အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၃)

ဤအချိန်ကာလအတွင်းတွင် ဘုရားသခင်ကို သိခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများစွာကို ပြောခဲ့ပြီး မကြာသေးခင်က ဤခေါင်းစဉ်နှင့်ပတ်သက်၍ အလွန်အရေးကြီးသည့်အရာတစ်ခုကို ပြောခဲ့သည်။ မည်သည့်ခေါင်းစဉ်ဖြစ်သနည်း။ (ဘုရားသခင်သည် အရာအားလုံးအတွက် အသက်အရင်းအမြစ်ဖြစ်ပါသည်။) ငါပြောခဲ့သည့် ခေါင်းစဉ်နှင့် အကြောင်းအရာများကို လူတိုင်း ရှင်းရှင်းလင်းလင်း နားလည်ခဲ့ပုံရသည်။ လူသားတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ပတ်ဝန်းကျင်၏ အချက်အလက်အနည်းငယ်နှင့် လူသားတို့အသက်တာများတွင် သူတို့အတွက် လိုအပ်သည့် အစာအာဟာရများကို ပြင်ဆင်ပေးသည့် ဘုရားသခင်နှင့် ပတ်သက်သော အချက်အလက်အနည်းငယ်ကို ယခင်တစ်ခေါက်က ငါပြောဆိုခဲ့သည်။ အမှန်တကယ်တွင် ဘုရားသခင်ပြုလုပ်သည့်အရာက လူသားတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပေးခြင်း၊ သူတို့အတွက် နေ့စဉ်အစားအစာကို ပြင်ဆင်ပေးခြင်းသာ မဟုတ်ဘဲ လူသားတို့ရှင်သန်ရပ်တည်ရန်အတွက်၊ လူသားမျိုးနွယ်၏ အသက်တာများအတွက် လိုအပ်ပြီး ထူးခြား၍ များပြားလှသည့် လုပ်ဆောင်ချက်အမျိုးမျိုးတို့ကို ပြည့်စုံစေရန်ဖြစ်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြစ်သည်။ ဘုရားသခင်၏ ဤလုပ်ဆောင်ချက်များသည် လူသားတို့ ရှင်သန်ရပ်တည်နေရေးနှင့် သူတို့၏ နေ့စဉ်အစားအစာအတွက် ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးခြင်းတွင်သာ ကန့်သတ်မထားဘဲ ထို့ထက်ပိုပြီး ကျယ်ပြန့်သည့် နယ်ပယ်တစ်ခုရှိသည်။ ဤလုပ်ဆောင်မှု နှစ်မျိုးအပြင် လူသားတို့ဘဝအတွက် လိုအပ်သည့် ရှင်သန်ရပ်တည်နိုင်မှုအတွက် ပတ်ဝန်းကျင်များနှင့် အခြေအနေများကိုလည်း ပြင်ဆင်ထားသည်။ ဤသည်မှာ ယနေ့ဆွေးနွေးမည့် နောက်ထပ်ခေါင်းစဉ်တစ်ခုဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်လည်း ဆက်နွှယ်မှုရှိသည်။ ဤကဲ့သို့မဟုတ်လျှင် ဤအကြောင်းကို ဤနေရာတွင် ပြောဆိုခြင်းက အဓိပ္ပာယ်မရှိဖြစ်နေမည်ဖြစ်သည်။ လူများက ဘုရားသခင်ကို သိချင်သည်ဆိုသော်လည်း “ဘုရားသခင်” အပေါ်၊ ထိုစကားလုံးအပေါ်၊ သို့မဟုတ် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ အချက်အလက်အများ အားလုံးတို့အပေါ် အရှိအတိုင်းသာ နားလည်သည်ဆိုလျှင် ယင်းမှာ စစ်မှန်သည့် နားလည်မှု မဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်ကို သိကျွမ်းရန်အတွက် နည်းလမ်းက အဘယ်အရာနည်း။ ယင်းမှာ သူ၏လုပ်ဆောင်ချက်များမှတစ်ဆင့် သူ၏ရှုထောင့်တိုင်းကို သိကျွမ်းခြင်း၊ သူ့ကိုသိကျွမ်းခြင်းဖြစ်သည်။ ထို့ကြောင့် နောက်တစ်ခုတွင် အရာအားလုံးကို ဘုရားသခင်ဖန်ဆင်းသည့်အခါတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် ငါတို့မိတ်သဟာယပြုရမည်ဖြစ်သည်။

ဘုရားသခင် သတ်မှတ်ထားသည့် နိယာမများအပေါ် အခြေခံပြီး အရာအားလုံးကို ဖန်ဆင်းခဲ့သည့် အချိန်ကတည်းက အရာအားလုံးသည် လှုပ်ရှားလည်ပတ်လျက်ရှိပြီး ဆက်လက်၍ ပုံမှန်ဖွံ့ဖြိုးတိုးတက်နေသည်။ သူ့မျက်မှောက်တော်အောက်တွင်၊ သူ့စည်းမျဉ်းအောက်တွင် အရာအားလုံးသည် လူသားတို့၏ ရှင်သန်ရပ်တည်မှုနှင့် ယှဉ်တွဲလျက် ပုံမှန်ဖွံ့ဖြိုးတိုးတက်နေသည်။ ဘယ်အရာမျှ ဤနိယာမများကို ပြောင်းလဲနိုင်စွမ်းမရှိပေ။ ဘယ်အရာမျှ ဤနိယာမများကို မဖျက်ဆီးပစ်နိုင်ပေ။ ဘုရားသခင်၏ စည်းမျဉ်းကြောင့် သက်ရှိသတ္တဝါအားလုံးက ပွားများနိုင်ခြင်းဖြစ်ပြီး သူ၏စည်းမျဉ်းနှင့် စီမံခန့်ခွဲမှုကြောင့် သက်ရှိသတ္တဝါအားလုံး ရှင်သန်ရပ်တည်နိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ စည်းမျဉ်းအောက်တွင် သက်ရှိအားလုံး ဖြစ်တည်လာပြီး ရှင်သန်ကြီးထွားကာ ပျောက်ကွယ်ပြီး အစီအစဉ်တကျပုံစံနှင့် ပြန်လည်မွေးဖွားသည်ဟု ဆိုလိုသည်။ နွေဦးရာသီ ရောက်သည့်အခါတွင် ခပ်ဖွဲဖွဲရွာနေသည့်မိုးက နွေဦး၏ခံစားချက်ကို သယ်ဆောင်လာပြီး ကမ္ဘာမြေကို စွတ်စိုစေသည်။ မြေပြင်သည် စတင်ပျော့ပြောင်းလာကာ မြက်ပင်များ ပေါက်လာပြီး မြေကြီးကိုဖြတ်သန်း၍ အပေါ်ကို ထိုးဖောက်လာကာ သစ်ပင်များက တဖြည်းဖြည်းနှင့် စိမ်းလန်းလာသည်။ ဤသက်ရှိအရာအားလုံးက ကမ္ဘာမြေကြီးဆီကို လတ်ဆတ်သည့် ရှင်သန်တက်ကြွမှုများ သယ်ဆောင်လာသည်။ ဤသည်မှာ အရာအားလုံး ဖြစ်တည်လာပြီး ရှင်သန်ကြီးထွားလာသည့် မြင်ကွင်းဖြစ်သည်။ တိရစ္ဆာန်ပေါင်းစုံသည်လည်း နွေဦး၏နွေးထွေးမှုကို ခံစားပြီး နှစ်သစ်တစ်ခုကို စတင်ရန်အတွက် သူတို့၏တွင်းများထဲမှ ထွက်လာသည်။ သက်ရှိသတ္တဝါအားလုံးသည် နွေရာသီတွင် နေပူစာလှုံကြပြီး ရာသီဥတုက သယ်ဆောင်လာသည့် နွေးထွေးမှုကို နှစ်သက်ခံစားကြသည်။ သူတို့ လျင်မြန်စွာ ကြီးထွားကြသည်။ သစ်ပင်များ၊ မြက်ပင်များနှင့် အပင်အမျိုးအစားအားလုံးသည် အလွန်လျင်မြန်စွာ ကြီးထွားလာပြီးနောက်တွင် ဖူးပွင့်ပြီး အသီးသီးကြသည်။ လူသားတို့အပါအဝင် သက်ရှိသတ္တဝါအားလုံးသည် နွေရာသီတွင် အလွန်အလုပ်ရှုပ်ကြသည်။ ဆောင်းဦးရာသီတွင် မိုးသည် ဆောင်းဦးရာသီ၏ အေးမြမှုကို သယ်ဆောင်လာပြီး သက်ရှိသတ္တဝါအမျိုးအစားအားလုံးသည် ရိတ်သိမ်းရာသီကို စတင်တွေ့ကြုံလာကြသည်။ အရာအားလုံးသည် အသီးသီးကြပြီး ဤအရာအားလုံး၏ ဆောင်းဦးရာသီ ထုတ်လုပ်မှုကြောင့် ဆောင်းရာသီအတွက် အစားအစာကိုပြင်ဆင်ရန်အလို့ငှာ လူသားတို့သည်လည်း အပင်အမျိုးအစားအားလုံးကို စတင်ရိတ်သိမ်းကြသည်။ ဆောင်းရာသီတွင် အရာအားလုံးသည် တိတ်ဆိတ်စွာနေရန်အတွက် အေးမြခြင်းတွင် တဖြည်းဖြည်း စတင်ခိုနားလာကြပြီး ဤရာသီတွင် လူများလည်း အနားယူကြသည်။ နွေဦးရာသီမှ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီကို ကူးပြောင်းခြင်းများဖြစ်သည့် ပြောင်းလဲမှုများက ဘုရားသခင် တည်ထောင်ခဲ့သည့် နိယာမများအရ ဖြစ်ပေါ်ကြသည်။ ဤနိယာမများကို အသုံးပြု၍ သက်ရှိသတ္တဝါနှင့် လူသားအားလုံးကို သူဦးဆောင်ပြီး မတူညီသည့်အပူချိန်၊ မတူညီသောဥတုများရှိသည့် ရပ်တည်ရှင်သန်နိုင်သော ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရင်း လူသားတို့အတွက် အရောင်စုံလင် ကြွယ်ဝလှသည့် ဘဝကို တည်ထောင်ခဲ့သည်။ ဤအစီအစဉ်တကျပြုလုပ်ထားသည့်၊ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်အောက်တွင် လူသားများသည်လည်း အစီအစဉ်တကျနှင့် ရှင်သန်နိုင်၊ ပွားများနိုင်သည်။ လူသားများက ဤနိယာမများကို မပြောင်းလဲနိုင်၊ မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် အဘယ်အရာမျှ ဤအရာများကို မချိုးဖောက်နိုင်ပေ။ ကမ္ဘာကြီးတွင် မည်သည့်အစွန်းရောက်သော ပြောင်းလဲမှုများဖြစ်ပွားပါစေ၊ ဤနိယာမများက ဆက်လက်တည်ရှိနေပြီး ဘုရားသခင်တည်ရှိသည့်အတွက် ဤနိယာမများ တည်ရှိသည်။ ဤအရာသည် ဘုရားသခင်၏ စည်းမျဉ်းနှင့် သူ၏ စီမံခန့်ခွဲမှုကြောင့်ဖြစ်သည်။ ဤကဲ့သို့သော အစီအစဉ်ကျပြီး ပိုမိုကြီးမားသည့် ပတ်ဝန်းကျင်မျိုးတွင် လူသားတို့၏ ဘဝများသည် ဤနိယာမနှင့်စည်းမျဉ်းများအတွင်းတွင် ရှေ့ဆက်သွားသည်။ ဤနိယာမများသည် လူသားမျိုးဆက် တစ်ဆက်ပြီးတစ်ဆက်ကို ပြုစုပျိုးထောင်ပေးခဲ့ပြီး ဤနိယာမအတွင်းတွင် လူသားမျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ရှင်သန်ရပ်တည်ခဲ့ကြသည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အစီအစဉ်တကျဖြစ်သော ရှင်သန်ရပ်တည်နိုင်သည့် ဤပတ်ဝန်းကျင်နှင့် ဖြစ်တည်မှုများကို လူတို့သည် လူသားမျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နှစ်သက်ခံစားခဲ့ကြသည်။ ဤနိယာမအမျိုးအစားများသည် အစကတည်းက တည်ရှိနေသည်ကို လူများခံစားကြရသော်လည်း၊ ဤအရာများကို လုံးဝ မနှစ်သက်ကြသော်လည်း၊ ဤနိယာမများကို ဘုရားသခင်သည် စီစဉ်ကိုင်တွယ်နေပြီး စိုးမိုးထားသည်ကို သူတို့မခံစားနိုင်သော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် ဤမပြောင်းလဲသည့်အမှုကို အမြဲတမ်း အာရုံစိုက်နေသည်။ ဤမပြောင်းလဲသည့် အမှုတွင် သူ၏ရည်ရွယ်ချက်က လူသားတို့ ရှေ့ဆက်နိုင်ရန်အလို့ငှာ လူသားတို့၏ ဆက်လက်ရှင်သန်နိုင်ရေးအတွက်ဖြစ်သည်။

လူသားမျိုးနွယ်အားလုံးကို ပြုစုပျိုးထောင်ရန်အလို့ငှာ ဘုရားသခင်သည် အရာအားလုံးအတွက် အကန့်အသတ်များ ချမှတ်သည်

ယနေ့ သတ္တဝါအားလုံးအပေါ် ဘုရားသခင် သယ်ဆောင်လာသည့် ဤသဘာဝနိယာမ အမျိုးအစားများက လူသားမျိုးနွယ်အားလုံးကို မည်သို့ ပြုစုပျိုးထောင်ပုံကို ငါပြောသွားမည်။ ဤသည်မှာ အလွန်ကြီးမားသည့် ခေါင်းစဉ်ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ရှင်းရှင်းလင်းလင်း အသေးစိတ်ချပြနိုင်ရန်အတွက် အပိုင်းလိုက်ခွဲပြီး တစ်ခုချင်းဆွေးနွေးနိုင်သည်။ ဤနည်းအားဖြင့် သင်တို့အတွက် လွယ်လွယ်နှင့် သဘောပေါက်နိုင်မည်ဖြစ်ပြီး တဖြည်းဖြည်းချင်း နားလည်နိုင်သည်။

ပထမဦးဆုံး ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများ၊ မြစ်များ၊ အင်းအိုင်များအတွက် နယ်နိမိတ်စည်းများ ရေးဆွဲခဲ့သည်။ ကမ္ဘာမြေကြီးပေါ်တွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများနှင့် ရေအစုအဝေးများအမျိုးမျိုးရှိသည်။ ၎င်းတို့မှာ မတူညီသည့် မြေပြင်အနေအထားများ မဟုတ်ပေလော။ ဘုရားသခင်သည် ဤမတူညီသည့် မြေပြင်အနေအထား အမျိုးအစားများကြားတွင် နယ်နိမိတ်စည်းများ ရေးဆွဲခဲ့သည်။ နယ်နိမိတ်စည်းများ ရေးဆွဲသည့်အကြောင်းကို ပြောသည့်အခါ တောင်များတွင် သူတို့၏ အကန့်အသတ်ဘောင်များရှိသည်၊ လွင်ပြင်များတွင် သူတို့၏အကန့်အသတ်ဘောင်များ ရှိသည်၊ သဲကန္တာရများတွင် အတိုင်းအတာတစ်ချို့ရှိပြီး တောင်ကုန်းများတွင် ပုံသေနေရာတစ်ခု ရှိသည်ဟုဆိုလိုသည်။ မြစ်များနှင့် အင်းအိုင်များကဲ့သို့ ပုံသေပမာဏနှင့် ရေအစုအဝေးများလည်း ရှိသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ အရာအားလုံးကို အလွန် ရှင်းလင်းတိကျစွာ ခွဲခြမ်းခဲ့သည်။ တောင်တစ်ခု၏အချင်းဝက်က ကီလိုမီတာ မည်မျှရှိသည်၊ သူ၏အတိုင်းအတာက မည်မျှရှိသည် စသည်တို့ကို ဘုရားသခင်က ပိုင်းခြားသတ်မှတ်ပြီးဖြစ်သည်။ လွင်ပြင်တစ်ခု၏ အချင်းဝက်က ကီလိုမီတာ မည်မျှရှိသည်နှင့် သူ၏အတိုင်းအတာကိုလည်း သူပိုင်းခြားသတ်မှတ်ပြီး ဖြစ်သည်။ အရာအားလုံးကို ဖန်ဆင်းသည့်အခါတွင်လည်း သဲကန္တာရ၏ အတိုင်းအတာနှင့် တောင်ကုန်းတို့၏အတိုင်းအတာ၊ သူတို့၏ ပမာဏများ၊ အဘယ်အရာနှင့် နယ်နိမိတ်ကန့်သတ်ထားသည် စသည်တို့ကို သူသတ်မှတ်ခဲ့သည်၊ ဤအရာများ အားလုံးကိုလည်း သူသတ်မှတ်ခဲ့သည်။ မြစ်များနှင့် အင်းအိုင်များ၏ အတိုင်းအတာကိုလည်း ဤအရာများကို သူဖန်ဆင်းခဲ့သည့်အချိန်တွင် သတ်မှတ်ခဲ့သည်၊ သူတို့အားလုံးတွင် နယ်နိမိတ်စည်းများ ရှိကြသည်။ ဤသို့ဆိုလျှင် “နယ်နိမိတ်စည်းများ” ဟု ပြောသည့်အခါ အဘယ်အရာကိုဆိုလိုသနည်း။ အရာအားလုံးအပေါ်တွင် ဘုရားသခင်၏ စည်းမျဉ်းပုံစံက အရာအားလုံးအတွက် နိယာမများကို ချမှတ်နေခြင်းဖြစ်ကြောင်းကို ခုတင်ပြောခဲ့ကြသည်။ ဆိုလိုသည်မှာ တောင်များ၏ အတိုင်းအတာနှင့် နယ်နိမိတ်စည်းများသည် ကမ္ဘာ၏လည်ပတ်မှုကြောင့် သို့မဟုတ် အချိန်ကုန်လွန်မှုကြောင့် ကျယ်မသွား သို့မဟုတ် လျော့မသွားပေ။ ဤအရာသည် ပုံသေဖြစ်သည်။ ဤ “ပုံသေဖြစ်မှု” က ဘုရားသခင်၏ စည်းမျဉ်းဖြစ်သည်။ လွင်ပြင်များ၏ နေရာများအတွက်မူ၊ သူတို့၏အတိုင်းအတာက အဘယ်အရာဖြစ်သည်၊ သူတို့ကို အဘယ်အရာနှင့် နယ်နိမိတ်ကန့်သတ်ထားသည်ဆိုသည်ကို ဘုရားသခင်သည် သတ်မှတ်ထားပြီးဖြစ်သည်။ သူတို့တွင် နယ်နိမိတ်စည်း တစ်ခုရှိသည်။ အဖုအထစ်တစ်ခုက လွင်ပြင်အလယ်တွင် သူ့ဘာသာ ပေါ်ထွက်လာမည်မဟုတ်ပေ။ လွင်ပြင်က ရုတ်တရက် တောင်အဖြစ် ပြောင်းသွားမည် မဟုတ်ပေ၊ ဤသို့ ဖြစ်မည်မဟုတ်ပေ။ ယခုတင်ပြောခဲ့သည့် နိယာမများနှင့် နယ်နိမိတ်စည်းများက ဤအရာကို ရည်ညွှန်းသည်။ သဲကန္တာရနှင့်ပတ်သက်၍မူ သဲကန္တာရ၏ အခန်းကဏ္ဍ သို့မဟုတ် အခြားမြေပုံစံအနေအထားများ သို့မဟုတ် ပထဝီဝင်ဆိုင်ရာနေရာများကို ဤနေရာ၌ ပြောမည်မဟုတ်ဘဲ သူတို့၏ နယ်နိမိတ်စည်းများကိုသာ ပြောမည်ဖြစ်သည်။ ဘုရားသခင်၏ စည်းမျဉ်းအောက်တွင် သဲကန္တာရ၏ အတိုင်းအတာသည်လည်း ကျယ်လာမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့အား သူ၏နိယာမ၊ သူ၏အတိုင်းအတာကို ပေးအပ်ပြီးဖြစ်၍ ဖြစ်သည်။ သူ၏နေရာက မည်မျှကျယ်သည်နှင့် သူ၏အခန်းကဏ္ဍက အဘယ်အရာဖြစ်သည်၊ အဘယ်အရာနှင့် နယ်နိမိတ်ကန့်သတ်ထားသည်၊ အဘယ်အရပ်မှာ ရှိသည် စသည့်အရာများကို ဘုရားသခင်သည် သတ်မှတ်ထားပြီး ဖြစ်သည်။ သူသည် သူ၏အတိုင်းအတာကို ကျော်သွားမည် မဟုတ်ပေ။ သူ၏အနေအထားကို ရွှေ့မည်မဟုတ်ဘဲ၊ သူ၏အကျယ်အဝန်းကို သူ့ဘာသာ ချဲ့ထွင်မည်မဟုတ်ပေ။ မြစ်များနှင့် အင်းအိုင်များကဲ့သို့ ရေများ၏ စီးဆင်းမှုများသည် အစီအစဉ်တကျပြုလုပ်ထားပြီး အဆက်မပြတ် ဖြစ်ပေါ်နေသော်လည်း၊ သူတို့၏နယ်မြေ သို့မဟုတ် သူတို့၏ နယ်နိမိတ်စည်းများကို မည်သည့်အခါမျှ ကျော်မသွားဖူးပေ။ သူတို့အားလုံးက သူတို့စီးဆင်းရမည့် ဦးတည်ချက်အတိုင်း စီးဆင်းရင်း အစီအစဉ်တကျပုံစံနှင့် ဦးတည်ချက် တစ်ခုတည်းသို့စီးဆင်းသည်။ ထို့ကြောင့် ဘုရားသခင်၏ စည်းမျဉ်း၏ နိယာမများအောက်တွင် မြစ်များ သို့မဟုတ် အင်းအိုင်များက အလိုလို ခြောက်သွေ့သွားမည်မဟုတ်ပေ။ သို့မဟုတ် ကမ္ဘာ၏လည်ပတ်ခြင်း၊ အချိန်ကုန်ဆုံးခြင်းတို့ကြောင့် သူ၏ဦးတည်ချက် သို့မဟုတ် သူ၏စီးဆင်းမှုပမာဏကို အလိုလို ပြောင်းလဲမည်မဟုတ်ပေ။ ဤအရာများအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံး၌ သူတို့၏ သတ်မှတ်ထားသည့်နေရာ၊ အကျယ်အဝန်းနှင့် အတိုင်းအတာများ ရှိကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ သူတို့၏ နယ်နိမိတ်စည်းများကို သတ်မှတ်ခဲ့ပြီး အလိုလို ပုံစံတစ်မျိုးပြောင်းခြင်း၊ အသစ်ပြန်ဖြစ်ခြင်း၊ ပြောင်းလဲခြင်းတို့ မဖြစ်နိုင်ပေ။ “အလိုလို” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သူတို့သည် ရာသီဥတု၊ အပူချိန် သို့မဟုတ် ကမ္ဘာ၏လည်ပတ်မှု မြန်နှုန်းကြောင့် ရမ်းသမ်း၍ ရွှေ့ခြင်း၊ ချဲ့ခြင်း သို့မဟုတ် သူတို့၏မူလနဂိုပုံစံကို ပြောင်းလဲခြင်း ဖြစ်မည်မဟုတ်ဟု ဆိုလိုသည်။ ဥပမာ တောင်တစ်လုံး၌ သူ့အမြင့်နှင့်သူရှိသည်၊ အောက်ခြေက သူ့နေရာနှင့်သူရှိသည်၊ သူ၏ ပင်လယ်ရေမျက်နှာပြင်အမြင့် တစ်ခုရှိပြီး သူ့အပင်ပမာဏနှင့်သူရှိသည်။ ဤအရာများ အားလုံးကို ဘုရားသခင် စီစဉ်ပြီးတွက်ချက်ခဲ့ခြင်းဖြစ်ပြီး သူ၏အမြင့်သို့မဟုတ် အကျယ်အဝန်းက သူ့အလိုလို ပြောင်းလဲသွားမည် မဟုတ်ပေ။ လွင်ပြင်များအတွက်မူ လူအများစုသည် လွင်ပြင်များတွင် နေထိုင်ကြပြီး ရာသီဥတု ပြောင်းလဲခြင်းက သူတို့၏နေရာ သို့မဟုတ် သူတို့တည်ရှိမှု၏ တန်ဖိုးအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ပေ။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များနှင့် ဤမြေအနေအထားအမျိုးမျိုးတွင် ပါဝင်သည့် အရာများပင်လျှင် သူ့အလိုလို ပြောင်းလဲမည်မဟုတ်ပေ။ ဥပမာ သဲကန္တာရတွင် ပါဝင်သည့် အရာများ၊ မြေအောက်က တွင်းထွက်ပစ္စည်းများ၊ ပါဝင်သည့် သဲပမာဏ၊ သဲ၏အရောင်များ၊ ၎င်း၏အထူ၊ ဤအရာများက သူ့အလိုလို မပြောင်းလဲပေ။ အဘယ်ကြောင့် သူ့အလိုလို မပြောင်းလဲကြသနည်း။ ဘုရားသခင်၏ စည်းမျဉ်းနှင့် သူ၏စီမံခန့်ခွဲမှုကြောင့် ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤမတူညီသည့် မြေပြင်အနေအထားများနှင့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်တို့ အားလုံးအတွင်းတွင် သူသည် စီစဉ်ထား၍ စနစ်တကျရှိသည့် နည်းလမ်းတစ်ရပ်ဖြင့် အရာအားလုံးကို စီမံခန့်ခွဲနေသည်။ ထို့ကြောင့် ဤပထဝီဆိုင်ရာ ပတ်ဝန်းကျင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံရပြီးနောက်တွင် နှစ်ထောင်ချီ၍၊ နှစ်သောင်းချီ၍ တည်ရှိနေဆဲဖြစ်သည်။ သူတို့သည် သူတို့၏ အခန်းကဏ္ဍတစ်ခုစီကို လုပ်ဆောင်နေဆဲဖြစ်သည်။ အချို့အချိန်ကာလအတွင်းတွင် မီးတောင်များ ပေါက်ကွဲသော်လည်း၊ အချို့ကာလအတွင်းတွင် ငလျင်လှုပ်မှုများ ဖြစ်ပေါ်သော်လည်း၊ ကြီးမားသည့် ကုန်းမြေရွေ့ပြောင်းမှုများ ရှိသော်လည်း၊ ဘုရားသခင်သည် မည်သည့်မြေအနေအထားကိုမဆို သူ၏ နဂိုလုပ်ဆောင်မှုများကို လုံးဝ ဆုံးရှုံးခွင့်ပြုမည်မဟုတ်ပေ။ ဘုရားသခင်၏ ဤစီမံခန့်ခွဲမှု၊ ဤနိယာမများအပေါ် သူ၏စိုးမိုးမှုနှင့် ဆုပ်ကိုင်ထားမှုများကြောင့် လူသားမျိုးနွယ်မှ ခံစားသည့်၊ လူသားမျိုးနွယ်မှ မြင်တွေ့ရသည့် ဤအရာအားလုံးသည် ကမ္ဘာမြေကြီးအပေါ်တွင် အစီအစဉ်တကျပုံစံနှင့် ရပ်တည်နိုင်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် ကမ္ဘာတွင်ဖြစ်တည်နေသည့် ဤမြေအနေအထားအမျိုးမျိုးအားလုံးကို မည်သည့်အတွက်ကြောင့် ဤနည်းလမ်းနှင့် စီမံသနည်း။ ရည်ရွယ်ချက်မှာ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အမျိုးမျိုးတွင် ရပ်တည်ရှင်သန်နေသည့် သက်ရှိသတ္တဝါများအားလုံးသည် တည်ငြိမ်သည့် ပတ်ဝန်းကျင်ကို ရရှိပြီး ဤတည်ငြိမ်သည့် ပတ်ဝန်းကျင်တွင် ဆက်လက်ရှင်သန်ပြီး ပွားများနိုင်ကြရန်အတွက် ဖြစ်သည်။ ရွေ့လျားနိုင်သည့် သက်ရှိများ၊ မရွေ့လျားနိုင်သည့်သက်ရှိများ၊ မိမိတို့၏ နှာခေါင်းပေါက်များမှတစ်ဆင့် အသက်ရှူသည့်အရာများနှင့် မရှူသည့်အရာများ၊ ဤအရာအားလုံးသည် လူသားမျိုးနွယ် ရှင်သန်ရေးအတွက် တမူထူးခြားသည့် ပတ်ဝန်းကျင်တစ်ခုကို ပြုလုပ်ဖန်တီးကြသည်။ ဤသို့သော ပတ်ဝန်းကျင်မျိုးကသာ လူသားမျိုးဆက် တစ်ဆက်ပြီးတစ်ဆက်ကို ပြုစုပျိုးထောင်နိုင်ပြီး ဤသို့သော ပတ်ဝန်းကျင်မျိုးကသာ လူသားများကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ငြိမ်းချမ်းစွာနှင့် ဆက်လက်ရှင်သန်စေနိုင်သည်။

