အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ပတ်သက်သည့် သမ္မာတရားများ

၂) လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” (ယော ၁:၁)

“နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ယော ၁:၁၄)

ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။” (ယော ၁၄:၆)

“ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော့။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ယော ၁၄:၉-၁၁)

ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ယော ၁ဝ:၃၀)

သခင်ယေရှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိတွင် ပေါ်ထွန်းပြီး၊ သူ၏ ဖန်ဆင်းခံ လူသားအကြားထဲတွင် အလုပ်လုပ်ရန် လူ့ဇာတိပုံသဏ္ဌာန်ကိုဆောင်လျက် ကြွဆင်းလာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိခန္ဓာ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိခန္ဓာ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အမှန်တွင်တော့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်းပင် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ပကတိသဘာဝ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ ခံယူခြင်းကို ဆိုလိုသည်၊ ဘုရားသခင် ဇာတိခန္ဓာ ဖြစ်လာခြင်းပင်ဖြစ်သည်၊ လူ့ဇာတိတွင် သူပြုသော အလုပ်မှာ ဇာတိခန္ဓာတွင် ပြည့်မြောက်သော၊ ဇာတိခန္ဓာအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိခန္ဓာမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်ကို ဖြည့်စွမ်းနိုင်ခြင်း မရှိပေ၊ ဆိုလိုသည်မှာ အခြားမည်သူတစ်ဦးမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိတစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို သဏ္ဌာန်ဖော်ဆောင်ထားသော ဇာတိခန္ဓာဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ “သဏ္ဌာန်ဖော်ဆောင် ခံရခြင်း” ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိခန္ဓာထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ သဏ္ဌာန်ဖော်ဆောင် ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသောကြောင့်ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည် လိမ်ညာသူများ ဖြစ်ကြ၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား သူ၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာလည်းဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆို အစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိခန္ဓာဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်းပင် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ပကတိသဘာဝ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။ သူ၏ လူ့ဇာတိခံအသက်တာနှင့် အလုပ်ကို အဆင့်နှစ်ဆင့် ခွဲခြား၍ရသည်။ ပထမအဆင့်မှာ သူ၏ အမှုတော်ကို မထမ်းဆောင်ခင် နေထိုင်ရှင်သန်ခဲ့သော အသက်တာဖြစ်သည်။ သူသည် သာမန်လူသားမိသားစု၊ အကြွင်းမဲ့ သာမန်လူ့သဘာဝဖြင့် လူ့ဘဝ၏ သာမန်ကိုယ်ကျင့်တရားများ၊ ပညတ်တရားများကို လိုက်နာရင်း၊ သာမန်လူသား လိုအပ်ချက်များနှင့် (အစားအစာ၊ အဝတ်အထည်၊ နေထိုင်စရာ၊ အိပ်ခြင်း) သာမန်လူသားအားနည်းချက်များနှင့် သာမန်လူသား စိတ်ခံစားမှုများနှင့် နေထိုင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဤပထမအဆင့် အတောအတွင်း သူသည် ဘုရား၏သဘောသဘာဝ မဟုတ်၊ အကြွင်းမဲ့ သာမန် လူ့သဘာဝ၌ သာမန်လူသား၏ လုပ်ငန်းဆောင်တာများ အားလုံးကို ပါဝင်လုပ်ဆောင်ရင်း အသက်ရှင်နေထိုင်သည်။ ဒုတိယအဆင့်မှာ သူ၏ အမှုတော် စတင်ထမ်းဆောင်ပြီးနောက် အသက်ရှင် နေထိုင်သည့် အသက်တာပင်ဖြစ်သည်။ သူသည် သဘာဝလွန်ဖြစ်သည့် အပြင်လက္ခဏာ ဘာမျှမပြဘဲ သာမန်လူ့ခန္ဓာ အပြင်ပန်းသဏ္ဌာန်ဖြင့် သာမန် လူ့သဘာဝထဲတွင် ကျိန်းဝပ်နေသေးသည်။ သို့သော်လည်း သူသည် သူ၏အမှုတော်အတွက်သက်သက်သာ အသက်ရှင်ပြီး၊ ထိုအချိန်အတောအတွင်း သူ၏သာမန်လူ့သဘာဝမှာ ဘုရားသဘောသဘာဝ၏ သာမန်အလုပ်အတွက် အပြည့်အဝ အစေခံရင်း အသက်ရှင်သည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ သာမန်လူ့သဘာဝသည် ထိုအချိန်သို့ရောက်သောအခါ အမှုတော်ဆောင်နိုင်စွမ်းရှိသည့် အနေအထားအထိ ရင့်ကျက်လာပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ့အသက်တာ၏ ဒုတိယအဆင့်သည် သူ၏အမှုတော်ကို သူ၏သာမန်လူ့သဘာဝနှင့် ထမ်းဆောင်ရန်ပင်ဖြစ်ပြီး၊ ထိုအဆင့်သည် သာမန်လူ့သဘာဝနှင့် အကြွင်းမဲ့ဘုရားသဘောသဘာဝ နှစ်မျိုးစလုံး၏ အသက်တာလည်းဖြစ်သည်။ သူ့အသက်တာ၏ ပထမအဆင့် အတောအတွင်းတွင် သူသည် အကြွင်းမဲ့သာမန်လူ့သဘာဝထဲ နေရခြင်း၏ အကြောင်းရင်းမှာ သူ၏လူ့သဘာဝသည် ဘုရားသဘောသဘာဝ အလုပ်၏ အလုံးစုံနှင့် မညီမျှသေး၊ မရင့်ကျက်သေး၍ ဖြစ်သည်၊ သူ၏လူ့သဘာဝ ရင့်ကျက်လာပြီး သူ၏အမှုတော်အား ထမ်းဆောင်နိုင်စွမ်း ရှိလာသည့် နောက်ပိုင်းတွင်မှ သူ၏အမှုတော်ကို စတင်ထမ်းဆောင် နိုင့်ခြင်းဖြစ်သည်။ ဇာတိအနေနှင့် သူသည် ကြီးထွား ရင့်ကျက်ရန် လိုအပ်သည့်အတွက် သူ့အသက်တာ၏ ပထမအဆင့်သည် သာမန်လူ့သဘာဝ အသက်တာပင်ဖြစ်ပြီး၊ ဒုတိယအဆင့်၌မူ သူ၏လူ့သဘာဝသည် သူ၏အလုပ်နှင့် အမှုတော်ကို ထမ်းဆောင်နိုင်စွမ်း ရှိသည့်အတွက် သူ၏အမှုတော်လုပ်ငန်းများ လုပ်နေသည့်အတောအတွင်း အသက်ရှင်သည့် လူ့ဇာတိခံဘုရားသခင်၏အသက်တာသည် လူ့သဘာဝနှင့် အကြွင်းမဲ့သော ဘုရား၏သဘောသဘာဝ နှစ်မျိုးလုံး ပင်ဖြစ်သည်။ အကယ်၍သာ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏မွေးဖွားသည့်အချိန်မှစ၍ သဘာဝလွန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုပြပြီး သူ၏အမှုတော်ကို စိတ်အားထက်သန်စွာနှင့် စတင်ခဲ့မည်ဆိုပါက၊ သူ့တွင် ခန္ဓာဆိုင်ရာ အနှစ်သာရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏လူ့သဘာဝသည် သူ၏ခန္ဓာဆိုင်ရာ အနှစ်သာရအတွက် တည်ရှိခြင်းဖြစ်သည်၊ လူ့သဘာဝ မရှိဘဲနှင့် လူ့ဇာတိရှိမလာနိုင်၊ လူ့သဘာဝမရှိသော ပုဂ္ဂိုလ်တစ်ယောက်သည်လည်း သက်ရှိလူသား တစ်ဦးမဟုတ်ပေ။ ဤနည်းလမ်းအားဖြင့် ဘုရားသခင်၏ ဇာတိခန္ဓာ၏ လူ့သဘာဝသည် ဘုရားသခင် ခံယူထားသော လူ့ဇာတိ၏ ပင်ကိုဂုဏ်ဒြပ်ဖြစ်သည်။ “ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ သူသည် အကြွင်းမဲ့ ဘုရား၏သဘောသဘာဝ ဖြစ်ပြီး၊ လူသားလုံးဝမဟုတ်” ဟု ပြောမည်ဆိုလျှင် ဘုရားသခင်ကို စော်ကားခြင်းပင်ဖြစ်သည်၊ အကြောင်းမှာ ဤသဘောထားသည် လူ့ဇာတိခံယူခြင်း၏ အခြေခံသဘောတရားကို ချိုးဖောက်သဖြင့် မဖြစ်နိုင်သော ရပ်တည်ချက် ဖြစ်သည်။ သူ၏အမှုတော်ကို စတင်ထမ်းဆောင်သည့် နောက်ပိုင်းတွင်ပင်လျှင် သူ၏အလုပ်ကို ဆောင်ရွက်ချိန်တွင် သူ၏ ဘုရားသဘောသဘာဝသည် လူသားအပြင်ပန်းသဏ္ဌာန်၌ ကိန်းဝပ်ဆဲပင်ဖြစ်သည်၊ ထိုအချိန်တွင်ပင် သူ၏လူ့သဘာဝသည် သူ၏ဘုရားသဘောသဘာဝကို သာမန်ဇာတိခန္ဓာထဲ၌ အလုပ်လုပ်နိုင်ရန် အခွင့်ပေးသည့် ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ အကျိုးဆောင်ပေးသည်။ ထို့ကြောင့် အလုပ်ကို ဆောင်ရွက်သူမှာ သူ၏လူ့သဘာဝထဲတွင် ကိန်းဝပ်နေသည့် ဘုရား၏သဘောသဘာဝပင်ဖြစ်သည်။ လုပ်ဆောင်နေသည်မှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး သူ၏လူ့သဘာဝ မဟုတ်သော်ငြားလည်း ယင်းမှာ သူ၏လူ့သဘာဝထဲ သိုဝှက်ထားသည့် ဘုရား၏သဘောသဘာဝ ဖြစ်သည်၊ အခြေခံအားဖြင့် သူ၏အလုပ်ကို သူ၏အကြွင်းမဲ့သော ဘုရား၏သဘောသဘာဝက လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏လူ့သဘာဝက လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့သော်လည်း အလုပ်ကို ထမ်းရွက်သူမှာကား သူ၏ဇာတိခန္ဓာပင်ဖြစ်သည်။ သူသည် လူသားတစ်ဦးဖြစ်ပြီး ဘုရားသခင်လည်းဖြစ်သည်ဟု ပြောနိုင်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လူ့ခန္ဓာအပြင်ပန်းသဏ္ဌာန်နှင့်၊ လူသားအနှစ်သာရရော ဘုရားသခင်၏ အနှစ်သာရတို့နှင့်ပါ ဇာတိခန္ဓာအထဲတွင် နေထိုင်သည့် ဘုရားသခင် ဖြစ်လာသောကြောင့်ဖြစ်သည်။ သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားထက်မဆို ကြီးမြတ်ပြီး၊ ဘုရားသခင်၏အလုပ်ကို ထမ်းဆောင်နိုင်သည့် မည်သည့်လူသားထက်မဆိုလည်း ကြီးမြတ်သည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းသဏ္ဌာန် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများ၌ လူ့သဘာဝမှလွဲ၍ ဘာမျှမရှိကြပေ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိခန္ဓာထဲတွင် သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။ သူ၏လူ့သဘာဝကို သူ့ဇာတိခန္ဓာ၏ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏နေ့စဉ်အသက်တာတွင် မြင်နိုင်သော်ငြားလည်း သူ၏ဘုရားသဘောသဘာဝကိုမူ သိမြင်ရန် ခက်ခဲသည်။ သူ၏ ဘုရားသဘောသဘာဝသည် သူ၌ လူ့သဘာဝရှိမှသာ ဖော်ပြခြင်း ဖြစ်သည့်အတွက်နှင့် လူများစိတ်ကူးထားသကဲ့သို့ သဘာဝလွန် မဟုတ်သည့်အတွက်၊ ၎င်းကိုမြင်နိုင်ရန်မှာ လူတို့အဖို့ အလွန်တရာပင် ခက်ခဲလှသည်။ ယနေ့ကာလတွင်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရကို နားလည်နိုင်ရန်မှာ လူတို့အတွက် အခက်ခဲဆုံးပင်ဖြစ်သည်။ အမှန်တွင်မူ ထိုအကြောင်းအရာကို ဤမျှရှည်လျားစွာ ငါပြောပြီးသော နောက်ပိုင်းတွင်ပင်၊ သင်တို့အများစုအတွက် ထိုအရာမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပင် ဖြစ်နေပေဦးမည်ဟု ငါမျှော်လင့်သည်။ ဤအရေးကိစ္စမှာ အလွန်ပင်ရိုးရှင်း၏၊ ဘုရားသခင်သည် ဇာတိခန္ဓာဖြစ်လာသည့်အတွက်၊ သူ၏ အနှစ်သာရသည် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ထားခြင်းပင်ဖြစ်သည်။ ဤပေါင်းစပ်ခြင်းကို ဘုရားသခင်ကိုယ်တိုင်၊ ကမ္ဘာပေါ်၌ရှိသော ဘုရားသခင် ကိုယ်တိုင်ဟု ခေါ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

