၁၂။ ရိုးသားမှုကသာလျှင် လူသားဆန်မှုကို ယူဆောင်ပေးပါတယ်

ကျားကျား တရုတ်နိုင်ငံ

ကျွန်မအမျိုးသားနဲ့ ကျွန်မက ရုံးသုံးပရိဘောဂလုပ်ငန်း လုပ်ကြတာပါ။ စီးပွားရေးကိုလည်း တကယ့်ကိုရိုးရိုးသားသားနဲ့ စလုပ်ခဲ့ပြီးတော့ ဝယ်သူတွေပြောတဲ့အတိုင်း အတိအကျလုပ်ပြီး ဘာကိုမှ အတုအပ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ တစ်နှစ်ကုန်သွားပြီးတော့ ပေးစရာရှိတာတွေ ပေးပြီးတဲ့နောက်မှာ နေဖို့ထိုင်ဖို့ လောက်ငှရုံလောက်ပဲ ရခဲ့ကြတယ်။ ဘေးအခန်းက ပိုင်ရှင်တွေလည်း ကျွန်မတို့နဲ့ လုပ်ငန်းအတူတူပဲဆိုပေမယ့် သူတို့က ကျွန်မတို့ထက် အများကြီး ပိုပြီးရခဲ့ကြတယ်လေ။ ကျွန်မ စိတ်ရှုပ်ထွေးခဲ့တာပေါ့- ဘာလို့ ကျွန်မတို့က အမြဲတမ်း သူတို့လောက် မရှာနိုင်ရတာလဲပေါ့။ သူတို့ ပိုက်ဆံဘယ်လိုရှာလဲဆိုတာ ကြည့်ပြီး သင်ယူချင်လို့ သွားကြည့်ချင်ခဲ့တယ်။ တစ်ရက်ကျတော့ ဝယ်သူတစ်ယောက်က သူတို့ဆိုင်ကို ဝင်သွားပြီးတော့ ဆိုဖာ၊ ဧည့်ကြိုခုံနဲ့ စားပွဲတစ်လုံးမှာပြီးတော့ အားလုံးကို အကောင်းဆုံးလုပ်ပေးပါလို့ မှာသွားခဲ့တယ်လေ။ ပိုင်ရှင်ကလည်း သူတို့ကို အားလုံး အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်လို့ ကတိပေးတာမြင်ခဲ့ရပေမယ့် ဝယ်သူထွက်သွားတာနဲ့ တစ်ပြိုင်နက် သူတို့က သူတို့စက်ရုံက အရည်အသွေးနိမ့်တဲ့ ထုတ်ကုန်တွေယူပြီးအကောင်းစားထုတ်ကုန်တွေနဲ့ လဲပြီးတော့ ဝယ်သူဆီကို ပို့ပေးလိုက်ကြတယ်လေ။ အချိန်လေးမဖြစ်စလောက်အတွင်းမှာ ယွမ် ၁၀,၀၀၀ လောက် ရသွားတာပေါ့။ သူတို့ဒီလိုနည်းလမ်းနဲ့ အလုပ်လုပ်နေတာ မြင်လိုက်ရတော့ ကျွန်မအတွက် တကယ်အံ့ဩစရာဖြစ်ခဲ့တယ်။ “သူတို့က ဒီလိုရှာတာကိုး။ ဒါက ဝယ်သူကို လိမ်တာပဲမဟုတ်ဘူးလား။ ဒါက စီးပွားရေးလုပ်ဖို့ သိပ်ရိုးသားတဲ့နည်းလမ်းတော့ မဟုတ်ဘူး” လို့ တွေးမိတယ်လေ။ ဒါပေမဲ့ နောက်တော့ ကျွန်မက “ငါတို့က လုပ်ငန်းတူပေမယ့် ငါတို့မှာ ခက်ခဲနေတဲ့အချိန် သူတို့က ပိုက်ဆံပိုရပြီးတော့ ပိုပြီးကောင်းကောင်းနေရတာ တော်တော်ကို မမျှတတာပဲ” လို့ တွေးမိလိုက်တယ်။ သူတို့ဆီက နည်းနည်းလောက် သင်ယူလို့ရနိုင်တယ်လို့ ကျွန်မသိခဲ့တယ်။ ဒီတော့ ပိုက်ဆံပိုရှာဖို့အတွက်နဲ့ ကျွန်မက ကျွန်မအသိစိတ်ကို လျစ်လျူရှုထားပြီး ပစ္စည်းတွေကို ဘေးအခန်းကလုပ်သလိုပဲ စပြီးရောင်းခဲ့တယ်။

တစ်ခါက ဝယ်သူတစ်ယောက်က ရုံးသုံးပစ္စည်းတွေ မှာယူစုဆောင်းထားဖို့ ရောက်လာပြီးတော့ အားလုံးကို အကောင်းဆုံးအရည်အသွေးနဲ့ လုပ်ပေးဖို့ လာပြောတယ်လေ။ ကျွန်မသူ့ကို ထပ်ခါတလဲလဲ အာမခံပေးခဲ့တယ်။ သူကျွန်မတို့ဆီကနေ သက်သောင့်သက်သာနဲ့ ဝယ်ချင်လာအောင် အကောင်းဆုံးပဲဖြစ်စေရပြီးတော့ တစ်သက်စာအာမခံတယ် လို့ ပြောခဲ့တာပေါ့။ သူထွက်သွားပြီးတဲ့နောက်မှာတော့ သူရွေးသွားတာတွေကို အကောင်းစားတွေနဲ့ တစ်ထပ်တည်းတူတဲ့ အရည်အသွေးနိမ့်တဲ့ ထုတ်ကုန်တွေနဲ့ လဲပစ်လိုက်တာပေါ့။ ပိုက်ဆံလည်း အများကြီးပိုသက်သာလို့လေ။ ပစ္စည်းပို့ပေးတဲ့အချိန်မှာတော့ ကျွန်မတကယ်ကို စိတ်မသက်သာခဲ့ပါဘူး။ ထင်လိုက်တာက “သူသိသွားပြီးတော့ ပြန်အမ်းငွေတောင်းပြီဆိုရင် ပိုက်ဆံတင် ရှုံးရုံမကဘဲ ကျွန်မမျက်နှာကိုကြည့်ပြီး လူလိမ်လို့ စွပ်စွဲတော့မှာပဲ” ပေါ့ အဲဒီအတွေးကြောင့် ပိုပြီးကြောက်ခဲ့ရတာပေါ့။ နှလုံးခုန်တွေလည်းမြန်လာပြီးတော့ သူ့မျက်လုံးကိုတောင် မကြည့်ရဲခဲ့ဘူး။ သူက ပစ္စည်းကိုစစ်ပြီး ဘာမှသတိမထားမိတဲ့အခါကျမှ ကျွန်မလည်း အံ့ဩပြီးတော့ နောက်ဆုံးမှာ နည်းနည်းစိတ်သက်သာရာ ရသွားတာပေါ့။ ကုန်ကျစရိတ်တွေလည်း ရှင်းပြီးတော့ ကျွန်မ အပိုငွေ သောင်းနဲ့ချီ ရလိုက်တယ်။ ပြီးတော့ ကျွန်မ အပြစ်ရှိသလိုခံစားလာရပြီး ဒါဟာ မရိုးသားမှန်း၊ ကျင့်ဝတ်နဲ့ မညီမှန်းသိခဲ့ပေမယ့်လည်း မြန်မြန်ဆန်ဆန်နဲ့ အဲဒီလောက်ပိုက်ဆံအများကြီးရလိုက်တာကို ကျိတ်ပြီးဝမ်းသာနေတဲ့စိတ်ကို မထိန်းနိုင်ခဲ့ပါဘူး။ သိပ်မကြာပါဘူး၊ ကျွန်မဆက်တိုက် လိမ်ညာနေတော့ ကျွန်မအတွက် ပြဿနာနည်းနည်းရှိလာခဲ့တယ်လေ။ တစ်ခါတလေဆို ကျွန်မပစ္စည်းအတုတွေ ရောင်းလိုက်တော့ နောက်ပိုင်းမှာ ဝယ်သူက ဖုန်းဆက်ပြီး ပြင်ပေးဖို့ပြောလာတာတွေ ရှိတယ်။ ဒါပေမဲ့အဲဒီပစ္စည်းအတုတွေမှာက ရောင်းပြီးတဲ့ပစ္စည်းအတွက် ဝန်ဆောင်မှုမပေးတော့ ငြင်းဖို့အတွက် ဆင်ခြေပေါင်းစုံရှာရပြီလေ။ တစ်ခါတလေဆို လူတစ်ယောက်က ဒေါသတကြီးနဲ့ “မင်းတို့လုပ်ငန်းရှင်တွေက ပစ္စည်းတစ်ခုခုရောင်းပြီးရင် ဘာတာဝန်ယူမှုမှ မရှိကြဘူး။ လုံး၀ကို ယုံကြည်ချင်စရာမကောင်းတဲ့ လူပဲ” လို့ ပြောသွားတာပေါ့။ ဝယ်သူတစ်ယောက်က ဒီလိုပြောတာကြားရတော့ ကျွန်မအတွက် စိတ်မသက်သာပေမယ့် လူတိုင်း စီးပွားရေးကို ဒီလိုလုပ်နေကြတာပဲဆိုတော့ ဒါကသာမန်ပဲမဟုတ်ဘူးလားဆိုပြီး စဉ်းစားမိတယ်။ အပြစ်ရှိသလိုခံစားရတာတွေက တဖြည်းဖြည်းနဲ့ ပျောက်သွားခဲ့တယ်။

နှစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ပိုက်ဆံလေးရပြီး ပိုကောင်းကောင်းမွန်မွန် နေရပေမယ့် စိတ်ထဲမှာ လုံးဝ မပျော်ဘူးဖြစ်နေခဲ့တယ်။ အဲဒီအစား ကျွန်မ ပစ္စည်းအတုတွေရောင်းတာ များပြီးတော့ ဝယ်သူက အရည်အသွေးပြဿနာကိုသိပြီး ပြန်အမ်းငွေတောင်းတာတို့ တိုင်လိုက်မှာတို့ဖြစ်မှာကြောက်ပြီး တစ်ချိန်လုံး စိတ်မသက်မသာဖြစ်နေခဲ့ရတယ်။ အဲဒါဆို ပိုက်ဆံအများကြီးကုန်မှာလေ။ ဂုဏ်သိက္ခာလည်း ထိခိုက်နိုင်ပြီးတော့ လူတွေက ကျွန်မကွယ်ရာမှာ အတင်းပြောကြနိုင်တယ်လေ။ ဒါကိုရှောင်လွှဲနိုင်မယ်လို့ မျှော်လင့်ရင်းနဲ့ အဲဒီလိုမျိုး ကြုံလာရပြီဆိုရင် ဘယ်လိုပြေလည်အောင် လုပ်သင့်လဲဆိုတာကိုပဲ ဆက်တိုက်စဉ်းစားနေခဲ့မိတာပါ။ အဲဒီလိုမျိုးနေရတာက ကျွန်မအတွက်အရမ်းကို ပင်ပန်းပါတယ်။ တစ်ခါတလေဆို စဉ်းစားမိတယ်။ “ငါသာ စီးပွားရေးကို ရိုးရိုးသားသားလုပ်ပြီး သိပ်မကောင်းတာတွေ မပေးဘဲ ဝယ်သူမှာတဲ့အတိုင်း လုပ်ပေးခဲ့ရင် ဒီကိစ္စကို တစ်ချိန်လုံးပူနေစရာ မလိုတော့ဘူး။ဒါပေမဲ့လည်း အလုပ်နဲ့ အိမ်အတွက် အသုံးစရိတ်တွေက များတယ်။ ငါသာအလုပ်ကို ရိုးရိုးသားသားလုပ်ပြီး ဝယ်သူတောင်းဆိုတဲ့အတိုင်း လုပ်ပေးရင် ပိုက်ဆံအများကြီး ရမှာမှမဟုတ်တာ။ သူတို့ပြောကြတယ်မလား ‘ရိုးသားတဲ့ စီးပွားရေးသမားဆိုတာမျိုး မရှိပါဘူး’တဲ့လေ။ ဒီခေတ်ထဲမှာ အားလုံးက ဒီလိုပဲဖြစ်နေကြတာမဟုတ်ဘူးလား။ မလိမ်ဘူးဆိုရင် ပိုက်ဆံရှာရ မလောက်ဘူးဆိုတော့ ပိုက်ဆံရှာဖို့ပဲ အာရုံစိုက်တော့မယ်” လို့စဉ်းစားမိတယ်လေ။ အဲဒီလိုနဲ့ ကျွန်မရဲ့ အသိစိတ်မှာ တစ်ခါတလေ မသက်မသာဖြစ်ပေမယ့် ပိုက်ဆံပိုရဖို့အတွက်နဲ့ လိမ်လည်တဲ့စီးပွားရေး နည်းလမ်းတွေကိုပဲ အသုံးပြုဖြစ်နေခဲ့တာပေါ့။

၂၀၀၄ ခုနှစ်မှာ၊ ကျွန်မရဲ့ ယောက်မက နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားရဲ့ အမှုတော်ကို လာပြီးမျှဝေပေးပါတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေဖတ်ပြီးတော့ အဲဒါက နောက်ဆုံးသောကာလ ဘုရားရဲ့အမှုတော်ဖြစ်တာ ကျွန်မဘက်က သေချာသွားပြီးတော့ အသင်းတော်အသက်တာဝင်ရောက်ခဲ့တယ်။ တစ်ရက်မှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒီအပိုဒ်ကို ဖတ်ခဲ့ပါတယ်။ “ငါ၏နိုင်ငံတော်သည် ရိုးသားသူများ၊ သူတော်ကောင်း အယောင်မဆောင်သောသူများ သို့မဟုတ် မလှည့်ဖြားသောသူများကို လိုအပ်ပေသည်။ စိတ်ရင်းမှန်ပြီး ရိုးသားသောသူတို့သည် ကမ္ဘာလောကတွင် လူကြိုက်နည်းသည် မဟုတ်လော။ ငါသည် တကယ့်ကို ဆန့်ကျင်ဘက် ဖြစ်၏။ ရိုးသားသူများ ငါ့ထံသို့လာရန်မှာ လက်ခံနိုင်ဖွယ် ဖြစ်သည်။ ငါသည် ဤလူစားမျိုးကို အထူးနှစ်သက်သကဲ့သို့ ဤလူစားမျိုးကို ငါသည် လိုလည်းလိုအပ်၏။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း အတိအကျ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၃))ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဒါကိုဖတ်ပြီးတော့ ဘုရားက ရိုးသားတဲ့လူတွေကို သဘောကျတယ်ဆိုတာ သိခဲ့ရပြီးတော့ ကျွန်မတို့ရဲ့ အပြုအမူ အပြောအဆိုတွေကို ရိုးသားပြီး ဖြောင့်မတ်စေလိုတယ်ဆိုတာ သိခဲ့ရပါတယ်။ ကျွန်မတို့အနေနဲ့ ဘုရား ဒါမှမဟုတ် လူတွေကို မလိမ်ညာမလှည့်ဖြားသင့်ပါဘူး။ ကျွန်မတွေးမိတယ်။ “ရိုးသားခြင်းက အားလုံး ကောင်းမွန်တဲ့အလုပ်ဖြစ်ပြီးတော့ အသက်ရှင်နေထိုင်ဖို့အတွက် ငြိမ်းချမ်းပြီး သက်သာရာရစေတဲ့ နည်းလမ်းပဲ” ဆိုပြီးတော့ပေါ့။ “ဒါပေမဲ့ ဒီလိုပိုက်ဆံကိုစွဲလမ်းနေတဲ့ လူ့အဖွဲ့အစည်းထဲမှာ ရိုးသားတဲ့လူတွေက သူများအမြင်မှာ ငတုံးငအတစ်ယောက်နဲ့ တူနေတာပဲ။ အထူးသဖြင့် ငါတို့လို စီးပွားရေးလုပ်နေတဲ့သူတွေအတွက် ဝယ်သူတွေကို လှည့်စားတာဆိုတာက လူတိုင်းသိတဲ့ လျှို့ဝှက်ချက်တစ်ခုပဲ။ ငါသာ လုံး၀ရိုးသားလိုက်ရင် ပိုက်ဆံရမှာမဟုတ်တော့ဘူး။ဒါဆိုရင် အသက်ရှင်နေထိုင်နိုင်မှာ မဟုတ်ဘူး။ တစ်ယောက်ယောက်က ငါ့ကို ငတုံးလို့ထင်ပြီး လိမ်သွားနိုင်တာပဲ။ ဒါပေမဲ့လည်း ဘုရားက ငါတို့ကို ရိုးသားတဲ့လူတွေ ဖြစ်စေလိုတယ်ဆိုတော့ ငါဘာလုပ်ရမလဲ” လို့စဉ်းစားမိတာပေါ့။ ကျွန်မ အစွန်းနှစ်ဖက် လွတ်အောင်နေဖို့ စဉ်းစားမိတယ်။ အသင်းတော်မှာ ညီအစ်ကိုမောင်နှမတွေနဲ့ ရှိနေတဲ့အခါ ရိုးရိုးသားသား ပြောဆိုလုပ်ကိုင်တယ်။ ကိုယ့်ကိုယ်ကို သတိထားနေစရာမလိုတဲ့အပြင် ဘယ်သူကမှလည်း ကျွန်မကို ရယ်မှာမဟုတ်တော့ဘူး။ ဒါပေမဲ့လည်း အလုပ်မှာကျတော့ ရိုးသားတဲ့လူလုပ်နေလို့ မရဘူးလေ။ ဒါကြောင့် အဲဒါကို စပြီးလက်တွေ့လုပ်ဆောင်ခဲ့တယ်။

တစ်ရက်မှာ ဝယ်သူတစ်ယောက် ဝင်လာပြီးတော့ စားပွဲနဲ့ ခုံ အစုံ၁၂၀ မှာသွားတယ်။ သူရွေးသွားတဲ့ ကြမ်းခင်းအသားတွေက အရမ်းကောင်းပြီး ဖော်မလင်အနံ့တောင် မရဘူး။ ကျွန်မလည်း “သူလိုချင်တာနဲ့ တစ်ထေရာတည်းတူပေမယ့် အရည်အသွေးမကောင်းဘဲ ဖော်မလင်အနံ့နံနေတဲ့ တခြားစက်ရုံကထုတ်တဲ့ ပစ္စည်းတွေနဲ့ သူမှာသွားတာတွေကို လဲပစ်ရမယ်။ ဒါဆို ငါလည်း အပို ယွမ်၁၂၀၀ ရသွားမယ်” လို့စဉ်းစားနေမိခဲ့တယ်လေ။ သူ့ကို အရည်အသွေးနိမ့်တဲ့ ပရိဘောဂတွေ ရောင်းပစ်ဖို့လုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ဖော်မလင်တွေက လူကို ထိခိုက်စေနိုင်တာကို တွေးမိပြီး ကျွန်မစိတ်မသက်မသာဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း တခြားဆိုင်တွေအားလုံး စီးပွားရေးကို ဒီလိုလုပ်ထားတာ သိထားတော့ ကျွန်မသာ သူ့ကိုမလိမ်ဘူးဆိုရင် တခြားနေရာသွားပြီး အလိမ်ခံလာရမှာပဲလေ။ အဲဒီပိုက်ဆံကို ကျွန်မယူလိုက်တာပဲ ကောင်းမယ်လို့ စဉ်းစားလိုက်တယ်။ ဒါကြောင့် အလွယ်လေးပဲ သူမှာသွားတာတွေကို ပစ္စည်းအတုတွေနဲ့ လဲပစ်လိုက်တယ်လေ။ ရက်ပိုင်းလောက်ကြာတော့ ပစ္စည်းပို့တဲ့အခါ ဝယ်သူက အရည်အသွေးနဲ့ အနံ့ကိစ္စကို မသင်္ကာဖြစ်သွားတာပေါ့။ သူကျွန်မကို မေးတယ်။ “ဒီပစ္စည်းက အန္တရာယ်ရှိတယ်မဟုတ်ဘူးလား။ ခင်ဗျားဘာလို့ စီးပွားရေးကို ဒီလိုလုပ်ရက်ရတာလဲ။ ကျုပ် ဒီပစ္စည်းတွေ မလိုချင်တော့ဘူး” တဲ့လေ။ သူပစ္စည်းအားလုံး ယူထားသရွေ့ ကျွန်မသူနဲ့ ညှိပြီး ပိုကောင်းတဲ့ ကမ်းလှမ်းမှုလုပ်ချင်ခဲ့ပေမယ့် သူက ကျွန်မကို စကားပြောခွင့်တောင် မပေးခဲ့ဘဲ တော်တော်ကို စိတ်ဆုံးဖြတ်ပြီး ခိုင်ခိုင်မာမာနဲ့ပဲ သူအားလုံးကို ပြန်သွင်းချင်တယ်လို့ပဲ ပြောခဲ့တယ်။ ကျွန်မလည်း အဲဒီ ခုံနဲ့စားပွဲ အစုံ ၁၂၀ လုံးကို ပြန်ယူလာခဲ့ရုံကလွဲလို့ ရွေးစရာမရှိခဲ့တော့ပါဘူး။ ကျွန်မ အိမ်ပြန်ရောက်တော့ သောကရောက်ခဲ့ရပါတယ်။ အလုပ်ကို မရိုးမသားလုပ်တာက အရမ်းကြိုးစားရပြီး အရင်းအနှီးလည်း အရမ်းများတာပဲလို့ စဉ်းစားခဲ့မိတယ်။ ပိုက်ဆံတစ်ခုတည်းမဟုတ်ပါဘူး။ ကျွန်မ နာမည်နဲ့ဂုဏ်သိက္ခာပါ ထိခိုက်သွားတာပေါ့။ ကျွန်မ စိုက်တဲ့အတိုင်း ရိတ်သိမ်းလိုက်ရတာပါ။ ဘုရားအလိုတော်အတိုင်းသာ ကျွန်မလိုက်နာခဲ့ပြီး ပစ္စည်းအတုတွေကို မရောင်းခဲ့ရင် ပိုက်ဆံအများကြီး ရှာနိုင်မှာမဟုတ်ပေမယ့် ကျွန်မကို ဘယ်သူကမှ စိတ်ဆိုးမှာမဟုတ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ပင်ပန်းအောင်၊ စိတ်မသက်မသာဖြစ်အောင် လုပ်မိမှာမဟုတ်ဘူး။ လိမ်ညာလှည့်ဖြားမိတဲ့အခါကျတော့ ကျွန်မကိုယ်ကျွန်မနဲ့ သူများကိုပါ ထိခိုက်စေတာပေါ့။ ကျွန်မ ဆုတောင်းဖို့ ဘုရားရှေ့မှောက်ကို လာခဲ့ပြီးတော့ “ဘုရားသခင် ကိုယ်တော်က ကျွန်မတို့ကို ရိုးသားစေချင်ပေမယ့်လည်း ကျွန်မ စီးပွားရေးမှာ မရိုးမသားလုပ်မိနေတုန်းပါပဲ။ ဒီနေ့ဖြစ်ခဲ့ရတာက ဘုရားသခင်ရဲ့ ဆုံးမပဲ့ပြင်မှုဖြစ်ပြီးတော့ ဒီလိုနေထိုင်မိတဲ့အတွက် ခါးသီးမှုတွေကိုလည်း အလုံအလောက်ခံစားခဲ့ရပြီးပါပြီ။ ကျွန်မ လူတွေကို ထပ်ပြီးမလိမ်ချင်တော့ပါဘူး။ ကျွန်မကို ရိုးသားလာအောင် လမ်းညွှန်ပေးစေလိုပါတယ်။ ကျွန်မ သခင့်ရဲ့အလိုတော်နဲ့အညီဖြစ်အောင် ကြိုးစားဖို့အဆင်သင့်ပါပဲ။” ဆိုပြီးတော့ တောင်းလျှောက်ခဲ့တယ်။

