အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အောင်မြင်သောသူများ၏ သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

နတ်ဆိုး၏ မှောင်မိုက်သည့် အကျဉ်းထောင်ထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မနှင့်အတူ ရှိခဲ့သည်

ယန်ရီ၊ ကျန်းစုပြည်နယ်

ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ခရစ်ယာန်တစ်ယောက် ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်လိုက်တစ်ယောက်ဖြစ်ခဲ့သည်မှာ ဆယ်နှစ်ကျော်ရှိပြီ ဖြစ်သည်။ ဤအချိန်အတွင်းတွင်၊ ကျွန်မ မည်သည့်အခါမျှ မမေ့လျော့မည့်အရာမှာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုက တရုတ်ကွန်မြူနစ် ပါတီရဲများ၏ အဖမ်းခံခဲ့ရသည့်အချိန်က စိတ်မသက်သာဖွယ် အတိဒုက္ခ ဖြစ်ပါသည်။ ထိုအချိန်က ဆိုးယုတ်သော မာရ်နတ်များ၏ နှိပ်စက်ပြီး၊ နင်းချေခံရသည့်အပြင်၊ အကြိမ်အနည်းငယ် သေခြင်းတရားနှင့် နီးစပ်ခဲ့သော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်မကို လမ်းပြရန်နှင့် ကွယ်ကာရန်၊ ကျွန်မကို အသက်ပြန်ရှင်သန်စေရန်နှင့် လုံခြုံစိတ်ချရာနေသို့ ပြန်ပို့ပေးရန် သူ၏ကြီးမားသည့် လက်တော်များကို အသုံးပြုတော်မူခဲ့သည်… ဤအရာမှတဆင့်၊ ဘုရားသခင်၏ အသက်စွမ်းအား၏ ထူးကဲသာလွန်သော အထွတ်အထိပ်ဖြစ်ခြင်း နှင့် ကြီးမြတ်ခြင်းတို့ကို ကျွန်မ အမှန်တကယ် တွေ့ကြုံခံစားခဲ့ရပြီး၊ ဘုရားသခင်အားဖြင့် ကျွန်မအပေါ် ပေးအပ်ချီးမြှင့်သည့် အသက်၏ အဖိုးထိုက်တန်သည့် ကြွယ်ဝမှုကို ရရှိခဲ့ပါသည်။

ထိုနေ့သည် ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ (တရုတ်နှစ်သစ်ကူး၏ ဒုတိယမြောက်နေ့) ဖြစ်ပါသည်။ အသင်းတော်မှ ညီအစ်မတစ်ယောက်သည် ပြဿနာတက်နေပြီး၊ အကူအညီ အရေးပေါ်လိုအပ်နေသည့် အားလျော်စွာ၊ ကျွန်မ သူ့ထံသို့ သွားလည်ဖို့ လိုအပ်ခဲ့သည်။ သူမက အဝေးကြီးတွင် နေထိုင်သောကြောင့်၊ နေ့ချင်းပြန်ရောက်ရန်အတွက် အငှားကားရရှိရန် ကျွန်မ စောစီးစွာ အိပ်ရာထခဲ့ရသည်။ အလင်းရောင် ရလာသည့်အခိုက် ကျွန်မ အိမ်မှ ထွက်လာခဲ့သည်။ အမှိုက်ရှင်းနေသည့် အလုပ်သမားများသာရှိပြီး လမ်းများပေါ်တွင် လူတစ်ယောက်မျှ မရှိပါ။ ကျွန်မက အငှားကားကို အမောတကော ရှာသော်လည်း၊ တစ်စီးမျှ မရှိခဲ့ပါ။ စောင့်ရန် ကျွန်မ အငှားကားဂိတ်ကို သွားပြီး၊ အငှားကားတစ်စီး လာသည်ဟု မြင်သည့်အချိန်တွင် လမ်းမပေါ်တက်ကာ လက်ပြတားခဲ့သော်လည်း၊ အမှန်တွင် ၎င်းမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနနှင့်သက်ဆိုင်သည့် ယဉ်တစ်စီး ဖြစ်နေခဲ့သည်။ ကျွန်မ လက်ပြတားရသည့် အကြောင်းအရင်းကို သူတို့မေးမြန်းခဲ့သည်။ “ကျွန်မ တောင်းပန် ပါတယ်၊ မှားသွားတာပါရှင်။ ကျွန်မက ရှင်တို့ကို အငှားကားလို့ ထင်လိုက်လို့ပါ” ဟု ကျွန်မ ပြောခဲ့သည်။ “ငါတို့က မင်းကို တရားမဝင် ပိုစတာတွေ ကပ်နေတယ်ထင်တာ” ဟု သူတို့က ပြန်ဖြေခဲ့သည်။ “ကျွန်မ အဲဒါလုပ်တာများ ရှင်တို့ မြင်မိလို့လား။ ကျွန်မ ကပ်တဲ့ ပိုစတာတွေက ဘယ်မှာလဲ” ဟု ကျွန်မက ပြောလိုက်သည်။ မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့ အခွင့်မပေးဘဲ၊ သူတို့ သုံးယောက်သား ကျွန်မဆီသို့ ပြေးလာပြီး၊ ကျွန်မ၏ အိတ်ကို အတင်းအကျပ် ရှာဖွေပါတော့သည်။ သူတို့က ကျွန်မ၏ အိတ်ထဲတွင် ရှိသည့်အရာအားလုံးကို မွှေနှောက်လှန်လှော ကြသည်၊ ဒေသနာမိတ္တူတစ်ခု၊ မှတ်စုစာအုပ်တစ်အုပ်၊ လက်ကိုင်ဖုန်းတစ်လုံး၊ လက်ကိုင်အိတ်တစ်လုံးနှင့် ကျွန်မ လုံးဝ မသုံးတော့သည့် ပေဂျာတစ်ခု စသည်တို့ဖြစ်ပါသည်။ ထို့နောက် သူတို့က ဒေသနာမိတ္တူနှင့် မှတ်စုစာအုပ်တို့ကို သေချာစွာ ကြည့်ကြသည်။ ကျွန်မ၏ အိတ်ထဲတွင် မည်သည့် ပိုစတာမျှ မရှိသည်ကို မြင်သည့်အခါ၊ သူတို့က ဒေသနာမိတ္တူကို ကိုင်ပြပြီး “မင်းက တရားမဝင် ပိုစတာတွေ ကပ်နေတာ ဟုတ်ချင်မှ ဟုတ်မယ်၊ ဒါပေမဲ့ မင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာပဲ” ဟု ပြောခဲ့သည်။ ထို့နောက် သူတို့က နိုင်ငံတော်လုံခြုံရေး တပ်မဟာ၏ ဘာသာရေးဌာနခွဲကို ဖုန်းဆက်ခဲ့ကြသည်။ နောက်များမကြာမီပင် နိုင်ငံတော်လုံခြုံရေး တပ်မဟာမှ လူလေးယောက် ရောက်ရှိလာခဲ့သည်။ ကျွန်မ၏ အိတ်ထဲမှ အရာများကို သူတို့မြင်လျှင်မြင်ချင်း ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်ဖြစ်ကြောင်း သူတို့သိလေသည်။ ကျွန်မကို မည်သည့်အရာမျှ ပြောခွင့်မပြုဘဲ၊ သူတို့က ကျွန်မကို သူတို့၏ကားထဲသို့ ကြမ်းတမ်းစွာ တွန်းထည့်လိုက်သည်၊ ထို့နောက် ကျွန်မ ထွက်မပြေးစေဖို့ တံခါးကို သော့ခတ်လိုက်သည်။

ကျွန်မတို့ ပြည်သူ့လုံခြုံရေးဌာနသို့ ရောက်သည့်အခါတွင် ရဲများက ကျွန်မကို အခန်းတစ်ခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။ တစ်ယောက်က သဲလွန်စများရှာဖွေရင်း ကျွန်မ၏ ပေဂျာနှင့် လက်ကိုင်ဖုန်းတို့ကို ကလိနေသည်။ သူက ဖုန်းကို ဖွင့်လိုက်သော်လည်း၊ ၎င်းက ဘက်ထရီအားနည်းနေသည်ဟု ပြခဲ့ပြီး ဘက်ထရီက လုံးလုံးကုန်သွားခဲ့သည်။ သူမည်မျှကြိုးစားပါစေ၊ ၎င်းကို မဖွင့်နိုင်ခဲ့ပါ။ ဖုန်းကိုကိုင်လျက်၊ သူက စိုးရိမ်နေပုံရသည်။ ကျွန်မလည်း ပဟေဠိဖြစ်ခဲ့ရသည်။ ယနေ့နံနက်ကပင် ကျွန်မ ဖုန်းအားသွင်းခဲ့သည်။ ၎င်းက မည်သို့လုပ်ပြီး အားမရှိရသနည်း။ အခြားသော ညီအစ်ကိုမောင်နှမများအကြောင်း သတင်းအချက်အလက် တစ်စုံတစ်ခုမျှ ရဲများက ရှာဖွေမတွေ့စေရန် တားဆီးဖို့ ဘုရားသခင်က ဤအရာကို အံ့ချီးဖွယ် စီစဉ်ခဲ့ကြောင်းကို ကျွန်မ ရုတ်တရက် နားလည်သဘောပေါက်ခဲ့သည်။ ဘုရားသခင် ပြောခဲ့သည့် နှုတ်ကပတ်တော်များကိုလည်း ကျွန်မ နားလည်သဘောပေါက် ခဲ့လေသည်။ “သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ် သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်”) အမှန်တကယ်ပင်၊ အရာအားလုံးနှင့် အဖြစ်အပျက်အားလုံး တို့သည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိလေသည်။ သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များအတိုင်း ပြောင်းလဲမှုကို ကြုံတွေ့နေရသည်။ ဤအချိန်တွင် ကျွန်မသည် ဘုရားသခင်က အရာအားလုံးအပေါ် မည်သို့ အချုပ်အခြာအာဏာရှိပြီး စီစဉ်ညွှန်ကြားပုံကို စစ်မှန်သော နားလည်သဘောပေါက်မှုရရှိခဲ့သည်။ ထို့အပြင် ကျွန်မသည် လာမည့် စစ်ဆေးမေးမြန်းခြင်းကို ရင်ဆိုင်ရန် ဘုရားသခင်ကို အားကိုးဖို့ လိုအပ်သည့် ယုံကြည်ချက် ရရှိခဲ့သည်။ အိတ်ထဲမှအရာများကို လက်ညှိုးထိုးပြပြီး ရဲအရာရှိက စွပ်စွပ်စွဲစွဲမေးလေသည်၊ “နင်ဟာ သာမန် အသင်းသားတစ်ယောက် မဟုတ်ဘူးဆိုတာကို ဒါတွေက ရှင်းရှင်းလင်းလင်း ပြနေတယ်။ အငယ်တန်းခေါင်းဆောင်တွေက ပေဂျာတွေ လက်ကိုင်ဖုန်းတွေ မရှိတဲ့အတွက် မင်းက ဝါရင့်ခေါင်းဆောင်တွေထဲက တစ်ယောက်၊ အရေးပါတဲ့ တစ်ယောက် ဖြစ်ရမယ်။ ငါမှန်ရောမှန်ရဲ့လား” “ရှင်ပြောနေတာ ကျွန်မနားမလည်ဘူး” ဟု ကျွန်မ ပြန်ဖြေခဲ့သည်။ “နင်က မသိချင်ယောင်ဆောင် နေတာ” ဟု သူက ဟိန်းဟောက်ခဲ့သည်၊ ထို့နောက် ကျွန်မကို ဆောင့်ကြောင့် ထိုင်ပြီး၊ စကားစပြောရန် အမိန့်ပေးလေသည်။ ကျွန်မက ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း မြင်သည့်အခါ၊ သူတို့က ကျွန်မကို ဝန်းရံပြီး ကျွန်မကို သတ်လိုသည့်အလား စတင်ထိုးနှက် ကန်ကျောက် ခဲ့ကြသည်။ ကျွန်မ၏ မျက်နှာက သွေးထွက်သံယိုဖြစ်ပြီး ယောင်ယမ်းနေကာ၊ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး မခံနိုင်လောက်အောင် နာကျင်ကိုက်ခဲပြီး၊ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။ ကျွန်မ အလွန်ဒေါသထွက်ခဲ့သည်။ ကျွန်မ၏အမှုအတွက် ငြင်းခံရန် သူတို့ကို ကျွန်မ အကျိုးအကြောင်းပြောလိုခဲ့သည်။ ကျွန်မ ဘာအမှား လုပ်ခဲ့မိသလဲ။ ရှင်တို့က ဘာဖြစ်လို့ ကျွန်မကို ဒီလို ရိုက်နှက်ရတာလဲ။ သို့သော်လည်း တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အကျိုးအကြောင်းရှိစွာ စကားမပြော သောကြောင့် သူတို့ကို ကျွန်မ အကျိုးသင့်အကြောင်းသင့် ပြောရန် မဖြစ်နိုင်ခဲ့ပါ။ ကျွန်မ စိတ်ရှုပ်ထွေးနေခဲ့သော်လည်း သူတို့၏ ရိုက်နှက်ခြင်းကို လက်မြောက်အရှုံးမပေးလိုခဲ့ပါ။ ကျွန်မ မည်သည့်အရာကို လုပ်ရမှန်း မသိသည့်အချိန်တွင်ပင်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဤဆိုးယုတ်သော အရာရှိများသည် အလွန် အဓိပ္ပါယ်မဲ့သည်ကတစ်ကြောင်း သူတို့က ကျွန်မကို အကျိုးသင့် အကြောင်းသင့် စကားတစ်လုံးမျှ ပြောခွင့်မပေးသည်က တစ်ကြောင်း ကျွန်မကလည်း သူတို့ကို မည်သို့ တစ်ခုမျှ ပြောဖို့မလိုပုံကို တွေးမိပါသည်။ ကျွန်မ ဆက်ပြီး ဆိတ်ဆိတ်နေခြင်းသာ ပိုကောင်းပါသည်၊ ထိုနည်းဖြင့် ကျွန်မသည် သူတို့အတွက် အသုံးမဝင်မည် ဖြစ်သည်။ ဤအရာကို ကျွန်မ တွေးလိုက်သည့်အခါ၊ သူတို့ပြောနေသည့်အရာများကို ကျွန်မ အာရုံမစိုက်တော့ပါ။

ဤနည်းက ကျွန်မအပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိသည်ကို မြင်သည့်အခါ၊ ထိုဆိုးယုတ်သောရဲများက ဒေါသထွက်လာပြီး၊ ပို၍ပင် ရိုင်းစိုင်းလာလေသည်။ သူတို့က ခံဝန်ချက်တစ်ခု နှိုက်ယူရန် နှိပ်စက်မှုသို့ ပြောင်းသွား ကြလေသည်။ သူတို့က မြေကြီးပေါ် ဝက်အူဆွဲထားသည့် သံထိုင်ခုံတစ်ခုတွင် ကျွန်မကို ဆောင်ကြောင့် မထိုင်နိုင်သကဲ့သို့၊ မတ်တပ်လည်း မရပ်နိုင်သည့် အနေအထားတစ်ခုဖြင့် လက်ထိပ်ခတ်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ကျွန်မ၏ လက်ထိပ်မခတ်ထားသည့် လက်ကို ထိုင်ခုံပေါ်တွင် ထားပြီး ဖိနပ်တစ်ခုနှင့် ရိုက်ကာ၊ ကျွန်မ လက်ဖမိုး အညိုအမည်းစွဲမှ ရပ်လေသည်၊ ထိုစဉ် နောက်တစ်ယောက်က ကျွန်မ၏ ခြေထောက်ကို သူ့သားရေဖိနပ်ဖြင့် ဆောင့်သည်၊ ကျွန်မ၏ ခြေချောင်းများအပေါ် သူ့ဖိနပ်နှင့် ကြိုးကြေသွားအောင် လှိမ့်လေသည်၊ ယင်းမှာ အသည်းခိုက်အောင် နာကျင်ရသည့် မယုံကြည်နိုင် လောက်သော စူးရှသည့်နာကျင်မှုတစ်ခုကို ကျွန်မ တွေ့ကြုံခံစားရ သည့်အချိန် ဖြစ်သည်။ ထို့နောက် ရဲ ခြောက်ယောက် ခုနှစ်ယောက်က ကျွန်မကို တစ်ယောက်တစ်လှည့် နှိပ်စက်ကြသည်။ သူတို့ထဲက တစ်ယောက်က ကျွန်မ၏ အဆစ်များကို အာရုံစိုက်ပြီး၊ အလွန်ပြင်းထန်စွာ ညှပ်သည်မှာ တစ်လကြာပြီးသည့်တိုင် ကျွန်မ၏ လက်မောင်းကို ကွေး၍မရသေးပါ။ နောက်တစ်ယောက်က ကျွန်မ၏ဆံပင်ကို ဆွဲပြီး၊ ကျွန်မ၏ ဦးခေါင်းကို ဘေးဘယ်ညာ လှုပ်ယမ်းသည်၊ ထို့နောက် အနောက်သို့ ဆောင့်ဆွဲလိုက်ရာ ကျွန်မက အပေါ်သို့မော့ကြည့် နေခဲ့ရသည်။ “ကောင်းကင်ကို ကြည့်ပြီး အဲဒီမှာ ဘုရားရှိမရှိ ကြည့်စမ်း” ဟု သူက ရက်စက်ကြမ်းကြုတ်စွာ ပြောလေသည်။ သူတို့က နေဝင်ရီတရော အချိန်အထိ ဆက်လက်ဆောင်ရွက်သွားကြသည်။ တရုတ်နှစ်သစ်ကူး ဖြစ်သောကြောင့် ကျွန်မထံက မည်သည့်အရာမျှ သူတို့ရမည် မဟုတ်သည်ကို မြင်သည့်အခါ၊ သူတို့က ကျွန်မကို ထိန်းသိမ်းရေးစခန်းသို့ တန်းတန်းမတ်မတ် ပို့လိုက်လေသည်။

ကျွန်မ ထိန်းသိမ်းရေးစခန်းသို့ ရောက်သည့်အချိန်တွင်၊ အစောင့် တစ်ယောက်က ကျွန်မ၏ အဝတ်အစားများ အားလုံးကို ချွတ်ပစ်ပြီး အမှိုက်ပုံးထဲသို့ လွှင့်ပစ်ရန် အကျဉ်းသူတစ်ယောက်ကို အမိန့်ပေးခဲ့သည်။ ထို့နောက် သူတို့က ကျွန်မကို ညစ်ပတ်ပြီး၊ ဆိုးရွားနံစော်သည့် ထောင်ဝတ်စုံကို ဝတ်ဆင်စေခဲ့သည်။ ထောင်စောင့်များက ကျွန်မကို အကျဉ်းခန်းထဲသို့ ထည့်ပြီး၊ အခြားသော အကျဉ်းသားများကို “သူက တခြားလူတွေရဲ့ မိသားစုတွေကို သည်းကြီးမည်းကြီး ဖျက်ဆီးခဲ့တာ။ မိသားစုတွေအများကြီး သူ့ကြောင့် ပျက်စီးကြရတယ်။ သူက လူလိမ်မ၊ ရိုးသားတဲ့ လူတွေကို သူက လှည့်စားပြီး ငြိမ်ဝပ်ပိပြားရေးကိုလည်း နှောင့်ယှက်တယ်...” ဟု ပြောရင်း လိမ်လည်ခဲ့သည်။ “သူက ဘာဖြစ်လို့ ငတုံးငအနဲ့ တူနေတာလဲ” ဟု အကျဉ်းသားထဲက တစ်ယောက်က မေးခဲ့သည်။ ၎င်းကို ထောင့်စောင့်က “သူက ပြစ်ဒဏ်စီရင်ချက်ချတာ မခံရအောင် ဟန်ဆောင်နေတာ။ နင်တို့ထဲက ဘယ်သူကမှ ဒါမျိုးလုပ်ဖို့ တွေးရလောက်အောင် မပါးနပ်ကြဘူး။ သူ့ကို ငတုံးလို့ ထင်တဲ့သူကတော့ အားလုံးထဲမှာ အတုံးဆုံးပဲ” ဟု ပြန်ဖြေခဲ့သည်။ ဤနည်းဖြင့် ထောင်စောင့်များ၏ လှည့်စားခံရပြီး၊ ကျွန်မက အလွန်အလွယ်တကူ သက်ညှာခံရကြောင်းနှင့် ကျွန်မကဲ့သို့ ဆိုးဝါးသည့် သူတစ်ယောက်အတွက် တစ်ခုတည်းသော ကောင်းသည့်အရာမှာ ကွပ်မျက်ရေးသေနတ် တပ်ဖွဲ့သာဖြစ်ကြောင်းတို့ကို အခြား အကျဉ်းသားများ အားလုံးက ပြောခဲ့ကြသည်။ ဤအရာကို ကြားရခြင်းက ကျွန်မကို ဒေါသထွက်စေသော်လည်း ကျွန်မ လုပ်နိုင်သည့်အရာ မရှိခဲ့ပါ။ ခုခံရန် ကျွန်မ၏ ကြိုးပမ်း အားထုတ်မှုများသည် မအောင်မြင်ခဲ့ပါ၊ ယင်းတို့က ကျွန်မထံသို့ နောက်ထပ် နှိပ်စက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကိုသာ ဆောင်ကြဉ်း လာခဲ့သည်။ ထိန်းသိမ်းရေးစခန်းတွင် ထောင်စောင့် များက အကျဉ်းသားများအား စည်းကမ်းများကို နေ့စဉ် ရွတ်ဆိုခိုင်းသည်။ “သင့်ပြစ်မှုကို ဝန်ခံပြီး၊ တရားဥပဒေကို နာခံပါ။ တခြားသူများကို ပြစ်မှုကျူးလွန်ဖို့ လှုံ့ဆော်ခြင်းကို ခွင့်မပြုပါ။ ဂိုဏ်းဖွဲ့ခြင်းကို ခွင့်မပြုပါ။ ရန်ဖြစ်ခြင်းကို ခွင့်မပြုပါ။ တခြားသူများကို အနိုင်ကျင့်ခြင်း ဒါမှမဟုတ် စော်ကားခြင်းကို ခွင့်မပြုပါ။ တခြားသူများကို မမှန်မကန် စွပ်စွဲခြင်းများကို ခွင့်မပြုပါ။ တခြားသူများ၏ အစားအစာ သို့မဟုတ် ပိုင်ဆိုင်မှုများကို ယူခြင်းကို ခွင့်မပြုပါ။ တခြားသူများကို လှည့်စားခြင်းကို ခွင့်မပြုပါ။ ထောင်ဗိုလ်ကျသူများက ထိထိရောက်ရောက် နှိမ်နင်း ခံရမည်။ စည်းကမ်းဖောက်ဖျက်ခြင်း မှန်သမျှကို ထောင်စောင့် သို့မဟုတ် ကင်းလှည့် အစောင့်ကို ချက်ချင်းတိုင်သင့်သည်။ အချက်အလက်တွေ မဖုံးကွယ်ရ သို့မဟုတ် စည်းမျဉ်း ဖောက်ဖျက်သည့် အကျဉ်းသားကို ကာကွယ်ဖို့ မကြိုးစားရ။ ထောင်စည်းမျဉ်းများကို လူသားဆန်သည့် နည်းလမ်းဖြင့် အကောင် အထည်ဖော်ကျင့်သုံးရမည်...” တကယ်တမ်းမှာမူ ထောင်စောင့်များက ကျွန်မကို နေ့စဉ်လှည့်စားဖို့ ခွင့်ပြုလျက်၊ ကျွန်မကို ညှဉ်းဆဲနှိပ်စက်ရန် အခြားအကျဉ်းသားများကို အားပေးအားမြှောက်ပြုခဲ့သည်။ သုညအောက် ၈ သို့မဟုတ် ၉ ဒီဂရီ ကျရောက်နေချိန်တွင်၊ သူတို့က ကျွန်မ၏ ဖိနပ်များကို ရေစိမ်ထားကြသည်။ ကျွန်မ၏ အစားအစာထဲ ရေများ တိတ်တဆိတ် လောင်းထည့်ကြသည်။ ညပိုင်းတွင် ကျွန်မ အိပ်ပျော်နေသည့်အချိန်၊ သူတို့က ကျွန်မ၏ ချည်သားအခံ အနွေးထည် ရွှဲရွှဲစိုစေခဲ့သည်။ ကျွန်မကို အိမ်သာနားတွင် အိပ်စေခဲ့သည်၊ ပြီးလျှင် ညဖက်တွင် သူတို့က ကျွန်မ အိပ်မပျော်အောင် ကျွန်မ၏စောင်ကို ဆွဲယူကာ၊ ကျွန်မ၏ ဆံပင်ကို ဆွဲခဲ့သည်။ ကျွန်မ၏ ပေါက်စီများကို လုယူသည်။ ကျွန်မကို အတင်းအကျပ် အိမ်သာဆေးခိုင်းသည်၊ ပြီးလျှင် သူတို့၏ ဆေးဝါးအကြွင်းအကျန်များကို ကျွန်မ၏ပါးစပ်ထဲ အတင်းထိုးထည့်သည်၊ သူတို့က ကျွန်မကို အလေးအပင် သွားခွင့်မပြုခဲ့ပါ…သူတို့ပြောသည့် အရာကို ကျွန်မ မလုပ်ပါက၊ သူတို့ ဝိုင်းရိုက်ကြသည်၊ ပြီးလျှင် ထိုသို့သော အချိန်မျိုးတွင် မကြာခဏဆိုသကဲ့သို့ ထောင်စောင့် သို့မဟုတ် ကင်းလှည့်အစောင့်က ထိုမြင်ကွင်းမှ အလျင်အမြန် ပြေးထွက် သွားသည် သို့မဟုတ် သူတို့ မည်သည့်အရာမျှ မမြင်ယောင်ဆောင် ခဲ့လေသည်။ တစ်ခါတစ်ရံတွင် သူတို့က ခပ်လှမ်းလှမ်းတွင် ပုန်းကွယ်ပြီး ကြည့်ကြသည်။ အကျဉ်းသားများက ကျွန်မကို မနှိပ်စက်ဘဲ ရက်အတော်ကြာနေပါက၊ ထောင်စောင့်များနှင့် ကင်းလှည့်အစောင့်များက သူတို့ကို မေးလေသည်။ “အဲဒီငတုံးမက ဒီရက်ပိုင်းအတွင်းမှာ ပါးနပ် လာတယ် မဟုတ်လား။ ဒီအတောအတွင်း၊ နင်တို့ကတော့ ပျော့ကုန်ကြပြီ။ အဲဒီ ငတုံးမကို အရင်လိုပြန်ဖြစ်အောင် လုပ်နိုင်တဲ့သူကို ပြစ်ဒဏ်စီရင်ချက် လျှော့ပေးမယ်” ထောင်စောင့်များ၏ လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုက ကျွန်မကို သူတို့အတွက် အမုန်းတရားများဖြင့် ပြည့်နှက်စေခဲ့သည်။ ဤအရာကို ကျွန်မ မျက်မြင်ကိုယ်တွေ့ကြုံပြီး၊ ကိုယ်တိုင် ကိုယ်ကျ တွေ့ကြုံခံစားရခြင်း မဟုတ်ခဲ့ပါက၊ စေတနာကောင်းပြီး ကိုယ်ကျင့်တရား ပြည့်ဝနေသင့်သည့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အလွန်မှောင်မိုက်ပြီး၊ ကြောက်မက်ဖွယ်ကောင်းကာ၊ ဆိုးရွားသည်ကို ကျွန်မ မည်သည့်အခါကမျှ ယုံကြည်မည်မဟုတ်ပါ၊ သူ၏ လှည့်စားတတ်ပြီး နှစ်ခွရှိသည့် စရိုက်အမှန်ကိုလည်း ကျွန်မ လုံးဝမြင်ဖူးမည်မဟုတ်ပါ။ သူ၏ စကားများဖြစ်သည့် “ပြည်သူ့ကို အလုပ်အကျွေးပြုခြင်း၊ ယဉ်ကျေးသိမ်မွေ့ပြီး၊ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းကို ဖန်တီးခြင်း” တို့သည် ပြည်သူကို လှည့်စားရန်နှင့် တစ်ပတ်ရိုက်ရန် ဖန်တီးထားခြင်းသာ ဖြစ်သည်၊ ၎င်းတို့မှာ နည်းစနစ်တစ်ခု၊ လှည့်ကွက်တစ်ခု ဖြစ်သည်၊ မိမိကိုယ်ကိုယ်အမွှမ်းချယ်ကာ၊ ၎င်းနှင့် မထိုက်တန်သည့် ချီးကျူး ဂုဏ်ပြုခံရခြင်းများရရှိနေခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မတွေးမိခဲ့သည်။ “လူ့ဇာတိခံ ယူသော ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက် လျက် ရှိရစ်နေသည်မှာ သိပ်အံ့သြစရာ မဟုတ်ပါချေ။ မာရ်နတ်များသည် သနားကြင်နာခြင်းကင်း၍ လူမဆန်သည့် ဤကဲ့သို့သော အမိုက်မှောင် လူ့အဖွဲ့အစည်းတွင် မျက်စိတစ်မှိတ်အတွင်း လူများကို သတ်သော မာရ်နတ်များ၏ ရှင်ဘုရင် သည် ချစ်ခင်၍ ကြင်နာကာ သန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို အဘယ်သို့လျှင် သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို အဘယ်သို့လျှင် ၎င်းသည် လက်ခုပ်တီး၍ သြဘာပေးနိုင် မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းနှင့် ပြန်ပေးဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့် စွာကတည်းက ဘုရားသခင်အား အထင်အမြင် သေးကြသည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက် ကြသည်၊ ၎င်းတို့သည် အစွန်းရောက်သော အစွန်းရောက်သော လူရိုင်းများ ဖြစ်သည်၊ ၎င်းတို့၌ ဘုရားသခင် အား အလေးထားမှု စိုးစဉ်းမျှပင် မရှိ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ကွယ်ပျောက်ကြပြီး ကြင်နာခြင်း အစအနမျှပင် မရှိဘဲ အပြစ်မဲ့သော သူကို အသိစိတ် မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေးများလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များ လော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြလေသည်။ ၎င်းတို့၏ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်သည့် အနေအထားနှင့် ပရမ်းပတာအနေအထားတွင် ထားခဲ့လေ၏။ ဘာသာရေး လွတ်လပ်ခြင်းလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့ အားလုံးသည် အပြစ်အား ဖုံးကွယ်ဖို့ရန်အတွက် လှည့်စားမှုများပင် ဖြစ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့အရှိတရားနှင့် နှိုင်းယှဉ်သည့်အခါ၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ မှောင်မိုက်ပြီး၊ ဆိုးယုတ်သော ဘီလူးသရဲစီးသည့် အနှစ်သာရကို ကျွန်မ ပကတိကြည်လင် ပြတ်သားခြင်းဖြင့် တွေ့မြင်ခဲ့သည်။ သူ၏ မှောင်မိုက်သော အုပ်ချုပ်မှုကို ထိန်းသိမ်းထားရန်၊ သူ၏ လူများကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး၊ ၎င်းတို့ကို ထင်ယောင်ထင်မှား ဖြစ်စေကာ လှည့်စားရန် အစွမ်းကုန် လုပ်ဆောင်ခဲ့ပါသည်။ အပေါ်ယံအားဖြင့် ၎င်းက လွတ်လပ်စွာကိုးကွယ်ခွင့်ကိုပေးရန် ဟန်ဆောင်ထား သော်လည်း၊ တိတ်တဆိတ်ဖြင့် တစ်နိုင်ငံလုံးမှ ဘုရားသခင်ကို ယုံကြည်သောလူများကို ဖမ်းဆီးသည်၊ ဖိနှိပ်သည်၊ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့သည်။ ယင်းက ၎င်းတို့အားလုံးကို သေစေဖို့ပင် ကြိုးစားခဲ့သည်။ ထိုနတ်ဆိုးသည် မည်မျှ ဆိုးရွားပြီး၊ လူမဆန်သည့်အပြင်၊ ဖောက်ပြန်လိုက်ပါသနည်း။ လူ့အခွင့်အရေးသည် အဘယ်မှာနည်း။ ဤအရာများ အားလုံးသည် လူများကို လှည့်စားရန် လှည့်ကွက်များသာ မဟုတ်ပါလော။ သူ၏ မှောင်မိုက်သည့် အုပ်ချုပ်မှုအောက်တွင် လူများသည် မျှော်လင့်ချက် သို့မဟုတ် အလင်းရောင် တစ်ခုတစ်လေကို ရိပ်ခနဲ မြင်နိုင်ကြပါသလား။ သူတို့က မည်သို့များ ဘုရားသခင်ကို လွတ်လပ်စွာ ယုံကြည်နိုင်ပြီး သမ္မာတရားကို ရှာဖွေလိုက်စားနိုင်မည်နည်း။ ဘုရားသခင်သည် ဤညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အတိဒုက္ခတို့ကို ကျွန်မထံ ကျရောက်စေရန် ခွင့်ပြုခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် လူမဆန်ခြင်းတို့ကို ပြဖို့၊ သမ္မာတရားကို မလိုမုန်းထားပြီး ဘုရားသခင်ကို ရန်လိုခြင်း၌ရှိသည့် သူ၏ ဘီလူးသရဲစီးသော အနှစ်သာရကို ပြဖို့ နှင့် ဆိုးယုတ်မှုကို ပြစ်ဒဏ်ပေးခြင်း၊ ကောင်းမြတ်ခြင်းကို ထောက်ခံအားပေးခြင်း နှင့် တရားမျှတမှုကို မြှင့်တင်နေခြင်းအဖြစ် အစိုးရက အားသွန်ခွန်စိုက် ကြော်ငြာပြီး အမွှမ်းတင်နေသည့် ပြည်သူ့ရဲသည် ၎င်းက စေ့စေ့စပ်စပ် ပြုစုပျိုးထောင်ထားသည့် ကြံရာပါများနှင့် လက်ပါးစေများ၊ လူ့မျက်နှာနှင့် လူ့တိရစ္ဆာန်၏ နှလုံးသားရှိသော လက်မရွံ့သားများဖြစ်ပြီး၊ လူတစ်ယောက်ကို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်မည့်သူများ ဖြစ်ကြောင်းတို့ကို ကျွန်မကိုပြရန် ဘုရားသခင်က ၎င်းကို အသုံးပြုခဲ့ခြင်းဖြစ် သည်ကို ကျွန်မ ထို့နောက်မှသာ သတိပြုမိခဲ့ပါသည်။ ကျွန်မက ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်ဖို့နှင့် ၎င်း၏ အာဏာရှင်ဆန်သော တန်ခိုးကို အရှုံးပေးဖို့ အတင်းအကျပ်စေခိုင်းရန်အလို့ငှာ တရုတ်ကွန်မြူနစ် ပါတီအစိုးရသည် ကျွန်မကို နှိပ်စက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့တွင် အစွန်းကုန်ကြိုးစားခဲ့သည်၊ သို့သော်လည်း ၎င်းက ကျွန်မကို ပို၍ နှိပ်စက်လေ၊ ကျွန်မက ၎င်း၏ ဆိုးယုတ်သောစရိုက်ကို ပို၍သိသာထင်ရှားစွာ တွေ့မြင်ပြီး၊ ၎င်းအား ကျွန်မ၏ နှလုံးသား နက်ရှိုင်းသောနေရာမှ ပို၍ရွံရှာပြီး ငြင်းပယ်လေ ဖြစ်ကာ၊ ကျွန်မက ဘုရားသခင်ကို အမှန်တကယ် ပို၍တမ်းတစေပြီး၊ ဘုရားသခင်ကို ယုံကြည်ကိုးစားစေကြောင်းကို ၎င်းက မသိခဲ့ပါ။ ထို့အပြင် အမှန်မှာမူ ထောင်စောင့်များ၏ နှိပ်စက်မှုကြောင့် ဘုရားသခင်ချစ်သည့်အရာကို ချစ်ခြင်းနှင့် ဘုရားသခင် မုန်းသည့်အရာကို မုန်းခြင်းတို့သည် မည်သည့်အရာကို အမှန်တကယ် ဆိုလိုကြောင်း၊ စာတန်ကို ကျောခိုင်းပြီး ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း၊ ရိုင်းစိုင်းခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း၊ အမှောင်၏စွမ်းအားဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းနှင့် ထို့ထက်ပိုပြီးလျှင် မလိုမုန်းထားသော၊ စဉ်းလဲသော၊ အတုအယောင်ဖြစ်ပြီး၊ လိမ်လည်လှည့်စားတတ်သော အရာတို့မှာ မည်သည့်အရာ ဖြစ်ကြောင်းတို့ကို ကျွန်မ အမှတ်တမဲ့ နားလည်သဘောပေါက်လာခဲ့သည်။ ကျွန်မကို ဤပတ်ဝန်းကျင်အား တွေ့ကြုံခံစားခွင့်ပြုခြင်း၊ အမှားအမှန်ကို သိခွင့်ပေးခြင်းနှင့် ထို့ထက်ပိုပြီးလျှင် အသက်တာ၏ မှန်ကန်သောလမ်းကြောင်းကို လျှောက်ရန် သံန္နိဌာန်ချခွင့်ပေးခြင်းတို့အတွက် ကျွန်မ ဘုရားသခင်ကို ကျေးဇူးတင်မိပါသည်။ စာတန်၏ လှည့်စားခြင်းကို အချိန်ကြာမြင့်စွာခံခဲ့ရသည့် ကျွန်မ၏နှလုံးသားသည် နောက်ဆုံးတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားဖြင့် နိုးထခဲ့သည်။ ဤအတိဒုက္ခနှင့် စမ်းသပ်မှုတို့ကို တွေ့ကြုံခံစားရန် ကျွန်မ၏ အခွင့်အလမ်းရရှိခြင်း၌ ကြီးစွာသော အဓိပ္ပါယ်ရှိပြီး၊ ကျွန်မသည် အမှန်တကယ် အထူးအခွင့်အရေးပေးခံရသည်ဟု ခံစားခဲ့ရပါသည်။

