အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၂

ယခင်အစည်းအဝေး၌ အလွန်အရေးကြီးသော ခေါင်းစဉ်ကို ငါတို့ဝေငှခဲ့ပြီးဖြစ်သည်။ မည်သည့်အရာဆိုသည်ကို သင်တို့ မှတ်မိကြသလော။ ငါထပ်ပြောဦးမည်။ ပြီးခဲ့သည့်အခေါက်၌ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် ခေါင်းစဉ်မှာ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အရေးကြီးသည့် ခေါင်းစဉ်ဖြစ်သလော။ မည်သည့်အပိုင်းက အရေးကြီးဆုံးဖြစ်သနည်း။ ဘုရားသခင်၏ အမှုတော်လော၊ ဘုရားသခင်၏ စိတ်သဘောထားလော၊ သို့မဟုတ် ဘုရားသခင် ကိုယ်တော်တိုင်လော။ မည်သည့်အရာကို သင်တို့ စိတ်အဝင်စားဆုံးဖြစ်သနည်း။ မည်သည့်အပိုင်းကို သင်တို့အကြားလိုဆုံးနည်း။ သင်တို့အတွက် ဤမေးခွန်းသည် အဖြေရခက်မည်ဆိုသည်ကို ငါသိသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားကို သူ၏လုပ်ဆောင်မှု ကဏ္ဍတိုင်း၌ တွေ့မြင်နေရသည့်အတွက် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို သူ၏လုပ်ဆောင်မှုများအားဖြင့် နေရာတိုင်း၌ အစဉ်ထုတ်ဖော်ပြောကြားသည့်အတွက် အကျိုးဆက်အားဖြင့် ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အလုံးစုံ၌ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်တို့သည် တစ်ခုနှင့်တစ်ခု ခွဲထား၍မရပေ။

ပြီးခဲ့သည့်အခေါက်၌ မိတ်သဟာယဖွဲ့ခဲ့သည့် ခေါင်းစဉ်မှာ ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် လွန်လေပြီးသော အချိန်၌ဖြစ်ခဲ့သည့် အကြောင်းအရာများဖြစ်သည်။ ဤအကြောင်းအရာများမှာ လူသားနှင့် ဘုရားသခင်အကြောင်း ပုံဝတ္ထုများပင် ဖြစ်သည်။ ဤအဖြစ်အပျက်များသည် လူသားတို့၌ ဖြစ်ပွားခဲ့ပြီး ဤအရာထဲ၌ ဘုရားသခင်၏ ပါဝင်ခြင်းနှင့် ထုတ်ဖော်ပြသခြင်းတို့ တစ်ပြိုင်နက်ထဲ ပါဝင်သည်။ ထို့ကြောင့် ဤပုံဝတ္ထုများသည် ဘုရားသခင်ကို သိကျွမ်းရန်အတွက် တန်ဖိုးနှင့် ရည်ရွယ်ချက်များပါဝင်သည်။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းအပြီး လူသားနှင့် မိတ်သဟာယဖွဲ့ကာ လူသားကို စတင်စကားပြောခဲ့သည်။ သူ့စိတ်သဘောထားကို လူသားတို့ထံ စတင်ဖွင့်ပြခဲ့သည်။ တစ်နည်းဆိုရသော် ဘုရားသခင်သည် လူသားနှင့် ပထမဆုံး စတင်ဆက်သွယ်သောအခါ ရပ်တန့်မနေဘဲ လူသားတို့ရှေ့တွင် သူ၏အနှစ်သာရ၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို အများသိရှိအောင် ပြသခဲ့သည်။ ကနဦးလူများ သို့မဟုတ် ယခုကာလလူများသည် ဤအရာကို သိမြင်နားလည်သည် ဖြစ်စေ၊ မသိမြင် နားမလည်သည်ဖြစ်စေ၊ အတိုချုံးပြောရပါက ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ဖွင့်ပြပြီး၊ သူ၏အနှစ်သာရကို ဖော်ပြကာ လူများကို စကားပြောနေပြီး လူများအကြား၌ အလုပ်လုပ်နေသည်။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်ပြီး မည်သည်မျှ ငြင်း၍မရပေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့မှာ အစဉ်အဆက်ဖြစ်နေပြီး သူအလုပ်လုပ်နေစဉ်နှင့် လူသားများနှင့် ဆက်သွယ်စကားပြောနေချိန်၌ ထုတ်ဖော်ပြသသည်။ လူသားများထံမှ မည်သည့်အရာကိုမျှ သူဖုံးကွယ်မထားပေ။ အများသိအောင် သူပြုသည်။ သူ့စိတ်သဘောထားကို ဘာမျှ ချုပ်ကိုင်မထားဘဲ ဖွင့်ပြလေ့ရှိသည်။ ဘုရားသခင်က သူ့ကို လူသားများသိဖို့၊ သူ့စိတ်သဘောထားနှင့် သူ၏အနှစ်သာရကို နားလည်သဘောပေါက်ဖို့ မျှော်လင့်သည်။ လူသားများကို သူ၏စိတ်သဘောထားနှင့် သူ၏အနှစ်သာရကို ထာဝရနက်နဲသောအရာကဲ့သို့ မမှတ်ယူစေလိုပေ။ ဘုရားသခင်ကို မဖြေရှင်းနိုင်သော ပဟေဠိတစ်ခုကဲ့သို့ မမှတ်ယူစေလိုပေ။ ဘုရားသခင်ကိုသိသည့် လူသားကသာ ဘုရားသခင်၏ လမ်းပြမှုကို လက်ခံနိုင်ပြီး ဘုရားသခင်၏ အုပ်စိုးမှုကို ခံယူသူကသာ အလင်းထဲ၌ ကျင်လည်ပြီး ဘုရားသခင်၏ ကောင်းချီးများအလယ်၌ အသက်ရှင်နိုင်မည် ဖြစ်သည်။

ဘုရားသခင်ထုတ်ပြန်ဖော်ပြထားသော နှုတ်ကပတ်တော်များနှင့် စိတ်သဘောထားသည် သူ၏အလိုတော်ကို ကိုယ်စားပြုသည်၊ သူ၏အနှစ်သာရကိုလည်း ကိုယ်စားပြုသည်။ ဘုရားသခင်က လူသားကို ဆက်သွယ်သောအခါ သူမည်သည့်အရာကိုပြောသည်ဖြစ်စေ၊ မည်သည့်အရာကိုလုပ်သည်ဖြစေစေ၊ သူ၏စိတ်သဘောထားကို မည်ကဲ့သို့ ဖော်ပြသည်ဖြစ်စေ၊ ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို လူသားများ မည်ကဲ့သို့ မြင်သည်ဖြစ်စေ၊ အားလုံးက ဘုရားသခင်၏ လူသားများအတွက်အလိုတော်ကို ကိုယ်စားပြုသည်။ လူသားက မည်မျှတွေးနိုင်၊ လိုက်လျှောက်နိုင်၊ သဘောပေါက်နိုင်ပါစေ၊ အားလုံးက လူသားများအတွက် ဘုရားသခင်၏အလိုတော်ကို ကိုယ်စားပြုသည်။ သံသယဝင်စရာမရှိပါ။ လူသားအတွက် ဘုရားသခင်၏ အလိုတော်က လူသားများကို မည်ကဲ့သို့ ဖြစ်စေလိုသည်၊ သူမည်သည့်အရာကို လုပ်စေလိုသည်၊ မည်ကဲ့သို့အသက်ရှင်စေလိုသည်၊ သူ၏အလိုတော် ပြည့်စေရန် မည်ကဲ့သို့လုပ်ဆောင်ရမည်တို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အနှစ်သာရနှင့် ခွဲ၍မရသလော။ တစ်နည်းဆိုရသော် ဘုရားသခင်သည် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် သူ၏စိတ်သဘောထားကို ဖွင့်ပြပြီး တစ်ချိန်တည်း၌ပင် လူသားများအပေါ် တောင်းဆိုမှုပြုလုပ်သည်။ အမှားအယွင်း၊ ဟန်ဆောင်မှု၊ လုပ်ကြံဖန်တီးမှု၊ ချဲ့ကားပြောဆိုမှု မရှိပေ။ သို့သော်လည်း လူသားသည် ဘုရားသခင်၏ စိတ်သဘောထားကို အဘယ်ကြောင့် မသိနိုင်သနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို လူသားသည် အဘယ်ကြောင့် ရှင်းလင်းစွာ သတိမမူမိသနည်း။ ဘုရားသခင်၏ အလိုတော်ကို အဘယ်ကြောင့် မတွေးမိသနည်း။ ဘုရားသခင်ကိုယ်တော်တိုင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် သူ၏အစစ်အမှန် စိတ်သဘောထားနှင့်ပတ်သက်၍ နှံ့နှံ့စပ်စပ်ဖွင့်လှစ်ပြသည့်တိုင် လူသားက အဘယ်ကြောင့် မမြင်နိုင်သနည်း။ လူသားက အဘယ်ကြောင့် နှံ့နှံ့စပ်စပ် မသိကျွမ်းနိုင်သနည်း။ ဤအတွက် အရေးကြီးသည့် အကြောင်းပြချက်ရှိသည်။ ထိုအကြောင်းပြချက်က အဘယ်အရာနည်း။ ဖန်ဆင်းခြင်းကတည်းမှ ဘုရားသခင်ကို လူသားက ဘုရားသခင်ကဲ့သို့ မဆက်ဆံခဲ့ပေ။ ကနဦးတွင် ဘုရားသခင်သည် လူသားကို လေးစားခဲ့သော်လည်း လူသားသည် အဖန်ဆင်းခံမျှသာ ဖြစ်သည်။ လူသားက ဘုရားသခင်ကို အပေါင်းအဖော်တစ်ဦး၊ မှီတည်ရသူတစ်ဦးထက်ပိုပြီး မဆက်ဆံခဲ့ပေ။ ဘုရားသခင်ကို နားလည်သဘောပေါက်ခြင်း၊ သိကျွမ်းခြင်းလည်း မရှိခဲ့ပေ။ ပြောစရာရှိသည်မှာ ဤသက်ရှိက အဘယ်အရာအား ထုတ်ပြန်ထားသည်ဆိုသည်ကို သူမသိပေ။ သူမှီတည်ရသည့်၊ အပေါင်းအဖော်အဖြစ်မြင်ခဲ့သူ ဤသက်ရှိသည် ဘုရားသခင်ဖြစ်သည်ဆိုသည်ကို လူသားမသိခဲ့ပေ။ ထို့အပြင် ဤအနှစ်သာရရှိသူသည် အရာခပ်သိမ်းကို အုပ်စိုးသူဖြစ်မှန်း သူမသိခဲ့ချေ။ ရိုးရိုးဆိုရလျှင် လူသားသည် ထိုအချိန်တုန်းက ဘုရားသခင်ကို လုံးဝ မသိခဲ့ပေ။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအားလုံးကို သူဖန်ဆင်းမှန်း သူတို့ မသိကြ။ သူအဘယ်အရပ်က လာသည်၊ သူအဘယ်အရာဖြစ်သည်ဆိုသည်ကို သူတို့ မသိနားမလည်ကြပေ။ ထိုအချိန်က ဘုရားသခင်သည် လူသားများ သူ၏လုပ်ဆောင်မှုကိုသိဖို့၊ နားလည်ဖို့၊ သဘောပေါက်ဖို့၊ သူ၏အလိုတော်ကို သိဖို့၊ မလိုအပ်ခဲ့ပေ။ လူကိုဖန်ဆင်းချိန် အစကနဦးတည်းက ဖြစ်ခဲ့သည့်အရာများဖြစ်သည်။ ဘုရားသခင်သည် ပညတ်တော်ခေတ်ကတည်းက လုပ်ဆောင်မှုများအတွက် ပြင်ဆင်သောအခါ ဘုရားသခင်က လူသားအတွက် လုပ်ဆောင်ပေးခဲ့ပြီး လူသားများကို တောင်းဆိုမှုအချို့ပြုခဲ့ကာ ဘုရားသခင်ကို ပေးလှူပုံ၊ ကိုးကွယ်ပုံတို့ကို မည်သို့ပြုလုပ်ရမည်တို့ကို ပြောပြခဲ့သည်။ ထိုအခါမှသာ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်သော ရိုးရှင်းသည့်အသိဉာဏ်အချို့ကို ရရှိခဲ့ကြသည်။ ဘုရားသခင်က လူသားကို ဖန်ဆင်းသူဖြစ်ကြောင်းနှင့် လူနှင့် ဘုရားသခင် ကွာခြားပုံကို ထိုအခါမှသာ သိလာကြသည်။ လူက ဘုရားကို ဘုရားမှန်း၊ လူကို လူမှန်းသိလာသောအခါ သူနှင့် ဘုရားအကြား အကွာအဝေးရှိလာသည်။ ဘုရားသခင်ကမူ လူသားထံမှ သူ့ကို လုံးဝရင်းနှီးကျွမ်းဝင်ဖို့နှင့် နက်နက်နဲနဲ သဘောပေါက်နားလည်ဖို့ မတောင်းဆိုသေးပေ။ ထို့ကြောင့် ဘုရားသခင်က သူ့လုပ်ဆောင်မှု၏ အဆင့်နှင့် အခြေအနေပေါ် မူတည်ပြီး မတူညီသည့် တောင်းဆိုမှုများကို ပြုခဲ့သည်။ ဤနေရာမှာ သင်တို့အဘယ်အရာကိုမြင်သနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့မည်ကဲ့သို့ သဘောပေါက်သနည်း။ ဘုရားသခင်က အစစ်အမှန်လော။ လူသားကို ဘုရားသခင်တောင်းဆိုသည့်အရာများက လူသားများနှင့် သင့်တော်သလော။ လူသားကို ဘုရားသခင်ဖန်ဆင်းပြီးနောက် အစကနဦးအချိန်များတွင်၊ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်းအမှုကို မထမ်းဆောင်ရသေးမီနှင့် လူသားကို နှုတ်ကပတ်တော် အမြောက်အမြား မပြောရသေးမီတွင် သူသည်လူသားထံမှ အနည်းငယ်သာ တောင်းဆိုခဲ့သည်။ လူသားပြစ်မှားခြင်း၊ အနေအထိုင်မှားခြင်းကိုမဆိုဘဲ ဘုရားသခင် မကြိုက်သည့်အရာကို ပြုလုပ်ခဲ့သော လူသားကို ဘုရားသခင်သည် အားလုံးခွင့်လွှတ်ခဲ့သည်။ အားလုံးကို လျစ်လျူရှုခဲ့သည်။ ဘုရားသခင်သည် လူသားကို သူပေးသည့်အရာနှင့် လူသားထဲ၌ ရှိသည့်အရာကို သိသည့်အတွက် လူသားအတွက်ထားသင့်သည့် လိုအပ်ချက် အဆင့်အတန်းများကို သူသိသည်။ ထိုအချိန်တုန်းက သူ၏သတ်မှတ်ချက် အဆင့်အတန်းများ နိမ့်သော်လည်း သူ၏စိတ်သဘောထားသည် မကြီးမြတ်ဟု မဆိုလိုပေ။ သူ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးရှိမှုက တန်ဖိုးမဲ့သော စကားလုံးများဖြစ်သည်ဟု မဆိုလိုပေ။ လူသားအတွက် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်ကို သိနိုင်သော နည်းတစ်နည်းသာ ရှိသည်။ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် လူသားတို့ကို ကယ်တင်ခြင်း တစ်ဆင့်စီကို လိုက်လျှောက်ခြင်း၊ လူသားများကို ဘုရားသခင်ပြောနေသော နှုတ်ကပတ်တော်ကို ယုံကြည်လက်ခံခြင်းအားဖြင့်ဖြစ်သည်။ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကိုသိပြီး ဘုရားသခင် စိတ်သဘောထားကို သိပါက လူသားက သူ့အား ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို ပြသဖို့ တောင်းခံနေဦးမည်လော။ လူသားသည် ဘုရားသခင်၏စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်သဘောပေါက်ထားသည့်အတွက် မည်သည့်အခါမျှ တောင်းခံလိမ့်မည်၊ တောင်းခံရဲမည် မဟုတ်ပေ။ လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သူ၏စစ်မှန်သော ဇာတိအဖြစ်တော်ကို တွေ့မြင်ခဲ့ပြီးဖြစ်ပါလိမ့်မည်။ ဤသည်မှာ ရှောင်လွဲ၍မရသည့် ရလဒ်ဖြစ်သည်။

ဘုရားသခင်၏ အမှုတော်နှင့် အကြံအစည်တော်သည် စဉ်ဆက်မပြတ် ရှေ့ဆက်သွားနေသည်။ ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာလောကကို မည်သည့်အခါမျှ ဖျက်ဆီးတော့မည် မဟုတ်ကြောင်း လက္ခဏာအဖြစ် သက်တံကို လူသားနှင့် ပဋိညာဉ်ပြုပြီးနောက် ဘုရားသခင်သည် သူနှင့်စိတ်နှလုံး တစ်စိတ်တစ်ဝမ်းတည်းရှိနိုင်သူကို ရရှိဖို့ တိုး၍အရေးကြီးလာသော စိတ်ဆန္ဒရှိသည်။ ထို့ကြောင့် သူ၏အလိုတော်ကို ကမ္ဘာမြေပေါ် ထမ်းဆောင်နိုင်သူ ထို့အပြင် စာတန်ချည်နှောင်ခြင်း မခံရဘဲ အမှောင်ထု၏ စွမ်းအားများမှ ချိုးဖျက်နိုင်သူ လူတစ်စု၊ ကမ္ဘာမြေပေါ်တွင် သူ့ကို သက်သေခံနိုင်သူ လူတစ်စုကို ရယူရန် ပို၍ပို၍ အပူတပြင်း ဆန္ဒရှိသည်။ ဤသို့သောလူတစ်စုကို ရယူခြင်းသည် ဘုရားသခင်၏ ကြာမြင့်နေပြီဖြစ်သော ဆန္ဒဖြစ်သည်၊ ဖန်ဆင်းခြင်းကတည်းက သူလိုလားနေခဲ့သော အရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ လောကကိုဖျက်ဆီးဖို့ ရေလွှမ်းမိုးစေမှု သို့မဟုတ် လူသားနှင့် ပြုထားသည့် ပဋိညာဉ်မှလွဲပြီး ဘုရားသခင်၏အလိုတော်၊ စိတ်သဘောတည်ဆောက်ပုံ၊ အကြံအစည်နှင့် မျှော်လင့်ချက်အားလုံးသည် ယခင်အတိုင်းသာ ရှိနေသည်။ ဖန်ဆင်းခြင်း မတိုင်ခင်ကတည်းက သူတောင့်တခဲ့သော အရာဖြစ်သည့် သူလုပ်လိုခဲ့သောအရာသည် လူသားများအကြား သူရယူလိုသည့်လူတစ်စုကိုရယူဖို့၊ သူ၏စိတ်သဘောထားကိုသိပြီး နားလည်သဘောပေါက်နိုင်ကာ သူ၏အလိုတော်ကို နားလည်သောလူတစ်စု၊ သူ့ကို ကိုးကွယ်နိုင်သော လူတစ်စုကို ရယူဖို့ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်စုသည် သူ့ကို အမှန်တကယ် သက်သေခံနိုင်ပြီး၊ သူတို့သည် သူ၏လူယုံများဖြစ်သည်ဟု ပြော၍ရသည်။

ယနေ့ ဘုရားသခင်၏ ခြေလှမ်းများနှင့် သူ့အမှု၏ အဆင့်များကို ခြေရာပြန်ကောက်ကြည့်ကြစို့၊ ထိုသို့အားဖြင့် ငါတို့သည် ဘုရားသခင်၏ အတွေးများ၊ အကြံအစည်များ၊ ဘုရားသခင်နှင့် ပြုလုပ်ရမည့် အရာရာတိုင်းနှင့် အကြာကြီး "ဂိုထောင်ထဲ ထည့်သိမ်းထား" သည့်အရာအားလုံးကို ဖော်ထုတ်ကောင်းဖော်ထုတ်နိုင်မည်။ ဤအရာများအားဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို သိပြီး၊ ဘုရားသခင်၏ အနှစ်သာရကို နားလည်လာနိုင်သည်၊ ဘုရားသခင်ကို ငါတို့နှလုံးသားထဲဝင်ခွင့်ပြုပြီး တစ်ယောက်ချင်းစီသည် ဘုရားသခင်ထံမှ မကွာဝေးစေတော့ဘဲ တဖြည်းဖြည်းချင်း နီးကပ်လာမည်ဖြစ်သည်။

ပြီးခဲ့သောအချိန်တုန်းက ဘုရားသခင်သည် လူသားနှင့် အဘယ်ကြောင့် ပဋိညာဉ်ဖွဲ့သည်ကို ပြောခဲ့ကြသည်။ ယခု အောက်မှာဖော်ပြထားသည့် ကျမ်းပိုဒ်များနှင့် မိသဟာယဖွဲ့ကြစို့။ ကျမ်းပိုဒ်များကို စဖတ်ကြစို့။

က။ အာဗြဟံ

၁။ ဘုရားသခင်က အာဗြဟံကို သားပေးမည်ဟု ကတိပေးသည်

ကမ္ဘာ ၁၇:၁၅-၁၇ တဖန် ဘုရားသခင်က သင်၏မယား စာရဲကိုမူကား စာရဲဟူသောအမည်ဖြင့် မခေါ်ရ။ စာရာဟူသောအမည်ဖြင့် ခေါ်ရ၏။ သူ့ကို ငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်။ အကယ်စင်စစ် သူ့ကိုကောင်းကြီးပေး၍ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏ အမျိုးအနွှယ်၌လည်း အပြည်ပြည်သောရှင်ဘုရင် ဖြစ်ရကြလိမ့်မည်ဟု အာဗြဟံအားမိန့်တော်မူ၏။ ထိုအခါ အာဗြဟံသည် ပြပ်ဝပ်လျက် အသက်တရာရှိသောသူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လောဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်

ကမ္ဘာ ၁၇:၂၁-၂၂ သို့သော်လည်း နောင်နှစ်ချိန်းချက်သောအချိန်တွင် စာရာသည် သင့်အားဘွားလတံ့သော သားဣဇာတ်၌ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင် မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည် တက်ကြွတော်မူ၏။

၂။ အာဗြဟံက ဣဇာတ်ကို ပူဇော်သည်

ကမ္ဘာ ၂၂:၂-၃ သင်သည် အလွန်ချစ်သော တယောက်တည်းသော သားဣဇာတ်ကို ယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူ၏ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။ အာဗြဟံသည် နံနက်စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် မိမိသားဣဇာတ်နှင့် ငယ်သားနှစ်ယောက်ကို ခေါ်၍ ယဇ်ရှို့စရာထင်းကို ခွဲပြီးမှ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။

ကမ္ဘာ ၂၂:၉-၁၀ ထိုသို့နှစ်ယောက်အတူသွား၍ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင် သားဣဇာတ်ကိုချည်နှောင်၍ ယဇ်ပလ္လင်၌ ထင်းကိုတင်ထား၏။ မိမိလက်ကိုဆန့်၍ သားကိုသတ်ခြင်းငှါ ထားကို ကိုင်ယူလေ၏။

