၃) အစေခံသူတို့နှင့် ဘုရားသခင်၏ လူများ၏ အဆုံးသတ်များကြား ကွဲပြားခြားနားမှုများမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခု (သားဦးများမှအပ လူအားလုံးကို ဆိုလိုခြင်း) လူသားအများစုသည် ဤအခြေအနေတွင် ရှိကြသည်။ ဤအရာများကို အင်မတန် ရှင်းလင်းပြတ်သားမှုဖြင့် ငါထောက်ပြပြီးဖြစ်သော်လည်း၊ ဤလူတို့သည် တုံ့ပြန်မှု မရှိကြသကဲ့သို့၊ ၎င်းတို့၏ ဇာတိသွေးသား ပျော်ရွှင်မှုများကို ဂရုစိုက်နေကြဆဲဖြစ်သည်၊ ၎င်းတို့ စားလိုက် အိပ်လိုက်၊ အိပ်လိုက် စားလိုက် လုပ်နေသည်။ ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်း မရှိကြပေ။ ၎င်းတို့ အားထုတ်သည့်အခါတွင်ပင်၊ ယင်းသည် တစ်ခဏမျှသာဖြစ်သည်။ နောက်ပိုင်းတွင် ငါ့အား လုံးဝ နားမထောင်ခဲ့ကြသည့်အလား လုံးဝ မပြောင်းလဲဘဲလျက်၊ ၎င်းတို့ ရှိခဲ့ကြသည့်အတိုင်း ရှိနေကြဆဲဖြစ်သည်။ ဤသည်မှာ ဝန်ထုပ်ဝန်ပိုးများ မရှိသော ထုံးစံအတိုင်းဖြစ်သည့် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် အသိသာဆုံးသော ကပ်ပါးရပ်ပါးများ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ငါသည် ၎င်းတို့အား တစ်ယောက်ပြီး တစ်ယောက် စွန့်ပယ်မည်။ မစိုးရိမ်နှင့်။ တစ်ယောက်ပြီး တစ်ယောက် ငါသည် ၎င်းတို့အား အနက်ဆုံးသော တွင်းထဲသို့ ပြန်ပို့မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သော လူအမျိုးအစား ပေါ်၌ မည်သည့်အခါမျှ အမှုမပြုဖူးသကဲ့သို့၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် ၎င်းတို့ ရရှိပြီးဖြစ်သည့် ဆုကျေးဇူးများမှ လာပေသည်။ ဆုကျေးဇူးအကြောင်းကို ငါပြောဆိုသည့်အခါ၊ ဤသူတို့မှာ ငါ၏ အစေခံသူများဖြစ်သည့် အသက်မရှိသော လူများဖြစ်သည်ကို ဆိုလိုပေသည်။ ငါသည် ၎င်းတို့ထဲမှ မည်သူကိုမျှ မလိုချင်သကဲ့သို့၊ ၎င်းတို့အား ငါသုတ်သင်ဖယ်ရှားမည် (သို့သော် ယခုတွင်မူ ၎င်းတို့သည် အနည်းငယ် အသုံးဝင်ကြသေးသည်)။ အစေခံသူများဖြစ်ကြသော အသင်တို့ နားထောင်ကြလော့။ သင်တို့ကို ငါ၏အသုံးပြုနေခြင်းမှာ သင့်အား ငါမျက်နှာသာပေးသည်ကို ဆိုလိုသည်ဟု မထင်ကြနှင့်။ ယင်းမှာ သိပ်လွယ်ကူလှသည် မဟုတ်။ အကယ်၍ သင်သည် ငါ့အား သင့်ကို မျက်နှာသာ ပေးစေလိုပါက၊ သင်သည် ငါလက်ခံသောသူနှင့် ငါကိုယ်တိုင် ကိုယ်ကျ စုံလင်စေသောသူတစ်ဦး ဖြစ်ရမည်။ ဤသည်မှာ ငါချစ်သော လူအမျိုးအစား ဖြစ်သည်။ လူတို့က ငါသည် အမှားတစ်ခု ပြုမိပြီဟု ဆိုကြလျှင်ပင်၊ ငါသည် လုံးဝ ကတိပျက်မည် မဟုတ်ပေ။ ဤအရာကို သင်သိသလော။ အစေခံခြင်းကို ပေးသောသူများသည် ကျွဲနွားနှင့် မြင်းများသာ ဖြစ်ကြသည်။ ၎င်းတို့သည် အဘယ်သို့ ငါ၏ သားဦးများ ဖြစ်နိုင်ကြမည်နည်း။ ယင်းမှာ အဓိပ္ပာယ်မဲ့မည် မဟုတ်လော။ ယင်းမှာ သဘာဝ၏ နိယာမများအား ဖောက်ဖျက်မှုတစ်ခု ဖြစ်မည် မဟုတ်လော။ ငါ၏ အသက်နှင့် ငါ၏ အရည်အချင်း ရှိသောသူ မည်သူမဆိုသည် ငါ၏ သားဦးများ ဖြစ်ကြသည်။ ဤသည်မှာ ယုတ္တိတန်သောအရာ ဖြစ်သည်။ မည်သူမျှ ယင်းကို မငြင်းနိုင်။ ယင်းသည် ထိုသို့ ဖြစ်ရပေမည်။ သို့မဟုတ်ပါက ဤအခန်းကဏ္ဍတွင် လုပ်ဆောင်နိုင်သောသူမည်သူမျှ ရှိမည်မဟုတ်သကဲ့သို့၊ ယင်းအတွက် အစားထိုးနိုင်သောသူ မည်သူမျှ ရှိမည် မဟုတ်ပေ။ ငါသည် ဖြောင့်မတ်သော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည့်အတွက်၊ ဤသည်မှာ စိတ်ခံစားချက်ကို အကြောင်းပြု၍ ဆောင်ရွက်သည့် ကိစ္စတစ်ခု မဟုတ်ပေ။ ငါသည် သန့်ရှင်းသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ငါသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည့်၊ ပုန်ကန်ပြစ်မှား၍မရသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်၏ အမှု အပြီးသတ်သည့်အချိန်တွင်၊ လူတစ်ဦးသည် “အစေခံသူ” ဟူသည့် အမည်နာမကို ဖယ်ရှားပြီးဖြစ်ပါက၊ ဤအမည်နာမကို အရေးမစိုက်ဘဲ ထားပြီးဖြစ်ကာ ဤအခြေအနေကို ချန်ထားရစ်ပြီးဖြစ်ပါက၊ ဤသည်မှာ အောင်ပွဲခံခြင်းအတွက် အကြောင်းတရားဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤသူသည် ဘုရားသခင်၏အမြင်တွင် သာမန်လူတစ်ဦး သို့မဟုတ် မယုံကြည်သူတစ်ဦး မဟုတ်တော့ဟု ဆိုလိုသည်။ ၎င်းတို့သည် ယခု ဘုရားသခင်၏ အိမ်တော်နှင့် နိုင်ငံတော်နှင့်ဆိုင်သော လူများ ဖြစ်ကြသည်။ ဘုရားသခင်၏ အိမ်တော်နှင့် နိုင်ငံတော်၏ အဖွဲ့ဝင်တစ်ဦးဟူသည့် ဤအမည်နာမသည် မည်သည့်နေရာမှ လာသနည်း။ ယင်းကို လူတို့က မည်သို့ ရရှိကြသနည်း။ ယင်းသည် အဖိုးအခတစ်ခု ပေးပြီးနောက်လာပြီး၊ သမ္မာတရားကို သိနားလည်မှုမှတစ်ဆင့် လာပြီး၊ သင်သည် သမ္မာတရားကို လိုက်စားပြီးဖြစ်ကာ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှု အဆင့်တစ်ခုထိ ရောက်ရှိပြီးဖြစ်သည်။ ယခု သင်သည် ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ပြီး သူ့ကို ကြောက်ရွံ့နိုင်သည်၊ ပြီးလျှင် သင်သည် သူ၏ အိမ်တော်သားတစ်ဦး ဖြစ်လာပြီး ဖြစ်သည်။ ယောဘနှင့် ပေတရုတို့ကဲ့သို့၊ သင်သည် စာတန်၏ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကို ကြုံဖို့ မလိုအပ်တော့ပေ။ သင်သည် ဘုရားသခင်၏ အိမ်တော်နှင့် သူ၏ နိုင်ငံတော်ထဲတွင် လွတ်လပ်စွာ အသက်ရှင်နိုင်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တိုက်ခိုက်တွန်းလှန်စရာ မလိုအပ်တော့ပေ။ သင်သည် ဘုရားသခင်၏ အမြင်တွင် စစ်မှန်သည့် ဖန်ဆင်းခံအရာတစ်ခု ဖြစ်ပြီး စစ်မှန်သော လူသားတစ်ဦး ဖြစ်သည်။ ဤအရာက စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူတစ်ဦးက ခံခဲ့ရသည့် ခက်ခဲသည့်နေ့ရက်များ လုံးဝ ပြီးဆုံးသွားပြီဟု ဆိုလိုပေသည်။ ယခုသည် လူတစ်ဦးက ဖန်ဆင်းရှင်၏ မျက်နှာအလင်းတွင် အသက်ရှင်နိုင်ပြီး