ကျန်သည့်အရာအားလုံးကို ကြိုးစားပြီးနောက် ဆိုးယုတ်သော ရဲများသည် နောက်ထပ် အကြံအစည်တစ်ခု ရရှိလာသည်။ သူတို့က အသင်းတော်ကို ဖော်ကောင်လုပ်ခဲ့သည့် ယုဒတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့လေသည်။ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ပြီး၊ ကျွန်မက ဘုရားသခင်ကို ကျောခိုင်းရန် သူမလည်း ကြိုးပမ်းအားထုတ်ခဲ့ကြောင်း ပြောခဲ့သည်။ ဧဝံဂေလိတရား ဖြန့်ဝေသူ ညီအစ်ကိုမောင်နှမများစွာကို တိုင်ကြားခဲ့သည့် ဤဆိုးယုတ်သော အစေခံကို မြင်ပြီး၊ သူမ၏ နှုတ်မှ ထွက်လာသည့် ဘုရားသခင်ကို သွားပုတ်လေလွင့်ပြောသော၊ အသရေဖျက်ပြီး၊ ပြစ်မှားစော်ကားသော ကောက်ကျစ်သည့် စကားများအားလုံးကို ကြားလျက်၊ ကျွန်မ၏ စိတ်နှလုံးသည် ဒေါသူပုန်ထခြင်းဖြင့် ပြည့်နှက်ခဲ့သည်။ သူမသည် ဘုရားသခင်ကို အဘယ့်ကြောင့် လွန်လွန်ကဲကဲ ရန်လိုနေရကြောင်း မေးမြန်းရင်း သူ့ကို ကျွန်မ အော်ဟစ်လိုက်ချင်သည်။ သူမသည် ဘုရားသခင်၏ ကျေးဇူးတော်များစွာကို နှစ်သက်ခံစားခဲ့ သော်လည်း အဘယ့်ကြောင့် ဘုရားသခင် ရွေးချယ်ထားသူများကို ညှဉ်းပန်းနှိပ်စက်ရန် ဆိုးယုတ်သော နတ်ဆိုးများနှင့် ပူးပေါင်းခဲ့သနည်း။ ကျွန်မ၏ နှလုံးသားထဲတွင် ပြောမထွက်နိုင်အောင် ဆိုးရွားသော ဝမ်းနည်းမှု နှင့် နာကျင်မှုတို့ရှိလေသည်။ ကျွန်မသည် ကြီးစွာသော နောင်တရခြင်းနှင့် အကြွေးတင်ရှိခြင်းတို့ကိုလည်း ခံစားခဲ့ရသည်။ ကျွန်မသည် ယခင်က သမ္မာတရားကို ရှာဖွေလိုက်စားဖို့ မကြိုးစားခဲ့ပုံနှင့် ကျွန်မတို့၏ ကယ်တင်ခြင်းအတွက် ဘုရားသခင် သည်းခံခဲ့ရသည့် နာကျင်မှုနှင့် အရှက်ရခြင်းတို့ကို တစ်စက်မျှမတွေးဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာများကို နှစ်သက်ခံစားဖို့ကလွဲပြီး တုံးအသော ကလေးတစ်ယောက်ကဲ့သို့ မည်သည့်အရာမျှ မသိခဲ့ပုံတို့အတွက် ကျွန်မသည် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးမိလေသည်။ ယခုမှသာလျှင် ကျွန်မသည် မိစ္ဆာကောင်များ၏ ဤသားရဲတွင်း၌ နစ်နေသည့်အချိန်တွင်မှသာ၊ ဘုရားသခင်သည် ဤညစ်ညမ်းသော ဖောက်ပြန်ပျက်စီးသော နိုင်ငံတွင် အလုပ်လုပ်ရန် အမှန်တကယ် မည်မျှခက်ခဲကြောင်းနှင့် သူမည်မျှ ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရကြောင်းတို့ကို ကျွန်မ ခံစားခဲ့ရသည်။ အမှန်တကယ်ပင် လူသားအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကြီးစွာသော နာကျင်မှုကို သယ်ဆောင်လေသည်။ လူသား၏ သစ္စာဖောက်ခြင်းကို သည်းခံရင်း လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအလုပ်ကို သူပြုတော်မူသည်။ လူသား၏ သစ္စာဖောက်ခြင်းသည် သူ့အတွက် ဝေဒနာနှင့် နာကျင်မှုမှလွဲပြီး မည်သည့်အရာမျှ မဆောင်ကြဉ်းပေးခဲ့ပါ။ ဘုရားသခင်က တစ်ချိန်က- “တစ်ညတာ အချိန်အတွင်းလေး တွင်ပင်၊ သူတို့သည် ပြုံးရွှင်နေသည့် ‘စိတ်နှလုံးကောင်း’ ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးသော ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမား အဖြစ်သို့ ပြောင်းလဲသွားပြီး၊ ယုတ္တိမရှိ သို့မဟုတ် အကြောင်းပြချက်မရှိဘဲ၊ မနေ့က သူတို့၏ ကျေးဇူးရှင်အဖြစ် ဆက်ဆံသူကို ရုတ်တရက်ပင် သူတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ဆက်ဆံသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့ လုပ်ဆောင်မှု”) ဟု ပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ပါ။ ယနေ့ ကျွန်မသည် နတ်ဆိုး၏ လက်တွင်းသို့ ကျရောက်ခဲ့သည့်တိုင်၊ မည်သို့ပင် ဖြစ်စေကာမူ ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်မည် မဟုတ်ပါ။ မည်မျှကြီးမားသော အခက်အခဲကို ကျွန်မ ဒုက္ခခံရပါစေ၊ အန္တရာယ်မှ မိမိကိုယ်ကိုယ် ကယ်တင်ရန် ကျွန်မ ယုဒတစ်ယောက်ဖြစ်မည် မဟုတ်ပါ၊ ပြီးလျှင် ဘုရားသခင်ကို နာကျင်ပြီး ဝမ်းနည်းကြေကွဲအောင် မလုပ်ပါ။ ထိုယုဒ၏ ဖော်ကောင်လုပ်ခံရခြင်း ရလဒ်အနေဖြင့် ဆိုးယုတ်သောရဲများက သူတို့၏ နှိပ်စက်မှုကို အရှိန်မြင့်ကြလေသည်။ ထိုအချိန် အတောအတွင်း သူမက တစ်ဖက်တွင် ရပ်တည်ပြီး “နင်က အကောင်းနဲ့အဆိုးကို မခွဲနိုင်ပါဘူး။ နင်ဒါနဲ့တန်တယ်။ နင်က ငါ့ကြင်နာမှုကိုလည်း အသိအမှတ်မပြုဘူး။ နင်က မသေမချင်း နှိပ်စက်ခံထိုက်တယ်” ဟု ပြောခဲ့သည်။ ဤရက်စက်သော၊ ဆိုးယုတ်သော စကားများက ကျွန်မကို အလွန်စိတ်ဆိုးစေခဲ့သော်လည်း နားလည်ရခက်သော ဝမ်းနည်းခြင်း အသိစိတ်ကိုလည်း ခံစားခဲ့ရသည်။ ကျွန်မ ငိုလိုက်ချင်သော်လည်း၊ မငိုရမည်ဖြစ်ကြောင်းကို ကျွန်မသိခဲ့သည်။ စာတန်ကို ကျွန်မ၏ အားနည်းချက်အား တွေ့မြင်ခွင့်မပေးချင်ခဲ့ ပါ။ကျွန်မ၏ နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်း ခဲ့သည်။ “အိုဘုရားသခင်၊ ကိုယ်တော် ကျွန်မရဲ့ စိတ်နှလုံးကို ရယူစေချင်ပါတယ်။ အခုအချိန်မှာ ကျွန်မဟာ ဘုရားသခင်အတွက် ဘာမှမလုပ်ပေးနိုင်ပေမဲ့လည်း၊ စာတန်နဲ့ ဒီကောက်ကျစ်တဲ့ လူတွေကို လုံးလုံးအရှက်ရစေရင်းနဲ့သူတို့ရဲ့ ရှေ့မှာ ဘုရားသခင်ကို အောင်မြင်တဲ့ သက်သေခံဖို့နဲ့ ဤအရာအားဖြင့် ကိုယ်တော့်နှလုံးသားကို နှစ်သိမ့်မှု ဆောင်ကြဉ်းပေးဖို့ ဆန္ဒရှိပါတယ်။ အို ဘုရားသခင်၊ ကျွန်မရဲ့ စိတ်နှလုံးကို ကွယ်ကာပြီးကျွန်မကို ပိုခံနိုင်ရည်ရှိစေပါ။ ကျွန်မမှာ မျက်ရည်တွေရှိခဲ့ရင်၊ အဲဒီမျက်ရည်တွေ အတွင်းကို စီးကျပါစေ။ ကျွန်မရဲ့ မျက်ရည်တွေကို သူတို့ကို မြင်ခွင့်မပေးနိုင်ပါဘူး။ ခွဲခြားသိမြင်နိုင်စွမ်းနဲ့ ဘုရားသခင်ကို ဆန့်ကျင်ပြီး ဖောက်ပြန်ဖို့ဖြစ်တဲ့ စာတန်ရဲ့ သဘာဝနဲ့ အနှစ်သာရကို သိသာထင်ရှားစွာ တွေ့မြင်နိုင်စွမ်းတို့ကို ဘုရားသခင်က ကျွန်မကို ပေးရင်း ကျွန်မရဲ့ အမြင်ထဲမှ စိတ်ရှုပ်ထွေးမှုတွေကို ဖယ်ရှားပေးခဲ့တဲ့အတွက် ကျွန်မဟာ သမ္မာတရားကို နားလည်တဲ့အတွက်ကြောင့် ပျော်ရွှင်သင့်ပါတယ်။ စစ်ဆေးခြင်းအလယ်မှာ ကျွန်မက ဘုရားသခင်ရဲ့ ဉာဏ်ပညာရှိတဲ့ လက်တော်က အရာအားလုံးကို ဘယ်လိုစီစဉ်ခဲ့တယ်ဆိုတာကိုလည်း တွေ့ခဲ့ပါတယ်။ လာမဲ့ စစ်ဆေးမေးမြန်းခြင်းကို ရင်ဆိုင်ပြီး စာတန်ကို အနိုင်ယူဖို့အတွက် ဘုရားသခင်ကို အားကိုးဖို့၊ ကျွန်မအထဲမှာ ကိုယ်တော် ဘုန်းထင်ရှားဖို့ ကျွန်မ ဆန္ဒရှိပါတယ်။” ဆုတောင်းပြီးနောက်တွင် ဘုရားသခင်ကို ကျွန်မ၏ သက်သေခံခြင်း မပြီးဆုံးမချင်း မရပ်နားရန် ကျွန်မ၏ စိတ်နှလုံးထဲတွင် ခွန်အားရှိလာခဲ့သည်။ ဤအရာကို ဘုရားသခင်က ကျွန်မကို ပေးခဲ့ကြောင်း၊ ဘုရားသခင်သည် ကျွန်မကို ကြီးစွာသော ကွယ်ကာမှုပေးကာ ကြီးစွာ တို့ထိခဲ့ကြောင်းကို ကျွန်မ သိခဲ့သည်။ ကျွန်မက ဘုရားသခင်ကို သစ္စာဖောက်စေရန် ဆိုးယုတ်သောရဲများသည် ဤကောက်ကျစ်သော အမျိုးသမီးကို အသုံးပြုလိုကြသော်လည်း ဘုရားသခင်သည် ဉာဏ်ပညာရှိသော ဘုရားသခင် ဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်က ကျွန်မကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ပုန်ကန်လိုသော သဘာဝကို ပြရန် ဤကောက်ကျစ်သော အမျိုးသမီးကို အဖြည့်ခံအဖြစ် အသုံးပြုခဲ့သည်၊ ဤနည်းအားဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ကျွန်မ၏ သံန္နိဌာန်နှင့် ယုံကြည်မှုကို နှိုးဆွပေးခဲ့သည်။ ထို့အပြင် ကျွန်မသည် ဘုရားသခင်၏ ဉာဏ်ပညာရှိသော အမှုတော် နှင့် ပတ်သက်သည့် သိကျွမ်းမှု အချို့ရရှိခဲ့ပြီး၊ ဘုရားသခင်၏ လူများကို စုံလင်စေခြင်းတွင် အသုံးခံဖို့ရှိသည့် အရာအားလုံးကို ဘုရားသခင်က အုပ်စိုးပြီး ကိုင်တွယ်ကြောင်းကို မြင်ခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်က စာတန်ကို အနိုင်ယူရန် ဉာဏ်ပညာကို အသုံးပြုခြင်း နှင့်ပတ်သက်သည့် မငြင်းနိုင်သော အမှန်တရားဖြစ်လေသည်။

