အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ အရှင်သခင် ဖြစ်၏

လွန်ခဲ့သော ခေတ်ကာလနှစ်ခုအတွင်းတွင် ဣသရေလနိုင်ငံ၌ လုပ်ငန်းအဆင့်တစ်ခု ဖြစ်ခဲ့ပြီး အခြားအဆင့်တစ်ခုသည် ယုဒပြည်၌ ဖြစ်ခဲ့သည်။ ယေဘုယျအားဖြင့် ဤအလုပ်၏ မည်သည့်အဆင့်မျှ ဣသရေလနိုင်ငံကို မချန်ထားခဲ့ပါ။ ဤအရာတို့သည် ရှေးဦးစွာ ရွေးကောက်ခြင်းကို ခံရသောလူများအကြားတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအဆင့်များ ဖြစ်ကြသည်။ ထိုကြောင့် ဣသရေလအမျိုးသားများ၏ အမြင်မှာ ယေဟောဝါဘုရားသခင်သည် ဣသရေလလူမျိုးတို့၏ ဘုရားသာ ဖြစ်သည်။ ယုဒပြည်တွင် ယေရှု၏ လုပ်ဆောင်ချက်ကြောင့်လည်းကောင်း၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းအမှုကို ပြီးမြောက်ခြင်းကြောင့်လည်းကောင်း၊ ယုဒအမျိုးသားများ၏အမြင်မှာ- ယေရှုသည် ယုဒလူမျိုးတို့၏ ကယ်တင်ရှင်တစ်ပါးဖြစ်သည်။ ယေရှုသည် ယုဒအမျိုးသားတို့၏ ရှင်ဘုရင်သာ ဖြစ်သည်၊ အခြား မည်သည့်လူများအတွက်မျှ မဟုတ်ပေ။ ယေရှုသည် ဗြိတိန်လူမျိုးကို ကယ်တင်သော အရှင်သခင် မဟုတ်သလို၊ အမေရိကန်လူမျိုးကို ကယ်တင်သော အရှင်သခင်လည်း မဟုတ်ဘဲ၊ ဣသရေလအမျိုးသားများကို ကယ်တင်သော အရှင်သခင်ဖြစ်ပြီး ဣသရေလနိုင်ငံတွင် သူကယ်တင်သောသူမှာ ယုဒအမျိုးသားများ ဖြစ်သည်။ အမှန်စင်စစ် ဘုရားသခင်သည် အရာခပ်သိမ်း၏ အရှင်သခင် ဖြစ်ပါသည်။ ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ဘုရား ဖြစ်ပါသည်။ ဘုရားသခင်သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ မဟုတ်ပါ။ ထို့အတူ ဘုရားသခင်သည် ယုဒအမျိုးသားများ၏ ဘုရားသာ မဟုတ်ပါ။ ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ဘုရား ဖြစ်ပါသည်။ ဘုရားသခင်၏ ယခင်က လုပ်ငန်းအဆင့်နှစ်ဆင့်သည် ဣသရေလနိုင်ငံ၌ ဖြစ်ပွားခဲ့ပါသည်။ ဤနည်းလမ်းအားဖြင့် အချို့သော အယူအဆများသည် လူများကို ပုံစံသွင်းခဲ့ပါသည်။ လူအများ စဉ်းစားသည်မှာ ယေဟောဝါသည် ဣသရေလနိုင်ငံတွင် အလုပ်လုပ်ခဲ့ပြီး ယေရှုကိုယ်တော်တိုင် သူ၏အလုပ်ကို ယုဒပြည်တွင် လုပ်ဆောင်ခဲ့သည်။ ထို့အပြင် သူသည် လူဇာတိအဖြစ်ကိုခံယူ၍ ယုဒပြည်၌ လုပ်ဆောင်ခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဤအလုပ်သည် ဣသရေလနိုင်ငံကို မကျော်လွန်ခဲ့ပါ။ ယေရှုသည် အဲဂုတ္တုအမျိုးသားများနှင့်လည်း အလုပ်မလုပ်ခဲ့ပါ။ အိန္ဒိယအမျိုးသားများနှင့်လည်း အလုပ်မလုပ်ခဲ့ပါ။ သူသည် ဣသရေလအမျိုးသားများနှင့်သာ အလုပ်လုပ်ခဲ့ပါသည်။ ထိုကြောင့် လူများသည် အမျိုးမျိုးသော အယူအဆများကို ပုံသွင်းကြသည်။ ထို့အပြင် သူတို့သည် ဘုရားသခင်၏ အလုပ်ကို အတိုင်းအတာတစ်ခုဖြင့် ဘောင်ခတ်လိုက်ကြသည်။ သူတို့ကဆိုသည်မှာ ဘုရားသခင် အလုပ်လုပ်သောအခါ ဣသရေလနိုင်ငံနှင့် ရွေးကောက်ခြင်းကိုခံရသော လူများတွင် လုပ်ဆောင်သည်။ ဘုရားသခင်သည် ဣသရေလအမျိုးသားများကို ကယ်တင်သည်၊ ဘုရားသခင်ထံတွင် သူ၏အလုပ်အတွက် အခြားသော လက်ခံရရှိသူ မရှိသည့်အပြင် အလုပ်လုပ်ဆောင်ရန် အခြားနယ်ပယ်ဒေသလည်း မရှိပါ၊ အထူးသဖြင့် သူတို့သည် လူ့ဇာတိအဖြစ်ကို ခံယူထားသည့် ဘုရားသခင်၏ “ဆုံးမပဲ့ပြင်ခြင်း” ကို ဣသရေလနယ်ပယ်မှတစ်ပါး အခြားသို့ ကျော်လွန်ရန် ဘုရားသခင်အား ခွင့်မပြုကြပေ။ ဤအရာအားလုံးသည် လူများ၏ အယူအဆများသာ မဟုတ်ပါလား။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပါသည်။ သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်း ဖန်ဆင်းခဲ့ပါသည်။ ဘုရားသခင်သည် သူ၏အလုပ်ကို ဣသရေလနိုင်ငံ၌သာ မည်သို့ ကန့်သတ်ထားနိုင်မည်နည်း။ ဘုရားသခင်၏ ဖန်ဆင်းခြင်းအရာအားလုံးသည် ဘုရားသခင်အဘို့အလိုငှာ မဟုတ်လျှင် မည်သည့်ရည်ရွယ်ချက် ဖြစ်မည်နည်း။ ဘုရားသခင်သည် ကမ္ဘာလောကကြီး တစ်ခုလုံးကို ဖန်ဆင်းခဲ့ပါသည်။ ဘုရားသခင်သည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်ခဲ့ပါသည်။ ယင်းအစီအစဉ်သည် ဣသရေလနိုင်ငံ၌သာ မဟုတ်ပါ။ စကြဝဠာတစ်ခုလုံးရှိ လူသားတိုင်းအတွက် ဖြစ်ပါသည်။ တရုတ်၊ အမေရိကန်၊ အင်္ဂလန် သို့မဟုတ် ရုရှား မည်သည့်နိုင်ငံမှာပင် နေပါစေ၊ လူသားတိုင်းသည် အာဒံမှ ဆင်းသက်သောအမျိုးအနွယ် ဖြစ်ပါသည်။ ဘုရားသခင်သည် ထိုသူအပေါင်းတို့ကို ဖန်ဆင်းခဲ့ပါသည်။ မည်သူမျှ ဘုရားသခင်၏ ဖန်ဆင်းခြင်းမှ မကင်းလွတ်နိုင်ပါ။ လူတစ်ဦးတစ်ယောက်မျှ “အာဒံ၏အမျိုးအနွယ်” ဟူသည့် အမည်သညာမှ မလွှဲရှောင်နိုင်ပါ။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများဖြစ်ကြပြီး အာဒံ၏ အမျိုးအနွယ်များဖြစ်ကြသည်။ ထို့အတူ ထိုသူအပေါင်းတို့သည် ကျရှုံးသွားခဲ့သော အာဒံနှင့်ဧဝ၏ အမျိုးအနွယ်များ ဖြစ်ကြသည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းတွင် ဣသရေလအမျိုးသာ မဟုတ်ပါ။ လူသားအပေါင်းတို့ ပါဝင်ပါသည်။ သို့သော် ဖန်ဆင်းခြင်းထဲတွင် အချို့သောသူတို့သည် ကျိန်ခြင်းကိုခံရပြီး အချို့သောသူများမှာ ကောင်းကြီးမင်္ဂလာကို ခံစားရကြသည်။ ဣသရေလအမျိုးသားများနှင့် ပတ်သက်၍ မက်မောဖွယ်ကောင်းသော အကြောင်းအရာ မြောက်မြားစွာ ရှိပါသည်။ ရှေးဦးစွာ ဘုရားသခင်သည် ထိုသူတို့နှင့်အတူ အလုပ်လုပ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကျရှုံးမှုအနည်းဆုံးသောလူများ ဖြစ်ခဲ့ကြသည်။ တရုတ်လူမျိုးများအနေဖြင့် သူတို့နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သေးနုပ်နေပြီး ထိုသူတို့နှင့် လိုက်ဖက်ရန် မျှော်လင့်ချက်ပင် မထားနိုင်ပါ။ ထိုကြောင့် ရှေးဦးစွာ ဘုရားသခင်သည် ဣသရေလအမျိုးသားများတွင် အလုပ်လုပ်ခဲ့ပါသည်။ ဒုတိယအဆင့်မှာ ဘုရားသခင်သည် သူ၏အလုပ်ကို ယုဒပြည်တွင် လုပ်ဆောင်ခဲ့ပါသည်။ ဤအကျိုးဆက်ကြောင့် လူများတို့သည် များလှစွာသော အယူအဆများနှင့် များလှစွာသော စည်းမျဉ်းဥပဒေများကို ဖွဲ့စည်းကြသည်။ တကယ်တမ်းတွင် ဘုရားသခင်သည် လူသားများ၏ အယူအဆများနှင့်အညီ လုပ်ဆောင်ခဲ့လျှင် ဘုရားသခင်သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်ခဲ့မည်။ ဤစိတ်နေစိတ်ထားဖြင့် ဘုရားသခင်သည် တစ်ပါးအမျိုးသားများဆီသို့ သူ၏အလုပ်ကို ပြန့်ပွားစေနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ဘုရား ဖြစ်မည့်အစား ဣသရေလအမျိုးသားများ၏ ဘုရားသာ ဖြစ်ပေမည်။ ပရောဖက်များက ယေဟောဝါ၏အမည်နာမသည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ကြီးမြတ်လိမ့်မည်ဟု ဟောပြောခဲ့ကြပါသည်။ ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ပြန့်နှံ့လိမ့်မည်။ အဘယ်ကြောင့် ထိုသူတို့သည် ဤအကြောင်းအရာကို ပြောကြပါသလား။ အကယ်၍ ဘုရားသခင်သည် ဣသရေလအမျိုးသားများ၏ ဘုရားသာ ဖြစ်ခဲ့မည်ဆိုလျှင် ဘုရားသခင်သည် ဣသရေလနိုင်ငံ၌သာ အလုပ်လုပ်ခဲ့မည်။ ထို့အပြင် ဘုရားသခင်သည် ဤအလုပ်ကို ပြန့်ပွားစေမည် မဟုတ်ပါ။ ပရောဖက်များအားဖြင့် ဤသို့ ဟောပြောစေခဲ့မှာလည်း မဟုတ်ပါ။ သို့သော် ဘုရားသခင်သည် ဤအကြောင်းအရာကို ဟောပြောစေခဲ့သည့်အတွက် ဘုရားသခင်သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများအပြင် တိုင်းနိုင်ငံတိုင်းနှင့် နေရာတိုင်းတွင် သူ၏အလုပ်ကို ပြန့်ပွားစေရန်အတွက် လိုအပ်လာပါသည်။ ဘုရားသခင်သည် ဤအရာကို ဖော်ပြခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့မည်ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ အစီအစဉ်ဖြစ်ပါသည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး လူသတ္တဝါအပေါင်းတို့၏ အရှင်သခင်ဖြစ်ပါသည်။ ဘုရားသခင်သည် ဣသရေလနိုင်ငံမှာပင်ဖြစ်စေ၊ ယုဒပြည်မှာပင်ဖြစ်စေ၊ သူ၏အလုပ်ကို စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်အားလုံးတွင် လုပ်ဆောင်ပါသည်။ ယနေ့တွင် တစ်ပါးအမျိုးသားတိုင်းနိုင်ငံတစ်ခုဖြစ်သည့် အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် ဘုရားသခင် လုပ်ဆောင်နေသည့်အလုပ်မှာ လူသားအားလုံးနှင့်ဆိုင်သည့် အလုပ်ပင် ဖြစ်နေပါသေးသည်။ ဣသရေလနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘုရားသခင်၏အလုပ် စတင်ခဲ့သော ဌာနချုပ် ဖြစ်နိုင်သလို တရုတ်ပြည်သည်လည်း တစ်ပါးအမျိုးသားတိုင်းနိုင်ငံများအကြား ဘုရားသခင်၏အလုပ်အတွက် ဌာနချုပ်တစ်ခု ဖြစ်လာနိုင်ပါသည်။ “ယေဟောဝါ၏နာမတော်သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ကြီးမြတ်မည်”ဟု ဟောပြောထားခြင်းကို ယခုမျက်မှောက်တွင် ဘုရားသခင်သည် မပြည့်စုံစေဘူးလား။ တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ဘုရားသခင် ပထမဦးဆုံး စတင်လုပ်ဆောင်သောနေရာမှာ အဆင်းနီသောနဂါးကြီး၏နိုင်ငံ၌ ဖြစ်ပါသည်။ ဘုရားသခင်သည် ဤနယ်မြေတွင် လုပ်ဆောင်ရန်၊ ကျိန်ခြင်းခံရသော ဤလူမျိုးများအကြားတွင် လုပ်ဆောင်ရန်နှင့် အထူးသဖြင့် လူသားများ၏ အယူအဆများနှင့် ဆန့်ကျင်ပြီး လုပ်ဆောင်ရန် လူ့ဇာတိအဖြစ်ကို ခံယူပါသည်။ ဤလူများသည် အနိမ့်ဆုံးနှင့် ထိုက်တန်မှု မရှိသောသူများ ဖြစ်ပါသည်။ ရှေးကနဦးတွင် ဤလူအားလုံးသည် ယေဟောဝါ၏ စွန့်ပစ်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ လူများသည် အခြားသူများ၏ စွန့်ပစ်ခြင်းကို ခံနိုင်သည်။ သို့သော် အကယ်၍ ထိုသူတို့သည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရလျှင် ဤသူများမှာ ဖြစ်တည်မှု မရှိကြသည့်အပြင် ထိုက်တန်မှု အနိမ့်ဆုံးသောသူများ ဖြစ်ပါလိမ့်မည်။ ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ် ရန်သူစာတန်၏ သိမ်းပိုက်ခြင်းကိုခံရခြင်း သို့မဟုတ် အခြားသောသူ၏ ပစ်ပယ်ခြင်းကိုခံရခြင်း နှစ်မျိုးလုံးသည် နာကျင်ဖွယ်သောအရာများ ဖြစ်ပါသည်။ သို့သော် ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ဒေသသည် ဖန်ဆင်းရှင်၏ ပစ်ပယ်ခြင်းကိုခံရလျှင် သူ သို့မဟုတ် သူမ၏ ဖြစ်တည်မှုသည် အကြွင်းမဲ့ နိမ့်ကျမှုတွင် ရှိနေကြောင်းကို ဖော်ပြသည်။ မောဘအမျိုးသားမှ ဆင်းသက်သော အမျိုးအနွယ်များသည် ကျိန်ခြင်းကိုခံရပြီး ထိုသူတို့သည် ဆင်းရဲနုံချာသော တိုင်းပြည်တွင် မွေးဖွားခဲ့ကြသည်။ ယုံမှားစရာ မရှိသည်မှာ မောဘ၏ အမျိုးအနွယ်များသည် အမှောင်လောက၏ အုပ်စိုးခြင်းခံရသော အနိမ့်ကျဆုံးသောလူများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် လွန်လေပြီးသော အချိန်ကာလတွင် ဤအမျိုးအနွယ်များသည် အနိမ့်ကျဆုံးသော ဖြစ်တည်မှုကို ပိုင်ဆိုင်ခဲ့ကြသည်။ ဤအမျိုးအနွယ်များတွင် ပြီးမြောက်ခဲ့သောအလုပ်မှာ လူသား၏အယူအဆများကို အချေဖျက်နိုင်ဆုံး ဖြစ်ခဲ့သည်။ ထို့အတူ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံးတွင် အကျိုးကျေးဇူးအများဆုံးသော အလုပ်လည်း ဖြစ်သည်။ ဘုရားသခင်အဘို့ ဤအမျိုးအနွယ်တွင် လုပ်ဆောင်ခြင်းသည် လူသားများ၏ အယူအဆများကို ချေဖျက်ရန် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာနှင့် ခေတ်တစ်ခုကို ထူထောင်သည်။ ဘုရားသခင်သည် လူသားများ၏ အယူအဆများကို ဤအရာနှင့် ချေဖျက်လေသည်။ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်တစ်ခုလုံး၏ လုပ်ဆောင်ချက်ကို ဤအရာနှင့် အဆုံးသတ်ပါသည်။ ဘုရားသခင်၏ ကနဦးအမှုတော်ကို ယုဒပြည်နှင့် ဣသရေလနိုင်ငံအတွင်းတွင် လုပ်ဆောင်ခဲ့ပါသည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများတွင် ခေတ်သစ်ထူထောင်ခြင်းကို လုံး၀ မလုပ်ဆောင်ခဲ့ပါ။ ဘုရားသခင်၏ အမှုတော် နောက်ဆုံးအဆင့်မှာ တစ်ပါးအမျိုးသားများတွင်သာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ အတိုင်းထက်အလွန်ပင် ထိုအမှုကို ကျိန်ခြင်းခံရသော အမျိုးသားများတွင်လည်း လုပ်ဆောင်ခဲ့ပါသည်။ ဤအချက်တစ်ချက်သည် ခိုင်လုံသော သက်သေတစ်ခုဖြစ်ပြီး စာတန်၏ တတ်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထိုကြောင့် ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးရှိ လူသတ္တဝါအပေါင်းတို့၏ ဘုရားရှင် “ဖြစ်လာ”ပြီး အရာခပ်သိမ်း၏ အရှင်သခင်လည်းဖြစ်သည်။ သက်ရှိများအားလုံးအတွက် ကိုးကွယ်ရာလည်း ဖြစ်ပါသည်။

