ဘုရားနှုတ်ကပတ်တော်တွေက အိမ်ထောင်ရေးဒုက္ခတွေကနေ ကျွန်မကို လမ်းပြပေးခဲ့တယ်

ကျွန်မမှာ သင့်မြတ်ပြီးပျော်စရာကောင်းတဲ့ မိသားစုမျိုးရှိခဲ့ဖူးတယ်။ ပြီးတော့ ကျွန်မက ကုမ္ပဏီတစ်ခုမှာ ရုံးမန်နေဂျာနဲ့ လူ့စွမ်းအားအရင်းအမြစ် မန်နေဂျာအဖြစ် လုပ်ခဲ့ဖူးတယ်။ ကျွန်မအမျိုးသားက အစိုးရလျှပ်စစ်ရုံးမှာ ရုံးမန်နေဂျာလုပ်ခဲ့ပြီးတော့ သူတို့ရဲ့လက်အောက်ခံ ကုမ္ပဏီတွေထဲက တစ်ခုကို ဦးဆောင်ခဲ့ရတယ်။ သူက မကြာခင်မှာ အစိုးရရုံးမှာ လက်ထောက်ဒါရိုက်တာအဖြစ် ရာထူးတိုးတော့မှာပါ။ ကျွန်မတို့သားကလည်း တကယ်ကိုဉာဏ်ကောင်းပါတယ်။ ကျွန်မတို့မိသားစုသုံးယောက် ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြပြီးတော့။ ကျွန်မတို့နဲ့ သိတဲ့လူတိုင်းကလည်း ​လေးစားကြပါတယ်။ ဒီလိုပျော်ရွှင်သင့်မြတ်မှုတွေနဲ့ နေခဲ့ရတဲ့အချိန်မှာပဲ။ ဆိုးရွားတဲ့ကိစ္စတစ်ခု ဖြစ်လာခဲ့တယ်။ ကျွန်မအမျိုးသားက သူ့ဒရိုင်ဘာရဲ့ အမျိုးသမီးနဲ့ မကင်းမရှင်းဖြစ်ကြတယ်လေ ဒီလိုရုတ်တရက်ကြီးဖြစ်လာတော့ ကျွန်မအတွက် ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ နေ့ပေါင်းများစွာ မအိပ်နိုင်မစားနိုင်ဖြစ်ခဲ့ရတယ်။ ဒေါသစိတ်တွေ၊ မကျေနပ်မှုတွေအပြည့်နဲ့ဖြစ်ခဲ့ရပြီးတော့ အရှက်ခွဲခံခဲ့ရသလို ခံစားခဲ့ရတယ်။ ဒီလို နာကျင်မှုမျိုးခံစားခဲ့ရတော့။ သေချင်စိတ်တောင် ပေါက်ခဲ့ပါတယ်။ လက်ထဲမှာ အဆိပ်ပုလင်းကိုင်ပြီး သေခြင်းတံခါးကိုဖြတ်သွားတော့မယ့် အချိန်မှာ။ ကျွန်မအမေနဲ့ သားလေးအကြောင်း စဉ်းစားမိတယ်။ ကျွန်မသာ သေသွားရင်..ကျွန်မရဲ့အမေအိုကြီးက သူ့သမီးကို ကိုယ်တိုင်မြေမြှုပ်ရတဲ့ နာကျင်မှုကို ဘယ်လိုလုပ်ခံစားနိုင်မှာလဲ အရမ်းငယ်သေးတဲ့ သားလေးကလည်း ဘ၀မှာ အခက်အခဲတွေအများကြီး ရင်ဆိုင်ရမှာပေါ့။ သူ့အဖေက အားကိုးလို့မရတော့မှတော့။ သူ့အမေကိုသာ ဆုံးရှုံးလိုက်ရရင်။ မိဘမဲ့လိုဖြစ်သွားမှာပဲ မဟုတ်ဘူးလား။ အဲဒီအတွေးတွေကြောင့် ကျွန်မစိတ်တွေ ပျော့သွားခဲ့တယ်။ မျက်ရည်စက်လက်နဲ့ ဒူးထောက်ပြီး အဲဒီအဆိပ်ဆေးလုံးတွေကို ကြမ်းပြင်အနှံ့ ဖြန့်ကျဲပစ်လိုက်တယ်။

အချိန်နည်းနည်းလောက် ကြာပြီးတဲ့နောက်မှာ သေခြင်းနဲ့ ရှင်ခြင်းကြားထဲက နာကျင်မှုကနေရုန်းထွက်နိုင်မယ့် နည်းလမ်းကို ရှာဖွေခဲ့ပေမဲ့။ အရင်ကလို ငြိမ်းချမ်းတဲ့ဘ၀ကို ပြန်မရခဲ့ပါဘူး။ အဲဒီမိန်းမကိုလည်း အရိုးခိုက်အောင် မုန်းခဲ့ပြီးတော့။ ကျွန်မတို့ရဲ့ ပြည့်စုံတဲ့ပျော်စရာမိသားစုကို သူဖျက်ဆီးခဲ့လို့။ ဒီလိုနာကျင်မှုတွေ သူ့ကြောင့်ဖြစ်ရတာလို့ ခံစားခဲ့ရပါတယ်။ ကျွန်မတွေးခဲ့တာက။ “နင်က ငါ့ကိုကောင်းမွန်တဲ့ဘ၀နဲ့ မနေစေချင်မှတော့ ငါလည်းနင့်ကို ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်မပေးနိုင်ဘူး။ နင်က ငါ့ကိုဒီလိုခံစားရအောင်လုပ်မှတော့ နင်လည်း နှစ်ဆခံရအောင် သေချာပေါက်လုပ်ပြမယ်” ဆိုပြီးတော့လေ ကျွန်မသူ့ကို ကိုယ်ထိလက်ရောက်လုပ်ခဲ့ပြီးတော့ သူ အိမ်ပြန်မလာရဲအောင်လို့ လူလွှတ်ပြီးတော့။ သူ့အိမ်ထဲကပစ္စည်းတွေ ရိုက်ခွဲခိုင်းခဲ့တယ်။ အခြေအနေဆိုးဆိုးဝါးဝါးနဲ့ သူ့ကိုကြောက်သွားအောင် လုပ်ခဲ့ပေမဲ့လည်း ကျွန်မ နာကျင်နေခဲ့ရတုန်းပါပဲ ပြိုကွဲသွားတဲ့ အသိုက်လေးရဲ့ အရိပ်အောက်ကနေ ပြေးမလွတ်နိုင်ခဲ့ဘူး

