၄) အသက်ကို ရရှိပြီးဖြစ်ခြင်းသည် အဘယ်အရာဖြစ်ပြီး အသက်မရှိခြင်းသည် အဘယ်နည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာတရားကို လူတို့ နားလည်ကြပြီး ယင်းကို ၎င်းတို့၏ အသက်ကဲ့သို့ အသက်ရှင်ကြသည့်အခါ၊ ဤအရာက မည်သည့်အသက်ကို ရည်ညွှန်းသနည်း။ ယင်းမှာ ၎င်းတို့ အသက်ရှင်ပုံကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ အခြေခံနိုင်စွမ်းကို ရည်ညွှန်းပေသည်။ ယင်းမှာ ၎င်းတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ စစ်မှန်သောအသိပညာနှင့် သမ္မာတရားနှင့်ပတ်သက်၍ စစ်မှန်သော သိနားလည်မှုတစ်ခု ရှိကြသည်ကို ဆိုလိုပေသည်။ လူတို့သည် ဤအသစ်သောအသက်ကို ၎င်းတို့အတွင်းတွင် ပိုင်ဆိုင်ကြသည့်အခါ၊ ၎င်းတို့ အသက်ရှင်ပုံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်သမ္မာတရား၏ အခြေခံအုတ်မြစ်တစ်ခုအပေါ် ထူထောင်ထားကာ၊ ၎င်းတို့သည် သမ္မာတရား၏လောကအတွင်း အသက်ရှင်နေကြပေသည်။ လူတို့၏အသက်တာမှာ သမ္မာတရားကို သိလာခြင်းနှင့် တွေ့ကြုံခြင်း အကြောင်းသာဖြစ်ပြီး၊ ဤအရာအား ယင်း၏ အခြေခံအုတ်မြစ်အနေဖြင့် ထားရှိလျက် ထိုနယ်ပယ်ကို မကျော်လွန်ခြင်း ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအသက်ကို ရရှိခြင်းအကြောင်း ပြောဆိုနေချိန်တွင် ရည်ညွှန်းနေသည့် အသက် ဖြစ်သည်။ သင့်အတွက် သမ္မာတရားကို သင်၏ အသက်အဖြစ် အသက်ရှင်ဖို့မှာ၊ သမ္မာတရား၏အသက်က သင်၏အတွင်း၌ ရှိသည် မဟုတ်သကဲ့သို့၊ သမ္မာတရားကို သင်၏ အသက်အဖြစ် သင် ပိုင်ဆိုင်ပါက၊ သင်သည် သမ္မာတရား ဖြစ်လာပြီး သင်၏ အတွင်း အသက်က သမ္မာတရား၏အသက် ဖြစ်လာခြင်း မဟုတ်ပေ။ သင်သည် သမ္မာတရား အသက်ဖြစ်သည်ဟု သာ၍ပင် မဆိုနိုင်ပေ။ နောက်ဆုံးတွင်၊ သင်၏ အသက်သည် လူသားတစ်ဦး၏ အသက် ဖြစ်နေဆဲ ဖြစ်သည်။ ယင်းမှာ လူသားတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်ကာ၊ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာ ပိုင်ဆိုင်နိုင်ပြီး ယင်းကို ခြေခြေမြစ်မြစ် အတိုင်းအတာအထိ နားလည်နိုင်ခြင်းသာ ဖြစ်သည်။ ဤသိနားလည်မှုကို သင့်ထံမှ ယူဆောင်သွား၍ မရနိုင်ပေ။ သင်သည် ယင်းတို့က အလွန်ကောင်းမြတ်ပြီး တန်ဖိုးရှိသည်ဟု ခံစားလျက် ဤအရာများကို တွေ့ကြုံကာ အပြည့်အဝ နားလည်ပြီး၊ ယင်းတို့ကို သင်၏ အသက်အတွက် အခြေခံအကြောင်းရင်းအဖြစ် လက်ခံလာလေသည်။ ထို့အပြင်၊ သင်သည် ဤအရာများအပေါ် မှီခိုခြင်းဖြင့် အသက်ရှင်ပြီး၊ ယင်းကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ ထိုအခါ ဤသည်မှာ သင်၏ အသက်တာဖြစ်ပေသည်။ ဆိုလိုသည်မှာ သင်၏ အသက်တာ၌- သိနားလည်ခြင်း၊ အတွေ့အကြုံနှင့် သမ္မာတရားနှင့်ဆိုင်သည့် ထိုးထွင်းသိမြင်မှုများဖြစ်သည့်- ဤအရာများသာ ပါရှိပြီး၊ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သင် အသက်ရှင်သည့်ပုံကို ယင်းတို့အပေါ် သင် အခြေခံလိမ့်မည်ဖြစ်ပြီး၊ ဤနယ်ပယ် သို့မဟုတ် ဤနယ်နိမိတ်များကို သင် ကျော်လွန်လိမ့်မည် မဟုတ်။ ဤသည်မှာ သင်၌ ရှိလိမ့်မည် အသက်တာ အတိအကျ ဖြစ်သည်။ ဘုရားသခင်၏အမှု၏ အဆုံးစွန်သော ရည်မှန်းချက်မှာ လူတို့ ဤအသက်တာမျိုး ရှိဖို့အတွက် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုပ်ကိုင်ပြီး ၎င်းတို့ကို ရဲရဲတင်းတင်း ရှင်းပြနိုင်ခြင်းက သင်သည် စစ်မှန်မှုကို လက်ဝယ်ရရှိထားသည်ဟု မဆိုလိုပေ၊ အမှုအရာများသည် သင် ထင်မှတ်သကဲ့သို့ မရိုးစင်းပေ။ စစ်မှန်မှုကို သင် လက်ဝယ် ရရှိထားခြင်း ရှိ မရှိဟူသည် သင် ပြောဆိုသည့်အရာအပေါ် အခြေမခံပေ၊ ထို့ထက် ယင်းသည် သင် အသက်ရှင် နေထိုင်သည့်အရာအပေါ် အခြေခံသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သင်၏ အသက်တာနှင့် သင်၏ပင်ကိုဖော်ပြချက် ဖြစ်လာသောအခါတွင်သာ၊ သင့်တွင် စစ်မှန်မှု ရှိသည်ဟု ဆိုနိုင်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် စစ်မှန်သော အသိအမြင်နှင့် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုကို ရရှိခဲ့ပြီးဖြစ်သည်ဟု မှတ်ယူနိုင်သည်။ သင်သည် ရှည်လျားသော အချိန်ကာလများတစ်လျှောက် စစ်ကြောခြင်းကို ကြံ့ကြံ့ခံနိုင်ရမည် ဖြစ်ကာ ဘုရားသခင် သတ်မှတ်ထားသည့် ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရမည်။ ယင်းသည် ဟန်ပြခြင်းမျှသာ မဖြစ်ရပေ၊ ယင်းသည် သင့်အထဲမှ သဘာဝအလျောက် စီးဆင်းလာရမည်။ ထိုအခါမှသာ သင်သည် စစ်မှန်မှုကို အမှန်တကယ် ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။ လူတိုင်းရင်းနှီးသည့် အစေခံသူတို့၏ စမ်းသပ်ခံရခြင်း ဥပမာကို ငါအသုံးပြုမည်- အစေခံသူများနှင့် စပ်လျဉ်း၍ အမြင့်မြတ်ဆုံး အယူအဆများကို မည်သူမဆို ပေးနိုင်ပြီး ဤအကြောင်းအရာနှင့် ပတ်သက်သည့် သင့်တင့်လျောက်ပတ်သော သိနားလည်ခြင်း တစ်ခု လူတိုင်းတွင် ရှိကြ၏။ ၎င်းတို့သည် ယင်းအကြောင်း ဟောပြောကြပြီး ဟောပြောချက် တစ်ခုချင်းစီသည် ယခင်တစ်ခုထက် သာလွန်သည်မှာ ယှဉ်ပြိုင်မှု တစ်ခုသဖွယ်ပင် ဖြစ်၏။ သို့သော်လည်း အကယ်၍ လူသားသည် ကြီးမားသော စမ်းသပ်မှု တစ်ခုကို မကြုံရသေးပါက၊ ၎င်းတွင် ထွက်ဆိုရန် ကောင်းသော သက်သေခံချက် တစ်ခု ရှိသည်ဟု ဆိုရန် လွန်စွာခဲယဉ်းပေသည်။ တိုတိုပြောရလျှင် လူသား၏သိနားလည်ခြင်းနှင့် လုံးဝဆန့်ကျင်လျက် သူ အသက်ရှင်နေထိုင်မှုသည် လွန်စွာချို့တဲ့နေဆဲ ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူသား၏ ဝိညာဉ်ရင့်ကျက်မှု အမှန် မဖြစ်သေးပေ၊ ထို့အပြင် ယင်းသည် လူသား၏အသက်တာ မဟုတ်သေးပေ။ လူသား၏ သိနားလည်ခြင်းသည် လက်တွေ့အဖြစ် ဖော်ဆောင်ခြင်း မခံရသေးသောကြောင့်၊ သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ ယိုင်နဲ့နဲ့နှင့် ပြိုကျပျက်စီးလုလု ဖြစ်နေလျက်၊ သဲပေါ် ဆောက်ထားသည့် ရဲတိုက် တစ်ခုပမာ ဖြစ်နေသေးသည်။ လူသားသည် စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းမှာ အလွန် နည်းပါးလွန်း၏။ လူသား၏အထဲ၌ စစ်မှန်မှု တစ်စုံတစ်ရာကို ရှာတွေ့ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ လူသား၏အထဲမှ သဘာဝအလျောက် စီးဆင်းလာနေသော စစ်မှန်မှုသည် အလွန်ပင် နည်းပါးလှပြီး၊ သူတို့ အသက်ရှင်နေထိုင်သော စစ်မှန်မှု အလုံးစုံသည် အတင်းအဓမ္မ လုပ်ယူထားခြင်း ဖြစ်သည်၊ ထိုအကြောင်းကြောင့် လူသားသည် စစ်မှန်မှုကို လုံးဝ မပိုင်ဆိုင်ဟု ငါဆိုခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သူတို့၏ချစ်ခြင်းသည် မည်သည့်အခါမျှ မပြောင်းလဲပါဟု လူတို့ အခိုင်အမာဆိုသော်လည်း၊ ယင်းသည် မည်သည့်စမ်းသပ်မှုများကိုမှ ၎င်းတို့ရင်မဆိုင်ရသေးမီ၊ ပြောဆိုသည့် အရာမျှသာ ဖြစ်သည်။ ၎င်းတို့သည် တစ်နေ့တွင် စမ်းသပ်မှုများနှင့် ရုတ်တရက် ရင်ဆိုင်ရသောအခါ၊ ၎င်းတို့ပြောဆိုသော အကြောင်းအရာများသည် စစ်မှန်မှုနှင့် လိုက်လျောညီထွေမှုမရှိ နောက်တစ်ကြိမ် ထပ်၍ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး၊ လူသားသည် စစ်မှန်မှုကို မပိုင်ဆိုင်ကြောင်း၊ ယင်းက ထပ်မံ၍ သက်သေပြလိမ့်မည်။ သင့်အယူအဆများနှင့် မကိုက်ညီသည့် အရာများနှင့် သင့်ကိုယ်သင် ဘေးဖယ်ထားရန် လိုအပ်သည့်အရာများကို သင် နဖူးတွေ့ဒူးတွေ့ ကြုံရသောအခါတိုင်းတွင်၊ ထိုအရာများသည် သင်၏စမ်းသပ်မှုများဟု ဆိုနိုင်သည်။ ဘုရားသခင်၏ အလိုတော်အား မထုတ်ဖော်မီတွင် လူသားတိုင်းသည် ပြင်းထန်သော စစ်ဆေးမှုတစ်ခုနှင့် ဧရာမ စမ်းသပ်မှု တစ်ခုကို ကြုံတွေ့ရသည်။ ယင်းကို သင် နားလည်သဘောပေါက်နိုင်သလော။ ဘုရားသခင်သည် လူတို့ကို စစ်ကြောလိုသောအခါ စစ်မှန်သော သမ္မာတရားကို မထုတ်ဖော်မီ ကိုယ်တော်က ၎င်းတို့အား ၎င်းတို့၏ ရွေးချယ်မှုများ အမြဲပြုခွင့်ပေးသည်။ ယင်းက ဘုရားသခင်သည် လူကို စမ်းသပ်မှု ခံစေသည့်အခါ၊ ကိုယ်တော်သည် သင့်အား သမ္မာတရားကို မည်သည့်အခါမျှ ပြောပြလိမ့်မည်မဟုတ်ဟု ဆိုလိုပေသည်၊ ထိုအရာသည် လူသားတို့ ဖော်ထုတ်ပြသခံရမည့် နည်းဟန် ဖြစ်သည်။ ဤသည်မှာ မျက်မှောက်ခေတ်၏ ဘုရားသခင်အား သင် သိနားလည်ခြင်း ရှိ မရှိကို မြင်တွေ့ရန်နှင့် စစ်မှန်မှု တစ်စုံတစ်ရာ သင် ပိုင်ဆိုင်ခြင်း ရှိ မရှိကို မြင်တွေ့ရန်၊ ဘုရားသခင်က သူ၏အမှုကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်” မှ

လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည်၊ မိမိကိုယ်ကိုယ် သိရှိလာသည်၊ သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို သန့်စင်စေပြီး၊ အသက်တာ၌ ကြီးထွားခြင်းကို ရှာဖွေလေသည်၊ အားလုံးမှာ ဘုရားသခင်ကို သိကျွမ်းခြင်းအတွက် ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် သိရှိရန်နှင့် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ဖြေရှင်းရန်သာ ကြိုးစားသော်လည်း၊ လူသားအပေါ် မည်သည့်အမှု ဘုရားသခင် လုပ်ဆောင်သည်၊ သူ၏ကယ်တင်ခြင်း မည်မျှကြီးမြတ်သည်၊ သို့မဟုတ် ဘုရားသခင်၏အမှုကို သင်မည်ကဲ့သို့တွေ့ကြုံပြီး သူ၏ လုပ်ဆောင်ချက်များကို သက်သေခံခဲ့သည်ဆိုသည်တို့နှင့် သက်ဆိုင်သည့် အသိပညာမရှိပါက၊ သင်၏ ဤအတွေ့အကြုံသည် အကျိုးမရှိပေ။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ကြံ့ကြံ့ခံနိုင်သောကြောင့်မျှသာ သူ၏အသက်တာသည် ရင့်ကျက်မှုကို ရရှိပြီဟု သင်ထင်မြင်ပါက၊ ဤသည်မှာ သင့်အနေဖြင့် ဘဝ၏ စစ်မှန်သော အဓိပ္ပာယ်၊ သို့မဟုတ် လူသားကို စုံလင်စေခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သဘောမပေါက်သေးဟု ဆိုလိုပေသည်။ တစ်နေ့တွင်၊ သင်သည် ဘာသာရေး အသင်းတော်များ၌ ရှိသည့်အခါ၊ နောင်တအသင်းတော် သို့မဟုတ် အသက်အသင်းတော်မှ အသင်းဝင်များအလယ် ရှိနေချိန်တွင် မိမိတို့၏ ဆုတောင်းချက်များ၌ “ရူပါရုံ” ပါရှိသူနှင့် မိမိတို့အသက်တာ လိုက်စားရှာဖွေမှုတွင် တို့ထိမှုခံစားရပြီး နှုတ်ကပတ်တော်များ၏ လမ်းပြမှု ခံရသည့် ဘာသာရေးအလွန် ကိုင်းရှိုင်းသည့် လူများစွာကို အမှတ်မထင် တွေ့ရလိမ့်မည်ဖြစ်သည်။ ထို့အပြင် ကိစ္စများစွာတွင် ၎င်းတို့သည် သည်းခံနိုင်ကြပြီး၊ မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ကာ ဇာတိပကတိ၏ ဦးဆောင်မှုကိုမခံရဘဲ ရှိနိုင်ကြသည်။ ထိုအချိန်တွင်၊ သင်သည် ခြားနားမှုကို ပြောနိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းသည် မှန်သည်၊ အသက်တာ၏ သဘာဝအလျောက် ဖော်ပြချက်ဖြစ်ကာ ၎င်းတို့ယုံကြည်သော နာမသည် မှားယွင်းနေသည်မှာ အလွန်နှမြောစရာ ကောင်းသည်ဟု သင်ထင်လိမ့်မည်။ ထိုသို့သော အမြင်များသည် မိုက်မဲသည် မဟုတ်လော။ များစွာသော လူတို့သည် အသက်မရှိဟု အဘယ်ကြောင့် ဆိုရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်ဖြစ်ပြီး၊ ဤအကြောင်းကြောင့် ၎င်းတို့၏ နှလုံးသားများထဲတွင် ဘုရားသခင်မရှိသကဲ့သို့ အသက်မရှိဟု ဆိုရခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်၌ သင်၏ယုံကြည်မှုသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏စစ်မှန်မှုနှင့် ဘုရားသခင့် အမှု၏အဆင့်တိုင်းကို စေ့စပ်စွာ သင် သိရှိနိုင်စွမ်းရှိသည့် အဆင့်တစ်ခုသို့ ရောက်ရှိပြီးဖြစ်ပါက၊ သင်သည် သမ္မာတရားကို ပိုင်ဆိုင်ထားပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်” မှ

သမ္မာတရားနှင့် အသက် ကင်းမဲ့သော သူတစ်စုံတစ်ဦး၏ သရုပ်သကန်များမှာ အဘယ်နည်း။ သမ္မာတရား မရှိပါက လူတို့သည် သဘာဝအလျောက် ၎င်းတို့၏ စာတန်နှင့်ဆိုင်သော သဘာဝ၏ အကန့်အသတ်များနှင့် ချုပ်နှောင်ခြင်းများကို ခံကြရမည် ဖြစ်သည်၊ ၎င်းတို့သည် သဘာဝအလျောက် မာနထောင်လွှားပြီး ဘဝင်မြင့်သော၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သော၊ မဆင်မခြင်ဖြစ်ပြီး ကြီးစိုးခြယ်လှယ်သော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ကြွားလုံးထုတ်ခြင်း၊ လှည့်ဖြားခြင်းနှင့် သစ္စာမတည်ခြင်း၊ အခြားသူများကို သံသယဖြစ်ခြင်း ဖြစ်လေ့ရှိပြီး အခြားသူများကို တိုက်ခိုက်ခြင်း နှင့် တရားစီရင်ခြင်းတို့ကို ပြုလေ့ရှိသည်၊ ၎င်းတို့သည် ၎င်းတို့၏ အခြေအမြစ်မရှိသော အစွဲအလမ်းများနှင့် အကြောင်းရင်းများအားဖြင့် လူများကို အမြဲ အကဲဖြတ်ကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှုများ၌ ၎င်းတို့၏ နှစ်သက်မှုများကို အမြဲ အမှီပြုပြီး ပြဿနာများ သို့မဟုတ် ဆုံးရှုံးမှုများကို ကြုံတွေ့ရသောအခါ အပျက်သဘောဆောင်လာကြသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် အလွန့်အလွန် မာနထောင်လွှားကြပြီး ရံဖန်ရံခါ အလွန် အပျက်သဘောဆောင်ကြသဖြင့် ၎င်းတို့သည် မြေထဲသို့ တွင်းတူးဝင်သွားသည့် နီးပါး ဖြစ်ကြသည်။ ၎င်းတို့သည် အစွန်းရောက်ကြပြီး မည်သည့်အခါမျှ ပုံမှန် မဟုတ်ကြချေ။ ၎င်းတို့သည် ၎င်းတို့၏ အစွယ်များကို မထုတ်ပြသည့်အခါ ၎င်းတို့၏ သနားစဖွယ် မျက်နှာကို ဝတ်ဆင်ကြသည်။ ဤသည်မှာ လတ်တလော သင်ရောက်နေသည့် အခြေအနေမျိုးဖြစ်သည်- သင်သည် ဆင်းရဲဒုက္ခခံစားဖို့နှင့် အဖိုးအခတစ်ခုပေးဖို့ လိုလားနေသည်။ သင်၏ သန္နိဋ္ဌာန်နှင့် ဆုံးဖြတ်ချက်တို့သည် ပြည့်စုံသည်- သို့သော် သမ္မာတရား စစ်မှန်မှုကို သင်မပိုင်ဆိုင်သေးပေ။ မိမိတို့၏ အသက်တာများအဖြစ် အသုံးတော်ခံဖို့ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သော လူတို့သည် မိမိတို့ကိုယ်ကို အဘယ်သို့ ဖော်ပြကြသနည်း။ အဓိကလက္ခဏာအနည်းငယ်ကို သင်တို့အား ငါပြောပြမည်။ တစ်ဖက်တွင်၊ လူတို့သည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည့်အခါ၊ သမ္မာတရားအချို့ကို ၎င်းတို့နားလည်ကြ၏။ အခြားတစ်ဖက်တွင်၊ ၎င်းတို့သည် စိတ်သဘောထားထဲတွင် အပြောင်းအလဲအချို့ကို စတင်ပြသကြပြီး ဖြစ်သည်။ စိတ်သဘောထားအတွင်း ပြောင်းလဲမှုများတွင် ဝိသေသလက္ခဏာတစ်ခုရှိသည်။ ၎င်းမှာ မှန်သောအရာများနှင့် သမ္မာတရားနှင့်ညီသော အရာများကို နာခံနိုင်ခြင်း ဖြစ်၏။ သင့်ကို မည်သူက အကြံဉာဏ်များပေးပါစေ၊ သူတို့မှာ အသက်ငယ်ရွယ်သည်ဖြစ်စေ အိုမင်းသည်ဖြစ်စေ၊ သင်နှင့် အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ၊ သင်တို့ကြားက ဆက်ဆံရေး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့သည် မှန်ကန်ပြီး သမ္မာတရားနှင့်ညီကာ ဘုရားသခင့်မိသားစု၏ အလုပ်အတွက် အကျိုးရှိသည့် အရာတစ်စုံတစ်ခုကို ပြောသရွေ့ သင်သည် ယင်းကို နားထောင်၊ ခံယူပြီး လက်ခံနိုင်ကာ အခြားသော မည်သည့်အကြောင်းရင်းများ၏ ထိခိုက်လွှမ်းမိုးမှုကို မခံရနိုင်ပေ။ ဤသည်မှာ ထိုဝိသေသလက္ခဏာ၏ ပထမရှုထောင့် ဖြစ်၏။ ပထမဦးစွာ သင်သည် သမ္မာတရားအပြင်၊ မှန်ကန်သော အရာများနှင့် သမ္မာတရားနှင့် ကိုက်ညီသော အရာများကို လက်ခံနိုင်သည်။ အခြားရှုထောင့်မှာ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့သည့်အခါတိုင်း သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိခြင်းဖြစ်၏။ သမ္မာတရားကို သင် လက်ခံနိုင်သည်သာမက၊ ရှာလည်း ရှာဖွေနိုင်ရပါမည်။ ဥပမာအားဖြင့် သင်သည် မည်သူမျှ နားမလည်နိုင်သည့် အသစ်သော ပြဿနာတစ်ခုကို ကြုံတွေ့ရပါက သင်သည် သမ္မာတရားကို ရှာဖွေနိုင်သည်၊ ထိုအကြောင်းကိစ္စကို သမ္မာတရား၏ အခြေခံသဘောတရားများနှင့် ကိုက်ညီစေရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းပေးရန် ဘာလုပ်သင့်သည် သို့မဟုတ် လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို သိမြင်နိုင်၏။ သို့သော်လည်း အခြားရှုထောင့်မှာ ဘုရားသခင်၏အလိုတော်အား အရေးထားနိုင်သော စွမ်းရည်ကို ရရှိခြင်းဖြစ်၏။ ကိုယ်တော်၏အလိုတော်ကို သင် မည်ကဲ့သို့ အရေးထားသင့်သနည်း။ ဤအရာသည် မည်သည့်တာဝန်ကို သင် ဆောင်ရွက်နေခြင်းနှင့် သင်၏တာဝန်၌ သင့်အပေါ် ဘုရားသခင် မည်သည့်သတ်မှတ်ချက်များ ထားရှိခြင်းအပေါ်၌ မူတည်ပေသည်။ ဤအခြေခံသဘောတရားကို သင် မလွတ်တမ်းအသုံးချရမည်- ဘုရားသခင် သတ်မှတ်သည့်အတိုင်း သင်၏တာဝန်ကို လုပ်ဆောင်လော့၊ ထို့ပြင် ဘုရားသခင်ကို ကျေနပ်စေရန် ယင်းကို လုပ်ဆောင်လော့။ ဘုရားသခင်၏ အလိုတော်နှင့် သင့်တာဝန်၏ လိုလားသောရလဒ်မှာ အဘယ်အရာဖြစ်သည်ကိုလည်း သင် နားလည်ရမည်ဖြစ်ပြီး တာဝန်ရှိမှုနှင့် သစ္စာစောင့်သိမှုဖြင့် ပြုမူဆောင်ရွက်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအားလုံးမှာ ဘုရားသခင်၏အလိုတော်ကို အရေးထားခြင်း နည်းလမ်းများပင်ဖြစ်၏။ သင်ပြုလုပ်နေသော ထိုအရာတွင် ဘုရားသခင်၏အလိုတော်အား မည်ကဲ့သို့ အရေးထားရမည်ကို သင်မသိပါက ၎င်းကို ပြီးမြောက်စေရန်နှင့် သူ့ကိုကျေနပ်စေရန်အလို့ငှာ ရှာဖွေမှုအနည်းငယ် သင်လုပ်ရမည်။ ဤအခြေခံသဘောတရား သုံးခုကို သင်တို့ လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ၎င်းတို့အားဖြင့် သင် တကယ် အသက်ရှင်နေသည့် လမ်းများကို အကဲဖြတ်နိုင်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်လျှင်၊ အရေးကိစ္စများကို ကိုယ်ကျင့်တရားကောင်းသော ပုံစုံတစ်ခုဖြင့် သင် ကိုင်တွယ်နေလိမ့်မည်ဖြစ်သည်။ မည်သည့်အရာကို သင် ကြုံရပါစေ၊ မည်သည့် ပြဿနာများကို သင် ကိုင်တွယ်ဖြေရှင်းဖို့ ရှိပါစေ၊ မည်သည့် အခြေခံသဘောတရားများဖြင့် သင် လက်တွေ့လုပ်ဆောင်နေသင့်သည်၊ ဤအရာများအသီးသီးက မည်သည့် အသေးစိတ်အချက်အလက်များ ပါဝင်သည်ဆိုသည်နှင့် ဤအခြေခံသဘောတရားများကို သင် ချိုးဖောက်မိမနေဖို့ ၎င်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်တို့ကို သင် အမြဲရှာဖွေရမည်။ ဤအရာများကို သင် ရှင်းရှင်းလင်းလင်း နားလည်သည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို သင် အလိုအလျောက် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့်သာ သင်သည် ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းများကို ဖယ်ရှားပစ်နိုင်သည်” မှ

သမ္မာတရားက သင်၏ အသက်ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ တစ်စုံတစ်ဦးက ဘုရားသခင်ကို ပြစ်မှားစော်ကားပါက၊ သူ့ကို ကြောက်ရွံ့ခြင်း မရှိပါက၊ သူ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ဝတ်ကျေတမ်းကျေဖြစ်ပြီး ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြပါက၊ သို့မဟုတ် ဘုရားသခင်၏အိမ်တော်၏ အမှုကို နှောင့်ယှက်ခြင်းများ၊ အတားအဆီးများ ဖြစ်စေပါက၊ ဤအရာကို မြင်သည့်အခါ သင်သည် သိမြင်သင့်သည့်အရာကို သိမြင်ကာ၊ ဖော်ထုတ်သင့်သည့်အရာကို ဖော်ထုတ်ခြင်းဖြင့် သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ ထိုအရာကို ချဉ်းကပ်နိုင်လိမ့်မည်ဖြစ်သည်။ သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက၊ ဘုရားသခင်၏ အိမ်တော်၏အမှုကို တုန့်ဆိုင်းခြင်းနှင့် အနှောင့်အယှက်များ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ကြုံရသည့်အခါ၊ သင်သည် မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည်မဟုတ်။ သင်၏ အသိစိတ်မှ အပြစ်တင်ခြင်းမရှိဘဲ၊ ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ ဘုရားအိမ်တော်၏ အမှုကို အနှောင့်အယှက်ဖြစ်စေနေသည့် သူတစ်ဦးသည် သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ ဘုရားသခင်၏ အမှုအဖို့ မည်မျှကြီးမားသည့် ဆုံးရှုံးမှုဖြစ်စေ၊ သင်သည် သင်၏ အသိစိတ်မှ အပြစ်တင်ခြင်း ခံစားရလိမ့်မည်မဟုတ်၊ ယင်းမှာ သင်သည် မိမိ၏ စာတန်သော စိတ်သဘောထားဖြင့် အသက်ရှင်သည့် သူတစ်ဦး ဖြစ်လိမ့်မည်ဟု ဆိုလိုသည်။ စာတန်သည် သင့်ကို ထိန်းချုပ်ပြီး သင့်အား လူသားလည်း အတော်အတန် မဟုတ်သကဲ့သို့ မကောင်းဆိုးဝါးလည်း အတော်အတန် မဟုတ်သည့် တစ်စုံတစ်ရာအဖြစ် အသက်ရှင်စေသည်။ ဘုရားသခင် ပိုင်ဆိုင်သည့်အရာကို သင် စားသည်၊ ဘုရားသခင် ပိုင်ဆိုင်သည့်အရာကို သင် သောက်ပြီး သူ့ထံမှ လာသည့်အရာအားလုံးကို သင် မွေ့လျော်ခံစားသော်လည်း၊ ဘုရားအိမ်တော်၏ အမှုက ဆုံးရှုံးမှု တစ်စုံတစ်ရာ ခံစားရသည့်အခါ၊ ယင်းသည် သင်နှင့် မည်သည့် ပတ်သက်မှုမျှမရှိဟု သင် ထင်ပြီး ထိုအရာ ဖြစ်ပျက်သည်ကို သင် မြင်သည့်အခါ၊ သင်သည် “တံတောင်ကိုတွန်းထုတ်”က ခြင်းပင် ပြုပြီး ဘုရားသခင်၏ဘက်တွင် မနေသကဲ့သို့ ဘုရားသခင်၏အမှု သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထိန်းသိမ်းကြချေ။ ဤသည်မှာ စာတန်သည် သင့်အပေါ် တန်ခိုးအာဏာရှိသည်ဟု ဆိုလို၏၊ ဟုတ်သည် မဟုတ်လော။ ထိုသို့သော လူများသည် လူသားများကဲ့သို့ အသက်ရှင်ကြသလော။ ၎င်းတို့သည် လူသားများ မဟုတ်၊ မကောင်းဆိုးဝါးများ ဖြစ်သည်မှာ သိသာထင်ရှားပေ၏။ သို့သော်၊ သမ္မာတရားသည် သင်၏ စိတ်နှလုံးတွင် ဩဇာလွမ်းမိုးပြီး သင်၏အသက် ဖြစ်လာသည့်အခါ၊ မတုန်မလှုပ်၊ အပျက်သဘောဆောင်သည့် သို့မဟုတ် ဆိုးယုတ်သည့် တစ်စုံတစ်ရာ ထွက်ပေါ်ခြင်းကို သင် မြင်သည့်အခါ သင့်စိတ်နှလုံးထဲက တုန့်‌ပြန်မှုသည် လုံးဝ ကွဲပြား၏။ ပထမဦးစွာ၊ သင်သည် အပြစ်တင်မှုနှင့် စိုးရိမ်ပူပန်မှု အသိစိတ်တစ်ခု ခံစားရပြီးနောက် “ကျွန်ုပ်အနေဖြင့် အလဟဿနေမြဲနေပြီး မသိကျိုးကျွန် မပြုနိုင်။ ကျွန်ုပ် ထရပ်ပြီး စကားပြောရမည်၊ ကျွန်ုပ် ထရပ်ပြီး တာဝန်ယူရမည်” ဟူသည့် ခံစားချက်က ချက်ချင်း လိုက်လာသည်။ ထိုအခါ သင်သည် ထရပ်ပြီး ယင်းတို့ကို ဖော်ထုတ်ရင်း၊ ဘုရားသခင်၏ အိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန်နှင့် ဘုရားသခင်၏ အလုပ်ကို အနှောင့်အယှက် ပေးခံရခြင်းမှ တားဆီးရန် ကြိုးပမ်းရင်း ဤဆိုးယုတ်သော လုပ်ရပ်များကို သင် ရပ်တန့်နိုင်သည်။ သင်သည် ဤသတ္တိနှင့် စိတ်ဆုံးဖြတ်ချက် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။ ယင်းကို မည်သို့ ဖြည့်ဆည်းမည်နည်း။ သမ္မာတရားက ယင်း၏ အကျိုးသက်ရောက်မှုကို သင့်အပေါ် အသုံးပြုခြင်းနှင့် သင်၏ အသက်ဖြစ်လာခြင်းမှတစ်ဆင့် ယင်းကို ဖြည့်ဆည်းလိမ့်မည်။ ဤနည်းဖြင့် သင်၏တာဝန် ကျေပွန်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်က သင့်ကို ဆုလာဘ်တစ်ခု ပေးနိုင်ခြင်း ရှိမရှိ၊ သင်၏ လုပ်ရပ်များကို သူ မြင်ခဲ့ခြင်း ရှိမရှိ သို့မဟုတ် ယင်းတို့ကို သူ လက်ခံခြင်း ရှိမရှိဆိုသည်တို့ကို သင် မေးလိမ့်မည် မဟုတ်ပေ။ ထိုအစား၊ ယင်းသည် သင် တာဝန်ယူသင့်သည့် တာဝန်ဖြစ်သည်ဟုသာ သင် ယုံကြည်လိမ့်မည်။ ထိုသို့ဖြင့် သင်သည် အသိတရား၊ ဆင်ခြင်တုံတရား၊ လူ့သဘာဝ၊ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာတို့ဖြင့် အသက်ရှင်နေထိုင်နေခြင်း ဖြစ်မည် မဟုတ်လော။ သင်၏ လုပ်ဆောင်ချက်များနှင့် အပြုအမူတို့သည် သူ ပြောဆိုသည့် “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း” ဖြစ်ပေမည်။ သင်သည် ဤနှုတ်ကပတ်တော်တို့၏ အနှစ်သာရကို ဆောင်ရွက်နေမည်ဖြစ်ပြီး၊ ယင်းတို့၏ လက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်နေပေမည်။ သမ္မာတရားက လူတစ်ဦး၏ အသက်ဖြစ်လာချိန်တွင်၊ ၎င်းသည် ဤလက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်နိုင်ကြသည်။ သို့သော် သင်သည် ဤလက်တွေ့အရှိတရားထဲသို့ မဝင်ရောက်ရသေးပါက၊ လှည့်စားမှု၊ လှည့်ဖြားမှု သို့မဟုတ် အယောင်ဆောင်ခြင်းတို့ကို သင် ပြသည့်အခါ၊ သို့မဟုတ် ဆိုးယုတ်သော လူများ သက်ဝင်လှုပ်ရှားပုံ သို့မဟုတ် ဆိုးယုတ်သော အင်အားစုများက ဘုရားသခင်၏အမှုကို နှောင့်ယှက်နေခြင်းနှင့် တုန့်ဆိုင်းစေခြင်းတို့ကို သင် မြင်သည့်အခါ၊ သင်သည် မည်သည့်အရာကိုမျှ မခံစားရသကဲ့သို့ မည်သည့်အရာကိုမျှ မသိမြင်ပေ။ ဤအရာများက သင်၏ မျက်စိအောက်တွင် ဖြစ်ပျက်သည့်အချိန်တွင်ပင်၊ သင်သည် ရယ်မောနိုင်ဆဲဖြစ်ပြီး အေးဆေးသော အသိစိတ်တစ်ခုဖြင့် စားနိုင်၊ အိပ်နိုင်ဆဲဖြစ်သကဲ့သို့ မိမိကိုယ်ကိုယ် ပြစ်တင်မှု စိုးစဉ်းမျှ သင် မခံစားရပေ။ သင် အသက်ရှင်နေထိုင်နိုင်သည့် ဤအသက်တာနှစ်ခုထဲမှ၊ မည်သည့်အသက်တာကို သင် ရွေးချယ်သနည်း။ မည်သည့် အသက်တာသည် စစ်မှန်သော လူသားပုံသဏ္ဍာန်ရှိသနည်း၊ မည်သည့်အသက်တာဖြင့် သင်သည် အပြုသဘောဆောင်သော အရာများ၏ လက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်ပြီး၊ မည်သည့် အသက်တာသည် မကောင်းသည့်၊ ဆိုးယုတ်သော အသက်တာတစ်ခု ဖြစ်သနည်း။ အဖြေမှာ ပကတိအတိုင်း ရှင်းနေပြီး ဖြစ်သည်။ သမ္မာတရားက လူတို့၏ လက်တွေ့အရှိတရား သို့မဟုတ် အသက်တာများ ဖြစ်မလာသည့်အခါတွင်၊ ၎င်းတို့ အသက်ရှင်သည့်အရာမှာ အတော်အတန် သနားဖွယ်ဖြစ်ပြီး ဝမ်းနည်းစရာဖြစ်ကာ၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အသက်တာများကို မထိန်းချုပ်နိုင်ကြပေ။ သမ္မာတရားသည် ၎င်းတို့အတွင်းရှိ အသက် ဖြစ်မလာသေးသောကြောင့်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိသကဲ့သို့၊ ဤအရာနှင့်ပတ်သက်၍ ၎င်းတို့ အနည်းငယ် ဝမ်းနည်မှု ခံစားရကောင်း ခံစားရနိုင်သော်လည်း၊ ခံစားချက်က အလွန် လျင်မြန်စွာ ကုန်လွန်သွားပြီး မည်သည့်နောင်တမျှ မခံစားရပေ။ ယင်းမှာ ဤအသက်တာ နှစ်မျိုးနှစ်စားများကြား ကွာခြားချက် မည်မျှ ကြီးမားပုံ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်” မှ

အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ဖြည့်ဆည်းစဉ်တွင် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၌ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက၊ ထိုသူသည် ဘုရားသခင်အားဖြင့် စုံလင်လာရသည့် လူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ထိုသို့သော လူတို့အတွက် လုံးလုံး ထိရောက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက် ဖြစ်လာပြီးဖြစ်သည်၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ကြသည်ဟု ဆိုနိုင်သည်။ ထို့နောက်တွင် ၎င်းတို့ဇာတိပကတိ၏ သဘာဝသည်၊ ဆိုလိုသည်မှာ ၎င်းတို့ မူလတည်ရှိခြင်း၏ တကယ့်အခြေခံအုတ်မြစ်သည် တစ်ပိုင်းတစ်စစီ တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် ပိုင်ဆိုင် ပြီးသည့်နောက်တွင်၊ လူသစ်များ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားမျိုးနွယ် အပေါ်ထားရှိသည့် သူ၏ သတ်မှတ်ချက်များ၊ လူသားများထံ သူ၏ဖွင့်ပြချက်များနှင့် ၎င်းတို့ ဖြည့်ဆည်းဖို့ ဘုရားသခင် တောင်းဆိုသည့် စစ်မှန်သော အသက်တာအတွက် စံနှုန်းများသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း ၎င်းတို့ အသက်ရှင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်စေခြင်း ခံရပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ပြန်လည်မွေးဖွားသူများ ဖြစ်ကြပြီး၊ လူသစ်များ ဖြစ်လာကြပြီးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ပေတရုရှာဖွေလိုက်စားခဲ့သော လမ်းကြောင်းဖြစ်၏၊ ယင်းသည် စုံလင်စေခြင်းခံရသည့် လမ်းကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စုံလင်စေခြင်းခံရသည့် လမ်းကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်ရခြင်း လမ်းကြောင်း ဖြစ်၏။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် သူ၏အသက်ဖြစ်လာပြီး ထိုအခါမှသာ သူသည် သမ္မာတရားကို ရရှိထားသူတစ်ဦး ဖြစ်လာ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

