အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄။ ဘုရားသခင်၏ အမှုတော်သုံးဆင့်နှင့် ကိုယ်တော်၏နာမတော်များအကြား ဆက်နွှယ်မှုနှင့်ပတ်သက်သည့် သမ္မာတရားများ

၁) မတူညီသည့် ခေတ်ကာလများတွင် ဘုရားသခင်၌ အဘယ်ကြောင့် မတူညီသည့် အမည်နာမတော်များ ရှိသနည်း။ ဘုရားသခင်၏ နာမတော်များ၏ အဓိပ္ပာယ်များမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမတော်သည် ဘုရားသခင်၏ စိတ်သဘောထားတစ်ခုလုံးကို ကိုယ်စားပြုနိုင်သလော။ ယင်းနာမသည် ဘုရားသခင်ကို ရှင်းလင်းစွာ ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုရမည်ဖြစ်ပြီး အခြားနာမတော်မရှိနိုင်ဟု လူသည်ဆိုလျှင် ယင်းစကားလုံးများသည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အစစ်အမှန် ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှုနာမတော်တစ်ခုတည်းသာ သူ၏အလုံးစုံကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမတော် အများအပြားဖြင့် ခေါ်ဆိုနိုင်သော်လည်း ယင်းနာမတော်များအကြားတွင် ဘုရားသခင်၏ အလုံးစုံကို အချုပ်အားဖြင့် ဖော်ပြနိုင်သောနာမ တစ်ခုမျှမရှိပေ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ သို့ဖြစ်သောကြောင့် ဘုရားသခင်တွင် နာမတော် အများအပြားရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားမှာ ကြွယ်ဝလွန်းကာ သူ့ကိုနားလည်နိုင်သော လူသား၏ သိခြင်းစွမ်းရည်ကို ကျော်လွန်နေသောကြောင့် ယင်းနာမတော် အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်စွာ ဖော်ပြနိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုပြီး ဘုရားသခင်ကို အပြည့်အဝ အချုပ်အားဖြင့် ဖော်ပြနိုင်ရန် လူသားတွင် နည်းလမ်း မရှိပေ။ လူသားမျိုးနွယ်တို့တွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်၍ သူတို့သိသမျှကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ မြင့်မြတ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော၊ စသဖြင့်၊ အကန့်အသတ်ရှိသော ဝေါဟာရများသာ ရှိသည်။ စကားလုံးများ များပြားလှသည်။ ယင်းအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ခဲ့သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြရန် မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူ အများအပြားကလည်း သူတို့၏ စိတ်နှလုံးများတွင် ပြင်းပြလာမှုကို ပိုမိုဖော်ပြနိုင်ရန် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင်သည် ကြီးမြတ်လွန်းသည်။ ဘုရားသခင်သည် အလွန်သန့်ရှင်းသည်။ ဘုရားသခင်သည် အလွန်အမင်း ချစ်မြတ်နိုးဖွယ်ဖြစ်သည်။ ယနေ့တွင် လူသား၏ ထိုကဲ့သို့သော ပြောဆိုမှုများသည် သူတို့၏ အဆုံးစွန်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သော်လည်း လူသားသည် သူတို့ကိုယ်တိုင်ကိုပင် ရှင်းလင်းစွာ ဖော်ပြနိုင်စွမ်း မရှိသေးပေ။ သို့ဖြစ်ရာ လူအတွက် ဘုရားသခင်တွင် နာမတော်အများအပြား ရှိနေသော်လည်း ဘုရားသခင်၌မူ အမည်တစ်ခုမျှ မရှိပေ၊ ယင်းမှာ ဘုရားသခင်၏ ဖြစ်တည်မှုသည် ကြွယ်ဝလွန်းလှပြီး လူသား၏ ဘာသာစကားမှာ မွဲတေလွန်းလှသောကြောင့် ဖြစ်သည်။ စကားလုံးတစ်လုံး၊ သို့မဟုတ် နာမတော်တစ်ပါးသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားပြုနိုင်သည့် စွမ်းရည် မရှိပေ၊ ထို့ကြောင့် သူ၏နာမတော်ကို တသမတ်တည်းထား၍ ဖြစ်နိုင်မည်ဟု သင်ထင်ပါသလော။ ဘုရားသခင်သည် ကြီးမြတ်လွန်းပြီး သန့်ရှင်းလွန်းလှသော်လည်း သင်သည် ခေတ်သစ် တစ်ခုချင်းအတွက် သူ၏နာမတော်ကို ပြောင်းလဲရန် ခွင့်မပြုလိုသလော။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အလုပ်ကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ထိုခေတ်နှင့် ကိုက်ညီသော နာမတော်ကို အသုံးပြုသည်။ ထိုခေတ်တွင် သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် သီးသန့်နာမတော်ဖြစ်သော၊ ယာယီ အရေးပါမှုကို ပိုင်ဆိုင်သော နာမတော်ကို အသုံးပြုသည်။ ယင်းသည် ဘုရားသခင်က သူ၏ ကိုယ်ပိုင်စိတ်သဘောထားကို ဖော်ပြရန် လူသားတို့၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။ သို့သော်ငြားလည်း ဝိညာဉ်ရေးရာ အတွေ့အကြုံများရှိပြီး ဘုရားသခင်ကို ကိုယ်တိုင်မြင်တွေ့ဖူးသော လူအများကမူ အမည်နာမတစ်ခုသည် ဘုရားသခင်ကို သူ၏အလုံးစုံတွင် ကိုယ်စားပြုခြင်းမရှိနိုင်ဟု ခံစားကြရသည်၊ အလိုလေး၊ ကူကယ်ရာမဲ့နေသည်တကား၊ ထို့ကြောင့် လူသည် ဘုရားသခင်ကို မည်သည့် နာမတော်နှင့်မျှ ခေါ်ဆိုခြင်းမပြုတော့ဘဲ သူ့ကို “ဘုရားသခင်” ဟုသာခေါ်သည်။ လူ၏ စိတ်နှလုံးသည် ချစ်ခြင်းမေတ္တာဖြင့် ပြည့်နေသည့်တိုင်အောင် လူသည် ဘုရားသခင်ကို မည်သို့ရှင်းပြရမည်ကို မသိသည့်အတွက်ကြောင့် ဝိရောဓိများနှင့်လည်း ဝန်းရံခံနေရသည့်အလား ဖြစ်သည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် အလွန်ကြွယ်ဝသည်ဖြစ်ရာ ယင်းကို ဖော်ပြနိုင်သည့်နည်းလမ်း အကယ်ပင်မရှိပေ။ ဘုရားသခင်၏ စိတ်သဘောထားကို အကျဉ်းချုပ်နိုင်သည့် တစ်ခုတည်းသော နာမတော် မရှိဘဲ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော နာမတော်မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်က ငါ့ကို “အတိအကျအားဖြင့် ကိုယ်တော်သည် မည်သည့်နာမတော်ကို သုံးသနည်း” ဟုမေးလာပါက “ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်” ဟု သူတို့ကို ငါပြောမည်။ ယင်းသည် ဘုရားသခင်အတွက် အကောင်းဆုံး နာမတော် မဟုတ်လော။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို အကောင်းဆုံး အချုပ်အားဖြင့် ဖော်ပြနိုင်သည် မဟုတ်လော။ သို့ဖြစ်သည့်အတွက် သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်၏ နာမတော်ကို ရှာဖွေရန် လုံ့လများစွာကို စိုက်ထုတ်နေကြသနည်း။ အမည်နာမတစ်ခုအတွက်နှင့် အစာမစား အိပ်လည်းမအိပ်ဘဲ ဦးနှောက်ခြောက်အောင် အဘယ်ကြောင့် တွေးတောနေကြသနည်း။ ဘုရားသခင်ကို ယေဟောဝါ၊ ယေရှု၊ သို့မဟုတ် မေရှိယဟု မခေါ်သည့်နေ့ရက်သည် ရောက်လာလိမ့်မည်၊ သူသည် ဖန်ဆင်းရှင်သက်သက်ပင်ဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အလုပ်သည် အဆုံးသတ်ပြီးနောက် သူ၏အမည်နာမများလည်း ရှိတော့မည် မဟုတ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်တွင် သူရယူခဲ့သည့် အမည်နာမများ အားလုံးသည်လည်း အဆုံးသတ်သို့ ရောက်ပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ အရာအားလုံးရောက်ရှိသည့်အခါ၊ အလွန်သင့်လျော်သော်လည်း မပြည့်စုံသည့် အမည်နာမတစ်ခုကို သူသည် အဘယ်ကြောင့် လိုလိမ့်မည်နည်း။ သင်သည် ယခု ဘုရားသခင်၏ အမည်နာမကို ရှာဖွေနေဆဲပင်လော။ ဘုရားသခင်ကို ယေဟောဝါဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့သေးလော။ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့သေးလော။ ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အပြစ်ကို သင်ခံနိုင်မည်လော။ ဘုရားသခင်တွင် မူလအစက အမည်နာမ မရှိကြောင်း သင်သိသင့်သည်။ သူသည် လုပ်ဆောင်ရန် အလုပ်ရှိပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲရသည့်အတွက် သူသည် အမည်နာမ တစ်ခု၊ သို့မဟုတ် နှစ်ခု၊ သို့မဟုတ် အမည်နာမများစွာကို ယူခဲ့ရခြင်းသာ ဖြစ်သည်။ သူ့ကို မည်သည့်အမည်နာမဖြင့် ခေါ်သည်ဖြစ်စေ၊ ဤအရာကို သူကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ သူ၏ဖန်ဆင်းခံများထဲမှ တစ်ဦးဖြစ်သည့် သင်က ဆုံးဖြတ်ပေးရန် သူသင့်ကို လိုအပ်သလော။ ဘုရားသခင် အခေါ်ခံရသည့် အမည်နာမသည် လူသား၏ဘာသာစကားဖြင့် လူကနားလည်နိုင်စွမ်း ရှိသည့်အရာနှင့် ညီထွေအောင်ပေးသည့် အမည်ဖြစ်သော်လည်း၊ ဤအမည်နာမသည် လူက ခြုံငုံနိုင်သည့် အရာမဟုတ်ပေ။ ကောင်းကင်ဘုံတွင် ဘုရားတစ်ပါးရှိသည်၊ သူ့ကို ဘုရားသခင်ဟုခေါ်သည်၊ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ပြီး ကြီးမြတ်သည့် တန်ခိုးရှိသည်၊ သူသည် အလွန်အမြော်အမြင်ကြီးသည်၊ အလွန်မြင့်မြတ်သည်၊ အလွန်အံ့သြဖွယ်ကောင်းသည်၊ အလွန်နက်နဲပြီး အနန္တတန်ခိုး အလွန်ရှိလှသည်ဟုသာ သင်ပြောနိုင်သည်၊ ဤထက်ပိုပြီး သင်ဘာမျှမပြောနိုင်ပေ။ ဤနည်းနည်းလေးမှာ သင်သိနိုင်သမျှ အကုန်သာဖြစ်သည်။ ဤကဲ့သို့ဖြစ်နေသဖြင့် ယေရှုဟူသည့်အမည်က ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုနိုင်သလော။ နောက်ဆုံးသောကာလ ရောက်လာသည့်အချိန်တွင် ဘုရားသခင်ကသာ သူ၏အလုပ်ကို လုပ်ဆောင်ခြင်းပင်ဖြစ်သော်လည်း မတူညီသည့် ခေတ်ဖြစ်သည့်အတွက် သူ၏အမည်နာမက ပြောင်းရလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ဘုရားသခင်၏ အမည်နာမသည် ပြောင်းလဲခြင်းမရှိဟု အချို့ကပြောသည်၊ သို့ဖြစ်လျှင် ယေဟောဝါ၏အမည်မှာ မည်ကဲ့သို့ ယေရှုဖြစ်လာခဲ့သနည်း။ မေရှိယ ကြွလာခြင်းကို ကြိုတင်ဗျာဒိတ်ပေးခဲ့သော်လည်း ယေရှုဟူသော အမည်ရှိသည့် အမျိုးသားတစ်ယောက်သည် အဘယ်ကြောင့် ကြွလာခဲ့သနည်း။ ဘုရားသခင်၏ နာမသည် အဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။ အဆိုပါအမှုကို ကြာမြင့်စွာကတည်းကပင် ဆောင်ရွက်ခဲ့သည် မဟုတ်ပေလော။ ယနေ့ဘုရားသခင်က အမှုသစ်တစ်ခုကို မဆောင်ရွက်နိုင်သလော။ ယမန်နေ့က အမှုကို ပြောင်းလဲခြင်းပြုနိုင်သကဲ့သို့ ယေဟောဝါ၏ အမှုကို ယေရှု၏အမှုအဖြစ် ခြေရာခံဆက်လုပ်နိုင်သည်။ ထိုသို့ဆိုလျှင် ယေရှု၏အမှုကိုလည်း နောက်ထပ်အမှုတစ်ခုဖြင့် မဆက်ခံနိုင်ပေလော။ ယေဟောဝါ၏နာမကို ယေရှုအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါလျှင် ယေရှု၏နာမကိုလည်း မပြောင်းလဲနိုင်ပေလော။ ယင်းက ထူးဆန်းမှုမရှိပေ၊ လူအများကသာ ၎င်းတို့၏ ရိုးရှင်းသော စိတ်သဘောထားကြောင့် ထိုသို့က ထင်နေခြင်းဖြစ်၏။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်မည်။ သူ၏အမှုနှင့် နာမတို့ မည်သို့ပင် ပြောင်းလဲနေစေကာမူ၊ သူ၏စိတ်သဘောထားနှင့် ဉာဏ်ပညာတို့မှာ ထာဝရမပြောင်းလဲဘဲ တည်ရှိနေမည်ဖြစ်၏။ ဘုရားသခင်ကို ယေရှု၏နာမဖြင့်သာ ခေါ်တွင်နိုင်သည်ဟု သင်ယုံကြည်နေပါက သင်သည် အနည်းငယ်မျှသာ သိရှိခြင်း ဖြစ်သည်။ ယေရှုမှာ ဘုရားသခင်၏ အစဉ်အမြဲဖြစ်သော အမည်နာမဖြစ်သည်၊ ဘုရားသခင်သည် ယေရှုဟူသော အမည်ဖြင့်သာ ထာဝရအစဉ်အမြဲနာမတွင်၍ ထိုနာမက မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ် စသည်ဖြင့် သင်အခိုင်အမာ ပြောဆိုဝံ့သလော။ ပညတ်တော်ခေတ်နှင့် နိဂုံးကမတ် ချုပ်ပေးခဲ့ပြီး နောက်ဆုံးသောကာလကို နိဂုံးကမတ် ချုပ်ပေးမည့်သူမှာ ယေရှု၏ နာမဖြစ်သည်ဟု သင်သေချာစွာဖြင့် အခိုင်အမာ ပြောဆိုဝံ့သလော။ ယေရှု၏ ကျေးဇူးတော်က ခေတ်ကာလကို အဆုံးသတ်ပေးနိုင်သည်ဟု အဘယ်သူ ဆိုနိုင်သနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း” မှ

မတူညီသည့် ခေတ်ကာလများတွင် ဘုရားသခင်၌ အဘယ်ကြောင့် မတူညီသည့် အမည်နာမတော်များ ရှိသနည်း။ ဘုရားသခင်၏ နာမတော်များ၏ အဓိပ္ပာယ်များမှာ အဘယ်နည်း။

ခေတ်တိုင်းတွင် ဘုရားသခင်၏ အလုပ်သည် တူညီသည်ဟု ဆိုပါက၊ သူ့ကို နာမည်တစ်ခုတည်းသာ ခေါ်ကြမည်ဖြစ်ရာ လူသည် သူ့ကို မည်သို့လျှင် သိနိုင်မည်နည်း။ ဘုရားသခင်ကို ယေဟောဝါဟု ခေါ်ကြရမည်ဖြစ်ပြီး၊ ယေဟောဝါဟုခေါ်သော ဘုရားမှလွဲ၍ အခြားအမည်ဖြင့်ခေါ်ဆိုသော မည်သူမျှ ဘုရားဖြစ်မည် မဟုတ်ပေ။ သို့မဟုတ်ပါကလည်း ဘုရားသခင်သည် ယေရှုသာလျှင် ဖြစ်နိုင်လိမ့်မည်ဖြစ်ပြီး၊ ယေရှုဟုခေါ်သော နာမတော်မှလွဲ၍ သူ့ကို အခြားမည်သည့် အမည်နှင့်မျှ ခေါ်ဆိုခြင်းမရှိနိုင်ဘဲ ဖြစ်လိမ့်မည်။ ယေရှုမှလွဲ၍ ယေဟောဝါသည် ဘုရားမဟုတ်ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်သည်လည်း ဘုရားမဟုတ်ဘဲ ဖြစ်လိမ့်မည်။ လူက ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်ဟု ယုံကြည်သော်လည်း၊ ဘုရားသခင်သည် လူနှင့်အတူရှိသော ဘုရားသခင်ဖြစ်ပြီး၊ ဘုရားသခင်သည် လူနှင့်အတူ ရှိခြင်းကြောင့် သူ့ကို ယေရှုဟု ခေါ်ရလိမ့်မည်။ ထိုသို့လုပ်ခြင်းသည် အယူဝါဒများကို လိုက်လျှေက်ခြင်းဖြစ်ပြီး ဘုရားသခင်ကို တစ်စုံတစ်ရာ နယ်ပယ်အတွင်း ဘောင်ခတ်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခေတ်တိုင်းတွင် ဘုရားသခင်လုပ်သော အလုပ်၊ သူ့ကို ခေါ်သော နာမတော်နှင့် သူဆောင်ယူသော အဆင်းသဏ္ဌာန်တို့သည်၊ ခေတ်တိုင်းတွင် ယနေ့အထိတိုင်အောင် သူလုပ်ဆောင်သော အလုပ်၊ ယင်းတို့သည် တစ်ခုတည်းသော လုပ်ထုံးလုပ်နည်းကို မလိုက်နာသလို မည်သည့်ကန့်သတ်ချက်များနှင့်မျှ ကန့်သတ်ခံထားရခြင်း မရှိပေ။ သူသည် ယေဟောဝါဖြစ်သည်၊ သူသည် ယေရှုလည်း ဖြစ်သည်သာမက မေရှိယနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်သည်။ သူ၏အလုပ်သည် သူ၏နာမတော် ပြောင်းလဲလာသည်နှင့်အညီ တဖြည်းဖြည်း ပြောင်းလဲနိုင်သည်။ မည်သည့်နာမတော် တစ်ခုတည်းကမျှ သူ့ကိုပြည့်စုံစွာ ကိုယ်စားပြုနိုင်ခြင်း မရှိသော်လည်း၊ သူ့ကိုခေါ်ဆိုသော