ဘုရားသခင်ဘေးတွင် အသက်ရှင်နိုင်သည့် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်း အချိန်ကာလ ဖြစ်သည်။ ဤသည်မှာ အောင်ပွဲခံရမည့်အရာတစ်ခု ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့သော်၊ အဆုံးတွင် အခြားလူတို့သည် “အစေခံသူများ” ဟူသည့် အမည်နာမကို မစွန့်ပစ်ကြသေးသကဲ့သို့ ဘုရားသခင်၏အမှု အဆုံးသတ်သည့် အခိုက်အတန့်တွင်၊ ၎င်းတို့သည် “အစေခံသူများ” ဟူသည့် အမည်နာမ၊ ၎င်းတို့၏ ခေါင်းများပေါ်တွင် ၎င်းတို့ ဆောင်းထားသည့် “အောင်ဆုများ၏ သရဖူ”ကို မဖယ်ရှားကြသေးချေ။ ဤအရာက မည်သည်ကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် သာမန်လူများ အဖြစ် ရှိနေမည်ဟု ဆိုလိုသည်။ ယင်းမှာ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြဆဲဖြစ်လိမ့်မည်ဟု ဆိုလိုသည်။ ယင်းသည် အဘယ်ကြောင့် ဤအရာနှစ်ခုကို ဆိုလိုသနည်း။ အကြောင်းရင်းက ထိုလူတို့သည် သူ့ကို ကြောက်ရွံ့ဖို့မဆိုထားနှင့်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြ၊ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု မစွမ်းဆောင်မရရှိကြသေးသကဲ့သို့ ဘုရားသခင်ကို မကျိုးနွံမနာခံနိုင်ကြဟူသည့် အချက်တွင် တည်ရှိပေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်နှင့် နိုင်ငံတော်ထဲတွင် ပါဝင်ကြလိမ့်မည်မဟုတ်ပေ။ ထိုနေရာတွင် ပါဝင်ကြမည်မဟုတ်သည့်အတွက်၊ ၎င်းတို့ မည်သည့်နေရာတွင် နေကြလိမ့်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော် ပြင်ပတွင် နေကြရလိမ့်မည်။ ထိုသို့သော လူတို့ကို “အစေခံသူများ”ဟု ခေါ်ကြလိမ့်ဦးမည်ဖြစ်သည်၊ ယင်းမှာ ၎င်းတို့ကို ဘုရားသခင်က သူ၏ နောက်လိုက်များအဖြစ် မြင်လိမ့်မည်မဟုတ်သကဲ့သို့ ၎င်းတို့သည် သူ၏ အိမ်တော်သားများ ဖြစ်မလာကြသေးသည်ကို ဆိုလိုပေသည်။ ယင်းမှာ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင်၏ နောက်လိုက်များ မဖြစ်နိုင်ကြသကဲ့သို့၊ ဘုရားသခင်သည် ၎င်းတို့ကို အသိအမှတ်မပြုဟုလည်း ဆိုလိုပေသည်။ ၎င်းတို့သည် သူ၏ကောင်းချီးမင်္ဂလာများ သို့မဟုတ္ ကျေးဇူးတော်များကို မည်သည့်အခါမျှ တစ်ဖန် ရရှိမည် မဟုတ်ပေ။ ဟုတ်ပေ၏၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်နှင့်အတူ သူ၏ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သော ကောင်းချီးမင်္ဂလာများကို အတူခံစားဖို့ သို့မဟုတ် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရရှိဖို့ အခွင့်အရေးတစ်ခု မည်သည့်အခါတွင်မျှ ရှိကြလိမ့်မည် မဟုတ်ဟုလည်း ဆိုလိုပေသည်။ ထိုသို့သော အခွင့်အရေးများ ကုန်ဆုံးသွားလိမ့်မည်။ ထို့ကြောင့် ၎င်းတို့အတွက်၊ ဤသည်မှာ အောင်ပွဲခံဖို့ ဝမ်းမြောက်စရာ အခိုက်အတန့် ဖြစ်လိမ့်မည်လော သို့မဟုတ် ဝမ်းနည်းဖွယ်ရာ အခိုက်အတန့်တစ်ခု