နောက်တော့ အသိတစ်ယောက်က သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေ ကျွန်မကို မျှဝေပေးပြီးတော့။ သမ္မာကျမ်းစာအုပ် တစ်အုပ် ပေးခဲ့ပါတယ်။ အဲဒါကိုဖတ်ရင်းနဲ့။ သခင်ယေရှုရဲ့ သည်းခံမှု၊ စိတ်ရှည်မှုနဲ့ ခွင့်လွှတ်မှုတွေက ကျွန်မအပေါ် တကယ် သက်ရောက်ခဲ့ပါတယ်။ သူ့မှာအပြစ်မရှိဘဲနဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် လက်ဝါးတိုင်တက်ခဲ့ရတာ ဖတ်ရတော့။ ကျွန်မက ဘာလို့များ ကျွန်မအမျိုးသားနဲ့ အဲဒီမိန်းမကို တစ်ခါတည်းခွင့်မလွှတ်နိုင်ရတာလဲလို့ တွေးခဲ့မိတယ်။ သူတို့ကိုခွင့်လွှတ်ဖို့ စိတ်ရှည်သည်းခံမှုနဲ့ ခွန်အားတွေပေးဖို့။ သခင့််ကို ဆုတောင်းခဲ့ပါတယ်။ ကျွန်မအမျိုးသားနဲ့လည်း ရန်မဖြစ်တော့ဘူး အဲဒီမိန်းမကိုမြင်တိုင်းလည်း ဒေါသမထွက်တော့ပါဘူး။ ဒါပေမဲ့လည်း ကျွန်မရဲ့အငြိုးကို မစွန့်လွှတ်နိုင်ခဲ့သေးပါဘူး ကျွန်မ မိသားစု၊ သားလေးနဲ့ ကျွန်မဘ၀ရှေ့ရေးအတွက် ကျွန်မကိုယ်ကျွန်မ သည်းခံဖို့တွန်းအားပေးခဲ့ရုံပဲရှိခဲ့ပါတယ်။ ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက။ ကျွန်မအမျိုးသားက ထိန်းထိန်းသိမ်းသိမ်း မနေတဲ့အပြင် ပိုဆိုးလာအောင်ပါ လုပ်ခဲ့ပါတယ်။ သူ့အလုပ်ကို စွန့်လွှတ်ပြီး အဲဒီမိန်းမနဲ့ ခိုးပြေးသွားကြတယ်လေ ကျွန်မ ဘယ်လိုလုပ်မျိုသိပ်ထားနိုင်မှာလဲ။ ကျွန်မအမျိုးသား အဲဒီလိုသစ္စာဖောက်သွားတာကို ဘယ်လိုလက်ခံနိုင်မှာလဲ။ ကျွန်မ ရာထူးတိုးမယ့်အခွင့်အရေးတွေကို စွန့်လွှတ်ပြီး အမျိုးသားရာထူးတက်ဖို့အတွက်။ ကလေးကိုပြုစုစောင့်ရှောက်၊ ထမင်းဟင်းချက်၊ သူ့အတွက် အိမ်အလုပ်တွေအကုန်လုပ်ပြီး။ သူရာထူးတက်ဖို့ ကျွန်မ နေရာတကာသွားပြီး လှုပ်ရှားခဲ့ရတယ်။ ဒါပေမဲ့ ပြန်ရလိုက်တာတွေအားလုံးက အမျိုးသားက သစ္စာဖောက်ပြီး နာကျင်စေတာတွေပဲရှိတယ်။ ကျွန်မ သည်းမခံနိုင်တော့ဘူးလေ။ သူအရမ်း နှလုံးသားမဲ့ပြီးတော့ အသိစိတ်မဲ့လို့ အမျိုးသားကိုမုန်းခဲ့ပါတယ်။ အဲဒီမိန်းမကိုလည်း မုန်းခဲ့ပြီးတော့ ကျွန်မ သေရမယ်ဆိုရင်တောင် သူသေသွားတာကို မြင်ချင်ခဲ့တယ်။ သူတို့ အသုံးစရိတ်မလောက်အောင်လို့။ ဝင်ငွေလမ်းကြောင်းအားလုံးကို ပိတ်ပစ်ဖို့ ကြိုးစားခဲ့တယ်။ သိပ်မကြာပါဘူး။ သူတို့မွဲသွားတော့ မြို့ထဲပြန်ရောက်လာခဲ့ကြတာပေါ့။ တစ်ရက်မှာ အမျိုးသားက ကျွန်မရှေ့မှာမျက်ရည်စက်လက်နဲ့ သူမှားကြောင်းသိပါပြီဆိုပြီး တောင်းပန်ခဲ့ပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ လူသစ်တစ်ယောက်အဖြစ်နေပါ့မယ်လို့ ကျိန်ခဲ့တယ်လေ ပတ်ဝန်းကျင်အသစ်မှာ ဘ၀သစ်စနိုင်ဖို့အတွက် သူ့အလုပ်ကို မြို့ထဲကနေ နယ်ဘက်ကိုပြောင်းပေးဖို့။ သူငယ်ချင်းတွေကို အကူအညီတောင်းပေးပါဆိုပြီး တောင်းဆိုလာခဲ့တယ်။ သူ့ပုံက အရမ်းနာကျင်နေရပြီးတော့ သူ့ရဲ့ ရိုးသားတဲ့တောင်းပန်ပုံတွေမြင်ရတော့။ ကျွန်မလည်း စိတ်ပျော့သွားခဲ့တယ်။ ကျွန်မကလည်း အတိတ်က ပျော်စရာမကောင်းခဲ့တာတွေအားလုံးကို မေ့ပစ်ပြီး အသစ်ကပြန်စဖို့အတွက်။ သူတောင်းဆိုတာတွေကို သဘောတူခဲ့တယ်။ နှစ်ယောက်လုံး နယ်ပြောင်းနိုင်အောင် ကျွန်မသူငယ်ချင်းတွေကို ချက်ချင်းဆက်သွယ်ခဲ့တယ်။ အတူတူ စပြီးပြန်နေဖြစ်ခဲ့ကြတယ်။ သူကျွန်မကို စိတ်ပြေအောင်၊ ပျော်အောင်လို့ အားလုံးကြိုးစားခဲ့ပေမဲ့ ကျွန်မမှာ သူ့ကိုပြောစရာစကား မရှိသလို ခံစားခဲ့ရတယ်။ အဲဒီအစား ဒဏ်ရာကျက်ဖို့က အချိန်လိုတယ်လို့တွေးပြီး။ ကျွန်မတို့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ထင်ယောင်ထင်မှားဖြစ်နေခဲ့သေးတယ်လေ ဒါပေမဲ့ ကျွန်မကိုပိုပြီး ထိတ်လန့်စေတာက။ ကျွန်မတို့ရာထူးကို နယ်ရွှေ့ဖို့လုပ်ရင်း ကျွန်မအလုပ်များနေတုန်းမှာ။ သူအဲဒီမိန်းမကိုတွေ့ဖို့ ထပ်သွားသေးတယ်ဆိုတာ မတော်တဆ သိခဲ့ရတယ်။ ကျွန်မလည်း ဒေါသကိုမထိန်းနိုင်တော့ဘဲ သူ့ကိုထွက်သွားဖို့ အော်ပြောခဲ့မိတယ် နောက်နှစ်ရက်နေတော့ သူတစ်ခွန်းမှမပြောဘဲထွက်သွားပြီးတော့ ပြန်မလာတော့ဘူးလေ။ နောက်ဆုံး အဲဒီအချိန်မှပဲ ကျွန်မလည်း အသိတရားရသွားတော့တယ်။ သူက ဘယ်တုန်းကမှ တကယ်နောင်တမရခဲ့တာ သိခဲ့ရတယ်။ သူ့မှာ ရှေ့ဆက်စရာ ဘာမှမရှိတော့ဘဲ မွဲသွားလို့ပြန်လာခဲ့တာပဲလေ။ သူက ကျွန်မအပေါ်ကောင်းပြီး ပြန်ပြေလည်ချင်တယ်လို့ ပြောခဲ့ပေမဲ့။ အားလုံးက အလိမ်အညာတွေချည်းပါပဲ။ သူ့ရာထူးပြောင်းရွှေ့လို့ရဖို့ ကျွန်မကို အသုံးချချင်ခဲ့ရုံပဲလေ။ အဲဒါကိုသိလိုက်ရတော့ ကျွန်မနှလုံးသား ကွဲကြေခဲ့ရပါတယ်။ ကျွန်မအမျိုးသားကို မုန်းပြီးရင်းမုန်းခဲ့ပြီးတော့ အဲဒီမိန်းမကိုလည်း မုန်းခဲ့ပါတယ်။ အဲဒီမိန်းမကို ဒုက္ခိတဖြစ်ပြီး ပုံပျက်ပန်းပျက်ဖြစ်အောင်လုပ်ဖို့ စပြီးစီစဉ်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ကျွန်မက ဆိုးယုတ်မှုတွေထဲ နစ်မြုပ်သွားခဲ့တဲ့အချိန်မှာ။ အနန္တတန်ခိုးရှင်ဘုရားက ကျွန်မကို ကယ်တင်ခြင်းပြုဖို့ လက်တော်ကိုဆန့်ထုတ်ခဲ့ပြီးတော့။ ကျွန်မကလည်း နောက်ဆုံးသောကာလ ဘုရားရဲ့ အလုပ်ကို လက်ခံခဲ့ပါတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေဖတ်ပြီးတော့။ အမှောင်ထုနဲ့ ကမ္ဘာကြီးရဲ့ဆိုးယုတ်မှု၊ ဒုက္ခတရားနဲ့ ခြောက်ကပ်လာတဲ့ လူ့အဖွဲ့အစည်းနောက်ကွယ်က အကြောင်းရင်းကို သိခဲ့ရပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။ အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ်တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။” “လူသားမျိုးနွယ်သည် ငါ၏ရန်သူသာ ဖြစ်ပေသည်။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်ကာ မနာခံသည့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ၏ကျိန်ခြင်းခံထားရသော ဆိုးယုတ်သူ တစ်ဦး၏ သားသမီးသာ ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ့ကို သစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်သာ ဖြစ်သည်။ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာက ငါ၏ ပစ်ပယ်ခြင်း ခံခဲ့ရပြီး၊ ထိုအချိန်ကတည်းက ငါနှင့် မကျေအေးနိုင်သော ရန်သူဖြစ်ပြီးလေသည့် နတ်ဆိုး၏ အမွေအနှစ်သာ ဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးအထက်က ကောင်းကင်သည် ရှင်းလင်းပြတ်သားမှု အသွင် စိုးစဉ်းမျှမရှိဘဲ၊ နောက်ကျိကာ မှောင်မည်းပြီး၊ လူ့လောကထဲ အသက်ရှင်သောသူတစ်ဦးသည် မိမိမျက်နှာရှေ့ ဆန့်တန်းထားသော မိမိ၏လက်ကိုပင် မမြင်နိုင်ရန် သို့မဟုတ် သူ၏ ခေါင်းကို မော့သည့်အခါ နေကို မမြင်နိုင်ဖို့အလို့ငှာ၊ လူ့လောကသည် ပိန်းပိတ်အောင် မည်းမှောင်သည့် အမှောင်ထုထဲသို့ ထိုးဆင်းလေသည်။ ဗွက်ထူကာ ချိုင့်များထူပြောသည့် သူ၏ခြေအောက်က လမ်းသည် အကွေ့အကောက်ဖြင့် လှည့်ပတ်ကွေ့ကောက် သွားလေသည်။ မြေတစ်ပြင်လုံး အလောင်းကောင်များ ပြန့်ကျဲနေသည်။ မှောင်မည်းနေသော ထောင့်နေရာများသည် လူသေအလောင်းများဖြင့် ပြည့်နေပြီး၊ အေးစက်ပြီး မှောင်ရိပ်ကျနေသည့် ထောင့်နေရာများတွင် မကောင်းဆိုးဝါးတစ်သိုက် နေထိုင်ကြပြီး ဖြစ်သည်။ လူသားကမ္ဘာ၏ နေရာအနှံ့တွင် မကောင်းဆိုးဝါးများသည် အုံလိုက်ကျင်းလိုက် သွားလာနေကြသည်။ အညစ်အကြေးဖြင့် ဖုံးလွှမ်းလျက် သားရဲမျိုးစုံ၏ သားသမီးများသည် ပြင်းထန်သော အနီးကပ် တိုက်ပွဲ၌ ပိတ်မိနေကြသည်၊ ထိုတိုက်ပွဲ၏အသံသည် စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေ၏။ ထိုသို့သော အချိန်ကာလများတွင်၊ ထိုသို့သောလောကတစ်ခု၊ ထိုသို့သော ‘လောက ပရဒိသုဘုံ’ တစ်ခုတွင်၊ ဘဝ၏ ကြီးစွာသော ဝမ်းမြောက်ခြင်းကို အဘယ်မှာ သွားရှာရမည်နည်း။ မိမိဘဝ၏ ခရီးပန်းတိုင်ကို ရှာတွေ့ရန် အဘယ်သို့ သွားနိုင်မည်နည်း။” "“ဘုရားသခင်၏အမြင်တွင်၊ လူတို့သည် တိရစ္ဆာန်လောကထဲက တိရစ္ဆာန်များကဲ့သို့ဖြစ်၏။ ၎င်းတို့သည် အချင်းချင်းရန်ဖြစ်ကြသည်၊ အချင်းချင်းသတ်ဖြတ်ကြပြီး၊ အချင်းချင်း ထူးကဲသည့် တုံ့ပြန်မှုများ ရှိကြ၏။ ဘုရားသခင်၏ အမြင်တွင်၊ ၎င်းတို့သည် မည်သည့်အသက်အရွယ် သို့မဟုတ် မည်သည်လိင်တို့ဖြစ်ပါစေ တစ်ဦးကိုတစ်ဦး လျှို့ဝှက်ကြံစည်နေကြရင်း၊ လူဝံများကဲ့သို့လည်း ဖြစ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားရဲ့နှုတ်ကပတ်တော်တွေဖတ်ခြင်းက ကျွန်မနှလုံးသားကို တကယ်ပဲအလင်းပေးခဲ့ပါတယ်။ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးအောင်လုပ်ခဲ့တော့။ ကျွန်မတို့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားမရှိတော့ဘဲ လူသားဆန်မှုမရှိကြတော့တာ သိခဲ့ရတယ်။ သိက္ခာတွေ ကိုယ်ကျင့်တရားတွေ မရှိတော့ဘူးလေ။ ကျွန်မတို့အားလုံးက မုသားတွေပြည့်လာတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ ရွံစရာကောင်းတယ်၊ ရန်လိုပြီး မလိုမုန်းထားစိတ်တွေ ဖြစ်လာကြပါတယ်။ ကိုယ်ကျိုးအတွက် အမြဲတမ်း လျှို့ဝှက်ကြံစည်ကြတယ်၊ သူများအပေါ် တွက်ချက်လာကြတယ်။ ကိုယ့််ပျော်ရွှင်မှုကိုပဲ ဂရုစိုက်ပြီး သူများတွေ သေသေ၊ရှင်ရှင် ဂရုမစိုက်နိုင်ကြတော့ဘူး တစ်ဖက်သား ခံစားနေရတာကို ကိုယ့်ပျော်ရွှင်မှုအဖြစ် တည်ဆောက်ကြတယ်။ အချိန်မရွေး ရန်ဖြစ်သတ်ဖြတ်နေကြတယ်။ တိရစ္ဆာန်တွေမှာလို အားကြီးသူနိုင်စတမ်း ဆိုပြီး ဖြစ်လာကြတယ်။ မင်းငါ့ကိုမစားရင် ငါမင်းကိုသတ်မှာပဲ ပေါ့ လူသားမျိုးနွယ်တိုင်းက အပြစ်တရားထဲမှာ နေကြပြီးတော့ လူမှုကျင့်ဝတ်တွေလည်း တိမ်မြုပ်သထက် တိမ်မြုပ်လာကြတယ်။ လူတိုင်းက ကာမကိစ္စမှာပဲ မွေ့လျော်နေကြပြီးတော့ အပြစ်တရားတွေကို ဖော်ပြနေကြပါတယ်။ လင်က မယားအပေါ်ဖောက်ပြန်တယ်၊ မယားက လင်အပေါ်ဖောက်ပြန်တယ်။ လင်နဲ့ မယား တစ်ယောက်အပေါ်တစ်ယောက် ဖောက်ပြန်တယ်။ လူတိုင်း မကောင်းမှုကို ကိုးကွယ်လာတယ်၊ ကာမကိစ္စမှာ မွေ့လျော်လာတယ်၊ ဆန့်ကျင်ဘက်လိင်နဲ့ သူတို့ကိုယ်သူတို့ စိတ်ကျေနပ်အောင်လုပ်ကြတယ်။ ကမ္ဘာကြီးကို စာတန်က ကောင်းကောင်းဆုပ်ကိုင်ထားပြီးတော့ ပိုမှောင်မိုက်လာတယ်၊ ပိုပြီးဆိုးယုတ်လာပါတယ်။ ဟုတ်တယ်။ အပြစ်တရားတွေနဲ့ ဖောက်ပြန်မှုတွေ စုနေတဲ့နေရာဖြစ်လာတယ်။ လူတွေလည်း နစ်သထက် နစ်ရုံကလွဲပြီး ဘာမှမလုပ်နိုင်ကြဘဲ ပိုဆိုးယုတ်ပြီး ကျင့်ဝတ်ပျက်ပြားလာကြပါတယ်။ ကျွန်မအမျိုးသား သစ္စာဖောက်သွားတာက စာတန်ရဲ့အဆိပ်ကြောင့်ဖြစ်တယ်ဆိုတာ သိခဲ့ရတယ်လေ။ ကျွန်မမှာ ရွေးစရာမရှိခဲ့ဘူး ကျွန်မကိုပါ ဖောက်ပြန်ပျက်စီးစေပြီး ထိခိုက်အောင်လုပ်နေတဲ့ စာတန်ရဲ့ လမ်းကြောင်းပေါ်ကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ ကျွန်မစိတ်ဝင်စားတာတွေကို သူများက ထိပါးလာပြီဆိုရင်။ ကျွန်မ ဒေါသတွေပြည့်လာပြီးတော့ ကျွန်မရန်သူတွေ သေတာကို အရမ်းကြည့်ချင်လာခဲ့တာပါ။ မိနစ်တိုင်းကို အလုပ်အတွက် ဒါမှမဟုတ် ဘ၀အတွက် ဘာမှလုပ်ချင်စိတ်မရှိတော့ဘဲ အမုန်းတရားတွေရဲ့ ညှဉ်းပန်းမှုဒဏ်ကို ခံပြီး နေခဲ့ရတယ်။ ကျွန်မသားကိုပါ ဆွဲထည့်ခဲ့မိတယ်။ အဲဒါတွေအားလုံးက စာတန်ပုံသွင်းတာခံထားရတဲ့ အန္တရာယ်ရှိတဲ့ အရာတွေပဲ မဟုတ်ဘူးလား နောက်တော့..ဘုရားကိုဆုတောင်းရင်း နှုတ်ကပတ်တော်တွေဖတ်ပြီး ဘ၀အပေါ် အမြင်တစ်ချို့ရလာခဲ့တယ်။ လူသားမျိုးနွယ်က ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးနေပြီးတော့အချင်းချင်း အသုံးချပြီး လိမ်ညာကြတယ်။ အချစ်စစ်ဆိုတာ မရှိတော့ဘူးဆိုတာ သိခဲ့ရတယ်။ ကျွန်မတဖြည်းဖြည်းချင်း ကျွန်မအမျိုးသားနဲ့ အဲဒီမိန်းမအပေါ်မုန်းတာတွေ၊။ လက်စားချေဖို့အစီအစဉ်တွေကို လက်လွှတ်လာနိုင်ခဲ့တယ်။ ကျွန်မ အဲဒါတွေအားလုံးကို လက်လွှတ်လိုက်တဲ့အချိန်မှာ။ အံ့ဩစရာကောင်းတဲ့ လွတ်လပ်မှုနဲ့ လွတ်မြောက်မှုကို ခံစားခဲ့ရတယ်။ အဲဒီအချိန်မှာပဲ ကျွန်မရဲ့ဘ၀တစ်ခုလုံးကို အသစ်က ပြန်စခဲ့ပါတယ်။ နေ့တိုင်း ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ဆုံပြီး ဘုရားနှုတ်ကပတ်တော်တွေကို စားသောက် မိတ်သဟာယဖွဲ့ပြီး၊ ဘုရားကိုချီးမွမ်းတဲ့ ဓမ္မတေးတွေ ဆိုခဲ့ပါတယ်။ အဲဒီလို လွတ်လပ်မှုနဲ့ လွတ်မြောက်မှုကို ရရှိခဲ့ပါတယ်။ တဖြည်းဖြည်း နေလို့ပိုကောင်းလာပြီးတော့ ပြန်ပြုံးလာနိုင်ခဲ့ပါတယ်။

