အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ နှုတ်ကပတ်တော်များက စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ဖြတ်၍ ကျွန်မကို လမ်းပြခဲ့သည်

မာရှင်း၊ တရုတ်နိုင်ငံ

ကျွန်မ၏ခင်ပွန်းသည်ရိုးသားသောအလုပ်ကိုမလုပ်ဘဲ၊ အရက်သေစာကို အများအပြား သောက်သုံးခဲ့သည့်အပြင် မိသားစုအရေးကို အလေးမထားသည့် အတွက် ကျွန်မသည် မကြာခဏ ခါးသီးမှုနှင့် နာကျင်မှုထဲတွင် နွံနစ်နေခဲ့သည်။ ကျွန်မတွင် ဆက်လက် ရုန်းကန်ရန် ခွန်အားမရှိ တော့သည့် တစ်ချိန်တွင်၊ ဆွေမျိုးတစ်ယောက်က အနန္တ တန်ခိုးရှင် ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားကို မျှဝေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရခြင်းမှ တစ်ဆင့် လူသားတို့ကို စာတန်၏ လက်မှကယ်တင်ရန် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်အား လုပ်ဆောင်သည်ကို ကျွန်မ နားလည်ခဲ့သည်။ ဘုရားသခင်၏ ကွယ်ကာမှုနှင့် စောင့်ရှောက်မှုကို ရရှိ နိုင်ရန် ဘုရားသခင်သည် လူသားတို့အား နားလည်ခွင့်၊ လိုက်နာခွင့်နှင့် ဘုရားသခင် ဘက်သို့ လှည့်ခွင့်ပြုသည်။ ရလဒ်အနေ နှင့်ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏နောက်ဆုံးသောကာလ အမှုတော်ကို ဝမ်းမြောက်စွာ လက်ခံခဲ့ပြီး အသင်းတော် အသက်တာကို အလျင်အမြန် စတင်ခဲ့သည်။ သို့သော် ကျွန်မဘဝ၌ မှီခိုနိုင်သည့် အရာတစ်ခုကို တွေ့ရှိခဲ့သောကြောင့် ကျွန်မသည် ကံကောင်းသည်ဟု ခံစားရပြီး ပျော်ရွှင်နေသည့်အခိုက်တွင်၊ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများသည် သားကောင်ကို လိုက်နေသော သားရဲကဲ့သို့ ကျွန်မကိုခုန်အုပ်ခဲ့ပြီးနောက် ဝိညာဉ်ရေးစစ်ပွဲတစ်ခု အကျိုးဆက်ဖြစ်ပေါ်ခဲ့သည်။...

တစ်နေ့တွင်ကျွန်မ၏သမီး ကျောင်းမှအိမ်ပြန်လာပြီး “မေမေ၊ ဒီနေ့ ဆရာကို အပေါ်ထပ်ဆီ ပစ္စည်းတစ်ချို့ကူသယ်ပေးနေတုန်း မတော်တဆ သမီးလက်ကို လက်ရန်းနဲ့ တိုက်မိသွားတယ်။ အရမ်းနာတာပဲ” ဟုပြောသည်။ ပူပန်မှုဖြင့် ကျွန်မက သူမ လက်ကိုယူကြည့်လိုက်သည်။ သူမ၏ လက်သည် နီလည်းနီမနေ၊ ယောင်လည်းယောင်မနေခဲ့ပေ။ လက်မ၏အရင်းနားတွင် အရေပြား အနည်းငယ် ပွန်းပဲ့နေခြင်းသာရှိခဲ့သည်။ ကျွန်မသမီးကို နှစ်သိမ့်ပြီး “စိတ်မပူပါနဲ့၊ တစ်ရက်နှစ်ရက် အတွင်းမှာ ပျောက်သွားလိမ့်မယ်” ဟု ပြောခဲ့သည်။ ကျွန်မ၊ “ငါအခု အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ကာကွယ်မှုနဲ့ စောင့်ရှောက်မှုတွေနဲ့ အတူ ငါ့ကလေးသေချာပေါက် အဆင်ပြေသွားမှာပါ” ဟုတွေးခဲ့သည်။ သို့သော်ဆယ်ရက်ခန့် ကြာပြီး သူမ၏ လက်မနှင့် လက်ဖဝါး တစ်ဝက်က ပို၍ ပို၍ ရောင်ရမ်းလာခဲ့သည်။ နှစ်လကြာပြီးတဲ့နောက် ထိုနေရာတစ်ခုလုံး ညိုမည်းနေခဲ့လေသည်။ သူမ၏လက်မသည် သူမ၏ခြေမထက် ပို၍ကြီးလာခဲ့သည်။ ထိုအခါ ကျွန်မသည် အလွန်စိုးရိမ်လာခဲ့သည်။ ကျွန်မ၏ ခင်ပွန်းနှင့် ကျွန်မသည် သမီးကို ဆေးရုံသို့ ချက်ချင်း ခေါ်သွားခဲ့သော်လည်း ပုံမှန် စမ်းသပ်စစ်ဆေးခြင်းမှ ထူးထူးခြားခြား အဖြေမပေါ်ခဲ့ပေ။ ဘုရားသခင်ထံကျွန်မ စိတ်နှလုံးထဲမှ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်မသမီးရဲ့လက်က ဘာများဖြစ်တာလဲ။ ကျွန်မ ဘုရားသခင်ကို အားကိုးပြီး သမီးကိုအပ်နှံ လိုပါတယ်။ကျေးဇူးပြုပြီး သူ့ကိုဂရုစိုက် ပြီး ကွယ်ကာ တော်မူပါ” ဟု တိတ်တဆိတ် ဆုတောင်းခဲ့သည်။ သို့သော် မိသားစုနှင့် မိတ်ဆွေများက သူမ၏ လက်ကိုမြင်သောအခါ ၎င်းတို့အားလုံးက “မင်း သမီးရဲ့လက်မှာ တစ်ခုခုတော့ ထူးထူးဆန်းဆန်း မှားနေတယ်” ဟု ပြောကြသည်။ သူမအဖွားကလည်း စိုးရိမ်တကြီးဖြင့် “သူ့လက်က