အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၁)

ယနေ့ ငါတို့ ဘုရားသခင်၏ သြဇာအာဏာနှင့် ပတ်သက်သည့်နောက်ထပ် မိတ်သဟာယဖွဲ့ ဆွေးနွေးမှုအချို့ ပြုခဲ့ပြီးပြီ။ သို့ဖြစ်၍ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို ယခု ငါတို့ ပြောမည်မဟုတ်။ ယနေ့တွင် လုံးဝခေါင်းစဉ် အသစ်တစ်ခုကို ငါတို့ ဆွေးနွေးမည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်း ဖြစ်သည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းက ဘုရားသခင်၏ အတုမရှိသော အနှစ်သာရ၏ သွင်ပြင်လက္ခဏာ နောက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဤခေါင်းစဉ်အကြောင်း မိတ်သဟာယဖွဲ့ ဆွေးနွေးရန် အင်မတန် လိုအပ်သည်။ ငါမိတ်သဟာယဖွဲ့ ဆွေးနွေးမည့် ဘုရားသခင့်အနှစ်သာရ၏ ဤသွင်ပြင်လက္ခဏာမှာ ယခင်က ငါတို့ မိတ်သဟာယဖွဲ့ဆွေးနွေးခဲ့ကြသည့် သွင်ပြင်လက္ခဏာနှစ်ခုဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားနှင့် ဘုရားသခင်၏ သြဇာအာဏာတို့နှင့်အတူတူ အားလုံးမှာ အတုမရှိ ဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်) ဘုရားသခင်၏ သန့်ရှင်းခြင်းသည်လည်း အတုမရှိပေ။ ထို့ကြောင့် ဤအတုမရှိခြင်း၏ အခြေခံ၊ ဤအတုမရှိခြင်း၏ အရင်းအမြစ်က ယနေ့ ငါတို့၏ မိတ်သဟာယဖွဲ့ဆွေးနွေးခြင်း၏ ပဓာနအကြောင်းအရာဖြစ်သည်။ နားလည်ကြသလော။ ငါ့နောက် လိုက်ဆိုလော့။ ဘုရားသခင်၏ အတုမရှိသည့် အနှစ်သာရ၊ ဘုရားသခင်၏ သန့်ရှင်းခြင်း။ (ဘုရားသခင်၏ အတုမရှိသည့် အနှစ်သာရ၊ ဘုရားသခင်၏ သန့်ရှင်းခြင်း။) ဤစကားစုကို ဆိုပြီးသည့်နောက် သင်တို့စိတ်နှလုံးထဲတွင် မည်သို့ ခံစားရသနည်း။ သင်တို့ထဲက အချို့သည် ဒွိဟများ ရှိကောင်းရှိနိုင်ပြီး “ဘုရားသခင်၏ သန့်ရှင်းခြင်းကို အဘယ်ကြောင့် မိတ်သဟာယဖွဲ့ ဆွေးနွေးမည်နည်း” ဟု မေးနေကြ၏။ စိတ်မပူနှင့်၊ သင်တို့ကို ငါဖြည်းဖြည်းချင်း ပြောပြသွားမည်။ ထိုအရာကို သင်တို့ ကြားရသည်နှင့်တစ်ပြိုင်နက် ဤခေါင်းစဉ်ကို မိတ်သဟာယဖွဲ့ဆွေးနွေးရန် ငါ့အတွက် အဘယ်ကြောင့် အင်မတန် လိုအပ်သည်ကို သင်တို့သိပါလိမ့်မည်။

ပထမဦးစွာ “သန့်ရှင်း” ဟူသည့် စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုကြည့်ကြစို့။ သင်တို့၏ အမြင်နှင့် သင်တို့ လေ့ကျက်ခဲ့ကြသည့် အသိပညာအကုန်လုံးမှ “သန့်ရှင်း” ဟူသည့်အရာ၏အဓိပ္ပာယ်ကို မည်သို့ နားလည်ထားသနည်း။ အဓိပ္ပာယ် ဖွင့်ပြကြပါဦး။ (“သန့်ရှင်း” ဆိုသည်မှာ အစွန်းအထင်းမရှိခြင်း၊ လူသားတို့၏ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် အပြစ်အနာအဆာ တစ်ခုမျှ မပါခြင်းကို ဆိုလိုပါသည်။ အတွေးထဲ၌ဖြစ်စေ၊ အပြော သို့မှမဟုတ် အလုပ်၌ဖြစ်စေ၊ ပြုသမျှအားလုံး၊ ထွန်းဖြာသမျှအရာတိုင်းသည် အပြည့်အဝ အပြုသဘောဆောင်ပါသည်) အင်မတန် ကောင်းပေ၏။ (“သန့်ရှင်း” ဆိုသည်မှာ ဘုရားနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခု၊ လူသားမှ မညစ်ညမ်းစေနိုင်၊ ပုန်ကန်ပြစ်မှား၍မရနိုင်သည့် အရာဖြစ်ပါသည်။ ယင်းမှာ အတုမရှိပါ၊ ဘုရားသခင်၏ ထူးခြားသည့် ဝိသေသလက္ခဏာ သင်္ကေတဖြစ်ပါသည်) (“သန့်ရှင်း” ဆိုသည်မှာ ညစ်နွမ်းခြင်းမရှိ၊ ဘုရားနှင့်ဆိုင်သည့် လက္ခဏာသွင်ပြင်နှင့် ပုန်ကန်ပြစ်မှား၍ မရနိုင်သည့် စိတ်သဘောထားဖြစ်သည်။) ဤသည်မှာ သင်တို့၏အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ လူတစ်ဦးချင်းစီ၏စိတ်နှလုံးထဲတွင် “သန့်ရှင်း” ဟူသည့် ဤစကားလုံးကို အတိုင်းအတာတစ်ခု၊ အဓိပ္ပာယ်တစ်ခုနှင့် အနက်ဖွင့်ချက်တစ်ခုတို့ ရှိကြ၏။ အနည်းဆုံးအနေဖြင့် “သန့်ရှင်း” ဟူသည့် စကားလုံးကို သင်တို့တွေ့သည့်အခါ သင်တို့၏စိတ်များသည် ဗလာဖြစ်နေသည်ကား မဟုတ်။ တိကျသေချာသည့် နားလည်မှုအတိုင်းအတာတစ်ခု ရှိကြပြီး လူတချို့၏ ဤစကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ ဘုရားသခင်၏ စိတသဘောထား အနှစ်သာရကို အဓိပ္ပာယ်ဖွင့်ဆိုရန် ဤစကားလုံးကို အသုံးပြုကြလုနီးပါး ဖြစ်၏။ ဤသည်မှာ အင်မတန် ကောင်းသည်။ လူအများစုက “သန့်ရှင်း” ဟူသည့် စကားလုံးကို အပြုသဘောဆောင်သည့်စကားလုံးအဖြစ် ယုံကြည်ကြပြီး ဤအရာကို အတည်ပြု၍ ရပေသည်။ သို့သော် ယနေ့ ငါမိတ်သဟာယဖွဲ့ဆွေးနွေးလိုသည့် ဘုရားသခင်၏ သန့်ရှင်းခြင်းမှာ အဓိပ္ပာယ်ဖွင့်ဆိုရုံသာ မဟုတ်သကဲ့သို့ ရှင်းလင်းပြရုံလည်း မဟုတ်ပါ။ ယင်းအစား ဘုရားသခင် သန့်ရှင်းသည်ဟု ငါအဘယ်ကြောင့် ပြောသနည်းဟူသည့် အရာနှင့် ဘုရားသခင်၏ အနှစ်သာရကို ဖော်ပြရန်အတွက် “သန့်ရှင်း” ဟူသည့် စကားလုံးကိုငါအဘယ်ကြောင့် အသုံးပြုရသည်ကို သင်တို့အား မြင်ခွင့်ပေးဖို့ရန် အချက်အလက်တချို့ကို စိစစ်အတည်ပြုရန် ငါအသုံးပြုမည်။ ငါတို့၏ မိတ်သဟာယဖွဲ့ဆွေးနွေးခြင်း ပြီးဆုံးသွားသည့်အခါ ဘုရားသခင်၏ အနှစ်သာရကို အဓိပ္ပာယ်ဖွင့်ဆိုရန် “သန့်ရှင်း” ဟူသည့် စကားလုံးကို အသုံးပြုခြင်းနှင့် ဘုရားသခင်ကို ရည်ညွှန်းရန်အတွက် ဤစကားလုံးကို အသုံးပြုခြင်း နှစ်မျိုးလုံးသည် အင်မတန် ထိုက်တန်လှပြီး အသင့်လျော်ဆုံးဖြစ်သည်ကို သင်ခံစားရပါလိမ့်မည်။ အနည်းဆုံးအနေဖြင့် လူသားတို့၏ လက်ရှိဘာသာစကားအရ ဘုရားသခင်ကို ရည်ညွှန်းရန် ဤစကားလုံးကို အသုံးပြုခြင်းသည် အထူးသဖြင့် ဆီလျော်သည်။ ယင်းစကားလုံးမှာ ဘုရားသခင်ကို ရည်ညွှန်းဖို့အတွက် လူ့ဘာသာစကားထဲတွင် အသင့်တော်ဆုံးဖြစ်သည့် တစ်ခုတည်းသော စကားလုံးဖြစ်၏။ ဘုရားသခင်ကို ရည်ညွှန်းရန် အသုံးပြုသည့်အခါတွင် ယင်းစကားလုံးသည် အနှစ်မဲ့သော စကားလုံးမဟုတ်သကဲ့သို့ အကြောင်းရင်းမရှိဘဲ ချီးကျူးခြင်း သို့မဟုတ် အနှစ်မဲ့သည့် မြှောက်လုံးပင့်လုံးလည်း မဟုတ်ပေ။ ငါတို့မိတ်သဟာယဖွဲ့ဆွေးနွေးခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင့် အနှစ်သာရ၏ ဤသွင်ပြင်လက္ခဏာ၏ သမ္မာတရားကို လူတိုင်းလက်ခံစေရန် ဖြစ်သည်။ ဘုရားသခင်က လူတို့၏ နားလည်မှုကို မစိုးရိမ်ပေ။ သူတို့၏ နားလည်မှုလွဲခြင်းကိုသာ စိုးရိမ်ခြင်းဖြစ်သည်။ လူတိုင်းက သူ၏အနှစ်သာရနှင့် သူ၏ ဖြစ်ခြင်းနှင့် အရာအားလုံးကို သိရှိဖို့ ဘုရားသခင် အလိုရှိ၏။ ထို့ကြောင့် ဘုရားသခင့် အနှစ်သာရ၏ သွင်ပြင်လက္ခဏာတစ်ခုကို ငါတို့ ပြောဆိုသည့်အခါတိုင်းတွင် ဘုရားသခင့် အနှစ်သာရ၏ ဤသွင်ပြင်လက္ခဏာ အမှန်တကယ် တည်ရှိသည့်အကြောင်း လူတို့ကို သိမြင်ခွင့်ပေးရန် အချက်အလက်အများအပြားကို ငါတို့ အသုံးပြုနိုင်၏။

“သန့်ရှင်း” ဟူသည့် စကားလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ငါတို့တွင် ရှိပြီဖြစ်သည့်အတွက် ဥပမာတချို့ကို ကြည့်ကြစို့။ လူတို့၏ စိတ်ကူးများထဲတွင် ၎င်းတို့သည် “သန့်ရှင်း” သော အရာအများအပြားနှင့် လူအများအပြားကို တွေးကြ၏။ ဥပမာ လူသားများ၏ အဘိဓာန်များထဲတွင် လူပျိုယောက်ျားလေးများနှင့် အပျိုမိန်းကလေးများကို သန့်ရှင်းသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားကြသည် မဟုတ်လော။ (ဟုတ်ပါ၏) ၎င်းတို့ အမှန်ပင် သန့်ရှင်းကြသလော။ (မသန့်ရှင်းကြပါ) သန့်ရှင်း သည်ဟု ခေါ်ဆိုကြသည့် ထိုအရာနှင့် ယနေ့ ငါတို့မိတ်သဟာယဖွဲ့ ဆွေးနွေးကြမည့် “သန့်ရှင်း” ဟူသည့်အရာမှာ တစ်ခုတည်းဖြစ်ပြီး ထပ်တူညီသလော။ (မတူညီပါ) လူသားတို့ကြားတွင် မည်သူကိုမျှ လုံးဝမထိခိုက်စေဖူးသည့် ခန့်ညားပြီး ယဉ်ကျေးသော အပြောရှိပြီး ကိုယ်ကျင့်တရားမြင့်မားသည့် လူသားများနှင့်၊ ၎င်းတို့စကားပြောဆိုသည့်အခါ သူတပါးကို စိတ်လက်ချမ်းသာစေပြီး နှစ်လိုဖွယ်ဖြစ်စေသည့် လူသားများကိုကြည့်ပါက ၎င်းတို့သည် သန့်ရှင်းကြသလော။ ကိုယ်ကျင့်တရားမြင့်မားပြီး အပြောရော အလုပ်မှာပါ ခန့်ညားကြသည့် ကွန်ဖြူးရှပ်ဝါဒီ ပညာရှင်များ သို့မှမဟုတ် လူကြီးလူကောင်းများရော သန့်ရှင်းကြသလော။ ကောင်းတာကို မကြာခဏလုပ်ကြပြီး မရှိဆင်းရဲသားများကို ရက်ရောတတ်သည့် သူတပါးကို ကြီးစွာအထောက်အပံ့ပေးသည့် သူများ၊ လူများ၏ အသက်တာထဲကို ပျော်ရွှင်မှု အများအပြား သယ်ဆောင်လာပေးသည့် သူများရော သန့်ရှင်းကြသလော။ (မသန့်ရှင်းကြပါ) ကိုယ်ကျိုးဖက်သည့် အတွေးများကို မသိုထားသည့်သူများ၊ ဘယ်သူတစ်ဦးတစ်ယောက်အပေါ်မှာမှ ပြင်းထန်သည့် တောင်းဆိုမှများ မပြုသူများနှင့် မည်သူကိုမဆို သည်းခံသူများရော သန့်ရှင်းကြသလော။ မည်သူနှင့်မျှ လုံးဝအငြင်းမပွားဘဲ၊ တခြားလူများဆီက အခွင့်အရေးမယူတတ်သူများ၊ သူတို့ကရော သန့်ရှင်းကြသလော။ ထို့ကြောင့် သူတပါး ကောင်းကျိုးအတွက် လုပ်သောသူများ၊ တခြားသူများကို အကျိုးပြုပြီး အဖက်ဖက်ကနေ အခြားသူများကို တည်ဆောက်ပေးသူများရော သန့်ရှင်းကြသလော။ မိမိ၏ တစ်သက်တာ ရှာဖွေစုဆောင်းထားသည်များ အားလုံးကို တခြားသူများကို ပေးပစ်ပြီး ရိုးရှင်းသည့် ဘဝ၌နေထိုင်သူများ၊ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတင်းကျပ်ကြ သော်လည်း အခြားသူများကို လွတ်လွတ်လပ်လပ် ဆက်ဆံသည့်သူများရော သန့်ရှင်းကြပါသလော။ (မသန့်ရှင်းကြပါ) သင်တို့၏ မိခင်များသည် သင်တို့ကို ပြုစုစောင့်ရှောက်ခဲ့ပြီး အဖက်ဖက်မှ ကြည့်ရှုစောင့်ရှောက်ခဲ့ သည်ကို သင်တို့မှတ်မိကြ၏။ သူတို့ကရော သန့်ရှင်းကြသလော။ ထင်ပေါ်ကျော်ကြားသည့် လူများဖြစ်စေ၊ ကြယ်ပွင့်များ သို့မဟုတ် ထူးကဲသည့် လူများဖြစ်စေ၊ သင်တို့မြတ်နိုးကြသည့် အသည်းကြော်များကရော သန့်ရှင်းကြသလော။ (မသန့်ရှင်းကြပါ။) တခြားလူအများအပြား မသိကြသည့် အနာဂတ်ကို ပြောဆိုနိုင်ခဲ့သည့် သမ္မာကျမ်းစာထဲက ထိုပုရောဖက်များကို ယခုကြည့်ကြစို့။ ထိုကဲ့သို့သောလူမျိုးကရော သန့်ရှင်းခဲ့သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သူ့အမှု၏ အချက်အလက်များကို သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်နိုင်ခဲ့ကြသည့် လူများကရော သန့်ရှင်းကြခဲ့သလော။ မောရှေ သန့်ရှင်းခဲ့သလော။ အာဗြဟံရော သန့်ရှင်းခဲ့သလော။ (မသန့်ရှင်းခဲ့ကြပါ) ယောဘရော။ သူရော သန့်ရှင်းခဲ့သလော။ (မသန့်ရှင်းခဲ့ပါ) အဘယ်ကြောင့် ဤသို့ဆိုရသနည်း။ ဖြောင့်မတ်သောသူဟု ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ယောဘ ခံခဲ့ရ၏။ ထို့ကြောင့် သူ့ကိုပင် မသန့်ရှင်းပါဟု အဘယ်ကြောင့် ဆိုရသနည်း။ ဤနေရာတွင် စိုးရိမ်ကြောင့်ကြမှုတချို့ကို သင်တို့ ခံစားကြရသည် မဟုတ်လော။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသည့် အကျင့်ကို ရှောင်သောသူတို့သည် အကယ်ပင် မသန့်ရှင်းကြသလော။ ၎င်းတို့သည် သန့်ရှင်းကြသလော သို့မဟုတ် မသန့်ရှင်းကြသလော။ (မသန့်ရှင်းကြပါ) သင်တို့၏ အဖြေသည် ငြင်းသည့်သဘောဖြစ်၏။ ထို့ကြောင့် သင်တို့၏ အငြင်းသဘော အဖြေက မည်သည့်အရာပေါ် အခြေခံထားသနည်း။ (ဘုရားသခင်သည် အတုမရှိဖြစ်တော်မူ၏။) ဤသည်မှာ အခြေအမြစ်ရှိသည့် အခြေခံအကြောင်းရင်းပင်။ သင်တို့ဟာ အမှုအရာများကို အလျင်အမြန် သင်ယူနိုင်ပြီး သင်ယူထားခဲ့ပြီးသည့်အရာကို အသုံးပြုနိုင်သော အစွမ်းအစကြီးတစ်ခုရှိပြီး သင်တို့အားလုံး၌ တမူထူးသည့် ဤစွမ်းရည်ရှိသည်ကို ငါတွေ့နေရ၏။ သင်တို့သည် အနည်းငယ် စိုးရိမ်ကြောင့်ကြပြီး သိပ်မသေချာကြ၊ ထို့ပြင် “သန့်ရှင်းခြင်းမရှိ” ဟု မပြောရဲကြသကဲ့သို့၊ “သန့်ရှင်းသည်” ဟုလည်း မပြောရဲကြပေ။ ထို့ကြောင့် ခက်ခက်ခဲခဲနှင့် “သန့်ရှင်းခြင်းမရှိ” ဟု ပြောကြသည်။ နောက်ထပ် မေးခွန်းတစ်ခုကို ငါမေးမည်။ ကမ္ဘာမြေကြီးထံသို့ ဘုရားသခင် စေလွှတ်သည့် တမန်များဖြစ်သော ဘုရားသခင်၏ တမန်များသည် သန့်ရှင်းကြပါသလော။ (မသန့်ရှင်းကြပါ) သေချာ အချိန်ယူပြီး စဉ်းစားကြည့်ကြပါ။ စဉ်းစားပြီးသည်နှင့် အဖြေပေးကြလော့။ ကောင်းကင်တမန်များက သန့်ရှင်းကြသလော။ (မသန့်ရှင်းကြပါ) စာတန်၏ ဖျက်ဆီးခြင်း မခံခဲ့ရသော လူသား များရော သန့်ရှင်းကြပါသလော။ (မသန့်ရှင်းကြပါ) မေးခွန်းတိုင်းကို သင်တို့က “မသန့်ရှင်းကြပါ” ဟုသာ ဖြေနေကြသည်။ မည်သည့်အရာအပေါ် အခြေခံသနည်း။ ယခုလေးတင် ငါပြောလိုက်သည့် စကားစုကိုယ်၌က သင်တို့၏ “မသန့်ရှင်းကြပါ” ဟုပြောရသည့် အကြောင်းရင်းလော။ သင်တို့ ခေါင်းရှုပ်သွားကြပြီ မဟုတ်လော။ သို့ဆိုလျှင် ကောင်းကင်တမန်များပင် မသန့်ရှင်းပါဟု အဘယ်ကြောင့် ပြောရသနည်း။ ဤနေရာမှာ စိုးရိမ်ကြောင့်ကြမှုကို ခံစားကြရသည် မဟုတ်လော။ သို့ဆိုလျှင် အရင်က ငါတို့ပြောဆိုခဲ့သည့် လူများ၊ အရာဝတ္ထုများ သို့မဟုတ် ဖန်ဆင်းမခံထားရသော သတ္တဝါများ မသန့်ရှင်းသည်ကို အဘယ်အရာအပေါ်မှာ အခြေခံပြီး သင်တို့သိနိုင်သနည်း။ သင်တို့မတတ်နိုင်သည်ကို ငါသေချာ၏၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့၏ “မသန့်ရှင်းပါ” ဟူသည့် စကားသည် အနည်းငယ် တာဝန်မဲ့နေသကဲ့သို့ ဖြစ်မနေသလော။ သင်တို့က ပေါ့ပေါ့တန်တန်နှင့် ဖြေနေကြသည် မဟုတ်လော။ တချို့လူများက “ကိုယ်တော်က ဤကဲ့သို့ မေးနေရကား၊ ထိုအရာမှာ လုံးဝ မဟုတ်သည့်အရာသာ ဖြစ်ရမည်” ဟု တွေးဆနေကြသည်။ ဤအတိုင်း ပေါ့ပေါ့တန်တန် မဖြေကြနှင့်။ အဖြေက ဟုတ်သလော သို့မဟုတ် မဟုတ်သလောဆိုသည်ကို သေချာ စဉ်းစားကြလော့။ နောက်လာမည့် ခေါင်းစဉ်ကို ငါတို့ မိတ်သဟာယဖွဲ့ ဆွေးနွေးကြသည့်အခါ ထိုအရာသည် အဘယ်ကြောင့် မသန့်ရှင်းသနည်းဆိုသည်ကို သင်တို့သိလာကြလိမ့်မည်။ မကြာမီတွင် ငါသင်တို့ကို အဖြေပေးမည်။ ဦးစွာ ကျမ်းပိုဒ်တချို့ကို ဖတ်ကြည့်ကြစို့။