နောက်တော့ တစ်ရက်မှာ.. အရမ်းရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ သူ့ပုံက အရမ်းကိုပိန်ချုံးကျုံလှီ နေတယ်။ ကျွန်မ လန့်သွားခဲ့တယ်။ သူ့အမျိုးသားက သူ့ကိုသစ္စာဖောက်သွားပြီးတော့။ ကွာရှင်းဖို့ကိစ္စ ဆွေးနွေးနေတုန်းမှာ လွတ်မြောက်ဖို့လမ်းမမြင်လို့ အဆိပ်သောက်သေဖို့ ကြိုးစားခဲ့ပေမဲ့။ နောက်ဆုံးမှာ အသက်ပြန်ရှင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး အိမ်ထောင်ရေးမှာ ကံဆိုးတာချင်းအတူတူပါပဲ။ ဘုရားရဲ့ ကာကွယ်ပေးမှုကြောင့်သာမဟုတ်ရင် ကျွန်မလည်း သေပြီးနေလောက်ပြီးတော့။ အခုဆို ကျွန်မအုတ်ဂူမှာပေါက်နေတဲ့မြက်တွေ ဘယ်လောက်တောင်ရှည်နေမလဲ မသိဘူး။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒါလေးကိုဖတ်ခဲ့ပါတယ်။ “လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဆယ်စုနှစ် ၂ ခုလောက်။ လင်မယားဖြစ်ခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေက။ အရမ်းပျက်စီးလွယ်ပြီးတော့ အသေးအမွှားထိခိုက်မှုတွေကိုတောင် မခံနိုင်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ပြသခဲ့ပါတယ်။ ဒါက လူသားတွေကြားမှာ စစ်မှန်တဲ့ ခံစားချက် ဒါမှမဟုတ် အချစ်ဆိုတာ မရှိလို့ပါပဲ။ ကိုယ့်ဆန္ဒကိုကျေနပ်အောင်လုပ်ဖို့ ဒါမှမဟုတ် အချင်းချင်း အသုံးချဖို့ပဲဖြစ်နေတာပါ။ အသုံးချလို့ကောင်းနေတုန်းမှာတော့ သူတို့စိတ်ပျော်အောင် စကားချိုချိုတွေပြောပြီး အသုံးချလို့ပြီးသွားရင်တော့ အင်္ကျီဟောင်းလို၊ အမှိုက်ထုပ်လို တံခါးအပြင်ကို ကန်ထုတ်ပစ်တာပါပဲ။ ပျော်စရာမိသားစုနဲ့ လင်မယားအချစ်ဆိုတာ လူတွေကိုအရူးလုပ်ဖို့ အလိမ်အညာတွေဖြစ်ပြီးတော့ စာတန်က ကျွန်မတို့ကိုလှည့်စားဖို့အသုံးချတဲ့ ထောင်ခြောက်တွေပါ။ စိတ်မကောင်းစွာပဲ ကျွန်မမှာ သမ္မာတရားမရှိခဲ့တော့ ဒီကိစ္စကိုနားမလည်ခဲ့ဘဲ စာတန်ရဲ့ လှည့်စားမှုကို သေချာမမြင်နိုင်ခဲ့ဘူး။ ကျွန်မအမျိုးသားရဲ့ ဉာဏ်များတဲ့ လိမ်ညာမှုနဲ့ ဟန်ဆောင်မျက်ရည်တစ်ချို့က ကျွန်မကို အရူးလုပ်ခဲ့တာပါ။ ကျွန်မက မှားယွင်းတဲ့ပျော်ရွှင်မှုခံစားချက် ကြောင့် လုံး၀မျက်ကန်းဖြစ်သွားပြီးတော့။ စဉ်းစားဉာဏ်မရှိတော့ဘဲ အဲဒီခံစားချက်မရှိတဲ့အရာတွေရဲ့ ကစားခြင်းကို ခံခဲ့ရပြီး။ အသက်ပါ သေမလိုဖြစ်ခဲ့ပါတယ်။ ကျွန်မ အဲဒီလိုအရူးတစ်ယောက်ဖြစ်ခဲ့တာပါ။ လူတိုင်းက စာတန်ကြောင့် ဖောက်ပြန်ပျက်စီးနေကြတာပါ။ ကျွန်မတို့က ဉာဏ်များတယ်၊ လှည့်စားတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ မုန်းချင်စရာကောင်းတယ်။ လောဘကြီးပြီး ဆိုးယုတ်ပါတယ်။ ဘယ်လိုလုပ်များ စစ်မှန်တဲ့ ခံစားချက်တို့ အချစ်တို့ ရှိမှာလဲ။ အဲဒီအချိန်မှာပဲ ကျွန်မသဘောပေါက်သွားတာက လူသားမျိုးနွယ်အပေါ် ဘုရားရဲ့ ချစ်ခြင်းကသာ စစ်မှန်ပြီးတော့။ ကျွန်မ အမုန်းတရားတွေ အရမ်းပြည့်နေတဲ့အချိန်မှာ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကပဲ ကျွန်မရဲ့ဝိညာဉ်ကို ပျော်ရွှင်ငြိမ်းချမ်းမှုတွေ ပေးပြီး။ စိတ်နှလုံးထဲက အမုန်းတရားကို ပျက်ပြယ်စေပြီးတော့ နာကျင်မှုကို သက်သာစေခဲ့ပါတယ် ဒီကမ္ဘာမှာဘယ်သူကများ ကျွန်မကို အဲဒီလိုချစ်နိုင်လို့လဲ။ ဘုရားထက် ဘယ်သူ့အချစ်က သာလွန်နိုင်မှာလဲ။ သူများအချစ်ကိုရတာထက်စာရင် ဘုရားအချစ်ကိုရတာက ပိုပြီးမပျော်ရွှင်ရဘူးလား။ အဲဒီအတွေးတွေကပဲ ကျွန်မကို စိတ်သက်သာရရစေပြီးတော့ ဘုရားရဲ့ကယ်တင်ခြင်းအမှုအတွက် အရမ်းကျေးဇူးတင်မိစေခဲ့ပါတယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲက စာပိုဒ်တချို့ ဖတ်ခဲ့ပါတယ်။ “နှစ်ထောင်ပေါင်းများစွာ ရှိခဲ့သည့် ‘မြင့်မြတ်သော အမျိုးသားရေးစိတ်ဓာတ်’ က လူသား၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ချန်ခဲ့သည့် မသိမသာနှင့် ဖျက်လိုဖျက်ဆီး လုပ်သည့်သဘောရှိသော လွှမ်းမိုးမှုများအပြင်၊ လွတ်လပ်မှု တစ်စက်မျှမရှိဘဲ၊ ဆန္ဒပြင်းပြဖို့ သို့မဟုတ် မဆုတ်မနစ် လုံ့လထုတ်ဖို့ လိုအင်ဆန္ဒမရှိဘဲနှင့်၊ တိုးတက်စေဖို့ ဆန္ဒမရှိဘဲ၊ ယင်းအစား မတုန်မလှုပ်နှင့် ခေတ်နောက်ပြန် ဆွဲမြဲဆွဲနေရင်း၊ ကျေးကျွန်စိတ်နေသဘောထားတွင် ခိုင်မာစွာ အမြစ်တွယ်လျက်၊ လူတို့ ပိတ်မိပြီး ချည်နှောင်ခံရသည့် ရှေးရိုးစွဲ အတွေးအခေါ် စသဖြင့်- ဤဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများသည် လူသားမျိုးနွယ်၏ သဘောတရားဆိုင်ရာ အမြင်၊ စံများ၊ ကိုယ်ကျင့်တရားနှင့် စိတ်သဘောထားတို့ထံ ဖျက်မရသည့် ညစ်ညူးပြီး အကျည်းတန်သော အသွင်ကို ပေးပြီးဖြစ်သည်။ လူသားများသည် ၎င်းတို့ထဲမှ မည်သူမျှ ကျော်လွန်ဖို့ မကြိုးစားကြသည့် အကြမ်းဖက်မှု အမှောင်ကမ္ဘာ၌ အသက်ရှင်နေကြသည်ဟု ထင်ရပြီး အကောင်းဆုံး လောကတစ်ခုသို့ ပြောင်းရွှေ့ခြင်းငှာ ၎င်းတို့ထဲမှ မည်သူမျှ မစဉ်းစားကြချေ။ ယင်းထက်၊ ၎င်းတို့သည် အသက်တာထဲတွင် မိမိတို့၏ နေ့ရက်များကို သားသမီးများမွေးကာ ပြုစုပျိုးထောင်ရင်း၊ကြိုးပမ်းရင်း၊ ချွေးပြန်ရင်း၊ အိမ်မှုဝေယျာဝစ္စများကို လုပ်ဆောင်ရင်း၊ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစုတစ်ခု၊ အိမ်ထောင်ရေး ချစ်ခင်မှု၊ သားသမီးဝတ်ကျေပွန်သော သားသမီးများကို စိတ်ကူးယဉ်အိပ်မက်မက်ရင်း၊ မိမိတို့၏ ဘဝများကို အေးချမ်းစွာ အသက်ရှင်နေထိုင်ကြသည်နှင့်အမျှ ဘဝ၏ နေဝင်ချိန် နှစ်များတွင် ပျော်ရွှင်မှုတို့ကို စိတ်ကူးယဉ်အိပ်မက်မက်ရင်းဖြင့် မိမိတို့၏ ဘဝကံကြမ္မာကို ရောင့်ရဲတင်းတိမ်နေကြလေသည်...ထောင်သောင်းချီသည့် နှစ်ကာလများစွာကြာ ယခုထိတိုင်၊ လူတို့သည် စုံလင်သော အသက်တာတစ်ခုကို ဖန်တီးခြင်းမရှိဘဲနှင့်၊ ၎င်းတို့၏ အချိန်ကို ဤနည်းဖြင့် အချည်းနှီး ကုန်လွန်နေခဲ့ကြသည်၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းများအတွက် ပြိုင်ဆိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ကြံစည်ကြခြင်းဖြင့် အားလုံးသည် ဤအမှောင်ကမ္ဘာလောက၌ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ဖို့သာ စိတ်ပိုင်းဖြတ်ထားကြလေသည်။ မည်သူသည် ဘုရားသခင်၏အလိုကို ရှာဖွေဖူးသနည်း။ ဘုရားသခင်၏အမှုကို တစ်ဦးတစ်လေက အရေးစိုက်ဖူး သလော။ အမှောင်စွမ်းအား၏ နေရာယူခြင်းခံထားရသော လူသားမျိုးနွယ်၏ အစိတ်အပိုင်းအားလုံးသည် အချိန်ကြာမြင့်စွာကတည်းက လူ့သဘာဝဗီဇ ဖြစ်လာပြီးဖြစ်ကာ၊ ထို့ကြောင့် ဘုရားသခင်၏ အမှုကို ဆောင်ရွက်ရန် အတော်အတန် ခက်ခဲပြီး၊ ယနေ့တွင် ၎င်းတို့ကို ဘုရားသခင်က အပ်နှံပြီးဖြစ်သည့်အရာကို လူတို့သည် သာ၍ပင် အာရုံစိုက်ချင်စိတ်မရှိကြချေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) “လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခဲ့ပြီး စာတန်၏ သြဇာလွှမ်းမိုးမှုမှ မိမိခွန်အားဖြင့် လွတ်မြောက်အောင် ဆောင်ရွက်နိုင်သောသူ တစ်ဦးမျှမရှိ။ အားလုံးသည် အဓိပ္ပာယ်အနည်းငယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှပင် မရှိဘဲ အကျင့်ပျက်မှုနှင့် လစ်ဟာမှုတို့အထဲ ဆိုးညစ်သော ကမ္ဘာတစ်ခုတွင် နေထိုင်နေကြသည်။ အသွေးအသား အတွက်၊ တပ်မက်ခြင်းတဏှာအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သော ဘဝတွင် ရှင်သန်နေကြသည်။ သူတို့၏ တည်ရှိမှုသည် တန်ဖိုးအနည်းငယ်မျှပင်မရှိ။ လူသည် သူ့ကို စာတန်၏သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်အောင် ဆောင်ရွက် ပေးနိုင်မည့် သမ္မာတရားကို