အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အောင်မြင်သောသူများ၏ သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်သည် ဘဝတွင် ကျွန်မ၏ ခွန်အားဖြစ်သည်

ရှောင်ဟဲ၊ ဟေနန် ပြည်နယ်

မျက်စိတစ်မှိတ်ကဲ့သို့ ခံစားရသည့်အချိန်အတွင်း၊ ကျွန်မ ၁၄ နှစ်ကြာ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်သို့ လိုက်ခဲ့ပြီးဖြစ်သည်။ ဤနှစ်များတစ်လျှောက်တွင်၊ အနိမ့်အမြင့်၊ အတက်အကျတို့ကို ကျွန်မ တွေ့ကြုံခံစားရပြီးဖြစ်ကာ လမ်းက မကြာခဏ ခက်ခဲခဲ့သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျွန်မ ရှိထားသည့်အပြင် ကျွန်မကို အဖော်ပြုဖို့ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတို့ ရှိထားသောကြောင့်၊ ကျွန်မ အထူးသဖြင့် စိတ်ချမ်းသာမှုခံစားခဲ့ရသည်။ ဤ ၁၄ နှစ်တွင်၊ မမေ့နိုင်စရာ အကောင်းဆုံး အတွေ့အကြုံမှာ ၂၀၀၃ ခုနှစ် သြဂုတ်လတွင် ကျွန်မ၏ အဖမ်းခံရခြင်း ဖြစ်သည်။ အချုပ်ထဲတွင် ကျွန်မ ရှိခဲ့စဉ်တွင်၊ တရုတ်ကွန်မြူနစ်ပါတီ ရဲများ၏ လူမဆန်စွာ ညှဉ်းပန်းခြင်းကို ခံခဲ့ရပြီး မသန်မစွမ်းဖြစ်လုနီးပါး ဖြစ်ခဲ့ရသည်။ ကျွန်မကို စောင့်ရှောက်ပြီး ကွယ်ကာခဲ့ကာ၊ ကျွန်မကို လမ်းပြဖို့ သူ၏ နှုတ်ကပတ်တော်များကို အဖန်ဖန် အသုံးပြုခဲ့သူမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး ယင်းက ထိုမကောင်းဆိုးဝါးများ၏ ညှဉ်းပန်းမှုကို အောင်မြင်ကျော်လွှားခွင့် ကျွန်မကို ပေးခဲ့ပြီး၊ ခိုင်ခိုင်မာမာ ရပ်တည်ကာ သက်သေခံခွင့်ပေးခဲ့သည်။ ဤအတွေ့အကြုံအတွင်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သာမန်ထက်လွန်ကဲသော တန်ခိုးနှင့် သူ့အသက်အင်အား၏ ကြီးမားသောခွန်အားကို ကျွန်မ နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရသည်၊ ယင်းအားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်က အားလုံးအပေါ် အချုပ်အခြာအာဏာစွဲကိုင်ပြီး အရာခပ်သိမ်းပေါ် အုပ်စိုးသော စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်သည်ဟု ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့သည်။ ထို့ထက်ပင်ပို၍၊ သူသည် ကျွန်မ၏ တစ်ခုတည်းသော ကယ်တင်ခြင်း၊ ကျွန်မ မှီခိုနိုင်သည့် တစ်ဦးတည်းသောသူဖြစ်ပြီး၊ မည်သည့် ရန်သူအင်အားစုကမျှ ဘုရားသခင်ထံမှ ကျွန်မကို ခေါ်ဆောင်မသွားနိုင်ပါ၊ သို့မဟုတ် သူ၏ ခြေလှမ်းများနောက်လိုက်ခြင်းမှ ကျွန်မကို မတားဆီးနိုင်ပါ။

ကျွန်မနှင့် ကျွန်မ ညီအစ်မနှစ်ဦးတို့ အတူတကွ ဝတ်ပြုစည်းဝေးနေကြချိန်၊ အပြင်ဘက်တွင် ခွေးဟောင်နေသည်ကို ကျွန်မတို့ ရုတ်တရက် ကြားရသည့်အပြင် လူများ၏ အသံက ဝင်းနံရံကိုကျော်ကာ ရောက်လာခဲ့သည့် ထိုညနေကို ကျွန်မ မှတ်မိပါသည်။ နောက်သိပ်မကြာမီတွင်၊ တစ်စုံတစ်ဦးက၊ “တံခါးဖွင့်စမ်း။ မင်းတို့ကို ဝိုင်းထားပြီးပြီ” ဟု အော်ရင်း တံခါးပေါ် အလောတကြီး ထုရိုက်နေသည်ကို ကျွန်မတို့ ကြားလိုက်ရသည်။ ကျွန်မတို့၏ ပစ္စည်များကို အလျင်အမြန် စုပြီး သိမ်းလိုက်သော်လည်း၊ ထိုအခိုက်တွင်ပင်၊ ထုနှက်ချက်တစ်ခုဖြင့် တံခါးက အတွင်းဘက်သို့ ပြိုလဲသွားပြီး လက်နှိပ်ဓာတ်မီးအချို့၏ စူးရှသော အလင်းက ကျွန်မတို့ဆီ တည့်တည့်ထိုးကျလာကာ မျက်စိပြာသွားသောကြောင့် ကျွန်မတို့ မျက်လုံးများကို မှိတ်လိုက်ရသည်။ ချက်ချင်း၊ လူ တစ်ဒါဇင်ကျော်က အခန်းထဲ အပြေးအလွှားဝင်လာကြပြီး၊ “မလှုပ်နဲ့၊ ကောင်းကောင်းနေ” ဟု အော်ရင်း ကျွန်မတို့ကို နံရံဆီ အတင်းတွန်းလိုက်ကြလေသည်။ ထို့နောက်တွင်၊ သူခိုးဓါးပြများကဲ့သို့ ဖြိုဖျက်ရင်း အိမ်ကို သူတို့ ရှာဖွေကြလေသည်။ ထိုအခိုက်အတန့်တွင်ပင်၊ အပြင်ဘက်မှ သေနတ်ပစ်ဖောက်သံနှစ်ချက်ကို ကျွန်မ ကြားလိုက်ရပြီးနောက်၊ အတွင်းဘက်က ရဲများထဲမှ တစ်ဦးက၊ “ငါတို့ သူတို့ကို မိပြီ။ သုံးယောက် မိတယ်” ဟု အော်ဟစ်လေသည်။ ကျွန်မတို့ကို သူတို့ လက်ထိပ်ခတ်လိုက်ပြီးနောက်၊ ရဲကားတစ်စီးထဲသို့ ကြမ်းကြမ်းတမ်းတမ်း ထိုးထည့်လိုက်ကြသည်။ ယခုအချိန်တွင်၊ ကျွန်မ၏ အသိစိတ်များ ပြန်ရလာပြီး ကျွန်မတို့ ရဲများ၏ ဖမ်းဆီးခြင်းခံရသည်ကို ကျွန်မ နားလည်လိုက်သည်။ ယာဉ်ထဲသို့ ကျွန်မတို့ ရောက်သည်နှင့်တစ်ပြိုင်နက်၊ ရဲများထဲမှ လက်ထဲတွင် လျှပ်စစ်တုတ်ရှိသည့် ရဲတစ်ဦးက၊ “ဒီမှာ မင်းတို့အားလုံး နားထောင်။ ဆက်ပြီး ငြိမ်ငြိမ်နေကြ၊ ဘာလို့လဲဆိုတော့ လှုပ်တဲ့လူကို ငါ ဓါတ်လိုက်ခိုင်းမှာ မို့လို့ပဲ၊ ပြီးတော့ ဒါက မင်းတို့ကို သေစေရင်တောင် ငါ ဘာဥပဒေမှ ချိုးဖောက်ရာကျမှာမဟုတ်ဘူး” ဟု အော်လေသည်။ လမ်းတွင်၊ ဤဆိုးယုတ်သော ရဲများထဲမှ နှစ်ဦးက ကျွန်မကို သူတို့ကြား ထိုင်ခုံအလယ်တွင် တိုးဝှေ့ထိုင်ခိုင်းလိုက်ပြီး သူတို့ထဲမှ တစ်ဦးက ကျွန်မ ခြေထောက်များကို သူ၏ ပေါင်များပေါ်တင်ပြီး ကျွန်မကို ဆွဲပြီး ဖက်လေသည်။ ကာမရာဂစိတ်လွန်ကဲစွာဖြင့် သူက၊ မင်းကို ကောင်းကောင်းအသုံးမချရင် ငါ့အခွင့်အရေးကို ဖြုန်းတီးရာရောက်မှာပဲ” ဟု ပြောလေသည်။ ကျွန်မ ခွန်အားရှိသမျှဖြင့် ရုန်းသော်လည်း ကျွန်မကို တင်းတင်းကျပ်ကျပ် ဖက်တွယ်သည်မှာ “ကစားနေတာ ရပ်စမ်းပါ။ ငါတို့ မြန်မြန်လုပ်ပြီး ဒီတာဝန်ကို ပြီးရအောင်၊ ဒါမှ ငါတို့ လက်စသတ်နိုင်မှာ” ဟု အခြားရဲတစ်ဦးက ပြောသည်အထိ ဖြစ်သည်။ ထို့နောက်တွင်မှ သူလွတ်ပေးလိုက်လေသည်။

ကျွန်မတို့ကို ရဲစခန်းဆီ သူတို့ ခေါ်သွားပြီး အခန်းကျဉ်းတစ်ခုထဲတွင် ပိတ်လှောင်ထားလိုက်ကြသည်၊ ထို့နောက်တွင် သူတို့သည် ကျွန်မတို့တစ် ဦးချင်းစီကို သီးခြားစီ သတ္တု ကုလားထိုင်များတွင် လက်ထိပ်ခတ်လိုက်ကြသည်။ ကျွန်မတို့ကို စောင့်ကြပ်ဖို့ တာဝန်ကျသည့် လူက ကျွန်မတို့၏ အမည်များနှင့် မည်သည့်နေရာတွင် ကျွန်မတို့ နေထိုင်သည်တို့ကို ခက်ခက်ထန်ထန် မေးမြန်းခဲ့သည်။ ကျွန်မ စိတ်လှုပ်ရှားခဲ့ပြီး ဘာပြောသင့်သည်ကို မသိခဲ့ပါ၊ ထို့ကြောင့် ဘုရားသခင်ထံ ဉာဏ်ပညာနှင့် ပြောဖို့ မှန်ကန်သော စကားလုံးများအတွက် တောင်းလျှောက်ရင်း တိတ်ဆိတ်စွာ ကျွန်မ ဆုတောင်းခဲ့သည်။ ဤအချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ဉာဏ်အလင်းပေးခဲ့ပါသည်။ “မည်သည့်အရာပင်ပြုနေသည်ဖြစ်စေ ဘုရားသခင့်မိသားစု၏ အကျိုးစီးပွားများကို အရေးအကြီးဆုံးအရာအဖြစ် အစဉ်အမြဲထားခြင်း၊ ဘုရားသခင်၏ စောင့်ကြည့်မှုကို လက်ခံခြင်းနှင့် ဘုရားသခင်၏ အစီအမံများကို ကျိုးနွံနာခံခြင်းတို့ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်ကဲ့သို့ရှိသနည်း”) မှန်ပါသည်။ ဘုရားသခင်၏ မိသားစု အကျိုးများကို ကျွန်မ ဦးစားပေးရမည်ဖြစ်သည်။ ကျွန်မကို သူတို့ မည်သို့ပင် ညှဉ်းဆဲပါစေ၊ ညှဉ်းပန်းပါစေ၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများကို ကျွန်မ သစ္စာမဖောက်နိုင်သလို၊ ကျွန်မ ယုဒတစ်ဦး ဖြစ်လာပြီး ဘုရားသခင်ကို သစ္စာမဖောက်နိုင်ပါ။ ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဘုရားသခင်အတွက် သက်သေခံရပါမည်။ ထို့နောက်တွင်၊ သူ ကျွန်မကို မည်သို့စစ်မေးပါစေ၊ ကျွန်မ သူ့ကို လျစ်လျူရှုလိုက်သည်။ နောက်နေ့မနက်တွင်၊ ကျွန်မတို့ သူတို့က ထိန်းသိမ်းရေးစခန်းသို့ ပို့တော့မည်ဖြစ်သည့်အားလျော်စွာ၊ ကာမရာဂစိတ်ပြင်းသော ရဲအရာရှိက ကျွန်မကို၊ “မင်းကို ဖမ်းဖို့ ငါတို့စနစ်တကျလုပ်ခဲ့ရတယ်။ မင်းကို ရှာတွေ့တဲ့အထိ ငါတို့ ဆက်ရှာနေခဲ့ရတာကွ” ဟု ပြောလေသည်။သူ ကျွန်မကို လက်ထိပ်ဖြုတ်ပေးစဉ်၊ ကျွန်မ၏ ရင်သားများကို လိုက်စမ်းလေသည်၊ ယင်းက ကျွန်မကို ဒေါသထွက်စေခဲ့သည်။ ပြည်သူ့ရဲက နေ့ခင်းကြောင်တောင်တွင် ထိုသို့ ကျွန်မကို ဒုက္ခပေးနှောင့်ယှက်လိမ့်မည်ဟု ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ပါ။ ၎င်းတို့သည် လူဆိုးဂိုဏ်းဝင်များနှင့် ဓါးပြများသာ ဖြစ်ကြသည်။ ယင်းက အလွန်စက်ဆုပ်စရာနှင့် မုန်းတီးစရာ ဖြစ်လေသည်။

