြည်မှုက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်း၊ မြင်တွေ့ခြင်း၊ သိရှိလာခြင်းတို့ကို မဆိုလိုပါ။ ကံကြမ္မာကို ယုံကြည်ခြင်းက ဤအချက်အလက်နှင့် ဤပြင်ပ ဖြစ်ရပ်များကို သတိပြုမိခြင်းသာဖြစ်ပြီး ဖန်ဆင်းရှင်က လူသားမျိုးနွယ်၏ ကံကြမ္မာကို မည်သို့အုပ်စိုးသည် ဆိုတာကို သိခြင်း၊ ဖန်ဆင်းရှင်က အရာအားလုံး၏ ကံကြမ္မာအပေါ် အုပ်စိုးခြင်း အရင်းအဖြစ် ဖြစ်သည်ဆိုတာကို သိမြင်ခြင်းတို့ နှင့် ကွဲပြားပြီး လူသားမျိုးနွယ်၏ ကံကြမ္မာအတွက် ဖန်ဆင်းရှင်၏ ကိုင်တွယ်ညွှန်ကြားခြင်းနှင့် စီစဉ်မှုအပေါ် လိုက်လျှောက်ခြင်းနှင့်ဆိုလျှင် ပို၍ပင် ကွဲပြားပါသည်။ လူတစ်ယောက်က ကံကြမ္မာကိုပဲ ယုံကြည်လျှင်၊ လေးလေးနက်နက် ခံစားသည်ဆိုလျှင်ပင် ဤအချက်ကြောင့် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်း၊ သတိပြုမိခြင်း၊ လိုက်လျှောက်ခြင်း၊ လက်ခံခြင်းတို့ ဖြစ်မလာနိုင်ပါ။ ထိုသို့ဆိုလျှင် မည်သို့ပဲဖြစ်ပါစေ သူသို့မဟုတ် သူမ၏ ဘဝသည် ကံဆိုးမိုးမှောင် ကျပါလိမ့်မည်။ အလဟဿရှင်သန်သည့် ဘဝတစ်ခု၊ ဗလာတစ်ခု ဖြစ်ပါလိမ့်မည်။ သူ သို့မဟုတ် သူမသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှု သက်ရောက်မှုရှိဖို့၊ ဖန်ဆင်းခံလူသားဆိုသည့် စကားစု၏ အမှန်ကန်ဆုံး သဘောတရားထဲက အတိုင်းဖြစ်ဖို့၊ ဖန်ဆင်းရှင်၏ လက်ခံအတည်ပြုမှုကို ခံစားရဖို့ မတတ်နိုင်သေးပါ။ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို အမှန်တကယ်သိပြီး ကြုံတွေ့ရသည့် လူတစ်ယောက်သည် တက်ကြွနေရမှာဖြစ်ပြီး မတုန်မလှုပ်ဖြစ်ခြင်း သို့မဟုတ် အကူအညီမဲ့နေခြင်း အခြေအနေ မဖြစ်ရပါ။ တစ်ချိန်တည်းမှာပဲ အရာအားလုံးကို ကံက သတ်မှတ်ထားသည်ဆိုတာကို လက်ခံရင်း သူသို့မဟုတ် သူမသည် သက်ရှိတိုင်းအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ သက်ရောက်မှုရှိသည်ဆိုသည့် ဘဝနှင့် ကံကြမ္မာ၏ တိကျသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ပိုင်ဆိုင်ရပါမည်။ သူလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ သူ့ခရီး၏ ပြောင်းလဲမှု အဆင့်တိုင်းကို ပြန်လည် စုဆောင်းသည့်အခါ သူ၏လမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ဘုရားသခင်က သူ့လမ်းကို ညွှန်ကြားပြသရင်း စီစဉ်နေသည်ဆိုတာကို မြင်ရပါသည်။ ဤကား သူကိုယ်တိုင်မသိဘဲလျှက် သူ့ကို ယနေ့အထိ ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှု၊ ဂရုတစိုက်စီစဉ်မှုတို့ ဖြစ်ပါသည်။ ဖန်ဆင်းရှင်၏ အခွင့်အာဏာကို လက်ခံနိုင်စွမ်းရှိဖို့၊ သူ၏ကယ်တင်ခြင်းကို လက်ခံရရှိဖို့ဆိုတာ မည်မျှ ကောင်းမွန်သည့် ကံဖြစ်သနည်း။ ကံကြမ္မာအပေါ် လူတစ်ယောက်၏ သဘောထားသည် မတုန်မလှုပ်ဖြစ်နေလျှင် ဤအချက်က သူ သို့မဟုတ် သူမသည် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို ခုခံနေသည်၊ သူ သို့မဟုတ် သူမသည် နာခံသည့် စိတ်သဘော မရှိဘူးဆိုတာကို သက်သေပြပါသည်။ လူသား၏ ကံကြမ္မာအပေါ်က ဘုရားသခင်၏ အချုပ်အခြာ အာဏာကို လူတစ်ယောက်၏သဘောထားက စိတ်တက်ကြွနေလျှင် သူ့ခရီးကို ပြန်ကြည့်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် ဖမ်းယူဆုပ်ကိုင်လာသည့်အခါ၊ သူသည် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို လိုက်လျှောက်ဖို့ ပိုမိုရိုးသားလေးနက်သည့် ဆန္ဒရှိလာမည်။ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ခြင်းကို ရပ်ဖို့၊ သူ့ကံကြမ္မာကို ဘုရားသခင်ကို ကိုင်တွယ်ညွှန်ကြားစေဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှုတွေ ပိုပြီးရှိလာမည်။ လူတစ်ယောက်က ကံကြမ္မာကို နားလည်သဘောပေါက်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ခြင်းမရှိသည့်အခါ၊ မြူတွေကို ဖြတ်သွားရင်း ဒယိမ်းဒယိုင်နှင့် ကိုယ့်သဘောနှင့် စမ်းတဝါးဝါးသွားသည့်အခါ ခရီးက အလွန်ခက်ခဲသည်။ အလွန်စိတ်ဖိစီးစရာ ကောင်းပါသည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါမှာ ပါးနပ်သူများက သူတို့၏ ကိုယ်ပိုင်နည်းများနှင့် ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ဖို့နှင့် သူတို့၏ ဘဝပန်းတိုင်ဟု သူတို့ခေါ်သည့် အရာများနောက်လိုက်ဖို့ ဆက်လက်ပြုလုပ်နေမည့်အစား ဤအချက်ကို သိဖို့၊ လက်ခံဖို့၊ သူတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားသည့်အချိန်တွင် နာကျင်ရသည့် နေ့ရက်များကို နှုတ်ဆက်လိုက်ဖို့ ရွေးချယ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း သတိမပြုမိသည့်အခါ နေ့တိုင်းက အဓိပ္ပါယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်ပါသည်။ မည်သည့်နေရာမှာပဲရှိရှိ၊ မည်သည့်အလုပ်ပဲဖြစ်ပါစေ၊ လူ၏အသက်ရှင်ခြင်း အဓိပ္ပါယ်နှင့် ပန်းတိုင်နောက်လိုက်ခြင်းက အဆုံးမရှိသည့် ဝမ်းနည်းကြေကွဲခြင်းနှင့် သက်သာခြင်း မရှိသည့် ဒုက္ခခံစားမှုတွေပဲ သယ်ဆောင်လာပါသည်။ ဤကဲ့သို့သော အရာမျိုးသည် ပြန်လည်ကြည့်ရှုဖို့ ခံနိုင်ရည်မရှိပါ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်ကို လိုက်လျှောက်ပြီး စစ်မှန်သည့် လူသားဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ ဘာမှမဟုတ်သည့် အရာအားလုံးကို ခါချပြီး ဝမ်းနည်းကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးကနေ တဖြည်းဖြည်း ချိုးဖောက် လွတ်မြောက်မည်ဖြစ်သည်။

၄။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လိုက်လျှောက်သူတို့သာ စစ်မှန်သည့် လွတ်လပ်ခြင်းကို ရရှိနိုင်သည်

လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုခြင်း မရှိသည့်အတွက် ပုန်ကန်သည့် စိတ်သဘောနှင့် သူတို့သည် ကံကြမ္မာကို ကလန်ကဆန်ပြုလျှက် ရင်ဆိုင်ကြပြီး သူတို့၏ လက်ရှိအခြေအနေ များကို ပြောင်းလဲပြီး ကံကြမ္မာကို ပြောင်းလဲဖို့ အလဟဿ မျှော်လင့်လျှက် ကံကြမ္မာက စီမံသည့်အရာနှင့် ဘုရားသခင်၏ အခွင့်အာဏာနှင့် အချုပ်အခြာ အာဏာတို့ကို ဖယ်ပစ်ချင်ကြသည်။ သို့သော်လည်း သူတို့ ဘယ်သောအခါမှ မအောင်မြင်နိုင်ပါ။ သူတို့၏လှုပ်ရှားမှုတိုင်းတွင် တားဆီးခံရသည်။ လူတစ်ယောက်၏ ဝိညာဉ်အတွင်း နက်ရှိုင်းရာမှာဖြစ်သည့် ဤရုန်းကန်လှုပ်ရှားမှုက နာကျင်စရာကောင်းပါသည်။ နာကျင်မှုက မမေ့နိုင်ပါ။ အချိန်တိုင်း သူ၏ ဘဝကို ဖြုန်းတီးပစ်နေသည်။ ဤ နာကျင်မှုကို မည်သည်က ဖြစ်ပွားစေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော။ သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသလော။ သိသာစွာနှင့်ပင် တစ်ခုမှ မမှန်ကန်ပါ။ တကယ့်အကြောင်းရင်းက လူတွေ ယူဆောင်သည့်လမ်း၊ သူတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတွေ ရွေးချယ်သည့် နည်းလမ်း များ ကြောင့်ဖြစ်သည်။ လူအချို့က ဤအရာတွေကို သတိမပြုနိုင်ပါ။ သို့သော်လည်း သင်တကယ် သိမြင်လာသည့်အခါ၊ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိလာသည့်အခါ၊ ဘုရားသခင်က သင့်အတွက် စီစဉ်ထားပြီး သတ်မှတ်ထားသည့် အရာရာတိုင်းက အလွန်ကောင်းသည့် အကျိုးအမြတ် များ၊ အလွန်ကောင်းသည့် ကာကွယ်မှု များ ဆိုတာကို သင်အမှန်တကယ် နားလည်လာသည့်အခါ သင့်နာကျင်မှုက တဖြည်းဖြည်း ပေါ့ပါးလာကာ၊ သင့်တစ်ကိုယ်လုံးက ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်သွားသလို သင်ခံစားရမည်။ လူအများစု၏ ဖော်ပြချက်တွေကနေ အကဲဖြတ်လျှင် သူတို့သည် ကိုယ်ပိုင်အမြင်တွေအရ သူတို့ ယခင်က အသက်ရှင်နေထိုင်သလို ဆက်ပြီး မနေထိုင်ချင်သော်လည်း၊ သူတို့၏နာကျင်မှုကို သက်သာချင်သော်လည်း အရှိအတိုင်းဆိုလျှင် သူတို့သည် လူသားတို့၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ လက်တွေ့ကျသည့် တန်ဖိုးနှင့် အဓိပ္ပါယ်ကို အမှန်တကယ် နားမလည်နိုင်ကြပါ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိပြီး မလိုက်လျှောက်နိုင်ပါ။ ဖန်ဆင်းရှင်၏ ကိုင်တွယ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို ရှာဖွေပြီး လက်ခံဖို့ ပိုပြီး မဖြစ်နိုင်ပါ။ ထိုကဲ့သို့ လူတို့သည်လူသား၏ အရာအားလုံးနှင့် လူသား၏ ကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို အမှန်တကယ် သတိမပြုမိဆိုလျှင်၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အမှန်တကယ် မလိုက်လျှောက်နိုင်လျှင် သူတို့အတွက် "လူတစ်ယောက်၏ကံကြမ္မာက သူ့လက်ထဲမှာရှိသည်" ဆိုသည့် အယူအဆအားဖြင့် မကန့်သတ်ထားစေဖို့၊ တွန်းအားမဖြစ်စေဖို့ ခက်ခဲပါလိမ့်မည်။ ဖန်ဆင်းရှင်၏ အခွင့်အာဏာနှင့် ကံကြမ္မာကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်း၏ နာကျင်မှုတွေကို ဖယ်ထုတ်ဖို့ ခက်ခဲပါလိမ့်မည်။ ပြောစရာမလိုပါ။ သူတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတွေ ဖြစ်လာဖို့ ခက်ခဲပါလိမ့်မည်။ ဤအခြေအနေမှ လွတ်မြောက်ဖို့ အရိုးရှင်းဆုံး နည်းလမ်းတစ်ခု ရှိပါသည်။ ယခင်က အသက်ရှင်နေထိုင်သည့်ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝပန်းတိုင်ကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝနေထိုင်မှုပုံစံ၊ အတွေးအခေါ်၊ အားထုတ်ချက် များ၊ အလိုဆန္ဒများ၊ စံသတ်မှတ်ချက်များကို အနှစ်ချုပ်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်ပြီး ဘုရားသခင်၏ အလိုတော်နှင့် လူသားအတွက် တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကြည့်ပြီး မည်သည့်အရာများက ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုမှုများနှင့် ကိုက်ညီသနည်း၊ မည်သည့်အရာများက ဘဝ၏ မှန်ကန်သည့် တန်ဖိုးကိုပေးအပ်သနည်း၊ သမ္မာတရားကို ပိုပြီးနားလည်မှုဆီကို ဦးဆောင်သနည်း၊ လူသားမျိုးနွယ်နှင့် လူသားနှင့်ဆင်တူစွာနေထိုင်စေဖို့ မည်သည့်အရာများက အခွင့်ပေးသနည်းကို ကြည့်ဖို့ဖြစ်သည်။ လူတို့ ကြိုးစားအားထုတ်သည့် ဘဝပန်းတိုင် အမျိုးမျိုးကို သင် ခဏခဏ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသည့် အချိန်က သူ၏ နဂိုမူရင်း ရည်ရွယ်ချက်နှင့် မည်သူကမှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ဤအရာတွေအားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏အဝေးသို့ လူတွေကို ဆွဲခေါ်သွားသည်။ သူတို့အားလုံးသည် လူသားမျိုးနွယ်သက်ဆင်းသည့် ငရဲကိုရောက်သည့် ကျင်းများ ဖြစ်သည်။ သင်ဒါကို သိမြင်ပြီးနောက်မှာ သင့် ဘဝအပေါ် အမြင်ဟောင်းကို ဘေးမှာထားပြီး၊ ထောင်ချောက် အမျိုးမျိုး၏ အဝေးတွင်နေပါ။ သင့်ဘဝကို ဘုရားသခင်အား ဦးဆောင်စေပြီး သင့်အတွက် အစီအစဉ်များ ပြုလုပ်စေပါ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် လမ်းညွှန်မှုကိုပဲ လိုက်လျှောက်ဖို့ ကြိုးစားပါ။ ရွေးချယ်စရာမရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာဖို့ပါ။ လွယ်ကူသည်ဟုထင်ရပါသည်။ သို့သော်လည်း လုပ်ဖို့ ခက်ခဲသည့်အရာပါ။ လူအချို့တို့က ဤအရာ၏ နာကျင်မှုကို ခံနိုင်သည်။ တစ်ချို့က မခံနိုင်ပါ။ တစ်ချို့က လိုက်နာဖို့ ဆန္ဒရှိသည်။ တစ်ချို့က မရှိပါ။ ဆန္ဒမရှိသည့်သူများက ဤကဲ့သို့လုပ်ဖို့ အလိုဆန္ဒနှင့် ခိုင်မာသည့် ဆုံးဖြတ်ချက်မရှိပါ။ သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း သတိပြုမိသည်။ လူသားကံကြမ္မာကို သေချာစီစဉ်သူသည် ဘုရားသခင်ဆိုသည်ကို ကောင်းစွာသိသည်။ သို့သော်လည်း သူတို့သည် ကြိုးစား ရုန်းကန်နေဆဲ ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ လက်ထဲတွင် သူတို့ကံကြမ္မာကို ချထားဖို့၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လိုက်လျှောက်ဖို့ လက်မခံသေးသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်တို့ကို သူတို့ မကျေနပ်ပါ။ ထို့ကြောင့် သူတို့ဘယ်အရာ တတ်စွမ်းသည်ဆိုတာကို သူတို့ကိုယ်သူတို့ ကြည့်ချင်သည့် လူတစ်ချို့ အမြဲရှိနေပါလိမ့်မည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် သူတို့၏ ကံကြမ္မာကို ပြောင်းလဲချင်ကြသည်။ သို့မဟုတ် သူတို့၏ ကိုယ်ပိုင်အစွမ်းနှင့် ပျော်ရွှင်မှုကို ရယူချင်သည်၊ ဘုရားသခင် အခွင့်အာဏာ၏ နယ်နိမိတ်စည်းများကို ကျော်ပြီး ဘုရားသခင် အချုပ်အခြာအာဏာ၏ အထက်တွင် မြှင့်တက်နိုင်သလောက်ကို ကြည့် လိုကြသည်။ လူသား၏ ဝမ်းနည်းစရာအချက်က လူသားက ပျော်ရွှင်သည့်ဘဝကို ရှာခြင်းမဟုတ်ပါ။ ကျော်ကြားမှု၊ စည်းစိမ် သို့မဟုတ် မြူများကိုဖြတ်ရင်း သူ့ကိုယ်ပိုင် ကံကြမ္မာနှင့် တိုက်ခိုက်ခြင်း မဟုတ်ပါ။ သူသည် ဖန်ဆင်းရှင်၏ တည်ရှိမှုကို သိမြင်ပြီးနောက်၊ ဖန်ဆင်းရှင်က လူသား၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာရှိသည်ဆိုသည့် အချက်ကို သိရှိလာပြီးနောက် သူ့ နည်းလမ်းများကို မပြောင်းနည်းနိုင်သေးဘဲ၊ သူ့ခြေထောက်များကို ရွှံ့ညွှန်ထဲမှ ဆွဲမထုတ်နိုင်ဘဲ သူ့၏နှလုံးသားကို မာကျောစေပြီး သူ့အမှားများကို ဆက်လက်ပြုလုပ်ခြင်း ဖြစ်ပါသည်။ သူသည် နောင်တအနည်းငယ်မှ မရဘဲ အဆုံးအထိ ခုခံရင်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ခေါင်းမာစွာနှင့် ဆန့်ကျင်အန်တုရင်း ရွံ့ထဲမှာပင် ဆက်ပြီး ယက်ကန်ယက်ကန် ဖြစ်နေဖို့ပြုလုပ်သည်။ သူသည် ကျိုးပဲ့လဲကျပြီး သွေးထွက်သည့်အချိန်မှာသာ နောက်ဆုံးမှာ အရှုံးပေးပြီး နောက်ပြန်လှည့်ပါသည်။ ၄င်းသည် စစ်မှန်သည့် လူသား၏ ဝမ်းနည်းမှုပါ။ သို့အတွက်ကြောင့် လိုက်လျှောက်ဖို့ ရွေးချယ်သည့်သူများက အသိပညာရှိပြီး လွတ်မြောက်ဖို့ ကြိုးစားသူတို့က ခေါင်းမာသူများဖြစ်သည်လို့ ငါဆိုခြင်းဖြစ်သည်။

