၅) ဘုရားသခင်၏လူများ ဖြစ်လာဖို့ အစေခံသူများသည် မည်သည့် သတ်မှတ်ချက်များကို ဖြည့်ဆည်းရမည်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အစေခံမှုပြုခြင်း ဆိုသည်မှာ အနည်းဆုံးအနေဖြင့် သင်လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းမရှိမှသာ၊ သင်သည် သင်လုပ်ဆောင်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်ဟု ဆိုလိုသည်။ မည်သူကမျှ သင်၏လုပ်ရပ်များကို မစုံစမ်းသရွေ့၊ ပြီးလျှင် သင်လုပ်ဆောင်သည့်အရာသည် အသင့်အတင့်ဖြစ်သရွေ့၊ ယင်းသည် လုံလုံလောက်လောက် ကောင်းပေ၏။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မည်သို့ကျိုးနွံနာခံရမည်၊ သို့မဟုတ် သင်၏တာဝန်ကို မည်သို့ကောင်းမွန်စွာ လုပ်ဆောင်ပြီး ဘုရားသခင်ထံ ယင်းကို မည်သို့ပြန်ပြောရမည်တို့ကို စိတ်ဝင်စားဖို့ မဆိုထားနှင့်၊ စိတ်သဘောထား၏ ပြောင်းလဲခြင်းများ၊ သမ္မာတရား အခြေခံမူများနှင့်အညီ အမှုအရာများ လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းတို့အား စိတ်မဝင်စားချေ။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ဂရုမထားသကဲ့သို့၊ ဤသည်မှာ အစေခံမှုပြုခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။ အစေခံမှုပြုခြင်းသည် မိမိ၏အစွမ်းရှိသမျှဖြင့် အားထုတ်ကြိုးပမ်းခြင်းဖြစ်ပြီး ကျွန်တစ်ဦးအလား မနက်မှ ညအထိ အလုပ်လုပ်ခြင်း ဖြစ်သည်။ ထိုသို့သော လူတစ်ဦးကို သင်က၊ “ဤခါးသီးသော နှစ်များအားလုံး၌ သင့်ကိုယ်သင် မြှပ်နှံထားခဲ့သည့် အလုပ်ကြိုးစားမှုအားလုံးသည် မည်သည့်အတွက် ဖြစ်လေပြီနည်း” ဟု မေးလျှင် ၎င်းတို့က၊ “အကြောင်းရင်းမှာ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ်ရရှိနိုင်ဖို့အလို့ငှာဖြစ်သည်” ဟု ပြန်ဖြေလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်လာခဲ့သည့် ဤနှစ်များအားလုံး၏ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ စိတ်သဘောထား၌ အချို့သော ပြောင်းလဲမှုများ ရှိပြီးခြင်း ရှိမရှိ၊ ဘုရားသခင်၏ တည်ရှိခြင်းနှင့်သက်ဆိုင်၍ ၎င်းတို့သေချာလာကြခြင်း ရှိမရှိ၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များနှင့်သက်ဆိုင်သည့် စစ်မှန်သော သိနားလည်မှု၊ သို့မဟုတ် အတွေ့အကြုံ အတိုင်းအတာအချို့ ရှိမရှိဆိုသည်တို့ကို ၎င်းတို့အား သင်မေးပါက၊ ဤအရာအားလုံးအဖို့ အဖြေသည် ပြတ်သားတိကျသော “မရှိပါ” ဟူ၍ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤအရာများနှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမျှ ၎င်းတို့ပြောနိုင်ကြလိမ့်မည် မဟုတ်။ စိတ်သဘောထားထဲရှိ အပြောင်းအလဲများနှင့်ဆက်နွှယ်သည့် အညွှန်းတိုင်းတွင် မည်သည့်မွမ်းမံမှု၊ သို့မဟုတ် မည်သည့်တိုးတက်မှုမျှ မရှိသေးသည့်အခါ၊ ထိုသို့သော လူတစ်ဦးသည် စဉ်ဆက်မပြတ် အစေခံနေခြင်းသာ ဖြစ်၏။ လူတစ်ဦးအနေဖြင့် နှစ်ပေါင်းများစွာ အစေခံပြီး သတိမထားမိလိုက်ပါဘဲနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ၎င်းတို့ပိုင်ဆိုင်ကြောင်း၊ ဘုရားသခင်ကို ၎င်းတို့ မကြာခဏ ပုန်ကန်ကြောင်း၊ စောဒကတက်မှုများကို ၎င်းတို့ မကြာခဏ မြွက်ဆိုကြောင်း၊ ဘုရားသခင်ကို မကြာခဏ ၎င်းတို့နာခံနိုင်ခြင်းမရှိကြောင်း၊ ၎င်းတို့သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေကြောင်း၊ ဘုရားသခင်က သူ့ကို ကျိုးနွံနာခံရန် ၎င်းတို့အား မည်သို့ပြောဆိုသည်ဖြစ်စေ ၎င်းတို့အနေဖြင့် ထိုသို့မလုပ်ဆောင်နိုင်ကြောင်းတို့ကို နားလည်လာသည် ဆိုပါစို့။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းဖို့ ကြိုးပမ်းကြသော်လည်း၊ ဤအရာက အလုပ်မဖြစ်သကဲ့သို့၊ မိမိတို့ကိုယ်ကို ကျိန်ဆဲခြင်း၊ သို့မဟုတ် ကျမ်းသစ္စာများ ကျိန်ဆိုခြင်းသည်လည်း အလုပ်မဖြစ်ပေ။ အဆုံးတွင်၊ ၎င်းတို့ရှာဖွေတွေ့ရှိကြသည်- “လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို အမှန်တကယ် ပိုင်ဆိုင်ပြီး ယင်းကြောင့်ပင် သူသည် ဘုရားသခင်ကို ပုန်ကန်နိုင်ရခြင်း ဖြစ်သည်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း လူတို့၌ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒများ အမြဲရှိကြပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို အမြဲသုတေသနနေကြ၏။ ၎င်းတို့သည် အားထုတ်ကြိုးပမ်းကြရန် လိုလားနေကြသော်လည်း၊ တစ်စုံတစ်ရာက ၎င်းတို့၏စိတ်သဘောထားအပြင် ၎င်းတို့၏ ရိုင်းစိုင်းသော ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ဆန္ဒများကို ငြိစွန်းသည့်အခိုက်တွင်၊ ၎င်းတို့သည် ယင်းတို့ကို မစွန့်လွှတ်နိုင်၊ သို့မဟုတ် လက်မလွှတ်နိုင်ပေ။ ၎င်းတို့သည် အမှုအရာများကို မိမိတို့စိတ်ကျေနပ်သည့် နည်းလမ်းဖြင့် အမြဲလုပ်ဆောင်ချင်ကြသည်။ ဤသည်မှာ ကျွန်ုပ်ဖြစ်သည်၊ ကျွန်ုပ်သည် အမှန်တကယ် အုပ်ထိန်းရခက်သောလူတစ်ဦး ဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။” ဤအရာများကို ၎င်းတို့ စတင်တွေးဆကြပြီးဖြစ်ပါက၊ လူသားနည်းလမ်းများနှင့်သက်ဆိုင်သည့် သေးငယ်သော သိနားလည်မှုအချို့ ၎င်းတို့၌ ရှိနှင့်ပြီဖြစ်သည်။ တစ်ခါတစ်ရံတွင် အစေခံမှုပြုခြင်း၌ ပါဝင်သော လူတို့သည် တကယ့်အလုပ်ကို တာဝန်ယူနိုင်ပါက၊ စိတ်သဘောထား ပြောင်းလဲခြင်းများအပေါ် ၎င်းတို့၏စိတ်ကို အာရုံစိုက်နိုင်ပါက၊ စင်စစ်အားဖြင့် ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ပိုင်ဆိုင်ကြောင်း၊ ၎င်းတို့သည်လည်း မာနထောင်လွှားပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းမရှိသကဲ့သို့ ဤနည်းအတိုင်း ဆက်သွားဖို့မှာ အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်းတို့ကို သိနားလည်မှု ရရှိကြပါက၊ ဤအရာများကို ၎င်းတို့တွေးနိုင်သည့်အချိန် ရောက်လာပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို စတင်ပြောင်းလဲကြပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲကာ ၎င်းတို့ ကယ်တင်ခြင်း ရကောင်းရနိုင်မည့် မျှော်လင့်ချက် ရှိပေသည်။ ၎င်းတို့လက်ထဲရှိ အလုပ်ကို ပြီးစီးခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြည့်စုံစေဖို့ လိုအပ်သမျှအားလုံးဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် အားထုတ်ကြိုးပမ်းပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်ပြီးဖြစ်လိမ့်မည်ဟု တွေးထင်ရင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာတို့ဖြစ်ကြောင်း၊ သမ္မာတရားက မည်သည့်အရာဖြစ်ကြောင်း၊ သို့မဟုတ် ၎င်းတို့အား ဘုရားသခင်ကို နာခံသောသူ တစ်စုံတစ်ဦးအဖြစ် မှတ်ယူနိုင်ခြင်း ရှိမရှိတို့ကို မည်သည့်အခါတွင်မျှ စဉ်းစားခြင်းမရှိဘဲ၊ တစ်စုံတစ်ဦးက ဤအရာများကို မည်သည့်အခါတွင်မျှ မတွေးသကဲ့သို့၊ ၎င်းတို့သိသမျှအားလုံးမှာ မည်သို့အလုပ်လုပ်ရမည်ဆိုသည့်အရာသာ ဖြစ်သည်ဆိုပါစို့- ၎င်းတို့သည် ဤအရာများကို မည်သည့်အခါတွင်မျှ မတွေးဆကြပေ။ ထိုသို့သော နည်းလမ်းဖြင့် ၎င်းတို့၏ တာဝန်ကို ချည်းကပ်သော တစ်စုံတစ်ဦးသည် ကယ်တင်ခြင်း ရရှိနိုင်သလော။ အဖြေမှာ မရနိုင်ပေ။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိခြင်း လမ်းကြောင်းပေါ်၊ သို့မဟုတ် ဘုရားသခင်၌ ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ခြေမချကြသေးသကဲ့သို့၊ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကို မတည်ဆောက်ကြသေးချေ။ သို့သော် ၎င်းတို့သည် အားထုတ်ကြိုးပမ်းကြဆဲဖြစ်ပြီး ဘုရားသခင်၏ အိမ်တော်၌ အစေခံမှုပြုခြင်းတွင် ပါဝင်ကြဆဲ ဖြစ်သည်။ ဤလူစားမျိုးသည် ဘုရားသခင်၏ အိမ်တော်တွင် အစေခံမှု လုပ်ဆောင်ပြီး ဘုရားသခင်က ၎င်းတို့ကို စောင့်ရှောက်ကာ ကွယ်ကာသော်လည်း ၎င်းတို့ကို ကယ်တင်ဖို့ သူမစီစဉ်သကဲ့သို့ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းလည်း မရှိ၊ ၎င်းတို့ကို ပြုပြင်ခြင်းလည်း မရှိသည့်အပြင် တရားစီရင်ကာ ပြစ်တင်ဆုံးမခြင်းလည်း မရှိသကဲ့သို့၊ စမ်းသပ်မှုများ၊ သို့မဟုတ် စစ်ဆေးမှုများကိုလည်း မခံစေပေ။ သူသည် ၎င်းတို့အား ဤတစ်သက်တာတွင် ကောင်းချီးမင်္ဂလာ အတိုင်းအတာအချို့ကို ရရှိခွင့်သာပေးပြီး နောက်ထပ်ဘာမျှ မလုပ်ပေးပေ။ ဤလူတို့သည် ဤအရာများပေါ် သုံးသပ်ဆင်ခြင်ဖို့ သိရှိပြီး ၎င်းတို့ကြားနာသည့် တရားဒေသနာများကို နားလည်ကြသည့် အချိန်တစ်ချိန် ရောက်လာပါက၊ ၎င်းတို့က၊ “ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဤအရာပင် ဖြစ်တော့သည်ကိုး။ သို့ဖြစ်လျှင်၊ ကယ်တင်ခြင်း ရရှိဖို့ ကျွန်ုပ်ကြိုးစားရမည်။ ကျွန်ုပ်မကြိုးစားဘဲ ထိုအစား အစေခံမှု ပေးခြင်းကို မကျေမနပ်နှင့် လက်ခံပါက၊ ယင်းသည် ဘုရားသခင်ကို ယုံကြည်မှုနင့် မည်သည့်ပတ်သက်မှုမျှ ရှိလိမ့်မည်မဟုတ်ပါ” ဟု နားလည်ကြလိမ့်မည်။ ထို့နောက် ၎င်းတို့က၊ “‌ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်သွင်ပြင်လက္ခဏာများကို ငါပိုင်ဆိုင်သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဟူသည့် ဤအရာမှာ မည်သည့်အရာအတိအကျနည်း။ မည်သည့်အရာဖြစ်ပါစေ၊ ပထမဦးဆုံး ဘုရားသခင်ကို ငါကျိုးနွံနာခံရမည်” ဟု တွေးဆကြသည်။ ဤအရာများသည် သမ္မာတရားနှင့် စိတ်သဘောထား ပြောင်းလဲမှုတို့နှင့် ဆက်နွှယ်ပြီး ၎င်းတို့အတွက် မျှော်လင့်ချက်ရှိ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ဘုရားသခင်၏အလိုကို သိနားလည်ခြင်းမတိုင်မီ၊ ပြီးလျှင် ဘုရားသခင်အတွက် ရိုသေလေးမြတ်မှု အနည်းငယ်မျှပင် ဖြစ်ပေါ်စေခြင်းမတိုင်မီတွင်၊ လူတိုင်း ပါဝင်သည့် အခန်းကဏ္ဍသည် အစေခံသူတစ်ဦး၏ အခန်းကဏ္ဍသာ ဖြစ်နိုင်ပြီး အခြားမည်သည့်အရာမျှ မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ၊ သင်ဖြစ်ချင်သည်ဖြစ်စေ၊ မဖြစ်ချင်သည်ဖြစ်စေ၊ သင်သည် အစေခံသူတစ်ဦး ဖြစ်ပေသည်။ ဤအမည်နာမမှ သင် မလွတ်မြောက်နိုင်ပေ။ လူအချို့က “သို့သော် ဘုရားသခင်ကို ကျွန်ုပ်၏ တစ်သက်တာလုံး ယုံကြည်ခဲ့သည်။ ယေရှုကို ကျွန်ုပ် စတင်ယုံကြည်သည့် အချိန်မှစ၍ ဆယ်စုနှစ်အချို့ ရှိပြီးဖြစ်သည်။ ကျွန်ုပ်သည် အစေခံသူတစ်ဦးသာ အလေးအနက်ပင် ဖြစ်နေဆဲလော။” ဟူဆိုကြ၏။ ဤမေးခွန်းနှင့်ပတ်သက်၍ သင် မည်သည့်အရာ တွေးထင်သနည်း။ မည်သူ့ကို သင် မေးမြန်းနေသနည်း။ သင်သည် ဤအရာကို သင့်ကိုယ်သင် မေးဖို့ လိုအပ်သည်- ဘုရားသခင်၏ အလိုကို သင် နားလည်ပြီလော။ သင်သည် လောလောဆယ်တွင် အားထုတ်မှုအချို့ကို ပြုနေခြင်းသာ ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နေသလော။ သမ္မာတရားကို လိုက်စားခြင်းနှင့် သိနားလည်မှု လမ်းကြောင်းပေါ် သင် ခြေချပြီးပြီလော။ သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီးပြီလော။ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သင် ကြောက်ရွံ့သလော။ သင်သည် ဤအရည်အချင်းများကို ပိုင်ဆိုင်ပါက၊ ဘုရားသခင်၏ စမ်းသပ်မှုများနှင့် ကြုံနေရချိန်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပြီး၊ ဘုရားသခင်၏ ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်သည်၊ ထို့နောက် သင်သည် အစေခံသူတစ်ဦး မဟုတ်တော့သည်မှာ အမှန်ဖြစ်၏။ သို့သော် သင်သည် ဤအရည်အချင်းများကို ပိုင်ဆိုင်ပါက၊ သင်သည် အစေခံသူတစ်ဦး ဧကန်မုချ ဖြစ်နေဆဲ ဖြစ်သည်။ ဤအရာသည် ရှောင်လွှဲ၍မရသောအရာ ဖြစ်ပြီး၊ မလွဲဧကန် ဖြစ်သည့်အရာလည်း ဖြစ်ပေသည်။ လူအချို့က “ကျွန်ုပ်သည် ဘုရားသခင်ကို အနှစ်သုံးဆယ်ထက်ပို၍ ယုံကြည်ခဲ့ပြီးဖြစ်သည်။ သူသည် လူ့ဇာတိခံ ခန္ဓာအဖြစ် အမှုပြုဖို့ လာခဲ့ပြီး တကယ့်ပထမဆုံးသော နှုတ်ကပတ်တော်ကို မိန့်မြွက်သည့် အခိုက်အတန့်မှစ၍ ကျွန်ုပ်သည် သူ၏ နောက်လိုက်များထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံသည့် ပထမဆုံးသော လူများထဲမှ တစ်ဦးဖြစ်ပြီး၊ ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များ ပြောဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြားနာရသည့် ပထမဆုံးသူများထဲတွင်လည်း ပါဝင်ပေသည်။ ဤနှစ်များကာလအားလုံးနောက်တွင်၊ ကျွန်ုပ်သည် ဘုရားသခင်နောက် လိုက်နေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်နေဆဲ ဖြစ်သည်။ ကျွန်ုပ် ဖြတ်သန်းခဲ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုများတစ်လျှောက်၊ အကြိမ်အချို့ ကျွန်ုပ် အဖမ်းခံရခြင်းနှင့် ကျွန်ုပ် တွေ့ကြုံခဲ့ရသည့် အန္တရာယ်အားလုံးတစ်လျှောက်၊ ဘုရားသခင်သည် ကျွန်ုပ်ကို အမြဲ ကာကွယ်ခဲ့ကာ တစ်ဖက်ကမ်းသို့ ဖြတ်သန်းပို့ဆောင်ခဲ့သည်။ သူသည် ကျွန်ုပ်ကို မည်သည့်အခါတွင်မျှ မစွန့်ပစ်ဖူးပေ။ ယခုတွင် ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေဆဲဖြစ်ပြီး၊ ကျွန်ုပ်၏ အခြေအနေသည် ကောင်းမွန်သည်ထက် ကောင်းမွန်လာနေသည်၊ ကျွန်ုပ်၏ ယုံကြည်ခြင်းသည် ဆက်လက်ကြီးထွားပြီး ဘုရားသခင်နှင့်ပတ်သက်လာသည့်အခါ ကျွန်ုပ်၌ သံသယ အနည်းငယ်မျှ မရှိပေ။ ကျွန်ုပ်သည် အမှန်တကယ် အစေခံသူတစ်ဦးသာ ဖြစ်နေဆဲလော” ဟု ပြောကြသည်။ မည်သူ့ကို သင် မေးနေသနည်း။ သင်သည် လူမှား၍ မေးမြန်းနေမိသည်ဟု မထင်သလော။ ဤသည်မှာ သင် မေးသင့်သည့် မေးခွန်းတစ်ခု မဟုတ်ပေ။ နှစ်ပေါင်းများလှစွာ သင် ယုံကြည်သူတစ်ဦး ဖြစ်နေခဲ့သည်ကို ထောက်ဆသော်၊ ယခု သင်သည် သင် အဘယ်အရာ အတိအကျဖြစ်သည်ကို ရှင်းလင်းသည့် ထင်မြင်ယူဆချက်တစ်ခု ရှိသင့်ပေသည်။ နှစ်ပေါင်းများလှစွာ သင်သည် ယုံကြည်ခဲ့ပြီးဖြစ်သည့်အတွက်၊ သင်သည် အစေခံသူတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်၊ မဖြစ်သည်ကို အဘယ်သို့ သင် မသိနိုင်ရသနည်း။ သမ္မာတရား စစ်မှန်မှုကို သင် ပိုင်ဆိုင်ခြင်း ရှိမရှိကို အဘယ်ကြောင့် သင် မမေးသနည်း။ ဘုရားသခင်ကို ကြောက်ရွံ့မှု သင် ဖြစ်ပေါ်စေပြီးပြီလော။ မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့်ဆိုင်သည့် သက်သေအထောက်အထား တစ်ခုတစ်လေကို သင် ပြပြီးပြီလော။ ဘုရားသခင်သည် နှစ်ပေါင်းအလွန်များလှစွာ အမှုပြုပြီးဖြစ်ကာ အလွန်များလှသော နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီးဖြစ်သည်။ သင် မည်မျှ ရရှိပြီးပြီနည်း။ သင် မည်မျှ ဝင်ရောက်ပြီးပြီနည်း။ ဘုရားသခင်၏ ပြုပြင်ခြင်းနှင့် သင့်ကို ကိုင်တွယ်ဖြရှင်းခြင်း၊ ပြီးလျှင် သင့်ကို သူ ဖြတ်သန်းစေသည့် စမ်းသပ်မှုများနှင့် စစ်ဆေးမှု မည်မျှကို သင် လက်ခံပြီးပြီနည်း။ ဤအရာများကို လက်ခံနေချိန်တွင်၊ သင် သက်သေခံရပ်တည်ပြီးပြီလော။ ဘုရားသခင်အဖို့ သင် သက်သေခံနိုင်သလော။ ယောဘ ကြုံခဲ့ရသည့် စမ်းသပ်မှုမျိုးများကို သင် ကြုံခဲ့ရမည်ဆိုပါက၊ ဘုရားသခင်ကို သင် ငြင်းပယ်မည်လော။ မည်သို့ပင်ဖြစ်စေကာမူ၊ ဘုရားသခင်၌ သင် ယုံကြည်ခြင်း မည်မျှ အကယ်ပင် ရှိသနည်း။ သင်၏ ယုံကြည်ခြင်းသည် ယုံကြည်နေခြင်း သက်သက်လော၊ သို့မဟုတ် စစ်မှန်သော ယုံကြည်ခြင်းလော။ ဤမေးခွန်းများကို မိမိကိုယ်ကိုယ် မေးလော့။ ဤမေးခွန်းများအဖို့ အဖြေကိုပင် သင် မသိပါက၊ သင်သည် နားဝေတိမ်တောင် ဖြစ်ပေသည်။ သင်သည် အခြားသူများ၏ စကားများနှင့် လုပ်ရပ်များကို သံယောင်လိုက်သောသူ တစ်ဦးသာဖြစ်ပြီး၊ အစေခံသူတစ်ဦးဟု ခေါ်ဆိုခံရခြင်းငှာပင် မထိုက်တန်ဟု ငါ ထင်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၇)” မှ

လူတို့သည် ဘုရားသခင်၏ အိမ်တော်ထဲသို့ ဝင်ရောက်ပြီး သမ္မာတရားကို နားမလည်ကြဘဲ ပြင်းပြသော ဆန္ဒအမျိုးမျိုးသာ ရှိသည့်အခါ၊ သို့မဟုတ် ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ဆုံးဖြတ်မှုအချို့ ဖြစ်ပေါ်စေကြသည့်အခါတွင်၊ ဤကာလအတောအတွင်း ၎င်းတို့ ဖြည့်ဆည်းနိုင်သည့် အခန်းကဏ္ဍမှာ အစေခံသူများ၏ အခန်းကဏ္ဍသာ ဖြစ်ပေသည်။ ဟုတ်ပေ၏၊ “အစေခံမှုကို ပေးခြင်း”သည် ကြားကောင်းသည့် စကားရပ်တစ်ခု မဟုတ်ပေ။ တစ်နည်းအားဖြင့် ပြောရလျှင်၊ ယင်းသည် လူတို့က ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အမှုအတွက် အစေခံကာ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်သည်ဟု ဆိုလိုသည်၊ ဆိုလိုသည်မှာ ယင်းအတွက် ၎င်းတို့ မိမိတို့ကိုယ်ကိုယ် အသုံးပြုပေသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ သဘောမပေါက် သို့မဟုတ် နားမလည်ကြသော်လည်း၊ ကျွမ်းကျင်မှုများနှင့် ဆုကျေးဇူးများ အနည်းငယ်ရှိကြပြီး အခြားသူများ ပြောသည့်အရာကို သင်ယူနိုင်ကာ လက်ဆင့်ကမ်းနိုင်ကြပြီး၊ အထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် အလုပ်အချို့ကို တာဝန်ယူနိုင်ကြသည်၊ သို့သော် တိကျသည့် ဘုရားသခင်၏ ကယ်တင်ခြင်း အမှုနှင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲမှု၏ သွင်ပြင်လက္ခဏာအမျိုးမျိုးအပြင်၊ သမ္မာတရားနှင့် ဆက်နွှယ်သည့် အမှု၏ သွင်ပြင်လက္ခဏာအမျိုးမျိုးနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် မည်သည့်အားထုတ်မှုမျှ မဆက်ကပ်နိုင်ပေ၊ သို့မဟုတ် လုံးဝ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် အလုပ်အချို့ကို လုပ်ဆောင်နေစဉ်တွင် အားထုတ်မှု အနည်းငယ်မျှ ပြုကြပြီး၊ အနည်းငယ်မျှ ပြောကာ၊ အဓိကမဟုတ်သည့် ဝန်ဆောင်မှုနှင့်ဆက်နွှယ်သော အလုပ်အချို့ကို လုပ်ဆောင်ကြသည်။ ဤသည်မှာ လူတို့၏ တာဝန်များ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်သည့် အခန်းကဏ္ဍနှင့် ဘုရားသခင်၏ အိမ်တော်ထဲတွင် ၎င်းတို့ လုပ်ဆောင်သည့်အလုပ်၏ အနှစ်သာရတို့၏ ဖြစ်နေပုံ ဖြစ်ပါက၊ ၎င်းတို့သည် “အစေခံသူများ”ဟူသည့် အမည်နာမကို အရေးမစိုက်ဘဲထားခြင်းငှာ ခက်ခဲပေလိမ့်မည်။ ၎င်းတို့သည် ဤသည်ကို အရေးမစိုက်ဘဲထားခြင်းငှာ အဘယ်ကြောင့် ခက်ခဲလိမ့်မည်နည်း။ ယင်းသည် ဤအမည်နာမ ဆိုလိုဖို့ ဘုရားသခင် သတ်မှတ်ထားသည့်အရာနှင့် ပတ်သက်သလော။ အားထုတ်မှုအနည်းငယ် ထုတ်ပြပြီး၊ အမှုအရာများကို ၎င်းတို့၏ မွေးရာပါ အစွမ်းအစများ၊ ပါရမီများနှင့် အသိဉာဏ်တို့ဖြင့် လုပ်ဆောင်ဖို့ လူတို့အတွက် အတော်အတန် လွယ်ကူပေသည်။ သို့သော် သမ္မာတရားအားဖြင့် အသက်ရှင်ခြင်း၊ သမ္မာတရားစစ်မှန်မှုအတွင်း ဝင်ရောက်ခြင်း၊ ဘုရားသခင်၏ အလိုနှင့်အညီ ပြုမူခြင်း၊ ဤအရာများကိုမူ အလွန် အားသွန်ခွန်စိုက်လုပ်ရပေသည်။ ယင်းတို့သည် အချိန်လိုအပ်သည်၊ ဦးဆောင်ဖို့ လူများ လိုအပ်သည်၊ ဘုရားသခင်ထံမှ အသိဉာဏ်ပွင့်လင်းစေခြင်း လိုအပ်ပြီး ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှု လိုအပ်ပေသည်။ ထို့အပြင်၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ ရောက်လာခြင်း လိုအပ်သည်။ ထို့ကြောင့်၊ ဤရည်မှန်းချက်ကို ရောက်ရှိဖို့ အချိန်ယူသည့် ကာလအတောအတွင်းတွင်၊ လူအများစု လုပ်ဆောင်နိုင်စွမ်းရှိပြီး ထောက်ပံ့ပေးနိုင်စွမ်း ရှိသည်မှာ ထိုလက်တစ်ဆုပ်စာ အရာများအထိ ကန့်သတ်ထားပေသည်- ဘုရားသခင် စကားပြောဖို့အတွက် အရာဝတ္ထုများ၏ အခန်းကဏ္ဍများကို ဖြည့်ဆည်းခြင်း၊ အချို့သော ပါရမီများကို ပိုင်ဆိုင်ခြင်းနှင့် ဘုရားသခင်၏ အိမ်တော်၌ အသုံးဝင်မှုအချို့ ရှိခြင်း၊ ပုံမှန်လူ့သဘာဝက တွေးသည့်နည်းလမ်းဖြင့် တွေးခြင်းနှင့် သင့်ကို ခွဲဝေသတ်မှတ်ပေးထားသည့် မည်သည့်အလုပ်များကိုမဆို သဘောပေါက်နိုင်ပြီး ဆောင်ရွက်နိုင်ခြင်း၊ အချို့သော ကျွမ်းကျင်မှုများဖြင့် ပြင်ဆင်ထားခြင်းနှင့် ဘုရားသခင်၏အိမ်တော်၌ သင့်ကို လုပ်ဆောင်ဖို့ ပေးထားသည့် မည်သည့်အလုပ်ကိုမဆို သင်၏ အစွမ်းအစများဖြင့် ဆောင်ရွက်နိုင်ခြင်း၊ ပြီးလျှင် အရေးကြီးဆုံးမှာ၊ နားထောင်ပြီး ကျိူးနွံနာခံဖို့ ပြင်းပြသော ဆန္ဒရှိခြင်းဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်၌ အစေခံနေချိန်တွင်နှင့် ဘုရားသခင်၏အမှုအတွက် အားထုတ်မှုများပြုနေချိန်တွင်၊ သင်သည် နားထောင်ပြီး ကျိူးနွံနာခံဖို့ လိုအင်ဆန္ဒ အနည်းငယ်ရှိပါက၊ သင်သည် ထွက်ပြေးနိုင်လိမ့်မည်မဟုတ်၊ သို့မဟုတ် ပြဿနာ မွှေနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ထက်၊ သင်သည် မိမိကိုယ်ကိုယ် ချုပ်တည်းဖို့ အကောင်းဆုံး လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး၊ သာ၍ နည်းပါးသည့် မကောင်းသော လုပ်ဆောင်ချက်များနှင့် သာ၍များသည့် ကောင်းသော လုပ်ဆောင်ချက်များကို လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ လူအများစု၏ အခြေအနေနှင့် အနေအထား ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ ဟုတ်ပေ၏၊ သင်တို့အားလုံးထဲမှ၊ အလွန်နည်းပါးသော လူနည်းစုသာ ဤအခြေအနေ၊ ဤအတန်းအစားကို အမှန်တကယ် ချန်ထားရစ်ပြီး ဖြစ်သည်။ သို့ဆိုလျှင် ဤအလွန်နည်းပါသော လူတို့သည် မည်သည့်အရာကို ပိုင်ဆိုင်သနည်း။ ၎င်းတို့သည် သမ္မာတရားကို နားလည်လာကြပြီးဖြစ်သည်၊ သမ္မာတရားစစ်မှန်မှုကို ၎င်းတို့ ပိုင်ဆိုင်ကြပြီး၊ ပြဿနာတစ်ခုကို ကြုံနေရချိန်တွင်၊ ၎င်းတို့ ဆုတောင်းနိုင်ကာ ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်ပြီး သမ္မာတရား အခြေခံ သဘောတရားများနှင့်အညီ ဆောင်ရွက်နိုင်ပေသည်။ နားထောင်ပြီး ကျိုးနွံနာခံဖို့ဖြစ်သော ၎င်းတို့၏ ပြင်းပြသည့် ဆန္ဒသည် ထိုသို့လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်မှုတစ်ခုမျှအထိသာ ကန့်သတ်မခံရတော့ချေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး သူ၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ဖို့ ပဏာမခြေလှမ်း လှမ်းနိုင်စွမ်းရှိနှင့်ကြပြီး ဖြစ်သည်။ ပြဿနာတစ်ခုကို ကြုံနေရချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့မှု ရှိကြသည်၊ ၎င်းတို့သည် မဆင်မခြင် စကားမပြော၊ သို့မဟုတ် မပြုမူကြဘဲ၊ သတိရှိကာ နှိုင်းချင့်မျှော်ခေါ်တတ်လေသည်။ အထူးသဖြင့် ၎င်းတို့သည် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ သဘောမတူသည့် နည်းလမ်းဖြင့် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်အပေါ် အကဲဖြတ်မှု ချမှတ်ခြင်းမှ မိမိတို့ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ကြဆဲဖြစ်ပြီး ၎င်းတို့ထဲတွင် ခုခံမှု မဖြစ်ပေါ်ပေ။ စိတ်ထဲတွင်၊ ၎င်းတို့ စိတ်နှလုံးများ၏ အတွင်းနက်ရှိုင်းသော နေရာများတွင်၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာရပ်၊ အဆင့်အတန်းနှင့် အနှစ်သာရတို့နှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့၌ စစ်မှန်သော လက်ခံမှု ရှိကြသည်။ ဤလူများနှင့် အစေခံသူများကြားတွင် ကွာခြားချက်များ ရှိသလော။ (ရှိပါသည်။) မည်သည့် ကွာခြားချက်များ ရှိသနည်း။ ပထမဦးဆုံးအနေဖြင့်၊ သမ္မာတရားကို ၎င်းတို့ နားလည်ကြသည်။ ဒုတိယအနေဖြင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ တတိယအနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာအချို့ ရှိကြသည်။ စတုတ္ထအနေဖြင့်၊ ၎င်းတို့၏ နားထောင်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် ပြင်းပြသော ဆန္ဒများမျှသာ မဟုတ်တော့ဘဲ၊ နှလုံးသွင်းအရဖြစ်သော သဘောထားမျိုးတစ်ခုအဖြစ်သို့ ပြောင်းလဲပြီးဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် စစ်မှန်သော ကျိုးနွံနာခံမှု စွမ်းဆောင်ရရှိကြပြီး ဖြစ်သည်။ ပြီးလျှင် အရေးကြီးဆုံးသော ကွာခြားချက်အပြင် တန်ဖိုးအရှိဆုံးဖြစ်သည့် ပဉ္စမအနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့မှု ဖြစ်ပေါ်စေကြပြီး ဖြစ်သည်။ ဤအရာများကို ပိုင်ဆိုင်သည့် လူများသည် “အစေခံသူများ” နှင့်ဆိုင်သည့် အမည်နာမကို ဖယ်ရှားနှင့်ပြီးဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ၎င်းတို့၏ ဝင်ရောက်မှုနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာအမျိုးမျိုးအပြင်၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထား၊ ဘုရားသခင်နှင့်ဆိုင်သော ၎င်းတို့ အသိပညာ၏ အတိုင်းအတာကို ကြည့်သည့်အခါ၊ ဤလူများသည် ဘုရားအိမ်တော် လုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုခုအတွက် အစေခံနေခြင်းသက်သက် မဟုတ်တော့သကဲ့သို့ ရိုးရှင်းသည် အလုပ်အချို့ကို လုပ်ဆောင်ဖို့ ပန်ကြားခံရခြင်းထက် ကျော်လွန် တိုးတက်ပြီး ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဤလူများသည် တစ်ကြိမ်တည်းဖြင့် လုံလောက်သည့် ဆုလာဘ်တစ်ခုကို ရရှိဖို့သာ လာခြင်းမဟုတ်သကဲ့သို့၊ ရေရှည်တွင် အလုပ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်ကို လေ့လာစောင့်ကြည်ခံရနေစဉ် ယာယီ အလုပ်တစ်ချို့ကို အစမ်းသဘောဖြင့် လုပ်ဆောင်ဖို့သာ လူသစ်စုဆောင်းခံခဲ့ရသည်လည်း မဟုတ်ပေ။ ထို့ကြောင့်၊ ဤလူများသည် “အစေခံသူများ” နှင့်ဆိုင်သည့် ဤအမည်နာမ၊ ဤဘွဲ့သညာကို ခါချထားနှင့်ပြီး ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၇)” မှ

ဘုရားသခင်၏ အမှု အပြီးသတ်သည့်အချိန်တွင်၊ လူတစ်ဦးသည် “အစေခံသူ” ဟူသည့် အမည်နာမကို ဖယ်ရှားပြီးဖြစ်ပါက၊ ဤအမည်နာမကို အရေးမစိုက်ဘဲ ထားပြီးဖြစ်ကာ ဤအခြေအနေကို ချန်ထားရစ်ပြီးဖြစ်ပါက၊ ဤသည်မှာ အောင်ပွဲခံခြင်းအတွက် အကြောင်းတရားဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤသူသည် ဘုရားသခင်၏အမြင်တွင် သာမန်လူတစ်ဦး သို့မဟုတ် မယုံကြည်သူတစ်ဦး မဟုတ်တော့ဟု ဆိုလိုသည်။ ၎င်းတို့သည် ယခု ဘုရားသခင်၏ အိမ်တော်နှင့် နိုင်ငံတော်နှင့်ဆိုင်သော လူများ ဖြစ်ကြသည်။ ဘုရားသခင်၏ အိမ်တော်နှင့် နိုင်ငံတော်၏ အဖွဲ့ဝင်တစ်ဦးဟူသည့် ဤအမည်နာမသည် မည်သည့်နေရာမှ လာသနည်း။ ယင်းကို လူတို့က မည်သို့ ရရှိကြသနည်း။ ယင်းသည် အဖိုးအခတစ်ခု ပေးပြီးနောက်လာပြီး၊ သမ္မာတရားကို သိနားလည်မှုမှတစ်ဆင့် လာပြီး၊ သင်သည် သမ္မာတရားကို လိုက်စားပြီးဖြစ်ကာ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှု အဆင့်တစ်ခုထိ ရောက်ရှိပြီးဖြစ်သည်။ ယခု သင်သည် ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ပြီး သူ့ကို ကြောက်ရွံ့နိုင်သည်၊ ပြီးလျှင် သင်သည် သူ၏ အိမ်တော်သားတစ်ဦး ဖြစ်လာပြီး ဖြစ်သည်။ ယောဘနှင့် ပေတရုတို့ကဲ့သို့၊ သင်သည် စာတန်၏ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကို ကြုံဖို့ မလိုအပ်တော့ပေ။ သင်သည် ဘုရားသခင်၏ အိမ်တော်နှင့် သူ၏ နိုင်ငံတော်ထဲတွင် လွတ်လပ်စွာ အသက်ရှင်နိုင်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တိုက်ခိုက်တွန်းလှန်စရာ မလိုအပ်တော့ပေ။ သင်သည် ဘုရားသခင်၏ အမြင်တွင် စစ်မှန်သည့် ဖန်ဆင်းခံအရာတစ်ခု ဖြစ်ပြီး စစ်မှန်သော လူသားတစ်ဦး ဖြစ်သည်။ ဤအရာက စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူတစ်ဦးက ခံခဲ့ရသည့် ခက်ခဲသည့်နေ့ရက်များ လုံးဝ ပြီးဆုံးသွားပြီဟု ဆိုလိုပေသည်။ ယခုသည် လူတစ်ဦးက ဖန်ဆင်းရှင်၏ မျက်နှာအလင်းတွင် အသက်ရှင်နိုင်ပြီး ဘုရားသခင်ဘေးတွင် အသက်ရှင်နိုင်သည့် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်း အချိန်ကာလ ဖြစ်သည်။ ဤသည်မှာ အောင်ပွဲခံရမည့်အရာတစ်ခု ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)...