လူသားကိုပေးသော ယေဟောဝါ ဘုရားသခင်၏ အမိန့်

ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။

လူမိန်းမကို မြွေ၏ညှို့ယူဖမ်းစားခြင်း

ကမ္ဘာဦးကျမ်း ၃:၁-၅ ယခုတွင်၊ မြွေသည် ယေဟောဝါ ဘုရားသခင် ဖန်ဆင်းတော်မူသော မြေပေါ်ရှိ မည်သည့်တိရစ္ဆာန်မဆိုထက် ပိုမို လိမ္မာပါးနပ်လေသည်။ သူက လူမိန်းမထံ၊ ဥယျာဉ်ထဲမှ အပင်တိုင်းကို သင်တို့ မစားရဟု အမှန်စင်စစ် ဘုရားသခင် မိန့်တော်မူခဲ့သလောဟု မေးလေသည်။ လူမိန်းမကလည်း၊ ကျွန်မတို့သည် ဥယျာဉ်ထဲရှိ အပင်များ၏ အသီးများကို စားသုံးနိုင်ကြပါ၏၊ သို့သော်၊ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုမူ၊ ဘုရားသခင်က၊ သင်တို့ သေမည်စိုးရသဖြင့် ယင်းကို သင်သည် မစားရသကဲ့သို့ ထိလည်း မထိရဟု မိန်တော်မူကြောင်း မြွေကို ပြောကြားလေသည်။ မြွေကလည်း၊ သင်တို့ ဧကန်မုချ သေရကြမည်မဟုတ်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်ဟု လူမိန်းမအား ဆိုလေသည်။

ဤကျမ်းပိုဒ်နှစ်ပိုဒ်က သမ္မာကျမ်းစာ၏ မည်သည့်ကျမ်းမှ ကောက်နုတ်ထားချက်များ ဖြစ်သနည်း။ (ကမ္ဘာဦးကျမ်းမှဖြစ်ပါသည်။) ဤကျမ်းပိုဒ်နှစ်ပိုဒ်ကို သင်တို့အားလုံး ရင်းနှီးကြသလော။ ဤသည်မှာ လူသား ဦးဆုံး ဖန်ဆင်းခြင်းခံခဲ့ရချိန်ဖြစ်သည့် အစအဦး၌ ဖြစ်ပျက်ခဲ့သည့် အရာများပင်ဖြစ်သည်။ ဤသည်မှာ အဖြစ်အပျက်မှန်ဖြစ်၏။ ပထမဦးစွာ ယေဟောဝါ ဘုရားသခင်က အာဒံနှင့်ဧဝကို မည်သည့်အမိန့်မျိုး ပေးခဲ့သနည်းဆိုသည်ကို ကြည့်ကြစို့၊ ဤအမိန့်မှာပါဝင်သော အကြောင်းအရာသည် ယနေ့ငါတို၏ခေါင်းစဉ်အတွက် အင်မတန်အရေးကြီး၍ဖြစ်သည်။ ယေဟောဝါ ဘုရားသခင်က “ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်”ဟု လူကို အမိန့်ပေးတော်မူ၏။ ဤကျမ်းပိုဒ်ထဲက လူသားကိုပေးသည့် ဘုရားသခင်၏ အမိန့်တွင် မည်သည့်အရာ ပါဝင်သနည်း။ ပထမအနေဖြင့် ဘုရားသခင်က လူသားကို အပင်အမျိုးစုံ၏ သစ်သီးများအနေနှင့် သူအဘယ်အရာကို စား၍ရသည်ကို ပြောသည်။ အန္တရာယ်မရှိပါ၊ အဆိပ်မရှိပါ။ အားလုံးကို စား၍ရပြီး ဒွိဟဖြစ်နေသည်များ မရှိဘဲနှင့် သဘောရှိ စား၍ရသည်။ ဤသည်ကကတစ်ပိုင်း။ နောက်တစ်ပိုင်းက သတိပေးချက်ဖြစ်၏။ ဤအပိုင်းက မည်သည့်အပင်၏ အသီးကို လူသားက စား၍မရသည်ကို ပြော၏- ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကို သူမစားရပါ။ သူစားလျှင် မည်သည့်အရာဖြစ်လာမည်နည်း။ သင်စားပါက- ဧကန်အမှန်သေရမည်ဟု ဘုရားသခင်က လူသားကို ပြော၏။ ဤစကားလုံးများသည် ရှင်းလင်းပြတ်သားပါ၏လော။ (ရှင်းလင်းပြတ်သားပါသည်။) အကယ်၍ ဘုရားသခင်က သင့်ကို ဤအချက်ပြောပြပြီး သင်က အဘယ်အတွက်ကြောင့်နည်းဆိုသည်ကို နားမလည်လျှင်၊ ယင်းကို စည်းမျဉ်းတစ်ခုအဖြစ် သို့မဟုတ် လိုက်နာရမည့် ညွှန်ကြားချက်တစ်ခုအဖြစ် သဘောထားပါ့မည်လော။ ထိုအရာကို လိုက်နာသင့်သည် မဟုတ်လော။ သို့သော် လူသားသည် ထိုအရာကို လိုက်နာနိုင်သည်ဖြစ်စေ လိုက်မနာနိုင်သည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များက တိကျပြတ်သားသည်။ လူသားအနေနှင့် အဘယ်အရာကို စား၍ရသည်၊ အဘယ်အရာကို စား၍မရဆိုသည်နှင့် သူမစားသင့်သည့်အရာကို သူစားလိုက်လျှင် မည်သို့ဖြစ်မည်ဟူသည့်အရာများကို ဘုရားသခင်က သူ့ကို အင်မတန် ရှင်းရှင်းလင်းလင်း ပြောထား၏။ ဘုရားသခင်ပြောခဲ့သည့် ဤနှုတ်ကပတ်တော်အတိုချုပ်ထဲတွင် သူ၏ စိတသဘောထား တစ်ခုတလေကိုများ သင်တွေ့သလော။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက မှန်ကန်ပါသလော။ ပရိယာယ်များ ရှိနေသလော။ မမှန်ကန်သည့်အရာများ ရှိနေသလော။ (မရှိပါ) ခြိမ်းခြောက်နေသောအရာ တစ်ခုတလေရော ရှိပါ၏လော။ (မရှိပါ) လူသားက မည်သည့်အရာစား၍ရသည်ဆိုသည်နှင့် မည်သည့်အရာကို စား၍မရဆိုသည်ကို ဘုရားသခင်က သူ့ကို ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ စိတ်ရင်းအမှန်နှင့် ရှင်းရှင်းပြတ်ပြတ် ပြောခဲ့၏။ ဤနှုတ်ကပတ်တော်များထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်တစ်ခုတလေ ရှိသလော။ ဤနှုတ်ကပတ်တော်များက တိကျပြတ်သားပါသလော။ ထင်ကြေးပေးစရာများ လိုသလော။ (မလိုပါ။) မှန်းဆစရာ မလို၊ ဟုတ်ပါသလော။ သူတို့၏ အဓိပ္ပာယ်များက တစ်ချက်ကြည့်ရုံနှင့် ထင်ရှားပေါ်လွင်ပြီး ထိုအရာကို သင်တို့တွေ့သည်နှင့် နားလည်သည်။ ယင်းမှာ ရှင်းလင်းပြတ်သားသည်။ ဆိုလိုသည်က ဘုရားသခင် ပြောလိုသောအရာနှင့် သူဖော်ပြလိုသော အရာများသည် သူ့နှလုံးသားမှ လာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင် ဖော်ပြသည့် အရာများသည် ရှင်းလင်း၏၊ ရိုးရိုးစင်းစင်းနှင့် ပြတ်သားသည်။ တိတ်တခိုး ရည်ရွယ်ချက်များ မရှိသကဲ့သို့ ဖုံးကွယ်နေသော မည်သည့်အဓိပ္ပာယ်မှလည်း မရှိပါ။ လူသားကို သူမည်သည့်အရာကို စား၍ရသည်၊ မည်သည့်အရာကို စား၍မရဆိုသည်ကို ပြောပြရင်း သူသည် လူသားကို တိုက်ရိုက်သာ ပြောဆိုခဲ့၏။ တစ်နည်းအားဖြင့် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်၏ နှလုံးသားက ကြည်လင်ရှင်းလင်းသည်ဟူသည့်အရာနှင့် ဘုရားသခင်၏ နှလုံးသားက မှန်ကန်သည်ကို လူသားက မြင်နိုင်ပါသည်။ စားကောင်းသည့်အရာကို သင်စား၍မရပါဟု ဆိုပြီး သင့်ကိုပြောခြင်းနှင့် စား၍မရသည့်အရာများနှင့် ပတ်သက်ပြီး “လုပ်ကြည့်ပြီး မည်သည့်အရာဖြစ်လာမည်နည်း ကြည့်ကြည့်” ဟုသင့်ကိုပြောသည့်နေရာမှာ မမှန်ကန်သည့်အရာ လုံးဝမရှိပါ။ ဘုရားသခင်က ဤအရာကို ရည်ရွယ်ခဲ့သလော။ (မရည်ရွယ်ခဲ့ပါ။) မရည်ရွယ်ခဲ့ပါ။ ဘုရားသခင်၏နှလုံးသားထဲ၌ သူတွေးသည့် အရာမှန်သမျှသည် သူပြောသည့် အရာပင်ဖြစ်သည်။ ဘုရားသခင်က ဤနှုတ်ကပတ်တော်များအတွင်းတွင် ဤနည်းလမ်းဖြင့် သူ့ကိုယ်သူ ပြသပြီး ထုတ်ဖော်ပြသည့်အတွက်ကြောင့် ဘုရားသခင် သန့်ရှင်းသည်ဟု ငါပြောလျှင် ငါက ဘာမျှမဟုတ်သည့်အရာကို ရေကြီးခွင်ကျယ်လုပ်နေသည် သို့မဟုတ် ငါ၏အနက်ဖွင့်ချက်သည် အနည်းငယ် လက်လွန်သွားပြီဟု သင်အနည်းငယ် ခံစားရကောင်း ခံစားရနိုင်သည်။ ဤသို့ဆိုလျှင် စိတ်မပူပါနှင့်၊ ငါတို့ ယခုထိမပြီးသေးပါ။

“လူမိန်းမကို မြွေ၏သွေဆောင်ဖြားယောင်းမှု” ဟူသည့်အကြောင်း ပြောကြစို့။ မြွေဆိုသည်မှာ အဘယ်သူနည်း။ (စာတန်ဖြစ်ပါသည်။) ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် စာတန်က အဖြည့်ခံ အခန်းကဏ္ဍမှာ ပါဝင်လေသည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ငါတို့မိတ်သဟာယဖွဲ့ ဆေးနွေးသည့်အခါ မပြော၍မရသည့် ဇာတ်ကောင်ဖြစ်သည်။ အဘယ်ကြောင့် ငါဤသို့ပြောသနည်း။ အကယ်၍ သင်တို့သည် စာတန်၏ မကောင်းမှုနှင့် ပျက်စီးခြင်း သို့မဟုတ် စာတန်၏ သဘာဝကို မသိလျှင် ထိုအရာကို မှတ်မိရန် သင်တို့တွင် နည်းလမ်းရှိမည် မဟုတ်သကဲ့သို့ သန့်ရှင်းခြင်းဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်သည် ဆိုသည်ကိုလည်း သိနိုင်မည် မဟုတ်ပေ။ စာတန်လုပ်သည့်အရာက မှန်သည်ဟူ၍ လူများက ဇဝေဇဝါနှင့် ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပျက်စီးနေသည့် ဤကဲ့သို့စိတ်သဘောထားမျိုးထဲတွင် ရှင်သန်နေကြသောကြောင့် ဖြစ်သည်။ အဖြည့်ခံမရှိလျှင်၊ နှိုင်းယှဉ်စရာ ဘာမျှမရှိလျှင်၊ သန့်ရှင်းခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သင်မသိနိုင်ပါ။ ထို့ကြောင့် ဤခေါင်းစဉ်အကြောင်း ဤနေရာတွင်ပင် ပြောမှဖြစ်မည်။ ဤခေါင်းစဉ်ကို ငါတို့က မရှိသည်ကို အရှိလုပ်ပြီး ထုတ်နုတ်ပြောနေခြင်း မဟုတ်ပါ။ ယင်းအစား သူမည်သို့လုပ်ဆောင်သည်၊ လူသားများကို သူမည်သို့ ဖျက်ဆီးသည်၊ သူ့မှာ မည်ကဲ့သို့သောသဘာဝမျိုးရှိသည် ဟူသည့်အရာများနှင့် သူ့မျက်နှာထားက မည်သည့်အရာနှင့် တူသည် ဆိုသည်တို့ကို စာတန်၏ စကားလုံးများနှင့် လုပ်ရပ်များမှတစ်ဆင့် ငါတို့မြင်ရမည်။ ထို့ကြောင့် ဤလူမိန်းမက မြွေကို မည်သည့်အရာ ပြောခဲ့သနည်း။ ယေဟောဝါဘုရားသခင်က သူ့ကိုပြောခဲ့သည့် အရာကို လူမိန်းမက မြွေကို အသေးစိတ် ပြန်ပြောပြခဲ့၏။ သူပြောခဲ့သည့်အရာကို ယူလိုက်မည်ဆိုလျှင် ဘုရားသခင်က သူ့ကိုပြောခဲ့သည့် အရာအားလုံး၏ ကျိုးကြောင်းညီညွတ်ခြင်းကို သူအတည်ပြုခဲ့သလော။ ဤအရာကို သူအတည်မပြုနိုင်ခဲ့ပါ၊ ဟုတ်သည် မဟုတ်လော။ လောလောလတ်လတ် ဖန်ဆင်းခံထားရသည့် သူတစ်ယောက်အနေနှင့် ကောင်းမကောင်းကို သိနိုင်သည့်စွမ်းပကား သူ့မှာမရှိသကဲ့သို့ သူ့ဘေးပတ်လည်မှာ ရှိသည့်အရာများကို နားလည်နိုင်သည့် စွမ်းပကား သူ့မှာမရှိခဲ့ပါ။ မြွေကို သူပြောခဲ့သည့် စကားများမှ အကဲဖြတ်ကြည့်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှန်ကန်သည်ဟုဆိုပြီး သူ့နှလုံးသားထဲတွင် အတည်မပြုခဲ့ရသေးပါ။ ဤသည်သာ သူမ၏ စိတ်နေသဘောထားဖြစ်သည်။ ထို့ကြောင့် လူမိန်းမက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်၌ ပြတ်သားသေချာသည့် သဘောထား မရှိသည်ကို မြွေက တွေ့သွားသည့်အခါ “သင်တို့ ဧကန်မုချ သေရကြမည်မဟုတ်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်”ဟု လူမိန်းမအား ဆိုလေသည်။ ဤစကားလုံးများတွင် မှားသည့်အရာ တစ်ခုခုရှိသလော။ (ရှိပါ၏။) မည်သည့်အရာ မှားနေသနည်း။ ဤဝါကျကို ဖတ်၍ပြီးသွားသည့်အခါ မြွေ၏ ရည်ရွယ်ချက်များကို သတိပြုမိကြသလော။ (သတိပြုမိပါသည်။) မြွေတွင် မည်သည့်ရည်ရွယ်ချက်များ ရှိသနည်း။ (လူသားကို အပြစ်ကျူးလွန်အောင် သွေးဆောင်ရန်ဖြစ်ပါသည်။) မြွေက ဤလူမိန်းမကို ဘုရားသခင်၏ နှုတ်ကပတ်တော်အား အလေးဂရုပြုခြင်းကို ရပ်တန့်ဖို့ရန် သွေးဆောင်ချင်သော်လည်း သူတိုက်ရိုက်ပြောခဲ့သလော။ (မပြောခဲ့ပါ။) တိုက်ရိုက် မပြောခဲ့ပေ၊ ထို့ကြောင့် သူက အင်မတန် စဉ်းလဲသည်ဟု ငါတို့ပြောနိုင်၏။ လူသားဆီမှ ဖုံးကွယ်ထားပြီး သူ့အထဲတွင် သိမ်းထားသည့် သူ၏ ရည်ရွယ်ထားသည့်ရည်မှန်းချက်ကို ရဖို့ရန် သူက မိမိဆိုလိုရင်းကို လှည့်ဖြားပြီး ကွေ့လှည်ကြောင်ပတ် နည်းမျိုးဖြင့် သူဖော်ပြခဲ့၏—ဤသည်မှာ မြွေ၏စဉ်းလဲမှုပင်။ စာတန်က အမြဲ ဤနည်းလမ်းဖြင့် ပြောဆိုလုပ်ကိုင်သည်။ သူက တစ်နည်းနည်းနှင့် အတည်ပြုခြင်းမရှိဘဲ “ဧကန်အမှန်မဟုတ်” ဟုပြော၏။ သို့သော် ဤသည်ကို ကြားလိုက်သည်နှင့် မသိနားမလည်သည့် ဤလူမိန်းမ၏ နှလုံးသားက လှုပ်ရှားသွားခဲ့သလော။ (လှုပ်ရှားသွားခဲ့ပါသည်။) သူ၏စကားလုံးများသည် လိုချင်သည့် အကျိုးဆက်ကို ရရှိသွားသည့်အတွက်ကြောင့် မြွေက ကျေနပ်ခဲ့၏— ဤသည်မှာ မြွေ၏ စဉ်းလဲသည့်ရည်ရွယ်ချက်ပင် ဖြစ်သည်။ ထို့အပြင် ရလဒ်ကောင်းတစ်ခုဟု လူသားက ယုံကြည်သည့် ရလဒ်တစ်ခုကို ကတိပေးကာ “သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး” ဟုသူပြောပြီး လူမိန်းမကို သွေးဆောင်ဖြားယောင်းခဲ့၏။ ထို့ကြောင့်- “ငါ၏မျက်စိပွင့်လင်းသည်မှာ ကောင်းသည့်အရာဖြစ်၏” ဟုဆိုပြီး လူမိန်းမက တွေးဆလေသည်။ ယင်းနောက်တွင် ပို၍ပင် ကောင်းသေးသောအရာ၊ လူသားမသိသည့် စကားများ၊ ကြားရသူများအပေါ် တန်ခိုးကြီးမားသည့် သွေးဆောင်မှုကို ကိုင်ဆောင်ထားသော စကားများဖြစ်သည့် “သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း”ဟု ၎င်းက ပြောခဲ့၏။ ဤစကားများက လူသားများအပေါ် အားပြင်းပြင်းနှင့် ဖမ်းစားမနေသလော။ ယင်းက တစ်ယောက်ယောက်က သင့်ကို ဤသို့ ပြောသကဲ့သို့ဖြစ်သည်၊ “သင့်မျက်နှာက မယုံနိုင်လောက်အောင်ကို အချိုးအစားကျပေ၏။ နှာတံလေးက အနည်းငယ် တိုနေခြင်းသာဖြစ်သည်။ သို့သော် ထိုအရာကို ပြင်လိုက်မည်ဆိုလျှင် သင်သည် ကမ္ဘာ့အဆင့်မီ အချောအလှတစ်ယောက် ဖြစ်သွားမည်ဖြစ်၏။” အမြင်လှအောင် ခွဲစိတ်ပြုပြင်ရန် တစ်ခါမျှ မလိုချင်ခဲ့သည့် သူတစ်ယောက်အတွက် ဤစကားလုံးများကို ကြားရလျှင် ၎င်းတို့နှလုံးသားက လှုပ်ရှားသွားမည်လော။ (လှုပ်ရှားသွားမည်ဖြစ်ပါသည်။) ထို့ကြောင့် ဤစကားလုံးများက စွဲမက်စရာကောင်းသလော။ ဤညှို့ယူခြင်းက သင့်ကို သွေးဆောင်နေသလော။ စမ်းသပ်နေသလော။ (စမ်းသပ်နေပါသည်။) ဘုရားသခင်က ဤကဲ့သို့ပြောသလော။ ငါတို့ ယခုလေးတင် ကြည့်လိုက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဤအရာနှင့်ပတ်သက်သည့် အရိပ်အမြွက်တစ်ခုတလေများ ရှိနေခဲ့သလော။ (မရှိခဲ့ပါ။) အဘယ်ကြောင့်နည်း။ ဘုရားသခင်က သူ့နှလုံးသားထဲ၌ တွေးသည့်အရာကို ပြောပါသလော။ ဘုရားသခင်၏ နှလုံးသားကို သူ့နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားက မြင်နိုင်သလော။ (မြင်နိုင်ပါသည်) သို့သော် ဤစကားလုံးများကို မြွေက လူမိန်းမကို ပြောခဲ့သည့်အခါ၊ သူ၏နှလုံးသားကို သင်မြင်နိုင်ခဲ့သလော။ (မမြင်နိုင်ပါ။) လူသား၏ မသိနားမလည်မှုကြောင့် သူတို့သည် မြွေ၏ စကားလုံးများအားဖြင့် ညှို့ယူခြင်းကို အလွယ်တကူပင် ခံလိုက်ရ၏။ အလွယ်တကူပင် ငြိစွန်းသွားပြီး အလွယ်တကူပင် ဦးဆောင်ခံလိုက်ရလေသည်။ ထို့ကြောင့် စာတန်၏ ရည်ရွယ်ချက်များကို သင်မြင်နိုင်ခဲ့ပါသလော။ သူပြောသည့်အရာ၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို သင်မြင်နိုင်ခဲ့သလော။ သူ၏လှည့်ကွက်များနှင့် စဉ်းလဲသည့် အကြံအစည်များကို သင်မြင်နိုင်ခဲ့သလော။ (မမြင်နိုင်ခဲ့ပါ။) စာတန်၏ ပြောဆိုပုံပြောဆိုနည်းက မည်ကဲ့သို့ စိတ်နေသဘောထားမျိုးကို ကိုယ်စားပြုသနည်း။ ဤစကားလုံးများမှ တစ်ဆင့် မည်သို့သော အနှစ်သာရမျိုးကို စာတန်၏အထဲတွင် သင်မြင်ခဲ့ရသနည်း။ မသိမသာစိမ့်ဝင်ကူးစက်တတ်သည် မဟုတ်လော။ အပေါ်ယံမှာတော့ သူက သင့်ကိုပြုံးပြမည် သို့မဟုတ် မျက်နှာအမူအရာကို ဘာဆိုဘာမျှ မပြခြင်းလည်း ဖြစ်နိုင်၏။ သို့သော် သူ့နှလုံးသားထဲမှာတော့ သူ့ရည်မှန်းချက်ကို မည်သို့ရောက်အောင် လုပ်ရမည်ဆိုသည်ကို သူအမြဲတွက်ချက်နေပြီး၊ သင်မမြင်နိုင်သည်မှာလည်း ဤရည်မှန်းချက်ပင်ဖြစ်သည်။ ထို့နောက်တွင်တော့ သူသင့်ကိုပေးသည့် ကတိများအားလုံးနှင့် သူပြောသည့် အကျိုးအမြတ်များအားလုံးကြောင့် သင်သည် ညှို့ယူခံလိုက်ရ၏။ ထိုအရာများကို ကောင်းသည်ဟု သင်မြင်ပြီး၊ သူပြောသည့်အရာများသည် ဘုရားသခင်ပြောသည့် အရာများထက် ပိုအသုံးဝင်သည်၊ ပိုကုံလုံသည်ဟု သင်ခံစားရ၏။ ဤသို့ဖြစ်လာသောအခါ၊ လူသားသည် ကျိုးနွံသည့် အကျဉ်းသားတစ်ယောက် ဖြစ်မလာသလော။ (ဖြစ်လာပါသည်။) ထို့ကြောင့် စာတန်အသုံးပြုသည့် နည်းနာသည် အင်မတန် ဆိုးယုတ်သည် မဟုတ်လော။ သင်က သင့်ကိုယ်သင် အကျင့်ပျက်ဆုတ်ယုတ်စေ၏။ စာတန်က လက်တစ်ချောင်းပင် လှုပ်စရာမလိုဘဲ ဤဝါကျလေး နှစ်ကြောင်းနှင့် သူ့နောက်ကို ပျော်ပျော်ကြီး သင်လိုက်သည်၊ သူ့ကို လိုက်နာသည်။ သူ့ရည်ရွယ်ချက် ပြည့်သွားပေပြီ။ ဤရည်ရွယ်ချက်က ဆိုးဝါးသည် မဟုတ်လော။ ဤအရာသည် စာတန်၏ မူလဘူတအကျဆုံး မျက်နှာထားပင် မဟုတ်လော။ စာတန်၏ စကားလုံးများမှ သူ၏ မကောင်းသည့် ရည်ရွယ်ချက်များကို လူသားက မြင်နိုင်၏၊ သူ၏အကျည်းတန်လှသည့် မျက်နှာနှင့် သူ၏အနှစ်သာရကို မြင်နိုင်သည်။ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်) ဤဝါကျများကို နှိုင်းယှဉ်ကြည့်သည့်အခါ၊ စိတ်ဖြာလေ့လာခြင်း မရှိဘဲနှင့် ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်များက ငြီးငွေ့စရာကောင်းသည်၊ ရိုးရိုးနှင့် သာမန်သာဖြစ်သည်ဟု သင်ခံစားရနိုင်ပြီး၊ ဘုရားသခင်၏ ရိုးသားခြင်းကို ချီးမွမ်းရန် ရေးကြီးခွင့်ကျယ်မလုပ်ထိုက်ဟု သင်ခံစားရနိုင်သည်။ သို့သော် စာတန်၏ စကားလုံးများနှင့် သူ၏ အကျည်းတန်လှသည့် မျက်နှာကိုယူပြီး အဖြည့်ခံအဖြစ် ငါတို့ အသုံးချသည့်အခါ၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက ယနေ့လူများအတွက် အင်မတန် သြဇာညောင်းသလော။ (သြဇာညောင်းပါသည်။) ဤအဖြည့်ခံမှတစ်ဆင့် လူသားများက ဘုရားသခင်၏ အပြစ်အနာအဆာမဲ့မှုစစ်စစ်ကို မြင်နိုင်၏။ ယင်းမှာ မမှန်သလော။ (မှန်ပါသည်။) စာတန်ပြောသည့် စကားလုံးတိုင်းနှင့် သူ၏စေ့ဆော်ချက်၊ ရည်ရွယ်ချက်နှင့် သူပြောပုံပြောနည်းတို့အပါအဝင် ထိုအရာအားလုံး ဆိုးညစ်ဖောက်ပြန်ကြသည်။ သူပြောပုံပြောနည်း၏ အဓိကအင်္ဂါရပ်က မည်သည့်အရာနည်း။ သင့်ကိုမြင်တွေ့ခွင့် မပေးသကဲ့သို့ သူ့ရည်မှန်းချက်က မည်သည့်အရာဖြစ်သည်ကို သတိပြုမိရန် သင့်ကို အခွင့်မပေးဘဲ မရေမရာသဘောကို သူအသုံးပြု၏။ ယင်းက သင့်ကို ငါးစာကို ဟပ်စေသည်၊ သူ့ကို ချီးမွမ်းစေပြီး သူ၏ ကောင်းမြတ်ခြင်းများကို သီချင်းဆိုစေသည်။ ဤအရာက စာတန်၏ မပြောင်းလဲသည့်ပရိယာယ်ပင် မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်၏ နောက်ထပ်မည်သည့်စကားလုံးများနှင့် အသုံးအနှုန်းများက သူ၏ အကျည်းတန်လှသည့် မျက်နှာကို လူများမြင်နိုင်ခွင့် ပေးသနည်းဆိုသည်ကို ယခုကြည့်ကြပါစို့။ ကျမ်းပိုဒ်တချို့ကို ဆက်ဖတ်ကြည့်ကြစို့။

ယေဟောဝါ ဘုရားသခင်နှင့် စာတန်အကြားမှ အပြန်အလှန် ပြောစကား

ယောဘ ၁:၆-၁၁ ယခုတွင် ဘုရားသခင်၏ သားတို့သည် ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရသော နေ့ရက် ရောက်ရှိခဲ့ပြီး စာတန်သည်လည်း သူတို့အလယ်တွင် လာခဲ့လေသည်။ ယေဟောဝါက၊ အသင် အဘယ်အရပ်က လာသနည်းဟု စာတန်ကို မေးတော်မူ၏။ ထို့နောက် စာတန်က၊ မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်ဟု ယေဟောဝါကို ဖြေဆိုလေသည်။ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။ စာတန်က၊ ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ယောဘ ၂:၁-၅ နောက်တဖန် ဘုရားသခင်၏ သားတို့သည် ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရသော နေ့ရက် ရောက်လာပြန်၏။ စာတန်သည်လည်း ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရန် သူတို့အလယ်သို့ လာခဲ့လေသည်။ ယေဟောဝါက၊ အသင် အဘယ်အရပ်က လာသနည်းဟု စာတန်ကို မေးတော်မူ၏။ ထို့နောက် စာတန်က၊ မြေကြီးပေါ်တွင် ခေါက်တုံ့ ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်ဟု ယေဟောဝါကို ဖြေဆိုလေသည်။ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူ့နှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။ စာတန်ကလည်း၊ အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် ဘုရားသခင်နှင့် စာတန်အကြားက အပြန်အလှန် ပြောစကားဖြစ်ပြီး၊ ဘုရားသခင် ပြောသည့်အရာနှင့် စာတန်ပြောသည့်အရာများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဘုရားသခင်က အများကြီး ပြောခဲ့သလော။ (မပြောခဲ့ပါ။) သူအများကြီး မပြောခဲ့ပါ၊ ထို့ပြင် အင်မတန် ရိုးစင်းစွာ ပြောခဲ့၏။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ဘုရားသခင်၏ ရိုးစင်းသည့် နှုတ်ကပတ်တော်များထဲတွင် ငါတို့ မြင်နိုင်သလော။ “ဤသည်မှာ မလွယ်ပါ” ဟုတချို့က ပြောကြလိမ့်မည်။ ထို့ကြောင့် စာတန်၏ ပြန်ပြောစကားများထဲတွင် သူ၏အကျည်းတန်မှုကို ငါတို့မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) ယေဟောဝါ ဘုရားသခင်က စာတန်ကို မည်သည့်မေးခွန်းမျိုး မေးခဲ့သည်ကို ဦးစွာကြည့်ကြပါစို့။ (“အသင် အဘယ်အရပ်က လာသနည်း”) ဤသည်မှာ ရိုးရိုးစင်းစင်း မေးခွန်းတစ်ခုလော။ (ဟုတ်ပါသည်။) ဤအထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များ ရှိသလော။ (မရှိပါ။) ဤသည်မှာ မေးခွန်းသက်သက်ဖြစ်၏၊ ဖြူစင်သည်၊ တခြား မည်သည့်ရည်ရွယ်ချက်မှ မပါ။ “သင်မည်သည့်နေရာက လာသနည်း” ဟု ငါသင်တို့ကို မေးမည်ဆိုလျှင်၊ သင်တို့ မည်သို့ ပြန်ဖြေကြမည်နည်း။ ဤသည်မှာ အဖြေရခက်သည့် မေးခွန်းလော။ “လှည့်လည်၍ အရပ်ရပ်သွားလာသည့်အမှုထဲက လာပါသည်” ဟု သင်တို့ ပြန်ဖြေကြမည်လော။ (မဟုတ်ပါ။) သင်တို့သည် ဤသို့ ပြန်ဖြေကြမည် မဟုတ်၊ ထို့ကြောင့် စာတန်က ဤကဲ့သို့သောနည်းဖြင့် ပြန်ဖြေသည်ကို သင်တို့ မြင်သည့်အခါ မည်သို့ခံစားရသနည်း။ (စာတန်က ယုတ္တိမတန်ဘဲ ပါးနပ်သည်ဟု ခံစားရပါသည်။) ထိုသို့ ခံစားရသလော။ ငါမည်သည့်အရာ ခံစားနေရသည်ကို သင်ပြောနိုင်မည်လော။ ဤစကားလုံးများကို ငါမြင်တိုင်း ငါရွံရှာ၏။ သင်တို့ရော မရွံရှာသလော။ (ရွံရှာပါသည်။) အဘယ်ကြောင့် ရွံရှာကြသနည်း။ အဘယ်ကြောင့်ဆိုသော် သူသည် အရည်မရ အဖတ်မရများကို ပြောနေသောကြောင့် ဖြစ်သည်၊ ဘုရားသခင်၏ မေးခွန်းကို သူပြန်ဖြေခဲ့ပါသလော။ (မဖြေပါ။) အဘယ်ကြောင့်နည်း။ သူ့စကားလုံးများက အဖြေမဟုတ်သည့်အတွက် ဖြစ်သည်၊ မည်သည့်ရလဒ်မျှ မရှိခဲ့သောကြောင့်ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်၏ မေးခွန်းကို ဦးတည်ထားသည့် အဖြေမဟုတ်သောကြောင့် ဖြစ်သည်။ “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဤစကားလုံးများကို သင်နားလည်ပါသလော။ နားလည်သလော။ စာတန် မည်သည့်နေရာက လာသနည်း။ အဖြေကို သင်တို့ ရလိုက်ကြသလော။ (မရပါ။) ဤသည်မှာ စာတန်၏ စဉ်းလဲမှု၏ “ထူးခြားပြောင်မြောက်မှု” ဖြစ်သည်၊ မည်သည့်အရာအား အမှန်တကယ် သူပြောနေသည်ကို မည်သူ့ကိုမျှ မသိစေခြင်းဖြစ်သည်။ ဤစကားလုံးများကို ကြားပြီး စာတန်ပြောခဲ့သည်ကို မရိပ်စားမိနိုင်သေးသော်လည်း သူကတော့ ပြန်ဖြေလို့ ပြီးသွားနှင့်ပြီ။ သူကတော့ အံကိုက်ပင် ပြန်ဖြေလိုက်သည်ဟု ထင်နေ၏။ သင်တို့ကရော မည်ကဲ့သို့ခံစားရသနည်း။ (ရွံရှာပါသည်။) ရွံရှာသည်၊ ယခု ဤစကားလုံးများကို စတင်ရွံရှာလာမိသည်။ စာတန်က တိုက်ရိုက်မပြောပါ၊ ဤသို့ဖြင့် သင့်ကို ခေါင်းကုတ်စေပြီး သူ့စကားလုံးများ၏ အရင်းအမြစ်ကို မသိမြင်နိုင်ဘဲ ဖြစ်စေသည်။ တစ်ခါတစ်ရံ သူက တမင်တကာ စဉ်းလဲစွာ ပြောဆိုပြီး တစ်ခါတစ်ရံ သူ၏ကိုယ်ပိုင် အနှစ်သာရ၊ သူ့ကိုယ်ပိုင် သဘာဝ၏ ကြီးစိုးခြင်းကို ခံရသည်။ ဤစကားလုံးများမှာ စာတန်၏နှုတ်ထဲမှ မဆိုင်းမတွ ထွက်လာခဲ့လေသည်။ ဤစကားများကို အချိန်ယူပြီး စဉ်းစားခဲ့ခြင်းမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ချက်ချာသည်ဟုတွေးရင်း စာတန်က ပြောခဲ့ခြင်းဖြစ်သည်။ သူသည် ဤစကားများကို အလိုအလျောက် ဖော်ပြခဲ့ခြင်းဖြစ်သည်။ သူမည်သည့်နေရာကများ လာသနည်းဟု သူ့ကို သင်မေးလိုက်သည်နှင့် သင့်ကိုဖြေကြားရန် ဤစကားများကို သူသုံးလေသည်။ သင့်မှာ တော်တော်ကို အကြံအိုက်နေသည်၊ သူဘယ်ကလာသည်ကို ဘယ်သောအခါမျှ သင်သိလိမ့်မည်မဟုတ်။ ဤကဲ့သို့ ပြောဆိုသည့်သူများ သင်တို့ထဲတွင် ရှိသလော။ (ရှိပါသည်။) ဤသို့ ပြောဆိုခြင်းသည် မည်သို့သော နည်းလမ်းမျိုးဖြစ်သနည်း။ (ဟိုလိုလို သည်လိုလိုနှင့် တိကျသည့် အဖြေကို မပေးသည့် နည်းလမ်းဖြစ်၏) ဤသို့ပြောဆိုပုံကို ဖော်ပြရန် မည်သို့သောစကားလုံးမျိုးကို သုံးသင့်သနည်း။ အာရုံကို လွှဲပြောင်းစေပြီး လှည့်စားသည် မဟုတ်လော။ တစ်ယောက်ယောက်က မနေ့က သူဘယ်သွားခဲ့သည်ကို တခြားသူများကို မသိစေချင်ဘူး ဆိုပါစို့။ “မနေ့ညတွင် သင့်ကို တွေ့မိသေး၏။ အဘယ်အရပ်သို့ သွားခဲ့သနည်း” ဟု သင်က သူ့ကို မေးမည်ဆိုလျှင် မနေ့က သူတို့ မည်သည့်နေရာ သွားခဲ့သည်ကို သင့်ကို တိုက်ရိုက် ပြန်မဖြေပေ။ “မနေ့က တော်တော်ကို အလုပ်ရှုပ်သည့် နေ့ဖြစ်သည်။ အလွန်ပင်ပန်းသည်” ဟု ပြန်ပြောလိမ့်မည်။ ၎င်းတို့က သင့်မေးခွန်းကို ပြန်ဖြေခဲ့ပါ၏လော။ ပြန်ဖြေပါ၏၊ သို့သော် ယင်းမှာ သင်လိုချင်သည့် အဖြေမဟုတ်ပေ။ ဤသည်မှာ လူသားမာယာ၏ “ပြောင်မြောက်မှု” ဖြစ်သည်။ ၎င်းတို့ အဘယ်အရာဆိုလိုသည်ကို သင်ဘယ်တော့မျှ မသိရှိနိုင်ပါ၊ သို့မဟုတ် ၎င်းတို့ စကားလုံးများ၏ နောက်ကွယ်က အရင်းအမြစ် သို့မဟုတ် ရည်ရွယ်ချက်ကိုလည်း မသိမြင်နိုင်ပေ။ ၎င်းတို့၏ နှလုံးသားထဲတွင် သူတို့ကိုယ်ပိုင် ဇာတ်လမ်းရှိနေသည့်အတွက် သူတို့အဘယ်အရာကို ကြိုးစားရှောင်နေသည်ကို သင်မသိ။ ဤသည်မှာ ယုတ်ညံ့သော ဖောက်ပြန်ခြင်းပင်။ သင်တို့အနေဖြင့်လည်း မကြာခဏ ဤနည်းလမ်းဖြင့် ပြောကြသလော။ (ပြောပါသည်။) သို့ဆိုလျှင် သင်တို့၏ ရည်ရွယ်ချက်က အဘယ်အရာနည်း။ တစ်ခါတစ်ရံ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ရန်၊ တစ်ခါတစ်ရံ ကိုယ့်ရာထူးဂုဏ်ဒြပ်၊ ကိုယ့်ပုံရိပ်ကို စောင့်ရှောက်ရန်၊ ကိုယ်ရေးကိုယ်တာဘဝ၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းရန်၊ ကိုယ့်ဂုဏ်သတင်းကို ကယ်ရန်ပင် မဟုတ်လော။ ရည်ရွယ်ချက်က မည်သည့်အရာပင် ဖြစ်နေပါစေ၊ ယင်းက သင်၏ကိုယ်ကျိုးများနှင့် ခွဲခြားမရသကဲ့သို့၊ သင်၏ ကိုယ်ကျိုးများနှင့် ဆက်စပ်ထားလေသည်။ ဤသည်မှာ လူသား၏ သဘာဝပင် ဖြစ်သည်မဟုတ်လော။ ဤကဲ့သို့သော သဘာဝမျိုးရှိသည့် လူတိုင်းသည် စာတန်နှင့် ဆင်တူကြသည် မဟုတ်သလော။ ငါတို့ ဤကဲ့သို့ ပြော၍ရနိုင်၏၊ ဟုတ်သည် မဟုတ်လော။ အများအားဖြင့် သရုပ်သကန်များသည် စက်ဆုပ်စရာနှင့် ရွံရှာစရာ ကောင်းပေသည်။ သင်တို့သည်လည်း ယခု ရွံရှာနေကြသည် မဟုတ်လော။ (ဟုတ်ပါသည်။)

