အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၅။ ကယ်တင်ခြင်း ရရှိပြီးလျက် စုံလင်ခံရပြီးသူများအဖို့ ဘုရားသခင်၏ ကတိတော်များမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခုတွင် ငါ့လူများ၏ အလယ်၌ ငါသည် အနှံ့အပြား လျှောက်သွားလျက် ရှိသည်၊ ငါ့လူများ၏ အလယ်တွင် ငါနေသည်။ ယနေ့တွင် ငါ့အပေါ် စစ်မှန်သည့် ချစ်ခြင်းမေတ္တာရှိသော သူများ၊ ထိုကဲ့သို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို နာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းခြင်းရှိသော သူများသည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ကိုင်စွဲကြရလိမ့်မည်၊ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးမင်္ဂလာကို ခံစားကြလိမ့်မည်။ မိမိကိုယ်မိမိ ပစ်ပယ်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ အရာ အားလုံးအတွင်းသို့ ဧကန်ဝင်ကြရ လိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ဆုကျေးဇူးများကို အမွေခံကြရလိမ့်မည်။ ငါ့အတွက်ကြောင့်နှင့် ဟိုဟိုဒီဒီ အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက်ကြောင့်နှင့် အသုံးခံဖို့ရန် သွားသော ထိုသူတို့အား ရွှင်လန်းစွာ ငါထွေးပိုက်မည်၊ ငါ့အား ပေးလှူခြင်း ပြုကြသော သူ တို့အား ငါသည် ရွှင်လန်းခြင်းများ ပေးသနားမည်၊ ငါ၏ နှုတ်ကပတ် တော်များထဲတွင် ဝမ်းမြောက်ခြင်း ရှာတွေ့သော သူများကို ငါကောင်းချီးပေးမည်၊ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားဖို့ရန် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ဆုကျေးဇူးကို ရကြလိမ့်မည်၊ ထို့အပြင် မည်သူတစ်ဦး တစ်ယောက်ကမျှ သူတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပေးသနားသော ကောင်းချီးများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားသော ကတိများကို သင်တို့ ရှာကြဖူး သလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင်ထု စွမ်းအားများ၏ လည်ညှစ်ခြင်းကို ဧကန် ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့သည် အမှန်ပင် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် ဖန်ဆင်းခြင်းအားလုံး၏ သခင် အမှန်ပင် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်နိုင်သူတစ်ယောက် အမှန်ပင် ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်ခြင်းအား သက်သေခံရန် မြောက်မြား လှစွာသော လူအုပ်ကြီး၏ အလယ်တွင် မတ်မတ်ရပ်နေလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန်ရှိကြလိမ့်မည်။ သင်တို့ ကျော်ဖြတ်ရသော ဝေဒနာများမှတစ်ဆင့်၊ ငါ့ထံမှ လာသော ကောင်းချီးများကို သင်တို့ အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ သင်တို့သည် စကြဝဠာ တစ်ဝှမ်းလုံးတွင် ငါ၏ ဘုန်းတော်ကို အမှန်ပင် တောက်ပစေကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၉” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်ကို စစ်မှန်စွာ ချစ်သောသူများသည် ဘုရားသခင်နှင့် ပတ်သက်၍ သက်သေခံနိုင်ပြီး၊ ဘုရားသခင်၏ လုပ်ငန်းအတွက် သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားနိုင်သဖြင့် သူတို့သည် ကောင်းကင်အောက် မည်သည့်နေရာတွင်မဆို ၎င်းတို့ကို ဆန့်ကျင်ရဲသူမရှိဘဲ သွားလာ၍ မြေကြီးပေါ်၌ အာဏာကို စွဲကိုင်နိုင်ပြီး ဘုရားသခင်၏ လူများအားလုံးကို အုပ်ချုပ်နိုင်သည်။ ထိုလူများသည် ကမ္ဘာတစ်ဝှမ်းမှ စုဝေးရောက်ရှိလာပြီး၊ ဘာသာစကားအမျိုးမျိုးကို ပြောကြကာ၊ အသားအရောင် အမျိုးမျိုးရှိကြသည်။ သို့သော် သူတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်သည် တူပြီး၊ သူတို့ထံတွင် ဘုရားသခင်ကို ချစ်သောနှလုံးသား ရှိကြသည်။ သူတို့သည် တူညီသော သက်သေကိုခံကြပြီး၊ တူညီသော စိတ်ဆုံးဖြတ်ချက်နှင့် တူညီသော ဆန္ဒလည်း ရှိကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ကမ္ဘာအနှံ့အပြား လွတ်လပ်စွာ လျှောက်လှမ်းသွားလာနိုင်ကြသည်၊ ဘုရားသခင်အတွက် သက်သေခံသောသူများသည် စကြဝဠာတစ်ဝှမ်းတွင် လှည့်လည်သွားလာနိုင်ကြသည်။ ထိုလူတို့သည် ဘုရားသခင်၏ ချစ်ခြင်းကို ခံရသောသူများဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရကာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် တစ်သက်လုံး နေထိုင်သွားမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