မသန်မစွမ်း ဖြစ်လာနိုင်တယ်” ဟု ပြောခဲ့သည်။ ဤအရာများကို ကြားရခြင်းကရောနှောနေသော စိတ်ခံစားမှု များစွာကို ဖြစ်ပေါ်စေခဲ့သည်။ အမှန်တကယ်ပင် စိုးရိမ်ခဲ့ရသည်။ အကယ်၍ ကျွန်မ၏သမီးက အမှန်တကယ် ထိုလက် မသန်မစွမ်း ဖြစ်လာမည်ဆိုလျှင် ကျွန်မတို့ ဤမှ ဘာဆက်လုပ်ရ ပါမည်နည်း။ သူမသည် အလွန်ငယ်ရွယ်သည်။ ဤသို့ ဆုတ်ယုတ်မှုမျိုးကို သူ မည်သို့ ခံရပ်နိုင်မည်နည်း။ ကျွန်မ စဉ်းစားလေလေ၊ ပို၍ စိတ်ပူကာ၊ စိုးရိမ်ပြီး နာကျင်ရလေလေ ဖြစ်ခဲ့သည်။ “ငါဒီအချိန်တစ်လျှောက်လုံး ဘုရားသခင်ဆီ အမြဲ ဆုတောင်းနေခဲ့တာပဲလေ။ ဘာကြောင့် ငါ့သမီးရဲ့လက်က ပိုသက်သာမလာတာလဲ။ ဘုရားသခင် က ငါ့ရဲ့ဆုတောင်းချက်ကို အဖြေမပေးဘူးပဲ။ သူက ငါ့သမီးကို မကာကွယ်ပေးခဲ့ဘူး” ဟု ကျွန်မ တွေးခဲ့သည်။ ကျွန်မ၏ နှလုံးသားထဲတွင် ဘုရားသခင်ကို နားလည်မှုလွဲမှားခြင်းများနှင့် ဘုရားသခင်အပေါ် ညည်းတွားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤအချိန်အတောအတွင်း ကျွန်မ၏ ခင်ပွန်းသည် အရက်မူးသောကြောင့် အလုပ်ခွင်တွင် ဖြစ်ကတတ်ဆန်း လုပ်ပြန်ပြီး သူဌေးက သူ့ကို အလုပ်ထုတ်ပစ်ချင်ခဲ့သည်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ- အရေးကိစ္စများ တစ်ခုပြီးတစ်ခု ဖြစ်နေခဲ့သည်။ ဤသတင်းကိုကြားရသောအခါ ကျွန်မ ပို၍ စိတ်ကယောက်ကယက် ဖြစ်ခဲ့သည်။ အကယ်၍ ကျွန်မ၏ ခင်ပွန်း အလုပ်ပြုတ်ပါက ကျွန်မတို့ မိသားစု မည်သို့ အဆင်ပြေပါမည်နည်း။ ဤအရာများသည် ကျွန်မကို အလွန် နေမထိထိုင်မသာ ဖြစ်စေခဲ့ပြီး မည်သည့်အရာကို လုပ်ပါစေ ကျွန်မ စိတ်မအေးနိုင်ခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ခဲ့သော်လည်း မှတ်သား နိုင်မှုမရှိခဲ့။ ကျွန်မက၊ “ဘုရားသခင်ကို ငါယုံကြည်တယ်လေ။ ငါ့မိသားစုမှာ ဘာလို့အဆိုး တွေဖြစ်နေရတာလဲ။ ဘုရားသခင်က ငါတို့ကို ဘာကြောင့် မစောင့်ရှောက်ရတာလဲ” ဟု တွေးခဲ့ သည်။ ကျွန်မသည် ဤအပေါ် အလွန်အပျက်သဘောဆောင်လာခဲ့သည်။

ကျွန်မအား ဧဝံဂေလိတရားကိုမျှဝေခဲ့သောကျွန်မ၏ အမျိုးဖြစ်သူက ကျွန်မ၏ အတွေးများကို သိသောအခါ စိတ်ရှည်စွာ မိတ်သဟာယဖွဲ့ခဲ့သည်- “ဒီနေ့ ငါတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာ စာတန်ရဲ့ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် ဖြစ်တယ်။ ဝိညာဉ်လောကမှာ စစ်ပွဲတစ်ခု ဖြစ်နေတာဖြစ်တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ အမှုတော်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဖြစ်တယ်။ ဒါ့ကြောင့် လူသားတွေက စာတန်ကို စွန့်ပစ်ပြီး ဘုရားသခင်ဆီ ပြန်လာတဲ့အခါ စာတန်က အရှုံးကို ကြိတ်မှိတ်လက်ခံမှာ မဟုတ်ဘူး။ လူသားကို ဖြစ်နိုင်သမျှနည်းလမ်းတိုင်းနဲ့ နှောင့်ယှက် လှည့်ဖြားမှာဖြစ်တယ်။ ဘုရားသခင်ကို နားလည်မှု လွဲမှားစပြုအောင်၊ ဘုရားသခင်အကြောင်းကို ညည်းတွားမှုတွေ စပြီးလုပ်အောင်၊ ဝေဒနာနဲ့ ဆင်းရဲဒုက္ခ ပေါင်းစုံကို လူတွေဆီ သူက ယူလာမှာ ဖြစ်တယ်။ သူ့ရဲ့ ရည်ရွယ်ချက်က လူတွေကို ဘုရားသခင်ကို ပစ်ပယ်ပြီး ငြင်းပယ်အောင်၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးအောင်နဲ့ စာတန်ရဲ့နယ်ပယ်ထဲ ပြန်ရောက်အောင်လုပ်ဖို့ပဲ ဖြစ်တယ်။ ငါတို့ ဒီလောက် အပျက် သဘောဆောင်ပြီး ဘုရားသခင်နှင့် အလှမ်းဝေးသွားနေရင် ငါတို့က စာတန်ရဲ့ ကလိမ်ကျတဲ့ လှည့်ကွက်ထဲ ကျဆင်းသွားပြီဖြစ်တယ်။ တကယ်ဆို ဒါတွေက ငါတို့ ဘုရားသခင်ကို မယုံကြည်ခဲ့ရင်တောင်မှ ရှောင်ရှားနိုင်မှာ မဟုတ်ပေမယ့်၊ ယုံကြည်ခြင်းအပေါ် ငါတို့ ရှုမြင်ပုံမှားတဲ့အခါ ငါတို့ကိုဘေးပြုအောင် စာတန်ကို