ယေရှု ကမ္ဘာပေါ်တွင် နေထိုင်သွားခဲ့သော အသက်တာမှာ လူ့ဇာတိ၏ သာမန်အသက်တာပင်ဖြစ်သည်။ သူသည် သူ့ဇာတိခန္ဓာ၏ သာမန်လူ့သဘာဝထဲတွင် နေထိုင်ခဲ့သည်။ သူ၏အလုပ်ကို ဆောင်ရွက်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်ကို ပြောဆိုခြင်း၊ သို့မဟုတ် နာမကျန်းသောသူကို ကျန်းမာစေပြီး နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ ထိုကဲ့သို့ ထူးကဲလှသောအရာများကို ပြုလုပ်ခြင်းအတွက် သူ၏သြဇာအာဏာသည် များသောအားဖြင့် သူ၏အမှုတော်ကို မစတင်ချိန်အထိ မိမိကိုယ်ကိုယ် ပြသခဲ့ခြင်း မရှိပေ။ သူ၏အမှုတော်ကို မထမ်းဆောင်ခင်၊ သူ၏အသက် နှစ်ဆယ့်ကိုးနှစ် မတိုင်ခင်က သူ၏အသက်တာက သူသည် သာမန်ဇာတိခန္ဓာပင် ဖြစ်ခဲ့ကြောင်း လုံလောက်သော သက်သေပင်ဖြစ်သည်။ ယင်းကြောင့်နှင့် သူ၏အမှုတော်ကို စတင်မထမ်းဆောင်ရသေးသည့်အတွက်တို့ကြောင့် လူများသည် သူ့အထဲတွင် ဘုရား၏သဘောသဘာဝရှိသောအရာ ဘာတစ်ခုမျှ မမြင်ခဲ့ကြ၊ သာမန်လူတစ်ယောက်၊ သာမန် သက်ရှိလူသားတစ်ယောက်ဟုသာ မြင်ခဲ့ကြခြင်းဖြစ်သည်၊ ၎င်းအချိန်တုန်းက လူအချို့တို့သည် သူ့ကို ယောသပ်၏သားဟု ယုံကြည်ခဲ့ကြသကဲ့သို့ပင် ဖြစ်သည်။ လူများက သူသည် သာမန်လူတစ်ယောက်၏သားဟု တွေးထင်ခဲ့ကြပြီး၊ သူသည် ဘုရားသခင်ခံယူထားသော လူ့ဇာတိပကတိ ဖြစ်သည်ဆိုခြင်းကို လုံးဝမသိခဲ့ကြပေ၊ သူ၏အမှုတော်ကို ထမ်းဆောင်နေချိန် အတွင်းမှာပင်လျှင်၊ အံဩဖွယ်ရာများစွာပြသခဲ့သော်ငြား၊ သူသည် သာမန်လူ့သဘာဝ အပြင်ပန်းသဏ္ဌာန်နှင့် ခရစ်တော် ဖြစ်နေခဲ့သည့်အတွက် လူအများစုသည် သူ့ကို ယောသပ်၏သားဖြစ်သည်ဟုသာ ပြောဆိုခဲ့ကြတုန်းဖြစ်၏။ အကြွင်းမဲ့ သာမန်လူသားတစ်ယောက် ဖြစ်လာရန်၊ ဘုရားသခင်သည် လူ့ဇာတိထဲသို့ အလုံးစုံ ဆင်းကြွလာခဲ့သည်ကို သက်သေပြလျက် ပထမ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ဖြည့်စွမ်းရန်အလို့ငှာ သူ၏ သာမန်လူ့သဘာဝနှင့် သူ၏အလုပ်နှစ်ခုစလုံး တည်ရှိနေခဲ့ခြင်းဖြစ်သည်။ သူ၏အလုပ်ကို မစတင်ခင်တွင် သူ၌ သာမန်လူ့သဘာဝရှိခဲ့ခြင်းသည် သူသည် သာမန်ဇာတိခန္ဓာ ဖြစ်ခဲ့ကြောင်း သက်သေပင်ဖြစ်သည်၊ သူသည် သာမန် လူ့သဘာဝနှင့်ပင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများကို ဆောင်ရွက်ခဲ့သဖြင့်၊ နာမကျန်းသောသူကို ကျန်းမာစေပြီး နတ်ဆိုးများကို နှင်ထုတ်ခဲ့သဖြင့်၊ နောက်ပိုင်း သူလုပ်ခဲ့ခြင်းမှာလည်း သူသည် သာမန် ဇာတိခန္ဓာသာ ဖြစ်ခဲ့ကြောင်း သက်သေပြသည်။ နိမိတ်လက္ခဏာများ သူပြုနိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ သူ၏ဇာတိခန္ဓာ၌ ဘုရားသခင်၏ သြဇာအာဏာရှိပြီး၊ ဘုရားသခင်၏ဝိညာဉ်တော် လွှမ်းခြုံထားသည့် ဇာတိခန္ဓာဖြစ်သောကြောင့်ဖြစ်သည်။ ဤသြဇာအာဏာကို သူပိုင်ဆိုင်ထားခြင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်ကြောင့်ဖြစ်ပြီး၊ ထိုသို့ပိုင်ဆိုင်ခြင်းကြောင့် သူသည် ဇာတိခန္ဓာ မဟုတ်ကြောင်းကို ဆိုလိုခြင်း မဟုတ်ပါ။ နာမကျန်းသောသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းသည် သူ၏အမှုတော်တွင် ထမ်းဆောင်ရန်လိုသည့် အလုပ်ပင်ဖြစ်သည်၊ ၎င်းမှာ သူ၏လူ့သဘာဝထဲတွင် သိုဝှက်ထားသော ဘုရားသဘောသဘာဝ၏ ဖော်ပြသည့်အရာပင်ဖြစ်ပြီး၊ မည်သည့် နိမိတ်လက္ခဏာများကို သူပြပြ၊ သူ၏သြဇာအာဏာကို မည်ကဲ့သို့ပင်ပြပြ၊ သူသည် သာမန်လူ့သဘာဝထဲတွင် အသက်ရှင်ဆဲဖြစ်ပြီး၊ သာမန် ဇာတိခန္ဓာထဲတွင် ရှိနေဆဲဖြစ်သည်။ ကားတိုင်ပေါ်တွင် အသေခံပြီးနောက် ရှင်ပြန်ထမြောက်ခဲ့သည့် အချိန်အထိ သူသည် သာမန် ဇာတိခန္ဓာ ထဲတွင် ကိန်းဝပ်ခဲ့သည်။ ကျေးဇူးတော်ကို အပ်နှင်းပေးခြင်း၊ နာမကျန်းသောသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း အားလုံးတို့သည် သူ့အမှုတော်၏ အစိတ်အပိုင်းဖြစ်ပြီး၊ သူ၏သာမန်ဇာတိခန္ဓာထဲတွင် ထမ်းဆောင်ခဲ့သည့် အလုပ်အားလုံးပင်ဖြစ်သည်။ သူသည် ကားတိုင်သို့ မသွားခင်တွင် သူမည်သည့်အရာကို လုပ်နေခဲ့သည် ဖြစ်ပါစေ၊ သူ၏သာမန်လူသားဇာတိခန္ဓာနှင့် ဘယ်သောအခါမျှ မခွဲခွာခဲ့ပေ။ သူသည် ဘုရားသခင်ကိုယ်တိုင်ဖြစ်ပြီး၊ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်ကို ဆောင်ရွက်နေခဲ့သော်ငြားလည်းပဲ၊ သူသည် ဘုရားသခင်ခံယူထားသော လူ့ဇာတိဖြစ်သည့်အတွက်၊ သူသည် အစာကိုစားပြီး အဝတ်ကို ဝတ်ဆင်ခဲ့သည်၊ သာမန်လူသား၏ လိုအပ်ချက်များ ရှိခဲ့ပြီး၊ သာမန်လူသား၏ အသိစိတ်နှင့် သာမန်လူသား၏စိတ်တို့ ရှိခဲ့သည်။ ဤအရာအားလုံးမှာ သူသည် သာမန် လူသားတစ်ယောက် ဖြစ်ကြောင်း သက်သေပြပြီး၊ ဘုရားသခင် ခံယူထားသည့် လူ့ဇာတိသည် သာမန်လူ့သဘာဝ ရှိသည့် ဇာတိခန္ဓာ ဖြစ်ကြောင်းနှင့် သဘာဝလွန်သော ဇာတိခန္ဓာ မဟုတ်ကြောင်းကို သက်သေပြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝသည် ဇာတိခန္ဓာထဲရှိ သာမန် ဘုရားသဘောသဘာဝ၏ အလုပ်ကို ထိန်းသိမ်းရန် တည်ရှိသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် သူ၏သာမန် လူ့သဘာဝနှင့် သူ၏ ခန္ဓာဆိုင်ရာ လုပ်ဆောင်မှုအားလုံးကို ထောက်မသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အလုပ်အားလုံးကို ထောက်မရန် တည်ရှိသည်ဟု ပြော၍ရသည်။ အကယ်၍ ထိုဇာတိခန္ဓာသည် သာမန် လူသားစိတ်ကို မပိုင်ဆိုင်ပါက၊ ဘုရားသခင်လည်း ထိုဇာတိခန္ဓာထဲတွင် လုပ်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ ဇာတိခန္ဓာထဲ၌ သူလုပ်ဆောင်ရန် လိုအပ်သည့် အရာကိုလည်း ဘယ်သောအခါမျှ ပြီးမြောက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူသား စိတ်ကို ပိုင်ဆိုင်သော်ငြားလည်း၊ သူ၏အလုပ်သည် လူသားအတွေးအခေါ်နှင့် ညစ်ညူးရောနှောနေခြင်း မရှိပေ၊ သူသည် စိတ်ရှိသော လူ့သဘာဝကို ပိုင်ဆိုင်ဖို့ လိုအပ်သောကြောင့်၊ သူသည် လူ့သဘာဝထဲမှ အလုပ်ကို သာမန်လူသား အတွေးအခေါ်များကို အသုံးချခြင်းဖြင့် မဟုတ်ဘဲ သာမန်စိတ်နှင့် လုပ်ဆောင်သည်။ သူ့ဇာတိခန္ဓာ၏ အတွေးအခေါ်များ မည်မျှပင် မြင့်မားနေပါစေ၊ သူ၏အလုပ်၌ ဆင်ခြင်တွေးခေါ်မှု သို့မဟုတ် အတွေးအခေါ်၏ လက္ခဏာမရှိပေ။ တစ်နည်းဆိုရလျှင်၊ သူ၏အလုပ်သည် သူ့ဇာတိခန္ဓာ၏ စိတ်အားဖြင့် သန္ဓေတည်လာခြင်း မဟုတ်ဘဲ၊ သူ၏ လူ့သဘာဝထဲရှိ ဘုရားသဘောသဘာဝ အလုပ်၏ တိုက်ရိုက် ဖော်ပြချက်ပင် ဖြစ်သည်။ သူ၏ အလုပ်အားလုံးသည် သူကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်သည့် အမှုတော်ပင်ဖြစ်ပြီး၊ ထိုအရာတစ်ခုကမျှ သူ၏ဦးနှောက်အားဖြင့် သန္ဓေတည်လာခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် နာမကျန်းသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် ကားတိုင်တွင် အသေခံခြင်းတို့မှာ သူ၏ လူ့စိတ်မှ ထုတ်လုပ်သည့်အရာများ မဟုတ်ပေ၊ ၎င်းအရာများကို လူသားစိတ်ရှိသည့် မည်သည့် လူသားမျှ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ ယနေ့ကာလ၏ သိမ်းပိုက်ခြင်း အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်က ထမ်းဆောင်ရမည့် အမှုတော်ဖြစ်ပြီး၊ ၎င်းမှာ လူသားဆန္ဒမှဖြစ်လာသော အလုပ် မဟုတ်ပေ၊ ၎င်းသည် သူ၏ဘုရားသဘောသဘာဝက လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်ပြီး၊ မည်သည့် ဇာတိပကတိ ဆန်သော လူသားကမျှ မစွမ်းဆောင်နိုင်သည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် လူသားစိတ်ကို ပိုင်ဆိုင်ရမည်၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ရမည်၊ အဘယ်ကြောင့်ဆိုသော် သူ၏အလုပ်ကို သူသည် လူ့သဘာဝ၌ သာမန်စိတ်နှင့် ထမ်းဆောင်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအရာသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရ စင်စစ်လည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

