အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄။ ဘုရားသခင်၏ အမှုတော်သုံးဆင့်နှင့် ကိုယ်တော်၏နာမတော်များအကြား ဆက်နွှယ်မှုနှင့်ပတ်သက်သည့် သမ္မာတရားများ

၄) ဘုရားသခင်နာမတော်၏ အရေးပါမှုကို မသိခြင်းနှင့် ဘုရားသခင်၏ နာမတော်အသစ်ကို လက်မခံသည့် လူ့သား၏ ပြဿနာ သဘောသဘာဝကား အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အချိန်ကာလ တစ်ခုစီအတွင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို စတင်လိမ့်မည်။ ထို့နောက် အချိန်ကာလတစ်ခုစီ အတွင်းတွင်၊ လူသားများအကြား အသစ်သော စတင်မှု တစ်ခုရှိလိမ့်မည်။ ခေတ်တစ်ခုအတွက်သာ အကျိုးသက်ရောက်မှုရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာနေပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်မည် မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ပင် လုပ်ဆောင်သည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်သည်။ ဤနည်းလမ်းအားဖြင့်၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့လျှင် ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကိုပင် လုပ်ဆောင်နေပါစေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု လူသားဘက်က သေချာနေပြီး၊ သံသယအနည်းငယ်မျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များသို့ ရောက်ရှိအောင် ကြိုးစားနေသရွေ့၊ သူသည်မည်သို့လျှင် အပြစ်ဒဏ်ပေးခြင်း ခံရမည်နည်း။ ဘုရားသခင်၏ အလုပ်သည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ့ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်းမရှိပေ။ ထို့အတူ သူ့အလုပ် စီမံခန့်ခွဲမှု ပြီးဆုံးခြင်း မတိုင်မီတွင်၊ သူသည် အစဉ်အမြဲ အလုပ်ရှုပ်နေပြီး၊ ဘယ်သောအခါမျှ ရပ်တန့်ခြင်းမရှိချေ။ သို့သော် လူသားက ကွဲပြားသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အနည်းသော အလုပ်ကိုသာ ရရှိသော်လည်း၊ ယင်းကို ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိသကဲ့သို့ သဘောထားသည်။ အသိပညာ အနည်းငယ်သာရရှိသော်လည်း၊ ဘုရားသခင်၏ ပို၍သစ်သော အလုပ်ခြေလှမ်းများကို သူရှေ့တိုးပြီး နောက်ထပ်မလိုက်လျှောက်ပေ။ ဘုရားသခင်၏ အလုပ်အနည်းငယ်ကိုသာ သူမြင်ခဲ့သည်ဖြစ်သော်လည်း၊ ဘုရားသခင်ကို တစ်စုံတစ်ရာသော သစ်သားပုံတော်တစ်ခုအဖြစ် သူချက်ချင်း သရုပ်ဖော်ပြီး၊ သူ့ရှေ့တွင် သူမြင်သည့် ပုံသဏ္ဌာန်အတိုင်း ဘုရားသခင်က အစဉ်အမြဲ တည်ရှိနေလိမ့်မည်ဟု သူယုံကြည်သည်။ ယင်းမှာ ယခင်က ထိုသို့ ဖြစ်နေသည့်အတွက် အနာဂတ်တွင်လည်း ထိုကဲ့သို့ အမြဲ ဖြစ်နေလိမ့်မည်ဟု ယုံကြည်သည်။ အပေါ်ယံ အသိပညာကို ရရှိယုံမျှဖြင့်၊ လူသည် အလွန်ထောင်လွှားသဖြင့် သူ့ကိုယ်သူ မေ့လျော့ပြီး အကယ်ပင် တည်ရှိမှု မရှိသည့် ဘုရားသခင်၏ သဘောထားနှင့် ဖြစ်ခြင်းကို လက်လွတ်စပယ် စတင်ကြေညာသည်။ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်တစ်ခုအပေါ် သေချာသွားပြီးဖြစ်ရာ ဘုရားသခင်၏ အလုပ်သစ်ကို ကြေညာသည့် မည်သို့သော လူပုဂ္ဂိုလ်မျိုးပင် ဖြစ်စေကာမူ လူသည် ယင်းကို လက်မခံပေ။ ဤသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို လက်မခံနိုင်သည့် လူများ ဖြစ်ကြသည်။ သူတို့သည် အလွန် ရှေးရိုးစွဲသူများဖြစ်ကြပြီး၊ အသစ်သော အရာများကို လက်မခံနိုင်ကြပေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ငြင်းပယ်ကြသူများဖြစ်သည်။ ဣသရေလလူမျိုးတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ”သည့်အတွက် မှားယွင်းနေသည်ဟု လူကယုံကြည်သည်။ သို့သော် လူအများစုတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်သည်” နှင့် “မေရှိယ ပြန်ကြွလာခြင်းကို တောင့်တသည်၊ သို့သော် ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည်” ဟူသည့် ဇာတ်ထုပ်ကို ကနေကြသည်။ သို့ဖြစ်၍ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်ကို လက်ခံပြီးသည့်နောက် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်နေဆဲဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးများကို မရရှိဆဲဖြစ်သည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသားပုန်ကန်မှု၏ ရလဒ်ပင် မဟုတ်ပေလော။...သူတို့သည် ဘုရားသခင်ပြောခဲ့သော နှုတ်ကပတ်တော်များကို “အဆုံးစွန်သစ္စာရှိ” သော်လည်း၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆန့်ကျင်ပြီး၊ ဆိုးယုတ်မှုနှင့် လှည့်ဖြားမှုများကို ကျူးလွန်သည့်အတွက်၊ သူတို့၏ စကားများနှင့် လုပ်ရပ်များသည် ရွံ့ရှာဖွယ်ခံစားရဆဲ ဖြစ်သည်။ အဆုံးထိတိုင် လိုက်မလျှောက်သော သူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်သောသူတို့နှင့်၊ ဟောင်းသောအလုပ်ကို ဖက်တွယ်သူတို့သည် ဘုရားသခင်အား သစ္စာရှိခြင်း မရှိသည့်အပြင်၊ ဆန့်ကျက်ဘက်ဖြစ်သည့်၊ ဘုရားသခင်ကို ဆန့်ကျင်သူများဖြစ်လာကာ၊ သူတို့သည် အပြစ်ဒဏ်ပေးခြင်းခံရမည့်သူ၊ ခေတ်သစ်က ငြင်းပယ်ခြင်းကို ခံရသည့်သူများ ဖြစ်လာကြသည်။ သူတို့ထက်ပိုပြီး သနားဂရုဏာသက်စရာ တစ်စုံတစ်ရာ ရှိသေးသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

လူသားသည်ငါ့အား ယေရှုခရစ်တော်ဟု အမြဲတစေ ခေါ်သော်လည်း ငါ၏နောက်ဆုံးသော ကာလအတွင်း၌ ခေတ်ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး အမှုသစ်တစ်ခု စတင်ဆောင်ရွက်ခဲ့သည်ကို လူသားတို့သည် မသိရှိခြင်းဖြစ်စေ၊ အမြဲတစေပင် ကယ်တင်ရှင်ယေရှု ကြွလာရန်သာ သဲသဲမဲမဲ စောင့်မျှော်ကြခြင်း ဖြစ်စေ ပြုလုပ်ကြပါက ထိုကဲ့သို့သော လူသားတို့အား ငါ့အပေါ် ယုံကြည်ကိုးစားခြင်း မရှိသူများဟု ခေါ်မည်။ ထိုသူတို့သည် ငါ့အား မသိကျွမ်းသူများသာဖြစ်ပြီး ငါ့အပေါ်ထားရှိသော သူတို့၏ ယုံကြည်မှုမှာ အတုအယောင်သာဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးတို့သည် ကယ်တင်ရှင်ယေရှု ကောင်းကင်ဘုံမှ ကြွလာခြင်းကို တွေ့မြင်နိုင်မည်လော။ ထိုသူတို့ စောင့်မျှော်သည်မှာ ငါ၏ ကြွလာခြင်း မဟုတ်ဘဲ ယုဒရှင်ဘုရင်၏ ကြွလာခြင်းသာ ဖြစ်သည်။ မသန့်စင်သော ကမ္ဘာမြေဟောင်းအား ငါ၏ အမြစ်ပြတ် ချေမှုန်းခြင်းကို ထိုသူတို့ တမ်းတနေသည်မဟုတ်ဘဲ သူတို့ ရွေးနှုတ်ခြင်းခံရမည် ဖြစ်သည့် ယေရှု၏ ဒုတိယကြိမ်မြောက် ပြန်ကြွလာခြင်းအား တောင့်တနေကြခြင်း ဖြစ်သည်၊ ညစ်ညမ်း၍ ဖြောင့်မတ် မှန်ကန်ခြင်းမရှိသော ဤမြေကြီးမှ လူသားမျိုးနွယ်အားလုံးကို ယေရှု နောက်တစ်ကြိမ် ရွေးနှုတ်ပေးရန် သူတို့မျှော်လင့် စောင့်စားနေကြခြင်း ဖြစ်သည်။ ထိုကဲ့သို့သောလူများက နောက်ဆုံးသော ကာလအတွင်း ငါ၏အမှုကို ပြီးမြောက်စေမည့်သူများ အဘယ်သို့ဖြစ်လာနိုင်မည်နည်း။ လူသား၏ စိတ်ဆန္ဒများက ငါ၏အလိုများ ပြီးပြည့်စုံခြင်း သို့မဟုတ် ငါ၏လုပ်ငန်းကို ပြီးမြောက်စေခြင်းကို မစွမ်းဆောင်နိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ငါယခင်က ဆောင်ရွက်ခဲ့သည့် အမှုကို အားကျရုံ သို့မဟုတ် မြတ်နိုးရုံမျှသာ တတ်နိုင်ကြပြီး ငါသည် မည်သည့်အခါမျှ အိုမင်းခြင်းမရှိဘဲ ထာဝရ သစ်လွင်နေသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ကို သူတို့ လုံးဝမသိပေ။ ငါသည် ယေဟောဝါ ဖြစ်သည်၊ ယေရှုဖြစ်သည်ကိုသာ လူသားသိရှိထားပြီး ငါသည် လူသားမျိုးနွယ်ကို အဆုံးသတ်ပေးမည့် နောက်ဆုံးနှင့်တစ်ဆူတည်းသော ဘုရားသခင်ဖြစ်သည်ကို အရိပ်အမြွက်မျှပင် မသိရှိကြပါ။ လူသား သိရှိပြီး တမ်းတသမျှသော အရာမှာ ၎င်း၏စိတ်ကူးနှင့် ၎င်းတို့မျက်လုံးများဖြင့် ကိုယ်တိုင် တွေ့မြင်နိုင်သော အရာသာဖြစ်သည်။ ယင်းက ငါလုပ်ဆောင်သော အမှုနှင့် တစ်ပြေးညီခြင်း၊ သဟဇာတဖြစ်ခြင်း မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” မှ

ဘုရားသခင်နာမတော်၏ အရေးပါမှုကို မသိခြင်းနှင့် ဘုရားသခင်၏ နာမတော်အသစ်ကို လက်မခံသည့် လူ့သား၏ ပြဿနာ သဘောသဘာဝကား အဘယ်နည်း။

အကယ်၍ သင်တို့သာ ထင်မြင်ယူဆချက်များ သုံးပြီး ဘုရားသခင်ကို မပြောင်းလဲနိုင်သော ရွှံ့စေးရုပ်တုပမာ သဘောထားကာ အသေးစိတ် ဖော်ပြတိုင်းတာရန်နှင့် ကိုယ်တော်အား အလုပ်အကိုင်နယ်ပယ် အကန့်အသတ်တစ်ခုထဲ ချုပ်ထိန်းထားကာ ကျမ်းစာထဲ၌သာ ဘောင်ခတ်ထားရန် ကြိုးစားမည်ဆိုပါက ဤအရာသည် သင်တို့က ဘုရားသခင်ကို ပြစ်မှားမိခြင်း၏ သက်သေပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဓမ္မဟောင်းခေတ်ကာလက ယုဒအမျိုးသားများသည် ဘုရားသခင်ကို ရုပ်တုဆင်းတုအဖြစ် သွန်းလုပ်ကြပြီး သူတို့နှလုံးသားထဲတွင် ဘုရားသခင်ကို မေရှိယဟုသာ ခေါ်ဆိုနိုင်ကြောင်းနှင့် မေရှိယဟု