ဤနာမတော်အားလုံးသည် သူ့ကိုကိုယ်စားပြုနိုင်ပြီး ခေတ်တိုင်းတွင် သူလုပ်သော အလုပ်သည် သူ၏စိတ်သဘောထားကို ကိုယ်စားပြုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် တူညီသော အလုပ်ကို သူ့အနေဖြင့် မည်သို့လျှင် လုပ်နိုင်မည်နည်း။ အဘယ်သို့လျှင် အဟောင်းကို သူတွယ်ဖက်ထားနိုင်မည်နည်း။ ယေရှုအမည်နာမကို ရွေးနုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသောကာလတွင် သူပြန်လည်ကြွလာသောအခါ ထိုအမည်ကိုပင် ခေါ်နေဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း မတူညီသောခေတ်များတွင် မတူညီသောနာမတော်များဖြင့် ခေါ်ဆိုခံရခြင်းမှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ခေတ်များသည် မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်သလော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့်အမည်တစ်ခုကမျှ ဘုရားသခင်ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့်ဖြစ်ပြီး အမည်တစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် လိုက်လျောညီထွေရှိစေမည့် မည်သည့်နာမတော်ကိုမဆို ရွေးချယ်နိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်သည် ယေရှု၏အမည်နာမကို ကိုယ်စားပြုခဲ့ပြီး၊ ယင်းသည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ယေဟောဝါ လုပ်ခဲ့သည့် အလုပ်မူကား ယေဟောဝါနှင့် ပညတ်တော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ သူတို့၏အလုပ်မှာ ဝိညာဉ်တော်တစ်ခုတည်းမှနေပြီး မတူညီသည့် ခေတ်နှစ်ခေတ်တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်သည် ကျေးဇူးတော် ခေတ်ကိုသာ ကိုယ်စားပြုနိုင်ပြီး၊ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အလုပ်သည် ဓမ္မဟောင်း ပညတ်တော်ခေတ် ကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါသည် ဣသရေလနှင့် အဲဂုတ္တုမှ လူများနှင့် ဣသရေလတိုင်းပြည် တစ်ဝိုက်ရှိ တိုင်းနိုင်ငံများအားလုံးကိုသာ လမ်းညွှန်ခဲ့သည်။ ဓမ္မသစ်ကျမ်း ကျေးဇူးတော်ခေတ်အောက်မှ ယေရှု၏ အလုပ်သည် ယေရှု နာမတော်အောက်မှ ဘုရားသခင်၏ အလုပ်ဖြစ်သည်၊ သူကခေတ်ကို လမ်းညွှန် ပေးခဲ့သည့်အတွက် ဖြစ်သည်။...သူတို့ကို မတူညီသည့် အမည်နှစ်မျိုးဖြင့် ခေါ်ဆိုပါသော်လည်း၊ အလုပ်နှစ်ဆင့်စလုံးကို ပြီးမြောက်စေသည်မှာ တူညီသည့် ဝိညာဉ်တော်ပင်ဖြစ်ပြီး၊ လုပ်ဆောင်ခဲ့သည့် အလုပ်သည်လည်း အလျဉ်မပြတ်သည့်အလုပ်ဖြစ်သည်။ အမည်က မတူညီသည့်အတွက်၊ ပါဝင်သည့် လုပ်ဆောင်မှုများကလည်း မတူညီ၊ ခေတ်လည်းမတူညီပေ။ ယေဟောဝါ လာခဲ့သည့်အချိန်သည် ယေဟောဝါ၏ခေတ်ဖြစ်ခဲ့ပြီး၊ ယေရှုလာခဲ့သည့်အချိန်သည် ယေရှု၏ခေတ် ဖြစ်ခဲ့သည်။ သို့အတွက်ကြောင့်၊ တစ်ခါလာတိုင်း ဘုရားသခင်သည် အမည်နာမတစ်မျိုးဖြင့် အခေါ်ခံရပြီး၊ သူသည် ခေတ်တစ်ခုကို ကိုယ်စားပြုကာ၊ လမ်းသစ်တစ်ခုကို ဖွင့်ပေးသည်။ လမ်းသစ်တစ်ခုစီတိုင်းတွင် သူသည် အမည်အသစ်တစ်ခု ယူဆောင်သည်၊ ယင်းသည် ဘုရားသခင်က အမြဲအသစ်ဖြစ်ပြီး ဘယ်တော့မျှ အိုဟောင်းသွားခြင်း မရှိကြောင်းကို ပြသပြီး၊ ရှေ့သို့ဦးတည်သည့် သူ့အလုပ်၏ တိုးတက်မှုလည်း ဘယ်တော့မျှ ရပ်တန့်သွားခြင်း