ယခု ပြောခဲ့သည့်အကြောင်းအရာက အတော်အတန် ကျယ်ပြန့်သည့် အကြောင်းအရာဖြစ်သည်။ ထို့ကြောင့် သင်တို့အတွက် အလှမ်းဝေးကောင်းဝေးနေနိုင်သည်။ သို့သော် သင်တို့ နားလည်နိုင်သည် မဟုတ်လော။ ဆိုလိုသည်မှာ အရာအားလုံးအပေါ် သူ၏အုပ်စိုးမှုထဲတွင်ရှိသည့် ဘုရားသခင်၏နိယာမတရားများသည် အလွန်အရေးကြီးသည်။ အလွန်အရေးကြီးသည်။ ဤနိယာမများအတွင်းတွင် သက်ရှိအားလုံးကြီးထွားရန်အတွက် ကြိုတင်သတ်မှတ်ချက်က အဘယ်အရာနည်း။ ဤသည်မှာ ဘုရားသခင်၏ စည်းမျဉ်းကြောင့်ဖြစ်သည်။ သူ၏ စည်းမျဉ်းအတွင်းတွင် အရာအားလုံးသည် သူတို့၏ကိုယ်ပိုင်လှုပ်ရှားလည်ပတ်မှုများကို လုပ်ဆောင်ကြခြင်းသည် သူ၏စည်းမျဉ်းကြောင့်ဖြစ်သည်။ ဥပမာ တောင်များက သစ်တောများကို ပျိုးထောင်ပေးသည်။ သစ်တောများက တစ်လှည့် သူတို့ထဲတွင် နေထိုင်ကြသည့် ငှက်နှင့် သားရဲတိရစ္ဆာန်များကို စောင့်ရှောက်သည်။ လွင်ပြင်များက လူသားတို့ ကောက်ပဲသီးနှံများ စိုက်ပျိုးရန်အတွက်နှင့် ငှက်နှင့် သားရဲအမျိုးမျိုးတို့အတွက် ပြင်ဆင်ထားသည့် ဇာတ်စင်တစ်ခု ဖြစ်သည်။ လွင်ပြင်များသည် လူသားအများစုကို ပြန့်ပြူးသည့် မြေပေါ်တွင် နေခွင့်ပေးပြီး လူများ၏ဘဝများကို အဆင်ပြေစေသည်။ လွင်ပြင်များတွင် မြက်ခင်းပြင်များလည်း ပါဝင်သည်။ အလွန်ကြီးမားသည့် မြက်ခင်းပြင်များ ဖြစ်သည်။ မြက်ခင်းပြင်များသည် ကမ္ဘာမြေကြီး၏ သဘာဝပေါက်ပင်များ ဖြစ်သည်။ သူတို့သည် မြေကြီးကို ကာကွယ်ပေးပြီး မြက်ခင်းပြင်များပေါ်တွင်နေသည့် ကျွဲနွား၊ သိုးနှင့် မြင်းများကို ပြုစုစောင့်ရှောက်သည်။ သဲကန္တာရသည်လည်း သူ၏တာဝန်ကို ဆောင်ရွက်သည်။ သဲကန္တာရမှာ လူသားများ နေထိုင်ရန်အတွက် နေရာမဟုတ်ပေ။ သူ၏တာဝန်က စိုစွတ်သည့်ရာသီဥတုများကို ပိုမိုခြောက်သွေ့စေရန်ဖြစ်သည်။ မြစ်များနှင့် အင်းအိုင်တို့၏ စီးဆင်းမှုသည် လူသားများ၏ သောက်ရေအတွက် အဆင်ပြေစေသည်။ သူတို့စီးဆင်းသည့်အရပ်တိုင်းတွင် လူများ၌ သောက်ရန်ရေရှိမည် ဖြစ်ပြီး ဤစီးဆင်းမှုများက အရာအားလုံး၏ ရေလိုအပ်မှုကို ဖြည့်ဆည်းရာ၌ အထောက်အကူပြု၏။ ယင်းတို့သည် မြေအနေအထားအမျိုးမျိုးအတွက် ဘုရားသခင်ရေးဆွဲထားသည့် နယ်နိမိတ်စည်းများ ဖြစ်သည်။

ဘုရားသခင် ရေးဆွဲထားသည့် ဤနယ်နိမိတ်စည်းများကြောင့် မြေအနေအထားအမျိုးမျိုးသည် အသက်ရှင်သန်မှုအတွက် မတူညီသည့် ပတ်ဝန်းကျင်များကို ထုတ်လုပ်ပေးပြီး ဤရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်များသည် ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးမျိုးတို့အတွက် အဆင်ပြေ၍ ရှင်သန်ရပ်တည်ရေးအတွက် နေရာတစ်နေရာကိုလည်း သယ်ဆောင်ပေးသည်။ ဤအရာမှ သက်ရှိသတ္တဝါအမျိုးမျိုး၏ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်သည် ဖွံ့ဖြိုးတိုးတက်လာသည်။ ဤသည်မှာ နောက်ပြောမည့် ဒုတိယအချက်ဖြစ်သည်။ ဦးစွာအနေဖြင့် ငှက်များ၊ သားရဲတိရစ္ဆာန်များနှင့် ပိုးမွှားများက မည်သည့်နေရာတွင် နေထိုင်သနည်း။ သစ်တောများနှင့် တောအုပ်များတွင် နေကြသလော။ ဤအရာများက သူတို့၏ ဇာတိမြေနေရာများ ဖြစ်သည်။ ထို့ကြောင့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များအတွက် နယ်နိမိတ်စည်းမျဉ်းများ ပြုလုပ်ခြင်းအပြင် ဘုရားသခင်သည် ငှက်နှင့် သားရဲတိရစ္ဆာန်အမျိုးမျိုး၊ ငါးများ၊ ပိုးမွှားများနှင့် အပင်များအားလုံးအတွက်လည်း နယ်နိမိတ်စည်းမျဉ်းများ ရေးဆွဲခဲ့သည်။ သဘာဝနိယာမတရားများကိုလည်း သတ်မှတ်ခဲ့သည်။ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များကြားက မတူညီမှုများ၊ မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်တို့ တည်ရှိမှုကြောင့် မတူညီသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ ငါးများ၊ ပိုးမွှားများနှင့် အပင်တို့သည် ရှင်သန်ရပ်တည်မှုအတွက် မတူညီသည့် ပတ်ဝန်းကျင်တို့ ရှိကြသည်။ ငှက်များ၊ သားရဲတိရစ္ဆာန်များနှင့် ပိုးမွှားများသည် အပင်အမျိုးမျိုးကြားတွင် နေထိုင်ကြသည်၊ ငါးများက ရေတွင်နေပြီး အပင်များက ကုန်းမြေပေါ်တွင် ပေါက်သည်။ ကုန်းမြေတွင် တောင်များ၊ လွင်ပြင်များ၊ တောင်ကုန်းများကဲ့သို့ နေရာအမျိုးမျိုးပါဝင်သည်။ ထို့ကြောင့် ငှက်များနှင့် သားရဲတိရစ္ဆာန်တို့၌ သူတို့၏ သတ်မှတ်ထားသည့် မွေးရပ်မြေ ရှိသွားသည်နှင့် အခြားနေရာများကို လျှောက်ပြီး လှည့်လည်မသွားလာတော့ပေ။ သူတို့၏ မွေးရပ်မြေက တောများနှင့် တောင်များဖြစ်သည်။ အကယ်၍ တစ်နေ့တွင် သူတို့၏ မွေးရပ်မြေက ဖျက်ဆီးခံရလျှင် ဤအစီအစဉ်က ပရမ်းပတာ ဖြစ်သွားပါလိမ့်မည်။ ဤအစီအစဉ်က ပရမ်းပတာဖြစ်သွားသည်နှင့်တစ်ပြိုင်နက် ဖြစ်လာမည့် အကျိုးဆက်များက အဘယ်အရာများနည်း။ မည်သူတို့ကို အရင်ဦးဆုံး ထိခိုက်မည်နည်း။ (လူသားမျိုးနွယ်ဖြစ်ပါသည်။) လူသားမျိုးနွယ်ဖြစ်သည်။ ဘုရားသခင်ချမှတ်ခဲ့သည့် ဤနိယာမများနှင့် အကန့်အသတ်များအတွင်းတွင် တမူထူးခြားသည့်ဖြစ်ရပ်မျိုး သင်တို့တွေ့ဖူးသလော။ ဥပမာ ဆင်များက သဲကန္တာရထဲတွင် ဤအတိုင်း လှည့်ပတ်သွားလာနေခြင်းမျိုး။ ဤအရာကို သင်တို့ တွေ့ဖူးသလော။ ဤကဲ့သို့သာဆိုလျှင် အလွန်ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုဖြစ်နေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆင်များက တောထဲတွင်နေထိုင်ပြီး ဤနေရာက သူတို့အတွက် ဘုရားသခင်ပြင်ဆင်ထားခဲ့သည့် အသက်ရှင်သန်ရေးအတွက် ပတ်ဝန်းကျင်ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့၌ ရှင်သန်ရေးအတွက် သူ့ပတ်ဝန်းကျင်နှင့်သူရှိပြီး သတ်မှတ်ထားသည့် သူ့မွေးရပ်မြေနှင့်သူရှိသည်။ ထို့ကြောင့် ဆင်က အဘယ်ကြောင့် လျှောက်ပြီး သွားလာနေမည်နည်း။ ခြင်္သေ့ သို့မဟုတ် ကျားများက ပင်လယ်ဘက်တွင် လှည့်လည်သွားလာနေကြခြင်းကို မည်သူမြင်ဖူးသနည်း။ မည်သူမျှ မမြင်ဖူးဘူး မဟုတ်လော။ ခြင်္သေ့နှင့် ကျားတို့၏ မွေးရပ်မြေက သစ်တောများနှင့် တောင်များဖြစ်သည်။ ပင်လယ်ထဲတွင်ရှိသည့် ဝေလငါးများနှင့် ငါးမန်းများက သဲကန္တာရထဲတွင် သွားလာနေသည်ကို မြင်ဖူးကြသလော။ မည်သူမျှ ဤကဲ့သို့ မမြင်ဖူးကြဘူး မဟုတ်လော။ ဝေလငါးများနှင့် ငါးမန်းများက ပင်လယ်ထဲတွင် သူတို့အိမ်ကိုပြုလုပ်ကြသည်။ လူတို့၏ သက်ရှိပတ်ဝန်းကျင်တွင် ဝက်ဝံညိုများနှင့်အတူတူ နေသည့်လူများ ရှိသလော။ သူတို့အိမ်များ၏ အတွင်းအပြင်တွင် ဒေါင်းများ သို့မဟုတ် အခြားငှက်များ အမြဲတမ်းဝန်းရံနေသည့် လူများ ရှိသလော။ လင်းယုန်များ သို့မဟုတ် တောငန်းများသည် မျောက်များနှင့် ဆော့ကစားနေကြသည်ကို မည်သူမြင်ဖူးသနည်း။ (မမြင်ဖူးပါ။) ဤကဲ့သို့သာဆိုလျှင် ဤအရာများအားလုံးက တမူထူးဆန်းနေသည့် ဖြစ်ရပ်များ ဖြစ်နေမည်ဖြစ်သည်။ သင်တို့၏အမြင်များတွင် တမူထူးခြားသည့်ဖြစ်ရပ်များကို ငါပြောပြရသည့် အကြောင်းရင်းက ဘုရားသခင်ဖန်ဆင်းခဲ့သည့် သတ္တဝါအားလုံးသည် တစ်နေရာထဲတွင် ပုံသေသတ်မှတ်ခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့၏ နှာခေါင်းပေါက်များမှတစ်ဆင့် အသက်ရှူနိုင်သည်ဖြစ်စေ၊ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သူတို့အားလုံးတွင် နိယာမများရှိသည်ကို သင်တို့ နားလည်စေရန်ဖြစ်သည်။ ဤသက်ရှိသတ္တဝါများကို ဘုရားသခင်မဖန်ဆင်းခင် ရှေးယခင်ကတည်းက သူတို့၏ ကိုယ်ပိုင်မွေးရပ်မြေအတွက်၊ သူတို့၏ ကိုယ်ပိုင်ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်အတွက် သူပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ဤသက်ရှိသတ္တဝါများသည် သူတို့၏ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သတ်မှတ်ထားသည့် ကိုယ်ပိုင်ပတ်ဝန်းကျင်၊ သူတို့၏ကိုယ်ပိုင်အစားအစာ၊ သတ်မှတ်ထား်သည့် ကိုယ်ပိုင်မွေးရပ်မြေများ၊ သူတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် သင့်တော်သော သတ်မှတ်ထား်သည့် ကိုယ်ပိုင်နေရာများ၊ သူတို့ရှင်သန်ရပ်တည်ရန်အတွက် သင့်တော်သည့်အပူချိန်နှင့် နေရာများရှိကြသည်။ ဤနည်းအားဖြင့် သူတို့သည် လျှောက်ပြီး လှည့်လည်သွားလာခြင်း သို့မဟုတ် လူသားတို့၏ရှင်သန်ရပ်တည်ရေးကို ထိခိုက်ခြင်း သို့မဟုတ် သူတို့၏အသက်ရှင်သန်မှုများကို သက်ရောက်စေခြင်းတို့ ပြုမည်မဟုတ်ပေ။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင် စီမံသည့် ပုံစံပင်ဖြစ်သည်။ လူသားတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် အကောင်းဆုံးပတ်ဝန်းကျင်ကို ထောက်ပံ့ရန်ဖြစ်သည်။ အရာအားလုံးထဲက သက်ရှိသတ္တဝါတိုင်းတွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် သူတို့၏ ကိုယ်ပိုင်ပတ်ဝန်းကျင်အတွင်းတွင် အသက်ရှင်သန်နိုင်သည့် အစားအစာများ ရှိကြသည်။ ဤအစားအစာများနှင့်အတူ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် သူတို့၏ ဇာတိပတ်ဝန်းကျင်အတွင်းတွင် သူတို့ကို သတ်မှတ်ထားသည်။ ဤကဲ့သို့ ပတ်ဝန်းကျင်အမျိုးအစားတွင် သူတို့သည် ဘုရားသခင် သူတို့အတွက် ချမှတ်ခဲ့သည့် နိယာမများနှင့်အညီ ရှင်သန်ဆဲ၊ ပွားများဆဲ၊ ရှေ့ဆက်နေကြဆဲ ဖြစ်သည်။ ဤနိယာမ အမျိုးအစားများကြောင့်၊ ဘုရားသခင်၏ ခွဲခန့်မှတ်သားထားခြင်းကြောင့်၊ အရာအားလုံးသည် လူသားမျိုးနွယ်နှင့် သဟဇာတဖြစ်စွာ ပြုမူလှုပ်ရှားပြီး လူသားမျိုးနွယ်နှင့် အရာအားလုံးသည် အပြန်အလှန် မှီခိုနေကြသည်။

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး သူတို့အတွက် နယ်နိမိတ်စည်းများကို တည်ထောင်ခဲ့သည်၊ သူတို့အထဲတွင် သူသည် သက်ရှိအမျိုးအစားအားလုံးကို ပြုစုစောင့်ရှောက်ခဲ့သည်။ ထိုအတောအတွင်း သူသည် လူသားတို့အတွက် မတူညီသည့် ရှင်သန်ရပ်တည်နိုင်ရေး နည်းလမ်းတို့ကိုလည်း ပြင်ဆင်ခဲ့သည်၊ ထို့ကြောင့် လူသားများ ရှင်သန်ရပ်တည်ရန်အတွက် နည်းလမ်းတစ်ခုသာ ရှိခြင်းမဟုတ်သည်ကို သင်မြင်နိုင်၏။ သူတို့တွင် ရှင်သန်ရပ်တည်နိုင်ရန် ပတ်ဝန်းကျင်အမျိုးအစားသည်လည်း တစ်ခုသာ ရှိသည်မဟုတ်ပေ။ လူသားတို့၏ဘဝကို အသွေးအသားနှင့် ဆက်လက်ရှင်သန်နိုင်စေရန်အတွက် အလွန်အရေးကြီးသည့် အစားအစာနှင့် ရေအရင်းအမြစ် အမျိုးအစား အမျိုးမျိုးကို ဘုရားသခင်ပြင်ဆင်သည့်အကြောင်းကို ယခင်က ပြောခဲ့သည်။ သို့သော် ဤလူသားမျိုးနွယ်ထဲတွင် လူအားလုံးက အစေ့အဆန်များနှင့်သာ ရပ်တည်စားသောက်နေကြသည် မဟုတ်ပေ။ လူများတွင် မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် မြေပြင်အနေအထားများကြောင့် မတူညီသည့် ရှင်သန်ရပ်တည်နိုင်ရေး နည်းလမ်းများ ရှိကြသည်။ ဤရှင်သန်ရပ်တည်နိုင်ရေး နည်းလမ်းများအားလုံးကို ဘုရားသခင်ပြင်ဆင်ပြီး ဖြစ်သည်။ ထို့ကြောင့် လူသားအားလုံးက လယ်စိုက်ပျိုးရေးကိုသာ လုပ်ကိုင်ကြသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားအားလုံးက ကောက်ပဲသီးနှံစိုက်ပျိုးခြင်းမှသာ အစားအစာကို ရရှိခြင်းမဟုတ်ပေ။ ဤအရာသည် ယခုပြောဆိုမည့် တတိယအချက်ဖြစ်သည်။ လူသားတို့၏ ရှင်သန်နေထိုင်မှုပုံစံအမျိုးမျိုးမှ နယ်နိမိတ်စည်းမျဉ်းများ ဖြစ်ပေါ်လာသည်။ ဤသို့ဆိုလျှင် လူသားများတွင် အခြား မည်သည့် ဘဝနေထိုင်မှုပုံစံ အမျိုးအစားများ ရှိသနည်း။ လူသားများတွင် အခြား မည်သည့်အစားအစာအရင်းအမြစ် အမျိုးအစားများ ရှိသနည်း။ အဓိကအမျိုးအစားအချို့ ရှိသည်။

ပထမဆုံးက အမဲလိုက်သည့် ဘဝနေထိုင်မှုပုံစံဖြစ်သည်။ အားလုံး ဤအရာကို သိသည်။ သိကြသည် မဟုတ်လော။ သင်တို့အားလုံးက ခေတ်မီလူသားများဖြစ်သည်။ မည်သို့အမဲလိုက်သည်၊ သေနတ်ကို မည်သို့ကိုင်ရသည်ကို သင်တို့မသိပေ။ သင်တို့၏ အစားအစာအရင်းအမြစ်များကို မြေကြီးမှ ထုတ်လုပ်ခြင်း ဖြစ်သည်။ အမဲလိုက်ခြင်းနှင့် အသက်မွေးသည့်သူများက အဘယ်အရာကို စားသနည်း။ (တောကောင်။) သူတို့က တောထဲတွင်ရှိသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်တို့ကို စားသည်။ “တောကောင်” က ခေတ်စကားလုံးဖြစ်သည်။ မုဆိုးများက တောကောင်အနေနှင့် မတွေးပေ။ ယင်းတို့ကို အစာအစာနေနှင့် သူတို့၏နေ့စဉ်အစားအစာအနေနှင့် တွေးသည်။ ဥပမာ သူတို့ သမင်တစ်ကောင် ရသည်။ သူတို့ ဤသမင်ကို ရသည့်အခါတွင် လယ်သမားက မြေကြီးထဲမှ ကောက်ပဲသီးနှံတို့ကို ရသကဲ့သို့ပင်ဖြစ်သည်။ လယ်သမားတစ်ယောက်က မြေကြီးထဲမှ ကောက်ပဲသီးနှံများကိုရပြီး သူ၏ကောက်ပဲသီးနှံများကို မြင်ရသည့်အခါတွင် ပျော်ရွှင်ပြီး စိတ်ကျေနပ်မှုရသည်။ စားစရာကောက်ပဲသီးနှံများရှိသည့်အတွက် မိသားစုသည် ဆာလောင်မည်မဟုတ်ပေ။ သူ့နှလုံးသားက စိတ်သက်သာရာရပြီး ကျေနပ်မှုရရှိသည်။ မုဆိုးတစ်ဦးသည်လည်း သူဖမ်းမိသည့်အကောင်ကို ကြည့်သည့်အခါတွင် စိတ်သက်သာ ကျေနပ်မှုကိုရရှိသည်။ အဘယ်ကြောင့်ဆိုလျှင် အစားအစာအတွက် စိတ်ပူစရာမလိုတော့၍ဖြစ်သည်။ နောက်တစ်ခါ စားရန်အတွက် စားစရာရှိသည်။ ဆာလောင်မည်မဟုတ်တော့ပေ။ ဤသူမှာ အသက်မွေးရန်အတွက် အမဲလိုက်သူဖြစ်သည်။ အမဲလိုက်ပြီး အစာရှာသည့်သူအများစုက တောင်ပေါ်သစ်တောများတွင် နေထိုင်သည်။ သူတို့သည် လယ်စိုက်ပျိုးခြင်း မလုပ်ကြပေ။ ထိုနေရာတွင် စိုက်ပျိုးနိုင်သည့်မြေကို ရှာဖွေတွေ့ရှိရန် မလွယ်ပေ။ ထို့ကြောင့် သူတို့သည် သက်ရှိအမျိုးမျိုး၊ သားကောင်အမျိုးမျိုးတို့အပေါ်တွင် ရှင်သန်ရပ်တည်သည်။ ဤသည်မှာ သာမန်လူသားတို့နှင့် ကွဲပြားသည့် ပထမ ဘဝနေမှုပုံစံဖြစ်သည်။