အခေါ်ခံရသော သူသာလျှင် ဘုရားသခင်ဖြစ်ကြောင်း မှတ်ယူပြီး ဘုရားသခင်ကို (အသက်မဲ့သော) ရွှံ့စေးရုပ်တုပမာ သဘောထားကာ ကိုးကွယ်အစေခံကြသည့်အတွက် ထိုခေတ်မှ ယေရှုကို ကားတိုင်ပေါ် သံမှိုဆွဲနှက်ပြီး သေဒဏ်ပေးကာ အပြစ်မဲ့သော ယေရှုကို သေဒဏ်ချမှတ်ခဲ့ကြသည်။ ဘုရားသခင်မှာ မည့်သည့်အပြစ်မှ မပြုခဲ့သော်ငြားလည်းဘဲ လူသားတို့မှာ ဘုရားသခင်ကို သက်ညှာထောက်ထားခြင်းမရှိ၊ တုန်လှုပ်ခြင်း စိုးစဉ်းမျှမရှိပဲ ကိုယ်တော်အား သေဒဏ်ပေးခဲ့ကြသည်။ ဤသို့ဖြင့် ယေရှုမှာ ကားစင်တင်သတ်ခံခဲ့ရ၏။ ဘုရားသခင်သည် ပြောင်းလဲခြင်း မရှိဟု လူတို့က အမြဲယုံကြည်လေ့ရှိပြီး ဘုရားသခင်၏ အစီအမံကို နားလည်သဘောပေါက်သည့် ပုံစံနှင့် ဘုရားသခင်လုပ်ဆောင်သမျှ အရာအားလုံးသည် ကိုယ်တော့်မှာ လူ့လက်ခုပ်ထဲ ရှိဘိသည့်အလား ကျမ်းစာအရ အဓိပ္ပာယ်သတ်မှတ် ဖွင့်ဆိုကြ၏။ လူသားများမှာ လွန်လွန်ကဲကဲပင် ရယ်ဖွယ်ရာဖြစ်နေကြပြီး လွန်လွန်ကဲကဲပင် မာနထောင်လွှားနေကြကာ သူတို့အားလုံးမှာ ချဲ့ကားပြောဆိုခြင်းကို ဝါသနာထုံကြ၏။ ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏အသိပညာမှာ မည်မျှပင်ကြီးမားနေစေကာမူ သင်သည် ဘုရားသခင်ကို မသိကျွမ်းကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်ဆုံးသောသူ တစ်ယောက်ပင်ဖြစ်ကြောင်း၊ ဘုရားသခင်က ပြီးပြည့်စုံအောင် ပြုပြင်ပေးထားသောလမ်းကို လိုက်မလျှောက်နိုင်၊ ဘုရားသခင်၏ လုပ်ဆာင်ချက်ကိုလည်း အဆုံးစွန်မလိုက်နာနိုင်သောကြောင့် သင်သည် ဘုရားသခင်အား ပြစ်မှားမိပြီဖြစ်ကြောင်း ငါပြောဦးမည်။ အဘယ်ကြောင့် ဘုရားသခင်သည် လူတို့၏ လုပ်ဆောင်ချက်များအပေါ် မည်သည့်အခါမျှ ကျေနပ်တော်မမူနိုင်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မသိကျွမ်း၊ သူ၌ အယူအဆများ များစွာရှိကာ၊ ဘုရားသခင်နှင့်ပတ်သက်ပြီး သူ၏အသိပညာမှာ လက်တွေ့အရှိတရားနှင့် တစ်စက်မျှပင် မကိုက်ညီသောကြောင့်ဖြစ်သည်၊ ထိုအစား သူသည် အပြောင်းအလဲမရှိဘဲ ဓာတ်ပြားဟောင်းကြီးကိုသာ ငြီးငွေ့ဖွယ် ပြန်ပြန်ဖွင့်နေပြီး အခြေအနေတိုင်းအတွက် တူညီသောကိုင်တွယ်ဖြေရှင်းနည်းကိုသာ အသုံးပြုသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ်တွင် ဘုရားသခင်သည် ကမ္ဘာမြေကြီးသို့ ဆင်းကြွလာမည်ဆိုပါက လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများမှ သံမှိုဆွဲနှက်ရိုက်ထားခြင်းကို ခံရဦးမည်ပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးသွမ်းသောများသူသည် အပြစ်ဒဏ်ပေးခြင်းကို ခံကြရလိမ့်မည်” မှ