အခွင့်အရေးပေးလိုက်တာပဲ ဖြစ်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များစာပိုဒ်တစ်ပိုဒ်ကို ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင်က မိန့်တော်မူတယ်၊ ‘လူအများစုသည် ငြိမ်သက်ခြင်းရရန်နှင့် အခြားသော အကျိုးများကို ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ သင့်အတွက် အကျိုး မရှိပါက ဘုရားသခင်ကို သင်မယုံကြည်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို သင်မခံစားရပါက စိတ်ကောက် သည်။ သင်ပြောပြီးသောအရာသည် သင်၏ စစ်မှန်သော ဝိညာဉ်အရွယ် ဖြစ်နိုင်မည်နည်း။ သားသမီးများ နေမကောင်းဖြစ်ခြင်း၊ ခင်ပွန်းသည်များ ဆေးရုံတက်ရခြင်း၊ စီးပွားကျခြင်း၊ မိသားစုဝင်များ၏ ဖိနှိပ်ညှင်းဆဲမှုကို ခံရခြင်းစသဖြင့် ရှောင်လွှဲ၍မရသော မိသားစု အခက်အခဲ ပြဿနာများကို ကြုံတွေ့သည့် အခါ သင်၏ နေ့စဉ် အသက်တာ၌ ဖြစ်လေ့ရှိသော အဆိုပါ အခက်အခဲ ပြဿနာများကိုပင် သင်ကျော်လွှား အောင်မြင်နိုင်ခြင်း မရှိ။ ထိုကဲ့သို့ အခက်အခဲပြဿနာများကို ကြုံတွေ့သည့်အခါ သင်စိုးရိမ်ထိတ်လန့် တတ်ကြသည်၊ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်တတ်ပြီး ဘုရားသခင်ကို အချိန်တိုင်းလိုလို ညည်းတွား ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်အား လှည့်စားသည်ဟု လည်းကောင်း ဘုရားသခင်၏ အလုပ်သည် သင့်အား ရှုပ်ထွေးစေသည်ဟု လည်းကောင်း သင်ညည်းတွားသည်။ သင်တို့တွင် ထိုကဲ့သို့သော အတွေးများ မရှိသလော။ သင်တို့၌ ထိုသို့ တစ်ခါတစ်ရံသာ တွေးတော ညဉ်းညူသည်ဟု သင်ထင်သလော။ ထိုကဲ့သို့သော ဖြစ်ရပ်များတွင် အသက်ရှင်ရင်း သင်တို့သည် နေ့စဉ် အချိန်ကို ကုန်လွန်စေကြသည်။ ဘုရားသခင်အပေါ် ယုံကြည်သည့် ယုံကြည်ခြင်း အဘယ်သို့ ခိုင်ခံ့စေမည့် အကြောင်း၊ ဘုရားသခင်၏ အလိုကို အဘယ်သို့ ကျေနပ်စေရန် အသက်ရှင်မည့် အကြောင်း သင်တို့ အနည်းငယ်မျှ မဆင်ခြင်။ သင်တို့၏ ဝိညာဉ်အရွယ်သည် ငယ်လွန်းသည်၊ ကြက်ပေါက်စကလေး၏ အရွယ်ထက်ပင် ပို၍ ငယ်သည်။ သင်၏ ဝမ်းဗိုက်ထဲ၌ ညည်းတွားမှုများနှင့် ပြည့်သိပ်လျှက်ရှိသဖြင့် ထိုအကြောင်းကြောင့် ယုံကြည်သူများ စုဝေးရာ အစည်းအဝေးများသို့လည်း တစ်ခါတစ်ရံ မသွား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော် ကိုလည်း မစားနိုင်၊ မသောက်နိုင် ဖြစ်နေသည်၊ အချိန်အတော်အတန် ကြာမြင့်စွာ သင်သည် ယုတ်လျော့ ကျဆင်းခြင်း အသက်တာဖြင့်သာ ရှင်နေသည်။’ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၃)”)

ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များအား ကြားလိုက်ရသည့်အချိန်တွင် ကျွန်မ၏ နှလုံးသား တုန်လှုပ်သွားသည်။ ဘုရားသခင်သည် လူ့နှလုံးသားတို့၏ နက်ရှိုင်းမှုကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပေသည်။ နှုတ်ကပတ်တော်တစ်လုံးစီတိုင်းက ကျွန်မ၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ရောက်ရှိခဲ့သည်။ ကျွန်မ၏ ယုံကြည်ခြင်းအတွက် အကြောင်းအရင်း အမှန်မှာ မိသားစုကို လုံခြုံစေချင်၍ ဖြစ်သည်။ ဆင်းရဲဒုက္ခကို ကြုံတွေ့ရသောအခါ ဘုရားသခင်ကို ကျွန်မ နားလည်မှုလွဲခဲ့သည်၊ ဘုရားသခင်ကိုညည်းတွားခဲ့ပြီး ဘုရားသခင်ကို ယုံကြည်ခြင်း ပျောက်ဆုံးခဲ့ သည်။ ကျွန်မသည် အပျက်သဘောဆောင်သော အခြေအနေတွင် နေထိုင်နေခဲ့ပြီး ကျွန်မ၏ ဝိညာဉ်အသက်တာသည် အလွန်နုနယ်ခဲ့သည်။ ကျွန်မ၏ ဆွေမျိုးက မိတ်သဟာယဖွဲ့ခြင်းကို ဆက်သည်၊ “ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကောင်းချီးရဖို့အတွက်သာယုံကြည်တဲ့ ငါတို့ရဲ့မှားယွင်းတဲ့အမြင်ကို