သင်တို့အတွက် ငါပြင်ဆင်ထားသောအရာဖြစ်သည့် ကမ္ဘာတစ်ဝှမ်းလုံးမှ ရှားပါးပြီး အဖိုးတန်သော ရတနာများအားလုံးကို သင်တို့အား ပေးအပ်မည်။ သင်တို့သည် ဤအရာအားလုံးကို လက်ရှိတွင် စိတ်ကူးကြံစည်ခြင်း၊ တွေးကြည့်ခြင်းငှာ တတ်နိုင်ကြမည်မဟုတ်သကဲ့သို့ ဤအရာကို မည်သည့်လူသားကမျှ ယခင်က မွေ့လျော်ခံစားဖူးခဲ့ခြင်းမရှိပေ။ ဤကောင်းချီးမင်္ဂလာများ သင်တို့အပေါ် ကျရောက်လာသောအခါ သင်တို့သည် အဆုံးမရှိ ပီတိဖြစ်လိမ့်မည်၊ သို့သော်လည်း ဤအရာအားလုံးသည် ငါ၏တန်ခိုး၊ ငါ၏လုပ်ဆောင်မှုများ၊ ငါ၏ဖြောင့်မတ်ခြင်းနှင့် ထို့ထက်သာ၍ပင် ငါ၏ဘုန်းအာနုဘော် ဖြစ်သည်ကို မေ့လျော့ခြင်းမရှိနှင့်။ (ကျေးဇူးပြုရန် ငါရွေးချယ်သော သူတို့အပေါ်တွင် ငါကျေးဇူးပြုမည်ဖြစ်ပြီး ကရုဏာစိတ်ထားရန် ငါရွေးချယ်သောသူတို့အပေါ်တွင် ငါကရုဏာစိတ်ထားမည်။) ထိုအချိန်တွင် သင်တို့၌ မိဘများရှိကြလိမ့်မည်မဟုတ်၊ သွေးသားရင်းချာများလည်း ရှိကြလိမ့်မည်မဟုတ်။ သင်တို့အားလုံးသည် ငါချစ်သောလူတို့ဖြစ်ကြကာ ငါ၏ချစ်သားများ ဖြစ်ကြသည်။ ထိုအချိန်မှစ၍ မည်သူကမျှ သင်တို့ကို ဖိနှိပ်ဝံ့မည်မဟုတ်။ ထိုအချိန်သည် သင်တို့အတွက် လူကြီးများအဖြစ် ကြီးပြင်းရန်အချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး သင်တို့သည် တိုင်းနိုင်ငံများကို သံလှံတံနှင့် အုပ်စိုးရန်အချိန် ဖြစ်လိမ့်မည်။ ငါ၏ချစ်သားတို့ကို အဘယ်သူသည် နှောင့်ယှက်ဝံ့သနည်း။ ငါ၏ချစ်သားတို့ကို အဘယ်သူသည် တိုက်ခိုက်ဝံ့သနည်း။ ဖခင်သည် ဘုန်းထင်ရှားခြင်းရှိပြီးဖြစ်သောကြောင့် သူတို့အားလုံးသည် ငါ၏ချစ်သားတို့ကို ရိုသေလေးမြတ်ကြလိမ့်မည်။ အဘယ်သူတစ်ဦးတစ်ယောက်ကမျှ စိတ်ကူးနိုင်မည်မဟုတ်သော အရာများအားလုံးသည် သင်တို့၏မျက်စိများရှေ့တွင် ပေါ်လာလိမ့်မည်။ ၎င်းတို့သည် အကန့်အသတ်မဲ့၊ မကုန်ခန်းနိုင်ဘဲ အဆုံးအစမဲ့လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