ဘုရားသခင်သည် မည်သို့သော အမှုတော်သစ်ကို စတင်လုပ်ဆောင်ခဲ့ကြောင်း နားမလည်သေးသောသူအချို့ ယခုမျက်မှောက်တွင် ရှိပါသည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများတွင် အသစ်သော စတင်ခြင်းကို ပြုလုပ်ခဲ့ပါသည်။ အခြားသော ခေတ်ကာလကို စတင်ခဲ့ပြီး အခြားသော လုပ်ဆောင်ချက်ကို စတင်ခဲ့ပါသည်။ ဘုရားသခင်သည် မောဘ၏ အမျိုးအနွယ်များကြားတွင် လုပ်ဆောင်နေပါသည်။ ဤအရာသည် ဘုရားသခင်၏ အသစ်ဆုံးသောအလုပ် မဟုတ်ပါလား။ ကာလတစ်လျှောက်လုံး မည်သူတစ်စုံတစ်ယောက်မျှ ဤအလုပ်ကို မတွေ့ကြုံခဲ့ဖူးပါ၊ မကြားခဲ့ဖူးပါ၊ အနည်းငယ်သာ တန်ဖိုးထားခံရပါသည်။ ဘုရားသခင်၏ဉာဏ်ပညာ၊ ဘုရားသခင်၏အံ့သြဖွယ်ရာ၊ ဘုရားသခင်၏နက်နဲဖွယ်ရာ၊ ဘုရားသခင်၏ကြီးမြတ်မှု၊ ဘုရားသခင်၏သန့်ရှင်းမှုတို့ ထင်ရှားစွာ ပေါ်ထွန်းလာရန်မှာ နောက်ဆုံးသောကာလ အမှုတော်၏ ဤအဆင့်တွင် တည်မှီနေပါသည်။ ဤအမှုတော်သစ်သည် လူသား၏ အယူအဆများကို ချေဖျက်မည် မဟုတ်ပါလား။ ဤအတိုင်း တွေးခေါ်သောသူများ ရှိနေသေးသည်- “ဘုရားသခင်သည် မောဘအမျိုးကို ကျိန်ဆဲခဲ့ပြီး မောဘ၏ အမျိုးအနွယ်များကို စွန့်ပစ်မည်ဟု ပြောခဲ့ပြီ၊ ယခုအချိန်တွင် ဘုရားသခင်သည် ထိုသူတို့ကို ဘယ်လို ကယ်တင်မှာလဲ။” ထိုသူတို့သည် ကျိန်ခြင်းခံရသော တစ်ပါးအမျိုးသားများဖြစ်ပြီး ဣသရေလအမျိုးအနွယ်မှ နှင်ထုတ်ခံရသောအမျိုးလည်း ဖြစ်သည်။ ဣသရေလအမျိုးသားများသည် ထိုသူတို့ကို “အမျိုးမစစ်သောခွေးအမျိုး” ဟု ခေါ်ဆိုခဲ့ကြသည်။ လူတိုင်း၏ အမြင်တွင် ထိုသူတို့သည် အမျိုးမစစ်သောခွေးအမျိုးသာမက ပို၍ဆိုးရွားသည်မှာ ဖျက်ဆီးခြင်း၏သားများဟု ထင်မှတ်ကြသည်။ တနည်းအားဖြင့် ထိုသူတို့သည် ဘုရားသခင်၏ ရွေးကောက်ခြင်းကိုခံရသော အမျိုးအနွယ်များ မဟုတ်ပါ။ စင်စစ် ထိုသူတို့သည် ဣသရေလနိုင်ငံအတွင်း မွေးဖွားခဲ့ကြသော်လည်း ထိုသူတို့သည် ဣသရေလမျိုးနွယ်အဝင် မဖြစ်ကြပါ။ ထို့အတူ ထိုသူတို့သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများသို့ နှင်ထုတ်ခြင်းကို ခံရသည်။ ထိုသူတို့သည် အနိမ့်ကျဆုံးသော အမျိုးအနွယ်များဖြစ်ကြသည်။ လူသားမျိုးနွယ်တွင် ထိုသူတို့သည် အနိမ့်ကျဆုံးသောသူများ ဖြစ်ခြင်းမှာ အသေအချာ ဖြစ်သောကြောင့် ဘုရားသခင်သည် ထိုသူတို့အကြားတွင် ခေတ်သစ်တစ်ခုကို ထူထောင်သည့် အလုပ်ကို လုပ်ဆောင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကျဆုံးသော လူသားမျိုးနွယ်ကို ကိုယ်စားပြုသောသူများ ဖြစ်ပါသည်။ ဘုရားသခင်သည် ရွေးချယ်မှု သို့မဟုတ် ရည်ရွယ်ချက်မရှိဘဲ မလုပ်ဆောင်ပါ။ ယနေ့တွင် ဘုရားသခင်သည် ထိုအမျိုးသားများတွင် လုပ်ဆောင်သောအလုပ်ကို သက်ရှိသောသူအပေါင်းတို့တွင်လည်း လုပ်ဆောင်ပါသည်။ နောဧနှင့် သူ၏အမျိုးအနွယ်တို့သည် ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် အသွေးနှင့်အသားရှိသော မည်သူမဆို ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။ ဘုရားသခင်၏ အမှုတော်သည် ဖန်ဆင်းပြီးနောက် ကျိန်ခြင်းကို ခံရခြင်း၊ မခံရခြင်းတို့နှင့် မသက်ဆိုင်ဘဲ သက်ရှိသတ္တဝါအပေါင်းအတွက် ဦးတည်လုပ်ဆောင်ပါသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်သည် ကျိန်ခြင်းကို မခံရသော ရွေးကောက်ခြင်း ခံရသူများအတွက်မဟုတ်၊ သက်ရှိသတ္တဝါအပေါင်းအတွက် ရည်ရွယ်ပါသည်။ ဘုရားသခင်သည် သူ၏အလုပ်ကို သူဖန်ဆင်းထားသော သက်ရှိလူသားတွင် လုပ်ဆောင်လိုသောကြောင့် ဘုရားသခင်သည် ၎င်းကို အောင်အောင်မြင်မြင်ပြီးမြောက်ရန် သေချာစွာ အမှုပြုပါလိမ့်မည်။ ဘုရားသခင်သည် သူ၏အလုပ်အတွက် အကျိုးပြုသောသူများတွင် အမှုပြုပါလိမ့်မည်။ ထိုကြောင့် ဘုရားသခင်သည် လူအများကြား၌လုပ်ဆောင်ရာတွင် အစဉ်အလာအားလုံးကို ချေဖျက်လိုက်သည်။ ဘုရားသခင်အဘို့ “ကျိန်ခြင်းခံရခြင်း”၊ “ပြစ်တင်ခံရခြင်း”၊ “ကောင်းကြီးခံစားရခြင်း” ဆိုသောစကားလုံးများသည် အဓိပ္ပာယ်မဲ့ပါသည်။ ယုဒအမျိုးသားများသည် အင်မတန်ကောင်းပါသည်။ ရွေးကောက်ခြင်းကိုခံရသော ဣသရေလအမျိုးအနွယ်တို့လည်း သိပ်မဆိုးလှပါ။ ထိုသူတို့သည် စွမ်းရည်ကောင်းများရှိပြီး စာနာတတ်သောလူသားများ ဖြစ်ကြပါသည်။ ယေဟောဝါသည် သူ၏အလုပ်ကို ထိုသူတို့တွင် ပထမဦးဆုံး စတင်ခဲ့ပြီး သူ၏ အစောပိုင်းအလုပ်ကို လုပ်ဆောင်ခဲ့ပါသည်။ သို့သော် ယနေ့တွင် ဘုရားသခင်သည် သူ၏အလုပ်ကို အောင်မြင်ပြီးမြောက်ရန် ထိုသူတို့ကို အပ်နှင်းခံရသူများအဖြစ် အသုံးပြုမည်ဆိုပါက အဓိပ္ပာယ်မရှိပါ။ ထိုသူတို့သည် ဖန်ဆင်းခြင်း၏ တစ်စိတ်တဒေသတစ်ခု ဖြစ်ပြီး ကောင်းမွန်သောအမြင်များ များစွာရှိသော်လည်း၊ ထိုသူတို့ထဲတွင် ဤအလုပ်အဆင့်ကို လုပ်ဆောင်ရန်မှာမူ အဓိပ္ပာယ်မဲ့လိမ့်မည်။ ဘုရားသခင်သည် မည်သူတစ်စုံတစ်ယောက်ကိုမျှ ရိတ်သိမ်းနိုင်မည် မဟုတ်ပါ။ သက်ရှိသောသူအပေါင်းတို့ကိုလည်း ယုံကြည်စေရန် လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ ယင်းသည် အဆင်းနီသောနဂါးကြီး၏ နိုင်ငံသားများထံသို့ မိမိ၏အလုပ်ကို လွှဲပြောင်းရခြင်း ရည်ရွယ်ချက်ပင် ဖြစ်ပါသည်။ ဤနေရာ၌ရှိသော အနက်ရှိုင်းဆုံးသော အဓိပ္ပာယ်မှာ ဘုရားသခင်၏ ခေတ်တစ်ခုကို စတင်ခြင်း၊ စည်းမျဉ်းဘောင်များနှင့် လူသားအားလုံး၏ အယူအဆများကို ချေဖျက်ခြင်းနှင့် ကျေးဇူးတော်ခေတ်တစ်ခုလုံး၏ အလုပ်ကို အဆုံးသတ်ခြင်းတို့တွင် တည်ရှိနေပါသည်။ အကယ်၍ ဘုရားသခင်၏ ယခုမျက်မှောက်အလုပ်ကို ဣသရေလအမျိုးသားထဲတွင် လုပ်ဆောင်ခဲ့လျှင် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးသတ်ချိန်၌ လူတိုင်းက ဘုရားသခင်သည် ဣသရေလအမျိုးသားများ၏ ဘုရားသခင်သာ ဖြစ်သည်၊ ဘုရားသခင်၏ ရွေးကောက်ခြင်းကိုခံရသော အမျိုးသားများမှာလည်း ဣသရေလအမျိုးသားများသာ ဖြစ်သည်၊ ဘုရားသခင်ထံမှလာသော ကောင်းကြီးမင်္ဂလာနှင့် ကတိတော်ကို ဣသရေလအမျိုးသားများသာလျှင် အမွေဆက်ခံရရှိရန် ထိုက်တန်သည်ဟု ယူဆပေလိမ့်မည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံဖြစ်သော အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် လူ့ဇာတိအဖြစ်ကို ခံယူပါသည်။ သူသည် လူသတ္တဝါအပေါင်းတို့၏ ဘုရားသခင်အနေဖြင့် ဘုရားသခင်၏ အလုပ်ကို ပြီးမြောက်စေခဲ့ပါသည်။ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုအလုပ်တစ်ခုလုံးကို ပြီးမြောက်ခဲ့ပါသည်။ ဘုရားသခင်သည် သူ့အလုပ်၏ အရေးကြီးသောအပိုင်းကို အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် အဆုံးသတ်ပါလိမ့်မည်။ ဤလုပ်ငန်းအဆင့်သုံးဆင့်၏ အဓိကအချက်မှာ လူသားကို ကယ်တင်ခြင်းဖြစ်ပြီး- အထူးသဖြင့် သက်ရှိသတ္တဝါအပေါင်းတို့အား ဖန်ဆင်းရှင်ဘုရားကို ဝတ်ပြုကိုးကွယ်စေရန် ဖြစ်ပါသည်။ ထိုကြောင့် ဤလုပ်ငန်းအဆင့်တိုင်းသည် အလွန် အဓိပ္ပာယ်ရှိပါသည်။ ဘုရားသခင်သည် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုး မရှိဘဲလျက် တစ်စုံတစ်ရာကို လုံး၀ လုပ်ဆောင်မည် မဟုတ်ပါ။ အခြားတစ်ဖက်၌ ဤလုပ်ငန်းအဆင့်တွင် ခေတ်တစ်ခု စတင်ခြင်းနှင့် လွန်ခဲ့သောခေတ်နှစ်ခုကို အဆုံးသတ်ခြင်းတို့ ပါဝင်သည်။ အခြားတစ်ဖက်၌လည်း လူသားအားလုံး၏ အယူအဆများ၊ ယုံကြည်မှုနှင့် အသိပညာ နည်းလမ်းဟောင်းများကို ချေဖျက်ခြင်းတို့ ပါဝင်သည်။ လွန်ခဲ့သောခေတ်နှစ်ခု အတွင်းတွင် အလုပ်ကို မတူကွဲပြားသော လူသားများ၏ အယူအဆများနှင့်အညီ လုပ်ဆောင်ခဲ့ပါသည်။ သို့သော် ဤအဆင့်တွင် လူသားများ၏ အယူအဆကို လုံးဝဖယ်ရှားသည်။ ထိုကြောင့် လူသားမျိုးနွယ်ကို အကြွင်းမဲ့အောင်နိုင်မည်။ မောဘအမျိုးမှ ဆင်းသက်သော အမျိုးအနွယ်များကို သိမ်းပိုက်အောင်နိုင်ခြင်းနှင့် မောဘအမျိုးသားများထဲတွင် လုပ်ဆောင်သော အလုပ်ကို အသုံးပြုခြင်းအားဖြင့် ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးရှိ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ပါလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဤလုပ်ငန်းအဆင့်တွင် အနက်ရှိုင်းဆုံးသော အရေးပါမှု ဖြစ်ပြီး ဘုရားသခင်၏ ဤလုပ်ငန်းအဆင့်တွင် တန်ဖိုးအရှိဆုံးလက္ခဏာတစ်ခု ဖြစ်ပါသည်။ အကယ်၍ သင်အနေနှင့် သင်၏ ကိုယ်ပိုင်ဖြစ်တည်မှုသည် နိမ့်ကျသည်၊ သင်သည် မထိုက်တန်သောသူ ဖြစ်သည်ဟု ယခုအချိန်တွင် သိရှိသော်ငြားလည်း သင်သည် ဝမ်းမြောက်ဖွယ်ရာ အကောင်းဆုံးသောအရာကို မြင်တွေ့ခဲ့ရသည်ဟု ခံစားနေပါလိမ့်မည် သင်သည် ကြီးမားသော ကောင်းကြီးမင်္ဂလာကို အမွေခံရပြီးပြီ၊ ကြီးမားသောကတိတော်ကိုလည်း ရရှိပြီးပြီ၊ဘုရားသခင်၏ ဤကြီးမားသောလုပ်ချက်ကို ပြီးမြောက်နိုင်ပြီး ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်ကို သင်မြင်တွေ့နိုင်သည်၊ ဘုရားသခင်၏ အမွေခံ စိတ်နေသဘာဝကို သိနိုင်သည်၊ ထို့အတူ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်နိုင်ပါသည်။ ဘုရားသခင်၏ ကနဦးလုပ်ငန်းအဆင့်နှစ်ခုကို ဣသရေလနိုင်ငံတွင် လုပ်ဆောင်ခဲ့ပါသည်။ အကယ်၍ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ဤလုပ်ငန်းအဆင့်ကို ဣသရေလအမျိုးသားများတွင် ဆက်လက်လုပ်ဆောင်ခဲ့လျှင် သက်ရှိသတ္တဝါအပေါင်းတို့သည် ဣသရေလအမျိုးသားများသာလျှင် ဘုရားသခင် ရွေးကောက်ထားသော အမျိုးများဖြစ်သည်ဟု