ပထမ ကျမ်းပိုဒ်ကို ပြန်ကြည့်လျှင် စာတန်က ယေဟောဝါကို ဤကဲ့သို့ အဖြေပေး၏- “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။” ၎င်းက ယေဟောဝါ၏ ယောဘအပေါ် အကဲဖြတ်ချက်ကို စတင်တိုက်ခိုက်သည်။ ဤတိုက်ခိုက်မှုတွင် ရန်လိုမှုများ စွန်းထင်းနေ၏။ “ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။” ဤသည်မှာ ယောဘအပေါ်ပြုသော ယေဟောဝါ၏ အမှုကို စာတန်၏ နားလည်သဘောပေါက်မှုနှင့် အကဲဖြတ်မှုဖြစ်သည်။ စာတန်က ထိုအရာကို ဤကဲ့သို့ အကဲဖြတ်လေသည်။ “သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်” စာတန်သည် အမြဲပင် မရေမရာနှင့် ပြောဆိုသော်လည်း ဤနေရာတွင်တော့ သေချာမှုနှင့် ပြောလေသည်။ သို့သော် သေချာမှုနှင့် ပြောသော ဤစကားလုံးများက ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သော ယေဟောဝါ ဘုရားသခင်ကို ဝေဖန်ထိုးနှက်ခြင်း၊ စော်ကားကျိန်ဆဲခြင်းနှင့် ပြိုင်ဆိုင်ခြင်း ဖြစ်သည်။ ယင်းကို ကြားရသည့်အခါ သင်တို့ မည်ကဲ့သို့ ခံစားကြရသနည်း။ မနှစ်သက်ခြင်းကို ခံစားရသလော။ ၎င်း၏ ရည်ရွယ်ချက်များကို မြင်နိုင်ပါသလော။ ပထမဦးဆုံး ၎င်းက ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်သည့် ယောဘအား ယေဟောဝါ၏ အကဲဖြတ်ချက်ကို ငြင်းပယ်လိုက်သည်။ ထို့နောက် ယေဟောဝါကို ကြောက်ရွံ့မှုနှင့် ယောဘ ပြောဆိုလုပ်ကိုင်သမျှကို သူငြင်းပယ်သည်။ ယင်းမှာ စွပ်စွဲရိပ်များ လွှမ်းနေသလော။ ယောဟောဝါ ပြောဆိုလုပ်ကိုင်သမျှကို စာတန်က စွပ်စွဲ၊ ငြင်းပယ်ပြီး သံသယဝင်သည်။ “အမှုအရာများက ဤသို့ဆိုပြီး ကိုယ်တော်ကပြောလျှင် ကျွန်ုပ်မှာ ယင်းကို အဘယ်ကြောင့် မမြင်ရသနည်း။ ကိုယ်တော်သည် သူ့ကို ကောင်းချီးအများအပြား ပေးထားသည်တကား၊ သူသည် ကိုယ်တော့်ကို မကြောက်ရွံ့ဘဲ အဘယ်သို့နေမည်နည်း” ဟုပြောလျက် သူက မယုံကြည်ပါ။ ဤသည်မှာ ဘုရားသခင်ပြုသမျှကို ငြင်းပယ်နေခြင်း မဟုတ်လော။ စွပ်စွဲခြင်း၊ ငြင်းပယ်ခြင်း၊ စော်ကားကျိန်ဆဲခြင်း- ၎င်း၏ စကားလုံးများက ရန်မူနေခြင်းဖြစ်သည် မဟုတ်လော။ ထိုအရာများသည် ၎င်း၏ နှလုံးသားထဲက စာတန်တွေးသည့် အရာ၏ ဖော်ပြချက်အမှန် မဟုတ်လော။ စကားလုံးများသည် ယခုလေးတင် ငါတို့ဖတ်ခဲ့သည့် “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဟူသော စကားလုံးများနှင့် လုံးဝမတူပေ။ ထိုစကားလုံးများနှင့် ဤစကားလုံးများသည် တခြားစီဖြစ်၏။ ဤစကားလုံးများမှတစ်ဆင့် စာတန်သည် ဘုရားသခင်အပေါ် သူ၏သဘောထားနှင့် သူ့နှလုံးသားတွင် ထိန်းထားသည့် ယောဘ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား စက်ဆုပ်သည့်သဘောကို လုံးဝ ဖွင့်ချပြလေသည်။ ဤအရာဖြစ်လာသည့်အခါ သူ၏မလိုမုန်းထားစိတ်နှင့် မကောင်းသည့် သဘာဝများက လုံးလုံးလျားလျား ထုတ်ဖော်ခြင်း ခံလိုက်ရ၏။ ဘုရားသခင်ကို ကြောက်ရွံ့သူများကို သူစက်ဆုပ်၏၊ မကောင်းသည့်အကျင့်ရှောင်သူများကို သူစက်ဆုပ်သည်၊ ယေဟောဝါက လူသားအပေါ် ကောင်းချီးများ ချပေးသည်ကို ပို၍ပင် သူစက်ဆုပ်ပါသေးသည်။ “ယောဘက ကိုယ်တော့်ကို ကြောက်ရွံ့ပြီး မကောင်းသည့်အကျင့်ကို ရှောင်သည်ဟု ကိုယ်တော် ပြောသည်။ ကျွန်ုပ်မူကား ထို့သို့မမြင်ပါ” ဟု ပြောလျက် ဘုရားသခင်က သူ့ကိုယ်ပိုင် လက်တော်နှင့် ပျိုးထောင်ခဲ့သည့် ယောဘကို ဖျက်ဆီးရန်၊ ပျက်ကိန်းဆိုက်စေရန် အခွင့်အရေးကို သူအသုံးချချင်သည်။ ယေဟောဝါကို ရန်စဖို့ရန်နှင့် သွေးဆောင်ဖို့ရန် နည်းလမ်းအမျိုးမျိုးကို သူအသုံးပြု၏။ ယေဟောဝါ ဘုရားသခင်က ယောဘကို အကြောင်းမဲ့သက်သက် ခြယ်လှယ်ခြင်း ခံရစေရန်၊ ဘေးပြုခြင်း ခံရစေရန်နှင့် ကိုင်တွယ်ခြင်းခံရစေရန် သူ့ထံသို့ လွှဲပြောင်းပေးရန် နည်းလမ်းအမျိုးမျိုးကို စာတန်အသုံးပြုသည်။ ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်ပြီး စုံလင်သည့် လူကို ရှင်းပစ်ရန် ဤအခွင့်အရေးကို သူအသုံးချချင်သည်။ သူ့အထဲ၌ ဤကဲ့သို့သော နှလုံးသားမျိုးရှိခြင်းက ယာယီခဏမျှ စိတ်ကူးပေါက်ခြင်းပေလော။ မဟုတ်ပါ၊ ယာယီစိတ်ကူးပေါက်ခြင်း မဟုတ်။ သူအကောင်အထည်ဖော်ထားသည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်က အမှုပြု၏၊ လူကို သူစောင့်ရှောက်သည်၊ လူကို သူစစ်ကြောသည်။ စာတန်မူကား ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာလိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်ကလည်း နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ အကယ်၍ ဘုရားသခင်က ထိုပုဂ္ဂိုလ်ကို အလိုရှိလျှင် စာတန်က ဘုရားသခင်ကို နှောင့်ယှက်ရန် သူအစွမ်းရှိသမျှ လုပ်ဆောင်ပါလိမ့်မည်။ သူ၏ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်ကို ရရှိရန် ဘုရားသခင်ပြုသော အမှုကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးဖို့ရန်နှင့် သွေးဆောင်ဖို့ရန် မကောင်းသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်းဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ အဘယ်အရာနည်း။ သူသည် ဘုရားသခင်ကို ဘယ်သူ့ကိုမျှ မရစေချင်ပါ။ သူ့ကို ကိုးကွယ်စေရန်၊… ဘုရားသခင် အလိုရှိသောသူမှန်သမျှ သူလိုချင်၏၊ သူတို့တွေကို သူနေရာယူချင်သည်၊ ချုပ်ထိန်းချင်သည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။ သာမန်အားဖြင့် စာတန်သည် အင်မတန် ဆိုးယုတ်သည်၊ အင်မတန် ဆိုးရွားသည်ဟုဆိုပြီး သင်တို့က မကြာခဏ ပြောကြသည်၊ သို့သော် ယင်းကို သင်တို့ မြင်ပြီးသွားပြီလော။ လူသား၏ ဆိုးရွားပုံကိုသာ သင်တို့မြင်နိုင်ပြီး စာတန်၏ အမှန်တကယ် ဆိုးရွားပုံကို သင်တို့ လက်တွေ့ မမြင်ရသေး။ သို့သော် ယောဘနှင့် ပတ်သက်နေသော ဤကိစ္စရပ်တွင် ထိုအရာကို သင်တို့ မြင်ပြီလော။ (မြင်ပါပြီ။) ဤကိစ္စသည် စာတန်၏ အကျည်းတန်လှသည့် မျက်နှာထားနှင့် သူ၏အနှစ်သာရကို အင်မတန် ရှင်းလင်းသွားစေပေသည်။ စာတန်က ဘုရားသခင်နောက်ကို နောက်ယောင်ခံလိုက်ရင်း သူနှင့်စစ်ဆင်နွှဲနေသည်။ သူ၏ရည်ရွယ်ချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် အလိုရှိသော သူများကို သိမ်းပိုက်ရန်နှင့် ချုပ်ကိုင်ရန်၊ ဘုရားသခင် အလိုရှိသောသူများကို အပြီးတိုင် ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ သူတို့က မကွယ်ပျောက်ပါက စာတန်၏အသုံးပြုခြင်းကို ခံရရန် သူပိုင်ဆိုင်သောသူ ဖြစ်လာသည်။ ဤသည်မှာ သူ၏ရည်ရွယ်ချက်ဖြစ်ပေသည်။ ဘုရားသခင်ကရော မည်သည့်အရာကို လုပ်ဆောင်ပါသနည်း။ ဤကျမ်းပိုဒ်တွင် ဘုရားသခင်က ရိုးစင်းသည့် ဝါကျတစ်ကြောင်းကိုသာ ပြောခဲ့၏။ ဘုရားသခင်ပြုသည့် အရာများနှင့် ပတ်သက်ပြီး ဤထက်ပို မှတ်တမ်းတင်ထားခြင်း မရှိပါ၊ သို့သော် စာတန် လုပ်ကိုင်ပြောဆိုခြင်းများနှင့် ပတ်သက်သည့် နောက်ထပ်မှတ်တမ်းများစွာကို ငါတို့မြင်ရ၏။ အောက်က ကျမ်းစာ တစ်ပိုဒ်ထဲတွင် ယေဟောဝါက စာတန်ကို “အသင် အဘယ်အရပ်က လာသနည်း” ဟုမေးခဲ့၏။ စာတန်က မည်သို့ဖြေခဲ့သနည်း။ (“မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဟူ၍သာ ဖြေပါသည်) ထိုဝါကျသာ ဖြစ်နေသေး၏။ ယင်းက အဘယ်သို့ စာတန်၏ ဆောင်ပုဒ်၊ စာတန်၏ အပြောင်မြောက်ဆုံးလက်ရာ ဖြစ်လာရသနည်း။ စာတန်သည် အမုန်းနှင့် ပြည့်နေသည် မဟုတ်လော။ ရွံရှာဖွယ်ဖြစ်သည့် ဤဝါကျကို တစ်ကြိမ်ပြောရုံနှင့် လုံလောက်သည်။ အဘယ်ကြောင့် စာတန်က ဤဝါကျကိုသာ အမြဲတမ်း ထပ်တလဲလဲ ပြောရသနည်း။ ဤအရာက အချက်တစ်ချက်ကို သက်သေပြ၏။ စာတန်၏ သဘာဝက မပြောင်းလဲပါဟူသည့်အချက် ဖြစ်သည်။ သူ၏ အကျည်းတန်လှသော မျက်နှာသည် ကြာကြာဖုံးကွယ်ထား၍ ရနိုင်သည့် အရာမျိုး မဟုတ်။ ဘုရားသခင်သည် သူ့ကို မေးခွန်းတစ်ခု မေးလိုက်ပြီး သူက ထိုကဲ့သို့သောနည်းနှင့် ပြန်ဖြေသည်၊ လူများကို သူဆက်ဆံပုံကို ပြောရန်မလိုတော့ပေ။ သူသည် ဘုရားသခင်ကို အားမနာ၊ ဘုရားသခင်ကို မကြောက်ရွံ့ပါ၊ ထို့ပြင် ဘုရားသခင်ကို မနာခံပါ။ ထို့ကြောင့် ဘုရားသခင်၏ ရှေ့မှောက်တွင် မရိုးဖြောင့်ဘဲ စိတ်ကြီးဝင်ရဲလေသည်၊ ဘုရားသခင်၏ မေးခွန်းကို ဖုံးဖိဖာထေးရန် တူညီသည့် စကားလုံးများကိုသာ အသုံးပြုရဲသည်၊ ဘုရားသခင်၏ မေးခွန်းကို ပြန်ဖြေရန် အဖြေတစ်ခုတည်းကိုသာ အသုံးပြုရဲသည်၊ ဘုရားသခင်ကို ဝေခွဲမရဖြစ်သွားစေခြင်းငှာ အဖြေကို အသုံးပြုရန် ကြိုးပမ်းရဲသည်၊ ဤသည်မှာ စာတန်၏ အကျည်းတန်သော မျက်နှာပင်ဖြစ်ပေသည်။ သူက ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းကို မယုံကြည်ပါ၊ ဘုရားသခင်၏ အာဏာကို မယုံကြည်ပါ၊ ထို့ပြင် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံဖို့ကိုလည်း လုံးဝမလိုချင်ပေ။ သူသည် အစဉ်တစိုက် ဘုရားသခင်ကို ဆန့်ကျင်လေသည်၊ ဘုရားသခင် ပြုသည့်အရာအားလုံးကို ဖျက်ဆီးရန်ကြိုးစားရင်း ဘုရားသခင်ပြုသည့်အရာအားလုံးကို အစဉ်တစိုက်သာ တိုက်ခိုက်နေ၏။ ဤသည်မှာ သူ၏ မကောင်းသော ရည်ရွယ်ချက်ဖြစ်သည်။

ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင်၊ စာတန်ပြောဆိုသော ဤကျမ်းပိုဒ်နှစ်ခုနှင့် ယောဘဝတ္ထုထဲမှ စာတန်လုပ်ဆောင်သည့် အရာများသည် သူ၏ဘုရားသခင်ကို ခုခံမှု၏ ကိုယ်စားပြုသောအရာဖြစ်ပြီး ဤအရာက မိမိ၏ စရိုက်အမှန်ကို ပြနေခြင်းဖြစ်သည်။ စာတန်၏ စကားလုံးများနှင့် လုပ်ရပ်များကို လက်တွေ့ဘဝတွင် သင်တွေ့ဖူးပြီလော။ ထိုအရာများကို သင်တွေ့သည့်အခါတွင် စာတန်ပြောသည့်အရာများ မဟုတ်ဘဲနှင့် လူသားကပြောသည့် အရာများဟု သင်ထင်ကောင်း ထင်နိုင်၏။ ထိုအရာများကို လူသားက ပြောသည့်အခါတွင် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ စာတန်ကို ကိုယ်စားပြုခြင်းဖြစ်သည်။ ယင်းကို သင့်အနေဖြင့် မှတ်မိလျှင်ပင် စာတန်က အမှန်တကယ်ပင် ထိုအရာများကို ပြောသည့်အကြောင်း သင်မသိရှိနိုင်သေးပေ။ သို့သော် ယခု ဤနေရာတွင်တော့ စာတန်ကိုယ်တိုင်က ပြောခဲ့သည့်အရာအား တိတိပပ သင်မြင်သွားပေပြီ။ စာတန်၏အကျည်းတန်လှသည့် မျက်နှာနှင့် ဆိုးယုတ်မှုအကြောင်းကို ပြတ်သားပြီး ကျောက်သလင်းလို ကြည်လင်သည့် နားလည်မှု ယခု သင့်မှာရှိပေပြီ။ ထို့ကြောင့် စာတန်ပြောခဲ့သော ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် စာတန်၏သဘာဝကို သိဖို့ရန်ယနေ့လူများအတွက် အဖိုးတန်ပါသလော။ ယနေ့လူသားများသည် စာတန်၏ အကျည်းတန်လှသည့် မျက်နှာကို မှတ်မိဖို့ရန်၊ စာတန်၏ မူလ မျက်နှာအစစ်ကို မှတ်မိရန်အတွက် ဤကျမ်းနှစ်ပိုဒ်ကို စုဆောင်းလေ့လာရန် ထိုက်တန်ပါ၏လော။ ဤအရာကို ပြောခြင်းက သိပ်ပြီး မသင့်တော်ဟု ထင်ရသော်လည်း ဤနည်းလမ်းဖြင့် ယင်းကို ဖော်ပြခြင်းအား တိကျသည်ဟု မှတ်ယူရနိုင်ပါသေးသည်။ ဤနည်းလမ်းဖြင့်ပင် ငါပြောနိုင်၏၊ အကယ်၍ သင်တို့သည် အရာကို နားလည်နိုင်လျှင် လုံလောက်ပါပြီ။ ထပ်ခါထပ်ခါပင် စာတန်သည် ယေဟောဝါပြုသည့် အရာများကို တိုက်ခိုက်၏၊ ယေဟောဝါ ဘုရားသခင်ကို ယောဘ၏ ကြောက်ရွံ့မှုအကြောင်း စွပ်စွဲချက်များ ထုတ်လေသည်။ ယောဘကို သွေးဆောင်ရန် ယေဟောဝါက ခွင့်ပြုအောင် သူလုပ်ရင်း နည်းအမျိုးမျိုးနှင့် ယေဟောဝါကို ရန်စရန် သူကြိုးပမ်းသည်။ ထို့ကြောင့် သူ၏စကားလုံးများက လွန်လွန်ကဲကဲပင် ရန်ကိုနှိုးဆွစေသည်။ ထို့ကြောင့် ပြောပါ၊ စာတန်သည် ဤစကားလုံးများကို ပြောလိုက်သည်နှင့် သူအဘယ်အရာလုပ်ချင်သည်ကို ဘုရားသခင်က ရှင်းရှင်းလင်းလင်း မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) စာတန်က အဘယ်အရာလုပ်ချင်သည်ကို ဘုရားသခင်က နားလည်သလော။ (နားလည်ပါသည်။) ဘုရားသခင်၏နှလုံးသားထဲတွင် သူသည် ဖြောင့်မတ်သောလူသား၊ စုံလင်သောလူသားဟု မှတ်ယူသည့် ဘုရားသခင်၏ အစေခံ၊ ဘုရားသခင် ကြည့်ရှုပေးသည့် ယောဘဟူသော ဤလူသည် ထိုကဲ့သို့သော သွေးဆောင်မှုမျိုးကို ကြံ့ကြံ့ခံနိုင်သလော။ (ခံနိုင်ပါသည်။) ဘုရားသခင်သည် အဘယ်ကြောင့် “ခံနိုင်သည်” ဟု ထိုကဲ့သို့ သေချာပေါက် ပြောနိုင်ရသနည်း။ ဘုရားသခင်က လူသား၏ နှလုံးသားကို အမြဲတမ်း ဆန်းစစ်နေသလော။ (ဆန်းစစ်နေပါသည်။) သို့ဆိုလျှင် စာတန်သည်ရော လူသား၏နှလုံးသားကို ဆန်းစစ်နိုင်သလော။ (မဆန်းစစ်နိုင်ပါ။) စာတန်က မဆန်းစစ်နိုင်ပါ။ စာတန်သည် လူသား၏နှလုံးသားကို မြင်နိုင်လျှင်ပင် သူ၏ဆိုးယုတ်သော သဘာဝက သန့်ရှင်းခြင်းကို သန့်ရှင်းခြင်းဟု မည်သည့်အခါမျှ မယုံကြည်နိုင်ပါ၊ သို့မဟုတ် ယုတ်ညံ့ခြင်းကို ယုတ်ညံ့ခြင်းဟု မမြင်နိုင်ပေ။ ဆိုးယုတ်သည့် စာတန်သည် သန့်ရှင်းသည့်၊ ဖြောင့်မတ်သည့် သို့မဟုတ် တောက်ပသည့် မည်သည့်အရာကိုမျှ လုံးဝတန်ဖိုးမထားနိုင်ပေ။ သူ၏သဘာဝမှတစ်ဆင့်၊ သူ၏ဆိုးယုတ်မှုမှ တစ်ဆင့် လုပ်ဆောင်ဖို့ရန်နှင့် သူအသုံးပြုသော နည်းလမ်းများအားဖြင့် လုပ်ဆောင်ရန် စာတန်သည် အင်အားအစွမ်းကုန် အသုံးမပြုဘဲ မနေနိုင်ပါ။ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း သို့မဟုတ် ဖျက်ဆီးခြင်းကို သူကိုယ်တိုင် ခံရလျှင်ပင် ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆန့်ကျင်ရန် သူဝန်မလေးပေ။ ဤအရာသည် ဆိုးယုတ်ခြင်း၊ ဤအရာသည် စာတန်၏ သဘောသဘာဝ ဖြစ်သည်။ သို့ဆိုလျှင် ဤကျမ်းပိုဒ်ထဲတွင် “အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်” ဟု စာတန်ပြော၏။ လူသား၏ ဘုရားသခင်ကို ကြောက်ရွံ့မှုသည် ဘုရားသခင်ထံမှ အကျိုးအမြတ်များစွာ လူသားက ရရှိနေခဲ့သောကြောင့်ပင် ဖြစ်သည်ဟု စာတန်ကထင်သည်။ လူသားက ဘုရားသခင်ထံမှ အကျိုးအမြတ်များကို ရရှိသောကြောင့် ဘုရားသခင် ကောင်းမြတ်သည်ဟု လူသားက ပြောသည် ဟူ၍ပင်။ ယင်းမှာ ဘုရားသခင် ကောင်းမြတ်၍ မဟုတ်ဘဲနှင့် လူသားက အကျိုးအမြတ်များစွာ ရရှိသောကြောင့် ဘုရားသခင်ကို ဤနည်းလမ်းဖြင့် သူကြောက်ရွံ့ခြင်း ဖြစ်သည်ဟူ၍ပင်။ ဘုရားသခင်သည် လူသားကို အကျိုးအမြတ်များ ခံစားခွင့် မပေးဘဲထားလိုက်သည်နှင့် သူက ဘုရားသခင်ကို စွန့်ခွာသွားလမ့်မည်ဟု စာတန်ထင်၏။ စာတန်၏ ဆိုးယုတ်သည့် သဘာဝထဲတွင် လူသား၏ နှလုံးသားက ဘုရားသခင်ကို အမှန်တကယ်ပင် ကြောက်ရွံ့နိုင်သည် ဆိုသည်ကို သူမယုံကြည်ပေ။ သူ၏ဆိုးယုတ်သည့် သဘာဝကြောင့် သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည်ကို သူမသိ၊ ကြောက်ရွံ့သည့် ရိုသေလေးမြတ်မှုဆိုသည်ကို သိရန်မှာမူ ဝေလာဝေးဖြစ်၏။ ဘုရားသခင်ကို နာခံခြင်း သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သူမသိ။ ထိုအရာများကို သူမသိသည့်အတွက် လူသားကလည်း ဘုရားသခင်ကို ကြောက်ရွံ့နိုင်မည်မဟုတ်ဟု သူထင်သည်။ ပြောပါ၊၊ စာတန်သည် မဆိုးယုတ်ဘူးလော။ (ဆိုးယုတ်ပါသည်) စာတန်သည် ဆိုးယုတ်၏။ ငါတို့အသင်းတော်ကလွဲ၍ အမျိုးမျိုးသော ဘာသာတရားများနှင့် ဂိုဏ်းဂဏများ၊ သို့မဟုတ် ဘာသာရေးနှင့် လူမှုအုပ်စုများသည် ၎င်းတို့ထဲက မည်သူမျှ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပါ၊ သို့မဟုတ် ဘုရားသခင်က အမှုပြုနိုင်သည်ဆိုသည်ကို မယုံကြည်ကြ။ ထို့ကြောင့် သင်ယုံကြည်သည်မှာလည်း ဘုရားသခင်ကို မဟုတ်ဟု ၎င်းတို့က ထင်ကြ၏။ လိင်မှုရှုပ်ပွေသူတို့က လူတိုင်းအား ၎င်းကဲ့သို့ပင် လိင်မှုရှုပ်ပွေသည်ဟု မြင်သည်။ အမြဲ လိမ်ညာသောသူက အဘယ်သူမျှ ရိုးသားခြင်းမရှိဟု မြင်ပြီး၊ လူအားလုံးက အလိမ်အညာများ ပြောနေကြသည်ဟု မြင်သည်။ ဆိုးယုတ်သည့်လူက လူတိုင်းကို ၎င်းကဲ့သို့ ဆိုးယုတ်သည်ဟု မြင်ပြီး တွေ့ကရာလူတိုင်းနှင့် ရန်ဖြစ်ချင်သည်။ သူတပါးထက်စာလျှင် ရိုးသားသည့် လူများမှာမူ လူတိုင်းကို ၎င်းတို့ကဲ့သို့ ရိုးသားသည်ဟု မြင်ကြ၏။ ထို့ကြောင့် ၎င်းတို့ အမြဲတမ်း နှပ်ချခံရသည်၊ အမြဲတမ်း လှည့်စားခံရပြီး ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ ဘာမျှမလုပ်နိုင်ကြပါ။ သင်တို့ ပို၍သေချာသွားဖို့ရန်အတွက် ဥပမာ အနည်းငယ်ကို ငါပြောခြင်းဖြစ်သည်။ စာတန်၏ ဆိုးယုတ်သည့် သဘာဝသည် ယာယီစေ့ဆော်မှု သို့မဟုတ် သူ၏ပတ်ဝန်းကျင်ကြောင့် ဖြစ်လာသည့်အရာမျိုး မဟုတ်သကဲ့သို့၊ အကြောင်းပြချက် သို့မဟုတ် နောက်ခံအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်ပေါ်လာသည့် ယာယီသရုပ်သကန်မျိုးလည်း မဟုတ်ပါ။ လုံးဝကို မဟုတ်ပါ။ သူသည် ဤပုံစံ မဖြစ်ဘဲ မနေနိုင်ပေ။ ကောင်းသည့်အရာဟူ၍ ဘာတစ်ခုမျှ သူမလုပ်နိုင်ပါ။ နားဝင်ချိုဖွယ်အရာ တစ်ခုခုကို သူပြောလျှင်ပင် သူက သင့်ကို ညှို့ယူဖမ်းစားခြင်းဖြစ်သည်။ နားဝင်ချိုလေလေ၊ ပါးနပ်လေလေဖြစ်ပြီး၊ သူ့စကားလုံးများက ပိုပြီး သိမ်မွေ့လေလေ၊ စကားလုံးများ၏နောက်ကွယ်မှ သူ၏မကောင်းသည့် ရည်ရွယ်ချက်များသည်လည်း ပို၍ပင် မလိုတမာ ဖြစ်လာလေလေဖြစ်သည်။ ဤကျမ်းနှစ်ပိုဒ်တွင် စာတန်သည် မည်ကဲ့သို့သောမျက်နှာမျိုး၊ မည်ကဲ့သို့သော သဘာဝမျိုးကို ပြသနည်း။ (ယုတ်ညံ့ဖောက်ပြန်ခြင်း၊ မလိုတမာဖြစ်ခြင်းနှင့် ဆိုးယုတ်ခြင်းဖြစ်ပါသည်။) သူ၏အရင်းခံ ပင်ကိုလက္ခဏာမှာ ဆိုးယုတ်ခြင်းဖြစ်သည်။ အထူးသဖြင့် ဆိုးယုတ်ပြီး မလိုတမာဖြစ်ခြင်းဖြစ်သည်။