ထိန်းသိမ်းရေး စခန်းတွင်၊ ကျွန်မ၏ အိမ်လိပ်စာနှင့် ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းအကြောင်း သတင်းအချက်အလက်ကို သူတို့အား ပြောစေဖို့၊ ရဲများက ပထမဦးဆုံး ရဲကောင်းတစ်ဦးဟန်ဆောင်ခြင်းဖြင့် ကျွန်မကို ဖျောင်းဖျဖို့ရန်နှင့် ကျွန်မကို မျက်နှာချိုသွေးရန် အမျိုးသမီးအရာရှိတစ်ဦးကို စေလွှတ်ခဲ့ကြသည်။ယင်းက အလုပ်မဖြစ်သည်ကို သူတို့ နားလည်သွားကြသည့်အခါ၊ သူတို့ ကျွန်မ၏ဗီဒီယိုတစ်ခုကို အတင်းယူကြပြီးနောက် ဗီဒီယိုကို ရုပ်မြင်သံကြားဌာနသို့ ယူသွားပြီး ယင်းဖြင့် ကျွန်မ၏ နာမည်ဂုဏ်သတင်း ဖျက်ဆီးပစ်မည်ဟု ပြောဆိုခဲ့ကြသည်။ သို့သော် ကျွန်မက သမ္မာတရားကို လိုက်စားပြီး ဘဝတွင် လမ်းမှန်ကို လျှောက်လှမ်းသည့် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး သက်သက်ဖြစ်ပြီး၊ ရှက်ဖွယ်ကောင်းသောအရာ တစ်ခုတစ်လေကိုမျှ ကျွန်မ မလုပ်ခဲ့သလို၊ ဥပဒေနှင့် ဆန့်ကျင်သောအရာ သို့မဟုတ် ပြစ်မှုတစ်ခုတစ်လေကိုမျှ မလုပ်ဆောင်ခဲ့သည်ကို ကျွန်မ သိသောကြောင့်၊ စိတ်အနှောင့်အယှက်ဖြစ်သည့် လေသံဖြင့် ကျွန်မက၊ “ရှင်တို့ လုပ်ချင်တာ လုပ်လိုက်” ဟု ဖြေခဲ့သည်။ သူတို့၏ လှည့်ကွက် အလုပ်မဖြစ်သည်ကို သူတို့ မြင်သည့်အခါ၊ ဤဆိုးယုတ်သော ရဲများက ကျွန်မကို ရက်စက်စွာ ညှဉ်းပန်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်မက ခက်ထန်သော ရာဇဝတ်သားဖြစ်သည့်အလား၊ သူတို့က ကျွန်မကို လက်ထိပ်များနှင့် ၅ ကီလိုလေးသည့် ခြေချင်းများကို တပ်ဆင်လိုက်ကြပြီး စစ်မေးခံဖို့ ခေါ်သွားရန် ယာဉ်တစ်ခုဆီ ကျွန်မကို လိုက်ပို့ခဲ့ကြသည်။ ကျွန်မ ခြေထောက်များရှိ ခြေချင်းများက အလွန်လေးလံကြသောကြောင့်၊ ကျွန်မ လမ်းလျှောက်စဉ် ၎င်းတို့ကို ဒရွတ်တိုက်ဆွဲခဲ့ရသည်။ လမ်းလျှောက်ခြင်းက အလွန်ခက်ခဲခဲ့ပြီး ခြေလှမ်းအနည်းငယ်မျှ လှမ်းလိုက်ပြီးနောက်တွင် ကျွန်မ၏ ခြေထောက်များပေါ်ရှိ အရေပြားက အသားနီလန်အောင် ပွတ်တိုက်ကာ ကွဲပြဲသွားခဲ့သည်။ ယာဉ်ထဲရောက်သည်နှင့်တစ်ပြိုင်နက်၊ သူတို့က ကျွန်မခေါင်းပေါ် အိတ်မဲတစ်လုံး ချက်ချင်းစွပ်လိုက်ပြီး ကျွန်မက အရာရှိနှစ်ဦးကြားတွင် ညှပ်ထိုင်ခဲ့ရသည်။ ကျွန်မ ထိတ်လန့်မှုဖြင့် မိမိဘာသာ တွေးမိခဲ့သည်- “ဒီဆိုးယုတ်တဲ့ ရဲတွေက လူ့သဘာဝအားလုံး ကင်းမဲ့ကြပြီး၊ ငါ့ကို ညှဉ်းပန်းဖို့ ရက်စက်တဲ့ ဘယ်လိုအရာတွေကို သူတို့လုပ်မယ်ဆိုတာ ပြောလို့မရဘူး။ အဲဒါကို ငါ မခံနိုင်ရင် ဘာဖြစ်မလဲ။” ထို့ကြောင့် ဘုရားသခင်ထံ ကျွန်မအလျင်အမြန် ဆုတောင်းခဲ့သည်- “အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်မ တောင့်ခံရမယ့် အခြေအနေတွေကို ရင်ဆိုင်ရာမှာ ကျွန်မရဲ့ ခန္ဓာက အားနည်းပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ကွယ်ကာပြီး ယုံကြည်ခြင်းပေးတော်မူပါ။ ဘယ်လိုညှဉ်းပန်းမှု ကျွန်မအပေါ် ကျရောက်ပါစေ၊ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ကျွန်မဆန္ဒရှိပါတယ်၊ ပြီးတော့ ကိုယ်တော့်ကို သစ္စာဖောက်ဖို့ ကျွန်မ လုံးဝငြင်းပယ်ပါတယ်။” အဆောက်အဦးတစ်ခုထဲသို့ ကျွန်မတို့ ဝင်လိုက်ကြပြီး သူတို့က ကျွန်မ၏ ခေါင်းမှ အိတ်ကို ဖယ်ရှားလိုက်ကြပြီးနောက်၊ တစ်နေ့လုံး မတ်တပ်ရပ်နေရန် ကျွန်မကို အမိန့်ပေးခဲ့သည်။ ထိုညနေတွင် ရဲအရာရှိတစ်ဦးက ကျွန်မရှေ့တွင် သူ၏ ခြေထောက်များကို ချိတ်လျက် ထိုင်ပြီး၊ ကျွန်မကို၊ “ငါ့ရဲ့ မေးခွန်းတွေကို ပူးပေါင်းဆောင်ရွက်ပြီး ဖြေလိုက်၊ ပြီးရင် မင်း အလွတ်ခံရမယ်။ ဘုရားသခင်ကို နှစ်ဘယ်လောက်များများ မင်း ယုံကြည်ပြီးပြီလဲ။ မင်းဆီကို ဘယ်သူက တရားဟောခဲ့တာလဲ။ မင်းရဲ့ အသင်းတော်ခေါင်းဆောင်က ဘယ်သူလဲ” ဟု ကြမ်းကြုတ်သော လေသံဖြင့်ပြောလေသည်။ ကျွန်မ မဖြေသည့်အခါ၊ သူက ဒေါသတကြီးဖြင့်၊ “တခြားနည်းလမ်းကို ငါတို့ရှင်းရှင်း မလုပ်ရင် မင်းက ဖြေမယ့်ပုံမပေါ်ဘူး” ဟု အော်လေသည်။ ကျွန်မ၏ လက်များကို ကျွန်မခေါင်းပေါ် မြောက်ထားရန်နှင့် ကျွန်မ ဆက်ရပ်နေသည်နှင့်အမျှ မလှုပ်ရှားရန် သူက အမိန့်ပေးခဲ့သည်။ သိပ်မကြာမီ၊ ကျွန်မ၏ လက်မောင်းများက စတင်ကိုက်ခဲလာပြီး ၎င်းတို့ကို ကျွန်မ၏ ခေါင်းပေါ် မထိန်းနိုင်တော့သော်လည်း၊ သူက ကျွန်မ၏ လက်မောင်းများကို နှိမ့်ခွင့်မပေးခဲ့ပါ။ ကျွန်မ ခန္ဓာကိုယ်အနှံ့ ချွေးများထွက်ကာ တုန်ယင်နေပြီး နောက်ထပ် မည်သို့မျှ မထိန်းနိုင်တော့သည့်အခါမှသာ ကျွန်မ၏ လက်မောင်းများကို နှိမ့်ဖို့ သူခွင့်ပြုခဲ့သည်၊ သို့သော် ကျွန်မကို ထိုင်ခွင့်ူမပေးသေးပါ။ အာရုဏ်တက်အထိ ကျွန်မကို မတ်တပ်ရပ်ဖို့သတ်မှတ်ထားပြီး၊ ထိုအချိန်တွင် ကျွန်မ၏ ခြေထောက်များနှင့် ခြေဖဝါးများက ထုံကာ ရောင်ကိုင်းခဲ့လေသည်။

ဒုတိယနေ့ နံနက်တွင်၊ ကျွန်မကို သူတို့ တစ်ဖန် စစစ်မေးခဲ့ကြသော်လည်း၊ သူတို့ကို ကျွန်မ တစ်ခုတစ်လေပြောဖို့ ငြင်းဆန်ဆဲဖြစ်သည်။ ကျွန်မ၏ (ခတ်ထားသော) လက်ထိပ်များ၏ တစ်ဖက်ကို ဖယ်ရှားခဲ့ပြီးနောက်၊ သူတို့၏ ခေါင်းဆောင်က ကျွန်မ၏ ဒူးများ၏ အနောက်ဖက်ကို ၁၀ စင်တီမီတာ ထူပြီး၊ ၇၀ စင်တီမီတာ ရှည်သည့် သစ်သားတိုင်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပြီး ကျွန်မကို အတင်းဒူးထောက်ခိုင်းလေသည်။ ထို့နောက် သူက တိုင်ကို ကျွန်မ၏ ဒူးနောက်ဘက်ရှိ ဟနေသည့်နေရာထဲ ထိုးသွင်းလိုက်ပြီးနောက် ကျွန်မ၏ လက်မောင်းများကို တိုင်အောက်ဆွဲချလိုက်ကာ လက်ထိပ်များကို အတင်းပြန်တပ်စေလေသည်။ ချက်ချင်း၊ ကျွန်မ၏ ရင်ဘတ်က ဖိထားသလို ခံစားရပြီး အသက်ရှူဖို့ ခက်ခဲခဲ့သည်။ ကျွန်မ၏ ပုခုံးထဲရှိ အရွတ်များက ပြတ်ထွက်တော့မည်အထိ ဆွဲဆန့်ခံရလေသည်။ ကျွန်မ၏ ခြေသလုံးကြွက်သားများက အလွန်တင်းသည်မှာ ပြတ်ထွက်ဖို့ အဆင်သင့်ဖြစ်သကဲ့သို့ ခံစားရလေသည်။ အလွန်နာကျင်လှသည်မှာ ကျွန်မ တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်လေသည်။ သုံးမိနစ်ခန့်ကြာပြီးနောက်၊ ကျွန်မ၏ အနေအထားကို ပြုပြင်ဖို့ ကျွန်မ ကြိုးစားခဲ့သော်လည်း မိမိကိုယ်ကိုယ် မထောက်ပင့်နိုင်ခဲ့သလို၊ ဗုန်းခနဲ့ မြည်သံနှင့်အတူ အပေါ်ဘက်ကို မျက်နှာမူကာ နောက်ကျောဖြင့် ကျွန်မ နောက်ပြန်လဲကျသွားခဲ့သည်။ အခန်းထဲက ရဲလေးဦးထဲမှ တစ်ဦးက အခြားနှစ်ဦးကို ကျွန်မ၏ တစ်ဖက်တစ်ချပ်တွင် သွားပြီး လက်တစ်ဖက်ဖြင့် သစ်သားတိုင်ကို အောက်သို့ဆွဲချစဉ် အခြားတစ်ဖက်ဖြင့် ကျွန်မ၏ ပုခုံးများကို တွန်းဖို့အမိန့်ပေးခဲ့ပြီး၊ တတိယတစ်ဦးကို ကျွန်မ၏ နောက်ကျောကို ကန်ကျောက်စဉ် ကျွန်မ၏ ခေါင်းကို လက်ဖြင့်ကိုင်ထားရန် ညွှန်ကြားခဲ့ကာ၊ ကျွန်မကို ဆောင့်ကြောင့်ထိုင်သည့် အနေအထားတစ်ခုသို့ ရောက်စေခဲ့သည်။ ထို့နောက် ယင်းအနေအထားဖြင့် ဆက်နေရန် ကျွန်မကို သူတို့ အမိန့်ပေးခဲ့ကြသည်။ သို့သော် ကျွန်မ၏ တစ်ကိုယ်လုံးက မခံမရပ်နိုင်အောင် နာကျင်ခဲ့ပြီး မကြာခင် ကျွန်မ တစ်ဖန်လဲကျသွားခဲ့သည်၊ ယင်းအချိန်တွင် သူတို့က ကျွန်မကို ဆောင့်ကြောင့်ထိုင်သည့် အနေအထားတစ်ခုသို့ ပြန်ထားခဲ့ကြသည်။ ကျွန်မ ဆက်လက် လဲကျခဲ့ပြီး အဖန်ဖန် ဆောင့်ကြောင့်ထိုင်သည့် အနေအထားတစ်ခုသို့ မတ်မတ်ဖြစ်အောင် ပြန်တွန်းခံရကာ၊ ဤညှဉ်ပန်းမှုက တစ်နာရီခန့် ဆက်သွားခဲ့သည်မှာ နောက်ဆုံးတွင် သူတို့အားလုံး အသက်ရှူမမှန်တာ့ဘဲ ချွေးပျံကြသည့်အခါ၊ သူတို့ခေါင်းဆောင်က၊ “တော်ပြီ၊ တော်ပြီ၊ ဒါလုပ်ရတာ ငါ အရမ်းပင်ပန်းနေပြီ” ဟု ပြောသည်အထိ ဖြစ်သည်။ ထို့နောက်တွင်မှ သူတို့က ညှဉ်းပန်းသည့် ကိရိယာကို ဖယ်ရှားကြလေသည်။ ကျွန်မ တစ်ကိုယ်လုံး အားနည်းပြီး ကြမ်းပြင်ပေါ် လဲလျောင်းကာ ဝင်သက်ထွက်သက်ကို ရှူရှိုက်နေရင်း လုံးဝ ပျော့ခွေသွားခဲ့သည်။ ဤအချိန်တွင်၊ ကျွန်မ လက်ကောက်ဝတ်များ၏ အရေပြားများကို လက်ထိပ်များက ပွန့်ပဲ့ထွက်သွားစေခဲ့ပြီး၊ ခြေချင်းများအောက်တွင် ကျွန်မ၏ ခြေချင်းဝတ်များက သွေးများ ဖုံးလွှမ်းသွားခဲ့သည်။ ကျွန်မ အင်မတန် နာကျင်လှသည်မှာ ကျွန်မ တစ်ကိုယ်လုံး ချွေးထွက်ပြီး ကျွန်မ၏ ချွေးများက ဒဏ်ရာများထဲ ယိုစိမ့်သောကြောင့် နာကျင်မှုက ဓါးတစ်ချောင်းဖြင့် အဖြတ်ခံရသကဲ့သို့ ဖြစ်သည်။ ထိုသို့သော ဝေဒနာထဲတွင်၊ ကျွန်မ စိတ်နှလုံးထဲတွင်၊ “အို ဘုရားသခင်။ ကျွန်မကို ကယ်တင်တော်မူပါ၊ ကျွန်မ ဒါကို နောက်ထပ်ကြာကြာ မခံနိုင်တော့ပါဘူး” ဟု ဆက်လက် မငိုကြွေးပဲ မနေနိုင်ခဲ့ပါ။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ညဏ်အလင်းပေးခဲ့သည်- “လူတို့သည် ၎င်းတို့၏ဘဝကို ဆက်ကပ်ပူဇော်ရန် အဆင်သင့်ရှိသည့်အခါ အရာခပ်သိမ်းသည် မပြောပလောက်သော အရာများဖြစ်သွား၍ မည်သူမျှ ၎င်းတို့ထက် တစ်ပန်းသာ၍မရနိုင်ပေ။ မည်သည့်အရာသည် အသက်ထက် သာ၍အရေးကြီးနိုင်သနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၃၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ချက်ချင်း အရာရာ ရှင်းလင်းသွားစေခဲ့သည်။ လူတို့က ၎င်းတို့၏ ခန္ဓာကို တန်ဖိုးထားပြီး သေခြင်းကို သာ၍ပင် သူတို့ ကြောက်ကြသည်ကို စာတန်က သိရှိသည်၊ ထို့ကြောင့် ကျွန်မကို သေခြင်းအား ကြောက်စေဖို့ရန်နှင့် ထိုသို့အားဖြင့် ဘုရားသခင်ကို သစ္စာဖောက်စေဖို့ရန် ကျွန်မ၏ ခန္ဓာကို ရက်ရက်စက်စက် နာကျင်စေဖို့ ၎င်းက မျှော်လင့်နေခဲ့သည်။ ဤသည်မှာ ၎င်း၏ အကြံဖြစ်သည်၊ သို့သော် ဘုရားသခင်ကလည်း ကျွန်မ၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ကျွန်မ၏ သစ္စာရှိခြင်းအား စစ်ဆေးဖို့ရန် စာတန်၏ အကြံကို အသုံးပြုနေခဲ့ပေသည်။ စာတန်၏ မျက်မှောက်တွင် ဘုရားသခင်က ကျွန်မကို သူ့အတွက် သက်သေခံစေချင်ခဲ့ပြီး ထိုသို့အားဖြင့် စာတန်ကို အရှက်ရစေချင်ခဲ့သည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်လိုက်သည်နှင့် တပြိုင်နက်၊ ကျွန်မ၏ ယုံကြည်ခြင်းနှင့် ခွန်အားအပြင် ကျွန်မ၏ အသက်ကို စွန့်သည်အထိပင် ဘုရားသခင်အတွက် အခိုင်အမာရပ်တည်ကာ သက်သေခံဖို့ စိတ်ပိုင်းဖြတ်မှုကို ကျွန်မ တစ်ဖန်ပြန်ရခဲ့သည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ကျွန်မ၏ အသက်အန္တာရာယ်စိုးရိမ်ရသည်အထိ လုပ်ဆောင်ရန် ကျွန်မ ကျမ်းသစ္စာဆိုခဲ့သည် နှင့်တစ်ပြိုင်နက် ကျွန်မ၏ နာကျင်မှု ကြီးမားစွာ လျော့ပါးသွားသည်ကို ခံစားခဲ့ရပြီး၊ ကျွန်မလည်း အလွန်စိတ်သောကမရောက်သလို ဝေဒနာမခံစားခဲ့ရပါ။ ထို့နောက်တွင်၊ ရဲများက ကျွန်မကို မတ်တပ်ရပ်ဖို့ အမိန့်ပေးခဲ့ကြပြီး၊ “မင်းကို ငါ ရပ်ဖို့ ပြောခဲ့တယ်လို့ ထင်တယ်။ မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ကြတာပေါ့” ဟု ဒေါသတကြီးပြောလေသည်။ သို့ဖြင့်၊ သူတို့က ကျွန်မကို ထိုနေရာတွင် မှောင်သည်အထိ အတင်းရပ်စေခဲ့သည်။ ညနေပိုင်းတွင်၊ ရေချိုးခန်းသို့ ကျွန်မ သွားသည့်အချိန်တွင်၊ ကျွန်မ၏ ခြေထောက်များက ခြေချင်းများကြောင့် ရောင်ကိုင်းနေပြီး သွေးခဲများဖြင့် ဖုံးနေခဲ့လေသည်၊ ထို့ကြောင့် ကျွန်မ၏ ခြေထောက်များကို တစ်ကြိမ်တွင် အကွာအဝေးနီးနီးလေးသာ ကျွန်မ ဒရွတ်တိုက်ဆွဲသွားနိုင်ခဲ့သည်။ ရွေ့လျားဖို့ အလွန့်အလွန် ခက်ခဲလေသည်၊ ကျွန်မရွေ့သည့် အကြိမ်တိုင်းတွင် ကျွန်မ၏ ခြေထောက်များမှ စူးရှသော နာကျင်မှုကို ခံစားရပြီး၊ ခြေလှမ်းတိုင်းတွင် သိသာသည့် လတ်ဆတ်သော သွေးစီးကြောင်းတစ်ခု ရှိလေသည်။ အိမ်သာဆီသို့ မီတာ ၃၀ အသွား အပြန် လမ်းလျှောက်ဖို့ ကျွန်မ တစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။ ထိုညတွင်၊ ကျွန်မ၏ ရောင်ကိုင်းသော ခြေထောက်များကို ကျွန်မ၏ လက်များဖြင့် မပွတ်ဘဲ မနေနိုင်ခဲ့သလို၊ ၎င်းတို့ကို ကျွန်မ အနီးသို့ ဆွဲယူသည်ဖြစ်စေ၊ ဆန့်ထုတ်သည်ဖြစ်စေ သက်သောင့်သက်သာ မရှိခဲ့ပါ။ ကျွန်မ အလွန်အမင်း နာကျင်ခဲ့သော်လည်း ကျွန်မကို ဖြေသိမ့်ခဲ့သည့်အရာမှာ ကျွန်မတွင် ဘုရားသခင်၏ ကွယ်ကာမှုရှိခဲ့သောကြောင့် ဘုရားသခင်ကို ကျွန်မ သစ္စာမဖောက်ခဲ့ခြင်း ဖြစ်သည်။