ဘုရားသခင် ပြုလုပ်မည်ဟု ဆုံးဖြတ်ထားသည့် အမှုကို မည်သူမျှ မတားဆီးနိုင်ပါ

သင်တို့အားလုံး အာဗြဟံအကြောင်း ယခုပင် ကြားကြသည်။ လောကကြီးရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခြင်း ခံရပြီးနောက် ဘုရားသခင်က သူ့ကိုရွေးကောက်ခဲ့သည်။ သူ့နာမည်က အာဗြဟံဖြစ်သည်။ သူ့အသက်တစ်ရာ၊ သူ၏မိန်းမက ကိုးဆယ်ရှိသောအခါ ဘုရားသခင် ကတိတော်က သူ့ထံလာသည်။ ဘုရားသခင်က သူ့ကို မည်သည့်ကတိကို ပေးခဲ့သနည်း။ ဘုရားသခင်သည် "သူ့ကို ငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်" ဟူသည့် ကျမ်းပိုဒ်ကို ကတိပေးခဲ့သည်။ သူ့ကို သားပေးမည့် ဘုရားသခင် ကတိတော်၏ နောက်ခံက အဘယ်အရာနည်း။ ကျမ်းစာက ဤကဲ့သို့ ပြောထားသည်၊ "အာဗြဟံသည် ပြပ်ဝပ်လျက် အသက်တရာရှိသောသူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လောဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်"။ တစ်နည်းဆိုရပါက ဤအရွယ်အိုမောင်နှံသည် ကလေးမွေးဖို့ရန် အသက်ကြီးလွန်းသည်။ ဘုရားသခင်က ကတိပြုပြီးနောက် အာဗြဟံ မည်သည့်အရာကို လုပ်ခဲ့သနည်း။ သူပြပ်ဝပ်လျက် ရယ်မောကာ "အသက်တရာရှိသောသူသည် သားကို ရလိမ့်မည်လော" ဟု သူ့ကိုယ်သူပြောခဲ့သည်။ ယင်းမှာ မဖြစ်နိုင်ဟု အာဗြဟံက ယုံခဲ့သည်၊ ဆိုလိုသည်မှာ ဘုရားသခင် သူ့ကိုပြုသည့် ကတိတော်က ဟာသတစ်ခုထက် ဘာမျှမပိုဟု ယုံကြည်ခဲ့သည်။ လူ့အမြင်မှကြည့်ပါက လူက ဤသည်ကိုလုပ်၍မရသကဲ့သို့ပင် ဘုရားသခင်အတွက်လည်း မလုပ်ယူနိုင်၊ မဖြစ်နိုင်ပေ။ အာဗြဟံအတွက်မူ ၎င်းမှာ ရယ်စရာဖြစ်ကောင်း ဖြစ်နေနိုင်ခဲ့သည်။ ဘုရားသခင်က လူသားကို ဖန်ဆင်းခဲ့သည်။ သို့တိုင်အောင် အရွယ်အလွန်အိုသူက ကလေးမွေးနိုင်စွမ်းမရှိသည်ကို ကိုယ်တော်မသိဘဲ ဖြစ်နေသည်၊ ကျွန်ုပ်ကို ကလေးမွေးရန် ခွင့်ပြုနိုင်လိမ့်မည်ဟု ကိုယ်တော်ထင်နေသည်၊ ကျွန်ုပ်ကို သားတစ်ယောက်ပေးမည်ဟု ကိုယ်တော်ပြောတော့သည်။ ယင်းမှာ လုံးဝမဖြစ်နိုင်ပေ။ သို့နှင့် အာဗြဟံက ပြပ်ဝပ်ပြီး ရယ်သည်။ သူထင်သည်မှာ မဖြစ်နိုင်ပေ၊ ဘုရားသခင် ကျွန်ုပ်ကို နောက်နေခြင်းပင်။ ယင်းက မမှန်နိုင်ဟုဆိုကာ ဘုရားသခင် နှုတ်ကပတ်တော်များကို အလေးအနက်မထားခဲ့ပေ။ ဘုရားသခင်၏အမြင်တွင် အာဗြဟံက မည်ကဲ့သို့လူစားမျိုးနည်း။ (ဖြောင့်မတ်သူ ဖြစ်ပါသည်။) သူက ဖြောင့်မတ်သူဟု မည်သည့်နေရာမှာ ပြောထားသနည်း။ ဘုရားသခင် ခေါ်သောသူ၊ ဘုရားသခင်နှင့် လျှောက်လှမ်းသူ အားလုံးကို ဖြောင့်မတ်သူ၊ စုံလင်သောသူဟု သင်တို့ထင်ကြသည်။ သင်တို့ အယူဝါဒစွဲနေကြသည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို ခေါ်သောအခါ စိတ်ကူးပေါက်ရာ မခေါ်ဆိုသည်ကို သင်တို့ရှင်းလင်းစွာ မြင်တွေ့ရမည်။ ဤနေရာတွင် ဘုရားသခင်က အာဗြဟံကို ဖြောင့်မတ်သည်ဟု မပြောပေ။ ဘုရားသခင်၏နှလုံးသားထဲမှာ လူတိုင်းကို တိုင်းတာသော စံနှုန်းများရှိသည်။ ဘုရားသခင်က အာဗြဟံသည် မည်ကဲ့သို့သော လူစားဖြစ်သည်ကို မပြောခဲ့သော်လည်း သူ၏အကျင့်စရိုက်အရ အာဗြဟံသည် ဘုရားသခင်နှင့်ပတ်သက်ပြီး မည်သို့သော ယုံကြည်ခြင်းမျိုး ရှိခဲ့သနည်း။ အနည်းငယ် ယေဘူယျဆန်သလော။ သို့မဟုတ် သူ့ယုံကြည်ခြင်းကြီးခဲ့သလော။ မဟုတ်ပေ၊ မကြီးခဲ့ချေ။ သူ၏ရယ်သံနှင့် အတွေးအခေါ်များသည် သူမည်သူဆိုသည်ကို ဖော်ပြနေသည်။ ထို့ကြောင့် သူက ဖြောင့်မတ်သည်ဟု သင်တို့၏စိတ်ကူးအထင်မျှသာဖြစ်သည်။ အယူဝါဒကို မျက်ကန်းခံယူချက်ဖြစ်သည်။ နမော်နမဲ့ ဆန်းစစ်ချက်ဖြစ်သည်။ အာဗြဟံ ရယ်ခြင်းနှင့် သူ၏မျက်နှာအမူအရာလေးများကို ဘုရားသခင် သိမြင်သလော။ ဘုရားသခင်သိခဲ့သည်။ သို့သော် ဘုရားသခင်သည် သူလုပ်မည်ဟု ဆုံးဖြတ်ထားသည်ကို ပြောင်းမည်လော။ မပြောင်းပေ။ ဤလူကို ရွေးမည်ဟု ဘုရားသခင် အကြံအစည်ရှိပြီး ဆုံးဖြတ်ထားသောအခါ ကိစ္စက အထမြောက်ပြီးပြီဖြစ်သည်။ လူသားအတွေးအခေါ်ရော သူ၏အကျင့်စရိုက်ကပါ ဘုရားသခင်ကို စိုးစဉ်းမျှပင် မလွှမ်းမိုးနိုင် အနှောင့်အယှက် မပေးနိုင်ပေ။ ဘုရားသခင်က သူ၏အစီအစဉ်ကို စိတ်ကူးပေါက်ရာမပြောင်းသကဲ့သို့ မိုက်မဲပင် မိုက်မဲနိုင်သော လူသား၏အကျင့်စရိုက်ကြောင့် သူ၏အစီအစဉ်ကို မပြောင်းပေ သို့မဟုတ် ကမောက်ကမ မဖြစ်စေပေ။ ကမ္ဘာဦးကျမ်း ၁၇:၂၁-၂၂ ထဲ၌ အဘယ်အရာ ရေးထားသနည်း။ "သို့သော်လည်း နောင်နှစ်ချိန်းချက်သောအချိန်တွင် စာရာသည် သင့်အားဘွားလတံ့သော သားဣဇာတ်၌ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင် မိန့်တော်မူသံငြိမ်း၍ ဘုရားသခင်သည် အာဗြဟံထံမှ တက်ကြွတော်မူ၏။" ဘုရားသခင်က အာဗြဟံ မည်သည်ကိုပြောသည်၊ မည်သည်ကိုတွေးသည်ကို စိုးစဉ်းမျှ အလေးအနက်မထားခဲ့ပါ။ မည်သည့်အကြောင်းကြောင့် အရေးမပြုခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ ဘုရားသခင်က လူသားကို ယုံကြည်ခြင်းကြီးဖို့၊ ဘုရားသခင်ကို ကောင်းကောင်းသိနိုင်ဖို့၊ ဘုရားသခင် ပြောခဲ့သည့်အရာနှင့် လုပ်ခဲ့သည့်အရာကို နားလည်နိုင်ဖို့ မတောင်းဆို၍ဖြစ်သည်။ ထို့ကြောင့် လူသား၏ ဝိညာဉ်အသက်တာမှာ မလုံလောက်၍ သူလုပ်ဖို့ရန် ဆုံးဖြတ်ထားသည့်အရာ၊ သို့မဟုတ် ရွေးချယ်ရန် သူဆုံးဖြတ်ထားသည့်လူများ၊ သူ့လုပ်ဆောင်ချက်များ၏မူများကို အပြည့်အဝနားလည်ဖို့ လူသားကို သူမတောင်းဆိုခဲ့ချေ။ ထိုအချိန်က အာဗြဟံ အဘယ်အရာပင်လုပ်ခဲ့သည့်အရာနှင့် သူကိုယ်သူ မည်ကဲ့သို့ပြုမူသည်ဖြစ်စေ ဘုရားသခင်က သာမန်အဖြစ် မှတ်ယူခဲ့သည်။ မရှုတ်ချခဲ့၊ အပြစ်ဖော်ကာ မဆုံးမခဲ့ချေ။ "နောင်နှစ်ချိန်းချက်သောအချိန်တွင် စာရာက သင့်အား ဣဇာတ်ကိုဘွားလတံ့" ဟုသာ ပြောခဲ့သည်။ ဘုရားသခင်အဖို့ ဤနှုတ်ကပတ်တော်များကို ပြောအပြီး ဤကိစ္စ တဆင့်ပြီးတဆင့် တကယ်ဖြစ်လာသည်။ ဘုရားသခင်၏ အမြင်တွင် သူ၏အစီအစဉ်အားဖြင့် ဖြစ်လာမည့်အရာသည် အထမြောက်နှင့်ပြီးဖြစ်သည်။ ဤအတွက် အစီအစဉ်များကို ပြုပြီးသည့်နောက် ဘုရားသခင် ထွက်သွားသည်။ လူသား လုပ်သည့်အရာ သို့မဟုတ် တွေးသည့်အရာ၊ လူသားနားလည်သည့်အရာ၊ လူသား၏ အစီအစဉ်များ စသည်တို့သည် ဘုရားသခင်နှင့် မည်သို့မျှ မသက်ဆိုင်ပါ။ အရာရာတိုင်း ဘုရားသခင် အစီအစဉ်အရ ဘုရားသခင် ချမှတ်ထားသော အဆင့်အတိုင်း၊ အချိန်အခါအတိုင်း ဆက်သွားသည်။ ဤသည်မှာ ဘုရားသခင် အမှု၏မူဖြစ်သည်။ ဘုရားသခင်က လူသား အဘယ်အရာတွေးတွေး၊ အဘယ်အရာသိသိ မနှောင့်ယှက်ပါ။ သို့သော် လူသားက မယုံကြည် နားမလည်၍ သူ၏အစီအစဉ်ကိုလည်း မဖျက်ပေ။ သို့မဟုတ် သူ၏အမှုကိုလည်း မစွန့်လွှတ်ပေ။ ထို့ကြောင့် အဖြစ်မှန်များသည် ဘုရားသခင်၏ အစီအစဉ်နှင့် အတွေးများအရ ဖြစ်မြောက်သည်။ ကျမ်းစာထဲ၌ ရှင်းရှင်းလင်းလင်းတွေ့ရသည်မှာ ဤအရာဖြစ်သည်။ ဘုရားသခင်က သူချိန်းချက်ထားသောအချိန်၌ ဣဇာတ်ကို မွေးဖွားစေခဲ့သည်။ လူသား အကျင့်စရိုက်နှင့် အပြုအမူက ဘုရားသခင်၏ အမှုတော်ကို တားဆီးသည်ဆိုသည်ကို အချက်အလက်များက သက်သေပြုသလော။ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့က မတားဆီးနိုင်ချေ။ လူသား၏ ဘုရားသခင်အပေါ် သေးငယ်သော ယုံကြည်ခြင်း၊ သူ၏အယူအဆများနှင့် စိတ်ကူးတို့သည် ဘုရားသခင်၏ အမှုတော်ကို သက်ရောက်မှုရှိစေသလော။ မရှိပေ။ နည်းနည်းလေးမျှပင် မရှိပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို မည်သည့်လူသား၊ မည်သည့်ကိစ္စ၊ မည်သည့်ဝန်းကျင်မျှ မသက်ရောက်စေပါ။ သူလုပ်မည်ဟု ဆုံးဖြတ်ထားသည့်အရာ အားလုံးမှာ သူ၏အစီအစဉ်အတိုင်း အချိန်မီ ပြည့်စုံကာ အထမြောက်လိမ့်မည်။ ထို့ပြင် သူ၏အမှုကို မည်သည့်လူသားမျှ မနှောင့်ယှက်နိုင်ပါ။ ဘုရားသခင်သည် လူသား၏မိုက်မဲမှုနှင့် မသိနားမလည်မှု၏ အချို့သော ရှုထောင့်များနှင့် သူ့အပေါ် လူသား၏ ခုခံမှုနှင့် အယူအဆများကိုပင် သူလုပ်ရမည့်အရာကို တွန့်ဆုတ်မနေဘဲ လုပ်ဆောင်လျက် လျစ်လျူရှုထားသည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်ပြီး သူ၏ အကန့်သတ်မဲ့သောတန်ခိုး၏ ထင်ဟပ်မှုတစ်ခုဖြစ်သည်။

ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုနှင့် လူသားကို ကယ်တင်ခြင်းသည် အာဗြဟံ၏ ဣဇာတ်ကို ပေးလှူရာတွင် စတင်သည်

အာဗြဟံကို ဘုရားသခင် သားပေးသောအခါ အာဗြဟံကို ဘုရားသခင် ပြောသော နှုတ်ကပတ်တော်များ ပြည့်စုံသွားသည်။ ဘုရားသခင်၏ အစီအစဉ်သည် ဤမှာရပ်သည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အားဖြင့်ပြောရပါက ဘုရားသခင်၏ ကြီးမားသော စီမံခန့်ခွဲမှု အစီအစဉ်နှင့် လူသားကို ကယ်တင်ခြင်းသည် စခါစပင် ရှိသေးပြီး အာဗြဟံကို သားတစ်ဦး ကောင်းချီးပေးသည်မှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ နိဒါန်းသာ ရှိပါသေးသည်။ ထိုအချိန်မှာ အာဗြဟံက ဣဇာတ်ကို ပေးလှူသောအခါ ဘုရားသခင်၏ စာတန်နှင့် စစ်ပွဲသည် တိတ်တဆိတ် စတင်လိုက်ပြီကို မည်သူသိခဲ့သနည်း။

ဘုရားသခင်သည် လူသားမိုက်မဲသည်ကို ဂရုမစိုက်ပေ၊ လူသားမှန်ကန်ဖို့သာ တောင်းဆိုသည်

ဆက်လက်၍ ဘုရားသခင်က အာဗြဟံကို အဘယ်အရာပြုသည်ကို ကြည်ကြစို့။ ကမ္ဘာဦးကျမ်း ၂၂:၂ တွင် ဘုရားသခင်က အောက်ပါအမိန့်အား အာဗြဟံကို ပေးခဲ့သည်။ "သင်သည် အလွန်ချစ်သော တယောက်တည်းသော သားဣဇာတ်ကို ယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။" ဘုရားသခင် ဆိုလိုချက်က ရှင်းသည်။ အာဗြဟံချစ်သော တစ်ဦးတည်းသောသား ဣဇာတ်ကို မီးရှို့ရာယဇ် ပူဇော်ရန် သူပြောနေခြင်းဖြစ်သည်။ ယင်းအရာကို ယနေ့ကြည့်ပါက ဘုရားသခင်၏ အမိန့်က လူသား၏ အယူအဆများနှင့် ကွဲပြားနေသလော။ ကွဲပြားသည်။ ထိုအချိန်က ဘုရားသခင် လုပ်ခဲ့သည့်အရာများအားလုံးက လူသားအယူအဆများနှင့် ဆန့်ကျင်နေပြီး လူသားအတွက် နားမလည်နိုင်ခဲ့ပေ။ သူတို့၏ အယူအဆများထဲ၌ လူများက အောက်ပါတို့ကို ယုံသည်။ လူသားက မယုံကြည်ဘဲ မဖြစ်နိုင်ဟု ထင်သောအခါ ဘုရားသခင်က သူ့ကို သားတစ်ဦး ပေးခဲ့သည်။ သူသားတစ်ယောက်ရပြီး သူ၏သားကို ဘုရားသခင်က ပူဇော်ဖို့တောင်းသည်။ မယုံကြည်နိုင်စရာ ကောင်းလေစွ။ ဘုရားသခင် အမှန်တကယ် အဘယ်အရာကိုလုပ်ရန် ရည်ရွယ်သနည်း။ ဘုရားသခင်၏ တကယ့်ရည်ရွယ်ချက်က မည်သည့်အရာနည်း။ သူက အာဗြဟံကို အခြေအနေနှင့် မဆိုင်ဘဲ သားပေးခဲ့သည်။ သို့တိုင် သူက အာဗြဟံကို အခြေအနေနှင့်မဆိုင် အလှူတောင်းပြန်သည်။ အင်မတန်လွန်ကဲနေသလော။ ဘေးလူတစ်ယောက်၏ အမြင်အရ ဤသည်မှာလွန်ကဲလွန်းသည့်အပြင် "ဘာမျှမရှိသည့်နေရာမှာ ပြဿနာရှာနေ" သကဲ့သို့ပင် ဖြစ်သည်။ သို့သော် အာဗြဟံကိုယ်တိုင်က ဘုရားသခင် အလွန်အကျူးတောင်းနေသည်ဟု မထင်ခဲ့ပေ။ အရေးမပါသည့် အတွေးများ ရှိခဲ့ပြီး၊ ဘုရားသခင်ကို အနည်းငယ် သံသယဝင်ခဲ့သော်လည်း ယဇ်ပူဇော်ဖို့ ပြင်ဆင်ခဲ့သည်။ ဤအချက်မှာ အာဗြဟံသည် သူ၏သားကို ပူဇော်လိုသည်ဆိုသည့် သက်သေတွေ့မိသလော။ ဤစာကြောင်းများ၌ ဘာပြောထားသနည်း။ မူရင်း စာသားထဲမှာ ဤကဲ့သို့ပြောထားသည်။ "အာဗြဟံသည် နံနက်စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် မိမိသားဣဇာတ်နှင့် ငယ်သားနှစ်ယောက်ကို ခေါ်၍ ယဇ်ရှို့စရာထင်းကို ခွဲပြီးမှ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။" (ကမ္ဘာ ၂၂:၃) "ထိုသို့နှစ်ယောက်အတူသွား၍ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင် သားဣဇာတ်ကိုချည်နှောင်၍ ယဇ်ပလ္လင်၌ ထင်းကိုတင်ထား၏။ မိမိလက်ကိုဆန့်၍ သားကိုသတ်ခြင်းငှါ ထားကို ကိုင်ယူလေ၏။ " (ကမ္ဘာ ၂၂:၉-၁၀) အာဗြဟံက သူ၏လက်ကိုဆန့်ထုတ်ပြီး သူ၏သားကိုသတ်ဖို့ ဓါးကိုကိုင်သောအခါ သူ၏လုပ်ရပ်များကို ဘုရားသခင်မြင်သလော။ မြင်ခဲ့သည်။ ဘုရားသခင်က အာဗြဟံကို ဣဇာတ်အား ပူဇော်ဖို့တောင်းချိန်မှ အာဗြဟံက သူ၏သားကို သတ်ဖို့ အမှန်တကယ် ဓါးမြှောက်ချိန်အထိ ဖြစ်စဉ်တစ်ခုလုံးသည် ဘုရားသခင်ကို အာဗြဟံ၏ နှလုံးသားအား ပြခဲ့သည်။ ယခင်က သူ၏မိုက်မဲမှု၊ မသိနားမလည်မှုနှင့် ဘုရားသခင်ကို နားလည်မှုလွဲမှုများ မည်ကဲ့သို့ရှိသည် ဖြစ်ပါစေ ထိုအချိန်က အာဗြဟံ၏နှလုံးသားသည် ဘုရားသခင်အတွက် မှန်ကန်သည်၊ ရိုးသားခဲ့သည်။ ဘုရားသခင်ပေးခဲ့သည့်သား ဣဇာတ်ကို ဘုရားသခင်ထံ သူအမှန်တကယ်ပြန်ပေးမည်ပြုခဲ့သည်။ သူ့ထံ၌ ဘုရားသခင် လိုချင်ခဲ့သည့် နာခံခြင်းအစစ်အမှန်ကို ဘုရားသခင် တွေ့ခဲ့ရသည်။

လူ့အနေနှင့် ဘုရားသခင်သည် နားမလည်နိုင်သည့် မယုံကြည်န်ုင်လောက်အောင်ပင် ထူးခြားသည့်အရာကို ပြုသည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို စီစဉ်ညွှန်ကြားလိုသောအခါ ဤစီစဉ်ညွှန်ကြားချက်က လူသား၏ အယူအဆများနှင့် မကြာခဏ ဆန့်ကျင်ပြီး လူသားအတွက် နားမလည်နိုင်ပေ။ သို့တိုင် ဤသဘောကွဲလွဲမှုနှင့် နားမလည်နိုင်မှုတို့သည် ဘုရားသခင်၏ လူသားကို စစ်ဆေးမှုနှင့် စမ်းသပ်မှုတို့ပင် ဖြစ်သည်။ အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းဖို့ အခြေခံအကျဆုံးဖြစ်သည့် ဘုရားသခင်အား နာခံမှုကို သူ့အတွင်း၌ ပြနိုင်ခဲ့သည်။ ထို့နောက်မှ အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို နာခံသောအခါ၊ ဣဇာတ်ကို ပူဇော်သောအခါ ဘုရားသခင်သည် သူရွေးချယ်ထားသည့် အာဗြဟံဟူသော လူသားဆီက သေချာမှု၊ အတည်ပြုမှုကို ခံစားခဲ့ရသည်။ ထို့နောက်မှသာ ဘုရားသခင်သည် သူရွေးချယ်ထားသည့် ဤသူမှာ သူ၏ကတိတော်နှင့် နောက်ဆက်တွဲ စီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်နိုင်မည့် မရှိမဖြစ် ခေါင်းဆောင်ဖြစ်သည်ဟု သေချာခဲ့သည်။ ၎င်းသည် စစ်ဆေးခြင်းနှင့် စမ်းသပ်မှုသာ ဖြစ်သော်လည်း ဘုရားသခင်က ကျေနပ်နှစ်သက်မှုကို ခံစားခဲ့ရသည်။ သူ၏အပေါ် လူသား၏ ချစ်မေတ္တာကို ခံစားခဲ့ရပြီး ယခင်က မရှိခဲ့ဘူးသော နှစ်သိမ့်မှုမျိုးကို လူသားထံမှ ရရှိခဲ့သည်။ အာဗြဟံက ဣဇာတ်ကို သတ်ဖို့ ဓားထုတ်သည့်အခိုက်တွင် ဘုရားသခင်က သူ့ကို တားခဲ့သလော။ ဘုရားသခင်က ဣဇာတ်အသက်ကို နုတ်ယူဖို့ အကယ်ပင် မရည်ရွယ်ခဲ့သည့်အတွက် အာဗြဟံကို ဣဇာတ်အား ပူဇော်ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံကို အချိန်မီ တားခဲ့သည်။ ဘုရားသခင်အတွက် အာဗြဟံ၏ နာခံမှုက စမ်းသပ်မှုကို အောင်မြင်နှင့်ပြီ ဖြစ်သည်။ သူလုပ်ခဲ့သည့်အရာမှာ လုံလောက်ပြီး ဘုရားသခင်က သူပြုလုပ်ဖို့ ရည်ရွယ်ထားသည့်အရာ၏ ရလဒ်ကို မြင်နှင့်ပြီး ဖြစ်သည်။ ဤရလဒ်က ဘုရားသခင်ကို ကျေနပ်စေသလော။ ဤရလဒ်က ဘုရားသခင်ကို ကျေနပ်စေသည်ဟု ပြော၍ရသည်။ ၎င်းက ဘုရားသခင် လိုလားသည့်အရာ၊ ကြာမြင့်စွာကတည်းက ဘုရားသခင် မြင်လိုသည့်အရာ ဖြစ်သည်ဟု ပြော၍ရသည်။ မှန်ပါသလော။ အခြေအနေအမျိုးမျိုးမှာ ဘုရားသခင်က လူတစ်ဦးချင်းစီအတွက် မတူညီသည့် စစ်ဆေးချက်များ သုံးပါသော်လည်း၊ အာဗြဟံထံ၌ ဘုရားသခင်က သူအလိုရှိသည့်အရာကို မြင်ခဲ့သည်။ အာဗြဟံ၏ နှလုံးသားက မှန်ကန်ပြီး သူ၏နာခံမှုက အကြွင်းမဲဖြစ်သည်ကို တွေ့ခဲ့သည်။ ဤ "အကြွင်းမဲ့" မှာ ဘုရားသခင် လိုချင်သည့်အရာပင် ဖြစ်သည်။ လူများက ဤအရာကို ကျွန်ုပ်ပေးလှူပြီးပြီ၊ ထိုအရာကို ကျွန်ုပ်စွန့်လွှတ်ပြီးပြီ ဘုရားသခင် ကျွန်ုပ်ကို အဘယ်ကြောင့် မကျေနပ်သနည်းဟု မကြာမကြာပြောတတ်သည်။ စစ်ဆေးမှုများ အဘယ်ကြောင့် ကျွန်ုပ်ကို လုပ်နေသေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို စစ်ဆေးနေသေးသနည်းဟု မကြာမကြာပြောတတ်ကြသည်။ ဤအရာက အချက်တချက်ကို ပြသည်။ ဘုရားသခင်က သင့်နှလုံးသားကို မမြင်သေး။ သင့်နှလုံးသားကို သူမရသေး။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် အာဗြဟံက သူ၏သားကို သူ့လက်နှင့်သတ်ဖို့ ဓားကိုကိုင်မြှောက်ပြီး ဘုရားသခင်ကို ပူဇော်ဖို့လုပ်သောအချိန်ကကဲ့သို့ ထိုရိုးသားမှုကို သူမတွေ့သေး။ သူက သင်၏အကြွင်းမဲ့နာခံမှုကို မတွေ့သေး။ သင့်အားဖြင့် နှစ်သိမ့်ခြင်းကို မခံရသေး။ ဤသို့ဆိုလျှင် ဘုရားသခင် သင့်ကို စမ်းသပ်နေသည်မှာ သဘာဝကျသည်။ ယင်းက မမှန်သလော။ ဤခေါင်းစဉ်ကို ဤမှာပဲ ရပ်မည်။ ဆက်လက်၍ "အာဗြဟံအတွက် ဘုရားသခင်၏ ကတိတော်" ကိုဖတ်ကြစို့။