သေခြင်း- ဆဌမဆုံမှတ်

များပြားလှသည့် ပျားပန်းခတ်မှု နှင့် အလုပ်များခြင်းများ၊ များပြားလှသည့် စိတ်အနှောင့်အယှက်ဖြစ်မှုများနှင့် စိတ်ပျက်မှုများ နောက်တွင်၊ များပြားလှသည့် ပျော်ရွှင်မှုများ၊ ဝမ်းနည်းမှုများ၊ လောကဓံအနိမ့်အမြင့်များ ထို့နောက်တွင်၊ များပြားလှသည့် မမေ့နိုင်သည့် နှစ်များနောက်တွင်၊ ရာသီဥတုများ ခဏခဏ ပြောင်းလဲခြင်းကို ကြည့်ရှုပြီး နောက်၊ သတိမမူမိလိုက်ဘဲ ဘဝတွင် အရေးကြီးသည့် ဘဝမှတ်တိုင်များကို ဖြတ်သန်းရပါသည်။ ထို့နောက် အချိန်တိုအတွင်းမှာပဲ သူသည် သတိပေးသည့် နှစ်များကို ရောက်လာတာ သူ့ကိုယ်သူ တွေ့လိုက်ရပါသည်။ အချိန်၏ အမှတ်အသားတို့သည် သူ့ကိုယ်ခန္ဓာ တစ်ကိုယ်လုံးတွင် တံဆိပ်ခပ်နှိပ်ထားပါသည်။ သူသည် တည့်မတ်စွာ မရပ်နိုင်တော့ပါ။ မှောင်မဲသည့် ခေါင်းကဆံပင်က အဖြူရောင်ပြောင်းပြီ။ တောက်ပပြီး ကြည်လင်သည့် မျက်လုံးများသည် မှေးမှိန်ပြီး ဝေဝါးသွားပြီ။ ချောမွေ့ပြီး ပျော့ပြောင်းသည့် အသားအရေသည် တွန့်ကြေလာပြီး အစက်အပြောက်တွေ ထင်လာပါသည်။ အကြားအာရုံ အားနည်းလာပြီ။ သွားများက လျော့ရဲပြီး ထွက်ကျလာသည်။ သူ့ တုံ့ပြန်မှုက နှောင့်နှေးလာသည်။ သူ့ လှုပ်ရှားမှုက နှေးကွေးလာသည်။ ဤအချိန်တွင် သူသည် သူ၏ငယ်ရွယ်သည့် စိတ်လှုပ်ရှားထက်သန်သည့် နှစ်များကို လုံးဝနှုတ်ဆက်လိုက်ပြီး ဘဝ၏ နေဝင်ဆည်းဆာကို ဝင်ရောက်လာပြီ။ အသက်အရွယ်ကြီးရင့်လာပြီ။ ထို့နောက်တွင်သူသည် လူ့ဘဝ၏ နောက်ဆုံး ဆုံမှတ်ဖြစ်သည့် သေခြင်းကို ရင်ဆိုင်ရပါမည်။

၁။ ဖန်ဆင်းရှင်သာလျှင် လူသား၏ ရှင်ခြင်းနှင့် သေခြင်းစွမ်းအင်ကို ကိုင်ဆောင်သည်

လူတစ်ယောက်၏ မွေးဖွားခြင်းက တစ်ယောက်၏ ယခင်ဘဝအားဖြင့် သတ်မှတ်ထားသည်ဆိုလျှင် သူ့သေခြင်းက ထိုကံတရား၏ အဆုံးကို ညွှန်ပြပါသည်။ တစ်ယောက်၏ မွေးဖွားခြင်းက ဤဘဝတွင် တစ်ယောက်၏ တာဝန်အစဆိုလျှင် သူ့သေခြင်းက ၄င်းတာဝန်၏ အဆုံးကို ညွှန်ပြပါသည်။ ဖန်ဆင်းရှင်သည် လူတစ်ယောက်၏ မွေးဖွားခြင်းအတွက် သတ်မှတ်ထားသည့် အခြေအနေများ သတ်မှတ်ပြီး ဖြစ်သည့်အတွက် သူ့၏ သေခြင်း အတွက်လည်း သတ်မှတ်ထားသည့် အခြေအနေများကို စီစဉ်ပြီးဖြစ်ပါသည်။ တစ်နည်းပြောရလျှင် မည်သူမှ မတော်တဆ မွေးဖွားလာခြင်းမဟုတ်ပါ။ မည်သူ့၏ သေခြင်းမှ မမျှော်လင့်ပဲဖြစ်ခြင်း မဟုတ်ပါ။ မွေးဖွားခြင်းနှင့် သေခြင်းနှစ်မျိုးလုံးက ယခင်ဘဝနှင့် လက်ရှိဘဝများနှင့် သေချာပေါက် ဆက်စပ်နေပါသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အခြေအနေနှစ်ခုလုံးကို ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားပါသည်။ ၄င်းသည် လူတစ်ယောက်၏ ဦးတည်ချက်၊ လူတစ်ယောက်၏ ကံကြမ္မာဖြစ်ပါသည်။ လူတစ်ယောက်၏ မွေးဖွားမှုကို အများကြီးပြောနိုင်သလို လူတိုင်း၏ သေခြင်းသည် ထူးခြားသည့် အခြေအနေ အမျိုးမျိုးအောက်မှာ ဖြစ်ပေါ်ပါလိမ့်မည်။ ဤကဲ့သို့လူတို့၏ မတူညီသည့် သက်တမ်းများနှင့် မတူညီသည့် ပုံစံများ၊ သူတို့သေသည့် အချိန်များ ဖြစ်ပေါ်ပါသည်။ တစ်ချို့လူများက ကျန်းမာ သန်စွမ်းသော်လည်း စောလျှင်စွာ သေဆုံးကြသည်။ တစ်ချို့က အားနည်းပြီး မကြာခဏဖျားနာသော်လည်း အသက်ကြီးသည့်အထိ အသက်ရှင်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးကြသည်။ တစ်ချို့က သဘာဝမဟုတ်သည့် အကြောင်း များကြောင့်သေဆုံးပြီး တစ်ချို့က သဘာဝအလျောက်သေဆုံးကြသည်။ တစ်ချို့က မိမိအိမ်နှင့် အဝေးတွင် သူတို့အသက်ကို အဆုံးသတ်သည်။ တစ်ခြားလူတို့က သူတို့နံဘေးတွင် သူတို့ချစ်ရသူများ နှင့်အတူ မျက်လုံးပိတ်ကြသည်။ တစ်ချို့လူတို့က လေထဲမှာ သေဆုံးကြသည်။ တစ်ခြားလူတို့က ကမ္ဘာမြေကြီးအောက်တွင် သေဆုံးကြသည်။ တစ်ချို့က ရေအောက်တွင် နစ်မြုပ်သည်။ တစ်ချို့က ကပ်ဘေးများထဲတွင် ပျောက်ကွယ်သွားကြသည်။ တစ်ချို့က မနက်တွင်သေသည်။ တစ်ချို့က ညတွင်သေသည်။ လူတိုင်းက ကျော်ကြားစွာ မွေးဖွားချင်ကြသည်။ အလွန်ကောင်းသည့် ဘဝနှင့် ကြီးကျယ်ခမ်းနားသည့် သေခြင်းမျိုးကို လိုချင်ကြသည်။ သို့သော်လည်း မည်သူမှ သူတို့၏ ကိုယ်ပိုင်ကံတရားကို မကျော်လွန်နိုင်ပါ။ မည်သူကမှ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာမှ မလွတ်မြောက်နိုင်ပါ။ ဤကား လူသား၏ ကံကြမ္မာပါ။ လူသားသည် သူ့အနာဂတ်အတွက် အစီအစဉ်တွေ အမျိုးမျိုးချမှတ်နိုင်သည်။ သို့သော်လည်း မည်သူကမှ သူတို့ မွေးဖွားသည့် ပုံစံနှင့်အချိန်၊ လောကကြီးမှ ထွက်ခွာသွားခြင်းကို မစီစဉ်နိုင်ပါ။ လူတို့က သေခြင်းကို ရှောင်ကြဉ်ပြီး ခုခံဖို့ အကောင်းဆုံးလုပ်ဆောင်ကြသည်။ သို့သော်လည်း သူတို့မသိရဘဲ သေခြင်းသည် တိတ်တဆိတ်နှင့် နီးကပ်လာပါသည်။ သူတို့မည်သည့်အချိန်သေမည်ဆိုတာ သို့မဟုတ် မည်သို့သေမည်ဆိုတာကို မည်သူမှမသိပါ။ မည်သည့်နေရာတွင်ဖြစ်မည်ဆိုတာ ပို၍ပင် မသိပါ။ သေခြင်းနှင့် ရှင်ခြင်း စွမ်းအင်ကို ကိုင်ဆောင်တာက လူသားမျိုးနွယ် မဟုတ်ပါ၊ သဘာဝလောကထဲက အရာမဟုတ်ဘဲ သူ့အခွင့်အာဏာသည် အတုမရှိသည့် ဖန်ဆင်းရှင်ဆိုသည်မှာ သိသာပါသည်။ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် သဘောဝလောက၏ နိယာမတစ်ချို့၏ ထုတ်ကုန်မဟုတ်ပါ။ ဖန်ဆင်းရှင် အခွင့်အာဏာ၏ အချုပ်အခြာအာဏာ၏ အကျိုးဆက်များ ဖြစ်ပါသည်။

၂။ ဖန်ဆင်းရှင်၏ အခွင့်အာဏာကို မသိသူသည် သေရမည်ကို ကြောက်ရွံ့ခြင်း၏ခြောက်လှန့် မှုကို ခံနေရသည်

လူတစ်ယောက်သည် အသက်ကြီးပိုင်းထဲ ရောက်လာသည့်အခါ သူရင်ဆိုင်ရသည့် စိန်ခေါ်မှုက မိသားစုကို ထောက်ပံ့ခြင်း မဟုတ်ပါ၊ သို့မဟုတ် ဘဝတွင် သူ၏ကြီးကျယ်သည့် ရည်ရွယ်ချက်ကို တည်ဆောက်ခြင်း မဟုတ်ပါ။ သူ့ဘဝကို မည်သို့နှုတ်ဆက်မည်၊ သူ့ဘဝ အဆုံးသတ်ကို မည်သို့ရင်ဆိုင်မည်၊ သူ့ကိုယ်ပိုင်ဖြစ်တည်မှု၏ အဆုံးသတ်ကာလကို မည်သို့လုပ်ရမည် စသည်တို့ ဖြစ်ပါသည်။ အပေါ်ယံတွင် လူတို့က သေခြင်းကို သိပ်အာရုံမစိုက်ဟု ထင်ရသော်လည်း ဤအကြောင်းအရာကို စူးစမ်းရှာဖွေခြင်းမပြုဘဲ မည်သူမှ မနေနိုင်ပါ။ သေခြင်း၏ ဝေးကွာသည့်တစ်ဖက်တွင် လူသားတို့ မသိရှိနိုင် သို့မဟုတ် မခံစားနိုင်သည့်၊ သူတို့ လုံးဝမသိသည့် တစ်ခြားကမ္ဘာတစ်ခု တည်ရှိနေ သလောဆိုတာကို မည်သူမှ မသိပါ။ ဤအရာက လူတို့ကို သေခြင်းနှင့် ထိပ်တိုက်လျှင်ဆိုင်ဖို့ ကြောက်လန့်စေသည်။ သူတို့မဖြစ်မနေ ကြုံတွေ့ရမည် ဖြစ်သည့်အတွက် ရင်ဆိုင်ဖို့ ကြောက်ရွံ့ကြသည်။ ဤအရာကို ရှောင်ကြဉ်ဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ထို့ကြောင့် လူတိုင်းက သေခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများနှင့် ပြည့်နေကြပြီး ဤရှောင်ကွင်းလို့မရသည့် ဘဝ၏ အချက်အလက်တစ်ခုကို ပဟေဠိများ ဖြစ်ပေါ်လာပြီး လူတိုင်း၏ နှလုံးသားတွင် အမြဲတမ်းတည်ရှိနေသည့် အရိပ်တစ်ခု ပေါ်ထွက်စေခဲ့သည်။

