အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အောင်မြင်သောသူများ၏ သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘဝ၏ နိမိတ်လက္ခဏာများကို ဖန်ဆင်းသည်

ယန်လီ၊ ကျန်းရှိပြည်နယ်

ကျွန်မ ကလေးအရွယ်က ကျွန်မ၏ အမေ ကွယ်လွန်သွားခဲ့သော ကြောင့်၊ ငယ်ရွယ်သည့်အချိန်မှစ၍ အိမ်ထောင့်တာဝန်များ၏ လေးလံ သောဝန်ကို ထမ်းခဲ့ရသည်။ ကျွန်မ အိမ်ထောင်ကျပြီးနောက်၊ ကျွန်မ၏ တာဝန်များသည် အလွန် စိတ်ရောကိုယ်ပါ ဖိစီးရပြီး၊ ၎င်းတို့၏ ကြီးလေးသောတာဝန် အောက်တွင် ကျွန်မ အသက်ပင် မရှူနိုင်သလောက် ဖြစ်သည်။ ကျွန်မ၏ တစ်ယောက်စာနိုင်သမျှ ဘဝ၏ခက်ခဲ ကြမ်းတမ်းမှု နှင့် ဒုက္ခများရရှိခြင်းဖြင့်၊ အချိန်ကြာလာသည်နှင့်အမျှ ကျွန်မ စိတ်ဓာတ် ကျလာပြီး၊ စိတ်မချမ်းမြေ့ ဖြစ်လာခဲ့သည်၊ နှုတ်ဆိတ်ပြီး သီးသန့်နေကာ တစ်ရက်ပြီးတစ်ရက် ဖြုန်းတီးခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ညီအစ်ကို မောင်နှမအချို့က အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်နှင့် ပတ်သက်သည့် ဧဝံဂေလိကို ကျွန်မကို ဝေမျှခဲ့သည်၊ ကျွန်မက ပျော်ရွှင်စွာ လက်ခံပြီး၊ ကျွန်မ၏ ခင်ပွန်းနှင့် သားသမီးများကို ကျွန်မနှင့်အတူ ဘုရားသခင် ရှေ့တော်မှောက်သို့ ခေါ်လာခဲ့သည်။ ထိုအချိန်မှစပြီး ညီအစ်ကိုမောင်နှမများသည် စုဝေးပွဲများအတွက် ကျွန်မတို့၏ အိမ်သို့ မကြာခဏ လာကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မတို့ မိတ်သဟာယပြုကြကာ၊ သီဆို ကခုန်ပြီး ဘုရားသခင်ကို ချီးမွမ်းကြသည်။ ဤအရာက ကျွန်မကို မယုံကြည်နိုင်လောက်သော သာယာကြည်နူးမှုကို ဆောင်ကြဉ်းပေးပြီး၊ ကျွန်မသည် စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်း နောက်ထပ် မခံစားရတော့ပါ။ ကျွန်မက ပို၍နုပျိုလာပြီး၊ တစ်ချိန်လုံး ရွှင်လန်း တက်ကြွသည့် အသွင်ပေါက်နေသည်ဟု ကျွန်မ၏ သားသမီးများက ပြောကြသည်။ ကျွန်မတို့ မိသားစုတစ်စုအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ အတူတကွ ဖတ်ရှုကြပြီး၊ သူ့နှုတ်ကပတ်တော်များမှတစ်ဆင့်၊ သမ္မာတရားများစွာအပြင်၊ လူသား မျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အရေးပေါ် အလိုတော်ကိုလည်း ကျွန်မတို့ နားလည်သဘောပေါက်လာခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာကို ပြန်လည်ပေးဆပ်ရန်၊ ကျွန်မကဲ့သို့ စာတန်၏ ညှဉ်းဆဲမှုကို ကြုံတွေ့ခဲ့ရသည့်သူများကို ဘုရားသခင် ရှေ့တော်မှောက်သို့ လာရောက် စေရန်နှင့် သူ့အားဖြင့် အမြန်ဆုံးကယ်တင်ခံရစေရန် ဧဝံဂေလိဖြန့်ဝေပြီး၊ ဘုရားသခင်အတွက် သက်သေခံရင်း နေရာအနှံ့သို့ ကျွန်မ ခရီးသွား ခဲ့သည်။ ဤအတွက်ကြောင့် ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှု၏ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ မည်ကို ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ပါ။

၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၇နာရီခန့်တွင်၊ ညီအစ်မ နှစ်ယောက်နှင့်အတူ စုဝေးပွဲတစ်ခုတွင်ရှိနေစဉ်၊ တံခါး၌ ကြမ်းတမ်းသော ခေါက်သံတစ်ခုကို ရုတ်တရက် ကြားလိုက်သည်၊ ရဲများ ဖြစ်နိုင်ကြောင်း သတိပြုမိရင်း၊ ဘုရားနှုတ်ကပတ်တော် စာအုပ်များ အားလုံးကို ကျွန်မ ကမန်းကတန်း သိမ်းလိုက်သည်။ ကျွန်မ မျှော်လင့် ထားသည့်အတိုင်းပင်၊ အရှေ့တံခါးသည် အလွန်လျင်မြန်စွာ ကန်ချခံရပြီး၊ ရဲအရာရှိ ငါးယောက်တို့က ကသုတ်ကရက် ပြေးဝင်လာကာ၊ ကျွန်မတို့ကို ဝိုင်းထား လိုက်သည်။ အရာရှိခေါင်းဆောင်က “လွတ်ပေါက် မရှိဘူးဟေ့။ နေရာကို ရှာကြစမ်း” ဟု အော်ပြောလိုက်သည်။ အချိန်တိုအတွင်းမှာပင်၊ အိမ်ထဲ ရှိသမျှ အားလုံးသည် ဆိုးဆိုးရွားရွား ရှုပ်ထွေးကာ ကျွမ်းထိုး မှောက်ခုံ ဖြစ်ကုန်ကြသည်။ ထို့နောက် သူတို့က ကျွန်မတို့၏ အိတ်များ၊ ဓမ္မသီချင်းစာအုပ်တစ်အုပ်တို့ကို သိမ်းကာ၊ ကျွန်မတို့ကို ဆက်ပြီး လက်ထိပ်ခတ်ကာ၊ ရဲစခန်းသို့ ခေါ်သွားခဲ့သည်။ ဤအင်အားပြသမှုကို ရင်ဆိုင်ရာတွင် ကျွန်မ အလွန်အမင်း ကြောက်လန့်ပြီး၊ ကွယ်ကာမှု အတွက် ဘုရားသခင်ကို အသည်းအသန် အော်ခေါ်ခဲ့သည်။ ထိုအချိန်တွင် ဘုရားနှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ပိုဒ်က စိတ်ထဲရောက် လာသည်။ “သင့်ပတ်ဝန်းကျင် တွင်ရှိသော အရာအားလုံးသည် ငါ၏အခွင့်အားဖြင့်သာဖြစ်ကြောင်း သင်သိသင့်၏၊ အားလုံးကို ငါစီစဉ် ထားရှိ၏။ ရှင်းရှင်းလင်းလင်း တွေ့မြင်ပြီး သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ့စိတ်နှလုံး အလိုကို ဖြည့်ဆည်းလော့။ မကြောက်နှင့်။ ဗိုလ်ခြေများ၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော် သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ) ဘုရားနှုတ်ကပတ်တော်များသည် ကျွန်မကို အလွန် ကြီးမားသော ခွန်အားနှင့် ယုံကြည်မှုတို့ကို ပေးခဲ့သည်၊ ကျွန်မ၏ ကြောက်စိတ်ကို ဖယ်ရှားပေးပြီး၊ ဣန္နြေနှင့် တည်ကြည်လေးနက်မှုတို့ကို ကျွန်မအတွင်း၌ သွတ်သွင်းပေးခဲ့သည်။ မှန်ပါသည်။ အဖြစ်အပျက် အားလုံးနှင့် အမှုအရာအားလုံးတို့သည် ဘုရားသခင်၏ လက်တော်ထဲ တွင်ရှိပြီး၊ ရဲများသည်လည်း ဘုရားသခင်၏ လက်ထဲနှင့် စီစဉ် ညွှန်ကြားမှုများထဲတွင် ရှိပါသည်။ ဘုရားသခင်က ကျွန်မ၏ ခိုင်မာသော အမှီသဟဲအဖြစ်ကြောက်စရာတစ်ခုမျှ မရှိပါ။ ကျွန်မ ကြုံတွေ့နိုင်သည့် မည်သည့်အခြေအနေ၌မဆို သက်သေ ရပ်တည်နိုင်ရန် ကျွန်မသည် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်း နှင့်၊ ဘုရားသခင်ကို အားကိုးခြင်းတို့တွင် အာရုံစိုက်ထားရမည်သာ ဖြစ်ပါသည်။

ရဲစခန်းတွင်၊ ကျွန်မတို့ကို နှစ်စုခွဲပြီး စည်ပင်သာယာ ပြည်သူ့ လုံခြုံရေးဌာနနှင့် နယ်ခံရဲစခန်းမှ ရဲဆယ်ယောက်တို့က တစ်လှည့်စီ စစ်ဆေးမေးမြန်းကြသည်။ သူတို့က ကျွန်မတို့၏ အမည်များ၊ လိပ်စာ များနှင့် ကျွန်မတို့၏အသင်းတော် ခေါင်းဆောင်များ မည်သူဖြစ်ကြောင်း တို့ကို သိရှိရန် မေးမြန်းခဲ့ကြသည်။ ကျွန်မတို့က မည်သည့် အဖြေမျှမပေး သည့်အခါတွင်၊ သူတို့၏ အားမလို အားမရဖြစ်ခြင်းက ဒေါသအဖြစ် ပြောင်းသွားခဲ့ပြီး၊ ကျွန်မတို့ကို သံကျားခုံတန်းလျားတွင် လက်ထိပ်ခတ် ခဲ့သည်။ ထိုရဲများ၏ မျက်နှာပေါ်ရှိ ကြမ်းကြုတ်သော အကြည့်များကို မြင်ရင်း ကျွန်မ၏ စိတ်နှလုံးထဲသို့ ကြောက်စိတ်အနည်းငယ် ရိုက်ခတ် လာခဲ့သည်။ ကျွန်မတို့အပေါ် မည်သည့် ရက်စက်သော ဗျူဟာမျိုးကို သူတို့အသုံးပြုမည်ကို ကျွန်မ တွေးမိပြီး၊ ကြံ့ကြံ့ခံနိုင်မည် မခံနိုင်မည်ကို ကျွန်မ မသေချာခဲ့ပါ။ ကျွန်မ စကားမပြောသည်ကို မြင်လျက်၊ အရာရှိများ ထဲမှ တစ်ယောက်က ပျားသကာလောင်းသော လေသံဖြင့် “မိုးချုပ်နေ ပါပြီလေ။ မင်း နာမည်နဲ့ လိပ်စာသာ ငါတို့ကို ပြောပြစမ်းပါ၊ ငါတို့မင်းကို ချက်ချင်း အိမ်ပြန်ပို့ပေးမယ်”ဟု ပြောခဲ့သည်။ ကျွန်မမှာ ဘုရားသခင် ၏ ကွယ်ကာမှုရှိသောကြောင့် ထိုအချိန်က ကျွန်မ၏စိတ်သည် အလွန် ကြင်လင်ပြီး၊ ကျွန်မက “ဒါက စာတန်ရဲ့ လှည့်စားမှုတွေထဲက တစ်ခုပါ။ သူတို့ကို ငါ့နာမည်နဲ့ လိပ်စာပေးလိုက်ရင်၊ သူတို့က ငါ့အိမ်ကို မလွဲမသွေ သွားပြီး ရှာကြမှာပဲ၊ အဲဒါက အသင်းတော်ကို အရမ်းကို ထိခိုက်နိုင် တယ်”ဟု မိမိဘာသာ တွေးမိသည်။ ဤသို့ဖြင့် ထိုအလွန်ဆိုးရွားသော ရဲများ ကျွန်မကို မည်သို့စစ်မေးပါစေ၊ စကားတစ်လုံးမျှ ကျွန်မ မပြော သော်လည်း၊ ဘုရားသခင်က ကျွန်မကို ပြောဖို့ သင့်တော်သည့် စကားများကို ပေးပါရန် သူ့ကိုသာ ကျွန်မဆုတောင်းခဲ့သည်။ နောက်တစ်နေ့တွင် သူတို့ပြန်လာပြီး ထိုမေးခွန်းများကိုသာ မေးခဲ့သည်၊ တစ်ဖန် ကျွန်မ မည်သည့်အရာမျှ မပြောခဲ့ပါ။ ထိုညနေတွင် အလွန်တရာ မသင့်လျော်မအပ်စပ်သော ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည့် အမျိုးသမီး အရာရှိတစ်ယောက်က ဝင်လာပြီး၊ ကျွန်မကို စိန်းစိန်းဝါးဝါး ကြည့်ကာ၊ “နင့်နာမည် ဘာလဲ။ နင်ဘယ်မှာနေတာလဲ”ဟု ခက်ထန်စွာ မေးခဲ့သည်။ သူမအား ကျွန်မ ပြန်မဖြေသောကြောင့် “နင်တို့တစ်တွေက ပိုက်ဆံတစ်ပြားမှ ဒုက္ခခံပြီး ရှာမနေဘဲ ကိုယ့်ဝမ်းဝဖို့စားပြီး ပျင်းရိ ပျင်းတွဲနေကြတယ်။ နင်က ဘယ့်နှယ့်ဖြစ်လို့ ဘုရားတစ်ပါးကို ယုံချင်ရ တာလဲ”ဟု ကျွန်မကို ဒေါသတကြီးဖြင့် အော်ပြောလေသည်။ ပြီးနောက် သူမက ကျွန်မဆီသို့ ခြေလှမ်းကျဲကျဲ လျှောက်လာပြီး၊ “ယုံကြည်မှုကို လက်တွေ့လုပ်ဆောင် တယ်တဲ့လား၊ ဟုတ်ပါလိမ့်မယ် အားကြီးကြီး။ ငါ့ကို ရိုးသားတဲ့ အဖြေတစ်ခုမပေးရင်၊ ငါ နင့်ကို သတ်မယ်”ဟု အော်ပြောရင်း၊ ကျွန်မ၏ ခြေထောက်များနှင့် ခြေရင်းများကို သူမ၏ ဒေါက်မြင့်ဖိနပ်ဖြင့် စတင်ကန်ကျောက်ခဲ့သည်။ ကျွန်မ၏ ခြေထောက် များနှင့် ခြေရင်းများက မခံမရပ်နိုင်အောင် နာကျင်ပြီး၊ သူတို့က နောက်ထပ် ကျွန်မကို မည်သည့် ဆိုးရွားသော အရာများ ကြုံတွေ့ခံစား စေမည်ကို မသိဘဲ၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် လှိုင်းလုံးကဲ့သို့ တစ်လိပ်လိပ်တက်လာသည့် အားနည်းမှုက လွှမ်းခြုံသွားခဲ့သည်။ ဘုရားသခင်က ကျွန်မ၏ စိတ်နှလုံးကို ကွယ်ကာပေးပါရန် တောင်းလျှောက်ရင်း၊ သူ့ကို ကျွန်မ ကမန်းကတန်း အသနားခံခဲ့သည်။ ကျွန်မ၏ ဆုတောင်းခြင်းကို အဆုံးသတ်ပြီးနောက်၊ ကျွန်မ၏ ကြောက်စိတ် သက်သာသွားခဲ့သည်။ သူတို့ စစ်ဆေးမေးမြန်းခြင်းက မည်သည့် အဖြေမှမရရှိလာသောကြောင့် ရဲများက ကျွန်မတို့ သုံးယောက်ကို ထိန်းသိမ်းရေးစခန်းသို့ ပို့ခဲ့လေသည်။