ဒုတိယအမျိုးအစားက မွေးမြူရေး ဘဝနေမှုပုံစံဖြစ်သည်။ အသက်မွေးရန်အတွက် မွေးမြူရေးလုပ်သူများက လယ်စိုက်ပျိုးခြင်း လုပ်ကြသလော။ (မလုပ်ကြပေ။) ဤသို့ဆိုလျှင် သူတို့ဘာလုပ်သနည်း။ ဤနေရာ၌ မွန်ဂိုလူမျိုးပါသည်ဆိုလျှင် သင်တို့၏ လှည့်လည်သွားလာတတ်သည့် ဘဝနေမှုပုံစံကို အနည်းငယ်ပြောနိုင်သည်။ (အများအားဖြင့် ကျွန်ုပ်တို့သည် အသက်မွေးဝမ်းကျောင်းအတွက် ကျွဲနွားနှင့်သိုးများကို မွေးမြူပါသည်။ လယ်စိုက်ပျိုးခြင်း မလုပ်ကြပါ။ ဆောင်းရာသီ၌ ကျွန်ုပ်တို့၏ မွေးမြူရေးတိရစ္ဆာန်များကို သတ်ဖြတ်ပြီး စားသောက်ပါ၏။ ကျွန်ုပ်တို့၏ အဓိကအစားအစာမှာ အမဲသားနှင့် သိုးသားဖြစ်ပါ၏။ နွားနို့လက်ဖက်ရည် သောက်ပါ၏။ မွေးမြူရေးသမားများက လေးရာသီလုံး အလုပ်ရှုပ်နေသော်လည်း သူတို့က ကောင်းကောင်းစားကြသည်။ နွားနို့၊ နို့ထွက်ပစ္စည်း သို့မဟုတ် အသားတို့ပြတ်လတ်ခြင်းမရှိကြပေ။) မွန်ဂိုလူမျိုးများက အမဲသားနှင့် သိုးသားကို အဓိကစားသည်။ နွားနို့နှင့် သိုးနို့သောက်သည်။ သူတို့၏မျက်နှာတွင် နေရောင်ကျရောက်နေလျက် သူတို့၏ ဆံပင်ကို လေတိုက်နေလျက် သူတို့၏တိရစ္ဆာန်များကို မွေးမြူထိန်းကျောင်းရန်အတွက် ကွင်းပြင်ထဲတွင်ရှိသည့် ကျွဲများနှင့် မြင်းများကို စီးကြသည်။ သူတို့တွင် ခေတ်ပေါ်ရှင်သန်နေထိုင်မှု၏ ဖိအားများမရှိပေ။ သူတို့သည် ကျယ်ပြန့်သည့် အပြာရောင် ကောင်းကင်ကြီးနှင့် မြက်ခင်းလွင်ပြင်များကိုသာ တစ်နေကုန် တွေ့မြင်ရသည်။ မွေးမြူရေးလုပ်ပြီး အသက်မွေးသူများ အများစုသည် မြက်ခင်းပြင်များပေါ်တွင်သာ နေကြပြီး မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် သူတို့၏လှည့်လည်သွားလာသည့် ဘဝနေမှုပုံစံအတိုင်း ဆက်လက်နေထိုင်နိုင်ကြသည်။ မြက်ခင်းပြင်များပေါ်က ဘဝသည် အနည်းငယ်အထီးကျန်သော်လည်း အလွန်ပျော်ရွှင်ရသည့် ဘဝလည်းဖြစ်သည်။ ဆိုးဝါးသည့် ဘဝနေမှုပုံစံတစ်ခု မဟုတ်ပေ။

တတိယအမျိုးအစားမှာ ငါးဖမ်းခြင်း ဘဝနေမှုပုံစံဖြစ်သည်။ ပင်လယ်အနား သို့မဟုတ် သေးငယ်သည့် ကျွန်းများပေါ်တွင်နေထိုင်သည့် လူအနည်းငယ်ရှိသည်။ သူတို့က ရေများနှင့်ပတ်လည်ဝိုင်းနေပြီး ပင်လယ်ကြီးကို မျက်နှာမူနေသည်။ ဤလူအများက အသက်မွေးဝမ်းကျောင်းအတွက် ငါးဖမ်းသည်။ အသက်မွေးဝမ်းကျောင်းအတွက် ငါးဖမ်းသည့် ဤလူများအတွက် အစားအစာအရင်းအမြစ်က အဘယ်အရာနည်း။ ငါးအမျိုးအစားအားလုံး၊ ပင်လယ်စာနှင့် ရေထွက်ပစ္စည်းများ မဟုတ်လော။ ဟောင်ကောင်သည် တံငါရွာလေးသာ ဖြစ်ခဲ့စဉ်က ထိုအရပ်တွင်နေထိုင်သည့် လူများသည် အသက်မွေးဝမ်းကျောင်းအတွက် ငါးဖမ်းကြသည်။ လယ်စိုက်ပျိုးခြင်း မလုပ်ကြပေ။ နေ့စဉ် ငါးသွားဖမ်းကြသည်။ သူတို့၏ အဓိကအစားအစာက ငါးနှင့်ပင်လယ်စာအမျိုးမျိုးတို့ဖြစ်သည်။ သူတို့သည် ဆန်၊ ဂျုံနှင့် နေ့စဉ် လိုအပ်သည့်အရာများကိုလည်း ငါးအချို့နှင့် ရံဖန်ရံခါ လဲလှယ်တတ်ကြသည်။ ဤသည်မှာ ရေနားတွင်နေသည့် သူများ၏ မတူညီသည့် ဘဝနေမှုပုံစံများဖြစ်သည်။ ရေနားတွင်နေထိုင်သည့်သူများသည် သူတို့အကျိုးအတွက် ရေကိုမှီခိုအားထားကြပြီး ငါးဖမ်းခြင်းက သူတို့၏ အသက်မွေးဝမ်းကျောင်းဖြစ်သည်။ ဤအရာသည် သူတို့၏ အသက်မွေးဝမ်းကျောင်းဖြစ်ပြီး သူတို့၏ အစားအစာ အရင်းအမြစ်လည်းဖြစ်သည်။

အသက်မွေးရန်အတွက် လယ်စိုက်ပျိုးသည့်သူများကို ဖယ်လိုက်လျှင် အထက်တွင် ဖော်ပြခဲ့သော မတူညီသည့် ဘဝနေမှု ပုံစံသုံးမျိုးရှိသည်။ မွေးမြူရေး၊ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းနှင့် ရပ်တည်သည့်သူများကို ထားလိုက်လျှင် လူအများစုက အသက်မွေးဝမ်းကျောင်းအတွက် လယ်စိုက်ပျိုးကြသည်။ လယ်စိုက်ပျိုးသည့် သူများက အဘယ်အရာလိုအပ်သနည်း။ မြေကြီးလိုအပ်သည်။ သူတို့သည် အသက်ရှင်သန်ရပ်တည်နိုင်ရန်အတွက် မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ကောက်ပဲသီးနှံများ စိုက်ပျိုးြ၏။ သူတို့၏အစားအစာကို ကမ္ဘာမြေကြီးမှ ရသည်။ ဟင်းသီးဟင်းရွက်၊ အသီးများ သို့မဟုတ် အစေ့အဆန်များကို စိုက်သည်ဖြစ်စေ၊ သူတို့၏ အစာနှင့် နေ့စဉ်လိုအပ်ချက်များကို သူတို့အားလုံး ကမ္ဘာမြေကြီးမှ ရရှိသည်။

ဤမတူညီကြသည့် ဘဝနေမှုပုံစံများအတွက် အခြေခံ လိုအပ်သည့်အခြေအနေများက မည်သို့နည်း။ ရှင်သန်ရပ်တည်ရန်အတွက် သူတို့၏ပတ်ဝန်းကျင်ကို အခြေခံထိန်းသိမ်းမှု မလိုအပ်သလော။ တစ်နည်းအားဖြင့် အမဲလိုက်သမားများသည် တောတောင်သစ်တောများ သို့မဟုတ် ငှက်များနှင့် သားရဲတိရစ္ဆာန်များကို ဆုံးရှုံးရသည်ဆိုလျှင် သူတို့၏ အသက်မွေးဝမ်းကျောင်းက ရှိမည်မဟုတ်တော့ပေ။ ဤသို့ဆိုလျှင် အမဲလိုက်ခြင်းနှင့် ရပ်တည်သည့် လူများသည် တောတောင်သစ်တောများကို ဆုံးရှုံးပြီး ငှက်များ၊ သားရဲတိရစ္ဆာန်များ မရှိတော့ပါက၊ သူတို့၏အသက်မွေးဝမ်းကျောင်းအတွက် အရင်းအမြစ်တစ်ခုမရှိတော့ပါက၊ ဤကဲ့သို့ လူမျိုးစုများ ရှေးရှုသွားမည့် ဦးတည်ချက်နှင့် ဤကဲ့သို့လူများက သွားကြမည့် အရပ်တို့၏ အရေအတွက်ကို မသိရဘဲ သူတို့သည် ဤအတိုင်းသက်သက် ပျောက်ကွယ်သွားနိုင်သည်။ ထို့ပြင် စားဝတ်နေရေးအတွက် မွေးမြူရေးလုပ်သူများက အဘယ်အရာကို အားထားရမည်နည်း။ သူတို့အမှန်တကယ် မှီခိုနေကြသည်မှာ မွေးမြူရေးတိရစ္ဆာန်များမဟုတ်ဘဲ သူတို့၏ မွေးမြူရေးတိရစ္ဆာန်များ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်၊ မြက်ခင်းပြင်ဖြစ်သည်။ မြက်ခင်းပြင်များ မရှိလျှင် သူတို့၏မွေးမြူရေး တိရစ္ဆာန်များကို အဘယ်အရပ်၌ အစာကျွေးမည်နည်း။ ကျွဲနွားများနှင့် သိုးများက အဘယ်အရာကို စားကြမည်နည်း။ မွေးမြူရေး တိရစ္ဆာန်များမရှိလျှင် လှည့်လည်နေထိုင်သည့် လူမျိုးစုများက အသက်မွေးဝမ်းကျောင်းစရာ ရှိမည်မဟုတ်ပေ။ သူတို့တွင် အသက်မွေးဝမ်းကျောင်း လုပ်စရာရှိမည်မဟုတ်ပေ။ သူတို့၏ အသက်မွေးဝမ်းကျောင်း အရင်းအမြစ်မရှိလျှင် လူများက အဘယ်အရပ်ကို သွားကြမည်နည်း။ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန်က အလွန်ခက်ခဲလာမည်။ သူတို့တွင် အနာဂတ်ရှိမည်မဟုတ်တော့ပေ။ ရေအရင်းအမြစ်မရှိလျှင် မြစ်များနှင့် အင်းအိုင်များက ခြောက်သွေ့လာမည်။ အသက်ရှင်ရန်အတွက် ရေကို မှီခိုအားထားရသည့် ငါးအားလုံးက ရှိပါတော့မည်လော။ ဤငါးများ ရှိတော့မည်မဟုတ်ပေ။ အသက်မွေးဝမ်းကျောင်းအတွက် ရေနှင့် ငါးကို အမှီပြုရသည့် လူများက ဆက်ပြီး ရှင်သန်ရပ်တည်နိုင်ပါ့မည်လော။ သူတို့တွင် စားစရာမရှိလျှင်၊ သူတို့၏ အသက်မွေးဝမ်းကျောင်းအတွက် အရင်းအမြစ်မရှိလျှင် ဤလူများသည် ဆက်လက်ရှင်သန်ရပ်တည်နိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ သူတို့၏ အသက်မွေးဝမ်းကျောင်း သို့မဟုတ် ရှင်သန်ရပ်တည်နိုင်ရေးနှင့်ပတ်သက်ပြီး ပြဿနာရှိလာလျှင် ထိုလူမျိုးများသည် ရှေ့ဆက်နိုင်မည်မဟုတ်ပေ။ ပျောက်ကွယ်သွားနိုင်သည်။ ကမ္ဘာမြေကြီးမှ ပျက်သုဉ်းသွားနိုင်သည်။ နောက်ပြီးလျှင် အသက်မွေးဝမ်းကျောင်းအတွက် လယ်စိုက်ပျိုးသူများသည် သူတို့၏မြေများကို ဆုံးရှုံးသွားလျှင်၊ အပင်များ မစိုက်နိုင်ဖြစ်ပြီး အပင်အမျိုးမျိုးမှ အစားအစာများကို သူတို့ရမည်မဟုတ်တော့လျှင် ရလဒ်က အဘယ်အရာ ဖြစ်လာမည်နည်း။ အစားအစာမရှိလျှင် လူများက ဆာလောင်ပြီး သေဆုံးကုန်ကြမည် မဟုတ်လော။ လူများက ဆာလောင်ပြီး သေကြေကုန်လျှင် ဤလူမျိုးသည် ပျောက်ကွယ်သွားမည် မဟုတ်လော။ ထို့ကြောင့် ဤအရာသည် ပတ်ဝန်းကျင်အမျိုးမျိုးကို ဘုရားသခင် ထိန်းသိမ်းသည့် ရည်ရွယ်ချက်ပင်ဖြစ်သည်။ ပတ်ဝန်းကျင်အမျိုးမျိုးနှင့် ဂေဟစနစ်များကို ထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်တစ်ခုစီတိုင်းတွင်ရှိသည့် မတူညီသည့် သက်ရှိသတ္တဝါများကို ထိန်းသိမ်းခြင်းတွင် ဘုရားသခင်၌ ရည်ရွယ်ချက် တစ်ခုသာရှိသည်။ လူပေါင်းစုံကို ပြုစုစောင့်ရှောက်ရန်၊ မတူညီသည့် ပထဝီဆိုင်ရာပတ်ဝန်းကျင်များတွင် ရှင်သန်နေထိုင်ကြသည့် လူများကို စောင့်ရှောက်ရန်ဖြစ်သည်။

အကယ်၍ အရာအားလုံးသည် သူတို့၏ကိုယ်ပိုင် နိယာမများ ဆုံးရှုံးသွားလျှင် သူတို့သည် ဆက်လက် တည်ရှိမည်မဟုတ်ပေ။ အကယ်၍ အရာအားလုံး၏ နိယာမများသည် ဆုံးရှုံးသွားလျှင် အရာအားလုံးထဲတွင်ရှိသည့် သက်ရှိသတ္တဝါတို့သည် ရှေ့ဆက်နိုင်မည်မဟုတ်တော့ပေ။ လူသားများသည်လည်း သူတို့ရှင်သန်ရပ်တည်နိုင်ရန် မှီခိုနေရသည့် ရှင်သန်ရပ်တည်ရေးပတ်ဝန်းကျင် ပျောက်ဆုံးသွားမည်ဖြစ်သည်။ လူသားတို့သည် ဤအရာများအားလုံးပျောက်ဆုံးသွားလျှင် သူတို့ ဆက်လက်ရှင်သန်ပြီး မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ပွားများနိုင်မည်မဟုတ်ပေ။ ယခုအချိန်ထိ လူသားတို့ ရှင်သန်ရပ်တည်နေနိုင်သည့် အကြောင်းက ဘုရားသခင်သည် အရာအားလုံးကို လူသားများကို ပြုစုစောင့်ရှောက်ရန်၊ လူသားတို့ကို ကွဲပြားသည့် နည်းလမ်းများနှင့် ပြုစုစောင့်ရှောက်ရန် ထောက်ပံ့ထားခြင်းကြောင့် ဖြစ်သည်။ လူသားတို့ ယခုအချိန်ထိ ရှင်သန်ရပ်တည်နေနိုင်ခြင်း၊ လက်ရှိနေ့ရက်အထိ ရှင်သန်ရပ်တည်နေနိုင်ခြင်းက ဘုရားသခင်သည် လူသားတို့ကို မတူညီသည့် နည်းလမ်းများနှင့် ပြုစုစောင့်ရှောက်ထားသည့်အတွက်ကြောင့်သာဖြစ်သည်။ အကျိုးရှိပြီး အစီအစဉ်တကျဖြစ်သည့် သတ်မှတ်ထားပြီးဖြစ်သော ရှင်သန်ရပ်တည်နိုင်သည့် ထိုသို့သော ပတ်ဝန်းကျင် အမျိုးအစားနှင့်ဆိုလျှင် ကမ္ဘာမြေကြီးပေါ်တွင်ရှိသည့် လူအမျိုးအစားအားလုံး၊ လူမျိုးစုအားလုံးသည် သူတို့၏ ခွဲခန့်မှတ်သားထားသည့် ကိုယ်ပိုင်နယ်မြေအတွင်းတွင် ရှင်သန်နိုင်မည်ဖြစ်သည်။ ဤနယ်မြေ သို့မဟုတ် နယ်နိမိတ်စည်းများကို မည်သူမျှ ကျော်မသွားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာများကို သေချာချမှတ်ထားသူမှာ ဘုရားသခင်ဖြစ်၍ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို ဤနည်းလမ်းနှင့် အဘယ်ကြောင့် ချမှတ်ထားသနည်း။ ဤအရာသည် လူသားအားလုံးအတွက် အကယ်ပင် အရေးကြီးသည်။ အကယ်ပင် အရေးကြီးသည်။ ဘုရားသခင်သည် သက်ရှိအမျိုးအစား တစ်ခုချင်းစီတိုင်းအတွက် နယ်ပယ်ကို သေချာချမှတ်ခဲ့ပြီး လူသားမျိုးစု တစ်ခုစီတိုင်းအတွက် ရှင်သန်ရပ်တည်နိုင်သည့် နည်းလမ်းကို သတ်မှတ်ခဲ့သည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင်ရှိသည့် လူအမျိုးမျိုးနှင့် မတူညီသည့် လူမျိုးများကိုလည်း ပိုင်းခြားခဲ့ပြီး သူတို့၏ နယ်မြေများကိုလည်း သတ်မှတ်ခဲ့သည်။ ဤအရာသည် နောက်ထပ် ငါဆွေးနွေးလိုသည့် အကြောင်းအရာဖြစ်သည်။

စတုတ္ထအားဖြင့် ဘုရားသခင်သည် ကွဲပြားသည့် လူမျိုးများကြားတွင် နယ်နိမိတ်စည်းများ သတ်မှတ်ခဲ့သည်။ ကမ္ဘာမြေကြီးပေါ်တွင် လူဖြူ၊ လူမဲ၊ လူညို၊ လူဝါတို့ရှိကြသည်။ ဤအရာများက ကွဲပြားသည့် လူအမျိုးအစားများဖြစ်သည်။ ဘုရားသခင်သည် ဤကွဲပြားသည့် လူအမျိုးအစားတို့၏ ဘဝများအတွက် နယ်မြေကိုလည်း သတ်မှတ်ခဲ့သည်။ လူများက ဤအရာကို သတိမမူမိဘဲ ဘုရားသခင်၏ စီမံခန့်ခွဲမှုအောက်တွင် ရှင်သန်ရပ်တည်နိုင်သည့် သင့်တော်သော ပတ်ဝန်းကျင်အတွင်းတွင် နေထိုင်ကြသည်။ ဤအရာမှ မည်သူမျှ အပြင်မထွက်နိုင်ပေ။ ဥပမာ လူဖြူများကို ကြည့်ပါ၊ မည်သည့်နေရာတွင် သူတို့အများစု နေထိုင်ကြသနည်း။ သူတို့သည် အများအားဖြင့် ဥရောပနှင့် အမေရိကတွင် နေထိုင်ကြသည်။ လူမဲများက အာဖရိကတိုက်အတွင်းတွင် အဓိက နေထိုင်ကြသည်။ ထို့ပြင် လူညိုများက မည်သည့်နေရာများတွင် နေထိုင်ကြသနည်း။ ထိုင်း၊ အိန္ဒိယ၊ မြန်မာ၊ ဗီယက်နမ်နှင့် လာအိုစသော အရှေ့တောင်အာရှနှင့် အာရှတောင်ပိုင်းတွင် အဓိကအားဖြင့် နေထိုင်ကြသည်။ လူဝါများမူ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အခြား ဤကဲ့သို့နိုင်ငံများဖြစ်သည့် အာရှတွင် အဓိက နေထိုင်ကြသည်။ ဤကွဲပြားသည့်လူမျိုးများကို ကမ္ဘာတွင်ရှိသည့် ကွဲပြားသည့်အပိုင်းများတွင် ပြန့်နှံ့စေရန်အတွက် ဘုရားသခင်သည် ဤမတူညီသည့် လူမျိုးအားလုံးကို သင့်တော်စွာ ဖြန့်ခဲ့သည်။ ကမ္ဘာ၏ ဤမတူညီသည့် အပိုင်းများတွင် ဘုရားသခင်သည် ကွဲပြားသည့် လူမျိုးတစ်ခုစီအတွက် သင့်တော်သည့် ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်ကို ရှေးယခင်ကတည်းက ပြင်ဆင်ခဲ့သည်။ ဤရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင် အမျိုးအစားများထဲတွင် ဘုရားသခင်သည် သူတို့အတွက် မြေကြီးအရောင်နှင့် ပါဝင်ပစ္စည်းများကို ပြင်ဆင်ခဲ့သည်။ တစ်နည်းပြောရလျှင် လူဖြူများ၏ ကိုယ်ခန္ဓာနှင့် လူမဲတို့၏ ကိုယ်ခန္ဓာထဲရှိ ပါဝင်ပစ္စည်းများသည် မတူညီပေ။ အခြားလူမျိုးများ၏ ကိုယ်ခန္ဓာရှိ ပါဝင်ပစ္စည်းများနှင့်လည်း ကွဲပြားသည်။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် ထိုလူမျိုးအတွက် ရှင်သန်ရပ်တည်နိုင်ရန် ဤကဲ့သို့သော ပတ်ဝန်းကျင်ကို ပြင်ဆင်ခဲ့သည်။ သူထိုသို့ပြုခြင်း၏ ရည်ရွယ်ချက်က ဤလူအမျိုးအစားများက ပွားများလာသည့်အခါ၊ အရေအတွက် တိုးပွားလာသည့်အခါတွင် ဤနယ်မြေတွင်သာ တည်ရှိနေနိုင်အောင်ဖြစ်သည်။ ဘုရားသခင်သည် လူသားတို့ကို မဖန်ဆင်းမီတွင် ဤအရာများအားလုံးကို စဉ်းစားထားပြီးဖြစ်သည်။ လူဖြူများအတွက် ဖွံ့ဖြိုးတိုးတက်ပြီး ရှင်သန်နိုင်ခွင့်ပြုရန်အတွက် ဥရောပနှင့် အမေရိကကို ပေးသည်။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့်အခါတွင် သူ့ထံ၌ အစီအစဉ်ရှိပြီးဖြစ်သည်။ ဤကုန်းမြေအပိုင်းတွင် အဘယ်အရာကိုထည့်မည်၊ ထိုကုန်းမြေအပိုင်းတွင် အဘယ်အရာကို ပြုစုပျိုးထောင်မည်ဆိုသည့်အပေါ်တွင် ရည်ရွယ်ချက်၊ ဦးတည်ချက် ရှိနှင့်ပြီးဖြစ်သည်။ ဥပမာ ဘုရားသခင်သည် မည်သည့်တောင်များ၊ မည်မျှများသည့်လွင်ပြင်များ၊ မည်မျှများသည့် ရေအရင်းအမြစ်၊ မည်သည့်ငှက်နှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ မည်သည့်ငါးများ၊ မည်သည့်အပင်များ ဤကုန်းမြေပေါ်တွင် ရှိမည်ဆိုသည်ကို ရှေးကတည်းက ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ လူမျိုးတစ်ခုအတွက်၊ လူမျိုးစု တစ်ခုတို့ ရှင်သန်ရပ်တည်ရေးအတွက် ပတ်ဝန်းကျင်ကို ပြင်ဆင်သည့်အခါတွင် ဘုရားသခင်သည် အချက်အလက် အများအပြားကို ထည့်သွင်းစဉ်းစားသည်။ ပထဝီဆိုင်ရာ ပတ်ဝန်းကျင်၊ မြေကြီး၏ ပါဝင်ပစ္စည်း၊ ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ ငါးအမျိုးမျိုး၏ အရွယ်အစား၊ ငါးထဲတွင်ရှိသည့် ပါဝင်ပစ္စည်း၊ မတူညီသည့် ရေအရည်အသွေးနှင့် မတူညီသည့် အပင်အမျိုးအစား အားလုံး စသဖြင့်... ဘုရားသခင်သည် ယခင်တည်းက ဤအရာများ အားလုံးကို ပြင်ဆင်ပြီးဖြစ်သည်။ ဤပတ်ဝန်းကျင်အမျိုးအစားသည် လူဖြူများအတွက် ဘုရားသခင် ဖန်ဆင်းပြီး ပြင်ဆင်ခဲ့သည့် ရှင်သန်ရပ်တည်နိုင်သည့် ဇာတိပတ်ဝန်းကျင်ဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် ဤအရာများအတွက် များစွာစဉ်းစားခဲ့သည်ကို သင်တို့ မြင်သလော။ (မြင်ပါသည်။ လူအမျိုးမျိုးအတွက် ဘုရားသခင်၏ စဉ်းစားသုံးသပ်မှုက အလွန် စဉ်းစဉ်းစားစားရှိပါသည်။ ကွဲပြားသည့် လူအမျိုးမျိုးတို့ ရှင်သန်ရပ်တည်နိုင်ရေး ပတ်ဝန်းကျင်အတွက် သူသည် ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ ငါးအမျိုးအစားများ၊ တောင်များ မည်မျှရှိမည်နှင့် လွင်ပြင် မည်မျှရှိမည် စသည်တို့ကို ပြင်ဆင်ခဲ့ပါသည်။ ဤအရာအားလုံးကို အလွန်စဉ်းစဉ်းစားစားနှင့် အတိအကျ ထည့်သွင်းစဉ်းစားထားပါသည်။) ဥပမာ၊ လူဖြူများက မည်သည့်အစားအစာများကို အဓိက စားသနည်း။ လူဖြူများစားသည့် အစားအစာများက အာရှသားများ စားသည့်အစားအစာနှင့် အလွန်ကွဲပြားသည်။ လူဖြူများစားသည့် အဓိက အစားအစာများက အသား၊ ကြက်ဥ၊ နွားနို့နှင့် ကြက်ဘဲ အသားတို့ဖြစ်သည်။ အစေ့အဆန်များဖြစ်သည့် ပေါင်မုန့်နှင့် ဆန်သည် ယေဘူယျအားဖြင့် ပန်းကန်၏ဘေးတွင်ထားသည့် အရံအစားအစာများဖြစ်သည်။ ဟင်းသီးဟင်းရွက်များကို စားသည့်အခါပင် အမဲကင် သို့မဟုတ် ကြက်သားကို ထည့်စားကြသည်။ ဂျုံပါဝင်သည့် အစားအစာကို စားသည့်အခါပင် ဒိန်ခဲ၊ ကြက်ဥ သို့မဟုတ် အသားတို့ကို ထည့်ကြသည်။ ဆိုလိုချင်သည်မှာ သူတို့၏ အဓိက အစားအစာများသည် ဂျုံပါဝင်သည့်အစားအစာ သို့မဟုတ် ဆန်မဟုတ်ပေ၊ သူတို့သည် အသားနှင့် ဒိန်ခဲများကို တော်တော်များများ စားကြသည်။ ကယ်လိုရီ အလွန်များသည့် အစားအစာများကို စားကြသောကြောင့် ရေခဲရေကို မကြာခဏသောက်ကြသည်။ ထို့ကြောင့် လူဖြူများသည် အကယ်ပင် ကျန်းမာသန်စွမ်းကြသည်။ ဤအရာများက သူတို့အသက်တာများအတွက် အရင်းအမြစ်ဖြစ်သည်။ ဘုရားသခင် သူတို့အတွက် ပြင်ဆင်ထားသည့် သူတို့၏ ရှင်သန်နိုင်သည့် ပတ်ဝန်းကျင်ဖြစ်ပြီး ဤကဲ့သို့သော ဘဝနေမှုပုံစံမျိုးကို သူတို့အတွက် ခွင့်ပြုထားသည်။ ဤဘဝနေမှုပုံစံက တစ်ခြားလူမျိုးများ၏ ဘဝနေမှုပုံစံများနှင့် မတူပေ။ ဤဘဝနေမှုပုံစံတွင် မှန်ခြင်း၊ မှားခြင်း မရှိပေ။ ဘုရားသခင် ခွဲခန့်မှတ်သားထားသည့် နဂိုမူလအရာ ဖြစ်ပြီး၊ ဘုရားသခင်၏ စည်းမျဉ်းနှင့် သူ၏စီမံခန့်ခွဲမှုကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူတို့အတွက် ပြင်ဆင်ပေးထားသည့် ရှင်သန်ရပ်တည်မှု ပတ်ဝန်းကျင်ကြောင့်၊ သူတို့၏ လူမျိုးကြောင့် ဤလူမျိုး အမျိုးအစားသည် သူတို့၏ အသက်မွေးဝမ်းကျောင်းအတွက် သီးသန့် ဘဝနေထိုင်မှုပုံစံနှင့် သီးသန့် အရင်းအမြစ်များရှိကြသည်။ လူဖြူများအတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်မှ သူတို့ရရှိသည့် နေ့စဉ်အစားအစာများသည် ပေါများကြွယ်ဝသည်ဟု သင်ဆိုနိုင်သည်။