သူတို့လိုချင်သည့်အရာ တစ်စုံတစ်ခုမျှ ကျွန်မကို ပြောခိုင်း၍ ရမည်မဟုတ် သည်ကို တွေ့လျက်၊ ကျွန်မသည် ဘုရားသခင်ကို ယုံကြည်သူ တစ်ယောက်ဖြစ်ကြောင်း သက်သေအထောက်အထားကို နေရာအနှံ့မေးမြန်းရန် လူအင်အားဖြစ်စေ၊ ပစ္စည်းအင်အားနှင့် ငွေအင်အားဖြစ်စေ မည်သည့်အရာမဆို လိုအပ်သမျှ သူတို့ထုတ်သုံးခဲ့သည်။ သုံးလကြာပြီးနောက်၊ သူတို့၏ အပူတပြင်း လုပ်ဆောင်မှုများအားလုံးကအလဟဿ ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် သူတို့က ဝှက်ဖဲကို ထုတ်သုံးခဲ့သည်။ သူတို့က ကျွမ်းကျင်သည့် စစ်မေးသူတစ်ဦးကို တွေ့ခဲ့သည်။ သူ့ထံသို့ ခေါ်ဆောင်ခံရသည့် မည်သူမဆို သူ၏နှိပ်စက်မှု ပုံစံသုံးမျိုးကို ခံစားရပြီး၊ ဝန်မခံသူတစ်ယောက်မျှ မရှိခဲ့ဟု ဆိုကြသည်။ တစ်နေ့တွင် ရဲလေးယောက်က ကျွန်မထံသို့ လာကာ “ဒီနေ့ ငါတို့မင်းကို အိမ်အသစ်ကို ခေါ်သွားမယ်” ဟု ပြောခဲ့သည်။ ထို့နောက် သူတို့က ကျွန်မကို အကျဉ်းသား သယ်ယူပို့ဆောင်ရေး အလုံပိတ်ကားထဲသို့ တွန်းထည့်သည် ကျွန်မ၏ လက်များကို နောက်ကျောတွင် လက်ထိပ်ခတ်ခဲ့ကြပြီး ကျွန်မခေါင်းပေါ်တွင် ခေါင်းစွပ်တစ်ခု ဝတ်ဆင်ပေးခဲ့ကြသည်။ သူတို့က ကျွန်မကို တိတ်တဆိတ် ကွပ်မျက်ရန် အပြင်သို့ ခေါ်ထုတ်နေသည်ဟု ထိုအခြေအနေက ကျွန်မကို တွေးမိစေပါသည်။ ကျွန်မ၏ နှလုံးသားထဲတွင် အထိတ်တလန့် မဖြစ်ပဲ မနေနိုင်ပါ။ သို့သော် နောက်ပိုင်းတွင် ကျွန်မ ယေရှုကို ယုံကြည်ခဲ့သည့်အချိန်က သီဆိုခဲ့ဖူးသည့် ဓမ္မသီချင်းကို တွေးမိခဲ့သည်။ “အသင်းတော်ရဲ့ အစောဆုံးအချိန်များကတည်းက၊ သခင့်နောက်လိုက်သူများသည် ကြီးမားသည့် အဖိုးအခကို ပေးခဲ့ကြရသည်။ ဝိညာဉ်ရေးရာ ဆွေမျိုးညာတိများ ထောင်ပေါင်းများစွာတို့က ဧဝံဂေလိတရားအတွက် သူတို့ ကိုယ်သူတို့ စတေးခဲ့ကြသည်၊ ထိုသို့ဖြင့် သူတို့က ထာဝရအသက်ကို ရရှိခဲ့သည်။ သခင့်အတွက် မာတုရ တစ်ယောက် ဖြစ်ပါ၊ သခင့်အတွက် မာတုရတစ်ယောက်ဖြစ်ပါ၊ ကျွန်ုပ်သည် သခင့်အတွက် မာတုရတစ်ယောက် ဖြစ်ရန် ပြင်ဆင်ပြီးဖြစ်သည်။” ထိုနေ့တွင် ထိုဓမ္မသီချင်းထဲမှ စာကြောင်းကို နောက်ဆုံးတွင် ကျွန်မ နားလည်ခဲ့သည်။ သခင့်နောက်လိုက်သူများသည် ကြီးစွာသော အဖိုးအခကို ပေးရမည်။ ကျွန်မသည်လည်း ဘုရားသခင်အတွက် သေဆုံးရန် ပြင်ဆင်ခဲ့ပြီး ဖြစ်လေသည်။ အံ့အားသင့်စွာပင် အလုံပိတ်ကားပေါ်သို့ တက်ရောက်ပြီးနောက်၊ ဆိုးယုတ်သောရဲများအကြား စကားစမြည်ပြောခြင်းကို ကျွန်မ အမှုမဲ့အမှတ်မဲ့ နားစွန်နားဖျားကြားခဲ့သည်။ သူတို့က ကျွန်မကို စစ်မေးမေးမြန်းရန် အခြားတစ်နေရာရာသို့ ခေါ်ဆောင်သွားနေပုံရလေသည်။ ဪ။ သူတို့က ကျွန်မကို ကွပ်မျက်ဖို့ ခေါ်ဆောင်နေခြင်း မဟုတ်ပါ၊ ကျွန်မက ဘုရားသခင်အတွက် မာတုရတစ်ယောက်အဖြစ် သေဆုံးရန် ပြင်ဆင်နေခဲ့သည်။ ဤအရာကို တွေးနေစဉ်တွင်ပင်၊ အကြောင်းအရင်းမသိရဘဲ ရဲများထဲမှ တစ်ဦးက ကျွန်မ၏ ဦးခေါင်းပေါ်မှ ခေါင်းစွပ်၏ကြိုးများကို ပိုတင်းကျပ်လိုက်သည်။ များမကြာမီတွင် ကျွန်မ သက်သောင့်သက်သာ မရှိဟု စတင်ခံစားခဲ့ရသည်၊ ၎င်းမှာ ကျွန်မ မွန်းကျပ်နေသကဲ့သို့ ခံစားခဲ့ရသည်။ သူတို့က ကျွန်မကို အမှန်တကယ်ပင် မသေမချင်း နှိပ်စက်တော့မည်လားဟု ကျွန်မ တွေးတောမိသည်ကို မိမိကိုယ်ကိုယ် သတိပြုမိသည်။ ထိုအခိုက်တွင် ယေရှု၏ တပည့်တော်များသည် ဧဝံဂေလိတရား ဖြန့်ဝေရန် သူတို့ကိုယ်သူတို့ မည်သို့စတေးခဲ့ပုံကို ကျွန်မ တွေးမိသည်။ ကျွန်မသည် သူရဲဘောနည်းသူဖြစ်မည် မဟုတ်ပါ။ ကျွန်မ သေသွားခဲ့လျှင်ပင်၊ ကျွန်မ သူတို့ကို အရှုံးပေးကြောင်း ဝန်ခံဖို့ မဆိုထားနှင့်၊ သူတို့ကို ခေါင်းစွပ် ဖြေလျှော့ပေးဖို့ အသနားခံမည်မဟုတ်ပါ။ သို့သော်လည်း ကျွန်မမိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ပါ။ ကျွန်မ သတိမေ့သွားခဲ့ပြီး၊ သူတို့ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။ ဖြစ်နေသည့်အရာကို တွေ့သည့်အခါ၊ ရဲများက ခေါင်းစွပ်ကို လျင်မြန်စွာ ဖြေလျှော့ပေးခဲ့သည်။ ကျွန်မ၏ပါးစပ်မှ အမြုပ်များ စတင်ထွက်လာခဲ့သည်၊ ထို့နောက် ကျွန်မ ပျို့အန်ခြင်းကို မရပ်နိုင်ခဲ့ပါ။ ယင်းမှာ အတွင်းမှရှိသမျှအားလုံး ကျွန်မအန်ထွက်မည့်အလား ခံစားခဲ့ရသည်။ ကျွန်မသည် မူးဝေကာ၊ ကျွန်မ၏ ဦးခေါင်းက ဗလာကျင်းနေပြီး၊ ကျွန်မ၏ မျက်လုံးများကို မဖွင့်နိုင်ခဲ့ပါ။ ကျွန်မ အကြောသေသွားသကဲ့သို့၊ ကျွန်မ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့်နေရာမျှ ခွန်အားမရှိတော့ပါ။ ကျွန်မ၏ ပါးစပ်ထဲတွင် ဆွဲထုတ်၍မရနိုင်သည့် စေးကပ်ကပ် အရာတစ်ခုရှိနေသကဲ့သို့ ခံစားရပါသည်။ ကျွန်မသည် အမြဲတမ်း ချည့်နဲ့အားနည်းခဲ့ပြီး၊ ဤကဲ့သို့ နှိပ်စက်ခံရပြီးနောက် ကျွန်မ ဒုက္ခရောက်ကာ၊ အချိန်မရွေး အသက်ရှုရပ်သွားနိုင်သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ နာကျင်မှုအလယ်တွင် ဘုရားသခင်ကို ကျွန်မဆုတောင်းခဲ့သည်။ “အိုဘုရားသခင်၊ ကျွန်မ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ ကျွန်မ ကိုယ်တော့်ကို နာခံဖို့ ဆန္ဒရှိပါတယ်။ ကိုယ်တော် ဘာပဲလုပ်ပါစေ၊ အဲဒါက ဖြောင့်မတ်ပါတယ်၊ ပြီးတော့ ကိုယ်တော် စီစဉ်ညွှန်ကြားပြီး စီစဉ်တဲ့ အရာအားလုံးကို ကျွန်မ ကျိုးနွံနာခံနိုင်ဖို့ ကျွန်မရဲ့ နှလုံးသားကို ကွယ်ကာဖို့ ကျွန်မ ကိုယ်တော်ကို တောင်းလျှောက်ပါတယ်” အချိန်အနည်းငယ်ကြာပြီးနောက် အလုံပိတ်ကားသည် ဟိုတယ်တစ်ခုကို ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးက အားနည်သည်ဟု ခံစားခဲ့ရပြီး၊ ကျွန်မ၏ မျက်လုံးများကို မဖွင့်နိုင်ခဲ့ပါ။ သူတို့က ကျွန်မကို အလုံပိတ် အခန်းတစ်ခုဆီသို့ ချီသွားခဲ့ကြသည်။ ကျွန်မကြားသမျှမှာ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ လက်ပါးစေများစွာတို့က ကျွန်မကို မြင်ရသည်မှာ လီယူးဟူလန် တုန်းက မည်သို့ဖြစ်ခဲ့သည်ကို မြင်ရသကဲ့သို့ဖြစ်သည်ဟု ပြောရင်း ကျွန်မ၏အနားတွင် မတ်တပ်ရပ်ပြီး ကျွန်မအကြောင်းကို ဆွေးနွေးနေသည့် အသံသာ ဖြစ်ပါသည်။ “အမြင်ကျယ်စေလိုက်တာ၊ တော်တော် အထင်ကြီးဖို့ ကောင်းတယ်” ဟု သူတို့က ပြောခဲ့သည်။ “သူက လီယူးဟူလန်ထက်တောင် ပိုပြီးခံနိုင်ရည်ရှိသေးတယ်။” ဤအရာကို ကြားလျက်၊ ကျွန်မ၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုဖြင့် အုံကြွလာခဲ့သည်။ ယုံကြည်မှုကို မှီခိုပြီး၊ ဘုရားသခင်ကို အားကိုးခြင်းအားဖြင့် စာတန်အပေါ် တကယ့်ကို အောင်မြင်မှုရရှိမည် ဖြစ်ကြောင်း၊ စာတန်သည် ဘုရားသခင်၏ ခြေရင်းတွင်ရှိကြောင်း ကျွန်မ တွေ့မြင်ခဲ့သည်။ ကျွန်မသည် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းခဲ့သည်။ ဤအခိုက်အတန့်တွင် နာကျင်မှုကို ကျွန်မ မေ့လျော့သွားခဲ့သည်။ ဘုရားသခင်ကို ဘုန်းထင်ရှားစေခြင်းအတွက် ကြီးစွာသော ကျေနပ်မှုကို ခံစားခဲ့ရသည်။

ထို့နောက်မကြာမီ ရဲများပြောခဲ့သည့် “စစ်ဆေးမေးမြန်သည့် ကျွမ်းကျင်သူ” ရောက်လာခဲ့သည်။ သူဝင်လာလျှင်ဝင်လာချင်း၊ “အဲဒီခွေးတိရစ္ဆာန်ငတုံးမ ဘယ်မှာလဲ။ ငါ့ကိုပြစမ်း” ဟု သူက အော်ပြောခဲ့သည်။ သူက ကျွန်မ၏ရှေ့သို့ လျှောက်လာပြီး၊ ကျွန်မကို ဆွဲလိုက်သည်။ ကျွန်မကို အကြိမ်ပေါင်းဒါဇင်များစွာ ပါးရိုက်ခဲ့ပြီးနောက်၊ ရင်ဘတ်နှင့် ကျောကိုလည်း ပြင်းထန်သော ထိုးချက် အနည်းငယ် ထိုးနှက်ခဲ့သည်၊ ထို့နောက် သူ့သားရေ ဖိနပ်တစ်ဖက်ကို ယူကာ၊ ကျွန်မ၏ မျက်နှာကို ၎င်းဖြင့် ဖြတ်ရိုက်လိုက်လေသည်။ ဤကဲ့သို့ သူ၏ ရိုက်နှက်ခံရခြင်းနောက်တွင်၊ ကျွန်မ၏ ပါးစပ်သို့မဟုတ် အစာအိမ်ထဲမှ ထုတ်မရနိုင်သည့် အရာတစ်စုံတစ်ခုရှိသည်ဆိုသည့် ခံစားချက် ပျောက်ဆုံးသွားခဲ့သည်။ ကျွန်မသည် မူးဝေခြင်းမရှိတော့ဘဲ၊ ကျွန်မ၏ မျက်လုံးများကို ဖွင့်နိုင်ခဲ့သည်။ ကျွန်မ၏ ခြေလက်အင်္ဂါများထံသို့ ခံစားချက်များ တဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိလာခဲ့ပြီး ကျွန်မခန္ဓာကိုယ်တွင် ခွန်အားပြန်လည်ရရှိလာခဲ့သည်။ နောက်ထပ်၊ သူက ကျွန်မ၏ ပခုံးကို ကြမ်းကြမ်းတမ်းတမ်း ဆွဲလိုက်ပြီး၊ သူ့ကို ကြည့်ဖိုနှင့် သူ့မေးခွန်းများကို ဖြေဖို့ ကျွန်မကို အမိန့်ပေးရင်း၊ ကျွန်မကို နံရံဆီ တွန်းလိုက်သည်။ ကျွန်မ အာရုံမစိုက်သည်ကို မြင်ရခြင်းက သူ့ကို ဒေါသထွက်စေသည်၊ ပြီးလျှင် သူက ဘုရားသခင်ကို သွားပုတ်လေလွင့်ပြောခြင်း၊ အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့အားဖြင့် ကျွန်မထံမှ တုံ့ပြန်မှုရရှိရန် ကြိုးစားခဲ့သည်။ သူက ကျွန်မကို မခံချိမခံသာဖြစ်စေရန် အထင်သေးဖွယ်အဖြစ်ဆုံး၊ စက်ဆုပ်ဖွယ်အဖြစ်ဆုံး နည်းလမ်းများကို အသုံးပြုခဲ့ပြီး၊ ဆိုးဆိုးဝါးဝါး ပြောခဲ့သည်၊ “ဘယ်သာမန်လူတစ်ယောက်မှ မခံစားနိုင်တဲ့ နာကျင်မှုကို နင်ဒုက္ခခံစေဖို့ နင့်အသွေးအသားနဲ့ နင့်ဝိညာဉ်တို့ကမခံမရပ်နိုင်တဲ့အရာနဲ့ နင့်ကိုငါက တမင်တကာ ညှင်းဆဲနေတာ။ နင်သေသွားပါစေလို့ နင်ဆန္ဒရှိလာလိမ့်မယ်။ နောက်ဆုံးမှာ နင့်ကို လွှတ်ပေးဖို့ နင်ငါ့ကို အသနားခံလိမ့်မယ်၊ ပြီးတော့ အဲဒီအချိန်က နင်က ယုတ္တိရှိရှိ စကားပြောလာတဲ့ အချိန်ဖြစ်ပြီးတော့၊ နင့်ကံကြမ္မာက ဘုရားသခင်ရဲ့လက်ထဲမှာ မဟုတ်ဘဲနဲ့ ငါ့ရဲ့လက်ထဲမှာ ဖြစ်တယ်လို့ နင်ပြောလာလိမ့်မယ်။ နင်သေချင်ရင်၊ အခုချက်ခြင်း သေလို့ရတယ်။ နင်ရှင်ချင်ရင်၊ နင်ရှင်လိမ့်မယ်၊ ပြီးတော့ နင့်ကို ငါက ခံစားစေချင်တဲ့ ဘယ်အခက်အခဲမဆိုဟာ နင်ဒုက္ခခံရမဲ့ အရာတွေပဲ။ နင့်ရဲ့အနန္တတန်ခိုးရှင်ဘုရားသခင်က နင့်ကို မကယ်တင်နိုင်ဘူး။ နင့်ကို ကယ်တင်ဖို့ ငါတို့ကို နင်အသနားခံမှသာ နင်အသက်ရှင်ရမယ်။” ဤစက်ဆုပ်ဖွယ်ကောင်းသော၊ အရှက်မဲ့သော၊ အထင်သေးဖွယ် လူမိုက်များ၊ ဤအရိုင်းအစိုင်း တိရစ္ဆာန်များ၊ ဤဆိုးယုတ်သော မာရ်နတ်များကို ရင်ဆိုင်ရင်း၊ သူတို့ကို ကျွန်မ အမှန်တကယ် တိုက်ခိုက်လိုခဲ့ပါသည်။ “ကောင်းကင်နဲ့ မြေကြီးပေါ်က အရာအားလုံးကို ဘုရားသခင်က ဖန်ဆင်းပြီး၊ ဘုရားသခင်က ထိန်းချုပ်တယ်” ဟု ကျွန်မ တွေးမိသည်။ “ငါ့ကံကြမ္မာကလည်း ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေ အောက်မှာရှိတယ်။ ဘုရားသခင်က အသက်နဲ့ သေခြင်းတရားတို့ကို စီရင်ပိုင်သူ ဖြစ်တယ်။ နင်ငါ့ကို သေစေချင်တာနဲ့ပဲ ငါကသေလိမ့်မယ်လို့ နင်ထင်သလား” ထိုအခိုက်အတန့်တွင် ကျွန်မ၏ နှလုံးသားသည် ဒေါသူပုန်ထခြင်းနှင့် ပြည့်နှက်နေခဲ့သည်။ ကျွန်မသည် ယင်းကို မထိန်းချုပ်နိုင်ဟု ခံစားခဲ့ရသည်။ ကျွန်မက အော်ဟစ်ငိုကြွေးလိုက်ချင်သည်၊ ပြန်တိုက်ခိုက်ချင်သည်၊ သူတို့ကို “လူသားတစ်ယောက်က ခွေးတစ်ကောင်ဆီက သက်ညှာမှုအတွက် ဘယ်တော့မှ အသနားမခံဘူး” ဟု ကြွေးကြော်လိုက်ချင်သည်။ ဤသည်မှာ ကျွန်မ၏ တရားမျှတမှု အသိစိတ်ကို ရရှိခြင်းဖြစ်သည်ဟု ကျွန်မယုံကြည်ခဲ့သော်လည်း၊ ကျွန်မ အံ့အားသင့်စွာဖြင့် ဤနည်းလမ်းအတိုင်း ကျွန်မ တွေးလေ၊ ကျွန်မ အတွင်းတွင် ပို၍ မှောင်လာလေ ဖြစ်သည်။ ကျွန်မ ဆုမတောင်းသည်ကို မိမိကိုယ်ကိုယ် တွေ့လိုက်ရသည်၊ မည်သည့်ဓမ္မသီချင်း ကိုမျှလည်း မတွေးနိုင်ခဲ့ပါ။ ကျွန်မ၏ အတွေးများ တိုး၍ မကြည်မလင် ဖြစ်လာခဲ့သည်၊ ကျွန်မ မည်သည့်အရာကို လုပ်ရမှန်း မသိခဲ့ပါ၊ ပြီးလျှင် ထိုအချိန်တွင် ကျွန်မသည် အနည်းငယ် စတင်ကြောက်ရွံ့လာခဲ့သည်။ ကျွန်မသည် ဘုရားသခင် ရှေ့တော်မှောက်တွင် မိမိကိုယ်ကို အလျင်အမြန် ဆိတ်ငြိမ်စေခဲသည်။ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခဲ့ပြီး၊ သိရန်ကြိုးစားခဲ့ကာ၊ ထိုအချိန်တွင် ဘုရားသခင်၏တရားစီရင်ခြင်း နှုတ်ကပတ်တော်သည် ကျွန်မထံသို့ ရောက်ရှိလာခဲ့သည်။ “သင်လေးစားအားကျသည့် အရာမှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ။...သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို ချစ်ခင်ခြင်းမရှိဘဲ...” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော”) ဟုတ်ပါသည်။ ကျွန်မသည် ခရစ်တော်ကို အလွန်အရေးမပါသော အရာအဖြစ် မြင်ခဲ့မိပြီဖြစ်သည်၊ ကျွန်မသည် ဘုရားသခင်၏ ကွယ်ဝှက်သော အမှုတော်နှင့် ပတ်သက်သည့် ဉာဏ်ပညာကို ကြည်ညိုဖို့မဆိုထားနှင့် ခရစ်တော်၏ နှိမ့်ချခြင်းကို မကြည်ညိုဘဲ၊ တန်ခိုးနှင့် သြဇာလွှမ်းမိုးမှုတို့ကို ကြည်ညိုခဲ့သည်၊ ဘုရားသခင်သည် စာတန်ကို အနိုင်ယူရန် သူ့ဉာဏ်ပညာကို အသုံးပြုခဲ့သည်၊ စာတန်၏စစ်မှန်သော စရိုက်ကို ထုတ်ဖော်ရန်နှင့် ကောက်ကျစ်သောသူများကို ပြစ်ဒဏ်ပေးဖို့အတွက် အထောက်အထားများ စုဆောင်းရန် သူ၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်မှုတို့ကို အသုံးပြုခဲ့သည်။ ထိုကဲ့သို့ပင် ယနေ့တွင် ရဲများက ကျွန်မကို ကျူးလွန်ခဲ့သည့် စက်ဆုပ်ဖွယ် လုပ်ရပ်များအားလုံး နှင့် သူတို့ပြောခဲ့သည့် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် ခုခံခြင်းစကားများအားလုံးတို့သည် သမ္မာတရားကို မုန်းတီးသူများနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သူများအဖြစ် သူတို့၏ ဘီလူးသရဲစီးသော အနှစ်သာရကို ဖော်ထုတ်ပါသည်၊ ပြီးလျှင် ဤသည်မှာ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်း၊ အပြစ်ဒဏ်ပေးခြင်းနှင့် ဖျက်ဆီးခြင်းတို့အတွက် အကြောင်းခိုင်လုံစေသည့် သက်သေအထောက်အထား ဖြစ်လေသည်။ သို့သော်လည်း ကျွန်မသည် ခရစ်တော်၏ ဉာဏ်ပညာနှင့် နှိမ့်ချမှုတို့ကို မမြင်နိုင်ဘဲ၊ “ကြင်နာတတ်တဲ့လူတစ်ယောက်က အနိုင်ကျင့်ခံရဖို့ အလားအလာ များတယ်၊ ယဉ်ပါးတဲ့မြင်းက မကြာခဏ စီးနင်းခံရသလိုပဲ ဖြစ်တယ်” ဟု တွေးနေမိခဲ့သည်။ ကျွန်မသည် အရှက်ခွဲခံရပြီး၊ ဖိနှိပ်ခံရခြင်းဖြင့် မရောင့်ရဲနိုင်ခဲ့ပါ။ ပြန်လည်တိုက်ခိုက်ခြင်းသည် ကျွန်မလုပ်နိုင်သည့် တရားအမျှတဆုံး၊ သိက္ခာအရှိဆုံးနှင့် အရဲရင့်ဆုံးအရာဖြစ်သည်ဟုပင် ယုံကြည်ခဲ့သည်။ စာတန်က ကျွန်မကို အပြစ်ရှိကြောင်းထင်ရှားစေရန် ကျွန်မ၏ဘုရားသခင်ကို ယုံကြည်မှုနှင့် ပတ်သက်သည့် အမှန်တရားကို အတင်းအကျပ် အသိအမှတ်ပြုခိုင်းလျက် သူတို့ကို ပြန်တိုက်ခိုက်ရန် ကျွန်မကို နှိုးဆော်ဖို့ ဆန္ဒရှိသည်ကို ကျွန်မ မသိခဲ့ရပါ။ ကျွန်မသည် သူ့အား စိတ်လိုက်မာန်ပါပြုတတ်သော သတ္တိဖြင့် တကယ်တိုက်ခိုက်ခဲ့ပါက၊ သူတို့၏ လှည့်စားတတ်သော အကြံအစည်များတွင် သားကောင်အဖြစ် ကျွန်မ ကျဆင်းပြီးဖြစ်လိမ့်မည် မဟုတ်ပါလား။ စာတန်၏ လှည့်စားတတ်သော အကြံအစည်ကို နားလည်သဘောပေါက်ရန်၊ ကျွန်မအတွင်း၌ စာတန်၏ အဆိပ်ကို သတိပြုမိရန်နှင့် ဘုရားသခင်၏ ဖြစ်ခြင်း၊ ဘုရားသခင်၏ နှိမ့်ချပြီး၊ ကွယ်ဝှက်သော အသက်တာ အနှစ်သာရတို့နှင့် ပတ်သက်သည့် အသိပညာအနည်းငယ် ကျွန်မရရှိရန်၊ ကျွန်မ၏ ပုန်ကန်လိုမှုအလယ်တွင် ကျွန်မကို ကွယ်ကာမှုပေးခဲ့သော ဘုရားသခင်၏ အချိန်ကိုက် ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းတို့အတွက် ဘုရားသခင်ကို အမှန်တကယ် ကျွန်မ ကျေးဇူးတင်မိပါသည်။ ခရစ်တော်သည် နတ်ဆိုး တရုတ်ကွန်မြူနစ်ပါတီ၏ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိုက်လံဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို မည်သို့ရင်ဆိုင်ခဲ့ပုံနှင့် လူသားမျိုးနွယ်တစ်ခုလုံးက သူ့ကို မည်သို့ ဝေဖန်အကဲဖြတ်ပြီး၊ ပြစ်တင်ရှုတ်ချကာ၊ အသရေဖျက်သည့်အပြင်၊ စွန့်ပယ်ခဲ့ပုံတို့အကြောင်း ကျွန်မ တွေးမိခဲ့ပါသည်။ သူ၏ ကယ်တင်ခြင်းအလုပ်ကို ဆက်လက်လုပ်ဆောင်ရန် ဤနာကျင်မှုအားလုံးကို သည်းခံပြီ မည်သည့်အခါမျှ ညည်းညူခြင်းမရှိဘဲလျက်၊ ကိုယ်တော်သည် ဤအရာများအားလုံးကို တစ်လျှောက်လုံး တိတ်ဆိတ်စွာခံခဲ့သည်။ ဘုရားသခင်၏ စိတ်သဘောထားသည် အမှန်တကယ် မည်မျှကြင်နာပြီး၊ လှပကာ၊ ဂုဏ်သရေရှိကြောင်းကို ကျွန်မ တွေ့ခဲ့သည်။ ထိုအတောအတွင်းတွင် ညစ်ညမ်းပြီး ဖောက်ပြန် ပျက်စီးသူတစ်ယောက် ဖြစ်သည့် ကျွန်မသည် ဆိုးယုတ်သော မာရ်နတ်များ၏ ညှဉ်းပန်းနှိပ်စက်ခံရသည့်အခါ ကျွန်မ၏ ဂုဏ်သိက္ခာဟု ဆိုသည့်အရာကို ထိန်းသိမ်းရန်၊ ကျွန်မ၏ အလိုဆန္ဒပေါ်တွင် အခြေခံသော ကျွန်မ၏ ကိုယ်ပိုင်တရားမျှတခြင်းအတွက် တိုက်ခိုက်ရန် ကျွန်မ၏ စိတ်လိုက်မာန်ပါ ပြုတတ်သော သတ္တိကို အသုံးပြုလိုခဲ့သည်။ ဤအရာတွင် တရားမျှတမှု၏ အသိစိတ် အဘယ်မှာနည်း။ ပြီးလျှင် ကိုယ်ကျင့်စိတ်ဓာတ်နှင့် ဂုဏ်သိက္ခာတို့၏ အင်အားမှာ အဘယ်မှာနည်း။ ဤတွင် ကျွန်မသည် မိမိ၏ အကျည်းတန်သော ဆိုးယုတ်သည့် စရိုက်ကို ပြနေခဲ့ခြင်းမဟုတ်ပါလား။ ကျွန်မသည် မိမိ၏ မာနထောင်လွှားသည့် သဘာဝကို ထုတ်ဖော်နေခြင်း မဟုတ်ပါလား။ ဤအရာကို တွေးလျက်၊ ကျွန်မ၏ နှလုံးသားသည် နောင်တဖြင့် ပြည့်နေခဲ့သည်။ ကျွန်မသည် ခရစ်တော်ကို အတုယူရန် ဆုံးဖြတ်ချက်ချခဲ့သည်။ စာတန်အတွက် မည်သည့်အခွင့်အလမ်းမျှ မချန်ဘဲ၊ ဤပတ်ဝန်းကျင်ကို ကျိုးနွံနာခံရန်နှင့် ဘုရားသခင်နှင့်ပူးပေါင်းဖို့ အကောင်းဆုံး ကြိုးစားရန်တို့ကို ကျွန်မ ဆန္ဒရှိလာခဲ့သည်။