ထောက်ပြတယ်။ ငါတို့ရဲ့အယူအဆနဲ့ စိတ်ကူးစိတ်သန်းတွေကြောင့် ငါတို့ဘုရားသခင်ကို ယုံကြည်နေသရွေ့ ဘုရားသခင်က ကောင်းချီးပေးမယ်၊ ပြီးတော့ ငါတို့ကို ဘေးကင်းလုံခြုံတာ သေချာစေပြီး အရာရာတိုင်းက ချောချောမွေ့မွေ့ ဖြစ်မယ်လို့ ငါတို့ ထင်ကြတယ်။ ဒီအယူအဆက ငါတို့ရဲ့ နှလုံးသားတွေထဲမှာရှိနေတော့ ဘဝမှာ မပျော်ရွှင်ဖွယ် အခြေအနေတွေနဲ့ ကြုံရတာနဲ့တစ်ပြိုင်နက် ငါတို့ ဘုရားသခင်ကို ချက်ချင်း အပြစ်တင်ကြတယ်။ အကျိုးဆက်အနေနဲ့ ငါတို့ ဘုရားသခင်ကို အချိန်မရွေး ငြင်းပယ်နိုင်တယ်၊ သစ္စာဖောက်နိုင်တယ်၊ ဒါမှမဟုတ် စွန့်ပစ်နိုင်ကြတယ်။ ငါတို့ရဲ့ သေစေနိုင်တဲ့ ဒီအားနည်းချက်ကို စာတန်ကလည်း လုံးဝ ကောင်းကောင်းနားလည်တယ်။ အဲဒါကငါတို့ကအနှောက်အယှက်ပေးဖို့ ဘေးဥပဒ်နဲ့ ဆင်းရဲဒုက္ခ မျိုးစုံကို ငါတို့ဆီ သူယူလာရတဲ့အကြောင်းရင်းပဲဖြစ်တယ်။ စာတန်ရဲ့ စဉ်းလဲတဲ့ အကြံအစည်ကို ငါတို့ မရိပ်မိနိုင်ဘူးဆိုရင် မရည်ရွယ်ဘဲ ဘုရားသခင်ကို ဆန့်ကျင်မိမယ်၊ အပြစ်တင်မိမယ်၊ ပြီးတော့ ငြင်းပယ်မိမှာဖြစ်တယ်။ ဘုရားသခင်ကို စွန့်ပစ်ပြီး သစ္စာတောင် ဖောက်မိနိုင်တယ်။ နောက်ဆုံးတော့ ငါတို့ စာတန်ရဲ့ ဖမ်းဆီးပြီး ဝါးမြိုတာကို ခံရလိမ့်မယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ရဲ့ နှုတ်ကပတ်တော်တွေက မိန့်တော်မူတယ်။ ‘ကမ္ဘာမြေကြီးပေါ်တွင် ဝိညာဉ်ဆိုးများ အမျိုးမျိုးတို့သည် နားခိုရန်နေရာကို မပြီးနိုင်မဆုံးနိုင် ရှာဖွေချောင်းမြောင်းလျ။က် ရှိကြပြီး လူသေအလောင်းများကို စားကြရန် မရပ်နိုင်မနားနိုင်ပင် လိုက်လံရှာဖွေနေကြသည်။’ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များက ဖေါ်ထုတ်ပြလိုက်တာဟာ လုံးဝ ဝိညာဉ်လောကရဲ့ သမ္မာတရားပဲဖြစ်တယ်။ စာတန်ရဲ့ ဖမ်းဆီးပြီး ဝါးမြိုတာကို ခံရတဲ့ အခိုက်မှာ၊ ဘုရားသခင် ကင်တယ်ခံရမယ့် အခွင့်အရေးကို ငါတို့ လက်လွတ်ဆုံးရှုံးတာပါပဲ။ ငါတို့ စာတန်ရဲ့စဉ်းလဲတဲ့အကြံအစည်ကိုရိပ်မိမှဖြစ်မယ်” သူမ ပြောသော ဤစကားများကို ကြားလိုက်ရသည်နှင့်တပြိုင်နက် ကျွန်မ၏ နှလုံးသားက သိသိသာသာ အားတက်လာခဲ့သည်။ ကျွန်မ၏မိသားစု ကြုံတွေ့နေရသော အရာများသည် စာတန်၏နှောင့်ယှက်မှုနှင့် ဘေးဒုက္ခများဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် ယုံကြည်ခြင်းအပေါ် ကျွန်မ၏ မှားယွင်းနေသော အမြင်ကို ဖော်ပြခဲ့သည်။ ကျွန်မ၏အမျိုးအား၊ “ငါ ဘုရားသခင်ကိုယုံကြည်တဲ့အချိန်ကစပြီး ဘုရားသခင် ဟာ လူသားအပေါ် ကျေးဇူးတော် အပ်နှင်းတဲ့ ဘုရားသခင်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သမျှ ကာလပတ်လုံး မိသားစုအတွင်းမှာ ကိစ္စရပ်တွေက ချောချောမွေ့မွေ့ရှိနေပြီး ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုကို ရရှိမယ်လို့ ထင်ခဲ့တယ်။ ငါ့ဘဝမှာ ပြဿနာတွေ ကြုံတွေ့ရတဲ့အခါ တစ်ခုခုမှားယွင်းနေပြီး၊ ယုံကြည်ခြင်းရှိရင် ဒီလိုပြဿနာမျိုး မရှိသင့်ဘူးလို့ ငါထင်ခဲ့တယ်။ ဘုရားသခင်ရဲ့ အဲဒီနှုတ်ကပတ်တော် စာပိုဒ်တွေကို နင် ဖတ်ပြတာကို နားထောင်လိုက်ရမှပဲ ယုံကြည်ခြင်းအပေါ် ငါ့အမြင်က မှားသွားပြီဆိုတာနဲ့ စာတန်က ငါ့ကိုနှောင့်ယှက်ဖို့နဲ့ ဘုရားသခင်အကြောင်း အယူအဆများနဲ့ နားလည်မှုလွဲမှားမှုတွေကို ဖြစ်ပေါ်စေပြီး ဘုရားသခင်နဲ့ ဝေးကွာသွားအောင်လည်း လုပ်ဖို့ ဒါကို နည်းလမ်းတစ်ခု အနေနဲ့အသုံးချနေခဲ့တယ်ဆိုတာကို ငါနားလည်ခဲ့တယ်။ စာတန်ရဲ့ စဉ်းလဲတဲ့ အကြံအစည်တွေမှာ ငါ တကယ်ကို အလှည့်စားခံလိုက်ရတာပါပဲ။ အခုအချိန်ကစပြီး ငါ့ကိုနှောင့်ယှက်ဖို့ စာတန်က ဘာပဲလုပ်လုပ်၊ သူ့ရဲ့လှည့်ကွက်တွေကို