ဘုရားသခင်သည် အခြားလူမျိုးများ ရှင်သန်ရပ်တည်နိုင်ရန်အတွက် လိုအပ်သည့် ပတ်ဝန်းကျင်ကိုလည်း ပြင်ဆင်ခဲ့သည်။ လူမဲများလည်းရှိသည်။ လူမဲများက မည်သည့်နေရာတွင် တည်ရှိသနည်း။ အဓိကအားဖြင့် အာဖရိကအလယ်ပိုင်းနှင့် တောင်ပိုင်းများတွင် တည်ရှိသည်။ အသက်ရှင်ရန်အတွက် ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် ဘုရားသခင်သည် သူတို့အတွက် အဘယ်အရာပြင်ဆင်ခဲ့သနည်း။ အပူပိုင်းမုတ်သုံတောများ၊ ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးမျိုး၊ သဲကန္တာရများနှင့် ဤအရာများနှင့်အတူရှိမည့် အပင်အမျိုးမျိုးတို့ဖြစ်သည်။ သူတို့တွင် ရေ၊ သူတို့၏ အသက်မွေးမှုများနှင့် အစားအစာတို့အတွက် အရင်းအမြစ်များရှိသည်။ ဘုရားသခင်သည် သူတို့အပေါ် မတရားမပြုလုပ်ပေ။ သူတို့အဘယ်အရာများပြုလုပ်သည်ဖြစ်စေ သူတို့၏ ရှင်သန်ရပ်တည်မှုက ပြဿနာမဖြစ်ခဲ့ချေ။ သူတို့သည် ကမ္ဘာ၏အစိတ်အပိုင်းတစ်ခုအတွင်းတွင် သီးသန့်တည်နေရာနှင့် သီးသန့် အကျယ်အဝန်းတို့လည်း ပိုင်ဆိုင်ကြသည်။

ယခု လူဝါများအကြောင်း အနည်းငယ်ပြောကြစို့။ လူဝါများက အဓိကအားဖြင့် အရှေ့အရပ်တွင် နေကြသည်။ အရှေ့တိုင်းအရပ်နှင့် အနောက်တိုင်းအရပ်တို့၏ ပတ်ဝန်းကျင်နှင့် ပထဝီဝင်ဆိုင်ရာ တည်နေရာများတွင် မည်သည့်ကွာခြားချက်များရှိသနည်း။ အရှေ့တိုင်းတွင် ကုန်းမြေအများစုသည် သီးနှံဖြစ်ထွန်းသည်။ ဝတ္ထုပစ္စည်းများ၊ တွင်းထွက်အနည်များနှင့် ကြွယ်ဝနေသည်။ ဆိုလိုသည်မှာ မြေပေါ်နှင့် မြေအောက်က အရင်းအမြစ်အားလုံးသည် ပေါကြွယ်ဝသည်။ ဤလူအုပ်စုအတွက်၊ ဤလူမျိုးအတွက် ကိုက်ညီသည့်မြေကြီး၊ ရာသီဥတုနှင့် သူတို့အတွက် သင့်တော်သည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အမျိုးမျိုးတို့ကို ဘုရားသခင်ပြင်ဆင်ခဲ့သည်။ ထိုပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် အနောက်တိုင်းဘက်က ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အကြားတွင် အင်မတန် ကွဲပြားသော်လည်း လူများလိုအပ်သည့် အစားအစာ၊ အသက်မွေးမှုနှင့် ရှင်သန်ရပ်တည်ရေးအတွက် အရင်းအမြစ်များကို ဘုရားသခင်ပြင်ဆင်ထားခြင်းဖြစ်သည်။ အနောက်တိုင်းတွင် လူဖြူများ၌ ရှိသည့်အရာနှင့် ကွဲပြားသည့် ရှင်သန်ရပ်တည်ရေးပတ်ဝန်းကျင်သာဖြစ်သည်။ သို့သော် သင်တို့ကို ပြောပြရန်လိုသည့် သင်တို့၏အာရုံစိုက်မှုကိုလိုအပ်သည့် အရာတစ်ခုက အဘယ်အရာနည်း။ အရှေ့ပိုင်းလူမျိုး၏ အရေအတွက်က အတော်ကလေးမြင့်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ထိုမြေပေါ်တွင် အနောက်တိုင်းအရပ်နှင့် မတူညီသည့် ပစ္စည်းများ များစွာထည့်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ၏ ထိုအစိတ်အပိုင်းတွင် သူသည် မတူညီသည့် မြေပြင်များ အများအပြားနှင့် ပေါကြွယ်ဝသည့် ဝတ္ထုပစ္စည်းအမျိုးမျိုးကိုလည်း ထည့်သွင်းခဲ့သည်။ အလွန်ပေါများသည့် သဘာဝအရင်းအမြစ်များဖြစ်သည်။ မြေပြင်အနေအထားသည်လည်း အမျိုးမျိုးရှိပြီး ကွဲပြားသည်။ အရှေ့တိုင်းလူမျိုး၏ များပြားလှသည့် အရေအတွက်များကို ပြုစုစောင့်ရှောက်ရန်အတွက် လုံလောက်သည်။ အနောက်တိုင်းနှင့် မတူညီသည့် အရာတစ်ခုက အရှေ့ပိုင်းတွင်၊ တောင်ဘက်မှ မြောက်ဘက်၊ အရှေ့ဘက်မှ အနောက်ဘက်၊ ရာသီဥတုသည် အနောက်တိုင်းထက် ပိုကောင်းသည်။ ရာသီဥတုလေးခုကို ရှင်းလင်းစွာ ချမှတ်ထားသည်။ အပူချိန်က သက်သောင့်သက်သာရှိသည်။ သဘာဝအရင်းအမြစ်များက ပေါကြွယ်ဝသည်။ သဘာဝရှုခင်းများနှင့် မြေပြင်အနေအထား အမျိုးအစားများသည် အနောက်တိုင်းထက် ပိုကောင်းသည်။ ဘုရားသခင်သည် ဤအရာကို မည်သည့်အတွက်ကြောင့်လုပ်ခဲ့သနည်း။ ဘုရားသခင်သည် လူဖြူများနှင့် လူဝါများကြားတွင် အလွန်အကျိုးအကြောင်းသင့်သည့် ညီမျှမှုကို ဖန်ဆင်းခဲ့သည်။ ဤအရာသည် မည်သည်ကိုဆိုလိုသနည်း။ သူတို့၏ အစားအစာနှင့်ပတ်သက်သည့် အချက်အလက်တိုင်း၊ သူတို့ အသုံးပြုသည့် အရာများ၊ လူဖြူများ နှစ်သက်သည့်အရာများသည် လူဝါများ နှစ်သက်သည့်အရာများထက် ပိုပြီးကောင်းသည်။ သို့သော် ဘုရားသခင်သည် မည်သည့်လူမျိုးကိုမျှ မတရားမပြုလုပ်ပေ။ ဘုရားသခင်သည် လူဝါများကို ရှင်သန်ရပ်တည်ရန်အတွက် ပိုလှပပြီး ပိုကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ပေးခဲ့သည်။ ဤအရာသည် ညီမျှမှုဖြစ်သည်။ သင်တို့ နားလည်ပြီမဟုတ်လော။

ဘုရားသခင်သည် မည်သည့်လူအမျိုးအစားက ကမ္ဘာ၏မည်သည့်အပိုင်းတွင် နေမည်ဆိုသည်ကို ခွဲခန့်မှတ်သားထားပြီးဖြစ်ပြီး လူသားတို့သည် ထိုနယ်မြေ၏ အပြင်ကို သွား၍မရပေ။ ဤအရာသည် အလွန် ထူးခြားဆန်းကြယ်သည့်အရာဖြစ်သည်။ မတူညီသည့်ခေတ် သို့မဟုတ် အချိန်ကာလများတွင် စစ်ပွဲများ နယ်ချဲ့မှုများ ရှိလျှင်ပင် ဤစစ်ပွဲများ၊ နယ်ချဲ့ကျူးကျော်မှုများက ဘုရားသခင်သည် လူမျိုးတိုင်းအတွက် ခွဲခန့်မှတ်သားထားသည့် ရှင်သန်ရပ်တည်ရေးပတ်ဝန်းကျင်ကို မဖျက်ဆီးနိုင်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကမ္ဘာ၏ အချို့အပိုင်းတွင် လူမျိုးများကိုချမှတ်ခဲ့ပြီး သူတို့သည် ထိုနယ်မြေ၏ အပြင်ကို သွား၍မရပေ။ လူများက သူတို့၏ ပိုင်နက်ကို ပြောင်းလဲရန် သို့မဟုတ် ချဲ့ထွင်ရန် ရည်မှန်းချက်မျိုးရှိလျှင်ပင် ဘုရားသခင်၏ ခွင့်ပြုချက်မပါလျှင် လုပ်နိုင်ရန် အလွန်ခက်ခဲနေမည်ဖြစ်သည်။ အောင်မြင်ရန်အတွက် အလွန်ခက်ခဲပါလိမ့်မည်။ ဥပမာ လူဖြူများသည် သူတို့၏ ပိုင်နက်မြေကို ချဲ့ထွင်လိုပြီး အခြားနိုင်ငံများကို နယ်ချဲ့သိမ်းပိုက်သည်။ ဂျာမန်များက အခြားနိုင်ငံများကို ကျူးကျော်ဝင်ရောက်သည်။ အင်္ဂလန်က အိန္ဒိယကို သိမ်းပိုက်သည်။ ရလဒ်က မည်သို့နည်း။ အဆုံးတွင် သူတို့ ကျရှုံးခဲ့သည်။ ဤအရှုံးမှ အဘယ်အရာကို မြင်ရသနည်း။ ဘုရားသခင်ခွဲခန့်မှတ်သားထားသည့်အရာကို ဖျက်ဆီးပစ်ရန် ခွင့်မပြုထားပေ။ ထို့ကြောင့် အင်္ဂလန်၏ နယ်မြေချဲ့ထွင်မှုတွင် သင်မြင်ခဲ့ရသည့် အရှိန်အဟုန်က မည်မျှပင်ကြီးမားပါစေ အဆုံးတွင်တော့ ရလဒ်က သူတို့သည် ဆုတ်ခွာခဲ့ရပြီး ထိုနယ်မြေသည် အိန္ဒိယကသာ ပိုင်ဆိုင်ဆဲဖြစ်သည်။ ထိုနယ်မြေတွင် ဆက်လက်နေထိုင်သည့်သူများသည် အိန္ဒိယများပင်ဖြစ်သည်။ အင်္ဂလိပ်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုလျှင် ဘုရားသခင် ခွင့်မပြုသည့်အရာဖြစ်သည့်အတွက်ဖြစ်သည်။ သမိုင်း သို့မဟုတ် နိုင်ငံရေးကို သုတေသနပြုလုပ်ခဲ့သည့်သူအချို့က ဤအရာနှင့်ပတ်သက်ပြီး သုတေသနစာတမ်းများ တင်ပြထားသည်။ အင်္ဂလန်က မည်သည့်အတွက်ကြောင့် ကျရှုံးသနည်းဆိုသည့် အကြောင်းပြချက်များကို ပြောသည်။ ဤအရာသည် လူမျိုးစုတစ်စုကို အုပ်စိုး၍ မရနိုင်သောကြောင့် သို့မဟုတ် အခြားလူသားနှင့်ဆိုင်သည့် အကြောင်းပြချက် အချို့ကြောင့် ဖြစ်နိုင်သည်ဟုပြောသည်။ ဤအရာများက အကြောင်းပြချက် အစစ်မဟုတ်ပေ။ အကြောင်းပြချက် အမှန်မှာ ဘုရားသခင်ကြောင့် ဖြစ်သည်။ သူက ဤအရာကို ခွင့်မပြုပေ။ ဘုရားသခင်သည် လူမျိုးစုတစ်ခုကို နယ်မြေတစ်ခုတွင် နေစေခဲ့ပြီး သူတို့ကို ထိုနေရာမှာ နေရာချပေးထားသည်။ ဘုရားသခင်သည် သူတို့ကို ရွှေ့ပြောင်းခွင့်မပြုလျှင် သူတို့သည် ဘယ်တော့မျှ ရွှေ့ပြောင်းနိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် သူတို့အတွက် နယ်မြေသတ်မှတ်ပေးခဲ့လျှင် သူတို့သည် ထိုနယ်မြေအတွင်း၌သာ နေထိုင်ပါလိမ့်မည်။ လူသားတို့သည် ဤနယ်မြေကို ဖောက်ထွက်ခြင်း သို့မဟုတ် ချိုးဖောက်ခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ သေချာသည်။ နယ်ချဲ့များ၏ အင်အားက မည်မျှပင်ကြီးပါစေ သို့မဟုတ် နယ်ချဲ့ခံရသည့်သူများ၏ အင်အားက မည်မျှပင် အားနည်းပါစေ အဆုံးတွင် သူတို့၏ အောင်မြင်မှုက ဘုရားသခင်အပေါ်တွင်သာ မူတည်သည်။ သူက ဤအရာကို ခွဲခန့်မှတ်သားထားပြီးဖြစ်ပြီး မည်သူမျှ ဤအရာကို မပြောင်းလဲနိုင်ပေ။

အထက်ပါမှာ ဘုရားသခင်သည် လူမျိုးအမျိုးမျိုးကို ဖြန့်ခဲ့သည့် ပုံစံဖြစ်သည်။ ဘုရားသခင်သည် လူမျိုးများကို ဖြန့်ရန် အဘယ်အရာကို လုပ်ဆောင်ခဲ့သနည်း။ ပထမဦးဆုံး ပိုကြီးသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်၊ လူသားတို့အတွက် မတူညီသည့် နေရာချထားခြင်းတို့ကို ပြင်ဆင်ပြီး နောက်မှာတော့ ထိုနေရာတွင် မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ရှင်သန်ရပ်တည်ကြသည်။ ဤအရာသည် နေရာချထားပြီးဖြစ်သည်။ သူတို့ရှင်သန်ရပ်တည်နိုင်သည့် နယ်မြေက သတ်မှတ်ထားပြီးဖြစ်သည်။ ထို့ပြင် သူတို့၏ ရှင်သန်မှု၊ အဘယ်အရာကို စားသည်၊ အဘယ်အရာကို သောက်သည်၊ သူတို့၏ အသက်မွေးဝမ်းကျောင်း၊ ဘုရားသခင်သည် ဤအရာများအားလုံးကို ရှေးကတည်းက ပြင်ဆင်ချမှတ်ပြီး ဖြစ်သည်။ ထို့ပြင် ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ သူသည် မတူညီသည့် လူအမျိုးအစားများအတွက် မတူညီသည့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ မတူညီသည့် မြေကြီးဖွဲ့စည်းပုံများ၊ မတူညီသည့် ရာသီဥတုများ၊ မတူညီသည့် အပင်များ၊ မတူညီသည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များ ရှိကြသည်။ မတူညီသည့်နေရာများတွင် မတူညီသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်များပင်ရှိသည်။ မတူညီသည့် ရေများတွင် သူတို့၏ ထူးခြားသည့် ငါးများနှင့် ရေထွက်ပစ္စည်းများရှိကြသည်။ ပိုးမွှားအမျိုးအစားများကိုပင်လျှင် ဘုရားသခင်သည် ပိုင်းခြားသတ်မှတ်သည်။ ဥပမာ အမေရိကန်တွင်ရှိသည့် စာကလေးငှက်များက တရုတ်ပြည်မကြီးတွင်ရှိသည့် စာကလေးငှက်များနှင့် မတူပေ။ အမေရိကတိုက်တွင် ကြီးပြင်းသည့်အရာများ အားလုံးသည် အလွန်ကြီးမားသည်။ အလွန်မြင့်မားသည်။ အလွန်ကျန်းမာသန်စွမ်းသည်။ သစ်တောထဲတွင်ရှိသည့် သစ်ပင်များ၏ အမြစ်များက အလွန်တိမ်သော်လည်း သစ်ပင်က တော်တော်မြင့်သည့်အထိ ထွက်သည်။ မီတာ တစ်ရာကျော်အထိ မြင့်နိုင်သည်။ သို့သော် အာရှတွင်ရှိသည့် သစ်တောထဲက သစ်ပင်များသည် အများအားဖြင့် ထိုမျှလောက် မမြင့်ပေ။ ရှားစောင်းလက်ပတ်ပင်ကို သင်တို့အားလုံး ကြားဖူးကြမှာ သေချာသည်။ ဂျပန်တွင် ဤအပင်များမှာ အလွန်သေးသွယ်ပြီး၊ အလွန်ပါးသည်။ သို့သော် အမေရိကန်တွင်ရှိသည့် ရှားစောင်းလက်ပတ်ပင်များမှာမူ အကယ်ပင် ကြီးသည်။ ဤသည်က ကွဲပြားသည်။ နာမည်တူနှင့် အပင်အမျိုးအစားအတူတူပင်ဖြစ်သော်လည်း အမေရိကတိုက်တွင်ဆိုလျှင် တော်တော်ကိုပိုကြီးသည်။ ဤအချက်အမျိုးမျိုး၏ ကွာခြားမှုများကို လူများ မမြင် သို့မဟုတ် သတိမပြုမိခြင်းမျိုး ဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည်။ သူတို့ကို သေချာစွာသတ်မှတ်ချထားခဲ့ပြီး မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များ၊ မတူညီသည့် မြေမျက်နှာသွင်ပြင်များ၊ မတူညီသည့် လူမျိုးများအတွက် မတူညီသည့် သက်ရှိများကို ပြင်ဆင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်သည် မတူညီသည့်လူအမျိုးအစားများကို ဖန်ဆင်းခဲ့သည့်အတွက် သူတို့တစ်ယောက်ချင်းစီတိုင်း၏ လိုအပ်ချက်နှင့် သူတို့၏ ဘဝနေမှုပုံစံများကို သူသိသည့် အတွက်ကြောင့်ဖြစ်သည်။