နောက်တော့ ကျွန်မဝတ်ပြုနေတဲ့ရက် တစ်ရက်မှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒီအပိုဒ်ကို ဖတ်ခဲ့ပါတယ်။ “ငါသည် လူသား၏ အတွင်းကျကျ စိတ်နှလုံးကို ဆန်းစစ်သော ဘုရားသခင်ဖြစ်သည်...။ အခြားသူများ၏ရှေ့တွင် တစ်မျိုး၊ ၎င်းတို့၏ နောက်ကွယ်၌ တစ်ဖုံ မပြုမူလေနှင့်။ ငါသည် သင်ပြုသမျှ အရာအားလုံးကို ရှင်းလင်းစွာမြင်ပြီး၊ သင်သည် အခြားသူများအား အရူးလုပ်ကောင်း လုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း၊ ငါ့အား အရူး လုပ်၍မရနိုင်။ ငါသည် အားလုံးကို ရှင်းလင်းစွာ မြင်၏။ မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် သင့်အတွက် မဖြစ်နိုင်။ အရာအားလုံး ငါ့ လက်တွင် ရှိ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၄))သင်သည် တစ်စုံတစ်ဦးကို ငွေများလိမ်လည်ပြီးနောက် သင်ကို မည်သည့်အရာမျှ မဖြစ်ဟု ထင်သလော။ သင်သည် ထိုငွေကို လိမ်ပြီးနောက်တွင်၊ မည်သည့်အကျိုးဆက်မျှ သင် ရင်ဆိုင်ရလိမ့်မည် မဟုတ်ဟု ထင်သလော။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်။ အကျိုးဆက်များ ဧကန် ရှိလိမ့်မည်။ ၎င်းတို့ မည်သူဖြစ်သည်ကို ပဓာနမထားဘဲ၊ သို့မဟုတ် ဘုရားသခင်တစ်ပါး ရှိသည်ကို ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ တစ်ဦးချင်းစီတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်အပြုအမူအတွက် တာဝန်ယူရမည်ဖြစ်ပြီး၊ ၎င်းတို့၏လုပ်ရပ်များအတွက် အကျိုးဆက်များကို ခံရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀))လူတို့အား ရိုးသားကြရန် ဘုရားသခင်တောင်းဆိုခြင်းမှာ သူသည် လိမ်လည်လှည့်ဖြားသောသူများကို တကယ်ကို စက်ဆုပ်ရွံရှာကြောင်းနှင့်၊ လိမ်လည်လှည့်ဖြားသော လူများကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လိမ်လည်လှည့်ဖြားသောလူများကို ဘုရားသခင် မနှစ်သက်ရခြင်းမှာ သူသည် ၎င်းတို့၏ အပြုအမူများ၊ စိတ်သဘောထားနှင့် အရင်းခံအကြောင်းများကို မကြိုက်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ အမှုအရာများအား လုပ်ဆောင်ပုံကို သူမကြိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ငါတို့သည် ဘုရားသခင်ကို ကျေနပ်အားရစေရမည် ဆိုပါက၊ ငါတို့သည် ပထမဦးစွာ ငါတို့၏အပြုအမူများနှင့် ငါတို့ ရပ်တည်သည့် နည်းလမ်းကို ပထမဦးစွာ ပြောင်းလဲရမည်။ ယခင်က လူတို့အကြားတွင် အသက်ရှင်ရန် မုသားများနှင့် ဟန်ဆောင်ခြင်းတို့အပေါ် ငါတို့ မှီခိုကြ၏။ ဤအရာကို ငါတို့၏ အရင်းအနှီး၊ ငါတို့ ကိုယ့်ကိုယ်ကိုယ် ပြုမူနေထိုင်ကြသည့် ဖြစ်တည်မှုဆိုင်ရာ အခြေခံအကြောင်းရင်း၊ ဘဝနှင့် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်ရွံရှာသော အရာတစ်ခုဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”)

ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်၊ သန့်ရှင်းပြီး ပုန်ကန်ပစ်မှားကို သည်းမခံနိုင်ဘူးဆိုတာ နှုတ်ကပတ်တော်တွေဖတ်ပြီး ခံစားရပါတယ်။ ဘုရားက ကျွန်မတို့ရဲ့ ပြောဆိုလုပ်ကိုင်မှုတိုင်းကို စစ်ဆေးပြီး ကျွန်မတို့လုပ်ရပ်တွေအလိုက် အားလုံးက နောက်ဆုံးမှာတော့ ကိုယ်နဲ့တန်တာ ကိုယ်ရကြတာပါပဲ။ ကျွန်မက ခဏလောက်တော့ လိမ်ပြီးပိုက်ဆံပိုရှာနိုင်ခဲ့ပြီးတော့လွတ်မြောက်နေနိုင်ပေမယ့် နောက်တော့လည်း ခါးသီးတဲ့အသီးအပွင့်ကို ရရှိခဲ့တာပါပဲ။ သေပြီးရင်လည်း ငရဲသွားပြီး အပြစ်ဒဏ်ပေးခံရမှာပါပဲ။ ဒါက