သူတို့၏ မတူညီသည့် လုပ်ဆောင်မှုများနှင့် သက်သေခံချက်များကို အခြေခံပြီး၊ နိုင်ငံတော်အတွင်းရှိ အောင်မြင်သောသူများက ယဇ်ပရောဟိတ်များ၊ သို့မဟုတ် နောက်လိုက်များအဖြစ် အစေခံကြလိမ့်မည်။ ထို့ပြင် ဒုက္ခဆင်းရဲအလယ်တွင် အောင်မြင်သောသူများက နိုင်ငံတော်ထဲတွင် ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်လာလိမ့်မည်။ စကြဝဠာတစ်လျှောက်တွင် ဧဝံဂေလိတရားအလုပ် ပြီးဆုံးသည့်အချိန်တွင်၊ ယဇ်ပရောဟိတ်များအဖွဲ့ ပေါ်ပေါက်လာမည်။ ထိုအချိန်ရောက်လျှင်၊ လူ့အနေဖြင့် လုပ်ရမည်မှာ ဘုရားသခင်၏ နိုင်ငံတော်အတွင်း သူ၏တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နှင့်အတူ နိုင်ငံတော်အတွင်း နေထိုင်ရန်ဖြစ်သည်။ ယဇ်ပရောဟိတ်များအဖွဲ့တွင် ယဇ်ပရောဟိတ် အကြီးအကဲများနှင့် ယဇ်ပရောဟိတ်များ ပါဝင်မည်ဖြစ်ပြီး၊ ကျန်ရှိသူများက ဘုရားသခင်၏လူများနှင့် သားများ ဖြစ်ကြလိမ့်မည်။ ဤအရာအားလုံးကို ဒုက္ခဆင်းရဲ ကြီးစွာခံစားရသည့်အချိန်တွင် ဘုရားသခင်အတွက် သူတို့ပြုသည့် သက်သေခံချက်များအားဖြင့် အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။ ယင်းတို့သည် စိတ်ကူးတည့်ရာပေးသည့် ဂုဏ်ပုဒ်များ မဟုတ်ပေ။ လူ၏ အခြေအနေသည် အခြေကျသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၏ အလုပ်သည် ရပ်ဆိုင်းသွားမည်ဖြစ်သည်၊ အကြောင်းမှာ လူတစ်ယောက်စီကို သူတို့၏ အမျိုးအစားအတိုင်း အဆင့်ခွဲထားပြီး သူတို့သည် မိမိတို့၏မူလအနေအထားကို ပြန်လည်ရောက်ရှိသွားသောကြောင့်ဖြစ်ကာ၊ ယင်းသည် ဘုရားသခင်ပြုသောအလုပ် အောင်မြင်ခြင်း၏ အမှတ်အသားဖြစ်သည်။ ဤကား ဘုရားသခင်ပြုသောအလုပ်၏ နောက်ဆုံးရလဒ်ဖြစ်ပြီး လူသား၏ လက်တွေ့လုပ်ဆောင်မှုဖြစ်သည့်အပြင် ဘုရားသခင့်အလုပ်၏ ရူပါရုံများနှင့် လူသား၏ပူးပေါင်းလုပ်ဆောင်မှုတို့ အကောင်အထည်ပေါ်လာခြင်းလည်းဖြစ်သည်။ အဆုံးမှာတော့၊ လူသားသည် ဘုရားသခင်၏ နိုင်ငံတော်တွင် ငြိမ်းချမ်းမှုကို တွေ့ရှိလိမ့်မည်၊ ဘုရားသခင်သည်လည်း သူ၏ကျိန်းဝပ်ရာအရပ်သို့ အနားယူရန် ပြန်သွားလိမ့်မည်။ ဤကား ဘုရားသခင်နှင့် လူသားအကြား အနှစ် ၆၀၀၀ ကျော် ပူးပေါင်းဆောင်ရွက်မှု၏ နောက်ဆုံးရလဒ်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