စာတန်အကြောင်း ပြော၍ပြီးပြီဖြစ်သောကြောင့် ငါတို့ဘုရားသခင်အကြောင်းကို ပြန်ပြောကြစို့။ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အတောအတွင်း ဘုရားသခင်၏ တိုက်ရိုက်ပြောစကားထဲမှ အနည်းအကျဉ်းကိုသာ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားပြီး၊ ထိုအရာများကို အင်မတန် ရိုးရှင်းစွာပင် မှတ်တမ်းတင်ထား၏။ ထို့ကြောင့် အစအဦးမှ စလိုက်ကြပါစို့။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ပြီးကတည်းက လူသားတို့၏အသက်တာကို အစဉ်အမြဲ ဦးဆောင်ခဲ့၏။ လူသားတို့ကို ကောင်းချီးများပေးသည့်နေရာမှာပင်ဖြစ်စေ၊ ဥပဒေသများနှင့် သူ၏ ပညတ်တော်များကို ပေးသည့်နေရာမှာပင်ဖြစ်စေ၊ သို့မဟုတ် အသက်တာအတွက် အမျိုးမျိုးသော စည်းမျဉ်း စည်းကမ်းများကို ပြဋ္ဌာန်းသည့် နေရာမှာပင်ဖြစ်စေ၊ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ရည်ရွယ်ထားသည့် ရည်မှန်းချက်မှာ အဘယ်အရာဖြစ်သည်ကို သင်တို့သိပါသလော။ အရင်ဦးစွာ ဘုရားသခင်ပြုသည့် အရာမှန်သမျှသည် လူသားတို့၏ ကောင်းကျိုးအတွက်ဖြစ်သည်ဆိုသည်ကို သေချာပေါက် ပြောနိုင်သလော။ (ဟုတ်ကဲ့၊ ပြောနိုင်ပါသည်။) ဤဝါကျမှာ အတော်ပင် ထွေပြားပြီး ပေါ့တန်သည်ဟု သင်တို့ တွေးကောင်းတွေးလိမ့်မည်၊ သို့သော် တိတိကျကျပြောရလျှင် ဘုရားသခင်ပြုသမျှသည် လူသားကို သာမန်ဘဝတစ်ခု ရှင်သန်နိုင်ရန် ဦးဆောင်လမ်းပြဖို့အတွက် ဖြစ်သည်။ ယင်းက လူသားမှာ သူ၏စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းစေရန်ပင်ဖြစ်စေ သို့မဟုတ် သူ၏ပညတ်များကို စောင့်ထိန်းစေရန်ပင် ဖြစ်စေ လူသားအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စာတန်ကို မကိုးကွယ်ရန်၊ စာတန်၏ ဘေးပြုခြင်းကို မခံရရန်ဖြစ်သည်။ ဤအရာသည် အခြေခံကျဆုံး ဖြစ်ပြီး အစအဦး လုပ်ဆောင်ခဲ့သည့်အရာ ဖြစ်သည်။ အစအဦးတွင် လူသားသည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ခဲ့သောအခါ ဘုရားသခင်က ရိုးရှင်းသည့်ပညတ်များနှင့် စည်းမျဉ်းစည်းကမ်းတချို့ကိုယူပြီး ဖြစ်နိုင်သည့် ကဏ္ဍတိုင်းကို ခြုံငုံသည့် စည်းကမ်းချက်များကို ထုတ်ခဲ့၏။ စည်းကမ်းချက်များက အင်မတန် ရိုးရှင်းသော်လည်း ဤအရာများသည် ဘုရားသခင်၏ အလိုတော်ထဲတွင်ပင် ရှိနေပေသည်။ ဘုရားသခင်သည် လူသားများကို တန်ဖိုးထား၏၊ မြတ်နိုး၏၊ အင်မတန်မှပင် ချစ်ခင်၏။ ဟုတ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် သူ၏နှလုံးသားက သန့်ရှင်းသည်ဟု ငါတို့ပြော၍ရသလော။ သူ့နှလုံးသားက စင်ကြယ်သည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဘုရားသခင်တွင် ကွယ်ဝှက်ထားသည့် ရည်ရွယ်ချက်များ ရှိနေသလော။ (မရှိပါ။) သို့ဆိုလျှင် သူ၏ ရည်ရွယ်ချက်က မှန်ကန်ပြီး အပြုသဘောဆောင်သည်ပေါ့။ (ဟုတ်ပါသည်) ဘုရားသခင်က မည်သို့သော စည်းကမ်းချက်များ ထုတ်ခဲ့ပါစေ၊ သူအမှုပြုစဉ်ကာလတစ်လျှောက်တွင် ထိုအရာများအားလုံးက လူသားအပေါ် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပြီးလျှင် ၎င်းတို့က လမ်းခရီးကို ဦးဆောင်ပေး၏။ ထို့ကြောင့် ဘုရားသခင်၏ စိတ်ထဲတွင် ကိုယ်ကျိုးဖက်သည့် အတွေးများ ရှိနေသလော။ လူသားနှင့် ပတ်သက်သည့်နေရာတွင် ဘုရားသခင်ထံ နောက်ထပ် ရည်ရွယ်ချက်များ ရှိနေသလော၊ သို့မဟုတ် လူသားကို တခြားနည်းလမ်းဖြင့် သူအသုံးပြုချင်သည်မှာ ဟုတ်သလော။ (မဟုတ်ပါ။) လုံးဝ မဟုတ်ပါ။ ဘုရားသခင်သည် သူပြောသည့်အတိုင်း ပြု၏၊ သူ့နှလုံးသားထဲတွင်လည်း ဤနည်းအတိုင်းသာ သူတွေးတောသည်။ ရည်ရွယ်ချက် အမျိုးမျိုးအဖုံဖုံ မရှိ၊ ကိုယ်ကျိုးဖက်သည့် အတွေးများ မရှိပါ။ ဘုရားသခင်သည် မည်သည့်အရာကိုမျှ သူ့အတွက် မလုပ်ဆောင်ဘဲ အရာအားလုံးကို ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်များ မပါဘဲနှင့် လူသားအတွက် အကြွင်းမဲ့ လုပ်ဆောင်သည်။ သူ့ထံတွင် လူသားအတွက် အစီအစဉ်များနှင့် ရည်ရွယ်ချက်များ ရှိသော်လည်း မည်သည့်အရာတစ်ခုကိုမျှ သူကိုယ်တိုင်အတွက် သူမလုပ်ပါ။ သူလုပ်သမျှ အရာခပ်သိမ်းသည် လူသားတွေအတွက် သက်သက်သာ ဖြစ်ပြီး၊ လူသားများကို ကာကွယ်ရန်၊ လူသားများကို လမ်းလွဲသွားခြင်းမှ ထိန်းထားရန်သာဖြစ်သည်။ ထို့ကြောင့် ဤနှလုံးသားသည် အဖိုးမတန်ပေဘူးလော။ (အဖိုးတန်ပါသည်။) အဖိုးတန်သည့် ဤနှလုံးသား၏ အရိပ်အယောင် အသေးငယ်ဆုံးလေးပင်လျှင် စာတန်အထဲတွင် သင်တွေ့ရသလော။ တွေ့နိုင်သလော။ (မတွေ့နိုင်ပါ) အရိပ်အယောင် တစ်ခုတလေကိုမျှ စာတန်ထဲ မတွေ့နိုင်ပါ။ ဘုရားသခင်ပြုသည့် အရာရာတိုင်းသည် သဘာဝအလျောက်သာ ဖော်ပြခံရသည်။ ဘုရားသခင် အမှုပြုသည့်နည်းလမ်းကို ကြည့်ခြင်းအားဖြင့် သူမည်သို့အမှုပြုသနည်း။ ဘုရားသခင်သည် ဤပညတ်များနှင့် သူ့နှုတ်ကပတ်တော်များကို ယူပြီးလျှင် လူတိုင်းအပေါ် စည်းကြပ်ရင်း ရွှေကွင်း၏ ဂါထာမန္တန်တရားများကဲ့သို့က လူတိုင်း၏ ခေါင်းပေါ် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသလော။ ဘုရားသခင်သည် ဤကဲ့သို့သောနည်းဖြင့် အမှုပြုသလော။ (မပြုပါ။) သို့ဆိုလျှင် ဘုရားသခင်သည် မည်သို့သောနည်းလမ်းဖြင့် အမှုပြုသနည်း။ (ကျွန်ုပ်တို့ကို သူလမ်းပြပါသည်။) ဤသည်မှာ ကဏ္ဍတစ်ရပ်ဖြစ်သည်။ နောက်ထပ်ရော။ ဘုရားသခင်က သင်တို့အပေါ် နည်းလမ်းအများအပြားနှင့် အမှုပြု၏၊ တစ်မျိုးတည်းပြောပြီးသည်နှင့် ပြောစရာက အဘယ်ကြောင့် ကုန်နိုင်သနည်း။ (သူက အကြံဉာဏ်ပေးပြီး ခွန်အားပေးပါသည်။) ယင်းမှာ ဒုတိယတစ်နည်း။ ထပ်ရှိသေးသလော။ သူက ခြိမ်းခြောက်သလော။ ဘုရားသခင်သည် သင်တို့ကို ကွေ့လည်ကြောင်ပတ် ပြောသလော။ (မပြောပါ။) သမ္မာတရားကို သင်နားမလည်သည့်အခါ ဘုရားသခင်က သင့်ကို မည်ကဲ့သို့လမ်းပြသနည်း။ (သူက အလင်းပေးပါသည်။) ဤသည်မှာ သမ္မာတရားနှင့် မကိုက်ညီသည့်အရာနှင့် သင်မည်သည့်အရာလုပ်သင့်သည်ကို ရှင်းရှင်းလင်းလင်းပြောပြရင်း သင့်ကို သူအလင်းပေး၏။ ဘုရားသခင် အမှုပြုသည့် ဤနည်းလမ်းများမှ သင်သည် ဘုရားသခင်နှင့် မည်ကဲ့သို့သော ဆက်ဆံရေးမျိုး ရှိသည်ဟု ခံစားရသနည်း။ ဘုရားသခင်သည် သင်နားလည်နိုင်သည့် အတိုင်းအတာကို ကျော်လွန်နေသည်ဟု ထိုအရာများက သင့်ကို ခံစားစေသလော။ (မခံစားစေပါ။) ထိုသို့ဆိုလျှင် ထိုအရာများက သင့်ကို မည်ကဲ့သို့ခံစားစေသနည်း။ ဘုရားသခင်က သင်နှင့် အထူးသဖြင့် နီးကပ်သည်၊ သင်တို့အကြားတွင် မည်သည့်အကွာအဝေးမျှ မရှိ။ ဘုရားသခင်က သင့်ကို လမ်းပြသည့်အခါ၊ သူက သင့်ကို ထောက်ပံ့ပေးသည့်အခါ၊ သင့်ကို ကူညီပြီး မစသည့်အခါ၊ ဘုရားသခင်၏ ဖော်ရွေခြင်း၊ သူ၏လေးစားဖွယ်ဖြစ်ခြင်းကို သင်ခံစားရ၏၊ သူမည်မျှ နှစ်လိုဖွယ်ဖြစ်သနည်း၊ အဘယ်မျှ နွေးထွေးသနည်းဆိုသည်ကို သင်ခံစားရသည်။ သို့သော် ဘုရားသခင်က သင်၏ဖောက်ပြန်ပျက်စီးမှုကို အပြစ်ဟူသည့်အခါ၊ သို့မဟုတ် သူ့ကို ဆန့်ကျင်ပုန်ကန်သောကြောင့် သင့်ကို တရားစီရင်ပြီး ဆုံးမပဲ့ပြင်သည့်အခါ၊ ဘုရားသခင်သည် အဘယ်သို့သောနည်းလမ်းကို အသုံးပြုသနည်း။ သူသည် သင့်ကို နှုတ်ကပတ်တော်များနှင့် အပြစ်ဆိုသလော။ ပတ်ဝန်းကျင်မှတစ်ဆင့်၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှတစ်ဆင့် သင့်ကို သူဆုံးမပဲ့ပြင်သလော။ (ပဲ့ပြင်ပါသည်။) ဤဆုံးမပဲ့ပြင်ခြင်းသည် မည်သည့်အဆင့်သို့ ရောက်သနည်း။ (လူသားက ခံနိုင်သည့် အဆင့်အထိရောက်ပါသည်။) သူ၏ ဆုံးမပဲ့ပြင်သည့်အဆင့်သည် စာတန်က လူသားကို ဘေးပြုသည့်အဆင့်ထိ ရောက်သလော။ (မရောက်ပါ။) ဘုရားသခင်က သိမ်မွေ့သည့်နည်း၊ ချစ်ခင်နူးညံ့ပြီး ဂရုတစိုက်ရှိသည့်နည်းဖြင့် အမှုပြု၏၊ အထူးသဖြင့် ချင့်ချင့်ချိန်ချိန်ရှိပြီး သင့်လျော်သည့် နည်းဖြင့်ဖြစ်သည်။ “ဘုရားသခင်သည် ငါ့ကို ဤအရာလုပ်ခွင့်ပေးရမည်”၊ သို့မဟုတ် “ဘုရားသခင်သည် ငါ့ကို ထိုအရာလုပ်ခွင့်ပေးရမည်” ဟူသည့် ပြင်းထန်သော စိတ်ခံစားမှုများကို သူ့နည်းလမ်းက သင့်ကို မခံစားစေပါ။ မခံနိုင်လောက်အောင် ဖြစ်စေသည့် ထိုကဲ့သို့သော ပြင်းထန်သည့် စိတ်နေစိတ်ထားမျိုး၊ သို့မဟုတ် ပြင်းထန်သည့် ခံစားချက်မျိုးကို ဘုရားသခင်က သင့်ကို ဘယ်သောအခါမျှ မပေးပါ။ ဟုတ်သည် မဟုတ်လော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို သင်လက်ခံသည့်အခါတွင်ပင် သင်မည်သို့ခံစားရသနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သင်ခံစားမိသည့်အခါ သင်မည်ကဲ့သို့ ခံစားရသနည်း။ ဘုရားသခင်က ဘုရားသဘောသဘာဝနှင့် ပြည့်စုံပြီး အစဉ်လေးစားလိုက်နာအပ်သည်ဟု ခံစားရသလော။ (ခံစားရပါသည်။) ဤအချိန်များတွင် ဘုရားသခင်ထံမှ ဝေးကွာနေသည်ဟု သင်ခံစားရသလော။ ဘုရားသခင်ကို သင်အထိတ်တလန့် ဖြစ်သလော။ (မဖြစ်ပါ။) မဖြစ်ပေ၊ ယင်းအစား ဘုရားသခင်ကို ကြောက်ရွံ့သည့် ရိုသေလေးမြတ်မှုကို သင်ခံစားရ၏။ ဤအရာများအားလုံးကို ဘုရားသခင်၏ အမှုကြောင့် လူများက ခံစားရသည် မဟုတ်လော။ စာတန်က လူ့အပေါ် လုပ်ဆောင်မည်ဆိုလျှင် ၎င်းတို့က ခံစားချက်များ ရှိကြပါ့မည်လော။ (မရှိပါ။) လူသားကို မစရန် လူသားအတွက် အစဉ်မပြတ် ထောက်ပံ့ပေးရန် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များ၊ သူ၏သမ္မာတရားနှင့် သူ၏အသက်ကို အသုံးပြုသည်။ လူသားက အားနည်းသည့်အခါ၊ စိတ်ဓာတ်ကျသည့်အခါ၊ ဘုရားသခင်က ပြင်းပြင်းထန်ထန် လုံးဝမပြောဆိုပါ။ “စိတ်ဓာတ်မကျနှင့်။ အဘယ်အတွက်ကြောင့် စိတ်ဓာတ်ကျနေရသနည်း။ အဘယ်အတွက်ကြောင့် အားနည်းနေသနည်း။ အားနည်းနေစရာ မည်သည့်အကြောင်းရှိသနည်း။ သင်အလွန်အားနည်းပြီး အမြဲတမ်း စိတ်ဓာတ်ကျနေသည်၊ အသက်ရှင်ရသည်မှာ အဘယ်ထူးသနည်း။ သေသာ သေလိုက်တော့” ဟု သူမပြောပေ။ ဘုရားသခင်သည် ဤကဲ့သို့သောနည်းဖြင့် အမှုပြုသလော။ (မပြုပါ။) ဤနည်းဖြင့် ပြုမူရန် ဘုရားသခင်ထံတွင် သြဇာအာဏာရှိသလော။ (ရှိပါသည်။) သို့သော် ဘုရားသခင်က ဤနည်းဖြင့် ပြုမူသလော။ (မပြုမူပါ။) ဘုရားသခင်က ဤနည်းဖြင့် မပြုမူရသည့် အကြောင်းရင်းမှာ သူ၏ အနှစ်သာရကြောင့်၊ ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကြောင့်ပင်ဖြစ်သည်။ သူ၏ လူသားကို ချစ်ခြင်း၊ လူသားကို တန်ဖိုးထားခြင်းနှင့် မြတ်နိုးခြင်းတို့ကို ဝါကျတစ်ကြောင်း နှစ်ကြောင်းတည်းဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြ၍ မရနိုင်ပေ။ ဤသည်မှာ လူသား၏ ကြွားဝါမှုကြောင့် ဖြစ်ပေါ်လာသည့်အရာတစ်ခု မဟုတ်ဘဲ စစ်မှန်သည့် လက်တွေ့လုပ်ဆောင်မှုထဲတွင် ဘုရားသခင် ထုတ်ဆောင်လာသည့် အရာတစ်ခုပင် ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင့် အနှစ်သာရ၏ ဖွင့်ပြချက်ဖြစ်သည်။ ဘုရားသခင်အမှုပြုသည့် နည်းလမ်းများအားလုံးသည် လူသားအား ဘုရားသခင်၏ သန့်ရှင်းခြင်းကို မြင်တွေ့ခွင့် ပေးသလော။ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ အပါအဝင်၊ လူသားအပေါ် ဘုရားသခင် ရရှိလိုသည့် ရလဒ်များအပါအဝင်၊ လူသားအပေါ် အမှုပြုရန် ဘုရားသခင်ရွေးချယ်လိုသည့် ကွဲပြားခြားနားသော နည်းလမ်းများ၊ သူပြုသည့် အမှုအမျိုးအစား၊ လူသားကို သူနားလည်စေချင်သည့် အရာအပါအဝင်၊ ဘုရားသခင် အမှုပြုသည့် နည်းလမ်းများ အားလုံးထဲတွင် ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များထဲတွင် ဆိုးယုတ်ခြင်း သို့မဟုတ် ဉာဏ်ဆင်ထားသည့်အရာ တစ်ခုတလေများ သင်တွေ့သလော။ (မတွေ့ပါ။) သို့ဆိုလျှင် ဘုရားသခင်ပြုသည့် အရာရာတိုင်းတွင်၊ ဘုရားသခင် ပြောဆိုသည့် အရာရာတိုင်းတွင်၊ သူ့နှလုံးသားထဲသူတွေးသည့် အရာရာတိုင်းအပါအဝင် သူဖွင့်ပြသည့် ဘုရားသခင်၏ အနှစ်သာရ အားလုံးထဲတွင် ဘုရားသခင်ကို သန့်ရှင်းသည်ဟု ငါတို့ခေါ်နိုင်သလော။ (ခေါ်နိုင်ပါသည်။) သန့်ရှင်းခြင်းကို လောကကြီးထဲတွင် သို့မဟုတ် ကိုယ့်ကိုယ်တိုင်ထဲတွင် လူသားတစ်ယောက်တလေကများ တွေ့ဖူးသလော။ ဘုရားသခင်က လွဲပြီး ယင်းကို လူတစ်ယောက်ယောက်ထဲ သို့မဟုတ် စာတန်အထဲတွင်သင်တွေ့ဖူးသလော။ (မတွေ့ဖူးပါ။) ယခုထိ ငါတို့ ပြောလာခဲ့သမျှ အရာများမှ ဘုရားသခင်ကို အတုမရှိ၊ သန့်ရှင်းသည့် ဘုရားသခင် ကိုယ်တော်တိုင်ဟု ငါတို့ ခေါ်ဆိုနိုင်သလော။ (ခေါ်ဆိုနိုင်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ လူသားအပေါ် ဘုရားသခင်အမှုပြုသည့် ကွဲပြားခြားနားသော နည်းလမ်းများ အပါအဝင် ဘုရားသခင်က လူသားကိုပေးသည့် အရာအားလုံးထဲတွင် လူသားကို ဘုရားသခင် ပြောသည့်အရာများ၊ လူသားကို ဘုရားသခင် သတိပေးသည့်အရာများ၊ သူအကြံဉာဏ်ပေးပြီး ခွန်အားပေးသည့် အရာတွေအားလုံးမှာ အနှစ်သာရ တစ်ခုတည်းကနေ ပေါ်ပေါက်လာသည်။ အားလုံးက ဘုရားသခင်၏သန့်ရှင်းခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အကယ်၍ ထို့သို့ သန့်ရှင်းသည့် ဘုရားသခင်သာ မရှိခဲ့လျှင် သူပြုသည့်အမှုများကို လုပ်ဆောင်ရန် မည်သည့်လူသားကမျှ သူ့နေရာကို အစားထိုးနိုင်မည် မဟုတ်ပါ။ အကယ်၍ ဘုရားသခင်က လူများကို ယူပြီး သူတို့ကို စာတန်ဆီ အပြည့်အဝ လွှဲပြောင်းပေးခဲ့လိုက်မည်ဆိုလျှင် ယနေ့ သင်တို့အားလုံး ရောက်နေကြမည့် အခြေအနေမျိုးကို သင်တို့ စဉ်းစားမိကြသလော။ သင်တို့အားလုံးက ဤနေရာမှာ ပြီးပြည့်စုံပြီး အထိအခိုက်မရှိဘဲနှင့် ထိုင်နေကြပါ့မည်လော။ (မဟုတ်ပါဘူး။) ထို့ကြောင့် သင်တို့က မည်သို့ဖြစ်နေမည်နည်း။ သင်တို့ရော “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်”ဟု ပြောကြမည်လော။ အင်မတန်မှ ဟိတ်ဟန်ထုတ်ပြီး လမ်းလျှောက်မည်လော၊ ဘုရားသခင်ရှေ့တွင် အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ကြွားဝါမည်လော၊ ဤသို့သောနည်းဖြင့် ပြောဆိုရင်း ဝင့်ဝင့်ကြွားကြွား လမ်းလျှောက်ကြမည်လော။ (ဟုတ်ပါသည်။) တစ်ရာရာခိုင်နှုန်း လုပ်ကြမည်ပေါ့။ လုံးဝ လုပ်ကြပါလိမ့်မည်။ လူသားအပေါ် စာတန်၏ သဘောထားက စာတန်၏ သဘာဝသည် ဘုရားသခင်နှင့်လုံးဝဥဿုံ ကွာခြားသည်ဆိုသည်ကို ၎င်းတို့ကို မြင်စေ၏။ သူ၏အနှစ်သာရက ဘုရားသခင်နှင့် လုံးဝ ခြားနားသည်။ စာတန်၏ မည်သည့်အနှစ်သာရသည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သနည်း။ (သူ၏ဆိုးယုတ်မှုဖြစ်သည်။) စာတန်၏ ဆိုးယုတ်သည့် သဘာဝက ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူအများစုက ဘုရားသခင်၏ ဖော်ပြခြင်းနှင့် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို မမှတ်မိသည့် အကြောင်းရင်းမှာ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်၊ စာတန်၏ ပျက်စီးခြင်းနှင့် စာတန်၏လူနေမှု ခြံဝင်းထဲတွင် နေထိုင်ကြသောကြောင့် ဖြစ်သည်။ သန့်ရှင်းခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်နှင့် သန့်ရှင်းခြင်းကို မည်သို့အဓိပ္ပာယ်ဖွင့်ဆိုရမည်ကို ၎င်းတို့ မသိကြပါ။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို သင်သိမြင်သည့်အခါတွင်ပင် ထိုအရာကို ဘုရားသခင်၏ သန့်ရှင်းခြင်းအဖြစ် သေချာပေါက် သင်အဓိပ္ပာယ်မဖွင့်ဆိုနိုင်သေးပါ။ ဤသည်မှာ ဘုရားသခင်၏ သန့်ရှင်းမှုအကြောင်း လူသားများ သိနားလည်မှုထဲက ခြားနားချက်ဖြစ်သည်။