ဖြစ်လိမ့်မည်လော။ ဝမ်းနည်းဖွယ်ရာ အခိုက်အတန့်တစ်ခု ဖြစ်လိမ့်မည်။ “အစေခံသူများ” ဟူသည့် အမည်နာမရှိစဉ် ဘုရားသခင်၏ အိမ်တော်နှင့် နိုင်ငံတော်ပြင်ပတွင် ၎င်းတို့ မည်သို့ ဆက်ဆံခံရမည် ဆိုသည်အတွက်မူ၊ ယင်းသည် နောက်ပိုင်းတွင် ဖြစ်လာမည့်အရာတစ်ခု ဖြစ်ပြီး၊ ယခု ယင်းကို ငါတို့ ပြောဆိုလိမ့်မည် မဟုတ်။ တိုတိုပြောရလျှင်၊ ၎င်းတို့ ဆက်ဆံခံရမည့်ပုံသည် ဘုရားသခင်၏ နိုင်ငံတော်ထဲက လူတို့ ဆက်ဆံခံရသည့်ပုံနှင့် အလွန့်အလွန် ကွဲပြားပေလိမ့်မည်၊ ယင်းသည် ၎င်းတို့ ရရှိမည့် အဆင့်အတန်းနှင့် ဆက်ဆံခံရမှု၊ ပြီးလျှင် အခြားသွင်ပြင်လက္ခဏာအားလုံးအရ ကွဲပြားလိမ့်မည် ဖြစ်သည်။ ဘုရားသခင် အမှုပြုခဲ့ပြီး လူသားမျိုးနွယ်ထံ ကယ်တင်ခြင်း ဆောင်ကြဉ်းခဲ့သည့် အချိန်တွင် လူတို့က သမ္မာတရားကို မရရှိသေး သို့မဟုတ် စိတ်သဘောထား ပြောင်းလဲမှု စွမ်းဆောင်မရရှိသေးသည့် အချက်သည် ၎င်းတို့အား သနားကရုဏာသက်စရာဖြစ်စေသည် မဟုတ်လော။ ၎င်းတို့သည် အလွန် သနားကရုဏာသက်စရာဖြစ်၏။ ဤသည်တို့သည် “အစေခံသူများ” ဟူသည့် အမည်နာမအကြောင်း ပြောထားသည့် အရာတစ်ချို့ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၇)” မှ

အစေခံသူများသည်လည်း သစ္စာစောင့်သိရမည်ဖြစ်၏။ သင်၏ဇာစ်မြစ် သို့မဟုတ် ဘုရားသခင်သည် သင့်ကို အဘယ်ကြောင့် ရွေးချယ်သည်ကို ပဓာနမထားဘဲ၊ သင်သည် ဘုရားသခင်ကိုလည်းကောင်း၊ သင့်ကို ဘုရားသခင် အပ်နှံသည့် မည်သည့် စေခိုင်းချက်တာဝန်များကိုမဆို၊ ပြီးလျှင် သင် တာဝန်ရှိသည့် အလုပ်နှင့် သင်ထမ်းဆောင်သည့် တာဝန်များကိုလည်းကောင်း သစ္စာစောင့်သိရမည်။ ဘုရားသခင်ကို သစ္စာစောင့်သိခြင်းနှင့် ကျေနပ်စေခြင်းငှာ တတ်စွမ်းနိုင်သည့် အစေခံသူများအတွက်၊ ၎င်းတို့၏အဆုံးသတ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့ ဆက်လက်တည်ရှိနိုင်ကြလိမ့်မည်။ ဆက်လက်တည်ရှိသော အစေခံသူများဖြစ်ဖို့ရန်မှာ ကောင်းချီးမင်္ဂလာ တစ်ခုလော။ ဆက်လက်တည်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤကောင်းချီးမင်္ဂလာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ အဆင့်အတန်းတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံရသူများနှင့် တူပုံမရပေ။ ၎င်းတို့သည် ကွဲပြားပုံရ၏။ သို့သော် အမှန်တွင်၊ ဤဘဝတွင် ၎င်းတို့ မွေ့လျော်သည့် အရာသည် ဘုရားသခင်၏ ရွေးချယ်ခံသူတို့ မွေ့လျော်သည့်အရာနှင့် တူညီသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့်၊ ယင်းသည် ဤဘဝတွင် တူညီပေသည်။ ဤအရာကို သင်တို့ မငြင်းကြပေ၊ ဟုတ်သည်မဟုတ်လော။...