ကောင်းကင်ရဲ့ဥပဒေပါပဲ။ ကျွန်မ ဘယ်လောက်တောင် ရူးမိုက်မိသလဲဆိုတာ သိခဲ့ရတာပေါ့။ ကျွန်မစဉ်းစားခဲ့မိတာက ညီအစ်ကိုမောင်နှမတွေအပေါ် ရိုးသားပြီး စီးပွားရေးမှာလိမ်လည်ပြီးမှ တစ်ချိန်တည်းမှာ ကျွန်မအကျိုးကို မထိခိုက်စေဘဲ ဘုရားထံက မျက်နှာသာပေးခံရပြီး နောက်ပိုင်းမှာကောင်းချီးပေးခံရမယ်ပေါ့။ ကျွန်မရဲ့ လှည့်ကွက်လေးတွေနဲ့ လူတွေကိုအရူးလုပ်လို့ရခဲ့ပေမယ့် ဘုရားကိုတော့ မရခဲ့ပါဘူး။ ကျွန်မ အဲဒီစားပွဲနဲ့ခုံတွေအတွက် ပိုက်ဆံတော်တော်လေး ပေးခဲ့ရပါတယ်။ ဒါက ဘုရားရဲ့ ဆုံးမပဲ့ပြင်မှုဆိုပေမယ့် ဘုရားက သတိပေးပြီး ကယ်တင်ခဲ့တာပါပဲ။ မဟုတ်ရင် ကျွန်မလည်းဆက်ပြီး ကျူးလွန်နေမိမှာ၊ မရိုးမသားလုပ်နေမိမှာပဲ။ နောက်ဆုံးမှာ ကျွန်မအပြစ်ဒဏ်ခံရမှာ အသေအချာပါပဲ။ ဒီလိုတွေးမိတော့ နည်းနည်းလေးကြောက်မိသွားပြီးတော့ ကိုယ့်ကိုယ်ကို စပြီးသုံးသပ်ခဲ့ပါတယ်။ ကျွန်မစီးပွားရေးလုပ်ခဲ့တဲ့ နှစ်တွေအကြောင်းပြန်စဉ်းစားကြည့်တော့ ကျွန်မက ပိုက်ဆံပိုရဖို့အတွက် အသိစိတ်ကို လျစ်လျူရှုခဲ့တယ်၊ ဝယ်သူမှာသွားတဲ့ အရည်အသွေးကောင်းတဲ့ပစ္စည်းတွေကို အရည်အသွေးနိမ့်တာတွေနဲ့ လဲပစ်ခဲ့တယ်။ လိမ်ညာလှည့်ဖြားခဲ့ပြီးတော့ အရည်အသွေးနိမ့်တဲ့ပစ္စည်းတွေကို အရည်အသွေးကောင်းပါတယ်ဆိုပြီး ဆက်တိုက်ပြောဆိုခဲ့ပါတယ်။ ဘုရားသခင်အပေါ် ယုံကြည်မှု ရပြီးသွားတဲ့နောက်မှာတောင်မှ ဘုရားက ကျွန်မတို့ကို ရိုးသားစေလိုပြီးတော့ လူ ဒါမှမဟုတ် ဘုရားကို မလိမ်စေလိုမှန်း အားလုံးကောင်းကောင်း သိထားတာတောင်မှ ကျွန်မ ငွေရဖို့အတွက် ဝယ်သူတွေကို လိမ်နေ၊ လှည့်စားနေခဲ့တယ်၊ မရိုးသားတဲ့ငွေကို ရှာခဲ့ပါတယ်။ ငွေရဖို့အတွက်နဲ့ ဘာကြောင့်ဖြစ်ဖြစ် မရပ်ခဲ့ပါဘူး။ ကျင့်ဝတ်မရှိတဲ့ စီးပွားရေးကိုလုပ်ခဲ့တယ်၊ လူတွေကိုလိမ်ညာခဲ့တယ်။ စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခဲ့ပြီးတော့ ဆင်ခြင်တုံတရားနဲ့ အသိစိတ် ပျောက်ဆုံးခဲ့တယ်။ ကျွန်မက လှည့်စားတတ်တယ်၊ တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာကောင်းပြီးတော့ လူသားနဲ့ လုံး၀မတူအောင်ကို နတ်ဆိုးတစ်ကောင်လို နေထိုင်ခဲ့ပါတယ်။ သခင်ယေရှု ပြောခဲ့သလိုပဲပေါ့။ “သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာတရား မရှိသောကြောင့်၊ သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကို ပြောသောအခါ၊ မိမိပကတိအတိုင်း ပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏ အဘလည်း ဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၄၄)သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။(ရှင်မဿဲခရစ်ဝင် ၅:၃၇) မာရ်နတ်ကပဲ အမြဲတမ်း လိမ်ညာလှည့်စားပြီးတော့ ကျွန်မလည်း အဲဒီလိုပဲလုပ်ခဲ့မိတာ။ ကျွန်မက မာရ်နတ်နဲ့ တူနေတယ်မဟုတ်ဘူးလား။ ကျွန်မရဲ့ လူသားဆန်မှုက ဘယ်မှာလဲ။ ဒီလိုတွေးမိပြီးတော့ ကျွန်မကိုယ်ကျွန်မ အရမ်းရွံသွားမိတယ်။ ကျွန်မအကျိုးအတွက်နဲ့ မလိမ်ချင်ခဲ့တော့ပါဘူး။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒါလေးကို ဖတ်ခဲ့ပါတယ်။ “ရိုးသားသော လူတစ်ဦး ဖြစ်လော့။ သင်၏စိတ်နှလုံးထဲရှိ လှည့်ဖြားမှုများကို ဖယ်ထုတ်ဖို့အတွက် ဘုရားသခင်ထံ ဆုတောင်းလော့။ တစ်ချိန်လုံး ဆုတောင်းခြင်းမှတဆင့် မိမိကိုယ်ကိုယ် စင်ကြယ်စေလော့၊ ဆုတောင်းခြင်းမှတဆင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံလော့၊ ပြီးလျှင် သင်၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲ လာလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍)ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ပေးခဲ့ပါတယ်။ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ ကျွန်မက အစွမ်းကုန် ဘုရားကိုအားကိုးရမှာဖြစ်ပြီးတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကနေ လွတ်မြောက်ဖို့ ကျွန်မရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဘုရားထံ ဆုတောင်းရမယ်ဆိုတာ သိခဲ့ပါတယ်။ ကျွန်မရဲ့ အကျိုးအမြတ် ဒါမှမဟုတ် ပိုက်ဆံ အပေါ် စီးပွားရေးကိစ္စတစ်ခုခုက လာသက်ရောက်တိုင်းလည်း ဘုရားကိုဆုတောင်းရမှာပါ။ ဘုရားရဲ့ စစ်ဆေးမှုကိုလက်ခံပြီး ဖြောင့်မှန်တဲ့လူတစ်ယောက်အဖြစ် နေရမှာပါ။ ကျွန်မ ရိုးရိုးသားသား ပြောဆိုပြီး အပြုအမူအပြောအဆိုတွေကနေ အမှန်တရားကို ရှာဖွေရမှာပါ။ ဒါတွေအားလုံးကိုနားလည်သွားတော့ ကျွန်မဆုတောင်းခဲ့ပါတယ်။ ဘုရားရဲ့စစ်ဆေးမှုကို လက်ခံပြီးတော့ နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်လိုစိတ်တွေနဲ့ပေါ့။