လူတို့သည် ဘုရားသခင်၏ စိတ်နေသဘောထားအား စစ်မှန်သောနားလည်ခြင်းရှိပြီး သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအား လှိုက်လှိုက်လှဲလှဲချီးမွမ်းခြင်းကို ပေးနိုင်ပါက၊ သူတို့သည် သူ့ကို စစ်မှန်စွာ သိပြီး သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ဆိုလိုပေသည်။ ထိုအခါမှသာ သူတို့သည် အလင်းထဲတွင် အသက်ရှင် နေထိုင်သည်။ လူ၏ လောကအမြင်နှင့် ဘဝအမြင်တို့ ပြောင်းလဲသည်နှင့်တစ်ပြိုင်နက်မှသာ၊ အခြေခံကျသော အသွင်ပြောင်းလဲခြင်းကို ကြုံရပေသည်။ လူတစ်ဦးတွင် ဘဝရည်မှန်းချက်တစ်ရပ်ရှိပြီး သမ္မာတရားနှင့်အညီ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူသည့်အခါ၊ လူတစ်ဦးသည် ဘုရားသခင်အား လုံးဝ ကျိုးနွံနာခံပြီး သူ၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နေထိုင်သည့်အခါ၊ လူတစ်ဦးသည် ငြိမ်းချမ်းမှု ခံစားရပြီး သူ၏ စိတ်ဝိညာဉ် အတွင်းနက်နက်နေရာများအထိ အလင်းပေးခြင်းခံရသည့်အခါ၊ လူတစ်ဦး၏နှလုံးသားတွင် အမှောင်ထုကင်းမဲ့သည့်အခါ၊ ပြီးလျှင် လူတစ်ဦးသည် လုံးဝ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်ပြီး ဘုရားသခင်၏ မျက်မှောက်တွင် ချုပ်ထိန်းမခံရသည့်အခါ၊ ထိုအခါမှသာ သူသည် စစ်မှန်သော လူ့အသက်တာကို နေထိုင်ပြီး၊ ထိုအခါမှသာ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာပေသည်။ ထို့အပြင် သင်၏ ပိုင်ဆိုင်မှုထဲက ခပ်သိမ်းသော သမ္မာတရားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ကိုယ်တော်တိုင်ထံမှ လာပြီးဖြစ်ပေသည်။ စကြဝဠာတစ်ခွင်လုံးနှင့် ခပ်သိမ်းသောအရာတို့အပေါ် အုပ်ချုပ်သူ— အမြင့်ဆုံးသောဘုရားသခင်— သည် သင့်ကို မှန်ကန်သော လူ့အသက်တာကို အသက်ရှင်နေထိုင်နေသည့် စစ်မှန်သော လူတစ်ဦးအဖြစ် သဘောကျ၏။ မည်သည့်အရာသည် ဘုရားသခင်၏နှစ်သက်သဘောကျခြင်းထက် သာ၍အဓိပ္ပာယ်ရှိနိုင်မည်နည်း။ ဤသည်မှာ သမ္မာတရားကို ပိုင်ဆိုင်ခြင်း၌ ရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

လူတို့သည် ဘုရားသခင်အား သူတို့အသက်ဖြစ်စေမည့် အကြောင်းကို မကြာမကြာ ပြောကြသော်လည်း၊ သူတို့၏ တွေ့ကြုံခံစားမှုကမူ ထိုအဆင့်ကို မရောက်သေးပေ။ ဘုရားသခင်သည် သင်၏အသက်ဖြစ်ကြောင်း၊ ဘုရားသခင်သည် သင့်ကို နေ့စဉ်လမ်းပြကြောင်း၊ သူ၏ နှုတ်ကပတ်တော်များကို သင်သည် နေ့စဉ် စားသောက်ကြောင်း၊ သူ့ထံ သင် နေ့စဉ်ဆုတောင်းကြောင်း၊ ထို့ကြောင့် ဘုရားသခင်သည် သင်၏ အသက် ဖြစ်လာကြောင်း သင်ပြောနေခြင်းမျှသာ ဖြစ်သည်။ ထိုသို့ပြောသူများ၏ အသိဉာဏ်သည် အတော်ပင် အပေါ်ယံကျ၏။ လူအများစုတွင် အခြေခံအုတ်မြစ် မရှိကြပေ- ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သူတို့ထဲတွင် နေရာယူပြီးဖြစ်သော်လည်း၊ အသီးသီးရန် မပြောနှင့် အညှောက်ပင် မပေါက်သေးပေ။ ယနေ့ သင်သည် မည်သည့် အတိုင်းအတာအထိ တွေ့ကြုံခံစားခဲ့ပြီး ဖြစ်သနည်း။ ဘုရားသခင်သည် သင့်အား လက်ရှိနေရာအထိရောက်အောင် တွန်းပို့ခဲ့ပြီးနောက် ယခုမှသာ သင်သည် ဘုရားသခင်ကို မစွန့်ခွာနိုင်ဟု ခံစားရသည်။ တစ်နေ့ သင်သည် အဆင့်တစ်ခုထိ တွေ့ကြုံခံစားခဲ့ပြီးသောအခါ၊ ဘုရားသခင်သည် သင့်အား ထွက်ခွာသွားခိုင်းလျှင် သင်ထိုသို့လုပ်နိုင်မည် မဟုတ်ပေ။ သင့်အထဲတွင် ဘုရားသခင်မရှိဘဲ သင်မနေနိုင်ဟု အမြဲခံစားနေရမည်။ လင်ယောက်ျား၊ ဇနီးမယား၊ သို့မဟုတ် သားသမီးများ မရှိဘဲ၊ မိသားစုမရှိဘဲ၊ အမေ၊ သို့မဟုတ် အဖေ မရှိဘဲ၊ ဇာတိပကတိ၏ ပျော်မွေ့မှုများ မရှိဘဲ သင်နေနိုင်သော်လည်း၊ ဘုရားသခင် မရှိဘဲနှင့် သင်နေနိုင်မည် မဟုတ်ပေ။ ဘုရားသခင်မရှိခြင်းသည် သင့်အသက်ကို ဆုံးရှုံးလိုက်ရခြင်း နှင့် တူလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်မရှိဘဲ သင်နေနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအဆင့်ထိ တွေ့ကြုံခံစားပြီး သောအခါ၊ ဘုရားသခင် အပေါ်ထားသော သင့်ယုံကြည်ခြင်း၌ အောင်မြင်မှုကို ရရှိနေပြီး ဖြစ်လိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သင့်အသက် ဖြစ်လာကာ သင့်တည်ရှိမှု၏ အခြေခံအုတ်မြစ် ဖြစ်လာပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ကို ဘယ်သောအခါမျှ ထပ်မံစွန့်ခွာနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအတိုင်းအတာအထိ တွေ့ကြုံခံစားပြီးသောအခါ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်နေပြီးဖြစ်လိမ့်မည်။ ထို့အပြင် သင်သည် ဘုရားသခင်နှင့် အတော်အတန် ရင်းနှီးသွားသောအခါ၊ ဘုရားသခင်သည် သင်၏အသက်၊ သင်၏အချစ် ဖြစ်လာလိမ့်မည်၊ ထိုအချိန်တွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းကာ “အိုး ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်မစွန့်ခွာနိုင်ပါ။ ကိုယ်တော်သည် ကျွန်ုပ်၏အသက် ဖြစ်ပါ၏။ အခြားအရာအားလုံးမရှိဘဲ ကျွန်ုပ်နေနိုင်ပါ၏၊ သို့သော် ကိုယ်တော်မရှိဘဲ ကျွန်ုပ် အသက်ဆက်မရှင်နိုင်ပါ။” ဟူ၍ ပြောလိမ့်မည်။ ဤသည်မှာ လူသားတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုဖြစ်၏။ ဤသည်မှာ စစ်မှန်သော အသက်တာဖြစ်သည်။ လူအချို့တို့သည် ယနေ့ သူတို့ရှိနေသည့် နေရာအထိ ရောက်အောင် တွန်းပို့ခြင်း ခံခဲ့ရသည်- သူတို့လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ဆက်လုပ်နေရပြီး သူတို့သည် မလူးသာမလွန့်သာ အခြေအနေနှစ်ခုအကြားတွင် သောင်တင်နေသည်ဟု အမြဲတမ်း ခံစားနေကြသည်။ ဘုရားသခင်သည် သင့်အသက် ဖြစ်သည်အထိ၊ ဘုရားသခင်ကို သင့်နှလုံးသားထဲမှ နုတ်ယူသွားမည်ဆိုပါက၊ သင့်အသက်ကို ဆုံးရှုံးလိုက်ရခြင်းနှင့် အတူတူပင် ဖြစ်သည်အထိ သင်တွေ့ကြုံခံစားရမည်။ ဘုရားသခင်သည် သင့်အသက်ဖြစ်ရမည်ဖြစ်ပြီး သင်သည် သူ့ကို စွန့်ခွာရန် မတတ်စွမ်းနိုင်ဘဲ ရှိနေရမည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်ကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရပြီးဖြစ်လိမ့်မည်၊ ဤအချိန်၌ သင်သည် ဘုရားသခင်ကို ချစ်သောအခါ၊ ဘုရားသခင်ကို အမှန်တကယ်ပင် ချစ်မြတ်နိုးလိမ့်မည် ဖြစ်ကာ သင်၏ချစ်ခြင်းမေတ္တာသည် ပြိုင်စံကင်းပြီး ဖြူစင်သည့်အချစ် ဖြစ်လိမ့်မည်။ တစ်နေ့ သင့်အတွေ့အကြုံများကြောင့် သင်၏အသက်တာသည် အဆင့်တစ်ဆင့်သို့ ရောက်ရှိသွားသောအခါ၊ ဘုရားသခင်ထံ သင်ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို စားသောက်သောအခါ၊ သင်သည် အတွင်းထဲ၌ ဘုရားသခင်ကို စွန့်ခွာနိုင်မည် မဟုတ်သကဲ့သို့ သင်ဆန္ဒရှိခဲ့လျှင်ပင် သူ့ကို သင် မေ့လျော့နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် သင့်အသက်ဖြစ်လာပြီး ဖြစ်လိမ့်မည်၊ သင်သည် လောကကို လည်းကောင်း၊ သင့်ဇနီးမယား၊ သင့်လင်ယောက်ျား၊ သို့မဟုတ် သင့်သားသမီးများကိုလည်းကောင်း မေ့နိုင်သော်လည်း၊ ဘုရားသခင်ကို မေ့လျော့ဖို့ ခက်ခဲလိမ့်မည်— ထိုသို့ပြုလုပ်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ သင်၏အသက်အစစ်၊ ဘုရားသခင်အပေါ်၌ထားသော သင်၏ ချစ်ခြင်းမေတ္တာအစစ် ဖြစ်သည်။ ဘုရားသခင်အပေါ်ထားသော လူတို့၏ ချစ်ခြင်းမေတ္တာသည် အဆင့်တစ်နေရာသို့ ရောက်ရှိသွားချိန်တွင်၊ ဘုရားသခင် အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ၎င်းတို့၏ အခြား မည်သည့် အရာအတွက် ချစ်ခြင်းနှင့်မျှ တန်းတူမဖြစ်တော့ပေ။ ဘုရားသခင်အတွက် သူတို့၏ ချစ်ခြင်းသည် ဦးစားပေးဖြစ်လာပေသည်။ ဤသို့အားဖြင့် သင်သည် အခြား အရာအားလုံးကို စွန့်လွှတ်နိုင်ကာ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပြုပြင်မှုမှန်သမျှကို လက်ခံလိုသည့် ဆန္ဒ ရှိလာလိမ့်မည်။ ဘုရားသခင်အပေါ်ထားသော သင်၏ ချစ်ခြင်းသည် အရာအားလုံးထက် သာလွန်သွားပါက၊ သင်သည် လက်တွေ့အရှိတရားထဲ၌ အသက်ရှင်မည်ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာထဲ၌ အသက်ရှင်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

အောက်ခြေမှတ်စု(များ)-

က။ “မိမိ၏ တံတောင်ကို တွန်းထုတ်သည်” ဆိုသည်မှာ တရုတ် ဥပစာစကားတစ်ခု ဖြစ်သည်၊ ယင်းမှာ လူတစ်ဦးသည် အခြားသူများအား ထိုသူနှင့် ရင်းနှီးသောလူများ၊ ဥပမာအားဖြင့် မိဘများ၊ သားသမီးများ၊ ဆွေမျိုးများ သို့မဟုတ် တစ်အူတုံဆင်း ညီရင်းအစ်ကို မောင်နှမများကို အထိခိုက်ခံလျက် ကူညီနေသည်ဟု ဆိုလိုသည်။

အရှေ့သို့- ၃) ဘုရားသခင်၏လူများ ဖြစ်လာဖို့ အစေခံသူများ ဖြည့်ဆည်းရမည့် သတ်မှတ်ချက်များမှာ အဘယ်နည်း

နောက်တစ်ခုသို့- ၅) ဂျုံစပါးနှင့် တောပင်တို့ကို တစ်ခုမှတစ်ခု ထိုးထွင်းသိမြင်သည့်နည်းလမ်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂) ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဖာရိရှဲများ၏လမ်းကြောင်းကို လျှောက်နေကြသည်ဟု ပြောရသည့်အကြောင်းအရင်းနှင့် သူတို့၏ အနှစ်သာရ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌...

၃) အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုတို့သည် တစ်ပါးတည်းသော ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားများအကြားတွင်၊ ငါသည် ၎င်းတို့ မမြင်နိုင်သော ဝိညာဉ်၊ ၎င်းတို့ မည်သည့်အခါမျှ...

၆) ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို သိသည့်နည်းလမ်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း...

၁) ဘုရားသခင်၏ အသင်းတော် ဆိုသည်မှာအဘယ်နည်း။ ဘာသာရေးအဖွဲ့အစည်း တစ်ခု ဆိုသည်မှာအဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ မည်သည့်အရာအတိအကျ ဖြစ်သနည်း။ ယင်းကို သဘောတရားအရ သတ်မှတ်ရပါက...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်