ထိုညတွင် နှင်းထူထပ်စွာကျနေပြီး၊ အလွန်ချမ်းအေးလေသည်။ ထိုကြမ်းရမ်းသောရဲများက ကျွန်မတို့ အဝတ်ပါးတစ်စုံမှလွဲ၍ မည်သည့် အရာမျှ မဝတ်ခိုင်းဘဲ၊ ခရီးလမ်းတစ်ခုလုံး ချမ်းအေးမှုဖြင့် ခိုက်ခိုက်တုန် စေလျက် ကျွန်မတို့ အိတ်များထဲတွင်ပါရှိသည့် ဆောင်းရာသီ အဝတ် အထည်များအားလုံးကို သိမ်းဆည်းလိုက်သည်။ ထိန်းသိမ်းရေး စခန်းသို့ ကျွန်မတို့ ရောက်သည့်အချိန်တွင်၊ ကျွန်မတို့ကို မှုန်မှိုင်းနေပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် မြေအောက် အကျဉ်းဆောင်သို့ ခေါ်သွားခဲ့ သည်။ ရံဖန်ရံခါ ဆိုသကဲ့သို့ အခြားသော အကျဉ်းသားများ၏ ဆဲဆို သံများနှင့် ငိုသံများက လွင့်မျောလာပြီး ကျွန်မကို အလွန်ထိတ်လန့် ကြောက်ရွံ့စေလေသည်- ကမ္ဘာမြေပေါ်ရှိငရဲတစ်မျိုးထဲသို့ ကျွန်မ ဝင်ရောက်လိုက်ရသကဲ့သို့ ခံစားခဲ့ရပါသည်။ ကျွန်မတို့ သုံးယောက်သည် အခြားအကျဉ်းသား အယောက်နှစ်ဆယ်ခန့်ရှိသော အကျဉ်းခန်းတစ်ခု ထဲသို့ ထိုးထည့်ခံရသည်၊ ထိုအခန်းမှ ဆီချေးဆော်နံသော အပုပ်နံ့ တလိပ်လိပ် ထွက်ပေါ်လေသည်။ အကျဉ်းခန်း၏ နှစ်ဖက်လုံးတွင် အိပ်စက်ရန် သမံတလင်းပလက်ဖောင်းများဖြင့် ဘောင်ကွပ်ထားပြီး၊ အကျဉ်းသားအားလုံးသည် စားပွဲရှည်ကြီးတစ်ခုကို ဝိုင်းထိုင်ပြီး မီးလုံး နန်းကြိုးမျှင်များကို ရစ်နေကြသည်။ ကျွန်မတို့ ဝင်ရောက်သည်နှင့် တပြိုင်နက် အရာရှိက အကျဉ်းသားခေါင်းဆောင်ကို “သူတို့ကိုသေချာ ကောင်းကောင်း ကြိုဆိုလိုက်ကြစမ်း"ဟု ပြောလိုက်သည်။ မူးယစ်မှုဖြင့် ထောင်ကျနေသူ အကျဉ်းသား ခေါင်းဆောင်သည် အသက်သုံးဆယ်ပင် မရှိသေးပါ။ သူမက အရာရှိ၏ အမိန့်များကို ကြားသည်နှင့်တပြိုင်နက် ကျွန်မ အထိုင်ချဖို့အချိန်မရမီပင် ပြင်းထန်သော ကန်ချက်တစ်ခုဖြင့် ကျွန်မကို မြေကြီးပေါ် ကန်လှဲချလိုက်သည်။ အလွန်နာကျင်လှသည်မှာ မြေကြီးပေါ်တွင် ကျွန်မ ဟိုဟိုသည်သည် လူးလှိမ့်အော်ဟစ်နေခဲ့သည်။ ထို့နောက် သူတို့က ကျွန်မတို့၏ အဝတ်များအားလုံးကို ဆွဲဖြဲလိုက်ပြီး၊ ရေချိုးခန်းထဲသို့ ကျွန်မတို့ကို ဒရွတ်တိုက် ဆွဲခေါ်သွားကာ၊ ရေအေးဖြင့် အတင်းအကျပ်ချိုးခိုင်းသည်။ အရိုးစိမ့်အောင် အလွန်အေးသောရေက ကျွန်မတစ်ကိုယ်လုံးကို တစ်သိမ့်သိမ့်တုန်ခြင်းများဖြစ်စေပြီး၊ မရပ်မနား မေးချင်းရိုက်စေလေသည်။ ကျွန်မ၏ တစ်ကိုယ်လုံးသည် ဓါး တစ်ချောင်း ဖြင့် ဟက်တက်ခွဲခံရသကဲ့သို့ မခံမရပ်နိုင်သော နာကျင်မှုကို ခံစားရပြီး၊ ကျွန်မ အလွန်လျင်မြန်စွာ သတိလစ်သွား ခဲ့သည်။ ကျွန်မ သတိပြန်ရ လာချိန်တွင် အကျဉ်းခန်းထဲသို့ ဒရွတ်တိုက် ပြန်ဆွဲခေါ် ခံရပြီးကြောင်း ကျွန်မ သတိပြုမိခဲ့သည်။ အကျဉ်းသား ခေါင်းဆောင်က ကျွန်မ နိုးလာကြောင်း တွေ့သည့်အချိန်တွင်၊ သူမက ကျွန်မအပေါ် မလျှော့ပေါ့ သေးဘဲ၊ ဆက်ကန်ကျောက် ထိုးနှက်လေသည်။ သူမဘာသာ ခြေကုန် လမ်းပန်းကျပြီးနောက်မှသာလျှင် ကျွန်မကို တစ်ဖက်သို့ ပစ်ထုတ် လိုက်သည်။ ညီအစ်မနှစ်ယောက်က လာပြီး၊ ကျွန်မကို တင်းကျပ်စွာ ပွေ့ဖက်ထားကြသည်၊ သူတို့ မျက်ရည်များ သူတို့ မျက်နှာများပေါ်မှ ကျစီး လာခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင် အလွန်အားနည်းနေပြီး၊ ကျွန်မက “ဘုရားသခင်က ငါ့ကို ဘာဖြစ်လို့ ဒီအတိုင်း သေခွင့်မပေးရ တာလဲ။ ငါသေတာနဲ့တပြိုင်နက်၊ လွတ်မြောက် သွားမယ်၊ ဒါပေမဲ့ ငါဆက်ပြီး အသက်ရှင်ရင် ဒီမကောင်းဆိုးဝါးတွေ ငါ့ကို ဘယ်လို ရိုက်နှက်ပြီး ညှဉ်းပန်းကြမယ်ဆိုတာ နဲ့ အဲဒါတွေ အားလုံးကို ငါ တောင့်ခံနိုင်မယ်၊ မတောင့်ခံနိုင်ဘူး ဆိုတာ ဘယ်သူသိနိုင်မှာလဲ”ဟု မိမိဘာသာ တွေးမိသည်။ ထိုအကြောင်းကို ကျွန်မ ပိုတွေးလေ၊ ကျွန်မ ပို၍ စိတ်သောကရောက်လာလေ ဖြစ်ပြီး၊ ကျွန်မ မျက်နှာပေါ်မှ မျက်ရည်များ စီးကျလာခဲ့သည်။ ကျွန်မ၏ ဆင်းရဲဒုက္ခအလယ်တွင်၊ ဘုရားသခင်က သူ့နှုတ်ကပတ်တော်၏ ဓမ္မသီချင်းတစ်ပုဒ်ကို တွေးဖို့ ကျွန်မကို ဉာဏ်အလင်းပြခဲ့သည်။ “သင့်အား လမ်းပြသည့် ဘုရားအလင်းကြောင့် အမှောင်စွမ်း အားမှ ကျော်လွှားထိုးဖောက်ကာ၊ ကယ်တင်ခြင်းခံရမည်။ အမှောင်ဖုံးလွှမ်းသည့်လောကကြီးထဲမှာ ထိုလမ်းပြသည့်...အလင်းကို သင်သည် ဆုံးရှုံးလိမ့်မည်မဟုတ်။…သိနိမ်ပြည်၌ သင်သည် ခိုင်ခိုင်မာမာ ရပ်တည် ပြီး ခံစားခဲ့သောဒုက္ခများအတွက် ဘုရားသခင်၏ ကောင်းချီးများ အမွေဆက်ခံရမည်။ သင်တို့ထဲမှာ ဘုရား၏ကြီးမြတ်ဘုန်း စကြဝဠာသည် မြင်ရလိမ့်မည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “အောင်နိုင်သူတို့၏သီချင်း”) ကျွန်မ၏ စိတ်နှလုံးသည် နွေးထွေးမှုဖြင့် ချက်ချင်း လွှမ်းမိုးခံရသည်။ စာတန်သည် ကျွန်မအပေါ်တွင် သူ၏ ရက်စက်မှုဖြင့် ဘေးသင့်စေသော်လည်း၊ ဘုရားသခင်ကို ကျွန်မ ရိုးသားစွာ အားကိုးပြီး၊ ကြည်ညိုသမျှ ကာလပတ်လုံး ဘုရားသခင်သည် ကျွန်မကို အမှောင်စွမ်းအားများ၏ ဖိနှိပ်မှုကို အောင်မြင်ကျော်လွှားစေပြီး၊ အလင်းထဲလာရောက်စေဖို့ ဧကန်မုချ ဦးဆောင်သွားမည့်အကြောင်း ကျွန်မကို သတိပြုမိစေလျက်၊ ဘုရားသခင်၏ ကတိတော်နှင့် သူ့ချစ်ခြင်း မေတ္တာတို့က ကျွန်မကို နက်ရှိုင်းစွာ တို့ထိလေသည်။ ကျွန်မ တွေ့ကြုံနေ သည့် ဆင်းရဲဒုက္ခသည် တန်ဖိုးရှိပြီး၊ အဓိပ္ပါယ်ရှိသည်။ ၎င်းသည် ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာတစ်ခု ဖြစ်ပြီး၊ ၎င်းမှာ သမ္မာတရား ကို ရှာဖွေလိုက်စားခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်း ရရှိခြင်း ဖြစ်စဉ်၌ ကျွန်မ ကြုံတွေ့ရမည့် ဆင်းရဲဒုက္ခဖြစ်သည်။ ၎င်းသည် စာတန်ကို ဘုရားသခင်၏ အနိုင်ယူခြင်းအတွက် ခိုင်မာသည့် သက်သေခံချက်တစ်ခုလည်း ဖြစ်လေသည်။ ဘုရားသခင်ကို ကျွန်မက ငြင်းဆန်ပြီး သစ္စာဖောက်စေဖို့ ကြိုးစားအားထုတ်ရာတွင် စာတန်က ကျွန်မကို ညှဉ်းဆဲပြီး၊ နှိပ်စက်နေခြင်း ဖြစ်သည်။ ဘုရားသခင်ကို ကျွန်မ၏ ဆက်ကပ်အပ်နှံခြင်း၌ ဆက်လက် အားကောင်းနေခြင်း၊ ဘုရားသခင်အတွက် သက်သေခံပြီး သက်သေရပ်တည်သင့်သော ဆင်းရဲ ဒုက္ခအားလုံးကို သည်းခံခြင်းတို့အားဖြင့်သာ၊ စာတန်၏ ဒုက္ခ ပေးသော အကြံအစည်ကို ကျွန်မ ပြန်လည်တိုက်ခိုက်နိုင်ပြီး၊ ဘုရားသခင်ကို ဘုန်းအသရေ ဆောင်ကြဉ်းပေးခြင်းအဖို့ စာတန်ကို အရှက်ရစေမည် ဖြစ်သည်။ ဤအရာများ အားလုံးကို စေ့စေ့စပ်စပ် စဉ်းစားပြီးသည် နှင့်တပြိုင်နက်၊ ဘုရားသခင်ထံ ကျွန်မ နက်ရှိုင်းစွာ ဝန်ချတောင်းပန်ပြီး၊ သန္နိဌာန်တစ်ခု ချမှတ်ခဲ့သည်။ “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်ဟာ အင်မတန် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးတဲ့ ကျွန်မတို့ဆီကို ကယ်တင်ခြင်း ဆောင်ကြဉ်းပေးဖို့ ဘယ်လို သာမန် လူတစ်ယောက်မဆို ခံနိုင်တာထက် ပိုပြီး ဒုက္ခခံရခဲ့ရပါတယ်။ ကိုယ်တော်က ကျွန်မတို့အတွက် အရမ်းကို အပတ်တကုတ် ကြိုးပမ်း အားထုတ်မှုတွေပြုခဲ့ပြီး၊ ကျွန်မတို့အတွက် ကိုယ်တော့်ရဲ့ ချစ်ခြင်း မေတ္တာက အမှန်တကယ်ကို ကြီးမြတ်လှပါတယ်။ ကျွန်မဟာ ကိုယ်တော့် ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်သင့်ပါတယ်။ ဒါပေမဲ့ ဒီနေ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်ရချိန် စာတန်ရှေ့မှာ ကျွန်မ သက်သေခံသင့် တဲ့အချိန်မှာ၊ ရုန်းထွက်လွတ်မြောက်ဖို့ကို ကျွန်မ ရွေးချယ်ခဲ့ပါတယ်။ ဇာတိခန္ဓာမှာ နည်းနည်းလောက်ပဲ ဒုက္ခခံရတဲ့အချိန်မှာ၊ သေသွားပြီး အဲဒါတွေအားလုံး အဆုံးသတ်တာကို အရာအားလုံးထက် လိုချင်လျက်၊ ကျွန်မဟာ အပျက်သဘောဆောင်ပြီး၊ ခုခံခဲ့ပါတယ်။ ကျွန်မက ဘယ်လောက် သူရဲဘောကြောင်ပြီး၊ အသိစိတ်ချို့တဲ့လိုက်ပါသလဲ။ အခုအချိန်ကစပြီး၊ ဘာဘေးဖြစ်စေတတ်တဲ့ အခြေအနေတွေကို ကျွန်မ ရင်ဆိုင်ရပါစေ၊ ကိုယ်တော့်အတွက် သက်သေရပ်တည်နိုင်ဖို့ ကျွန်မ ကတိပေးပါတယ်” ထိုအခိုက်အတန့်တွင် ကျွန်မ၏ ယုံကြည်မှု အားကောင်းလာသည်ကို ခံစားရပြီး၊ ဘုရားသခင်အတွက် သက်သေခံဖို့ ဆက်အသက်ရှင်ရန် ဆန္နရှိရင်း၊ ကျွန်မ ညီအစ်မ၏လက်ကို တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်ခဲ့ပါသည်။

ထိန်းသိမ်းရေးစခန်းတွင် နှစ်ဆယ့်တစ်ရက်ကြာ ထိန်းသိမ်းခံ ရပြီးနောက်၊ ရဲများက ကောင်တီပြည်သူ့လုံခြုံရေးဌာနသို့ ကျွန်မကို လိုက်ပို့ခဲ့သည်။ သူတို့က ကျွန်မကို ကျားခုံတန်းရှည်တွင် တုပ်နှောင်ပြီး၊ စစ်မေးခဲ့သည်။ စကားတစ်လုံးပြောရန် စွဲစွဲမြဲမြဲ ငြင်းဆန်ခဲ့သောကြောင့် ထိုညတွင် ကျွန်မကို သံမှိုများစီခြယ်ထားသည့် လက်ထိပ်ဖြင့်ခတ်ပြီး ပြတင်းပေါက်တစ်ခု၏ သံဘောင်တွင် ကျွန်မကို ချိတ်ဆွဲထားကာ၊ မြေကြီးကို ကျွန်မ၏ ခြေချောင်းထိပ်များဖြင့် ထိနိုင်ရုံသာ လေထဲတွင် ကျွန်မ၏ ခန္ဓာကိုယ်ကို တွဲလောင်းချထားခဲ့သည်။ အရာရှိတစ်ယောက်က “ငါ့မှာ ရှိတာတစ်ခုပြောရရင်တော့ အဲဒါက စိတ်ရှည်တာပဲ။ နင်ငါ့ကို တောင်းပန်လာပြီး နင့်ခေါင်းဆောင်က ဘယ်သူလဲဆိုတာကို နင့်ဘာသာ လိုလိုလားလား ပြောလာအောင် ငါနင့်ကို လုပ်ပြမယ်”ဟု ပြောရင်း၊ မောက်မာစွာစကားပြောခဲ့ပါသည်။ ပြီးနောက်၊ သူထွက်ခွာရာတွင် တံခါးကို ဆောင့်ပိတ်ပြီး အခန်းထဲမှ ထွက်သွားခဲ့သည်။ နောက်များ မကြာမီ ကျွန်မ၏ လက်ကောက်ဝတ်တွင် အရိုးကိုထိုးဖောက်နေသည့် နာကျင်မှုကို စတင်ခံစားရပြီး၊ ပြောမထွက်နိုင်အောင် ဆိုးရွားသည့် ဆင်းရဲဒုက္ခဖြင့် ကျွန်မကို ကျန်ရစ်စေသည်။ ထိုအခိုက်အတန့်တွင် ဘုရားနှုတ်ကပတ်တော်များ၏ ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ ရုတ်တရက် တွေးမိခဲ့သည်။ “ဘုရားကိုယ်တိုင် ပေးခဲ့သည့် ကတိတော် ရှာခဲ့ဖူးသလား ဘုရား၏ကောင်းချီးများကို လက်ခံခဲ့ဖူးသလား သင့်အား လမ်းပြသည့် ဘုရားအလင်းကြောင့် အမှောင် စွမ်းအား မှ ကျော်လွှားထိုးဖောက်ကာ၊ ကယ်တင်ခြင်းခံရမည်။ အမှောင်ဖုံးလွှမ်းသည့်လောကကြီးထဲမှာ ထိုလမ်းပြသည့်… အလင်းကို သင်သည် ဆုံးရှုံးလိမ့်မည်မဟုတ်။ သင်သည် ဖန်ဆင်းခံအားလုံး၏ အရှင်သခင်ဖြစ်လိမ့်မည် စာတန်ရှေ့မှောက် အောင်နိုင်သူဖြစ်လိမ့်မည်။ 3 နဂါးကြီးကျဆုံးသည့်အခါ သင် ရဲရင့်ခြင်း ဖြင့် ဘုရားသခင်၏ အောင်မြင်ခြင်းကို သက်သေခံလိမ့်မည်။ သိနိမ်ပြည်၌ သင်သည် ခိုင်ခိုင်မာမာ ရပ်တည် ပြီး ခံစားခဲ့သောဒုက္ခများအတွက် ဘုရားသခင်၏ ကောင်းချီးများ အမွေဆက်ခံရမည်။ သင်တို့ထဲမှာ ဘုရား၏ကြီးမြတ်ဘုန်း စကြဝဠာသည် မြင်ရလိမ့်မည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “အောင်နိုင်သူတို့၏သီချင်း”) ကျွန်မ၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ထိုဓမ္မသီချင်းကို ကျွန်မ ထပ်ခါထပ်ခါ ဆိုခဲ့သည်။ ကျွန်မ ပို၍ သီဆိုလေ၊ ပို၍ အားရှိလေဖြစ်လာကာ၊ ကျွန်မ၏ စိတ်နှလုံးကို ရဲဆေးတင်ပေးပြီး၊ အမှောင်စွမ်းအားများ၏ ဖိနှိပ်မှုကို အောင်မြင်ကျော်လွှားနိုင်ရန် ဘုရားသခင်က ကျွန်မကို ဧကန်မုချ ဦးဆောင်မည်ဖြစ်ကြောင်း အခိုင်အမာယုံကြည်သော ယုံကြည်မှုကို ပေးကာ၊ ကျွန်မ၏ သက်သေခံခြင်းတွင် ခိုင်မာစွာရပ်တည်နိုင်ရန် ဤရက်စက်သော ညှဉ်းပန်းမှုအားလုံးကို ကူညီသည်းခံပေးသည့် ဘုရားနှုတ်ကပတ်တော်၏ တန်ခိုးရှိသော အသက်စွမ်းအားကို ကျွန်မ ခံစားနိုင်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ အားပေးမှုဖြင့် ကျွန်မ၏ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကွယ်ပျောက်သွားကာ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ပြီး ဘုရားသခင်နှင့် ပို၍ရင်းနှီးကျွမ်းဝင်လာသည်ဟု ကျွန်မ အမှန်တကယ် ခံစားခဲ့ရပါသည်။ ဘုရားသခင်က ကျွန်မကို အဖော်ပြုရင်း၊ ကျွန်မ၏ အပါးတွင်ရှိသကဲ့သို့ ခံစားရသည်။ ဘုရား နှုတ်ကပတ်တော်များက ကျွန်မ၏နှလုံးသားကို တို့ထိခဲ့ပြီး၊ ဘုရားသခင် ကို စိတ်ကျေနပ်စေရန် ကျွန်မ သက်သေရပ်တည်ပြီး စာတန်ကို လုံးဝ အလျှော့ ပေးမည်မဟုတ်ဟု သန္နိဌာန်ချမှတ်ခဲ့သည်။

ထို့နောက် စစ်မေးခန်းထဲသို့ ကျွန်မ ခေါ်ဆောင်ခံရပြီး၊ ထိုနေရာတွင် ပထမဆုံးမြင်ရသည့်အရာမှာ ညှဉ်းပန်းသည့် ကိရိယာတန်ဆာပလာ အမျိုးမျိုး တစ်စုံဖြစ်ပါသည်။ ရဲလက်ကိုင်တုတ် ကြီးငယ်များ အစီအတန်း တစ်ခုသည် နံရံပေါ်တွင် အတန်းလိုက် ချိတ်ဆွဲထားပြီး၊ နံရံနှင့် ကပ်လျက်တွင် သားရေလက်ကိုင်တုတ်၊ သားရေကျာပွတ်များနှင့် ကျားခုံရှည်တစ်ခုတို့ဖြစ်သည်။ အရာရှိအနည်းငယ်တို့က အသက် နှစ်ဆယ်အရွယ် အမျိုးသား အကျဉ်းသားတစ်ခုကို လျှပ်စစ် လက်ကိုင်တုတ်နှင့် သားရေကျာပွတ်တို့ဖြင့် ရိုက်နှက်ခြင်းဖြင့် အလုပ်ရှုပ် နေကြသည်။ သူက ဆိုးရွားစွာ လှီးဖြတ်ခံရပြီး၊ ပွန်းပဲ့ဒဏ်ရာများရကာ၊ မမှတ်မိနိုင်လုနီးပါး အတိုင်းအတာတစ်ခုအထိ ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့သည်။ ထို့နောက်တွင်ပင် အမျိုးသမီးအရာရှိတစ်ဦးက လျှောက်ဝင် လာပြီး၊ စကားတစ်လုံးမျှ မပြောဘဲ၊ ကျွန်မ၏ ဆံပင်မှဆွဲပြီး၊ ခေါင်းကို နံရံဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဘုတ်ခနဲ အသံတစ်ခု ဖြစ်အောင် မဆောင့်မီ ဆက်ပြီး ကျွန်မကို အကြိမ်အနည်းငယ် ကန်ကျောက်ခဲ့သည်။ ကျွန်မ ခေါင်းက ချာလပတ်ရမ်းသွားပြီး၊ မူးဝေလာခဲ့ ကျွန်မ၏ ခေါင်းအလွန်နာကျင်လှသည်မှာ ကွဲထွက်သွားသည် ဟု ခံစားခဲ့ရသည်။ သူမက ကျွန်မကို ရိုက်ရင်း “ဒီနေ့ နင်ဖွင့်မပြောရင်၊ နောက်နေ့ အသက်ဆက်မရှင်အောင် ငါလုပ်ပြမယ်”ဟု ရက်ရက်စက်စက် ဟိန်းဟောက်ခဲ့သည်။ အခြား အမျိုးသား ရဲအရာရှိ နှစ်ယောက် ကလည်း “ဒီဝန်းကျင် နယ်ရဲစခန်းတွေအားလုံးက ရဲအရာရှိတွေကို ငါတို့ ဆင့်ခေါ် ခဲ့ပြီးပြီ။ နင့်ကို မေးမြန်းဖို့ ငါတို့မှာ အချိန်တွေအများကြီးရှိတယ်၊ တစ်လလား၊ နှစ်လလား... နင့်ဆီက ငါတို့လိုတဲ့ အဖြေရဖို့ ဘယ်လောက်ဘဲ ကြာကြာ”ဟု ခြိမ်းခြောက်ရင်း ကြားဖြတ်ဝင် ပြောခဲ့ သည်။ ဤအရာကို သူတို့ပြောသည်ကို ကြားလျက်၊ ဤအောက်တန်းစား များက ယခင်က ကျွန်မအပေါ်တွင် အသုံးပြုခဲ့သည့် ရက်စက် ကြမ်းကြုတ်သော ဗျူဟာများကိုသာမက ထိုအမျိုးသား အကျဉ်းသားကို ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းကိုလည်း ပေါင်းတွေးရင်း၊ ကျွန်မ ရင်ခုန်နှုန်းမြန်လာပြီး၊ လှိုင်းလုံးကဲ့သို့ တလိပ်လိပ်တက် လာသည့် ကြောက်စိတ်နှင့် ထိတ်လန့်ခြင်းတို့သည် ကျွန်မကို ရုတ်တရက် ဖုံးသွား ခဲ့သည်။ ကျွန်မမှာ ဘုရားသခင်ကို အဆောတလျင် ဆုတောင်းရုံသာ တတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ဘုရား နှုတ်ကပတ်တော်များက ကျွန်မကို လမ်းပြခဲ့သည်၊ “လူတို့သည် ၎င်းတို့၏ဘဝကို ဆက်ကပ်ပူဇော်ရန် အဆင်သင့်ရှိသည့်အခါ အရာခပ်သိမ်းသည် မပြောပလောက်သော အရာများဖြစ်သွား၍ မည်သူမျှ ၎င်းတို့ထက် တစ်ပန်းသာ၍မရနိုင်ပေ။ မည်သည့်အရာသည် အသက်ထက် သာ၍အရေးကြီးနိုင်သနည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် သာ၍လုပ်နိုင်စွမ်း မရှိတော့ပေ။ ၎င်းသည် လူသားနှင့် မည်သည့်အရာမျှ လုပ်၍ မရနိုင်ပေ။ ‘ဇာတိပကတိ’ ၏ အဓိပ္ပာယ် သတ်မှတ်ချက်တွင် ဇာတိပကတိသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်ဟု ဆိုထားသော်လည်း လူတို့သည် မိမိတို့ကိုယ်ကိုယ် စစ်မှန်စွာပေးဆပ်၍ စာတန်၏တွန်းအားပေးခြင်း မခံရပါက၊ မည်သူမျှ ၎င်းတို့ထက် တစ်ပန်းသာ၍မရပေ။ ထို့အပြင် ယခုအချိန်တွင် ဇာတိပကတိသည် ၎င်းလုပ်ဆောင်စရာ နောက်တစ်ခုကို ဆောင်ရွက်ကာ ဘုရားသခင်၏ ဝိညာဉ်၏ လမ်းပြမှုကို တရားဝင် စတင်၍ရရှိမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၃၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဘုရား နှုတ်ကပတ်တော်များက ကျွန်မကို လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းတစ်ခု ပေးခဲ့သည်။ ကျွန်မက “ဟုတ်တာပေါ့၊ ငါ ဘုရားသခင်ကို သစ္စာဖောက်စေဖို့ စာတန်က ငါ့ရဲ့ ဒီအားနည်းချက်ဖြစ်တဲ့ ငါ့ရဲ့ သေခြင်းတရားကြောက်တဲ့စိတ်ကို မလွှတ်တမ်း အသုံးချခဲ့တယ်၊ ပြီးတော့ ဘုရားသခင်က သူ့ကို ငါ့ရဲ့ ယုံကြည်ချက်နဲ့ ပတ်သက်တဲ့ ရိုးသားမှုကို စမ်းသပ်ဖို့ ဒီအခြေအနေကို အသုံးပြုနေတာပဲ။ အဲဒါကို ငါတကယ် တွေးမယ်ဆိုရင်၊ ငါ့အသက်က ဘုရားသခင်ရဲ့ လက်တော် ထဲမှာ ရှိလို့၊ ဘာဖြစ်လို့ စာတန်ကို ငါကြောက်ရမှာလဲ။ ငါ့အတွက် အခုအချိန်က ဘုရားသခင်အတွက် သက်သေခံ ဖို့အချိန်ဖြစ်တယ်။ ငါ့အသက်ကို ဆက်ကပ်ပူဇော်ပြီး၊ သေခြင်းတရားရဲ့ ချုပ်ချယ်မှုကို မခံမှသာလျှင် ငါဟာ စာတန်ရဲ့ စွမ်းအားက လွတ်မြောက်နိုင်ပြီး ဘုရားသခင်အတွက် သက်သေရပ်တည် နိုင်မယ်”ဟု တွေးမိသည်။ ဤအရာကို သေချာစဉ်းစားရင်းဖြင့် သေခြင်း တရားကို ကျွန်မ မကြောက် တော့ဘဲ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကျွန်မ၏ အသက်ကို ဆက်ကပ်ပူဇော်ရန် ဆုံးဖြတ်ခဲ့သည်။ ဆိုးယုတ်သော ရဲများထဲမှ တစ်ယောက်က ကျွန်မ မကြောက်ကြောင်း တွေ့မြင်သည့် အချိန်တွင်၊ သူက ဒေါသဖြင့် “အခု ငါတို့ မင်းကို သင်ခန်းစာမပေးရင်၊ ငါတို့က မင်းနဲ့ပတ်သက်ပြီး ဘာလုပ်ရမှန်း မသိဘူးလို့ မင်းထင်နေ လိမ့်မယ်” ဟု အော်ပြောခဲ့သည်၊ ပြီးလျှင် သူတို့က ကျွန်မကို သံမှိုများ စီခြယ်ထားသည့် လက်ထိပ်ဖြင့် ချက်ချင်းပြန်ခတ်ကာ၊ ပြတင်းပေါက် သံဘောင်အမြင့်တွင် တွဲလောင်းချိတ်ထားကြပြီး ကျွန်မကို လျှပ်စစ် လက်ကိုင်တုတ်ဖြင့် စတို့တော့သည်။ ပြင်းထန်သော လျှပ်စစ်စီးကြောင်း တစ်ခုက ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း တစ်ဟုန်ထိုးစီးဝင်ကာ၊ ကျွန်မကို အဆက်မပြတ် သွက်သွက်ခါပြီး အကြောဆွဲစေခဲ့သည်။ ကျွန်မ ပို၍ရုန်းကန်လေ၊ ကျွန်မ၏ လက်ကောက်ဝတ်များကို လက်ထိပ်များက ပို၍ တင်းတင်းကျပ်ကျပ် တိုးဝင်ရစ်ပတ်လေ ဖြစ်သည်။ ၎င်းမှာ အလွန်နာကျင်လှသည်မှာ ကျွန်မ၏ လက်များ ပြုတ်ထွက်ကုန်ကာ၊ ကျွန်မ၏ တစ်ကိုယ်လုံးသည် ဝေဒနာပြင်းထန်သော နာကျင်မှုဖြင့် ဖိစီး နှိပ်စက်ခံရသည်ဟု တွေးမိခဲ့သည်။ ထိုဆိုးယုတ်သော ရဲနှစ်ယောက်က ကျွန်မကို တဖြောက်ဖြောက်မြည်သံ မပြတ်မြည်နေသော လက်ကိုင်တုတ် များဖြင့် တစ်လှည့်စီ ဆက်ပြီးညှဉ်းပန်းကြသည်။ ကျွန်မ လျှပ်စစ်အတို့ခံ ရတိုင်း၊ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး အကြောဆွဲကာ၊ ဆတ်ဆတ်တုန် ပြီး၊ ဖြည်းဖြည်းချင်း ကျွန်မ စတင် ခံစားချက်မဲ့သွားခဲ့သည်။ တဖြည်းဖြည်းချင်းဖြင့် ကျွန်မ စတင်သတိရတစ်ချက် မရတစ်ချက် ဖြစ်လာပြီး၊ နောက်ဆုံးတွင် လုံးလုံးမေ့သွားခဲ့သည်။ အချိန် အနည်းငယ်ကြာပြီးနောက်၊ မည်မျှကြာမှန်း ကျွန်မမသိခဲ့ဘဲ၊ အအေး ဓာတ်ကြောင့် နိုးလာခဲ့သည်။ ကျွန်မသည် ပါးလွှာသော အဝတ်တစ်ထပ် တည်းသာ ဝတ်ဆင်ထားသည်ကို မြင်လျက် ထိုဆိုးယုတ်သော ရဲတစ်သိုက်က ကျွန်မကို အေးခဲစေရန် ပြတင်းပေါက်များအားလုံးကို တမင်တကာ ဖွင့်ထားခဲ့သည်။ အလွန်အေးစက်သောလေက ပြတင်းပေါက်မှ အဆက်မပြတ် တိုက်ခတ်နေသည်။ ကျွန်မ အလွန် ချမ်းအေးသည်မှာ ကျွန်မ၏ ခန္ဓာကိုယ်က တောင့်တင်းလာကာ၊ တစ်ဖန် သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသည်ကို မိမိကိုယ်ကိုယ် ခံစားနိုင်ခဲ့သည်၊ ထို့နောက် ကျွန်မမှာ ရှင်းလင်းသော အတွေး ရှိလေ သည်။ “ငါ စိတ်ဓာတ်ယိုင်လဲလို့ မရဘူး။ အဲဒါဟာ ငါသေရမယ်ဆို ရင်တောင် ငါဘုရားသခင်အတွက် သက်သေရပ်တည်ရမယ်။” ထို့နောက်တွင်ပင် သခင်ယေရှုသည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ကားစင်တင်ခံရခြင်းကို ကျွန်မ မြင်ယောင်ကြည့်သည်။ သခင်ယေရှုသည် လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်းအမှုကို စုံလင်စေရန် သွေးသံ တရဲရဲဖြစ်သည်အထိ အရိုက်ခံရပြီးနောက်၊ ကားတိုင်တွင် သံမှိုစွဲခံ ခဲ့ရသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ့အသက်ကို စွန့်လွှတ်နိုင်ပါက၊ ဘုရားချစ်ခြင်းမေတ္တာ၏ အနည်းငယ်မျှကို ကျွန်မ အဘယ့်ကြောင့် ပြန်လည်မပေးဆပ်နိုင်ရမည်နည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်မကို အားတက်စေခဲ့ပြီး၊ ကျွန်မ ဘုရားသခင်ထံ “အိုဘုရားသခင်။ ကျွန်မ ရှူသွင်းနေတဲ့ ဒီအသက်ကို ကိုယ်တော်ပေး ခဲ့တာ ဖြစ်လို့၊ ကိုယ်တော်သာ အဲဒါကို ယူသွားဖို့ ဆန္ဒရှိတယ်ဆိုရင်၊ ကျွန်မ လိုလိုလားလား ကျိုးနွံနာခံပါတယ်။ ကိုယ်တော့်အတွက် သေရ တာဟာ ကျွန်မရဲ့ အကြီးမားဆုံး ပီတိသောမနဿနဲ့ ဂုဏ်တို့ပဲဖြစ် ပါတယ်” ဟု ဆုတောင်းခဲ့ပါသည်။ ထို့နောက် ကျွန်မ တဖြည်းဖြည်းချင်း လုံးလုံး သတိပြန်ရလာခဲ့သည်။ ပေတရု၊ သတေဖန်နှင့် တခြား တပည့်တော်များသည် မာတုရအဖြစ်နှင့် မည်သို့သေခဲ့ကြပုံအကြောင်း တွေးရင်းဖြင့်၊ ကျွန်မ ကောင်းစွာသိသည့် အသင်းတော်၏ ဤဓမ္မသီချင်း ကို တိတ်ဆိတ်စွာ မသီဆိုပဲ မနေနိုင်ခဲ့ပါ။ “ဘုရားရှင်၏အစီအစဉ် ဘုန်းတန်ခိုးအောက်တွင် ကျွန်ုပ်သည် ခက်ခဲမှုနှင့် တွေ့ကြုံကာစုံစမ်းခြင်းခံရ ကျွန်ုပ် ဘယ်လို အားငယ်စရာအကြောင်းရှိမလဲ။ ဘုရား၏ ဘုန်းတော်သာ သည်သာ ပထမ။ ခက်ခဲမှုကြား နှုတ်ကပတ်တော်သည် ကျွန်ုပ်ကိုလမ်းပြ ကျွန်ုပ်၏ ယုံကြည် ခြင်းကို ပြည့်စုံစေ ဘုရား၌ကျွန်ုပ် လုံးလုံးဆက်ကပ်၍ သေခြင်း ကို မမှု အားလုံးအထက်တွင် ဘုရား၏အလိုတော် ရှိသည် ကျွန်ုပ်ရှေ့ရေးအတွက်မမှု၊ အရှုံးမမြတ်ကိုမကြည့် ဘုရားကျေနပ် ဖို့သာ ကျွန်ုပ်တောင်းလျှောက်။ ဘုရားအတွက် ပြတ်သားစွာ သက်သေခံကာ စာတန်ကို အရှက်ရစေ ထိုမှသာ ဘုရားဘုန်းထင်ရှားလိမ့်မည်။ ဘုရားမေတ္တာပြန်ဆပ်ဖို့ သစ္စာရှိမည်ဟု ကတိပြု။ ကျွန်ုပ်စိတ်နှလုံးတွင် ဘုရားကိုချီးမွမ်း၏ ဖြောင့်မတ်ခြင်း၏နေမင်း ကို ကျွန်ုပ် မြင်တွေ့ သမ္မာတရားသည် ကမ္ဘာမြေ ကို စိုးမိုး ဘုရားစိတ်သဘောသည် ဖြောင့်မတ်သန့်ရှင်း။ လူသားများချီးမွမ်းဖို့ ထိုက်တန် အနန္တတန်ခိုးရှင်ဘုရားကို ကျွန်ုပ်နှလုံးသားမှ အစဉ်ချစ်မည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားသခင် ကျေနပ်စေဖို့သာ ကျွန်ုပ်တောင်းဆို”) ကျွန်မ ပို၍ သီဆိုလေ၊ ပို၍ တို့ထိခံရလေဖြစ်ပြီး၊ ကျွန်မ အားတက်လာခဲ့ကာ၊ ကျွန်မ၏ အသံသည် မျက်ရည်များဖြင့် စို့နင့်ခဲ့သည်။ ကျွန်မက သူ့ကို ယုံကြည်စွာ ဖွင့်ပြောပြစဉ်တွင် အာရုံစူးစိုက်စွာ နားထောင်ရင်း၊ ဘုရားသခင်က ကျွန်မအပါးမှာရှိနေသည်ကို ကျွန်မ ခံစားရသည်။ ကျွန်မ၏ နှလုံးသား ထဲတွင် နွေးထွေးမှု ခံစားချက်တစ်ခု ရှိပြီး၊ ကျွန်မက အအေးကို မကြောက်သလို မိမိ၏ သေခြင်းတရားကိုလည်း မထိတ်လန့်ဖို့ ဘုရားသခင်က သူ၏ကြီးမြတ်သော လက်တော်များဖြင့် တောက်လျှောက် ထောက်မထားခဲ့ကြောင်း ကျွန်မ သိခဲ့ရသည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင် အောက်ပါ သန္နိဌာန်ကို ချမှတ်ခဲ့ပါသည်။ မည်သည့် ညှဉ်းပန်းမှုမျိုးနှင့် ဆင်းရဲဒုက္ခတို့က စောင့်ဆိုင်းနေပါစေ၊ တကယ့်အဆုံးအထိ ဆက်ပြီး သစ္စာရှိသွားရန်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည် ပေးဆပ်ဖို့ သက်သေရပ်တည်နိုင်ရန် ကျွန်မ၏ အသက်ပေါ်တွင် သစ္စာဆိုပါသည်။