၃။ အာဗြဟံအတွက် ဘုရားသခင်၏ ကတိတော်

ကမ္ဘာ ၂၂:၁၆-၁၈ သင်သည် ဤအမှုကိုပြု၍ သင်၏သား သင်၌ တယောက်တည်းသော သားကို ငါ့အား မငြင်းသောကြောင့် ငါသည် သင့်အား အစဉ်အမြဲ ကောင်းကြီးပေးမည်။ သင်၏ အမျိုးအနွှယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့၎င်း သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း အစဉ်အမြဲ ပွားများစေမည်။ သင်၏ အမျိုးအနွှယ်သည် ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်။ သင်၏အမျိုးအနွှယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏စကားကို သင်နားထောင်သောကြောင့် ငါသည်ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။

ဤအရာသည် အာဗြဟံအတွက် ဘုရားသခင်၏ ပြီးပြည့်စုံသည့် ကောင်းချီးမင်္ဂလာ ဖြစ်သည်။ တိုတောင်းသော်လည်း ပါဝင်သည့်အကြောင်းအရာက ကြွယ်ဝသည်။ အာဗြဟံအတွက် ဘုရားသခင်၏ လက်ဆောင်အတွက် အကြောင်းရင်း၊ နောက်ခံနှင့် အာဗြဟံကို ဘုရားသခင် မည်သည့်အရာပေးသည်ဟူသည့်အရာများ ပါဝင်သည်။ ၎င်းသည် ဤနှုတ်ကပတ်တော်များကို ဘုရားသခင် မိန့်မြွက်သည့် ပျော်ရွင်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့နှင့် ပြည့်လျှမ်းနေပြီး သူ၏နှုတ်ကပတ်တော်များကို နားထောင်နိုင်သည့်သူများကို ရယူလိုသော သူ့တောင့်တမှု၏ အရေးတကြီးဖြစ်မှုနှင့်လည်း ပြည့်လျှမ်းနေသည်။ ဤနေရာမှာ သူ၏နှုတ်ကပတ်တော်များကို နာခံပြီး သူ၏အမိန့်များကို လိုက်လျှောက်သူတို့အပေါ် ဘုရားသခင်၏ ချစ်ခင်မှုနှင့် ကြင်နာမှုကို တွေ့ရသည်။ ထိုနည်းတူပင် လူများကို ရယူဖို့ သူပေးသည့် အဖိုးအခ၊ သူတို့ကို ရခြင်းငှာ ထားသည့် ဂရုစိုက်မှုနှင့် အတွေးများကို ငါတို့တွေ့ရသည်။ ထို့အပြင် "ငါသည်ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏" ဟူသော နှုတ်ကပတ်တော်များပါဝင်သည့် ကျမ်းပိုဒ်သည် သူ၏စီမံခန့်ခွဲမှု အစီအစဉ် နောက်ကွယ်က သူ၏အမှု၌ ဘုရားသခင် တစ်ဦးတည်း ခံရသော ပြင်းထန်သည့် နာကျင်မှု၊ ခါးသီးမှုနှင့် ပတ်သက်၍ အားကောင်းသော အသိတရားကို ပေးသည်။ ဤအရာက စဉ်းစားမိအောင် စေ့ဆော်ပေးသော ကျမ်းပိုဒ်ဖြစ်ပြီး နောင်လာသည့် သူများအတွက် ထူးခြားသည့် အရေးပါမှုရှိပြီး အနှံ့အစပ် သက်ရောက်မှုရှိသည့် ကျမ်းပိုဒ်တစ်ခုဖြစ်ဖြစ်သည်။

လူသားသည် သူ၏ရိုးသားမှုနှင့် နာခံမှုကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိသည်

ဖတ်ခဲ့သည့် ကျမ်းပိုဒ်မှာ အာဗြဟံကို ဘုရားသခင်ပေးခဲ့သည့် ကောင်းချီးမင်္ဂလာမှာ ကြီးမားသလော။ မည်မျှကြီးမားသနည်း။ ဤနေရာ၌ အဓိက ဝါကျတစ်ကြောင်းရှိသည်၊ "သင်၏ အမျိုးအနွှယ်သည် ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်" ဟူသည့် ဝါကျက အာဗြဟံသည် ယခင်ကရော နောက်ကလူများ မည်သူမျှ မရဖူးသည့် ကောင်းချီးကို ရရှိခြင်းကို ပြသည်။ ဘုရားသခင် တောင်း၍ အာဗြဟံက သူ၏ တစ်ဦးတည်းသော သူချစ်မြတ်နိုးရသော သားကို ဘုရားသခင်ထံ ပြန်ပေးသောအခါ (မှတ်ရန်- ဤနေရာမှာ "ပူဇော်" ဟုမသုံးဘဲ သူ၏သားကို ဘုရားသခင်ထံ ပြန်ပေးသည်ဟု သုံးသင့်သည်) ဘုရားသခင်က အာဗြဟံကို ဣဇာတ်ပူဇော်ခွင့်မပြုဘဲ ကောင်းချီးပေးခဲ့သည်။ မည်သည့်ကတိတော်နှင့် အာဗြဟံကို ကောင်းချီးပေးခဲ့သနည်း။ သူ၏အမျိုးအနွှယ်ကို ပွားများစေမည်ဟူသည့် ကတိတော်ဖြစ်သည်။ ၎င်းတို့ကို မည်မျှအထိ ပွားများမည်နည်း။ ကျမ်းစာက ဤကဲ့သို့ရေးထားသည်။ "ကောင်းကင်ကြယ်ကဲ့သို့၎င်း သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း အစဉ်အမြဲ ပွားများစေမည်။ သင်၏ အမျိုးအနွှယ်သည် ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်။ သင်၏အမျိုးအနွှယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။" ဘုရားသခင်က မည်ကဲ့သို့ အခြေအနေမျိုးမှာ ဤနှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့သနည်း။ တစ်နည်းဆိုရလျှင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို အာဗြဟံ မည်ကဲ့သို့ ရခဲ့သနည်း။ ဘုရားသခင်က ကျမ်းစာထဲတွင် "ငါ၏စကားကို သင်နားထောင်သောကြောင့်" ဟုပြောသည့်အတိုင်း ၎င်းတို့ကို သူရရှိခဲ့သည်။ ဆိုလိုသည်မှာ အာဗြဟံက ဘုရားသခင်၏ အမိန့်ကို လိုက်လျှောက်သောကြောင့်၊ ဘုရားသခင် ပြောသမျှ၊ တောင်းသမျှနှင့် မိန့်သမျှကို မညည်းမညူ လုပ်ဆောင်သောကြောင့် ဘုရားသခင်က ဤသို့သောကတိတော်မျိုး သူ့ကိုပေးခဲ့ခြင်းဖြစ်သည်။ ဤကတိတော်၌ ဘုရားသခင်၏ အတွေးကို ဖော်ပြသည့် အရေးကြီးသော ဝါကျတစ်ကြောင်း ရှိသည်။ သင်တို့ တွေ့သလော။ "ငါသည်ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏" ဟူသည့် ဘုရားသခင် နှုတ်ကပတ်တော်ကို သင်တို့ သိပ်အာရုံစိုက်ချင်မှ စိုက်ပေမည်။ ၎င်းတို့က ဆိုလိုသည်မှာ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို မိန့်မြွက်သောအခါ သူ့ကိုယ်သူ တိုင်တည်နေခြင်းဖြစ်သည်။ လူများက ကျမ်းသစ္စာတစ်ခု ပြုသည့်အခါ အဘယ်အရာကို တိုင်တည်ကြသနည်း။ ကောင်းကင်ကို သူတို့တိုင်တည်ကြသည်။ တစ်နည်းဆိုရလျှင် သူတို့သည် ဘုရားသခင်နှင့် ကျမ်းသစ္စာပြုပြီး ဘုရားသခင်ကို တိုင်တည်ကြသည်။ ဘုရားသခင်က သူ့ကိုယ်သူ တိုင်တည်သော ဖြစ်စဉ်ကို လူများ သိပ်နားလည်မည် မဟုတ်သော်လည်း သင်တို့ကို ငါမှန်မှန်ကန်ကန် ရှင်းပြလျှင် သင်တို့ နားလည်နိုင်လိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကို ကြားသာကြားပြီး သူ၏နှလုံးသားအား နားမလည်သောသူနှင့် ရင်ဆိုင်ရခြင်းသည် ဘုရားသခင်ကို နောက်ထပ်တစ်ဖန် အထီးကျန်စေပြီး ဘာလုပ်ရ၊ ဘာပြောရမှန်းမသိ ဖြစ်စေသည်။ အသည်းအသန်နှင့်၊ မသိစိတ်၏ စေ့ဆော်မှုအရဟု ပြောနိုင်သည်၊ ဘုရားသခင်သည် အလွန်သဘာဝကျသော အရာတစ်ခုကို ပြုခဲ့သည်။ ဘုရားသခင်က အာဗြဟံအပေါ်သို့ ဤကတိအပ်နှင်းသောအခါ သူ၏လက်တော်ကို သူ၏နှလုံးသားပေါ်တင်ထားပြီး သူ့ကိုယ်သူ တိုင်တည်ခဲ့သည်၊ ဤသည်မှ ဘုရားသခင်က "ငါသည်ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏" ဟုပြောသည်ကို လူသားက ကြားခဲ့ရသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်အားဖြင့် သင့်ကိုယ်သင် ထင်ကောင်းထင်လိမ့်မည်။ သင့်နှလုံးသားပေါ် သင့်လက်တင်ပြီး သင့်ကိုယ်သင် စကားပြောသောအခါ သင်အဘယ်အရာပြောနေသနည်းဆိုသည်ကို ရှင်းရှင်းလင်းလင်း သိသလော။ သင့်စိတ်သဘောထားသည် ရိုးသားသလော။ သင်စိတ်ပါပါ ပွင့်ပွင့်လင်းလင်းပြောသလော။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံကို စကားပြောသောအခါ သူအလေးအနက်ထားပြီး ရိုးသားခဲ့သည်ကို ဤနေရာ၌ ငါတို့တွေ့ရသည်။ အာဗြဟံကို စကားပြောပြီး ကောင်းကြီးပေးနေခဲ့ချိန်တွင် ဘုရားသခင်က သူ့ကိုယ်သူ စကားပြောနေခဲ့သည်။ သူ့ကိုယ်သူ ဤကဲ့သို့ ပြောနေခဲ့သည်။ အာဗြဟံကို ငါကောင်းကြီးပေးမည်။ ငါ့စကားကို သူနာခံပြီး သူသည် ငါရွေးချယ်ထားသည့်သူတစ်ဦး ဖြစ်သောကြောင့် သူ၏သားစဉ်မြေးဆက်ကို ကောင်းကင်ကကြယ်များကဲ့သို့ များပြားစေမည်။ ပင်လယ်ကမ်းစပ်မှ သဲပွင့်ကဲ့သို့ ပွားများစေမည်။ ဘုရားသခင်က "ငါသည်ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏" ဟုပြောသောအခါ အာဗြဟံအားဖြင့် ရွေးချယ်ထားသော ဣသရေလလူမျိုးကို သူမွေးထုတ်ဖို့၊ ယင်းနောက်တွင် ဤလူများကို သူဦးဆောင်ပြီး သူ၏အမှု မြန်မြန်ဆောင်ရွက်ဖို့ ဘုရားသခင် စိတ်ပိုင်းဖြတ်ထားသည်။ ဆိုလိုသည်မှာ ဘုရားသခင်က အာဗြဟံ၏ သားစဉ်မြေးဆက်များကို ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုကိုဆောင်ရွက်စေမည်ဖြစ်ပြီး ဘုရားသခင်က သူ၏အမှုနှင့် သူထုတ်ဖော်သောအရာကို အာဗြဟံနှင့် စတင်ပြီး အာဗြဟံ၏သားစဉ်မြေးဆက်ကို ဆက်လက်ဆောင်ရွက်စေမည်။ ထိုသို့အားဖြင့် လူသားကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ ဆန္ဒမှာ အကောင်အထည်ပေါ်လာပေမည်။ သင်တို့ မည်သို့ဆိုမည်နည်း၊ ဤသည်မှာ မင်္ဂလာရှိသောအရာ မဟုတ်သလော။ လူသားအတွက်မူ ဤအရာထက် ကြီးမြတ်သော ကောင်းချီးမင်္ဂလာမရှိတော့ပေ။ ၎င်းသည် အကြီးမြတ်ဆုံး ကောင်းချီးမင်္ဂလာဖြစ်သည်ဟု ပြော၍ရသည်။ အာဗြဟံ ရရှိသော ကောင်းချီးမင်္ဂလာက သူ၏အမျိုးအနွှယ် ပွားများခြင်း မဟုတ်ဘဲ ဘုရားသခင်က သူ၏စီမံခန့်ခွဲမှု၊ သူ၏လုပ်ဆောင်မှုနှင့် သူ၏အမှုကို အာဗြဟံအမျိုးအနွှယ်များထဲ၌ ရရှိအောင်မြင်ခြင်းဖြစ်သည်။ ဤသည်မှာ အာဗြဟံခံရသော ကောင်းချီးက ယာယီမဟုတ်ဘဲ ဘုရားသခင် စီမံခန့်ခွဲမှု အစီအစဉ်က တိုးတက်နေသည်နှင့်အမျှ ဆက်လက်တည်ရှိနေသည်ဟု ဆိုလိုသည်။ ဘုရားသခင် စကားပြောသောအခါ၊ ဘုရားသခင်က သူ့ကိုယ်သူ တိုင်တည်သောအခါ သူစိတ်ပိုင်းဖြတ်ပြီးနှင့်ပြီးဖြစ်သည်။ ဤစိတ်ပိုင်းဖြတ်ခြင်းဖြစ်စဉ်က မှန်သလော။ စစ်မှန်ခဲ့သလော။ ထိုအချိန်မှစ၍ သူ၏ကြိုးပမ်းမှုများ၊ သူပေးဆပ်ခဲ့သော အဖိုးအခ၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏အရာရာတိုင်းနှင့် သူ၏အသက်ကိုပင် အာဗြဟံနှင့် အာဗြဟံ၏အမျိုးအနွှယ်များကိုပေးရန် ဘုရားသခင် စိတ်ပိုင်းဖြတ်ခဲ့သည်။ ဤလူအုပ်စုမှ စတင်ပြီး သူ၏လုပ်ဆောင်ချက်များကို သူဖွင့်ပြပြီး လူသားကို သူ၏ဉာဏ်ပညာ၊ အခွင့်အာဏာနှင့် တန်ခိုးကို မြင်ခွင့်ပြုရန် သူစိတ်ပိုင်းဖြတ်ခဲ့သည်။

ဘုရားသခင်ကို သိပြီး သူ့ကို သက်သေခံနိုင်သူကို ရရှိခြင်းသည် ဘုရားသခင်၏ မပြောင်းလဲသော ဆန္ဒဖြစ်သည်

ဘုရားသခင်သည် သူ့ကိုယ်သူ စကားပြောနေခဲ့သောအချိန်တွင် အာဗြဟံကိုလည်း စကားပြောခဲ့သည်။ သို့သော် ဘုရားသခင်က သူ့ကို ပေးခဲ့သည့် ကောင်းချီးများကို ကြားခြင်းမှလွဲပြီး အာဗြဟံက ဘုရားသခင်၏ စစ်မှန်သော ဆန္ဒများကို သူ၏နှုတ်ကပတ်တော်များမှ ထိုအချိန်က နားလည်ခဲ့သလော။ သူနားမလည်ခဲ့ပေ။ ထို့ကြောင့် ထိုအချိန်က ဘုရားသခင်သည် သူ့ကိုယ်သူ တိုင်တည်သောအခါ သူ၏နှလုံးသားက အထီးကျန်ပြီး ဝမ်းနည်းနေဆဲရှိခဲ့သည်။ သူရည်ရွယ်ထားပြီး စီစဉ်ထားသည့်အရာကို နားလည်သောသူ သို့မဟုတ် သဘောပေါက်နိုင်သောသူ တယောက်မျှ မရှိခဲ့ချေ။ ထိုအချိန်က ဘုရားသခင်ကို ယုံကြည်ချက်ရှိရှိ စကားပြောနိုင်သည့်သူမှာ အာဗြဟံအပါအဝင် မည်သူမျှ မရှိခဲ့ချေ။ ဘုရားသခင် လုပ်ဆောင်ရမည့် အမှု၌ ပူပေါင်းလုပ်ဆောင်နိုင်သူဆိုလျှင် ပို၍ပင် မရှိခဲ့ချေ။ အပေါ်ယံအားဖြင့် ဆိုပါက ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို နာခံနိုင်မည့်သူဖြစ်သော အာဗြဟံကို ဘုရားသခင်ရရှိခဲ့သည်။ တကယ်တမ်းတွင် ဤလူ၏ ဘုရားသခင်ကို သိသောအသိဉာဏ်က အနည်းငယ်မျှပင် ရှိသည်။ ဘုရားသခင်သည် အာဗြဟံကို ကောင်းချီးပေးခဲ့သော်လည်း ဘုရားသခင်၏နှလုံးသားသည် မကျေနပ်သေးပေ။ ဘုရားသခင် မကျေနပ်သေး ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ သူ၏စီမံခန့်ခွဲမှုက အစပဲရှိသေးသည်ဟု ဆိုလိုသည်။ သူချစ်သော၊ သူမြင်လိုသော၊ သူရယူလိုသော လူများသည် သူနှင့် ဝေးနေကြဆဲဖြစ်သည်ဟု ဆိုလိုသည်။ သူစောင့်ရဦးမည်၊ အချိန်လိုသည်၊ သူစိတ်ရှည်ဖို့လိုခဲ့သည်။ အကြောင်းမှာ ထိုအချိန်က ဘုရားသခင်ကိုယ်တော်တိုင်မှလွဲပြီး သူလိုချင်သည့်အရာ၊ သို့မဟုတ် သူရယူလိုသည့်အရာ၊ သို့မဟုတ် သူဆန္ဒရှိသည့်အရာကိုသိသူ မရှိခဲ့ချေ။ ထို့ကြောင့် အလွန်စိတ်လှုပ်ရှားသည့်တစ်ချိန်တည်း၌ပင် ဘုရားသခင်က စိတ်လေးခဲ့သည်။ သို့သော် သူ၏ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။ သူလုပ်ရမည့် နောက်ခြေလှမ်းဆက်ဖို့ ဆက်လက်စီစဉ်ခဲ့သည်။

အာဗြဟံအတွက် ဘုရားသခင်၏ ကတိတော်၌ သင်တို့ အဘယ်အရာမြင်ကြသနည်း။ အာဗြဟံက ဘုရားသခင် နှုတ်ကပတ်တော်များကို နားထောင်သည့် ဘုရားသခင်က သူ့အပေါ် ကြီးစွာကောင်ချီးပေးခဲ့သည်။ အပေါ်ယံအားဖြင့် ဤသည်မှာ သာမန်ဖြစ်သည်ဟု ထင်ရပြီး ထုံးစံအတိုင်းပင် ထိုအထဲ၌ ဘုရားသခင်၏စိတ်နှလုံးကို ငါတို့တွေ့ရသည်။ ဘုရားသခင်က သူ့အား လူသား၏နာခံခြင်းကို အထူးသဖြင့်တန်ဖိုးထားပြီး သူ့အပေါ် လူသား၏ ရိုးသားခြင်းနှင့် နားလည်ခြင်းကို မြတ်နိုးသည်။ ဘုရားသခင်က ဤရိုးသားမှုကို မည်မျှထိ မြတ်နိုးသနည်း။ သူမည်မျှမြတ်နိုးသည်ကို သင်တို့နားလည်ချင်မှ နားလည်မည်။ သဘောပေါက်သောသူလည်း မည်သူမျှ မရှိခြင်းလည်း ဖြစ်နိုင်သည်။ ဘုရားသခင်က အာဗြဟံကို သားတစ်ဦးပေးခဲ့သည်။ ထိုသား ကြီးလာသောအခါ ဘုရားသခင်က အာဗြဟံကို သူ့သားအား ပူဇော်ဖို့တောင်းသည်။ အာဗြဟံက ဘုရားသခင်၏ အမိန့်ကို အတိအကျ လိုက်နာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူနာခံခဲ့သည်။ သူ၏ရိုးသားမှုက ဘုရားသခင်ကို တို့ထိစေခဲ့ပြီး ယင်းကို ဘုရားသခင်က တန်ဖိုးထားခဲ့သည်။ ယင်းကို ဘုရားသခင်က မည်မျှတန်ဖိုးထားခဲ့သနည်း။ အဘယ်ကြောင့် တန်ဖိုးထားခဲ့သနည်း။ ဘုရားသခင် နှုတ်ကပတ်တော်ကို မည်သူမျှ နားမလည်သောအခါ၊ သို့မဟုတ် မည်သူမျှ သူ၏နှလုံးသားကို နားမလည်သောအခါ အာဗြဟံသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည့်အရာကို လုပ်ခဲ့ပြီး ထိုအရာက ဘုရားသခင်ကို မကြုံစဖူး ကျေနပ်စေခဲ့ကာ သူ၏နှုတ်ကပတ်တော်များကို နာခံနိုင်သောသူတစ်စုံတစ်ဦးကို ရရှိခြင်း၏ ဝမ်းမြောက်မှုကို ဘုရားသခင်ထံ ယူလာပေးခဲ့သည်။ ဤကျေနပ်မှု၊ ဝမ်းမြောက်မှုများသည် ဘုရားသခင်လက်တော်နှင့် ဖန်ဆင်းခြင်းခံထားရသည့် ဖန်ဆင်းခံသတ္တဝါထံမှ လာခဲ့ပြီး လူသားကိုဖန်ဆင်းကတည်းက လူသားက ဘုရားသခင်ကို ပထမဆုံး ပူဇော်သည့်အရာဖြစ်ခဲ့ပြီး ဘုရားသခင်က တန်ဖိုးအထားဆုံးအရာ ဖြစ်ခဲ့သည်။ ဘုရားသခင်က ဤပူဇော်ခြင်းကို ခက်ခဲပင်ပန်းစွာ စောင့်မျှော်ခဲ့ပြီး ၎င်းကို သူဖန်ဆင်းထားသည့် လူသားထံမှ ပထမ အရေးပါဆုံးသော လက်ဆောင်အနေနှင့် သူသတ်မှတ်ခဲ့သည်။ သူ့ကြိုးပမ်းမှု၏ ပထမဆုံးသောအသီးနှင့် သူပေးဆပ်ခဲ့သည့် အဖိုးအခကို ဘုရားသခင်အား ထိုအရာက ပြသပေးခဲ့ကာ လူသားတို့တွင် မျှော်လင့်စရာကို သူ့အား တွေ့မြင်စေခဲ့သည်။ ယင်းနောက်တွင် ဘုရားသခင်က သူနှင့်ပေါင်းဖော်လိုသည့်၊ ရိုးသားမှုနှင့် သူ့ကို ဆက်ဆံမည့်၊ ရိုးသားမှုနှင့် သူ့ကို ဂရုစိုက်မည့် လူတစ်စုကို သာ၍ကြီးစွာ တောင့်တနေခဲ့သည်။ သူ၏စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်သည်နှင့်အမျှ သူ့ကို အဖော်ပြုရန် ထိုကဲ့သို့သော စိတ်နှလုံးကို ရရှိလိုပြီး သူနှင့်အတူရှိစေလိုသည့်အတွက် အာဗြဟံကို ဆက်လက် အသက်ရှင်သွားဖို့ကိုပင် မျှော်လင့်ခဲ့သည်။ ဘုရားသခင်က မည်သည့်အရာကိုပင် အလိုရှိသည်ဖြစ်စေ အာဗြဟံသည် သူ့ကိုနာခံနိုင်သည့် လူသားမျှသာဖြစ်ပြီး ဘုရားသခင်ကို နားလည်သိကျွမ်းမှု စိုးစဉ်းမျှ မရှိသောကြောင့် ဤသည်မှာ ဆန္ဒတစ်ခုသာ ဖြစ်ခဲ့သည်။ အကြံဉာဏ်တစ်ခုသာ ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို သိဖို့၊ ဘုရားသခင်အတွက် သက်သေခံဖို့၊ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ဖို့ဆိုသည့် လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များဖြစ်သည့် စံနှုန်းများနှင့် မပြည့်မီသည့် တစ်စုံတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရားသခင်နှင့် မလျှောက်လှမ်းနိုင်ချေ။ အာဗြဟံ၏ ဣဇာတ်ကို ပူဇော်ခြင်း၌ ဘုရားသခင်က အာဗြဟံ၏ ရိုးသားခြင်းနှင့် နာခံခြင်းကို တွေ့ခဲ့ပြီး ဘုရားသခင်၏ စစ်ဆေးခြင်းကို သူခံနိုင်ခဲ့သည်ကို တွေ့ခဲ့သည်။ ဘုရားသခင်က သူ၏ရိုးသားမှုနှင့် နာခံခြင်းကို လက်ခံခဲ့သော်လည်း ဘုရားသခင် ယုံကြည်ရသည့်လူ၊ ဘုရားသခင်ကို သိသည့်လူနှင့် ဘုရားသခင်ကို နားလည်သည့်လူ၊ ဘုရားသခင်၏ စိတ်သဘောထားကို သိသည့်သူ ဖြစ်လာရန် မထိုက်တန်သေးချေ။ သူသည် ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ဖို့၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ဖို့ ဝေးသေးသည်။ ထို့ကြောင့် သူ့နှလုံးသားထဲမှာ ဘုရားသခင်သည် အထီးကျန်ပြီး စိုးရိမ်နေဆဲရှိခဲ့သည်။ ဘုရားသခင်က ပိုအထီးကျန်ပြီး ပိုစိုးရိမ်လေလေ အမြန်ဆုံး သူ၏ စီမံခန့်ခွဲမှုကို ဖြစ်နိုင်သမျှမြန်မြန် ဆက်လုပ်ဆောင်ဖို့ လိုအပ်လေလေဖြစ်ပြီး သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်ဖို့၊ သူ၏အလိုတော်ကို ဖြစ်နိုင်သမျှမြန်မြန် ဆောင်နိုင်ဖို့အတွက် လူအုပ်စုတစ်စုကို ရွေးချယ်ပြီးရရှိရန် လိုလေလေဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အစကတည်းက ယခုချိန်ထိ မပြောင်းလဲသည့် ပြင်းပြသော ဆန္ဒဖြစ်သည်။ အစအဦးမှာ လူသားကို သူဖန်ဆင်းခဲ့ကတည်းက ဘုရားသခင်သည် အောင်နိုင်သူများ၊ သူနှင့် စကားပြောပြီး သူ၏စိတ်သဘောထားကို နားလည်သဘောပေါက်ကာ သိနိုင်သူများကို တောင့်တနေခဲ့သည်။ ဘုရားသခင်၏ ဤဆန္ဒက မည်သည့်အခါမျှ မပြောင်းလဲခဲ့ပေ။ သူ မည်မျှကြာကြာ စောင့်ရဦးမည်ဖြစ်စေ၊ ရှေ့တွင်ရှိသော လမ်းခရီးက မည်မျှပင် ကြမ်းတမ်းသည် ဖြစ်စေ၊ သူတောင့်တသော ရည်ရွယ်ချက်များမှာ မည်မျှပင် အလှမ်းဝေးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားအတွက် သူ၏မျှော်လင့်ချက်များကို မည်သည့်အခါမျှ မပြောင်းလဲခဲ့ချေ၊ သို့မဟုတ် မစွန့်လွှတ်ခဲ့ချေ။ ဤအကြောင်းကို ငါပြောပြီးသည့်အတွက် ဘုရားသခင်၏ ဆန္ဒနှင့်ပတ်သက်သည့်အရာကို သင်တို့သဘောပေါက်ကြသလော။ သင်တို့ သဘောပေါက်ခဲ့သည့်အရာမှာ သိပ်မနက်နဲသည့်အရာ ဖြစ်ကောင်းဖြစ်နေနိုင်သည်၊ သို့သော်လည်း တဖြည်းဖြည်း ဖြစ်လာပါလိမ့်မည်။

အာဗြဟံနှင့် တစ်ခေတ်တည်းဖြစ်သော ကာလတွင် ဘုရားသခင်သည် မြို့တစ်မြို့ကိုလည်း ဖျက်ဆီးခဲ့သည်။ ဤမြို့မှာ သောဒုံဟု အမည်ရသည်။ လူများစွာသည် သောဒုံအကြောင်းကို ရင်းနှီးကြမည်မှာ သံသယဖြစ်ဖွယ် မဟုတ်သော်လည်း ထိုမြို့ကို ကိုယ်တော် ဖျက်ဆီးရခြင်း၏ နောက်ခံအကြောင်းရင်း ဖြစ်သော ဘုရားသခင်၏ အမြင်များကိုမူ တစ်ယောက်မျှ သိကျွမ်းကြခြင်း မရှိပေ။

ထို့ကြောင့် ယနေ့တွင် အောက်ပါအတိုင်း ဘုရားသခင်နှင့် အာဗြဟံ အပြန်အလှန် ပြောဆိုသော စကားများအားဖြင့် ထိုအချိန်က သူ၏အမြင်များနှင့် စိတ်သဘောကိုလည်း လေ့လာကြမည်။ ဆက်လက်၍ အောက်ပါ ကျမ်းပိုဒ်များကို ဖတ်ကြပါစို့။

ခ။ ဘုရားသခင်သည် သောဒုံမြို့ကို ဖျက်ဆီးရမည်

ကမ္ဘာ ၁၈:၂၆ ထာဝရဘုရားကလည်း၊ သောဒုံမြို့၌ ဖြောင့်မတ်သောသူ ငါးဆယ်ကို ငါတွေ့လျှင်၊ သူတို့အတွက် ထိုအရပ်လုံးကို ငါနှမြောမည်ဟု မိန့်တော်မူ၏။

ကမ္ဘာ ၁၈:၂၉ တဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။

ကမ္ဘာ ၁၈:၃၀ တဖန်တုံ … ထိုမြို့၌ သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကို ငါတွေ့လျှင် ငါမပြုဟု မိန့်တော်မူ၏။

ကမ္ဘာ ၁၈:၃၁ တဖန်တုံ … ထိုမြို့၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ နှစ်ဆယ်ကို ငါတွေ့လျှင် ငါမပြုဟု မိန့်တော်မူ၏။

ကမ္ဘာ ၁၈:၃၂ … ထိုမြို့၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။

ဤသည်တို့မှာ သမ္မာကျမ်းထဲမှ ငါရွေးချယ်ထားသော ကောက်နုတ်ချက်အချို့ဖြစ်သည်။ ၎င်းတို့မှာ အပြည့်အစုံ၊ မူရင်းပုံစံများအတိုင်း မဟုတ်ပါ။ အကယ်၍ ၎င်းတို့ကို သင်တို့ကြည့်လိုပါက သမ္မာကျမ်းထဲတွင် သင်တို့ကိုယ်တိုင် ရှာ၍ကြည့်နိုင်ပါသည်၊ အချိန်ကုန် သက်သာစေရန် မူရင်းပုံစံ တစ်စိတ်တစ်ဒေသကို ငါထိမ်ချန်ခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် အဓိကကျသော ကျမ်းပိုဒ်နှင့် စာကြောင်း အချို့တို့ကိုသာ ငါရွေးချယ်ခဲ့ခြင်းဖြစ်၍ ငါတို့၏ ယနေ့မိတ်သဟာယအတွက် ဆက်စပ်မှုမရှိသော စာကြောင်းအချို့တို့ကို ချန်ခဲ့ခြင်းဖြစ်သည်။ ငါတို့မိတ်သဟာယဖွဲ့သော ကျမ်းပိုဒ်များနှင့် အကြောင်းအရာ အားလုံးတို့တွင် ငါတို့၏ အာရုံပြုခြင်းသည် အသေးစိတ် အဖြစ်အပျက်များနှင့် ထိုအဖြစ်အပျက်များထဲမှ လူတို့၏ ပြုမူလုပ်ဆောင်ပုံတို့ကို ကျော်သွားခြင်းဖြစ်သည်၊ ထိုသို့အာရုံပြုမည့်အစား ထိုစဉ်အချိန်က ဘုရားသခင်၏ အမြင်များနှင့် အကြံအစည်များ အကြောင်းကိုသာ ငါတို့ပြောခြင်းဖြစ်သည်။ ဘုရားသခင်၏ အမြင်များနှင့် အကြံအစည်များထဲတွင် ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို မြင်ကြရလိမ့်မည်ဖြစ်၍ ဘုရားသခင် ပြုခဲ့သမျှ အရာများအားဖြင့် ငါတို့သည် စစ်မှန်သော ဘုရားသခင် ကိုယ်တိုင်ကို မြင်ကြရမည် ဖြစ်သည်၊ ထို့အပြင် ဤအရာအားဖြင့် ငါတို့၏ ရည်မှန်းချက် ပြည့်မီမည် ဖြစ်သည်။

ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို နာခံပြီး မိန့်တော်မူချက်များကို လိုက်နာနိုင်သော သူများကိုသာ ဂရုစိုက်သည်

အထက်ပါ ကျမ်းပိုဒ်များတွင် အဓိကကျသော စာလုံးအချို့ ပါဝင်သည်၊ ၎င်းတို့မှာ ဂဏန်းများ ဖြစ်သည်။ ပထမဦးစွာ ယေဟောဝါ ဘုရားသခင်က မြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ကို သူတွေ့လျှင် တစ်မြို့လုံးကို ချမ်းသာပေးမည်ဟု ဆိုခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုသော် ထိုမြို့ကို သူဖျက်ဆီးမည် မဟုတ်ဟု ဆိုလိုသည်။ ထိုသို့ဆိုသော် သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက်ငါးဆယ် အမှန်တကယ် ရှိခဲ့သလော။ မရှိခဲ့ပါ။ ထိုသို့ဆိုပြီးနောက် အာဗြဟံသည် ဘုရားသခင်အား မည်သည်ကို ပြောခဲ့သနည်း။ သူက လေးဆယ်ကို တွေ့ကောင်းတွေ့လျှင် အဘယ်သို့နည်းဟု ဆိုခဲ့သည်။ ထိုအခါ ဘုရားသခင်က ငါမပြုဘဲနေမည်ဟု ပြန်ဆို၏။ ထို့နောက် အာဗြဟံက သုံးဆယ်ကို တွေ့ကောင်းတွေ့လျှင် အဘယ်သို့နည်းဟု ဆိုပြန်သည်။ ထိုအခါ ဘုရားသခင်က ငါမပြုဘဲနေမည်ဟု ပြန်ဆို၏။ ထိုသို့ဆိုသော် နှစ်ဆယ်ဆိုလျှင် အဘယ်သို့နည်း။ ငါမပြုဘဲနေမည်။ တစ်ဆယ်ဆိုလျှင် အဘယ်သို့နည်း။ ငါမပြုဘဲနေမည်။ သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ ဆယ်ဦး အမှန်တကယ် ရှိခဲ့သလော။ ဆယ်ဦး မရှိခဲ့ပါ၊ သို့သော် တစ်ဦး ရှိခဲ့သည်။ ဤသူမှာ မည်သူ ဖြစ်သနည်း။ ထိုသူမှာ လောတဖြစ်သည်။ ထိုစဉ်က သောဒုံမြို့ထဲ ဖြောင့်မတ်သူ တစ်ဦးမျှသာ ရှိခဲ့သော်လည်း ဘုရားသခင်သည် ဤဂဏန်းနှင့်ပတ်သက်လာပါက အလွန်တင်းကျပ် သို့မဟုတ် တိကျခဲ့သလော။ မဟုတ်ပါ၊ သူမတင်းကျပ်ခဲ့ပါ။ ထို့ကြောင့် လူက "လေးဆယ်ဆို အဘယ်နည်း" "သုံးဆယ်ဆို အဘယ်နည်း" ဟူ၍ "တစ်ဆယ်ဆို အဘယ်နည်း" ရောက်သည်အထိ ဆက်၍မေးခဲ့သည်။ ဘုရားသခင်က "ဆယ်ဦးသာ ရှိခဲ့လျှင်လည်း ထိုမြို့ကို ငါမဖျက်ဆီး၊ ၎င်းကို ငါချမ်းသာပေးပြီး ထိုဆယ်ဦးအပြင် အခြားလူများကိုပါ ခွင့်လွှတ်မည်" ဟုဆိုခဲ့သည်။ ဆယ်ဦး ဆိုသည်မှာ အလွန်နည်းသော်လည်း အမှန်တကယ် သောဒုံ၌ ဖြောင့်မတ်သောသူ အရေအတွက်မှာ ယင်းလောက်ပင် မရှိကြောင်း တွေ့ခဲ့ရသည်။ ထို့အပြင် ဘုရားသခင်၏ အမြင်တွင် ထိုမြို့သားတို့၏ အပြစ်တရားနှင့် မကောင်းမှုသည် ထို့လောက်ပင် ဖြစ်ခဲ့သဖြင့် ဘုရားသခင်သည် ၎င်းတို့ကို မဖျက်ဆီးဘဲ မနေနိုင်လောက်အောင်ပင် ရွေးချယ်စရာမရှိ ဖြစ်ခဲ့ကြောင်းကို သင်တို့မြင်ကြရမည်။ ဘုရားသခင်သည် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိပါက မြို့ကို သူမဖျက်ဆီးဟု ပြောခဲ့သည့်အခါ အဘယ်အရာကို သူဆိုလိုခဲ့ခြင်း ဖြစ်သနည်း။ ဤဂဏန်းများမှာ ဘုရားသခင်အတွက် အရေးမကြီးခဲ့ပါ။ အရေးကြီးသောအရာမှာ မြို့ထဲတွင် သူအလိုရှိခဲ့သော ဖြောင့်မတ်သူများ ရှိ မရှိ ဖြစ်သည်။ အကယ်၍ မြို့ထဲတွင် ဖြောင့်မတ်သောသူ တစ်ဦးသာ ရှိခဲ့ပါက ဘုရားသခင်သည် မြို့ကို ဖျက်ဆီးခြင်းအကြောင်းကြောင့် ၎င်းတို့အပေါ် ဘေးအန္တရာယ် ကျရောက်ခွင့်ပြုမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်သည် မြို့ကို ဖျက်ဆီးမည် ဖြစ်စေ မဖျက်ဆီးမည် ဖြစ်စေ၊ မြို့ထဲတွင် ဖြောင့်မတ်သူ မည်မျှရှိသည်ဖြစ်စေ ပဓာနမထားဘဲ ဘုရားသခင်အတွက်မူကား ဤဒုစရိုက်မြို့သည် ကျိန်ခြင်းကိုခံရပြီး မနှစ်မြို့စရာ၊ ဖျက်ဆီးထိုက်သောမြို့၊ ဘုရားသခင်၏ မြင်ကွင်းမှ ပျောက်ကွယ်ထိုက်သောမြို့ ဖြစ်သော်လည်း ဖြောင့်မတ်သောသူတို့မူကား ဆက်လက်တည်ရှိသင့်ပေသည်။ မည်သည့်ခေတ်ကာလ ဖြစ်ပါစေ၊ လူသားမျိုးနွယ်၏ တိုးတက်မှု အဆင့်တို့ကို ပဓာနမပြု၊ ဘုရားသခင်၏ သဘောထားသည် မပြောင်းလဲပေ၊ သူသည် မကောင်းမှုကို မုန်းတီး၍ သူ၏အမြင်တွင် ဖြောင့်မတ်သောသူတို့ကို ဂရုစိုက်လေ၏။ ဘုရားသခင်၏ ရှင်းလင်းသော ဤသဘောထားမှာ ဘုရားသခင်၏ဖြစ်ခြင်းကို စစ်မှန်စွာ ထုတ်ဖော်ပြသခြင်းလည်း ဖြစ်သည်။ မြို့ထဲ၌ ဖြောင့်မတ်သူတစ်ဦးသာ ရှိခြင်းကြောင့် ဘုရားသခင်သည် ဆက်၍ ဆိုင်းငံ့ခြင်း မရှိတော့ပေ။ နောက်ဆုံးရလဒ်မှာ သောဒုံသည် ဖျက်ဆီးခြင်းကို ဧကန် ခံခဲ့ရလေသည်။ ဤအရာထဲမှ သင်တို့ မည်သည်ကို မြင်သနည်း။ ထိုခေတ်ကာလတွင် ဘုရားသခင်သည် မြို့တစ်မြို့၌ ဖြောင့်မတ်သူ အယောက်ငါးဆယ် ရှိခဲ့ပါက၊ ဆယ်ဦးရှိခဲ့ပါက ထိုမြို့ကို မဖျက်ဆီးပေ၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ့ကိုကြည်ညိုလေးမြတ်ပြီး ကိုးကွယ်နိုင်သည့် လူအနည်းငယ်ကြောင့် လူသားမျိုးနွယ်ကို ခွင့်လွှတ်ရန်နှင့် သည်းခံရန် ဆုံးဖြတ်လိမ့်မည် သို့မဟုတ် လမ်းပြခြင်းအမှုကို ပြုလိမ့်မည်ဟု ဆိုလိုသည်။ ဘုရားသခင်သည် လူ၏ ဖြောင့်မတ်သော အမှုများအပေါ် အလွန်စိတ်ချယုံကြည်သည်၊ သူ့ကို ကိုးကွယ်နိုင်သူများအပေါ် အလွန်စိတ်ချယုံကြည်ပြီး သူ့ရှေ့တွင် ကောင်းသောအမှုများကို လုပ်ဆောင်နိုင်သူများအပေါ် အလွန်စိတ်ချယုံကြည်သည်။

အစောဆုံး ကာလများမှစ၍ ယနေ့တိုင် တစ်စုံတစ်ဦးကို သမ္မာတရား သိစေခြင်း သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးအကြောင်း ပြောခြင်းကို ဘုရားသခင်၏ သမ္မာကျမ်းစာထဲ၌ သင်တို့ ဖတ်ရှုခဲ့ဖူးသလော။ မည်သည့်အခါမျှ မဖတ်ရှုခဲ့ရပါ။ ငါတို့ဖတ်ရှုသည့် လူ့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အား မည်သည့်အရာများကို လုပ်ရန်သာ ပြောသည်။ အချို့က သွား၍ လုပ်ဆောင်ခဲ့ကြသည်၊ အချို့က မလုပ်ခဲ့ကြပေ၊ အချို့က ယုံကြည်ခဲ့ကြပြီး အချို့က မယုံကြည်ခဲ့ကြပေ။ ရှိခဲ့သော အရာများမှာ ဤမျှသာ ဖြစ်သည်။ ထို့ကြောင့် ထိုခေတ်ကာလ၌ ဖြောင့်မတ်သောသူများမှာ ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်သောသူများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုကြား၍ ဘုရားသခင်၏ အမိန့်များကို လိုက်နာသောသူများသာ ဖြစ်သည်။ ၎င်းတို့သည် လူများအလယ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်သော အစေခံများ ဖြစ်ကြသည်။ ယင်းကဲ့သို့ လူများကို ဘုရားသခင်အား သိသောသူများဟူ၍ ခေါ်နိုင်သလော။ ၎င်းတို့ကို ဘုရားသခင်၏ စုံလင်စေခြင်းခံရသောသူများ ဖြစ်သည်ဟု ခေါ်နိုင်သလော။ ၎င်းတို့ကို ထိုသို့ မခေါ်နိုင်ပါ။ ထို့ကြောင့် ၎င်းတို့၏ အရေအတွက် မည်မျှဖြစ်ပါစေ ဘုရားသခင်၏ အမြင်တွင် ဤဖြောင့်မတ်သူများသည် ဘုရားသခင်၏ လူယုံများ ဖြစ်သည်ဟု ခေါ်ဝေါ်ခြင်းကို ခံထိုက်သလော။ ၎င်းတို့ကို ဘုရားသခင်၏ သက်သေခံများဟု ခေါ်နိုင်သလော။ လုံးဝ ခေါ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ လူယုံများနှင့် သက်သေခံများ ဖြစ်သည်ဟူ၍ ခေါ်ဝေါ်ခြင်းကို ဧကန်အမှန် မထိုက်တန်ခဲ့ကြပါ။ ထို့သို့ဆိုသော် ဘုရားသခင်သည် ယင်းလူများကို မည်သို့ခေါ်ခဲ့သနည်း။ သမ္မာကျမ်းစာထဲတွင် ငါတို့ များမကြာသေးမီက ဖတ်ရှုခဲ့သော ကျမ်းပိုဒ်များအထိ ဘုရားသခင်သည် ၎င်းတို့ကို "ငါ၏အစေခံ" ဟု ခေါ်သည့် ဖြစ်ရပ်များစွာ ရှိပေသည်။ တစ်နည်းအားဖြင့်ဆိုသော် ထိုအချိန်က ဘုရားသခင်၏ အမြင်တွင် ဤဖြောင့်မတ်သူတို့သည် ဘုရားသခင်၏ အစေခံများဖြစ်ခဲ့ကြပြီး၊ ၎င်းတို့သည် ကိုယ်တော့်ကို ကမ္ဘာမြေကြီးပေါ်တွင် အစေခံခဲ့သော လူများ ဖြစ်ကြသည်။ ထိုသို့ဆိုသော် ဘုရားသခင်သည် ဤအမည်နာမကို အဘယ်သို့ ထင်ခဲ့သနည်း။ သူသည် ၎င်းတို့ကို အဘယ်ကြောင့် ထိုသို့ ခေါ်ခဲ့သနည်း။ ဘုရားသခင်သည် လူတို့ကို သူခေါ်သည့်အလျောက် သူ၏ စိတ်နှလုံးထဲတွင် စံသတ်မှတ်ချက်များ ရှိသလော။ သူ၌ ဧကန်အမှန် ရှိပေသည်။ ဘုရားသခင်သည် လူတို့ကို ဖြောင့်မတ်သည်၊ စုံလင်သည်၊ တည်ကြည်သည် သို့မဟုတ် အစေခံဖြစ်သည်ဟု မည်သို့ပင် ခေါ်ပါစေ သူ၌ စံသတ်မှတ်များရှိသည်။ သူသည် တစ်စုံတစ်ဦးကို သူ၏အစေခံဟု ခေါ်သည့်အခါ ဤသူသည် သူ၏ တမန်တော်များကို လက်ခံနိုင်စွမ်းနှင့် သူ၏ အမိန့်များကို လိုက်နာနိုင်စွမ်းရှိပြီး တမန်တော်များမိန့်သည့် အရာတို့ကို လုပ်ဆောင်နိုင်သည်ဟု ခိုင်မာစွာ ယုံကြည်ခြင်းဖြစ်သည်။ ထို့အပြင် ဤသူသည် မည်သည့်အရာတို့ကို လုပ်ဆောင်သနည်း။ ကမ္ဘာမြေကြီးပေါ်၌ လုပ်ဆောင် ထမ်းရွက်ရန် လူသားတို့ကို မိန့်မြွက်ထားသော အရာတို့ကို လုပ်ဆောင်သည်။ ထိုအချိန်က ကမ္ဘာမြေကြီးပေါ်တွင် လူတို့ လုပ်ဆောင် ထမ်းရွက်ရန် ဘုရားသခင် စေခိုင်းသော အရာများသည် ဘုရားသခင်၏ နည်းလမ်းဖြစ်သည်ဟု ခေါ်နိုင်သလော။ မခေါ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ဘုရားသခင်သည် လူတို့ကို ရိုးရှင်းသော အမှုအရာ အနည်းငယ်တို့ကိုသာ စေခိုင်းခဲ့ခြင်းကြောင့် ဖြစ်သည်၊ သူသည် ရိုးရှင်းသော အမိန့်အနည်းငယ်ကို မိန့်မြွက်ခဲ့ကာ လူတို့ကို ဤအရာ သို့မဟုတ် ထိုအရာ လုပ်ရန်သာဆိုခြင်းဖြစ်ပြီး ထိုထက် မပိုခဲ့ပေ။ ဘုရားသခင်သည် သူ၏ အစီအစဉ်အတိုင်း လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က အခြေအနေများစွာတို့သည် ဖြစ်ပေါ်ခဲ့ခြင်း မရှိသေးခြင်း၊ အချိန် မကျသေးခြင်းနှင့် ဘုရားသခင်၏ နည်းလမ်းကို လူတို့ခံယူရန် ခက်ခဲခြင်းကြောင့် ဘုရားသခင်၏ နည်းလမ်းသည် ဘုရားသခင်၏ စိတ်နှလုံးထဲမှ ထွက်လာရန်ပင် အစမပြုရသေးချေ။ သုံးဆယ် ဖြစ်စေ နှစ်ဆယ် ဖြစ်စေ ဤနေရာတွင် ငါတို့မြင်ရသည့် ဘုရားသခင် ပြောခဲ့သော ဖြောင့်မတ်သောလူများကို သူသည် သူ၏ အစေခံများအဖြစ် မြင်ခဲ့သည်။ ဘုရားသခင်၏ တမန်တော်များ ဤအစေခံများထံ ရောက်လာသည့်အခါ ၎င်းတို့သည် တမန်တော်များကို လက်ခံကာ ၎င်းတို့၏ မိန့်ဆိုချက်များကို လိုက်နာပြီး ၎င်းတို့၏ စကားများအတိုင်း ပြုမူနိုင်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏အမြင်တွင် အစေခံများအနေဖြင့် လုပ်ဆောင်ပြီးစီးသင့်ပြီး ရသင့်သောအရာ အတိအကျပင် ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူတို့ကိုခေါ်သည့် သူ၏အမည်နာမများ၌ အမြော်အမြင်ရှိသည်။ သူသည် ၎င်းတို့ကို သူ၏အစေခံများဟု ခေါ်ခဲ့ခြင်းမှာ ၎င်းတို့သည် ယခု သင်တို့ကဲ့သို့ တရားဟောချက်များစွာကို ကြားနာခဲ့ရခြင်း၊ ဘုရားသခင်ပြုသော အမှုအရာကို သိခြင်း၊ ဘုရားသခင်၏အလိုကို များစွာသိနားလည်ခဲ့ခြင်းနှင့် သူ၏စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်သဘောပေါက်ခြင်းကြောင့် မဟုတ်ဘဲ ၎င်းတို့၏ လူ့သဘာဝမှာ ရိုးသားပြီး ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာနိုင်ခြင်းကြောင့် ဖြစ်သည်၊ ဘုရားသခင်သည် ၎င်းတို့ကို မိန့်သည့်အခါ ၎င်းတို့သည် ၎င်းတို့လုပ်နေသော အရာများကို ဘေးသို့ဖယ်ကာ ဘုရားသခင်မိန့်သော အရာတို့ကို လုပ်ဆောင်နိုင်ကြသည်။ ထိုအတွက်အကြောင့် ဘုရားသခင်အတွက် အစေခံဟူသော ဂုဏ်ပုဒ်၏[က] အခြားသော အဓိပ္ပာယ် အလွှာမှာ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်၌ သူ၏အလုပ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ၎င်းတို့သည် ဘုရားသခင်၏ တမန်တော်များ မဟုတ်ခဲ့ကြသော်လည်း ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတည်ပြုလုပ်ဆောင်သူများနှင့် အကောင်အထည်ဖော် လုပ်ဆောင်သူများ ဖြစ်ခဲ့ကြသည်ဟူ၍ ဖြစ်သည်။ ထို့နောက် ဤအစေခံများ သို့မဟုတ် ဖြောင့်မတ်သောလူများသည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် အလွန်အလေးသာသောသူ ဖြစ်ကြောင်း သင်တို့ မြင်ကြရသည်။ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင် စတင်မည့် အလုပ်သည် သူနှင့် ပူးပေါင်းလုပ်ဆောင်မည့် လူများ မရှိပါက ဖြစ်နိုင်ခဲ့မည် မဟုတ်ပေ၊ ထို့အပြင် ဘုရားသခင်၏အစေခံများ တာဝန်ယူလုပ်ဆောင်ခဲ့သော အခန်းကဏ္ဍကို ဘုရားသခင်၏ တမန်တော်များဖြင့် အစားထိုး၍ မရနိုင်ပေ။ ဤအစေခံများအပေါ် ဘုရားသခင် မိန့်တော်မူခဲ့သော အလုပ် တစ်ခုချင်းစီသည် သူ့အတွက် အလွန်အရေးကြီးသဖြင့် သူသည် ၎င်းတို့ကို လက်လွှတ်၍ မရနိုင်ခဲ့ပေ။ ဤအစေခံများသည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မရှိခဲ့ပါက လူသားမျိုးနွယ်အကြားရှိ သူ၏ အလုပ်သည် လုံးဝဥဿုံရပ်သွားခဲ့မည်ဖြစ်၍ ရလဒ်အနေဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဘုရားသခင်၏ မျှော်လင့်ချက်များသည် အချည်းနှီးဖြစ်ကုန်မည် ဖြစ်သည်။