ဖာရိရှဲတို့ ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း၏ အကြောင်းရင်းကို သင်တို့သိလိုသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုသလော။ သူတို့သည် မေရှိယအကြောင်း စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေခဲ့ကြသည်။ ထို့အပြင် မေရှိယလာမည်ဟုသာ သူတို့ယုံကြည်ခဲ့ပြီး အသက်တာ၏ သမ္မာတရားကို မရှာခဲ့ကြ။ ထို့ကြောင့် သူတို့သည် ယနေ့တိုင် မေရှိယကို စောင့်နေဆဲဖြစ်၏။ ထိုသူတို့သည် အသက်လမ်းကို မသိ၊ သမ္မာတရားလမ်းကိုလည်း မသိသောကြောင့် ဖြစ်၏။ ဤသို့ မိုက်မဲ၊ ခေါင်းမာ၍ အသိဉာဏ်ကင်းမဲ့သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရမည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို သူတို့သည် မည်သို့မြင်နိုင်ကြမည်နည်း။ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဦးတည်ရာကို မသိသဖြင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည်။ ဤသည်မှာ ယေရှုပြောသည့် သမ္မာတရားလမ်းကို သူတို့မသိသောကြောင့်ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို နားမလည်ခဲ့သောကြောင့်လည်း ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို မည်သည့်အခါမျှ မြင်ဖူးခြင်းမရှိ၊ မေရှိယနှင့်အတူ မည်သည့်အခါမျှ အဖော်ပြုခြင်း မရှိခြင်းတို့ကြောင့် မေရှိယ၏အနှစ်သာရကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေစဉ်အခါပင် မေရှိယ၏ နာမအပေါ် အချည်းနှီးသော ချီးကျူးဂုဏ်ပြုမှုကိုပေးပြီး အမှားပြုခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာ၍ ဝင့်ဝါပြီး သမ္မာတရားကို နာခံခြင်းမရှိကြ။ ထိုသူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံသဘောတရားမှာ ကိုယ်တော်၏တရားတော် မည်မျှပင်လေးနက်သည်ဖြစ်စေ၊ ကိုယ်တော်၏သြဇာအာဏာ မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု သတ်မှတ်မခံရလျှင် ကိုယ်တော်သည် ခရစ်တော်မဟုတ် ဟူ၍ဖြစ်သည်။ ဤအမြင်များသည် ကြီးကျယ်လွန်း၍ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ယေရှုကို အနည်းငယ်မျှပင် နားမလည်သည့်အတွက် ရှေးအကျဆုံးသော ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန်မလွယ်ကူပေသလောဟု ငါသင်တို့ကို တစ်ဖန်ပြန်မေး၏။ သင်သည် သမ္မာတရားလမ်းကို သိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်နောက် လိုက်နိုင်မည်လော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက သင်သည် သေခြင်း၏ချောက်ကမ်းပါးတွင် နေလျက်ရှိနေပြီဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူခပ်သိမ်းသည် ယေရှုကိုဆန့်ကျင်ခြင်း၊ ယေရှုကိုငြင်းပယ်ခြင်း၊ သူ့ကို အသရေဖျက်ခြင်းများ လုပ်နိုင်စွမ်းရှိခဲ့သည်။ ယေရှုကို နားမလည်သူခပ်သိမ်းသည် သူ့ကို ငြင်းပယ်ခြင်းနှင့် သူ့ကို ဝေဖန်ပုတ်ခတ်ခြင်းများ ပြုနိုင်စွမ်းရှိသည်။ ထို့အပြင် သူတို့အားလုံးသည် ယေရှုတစ်ဖန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုဟု မြင်နိုင်စွမ်းရှိကြပြီး ယေရှုခရစ် လူ့ဇာတိတစ်ဖန်ခံယူ၍ ပြန်လာခဲ့သည်ကို သာ၍များသောလူတို့က ရှုတ်ချလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို ကြောက်ရွံ့စိတ် မပေါ်စေသလော။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်မှ အသင်းတော်တို့ကို ပြောသည့် နှုတ်ကပတ်တော်များကို ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှုထုတ်ဖော်ပြောဆိုခဲ့သည့် အရာခပ်သိမ်းကို ပစ်ပယ်ခြင်းတို့နှင့် သင်တို့ရင်ဆိုင်ရမည်။ အကယ်၍ သင်တို့သည် ဤမျှစိတ်ရှုပ်ထွေးနေပါက ယေရှုထံမှ မည်သည့်အရာ ရယူနိုင်မည်နည်း။ သင်တို့၏အမှားများကို အသိအမှတ်ပြုရန် ခေါင်းမာစွာ ငြင်းဆိုပါက ဖြူသောမိုးတိမ်ပေါ်မှ လူ့ဇာတိသို့ ယေရှုပြန်ကြွလာချိန်တွင် သူ၏ အမှုတော်ကို သင်တို့သည် မည်သို့နားလည်နိုင်မည်နည်း။ သမ္မာတရားကို လက်မခံသော်လည်း ဖြူသောမိုးတိမ်ပေါ်မှ ယေရှုကြွလာသည်ကို ကြောင်းကျိုးမမြင် စောင့်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမည်မှာသေချာပြီး ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်မည့် အမျိုးအစားဖြစ်ကြောင်း ငါသင်တို့ကိုပြော၏။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုသာ လိုလား၍ ပျော်ရွှင်ဖွယ်ရာ ကောင်းကင်ဘုံကိုသာ ခံစားလိုကြသော်လည်း ယေရှုပြောသော နှုတ်ကပတ်တော်များကို မည်သည့်အခါကမျှ နာခံခဲ့ခြင်းမရှိဘဲ သူလူ့ဇာတိသို့ တစ်ဖန်ကြွလာချိန်တွင် သူထုတ်ဖော်ပြောခဲ့သည့် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံရရှိခြင်း မရှိခဲ့ပေ။ ဖြူသောမိုးတိမ်ပေါ်မှ ယေရှုတစ်ဖန်ကြွလာသည့်အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို ခိုင်မြဲစွာ ကိုင်ဆွဲထားမည်နည်း။ အပြစ်များ ကြိမ်ဖန်များစွာကျူးလွန်၍ ထပ်တလဲလဲ အပြစ်ဝန်ခံသည့် သင်တို့၏ ရိုးဖြောင့်မှုလော။ ဖြူသောမိုးတိမ်ပေါ်မှ တစ်ဖန်ကြွလာသည့်ယေရှုအတွက် သင်တို့ မည်သည့်အရာကို ဆက်ကပ်ပူဇော်မည်နည်း။ သင်တို့ကိုယ်သင်တို့ချီးမြှောက်သည့် နှစ်ပေါင်းများစွာသော အလုပ်ကိုလော။ တစ်ဖန်ပြန်ကြွလာသည့် ယေရှုအနေဖြင့် သင်တို့အပေါ် ယုံကြည်စိတ်ချစေရန် သင်တို့မည်သည့်အရာကို ကိုင်ဆွဲထားမည်နည်း။ မည်သည့်သမ္မာတရားကိုမျှ လိုက်နာခြင်းမရှိသည့် သင်တို့၏ ဝင့်ဝါသောသဘာဝလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်” မှ

ယခင်က:ဘုရားသခင်၏ နာမတော် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်၊ သို့သော် ကိုယ်တော်၏ အနှစ်သာရကား ဘယ်သောအခါမျှ မပြောင်းလဲပါ။

နောက်တစ်ခုသို့:ကျေးဇူးတော်ကာလတွင် သခင်ယေရှု ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များနှင့် နိုင်ငံတော်ခေတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များအကြား မည်သည့်ကွဲပြားမှု ရှိပါသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