ရှာဖွေနိုင်ခြင်းမရှိ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း စာတန်၏သြဇာလွှမ်းမိုးထိန်းချုပ်မှုမှ သူ့ကိုယ်သူ မည်သို့လွတ်မြောက်အောင် လုပ်ဆောင်ရမည်ကို သူနားမလည်။ ခေတ်အဆက်ဆက်တစ်လျှောက်လုံး လူအနည်းငယ်သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အနည်းငယ်သာ ယင်းကို ထည့်သွင်းစဉ်းစားလေသည်။ ဤအတိုင်း၊ လူက စာတန်ကို မုန်းတီးစက်ဆုပ်ပြီး ဇာတိပကတိကို စက်ဆုပ်သော်လည်း စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ပိတ်မိနေခြင်းမှ မိမိကိုယ်ကို မည်သို့ရုန်းထွက်ရမည်ကို မသိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မတို့ရဲ့ လူသားအဖြစ်နေထိုင်မှုရဲ့ အမှန်တရားကို ဖော်ပြပါတယ်။ လူတွေပြောတဲ့ ပျော်စရာဘ၀နောက်ကို လိုက်ခဲ့မိလို့ ကျွန်မလည်း နာကျင်မှုတွေ အများကြီးခံစားခဲ့ရတာပဲ မဟုတ်ဘူးလား။ အတိတ်အကြောင်း ပြန်တွေးမိရင် ကျွန်မ အမျိုးသား ရှေ့ပိုရောက်အောင် ကျွန်မ နှစ်သက်တဲ့အလုပ်ကိုတောင် စွန့်လွှတ်ခဲ့တာပါပဲ။ အိမ်အလုပ်နဲ့ ကလေးထိန်းတဲ့အလုပ်အားလုံး လုပ်ခဲ့ပြီးတော့။ မယားက အိမ်အလုပ်လုပ်နေချိန်မှာ လင်က အပြင်အလုပ် လုပ်ဆိုတဲ့ စိတ်ကူးနဲ့နေခဲ့ပါတယ်။ အမျိုးသားအတွက် မယားကောင်းတစ်ယောက်ဖြစ်လာဖို့ ကျွန်မကြိုးစားခဲ့တာတွေမှာ။ သူ့ကို သွေး၊ ချွေးနဲ့ မျက်ရည်ပါ ပေးဖို့ ဆန္ဒ ရှိခဲ့ပါတယ် အသက်သေရမယ်ဆိုရင်တောင်မှပေါ့။ နာရီလက်တံလည်နေသလိုပါပဲ။ အမျိုးသားနဲ့ မိသားစုအတွက် မနားမနေလုပ်ရတာလေ။ ကျွန်မအမျိုးသား ရာထူးတက်တော့ ကျွန်မသူ့အတွက်ဝမ်းသာခဲ့တယ်။ သူသစ္စာဖောက်သွားတော့ ကျွန်မစိတ်ပျက်လက်ပျက်နဲ့ အိမ်မှာပဲ အရမ်းကို ငိုခဲ့ရပေမဲ့လည်း အပြင်သွားတဲ့အခါ သူများတွေကို ပြုံးပြရသေးတာပေါ့။ အမြဲတမ်း ဟန်ဆောင်နေခဲ့ရတော့ အသက်ရှင်ရတာ အရမ်းကိုမောပန်းပြီး နာကျင်ရပါတယ်။ အစိတ်စိတ်ကွဲသွားတဲ့ မိသားစုကိုပြန်ပေါင်းဖို့ တိုက်ခိုက်နေရတဲ့အချိန်မှာ။ ကိုယ့် ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ်ကိုတောင်မတွေးမိတော့ဘဲ အဲဒီမိန်းမနဲ့ ရန်ဖြစ်ခဲ့တယ်။ နှလုံးသားထဲက မကောင်းတဲ့စိတ်ကိုကျော်လွှားပြီး အမျိုးသားကို နောင်တရဖို့အခွင့်အရေးလည်း ပေးခဲ့ပါတယ်။ အခုတော့ ကျွန်မက စာတန်ရဲ့အုပ်စိုးမှုအောက်မှာနေခဲ့ရပြီး။ စာတန်က အရုပ်တစ်ရုပ်လိုလှည့်စားထိန်းချုပ်ပြီး ကစားတာကို ခံရတယ်။ လူသားဆန်မှုမရှိဘဲ နေထိုင်ခဲ့ရတယ်ဆိုတာ မြင်နိုင်ပါပြီ။ ဆိုးဝါးတဲ့ဘ၀မှာ နေခဲ့ရပါတယ်။ ဒါပေမဲ့လည်း ကျွန်မကအဲဒါကို ကျေနပ်နေခဲ့ပြီးတော့ အဓိပ္ပာယ်ရှိတဲ့ဘ၀မှာနေရဖို့ အဲဒီနည်းပဲရှိတယ်လို့ ထင်ခဲ့ပါတယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မနှလုံးသားကို ဖွင့်ပေးခဲ့ပြီးတော့ ကျွန်မ လိုက်ခဲ့မိတဲ့ ပျော်စရာဘ၀လို့ လူတွေပြောကြတဲ့အရာက တန်ဖိုးမရှိဘူး၊ အဓိပ္ပာယ်မရှိဘူးဆိုတာကို မြင်စေခဲ့ပါတယ်။ အဲဒီလိုအရာတွေ ရရှိခဲ့ရင်ရော ဘာဖြစ်လဲ။ အားလုံးက ဘာမှမရှိတာတွေပဲ မဟုတ်ဘူးလား။

ဘုရားနှုတ်ကပတ်တော်တွေထဲက ဒါလေးကိုဖတ်ခဲ့ပါတယ်- “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အဝတ်အစားဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ ဤကမ္ဘာလောကတွင်၊ လူသားသည် နတ်ဆိုး၏ အဝတ်အထည်ကို ဆင်မြန်းသည်၊ နတ်ဆိုးထံမှ အစားအစာကို စားပြီး၊ ယင်း၏ ညစ်ညမ်းခြင်း၌ လုံးလုံးလျားလျား နင်းချေခြင်းခံလာရလျက်၊ နတ်ဆိုး၏ ကြိုးဆွဲရာကလျက် အလုပ်လုပ်ကာ အစေခံလေသည်။ သင်သည် အသက်၏အဓိပ္ပါယ်ကို သဘောမပေါက်ပါက သို့မဟုတ် စစ်မှန်သော လမ်းခရီးကို မရရှိပါက၊ ဤသို့အသက်ရှင်ခြင်း၌ မည်သည့် အဓိပ္ပာယ် ရှိသနည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ ဘုရား နောက်လိုက်ဖို့ ဆန္ဒကို အားဖြည့်ပေးခဲ့ပါတယ်။ ကျွန်မတို့ ဒီကမ္ဘာမှာနေရတဲ့အခါ။ ကျွန်မတို့ယုံကြည်မှု၊ ဘုရားအပေါ် ကြည်ညိုမှု နဲ့ ဖန်ဆင်းခံအဖြစ် ကျွန်မတို့ရဲ့ တာဝန်ထမ်းရွက်မှုတွေကပဲ ကျွန်မတို့ဘ၀ကို တန်ဖိုးရှိရှိ၊ အဓိပ္ပာယ်ရှိရှိနဲ့ နေနိုင်စေမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ အရင်ကတော့..