သခင်ယေရှုအလုပ်လုပ်နေသော အချိန်ကာလတွင် ဘုရားသခင်၌ လူသား၏ ဖော်ထုတ်ပြသချက်တို့ များစွာရှိသည်ဆိုသည်ကို လူတို့က မြင်နိုင်ခဲ့သည်။ ဥပမာ သူသည် ကနိုင်သည်၊ မင်္ဂလာဆောင်များကို တက်ရောက်နိုင်သည်၊ လူတို့နှင့် ဆက်ဆံနိုင်သည်၊ စကားပြောနိုင်သည်၊ ထို့ပြင် သူတို့နှင့် ဆွေးနွေးနိုင်သည်။ ၎င်းတို့အပြင် သခင်ယေရှုသည် သူ၏ဘုရားသဘောသဘာဝကို ကိုယ်စားပြုသော အလုပ်များစွာကို ပြီးမြောက်ခဲ့ပြီး ဤအလုပ်များအားလုံးကလည်း ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်းအမှန်ပင်ဖြစ်သည်။ ဤအချိန်ကာလအတောအတွင်း ဘုရားသခင်၏ ဘုရားသဘောသဘာဝသည် လူတို့မြင်နိုင်၊ တို့ထိနိုင်သော သာမန်ဇာတိခန္ဓာထဲ၌ အမှန်တကယ်ဖြစ်ပေါ်လာသောအခါ ဘုရားသခင်သည် ပေါ်လိုက်ပျောက်လိုက်ဖြစ်သည်ဟု သူတို့မခံစားရတော့ပေ၊ သူနှင့် နီးစပ်အောင် မလုပ်နိုင်ဟူ၍ မခံစားရတော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် လူသားတော်၏ လှုပ်ရှားမှုတိုင်း၊ နှုတ်ကပတ်တော်တို့နှင့် အလုပ်တို့မှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နိုင်ရန်၊ သို့မဟုတ် သူ၏သဘောသဘာဝကို နားလည်နိုင်ရန် ကြိုးစားနိုင်ခဲ့ကြသည်။ လူ့ဇာတိခံယူထားသော လူသား၏ သားသည် သူ၏ လူ့သဘောသဘာဝမှတစ်ဆင့် ဘုရား၏သဘောသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်အား ဘုရားသခင်၏ အလိုတော်ကို အသိပေးခဲ့သည်။ တဖန် ဘုရားသခင်၏ အလိုတော်နှင့် စိတ်သဘောထား၏ ဖော်ပြချက်မှတစ်ဆင့် ဝိညာဉ်လောက၌ မြင်၍ သို့မဟုတ် ထိတွေ့၍မရသော ဘုရားသခင်ကိုလည်း လူတို့အား ထုတ်ဖော်ခဲ့သည်။ လူတို့ မြင်ခဲ့သောအရာက အသွေးအသားနှင့် အရိုးနှင့် ထိတွေ့နိုင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော လူသားသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာ၊ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ခိုင်မာစေပြီး လူသားဆန်စေခဲ့သည်။ လူသား၏ အပြင်ပန်း အသွင်အပြင်က ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်ပတ်သက်ပြီး အကန့်အသတ်တစ်ချို့ရှိခဲ့သော်လည်း သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ခဲ့သည်၊ ဖော်ပြခြင်းပုံစံ၌ ကွာခြားချက် အချို့သာ ရှိသည်။ လူသား၏ လူ့သဘာဝဖြစ်စေ၊ သူ၏ ဘုရားသဘောသဘာဝဖြစ်စေ၊ သူသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုခဲ့သည်ဆိုခြင်းကို ငါတို့ မငြင်းနိုင်ပေ၊ သို့သော်လည်း ဤအချိန်ကာလအတွင်း၌ ဘုရားသခင်သည် လူ့ဇာတိမှတစ်ဆင့် အလုပ်လုပ်ခဲ့သည်၊ လူ့ဇာတိ၏ ရှုထောင့်မှ ပြောဆိုခဲ့ပြီး လူသား၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်အညီ လူသားမျိုးနွယ်ရှေ့၌ ရပ်ခဲ့ပြီး၊ ဤအချက်က လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်မှုကို ကြုံတွေ့ပြီး သိရှိခံစားရန် အခွင့်အလမ်းကို လူတို့အား ပေးခဲ့သည်။ ဤအချက်သည် နှိမ့်ချခြင်းအလယ်တွင် သူ၏ ဘုရားသဘောသဘာဝနှင့် သူ၏ကြီးမြတ်ခြင်းကို လူတို့အား ထိုးထွင်းသိမြင်စေပြီး၊ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် လက်တွေ့အရှိတရားအပေါ် ပဏာမနားလည်ခြင်းနှင့် ပဏာမအဓိပ္ပာယ် တစ်ရပ်ကို ရရှိစေခဲ့သည်။ သခင်ယေရှုပြီးမြောက်ခဲ့သော အလုပ်၊ သူ၏လုပ်ဆောင်သောနည်းလမ်း၊ သူစကားပြောသော ရှုထောင့်တို့သည် ဝိညာဉ်ရေးရာနယ်ပယ်တွင် ဘုရားသခင်၏ တကယ့်ပုဂ္ဂိုလ်နှင့် ကွာခြားသော်လည်း သူနှင့်ပတ်သက်သောအရာရာတိုင်းက လူတို့ ယခင်က တစ်ခါမျှ မမြင်ဖူးသော ဘုရားသခင်ကိုယ်တော်တိုင်ကို အမှန်တကယ် ကိုယ်စားပြုခဲ့သည်။ ၎င်းကို ငြင်း၍မရပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်က မည်သို့သောပုံသဏ္ဌာန်နှင့် ပေါ်ထွန်းသည်ဖြစ်စေ၊ မည်သည့်ရှုထောင့်မှ သူစကားပြောသည်ဖြစ်စေ၊ သို့မဟုတ် လူသားမျိုးနွယ်ကို မည်သည့်ပုံသဏ္ဌာန်နှင့် သူရင်ဆိုင်သည်ဖြစ်စေ ဘုရားသခင်သည် သူ့ကိုယ်သူမှလွဲပြီး မည့်သည့်အရာကိုမျှ ကိုယ်စားမပြုပေ။ သူသည် မည်သည့်လူသားကိုမျှ ကိုယ်စားမပြုနိုင်ပေ။ သူသည် ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားကိုမျှ ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင်သည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ ၎င်းကို ငြင်းပယ်၍မရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အသွင်အပြင်သည် လူသားတစ်ယောက်နှင့် အတိအကျတူသော်လည်း၊ သူသည် လူသား၏ အသိပညာကို လေ့လာသင်ယူပြီး လူသား၏ ဘာသာစကားကို ပြောသော်လည်း၊ တစ်ခါတရံ၌ လူသားမျိုးနွယ်၏ နည်းလမ်းများ သို့မဟုတ် ဖော်ပြချက်များမှတစ်ဆင့် သူ၏ စိတ်ကူးတို့ကိုပင်လျှင် သူဖော်ပြသော်လည်း လူသားတို့ကို သူမြင်သောပုံစံ၊ အမှုအရာတို့၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော လူတို့က လူသားမျိုးနွယ်နှင့် အမှုအရာတို့၏ အနှစ်သာရကို မြင်သောပုံစံသည် လုံးဝမတူပေ။ သူ့ရှုထောင့်နှင့် သူရပ်တည်သောအမြင့်သည် ဖောက်ပြန်ပျက်စီးသောလူတစ်ယောက် မရရှိနိုင်သော အရာတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သမ္မာတရားဖြစ်သော်ကြောင့်၊ သူဝတ်ဆင်သော ဇာတိခန္ဓာသည်လည်း ဘုရားသခင်၏အနှစ်သာရ ရှိပြီး သူ၏အတွေးတို့နှင့် သူ၏လူ့သဘာဝမှ ဖော်ပြသောအရာသည်လည်း သမ္မာတရားဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူတို့အတွက် ဇာတိခန္ဓာထဲမှာ သူဖော်ပြသောအရာသည် သမ္မာတရား၏ပံ့ပိုးပေးခြင်းနှင့် အသက်တာအတွက် ပံ့ပိုးပေးခြင်း ဖြစ်သည်။ ဤပံ့ပိုးခြင်းတို့က လူတစ်ယောက်အတွက်မဟုတ်ဘဲ လူသားမျိုးနွယ်အားလုံးအတွက် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော မည်သူမဆို သူ့စိတ်ထဲမှာ သူနှင့်ဆက်စပ်သောသူ အနည်းငယ်သာရှိသည်။ သူဂရုစိုက်သော၊ သူစိတ်မအေးသောလူ တစ်ချို့သာရှိသည်။ ဘေးဒုက္ခ နီးကပ်လာသောအခါ သူ၏သားသမီးတို့၊ အိမ်ထောင်ဘက် သို့မဟုတ် မိဘတို့ကို သူအရင်စဉ်းစားသည်ပြီး ပို၍ ပရဟိတဆန်သောလူက အများဆုံးအနေဖြင့် ဆွေမျိုးတစ်ချို့၊ သို့မဟုတ် မိတ်ဆွေကောင်းတစ်ယောက်ကို စဉ်းစားမည်၊ ထပ်ပြီး စဉ်းစားသေးသလော။ မည်သည့်အခါမျှ မစဉ်းစားပေ။ အဘယ့်ကြောင့်ဆိုသော် လူသားတို့သည် အမှန်တကယ်တွင်မူ လူသားတို့ပင်ဖြစ်ပြီး လူတစ်ယောက်၏ ရှုထောင့်နှင့် အမြင့်မှသာ အရာရာတိုင်းကို သူတို့ ကြည့်ရှုနိုင်သည်။ သို့သော်လည်း လူ့ဇာတိခံယူထားသော ဘုရားသခင်က ဖောက်ပြန်ပျက်စီးသောလူနှင့် လုံးဝ ကွာခြား၏။ ဘုရားသခင်၏ လူ့ဇာတိက မည်မျှပင် သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ မည်မျှပင် နိမ့်ကျပါစေ သို့မဟုတ် လူတို့က သူ့ကို မည်မျှလောက်ထိ အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ၏ အတွေးတို့နှင့် သဘောထားတို့က မည်သည့်လူသားမျှ မပိုင်ဆိုင်နိုင်သော မည်သည့်လူသားမျှ မတုပနိုင်သော အရာများဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ၊ ဖန်ဆင်းရှင်အနေနှင့် သူ၏နေရာ၏ အမြင့်မှူ အမြဲတမ်း ကြည့်ရှုလေ့လာလိမ့်မည်။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ အနှစ်သာရနှင့် တွေးတောပုံမှတစ်ဆင့် သူအမြဲတမ်း မြင်လိမ့်မည်။ လူသားမျိုးနွယ်ကို သာမန်လူတစ်ယောက်၏အမြင့်၊ ဖောက်ပြန်ပျက်စီးသောလူတစ်ယောက်၏ အမြင့်မှ သူလုံးဝ မမြင််နိုင်ပေ။ လူတို့က လူသားမျိုးနွယ်ကို ကြည့်သောအခါမှာ လူသား၏အမြင်နှင့် ကြည့်ကြပြီး၊ တိုင်းတာချက်တစ်ခုအနေနှင့် လူသား၏ အသိပညာ၊ လူသား၏ စည်းမျဉ်းနှင့် အယူအဆများကဲ့သို့ အရာတို့ကို အသုံးပြုကြသည်။ ဤသည်မှာ လူတို့ သူတို့၏မျက်လုံးဖြင့် မြင်နိုင်သော အတိုင်းအတာအတွင်းမှာ ဖြစ်သည်၊ ဖောက်ပြန်ပျက်စီးသော လူတို့ ရရှိနိုင်သော အတိုင်းအတာအတွင်းမှာ ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်သောအခါမှာ ဘုရား၏အမြင်နှင့် သူကြည့်ပြီး၊ တိုင်းတာချက်တစ်ခုအနေဖြင့် သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို အသုံးပြုသည်။ ဤနယ်ပယ်မှာ လူတို့ မမြင်နိုင်သောအရာတို့ ပါဝင်ပြီး၊ ဤနေရာသည် လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ဖောက်ပြန်ပျက်စီးသောလူသားတို့ လုံးဝ ကွဲပြားသောနေရာ ဖြစ်သည်။ ဤကွဲပြားမှုက လူသားနှင့် ဘုရားသခင်၏ မတူညီသော အနှစ်သာရအားဖြင့် သတ်မှတ်ပြီး၊ သူတို့၏ ဝိသေသ လက္ခဏာတို့နှင့် နေရာများအပြင် အမှုအရာများကို သူတို့မြင်သော အမြင်နှင့် အမြင့်တို့ကို ပိုင်းခြားသတ်မှတ်သည်က ဤမတူညီသော အနှစ်သာရတို့ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ သူ၏ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန်လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန်လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက်လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ ယင်းဂုဏ်ဒြပ်မှာ သူ၏အလုပ်ကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ သူ့အနေဖြင့် သူ၏အလုပ်ကို ဖျက်ဆီးမည့် မည်သည့်အမှုမျိုးကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်၊ ထို့ပြင် သူ၏အလိုတော်ကို ဆန့်ကျင်ဖက်ပြုမည့် မည်သည့်စကားလုံးကိုမျှ သူမိန့်မြွက်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို အနှောင့်အယှက် ဖြစ်စေသည့် မည်သည့်အလုပ်ကိုမဆို ဘယ်သောအခါမျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ ဤသည်မှာ လူသားအားလုံး နားလည် သဘောပေါက်သင့်သည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အနှစ်သာရမှာ လူသားတို့ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်စီမံခန့်ခွဲမှု အဖို့အလို့ငှာ ဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ အလုပ်မှာ လူသားတို့ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ အလိုတော်အဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူသည် သူ၏ဇာတိခန္ဓာအတွင်း သူ၏အနှစ်သာရကို ရုပ်အကောင်အထည်ပေါ်စေသဖြင့် သူ၏ဇာတိခန္ဓာသည် သူ၏အလုပ်ကို ဆောင်ရွက်ရန် လုံလောက်၏။ ထို့ကြောင့် လူ့ဇာတိခံယူသည့် အတောအတွင်း ဘုရားသခင့် ဝိညာဉ်တော်၏ အလုပ်အားလုံးကို ခရစ်တော်၏ အလုပ်ဖြင့် အစားထိုးလိုက်သည်၊ ထို့ပြင် လူ့ဇာတိခံယူသည့်အချိန် တစ်လျှောက်လုံးတွင် အလုပ်အားလုံး၏ အဓိကအချက်အချာ၌ ခရစ်တော်၏အလုပ် ရှိပေသည်။ ထိုအလုပ်သည် အခြားသော ခေတ်အဆက်ဆက်မှ မည်သည့်အလုပ်မျိုးနှင့်မျှ ရောယှက်နေ၍ မရပါ။ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူ့ဇာတိခန္ဓာ၏ ကိုယ်ပိုင်လက္ခဏာနှင့်အညီ အလုပ်လုပ်သည်၊ လူ့ဇာတိကို သူခံယူသည့်အတွက် သူလုပ်သင့်လုပ်ထိုက်သောအလုပ်ကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ခရစ်တော်ပင်ဖြစ်စေ၊ နှစ်မျိုးစလုံးမှာ ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်ပြီး သူလုပ်သင့်လုပ်ထိုက်သော အလုပ်ကို သူလုပ်ဆောင်ပြီး သူဖော်ဆောင်သင့်သော အမှုတော်ကိုလည်း သူဖော်ဆောင်သည်။