နောက်နေ့ နံနက်တွင် ရဲသားတစ်ယောက်က ကျွန်မကို “မနေ့ညက နင်အေးခဲပြီး မသေသွားတာ ကံကောင်းတယ်မှတ်၊ ဒါပေမဲ့ ဒီနေ့ မင်းစကားမပြောရင်၊ မင်းဘုရားက မင်းကို မကယ်နိုင်အောင် ငါသေချာ လုပ်ပြမယ်”ဟု ပြောရင်း ကြမ်းကြုတ်စွာ ခြိမ်းခြောက်ခဲ့သည်။ ကျွန်မက မတုန်လှုပ်ဘဲ မိမိဘာသာ တစ်ခစ်ခစ်ရယ်ခဲ့သည်။ ကျွန်မက “ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးနဲ့ အရာအားလုံးရဲ့ ဖန်ဆင်းရှင် ဖြစ်တယ်၊ သူက အရာအားလုံးကို အုပ်စိုးတယ်၊ အရမ်းတန်ခိုးရှိပြီး၊ သြဇာအာဏာနဲ့ ပြည့်နေတယ်။ ‘အကြောင်းမူကား၊ ထာဝရဘုရား မြွက်ဆို၍၊ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ၍၊ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။’ ငါ့ရဲ့ အသက်ဟာလည်း ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိတယ်။ သူက ငါ့ကို အခု ကယ်တင်ချင်ရင်၊ သူ့အတွက် အဲဒါဟာ အလွယ်ကူဆုံးအရာ ဖြစ်မှာပဲ မဟုတ်ဘူးလား။ နင် သူ့အတွက် အစေခံဖို့ သူက နင့်ကို အသုံးချချင်ရုံ သက်သက်ပဲ၊ နင်မကောင်းဆိုးဝါးကောင်ရဲ့”ဟု တွေးခဲ့သည်။ ထို့နောက် တွင်ပင် ထိုဆိုးယုတ်သောရဲက သူ့လက်ကိုင် တုတ်ဖြင့် ကျွန်မကို ထပ်တို့ခဲ့ပြီး၊ ကျွန်မကို ရုန်းကန်စေကာ၊ အမှတ်တမဲ့ အော်ဟစ်စေသည့် ဝေဒနာပြင်းထန်သည့် နာကျင်မှုတစ်ခုကို ဖြစ်စေရင်း၊ ပြင်းထန်သည့် လျှပ်စစ်စီးကြောင်းက ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ တစ်ဟုန်ထိုးစီး လေသည်။ ထိုရဲများက ခွက်ထိုးခွက်လှန် ရယ်မောရင်း “ဆက်အော် စမ်းပါ၊ အော်စမ်း။ မင်းကိုကယ်ဖို့ မင်းဘုရားကို ခေါ်စမ်း။ မင်းကို ကယ်ဖို့ မင်းငါ့ကို အနူးအညွတ်တောင်းပန်ရင်၊ မင်းကိုလွှတ်ပေးဖို ငါကတိပေး တယ်” ဟု ပြောကြသည်။ ထိုရဲများ၏ စက်ဆုပ်ဖွယ်ရဲတင်းသည့် စကား များကို ကြားရခြင်းက ကျွန်မကို အဆုံးစွန်သော ငြိုးမာန်ဖွဲ့ခြင်းဖြင့် ပြည့်နှက်စေပြီး၊ ဘုရားသခင်ထံသို့ ကျွန်မ တိတ်ဆိတ်စွာ ဆုတောင်း ခဲ့ပါသည်။ “အိုဘုရားသခင်။ နတ်ဆိုးစာတန်က ဘယ်လောက် ရက်စက် ကြမ်းကြုတ်လိုက်ပါသလဲ။ သူက ကိုယ်တော့်ကို အသရေဖျက်ပြီး ပြစ်မှား စော်ကားတယ်။ သူဟာ ကိုယ်တော့်ရဲ့ စေ့စပ်လို့မရတဲ့ ရန်သူဖြစ်ပြီး အထူးသဖြင့် ကျွန်မရဲ့ မပြေနိုင်တဲ့ရန်ဘက် ဖြစ်ပါတယ်။ စာတန်က ကျွန်မကို ဘယ်လိုဘဲ ညှဉ်းပန်းပါစေ၊ ကျွန်မ ကိုယ်တော့်ကို သစ္စာမဖောက်ပါဘူး။ ကျွန်မရဲ့နှလုံးသားကကိုယ်တော့်ရဲ့ ရယူခြင်းကိုသာ ခံချင်ပါတယ်။ ဒီနတ်ဆိုးတွေက ကျွန်မရဲ့ ဇာတိခန္ဓာကို ထိခိုက်နိုင် ပေမဲ့လည်း ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်မရဲ့ သံန္နိဌာန်ကို လုံးဝမဖျက်ဆီးနိုင်ပါဘူး။ ကိုယ်တော်က ကျွန်မကို ခွန်အားအပ်နှင်း ပါစေလို့ ကျွန်မ ဆန္ဒပြုပါတယ်။” ထိုအသနား အကြင်နာမဲ့ပြီး၊ ကြမ်းရမ်းသော ရဲများက ကျွန်မကို လက်ကိုင်တုတ်ဖြင့် မရပ်မနား ထိုးကြသည်။ ပထမလျှပ်စစ်လက်ကိုင်တုတ်က ဘက်ထရီ အားကုန်သွား သည့်အခါ၊ သူက အသစ်လဲပြီး၊ ကျွန်မကို ဆက်ကာ လျှပ်စစ် ရှော့တိုက်သည်။ လက်ကိုင်တုတ် စုစုပေါင်း မည်မျှ သူ သုံးခဲ့သည်ကို ကျွန်မ မမှတ်မိတော့ပါ။ သေခြင်းတရားက နီးကပ်လာပြီး၊ အသက်ရှင်သန်ခြင်းအတွက် မျှော်လင့်ချက် လုံးဝ မရှိဟု ကျွန်မ ခံစားခဲ့ ရသည်။ အပျက်သဘောဆောင်ခြင်းနှင့် မျှော်လင့်ချက် ပျက်သုဉ်းခြင်း တို့ဖြင့် လောင်မြိုက်ခံရလျက်၊ ကျွန်မကို ကွယ်ကာ ပါရန် နှင့် ကယ်တင်ပါရန် ဘုရားသခင်ကို မရမကတောင်းပန်ရင်း အသည်းအသန် အော်ခေါ်ရုံသာ ကျွန်မ တတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ဘုရား နှုတ်ကပတ်တော်၏ ကျမ်းပိုဒ် တစ်ခုက စိတ်ထဲရောက်လာခဲ့သည်။ “ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့်သတ္တဝါ၊ သို့မဟုတ် မည်သည့်ရန်သူ အင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန်၊ သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပါပေ။ အရာခပ်သိမ်း မတည် သော်လည်း ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အရာခပ်သိမ်း တည်ရှိ နေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့်ဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မ၏ အားနည်းခြင်း အလယ်တွင် အကန့်အသတ်မရှိသော ခွန်အားဖြင့် ကျွန်မကို ပြည့်ဝစေပြီး၊ အလွန့်အလွန် ခိုင်မာသော ယုံကြည်မှုကို ချက်ချင်းပေးခဲ့သည်။ ကျွန်မက “ဟုတ်တယ်၊ ငါက တစ်ပါးတည်းသော အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်။ ဘုရားသခင်ရဲ့ အသက်က အမြဲတည်တံ့ပြီး၊ သဘာဝလွန် ဖြစ်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အသက်စွမ်းအားက အရာအားလုံးကို ကျော်လွန်အောင် သာလွန်ထူးကဲပြီး၊ အားလုံးကို သိမ်းပိုက်တယ်။ ရှိသမျှ အရာအားလုံးက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် ဖြစ်လာတယ်။ လူ့အသက်နဲ့ သေခြင်းတရားအပါအဝင် လူသားရဲ့ ရှုထောင့်အားလုံးက ဘုရားသခင်ရဲ့ စီရင်ဆုံးဖြတ်ခြင်းကို ခံရကြတယ်။ အထူးသဖြင့် ကျွန်မရဲ့အသက် ဟာလည်း ဘုရားသခင်ရဲ့ လက်တော်ထဲမှာရှိတာကြောင့် စာတန်က ကျွန်မရဲ့ သေခြင်းကို အမှန်တကယ် ဘယ်လို အသုံးပြု ထိန်းချုပ်နိုင် မှာလဲ။ ဥပမာအားဖြင့် သူ့အုတ်ဂူထဲမှာ သူ့ခန္ဓာကိုယ် စဆွေးနေနှင့် ပြီဖြစ်တဲ့ လာဇရုကို သခင်ယေရှုက “လာဇရုထွက်၍လာလော့” (ရှင်ယောဟန် ခရစ်ဝင် ၁၁: ၄၃) လို့ပြောရင်း အော်ခေါ်ခဲ့ပြီး၊ လာဇရုက အုတ်ဂူထဲက ထွက်ပေါ်လာကာ သေခြင်းကနေ ရှင်ပြန်ထမြောက်ခဲ့ပုံကို ကြည့်ပါ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက သြဇာအာဏာနှင့် တန်ခိုးတို့ကို ပိုင်ဆိုင်တယ်။ သူက သူ့ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကမ္ဘာကြီးကို ဖန်ဆင်းတော်မူပြီး၊ ခေတ်တိုင်းကို လမ်းပြဖို့ သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့တယ်။ ယခုလက်ရှိမှာ ဘုရားသခင်က ငါတို့ကို ကယ်တင်ဖို့နဲ့ စုံလင်စေဖို့အတွက် သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုနေတယ်။ အမှုအရာတွေကို ငါ့ အယူအဆတွေနဲ့ စိတ်ကူးတွေအတိုင်း အဓိပ္ပါယ်ကောက်ရ တော့မှာ မဟုတ်ဘဲ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအတိုင်း အသက်ရှင်သန် ရမယ်။ ဒီနေ့မှာ ဘုရားသခင်က ငါ့ကို သေခွင့်မပေးရင်၊ စာတန်က ဘယ်လောက်ရက်စက်ကြမ်းကြုတ်စွာ ပြုမူပါစေ၊ ငါ့အသက်ကို မနှုတ်ယူနိုင်ဘူး။ ဘုရားသခင်ကို ငါ ဂုဏ်ပြုနိုင်သရွေ့၊ ငါ ပျော်ပျော်ရွှင်ရွှင်နဲ့ လိုလိုလားလား သေသွားမယ်”ဟု မိမိဘာသာ တွေးမိ ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း စတင် အသက်ရှင်သန်ကာ၊ ကျွန်မ၏ သေခြင်းအတွက် စိုးရိမ်ခြင်းကို ရပ်လိုက်သည်နှင့်တပြိုင်နက်၊ နိမိတ်လက္ခဏာတစ်ခု ဖြစ်လာခဲ့သည်။ ထိုဆိုးယုတ်သောရဲက ကျွန်မကို မည်မျှ လျှပ်စစ်ရှော့တိုက်ပါစေ၊ မည်သည့် ဆင်းရဲဒုက္ခ သို့မဟုတ် နာကျင်မှုကိုမျှ ကျွန်မ မခံစားရ တော့ဘဲနှင့် ကျွန်မစိတ်က ရှင်းလင်းပြတ်သားသွားခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာမှုနှင့် စောင့်ရှောက်မှုတို့ ဖြစ်ကြောင်း ကျွန်မ သေချာခဲ့သည်။ ၎င်းမှာ ဘုရားသခင်၏ ကြီးမြတ်သော လက်တော်က ကျွန်မကို ထောက်မထားခြင်း ဖြစ်လေသည်။ ဘုရား နှုတ်ကပတ်တော်များ၏ အံ့သြဖွယ် တန်ခိုးအပြင်၊ ဘုရား အသက်စွမ်းအား၏ သဘာဝလွန်ပြီး၊ သာမန်ထက်လွန်ကဲသော သဘာဝ ကိုလည်း ကျွန်မ အမှန်တကယ် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစား ခဲ့ရသည်။ ဘုရား၏နှုတ်ကပတ်တော်များသည် သမ္မာတရား နှင့် အသက်၏ စစ်မှန်မှုဖြစ်သည်။ သူ့အသက်စွမ်းအားကို မည်သည့် အမှောင်စွမ်းအားကမျှ မဖိနှိပ်နိုင်ပါ။ သူတို့၏ ရက်စက်သော ပြစ်ဒဏ်ခတ်မှုများကို အလှည့်ကျပေးရင်း ရဲများက ကျွန်မအပေါ်ကို ညှဉ်းပန်းမှုနှင့် ရက်စက်မှု နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေးသော်လည်း၊ ၎င်းတို့အားလုံးကို ကျွန်မ သည်းခံနိုင်စွမ်းရှိခဲ့ပါသည်။ ဤသည်မှာ ကျွန်မ၏ ကိုယ်ပိုင် အစွမ်းမဟုတ်သော်လည်း၊ ဘုရားသခင်၏ ကြီးမြတ်မှုနှင့် သြဇာအာဏာ လုံးလုံးဖြစ်ပါသည်။ ဘုရား နှုတ်ကပတ်တော်များက ကျွန်မကို ခွန်အားနှင့် ယုံကြည်မှုတို့ မပေးခဲ့ ပါက၊ ကျွန်မ ယိုင်လဲနေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ကျွန်မ၏ ဇာတိခန္ဓာသည် အားအနည်းဆုံးရောက်နေပြီး၊ ဆင်းရဲဒုက္ခ၏ နက်ရှိုင်းမှု ထဲသို့ ထိုးဆင်းနေချိန်တွင် ကျွန်မ၏အတွင်း၌ ကျွန်မ၏ ယုံကြည်မှု တိုး၍ ခိုင်မာလာပြီး ကျွန်မ၏ သန္နိဌာန်ပိုမို တင်းမာလာစေရန် ဘုရားသခင်သည် သူ၏ ခိုင်မာပြီး တန်ခိုးရှိသော အသက်နှင့်ဆိုင်သည့် နှုတ်ကပတ်တော်များဖြင့် အချိန်ပြည့် အားပေးကာ၊ ကွယ်ကာပေးရင်း ကျွန်မ၏ အပါးတွင် အမြဲတမ်း ရှိနေခဲ့ကြောင်း ကျွန်မတွင် နက်နဲသော အသိစိတ်ရှိခဲ့ပါသည်။