လူတစ်ယောက်သည် သူ့ကိုယ်ခန္ဓာက ယိုယွင်းပျက်စီးလာသည်ကို ခံစားရသည့်အခါ သေခြင်းနှင့် နီးနေပြီဖြစ်ကြောင်း သိမြင်ခံစားရသည့်အခါ မရောရာသည့် စိုးရိမ်ပူပန်မှု၊ ဖော်ပြလို့မရသည့် ကြောက်ရွံ့ခြင်းတို့ကို ခံစားရသည်။ သေခြင်းကို ကြောက်ရွံ့မှုသည် လူတစ်ယောက်ကို အထီးကျန်ပြီး အကူအညီမဲ့ခြင်းကို ခံစားရအောင် ပြုလုပ်သည်။ ဤအချိန်တွင်သူ့ကိုယ်သူမေးသည်။ လူသားက ဘယ်ကလာ သနည်း။ လူသားသည် ဘယ်ကိုသွားမည်နည်း။ သူ့ဘဝက လေပြေလေးလို သူ့ကိုကျော်ဖြတ်သွားရင်းနှင့် ဤပုံစံနှင့် လူသားက သေမည်လော။ ဤကား လူသား၏ ဘဝအဆုံးကို ညွှန်ပြသည့် ကာလလော။ အဆုံးမှာ ဘဝ၏ အဓိပ္ပါယ်က အဘယ်နည်း။ နောက်ဆုံးတော့ ဘဝက မည်မျှတန်ဖိုးရှိသနည်း။ ကျော်ကြားမှုနှင့် စည်းစိမ်တို့နှင့် ပတ်သက်သလော။ မိသားစုကို ပြုစုပျိုးထောင် ရတာနှင့် ပတ်သက်သလော။ လူတစ်ယောက်က ဤသီးသန့်မေးခွန်းများကို တွေးမိသလောနှင့် မသက်ဆိုင်ဘဲ၊ လူတစ်ယောက်က သေခြင်းကို မည်မျှ နက်နက်နဲနဲ ကြောက်သည်နှင့် မသက်ဆိုင်ဘဲ လူတိုင်း၏ နှလုံးသား နက်ရှိုင်းရာထဲတွင် ဘဝနှင့်ပတ်သက်ပြီး နားလည်သဘောပေါက်ခြင်းမရှိသည့် ခံစားချက်၊ ဤအရာများနှင့် ရောနှောပြီး လောကကြီးနှင့်ပတ်သက်ပြီး တွယ်တာမှု၊ ထွက်ခွာဖို့ ဆန္ဒမရှိမှုတွေဖြစ်သည့် ဤပဟေဠိများကို စူးစမ်းစစ်ဆေးဖို့ ဆန္ဒတစ်ခု အမြဲတမ်းရှိနေမည်။ လူသား ကြောက်သည့်အရာက အဘယ်အရာနည်းဆိုတာ၊ လူသား စစ်ဆေးချင်တာက အဘယ်အရာနည်းဆိုတာ၊ သူတွယ်တာနေတာက အဘယ်အရာလဲဆိုတာ၊ ဘယ်အရာကို ထားခဲ့ဖို့ ဆန္ဒမရှိသည်ဆိုတာကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မရှင်းလင်းနိုင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သူတို့သည် သေခြင်းကို ကြောက်ရွံ့သည့်အတွက် လူတို့သည် အလွန် စိုးရိမ်ပူပန်ကြသည်။ သူတို့သည် သေခြင်းကို ကြောက်ရွံ့သည့်အတွက် သူတို့ လက်မလွတ်နိုင်သည့်အရာ အများကြီးရှိသည်။ သူတို့ သေဖို့ဖြစ်လာသည့်အခါ ဟိုဟိုသည်သည် စိုးရိမ်ပူပန်လာသည်။ သူတို့၏ ကလေးများ၊ သူတို့၏ ချစ်ရသူများ၊ သူတို့၏ ချမ်းသာမှုများကို စိတ်ပူပန်သည်။ စိတ်ပူနေခြင်းအားဖြင့် ဒုက္ခခံစားရတာတွေနှင့် သေခြင်းက သယ်ဆောင်လာသည့် စိုးရိမ်ပူပန်မှုများကို ဖျက်ပစ်လို့ ရမည့်အတိုင်း၊ သက်ရှိတို့နှင့် ရင်းနှီးမှုကို ထိန်းသိမ်းခြင်းအားဖြင့် သူတို့သည် သေခြင်းမှာပါဝင်လာသည့် အကူအညီမဲ့ခြင်းနှင့် အထီးကျန်ဆန်ခြင်းတို့မှ သူတို့ လွတ်မြောက်နိုင်သလိုမျိုး စိုးရိမ်နေကြသည်။ လူသား၏နှလုံးသား အနက်ပိုင်းတွင် မပီပြင်သေးသည့် ကြောက်ရွံ့မှုများ၊ ချစ်ရသူနှင့် ခွဲခွာရမည့် ကြောက်ရွံ့မှု၊ အပြာရောင်ကောင်းကင်ကို ဘယ်သောအခါမှ မကြည့်ရတော့မည့်၊ ရုပ်ဝတ္ထုကမ္ဘာကို ဘယ်သောအခါမှ နောက်တစ်ကြိမ် မကြည့်ရတော့မည့် ကြောက်ရွံ့မှုမျိုး တည်ရှိပါသည်။ သူချစ်ရသည့်သူနှင့် အဖော်လုပ်လေ့ရှိသည့် အထီးကျန်သည့် ဝိညာဉ်သည် သူ့ဆုပ်ကိုင်မှုကို ဖယ်ခွာပြီး မသိမမြင်ရသည့် မနီးစပ်သည့် ကမ္ဘာကို တစ်ယောက်တည်း သွားဖို့ ဆန္ဒမရှိကြပါ။

၃။ အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရှာဖွေရင်းနှင့် ကုန်ဆုံးသည့်ဘဝသည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဆုံးရှုံးရလိမ့်မည်

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်သတ်မှတ်ခြင်းတို့ကြောင့် သူ့အမည်တွင် ဘာမှ မရှိခြင်းကနေ စတင်လာသည့် အထီးကျန်နေသည့် ဝိညာဉ်သည် မိဘနှင့် မိသားစုကို ရရှိလာသည်။ လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့အခွင့်အရေး၊ လူသားဘဝကို ကြုံတွေ့ဖို့နှင့် ကမ္ဘာကိုကြည့်ဖို့ အခွင့်အရေးတွေကို ရရှိလာပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ဖို့၊ ဖန်ဆင်းရှင်အားဖြင့် ဖန်ဆင်းခြင်း၏ ထူးခြား ဆန်းပြားမှုတွေကို သိရှိဖို့၊ အားလုံးထဲမှာမှ ဖန်ဆင်းရှင်၏ အခွင့်အာဏာကို သိပြီး သက်ရောက်မှု ရှိလာစေဖို့ အခွင့်အရေးတွေကို ရရှိပါသည်။ သို့သော်လည်း လူအများစုက ဤကဲ့သို့ ရှားပါးပြီး ခဏတဖြုတ်ဖြစ်သည့် အခွင့်အရေးကို အမှန်တကယ် မဖမ်းဆုပ်ကြပါ။ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရင်း ဘဝတစ်ခုလုံးနှင့်တန်သည့် စွမ်းအင်များကို သုံးပစ်ကြသည်။ မိသားစုကို ကျွေးမွေးဖို့ ကြိုးစားရင်း လှုပ်ရှားရုန်းကန်ရင်း၊ ချမ်းသာခြင်းနှင့် အဆင့်အတန်း အကြားတွင် အပြန်အလှန် ကူးသန်းသွားလာရင်း အချိန်အားလုံး ကုန်ဆုံးရသည်။ လူတို့ တန်ဖိုးထားသည့် အရာတို့ သည် မိသားစု၊ ပိုက်ဆံနှင့် ကျော်ကြားမှုများ ဖြစ်သည်။ ဤ အရာတို့ကို ဘဝမှာ တန်ဖိုးအရှိဆုံး အရာများအဖြစ် မြင်ကြသည်။ လူအားလုံးက သူတို့၏ကံကြမ္မာနှင့် ပတ်သက်ပြီး ညည်းညူကြသည်။ သို့သော်လည်း စမ်းသပ်ကြည့်ရှုပြီး နားလည်ဖို့အတွက် အလွန်အရေးကြီးသည့် မေးခွန်းကို သူတို့ လျစ်လျူရှုထားကြဆဲပင်ဖြစ်သည်။ လူသားက အဘယ်ကြောင့်အသက်ရှင်သည်၊ မည်သို့အသက်ရှင်ရမည်၊ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပါယ်က အဘယ်နည်းတို့ဖြစ်ကြသည် စသည်တို့ဖြစ်သည်။ သူတို့၏ဘဝတစ်လျှောက်လုံး နှစ်တွေမည်မျှကြာပါစေ၊ သူတို့၏ ငယ်ရွယ်နုပျိုခြင်း ကုန်ဆုံးသွားသည့်အထိ၊ ဆံပင်ဖြူပြီး အသားအရေ တွန့်လိပ်လာသည့်အထိ၊ အောင်မြင်မှုနှင့် စည်းစိမ်က အသက်ကြီးပြီးဖြစ်သည့် ရောဂါများကို မရပ်တန့်နိုင်၊ ပိုက်ဆံက နှလုံးသား၏ ဟာလာဟင်းလင်းဖြစ်မှုကို မဖြည့်ဆည်း ပေးနိုင်ဆိုတာကို သူတို့မြင်သည့်အထိ၊ မွေးဖွားခြင်း နိယာမ၊ အသက်အရွယ်ကြီးခြင်း၊ ဖျားနာခြင်း၊ သေခြင်းတို့ကနေ မည်သူမှ မကင်းလွတ်နိုင်၊ ကံကြမ္မာ၏ စီရင်မှုကနေ မည်သူမှ မလွတ်မြောက် နိုင်ဆိုသည်ကို သူတို့နားလည်သည့်အထိ အောင်မြင်မှုနှင့် စည်းစိမ်တို့ကို သူတို့ အပြေးအလွှား ကြိုးစားရှာဖွေ ကြသည်။ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို သူတို့ရင်ဆိုင်ဖို့ ဖြစ်လာသည့်အခါမှသာ သူတို့သည် လူတစ်ယောက်က ပိုင်ဆိုင်မှုပစ္စည်းများ သန်းချီပြီး ပိုင်ဆိုင်သည့်တိုင်၊ အထူးအခွင့်အရေးများရပြီး အဆင့်မြင့်နေသည့်တိုင်၊ မည်သူမှ သေခြင်းမှ မလွတ်မြောက်နိုင်သည်ကို သူတို့အမှန်တကယ် နားလည်ကြသည်။ လူတိုင်းက သူ၏ သို့မဟုတ် သူမ၏ မူလနေရာကို ပြန်သွားရလိမ့်မည်။ အဘယ်အရာမှမရှိသည့် တစ်ခုတည်းသော ဝိညာဉ်ဖြစ်သည်။ လူတစ်ယောက်က မိဘများ ရှိသည့်အခါ သူ့မိဘများက သူ့အတွက် ဘဝဖြစ်သည်။ လူတစ်ယောက်က ပိုင်ဆိုင်မှုများ ရှိသည့်အခါ ပိုက်ဆံသည် အဓိကအစိတ်အပိုင်းဖြစ်သည်၊ ဘဝတွင် တန်ဖိုးရှိသည့်ပစ္စည်းပဲလို့ ထင်မြင်ကြသည်။ လူတို့ သည် အဆင့်အတန်းရှိသည့်အခါ ထိုအရာအပေါ်မှာ စွဲမြဲစွာ တွယ်ကပ်နေပြီး ဤအရာများအတွက် သူတို့ဘဝကို စွန့်ကြသည်။ လူတို့က ဤကမ္ဘာကို စွန့်ခွာရတော့မည့် အချိန်မှသာ သူတို့ဘဝ၏ အချိန်များကို အသုံးချပြီး ကြိုးစားရှာဖွေခဲ့သည့် ဤ အရာများသည် တစ်ခဏပဲရှိသည့်တိမ်တွေလို၊ သူတို့စွဲကိုင်ထားနိုင်သည့် မည်သည့်အရာမှ မရှိကြောင်း၊ သူတို့နှင့်အတူ ယူသွားနိုင်သည့် မည်သည့်အရာမှမရှိကြောင်း၊ မည်သည့်အရာကမှ သူတို့ကို သေခြင်းကနေ ကင်းလွတ်အောင် မလုပ်နိုင်ကြောင်း၊ အထီးကျန်သည့် ဝိညာဉ်ကို သူ့အပြန်လမ်းမှာ မည်သူကမှ အဖော်လုပ်ပြီး နှစ်သိမ့်မပေးနိုင်ကြောင်း သိမြင်ပြီး၊ အဆိုးဆုံးက မည်သည့်အရာကမှ လူတစ်ယောက်ကို ကယ်တင်ခြင်းပေးပြီး သေခြင်းကို ကျော်လွန်နိုင်ဖို့ မလုပ်ပေးနိုင်ဘူးဆိုတာကို သိမြင်လိုက်ရသည်။ ဤရုပ်ဝတ္ထုလောကတွင် လူတစ်ယောက်ရသည့် အောင်မြင်မှုနှင့် စည်းစိမ်တို့သည် ယာယီစိတ်ကျေနပ်မှု၊ ခဏတာ သာယာမှု၊ အတုအယောင် စိတ်သက်သာစေမှုတို့ကိုပေးပြီး သူ့ကို လမ်းပျောက်စေပါသည်။ ထို့ကြောင့် လူတို့သည် ငြိမ်းချမ်းမှု၊ စိတ်သက်သာရာရမှု၊ နှလုံးငြိမ်းချမ်းမှုတို့ကို လိုလားတောင့်တရင်း လူသားမျိုးနွယ်၏ ကျယ်ပြန့်သည့် ပင်လယ်ကြီးထဲ ယက်ကန်ယက်ကန်ဖြစ်နေရင်း လှိုင်းလုံးများအောက်တွင် ကြိမ်ဖန်များစွာ နစ်မြုပ်ကြရသည်။ သူတို့ဘယ်ကလာသည်၊ အဘယ်ကြောင့်အသက်ရှင်နေသည်၊ ဘယ်ကိုသွားမည် စသည့် နားလည်ဖို့ အလွန်အရေးကြီးသည့် မေးခွန်းများကို လူတို့ အဖြေမထုတ်နိုင်ခင် သူတို့သည် အောင်မြင်မှုနှင့် စည်းစိမ်များအားဖြင့် ဆွဲဆောင်ခံရပြီး၊ လှည့်စားခံရပြီး၊ ဤအရာများနှင့် ထိန်းချုပ်ခံရပြီး ပြောင်းလဲလို့မရဘဲ ဆုံးရှုံးကြရသည်။ အချိန်က ကုန်မြန်လွန်းသည်။ မျက်စိတစ်မှိတ် အတွင်း နှစ်တွေကုန်ဆုံးသွားသည်။ သတိမပြုလိုက်မိခင်မှာ သူ့ဘဝ၏ အကောင်းဆုံး နှစ်များကို နှုတ်ဆက်လိုက်ရသည်။ လူတစ်ယောက်သည် မကြာခင် လောကကြီးမှ ထွက်ခွာရတော့မည့်အချိန်တွင်၊ လောကကြီးတွင်ရှိသည့် အရာအားလုံးသည် အဝေးကို ရွေ့သွားနေသည်ကို တဖြည်းဖြည်း သတိပြုမိသည့်အချိန် ရောက်လာသည့်အခါ၊ သူပိုင်ဆိုင်ခဲ့သည့် အရာ များကို ထပ်ပြီး ကိုင်စွဲမထားနိုင် တော့သည့်အခါ၊ လောကထဲမှာ အခုလေးတင် ထွက်ပေါ်လာသည့် အော်ဟစ်ငိုယိုနေသည့် မွေးကင်းစကလေး တစ်ယောက်ကဲ့သို့ အဘယ်အရာမှ မပိုင်ဆိုင်သေးဘူးဆိုတာကို အမှန်တကယ် ခံစားလိုက်ရသည်။ ဤအချိန်တွင် သူသည် ဘဝမှာ ဘာတွေလုပ်ခဲ့သနည်း၊ အသက်ရှင်ရတာ မည်သို့တန်ဖိုးရှိသနည်း၊ ဘဝက မည်သည့်အဓိပ္ပါယ်လဲ၊ လောကထဲကို အဘယ်ကြောင့် ရောက်လာသနည်းဆိုတာတွေကို ဆင်ခြင်သုံးသပ်ဖို့ ဖြစ်လာရသည်။ ဤအချိန်တွင် နောင်ဘဝ တကယ်ရှိသလော၊ ကောင်းကင်ဘုံက တကယ်ပဲ တည်ရှိသလော၊ အပြစ်ဒဏ်ခံရခြင်း တကယ်ရှိသလော ဆိုတာတွေကို ပိုပြီးသိချင်လာသည်။ သေခြင်းနှင့် နီးကပ်လာလေ၊ ဘဝဆိုတာ တကယ်တော့ အဘယ်သို့နည်းဆိုတာကို ပိုပြီး နားလည်ချင်လာလေ၊ သေခြင်းနှင့် နီးကပ်လာလေ၊ နှလုံးသားက ဘာမှမရှိသလို ဖြစ်လာလေ၊ သေခြင်းနှင့် နီးကပ်လာလေ၊ အကူအညီမဲ့သလို ပိုပြီး ခံစားရလေ ဖြစ်လာသည်။ ဤကဲ့သို့သေခြင်းကို ကြောက်ရွံ့မှုသည် တဖြည်းဖြည်း ပုံမှန်ကြီးထွားလာသည်။ လူတို့က သေခြင်းနှင့် နီးကပ်လာသည့်အခါ အဘယ်ကြောင့် ဤကဲ့သို့ပြုမူကြသနည်းဆိုသည့် အကြောင်းရင်းနှစ်ချက်ရှိသည်။ ပထမအချက်က သူတို့သည် သူတို့ဘဝမှာ အမှီပြုခဲ့သည့် ကျော်ကြားခြင်းနှင့် ချမ်းသာခြင်းတို့ကို ဆုံးရှုံးရတော့မည်။ လောကမှာ မြင်နိုင်သည့် အရာများအားလုံးကို ထားခဲ့ရတော့မည်။ ဒုတိယအချက်က သူတို့ ကြောက်ရွံ့သည့် သူတို့ရောက်လာမည့်နေရာ၊ ချစ်ခင်ရသည့်သူများနှင့် ကူညီထောက်ပံ့ပေးမည့်သူများ မရှိသည့်နေရာဖြစ်သည့် သူတို့နှင့် မရင်းနှီးသည့်ကမ္ဘာ၊ ဆန်းကြယ်ပြီး မသိမြင်နိုင်သည့် နယ်ပယ်တစ်ခုကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည်။ ဤအကြောင်းရင်း နှစ်ချက်ကြောင့် သေခြင်းကို ရင်ဆိုင်ရသည့်သူတိုင်းသည် စိတ်မသက်သာမှုကို ခံစားရသည်။ ယခင်က တစ်ခါမှ မကြုံခဲ့ဖူးသည့် ထိတ်လန့်မှုနှင့် အကူအညီမဲ့သည့် ခံစားမှုကို ကြုံတွေ့ကြရသည်။ လူတို့က ဤ နေရာကို အမှန်တကယ် ရောက်လာသည့် အခါမှသာ လူတစ်ယောက် ကမ္ဘာမြေကြီးပေါ်မှာ အခြေချသည့်အခါ သူနားလည်ရမည့် ပထမဆုံးအရာက လူသားက မည်သည့်အရပ်ကနေလာသနည်း၊ လူတွေ အဘယ်ကြောင့် အသက်ရှင်နေသနည်း၊ လူသားကံကြမ္မာကို မည်သူ အုပ်ချုပ်သနည်း၊ လူသားတို့ ဖြစ်တည်မှုအပေါ် မည်သူက အချုပ်အခြာအာဏာရှိပြီး ပံ့ပိုးပေးသနည်း ဆိုတာတွေဖြစ်သည်ကို သိမြင်လာသည်။ လူသား ရှင်သန်ရပ်တည်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အခြေခံ အချက်အလက်များဖြစ်သည့် ဤအချက်များက ဘဝတွင် စစ်မှန်သည့် တန်ဖိုးရှိသည့် အရာများ ဖြစ်ပါသည်။ မိသားစုကို မည်သို့ထောက်ပံ့ရမည် သို့မဟုတ် ကျော်ကြားမှုနှင့် ချမ်းသာမှုကို မည်သို့ ရယူရမည် စသည်တို့ကို သင်ယူခြင်းမဟုတ်ပါ။ အားလုံးထက်သာအောင် မည်သို့လုပ်ရမည် သို့မဟုတ် ပိုပြီး ချမ်းသာသည့် ဘဝကို မည်သို့နေထိုင်ရမည် ဆိုတာတွေကို သင်ယူခြင်းမဟုတ်ပါ။ မည်သို့ထူးချွန်အောင်နှင့် တစ်ခြားလူတွေထက် အောင်မြင်စွာပြီးမြောက်အောင် မည်သို့လုပ်ရမည်ကို သင်ယူခြင်းက ပို၍ မဟုတ်ပါ။ လူတို့သည် သူတို့၏ ဘဝအချိန် များကို အသုံးချပြီး ကျွမ်းကျင်အောင် သင်ယူခဲ့သည့် ရှင်သန်ရပ်တည်ရေး ပညာအမျိုးမျိုးတို့က ရုပ်ဝတ္ထုဆိုင်ရာ စိတ်သက်သာရာရခြင်း အများကြီး ပေးအပ်နိုင်သော်လည်း နှလုံးသားအတွက် နှစ်သိမ့်မှုနှင့် စစ်မှန်သည့်ငြိမ်းချမ်းမှုတို့ကို ဘယ်သောအခါမှ သယ်ဆောင်မလာပါ။ ဤကဲ့သို့မဟုတ်ဘဲ လူတို့ကို သူတို့၏ ဦးတည်ချက်များ အမြဲတမ်း ဆုံးရှုံးစေသည်။ သူတို့ကိုယ်သူတို့ ထိန်းချုပ်ဖို့ ခက်ခဲစေသည်။ ဘဝ၏အဓိပ္ပါယ်ကို သင်ယူဖို့ အခွင့်အလမ်းတိုင်းကို လွဲချော်စေသည်။ ထို့နောက် ဤအရာများက သေခြင်းကို မည်သို့ သင့်လျော်စွာ ရင်ဆိုင်ရမည်ဆိုတာ၏ အောက်မှာရှိသည့် ပြဿနာတွေကို ဖန်တီးသည်။ ဤနည်းလမ်းနှင့် လူတို့၏ ဘဝများ ပျက်စီးရသည်။ ဖန်ဆင်းရှင်က သူ၏ အချုပ်အခြာအာဏာကို ကြုံတွေ့ပြီး သိရှိဖို့အတွက် လူတိုင်းကို တစ်ဘဝလုံးအတွက် ထိုက်တန်သည့် အခွင့်အလမ်းများ ပေးပြီး လူတိုင်းကို မျှတစွာ ပြုမူဆက်ဆံပါသည်။ သို့သော်လည်း သေခြင်းက နီးကပ်လာသည့် အခါမှသာ၊ သေခြင်း၏ ခြောက်လှန့်မှုက နီးကပ်လာသည့် အခါမှသာ အလင်းကို စတင်မြင်လာသည်။ ထို့နောက်မှာတော့ အလွန်နောက်ကျသွားပါပြီ။