ယုံကြည်ကြမည်သာမက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးသည်လည်း အလိုရှိသောရလဒ်ကို ရရှိမည်မဟုတ်ပါ။ ဣသရေလနိုင်ငံတွင် ဘုရားသခင်၏ အလုပ်အဆင့်နှစ်ခုကို လုပ်ဆောင်ခဲ့သည့်ကာလအတွင်း မည်သည့်အလုပ်အသစ်ကိုမျှ မလုပ်ဆောင်ခဲ့ပါ။ ထို့အတူ တစ်ပါးအမျိုးသားများတွင် ဘုရားသခင်၏ ခေတ်သစ်အလုပ် မရှိခဲ့ဖူးပါ။ ဤခေတ်သစ်အလုပ်၏အဆင့်ကို ပထမဦးဆုံး တစ်ပါးအမျိုးသားများတွင် လုပ်ဆောင်ပါသည်။ ထို့အပြင် ၎င်းကို မောဘ၏ အမျိုးအနွယ်များထဲတွင် ဦးစွာ လုပ်ဆောင်ပါသည်။ ဤအရာသည် အလုံးစုံသော ခေတ်ကာလတစ်ခုလုံးကို စတင်စေပါသည်။ ဘုရားသခင်သည် လူသားများတွင် ရှိခဲ့သောအယူအဆများကို ချေဖျက်ခဲ့ပြီး ဆက်လက်တည်ရှိနေရန် ၎င်းကို ခွင့်မပြုတော့ပါ။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအလုပ်တွင် ထိုဟောင်းနွမ်းသော၊ ရှေးကျသော လူသားများ၏ အသိပညာနှင့် လူသားများ၏ အယူအဆများကို ဘုရားသခင်က ချေဖျက်ခဲ့သည်။ ဘုရားသခင်သည် လူသားများအား နားလည်စေသည်မှာ ဘုရားသခင်၌ မည်သည့် စည်းမျဉ်းဥပဒေမှ မရှိပါ။ ဘုရားသခင်နှင့်ပတ်သက်၍ ဘာတစ်ခုမှ မဟောင်းနွမ်းပါ။ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်မှာ အကြွင်းမဲ့ ချုပ်ချယ်မှုကင်းသည်၊ လုံးဝအခမဲ့ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းမှာ မှန်ကန်ပါသည်။ ဖန်ဆင်းခြင်းထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် အလုပ်တိုင်းကို သင်အပြည့်အ၀ ဝန်ခံအပ်နှံရမည်။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းသည် အဓိပ္ပာယ်ရှိပြီး ဘုရားသခင်သည် လူသားများ၏ ရွေးချယ်မှုနှင့် အယူအဆများအတိုင်း အလုပ်မလုပ်ပါ။ ဘုရားသခင်သည် သူ၏အလိုတော်၊ ညဏ်ပညာနှင့်အညီ လုပ်ဆောင်ပါသည်။ ဘုရားသခင်သည် မိမိ၏အလုပ်အတွက် အကျိုးကျေးဇူးရှိသော အရာများကို လုပ်ဆောင်ပါသည်။ အကယ်၍ တစ်စုံတစ်ခုသည် ဘုရားသခင်၏ အလုပ်အတွက် အကျိုးကျေးဇူးမရှိပါက ထိုအရာသည် မည်မျှပင် ကောင်းမြတ်စေကာမူ ဘုရားသခင် လုပ်ဆောင်မည် မဟုတ်ပါ။ ဘုရားသခင်သည် မိမိအလုပ်၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်အရ မိမိအလုပ်အတွက် အပ်နှင်းရမည့်သူနှင့် နေရာကို ရွေးချယ်ပြီး လုပ်ဆောင်ပါသည်။ ဘုရားသခင်သည် စည်းမျဉ်းဥပဒေဟောင်းများနှင့် ပုံစံဟောင်းများတို့ကို မစောင့်ထိန်းပါ။ ထိုအစား အလုပ်၏ အရေးပါမှုနှင့်အညီ ဘုရားသခင်သည် မိမိ၏အလုပ်ကို စီစဉ်ပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ထိုအလုပ်၏ စစ်မှန်သော အသီးအပွင့်နှင့် မျှော်လင့်ထားသော ရည်မှန်းချက်ကို ရိတ်သိမ်းလိုပါသည်။ အကယ်၍ ယခုအချိန်တွင် သင်သည် ထိုအရာများကို နားမလည်လျှင် ဤအလုပ်၏ အသီးအပွင့်သည် သင်အပေါ်၌ သက်ရောက်မည် မဟုတ်ပါ။

ယခင်က:လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု

နောက်တစ်ခုသို့:အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

သင်နှစ်သက်နိုင်သည့် အရာများ