အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင် ၅

ဘုရားသခင်၏ သန့်ရှင်းခြင်း (၂)

ညီအစ်ကို မောင်နှမတို့ ယနေ့ ဓမ္မသီချင်းတစ်ပုဒ် သီဆိုကြစို့။ သင်တို့ ကြိုက်နှစ်သစ်ပြီး ယခင်က ပုံမှန်သီဆိုဖူးသော သီချင်းတစ်ပုဒ်ကို ရှာကြလော့။ (“အပြစ်ကင်းသည့် သန့်စင်သောချစ်ခြင်းမေတ္တာ” ဟူသည့် ဘုရားသခင့်နှုတ်ကပတ်တော်၏ ဓမ္မသီချင်းကို သီဆိုလိုပါ၏။)

၁။ “ချစ်ခြင်းမေတ္တာ” ဆိုသည်မှာ ချစ်ခင်နှစ်သက်ရန်၊ ခံစားရန်နှင့် တွေးတောရန် နှလုံးသားကို အသုံးပြုသော သန့်စင်ပြီး အပြစ်ကင်းသည့် စိတ်ခံစားမှုကို ရည်ညွှန်းသည်။ ချစ်ခြင်းမေတ္တာတွင် အခြေအနေများမရှိ၊ အတားအဆီးများ မရှိသည့်အပြင်၊ အကွာအဝေးလည်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယမရှိ၊ လှည့်ဖြားမှုမရှိ၊ ကောက်ကျစ်မှုလည်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် ဝေးကွာခြင်းမရှိဘဲ မသန့်စင်မှု တစ်ခုမျှ မရှိပေ။ သင်သည် ချစ်မြတ်နိုးသည့်အခါ လှည့်ဖြားခြင်း၊ မကောင်းပြောခြင်း၊ သစ္စာဖောက်ခြင်း၊ ပုန်ကန်ခြင်း၊ အတင်းတောင်းဆိုခြင်း သို့မဟုတ် တစ်စုံတစ်ခုရရှိရန် သို့မဟုတ် အနည်းငယ်သော ပမာဏတစ်ခုကို ရရှိရန် ရှာဖွေခြင်းတို့ကို သင်ပြုမည်မဟုတ်ပေ။

၂။ “ချစ်ခြင်းမေတ္တာ” ဆိုသည်မှာ ချစ်ခင်နှစ်သက်ရန်၊ ခံစားရန်နှင့် တွေးတောရန် နှလုံးသားကို အသုံးပြုသော သန့်စင်ပြီး အပြစ်ကင်းသည့် စိတ်ခံစားချက်ကို ရည်ညွှန်းသည်။ ချစ်ခြင်းမေတ္တာမှာ အခြေအနေများမရှိ၊ အတားအဆီးများမရှိ၊ အကွာအဝေးမရှိ။ ချစ်ခြင်းမေတ္တာတွင် သံသယမရှိ၊ လှည့်ဖြားမှုမရှိ၊ ကောက်ကျစ်မှုမရှိ။ ချစ်ခြင်းမေတ္တာတွင် အကွာအဝေးမရှိ၊ မသန့်ရှင်းသည့်အရာမရှိ။ သင်ချစ်မြတ်နိုးသည့်အခါ သင်သည် ကျေနပ်စွာ စွန့်လွှတ်အနစ်နာခံပြီး အခက်အခဲကို သည်းခံလိမ့်မည်၊ ထို့နောက် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်လာလိမ့်မည်။ သင်သည် သင်၏ အရာအားလုံးဖြစ်သော သင်၏မိသားစု၊ သင်၏အနာဂတ်၊ သင်၏ပျိုမျစ်ခြင်းနှင့် သင်၏အိမ်ထောင်ရေးကို ဘုရားသခင်အတွက် စွန့်လွှတ်လိမ့်မည်။ သို့မဟုတ်ပါက သင်၏ ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းမေတ္တာလုံးဝမဟုတ်ဘဲ၊ လိမ်လည်ခြင်း သို့မဟုတ် သစ္စာဖောက်ခြင်းသာ ဖြစ်လိမ့်မည်။

ဤသည်မှာ ရွေးချယ်ရန် သီချင်းကောင်းတစ်ပုဒ် ဖြစ်ပေသည်။ ဤသီချင်း သီဆိုခြင်းကို သင်တို့ နှစ်သက်သလော။ (နှစ်သက်ပါသည်။) ဤသီချင်း သီဆိုပြီးနောက်တွင် သင်တို့ မည်သို့ခံစားရသနည်း။ သင့်ကိုယ်အတွင်းတွင် ဤကဲ့သို့ ချစ်ခြင်းမေတ္တာမျိုးကို သင်ခံစားနိုင်သလော။ (ယခုထိ မဖြစ်သေးပါ။) သီချင်းထဲက မည်သည့်စကားလုံးများသည် သင့်ကို အနက်ရှိုင်းဆုံး ခံစားစေသနည်း။ (“ချစ်ခြင်းမေတ္တာတွင် အခြေအနေများမရှိ၊ အတားအဆီးများမရှိ၊ အကွာအဝေးမရှိ။ ချစ်ခြင်းမေတ္တာတွင် သံသယမရှိ၊ လှည့်ဖြားမှုမရှိ၊ ကောက်ကျစ်မှုမရှိ၊ ချစ်ခြင်းမေတ္တာတွင် အကွာအဝေးမရှိ မသန့်စင်သည့်အရာမရှိ။” သို့ရာတွင် ကျွန်ုပ်ကိုယ်အတွင်းတွင် မသန့်စင်မှု အများအပြားကို ကျွန်ုပ်မြင်နေဆဲဖြစ်ပြီး ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကျွန်ုပ်ကြိုးစားသည့်နေရာ၊ ကျွန်ုပ်မပြည့်စုံသည့် ကဏ္ဍများကိုလည်း ကျွန်ုပ်မြင်ပါ၏၊ သို့ဖြစ်ရာ ကျွန်ုပ်သည် ယနေ့တွင် မိမိကိုယ်ကို စဉ်းစားကြည့်သည့်အခါ ကျွန်ုပ်သည် သန့်စင်ပြီး အပြစ်အကင်းသော ချစ်ခြင်းမေတ္တာအမျိုးအစားမျိုးကို အမှန်တကယ် ရရှိခြင်း မရှိသေးပါ။) သင်သည် သန့်စင်ပြီး အပြစ်ကင်းသည့် ချစ်ခြင်းမေတ္တာမျိုးကို ရရှိခြင်းမရှိသေးပါက မည်သို့ ချစ်ခြင်းမေတ္တာမျိုး သင့်တွင်ရှိသနည်း။ သင့်အတွင်းတွင် သင်သည် မည်သည့်အဆင့် ချစ်ခြင်းမေတ္တာမျိုး ရှိသနည်း။ (ကျွန်ုပ်မှာ ရှာဖွေရန် လိုလားနေပြီး မျှော်လင့်တမ်းတနေသည့် အဆင့်တွင်သာ ရှိနေသေးပါသည်။) သင့်ကိုယ်ပိုင် ဝိညာဉ်အသက်တာအပေါ် အခြေခံပြီး သင်၏ကိုယ်ပိုင်အတွေ့အကြုံများမှ ကိုယ်ပိုင်စကားလုံးများကို အသုံးပြုခြင်းဖြင့် သင်သည် မည်သည့်အဆင့်ကို ရရှိထားပြီနည်း။ သင့်တွင် လှည့်ဖြားခြင်း ရှိသလော၊ သင့်တွင် အပြစ်တင်ခြင်းများ ရှိသလော။ သင်၏ စိတ်နှလုံးအတွင်း တောင်းဆိုချက်များ ရှိသလော။ ဘုရားသခင်ထံမှ သင်လိုချင်သော တောင့်တသောအရာများ ရှိသလော။ (ရှိပါ၏။ မသန့်စင်သည့် ဤအရောအနှောအရာများ ရှိပါသည်။) မည်သည့် အခြေအနေများအတွင်းတွင် ၎င်းတို့ ထွက်ပေါ်လာသနည်း။ (ကျွန်ုပ်အတွက် ဘုရားသခင် စီစဉ်ပေးနေခဲ့သော အခြေအနေသည် မည်သို့ဖြစ်သင့်သည်ဆိုသည့် ကျွန်ုပ်၏ စဉ်းစားချက်နှင့် မကိုက်ညီသည့်အခါ သို့မဟုတ် ကျွန်ုပ်၏ လိုအင်ဆန္ဒများ မပြည့်ဝနေခဲ့သည့်အခါ ကျွန်ုပ်သည် ဤကဲ့သို့သော အကျင့်ပျက်နေသည့် စိတ်သဘောထားမျိုးကို ပြသပါလိမ့်မည်။) ဤသီချင်းကို သင်တို့ မကြာခဏ သီဆိုကြသလော။ “အပြစ်ကင်းသည့် သန့်စင်သောချစ်ခြင်းမေတ္တာ” ဆိုသည်ကို သင်တို့ မည်သို့နားလည်သည်ကို ဆွေးနွေးနိုင်ကြသလော။ ထို့ပြင် ဘုရားသခင်က ချစ်ခြင်းမေတ္တာကို အဘယ်ကြောင့် ဤနည်းဖြင့် အနက်ဖွင့်သနည်း။ (ဤချစ်ခြင်းမေတ္တာသည် ပြီးပြည့်စုံသော ချစ်ခြင်းမေတ္တာဖြစ်သည်ကို တွေ့ရသောကြောင့် ဤသီချင်းကို ကျွန်ုပ်အမှန်တကယ် နှစ်သက်ပါ၏။ သို့ရာတွင် ကျွန်ုပ်မှာ ထိုစံချိန်စံညွှန်းနှင့် ဝေးကွာနေသေးသည်ဟု ခံစားရပါသည်။ ယခုအခါ ကျွန်ုပ်သည် အချို့သော အရာများကို စွန့်လွှတ်ပြီး သမ္မာတရားကို လိုက်လျှောက်ရန် အကုန်အကျ အနည်းငယ်ခံသည့် အဆင့်တွင်သာ ရှိနေပါသေးသည်။ သို့သော်လည်း ကျွန်ုပ်၏ ကိုယ်ပိုင်အနာဂတ်နှင့် ပန်းတိုင်ကို တစ်စုံတစ်ခုက သက်ရောက်မှု ရှိသည့်အခါ ကျွန်ုပ်သည် စိတ်နှလုံးအတွင်းတွင် ကွဲလွဲမှုဖြစ်ပေါ် ခံစားရပါ၏။ ဘုရားသခင်တွင် ယုံကြည်မှု အနည်းငယ်သာ ရှိသေးသည်ကို ကျွန်ုပ်တွေ့ရပါသည်။) (ယခုအခါ ကျွန်ုပ်သည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ရရှိနိုင်ရန် အလွန်အလှမ်းဝေးနေသည်ဟု ခံစားရပါသည်။ ထိုသို့ တိုးတက်ရောက်ရှိစေရန် လုပ်ဆောင်မှုအချို့ ကျွန်ုပ်လုပ်နိုင်ခဲ့ပါသည်။ ကျွန်ုပ်လုပ်သည့်တစ်နည်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်ကိုပေးထားသော အင်အားမှတစ်ဆင့်ဖြစ်ပြီး နောက်တစ်နည်းမှာ ဤအခြေအနေများတွင် ကျွန်ုပ်သည် ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ သို့ရာတွင် ဖြစ်တည်မှုအပေါ် ကျွန်ုပ်၏အမြင်များ ပါဝင်လာသောအခါ တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် ယင်းတို့ကို မကျော်လွှားနိုင်ပါ။) ထိုအရာများကို ကျော်လွှားနိုင်ခြင်းမရှိသည့် အချိန်များတွင် သင့်အား ပိတ်ဆို့တားဆီးနေသည့် အရာများကို သင်စဉ်းစားမိဖူးသလော။ ယင်းကိစ္စရပ်များအပေါ် အတွင်းကျကျ ပြန်လည်ဆန်းစစ်ကြည့်မိဖူးသလော။ (ဟုတ်ပါ၏။ ကျွန်ုပ်သည် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ကြည့်ဖူးပါသည်။ ကြီးမားသော အတားအဆီးမှာ အများအားဖြင့် ကျွန်ုပ်၏ကိုယ်ပိုင်မာနနှင့် မောက်မာမှုသာမက ကျွန်ုပ်၏အနာဂတ်နှင့် ပန်းတိုင်အတွက် မျှော်မှန်းချက်များ ဖြစ်ပါသည်။) သင်၏အနာဂတ်နှင့် ပန်းတိုင်သည် သင့်အတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာသောအခါ၊ သင်သည် ထိုသို့ အဘယ်ကြောင့် ဖြစ်ရသည်ကို စဉ်းစားကြည့်မိဖူးသလော။ သင်၏အနာဂတ်နှင့် ပန်းတိုင်မှ သင်အဘယ်အရာကိုလိုချင်သနည်း။ (ဤကိစ္စရပ်နှင့် ပတ်သက်၍ ကျွန်ုပ်သည် အပြည့်အဝ ရှင်းလင်းမှု မရှိပါ၊ တစ်ခါတစ်ရံ ကျွန်ုပ်သည် ကျွန်ုပ်တွင် အနာဂတ် သို့မဟုတ် ပန်းတိုင် မရှိတော့သကဲ့သို့ ခံစားရသော ပတ်ဝန်းကျင်များကို တွေ့ကြုံရသည်၊ သို့မဟုတ် တစ်ခါတစ်ရံတွင် ဘုရားသခင်နှင့် ထိတွေ့ရာ၌ ကျွန်ုပ်တွင် ရည်မှန်းချက်မရှိသကဲ့သို့ပင် ခံစားရပါသည်။ ထိုအခါများတွင် ကျွန်ုပ်သည် အလွန်အားနည်းသည်ဟု ခံစားရပြီး ယင်းသည် ကျွန်ုပ်၏ ကိုယ်ပိုင် ကြီးမားသော အတားအဆီးကြီးဖြစ်လာသည်ဟု ခံစားရပါသည်။ အတွေ့အကြုံများကို အချိန်တစ်ခု ဖြတ်ကျော်ပြီး ဆုတောင်းမှုများမှတစ်ဆင့်၊ ကျွန်ုပ်၏ ဤအခြေအနေသည် အလှည့်အပြောင်း ဖြစ်လာနိုင်ပါ၏၊ သို့သော်လည်း ကျွန်ုပ်သည် ဤကိစ္စ၏ အနှောင့်အယှက်ပေးခြင်းကို ခံစားနေရဆဲ ဖြစ်ပါသည်။) “အနာဂတ်နှင့် ပန်းတိုင်” ကို သင်ပြောသည့်အခါ သင်အမှန်တကယ် အဘယ်အရာကို ရည်ညွှန်းနေသနည်း။ သင်တစ်စုံတစ်ခုကို ညွှန်ပြစရာ ရှိသလော။ ယင်းသည် ရုပ်ပုံကားချပ်တစ်ခု သို့မဟုတ် သင်စိတ်ကူးသော အရာတစ်ခုခု သို့မဟုတ် သင်အမှန်တကယ် မြင်နိုင်သော အရာတစ်ခုခု ဖြစ်သလော။ ထိုအရာသည် အမှန်တကယ်ရှိသော အရာလော။ သင်တို့၏အနာဂတ်နှင့် သင်တို့ပန်းတိုင်များနှင့်ပတ်သက်၍ သင်တို့စိတ်နှလုံးများတွင် ပူပန်နေသောအရာမှာ အဘယ်အရာကို ရည်ညွှန်းကြောင်း သင်တို့တစ်ဦးချင်းစီ၏ စိတ်နှလုံးထဲတွင် စဉ်းစားသင့်သည်။ (ယင်းမှာ ကယ်တင်ခြင်းခံရရန်နှင့် ရှင်သန်ရန် ဖြစ်ပြီး ဘုရားသခင်၏ အသုံးပြုခြင်းခံရရန်အတွက် တဖြည်းဖြည်း သင့်တော်လာစေရန် မျှော်လင့်ချက်နှင့် ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ခြင်း၏ လုပ်ငန်းစဉ်မှတစ်ဆင့် စံချိန်မီသည်အထိ ကျွန်ုပ်၏တာဝန်ကို ထမ်းရွက်ရန်ဖြစ်ပါသည်။ သို့ရာတွင် ထိုကဏ္ဍများ၌ ကျွန်ုပ်ကို ဘုရားသခင်က တစ်ခါတစ်ရံ ဖော်ပြရာ ကျွန်ုပ်တွင် အနာဂတ် ကင်းမဲ့နေသည့်အလား ကျွန်ုပ်မှာ ပြည့်မီခြင်းမရှိဟု ခံစားရပါသည်။) အခြားညီအစ်ကို မောင်နှမများသည် “အပြစ်ကင်းသည့် သန့်စင်သော ချစ်ခြင်း” ကို မည်သို့ နားလည်သည်ကို ဆွေးနွေးသင့်သည်။ (လူပုဂ္ဂိုလ်တစ်ဦးချင်းထံတွင် မသန့်စင်မှုဟူသည်မရှိဘဲ သူတို့၏အနာဂတ်နှင့် ပန်းတိုင်သည် သူတို့ကို ထိန်းချုပ်ထားခြင်း မရှိပါ။ သူတို့ကို ဘုရားသခင် မည်သို့ဆက်ဆံသည်နှင့် မသက်ဆိုင်ဘဲ သူတို့သည် ဘုရားသခင်၏အမှုကိုသာမက ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို အပြည့်အဝ လိုက်နာနိုင်ကြပြီး သူ့နောက်သို့ အဆုံးတိုင်အောင် လိုက်လျှောက်နိုင်ကြပါသည်။ ထိုသို့သော ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာမျိုးသည်သာ အပြစ်ကင်းသည့် သန့်စင်သော ချစ်ခြင်းမေတ္တာ ဖြစ်ပါသည်။ နှစ်အနည်းငယ်အတွင်းတွင် ကျွန်ုပ်သည် ဘုရားသခင်ထံတွင် ယုံကြည်မှုရှိပြီး၊ အပေါ်ယံအားဖြင့် အချို့သော အရာများကို စွန့်လွှတ်ကောင်း စွန့်လွှတ်ခဲ့ခြင်း၊ သို့မဟုတ် အကုန်အကျအချို့ကို ခံနိုင်ကောင်း ခံနိုင်ခဲ့ခြင်းရှိခဲ့သော်လည်း ဘုရားသခင်အား ကျွန်ုပ်၏စိတ်နှလုံးကို အမှန်တကယ် ပေးအပ်နိုင်ခြင်း မရှိခဲ့ကြောင်းကို ထိုအရာနှင့် မိမိကိုယ်မိမိ နှိုင်းယှဉ်သောအခါမှသာ ရှာဖွေတွေ့ရှိခဲ့ရပါ၏။ ဘုရားသခင်က ကျွန်ုပ်ကိုထုတ်ဖော်သာအခါ ကျွန်ုပ်သည် ကယ်တင်ခြင်းမခံရနိုင်ဘဲ အနုတ်လက္ခဏာဆောင်သော အခြေအနေတွင် တွယ်ညိနေသော လူတစ်ဦးတစ်ယောက်အဖြစ် သတ်မှတ်ခံရသကဲ့သို့ ကျွန်ုပ်ခံစားရပါသည်။ ကျွန်ုပ်သည် တာဝန်များကို ထမ်းဆောင်နေသည်ဟု မိမိကိုယ်မိမိမြင်သော်လည်း တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးပမ်းနေပြီး ဘုရားသခင်ကို ကျွန်ုပ်၏စိတ်နှလုံးအကြွင်းမဲ့ မချစ်နိုင်ဘဲရှိပြီး ကျွန်ုပ်၏ရည်မှန်းချက်၊ ကျွန်ုပ်၏အနာဂတ်နှင့် ကျွန်ုပ်၏ပန်းတိုင်တို့သည် ကျွန်ုပ်၏စိတ်ထဲတွင် အစဉ်အမြဲ ရှိနေခဲ့ပါသည်။)

ဤသီချင်းကို သင်တို့သည် မကြာခဏသီဆိုကြပြီး ယင်းကို အချို့သာ နားလည်ကြကာ သင်တို့၏ လက်တွေ့ အတွေ့အကြုံများနှင့် ဆက်နွှယ်မှုအချို့ရှိပုံရသည်။ သို့ရာတွင် “အပြစ်ကင်းသည့် သန့်စင်သော ချစ်ခြင်းမေတ္တာ” သီချင်းပါ တေးသွားစကားစု တစ်ခုချင်းစီကို လူတစ်ဦးချင်းနီးပါးသည် မတူညီသော အဆင့်များဖြင့် လက်ခံမှုရှိကြသည်။ အချို့လူများက လိုလိုလားလားရှိသည်၊ အချို့လူများမှာ သူတို့၏ အနာဂတ်များကို ဘေးဖယ်ထားရန် ရှာဖွေကြသည်၊ အချို့လူများသည် သူတို့၏ မိသားစုများကို ဘေးဖယ်ထားရန် ရှာဖွေကြသည်၊ အချို့လူများသည် မည်သည့်အရာကိုမဆို လက်ခံရရှိရန် ရှာဖွေမနေကြပါ။ အချို့လူများမှာ အလှည့်ဖြားမခံရစေရန်၊ အပြစ်တင်မခံရစေရန်နှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း မရှိစေရန် သူတို့ကိုယ်သူတို့ လိုအပ်လျက်ရှိနေဆဲ ဖြစ်သည်။ ဘုရားသခင်က ဤကဲ့သို့ ချစ်ခြင်းမေတ္တာမျိုးကို အဘယ်ကြောင့် အကြံပြုပြီး လူများအနေဖြင့် ကိုယ်တော့်ကို ဤပုံစံဖြင့် ချစ်စေလိုခြင်း ဖြစ်သနည်း။ ဤကဲ့သို့ ချစ်ခြင်းမေတ္တာမျိုးမှာ လူများ ရနိုင်သော ချစ်ခြင်းမျိုးလော။ တစ်နည်းအားဖြင့်၊ လူများသည် ဤနည်းဖြင့် ချစ်နိုင်သလော။ လူများအနေဖြင့် သူတို့ မလုပ်နိုင်ကြောင်း တွေ့ကောင်းတွေ့လိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤချစ်ခြင်းမေတ္တာမျိုးကို လုံးဝမပိုင်ဆိုင်ကြသောကြောင့်ဖြစ်သည်။ သူတို့တွင် ယင်းကို မပိုင်ဆိုင်သောအခါ၊ သူတို့သည် အခြေခံအားဖြင့် ချစ်ခြင်းမေတ္တာအကြောင်း မသိကြ၊ ဘုရားသခင်က ဤနှုတ်ကပတ်တော်များ ပြောသောအခါ သူတို့နှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြ။ အဘယ်ကြောင့်ဆိုသော် လူများသည် ဤကမ္ဘာတွင် နေထိုင်ကြသည်၊ သူတို့၏ အကျင့်ပျက်သော စိတ်သဘောထားများတွင် နေထိုင်ကြသည်၊ လူများတွင် ဤသို့သော ချစ်ခြင်းမေတ္တာမျိုးရှိပါက သို့မဟုတ် တစ်စုံတစ်ဦးသည် ဤချစ်ခြင်းမေတ္တာမျိုး ပိုင်ဆိုင်ပါက၊ တောင်းဆိုမှုများ တောင်းခံမှုများ မရှိပါက၊ သူတို့ကိုယ်သူတို့ ဆက်ကပ်လိုပြီး ဆင်းရဲဒုက္ခကို သည်းညည်းခံလိုစိတ်ရှိပါက သူတို့ပိုင်ဆိုင်သမျှကို စွန်လွှတ်နိုင်ပါက ဤချစ်ခြင်းမေတ္တာမျိုး ပိုင်ဆိုင်သောသူ တစ်စုံတစ်ယောက်ကို အခြားသူများ၏မျက်စိတွင် မည်သို့မြင်ကြမည်နည်း။ ထိုသူသည် စုံလင်သော လူတစ်ယောက် ဖြစ်လိမ့်မည် မဟုတ်ပါလော။ (ဟုတ်ပါ၏။) ဤကမ္ဘာပေါ်တွင် ထိုကဲ့သို့ စုံလင်သောသူ ရှိသလော။ မရှိပေ၊ ဟုတ်သည်မဟုတ်လော။ သူတို့သည် လေဟာနယ်တွင် နေထိုင်နေသူ မဟုတ်ပါက ဤကဲ့သို့လူမျိုးသည် ဤကမ္ဘာပေါ်တွင် လုံးဝ မရှိနိုင်ပေ၊ မှန်၏လော။ သို့ဖြစ်ရာ အချို့သူများသည်၊ သူတို့၏ အတွေ့အကြုံများမှတစ်ဆင့်၊ ဤနှုတ်ကပတ်တော်များက ပုံဖော်သည့်အရာကဲ့သို့ဖြစ်ရန် အကြီးအကျယ် အားထုတ်ကြသည်။ သူတို့ကိုယ်သူတို့ ကိုင်တွယ်ကြသည်၊ သူတို့ကိုယ်သူတို့ ချုပ်ထိန်းကြသည်၊ သူတို့သည် သူတို့ကိုယ်သူတို့ အစဉ်တစိုက် စွန့်ပင်စွန့်ပစ်ကြသည်။ သူတို့သည် ဆင်းရဲဒုက္ခကို သည်းခံကြပြီး သူတို့ ဆုပ်ကိုင်ထားခဲ့သော အယူအဆလွဲများကို စွန့်လွှတ်ကြသည်။ ဘုရားသခင်ကို သူတို့ ပုန်ကန်နေခဲ့သော နည်းလမ်းများကို စွန့်လွှတ်ကြသည်၊ သူတို့၏ ကိုယ်ပိုင်ဆန္ဒများနှင့် လိုချင်မှုများကို စွန့်လွှတ်ကြသည်။ သို့ရာတွင် အဆုံးတွင် သူတို့သည် ထိုလိုအပ်ချက်များကို မပြည့်မီနိုင်ဘဲ ရှိဆဲပင်ဖြစ်ကြသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်သနည်း။ လူအများလိုက်နာစိမ့်သောငှာ စံချိန်စံညွှန်းတစ်ခုပေးရန် ဘုရားသခင်က ဤအရာများကို ပြောခဲ့သည်၊ ထို့ကြောင့် သူတို့အတွက် ဘုရားသခင်က တောင်းဆိုခဲ့သည့် စံချိန်စံညွှန်းများကို လူများသည် သိလိမ့်မည်။ သို့ရာတွင် ဘုရားသခင်က လူများအား ထိုအရာကို ချက်ချင်း ရရှိအောင်မြင်ရမည်ဟု ပြောခဲ့ဖူးသလော။ ဘုရားသခင်က မည်သည့်အချိန်အတွင်း ဤအရာကို ရရှိအောင်မြင်ရမည်ဟု လူများကို ပြောခဲ့ဖူးသလော။ (မပြောခဲ့ဖူးပါ။) ဘုရားသခင်က လူများကို သူ့အား ဤနည်းဖြင့်ချစ်ရမည်ဟု ပြောခဲ့ဖူးသလော။ ဤစာပိုဒ်တွင်လည်း ထိုသို့ ပြောထားသလော။ မဟုတ်ပေ၊ ယင်းသို့ မပြောချေ။ ဘုရားသခင်သည် လူများကို သူရည်ညွှန်းသည့် ချစ်ခြင်းမေတ္တာအကြောင်း ပြောရုံသာပြောခြင်းဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်ကို ချစ်နိုင်ပြီး ဆက်ဆံနိုင်သော လူများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များက အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့ကို ချက်ချင်း သို့မဟုတ် ယခုချက်ချင်း လက်လှမ်းမီရန် မလိုအပ်ပေ၊ အဘယ်ကြောင့်ဆိုသော် လူများက ယင်းကိုမလုပ်နိုင်သောကြောင့် ဖြစ်၏။ ဤနည်းဖြင့်ချစ်ရန် လူများတွင် မည်သို့သော အခြေအနေများပြည့်စုံရန် လိုအပ်သည်နှင့်ပတ်သက်၍ သင်တို့ စဉ်းစားမိဖူးသလော။ လူများအနေဖြင့် ဤနှုတ်ကပတ်တော်များကို မကြာခဏဖတ်ပါက သူတို့အနေဖြင့် ဤချစ်ခြင်းမေတ္တာမျိုး တဖြည်းဖြည်း ရှိလာလိမ့်မည်လော။ (မရှိလာနိုင်ပါ။) သို့ဖြစ်ပါက အခြေအနေများကား အဘယ်အရာများနည်း။ ပထမဦးစွာ ဘုရားသခင်အပေါ် လူများ မည်သို့လျှင် သံသယ ကင်းရှင်းနိုင်သနည်း။ (ရိုးဖြောင့်သူတို့သာလျှင် ယင်းကို ရရှိနိုင်ပါသည်။) လှည့်ဖြားခြင်းမှ ကင်းဝေးရန်ကော အဘယ်သို့နည်း။ (သူတို့သည်လည်း ရိုးဖြောင့်သူများ ဖြစ်ရပါမည်။) ဘုရားသခင်နှင့် အပေးအယူများ မပြုလုပ်လိုသူ တစ်ဦးဖြစ်ရန်ကော။ ယင်းသည်လည်း ရိုးဖြောင့်သောလူတစ်ဦး ဖြစ်ရမည်။ ကောက်ကျစ်မှု မရှိရန်ကော အဘယ်နည်း။ ချစ်ခြင်းမေတ္တာတွင် ရွေးချယ်စရာမရှိဟုဆိုရာ၌ ယင်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ ရိုးဖြောင့်သူတစ်ဦး ဖြစ်ခြင်းကို ၎င်းတို့အားလုံး ညွှန်းဆိုနေသလော။ ယင်းတွင် အသေးစိတ်အချက်များ အများအပြားရှိသည်။ ဤချစ်ခြင်းမေတ္တာမျိုး ဖြစ်ပေါ်စေရန် ဘုရားသခင်၏ စွမ်းရည် သို့မဟုတ် ဤချစ်ခြင်းမေတ္တာမျိုးကို ဖွင့်ဆိုရန် ဘုရားသခင်၏ စွမ်းရည်ဟု ဤနည်းဖြင့် ပြောဆိုပါက ယင်းသည် အဘယ်အရာကို အတည်ပြုသနည်း။ ဘုရားသခင်တွင် ဤသို့သော ချစ်ခြင်းမေတ္တာမျိုး ပိုင်ဆိုင်သည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ထိုအရာကို မည်သည့်နေရာတွင် သင်တို့တွေ့သနည်း။ (ဘုရားသခင်က လူသားအပေါ်ထားသော ချစ်ခြင်းမေတ္တာတွင် တွေ့ပါသည်။) လူသားအပေါ် ဘုရားသခင်၏ ချစ်ခြင်းသည် အခြေအနေပေါ် မူတည်သလော။ (မမူတည်ပါ။) ဘုရားသခင်နှင့် လူသားအကြားတွင် အတားအဆီးများ သို့မဟုတ် ဝေးကွာမှု ရှိသလော။ (မရှိပါ။) ဘုရားသခင်သည် လူသားအပေါ် သံသယရှိသလော။ (မရှိပါ။) ဘုရားသခင်သည် လူသားကို လေ့လာပြီး လူသားကို အမှန်တကယ် နားလည်သည်။ ဘုရားသခင်သည် လူသားကို လှည့်ဖြားသလော။ (မလှည့်ဖြားပါ။) ဘုရားသခင်သည် ဤချစ်ခြင်းမေတ္တာအကြောင်း စုံလင်စွာပြောခြင်းကြောင့် သူ၏ စိတ်နှလုံး သို့မဟုတ် သူ၏ အနှစ်သာရသည် အလွန်စုံလင်လိမ့်မည်လော။ (ဟုတ်ပါသည်။) လူများသည် ချစ်ခြင်းမေတ္တာကို ဤနည်းဖြင့် အဓိပ္ပာယ်ဖွင့်ဆိုဖူးသလော။ မည်သည့်အခြေအနေများတွင် လူသည် ချစ်ခြင်းမေတ္တာကို အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ လူသည် ချစ်ခြင်းမေတ္တာအကြောင်း မည်သို့ပြောဆိုသနည်း။ ယင်းသည် ပေးခြင်း သို့မဟုတ် ကမ်းလှမ်းခြင်း ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ချစ်ခြင်းမေတ္တာအပေါ် ဤအဓိပ္ပာယ်ဖွင့်ဆိုမှုသည် ရိုးရှင်းပြီး အနှစ်သာရကင်းမဲ့နေသည်။