ထိုညတွင် သူတို့က ကျွန်မအပေါ် ကွဲပြားသော ညှဉ်းပန်းမှု နည်းစနစ်တစ်ခု အသုံးပြုခဲ့သည်။ သူတို့က ကျွန်မကို အလွန် အေးစက်သော ပြင်ပလေဖြင့် ထိတွေ့စေလျက် ကျွန်မ အိပ်မပျော် သွားအောင် အချိန်ဆိုင်းများဖြင့် သူတို့ စောင့်ကြည့်ရင်း ကျွန်မကို ပြတင်းပေါက်ရှေ့တွင် လက်ထိပ်ခတ်ထားခဲ့သည်။ ကျွန်မ၏ မျက်လုံးများ စမှေးလာသည်နှင့် တပြိုင်နက် သူတို့က ကျွန်မမျက်နှာကို ဖြတ်ရိုက်သည်။ နှစ်ရက်အတွင်းတွင် ကျွန်မ ရေတစ်ပေါက်မျှ မသောက်ခဲ့ ရသကဲ့သို့၊ အစာတစ်လုတ်မျှလည်း မစားခဲ့ရပါ၊ ကျွန်မ၏ တစ်ကိုယ်လုံး သည် ခွန်အားကင်းမဲ့နေပြီး၊ ကျွန်မ၏ မျက်လုံးများ မဖွင့်နိုင် လောက်အောင် အလွန်ယောင်ကိုင်းနေခဲ့သည်။ ပြောမပြတ်တတ်အောင် ဖြစ်သော ဒုက္ခတစ်မျိုးကို ရုတ်တရက်ခံစားခဲ့ရပြီး၊ ညှဉ်းပန်းမှုသည် မည်မျှကြာအောင် ဆက်သွားနေမည်ကို ကျွန်မသိချင်မိသည်။ ကျွန်မကို အရိုးစိမ့်အောင် အလွန်အေးစက်လှသည့် လေက အဆက်မပြတ် တိုက်ခတ်ပြီး၊ ကျွန်မ ချမ်းပြီး မကြာခဏ ခိုက်ခိုက်တုန်လေသည်။ ဒူးအထိရှည်သော သားမွှေးခေါင်းစွပ်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် ရဲများသည် ကျွန်မ၏ အရှုံးပေးခြင်းကို စောင့်ဆိုင်းရင်း၊ ကျွန်မ ရှေ့မှ ထိုင်ခုံတွင်မှီပြီး ခြေချိတ်ထိုင်နေကြသည်။ ထိုအခိုက်အတန့်တွင်၊ မကောင်းဆိုးဝါးများက တစ်စုံတစ်ယောက်ကို မရဏာနိုင်ငံတွင် ညှဉ်းပန်းနေသည့် မြင်ကွင်းတစ်ခုက ကျွန်မ၏ ရှေ့တွင် ပြသနေ သည့်အလား ဖြစ်ပြီး၊ ကျွန်မ၏ ဒေါသူပုန်ထခြင်းကို ကျွန်မ မမျိုသိပ်နိုင်ခဲ့ပါ။ လူသည် ဘုရားသခင်အားဖြင့် ဖန်ဆင်းခံရပြီး၊ သူ့ကို ကိုးကွယ်ခြင်းသည် သဘာဝကျပြီး မှန်ကန်သော်လည်း၊ နိမ့်ကျပြီး အရှက်ကင်းမဲ့သော တရုတ်ကွန်မြူနစ်ပါတီ အစိုးရက လူများအား စစ်မှန်သော ဘုရားသခင်ကို ကိုးကွယ်ခွင့်မပြုပါ။ ကမ္ဘာပေါ်တွင် ဘုရားမဲ့သည့် နယ်မြေဒေသတစ်ခု တည်ထောင်ရန်နှင့်၊ လူများကို အမြဲတစေ ထိန်းချုပ်ခြင်းနှင့် ၎င်းတို့ကို နောက်လိုက်ပြီး ကိုးကွယ် စေခြင်းတို့နှင့် ပတ်သက်သည့် သူတို့၏ အလွန်ဆိုးယုတ်သော ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်ရရှိရန် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်လိုက်များကို ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ဖို့ သူတို့သဘောရှိ အသုံးပြုနိုင်သည့် စက်ဆုပ်ဖွယ်ကောင်းသော နည်းစနစ်တိုင်းကို အသုံးပြုရင်း ဘုရားသခင်၏ အလုပ်ကို တက်ကြွထက်သန်စွာ ခုခံ၊ နှောင့်ယှက်ပြီး ဖျက်ဆီးပါသည်။ ထိုမကောင်းဆိုးဝါးအိုကြီးသည် စက်ဆုပ်ဖွယ်အကောင်းဆုံး ပြစ်မှုများကို ကျူးလွန်ပြီးဖြစ်သည်။ ၎င်းသည် ကျိန်ဆဲခံရပြီး၊ ငရဲတွင်ကျခံစေ သင့်သည်။ ရုတ်တရက်ဆိုသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ၏ ဓမ္မသီချင်းတစ်ပုဒ် စိတ်ထဲဝင်လာခဲ့သည်။ “နှစ်ပေါင်းထောင်ချီတိုင်အောင် ဤကုန်းမြေသည် ညစ်ညူးခြင်း၏ ကုန်းမြေ ဖြစ်ခဲ့သည်၊ ထိုကုန်းမြေ သည် မခံမရပ်နိုင်လောက်အောင် ညစ်ညမ်းကာ စိတ်ဆင်းရဲမှုနှင့် ပြည့်နှက်နေပြီး တစ္ဆေများသည် နေရာတိုင်းတွင် သောင်းကျန်းနေကြကာ လိမ်လှည်လှည့်ဖြား နေကြ၍ အခြေအမြစ် မရှိသော စွပ်စွဲချက်များကို ပြုလုပ်နေကြလျက်၂ အကြင်နာတရား ကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ် နေကြ၍ ဤတစ္ဆေမြို့အား နင်းခြေလျက် ယင်းမြို့ကို အသေကောင်များဖြင့် ပြန့်ကျဲနေစေခဲ့သည်။ ယိုယွင်းနေသော အရာ၏ အပုပ်နံ့သည် ကုန်းမြေကို ဖုံးလွှမ်းနေပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့လျက် ရှိကာ၊ ယင်းသည် တင်းကျပ် စွာ စောင့်ကြပ်ခြင်း ခံနေရ၏။၃ မိုးကောင်းကင်အား လွန်၍ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ ဤတစ္ဆေ မြို့၏ လူများသည် ဘုရားသခင်အား မည်သို့လျှင် မြင်တွေ့ဖူးလိမ့်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းကို ခံစားခဲ့ဖူးသလော။...ဘုရားသခင်၏ အလုပ်အတွက် ထိုကဲ့သို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် တည်ထောင်ရ သနည်း။ ဘုရားသခင်၏ လူစုများကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံး ချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့က အဘယ်မှာများနည်း။ တရား မျှတခြင်းကား အဘယ်မှာနည်း။ နှစ်သိမ့်ရာကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရား သခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် ကောက်ကျစ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိမ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်း များစွာသော အမုန်းတရားသည် နှလုံးသားထဲတွင် အနယ်ထိုင်နေခဲ့သည်၊ နှစ်ပေါင်းထောင်ချီသော အပြစ်နှင့် ပြည့်နှက်မှုသည် နှလုံးသားထက် တွင် ရေးထွင်းထားလျက်ရှိသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆောဘဲဲရှိနိုင် မည်နည်း။ အပြစ်ပေးသော ဘုရားသခင်သည် မိမိ၏ရန်သူကို အကြွင်းမဲ့ ဇီဝိန်ချုပ်စေပြီး ၎င်းအား ဆက်လက် ၍ သောင်းကျန်းခွင့်မပြုတော့ဘဲ ၎င်းအား စိတ်ရှိသည်အတိုင်း ပြဿနာများ ဖန်တီးခွင့် မပေးတော့ပေ။ ယခုသည် အချိန်ကျပေပြီ။ အပြစ်ပေးသော ဘုရားသခင်သည် မိမိ၏ရန်သူကို အကြွင်းမဲ့ ဇီဝိန်ချုပ်စေပြီး ၎င်းအား ဆက်လက် ၍ သောင်းကျန်းခွင့်မပြုတော့ဘဲ ၎င်းအား စိတ်ရှိသည်အတိုင်း ပြဿနာများ ဖန်တီးခွင့် မပေးတော့ပေ။ ယခုသည် အချိန်ကျပေပြီ။ လူသားသည် ကြာမြင့်စွာ ကတည်းကပင် သူ၏ ခွန်အား အလုံးစုံ ကို စုစည်းခဲ့လေပြီ၊ သူ၏ ကြိုးထုတ်မှု အားလုံးကို ပေးအပ်မြှုပ်နှံခဲ့ကာ အဖိုးအခတိုင်းကို ဤအရာအတွက် ပေးဆပ်ခဲ့လေပြီ။ မာရ်နတ်၏ အ ကျည်း တန်သော မျက်နှာကို ဆုတ်ဖြဲကာ၊ မျက်စိကွယ်စေခြင်း ခံခဲ့ရပြီး ဆင်းရဲ ဒုက္ခနှင့် ဝေဒနာ အမျိုးမျိုးကို ကြံ့ကြံ့ခံခဲ့ရသော လူများကို ၎င်းတို့၏ နာကျင်မှုမှ ထလာစေလျက် ဤဆိုးညစ်သော မာရ်နတ်အိုအား သူတို့ ကျောခိုင်းခွင့်ပြုပေးရန် ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “အမှောင်ထဲမှလူတို့ ထကြလော့ကျူး”) ထိုဓမ္မသီချင်းကို ကျွန်မ၏စိတ်နှလုံးထဲတွင် ထပ်ခါထပ်ခါ သီဆိုခဲ့သည်။ ကျွန်မ သီဆိုရင်း၊ ကျွန်မ အလွန်အမင်း ဒေါသထွက်ပြီး၊ မီးတောက်ကဲ့သို့ အမျက်ဒေါသက ကျွန်မအတွင်း၌ ပြည့်လျှံလာခဲ့သည်။ ထိုမကောင်း ဆိုးဝါးအိုကြီး စာတန်ကို စွန့်လွှတ်ရန် ကျွန်မ၏ အသက်ပေါ်တွင် သစ္စာဆိုပြီး ကျွန်မ၏ စိတ်နှလုံးထဲတွင် အော်ဟစ်ခဲ့သည်။ “မကောင်း ဆိုးဝါးကြီး။ ငါကဘုရားသခင်ကို သစ္စာဖောက်ပြီး၊ စစ်မှန်တဲ့ လမ်းကို စွန့်ပစ်ခဲ့မယ်လို့ နင်ထင်နေရင်၊ နင်မှားသွားပြီ။” ကျွန်မကို ခွန်အားဖြင့် အပ်နှင်းသည်မှာ ဘုရားသခင်ဖြစ်ကြောင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မ၏ စိတ်ဝိညာဉ်ကို ဖေးမထားကြောင်းတို့ကို ကျွန်မ သိသာထင်ရှားစွာ သိခဲ့ပါသည်။