ဘုရားသခင်သည် သူဂရုစိုက်သောသူများအပေါ် ကြွယ်ဝစွာသော ကရုဏာစိတ်ရှိ၍ သူရွံ့မုန်းပြီး ငြင်းပယ်သောသူများအပေါ် အပြင်းအထန် ဒေါသထွက်သည်

သမ္မာကျမ်းစာထဲမှ ဖြစ်စဉ်များတွင် သောဒုံမြို့၌ ဘုရားသခင်၏ အစေခံ ဆယ်ဦး ရှိခဲ့သလော။ မရှိခဲ့ပါ။ ထိုမြို့သည် ဘုရားသခင်၏ ချမ်းသာပေးခြင်းနှင့် ထိုက်တန်ခဲ့သလော။ မြို့ထဲမှ တစ်ဦးတည်းသောသူဖြစ်သည့် လောတသာ ဘုရားသခင်၏ တမန်တော်များကို လက်ခံကြိုဆိုခဲ့သည်။ ဤအရာ၏ သွယ်ဝှက်၍ ရည်ညွှန်းချက်မှာ ထိုမြို့ထဲ၌ ဘုရားသခင်၏ အစေခံတစ်ဦးသာ ရှိခဲ့ခြင်းကြောင့် ဘုရားသခင်သည် လောတကို ကယ်တင်ရန်နှင့် သောဒုံမြို့ကို ဖျက်ဆီးရန်မှတပါး အခြားရွေးချယ်စရာ မရှိဟူ၍ ဖြစ်သည်။ အာဗြဟံနှင့် ဘုရားသခင် အပြန်အလှန်ပြောဆိုသော ထိုစကားများမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ၎င်းတို့သည် အလွန်လေးနက်သောအရာ တစ်စုံတစ်ခုကို သရုပ်ဖော်ထားခြင်း ဖြစ်သည်၊ ဘုရားသခင်၏ လုပ်ရပ်များတွင် နိယာမများရှိပြီး ဆုံးဖြတ်ချက်တစ်ခု မချမီ သူသည် အချိန်ကြာမြင့်စွာ လေ့လာ၍ ချင့်ချိန်၏၊ အချိန်မတန်မီ သူသည် ဆုံးဖြတ်ချက်များကို ချမှတ်ခြင်းနှင့် ကောက်ချက်ချခြင်း တစ်စုံတစ်ရာကို လုံးဝပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက် လေးဆယ်၊ သုံးဆယ် သို့မဟုတ် နှစ်ဆယ် မရှိကြောင်းကို သိနှင့်နေခဲ့သောကြောင့် ထိုမြို့ကို ဖျက်ဆီးရန်ဖြစ်သော ဘုရားသခင်၏ ဆုံးဖြတ်ချက်မှာ အနည်းငယ်မျှပင် အတိမ်းအစောင်း မရှိကြောင်းကို အာဗြဟံနှင့် ဘုရားသခင် အပြန်အလှန်ပြောဆိုသော စကားများက ငါတို့ကို ဖော်ပြလျက်ရှိသည်။ ဆယ်ဦးမျှပင် မရှိခဲ့ပေ။ ထိုမြို့၌ ဖြောင့်မတ်သည့် တစ်ဦးတည်းသောသူမှာ လောတဖြစ်သည်။ သောဒုံ၌ ဖြစ်ခဲ့သမျှ အရာခပ်သိမ်းနှင့် ၎င်း၏ အခြေအနေများကို ဘုရားသခင် လေ့လာစောင့်ကြည့်ခဲ့ပြီး ၎င်းတို့ကို ဘုရားသခင်သည် မိမိ၏ လက်ဖမိုးကဲ့သို့ ကောင်းစွာသိကျွမ်းခဲ့ပေသည်။ ထို့ကြောင့် သူ၏ဆုံးဖြတ်ချက်မှာ မှားယွင်းခဲ့ခြင်း မရှိနိုင်ရာ။ မတူသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် နှိုင်းဆပါက လူသည် အလွန်ထုံထိုင်းသည်၊ မိုက်မဲပြီး ပညာမဲ့ကာ ရေရှည်ကို မမြင်တတ်ကြပေ။ ဤအရာကို အာဗြဟံနှင့် ဘုရားသခင် အပြန်အလှန်ပြောသော စကားများထဲတွင် ငါတို့ မြင်ရသည်။ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို အစအဦးမှ စတင်ကာ ယနေ့တိုင်အောင် ဖော်ပြလျက်ရှိသည်။ ဤနေရာတွင်လည်း ထိုနည်းလည်းကောင်း ငါတို့ မြင်သင့်သော ဘုရားသခင်၏ စိတ်သဘောထား ရှိပေသည်။ ဂဏန်းများမှာ ရိုးရှင်းပြီး မည်သည့်အရာကိုမျှ သရုပ်ပြခြင်း မရှိပါ၊ သို့သော်လည်း ဤနေရာတွင် အလွန်အရေးကြီးသော ဘုရားသခင်၏ စိတ်သဘောထား ဖော်ထုတ်ပြသမှုတစ်ခု ရှိသည်။ ဘုရားသခင်သည် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ကြောင့် မြို့ကိုဖျက်ဆီးလိမ့်မည် မဟုတ်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်၏ သနားခြင်းကရုဏာကြောင့် ဖြစ်သလော။ ၎င်းမှာ သူ၏ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းကြောင့် ဖြစ်သလော။ သင်တို့သည် ဘုရားသခင် စိတ်သဘောထား၏ ရှုထောင့်ကို မြင်ဖူးသလော။ ဖြောင့်မတ်သောသူ ဆယ်ဦးရှိခဲ့လျှင်ပင် ဘုရားသခင်သည် ထိုဖြောင့်မတ်သောလူ ဆယ်ဦးကြောင့် မြို့ကို ဖျက်ဆီးခဲ့လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သို့မဟုတ် ၎င်းသည် ဘုရားသခင်၏ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာ မဟုတ်လော။ ထိုဖြောင့်မတ်သောလူများအပေါ် ဘုရားသခင်၏ သနားခြင်းကရုဏာ၊ သည်းခံခြင်းနှင့် စိုးရိမ်ခြင်းကြောင့် ထိုမြို့ကို သူဖျက်ဆီးခဲ့လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သည်းခံခြင်းပင် ဖြစ်သည်။ ထို့အပြင် နောက်ဆုံးတွင် မည်သည့်ရလဒ်ကို ငါတို့မြင်ရသနည်း။ အာဗြဟံက "တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု" ဆိုသောအခါ ဘုရားသခင်က "ငါမဖျက်ဆီးဘဲနေမည်" ဟု ဆိုခဲ့သည်။ ထိုသို့ဆိုပြီးနောက် အာဗြဟံသည် ဆက်၍မပြောတော့ပေ၊ အဘယ်ကြောင့်ဆိုသော် သောဒုံ၌ သူရည်ညွှန်းသည့် ဖြောင့်မတ်သောသူ ဆယ်ဦးမရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး သူ၌ ဆက်၍ပြောစရာ မရှိတော့ပေ၊ ထို့အပြင် ထိုအချိန်က ဘုရားသခင်သည် သောဒုံကို ဖျက်ဆီးရန် ဆုံးဖြတ်ခဲ့ကြောင်းကို သူနားလည်ခဲ့ပေသည်။ ဤအရာတွင် ဘုရားသခင်၏ မည်သည့်စိတ်သဘောထားကို သင်တို့ မြင်ကြရသနည်း။ ဘုရားသခင်သည် မည်ကဲ့သို့ဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့သနည်း။ တစ်နည်းအားဖြင့်ဆိုသော် အကယ်၍ ဤမြို့၌ ဖြောင့်မတ်သောသူ ဆယ်ဦးမရှိခဲ့ပါက ဘုရားသခင်သည် ၎င်းကို တည်ရှိစေရန် အခွင့်ပေးမည် မဟုတ်ဘဲ ဖျက်ဆီးပစ်မည်မှာ ဧကန်အမှန်ပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမျက်ပင် မဟုတ်သလော။ ဤအမျက်သည် ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသလော။ ဤစိတ်သဘောထားသည် ဘုရားသခင်၏ သန့်ရှင်းသော သဘောသဘာဝကို ထုတ်ဖော်ပြသခြင်း ဖြစ်သလော။ ၎င်းမှာ လူတို့ ပြစ်မှား၍ မရသော ဘုရားသခင်၏ ဖြောင့်မတ်သော သဘောသဘာဝကို ထုတ်ဖော်ပြသခြင်း ဖြစ်သလော။ သောဒုံ၌ ဖြောင့်မတ်သောသူ ဆယ်ဦးပင် မရှိကြောင်း အတည်ပြုခဲ့ပြီးသည့်နောက်တွင် ဘုရားသခင်သည် ထိုမြို့ကို ဖျက်ဆီးရန်မှာ သေချာခဲ့ပြီး ထိုမြို့ထဲရှိ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြကာ ၎င်းတို့သည် အလွန် ညစ်ညူးပြီး ဖောက်ပြန်ခဲ့ကြခြင်းကြောင့် ၎င်းတို့ကို ပြင်းထန်စွာ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။

ငါတို့သည် ဤကျမ်းပိုဒ်များကို ဤနည်းဖြင့် အဘယ်ကြောင့် စိစစ်ခဲ့ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ရိုးရှင်းလှသည့် အနည်းငယ်သော ဤစာကြောင်းများသည် ဘုရားသခင်၏ ကြွယ်ဝသော သနားခြင်းကရုဏာနှင့် ပြင်းထန်သောအမျက် ပါဝင်သည့် စိတ်သဘောထားကို အပြည့်အဝ ဖော်ပြခြင်းကြောင့်ဖြစ်သည်။ ဖြောင့်မတ်သူတို့ကို တန်ဖိုးထား၍ ၎င်းတို့ကို သနာခြင်းကရုဏာ၊ သည်းခံခြင်းနှင့် စောင့်မခြင်း ရှိသည်နှင့် တစ်ပြိုင်နက်တည်း ဘုရားသခင်၏ စိတ်နှလုံးထဲ၌ သောဒုံမြို့ရှိ ဖောက်ပြန်ပျက်စီးကြသောသူ အားလုံးအပေါ် အလွန် စက်ဆုပ်ရွံရှာမှု တစ်ခု ရှိခဲ့သည်။ ဤသည်မှာ သို့မဟုတ် ၎င်းမှာ ကြွယ်ဝသော သနားခြင်းကရုဏာနှင့် ပြင်းထန်သော အမျက်ပင် ဖြစ်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် ထိုမြို့ကို မည်သည့်နည်းလမ်းဖြင့် ဖျက်ဆီးခဲ့သနည်း။ မီးဖြင့် ဖြစ်သည်။ ထို့အပြင် သူသည် မီးကို အသုံးပြု၍ အဘယ်ကြောင့် ဖျက်ဆီးခဲ့သနည်း။ မီးလောင်ကျွမ်းသော တစ်စုံတစ်ရာကို သင်မြင်သည့်အခါ သို့မဟုတ် တစ်စုံတစ်ခုကို သင်မီးရှို့မည့် အချိန်တွင် ၎င်းအပေါ် သင်၏ ခံစားချက်များမှာ အဘယ်နည်း။ ၎င်းကို သင်အဘယ်ကြောင့် မီးရှို့လိုသနည်း။ ၎င်းကို သင်ဆက်၍ အလိုမရှိဟူ၍လည်းကောင်း၊ ၎င်းကို သင်ဆက်၍ မမြင်လိုတော့ပေဟူ၍ ခံစားရသလော။ ၎င်းကို သင်စွန့်ပစ်လိုသလော။ ဘုရားသခင်သည် မီးကိုအသုံးပြုရခြင်း အကြောင်းမှာ စွန့်ပစ်ခြင်းနှင့် မုန်းတီးခြင်းကို ဆိုလိုခြင်းဖြစ်ပြီး သူသည် သောဒုံမြို့ကို ဆက်၍မမြင်လိုတော့ခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် သောဒုံမြို့ကို မီးဖြင့် လုံးလုံးလျားလျား ဖျက်ဆီးခဲ့သော စိတ်ခံစားချက် ဖြစ်သည်။ မီးကို အသုံးပြုခြင်းမှာ ဘုရားသခင်သည် မည်မျှအမျက်ထွက်ခဲ့ကြောင်းကို ပုံဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းသည် အမှန်တကယ်ပင် တည်ရှိသော်လည်း ဘုရားသခင်သည် သူ၏ အမျက်ကို လွှတ်သည့်အခါ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် ပြစ်မှားခြင်းကို သည်းခံမည် မဟုတ်သော ဘုရားသခင်၏ သဘောထားကိုလည်း လူတို့ကို ပြခြင်းပင် ဖြစ်သည်။ လူသည် ဘုရားသခင်၏ ပညတ်များကို နာခံနိုင်စွမ်း ပြည့်ဝပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူလုပ်ဆောင်သည့်အခါ လူအပေါ် ဘုရားသခင်၏ သနားခြင်းကရုဏာမှာ ကြွယ်ဝပေသည်၊ လူသည် ပျက်စီးခြင်း၊ အမုန်းတရားနှင့် ကိုယ်တော့်ကို ရန်လိုမှုတို့ဖြင့် ပြည့်နှက်သည့်အခါ ဘုရားသခင်သည် အကြီးအကျယ် အမျက်ထွက်လေ၏။ ထိုအခါ သူသည် မည်သည့် အတိုင်းအတာအထိ အကြီးအကျယ် အမျက်ထွက်သနည်း။ ဘုရားသခင်သည် လူတို့၏ အတိုက်အခံပြုခြင်းနှင့် မကောင်းမှု ဒုစရိုက်များကို မမြင်ရတော့သည့်တိုင်အောင်၊ ၎င်းတို့သည် သူ၏မြင်ကွင်းမှ မရှိတော့သည့်တိုင်အောင် သူ၏အမျက်သည် ဆက်၍ တည်လိမ့်မည်။ ထိုအခါမှသာ ဘုရားသခင်၏ အမျက်သည် ကွယ်ပျောက်လိမ့်မည်။ တစ်နည်းဆိုပါက မည်သည့် လူဖြစ်ပါစေ၊ အကယ်၍ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် ဝေးကွာလာပြီး ဘုရားသခင်ထံမှ ကျောခိုင်းသွား၍ မည်သည့်အခါမျှ ပြန်လာခြင်းမရှိပါက၊ ၎င်းတို့၏ ဓမ္ဓဓိဌာန်ကျသော လိုအင်များနှင့်စပ်လျဉ်းပါက မည်သို့ပင်ဖြစ်စေ အလုံးစုံသော ပုံပန်းရှိသည်ဖြစ်စေ၊ ဘုရားသခင်ကို ကိုးကွယ်ရန်နှင့် ၎င်းတို့၏ ကိုယ်ခန္ဓာ သို့မဟုတ် အတွေးအားဖြင့် နာခံလိုက်နာရန် ဆန္ဒရှိသည်ဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံမှ အဝေးသို့ လှည့်သွားပါက ဘုရားသခင်၏ အမျက်သည် မရပ်မနား ထုတ်လွှတ်မည် ဖြစ်သည်။ လူကို လုံလောက်သော အခွင့်အရေးများ ပေးပြီးနောက် ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို အလွန်အမင်း ထုတ်လွှတ်သည့်အခါ၊ ထုတ်လွှတ်ပြီးနောက် ပြန်ရုပ်သိမ်းခြင်း ရှိလိမ့်မည် မဟုတ်ဘဲ သူသည် ယင်းလူအပေါ် နောက်ထပ် သနားခြင်းကရုဏာနှင့် သည်းခံခြင်း မည်သည့်အခါတွင်မျှ ရှိတော့မည် မဟုတ်ပေ။ ဤသည်မှာ ပြစ်မှားခြင်းကို သည်းခံမည် မဟုတ်သော ဘုရားသခင်၏ စိတ်သဘောထား၏ ရှုထောင့်တစ်ခုဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်သည် မြို့တစ်မြို့ကို ဖျက်ဆီးမည်မှာ လူတို့အတွက် ဖြစ်ရိုးဖြစ်စဉ်ဟုထင်ရသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမြင်တွင် အပြစ်တရားနှင့် ပြည့်နှက်သော မြို့တစ်မြို့သည် တည်ရှိပြီး ဆက်လက် ကျန်ကြွင်းနိုင်ခြင်း မရှိသည့်အတွက်ကြောင့်၊ ၎င်းသည် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံသင့်သည်မှာ ကျိုးကြောင်းဆီလျော်သောကြောင့် ဖြစ်သည်။ သို့သော်လည်း သောဒုံမြို့ကို သူ၏ဖျက်ဆီးခြင်း မတိုင်မီနှင့် နောက်ပိုင်းတွင် ဖြစ်ခဲ့သော ထိုအထဲမှ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ငါတို့ မြင်ရပါသည်။ သူသည် ကြင်နာခြင်း၊ လှပခြင်းနှင့် ကောင်းခြင်းတို့နှင့် ပြည့်သောအရာများအပေါ်သည်းခံ၍ သနားခြင်းကရုဏာသက်ပေသည်၊ ဆိုးယုတ်ပြီး အပြစ်နှင့်ပြည့်ကာ ကောက်ကျစ်သော အရာများအပေါ် သူသည် အကြီးအကျယ် အမျက်ထွက်သဖြင့် သူ၏အမျက်မှာ မရပ်စဲနိုင်လောက်အောင်ပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အဓိကကျပြီး အရေးပါဆုံးသော ရှုထောင့်နှစ်ခုဖြစ်သည့် ကြွယ်ဝသော သနားခြင်းကရုဏာနှင့် ပြင်းထန်သော အမျက်ဖြစ်သည် သာမက ဘုရားသခင်သည် ၎င်းတို့ကို အစမှအဆုံး ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည်။ ဤနေရာရှိ သင်တို့ အများစုသည် ဘုရားသခင်၏ တစ်စုံတစ်ရာသော သနားခြင်းကရုဏာကို ခံစားခဲ့ဖူးကြသော်လည်း သင်တို့ထဲမှ အရေအတွက်အလွန်နည်းသော သူတို့သည် ဘုရားသခင်၏အမျက်ကို သတိပြုမိခဲ့ကြသည်။ ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို လူအယောက်တိုင်းထဲ၌ မြင်နိုင်ပေသည်၊ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် လူအယောက်တိုင်းအပေါ် သနားခြင်းကရုဏာ ကြွယ်ဝမူ၏။ သို့သော်လည်း ဘုရားသခင်သည် ယနေ့ ဤနေရာရှိ သင်တို့ထဲမှ လူပုဂ္ဂိုလ် တစ်စုံတစ်ဦး သို့မဟုတ် မည်သည့် အုပ်စုကိုမျှ အကြီးအကျယ် အမျက်ထွက်ခဲ့ခြင်းမှာ အလွန်ကြုံတောင့်ကြုံခဲဖြစ်သည် သို့မဟုတ် မည်သည့်အခါတွင်မျှ မရှိဟူ၍ ဆိုနိုင်ပါသည်။ စိတ်ကိုလျှော့လော့။ လူအယောက်တိုင်းသည် ဘုရားသခင်၏ အမျက်ကို အနှေးနှင့်အမြန် မြင်ကြရပြီး ခံစားကြရမည် ဖြစ်သော်လည်း ယခု အချိန်မတန်သေးပါ။ ထို့အပြင် ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် တစ်စုံတစ်ဦးအပေါ် အဆက်မပြတ် အမျက်ထွက်သည့်အခါ၊ တစ်နည်းအားဖြင့် သူသည် ၎င်းတို့အပေါ် သူ၏ပြင်းထန်သော အမျက်ကို ထုတ်လွှတ်သည့်အခါ၊ သူသည် ဤလူကို အလွန်မုန်းတီးပြီး ငြင်းပယ်ခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ သူသည် ၎င်းတို့၏ ဖြစ်တည်ခြင်းကို ရွံမုန်းကြောင်းနှင့် ၎င်းတို့၏ ဖြစ်တည်ခြင်းကို သည်းမခံနိုင်ကြောင်း ဆိုလိုခြင်း ဖြစ်သည်၊ ၎င်းတို့အပေါ် သူ၏အမျက် သင့်ရောက်သည့်အခါ ၎င်းတို့သည် ကွယ်ပျောက်သွားကြလိမ့်မည်။ ယနေ့တွင် ဘုရားသခင်၏ အမှုတော်သည် ထိုအဆင့်သို့ ရောက်ရှိသေးခြင်း မရှိသေးပေ။ ဘုရားသခင်သည် အပြင်းအထန် အမျက်ထွက်သည့်အခါ သင်တို့ထဲမှ မည်သူမျှ ခံရပ်နိုင်ကြလိမ့်မည် မဟုတ်။ ဤအချိန်တွင် ဘုရားသခင်သည် သင်တို့အားလုံးအပေါ် သနားခြင်းကရုဏာ ကြွယ်ဝခြင်းသာ ဖြစ်ကြောင်းနှင့် သင်တို့သည် သူ၏ပြင်းထန်သော အမျက်ကို မမြင်ကြသေးကြောင်းကို ထိုအခါ သင်တို့မြင်ကြရမည်။ အကယ်၍ ယုံကြည်လက်ခံခြင်း မရှိသေးသောသူများ ရှိပါက သင်တို့အပေါ်သို့ ဘုရားသခင်၏အမျက် သင့်ရောက်မည့်အကြောင်း သင်တို့ တောင်းခံနိုင်ပေသည်၊ ထိုအခါမှသာ သင်တို့သည် လူအပေါ် ဘုရားသခင်၏ အမျက်နှင့် သူ၏ ပြစ်မှား၍ မရသော စိတ်သဘောထား အမှန်တကယ် တည်ရှိခြင်း ရှိမရှိကို သင်တို့ ခံစားကောင်းခံစားရမည်။ သင်တို့ သတ္တိရှိသလော။

နောက်ဆုံးသော ကာလ၏ လူများသည် ဘုရားသခင်၏ အမျက်ကို သူ၏ နှုတ်ကပတ်တော်ထဲတွင်သာ မြင်ရပြီး ဘုရားသခင်၏ အမျက်ကို အကယ်စင်စစ် ခံစားရခြင်း မရှိပေ