ချစ်ခြင်းမေတ္တာအပေါ် ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ချစ်ခြင်းမေတ္တာကို ဘုရားသခင်၏ ပြောဆိုပုံ တို့သည် သူ့အနှစ်သာရ၏ သွင်ပြင်လက္ခဏာတစ်ခုနှင့် ဆက်နွှယ်နေသည်။ သို့သော်လည်း သူ့အနှစ်သာရ၏ မည်သည့် သွင်ပြင်လက္ခဏာဖြစ်သနည်း။ ပြီးခဲ့သည့် အချိန်က အလွန်အရေးကြီးသော အကြောင်းအရာနှင့် ပတ်သက်၍ ငါတို့မိတ်သဟာယပြုခဲ့ကြသည်၊ ယင်းမှာ လူအများမကြာခဏ ဆွေးနွေးလေ့ရှိပြီး ယခင်က တင်ပြခဲ့သော အကြောင်းအရာဖြစ်ပြီး ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်စဉ်အတွင်း မကြာခဏ ပေါ်ပေါက်လာလေ့ရှိသော စကားတစ်လုံး ဖြစ်သည်။ သို့ရာတွင် ယင်းစကားလုံးသည် လူအများနှင့် ရင်းနှီးသလို ဖြစ်သော်လည်း စိမ်းနေသလိုလည်း ရှိသည်၊ သို့သော် အဘယ်ကြောင့် ထိုသို့ဖြစ်သနည်း။ ယင်းသည် လူသားတို့၏ ဘာသာစကားများမှလာသော စကားလုံးဖြစ်ပြီး လူတို့အကြားတွင် ယင်း၏အဓိပ္ပာယ်သည် ထင်ရှားသလို မထင်မရှားလည်း ဖြစ်သည်။ ယင်းသည် အဘယ်စကားလုံး ဖြစ်သနည်း။ (သန့်ရှင်းခြင်း ဖြစ်ပါသည်။) သန့်ရှင်းခြင်း။ ယင်းသည် ယခင်တစ်ခေါက်က ငါတို့ မိတ်သဟာယပြုခဲ့သော ခေါင်းစဉ်ဖြစ်သည်။ ငါတို့သည် ဤခေါင်းစဉ်နှင့်ပတ်သက်၍ အနည်းငယ် မိတ်သဟာယပြုခဲ့သော်လည်း ငါတို့၏ မိတ်သဟာယ ပြုမှုမှာ မပြည့်စုံခဲ့ပေ။ ယခင်တစ်ခေါက်က ငါတို့ မိတ်သဟာယပြုခဲ့သည့် အပိုင်းအပေါ်တွင် အခြေခံလျက် အားလုံးသည် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရနှင့်ပတ်သက်၍ နားလည်မှုအသစ် ရရှိခဲ့ကြသလော။ (ရခဲ့ပါ၏။) နားလည်မှု အသစ်မှာ ဘယ်အရာဟု သင်တို့ ထင်သနည်း။ ဆိုလိုသည်မှာ ထိုနားလည်မှု သို့မဟုတ် ထိုစကားလုံးများထဲမှ အဘယ်အရာက ဘုရားသခင်၏ သန့်ရှင်းခြင်းအပေါ် သင်တို့၏နားလည်မှုသည် ဘုရားသခင်၏ သန့်ရှင်းခြင်းအပေါ် ငါ၏မိတ်သဟာယဖွဲ့ ဆွေးနွေးပြခဲ့မှုမှ ကွဲပြားသည် သို့တည်းမဟုတ် ခြားနားသည်ဟု သင်တို့ကို ခံစားရစေသနည်း။ ယင်းသည် ထင်မြင်ချက် တစ်ခုခု ချန်ထားရစ်ခဲ့သလော။ (ဘုရားသခင်က သူ့စိတ်နှလုံးထဲတွင် ခံစားရသည့်အရာကို ပြောဆိုပြီး ယင်းသည် စင်ကြယ်ပေသည်။ ယင်းသည် သန့်ရှင်းခြင်း၏ လက္ခဏာရပ်တစ်ခု ဖြစ်သည်။) ဤသည်မှာ ယင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်၊ ထပ်ဖြည့်ပြောရန် ရှိသေးသလော။ (ဘုရားသခင်သည် လူသားအပေါ် အမျက်ဒေါသဖြစ်သည့်အခါ သန့်ရှင်းခြင်းရှိပါသည်၊ ယင်းသည် အပြစ်မပါရှိပါ။) (ဘုရားသခင်၏ သြဇာအာဏာတွင် ကိုယ်တော်၏ စုံလင်ခြင်း၊ ကိုယ်တော်၏ သစ္စာရှိမှု၊ ကိုယ်တော်၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်းအပေါ် ကိုယ်တော်၏ အုပ်စိုးမှုတို့ကို ကျွန်ုပ်မြင်ရပါသည်။ ထိုအရာများကို ကျွန်ုပ်နားလည်ပါ၏။) “အရာခပ်သိမ်းအပေါ် အုပ်စိုးမှု” မှာ ဘုရားသခင်၏ သြဇာအာဏာအကြောင်း ဖြစ်သည်။ ယခု ငါတို့ပြောနေသည်မှာကား ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်းဖြစ်သည်။ (ဘုရားသခင်၏ သန့်ရှင်းခြင်းအနေနှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ကိုယ်တော်၏ အမျက်ဒေါသနှင့် သနားခြင်း ကရုဏာတို့ရှိသည်ဟု ကျွန်ုပ်နားလည်ပါသည်။ ယင်းသည် ကျွန်ုပ်အတွက် အားကောင်းသော ထင်မြင်ချက်ကို ချန်ထားရစ်ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် အတုမရှိ ဖြစ်ပါသည်။ ထိုသို့သော နားလည်မှုမျိုး သို့မဟုတ် ယင်းအတွက် ထိုသို့အဓိပ္ပာယ်ဖွင့်ဆိုမှုမျိုး အတိတ်က ကျွန်ုပ်တွင် မရှိခဲ့ပါ။ သို့ရာတွင် ကိုယ်တော်၏ မိတ်သဟာယ ပြုမှုတွင် ဘုရားသခင်၏ အမျက်ဒေါသသည် လူတို့၏ ဒေါသနှင့် ကွာခြားကြောင်း ကိုယ်တော်ဆွေးနွေးခဲ့ပါသည်။ ယင်းသည် မည်သည့်ဖန်ဆင်းခံအရာကမျှ မပိုင်ဆိုင်သည့် တစ်စုံတစ်ရာဖြစ်ပါသည်။ ဘုရားသခင်၏ အမျက်ဒေါသသည် အပြုသဘောဆောင်သောအရာဖြစ်ပြီး ယင်းတွင် စည်းကမ်းရှိပါသည်။ ယင်းမှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရကြောင့် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ယင်းမှာ ဘုရားသခင်သည် အနုတ်လက္ခဏာဆောင်သည့် တစ်စုံတစ်ခုကို တွေ့တော်မူသောကြောင့် သူ၏ အမျက်ဒေါသကို လွှတ်တော်မူခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ သနားခြင်းသည်လည်း မည်သည့်ဖန်ဆင်းခံအရာကမျှ မပိုင်ဆိုင်သည့် တစ်စုံတစ်ရာဖြစ်ပါသည်။ လူသားတွင် သနားခြင်းနှင့် အလားတူသည်ဟု ယူဆခံရသည့် ကောင်းသော လုပ်ဆောင်ချက်များ သို့မဟုတ် ဖြောင့်မတ်သော လုပ်ရပ်များရှိသော်လည်း ယင်းတို့မှာ မသန့်စင်ဘဲ ယင်းတို့၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခု ရှိနေသည်။ သနားခြင်းဟုဆိုသည့် ထိုအမျိုးအစားအချို့မှာ အတုအယောင်နှင့် ဗလာပင်ဖြစ်ချေသေးသည်။ သို့ရာတွင် ဘုရားသခင်က လူအများကို သနားခြင်း ပြသသောအခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်ုပ်မြင်တွေ့ခဲ့ရပါသည်၊ ထိုသနားခြင်းသည် လူသားကို ကယ်တင်ခြင်းခံရသည့် လမ်းကြောင်းပေါ်သို့ တိုက်ရိုက်ပို့ဆောင်ပေးပါ၏။ ယင်းသည် လူများကို ဘုရားသခင်၌ ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ တင်ပေးခြင်းအားဖြင့် သူတို့သည် မိမိတို့၏ လှပသောပန်းတိုင်ကို ရရှိကြပါသည်။ သို့ဖြစ်ရာ ဘုရားသခင်၏ သနားခြင်းကို သူ၏ အနှစ်သာရက ပိုင်ဆိုင်သည်။ ဘုရားသခင်သည် သူ၏ အမျက်ဒေါသကြောင့် မြို့တစ်မြို့ကို ဖျက်ဆီးမည်ဆိုလျှင်ပင် သူ့တွင် သနားကြင်နာတတ်သော အနှစ်သာရရှိသောကြောင့် သူသည် မည်သည့်အချိန် သို့မဟုတ် နေရာတွင်မဆို ထိုမြို့၏ လူများကို ကယ်တင်ရန်နှင့် ကာကွယ်ရန် သနားကြင်နာခြင်းကို ပြသနိုင်သည်။ ဤသည်မှာ ကျွန်ုပ်၏ နားလည်ခြင်း ဖြစ်ပါသည်။) ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို တချို့တစ်ဝက် သင်နားလည်ပေသည်။

ယနေ့ ငါတို့၏ ခေါင်းစဉ်မှာ ဘုရားသခင်၏ သန့်ရှင်းခြင်းဖြစ်သည်။ လူများသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သူ၏ သန့်ရှင်းခြင်းနှင့် မကြာခဏပင် ဆက်စပ်တတ်ကြပြီး သူတို့အားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ကြားဖူး သိဖူးကြသည်။ ထို့အပြင် လူအများအပြားသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်အတူ မကြာမကြာ ပြောကြပြီး၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် သန့်ရှင်းသည်ဟု ပြောသည်။ လူတိုင်းသည် “သန့်ရှင်းခြင်း” ဟူသော စကားလုံးနှင့် ရင်းနှီးကျွမ်းဝင်ကြပြီး ထိုစကားလုံးကို ယေဘူယျအားဖြင့် သုံးစွဲလေ့ရှိသော်လည်း၊ ထိုစကားလုံး၏ အနက်နှင့် ပတ်သက်၍မူ ဘုရားသခင်၏ သန့်ရှင်းခြင်း၏ မည်သည့်ဖော်ပြချက်ကို လူများက မြင်နိုင်သနည်း။ ဘုရားသခင်၏ မည်သည့် ထုတ်ဖော်မှုကို လူတို့ အသိအမှတ်ပြုမိနိုင်ကြသနည်း။ ယင်းသည် မည်သူမျှ မသိသောအရာ တစ်စုံတစ်ခု ဖြစ်ပေ၏။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်သည်ဟု ငါတို့ပြောကြသော်လည်း အကယ်၍ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကိုယူပြီး ယင်းမှာ သန့်ရှင်းပါသည်ဟု သင်ပြောသောအခါ ယင်းသည် အနည်းငယ် ဝေဝါးနေပုံပေါ်သည်၊ အနည်းငယ်ရှုပ်ထွေးနေပုံပေါ်သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်သည်ဟု သင်ပြောသည်၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် သန့်ရှင်းသည်ဟု သင်ပြောသည်။ သို့ဖြစ်ရာ သင်တို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မည်သို့ သတ်မှတ်ကြသနည်း။ ယင်းကို သင်တို့မည်သို့နားလည်ကြသနည်း။ တစ်နည်းအားဖြင့် ဘုရားသခင်ဖော်ထုတ်ခဲ့သည့် အဘယ်အရာကို သို့မဟုတ် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ အဘယ်အရာကို လူများက သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြလိမ့်မည်နည်း။ ယခင်က ယင်းကို သင်စဉ်းစားမိခဲ့ပါသလော။ ငါမြင်တွေ့ခဲ့ရသည်မှာ လူများသည် အများအားဖြင့် အသုံးပြုသော စကားလုံးများကို မကြာမကြာ ပြောဆိုကြသည် သို့မတည်းမဟုတ် အကြိမ်ကြိမ် အထပ်ထပ် ပြောပြီးသော စကားစုများရှိကြသော်လည်း သူတို့ဘာပြောနေသည်ကို သူတို့ကိုယ်တိုင်ပင် မသိကြဆိုခြင်းပင် ဖြစ်သည်။ ယင်းမှာ ထိုအကြောင်း လူတိုင်းပြောဆိုပုံဖြစ်ပြီး သူတို့သည် ယင်းကို အလေ့အထ တစ်ခုအနေဖြင့် ပြောသည်။ သို့ဖြစ်ရာ ယင်းသည် သတ်မှတ်ထားသော စကားစုဖြစ်လာသည်။ သို့ရာတွင် သူတို့သည် အသေးစိတ် အချက်အလက်များကို စုံစမ်းစစ်ဆေးပြီး အမှန်တကယ် လေ့လာမည်ဆိုပါက တကယ့် အဓိပ္ပာယ် သို့မဟုတ် ယင်းသည် ဘာကို ရည်ညွှန်းသည်ကို သူတို့မသိကြောင်း တွေ့ရှိလာမည် ဖြစ်သည်။ “သန့်ရှင်းခြင်း” စကားလုံးကဲ့သို့ပင် လူအများပြောသော ဘုရားသခင်၏ သန့်ရှင်းခြင်းသည် သူ့အနှစ်သာရ၏ မည်သည့်အစိတ်အပိုင်းကို အတိအကျ ညွှန်းဆိုသည်ကို မည်သူမျှ မသိပေ။ “သန့်ရှင်းခြင်း” စကားလုံးနှင့် ဘုရားသခင်ကို ပေါင်းစပ်သည့်တိုင်အောင်ပင် မည်သူမျှ မသိဘဲ လူများ၏ စိတ်နှလုံးများသည် ရှုပ်ထွေးနေကာ သူတို့သည် ဘုရားသခင်သည် သန့်ရှင်းသည်ကို သူတို့အသိအမှတ်ပြုပုံအပေါ် ထွေပြားလျက်ရှိသည်။ သို့ရာတွင် ဘုရားသခင်သည် မည်သို့ သန့်ရှင်းသနည်း။ တစ်ယောက်ယောက် သိသလော။ ဤကိစ္စပေါ်တွင် မည်သူမျှ သိပ်ရှင်းလင်းသည်မဟုတ်ပေ။ ယနေ့တွင် “သန့်ရှင်းခြင်း” ဟူသောစကားလုံးကို ဘုရားသခင်နှင့် ပေါင်းစပ်သည့် ခေါင်းစဉ်ကို ငါတို့မိတ်သဟာယပြုကြမည်။ ထိုသို့အားဖြင့် လူများသည် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရ၏ အစစ်အမှန်ပါဝင်မှုကို မြင်နိုင်ကြစေရန်ဖြစ်ပြီး ယင်းသည် လူများကို စကားလုံးများကို ဂရုမစိုက်ဘဲ အကျင့်ပါပြီး အသုံးပြုခြင်းနှင့် သူတို့အနေဖြင့် အဓိပ္ပာယ်မသိသောအခါ အရာများကို ရောက်တတ်ရာရာ ပြောဆိုခြင်း သို့မဟုတ် သူတို့ မှန်ကန်မှုရှိပြီး တိကျမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယင်းတို့ကိုတားဆီးနိုင်လိမ့်မည်။ လူများက ယင်းကို ဤနည်းလမ်းဖြင့် အစဉ်ပင် ပြောဆိုနေခဲ့ကြသည်။ သင်လည်း ပြောခဲ့သည်၊ ငါသည်လည်း ပြောခဲ့သည်၊ ယင်းသည် စကားပြောသည့် ပုံစံတစ်ခုဖြစ်လာပြီး ထိုသို့အားဖြင့် လူများသည် အမှတ်တမဲ့ဖြင့် “သန့်ရှင်းခြင်း” ဟူသော စကားလုံးကို အရောင်စွန်းထင်းစေခဲ့ကြသည်။

“သန့်ရှင်းခြင်း” စကားလုံးအတွက်မူ အပေါ်ယံတွင် ယင်းကို နားလည်ရန် အလွန်လွယ်ကူသကဲ့သို့ရှိသည်။ ဟုတ်သလော။ အနည်းဆုံးအနေဖြင့် လူများသည် “သန့်ရှင်းခြင်း” ဟူသော စကားလုံးကို စင်ကြယ်ခြင်း၊ သန့်ပြန့်ခြင်း၊ အလေးအမြတ်ဖြစ်ခြင်းနှင့် သန့်စင်ခြင်းဟု ဆိုလိုသည်ဟု ယုံကြည်ကြသည် သို့မဟုတ် သူတို့သည် ငါတို့ ယခုပင် သီဆိုခဲ့သည့် “အပြစ်ကင်းသည့် သန့်စင်သောချစ်ခြင်းမေတ္တာ” ဓမ္မတေးထဲကကဲ့သို့ “သန့်ရှင်းခြင်း” ကို “ချစ်ခြင်းမေတ္တာ” နှင့် တွဲဖက်ကြသောသူအချို့ ရှိသည်။ ယင်းမှာ မှန်ပါသည်။ ဤသည်မှာ ယင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဘုရားသခင်၏ အချစ်သည် သူ့အနှစ်သာရ၏ တစ်စိတ်တစ်ဒေသ ဖြစ်သော်လည်း အလုံးစုံကား မဟုတ်ချေ။ သို့ရာတွင်၊ လူများ၏ အမြင်များတွင် ထိုစကားလုံးကို မြင်လျှင် သူတို့ကိုယ်တိုင် သူတို့ အမြင်အားဖြင့် သန့်စင်သော စင်ကြယ်သော အရာများနှင့် တွဲဖက်လိုသည် သို့မဟုတ် သန့်ပြန့်သည် သို့မဟုတ် အပြစ်ကင်းသည်ဟု သူတို့ကိုယ်တိုင်ထင်သော အရာများနှင့် တွဲဖက်လိုကြသည်။ ဥပမာ အချို့သူများက ကြာပန်းသည် သန့်ရှင်းသည်ဟု ပြောသည်၊ လူများက ကြာပန်းကို ဤနည်းဖြင့် မည်သို့လျှင် အဓိပ္ပာယ်ဖွင့်ဆိုလာကြသနည်း။ (ကြာပန်းသည် ရွှံ့ထဲတွင်ပေါက်သော်လည်း အပြစ်အနာကင်းစွာ ပွင့်ပါသည်။) ညစ်ပတ်သော ရေထဲမှ အပြစ်အနာကင်းစွာ ပွင့်သည်။ ထို့ကြောင့် လူများက “သန့်ရှင်းခြင်း” စကားလုံးကို ကြာပန်းအပေါ် စတင်သုံးစွဲကြသည်။ အချို့သူများသည် အခြားသူများ လုပ်သော အချစ်ဇာတ်လမ်းများကို သန့်ရှင်းသည်ဟု မြင်ကြသည် သို့မဟုတ် သူတို့သည် ဖန်တီးထားသော လေးစားထိုက်သော အဓိက ဇာတ်ကောင်များကို သန့်ရှင်းသည်ဟု မြင်ကြသည်။ ထို့အပြင် အချို့က သမ္မာကျမ်းစာထဲမှ လူများ သို့မဟုတ် ဝိညာဉ်ပိုင်းဆိုင်ရာ စာအုပ်များတွင် ရေးသားထားသော အခြားသူများ- ဥပမာ သူတော်စင်များ၊ တပည့်တော်များ၊ သို့မဟုတ် ဘုရားသခင်သည် သူ၏အမှုကို ပြုစဉ်က သူ့နောက်လိုက်သူများ စသည်တို့ကို ဝိညာဉ်ရေးရာ အတွေ့အကြုံများရှိပြီး သန့်ရှင်းသည်ဟု ယူဆကြသည်။ ယင်းတို့အားလုံးသည် လူများ တွေးထင်ကြသော အရာများဖြစ်ပြီး လူများ ကိုင်စွဲထားသည့် အယူအဆများဖြစ်ကြသည်။ လူများသည် ထိုသို့သော အယူအဆများကို အဘယ်ကြောင့် ကိုင်စွဲထားကြသနည်း။ အကြောင်းရင်း တစ်ခုရှိပြီး ယင်းသည် အလွန်ရိုးရှင်းသည်။ ယင်းမှာ လူများသည် အကျင့်ပျက်သည့် စိတ်သဘောထားများကြားတွင် နေထိုင်ကြပြီး ဆိုးယုတ်ပြီး ညစ်ညမ်းသည့် ကမ္ဘာတွင် နေထိုင်သောကြောင့်ဖြစ်သည်။ သူတို့မြင်သော အရာအားလုံး၊ ထိတွေ့သော အရာအားလုံး၊ တွေ့ကြုံသော အရာအားလုံးသည် စာတန်၏ ဆိုးယုတ်မှုနှင့် စာတန်၏ အကျင့်ပျက်ခြင်းများသာမက စာတန်၏ စွမ်းအားအောက်တွင် လူများအကြား ဖြစ်ပွားသော အကြံအစည်၊ သူပြုတ်ကိုယ်ပြုတ် ယှဉ်ပြိုင်ခြင်းနှင့် စစ်ပွဲများ ကြောင့် ဖြစ်ကြသည်။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏အမှုကို လူများတွင် လုပ်ဆောင်သည့်အခါပင်လျှင်၊ သူတို့ကို ပြောဆိုပြီး သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ဖော်ပြသည့်အခါပင်လျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် အနှစ်သာရတို့မှာ အဘယ်အရာဖြစ်သည်ကို သူတို့သည် မမြင်နိုင်ကြ သို့မဟုတ် မသိနိုင်ကြ။ ဘုရားသခင်သည် သန့်ရှင်းသည်ဟု လူများ မကြာခဏ ပြောကြသည်။ သို့သော်လည်း သူတို့တွင် မည်သည့် စစ်မှန်သော နားလည်မှုမျှ မရှိကြပေ။ သူတို့သည် အနှစ်မဲ့သော စကားလုံးများကို ပြောနေကြခြင်းဖြစ်သည်။ လူများသည် ညစ်ညမ်းမှုများနှင့် ဖောက်ပြန်ပျက်စီးမှု အကြားတွင် နေထိုင်ကြပြီး စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိကြသောကြောင့် သူတို့သည် အလင်းကို မမြင်ကြ၊ ကောင်းသော အရာများနှင့်ပတ်သက်၍ ဘာမျှမသိကြ၊ ထို့အပြင် သမ္မာရားကို မသိကြပေ။ သို့ဖြစ်ရာ သန့်ရှင်းခြင်းမှာ အဘယ်အရာဖြစ်သည်ကို မည်သူမျှ မှန်ကန်စွာ မသိကြပေ။ သို့သော်ငြားလည်း ဤအကျင့်ပျက်သော လူ့သဘာဝတွင် သန့်ရှင်းသောအရာ သို့မဟုတ် သန့်ရှင်းသောလူများ ရှိသလော။ (မရှိပါ။) သေချာပေါက် ငါတို့ ပြောနိုင်သည်။ မရှိချေ။ ထိုသူတို့ မရှိချေ။ ဘုရားသခင်၏ အနှစ်သာရသာလျှင် သန့်ရှင်းသောကြောင့်ဖြစ်သည်။

ဘုရားသခင်၏ အနှစ်သာရ သန့်ရှင်းခြင်းနှင့် ပတ်သက်၍ ယခင်က ငါတို့ အနည်းငယ် မိတ်သဟာယပြုခဲ့ကြပြီး ယင်းမှာ ဘုရားသခင်၏ သန့်ရှင်းခြင်းအပေါ် လူများ၏ အသိပညာအတွက် လှုံ့ဆော်အားပေးမှုအဖြစ် အစေခံခဲ့ပြီး ဖြစ်သော်လည်း ယင်းမှာ မလုံလောက်သေးပေ။ ယင်းသည် ဘုရားသခင်၏ သန့်ရှင်းခြင်းအပေါ် ပြည့်စုံစွာ သိရှိနိုင်ရန် လူများကို လုံလောက်စွာ အထောက်အကူ မပြုနိုင်သကဲ့သို့ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အတုမရှိ ဖြစ်သည်ကို သူတို့အား နားလည်စေရန် အပြည့်အဝ မကူညီနိုင်ပေ။ ထို့အပြင် ဘုရားသခင်တွင် အပြည့်အဝ တသားတည်း ဖြစ်နေသည့်အတွက် သန့်ရှင်းခြင်း၏ စစ်မှန်သောအဓိပ္ပာယ်၏ လက္ခဏာသွင်ပြင်အား လူများကို လုံလောက်စွာ နားလည်စေနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဤအကြောင်းအရာပေါ်တွင် ငါတို့၏ မိတ်သဟာယပြုမှုကို ဆက်လုပ်ရန် လိုအပ်သည်။ နောက်ဆုံး တစ်ခေါက်က ငါတို့ မိတ်သဟာယ အစီအစဉ်တွင် ခေါင်းစဉ်သုံးခု ဆွေးနွေးခဲ့သည်။ ထို့ကြောင့် ယခုအခါ ငါတို့သည် စတုတ္ထမြောက်ကို ဆွေးနွေးမည်ဖြစ်ပြီး သမ္မာကျမ်းစာများကို စတင်ဖတ်ရှုကြမည်။

စာတန်၏ စုံစမ်းသွေးဆောင်ခြင်း

(မဿဲ ၄း၁-၄) ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့ပို့ဆောင်တော်မူ၍၊ ယေရှုသည် အရက်လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။ ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲ့တို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့် အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။

ယင်းစကားလုံးများဖြင့် စာတန်သည် သခင်ယေရှုကို ပထမဆုံးအကြိမ် စုံစမ်းသွေးဆောင်ရန် ကြိုးစားခဲ့သည်။ မာရ်နတ်၏ပြောဆိုချက်ထဲတွင် မည်သည့်အကြောင်းအရာ ပါသနည်း။ (“ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲ့တို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ။”) မာရ်နတ်က အတော်ရိုးရှင်းသော ဤစကားလုံးများကို ပြောသော်လည်း ဤစကားလုံးများ၏ အရေးကြီးသော အကြောင်းအရာများတွင် ပြဿနာ ရှိနေသည်။ (ဟုတ်ပါသည်။) ပြဿနာက အဘယ်အရာနည်း။ ၎င်းသည် “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊” ဟုပြောသည်၊ သို့သော်လည်း ၎င်း၏ စိတ်နှလုံးထဲတွင် သခင်ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ၎င်းမသိသလော။ သူသည် ခရစ်တော်ဖြစ်သည်ကို ၎င်းမသိသလော။ (သိပါသည်။) သို့ဖြစ်လျှင် အဘယ်ကြောင့် ၎င်းသည် “သားတော်မှန်လျှင်” ဟု ပြောသနည်း။ (၎င်းမှာ ဘုရားသခင်ကို စုံစမ်းသွေးဆောင်ရန် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ ၎င်းသည် ဘုရားသခင်ကို စုံစမ်းသွေးဆောင်ရန် ကြိုးပမ်းနေခဲ့ခြင်းပင်။ သို့သော် ၎င်းထိုသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်က အဘယ်အရာဖြစ်သနည်း။ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊” ဟု၎င်းကပြောခဲ့သည်၊ သို့သော် ၎င်း၏ စိတ်နှလုံးတွင် သခင်ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ၎င်းသိသည်။ ၎င်း၏ စိတ်နှလုံးတွင် ဤအရာသည် အလွန်ရှင်းလင်းသည်။ ဤသို့ရှင်းလင်းနေသော်လည်း ၎င်းသည် သူ့ကို နာခံခဲ့သလော သို့မဟုတ် သူ့ကို ကိုးကွယ်ခဲ့သလော။ (မဟုတ်ပါ။) ၎င်းက အဘယ်အရာကို လုပ်လိုခဲ့သနည်း။ ၎င်းက ထိုအရာကို လုပ်ချင်ခဲ့ပြီး သခင်ယေရှု ဒေါသထွက်စေရန် ဤစကားလုံးများကိုပြောပြီး ငါးစာကိုဟပ်လာစေရန် သူ့ကို သွေးဆောင်ကာ၊ သခင်ယေရှုကို ၎င်း၏ စဉ်းစားပုံအတိုင်း လိုက်လုပ်စေခြင်းဖြင့် အရူးလုပ်ရန်နှင့် ထောင်ချောက်ဆင်ရန်ဖြစ်သည်။ ဆိုလိုသည်မှာ ဤအတိုင်းဖြစ်သည် မဟုတ်လော။ စာတန်၏ စိတ်နှလုံးထဲတွင် ထိုသူသည် သခင်ယေရှုခရစ်တော် ဖြစ်သည်ကို ရှင်းလင်းစွာ သိခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ ယင်းကို ပြောဆိုခဲ့သည်။ ယင်းမှာ စာတန်၏ သဘာဝဖြစ်သည် မဟုတ်လော။ စာတန်၏ သဘာဝက အဘယ်အရာနည်း။ (လှည့်ဖြားရန်၊ ဆိုးယုတ်ရန်နှင့် ဘုရားသခင်အပေါ် ရိုသေလေးမြတ်ခြင်းမရှိရန် ဖြစ်ပါသည်။) ၎င်းထံတွင် ဘုရားသခင်အပေါ် ရိုသေလေးမြတ်ခြင်း မရှိပေ။ ၎င်းသည် ဤနေရာ၌ လုပ်ဆောင်နေသည့် အပျက်သဘောဆောင်သောအရာမှာ အဘယ်အရာဖြစ်သနည်း။ ၎င်းသည် ဘုရားသခင်ကို တိုက်ခိုက်လိုခဲ့သည် မဟုတ်လော။ ၎င်းသည် ဤနည်းလမ်းကိုသုံး၍ ဘုရားသခင်ကို တိုက်ခိုက်လိုခဲ့သည်၊ “ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲ့တို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ” ဟူ၍ ၎င်းက ပြောခဲ့သည်။ ယင်းသည် စာတန်၏ ဆိုးယုတ်သော ရည်မှန်းချက် မဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းသည် လက်တွေ့တွင် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးပမ်းနေခဲ့သနည်း။ ၎င်း၏ရည်ရွယ်ချက်များမှာ အလွန်ရှင်းလင်းသည်။ ၎င်းသည် ဤနည်းလမ်းကိုသုံးပြီး သခင်ယေရှုခရစ်တော်၏ ရပ်တည်ချက်နှင့် သွင်ပြင်လက္ခဏာကို ချေဖျက်ရန် ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်။ “ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲ့တို့ကို မုန့်အဖြစ်သို့ ပြောင်းလိုက်ပါ၊ ကိုယ်တော်မလုပ်ပါက ကိုယ်တော်သည် ဘုရားသခင်၏သားတော်မဟုတ်သည်ဖြစ်၍ ဤအမှုတော်ကို မလုပ်ဆောင်နှင့်” ဟူ၍ ၎င်းက ပြောခဲ့သည်။ ဤသည်မှာ ဤနေရာတွင် ဆိုလိုသည့်အရာမဟုတ်လော။ ၎င်းသည် ဤနည်းလမ်းကိုသုံး၍ ဘုရားသခင်ကို တိုက်ခိုက်လိုခဲ့သည်။ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ရန်နှင့် ဖျက်ဆီးရန် လိုချင်ခဲ့သည်။ ၎င်းမှာ စာတန်၏ ယုတ်မာမှုဖြစ်သည်။ ၎င်း၏ ယုတ်မာမှုသည် ၎င်း၏ သဘာဝကို သဘာဝအတိုင်း ဖော်ပြခြင်း ဖြစ်ပါသည်။ သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ လူ့ဇာတိခံယူထားခြင်းဖြစ်သည်ကို ၎င်းသိထားသည့်တိုင်အောင် ဤသို့သော အရာကို ၎င်းမလုပ်ဆောင်ဘဲ မနေနိုင်ပေ၊ ဘုရားသခင်ကို နောက်မှ ထပ်ကြပ်မကွာလိုက်ပြီး ဘုရားသခင်ကို ဆက်လက်တိုက်ခိုက်ကာ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ရန်နှင့် ဖျက်ဆီးရန် ကြီးမားသော နာကျင်မှုကို ခံခြင်းဖြစ်သည်။

ယခုအခါ စာတန် အသုံးပြုထားသော “ဤကျောက်ခဲ့တို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ” ဟူသည့်စကားစုကို ဆန်းစစ်ကြည့်စို့။ ကျောက်ခဲကို ပေါင်မုန့်အဖြစ်သို့ ပြောင်းရန်ဟု ဆိုရာတွင် တစ်စုံတစ်ရာ အဓိပ္ပာယ်ရှိသလော။ ထိုနေရာတွင် အစားအစာရှိလျှင် အဘယ်ကြောင့် မစားသနည်း။ အဘယ်ကြောင့် ကျောက်ခဲကို အစားအစာအဖြစ်ပြောင်းလဲရန် လိုသနည်း။ ယင်းတွင် အဓိပ္ပာယ်ရှိသလော။ (မရှိပါ။) ထိုအချိန်က သခင်ယေရှုသည် အစာရှောင်နေသော်လည်း သူ့တွင် သေချာပေါက် စားစရာ အစာရှိခဲ့သည်။ သူ့တွင် အစာရှိခဲ့သလော။ (ရှိခဲ့ပါသည်။) သို့ဆိုလျှင် ဤနေရာတွင် ဤစကားစုကို စာတန်က အသုံးပြုခြင်း၏ ရယ်ဖွယ်ရာကောင်းလှခြင်းကို ငါတို့မြင်ရသည်။ စာတန်သည် ကိစ္စရပ်အချို့ကိုလုပ်သည်။ သင်သည် ပုန်းလျှိုးကွယ်လျှိုးနှင့် မလိုတမာစိတ်ရှိသည့် ၎င်း၏သဘာဝကို တွေ့လိမ့်မည်၊ ၎င်းသည် ဘုရားသခင်၏၏အမှုကို ဖျက်ဆီးသည်ကို တွေ့လိမ့်မည်။ ထို့ပြင် ၎င်းသည် အလွန်မုန်းစရာကောင်းပြီး စိတ်ကုန်စရာကောင်းလှသည်။ သို့ရာတွင် အခြားတစ်ဘက်၌ ၎င်း၏စကားလုံးများနှင့် လုပ်ဆောင်မှုများနောက်တွင် ကလေးဆန်ပြီး ရယ်ဖွယ်ရာဖြစ်သော သဘာဝကို သင်တွေ့သလော။ (တွေ့ပါ၏။) ယင်းမှာ စာတန်၏သဘာဝကို ထုတ်ဖော်ခြင်းဖြစ်သည်။ ၎င်းသည် ထိုသို့သော သဘာဝရှိပြီး ထိုသို့သော အရာများကို လုပ်ဆောင်လိမ့်မည်။ ယနေ့လူများအတွက် စကားစုသည် ယုတ္တိမရှိဘဲ ရယ်မောစရာ ဖြစ်ပါသည်။ သို့ရာတွင် ယင်းစကားလုံးများကို အမှန်တကယ် စာတန်ပြောဆိုနိုင်သည်။ ယင်းကို မသိမနားလည်မှုဟု ငါတို့ပြောနိုင်သလော။ ရယ်ဖွယ်ရာဟုပြောနိုင်သလော။ စာတန်၏ဆိုးယုတ်မှုသည် နေရာတိုင်းတွင်ရှိပြီး အစဉ်မပြတ် ထုတ်ဖော်ခြင်းခံရလျက်ရှိသည်။ ထို့နောက်တွင် သခင်ယေရှုက ယင်းကို မည်ကဲ့သို့ပြန်ဖြေခဲ့သနည်း။ (“လူသည် မုန့်အားဖြင့် အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။”) ဤစကားလုံးများတွင် တန်ခိုးရှိသလော။ (ရှိပါ၏။) ယင်းတို့တွင် တန်ခိုးရှိသည်ဟု ငါတို့ အဘယ်ကြောင့် ပြောသနည်း။ (ယင်းသည် သမ္မာတရား ဖြစ်ပါသည်။) မှန်ပေ၏။ ယင်းနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ကိုင်း၊ လူသည် ပေါင်မုန့်အားဖြင့်သာ အသက်ရှင်သလော။ သခင်ယေရှုသည် အရက် ၄၀ ပတ်လုံး အစာရှောင်ခဲ့သည်။ အစာငတ်ပြီး သူသေသွားသလော။ (မသေသွားပါ။) အစာငတ်ပြီး သူမသေပါ။ ထို့ကြောင့် စာတန်က သူ့ထံချည်းကပ်ခဲ့သည်၊ ကျောက်ခဲများကို အစာအဖြစ်ပြောင်းလဲစေရန် ယခုကဲ့သို့ပြောပြီး သူ့ကိုတိုက်တွန်းခဲ့သည်၊ “ကိုယ်တော်သည် ကျောက်ခဲများကို အစာအဖြစ်ပြောင်းလဲလျှင် ကိုယ်တော့်တွင် စားစရာရှိမည်မဟုတ်လော။ သို့ဆိုလျှင် ကိုယ်တော်သည် အစာရှောင်ရန်မလို၊ ဆာလောင်မှုကို ခံနေရန် မလိုတော့မည် မဟုတ်လော။” သို့ရာတွင် ယေရှုက ဤသို့ပြန်ပြောသည်၊ “လူသည် မုန့်အားဖြင့် အသက်ကိုမွေးရမည်မဟုတ်၊” ဆိုလိုသည်မှာ လူသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွင် အသက်ရှင်သော်လည်း သူ့ကို အသက်ပေးသည်မှာ၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ရှင်သန်ခွင့်၊ အသက်ရှုခွင့် ပေးသည်မှာ အစာမဟုတ်ဘဲ ဘုရားသခင်၏နှုတ်က မိန့်မြွက်သော နှုတ်ကပတ်တော်များသာ ဖြစ်သည်။ တစ်ဘက်တွင်လည်း လူသားသည် ဤနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်ခံသည်။ နှုတ်ကပတ်တော်များက သူ့ကို ယုံကြည်ခြင်းပေးသည်၊ သူ့အနေဖြင့် ဘုရားသခင်ကို အားကိုးနိုင်သည့် ခံစားချက်ကို ရစေသည်၊ ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်ဟု ခံစားရစေသည်။ အခြားတစ်ဘက်တွင်လည်း ဤနှုတ်ကပတ်တော်များတွင် လက်တွေ့ကျသော ရှုထောင့်ရှိသလော။(ရှိပါသည်။) အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသည် အရက် ၄၀ ပတ်လုံး အစာရှောင်ပြီး သူသည် ထိုနေရာတွင် မတ်တပ်ရပ်နေဆဲ အသက်ရှင်နေဆဲ ဖြစ်သည်။ ယင်းသည် သာဓကပြခြင်းတစ်ခု ဖြစ်သည်မဟုတ်လော။ သူသည် မည်သည့်အရာကိုမျှ မစားခဲ့၊ မည်သည့်အစာကိုမျှ အရက် ၄၀ ပတ်လုံး မစားခဲ့ချေ။ သူသည် အသက်ရှင်လျက်ရှိဆဲဖြစ်သည်။ ယင်းသည် သူ၏ စကားစုနောက်က အားကောင်းသော အထောက်အထား ဖြစ်သည်။ စကားစုသည် ရိုးရှင်းသည်။ သို့သော် သခင်ယေရှုနှင့် ပတ်သက်၍ သူ၏စိတ်နှလုံးမှလာသော ဤစကားစုသည် သူ့ကိုတစ်စုံတစ်ယောက်က သင်ပေးထားခြင်းလော သို့တည်းမဟုတ် စာတန်က သူ့ကို ပြောလာသောကြောင့်သာ သူစဉ်းစားခဲ့ခြင်းဖြစ်သလော။ စဉ်းစားကြည့်လော့။ အခြားနည်းဖြင့်ပြောဆိုရလျှင် ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် အသက်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ သမ္မာတရားနှင့် အသက်တာမှာ နောက်ပိုင်းတွင်မှ ဖြည့်စွက်ထားသောအရာ ဖြစ်သလော။ အတွေ့အကြုံမှ ပေါက်ဖွားလာသောအရာ ဖြစ်သလော။ (မဟုတ်ပါ။) မဟုတ်ပေ၊ ယင်းသည် ဘုရားသခင်တွင် မွေးရာပါဖြစ်သည်။ ဆိုလိုသည်မှာ သမ္မာတရားနှင့် အသက်သည် ဘုရားသခင်၏ အနှစ်သာရဖြစ်သည်။ သူ့အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ သူထုတ်ဖော်သော အရာသည် သမ္မာတရားဖြစ်သည်။ ပါဝင်သောအရာမှာ တိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ၊ ဤသမ္မာတရား၊ ဤစကားစုသည် လူသားကို ရှင်သန်စေသည်၊ လူသားကို အသက်ပေးသည်။ ယင်းသည် လူသားကို ယင်းအတွင်း၌ပင် သမ္မာတရားကို ရှာတွေ့စေနိုင်ပြီး၊ လူ့အသက်တာလမ်းကြောင်းအကြောင်း ကြည်လင်ပြတ်သားမှုကို ရှာတွေ့စေနိုင်ကာ သူ့အား ဘုရားသခင်ကို ယုံကြည်ခြင်းရှိစေသည်။ တစ်နည်းဆိုလျှင်၊ ဤစကားစုကို ဘုရားသခင် အသုံးပြုခြင်း၏ အရင်းအမြစ်မှာ အပြုသဘော ဖြစ်သည်။ သို့ဖြစ်ရာ ဤအပြုသဘောဆောင်သော အရာကို သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါ၏။) စာတန်၏စကားစုသည် စာတန်၏သဘာဝမှ လာသည်။ စာတန်သည် ၎င်း၏ ဆိုးယုတ်သည့်သဘာဝ၊ ၎င်း၏ မလိုတမာသည့် သဘာဝကို နေရာတိုင်းတွင် အစဉ်တစိုက် ဖော်ထုတ်သည်။ ကိုင်း၊ ဤထုတ်ဖော်ချက်များကို စာတန်သည် သဘာဝအတိုင်း ပြုလုပ်သလော။ (ပြုလုပ်ပါသည်။) တစ်စုံတစ်ယောက်က ၎င်းကို လှုံ့ဆော်သလော။ တစ်စုံတစ်ယောက်က ၎င်းကို ကူညီသလော။ တစ်စုံတစ်ယောက်က ၎င်းကို အတင်းအကျပ် စေခိုင်းသလော။ (မခိုင်းပါ။) ၎င်းသည် ထိုအရာများအားလုံးကို မိမိသဘောအလျောက် ဖော်ထုတ်သည်။ ၎င်းမှာ စာတန်၏ ဆိုးယုတ်သည့်သဘာဝဖြစ်သည်။ ဘုရားသခင်ပြုသည့် မည်သည့်အရာကိုမဆို၊ ဘုရားသခင် မည်သို့ပြုသည်ဖြစ်စေ၊ စာတန်က နောက်မှ ထက်ကြပ်မကွာလိုက်သည်။ စာတန်ပြောသော ယင်းအရာများ၏ အနှစ်သာရနှင့် အင်္ဂါရပ်အမှန်များသည် စာတန်၏ အနှစ်သာရဖြစ်သည်- ဆိုးယုတ်သည့် အနှစ်သာရ၊ မလိုတမာသည့် အနှစ်သာရဖြစ်သည်။ ကိုင်း၊ ဆက်ဖတ်ပါ။ စာတန်က ဘာပြောသေးသနည်း။ အောက်တွင် ဆက်ဖတ်ကြစို့။