လူတို့သည် ပိုက်ဆံနှင့် ကျော်ကြားမှုနောက် လိုက်ရင်း သူတို့၏ဘဝကို ကုန်ဆုံးကြသည်။ သူတို့သည် ဤအရာတွေရှိ နေခြင်းကြောင့် သူတို့ဆက်ပြီးရှင်သန်နိုင်မလိုလို၊ သေခြင်းကနေ လွတ်ကင်းနိုင်သလိုလိုနှင့် ဤအရာများက သူတို့၏ အဓိက အထောက်အပံ့များပဲလို့ တွေးထင်ရင်းနှင့် ဤကောက်ရိုးမျှင်များကို ဆုပ်ကိုင် ကြသည်။ သို့သော်လည်း သူတို့သည် သေခြင်းနှင့် နီးကပ်လာသည့်အခါမှသာ ဤအရာများနှင့် သူတို့ မည်မျှဝေးကွာသနည်း၊ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူတို့မည်မျှ အားနည်းသနည်းသည်၊ သူတို့မည်မျှ လွယ်လွယ် ကျိုးပဲ့ကြေမွသနည်းဆိုတာ၊ ဘယ်ကိုမှ သွားစရာမရှိဘဲ သူတို့မည်မျှ အထီးကျန်ပြီး အကူအညီမဲ့ ဖြစ်နေသည်ကို သိမြင်ကြသည်။ ဘဝသည် ပိုက်ဆံ သို့မဟုတ် ကျော်ကြားမှုနှင့် ဝယ်၍မရနိုင်၊ လူတစ်ယောက်က မည်မျှချမ်းသာပါစေ၊ သူသို့မဟုတ် သူမ၏ အဆင့်နေရာက မည်မျှ မြင့်မြတ်ပါစေ၊ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ လူအားလုံးသည် ညီတူညီမျှ နိမ့်ကျပြီး အရေးမပါဘူးစသည်တို့ကို သူတို့ သိမြင်ကြသည်။ ပိုက်ဆံက ဘဝကို မဝယ်ယူနိုင်၊ ကျော်ကြားမှုက သေခြင်းကို မဖျက်ပစ်နိုင်၊ ပိုက်ဆံ သို့မဟုတ် ကျော်ကြားမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင် ကြောင်းကို သူတို့ သိမြင်ကြသည်။ လူတို့သည် ဤကဲ့သို့ ခံစားရလေ၊ ဆက်လက်ရှင်သန်ရဖို့ တောင့်တလေဖြစ်သည်။ လူတို့က ဤကဲ့သို့ လိုခံစားရလေ၊ သေခြင်းနီးကပ် လာတာကိုပိုပြီး စိုးရိမ်ပူပန်လေ ဖြစ်ကြသည်။ ဤအချိန်မှသာ သူတို့၏ဘဝကို သူတို့မပိုင်ဆိုင်ပါ၊ သူတို့မထိန်းချုပ်နိုင်ပါ၊ သေခြင်း၊ ရှင်ခြင်းနှင့်ပတ်သက်ပြီး ထိန်းချုပ်နိုင်စွမ်း မရှိပါ၊ ဤ အရာများ အားလုံးကို သူမထိန်းချုပ်နိုင်ခြင်းကို အမှန်တကယ် သိမြင်လာကြသည်။

၄။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ လာပြီး သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်ပါ

လူတစ်ယောက် မွေးဖွားသည့် အချိန်ခဏတွင် အထီးကျန်သည့် ဝိညာဉ်တစ်ခုသည် ကမ္ဘာမြေကြီးပေါ်က ဘဝအတွေ့အကြုံ၊ ဖန်ဆင်းရှင် သူ့အတွက် စီစဉ်ပေးထားသည့် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို ကြုံတွေ့ရမှုတို့ စတင်ပါသည်။ ပြောစရာမလိုပါ။ ၄င်းသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ရရှိဖို့၊ သူ့ အခွင့်အာဏာကို သိဖို့နှင့် ကိုယ်တိုင် တွေ့ကြုံရဖို့၊ ဤလူအတွက်၊ ဝိညာဉ်အတွက်၊ သိပ်ကောင်းသည့် အခွင့်အလမ်းဖြစ်ပါသည်။ လူတို့သည် ဖန်ဆင်းရှင်က သူတို့အတွက် ချမှတ်ပေးခဲ့သည့် ကံကြမ္မာ၏ နိယာမအောက်တွင် နေထိုင်ကြပြီး အသိစိတ်ရှိသည့် အကျိုးအကြောင်း ဆက်စပ်တွေးခေါ်တတ်သည့် သူများအတွက် ကမ္ဘာပေါ်မှာ သူတို့၏ ဆယ်စုနှစ်များစွာ၏ လမ်းကြောင်းများပေါ်တွင် ဖန်ဆင်းရှင်၏ အခွင့်အာဏာကိုသိပြီး သူ့၏ အချုပ်အခြာအာဏာကို နားလည်သိမြင်ဖို့က ခက်ခဲသည့်အရာ မဟုတ်ပါ။ ထို့ကြောင့် လူသား၏ ကံကြမ္မာအားလုံးသည် ကြိုတင်သတ်မှတ် ထားသည်၊ အသက်ရှင်ခြင်း၏ အဓိပ္ပါယ်ကို နားလည်ဖို့၊ ခြုံငုံသိမြင်နိုင်ဖို့ သူသို့မဟုတ် သူမ၏ ဆယ်စုနှစ်များစွာရှိသည့် ဘဝအတွေ့အကြုံများမှတစ်ဆင့် လူတိုင်းသိမြင်နိုင်ဖို့ အလွန်လွယ်ကူမည်။ တစ်ချိန်တည်းတွင် ဤ ဘဝသင်ခန်းစာများကို လက်ခံပြီး ဘဝက ဘယ်ကနေလာသည်၊ နှလုံးသားက အဘယ်အရာကို အမှန်တကယ် လိုအပ်သည်၊ ဘယ်အရာက မှန်ကန်သည့် ဘဝလမ်းကြောင်းကို လမ်းညွှန်ပေးမနည်း၊ လူသားဘဝ၏ တာဝန်နှင့် ပန်းတိုင်က အဘယ်အရာတွေဖြစ်ရမည်ဆိုတာကို တဖြည်းဖြည်း နားလည်လာပါ လိမ့်မည်။ ဖန်ဆင်းရှင်ကို မကိုးကွယ်လျှင်၊ သူ့အုပ်စိုးမှုအောက်ကို မလာလျှင်၊ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ဝိညာဉ်က ဖန်ဆင်းရှင်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရတော့မည့် အခါ၊ သူ့နှလုံးသားသည် အကန့်အသတ်မရှိသည့် စိုးရိမ်မှုများ၊ စိတ်မသက်မသာမှုများ ပြည့်နေမည်ကို တဖြည်းဖြည်းနှင့် သိမြင်လာပါလိမ့်မည်။ လူတစ်ယောက်သည် ကမ္ဘာပေါ်တွင် ဆယ်စုနှစ်များစွာ တည်ရှိခဲ့ပြီး လူသားဘဝက မည်သည့်အရပ်ကလာသည်ဆိုတာကို မသိသေးလျှင်၊ လူသားကံကြမ္မာက ဘယ်သူ့လက်ထဲမှာ ရှိသည်ဆိုတာကို သတိမပြုမိသေးလျှင်၊ သူသို့မဟုတ် သူမသည် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်မဆိုင်နိုင်ဖြစ်မှာ မဆန်းပါ။ ဘဝတွင် ဆယ်စုနှစ်များစွာ ဖြတ်သန်းပြီးနောက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိမြင်မှုကို ရရှိခဲ့သည့် လူသည် ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးအပေါ်မှာ မှန်ကန်သည့် အသိအမှတ်ပြု တန်ဖိုးထားမှု ရှိသည့်သူ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် အမှန်တကယ် အတွေ့ကြုံရှိ၊ နားလည်မှုရှိပြီး ဘဝအပေါ် လေးနက်သည့်အသိပညာရှိသည့် လူတစ်ယောက် ဖြစ်ပါသည်။ ထို့နောက် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို လိုက်လျှောက်နိုင်သည့်သူ ဖြစ်ပါသည်။ ဤလိုလူမျိုးသည် ဘုရားသခင်၏ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း၏ အဓိပ္ပါယ်ကို နားလည်သည်။ လူသားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်သည်၊ လူသားပိုင်ဆိုင်သည့် အရာရာတိုင်းက ဖန်ဆင်းရှင်ဆီကလာပြီး သိပ်မဝေးလှသည့် အနာဂတ်နေ့တစ်နေ့မှာ သူ့ဆီကို ပြန်သွားလိမ့်မည်ဆိုတာကို နားလည်သည်။ ဤလိုလူမျိုးသည် ဖန်ဆင်းရှင်က လူသား၏ မွေးဖွားမှုကို စီစဉ်ပြီး လူသား၏ သေဆုံးမှုအပေါ်မှာ အချုပ်အခြာအာဏာ ရှိသည်၊ ရှင်ခြင်းနှင့် သေခြင်းနှစ်ခုလုံးသည် ဖန်ဆင်းရှင်၏ အခွင့်အာဏာအားဖြင့် ကြိုတင်သတ်မှတ် ထားသည်ကို နားလည်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် ဤ အရာများကို အမှန်တကယ် နားလည်သိမြင်လာသည့်အခါ သေခြင်းကို မျက်စိ စုံမှိတ်ပြီး စိုးရိမ်ပူပန်ပြီး ဆန့်ကျင်ရုန်းကန်နေမည့်အစား သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်လာသည်၊ ရုပ်ဝတ္ထုဆိုင်ရာ ပိုင်ဆိုင်မှုတွေကို တည်တည်ငြိမ်ငြိမ်နှင့် ဘေးဖယ်ထားနိုင်သည်။ ဖြစ်လာသည့်အရာ အားလုံးကို လက်ခံပြီး ပျော်ရွှင်စွာ နာခံနိုင်သည်။ ဖန်ဆင်းရှင်က စီစဉ်ထားသည့် နောက်ဆုံး ဘဝဆုံမှတ်ကို ကြိုဆိုနိုင်သည်။ ဘဝသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံပြီး သူ့၏ အခွင့်အာဏာကို သိမြင်လာရဖို့ အခွင့်အလမ်းတစ်ရပ်လို့ ထင်မြင်လျှင်၊ ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် သူ့တာဝန်ကို လုပ်ဆောင်ပြီး သူ့၏အလုပ်ကို ပြီးမြောက်စေဖို့ ရှားပါးသည့် အခွင့်ရေးအနေနှင့် သူ့ဘဝကို မြင်လျှင် သူသည် ဘဝအပေါ်မှာ သေချာပေါက် မှန်ကန်သည့်အမြင် ရှိပါသည်။ ဖန်ဆင်းရှင်က ကောင်းကြီးပေးပြီး လမ်းညွှန်သည့် ဘဝကို နေထိုင်ပါလိမ့်မည်၊ ဖန်ဆင်းရှင်၏ အလင်းထဲမှာ လျှောက်လှမ်းပါလိမ့်မည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကိုသိပြီး သူ့အုပ်စိုးမှုအောက်ကို လာလိမ့်မည်။ သူ့၏ ထူးခြားသည့်လုပ်ဆောင်မှုနှင့် သူ့၏ အခွင့်အာဏာအတွက် မျက်မြင်သက်သေ ဖြစ်လာပါမည်။ ပြောစရာမလိုပါ။ ဤလိုလူမျိုးကို ဖန်ဆင်းရှင်က သေချာပေါက် ချစ်ပြီး လက်ခံလိမ့်မည်။ ထို့နောက် ဤလိုလူမျိုးကသာ သေခြင်းနှင့်ပတ်သက်ပြီး တည်ငြိမ်သည့် စိတ်သဘောကို စွဲကိုင်ထားနိုင်မည်။ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ပျော်ရွှင်စွာနှင့် ကြိုဆိုနိုင်ပါမည်။ ယောဘက သေခြင်းနှင့်ပတ်သက်လို့ ဤကဲ့သို့သော သဘောထားမျိုးကို ကိုင်ဆောင်ခဲ့တာ သိသာပါသည်။ သူသည် ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ပျော်ရွှင်စွာ လက်ခံနိုင်ပါသည်။ သူ့ဘဝခရီးကို ချောမွေ့သည့် နိဂုံးချုပ်ကို သယ်ဆောင်လာပြီးနောက်၊ ဘဝတွင် သူ့တာဝန်ကို ပြီးပြည့်စုံစေခဲ့ပြီးနောက်မှာ ဖန်ဆင်းရှင်ဆီကို သူပြန်သွားခဲ့သည်။