ကျွန်မ၏ စိတ်နှလုံးသည် တိုး၍ တည်ငြိမ်လာခဲ့ပြီး၊ မာရ်နတ်များနှင့် ဤတိုက်ပွဲ နောက်တစ်ချီကို တိတ်ဆိတ်စွာ စောင့်ဆိုင်းခဲ့သည်။ ကျွန်မ၏ ဝန်ခံရန် ငြင်းဆန်မှုက ကျွမ်းကျင်သူ ဆိုသည့်သူကို ဂုဏ်သိက္ခာအလွန် ထိခိုက်စေလေသည်။ သူက ကျွန်မ၏ လက်တစ်ဖက်ကို ကျောဖက်တွင် သဲသဲမဲမဲ လိမ်ပစ်လိုက်ပြီး၊ နောက်တစ်ဖက်ကို ကျွန်မ၏ ပခုံးနောက်သို့ဆွဲလိုက်သည်၊ ထို့နောက် ကျွန်မ၏လက်များကို တင်းကျပ်စွာ လက်ထိပ်ခတ်ခဲ့သည်။ တစ်နာရီမရှိတရှိတွင် ကျွန်မ၏ မျက်နှာပေါ်တွင် ချွေးစီးချွေးပေါက်များကျလာခဲ့ပြီး၊ မျက်လုံးများထဲသို့ စီးကျကာ၊ မျက်လုံးများဖွင့်၍ မရတော့ပါ။ သူ၏ မေးခွန်းများကို ကျွန်မ ဖြေမည်မဟုတ်သေးသည်ကို တွေ့သည့်အခါ၊ သူက ကျွန်မကို မြေကြီးပေါ်သို့ လှဲချလိုက်ပြီး၊ ကျွန်မ၏ နောက်ကျောရှိ လက်ထိပ်မှနေ၍ ဆွဲမလိုက်သည်။ ကျွန်မ၏ လက်များသည် ကျိုးသွားသကဲ့သို့ တစ်စစီဆွဲဖြုတ်ခံနေရသည့် နာကျင်မှုကို ချက်ချင်းခံစားခဲ့ရသည်။ အလွန်နာကျင်လှ၍ ကျွန်မ အသက်မရှုနိုင်ခဲ့ပါ။ နောက်တစ်ဖန် သူက ကျွန်မကို နံရံဆီသို့ ပစ်ပေါက်လိုက်ပြီး ထိုနံရံကို ကျောပေးကာ မတ်တပ်ရပ်စေသည်။ ချွေးများက ကျွန်မ၏ မျက်လုံးများကို အမြင်မှုန်ဝါးစေသည်။ နာကျင်လွန်းလှသဖြင့် ကျွန်မ၏ တစ်ကိုယ်လုံး ချွေးများဖြင့် ဖုံးနေခဲ့သည်၊ ကျွန်မ၏ ဖိနပ်များပင် စိုရွှဲနေခဲ့သည်။ ကျွန်မသည် အမြဲ အားပျော့ခဲ့ပြီး၊ ယခုအချိန်တွင် ကျွန်မ ပြိုလဲကျခဲ့ရသည်။ ကျွန်မ၏ ပါးစပ်မှ အသက်ပြင်းစွာရှုရုံသာ ကျွန်မတတ်နိုင်တော့သည်။ ထိုမာရ်နတ်က တစ်ဖက်တွင်ရပ်ကာ ကျွန်မကို ကြည့်နေခဲ့သည်။ သူမည်သည့်အရာကို မြင်ရသည်ကို ကျွန်မ မသိခဲ့ပါ၊ ကျွန်မသေဆုံးသွားခဲ့ပါက သူအပြစ်တင်ခံရမည်ကို စိုးကြောက်နေခြင်း ဖြစ်ကောင်းဖြစ်မည်၊ သူက ကျွန်မ၏ ချွေးများကို သုတ်ရန် စက္ကူပါးလက်သုတ်ပဝါ တစ်ဆုပ်ကို ဆွဲယူလိုက်ပြီး ကျွန်မကို ရေတစ်ခွက်တိုက်ခဲ့သည်။ ဤအရာကို သူက နာရီဝက်တစ်ခါ ပြုလုပ်ခဲ့သည်၊ ထိုအချိန်က ကျွန်မ မည်သည့်ပုံစံရှိသည်ကို မသိခဲ့ပါ။ ကျွန်မသည် မိမိ၏ ပါးစပ်ကို ဖွင့်ပြီးသာ အသက်ပြင်းစွာရှုနိုင်သောကြောင့်၊ ယင်းမှာ အလွန်ကြောက်မက်ဖွယ် ကောင်းခဲ့လိမ့်မည်ဟု ကျွန်မထင်သည်။ ကျွန်မ နှာခေါင်းမှ အသက်ရှုနိုင်စွမ်း ပျောက်ဆုံးခဲ့ပုံရသည်။ ကျွန်မ၏ နှုတ်ခမ်းများက အလွန်ခြောက်သွေ့ပြီး၊ ပက်ကြားအက်ကာ၊ အသက်ရှုဖို့ပင် အားကုန်သုံးခဲ့ရပါသည်။ သေခြင်းတရားက် တစ်ဖန် တိုး၍နီးကပ်လာသည်ဟု ကျွန်မခံစားခဲ့ရသည်။ ဤတစ်ကြိမ်တွင် ကျွန်မ အမှန်တကယ် သေဆုံးနိုင်ပါသည်။ သို့သော်လည်း ထိုအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်မကို ဉာဏ်အလင်းပြခဲ့သည်။ ယေရှု၏ တပည့်တော်များထဲမှ တစ်ယောက်ဖြစ်သည့် ရှင်လုကာအကြောင်းနှင့် မသေမချင်း ကြိုးဆွဲချခံရသည့် သူ့အတွေ့အကြုံတို့ကို ကျွန်မတွေးမိခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင် ကောက်ကာငင်ကာ ခွန်အားပြန်လည်ရရှိခဲ့ပြီး၊ မိမိကိုယ်ကိုယ်သတိပေးရန် တစ်ခုတည်းသောအရာကို ထပ်တလဲလဲ ပြောနေခဲ့သည်။ “ရှင်လုကာက ကြိုးဆွဲချခံရပြီး သေဆုံးခဲ့တယ်။ ငါလည်း ရှင်လုကာ ဖြစ်ရမယ်၊ ငါ ရှင်လုကာ ဖြစ်ရမယ်၊ ရှင်လုကာ ဖြစ်ရမယ်…ငါက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်းတွေ နဲ့ စီစဉ်မှုတွေကို လိုလိုလားလား နာခံတယ်။ ပြီးတော့ ရှင်လုကာလို သေတဲ့အထိ ဘုရားသခင်ကို သစ္စာရှိဖို့ ဆန္ဒရှိပါတယ်။” နာကျင်မှုက မခံမရပ်နိုင်ဖြစ်လာပြီး၊ ကျွန်မ သေလုနီးပါး ဖြစ်နေသည့်အချိန်တွင်ပင်၊ ဆိုးယုတ်သောရဲများထဲမှ တစ်ယောက်က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သည့် ညီအစ်ကို မောင်နှမတစ်ချို့ အဖမ်းခံခဲ့ရကြောင်းပြောသည်ကို ကျွန်မ ရုတ်တရက် ကြားလိုက်ရသည်။ ကျွန်မ၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်ခဲ့သည်။ နောက်ထပ် ညီအစ်ကိုမောင်နှမ တစ်ချို့က နှိပ်စက်ခံရတော့မည်။ သူတို့က အထူးသဖြင့် ညီအစ်ကိုများကို ပို၍တင်းကျပ်ဖို့သေချာသည်။ ကျွန်မ၏ စိတ်နှလုံးသည် စိုးရိမ်စိတ်ဖြင့် ပြည့်နှက်လာခဲ့သည်။ သူတို့အတွက် ကျွန်မ တိတ်ဆိတ်စွာ အဆက်မပြတ် ဆုတောင်းခဲ့သည်၊ ကျွန်မ ဒုက္ခခံခဲ့ရသကဲ့သို့ မည်သည့် ညီအစ်ကို မောင်နှမကိုမျှ မခံစေလိုသည့်အတွက် သူတို့ကို စောင့်ရှောက်ပါရန်၊ စာတန်ရှေ့တွင် အောင်မြင်သော သက်သေခံခွင့်ပေးဖို့နှင့် ဘုရားသခင်ကို မည်သည့်အခါမျှ သစ္စာဖောက်ခွင့်မပေးဖို့တို့အတွက် ဘုရားသခင်ကို ကျွန်မတောင်းလျှောက်ခဲ့သည်။ ကျွန်မသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခံရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ ကျွန်မ မရပ်မနား ဆုတောင်းခဲ့ပြီးကျွန်မ ပို၍ဆုတောင်းလေ၊ ပို၍ နှိုးဆော်ခံရလေ ဖြစ်လေသည်။ ကျွန်မသည် မသိလိုက်ဘဲ ကျွန်မ၏ နာကျင်မှုကို မေ့ပျောက်သွားခဲ့သည်။ ဤသည်တို့မှာ ဘုရားသခင်၏ ဉာဏ်ပညာရှိသော စီစဉ်မှုများဖြစ်ကြောင်း ကျွန်မ ကောင်းစွာသိရှိခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်မ၏ အားနည်းချက်ကို သတိရှိပြီး၊ ကျွန်မ၏အနာကျင်ဆုံး အချိန်များတစ်လျှောက် ဦးဆောင်နေခဲ့သည်။ ထိုညတွင် ဆိုးယုတ်သော ရဲများက ကျွန်မကို မည်သို့ ဆက်ဆံပုံကို နောက်ထပ် ကျွန်မဂရုမစိုက်တော့ဘဲ၊ သူတို့၏ မေးခွန်းများကိုလည်း တစ်စက်မျှ အာရုံမစိုက်တော့ပါ။ ဖြစ်နေသည့်အရာကို မြင်သည့်အခါ၊ ဆိုးယုတ်သောရဲများက သူတို့၏ လက်သီးများဖြင့် ကျွန်မကို ရက်ရက်စက်စက် ထိုးနှက်ကြသည်၊ ထို့နောက် ကျွန်မ၏နားထင်မှ ဆံပင်များကို သူတို့လက်ချောင်းများဖြင့် ဆွဲလိမ်ပြီး အနာတရဖြစ်စေခဲ့သည်။ ကျွန်မ၏ နားရွက်များသည် အလိမ်ခံရခြင်းကြောင့် ယောင်ကိုင်းနေသည်၊ ကျွန်မ၏ မျက်နှာမှာ မှတ်မိစရာမရှိပါ၊ ကျွန်မ၏ တင်ပါးနှင့် ပေါင်များသည် သူတို့ သစ်သားချောင်းအထူဖြင့် ရိုက်နှက်သည့်အချိန်တွင် အညိုအမည်း စွဲပြီး၊ ပွန်းပဲ့ပြဲရှ ကျန်ခဲ့ပါသည်၊ ထို့အပြင် ကျွန်မ၏ ခြေချောင်းများသည်လည်း သစ်သားတစ်စဖြင့် ရိုက်ချိုးခံရပြီးနောက် အညိုအမည်းစွဲကျန်ခဲ့သည်။ ကျွန်မကို လက်ထိပ်ဖြင့် ခြောက်နာရီကြာဆွဲထားပြီးနောက်၊ ဆိုးယုတ်သောရဲများက လက်ထိပ်ဖြုတ်လိုက် သည့်အခါတွင် ကျွန်မ၏ လက်ဝဲလက်မအောက်မှ အသားများ အကုန်ပဲ့ပါ သွားခဲ့သည်၊ အရိုးကိုဖုံးနေသည့် အသားလေးတစ်လွှာသာ ကျန်ခဲ့လေသည်။ လက်ထိပ်များက ကျွန်မ၏ လက်ကောက်ဝတ်များကို အဝါရောင် ရည်ကြည်ဖုများဖြင့် ဖုံးစေခဲ့ပြီး၊ လက်ထိပ်ထပ်ခတ်ဖို့ မဖြစ်နိုင်ပါ။ ထိုအချိန်တွင် အရေးပါပုံပေါက်သည့် အမျိုးသမီးအရာရှိတစ်ဦး လျှောက်ဝင်လာခဲ့သည်။ သူမက ကျွန်မကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး၊ သူတို့ကို “ဒီတစ်ယောက်ကို ထပ်ရိုက်လို့မရတော့ဘူး။ သူကြည့်ရတာ သေတော့မဲ့ပုံပဲ” ဟု ပြောလိုက်သည်။