တတိယနေ့ နံနက်တွင်၊ ဆိုးယုတ်သော ရဲများက ကျွန်မကို ညှဉ်းပန်းဖို့ ထိုနည်းလမ်းကို တစ်ဖန်အသုံးပြုခဲ့ကြသည်။ ကျွန်မ လဲကျသည့်အခါတိုင်း၊ ဦးဆောင်သည့် ရဲက မလိုမုန်းထားစွာ ရယ်မောပြီး၊ “အဲဒါ တော်တော်လေး ကျွမ်းထိုးမှောက်ခုံကျတာပဲ။ နောက်ထပ် လုပ်လိုက်ရအောင်” ဟု ပြောလေသည်။ ထို့နောက် သူတို့ ကျွန်မကို ကောက်ချီလိုက်ပြီး ကျွန်မ တစ်ဖန်ပြန်လဲကျကာ သူက၊ “မင်းကို အဲဒီအနေအထား ငါ ကြိုက်တယ်ကွာ၊ ကြည့်ကောင်းတယ်။ ပြန်လုပ်ပါဦး” ဟု ပြောလေသည်။ သူတို့၏ နဖူးများမှ ချွေးများထွက်ပြီး ခြေကုန်လက်ပန်းကျရင်း နောက်ဆုံး သူတို့ ရပ်တန့်လိုက်သည်အထိ သူတို့က ကျွန်မကို ဤသို့ အကြမ်းဖျင်းအားဖြင့် တစ်နာရီကြာ အဖန်ဖန် ညှဉ်းပန်းခဲ့ကြသည်။ ကျွန်မ၏ ခေါင်းက အပေါ်သို့ မျက်နှာမူလျက်ဖြင့် ကောင်းကင်က ချာချာလည်နေသကဲ့သို့ ခံစားရလျက် ကျွန်မ ကြမ်းပြင်ဆီ ပစ်လှဲသွားခဲ့သည်။ ကျွန်မ မရပ်မနား တုန်ခါနေခဲ့သည်၊ ငန်သည့် ချွေးစီးကြောင်းများက ကျွန်မ၏ မျက်လုံးများ ဖွင့်ဖို့ မဖြစ်နိုင်အောင် ဖြစ်စေခဲ့ပြီး၊ ကျွန်မ၏ ဝမ်းက အလွန်ဆိုးရွားစွာ ရိုက်ခတ်လှုပ်ရှားကာ ကျွန်မ အန်ချင်ခဲ့သည်။ ကျွန်မ သေတော့မည့်အလား ခံစားခဲ့ရသည်။ ဤအချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်ထဲတွင် ပေါ်လာခဲ့လေသည်- “‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏’...အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းပြီး ဘုရားသခင်၏ ရန်သူဖြစ်သောကြောင့် ဤနယ်မြေတွင် ဘုရားသခင်အား ယုံကြည်သော သူများတို့သည် အရှက်ကွဲခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ ခံစားကြရသည်။ ထိုအကြောင်းကြောင့် ဤနှုတ်ကပတ်တော်များသည် သင်တို့လူစုအတွင်းတွင် အမှန်တရားတစ်ခု ဖြစ်လာမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော”) ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်နောက်လိုက်ခြင်းက သင့်ကို အရှက်ရခြင်းနှင့် အန္တရာယ် အများအပြား ခံစားရဖို့ သေချာစေသည့်နေရာဖြစ်သော မကောင်းဆိုးဝါးများ အုပ်စိုးရာ တိုင်းနိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင်၊ ဘုရားသခင်က အောင်မြင်သောသူများ အုပ်စုတစ်စုကို ပြုလုပ်ပြီး၊ ထိုသို့အားဖြင့် စာတန်ကို အနိုင်ယူဖို့ရန် ဤနှိပ်စက်ညှဉ်းပန်းခြင်းကို အသုံးပြုဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို နားလည်စေခဲ့သည်။ ပြီးလျှင် ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေကို ကျွန်မတို့ ထင်ရှားစေပြီး သူ့အတွက် သက်သေခံရမည့် အချိန်များ အတိအကျ ဖြစ်ပေသည်။ ဘုရားသခင်၏ ဘုန်းအသရေအတွက် ကျွန်မ၏ ကဏ္ဍကို ကျွန်မ လုပ်ဆောင်နိုင်သည်မှာ ကျွန်မ၏ ဂုဏ်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များအားဖြင့် လမ်းပြခံရလျက်၊ အားကောင်းသော ခွန်အားတစ်ခုကို ကျွန်မ ရှာတွေ့ခဲ့သည်သာမက၊ ကျွန်မ စိတ်နှလုံးထဲတွင်၊ “ဆိုးယုတ်တဲ့ မကောင်းဆိုးဝါး၊ ငါ စိတ်တင်းထားပြီးပြီ၊ ဘယ်လိုဘဲ မင်း ငါ့ကို ညှဉ်းပန်းပါစေ၊ မင်းကို ငါ ကျိုးနွံနာခံမှာ မဟုတ်ဘူး။ ငါသေရင်တောင်၊ ဘုရားသခင်နဲ့အတူ ရပ်တည်ဖို့ ငါ သန္နိဋ္ဌာန်ချတယ်” ဟု စာတန်ကိုလည်း ကြေငြာခဲ့သည်။ အကြီးအကဲ အရာရှိက သူတို့၏ မေးခွန်းများကို ကျွန်မ မဖြေသေးသည်ကို မြင်သည့်အခါ၊ သူက တိုင်ကို ဒေါသတကြီး ဖယ်ရှားလိုက်ပြီးနောက်၊ “်လုပ်၊ မတ်တပ်ရပ်စမ်း။ မင်းရဲ့ ခေါင်းမာမှုက ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ ငါတို့ မြင်ရမှာပါ။ မင်းကို ငါတို့ အကြာကြီး ကစားမယ်။ ငါတို့ မင်းကို တောင့်မခံနိုင်အောင် ဖြစ်စေမယ်ဆိုတာ သေချာတယ်” ဟု ဒေါသဖြင့် ပြောဆိုလေသည်။ ကျွန်မသည် ကျွန်မ၏ ခြေထောက်များကို မချိတင်ကဲ မရုံမှတပါး ရွေးချယ်စရာမရှိခဲ့ပါ၊ သို့သော် ကျွန်မ၏ ခြေထောက်များက အလွန်ရောင်ကိုင်းပြီး နာကျင်သည်မှာ ကျွန်မ တည့်တည့် မရပ်နိုင်ခဲ့သလို၊ နံရံကို ကျွန်မ မှီခဲ့ရသည်။ ထိုနေ့လည်တွင်၊ အကြီးအကဲ အရာရှိက၊ တခြားလူတွေက “ဒန်းစီး” ကြတဲ့အခါ၊ သူတို့အားလုံး ပထမဆုံးအကြိမ်မှာ စကားပြောကြတယ်။ မင်းက နှိပ်စက်တာကို တော်တော်လေး ခံနိုင်တာပဲ။ မင်းရဲ့ ခြေထောက်တွေရဲ့ အခြေအနေကို ကြည့်ပါဦး၊ ပြီးတော့ မင်းက စကားလည်း မပြောချင်သေးဘူး။ မင်းဘယ်ကနေ ခွန်အားရလဲဆိုတာ ငါ မသိဘူးဟေ့...” ဟု ကျွန်မကို ပြောလေသည်။ ထို့နောက်တွင်၊ ကျွန်မကို သူက တစ်ဖန်ကြည့်ကာ၊ “လူတွေအများကြီးကို သူတို့ရဲ့ လျှို့ဝှက်ချက်တွေ ဖွင့်ချဖို့ ငါ လုပ်ပြီးပြီ၊ မင်းက ငါနဲ့ တိုက်ခိုက်ရဲတယ်ပေါ့၊ ဟုတ်လား။ မင်းရဲ့ နှုတ်ကို ငါတို့ မချောင်စေရင်တောင်မှ၊ မင်းကို ၈ နှစ်ကနေ ၁ဝနှစ်အထိ စီရင်လို့ရသေးတယ်ကွ၊ ပြီးတော့ အကျဉ်းသားတွေက မင်းကို နေ့တိုင်းဆဲပြီး ရိုက်အောင် ငါတို့ လုပ်မှာ။ မင်းကို ငါတို့ ပြုပြင်ပေးမယ်” ဟု အော်ဟစ်လေသည်။ ထိုအရာ သူပြောသည်ကို ကျွန်မ ကြားသည့်အခါ၊ ကျွန်မက၊ “ဘုရားသခင်က ငါနဲ့အတူ ရှိတယ်၊ ဒါကြောင့် ရှင်က ကျွန်မကို ၈ နှစ်ကနေ ၁၀ နှစ် စီရင်ချက်ချရင်တောင်၊ ကျွန်မ မကြောက်ဘူး” ဟု တွေးခဲ့သည်။ ကျွန်မ ပြန်မဖြေသည့်အခါ၊ သူ၏ ပေါင်ကို ဒေါသတကြီး ရိုက်ပြီး၊ ခြေကိုဆောင့်ကာ၊ “မင်းကို တောင့်မခံနိုင်အောင် ငါတို့ ကြိုးစားရင်းနဲ့ ရက်တွေအများကြီး ကုန်ပြီးပြီ။ လူတိုင်းက မင်းလိုဆိုရင်၊ ငါ့အလုပ်ကို ငါ ဘယ်လိုလုပ်နိုင်တော့မှာလဲ” ဟု ပြောလေသည်။ စာတန်က ထိရောက်စွာ မစွမ်းဆောင်နိုင်ဘဲ ဘုရားသခင်၏ လက်တော်အားဖြင့် ကောင်းကောင်း အနိုင်ယူခြင်းခံရသောကြောင့်၊ ထိုအရာ သူပြောသည်ကို ကျွန်မ ကြားရသည့်အခါ၊ စိတ်ထဲတွင် ကျွန်မ ပြုံးလိုက်မိသည်။ ထိုအခိုက်အတန့်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ မစဉ်းစားဘဲ မနေနိုင်ခဲ့ပါ- “ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့်သတ္တဝါ၊ သို့မဟုတ် မည်သည့်ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းက သမ္မာတရား ဖြစ်ပြီး၊ ထိုနေ့တွင် ကျွန်မ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရလေသည်။ သုံးရက်ကြာ မည်သည့်အရာကိုမျှ ကျွန်မ မစား၊ မသောက်ရသေးသလို၊ မအိပ်ခဲ့ရသေးပါ၊ ပြီးလျှင် ကျွန်မ အလွန်ဆိုးရွားစွာ ညှဉ်းပန်းခံခဲ့ရပြီး ကျွန်မ အောင့်ထားနေနိုင်ဆဲဖြစ်ကာ ဤသည်မှာ ဘုရားသခင်က ကျွန်မကို ပေးသည့် ခွန်အားကြောင့် လုံးဝဖြစ်ပါသည်။ ဘုရားသခင်က ကျွန်မအပေါ် စောင့်ရှောက်ပေးနေခဲ့ခြင်း၊ ကွယ်ကာပေးနေခဲ့ခြင်း ဖြစ်သည်။ ကျွန်မ၏ ခိုင်မာသော အထောက်အပံ့အနေဖြင့် ဘုရားသခင် မရှိလျှင် ယခင်အချိန်ကြာမြင့်စွာကပင် ကျွန်မ ချည့်နဲ့သွားပြီး ဖြစ်ပေလိမ့်မည်။ ဘုရားသခင်၏အသက်အင်အားမှာ အမှန်တကယ် သာမန်ထက်လွန်ကဲစွာ အားကောင်းပြီး ဘုရားသခင်သည် အမှန်တကယ် အနန္တတန်ခိုးရှိပါသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မျက်မြင်ကိုယ်တွေ့ကြုံရပြီးနောက်၊ စာတန်ရှေ့မှောက်တွင် သက်သေခံဖို့ ကျွန်မ၏ ယုံကြည်ခြင်းက တိုး၍ သန်မာလာခဲ့သည်။