(မဿဲ ၄း၅-၇) ထိုအခါမာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ ဆောင်သွား၍ ဗိမာန်တော်၏အထွဋ်၌ တင်ထားပြီးလျှင်၊ ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်ဟုလာ၏။ ထို့ကြောင့် ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း သင်၏ဘုရားသခင်ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။

စာတန်၏ ဤစကားစုအကြောင်း ပထမဦးစွာ ပြောကြစို့။ “ဘုရားသခင်၏သားတော်မှန်လျှင်၊ ကိုယ်ကိုအောက်သို့ ချလိုက်တော်မူပါ၊” ဟူ၍ ၎င်းကပြောခဲ့နောက် “ကောင်းကင်တမန်တို့အား သင့်အဘို့မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်” ဟူ၍ သမ္မာကျမ်းစာထဲမှ ကိုးကားပြန်သည်။ စာတန်၏စကားလုံးများကို ကြားသည့်အခါ သင်မည်သို့ခံစားရသနည်း။ ၎င်းတို့သည် ကလေးကလားနိုင်လွန်းသည် မဟုတ်လော။ ယင်းတို့သည် ကလေးကလားနိုင်သည်၊ ရယ်ဖွယ်ရာကောင်းသည် ထို့ပြင် စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းသည်။ ငါအဘယ်ကြောင့် ဤအရာကို ပြောသနည်း။ စာတန်သည် အစဉ်အမြဲ ခပ်ညံ့ညံ့ ဖြစ်သည်။ ၎င်းကိုယ်၎င်း အလွန်တော်သည်ဟု ယုံသည်။ ထို့နောက် ၎င်းသည် တစ်ခါတစ်ရံ ကျမ်းစာများကို ကိုးကားသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များပင်ပါသည်၊ ဘုရားသခင်ကို တိုက်ခိုက်ရန်၊ သွေးဆောင်ဖြားယောင်းရန် ၎င်းသည် ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်အား ဆန့်ကျင်အောင် ပြောင်းလဲပစ်သည်။ ယင်းသို့လုပ်သည့် ၎င်း၏ရည်ရွယ်ချက်မှာ ဘုရားသခင်၏ အမှုအစီအစဉ်ကို ဖျက်ဆီးရန်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စာတန်ပြောသည့်အထဲတွင် တစ်စုံတစ်ရာကို သင်သတိထားမိသလော။ (ယင်းတွင် ဆိုးယုတ်သည့် ရည်ရွယ်ချက်များ ပါဝင်နေပါသည်။) စာတန်သည် အစဉ်အမြဲ သွေးဆောင်ဖြားယောင်းသူ ဖြစ်သည်။ ၎င်းသည် တည့်တည့်မပြော၊ သွေးဆောင်မှု၊ လှည့်ဖြားမှုနှင့် ဖြားယောင်းမှုတို့ကို အသုံးပြုပြီး လှည့်ပတ်၍ ပြောသည်။ စာတန်သည် ဘုရားသခင်နှင့် လူသားတို့ကို ညီတူညီမျှ ဖြားယောင်းသွေးဆောင်သည်။ ဘုရားသခင်နှင့် လူသားတို့ နှစ်ဦးလုံးသည် မသိနားမလည်ဘဲ တုံးအပြီး၊ အမှုအရာများကို အမှန်အတိုင်း ရှင်းလင်းစွာ မခွဲခြားနိုင်ဟု ၎င်းကထင်သည်။ ဘုရားသခင်နှင့် လူသားတို့နှစ်ဦးလုံးသည် ၎င်း၏ အနှစ်သာရကို ဖောက်ထွင်း၍ မမြင်နိုင်ဘဲ ဘုရားသခင်နှင့် လူသားတို့နှစ်ဦးလုံးသည် ၎င်း၏လှည့်ဖြားခြင်းနှင့် မကောင်းကြံသော ရည်ရွယ်ချက်ကို မမြင်နိုင်ဟု စာတန်က ထင်သည်။ ထိုနေရာမှ စာတန်၏ မိုက်မဲမှုတို့ စတင်သည် မဟုတ်လော။ ထို့အပြင်၊ စာတန်သည် သမ္မာကျမ်းစာတို့ကို ပေါ်ပေါ်ထင်ထင်ပင် ကိုးကားသည်။ ထိုသို့လုပ်ခြင်းဖြင့် အများယုံကြည်မှုကို ရမည်ဟုထင်ပြီး၊ သင်သည် ထိုအထဲတွင် အမှားအယွင်းလည်း မတွေ့ရနိုင် သို့မဟုတ် ၎င်း၏ အရူးလုပ်ခြင်းကိုလည်း ရှောင်လွှဲနိုင်မည်မဟုတ်ဟု ၎င်းကထင်သည်။ ယင်းသည် စာတန်မှာ ရယ်ဖွယ်ရာကောင်းပြီး ကလေးကလားဆန်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အချို့သူများက ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ဘုရားသခင်ကို သက်သေခံသည့်အခါ မယုံကြသည်သူများက စာတန် ပြောခဲ့သကဲ့သို့ အလားတူ တစ်စုံတစ်ရာကို ပြောလေ့ရှိသည်ပုံစံမျိုးနှင့် မတူသလော။ လူများ အလားတူပြောဆိုသည်ကို သင်တို့ ကြားဖူးကြသည် မဟုတ်လော။ (ကြားဖူးပါသည်။) ဤကဲ့သို့သော အရာများကို ကြားသောအခါ သင်မည်သို့ ခံစားရသနည်း။ စက်ဆုပ်ရွံ့ရှာသလော။ (ရွံရှာပါသည်။) သင်စက်ဆုပ်ရွံ့ရှာသည့်အခါ အော့နှလုံးနာပြီး အော်ဂလီဆန်သကဲ့သို့ မခံစားရသလော။ (ခံစားရပါသည်။) ယင်းခံစားချက်များကို သင်ခံစားရသည့်အခါ သင်သည် စာတန်နှင့် လူသားအတွင်းသို့ စာတန် အလုပ်လုပ်သော အကျင့်ပျက်သည့် စိတ်သဘောထားတို့သည် ကောက်ကျစ်စဉ်းလဲသည်ကို သတိပြုမိသလော။ သင်၏ စိတ်နှလုံးအတွင်းတွင် သင်သည် ဤကဲ့သို့သော သဘောပေါက်မိခြင်းမျိုး ရှိဖူးသလော။ “ဘုရားသခင်သည် ထိုသို့ မည်သည့်အခါမျှမပြော။ စာတန်၏ စကားလုံးများသည် ထိုးနှက်မှုနှင့် သွေးဆောင်ဖြားယောင်းမှုဖြစ်သည်။ ၎င်း၏ စကားများသည် အဓိပ္ပာယ်မဲ့သော၊ ရယ်ဖွယ်ရာကောင်းသော၊ ကလေးကလားဆန်ပြီး စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော စကားများဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ ပြောစကားများ၊ ဘုရားသခင်၏ လုပ်ဆောင်မှုများတွင် သူသည် ပြောဆိုရန် သို့မဟုတ် မိမိ၏အမှုကို လုပ်ဆောင်ရန် ဤသို့သော နည်းလမ်းများကို မည်သည့်အခါမျှ သုံးလိမ့်မည် မဟုတ်ဘဲ သူသည် ထိုသို့ မည်သည့်အခါမျှ လုပ်ခဲ့ဖူးခြင်းမရှိသည် မဟုတ်လော။” ဟုတ်ပေသည်၊ ဤအခြေအနေတွင် လူများသည် ဆက်လုပ်ရန် ခံစားချက် အသင့်အတင့်သာရှိပြီး သူတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို သိနားလည်မှု မရှိပေ။ မှန်၏လော။ သင်တို့၏ လတ်တလော ဝိညာဉ်အသက်တာတွင် သင်တို့သည် “ဘုရားသခင် ပြောသမျှသည် သမ္မာတရား ဖြစ်ပါသည်။၊ ယင်းသည် ကျွန်ုပ်တို့အတွက် အကျိုးရှိပြီး ကျွန်ုပ်တို့သည် လက်ခံရမည်” ဟူသော ခံစားချက်သာရှိသည်။ သင်သည် ယင်းကို လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ၊ ချွင်းချက်မရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု သင်ပြောသည်။ သို့ရာတွင် သမ္မာတရားသည် ယင်းကိုယ်၌ပင် သန့်ရှင်းခြင်းဖြစ်၍ ဘုရားသခင်သည် သန့်ရှင်းသည်ကို သင်မသိပေ။

သို့ဖြစ်ရာ စာတန်၏စကားများကို သခင်ယေရှု၏ တုံ့ပြန်ချက်က အဘယ်နည်း။ (ယေရှုကလည်း သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။) သခင်ယေရှု ပြောသော ဤစကားစုတွင် သမ္မာတရား ရှိသလော။ (ရှိပါသည်။) ယင်းတွင် သမ္မာတရား ရှိသည်။ အပေါ်ယံတွင် ယင်းသည် လူအများလိုက်နာရမည့် ပညတ်တော်နှင့် အလားသဏ္ဌာန်တူပြီး၊ ယင်းသည် အလွန်ရိုးရှင်းသော စကားစုဖြစ်သော်လည်း ယင်းကို လူနှင့် စာတန်တို့သည် မကြာခဏပင် ချိုးဖောက်ကြသည်။ သို့ဖြစ်ရာ သခင်ယေရှုက ယင်းကို ယခုကဲ့သို့ ပြောသည်၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရ၊” အဘယ်ကြောင့်ဆိုသော် ယင်းမှာ စာတန် မကြာခဏ လုပ်သောအရာဖြစ်ပြီး ၎င်းသည် ထိုသို့လုပ်ရန် အလုံးစုံ ကြိုးပမ်းအားထုတ်သည်။ စာတန်သည် အရှက်မရှိ ထိုသို့ လုပ်သည်ဟုပင် ပြောနိုင်သည်။ ၎င်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိစေရန်နှင့် ၎င်း၏စိတ်နှလုံးတွင် ဘုရားသခင်အတွက် နက်ရှိုင်းသော ရိုသေလေးမြတ်မှု မရှိစေရန်အတွက် စာတန်၏ မရှိမဖြစ် သဘာဝဖြစ်သည်။ ထို့ကြောင့် စာတန်သည် ဘုရားသခင်၏ နံဘေးတွင်ရှိပြီး သူ့ကို မြင်တွေ့နိုင်သည့်အချိန်တွင်ပင် စာတန်သည် ဘုရားသခင်ကို သွေးဆောင်ဖြားယောင်းခြင်း မပြုဘဲမနေနိုင်ပေ။ သို့ဖြစ်ရာ သခင်ယေရှုက စာတန်ကို ပြောသည်မှာ၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရ။” ဤသည်မှာ ဘုရားသခင်က စာတန်ကို မကြာခဏပြောသော စကားစု ဖြစ်သည်။ ယနေ့တိုင်အောင်ပင် ယင်းစကားစုကို သုံးစွဲရန် ကိုက်ညီနေဆဲ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည်လည်း ဘုရားသခင်ကို မကြာခဏ သွေးဆောင်ဖြားယောင်း သောကြောင့်ဖြစ်ပါသည်။) လူများသည် ဘုရားသခင်ကို မကြာခဏ သွေးဆောင်ဖြားယောင်းလေ့ရှိသော်လည်း လူများက အဘယ်ကြောင့် မကြာခဏ ထိုသို့လုပ်သနည်း။ လူများတွင် စာတန်၏ အကျင့်ပျက်သော စိတ်သဘောထား ပြည့်နေသောကြောင့် ဖြစ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် အထက်တွင် စာတန်ပြောခဲ့သောအရာကို လူများ မကြာခဏ ပြောသည်မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်အခြေအနေများတွင် ပြောကြသနည်း။ လူများသည် ထိုသို့သော အရာများကို မည်သည့်အချိန် မည်သည့်နေရာတွင်မဆို ပြောဆိုသည်ဟု ဆိုနိုင်သည်။ လူများ၏ စိတ်သဘောထားသည် စာတန်၏ အကျင့်ပျက်သော စိတ်သဘောထားနှင့် အတိအကျ တူညီနေသည်ကို ယင်းကသက်သေပြနေသည်။ သခင်ယေရှုက ရိုးရှင်းသော စကားစုကို ပြောသည်၊ သမ္မာတရားကို ကိုယ်စားပြုပြီး လူအများလိုအပ်သော စကားစုဖြစ်သည်။ သို့ရာတွင် ဤအခြေအနေ၌ ဘုရားသခင်သည် စာတန်ကို ငြင်းခုန်နေခဲ့ခြင်း ဖြစ်သလော။ စာတန်ကို သူပြောခဲ့သည့် အထဲတွင် ထိပ်တိုက်ငြင်းခုန်သောအရာ တစ်စုံတစ်ရာ ပါဝင်သလော။ (မပါဝင်ပါ။) စာတန်၏ ဖြားယောင်းသွေးဆောင်မှုကို သူ၏စိတ်နှလုံးတွင် သခင်ယေရှုက မည်သို့မြင်ခဲ့သနည်း။ သူသည် အော့နှလုံးနာမှုနှင့် စက်ဆုပ်ရွံ့မုန်းမှုကို ခံစားရသလော။ (ခံစားရပါသည်။) သခင်ယေရှုသည် အော့နှလုံးနာမှုနှင့် စက်ဆုပ်ရွံ့မုန်းမှုကို ခံစားရသော်လည်း သူသည် စာတန်နှင့် မငြင်းခုန်ခဲ့ပေ၊ ကြီးကြယ်သော ဥပဒေသများကို ပို၍ပင် သူမပြောဆိုခဲ့ချေ၊ ယင်းသည်မှန်၏လော။ (မှန်ပါသည်။) အဘယ်ကြောင့်နည်း။ (သခင်ယေရှုသည် စာတန်ကို အသိအမှတ်ပြုလိုသည့် ဆန္ဒမရှိပါ။) သူသည် အဘယ်ကြောင့် စာတန်ကို အသိအမှတ်ပြုလိုသည့် ဆန္ဒမရှိသနည်း။ (အဘယ်ကြောင့်ဆိုသော စာတန်သည် အစဉ်အမြဲ ထိုကဲ့သို့သာ ဖြစ်ပါသည်။၊ မည်သည့်အခါမျှ မပြောင်းလဲနိုင်ပါ။) စာတန်သည် ကျိုးကြောင်းဆင်ခြင်မှု မရှိဟု ငါတို့ပြောနိုင်သလော။ (ဟုတ်ပါသည်။ ပြောနိုင်ပါ၏။) ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု စာတန်က အသိအမှတ်ပြုနိုင်သလော။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု စာတန်သည် မည်သည့်အခါမျှ လက်ခံမည် မဟုတ်ဘဲ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု မည်သည့်အခါမျှ ဝန်ခံခြင်းပြုမည် မဟုတ်ပါ။ ထိုအရာမှာ ၎င်း၏ သဘာဝဖြစ်သည်။ ထို့အပြင်၊ စာတန်၏ သဘာဝတွင် စက်ဆုပ်ဖွယ်သော အခြားအရာတစ်ခု ရှိသည်။ ထိုအရာမှာ အဘယ်နည်း။ သခင်ယေရှုကို ဖြားယောင်းသွေးဆောင်ရန် ကြိုးပမ်းမှုများတွင်၊ ၎င်းသည် ဘုရားသခင်ကို ဖြားယောင်းသွေးဆောင်ပါက အောင်မြင်လိမ့်မည်မဟုတ်ဟု စာတန်တွေးခဲ့သည်၊ မည်သို့ပင်ဖြစ်စေ ၎င်းသည် ကြိုးစားဆဲဖြစ်သည်။ ၎င်းသည် အပြစ်ဒဏ်ပေးခြင်း ခံရမည့်တိုင်အောင်၊ ထိုအရာကို မည်သို့ပင်ဖြစ်စေ လုပ်မည်ဖြစ်သည်။ ထိုသို့လုပ်ခြင်းကြောင့် မည်သည့်အရာမျှ မရသည့်တိုင်အောင် ၎င်းသည် မည်သို့ပင်ဖြစ်စေ လုပ်မည်ဖြစ်ပြီး အဆုံးတိုင်သို့တိုင်အောင် ၎င်းသည် ဘုရားသခင်ကို ဇွဲမလျော့ဘဲ ဆန့်ကျင်နေမည် ဖြစ်သည်။ ဤသည်မှာ မည်သည့် သဘာဝမျိုးနည်း။ ယင်းမှာ ဆိုးယုတ်မှု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်ကို ရည်ညွှန်းသည့်အခါ ဒေါသထွက်သော သူတို့သည် ဘုရားသခင်ကို မြင်ဖူးကြသလော။ ဘုရားသခင်ကို ရည်ညွှန်းသည့်အခါ စိတ်တိုသော သူတို့သည် ဘုရားသခင်ကို သိကြသလော။ ဘုရားသခင် မည်သူမည်ဝါဖြစ်သည်ကို သူမသိပေ၊ ဘုရားသခင်ကို မယုံကြည်ဘဲ ဘုရားသခင်က သူ့ကို ပြောဆိုဖူးခြင်း မရှိပေ။ ဘုရားသခင်က မည်သည့်အခါမျှ သူ့ကို မနှောက်ယှက်ဖူးချေ။ ထို့ကြောင့် သူသည် အဘယ်ကြောင့် ဒေါသဖြစ်မည်နည်း။ ထိုပုဂ္ဂိုလ်သည် ဆိုးယုတ်သူ ဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ ထိုသူသည် ဆိုးယုတ်သည့် သဘာဝရှိသော ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ဖြစ်သလော။ ကမ္ဘာပေါ်တွင် မည်သည့် ရေစီးကြောင်းများ ဖြစ်နေသည်ဖြစ်စေ၊ ပျော်စရာ၊ အစားအစာ၊ ကျော်ကြားသောသူများ၊ လှပသောသူများ စသည်တို့ ဖြစ်သည်ဖြစ်စေ သူတို့ကို မည်သည်ကမျှ အရေးတယူ မဖြစ်စေသော်လည်း တစ်စုံတစ်ယောက်က “ဘုရားသခင်” ဟု ဖော်ပြသောအခါ သူတို့ စိတ်ပျက်ကြသည်။ ယင်းသည် ဆိုးယုတ်မှုသဘာဝ၏ နမူနာတစ်ခုဖြစ်သည် မဟုတ်လော။ ထိုအရာသည် လူသား၏ ဆိုးယုတ်သည့်သဘာဝ၏ လက်သင့်ခံနိုင်သော သက်သေအဖြစ် ပြသနေသည်။ ကိုင်း၊ သင့်အထင်ကို ပြောကြည့်လျှင်၊ သမ္မာတရားကို ပြောသောအချိန်များ သို့မဟုတ် လူသားအတွက် ဘုရားသခင်၏ စမ်းသပ်စစ်ဆေးခြင်းများ လာသည့်အခါ သို့မဟုတ် လူသားကို တရားစီရင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောသောအခါများတွင် သင်တို့သည် စိတ်အနှောင့်အယှက်ဖြစ်မှု၊ အော့နှလုံးနာမှုကို ခံစားရပြီး ထိုအကြောင်းကို သင်တို့ မကြားချင်ခြင်းမျိုး ဖြစ်ကြသလော။ သင်၏ စိတ်နှလုံးသည် စဉ်းစားကောင်း စဉ်းစားလိမ့်မည်။ သမ္မာတရားက မည်သို့နည်း။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု လူအားလုံးက ပြောကြသည် မဟုတ်လော။ ထိုအရာသည် သမ္မာတရားမဟုတ်ပါ၊ ယင်းသည် လူသားကို ဆုံးမခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်သာလျှင် ဖြစ်သည်မှာ ရှင်းသည်။ အချို့သော လူများသည် သူတို့၏ စိတ်နှလုံးထဲတွင် စက်ဆုပ်ရွံ့ရှာသကဲ့သို့ပင် ခံစားရနိုင်သည်။ ယင်းသည် နေ့စဉ်ဖြစ်နေသည်၊ သူ၏ တရားစီရင်ခြင်းကဲ့သို့ပင် ငါတို့အတွက် သူ၏စုံစမ်းစစ်ဆေးခြင်းများကို အစဉ်အမြဲ ဖော်ပြပေးသည်၊ ဤအရာအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။ ကောင်းမွန်သည့် ပန်းတိုင်ကို ငါတို့ မည်သည့်အချိန်တွင် ရမည်နည်း။ ကျိုးကြောင်းမဆီလျော်သော ဤဒေါသသည် အဘယ်နေရာမှ လာသည်ကို မသိပေ။ ယင်းမှာ မည်သို့သော သဘာဝ ဖြစ်သနည်း။ (ဆိုးယုတ်သည့် သဘာဝဖြစ်ပါ၏။) စာတန်၏ ဆိုးယုတ်သည့် သဘာဝက ယင်းကို လှုံ့ဆော်ပေးသည်။ စာတန်၏ ဆိုးယုတ်သည့် သဘာဝနှင့် လူသား၏ အကျင့်ပျက်သည့် စိတ်သဘောထားနှင့်ပတ်သက်၍ ဘုရားသခင်သည် လူများနှင့် မည်သည့်အခါမျှ ငြင်းခုန်လေ့ သို့မဟုတ် အလဟသ စကားများလေ့မရှိဘဲ၊ လူများက မသိနားမလည်မှုနှင့် ပြုလုပ်သောအခါတွင် သူသည် မည်သည့်အခါမျှ ရေးကြီးခွင်ကျယ် လုပ်လေ့မရှိ။ လူတို့၌ရှိသော အရာဝတ္ထုများအပေါ်တွင် ဘုရားသခင်သည် လူများနှင့် အလားတူ အမြင်မျိုး ကိုင်စွဲထားခြင်း မရှိသည်ကို တွေ့ရလိမ့်မည်ဖြစ်ပြီး ထိုမျှသာမက လူတို့၏ ရှုထောင့်အမြင်များ၊ သူတို့၏ အသိပညာများ၊ သူတို့၏ သိပ္ပံပညာ သို့မဟုတ် သူတို့၏ ဒဿနအမြင် သို့မဟုတ် အမှုအရာများကို ကိုင်တွယ်ရန် လူသားတို့၏ စိတ်ကူးများကို သူအသုံးပြုသည်ကို တွေ့ရလိမ့်မည် မဟုတ်။ ယင်းအစား ဘုရားသခင် လုပ်ဆောင်သမျှ အရာခပ်သိမ်းနှင့် သူထုတ်ဖော်သမျှတို့သည် သမ္မာတရားနှင့် ဆက်စပ်နေသည်။ ဆိုလိုသည်မှာ၊ သူပြောခဲ့သော နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်ခဲ့သော အမှုအရာတိုင်းသည် သမ္မာတရားနှင့် စပ်ဆိုင်သည်။ ဤသမ္မာတရားနှင့် ယင်းစကားလုံးများသည် အခြေမဲ့သော စိတ်ကူးမဟုတ်ဘဲ၊ ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ အသက်တာနှင့်အညီ ဘုရားသခင်သည် ယင်းတို့ကို ထုတ်ဖော်သည်။ အဘယ်ကြောင့်ဆိုသော် ဤနှုတ်ကပတ်တော်များနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သမျှ အရာခပ်သိမ်း၏ အနှစ်သာရသည် သမ္မာတရား ဖြစ်သည်၊ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင် ပြောဆိုလုပ်ကိုင်ခဲ့သမျှ အရာခပ်သိမ်းတို့သည် လူများအတွက် အသက်ရှင်သန်ခြင်းနှင့် အလင်းကို ယူဆောင်လာပေးသည်။ လူများကို ကောင်းသော အရာများနှင့် ထိုကောင်းသောအရာများ၏ စစ်မှန်မှုကို မြင်စေပြီး သူတို့ကို လမ်းမှန်ပေါ်တွင် လျောက်လှမ်းခွင့်ပေးသည်။ ဘုရားသခင်၏ အနှစ်သာရကြောင့် ဤအရာများကို ချမှတ်ထားပေးပြီး ဘုရားသခင်၏သန့်ရှင်းခြင်း အနှစ်သာရအားဖြင့် သူတို့ကို ချမှတ်ပေးထားသည်။ သင်တို့ တွေ့မြင်ခဲ့ပြီးဖြစ်သည်၊ ဟုတ်သလော။ သမ္မာကျမ်းစာတစ်ပိုဒ်ကို ဖတ်ရှုခြင်းပြီး ဆက်သွားကြမည်။

(မဿဲ ၄း၈-၁၁) တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တော်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ စည်းစိမ်ကို၎င်း ပြညွှန်၍၊ ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။ ယေရှုကလည်း အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။ ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကျွေးကြ၏။

စာတန်၊ မာရ်နတ်သည် ၎င်း၏ ယခင်နှစ်ကြိမ်လှည့်ဖြားခြင်းများ ကျဆုံးခဲ့သော်လည်း နောက်တစ်ခုကို ထပ်ကြိုးစားသည်။ ယင်းက ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများအားလုံးနှင့် ယင်းတို့၏ ကြွယ်ဝချမ်းသာမှုကို သခင်ယေရှုအားပြပြီး မာရ်နတ်ကို ကိုးကွယ်ခိုင်းသည်။ ဤအခြေအနေမှ မာရ်နတ်၏ အင်္ဂါရပ်အစစ်အမှန်ကို သင်မည်သို့ မြင်သနည်း။ စာတန်မာရ်နတ်သည် လုံးဝ အရှက်မရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းသည် အဘယ်မျှလောက် အရှက်မရှိနိုင်သနည်း။ အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့သည့်တိုင်အောင် စာတန်က ယင်းကို ပြောင်းပြန်လှည့်ပြီး ဘုရားသခင်ကိုပြကာ ယခုကဲ့သို့ပြောသည်၊ “ဤတိုင်းနိုင်ငံ အားလုံးတို့၏ ဘုန်းစည်းစိမ်တို့ကို ကြည့်ပါ၊ ကိုယ်တော်သည် ငါ့ကိုညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်။” ဤကိစ္စတွင် အခန်းကဏ္ဍများသည် ပြောင်းပြန်ဖြစ်နေသည် မဟုတ်လော။ စာတန်သည် အရှက်မရှိဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ သို့သော် ယင်းသည် သူ၏ သာယာမှုအတွက် ဟုတ်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းကို လူသားတို့အား ပေးခဲ့သည်။ သို့သော် စာတန်သည် ယင်းအရာ ခပ်သိမ်းကို သိမ်းပိုက်လိုပြီးနောက် ပြောသည်မှာ၊ “ငါ့ကို ကိုးကွယ်လော့။ ငါ့ကို ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်။” ယင်းမှာ အကျည်းတန်သော စာတန်၏ သွင်ပြင်ဖြစ်သည်။၊ ၎င်းသည် လုံးဝ အရှက်ကင်းမဲ့သည်၊ မဟုတ်လော။ စာတန်သည် “အရှက်” ဟူသော စကား၏ အဓိပ္ပာယ်ကိုပင် မသိပေ။ ယင်းမှာ ၎င်း၏ ဆိုးယုတ်ခြင်းအတွက် နောက်ထပ် နမူနာဖြစ်သည်။ ၎င်းသည် အရှက်ဟူသည်ကိုပင် မသိပေ။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး ယင်းတို့ကို စီမံခန့်ခွဲကာ အုပ်စိုးသည်ကို စာတန်သည် သေချာပေါက်သိသည်။ အရာခပ်သိမ်းကို ဘုရားသခင်က ပိုင်ဆိုင်သည်၊ လူက ပိုင်သည်မဟုတ်၊ စာတန်အတွက် ပို၍ပင် ဝေးသေးသည်။ သို့ဖြစ်သည့်တိုင် စာတန်မာရ်နတ်သည် အရာခပ်သိမ်းကို ဘုရားသခင်အား ပေးမည်ဟု မျက်နှာပြောင်တိုက်၍ ပြော၏။ စာတန်သည် နောက်တစ်ကြိမ် အဓိပ္ပာယ်ကင်းမဲ့ပြီး အရှက်မဲ့သော အရာတစ်ခုကို ထပ်မံလုပ်ဆောင်နေခြင်းမဟုတ်လော။ ဘုရားသခင်သည် စာတန်ကို ယခုအခါ ပို၍ မုန်းတီးသည်၊ ဟုတ်သလော။ သို့တိုင်အောင် စာတန်မည်သည့်အရာကို လုပ်ရန် ကြိုးစားသည်ဖြစ်စေ သခင်ယေရှုသည် လှည့်စားခံရသလော။ (မခံရပါ။) သခင်ယေရှုက ဘာပြောခဲ့သနည်း။ (“သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။”) ယင်းစကားစုတွင် လက်တွေ့ကျသော အဓိပ္ပာယ်ရှိသလော။ (ရှိပါသည်။) မည်သည့် လက်တွေ့ကျသော အဓိပ္ပာယ်မျိုးနည်း။ စာတန်၏ပြောဆိုချက်တွင် ၎င်း၏ဆိုးယုတ်မှုနှင့် အရှက်ကင်းမဲ့မှုကို ငါတို့တွေ့ရသည်။ ထို့ကြောင့် လူသည် စာတန်ကို ကိုးကွယ်လျှင် နိဂုံးမှာ အဘယ်အရာဖြစ်မည်နည်း။ သူတို့သည် တိုင်းနိုင်ငံများ အားလုံး၏ ဘုန်းစည်းစိမ်ကို ရရှိမည်လော။ (ရရှိမည် မဟုတ်ပါ။) သူတို့ဘာရမည်နည်း။ လူသားသည် စာတန်ကဲ့သို့ အရှက်မရှိခြင်းနှင့် လှောင်ပြောင်ဖွယ်ဖြစ်ခြင်းကိုသာ ရမည်မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့သည် ထိုအခါ စာတန်နှင့် မခြားနားဘဲ ဖြစ်လိမ့်မည်။ သို့ဖြစ်ရာ သခင်ယေရှုသည် လူတစ်ဦးချင်းစီတိုင်းအတွက် အရေးကြီးသော ဤစကားစုကို ပြောခဲ့သည်၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်၊ ထိုဘုရားသခင်ကိုသာ အစေခံရမည်၊” ဆိုလိုသည်မှာ သခင်မှ လွဲ၍၊ ဘုရားသခင်ကိုယ်တော်တိုင်မှလွဲ၍ အခြားသူကို သင်အစေခံလျှင်၊ စာတန်မာရ်နတ်ကို သင်ကိုးကွယ်လျှင် ထိုအခါ သင်သည် စာတန်ကဲ့သို့ အညစ်အကြေးတွင် လူးလိမ့်ပျော်မြူးနေခြင်းဖြစ်မည်။ ထိုအခါ သင်သည် စာတန်၏အရှက်မဲ့ခြင်းနှင့် ၎င်း၏ ဆိုးယုတ်ခြင်းတို့ကို ဝေမျှလိမ့်မည်၊ ထို့နောက် စာတန်ကဲ့သို့ပင် သင်သည် ဘုရားသခင်ကို ဖြားယောင်းသွေးဆောင်လိမ့်မည်၊ ဘုရားသခင်ကို တိုက်ခိုက်လိမ့်မည်။ ထို့နောက် သင်၏ အဆုံးသတ်သည် မည်သို့ဖြစ်မည်နည်း။ သင်သည် ဘုရားသခင်၏ စက်ဆုပ်ခြင်းကို ခံရမည်၊ ဘုရားသခင်၏ ဒဏ်ခတ်ခြင်းကို ခံရမည်၊ ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံရမည်။ မှန်သည်မဟုတ်လော။ စာတန်သည် ဘုရားသခင်ကို အကြိမ်ကြိမ်ဖြားယောင်းသွေးဆောင်ပြီး အောင်မြင်မှုမရသည့်နောက်တွင် နောက်တစ်ကြိမ် ကြိုးစားသေးသလော။ စာတန်သည် နောက်တစ်ကြိမ်မကြိုးစားတော့ဘဲ ထွက်ခွာသွားသည်။ ယင်းမှာ အဘယ်အရာကို သက်သေပြနေသနည်း။ ယင်းမှာ စာတန်၏ ဆိုးယုတ်သောသဘာဝ၊ ၎င်း၏ယုတ်ညံ့မှု၊ လှောင်ပြောင်ဖွယ်ကောင်းမှုနှင့် ကျိုးကြောင်းကင်းမဲ့မှုတို့သည် ဘုရားသခင်ရှေ့မှောက်တွင် ဖော်ပြရန် မထိုက်တန်သည်ကို သက်သေပြနေသည်။ သခင်ယေရှုက စာတန်ကို ဝါကျသုံးကြောင်းဖြင့်သာ အနိုင်ယူခဲ့သည်။ ထို့နောက်တွင် ၎င်းသည် အမြီးကုတ်၍ သုတ်သုတ်ပျာပျာ ထွက်ခွာသွားသည်။ ၎င်း၏မျက်နှာကို နောက်တစ်ကြိမ်ပြသရန် အလွန်ရှက်သွားသည်၊ ၎င်းသည် သခင်ယေရှုကို နောက်တစ်ကြိမ် မည်သည့်အခါမျှ မဖြားယောင်းသွေးမဆောင်တော့ပေ။ စာတန်၏ ဤသွေးဆောင်ဖြားယောင်းခြင်းကို သခင်ယေရှု အောင်မြင်လိုက်သည်မှစ၍၊ သူယခုလုပ်ဆောင်ရမည့် အမှုကို သူသည် အလွယ်တကူ ဆက်လုပ်ဆောင်နိုင်ပြီး သူ၏ရှေ့မှောက်၌ရှိသော အမှုကို ပြန်လည်လုပ်ဆောင်နိုင်သည်။ ဤအခြေအနေတွင် သခင်ယေရှု ပြောဆိုလုပ်ဆောင်ခဲ့သော အရာအားလုံးတွင် ယခုအခါ အသုံးပြုမည်ဆိုပါက လူတိုင်းအတွက် လက်တွေ့ကျသော အဓိပ္ပာယ် ရှိနေသလော။ (ရှိနေပါသည်။) မည်သို့သော လက်တွေ့အဓိပ္ပာယ် ဖြစ်သနည်း။ စာတန်ကို အနိုင်ယူခြင်းမှာ လွယ်ကူသော အလုပ်ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဘာဖြစ်မည်နည်း။ စာတန်၏ဆိုးယုတ်သော သဘာဝကို လူများ ရှင်းလင်းစွာ နားလည်ရမည်လော။ စာတန်၏သွေးဆောင်မှုများကို လူများသည် တိကျစွာနားလည်ရမည်လော။ (နားလည်ရပါမည်။) သင်၏ အသက်တာတွင် စာတန်၏ သွေးဆောင်မှုကို ခံရဖူးပြီး သင်သည် စာတန်၏ ဆိုးယုတ်သော သဘာဝကို ထွင်းဖောက်မြင်နိုင်ပါက သင်သည် ၎င်းကို အောင်နိုင်မည်လော။ အကယ်၍ စာတန်၏ ရယ်ဖွယ်ကောင်းမှုနှင့် ယုတ္တိမရှိမှုတို့ကို သင်သိရှိပါက သင်သည် စာတန်နှင့် အတူရပ်တည်ပြီး ဘုရားသခင်ကို တိုက်ခိုက်မည်လော။ (မတိုက်ပါ၊ ကျွန်ုပ်တို့မလုပ်ပါ။) အကယ်၍ စာတန်၏ မလိုတမာသည့်စိတ်နှင့် အရှက်မဲ့ခြင်းတို့ကို သင်မှတစ်ဆင့် မည်သို့ ဖော်ထုတ်မည်ကို သင်နားလည်ပါက၊ အကယ်၍သင်သည် ဤအရာများကို ရှင်းလင်းစွာ သိထားပြီး အသိအမှတ်ပြုပါက၊ သင်သည် ဤနည်းဖြင့် ဘုရားသခင်ကို တိုက်ခိုက်၍ သွေးဆောင်နေဆဲ ဖြစ်မည်လော။ (မဟုတ်ပါ။ ကျွန်ုပ်တို့ မလုပ်ပါ။) ကျွန်ုပ်တို့ ဘာလုပ်မည်နည်း။ (ကျွန်ုပ်တို့သည် စာတန်ကို ပုန်ကန်ပြီး စွန့်ပစ်ပါမည်။) ယင်းမှာ လုပ်ရန်လွယ်ကူသော အရာဖြစ်သလော။ (မလွယ်ကူပါ။) ယင်းကို လုပ်ရန်မှာ မလွယ်ပေ။ လူများသည် မကြာခဏ ဆုတောင်းရမည်၊ သူတို့သည် ဘုရားသခင်ရှေ့မှောက်သို့ မိမိကိုယ်ကို ဆက်ကပ်ရမည်၊ ထို့နောက် သူတို့သည် မိမိတို့ကိုယ်မိမိ အစဉ်အမြဲ ဆန်းစစ်နေရမည်။ သူတို့သည် ဘုရားသခင်၏ စည်းမျဉ်းစည်းကမ်းနှင့် သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့ကို နာခံရမည်၊ ထိုနည်းလမ်းအားဖြင့်သာ လူများသည် စာတန်၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်မှုမှ မိမိကိုယ်ကို တဖြည်းဖြည်း ဖယ်ရှားနိုင်လိမ့်မည်။

စာတန်ပြောခဲ့သည့်အရာများမှ ၎င်း၏အနှစ်သာရကို ဖွဲ့စည်းထားသောအရာများကို ငါတို့ ပေါင်းစပ်ကြည့်နိုင်သည်။ ပထမဦးစွာ စာတန်၏ အနှစ်သာရမှာ ယေဘုယျအားဖြင့် ဆိုးယုတ်သည်ဟု ပြောနိုင်သည်။ ယင်းမှာ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် သိသာစွာ ခြားနားပြီး ရပ်တည်သည်။ စာတန်၏ အနှစ်သာရသည် ဆိုးယုတ်သည်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ ယင်းကိုမြင်နိုင်ရန်အတွက် တစ်ဦးတစ်ယောက်အနေဖြင့် လူများအပေါ် စာတန်၏လုပ်ဆောင်မှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ကြည့်ရမည်။ စာတန်သည် လူကိုအကျင့်ပျက်စေပြီး ထိန်းချုပ်သည်၊ ထို့နောက်လူသည် စာတန်၏ အကျင့်ပျက်သော စိတ်သဘောထားအောက်တွင် လုပ်ဆောင်သည်၊ ထို့နောက် စာတန်က ဖျက်ဆီးထားသော ကမ္ဘာကြီးနှင့် အကျင့်ပျက်နေသော လူများအကြားတွင် နေထိုင်သည်။ လူထုမှာ အမှတ်တမဲ့ စာတန်၏ ပိုင်ဆိုင်မှုနှင့် သိမ်းသွင်းခြင်းကို ခံကြရသည်။ ထို့ကြောင့် လူတွင် စာတန်၏ အကျင့်ပျက်သော စိတ်သဘောထားရှိသည်။ ယင်းမှာ စာတန်၏သဘာဝဖြစ်သည်။ စာတန် ပြောဆိုလုပ်ကိုင်ခဲ့သမျှအားလုံးမှ သင်သည် ၎င်း၏မောက်မာမှုကို တွေ့မိသလော။ ၎င်း၏ လှည့်ဖြားမှုနှင့် မလိုတမာဖြစ်သည့် ရည်ရွယ်ချက်ကို မြင်မိသလော။ စာတန်၏မောက်မာမှုကို အဓိကအားဖြင့် မည်ကဲ့သို့ ပြခဲ့သနည်း။ စာတန်သည် ဘုရားသခင်၏နေရာကို အစဉ်အမြဲ သိမ်းပိုက်လိုသလော။ စာတန်သည် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏နေရာကို ဖျက်ဆီးပြီး သူ့အတွက် ရယူလိုသည်၊ ထိုသို့ဖြင့် လူများသည် စာတန်နောက်သို့ လိုက်စေရန်၊ ပံ့ပိုးစေရန်၊ ကိုးကွယ်စေရန်ဖြစ်သည်။ ယင်းမှာ စာတန်၏ မောက်မာမှုသဘာဝဖြစ်သည်။ စာတန်က လူများကို အကျင့်ပျက်စေသည့်အခါ ၎င်းသည် သူတို့ကို ဘာလုပ်သင့်သည်ဆိုသည်ကို တိုက်ရိုက်ပြောသလော။ ဘုရားသခင်ကို စာတန် သွေးဆောင်သောအခါ ၎င်းသည် ထွက်လာပြီး “ငါသည် ကိုယ်တော့်ကို သွေးဆောင်နေသည်၊ ကိုယ်တော့်ကို ငါတိုက်ခိုက်မည်” ဟု ပြောသလော။ လုံးဝမပြောပေ။ စာတန်က မည်သည့်နည်းလမ်းကို သုံးသနည်း။ ၎င်းသည် ဖြားယောင်းသည်၊ သွေးဆောင်သည်၊ တိုက်ခိုက်သည်၊ ထောင်ချောက်ဆင်သည်။ သမ္မာကျမ်းစာများကိုပင် ကိုးကားသေးသည်။ စာတန်သည် ၎င်း၏ ယုတ်မာသောရည်ရွယ်ချက်ကို ရရှိရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ပြောဆိုပြုမူသည်။ စာတန်က ယင်းသို့ လုပ်ဆောင်ပြီးသည့်အခါ လူတွင်ရှင်းလင်းစွာပေါ်လာသည့် မည်သည့်အရာကို မြင်နိုင်သနည်း။ လူများသည် မောက်မာကြသည် မဟုတ်လော။ လူသည် စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ပေါင်းများစွာ ခံစားလာရ၍ လူသည် မောက်မာသည်၊ လှည့်ဖြားတတ်သည်၊ ယုတ်မာသော စိတ်ထားရှိသည်၊ ကျိုးကြောင်းညီညွတ်မှုမရှိပေ။ ဤအရာများအားလုံးသည် စာတန်၏သဘာဝကြောင့် ဖြစ်ပေါ်လာသော အရာများဖြစ်သည်။ စာတန်၏သဘာဝမှာ ဆိုးယုတ်သောကြောင့် ဤဆိုးယုတ်သောသဘာဝကို လူအားပေးပြီး လူကို ဤဆိုးယုတ်သည့် အကျင့်ပျက် စိတ်သဘောထားကို ဖြစ်စေသည်။ ထို့ကြောင့် လူသည် အကျင့်ပျက်သော စာတန်၏ စိတ်သဘောထားအောက်တွင် နေထိုင်ပြီး စာတန်ကဲ့သို့ပင် ဘုရားသခင်ကို မကိုးကွယ်တော့သည် အတိုင်းအတာအထိ လူသည် ဘုရားသခင်ကို ဆန့်ကျင်သည်၊ ဘုရားသခင်ကို တိုက်ခိုက်သည်၊ သူ့ကို သွေးဆောင်သည်၊ ထို့နောက် သူတို့၏ စိတ်နှလုံးများထဲတွင် သူ့ကို ရိုသေလေးမြတ်မှု မရှိတော့ပေ။

ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ပတ်သက်လျှင် ယင်းခေါင်းစဉ်သည် ရင်းနှီးကျွမ်းဝင်သောအရာ ဖြစ်လျှင်ပင် ဆွေးနွေးရာ၌ အချို့သော လူများအတွက် လက်ဆုပ်လက်ကိုင် မပြနိုင်မှု အနည်းငယ် ဖြစ်နိုင်စေပြီး၊ ပါဝင်သော အကြောင်းအရာသည် အနည်းငယ် နက်ရှိုင်းနိုင်သည်။ ဤသို့ဖြစ်ရခြင်းမှာ ယခင်က လူများသည် ဤခေါင်းစဉ်၏ လက်တွေ့ကျသော အစိတ်အပိုင်းကို ကိုင်တွယ်မှု နည်းပါးခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် မစိုးရိမ်နှင့်။ ဖြည်းဖြည်းချင်း ငါတို့လုပ်သွားကြမည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းမှာ အဘယ်အရာဖြစ်သည်ကို သင်တို့နားလည်စေရန် ငါကူညီမည်။ ပထမဦးစွာ ဤအရာကို ပြောကြစို့၊ သင်သည် တစ်စုံတစ်ဦးကို သိရှိလိုပါက အဘယ်အရာကို သူလုပ်သည်နှင့် သူ့လုပ်ဆောင်မှု၏ ရလဒ်တို့ကို ကြည့်ရမည်၊ ထိုသို့ပြုလျှင် ထိုလူပုဂ္ဂိုလ်၏ အနှစ်သာရကို သင်မြင်နိုင်စွမ်း ရှိလာလိမ့်မည်။ ပထမဦးစွာ ဤရှုထောင့်မှ ဘုရားသခင်၏ သန့်ရှင်းခြင်းအပေါ် မိတ်သဟာယပြုကြစို့။ တစ်နည်းအားဖြင့်ဆိုသော် စာတန်၏ အနှစ်သာရသည် ဆိုးယုတ်သည်၊ ထို့ကြောင့် စာတန်၏ လူသားအပေါ် ပြုမူမှုများသည် သူတို့ကို အဆုံးမရှိ ပျက်စီးစေရန် ဖြစ်သည်။ စာတန်သည် ဆိုးယုတ်သည်၊ ထို့ကြောင့် ၎င်းဖျက်ဆီးထားသော လူများသည်လည်း အကယ်ပင် ယုတ်မာသည်။ ဟုတ်သလော။ “စာတန်က ဆိုးယုတ်သော်လည်း ၎င်းဖျက်ဆီးထားသော တစ်စုံတစ်ယောက်သည် သန့်ရှင်းကောင်း သန့်ရှင်းလမ့်မည်” ဟု တစ်စုံတစ်ယောက်က ပြောမည်လော။ ဟာသပင်ဖြစ်သည်၊ မဟုတ်လော။ ဤအရာသည် ဖြစ်ပင် ဖြစ်နိုင်မည်လော။ (မဖြစ်နိုင်ပါ။) ထို့ကြောင့် ယင်းကို ထိုသို့မစဉ်းစားနှင့်။ ဤရှုထောင့်မှ ယင်းအကြောင်း ပြောကြစို့။ စာတန်သည် ဆိုးယုတ်သည်၊ ၎င်းတွင် ပဓာနကျပြီး လက်တွေ့ကျသည့်ဖက်ရှိသည်၊ ဤအရာသည် အချည်းနှီး စကားမဟုတ်။ ငါတို့သည် စာတန်ကို နာမည်ဖျက်ရန် ကြိုးပမ်းနေခြင်း မဟုတ်ပေ။ ငါတို့သည် သမ္မာတရားနှင့် လက်တွေ့ကို မိတ်သဟာယ ပြုနေခြင်းသာ ဖြစ်သည်။ ယင်းသည် လူအချို့ သို့မဟုတ် အချို့သော လူအုပ်စုများကို ထိခိုက်ကောင်း ထိခိုက်စေလိမ့်မည်။ သို့ရာတွင် ဤနေရာတွင် မလိုတမာသည့် ရည်ရွယ်ချက်မရှိပေ။ သင်တို့သည် ယနေ့တွင် ကြားကြရပြီး အနည်းငယ် မသက်မသာ ဖြစ်နိုင်သည်။ သို့သော် မကြာခင် ရက်ပိုင်းတွင် ယင်းကို သင်တို့ အသိအမှတ်ပြုလာနိုင်သောအခါ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် စက်ဆုတ်ရွံရှာလာကြလိမ့်မည်၊ ထို့ပြင် ယနေ့ ငါတို့ပြောဆိုမှုများသည် သင်တို့အတွက် အလွန်အသုံးဝင်ပြီး အလွန်တန်ဖိုးရှိသည်ဟု သင်တို့ခံစားကြရလိမ့်မည်။ စာတန်၏အနှစ်သာရသည် ဆိုးယုတ်သည်။ ထို့ကြောင့် စာတန်၏ လုပ်ရပ်ကြောင့်ရလာသော ရလဒ်များသည် မလွဲမရှောင်သာ ဆိုးယုတ်သည် သို့မဟုတ် အနည်းဆုံးအားဖြင့် ဆိုးယုတ်မှုနှင့် ဆက်နွှယ်နေသည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) သို့ဆိုလျှင် စာတန်သည်လူကို မည်သို့အကျင့်ပျက်စေသနည်း။ ပထမဆုံးအနေဖြင့် အထူးသဖြင့် ကမ္ဘာပေါ်နှင့် လူသားအများကြား မြင်နိုင်သော၊ လူများခံစားနိုင်သော စာတန်၏ ယုတ်မာသော ထုဆစ်မှုများကို ကြည့်ကြရမည်၊ ဤကိစ္စကို သင်တို့ ယခင်က စဉ်းစားမိဖူးသလော။ သင်တို့ ထိုကိစ္စကို များများ စဉ်းစားမှု မပေးခဲ့ဘဲရှိနိုင်သည်။ ထို့ကြောင့် အဓိကကျသော အချက်အချို့ကို ငါဆွေးနွေးသွားမည်။ စာတန်အဆိုပြုသည့် ဆင့်ကဲဖြစ်စဉ်သီအိုရီကို လူတိုင်းသိကြသည်။ ယင်းမှာ လူက လေ့လာသင်ကြားသည့် အသိပညာနယ်ပယ် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်ရာ စာတန်သည် ပထမဦးစွာ အသိပညာကို အသုံးပြု၍ လူကို ပျက်စီးစေပြီး ယင်း၏ ကိုယ်ပိုင် နည်းလမ်းများဖြင့် သူတို့အား အသိပညာများကို သင်ကြားပေးသည်။ ထို့နောက် ယင်းသည် သိပ္ပံပညာကို အသုံးပြု၍ သူတို့ကို ဖျက်ဆီးသည်။ အသိပညာ၊ သိပ္ပံနှင့် နက်နဲသော အရာများ သို့မဟုတ် လူအများ လေ့လာရှာဖွေလိုစိတ်ရှိသော အရာများတွင် သူတို့၏ စိတ်ဝင်စားမှုကို နှိုးဆွပေးသည်။ လူကို ဖျက်ဆီးရန် စာတန် နောက်ထပ်သုံးသော အရာများမှာ ရိုးရာယဉ်ကျေးမှုနှင့် အယူသည်းခြင်းတို့ဖြစ်ပြီး ယင်းတို့နောက်တွင် ၎င်းသည် လူမှုခေတ်ပေါ် ရေစီးကြောင်းကိုလည်း အသုံးပြုသည်။ ယင်းအရာများအားလုံးသည် လူများအနေဖြင့် သူတို့၏ နေ့စဉ် ဘဝတွင် ထိတွေ့လာရသော အရာများဖြစ်ပြီး ယင်းအရာများအားလုံးသည် လူများနှင့် နီးစပ်သော၊ သူတို့မြင်သောအရာ၊ သူတို့ကြားသောအရာ၊ သူတို့ ထိတွေ့သောအရာနှင့် သူတို့ တွေ့ကြုံသောအရာများနှင့် အားလုံးဆက်နွှယ်နေသည်။ သူတို့သည် လူတိုင်းကို ဝန်းရံပတ်ထားသည်ဟု ပြောနိုင်သည်။ ယင်းတို့မှာ ထွက်ပြေး၍ မလွတ်မြောက်နိုင်၊ ခွဲခြား၍မရနိုင်သော အရာများဖြစ်သည်။ လူသားတွင် ယင်းအရာများ၏ လွှမ်းမိုးမှု၊ ကူးစက်မှု၊ ထိန်းချုပ်မှုနှင့် ချုပ်နှောင်မှုတို့မှ ရှောင်လွှဲရန် လမ်းမရှိပေ။ သူတို့သည် ယင်းအရာများကို ဖယ်ထုတ်ပစ်ရန် စွမ်းအားမရှိကြပေ။

၁။ လူသားကို အကျင့်ပျက်စေရန် စာတန်က အသိပညာကို အသုံးပြုပုံ

ပထမဆုံး အသိပညာအကြောင်း ငါတို့ပြောကြမည်။ လူတိုင်းသည် အသိပညာကို ကောင်းသောအရာဟု သတ်မှတ်ကြသည် မဟုတ်လော။ သို့မဟုတ် အနည်းဆုံးအနေဖြင့် လူများသည် “အသိပညာ” ဟူသော စကားလုံး၏ ဂယက်အနက်သည် အပျက်သဘောထက်စာလျှင် အပြုသဘောဖက်သို့ ရောက်သည်ဟု လူအများကထင်ကြသည်။ သို့ဆိုလျှင် ငါတို့သည် အဘယ်ကြောင့် စာတန်က လူများကို အကျင့်ပျက်စေရာတွင် အသိပညာကို သုံးသည်ဟု ဤနေရာတွင် ဖော်ပြသနည်း။ ဆင့်ကဲဖြစ်စဉ်သီအိုရီသည် အသိပညာ၏ အစိတ်အပိုင်း မဟုတ်လော။ နယူတန်၏ သိပ္ပံပညာဆိုင်ရာ ဥပဒေများသည် အသိပညာ၏ အစိတ်အပိုင်းဖြစ်သည် မဟုတ်လော။ ကမ္ဘာကြီး၏ ဆွဲငင်အားသည် အသိပညာ၏ အစိတ်အပိုင်းဖြစ်သည်။ မှန်သလော။ (မှန်ပါသည်။) သို့ဖြစ်လျှင် လူသားမျိုးနွယ်ကို အကျင့်ပျက်စေရန် စာတန်အသုံးပြုသော အရာများအကြားတွင် အသိပညာကို အဘယ်ကြောင့် စာရင်းသွင်းထားသနည်း။ ဤကိစ္စအပေါ် သင်တို့မည်ကဲ့သို့ခံယူသနည်း။ အသိပညာတွင် သမ္မာတရား အနည်းငယ်မျှပင် ပါရှိသလော။ (မပါရှိပါ။) သို့ဆိုလျှင် အသိပညာ၏ အနှစ်သာရက အဘယ်နည်း။ (ယင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။) မည်သည့်အခြေခံပေါ်တွင် လူသားတို့သည် အသိပညာကို လေ့လာကြသနည်း။ ဆင့်ကဲဖြစ်စဉ်ပေါ်တွင် အခြေခံသလော။ လူရှာဖွေသော အသိပညာသည် အကျဉ်းချုပ်လိုက်လျှင် ဘုရားမဲ့ဝါဒကို အခြေခံခြင်း မဟုတ်ဘူးလော။ (ဟုတ်ပါသည်။) ဤအသိပညာသည် ဘုရားသခင်နှင့် ဆက်နွှယ်မှု ရှိသလော။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ဆက်နွှယ်သလော။ ယင်းသည် သမ္မာတရားနှင့် ဆက်နွှယ်သလော။ (မဆက်နွှယ်ပါ။) သို့ဆိုလျှင် စာတန်သည် လူကို ဖျက်ဆီးရာတွင် အသိပညာကို မည်သို့အသုံးချသနည်း။ ဤအသိပညာ၏ မည်သည့်အရာမျှ ဘုရားသခင်ကို ကိုးကွယ်ခြင်း သို့မဟုတ် သမ္မာတရားနှင့် ဆက်နွှယ်ခြင်းမရှိဟု ယခုလေးတင် ငါပြောခဲ့သည်။ ယင်းကို အချို့လူများက ယခုကဲ့သို့ စဉ်းစားကြသည်။ “ယင်းသည် သမ္မာတရားနှင့် မည်သို့မျှ ဆက်နွှယ်ခြင်းမရှိနိုင်သော်လည်း ယင်းသည် လူကိုမပျက်စီးစေပါ။” သင်တို့ကော မည်သို့ထင်သနည်း။ လူများ၏ ပျော်ရွှင်မှုသည် သူတို့၏ ကိုယ်ပိုင်လက်များဖြင့် ဖန်တီးထားသော အရာများပေါ်တွင် မှီတည်သည်ဟု အသိပညာက သင့်ကို သင်ပေးသလော။ သင့်ကို လူ၏ ကံကြမ္မာသည် သူ၏ကိုယ်ပိုင်လက်ထဲတွင် ရှိသည်ဟု အသိပညာက သင်ပေးခဲ့ဖူးသလော။ (သင်ပေးဖူးပါသည်။) ယင်းကဲ့သို့ ပြောဆိုမှုမျိုးမှာ ဘာဖြစ်သနည်း။ (အဓိပ္ပာယ်မရှိပါ။) ကွက်တိမှန်သည်။ ယင်းသည် အဓိပ္ပာယ်မရှိ။ အသိပညာကို ဆွေးနွေးရသည်မှာ ရှုပ်ထွေးသည်။ သင့်အနေဖြင့် အသိပညာ ကဏ္ဍတစ်ရပ်သည် အသိပညာထက် ဘာမျှမပိုဟု ဆိုနိုင်သည်။ ဘုရားသခင်ကို ကိုးကွယ်မှု မပြုခြင်းနှင့် ဘုရားသခင်က ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသည်ကို နားမလည်ခြင်း အခြေခံပေါ်တွင် သင်ကြားသည့် အသိပညာ၏ ပညာရပ်နယ်ပယ် တစ်ခုရှိသည်။ လူများက ထိုကဲ့သို့သော အသိပညာရပ်မျိုးကို လေ့လာသည့်အခါ ဘုရားသခင်သည် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးမှုရှိသည်ဟု သူတို့မမြင်ကြ၊ ခပ်သိမ်းသော အရာတို့၏ တာဝန်ခံ သို့မဟုတ် စီမံခန့်ခွဲသူမှာ ဘုရားသခင်ဖြစ်သည်ဆိုသည်ကို သူတို့မမြင်ကြ။ ယင်းအစား သူတို့ လုပ်ဆောင်သမျှမှာ အသိပညာ၏ နယ်ပယ်များကို မပြီးနိုင်မဆုံးနိုင် သုတေသနပြုကာ ရှာဖွေပြီး အသိပညာပေါ်တွင် အခြေခံသော အဖြေများကို ရှာဖွေကြသည်။ သို့ရာတွင် လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းမရှိဘဲ ယင်းအစား သုတေသနကိုသာ လုပ်နေပါက သူတို့သည် မှန်ကန်သော အဖြေများကို မည်သည့်အခါမျှ ရမည်မဟုတ်။ ဟုတ်သလော။ အသိပညာသည် သင့်ကို အသက်မွေးမှုကိုသာ ပေးသည်၊ ယင်းသည် အလုပ်တစ်ခုကိုသာ ပေးသည်၊ ယင်းသည် သင်ဆာလောင်ခြင်း မရှိစေရန်အတွက် ဝင်ငွေကိုသာလျှင် ပေးသည်၊ သို့ရာတွင် ယင်းသည် သင့်ကို ဘုရားသခင်အား ကိုးကွယ်ရန် မည်သည့်အခါမျှ မလုပ်ပေ။ ယင်းသည် သင့်ကို ဆိုးယုတ်ခြင်းမှ ကင်းဝေးစေအောင် မည်သည့်အခါမျှ မလုပ်ပေးပေ။ အသိပညာအကြောင်း သင်ပိုမိုလေ့လာလေလေ၊ သင်သည် ဘုရားသခင်ကို ပုန်ကန်ရန်၊ ဘုရားသခင်ကို သုတေသနပြုရန်၊ ဘုရားသခင်ကို သွေးဆောင်ရန်နှင့် ဘုရားသခင်ကို ဆန့်ကျင်ရန် ဆန္ဒပိုရှိလာလေ ဖြစ်လိမ့်မည်။ သို့ဖြစ်ရာ ယခုအခါ အသိပညာသည် လူများကို အဘယ်အရာများ သင်ပေးနေသည်ကို ငါတို့မြင်သနည်း။ ယင်းအားလုံးသည် စာတန်၏ ဒဿနအမြင်များ ဖြစ်သည်။ ပျက်စီးနေသော လူတွင်တွေ့ရသည့် စာတန်၏ အတွေးအမြင်များနှင့် အသက်ရှင်သန်မှု စည်းမျဉ်းများသည် သမ္မာတရားနှင့် ဆက်နွှယ်သလော။ (မဆက်နွှယ်ပါ။) ထိုအရာတို့မှာ သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ အမှန်တကယ်တွင် သမ္မာတရား၏ ဆန့်ကျင်ဘက် ဖြစ်သည်။ လူများသည် “ဘဝသည် လှုပ်ရှားမှုဖြစ်၏” ဟု မကြာခဏ ပြောလေ့ရှိသည်။ ယင်းမှာမည်သို့သော စကားဖြစ်သနည်း။ (အဓိပ္ပါယ်မရှိသော စကားဖြစ်ပါ၏။) လူများသည် ယခုကဲ့သို့လည်း ပြောသည်၊ “လူသည် သံဖြစ်သည်၊ ထမင်းသည် သံမဏိဖြစ်သည်၊ အစာတနပ်ကျော်လိုက်လျှင် သူသည် ငတ်မွတ်မှုကို ခံစားရသည်။” ဤသည်မှာ အဘယ်နည်း။ ယင်းမှာ ပိုမိုမှားယွင်းသော ယုတ္တိအမှားဖြစ်ပြီး ယင်းကို ကြားရသည်မှာ စက်ဆုပ်ရွံ့ရှာဖွယ် ဖြစ်သည်။ သို့ဖြစ်ရာ အသိပညာသည် လူတိုင်းသိသော အကြောင်းအရာတစ်ခု ဖြစ်နိုင်သည်။ လူသားတွင်ရှိသော အသိပညာဟုဆိုသည့် အရာတွင် စာတန်သည် ၎င်း၏ အသက်ရှင်ခြင်း အတွေးအခေါ်နှင့် ၎င်း၏ စဉ်းစားပုံများကို အနည်းငယ် ထည့်သွင်းထားသည်။ စာတန်သည် ထိုသို့ လုပ်သည့်အတွက် စာတန်သည် ၎င်း၏ စဉ်းစားမှု၊ အတွေးအခေါ်နှင့် အမြင်များကို လူအား လက်ခံစေခြင်းဖြင့် လူသည် ဘုရားသခင်၏ တည်ရှိမှု၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုနှင့် လူသား၏ ကံကြမ္မာအပေါ် အုပ်စိုးမှုတို့ကို ငြင်းပယ်နိုင်စေသည်။ လူ၏ သင်ယူမှု တိုးတက်လာသည်နှင့်အမျှ သူသည် အသိပညာများ ပိုမိုရရှိသောအခါ ဘုရားသခင်၏ တည်ရှိမှုသည် ပိုမိုမှေးမှိန်လာသည်ဟု ခံစားရပြီး ဘုရားသခင် မရှိဟုပင် လူသည် ခံစားနိုင်သည်။ စာတန်က အမြင်များ၊ အယူအဆများနှင့် အတွေးများကို လူတို့၏စိတ်ထဲတွင် ထည့်သွင်းထားသည့်အတွက် စာတန်က ၎င်း၏အတွေးများကို သူ့စိတ်တွင် ထည့်သွင်းလိုက်သောအခါ လူသည်အကျင့်ပျက်မသွားသလော။ (ပျက်စီးသွားပါသည်။) လူသည် သူ့အသက်တာကို ယခုအခါ မည်သည့်အပေါ်တွင် အခြေခံသနည်း။ သူသည် ယင်းအသိပညာအပေါ်တွင် အမှန်တကယ် မှီခိုသလော။ မမှီခိုပေ၊ လူသည် သူ၏အသက်တာကို အသိပညာတွင် ပုန်းကွယ်နေသော စာတန်၏ အတွေးများ၊ အမြင်များနှင့် အတွေးအခေါ်များအပေါ် အခြေခံသည်။ ထိုအရာမှာ လူသားကို စာတန်ဖျက်ဆီးထားမှု၏ ဗဟိုချက်ဖြစ်ပွားသည့် နေရာဖြစ်သည်။ ယင်းမှာ စာတန်၏ ပန်းတိုင်ဖြစ်ပြီး လူသားကို အကျင့်ပျက်စေသည့် ၎င်း၏ နည်းလမ်းဖြစ်သည်။