လူသားအပေါ် လုပ်ဆောင်သည့် စာတန်၏ အလုပ်က မည်သည့်အင်္ဂါရပ်မျိုးကို ကိုယ်စားပြုသနည်း။ သင်တို့ကိုယ်တိုင်၏ အတွေအကြုံများမှ ဤအရာကို သိသင့်၏၊ စာတန်၏ကိုယ်စားအပြုဆုံး အင်္ဂါရပ်တို့၊ သူအများဆုံး လုပ်ဆောင်သည့်အရာတို့၊ လူအယောက်ချင်းစီတိုင်းတွင် လုပ်ဆောင်ရန် သူကြိုးစားသည့် အရာများကို ဖြစ်သည်။ သင်တို့ မမြင်နိုင်လောက်သော အင်္ဂါရပ်မျိုး သူ့တွင် ရှိ၏၊ ထို့ကြောင့် စာတန်သည် အဘယ်မျှထိ ဆိုးဝါးပြီး မုန်းတီးသည်ကို သင်တို့ မတွေးအောင်ဖြစ်သည်။ ဤအင်္ဂါရပ်မှာ မည်သည့်အရာဖြစ်သည်ကို တစ်ယောက်တလေကများ သိသလော။ ငါ့ကို ပြောပြပါ။ (သူလုပ်သမျှက လူသားကို ဘေးပြုရန်သာ လုပ်ခြင်းဖြစ်သည်။) လူသားကို ဘေးပြုရန် အမှုအရာတွေကို သူလုပ်ဆောင်သည်။ လူသားကို သူက မည်သို့ဘေးပြုသနည်း။ ပိုပြီး တိတိကျကျနှင့် အသေးစိတ် ငါ့အား ပြနိုင်မည်လော။ (သူက လူသားကို ညှို့ယူသည်၊ ဆွယ်သည်၊ သွေးဆောင်ပါသည်။) ယင်းမှာ အမှန်ပင်ဖြစ်သည်။ ဤအရာက သွင်ပြင်လက္ခဏာတချို့ကို ပြ၏၊ နောက်ထပ်ကော။ (လူသားကို သူလှည့်ဖြားပါသည်။) သူက လှည့်ဖြားသည်၊ တိုက်ခိုက်ထိုးနှက်သည်၊ စွပ်စွဲသည်။ ဟုတ်ပေ၏၊ အရာများ အားလုံးဖြစ်သည်။ နောက်ထပ်ရော ရှိသေးသလော။ (သူက အလိမ်အညာတွေ ပြောပါသည်။) လှည့်စားခြင်းနှင့် လိမ်ညာခြင်းသည် စာတန်ထံသို့ သဘာဝအလျောက် အများဆုံးလာပေသည်။ သူသည် မကြာမကြာလိမ်လွန်းသဖြင့် စဉ်းစားစရာပင် မလိုဘဲနှင့် အလိမ်အညာ စကားများက သူ့နှုတ်မှ ထွက်လာသည်။ နောက်ထပ်ကော။ (ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲမှုကို ပြပါသည်။) တစ်ခုက သိပ်ပြီး အရေးမပါလှပါ။ သင်တို့ကို ကြောက်လန့်သွားစေမည့် အရာတစ်ခုကို ငါပြောပြမည်။ သို့သော် သင်တို့ကို အလန့်တကြားဖြစ်သွားစေရန် ငါပြောသည် မဟုတ်။ ဘုရားသခင်သည် လူသားအပေါ် အမှုပြုပြီး လူသားက ဘုရားသခင်၏ သဘောထားနှင့် သူ၏နှလုံးသားကိုပါ မြတ်နိုးသည်။ ဆန့်ကျင်ဘက်အနေနှင့် စာတန်သည် လူသားကို မြတ်နိုးသလော။ လူသားကို သူမမြတ်နိုးပေ။ သူတွေးသမျှသည် လူသားကို ဘေးပြုဖို့အကြောင်းဖြစ်သည်။ မှန်သည် မဟုတ်လော။ လူသားကို ဘေးပြုရန် သူအချိန်ယူ စဉ်းစားနေသည့်အခါ သူက အပူတပြင်းစိတ်မျိုးနှင့် စဉ်းစားသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် လူသားများအပေါ် စာတန်၏ လုပ်ဆောင်မှုနှင့် ပတ်သက်လာလျှင် စာတန်၏ မလိုတမာစိတ်နှင့် ဆိုးယုတ်သည့် သဘာဝကို ကုံလုံစွာ ဖော်ပြနိုင်ပြီး၊ စာတန်၏ မုန်းတီးခြင်းကို သင်တို့အား အမှန်တကယ် သိခွင့်ပေးနိုင်သည့် စကားရပ်နှစ်ခု ဤနေရာတွင် ငါ့မှာရှိ၏။ စာတန်၏ လူသားကို ချဉ်းကပ်မှုမှာ သူသည် အမြဲတမ်း လူသားကို အတင်းအကျပ် နေရာယူခြင်းပြုပြီး ပိုင်ဆိုင်ချင်သည်၊ အယောက်ချင်းစီတိုင်းကိုဖြစ်သည်။ ထိုသို့ဖြင့် လူသားကို သူအပြည့်အဝ ထိန်းချုပ်နိုင်သည့် အတိုင်းအတာအထိ ရောက်နိုင်ရန်၊ လူသားကို ဘေးပြုရင်း ဤရည်ရွယ်ချက်နှင့် ပြင်းထန်သည့် ရည်မှန်းချက်ကို သူရနိုင်ရန်ဖြစ်သည်။ “အတင်းအကျပ် နေရာယူ” သည် ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်း။ သင်၏သဘောတူညီချက်နှင့် ဖြစ်သလော၊ သို့မဟုတ် သဘောတူညီချက် မပါဘဲနှင့်လော။ သင်သိပြီး ဖြစ်သလော၊ သို့မဟုတ် သင်မသိဘဲနှင့် ဖြစ်သလော။ သင်လုံးဝမသိဘဲနှင့် ဖြစ်ခြင်းဖြစ်သည်။ သင်သတိမမူမိသည့် အခြေအနေများတွင် သူသည် မည်သည့်အရာကိုမျှ မပြောသေးသည့်အခါ၊ သို့မဟုတ် ဘာကိုမျှ သူမလုပ်သေးသည့်အခါ၊ အကြောင်းပြချက်များ၊ ဆက်စပ်စဉ်းစားရမည့် အခြေအနေများ မရှိသည့်အခါ၊ သင့်ဘေးတွင်၊ သင့်ပတ်လည်တွင် သူရှိနေနိုင်သည်။ ခေါင်းပုံဖြတ်ရန် အခွင့်အရေးကို သူရှာနေသည်၊ ပြီးလျှင် သင့်ကို အပြည့်အဝ ထိန်းချုပ်ပြီး ဘေးပြုမည့် ရည်ရွယ်ချက်ကို ရယူရင်း သင့်ကို အတင်းအကျပ် နေရာယူပြီး ပိုင်ဆိုင်တော့သည်။ ဤသည်မှာ လူသားတို့အတွက် ဘုရားသခင်ကို စာတန်ဆန့်ကျင်တိုက်ခိုက်သည့် ထုံးစံအကျဆုံး ရည်ရွယ်ချက်နှင့် အပြုအမူပင်ဖြစ်သည်။ ဤအရာကို ကြားရသည့်အခါ သင်တို့ မည်သို့ခံစားရသနည်း။ (ကျွန်ုပ်တို့ စိတ်နှလုံးထဲတွင် ထိတ်လန့်ပြီး ကြောက်ရွံ့ပါသည်။) ရွံရှာသည်ဟု ခံစားရသလော။ (ခံစားရပါသည်။) ရွံရှာသည်ဟု သင်တို့ ခံစားရသည့်အခါ စာတန်က အရှက်မဲ့သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) စာတန်က အရှက်မဲ့သည်ဟု ခံစားရသည့်အခါ သင်တို့ကို အမြဲထိန်းချုပ်ချင်နေသည့် သင်တို့ပတ်လည်က လူများ၊ ရာထူးဂုဏ်ဒြပ်နှင့် ကိုယ်ကျိုးအတွက် ပြင်းထန်သည့် ရည်မှန်းချက်များရှိသော သူများကို သင်တို့ ရွံရှာကြသလော။ (ရွံရှာပါသည်။) သို့ဖြစ်လျှင် လူသားကို အတင်းအကျပ် နေရာယူပြီး ပိုင်ဆိုင်ရန်အတွက် စာတန်သည် မည်သည့်နည်းလမ်းများကို အသုံးပြုသနည်း။ ဤအချက်ကို သင်တို့ရှင်းကြ၏လော။ “အတင်းအကျပ် နေရာယူခြင်း” နှင့် “ပိုင်ဆိုင်ခြင်း” ဟူသည့် စကားစုနှစ်ခုကို သင်တို့ ကြားရသည့်အခါ၊ ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး ရွံရှာကြသည် မဟုတ်လော။ ၎င်းတို့၏ ဆိုးယုတ်သည့် သဘောကို မြည်းစမ်းမိပါ၏လော။ သင်၏သဘောတူညီချက် သို့မဟုတ် သင်၏ သိနားလည်မှု မပါဘဲနှင့် သူသည် သင့်ကို နေရာယူ၏၊ ပိုင်ဆိုင်၏၊ ဖျက်ဆီး၏၊ သင့်နှလုံးသားထဲတွင် မည်သည့်အရာကို မြည်းစမ်းမိသနည်း။ စက်ဆုပ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ရွံရှာခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်၏ နည်းလမ်းကို သင်က စက်ဆုပ်ခြင်းနှင့် ရွံရှာခြင်းကို ခံစားရသည့်အခါ ဘုရားသခင်အတွက်ကျတော့ရော မည်ကဲ့သို့ခံစားချက်မျိုး သင့်မှာရှိသနည်း။ (ကျေးဇူးတင်ခြင်းဖြစ်ပါသည်။) သင့်ကို ကယ်တင်သည့်အတွက် ကျေးဇူးတင်သည်ပေါ့။ ထို့ကြောင့် ယခု အခိုက်အတန့်တွင် ဘုရားသခင်ကို သင်၏အရာအားလုံး တာဝန်ယူခွင့်ပေးရန်နှင့် သင်၏အရာအားလုံးကို အုပ်စိုးခွင့်ပေးရန် သင့်မှာ လိုအင်ဆန္ဒ သို့မဟုတ် စိတ်သဘော ရှိသလော။ (ရှိပါသည်။) မည်သည့် အကြောင်းအချက်နှင့်နည်း။ စာတန်၏အတင်းအကျပ် နေရာယူပြီး ပိုင်ဆိုင်ခြင်း ခံရမည်ကို ကြောက်သောကြောင့် ရှိပါသည်ဟု ပြောခြင်းလော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုး မရှိရ၊ ယင်းက မမှန်ကန်ပါ။ မကြောက်နှင့် ဘုရားသခင်က ဤနေရာတွင် ရှိ၏၊ ကြောက်စရာ ဘာမျှမရှိ၊ ဟုတ်ပါသလော။ စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရကို သင်နားလည်ပြီးသည်နှင့် ဘုရားသခင်၏ ချစ်ခြင်း၊ ဘုရားသခင်၏ ကောင်းမြတ်သည့် ရည်ရွယ်ချက်များ၊ လူသားအတွက် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်း၊ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား စသည့်အရာများနှင့် ပတ်သက်ပြီး ပိုတိကျသည့် နားလည်မှု သို့မဟုတ် ပိုလေးနက်သည့် မြတ်နိုးမှု သင့်မှာ ရှိသင့်သည်။ စာတန်သည် အင်မတန်မှ မုန်းတီး၏၊ သို့သော် ဤအချက်က ဘုရားသခင်ကို သင့်ချစ်ခြင်းနှင့် ဘုရားသခင်အပေါ် သင်၏ အားထားမှုနှင့် ကိုးစားမှုကို မစေ့ဆော်ပေးသေးလျှင် သင်သည် မည်ကဲ့သို့သောလူမျိုး ဖြစ်မည်နည်း။ သင့်ကို ယင်းသို့ ဘေးပြုရန် စာတန်ကို အခွင့်ပေးချင်သည်လော။ စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှုကို မြင်ပြီးသည့်နောက် ငါတို့ ပြန်လှည့်ပြီး ဘုရားသခင်ကို ကြည့်ကြသည်။ ယခု ဘုရားသခင်ကို သင်၏ သိကျွမ်းခြင်းက တစ်စုံတစ်ရာ ပြောင်းလဲသွားသလော။ (ပြောင်းလဲသွားပါသည်။) မည်သို့သော ပြောင်းလဲခြင်းမျိုးနည်း။ ဘုရားသခင်သည် သန့်ရှင်း၏ဟု ငါတို့ပြောနိုင်သလော။ ဘုရားသခင်က အပြစ်အနာအဆာ မရှိဟု ငါတို့ ပြောနိုင်သလော။ “ဘုရားသခင်က အတုမရှိ သန့်ရှင်းခြင်းဖြစ်သည်” ဘုရားသခင်က ဤကဲ့သို့သောဂုဏ်ပုဒ်မျိုးကို ခံယူနိုင်သလော။ (ခံယူနိုင်ပါသည်။) သို့ဆိုလျှင် လောကကြီးထဲနှင့် အရာအားလုံးအကြားတွင် လူသား၏ နားလည်မှုအောက်တွင် ကြံ့ကြံ့ခံနိုင်သည့် သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင်လော။ တခြားသူ ရှိသလော။ (မရှိပါ။) ထို့ကြောင့် အတိအကျပြောလျှင် ဘုရားသခင်က လူသားကို မည်သည့်အရာ ပေးသနည်း။ သင်အာရုံစိုက်မနေသည့်အခါ သူသည် သင့်ကို ဂရုစိုက်မှု၊ အလေးထားမှုနှင့် ထောက်ထားမှု အနည်းငယ်သာ ပေးသည်လော။ ဘုရားသခင်က လူသားကို မည်သည့်အရာ ပေးခဲ့ပြီနည်း။ ဘုရားသခင်က လူသားကို အသက်ပေးသည်၊ လူသားကို အရာအားလုံးပေးပြီး မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ ဖုံးကွယ်ထားသည့် ရည်ရွယ်ချက် တစ်ခုတလေမျှ မရှိဘဲနှင့် လူသားအပေါ် ခြွင်းချက်မရှိ ပေးသနားခဲ့သည်။ လူသားကို စာတန်၏ ဘေးပြုခြင်း၊ စာတန်၏ သွေးဆောင်ခြင်းများနှင့် စာတန်၏ ညှို့ယူဖမ်းစားခြင်းမှ ဝေးရာကို သယ်ဆောင်ရင်း၊ စာတန်၏ ဆိုးယုတ်သည့် သဘာဝနှင့် သူ၏ အကျည်းတန်သည့် မျက်နှာကို လူသားကို သိခွင့်ပေးရင်း လူသားကို ဦးဆောင်လမ်းပြရန် သမ္မာတရားကို သူအသုံးပြုသည်၊ သူ၏နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ သူ့အသက်ကို အသုံးပြုသည်။ ဘုရားသခင်၏ လူသားများအတွက် ချစ်ခြင်းနှင့် ပူပန်ခြင်းက စစ်မှန်သလော။ ယင်းက သင်တို့အယောက်ချင်းစီတိုင်း တွေ့ကြုံနိုင်သည့်အရာ တစ်ခုလော။ (ဟုတ်ပါသည်။)