စတုတ္ထနေ့ နံနက်တွင်၊ ဆိုးယုတ်သော ရဲများက ကျွန်မ၏ လက်များကို ရှေ့သို့ အတင်းဆန့်စေကြပြီး ကျွန်မ၏ ပခုံးများနှင့် တစ်တန်းတည်းထားစေကာ တစ်ဝက်ဆောင့်ကြောင့်ထိုင်သည့် ပုံစံဖြင့်ထိန်းထားစေခဲ့သည်။ ယင်းနောက် သစ်သားတုတ်တစ်ခုကို ကျွန်မ၏ လက်ဖမိုးများပေါ်တွင် သူတို့ ထားခဲ့ကြသည်။ မကြာမီ ဤအနေအထားကို ကျွန်မ မထိန်းနိုင်တော့ပါ။ ကျွန်မ၏ လက်များ လှဲသွားပြီး တိုင်က ကြမ်းပြင်ပေါ် ကျသွားခဲ့သည်။ သူတို့က တိုင်ကို ကောက်လိုက်ကြပြီး ယင်းကို အသုံးပြုကာ ကျွန်မ လက်ချောင်းများ၏ အဆစ်များနှင့် ဒူးများကို ရက်ရက်စက်စက် ရိုက်ကြပြီ ရိုက်ချက်တစ်ခုစီက စူးရှသည့် နာကျင်မှုကို ဖြစ်စေသည်။ ထို့နောက် ကျွန်မကို အတင်းအကျပ် ဆက်လက်၍ တစ်ဝက်တစ်ပျက် ဆောင့်ကြောင့်ထိုင်စေခဲ့ကြသည်။ ညှဉ်းပန်းမှုကို ရက်အနည်းငယ် ခံရပြီးသည့်နောက်၊ ကျွန်မ၏ ခြေထောက်များက ရောင်ကိုင်းကာ နာကျင်နှင့်ပြီးဖြစ်သည်၊ ထို့ကြောင့် တစ်ခဏမျှ ဆောင့်ကြောင့်ထိုင်ပြီးသည့်နောက်၊ ကျွန်မ၏ ခြေထောက်များက ကျွန်မ၏ အလေးချိန်ကို မထိန်းနိုင်ခဲ့ဘဲ၊ ကြမ်းပြင်ပေါသို့ ကျွန်မ ပြင်းထန်စွာ ပြိုလဲသွားခဲ့သည်။ သူတို့က ကျွန်မကို တစ်ဖန်ကောက်ချီကြသော်လည်း၊ သူတို့ လွတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်မ ပြိုလဲပြန်လေသည်။ အကြိမ်အချို့ သူတို့ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ ကျွန်မ၏ တင်ပါးများက အလွန်ပွန်းပဲ့နေပြီဖြစ်ပြီး ၎င်းတို့က ကြမ်းပြင်ပေါ် ဤသို့ တိုက်မိဆောင့်မိသည်ကို မခံနိုင်ခဲ့ဘဲ၊ ကျွန်မ အင်မတန် နာကျင်သည်မှာ ကျွန်မ၏ တစ်ကိုယ်လုံး ချွေးများ စတင်ထွက်လာခဲ့သည်။ ဤပုံစံဖြင့် သူတို့က ကျွန်မကို တစ်နာရီခန့် ညှဉ်းဆဲခဲ့ကြသည်။ နောက်ပိုင်းတွင်၊ ကြမ်းပြင်ပေါ် ထိုင်ရန် ကျွန်မကို သူတို့ အမိန့်ပေးခဲ့ကြသည်၊ ထို့နောက် ဆားငန်ရေ တစ်ဖလားကို ယူခဲ့ကြပြီး ကျွန်မကို သောက်ခိုင်းကြလေသည်။ ကျွန်မ ငြင်းခဲ့သောကြောင့်၊ ဤဆိုးယုတ်သော ရဲများထဲမှ တစ်ဦးက ကျွန်မ၏ မျက်နှာ နံဘေးများကို ဖမ်းကိုင်စဉ်၊ အခြားတစ်ဦးက ကျွန်မ၏ နဖူးပေါ် လက်တစ်ဖက်ထားပြီး အခြားတစ်ဖက်ဖြင့် ကျွန်မ ပါးစပ်ကို ကလော်ဖွင့်ကာ ကျွန်မ၏ လည်ချောင်းထဲ လောင်းချလိုက်လေသည်။ ဆားငန်ရေက ခါးပြီး ကျွန်မ၏ လည်ချောင်းကို စူးရှသွားခဲ့သည်၊ ကျွန်မ၏ ဝမ်းက ချက်ချင်း မီးလောင်သကဲ့သို့ ခံစားရပြီး အလွန် မခံမရပ်နိုင်ဖြစ်သည်မှာ ကျွန်မ ငိုကြွေးချင်မိခဲ့သည်။ ကျွန်မ၏ မသက်မသာဖြစ်ခြင်းကို သူတို့ မြင်သည့်အခါ၊ “ဆားငန်ရေကို မင်း သောက်ပြီးတဲ့နောက် ငါတို့ မင်းကို ရိုက်တဲ့အခါ လွယ်လွယ်နဲ့ သွေးထွက်တော့မှာမဟုတ်ဘူး” ဟု ရက်စက်စွာ ပြောကြလေသည်။ ယင်းကို ကျွန်မ ကြားသည့်အချိန်တွင် ကျွန်မ ခံစားရသည့် ဒေါသကို မနည်းချုပ်တည်းထားခဲ့ရသည်။ တရုတ်နိုင်ငံ၏ သမာဓိရှိသည်ဆိုသော ပြည်သူ့ရဲများက အလွန် အန္တရာယ်ပြုမည့် လက္ခဏာရှိပြီး မလိုမုန်းထားနိုင်လိမ့်မည်ဟု ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ပါ။ ဤရက်စက်သော မကောင်းဆိုးဝါးများက ကျွန်မကို ကစားပြီး ဒုက္ခပေးဖို့ ရည်ရွယ်ရုံသာမက၊ ကျွန်မကို အရှက်ရစေဖို့ ကြိုးပမ်းခဲ့ကြလေသည်။ ထိုညတွင်၊ ဤဆိုးယုတ်သော ရဲများထဲမှ တစ်ဦးက ကျွန်မဆီလာပြီး၊ ဆောင့်ကြောင့်ထိုင်ချကာ၊ ညစ်ညမ်းသော စကားများကို ကျွန်မအား ပြောလျက် သူ၏ လက်ဖြင့် ကျွန်မ၏ မျက်နှာကို ထိလေသည်။ ကျွန်မ အလွန်ဒေါသထွက်သည်မှာ သူ၏ မျက်နှာကို တိုက်ရိုက် တံတွေးထွေးလိုက်သည်။ သူ ဒေါသထွက်လာခဲ့ပြီး ကျွန်မမူးဝေသွားပြီး နားများအူသွားအောင် ကျွန်မကို ပြင်းပြင်းထန်ထန် ပါးရိုက်ခဲ့သည်။ ထို့နောက် သူက ခြိမ်းခြောက်သည့်လေသံဖြင့်၊ “ငါတို့ရဲ့ ကျန်တဲ့ စစ်မေးတဲ့ နည်းစနစ်တွေကို မင်း မကြုံရသေးပါဘူး။ မင်း ဒီမှာ သေရင်၊ ဘယ်သူမှ သိမှာမဟုတ်ဘူး။ ဝန်ခံလိုက်၊ ဒါမှမဟုတ်ရင် မင်းနဲ့ နောက်ထပ် ပျော်စရာတွေအများကြီး ငါတို့ လုပ်လို့ရတယ်” ဟု ဆိုလေသည်။ ထိုညတွင်၊ ကြမ်းပြင်ပေါ် လဲလျောင်းပြီး ကျွန်မ လုံးဝ မလှုပ်နိုင်ခဲ့ပါ။ သန့်စင်ခန်းသို့ ကျွန်မ သွားချင်ခဲ့သည်၊ ထို့ကြောင့် သူတို့က ကျွန်မဘာသာ ထဖို့ ပြောဆိုခဲ့ကြသည်။ ကျွန်မ၏ ခွန်အားရှိသမျှကို အသုံးပြုရင်း၊ကျွန်မ ဖြည်းညင်းစွာ မတ်တပ်ရပ်နိုင်ခဲ့သော်လည်း၊ ခြေတစ်လှမ်းမျှ လှမ်းပြီးနောက် ပြန်ပြိုလဲသွားခဲ့သည်။ ကျွန်မ မလှုပ်ရှားနိုင်သောကြောင့်၊ အမျိုးသမီး အရာရှိတစ်ဦးက ကျွန်မကို သန့်စင်ခန်းထဲသို့ ဒရွတ်တိုက် ဆွဲခေါ်သွားခဲ့ပြီး၊ ထိုနေရာတွင် ကျွန်မ တစ်ဖန် သတိမေ့သွားခဲ့သည်။ ကျွန်မ နိုးသည့်အချိန်တွင်၊ ကျွန်မ၏ ကိုယ်ပိုင်အခန်းထဲ ကျွန်မ ပြန်ရောက်နေခဲ့သည်။ ကျွန်မ၏ ခြေထောက်များက အလွန်ရောင်ကိုင်းသည်မှာ အရေပြားက ပြောင်လက်နေခဲ့သည်၊ လက်ထိပ်များနှင့် ခြေချင်းများက ကျွန်မ၏ လက်ကောက်ဝတ်များနှင့် ခြေချင်းများပေါ်ရှိ အရေပြားထဲ နက်နက်ရှိုင်းရှိုင်း မြုပ်ဝင်နေခဲ့သည်၊ သွေးများနှင့် ပြည်များက ဒဏ်ရာများမှ ယိုစိမ့်ပြီး၊ ကျွန်မ ဖော်ပြနိုင်သည်ထက် ပိုနာကျင်လေသည်။ ကျွန်မ၏ မျက်နှာကို ထိခဲ့သော အရာရှိက ခုလေးတင်ပြောခဲ့သည့် ကျွန်မအပေါ် သူတို့ အသုံးပြုနိုင်သော ကျန်ရှိသည့် ညှဉ်းပန်းသည့် နည်းစနစ်များကို ကျွန်မ တွေးမိခဲ့ပြီး၊ ကျွန်မ အားမနည်းဘဲ မနေနိုင်ခဲ့ပါ၊ ထို့ကြောင့် ဘုရားသခင်ကို ကျွန်မ ဆုတောင်းခဲ့သည်- “ဘုရားသခင်။ ကျွန်မကို ညှဉ်းပန်းဖို့ ဒီနတ်ဆိုးတွေက ကျွန်မကို တခြား ဘာလုပ်ကြလိမ့်မယ်ဆိုတာ ကျွန်မ မသိသလို၊ ကျွန်မ သိပ်ကြာကြာ ဆက်မထိန်းနိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပါ၊ ကျွန်မကို ယုံကြည်ခြင်းပေးပါ၊ ကျွန်မကို ခွန်အားပေးပြီး ကိုယ်တော့်အတွက် သက်သေရပ်ဖို့ အခွင့်ပေးတော်မူပါ။” ကျွန်မ ဆုတောင်းပြီးနောက်တွင်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ လူ့ဇာတိခံလာသည့် နှစ်ကြိမ်တွင် သူ သည်းခံခဲ့ရသော ဆင်းရဲဒုက္ခကို ကျွန်မ အမှတ်ရမိခဲ့သည်။ကျေးဇူးတော်ခေတ်တွင်၊ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့၊ သခင်ယေရှုသည် ကစားခံခဲ့ရသည်၊ ရိုက်နှက်ခံခဲ့ရပြီး စစ်သားများနှင့် လူအုပ်၏ စော်ကားခြင်းကို ခံခဲ့ရသည်၊ ဆူးသရဖူကို ဆင်မြန်းခံခဲ့ရပြီး နောက်ဆုံးတွင် အသက်ရှင်သေးစဉ်တွင် ကားတိုင်၌ သံမှိုရိုက်နှက်ခံခဲ့ရလေသည်။ ယနေ့တွင်၊ ဘုရားသခင်သည် ဘုရားမဲ့နိုင်ငံတစ်ခုတွင် အမှုပြုဖို့ လူ့ဇာတိခံလာခြင်းဖြင့် ပို၍ပင်ကြီးမားသော စွန့်စားမှုတစ်ခု ယူဆောင်ခဲ့ပြီး၊ တိတ်ဆိတ်စွာနှင့် စောဒကတက်ခြင်းမရှိဘဲ၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ဖမ်းဆီးခြင်းကို သူ ကြံ့ကြံ့ခံခဲ့သည့်အပြင်၊ ဘာသာရေးလောက၏ ရိုင်းစိုင်းသော ဆန့်ကျင်မှု၊ ငြင်းပယ်မှုနှင့် ရှုတ်ချခြင်းတို့ကို သည်းခံနေခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ တစ်ဖန်အမှတ်ရခဲ့သည်- “ယခု သင်တို့ရင်ဆိုင်နေရသည့် ဝေဒနာသည် ဘုရားသခင် ခံစားရသည့် ဝေဒနာနှင့် အတူတူပင်ဖြစ်သည် မဟုတ်လော။ သင်တို့သည် ဘုရားသခင်နှင့်အတူ ဝေဒနာကို ခံစားနေပြီး၊ ဘုရားသခင်သည်လည်း လူတို့နှင့်အတူ ဝေဒနာခံစားနေသည်။ ယနေ့ သင်တို့အားလုံးသည် ခရစ်တော်၏ ကြီးစွာသော ဒုက္ခဆင်းရဲ၊ နိုင်ငံတော်နှင့် သည်းခံခြင်းတို့၌ တစ်စိတ်တစ်ပိုင်း ပါဝင်နေကြပြီး၊ အဆုံးတွင် သင်သည် ဘုန်းအသရေကို ရရှိလိမ့်မည်။ ဤကဲ့သို့သော ဝေဒနာခံစားရခြင်းမျိုးက အဓိပ္ပာယ်ပြည့်ဝလှသည်။ သို့ရာတွင် သင့်အနေဖြင့် အသေအချာ စိတ်ပိုင်းဖြတ်ထားရပေမည်။ ယနေ့ ဝေဒနာခံစားနေရခြင်း၏ အရေးပါမှုနှင့် အဘယ်ကြောင့် ထိုကဲ့သို့ ဝေဒနာခံစားနေရသည်ဆိုသည်ကို သင်နားလည်ရမည်။ ဤအရာမှ သမ္မာတရား အနည်းငယ်ကို ရှာဖွေလော့၊ ထို့နောက် ဘုရားသခင်၏ ရည်ရွယ်ချက်ကို အနည်းငယ်နားလည်လော့၊ ထိုသို့ဆိုလျှင် သင်သည် ဝေဒနာကို တောင့်ခံနိုင်သည့် စိတ်ပိုင်းဖြတ်မှုကို ရရှိလိမ့်မည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်သည် သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းအားဖြင့်သာ သင်၏စိတ်နေသဘောထား၌ ပြောင်းလဲမှုများကို ရရှိနိုင်သည်”) မှန်ပါသည်၊ ဘုရားသခင်သည် ကျွန်မ ကြုံနေရသည့် ဆင်းရဲဒုက္ခကို အချိန်ကြာမြင့်စွာကတည်းက သည်းခံခဲ့သည်။ ဘုရားသခင်သည် အပြစ်ကင်းစင်သည်၊ သို့တိုင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့၊ ညှဉ်းပန်းမှုနှင့် အရှက်ကွဲမှုတိုင်းကို ဘုရားသခင် သည်းခံခဲ့သည်၊ စင်စစ်အားဖြင့် ကျွန်မ သည်းခံနေခဲ့ရသည့် ဆင်းရဲဒုက္ခမှာ ကျွန်မကိုယ်တိုင်က စစ်မှန်သောကယ်တင်ခြင်း ရရှိနိုင်ဖို့အလို့ငှာ ဖြစ်ခဲ့ပါသည်။ မေးခွန်းကို သေသေချာချာ စဉ်းစားရင်း၊ ကျွန်မ၏ ဆင်းရဲဒုက္ခက ဘုရားသခင် သည်းခံခဲ့သည့် ဆင်းရဲဒုက္ခနှင့်ယှဉ်ပြောဖို့မတန်လှပါ။ ကျွန်မတို့ကို ကယ်တင်ဖို့ ဘုရားသခင် သည်းခံခဲ့သည့် ညှဉ်းပန်းမှုနှင့် အရှက်ကွဲခြင်းတို့၏ အလွန်ကြီးမားသော ပမာဏကို နောက်ဆုံးတွင် ကျွန်မ နားလည်သွားခဲ့ပြီး၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက အမှန်တကယ် တန်ခိုးရှိပြီး ကိုယ်ကျိုးမငဲ့သည်ကို ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင်၊ ဘုရားသခင်ကို တောင့်တခြင်းနှင့် တမ်းတခြင်းတစ်ခု ခံစားခဲ့ရသည်။ ကျွန်မ၏ ဆင်းရဲဒုက္ခမှတဆင့်၊ ဘုရားသခင်က သူ၏ တန်ခိုးနှင့် သြဇာအာဏာတို့ကို သာ၍ မြင်တွေ့ခွင့်ပေးခဲ့ပြီး သူ၏ နှုတ်ကပတ်တော်များက လူသား၏ အသက်အင်အားဖြစ်ကြောင်းနှင့် မည်သည့် အခက်အခဲကိုမဆို အောင်မြင်ကျော်လွှားဖို့ ကျွန်မကို ဦးဆောင်နိုင်ကြောင်း ကျွန်မကို အသိအမှတ်ပြုခွင့် ပေးခဲ့သည်။ ဤဆင်းရဲဒုက္ခမှတဆင့်၊ ဘုရားသခင်က ကျွန်မ၏ ယုံကြည်ခြင်းကိုလည်း စစ်ဆေးနေခြင်း ဖြစ်သည်၊ ကျွန်မ၏ အလိုဆန္ဒကို ချုပ်တည်းနေခြင်းနှင့် ကျွန်မ ကင်းမဲ့ခဲ့သည့်အရာကို ပြုပြင်ဖို့နှင့် ကျွန်မ၏ ချို့တဲ့မှုများကို စုံလင်ခြင်းဆီသို့ ယူဆောင်ဖို့ ကျွန်မကို အခွင့်ပေးနေခြင်းဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပြီး ထိုနေ့တွင် ကျွန်မ သည်းခံခဲ့ရသည့် ဆင်းရဲဒုက္ခက ဘုရားကျေးဇူးတော်၏ ကြီးမားသော လက်ဆောင်တစ်ခုဖြစ်ပြီး၊ ဘုရားသခင်က ကျွန်မနှင့်အတူရှိသောကြောင့် ကျွန်မ တစ်ကိုယ်တည်းမဟုတ်သည်ကို နားလည်ခဲ့ရသည်။ အသင်းတော် ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ အမှတ်မရဘဲ မနေနိုင်ခဲ့ပါ- “ဘုရားသခင်သည် ကျွန်ုပ်ကို ထောက်မသူ၊ ကြောက်ရွံ့စရာ ဘယ်အရာရှိသနည်း။ အဆုံးထိတိုင် စာတန်နှင့် တိုက်ပွဲ၀င်ရန် ကျွန်ုပ်ဘ၀အား ကျိန်ဆိုသည် ဘုရားသခင်သည် ကျွန်ုပ်တို့အား မြှောက်ပင့်ခဲ့သည် ကျွန်ုပ်တို့ အရာအားလုံးအား နောက်တွင် ချန်ထားရစ်ခဲ့ကာ ခရစ်တော်အတွက် သက်သေခံရန် တိုက်ခိုက်သင့်သည်။ ဘုရားသခင်သည် ကမ္ဘာ မြေပေါ်တွင် သူ၏ အလိုတော်ကို ပြည့်စုံစေလိမ့်မည်။ ကျွန်ုပ်၏ အချစ်၊ သစ္စာ တရားအား ပြင်ဆင်ကာ ထိုအရာအားလုံးကို ဘုရားသခင်အတွက် ပေးအပ်မြုပ်နှံပါမည်။ ဘုရားသခင် ဘုန်းတန်ခိုးနှင့် ဆင်းသက်လာမည့် ပြန်လာချိန်ကို ကျွန်ုပ် ၀မ်းမြောက်စွာ စောင့်ကြိုပါမည်။ ခရစ်တော်၏ နိုင်ငံတော် ထူထောင်ချိန်တွင် သူနှင့် အတူ နောက်တစ်ဖန် တွေ့မြင်ရပါမည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “နိုင်ငံတော်”)