ပထမဦးစွာ ဤခေါင်းစဉ်၏ အပေါ်ယံအကျဆုံး အပိုင်းကို ပြောကြမည်။ ဘာသာစကား သင်ခန်းစာများထဲမှ သဒ္ဒါနှင့် စကားလုံးများသည် လူများကို အကျင့်ပျက်စီးစေသလော။ စကားလုံးများက လူကို ပျက်စီးစေနိုင်သလော။ (မပျက်စီးစေနိုင်ပါ။) စကားလုံးများက လူကို မပျက်စီးစေပေ။ ယင်းတို့သည် လူများ စကားပြောရာတွင်သုံးရန် ကိရိယာ ဖြစ်ပြီး၊ ဘုရားသခင်နှင့် လူတို့ ဆက်သွယ်ရန် ကိရိယာဖြစ်သည်။ ထို့အပြင် ဘာသာစကားနှင့် စကားလုံးများသည် ဘုရားသခင်က လူများကို ယခုအခါ ဆက်သွယ်သော နည်းလမ်းဖြစ်သည်၊ ယင်းတို့မှာ ကိရိယာများဖြစ်သည်၊ ယင်းတို့သည် မရှိမဖြစ်လိုအပ်သည်။ တစ်နှင့် တစ်ပေါင်း နှစ်သည် အသိပညာ ဖြစ်သည်။ ဟုတ်သလော။ နှစ်အမြောက်နှစ် ညီမျှခြင်း လေးသည် အသိပညာဖြစ်သည်၊ ဟုတ်ပါသလော။ သို့သော် ယင်းသည် သင့်ကို ပျက်စီးစေနိုင်သလော။ ယင်းသည် သာမန်အသိဖြစ်ပြီး စည်းမျဉ်းတစ်ခုဖြစ်ရာ လူကိုမပျက်စီးစေနိုင်ပေ။ သို့ဖြစ်လျှင် မည်သည့်အသိပညာသည် လူကို ပျက်စီးစေသနည်း။ ယင်းမှာ စာတန်၏ အမြင်များနှင့် အတွေးများ ရောဝင်နေသော အသိပညာဖြစ်သည်။ စာတန်သည် ထိုအမြင်များနှင့် အတွေးများကို အသိပညာမှတစ်ဆင့် လူသားအတွင်းသို့ ထည့်သွင်းရန် နည်းလမ်း ရှာဖွေနေသည်။ ဥပမာ၊ စာစီစာကုံးတစ်ခုတွင် ရေးသားထားသော စကားလုံးများသည် တစ်စုံတစ်ရာ မှားယွင်းမှုရှိသလော။ (မရှိပါ။) ပြဿနာက အဘယ်မှာ ရှိမည်နည်း။ စာရေးသူက စာစီစာကုံးကို ရေးသားသည့်အခါ သူ၏အမြင်များနှင့် ရည်ရွယ်ချက်သာမက သူ၏အတွေးများမှလာသော အကြောင်းအရာများဖြစ်သည့် ဝိညာဉ်ရေးရာ ကိစ္စများသည် လူများကို ပျက်စီးစေနိုင်သည်။ ဥပမာ၊ သင်သည် ရုပ်မြင်သံကြား ဖျော်ဖြေမှု အစီအစဉ်တစ်ခုကို ကြည့်နေပါက ယင်းအထဲက မည်သည့်အရာများသည် သင်၏ အမြင်ကို ပြောင်းလဲစေနိုင်သနည်း။ သရုပ်ဆောင်များပြောသော စကားလုံးများကိုယ်၌က လူများကို ပျက်စီးစေနိုင်သလော။ (မပျက်စီးစေနိုင်ပါ။) မည်သို့သောအရာက လူများကို အကျင့်ပျက်စီးစေနိုင်သနည်း။ အစီအစဉ်၏ အဓိကစဉ်းစားချက်များနှင့် ပါဝင်သော အကြောင်းအရာများဖြစ်သည်။ ယင်းသည် ဒါရိုက်တာ၏အမြင်များကို ကိုယ်စားပြုမည်ဖြစ်ပြီး ယင်းအမြင်များကို သယ်ဆောင်လာသော အချက်အလက်များသည် လူများ၏ စိတ်နှလုံးများနှင့် စိတ်ဓာတ်ကို ယိမ်းယိုင်စေနိုင်သည်။ ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) လူများကိုဖျက်ဆီးရန် စာတန်က အသိပညာကို အသုံးပြုခြင်းအကြောင်း ငါ၏ဆွေးနွေးချက်ထဲ၌ အဘယ်အရာကို ငါရည်ညွှန်းနေကြောင်း သင်တို့သိသလော။ (ဟုတ်ကဲ့။ သိပါသည်။) သင်တို့ နားလည်မှု လွဲမည်မဟုတ်၊ မှန်၏လော။ ထို့ကြောင့် သင်သည် နောက်တကြိမ် ဝတ္ထု သို့မဟုတ် စာစီစာကုံး တစ်ပုဒ်ကို ဖတ်သည့်အခါ စာစီစာကုံးတွင် ဖော်ပြထားသော အတွေးများသည် လူသားမျိုးနွယ်ကို အကျင့်ပျက်စေခြင်း ရှိမရှိ သို့မဟုတ် လူသားတို့ကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိမရှိကို သုံးသပ်နိုင်မည်လော။ (ကျွန်ုပ်တို့ အနည်းငယ်မျှ ထိုသို့လုပ်နိုင်ပါသည်။) ယင်းမှာ တဖြည်းဖြည်းချင်း လေ့လာပြီး အတွေ့အကြုံယူရမည့် အရာမျိုးဖြစ်သည်၊ ယင်းမှာ ချက်ချင်း အလွယ်တကူ နားလည်နိုင်သည့် အရာမျိုး မဟုတ်ပေ။ ဥပမာ၊ အသိပညာ နယ်ပယ်တစ်ခုကို သုတေသန ပြုလုပ်ခြင်း သို့မဟုတ် လေ့လာခြင်း လုပ်သည့်အခါ ထိုအသိပညာ၏ အချို့သော အပြုသဘော ရှုထောင့်များသည် ယင်းနယ်ပယ်အကြောင်း ယေဘူယျ သိမြင်မှုကို သင့်အား နားလည်စေရန် အထောက်အကူ ပြုသည်၊ သို့ဆိုလျှင် လူများသည် ဘာကို ရှောင်ရမည်နည်း။ ဥပမာ၊ “လျှပ်စစ်” ကိုကြည့်ပါ၊ ယင်းသည် အသိပညာ နယ်ပယ် တစ်ခု ဖြစ်သည်၊ မဟုတ်လော။ လျှပ်စစ်သည် လူကို ဓာတ်လိုက်စေနိုင်သည်ကို သင်မသိခဲ့ပါက သင်သည် အလွန်ပညာမဲ့သောသူ ဖြစ်လိမ့်မည်၊ ဟုတ်သလော။ သို့သော် ထိုအသိပညာ နယ်ပယ်ကို သင်နားလည်လာသည့်အခါ လျှပ်စစ်ပစ္စည်း တစ်စုံတစ်ရာကို ထိကိုင်ရာတွင် သင်သည် သတိမထားဘဲ လုပ်မည်မဟုတ်ဘဲ သင်သည် လျှပ်စစ်ကို မည်သို့ အသုံးပြုရမည်ကို သိလာလိမ့်မည်။ ယင်းတို့ နှစ်ခုစလုံးမှာ ကောင်းသောကိစ္စများ ဖြစ်သည်။ အသိပညာက လူများကို မည်သို့ ပျက်စီးစေပုံနှင့်ပတ်သက်၍ အဘယ်အရာကို ငါတို့ဆွေးနွေးနေခြင်းဖြစ်ကြောင်း သင်တို့ရှင်းလင်းသလော။ (ဟုတ်ကဲ့၊ ကျွန်ုပ်တို့ရှင်းပါသည်။) သင်နားလည်လျှင် ယင်းအကြောင်းကို ဆက်ပြီးပြောတော့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင် လေ့လာထားသော အသိပညာအမျိုးပေါင်း များစွာရှိပြီး သင်သည် ယင်းတို့ကို ခွဲခြမ်းစိတ်ဖြာရန် သင်တို့ ကိုယ်တိုင် သင်တို့၏ အချိန်များကို ယူရမည်ဖြစ်သည်။

၂။ လူသားကို အကျင့်ပျက်စေရန် စာတန်က သိပ္ပံပညာကို အသုံးပြုပုံ

သိပ္ပံပညာဆိုသည်မှာ အဘယ်နည်း။ လူတိုင်း၏စိတ်ထဲတွင် သိပ္ပံပညာကို ဂုဏ်သတင်းကြီးမားသည်ဟု မှတ်ယူထားပြီး နက်နဲသိမ်မွေ့လှသည်ဟု ယူဆထားသည်မဟုတ်လော။ (ဟုတ်ပါသည်။) သိပ္ပံပညာကို ရှင်းပြသည့်အချိန်တွင်၊ လူတို့သည် “ဤသည်မှာ သာမန်လူများ နားမလည်နိုင်သည့် အရာဖြစ်သည်၊ သိပ္ပံဆိုင်ရာ သုတေသနပညာရှင်များ သို့မဟုတ် ကျွမ်းကျင်သူများကသာ ပြောပြနိုင်သည့် အကြောင်းအရာတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ကဲ့သို့သော သာမန်လူတို့နှင့် အဆက်အစပ်မရှိပါ” ဟု မခံစားရသလော။ သို့သော် ဆက်စပ်မှု ရှိသလော။ (ရှိပါသည်။) လူသားကို အကျင့်ပျက်စေရန် စာတန်က သိပ္ပံပညာကို မည်သို့အသုံးပြုသနည်း။ လူသားတို့ သူတို့၏ကိုယ်ပိုင် အသက်တာများတွင် မကြာခဏကြုံတွေ့ရသည့် အရာများကလွဲပြီး အခြားအရာများကို ငါတို့ပြောမည်မဟုတ်။ မျိုးစေ့ဗီဇများအကြောင်းကို သင်ကြားဖူးသလော။ သင်တို့အားလုံးသည် ဤဝေါဟာရနှင့် အကျွမ်းတဝင်ရှိကြသည်၊ မဟုတ်လော။ မျိုးစေ့ဗီဇများကို သိပ္ပံပညာအားဖြင့် ရှာဖွေတွေ့ရှိခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့အတွက် မျိုးစေ့ဗီဇများသည် မည်သို့အဓိပ္ပာယ် အတိအကျရှိသနည်း။ ယင်းတို့အနေဖြင့် လူတို့အား ကိုယ်ခန္ဓာသည် လျှို့ဝှက်ဆန်းကျယ်သော အရာတစ်ခုအဖြစ် ခံစားရအောင် ပြုလုပ်မနေသလော။ လူတို့ကို ဤအကြောင်းအရာ အစပျိုးလိုက်သည့်အချိန်တွင်၊ အထူးသဖြင့် စူးစမ်းချင်စိတ်ပြင်းပြသည့် လူများသည်၊ အသေးစိတ်များကို ထပ်ပြီးသိလိုစိတ် သို့မဟုတ် ပိုမိုသိလိုစိတ် ရှိကြမည်မဟုတ်လော။ ဤစူးစမ်းချင်စိတ် ပြင်းပြသည့်လူတို့သည် ဤအကြောင်းအရာအပေါ်တွင် သူတို့၏အားထုတ်မှုကို အာရုံထားလိမ့်မည်ဖြစ်ပြီး၊ သူတို့အလုပ်မများသည့်အချိန်တွင် စာအုပ်များထဲနှင့် အင်တာနက်ပေါ်တွင် အချက်အလက်ရှာဖွေပြီး ယင်း၏အသေးစိတ် အချက်အလက်ကို ပိုမိုလေ့လာသင်ယူကြလိမ့်မည်။ သိပ္ပံပညာဆိုသည်မှာ အဘယ်နည်း။ ရှင်းရှင်းပြောရလျှင်၊ သိပ္ပံပညာဆိုသည်မှာ လူသားက စူးစမ်းလိုစိတ် ပြင်းပြနေသည့် အတွေးအခေါ်များနှင့် အရာဝတ္ထုများ၏ သဘောတရားများ၊ သူတို့ကို ဘုရားသခင်က မပြောသေးသည့် မသိသောအရာများဖြစ်သည်။ သိပ္ပံပညာဆိုသည်မှာ လူသားက စူးစမ်းရှာဖွေလိုသည့် နက်နဲသည့် အတွေးအခေါ်နှင့် သဘောတရားများဖြစ်သည်။ သိပ္ပံပညာနယ်ပယ်ကား အဘယ်နည်း။ ယင်းသည် အရာအားလုံးကို အကျဉ်းချုပ်ထားသည်ဟု သင်ပြောနိုင်သော်လည်း၊ လူသားအနေဖြင့် သိပ္ပံပညာကို အဘယ်သို့ လုပ်နိုင်မည်နည်း။ သုတေသနပြုခြင်းအားဖြင့်လော။ ယင်းတွင် ထိုအရာများ၏ ဥပဒေများသနှင့် အသေးစိတ်များကို သုတေသနပြုခြင်းနှင့် လူတိုင်း စဉ်းစားသည့် သံသယဖြစ်ဖွယ် သဘောတရားများကို တင်ပြခြင်းတို့ ပါဝင်သည်။ “ဤသိပ္ပံပညာရှင်များသည် အလွန်ထူးချွန်ကြသည်။ ဤအရာများကို နားလည်နိုင်သည့် အသိပညာများစွာရှိကြပြီး သူတို့အများကြီး သိကြသည်။” သူတို့သည် ထိုသို့သောလူများကို အလွန်လေးစားကြသည်၊ မှန်သလော။ သိပ္ပံပညာကို သုတေသနပြုကြသည့် လူများသည် မည်သို့သော အမြင်များကို စွဲကိုင်ထားသနည်း။ သူတို့သည် စကြဝဠာကို သုတေသနပြုချင်ကြသည် မဟုတ်လော၊ သူတို့စိတ်ဝင်စားသည့် နယ်ပယ်မှ နက်နဲသည့်အရာများကို သုတေသန ပြုချင်ကြသည် မဟုတ်လော။ (မှန်ပါသည်။) ဤအရာ၏ နောက်ဆုံးရလဒ်က အဘယ်နည်း။ အချို့သော သိပ္ပံပညာများ၌ ထင်မြင်ချက်များဖြင့် ကောက်ချက်ချတတ်ကြသည့် လူများရှိကြသည်၊ အခြား၌မူ သူတို့၏ ကောက်ချက်ချခြင်းများအတွက် လူတို့၏အတွေ့အကြုံများကို အမှီပြုကြသည့် လူများရှိပြီး၊ အခြားသိပ္ပံပညာနယ်ပယ်က လူတို့၏အတွေ့အကြုံ သို့မဟုတ် သမိုင်းနှင့်ပတ်သက်၍၊ နောက်ခံအကြောင်းများကို လေ့လာခြင်းများကို အခြေခံ၍ ကောက်ချက်ချသည့် လူများရှိကြသည်။ ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) ထိုသို့လျှင် သိပ္ပံပညာက လူတို့အတွက် ဘာလုပ်ဆောင်ပေးသနည်း။ သိပ္ပံညာက လုပ်ဆောင်ပေးသည်မှာ ရုပ်ဝတ္ထုကမ္ဘာရှိ ဒြပ်ရှိအရာဝတ္ထုများကို မြင်နိုင်ရန် လူတို့ကို အခွင့်ပေးခြင်းသာဖြစ်ပြီး၊ လူတို့၏ စူးစမ်းမှုကို ကျေနပ်မှုပေးရုံသာဖြစ်သည်။ ဘုရားသခင်က အရာခပ်သိမ်းကို အုပ်စိုးတော်မူခြင်း၏ ဥပဒေသများကို လူတို့အားသိရန် အခွင့်မပေးပေ။ လူသားသည် သိပ္ပံပညာမှ အဖြေများကို ရှာတွေ့ပုံပေါ်သည်၊ သို့ရာတွင် ထိုအဖြေများသည် ပဟေဠိဆန်ပြီး ယာယီစိတ်ကျေနပ်မှုကိုသာ ပေးသည်၊ လူသား၏စိတ်နှလုံးကို ရုပ်ဝတ္ထုကမ္ဘာတွင် အကျဉ်းကျစေရန်သာ ပြုသည့် ကျေနပ်နှစ်သိမ့်မှုကိုသာ ပေးခြင်းဖြစ်သည်။ မည်သည့်ကိစ္စများ ပေါ်ပေါက်လာပါစေ သိပ္ပံပညာမှ အဖြေများကို ရရှိပြီးသားဟု လူသားက ခံစားရသည်၊ သူတို့၏ သိပ္ပံပညာအမြင်များကို အခြေခံပြီး သူတို့သည် ကြိုးစားသက်သေပြကြသည် သို့မဟုတ် လက်ခံကြသည်။ လူသား၏နှလုံးသားသည် သိပ္ပံပညာ၏ သိမ်းပိုက်ခြင်းကို ခံလာရပြီး ဘုရားသခင်ကို သိရှိခြင်း၊ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ထံမှလာပြီး အဖြေများအတွက် ဘုရားသခင်ကို ရှာဖွေသင့်သည့်အသိစိတ် မရှိတော့သည့် အဆင့်အထိ ဖြားယောင်း ခြင်းခံရသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ လူတစ်ဦးက သိပ္ပံပညာကို ပိုယုံကြည်လေ၊ အရာရာတိုင်းတွင် သိပ္ပံပညာဆိုင်ရာ ဖြေရှင်းမှုတစ်ခုရှိကာ သုတေသနပြုခြင်းဖြင့် မည်သည့်အရာကိုမဆို ဖြေရှင်းနိုင်သည်ဟု ယုံကြည်ကာ၊ သူတို့သည်ပို၍ အသိတရားကင်းမဲ့လာလေ ဖြစ်လာကြသည်။ သူတို့သည် ဘုရားသခင်ကို မရှာဖွေကြဘဲ ဘုရားသခင်၏ တည်ရှိသည်ဟုလည်း မယုံကြည်ကြပေ။ ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်လျှောက်သည့် လူအချို့တို့ပင် ပေါက်ပေါက်ရှာရှာစိတ်ကူးဖြင့် ဗက်တီးရီးယားပိုးကို သုတေသနပြုကြသည် သို့မဟုတ် အကြောင်းကိစ္စတစ်ခု၏အဖြေရရန် အချက်အလက်အချို့ကို ရှာဖွေကြသည်။ ထိုသို့သော လူတစ်ဦးသည် အကြောင်းကိစ္စများကို သမ္မာတရားအမြင်မှမကြည့်ဘဲ၊ သူတို့သည် များသောအားဖြင့် ပြဿနာများကို ဖြေရှင်းရန် သိပ္ပံပညာအမြင်များနှင့် အသိပညာများ သို့မဟုတ် သိပ္ပံပညာအဖြေများကို အားထားလိုကြသည်။ သို့ရာတွင် သူတို့သည် ဘုရားသခင်ကို အားမထားကြဘဲ ဘုရားသခင်ကို မရှာဖွေကြပေ။ ထိုသို့သော လူများ၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် ရှိသလော။ (မရှိပါ။) သူတို့သိပ္ပံပညာကို လေ့လာသကဲ့သို့ ဘုရားသခင်ကို သုတေသနပြုလိုသည့် လူအချို့ပင် ရှိသေးသည်။ ဥပမာအားဖြင့်၊ ကြီးမားသည့် ရေလွှမ်းမိုးခြင်းပြီးသည့်နောက်တွင် သင်္ဘောရပ်နားသည့်နေရာကို သွားရောက်သည့် ဘာသာရေး ပညာရှင်များစွာရှိသည်။ သူတို့သည် သင်္ဘောကို တွေ့ခဲ့ကြသော်လည်း၊ သင်္ဘော၏ပုံသဏ္ဌာန်တွင် ဘုရားသခင်၏ တည်ရှိနေခြင်းကို သူတို့မတွေ့ကြပေ။ သူတို့သည် ဇာတ်လမ်းများနှင့် သမိုင်းကိုသာ ယုံကြည်ကြပြီး ယင်းသည် သူတို့၏ သိပ္ပံပညာ သုတေသနပြုခြင်းနှင့် ရုပ်ဝတ္ထုကမ္ဘာကို လေ့လာခြင်း၏ ရလဒ်ဖြစ်သည်။ သင်သည် ရုပ်ဝတ္ထုအရာများကို သုတေသနပြုပါက၊ ယင်းသည် အဏုဇီဝဗေဒဖြစ်စေ၊ နက္ခဗေဒဖြစ်စေ၊ သို့မဟုတ် ဘူမိဗေဒဖြစ်စေ၊ ဘုရားသခင်၏ ဖြစ်တည်မှု သို့မဟုတ် ကိုယ်တော်၏ အရာခပ်သိမ်းကို အုပ်စိုးမှုကိုပြောသည့် ရလဒ်ကို ဘယ်သောအခါမျှ ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။ ဤသည်မှာ မှန်၏လော။ (မှန်ပါသည်။) သို့ဖြစ်လျှင် သိပ္ပံပညာသည် လူတို့အတွက် ဘာလုပ်ပေးသနည်း။ ယင်းသည် လူကို ဘုရားသခင်ထံမှ ဝေးကွာစေသည် မဟုတ်လော။ ဤအရာက လူတို့ကို ဘုရားသခင်အား လေ့လာသင်ယူစေသည် မဟုတ်လော။ ၎င်းသည် လူတို့အား ဘုရားသခင်၏ တည်ရှိခြင်းကို ပိုမိုသံသယဝင်အောင် လုပ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့လျှင် စာတန်ကလူသားကို အကျင့်ပျက်စေရန် သိပ္ပံပညာကို မည်သို့အသုံးပြုလိုသနည်း။ လူတို့ကို လှည့်ဖြား၍ ထုံအစေရန် စာတန်သည် သိပ္ပံပညာဆိုင်ရာ သုံးသပ်ချက်များကို အသုံးပြုလိုသည် မဟုတ်လော၊ ထို့နောက် လူတို့၏ စိတ်နှလုံးမျာကို စွဲကိုင်ထားရန် ဒွိဟဖြစ်စေသော အဖြေများကို အသုံးပြုခြင်းဖြင့် ထိုသူတို့သည် ဘုရားသခင်ကို မရှာဖွေ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်မှုဖြစ်အောင် မလုပ်သလော။ (လုပ်ပါသည်။) ထို့အတွက်ကြောင့် ဤကား စာတန်က လူသားများကို အကျင့်ပျက်စေရန် အသုံးပြုသည့် နည်းလမ်းတစ်ခုဟု ငါတို့ ပြောရခြင်းဖြစ်သည်။

၃။ လူသားကို အကျင့်ပျက်စေရန် စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုပုံ

ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်းအဖြစ် မှတ်ယူခြင်းခံရသည့် အရာများစွာရှိသလော။ (ရှိပါသည်။) ဤရိုးရာယဉ်ကျေးမှုအဓိပ္ပာယ်ကား အဘယ်နည်း။ (၎င်းကို ဘိုးဘွားဘီဘင်များ လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်ပါသည်။) ၎င်းကို ဘိုးဘွားဘီဘင်များ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်၊ ယင်းသည် ရှုထောင့်တစ်ခုဖြစ်သည်။ အစအဦးကတည်းက၊ မိသားစုများ၊ လူမျိုးစုများနှင့် လူသားမျိုးနွယ်ပင်လျှင် သူတို့၏ အသက်ရှင်နေထိုင်ပုံ၊ သို့မဟုတ် ဓလေ့ထုံးတမ်းများ၊ ဆိုရိုးစကားများနှင့် စည်းကမ်းများကို လက်ဆင့်ကမ်းနေခဲ့ကြပြီး ယခုတိုင် လူတို့၏အတွေးထဲတွင် သွတ်သွင်းထားဆဲ ဖြစ်လာခဲ့သည်။ ဤအရာများကို လူတို့ဘာလုပ်ကြသနည်း။ လူတို့သည် ယင်းတို့ကို သူတို့၏အသက်တာမှ ခွဲထုတ်၍မရဟု မှတ်ယူကြသည်။ ဤအရာများကို ယူဆောင်ကြပြီး အသက်တာတွင် လေ့လာသင်ယူဖွယ်နှင့် စည်းကမ်းများအဖြစ် မှတ်ယူကြပြီး၊ ယင်းတို့ကို သူတို့၏ ဘိုးဘွားဘီဘင်များက လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သောကြောင့် သူတို့သည် ဤအရာများကို ဘယ်သောအခါမျှ မပြောင်းလဲလို သို့မဟုတ် မပစ်ပယ်လိုကြပေ။ ရိုးရာယဉ်ကျေးမှုတွင် အခြားသော ရှုထောင့်များလည်းရှိသေးသည်။ ယင်းတို့မှာ ကွန်ဖြူးရှပ် သို့မဟုတ် မင်းရှပ်စ်တို့မှ အဆင့်ဆင့်လက်ဆင့်ကမ်းလာကြသည့် ရှုထောင့်များ သို့မဟုတ် လူတစ်ဦးချင်းစီအတွက် အစိတ်အပိုင်းတိုင်းတွင် အရိုးစွဲလာစေခဲ့သော တရုတ် တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့က လူများကို သင်ကြားပေးသော အရာများဖြစ်ကြသည်။ ဤသည်မှာ မှန်၏လော။ (မှန်ပါသည်။) ရိုးရာယဉ်ကျေးမှုတွင် မည်သည့်အရာများ ပါဝင်သနည်း။ လူများပါဝင်ဆင်နွှဲနေသော ပိတ်ရက်များ ပါဝင်သလော။ ဥပမာအားဖြင့်၊ နွေဦးပွဲတော်၊ မီးပုံးပွဲတော်၊ သင်္ချိုင်းကန်တော့ပွဲ၊ နဂါးလှေပွဲတော်အပြင် တစ္ဆေပွဲတော်နှင့် လမုန့်ပွဲတော်တို့ဖြစ်ကြသည်။ မိသားစုအချို့တို့သည် သက်ကြီးသူများ အသက်အပိုင်းအခြားတစ်ခုသို့ ရောက်လာလျှင် သို့မဟုတ် ကလေးများ အသက်တစ်လပြည့်နှင့် ရက်တစ်ရာပြည့်နေ့ကိုပင် အထိမ်းအမှတ်ပွဲ ကျင်းပကြသည်။ ယင်းတို့အားလုံးတို့သည် ရိုးရာယဉ်ကျေးမှု ပိတ်ရက်များပင် ဖြစ်သည်။ ဤပိတ်ရက်များ၏ နောက်ကြောင်းရာဇဝင်များတွင် ရိုးရာယဉ်ကျေးမှုများ ပါဝင်သည် မဟုတ်လော။ ရိုးရာယဉ်ကျေးမှု၏ အဓိကအချက်က အဘယ်အရာဖြစ်သနည်း။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိသလော။ ယင်းသည် လူတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပြောခြင်းနှင့် ပတ်သက်နေသလော။ (မပတ်သက်ပါ။) ဘုရားသခင်ကို ယဇ်ပူဇော်ဆက်ကပ်ရန်၊ ဘုရားသခင်၏ ယဇ်ပလ္လင်သို့သွားပြီး သူ၏သင်ကြားမှုများကို ခံယူရန်အတွက် လူတို့တွင် ပိတ်ရက်တစ်ခုခု ရှိသလော။ ထိုကဲ့သို့သော ပိတ်ရက်များ ရှိသလော။ (မရှိပါ။) ဤသို့သော ပိတ်ရက်များအားလုံးတွင် လူတို့သည် အဘယ်အရာများကို လုပ်ဆောင်ကြသနည်း။ (စာတန်ကို ကိုးကွယ်ကြပါသည်။ စားကြသည်၊ သောက်ကြပြီးနောက် အပန်းဖြေသည့် လုပ်ဆောင်မှုများကို လုပ်ကြပါသည်။) ခေတ်သစ်ကာလာများတွင် ယင်းတို့ကို စားခြင်း၊ သောက်ခြင်းနှင့် ပျော်ရွှင်ဖွယ်ရာ အခါသမယများအဖြစ် မြင်ကြသည်။ ရိုးရာယဉ်ကျေးမှု၏ နောက်ကွယ်တွင် မည်သည့်အရင်းအမြစ်ရှိသနည်း။ ရိုးရာယဉ်ကျေးမှုက မည်သူ့ထံမှ လာသနည်း။ (စာတန်ထံမှ လာပါ၏။) ၎င်းသည် စာတန်ထံမှလာသည်။ ထိုကဲ့သို့သော ရိုးရာယဉ်ကျေးမှု ပိတ်ရက်များ၏ နောက်ခံအကြောင်းတွင်၊ လူ့အတွင်းသို့ စာတန်သည် အရာများသွတ်သွင်းထားသည်၊ ယင်းအရာများက အဘယ်နည်း။ လူတို့မှ သူတို့၏ ဘိုးဘွားဘီဘင်များကို သတိရစေရန် သေချာစေခြင်းက ယင်းတို့ထဲမှ တစ်ခုမဟုတ်သလော။ ဥပမာအားဖြင့် သင်္ချိုင်းကန်တော့ပွဲအချိန်တွင် လူတို့သည် အုတ်ဂူများကို ရှင်းလင်းကြပြီး သူတို့၏ ဘိုးဘွားဘီဘင်များကို ပူဇော်ပသကြသည်၊ ထိုသို့ဖြင့် လူတို့သည် သူတို့၏ဘိုးဘွားဘီဘင်များကို မမေ့စေရန်ဖြစ်သည်။ ထို့ပြင်၊ လူတို့ မျိုးချစ်စိတ်ကို အမှတ်ရနေစေရန်၊ နဂါးလှေပွဲတော်အားဖြင့် စာတန်က သေချာစေသည်။ လမုန့်ပွဲတော်ကော အဘယ်သို့နည်း။ (မိသားစု ပြန်လည်ဆုံတွေ့ခြင်းများ ဖြစ်ပါ၏။) မိသားစု ပြန်လည်ဆုံတွေ့ခြင်းများ၏ နောက်ခံအကြောင်းက အဘယ်နည်း။ ယင်းက အဘယ်အကြောင်းရင်းအတွက်နည်း။ (စိတ်ခံစားမှုများအတွက် ဖြစ်ပါ၏။) ဆက်သွယ်ရန်နှင့် စိတ်ခံစားမှုဖြင့် ဆက်နွှယ်ရန်ဖြစ်သည်။ ဟုတ်ပေ၏၊ တရုတ်နှစ်သစ်ကူးအကြိုနေ့ ကျင်းပသည်ဖြစ်စေ သို့မဟုတ် မီးပုံးပွဲတော်ကို ကျင်းပသည်ဖြစ်စေ၊ နောက်ခံအကြောင်းရင်းများကို ရှင်းပြသည့် နည်းလမ်းများစွာရှိသည်။ ယင်းတို့နောက်ခံ အကြောင်းရင်းတစ်ခုကို မည်သို့ပင်ရှင်းပြသည်ဖြစ်စေ၊ တစ်ခုစီသည် စာတန်မှ သူ၏အယူအဆနှင့် အတွေးအခေါ်များကို လူတို့ဆီသို့ သွတ်သွင်းပေးသည့် နည်းလမ်းဖြစ်သည်။ ထိုသို့အားဖြင့် သူတို့သည် ဘုရားသခင်ထံမှ လမ်းလွှဲသွားစေရန်ဖြစ်ပြီး ဘုရားသခင်ရှိသည်ကို မသိရှိကြဘဲ၊ သူတို့၏ ဘိုးဘေးဘီဘင်များ သို့မဟုတ် စာတန်သို့ ယဇ်ပူဇော် ဆက်ကပ်ကြစေရန် ဖြစ်သည်၊ သို့မဟုတ် ယင်းသည် လူ့ဇာတိ၏လိုအင်များအတွက် စားရန်၊ သောက်ရန်နှင့် အပျော်အပါးအတွက် အကြောင်းပြချက်တစ်ခုသာဖြစ်သည်။ ဤပိတ်ရက်များ တစ်ခုစီကို ကျင်းပနေသည့်အတွက်၊ စာတန်၏ အတွေးများနှင့် အမြင်များသည် လူတို့၏ စိတ်များအတွင်း နက်နက်ရှိုင်းရှိုင်း နေရာယူထားပြီး သူတို့က ဤသည်ကို သိပင်မသိကြပေ။ လူတို့သည် လူလတ်ပိုင်းအသက်ရောက်လာလျှင် သို့မဟုတ် အသက်ပိုကြီးရင့်လာလျှင်၊ စာတန်၏ ဤအတွေးများနှင့် အမြင်များသည် သူတို့၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီးသား ဖြစ်နေသည်။ ထို့အပြင် လူတို့သည် ဤခံယူချက်များကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သံသယကင်းမဲ့စွာဖြင့် နောက်မျိုးဆက်ဆီသို့ လက်လွှတ်စပယ် အစွမ်းကုန် လက်ဆင့်ကမ်းရန် လုပ်ဆောင်ကြသည်။ ဤသည်မှာ မှန်၏လော။ (မှန်ပါသည်။) ရိုးရာယဉ်ကျေးမှုနှင့် ဤပိတ်ရက်များသည် လူတို့ကို မည်သို့အကျင့်ပျက်စေသနည်း။ သင်သိသလော။ (လူတို့သည် ဤကဲ့သို့သော ယဉ်ကျေးမှုများနှင့် စည်းမျဉ်းများ၏ ဘောင်ခတ်ခြင်းနှင့် ချည်နှောင်ခြင်းခံရလာသည့်အခါ သူတို့သည် ဘုရားသခင်ကို ရှာဖွေရန် အချိန်မရှိ သို့မဟုတ် အားထုတ်မှု မရှိတော့ပါ။) ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ ဥပမာ၊ တရုတ်နှစ်သစ်ကူးကို လူတိုင်း ကျင်းပကြသည်၊ သင်မကျင်းပါက ဝမ်းနည်းမှုကိုသင်မခံစားရသလော။ သင်ဖက်တွယ်ထားသော မလုပ်သင့်မလုပ်အပ်ဟူသော တားမြစ်ချက်များရှိသလော။ “အား၊ နှစ်သစ်ကူးကို ကျွန်ုပ်မကျင်းပလိုက်ရပါ။ ယနေ့တရုတ်နှစ်သစ်ကူးက အလွန်ဆိုးရွား၏။ ဤတစ်နှစ်လုံး ဆိုးနေမည်လော” ဟု သင်မခံစားရသလော။ သင်သည် နေမထိထိုင်မသာဖြစ်ပြီး ကြောက်ရွံ့မှုကို အနည်းငယ် ခံစားရမည် မဟုတ်လော။ အချို့သောလူများသည် သူတို့၏ ဘိုးဘွားဘီဘင်များကို နှစ်အနည်းငယ်မျှ ပူဇော်ပသမှု မပြုခဲ့ဘဲ သေဆုံးသောသူက အိမ်မက်တစ်ခုထဲတွင် သူတို့ကို ရုတ်တရက် ငွေလာတောင်းခြင်းပင်ရှိကြသည်၊ သူတို့၏ စိတ်ထဲတွင် မည်ကဲ့သို့ခံစားရမည်နည်း။ “ဤသေသွားသည့်လူက သုံးဖို့ရန်ငွေလိုသည်မှာ ဝမ်းနည်းဖို့ကောင်းလေစွ။ သူတို့အတွက် စက္ကူငွေအချို့ ကျွန်ုပ်မီးရှို့မည်၊ ကျွန်ုပ်မလုပ်ပါက မကောင်းရာကျပေမည်။ စက္ကူငွေအချို့ကို ကျွန်ုပ်မီးမရှို့ပါက အသက်ရှင်နေသော ကျွန်ုပ်တို့က ပြဿနာအချို့ ကြုံတွေ့ကောင်း ကြုံတွေ့ရလိမ့်မည်၊ ကံဆိုးမိုးမှောင် မည်သည့်အခါ ဆိုက်ရောက်လာမည်ကို အဘယ်သူပြောနိုင်မည်နည်း။” သူတို့၏ စိတ်နှလုံးထဲ၌ ဤစိုးရိမ်ကြောက်ရွံ့ခြင်းတိမ်တိုက်လေးမှာ အမြဲတစေ ရှိနေကြသည်။ မည်သူက သူတို့ကို ဤပူပန်မှု ပေးသနည်း။ (စာတန်ပေးပါသည်။) ယင်းကိုစာတန်က ယူဆောင်လာသည်။ ဤသည်မှာ လူသားကို စာတန်အကျင့်ပျက်စေသည့် နည်းလမ်းများထဲက တစ်နည်း မဟုတ်သလော။ သင့်ကိုထိန်းချုပ်ရန်၊ သင့်ကိုခြိမ်းခြောက်ရန်နှင့် သင့်ကိုချည်နှောင်ရန်၊ သင်သည် လွှမ်းမိုးခြင်းခံရပြီးနောက် အလျှော့ပေးလိုက်ကာ ယင်းကိုဆက်ကပ်လိုက်သည့် အတိုင်းအတာကို ရောက်သည်အထိ ၎င်းသည် မတူညီသော ရည်ရွယ်ချက်များနှင့် အကြောင်းပြချက်များကို အသုံးပြုသည်။ ဤသည်ကား စာတန်က လူကို အကျင့်ပျက်စေပုံဖြစ်သည်။ မကြာခဏပင် လူတို့သည် အားနည်းနေစဉ် သို့မဟုတ် သူတို့သည် အခြေအနေကို အပြည့်အဝ နားမလည်စဉ်၊ သူတို့သည် အမှတ်တမဲ့ဖြင့် ဇဝေဇဝါဖြစ်နေသည့် အရာတစ်ခုကို ပြုလုပ်ကောင်းပြုလုပ်မည်။ ဆိုလိုသည်မှာ၊ စာတန်၏လက်တွင်းသို့ သူတို့အမှတ်တမဲ့ကျရောက်သွားပြီး သူတို့သည် အမှတ်တမဲ့ဖြင့် တစ်စုံတစ်ခုကို ပြုလုပ်နေလိမ့်မည်ဖြစ်ပြီး သူတို့အဘယ်အရာလုပ်နေသည်ကို သူတို့မသိကြပေ။ ဤသည်ကား စာတန်က လူကို အကျင့်ပျက်စေသည့် နည်းလမ်းဖြစ်သည်။ ယခုအချိန်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေသည့် ရိုးရာယဉ်ကျေးမှုများကို စွန့်ခွာရန် တွန့်ဆုတ်နေသော လူများစွာပင် ရှိနေပြီး၊ သူတို့က ယင်းတို့ကို မစွန့်လွှတ်နိုင်ခြင်းသာ ဖြစ်သည်။ အထူးသဖြင့် သူတို့သည် အားနည်းနေကြပြီး မတုံ့ပြန်နိုင်ကြ သောအခါ ဤကဲ့သို့သော ပိတ်ရက်အမျိုးအစားများကို ကျင်းပလိုသည့် ဆန္ဒရှိကာ၊ သူတို့သည် စာတန်ကို တွေ့လိုသည့် ဆန္ဒရှိပြီး သူတို့အတွင်း၌ သူတို့ကိုယ်သူတို့ နှစ်သိမ့်မှုပေးခြင်းအားဖြင့်၊ စာတန်ကို ကျေနပ်မှု ထပ်မံပေးလိုကြသည်။ ဤရိုးရာယဉ်ကျေးမှုများအတွက် နောက်ခံအကြောင်းရင်းကား အဘယ်နည်း။ ဇာတ်စင်နောက်ကွယ်တွင် စာတန်၏လက်မဲက ကြိုးများဆွဲနေခြင်း မဟုတ်သလော။ စာတန်၏ ဆိုးယုတ်သည့် သဘာဝက ဤအရာများကို ကြိုးကိုင်ညွှန်ကြားနေပြီး ထိန်းချုပ်ထားသလော။ စာတန်က ဤအရာများအားလုံးကို ထိန်းချုပ်နေသလော။ (ဟုတ်ပါသည်။) လူတို့သည် ရိုးရာယဉ်ကျေးမှုအတွင်း နေထိုင်နေကြပြီး ဤသို့သော ရိုးရာပိတ်ရက်များကို ကျင်းပသည့်အခါ၊ ဤသည်က သူတို့သည် စာတန်၏ အကျင့်ပျက်စေပြီး အရူးလုပ်ခြင်းခံရသော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်ဟု ငါတို့ပြောနိုင်သလော၊ ထို့ပြင် သူတို့သည် စာတန်၏ အကျင့်ပျက်စေခြင်းကို ပျော်ရွှင်နေကြသည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤကား သင်တို့အားလုံး အသိအမှတ်ပြုသည့်၊ သိထားသည့် တစ်စုံတစ်ခုဖြစ်သည်။