သိပ်မကြာလိုက်ပါဘူး၊ ဝယ်သူတစ်ယောက်က သတ္တုဗီရိုအနည်းငယ်မှာဖို့ ရောက်လာပါတယ်။ သူက ခိုင်ခံ့ပြီးတော့ အလယ်အလတ်ထက် ပိုကောင်းတဲ့အရည်အသွေးရှိတဲ့ ဗီရိုတွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်မတွေးမိတာက “ငါသာ သူလိုချင်တဲ့အတိုင်း မှာပေးခဲ့ရင် ထိန်းသိမ်းခနဲ့ ကုန်ကျစရိတ်တွေ တွက်ပြီးရင် သိပ်ရမှာမဟုတ်တော့ဘူး။ ငါသာ သူ့ကိုနည်းနည်းလေး ခိုင်ခံ့မှုနည်းတာလေး ရှာပေးပြီး သူသတိမထားမိဘူးဆိုရင် အဲဒီကနေ ယွမ် ၁၀,၀၀၀ ဒါမှမဟုတ် ပိုတောင်ရနိုင်သေးတယ်။ သိပ်မခိုင်တာမျိုးလေး မှာပေးလိုက်ရင်ဘယ်လိုလဲ”ပေါ့။ ကျွန်မ ဝေခွဲမရဖြစ်နေတုန်းမှာပဲ တစ်ချိန်လုံးကျွန်မ လူတွေကိုလိမ်ခဲ့မိလို့ ဖြစ်လာတဲ့အကျိုးဆက်တွေကို သတိရမိတယ်။ ဘာမှမရလိုက်ရုံတင်မကဘဲ ပိုက်ဆံပါဆုံးရှုံးပြီး စိတ်ထိခိုက်ခဲ့ရတယ်။ ရိုးသားတဲ့လူတွေက ဘုရားကို ပျော်ရွှင်စေပြီး ကောင်းချီးခံစားရပြီးတော့ ဘုရားသခင်ဟာ ကျွန်မတို့ကို ပကတိအမှန်တရားကို ပြောစေလိုတာကိုလည်း စဉ်းစားမိပါတယ်။ ငွေအတွက်နဲ့ ကျွန်မရဲ့ အသိစိတ်ကို လျစ်လျူရှုပြီး မရိုးမသား လုပ်တာမျိုး မလုပ်နိုင်တော့ပါဘူး။ ဒီလိုကြုံရတာကလည်း ကျွန်မက ဘုရားရှေ့မှောက်မှာပြောခဲ့တာနဲ့ အညီ လက်တွေ့လုပ်ဆောင်နိုင်လားဆိုတာ သိဖို့ ဘုရားက စမ်းသပ်တာပဲဆိုတာကို သိခဲ့ရပါတယ်။ ကျွန်မ ဘုရားကိုဆုတောင်းခဲ့တယ်၊ သွေးဆောင်မှုတွေကနေ ကာကွယ်ပေးဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ကိုယ့်ကိုယ်ကို စွန့်လွှတ်နိုင်ဖို့ အားအင်တွေ တောင်းဆိုခဲ့ပြီး ဘုရားကို ကျေနပ်အောင်လုပ်နိုင်တဲ့ ရိုးသားတဲ့လူဖြစ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မပိုပြီး သန်မာလာသလို ခံစားခဲ့ရပါတယ်။ ကျွန်မ သူပြောခဲ့တဲ့အတိုင်း သတ္တုဗီရိုတွေ မှာပေးခဲ့ပါတယ်။ အမြတ် သိပ်မရခဲ့ပေမဲ့ ကျွန်မနှလုံးသားထဲမှာ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ခံစားခဲ့ရပါတယ်။ ရိုးသားမှုကို ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်ရတာ ဘယ်လောက်ကောင်းသလဲဆိုတာကို ခံစားခဲ့ရပါတယ်။ မခက်ခဲခဲ့ဘဲနဲ့ ဘာဖြစ်မလဲဆိုတာကိုလဲ စိတ်ပူနေစရာမလိုခဲ့ဘူးလေ။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒါလေးကို ဖတ်ခဲ့ပါတယ်။ “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။...အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ်တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်)လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ ဒုစရိုက်ကိုပြုသူအချို့ကို ၎င်းတို့ အဘယ်ကြောင့် မကောင်းမှုပြုကြသည်ကို သင်မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသောစကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ သူတို့သည် အမှုအရာများကို ဤရည်ရွယ်ချက် သို့မဟုတ် ထိုရည်ရွယ်ချက်အတွက် ပြုလုပ်ကောင်းပြုလုပ်ကြသော်လည်း၊ ထိုသူတို့သည် ယင်းကို မိမိတို့အတွက်သာ ပြုကြခြင်းဖြစ်သည်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်၊ သူတို့သည် မိမိတို့၏ကိုယ်ပိုင် အကျိုးအတွက်သာ အသက်ရှင်သင့်ပြီး၊ အစားအစာနှင့် ကောင်းမွန်သော အဝတ်အစားအတွက် ရာထူးကောင်းတစ်နေရာ ရရှိရန် သူတို့ အရာရာကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်သည်ဟု အယောက်တိုင်းက