သင်သည် သစ္စာစောင့်သိသော အစေခံသူတစ်ဦး ဖြစ်နိုင်ပါက၊ အဆုံးထိတိုင်အောင် အစေခံနိုင်ပြီး သင့်ကို ဘုရားသခင် အပ်နှံထားသည့် စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းနိုင်ပါက၊ သင်သည် တန်ဖိုးရှိသော အသက်တာကို အသက်ရှင်လိမ့်မည်ဖြစ်သည်။ ဤအရာကို သင် လုပ်ဆောင်နိုင်ပါက၊ သင်သည် ဆက်လက် တည်ရှိနိုင်လိမ့်မည်။ သင်သည် ဘုရားသခင်ကို သိရန် အနည်းငယ် သာ၍အားထုတ်ပါက၊ အနည်းငယ် သာ၍ကြိုးစားပါက၊ ဘုရားသခင်ကိုသိရန် သင်၏ကြိုးပမ်းအားထုတ်မှုများကို ဆတက်ထမ်းပိုး ပြုလုပ်နိုင်ပါက၊ ဘုရားသခင်ကို သိခြင်းအကြောင်း အနည်းငယ်ပြောဆိုနိုင်ပါက၊ သူ့အဖို့ သက်သေခံနိုင်ပါက၊ သည့်အပြင် သူ၏ အလိုတော်နှင့်သက်ဆိုင်သည့် တစ်စုံတစ်ရာကို သင် နားလည်နိုင်ပါက၊ ဘုရားသခင်၏အမှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အတော်အတန် အရေးထားနိုင်ပါက၊ သင်သည် အစေခံသူတစ်ဦးအနေဖြင့် အခွင့်အလမ်းတွင် ပြောင်းလဲမှုတစ်ခု တွေ့ကြုံရလိမ့်မည်ဖြစ်သည်။ ဤအခွင့်အလမ်း၌ ပြောင်းလဲမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်သည် ဆက်လက်တည်ရှိရုံသက်သက် ဖြစ်လိမ့်မည် မဟုတ်တော့ပေ။ သင်၏အပြုအမူအနေအထိုင်၊ သင်၏ကိုယ်ပိုင် မျှော်မှန်းချက်များနှင့် လိုက်စားမှုများအပေါ် မူတည်၍၊ ဘုရားသခင်သည် သင့်ကို ရွေးချယ်ခံရသူများထဲမှ တစ်ဦးဖြစ်စေလိမ့်မည်။ ဤအရာသည် အခွင့်အလမ်းထဲက သင်၏ ပြောင်းလဲမှု ဖြစ်လိမ့်မည်။ အစေခံသူများအတွက်၊ ဤအရာနှင့်ပတ်သက်၍ အကောင်းဆုံးသော အရာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ရွေးချယ်ခံရသူ ဖြစ်လာနိုင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ဖြစ်ပါက၊ ယင်းမှာ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည့်ပုံစံကဲ့သို့ တိရစ္ဆာန်များအဖြစ် ဝင်စားတော့မည်မဟုတ်ဟု ဆိုလိုပေသည်။ ယင်းမှာ ကောင်းပါ၏လော။ ကောင်းပေသကဲ့သို့ သတင်းကောင်းလည်း ဖြစ်၏- ယင်းမှာ အစေခံသူများသည် ပုံသွင်း၍ရသည်ဟု ဆိုလိုပေသည်။ အစေခံသူများအတွက်၊ ဘုရားသခင်သည် ၎င်းတို့ကို အစေခံဖို့ ခွဲခန့်မှတ်သားလိုက်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ထိုသို့ ထာဝရ လုပ်ဆောင်ကြလိမ့်မည်ဆိုသည်မှာ မမှန်ပေ။ ထိုသို့ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်သည် ဤလူ၏ တစ်ဦးချင်း အပြုအမူနှင့် သင့်လျော်သည့် နည်းလမ်းဖြင့် ၎င်းတို့ကို ကိုယ်တွယ်ကာ တုန့်ပြန်မည်ဖြစ်သည်။

သို့ရာတွင်၊ တကယ့်အဆုံးထိတိုင် အစေမခံနိုင်သည့် စေခံသူများ ရှိ၏။ ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ လမ်းတစ်ဝက်၌ အရှုံးပေးကာ ဘုရားသခင်ကို စွန့်ပစ်သူများအပြင် အပြစ်များ တစ်သီတစ်တန်း ကျူးလွန်သော လူများ ရှိကြ၏။ ဘုရားသခင်၏ အမှုကို ကြီးမားသော ထိခိုက်မှု ဖြစ်စေပြီး ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေါ်စေသည့်သူများပင်ရှိပြီး၊ ဘုရားသခင်အား ကျိန်ဆဲသည့် အစေခံသူများ စသည်ဖြင့်ပင် ရှိကြ၏။ ဤသို့ ပြင်၍ မရသော အကျိုးဆက်များသည် မည်သည့်အရာကို ညွှန်ပြသနည်း။ ထိုသို့သော ဆိုးယုတ်သည့် လုပ်ရပ်တစ်ခုတစ်လေသည် ၎င်းတို့၏အစေခံမှု အဆုံးသတ်ခြင်းကို ညွှန်ပြပေလိမ့်မည်။ သင်၏ အစေခံမှုအတွင်း သင်၏အပြုအမူသည် လွန်ကဲစွာ ညံ့ဖျင်းလွန်းသောကြောင့်နှင့် သင်သည် လွန်လွန်းပြီ ဖြစ်သောကြောင့်၊ သင်၏အစေခံမှုက စံမမီသည်ကို ဘုရားသခင် တွေ့သည်နှင့်တစ်ပြိုင်နက်၊ သူသည် သင်၏ အစေခံရန် အရည်အချင်း ပြည့်မီမှုကို ဖယ်ရှားမည်ဖြစ်သည်။ သင့်ကို သူ အစေခံခွင့်ပြုတော့မည် မဟုတ်ပေ။ သူသည် သင့်အား သူ၏တကယ့်မြင်ကွင်းရှေ့နှင့် ဘုရားသခင်၏ အိမ်တော်မှ ဖယ်ရှားလိမ့်မည် ဖြစ်သည်။ သင်သည် အစေမခံလိုသည်မှာ ဟုတ်ပါသလော။ သင်သည် စဉ်ဆက်မပြတ် မကောင်းမှု ပြုလိုလျက်ရှိသည် မဟုတ်လော။ သင်သည် တစ်သမတ်တည်း သစ္စာမဲ့သည် မဟုတ်လော။ ကိုင်း ဒီလိုဆို၊ လွယ်ကူသည့် ဖြေရှင်းချက်တစ်ရပ် ရှိ၏- သင်၏ အစေခံရန် အရည်အချင်းပြည့်မီမှု ဖယ်ရှားခံရမည်ဖြစ်သည်။ ဘုရားသခင်အဖို့၊ အစေခံတစ်ဦးထံမှ ၎င်း၏ အစေခံရန် အရည်အချင်းပြည့်မီမှုကို ဖယ်ရှားခြင်းဆိုသည်မှာ ဤအစေခံသူ၏ အဆုံးသတ်ကို ကြေညာလိုက်ပြီ ဖြစ်သည်ဟု ဆိုလိုပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို အစေခံရန် အရည်အချင်းမီတော့မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤလူ၏အစေခံမှုကို နောက်ထပ် မလိုအပ်တော့သကဲ့သို့၊ မည်မျှကောင်းမွန်သော အရာများကို ၎င်းတို့ ပြောကောင်းပြောကြပါစေ၊ ထိုစကားများသည် အချည်းနှီး ဖြစ်ပေလိမ့်မည်။ အမှုအရာများ ဤအဆင့်ထိ ရောက်သည့်အခါတွင်၊ အခြေအနေသည် ပြန်လည်ပြုပြင်မရနိုင်သောအရာ ဖြစ်လာပြီးဖြစ်လိမ့်မည်။ ဤကဲ့သို့သော အစေခံသူများသည် ပြန်လမ်းရှိလိမ့်မည် မဟုတ်။ ပြီးလျှင် ဤကဲ့သို့သော အစေခံသူများကို ဘုရားသခင်သည် မည်သို့ ကိုင်တွယ်ဖြေရှင်း သနည်း။ သူသည် ၎င်းတို့အား အစေခံမှုမှ ရပ်စဲရုံမျှ ရပ်စဲသလော။ မဟုတ်ပေ။ သူသည် ၎င်းတို့အား ဆက်လက်တည်ရှိနေခြင်းမှ တားဆီးရုံမျှ တားဆီး သလော။ သို့မဟုတ် သူသည် ၎င်းတို့အား ဘေးဖယ်ထားပြီး၊ ၎င်းတို့ ပြောင်းလဲမှုတစ်ခု ပြုလုပ်ရန် စောင့်ဆိုင်းသလော။ မစောင့်ဆိုင်းပေ။ ဘုရားသခင်သည် အစေခံသူများနှင့် ပတ်သက်လာသည့်အခါ အမှန်တကယ် သိပ်ချစ်ခင်သည် မဟုတ်ပေ။ လူတစ်ဦးသည် ဘုရားသခင်ကို ၎င်းတို့၏ အစေခံရာ၌ ဤသဘောထားမျိုးရှိပါက၊ ဤသဘောထား၏ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်သည် ၎င်းတို့၏ အစေခံရန် အရည်အချင်း ပြည့်မီမှုကို ဖယ်ရှားလိမ့်မည် ဖြစ်ပြီး၊ မယုံကြည်သူများအလယ်သို့ ၎င်းတို့ကို နောက်တစ်ကြိမ် ပြန်ပစ်ထည့်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် မယုံကြည်သူများ အလယ် ပြန်ပစ်ခြင်းခံရသော အစေခံသူတစ်ဦး၏ ကံကြမ္မာမှာ အဘယ်နည်း။ မယုံကြည်သူများ၏ ကံကြမ္မာနှင့် အတူတူဖြစ်၏- ၎င်းတို့သည် တိရစ္ဆာန် တစ်ကောင်အဖြစ် ပြန်ဝင်စားစေခြင်းခံရမည်ဖြစ်ပြီး၊ မယုံကြည်သူများကဲ့သို့ ဝိညာဉ်လောကတွင် အလားတူ အပြစ်ပေးခြင်းကို ရရှိမည် ဖြစ်သည်။ ထို့အပြင်၊ ထိုသို့သော လူသည် ဘုရားသခင်၏ အမှုနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိတော့သည့်အတွက်၊ ဘုရားသခင်သည် ဤလူ၏အပြစ်ဒဏ်တွင် ကိုယ်တိုင် မည်သည့်စိတ်ဝင်စားမှုမျှ ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှု အသက်တာ၏နိဂုံး ဖြစ်သည်သာမက၊ ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာ၏ နိဂုံးဖြစ်သည့်အပြင်၊ ၎င်းတို့ကံကြမ္မာနှင့် သက်ဆိုင်သည့် ကြေညာချက်လည်း ဖြစ်သည်။ ထို့ကြောင့်၊ အစေခံသူများသည် ညံ့ဖျင်းစွာ အစေခံပါက၊ မိမိတို့ကိုယ်တိုင် အကျိုးဆက်များကို ခံစားရမည်ဖြစ်သည်။ အစေခံသူတစ်ဦးသည် တကယ့်အဆုံးထိတိုင် အစေခံနိုင်စွမ်းမရှိပါက၊ သို့မဟုတ် လမ်းတစ်ဝက်တွင် ၎င်းတို့၏ အစေခံရန် အရည်အချင်းပြည့်မီမှု ဖယ်ရှားခံရပါက၊ မယုံကြည်သူများအလယ်သို့ ပစ်ထည့်ခြင်း ခံရမည်ဖြစ်ပြီး- ဤအရာဖြစ်ပျက်ပါက၊ ထိုသို့သော လူသည် ခြံမွေးတိရစ္ဆာန်များ နည်းတူ၊ အသိဉာဏ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိသော လူများနည်းတူ ကိုင်တွယ်ဖြေရှင်းခြင်း ခံရလိမ့်မည်ဖြစ်သည်။ ငါဤသို့ပြောသည့်အခါ၊ သင်တို့နားလည်နိုင်သည်၊ မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

အနာဂတ်တွင် အနားယူခြင်း အခြေအနေတစ်ခု၌ ရှင်သန်ကြမည့် လူအားလုံးသည် ဘေးဒုက္ခ နေ့ရက်ကို သည်းခံကြရပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ဘုရားသခင်အတွက် သက်သေလည်း ခံကြပြီး ဖြစ်လိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းပြီးသူများနှင့် ဘုရားသခင်ကို တမင်သက်သက် ကျိုးနွံနာခံပြီးသူများ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အစေခံခြင်း ပြုဖို့ အခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိသူတို့သည် ကျန်ရှိခွင့် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် တစ်ဦးစီတိုင်း၏ ရလဒ်နှင့်ဆိုင်သည့် အစီအစဉ်အတွက် သင့်လျော်သော စံချိန်စံညွှန်းများ ရှိသည်။ သူသည် တစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် အပြုအမူနှင့်အညီ ဤဆုံးဖြတ်ချက်များကို မပြုလုပ်သကဲ့သို့၊ အချိန်ကာလ တစ်ခုအတွင်း တစ်ဦးတစ်ယောက် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် အခြေခံကာ ဤဆုံးဖြတ်ချက်များကို ပြုလုပ်သည်လည်း မဟုတ်ပေ။ သူ့အတွက် ၎င်းတို့၏ အတိတ်က အစေခံမှုကြောင့် တစ်ဦးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်သည် လုံးဝ သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါမျှ အသုံးခံခဲ့မှုကြောင့်လည်း၊ တစ်ဦးတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ဆိုးယုတ်မှုအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို မရှောင်လွှဲနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကို ဖုံးကွယ်ကာ၊ ထိုသို့ဖြင့် ဖျက်ဆီးခံရခြင်း၏ ညှဉ်းဆဲမှုများကို မရှောင်တိမ်းနိုင်ပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်ကြပါက၊ ယင်းမှာ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ၊ ဘုရားသခင်ကို ထာဝရ သစ္စာရှိပြီး ဆုလာဘ်များကို ရှာဖွေခြင်း မရှိဟု ဆိုလိုပေသည်။ လူများသည် ကောင်းချီးမင်္ဂလာကို မြင်ရသောအခါ ဘုရားသခင်ကို သစ္စာရှိသော်လည်း၊ မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ မတွေ့မြင်ရသည့်အခါ ၎င်းတို့၏ သစ္စာရှိမှု ဆုံးရှုံးပါက၊ ပြီးလျှင် နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေကို မခံနိုင်ကြဆဲဖြစ်ပါက သို့မဟုတ် ၎င်းတို့ တာဝန်ရှိသည့် တာဝန်များကို မဖြည့်ဆည်းနိုင်ဆဲဖြစ်ပါက၊ ၎င်းတို့သည် တစ်ချိန်က ဘုရားသခင်ကို သစ္စာရှိသည့် အစေခံမှု ယခင်က ပေးခဲ့ကြသော်လည်း၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြဆဲ ဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ဆိုးယုတ်သော လူတို့သည် ထာဝရကာလတစ်လျှောက် ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့လည်း မဝင်ရောက်နိုင်ကြပေ။ ဖြောင့်မတ်သော သူတို့သည်သာ ငြိမ်သက်ခြင်းချမ်းသာ၏ အရှင်သခင်များ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

အရှေ့သို့- အစေခံသူများဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။

နောက်တစ်ခုသို့- ဘုရားသခင်အတွက် အရာအားလုံးကို စွန့်လွှတ်ကာ အသုံးခံပြီးဖြစ်သည့်သူအချို့သည် အဘယ့်ကြောင့် အစေခံသူများ ဖြစ်လာကြသနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုတော်နှင့် နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်တို့ကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏...

ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင်...

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်၏ အရေးပါမှုကို သိရှိသည့် နည်းလမ်း

(၁) နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်သည် လူသားကို သန့်စင်ဖို့၊ ကယ်တင်ပြီး စုံလင်စေဖို့နှင့် အောင်မြင်သော သူများ...

သမ္မာတရား လက်တွေ့အရှိတရားနှင့် သမ္မာကျမ်းစာဆိုင်ရာ အသိပညာနှင့် အယူဝါဒတို့ဆိုသည်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုပ်ကိုင်ပြီး ၎င်းတို့ကို ရဲရဲတင်းတင်း ရှင်းပြနိုင်ခြင်းက သင်သည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်