၄။ လူသားကို အကျင့်ပျက်စေရန် စာတန်က အယူသည်းခြင်းကို အသုံးပြုပုံ

သင်သည် “အယူသည်းခြင်း” ဟူသည့် ဝေါဟာရနှင့် ရင်းနှီးသည်မဟုတ်လော။ အယူသည်းခြင်းနှင့် ရိုးရာယဉ်ကျေးမှုအကြားတွင် ထပ်တူကျသည့် အချို့သော တူညီမှုများရှိသော်လည်း၊ ယနေ့တွင် ၎င်းတို့အကြောင်းကို ပြောမည် မဟုတ်၊ ယင်းအစား အများဆုံး ရင်ဆိုင်ကြုံတွေ့ရသည်များကို ငါဆွေးနွေးမည်၊ ဂမ္ဘီရဉာဏ်၊ ဗေဒင်ဟောခြင်း၊ အမွှေးနံ့သာထွန်းခြင်းနှင့် ဗုဒ္ဒကိုကိုးကွယ်ခြင်းတို့ ဖြစ်ကြသည်။ လူအချို့တို့သည် ဂမ္ဘီရဉာဏ်ရရန်ပြုလုပ်ကြသည်၊ အခြားသူတို့က ဗုဒ္ဒကို ကိုးကွယ်ပြီး အမွှေးနံ့သာ ထွန်းကြသည်၊ ထိုအချိန်တွင် အခြားသူများက သူတို့၏ ကံကြမ္မာများကို ဖတ်ခိုင်းသည် သို့မဟုတ် လူတစ်ဦးအား သူတို့၏ မျက်နှာရုပ်အင်လက္ခဏာကို ဖတ်စေခြင်းအားဖြင့် သူတို့၏ ကံကြမ္မာများကို ပြောရန်အခွင့်ပေးကြသည်။ သင်တို့ဘယ်နှစ်ယောက်သည် သင်တို့၏ ကံကြမ္မာကို ဟောစေခြင်း သို့မဟုတ် အင်္ဂါရုပ်ဗေဒင်ဟောစေခြင်းများ ပြုလုပ်ခဲ့ကြသနည်း။ ဤသည်မှာ လူအများစု စိတ်ဝင်စားကြသည့် တစ်စုံတစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ဗေဒင်ဟောခြင်းနှင့် ဂမ္ဘီရဉာဏ်အားဖြင့် လူတို့သည် အဘယ်သို့သော အကျိုးအမြတ်ကိုရကြသနည်း။ ထိုအရာမှ မည်ကဲ့သို့သော စိတ်ကျေနပ်မှုမျိုးကို ရကြသနည်း။ (သိချင်စိတ်ပြင်းပြခြင်းပါ။) ယင်းမှာ သိချင်စိတ်ပြင်းပြခြင်းသာလော။ ထိုအရာ မဖြစ်နိုင်ပေ။ ဂမ္ဘီရဉာဏ်ရရှိခြင်း၏ ရည်မှန်းချက်ပန်းတိုင်က အဘယ်နည်း။ အဘယ်ကြောင့် ၎င်းကို လုပ်ဆောင်ရသနည်း။ ယင်းသည် အနာဂတ်ကို မြင်ရန်အတွက်လော။ လူအချို့တို့သည် အနာဂတ်ကို ဟောကိန်းထုတ်ရန်အတွက် သူတို့၏ ရုပ်အင်ဗေဒကို ဟောစေကြသည်၊ အခြားသူများက သူတို့တွင် ကံကောင်းခြင်း ရှိမရှိကို မြင်နိုင်ရန် ပြုလုပ်ကြသည်။ အချို့သောလူတို့က သူတို့၏ အိမ်ထောင်ရေး မည်သို့ဖြစ်မည်ကို မြင်နိုင်ရန် ပြုလုပ်ကြပြီး၊ အခြားသူများက လာမည့်နှစ်တွင် ကံဇာတာမည်သို့ဖြစ်လာမည်ကို မြင်ရန်အတွက် ပြုလုပ်ကြသည်။ လူအချို့တို့က သူတို့၏ အောင်မြင်မှုများနှင့် သူတို့၏သားများ သို့မဟုတ် သမီးများ မည်သို့ဖြစ်မည်နည်းနှင့် ဤအရာများအားလုံး၏ သွင်ပြင်လက္ခဏာများကိုမြင်ရန် သူတို့၏ရုပ်အင်ဗေဒကိုဖတ်စေပြီး၊ အချို့သော စီးပွားရေးသမားများက သူတို့ဘာလုပ်ရမည်ကို လမ်းညွှန်မှုများ ရနိုင်ရန် သူတို့ငွေမည်မျှရရှိလိမ့်မည်ကို မြင်ရန်ဖတ်စေသည်။ ယင်းသည် သိလိုစိတ်ပြင်းပြမှုကို ကျေနပ်မှုပေးရန်သာလော။ (မဟုတ်ပါ။) လူတို့သည် သူတို့၏ရုပ်အင်ဗေဒကို ဟောစေသည့်အခါ သို့မဟုတ် ဤသို့သော အရာများကို လုပ်ဆောင်သည့်အခါ၊ ယင်းတို့သည် သူတို့ကိုယ်တိုင်၏အနာဂတ် ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ်အတွက်ဖြစ်ပြီး၊ ယင်းသည် သူတို့ကိုယ်တိုင်၏ ကံကြမ္မာနှင့် နီးစပ်စွာ ဆက်နွှယ်နေသည်ဟု သူတို့ယုံကြည်ကြသည်။ ဤအရာတို့သည် အသုံးဝင်သလော။ (အသုံးမဝင်ပါ။) အဘယ်ကြောင့် အသုံးမဝင်သနည်း။ ထိုအရာနှင့်ပတ်သက်ပြီး နည်းနည်းလေးမျှ သိထားခြင်းက ကောင်းသည့်အရာ မဟုတ်သလော။ ဤသည်က သင်အပေါ် ဘယ်အချိန် ပြဿနာကျရောက်မည်ကိုသိရန် အကူအညီပေးသည်၊ ထို့အတွက်ကြောင့် ယင်းကိုကြိုတင်သိထားပါက သင်ရှောင်နိုင်မည်၊ မှန်၏လော။ သင်၏ကံကြမ္မာကို ဗေဒင်ဖတ်ခြင်းအားဖြင့် သင့်ကိုဟိုဟိုသည်သည်လောက် လမ်းညွှန်ပေးကောင်း ပေးနိုင်လိမ့်မည်၊ သို့အတွက်ကြောင့် လာမည့်နှစ်က ကောင်းနိုင်၍ သင်၏စီးပွားရေးကောင်းပြီး ချမ်းသာနိုင်ရန်ဖြစ်သည်။ ယင်းက အသုံးမဝင်သလား။ (အသုံးမဝင်ပါ။) ယင်းသည် အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ငါတို့နှင့် ဆက်နွှယ်မှုမရှိ၊ ယနေ့တွင် ယင်းနှင့်ပတ်သက်ပြီး ငါတို့မိတ်သဟာရပြုကြမည် မဟုတ်ပေ။ ငါတို့၏ ဆွေးနွေးမှုတွင် ဤအကြောင်းအရာနှင့် ခေါင်းစဉ် ပါဝင်မည်မဟုတ်။ လူသားကို အကျင့်ပျက်စေရန် စာတန်သည် အယူသည်းခြင်းကို မည်သို့အသုံးပြုသနည်း။ လူတို့သည် ဂမ္ဘီရဉာဏ်၊ ရုပ်အင်ဗေဒဖတ်ခြင်းနှင့် ဗေဒင်ဟောခြင်းကဲ့သို့သော အရာများအကြောင်းကို သိသည်မှာ ယင်းတို့သည် သူတို့၏ ကံကြမ္မာက အနာဂတ်တွင် မည်သို့ဖြစ်မည်၊ ရှေ့တွင် မည်သည့်လမ်းမှာ မည်သို့ပုံရှိသည်ကို သိနိုင်သော်လည်း၊ အဆုံးတွင်၊ ဤအရာများကို မည်သူ့လက်က ထိန်းချုပ်ထားပြီးဖြစ်သနည်း။ (ဘုရားသခင်၏ လက်တော်များဖြစ်ပါသည်။) ယင်းတို့အားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ ဤနည်းလမ်းများကို အသုံးပြုခြင်းထဲတွင်၊ စာတန်က လူတို့အား အဘယ်အရာကိုသိစေလိုသနည်း။ ၎င်းသည် လူတို့၏ ရှေ့ကံကြမ္မာကို သိသည်ဟု လူတို့ကိုပြောရန် စာတန်က ရုပ်အင်ဗေဒဖတ်ခြင်းနှင့် ဗေဒင်ဟောခြင်းတို့ကို အသုံးပြုလိုပြီး၊ စာတန်က လူတို့အား ၎င်းသည် ထိုအရာများကိုသိပြီး ယင်းတို့ကို ထိန်းချုပ်ထားသည်ဟု ပြောလိုသည်။ စာတန်သည် ဤအခွင့်အရေးကိုယူလိုပြီး၊ ဤနည်းလမ်းများကို အသုံးပြုကာ လူများကို ထိန်းချုပ်လိုသည်၊ ထိုသို့အားဖြင့် လူတို့သည် ၎င်းကို မျက်စိမှိတ်ပြီးယုံကြည်ကာ ၎င်းကို တစ်လုံးမကျန် လိုက်နာသည်အထိ ရောက်စေရန်ဖြစ်သည်။ ဥပမာအားဖြင့်၊ သင်သည် ရုပ်အင်ဗေဒဖတ်ခြင်းပြုနေစဉ်၊ ဗေဒင်ဆရာက သူ၏မျက်လုံးများကို မှိတ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်က သင့်တွင်ဖြစ်ပျက်ခဲ့သည်များ အားလုံးကို သင့်အားပြောပြပါက၊ သင့်အတွင်းတွင် မည်ကဲ့သို့ခံစားရမည်နည်း။ သင်သည် ရုတ်တရက်ခံစားရမည်မှာ “ဤဗေဒင်ဆရာကို အမှန်ပင်ငါလေးစား၏၊ သူကအလွန်ပင်တိကျမှန်ကန်သည်။ ငါ၏နောက်ကြောင်းကို ယခင်က မည်သူ့ကိုမျှ မပြောခဲ့စဖူး၊ သူဤအရာကို မည်ကဲ့သို့သိသနည်း။” သင့်နောက်ကြောင်းကို သိရန် စာတန်အတွက်က သိပ်မခက်ခဲလှပေ၊ မှန်၏လော။ ဘုရားသခင်က သင့်ကို ယနေ့ထိတိုင် လမ်းပြနေခဲ့သည်၊ ထို့အတူ စာတန်ကလည်း ထိုအချိန်တစ်လျှောက်လုံး လူတို့ကို ပျက်စီးစေပြီး၊ သင့်နောက်သို့ လိုက်နေခဲ့သည်။ သင့်အတွက် ဆယ်စုနှစ်များကုန်လွန်ခြင်းက စာတန်အတွက် ဘာမျှမဟုတ်သလို ၎င်းက ဤအရာများကို သိရန်မခက်ခဲလှပါ။ စာတန်ပြောခဲ့သည်က တိကျမှန်ကန်သည်ဟု သင်သိသောအခါ၊ သင့်စိတ်နှလုံးကို သူ့အားပေးနေခြင်း မဟုတ်လော။ သင်၏အနာဂတ်နှင့် ကံကြမ္မာတို့သည် သူ၏ထိန်းချုပ်မှုအပေါ် မှီခိုနေသည် မဟုတ်လော။ တခဏချင်းတွင် သင်၏စိတ်နှလုံးသည် ၎င်းအပေါ် လေးစားမှုအချို့နှင့် ရိုသေလေးမြတ်မှုကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ လူအချို့မှာမူ၊ သူတို့၏ ဝိညာဉ်များသည် ၎င်း၏လုယူခြင်းကိုခံရပြီး ဖြစ်ကောင်းဖြစ်လိမ့်မည်။ ထို့နောက်တွင် သင်သည် ဗေဒင်ဆရာကို ချက်ချင်းမေးလိမ့်မည်၊ “နောက်ရော ကျွန်ုပ်ဘာလုပ်သင့်သနည်း။ လာမည့်နှစ်ထဲမှာ ကျွန်ုပ်အဘယ်အရာကို ရှောင်ရှားသင့်သနည်း။ အဘယ်အရာတို့ကို ကျွန်ုပ်မလုပ်ရမည်နည်း။” ထို့နောက်တွင်၊ သူက သင်ထိုနေရာကို မသွားရ၊ ဒီအရာကို သင်မပြုလုပ်ရ၊ ထိုထိုသောအရောင်ရှိသည့် အဝတ်အစားများကို မဝတ်နှင့်၊ သင်သည် အကြင်မည်သော နေရာများကို မသွားသင့်၊ သင်သည် အချို့သော အရာများကို မပြုလုပ်သင့်… ဟုပြောလိမ့်မည်။ သူပြောသမျှအားလုံးကို သင်သည် စိတ်နှလုံးထဲတွင် ချက်ချင်းမှတ်ယူလိမ့်မည် မဟုတ်လော။ သင်သည် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထက် ပိုမိုလျင်မြန်စွာ အလွတ်ရ အာဂုံဆောင်ထားလိမ့်မည်။ သင်သည် ယင်းကို အဘယ်ကြောင့် အလွန်လျင်မြန်စွာ အလွတ်ရနေမည်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ကံကောင်းခြင်းအတွက် စာတန်ကို အမှီပြုလိုသည်။ ဤသည်မှာ သင်၏စိတ်နှလုံးကို စာတန်လုယူလိုက်သည့်အချိန်တွင် ဖြစ်သည်မဟုတ်လော။ ၎င်းပြောသည့်အတိုင်း သင်လိုက်လုပ်သည့်အခါနှင့် ၎င်း၏စကားလုံးများသည် ဟောကိန်းထုတ်ထားသည့်အတိုင်း အမှန်ဖြစ်လာသောအခါ၊ သင်သည် ၎င်းထံသို့ပြန်သွားပြီး လာမည့်နှစ်က မည်သည့်ကံကြမ္မာကို ယူဆောင်လာမည်ကို ထပ်မံပြီး မရှာဖွေလိုပြီလော။ (ရှာဖွေလိုပါမည်။) စာတန်က သင့်အားလုပ်ဆောင်ရန် ပြောသမျှ မည်သည့်အရာကိုမဆို သင်လုပ်ဆောင်လိမ့်မည်၊ ထို့ပြင် ၎င်းက ရှောင်ရန်ပြောသည့် အရာများကိုလည်း သင်ရှောင်ကြဉ်လိမ့်မည်၊ သူပြောသမျှအားလုံးကို သင်နာခံနေသည် မဟုတ်လော။ သင်သည် သူ၏အတောင်အောက်သို့ လျင်မြန်စွာ ယူဆောင်သွားခြင်းခံရလိမ့်မည်၊ လမ်းလွှဲသွားရန် ဦးဆောင်သွားလိမ့်မည်ဖြစ်ပြီး၊ သူ၏ထိန်းချုပ်မှုအောက်တွင် ထားရှိလိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ သူပြောသည်ကို သင်က သမ္မာတရားအဖြစ် ယုံကြည်သည့်အတွက်ဖြစ်ပြီး၊ သင်၏ယခင်အသက်တာအကြောင်း၊ သင်၏ယခုအသက်တာအကြောင်းနှင့် အနာဂတ်က အဘယ်အရာကို ယူဆောင်လာမည့်အကြောင်း သူသိသည်ကို သင်ယုံကြည်သည့်အတွက်ကြောင့် ဖြစ်သည်။ ဤကား စာတန်မှ လူတို့ကို ထိန်းချုပ်ရန် အသုံးပြုသည့် နည်းလမ်းဖြစ်သည်။ သို့ရာတွင် အမှန်အားဖြင့် မည်သူသည် ထိန်းချုပ်နေပါသနည်း။ ယင်းသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး၊ စာတန်မဟုတ်ပေ။ စာတန်သည် ဤနေရာတွင် မသိမနားလည်သည့် လူများကို လှည့်စားရန်၊ ရုပ်ဝတ္ထုကမ္ဘာကိုသာမြင်၍ ယင်းကို ယုံကြည်ပြီး အားကိုးနေသည့် လူများကို လှည့်စားရန်အတွက် သူ၏ပရိယာယ်များကို အသုံးပြုနေခြင်းသာဖြစ်သည်။ ထိုသို့ဖြစ်လျှင်၊ သူတို့သည် စာတန်၏ လက်တွင်းသို့ ကျရောက်လိမ့်မည်ဖြစ်ပြီး သူ၏စကားတစ်လုံးစီတိုင်းကို နာခံလိမ့်မည်။ သို့ရာတွင် လူတို့သည် ယုံကြည်လိုပြီး ဘုရားသခင်နောက်သို့ လိုက်လိုပါက စာတန်က အခွင့်ပေးဖူးသလော။ စာတန်က အခွင့်မပေးပေ။ ဤအခြေအနေမျိုးတွင်၊ လူတို့သည် စာတန်၏ လက်တွင်းသို့ အမှန်တကယ် ကျရောက်နေပြီလော။ (ကျရောက်နေပါပြီ။) ဤအရာနှင့်ပတ်သက်ပြီး စာတန်၏ အပြုအမူက အမှန်တကယ် အရှက်ကင်းမဲ့လှသည်ဟု ငါတို့ ပြောနိုင်သည် မဟုတ်လော။ (ပြောနိုင်ပါသည်။) အဘယ်ကြောင့် ငါတို့ ယင်းကိုပြောနိုင်သနည်း။ (စာတန်သည် လှည့်စားမှုများကို အသုံးပြုသည်။) စာတန်၏ လှည့်စားမှုများသည် အယောင်ဆောင်ဖြစ်ပြီး မရိုးမသားရှိလှသည်။ စာတန်သည် အရှက်ကင်းမဲ့ပြီး ၎င်းက သူတို့၏ ကံကြမ္မာကို ထိန်းချုပ်ထားသည်ဟု လူတို့တွေးမိစေရန် လိမ်လည်ပြီး သူတို့၏အရာအားလုံးကို ၎င်းက ထိန်းချုပ်ထားသည်ဟု တွေးမိစေရန် လူတို့ကို လှည့်စားသည်။ ၎င်းသည် မသိမနားလည်သည့်လူများ ၎င်းကိုအပြည့်အဝ နားထောင်လာအောင် ပြုလုပ်ပြီး သူတို့ကို ဝါကျလေး တစ်ကြောင်းနှစ်ကြောင်းဖြင့်သာ လိမ်လည်လိုက်သည့်နောက်၊ သူတို့သည် ဖမ်းစားခြင်းခံရကာ၊ လူတို့သည် ၎င်းရှေ့မှောက်တွင် ဦးညွှတ်ကြသည်။ ထိုသို့လျှင်၊ စာတန်သည် မည်သည့်နည်းလမ်းမျိုးကို အသုံးပြုသနည်း၊ သင်က သူ့ကိုယုံကြည်ရန် သူဘာပြောသနည်း။ ဥပမာ၊ သင့်မိသားစုတွင် လူဘယ်နှစ်ဦးရှိသည်ကို သင့်အနေဖြင့် စာတန်ကို မပြောခဲ့ကောင်း မပြောခဲ့နိုင်သော်လည်း ၎င်းက သင့်မိသားစု၌ လူသုံးယောက်ရှိသည်၊ အသက်ခုနှစ်နှစ် သမီးအပါအဝင်ဖြစ်ပြီး၊ သင့်မိဘများ၏ အသက်အရွယ်ကိုလည်း ပြောကောင်းပြောလိမ့်မည်။ အစပိုင်းတွင် သင်သည် မယုံသင်္ကာနှင့် သံသယများရှိနေခဲ့ပါက၊ ယင်းကိုကြားပြီးပါက သင်သည် နည်းနည်းပိုပြီး ယုံကြည်လာမှုကို ခံစားလာရမည် မဟုတ်လော။ ထို့နောက်တွင် စာတန်က၊ “ယနေ့ သင့်အတွက် အလုပ်အကိုင်က ခက်ခဲနေသည်၊ သင့်အထက်လူကြီးများက သင်ထိုက်တန်သည့် အသိအမှတ်ပြုခြင်း သင့်ကိုမပေးဘဲ၊ သင်နှင့်ဆန့်ကျင်၍ အမြဲတစေ လုပ်ကိုင်နေ၏” ဟု ပြောကောင်းပြောလိမ့်မည်။ ယင်းကိုကြားပြီးသည့်နောက်၊ “လုံးဝပင် မှန်လေစွ။ အလုပ်မှာ အရာရာ အဆင်မပြေ” ဟု သင်တွေးနေလိမ့်မည်။ ထိုသို့လျှင် သင်သည် စာတန်ကို အနည်းငယ် ပို၍ယုံကြည်လာသည်။ ထို့နောက် ၎င်းသည် သင့်ကို လှည့်ဖြားရန်၊ သင်ပို၍ပင် ယုံကြည်လာရန် တစ်ခုခုကို ထပ်ပြောလိမ့်မည်။ နည်းနည်းချင်းစီ နည်းနည်းချင်းစီဖြင့်၊ သင်သည် ခုခံနိုင်စွမ်းမရှိတော့ဘဲ သို့မဟုတ် ၎င်းကို နောက်ထပ် မယုံသင်္ကာဖြစ်ခြင်း တစ်စုံတစ်ရာမရှိတော့ကြောင်း သင့်ကိုယ်သင် တွေ့ရှိလာလိမ့်မည်။ စာတန်သည် သင့်ကိုညှို့ယူဖမ်းစားရန်အတွက် အသေးအဖွဲ လှည့်စားမှုလေးများ၊ မဖြစ်စလောက်သည့် လှည့်စားမှု သေးသေးလေးတို့ကိုပင် အသုံးပြုခဲ့ခြင်းဖြစ်သည်။ သင်သည် ညှို့ယူဖမ်းစားခြင်း ခံနေရသည့်အတွက်၊ သင်၏တာဝန်ယူမှုများကို လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်၊ သင်ဘာလုပ်ရမည်ကို မသိဖြစ်လာမည်၊ ထို့ပြင် စာတန်ပြောသည့်အရာကို သင်သည် စတင်လိုက်လျှောက်လိမ့်မည်။ ၎င်းသည် စာတန်မှ လူကို ပျက်စီးစေရန် အသုံးပြုသည့် “အလွန့်အလွန် ကျွမ်းကျင်သော” နည်းလမ်းဖြစ်ပြီး သင်သည် သူ၏ထောင်ချောက်ထဲသို့ အမှတ်တမဲ့ ကျရောက်ကာ သူ၏ ဖြားယောင်းခြင်းကိုခံရသည့် နေရာဖြစ်သည်။ လူတို့က ကောင်းသည့်အရာများအဖြစ် စိတ်ကူးထားသည့် အရာအနည်းငယ်ကို စာတန်က သင့်ကိုပြောပြီးနောက်၊ ၎င်းက သင့်ကို ဘာလုပ်ရန်နှင့် ဘာကိုရှောင်ရန်ပြောပြီး ထိုနည်းဖြင့် သင်သည်အမှတ်တမဲ့ ထိုလမ်းကြောင်းကို စတင်မိခြင်းဖြစ်သည်။ သင်သည် ထိုလမ်းကြောင်းကို လျှောက်လှမ်းလိုက်သည်နှင့် ထိုအရာသည် သင့်အတွက် ပြဿနာသာ ဖြစ်လာလိမ့်မည်။ စာတန်ပြောသည့်အကြောင်းနှင့် သင့်ကို သူလုပ်ခိုင်းထားသည့်အရာတို့ကို စဉ်ဆက်မပြတ် သင်တွေးတောနေလိမ့်မည်ဖြစ်ပြီး၊ သင်သည် အမှတ်တမဲ့ဖြင့် ၎င်း၏သိမ်းပိုက်ခြင်းကို ခံရလိမ့်မည်။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ ဤသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ လူသားသည် သမ္မာတရား ကင်းမဲ့နေပြီး ထို့အတွက်ကြောင့် စာတန်၏ ဖြားယောင်းမှုနှင့် သွေးဆောင်မှုတို့ကို ခုခံရပ်တည်နိုင်စွမ်း မရှိကြပေ။ စာတန်၏ ဆိုးယုတ်မှုနှင့် ၎င်း၏လှည့်ဖြားမှု၊ သစ္စာဖောက်မှုနှင့် မလိုမုန်းထားမှုတို့ကို ရင်ဆိုင်ရာတွင်၊ လူသားသည် လွန်စွာ မသိနားမလည်၊ မရင့်ကျက်ဘဲ အားနည်းနေသည်၊ မဟုတ်လော။ ဤကား စာတန်က လူကိုအကျင့်ပျက်စေသည် နည်းလမ်းများထဲမှ တစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) လူသားသည် စာတန်၏ အမျိုးမျိုးသော နည်းလမ်းများဖြင့်၊ တစ်စတစ်စ အမှတ်တမဲ့ လိမ်လည်ခံရပြီး လှည့်စားခံရသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် အပြုသဘောနှင့် အပျက်သဘောအကြားတွင် ပိုင်းခြားသိမြင်နိုင်သည့် စွမ်းရည်ကင်းမဲ့သောကြောင့်ဖြစ်သည်။ သူတို့သည် ဤဝိညာဉ်အသက်တာနှင့် စာတန်ကို အောင်နိုင်သည့်စွမ်းရည် ကင်းမဲ့ကြသည်။