ဤကျမ်းပိုဒ်များထဲတွင် မြင်ရသည့် ရှုထောင့်နှစ်ဖက်ဖြစ်သော ဘုရားသခင်၏ စိတ်သဘောထားသည် မိတ်သဟာယဖွဲ့ရန် ထိုက်တန်သလော။ ဤအဖြစ်အပျက်ကို ကြားပြီးနောက် သင်တို့၌ ဘုရားသခင်အကြောင်း အသစ်ပြုပြင်သော အသိတစ်ခု ရှိကြသလော။ မည်သည့် အသိ အမျိုးအစားနည်း။ ဖန်ဆင်းသည့် အချိန်မှစ၍ ယနေ့တိုင်အောင် မည်သည့်အုပ်စုမျှ ယခု နောက်ဆုံးသော အုပ်စုကဲ့သို့ ဘုရားသခင်၏ ကျေးဇူးတော် သို့မဟုတ် သနားခြင်းကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို များစွာခံစားခဲ့ရခြင်း မရှိဟု ဆိုနိုင်ပါသည်။ နောက်ဆုံးသော အဆင့်တွင် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်ပြီးစီး၍ သူ၏ အမှုကို ဘုန်းအာနုဘော်နှင့် အမျက်ဖြင့် လုပ်ဆောင်ပြီးစီးခဲ့သော်လည်း ဘုရားသခင်သည် သူ၏အမှု ပြီးမြောက်စေရန် နှုတ်ကပတ်တော်များကိုသာ အများအားဖြင့် အသုံးပြုခြင်း ဖြစ်သည်။ သူသည် နှုတ်ကပတ်တော်များကို အသုံးပြု၍ သွန်သင်ခြင်းနှင့် ရေလောင်းခြင်း၊ ထောက်ပံ့ခြင်းနှင့် ကျွေးမွေးခြင်းတို့ကို ပြုသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်၏ အမျက်သည် အမြဲတစေ ကွယ်ဝှက်ထားပြီး ဘုရားသခင်၏ အမျက်ပြင်းသော စိတ်သဘောထားကို သူ၏ နှုတ်ကပတ်တော်များထဲတွင် တွေ့ကြုံရသည်မှလွဲ၍ အနည်းငယ်သော လူများသည် သူ၏အမျက်ကို ကိုယ်တိုင် ခံစားခဲ့ရခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို ဘုရားသခင် ပြုနေစဉ်ကာလအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ထုတ်ဖော်ထားသော အမျက်သည် လူတို့အား ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် ပြစ်မှားမှု သည်းမခံခြင်းတို့ကို ခံစားစေသော်လည်း ဤအမျက်သည် သူ၏ နှုတ်ကပတ်တော်များထက် ကျော်လွန်ခြင်း မရှိပေ။ အခြားနည်းဖြင့်ဆိုသော် ဘုရားသခင်သည် နှုတ်ကပတ်တော်များကို အသုံးပြု၍ လူကို ပြစ်တင်ခြင်း၊ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် လူကို ပြစ်တင်ဝေဖန်ခြင်းပင် ပြုသော်လည်း ဘုရားသခင်သည် လူအပေါ် အပြင်းအထန် အမျက်ထွက်ခြင်း မရှိသေးသည့်အပြင် သူ၏ နှုတ်ကပတ်တော်များမှအပ လူအပေါ် သူ၏အမျက်ကို လွှတ်ရုံမျှပင် မရှိသေးချေ။ ထို့ကြောင့် ဤ ခေတ်ကာလ၌ လူခံစားရသော ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းသည် ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားကို ထုတ်ဖော်ပြသခြင်းဖြစ်ပြီး လူခံစားရသော ဘုရားသခင်၏ အမျက်တော်သည် သူ၏ မိန့်မြွက်ချက်များ၏ သဘောလက္ခဏာနှင့် အထိအတွေ့ သက်ရောက်မှုမျှသာ ဖြစ်သည်။ ဤသက်ရောက်မှုကို လူများစွာတို့က စစ်မှန်သော တွေ့ကြုံခံစားမှုနှင့် ဘုရားသခင်၏ အမျက်အကြောင်း စစ်မှန်စွာ သိခြင်းအဖြစ် တလွဲယူတတ်ကြသည်။ အကျိုးဆက်အနေဖြင့် လူအများစုတို့က ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို မြင်ခဲ့ဖူးကြောင်း၊ လူ၏ပြစ်မှားခြင်းအပေါ် ဘုရားသခင်၏ သည်းမခံခြင်းကိုလည်း ရှုမြင်ခဲ့ဖူးကြောင်း ယုံကြည်ကြပြီး ၎င်းတို့ထဲမှ အများစုသည် လူအပေါ် ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းကို ကျေးဇူးပင်တင်လာခဲ့ကြသည်။ သို့သော်လည်း လူ၏အပြုအမူ မည်မျှ မကောင်းပါစေ၊ သူ၏ စိတ်သဘောထား မည်မျှ ဖောက်ပြန်ပျက်စီးပါစေ၊ ဘုရားသခင်သည် အစဉ်သည်းခံမူခဲ့သည်။ သည်းခံမူရာ၌ သူ၏ရည်မှန်းချက်မှာ သူပြောခဲ့သော နှုတ်ကပတ်တော်များ၊ သူစိုက်ထုတ်ခဲ့သော လုံ့လများနှင့် သူပေးခဲ့သော အဖိုးအခများသည် သူရလိုသော သူများထဲ၌ သက်ရောက်မှု တစ်ခုရှိစေရန် စောင့်ဆိုင်းခြင်းဖြစ်သည်။ ဤကဲ့သို့သော ရလဒ်တစ်ခုကို စောင့်ဆိုင်းခြင်းမှာ အချိန်ကြာမြင့်ပြီး လူအတွက် မတူညီသော ပတ်ဝန်ကျင်များကို ဖန်ဆင်းပေးရန် လိုအပ်သည်၊ လူတို့သည် ၎င်းတို့ မွေးမွေးချင်း အရွယ်ရောက်လူကြီးများ မဖြစ်ကြသည့် နည်းအတိုင်းပင် ဖြစ်သည်၊ အရွယ်ရောက်ရန် တစ်ဆယ့်ရှစ် သို့မဟုတ် တစ်ဆယ့်ကိုးနှစ်ကြာပြီး လူအချို့တို့သည် အမှန်တကယ် အရွယ်ရောက်သောလူကြီး တစ်ဦးအဖြစ် ၎င်းတို့ မရင့်ကျက်မီ အနှစ် နှစ်ဆယ် သို့မဟုတ် သုံးဆယ် အချိန်ကိုပင် လိုအပ်ကြသည်။ ဘုရားသခင်သည် ဤလုပ်ငန်းစဉ် ပြီးစီးရန်၊ ယင်းကဲ့သို့သော အချိန်တစ်ချိန် ရောက်လာရန်နှင့် ဤရလဒ် ရောက်ရှိလာရန် စောင့်ဆိုင်းသည်။ ထို့အပြင် ဘုရားသခင်သည် သူစောင့်ဆိုင်းသည့် အချိန်တစ်လျှောက်တွင် သနားခြင်းကရုဏာ ကြွယ်ဝပေသည်။ ဘုရားသခင် အလုပ်လုပ်နေစဉ် ကာလအတောအတွင်း အရေအတွက် နည်းလွန်းသော လူများသည် ဒဏ်ခတ်ခြင်းကို ခံရပြီး အချို့တို့သည် ဘုရားသခင်ကို ၎င်းတို့ အလွန်တရာ ဆန့်ကျင်ကြခြင်းကြောင့် ပြစ်ဒဏ်ခတ်ခံရကြသည်။ ယင်းဥပမာများသည် လူ၏ပြစ်မှားခြင်းကို သည်းမခံသော ဘုရားသခင်၏ စိတ်သဘောထား၏ ပို၍ပင် ကြီးမားသော သက်သေဖြစ်ပြီး ရွေးချယ်ထားသောသူများအပေါ် ဘုရားသခင်၏ သည်းခံမူခြင်းနှင့် ခံနိုင်ရည်သည် အမှန်ပင် တည်ရှိကြောင်းကို အပြည့်အဝ အတည်ပြုခြင်း ဖြစ်သည်။ ဤဖြစ်ရိုးဖြစ်စဉ် ဥပမာများတွင် ဤလူများထဲ၌ ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသကို ထုတ်ဖော်ပြသခြင်းမှာ ဘုရားသခင်၏ ယေဘုယျ စီမံခန့်ခွဲမှု အစီအစဉ်ကို ထိခိုက်စေခြင်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ အမှန်အားဖြင့် ဤနောက်ဆုံးသော အဆင့်ဖြစ်သည့် ဘုရားသခင်၏အမှုတော်တွင် ဘုရားသခင်သည် သူစောင့်ဆိုင်းနေခဲ့သော ကာလတစ်လျှောက်လုံး သည်းခံမူခဲ့ပြီး သူ့နောက် လိုက်သောသူများအား ကယ်တင်ခြင်းကို သူ၏ သည်းခံနိုင်ရည်နှင့် သူ၏ အသက်ဖြင့် သူအလဲအလှယ်ပြုခဲ့ခြင်း ဖြစ်သည်။ ဤအရာကို သင်တို့ မြင်သလော။ ဘုရားသခင်သည် သူ၏ အစီအစဉ်ကို အကြောင်းရင်း မရှိဘဲ ကမောက်ကမ ဖြစ်စေမည် မဟုတ်ပေ။ သူသည် သူ၏အမျက်ကို ထုတ်လွှတ်နိုင်ပြီး သူသည် သနားခြင်းကရုဏာဖြင့်လည်း ပြည့်စုံနိုင်ပေသည်၊ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အဓိက အပိုင်းနှစ်ပိုင်းကို ထုတ်ဖော်ပြသခြင်းပင်ဖြစ်သည်။ ဤအရာ သို့မဟုတ် ၎င်းမှာ အလွန် မရှင်းလင်းသလော။ အခြားနည်းဖြင့်ဆိုသော် ဘုရားသခင်နှင့် ပတ်သက်လာပါက အမှန် အမှား၊ တရားမျှတခြင်းနှင့် မတရားခြင်း၊ အကောင်းနှင့် အဆိုးစသဖြင့် အားလုံးကို လူတို့အား ရှင်းရှင်းလင်းလင်း ပြခဲ့ပြီး ဖြစ်သည်။ မည်သည့် အမှုကို သူပြုမည်၊ မည်သည့်အရာကို သူကြိုက်သည်၊ မုန်းသည်စသဖြင့် ဤအရာ အားလုံးသည် သူ၏စိတ်သဘောထားထဲတွင် တိုက်ရိုက် ထပ်ဟပ်နိုင်ပါသည်။ ယင်းအရာများကို ဘုရားသခင်၏ အမှုတော်ထဲတွင်လည်း သိသာထင်ရှားစွာနှင့် ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ၎င်းတို့မှာ မရေရာခြင်း သို့မဟုတ် ယေဘုယျဖြစ်ခြင်း မရှိသည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူအပေါင်းတို့အား တိတိကျကျ၊ မှန်မှန်ကန်ကန်နှင့် လက်တွေ့ကျကျ ရှုမြင်စေပါသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်။

ဘုရားသခင်၏ စိတ်သဘောထားကို လူတို့အား မမြင်စေရန် မည်သည့်အခါကမျှ ဖုံးကွယ်ခဲ့ခြင်း မရှိ၊ လူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ လမ်းလွဲခဲ့လေပြီ

အကယ်၍ ဤအရာများအကြောင်းကို ငါမိတ်သဟာယဖွဲ့ခြင်း မရှိခဲ့ပါက သင်တို့ တစ်ဦးတစ်ယောက်မျှ သမ္မာကျမ်းစာပါ ဖြစ်ရပ်များထဲမှ ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားကို ရှုမြင်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အဖြစ်မှန်ပင် ဖြစ်သည်။ ၎င်းမှာ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းစာလာ ဤဖြစ်ရပ်များသည် ဘုရားသခင်ပြုခဲ့သော အမှုအရာ အချို့တို့ကို မှတ်တမ်းတင်ခဲ့သော်လည်း၊ ဘုရားသခင်သည် နှုတ်ကပတ်တော် အနည်းငယ်ကို မိန့်ခဲ့ခြင်းဖြစ်ပြီး သူ၏ စိတ်သဘောထားကို တိုက်ရိုက် မိတ်ဆက်ပေးခြင်း သို့မဟုတ် လူအား သူ၏အလိုကို ပွင့်လင်းစွာ ထုတ်ပြခြင်း မရှိခဲ့သောကြောင့်ဖြစ်သည်။ နောက်မျိုးဆက်များသည် ဤမှတ်တမ်းများကို ပုံပြင်များထက် ပို၍ သဘောမထားကြသဖြင့် ဘုရားသခင်သည် လူမမြင်စေရန် သူ့ကိုယ်သူ ပုန်းကွယ်သည်ဟု ထင်ရသည်၊ လူမမြင်စေရန် ပုန်းကွယ်သည်မှာ ဘုရားသခင်၏ ပုဂ္ဂိုလ် မဟုတ်ဘဲ သူ၏ စိတ်သဘောထားနှင့် အလိုဖြစ်သည်။ ယနေ့ ငါနှင့် မိသဟာယဖွဲ့ပြီးနောက် ဘုရားသခင်သည် လူမမြင်စေရန် လုံးလုံးလျားလျား ပုန်းကွယ်နေသည်ဟု သင်တို့ ဆက်၍ ခံစားကြရသလော။ ဘုရားသခင်၏ စိတ်သဘောထားကို လူမမြင်စေရန် ဖုံးကွယ်ထားသည်ဟု သင်တို့ ဆက်၍ ယုံကြည်ကြသလော။

ဘုရားသခင်၏ စိတ်သဘောထားသည် ဖန်ဆင်းသည့် အချိန်ကတည်းက သူ၏အမှုနှင့် တစ်ထပ်တည်း ရှိနေခဲ့သည်။ ၎င်းကို လူမမြင်စေရန် မည်သည့်အခါမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ လူသိရှင်ကြား အပြည့်အဝ ကြေငြာခဲ့ပြီး လူကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အချိန်ကုန်လွန်လာသည်နှင့်အမျှ လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ပို၍ဝေးကွာလာပြီး လူ၏ ဖောက်ပြန်ပျက်စီးခြင်းသည် ပို၍ နက်ရှိုင်းလာသဖြင့် လူနှင့် ဘုရားသခင်သည် ပို၍ ပို၍ အလှမ်းဝေးလာခဲ့သည်။ လူသည် ဘုရားသခင်၏ မျက်စိအောက်မှ တဖြည်းဖြည်းချင်း ဖြစ်သော်လည်း ဧကန် ပျောက်ကွယ်ခဲ့လေသည်။ လူသည် ဘုရားသခင်ကို "မြင်" နိုင်စွမ်းမရှိ ဖြစ်လာကာ ယင်းက ဘုရားသခင်ထံမှ "သတင်း" တစ်စုံတစ်ရာမျှ မရသည့်အဖြစ်သို့ ရောက်စေခဲ့သည်၊ ထို့ကြောင့် သူသည် ဘုရားသခင် ရှိမရှိ မသိဘဲ ဘုရားသခင်၏ တည်ရှိခြင်းကို လုံးလုံးလျားလျား ငြင်းပယ်သည့်တိုင်အောင် တစ်ဖက်စွန်းရောက်သည်အထိ ဖြစ်လေသည်။ အကျိုးဆက်အနေဖြင့် လူသည် ဘုရားသခင်၏ စိတ်သဘောနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို နားမလည်ခြင်းမှာ ဘုရားသခင်သည် လူမမြင်စေရန် ပုန်းကွယ်နေခြင်းကြောင့် မဟုတ်ဘဲ သူ၏ စိတ်နှလုံးမှာ ဘုရားသခင်ကို ကျောခိုင်းသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ လူသည် ဘုရားသခင်ကို ယုံကြည်သော်လည်း လူ၏ စိတ်နှလုံး၌ ဘုရားသခင် မရှိပေ၊ ထို့အပြင် သူသည် ဘုရားသခင်ကို အဘယ်သို့ ချစ်ရမည်ကို မသိနားမလည်သည့်အပြင် ဘုရားသခင်ကို မချစ်လိုပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံပါးသို့ ဆွဲခေါ်ခြင်း မရှိသည့်အပြင် သူသည် ဘုရားသခင်ကို အမြဲ ရှောင်တိမ်းခြင်းကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးကွာလေ၏။ ထိုသို့ဆိုသော် သူ၏ စိတ်နှလုံးသည် မည်သည့်နေရာ၌ ရှိသနည်း။ အကယ်စင်စစ် လူ၏စိတ်နှလုံးမှာ မည်သည့်နေရာကိုမျှ ရောက်သွားခြင်း မရှိပါ၊ ၎င်းကို ဘုရားသခင်အား ပေးမည့်အစား သို့မဟုတ် ဘုရားသခင် မြင်စေရန် ၎င်းကို ထုတ်ဖော်ရမည့်အစား သူသည် ၎င်းကို သူကိုယ်တိုင်အတွက် သိမ်းထားခဲ့ခြင်း ဖြစ်သည်။ အချို့တို့က "အို ဘုရားသခင်၊ ကျွန်ုပ်၏ စိတ်နှလုံးကို ကြည့်တော်မူပါ၊ ကျွန်ုပ်တွေးသော အရာမှန်သမျှကို ကိုယ်တော် သိပါ၏၊" ဟု မကြာခဏ ဆုတောင်းကာ ဆိုတတ်ကြပြီး အချို့တို့ကမူ အကယ်၍ ၎င်းတို့၏ ကျမ်းသစ္စာကို ၎င်းတို့ ချိုးဖောက်မိပါက အပြစ်ဒဏ်ခတ်ခြင်းကို ခံရကောင်း ခံရရန် ၎င်းတို့အပေါ် ဘုရားသခင် ကြည့်စေရန် ကျိန်ဆိုခြင်းကိုပင် ပြုကြသည်။ လူသည် ဘုရားသခင်ကို သူ၏ စိတ်နှလုံးအတွင်းသို့ ကြည့်ရန် အခွင့်ပေးသော်လည်း ဤအရာမှာ သူသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံနိုင်စွမ်း ရှိကြောင်း ဆိုလိုခြင်း မဟုတ်သည့်အပြင် သူသည် သူ၏ ကံကြမ္မာနှင့် တက်လမ်းများနှင့် သူ၏ ဖြစ်တည်သမျှကို ဘုရားသခင်၏ ထိန်းချုပ်မှုအောက်၌ ထားရှိခဲ့ပြီဟု ဆိုလိုခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ထံ သင်မည်သည့် ကျမ်းသစ္စာများကို ပြုသည်ဖြစ်စေ သို့မဟုတ် သူ့ထံ မည်သည့်အရာကို ကြွေးကြော်သည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် သင်၏စိတ်နှလုံးသည် သူနှင့် နီးကပ်လျက်ရှိသေးသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ကြည့်ရန်သာ ခွင့်ပြုသော်လည်း ၎င်းကို ထိန်းချုပ်ရန်အတွက် သူ့အား အခွင့်မပေးခြင်းကြောင့် ဖြစ်သည်။ တစ်နည်းဆိုသော် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်း လုံးဝမရှိသေးသည့်အပြင် ဘုရားသခင် နားထောင်ရန် ကြားကောင်းသော စကားများကိုသာ ပြောလျက်နေသည်၊ သင်၏ လှည့်စားတတ်သော ရည်ရွယ်ချက် အမျိုးမျိုး၊ သင်၏ တိတ်တိတ်ပုန်းအကြံများ၊ လျှို့ဝှက်ကြံစည်ခြင်းနှင့် အစီအစဉ်များနှင့်တကွ ဘုရားသခင် မမြင်စေရန် သင်ပုန်းကွယ်နေစဉ်၊ သင်သည် သင်၏ တက်လမ်းများနှင့် သင်၏ လက်ထဲ၌ ဆုပ်ကိုင်ထား၍ ၎င်းတို့အား ဘုရားသခင် နုတ်ယူသွားမည်ကို အလွန့်အလွန် စိုးရိမ်လျက်ရှိသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အား လူ၏ ရိုးသားမှုကို မည်သည့်အခါမျှ မမြင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူ၏ စိတ်နှလုံး၏ အတိမ်အနက်ကို ဧကန်အမှန် စောင့်ကြည့်ပြီး လူစဉ်းစားနေသော အရာများနှင့် သူ၏စိတ်နှလုံးထဲ၌ ပြုလိုသော အရာများကို မြင်၍ သူ၏ စိတ်နှလုံးအတွင်း မည်သည့် အရာများကို ဝှက်ထားကြောင်းကို မြင်သော်လည်း၊ လူ၏ စိတ်နှလုံးကို ဘုရားသခင် မပိုင်ဆိုင်ပေ၊ သူသည် ၎င်းကို ဘုရားသခင်၏ ထိန်းချုပ်မှုသို့ မပေးအပ်ရသေးချေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် စောင့်ကြည့်ရန် အခွင့်အရေး ရှိသော်လည်း သူ၌ ထိန်းချုပ်ရန် အခွင့်အရေး မရှိပါ။ လူ၏ ဓမ္မဓိဌာန်ကျသော အသိဉာဏ်ထဲတွင် လူသည် သူ့ကိုယ်သူ ဘုရားသခင်၏ သနားခြင်းကရုဏာကို ခံလိုခြင်း သို့မဟုတ် ခံရန် ရည်ရွယ်ခြင်း မရှိပေ။ လူသည် ဘုရားသခင်ထံ မိမိကိုယ်ကို ကင်းကွာစေခဲ့သည် သာမက မှားယွင်းသော သဘောထားကို ဖန်တီးရန်နှင့် ဘုရားသခင်၏ ယုံကြည်မှုကို ရရန် ပြေပြစ်သော စကားနှင့် မြှောက်လုံးပင့်လုံးကို အသုံးပြုကာ မိမိတို့၏ စိတ်နှလုံးများကို ပတ်စည်းထားရန် နည်းလမ်းများကို စဉ်းစားသော လူများပင် ရှိကြပြီး ၎င်းတို့၏ သရုပ်အမှန်ကို ဘုရားသခင် မမြင်စေရန် ဖုံးကွယ်ထားလျက်ရှိကြသည်။ ဘုရားသခင် မမြင်စေရန် အခွင့်မပေးရာ၌ ၎င်းတို့၏ ရည်မှန်းချက်မှာ ၎င်းတို့သည် အမှန်အားဖြင့် မည်ကဲ့သို့ ဖြစ်ကြကြောင်းကို ဘုရားသခင် သတိမူမိခြင်း မရှိစေရန် အခွင့်မပေးခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား မပေးလိုကြဘဲ ၎င်းတို့ကိုယ်တိုင် သိမ်းထားလိုကြသည်။ ဤအရာ၌ ဝှက်ထားသော အဓိပ္ပာယ်မှာ လူပြုသောအရာနှင့် သူအလိုရှိသော အရာအားလုံးမှာ စီစဉ်၊ တွက်ချက်ပြီး လူကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်၊ သူသည် ဘုရားသခင် ပါဝင်ခြင်း သို့မဟုတ် ကြားဝင်ခြင်းကို မလိုအပ်ပေ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များဆိုပါက ပို၍ပင် မလိုအပ်ချေ။ ထို့ကြောင့် ဘုရားသခင်၏ ပညတ်များ၊ သူ၏ တာဝန်ပေးစေခိုင်းချက် သို့မဟုတ် လူအပေါ် ဘုရားသခင် သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့် ပတ်သက်၍ဖြစ်စေ၊ လူ၏ဆုံးဖြတ်ချက်များသည် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် စိတ်ဝင်စားမှုများ၊ ထိုစဉ်အချိန်က သူ၏ ကိုယ်ပိုင်အနေအထားနှင့် အခြေအနေများအပေါ် မူတည်ခြင်း ဖြစ်သည်။ လူသည် သူရင်းနှီးကျွမ်းဝင်သော အသိနှင့် ထိုးထွင်းအမြင်များ၊ သူ၏ ကိုယ်ပိုင် အသိဉာဏ်ကို အမြဲတစေ အသုံးပြု၍ လူလိုက်လျှောက်သင့်သော လမ်းကြောင်းကို စီရင်ရွေးချယ်ပြီး ဘုရားသခင်၏ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို အခွင့်မပေးပါ။ ဤသည်မှာ ဘုရားသခင် မြင်သော လူ၏ စိတ်နှလုံးပင် ဖြစ်သည်။