ငါးရက်မြောက်နေ့တွင်၊ ဤဆိုးယုတ်သော ရဲများက ကျွန်မကို တစ်ဝက် ဆောင့်ကြောင့်ထိုင်သည့် အနေအထားကို ပြန်ယူခိုင်းသည်။ ကျွန်မ၏ ခြေထောက်များနှင့် ခြေဖဝါးများမှာ အလွန်ရောင်ကိုင်းနေသည်မှာ ကျွန်မ လုံးဝ ရပ်လို့မရနိုင်ခဲ့ပါ၊ ထို့ကြောင့် ရဲများက ကျွန်မကို ဝန်းရံလိုက်ကြပြီး တစ်ယောက်ထံမှ နောက်တစ်ယောက်ဆီသို့ ကျွန်မကို တွန်းလေသည်။ သူတို့ထဲမှ အချို့ကလည်း ကျွန်မ၏ အခြေအနေကို အခွင့်အရေးယူပြီး ကျွန်မကို မဖွယ်မရာ လိုက်စမ်းကြသည်။ ကျွန်မသည် ထုံထိုင်းစွာ အရုပ်တစ်ရုပ်ကဲ့သို့ သူတို့ကို ကစားခွင့်သာ ပေးနိုင်ခဲ့သည်။ ကျွန်မ၏ ခေါင်းက ချာချာလည်နေပြီး ကျွန်မ၏ အမြင်အာရုံက ဝေဝါးသည်အထိ ကျွန်မ ညှဉ်းဆဲခံရနှင့်ပြီး ဖြစ်သည်။ သို့သော် ကျွန်မ မခံနိုင်တော့သည့်အချိန်တွင်ပင်၊ တံခါးအပြင်ဘက်က ခြေသံများကို ကျွန်မ ရုတ်တရက် ကြားရပြီးနောက်၊ တံခါးဆီ သူတို့ ပြေးသွားကြပြီး၊တံခါးကို ပိတ်ကာ သူတို့၏ ရက်စက်သော ကစားပွဲကို ရပ်တန့်လိုက်ကြလေသည်။ ဤသည်မှာ ဘုရားသခင်က ကျွန်မကို ကရုဏာတော် ပြသနေခြင်းဖြစ်ပြီး၊ ဘုရားသခင်က ကျွန်မ၏ နာကျင်မှုအားလုံးကို သက်သာစေခြင်းဖြစ်သည်ကို ကျွန်မ သိခဲ့သည်။ ထိုညတွင်၊ ဆိုးယုတ်သော ရဲများထဲမှ တစ်ဦးက ကျွန်မဆီလာပြီး သူ၏ ဖိနပ်ကို ချွတ်ကာ၊ “အဲဒီမှာ ထိုင်နေတုန်း မင်းက ဘာအကြောင်း စဉ်းစားနေတာလဲ။ ယောက်ျားတွေအကြောင်းလား။ ကောင်းပြီလေ၊ ဒါဘယ်လိုလဲ။ ငါ့ခြေထောက်ရဲ့ အပုပ်နံ့ကို မင်းဘယ်လိုကြိုက်တာလဲ။ မင်း အတိအကျလိုအပ်နေတာက ငါ့ခြေထောက်ရဲ့ အပုပ်နံ့ထင်တယ်” ဟု ပြောလျက် ကျွန်မ၏ မျက်နှာရှေ့တွင် သူ၏ နံဟောင်နေသော ခြေထောက်ကို ထားလေသည်။ သူ၏ ညစ်ညမ်းသော စကားက ကျွန်မကို ဒေါသနှင့်ပြည့်စေခဲ့သည်။ သူ့ကို ကျွန်မ သဲသဲမဲမဲ စိန်းစိန်းဝါးဝါး ကြည့်ပြီး၊ သူ၏ အရှက်မရှိ၊ စက်ဆုပ်စရာ မျက်နှာကို ကျွန်မ ကြည့်သည်နှင့်အမျှ၊ ကျွန်မ မည်သို့ အဖန်ဖန် ပြောင်း၍ ညှဉ်းဆဲခံရပြီး အရှက်ခွဲခံရသည်ကို ပြန်တွေးမိခဲ့သည်။ လူ့သဘာဝအားလုံး သူတို့ ကင်းမဲ့ကြသည်၊ သားရဲများထက် ပိုဆိုးကြလေသည်၊ သူတို့သည် ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့ကြသည့် မကောင်းဆိုးဝါး တစ်သိုက်သာ ဖြစ်ကြပြီး၊ ဤနတ်ဆိုးများကို ကျွန်မ ရိုးတွင်းခြင်ဆီအထိ မုန်းတီးမိပါသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်တစ်လျှောက် ကျွန်မ၏ ကိုယ်တိုင်ကိုယ်ကျ အတွေ့အကြုံမှတဆင့်၊ အရင်က ဂုဏ်သိက္ခာရှိခြင်း၏ တကယ့်စံပုံစံများအဖြစ် ကျွန်မ မှတ်ယူခဲ့သည့် ပြည်သူ့ ရဲများသည် အရှက်မဲ့သော လူဆိုးများသာဖြစ်သည်ကို ကျွန်မ တွေ့ခဲ့ရပြီး၊ ဤအရာက စာတန်ကို စွန့်လွတ်ကာ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ခိုင်ခိုင်မာမာ ရပ်တည်ပြီး သက်သေခံရန် ကျွန်မကို စိတ်ပိုင်းဖြတ်စေခဲ့သည်။