ရဲများက ကျွန်မကို ဟိုတယ်အခန်းများထဲမှတစ်ခုတွင် သော့ခတ်ထားလိုက် ကြသည်။ ထိုအခန်း၏ လိုက်ကာများကို အချိန်ပြည့် လုံအောင်ဆွဲထားလေသည်။ တံခါးစောင့်ရန် လူတစ်ယောက်ကို တာဝန်ပေးထားပြီး၊ ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများ တစ်ယောက်မှ ဝင်ရောက်ခွင့်မရှိသကဲ့သို့၊ သူတို့ ကျွန်မကို အထဲတွင် နှိပ်စက်ပြီး ရက်ရက်စက်စက် ရိုက်နှက်နေသည့် မြင်ကွင်းကို မည်သူမျှ မြင်ခွင့်မရှိပါ။ သူတို့က ကျွန်မကို တစ်လှည့်စီ မရပ်မနား စစ်ဆေးမေးမြန်းကြသည်။ ငါးရက်နှင့် ငါးညကြာသည့်တိုင် သူတို့က ကျွန်မကို အိပ်စက်ခွင့်မပေးပါ၊ ကျွန်မကို ထိုင်ခွင့် သို့မဟုတ် ဆောင့်ကြောင့်ထိုင်ခွင့် မပေးသလို၊ သူတို့က အစားအစာကိုလည်း ကျွန်မကို ဝဝလင်လင် စားခွင့်မပေးခဲ့ပါ။ ကျွန်မသည် နံရံကို မှီ၍သာ မတ်တပ်ရပ် ခွင့်ရှိသည်။ တစ်ရက်တွင် အရာရှိတစ်ယောက်က ကျွန်မကို စစ်ဆေးမေးမြန်းဖို့ လာခဲ့သည်။ ကျွန်မက သူ့ကို လျစ်လျူရှုနေသည်ကို တွေ့သည့်အခါတွင် သူက ဒေါသဖြင့် ပြေးလာပြီး၊ ကျွန်မကို စားပွဲအောက်သို့ ကန်ထည့်လိုက်သည်။ ထို့နောက် သူက ကျွန်မကို ဆွဲမပြီး ထိုးကာ၊ ကျွန်မ၏ ပါးစပ်ထောင့်မှ သွေးများစီးကျလာစေခဲ့သည်။ သူ၏ရက်စက်မှုကို ဖုံးကွယ်ရန် လူတစ်ယောက်မှ မဝင်လာလေအောင် သူက တံခါးကို လျင်မြန်စွာပိတ်လိုက်သည်။ ထို့နောက် သူက လက်သုတ်စက္ကူပါး လက်တစ်ဆုပ်စာကို ဖြဲလိုက်ပြီး၊ ကျွန်မ၏ သွေးများကို သုတ်ပစ်လိုက်သည်၊ ကျွန်မ၏ မျက်နှာပေါ်မှသွေးများကို ရေဖြင့် ဆေးပြီး၊ ကြမ်းပြင်ပေါ်မှ သွေးများကို သန့်စင်ခဲ့သည်။ ကျွန်မက ကျွန်မ၏ အဖြူရောင်အနွေးထည်ပေါ်တွင် သွေးတစ်ချို့ကို တမင်သက်သက် ချန်ရစ်ခဲ့လေသည်။ သို့သော် ထိန်းသိမ်းရေးစခန်းသို့ ကျွန်မ ပြန်ရောက်သည့် အချိန်တွင်မူ၊ ကျွန်မ၏ အဝတ်အစားပေါ်မှ သွေးများသည် စိတ်ရောဂါကုဆေးရုံ၌ ကျွန်မ စိတ်မမှန်ကြောင်း တရားဝင်ထုတ်ပြန်သည့် အချိန်မှ ဖြစ်ပြီး၊ ထိုနေရာသည် ကျွန်မ လွန်ခဲ့သည့် ရက်အနည်းငယ်က ရောက်ရှိနေခဲ့သည့် နေရာဖြစ်ကြောင်း၊ ကျွန်မ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများနှင့် သွေးများသည် တခြားလူနာများကြောင့် ဖြစ်ပြီး၊ ရဲများဖြစ်သည့် သူတို့က ကျွန်မကို မထိခဲ့ကြကြောင်း တို့ကို ထိုဆိုးယုတ်သော ရဲက တခြားထောင်သားများကို ပြောခဲ့သည်။ ဤရက်စက်သော အချက်အလက်များက ပြည့်သူရဲ၏ အကြင်နာမဲ့ခြင်း၊ ကောက်ကျစ်စဉ်းလဲမှုနှင့် လူမဆန်မှုတို့ကို ပြခဲ့သည်၊ ပြီးလျှင် သူတို့လက်ထဲသို့ ကျရောက်သည့် သူများ၏ ကူကယ်ရာမဲ့ပြီး မျှော်လင့်ချက်ပျက်သုဉ်းခြင်းတို့ကို ကျွန်မ ခံစားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ကျွန်မသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ တောက်ပခြင်း၊ နှင့် ကောင်းမြတ်ခြင်းတို့ကို နက်ရှိုင်းသော အသိအမှတ်ပြုခြင်း တစ်ခု ရရှိခဲ့ပြီး၊ ဘုရားသခင်ထံမှ လာသည့်အရာအားလုံးသည် ချစ်ခြင်းမေတ္တာ၊ ကွယ်ကာမှု၊ ဉာဏ်အလင်းပြခြင်း၊ ထောက်ပံ့ခြင်း၊ နှစ်သိမ့်မှုနှင့် အားပေးမှုတို့ ဖြစ်သည်ဟု ခံစားခဲ့ရပါသည်။ ကျွန်မ၏ အနာကျင်ဆုံး အချိန်တိုင်းတွင်၊ ဘုရားသခင်သည် ကျွန်မကို အမြဲမပြတ် ဉာဏ်အလင်းပြကာ၊ လမ်းပြခဲ့သည်၊ ကျွန်မ၏ ယုံကြည်မှုနှင့် ခွန်အားကို တိုးပွားစေခဲ့သည်၊ ခေတ်များတစ်လျှောက် သခင့်အတွက် မာတုရဖြစ်ခဲ့သော သန့်ရှင်းသူများ၏ စိတ်ဓာတ်ကို အတုယူစေခဲ့သည်၊ ဤနည်းအားဖြင့် သမ္မာတရားအတွက် ရပ်တည်ရန် သတ္တိပေးခဲ့သည်။ ဆိုးယုတ်သော ရဲများ၏ ရက်စက်မှုက ကျွန်မကို သေမင်းတံခါးဝတွင် ထားရစ်ခဲ့ချိန်၌ ကျွန်မသည် မိမိ၏ နာကျင်မှုကို မေ့လျော့ပြီး၊ သေခြင်းတရား၏ အကန့်အသတ်များကို အမှုမဲ့အမှတ်မဲ့ အောင်မြင်ကျော်လွှားနိုင်ရန် ဘုရားသခင်က အခြားသော ညီအစ်ကိုမောင်နှမများ၏ ဖမ်းဆီးခံရခြင်းသတင်းကို ကျွန်မအား ကြားသိခွင့်ပေးခဲ့သည်။ စာတန်က ဆိုးယုတ်ပြီး၊ ရက်စက်သည့် အဖြည့်ခံအဖြစ် ပြုမူခြင်းကျေးဇူးကြောင့် ဘုရားသခင်သည်သာလျှင် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားသည်သာလျှင် ဖြောင့်မတ်ခြင်းနှင့် ကောင်းမြတ်ခြင်းတို့၏ သင်္ကေတဖြစ်ကြောင်းကို ကျွန်မမြင်ခဲ့ရသည်။ ဘုရားသခင်သာလျှင် အရာအားလုံးကို အုပ်စိုးပြီး၊ အရာအားလုံးကို စီစဉ်သည်၊ မာရ်နတ်တပ်ကြီး၏ ဝန်းရံမှုကို အနိုင်ယူရာတွင် လည်းကောင်း၊ ဇာတိပကတိ၏ အားနည်ချက်နှင့် သေခြင်းတရား၏ အကန့်အသတ်များကို အောင်မြင်ကျော်လွှားရာတွင် လည်းကောင်း ကျွန်မ၏ ခြေလှမ်းတိုင်းကို ဦးဆောင်ရန်၊ သူ၏ ကြီးမြတ်သည့် တန်ခိုးနှင့် ဉာဏ်ပညာတို့ကို အသုံးပြုခဲ့သည်၊ ဤနည်းအားဖြင့် ဤမှောင်မိုက်သည့် သားရဲတွင်းမှ ကျွန်မကို ကျားကုတ်ကျားခဲ ရှင်သန်လွတ်မြောက်စေခဲ့သည်။ ကျွန်မက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းအကြောင်း တွေးရင်း၊ ကြီးစွာနှိုးဆော်ခံရသည်ဟု ကျွန်မ ခံစားရသည်၊ ပြီးလျှင် စာတန်ကို အဆုံးထိတိုင် တိုက်ခိုက်သွားဖို့ ကျွန်မ သံန္နိဌာန် ချခဲ့ပါသည်။ ကျွန်မသည် ထောင်ထဲတွင် အရိုးဆွေးသွားရ လျှင်ပင်၊ ဘုရားသခင်ကို သက်သေခံခြင်း၌ ခိုင်မာစွာရပ်တည်ပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေပါမည်။

တစ်ရက်တွင် ကျွန်မ တစ်ခါမျှ မတွေ့ဖူးသည့် ဆိုးယုတ်သောရဲများစွာ ကျွန်မကို လာရောက်ကြည့်ရှုပြီး၊ ကျွန်မ၏အမှုကို ဆွေးနွေးကြသည်။ “ကျွမ်းကျင်သူ” ဟု ယူဆရသူက “ငါလုပ်ခဲ့သမျှ စစ်ဆေးမေးမြန်းခြင်းတွေ အားလုံးထဲမှာ အဲဒီခွေးတိရစ္ဆာန်ငတုံးမလောက် ဘယ်သူ့ကိုမှ မကြမ်းခဲ့ဖူးဘူး။ ငါ သူ့ကို လက်ထိပ်နဲ့ ရှစ်နာရီကြာအောင် ဆွဲထားတယ် (အမှန်မှာမူ ခြောက်နာရီသာရှိသော်လည်း၊ သူ့လူကြီးက သူ့အား အသုံးမကျဟု ပြောမည်ကို စိုးသည့်အပြင်၊ သူက ကြွားဝါလိုလေသည်။)၊ ပြီးတော့လည်း သူဝန်မခံသေးဘူး” ဟု ပြောသည်ကို ကျွန်မ နားစွန်နားဖျားကြားခဲ့သည်။ အမျိုးသမီးအသံတစ်သံက “အဲဒီမိန်းမကို ရှင်ဘယ်လိုများ ဒီလောက်ဆိုးဆိုးဝါးဝါး ရိုက်နှက်နိုင်ရတာလဲ။ ရှင်က ရက်စက်လိုက်တာ” ဟု ပြောသံကို ကျွန်မ ကြားခဲ့သည်။ အမှန်မှာမူ အဖမ်းခံရသည့် သူများအကြားတွင် ကျွန်မသည် ဒုက္ခအခံရဆုံးဖြစ်ခဲ့ပေသည်။ ကျွန်မ အဘယ့်ကြောင့် များစွာ ဒုက္ခခံခဲ့ရသနည်း။ ကျွန်မသည် အခြားသူများထက် ပို၍ ဖောက်ပြန်ပျက်စီးပါသလား။ ကျွန်မခံစားခဲ့ရသည့် ဒုက္ခသည် ကျွန်မကို ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းများလား။ ကျွန်မထံတွင် ဖောက်ပြန်ပျက်စီးခြင်း များစွာ ရှိကောင်းရှိနေနိုင်သည်၊ ပြီးလျှင် ကျွန်မသည် ပြစ်ဒဏ်ခံရသည့် အခြေအနေအထိ ရောက်နှင့်ပြီး ဖြစ်လေသည်။ ဤအရာကိုတွေးရင်း ကျွန်မ၏မျက်ရည်များကို မထိန်းနိုင်ခဲ့ပါ။ ကျွန်မ ငိုရမည်မဟုတ်မှန်း သိပါသည်။ ကျွန်မ၏ မျက်ရည်များကို စာတန်အား မြင်ခွင့် ကျွန်မ မပေးနိုင်ပါ။ သူမြင်ခဲ့လျှင်သူက ကျွန်မ ရှုံးနိမ့်ခဲ့ပြီဟု ယုံကြည်သွားမည်။ သို့သော်လည်း ကျွန်မ၏ စိတ်နှလုံးထဲတွင် ဝမ်းနည်းကြေကွဲမှု ခံစားချက်ကို မထိန်းထား နိုင်ဘဲ၊ မျက်ရည်များ တားမနိုင် ဆီးမရ ကျလာခဲ့သည်။ ကျွန်မ၏ ကြံရာမရဖြစ်ခြင်းတွင်၊ ကျွန်မ ဘုရားသခင်ကိုသာ အော်ခေါ်နိုင်ခဲ့သည်။ “အိုဘုရားသခင်။ အခုအချိန်မှာ ကျွန်မ နက်နက်ရှိုင်းရှိုင်း နာကျင်ထိခိုက်နေပါတယ်။ ကျွန်မ ဆက်ငိုချင်နေပါတယ်။ ကျွန်မကို ကွယ်ကာတော်မူပါ၊ စာတန်ရှေ့မှာ ဦးညွတ်ခြင်းမှ ကျွန်မကို တားဆီးတော်မူပါ၊ သူ့ကို ကျွန်မ မျက်ရည်တွေ တွေ့ခွင့်မပြုနိုင်ပါဘူး။ ကျွန်မ ရှိနေတဲ့ အခြေအနေက မှားနေတာကို ကျွန်မသိပါတယ်။ ကျွန်မက ကိုယ်တော့်ကို တောင်းဆိုမှုတွေပြုနေပြီး၊ ညည်းညူနေပါတယ်။ ပြီးတော့ ကိုယ်တော်လုပ်သမျှက အကောင်းဆုံးဖြစ်တယ်ဆိုတာ ကျွန်မသိပေမဲ့လည်း ကျွန်မရဲ့ ဝိညာဉ်အသက်တာ က အရမ်းနုနယ်လွန်းတယ်၊ ကျွန်မရဲ့ ပုန်ကန်လိုတဲ့ စိတ်သဘောထားက အရမ်းကြီးနေပါတယ်၊ ပြီးတော့ ကျွန်မက ဒီအမှန်တရားကို ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံနိုင်စွမ်းမရှိသလို ၊ ဒီမှားယွင်းတဲ့ အခြေအနေကနေ ထွက်ဖို့ ဘာလုပ်သင့် တယ်ဆိုတာကို မသိပါဘူး။ ကိုယ်တော် ကျွန်မကို လမ်းပြဖို့၊ ကိုယ်တော့်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို နာခံဖို့ ကျွန်မကို အခွင့်ပေးပါရန် တောင်းလျှောက်ပါတယ်။ ပြီးတော့ ကိုယ်တော်ကို အထင်မှားတာ အပြစ်တင်တာ ကျွန်မထပ်ပြီး လုံးဝ မလုပ်တော့ပါဘူး” ကျွန်မ ဆုတောင်းရင်းဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်က ကျွန်မ၏ ခေါင်းထဲ စီးမျောနေခဲ့သည်။ “ငါသောက်သုံးခဲ့သည့် ခါးသောခွက်ကို သင်တို့လည်း သောက်သုံးရမည်ဖြစ်သည် (ဤသည်မှာ ရှင်ပြန်ထမြောက် ပြီးသည့်နောက် ပြောခဲ့ခြင်းဖြစ်သည်) ငါလျှောက်လှမ်းခဲ့သည့် လမ်းကို သင်တို့လည်း လျှောက်လှမ်းရမည်ဖြစ်သလို သင်တို့သည် သင်တို့ဘဝကို ငါ့အတွက် ထားခဲ့ရမည်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှုကို ပေတရု သိလာသည့်အကြောင်း”) ကျွန်မ၏ မျက်ရည်များ ချက်ချင်း ရပ်သွားခဲ့သည်။ ခရစ်တော်၏ ဆင်းရဲဒုက္ခသည် မည်သည့် ဖန်ဆင်းခံသတ္တဝါ၏ ဆင်းရဲဒုက္ခနှင့်မျှ မယှဉ်သာသကဲ့သို့၊ မည်သည့် ဖန်ဆင်းခံသတ္တဝါအတွက်မျှ သည်းခံနိုင်သည့်အရာ မဟုတ်ပါ။ ကျွန်မမှာမူ မတရားအလုပ်ခံရသည်ဟု ခံစားရပြီး၊ အနည်းငယ်သော ဆင်းရဲဒုက္ခကို ခံစားရပြီးနောက် ၎င်းမှာ မတရားကြောင်း ဘုရားသခင်ကို ညည်းညူနေခဲ့သည်။ ဤတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့မှာ အဘယ်မှာနည်း။ ကျွန်မသည် လူဟု အခေါ်ခံရရန် မည်သို့ သင့်တော်မည်နည်း။ ထို့နောက်တွင် ကျွန်မသည် ဘုရားသခင် ပြောခဲ့သည့် အရာကို တွေးမိသည်။ “သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန် ပျက်စီးခြင်းကို စမ်းသပ်မှုများအားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော မည်သည့် ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စမ်းသပ်မှုများအလယ်၌ ဘုရားသခင်ကို ကျေနပ်အားရစေမည့်နည်းလမ်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်စိမ့်စိမ့်ချင့်ချိန်ပြီး၊ မိမိကိုယ်ကို ပြန်လည် သုံးသပ်လျက်၊ ဘုရားသခင် စီစဉ်ခဲ့သည့်အရာက ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ချို့တဲ့မှုများကို ရည်ရွယ်ခြင်းဖြစ်ကြောင်းကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်၊ ပြီးလျှင် ဤသည်မှာ ကျွန်မ အသက်တာက အမှန်တကယ် လိုအပ်သည့် အရာပင် ဖြစ်ပါသည်။ ဤလူမဆန်သော ဆင်းရဲဒုက္ခနှင့် နှိပ်စက်မှုတို့အားဖြင့်သာ ကျွန်မသည် မိမိ၏အသွေးအသား ဆန္ဒအလိုကို အလွန်ဖြည့်ဆည်းကြောင်း၊ ကျွန်မသည် အတ္တကြီးပြီး၊ နိမ့်ကျသည့်အပြင်၊ ဘုရားသခင်ကို တောင်းဆိုကာ၊ ဘုရားသခင်အတွက် ဒုက္ခခံရန်နှင့် သိသာထင်ရှားသော သက်သေခံချက်တစ်ခုဖြစ်ရန် မရောင့်ရဲနိုင်ကြောင်းတို့ကို ကျွန်မ နားလည် သဘောပေါက်နိုင်စွမ်းရှိခဲ့သည်။ ဤဆင်းရဲဒုက္ခကိုသာ ကျွန်မ မကျော်ဖြတ်ခဲ့ပါက၊ ကျွန်မသည် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီးဖြစ်သည်ဆိုသည့် မှားယွင်းသော ယူဆချက်အောက်တွင် ရှေ့ဆက်နေခဲ့လိမ့်မည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဖောက်ပြန်သည့် လူသားမျိုးနွယ်ကြားတွင် သူ့အမှုတော်ကို လုပ်ဆောင်ရန် ဘုရားသခင်အတွက် မည်မျှ ခက်ခဲကြမ်းတမ်းသည်ကို ကျွန်မကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားမှုရရှိဖို့ မဆိုထားနှင့်၊ ကျွန်မအတွင်း၌ များစွာသော ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်လိုခြင်းများရှိဆဲဖြစ်ကြောင်း ကျွန်မ မည်သည့်အခါမျှ သာ၍ပင် နားလည်သဘောပေါက်ခဲ့မည် မဟုတ်ပါ။ စာတန်ကိုလည်း ကျွန်မ မည်သည့်အခါမျှ အမှန်တကယ် စွန့်ခွာမည် မဟုတ်ဘဲ၊ ဘုရားသခင်၏ ရှေ့တော်မှောက်သို့လည်း ပြန်လာခဲ့မည်မဟုတ်ပေ။ ဤဆင်းရဲဒုက္ခသည် ကျွန်မအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်၊ ကျွန်မ အပေါ်ကျရောက်သည့် ဘုရားသခင်၏ အထူးကောင်းကြီးမင်္ဂလာ ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ရင်း၊ ကျွန်မ၏ စိတ်နှလုံးသည် ရုတ်တရက် ရှင်းလင်းပြီး၊ အားတက်လာခဲ့သည်။ ဘုရားသခင်ကို ကျွန်မ၏ အထင်လွဲမှားမှုသည် ပျောက်ကွယ်သွားခဲ့သည်။ ထိုနေ့က ကျွန်မ၏ ဆင်းရဲဒုက္ခကို ခံစားနိုင်စွမ်းရှိခြင်း၌ ကြီးစွာသောတန်ဖိုးနှင့် အဓိပ္ပါယ်တို့ရှိသည်ဟု ကျွန်မ ခံစားခဲ့ရသည်။