သိမ်းပိုက်ခြင်းအမှုပြီးဆုံးသည်နှင့် လူသားသည် လှပသောကမ္ဘာသို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည်။ ဤအသက်တာသည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေဆဲဖြစ်မည်မှာ အမှန်ပင်ဖြစ်သော်လည်း ယနေ့လူသား၏အသက်တာနှင့် လုံးဝတူညီမည် မဟုတ်ပေ။ ဤသည်မှာ လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် သိမ်းပိုက်ခဲ့ပြီးနောက် လူသားမျိုးနွယ်တွင်ရှိမည့် အသက်တာဖြစ်သည်။ ယင်းသည် ကမ္ဘာမြေကြီးတွင် လူသားအတွက် အသစ်စတင်ခြင်းဖြစ်မည်။ ထို့အပြင် လူသားမျိုးနွယ်အနေဖြင့် ဤအသက်တာမျိုးရခြင်းမှာ လူသားမျိုးနွယ်သည် လောကဘုံအသစ်သို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သက်သေဖြစ်လိမ့်မည်။ ဤသည်မှာ လူသားနှင့် ဘုရားသခင်အတွက် ကမ္ဘာမြေကြီးပေါ်တွင် အသက်တာသစ် စတင်ခြင်း ဖြစ်လိမ့်မည်။ ဤမျှလှပသောအသက်တာ၏ အကြောင်းရင်းမှာ လူသားသည် သန့်စင်ခံရ၍ သိမ်းပိုက်ခြင်းခံရပြီးနောက် ဖန်ဆင်းရှင်ရှေ့မှောက်တွင် နာခံ၍ ဖြစ်ရမည်။ ထို့ကြောင့် သိမ်းပိုက်ခြင်းအမှုသည် လူသားမျိုးနွယ်က အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ မဝင်ရောက်မီ ဘုရားသခင်အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ဤသို့သော အသက်တာသည် ကမ္ဘာမြေကြီးတွင် လူသား၏အနာဂတ် အသက်တာဖြစ်၏၊ ၎င်းသည် ကမ္ဘာပေါ်တွင် အလှပဆုံးသော အသက်တာဖြစ်၏၊ လူသားတောင့်တသော အသက်တာဖြစ်၏၊ ကမ္ဘာ့သမိုင်းတွင် လူသားအနေဖြင့် တစ်ခါမျှ မရရှိဖူးသော အသက်တာဖြစ်၏၊ ၎င်းသည် အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်းအမှု၏ နောက်ဆုံးရလဒ်ဖြစ်၏၊ လူသားမျိုးနွယ်အနေဖြင့် လိုချင်တောင့်တဆုံးဖြစ်၍ ဘုရားသခင်က လူသားကို ပေးခဲ့သော ကတိလည်းဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်လတံ့သော သူတို့သည် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေအနှစ်ကို ရရှိမည့်သူများ ဖြစ်ကြ၏။ ဆိုလိုသည်မှာ သူတို့က ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ခံယူကြကာ၊ ထိုအရာသည် သူတို့အထဲတွင် ရှိသောအရာများ ဖြစ်လာ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးသည် သူတို့၏အထဲတွင် ပြုပြင်ပုံသွင်းသည်။ ဘုရားသခင်၏ ဖြစ်ခြင်းမှာ မည်သို့ပင်ဖြစ်ပါစေ၊ သူဖြစ်သည့်အတိုင်းကို သင်တို့သည် တိတိကျကျ သိမှတ်နိုင်ကြသည်။ ထိုသို့ဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးကြသည်။ ဤလူမျိုးသည်ပင်လျှင် ဘုရားသခင် စုံလင်စေသူ၊ ရရှိသောသူဖြစ်၏။ ယင်းကဲ့သို့သော လူသာလျှင် ဘုရားသခင် ပေးအပ်သည့် အောက်ပါ ကောင်းချီးမင်္ဂလာများကို အမွေခံဖို့ရန် အရည်အချင်းပြည့်မီကြသည်။