၅။ ယောဘ၏ ဘဝတွင် ကြိုးစားအားထုတ်မှု များနှင့် အကျိုးအမြတ်ရရှိမှု များကြောင့် သေခြင်းကို သူ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်သည်

ယောဘအကြောင်း ရေးထားသည့် ကျမ်းပိုဒ်တွင်- "အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။" (ယောဘ ၄၂:၁၇) ဤတွင် ယောဘက သေဆုံးသွားသည့်အခါ နောင်တရခြင်းများ မရှိပါ။ နာကျင်မှုမခံစားရဘဲ ဤ ကမ္ဘာမှ သဘာဝအလျောက် ထွက်ခွာသွားခဲ့သည်ဟု ဆိုလိုပါသည်။ ယောဘက သူအသက်ရှင်နေစဉ်အတွင်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည်ကို လူတိုင်း သိပါသည်။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကို ချီးကျူးသည်။ လူတွေက ဒါတွေကို သတိရကြသည်။ လူအားလုံးထက် သူ့ဘဝသည် တန်ဖိုးရှိပြီး အရေးပါခဲ့သည်။ ယောဘသည် ဘုရားသခင်၏ ကောင်းကြီးများကို ခံစားခဲ့ရပြီး ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သူ အဖြစ် ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ခံခဲ့ရသည်။ သူသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စာတန်၏ စမ်းသပ်ခြင်းကိုလည်း ခံခဲ့ရသည်။ သူသည် ဘုရားသခင်အတွက် သက်သေအဖြစ် ရပ်တည်ခဲ့ပြီး ဖြောင့်မတ်သည့်သူအဖြစ် ခေါ်ဖို့ ထိုက်တန်ပါသည်။ ဘုရားသခင်က သူ့ကို စစ်ဆေးပြီးနောက် ဆယ်စုနှစ်အချိန်များအတွင်း သူသည် ယခင် ကထက် ပိုပြီး တန်ဖိုးရှိသည့်၊ အဓိပ္ပါယ်ရှိသည့်၊ ညီညွတ်မျှတသည့်၊ ငြိမ်းချမ်းသည့်ဘဝကို နေထိုင်ခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကြောင့်၊ ဘုရားသခင်က သူ့ကို စစ်ဆေးခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကြောင့် ဘုရားသခင်က သူ့ကို ကိုယ်ထင်ပြပြီး သူနှင့်တိုက်ရိုက် စကားပြောခဲ့သည်။ ထို့ကြောင့် သူအစစ်ဆေးခံရပြီး နောက်ပိုင်းနှစ် များတွင် ယောဘသည် ဘဝတန်ဖိုးကို ပိုပြီးစစ်မှန်သည့် နည်းလမ်းနှင့် နားလည်ပြီး အသိအမှတ်ပြုခဲ့သည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် လေးနက်သည့် နားလည်မှုကို ရယူနိုင်ခဲ့သည်။ ဖန်ဆင်းရှင်က သူ့ကောင်းချီးများကို မည်သို့ပေးအပ်ပြီး မည်သို့ပြန်လည်ယူဆောင်သည် ဆိုသည့်အပေါ်မှာ ပိုပြီးတိကျ သေချာသည့် အသိပညာကို ရခဲ့သည်။ ယေဟောဝါ ဘုရားသခင်သည် ယောဘကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့ ပိုကောင်းသည့် နေရာတစ်ခုကို ချပေးရင်း ယခင်ကထက် ပိုကြီးမားသည့် ကောင်းချီးများကို ယောဘ အား ချပေးသနားခဲ့ကြောင်း ယောဘဝတ္ထုထဲတွင် မှတ်တမ်းတင်ထားသည်။ ထို့ကြောင့် ယောဘက သူအသက်အရွယ် ကြီးရင့်လာပြီး သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူပိုင်ဆိုင်သည့် ပစ္စည်းများနှင့် ပတ်သက်၍ စိတ်ပူပန်မှုမဖြစ်ရန် သေချာပါသည်။ သူ့မှာ စိုးရိမ်ပူပန်မှုမရှိခဲ့ပါ။ နောင်တရခြင်းတွေ မရှိပါ။ သေခြင်းကိုလည်း မကြောက်တော့ပါ။ ဘုရားသခင်ကို ကြောက်ရွံ့သည့်၊ မကောင်းမှုကို ရှောင်ကြဉ်သည့် နည်းလမ်းများနှင့် သူ့ဘဝတစ်ခုလုံး လျှောက်လှမ်းခဲ့၍ သူ၏အဆုံးသတ်အတွက် စိုးရိမ်ပူပန်စရာ အကြောင်းမရှိခဲ့ပါ။ ယောဘက သူ၏သေခြင်းကို ရင်ဆိုင်ရသည့်အခါ ပြုလုပ်ခဲ့သည့် နည်းလမ်းများအားလုံးနှင့် ယနေ့ လူမည်မျှက ပြုလုပ်နိုင်ပါသနည်း။ ဤလိုရိုးရှင်းသည့် အပြင်ပန်း အပြုအမူမျိုးကို အဘယ်ကြောင့် မည်သူကမှ မထိန်းသိမ်းနိုင်သနည်း။ အကြောင်းပြချက်က တစ်ခုပဲရှိသည်။ ယောဘက ကိုယ်ပိုင် ကြိုးစား အားထုတ်သည့် ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နာခံမှုတို့နှင့် သူ့ဘဝကို အသက်ရှင်ခဲ့ပြီး ဘဝတွင် အရေးကြီးသည့် ဆုံမှတ် များတွင်မှာ ဤယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ နာခံမှုတို့နှင့် ဖြတ်သန်းခဲ့သည်၊ သူ၏ နောက်ဆုံးသော နှစ်များတွင် ရှင်သန်ခဲ့သည်။ သူ့ဘဝ၏ နောက်ဆုံးဆုံမှတ်ကို တွေ့ဆုံခဲ့သည်။ ယောဘက မည်သည်တို့ကို တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ဘဝ တွင် သူ၏ ကြိုးစားအားထုတ်မှုနှင့် ပန်းတိုင်က ပျော်ရွှင်ခဲ့ပြီး မနာကျင်ခဲ့ရပါ။ ဖန်ဆင်းရှင်က သူ့ကို ချပေးသနားခဲ့သည့် ကောင်းချီးနှင့် ချီးမြှောက်ခြင်း တို့ကြောင့်သာမဟုတ်ဘဲ ပိုအရေးကြီးသည့် သူ၏ ကြိုးစားအားထုတ်မှုနှင့် ဘဝပန်းတိုင်များကြောင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့မှတစ်ဆင့် သူရယူခဲ့သည့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တဖြည်းဖြည်း အမှန်တကယ် နားလည်ခြင်းနှင့် သိမြင်ခြင်းတို့ကြောင့် ဖြစ်သည့်အပြင် ဖန်ဆင်းရှင်၏ သက်ရောက်မှုတစ်ခုအနေနှင့် သူ့အချိန်ကာလအတွင်းတွင် ယောဘကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အံ့သြစရာကောင်းသည့် လုပ်ဆောင်ချက်များနှင့် လူသားနှင့် ဘုရားသခင်ကြားမှာရှိသည့် အပြန်အလှန်နားလည်မှု၊ အကျွမ်းဝင်မှု၊ ယှဉ်တွဲရပ်တည်မှုတို့၏ နွေးထွေးပြီး မမေ့နိုင်သည့် အတွေ့အကြုံနှင့် အမှတ်ရစရာ အချိန်များကြောင့်၊ ဖန်ဆင်းရှင်၏ အလိုကိုသိခြင်းကနေ လာသည့် စိတ်သက်သာရာရခြင်းနှင့် ပျော်ရွှင်မှုများကြောင့်၊ ဘုရားသခင်သည် ကြီးမြတ်သည်၊ အံ့သြစရာကောင်းသည်၊ ချစ်ခင်စရာကောင်းပြီး တည်ကြည်ဖြောင့်မတ်သည် ဆိုတာတွေကို တွေ့မြင်ပြီးနောက် ဖြစ်ပေါ်လာသည့် ကြည်ညိုမှုများကြောင့် ဖြစ်ပါသည်။ ယောဘက မည်သည့်ဒုက္ခခံစားရခြင်းမှမရှိဘဲ သေခြင်းကို ရင်ဆိုင်နိုင်ရသည့် အကြောင်းက သေပြီးသည့်အခါ သူသည် ဖန်ဆင်းရှင်၏နေရာကို ပြန်ရမည်ကို သိသည့်အတွက် ဖြစ်သည်။ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့၊ ဖန်ဆင်းရှင်က သူ့၏ အသက်ကို ပြန်ယူမည့်အဖြစ်ကို ညီမျှသည့်နှလုံးသားနှင့် ရင်ဆိုင်ဖို့၊ ဒါ့အပြင် ဖန်ဆင်းရှင်၏ရှေ့ တွင် အထောက်အပံ့ မလိုပဲ အပြစ်ကင်းစွာ ရပ်နိုင်ဖို့ကို ဖြစ်စေခဲ့တာက ဘဝတွင် သူ့၏ကြိုးစားအားထုတ်မှုများနှင့် ရရှိမှုများ ဖြစ်ပါသည်။ ယောဘပိုင်ဆိုင်ခဲ့သည့် ပျော်ရွှင်မှုမျိုးကို ဤ နေ့ခေတ်လူတို့ ရယူနိုင်ပါသလော။ သင်တို့ ဤကဲ့သို့လုပ်နိုင် ပါသလော။ ဤနေ့ခေတ်လူတို့တွင် ယောဘကဲ့သို့ အဘယ်ကြောင့်ပျော်ရွှင်စွာ မနေနိုင်ကြသနည်း။ သေခြင်းကို ကြောက်ရွံ့ခြင်း၏ ဒုက္ခမှ အဘယ်ကြောင့် မလွတ်မြောက်နိုင်သနည်း။ သေခြင်းကို ရင်ဆိုင်ရသည့်အခါ လူအချို့တို့က ကြောက်သေးများပါကုန်ကြသည်။ တစ်ချို့က တဆတ်ဆတ်တုန်ကြသည်။ မူးမေ့ကြသည်။ ကောင်းကင်ဘုံနှင့် လူသားတို့နှင့် ဆင်တူသမျှကို တိုက်ခိုက်သည်။ ငိုကြွေးမြည်တမ်းခြင်း ပင် ပြုလုပ်ကြသည်။ ၄င်းတို့သည် သေခြင်းနီးကပ်လာသည့်အခါ ဖြစ်ပေါ်သည့် ရုတ်တရက် တုံ့ပြန်မှုများ မဟုတ်ပါ။ လူတို့က ဤကဲ့သို့ အရှက်ရစေသည့် ပုံစံများပြုမူကြခြင်းသည် အဘယ်ကြောင့်နည်းဆိုလျှင် သူတို့နှလုံးသား အတွင်းပိုင်းထဲတွင် သေခြင်းကို ကြောက်ရွံ့သည့်အတွက်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ အစီအစဉ်တွေအပေါ် ရှင်းလင်းစွာသိမြင်မှု၊ အသိအမှတ်ပြုမှု မရှိသည့်အတွက်၊ ဤအရာ များကို အမှန်တကယ် လိုက်လျှောက်ဖို့ ပိုဝေးသွားပြီး လူတို့ သည် သူတို့၏ ကိုယ်ပိုင်ကံကြမ္မာ၊ သူတို့၏ကိုယ်ပိုင် အသက်ရှင်ခြင်းနှင့် သေခြင်းတို့ကို ထိန်းချုပ်ဖို့ အရာအားလုံးကို သူတို့ဖာသာ စီစဉ်အုပ်ချုပ်ဖို့သာ အလိုရှိကြသည့်အတွက် ဖြစ်ပါသည်။ ထို့ကြောင့် လူတို့က သေခြင်းကို ကြောက်ရွံ့မှုမှ ဘယ်သောအခါမှ မလွတ်မြောက်နိုင်ခြင်းသည် မထူးဆန်းပါ။

၆။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းအားဖြင့်သာ သူ့ဆီကို ပြန်လာနိုင်သည်

ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏အစီအစဉ်ကို ရှင်းလင်းသည့် သိမြင်မှုနှင့် အတွေ့အကြုံမရှိသည့်အခါ ကံကြမ္မာနှင့် သေခြင်းအပေါ် သိမြင်မှုက သေချာပေါက် ရောထွေးနေပါလိမ့်မည်။ လူတွေသည် ဤအရာအားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပါ။ သူတို့အပေါ်တွင် ဘုရားသခင်သည် အချုပ်အခြာအာဏာကို ကိုင်ဆောင်ပြီး ထိန်းချုပ်သည်ကို သတိမပြုမိကြပါ။ ဤလို အချုပ်အခြာ အာဏာကို ဖယ်ထုတ်ပစ်ဖို့ သို့မဟုတ် လွတ်မြောက်ဖို့ လူသားသည် မတတ်နိုင်ဆိုသည်ကို သတိမပြုမိကြပါ။ ထို့ကြောင့် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါမှာ သူတို့၏ နောက်ဆုံးစကားများ၊ စိုးရိမ်မှုများနှင့် နောင်တများသည် အဆုံးမရှိပါ။ သူတို့သည် အလွန်များသည့် ဝန်ထုပ်ဝန်ပိုးများ၊ အလိုမပြည့်မှုများ၊ ရှုပ်ထွေးမှုများနှင့် လေးလံနေ ပါသည်။ ဤ အရာအားလုံးက သူတို့အား သေခြင်းကို ကြောက်ရွံ့စေပါသည်။ ဤကမ္ဘာတွင် မွေးဖွားလာသည့် လူတိုင်းအတွက် သူတို့၏ မွေးဖွားခြင်းက လိုအပ်ပြီး သေဆုံးခြင်းက ရှောင်လွှဲလို့မရနိုင်ပါ။ မည်သူမှ ဤအဖြစ်ကို မကျော်လွန်နိုင်ပါ။ လူတစ်ယောက်က ဤကမ္ဘာကမှ နာကျင်မှုမရှိဘဲ ထွက်ခွာဖို့ ဆန္ဒရှိလျှင်၊ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို အလိုမပြည့်မှုများ၊ စိုးရိမ်မှုများ မပါဘဲနှင့် ရင်ဆိုင်နိုင်လိုသည်ဆိုလျှင် တစ်ခုတည်းသော နည်းလမ်းက နောင်တရခြင်းများ မဖြစ်ဖို့ပါ။ နောင်တများ မပါဝင်ဘဲ ထွက်ခွာဖို့ တစ်ခုတည်းသော နည်းလမ်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့၊ သူ့၏အခွင့်အာဏာကိုသိဖို့၊ ဤအရာများကို လိုက်လျှောက်ဖို့ ဖြစ်ပါသည်။ ဤနည်းနှင့်သာ လူသား၏ ပြဿနာများ၊ မကောင်းမှုများ၊ စာတန်၏ ချည်နှောင်မှုများ ကနေ အဝေးမှာ နေနိုင်ပါသည်။ ဤ နည်းနှင့်သာ ဖန်ဆင်းရှင်၏ လမ်းညွှန်မှုနှင့် ကောင်းကြီးပေးမှုကို ခံရသည့် ယောဘ၏ဘဝလို အသက်ရှင်နိုင်ပါသည်။ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းသည့်ဘဝ၊ တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိသည့်ဘဝ၊ ရိုးသားပြီး ပွင့်လင်းသည့်ဘဝအတိုင်း အသက်ရှင်နေထိုင်နိုင်ပါသည်။ ဤနည်းနှင့်သာ ဖန်ဆင်းရှင်၏ စမ်းသပ်ပိတ်ပင်မှုကိုခံရဖို့ ယောဘကဲ့သို့ လိုက်လျှောက်ပြီး ဖန်ဆင်းရှင်၏ ကိုင်တွယ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို လိုက်လျှောက်နိုင်ပါသည်။ ဤနည်းနှင့်သာ သူ့ဘဝတစ်ခုလုံး ဖန်ဆင်းရှင်ကို ကိုးကွယ်နိုင်ပြီး သူ၏ချီးမြှောက်ခြင်းကို ရရှိနိုင်ပါသည်။ ယောဘကဲ့သို့ သူ့အသံကိုကြားပြီး သူပေါ်ထွက်လာတာကို မြင်ရမည်ဖြစ်သည်။ ဤနည်းနှင့်သာ ယောဘကဲ့သို့ နာကျင်မှုမရှိဘဲ၊ စိုးရိမ်မှုမရှိဘဲ၊ နောင်တတမရှိဘဲ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ပြီး သေဆုံးနိုင်ပါသည်။ ဤနည်းနှင့်သာ ယောဘကဲ့သို့ အလင်းထဲတွင် အသက်ရှင် နေထိုင်နိုင်ပါသည်။ လူတိုင်း၏ ဘဝဆုံမှတ်များကို အလင်းထဲတွင် ဖြတ်သန်းနိုင်ပါသည်။ ခရီးကို ချောမွေ့စွာနှင့် အလင်းထဲတွင် ပြီးဆုံးနိုင်ပါသည်။ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးနိုင်ပါသည်။ ဖန်ဆင်းခံတစ်ယောက်အနေနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံဖို့၊ သင်ယူဖို့နှင့် သိမြင်လာဖို့ အသက်ရှင်နိုင်ပြီး အလင်းထဲတွင် သေဆုံးနိုင်ပါသည်။ ဖန်ဆင်းခံလူသား အနေနှင့် ဖန်ဆင်းရှင်၏နံဘေးတွင် အမြဲတမ်းရပ်တည်ပြီး သူ့၏ချီးမြှောက်ခြင်းကို ခံနိုင်ပါသည်။

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကိုသိဖို့ အခွင့်အလမ်းကို မလွဲချော်ပါစေနှင့်

အထက်မှာတွင်ပြခဲ့သည့် ဆုံမှတ်ခြောက်ခုသည် သာမန်လူတိုင်း သူသို့မဟုတ် သူမ၏ဘဝတွင် ဖြတ်သန်းရမည့် ဖန်ဆင်းရှင်ချမှတ်ပေးခဲ့သည့် အလွန်အရေးကြီးသည့် အဆင့်များဖြစ်ပါသည်။ ဤဆုံမှတ်တိုင်းက အမှန်တကယ် ဖြစ်ပါသည်။ မည်သည့်အရာကိုမှ ရှောင်ကွင်းလို့မရနိုင်။ အရာအားလုံးက ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းနှင့် သူ့၏ အချုပ်အခြာအာဏာနှင့် ဆက်နွယ်မှုရှိနေပါသည်။ ထို့ကြောင့် လူသားတစ်ယောက်အတွက် ဤ ဆုံမှတ် တစ်ခုချင်းစီတိုင်းက အရေးကြီးသည့် အမှတ်ဖြစ်ပြီး ဤတစ်ခုချင်းစီတိုင်းကို မည်သို့ဖြတ်သန်းရမည်ကို သင်တို့ အားလုံးရင်ဆိုင်ရမည့် အလွန်အရေးကြီးသည့် မေးခွန်းတစ်ခုဖြစ်ပါသည်။

လူသားဘဝတွင် ဖြစ်ပေါ်သည့် ဆယ်စုနှစ်တစ်ချို့သည် ရှည်လည်းမရှည်သကဲ့သို့ တိုလည်း မတိုပါ။ မွေးဖွားခြင်းနှင့် အရွယ်ရောက်ခြင်းကြားက အနှစ်နှစ်ဆယ် ပတ်ဝန်းကျင်က မျက်စိတစ်မှိတ်အတွင်းတွင် ကုန်ဆုံးသွားသည်။ ဘဝတွင် ဤနေရာမှာ လူတစ်ယောက်ကို အရွယ်ရောက်သူ တစ်ယောက်အဖြစ် သတ်မှတ်သော်လည်း ဤအသက်အုပ်စုက လူတို့သည် လူသားဘဝနှင့် လူသားကံကြမ္မာနှင့် ပတ်သက်ပြီး ဘာမှမသိပါ။ သူတို့ အတွေ့အကြုံ ပိုရလာတာနှင့်အမျှ လူလတ်ပိုင်းသို့ ရောက်လာသည်။ အသက် သုံးဆယ်နှင့် လေးဆယ်အရွယ်ရှိသည့် လူတို့သည် ဘဝနှင့် ကံကြမ္မာအပေါ် တိုးတက်လာသည့် အတွေ့အကြုံတစ်ခု ရလာသည်။ သို့သော်လည်း ဤ အရာများနှင့် ပတ်သက်၍ သူတို့၏ အယူအဆများက အလွန် ဝေဝါးဆဲပါ။ လူအချို့တို့က အသက်လေးဆယ်အရွယ် မရောက်ခင်အထိ ဖန်ဆင်းရှင် ဖန်ဆင်းထားသည့် လူသားမျိုးနွယ်နှင့် စကြဝဠာကို စတင်နားလည်ဖို့၊ လူသား၏ဘဝက အဘယ်သို့နည်းဆိုတာ၊ လူသား၏ ကံကြမ္မာက အဘယ်သို့နည်းဆိုသည်ကို နားလည်ဖို့ ဖြစ်မလာကြပါ။ လူအချို့တို့က ဘုရားသခင်၏ နောက်လိုက်များ အတော်ကြာဖြစ်ပြီး လူလတ်ပိုင်းရောက်သော်လည်း ဘုရားသခင်၏ အချုပ်အခြာ အာဏာ၏ တိကျသည့် အသိပညာနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှုကို မပိုင်ဆိုင်ကြသေးပါ။ စစ်မှန်စွာ လိုက်လျှောက်ဖို့ ပိုပြီး မဖြစ်သေးပါ။ တစ်ချို့လူက ကောင်းကြီးရဖို့က လွဲပြီး မည်သည့်အရာကိုမှ မရှာဖွေကြပါ။ သူတို့ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ပြီး ဖြစ်သော်လည်း သူတို့သည် လူသားကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ အချက်အလက်ကို အနည်းငယ်မျှ မသိခြင်း သို့မဟုတ် နားလည်ခြင်း မရှိကြပါ။ ထို့ကြောင့် ဘုရားသခင်၏ ကိုင်တွယ်ညွှန်ကြားခြင်းနှင့် စီစဉ်မှုကို လိုက်လျှောက်ခြင်းအတွက် လက်တွေ့သင်ခန်းစာ အနည်းအကျဉ်းထဲသို့ မဝင်ရောက်ရသေးပါ။ ဤလိုလူများသည် အလွန် နုံအပါသည်။ ဤလိုလူများသည် သူတို့၏ ဘဝကို အလဟဿ အသက်ရှင်ကြသည်။

လူသား၏ ဘဝတစ်ခုကို ဘဝအတွေ့အကြုံအဆင့်နှင့် လူသားကံကြမ္မာ အပေါ်သိမြင်မှုနှင့် ခွဲခြားလျှင် အကြမ်းဖျင်း အဆင့်သုံးခုအဖြစ် ကွဲသွားမည်။ ပထမအဆင့်က လူငယ်ပိုင်း၊ မွေးဖွားခြင်းနှင့် လူလတ်ပိုင်းကြားက နှစ်များ၊ သို့မဟုတ် မွေးဖွားခြင်း မှ သုံးဆယ် အရွယ်အထိ။ ဒုတိယ အဆင့်က လူလတ်ပိုင်းမှ သက်ကြီးပိုင်း သို့မဟုတ် အသက်သုံးဆယ်မှ ခြောက်ဆယ်အထိဖြစ်သည့် အရွယ်ရောက်ခြင်းဖြစ်သည်။ တတိယအဆင့်က အသက်ခြောက်ဆယ်မှစပြီး သက်ကြီးပိုင်း မှ လောကထဲက ထွက်ခွာသွားသည့် အချိန်အထိ အရွယ်ရောက်လာသည့်ကာလ ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် မွေးဖွားခြင်းမှ လူလတ်ပိုင်း အထိ ကံကြမ္မာနှင့် ဘဝအပေါ် လူအများစု၏ အသိအမြင်က အခြားသူများ၏ စိတ်ကူးများကိုပဲ သံယောင် လိုက်နေခြင်းနှင့်ပဲ ကန့်သတ်မိနေပါသည်။ စစ်မှန်သည့်၊ လက်တွေ့ကျသည့် အနှစ်သာရ မရှိသလောက်ပင်ဖြစ်သည်။ ဤအချိန်ကာလအတွင်းမှာ ဘဝအပေါ်အမြင်နှင့် ဤလောကတွင် သူ့လမ်းကို သူမည်သို့ပြုလုပ်သနည်း ဆိုတာတွေ အားလုံးက သိပ်အပေါ်ယံဖြစ်ပြီး နုံအပါသည်။ ဒါက လူငယ်အချိန်ကာလ ဖြစ်ပါသည်။ ဘဝ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတွေ အားလုံးကို မြည်းစမ်းပြီးနောက်မှသာ ကံကြမ္မာကို အမှန်တကယ်နားလည်မှု ရှိလာသည်။ ကံကြမ္မာ၏ ပြောင်းလဲလို့မရခြင်းကို မသိစိတ် မှ နှလုံးသားအတွင်း နက်ရှိုင်းရာထဲတွင် တဖြည်းဖြည်းနှင့် အသိအမှတ် ပြုလာသည်။ လူသား၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာသည် အမှန်တကယ် တည်ရှိသည်ကို တဖြည်းဖြည်းနှင့် သိမြင်လာသည်။ ၄င်းသည် လူတစ်ယောက်၏ အရွယ်ရောက်ခြင်း အချိန်ကာလဖြစ်ပါသည်။ လူတစ်ယောက်သည် ကံကြမ္မာကို ပြန်လည်တိုက်ခိုက်ခြင်းကို ရပ်လိုက်သည့်အချိန်၊ ပြဿနာများထဲကို ဝင်ရောက်ဖို့ ဆန္ဒမရှိသော်လည်း သူ့၏အခြေအနေကိုသိပြီး ကောင်းကင်ဘုံ၏ အလိုကို လိုက်လျှောက်သည့်အခါ၊ ဘဝတွင် သူ့၏အောင်မြင်မှုများနှင့် မှားယွင်းမှုများကို စုစည်းလိုက်သည့်အချိန်၊ သူ့ဘဝအပေါ် ဖန်ဆင်းရှင်၏ တရားစီရင်မှုကို စောင့်နေသည့်အချိန်၊ ဒါက အရွယ်ရောက်သည့် ကာလဖြစ်ပါသည်။ ဤ အချိန်ကာလ သုံးခုမှာ လူတွေရရှိသည့် မတူညီသည့် အတွေ့အကြုံနှင့် အကျိုးအမြတ် အမျိုးမျိုးကို ကြည့်ပြီး သာမန် အခြေအနေတွေမှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့ အခွင့်အလမ်းအပေါက်က သိပ်မကြီးပါ။ လူတစ်ယောက်က အသက် ခြောက်ဆယ်အထိ အသက်ရှင်မည်ဆိုလျှင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့ အနှစ်သုံးဆယ် ပတ်ဝန်းကျင်လောက်ပဲ ရှိပါသည်။ ပိုကြာသည့် အချိန်ကာလကို လိုချင်လျှင် သူ၏အသက်က လုံလောက်သည့်အထိ ရှည်မှသာ၊ ရာစုနှစ်တစ်ခုအထိ အသက်ရှင်နိုင်သည်ဆိုမှသာ ဖြစ်နိုင်ပါသည်။ ဒါကြောင့် လူသားဖြစ်တည်မှု၏ သာမန်နိယာမတွေအရ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်း အကြောင်းကိစ္စကို ပထမဆုံး တွေ့ကြုံသည့်အချိန်ကနေ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ အချက်အလက်ကို သိမြင်လာနိုင်သည့် အချိန်အထိ၊ ဤ အချိန်ကနေ ဤ အရာအပေါ်မှာ လိုက်လျှောက်နိုင်သည့် အချိန်အထိသည် အလွန်ရှည်သည့် ဖြစ်စဉ် ဖြစ်သော်လည်း နှစ်များကို တကယ် ရေတွက်ကြည့်လျှင် ဤဆုလာဘ်များကိုရဖို့ သူ့တွင်ရှိသည့်အခွင့်အရေးက နှစ်သုံးဆယ် သို့မဟုတ် လေးဆယ်ထက် မပိုပါ။ ထို့နောက် လူတို့သည် ကောင်းချီးရဖို့ သူတို့၏ ဆန္ဒတွေနှင့် ရည်ရွယ်ချက်များနောက်ကို မကြာခဏ ပါသွားတတ်ကြသည်။ သူတို့သည် လူသားဘဝ၏ အနှစ်သာရက ဘယ်မှာ တည်ရှိသည်ဆိုတာ ပိုင်းခြားမသိမြင်နိုင်ကြပါ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်း၏ အရေးကြီးမှုကို နားမလည်ကြပါ။ ဒါကြောင့် သူတို့သည် လူသားဘဝကို ကြုံတွေ့ရဖို့၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ရဖို့ လူသားကမ္ဘာထဲကို ဝင်ရဖို့ ဤ တန်ဖိုးရှိသည့် အခွင့်အလမ်းကို မမြတ်နိုးကြပါ။ ဖန်ဆင်းခံ တစ်ယောက်က ဖန်ဆင်းရှင်၏ သီးသန့်လမ်းညွှန်မှုကို ရရှိဖို့ မည်မျှ တန်ဖိုးမဖြတ်နိုင်သည့် အရာဖြစ်သနည်းဆိုတာ သတိမပြုမိကြပါ။ လူတို့က သူ့၏ ပုဂ္ဂိုလ်စစ်စစ်ကို ရုတ်တရက်မြင်နိုင်ပြီး မကြာခင် ကောင်းချီးရစေဖို့အတွက် ဘုရားသခင်၏လုပ်ဆောင်မှုကို အမြန်ပြီးစေချင်သည့်သူများ၊ လူသား၏အဆုံးကို ဘုရားသခင်က အမြန်ဆုံးစီစဉ်ဖို့ ဆန္ဒရှိသည့်သူများသည် အဆိုးဆုံး မနာခံခြင်းအမျိုးအစားနှင့် အလွန့်အလွန် မိုက်မဲမှုအတွက် အပြစ်များရှိသည်ဟု ပြောမည်။ သူတို့၏ကန့်သတ်ချိန်အတွင်း ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို သိဖို့ ဤ ထူးခြားသည့် အခွင့်အရေးကို ဆုပ်ကိုင်ဖို့ ဆန္ဒရှိသည့်သူတို့သည် အသိဉာဏ်ရှိသည့်သူများ၊ တော်သည့်သူများဖြစ်ပါသည်။ ဤ မတူညီသည့် ဆန္ဒနှစ်ခုက သိပ်ကျယ်ပြန်သည့် နှစ်ခုဖြစ်သည့် မတူညီသည့် အမြင်များနှင့် ကြိုးစား အားထုတ်မှုများကို ဖွင့်ပြပါသည်။ ကောင်းချီးများကို ရှာဖွေသည့်သူများသည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ပါသည်။ သူတို့သည် ဘုရားသခင်၏ အလိုကို ထည့်သွင်းစဉ်းစားခြင်းမရှိပါ။ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ဘယ်သောအခါမှ မရှာဖွေပါ။ လိုက်လျှောက်ဖို့ ဘယ်သောအခါမှ ဆန္ဒမရှိဘဲ ရိုးရိုးပဲ သူတို့ကျေနပ်သလို အသက်ရှင် နေထိုင်ချင်ကြသည်။ သူတို့သည် တစ်ကိုယ်ကောင်းဆန်သည့် အကျင့်ပျက်သူများဖြစ်သည်။ သူတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားပဲဖြစ်ပါသည်။ ဘုရားသခင်ကို သိဖို့ ကြိုးစားရှာဖွေသူတို့သည် သူတို့၏ ဆန္ဒများကို ဘေးဖယ်ထားနိုင်ကြသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဘုရားသခင်၏ အစီအစဉ်များကို လိုက်လျှောက်ဖို့ ဆန္ဒရှိသူများဖြစ်ပါသည်။ ဘုရားသခင်၏ အခွင့်အာဏာကို လိုက်လျှောက်သည့်လူများဖြစ်ဖို့၊ ဘုရားသခင်၏ ဆန္ဒကို ဖြည့်ဆည်းဖို့ ကြိုးစားကြသည်။ ဤ လူများသည် အလင်းထဲတွင် အသက်ရှင်သည်။ ဘုရားသခင်၏ ကောင်းချီးများထဲတွင် နေထိုင်သည်။ သူတို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို အမှန်တကယ် ခံစားကြရ မည်။ မည်သို့ပင်ဖြစ်ပါစေ လူသား၏ရွေးချယ်မှုက အသုံးမဝင်ပါ။ ဘုရားသခင်၏ အလုပ်သည် မည်မျှကြာမည်ဆိုသည့်အပေါ် လူသားက ပြောပိုင်ခွင့်မရှိပါ။ လူတို့အတွက် ဘုရားသခင်၏ ကရုဏာအပေါ် အပ်နှံဖို့၊ သူ့၏ အချုပ်အခြာအာဏာကို လိုက်လျှောက်ဖို့က ပိုပြီးကောင်းပါသည်။ သင်က သူ့၏ ကရုဏာအပေါ်မှာ မအပ်နှံဘူးဆိုလျှင် သင်ဘာလုပ်နိုင်မည်နည်း။ ဘုရားသခင်က ဆုံးရှုံးရမည်လော။ သင်က သင့်ကိုယ်သင် သူ့၏ ကရုဏာမှာ မအပ်နှံဘူးဆိုလျှင်၊ သင်က ခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားလျှင်၊ သင်သည် မိုက်မဲသည့် ရွေးချယ်မှုကို ပြုလုပ်နေခြင်းဖြစ်ပြီး အဆုံးမှာ ဆုံးရှုံးမှုကို ကြုံရမည့်သူက သင်ပဲဖြစ်ပါသည်။ လူတို့ကသာ ဘုရားသခင်နှင့် တတ်နိုင်သလောက် အမြန်ဆုံး လက်တွဲလုပ်ကိုင်လျှင်၊ သူ့၏ ကိုင်တွယ်ညွှန်ကြားမှုကို လက်ခံလျှင်၊ သူ့၏ အခွင့်အာဏာကိုသိလျှင်၊ သူတို့အတွက် သူလုပ်သည့်အရာအားလုံးကို နားလည်လျှင်၊ သူတို့သည် မျှော်လင့်ခြင်း ရှိလိမ့်မှာ ဖြစ်ပြီး၊ သူတို့၏ ဘဝတွေသည် အလဟဿမဖြစ်ဘဲ ကယ်တင်ခြင်းကို ရရှိမှာဖြစ်ပါသည်။