ငါးရက်မြောက်နေ့တွင် ကျွန်မ၏ လက်များသည် သွေးများဖြင့် ဖုံးနေပြီး၊ ထုံကျင်ကာ၊ လက်ထိပ်များမှနေ ဆိုးရွားစွာ ဖူးရောင်နေသည်။ ကျွန်မ၏ ခန္ဓာကိုယ်သည် ချုံးချုံးကျနေပြီး၊ ပိုးမွှားထောင် ပေါင်းများစွာ တို့က ကျွန်မကို အတွင်းအပြင် ဝါးမျိုဖျက်ဆီး လိုက်သကဲ့သို့ ကျွန်မ ခံစားခဲ့ရသည်။ နာကျင်မှုနှင့် မချိတင်ကဲဝေဒနာတို့ကို ဖော်ပြရန် စကား တစ်လုံးမျှ မရှိပါ။ ကျွန်မ၏ ဇာတိခန္ဓာ အားနည်းခြင်းကို အောင်မြင် ကျော်လွှားနိုင်ရန် ကျွန်မကို ခွန်အားပေးဖို့ ဘုရားသခင်ထံ အသနားခံရင်း ကျွန်မ၏ စိတ်နှလုံးထဲတွင် မရပ်မနား ဆုတောင်းခဲ့သည်။ အချိန်သည် မချိမဆံ့ နှေးကွေးစွာ ကုန်ဆုံးပြီး၊ တဖြည်းဖြည်းချင် မိုးကောင်းကင်က စတင်မှောင်မည်း လာခဲ့သည်။ ကျွန်မသည် ရေငတ်ပြီး၊ ဗိုက်ဆာကာ၊ ချမ်းအေးပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေသည်၊ အင်အားတစ်ခုမကျန် ကုန်ခမ်းသွားပါသည်။ နောက်ထပ် တောင့်ခံနိုင်တော့မည် မဟုတ်ဟု ကျွန်မ ခံစားခဲ့ရသည်။ ဤအရာက နောက်ထပ် ဆက်ဖြစ်နေပါက၊ ကျွန်မသည် အစာရေစာငတ်ပြတ်ခြင်းဖြင့် ဧကန်မုချ သေဆုံးမည် ဖြစ်သည်။ ထိုဆိုးယုတ်သောရဲက “နင်ငါ့ကို တောင်းပန်လာအောင် လုပ်ပြမယ်”ဟု ပြောသည့်အချိန်က သူ ဆိုလိုသည့်အရာကို ထိုအချိန်ကျမှ သာလျှင် ကျွန်မ နားလည် သဘောပေါက်ခဲ့သည်။ ကျွန်မကို ဘုရားသခင်အား အတင်းအကျပ် သစ္စာဖောက်ခိုင်းရန် သူ၏ စက်ဆုပ်ဖွယ်ကောင်းသော ဗျူဟာများကို အသုံးပြုဖို့ကြိုးစားနေခြင်း ဖြစ်လေသည်။ သူ့လှည့်ကွက်များဖြင့် ကျွန်မ အလှည့်စားမခံနိုင်ပါ။ ကျွန်မ ဘုရားသခင်ကို အားကိုးရမည်။ ဤသို့ဖြင့် ဘုရားသခင်ကို ထပ်ခါထပ်ခါ ကျွန်မ အော်ခေါ်ခဲ့သည်။ “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ စာတန်ရဲ့ ရက်စက်တဲ့ ပြစ်ဒဏ်ပေးခြင်း နှင့် ညှဉ်းပန်းမှုတို့ကို အောင်မြင်ကျော်လွှားနိုင်ဖို့ ကျွန်မ ကိုယ်တော့်ကို အားကိုးဖို့အလို့ငှာ ကျွန်မကို ခွန်အားသွတ်သွင်းပေးပါရန် ဘုရားသခင်ကို အသနားခံပါတယ်။ အဲဒါက ကျွန်မ သေဖို့ဖြစ်ခဲ့မယ်ဆိုရင်တောင် ဘုရားသခင်ကို ကျွန်မ သစ္စာမဖောက်သလို၊ ယုဒတစ်ယောက် မဖြစ်ရပါ” ထိုအချိန်တွင် ဘုရားနှုတ်ကပတ်တော်များက ကျွန်မကို ဉာဏ်အလင်းပြ ခဲ့ပါသည်။ “လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာပိုင်နက်မှ ခွဲထွက် သွားနိုင်ခြင်း မရှိပါ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) ဘုရားသခင်၏ သြဇာအာဏာရှိသော နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားတို့ကိုပေးခဲ့သည်။ “မှန်တယ်” “ဘုရား သခင်က ငါ့အသက်ရဲ့ အရင်းအမြစ် ဖြစ်တယ်။ ဘုရားသခင်က ဒီအသက်ကို ငါ့ဆီက ပြန်မရုပ်သိမ်းသမျှကာလပတ်လုံး၊ စာတန်က ငါ့ကို ဘယ်လို ညှဉ်းပန်းပြီး၊ စားဖို့သောက်ဖို့ ခွင့်မပြုပါစေ၊ ငါသေဦးမှာ မဟုတ်ဘူး။ ငါ့အသက်က ဘုရားသခင်ရဲ့ လက်တော်တွေထဲမှာ ရှိတာကြောင့် ငါကဘာကြောက်စရာရှိလဲ”ဟု ကျွန်မက မိမိဘာသာ တွေးမိသည်။ ထိုအချိန်တွင် ကျွန်မ၏ ဘုရားသခင်ကို ယုံကြည်မှုနှင့် နားလည်သဘောပေါက်မှု ချို့တဲ့ခြင်းကို ရှက်လာပြီး၊ စိတ်ကသိ ကအောက် ဖြစ်လာခဲ့သည်။ ကျွန်မကို အောက်ပါသမ္မာတရား သွတ်သွင်း ပေးရန် ဘုရားသခင်သည် ဤခက်ခဲသော ပတ်ဝန်းကျင်ကို အသုံးပြုနေ ကြောင်းကိုလည်း ကျွန်မ သတိပြုမိခဲ့သည်။ “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည်။” (ရှင်မဿဲခရစ်ဝင် ၄:၄) ထိုသို့ဖြင့် ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့ပါသည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ အရာအားလုံး၏ အုပ်စိုးသူ၊ ကျွန်မရဲ့ အသက်က ကိုယ်တော်စီမံဖို့ ကိုယ်တော့်လက်ထဲမှာရှိပြီး ကျွန်မဟာ ကိုယ်တော့်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိနေပါတယ်။ ကျွန်မ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ ကိုယ်တော်ရဲ့ စီစဉ် ညွှန်ကြားခြင်းတွေကို ကျွန်မလက်ခံပါ့မယ်။” ကျွန်မ၏ ဆုတောင်း ပြီးနောက်၊ ကျွန်မ၏ ခန္ဓာကိုယ်သည် ခွန်အားဖြင့် ဖုံးလွှမ်းလာပြီး၊ ယခင်ကကဲ့သို့ ဗိုက်မဆာသလို၊ ရေလည်းမငတ်တော့ပါ။ ထိုည ၈နာရီ အချိန်တွင် ဆိုးယုတ်သော ရဲများထဲမှ တစ်ယောက် ပြန်လာလေသည်။ သူက ကျွန်မ၏ မေးစေ့ကို ဆွဲဆိတ်လိုက်ပြီး၊ အန္တရာယ်ပြုမည့် လက္ခဏာရှိသော အပြုံးတစ်ခုဖြင့် “ကဲ နေကောင်းလား၊ ပျော်ရဲ့လား။ ငါ့ကို အသနားခံပြီး၊ ငါသိချင်တာ ပြောပြဖို့ အဆင်သင့်ဖြစ်ပြီလား။ မင်းစကားမပြောဘူးဆိုရင်၊ မင်းကို ကိုင်တွယ်ဖို့ ငါ့မှာ နည်းလမ်းတွေ အများကြီးပဲ”ဟု ပြောခဲ့သည်။ ကျွန်မ၏ မျက်လုံးများမှိတ်ပြီး၊ သူ့ကို လျစ်လျူရှုခဲ့သည်၊ ဤအရာက သူ့ကို ဒေါသူပုန်ထစေလေသည်။ သူက လက်တစ်ဖက်ဖြင့် ကျွန်မကို ကော်လာမှ လှမ်းဆွဲပြီး၊ တခြား လက်တစ်ဖက်ဖြင့် ရက်စက် ကြမ်းကြုတ်စွာ ကျွန်မ၏ ပါးနှစ်ဖက်လုံးကို ဖြတ်ရိုက်ရင်း ကျွန်မကို ဆဲရေးခြင်းများ နှင့် မရိုသေ့ စကားပြောခြင်းများဖြင့် တအားကုန်းအော် ခဲ့သည်။ ကျွန်မ၏ မျက်နှာ ချက်ချင်း ယောင်ကိုင်းလာသည်ကို ခံစားရ ပြီး၊ ၎င်းမှာ နာကျင်မှုဖြင့် လောင်မြိုက်လေသည်။ ထိုဆိုးယုတ်သောရဲ၏ ရက်စက် ကြမ်းကြုတ်မှုက သူ၏ ဘီလူးသရဲစီးသော အနှစ်သာရကို ကျွန်မအား သိသာထင်ရှားစွာ သတိမူမိစေသည်။ သူ့ကို ကျွန်မ ပို၍ပင် မုန်းတီးပြီး၊ စာတန်၏ နိုင်လိုမင်းထက်ပြုမှုကို အရှုံးမပေးမိရန် သာ၍ပင် တွန်းအားပေး ခံရသည်။ ဘုရားသခင်ကို သက်သေရပ်တည်ရန်နှင့် စိတ်ကျေနပ်စေရန် ကျွန်မ၏ သန္နိဌာန်၌ တည်ကြည်ခိုင်မာလာခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်မ၏ အသွေးအသားဆိုင်ရာ နာကျင်မှုအတွက် နောက်ထပ် ဂရုမစိုက်တော့ဘဲ၊ “ဘုရားသခင်ကို ငါသစ္စာဖောက်အောင် နင်က ငါ့ကို အတင်းအကျပ်ခိုင်းနိုင်မယ်လို့ နင်ထင်နေတာလား။ စိတ်ကူးယဉ် မနေနဲ့” ဟု မိမိဘာသာတွေးလျက် ထိုရဲကို သဲသဲမဲမဲ စိန်းစိန်းဝါးဝါး ကြည့်ခဲ့သည်။ ဘုရားသခင်၏ လမ်းပြမှုဖြင့် ကျွန်မ၏ စိတ်နှလုံးသည် ယုံကြည်မှုနှင့် ခွန်အားတို့ဖြင့် ပြည့်နှက်လာခဲ့သည်။ ထိုရဲက ကျွန်မကို မည်မျှရိုက်နှက်ပါစေ၊ ကျွန်မ မည်သည့်အခါမျှ ၎င်းကို အရှုံးပေး မည်မဟုတ်ပါ။ အဆုံးမှာတော့ ထိုအရာရှိသည် သူ့ဘာသာ လုံးလုံး ခြေကုန်လက်ပန်းကျသွားပြီး နောက်ဆုံးတွင် ရပ်လိုက်ရသည်။