၅။ လူသားကို အကျင့်ပျက်စေရန် စာတန်က လူမှုခေတ်ရေစီးကြောင်းများကို အသုံးပြုပုံ

လူမှုခေတ်ရေစီးကြောင်းများက မည်သည့်အချိန်တွင် စတင်ခဲ့သနည်း။ ယင်းသည် အံ့ဖွယ်ဖြစ်စဉ်သစ် တစ်ခုလော။ (မဟုတ်ပါ။) သို့ဆိုလျှင် စာတန်က လူသားကို စတင်၍ အကျင့်ပျက်စေသည့်အချိန်တွင် လူမှုခေတ်ရေစီးကြောင်းများ ရောက်ရှိလာခဲ့သည်ဟု ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) လူမှုခေတ်ရေစီးကြောင်းတွင် မည်သည့်အရာ ပါဝင်သနည်း။ (အဝတ်အစားပုံစံနှင့် မိတ်ကပ်တို့ပါဝင်ပါသည်။) ဤကား လူတို့မကြာခဏ ထိတွေ့နေသည်များ ဖြစ်ကြသည်။ အဝတ်အစား ပုံစံ၊ ဖက်ရှင်နှင့် ခေတ်ရေစီးကြောင်းများ၊ ဤသည်မှာ သေးငယ်သည့် ကဏ္ဍတစ်ခု ဖြစ်သည်။ နောက်ထပ် ရှိသေးသလော။ လူတို့ပြောနေကျဖြစ်သည့် ကျော်ကြားသည့် ဆိုရိုးစကားများလည်း ပါဝင်သလော။ လူတို့လိုချင်ကြသည့် ဘဝနေထိုင်မှု ပုံစံကော ပါဝင်သလော။ ဂီတကြယ်ပွင့်များ၊ ထင်ရှားကျော်ကြားသူများ၊ မဂ္ဂဇင်းများနှင့် လူတို့နှစ်သက်သည့် ဝတ္ထုများ ပါဝင်သလော။ (ပါဝင်ပါသည်။) သင်တို့၏ စိတ်ထဲတွင်၊ မည်သည့် ခေတ်ရေစီးကြောင်းအပိုင်းက လူသားကို ပျက်စီးစေနိုင်သည်ဟု ထင်သနည်း။ မည်သည့်ခေတ်ရေစီးကြောင်းများက သင်တို့ကို အများဆုံး သွေးဆောင်ဖြားယောင်းသနည်း။ လူအချို့က၊ “ကျွန်ုပ်တို့သည် အရွယ်တစ်ခုကို ရောက်ခဲ့ပြီ၊ ကျွန်ုပ်တို့က အသက်လေးဆယ်၊ ငါးဆယ်၊ ခြောက်ဆယ်၊ ခုနှစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ထဲ ဝင်နေပြီး ဤခေတ်ရေစီးကြောင်းများနှင့် ဝင်ဆံ့မှု မရှိတော့ဘဲ၊ ယင်းတို့ကလည်း ကျွန်ုပ်တို့၏ အာရုံစိတ်မှုကို အမှန်တကယ် ထပ်ပြီး ဆုပ်ကိုင်ထားခြင်း မရှိတော့ပါ” ဟုပြောကြသည်။ ဤသည်မှာ မှန်သလော။ အခြားသူများက “ထင်ရှားကျော်ကြားသူများကို ကျွန်ုပ်တို့ လိုက်မတုပပါ၊ ၎င်းသည် ဆယ်ကျော်သက်များနှင့် နှစ်ဆယ်ကျော်စသည့် ငယ်ရွယ်နုပျိုသူများ ပြုလုပ်သည့် အရာတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့က ခေတ်ဆန်သည့် အဝတ်အစားများကိုလည်း မဝတ်ပါ၊ ၎င်းမှာ အသွင်အပြင်ကို အထူးဂရုစိုက်သည့် လူများပြုလုပ်သည့် တစ်စုံတစ်ခုဖြစ်သည်” ဟုပြောကြသည်၊ ထိုသို့ဆိုလျှင်၊ ယင်းတို့ထဲက ဘယ်အရာက သင်တို့ကို အကျင့်ပျက်စေနိုင်သနည်း။ (ကျော်ကြားသည့် ဆိုရိုးစကားများ ဖြစ်ပါသည်။) ဤဆိုရိုးစကားများက လူတို့ကို ပျက်စီးစေနိုင်သလော။ ဤတစ်ခုကို ကြည့်လော့၊ ဤဆိုရိုးသည် လူတို့ကို အကျင့်ပျက်စေနိုင် မပျက်စေနိုင်သည်ကို လူတို့မြင်နိုင်သည်၊ “ငွေက ကမ္ဘာကို လည်ပတ်စေသည်” ဤသည်မှာ ခေတ်ရေစီးကြောင်းတစ်ခုလော။ ထိုဆိုရိုးသည် သင်တို့ပြောခဲ့သည့် ဖက်ရှင်နှင့် အစားအသောက်ကောင်း ခေတ်ရေစီးကြောင်းများနှင့် နှိုင်းယှဉ်ပါက ပို၍ဆိုးရွားသည့် အရာမဟုတ်သလော။ (ဟုတ်ပါသည်။) “ငွေက ကမ္ဘာကို လည်ပတ်စေသည်” ဆိုသည်မှာ စာတန်၏ အယူအဆဖြစ်ပြီး၊ လူသားမျိုးနွယ်တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်း၏ အကြားတွင် အနှံ့အပြားတည်ရှိသည်။ ယင်းသည် လူတိုင်းကို ပညာဗဟုသုတ ပေးနေပြီး သူတို့၏ နှလုံးသားထဲတွင် ကပ်ငြိနေသည့်အတွက်၊ ၎င်းသည် ခေတ်ရေစီးကြောင်းတစ်ခုဟု သင်ပြောနိုင်ပါသည်။ လူတို့သည် ဤဆိုရိုးစကားကို လက်မခံခဲ့ရာမှ ယင်းကို တဖြည်းဖြည်း လက်ခံလာကြပြီး၊ သူတို့သည် လက်တွေ့ဘဝနှင့် ထိတွေ့မှု ရှိလာသည့်အချိန်တွင်၊ ယင်းကို တဖြည်းဖြည်းဖြင့် မပြောဘဲသိသည့်အနေဖြင့် လက်ခံမှုပြုကြသည်၊ ယင်း၏ ဖြစ်တည်မှုကို အသိအမှတ်ပြုကြပြီး၊ နောက်ဆုံးတွင် သူတို့ကိုယ်တိုင် တရားဝင် လက်ခံခြင်းပြုခဲ့သည်။ ယင်းသည် စာတန်က လူသားကို အကျင့်ပျက်စေသည့် လုပ်ငန်းစဉ် မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားကို တူညီသည့်အတိုင်းအတာဖြင့် နားမလည်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် အယောက်စီတိုင်းသည် သူတို့အနီးတစ်ဝိုက်တွင် ဖြစ်နေသည့် အရာများကို အခြေခံပြီး၊ သူတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများကို အခြေခံပြီး၊ ဤဆိုရိုးစကားအပေါ် အဓိပ္ပာယ်ကောက်ယူမှုနှင့် အသိအမှတ်ပြုသည့် အတိုင်းအတာများ ကွဲပြားခြားနားကြသည်၊ မှန်၏လော။ တစ်စုံတစ်ယောက်သည် ဤဆိုရိုးစကားနှင့် ပတ်သက်ပြီး အတွေ့အကြုံမည်မျှပင် ရှိပါစေ၊ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားထဲတွင် အဘယ်သို့သော အပျက်သဘောဆောင်သည့် သက်ရောက်မှု ရှိစေနိုင်သနည်း။ (လူတို့သည် ငွေကို တန်ဖိုးထားလိမ့်မည်။) သင်တို့အယောက်စီတိုင်းအပါအဝင်၊ ဤကမ္ဘာရှိ လူသား၏ စိတ်သဘောထားမှတစ်ဆင့် တစ်စုံတစ်ခုသည် ထုတ်ဖော်ခြင်းခံရသည်။ ယင်းကို မည်ကဲ့သို့ အနက်ဖွင့်ကြသနည်း။ ယင်းသည် ငွေကို ကိုးကွယ်ခြင်းဖြစ်သည်။ ယင်းကို တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားထဲမှ ထုတ်ယူဖို့ ခက်ခဲသလော။ ယင်းသည် အင်မတန် ခက်ခဲသည်။ စာတန်က လူကိုမချွင်းမချန် အမှန်တကယ် အကျင့်ပျက်စေပုံရသည်။ လူကို ဖျက်ဆီးရန် စာတန်သည် ဤခေတ်ရေစီးကြောင်းကို အသုံးပြုပြီးနောက်တွင် ၎င်းသည် သူတို့အတွင်း၌ အဘယ်သို့ ပေါ်လွင်သနည်း။ ဤကမ္ဘာထဲတွင် ငွေအနည်းငယ်မျှမရှိဘဲ အသက်ရှင်မနေနိုင်၊ တစ်ရက်တစ်လေမျှပင် မဖြစ်နိုင်ဟု သင်တို့မခံစားသလော။ (ခံစားရပါသည်။) လူတို့၏ အဆင့်အတန်းနှင့် ဂုဏ်သရေရှိမှုတို့သည် သူတို့တွင် ငွေမည်မျှရှိသည့်အပေါ်တွင် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် သူတို့၏ မြင့်မားသည့် အဆင့်အတန်းတွင် သာယာနေကြသည်။ သူတို့သည် ရဲရင့်ပြီး ဂုဏ်မောက်ကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မောက်မာစွာဖြင့် နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေရတတ်ခြင်းကို တန်ရာတန်ကြေး ကုန်ကျမှုတစ်စုံတစ်ရာအဖြစ် လူအများက မမြင်ကြသလော။ လူတို့သည် ငွေပိုရတတ်ခြင်းကို လိုက်ရာတွင် သူတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိကို မစွန့်လွှတ်သလော။ ငွေကြေးအတွက် များစွာသော လူများတို့သည် သူတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ ဤကား လူသားတို့အတွက် ဆုံးရှုံးမှုပင် မဟုတ်သလော။ (ဟုတ်ပါသည်။) စာတန်က ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို အသုံးပြုခြင်းဖြင့် လူသားကို ထိုသို့သော အတိုင်းအတာအထိ အကျင့်ပျက်စေခြင်းက အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုတမာသည့် လှည့်ကွက်တစ်ခု မဟုတ်လော။ ယင်းလူသိများသည့် ဆိုရိုးစကားကို ကန့်ကွက်ရာမှ သင်သည် နောက်ဆုံးတွင် ယင်းကို သမ္မာတရားအဖြစ် လက်ခံလာသဖြင့်၊ သင်၏စိတ်နှလုံးသည် စာတန်၏ လက်အောက်တွင် လုံးဝကျရောက်သွား၍ သင်သည် အမှတ်တမဲ့ဖြင့် ၎င်းအားဖြင့် နေထိုင်လာသည်။ ဤဆိုရိုးစကားသည် သင့်ကို အဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ဖြစ်စေသနည်း။ သင်က မှန်သောလမ်းကို သိကောင်းသိမည်၊ သင်သည် သမ္မာတရားကို သိကောင်းသိမည်ဖြစ်သော်လည်း၊ သင်သည် ယင်းကို လိုက်လျှောက်ရန် အင်အားမဲ့နေသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရှင်းရှင်းလင်းလင်း သိကောင်းသိမည်၊ သို့ရာတွင် သင်သည် အဖိုးအခကိုပေးရန် ဆန္ဒမရှိ၊ အဖိုးအခပေးရန် ဝေဒနာခံစားရမည်ကို ဆန္ဒမရှိပါ။ ၎င်းအစား၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် သင်၏ကိုယ်ပိုင်အနာဂတ်နှင့် ကံကြမ္မာကို ပေးဆပ်ရန် ပို၍နှစ်သက်သည်။ ဘုရားသခင် အဘယ်အရာကိုပြောသည်ဖြစ်စေ၊ ဘုရားသခင် အဘယ်အရာကိုလုပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်အတွက် မည်မျှကြီးမြတ်ပြီး နက်ရှိုင်းသည်ကို သင်သိသည်ဖြစ်စေ၊ သင်သည် ခေါင်းမာစွာဖြင့် ဤဆိုရိုးစကားနောက်သို့ အဆုံးတိုင်လိုက်နေပြီး ယင်းကိုအဖိုးအခပေးနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့် ဤဆိုရိုးစကားသည် သင်၏အပြုအမူနှင့် သင်၏အတွေးများကို ထိန်းချုပ်ထားပြီးသားဖြစ်ပြီး၊ ယင်းကို စွန့်လွှတ်လိုက်မည့်အစား သင်သည် ယင်းဆိုရိုးစကားက သင်၏ကံကြမ္မာကို ထိန်းချုပ်ထားစေလိုသည်။ လူတို့က ဤသို့ လုပ်ဆောင်ကြသည်၊ သူတို့သည် ဤဆိုရိုးစကား၏ ထိန်းချုပ်ခြင်းနှင့် ကြိုးကိုင်ညွှန်ကြားခြင်းကို ခံရသည်။ ဤကား စာတန်က လူကိုအကျင့်ပျက်စေသည့် အကျိုးသက်ရောက်မှု မဟုတ်လော။ ဤကား စာတန်၏ အယူအဆနှင့် ပျက်စီးနေသည့် စိတ်သဘောထားတို့က သူ၏စိတ်နှလုံးထဲတွင် အမြစ်စွဲနေခြင်း မဟုတ်လော။ သင်ဤအရာကို လုပ်ဆောင်လျှင်၊ စာတန်က သူ၏ပန်းတိုင်ကို ရရှိအောင်မြင်သွားမည် မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်က လူကို ဤနည်းလမ်းဖြင့် မည်သို့ အကျင့်ပျက်စေသည်ကို သင်မြင်သလော။ (မမြင်ပါ။) ထိုအရာကို သင်မမြင်ချေ။ သင်သည် ထိုအရာကို ခံစားနိုင်သလော။ (မခံစားနိုင်ပါ။) ထိုအရာကို သင်မခံစားရပေ။ ဤနေရာ၌ စာတန်၏ ဆိုးယုတ်မှုကို မမြင်သလော။ (မြင်ပါသည်။) စာတန်သည် လူကို ခပ်သိမ်းသော အချိန်များနှင့် ခပ်သိမ်းသော နေရာများတွင် အကျင့်ပျက်စေသည်။ စာတန်သည် လူသားအား ဤဖောက်ပြန်ပျက်စီးမှုကို ဆန့်ကျင်ဖို့ မဖြစ်နိုင်ရန်လုပ်ဆောင်ပြီး ယင်းနှင့်ပတ်သက်၍ လူသားကို ကူရာကယ်ရာမဲ့ဖြစ်အောင် လုပ်ဆောင်သည်။ စာတန်သည် သင်အမှုမဲ့အမှတ်မဲ့ ဖြစ်နေသည့် အခြေအနေများနှင့် သင့်ထံတွင် အဘယ်အရာများဖြစ်နေသည်ကို သင်မမှတ်မိခိုက်တွင် ၎င်း၏အတွေးများ၊ ၎င်း၏အမြင်များနှင့် ၎င်းထံမှလာသည့် ဆိုးယုတ်သည့် အရာများကို သင်လက်ခံအောင် ပြုလုပ်သည်။ လူတို့သည် ဤအရာများကို အပြည့်အဝလက်ခံကြပြီး၊ ယင်းတို့ကို ပယ်ချကန့်ကွက်ခြင်း မပြုကြပေ။ သူတို့သည် ဤအရာများကို ရင်ဝယ်ပိုက်ထားပြီး ရတနာကဲ့သို့ တန်ဖိုးထားကြသည်၊ သူတို့သည် ဤအရာများ၏ ကြိုးကိုင်ညွှန်ကြားခြင်းကို ခွင့်ပြုကြပြီး ၎င်းတို့နှင့် ကစားကြသည်၊ ဤကား စာတန်၏ လူသားတို့ကို ဖျက်ဆီးခြင်း နက်ရှိုင်းသည်ထက် နက်ရှိုင်းလာပုံ ဖြစ်ပေသည်။

စာတန်သည် လူကို အကျင့်ပျက်စေရန် ဤသို့သော နည်းလမ်းအချို့ကို အသုံးပြုသည်။ လူသားတွင် ဗဟုသုတနှင့် အချို့သော သိပ္ပံပညာဆိုင်ရာ သဘောတရားများရှိသည်၊ လူသားသည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုဖြင့် နေထိုင်ပြီး၊ အယောက်စီတိုင်းသည် ရိုးရာယဉ်ကျေးမှု၏ အမွေခံသူတစ်ဦးဖြစ်သည်။ လူသားသည် စာတန်ပေးထားသည့် ရိုးရာယဉ်ကျေးမှုများကို ဝတ္တရားအရ လုပ်ဆောင်နေပြီး၊ စာတန်က လူသားမျိုးနွယ်ကို စီစဉ်ပေးသည့် ခေတ်ရေစီးကြောင်းကိုလည်း ပူးပေါင်းလုပ်ဆောင်ရသည်။ လူသားသည် စာတန်နှင့် ခွဲခြား၍မရချေ၊ အချိန်တိုင်းတွင် စာတန်နှင့် ပူးပေါင်းနေပြီး၊ သူ၏လိမ်ညာမှု၊ မောက်မာမှု၊ မလိုမုန်းထားမှုနှင့် ဆိုးယုတ်မှုတို့ကို လက်ခံသည်။ လူသားသည် စာတန်၏ ဤစိတ်သဘောထားများကို ပိုင်ဆိုင်လာပါက၊ သူသည် ဤလူသားမျိုးနွယ်ကြားနှင့် ဤကမ္ဘာထဲရှင်သန်ရသည်မှာ ပျော်ရွှင်နေမည်လော သို့မဟုတ် ဝမ်းနည်းနေမည်လော။ (ဝမ်းနည်းနေပါမည်။) သင်အဘယ်ကြောင့် ထိုသို့ပြောသနည်း။ (သူသည် ဤအရာများ၏ ချည်နှောင်မှုများကို ခံရပြီး သူ၏အသက်တာသည် ခါးသီးသည့် ရုန်းကန်လှုပ်ရှားမှု ဖြစ်နေသည်။) အဟမ်း။ တစ်စုံတစ်ယောက်သည် မျက်မှန်တပ်ထားပြီး ဉာဏ်ပညာနှင့် ပြည့်စုံသည့် ရုပ်သွင်ရှိသည်၊ သူသည် မည်သည့်အခါမျှ အော်ဟစ်ခြင်းမရှိခြင်းမျိုး ဖြစ်ကောင်းဖြစ်မည်၊ အမြဲတမ်း စကားပြောကောင်းသည်၊ ဆင်ခြင်တုံတရားရှိသည့်အပြင်၊ သူ၏အသက်အရွယ်အရ သူသည် အရာများစွာကို ဖြတ်ကျော်ကောင်း ဖြစ်ကျော်ခဲ့ရပြီး အတွေ့အကြုံများစွာ ရှိနိုင်သည်။ သူသည် ကိစ္စကြီးငယ်များကို အသေးစိတ် ပြောကောင်းပြောနိုင်ပြီး သူ၏ပြောပြခြင်းတွင် ခိုင်မာသည့် အခြေခံရှိနိုင်သည်။ အကြောင်းအရာများ၏ စစ်မှန်မှုနှင့် အကြောင်းပြချက်များကို အကဲဖြတ်နိုင်ရန်အတွက် သူ့ထံတွင် ချပြနိုင်သည့် သဘောတရားများလည်း ရှိကောင်းရှိမည်။ ထို့ပြင် လူတို့သည် သူ၏အပြုအမူ၊ သူ့ရုပ်သွင်ကိုကြည့်ပြီး၊ သူ့ကိုယ်သူ မည်သို့ စီမံခန့်ခွဲသည်ကိုမြင်၍ သူ၏ တည်ကြည်မှုနှင့် သူ၏စရိုက်လက္ခဏာကိုမြင်ကာ သူ့တွင် အပြစ်ရှာမတွေ့ပါ။ ဤကဲ့သို့သော လူမျိုးသည် လက်ရှိ လူမှုခေတ်ရေစီးကြောင်းတွင် လိုအပ်ချက်ကို အထူးသဖြင့် ဖြည့်ဆည်းပေးပြီး၊ မည်သည့်အခါမျှ ခေတ်နောက်ကျခြင်းမရှိဟု တွေးထင်ခဲ့ကြသည်။ ဤပုဂ္ဂိုလ်သည် ပို၍အသက်ကြီးနိုင်သော်ငြားလည်း၊ သူသည် ဘယ်သောအခါမျှ ခေတ်နောက်ကျခြင်းမရှိဘဲ သင်ယူရန်လည်း ဘယ်သောအခါမျှ ကြီးရင့်သွားခြင်းမရှိပါ။ အပေါ်ယံတွင်၊ မည်သူမျှ သူ့ကိုအပြစ်ရှာမတွေ့ပါသော်လည်း၊ သူ၏အတွင်းပိုင်းသည် စာတန်၏ အကြွင်းမဲ့နှင့် လုံးဝအကျင့်ပျက်စီးစေခြင်းကို ခံထားရသည်။ အပေါ်ယံတွင် ဘာမျှမှားယွင်းခြင်းမရှိ၊ သူသည် သိမ်မွေ့သည်၊ ခံ့ညားပြီး၊ အသိပညာနှင့် အချို့သော အကျင့်သိက္ခာကို ပိုင်ဆိုင်ထားသည်။ သူ့တွင် သမာဓိရှိ၍ သူသိသည်များက ငယ်ရွယ်သူများ သိသည့်အရာများနှင့် နှိုင်းယှဉ်နိုင်သည်။ သို့ရာတွင်၊ သူ၏သဘာဝနှင့် အနှစ်သာရတွင်မူ၊ ဤသူသည် စာတန်၏ပြည့်စုံသော အသက်ရှင်သည့် ပုံစံငယ်ဖြစ်သည်၊ သူသည် စာတန်နှင့် တထေရာတည်းတူသောသူဖြစ်သည်။ ဤကား စာတန်သည် လူကို အကျင့်ပျက်စေခြင်း၏ “အသီး” ဖြစ်သည်။ ငါပြောခဲ့သည့်အရာများက သင်တို့ကို စိတ်ထိခိုက်စေနိုင်သည်၊ သို့သော်လည်း ယင်းတို့အားလုံးမှာ မှန်ကန်သည်။ လူသင်ယူသည့် အသိပညာ၊ သူနားလည်သည့် သိပ္ပံပညာ၊ လူမှုခေတ်ရေစီးကြောင်းများနှင့် အံဝင်ခွင်ကျဖြစ်အောင် သူရွေးချယ်သည့် နည်းနာတို့သည်၊ ခြွင်းချက်မရှိ၊ စာတန်၏ အကျင့်ပျက်စေသည့် ကိရိယာများပင်ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်သည်။ သို့အတွက်ကြောင့် လူသားသည် စာတန်၏ အပြည့်အဝ အကျင့်ပျက်စေသည့် စိတ်သဘောထားအတွင်း နေထိုင်နေပြီး၊ လူသားအနေဖြင့် ဘုရားသခင်၏ သန့်ရှင်းခြင်း သို့မဟုတ် မည်သည်က ဘုရားသခင်၏ အနှစ်သာရဖြစ်သည်ကိုသိရန် နည်းလမ်းမရှိပါ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အပေါ်ယံတွင် စာတန်က လူကိုအကျင့်ပျက်စသည့် နည်းလမ်းများကို မည်သူမျှ အပြစ်မရှာနိုင်ချေ။ တစ်စုံတစ်ယောက်၏ အပြုအမူမှ တစ်ခုခုလွဲနေသည်ဟု တစ်ယောက်ယောက်က မပြောနိုင်ပေ။ အယောက်စီတိုင်းသည် သူတို့၏အလုပ်ကို သာမန်အားဖြင့် လုပ်ဆောင်နေကြပြီး ပုံမှန် အသက်တာတွင် နေထိုင်ကြသည်။ သူတို့သည် ပုံမှန်အားဖြင့် စာအုပ်များနှင့် သတင်းစာများကို ဖတ်ကြသည်၊ သူတို့သည် ပုံမှန်သင်ယူကြပြီး စကားပြောကြသည်၊ အချို့သောလူများသည် အပေါ်ယံ အကျင့်သိက္ခာရှိရန်ကိုပင် သင်ယူခဲ့ကြပြီး၊ ထိုသို့အားဖြင့် သူတို့သည် နှုတ်ခွန်းဆက်ခြင်းများကို ပြောဆိုနိုင်စေရန်၊ ယဉ်ကျေးသိမ်မွေ့ရန်၊ ရည်မွန်ရန်၊ အခြားသူများကို နားလည်ပေးရန်၊ ဖော်ရွေရန်နှင့် အခြားသူများကို ကူညီရန်၊ အလှူဒါနတွင် ရက်ရောတတ်ရန်နှင့် အခြားသူများကို ဇီဇာကြောင်ခြင်းနှင့် အခြားသူများကို အသုံးချခြင်းများကို ရှောင်လွှဲတတ်ရန်ဖြစ်သည်။ သို့ရာတွင်၊ စာတန်၏ ပျက်စီးသည့် စိတ်သဘောထားသည် သူတို့အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေသည်။ ဤအနှစ်သာရကို အပြင်ပန်း အားထုတ်ခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ။ ဤအနှစ်သာရကြောင့် လူသားသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မသိနိုင်ဘဲ၊ ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို လူသားထံသို့ အများရှေ့တွင် ချပြပါသော်လည်း၊ လူက ယင်းကို တည်ကြည်လေးနက်စွာ မခံယူပေ။ ဤသို့ဖြစ်ရခြင်းမှာ စာတန်သည် လူသား၏ ခံစားချက်များ၊ အတွေးအခေါ်များ၊ အမြင်များနှင့် စဉ်းစားချက်များကို နည်းနာအမျိုးမျိုးအားဖြင့် လုံးဝသိမ်းပိုက်ထားပြီးသည့်အတွက် ဖြစ်သည်။ ဤသိမ်းပိုက်ခြင်းနှင့် အကျင့်ပျက်စေခြင်းတို့သည် ခေတ္တ သို့မဟုတ် ရံဖန်ရံခါမဟုတ်ပါ။ ယင်းသည် နေရာတကာနှင့် အချိန်တိုင်းတွင် ရှိနေသည်။ သို့အတွက်ကြောင့်၊ ဘုရားသခင်ကို သုံးနှစ် လေးနှစ် သို့မဟုတ် ငါးနှစ် ခြောက်နှစ်ပင် ယုံကြည်ခဲ့ကြသည့် လူများစွာတို့သည်၊ သူတို့ထဲသို့ စာတန် သွတ်သွင်းပေးလိုက်သည့် အတွေးများနှင့် အမြင်များကို ရတနာသိုက်ကို ဖမ်းဆုပ်ထားသကဲ့သို့ ဖက်တွယ်ထားဆဲဖြစ်သည်။ လူသားသည် ဆိုးယုတ်မှု၊ မောက်မာမှုနှင့် မလိုတမာမှုစသည့် စာတန်၏သဘာဝမှ အရာများကို လက်ခံနေခဲ့သည့်အတွက်၊ လူသား၏ အချင်းချင်းဆက်ဆံမှုများတွင် မရှောင်လွှဲနိုင်သည့် သဘောထားကွဲလွဲမှုများ၊ အငြင်းအခုံများနှင့် သဟဇာတဖြစ်ခြင်းများ မကြာခဏရှိပြီး၊ ယင်းကို စာတန်၏ မောက်မာသည့် သဘာဝ၏ရလဒ်က ဖန်တီးခြင်းဖြစ်သည်။ အကယ်၍ စာတန်သည် လူသားမျိုးနွယ်ကို အပြုသဘောဆောင်သည့် အရာများကို ပေးခဲ့ပါက၊ ဥပမာ၊ လူသားတို့ လက်ခံခဲ့သည့် ရိုးရာယဉ်ကျေးမှုဖြစ်သည့် ကွန်ဖြူးရှပ်ဝါဒနှင့် တာအိုဝါဒတို့ကို ကောင်းသည့်အရာများအဖြစ် မှတ်ယူကြည့်ပါက၊ အလားတူသည့် လူများက ဤအရာများကို လက်ခံပြီးသည့်နောက် တစ်ဦးနှင့်တစ်ဦး အဆင်ပြေနေရပေမည်၊ မှန်၏လော။ သို့ဖြစ်လျှင်၊ တူညီသည့်အရာများကို လက်ခံခဲ့သည့် လူများအကြားတွင် အဘယ်ကြောင့် ထိုသို့သော ကြီးမားသည့် ကွဲပြားခြင်း ရှိနေသနည်။ ယင်းသည် အဘယ်ကြောင့်နည်း။ ယင်းသို့ဖြစ်ရခြင်းမှာ ၎င်းအရာများသည် စာတန်ထံမှလာပြီး စာတန်သည် လူများအကြားတွင် ခွဲခြားခြင်းများကို ဖန်တီးသည်။ စာတန် စီစဉ်ပေးသည့် ဤအရာများသည်၊ အပေါ်ယံတွင် မည်မျှပင် ဂုဏ်သိက္ခာရှိပုံရသည်ဖြစ်စေ သို့မဟုတ် ကြီးမြတ်ပုံရသည်ဖြစ်စေ၊ လူသားထံသို့ မောက်မာခြင်းကိုသာ ယူဆောင်လာပြီး လူသားအသက်တာမှ မောက်မာခြင်းကိုသာ ပေါ်ထွက်လာစေသည်၊ စာတန်၏ လှည့်ဖြားတတ်သည့် ဆိုးယုတ်သည့် သဘာဝထက် ဘာမျှ မပိုပေ။ ၎င်းသည် မှန်၏လော။ မိမိကိုယ်ကို ဖုံးကွယ်ထားသည့် တစ်စုံတစ်ယောက်သည်၊ အသိပညာ များစွာကို ပိုင်ဆိုင်ထားသည်၊ သို့မဟုတ် ကောင်းမွန်စွာ ကြီးပြင်းခဲ့သူများအနေနှင့် သူတို့၏ ပျက်စီးနေသည့် စာတန်၏စိတ်သဘောထားကို ဖုံးကွယ်ရန် ခက်ခဲလိမ့်မည်။ တစ်နည်းအားဖြင့် ဤလူသည် နည်းလမ်းမည်မျှဖြင့် သူ့ကိုယ်သူ ဖုံးအုပ်စေကာမူ၊ သူတို့ကို သူတော်စင်တစ်ဦးအနေဖြင့် သင်တွေးထင်ပါက၊ သို့မဟုတ် သူတို့သည် စုံလင်မှုရှိသည်ဟု သင်ထင်ပါက၊ သို့မဟုတ် သူတို့ကို ကောင်းကင်တမန်တစ်ပါးဟု သင်တွေးထင်ပါက၊ သင်၏အတွေးထဲတွင် သူတို့သည် မည်မျှပင် သန့်စင်စေကာမူ၊ ကန့်လန့်ကာ နောက်ကွယ်တွင် သူတို့၏ ဘဝသည် မည်ကဲ့သို့ ဖြစ်နေမည်နည်း။ သူတို့စိတ်သဘောထား၏ ထုတ်ဖော်မှုတွင် မည်သည့်အနှစ်သာရကို သင်မြင်မည်နည်း။ စာတန်၏ ဆိုးယုတ်သည့် သဘာဝကို သင်မြင်မည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ထိုသို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဥပမာအားဖြင့်၊ သင်တို့နှင့် နီးစပ်သည့် လူတစ်ဦးကို သင်သိသည်ဆိုပါစို့၊ ထိုသူကို လူကောင်းတစ်ယောက်ဟု သင်ထင်ထားသည်၊ သင်မြတ်နိုးကိုးကွယ်သည့် တစ်စုံတစ်ယောက် ဖြစ်ကောင်းဖြစ်မည်။ သင်၏လက်ရှိ ဝိညာဉ်အသက်တာဖြင့်၊ သူတို့ကို သင်မည်သို့ တွေးထင်သနည်း။ ပထမဦးစွာ၊ ဤကဲ့သို့သော လူမျိုးတွင် ကိုယ်ချင်းစာနာခြင်း ရှိမရှိ၊ သူတို့သည် ရိုးသားခြင်း ရှိမရှိ၊ သူတို့သည် လူတို့ကို အမှန်တကယ် ချစ်မချစ်၊ သူတို့၏ စကားများနှင့် လုပ်ရပ်များသည် အခြားသူများအတွက် အကျိုးရှိပြီး အကူအညီဖြစ်မဖြစ်ကို ကြည့်လော့။ (မရှိကြပါ။) ကြင်နာခြင်း၊ ချစ်ခြင်း သို့မဟုတ် ကောင်းခြင်းဟုဆိုသည်များက ဤနေရာတွင် ထုတ်ဖော်ခြင်းခံရသည်၊ ၎င်းတို့သည် အမှန်တကယ် အဘယ်အရာများနည်း။ ထိုအရာအားလုံးသည် အယောင်ဆောင်များဖြစ်ပြီး၊ ယင်းတို့အားလုံးက အပေါ်ယံပင်ဖြစ်သည်။ ဤအပေါ်ယံ၏ နောက်ကွယ် ကန့်လန့်ကာနောက်တွင် ဖုံးကွယ်ထားသည့် ဆိုးယုတ်သော ရည်ရွယ်ချက်များ ရှိသည်။ ၎င်းသည် ထိုပုဂ္ဂိုလ်ကို နှစ်သက်ကြည်ညိုစေရန်နှင့် နှစ်သက်ကိုးကွယ်စေရန်ဖြစ်သည်။ သင်တို့သည် ယင်းကို ရှင်းလင်းစွာမြင်သလော။ (မြင်ပါသည်။)