သူတို့လုပ်နိုင်သမျှကို ကြိုးစားပြီးနောက်တွင်၊ ဆိုးယုတ်သော ရဲများသည် ကျွန်မထံမှ မည်သည့်အရာမျှ မရရှိခဲ့ပါ။ အဆုံးသတ်တွင် သူတို့က ခိုင်မာသောထင်မြင်ယူဆချက်ဖြင့် “တရုတ်ကွန်မြူနစ်ပါတီက သံမဏိနဲ့လုပ် ထားတယ်၊ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကတော့ စိန်နဲ့လုပ်ထားတယ်။ သူတို့က တရုတ်ကွန်မြူနစ်ပါတီထက် အမြဲတမ်း ဘယ်နေရာမဆို ခြေတစ်လှမ်းသာနေတယ်” ဟု ပြောခဲ့သည်။ ဤစကားများကို ကြားပြီးနောက်၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သြဘာပေးပြီး မချီးမွမ်းဘဲ မနေနိုင်ပါ။ “အိုဘုရားသခင်၊ ကျွန်မ ကိုယ်တော့်ကို ကျေးဇူးတင်ပြီး၊ ချီးမွမ်းပါတယ်။ ကိုယ်တော်ရဲ့ အနန္တတန်ခိုးနဲ့ အမြော်အမြင်တို့နဲ့ ကိုယ်တော်က စာတန်ကို အောင်မြင် ကျော်လွှားခဲ့ပြီး၊ ကိုယ်တော့် ရန်သူတွေကို အနိုင်ယူခဲ့ပါတယ်။ ကိုယ်တော်ဟာ အကြီးမြတ်ဆုံး သြဇာအာဏာ ဖြစ်ပြီး ကိုယ်တော် ဘုန်းကျက်သရေတိုးပါစေ” တရုတ်ကွန်မြူနစ်ပါတီသည် မည်မျှပင် ရက်စက်ပါစေ၊ ၎င်းသည် ဘုရားသခင်၏ လက်တော်များအားဖြင့် ထိန်းချုပ်ခံရပြီး၊ စီစဉ်ညွှန်ကြားခံရကြောင်းကို ထိုအချိန်ကျမှသာ ကျွန်မ မြင်ခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောသည့်အတိုင်းပင် ဖြစ်ပါသည်။ “မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ ၎င်းတို့တွင် မည်သည့်ရွေးချယ်မှုမျှ မရှိနိုင်ပဲ၊ သူ၏ စီစဉ်ညွှန်ကြားမှုများထံ အရာအားလုံး ဆက်ကပ်နာခံရမည်။ ဤသည်မှာ ဘုရားသခင်၏ အမိန့်တော်ပင် ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာလည်း ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်”)

တစ်နေ့တွင် ဆိုးယုတ်သောရဲများသည် ကျွန်မကို နောက်တစ်ကြိမ် စစ်ဆေးမေးမြန်းဖို့ လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူတို့အားလုံး အနည်းငယ် ထူးခြားနေပုံရသည်။ သူတို့ စကားပြောသည့်အချိန်တွင် ကျွန်မကို ကြည့်ကြ သော်လည်း၊ သူတို့က ကျွန်မကို စကားပြောနေသည့်ပုံမပေါက်ပါ။ သူတို့က တစ်စုံတစ်ခုကို ဆွေးနွေးနေသည့် အသွင်ပေါက်လေသည်။ ယခင်အချိန်များ ကဲ့သို့ပင်၊ ဤစစ်ဆေး မေးမြန်းခြင်းလည်း အရေးနိမ့်ခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။ နောက်ပိုင်းတွင် ဆိုးယုတ်သော ရဲများက ကျွန်မ၏ အကျဉ်းခန်းထဲသို့ ကျွန်မကို ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ လမ်းတွင် ကျွန်မသည် နောက်လပထမရက်တွင် အလွှတ်ခံရမည့်ပုံရှိသည်ဟု သူတို့ပြောသည်ကို ရုတ်တရက် ကြားလိုက်သည်။ ဤအရာကို ကြားလျက်၊ ကျွန်မ၏ နှလုံးသားသည် စိတ်လှုပ်ရှားခြင်းဖြင့် ပေါက်ကွဲထွက်လုနီး ဖြစ်ခဲ့သည်။ “ဒါဆိုရင် ငါက သုံးရက်အတွင်းလွတ်မှာပေါ့” ဟု ကျွန်မ တွေးမိသည်။ “ ငါ ဘီလူးသရဲစီးတဲ့ ဒီငရဲကနေ နောက်ဆုံးမှာ ထွက်ခွာနိုင်ပြီ။” ကျွန်မ၏ နှလုံးသားထဲမှ သာယာကြည်နူးမှုကို ဖုံးဖိရင်း၊ တစ်စက္ကန့်ချင်း မျှော်လင့်စောင့်ဆိုင်းခဲ့သည်။ သုံးရက်က သုံးနှစ်ကဲ့သို့ ခံစားခဲ့ရသည်။ နောက်ဆုံးတွင် လ၏ပထမရက် ရောက်ရှိလာခဲ့သည်။ ထိုနေ့တွင် ကျွန်မသည် တစ်စုံတစ်ယောက်က ကျွန်မ၏ အမည်ကိုခေါ်ရန် စောင့်ဆိုင်းရင်း တံခါးကို မပြတ်ငေးစိုက်ကြည့်နေခဲ့သည်။ နံနက်ခင်းကုန်သွားခဲ့ပြီး၊ မည်သည့်အရာမျှ မဖြစ်လာခဲ့ပါ။ နေ့လည်ခင်းတွင် ထွက်ခွာဖို့အတွက် ကျွန်မ၏ မျှော်လင့်ချက်အားလုံး ထည့်ထားခဲ့သော်လည်း၊ ညနေရောက်လာသည့်အချိန်တွင်၊ မည်သည့်အရာမျှ မဖြစ်သေးပါ။ ညနေစာစားချိန် ရောက်သည့်အခါ၊ ကျွန်မ စားလိုစိတ်မရှိခဲ့ပါ။ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဝမ်းနည်းနေခဲ့လေသည်။ ထိုအချိန်တွင် ကျွန်မ၏ စိတ်နှလုံးသည် ကောင်းကင်ဘုံမှ ငရဲသို့ ကျရောက်သွားသကဲ့သို့ပင် ဖြစ်သည်။ ထောင်စောင့်က အခြားသော အကျဉ်းသားများကို “သူဘာဖြစ်လို့ မစားတာလဲ” ဟု မေးခဲ့သည်။ “အဲဒီနေ့က စစ်ဆေးမေးမြန်းခံရပြီး ပြန်လာကတည်းက သူသိပ်မစားတော့ဘူး” ဟု အကျဉ်းသားများထဲမှ တစ်ယောက်က ဖြေခဲ့သည်။ “သူ့နဖူးကို စမ်းကြည့်စမ်း။ သူဖျားနေလား” ဟု ထောင်စောင့်က မေးခဲ့သည်။ အကျဉ်းသားတစ်ယောက် ကျွန်မအနားလာပြီး၊ ကျွန်မ၏ နဖူးကို စမ်းခဲ့သည်။ ၎င်းမှာ အလွန်ပူနေပြီး၊ ကျွန်မ ဖျားနေသည်ဟု သူမက ပြောခဲ့သည်။ ကျွန်မ အမှန်တကယ် ဖျားခဲ့ပါသည်။ နာမကျန်းဖြစ်ခြင်းက ရုတ်ချည်းရောက်ရှိလာပြီး၊ အလွန်ပြင်းထန်လေသည်။ ထိုအခိုက် ကျွန်မ ပြိုလဲသွားခဲ့သည်။ နှစ်နာရီအတွင်းတွင် အဖျားက ပို၍ ဆိုးဆိုးလာခဲ့သည်။ ကျွန်မ ငိုကြွေးခဲ့သည်။ ထောင်စောင့်အပါအဝင် သူတို့အားလုံးက ကျွန်မ ငိုနေသည်ကို ကြည့်ခဲ့ကြသည်။ သူတို့အားလုံး မှင်တက်နေကြသည်။ သူတို့၏ အမြင်တွင် ကျွန်မက မုန့်နှင့်ချော့၍လည်းမရ၊ တုတ်နှင့်ခြောက်၍လည်းမရသူတစ်ယောက်၊ အလွန်ဆိုးရွားသော နှိပ်စက်မှုဖြင့် ရင်ဆိုင်သည့်အခါတိုင်း မျက်ရည်တစ်စက်မျှမကျခဲ့သူတစ်ယောက်နှင့် ညည်းညူမှုတစ်ခုမရှိဘဲ လက်ထိပ်ဖြင့် ခြောက်နာရီကြာ အဆွဲခံရသူတစ်ယောက် ဖြစ်ပါသည်။ သို့သော်လည်း ယနေ့တွင် မည်သည့်နှိပ်စက်မှုမျှမရှိဘဲ ကျွန်မ ငိုခဲ့သည်။ ကျွန်မ၏ မျက်ရည်များ မည်သည့်နေရာမှ လာသည်ကို သူတို့ မသိကြပါ။ ကျွန်မသည် အလွန်ဖျားနာနေခြင်းဖြစ်ရမည်ဟု သူတို့က အလွယ်တကူ တွေးခဲ့ကြသည်။ အမှန်မှာမူ ဘုရားသခင်နှင့် ကျွန်မသာလျှင် အကြောင်းအရင်းကို သိခဲ့လေသည်။ ယင်းမှာ ကျွန်မ၏ ပုန်ကန်ခြင်းနှင့် မနာခံခြင်းသက်သက် ကြောင့်ပင် ဖြစ်ပါသည်။ ကျွန်မ၏ မျှော်လင့်ချက်များ တစ်ခုမျှမဖြစ်လာသည့်အပြင် ကျွန်မ၏ မျှော်လင့်ချက်များ ပျက်စီးသွားသည့်အခါတွင် ကျွန်မ စိတ်ပျက်သောကြောင့် ဤမျက်ရည်များကျလာခြင်း ဖြစ်သည်။ ၎င်းတို့သည် ပုန်ကန်ခြင်းနှင့် မကျေနပ်မှုတို့နှင့်ဆိုင်သည့် မျက်ရည်များဖြစ်သည်။ ထိုအခိုက်တွင် ကျွန်မသည် ဘုရားသခင်ကို သက်သေခံရန် ကျွန်မ၏ သံန္နိဌာန်ကို နောက်ထပ် ချမှတ်လိုခြင်း မရှိတော့ပါ။ ဤကဲ့သို့ ထပ်အစစ်ဆေးခံရန် ကျွန်မသတ္တိမရှိတော့ပါ။ ထိုညနေတွင် ကျွန်မမှာ ထောင်ထဲမှ အသက်တာကို မလိုချင်တော့ဘဲ၊ ဤမာရ်နတ်များကိုလည်း ကျွန်မ ရွံရှာသည်၊ ထို့ထက်ပင်ပို၍ ဤဆိုးရွားသည့်နေရာတွင် ရှိနေရခြင်းကိုလည်း ကျွန်မ မုန်းတီးသောကြောင့် စိတ်ပျက်ခြင်းမျက်ရည်များ ကျခဲ့သည်။ ထိုနေရာတွင် ကျွန်မ နောက်ထပ် တစ်စက္ကန့်မျှ မကုန်ဆုံးလိုတော့ပါ။ ထိုအကြောင်းကို ကျွန်မ တွေးလေ၊ ကျွန်မသည် ပို၍ စိတ်ပျက်လေ ဖြစ်ပြီး၊ ကြီးစွာသော နာကျည်းချက်၊ သနားဖွယ်ကောင်းမှုနှင့် အထီးကျန်မှုတို့ကို ခံစားရလေ ဖြစ်သည်။ ကျွန်မသည် ပင်လယ်ထဲတွင် အချိန်မရွေး ရေဖြင့် ဖုံးလွှမ်းခြင်းခံရနိုင်သည့် အဖော်မဲ့၍ စိတ်အားငယ်သော လှေတစ်စီးကဲ့သို့ ခံစားခဲ့ရသည်။ ထို့အပြင် ကျွန်မအနီးမှ လူများသည် အလွန်စဉ်းလဲပြီး၊ ဆိုးရွားလှကာအချိန်မရွေး သူတို့ဒေါသကို ကျွန်မအပေါ် ထွက်ပေါက်ရှာနိုင်သည်။ ကျွန်မ မရပ်မနား အော်ဟစ် ငိုကြွေးခဲ့ပါသည်။ “အိုဘုရားသခင်။ ကျွန်မကို ကယ်တင်ဖို့ ကိုယ်တော့်ကို အသနားခံပါတယ်။ ကျွန်မ ပြိုလဲကျလုနီးဖြစ်နေပါပြီ၊ ကိုယ်တော့်ကို အချိန်မရွေး နေရာမရွေး သစ္စာဖောက်နိုင်ပါတယ်။ ကိုယ်တော် ကျွန်မရဲ့ နှလုံးသားကို ထိန်းချုပ်ပြီး ကိုယ်တော့်ရှေ့တော်မှောက်ကို နောက်တစ်ခေါက် ပြန်လာစေပါလို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်၊ ပြီးတော့ ကျွန်မကို နောက်တစ်ကြိမ် သနားပြီး၊ ကိုယ်တော့်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို လက်ခံဖို့ အခွင့်ပေးပါလို့ တောင်းလျှောက်ပါတယ်။ အခုကိုယ်တော် လုပ်နေတာတွေကို ကျွန်မ နားမလည်နိုင်ပေမဲ့၊ ကိုယ်တော်လုပ်သမျှက ကောင်းမြတ်တာကို ကျွန်မသိပါတယ်၊ ပြီးတော့ ကျွန်မကို နောက်တစ်ကြိမ် ကယ်တင်ပြီး၊ ကိုယ်တော့်ကို ယုံကြည်ဖို့ အခွင့်ပေးပါရန် ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်။” ဆုတောင်းပြီးနောက်၊ ကျွန်မ မကြောက်ရွံတော့ပါ။ ကျွန်မ စတင်တည်ငြိမ်လာခဲ့ပြီး၊ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခဲ့သည်၊ ထိုအချိန်တွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်း နှုတ်ကပတ်တော်များ ကျွန်မထံ ကျရောက်လာခဲ့သည်။ “သင်သည် ဇာတိပကတိကို လိုချင်သလော၊ သို့မဟုတ် သမ္မာတရားကို လိုချင်သလော။ တရားစီရင်ခြင်းကို သင်ဆန္ဒရှိပါသလော သို့မဟုတ် သက်သောင့်သက်သာ နေချင်သလော။ ဘုရားသခင်၏အလုပ်ကို များစွာတွေ့ကြုံခဲ့ပြီး၊ ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ရှုမြင်ခဲ့ပြီးခြင်းဖြင့် သင်မည်သို့ လိုက်လျှောက်မည်နည်း။ ဤလမ်းကြောင်းတွင် သင်မည်သို့လျှောက်လှမ်းမည်နည်း။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းကို မည်သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်အပေါ်၌ တစ်စုံတစ်ရာသော သက်ရောက်မှု ရှိခဲ့သလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း သင်သိခြင်း၊ မသိခြင်းသည် သင်အသက်ရှင်နေထိုင်မှုနှင့် ဘုရားသခင်အား သင်ချစ်သည့် အတိုင်းအတာအပေါ် မှီတည်နေသည်။ သင့်နှုတ်ခမ်းများက ဘုရားသခင်အား သင်ချစ်သည်ဟုဆိုသည်။ သို့သော် သင်သည် ယခင်အတိုင်း၊ ပျက်စီးနေသည့် စိတ်သဘောထားဖြင့် ရှင်သန်နေထိုင်နေသည်။ ဘုရားသခင်ကို သင်ကြောက်ရွံ့ခြင်းမရှိ၊ အသိတရားလုံးဝမရှိ။ ယင်းကဲ့သို့သောသူများက ဘုရားသခင်ကို ချစ်ပါသလော။ ယင်းကဲ့သို့သော သူများသည် ဘုရားသခင်ကို သစ္စာစောင့်သိပါ၏လော။...ယင်းကဲ့သို့သောသူသည် ပေတရု ဖြစ်နိုင်ပါမည်လော။ ပေတရုကဲ့သို့သော သူများသည် အသိပညာသာရှိပြီး ထိုသို့ အသက်ရှင်နေထိုင်ခြင်း မရှိသလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း”) ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်တိုင်းသည် ကျွန်မအပေါ် ပြစ်တင်ရှုတ်ချခြင်းကို စုပုံလျက်၊ ကျွန်မ၏ အားနည်းချက်ကို ထိုးနှက်လိုက်သည့် နှစ်ဖက်ချွန်ဓါးတစ်လက်ကဲ့သို့ ဖြစ်သည်။ မှန်ပါသည်၊ ကျွန်မသည် သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်ပြီး၊ ဆင်းရဲဒုက္ခအားလုံးကို သည်းခံပါမည်ဟုပြောရင်း ဘုရားသခင်၏ ရှေ့တော်မှောက်တွင် ကျွန်မ အကြိမ်ပေါင်းများစွာ တည်ကြည်လေးနက်သည့် သစ္စာများဆိုခဲ့သည်။ သို့သော်လည်း ယနေ့၊ ဘုရားသခင်က ကျွန်မထံမှ တစ်စုံတစ်ခုကို တောင်းဆိုရန် လက်တွေ့အရှိတရားကို အသုံးပြုသည့်အချိန်တွင်၊ ဘုရားသခင်က သူ့ကို စိတ်ကျေနပ်စေရန် ကျွန်မကို အမှန်တကယ် ဒုက္ခခံပြီး၊ အဖိုးအခတစ်ခုကို ပေးဆပ်စေလိုသည့်အချိန်တွင်၊ ကျွန်မသည် သမ္မာတရား သို့မဟုတ် အသက်ကို မရွေးချယ်ခဲ့ဘဲ၊ ဇာတိပကတိ၏ အကျိုးစီးပွားနှင့် ရှေ့ရေးတို့ကြောင့် စိုးရိမ်ကြောင့်ကြမှုများ၊ ပရိဒေဝဖိစီးမှုနှင့် ပူပန်မှုများဖြင့် ဆင်ခြင်တုံတရားမဲ့အောင် ဖိစီးခံခဲ့ရပါသည်။ ကျွန်မသည် ဘုရားသခင်ကို ယုံကြည်မှု တစ်စက်မျှပင် မရှိခဲ့ပါ။ ဤအရာကို ပြုခြင်းဖြင့် ဘုရားသခင်၏ အလိုတော်ကို ကျွန်မ မည်ကဲ့သို့ ဖြည့်ဆည်းနိုင်မည်နည်း။ ကျွန်မ အသက်ရှင်နေထိုင်သည့် အရာကို ဘုရားသခင်က အကျိုးဖြစ်ထွန်းစေလိုသည်။ ဘုရားသခင်က အမွှမ်းတင်ထားသည့် အနှစ်သာရမဲ့သော သစ္စာဝတ်များ မလိုချင်ပါ။ သို့သော်လည်း ဘုရားသခင် ရှေ့တော်မှောက်တွင် ကျွန်မထံတွင် အသိပညာရှိပြီး၊ စစ်မှန်မှု မရှိခဲ့ပါ၊ ပြီးလျှင် ဘုရားသခင်ကို နာခံခြင်းတစ်စုံတစ်ရာရှိဖို့ မဆိုထားနှင့်၊ သစ္စာမရှိသကဲ့သို့ စစ်မှန်သော ချစ်ခြင်းမေတ္တာလည်း မရှိခဲ့ပါ။ ကျွန်မသည် လှည့်စားခြင်း၊ ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့မှလွဲပြီး မည်သည့်အရာကိုမျှ အသက်ရှင်မနေထိုင်ခဲ့ပါ။ ဤတွင် ကျွန်မသည် ဘုရားသခင်ကို သစ္စာဖောက်သူတစ်ယောက် မဟုတ်ပါလား။ ကျွန်မသည် ဘုရားသခင်၏ အသဲကို ခွဲခဲ့သည့် လူတစ်ယောက် မဟုတ်ပါသလား။ ထိုအခိုက်တွင် သခင်ယေရှု အဖမ်းခံရပြီး၊ ကားတိုင်တွင် သံမှိုစွဲခံခဲ့ရသည့်အချိန်ကို ကျွန်မ တွေးမိခဲ့သည်။ သူ၏ ကျေးဇူးတော်ကို မကြာခဏ နှစ်သက်ခံစားခဲ့သူများသည် တစ်ယောက်ပြီး တစ်ယောက် သူ့ကို စွန့်ခွာခဲ့ကြသည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင် နောင်တဖြင့် စိတ်မထိခိုက်ဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မသည် မိမိ၏ ပုန်ကန်ခြင်းကို မုန်းတီးခဲ့သည်၊ မိမိ၏ လူ့သဘာဝချို့တဲ့ခြင်းကို မုန်းတီးခဲ့သည်၊ ကျွန်မ နောက်တစ်ကြိမ် မတ်တပ်ရပ်ကာ၊ ဘုရားသခင်အတွက် မိမိ၏ ကတိများအား စစ်မှန်မှုတစ်ခု ဖြစ်လာစေရန် တကယ့်လုပ်ရပ်များကို အသုံးပြုလိုသည်။ ထောင်ထဲတွင် ကျွန်မ အရိုးဆွေးသွားရလျှင်ပင်၊ ဘုရားသခင်၏နှလုံးသားကို ကျွန်မ မည်သည့်အခါမျှ ထပ်မံနာကျင်စေမည် မဟုတ်ပါ။ ကျွန်မအတွင်းမှ ဘုရားသခင်ပေးခဲ့သည့် သွေး၏ အဖိုးအခကို မည်သည့်အခါမျှ ထပ်မံ သစ္စာမဖောက်နိုင်ပါ။ ကျွန်မ အငိုရပ်သွားခဲ့ပြီး၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို တိတ်ဆိတ်စွာ ဆုတောင်းခဲ့သည်။ “အိုဘုရားသခင် ကျွန်မကို ဉာဏ်အလင်းပြခြင်းနှင့် လမ်းပြခြင်းတို့အတွက်၊ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်စေဖို့ ခွင့်ပေးတဲ့အတွက် ကိုယ်တော့်ကိုကျွန်မ ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ဝိညာဉ်အသက်တာက အရမ်းနုနယ်ကြောင်း၊ ကိုယ်တော့်ကို ချစ်ခြင်း ဒါမှမဟုတ် နာခံခြင်း တစ်စက်မှ မရှိခဲ့ကြောင်းတို့ကို ကျွန်မ မြင်ရပါတယ်။ အိုဘုရားသခင်၊ အခုအချိန်မှာ ကျွန်မကိုယ်ကျွန်မ ကိုယ်တော့်ကို လုံးလုံး ပေးအပ်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်မ တစ်သက်လုံး ထောင်ထဲမှာ ကုန်ဆုံးရမယ်ဆိုရင်တောင်၊ စာတန်ကို ကျွန်မ ဘယ်တော့မှ လိုက်လျောမှာ မဟုတ်ပါဘူး။ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်မရဲ့ စစ်မှန်တဲ့ လုပ်ရပ်တွေကို အသုံးပြုဖို့သာ ဆန္ဒရှိပါတယ်။”

