အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄။ ဘုရားသခင်၏ အမှုတော်သုံးဆင့်နှင့် ကိုယ်တော်၏နာမတော်များအကြား ဆက်နွှယ်မှုနှင့်ပတ်သက်သည့် သမ္မာတရားများ

၃) ဘုရားသခင်၏ နာမတော် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်၊ သို့သော် ကိုယ်တော်၏ အနှစ်သာရကား ဘယ်သောအခါမျှ မပြောင်းလဲပါ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် မပြောင်းလဲနိုင်ဘူး ပြောသူများရှိသည်။ ယင်းမှာ မှန်သော်လည်း ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ဆိုလိုသည်။ ကိုယ်တော်၏ နာမတော်နှင့် အလုပ်ကို ပြောင်းလဲခြင်း သည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမခံပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်ပြီး ယင်းသည် မည်သည့်အခါမှ မပြောင်းလဲပေ။ အကယ်၍ သင်က ဘုရားသခင် ၏ အလုပ်သည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်စွမ်း ရှိပါမည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်း သင်သိသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲပါက သူသည် လူသားမျိုးနွယ်ကို ယနေ့အချိန်အထိ လမ်း တစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့ပါမည်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ခေတ်နှစ်ခေတ်၏ အလုပ်ကို ပြီးစီးအောင် လုပ်ခဲ့နိုင်သနည်း။ သူ၏ အလုပ်သည် ရှေ့သို့ ရွေ့လျားရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ သူ၏ စိတ်သဘောထားသည် လူသားအား တဖြည်းဖြည်း ဖွင့်လှစ်ပြသနေပြီး ယင်းပြသမှုသည် သူ၏ ပင်ကိုစိတ်သဘောထားဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ဖုံးကွယ်ထားခဲ့သည်။ သူသည် လူသားအား သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ၊ လူသည် သူ့အကြောင်းကို ရိုးရှင်းစွာပင် မသိနားမလည်ခဲ့ပေ။ သို့ဖြစ်သောကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြသရန် သူ၏ အလုပ်ကို အသုံးပြုခဲ့သည်။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်း ကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် ခေတ်တိုင်းတွင် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုတော်သည် အစဉ်အမြဲ ပြောင်းလဲ နေခြင်းကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် အစဉ်အမြဲ ပြောင်းလဲနေခြင်းဟု မဆိုလိုပေ။ ယင်းအစား သူ့အလုပ်၏ ခေတ်များ မတူညီသောကြောင့် ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို လုံးလုံးလျားလျား တစ်ဆင့်ပြီးတဆင့် ယူဆောင်ပြီး ယင်းကို လူသားအား ဖော်ထုတ်ပြသသောကြောင့် လူသားသည် သူ့ကို သိလာနိုင်သည်။ သို့သော်လည်း ယင်းသည် ဘုရားသခင်တွင် မူလက မည်သည့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ခေတ်များ ကျော်ဖြတ် လာသည်နှင့် အမျှ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလာသည်ကို သက်သေပြသည်ဟု မဆိုလိုပေ။ ယင်းသို့နားလည်မှုမှာ မှားယွင်းမှုဖြစ်သည်။ ဘုရားသခင်သည် သူ၏ ပင်ကိုနှင့် သီးခြား စိတ်သဘောထားကို—သူ၏ ဖြစ်ခြင်းကို—လူသားအား ခေတ်များ ကျော်ဖြတ်လာသည်နှင့်အမျှ ထုတ်ဖော် ပြသသည်။ ခေတ်တစ်ခေတ်၏ အလုပ်သည် ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြနိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိ” ဆိုသည်မှာ သူ၏ အလုပ်ကို ရည်ညွှန်းပြီး နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ” ဆိုသည်မှာ ဘုရားသခင်၏ ပင်ကိုဖြစ်သော အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းသည်။ မည်သို့ပင်ဖြစ်စေ သင်သည် နှစ်ခြောက်ထောင်အလုပ်ကို နေရာတစ်ခုအပေါ်တွင် မပြုလုပ်နိုင် သို့မဟုတ် သေဆုံးနေသော စကားလုံးများဖြင့် ယင်းကို ပုံဖော်ခြင်းမပြုနိုင်ပေ။ ယင်းမှာ လူသား၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူသား ထင်မြင်သကဲ့သို့ ရိုးရှင်းခြင်း မရှိဘဲ မည်သည့် ခေတ်တစ်ခုတွင်မဆို သူ၏ အလုပ်သည် တရစ်ဝဲဝဲ စွဲကျန်ရစ်ခြင်း မရှိပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမတော် အဖြစ် အစဉ်အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမတော်အောက်တွင် သူ၏ အလုပ်ကို လုပ်နိုင်သေးသည်။ ယင်းမှာ ဘုရားသခင်၏ အလုပ်သည် အစဉ်အမြဲ ရှေ့သို့ တိုးတက်ခြင်းဖြင့် ရွေ့လျား နေသည့် လက္ခဏာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ဘုရားသခင်၏ နာမတော် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်၊ သို့သော် ကိုယ်တော်၏ အနှစ်သာရကား ဘယ်သောအခါမျှ မပြောင်းလဲပါ။

ဘုရားသခင်သည် အမြဲတမ်း ဘုရားသခင်ဖြစ်ပြီး၊ မည်သည့်အခါမျှ စာတန်မဖြစ်လာပါ။ စာတန် သည် အစဉ်အမြဲ စာတန်ဖြစ်ပြီး မည်သည့်အခါမျှ ဘုရားသခင် ဖြစ်မလာပါ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့သြဖွယ်ရာများ၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူသည် အစဉ် အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းအိုခြင်း မရှိသည့်အတွက်၊ သူ၏ အလုပ်သည် အစဉ် တိုးတက်ကာ ရှေ့သို့ သွားနေပြီး အစဉ်အမြဲ ပိုမို နက်ရှိုင်းနေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမတော် အသစ်ကို ရယူသည်၊ ခေတ်တိုင်းတွင် သူသည် အလုပ်အသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူဖန်ဆင်းသော သတ္တဝါများကို သူ၏ အလိုတော် အသစ်နှင့် စိတ်သဘောထား အသစ်ကို မြင်စေသည်။ အကယ်၍ ခေတ်သစ်တွင် လူများသည် ဘုရားသခင်၏ စိတ်သဘောထားအသစ် ဖော်ပြချက်ကို မြင်နိုင်ရန် ပျက်ကွက်ပါက၊ သူတို့သည် သူ့ကို လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် တစ်သက်လုံး ရိုက်ကြလိမ့်မည် မဟုတ်ပါလော။ ထိုသို့ ပြုလုပ်ခြင်းကြောင့် သူတို့ ဘုရားသခင်ကို အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည် မဟုတ်ပါလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ယခင်က:ဘုရားသခင်အမှုတော်တစ်ဆင့်ချင်းစီနှင့် ကိုယ်တော်၏နာမတော်အကြား ဆယ်နွှယ်မှု

နောက်တစ်ခုသို့:ဘုရားသခင်နာမတော်၏ အရေးပါမှုကို မသိခြင်းနှင့် ဘုရားသခင်၏ နာမတော်အသစ်ကို လက်မခံသည့် လူ့သား၏ ပြဿနာ သဘောသဘာဝကား အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