၁။ အလုံးစုံသော ဘုရားသခင်မေတ္တာရခြင်း။

၂။ အရာရာ၌ ဘုရားသခင်အလိုနှင့်အညီ လုပ်ဆောင်ခြင်း။

၃။ ဘုရားသခင်လမ်းပြမှု ရရှိခြင်း၊ ဘုရားသခင်၏ အလင်းထဲ အသက်ရှင်ခြင်းနှင့် ဘုရားသခင်၏ ဉာဏ်ပညာအလင်း ဖွင့်ပြခံရခြင်း။

၄။ မြေကြီးပေါ်တွင် ဘုရားသခင်ချစ်သော ပုံသဏ္ဌာန်နှင့် တစ်ထပ်တည်း အသက်ရှင်ခြင်း၊ ဘုရားသခင်အတွက် ကားတိုင်၌ ကွပ်မျက်ခံလျက် ဘုရားသခင်မေတ္တာအတွက် ပြန်ပေးဆပ် အသေခံထိုက်သော ပေတရုကဲ့သို့ ဘုရားသခင်ကို အမှန်အကန်ချစ်ခြင်း။ ပေတရုကဲ့သို့ ဘုန်းအသရေ ထပ်တူ ပိုင်ဆိုင်ခြင်း။

၅။ ကမ္ဘာပေါ်မှ လူအပေါင်းတို့၏ ချစ်ခင်နှစ်သက်ခံရခြင်း၊ ရိုသေခံရခြင်းနှင့် အားကျလေးစားခံရခြင်း။

၆။ မရဏာနှင့် မရဏနိုင်ငံ၏ ချည်နှောင်ခြင်း ဟူသမျှကို အောင်မြင်ခြင်း၊ စာတန်၏ အလုပ်ကို အခွင့်မပေးခြင်း၊ ဘုရားသခင်၏ ပိုင်ဆိုင်မှုခံရခြင်း၊ လန်းဆန်း ရှင်သန်သော ဝိညာဉ်နှင့်အတူ အသက်ရှင်ခြင်း၊ စိတ်ပူပန်မှု ခံစားချက်များ ကင်းဝေးခြင်း။

၇။ ဘုရားသခင်၏ ဘုန်းတော်နေ့ရက် ကြွလာခြင်းကို ရှုမြင်ပြီးသည့်သဖွယ်၊ ဘဝတစ်လျှောက်တွင် အချိန်တိုင်း၌ နှုတ်မြွက်မမီသော ပီတိနှင့် စိတ်တက်ကြွမှုရှိခြင်း။

၈။ ဘုရားသခင်နှင့်အတူ ဘုန်းတော်ရရှိခြင်း၊ ဘုရားသခင်ချစ်သော သန့်ရှင်းသူတို့နှင့် ထပ်တူညီမျှ မျက်နှာရခြင်း။

၉။ မြေကြီးပေါ်က ဘုရားသခင်ချစ်မြတ်နိုးသူ ဖြစ်လာခြင်း၊ ဆိုလိုသည်မှာ ဘုရားသခင်နှစ်သက် မြတ်နိုးသော သားဖြစ်လာခြင်း။

၁၀။ အသွင်ပြောင်းကာ တတိယကောင်းကင်သို့ ဘုရားသခင်နှင့်အတူ ကြွသွားခြင်း၊ ဇာတိပကတိကို ကျော်လွန်ခြင်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ” မှ

ယခင်က:ဘုရားသခင်၏ လူတို့ဆိုသည်မှာ အဘယ်နည်း။ အစေခံသူများဆိုသည်မှာ အဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