ဘုရားသခင်၏ ဂုဏ်ဒြပ်ကိုယ်၌က သြဇာအာဏာကို ဆုပ်ကိုင်ထားသည်၊ သို့သော် သူသည် မိမိထံမှလာသော သြဇာအာဏာအတိုင်း အပြည့်အဝ လိုက်နာဆောင်ရွက်နိုင်သည်။ ဝိညာဉ်တော်၏ အလုပ်ဖြစ်စေ သို့မဟုတ် ဇာတိခန္ဓာ၏ အလုပ်ဖြစ်စေ မည်သည့်အလုပ်မျှ အခြားသောအရာနှင့် ပဋိပက္ခမရှိပါ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဖန်ဆင်းခံ အရာအားလုံးအပေါ်ရှိ သြဇာအာဏာပင် ဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်ဒြပ်ပါသော ဇာတိခန္ဓာသည်လည်း သြဇာအာဏာ ပိုင်ဆိုင်သည်၊ သို့သော် ဇာတိခန္ဓာထဲရှိ ဘုရားသခင်သည်လည်း ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်၏အလိုတော်ကို လိုက်နာသည့် အလုပ်အားလုံးကို ဆောင်ရွက်နိုင်သည်။ ဤအရာကို မည်သည့်လူသားတစ်ဦးတစ်ယောက်မျှ မကြိုးပမ်းနိုင် သို့မဟုတ် စိတ်ကူးမပေါက်နိုင်ကြ။ ဘုရားသခင် ကိုယ်တော်တိုင်က သြဇာအာဏာဖြစ်သည်၊ သို့သော် သူ၏ဇာတိခန္ဓာက သူ၏ သြဇာအာဏာအတိုင်း လိုက်နာဆောင်ရွက်နိုင်သည်။ ယင်းမှာ “ခရစ်တော်သည် ခမည်းတော်ဘုရားသခင်၏ အလိုတော်ကို နာခံသည်” ဟူသော စကား၏ အတွင်းကျသည့် အနက်အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်ပြီး ကယ်တင်ခြင်းအလုပ်ကို ဆောင်ရွက်နိုင်သည်၊ ထိုနည်းတူ ဘုရားသခင်သည် လူသားဖြစ်လာနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ၊ ဘုရားသခင်ကိုယ်တော်တိုင်က သူ၏အလုပ်ကို လုပ်ဆောင်သည်၊ နှစ်ဦးနှစ်ဖက် ပဋိပက္ခသို့ ဦးတည်သော အလုပ်မျိုးကို လုပ်ရန်မဆိုထားနှင့် သူသည် မိမိအလုပ်အပေါ် အနှောင့်အယှက် မပြုသကဲ့သို့ ဝင်ရောက်မစွက်ဖက်ပေ၊ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်က လုပ်ဆောင်သောအမှုနှင့် ဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ ဂုဏ်ဒြပ်မှာ ထပ်တူပင်ဖြစ်သောကြောင့်ဖြစ်သည်။ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ဇာတိခန္ဓာဖြစ်စေ နှစ်မျိုးစလုံးသည် တစ်ခုသော အလိုတော်ကို ဖြည့်စွက်ရန်နှင့် တူညီသော အလုပ်တစ်ခုတည်းကို စီမံခန့်ခွဲရန် လုပ်ဆောင်သည်။ ဝိညာဉ်တော်နှင့် ဇာတိခန္ဓာတို့၌ ကွဲပြားခြားနားသော အရည်အချင်းနှစ်မျိုး ရှိကြသော်လည်း၊ ၎င်းတို့၏ ဂုဏ်ဒြပ်တို့မှာမူ တူညီကြသည်၊ နှစ်မျိုးစလုံး၌ ဘုရားသခင်ကိုယ်တော်တိုင်၏ ဂုဏ်ဒြပ်ရှိပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာရှိကြသည်။ ဘုရားသခင်ကိုယ်တော်တိုင်၌ မနာခံခြင်း၏ အရိပ်လက္ခဏာမရှိ၊ သူ၏ ဂုဏ်ဒြပ်မှာ ကောင်းမွန်သည်။ ဘုရားသခင်သည် လှပမှုနှင့် ကောင်းမွန်မှု အားလုံးတို့အပြင် ချစ်ခြင်းမေတ္တာ အားလုံးတို့၏ ဖော်ပြချက်ပင်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ခမည်းတော်ဘုရားသခင်ကို မနာခံသည့် မည်သည့်အရာကိုမျှ မလုပ်ပါ။ မိမိဘဝကို စတေးရမည့်၊ ပေးဆပ်ရမည့် အခြေအနေမျိုး၌ပင်လျှင် သူသည် စိတ်နှလုံးအပြည့်အဝဖြင့် အလိုတော်ကို နာခံလိမ့်မည်ဖြစ်ပြီး အခြားသောအရာကို ရွေးချယ်လိမ့်မည်မဟုတ်ပါ။ ဘုရားသခင်၌ မိမိကိုယ်ကိုမှန်သည်ဟုထင်ခြင်းနှင့် မိမိကိုယ်ကို အရေးပါသည်ဟု ထင်ခြင်းတို့၏ အရိပ်လက္ခဏာမရှိပါ၊ သို့မဟုတ် မာန်မာနကြီးမှုနှင့် စိတ်ကြီးဝင်မှုတို့၏ အရိပ်လက္ခဏာ မရှိပါ၊ ဘုရားသခင်၌ မရိုးဖြောင့်သော စိတ်သဘော လုံးဝမရှိပါ။ ဘုရားသခင်ကို မနာခံသည့်အရာ အားလုံးမှာ စာတန်ထံမှ လာသည်၊ စာတန်သည် ရုပ်ဆိုးအကျည်းတန်မှုနှင့် ဆိုးသွမ်းမိုက်မဲမှု အားလုံးတို့၏ အရင်းအမြစ်ဖြစ်သည်။ လူသားတို့၌ စာတန်ကဲ့သို့သော စရိုက်များရှိနေရခြင်းမှာ လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းနှင့် ပြုပြင်ခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။ ခရစ်တော်သည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်း မခံခဲ့ရပါ၊ ထိုအကြောင်းကြောင့် သူ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာများသာလျှင်ရှိပြီး စာတန်၏ပင်ကိုလက္ခဏာ တစ်ခုမျှ မရှိပါ။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အသက်ရှင်နေစဉ်အတောအတွင်း သူ၏အလုပ်မှာ မည်မျှပင် ခက်ခဲကြမ်းတမ်းပါစေ၊ သို့မဟုတ် ဇာတိခန္ဓာမှာ မည်မျှပင် အားနည်းနေပါစေ ခမည်းတော်ဘုရားသခင်၏ အလိုတော်ကို မနာခံဘဲ စွန့်ပယ်ရန် မဆိုထားနှင့် သူ၏အလုပ်ကို အနှောင့်အယှက်ဖြစ်စေသော မည်သည့်အရာမျိုးကိုမျှ လုပ်လိမ့်မည် မဟုတ်ပါ။ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်ရမည်ထက် သူသည် ဇာတိခန္ဓာ၏ နာကျင်မှုများကိုသာ ခံစားပေလိမ့်မည်၊ ယင်းမှာ ယေရှုက သူ၏ဆုတောင်းပဌာနာထဲ၌ ပြောထားသကဲ့သို့ ဖြစ်သည်၊ “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်။” လူသားမှန်လျှင် ရွေးချယ်လိမ့်မည်၊ သို့သော် ခရစ်တော်မှာ မရွေးခဲ့ပါ။ သူ၌ ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာရှိသော်လည်း၊ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေမြဲဖြစ်ပြီး ဇာတိခန္ဓာ၏ ရှုထောင့်မှတစ်ဆင့် ခမည်းတော် ဘုရားသခင်က သူ့ကို တာဝန်ပေးစေခိုင်းထားသောအရာကို ဖြည့်ဆည်းလုပ်ဆောင်သည်။ ယင်းမှာ လူသားတို့ မကြိုးပမ်း မဆောင်ရွက်နိုင်သော အရာမျိုးဖြစ်သည်။ စာတန်ထံမှ လာသောအရာတွင် ဘုရားသခင်၏ဂုဏ်ဒြပ် မရှိနိုင်ပါ၊ ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်ပုန်ကန်သည့် သဘောသာရှိသည်။ ဘုရားသခင်၏ အလိုတော်ကို လိုလားစွာ နာခံရန်မဆိုထားနှင့်၊ ဘုရားသခင်ကို အပြည့်အဝပင် မနာခံနိုင်ပါ။ ခရစ်တော်မှလွဲ၍ လူသားအားလုံးတို့မှာ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့်အရာကို လုပ်နိုင်ကြသည်၊ ဘုရားသခင် တာဝန်ပေးစေခိုင်းထားသည့် အလုပ်မျိုးကိုမူ မည်သူမျှ တိုက်ရိုက် မဆောင်ရွက်နိုင်ပါ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ၎င်းတို့ထမ်းဆောင်ရမည့် ကိုယ်ပိုင်တာဝန်ဝတ္တရားကဲ့သို့ မည်သူမျှ မမှတ်ယူနိုင်ပါ။ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ကျိုးနွံနာခံခြင်းမှာ ခရစ်တော်၏ ဂုဏ်ဒြပ်ဖြစ်သည်၊ ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်ပုန်ကန်မှုမှာ စာတန်၏ ပင်ကိုလက္ခဏာဖြစ်သည်။ ဤစရိုက်နှစ်မျိုးမှာ တစ်ခုနှင့်တစ်ခု သဟဇာတ မဖြစ်နိုင်ပါ၊ ထို့ပြင် စာတန်၏ စရိုက်များရှိသည့် မည်သူကိုမဆို ခရစ်တော်ဟု ခေါ်၍မရပါ။ လူသားသည် ဘုရားသခင်၏နေရာတွင် ဘုရားအလုပ်ကို မလုပ်နိုင်ရသည့် အကြောင်းရင်းမှာ လူသား၌ ဘုရားသခင်၏ မည်သည့်ဂုဏ်ဒြပ်မျှ မရှိနေသောကြောင့်ဖြစ်သည်။ လူသားသည် သူ၏ကိုယ်ပိုင်အကျိုးအမြတ်များနှင့် သူ၏အနာဂတ်အလားအလာများ အတွက်သာ ဘုရားအတွက် အလုပ်လုပ်တတ်သည်၊ သို့သော် ခရစ်တော်မှာမူ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန်အတွက် အလုပ်လုပ်ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက လွှမ်းမိုးထိန်းချုပ်ထားသည်။ သူသည် ဇာတိခန္ဓာထဲ၌ ရှိနေသော်လည်း၊ သူ၏ လူ့သဘာဝမှာ လူသားတစ်ယောက်၏ ခန္ဓာကိုယ် တည်ဆောက်ထားသကဲ့သို့နှင့် လုံးလုံးမတူညီပါ။ သူ့ထံ၌ ကိုယ်ပိုင်တစ်မူထူးခြားသော ဝိသေသလက္ခဏာရပ်ရှိပြီး ထိုအရာကိုလည်း သူ၏ဘုရားသဘောသဘာဝက လွှမ်းမိုးထိန်းချုပ်ထားသည်။ သူ၏ဘုရားသဘောသဘာဝထဲ၌ အားနည်းမှု မရှိ၊ ခရစ်တော်၏ အားနည်းမှုမှာ သူ၏လူ့သဘာဝကို ရည်ညွှန်းခြင်းဖြစ်သည်။ အတိုင်းအတာ တစ်ခုအထိ ယင်းအားနည်းမှုက သူ၏ဘုရားသဘောသဘာဝကို ဘောင်ခတ်ထားသည်၊ သို့သော် ယင်းအကန့်အသတ်မှာ နယ်ပယ်အချို့နှင့် အချိန်အတိုင်းအတာအချို့ အတွင်း၌သာရှိပြီး အတိုင်းမသိ ကျယ်ပြန့်မနေပါ။ သူ၏ဘုရားသဘောသဘာဝ အလုပ်မျိုးကို ဆောင်ရွက်ရသည့်အခါ၌ လူ့သဘာဝကို ဂရုမထားဘဲ ဆောင်ရွက်ပြီးစီးသည်။ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက တစ်ခုလုံး စီမံညွှန်ကြားပေးသည်။ သူ့လူ့သဘာဝ၏ သာမန်ဘဝမှအပ လူ့သဘာဝ၏ လုပ်ဆောင်မှုအားလုံးတို့ကို သူ၏ဘုရားသဘောသဘာဝက လွှမ်းမိုးထားပြီး အကျိုးသက်ရောက်စေသည့်အပြင် စီမံညွှန်ကြားပေးသည်။ ခရစ်တော်၌ လူ့သဘာဝ ရှိနေလင့်ကစား၊ ထိုလူ့သဘာဝသည် သူ့ဘုရားသဘောသဘာဝ၏ အလုပ်ကို မနှောင့်ယှက်ချေ။ ဤသို့ဖြစ်ရခြင်းမှာ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက စီမံလမ်းညွှန်ပေးမှုကြောင့်ပင်ဖြစ်သည်၊ သူ၏လူ့သဘာဝမှာ အခြားသူများ ရှေ့မှောက်၌ ရင့်ကျက်သည့်ပုံစံမျိုး မရှိသော်ငြားလည်း သူ့ဘုရားသဘောသဘာဝ၏ သာမန်အလုပ်ကို ထိခိုက်မှု မရှိပါ။ သူ၏လူ့သဘာဝမှာ ယိုယွင်းဖျက်ဆီးခြင်း မခံခဲ့ရဟု ငါပြောရာတွင်၊ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝမှ တိုက်ရိုက် စီမံလမ်းညွှန်ပေးနိုင်ခြင်းနှင့် ခရစ်တော်သည် သာမန်လူသားထက် သာလွန်သည့် အသိတရားအား ပိုင်ဆိုင်ထားခြင်းကို ဆိုလိုသည်။ သူ၏ လူ့သဘာဝအနေဖြင့် အလုပ်ကို ဆောင်ရွက်ရာ၌ ဘုရားသဘောသဘာဝ၏ စီမံလမ်းညွှန်မှုကို ခံယူမှသာ အသင့်လျော်ဆုံး ဖြစ်ပါသည်၊ သူ၏လူ့သဘာဝမှာ ဘုရားသဘောသဘာဝ၏အလုပ်ကို အကောင်းဆုံး ဖော်ပြပေးနိုင်သကဲ့သို့ ယင်းသို့သော အလုပ်ကိုလည်း အကောင်းဆုံး ကျိုးနွံနာခံ လုပ်ဆောင်နိုင်သည်။ ဘုရားသခင်သည် အသွေးအသားဖြင့် အလုပ်လုပ်သည့် နေရာတွင်၊ အသွေးအသားရှိသည့် လူသားတစ်ဦးအနေဖြင့် ပြည့်စုံအောင် ဖြည့်ဆည်း လုပ်ဆောင်သင့်သည့် တာဝန်များကို ဆောင်ရွက်ရာ၌ ဘုရားသခင်သည် ဘယ်သောအခါမျှ မျက်ခြည်မပြတ်ပေ၊ သူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားဖြင့် ကိုးကွယ်နိုင်ပါသည်။ သူ၌ ဘုရားဂုဏ်ဒြပ်ရှိသည်နည်းတူ သူ၏ကိုယ်ပိုင်လက္ခဏာမှာလည်း ဘုရားကိုယ်တိုင်ပင် ဖြစ်သည်။ သူသည် ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်းသဏ္ဌာန်သာရှိသည့် ဖန်ဆင်းခံတစ်ဦးဖြစ်ရန် လောကသို့ ကြွဆင်းလာခဲ့ခြင်းသာ ဖြစ်သည်၊ ယခုအချိန်၌မူ ယခင်က သူ၌ မရှိခဲ့ဖူးသော လူ့သဘာဝကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သူဝတ်ပြုကိုးကွယ်နိုင်သည်။ ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ ဖြစ်ခြင်းပင် ဖြစ်သည်နည်းတူ လူသားတို့ တုပ၍ မရနိုင်ပေ။ သူ၏ ကိုယ်ပိုင်လက္ခဏာမှာ ဘုရားကိုယ်တိုင်ပင် ဖြစ်သည်။ ဇာတိပကတိ၏ ရှုထောင့်မှနေ၍ သူသည် ဘုရားသခင်ကို ကိုးကွယ်သည်၊ ထို့ကြောင့် “ခရစ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ဝတ်ပြုသည်” ဟူသည့် စကားမှာ မမှားပေ။ လူသားကို သူတောင်းဆိုသည်မှာ သူ၏ကိုယ်ပိုင်ဖြစ်ခြင်း အတိအကျပင် ဖြစ်သည်၊ လူသားကို ထိုအရာတို့အား မတောင်းဆိုမီကပင် သူသည် ထိုအရာအားလုံးကို စွမ်းဆောင်ရရှိပြီးသားဖြစ်သည်။ သူကိုယ်တိုင် ထိုအရာများမှ လွတ်ကင်းသည့် အချိန်အတောတွင်း အခြားသောသူများကို ဘယ်သောအခါမျှ သူတောင်းဆိုလိမ့်မည် မဟုတ်ပါ၊ အကြောင်းမှာ ဤအရာအားလုံးက သူ၏ဖြစ်ခြင်းတွင် ပါဝင်သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် သူ၏အလုပ်ကို မည်ကဲ့သို့ဆောင်ရွက်သည်ဖြစ်စေ၊ ဘုရားသခင်ကို မနာခံသည့် အပြုအမူမျိုးဖြင့် သူလုပ်လိမ့်မည် မဟုတ်ပါ။ လူသားများကို မည်သည့်အရာများပင် သူတောင်းဆိုလင့်ကစား၊ မည်သည့် တောင်းဆိုချက်ကမျှ လူသားက ကြိုးပမ်းအားထုတ်နိုင်မှုထက် မကျော်လွန်ပါ။ သူလုပ်ဆောင်သော အရာအားလုံးတို့မှာ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏စီမံခန့်ခွဲမှုအတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်။ ခရစ်တော်၏ ဘုရားသဘောသဘာဝမှာ လူသားအားလုံးတို့ အထက်၌ရှိသည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခံ အရာအားလုံးအထဲ၌ သြဇာအာဏာ အမြင့်ဆုံး ဖြစ်သည်။ ယင်းသြဇာအာဏာမှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး ယင်းမှာ သူ၏ကိုယ်ပိုင်လက္ခဏာကို ဆုံးဖြတ်ပေးသည့် ဘုရားကိုယ်တိုင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ သာမန်လူ့သဘာဝက မည်သို့ပင်ဖြစ်စေကာမူ၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်ကို ငြင်း၍မရပေ၊ မည်သည့်ရပ်တည်ချက်မှမဆို သူပြောဆိုသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကို မည်ကဲ့သို့ပင် သူနာခံသည်ဖြစ်စေ၊ ခရစ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်မဟုတ်ဟု မပြောနိုင်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