စာတန်သည် လူသားများကို အကျင့်ပျက်စေရန်အတွက် မည်သည့်နည်းလမ်းများကိုအသုံးပြုပြီး လူသားမျိုးနွယ်များထံ မည်သည်တို့ကို ယူဆောင်လာပေးသနည်း။ ၎င်းနှင့်ပတ်သက်ပြီး အပြုသဘောဆောင်သည့် တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ပထမတွင်၊ လူသည် အကောင်းနှင့် အဆိုးကြားကို ခွဲခြားနိုင်သလော။ ဤကမ္ဘာထဲတွင် ကြီးမြတ်သည့်ပုဂ္ဂိုလ်က ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် မဂ္ဂဇင်းအချို့ကဖြစ်စေ၊ ဤတစ်ခု သို့မဟုတ် ဟိုတစ်ခုက ကောင်းသည် သို့မဟုတ် ဆိုးသည်ဟု သူတို့ပြောလိမ့်မည်၊ ၎င်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သူတို့၏ ဖြစ်ရပ်များနှင့် လူသားများကို အကဲဖြတ်ခြင်းက တရားမျှတခြင်း ရှိသလော။ ၎င်းအတွင်းတွင် သမ္မာတရား ရှိပါသလော။ (မရှိပါ။) ဤကမ္ဘာသည် သို့မဟုတ် လူတို့သည် သမ္မာတရား၏ စံနှုန်းကို အခြေခံပြီး အပြုသဘောနှင့် အပျက်သဘောဆောင်သော အရာများကို အကဲဖြတ်သလော။ (အကဲမဖြတ်ပါ။) လူတို့သည် အဘယ်ကြောင့် ထိုစွမ်းရည် မရှိကြသနည်း။ လူတို့သည် အသိပညာများစွာကို သင်ယူခဲ့ကြပြီး၊ သိပ္ပံပညာရပ်နှင့် ပတ်သက်ပြီး များစွာသိရှိကြသည်၊ သူတို့၏ စွမ်းရည်များသည် ကြီးမြတ်လုံလောက်မှု မရှိသလော။ သူတို့သည် အပြုသဘောနှင့် အပျက်သဘောဆောင်သည့် အရာများအကြား အဘယ်ကြောင့် မခွဲခြားမစိတ်ဖြာနိုင်သနည်း။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ (လူတို့တွင် သမ္မာတရားမရှိကြသောကြောင့် ဖြစ်ပါသည်၊ သိပ္ပံပညာနှင့် အသိပညာတို့သည် သမ္မာတရား မဟုတ်ပါ။) လူသားထံသို့ စာတန်ယူဆောင်လာသမျှ ခပ်သိမ်းသော အရာများသည် ဆိုးယုတ်ပြီး အကျင့်ပျက်စေခြင်းဖြစ်ပြီး ၎င်းတွင် သမ္မာတရား၊ အသက်နှင့် လမ်းခရီး ကင်းမဲ့နေသည်။ စာတန်သည် လူသားထံသို့ ဆိုးယုတ်မှုနှင့် အကျင့်ပျက်မှုတို့ကို ယူဆောင်လာခြင်းဖြင့်၊ စာတန်တွင် ချစ်ခြင်းမေတ္တာရှိသည်ဟု သင်ပြောနိုင်သလော။ လူသားတွင် ချစ်ခြင်းမေတ္တာရှိသည်ဟု သင်ပြောနိုင်သလော။ လူအချို့တို့က ဤသို့ပြောကောင်း ပြောလိမ့်မည်။ “ကိုယ်တော်မှားနေသည်၊ ကမ္ဘာတစ်ဝှမ်းတွင် ဆင်းရဲသား သို့မဟုတ် အိမ်ယာမဲ့များကို ကူညီနေသည့် လူများစွာရှိသည်။ ထိုသူတို့က လူကောင်းများ မဟုတ်သလော။ ကောင်းသည့်အလုပ်များကိုလုပ်သည့် အများအကျိုးဆောင်သည့် အဖွဲ့အစည်းများစွာလည်းရှိသည်၊ သူတို့လုပ်သည့် အလုပ်အားလုံးသည် အကောင်းအတွက် မဟုတ်သလော။” ထိုသို့ဆိုလျှင် ၎င်းနှင့်ပတ်သက်ပြီး ငါတို့ ဘာကိုပြောမည်နည်း။ စာတန်သည် လူသားကို အကျင့်ပျက်စေရန် မတူညီသည့် နည်းလမ်းများနှင့် သဘောတရားများကိုအသုံးပြုသည်၊ ဤကား အကျင့်ပျက်သောလူသား၏ မရေရာသော အယူအဆလော။ မဟုတ်ပေ၊ ယင်းသည် မရေမရာ မဖြစ်ပေ။ စာတန်သည် အချို့သော လက်တွေ့ကျသည့် အရာများကို လုပ်ဆောင်သည့်အပြင်၊ ၎င်းသည် အမြင်တစ်ခု သို့မဟုတ် သဘောတရားတစ်ခုကိုလည်း ကမ္ဘာအတွင်း သို့မဟုတ် လူ့အဖွဲ့အစည်းအတွင်းတွင် တည်ရှိရန် အားပေးသည်။ မင်းဆက်တစ်ခုစီတိုင်းနှင့် ခေတ်တစ်ခုစီတိုင်းတွင် ၎င်းသည် သဘောတရားတစ်ခုကို ထောက်ခံအားပေးပြီး လူသားများအတွင်းသို့ အတွေးအခေါ်အချို့ကို သွတ်သွင်းပေးသည်။ ဤအတွေးအခေါ်များနှင့် သဘောတရားများသည် လူတို့၏ စိတ်နှလုံးထဲတွင် တဖြည်းဖြည်းနှင့် အမြစ်စွဲလာပြီးနောက်၊ လူတို့သည် ဤသဘောတရားနှင့် အတွေးအခေါ်များဖြင့် စတင်နေထိုင်လာကြပြီး၊ သူတို့သည် အမှတ်တမဲ့ဖြင့် စာတန် ဖြစ်လာကြသည် မဟုတ်လော။ လူတို့သည် စာတန်နှင့် တစ်သားတည်းဖြစ်သည် မဟုတ်လော။ လူတို့သည် စာတန်နှင့် တစ်သားတည်း ဖြစ်လာသည့်အခါ၊ အဆုံးတွင် ဘုရားသခင်နှင့် ပတ်သက်သည့် သူတို့၏ သဘောထားသည် အဘယ်နည်း။ ဘုရားသခင်အပေါ် စာတန်ထားရှိသည့် သဘောထားနှင့် အတူတူပင်ဖြစ်သည် မဟုတ်လော။ တစ်ယောက်မျှ ဤသည်ကို ဝန်မခံဝံ့ကြချေ၊ မှန်၏လော။ ၎င်းသည် အလွန်ထိတ်လန့်ဖွယ်ရာကောင်းသည်။ စာတန်၏ သဘာဝသည် ဆိုးယုတ်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ဤကား စာတန် မည်သည်ကို လုပ်နေသည်နှင့် စာတန် ထုတ်ဖော်နေခဲ့သည့် အရာများကို အခြေခံပြီး ဆုံးဖြတ်စီစစ်ခြင်းဖြစ်သည်။ စာတန်က ဆိုးယုတ်သည်ခြင်းကို မထိုက်တန်ဘဲ ပြောခြင်းမဟုတ်။ စာတန်က ဆိုးယုတ်သည်ဟုသာ ငါပြောပါက၊ သင်တို့ မည်ကဲ့သို့တွေးတောမည်နည်း။ သင်တို့သည်၊ “စာတန်က ဆိုးယုတ်သည်မှာ သိသာလှပါသည်” ဟုသင်တို့တွေးပေလိမ့်မည်။ သို့ဖြစ်လျှင်၊ “စာတန်၏ မည်သည့်သွင်ပြင်လက္ခဏာက ဆိုးယုတ်သနည်း” ဟု သင့်ကိုငါမေးမည်။ “စာတန်၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းက ဆိုးယုတ်ပါသည်” ဟုသင်ပြောလျှင်၊ သင်သည် ပြတ်သားစွာ မပြောနိုင်သေးချေ။ ယခုတွင် ဤနည်းလမ်းဖြင့် တိတိကျကျ ငါတို့ပြောခဲ့ကြပြီ။ စာတန်၏ ဆိုးယုတ်မှု အနှစ်သာရမှ အသေးစိတ် ပါဝင်မှုများကို သင်တို့နားလည်သလော။ (နားလည်ပါသည်။) ယခုတွင် စာတန်၏ ဆိုးယုတ်သည့် သဘာဝကို နားလည်ခဲ့ကြပြီ၊ သင်တို့သည် သင်တို့ကိုယ်သင်တို့ မည်မျှနားလည်သနည်း။ ဤအရာများသည် ဆက်နွှယ်နေသလော။ (ဆက်နွှယ်နေပါသည်။) ဤဆက်နွှယ်ခြင်းက သင်တို့ကို ထိခိုက်သလော။ (မထိခိုက်ပါ။) သင်တို့ကို အကူအညီပေးသလော။ (ပေးပါသည်။) မည်သို့သော အကူအညီပေးသနည်း။ (အလွန်ကြီးမားသည့် အကူအညီကို ပေးပါသည်။) အတိအကျ ပြောကြစို့၊ အနက်မပြတ်သားသော စကားလုံးများကို ငါကြားမည်မဟုတ်။ “အလွန်ကြီးမားသည်” က မည်မျှကို ရည်ညွှန်းသနည်း။ (ဘုရားသခင် မုန်းတီးသည့် အရာများကို ကျွန်ုပ်တို့သိပါသည်၊ ဘယ်အရာများက ဘုရားသခင်ကို ဆန့်ကျင်သည်ကို ကျွန်ုပ်တို့ သိပါ၏။ ကျွန်ုပ်တို့၏ စိတ်နှလုံးများက ဤအရာများနှင့် ပတ်သက်ပြီး အနည်းငယ် ရှင်းလင်းပါသည်။) ထပ်ဖြည့်ပြောစရာ ရှိသေးသလော။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ငါမိတ်သဟာယပြုရာတွင်၊ စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရကို မိတ်သဟာယပြုရန် လိုအပ်ပါသလော၊ သင်တို့၏ ထင်မြင်ချက်ကား အဘယ်နည်း။ (ဟုတ်ပါသည်၊ လိုအပ်ပါသည်။) အဘယ်ကြောင့်နည်း။ (စာတန်၏ ဆိုးယုတ်မှုသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို ရုပ်လုံးကြွထင်ရှားစေပါသည်။) ဤသည်မှာ ဤသို့ပင်ဖြစ်သလော။ စာတန်၏ ဆိုးယုတ်ခြင်းမရှိဘဲ၊ လူတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မသိနိုင်ကြသည်မှာ ယေဘူယျအားဖြင့် မှန်ကန်သည်။ ဤသည်မှာ မှန်သည်။ သို့ရာတွင်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် စာတန်၏ ဆိုးယုတ်မှုကို ဆန့်ကျင်ဘက်ဖြစ်ရန် တည်ရှိနေခြင်းသာ ဖြစ်သည်ဟုဆိုလျှင်၊ ၎င်းက မှန်၏လော။ ဤဆွေးနွေးမှုက မှားသည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းက ဘုရားသခင်၏ ပင်ကိုအနှစ်သာရဖြစ်သည်။ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ထုတ်ဖော်ပါသော်လည်း၊ ၎င်းသည် ဘုရားသခင်၏ ပင်ကိုအနှစ်သာရကို သဘာဝအလျောက် ဖော်ပြခြင်းပင်ဖြစ်နေသေးပြီး၊ ယင်းသည် အမြဲတမ်း တည်ရှိနေကာ ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုအရာဖြစ်သော်လည်း၊ ယင်းကို လူကမမြင်နိုင်ပေ။ ဤသို့ဖြစ်ရခြင်းမှာ၊ လူသားသည် စာတန်၏ အကျင့်ပျက်သည့် စိတ်သဘောထားအလယ်နှင့် စာတန်၏ စွမ်းအားအောက်တွင် နေထိုင်ပြီး၊ သူတို့သည် သန့်ရှင်းခြင်းအကြောင်းကို မသိသောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်၏ သန့်ရှင်းခြင်းတွင် အသေးစိတ်ပါဝင်မှုကို သာ၍ပင်မသိသောကြောင့် ဖြစ်သည်။ သို့အတွက်ကြောင့်၊ ငါတို့သည် စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရကို ပထမဆုံး မိတ်သဟာယပြုရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ဘုရားသခင်၏ အတုမရှိခြင်း၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများကို ငါတို့မိတ်သဟာယပြုခဲ့ကြပြီး၊ စာတန်၏ဆိုးယုတ်သည့် အနှစ်သာရကို ငါတို့မပြောဆိုခဲ့ကြ၊ မှန်၏လော။ လူအချို့တို့သည်၊ “ကိုယ်တော်သည် ဘုရားသခင်ကိုယ်တော်တိုင် အကြောင်းကို မိတ်သဟာယပြုသည်၊ စာတန်က လူကို မည်သို့ အကျင့်ပျက်စေပြီး စာတန်၏ သဘာဝက မည်ကဲ့သို့ ဆိုးယုတ်သည်ကိုသာ ကိုယ်တော်က အဘယ်ကြောင့် အမြဲတမ်း ပြောဆိုနေသနည်း” ဟူ၍ ယင်းကဲ့သို့သော သံသယအချို့ကို ဖော်ပြကောင်း ဖော်ပြမည်။ သင်သည် ဤသံသယများကို အဆုံးသတ်နိုင်ခဲ့ကြသလော။ (အဆုံးသတ်နိုင်ခဲ့ပါသည်။) ၎င်းတို့ကို သင်မည်ကဲ့သို့ အဆုံးသတ်ခဲ့သနည်း။ (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းအားဖြင့်၊ ဘယ်အရာက ဆိုးယုတ်သည်ကို ကျွန်ုပ်တို့ ခွဲခြားသိမြင်ခဲ့ကြပါသည်။) လူတို့သည် ဆိုးယုတ်မှုကို သိမြင်နိုင်၍ သူတို့သည် ယင်းကို တိကျသည့် အနက်ဖွင့်နိုင်သည့်အခါ၊ လူတို့သည် ဆိုးယုတ်ခြင်းတွင် ပါဝင်သည့်အရာနှင့် သရုပ်သကန်ကို၊ ဆိုးယုတ်မှု၏ အရင်းအမြစ်နှင့် အနှစ်သာရကို ရှင်းလင်းစွာ မြင်နိုင်သည့်အချိန်တွင်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ယခုဆွေးနွေးသည့်အခါ၊ လူတို့သည် ရှင်းလင်းစွာ နားလည်သဘောပေါက်မည်၊ သို့မဟုတ် ယင်းကို ဘုရားသခင်၏ သန့်ရှင်းခြင်းအဖြစ်၊ စစ်မှန်သည့် သန့်ရှင်းခြင်းအဖြစ် ရှင်းလင်းစွာ အသိအမှတ်ပြုလိမ့်မည်။ စာတန်၏ ဆိုးယုတ်မှုကို ငါမဆွေးနွေးပါက၊ လူအချို့တို့က လူ့အဖွဲ့အစည်းအတွင်း လူတို့လုပ်ဆောင်နေသည့် တစ်စုံတစ်ခု၊ သို့မဟုတ် ကမ္ဘာတွင်ရှိသည့် တစ်စုံတစ်ခုတို့သည် သန့်ရှင်းခြင်းနှင့် ဆက်နွှယ်ကောင်း ဆက်နွှယ်နေမည်ဟု မှားယွင်းစွာ ယုံကြည်ကြလိမ့်မည်။ ဤအမြင်က မှားသည် မဟုတ်လော။ (ဟုတ်ပါသည်။)

ထို့အတွက်ကြောင့် စာတန်၏ အနှစ်သာရအပေါ် ငါမိတ်သဟာယပြုရသည်။ နှစ်အနည်းငယ်အတွင်းမှ သင်၏အတွေ့အကြုံများအရ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့မြင်ခြင်းနှင့် ကိုယ်တော်၏ အမှုတော်များကို တွေ့ကြုံခဲ့ရခြင်းအားဖြင့် သင်တို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းအပေါ် မည်သို့သော နားလည်မှုမျိုးကို ရယူခဲ့ကြသနည်း။ ၎င်းအကြောင်းကို ဆက်ပြောဆိုလော့။ နားဝင်ချိုသော စကားများကို အသုံးပြုစရာမလို၊ သင်၏ကိုယ်ပိုင် အတွေ့အကြုံများကိုသာ ပြောဆိုပါ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းက သူ၏ချစ်ခြင်းမေတ္တာပင်လော။ ၎င်းသည် ငါတို့က သန့်ရှင်းခြင်းအဖြစ် ဖော်ပြသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမျှသာလော။ ယင်းသည် တစ်ဖက်သတ်ဆန်လွန်းလိမ့်မည်၊ မှန်၏လော။ ယင်းသည် တစ်ဖက်သတ် ဆန်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပြင်၊ သင်တို့တွေ့ခဲ့သည့် ဘုရားသခင်၏ အခြားသော အနှစ်သာရများ ရှိသေးသလော။ (ရှိပါသည်။) သင်ဘာတွေကို မြင်ခဲ့သနည်း။ (ဘုရားသခင်သည် ပွဲများနှင့် ပိတ်ရက်များ၊ ဓလေ့ထုံးတမ်းများနှင့် အယူသည်းခြင်းများကို စက်ဆုပ်ပါသည်။ ဤကား ဘုရားသခင်၏ သန့်ရှင်းခြင်းဖြစ်ပါသည်။) ဘုရားသခင်က ထိုထိုသော အရာများကို စက်ဆုပ်သည်ဟု သင်ပြောဆိုမျှရုံသာ ဖြစ်သည်။ ဘုရားသခင်က သန့်ရှင်းတော်မူသည့်အတွက်ကြောင့် သူသည် အရာများကို စက်ဆုပ်သည်၊ ဤသည်မှာ ၎င်း၏ အဓိပ္ပာယ်လော။ (ဟုတ်ပါသည်။) ၎င်း၏အမြစ်တွင် အဘယ်အရာက ဘုရားသခင်၏ သန့်ရှင်းခြင်းဖြစ်သနည်း။ ဘုရားသခင်၏ သန့်ရှင်းခြင်းတွင် ဂုဏ်ဒြပ်ပါဝင်မှု မရှိပါ၊ သူသည် အရာများကို စက်ဆုပ်ရွံ့မုန်းခြင်းသာလော။ သင်တို့၏စိတ်ထဲတွင် “ဘုရားသခင်က ဤဆိုးယုတ်သည့် အရာများကို စက်ဆုပ်သည့်အတွက်ကြောင့် ဘုရားသခင်သည် သန့်ရှင်းသည်ဟု ပြောနိုင်ပါသည်” ဟုတွေးနေသလော။ ဤသည်မှာ ဤနေရာ၌ ထင်မြင်ချက်ပေးခြင်း မဟုတ်သလော။ ဤကား ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် တရားစီရင်သည့် နည်းဟန်တစ်ခုမဟုတ်လော။ ဘုရားသခင်၏ အနှစ်သာရကို နားလည်လာရန်အတွက် မည်သည်က အကြီးဆုံးသော တားမြစ်ခြင်းဖြစ်သနည်း။ (လက်တွေ့အရှိတရားကို စွန့်ပစ်ရန် ဖြစ်ပါသည်။) အယူဝါဒများကို ပြောရန်အတွက် လက်တွေ့အရှိတရားကို စွန့်ပစ်သည့်အခါ၊ ၎င်းသည် မလုပ်အပ်ဆုံးသော တားမြစ်ချက်ဖြစ်သည်။ အခြားရှိသေးသလော။ (ထင်မြင်ချက်ပေးခြင်းနှင့် စိတ်ကူးယဉ်ခြင်းတို့ ဖြစ်ပါသည်။) ဤထင်မြင်ချက်ပေးခြင်းနှင့် စိတ်ကူးယဉ်ခြင်းနှစ်ခုတို့မှာ အလွန်ပြင်းထန်သည့် တားမြစ်ချက်များ ဖြစ်ကြသည်။ ထင်မြင်ချက်ပေးခြင်းနှင့် စိတ်ကူးယဉ်ခြင်းနှစ်ခုတို့သည် အဘယ်ကြောင့် အသုံးမဝင်သနည်း။ သင်ထင်ကြေးပေးပြီး စိတ်ကူးယဉ်နေသည့် အရာများကို သင်အမှန်တကယ် မြင်နိုင်သလော။ (မမြင်နိုင်ပါ။) ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရလော။ (မဟုတ်ပါ။) မည်သည့်တားမြစ်ချက်များ ရှိသေးသနည်း။ ဘုရားသခင်၏ အနှစ်သာရကို ဖော်ပြဖို့ သာယာနာပျော်ဖွယ် စကားများကို တစ်လုံးပြီးတစ်လုံး ပြောခြင်းသည်လည်း တားမြစ်ချက်ဖြစ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ကြွားဝါပြီး အဓိပ္ပာယ်မရှိရာကျသည် မဟုတ်လော။ တရားစီရင်ခြင်းနှင့် ထင်ကြေးပေးခြင်းက အဓိပ္ပာယ်မရှိ၊ နားထောင်ကောင်းသည့် စကားများကို ရွေးချယ်ခြင်းသည်လည်း ထိုနည်း၎င်းပင် ဖြစ်သည်။ အနှစ်မဲ့သည့် ချီးမွမ်းမှုက အဓိပ္ပာယ်မရှိပါ၊ မှန်၏လော။ (မှန်ပါသည်။) ဤသို့သော အဓိပ္ပာယ်မရှိသည့်အရာမျိုး လူတို့ပြောဆိုခြင်းကို ဘုရားသခင်သည် နားထောင်ရန် နှစ်သက်သလော။ (သူမနှစ်သက်ပါ။) တစ်စုံတစ်ခုကို “မနှစ်သက်ခြင်း” ၏ ကြောင်းတူသံကွဲတစ်ခုမှာ အဘယ်နည်း။ (နေသာထိုင်သာမရှိခြင်း ဖြစ်ပါသည်။) ဘုရားသခင်သည် ၎င်းကိုကြားရလျှင် နေသာထိုင်သာမရှိ။ ဘုရားသခင်သည် လူတစ်စုကို ဦးဆောင်လမ်းပြပြီး ကယ်တင်သည်၊ ဤလူစုသည် သူ၏ နှုတ်ကပတ်တော်များကို ကြားပြီးသည့်နောက်တွင်၊ သူဘာကိုဆိုလိုသည်ကို သူတို့သည် ဘယ်သောအခါမျှ နားမလည်ကြပေ။ တစ်စုံတစ်ယောက်က၊ “ဘုရားသခင်သည် ကောင်းမြတ်ပါသလော” ဟုမေးကောင်းမေးပါက၊ သူတို့က “ကောင်းမြတ်ပါသည်” ဟုတုံ့ပြန်လိမ့်မည်၊ “မည်ကဲ့သို့ ကောင်းမြတ်သနည်း။” “အလွန့် အလွန် ကောင်းမြတ်ပါသည်။” “ဘုရားသခင်က လူသားကို ချစ်မြတ်နိုးပါသလော။” “ချစ်ပါသည်။” “အဘယ်မျှလောက်နည်း။” “အလွန့်အလွန်ပင် ဖြစ်သည်။” “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်ဖော်ပြနိုင်သလော။” “၎င်းသည် ပင်လက်ထက်နက်ပြီး ကောင်းကင်ထက် ပိုမြင့်ပါသည်။” ဤအရာက အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ဤအဓိပ္ပာယ်မဲ့သောအရာသည် “ဘုရားသခင်သည် စာတန်၏ အကျင့်ပျက်သည့် စိတ်သဘောထားကို စက်ဆုပ်သည်၊ သို့အတွက်ကြောင့် ဘုရားသခင်သည် သန့်ရှင်းသည်” ဟူသော သင်တို့ပြောခဲ့သည့် အကြောင်းနှင့် တူညီသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့ ယခုပင်ပြောလိုက်သည့်အရာမှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ အဓိပ္ပာယ်မရှိသည့်အရာ အများစုက မည်သည့်နေရာကနေ လာသနည်း။ (စာတန်ထံမှ လာပါသည်။) ယင်းတို့သည် စာတန်ထံမှ လာသည်။ ဘုရားသခင်ကို တာဝန်မဲ့တတ်သော၊ မရိုသေမလေးမြတ်သော လူများက အဓိပ္ပာယ်မရှိသည့်အရာများကို အဓိကအားဖြင့် ပြောဆိုခြင်းဖြစ်သည်။ ထိုကဲ့သို့ ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) သင်သည် မည်သည်ကိုမျှ နားလည်ခြင်းမရှိဘဲ အဓိပ္ပာယ်မရှိ ပြောနေဆဲဖြစ်သည်၊ ၎င်းသည် တာဝန်မဲ့ခြင်းမဟုတ်သလော။ ဤသည်ကား ဘုရားသခင်ကို မလေးစားရာ မကျသလော။ ဤနေရာ၌ သင်အသုံးချသည့် အသိပညာအနည်းငယ်ကို သင်ယူခဲ့ပြီး၊ အကျိုးအကြောင်းသင့် စဉ်းစားဆင်ခြင်ခြင်းနှင့် ယုတ္တိဗေဒ စသည်တို့ကို အနည်းငယ် နားလည်ခဲ့ပြီ၊ ထို့ထက်ပိုပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းကိုလည်း သင်ယူခဲ့သည်။ ဘုရားသခင်က ၎င်းကို ကြားရလျှင် သက်သောင့်သက်သာရှိသည်ဟု သင်ထင်သလော။ ဘုရားသခင်က ဤနည်းလမ်းများကို အသုံးပြုနေသည်ဟု သင်တို့က ဧကန်အမှန် သိရန် အဘယ်သို့ ကြိုးပမ်းနိုင်သနည်း။ ယင်းသည် ကိုးရိုကားယား ဖြစ်မနေသလော။ သို့အတွက်ကြောင့်၊ ဘုရားသခင်ကို သိခြင်းနှင့်ပတ်သက်ပြီး၊ တစ်ယောက်ယောက်သည် အလွန်သတိရှိရမည်။ ဘုရားသခင်ကို သိရာ၌၊ ၎င်းကိုသာ ပြောလော့။ ရိုးရိုးသားသားနှင့် လက်တွေ့ကျကျပြောပြီး သင်၏စကားများကို ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်သည့် မြှောက်ပင့်ပြောဆိုခြင်းများဖြင့် အမွှမ်းတင်ခြင်းများ မပြုလုပ်နှင့်။ ဘုရားသခင်က ယင်းကို မလိုအပ်၊ ထိုသို့သော အရာသည် စာတန်ထံမှလာခြင်းဖြစ်သည်။ စာတန်၏ စိတ်သဘောထားသည် မောက်မာပြီး စာတန်သည် မြှောက်ပင့်ပြောဆိုခံရခြင်းကို နှစ်သက်ပြီး နာပျော်ဖွယ်သော စကားများကို ကြားလိုသည်။ လူတို့သည် သူတို့သင်ယူခဲ့ကြသည့် နာပျော်ဖွယ်စကားလုံးများကို တန်းစီထားပြီး ဤစကားလုံးများကို စာတန်အတွက် အသုံးပြုပါက စာတန်ကျေနပ်အားရပါလိမ့်မည်။ သို့ရာတွင် ဘုရားသခင်က ဤသည်ကို မလိုအပ်ပေ။ ဘုရားသခင်က လွန်ကဲစွာမြှောက်စားခြင်း သို့မဟုတ် မြှောက်ပင့်ခြင်းတို့ကို မလိုအပ်၊ ထို့အတူ လူတို့က အဓိပ္ပာယ်မရှိသည်ကို ပြောဆိုပြီး မျက်စိမှိတ်လျက် သူ့အား ချီးမွမ်းခြင်းကို သူမလိုအပ်ပေ။ လက်တွေ့အရှိတရားနှင့် မအပ်စပ်သည့် ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်းကို ဘုရားသခင်က စက်ဆုပ်ပြီး နားပင်ထောင်မည်မဟုတ်ပေ။ ထို့ကြောင့် လူအချို့တို့သည် ဘုရားသခင်ကို မျက်စိမှိတ်ပြီး ချီးမွမ်းသည့်အခါ၊ သူတို့ပြောသည်နှင့် သူတို့စိတ်နှလုံးထဲ ရှိသည့်အရာက ကိုက်ညီမှုမရှိဘဲ၊ သူတို့သည် ဘုရားသခင်ကို မျက်စိမှိတ်လျက် ကတိကဝတ်ပြုပြီး ဂရုမစိုက်ဘဲ သူ့ထံ ဆုတောင်းသည့်အခါ၊ ဘုရားသခင်က လုံးဝနားမထောင်ပေ။ သင်ပြောသည့်အပေါ် သင်တာဝန်ယူရမည်။ သင်သည် တစ်စုံတစ်ခုကို မသိပါက၊ မသိသည့်အကြောင်း ပြောလော့။ သင်တစ်စုံတစ်ခုကို သိပါက၊ လက်တွေ့ကျသည့် နည်းလမ်းဖြင့် ၎င်းကိုဖော်ပြလော့။ ယခုတွင် ဘုရားသခင်၏ သန့်ရှင်းခြင်း၏ အကြောင်းအရာအမှန်နှင့်ပတ်သက်၍ သင်တို့သည် အသေးစိတ်နားလည်ပြီလော။ (ကျွန်ုပ်သည် ပုန်ကန်မှုကို ထုတ်ဖော်ခဲ့သည့်အခါ၊ ကျွန်ုပ်သည် ပြစ်မှားခြင်းအပြစ်ရှိခဲ့သည့်အခါ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကျွန်ုပ်ရရှိခဲ့ပါသည်၊ ထို့နောက်တွင် ယင်း၌ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ်တွေ့ရှိခဲ့ပါ၏။ ထို့ပြင် ကျွန်ုပ်မျှော်လင့်ထားသည်များနှင့် လိုက်လျောညီထွေမှုမရှိသည့် ပတ်ဝန်းကျင်များကို ကြုံတွေ့ခဲ့ရသည့်အခါ၊ ဤအရာများအတွက် ကျွန်ုပ်ဆုတောင်းခဲ့ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခဲ့ကာ၊ ဘုရားသခင်သည် ကျွန်ုပ်ကို သူ၏နှုတ်ကပတ်တော်များဖြင့် အသိဉာဏ်ပွင့်လင်းစေပြီး ဦးဆောင်လမ်းပြခဲ့ခြင်းကြောင့် ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ်မြင်တွေ့ခဲ့ရပါသည်။) ဤသည်မှာ သင်၏ကိုယ်ပိုင် အတွေ့အကြုံမှဖြစ်သည်၊ မှန်၏လော။ (လူသားသည် စာတန်၏ ဤကဲ့သို့ အကျင့်ပျက်စေပြီး အန္တရာယ်ပြုခြင်းကို ခံခဲ့ရသည်ဟု ဘုရားသခင်က ပြောခဲ့သည်ကို ကျွန်ုပ်တွေ့ရှိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်ရန် အရာခပ်သိမ်းကို ပေးခဲ့ပြီးနောက် ၎င်းမှ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ်မြင်ပါသည်။) ဤကား လက်တွေ့ကျသည့် နည်းဟန်ဖြင့် ပြောဆိုခြင်းဖြစ်ပြီး ၎င်းသည် မှန်ကန်သည့် အသိပညာဖြစ်သည်။ ဤအရာပေါ် မတူညီသော နားလည်မှုမျိုး ရှိသေးသလော။ (ကျွန်ုပ်၏နားလည်မှုက မှန်သလော သို့မဟုတ် မှားသလောဆိုသည်ကို ကျွန်ုပ်မသိပါ။ ဧဝကို အပြစ်ပြုမိစေရန် သွေးဆောင်ဖြားယောင်းခြင်းနှင့် သခင်ယေရှုကို ဖြားယောင်းသွေးဆောင်သည့် စာတန်၏ စကားများထဲမှ သူ၏ဆိုးယုတ်မှုကို ကျွန်ုပ်မြင်ရပါ၏။ ဘုရားသခင်က အာဒံနှင့်ဧဝအား မည်သည်ကို စားနိုင်၍ မည်သည်ကို မစားရကြောင်း ပြောသည့် နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တိုက်ရိုက်ဖြစ်ပြီး စင်ကြယ်သည့်အပြင်၊ ၎င်းတို့သည် ယုံကြည်စိတ်ချရသည်ဟု ကျွန်ုပ်မြင်ပါသည်၊ ဤသည်မှ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ်မြင်ပါသည်။) ဤလူများပြောသည့်အထဲမှ သင်တို့ဘာကို ကြားခဲ့သနည်း၊ မည်သူ၏ စကားကို သင်တို့ အာမင်အများဆုံး ပြောသနည်း။ မည်သူ၏စကား၊ မည်သူ၏မိတ်သဟာယပြုခြင်းက ယနေ့ မိတ်သဟာယပြုခြင်း အကြောင်းအရာနှင့် အနီးစပ်ဆုံးဖြစ်သနည်း၊ မည်သူက လက်တွေ့အကျဆုံးဖြစ်ခဲ့သနည်း။ နောက်ဆုံးညီမ၏ မိတ်သဟာယပြုခြင်းက မည်သို့ရှိသနည်း။ (ကောင်းပါသည်။) သူပြောခဲ့သည်ကို သင်အာမင် ဆိုခဲ့သည်၊ မချွတ်မလွဲမှန်ကန်သည့် မည်သည့်အရာကို သူပြောခဲ့သနည်း။ သင်သည် တဲ့တိုးပြောနိုင်သည်၊ သင်ပြောရမည်ကို ပြောပြီး၊ မှားသွားမည်ကို မစိုးရိမ်နှင့်။ (ခုလေးတင် ညီမပြောသွားသည့် စကားများထဲတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တိုက်ရိုက်ဖြစ်ပြီး အင်မတန်ရှင်းလင်းသည်ဟု ကျွန်ုပ်ကြားခဲ့သည်၊ စာတန်၏ ကွေ့လည်ကြောင်ပတ် စကားများနှင့် လုံးဝမတူကြောင်း ကြားခဲ့သည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ဤထဲတွင် ကျွန်ုပ်တွေ့ခဲ့ပါသည်။) ဤသည်မှာ ၎င်း၏တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ခုလေးတင် ပြောသွားသည့်အရာကို သင်တို့အားလုံး ကြားကြသလော။ (ကြားပါသည်။) ၎င်းသည် မှန်၏လော။ (မှန်ပါသည်။) ညီမကို လက်ခုပ်ကျယ်ကျယ်လေး တီးပေးကြစို့။ အင်မတန် ကောင်းသည်။ မကြာသေးမီက မိတ်သဟာယနှစ်ခုမှ သင်တို့ တစ်စုံတစ်ခုကို ရရှိခဲ့သည်ကို ငါမြင်သည်၊ သို့ရာတွင် သင်တို့သည် ဆက်လက်၍ အင်တိုက်အားတိုက် လုပ်ဆောင်ရမည်။ အင်တိုက်အားတိုက် လုပ်ဆောင်ရမည့် အကြောင်းရင်းမှာ၊ ဘုရားသခင်၏ အနှစ်သာရကို နားလည်ခြင်းမှာ အင်မတန်မှပင် နက်နဲသိမ်မွေ့သည့် သင်ခန်းစာဖြစ်ခြင်းကြောင့် ဖြစ်သည်။ ၎င်းသည် တစ်ယောက်ယောက်က တစ်ညတည်းဖြင့် နားလည်လာနိုင်သောအရာမဟုတ် သို့မဟုတ် စကားလုံး အနည်းငယ်ဖြင့်သာ ရှင်းလင်းစွာ ပြောဆိုနိုင်သည့်အရာ မဟုတ်ချေ။

လူတို့၏ အကျင့်ပျက်နေသည့် စာတန်စိတ်သဘောထား၏ ကဏ္ဍတစ်ခုစီတိုင်းဖြစ်သည့် အသိပညာ၊ ဒဿနအမြင်၊ လူတို့၏ အတွေးအခေါ်များ၊ အမြင်များနှင့် ပုဂ္ဂိုလ်ရေးရာ ရှုထောင့်တို့သည် ဘုရားသခင်၏ အနှစ်သာရကို သိခြင်းအပေါ် ကြီးမားစွာ အနှောင့်အယှက်ပေးသည်။ သို့အတွက်ကြောင့်၊ သင်တို့သည် ဤအကြောင်းအရာများကို ကြားပါက၊ အကြောင်းအရာအချို့က သင်တို့ သိနိုင်သည်ထက် ကျော်လွန်ကောင်း ကျော်လွန်မည်၊ အချို့အကြောင်းအရာများကို သင်တို့ နားမလည်နိုင် ဖြစ်ကောင်းဖြစ်သည့်လင့်ကစား အချို့သော အကြောင်းအရာများက အခြေခံအားဖြင့် တကယ့်လက်တွေ့နှင့် ကိုက်ညီမှုမရှိ ဖြစ်ကောင်းဖြစ်မည်။ မည်သို့ပင်ဆိုစေကာမူ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်း သင်တို့၏ နားလည်မှုကို ငါကြားခဲ့ပြီး၊ သင်တို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်း ငါပြောခဲ့သည့်အရာနှင့် မိတ်သဟာယပြုခဲ့သည့်အရာကို စတင်အသိအမှတ်ပြုနေကြောင်း ငါသိသည်။ သင်တို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို နားလည်လိုသည့်ဆန္ဒ စတင်ပေါက်ဖွားလာနေသည်ကို ငါသိသည်။ သို့သော်လည်း မည်သည်က ငါ့ကိုသာ၍ပင် ပျော်ရွှင်စေသနည်း။ ၎င်းမှာ သင်တို့ထဲမှအချို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းအပေါ် သင်တို့၏အသိပညာကို အရှိုးရှင်းဆုံး စကားများကို အသုံးပြုခြင်းဖြင့် ဖော်ပြနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ဤကား ပြောရန် အရိုးရှင်းဆုံးအရာဖြစ်ပြီး ယခင်က ငါပြောခဲ့ပြီးဖြစ်သော်လည်း၊ သင်တို့အများစု၏ စိတ်နှလုံးများအတွင်းတွင် ယင်းကို လက်ခံရဦးမည်ဖြစ်သည် သို့မဟုတ် ထင်မြင်ချက်တစ်ခု ပေးရဦးမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ သင်တို့ထဲမှ အချို့တို့သည် ဤစကားများကို နှလုံးသွင်းခဲ့ကြပြီး၊ ၎င်းသည် အတော်အတန်ကောင်း၍ အလွန်ကောင်းသည့် အစပျိုးမှုဖြစ်သည်။ လေးနက်သိမ်မွေ့သည်ဟု သင်တို့ထင်သည့် အကြောင်းအရာများအပေါ် သို့မဟုတ် သင်လက်လှမ်းမမီနိုင်သည့် အကြောင်းအရာများအပေါ်တွင်၊ သင်သည်ဆက်လက်၍ တစ်စိမ့်စိမ့် ချင့်ချိန်တွေးဆပြီး၊ သာ၍ သာ၍ မိတ်သဟာယဖွဲ့လိမ့်မည်ဟု ငါမျှော်လင့်သည်။ သင်လက်လှမ်းမမီနိုင်သည့် ကိစ္စများအတွက်မူ သင်တို့ကို ပို၍လမ်းညွှန်ပေးမည့်သူ တစ်စုံတစ်ယောက် ရှိပါလိမ့်မည်။ သင်လက်လှမ်းမီနိုင်သည့် နယ်ပယ်များအတွင်း သင်တို့သည် မိတ်သဟာယပြုခြင်းကို ပိုမိုပါဝင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ သင်တို့သည်လည်း ပိုပြီးနားလည်လာလိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အနှစ်သာရကို သိခြင်းက လူတို့၏ အသက်တာ ဝင်ရောက်ခြင်းကို အတိုင်းမသိ ကူညီမှုကို စီစဉ်ပေးသည်။ သင်တို့သည် ၎င်းကို မသိကျိုးကျွန်ပြုခြင်း သို့မဟုတ် ကစားနည်းတစ်ခုအဖြစ် မြင်ခြင်းများ မရှိရန် ငါမျှော်လင့်သည်၊ ဘုရားသခင်ကို သိကျွမ်းခြင်းသည် လူသားက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် လူသား၏ သမ္မာတရားနှင့် ကယ်တင်ခြင်းကို လိုက်လျှောက်ခြင်းတို့၏ မရှိမဖြစ် အခြေခံနှင့် အုတ်မြစ်ဖြစ်ပြီး၊ ဘေးချိတ်ထား၍ မရသည်အရာဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ အကယ်၍ လူသားသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို မသိသေးပါက၊ ထို့ပြင် လူသားသည် စာလုံးများနှင့် အယူအဆများအကြားတွင် နေထိုင်နေပါက၊ သင်သည် သမ္မာတရား၏ အပေါ်ယံအဓိပ္ပာယ်နှင့်အညီ လုပ်ဆောင်ပြီး နေထိုင်နေသည့်တိုင် ဘယ်သောအခါမျှ ကယ်တင်ခြင်းကို ရရှိလိမ့်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် သင်၏ဘုရားသခင်ကို ယုံကြည်ခြင်းက သူ့ကိုသိကျွမ်းခြင်းအပေါ် အခြေမပြုထားပါက၊ သင်၏ယုံကြည်ခြင်းက ဘာမျှအဓိပ္ပာယ်ရှိမည် မဟုတ်။ သင်နားလည်သည်၊ မှန်၏လော။ (ဟုတ်ကဲ့၊ ကျွန်ုပ်တို့ နားလည်ပါသည်။) ယနေ့အတွက် ငါတို့၏ မိတ်သဟာယပြုခြင်းကို ဤတွင် အဆုံးသတ်မည်။ (ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။)

ယခင်က:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၃

နောက်တစ်ခုသို့:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် VII

သင်နှစ်သက်နိုင်သည့် အရာများ