ကနဦးအချိန်မှ ယနေ့တိုင်အောင် လူသာလျှင် ဘုရားသခင်နှင့် စကားပြောဆိုနိုင်စွမ်း ရှိခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ သက်ရှိအရာများနှင့် သတ္တဝါ အားလုံးအကြားတွင် လူသာလျှင် ဘုရားသခင်နှင့် စကားပြောနိုင်စွမ်း ရှိခဲ့သည်။ လူ၌ သူ့ကို ကြားစေနိုင်သော နားများရှိပြီး သူ့ကို မြင်စေသော မျက်လုံးများ ရှိသည်၊ သူ၌ ဘာသာစကားရှိပြီး သူ၏ ကိုယ်ပိုင် အတွေးအခေါ်များနှင့် လွတ်လပ်သော စိတ်သဘောရှိသည်။ သူသည် ဘုရားသခင်စကားပြောခြင်းကိုကြားရန်၊ ဘုရားသခင်၏အလိုကို နားလည်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်အတွက် လိုအပ်သမျှကို ပိုင်ဆိုင်သဖြင့် ဘုရားသခင်သည် သူ၏အလိုအားလုံးကို လူအပေါ် ပေးအပ်၍ လူကို သူနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပြီး သူနှင့် လျှောက်လှမ်းနိုင်သော အဖော်တစ်ဦး ဖြစ်စေလိုသည်။ ဘုရားသခင်သည် စီမံခန့်ခွဲရန် စတင်ခဲ့ခြင်းကြောင့် လူသည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေး၍ သန့်စင်စေပြီး ပြည့်စုံစေဖို့ အခွင့်ပေးရန်၊ ဘုရားသခင် ကျေနပ်စေသောသူနှင့် ဘုရားသခင် ချစ်သောသူ ဖြစ်စေရန်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူ ဖြစ်စေရန်နှင့် ဒုစရိုက်ကိုရှောင်ရန် ဘုရားသခင် စောင့်ဆိုင်လျက်နေခဲ့သည်။ ဘုရားသခင်သည် ဤရလဒ်ကို အစဉ် မျှော်လင့်ကာ စောင့်ဆိုင်းနေခဲ့သည်။ သမ္မာကျမ်းစာ၏ မှတ်တမ်းများထဲတွင် ယင်းကဲ့သို့သော လူတစ်စုံတစ်ဦး ရှိသလော။ တစ်နည်းအားဖြင့်ဆိုသော် သမ္မာကျမ်းစာထဲတွင် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်စွမ်းရှိသောသူ တစ်စုံတစ်ဦး ရှိသလော။ ဤခေတ်ကာလမတိုင်မီ သာဓက တစ်စုံတစ်ခု ရှိသလော။ ယနေ့တွင် သမ္မာကျမ်းစာထဲမှ အဖြစ်အပျက်များကို ငါတို့ ဆက်၍ ဖတ်ရှုကာ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့် ယောဘ ပြုခဲ့သော အရာသည် ငါတို့ ယနေ့ ပြောကြမည့် "ဘုရားသခင်အား သင်၏ စိတ်နှလုံးကို ပေးလော့" ဟူသော ခေါင်းစဉ်နှင့် ဆက်နွှယ်မှု တစ်စုံတစ်ရာ ရှိမရှိ ကြည့်ကြပါစို့။ ယောဘသည် ဘုရားသခင်ကို ကျေနပ်စေခဲ့ခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းကို ခံခဲ့ရခြင်း ရှိ မရှိ ကြည့်ကြပါစို့။

ယောဘအပေါ် သင်တို့၏ ထင်မြင်ချက်မှာ အဘယ်နည်း။ မူရင်း သမ္မာကျမ်းကို တိုက်ရိုက်ကိုးကားပါက ယောဘသည် "ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားခဲ့သည်" ဟု လူအချို့က ဆိုကြသည်။ "ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားခဲ့သည်"၊ ၎င်းမှာ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ခဲ့သော ယောဘအပေါ် မူရင်း အကဲဖြတ်ချက် ဖြစ်သည်။ အကယ်၍ သင်တို့၏ ကိုယ်ပိုင် စကားလုံးများကို အသုံးပြုမည်ဆိုပါက ယောဘကို သင်တို့ မည်ကဲ့သို့ သရုပ်ဖော်မည်နည်း။ လူအချို့က ယောဘသည် လက်တွေ့ဆန်ပြီး ကောင်းသောသူတစ်ဦး ဖြစ်သည်ဟု ဆိုကြသည်၊ အချို့က သူသည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ရှိခဲ့သည်ဟု ဆိုကြသည်၊ အချို့က ယောဘသည် ဖြောင့်မတ်ပြီး လူသားဆန်သော လူတစ်ဦး ဖြစ်ခဲ့သည်ဟု ဆိုကြသည်။ သင်တို့သည် ယောဘ၏ ယုံကြည်ခြင်းကို မြင်ခဲ့ကြသည်၊ တစ်နည်းအားဖြင့်ဆိုသော် သင်တို့၏ စိတ်နှလုံးများထဲတွင် ယောဘ၏ ယုံကြည်ခြင်းအပေါ် အလွန်အရေးထားပြီး မနာလိုဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် ယောဘအပေါ် ယင်းကဲ့သို့ ကျေနပ်အားရခြင်းမှာ သူ၌ မည်သည့်အရာများ ပိုင်ဆိုင်ခြင်းကြောင့် ဖြစ်သည်ကို ယနေ့ ကြည့်ကြပါစို့။ ဆက်လက်၍ အောက်ပါ သမ္မာကျမ်းပိုဒ်များကို ဖတ်ကြပါစို့။

ဂ။ ယောဘ

၁။ သမ္မာကျမ်းစာထဲမှ ယောဘအပေါ် ဘုရားသခင် စုံစမ်းခြင်းများ

ယောဘ ၁:၁ ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။

ယောဘ ၁:၅ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘ အောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။

ယောဘ ၁:၈ ထာဝရဘုရားကလည်း၊ ငါ့ကျွန် ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။

ဤကျမ်းပိုဒ်များထဲတွင် သင်တို့မြင်ရသော အဓိကအချက်မှာ အဘယ်နည်း။ အကြမ်းဖျင်းဖြစ်သော ဤကျမ်းပိုဒ် သုံးပိုဒ်မှာ ယောဘနှင့်ဆက်စပ်သည်။ ထိုကျမ်းပိုဒ်များသည် တိုတောင်းသော်လည်း သူသည် မည်ကဲ့သို့ လူအမျိုးအစား ဖြစ်ကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ထိုကျမ်းပိုဒ်များသည် ယောဘ၏ နေ့စဉ်အပြုအမူနှင့် သူ၏လုပ်ဆောင်ပုံကို သရုပ်ဖော်ခြင်းအားဖြင့် ယောဘအပေါ် ဘုရားသခင်၏ စုံစမ်းခြင်းများမှာ အခြေအမြစ်မဲ့ခြင်း မဟုတ်ဘဲ အခြေအမြစ် ရှိကြောင်းကို အယောက်တိုင်းအား ပြောလျက်နေသည်။ ယောဘကို လူ၏ချီးမွမ်းခြင်း (ယောဘ ၁:၁) ဖြစ်စေ၊ သို့မဟုတ် သူ့ကို ဘုရားသခင် ချီးမွမ်းခြင်း (ယောဘ ၁:၈) ဖြစ်စေ၊ နှစ်ခုစလုံးသည် ဘုရားသခင်နှင့် လူ၏ ရှေ့၌ ယောဘ၏ အကျင့်များ၏ ရလဒ်ပင် ဖြစ်ကြောင်း (ယောဘ ၁:၅) ထိုကျမ်းပိုဒ်များက ငါတို့ကို ပြောခြင်းဖြစ်သည်။

ပထမဦးဆုံး ကျမ်းပိုဒ် နံပါတ်တစ်ကို ဖတ်ကြပါစို့ "ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။" သမ္မာကျမ်းစာထဲမှ ပထမဆုံး အကဲဖြတ်ချက်ဖြစ်သော ဤစာကြောင်းသည် ယောဘကို ကျမ်းပြုဆရာက ချီးမွမ်းခြင်းဖြစ်သည်။ သဘာဝအားဖြင့် ၎င်းမှာ ယောဘအပေါ် လူ၏အကဲဖြတ်ချက်ကို ကိုယ်စားပြုခြင်းလည်း ဖြစ်သည်၊ ယင်းမှာ "ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏" ဟူ၍ ဖြစ်သည်။ ဆက်လက်၍ ယောဘအပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်ကို ဖတ်ကြပါစို့၊ "မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။" (ယောဘ ၁:၈) ထို နှစ်ချက်တွင် တစ်ခုသည် လူထံမှ လာခဲ့ခြင်း ဖြစ်ပြီး တစ်ခုမှာ ဘုရားသခင်ထံမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်၊ ၎င်းတို့မှာ အကြောင်းအရာတူသော အကဲဖြတ်ချက်နှစ်ခု ဖြစ်ကြသည်။ ထို့ကြောင့် ယောဘ၏ အပြုအမူနှင့် လုပ်ဆောင်ပုံတို့ကို လူတို့ သိခဲ့ကြပြီး ဘုရားသခင်၏ ချီးကျူးခြင်းကိုလည်း ခံခဲ့ရကြောင်း မြင်နိုင်ပါသည်။ တစ်နည်းဆိုသော် လူရှေ့၌ ယောဘ၏ လုပ်ဆောင်ပုံနှင့် ဘုရားသခင် ရှေ့၌ သူ၏ လုပ်ဆောင်ပုံတို့မှာ တူညီခဲ့သည်၊ သူ၏အပြုအမူနှင့် စိတ်ပါဝင်စားမှုကို ဘုရားသခင်ရှေ့တွင် အချိန်တိုင်း သူဖြန့်ပြခဲ့သဖြင့် ၎င်းတို့ကို ဘုရားသခင် သတိပြုမိကောင်း သတိပြုမိစေရန်ဖြစ်ပြီး သူသည် ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူ တစ်ဦးဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့၏အမြင်တွင် ယောဘတစ်ဦးတည်းသာလျှင် စုံလင်ဖြောင့်မတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူ ဖြစ်ခဲ့သည်။

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် သူ၏ နေ့စဉ် အသက်တာ၌ မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များ

ဆက်လက်၍ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များကို ကြည့်ကြပါစို့။ ၎င်းထက် အလျင်ကျပြီး နောက်မှလာသော ကျမ်းပိုဒ်များအပြင် ယောဘ ၁:၅ ကိုလည်း ဖတ်ရှုကြပါစို့၊ ၎င်းမှာ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းမှာ သူသည် ဘုရားသခင်ကို မည်ကဲ့သို့ ကြောက်ရွံ့ခဲ့ပုံနှင့် သူ၏ နေ့စဉ်အသက်တာထဲ၌ မကောင်းမှုကို ရှောင်ခဲ့ပုံနှင့် သက်ဆိုင်သည်၊ အပေါ်လွင်ဆုံးမှာ သူသည် ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းအကြောင်းကြောင့် သူလုပ်သင့်သည့်အတိုင်း လုပ်ခဲ့ခြင်း ဖြစ်သည်သာမက သူ၏သားများ၏ ကိုယ်စား ဘုရားသခင်ရှေ့တွင် မီးရှို့သောယဇ်များကို ပုံမှန်ပူဇော်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပွဲခံနေစဉ် မကြာခဏ "မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြ" မည်ကို သူစိုးရိမ်ခဲ့သည်။ ဤကြောက်ရွံ့ခြင်းသည် ယောဘ၌ မည်ကဲ့သို့ ပေါ်လွင်ခဲ့သနည်း။ မူရင်းစာသားတွင် ဆက်လက်ဖော်ပြပါ ဖြစ်စဉ်ကို ဖော်ပြထားသည်၊ "ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။" သူ၏ အပြင်ပန်း အပြုအမူ၌ ပေါ်လွင်မည့်အစား ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းသည် သူ၏ စိတ်နှလုံးထဲမှ လာကြောင်းနှင့် သူသည် မကောင်းမှုကို သူကိုယ်တိုင် ရှောင်ခဲ့သည် သာမက သူ၏သားများ၏ ကိုယ်စား မီးရှို့သောယဇ်များကို မကြာခဏ ပူဇော်ခဲ့သည့်အတွက်ကြောင့် သူ၏ နေ့စဉ်အသက်တာ၏ အခန်းကဏ္ဍတိုင်း၌ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းကို အချိန်တိုင်း မြင်တွေ့နိုင်ကြောင်း ယောဘ၏ လုပ်ဆောင်ပုံက ငါတို့ကို ပြသနေပါသည်။ တစ်နည်းဆိုသော် ယောဘသည် ဘုရားသခင်ကို ပြစ်မှားမိပြီး သူ၏စိတ်နှလုံးထဲ၌ ဘုရားသခင်အား စွန့်ပယ်မိမည်ကို လွန်စွာစိုးရိမ်ခဲ့သည် သာမက သူ၏သားများသည် ဘုရားသခင်ကို ပြစ်မှားမိပြီး ၎င်းတို့၏ စိတ်နှလုံးများထဲ၌ စွန့်ပယ်မိမည်ကိုလည်း စိတ်ပူခဲ့သည်။ ဘုရားသခင်အပေါ် ယောဘ ကြောက်ရွံ့ခြင်း၏ အမှန်တရားသည် စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံနိုင်စွမ်း ရှိကြောင်းနှင့် တစ်စုံတစ်ဦးသော လူ၏ သံသယထက် ကျော်လွန်ကြောင်းကို ဤအရာအားဖြင့် မြင်နိုင်ပါသည်။ သူသည် ဤကဲ့သို့ ရံဖန်ရံခါ သို့မဟုတ် မကြာခဏ ပြုခဲ့သလော။ နောက်ဆုံး စာကြောင်း၏ စာသားက "ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏" ဟု ဆိုထားသည်။ ဤစာလုံးများ၏ အဓိပ္ပာယ်မှာ ယောဘသည် သူ၏သားများထံ ရံဖန်ရံခါ သို့မဟုတ် သူကြိုက်သည့် အချိန်၌ သွား၍ ဝင်ကြည့်ခဲ့ခြင်း မဟုတ်ကြောင်း သာမက ဘုရားသခင်ကို ဆုတောင်းခြင်းဖြင့် အပြစ်ဝန်ချခဲ့ခြင်း မဟုတ်ကြောင်း ဆိုလိုသည်။ ထိုသို့မဟုတ်ဘဲ သူသည် သူ၏သားများကို ပုံမှန် စေလွတ်ကာ သန့်ရှင်းစေပြီး ၎င်းတို့အတွက် မီးရှိုသောယဇ်များကို ပူဇော်ခဲ့သည်။ ဤနေရာတွင် "အစဉ်ပြုမြဲရှိ၏" ဟူသော အဓိပ္ပာယ်မှာ သူသည် တစ်ရက်၊ နှစ်ရက် သို့မဟုတ် ကာလတစ်ခုအထိ ပြုခဲ့ကြောင်း မဆိုလိုပါ။ ဘုရားသခင်အပေါ် ယောဘ ကြောက်ရွံ့ခြင်း၏ သရုပ်သကန်သည် ယာယီမဟုတ်ကြောင်းနှင့် အသိ သို့မဟုတ် နှုတ်ဖြင့်ပြောသော စကားလုံးများ၌ ရပ်သွားခြင်း မဟုတ်ကြောင်းကို ဆိုနေခြင်းဖြစ်သည်၊ ထိုသို့မဟုတ်ဘဲ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် ပုံစံသည် သူ၏စိတ်နှလုံးကို လမ်းပြခဲ့သည်၊ သူ၏ အပြုအမူကို ဆုံးဖြတ်ပေးခဲ့ပြီး ၎င်းမှာ သူ၏စိတ်နှလုံးထဲ၌ သူ၏ဖြစ်တည်ခြင်း၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ သူသည် ယင်းကဲ့သို့ အစဉ်ပြုမြဲရှိ၏ ဆိုသည်မှာ သူ၏ စိတ်နှလုံးထဲ၌ သူသည် သူကိုယ်တိုင် ဘုရားသခင်အား ပြစ်မှားမိမည်ကို မကြာခဏ စိုးရိမ်ခဲ့ပြီး သူ၏ သားများနှင့် သမီးများသည် ဘုရားသခင်အား ပြစ်မှားမိမည်ကိုလည်း ပူပန်ခဲ့ကြောင်းကို ပြသခြင်းဖြစ်သည်။ ၎င်းသည် သူ၏ စိတ်နှလုံးအတွင်း၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့်ပုံသည် မည်မျှ အလေးချိန်စီးကြောင်းကို ကိုယ်စားပြုခြင်း ဖြစ်သည်။ သူသည် ဤကဲ့သို့ အစဉ်ပြုခဲ့သည် အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးထဲ၌ သူသည် မကောင်းမှု ကျူးလွန်မိခဲ့ပြီး ဘုရားသခင်အား ပြစ်မှားမိမည်၊ ဘုရားသခင်၏ လမ်းမှ လွဲသွားပြီး ဘုရားသခင်အား ကျေနပ်စေနိုင်စွမ်း မရှိမည်ကို စိုးရိမ် ကြောက်ရွံ့ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် တစ်ချိန်တည်းတွင် သူသည် သူ၏သားများနှင့် သမီးများအတွက် ပူပန်ပြီး ၎င်းတို့သည် ဘုရားသခင်အား စော်ကားမိမည်ကို စိုးရိမ်လေသည်။ ဤသည်မှာ ယောဘ၏ နေ့စဉ် အသက်တာထဲမှ သူ၏ သာမန် အပြုအမူ ဖြစ်သည်။ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းကို သက်သေပြသော ဤသာမန်အပြုအမူမှာ တန်ဖိုးမဲ့သော စကားလုံးများ မဟုတ်သည်မှာ သေချာပြီး ယောဘသည် ယင်းကဲ့သို့ လက်တွေ့ဘဝကို အမှန်တကယ် အသက်ရှင်နေထိုင်ခဲ့သည်။ "ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏"၊ ဤ နှုတ်ကပတ်တော်များမှာ ဘုရားသခင်ရှေ့၌ ယောဘ၏ နေ့စဉ်လုပ်ဆောင်မှုများအကြောင်း ငါတို့ကို ပြောပြခြင်း ဖြစ်သည်။ သူသည် ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့သည့်အခါ သူ၏အပြုအမူနှင့် သူ၏စိတ်နှလုံးတို့သည် ဘုရားသခင်ရှေ့သို့ ရောက်ခဲ့သလော။ တစ်နည်းဆိုသော် ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် သူ၏အပြုအမူတို့ကို မကြာခဏ ကျေနပ်အားရခဲ့သလော။ ထိုသို့ဆိုလျှင် မည်သည့် အနေအထားနှင့် အခြေအနေထဲတွင် ယောဘသည် ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့ခြင်း ဖြစ်သနည်း။ လူအချို့က ၎င်းမှာ ဘုရားသခင်သည် ယောဘထံ မကြာခဏ ထင်ရှားပြခဲ့ခြင်းကြောင့် သူသည် ယင်းကဲ့သို့ ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်၊ အချို့က သူသည် မကောင်းမှုကို ရှောင်မည့်အကြောင်း ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြပြီး အချို့က သူ၏ချမ်းသာကြွယ်ဝခြင်းသည် အလွယ်တကူ ရောက်လာခဲ့ခြင်း မဟုတ်ကြောင်းကို သူတွေးပြီး ၎င်းမှာ ဘုရားသခင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းကို သူသိသည့်အတွက် ဘုရားသခင်ကို ပြစ်မှားခြင်း သို့မဟုတ် စော်ကားခြင်း၏ ရလဒ်တစ်ခုကြောင့် သူ၏ ပိုင်ဆိုင်မှုဥစ္စာများကို ဆုံးရှုံးရမည်ကို လွန်စွာ စိုးရိမ်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဆိုကြလေသည်။ ဤပြောဆိုချက် တစ်စုံတစ်ရာမှာ မှန်သလော။ မမှန်သည်မှာ သိသာထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အမြင်တွင် ယောဘနှင့်ပတ်သက်၍ ဘုရားသခင်လက်ခံပြီး ချစ်ခင်မြတ်နိုးဆုံးမှာ သူသည် ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့ခြင်း တစ်ခုကိုသာ မဟုတ်ပေ၊ ထိုထက်ပိုသည်မှာ သူသည် စာတန်၏လက်သို့ အပ်နှံခံခဲ့ရပြီး စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသည့်အချိန်တွင် ဘုရားသခင်၊ လူနှင့် စာတန်ရှေ့၌ သူ၏အပြုအမူဖြစ်သည်။ အောက်ဖော်ပြပါ အခန်းများသည် အလွန်ယုံကြည်လောက်သော အထောက်အထားကိုပေး၍၊ ယင်းအထောက်အထားမှာ ယောဘအား ဘုရားသခင် စုံစမ်းခြင်း၏ အမှန်တရားကို ပြသသည်။ ဆက်လက်၍ အောက်ပါ ကျမ်းပိုဒ်များကို ဖတ်ကြပါစို့။

၂။ ယောဘကို ပထမဆုံးအကြိမ် စာတန်စုံစမ်းခြင်း (သူ၏ ခြံမွေးတိရစ္ဆာန်များ အခိုးယူခံရပြီး သူ၏ သားသမီးများအပေါ် ဘေးဒုက္ခဆိုက်ခြင်း)

က။ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ

ယောဘ ၁:၈ ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။

ယောဘ ၁:၁၂ ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။

ခ။ စာတန်၏ ပြန်ဖြေကြားချက်

ယောဘ ၁:၉-၁၁ စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့ သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။ ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။

ယောဘ၏ ယုံကြည်ခြင်း စုံလင်ခြင်းသို့ရောက်စေမည့်အကြောင်း ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ဘုရားသခင် အခွင့်ပေးခြင်း