ဘုရားသခင်သည် သူ၏မိန့်မြွက်ချက်များကို ဆက်ပြောလျက်နေသည်၊ သူသည် ငါတို့အား အဘယ်အရာလုပ်သင့်သည်ဆိုခြင်းကို တိုက်တွန်းဖို့နှင့် တစ်ချိန်တည်းတွင် သူ့နှလုံးသားထဲမှ အသံကို ဖော်ပြဖို့အတွက် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုသည်။ သူ၏နှုတ်ကပတ်တော်များ၌ အသက်နှင့်ဆိုင်သော စွမ်းအားရှိသည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့လျှောက်လှမ်းသင့်သည့် လမ်းကို ပြသည်၊ သမ္မာတရားဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း ငါတို့ကို နားလည်စေသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို စတင်ဆွဲဆောင်လာသည်၊ သူ၏ ပြောဆိုဟန်နှင့် လေသံတို့အပေါ် ငါတို့သည် စတင်အာရုံစိုက်လာပြီး ငါတို့၏မသိစိတ်ကလည်း သာမညောင်ညဖြစ်သော ထိုသူ၏ အတွင်းနှလုံးသားထဲက ခံစားချက်များကို စတင်စိတ်ဝင်စားလာသည်။ သူသည် ငါတို့အတွက် အပင်ပန်းခံကြိုးစားသည်၊ အအိပ်ပျက်ခံသည်၊ အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်ပြီး ညည်းညူသည်၊ ငါတို့၏ ပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းကြောင့် သူ့နှလုံးသား သွေးထွက်သည်၊ မျက်ရည်ကျသည်။ ထိုသို့သော ဖြစ်ခြင်းနှင့် ရှိခြင်းသည် သာမန်လူနှင့် မသက်ဆိုင်သောအရာများ ဖြစ်သကဲ့သို့ ဖောက်ပြန်သော မည်သည့်လူသားတစ်ဦးမျှ ပိုင်ဆိုင်နိုင်စွမ်း သို့မဟုတ် ရရှိနိုင်စွမ်း မရှိသောအရာများ ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သူပြသပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်ယောက်၌မျှ မရှိသည့် မေတ္တာဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးများအားလုံးကို မသိနိုင်ပါ၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရကို ရှင်းလင်းပြည့်စုံစွာ သဘောမပေါက်နိုင်ပါ၊ သို့မဟုတ် လူသားတို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်နိုင်ခြင်း မရှိပါ၊ သို့မဟုတ် ကောင်းကင်ဘုံမှ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့၏အကြား၌ ယခုကဲ့သလို့ အလုပ်မလုပ်နိုင်ပါ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ အာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကို မပိုင်ဆိုင်ပါ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ အလုံးစုံသည် သူ့အထဲ၌ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်၊ ငါတို့ထံ အလင်းကို မယူဆောင်လာနိုင်ပါ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းကို အစပြုသည့် အချိန်မှ ယနေ့အထိ ဘုရားသခင်ကဖွင့်ပြခြင်း မရှိသော နက်နဲသည့်အရာများကို ငါတို့အား ထုတ်ဖော်ပြသနိုင်စွမ်း မရှိပါ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ချည်နှောင်မှုနှင့် ငါတို့၏ဖောက်ပြန်သော စိတ်သဘောထားမှ မကယ်တင်နိုင်ပါ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ အတွင်းနှလုံးသား၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားအားလုံးကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူဖော်ပြသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုသာမက အလုပ်အသစ်ကိုလည်း ယူဆောင်လာသည်၊ ထို့ပြင် မရေရာမှုထဲ၌ ရှင်သန်နေသော ငါတို့၏ဘဝကို အဆုံးသတ်ပေးပြီး ကယ်တင်ခြင်းလမ်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျက် ငါတို့ထံသို့ မျှော်လင့်ခြင်းကို ယူဆောင်လာခဲ့သည်။ သူသည် ငါတို့၏ ဖြစ်တည်မှု အလုံးစုံကို သိမ်းပိုက်ပြီး ဖြစ်သည်၊ ငါတို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအချိန်မှ အစပြု၍ ငါတို့၏စိတ်များသည် သတိရှိလာသည်၊ ငါတို့၏ဝိညာဉ်သည် ပြန်လည် အသက်ဝင်လာသည်ဟု ထင်ရသည်။ ငါတို့အကြား၌ နေပြီး ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်အကြာကြီး ခံနေခဲ့ရသူဖြစ်သည့် သာမန်ဖြစ်ပြီး မထင်ရှားသော ဤပုဂ္ဂိလ်သည် နိုးနေသည်ဖြစ်စေ အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိနေသော၊ နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု မဟုတ်လော။ သူပင်ဖြစ်ပေသည်။ အကယ်စင်စစ် သူပင်ဖြစ်ပေ၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရားဖြစ်သည်၊ လမ်းခရီးဖြစ်သည်၊ အသက်လည်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း” မှ

