အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၃၃ ဘုရား၏လူ့ဇာတိခံယူခြင်းသည် လူအားလုံးကို ထုတ်ဖော်ပြီကျူး

၁ ငါ၏ သာမာန်လူ့သဘာဝ မှတဆင့် ပြောခဲ့သော အရာအားလုံး ကို၊ ငါ၏ ဘုရားသဘာဝ ဖြင့်၊ ငါသည် တစ်ခုပြီး တစ်ခု ပြီးမြောက်စေမည်။ ငါပြောသော အရာသည် မရေရာခြင်းမရှိဘဲ ဖြစ်လာမည်ဖြစ်သောကြောင့် ဤအရာကို ငါထပ်ကာပြောကြား နေခြင်း ဖြစ်ကာ၊ ထို့ထက် ထိုအရာသည် အလွန် ရှင်းလင်းပြီး သိသာထင်ရှားလိမ့်မည်။ ငါပြောသော အရာအားလုံးသည် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ သေချာစွာပင် ဂရုမစိုက်ပဲ ပြုမူခံရလိမ့်မည်မဟုတ်။ ငါသည် အနှစ်မဲ့သော စကားကို မဆို၊ ငါသည် အမှားများကို မပြု။ ငါ့အား တိုင်းတာဝံ့သော မည်သူမဆို စီရင်ခြင်း ခံရပြီး၊ သူတို့သည် သေချာစွာပင် ငါ၏ လက်ဖဝါးမှ လွတ်မြောက်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်။ ငါ၏ နှုတ်ကပတ်တော်တို့အား ပြောသည်နှင့်တပြိုင်နက်၊ မည်သူသည် ခုခံဝံ့ သနည်း။ ငါအားအဘယ်သူသည် လှည့်ဖြား သို့မဟုတ် ငါ့ထံမှ တစ်စုံတစ်ရာ ဖုံးကွယ် ထား ဝံ့သနည်း။

၂ ငါသည် ဉာဏ်ပညာရှိသော ဘုရားခင် ဖြစ်သည် ကို ယခင်က ငါပြောခဲ့ပြီးဖြစ်သည်။ လူသားအားလုံးနှင့် ဆိုးညစ်သည့် အပြုအမူ တို့ကို ထုတ်ဖော်ရန်၊ ရည်ရွယ်ချက်များ မှားယွင်းနေသော သူတို့၊ အခြားသူများ ရှေ့တွင် တစ်မျိုး ၊ ၎င်းတို့၏နောက်ကွယ်တွင် တစ်မျိုး သရုပ်ဆောင်ကာ၊ ငါ့အားခုခံသော သူတို့၊ ငါ့အား သစ္စာမဲ့သောသူတို့၊ ငွေကြေးကို ငမ်ငမ်းတက်တပ်မက်သောသူတို့၊ ငါ၏ ဝန်ထုပ်ဝန်ပိုးကို ထည့်သွင်း မစဉ်းစားသော သူတို့၊ သူတို့၏ ညီအစ်ကိုများ နှင့် ညီအစ်မများအား လှည့်စားခြင်း နှင့် မရိုးဖြောင့်ခြင်းတို့၌ ပါဝင်သော သူတို့၊ လူတို့အား ဝမ်းမြောက်ဝမ်းသာဖြစ်စေရန် အပြောကောင်းသောသူတို့နှင့် ၎င်းတို့၏ ညီအစ်ကိုများနှင့် ညီအစ်မများဖြင့် တညီတညွတ်တည်း၊ နှလုံးသားနှင့် စိတ်တွင် မပူးပေါင်းနိုင်သောသူတို့ကို ဖော်ထုတ်ရန်၊ ငါ၏ သာမာန်လူ့သဘာဝကို အသုံးချသည်။ လူများစွာတို့သည်၊ ငါ၏ သာမာန်လူ့သဘာဝကြောင့် တိတ်ဆိတ်စွာ ငါ့အား ခုခံပြီး၊ လှည့်စားခြင်း နှင့် မရိုးဖြောင့်ခြင်းတို့၌ စိတ်ပါဝင်စားကာ၊ ငါ၏ သာမာန်လူ့သဘာဝ မသိဟု ထင်မြင်ယူဆကြသည်။

၃ ထို့အပြင်၊ လူများစွာ သည် ငါ၏ သာမာန် လူ့သဘာဝကို အထူးအာရုံ စိုက်ကာ၊ ငါ့အား စားရန် နှင့် သောက်ရန်အတွက် ကောင်းသောအရာများ ပေးကာ၊ ငါ့အား အစေခံများကဲ့သို့ အစေခံကြပြီး၊ သူတို့၏ နှလုံးသားများထဲတွင်ရှိသော အရာများကို ငါ့အား ပြောကြားနေစဉ်အတွင်း ငါ၏နောက်ကွယ်တွင် လုံးဝ ခြားနားစွာ ပြုမူဆောင်ရွက်ကြသည်။ မျက်စိကန်းသော လူသားတို့။ ငါသည် လူ၏အတွင်း နက်ရှိုင်းသော နှလုံးသားထဲသို့ ကြည့်သော ဘုရားသခင် ဖြစ်ကြောင်း၊ သင်သည် တကယ့်မသိ။ သင်သည် ယခုတိုင်အောင် ငါ့အား မသိရှိသေးပေ၊ ငါသည် သင်ဘာလုပ်နေသည်ကို မသိဟု သင်ထင်နေဆဲဖြစ်သည်။ ထိုအရာကိုစဉ်းစားလော့၊ ငါ၏သာမာန် လူ့သဘာဝကြောင့် မည်မျှသော လူတို့သည် သူတို့ကိုယ်သူတို့ ဖျက်ဆီးပြီးဖြစ်ပါသနည်း။ နိုးထလော့။ ငါအား ဆက်လက် လှည့်စားခြင်းမပြုနှင့်။ သင်၏ စကားလုံးတိုင်းနှင့် ဆောင်ရွက်ချက်တိုင်း၊ သင်၏ လုပ်ဆောင်ပုံများ နှင့်အပြုအမူ အားလုံးကို ငါ့ရှေ့တွင် ထားပြီး၊ ထိုအရာအား ငါ၏ စစ်ဆေးခြင်းကို သင်လက်ခံရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရားသခင်သည် သင်ဆိုသကဲ့သို့ ရိုးရှင်းသလောကျူး

နောက်တစ်ခုသို့:လူတို့သည် ခရစ်တော်ကို သာမန်လူအဖြစ် မှတ်ယူကြ၏ကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