ထို့နောက် ရဲများက ကျွန်မကို ပို၍ တင်းကျပ်စွာ ဆက်စောင့်ကြည့် ခဲ့သည်။ သူတို့က ကျွန်မကို တစ်ချိန်လုံး သေချာ စောင့်ကြည့်ပြီး ကျွန်မ မျက်လုံးများ အနည်းငယ် စတင်မှေးသွားလျှင်ပင်၊ သူတို့က ကျွန်မကို မဂ္ဂဇင်းလိပ်ဖြင့် ရိုက်နိုးကြလျက် အဆိုင်းဖြင့် အလုပ်လုပ်ကြသည်။ သူတို့က ကျွန်မ၏ သန္နိဌာန်ကို တဖြည်းဖြည်းချင်း အားလျော့သွား စေရန်နှင့် ကျွန်မ၏ အထိခိုက်ခံရသည့် စိတ်အခြေအနေကို အခွင့်ကောင်း ယူပြီး၊ ကျွန်မကို အသင်းတော်အကြောင်း သတင်းအချက်အလက် အစ်ထုတ်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကျွန်မ သိသာထင်ရှားစွာ နားလည်သဘောပေါက်ခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်မသည် ရုပ်ပိုင်း ဆိုင်ရာအရ အလွန်အမင်း အားနည်းပြီးဖြစ်ကာ၊ စတင်မူးဝေ လာသည်။ ချမ်းအေးမှု၊ ဆာလောင်ခြင်း နှင့် ပင်ပန်းနွမ်းလျမှု တို့ ပေါင်းစပ်ခြင်းက စိတ်ထိခိုက်စေသည်မှာ ကျွန်မ သေခြင်းတရား အတွက်သာ ဆန္ဒရှိခဲ့သည်အထိ ဖြစ်လေသည်။ ကျွန်မ နောက်ထပ် မတောင့်နိုင် တော့ဟု ခံစားခဲ့ရသည်။ ကျွန်မသည် နာကျင်မှုကို သည်းခံနိုင်စွမ်း မရှိတော့သည့်အပြင် ဘုရားသခင်ကို အမှုမဲ့အမှတ်မဲ့ သစ္စာဖောက်မိ မည်ကို စိုးရွံ့ခဲ့သည်။ ဤအတွေးနှင့် အနည်းဆုံးအနေဖြင့် ကျွန်မ သေသွားခဲ့လျှင်၊ အသင်းတော်ကို ဖော်ကောင်မလုပ်ဘဲ ဘုရားသခင် ကိုလည်း သစ္စာဖောက်မည်မဟုတ်ဟု တွေးလျက်၊ သေခြင်း တရားကို ကျွန်မတောင့်တခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ထံ ကျွန်မ ဆုတောင်း ခဲ့သည်။ “ချစ်လှစွာသော ဘုရားသခင်၊ ကျွန်မ လုံးဝ သည်းမခံနိုင် တော့ပါဘူး။ ကျွန်မ အရှုံးပေးပြီး၊ ကိုယ်တော်ကို သစ္စာဖောက်မိမှာကို စိုးရိမ်မိပါတယ်။ ကိုယ်တော်က ကျွန်မရဲ့ စိတ်နှလုံးကို ကွယ်ကာဖို့ ကျွန်မဆုတောင်းပါတယ်။ ကျွန်မ ယုဒတစ်ယောက် ဖြစ်လာတာထက် သေပစ်လိုက်ချင်ပါတယ်။” ထို့နောက် ကျွန်မ တဖြည်းဖြည်းချင်း စတင်သတိရတစ်ချက် မရတစ်ချက် ဖြစ်သွားခဲ့ပြီး၊ ထိုမူးဝေခြင်း၌ ကျွန်မ၏ ခန္ဓာကိုယ်သည် လေအေးက ခြောက်အောင် တိုက်လိုက်သည့် အလား ရုတ်တရက် အလွန် ပေါ့ပါးသွားသည်။ လက်ထိတ်များက ကျွန်မ၏ လက်ကောက်ဝတ် များတွင် ပြေလျော့လာသည့် ပုံပေါက်ပြီး ကျွန်မ ရှင်လား သေလား ဆိုသည်ကို ကျွန်မ မပြောနိုင်ခဲ့ပါ။ ခြောက်ရက်မြောက်နေ့ နံနက်အစောပိုင်းတွင် အရာရှိများထဲမှ တစ်ယောက်က ကျွန်မကိုသတိပြန် ရလာအောင် ဖြန်းခနဲရိုက်လိုက်သည်။ ကျွန်မသည် အသက်ရှင်ဆဲဖြစ်ပြီး၊ လက်ထိပ်များဖြင့် တွဲလောင်းချ ထံထားရဆဲ ဖြစ်သည်ကို ကျွန်မ သဘောပေါက်လိုက်သည်။ ထိုဆိုးယုတ်သောရဲက ကျွန်မကို “မင်းက ငါတို့ကို တကယ့်ကို ထိခိုက် စေတာပဲ။ ဒီကစားပွဲသေးသေးလေးမှာ နင့်ကို ဒီတစ်ချိန်လုံး အဖော်ပြုရင်း ငါတို့တစ်ယောက်မှ ကောင်းကောင်းမအိပ် ရသေးဘူး။ မင်းဒီနေ့ စကားမပြောဘူးဆိုရင်၊ နင့်ကို ဘယ်တော့မှ စကားပြော လို့မရအောင် ငါလုပ်ပစ်မယ်”ဟု ဟစ်အော်ခဲ့သည်။ ကျွန်မ သေသာ သေလိုက်ချင်သည့် အားလျော်စွာ သူ့ကို မကြောက်မလန့် ကျွန်မ ပြန်ပြောခဲ့သည်။ “နင်တို့က ငါ့ကို သတ်ချင်ရင်၊ တစ်စစီ ခုတ်ထစ်ချင် တယ်ဆိုရင်၊ လုပ်လိုက်စမ်းပါ။” သို့သော်လည်း ထိုဆိုးယုတ်သောရဲက သရော်ပြုံး ပြုံးကာ “ဒီတော့နင်က သေချင်တယ်ပေါ့။ အဲဒီလောက် ကံမကောင်းပါဘူး။ အဲဒါက နင့်အတွက် အရမ်းသက်ညှာပေးနေသလို ဖြစ်နေတော့မှာပေါ့။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းက နင့်ကို ရူးသွပ်စေတယ် ဆိုတာကို လူတိုင်းက သိပြီး နင့်ဘုရားကို စွန့်ပယ်အောင်လို့ နင်ရူးသွပ်သွားတဲ့အထိ နင့်ကိုငါက စိမ်ပြေနပြေ ညှဉ်းပန်းမှာ” ဟု ပြောခဲ့သည်။ ဤဘီလူးသရဲစီးသော ညစ်ညမ်းမှု သူပွင့်အန်ထွက်လာသည်ကို ကျွန်မကြားသည့်အချိန်တွင်၊ ကျွန်မသည် မှင်တက်မိပြီး၊ လုံးလုံး အာစေးမိနေခဲ့သည်။ ဤနတ်ဆိုးသည် အလွန့်အလွန် ရက်စက်ပြီး၊ အန္တရာယ်ပြုမည့် လက္ခဏာရှိလေသည်။ ထို့နောက် ချက်ချင်းပင် ကောက်ကျစ်သောရဲက မည်းနက်သောအရည် တစ်ဇလုံကို သွားယူရန် ငယ်သားတစ်ယောက်ကို အမိန့်ပေးခဲ့သည်။ ၎င်းကို ကျွန်မ မြင်သည့်အချိန်တွင် ကျွန်မ၏ လည်ချောင်းထဲတွင် စို့နင့်ပြီး၊ ဘုရားသခင်ကို အဆောတလျင် ဆုတောင်းခဲ့သည်။ “အို အနန္တတန်ခိုးရှင်ဘုရားသခင်။ ဒီဆိုးယုတ်တဲ့ ရဲတွေက ကျွန်မ ရူးသွပ်သွားအောင် ကျွန်မကို ဆေးခတ်တော့မယ်။ ရူးအောင် အလုပ်ခံရ တာထက်စာရင် သေတဲ့အထိ အဆိပ်ခတ်ခံတာကိုသာ ပိုနှစ်သက် ပါတယ်။” ထိုအချိန်တွင် ဘုရားနှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်ထဲတွင် လွင့်မျောလာခဲ့သည်။ “သူ၏အမှုသည် နေရာတိုင်းတွင်ရှိ၏။ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏။ သူ၏ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိ၏။ သူ၏အာဏာသည် နေရာတိုင်းတွင် ရှိ၏။...အလုံးစုံသောအရာတို့သည် သူ၏စူးစိုက်ကြည့်မှု အောက်တွင် ရှိသည့် အပြင် အလုံးစုံသော အရာတို့သည် သူ၏အချုပ်အခြာအောက်တွင် ရှိပါသည်။ သူသည် အမှန်တကယ် တည်ရှိ၍ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသော အချက်ကို သူ၏အမှုနှင့် တန်ခိုး တို့ကြောင့် လူသားတို့သည် အခြားရွေးချယ်စရာမရှိဘဲ ဝန်ခံကြရ ပေသည်။ သူမှလွဲ၍ အခြားမည်သည့်အရာမျှ ဤလူသားများကို စဉ်ဆက်မပြတ် စောင့်ရှောက်နိုင်ရန်မဆိုထားနှင့် စကြဝဠာကိုပင် အုပ်ချုပ်နိုင်စွမ်း မရှိပါ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်”) ဘုရားနှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားတို့ဖြင့် နောက်တစ်ကြိမ် သွတ်သွင်းခဲ့သည်။ ဘုရားသခင်၏ သြဇာအာဏာ၊ တန်ခိုးနှင့် လုပ်ဆောင်ချက်များ အားလုံးတို့သည် နေရာအနှံ့တွင်ရှိကြောင်း ကျွန်မ နားလည် သဘောပေါက်ခဲ့သည်။ ကိုယ်တော်သည် စကြဝဠာတစ်ခုလုံးကို တာဝန် ယူသည်၊ ထို့အပြင် စကြဝဠာတစ်ခုလုံးတွင် သတ္တဝါများ အားလုံး၏ များစွာတိုးပွားခြင်းအပေါ် အုပ်စိုးသည်။ ဘုရားသခင်သည် အရာအားလုံး ၏ ထာဝရအုပ်စိုးသူဖြစ်ပြီး အရာအားလုံးကို အုပ်စိုးခြင်း တွင် သူစွဲကိုင်ထားသည့် တန်ခိုးသည် သာမန်လူသား တစ်ယောက် သဘောပေါက်နားလည်နိုင်စွမ်းထက် သာလွန်ပါသည်။ လူသားအပေါ် ဘုရားသခင်အပ်နှင်းသည့် အသက်သည် အချိန်ကာလအားဖြင့် ဘောင်ခတ်မထားပါ။ နတ်ဆိုး စာတန်သည် လူသား၏ အသွေးအသား ကိုသာ ထိခိုက်နိုင်သော်လည်း၊ ကျွန်မတို့၏ အသက်နှင့် စိတ်ဝိညာဉ်ကို ထိန်းချုပ်ခြင်း လုံးလုံး ကင်းမဲ့လေသည်။ ယောဘ၏ စမ်းသပ်မှု အတွင်းတွင်၊ စာတန်က ယောဘကို ညှဉ်းဆဲနိုင်ပြီး၊ သူ့အသွေးအသား ကိုသာ ထိခိုက်နိုင်သော်လည်း ဘုရားသခင်က သူ့အသက်ကို ယူခွင့်မပေး သောကြောင့်၊ စာတန်သည် ထိုသို့ လုံးလုံး လုပ်ဆောင်နိုင်စွမ်းမရှိပါ။ ကျွန်မက “ဒီနေ့၊ စာတန်နတ်ဆိုးက ငါ့အသွေးအသားကို ဖျက်ဆီးပြီး၊ ဘုရားသခင်ကို ငါက သစ္စာဖောက်ပြီး စွန့်ပစ်အောင် လုပ်ဖို့ မကောင်းတဲ့ ဗျူဟာတွေကို အသုံးပြုဖို့ ကြိုးစားနေတယ်။ ဘုရားသခင်ရဲ့ နာမတော်ကို အရှက်ခွဲဖို့ ငါ့ကို ကယောင်ချောက်ချားပြောတဲ့ အရူးတစ်ယောက် ဖြစ်အောင် ဒါမှမဟုတ် စိတ်မမှန်သူတစ်ယောက်ဖြစ်အောင် ဆေးခတ်ဖို့ အချည်းနှီး မျှော်လင့်ပေမဲ့လည်း၊ စာတန်မှာ ဘာသြဇာအာဏာများ ရှိလို့လဲ။ ဘုရားသခင်ရဲ့ ခွင့်ပြုချက် မရှိဘဲ၊ သူ့လုပ်ရပ်တိုင်းက မထိရောက်ဘူး။ စာတန်က ဘုရားသခင်ရဲ့ လက်တော်မှာ ရှုံးနိမ့်ဖို့ ကိန်းရှိတယ်”ဟု မိမိဘာသာ တွေးမိပါသည်။ ဤအရာကို နားလည် သဘောပေါက်ခြင်းက ကျွန်မကို ငြိမ်သက်ခြင်းနှင့် တည်ငြိမ်မှုတို့၏ အသိစိတ်တစ်ခုဖြင့် ချန်ရစ်ခဲ့သည်။ ထို့နောက်တွင်ပင် ထိုကြမ်းရမ်းသော ရဲက ကျွန်မ၏မေးရိုးကို ချုပ်ကိုင်လိုက်ပြီး၊ ခါးတူးပြီး ချဉ်သော ထိုဆေးကို ကျွန်မ၏လည်ချောင်းထဲ အတင်းထိုးထည့်သည်။ ၎င်းက ချက်ချင်း ထိရောက်မှုရှိခဲ့သည်။ ကျွန်မ၏ အတွင်းပိုင်း အင်္ဂါများသည် တစ်စစီဆွဲဖြုတ်ခံနေရသကဲ့သို့ ကြွက်တက်လာပြီး၊ အချင်းချင်း ဖျစ်ညှစ်ကြသည်။ ထိုနာကျင်မှုက မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်မရပါ။ ကျွန်မ အသက်ရှုဖို့ စတင်ခက်ခဲလာပြီး၊ လေကို တရှိုက်မက်မက် အသက်ပြင်းပြင်းရှုရသည်။ ကျွန်မ၏ မျက်လုံးများကို မလှုပ်နိုင်ဘဲ၊ နှစ်ထပ် စမြင်လာခဲ့သည်။ နောက်များမကြာမီတွင် ကျွန်မ သတိလစ် သွားခဲ့သည်။ မည်မျှကြာမှန်းမသိနိုင်သည့် အချိနတစ်ချို့ ကြာပြီးနောက်၊ ကျွန်မ ပြန်သတိရလာပြီး၊ တစ်စုံတစ်ယောက်က “ဒီခွေးမကတော့ အဲဒီဆေးသောက်ပြီး ရူးသွားရင်သွား၊ ဒါမှမဟုတ် ကြောင်သွားမှာပဲ”ဟု ပြောသံကို ဝိုးတိုးဝါးတား ကြားရသည်။ ၎င်းကို ကြားရသည့်အချိန်တွင် ကျွန်မ တစ်ဖန် အသက်ရှင်သန်လာခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ကျွန်မ လုံးဝ ရူးသွပ်သွားရမည့်အစား ကျွန်မ၏ စိတ်က ရှင်းလင်း ပြတ်သားနေသည်ကို အလွန် အားရကျေနပ်ဖွယ် အံ့အားသင့်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် အံ့ချီးဖွယ်ဖြစ်ခြင်းတို့ အားလုံးကြောင့် ဖြစ်သည်။ ဤသည်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ အတွင်း၌ အလုပ်လုပ်လျက်ရှိကြောင်း နှင့်၊ နောက်တစ်ကြိမ် ဤ ဘေးဖြစ်စေနိုင်သော အခြေအနေတစ်လျှောက် ကျွန်မကို ရှင်သန်စေရင်း၊ ဘုရားသခင်သည် သူ၏ အနန္တ တန်ခိုးကြီးသော လက်များကို ဆန့်ထုတ်ကာ၊ ကျွန်မကို စာတန်၏ လက်ခုပ်တွင်းမှ ဆွဲလုခဲ့ခြင်း ဖြစ်ကြောင်း ကျွန်မ ခံစားခဲ့ရသည်။ ထိုအချိန်တွင် ဘုရားနှုတ်ကပတ်တော်များ၏ ယုံကြည်စိတ်ချ၍ရခြင်း ှု နှင့် စစ်မှန်မှုတို့ကို ကျွန်မကိုယ်တိုင် တွေ့ကြုံခံစားခဲ့ပြီး၊ သူ၏ အထွတ်အထိပ် တန်ခိုးနှင့် သြဇာအာဏာတို့ကို မျက်မြင်တွေ့ခဲ့ပါသည်။ ထို့အပြင် ဘုရားသခင်သည် အရာအားလုံး၏ ဖန်ဆင်းရှင်ဖြစ်ပုံ၊ တစ်ပါးတည်းသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ပုံ၊ အရာအားလုံး၏ အုပ်စိုးသူ ဖြစ်ပုံတို့ကို ကျွန်မ တွေ့မြင်ခဲ့သည်။ ကျွန်မ၏ခန္ဓာကိုယ်မှ အာရုံကြောတစ်ခုချင်းစီ အပါအဝင် ကျွန်မ၏အသက်၊ ကျွန်မ၏ အရာအားလုံးတို့သည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် မည်သို့ ရသည်ကိုလည်း တွေ့မြင်ခဲ့သည်။ ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ ကျွန်မ၏ ခေါင်းမှ ဆံပင်တစ်ချည်မျှကျမည် မဟုတ်ပါ။ ဘုရားသခင်သည် အချိန်တိုင်း၊ နေရာတိုင်းတွင် ကျွန်မ၏ အထောက်အပံ့ နှင့် ကယ်တင်ခြင်း ဖြစ်သည်။ ထိုနေ့က မကောင်းဆိုးဝါး၏ မှောင်မိုက်သော သားရဲတွင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် များသည် ဘုရားသခင်က ဘဝ၏ နိမိတ်လက္ခဏာများကို မကြာခဏ မည်သို့ဖန်တီးသည်ကို ကျွန်မကို ပြလျက် ၎င်းတို့၏ အံ့သြဖွယ်တန်ခိုးကို ပြသခဲ့ပြီး၊ ကျွန်မကို သေအံ့ဆဲဆဲဖြစ်ခြင်းမှ ရုန်းထွက်လွတ်မြောက် စေခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးတွင်း၌ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ချီးမွမ်းခြင်းများ ထက်သန်စွာ သီဆိုခဲ့ပြီး ဤသေရေးရှင်ရေး တိုက်ပွဲတစ်လျှောက် သက်သေရပ်တည်နိုင်ရန် ဘုရားသခင်ကို အားကိုးဖို့ သစ္စာဆိုခဲ့ပါသည်။