ဘုရားသခင်၏ ၀ိညာဉ်တော်ကဝတ်ဆင်သော ဇာတိပကတိသည် ဘုရားသခင်၏ ဇာတိပကတိဖြစ်သည်။ ဘုရားသခင်၏ ၀ိညာဉ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်၊ သူသည် အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းမြင့်မြတ်၍၊ ဖြောင့်မတ်သည်။ ထိုနည်းတူစွာ သူ၏ဇာတိပကတိသည်လည်း အကြီးမြတ်ဆုံးဖြစ်သည်၊ အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းမြင့်မြတ်၍၊ ဖြောင့်မတ်သည်။ ထိုကဲ့သို့သောဇာတိပကတိသည် ဖြောင့်မတ်သော၊ လူသားမျိုးနွယ်အတွက် အကျိုးပြုသောအရာ၊ သန့်ရှင်းသော၊ ဂုဏ်အသရေရှိသောအရာနှင့် တန်ခိုးကြီးသောအရာများကိုသာ လုပ်ဆောင်နိုင်စွမ်းရှိသည်။ သမ္မာတရား၊ ကောင်းသောအကျင့်သီလနှင့် ဖြောင့်မတ်ခြင်းကို ချိုးဖေါက်သောအရာများကို မဆိုထားနှင့်၊ ဘုရားသခင်၏၀ိညာဉ်တော်ကို သစ္စာဖောက်မည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏၀ိညာဉ်တော်သည် သန့်ရှင်းမြင့်မြတ်သောကြောင့် သူ၏ဇာတိပကတိမှာ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခြင်း မရှိနိုင်ပေ။ သူ၏ဇာတိပကတိသည် လူသား၏ဇာတိပကတိနှင့် အနှစ်သာရ ကွဲပြားလေသည်။ စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းခံရသည့်အရာမှာ ဘုရားသခင်မဟုတ်၊ လူသားပင်ဖြစ်သောကြောင့်၊ စာတန်သည် ဘုရားသခင်၏ ဇာတိပကတိအား ဖောက်ပြန်ဖျက်ဆီးနိုင်ခြင်းငှာ မတတ်နိုင်ချေ။ ထို့ကြောင့် လူသားနှင့်ခရစ်တော်သည် တစ်နေရာတည်းတွင် ရှိနေကြသည်မှန်သော်လည်း၊ လူသာလျှင် စာတန်၏ သိမ်းပိုက်ခြင်း၊ အသုံးပြုခြင်းနှင့် ထောင်ချောက်ဆင်ဖမ်းခြင်းကို ခံရသည်။ ဆန့်ကျင်ဖက်အားဖြင့်၊ ခရစ်တော်မှာမူ စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းမှ ထာဝရကင်းလွတ်လေသည်။ အဘယ်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသောအရပ်သို့ တက်ရောက်နိုင်စွမ်း ဘယ်တော့မှမရှိသည့်အပြင် ဘုရားသခင်အပါးသို့ ချဉ်းကပ်နိုင်စွမ်းလည်း ဘယ်တော့မှမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးရွားလှသော ပြဿနာ- သစ္စာဖောက်ခြင်း (၂)” မှ

ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားကို စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်နိုင်သော်လည်း၊ ဤအမှုကိုမူ ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်နိုင်ခြင်း မရှိပေ၊ ထို့အစား ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ ယူတင်ဝတ်ဆင်ထားသည့် ဇာတိခန္ဓာ၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကသာ လုပ်ဆောင်နိုင်သည်။ ဤဇာတိခန္ဓာသည် လူဖြစ်ပြီး ဘုရားလည်းဖြစ်သည်၊ သာမှန်လူ့သဘာဝရှိသော လူသားတစ်ယောက်နှင့် ဘုရားသဘောသဘာဝ အပြည့်အဝရှိသော ဘုရားသခင်လည်းဖြစ်သည်။ ထို့ကြောင့် ဤဇာတိခန္ဓာသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်သော်လည်း၊ ဝိညာဉ်တော်နှင့် အလွန်ကွာခြားလှသော်လည်း၊ ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ဖြစ်ပြီး ဇာတိခန္ဓာလည်းဖြစ်သော၊ လူသားတို့ကို ကယ်တင်သော၊ လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲပင်ဖြစ်သည်။ သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ နောက်ဆုံးတွင်ကား လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲပင်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာနှင့် ခွဲခြား၍မရဘဲ ဇာတိခန္ဓာ၏အမှုသည်လည်း ဘုရားသခင့်ဝိညာဉ်တော်၏ အမှုပင်ဖြစ်သောကြောင့် ဖြစ်လေသည်၊ ဤအမှုကို ဝိညာဉ်တော်၏ သွင်ပြင်လက္ခဏာကို အသုံးပြု၍ မလုပ်ဆောင်ဘဲ၊ ဇာတိခန္ဓာ၏ သွင်ပြင်လက္ခဏာကို အသုံးပြု၍ လုပ်ဆောင်ခြင်းမျှသာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