သင်ယုံကြည်သည့် နှစ်များတစ်လျှောက် ဘုရားသခင် သင့်အပေါ်ပြုခဲ့သည့် အရာတွေအားလုံးကို ယခုအချိန်အထိ သင်တို့ အသက်တာများအပေါ် ပြန်ကြည့်ကြည့်ပါ။ သင်တို့ ယင်းကို နက်ရှိုင်းစွာ ခံစားရသည်ဖြစ်စေ မခံစားရသည် ဖြစ်စေ၊ ယင်းက အလိုအပ်ဆုံး ဖြစ်ခဲ့သည်သာ မဟုတ်လော။ သင်ရယူရန် အလိုအပ်ဆုံးအရာ ဖြစ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာက သမ္မာတရား မဟုတ်လော။ ဤအရာက အသက်မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က ဤအရာများကို သင့်ကို ပေးပြီးသည့်နောက် သူ့ကို သင်တစ်ခုခု ပြန်ပေးရန် သို့မဟုတ် တစ်ခုခု ပြန်ပေးဆပ်ရန် ဘုရားသခင်က သင့်ကို ဉာဏ်အလင်းဖွင့်ပြခဲ့ဖူးသလော။ (မဖွင့်ပြဖူးပါ။) ထိုသို့ဆိုလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်က ဤအရာကို အဘယ်ကြောင့် လုပ်သနည်း။ ဘုရားသခင်ထံတွင်လည်း သင့်ကို နေရာယူရန် ရည်ရွယ်ချက် ရှိလေသလော။ (မရှိပါ။) ဘုရားသခင်သည် လူသား၏ နှလုံးသားထဲတွင် နန်းတက်ချင်သလော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် ဘုရားသခင်၏ နန်းတက်ခြင်းနှင့် စာတန်၏ အတင်းအကျပ် နေရာယူခြင်းက မည်သို့ကွာသနည်း။ ဘုရားသခင်သည် လူသား၏ နှလုံးသားကို ရယူလိုသည်၊ လူသား၏ နှလုံးသားကို သူနေရာယူလိုသည်၊ ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က လူသားကို သူ၏ရုပ်သေးရုပ်များ၊ သူ၏ စက်ယန္တရားများ ဖြစ်လာစေချင်သည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) သို့ဖြစ်လျှင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူသား၏ နှလုံးသားကို ဘုရားသခင် နေရာယူလိုခြင်းနှင့် လူသားကို စာတန်၏ အတင်းအကျပ် နေရာယူခြင်း၊ ပိုင်ဆိုင်ခြင်းကြားတွင် ကွာခြားချက်ရှိပါသလော။ (ရှိပါသည်။) ကွာခြားချက်မှာ အဘယ်နည်း။ ငါ့ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်သလော။ (စာတန်က အတင်းအကျပ်ပြုပြီး ဘုရားသခင်မှာမူ လူသားကို ဆန္ဒအရ လုပ်ဆောင်စေပါသည်။) စာတန်က အတင်းအကျပ်ပြုပြီး ဘုရားသခင်မူကား လူသားကို ကိုယ့်ဆန္ဒနှင့် လုပ်ဆောင်စေသည်။ ဤအရာက ကွာခြားချက်လော။ သို့ဖြစ်လျှင် သင်က ကိုယ့်ဆန္ဒနှင့် မလုပ်ဆောင်ဘူးဆိုလျှင်ရော မည်သို့ဖြစ်မည်နည်း။ သင်က ကိုယ့်ဆန္ဒနှင့် မလုပ်ဆောင်လျှင် ဘုရားသခင် တစ်ခုခု လုပ်သလော။ (သူသည် လမ်းပြမှုနှင့် ဉာဏ်အလင်းပြမှု တချို့ကို ပေးပါသည်၊ သို့သော် အဆုံးတွင် လူသားက မလိုလားလျှင် ၎င်းတို့ကို သူအတင်းအကျပ် မပြုပါ။) ဘုရားသခင်က သင့်နှလုံးသားကို မည်သည့်အတွက် လိုချင်သနည်း။ ထို့အပြင် ဘုရားသခင်က သင့်ကို မည်သည့်အတွက် နေရာယူချင်သနည်း။ “လူသား၏ နှလုံးသားကို ဘုရားသခင် နေရာယူသည်” ဆိုသည်ကို သင်တို့၏ စိတ်နှလုံးများထဲတွင် မည်သို့နားလည်သနည်း။ ဤနေရာတွင် ဘုရားသခင်ကို ငါတို့ မျှမျှတတ ပြုမှရမည်၊ မဟုတ်လျှင် လူများက ငါတို့ကို အမြဲတမ်း အထင်လွဲပြီး “ဘုရားသခင်က ငါ့ကို အမြဲတမ်း နေရာယူချင်သည်။ သူက ငါ့ကို အဘယ်အရာအတွက် နေရာယူချင်သနည်း။ ငါနေရာယူ မခံချင်ပါ။ ကိုယ့်ဘာသာကိုယ်သာ ဖြစ်ချင်သည်။ စာတန်က လူများကို နေရာယူသည်ဟု ပြောသည်။ သို့သော် ဘုရားသခင်ကလည်း လူတို့ကို နေရာယူသည်သာဖြစ်သည်။ ဤအရာများက အတူတူပင် မဟုတ်လော။ တခြားသူများ ငါ့အား နေရာယူသည်ကို ခွင့်မပြုလိုပါ။ ငါသည် ငါကိုယ်တိုင်ပင်ဖြစ်သည်” ဟု တွေးကြလိမ့်မည်။ ဤအရာတွင် ကွာခြားချက်က အဘယ်နည်း။ တစ်မိနစ် အချိန်ယူပြီး စဉ်းစားကြပါ။ (ဘုရားသခင်က လူသားကို ကယ်တင်ရန်နှင့် လူသားကို စုံလင်အောင်ပြုရန် လူသား၏ နှလုံးသားကို ရယူရန်နှင့် လူသား၏ နှလုံးသားကို နေရာယူရန် လိုချင်သည်ဟု ထင်ပါသည်။) သင်ပြောသည်မှာ လူသားကို ဘုရားသခင် စီမံခန့်ခွဲခြင်း၏ ရည်မှန်းချက်ပင်ဖြစ်သည်၊ လူကို စုံလင်အောင် လုပ်ပေးရန်ဖြစ်သည်။ ဤနေရာတွင် “နေရာယူသည်” ဆိုသည်မှာ မည်သည့်အရာဆိုလိုခြင်းဖြစ်သည်ကို သိကြသလော။ (စာတန်က လူသားကို နေရာယူခွင့် မပြုခြင်းကို ဆိုလိုပါသည်။ အကယ်၍ ဘုရားသခင်က နေရာယူထားလျှင် စာတန်က လူသားကို နေရာယူရန် နည်းလမ်းမရှိပါ။) ဘုရားသခင်က ပထမဦးဆုံး နေသောသူဖြစ်သည်ဟု သင်ဆိုလိုသည်ပေါ့။ အိမ်အလွတ်တစ်လုံးကဲ့သို့ပင် အဦးဆုံး ဝင်လာသည့် မည်သူမဆို အိမ်၏ အရှင်သခင်ဖြစ်သည်။ နောက်မှလာသည့် သူမှာတော့ အိမ်၏အရှင်သခင် မဖြစ်နိုင်ပါ၊ ယင်းအစား အစေခံကျွန်သာ ဖြစ်လာမည်၊ သို့မဟုတ် ၎င်းတို့က လုံးဝကို ဝင်၍မရပါ။ ယင်းကဲ့သို့ ဆိုလိုလိုခြင်းလော။ (ဟုတ်ပါသည်။ ယင်းကဲ့သို့ ဆိုလိုလိုခြင်းဖြစ်ပါသည်။) အခြားသူများမှာ မတူသည့် အမြင်ရှိသလော။ (“လူသား၏ နှလုံးသားကို ဘုရားသခင်က နေရာယူသည်” ဆိုခြင်းကို ကျွန်ုပ်၏ နားလည်မှုမှာ ကျွန်ုပ်တို့ကို ဘုရားသခင်က သူ့ကိုယ်ပိုင် မိသားစုကဲ့သို့ ဆက်ဆံခြင်း၊ ကျွန်ုပ်တို့ကို စောင့်ရှောက်ပေးပြီး ချစ်ခြင်းဖြစ်သည်။ စာတန်မူကား ကျွန်ုပ်တို့ကို ဖျက်ဆီးရန်၊ ဘေးပြုရန် လူသား၏နှလုံးသားကို နေရာယူပါသည်။) ဤသည်မှာ “လူသားကို ဘုရားသခင်က နေရာယူသည်” ဆိုသည်ကို သင်၏ နားလည်မှုဖြစ်သည်။ မတူသည့် အခြားနားလည်မှုများ အခြားအမြင်တွေများ ရှိသလော။ (ဘုရားသခင်က သူ့နှုတ်ကပတ်တော်များကို အသုံးပြုပြီး လူသားကို နေရာယူ၏။ လူသားက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူ့အသက်တာအဖြစ် လက်ခံနိုင်ရန်၊ ဤသို့ဖြင့် လူသားက ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ကိုက်ညီစွာ အသက်ရှင်နိုင်ရန်ဟူသည့် မျှော်လင့်ချက်နှင့် ဖြစ်သည်။) “လူသားကို ဘုရားသခင် နေရာယူသည်” ဆိုခြင်း၏ နောက်ကွယ်က အဓိပ္ပာယ်အမှန်မှာ ဤအရာဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ တခြားမတူသည့် အမြင်များရော ရှိသေးသလော။ (ကျွန်ုပ်၏ အမြင်ကတော့ ဘုရားသခင်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်သည့်အတွက် သမ္မာတရား တစ်ခုလုံးကို ကျွန်ုပ်တို့ကို ထောက်ပံ့ပေးလိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့က သမ္မာတရားကို ရရှိပြီး သူ၏ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်ကို ခေါ်ဆောင်ခြင်း ခံရသည့်အတွက်ကြောင့် စာတန်၏စဉ်းလဲသည့် အကြံအစည်များကို ဝင်တိုးခြင်းနှင့် သူ့ကြောင့် ဘေးပြုခံရခြင်းမှ ရှောင်ရှားနိုင်ပါသည်။ လက်တွေ့ကျကျ ပြောရလျှင် ကမ္ဘာပေါ်တွင် လူသားက သာမန်အသက်တာကို ရှင်သန်နိုင်ပြီး ဘုရားသခင်၏ ကောင်းချီးများကို ရရှိနိုင်ရန် ဘုရားသခင်က လူသား၏နှလုံးသားကို ရရှိလိုခြင်းဖြစ်ပါသည်။) သို့သော် “လူသား၏ နှလုံးသားကို ဘုရားသခင်က နေရာယူသည်” ဆိုခြင်း၏ အဓိပ္ပာယ် အစစ်အမှန်ကို သင်တို့ မပြောကြသေး။ (လူသားက မူလတွင် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်၊ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို ကိုးကွယ်ပြီး သူ့ထံ ပြန်လှည့်သင့်ပါသည်။ လူသားက ဘုရားသခင်နှင့် သက်ဆိုင်ပါသည်။) “လူသား၏ နှလုံးသားကို ဘုရားသခင်က နေရာယူသည်” ဆိုသည်မှာ အနှစ်မဲ့သော စကားစုလောဟု သင်တို့ကို ငါမေး၏။ ဘုရားသခင်၏ လူသားကို နေရာယူခြင်းက သင့်နှလုံးသားထဲတွင် သူနေထိုင်ပြီး သင်၏စကားလုံးတိုင်းနှင့် လုပ်ရှားမှုတိုင်းတွင် သင့်ကို အုပ်စိုးသည်ဟု ဆိုလိုခြင်းလော။ သင့်ကို ထိုင်ရန် သူပြောလျှင် သင်မတ်တပ် မရပ်ရဲသလော။ အရှေ့ဘက်ကို သွားရန် သူသင့်ကိုပြောလျှင် သင်က အနောက်ဘက်ကို မသွားရဲသလော။ နေရာယူခြင်းဆိုသည်မှာ ဤသို့သောအရာကို ဆိုလိုခြင်းဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာနည်း။ (ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို လူသားက အသက်ရှင်နေထိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။) လူသားကို ဘုရားသခင် စီမံခန့်ခွဲခဲ့သည့် ဤနှစ်များတစ်လျှောက် နောက်ဆုံးအဆင့်က ယနေ့အထိ လူသားအပေါ် သူပြုသည့်အမှုထဲတွင် သူပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံး၏ လူသားအပေါ် ရည်ရွယ်ထားသည့် ရလဒ်က မည်သည့်အရာများနည်း။ လူသားက ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အသက်ရှင်နေထိုင်ခြင်းလော။ “လူသား၏ နှလုံးသားကို ဘုရားသခင်က နေရာယူသည်” ဆိုခြင်း၏ တိုက်ရိုက် အဓိပ္ပာယ်ကို ကြည့်လျှင် ဘုရားသခင်က လူသား၏ နှလုံးသားကို ယူပြီးလျှင် ယင်းကို နေရာယူလိုက်ပြီး ယင်းအထဲ နေထိုင်ကာ ပြန်မထွက်လာတော့သကဲ့သို့ မြင်ရ၏။ လူသားက ဘုရားသခင်သွားခိုင်းသည့် မည်သည့်နေရာကိုမဆို သွားရန်အတွက် လူသား၏နှလုံးသားကို သဘောရှိ စီစဉ်ရန်နှင့် အုပ်စိုးရန် ထိုအထဲမှာ သူနေထိုင်ပြီး လူသားနှလုံးသား၏ အရှင်သခင်ဖြစ်လာခြင်းပေတည်း။ ဤအဓိပ္ပါယ်အဆင့်တွင် လူတိုင်းက ဘုရားသခင်ဖြစ်လာဘိသကဲ့သို့၊၊ ဘုရားသခင်၏ အနှစ်သာရရှိကြဘိသကဲ့သို့၊ ဘုရားသခင်၏ စိတ်နေသဘောထား ရှိကြဘိသကဲ့သို့ မြင်ရသည်။ ထို့ကြောင့် ထိုကဲ့သို့သာဆိုလျှင် လူသားသည် ဘုရားသခင်၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်နိုင်သလော။ “နေရာယူခြင်း” ဆိုသည်ကို ဤနည်းလမ်းဖြင့် ရှင်းပြရနိုင်သလော။ (မရနိုင်ပါ။) သို့ဆိုလျှင် အဘယ်အရာနည်း။ (ဘုရားသခင် လိုချင်သည့် လူများသည် ရုပ်သေးရုပ်များ မဟုတ်ပါ၊ ၎င်းတို့မှာ အတွေးများရှိပြီး ၎င်းတို့၏ နှလုံးသားများက အသက်ရှိကြပါသည်။ ထို့ကြောင့် ဘုရားသခင်၏လူသားကို နေရာယူခြင်းသည် လူသားက အတွေးများရှိနိုင်ရန်နှင့် ဘုရားသခင်၏ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းများကို ခံစားနိုင်စေရန်ဟူသည့် မျှော်လင့်ချက်နှင့်ဖြစ်သည်။ လူသားနှင့်ဘုရားသခင်သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အဆက်အဆံပြုကြပါသည်။) သင်တို့ကို ငါဤအရာမေးမည်၊ လူသားကို ထောက်ပံ့ပေးသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးနှင့် သမ္မာတရားအားလုံးသည် ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ ဖွင့်ပြချက်ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ သေချာပါသည်။ သို့သော် လူသားကို ထောက်ပံ့ပေးသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင်ကိုယ်တော်တိုင် လက်တွေ့လုပ်ဆောင်ရန်လော၊ ဘုရားသခင်ကိုယ်တော်တိုင်က ပိုင်ဆိုင်ရန်လော၊ တစ်မိနစ်လောက် အချိန်ယူပြီး စဉ်းစားကြည့်။ ဘုရားသခင်သည် လူသားကို တရားစီရင်သည့်အခါ သူက အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်သနည်း။ ဤနှုတ်ကပတ်တော်များသည် အဘယ်ကလာသနည်း။ ဘုရားသခင်သည် လူသားကို တရားစီရင်သည့်အခါ သူပြောသည့် နှုတ်ကပတ်တော်များ၏ ပါဝင်သည့်အကြောင်းအရာက မည်သည့်အရာများနည်း။ ၎င်းတို့က မည်သည့်အရာအပေါ် အခြေပြုထားသနည်း။ လူသား၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအပေါ် အခြေပြုထားသလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းအားဖြင့် လူသားထံတွင် ရရှိသည့်ရလဒ်က ဘုရားသခင်၏ အနှစ်သာရအပေါ်မှာ အခြေပြုထားသလော။ (ဟုတ်ပါသည်။) ထို့ကြောင့် လူသားကို ဘုရားသခင်၏ နေရာယူခြင်းက အနှစ်မဲ့သည့် စကားစုလော။ မဟုတ်သည်မှာ သေချာ၏။ သို့ဆိုလျှင် ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို လူကို အဘယ်ကြောင့် ပြောရသနည်း။ ဤနှုတ်ကပတ်တော်များကို ပြောရသည့် သူ့ရည်ရွယ်ချက်က မည်သည့်အရာများနည်း။ လူသား၏အသက်တာအတွက် ဤနှုတ်ကပတ်တော်များကို သူအသုံးပြုချင်သည်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က သူပြောခဲ့သည့် နှုတ်ကပတ်တော်များအားလုံးကို လူသား၏ အသက်တာအတွက် အသုံးပြုချင်သည်။ လူသားက သမ္မာတရားအားလုံးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယူဆောင်ပြီး ထိုအရာများကို သူ့ကိုယ်ပိုင် အသက်တာအဖြစ် သဏ္ဌာန်ပြောင်းလဲလိုက်သည့်အခါ လူသားက ဘုရားသခင်ကို နာခံနိုင်သလော။ ဘုရားသခင်ကို ကြောက်ရွံ့နိုင်သလော။ မကောင်းသည့်အကျင့်ကို ရှောင်နိုင်သလော။ လူသားက နေရာကို ရောက်ပြီဆိုသည့်အခါ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုကို သူနာခံနိုင်သလော။ သို့ဆိုလျှင် လူသားက ဘုရားသခင်၏ သြဇာအာဏာကို နာခံရမည့်် အနေအထားတွင် ရှိမနေဘူးလော။ ယောဘ သို့မဟုတ် ပေတရုတို့ကဲ့သို့ လူများသည် ၎င်းတို့လမ်းခရီး၏ အဆုံးကိုရောက်သည့်အခါ၊ ၎င်းတို့၏ အသက်တာက ရင့်ကျက်သွားပြီဟု မှတ်ယူခံရသည့်အခါ၊ ဘုရားသခင်ကို စစ်မှန်သည့် သိကျွမ်းမှု ရှိသည့်အခါ၊ စာတန်က ၎င်းတို့ကို လမ်းလွဲစေနိုင်တုန်းပင်လော။ စာတန်က ၎င်းတို့ကို နေရာယူနိုင်တုန်းပဲလော။ စာတန်က ၎င်းတို့ကို အတင်းအကျပ် ပိုင်ဆိုင်နိုင်တုန်းပင်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤသည်မှာ မည်သို့သော ပုဂ္ဂိုလ်မျိုးနည်း။ ဘုရားသခင်၏ အပြည့်အဝ ရယူခြင်းခံပြီးရသည့် ပုဂ္ဂိုလ်တစ်ယောက်လော။ (ဟုတ်ပါသည်။) အဓိပ္ပာယ်အဆင့်တွင် ဘုရားသခင်၏ အပြည့်အဝ ရယူခြင်းခံပြီးသည့် ဤသို့သောပုဂ္ဂိုလ်မျိုးကို သင်တို့ မည်ကဲ့သို့မြင်ကြသနည်း။ ဘုရားသခင်အတွက် အခြေအနေများအာက်တွင် ဤပုဂ္ဂိုလ်၏နှလုံးသားကို နေရာယူပြီးပါပြီ။ သို့သော် ဤပုဂ္ဂိုလ်က မည်သည့်အရာကို ခံစားရသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ လမ်းခရီးက လူသားအထဲတွင် အသက်ဖြစ်လာပြီး အသက်သည် လူသား၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို နေရာယူလိုက်ကာ သူအသက်ရှင်နေထိုင်သည့် အရာအပါအဝင် သူ၏အနှစ်သာရကိုပါ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လုံလောက်အောင် လုပ်သလော။ ဘုရားသခင်အတွက် လူသားများ၏နှလုံးသားက ဤအခိုက်အတန့်တွင် သူ၏နေရာယူခြင်းကို ခံထားရသလော။ (ခံထားရပါသည်။) ဤအဓိပ္ပာယ်အဆင့်ကို သင်တို့ ယခု မည်သို့နားလည်သနည်း။ သင့်ကို နေရာယူသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် သင့်ကို နေရာယူသည့်အရာ အတိအကျက မည်သည့်အရာနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်ပါ။) ယင်းမှာ ဘုရားသခင်၏ လမ်းခရီးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။ သမ္မာတရားက သင့်အသက်ဖြစ်လာပြီး နှုတ်ကပတ်တော်က သင့်အသက် ဖြစ်လာသည်။ ဤအချိန် လူသားထံတွင် ဘုရားသခင်ထံကလာသည့် အသက်ရှိ၏၊ သို့သော် အသက်သည် ဘုရားသခင်၏ အသက်ဖြစ်သည်ဟု ငါတို့မပြောနိုင်ပါ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လူသားက ရရှိသင့်သည့် အသက်သည် ဘုရားသခင်၏ အသက်ဖြစ်သည်ဟု ငါတို့မပြောနိုင်ပါ။ ထို့ကြောင့် လူသားက မည်မျှကြာကြာ ဘုရားသခင်နောက် လိုက်သည်ဖြစ်စေ ဘုရားသခင်ထံမှ နှုတ်ကပတ်တော် မည်မျှများများ ရရှိသည်ဖြစ်စေ လူသားသည် ဘယ်သောအခါမျှ ဘုရားသခင် ဖြစ်မလာနိုင်ပါ။ ယင်းသည် မှန်ပါ၏လော။ (မှန်ပါသည်။) အကယ်၍ တစ်နေ့တွင် ဘုရားသခင်က “သင့်နှလုံးသားကို ငါနေရာယူပြီးပြီ၊ သင့်အသက်ကို ယခု ငါပိုင်ဆိုင်ပြီ” ဟု ပြောလျှင် သင်က ဘုရားသခင်ဖြစ်သည်ဟု ခံစားရမည်လော။ (မခံစားရပါ။) သို့ဖြစ်လျှင် သင်အဘယ်အရာဖြစ်လာမည်နည်း။ ဘုရားသခင်ကို အကြွင်းမဲ့ နာခံခြင်း မရှိလာဘူးလော။ သင်၏ ခန္ဓာနှင့် သင်၏ နှလုံးသားက ဘုရားသခင် သင့်အပေါ် ချပေးသည့် အသက်နှင့် ပြည့်နေမည် မဟုတ်ဘူးလော။ ဘုရားသခင်က လူသား၏ နှလုံးသားကို နေရာယူလိုက်သည့်အခါ ဤအရာသည် အင်မတန်မှ သာမန်ဖြစ်သော သရုပ်သကန်ပင်ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်၏။ ထို့ကြောင့် ယင်းကို ဤရှုထောင့်မှ ကြည့်မည်ဆိုလျှင် လူသားက ဘုရားသခင် ဖြစ်လာနိုင်သလော။ (မဖြစ်လာနိုင်ပါ။) လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးကို ရရှိပြီးသောအခါ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းသည့်အကျင့်ကို ရှောင်သည့်အခါ၊ ဘုရားသခင်၏ ဝိသေသလက္ခဏာကို ပိုင်ဆိုင်နိုင်သလော။ (မပိုင်ဆိုင်နိုင်ပါ။) လူသားက ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်နိုင်သလော။ (မပိုင်ဆိုင်နိုင်ပါ။) မည်သည့်အရာပဲဖြစ်နေဖြစ်နေ အားလုံးကို ပြောဆိုလုပ်ကိုင်ပြီးသွားသည့်အခါတွင် လူသားက လူသားအဖြစ် ရှိနေဆဲပင်ဖြစ်သည်။ သင်သည် အဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ ဘုရားသခင်ထံမှ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်လက်ခံရရှိခဲ့သောအခါနှင့် ဘုရားသခင်၏ လမ်းခရီးကို သင်လက်ခံရရှိခဲ့သည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လာသော အသက်ကိုသာ ပိုင်ဆိုင်ရခြင်း ဖြစ်ပြီး သင်မည်သည့်အချိန်တွင်မျှ ဘုရားသခင် ဖြစ်မလာနိုင်ပါ။

ပြီးခဲ့သည့်အချိန်တုန်းက ခေါင်းစဉ်ကို ပြန်သွားရလျှင် ငါသင်တို့ကို မေးခွန်းတစ်ခု မေးခဲ့၏၊ အာဗြဟံက သန့်ရှင်းသလော။ (မသန့်ရှင်းပါ။) သူမသန့်ရှင်းပါ၊ ဤသည်ကို ယခုနားလည်ကြပြီ၊ ဟုတ်သည် မဟုတ်လော။ ယောဘရော သန့်ရှင်းသလော။ (မသန့်ရှင်းပါ။) ဤသန့်ရှင်းခြင်းအတွင်းတွင် ဘုရားသခင်၏ အနှစ်သာရ ပါဝင်သည်။ လူသားတွင် ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထား မရှိပါ။ လူသားက ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးကို တွေ့ကြုံခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် အနှစ်သာရကို ပိုင်ဆိုင်လျှင်ပင် လူသားကို သန့်ရှင်းသည်ဟု ခေါ်ဆို ၍မရနိုင်သေးပါ၊ လူသားက လူသားပင်ဖြစ်သည်။ နားလည်သည် မဟုတ်လော။ သို့ဆိုလျှင် “လူသား၏ နှလုံးသားကို ဘုရားသခင်က နေရာယူသည်” ဟူသော စကားစုကို သင်တို့ ယခုမည်သို့ နားလည်ကြသနည်း။ (ယင်းက လူသား၏ အသက်ဖြစ်လာသော ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ လမ်းခရီးနှင့် သူ၏သမ္မာတရား ဖြစ်ပါသည်။) ဤစကားလုံးများကို သင်တို့ အလွတ်ရသွားကြပေပြီ။ ပိုပြီး နက်ရှိုင်းသည့် နားလည်မှု သင်တို့တွင် ရှိလိမ့်မည်ဟု ငါမျှော်လင့်၏။ “ထို့ကြောင့် ဘုရားသခင်၏ သံတော်ဆင့်များနှင့် ကောင်းကင်တမန်များ မသန့်ရှင်းပါဟု အဘယ်ကြောင့် ပြောသနည်း” ဟု လူတချို့က မေးကောင်း မေးနိုင်သည်။ ဤမေးခွန်းကို သင်တို့ မည်သို့ထင်ကြသနည်း။ ယခင်က သင်တို့ မစဉ်းစားမိခြင်းလည်း ဖြစ်နိုင်သည်။ ရိုးရှင်းသည့် ဥပမာတစ်ခုကို ငါသုံးမည်။ စက်ရုပ်တစ်ရုပ်ကို သင်စက်ဖွင့်လိုက်သည့်အခါ ယင်းစက်ရုပ်က ကလည်းကနိုင်သည်၊ စကားလည်းပြောနိုင်သည်။ သူပြောသည့်အရာကို သင်လည်း နားလည်နိုင်သည်၊ သို့သော် သူ့ကို ချစ်စရာကောင်းသည်ဟု သင်ခေါ်နိုင်သလော။ အသက်ဝင်သည်ဟု သင်ပြောနိုင်သလော။ ၎င်းတို့ကို သင်ပြော၍ရသော်လည်း စက်ရုပ်မှာတော့ အသက်မရှိသည့်အတွက် နားလည်မည် မဟုတ်ပါ။ သူ၏လျှပ်စစ်ဓာတ်အားပေး ကိရိယာကို သင်ပိတ်လိုက်သောအခါ စက်ရုပ်သည် ဟိုဟိုသည်သည် လှုပ်ရှားနိုင်သေးသလော။ စက်ရုပ်သည် စက်ဖွင့်ခြင်း ခံရသည့်အခါမှာ အသက်ဝင်ပြီး ချစ်စရာကောင်းသည်ကို သင်မြင်နိုင်သည်။ ၎င်းကို သင်က အကဲဖြတ်သည်၊ ယင်းက ခြေခြေမြစ်မြစ်ဖြစ်သည့် အကဲဖြတ်ချက် ဖြစ်ပါစေ သို့မဟုတ် အပေါ်ယံသဘောဆန်သည့် အကဲဖြတ်ချက် ဖြစ်ပါစေ၊ အဘယ်သို့ပဲဖြစ်ဖြစ် သူလှုပ်ရှားနေသည်ကို သင့်မျက်လုံးနှင့် မြင်နိုင်သည်။ သို့သော် သူ၏ လျှပ်စစ်ဓာတ်အားပေး ကိရိယာကို သင်ပိတ်လိုက်သည့်အခါ သူ့အထဲတွင် ဝိသေသလက္ခဏာ တစ်မျိုးမျိုး သင်တွေ့သလော။ အနှစ်သာရ တစ်မျိုးမျိုး သူပိုင်ဆိုင်နေသည်ကို သင်တွေ့သလော။ ငါပြောနေသောအရာ၏ ဆိုလိုရင်းကို နားလည်ကြပါသလော။ (နားလည်ပါသည်။) တစ်နည်းပြောရလျှင် စက်ရုပ်က လှုပ်ရှားနိုင်ပြီး ရပ်တန့်နိုင်သော်လည်း သူ့ကို အနှစ်သာရ တစ်မျိုးမျိုး ရှိသည်ဆိုပြီး သင်ပြောဆို၍ လုံးဝမရပါ။ ဤသည်မှာ အမှန်တရား မဟုတ်ဘူးလော။ ဤအရာအပေါ် ငါတို့ ထပ်မဆွေးနွေးတော့ပါ။ အဓိပ္ပာယ်ကို သင်တို့ အကြမ်းဖျင်း နားလည်ရန် ဤအရာက လုံလောက်ပါသည်။ ငါတို့၏ မိတ်သဟာယဖွဲ့ ဆွေးနွေးခြင်းကို ဤနေရာ၌ပင် အဆုံးသတ်လိုက်ကြပါစို့။ နှုတ်ဆက်ပါသည်။

၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်

အောက်ခြေမှတ်စု(များ)-

က။ “ရွှေကွင်း၏ ဂါထာမန္တန်တရား” ဆိုသည်မှာ “အနောက်အရပ်သို့ ခရီးပြုခြင်း” ဟူသည့် ထင်ပေါ်ကျော်ကြားသော တရုတ်ဝတ္ထုတစ်ပုဒ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထိုဝတ္ထုထဲ၌ ဘုန်းကြီး ရွှိုင်ဇန်းက မျောက်ဘုရင်၏ ခေါင်းပေါ်၌ တပ်ထားပြီး မှော်တန်ခိုးနှင့် တင်းကျပ်စေနိုင်ကာ ထိုသို့ဖြင့် မခံနိုင်လောက်အောင် ခေါင်းကိုက်စေသော ရွှေကွင်းအားဖြင့် မျောက်ဘုရင်ကို ထိန်းချုပ်နိုင်ရန် ဂါထာမန္တရားတစ်ခုကို အသုံးပြုသည်။ နောက်ပိုင်းတွင် ၎င်းသည် လူတို့ကို ထိန်းချုပ်ခြင်းအတွက် ဥပစာစကားတစ်ခု ဖြစ်လာခဲ့သည်။

ယခင်က:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

နောက်တစ်ခုသို့:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