ဤအကြောင်းအရာအချို့ကို ပြောပြီးသည့်နောက်တွင် ယခု ဆွေးနွေးခဲ့သည့် အဓိကအကြောင်းအရာနှင့် အကျွမ်းဝင်မှုအချို့ သင်တို့တွင် ရှိသလော။ ဤအရာနှင့်ပတ်သက်ပြီး နားလည်မှုအချို့ ရှိသလော။ ကျယ်ပြန်သည့် ခေါင်းစဉ်ထဲတွင် ဤအရာများကို ပြောရသည့် အကြောင်းရင်း တစ်ခုရှိသည်။ ယခု ဤအရာနှင့်ပတ်သက်ပြီး သင်တို့ အခြေခံ အကြမ်းဖျင်းအမြင် ရှိလောက်ပေပြီ၊ မှန်သလော။ သင်တို့ မည်မျှအထိ နားလည်လိုက်သနည်းဆိုသည်ကို ပြောနိုင်သည်။ (လူသားမျိုးနွယ် အားလုံးသည် အရာအားလုံးအတွက် ဘုရားသခင်ပိုင်းခြားသတ်မှတ်ထားသည့် နိယာမများအားဖြင့် ပြုစုစောင့်ရှောက်ခံရသည်။ ဘုရားသခင်သည် ဤနိယာမများကို ပိုင်းခြားသတ်မှတ်သည့်အခါတွင် သူသည် မတူညီသည့် ပတ်ဝန်းကျင်များနှင့်အတူ မတူညီသည့် လူမျိုးများ၊ မတူညီသည့် ဘဝနေမှု ပုံစံများ၊ မတူညီသည့် အစားအစာများ၊ မတူညီသည့် ရာသီဥတုများ၊ အပူချိန်များကို ပံ့ပိုးခဲ့ပါသည်။ ဤအရာက လူသားအားလုံးက ကမ္ဘာတွင် အခြေချနိုင်ပြီး ရှင်သန်ရပ်တည်နိုင်ရန်အတွက်ဖြစ်ပါသည်။ ဤအချက်မှ ၎င်းတို့ရှင်သန်နိုင်ရေးအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်များသည် အလွန်တိကျကြောင်း ကျွန်ုပ်တွေ့မြင်နိုင်ပြီး၊ သူ၏ဉာဏ်ပညာနှင့် အမှားကင်းစင်မှုနှင့် ကျွန်ုပ်တို့လူသားများအပေါ် သူ၏ချစ်ခြင်းမေတ္တာကို တွေ့မြင်နိုင်ပါသည်။) (ဘုရားသခင် သတ်မှတ်ထားသည့် နိယာမများနှင့် အတိုင်းအတာများကို မည်သည့်လူပုဂ္ဂိုလ်၊ ဖြစ်ရပ် သို့မဟုတ် အရာကမျှ မပြောင်းလဲနိုင်ပေ။ အားလုံးက သူ၏ စည်းမျဉ်းအောက်မှာ ရှိသည်။) အရာအားလုံးကြီးထွားရန်အတွက် ဘုရားသခင် ပိုင်းခြားသတ်မှတ်ခဲ့သည့် နိယာမများ၏ ရှုထောင့်မှ ကြည့်သည့်အခါတွင် လူသားအားလုံးသည် မည်သည့်အမျိုးအစားဖြစ်စေ ဘုရားသခင်၏ ထောက်ပံ့မှုအောက်တွင် နေနေကြသည်။ ၎င်းတို့အားလုံးသည် သူ၏ ပြုစုပျိုးထောင်မှုအောက်တွင် နေနေကြသည် မဟုတ်လော။ ဤနိယာမများက ဖျက်ဆီးခံရလျှင် သို့မဟုတ် လူသားတို့အတွက် ဤကဲ့သို့သော နိယာမများကို ဘုရားသခင်သည် မတည်ဆောက်ခဲ့လျှင် သူတို့၏ ရှေ့ရေးက မည်သို့ဖြစ်မည်နည်း။ လူသားများသည် အသက်ရှင်သန်ရပ်တည်ရန်အတွက် သူတို့၏ အခြေခံပတ်ဝန်းကျင်ကို ဆုံးရှုံးသွားပြီးနောက်တွင် သူတို့တွင် အစားအစာ အရင်းအမြစ်ရှိပါဦးမည်လော။ အစားအစာအရင်းအမြစ်သည် ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။ လူများက သူတို့၏ အစားအစာ အရင်းအမြစ် ပျောက်ဆုံးသွားလျှင်၊ ဆိုလိုသည်မှာ သူတို့သည် စားသောက်ရန်အတွက် ဘာမျှရရှိနိုင်မည်မဟုတ်လျှင် သူတို့ ဘယ်နှစ်ရက် ထပ်ပြီး အသက်ရှင်နိုင်မည်နည်း။ တစ်လပင် ဆက်ပြီး မရှင်သန်နိုင်တော့ခြင်းမျိုး ဖြစ်နိုင်သည်။ သူတို့၏ ရှင်သန်ရပ်တည်မှုသည် ပြဿနာတစ်ခု ဖြစ်လာမည်။ ထို့ကြောင့် လူသားတို့ ရှင်သန်ရပ်တည်ရေးအတွက်၊ သူတို့ဆက်လက် တည်ရှိပြီး ပွားများရန်အတွက်၊ တည်မြဲနိုင်ရန်အတွက် ဘုရားသခင်လုပ်ဆောင်သည့်အရာ တစ်ခုချင်းစီတိုင်းသည် အလွန်အရေးကြီးသည်။ အရာအားလုံးထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် တစ်ခုချင်းစီတိုင်းသည် လူသားတို့၏ ရှင်သန်ရပ်တည်မှုနှင့် နီးစပ်စွာ ဆက်စပ်နေပြီး ခွဲခြား၍မရပေ။ လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်မှုသည် ပြဿနာတစ်ခုဖြစ်လာလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ရှေ့ဆက်နိုင်ပါမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှုက တည်ရှိနေပါဦးမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် သူပြုစုပျိုးထောင်သည့် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရပ်တည်မှုနှင့် ယှဉ်တွဲတည်ရှိသည်။ ထို့ကြောင့် ဘုရားသခင်သည်အရာအားလုံးအတွက် မည်သည့်အရာကိုပင် ပြင်ဆင်ပါစေ၊ လူသားတို့အတွက် မည်သည့်အရာကိုပင်လုပ်ပါစေ၊ ဤအရာများအားလုံးသည် သူ့အတွက် လိုအပ်ပြီး လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးကြီးသည်။ အရာအားလုံးအတွက် ဘုရားသခင် ပိုင်းခြားသတ်မှတ်ခဲ့သည့် ဤနိယာမများသည် ထွက်ခွာသွားလျှင်၊ ဤနိယာမများသည် ချိုးဖောက်သွားလျှင် သို့မဟုတ် နှောင့်ယှက်ခံရလျှင် အရာအားလုံးသည် ဆက်ပြီးတည်ရှိနိုင်မည်မဟုတ်ပေ။ လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်သည် ဆက်လက်တည်ရှိမည်မဟုတ်ပေ။ သူတို့၏ နေ့စဉ် အစားအစာများလည်း ရှိမည်မဟုတ်သကဲ့သို့ သူတို့သည်လည်း တည်ရှိမည် မဟုတ်တော့ပေ။ ဤအကြောင်းအချက်ကြောင့် လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုလည်း ဆက်လက်တည်ရှိမည်မဟုတ်ပေ။

ဆွေးနွေးခဲ့သည့် အရာတိုင်း၊ တစ်ခုချင်းစီတိုင်း၊ အချက်အလက်တိုင်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ရှင်သန်ရပ်တည်မှုနှင့် နီးစပ်စွာ ဆက်နွှယ်နေသည်။ သင်တို့သည် ဤသို့ပြောကောင်းပြောနိုင်သည်။ “ကိုယ်တော်ပြောနေသည့် အကြောင်းအရာသည် အလွန်ကြီးလွန်းသည်။ ကျွန်ုပ်တို့ မမြင်နိုင်ပါ။” ထို့ပြင် ဤကဲ့သို့ ပြောမည့်လူများလည်း ရှိကောင်းရှိနိုင်သည်။ “ကိုယ်တော်ပြောနေသည့် အကြောင်းအရာသည် ကျွန်ုပ်တို့နှင့် ဘာမျှ မသက်ဆိုင်ပါ။” သို့သော် သင်သည် အရာအားလုံး၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ရှင်သန်နေသည်ဆိုသည်ကို မမေ့နှင့်။ သင်သည် ဘုရားသခင်၏အုပ်ချုပ်မှုအတွင်းရှိ အရာအားလုံး၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ အရာအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုမှ ခွဲထွက်၍မရပေ။ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ သူ၏အုပ်စိုးမှုအောက်မှ ခွဲထွက်၍မရပေ။ သူ၏အုပ်ချုပ်မှုကို ဆုံးရှုံးခြင်းနှင့် သူ၏ပံ့ပိုးမှုကို ဆုံးရှုံးခြင်းသည် လူတို့၏ဘဝများ၊ အသွေးအသားနှင့် လူတို့၏ဘဝများ ပျောက်ကွယ်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်တို့ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်ကို ဘုရားသခင် တည်ဆောက်ခြင်း၏ အရေးပါမှု ဖြစ်သည်။ သင်သည် မည်သည့်လူမျိုးဖြစ်စေ သို့မဟုတ် မည်သည့်ကုန်းမြေတွင် နေသည်ဖြစ်စေ၊ အနောက်တိုင်းဖြစ်စေ၊ အရှေ့တိုင်းဖြစ်စေ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ရှင်သန်ရပ်တည်ရန်အတွက် ပတ်ဝန်းကျင်မှ သင့်ကိုယ်သင် ခွဲထွက်၍မရပေ။ ထို့ပြင် လူသားတို့အတွက် သူတည်ဆောက်ခဲ့သည့် ရှင်သန်ရပ်တည်ရန်အတွက် ပတ်ဝန်းကျင်၏ ပြုစုစောင့်ရှောက်ခြင်း၊ ပံ့ပိုးခြင်းများမှ သင်ခွဲထွက်၍မရနိုင်ပေ။ သင်၏ အသက်မွေးဝမ်းကျောင်း၊ အသက်ရှင်သန်ရန်အတွက် သင်မှီခိုသည့်အရာ၊ အသွေးအသားနှင့် သင့်ဘဝကို ထောက်ပံ့ရန် သင်မှီခိုသည့်အရာသည် မည်သည့်အရာပင်ဖြစ်စေ ဘုရားသခင်၏ အုပ်ချုပ်မှုနှင့် သူ၏စီမံခန့်ခွဲမှုမှ သင့်ကိုယ်သင် ခွဲထွက်၍ မရနိုင်ပေ။ အချို့လူများက ဤသို့ပြောသည်။ “ကျွန်ုပ်က လယ်သမားမဟုတ်ပါ၊ အသက်မွေးဝမ်းကျောင်းရေးအတွက် ကောက်ပဲသီးနှံမစိုက်ပါ။ ကျွန်ုပ်၏အစားအစာအတွက် ကောင်းကင်ဘုံကို အမှီမပြုပါ၊ ထို့ကြောင့် ဘုရားသခင် တည်ဆောက်ခဲ့သည့် ရှင်သန်ရပ်တည်ရန်အတွက် ပတ်ဝန်းကျင်တွင် ကျွန်ုပ်ရှင်သန်နေသည်မဟုတ်ပါ။ ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးက ကျွန်ုပ်ကို ဘာမျှမပေးပါ။” သို့သော် ဤသည်မှာ မှန်သလော။ သင်အသက်မွေးရန်အတွက် ကောက်ပဲသီးနှံမစိုက်ပျိုးဟု သင်ဆိုသည်။ သို့သော် အစေ့အဆန်များကို သင်မစားသလော။ အသားနှင့် ဥများမစားသလော။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို မစားသလော။ သင်စားသည့်အရာအားလုံး၊ သင်လိုအပ်သည့် ဤအရာအားလုံးသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်တည်ဆောက်ခဲ့သည့် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ပတ်ဝန်းကျင်နှင့် ခွဲခြား၍မရနိုင်ပေ။ ထို့ပြင် လူသားမျိုးနွယ် လိုအပ်သည့် အရာအားလုံး၏ အရင်းအမြစ်သည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးမှ ခွဲခြား၍မရပေ။ သင်သောက်သုံးသည့်ရေ၊ သင်ဝတ်သည့် အဝတ်အစား၊ သင်အသုံးပြုသည့် အရာများအားလုံး၊ မည်သည့်အရာသည် အရာအားလုံးထဲတွင် မပါဝင်သနည်း။ အချို့လူများက ဤသို့ပြောသည်။ “အရာအားလုံးထဲမှ ရယူထားခြင်းမဟုတ်သည့် ပစ္စည်းအချို့ရှိသည်။ ပလတ်စတစ်ကို အရာအားလုံးထဲမှ ရယူထားခြင်းမဟုတ်ပါ။ ဤအရာသည် ဓါတုပစ္စည်းဖြစ်သည်။ လူလုပ်ထားသည့် အရာဖြစ်သည်။” ဤသည်မှာ မှန်သလော။ ပလတ်စတစ်သည် လူလုပ်ထားသည့် အရာပင်ဖြစ်သည်။ ဓါတုပစ္စည်းတစ်ခုဖြစ်သည်။ သို့သော် ပလတ်စတစ်၏ နဂိုပါဝင်ပစ္စည်းများသည် မည်သည့်နေရာမှ လာသနည်း။ နဂိုမူလပါဝင်ပစ္စည်းများသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဝတ္ထုပစ္စည်းများမှ ရသည်။ သင်နှစ်သက်ခံစားသည့် အရာများ၊ သင်မြင်သည့်အရာများ၊ သင်အသုံးပြုသည့် အရာတစ်ခုစီတိုင်းသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးမှ ရရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် မည်သည့်လူမျိုးပင်ဖြစ်စေ၊ မည်သည့် အသက်မွေးဝမ်းကျောင်းပင်ဖြစ်စေ၊ သို့မဟုတ် လူများ ရှင်သန်ရပ်တည်နိုင်ရန်အတွက် နေထိုင်သည့် မည်သည့်ပတ်ဝန်းကျင်အမျိုးအစားပင်ဖြစ်စေ၊ ဤအရာများသည် ဘုရားသခင်၏ ပံ့ပိုးမှုမှ ခွဲထွက်မသွားနိုင်ပေ။ ဤသို့ဆိုလျှင် ယနေ့ဆွေးနွေးသည့် ဤအကြောင်းအရာများမှာ “ဘုရားသခင်သည် အရာအားလုံးအတွက် အသက်အရင်းအမြစ်ဖြစ်သည်” ဟူသည့် ခေါင်းစဉ်နှင့် ဆက်စပ်သလော။ ဤသို့ဆိုလျှင် ယနေ့ဆွေးနွေးခဲ့သည့် အကြောင်းအရာများသည် ဤပိုကြီးသည့် ခေါင်းစဉ်အောက်မှာ ကျရောက်သလော။ (ကျရောက်ပါသည်။) ယနေ့ပြောခဲ့သည့် အကြောင်းအရာအချို့က အနည်းငယ်ယေဘူယျဆန်ပြီး ဆွေးနွေးရန် အနည်းငယ်ခက်နေခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယခုသင်တို့ အနည်းငယ်ပိုပြီး နားလည်ကောင်းနားလည်လာမည်ဟု ငါထင်သည်။

မိတ်သဟာယပြုခြင်း၏ ယခင်အချိန်အချို့မှာ၊ မိတ်သဟာယပြုလုပ်ခဲ့သည့် ခေါင်းစဉ်၏ ဘောင်သည် ကျယ်ပြန့်သည်။ နယ်မြေသည် ကျယ်သည်။ ထို့ကြောင့် အားလုံးကို ခံယူရန်မှာ သင်တို့အတွက် အနည်းငယ် အားထုတ်ရသည်။ ဤသည်မှာ ဤခေါင်းစဉ်များသည် ဘုရားသခင်အပေါ် လူများ၏ ယုံကြည်မှု၌ ယခင်က မကြုံတွေ့ခဲ့ဖူးသည့် အရာများ ဖြစ်နေသောကြောင့်ဖြစ်သည်။ အချို့လူများသည် ထူးဆန်းသည့်အရာတစ်ခုအနေနှင့် နားထောင်ပြီး အချို့လူများသည် ပုံပြင်တစ်ပုဒ်အနေနှင့် နားထောင်သည်။ မည်သည့်ရှုထောင့်သည် မှန်သနည်း။ မည်သည့်ရှုထောင့်မှ ဤအရာများအားလုံးကို သင်တို့ကြားသနည်း။ (ဘုရားသခင်သည် အရာအားလုံးကို နည်းလမ်းတကျ စီစဉ်ပုံနှင့် အရာအားလုံး၌ ဤနိယာမများရှိသည်ဆိုသည်ကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ပြီး ဤနှုတ်ကပတ်တော်များမှတစ်ဆင့် လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် သူ၏ စေ့စပ်သည့် စီစဉ်မှုများကို ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။) မိတ်သဟာယပြုလုပ်သည့် ဤအချိန်များမှ တစ်ဆင့် အရာအားလုံးအပေါ်တွင် ဘုရားသခင်၏ စီမံခန့်ခွဲမှု နယ်ပယ်မှာ မည်သည့်အရာဖြစ်သည်ကို သင်တို့မြင်သလော။ (လူသားအားလုံး၊ အရာရာအားလုံးဖြစ်ပါသည်။) ဘုရားသခင်သည် လူမျိုးတစ်မျိုး၏ ဘုရားလော။ သူက လူအမျိုးအစားတစ်ခု၏ ဘုရားလော။ သူသည် လူသားမျိုးနွယ်၏ သေးငယ်သည့် အပိုင်းတစ်ခု၏ ဘုရားလော။ (မဟုတ်ပါ။) ဤကဲ့သို့မဟုတ်သည့်အတွက်ကြောင့် ဘုရားသခင်အပေါ် လူများ၏ သိမြင်မှုမှာ သူသည် လူသားမျိုးနွယ်၏ သေးငယ်သည့်အပိုင်းတစ်ခု၏ ဘုရားဆိုလျှင် သို့မဟုတ် ထိုဘုရားသည် သင်တစ်ဦးတည်း၏ ဘုရားဟု သင်ယုံကြည်လျှင်၊ ဤရှုထောင့်သည် မှန်ကန်သလော။ ဘုရားသခင်သည် အရာအားလုံးကို စီမံခန့်ခွဲပြီး အုပ်ချုပ်ခြင်းကြောင့် လူများသည် အရာအားလုံးအပေါ်တွင် သူ၏အုပ်စိုးမှုမှ ဖွင့်ပြသည့် သူ၏ လုပ်ဆောင်ချက်များ၊ သူ၏ဉာဏ်ပညာ၊ သူ၏အနန္တတန်ခိုးရှိမှုများကို မြင်တွေ့သင့်သည်။ ဤအရာသည် လူများမဖြစ်မနေသိရမည့် အရာဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို စီမံသည်၊ အရာအားလုံးအပေါ်တွင် အုပ်စိုးသည်၊ လူသားအားလုံးကို အုပ်စိုးသည်ဟု သင်ဆိုသော်လည်း လူသားမျိုးနွယ်အပေါ် သူ၏အုပ်စိုးမှုအပေါ်တွင် နားလည်ခြင်း သို့မဟုတ် သိမြင်ခြင်း မရှိလျှင် သူက အရာအားလုံးကို အုပ်စိုးသည်ဆိုသည်ကို သင်အမှန်တကယ် အသိအမှတ်ပြုနိုင်ပါ့မည်လော။ “ငါအသိအမှတ်ပြုနိုင်သည်။ ငါ၏ဘဝကို ဘုရားသခင်သည် အုပ်စိုးသည်ကို ငါသိသောကြောင့်ဖြစ်သည်” ဟု သင့်နှလုံးသားထဲတွင် သင်ဆိုကောင်းဆိုနိုင်သည်။ သို့သော် ဘုရားသခင်သည် အကယ်ပင် ထိုမျှလောက် သေးငယ်သလော။ မသေးငယ်ပေ။ သင့်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် သင့်အထဲမှ သူ၏လုပ်ဆောင်ချက်ကိုသာ သင်မြင်ပြီး ဤအရာများမှ သူ၏အုပ်စိုးမှုကို သင်မြင်သည်။ ဤအရာသည် အလွန်သေးလွန်းသည့် နယ်ပယ်ဖြစ်ပြီး ဘုရားသခင်အပေါ် သင်၏အမှန်တကယ်သိမြင်မှုအပေါ်တွင် သက်ရောက်မှုရှိသည်။ ဤအရာက အရာအားလုံးအပေါ်တွင် ဘုရားသခင်၏အုပ်စိုးမှုအပေါ် သင်၏ အမှန်တကယ် သိမြင်မှုကိုလည်း ကန့်သတ်ထားသည်။ ဘုရားသခင်အပေါ် သင်၏သိမြင်မှုကို သင့်အတွက် ဘုရားသခင် ပံ့ပိုးပေးသည့်အရာနှင့် သင့်အတွက် သူ၏ ကယ်တင်ခြင်းနယ်ပယ်၌သာ ကန့်သတ်ထားလျှင် သူသည် အရာရာတိုင်းအပေါ် အုပ်စိုးခြင်း၊ အရာအားလုံးအပေါ်တွင် အုပ်စိုးခြင်းနှင့် လူသားအားလုံးအပေါ် အုပ်စိုးခြင်းကို သင်ဘယ်တော့မျှ သိမြင်နိုင်မည် မဟုတ်ပေ။ သင်က ဤအရာများအားလုံးကို မသိမြင်နိုင်သည့်အခါ ဘုရားသခင်သည် သင့်ကံကြမ္မာအပေါ် အုပ်စိုးသည်ဆိုသည့် အချက်ကို သင်အမှန်တကယ် သိမြင်နိုင်ပါ့မည်လော။ မသိမြင်နိုင်ပေ။ သင့်နှလုံးသားထဲတွင် ထိုအချက်ကို သင်ဘယ်တော့မျှ သိမြင်မည်မဟုတ်ပေ။ ထိုအဆင့်ကို သင်ဘယ်တော့မျှ သိမြင်မည်မဟုတ်ပေ။ သင်နားလည်သည် မဟုတ်လော။ အမှန်တကယ်တွင် ငါပြောနေသည့် ဤအကြောင်းအရာအပေါ်တွင်၊ ဤခေါင်းစဉ်၏ မည်သည့်အဆင့်အထိ သင်တို့ နားလည်နိုင်သည်ဆိုသည်ကို ငါသိသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ငါဆက်ပြီးပြောနေခြင်းဖြစ်သနည်း။ အဘယ်ကြောင့်ဆိုလျှင် ဤခေါင်းစဉ်များက ဘုရားသခင်၏ နောက်လိုက်တစ်ဦးချင်းစီတိုင်း၊ ဘုရားသခင်၏ကယ်တင်ခြင်းကို ခံလိုသည့် လူတစ်ဦးချင်းစီတိုင်းက နားလည်ရမည့် အရာများဖြစ်နေ၍ဖြစ်သည်။ ဤခေါင်းစဉ်များကို သူတို့သိရမည်။ ဤအချိန်တွင် ဤအရာများကို သင်နားမလည်သော်လည်း တစ်နေ့မှာ သင့်ဘဝနှင့် သမ္မာတရားအပေါ် သင်၏တွေ့ကြုံမှုသည် အဆင့်တစ်ခုကို ရောက်သွားလျှင်၊ သင်၏အသက်တာစိတ်သဘောထားအတွင်း ပြောင်းလဲခြင်းက အဆင့်တစ်ခုကို ရောက်သွားပြီး သင်၏ ဝိညာဉ်အသက်တာက အတိုင်းအတာ တစ်ခုထိ တိုးတက်သွားသည့်အခါ သင်တို့နှင့် မိတ်သဟာယပြု၍ ငါဆက်သွယ်ပြောဆိုနေသည့် ဤအကြောင်းအရာများက ဘုရားသခင်ကို သိမြင်မှုအပေါ် သင်၏ကြိုးစားမှုကို အမှန်တကယ်ထောက်ပံ့ပြီး ကျေနပ်စေမည်ဖြစ်သည်။ ထို့ကြောင့် ဤစကားလုံးများက အုတ်မြစ်တစ်ခုချရန် ဖြစ်သည်။ အရာအားလုံးအပေါ်တွင် ဘုရားသခင် အုပ်စိုးခြင်းအပေါ် နောင်အချိန်မှာ သင်နားလည်ရန်အတွက် ပြင်ဆင်ရန်ဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင် အပေါ်တွင် သင်၏ နားလည်မှုအတွက် ဖြစ်သည်။

လူတို့၏ နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မည်မျှနားလည်သနည်းဆိုသည်က သူတို့နှလုံးသားထဲတွင် ဘုရားသခင်က နေရာမည်မျှယူထားသနည်းဆိုသည်ကို သတ်မှတ်သည်။ သူတို့နှလုံးသားထဲတွင် ဘုရားသခင်ကို သိခြင်းအဆင့်က မည်မျှကြီးသည်ဆိုခြင်းက သူတို့နှလုံးသားထဲတွင် ဘုရားသခင်က မည်မျှကြီးမြတ်သည် ဆိုခြင်းပင်ဖြစ်သည်။ သင်သိသည့် ဘုရားက အနှစ်မဲ့ပြီး ဝိုးတိုးဝါးတားဖြစ်နေလျှင် သင်ယုံကြည်သည့် ဘုရားသည်လည်း အနှစ်မဲ့ပြီး ဝိုးတိုးဝါးတားဖြစ်နေမည်ဖြစ်သည်။ သင်သိသည့် ဘုရားသည် သင်၏ ကိုယ်ပိုင်နယ်ပယ်မှာသာ ကန့်သတ်ခြင်းခံထားရသည်ဆိုလျှင် သူက အလွန်သေးငယ်သည့် ဘုရားဖြစ်ပြီး စစ်မှန်သည့် ဘုရားသခင်နှင့် ဘာမျှမသက်ဆိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်ချက်များကို သိခြင်း၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် သူ၏ အတိုင်းအဆမဲ့တန်ခိုးကြီးမားမှုကို သိခြင်း၊ ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာအမှန်ကို သိခြင်း၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို သိခြင်း၊ အရာအားလုံးကြားတွင် သူထုတ်ဖော်ပြသခဲ့သည့်အရာကို သိခြင်း၊ ဤအရာများသည် ဘုရားသခင်သည် သိမြင်ရန် ကြိုးစားသည့်သူ တစ်ယောက်ချင်းစီတိုင်းအတွက် အလွန်အရေးကြီးသည်။ ဤအရာများသည် လူများ သမ္မာတရား၏ စစ်မှန်မှုထဲကို ဝင်ရောက်နိုင်မှု ရှိမရှိအပေါ်တွင် တိုက်ရိုက် ဆက်စပ်မှု ရှိနေသည်။ သင်က ဘုရားသခင်အပေါ် သင်၏နားလည်မှုကို စကားလုံးများသက်သက်အဖြစ်သာ ကန့်သတ်ထားလျှင်၊ သင်၏ နည်းပါးသော ကိုယ်ပိုင်အတွေ့အကြုံအပေါ်တွင်၊ သင်ရေတွက်သည့် ဘုရားသခင်၏ကျေးဇူးတော် သို့မဟုတ် ဘုရားသခင်အပေါ် သင်၏ နည်းပါးသော သက်သေခံခြင်းအပေါ်တွင်သာ ကန့်သတ်ထားလျှင် သင်ယုံကြည်သည့် ဘုရားသခင်သည် စစ်မှန်သည့်ဘုရားသခင် လုံးဝမဟုတ်ဟု ငါပြောမည်။ သူကိုယ်တော်တိုင်နှင့် သင်ယုံကြည်သည့် ဘုရားသခင်သည် စိတ်ကူးသက်သက် ဘုရားသခင် တစ်ပါးဖြစ်ပြီး စစ်မှန်သည့်ဘုရားသခင် မဟုတ်ဟုလည်း ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုလျှင် စစ်မှန်သည့်ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးသည့်၊ အရာအားလုံးကြားတွင် လျှောက်သွားသည့်၊ အရာအားလုံးကို စီမံသည့်သူဖြစ်သည်။ သူသည် လူသားအားလုံး၏ ကံကြမ္မာကို ချုပ်ကိုင်ထားသည့်သူဖြစ်သည်။ အရာအားလုံး၏ ကံကြမ္မာကို ချုပ်ကိုင်ထားသည့်သူဖြစ်သည်။ ငါပြောဆိုနေသည့် ဘုရားသခင်၏ အမှုနှင့် လုပ်ဆောင်ချက်များသည် လူများ၏ သေးငယ်သည့်အပိုင်းမှာသာ ကန့်သတ်မထားပေ။ ဆိုလိုသည်မှာ လက်ရှိအချိန်၌ သူ့နောက်ကိုလိုက်နေသည့်လူများထံ၌သာ ကန့်သတ်မထားပေ။ သူ၏ လုပ်ဆောင်ချက်များသည် အရာအားလုံးအထဲတွင်၊ အရာအားလုံး၏ ရှင်သန်ရပ်တည်မှုတွင်၊ အရာအားလုံး၏ ပြောင်းလဲခြင်းနိယာမများထဲတွင် ထုတ်ဖော်ပြသခြင်းခံရသည်။ သင်သည် အရာအားလုံးထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်မှန်သမျှကို မမြင်နိုင်လျှင် သို့မဟုတ် မသိမြင်နိုင်လျှင် သူ၏ မည်သည့်လုပ်ဆောင်ချက်ကိုမျှ သင်သက်သေခံနိုင်မည်မဟုတ်ပေ။

သင်သည် ဘုရားသခင်အတွက် မည်သည့်သက်သေမျှ မခံနိုင်ဘူးဆိုလျှင်၊ သင်သိသည့် သေးငယ်သည့် ဘုရားဟုခေါ်သည့်အရာကို ဆက်လက်ပြောဆိုနေလျှင်၊ သင်၏ကိုယ်ပိုင် စိတ်ကူးထဲတွင်သာ ကန့်သတ်ထားပြီး သင်၏ကျဉ်းမြောင်းသည့် စိတ်အတွင်းမှာပဲရှိသည့်ဘုရား၊ ဤကဲ့သို့သော ဘုရားမျိုးကို ဆက်ပြောဆိုနေလျှင် ဘုရားသခင်သည် သင်၏ယုံကြည်မှုကို ဘယ်တော့မျှ ချီးမြှောက်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် သက်သေခံသည့်အခါတွင် သင်က ဘုရားသခင်၏ကျေးဇူးတော်ကို မည်သို့နှစ်သက်ခံစားသည်၊ ဘုရားသခင်၏ဆုံးမမှုနှင့် ပြစ်ဒဏ်ခတ်မှုကို မည်သို့လက်ခံသည်၊ သူ့အတွက် သင်၏ သက်သေခံခြင်း၌ သူ၏ ကောင်းချီးများကို မည်သို့နှစ်သက်ခံစားသည် စသည်တို့ကိုသာ အသုံးပြုလျှင်၊ ဤအရာသည် အင်မတန် မလုံလောက်ဘဲ သူ့ကိုကျေနပ်စေရန် အဝေးကြီးလိုပါသေးသည်။ သင်သည် ဘုရားသခင်၏အလိုတော်နှင့်ကိုက်ညီသည့် ဘုရားသခင်အတွက် သက်သေခံခြင်းပြုလုပ်လိုလျှင်၊ စစ်မှန်သည့် ဘုရားသခင်ကိုယ်တော်တိုင်၏ သက်သေကိုခံလိုလျှင် ဘုရားသခင်၏ လုပ်ဆောင်ချက်များမှတစ်ဆင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သင်မြင်ရမည်။ အရာအားလုံးအပေါ်တွင် သူ၏အုပ်ချုပ်မှုမှ ဘုရားသခင်၏ အခွင့်အာဏာကို သင်တွေ့မြင်ပြီး လူသားအားလုံးအတွက် သူမည်သို့ ပံ့ပိုးပေးသည်ဆိုသည့် သမ္မာတရားကို သင်မြင်ရမည်။ သင်သည် အသက်တာ၌ သင်၏လိုအပ်ချက်များ၊ စားစရာ၊ သောက်စရာများက ဘုရားသခင်ထံမှ လာသည်ဆိုသည်ကိုသာ အသိအမှတ်ပြုပြီး အရာအားလုံးကို အသုံးပြု၍ လူသားအားလုံးအတွက် ဘုရားသခင် ထောက်ပံ့သည်ဆိုသည့် သမ္မာတရား၊ အရာအားလုံးအပေါ်တွင် သူ၏အုပ်ချုပ်မှုနှင့် လူသားများကို သူဦးဆောင်သည်ဆိုသည်ကို သင်မသိမြင်ပါက သင်သည် ဘုရားသခင်အတွက် ဘယ်တော့မျှ သက်သေခံနိုင်မည် မဟုတ်ပေ။ ယခု ဤအရာအားလုံးကို သင်နားလည်ပြီမဟုတ်လော။ ဤအရာများအားလုံးကို ပြောရသည့် ရည်ရွယ်ချက်က မည်သို့နည်း။ ဤအရာများကို သင်တို့ ခပ်ပေါ့ပေါ့မထားရန်၊ ယခုပြောခဲ့သည့် ခေါင်းစဉ်များက အသက်တာထဲသို့ သင်တို့၏ကိုယ်ပိုင်ဝင်ရောက်ခြင်းနှင့် မသက်ဆိုင်ဟု မမြင်စေရန်၊ ဤခေါင်းစဉ်များကို ဗဟုသုတတစ်မျိုးသက်သက် သို့မဟုတ် အယူဝါဒသက်သက်တစ်ခုအနေနှင့် မခံယူစေရန်အတွက် ဖြစ်သည်။ သင်သည် ဤကဲ့သို့ သဘောထားမျိုးနှင့် ဤအရာများကို နားထောင်လျှင် ဘာတစ်ခုမျှ ရမည်မဟုတ်ပေ။ ဘုရားသခင်ကိုသိရန် ဤကြီးမားသည့် အခွင့်အလမ်းကြီးကို သင်ဆုံးရှုံးရမည်ဖြစ်သည်။ ယခု ဤအရာကို မှတ်မိနိုင်ပြီမဟုတ်လော။

ဤအရာများအားလုံးကို ငါပြောရခြင်း၏ ပန်းတိုင်က အဘယ်အရာနည်း။ ငါ၏ပန်းတိုင်က ဘုရားသခင်ကို လူများသိရန်၊ ဘုရားသခင်၏ လက်တွေ့လုပ်ဆောင်ချက်များကို လူများ နားလည်ရန်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နားလည်ပြီး သူ၏ လုပ်ဆောင်ချက်များကို သိသည့်အချိန်ကျမှသာ သူ့ကို သိရန် ဖြစ်နိုင်ခြေ သို့မဟုတ် အခွင့်အလမ်း သင့်မှာ ရှိမည်ဖြစ်သည်။ ဥပမာ သင်က လူတစ်ယောက်ကို နားလည်လိုပါက သူတို့ကို မည်သို့ နားလည်မည်နည်း။ သူတို့၏ အပြင်ပန်းသဏ္ဌာန်ကိုကြည့်ခြင်းအားဖြင့်လော။ သူတို့ဝတ်သည့်၊ ဝတ်ဆင်ထားသည့်အရာကို ကြည့်ခြင်းအားဖြင့်လော။ သူတို့ လမ်းလျှောက်ပုံကို ကြည့်ခြင်းအားဖြင့်လော။ သူတို့၏ အသိပညာအတိုင်းအတာကို ကြည့်ခြင်းအားဖြင့်လော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် လူတစ်ယောက်ကို သင်မည်ကဲ့သို့ နားလည်အောင်လုပ်မည်နည်း။ လူတစ်ယောက်၏ ပြောဆို၊ ပြုမူပုံများမှတစ်ဆင့်၊ သူတို့ အတွေးများမှတစ်ဆင့်၊ သူတို့ဖော်ပြသည့်၊ ဖွင့်ပြသည့်အရာများမှတစ်ဆင့် သင်အကဲဖြတ်သည်။ ဤသည်မှာ လူတစ်ယောက်ကို သင်သိနိုင်သည့်နည်း၊ နားလည်နိုင်သည့်နည်းဖြစ်သည်။ ဤသို့ပင် သင်တို့က ဘုရားသခင်ကို သိချင်သည်ဆိုလျှင် သူ၏လက်တွေ့ကျသည့်ဘက်၊ သူ၏မှန်ကန်သည့်ဘက်ကို သိချင်သည်ဆိုလျှင် သူလုပ်ဆောင်သည့် လက်တွေ့အရာတစ်ခုချင်းစီနှင့် သူ၏လုပ်ဆောင်ချက်များမှတစ်ဆင့် သူ့ကို သိရမည်။ ဤအရာသည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး တစ်ခုတည်းသော နည်းလမ်းလည်းဖြစ်သည်။ ဤသို့ဆိုလျှင် ယခု သင်တို့ နားလည်သလော။

ဘုရားသခင်သည် လူသားမျိုးနွယ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် တည်ငြိမ်သည့်ပတ်ဝန်းကျင်ကို ပေးရန် အရာအားလုံးအတွင်းရှိ ဆက်နွှယ်မှုများကို ဟန်ချက်ညီစေသည်

ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို အရာအားလုံးအကြားနှင့် သူအုပ်စိုးသည့် အရာအားလုံးအကြားတွင် ထင်ရှားစေပြီး အရာအားလုံး၏ နိယာမများကို ထိန်းချုပ်ထားသည်။ ဘုရားသခင်သည် အရာအားလုံး၏နိယာမတရားများကို မည်သို့အုပ်စိုးသည်ဆိုခြင်းနှင့် ဤနိယာမများအတွင်း၌ရှိသည့် လူသားအားလုံးကို မည်သို့ထောက်ပံ့ပြီး ပြုစုပျိုးထောင်သည်ဆိုသည့်အကြောင်းကို ငါတို့ပြောခဲ့ကြသည်။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ နောက်တစ်ခုမှာ အရာအားလုံးကို ဘုရားသခင် ထိန်းချုပ်သည့် နည်းလမ်းတစ်ခုဖြစ်သည့် နောက်ထပ် ရှုထောင့်တစ်ခု ပြောမည်။ အရာအားလုံးကို ဖန်ဆင်းပြီးနောက် ဤအရာအားလုံးကြားက ဆက်နွှယ်မှုများကို ဟန်ချက်ညီအောင် သူပြုလုပ်ပုံဖြစ်သည်။ ဤအရာသည်လည်း သင်တို့အတွက် အတော်အတန် ကြီးမားသည့် ခေါင်းစဉ်တစ်ခုဖြစ်သည်။ အရာအားလုံးကြားက ဆက်နွှယ်မှုများကို ဟန်ချက်ညီစေခြင်းသည် လူများ လုပ်ဆောင်နိုင်သည့် အရာတစ်ခုလော။ လူများက သူတို့ဘာသာ မလုပ်နိုင်ပေ။ လူများက ဖျက်ဆီးခြင်းသာ တတ်နိုင်သည်။ အရာအားလုံးကြားက ဆက်နွှယ်မှုများကို ဟန်ချက်ညီအောင် မလုပ်နိုင်ပေ။ သူတို့သည် ဤအရာများကို မကိုင်တွယ်နိုင်သကဲ့သို့ ဤကဲ့သို့သော ကြီးမားသည့် အခွင့်အာဏာ သို့မဟုတ် တန်ခိုးလည်း မရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် ဤကဲ့သို့သောအရာမျိုးကို လုပ်ရန်အတွက် တန်ခိုးရှိသည်။ ဤကဲ့သို့သောအရာမျိုးကို လုပ်ဆောင်သည့်နေရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သနည်း။ အတူတူပင်ဖြစ်သည်။ ယင်းမှာ လူသားတို့ ရှင်သန်ရပ်တည်နိုင်ရေးနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ ဘုရားသခင် လုပ်ဆောင်လိုသည့် အရာတစ်ခုစီတိုင်းက လိုအပ်သည်။ သူလုပ်ကောင်းလုပ်နိုင်သည့် သို့မဟုတ် မလုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ သူသည် လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးကို ကာကွယ်ပြီး ရှင်သန်ရပ်တည်ရေးအတွက် အကျိုးရှိသည့် ပတ်ဝန်းကျင်အား လူများကို ပေးရန်အတွက် သူတို့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သူလုပ်ဆောင်ရမည့် အရေးကြီးသည့် အချက်အချို့၊ မဖြစ်မနေလုပ်ရမည့် အရာအချို့ရှိသည်။

“ဘုရားသခင်သည် အရာအားလုံးကို ဟန်ချက်ညီစေသည်” ဟူသည့် စကားစု၏ အရှိအတိုင်း အဓိပ္ပာယ်မှ ကြည့်လျှင်၊ ဤသည်မှာ အလွန်ကျယ်ပြန့်သည့် ခေါင်းစဉ်တစ်ခုဖြစ်သည်။ အရာအားလုံးကို ဟန်ချက်ညီစေခြင်းက အရာအားလုံးအပေါ်တွင် ဘုရားသခင်၏ အထူးပိုင်နိုင်ချက်ဆိုသည်ကို သင်သိသည်ဟူသည့် အယူအဆကို ပထမဆုံး ပေးသည်။ “ဟန်ချက်ညီစေခြင်း” ဟူသည့် စကားလုံးက အဘယ်အရာကို ဆိုလိုသနည်း။ ပထမဆုံး “ဟန်ချက်ညီစေခြင်း” ဟူသည်မှာ အရာတစ်ခုခုကို ဟန်ချက်မပျက်စေခြင်းကို ရည်ညွှန်းသည်။ လူတိုင်း အတိုင်းအတာများအကြောင်းကို သိကြသည်။ တစ်ခုခုကို ချိန်တွယ်ရန် အတိုင်းအတာများကို အသုံးပြုသည့်အခါ အတိုင်း၏တစ်ဖက်မှာ ထိုအရာကိုတင်ပြီး တစ်ခြားဖက်မှာ အလေးတင်သည်။ အလေးချိန်၏ နောက်ဆုံးပမာဏက ထိုအရာ၏ အလေးချိန်ကို သတ်မှတ်ပေးသည်။ ဤသည်ကို ဟန်ချက်ညီစေခြင်းဟုခေါ်သည်။ ဟန်ချက်ညီစေရန်အတွက် နှစ်ဖက်လုံး၏ အလေးချိန်က တူညီနေရမည်။ ဘုရားသခင်သည် အရာအားလုံးအထဲတွင် များပြားသည့် အရာများကို ဖန်ဆင်းခဲ့သည်။ သတ်မှတ်ပြီးဖြစ်သည့်အရာများ၊ ရွေ့လျားသည့်အရာများ၊ အသက်ရှင်သည့် အရာများ၊ အသက်ရှူသည့် အရာများနှင့် အသက်မရှူသည့်အရာများကိုပါ သူဖန်ဆင်းခဲ့သည်။ ဤအရာများအားလုံး အပြန်အလှန်မှီခိုဆက်နွှယ်မှု၊ အပြန်အလှန်ထောက်ပံ့မှုနှင့် ကန့်သတ်မှု၊ အချင်းချင်း ဆက်သွယ်မှုများကို ရရှိရန်အတွက် လွယ်ကူသလော။ ဤအရာများအားလုံးထဲတွင် အခြေခံသဘောတရားတစ်ခုက သေချာပေါက် ရှိသည်။ ယင်းသည် အတော်အတန်ရှုပ်ထွေးသည် မဟုတ်လော။ ဤသည်က ဘုရားသခင်အတွက် မခက်ခဲသော်လည်း လူများအတွက်မူ ယင်းသည် သုတေသနပြုလုပ်ရန် အလွန် ရှုပ်ထွေးသည်။ ဟန်ချက်ညီစေခြင်းမှာ အလွန်ရိုးရှင်းသည့် စကားလုံးဖြစ်သည်။ သို့သော် လူများက ဤအရာကို သုတေသနပြုလုပ်လေ့လာလျှင်၊ လူများက ဟန်ချက်ညီခြင်းကို ဖန်တီးရန်လိုလာခဲ့လျှင်၊ လူသား ဇီဝဗေဒပညာရှင်များ၊ နက္ခဗေဒပညာရှင်များ၊ ရူပဗေဒပညာရှင်များ၊ ဓာတုဗေဒ ပညာရှင်များနှင့် သမိုင်းပညာရှင်များကဲ့သို့သော တက္ကသိုလ်ဆရာများက ထိုအရာအပေါ် လုပ်ဆောင်လျှင်ပင် ထိုသုတေသန၏ နောက်ဆုံးရလဒ်က ဘာဖြစ်မည်နည်း။ ရလဒ်က ဘာမျှဖြစ်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အရာအားလုံးအပေါ် ဖန်ဆင်းခြင်းက အလွန်ဆန်းကြယ်ပြီး လူသားမျိုးနွယ်သည် သူ၏လျှို့ဝှက်ချက်များကို ဘယ်တော့မျှ ထုတ်ဖော်နိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ ဤအရာများကြားထဲတွင် အခြေခံသဘောတရားများကို တည်ဆောက်ခဲ့သည်။ အပြန်အလှန်နားလည်မှု၊ ကိုက်ညီမှု၊ အကျိုးပြုမှုတို့အတွက် မတူညီသည့် ရှင်သန်ရပ်တည်ရေး နည်းလမ်းများကို တည်ဆောက်ခဲ့သည်။ ဤနည်းလမ်းအမျိုးမျိုးသည် အလွန်ရှုပ်ထွေးသည်။ ၎င်းတို့သည် မရိုးရှင်းပေ သို့မဟုတ် ရှေးရှုရာတစ်ခုတည်းသို့ ဦးတည်ထားခြင်း မဟုတ်ပေ။ အရာအားလုံးအပေါ်တွင် ဘုရားသခင်၏ထိန်းချုပ်မှုနောက်ကွယ်က အခြေခံသဘောတရားများကို အတည်ပြုရန် သို့မဟုတ် သုတေသနပြုရန် လူများသည် သူတို့၏စိတ်၊ သူတို့ရရှိထားသော အသိပညာနှင့် သူတို့လေ့လာဖူးသည့် ဖြစ်ရပ်များကို အသုံးပြုသည့်အခါ ဤအရာများသည် ရှာဖွေတွေ့ရှိရန် အလွန်အမင်း ခက်ခဲပြီး ရလဒ်တစ်စုံတစ်ရာ ရရှိရန်လည်း အလွန်ခက်ခဲသည်။ လူများအတွက် ရလဒ်များ ရရှိရန်မှာ အကယ်ပင် ခက်ခဲသည်၊ လူ့စိတ်နှင့် အသိပညာကို အမှီပြုပြီး ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးကို အုပ်ချုပ်ရာ၌ ၎င်းတို့၏ ဟန်ချက်ကို ထိန်းထားရန် အလွန်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် အရာအားလုံး ရှင်သန်ရပ်တည်ရေးအတွက် အခြေခံ သဘောတရားများကို လူများ မသိကြလျှင် ဤကဲ့သို့သောဟန်ချက်ညီခြင်းကို မည်သို့ ကာကွယ်ရမည်ဆိုသည်ကို သူတို့သိမည်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူများက အရာအားလုံးကို စီမံပြီး အုပ်ချုပ်မည်ဆိုလျှင် ဤဟန်ချက်ညီမှု ပျက်စီးသွားရန် အလားအလာ အလွန်များသည်။ ဤအရာပျက်စီးသွားသည်နှင့် သူတို့၏ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်သည်လည်း ပျက်စီးသွားမည်။ ဤကဲ့သို့ဖြစ်ပျက်သည့်အခါတွင် သူတို့၏ ရှင်သန်ရပ်တည်ရေးအပေါ်တွင် ကပ်ဆိုက်လာပါလိမ့်မည်။ ဘေးအန္တရာယ်များ ကျရောက်လာမည်။ လူသားမျိုးနွယ်သည် ဘေးအန္တရာယ်များကြားထဲတွင် အသက်ရှင်နေထိုင်သည့်အချိန်တွင် သူတို့ရှေ့ရေးတွင် မည်သည့်အရာရှိနေမည်နည်း။ ခန့်မှန်းရန်ခက်သည့်၊ ကြိုတင်မှန်းဆရန် ခက်သည့် ရလဒ်တစ်ခု ဖြစ်သည်။

ဤသို့ဆိုလျှင် အရာအားလုံးကြားထဲမှ ဆက်နွှယ်မှုများကို ဘုရားသခင်သည် မည်သို့ ဟန်ချက်ညီစေသနည်း။ ပထမဦးဆုံး ကမ္ဘာတွင် တစ်နှစ်ပတ်လုံး ရေခဲနှင့် နှင်းများဖုံးနေသည့် နေရာအချို့ရှိပြီး အချို့နေရာများတွင်မူ လေးရာသီလုံးက နွေဦးရာသီလိုဖြစ်နေသည်။ ရေခဲတုံး သို့မဟုတ် နှင်းပွင့်ကို ဘယ်တော့မျှ မြင်ရမည်မဟုတ်ပေ။ ဆောင်းရာသီဆိုတာ မရှိပေ။ ဤအရာသည် နည်းလမ်းတစ်ခုဖြစ်သည်။ ဤအရာသည် ပိုကြီးမားသည့် ရာသီဥတု၏ ရှုထောင့်မှဖြစ်သည်။ ဒုတိယ အမျိုးအစားမှာ အပင်မျိုးစုံက မြေပြင်ကို ဖုံးလွှမ်းနေသည့်နေရာဖြစ်သော စိမ်းစိုသည့် သဘာဝပေါက်ပင်များနှင့် ပြည့်နှက်နေသော တောင်များကို လူတို့တွေ့သည့်အခါဖြစ်သည်။ တောအုပ်များရှိပြီး ဤတောအုပ်များထဲကို လမ်းလျှောက်သည့်အခါတွင် နေကိုပင် မမြင်နိုင်ပေ။ အခြားတောင်များတွင် မြက်ပင်များပင်မပေါက်ပေ။ သီးနှံမဖြစ်ထွန်းသည့် မြေလွှာများ တစ်ထပ်ပြီးတစ်ထပ်နှင့် တောင်ကြမ်းကြီးများရှိသည်။ အပြင်မှကြည့်လျှင် သူတို့နှစ်ခုလုံးသည် မြေကြီးများစုပုံနေသည့် တောင်များပင်ဖြစ်သည်။ တောင်အုပ်စုတစ်ခုက သဘာဝပေါက်ပင်များနှင့် ပြည့်နေပြီး အခြားတစ်ခုက မြက်ပင်များပင်မရှိပေ။ ဤအရာသည် ဒုတိယ အမျိုးအစားဖြစ်သည်။ တတိယအမျိုးအစားတွင် အဆုံးမရှိသည့် မြက်ခင်းပြင်များ၊ လှုပ်ယမ်းနေသည့် မြက်ခင်းစိမ်းကွင်းပြင်ကို မြင်ရနိုင်သည်။ သို့မဟုတ် မျက်စိတစ်ဆုံးဖြစ်သည့် သဲကန္တာရတစ်ခုကို မြင်ကောင်းမြင်ရနိုင်သည်။ ရေအရင်းအမြစ်ကို မဆိုထားနှင့် သက်ရှိများကိုပင် မမြင်ရဘဲ သဲပြင်တစ်လျှောက်တွင် အသံတရွှီးရွှီးနှင့် တိုက်နေသည့်လေသာရှိသည်။ စတုတ္ထအမျိုးအစားတွင် ရေပြင်ကျယ်များနှင့် ဖွဲ့စည်းထားသည့် ပင်လယ်နှင့်ဖုံးလွှမ်းနေသော နေရာတစ်နေရာရှိပြီး အခြားတစ်နေရာတွင်မူ စမ်းရေကို ရှာတွေ့ရန်ပင် ဝန်ပိနေသည်။ ပဉ္စမအမျိုးအစားမှာ နယ်မြေတစ်ခုတွင် ခပ်ဖွဲဖွဲမိုးက မကြာခဏရွာတတ်ပြီး မြူထခြင်း၊ စိုစွတ်ခြင်းတို့ဖြစ်ကာ အခြားနယ်မြေတွင်မူ နေအတော်ပူသည့်နေ့များက အဖြစ်များပြီး မိုးရေ တစ်ပေါက်ကိုပင် သင်မြင်ရမည်မဟုတ်ပေ။ ဆဌမမြောက်တွင်မူ နေရာတစ်မျိုးသည် လေထုပါးလွှာပြီး လူသား အသက်ရှူရန်ခက်ခဲသည့် ကုန်းပြင်မြင့်ဖြစ်ပြီး အခြားနေရာတွင်ကား နေရာရွှေ့ပြောင်းတတ်သည့် ငှက်အမျိုးမျိုးတို့ ကျက်စားသည့် ရွံ့ဗွက်အိုင်များနှင့် ကုန်းမြေနိမ့်များရှိသည်။ ဤအရာများက မတူညီသည့် ရာသီဥတုအမျိုးအစားများ သို့မဟုတ် ရာသီဥတုများ သို့မဟုတ် မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များနှင့် ကိုက်ညီသည့် ပတ်ဝန်းကျင်များ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ရာသီဥတုမှ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အထိ၊ မြေကြီး၏ မတူညီသော ပါဝင်ပစ္စည်းများမှ ရေအရင်းအမြစ်ပမာဏအထိ လူများ ရှင်သန်ရပ်တည်သည့် ပတ်ဝန်းကျင်များ၏ အပူချိန်၊ စိုထိုင်းမှုနှင့် လေထုအတွင်းတို့တွင် ဟန်ချက်ညီမှုကို ရရှိစေရန် လူသားတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် အခြေခံပတ်ဝန်းကျင်တို့ကို ပိုမိုကြီးမားသည့် ပတ်ဝန်းကျင်များ၏ အခန်းကဏ္ဍမှ ဘုရားသခင်သည် ဟန်ချက်ညီအောင် ပြုလုပ်သည်။ မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်တို့၏ ခြားနားမှုများနှင့်အတူ လူများသည် တည်ငြိမ်သည့်လေထုနှင့်အပူချိန်ကို ရရှိမည်ဖြစ်ပြီး မတူညီသည့် ရာသီဥတုများတွင် စိုထိုင်းမှုသည် တည်ငြိမ်မည်ဖြစ်သည်။ ဤအချက်က ဤကဲ့သို့သောပတ်ဝန်းကျင်မျိုးတွင် လူများကို အမြဲတမ်း ဆက်လက်ရှင်သန်စေသည်။ ပထမဦးဆုံး ပိုမိုကြီးမားသည့် ပတ်ဝန်းကျင်သည် ဟန်ချက်ညီရမည်။ လူသားတို့လိုအပ်သည့်၊ ဘုရားသခင်အလိုရှိသည့် ဟန်ချက်ညီမှုကို ရရှိစေရန် အပြန်အလှန် အမှီသဟဲပြုရန်အတွက် မတူညီသည့် ရာသီဥတုများကြား ကူးပြောင်းမှုများနှင့် မတူညီသည့် ပထဝီဝင်ဆိုင်ရာ တည်နေရာနှင့် အချက်အလက်များကို အသုံးချခြင်းမှတစ်ဆင့် ပြုလုပ်သည်။ ဤအရာသည် ပိုမိုကြီးမားသည့် ပတ်ဝန်းကျင် ရှုထောင့်မှဖြစ်သည်။