ကျွန်မကိုယ်ကျွန်မ ပင်ပန်းအောင်လုပ်ခဲ့ပြီးတော့ အိမ်ထောင်ရေးအတွက် တိုက်ခိုက်ခဲ့ရပြီးတော့ စာတန် ကျွန်မကိုတိုက်တဲ့ နာကျင်မှုဆေးရည်ရဲ့ အခါးသီးဆုံးအပိုင်းကို သောက်ခဲ့ရပါတယ်။ အနန္တတန်ခိုးရှင်ဘုရားကပဲ ကျွန်မကိုကယ်တင်ခဲ့ပြီးတော့ ဘုရားရဲ့အိမ်တော်ကိုပြန်ရောက်ဖို့ ကံကောင်းခြင်းတွေကို ရရှိစေခဲ့ပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကိုရေလောင်းပြီး အသက်ဆက်စေခဲ့လို့ ကျွန်မလည်း သမ္မာတရားအချို့ကိုနားလည်နိုင်ပြီးတော့ ကမ္ဘာမှာရှိတဲ့ မှောင်မိုက်ခြင်းနဲ့ ဆိုးယုတ်ခြင်းအချို့ကို နားလည်လာတယ်။ လူတွေရဲ့ ဖောက်ပြန်ပျက်စီးမှုကို မြင်ခဲ့ရပြီးတော့ ကျွန်မရဲ့ နာကျင်မှုကို ချန်ရစ်ခဲ့နိုင်ပါပြီ။ ကျွန်မအပေါ်ထားတဲ့ ဘုရားရဲ့အချစ်က အရမ်းကြီးမြတ်ပါတယ်။ ဘုရားရဲ့အချစ်ကို ပြန်ပေးဆပ်ဖို့ ကျွန်မရဲ့အမှုတော်ကို သေချာထမ်းရွက်သင့်ပါတယ်။ မဟုတ်ရင်..ကျွန်မကို လူလို့ခေါ်ဖို့ မထိုက်တန်သလို ဘုရားရှေ့မှာနေဖို့ လည်း မထိုက်တန်ပါဘူး။ နောက်တော့ ကျွန်မလည်း ဧဝံဂေလိတရားတွေ ဟောလာပြီးတော့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ တာဝန်ထမ်းရွက်ပြီး။ နှလုံးသားထဲမှာ အရမ်းကို ပျော်ရွှင်ငြိမ်းချမ်းခဲ့ရပါပြီ။

အခုဆို ကျွန်မအပေါ် ဘုရားရဲ့ကယ်တင်ခြင်းအမှုကို ပြန်တွေးမိတိုင်း။ “ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံခဲ့ရပါက” ဆိုတဲ့ ဓမ္မတေးကို ဆိုလိုက်ပါတယ်။ “ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံခဲ့ရပါက၊ လောကတွင် မျောပါလွင့်ပါးနေဆဲ၊ အပြစ်တွင် နာကျင်စွာ ရုန်းကန်နေဆဲ၊ မျှော်လင့်ချက် တစ်စုံတစ်ရာ မရှိပဲ ရှင်သန်နေဆဲ ဖြစ်မည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံခဲ့ရပါက၊ နတ်ဆိုးများ၏ နင်းချေခြင်းကို ခံရဆဲ၊ အပြစ်၏ သာယာမှုများကို ပျော်မွေ့နေဆဲ၊ လူသား အသက်တာ၏ လမ်းကြောင်းသည် ဘယ်မှာမှန်း မသိဆဲ ဖြစ်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်အဖို့သနားကရုဏာနှင့် ပြည့်စုံသည်၊ သူ့ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အော်ခေါ်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ သူ့ပလ္လင်တော် ရှေ့တော်မှောက်ချီမခံရသည်။ နေ့စဉ်နေ့တိုင်း ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည်၊ ကျွန်ုပ်သည် သမ္မာတရား များစွာကို နားလည်သဘောပေါက်သည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အလွန် နက်ရှိုင်း သည်ကို ကျွန်ုပ် မြင်ရသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို အမှန်တကယ် လိုအပ်လေသည်။” သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အရှေ့သို့- အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

နောက်တစ်ခုသို့- ယုံကြည်ခြင်းရဲ့ အဓိပ္ပာယ်ဟာ ဘုရားအပေါ် အားကိုးခြင်းပါပဲ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍...

ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

အနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာ သည်လည်း...

လူသား၏ ပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးမသတ်မီ၊ လူသားတစ်မျိုးစီ၏ အဆုံးသတ်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်