ရဲများက ကျွန်မကို ခြောက်ရက်နှင့် ခြောက်ညလုံးလုံး ညှဉ်းပန်းခဲ့သည်။ ထိုတစ်ချိန်လုံး အစာတစ်လုပ် ရေတစ်ပေါက်မျှပင် မစားရခြင်းဖြင့်၊ ကျွန်မသည် အလွန့်အလွန် အားအင်ကုန်ခန်းခဲ့ပြီး ကျွန်မ နောက်ဆုံးထွက်သက်ရောက်လုနီး ဖြစ်နေကြောင်းကို သူတို့မြင်သည့် အချိန်တွင်၊ သူတို့က ကျွန်မကို အကျဉ်းခန်းထဲတွင် ပိတ်ထားခဲ့သည်။ ထိုခြောက်ရက် ညှဉ်းပန်းမှုများသည် ငရဲပြည်ကို ဖြတ်၍ ခရီးတစ်ခု သွားခဲ့သကဲ့သို့ဖြစ်ပြီး၊ ကျွန်မ ရှင်သန်နိုင်ခဲ့ရသည်မှာ လုံးလုံး ဘုရားသခင်၏ သနားကရုဏာနှင့် ကွယ်ကာမှုတို့ကြောင့် ဖြစ်သည့် အပြင်၊ သူ့နှုတ်ကပတ်တော်များ၏ တန်ခိုးနှင့် သြဇာအာဏာတို့၏ ပြယုဂ်တစ်ခု ဖြစ်ခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် ရဲများက ကျွန်မကို ထပ်မံ စစ်ဆေးမေးမြန်းရန် လာခဲ့သည်။ ဖြစ်စဉ်အချို့တွင် ဘုရားသခင်၏ အံ့ချီးဖွယ် လုပ်ဆောင်ချက်များကို ကျွန်မ မျက်မြင် တွေ့ခဲ့ကာ၊ ဘုရားသခင်သည် ကျွန်မ၏ အထောက်အပံ့ မည်သို့ဖြစ်ပုံ နှင့် ဘုရားသခင်၏ လက်တော်ထဲတွင် အရာအားလုံးရှိပုံ တို့ကိုလည်း ကျွန်မ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရသောကြောင့် နောက်ထပ် စစ်မေးခြင်းကို ရင်ဆိုင်ရာတွင် ကျွန်မသည် တည်ငြိမ်ပြီး ကြောက်စိတ် ကင်းမဲ့ခဲ့သည်။ စစ်မေးခန်းထဲတွင် အရာရှိတစ်ယောက်က ကျွန်မ၏ အမည်နှင့် လိပ်စာတို့ကို ရှာဖွေတွေ့ရှိသွားပြီး၊ ကျွန်မ၏နေအိမ်ကို ရှာဖွေရန် သွားပြီးဖြစ်ကြောင်း ကျွန်မသိခဲ့ရသည်။ သို့သော်လည်း ကျွန်မ၏ခင်ပွန်းက ကျွန်မတို့ ကလေးများကို ခေါ်ပြီး အိမ်မှ ထွက်ပြေးသွားသည်မှာ ကြာခဲ့ပြီ ဖြစ်သောကြောင့်၊ သူတို့ တစ်ခုမှ ရှာမတွေ့ခဲ့ပါ။ ထို့နောက် သူက အသင်းတော်အကြောင်း သတင်း အချက်အလက်များကို ထုတ်ပြောစေရန် နောက်တစ်ကြိမ် ကျွန်မကို ဇွတ်အတင်းခိုင်းဖို့ ကြိုးစားပြန်သော်လည်း၊ ကျွန်မ မည်သည့်အရာမျှ မပြောသေးသည့်အတွက်၊ သူက အလွန်ဒေါသထွက်လာပြီး၊ “နင်က ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး၊ တော်တော်ကိုင်ရတွယ်ရ ခက်တဲ့ဟာပဲ။ နင့်ကြောင့် ငါတို့ ခြောက်ရက်မှာ တစ်ညမျှ ကောင်းကောင်း မအိပ်ရသေးဘူး၊ ပြီးတော့ နင်က ငါတို့ကို ဘာမှလည်း မပေးသေးဘူး”ဟု ပြောခဲ့သည်။ ကျွန်မထံမှ သူမည်သည့်အရာမျှမရမည်ကို မြင်လျက်၊ ထို့နောက်တွင် သူစိတ်ဝင်စားမှု မရှိတော့ပုံပေါက်ပြီး၊ ကျန်သည့် စစ်မေးခြင်းကို အလျင်စလို၊ ဝတ်ကျေတမ်းကျေပုံစံဖြင့် ဆက်လက် လုပ်ဆောင်သွားခဲ့သည်၊ ထို့နောက် သူတို့က ကျွန်မ၏ အကျဉ်းခန်းသို့ ကျွန်မကို ပြန်ပို့ရုံသာ တတ်နိုင်ခဲ့သည်။ ဘုရားသခင်က အောင်နိုင်ပြီး၊ စာတန်က နှိမ်နှင်းခံရသည်ကို မြင်ခြင်းက ကျွန်မကို မဖော်ပြနိုင် လောက်အောင် ရွှင်လန်းအားရစေသည်- ကျွန်မ ဘုရားသခင်ကို ကျေးဇူး တင်ပြီး၊ ချီးမွမ်းခဲ့သည်။ စာတန်၏ရှေ့တွင် ကျွန်မ သက်သေ ရပ်တည် နိုင်ရခြင်း အကြောင်းအရင်းမှာ ဘုရားသခင်က ကျွန်မကို ခြေလှမ်း တစ်လှမ်းချင်း လမ်းပြခဲ့ပြီး၊ ဘုရား နှုတ်ကပတ်တော်က ကျွန်မကို ခွန်အားအပ်နှင်းပြီး၊ အမြော်အမြင် ပေးသနားကာ၊ စာတန်ကို အောင်မြင်ပြီး ၎င်း၏ နိုင်လိုမင်းထက်ပြုမှုကို အရှုံးမပေးရန် ကျွန်မကို တန်ခိုးစွမ်းအားပေးရင်း မကြာခဏ ဉာဏ်အလင်းပြခဲ့သောကြောင့် ဖြစ်သည်ကို ကျွန်မသိခဲ့သည်။

ထိန်းသိမ်းရေးစခန်းတွင် လေးလကြာ ထိန်းသိမ်းခံရ ပြီးနောက်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဆိုးယုတ်သော အစွန်းရောက်ဝါဒကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် စွဲချက်တစ်ခုဖြင့် အကွက်ဆင်ပြီး၊ ကျွန်မကို ထောင်ဒဏ်တစ်နှစ်ခွဲ စီရင်ချက်ချခဲ့သည်။ ကျွန်မသည် မိမိ၏ ပြစ်ဒဏ်ကိုကျခံရန် အမျိုးသမီးထောင် တစ်ခုသို့ ၂၀၀၆ခုနှစ် မတ်လတွင် အပို့ခံခဲ့ရသည်။ ထောင်ထဲတွင်ရှိစဉ် ကျွန်မသည် တိရစ္ဆာန်ကဲ့သို့ ဆက်ဆံခံရပြီး၊ အခြားအကျဉ်းသားများက သိသာ ထင်ရှားသည့် အကြောင်းအရင်းမရှိဘဲ သေသည်အထိ ရိုက်နှက်ခံရ သည်ကို မကြာခဏ တွေ့မြင်ခဲ့ရသော်လည်း ဘုရားသခင်၏ ဘေးဆီးရန်ကာမှုနှင့် ကွယ်ကာမှု တို့အပြင်၊ သူ့နှုတ်ကပတ်တော်များ၏ လမ်းပြမှုတို့ကြောင့် တစ်နှစ်ခွဲကြာ ညှဉ်းပန်းမှုကို ရှင်သန်ဖြတ်ကျော် နိုင်ခဲ့ပြီး၊ ထိုငရဲဆန်သောထောင်ထဲမှ အသက်ရှင်လျက် လွတ်လာခဲ့သည်။ ကျွန်မ လွတ်လာပြီးနောက်၊ ဆိုးယုတ်သော ရဲများသည် ကျွန်မကို စောင့်ကြည့်စစ်ဆေးဖို့ အရာရှိ များကို ဆက်လက်စေလွှတ်ခဲ့သည်။ သူတို့က ကျွန်မကို ဒုက္ခပေး နှောင့်ယှက်ရန် ကျွန်မ၏နေအိမ်သို့ မကြာခဏ လာရောက်ခဲ့သည်၊ အကျိုးဆက်အားဖြင့် ကျွန်မ၏ မိသားစုထဲတွင် တစ်ယောက်မှ မိမိတို့၏ ယုံကြည်မှုကို လက်တွေ့ မလုပ်ဆောင်နိုင်သကဲ့သို့၊ မိမိတို့၏ တာဝန်များကို ပုံမှန်အားဖြင့် မထမ်းဆောင်နိုင်ခဲ့ပါ။ နောက်ပိုင်းတွင်၊ အသင်းတော်ထဲကကျွန်မတို့၏ ညီအစ်ကိုမောင်နှမများ၏ စောင့်ရှောက်မှု နှင့် အကူအညီတို့ကြောင့့်် ကျွန်မတို့သည် မိမိတို့၏ နေအိမ်မှ ထွက်ခွာပြီး၊ ညီအစ်မများထဲမှ တစ်ယောက် ပိုင်ဆိုင်သည့် အိမ်အသစ်သို့ ပြောင်းရွှေ့နိုင်ခဲ့သည်။ ဘုရားသခင် ပေးသနားတော်မူသည့် အမြော်အမြင် ကို အားကိုးလျက်၊ ကျွန်မိတို့၏ တာဝန်များကို နောက်တစ်ကြိမ် ကျွန်မတို့ ထမ်းဆာင်နိုင်ခဲ့ကြသည်။

တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်သော ညှဉ်းပန်းမှုကို ကြုံရခြင်းက စာတန်၏ ရက်စက်ကြမ်းကြုတ်သော နိုင်လိုမင်းထက် ပြုမှု၏ ဘီလူးသရဲစီးသော အနှစ်သာရ၊ ဘုရားသခင်ကို အန္တရာယ်ပြုမည့် လက္ခဏာရှိသော သစ္စာမဲ့မှု နှင့် ကြမ်းရမ်းစွာ ခုခံမှုတို့နှင့် ပတ်သက်ပြီး ရှင်းလင်းပြီး စေ့စပ်သေချာသည့် အမြင်တစ်ခုကို ကျွန်မအား ပေးခဲ့သည်။ ထို့အပြင် ဘုရားသခင်၏ သဘာဝလွန်ပြီး အံ့သြဖွယ် အသက်ပါခြင်းကို ကျွန်မ ကိုယ်တွေ့ကြုံခဲ့ရသည်။ ဆိုးယုတ်သောရဲများသည် ကျွန်မ၏ အသက်ကို လုယူရန် ကြိုးစားလျက် မရပ်မနား ရိုက်နှက်ခြင်းနှင့် ညှဉ်းပန်းခြင်း၊ ရက်စက်သော ပြစ်ဒဏ်ပေးခြင်းနှင့် ဒဏ်ရာဒဏ်ချက် တို့ကို ခံစားစေခဲ့သော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို မယုံနိုင်လောက်အောင် အသက် ရှင်သန်စေလျက် ၎င်းတို့၏ သဘာဝလွန်သော အသက်ပါခြင်းကို ထုတ်ဖော်ခဲ့သည်။ ဤအခက်အခက်များနှင့် ညှဉ်းပန်းနှိပ်စက်မှုအားလုံး အလယ်တွင် ဘုရားသခင်သည် ကျွန်မအသက်၏ အရင်းအမြစ် မည်သို့ဖြစ်ပုံ နှင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် အထောက်အပံ့ တို့သည် ကျွန်မ အသက်ဆက်ရှင်နေခြင်း၏ အရင်းအမြစ် မည်သို့ဖြစ်ပုံတို့ကို ကျွန်မ အမှန်တကယ် တွေ့ကြုံခံစားခဲ့ရသည်။ ဘုရားသခင်၏ ကြီးမြတ်သော လက်တော်များက ကျွန်မကို ထောက်မ ခြင်းမရှိပါက၊ ကျွန်မသည် ထိုမကောင်းဆိုးဝါးများ၏ ဝါးမြိုခြင်းခံ ရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ကျွန်မ စာတန်ကို အောင်မြင်ပြီး ဘုရားသခင်ကို သက်သေရပ်တည်နိုင်ရန် လမ်းပြရင်း ဘုရားသခင်က ကျွန်မကို တစ်ချိန်လုံး အဖော်ပြုနေခဲ့သည်။ ကျွန်မသည် ထိုမကောင်းဆိုးဝါးများ၏ လူမဆန်သော ညှဉ်းပန်းမှုကို ခံစားခဲ့ရပြီး၊ ကျွန်မ၏ အသွေးအသားက အလွန် ဒုက္ခခံခဲ့ရသော်လည်း၊ ဤအရာများ အားလုံးသည် ကျွန်မ၏ အသက်တာအတွက် အမှန်တကယ်ပင် အလွန်အကျိုးရှိလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ အသက်နှင့် ပတ်သက်သည့် အထောက်အပံ့ ဖြစ်ရုံသာမက၊ ကျွန်မတို့အား မပြတ်သော အထောက်အပံ့နှင့် အားပေးမှုတို့ကိုလည်း သူပေးကြောင်းကို ၎င်းက ကျွန်မကို မြင်တွေ့စေခဲ့သည်။ ကျွန်မတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်သန်သမျှ ကာလပတ်လုံး၊ မည်သည့် ဆိုးယုတ်သော အမှောင်စွမ်းအားကိုမဆို ကျွန်မတို့ အောင်မြင်ကျော်လွှားနိုင်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် များသည် အမှန်တကယ် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်။ ၎င်းတို့က အမြင့်မားဆုံး သြဇာအာဏာနှင့် အံ့သြဖွယ်အကောင်းဆုံး တန်ခိုးတို့ကို ပိုင်ဆိုင်သည့်အပြင်၊ ဘဝ၏ နိမိတ်လက္ခဏာများ ကိုလည်း ဖန်ဆင်းနိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမြော်အမြင်ကဘုန်းအသရေ၊ ဂုဏ်ပြုခြင်းနှင့် ချီးမွမ်းခြင်းများ အားလုံးရရှိပါစေ။

ယခင်က:ဆင်းရဲဒုက္ခကို သည်းခံပြီးနောက်၊ ဘုရားသခင်အတွက် ကျွန်တော့်၏ ချစ်ခြင်းမေတ္တာသည် ပို၍ပင် ခိုင်မာလာသည်

နောက်တစ်ခုသို့:ဘုရားသခင်၏ နှုတ်ကပတ်တော်များက သက်သေခံဖို့ ကျွန်မကို ဦးဆောင်ခဲ့သည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