လူချို့က “‘အစေခံသူများ’ ဟူသည့် ဝေါဟာရကို သင် ပြောဆိုသည်နှင့်တစ်ပြိုင်နက်၊ ကျွန်ုပ် အတိုက်အခံလုပ်သလို ခံစားရသည်။ ယင်းမှာ ကျွန်ုပ်၌ရှိသည့် တစ်ခုတည်းသော သဘောထား ဖြစ်သည်။ သင်သည် ကျွန်ုပ်ကို အစေခံသူတစ်ဦး ဖြစ်စေပါက၊ ကျွန်ုပ် လိုလိုလားလား ရှိမည် မဟုတ်သကဲ့သို့ ပျော်ရွှင်မည်မဟုတ်ပါ။ ကျွန်ုပ်သည် အစေခံသူတစ်ဦး မဟုတ်ဟု သင် ပြောပြီး ယင်းအစား ကျွန်ုပ်ကို ဘုရားသခင်၏လူများအနက် တစ်ဦးဟု ခေါ်ပါက၊ ကျွန်ုပ်သည် ၎င်းတို့အနက် အရေးမပါဆုံးသော သူဖြစ်လျှင်ပင် ယင်းသည် အဆင်ပြေလိမ့်မည်။ ကျွန်ုပ်ကို အစေခံသူတစ်ဦးဟု သင် မခေါ်သရွေ့ ကျွန်ုပ် အဆင်ပြေလိမ့်မည်။ ကျွန်ုပ်၏ အသက်တာ တစ်လျှောက်လုံးတွင်၊ ဤသည်မှာ ကျွန်ုပ်၌ ရှိဖူးသည့် တစ်ခုတည်းသော လိုက်စားမှုနှင့် တစ်ခုတည်းသော စံဖြစ်သည်။ ကျွန်ုပ် မျှော်လင့်စောင့်စားသမျှမှာ ‘အစေခံသူ’ ဟူသည့် အမည်နာမကို ဖယ်ရှားခြင်း ဖြစ်သည်။ ဤသည်မှာ တောင်းဆိုဖို့ မများလှပါ” ဟု ပြောခဲ့ကြသည်။ ဤကဲ့သို့သော လူများကို သင် အဘယ်အရာ ထင်မှတ်သနည်း။ ဤသည်မှာ သမ္မာတရားကို လိုက်စားသူတစ်ဦး၏ သဘောထားလော။ (မဟုတ်ပါ။) ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် အပျက်သဘောဆောင်သော သဘောထားတစ်ခု ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် မိမိကိုယ်ကိုယ် “အစေခံသူ” ဟူသည် အမည်နာမကို ဖယ်ရှားဖို့ ခက်ခက်ခဲခဲ ကြိုးစားရန် မလိုအပ်ပေ၊ အဘယ်ကြောင့်ဆိုသော် ယင်းကို အသက်တာတစ်လျှောက် သင် တိုးတက်ခဲ့သည့် အတိုင်းအတာအပေါ် အခြေခံ၍ သင့်အား ပေးထားသောကြောင့် ဖြစ်သည်။ သင်သည် ဤအရာကို သင်လိုချင်သည့်အရာအပေါ် အခြေခံ၍ မိမိကိုယ်ကိုယ်အတွက် ဆုံးဖြတ်၍မရပေ။ ယင်းသည် လူတစ်ဦး လိုချင်သည့်အရာပေါ်မဟုတ်ဘဲ၊ လူတစ်ဦးက မည်သည့်လမ်းကြောင်းပေါ်တွင်ရှိပြီး၊ ထိုလူက စိတ်သဘောထား ပြောင်းလဲမှု စွမ်းဆောင်ရရှိပြီးခြင်း ရှိမရှိဆိုသည်တို့အပေါ် မူတည်ပေသည်။ သင်၏ ရည်မှန်းချက်မှာ “အစေခံသူ” ဟူသည့် အမည်နာမကို မိမိထံမှ ဖယ်ရှားဖို့ ကြိုးစားရန်မျှ ဖြစ်ပါက၊ သင်သည် ယင်းကို မည်သည့်အခါတွင်မျှ ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ပေ။ သင့်ကို အမှန်တရား ငါ ပြောမည်- သင့်အသက်တာ၏ ကျန်ရှိသည့်အချိန်တွင် ယင်းကို သင်ပိုင်ဆိုင်လိမ့်မည်။ ထိုအစား သင်သည် သမ္မာတရား လိုက်စားခြင်းအပေါ် အာရုံစိုက်ပြီး စိတ်သဘောထား အပြောင်းအလဲတစ်ခုကို စွမ်းဆောင်ရရှိနိုင်ပါက၊ ဤအမည်နာမသည် တဖြည်းဖြည်း ကွယ်ပျောက်သွားလိမ့်မည်။ ထို့ကြောင့်၊ ဤအချက်နှစ်ချက်အရ ယင်းကို ကြည့်သည့်အခါ၊ ဘုရားသခင်သည် ဤ”အစေခံသူများ” ဟူသည့် အမည်နာမကို လူတို့အပေါ် အတင်းအကျပ်ပေးခဲ့သလော။ (မပေးခဲ့ပါ။) လုံးဝ မဟုတ်ပေ။ ယင်းသည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်က အတင်းအကျပ်ပေးခဲ့သည့် အမည်နာမတစ်ခု မဟုတ်သကဲ့သို့၊ စကားဝှက်တစ်လုံး သို့မဟုတ် ခေါ်ဝေါ်သည့် ဝေါဟာရတစ်ခု သို့မဟုတ် ဂုဏ်ထူးတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ အသက်တာ တိုးတက်မှု ဖြစ်စဉ်တစ်လျှောက်လုံး အသက်တာ၌ လူတို့ တိုးတက်ပြီးဖြစ်သည့် အတိုင်းအတာအပေါ် အခြေခံပေသည်။ သင်၏အသက်တာ မည်ရွေ့မည်မျှ တိုးတက်ပြီးဖြစ်ကာ သင်၏ စိတ်သဘောထား မည်ရွေ့မည်မျှ ပြောင်းလဲပြီးသည်ဖြစ်စေ၊ ယင်းမှာ “အစေခံသူ” ဟူသော အမည်နာမကို သင် ခါချပြီးသမျှ ဖြစ်သည်။ တစ်နေ့တွင်၊ ဘုရားသခင်ကို သင် ကြောက်ရွံ့ပြီး သူ့ကို ကျိုးနွံနာခံနိုင်သည့်နေရာသို့ သင် ရောက်ရှိပါက၊ သင် ဆင်မြန်းလိုလျှင်ပင် ဤအမည်နာမကို သင် ဆင်မြန်းလိမ့်မည်မဟုတ်တော့ပေ။ ဤသည်မှာ လူတစ်ဦး၏ လိုက်စားမှု၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် ၎င်းတို့ရှိနေသည့် လမ်းကြောင်းတို့အပေါ် အခြေခံပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၇)” မှ

အစေခံသူများသည်လည်း သစ္စာစောင့်သိရမည်ဖြစ်၏။ သင်၏ဇာစ်မြစ် သို့မဟုတ် ဘုရားသခင်သည် သင့်ကို အဘယ်ကြောင့် ရွေးချယ်သည်ကို ပဓာနမထားဘဲ၊ သင်သည် ဘုရားသခင်ကိုလည်းကောင်း၊ သင့်ကို ဘုရားသခင် အပ်နှံသည့် မည်သည့် စေခိုင်းချက်တာဝန်များကိုမဆို၊ ပြီးလျှင် သင် တာဝန်ရှိသည့် အလုပ်နှင့် သင်ထမ်းဆောင်သည့် တာဝန်များကိုလည်းကောင်း သစ္စာစောင့်သိရမည်။ ဘုရားသခင်ကို သစ္စာစောင့်သိခြင်းနှင့် ကျေနပ်စေခြင်းငှာ တတ်စွမ်းနိုင်သည့် အစေခံသူများအတွက်၊ ၎င်းတို့၏အဆုံးသတ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့ ဆက်လက်တည်ရှိနိုင်ကြလိမ့်မည်။ ဆက်လက်တည်ရှိသော အစေခံသူများဖြစ်ဖို့ရန်မှာ ကောင်းချီးမင်္ဂလာ တစ်ခုလော။ ဆက်လက်တည်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤကောင်းချီးမင်္ဂလာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ အဆင့်အတန်းတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံရသူများနှင့် တူပုံမရပေ။ ၎င်းတို့သည် ကွဲပြားပုံရ၏။ သို့သော် အမှန်တွင်၊ ဤဘဝတွင် ၎င်းတို့ မွေ့လျော်သည့် အရာသည် ဘုရားသခင်၏ ရွေးချယ်ခံသူတို့ မွေ့လျော်သည့်အရာနှင့် တူညီသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့်၊ ယင်းသည် ဤဘဝတွင် တူညီပေသည်။ ဤအရာကို သင်တို့ မငြင်းကြပေ၊ ဟုတ်သည်မဟုတ်လော။...