ခြောက်ရက်မြောက်သောနေ့တွင်၊ ကျွန်မ အမှတ်တမဲ့ စတင် အိပ်မောကျမိခဲ့သည်။ အကြီးအကဲ အရာရှိက၊ “မင်းက နောက်ဆုံးတော့ စပြီး အိပ်မောကျပြီပေါ့။ မင်း အိပ်ချင်လား။ မေ့ထားလိုက်။ ငါတို့မင်းကို ဦးမကျိုးစေမချင်း အိပ်ရေးဲပျက်စေရမယ်။ မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ကြတာပေါ့” ဟု ဝင့်ကြွားစွာ ပြောလေသည်။ သူတို့က ကျွန်မကို အလှည့်ကျ စောင့်ကြည့်ခဲ့ကြပြီး၊ ကျွန်မ၏ မျက်လုံးများကို ပိတ်မိလိုက်သည့်၊ တစ်မှေးအိပ်လိုက်မိသည့် အခိုက်အတန့်တွင် သူတို့၏ ကြာပွတ်များဖြင့် စားပွဲပေါ်ကိုရိုက်ကြသည်၊ သို့မဟုတ် အလွန်ရောင်ကိုင်းကာ အရေပြား ပြောင်လက်နေသည့် ကျွန်မ၏ ခြေထောက်များကို ရိုက်ဖို့ သစ်သားတုတ် ပါးပါးလေးတစ်ခုကို အသုံးပြုကြသည်၊ သို့မဟုတ် ကျွန်မ၏ ဆံပင်များကို ကြမ်းတမ်းစွာ ဆွဲကြသည်၊ သို့မဟုတ် ကျွန်မ၏ ခြေရင်းပေါ် ဆောင့်နင်းကြပြီး၊ အချိန်တိုင်းတွင် ကျွန်မ လန့်နိုးခဲ့ရလေသည်။ တစ်ခါတစ်ရံ ကျွန်မ၏ ခြေချင်းများကို သူတို့က ကန်ကျောက်ခဲ့သည်၊ ခြေချင်းများက ကျွန်မ၏ ပြည်တည်နေသော အနာတို့ကို ထိသောအခါတွင် နာကျင်မှုက ကျွန်မကို နိုးထဖို့ ထိတ်လန့်သွားစေရလောက်အောင် ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ကျွန်မ၏ ခေါင်းက ပေါက်ကွဲထွက်မည့်အလား ခံစားရပြီး အလွန် နာကျင်ခဲ့သည်၊ အခန်းမှာ ချာချာလည်နေသကဲ့သို့ ခံစားရပြီး ကျွန်မသည် ကြမ်းပြင်ပေါ် ဇောက်ထိုးမိုမျှော် ပြိုလဲကာ သတိမေ့သွားခဲ့သည်...။ ကျွန်မသည် သတိလစ်နေပြီး ဝိုးတိုးဝါးတားဖြစ်လျက် ဆရာဝန်က၊ “ခင်ဗျားတို့က သူ့ကို ရက်အတော်ကြာ စားခွင့်၊ အိပ်ခွင့် မပေးကြဘူးပေါ့၊ ဟုတ်လား။ ခင်ဗျားတို့ အရမ်းရက်စက်လွန်းတယ်။ ပြီးတော့ ဒီခြေချင်းတွေက အသားထဲကို နှစ်ဝင်နေပြီ။ ဒါတွေကို သူ ဝတ်လို့မရတော့ဘူး” ဟု ပြောသည်ကို ကျွန်မ ကြားခဲ့ရသည်။ ဆရာဝန် ထွက်သွားပြီးနောက်၊ ရဲများက ကျွန်မကို ၂.၅ ကီလိုလေးသည့် ခြေချင်းများ တပ်ဆင်လိုက်ပြီး ဆေးလိမ်းပေးခဲ့ကြသည်၊ ထို့နောက်တွင်မှ ကျွန်မ သတိပြန်လည်လာခဲ့လေသည်။ ဘုရားသခင်၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းနှင့် ဘုရားသခင်က ဆရာဝန်မှတဆင့် စကားပြောခြင်းဖြင့် ကျွန်မ၏ နာကျင်မှုကို သက်သာစေကာ ကျွန်မ၏ ညှဉ်းဆဲမှုကို လျှော့ပါးစေရင်း၊ တိတ်တဆိတ် ကွယ်ကာပေးနေခြင်းကြောင့်သာ ကျွန်မ အသက်ရှင်ခဲ့သည်ကို သိခဲ့ပါသည်။ ကျွန်မသည် ယခင်ကထက် ဘုရားသခင်၌ ယုံကြည်ခြင်း သာ၍ ရှိခဲ့ပြီး၊ စာတန်ကို အဆုံးထိ တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ချက်ကို ကျွန်မ ရှာတွေ့ခဲ့သည်။ ဘုရားသခင်သည် ကျွန်မ၏ ခိုင်မာသော အထောက်အပံ့နှင့် ခိုလှုံရာဖြစ်သည်။ ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ၊ စာတန်က ကျွန်မကို မည်သို့ ညှဉ်းဆဲပါစေ၊ ကျွန်မ၏ အသက်ကို ယူလို့မရနိုင်သည်ကို ကျွန်မ သိခဲ့သည်။

ခုနှစ်ရက်မြောက်နေ့နံနက်တွင်၊ နောက်ထပ်တောင့်ခံဖို့ ကျွန်မ အလွန်ပင်ပန်းနွမ်းလျခဲ့ပြီး ဆက်၍ အိပ်ပျော်မိခဲ့သည်။ ဆိုးယုတ်သော ရဲများထဲမှ တစ်ဦးက ကျွန်မ၏ အခြေအနေကို မြင်ခဲ့ပြီး ကျွန်မ၏ ခြေချောင်းများပေါ် မကြာခဏ တက်နင်းလေသည်၊ ကျွန်မ၏ လက်ဖမိုးများကို ဆိတ်ပြီး၊ ကျွန်မ၏ မျက်နှာကို ရိုက်ပုတ်လေသည်။ ထိုနေ့လည်တွင်၊ ဆိုးယုတ်သော ရဲများက အသင်းတော်အကြောင်း သတင်းအချက်အလက်အတွက် ကျွန်မကို တစ်ဖန် မေးခဲ့ကြသည်။ ကျွန်မ ဘုရားသခင်ထံ၊ “အို ဘုရားသခင်။ ကျွန်မ အရမ်းကို အိပ်ရေးပျက်ပြီး ကျွန်မ ရှင်းရှင်းလင်းလင်း မတွေးနိုင်ပါဘူး။ အချိန်တိုင်း ကိုယ်တော့်အတွက် သက်သေရပ်တည်နိုင်ဖို့ ကျေးဇူးပြု၍ ကျွန်မကို ကွယ်ကာပြီး ရှင်းလင်းသော စိတ်တစ်ခုကို ပေးတော်မူပါ” ဟု အလျင်အမြန် ဆုတောင်းခဲ့သည်။ ဘုရားသခင်၏ ကွယ်ကာမှုကျေးဇူးကြောင့်၊ ခုနှစ်ရက်နှင့် ခြောက်ည မအိပ်ဘဲနေခဲ့ရသော်လည်း၊ အစားအစာ၊ ရေ၊ အိပ်စက်ခြင်းမရှိဘဲ ကျွန်မ၏ စိတ်က လုံးဝ ရှင်းလင်းလာခဲ့ပြီး သူတို့ ကျွန်မကို မည်သို့ ဖြားယောင်းသွေးဆောင်ပါစေ၊ သူတို့ကို ဘာတစ်ခုမျှ ကျွန်မ မပြောခဲ့သေးပါ။ ထို့နောက်တွင်၊ အကြီးအကဲ ရဲအရာရှိက ကျွန်မ ရေးခဲ့သည့် သာသနာပြု အမှုတော်ဆောင်များ စာရင်းတစ်ခုကို ထုတ်ယူလာခဲ့ပြီးနောက် အခြားနာမည်များကို ထုတ်ပြောဖို့ ကျွန်မကို အတင်းအကျပ်လုပ်ဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် ဤနတ်ဆိုးများ ပေးသည့် ရက်စက်မှုကို တွေ့ကြုံပြီးသည့်နောက်၊ သူတို့၏လက်ထဲသို့ ကျွန်မ၏ ညီအစ်ကို မောင်နှမတစ်ဦးတစ်ယောက်ကိုမျှ ကျရောက်ခွင့်ပေးမည်မဟုတ်ပါ၊ ထို့ကြောင့် ကျွန်မကို ခွန်အားပေးဖို့ ဘုရားသခင်ထံ ကျွန်မ အော်ဟစ်ခဲ့ပြီး ရဲအရာရှိက အာရုံမစိုက်သည့်အချိန်တွင်၊ ကျွန်မ ရုတ်တရက် ရှေ့တိုးပြီး၊ နာမည်စာရင်းကို ဖမ်းဆုပ်ကာ ကျွန်မ၏ ပါးစပ်ထဲ သိပ်ထည့်ပြီး မျိုချလိုက်သည်။ ဆိုးယုတ်သော ရဲများထဲမှ နှစ်ဦးက ရှေ့ကို အပြေးအလွှားလာလျက် ဒေါသတကြီး ကျွန်မကို ဆဲဆိုပြီး ကျွန်မ၏ ပါးစပ်ကို ကလော်ဖွင့်ဖို့ ကြိုးစားခဲ့ကြပြီး မျက်နှာကို ရက်စက်စွာ ရိုက်လေသည်။ ရိုက်ချက်များက ကျွန်မ၏ ပါးစပ်ထောင့်မှ သွေးများ စီးလာစေခဲ့ပြီး ကျွန်မ၏ ခေါင်းကို ချာချာလည်စေကာ မျက်နှာကို ရောင်ကိုင်းစေခဲ့သည်။