ထင်မှတ်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ၎င်းက လူသား၏ သဘာဝဗီဇကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ အလိမ်အညာတွေကနေ ဘာလို့ မရပ်နိုင်တာလဲဆိုတာသိအောင် ကူညီခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေမှုကို နက်နက်ရှိုင်းရှိုင်း ခံခဲ့ရလို့ပါ။ စာတန်က ကျွန်မတို့လူ့အဖွဲ့အစည်း၊ ပညာရေးစနစ်ကို အသုံးချပြီး ေစာတန်ရဲ့ဥပဒေတွေဖြစ်တဲ့ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “ငွေသည် အဓိကမဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်၊” “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်၊” “ငွေသာလျှင် ပထမဖြစ်ပြီး၊” ဆိုတာတွေထဲ သက်ဆင်းစေဖို့လုပ်ခဲ့ပါတယ်။ “ရိုးသားတဲ့စီးပွားရေးသမား မရှိ” ဆိုတာလည်း ပါသေးတယ်။ အဲဒါတွေက ကျွန်မဆီ နက်နက်ရှိုင်းရှိုင်းရောက်ရှိလာပြီးတော့ ကျွန်မရဲ့ သဘာ၀ဖြစ်လာခဲ့တယ်။ ဒီတော့ နောက်ဆုံးမှာ ပိုက်ဆံကိုကိုးကွယ်မိပြီးတော့ တစ်ဆင့်ခြင်း အကျိုးအမြတ်ရဖို့အတွက်နဲ့ ပြုမူနေထိုင်မှုနဲ့ ပတ်သက်တဲ့ အခြေခံ အကျဆုံး စံနှုန်းတွေကို ပစ်ပယ်ထားခဲ့မိတယ်။ ပိုပိုပြီး ဆိုးယုတ်လာတယ်၊ လောဘကြီးလာပြီးတော့ တစ်ကိုယ်ကောင်းဆန်လာတယ်။ ကျွန်မအရမ်း တစ်ကိုယ်ကောင်းဆန်ပြီး လိမ်ညာလှည့်ဖြားတတ်ခဲ့တယ်။ စီးပွားရေးလုပ်တဲ့နေရာမှာ ဝန်မခံဘဲနဲ့ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို မကောင်းတဲ့ပစ္စည်းတွေနဲ့လဲပြီး ထိခိုက်မှုတွေ ဖြစ်စေခဲ့မိတယ်။ အားလုံးထက် ငွေနဲ့ကိုယ့် အကျိုးစီးပွားကို ရှေ့တန်းတင်လာပြီးတော့ ကိုယ့်ရဲ့ အသိစိတ်နဲ့ ကိုယ်ကျင့်တရားကိုပါ ရောင်းစားခဲ့တယ်လေ။ ပုံမှန် လူသားဆန်မှုအားလုံး ပျောက်ဆုံးခဲ့ရတယ်။ အဲဒီနည်းနဲ့ ပိုက်ဆံအများကြီးရှာနိုင်ခဲ့ပေမယ့် လုံး၀မပျော်ရွှင်ခဲ့ရဘူး။ အဲဒီအစား အမြဲတမ်း ပင်ပန်းပြီး စိတ်မသက်မသာဖြစ်နေသလို ခံစားခဲ့ရတယ်။ ဒီလို အသက်ရှင်နေရတာ ဆင်းရဲပါတယ်။ နောက်တော့ ကျွန်မနောက်ဆုံးမှာ သဘောပေါက်သွားတာက ကျွန်မကအသက်ရှင်ဖို့အတွက် စာတန်ရဲ့ ဥပဒေတွေနဲ့နေခဲ့တာကြောင့်၊ အားလုံးက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေမှုကြောင့်ပဲဆိုတာပါပဲ။ အခုခေတ်မှာ ဘာလို့များ ကမ္ဘာကြီးက အရမ်းမှောင်မိုက်ပြီး ဆိုးယုတ်နေလဲဆိုတာလည်း သိခဲ့ရပါတယ်။ လူတိုင်းက စာတန်ရဲ့အဆိပ်တွေဖြစ်တဲ့ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” နဲ့ “လူသားသည် ချမ်းသာကြွယ်ဝရန် မည်သည့်အရာကိုမဆို လုပ်လိမ့်မည်” ဆိုတာတွေနဲ့ နေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် သူတို့က ဆိုးယုတ်တဲ့စည်းစိမ်တွေဖြစ်တဲ့ ပိုက်ဆံ၊ ဂုဏ်၊ ပကာသနနဲ့ ကာမဆန္ဒတွေကို ရှေ့တန်းတင်ပြီး ပိုပြီးတစ်ကိုယ်ကောင်းဆန်၊ လောဘကြီးပြီး ဆိုးယုတ်လာကြတာပေါ့။ လူတွေက ငွေနဲ့ အကျိုးအမြတ်အတွက် အချင်းချင်းတိုက်ခိုက်ကြ၊ လိမ်လည်ကြ၊ ထိခိုက်အောင်လုပ်ကြပြီးတော့ ဘာကြောင့်မှ မရပ်တန့်နိုင်ကြတော့ဘူးလေ။ မိသားစုနဲ့ မိတ်ဆွေတောင်မှ ခြွင်းချက်မထားပေးကြတော့ဘူး။ ဘယ်သူကမှ အသိစိတ်နဲ့ ရိုးသားမှုကို ဂရုမစိုက်ကြတော့ဘဲ လူသားနဲ့တောင် သိပ်မတူကြတော့ပါဘူး။ စာတန်ရဲ့လက်ထဲမှာ တင်းကျပ်စွာရှိနေတဲ့ ကျွန်မတို့လူ့အဖွဲ့အစည်းက အစွန်းအထင်းတွေနဲ့၊ အသားကြိတ်စက်ကြီးတစ်ခုလိုပါပဲ။ ဘုရားအပေါ် ယုံကြည်မှုမရှိဘူးဆိုရင် စာတန်က လူသားမျိုးနွယ်ကို ဘယ်လို ဖောက်ပြန်ပျက်စီးအောင်လုပ်လဲဆိုတဲ့ အမှန်တရားကို သိဖို့နည်းလမ်းမရှိပါဘူး။ အမှောင်ရဲ့အုပ်စိုးမှုကနေ လွတ်မြောက်ဖို့လမ်းလည်း ဘယ်ရှိမလဲ။ ကျွန်မတို့ ပိုပြီး ဖောက်ပြန်ပျက်စီးလာပြီး စာရိတ္တပျက်ပြားလာပြီးတော့ နောက်ဆုံးမှာ စာတန်ရဲ့ဖျက်ဆီးမှုကို ခံရမှာပဲပေါ့။ ဒါက စာတန်ရဲ့ ကျွန်မတို့ကိုနာကျင်စေမှုနဲ့ ဖောက်ပြန်ပျက်စီးစေမှုတို့ရဲ့ အကျိုးဆက်ပါပဲ။ ဒါကိုသဘောပေါက်သွားပြီး ဘုရားရဲ့ ကာကွယ်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် ကျွန်မ တကယ်ကိုကျေးဇူးတင်ခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရား နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှု၊ ပံ့ပိုးမှုနဲ့ လမ်းညွှန်မှုတွေသာမရှိရင် ရိုးသားတဲ့လူတစ်ယောက်ဖြစ်ရခြင်းရဲ့ အရေးပါမှုကို သိမှာမဟုတ်ပါဘူး။ ဆက်တိုက် လိမ်ညာခြင်းရဲ့ အကျိုးဆက်နဲ့ အနှစ်သာရကိုလည်း သိမှာမဟုတ်ပါဘူး။ စာတန်ရဲ့ ဆုပ်ကိုင်မှုအောက်မှာ ဆက်နေပြီး အမြဲတမ်း လိမ်ညာနေမိမှာပါ။ လူသားနဲ့တူအောင် မနည်းနေထိုင်ရမှာပါ။ ကျွန်မ ပိုက်ဆံတွေဘယ်လောက်ပဲရရ နောက်ဆုံးတော့ ငရဲမှာပဲ အပြစ်ဒဏ်ခံရမှာပါ။ အဲဒီနောက်ပိုင်းကစပြီး ကျွန်မ သမ္မာတရားနဲ့နေခြင်းကို လက်တွေ့လုပ်ဆောင်ပြီး စီးပွားရေးမှာ ရိုးသားခဲ့ပါတယ်။ တစ်ခါတလေတော့ တကယ့်ကို ငွေရဲ့ဆွဲဆောင်မှုကို ခံရပြီးတော့ လူတွေကို လိမ်ဖို့ လှည့်ဖြားဖို့ စဉ်းစားမိနေတုန်းပဲဆိုပေမယ့် ဘုရားက ဒါကို မုန်းလည်းမုန်းပြီး လူတွေကလည်း ဒါကို သဘောမကျမှန်း သိထားတယ်လေ။ ကျွန်မရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်ကိုစွန့်လွှတ်ဖို့ ဘုရားထံမှာ ဆုတောင်းပြီး ရိုးသားတဲ့လူတစ်ယောက်အဖြစ်နေဖို့ လက်တွေ့လုပ်ဆောင်ပါတယ်။ ကျွန်မ အဲဒီလိုလုပ်တော့ အံ့ဩစရာကောင်းလောက်အောင်ပဲ။ ရတဲ့ငွေလည်း မလျော့သွားပါဘူး။ စီးပွားရေးလည်းတိုးတက်လာပြီးတော့ ဖောက်သည်တွေလည်း ပိုပိုပြီး ရလာပါတယ်။ လူတွေရဲ့ လေးစားမှုကို ရလာပြီးတော့ နောက်တစ်ကြိမ် ထပ်ရောက်လာတဲ့ ဝယ်သူတွေက ကျွန်မကို ယုံလာကြပြီး ဆိုင်ထဲတောင်ဝင်မကြည့်တော့ဘဲ ဖုန်းထဲကနေပဲ လှမ်းမှာကြတော့တယ်လေ။ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ပြီးတော့ ရိုးရိုးသားသားနေရတာဟာ ဘယ်လောက် စိတ်သက်သာရာရတယ်၊ ဘယ်လောက်ထိ လွတ်လပ်ပြီး လုံခြုံမှုရှိတယ်ဆိုတာကို ကျွန်မ ပိုပိုပြီး ခံစားလာခဲ့ရပါတယ်။

တစ်ခါကဆို ဝယ်သူတစ်ယောက်လာပြီး သတ္တုဗီရို အလုံး ၅၀၀ မှာသွားပြီးတော့ သုံးမယ့်ပစ္စည်းတွေရဲ့ အထူကို ၀.၇ မီလီမီတာ နဲ့ မှာသွားတယ်လေ။ ကျွန်မ လုံး၀မတွန့်ဆုတ်ဘဲ သူတောင်းဆိုသွားတဲ့အတိုင်း အတိအကျ မှာပေးခဲ့ပါတယ်။ အံ့ဩစရာကောင်းအောင်ပဲ ပစ္စည်းအားလုံးပို့တဲ့အခါ ဝယ်သူက အထူကိုစစ်ဖို့ စစ်တဲ့ပစ္စည်းပါလာပေမယ့် ကျွန်မက လုံး၀အေးအေးဆေးဆေးနဲ့ စိုးရိမ်ကြောင့်ကြမှု မရှိခဲ့ပါဘူး။ တိုင်းပြီးတော့ သူပြောလိုက်တာက “ခင်ဗျားက တကယ်ယုံကြည်ရတဲ့သူပဲ။ လူတော်တော်များများက ဝင်ငွေရချင်တာပဲရှိပြီး ယုံလို့မရဘူးလေ။ ခင်ဗျားလိုလူမျိုး သိပ်မရှိကြတော့ဘူးဗျာ။ နောက်ဆို ကျွန်တော်ခင်ဗျားဆီကပဲ ထပ်မှာတော့မယ်” တဲ့လေ။ သူဒီလိုပြောတာကြားရတော့ ဘုရားနှုတ်ကပတ်တော်တွေက ပြောတဲ့အတိုင်း ရိုးသားရတာ ဘယ်လောက်ကောင်းလဲဆိုတာ ပိုပြီးနက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေ ပြောသလိုပဲပေါ့။ “အနာဂတ် ဦးတည်ချက်များက ထိုသို့ ဖြစ်လိမ့်မည်- ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို ရရှိသူများသည် ကမ္ဘာမြေပေါ်၌ လျှောက်လှမ်းဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး စီးပွားရေးသမားများဖြစ်စေ၊ သိပ္ပံပညာရှင်များဖြစ်စေ၊ ပညာသင်ကြားပေးသူများဖြစ်စေ၊ စက်မှုလုပ်ငန်းရှင်များဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိသောသူတို့သည် ခြေလှမ်းတစ်လှမ်း လှမ်းဖို့ပင် ခက်ခဲသည့်အချိန် ရှိလိမ့်မည်ဖြစ်ပြီး၊ မှန်ကန်သော လမ်းခရီးကို ရှာဖွေဖို့ တွန်းအားပေးခံရလိမ့်မည်။ ဤသည်မှာ၊ ‘သမ္မာတရားနှင့်အတူ လောကတစ်ခွင်လုံးကို သင် လျှောက်လှမ်းလိမ့်မည်၊ သမ္မာတရား မရှိပါက၊ မည်သည့်နေရာကိုမျှ ရောက်မည်မဟုတ်။’ ဟု ဆိုလိုသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ) ဘုရားရဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၁၁။ လူပီသအောင် နေထိုင်ဖို့ တစ်ခုတည်းသောနည်းလမ်း

နောက်တစ်ခုသို့- ၁၃။ ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ တိုက်ပွဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။