အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၁၂ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သူ၏ တရားစီရင်ခြင်းအတွင်း တွေ့မြင်ခြင်း

၁ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ် ကြားကာ သူ၏ပလ္လင်တော်ရှေ့သို့ ကျွန်ုပ် ချီမခံရပြီ။ သူ၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် စားသောက်ပြီး အလျှံပယ်ဖြစ်သော စားပွဲတော်ကို တက်ရောက်သည်။ ဘုရားနှုတ်ကပတ်တော်အားလုံး သမ္မာတရားဖြစ်ကာ အလွန် အဖိုးထိုက်တန်ပေ။ သူ၏ တရားစီရင်ခြင်းက လူသား၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်သည်၊ ကျွန်ုပ် လုံးလုံးလျားလျား ယုံကြည်လက်ခံမိသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကျွန်ုပ် ကြုံရကာ၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း မြင်ပြီ။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ကျွန်ုပ်၏ ချွတ်ယွင်းချက်များ မည်မျှကြီးမား သည်ကို မြင်ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် လူသားအဖို့ အသက်၏ ကြီးမားသော ရတနာများ ဖြစ်ပေ။ ထို့ထက်ပင်ပို၍၊ ယင်းတို့သည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အကြီးမားဆုံးသော ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာဖြစ်ပေ။

၂ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများက ကျွန်ုပ်၏ ယုံကြည်ခြင်း မည်မျှ သေးနုတ်ကြောင်း ထုတ်ဖော်ပြပေ။ ကျွန်ုပ် အပျက်သဘောဆောင် ခြင်းကို ထုတ်ဖော်ပြပြီး၊ ညည်းညူကာ၊ ဘုရားသခင်ကို မနာခံပေ။ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား များဖြင့် ပြည့်သည်၊ ဘုရားသခင်ကို အစေခံရန် ကျွန်ုပ် မထိုက်တန်ပေ။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ရန်လာသည့် ဘုရားသခင်၏ တရားစီရင်ခြင်းအတွက် ကျွန်ုပ် ကျေးဇူးတင်ရှိမိ။ ဆင်းရဲဒုက္ခများစွာ ခံစားပြီးနောက်တွင်၊ ကျွန်ုပ် မိမိကိုယ်ကိုယ် သိရှိခဲ့၊ ကျွန်ုပ် အမှန်တကယ် နောင်တရမိခဲ့ပေ။ သမ္မာတရားကို နားလည်ရင်းဖြင့်၊ ကျွန်ုပ် ပြောင်းလဲပြီးဖြစ်ကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြည်းစမ်းမိလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ပြီး သန့်ရှင်းသော စိတ်သဘောထား မည်မျှ ချစ်ဖွယ်ကောင်းသည်ကို ကျွန်ုပ် မြင်ရလေပြီ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အတွက် ကျွန်ုပ် ကျေးဇူးတင်ရှိမိသည်၊ ယင်းက ကျွန်ုပ်ကို လူသားပုံသဏ္ဍာန်တစ်ခု အသက်ရှင်နေထိုင်နိုင်စေခဲ့သည်။

၃ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းမှတဆင့်သာ ဘုရားသခင်ကို ချစ်ခြင်းက အဓိပ္ပါယ်အရှိဆုံးဖြစ်သည်ကို ကျွန်ုပ် သိခဲ့ရ။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတဆင့် များစွာ ကျွန်ုပ်ရရှိလေပြီ၊ ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အစစ်အမှန် ဖြစ်ပေ။ ဆင်းရဲဒုက္ခများနှင့် စမ်းသပ်ခြင်းတို့မှတဆင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မြည်းစမ်းရပြီ၊ ဘုရားသခင်ကို သာ၍ပင် ကျွန်ုပ် ချစ်မိသည်။ အဆင်းနီသော နဂါးကြီး၏ အကျည်းတန် ဆိုးယုတ်သည့် သွင်ပြင်ကို ကျွန်ုပ် မြင်ရပြီးဖြစ်သည်၊ စာတန်ကို ကျွန်ုပ် သာ၍ပင် မုန်းမိသည်။ ဤနေ့အထိ ကျွန်ုပ် အသက်ရှင်ကာ ဘုရားသခင်ကို သက်သေခံနိုင်သည်မှာ ကံကောင်းပေသည်။ ဤသည်မှာ ကိုယ်တော့်ထံမှ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ပေ။ ယနေ့ ကျွန်ုပ်ရှိသည့် လူသားပုံသဏ္ဍာန် အနည်းငယ်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ကျေးဇူးတော်ကြောင့် လုံးဝ ဖြစ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းရန် ကျွန်ုပ် စိတ်ဆုံးဖြတ်သည်။ သမ္မာတရားကို ကျွန်ုပ် လိုက်စားကာ၊ ကောင်းမြတ်သော သက်သေခံဖြစ်ပြီး ဘုရားသခင်ကို အမြဲ ချီးမွမ်းမည်။

ယခင်က:ဘုရားသခင်၌ ယုံကြည်ခြင်းမှတဆင့် သမ္မာတရား ရရှိခြင်းက တန်ဖိုးမဖြတ်နိုင်ပေ

နောက်တစ်ခုသို့:တရားစီရင်ခြင်းနောက် ကျွန်ုပ် နောက်ဆုံးတွင် မိမိကိုယ်ကိုယ် သိရှိသည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