ယနေ့ပြောသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်မှာ လူ့သဘာဝ အားဖြင့်ရော ဘုရား၏ သဘောသဘာဝ အားဖြင့်ပါ အလုပ်လုပ်သည်။ လက်တွေ့ကျသော ဘုရားသခင် ပေါ်လာခြင်းဖြင့် ကိုယ်တော်၏ ပုံမှန် လူသားအလုပ်နှင့် အသက်တာ၊ ကိုယ်တော်၏ ပြီးပြည့်စုံသည့် ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်တို့ကို ရရှိအောင်မြင်သည်။ ကိုယ်တော်၏ လူ့သဘာဝနှင့် ဘုရား၏ သဘောသဘာဝတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားပြီး၊ ထိုနှစ်ခုလုံးက ၏ အလုပ်မှာ နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်သည်။ လူ့သဘာဝတွင်ဖြစ်စေ၊ ဘုရား၏ သဘောသဘာဝတွင် ဖြစ်စေ ကိုယ်တော်သည် နှုတ်ကပတ်တော်များကို မြွက်ဆိုသည်။ ဘုရားသခင်သည် လူ့သဘာဝထဲတွင် အလုပ်လုပ်သောအခါ လူသားမျိုးနွယ်၏ ဘာသာစကားကို ပြောသည်။ သို့မှသာ လူသားတို့ စိတ်ဝင်စားပြီး နားလည်ကြပါလိမ့်မည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို ရိုးရှင်းစွာ ပြောထားပြီး၊ နားလည်ရလွယ်သည့်အတွက် ယင်းတို့ကို လူအားလုံးတို့ထံ ထောက်ပံ့ပေးနိုင်သည်။ ဤလူများသည် အသိပညာ ကြွယ်ဝသည်ဖြစ်စေ၊ ပညာရေးအားနည်းသည် ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သူတို့အားလုံး လက်ခံရရှိနိုင်ကြသည်။ ဘုရား၏ သဘောသဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကို နှုတ်ကပတ်တော်များမှ တစ်ဆင့် ဆောင်ရွက်သည်။ ထိုအလုပ်မှာ ထောက်ပံ့ခြင်းနှင့် ပြည့်ဝသည်။ အသက်နှင့် ပြည့်ဝသည်။ ထိုအလုပ်၌ လူသားတို့ အကြံဉာဏ်များဖြင့် စွန်းထင်းခြင်းမရှိ။ လူသားတို့ နှစ်သက်မှုများ မပါဝင်။ ထို့ပြင် လူသားတို့၏ အကန့်အသတ်များ မပါရှိ။ သာမန် လူ့သဘာဝ၏ ဘောင်အတိုင်းအတာ အပြင်ဘက်တွင် ရှိ၏။ ထိုအလုပ်ကို လူ့ဇာတိထဲ၌လည်း ဆောင်ရွက်သည်။ သို့သော် ၎င်းသည် ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်သည်။ အကယ်၍ လူသားတို့သည် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကိုသာလျှင် လက်ခံပါက၊ ၎င်းတို့သည် အချို့သော နယ်ပယ်အတွင်းတွင် မိမိကိုယ်မိမိ ကန့်သတ်ထားလိမ့်မည် ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့တွင် အနည်းငယ် ပြောင်းလဲသွားဖို့ရာ ရေရှည် ကိုင်တွယ်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ လိုပါလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် မပါလျှင် သူတို့သည် လမ်းဟောင်းများကိုသာ အမြဲတမ်း ခိုကိုးနေပါလိမ့်မည်။ ဘုရားသဘောသဘာဝ၏ အလုပ်ဖြင့်သာ ဤရောဂါများနှင့် ချို့တဲ့ခြင်းတို့ကို ပြုပြင်နိုင်ပါလိမ့်မည်။ ထိုအခါမှသာ လူသားများ ပြီးပြည့်စုံနိုင်ပါသည်။ ကိုင်တွယ်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို အားဖြည့်ခြင်းအစား၊ အပြုသဘောဆောင်သည့် အထောက်အပံ့သာ လိုပါသည်။ ချို့ယွင်းချက်များကို ပြန်လည်ပြုပြင်ရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၊ လူသားတို့၏ အခြေအနေတိုင်းကို ဖော်ပြရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၊ လူသားတို့၏ အသက်တာများ၊ လူသားတို့၏ ဖွင့်ဟချက်တိုင်း၊ လူသားတို့၏ အပြုအမူတိုင်းကို လမ်းညွှန်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၊ လူသားတို့၏ ကြံရွယ်ချက်များ စိတ်ပါဝင်စားမှုများကို ဖော်ထုတ်ပြသရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်းတို့ လိုအပ်သည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ အလုပ်အစစ်အမှန် ဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်အပေါ် သင့်သဘောထားတွင် သင်သည် ကိုယ်တော်၏ လူ့သဘာဝ ရှေ့မှောက်တွင် အညံ့ခံပြီး ကိုယ်တော့်ကို အသိအမှတ်ပြု လက်ခံသင့်သည်။ ထို့အပြင် ဘုရား၏ သဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်နှင့် နှုတ်ကပတ်တော်များကိုလည်း လက်ခံကာ နာခံသင့်သည်။ ဘုရားသခင်၏ လူ့ဇာတိ၌ ပေါ်လာမှု ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော် အားလုံးတို့သည် ကိုယ်တော်၏ ပုံမှန်လူ့သဘာဝနှင့် ကိုယ်တော် ခံယူသော ဇာတိခန္ဓာမှတစ်ဆင့် လုပ်ဆောင်သည်ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကိုယ်တော်၏ လူသားအလုပ်ကို လမ်းညွှန်ပြီး လူ့ဇာတိထဲရှိ ဘုရားသဘောသဘာဝ၏ အလုပ်ကို လုပ်ဆောင်သည်။ လူ့ဇာတိကို ခံယူသော ဘုရားသခင်ထံတွင် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အကြွင်းမဲ့ဖြစ်သော အလုပ်၊ ဤနှစ်မျိုးလုံးကို သင်တွေ့နိုင်သည်။ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင် ပေါ်လာမှု၏ ပိုမို၍ပင် လက်တွေ့ကျသော အရေးပါမှုဖြစ်ပါသည်။ ဤအချက်ကို သင်ရှင်းလင်းစွာ တွေ့မြင်နိုင်ပါက၊ ဘုရားသခင်၏ အမျိုးမျိုးသော ကဏ္ဍအားလုံးတို့နှင့် သင်ဆက်သွယ်နိုင်ပါ လိမ့်မည်။ ဘုရား၏ သဘောသဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အကောင်းဆုံး အလွန်အကျွံရှုမြင်ခြင်းနှင့် လူ့သဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အထင်အမြင် အလွန်သေးခြင်းတို့ကို သင်ရပ်တန့်လိမ့်မည် ဖြစ်ပြီး၊ အစွန်းမရောက်ဘဲ လမ်းမလွဲသွားဘဲ နေမည်ဖြစ်သည်။ ယေဘုယျအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ အနက်အဓိပ္ပာယ်မှာ ဝိညာဉ်တော်က လမ်းညွှန်ပေးသော ကိုယ်တော်၏ လူ့သဘာဝ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အလုပ်တို့ကို သူ၏ လူ့ဇာတိမှတစ်ဆင့် ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် လူသားများက ကိုယ်တော်သည် ထင်ရှားကြောင်း၊ အသက်ရှိကြောင်းနှင့် စစ်မှန်ကြောင်း၊ အမှန်တကယ်ဖြစ်ကြောင်း မြင်တွေ့ရမည် ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသား၌ “နှင့်နှစ်ခုလုံးတို့မှာ” ဟု ရေးထားသည်။

ယခင်က:ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူပြီး အမှုတော်လုပ်ဆောင်ရန် လူသားအဖြစ်ပေါ်ထွန်းမည်ဟု သခင်ယေရှု ကိုယ်တော်တိုင်က ပရောဖက်ပြုခဲ့သည်

နောက်တစ်ခုသို့:လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်ကြားတွင် မည်သည့်ကွဲပြားမှုများရှိသနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