ဘုရားသခင်က လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်ဆောင်ထားသည့် အချက်ကို မည်သူမှ မပြောင်းလဲနိုင်ပါ

ယခုပြောခဲ့သည့် အရာတွေအားလုံးကို နားထောင်ပြီးနောက် သင်တို့၏ ကံကြမ္မာအပေါ် အယူအဆ ပြောင်းလဲသွားပါသလော။ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ အချက်ကို သင်တို့ မည်သို့ နားလည်ပါသနည်း။ ရိုးရိုးရှင်းရှင်းပြောလျှင် ဘုရားသခင်၏ အခွင့်အာဏာအောက်တွင် လူတိုင်းက သူ့၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုကို တက်ကြွစွာ သို့မဟုတ် ငြိမ်သက်အေးဆေးစွာနှင့် လက်ခံကြသည်။ ဘဝလမ်းကြောင်းပေါ်တွင် မည်မျှပဲ ရုန်းကန်လှုပ်ရှားနေပါစေ၊ ကွေ့ကောက်သည့်လမ်းတွေကို မည်မျှပင် လျှောက်နေရပါစေ၊ အဆုံးတွင် သူ့အတွက် သို့မဟုတ် သူမအတွက် ဖန်ဆင်းရှင်က လမ်းကြောင်းချပေးခဲ့သည့် ကံကြမ္မာ၏ လမ်းကြောင်းထဲကို ပြန်ရပါသည်။ ၄င်းသည် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို မကျော်လွှားနိုင်ခြင်း ဖြစ်သည်။ စကြဝဠာကို သူ့အခွင့်အာဏာက ထိန်းချုပ်ပြီး အုပ်စိုးသည့် ပုံစံဖြစ်ပါသည်။ အရာအားလုံး၏ သက်ရှိများကို အုပ်စိုးသည့်၊ နှောင့်ယှက်ခြင်းများ မဖြစ်စေဘဲ လူသားတို့ကို ကြိမ်ဖန်များစွာ ရွှေ့ပြောင်းခွင့်ပေးသည့်၊ တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ကမ္ဘာကို ပုံမှန်လှည့်ပတ်ပြီး ရှေ့ဆက်စေသည့် နိယာမများအတွက် တာဝန်ရှိသည့် ဤမကျော်လွှားနိုင်ခြင်း၊ ဤ ထိန်းချုပ်မှုနှင့် အုပ်စိုးမှုပုံစံတို့ပဲ ဖြစ်ပါသည်။ ဤအချက်အလက်များ အားလုံးကို သင်တို့ မြင်တွေ့ခဲ့ရပြီး ၄င်းတို့ကို အပေါ်ယံဖြစ်စေ၊ နက်နဲစွာဖြစ်စေ သင်တို့နားလည်သည်။ သင်၏ နားလည်မှု အတိမ်အနက်က သင့်၏အတွေ့အကြုံနှင့် အမှန်တရားအပေါ် သိမြင်မှု၊ ဘုရားသခင်အပေါ် သင့် သိမြင်မှုအပေါ် မူတည်ပါသည်။ သမ္မာတရား၏ စစ်မှန်မှုကို သင်မည်မျှ ကောင်းကောင်းသိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မည်မျှ တွေ့ကြုံခဲ့ရသည်၊ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားကို သင်မည်မျှ ကောင်းကောင်းသိသည်ဆိုသည့် ဤအချက်များက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်တွေအပေါ် သင်၏ နားလည်မှု အတိမ်အနက်ကို ကိုယ်စားပြုပါသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်တို့ ဖြစ်တည်မှုက လူတို့က ဤအရာတွေအပေါ် လိုက်လျှောက်သလောဆိုသည့် အပေါ် မူတည်ပါသလော။ လူသားမျိုးနွယ်က လိုက်လျှောက်သလောဆိုသည် အားဖြင့် ပိုင်းခြားသတ်မှတ်သည့် ဤအခွင့်အာဏာကို ဘုရားသခင်ပိုင်ဆိုင်သည်မှာ မှန်ကန်ပါသလော။ ဘုရားသခင်၏ အခွင့်အာဏာက အခြေအနေတွေနှင့် မသက်ဆိုင်ပဲ ဖြစ်တည်နေပါသည်။ အခြေအနေများ အားလုံးတွင် ဘုရားသခင်က လူသားကံကြမ္မာတိုင်းနှင့် အရာအားလုံးကို သူ့၏အတွေးများ၊ ဆန္ဒများနှင့်အညီ အုပ်စိုးပြီး စီစဉ်ပါသည်။ ၄င်းသည် လူသားက ပြောင်းလဲ ခြင်းကြောင့် ပြောင်းခြင်းမဟုတ်ပါ။ ဘုရားသခင်၏ အခွင့်အာဏာသည် သူ့၏ စစ်မှန်သည့်အနှစ်သာရ ဖြစ်သောကြောင့် လူသား၏ အလိုဆန္ဒနှင့် အမှီအခိုလွတ်ကင်းပြီး အချိန်၊ စကြဝဠာနှင့် မြေမျက်နှာသွင်ပြင်တို့ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပါ။ လူသားက ဘုရား၏ အချုပ်အခြာအာဏာကို သိပြီး လက်ခံသည်ဖြစ်စေ၊ လူသားက ဤအရာအပေါ်မှာ လိုက်လျှောက်နိုင်သည်ဖြစ်စေ၊ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာရဲ့ အချက်အလက်က အနည်းငယ်မှ မပြောင်းပါ။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် လူသားက မည်သို့ သဘောထား ရှိပါစေ၊ အရာအားလုံးအပေါ်နှင့် လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို ဘုရားသခင် ကိုင်ဆောင်သည့် အချက်ကို မပြောင်းလဲနိုင်ပါ။ သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မလိုက်လျှောက်ဘူးဆိုသည့်တိုင် သင့်၏ကံကြမ္မာကို သူအုပ်ချုပ်ဆဲပါ။ သူ့၏ အချုပ်အခြာအာဏာကို သင်မသိနိုင်သည့်တိုင် သူ့၏အခွင့်အာဏာက တည်ရှိနေပါသည်။ ဘုရားသခင်၏ အခွင့်အာဏာနှင့် လူသား ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ အချက်အလက်တွေသည် လူသား၏ အလိုဆန္ဒနှင့် ကင်းလွတ်ပြီး လူသား၏ နှစ်သက်မှုနှင့် ရွေးချယ်မှုအရ ပြောင်းလဲခြင်း မရှိပါ။ ဘုရားသခင်၏ အခွင့်အာဏာက နေရာတိုင်း၊ နာရီတိုင်း၊ အချိန်တိုင်း မှာရှိပါသည်။ ကောင်းကင်နှင့် မြေကြီးက မတည်သော်လည်း သူ့၏အခွင့်အာဏာက အစဉ် တည်ပါလိမ့်မည်။ သူသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်သည့်အတွက် အတုမရှိသည့် အခွင့်အာဏာကို ပိုင်ဆိုင်ပြီး သူ့၏အခွင့်အာဏာက လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အကြောင်းအရာများ အားဖြင့်၊ စကြဝဠာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် ကန့်သတ်ထားခြင်း သို့မဟုတ် စည်းခြားထားခြင်း မရှိပါ။ အချိန်တိုင်းတွင် ဘုရားသခင်က သူ့၏အခွင့်အာဏာကို ကိုင်ဆောင်သည်။ သူ့၏ တန်ခိုးအစွမ်းကို ပြသည်။ သူ့၏ စီမံခန့်ခွဲမှုအလုပ်များကို ယခင်တိုင်းပဲ ဆက်လက်လုပ်ဆောင်ပါသည်။ အချိန်တိုင်းတွင် သူအမြဲတမ်း လုပ်နေကျအတိုင်း အရာအားလုံးကို အုပ်ချုပ်သည်။ အရာအားလုံးအတွက် ထောက်ပံ့သည်။ အရာအားလုံးကို ကိုင်တွယ်ညွှန်ကြားပါသည်။ ၄င်းကို ဘယ်သူမှ မပြောင်းလဲနိုင်ပါဘူး။ ၄င်းသည် အမှန်တရားပါ။ ၄င်းသည် ရှေးကတည်းက မပြောင်းလဲသည့်သမ္မာတရားဖြစ်ပါသည်။

ဘုရားသခင်၏ အခွင့်အာဏာကို လိုက်လျှောက်ဖို့ ဆန္ဒရှိသူအတွက် သင့်လျော်သည့် သဘောထားနှင့် အလေ့အကျင့်

လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ အချက်အလက်ဖြစ်သည့် ဘုရားသခင်၏ အခွင့်အာဏာကို မည်သည့် သဘောထားနှင့် လူသားက သိရှိမှတ်ယူသင့်သနည်း။ ၄င်းသည် လူတိုင်းကြုံတွေ့ရသည့် ပြဿနာအမှန်ဖြစ်ပါသည်။ လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင်ရသည့်အခါ ဘုရားသခင်၏ အခွင့်အာဏာနှင့် သူ၏အချုပ်အခြာအာဏာကို သင် မည်သို့သိပြီး နားလည်သင့်ပါသနည်း။ ဤပြဿနာများကို မည်သို့နားလည်ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိလျှင် သင့်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သင်အမှန်တကယ် လိုက်လျှောက်ခြင်းတို့ကို ပြဖို့ သင် မည်သို့စိတ်သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံး စောင့်ဖို့အတွက် သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် လိုက်လျှောက်ဖို့ သင်ယူရမည်။ "စောင့်ခြင်း" က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်က သင့်အတွက် စီစဉ်ထားသည့် လူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို စောင့်စားခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။ "ရှာဖွေခြင်း" က သူချပြပေးခဲ့သည့် လူများ၊ အဖြစ်အပျက်များ၊ အကြောင်းအရာများမှ တစ်ဆင့် သင့်အတွက် ထည့်သွင်းစဉ်းစားပေးတတ်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လေ့လာကြည့်ရှုခြင်းနှင့် နားလည်ခြင်း၊ ဤအရာတွေကနေတစ်ဆင့် အမှန်တရားကို နားလည်ခြင်း၊ လူသားက ဘယ်အရာကို ပြီးမြောက်အောင် ပြုလုပ်ရမည်ဆိုတာနှင့် သူတို့ထိန်းသိမ်းရမည့် နည်းလမ်းကို နားလည်ခြင်း၊ ဘုရားသခင်က လူသားများထံမှ မည်သည့်ရလဒ်များကို လိုချင်သနည်းနှင့် လူသားများထံမှ ရယူဖို့ မည်သည့်ပြီးမြောက်မှုများကို လိုချင်သနည်း ဆိုတာကို နားလည်ခြင်းတို့ကို ဆိုလိုသည်။ "လိုက်လျှောက်ခြင်း" က ဘုရားသခင် ကိုင်တွယ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များ၊ အကြောင်းအရာများကို လက်ခံခြင်း၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ဤအချက် မှတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို မည်သို့ အုပ်ချုပ်သည်ဆိုတာကို သိလာခြင်း၊ သူ့၏ဘဝနှင့် လူသားများကို သူ မည်သို့ထောက်ပံ့သည်၊ လူသားအတွက် သမ္မာတရားကို သူမည်သို့ လုပ်ဆောင်သည်ကို သိလာခြင်းတို့ကို ရည်ညွှန်းပါသည်။ ဘုရားသခင်၏ စီစဉ်မှုနှင့် အချုပ်အခြာအာဏာ အောက်က အရာအားလုံးသည် သဘာဝနိယာမများကို နာခံသည်။ သင့်အတွက် အရာအားလုံးကို ဘုရားသခင် စီစဉ်ပြီး အုပ်ချုပ်ခွင့်ပြုဖို့ စိတ်ပိုင်းဖြတ်ထားလျှင် သင်စောင့်တတ်ဖို့ သင်ယူရပါမည်။ ရှာဖွေတတ်ဖို့ သင်ယူရမည်။ လိုက်လျှောက်တတ်ဖို့ သင်ယူရမည်။ ၄င်းသည် ဘုရားသခင်၏ အခွင့်အာဏာကို လိုက်လျှောက်ချင်သည့် လူတိုင်း ခံယူရမည့် သဘောထား၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို လက်ခံချင်သည့် လူတိုင်း ပိုင်ဆိုင်ရမည့် အခြေခံ အရည်အသွေးတို့ ဖြစ်ပါသည်။ ဤသဘောထားကို ကိုင်ဆောင်ဖို့၊ ဤ လို အရည်အသွေး တစ်ခုကို ပိုင်ဆိုင်ဖို့၊ သင်တို့ ပိုကြိုးစားရပါမည်။ ဤကဲ့သို့လုပ်မှသာ စစ်မှန်သည့် အမှန်တရားကို သင်တို့ ဝင်ရောက်မှာ ဖြစ်ပါသည်။

ဘုရားသခင်ကို သင့်၏ အတုမရှိသည့် အရှင်သခင်အဖြစ်လက်ခံခြင်းက ကယ်တင်ခြင်းကို ရရှိဖို့ ပထမအဆင့် ဖြစ်သည်

ဘုရားသခင်၏ အခွင့်အာဏာနှင့်ပတ်သက်သည့် သမ္မာတရားများက လူတိုင်း လေးနက်စွာ မှတ်ယူရမည့်၊ သူတို့နှလုံးသားနှင့် ကြုံတွေ့ပြီး နားလည်ရမည့် သမ္မာတရားများဖြစ်ပါသည်။ ဤသမ္မာတရားများသည် လူတိုင်း၏ ဘဝမှာ၊ လူတိုင်း၏ အတိတ်၊ လက်ရှိနှင့် အနာဂတ်အပေါ်၊ လူတိုင်းဘဝတွင် ဖြတ်သန်းရမည့် သိပ်အရေးကြီးသည့် ဆုံမှတ်များ အပေါ်တွင်၊ ဘုရားသခင်၏ အခွင့်အာဏာနှင့်အတူ သူရင်ဆိုင်ရမည့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သဘောထားအပေါ် လူသား၏ သိမြင်မှုအပေါ်၊ သဘာဝအလျောက် လူတိုင်း၏ နောက်ဆုံးပန်းတိုင်အပေါ် ဆက်နွယ်မှုရှိနေသည့်အတွက်ဖြစ်သည်။ ထို့အတွက်ကြောင့် ဤအရာများကို သိပြီး နားလည်ဖို့အတွက် ဘဝတစ်ခုလုံးနှင့် ထိုက်တန်သည့် စွမ်းအင်များ လိုအပ်ပါသည်။ သင်က ဘုရားသခင်၏ အခွင့်အာဏာကို လေးနက်စွာခံယူသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါ၊ ဘုရားသခင်၏ အခွင့်အာဏာသည် အမှန်တကယ် တည်ရှိသည်ဆိုတာ သင်တဖြည်းဖြည်းနှင့် သိမြင်ပြီး နားလည်လာပါလိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ အခွင့်အာဏာကို သင်လုံးဝ လက်မခံလျှင်၊ သူ့ အချုပ်အခြာအာဏာကို လုံးဝလက်မခံလျှင်၊ သင်နှစ်မည်မျှ အသက်ရှင်ခဲ့ပါစေ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အသိပညာကို အနည်းငယ်ပင် သင်ရရှိမှာမဟုတ်ပါ။ သင်သည် ဘုရားသခင်၏ အခွင့်အာဏာကို အမှန်တကယ်သိပြီး နားလည်ခြင်း မရှိလျှင် သင်လမ်းဆုံးကို ရောက်သည့်အခါ သင်က ဘုရားသခင်ကို ဆယ်စုနှစ်များစွာ ယုံကြည်ခဲ့သည့်တိုင် သင့်ဘဝအတွက် ဘာမှ ပြစရာရှိမှာမဟုတ်ပါ။ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်သိမြင်မှုသည် မလွှဲမရှောင်သာနှင့် သုညပဲဖြစ်နေပါမည်။ ယင်းသည် အလွန်ဝမ်းနည်းစရာကောင်းသည့် အရာမဟုတ်သလော။ ထို့ကြောင့် ဘဝတွင် သင်မည်မျှဝေးဝေး လျှောက်လှမ်းခဲ့ပါစေ၊ သင်ယခု မည်မျှ အသက်ကြီးနေပါစေ၊ သင့်တွင် ကျန်ရှိသည့် ခရီးက မည်မျှပဲ ရှည်နေပါစေ၊ ပထမဆုံး ဘုရားသခင်၏ အခွင့်အာဏာကို သတိပြုမိပြီး လေးနက်စွာ ခံယူရမည်။ ဘုရားသခင်သည် သင့်၏ အတုမရှိသည့် အရှင်သခင်ဖြစ်သည် ဆိုသည့်အချက်ကို လက်ခံရမည်။ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် ဤအမှန်တရားများအပေါ် ရှင်းလင်းသည့်၊ တိကျသည့် သိမြင်မှုနှင့် နားလည်မှုကို ရယူခြင်းက လူတိုင်းအတွက် မဖြစ်မနေလိုအပ်သည့် သင်ခန်းစာများဖြစ်သည်။ လူသားဘဝနှင့် အမှန်တရားကို ရယူခြင်းကို သိရှိခြင်းအတွက် သော့ချက်ဖြစ်သည်။ နေ့စဉ်လူတိုင်း ရင်ဆိုင်ရသည့်၊ မည်သူမှ မရှောင်နိုင်သည့် ဘုရားသခင်ကို သိခြင်းဘဝနှင့် အခြေခံသင်ခန်းစာ ဖြစ်ပါသည်။ သင်တို့ထဲမှ တစ်ဦးက ဤပန်းတိုင်သို့ရောက်ဖို့ ဖြတ်လမ်းက သွားချင်သည်ဆိုလျှင် မဖြစ်နိုင်ပါဟု ငါပြောမည်။ သင်တို့က ဘုရားသခင်၏ အချုပ်အခြာအာဏာကို လွတ်မြောက်ချင်သည်ဆိုလျှင် ဤသည်မှာ ပို၍ပင်မဖြစ်နိုင်ပါ။ ဘုရားသခင်သည် လူသား၏ တစ်ဦးတည်းသော သခင်ဖြစ်သည်။ ဘုရားသခင်သည် လူသားကံကြမ္မာ၏ တစ်ဦးတည်းသော အရှင်သခင်ပါ။ ထို့အတွက်ကြောင့် လူသားအတွက် သူ့ကိုယ်ပိုင်ကံကြမ္မာကို အုပ်စိုးဖို့ မဖြစ်နိုင်ပါ။ ဤအရာကို ကျော်လွန်ဖို့ သူ့အတွက် မဖြစ်နိုင်ပါ။ လူတစ်ယောက်၏ အရည်အချင်းက မည်မျှပင် ကြီးမားပါစေ၊ တစ်ခြားလူတွေ၏ ကံကြမ္မာကို မလွှမ်းမိုးနိုင်ပါ၊ ကိုင်တွယ်ညွှန်ကြားဖို့ဆိုတာ ပိုပြီးမဖြစ်နိုင် ပါ။ မစီစဉ်နိုင်၊ မထိန်းချုပ်နိုင်ပါ။ သို့မဟုတ် မပြောင်းလဲနိုင်ပါ။ လူသားအတွက် အရာခပ်သိမ်းကို အတုမရှိသည့် ဘုရားသခင် ကိုယ်တိုင်သာ အုပ်စိုးပါသည်၊ လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို ကိုင်ဆောင်သည့် အတုမရှိသည့် အခွင့်အာဏာကို သူသာလျှင် ပိုင်ဆိုင်သည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်သာလျှင် လူသား၏ အတုမရှိသည့် အရှင်သခင်ဖြစ်ပါသည်။ ဘုရားသခင်၏ အခွင့်အာဏာသည် ဖန်ဆင်းခံ လူသားမျိုးနွယ်အပေါ်သာမကဘဲ မည်သည့်လူသားမှ မမြင်နိုင်သည့် ဖန်ဆင်းခံမဟုတ်သည့် အရာများအပေါ်၊ ကြယ်များအပေါ် စကြဝဠာအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားပါသည်။ ၄င်းသည် ငြင်းလို့မရသည့် အချက်တစ်ခုဖြစ်သည်။ မည်သည့်လူသားသို့မဟုတ် အရာဝတ္ထုမှ ပြောင်းလဲလို့မရသည့် အမှန်တကယ် တည်ရှိသည့် အချက်တစ်ခု ဖြစ်ပါသည်။ သင်တို့ထဲမှ တစ်ဦးက ထူးခြားသည့် ကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းများရှိသည်ဟု ယုံရင်းနှင့်၊ သင်ကံကောင်းပြီး သင့်လက်ရှိ အခြေအနေများကို ပြောင်းလဲနိုင်သည် သို့မဟုတ် လွတ်မြောက်နိုင်သည် ဟု ထင်မြင်ရင်း အကြောင်းအရာများ ကို သူတို့ပုံစံအတိုင်း မကျေမနပ်ဖြစ်နေသေးလျှင်၊ သင်သည် လူသား၏ အားစိုက်ထုတ်မှုနှင့် သင့်၏ ကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲပြီး ဤနည်းနှင့် တစ်ခြားလူများထက် သာလွန်ပြီး အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရရှိဖို့ ကြိုစားလျှင် သင်သည် ကိစ္စများကို သင့်အတွက် ခက်ခဲအောင်လုပ်နေသည်လို့ ငါပြောမည်။ သင်က ပြဿနာကိုပဲ ရှာနေခြင်းဖြစ်သည်။ ကိုယ့်သင်္ချိုင်းကိုယ် တူးနေခြင်းဖြစ်သည်။ တစ်နေ့မှာ အနှေးနှင့် အမြန်ဆိုသလို သင်သည် မှားယွင်းသည့် ရွေးချယ်မှု လုပ်ခဲ့သည်၊ သင့်၏ အားထုတ်မှုတွေကို ဖြုန်းတီးပစ်ခဲ့သည်ကို သင်တွေ့ရှိရလိမ့်မည်။ သင့် ရည်ရွယ်ချက်၊ ကံကိုဆန့်ကျင်ပြီး ရုန်းကန်လှုပ်ရှားဖို့ သင့် ဆန္ဒ၊ သင့်၏ ကိုယ်ပိုင် ပြောင်မြောက်လှသည့် လုပ်ဆောင်မှုများသည် ပြန်လမ်းမရှိသည့် လမ်းကို ပို့ဆောင်ပေးပါလိမ့်မည်။ ဤအတွက် သင်သည် ဆိုးဝါးသည့် ပေးဆပ်မှုတစ်ခု ပြုရပါလိမ့်မည်။ အခုအချိန်တွင် အကျိုးဆက် ပြင်းထန်မှုကို မမြင်သော်လည်း ဘုရားသခင်သည် လူသားကံကြမ္မာ၏ အရှင်သခင်ဖြစ်သည်ဆိုသည့် အမှန်တရားကို တွေ့ကြုံပြီး ပိုပြီး နက်ရှိုင်းစွာ အသိအမှတ် ပြုလာသည့်အခါ ငါ ဤနေ့ပြောနေသည့် အကြောင်းအရာနှင့် သူ့၏ သက်ရောက်မှုကို သင်တဖြည်းဖြည်း သိမြင်လာပါ လိမ့်မည်။ သင်က နှလုံးသားတစ်ခုနှင့် ဝိညာဉ်တစ်ခု ဧကန်ရှိ၊ မရှိ၊ သင်က သမ္မာတရားကို ချစ်သည့် လူဟုတ်၊ မဟုတ်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သမ္မာတရားအပေါ်မှာ မည်သို့ သဘောထားမျိုး ခံယူသည်ဆိုသည့် အပေါ်မှာ မူတည်ပါသည်။ ဤအချက်သည် သင်က ဘုရားသခင်၏ အခွင့်အာဏာကို အမှန်တကယ် သိပြီး နားလည်ခြင်း ရှိ၊ မရှိဆိုတာကို အလိုအလျောက် သတ်မှတ်ပါသည်။ သင်က သင့်ဘဝမှာ ဘုရားသခင်၏ အခွင့်အာဏာကို သိမြင်ပြီး လက်ခံဖို့ဆိုတာ ပိုဆိုးပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ အစီအစဉ်တွေကို တစ်ခါမှ မခံစားဖူးလျှင် သင်သည် လုံးဝ တန်ဖိုးမရှိသူ ဖြစ်သွားပါလိမ့်မည်။ သင်သည် ဘုရားသခင်၏ မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းကို အမှန်တကယ်ခံရသည့်သူ ဖြစ်ပါလိမ့်မည်။ သင်ခံယူခဲ့သည့် လမ်းကြောင်းနှင့် သင်ပြုလုပ်ခဲ့သည့် ရွေးချယ်မှုတို့၏ ရလဒ်ပါ။ သို့သော်လည်း ဘုရားသခင်၏ လုပ်ဆောင်မှုမှာ သူ့ စမ်းသပ်မှုကို လက်ခံနိုင်သည့်၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံသည့်၊ သူ့၏ အခွင့်အာဏာကို လိုက်လျှောက်ပြီး သူ့နှုတ်ကပတ်တော်တွေကို တဖြည်းဖြည်းနှင့် အမှန်တကယ် တွေ့ကြုံရရှိသည့်သူသည် ဘုရားသခင်၏ အခွင့်အာဏာကို အမှန်တကယ် သိမြင်မှု၊ သူ့ အချုပ်အခြာအာဏာကို အမှန်တကယ် နားလည်မှုတို့ ရရှိမှာဖြစ်ပြီး ဖန်ဆင်းရှင်၏ လက်အောက်တွင် အမှန်တကယ် ရှိလာပါလိမ့်မည်။ ဤကဲ့သို့သောလူများသာ အမှန်တကယ် ကယ်တင်ခြင်းခံရမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိသည့်အတွက်ကြောင့်၊ ၄င်းကို လက်ခံသည့်အတွက်ကြောင့်၊ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ အချက်အလက်ကို သူတို့ အသိအမှတ်ပြုခြင်းနှင့် လိုက်လျှောက်ခြင်းတို့သည် မှန်ကန်ပြီး တိကျပါသည်။ သူတို့သည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ယောဘလိုမျိုး ကိုယ်ပိုင်ရွေးချယ်မှု မပါဝင်ဘဲ၊ ကိုယ်ပိုင်ဆန္ဒမပါဝင်ဘဲ သေခြင်းကို မကြောက်ရွံ့သည့် စိတ်ရှိလာနိုင်မည်။ အရာအားလုံးထဲတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်တို့ကို လိုက်လျှောက်နိုင်လိမ့်မည်။ ဤကဲ့သို့သောလူမျိုးကသာ စစ်မှန်သည့် ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် ဖန်ဆင်းရှင်ဆီကို ပြန်လာနိုင်ပါလိမ့်မည်။

၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်

အောက်ခြေမှတ်စုများ-

က။ မူရင်းစာသားတွင် "အခြေအနေများ" ဟူသော စကားရပ် မပါဝင်ပါ။

ခ။ မူရင်းစာသားတွင် "ဤ" ကို ဖတ်သည်။

ဂ။ မူရင်းစာသားတွင် "ဤ အချိန်တွင်" ဟူသော စကားရပ် မပါဝင်ပါ။

ဃ။ မူရင်းစာသားတွင် "မသိဘဲ" ဟူသော စကားရပ် မပါဝင်ပါ။

ယခင်က:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၂

နောက်တစ်ခုသို့:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၄

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စစ်မှန်သော လမ်းခရီးကို စုံစမ်းခြင်းအပေါ် အမေးအဖြေတစ်ရာ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