အသေးစိတ်ကြည့်သည့်အခါတွင် သဘာဝပေါက်ပင်ကဲ့သို့အရာတွင် ဤကဲ့သို့သော ဟန်ချက်ညီမှုမျိုးကို ရရန် မည်သို့များဖြစ်နိုင်သနည်း။ ဆိုလိုသည်မှာ ရှင်သန်ရန်အတွက် ဟန်ချက်ညီသည့် ပတ်ဝန်းကျင်အတွင်းတွင် သဘာဝပေါက်ပင်များသည် မည်သို့ဆက်လက်ရှင်သန်နိုင်သနည်း။ ဤသည်မှာ ရှင်သန်ရပ်တည်ရန်အတွက် သူတို့၏ပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် အပင်အမျိုးမျိုး၏ သက်တမ်း၊ ကြီးထွားမှုနှုန်း၊ မျိုးပွားမှုနှုန်းများကို စီမံခြင်းအားဖြင့် ဖြစ်သည်။ မြက်ပင်သေးသေးလေးကို ဥပမာယူကြည့်ပါ၊ နွေဦးရာသီ အညွှန့်၊ နွေရာသီ အပွင့်များ၊ ဆောင်းဦးရာသီ သစ်သီးများရှိကြသည်။ သစ်သီးက မြေပြင်ပေါ်ကိုကျပြီး ထိုမြက်ပင်က သေသွားသည်။ နောက်နှစ်တွင် သစ်သီး၏ အစေ့က အညှောက်ပေါက်ပြီး တူညီသည့် နိယာမအရ ဆက်လက်ဖြစ်ပေါ်သည်။ မြက်ပင်၏ သက်တမ်းက အလွန်တိုသည်။ မြေပြင်ပေါ်ကိုကျသည့် အစေ့တိုင်းက အညှောက်ထွက်ပြီး အပင်ပေါက်သည်။ ဖူးပွင့်ပြီး သစ်သီးများ သီးသည်။ ဤဖြစ်စဉ်က နွေဦးရာသီ၊ နွေရာသီနှင့် ဆောင်းဦးရာသီတို့တွင်သာ ဖြစ်ပေါ်ပြီး သစ်ပင်အမျိုးမျိုးသည်လည်း သူတို့၏ ကိုယ်ပိုင်သက်တမ်း၊ အပင်ပေါက်ခြင်းနှင့် အသီးသီးခြင်းအတွက် မတူညီသည့် အချိန်ကာလများရှိကြသည်။ အချို့အပင်များက နှစ် ၃၀ မှ ၅၀ အထိတွင် သေဆုံးကြသည်။ ၎င်းတို့တွင် နှစ် ၃၀ မှ ၅၀ အထိ သက်တမ်းရှိသည်။ သို့သော် ၎င်းတို့၏အသီးများကမူ မြေပြင်တွင်ကျပြီး အမြစ်များနှင့် အညှောက်များထွက်လာပြီး၊ ပန်းများ ပွင့်ကာ အသီးသီးသည်။ နောက်ထပ် နှစ် ၃၀ မှ ၅၀ အထိ ရှင်သန်သည်။ ဤသည်မှာ ၎င်း၏ ပြန်လည် လည်ပတ်မှုနှုန်းဖြစ်သည်။ သစ်ပင်အိုက သေပြီး ငယ်ရွယ်သည့် သစ်ပင် ပေါက်လာသည်။ ထို့ကြောင့် တောထဲတွင် သစ်ပင်များ ပေါက်နေသည်ကို သင်အမြဲတမ်း မြင်ရခြင်းဖြစ်သည်။ သို့သော် သူတို့တွင်လည်း သူတို့၏ သင့်တော်သည့် စက်ဝန်းနှင့် မွေးဖွားခြင်း၊ သေဆုံးခြင်း ဖြစ်စဉ်ရှိသည်။ အချို့သစ်ပင်များက နှစ်တစ်ထောင်ကျော်အထိ အသက်ရှင်နိုင်သည်။ အချို့က နှစ် ၃၀ဝဝ အထိပင် အသက်ရှင်နိုင်သည်။ ယေဘူယျအနေနှင့်ဆိုရလျှင် မည်သည့်အပင်အမျိုးအစားဖြစ်ပါစေ၊ သူတို့၏သက်တမ်းက မည်မျှရှည်ပါစေ ဘုရားသခင်သည် ၎င်းမည်မျှကြာကြာ ရှင်သန်သည်၊ မျိုးပွားနိုင်စွမ်း၊ မျိုးပွားသည့် မြန်နှုန်းနှင့် မျိုးပွားသည့် ပမာဏနှင့် နှုန်းထားတို့အပေါ်တွင် အခြေခံပြီး စီမံသည်။ ဤအရာသည် မြက်ပင်မှ သစ်ပင်များအထိ ဟန်ချက်ညီသည့် ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်အတွင်းတွင် ရှင်သန်ရန်၊ ဆက်လက်ပြီး ရှင်သန်ကြီးထွားနိုင်ရန် အခွင့်ပေးသည်။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်က သစ်တောတစ်ခုကို သင်ကြည့်သည့်အခါတွင် သစ်ပင် သို့မဟုတ် မြက်ပင်ဖြစ်ဖြစ် ၎င်း၏ကိုယ်ပိုင်နိယာမများနှင့်အညီ ဆက်လက်ပြီး မျိုးပွား ကြီးထွားနေသည်။ လူသားတို့၏ အကူအညီ မလိုပေ။ လူသားတို့ထံမှ ထပ်မံဖြည့်စွက်သည့် မည်သည့်လုပ်ဆောင်ချက်မှ မလိုအပ်ပေ။ ဤကဲ့သို့သော ဟန်ချက်ညီမှုမျိုး ရှိခြင်းကြောင့်သာ သူတို့၏ ရှင်သန်ရပ်တည်ရေးအတွက် ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်း ဖြစ်သည်။ ရှင်သန်ရပ်တည်ရေးအတွက် သင့်တော်သည့် ပတ်ဝန်းကျင်ရှိခြင်းကြောင့်သာ ဤသစ်တောများ၊ ဤမြက်ခင်းပြင်များသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်ရှင်သန်ရပ်တည်နိုင်သည်။ ၎င်းတို့တည်ရှိနေမှုသည် လူသားများ၏ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ တောများနှင့် မြက်ခင်းပြင်များတွင် ကျက်စားသည့် သက်ရှိအမျိုးအစားအားလုံးဖြစ်သည့် ငှက်များ၊ သားရဲတိရစ္ဆာန်များ၊ ပိုးမွှားများနှင့် အနုစိတ်သက်ရှိအမျိုးမျိုး၏ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကို ပြုစုပျိုးထောင်ပေးသည်။

ဘုရားသခင်သည် တိရစ္ဆာန်အမျိုးအစားအားလုံး၏ ဟန်ချက်ညီမှုကိုလည်း ထိန်းချုပ်သည်။ ဤဟန်ချက်ညီမှုကို သူမည်သို့ ထိန်းချုပ်သနည်း။ အပင်များနှင့် ဆင်တူသည်။ သူတို့၏ မျိုးပွားနိုင်စွမ်း၊ မျိုးပွားသည့် အရေအတွက်နှင့် နှုန်းထား၊ တိရစ္ဆာန်များကြားတွင် သူတို့၏ လှုပ်ရှားဆောင်ရွက်မှုတို့ကို အခြေခံပြီး သူတို့၏ ဟန်ချက်ညီမှုကို စီမံကာ သူတို့၏ အရေအတွက်ကို ပိုင်းခြားသတ်မှတ်သည်။ ဥပမာ ခြင်္သေ့များက မြင်းကျားကိုစားသည်။ ဤသို့ဆိုလျှင် ခြင်္သေ့၏ အရေအတွက်က မြင်းကျားအရေအတွက်ထက် ကျော်လွန်သွားလျှင် မြင်းကျားများ၏ ကံကြမ္မာက မည်သို့ဖြစ်မည်နည်း။ မျိုးသုဉ်းသွားမည်ဖြစ်သည်။ ထို့ပြင် မြင်းကျားများ၏ မျိုးပွားမှု အရေအတွက်က ခြင်္သေ့များထက် တော်တော်နည်းနေလျှင် သူတို့၏ ကံကြမ္မာက ဘာဖြစ်မည်နည်း။ သူတို့သည် မျိုးသုဉ်းသွားမည်ပင် ဖြစ်သည်။ ထို့ကြောင့် မြင်းကျားအရေအတွက်သည် ခြင်္သေ့အရေအတွက်ထက် အလွန်များရမည်။ မြင်းကျားများက သူတို့အတွက်သူတို့ တည်ရှိခြင်းသာမဟုတ်ဘဲ ခြင်္သေ့များအတွက်လည်း တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ မြင်းကျားတိုင်းက မြင်းကျား၏ အစိတ်အပိုင်းတစ်ခုဟု သင်ဆိုနိုင်သော်လည်း သူသည် ခြင်္သေ့ပါးစပ်က အစာလည်း ဖြစ်သည်။ ခြင်္သေ့၏ မျိုးပွားမှုနှုန်းက မြင်းကျားထက် ဘယ်တော့မျှ ကျော်မသွားနိုင်ပေ။ ထို့ကြောင့် သူတို့၏ အရေအတွက်သည် မြင်းကျားအရေအတွက်ထက် ပိုများ၍မရပေ။ ဤနည်းလမ်းနှင့်သာ ခြင်္သေ့၏ အစားအစာအရင်းအမြစ်အတွက် စိတ်ချနိုင်မည်ဖြစ်သည်။ ခြင်္သေ့များက မြင်းကျား၏ သဘာဝရန်သူဖြစ်သော်လည်း နေရာတစ်ခုတည်းတွင်သာ သူတို့သည် အေးအေးဆေးဆေး အနားယူနေကြသည်ကို လူများ ခဏခဏ တွေ့ကြသည်။ ခြင်္သေ့များက သူတို့ကို အမဲလိုက်ပြီး စားခြင်းကြောင့် မြင်းကျားများသည် ဘယ်တော့မျှ အရေအတွက် လျော့ကျမည်မဟုတ် သို့မဟုတ် မျိုးသုဉ်းသွားမည်မဟုတ်ပေ။ ခြင်္သေ့များသည် “ဘုရင်” ဟူသည့် သူတို့၏ အဆင့်ကြောင့် အရေအတွက်သည် ဘယ်တော့မျှ တိုးမြှင့်လာမည် မဟုတ်ပေ။ ဤဟန်ချက်ညီမှုက ရှေးကတည်းက ဘုရားသခင် တည်ဆောက်ခဲ့သည့် အရာဖြစ်သည်။ ဆိုလိုသည်မှာ တိရစ္ဆာန်များ ဟန်ချက်ညီမှုကို ရရှိစေရန်အတွက် တိရစ္ဆာန်များအားလုံးကြားတွင် ဟန်ချက်ညီမှု နိယာမကို ဘုရားသခင်တည်ဆောက်ခဲ့ပြီး ဤအရာသည် လူများ မြင်လေ့ရှိသည့် အရာတစ်ခုဖြစ်သည်။ မြင်းကျားများ၏ ရန်သူက ခြင်္သေ့များသာ ဖြစ်သလော။ မဟုတ်ပေ။ မိကျောင်းများလည်း မြင်းကျားကို စားသည်။ မိကျောင်းက မြင်းကျားကို စားနေသည့် မြင်ကွင်းသည်လည်း ကြမ်းတမ်းရက်စက်သည်။ မြင်းကျားသည် အကယ်ပင် အကူအညီမဲ့ တိရစ္ဆာန်အမျိုးအစားနှင့် တူသည်။ သူတို့၌ ခြင်္သေ့၏ရက်စက်ခြင်းမျိုး မရှိပေ။ ဤကြောက်မက်ဖွယ် ရန်သူများကို ရင်ဆိုင်ရသည့်အခါတွင် သူတို့ ပြေးသာပြေးရသည်။ ပြန်လည်ခုခံခြင်းပင် မပြုလုပ်နိုင်ပေ။ သူတို့သည် ခြင်္သေ့လက်မှ လွတ်အောင် မပြေးနိုင်သည့်အခါတွင် သူ၏စားခြင်းကို ခံရသည်သာ ဖြစ်သည်။ တိရစ္ဆာန်လောကတွင် ဤအရာကို မကြာခဏ တွေ့မြင်နိုင်သည်။ ဤကဲ့သို့သောအရာမျိုးကို သင်မြင်တွေ့ရသည့်အခါတွင် သင်၏ အမြင်က မည်သို့ဖြစ်သနည်း။ မြင်းကျားကို သနားသလော။ ခြင်္သေ့ကို မုန်းသလော။ မြင်းကျားက အလွန်လှပသည်။ သို့သော် ခြင်္သေ့များကမူ သူတို့ကို အမြဲတမ်း လောဘတကြီးနှင့် သေချာကြည့်နေသည်။ ပြီးလျှင် မြင်းကျားများကလည်း မိုက်မဲစွာနှင့် အဝေးကြီး မပြေးပေ။ ခြင်္သေ့က သူတို့ကို စောင့်နေသည်ကို သူတို့မြင်ရသည်။ သစ်ပင်၏အရိပ်တွင် သက်သောင့်သက်သာနှင့် စောင့်နေသည်။ မည်သည့်အချိန်တွင် သူတို့ကိုစားမည်နည်းဆိုသည်ကို မည်သူသိမည်နည်း။ သူတို့နှလုံးသားထဲတွင် ဤအရာကို သိသည်။ သို့သော် ဤကုန်းမြေမှ သူတို့ ထွက်ခွာမည်မဟုတ်ပေ။ ဤအရာသည် အလွန်ဆန်းကြယ်သည့်အရာ ဖြစ်သည်။ ဤဆန်းကြယ်သည့်အရာတွင် ဘုရားသခင်၏ ခွဲခန့်မှတ်သားထားခြင်း၊ သူ၏ စည်းမျဉ်း ပါဝင်သည်။ သင်က မြင်းကျားကို သနားသည်။ သို့သော် သူ့ကို မကယ်တင်နိုင်ပေ။ ခြင်္သေ့ကို သင်မုန်းသည်။ သို့သော် ဖယ်ထုတ်မပစ်နိုင်ပေ။ မြင်းကျားသည် ခြင်္သေ့အတွက် ဘုရားပြင်ဆင်ထားသည့် အစားအစာဖြစ်သည်။ သို့သော် ခြင်္သေ့က သူတို့ကို မည်သို့ပင်စားစား မြင်းကျားများက ပျောက်ကွယ်မသွားပေ။ ခြင်္သေ့များမွေးသည့် သားပေါက် အရေအတွက်သည် အလွန်နည်းပါးပြီး ခပ်နှေးနှေးသာ မျိုးပွားသည်။ ထို့ကြောင့် သူတို့ မည်မျှပင်စားစား သူတို့၏ အရေအတွက်သည် မြင်းကျားများထက် ပိုမများပေ။ ဤအရာသည် ဟန်ချက်ညီမှု အမျိုးအစားတစ်ခုဖြစ်သည်။