သင်သည် သစ္စာစောင့်သိသော အစေခံသူတစ်ဦး ဖြစ်နိုင်ပါက၊ အဆုံးထိတိုင်အောင် အစေခံနိုင်ပြီး သင့်ကို ဘုရားသခင် အပ်နှံထားသည့် စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းနိုင်ပါက၊ သင်သည် တန်ဖိုးရှိသော အသက်တာကို အသက်ရှင်လိမ့်မည်ဖြစ်သည်။ ဤအရာကို သင် လုပ်ဆောင်နိုင်ပါက၊ သင်သည် ဆက်လက် တည်ရှိနိုင်လိမ့်မည်။ သင်သည် ဘုရားသခင်ကို သိရန် အနည်းငယ် သာ၍အားထုတ်ပါက၊ အနည်းငယ် သာ၍ကြိုးစားပါက၊ ဘုရားသခင်ကိုသိရန် သင်၏ကြိုးပမ်းအားထုတ်မှုများကို ဆတက်ထမ်းပိုး ပြုလုပ်နိုင်ပါက၊ ဘုရားသခင်ကို သိခြင်းအကြောင်း အနည်းငယ်ပြောဆိုနိုင်ပါက၊ သူ့အဖို့ သက်သေခံနိုင်ပါက၊ သည့်အပြင် သူ၏ အလိုတော်နှင့်သက်ဆိုင်သည့် တစ်စုံတစ်ရာကို သင် နားလည်နိုင်ပါက၊ ဘုရားသခင်၏အမှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အတော်အတန် အရေးထားနိုင်ပါက၊ သင်သည် အစေခံသူတစ်ဦးအနေဖြင့် အခွင့်အလမ်းတွင် ပြောင်းလဲမှုတစ်ခု တွေ့ကြုံရလိမ့်မည်ဖြစ်သည်။ ဤအခွင့်အလမ်း၌ ပြောင်းလဲမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်သည် ဆက်လက်တည်ရှိရုံသက်သက် ဖြစ်လိမ့်မည် မဟုတ်တော့ပေ။ သင်၏အပြုအမူအနေအထိုင်၊ သင်၏ကိုယ်ပိုင် မျှော်မှန်းချက်များနှင့် လိုက်စားမှုများအပေါ် မူတည်၍၊ ဘုရားသခင်သည် သင့်ကို ရွေးချယ်ခံရသူများထဲမှ တစ်ဦးဖြစ်စေလိမ့်မည်။ ဤအရာသည် အခွင့်အလမ်းထဲက သင်၏ ပြောင်းလဲမှု ဖြစ်လိမ့်မည်။ အစေခံသူများအတွက်၊ ဤအရာနှင့်ပတ်သက်၍ အကောင်းဆုံးသော အရာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ရွေးချယ်ခံရသူ ဖြစ်လာနိုင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ဖြစ်ပါက၊ ယင်းမှာ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည့်ပုံစံကဲ့သို့ တိရစ္ဆာန်များအဖြစ် ဝင်စားတော့မည်မဟုတ်ဟု ဆိုလိုပေသည်။ ယင်းမှာ ကောင်းပါ၏လော။ ကောင်းပေသကဲ့သို့ သတင်းကောင်းလည်း ဖြစ်၏- ယင်းမှာ အစေခံသူများသည် ပုံသွင်း၍ရသည်ဟု ဆိုလိုပေသည်။ အစေခံသူများအတွက်၊ ဘုရားသခင်သည် ၎င်းတို့ကို အစေခံဖို့ ခွဲခန့်မှတ်သားလိုက်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ထိုသို့ ထာဝရ လုပ်ဆောင်ကြလိမ့်မည်ဆိုသည်မှာ မမှန်ပေ။ ထိုသို့ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်သည် ဤလူ၏ တစ်ဦးချင်း အပြုအမူနှင့် သင့်လျော်သည့် နည်းလမ်းဖြင့် ၎င်းတို့ကို ကိုယ်တွယ်ကာ တုန့်ပြန်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

အရှေ့သို့- ဘုရားသခင်အတွက် အရာအားလုံးကို စွန့်လွှတ်ကာ အသုံးခံပြီးဖြစ်သည့်သူအချို့သည် အဘယ့်ကြောင့် အစေခံသူများ ဖြစ်လာကြသနည်း။

နောက်တစ်ခုသို့- သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အဘယ်နည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကယ်တင်ခံရသည်ဆိုသည်မှာ အဘယ်နည်း။ ပြည့်ဝသော ကယ်တင်ခြင်း ရရှိခြင်းဆိုသည်မှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို...

တရုတ် ကွန်မြူနစ်ပါတီ အစိုးရသည် အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သွေးရူးသွေးတန်း ဖိနှိပ်ပြီး ညှဉ်းပန်းနှိပ်စက်သည့် အကြောင်းအရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။” (ရှင်လုကာခရစ်ဝင် ၁၁:၂၉) “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌...

ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာကို ရရှိနိုင်ဖို့အလို့ငှာ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို တွေ့ကြုံဖို့ လိုအပ်သည့် အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် နောက်ဆုံးသောကာလတွင် တရုတ်ပြည်၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအတွက် အခြေခံအကြောင်းရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်