အချည်းနှီးစစ်ဆေးမေးမြန်းမှု အချီအနည်းငယ်ပြီးနောက်၊ သူတို့သည် လက်လျော့ရုံမှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပါ၊ ထို့ကြောင့် သူတို့က ကျွန်မကို ထိန်းသိမ်းရေး စခန်းဆီ ပြန်ပို့ခဲ့ကြသည်။ ကျွန်မ မည်မျှ ဆိုးဆိုးရွားရွား ဒဏ်ရာရသည်ကို ထိန်းသိမ်းရေးစခန်းရှိ ရဲများက မြင်ခဲ့ကြပြီး ထိုနေရာတွင် ကျွန်မ သေခဲ့လျှင် တာဝန်ခံရဖို့ စိုးရွံ့ခဲ့ကြသည်၊ ထို့ကြောင့်ကျွန်မကို လက်ခံဖို့ သူတို့ ငြင်းဆန်ခဲ့ကြသည်။ စိတ်ပျက်လက်ပျက်ဖြင့်၊ ဆိုးယုတ်သော စစ်မေးသူများသည် ကျွန်မကို အောက်ဆီဂျင် ပိုက်သွင်းဖို့အတွက် ဆေးရုံသို့ ခေါ်သွားဖို့ ဖြစ်လာကြရလေသည်။ ထို့နောက်တွင်၊ သူတို့က ကျွန်မကို ထိန်းသိမ်းရေး စခန်းဆီ ပြန်ခေါ်သွားကြပြီး ကျွန်မသည် လေးရက်နှင့် လေးည သတိမေ့နေခဲ့သည်။ အခြားသော အကျဉ်းသားများက ကျွန်မကို နိုးခဲ့ကြပြီးနောက်၊ နောက်ထပ် နှစ်ကြိမ် ကျွန်မ တစ်ဖန် သတိမေ့သွားခဲ့သည်။ နောက်ဆုံးတွင်၊ တရုတ်ကွန်မြူနစ်ပါတီက “ရှဲကြောက် အဖွဲ့အစည်းကို ပူးပေါင်းခြင်း” ပြစ်မှုအတွက် အလုပ်ကြမ်းနှင့် ပညာပေးခြင်း ထောင်ဒဏ် တစ်နှစ်နှင့် ကိုးလ ကျွန်မကို စီရင်ချက်ချမှတ်ခဲ့သည်။ သို့သော်၊ ကျွန်မသည် အလွန်ဆိုးရွာစွာ ညှဉ်းပန်းခံခဲ့ရသောကြောင့်၊ ကျွန်မ အကြောသေသွားခဲ့ပြီး လမ်းမလျှောက်နိုင်ခဲ့ပါ၊ ပြီးလျှင် အလုပ်ကြမ်းစခန်းက ကျွန်မကို လက်မခံခဲ့သောကြောင့် ရဲများက ကျွန်မ၏ ဗီဒီယိုကို ရုပ်မြင်သံကြားပေါ်တွင် ထုတ်လွှင့်ပြသခဲ့သည်။ သုံးလကြာပြီးနောက်၊ ကျွန်မ ဖြစ်သည့်အရာကို ကျွန်မ၏ ယောက်ျားက နောက်ဆုံးတွင် သိသွားခဲ့ပြီး ထောင်မှ ကျွန်မကို ခေါ်ထုတ်ဖို့ စောင့်ကြပ်မှုဖြင့် လွှတ်ပေးရန်အတွက် ကတိဝန်ခံချက်တစ်ခုအဖြစ် ယွမ် ၁၂၀၀၀ ကို သုံးခဲ့သည်။ ကျွန်မကို ကားဖြင့်ဝငခေါ်ဖို့ ကျွန်မ ယောက်ျား လာသည့်အချိန်တွင်၊ လမ်းလျှောက်ဖို့ရန်အတွက် ကျွန်မ အလွန်ဆိုးရွာစွာ ထိခိုက်ထားသောကြောင့်၊ ကားဆီသို့ ကျွန်မကို သူ သယ်သွားခဲ့ရသည်။ ကျွန်မ အိမ်ကို ပြန်ရောက်ပြီးသည့်နောက်တွင်၊ ကျွန်မကို စစ်ဆေးသည့် ဆရာဝန်များက ကျွန်မတွင် ကျောရိုး အရိုးနုလွှာနှစ်ခု လွဲနေခဲ့ကြောင်း၊ အနာဂတ်တွင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်လိမ့်မည်မဟုတ်ကြောင်းနှင့် ကျွန်မ တစ်သက်လုံး အကြောသေသွားကြောင်းကို နောက်ဆုံးတွင် သတ်မှတ်ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်မ၏ ကျန်ရှိသည့် ဘဝကို အိပ်ရာပေါ် လဲလျောင်းရင်း ကုန်ဆုံးရမည်ဟုထင်မိခဲ့သော်လည်း၊ ဘုရားသခင်၏ ကရုဏာတော်နှင့် ဆက်လက်ကုသပေးခြင်းတို့ ကျေးဇူးကြောင့်၊ တစ်နှစ်ကြာပြီးနောက်တွင်၊ ကျွန်မ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း သက်သာလာခဲ့သည်။ ဘုရားသခင်၏ အရာခပ်သိမ်းတတ်စွမ်းနိုင်သော တန်ခိုးအပြင် ကျွန်မအတွက် သူ၏ ချစ်ခြင်းမေတ္တာကို ကျွန်မ စစ်မှန်စွာ မျက်မြင်ကြုံတွေ့ခဲ့ရသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့် ကျွန်မ၏ တာဝန်များကို ကျွန်မ ပြန်စနိုင်ခဲ့သည်။

ဤဆင်းရဲဒုက္ခများနှင့် အခက်အခဲများမှတဆင့်၊ နာကျင်မှုကို ကျွန်မ အပြည့်အဝ မြည်းစမ်းခဲ့ရသော်လည်း၊ အသက်၏ ကြွယ်ဝမှုကိုလည်း ကျွန်မ ရရှိခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဘီလူးသရဲစီးသော အနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့သည်သာမက၊ သာ၍အရေးကြီးသည်မှာ၊ ဘုရားသခင်၏ အံ့ဖွယ်ရာ လုပ်ဆောင်ချက်များကို ကျွန်မ မြင်တွေ့ခဲ့သည်၊ ဘုရားနှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ကျွန်မ မြင်တွေ့ခဲ့ပြီး ဘုရားသခင်၏ အသက်စွမ်းအား၏ သာမန်ထက် လွန်ကဲမှုနှင့် ကြီးမားမှုတို့ကို ခံစားခဲ့ရသည်- ကျွန်မ၏ အားအနည်းဆုံးနှင့် အကူအညီအမဲ့ဆုံးအချိန်တွင်၊ ကျွန်မကို ခွန်အားနှင့် သတ္တိပေးခဲ့ပြီး စာတန်၏ အမှောင်အင်အားမှ ထွက်ပြေးလွတ်မြောက်ဖို့ ယုံကြည်ခြင်းကို ပေးခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ကျွန်မ၏ ခန္ဓာက ညှဉ်းပန်းမှုနှင့် ညှဉ်းဆဲမှုကို နောက်ထပ်မခံနိုင်တော့သည့်အချိန်တွင်၊ ဘုရားသခင်က ကျွန်မ၏ ဝန်ထုပ်ကို သက်သာစေဖို့ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများကို စီစဉ်ပေးခဲ့သည်။ မကောင်းဆိုးဝါးများအားဖြင့် သတိလစ်သည်အထိ ကျွန်မ ညှဉ်းဆဲခံရသည့်အချိန်တွင်၊ ဘုရားသခင်၏ အံ့ဖွယ် အမှုတော်က လမ်းတစ်ခု ဖွင့်ပေးခဲ့ပြီး ကျွန်မကို အန္တရာယ်မှ ဘေးကင်းစွာ ကယ်တင်ခဲ့သည်...။ ဤအရာများကို တွေ့ကြုံပြီးသည့်နောက်တွင်၊ ဘုရားသခင်က ကျွန်မကို စောင့်ရှောက်ရင်း၊ ကွယ်ကာရင်းနှင့် ကျွန်မနှင့်အတူ လျှောက်လှမ်းရင်း ကျွန်မ နံဘေးတွင် အမြဲရှိနေခဲ့သည်ကို ကျွန်မ မြင်တွေ့ခဲ့သည်။ ကျွန်မအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အလွန် ကြီးမြတ်ပါသည်။ ဘဝတွင် ဘုရားသခင်သည် ကျွန်မ၏ ခွန်အားဖြစ်ပြီး ခန္ဓာနှင့် ဝိညာဉ်ကို ဘုရားသခင်ထံ မိမိကိုယ်ကိုယ် ဆက်ကပ်အပ်နှံဖို့၊ ဘုရားသခင်ကို သိကျွမ်းရန် ကြိုးစားဖို့နှင့် အဓိပ္ပါယ်ရှိသော ဘဝတစ်ခုကို အသက်ရှင်နေထိုင်ဖို့ ကျွန်မ ဆန္ဒရှိပါသည်။

ယခင်က:ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်း ကို ဖြတ်၍ အသက်ရှင်ခြင်းက ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းကို အားကောင်းစေပြီ

နောက်တစ်ခုသို့:ဘုရားသခင်၏ အသက်စွမ်းအား၏ ထူးကဲသာလွန်မှု နှင့် ကြီးမြတ်ခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