ငါရိပ်စားမိရမယ်။ ဘုရားသခင်ကိုအပြစ်တင်တာ၊ နားလည်မှုလွဲတာ၊ အထူးသဖြင့် သစ္စာဖောက်တာတွေ ငါမလုပ်တော့ဘူး။ ဘုရားသခင်အတွက် ငါသက်သေရပ်တည်ရမယ်။ ငါ့ကလေးရဲ့လက်ပြန်ကောင်းလာသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ငါ့ယောက်ျား အလုပ်လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ၊ ဒါတွေကို ဘုရားသခင်ထံ အပ်နှံပြီး ဘုရားသခင်ကို သူ့ရဲ့ အစီအစဉ်တွေ လုပ်ခွင့်ပေးဖို့ ငါလိုလားပါတယ်” အံ့အားသင့် ဖွယ်ရာပင်၊ ဘုရားသခင်၏ စီစဉ်မှုနှင့် ညွှန်ကြားမှုတို့ကိုနာခံရန် ကျွန်မ ဆန္ဒရှိသည်နှင့် တစ်ပြိုင်နက်၊ အချိန်အနည်းငယ် အတွင်းမှာပင် ကျွန်မ သမီး၏လက်က ပြည်တည်စပြုလာ လေသည်။ ဆရာဝန်က ပြည်ကို ရှင်းလင်းလိုက်သည့်အခါ သူမ၏လက်မအရင်းတွင် ချွန်မြသည့် အစတစ်ခု ညှပ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ထိုအရာကို ဖယ်ထုတ်လိုက်ပြီးနောက် မကြာမီတွင် ကျွန်မသမီး၏လက်က သက်သာလာခဲ့သည်။ ဤအတွေ့အကြုံရပြီးနောက်တွင် ကျွန်မ၏ မှားယွင်းသောအမြင်များကို ပြုပြင်ပြီး ဘုရားသခင်ကို နာခံလိုစိတ်ရှိသည်နှင့်တစ်ပြိုင်နက်၊ စာတန်က အရှက်ရပြီး ရှုံးနိမ့်ခဲ့သည်ကို ကျွန်မ သိနိုင်ခဲ့သည်။ ဘုရားသခင်ကကျွန်မသမီး၏ ဝေဒနာကို ဖယ်ရှားပေးခဲ့သည်။ ဘုရားသခင်သည် အမှန်တကယ်ပင် အံ့ဖွယ်ကောင်းပြီး အနန္တတန်ခိုးရှင်ဖြစ်သည်။

သို့သော် ရက်စက်ယုတ်မာသော စာတန်သည် အရှုံးမပေးပါ။ ၎င်း၏လှည့်ကွက်တစ်ခု မအောင်မြင်သည့်အခါ၊ နောက်တစ်ခုကို ကြိုးစားလိမ့်မည်ဖြစ်သည်။ တစ်ညတွင် ၈နာရီခန့် အချိန်၌ ကျွန်မ၏ ခင်ပွန်းက ဆိုင်းမဆင့် ဗုံမဆင့် ဖုန်းဆက်ပြီး သူ့ကိုပိုက်ဆံ အနည်းငယ်ပေးဖို့ အောက်ထပ်ကို ဆင်းခဲ့ရန် ပြောခဲ့သည်။ ကျွန်မလည်း ထိုအချိန်က တစ်နှစ်ကျော်ကျော် ခန့်သာရှိသော ကျွန်မတို့၏ကလေးကို ထုပ်ပိုးပြီး အောက်ထပ်ကို ဆင်းသွားခဲ့သောအခါ ခက်ခက်ခဲခဲ တက္ကစီထဲမှထွက်လာသော ကျွန်မ၏ခင်ပွန်းကို တွေ့လိုက်ရသည်။ လမ်းလျှောက် သည်ကပင် သူ့အတွက် အရမ်းခက်ခဲနေခဲ့သည်။ သူ့ကို ဤအခြေအနေတွင် တွေ့လိုက်ရ သောအခါ ကျွန်မ အမှန်ပင် စိုးရိမ်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့သည်။ ဘုရားသခင်ကို အဆက်မပြတ် အော်ခေါ်ရုံသာ ကျွန်မ တတ်နိုင်ခဲ့သည်- “အနန္တတန်ခိုးရှင်ဘုရားသခင်၊ ဒီအခြေအနေနဲ့ရင်ဆိုင်ရတဲ့အခါ ကျွန်မရဲ့နှလုံးသားကို ကာကွယ်စောင့်ရှောက်ဖို့ ကိုယ်တော့်ကို ကျွန်မ တောင်းလျှောက်ပါတယ်။ ကျွန်မရဲ့ ဝိညာဉ်အသက်တာက နုနယ်ပါတယ်။ ကျေးဇူးပြု၍ ဒီအခြေအနေမျိုးမှာ သက်သေခံ ရပ်တည်ဖို့နဲ့ ကိုယ်တော့်ကို အပြစ်မတင်မိဖို့ ကျွန်မကို ယုံကြည်ခြင်း ပေးသနားတော်မူပါ” ဆုတောင်းပြီးနောက် သိသိသာသာ ငြိမ်သက်မှုပိုခံစား ခဲ့ရသည်။ သို့သော် ထို့နောက်တွင် ကျွန်မခင်ပွန်း၏ခြေထောက်များသည် သူလမ်းပင်မလျှောက် နိုင်တော့သည်အထိ ပိုမိုဆိုးရွားလာခဲ့သည်။ သူ့အစ်ကို နှင့် သူ့အစ်ကို၏ဇနီးကို သူ့အား ဆေးရုံသို့ ခေါ်သွားစေရန်မှ လွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။ ကျွန်မခင်ပွန်းက သူ၏ခြေထောက်များအား ဘယ်လိုမသုံးနိုင်ကြောင်းကို စဉ်းစားမိသောအခါ အလွန်စိတ်ပူခဲ့ရသည်၊ ထို့ကြောင့် ဘုရားသခင် ဆီသို့ တဖန် ကျွန်မ ဆုတောင်းခဲ့သည်။ “ဘုရားသခင်၊ ကျွန်မရဲ့ခင်ပွန်းကနေမကောင်းပါဘူး။ အဲဒါဟာ ဘုရားသခင်ကို ညည်းတွားပြီး သစ္စာဖောက်အောင် စာတန်က ကျွန်မကို လာနှောင့်ယှက်တာပါ။ ကျွန်မ စာတန်ရဲ့လှည့်ကွက်တွေကို ရိပ်စားမိချင်ပါတယ်။ ကျွန်မ ခင်ပွန်းရဲ့ ကုသမှုစရိတ် ဘယ်လောက်ဘဲ ကုန်ကျပါစေ၊ ကိုယ်တော့်ကို ကျွန်မအပြစ်တင်မှာ မဟုတ်ပါဘူး။ ကိုယ်တော်ကိုကျွန်မ နာခံဖို့ဆန္ဒရှိပါတယ်။ ကျွန်မ ကိုယ်တော့်အတွက် သက်သေရပ်တည်နိုင်ဖို့ ကျွန်မကို ကာကွယ် စောင့်ရှောက်ပေးဖို့ ကိုယ်တော့်ကို ကျွန်မ တောင်းလျှောက်ပါတယ်” ဆုတောင်းပြီးနောက် ငြိမ်သက်မှုကို များစွာ ပို၍ ကျွန်မခံစားခဲ့ရသည်။ ထို့နောက်မကြာခင်မှာပင် ကျွန်မ၏ယောက်မက ကျွန်မ၏ခင်ပွန်း ဆေးရုံကို သွားမည်မဟုတ်၊ အိမ်ပြန်ရန်အတွက်ကိုသာ သူ မရမကတောင်းဆိုနေသည်ဟု ဖုန်းလှမ်းဆက်ပြီး ပြောခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်မည်ဟု ယုံကြည်ခဲ့ပြီး ကျွန်မ သဘောတူခဲ့သည်။ သူတို့ပြန်ရောက်လာပြီးနောက် ကျွန်မ၏ခဲအို နှင့် သူ့ဇနီးက ကျွန်မ၏ခင်ပွန်း ခြေထောက်များကို နှိပ်ပေးပြီး ရေနွေးဖြင့် ကြိုးစားဆေးကြောပေးခဲ့သည်။ အချိန်တော်တော်ကြာ သူတို့ဘာသာ အလုပ်များခဲ့ကြသော်လည်း၊ ကျွန်မ၏ခင်ပွန်းက သူ့ခြေထောက်များတွင် ဘာကိုမှ မခံစားခဲ့ရ သေးပေ။ စိတ်ပျက်လက်ပျက်ဖြင့် သူက၊ “သွားပါပြီ။ ငါ့ခြေထောက်မှာ ဘာခံစားချက်မှမရှိ တော့ဘူး” ဟုပြောခဲ့သည်။ ဤအရာကို ကြားရသည့်အခါ၊ မျက်ရည်များက ကျွန်မမျက်နှာပေါ်သို့ ရုတ်တရက် စီးကျပြီး၊ “ဟုတ်ပါ့။ သူလမ်းလျှောက်နိုင်တော့မှာ မဟုတ်ဘူး။ သူအကြောသေ သွားရင် ငါတို့ ဘာလုပ်ကြမလဲ။ ငါတို့မိသားစု ဘယ်လိုလုပ် အဆင်ပြေမှာလဲ”

နာကျင်မှုနှင့် စိတ်ပျက်မှုများနှင့် မွှန်ထူလုနီးနီးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် များကို ကျွန်မ စဉ်းစားမိခဲ့သည်။ “အကယ်၍ သင်၏ အယူအဆများနှင့် တစ်ပြေးညီမဟုတ်သော အရာများစွာ သင့်အပေါ် ရောက်လာသော်လည်း ၎င်းတို့ကို ဘေးချိတ်ထားနိုင်ပြီး ထိုအရာများမှ ဘုရားသခင်၏ လုပ်ရပ်များကို သိပြီး စစ်ဆေးခြင်းများကို ခံနေရသည့်ကြားမှ ဘုရားသခင်ကို ချစ်သည့် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြသပါက ဤအရာမှာ သက်သေရပ်တည်ခြင်းပင် ဖြစ်သည်။ အကယ်၍ သင်၏ နေအိမ်၌ ငြိမ်သက်ခြင်း ရှိပါက၊ သွေးသားဇာတိ စည်းစိမ်များကို သင်ခံစားရပါက၊ မည်သူကမျှ သင့်ကို ညှင်းပန်းနှိပ်စက်ခြင်း မပြုပါဘဲ အသင်းတော်ထဲရှိ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကို နာခံပါက ဘုရားသခင်ကို ချစ်သည့် သင်၏စိတ်နှလုံးကို ပြသနိုင်မည်လော။ ဤအရာသည် သင့်ကို စစ်ဆေးနိုင်သလော။ စစ်ဆေးခြင်းအားဖြင့်သာ ဘုရားသခင်ကို ချစ်သည့် သင်၏ချစ်ခြင်းမေတ္တာကို ပြသနိုင်ပြီး သင်၏စိတ်ကူးစိတ်သန်းများနှင့် မကိုက်ညီသောအမှုအရာများ ဖြစ်ပျက်ခြင်းအားဖြင့်သာ စုံလင်ခြင်းသို့ သင်ရောက်နိုင်သည်။ အနုတ်လက္ခဏာဆောင်သော အရာများစွာ၊ အခက်အခက် ဘေးအန္တရာယ်များစွာအားဖြင့်သာ ဘုရားသခင်သည် သင့်ကို စုံလင်ခြင်းသို့ ရောက်စေသည်။ စာတန်၏ လုပ်ရပ်များစွာ၊ စွပ်စွဲချက်များနှင့် လူများစွာထဲတွင် စာတန်၏ သရုပ်ပေါ်ခြင်းအားဖြင့် ဘုရားသခင်သည် သင့်ကို ပညာရစေကာ သင့်ကို ပကတိပြည့်စုံခြင်းသို့ ရောက်စေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ တဆင့် စာတန်သည် ကျွန်မခင်ပွန်း၏ အခြေအနေကို အသုံးချပြီး ၎င်း၏ အကြံအစည်များကို အကောင်အထည်ဖေါ်နေခြင်း ဖြစ်ကြောင်းကို ကျွန်မနားလည်ခဲ့သည်။ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများ ရယူခြင်းနှင့် အပေးအယူအနေဖြင့် ယုံကြည်ခြင်းအတွက် လဲလှယ်ရယူရန် တွေးတတ်သော ကျွန်မ၏ ပုံသေအတွေးအခေါ်သည် လုံးလုံး ဖြေရှင်းမခံရသေးသောကြောင့် စာတန်က ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်း၊ အပြစ်တင်ခြင်း၊ ငြင်းပယ်ခြင်းနှင့် သစ္စာဖောက်ခြင်း၊ နောက်ဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးစေခြင်းများ ဖြစ်စေရန် ဤသို့ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ကောင်းချီးရရန် ရည်ရွယ်ချက်ဖြင့် ဘုရားသခင်ကို စျေးဆစ်ခြင်း မပြုတော့ရန်အတွက် ကျွန်မကို ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အမှုအရာများကို မြင်နိုင်ရန်နှင့် စာတန်၏ ကြံစည်မှုကို ရိပ်စားမိရန် ခွင့်ပြုရရင်းဖြင့်၊ ဘုရားသခင်က ကျွန်မ၏ ယုံကြည်ခြင်းကို ပြည့်စုံစေရန် ဤကဲ့သို့သော ပတ်ဝန်းကျင်ကို အသုံးပြု ခဲ့လေသည်။ ဤအရာက ကျွန်မကို ဘုရားသခင်နှင့်စာတန်တို့၏စစ်ပွဲတွင် ဘုရားသခင်ဘက်၌ ရပ်တည်စေပြီး ဘုရားသခင်အား ခိုင်မာဲသော သက်သေခံနိုင်စေခဲ့သည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည် သဘောပေါက်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်ထံ တိတ်တဆိတ် ဆုတောင်းခဲ့သည်။ “ဘုရားသခင်၊ ကျွန်မ ဒီအခြေအနေမှာ မြဲမြံစွာ ရပ်တည်နိုင်ဖို့ ကျွန်မရဲ့စိတ်နှလုံးကို ကာကွယ်တော်မူပါ။ ကျွန်မရဲ့ခင်ပွန်းနဲ့ ပတ်သက်ပြီး ဘာပဲဖြစ်ပါစေ၊ ကိုယ်တော့်ကို ကျွန်မ အပြစ်တင်မှာ မဟုတ်ပါဘူး။ သူ အကြောသေသွား ရင်တောင်မှ ကိုယ်တော့်နောက် ဆက်လိုက်ဖို့ ကျွန်မ လိုလားပါတယ်။” အံ့သြဖွယ်ရာပင်၊ ကျွန်မ ဆုတောင်းပြီးလျှင်ပြီးခြင်း၊ ကျွန်မခင်ပွန်းက၊ “ငါ အခု သက်သာတယ်။ ငါ့ခြေထောက်တွေကို လှုပ်လို့ရတယ်” ဟု ပျော်ရွှင်စွာ ပြောသည်ကို ကြားလိုက်ရသည်။ ကျွန်မသည် အလွန့်အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။ ဘုရားသခင်သည် အမှန်ပင် ဉာဏ်အမြော်အမြင်ရှိပြီး အနန္တတန်ခိုး ရှိသော ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်မအား ဤဒုက္ခများကို တမင်သက်သက် ခံစားစေခဲ့ခြင်း မဟုတ်ပါ။ ယင်းထက် ဘုရားသခင်ကကျွန်မကို စမ်းသပ်ရန်နှင့် ကျွန်မ၏ ယုံကြည်ခြင်း၌ မှားယွင်းနေသော အမြင်များကို ပြောင်းလဲရန် ဤအခြေအနေများကို အသုံးပြုခဲ့ခြင်းပင်ဖြစ်သည်။

ထို့နောက် ကျွန်မဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်လက် ဖတ်ရှုခဲ့သည်။ “စာတန်သည် သူ၏ လှည့်စားမှု များကို အဆက်မပြတ် လုပ်ဆောင်နေသည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို အဆက်မပြတ် ခံနေရပြီး ယေဟောဝါ ဘုရားသခင်သည်လည်း သူ၏ ပညာဉာဏ် ကြီးမားသည့် အလုပ်များကို အစဉ်မပြတ် လုပ်ဆောင်နေသည်။ သူသည် မည်သည့်အခါမျှ မရှုံးပေ။ ပြီးလျှင် သူသည် လောကကြီးကို ဖန်ဆင်းခြင်းမှစပြီး လက်ရှိအချိန်အထိ သူ့အလုပ်ကို မည်သည့်အခါမျှ မရပ်တန့်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးသည့်နောက်၌ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် သူ၏ရန်သူကို ချေမှုန်းဖို့အတွက် လူသားများကြားမှာ အဆက်မပြတ် လုပ်ဆောင်နေသည်။ ဤတိုက်ပွဲသည် အစအဦးမှ ကမ္ဘာအဆုံးအထိ ဖြစ်ပေါ်နေမည်ဖြစ်သည်။ ဤအလုပ်များ အားလုံးကို လုပ်နေသည့်အချိန်၌ ဘုရားသခင်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့် လူသားများကို သူ၏ ဘုန်းတန်ခိုးနှင့် ပြည့်စုံသည့် ကယ်တင်ခြင်းကို ရရှိစေဖို့ အခွင့်ပေးခဲ့ရုံတင် မကဘဲ သူ၏ ဉာဏ်ပညာ၊ ဘုန်းတန်ခိုးနှင့် ပြည့်စုံမှုနှင့် အခွင့်အာဏာတို့ကို တွေ့မြင်စေခဲ့သည်။ အဆုံးမှာတော့ သူသည် ဆိုးသွမ်းသူကို အပြစ်ဒဏ်ပေးပြီး ကောင်းသည့်သူကို ချီးမြှောက်ရင်း သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူသားမျိုးနွယ်ကို မြင်စေမည်ဖြစ်သည်။ သူသည် ဉာဏ်ပညာကြီးသည့် ဘုရားသခင်ဖြစ်ပြီး သူ၏ ဉာဏ်ပညာများသည် စာတန်၏ လှည့်ကွက်ပေါ်မှာ မူတည်လှုပ်ရှားသည့်အတွက် သူသည် စာတန်နှင့် ဤနေ့အထိ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ပြီး တစ်ခါမျှ မရှုံးနိမ့်ခဲ့ပေ။ ကောင်းကင်ဘုံ၌ ရှိသမျှ အရာအားလုံးကို သူ၏အခွင့်အာဏာထံ ဆက်ကပ်စေရုံသာမက ကမ္ဘာမှာရှိသည့် အရာအားလုံးကိုလည်း သူ၏ ခြေတင်ရာ ခုံအောက်မှာ ငြိမ်သက်စေခဲ့သည်။ ဤတင်မကဘဲ သူသည် လူသားမျိုးနွယ်ကို ကျူးကျော် နှောင့်ယှက်သည့် မကောင်းမှုပြုသူများကို သူ၏ ပြစ်တင်ဆုံးမမှုအောက်၌ ကျဆင်းစေသည်။ ဤလုပ်ဆောင်ချက်၏ အကျိုးရလဒ်အားလုံးသည် သူ၏ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်”) စာတန်သည် လူသားများကို ဖောက်ပြန်ပျက်စီး စေခဲ့သည့် အချိန်မှစ၍ လူသားကို သူက အမြဲတစေ နှောင့်ယှက်ပြီး အန္တရာယ်ပေးနေခဲ့သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မနားလည်ခဲ့သည်။ ပြီးလျှင် လမ်းတစ်လျှောက်လုံး ဘုရားသခင်က လူသားတို့ကို စာတန်၏အန္တရာယ်မှ လွတ်မြောက်နိုင်အောင် ကယ်တင်နေခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင်အတွေ့အကြုံကို ပြန်ကြည့်လိုက်လျှင် ကျွန်မ ယုံကြည်ခြင်း စတင်ရရှိခဲ့သည့် အချိန်မှစ၍ စာတန်သည် ကျွန်မကိုနှောင့်ယှက်မည့် အကြံအစည်များကို မရပ်မနား ကြံစည်ခဲ့ သည်။ သူသည် ကျွန်မကို အပျက်သဘောဆောင်ပြီး အားနည်းစေရန်နှင့် ဘုရားသခင်အပေါ် နားလည်မှုလွဲပြီး အပြစ်တင်စေရန် ကျွန်မသမီးနှင့် ကျွန်မခင်ပွန်းတို့၏ ကျန်းမာရေး ပြဿနာများကို အသုံးပြုခဲ့သည်။ သူသည် ကျွန်မကို ဘုရားသခင်ထံမှ စွန့်ခွာရန်၊ ဘုရားသခင်ကို သစ္စာဖောက်ရန်နှင့် ကျွန်မကို ငရဲသို့ဆွဲချရန် အချည်းနှီး ကြိုးပမ်းခဲ့လေသည်။ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာသည် အမြဲတမ်း စာတန်၏ အကြံအစည်များအပေါ်တွင် အခြေခံသည်။ ဘုရားသခင်သည် စာတန်၏ အနှောင့်အယှက်ကို အသုံးပြုပြီး ကျွန်မ၏ ယုံကြည်ခြင်းအပေါ် မမှန်ကန်သော အမြင်ကို ထုတ်ဖေါ်ပြခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း အသုံးပြုပြီး ကျွန်မအား အလင်းပေး၍ အသိဉာဏ် ပွင့်လင်းစေ ခဲ့သည်။ ဤအရာက ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများရယူရန်နှင့် ဘုရားသခင်နှင့်အတူ အပေးအယူလုပ်ရန် ပြုမူနေထိုင်ခြင်းနှင့်ဆိုင်သော ကျွန်မ၏ရည်ရွယ်ချက် ကိုသဘောပေါက်မိ စေခဲ့သည်။ အမှန်တကယ်ဖြစ်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ မှတဆင့် ဘုရားသခင်သည် စာတန်၏ဆိုးသော သဘာဝနှင့် စက်ဆုပ်ဖွယ်ကောင်းသော ရည်ရွယ်ချက်များ ကို ရိပ်စားမိရန် အခွင့်ပေးပြီး မကောင်းမှုကိုကျောခိုင်း၍ ကောင်းမှုဘက်သို့ လှည့်နိုင်ခွင့်ပြုခဲ့သည်။ ကောင်းချီးများရချင်သော ဆန္ဒဖြင့် ကျွန်မ အသက်ရှင်တော့မည် မဟုတ်ပါ။ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြင့် စာတန်ကို ကျွန်မ အနိုင်ယူပြီး ဘုရားသခင်၏ ရယူခြင်း ခံရနိုင်ပါသည်။

ဤအတွေ့အကြုံများက လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နှင့် ကယ်တင်ခြင်း မည်မျှစစ်မှန်သည်ကို ကျွန်မအား ပြသခဲ့သည်။ ယခုမှစ၍ ကျွန်မသည် ဘုရားသခင်ကို ပို၍ဆုတောင်းပြီး ပို၍အားကိုးပါမည်၊ ပြီးလျှင် စမ်းသပ်မှုများမှတဆင့် ကျွန်မသက်သေရပ်တည်မည် ဖြစ်သည်။ ဘုရားသခင်နောက်သို့ တကယ့်အဆုံးထိတိုင် မဆုတ်မနစ် လိုက်ရန် ကျွန်မ စိတ်ပိုင်းဖြတ်ထားပါသည်။

ယခင်က:တိုက်ပွဲတစ်ခု

နောက်တစ်ခုသို့:စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခြင်းမှတဆင့် ကျွန်မ ရရှိခဲ့သည့်အရာ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