အတန်ကြာပြီးနောက် ကျွန်မ အလွှတ်ခံရတော့မည်ဆိုသည့် နောက်ထပ် ကောလာဟလများထွက်လာခဲ့သည်။ ရက်အနည်းငယ်သာ ကြာတော့မည်ဟု သူတို့က ပြောကြသည်။ ပြီးခဲ့သည့် တစ်ခေါက်က ကျွန်မရခဲ့သည့် သင်ခန်းစာကြောင့်၊ ဤတစ်ခေါက်တွင် ကျွန်မသည် အတော်အတန် ဆင်ခြင်တုံ တရားရှိပြီး၊ ခေါင်းအေးနေခဲ့သည်။ ကျွန်မသည် အလွန် စိတ်လှုပ်ရှားခဲ့သော်လည်း၊ မိမိအတွက် ရွေးချယ်မှုများ မည်သည့်အခါမျှ ထပ်မလုပ်ဖို့ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် ဆုတောင်းပြီး ရှာဖွေရန် ဆန္ဒရှိခဲ့သည်။ သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် စီစဉ်မှုများ အားလုံးကို ကျွန်မ နာခံနိုင်ရန် ကျွန်မကို ကွယ်ကာဖို့ကိုသာ ဘုရားသခင်ကို တောင်းလျှောက်ခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက်တွင်၊ ဤတစ်ခေါက်လည်း ကောလာဟလများသည် တကယ်မဖြစ် လာခဲ့ပါ။ ထို့အပြင် ထောင်စောင့်က ကျွန်မထောင်ထဲတွင် သေဆုံးသွားလျှင်ပင်၊ သူတို့က ကျွန်မကို လွှတ်ပေးမည်မဟုတ်ဟု ပြောသည်ကို ကြားခဲ့သည်၊ ထိုစကား၏ အကြောင်းပြချက်မှာ ကျွန်မက သူတို့ကို ကျွန်မ၏အိမ်လိပ်စာနှင့် အမည်တို့ကို မပြောပြခဲ့သောကြောင့် ကျွန်မ အမြဲတမ်း ထောင်ကျခံရမည်ဟူ၍ဖြစ်သည်။ ဤအရာကို ကြားရခြင်းက အမှန်တကယ် ခက်ခဲသော်လည်း ဤသည်မှာ ကျွန်မခံစားသင့်မည့် နာကျင်မှုဖြစ်ကြောင်း ကျွန်မသိခဲ့သည်။ ဘုရားသခင်က ကျွန်မကို သူ့အတွက် ဤသက်သေကို ခံစေလိုသည်၊ ပြီးလျှင် ကျွန်မက ဘုရားသခင်ကို နာခံရန်နှင့် ဘုရားသခင်၏ အလိုတော်ကို ဦးညွတ်ရန် ဆန္ဒရှိပြီး၊ အရေးကိစ္စအားလုံးနှင့် အမှုအရာအားလုံးတို့သည် ဘုရားသခင်၏ လက်တော်တွင်ရှိကြောင်း ကျွန်မ ယုံကြည်ခဲ့ပါသည်။ ဤသည်မှာ ဘုရားသခင်က အထူးကျေးဇူးတော်ကို ကျွန်မအားပြနေပြီး၊ ချီမြှောက်နေခြင်း ဖြစ်သည်။ ယခင်က ကျွန်မသည် ထောင်ထဲတွင် အရိုးဆွေးရမည်ဟု ပြောခဲ့သော်လည်း၊ ၎င်းမှာ ကျွန်မ၏ ပြင်းပြသောလိုအင်နှင့် စိတ်ဆန္ဒတို့သာ ဖြစ်ပြီး၊ ဤစစ်မှန်မှု ကျွန်မမှာမရှိခဲ့ပါ။ ယနေ့တွင် လက်တွေ့အရှိတရား၌ ကျွန်မ အသက်ရှင်နေထိုင်ခဲ့သည့် အသက်တာမှတစ်ဆင့် ဤသက်သေကိုခံရန် ကျွန်မဆန္ဒရှိပြီး၊ ဘုရားသခင်ကို ကျွန်မထံတွင် နှစ်သိမ့်မှုရှာဖွေတွေ့ရှိဖို့ ခွင့်ပြုလိုသည်။ စာတန်ကို အမုန်းတရားများဖြင့် ကျွန်မပြည့်လာပြီး၊ စာတန်နှင့် အဆုံးအထိ တိုက်ခိုက်ဖို့ သံန္နိဌာန်ချခဲ့ကာ၊ ထောင်ထဲတွင် အရိုးဆွေးရခြင်းအထိ စစ်မှန်သည့် သက်သေကို အမှန်တကယ်ခံသောအခါ၊ ဘုရားသခင်၏ အနန္တတန်ခိုးရှိပြီး၊ အံ့ချီးဖွယ် လုပ်ဆောင်ချက်များကို တွေ့မြင်ခဲ့ရသည်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၆ရက်နေ့တွင် ထောင်အလုံပိတ်ကားသည် ကျွန်မကို ထိန်းသိမ်းရေးစခန်းမှ ခေါ်လာပြီး၊ လမ်းမတစ်ခု၏ဘေးတွင် ထားရစ်ခဲ့သည်။ ဤနည်းအားဖြင့် ထောင်ထဲမှ ကျွန်မ၏ နှစ်နှစ်တာသည် အဆုံးသတ်ခဲ့ရသည်။

ဤအလွန်အမင်းဆိုးရွားသော အတိဒုက္ခကို တွေ့ကြုံခံစားပြီးနောက်၊ ကျွန်မ၏ ခန္ဓာကိုယ်က ဆင်းရဲဒုက္ခအချို့ကို သည်းခံခဲ့ရသော်လည်း၊ အကြိမ်ပေါင်းရာ၊ ထောင်နှင့်ချီပြီး ကျွန်မ အကျိုးအမြတ် ရရှိခဲ့ပါသည်။ ကျွန်မသည် ထိုးထွင်းသိမြင် စွမ်းသောဉာဏ်နှင့် ချင့်ချိန်နိုင်စွမ်းတို့ကို ရရှိပြီး၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် စာတန်၏ ပြယုဂ်ဖြစ်ကြောင်း၊ လူများကို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်မည့် လူသတ်သမားတစ်အုပ် ဖြစ်ကြောင်းတို့ကို အမှန်တကယ် တွေ့မြင်ခဲ့ရုံသာမက၊ ဘုရားသခင်၏ အနန္တတန်ခိုးတော် နှင့် ဉာဏ်ပညာတို့အပြင်၊ သူ၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကိုပါ နားလည်လာခဲ့သည်။ ကျွန်မကို ကယ်တင်ရန် ဘုရားသခင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များ၊ကျွန်မအပေါ် သူ၏ ဂရုစိုက်မှုနှင့် ကွယ်ကာခြင်း၊ ထိုသို့ဖြင့် စာတန်၏ ရက်စက်ကြမ်းကြုတ်မှုအတွင်းတွင် စာတန်ကို တစ်လှမ်းချင်း အောင်မြင်ကျော်လွှားနိုင်ရန်နှင့် ကျွန်မ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန်တို့အတွက် ကျွန်မကို ခွင့်ပြုခဲ့ခြင်းတို့ကို ကျွန်မအသိအမှတ်ပြုလာခဲ့သည်။ ထိုနေ့မှစပြီး၊ ကျွန်မသည် ဘုရားသခင်၏ ရယူခြင်းကို အစောဆုံးခံရနိုင်ရန် ကျွန်မ၏ ဖြစ်ခြင်းတစ်ခုလုံးကို ဘုရားသခင်ထံ လုံးလုံးပေးဖို့ ဆန္ဒရှိပြီး၊ စွဲမြဲခိုင်မာစွာ ဘုရားသခင်နောက် ကျွန်မလိုက်ပါမည်။

ယခင်က:ဆိုးယုတ်သော ဖိနှိပ်မှုမှ ထမြောက်ခြင်း

နောက်တစ်ခုသို့:ဆင်းရဲဒုက္ခကို သည်းခံပြီးနောက်၊ ဘုရားသခင်အတွက် ကျွန်တော့်၏ ချစ်ခြင်းမေတ္တာသည် ပို၍ပင် ခိုင်မာလာသည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