မရှိကြောင်းကို ပြသသည်။ သမိုင်းသည် အမြဲတမ်း ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အလုပ်ကလည်း အမြဲတမ်း ရှေ့သို့ရွေ့လျားနေပါသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသတ်သို့ ရောက်ရန်အတွက်၊ ယင်းကို ရှေ့သို့ဦးတည်သည့် လမ်းကြောင်းဖြင့် ဆက်လက်ဆောင်ရွက်ရမည်။ နေ့ရက်တိုင်း သူသည် အလုပ်သစ်ကို လုပ်ဆောင်ရမည်၊ နှစ်တိုင်း သူသည် အလုပ်သစ်ကို လုပ်ဆောင်ရမည်။ သူသည် လမ်းသစ်များကိုဖွင့်ပြီး၊ ခေတ်သစ်များကို အစပျိုးရမည်၊ ပိုမိုကြီးမြတ်သည့် အလုပ်သစ်ကို စတင်ရမည်၊ ယင်းတို့နှင့်အတူ အမည်အသစ်များနှင့် အလုပ်သစ်ကို ယူဆောင်လာရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

“ယေဟောဝါ” ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုစဉ်အတွင်း ခံယူခဲ့သောနာမဖြစ်ပြီး လူသားအပေါ် သနားညှာတာကာ ကျိန်ဆဲ၍ လူသား၏ဘဝကို လမ်းပြပေးနိုင်မည့် ဣသရေလ အမျိုးသားတို့၏ (ဘုရားသခင်ရွေးချယ်ထားသောလူမျိုး) ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်လှသော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ “ယေရှု” သည် ဧမာနွေလဖြစ်ပြီး လူသားတို့ကို ရွေးနုတ်ပေး၍ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာစိတ်များဖြင့် ပြည့်ဝသည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို ထမ်းဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ပုံဆောင်ခဲ့ပြီး၊ စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ယေဟောဝါသည်သာ ရွေးကောက်ခံ ဣသရေလလူမျိုးတို့၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင်၊ မောရှေ၏ ဘုရားသခင်၊ ဣသရေလအမျိုးတို့၏ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် လက်ရှိခေတ်ကာလတွင် ယုဒမျိုးနွယ်စုမှလွဲ၍ ဣသရေလအမျိုးသား အားလုံးတို့သည် ယေဟောဝါကို ကိုးကွယ်ကြသည်။ ၎င်းတို့သည် ယဇ်ပလ္လင်ပေါ်တွင် ယေဟောဝါထံ ယဇ်ပူဇော်ခြင်းများပြု၍ ဗိမာန်တော်ထဲတွင် ယဇ်ပုရောဟိတ်ဝတ်ရုံကို ဝတ်ဆင်ကာ ယေဟောဝါအား အစေခံကြသည်။ ထိုသူတို့ မျှော်လင့်သောအရာမှာ ယေဟောဝါ ပြန်လည်ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ယေရှုသည်သာ လူသားမျိုးနွယ်တို့၏ ရွေးနုတ်ရှင်ဖြစ်သည်။ သူသည် လူသားမျိုးနွယ်တို့ကို အပြစ်မှရွေးနုတ်ပေးခဲ့သည့် အပြစ်ဖြေရာယဇ်ဖြစ်သည်။ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ခေတ်မှလာပြီး ကျေးဇူးတော်ခေတ်က ပြုခဲ့သော ရွေးနုတ်ခြင်းအမှုကြောင့်သာ တည်ရှိခဲ့သည်ဟု ဆိုလိုသည်။ ကျေးဇူးတော်ခေတ်မှ လူများအား ပြန်လည်မွေးဖွားစေပြီး ကယ်တင်ခြင်းခံရစေရန်အတွက် ယေရှုခရစ်တော်၏ အမည်နာမ ရှိနေခဲ့ခြင်းဖြစ်ကာ ထိုနာမသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအတွက် အထူးနာမတစ်ခုဖြစ်သည်။ ထို့ကြောင့် ယေရှု၏အမည်နာမသည် ရွေးနုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို သင်္ကေတပြုသည်။ ယေဟောဝါဟူသော အမည်နာမက ပညတ်တရားအောက်တွင် နေထိုင်ခဲ့သော ဣသရေလလူမျိုးတို့အတွက် အထူးအမည်နာမဖြစ်သည်။ ခေတ်တစ်ခေတ်စီတိုင်းတွင်နှင့် အမှု၏အဆင့်တစ်ခုစီတိုင်းတွင် ငါ၏နာမသည် အခြေအမြစ် ကင်းမဲ့ခြင်းမရှိဘဲ ကိုယ်စားပြုသော အဓိပ္ပာယ်ကိုဆောင်သည်- အမည်နာမတစ်ခုစီက ခေတ်ကာလတစ်ခုကို ကိုယ်စားပြုသည်။ “ယေဟောဝါ” က ပညတ်တော်ခေတ်ကို ကိုယ်စားပြု၍ ဣသရေလအမျိုးသားတို့ ကိုးကွယ်ကြသော ဘုရားသခင်ကို ရိုသေသမှုပြုကာ သုံးခြင်းဖြစ်သည်။ “ယေရှု” သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်အတွင်းက ရွေးနုတ်ခံခဲ့ရသူ အားလုံးနှင့်ဆိုင်သော ဘုရားသခင်၏နာမဖြစ်သည်။ နောက်ဆုံးသောကာလအတွင်း ကယ်တင်ရှင်ယေရှု ကြွလာရန်အတွက် လူသားတို့ တောင့်တနေဆဲဖြစ်ပြီး ယုဒပြည်တွင်ရှိခဲ့သော ရုပ်သွင်အတိုင်း သူကြွလာရန် မျှော်မှန်းနေဆဲဖြစ်ပါက ရွေးနုတ်ရာခေတ်တွင် နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး ရပ်တန့်သွားမည်ဖြစ်ကာ ရှေ့ဆက်တိုးတက်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသောကာလသည် မည်သည့်အခါမျှ ရောက်လာလိမ့်မည် မဟုတ်တော့ဘဲ ခေတ်ကာလသည်လည်း မည်သည့်အခါမျှ အဆုံးသတ်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့်ဖြစ်သည်။ ကျေးဇူးတော်ခေတ်မှ အပြစ်သားအားလုံးအဖို့အလို့ငှာ ယေရှု၏နာမကို ငါခံယူခဲ့ခြင်းဖြစ်ကာ ယင်းနာမသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမမဟုတ်ပေ။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးက ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း ထိုအမည်နာမများသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲရှိ ကွဲပြားခြားနားသော ခေတ်ကာလများကိုသာ ရည်ညွှန်းပြီး ငါ၏အလုံးစုံသော ဖြစ်တည်မှုကို ကိုယ်စားမပြုပါ။ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့က ငါ့အားခေါ်ဝေါ်သော အမည်နာမများသည် ငါ၏အလုံးစုံသော စိတ်နေသဘောထားနှင့် ငါ၏ဖြစ်ခြင်းအားလုံးကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိပါ။ ၎င်းတို့မှာ ကွဲပြားသော ခေတ်ကာလများအတွင်း၌ ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများသာ ဖြစ်ပေသည်။ ထို့ကြောင့်ပင် အဆုံးသတ်ခေတ်၊ နောက်ဆုံးသောခေတ်ကာလ ရောက်သည့်အခါ ငါ၏အမည်နာမသည် ထပ်မံပြောင်းလဲပေဦးမည်။ ငါ့အား မေရှိယဟု ခေါ်တွင်စေရန်ဝေးစွ၊ ယေဟောဝါ၊ သို့မဟုတ် ယေရှုဟုပင် မခေါ်တွင်စေဘဲ တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်တွင်စေလျက် ဤအမည်နာမအောက်တွင် ငါသည် ခေတ်ကာလကြီးတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။ ငါ့အား တစ်ခါက ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း လူအများ ခေါ်ခဲ့ကြသည့်အပြင် ထိုသူများက ငါ့အားလေးစားပြီး ချစ်မြတ်နိုးခဲ့ကြသည့်အတွက် ကယ်တင်ရှင်ယေရှုဟုလည်း တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများ အတိတ်က သိခဲ့ကြသည့် ယေဟောဝါလည်းမဟုတ်၊ ယေရှုလည်းမဟုတ်ပေ- ငါသည် နောက်ဆုံးသောကာလတွင် တစ်ဖန်ပြန်ကြွလာခဲ့သည့် ဘုရားသခင်၊ ထိုခေတ်ကို အဆုံးသတ်မည့် ဘုရားသခင်ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းတိုင်အောင် ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်နေသဘောထားနှင့် ပြည့်ဝသော၊ သြဇာအာဏာနှင့် ပြည့်ဝသော၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်နှက်နေသော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ လူအများသည် ငါနှင့် မည်သည့်အခါမျှ ဆက်ဆံခြင်း၊ သိကျွမ်းဖူးခြင်း မရှိကြ၊ ငါ၏စိတ်နေသဘောထားကို အမြဲတစေ မသိရှိခဲ့ကြပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ ငါ့အား မြင်ဖူးခဲ့ခြင်း မရှိပေ။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း လူသားတို့ထံ ပေါ်ထွန်းလာခဲ့သော်လည်း လူသားတို့အကြားတွင် ဖုံးကွယ်ထားသော ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးကဲ့သို့၊ တန်ခိုးနှင့်ပြည့်လျက်၊ သြဇာအာဏာဖြင့် ပြည့်လျှံလျက် လူသားတို့အကြားတွင် အမှန်တကယ် စစ်မှန်စွာ နေထိုင်လျက်ရှိသည်။ ငါ့နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်းမခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှမရှိပါ၊ မီး၏လောင်ကျွမ်းခြင်းအားဖြင့် သန့်စင်ခြင်း မခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုလည်း တစ်ခုမျှမရှိပါ။ တိုင်းနိုင်ငံအားလုံးသည် နောက်ဆုံးတွင် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည်ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်ပင် တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည်ဖြစ်သည်။ ဤနည်းအားဖြင့် နောက်ဆုံးသောကာလ၌ ငါသည် ပြန်ကြွလာသော လူအပေါင်းတို့၏ ကယ်တင်ရှင်ဖြစ်သည်၊ လူသားမျိုးနွယ်အပေါင်းတို့ကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်၊ ထို့အပြင် ငါသည် တစ်ချိန်က လူသားတို့အတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို လောင်ကျွမ်းစေသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသကဲ့သို့ ခပ်သိမ်းသောအရာတို့ကို ဖော်ထုတ်သည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို လူသားအားလုံး တွေ့ရလိမ့်မည်။ ယင်းက နောက်ဆုံးသောကာလရှိ ငါ၏အမှုပင်ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသောနေမင်းနှင့် တောက်လောင်နေသော မီးတောက်မီးလျှံဖြစ်သည်ကို လူအားလုံး တွေ့မြင်နိုင်ရန်အလို့ငှာ ဤအမည်နာမကို ငါခံယူခဲ့ပြီး ဤစိတ်နေသဘောထားကို ငါပိုင်ဆိုင်ထားသည်။ လူအားလုံးသည် ငါ့အား စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်အဖြစ် ဝတ်ပြုကိုးကွယ်စေရန်နှင့် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်စေရန်အလို့ငှာ ဖြစ်သည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အဖြစ်သာမဟုတ်၊ ရွေးနုတ်ရှင်အဖြစ်သာ မဟုတ်ဘဲ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင်တစ်ခွင်လုံးမှ အားလုံးသော သတ္တဝါများ၏ ဘုရားသခင် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” မှ

ယခင်က:နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို ငြင်းပယ်သည့် ဘာသာရေးလောက၏ အကျိုးဆက်များနှင့် ရလဒ်

နောက်တစ်ခုသို့:ဘုရားသခင်အမှုတော်တစ်ဆင့်ချင်းစီနှင့် ကိုယ်တော်၏နာမတော်အကြား ဆယ်နွှယ်မှု

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