ဤကဲ့သို့သော ဟန်ချက်ညီမှုမျိုးကို ထိန်းသိမ်းခြင်းတွင် ဘုရားသခင်၏ ပန်းတိုင်က မည်သို့ဖြစ်သနည်း။ လူများ၏ ပတ်ဝန်းကျင်နှင့် လူသားတို့၏ ရှင်သန်ရပ်တည်ရေးနှင့် သက်ဆိုင်သည်။ မြင်းကျား သို့မဟုတ် ခြင်္သေ့၏ မည်သည့်သားကောင်မဆို၊ သမင် သို့မဟုတ် အခြားတိရစ္ဆာန်များသည် အလွန်ခပ်နှေးနှေးသာ မျိုးပွားပြီး ခြင်္သေ့၏ အရေအတွက်က အလွန်တိုးပွားလာလျှင် လူသားများက မည်သည့် အန္တရာယ်မျိုးကို ရင်ဆိုင်ရမည်နည်း။ ပထမဦးဆုံး လူများ မွေးထားသည့် ကြက်၊ ဘဲ၊ ငန်းနှင့် ခွေးများသည် ခြင်္သေ့၏ အစားအစာများ ဖြစ်လာကြမည်။ ဤအရာသည် သူတို့သည် အပြင်တွင်နေခြင်းကြောင့်ဖြစ်သည်။ ဤအရာများက ခြင်္သေ့များအတွက် စားရန် လုံလောက်သလော။ အချို့အိမ်များတွင် ဝက်နှစ်ကောင်ရှိသည်။ ခြင်္သေ့တစ်ကောင်က တောင်ပေါ်မှဆင်းလာပြီး သူတို့ကို စားလိုက်လျှင် ပြီးသွားသည်နှင့် ပြန်သွားမည်လော။ ခြင်္သေ့က ဤကဲ့သို့စဉ်းစားလိမ့်မည်။ “တောင်ပေါ်မှာ ဘာမျှ စားစရာမရှိပေ။ ငါဒီမှာပဲ နေမည်။ အိမ်ထဲတွင် လူအချို့ရှိသည်။” လူများ ထွက်လာသည်နှင့် တစ်ပြိုင်နက် ခြင်္သေ့သည် လူများကို စားပစ်လိုက်မည်ဖြစ်သည်။ လူများတွင် ခုခံရန် အင်အားမရှိပေ။ ဤသို့ဆိုလျှင် အလွန်ဝမ်းနည်းစရာကောင်းသည့် အရာဖြစ်မည် မဟုတ်လော။ ခြင်္သေ့က မြင်းကျားကို စားသည်မှာ သာမန်ဖြစ်ရပ်တစ်ခုဖြစ်သည်။ သို့သော် ခြင်္သေ့က လူများကို စားလျှင် ဝမ်းနည်းစရာတစ်ခုဖြစ်မည်ဖြစ်သည်။ ဤဝမ်းနည်းစရာဖြစ်ရပ်က ဘုရားသခင် ခွဲခန့်မှတ်သားထားသည့်အရာမဟုတ်ပေ။ သူ့စည်းမျဉ်းအတွင်းတွင် မရှိချေ။ လူသားအတွက် သူသယ်ဆောင်လာသည့်အရာဆိုတာမျိုး ပို၍ပင် မဟုတ်ပေ။ လူသားများက သူတို့ဘာသာသူတို့ သယ်ဆောင်လာသည့်အရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် မြင်သည့်အတိုင်း အရာအားလုံးကြားက ဟန်ချက်ညီမှုက လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးကြီးသည်။ အပင်ဖြစ်ပါစေ သို့မဟုတ် တိရစ္ဆာန်ဖြစ်ပါစေ၊ သူတို့၏ သင့်တော်သည့် ဟန်ချက်ညီမှုကို ဆုံးရှုံး၍မရပေ။ အပင်များ၊ တိရစ္ဆာန်များ၊ တောင်များနှင့် အင်းအိုင်များက လူသားတို့အတွက် ပုံမှန် ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်ကို ဘုရားသခင်သည် ပြင်ဆင်ထားသည်။ ဤကဲ့သို့သော ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်၊ ဟန်ချက်ညီသည့် ပတ်ဝန်းကျင်မျိုး လူများ၌ ရှိမှသာ သူတို့၏ ရှင်သန်ရပ်တည်ရေးသည် လုံခြုံစိတ်ချရသည်။ သစ်ပင် သို့မဟုတ် မြက်ပင်၏ မျိုးပွားနိုင်စွမ်းက အလွန်မကောင်းလျှင် သို့မဟုတ် မျိုးပွားမှု မြန်နှုန်းက အလွန်နှေးလျှင် မြေကြီးက သူ၏ စိုစွတ်မှု ပျောက်ဆုံးမည်လော။ မြေကြီးက သူ၏စိုစွတ်မှု ဆုံးရှုံးလျှင် ကောင်းမွန်ပါဦးမည်လော။ မြေကြီးသည် သူ၏အပင်များနှင့် စိုစွတ်မှုကို ဆုံးရှုံးသွားလျှင် လျင်မြန်စွာ တိုက်စားခံရမည်။ ထိုနေရာတွင် သဲများ ဖြစ်လာလိမ့်မည်။ မြေကြီးက ညံ့လာသည့်အခါတွင် လူများ၏ ရှင်သန်ရပ်တည်နိုင်ရေး ပတ်ဝန်းကျင်က ဖျက်ဆီးခံရမည်။ ဤပျက်စီးမှုနှင့်အတူ ဘေးအန္တရာယ်များ ကျရောက်လာမည်။ ဤကဲ့သို့သော ဂေဟစနစ်ဆိုင်ရာ ဟန်ချက်ညီမှု မရှိလျှင်၊ ဤကဲ့သို့သော ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်မျိုး မရှိလျှင် အရာအားလုံးကြားက ဟန်ချက်မညီမှုများကြောင့် လူများသည် ဘေးအန္တရာယ်များကို မကြာခဏ ခံစားကြရမည်ဖြစ်သည်။ ဥပမာ ပတ်ဝန်းကျင်ဆိုင်ရာ ဟန်ချက်မညီမှုသည် နေရာတစ်နေရာတွင် ဖားများ သေဆုံးမှုကို ဖြစ်ပေါ်စေလျှင် သူတို့၏ ဂေဟစနစ်ဆိုင်ရာသည် ပျက်စီးသွားသည်။ ဖားများအားလုံး စုဝေးလာပြီး အရေအတွက်က တိုးပွားလာသည်။ မြို့များတွင် လမ်းများပေါ်တွင် ဖြတ်ကူးနေသည့် ဖားများ တွေ့မြင်ရသည်။ လူများ ရှင်သန်ရပ်တည်ရေးအတွက် ပတ်ဝန်းကျင်တွင် ဖားများစွာရှိနေလျှင် ဤအရာကို မည်သို့ခေါ်မည်နည်း။ ဘေးအန္တရာယ်ပင်ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ဘေးအန္တရာယ်ဖြစ်မည်နည်း။ လူသားမျိုးနွယ်အတွက် အကျိုးရှိသည့် ဤသေးငယ်သည့် တိရစ္ဆာန်များသည် သူတို့အတွက် သင့်တော်သည့် နေရာတွင်သာ ရှိနေလျှင် လူများအတွက် အသုံးဝင်သည်။ သူတို့သည် လူများ၏ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းပေးသည်။ သူတို့သည် ဘေးအန္တရာယ်ဖြစ်လာပြီဆိုသည်နှင့် လူများ၏ဘဝ၏ အစီအစဉ်ကျမှုကို သက်ရောက်မှု ရှိလာသည်။ ဖားများက သူတို့နှင့်အတူ သယ်လာသည့် အရာများနှင့် ပစ္စည်းများအားလုံးသည် လူများ၏ ဘဝအရည်အသွေးကို လွှမ်းမိုးစေနိုင်သည်။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အင်္ဂါများပင်လျှင် တိုက်ခိုက်ခံရနိုင်သည်။ ဤအရာသည် ဘေးအန္တရာယ်တစ်မျိုးပင်ဖြစ်သည်။ လူများ မကြာခဏ တွေ့ကြုံရသည့် နောက်ဘေးအန္တရာယ်တစ်မျိုးက ကျိုင်းကောင်များ များစွာ ပေါ်ထွက်လာခြင်းဖြစ်သည်။ ဤသည်မှာ ဘေးအန္တရာယ်မဟုတ်လော။ ဤအရာသည် ကြောက်စရာကောင်းသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည်။ လူများက မည်မျှ စွမ်းသနည်းဆိုသည်မှာ အရေးမပါပေ။ လူများက လေယာဉ်ပျံများ၊ အမြှောက်များ၊ အက်တမ်ဗုံးများ ပြုလုပ်နိုင်သည်။ သို့သော် ကျိုင်းကောင်များက လူသားတို့အပေါ် ကျူးကျော်လာသည့်အခါတွင် သူတို့၌ မည်သည့်ဖြေရှင်းချက်ရှိသနည်း။ ကျိုင်းကောင်များအပေါ် အမြှောက်များကို အသုံးပြုနိုင်သလော။ စက်သေနတ်များနှင့် ပစ်နိုင်သလော။ မရပေ။ ထိုသို့ဆိုပါက အကောင်များကို မောင်းထုတ် ရန်အတွက် ပိုးသတ်ဆေးများဖြန်းနိုင်သလော။ ဤအရာသည်လည်း မလွယ်ကူပေ။ ဤသို့ဆိုလျှင် ဤကျိုင်းကောင်လေးများက ဘာလာလုပ်သနည်း။ သူတို့သည် အထူးသဖြင့် အစေ့အဆန်များကို စားသည်။ ကျိုင်းကောင်များက မည်သည့်နေရာကိုပဲ သွားပါစေ ကောက်ပဲသီးနှံများက လုံးဝ ပျက်စီးကုန်သည်။ ထို့ကြောင့် ကျိုင်းကောင်များ ကျူးကျော်ဝင်ရောက်လာလျှင် မျက်စိတစ်မှိတ်အတွင်းမှာပင် လယ်သမားများ မှီခိုအားထားသည့် တစ်နှစ်စာအစားအစာကို ကျိုင်းကောင်များက အားလုံးစားလိုက်နိုင်သည်။ လူသားများထံ ကျိုင်းကောင်များ ရောက်ရှိလာခြင်းက စိတ်ညစ်စရာတင်မဟုတ်ဘဲ ဘေးအန္တရာယ်တစ်ခုဖြစ်သည်။ ကျိုင်းကောင်များ အများအပြား ပေါ်လာခြင်းက ဘေးအန္တရာယ်တစ်မျိုးဖြစ်သည်၊ ဤသို့ဆိုလျှင် ကြွက်များကျတော့ရော။ သူတို့ကိုစားမည့် ငှက်များ မရှိလျှင် သူတို့သည် သင်ထင်တာထက်ကို မြန်ဆန်စွာ ပွားများလာပါလိမ့်မည်။ ကြွက်များက ဤအတိုင်း ပျံ့နှံ့လာလျှင် လူသားများသည် ကောင်းကောင်း အသက်ရှင်နိုင်ပါ့မည်လော။ ဤသို့ဆိုလျှင် ဤလူသားသည် မည်သည်ကို ရင်ဆိုင်ရမည်နည်း။ (ကပ်ရောဂါကို ရင်ဆိုင်ရပါမည်။) ကပ်ရောဂါတစ်ခုပဲလော။ ကြွက်များက အကုန်လုံး ကိုက်စားကြမည်ဖြစ်သည်။ သစ်သားများကိုပင် ကိုက်ဖြတ်ကြလိမ့်မည်။ အိမ်တစ်အိမ်တွင် ကြွက်နှစ်ကောင်ရှိလျှင် တစ်အိမ်လုံးတွင်ရှိသည့် လူတိုင်းက စိတ်ညစ်ရလိမ့်မည်။ တစ်ခါတစ်ရံတွင် သူတို့သည် ဆီများကို ခိုးပြီး စားသည်။ တစ်ခါတစ်ရံတွင် အစေ့အဆန်များကို စားကြသည်။ သူတို့မစားသည့်အရာများဆိုလျှင် ကိုက်ဖြတ်ပြီး ရှုပ်ပွသွားစေသည်။ အဝတ်များ၊ ဖိနပ်များ၊ ပရိဘောဂများကို ကိုက်သည်။ အရာအားလုံးကို ကိုက်သည်။ တစ်ခါတလေတွင် ပန်းကန်စင်များပေါ် တက်သည်။ ထိုပန်းကန်စင်များ သုံး၍ရနိုင်ပါတော့မည်လော။ ထိုပန်းကင်စင်များကို ပိုးသတ်မည်ဆိုလျှင်ပင် သင်တို့ စိတ်သက်သာရာရမည်မဟုတ်ပေ။ ထို့ကြောင့် လွှင့်သာလွှင့်ပစ်လိုက်သည်။ ဤအရာသည် လူများထံ ကြွက်များ သယ်ဆောင်လာသည့် ဒုက္ခများဖြစ်သည်။ သူတို့က ကြွက်သေးသေးလေးများပင်ဖြစ်သည်။ သို့သော် လူများသည် သူတို့ကို ဖြေရှင်းရန် နည်းလမ်းမရှိကြပေ။ သူတို့က ကြွက်များ၏ အနိုင်ကျင့်ခြင်းကိုပင် ခံကြရသည်။ ကြွက်အုပ်စုတစ်ခုလုံးကိုမူ ပြောရန်ပင်မလိုပေ။ ကြွက်နှစ်ကောင်နှင့်တင် အနှောင့်အယှက်ဖြစ်စေရန် လုံလောက်သည်။ သူတို့သည် ဘေးအန္တရာယ်ဖြစ်လာပြီဆိုလျှင် အကျိုးဆက်များက မတွေးဝံ့စရာဖြစ်သည်။ ထို့ပြင် ပုရွက်ဆိတ်သေးသေးလေးများက ဘေးအန္တရာယ်ဖြစ်လာမည်ဆိုလျှင် လူသားတို့အပေါ်ကို သူတို့ပြုလုပ်မည့် ထိခိုက်မှုများကိုလည်း လျစ်လျူရှု၍မရပေ။ အိမ်တစ်အိမ်ပြိုသွားသည့်အထိ ပုရွက်ဆိတ်များ ကိုက်ဖြတ်ကြတာမျိုးက ဖြစ်လေ့ရှိသည့် အရာတစ်ခုဖြစ်သည်။ သူတို့၏ အားအင်ကို သတိမပြု၍မရပေ။ မြင်းတစ်ကောင်ကိုစားလိုက်သည့် ပုရွက်ဆိတ်အုပ်စုအကြောင်းကို သင်ကြားလိုက်သလော။ မြင်းကြီးတစ်ကောင်အပေါ်တွင် အုံဖွဲ့နေသည့် ပုရွက်ဆိတ်အုပ်စုတစ်စုရှိပြီး မြင်းက အရိုးပဲ ကျန်ပါတော့သည်။ ဤအရာသည် ကြောက်စရာမဟုတ်ပေလော။ မြင်းစီးသူက ဤအရာကို မြင်သည့်အခါတွင် သူအဘယ်အရပ်ကို ပြေးသနည်း။ အနီးအနားတွင် ရေအိုင်တစ်ခုရှိသည်။ ဤသို့နှင့် ရေအိုင်ဆီပြေးပြီး တစ်ခြားဖက်ကို ကူးသွားခဲ့သည်။ ဤသို့ဖြင့် သူအသက်ရှင်ခဲ့သည်။ သို့သော် ဤအရာကို သူမြင်ပြီးသည့်နောက်တွင် ဤပုရွက်ဆိတ်များသည် ထင်မှတ်မထားသည့် အားအင်များရှိသည်ကို သူ့ဘဝတစ်လျှောက်လုံး မမေ့နိုင်ခဲ့ပေ။ ထိုပုရွက်ဆိတ်တို့သည် သူ့ကိုစားခါနီးဆဲဆဲဖြစ်ခဲ့သည်။ သူသာ မြင်းမရှိခဲ့လျှင် ပုရွက်ဆိတ်များက သူ့ကိုအရင်စားမည်မှာ သေချာသည်။ သူတို့ကြားတွင် ရေများရှိသည့်အတွက် သူ့ကိုသွားစားရန်အတွက် အချိန်မီတံတားလုပ်၍ မရနိုင်ခဲ့ပေ။ ရေသာ ထိုနေရာမှာမရှိလျှင် မြင်းရောလူပါ အတူတူ အစားခံရမည်ဖြစ်သည်။ ပုရွက်ဆိတ်များ၏ အင်အားကို လျှော့တွက်၍ မရပေ။ နောက်ပြီး မတူညီသည့် ငှက်အမျိုးမျိုးက ဘေးအန္တရာယ်အဖြစ်ပြောင်းသွားလျှင် ဤအရာသည်လည်း ကြောက်စရာကောင်းသည့် အရာတစ်ခုဖြစ်လာနိုင်မည်လော။ (ဖြစ်လာနိုင်ပါသည်။) တစ်နည်းပြောရလျှင် မည်သည့် တိရစ္ဆာန် သို့မဟုတ် သက်ရှိပဲဖြစ်ပါစေ၊ သူတို့၏ ဟန်ချက်ညီမှု ဆုံးရှုံးသွားလျှင် သူတို့သည် ကြီးထွားလာမည်။ မျိုးပွားမည်။ ပုံမှန်မဟုတ်သည့် နယ်မြေ၊ သာမန်မဟုတ်သည့် နယ်မြေအတွင်းတွင် နေလာကြမည်။ ဤအချက်က မတွေးဝံ့စရာ အကျိုးဆက်များကို လူသားများထံ သယ်ဆောင်လာမည်။ ဤအရာသည် လူသားများ၏ ရှင်သန်ရပ်တည်မှုနှင့် ဘဝများကို သက်ရောက်စေရုံတင်မကဘဲ လူများသည် လုံးဝ ပျက်သုဉ်းသွားသည့်အထိ၊ မျိုးသုဉ်းမှုကို ခံစားကြရသည့်အထိပင် လူသားမျိုးနွယ်ထံ ဘေးအန္တရာယ်များ ကျရောက်စေနိုင်သည်။

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အချိန်တွင် ဤအရာများကို ဟန်ချက်ညီစေရန်၊ တောင်များနှင့် အင်းအိုင်များအတွက် အသက်ရှင်သန်မှု အခြေအနေများကို ဟန်ချက်ညီစေရန်၊ အပင်များ၊ တိရစ္ဆာန်အမျိုးအစားအားလုံး၊ ငှက်များ၊ ပိုးမွှားများအတွက် အသက်ရှင်သန်မှု အခြေအနေကို ဟန်ချက်ညီစေရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။ သူ၏ ပန်းတိုင်က သူတည်ဆောက်ခဲ့သည့် နိယာမအတွင်းတွင် သက်ရှိသတ္တဝါအားလုံးသည် ရှင်သန်နေထိုင်ပြီး မျိုးပွားကြခြင်းအခွင့်ကို ပေးရန်ဖြစ်သည်။ အရာအားလုံးသည် ဤနိယာမများ၏ အပြင်ဘက်ကို သွား၍မရပေ။ ဤနိယာမများကို ချိုးဖောက်၍မရပေ။ ဤကဲ့သို့သော အခြေခံ ပတ်ဝန်းကျင်အတွင်းတွင်သာ လူသားများသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဘေးကင်းစွာနှင့် ရှင်သန်နိုင်မည်။ ပွားများနိုင်မည်။ မည်သည့်သတ္တဝါမဆို ဘုရားသခင်တည်ဆောက်ထားသည့် အရေအတွက် သို့မဟုတ် နယ်ပယ်ကို ကျော်သွားလျှင် သို့မဟုတ် သူ့စည်းမျဉ်းအောက်က ကြီးထွားမှုနှုန်း၊ အကြိမ်ရေ သို့မဟုတ် အရေအတွက်ကို ကျော်လွန်သွားလျှင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်နိုင်ရေး ပတ်ဝန်းကျင်သည် ပျက်စီးမှု အဆင့်အမျိုးမျိုးကို ခံစားရပါလိမ့်မည်။ နောက်ပြီး တစ်ချိန်တည်းတွင်ပင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်မှုအတွက် အန္တရာယ်ကျရောက်လာပါလိမ့်မည်။ သက်ရှိသတ္တဝါအမျိုးအစားတစ်ခုက အရေအတွက် အလွန်များလျှင် လူများ၏အစားအစာကို လုယက်မည်။ လူများ၏ ရေအရင်းအမြစ်များကို ဖျက်ဆီးမည်။ သူတို့၏ မွေးရပ်မြေများကို ဖျက်ဆီးကြပါလိမ့်မည်။ ဤသို့ဖြင့် လူသား၏မျိုးပွားမှု သို့မဟုတ် ရှင်သန်ရပ်တည်ရေး အဆင့်သည် ချက်ချင်းပင် ထိခိုက်မှုရှိလာမည်။ ဥပမာ ရေသည် အရာအားလုံးအတွက် အလွန်အရေးကြီးသည်။ ကြွက်၊ ပုရွက်ဆိတ်၊ ခြနှင့် ဖားများ သို့မဟုတ် အခြားတိရစ္ဆာန်များ၏ အရေအတွက်က အလွန်များလျှင် သူတို့သည် ရေကို ပိုသောက်ကြမည်။ သူတို့သောက်သုံးသည့် ရေပမာဏ တိုးမြှင့်လာသည့်အခါတွင် သတ်မှတ်ထားပြီးဖြစ်သည့် သောက်ရေနှင့် ရေပါဝင်သည့်နေရာ အရင်းအမြစ်များအတွင်းတွင် လူများ၏ သောက်ရေနှင့် ရေအရင်းအမြစ်များသည် လျော့ကျလာမည်။ သူတို့သည် ရေပြတ်လပ်လာမည်။ တိရစ္ဆာန်မျိုးစုံ၏ အရေအတွက် တိုးမြင့်လာခြင်းကြောင့် လူများ၏ သောက်ရေသည် ဖျက်ဆီးခံရလျှင်၊ မသန့်စင်တော့လျှင် သို့မဟုတ် ပြတ်တောက်သွားလျှင် ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသည့် ရှင်သန်ရပ်တည်ရေး ပတ်ဝန်းကျင်အောက်တွင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်ရေးသည် အမှန်တကယ်ကို အန္တရာယ်ကျရောက်လာပါလိမ့်မည်။ သက်ရှိသတ္တဝါများ၏ အမျိုးအစားတစ်မျိုး သို့မဟုတ် သက်ရှိသတ္တဝါအမျိုးမျိုးသည် သူတို့၏သင့်တော်သည့် အရေအတွက်ကို ကျော်လွန်သွားလျှင် လေ၊ အပူချိန်၊ စိုစွတ်မှုနှင့် ရှင်သန်ရပ်တည်ရေးအတွက် လူသားတို့၏ နေရာအတွင်းတွင်ရှိသည့် လေထုပင်လျှင် အဆိပ်သင့်လာမည်ဖြစ်ပြီး အခြေအနေအမျိုးမျိုးအထိ ဖျက်ဆီးခံရမည်။ အလားတူပင် ဤခြေအနေမျိုးတွင် လူသားတို့၏ ရှင်သန်ရပ်တည်ရေးနှင့် ကံကြမ္မာသည် ထိုပတ်ဝန်းကျင်မျိုး၏ အန္တရာယ်ကျရောက်လာပါဦးမည်။ ထို့ကြောင့် လူများသည် ဤဟန်ချက်ညီမှုများ ဆုံးရှုံးသွားလျှင် သူတို့အသက်ရှူသည့်လေသည် ပျက်စီးမည်။ သူတို့သောက်သည့်ရေသည် ညစ်ညမ်းမည်။ သူတို့လိုအပ်သည့် အပူချိန်သည်လည်း ပြောင်းလဲသွားပြီး မတူညီသည့် အခြေအနေအမျိုးမျိုးအထိ ထိခိုက်ပါလိမ့်မည်။ ဤကဲ့သို့ဖြစ်လာလျှင် လူသားတို့၏ ရှင်သန်ရပ်တည်နိုင်သည့် ဇာတိ ပတ်ဝန်းကျင်သည် ကြီးမားသည့် ထိခိုက်မှုနှင့် စိန်ခေါ်မှုများ ကျရောက်လာပါလိမ့်မည်။ လူသားတို့၏ ရှင်သန်ရပ်တည်နိုင်ရေး အခြေခံ ပတ်ဝန်းကျင်သည် ဖျက်ဆီးခံရသည့် ဤကဲ့သို့သော အခြေအနေမျိုးတွင် လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် ရှေ့ရေးက မည်သို့ဖြစ်မည်နည်း။ ဤသည်မှာ အလွန်အရေးကြီးသည့် ပြဿနာဖြစ်သည်။ လူသားမျိုးနွယ်အတွက် အရာအားလုံးသည် မည်ကဲ့သို့ဖြစ်သည်၊ သူဖန်ဆင်းခဲ့သည့် အမျိုးအစားတိုင်း၏ တာဝန်၊ ယင်းက လူများအပေါ်တွင် မည်သို့သက်ရောက်မှုမျိုးရှိသည်၊ လူသားမျိုးနွယ်အတွက် မည်မျှထိ အကျိုးရှိသည် စသည်တို့ကို ဘုရားသခင်သိသည့်အတွက်ကြောင့် ဘုရားသခင်၏ နှလုံးသားထဲတွင် ဤအရာများအားလုံးအတွက် အစီအစဉ်တစ်ခုရှိပြီး သူဖန်ဆင်းခဲ့သည့် အရာတစ်ခုချင်းစီတိုင်းကို စီမံသည်။ ထို့ကြောင့် လူသားအတွက် သူလုပ်ဆောင်သည့် အရာအားလုံးသည် အလွန်အရေးကြီးသည်။ ယင်းတို့အားလုံးသည် လိုအပ်သည်။ ထို့ကြောင့် အရာအားလုံးထဲတွင် ဂေဟစနစ်ဆိုင်ရာ ဖြစ်ရပ်အချို့ကို သင်မြင်သည်ဖြစ်စေ သို့မဟုတ် အရာအားလုံးထဲတွင် သဘာဝနိယာမအချို့ကို သင်မြင်သည်ဖြစ်စေ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာတစ်ခုစီတိုင်း၏ လိုအပ်မှုအပေါ်တွင် သင်သည် သံသယဖြစ်မည်မဟုတ်တော့ပေ။ အရာအားလုံးအပေါ်တွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်အတွက် ထောက်ပံ့သည့် သူ၏နည်းလမ်းအမျိုးမျိုးအပေါ်တွင် ဖြစ်သလို ဝေဖန်အကဲဖြတ်ရန်အတွက် အသိပညာမရှိသည့် စကားလုံးများကို သင်အသုံးပြုမည် မဟုတ်တော့ပေ။ သူဖန်ဆင်းခဲ့သည့် အရာအားလုံးအတွက် ဘုရားသခင်၏ နိယာမပေါ်တွင် ဖြစ်သလို ကောက်ချက်ချခြင်းများလည်း လုပ်မည်မဟုတ်ပေ။ ဤသည်မှာ မမှန်သလော။

ယခုပြောသွားသည့် အကြောင်းအရာများအားလုံးက မည်သို့ဖြစ်သနည်း။ စဉ်းစားကြည့်ကြလော့။ ဘုရားသခင်သည် သူလုပ်ဆောင်သည့်အရာ တစ်ခုချင်းစီတိုင်းတွင် သူ၏ကိုယ်ပိုင်ရည်မှန်းချက်ရှိသည်။ ထိုရည်မှန်းချက်ကို လူသားများ မမြင်နိုင်သော်လည်း လူသား၏ ရှင်သန်ရပ်တည်ရေးနှင့် အလွန် ဆက်စပ်နေသည်။ ခွဲခြား၍မရနိုင်အောင်ကို ဆက်စပ်နေသည်။ ခွဲထွက်၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အကျိုးမရှိသည့်အရာကို ဘယ်တော့မျှ မလုပ်သည့်အတွက်ဖြစ်သည်။ သူလုပ်ဆောင်သည့်အရာ တစ်ခုချင်းစီတိုင်းအတွက် သူ၏အစီအစဉ်သည် သူ၏ဉာဏ်ပညာပါဝင်သည့် သီအိုရီများနှင့် အခြေခံသဘောတရားများ အတွင်းတွင်ရှိသည်။ ထိုအစီအစဉ်၏ နောက်ကွယ်က ရည်မှန်းချက်ပန်းတိုင်နှင့် ရည်ရွယ်ချက်သည် လူသားမျိုးနွယ်ကို ကာကွယ်ရန်အတွက်၊ လူသားမျိုးနွယ် ဘေးအန္တရာယ် ရှောင်ရှားရန်အတွက်၊ သက်ရှိသတ္တဝါများ၏ ကျူးကျော်ဝင်ရောက်မှု ရှောင်ရှားရန်အတွက်နှင့် လူသားအပေါ် အရာအားလုံး၏ မည်သည့်အန္တရာယ်မျိုးမဆို ရှောင်ရှားရန်အတွက်ဖြစ်သည်။ ဤသို့ဆိုလျှင် ယခုဆွေးနွေးနေသည့် ခေါင်းစဉ်မှ မြင်တွေ့ရသည့် ဘုရားသခင်၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အခြားနည်းလမ်းနှင့် ပံ့ပိုးပေးသည်ဟု ဆိုနိုင်မည်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဤနည်းလမ်းနှင့် ကျွေးမွေးပြီး ထိန်းကျောင်းနေသည်ဟု ဆိုနိုင်မည်လော။ (ဆိုနိုင်ပါသည်။) မိတ်သဟာယပြုခြင်း၏ ခေါင်းစဉ်ဖြစ်သည့် “ဘုရားသခင်သည် အရာအားလုံးအတွက် အသက်အရင်းအမြစ်ဖြစ်သည်” နှင့် ဤခေါင်းစဉ်ကြားတွင် ခိုင်မာသည့် ဆက်နွှယ်မှု ရှိသလော။ (ရှိပါသည်။) ခိုင်မာသည့် ဆက်နွှယ်မှုရှိပြီး ဤခေါင်းစဉ်က ထိုအရာ၏ ရှုထောင့်တစ်ခုဖြစ်သည်။ ဤခေါင်းစဉ်များအကြောင်းကို မပြောခင်တုန်းက လူများသည် ဘုရားသခင်၊ ဘုရားသခင်ကိုယ်တော်တိုင်နှင့် သူ၏လုပ်ဆောင်ချက်များအပေါ်တွင် မရေရာသည့် စိတ်ကူးစိတ်သန်းများသာ ရှိခဲ့သည်။ ဤအရာများအပေါ်တွင် အမှန်တကယ် နားလည်ခြင်း မရှိခဲ့ပေ။ သို့သော် သူ၏လုပ်ဆောင်ချက်များနှင့် သူလုပ်ဆောင်ခဲ့သည့် အရာများအား လူများကို ပြောပြလိုက်သည့်အခါတွင် ဘုရားသခင် အဘယ်အရာလုပ်ခဲ့သည်ဆိုခြင်း၏ အခြေခံသဘောတရားကို နားလည်သဘောပေါက်ပြီး ရှင်းလင်းသေချာမှုကို ရရှိနိုင်သည်မဟုတ်လော။ ဘုရားသခင်၏ နှလုံးသားထဲတွင် သူသည် တစ်ခုခုကို လုပ်ဆောင်သည့်အခါ၊ အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ၊ အရာအားလုံးကို အုပ်စိုးခဲ့သည့်အခါ သူ၏ သီအိုရီများ၊ အခြေခံသဘောတရားများနှင့် စည်းမျဉ်းများသည် အလွန်ရှုပ်ထွေးသော်လည်း မိတ်သဟာယပြုခြင်းတွင် အချက်တစ်ခုကို သင်တို့နှင့် မျှဝေလိုက်သည်ဆိုလျှင် ဤအရာများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြစ်ပြီး အလွန်စစ်မှန်သည်ဆိုပြီး သင်တို့၏နှလုံးသားတွင် နားလည်နိုင်မည် မဟုတ်ပေလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဘုရားသခင်အပေါ် သင်တို့၏ လက်ရှိနားလည်မှုသည် ယခင်ကနှင့် မည်သို့ကွာခြားသနည်း။ အနှစ်သာရတွင် ကွာခြားပေသည်။ သင်တို့ ယခင်က နားလည်ခဲ့သည့်အရာက အလွန်တိမ်သည်။ အလွန်ဝေဝါးသည်။ သင်တို့ ယခုနားလည်သည့်အရာက ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ပြသရန်၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို နှိုင်းယှဉ်ရန် စစ်မှန်သည့် အထောက်အထား အများအပြား ပါဝင်သည်။ ထို့ကြောင့် ငါပြောခဲ့သည့်အရာများအားလုံးက ဘုရားသခင်အပေါ် သင်တို့၏နားလည်ခြင်းအတွက် အလွန်ကောင်းသည့် အချက်များပင်ဖြစ်သည်။

ယနေ့ တွေ့ဆုံစုစည်းခြင်းအတွက် ဤမျှသာဖြစ်သည်။ နှုတ်ဆက်ပါသည်။ ကောင်းသော ညနေခင်းဖြစ်ပါစေ။ (နှုတ်ဆက်ပါသည်၊ အနန္တတန်ခိုးရှင် ဘုရားသခင်။)

၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်

ယခင်က:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

နောက်တစ်ခုသို့:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