ယောဘ ၁:၈ သည် သမ္မာကျမ်းစာထဲတွင် ငါတို့ မြင်ရသည့် ယေဟောဝါဘုရားသခင်နှင့် စာတန်တို့ အပြန်အလှန် ပြောသောစကား၏ ပထမဆုံးမှတ်တမ်းဖြစ်သည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောခဲ့သနည်း။ မူရင်းစာသားသည် ဆက်လက်ဖော်ပြပါ ဖြစ်စဉ်ကို ဖော်ပြထားသည်၊ "ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။" ဤသည်မှာ စာတန်ရှေ့တွင် ယောဘအပေါ် ဘုရားသခင်၏ အကဲဖြတ်ခြင်း ဖြစ်ခဲ့သည်၊ သူသည် စုံလင်၍ ဖြောင့်မတ်သော လူတစ်ဦးဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သူဖြစ်သည်ဟု ဘုရားသခင်က ဆိုခဲ့ပါသည်။ ဘုရားသခင်နှင့် စာတန်အကြား ဤစကားများမပြောမီ ဘုရားသခင်က သူသည် စာတန်ကို အသုံးပြု၍ ယောဘကို စုံစမ်းနှောင့်ယှက်စေမည်၊ ယောဘကို စာတန်လက်သို့ အပ်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ အချက်တစ်ချက်အနေဖြင့် ယောဘကို ဘုရားသခင်၏ မှတ်ချက်ချခြင်းနှင့် သုံးသပ်ခြင်းတို့မှာ မှန်ကန်ခဲ့ပြီး အမှားအယွင်း မရှိခဲ့ကြောင်း ဤအရာက သက်သေပြပြီး ယောဘ၏ သက်သေခံချက်အားဖြင့် စာတန်ကို အရှက်ရစေမည် ဖြစ်သည်၊ အခြားအချက်အနေဖြင့် ၎င်းသည် ဘုရားသခင်အား ယောဘ၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းကို စုံလင်စေမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ရှေ့သို့ စာတန်လာသည့်အခါ ဘုရားသခင်သည် မလိမ့်တစ်ပတ် မပြောခဲ့ပါ။ သူသည် လိုရင်းတိုရှင်း ဖြတ်၍ စာတန်အား "ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု" မေးခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ မေးခွန်းထဲတွင် ဆက်လက်ဖော်ပြပါ အဓိပ္ပာယ်ရှိသည်၊ စာတန်သည် အရပ်တကာသို့ လှည့်လည်သွားလာခဲ့ပြီးကြောင်းနှင့် ဘုရားသခင်၏ အစေခံ ဖြစ်သော ယောဘအပေါ် မကြာခဏ စောင့်ကြည့်ခဲ့ပြီးကြောင်းကို ဘုရားသခင်သိသည်။ ၎င်းသည် သူ့ကို မကြာခဏ စုံစမ်းနှောင့်ယှက်ပြီး တိုက်ခိုက်ခဲ့ကာ ဘုရားသခင်အပေါ် ယောဘ၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းသည် မခိုင်မြဲနိုင်ကြောင်းကို သက်သေပြရန်အတွက် ယောဘအပေါ် ပျက်စီးခြင်း ကျရောက်စေမည့် နည်းလမ်းတစ်ခုကို ရှာရန် ကြိုးစားနေခဲ့သည်။ ယောဘသည် ဘုရားသခင်ကို စွန့်ပစ်ပြီး ဘုရားသခင်၏လက်ထဲမှ သူ့ကို ဖမ်းဆီးရန် စာတန်ကို အခွင့်ပေးမည့်အကြောင်း စာတန်သည် ယောဘကို မွှေနှောက်ဖျက်ဆီးရန် အခွင့်အရေးများကိုလည်း အဆင်သင့် ရှာခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးအတွင်းသို့ကြည့်ပြီး သူသည် စုံလင်၍ ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြောင်းကို မြင်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် စုံလင်၍ ဖြောင့်မတ်သော လူတစ်ဦးဖြစ်ကြောင်း၊ ယောဘသည် ဘုရားသခင်ကို စွန့်ပစ်ကာ စာတန်နောက် မည်သည့်အခါမျှ လိုက်မည် မဟုတ်ကြောင်းကို စာတန်အား ပြောရန် ဘုရားသခင်သည် မေးခွန်းတစ်ခုကို အသုံးပြုခဲ့သည်။ ယောဘအပေါ် ဘုရားသခင်၏ ချီးကျူးခြင်းကို ကြားပြီးသည့်အခါ စာတန်အထဲတွင် အရှက်ကွဲခြင်းကြောင့် ဒေါသူပုန်ထခြင်း ဖြစ်ပေါ်လာပြီး ၎င်းသည် ပို၍ စိတ်ဆိုး၍ ယောဘကို ဆတ်ခနဲလုယူရန် ပို၍ ဆန္ဒစောလာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးသည် စုံလင်၍ ဖြောင့်မတ်နိုင်ကြောင်း၊ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ကြောင်းကို စာတန်သည် မည်သည့်အခါမျှ မယုံကြည်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တစ်ချိန်တည်းတွင် စာတန်သည် လူထဲမှ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကိုလည်း မလိုလားခဲ့ဘဲ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်သော လူများကို မုန်းတီးခဲ့သည်။ ထို့ကြောင့် ယောဘ ၁:၉ ထဲ၌ "ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။ ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု" ရေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် စာတန်၏ အငြိုးထားတတ်သော သဘာဝကို အတွင်းကျကျ သိကျွမ်းပြီး စာတန်သည် ယောဘအပေါ်သို့ ပျက်စီးခြင်း ကျရောက်စေရန် ကြံစည်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်ကြောင်းကို အစုံအစေ့ ကောင်းစွာ သိခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ဤအရာထဲ၌ ယောဘသည် စုံလင်၍ ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြောင်း စာတန်ကို နောက်တဖန် ဆိုခြင်းအားဖြင့် ဘုရားသခင်သည် စာတန်ကို လက်ခံစေရန်၊ သူ၏ သရုပ်မှန်ကို ထုတ်ဖော်ရန်နှင့် ယောဘကို တိုက်ခိုက်ပြီး စုံစမ်းနှောင့်ယှက်စေရန် ဘုရားသခင် အလိုရှိခဲ့သည်။ တစ်နည်းဆိုသော် ယောဘသည် စုံလင်၍ ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြောင်းကို ဘုရားသခင်သည် တမင်တကာ အသားပေးခဲ့ပြီး ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူတစ်ဦးဖြစ်ပုံ၊ ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သူဖြစ်ပုံအပေါ် စာတန်၏ မုန်းတီးခြင်းနှင့် အမျက်ဒေါသကြောင့် ဤနည်းလမ်းအားဖြင့် စာတန်အား ယောဘကို တိုက်ခိုက်စေခဲ့သည်။ ရလဒ်အနေဖြင့် ယောဘသည် စုံလင်၍ ဖြောင့်မတ်သောသူ တစ်ဦးဖြစ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူဖြစ်ခြင်း အကြောင်းကြောင့် ဘုရားသခင်သည် စာတန်ကို အရှက်ရစေမည်ဖြစ်ပြီး စာတန်သည် လုံးလုံးလျားလျား အရှက်တကွဲဖြစ်၍ ရှုံးနိမ့်မည်ဖြစ်သည်။ ယင်းနောက်တွင် စာတန်သည် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် မကောင်းမှု ရှောင်ခြင်းနှင့်ပတ်သက်ပြီး ဆက်၍ သံသယရှိလိမ့်မည် သို့မဟုတ် စွဲချက်များ တင်လိမ့်မည် မဟုတ်တော့ပေ။ ဤနည်းဖြင့် ဘုရားသခင်၏ စမ်းသပ်မှုနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းမှာ ရှောင်လွှဲ၍ မရသည့်နီးနီး ဖြစ်ခဲ့သည်။ ဘုရားသခင်၏ စမ်းသပ်မှုနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို ကြံ့ကြံ့ခံနိုင်ခဲ့သည့် တစ်ဦးတည်းသောသူမှာ ယောဘ ဖြစ်သည်။ ဤသို့ အပြန်အလှန် ပြောဆိုပြီးနောက်တွင် စာတန်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် အခွင့် ရရှိခဲ့သည်။ ထို့ကြောင့် စာတန်၏ ပထမအကြိမ် တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ဤတိုက်ခိုက်မှုများ၏ ပစ်မှတ်မှာ ယောဘ၏ ဥစ္စာပစ္စည်း ဖြစ်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် စာတန်က ယောဘအား ဆက်လက်ဖော်ပြပါအတိုင်း စွဲချက်တင်ခဲ့ခြင်းကြောင့် ဖြစ်သည်၊ "ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ … သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။" ရလဒ်တစ်ခုအနေဖြင့် ဘုရားသခင်သည် ယောဘ၌ ရှိသမျှကို နုတ်ယူရန် စာတန်ကို အခွင့်ပေးခဲ့သည်၊ ၎င်းမှာ စာတန်အား ဘုရားသခင် စကားပြောခဲ့ရခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်သည် စာတန်အား တောင်းဆိုခဲ့သည့် တောင်းဆိုချက်တစ်ခုမှာ၊ "ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်" (ယောဘ ၁:၁၂) ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်အား ခွင့်ပြုခဲ့ပြီး ယောဘကို စာတန်၏ လက်ထဲသို့ အပ်ပြီးသည့်နောက်တွင် ဘုရားသခင် ချမှတ်ခဲ့သော သတ်မှတ်ချက် တစ်ခုဖြစ်ပြီး စာတန်အတွက် သူသတ်မှတ်ခဲ့သော ကန့်သတ်ချက် ဖြစ်သည်၊ ယောဘကို အန္တရာယ်မပြုရန် စာတန်ကို သူအမိန့်ပေးခဲ့သည်။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သည်ကို ဘုရားသခင် အသိအမှတ်ပြုခဲ့ပြီး သူ့ရှေ့၌ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းမှာ သံသယ ဖြစ်ဖွယ်မရှိကြောင်းနှင့် စစ်ဆေးခြင်းကို ခံရပါက ကြံ့ကြံ့ခံနိုင်မည်ဖြစ်ကြောင်း သူ၌ ယုံကြည်ခြင်း ရှိခဲ့ခြင်းကြောင့် ဘုရားသခင်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်သော်လည်း စာတန်အပေါ် ကန့်သတ်ချက် တစ်ခုကို သတ်မှတ်ခဲ့သည်၊ စာတန်သည် ယောဘ၏ ဥစ္စာပစ္စည်း အားလုံးကို နုတ်ယူရန် အခွင့်ရခဲ့သော်လည်း သူ့အပေါ် လက်ချောင်းတစ်ချောင်းပင် မတင်နိုင်ခဲ့ချေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းမှာ ဘုရားသခင်သည် ယောဘကို စာတန်ထံ လုံးလုံးလျားလျား မပေးအပ်ခဲ့ကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။ စာတန်သည် ယောဘကို ၎င်းအလိုရှိသည့် မည်သည့် နည်းလမ်းဖြင့်မဆို စုံစမ်းနှောင့်ယှက်နိုင်ခဲ့သော်လည်း ယောဘကို ထိခိုက်နာကျင်စေနိုင်ခြင်း မရှိ၊ သူ၏ ဦးခေါင်းပေါ်မှ ဆံပင် တစ်ပင်ကိုပင်လျှင် မထိခိုက်စေနိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် လူ၏ အရာခပ်သိမ်းကို ဘုရားသခင် ထိန်းချုပ်ထားပြီး လူ၏ရှင်ခြင်း သို့မဟုတ် သေခြင်းတို့ကို ဘုရားသခင် ဆုံးဖြတ်ပြီး စာတန်၌ ယင်းခွင့်ပြုချက် မရှိခြင်းကြောင့် ဖြစ်သည်။ ဤစကားများကို စာတန်အား ဘုရားသခင် ဆိုခဲ့ပြီးနောက်တွင် စာတန်သည် အလုပ်စရန် မစောင့်နိုင်ခဲ့ပေ။ ၎င်းသည် နည်းလမ်း အမျိုးမျိုးကို အသုံးပြု၍ ယောဘကို စုံစမ်းနှောင့်ယှက်ခဲ့ပြီး များမကြာမီ ယောဘသည် သူ့ကို ဘုရားသခင် ပေးခဲ့သော တောင်တစ်တောင်စာရှိသော သိုး နွားများနှင့် ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ရသည် … ဤသို့ဖြင့် ဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့သည်။

သမ္မာကျမ်းစာသည် ငါတို့အား ယောဘ စုံစမ်းနှောင့်ယှက်ခံရခြင်း၏ ဇာစ်မြစ်များကို ပြောပြသော်လည်း ဤစုံစမ်းနှောင့်ယှက်ခြင်းများကို ခံရသော ယောဘကိုယ်တိုင်သည် မည်သည့်အရာများ ဖြစ်နေသည်ကို သိခဲ့သလော။ ယောဘသည် သေမျိုးဖြစ်သော လူသားတစ်ဦးမျှသာ ဖြစ်သည်၊ သူ့နောက်ကွယ်၌ ဖွင့်ဟထားသော ဇာတ်ကြောင်းကို သူသိခဲ့မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း သူ့အပေါ် ဘုရားသခင်၏ စမ်းသပ်မှုများ ရောက်လာခဲ့ပြီ ဖြစ်ကြောင်းကို ဘုရားသခင်အား သူ၏ ကြောက်ရွံ့ခြင်းနှင့် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့က သူ့အား သဘောပေါက်စေခဲ့သည်။ ဝိညာဉ်ရေးရာ လောကထဲ၌ မည်သည်တို့ ဖြစ်ပျက်ခဲ့ကြောင်းနှင့် ဤစမ်းသပ်မှုများ၏ နောက်ကွယ်မှ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ မည်သည်တို့ ဖြစ်ကြောင်းကို သူမသိခဲ့ချေ။ သို့သော်လည်း သူ၌ မည်သည်တို့ ဖြစ်ပျက်ခဲ့ပါစေ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စစ်မှန်စွာ ဆုပ်ကိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သည့် လမ်းကို လိုက်နာသင့်ကြောင်းကို သူအမှန် သိခဲ့သည်။ ယောဘ၏ သဘောထားနှင့် ဤအမှုအရာများအပေါ် တုံ့ပြန်မှုကို ဘုရားသခင်သည် ရှင်းလင်းစွာ ရှုမြင်ခဲ့သည်။ ဘုရားသခင်သည် မည်သည်တို့ကို မြင်ခဲ့သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သည့် ယောဘ၏ စိတ်နှလုံးကို သူမြင်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် အစအဦးမှ ယောဘ စစ်ဆေးခံရသည့် အချိန်အထိ ယောဘ၏ စိတ်နှလုံးသည် ဘုရားသခင်အား လမ်းဖွင့်ပေးခဲ့ခြင်း၊ စိတ်နှလုံးကို ဘုရားသခင် ရှေ့၌ ချထားခဲ့ခြင်းနှင့် ယောဘသည် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စွန့်လွှတ်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းကို ပစ်ပယ်ခြင်း သို့မဟုတ် ထိုလမ်းမှ လှည့်သွားခြင်း မရှိခြင်းကြောင့်ဖြစ်သည်၊ ဘုရားသခင်အား ထိုထက်ပို၍ ကျေနပ်ဝမ်းမြောက်စေနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိခဲ့ပေ။ ဆက်လက်၍ ယောဘ ဖြတ်ကျော်ခဲ့သော စုံစမ်းနှောင့်ယှက်ခြင်းများမှာ မည်သည့်အရာများ ဖြစ်ကြောင်းနှင့် ဤစမ်းသပ်မှုများကို သူမည်ကဲ့သို့ သဘောထားကြောင်းကို ငါတို့ကြည့်ကြမည်။ ကျမ်းပိုဒ်များကို ဖတ်ကြပါစို့။

ဂ။ ယောဘ၏ တုံ့ပြန်မှု

ယောဘ ၁:၂၀-၂၁ ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။

ယောဘသည် မည်သူမျှပြောရန်မလိုဘဲ သူပိုင်ဆိုင်သမျှကို ပြန်ပေးခြင်းမှာ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းမှ အရင်းခံခြင်းဖြစ်၏

ဘုရားသခင်က စာတန်အား "သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်" ဟု ဆိုပြီးနောက်တွင် စာတန်သည် ထွက်သွားပြီး များမကြာမီ ယောဘသည် ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်မှုများကို ခံခဲ့ရသည်၊ ပထမဦးစွာ သူ၏နွားများနှင့် မြည်းများ လုယက်ခြင်းကို ခံခဲ့ရပြီး သူ၏ အစေခံများ အသတ်ခံခဲ့ရသည်၊ နောက်တွင် သူ၏သိုးများနှင့် အစေခံများသည် မီးရှို့ဖျက်ဆီးခြင်းကို ခံရသည်၊ ထို့နောက် သူ၏ ကုလားအုပ်များ အသိမ်းခံရပြီး သူ၏ အစေခံများ အသတ်ဖြတ်ခံခဲ့ရသည်၊ နောက်ဆုံးတွင် သူ၏ သားများနှင့် သမီးများ၏ အသက်များနုတ်ယူခြင်း ခံခဲ့ရသည်။ တသီတတန်းဖြစ်သော ဤတိုက်ခိုက်မှုများမှာ ပထမ စုံစမ်းနှောင့်ယှက်မှု အတောအတွင်း ယောဘ ခံစားခဲ့ရသော ညှဉ်းဆဲခြင်း ဖြစ်သည်။ ဘုရားသခင် အမိန့်ပေးခဲ့သည်နှင့်အညီ ဤတိုက်ခိုက်မှုများ အတောအတွင်း စာတန်သည် ယောဘ၏ ဥစ္စာပစ္စည်းနှင့် သူ၏ သားသမီးများကိုသာ ပစ်မှတ်ထားခဲ့ပြီး ယောဘကို အန္တရာယ်ပေးခဲ့ခြင်း မရှိပေ။ သို့သော်လည်း ယောဘသည် ကြီးစွာသော ကြွယ်ဝချမ်းသာခြင်းကို ပိုင်ဆိုင်ခဲ့သော သူဌေးတစ်ဦးအဖြစ်မှ မည်သည့်အရာမျှ မရှိသော သူတစ်စုံတစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲခြင်းကို ခံခဲ့ရသည်။ မျှော်လင့်မထားသော အလွန်အံ့အားသင့်ဖွယ် ဤထိုးနှက်မှုကို ကြံ့ကြံ့ခံနိုင်မည့်သူ သို့မဟုတ် ၎င်းကို မှန်မှန်ကန်ကန် တုံ့ပြန်နိုင်မည့်သူ တစ်ယောက်မျှ ရှိခဲ့မည် မဟုတ်ပေ၊ သို့သော်လည်း ယောဘသည် သူ၏ အံ့မခန်းသော သဘောထားကို အထင်အရှားပြခဲ့သည်။ သမ္မာကျမ်းတွင် ဆက်လက်၍ ဤသို့ ဖော်ပြထားသည်၊ "ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်။" ဤသည်မှာ ယောဘသည် သူ၏သားသမီးများနှင့် သူ၏ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း ကြားသိပြီးနောက်တွင် သူ၏ပထမဦးဆုံး တုံ့ပြန်မှု ဖြစ်သည်။ အရာအားလုံးထက်ဆိုပါက သူသည် အံ့အားသင့်သည့်ပုံ သို့မဟုတ် အထိတ်တလန့် ဖြစ်သည့်ပုံ မပေါ်သည် သာမက သူသည် ဒေါသ သို့မဟုတ် အမုန်းကို ဖော်ပြခဲ့ခြင်းလည်း မရှိခဲ့ပေ။ သူ၏စိတ်နှလုံးထဲတွင် ဤဘေးဒုက္ခများသည် မတော်တဆဖြစ်မှုတစ်ခု မဟုတ်ကြောင်း၊ သို့မဟုတ် လူ၏လက်မှ ဖြစ်ပွားလာခြင်း မဟုတ်ကြောင်း သာမက ၎င်းတို့သည် ဝဋ်လည်ခြင်း သို့မဟုတ် ပြစ်ဒဏ်ခတ်ခြင်း ကျရောက်ခြင်း မဟုတ်ကြောင်းကို လက်ခံထားနှင့်ပြီး ဖြစ်သည်။ ထိုအရာများအစား ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့သည်၊ သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို နုတ်ယူရန် အလိုရှိခဲ့သူမှာ ယေဟောဝါဘုရားသခင်ပင် ဖြစ်သည်။ ယောဘသည် ထိုစဉ်က အလွန်ငြိမ်သက်ပြီး အမြင်ကြည်လင်ခဲ့သည်။ သူ၏ စုံလင်ပြီး ဖြောင့်မတ်သော လူသဘာဝသည် သူ့အပေါ် ကျရောက်ခဲ့ပြီးသော ဘေးဒုက္ခများနှင့်ပတ်သက်၍ မှန်ကန်သော အကဲဖြတ်ချက်များနှင့် ဆုံးဖြတ်ချက်များကို အကျိုးသင့်အကြောင်းသင့်နှင့် သဘာဝကျကျ ချမှတ်နိုင်စေခဲ့သည်၊ အကျိုးဆက်အနေဖြင့် "ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်" ဟူ၍ သူသည် တစ်မူထူးခြားသော ငြိမ်သက်မှုဖြင့် ပြုမူခဲ့သည်။ "မိမိဝတ်လုံကို ဆုတ်လေ၏" ဆိုသည်မှာ သူသည် အဝတ် မဝတ်ထားခြင်းနှင့် မည်သည့်အရာကိုမျှ မပိုင်ဆိုင်ကြောင်းကို ဆိုလိုသည်၊ "ဆံပင်ကိုလည်း ရိတ်၍" ဆိုသည်မှာ သူသည် ဘုရားသခင် ရှေ့သို့ မွေးကင်းစကလေးတစ်ဦးအဖြစ် ပြန်လာခဲ့ခြင်းကို ဆိုလိုသည်၊ "မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်" ဆိုသည်မှာ သူသည် လောကထဲသို့ ကိုယ်လုံးတီး လာခဲ့ပြီး ယနေ့တွင် တစ်စုံတစ်ရာမှ မပါဘဲ သူသည် ဘုရားသခင်ထံ မွေးကင်းစကလေးသူငယ် တစ်ဦးအဖြစ် ပြန်ရောက်သွားခြင်းကို ဆိုလိုသည်။ ယောဘပေါ်သို့ ကျရောက်သမျှအပေါ် သူ၏ သဘောထားကို ဘုရားသခင်၏ မည်သည့် ဖန်ဆင်းခံ သတ္တဝါမျှ ရယူနိုင်ခဲ့မည် မဟုတ်ပေ။ ယောဟောဝါဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းသည် ယုံကြည်မှု နယ်ပယ်ထက် ကျော်လွန်သွားခဲ့သည်၊ ဤသည်မှာ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်အား နာခံခြင်းဖြစ်ပြီး သူ့အား ပေးသည့်အတွက် ဘုရားသခင်ကို သူ ကျေးဇူးတော် ချီးမွမ်းတတ်သည် သာမက သူထံမှ နုတ်ယူသည့်အတွက်လည်း ကျေးဇူးတော် ချီးမွမ်းတတ်သည်။ ဆက်လက်၍ သူသည် မည်သူမျှ ပြောရန်မလိုဘဲ သူ၏အသက် အပါအဝင် သူ ပိုင်ဆိုင်သမျှကို ပြန်ပေးနိုင်စွမ်း ရှိခဲ့သည်။

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းသည် လူသားမျိုးနွယ်အတွက် ဥပမာတစ်ခု ဖြစ်ပြီး သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် လူသားတို့ ပိုင်ဆိုင်သင့်သော လူ့သဘာဝ၏ အထွတ်အထိပ်ပင် ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို မမြင်ခဲ့သော်လည်း ဘုရားသခင် အမှန်တကယ် တည်ရှိကြောင်းကို သူသဘောပေါက်ခဲ့ပြီး ဤသို့ သဘောပေါက်ခြင်းကြောင့် ဘုရားသခင်ကို သူကြောက်ရွံ့ခဲ့သည်၊ ဘုရားသခင်ကို သူကြောက်ရွံ့ခဲ့ခြင်းကြောင့် ဘုရားသခင်ကို သူနာခံနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၌ရှိသမျှကို ယူရန် ဘုရားသခင်အား လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို သူပေးခဲ့သည့်အပြင် သူ၌ ညည်းညူမှု မရှိဘဲ ဘုရားသခင် ရှေ့တွင် ပြပ်ဝပ်ကာ ဤအခိုက်အတန့်တွင် ဘုရားသခင်သည် သူ၏ ခန္ဓာကိုယ်ကိုပင် နုတ်ယူခဲ့ပါကလည်း သူသည် မညည်းညူဘဲ ဝမ်းမြောက်စွာ အခွင့်ပေးမည်ဟု ဘုရားသခင်အား သူ ပြောခဲ့သည်။ သူ၏ ပြုမူလုပ်ဆောင်ပုံ အားလုံးမှာ သူ၏ စုံလင်ဖြောင့်မတ်သော လူ့သဘာဝကြောင့်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူ၏ အပြစ်ကင်းစင်မှု၊ ရိုးသားမှုနှင့် ကြင်နာမှု ရလဒ်ကြောင့် ယောဘသည် ဘုရားသခင်၏ တည်ရှိမှုအပေါ် သူ၏ သဘောပေါက်ခြင်းနှင့် အတွေ့အကြုံတို့မှာ မြဲမြံခိုင်မာနေခဲ့ပြီး ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သူ့ကိုယ်သူ လိုအပ်ချက်များကို သတ်မှတ်ခြင်းနှင့် သူ၏ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ဆောင်ပုံနှင့် ဘုရားသခင် ရှေ့တွင် ပြုမူလုပ်ဆောင်မှု နိယာမများကို သူ့အပေါ် ဘုရားသခင်၏ လမ်းပြမှုနှင့် အရာအားလုံးအကြားတွင် သူမြင်ခဲ့ပြီးသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်အညီ စံကိုက်ခဲ့သည်။ အချိန်လွန်လာသည်နှင့်အမျှ သူ၏ အတွေ့အကြုံများသည် သူ့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သည့် အမှန်တကယ် ကြောက်ရွံ့မှုတစ်ခုကို ဖြစ်စေပြီး သူ့အား မကောင်းမှုကို ရှောင်ရှားစေခဲ့သည်။ ဤသည်မှာ ယောဘ မြဲမြံစွာ ဆုပ်ကိုင်ခဲ့သော တည်ကြည်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ယောဘသည် ရိုးသားသော၊ အပြစ်ကင်းပြီး ကြင်နာတတ်သော လူ့သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး သူ၌ ဘုရားသခင်အား ကြောက်ရွံ့သည့်၊ နာခံပြီး မကောင်းမှုကို ရှောင်သည့် အမှန်တကယ် အတွေ့အကြုံ ရှိခဲ့သည် သာမက "ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏" ဟူသော အသိပညာ ရှိခဲ့သည်။ ဤအရာများကြောင့်သာလျှင် သူသည် စာတန်၏ ယင်းကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများကြားတွင် ခိုင်ခံ့စွာ ရပ်တည်ပြီး သက်သေခံနိုင်ခဲ့ခြင်း ဖြစ်၍ ၎င်းတို့ကြောင့်သာလျှင် သူသည် ဘုရားသခင်အား စိတ်မပျက်စေဘဲ ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသည့်အခါ အားရကျေနပ်ဖွယ် အဖြေတစ်ခုကို ဘုရားသခင်အား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှု အတောအတွင်း ယောဘ၏ ပြုမူပုံသည် အလွန် ရိုးရှင်းခဲ့သော်လည်း နောက်မျိုးဆက်များသည် တစ်ဘဝလုံး ကြိုးပမ်းပြီးနောက်တွင်လည်း ယင်းကဲ့သို့ ရိုးရှင်းမှုမျိုးကို ရယူနိုင်မည်ဟု အသေအချာ မဆိုနိုင်ခဲ့သည့်အပြင် ၎င်းတို့သည် အထက်တွင် ဖော်ပြခဲ့သော ယောဘ၏ ပြုမူပုံကို သေချာပေါက် ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။ ယနေ့တွင် ယောဘ၏ ရိုးရှင်းသော ပြုမူပုံကို ရင်ဆိုင်ခဲ့ရပြီး ထိုရိုးရှင်းသော ပြုမူပုံကို ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင် နောက်လိုက်သည်ဟု အခိုင်အမာ ဆိုကြသောသူများ ဘုရားသခင်အား ပြသသည့် "အကြွင်းမဲ့ နာခံခြင်းနှင့် သေသည့်တိုင် သစ္စာရှိခြင်း" ဟူသော သန္နိဌာန်နှင့် ကြွေးကြော်သံများနှင့် နှိုင်းယှဉ်ပါက သင်တို့သည် အလွန်တရာ ရှက်ကြသလော သို့မဟုတ် မရှက်ကြသလော။

သမ္မာကျမ်းထဲတွင် ယောယနှင့် သူ၏ မိသားစု ခံစားခဲ့ရသမျှကို သင်ဖတ်သည့်အခါ သင်၏တုံ့ပြန်မှုမှာ အဘယ်နည်း။ သင်၏ အတွေးများထဲ၌ သင်ပျောက်ဆုံးသွားသလော။ သင်အလွန် အံ့အားသင့်သလော။ ယောဘအပေါ် ကျရောက်သည့် စမ်းသပ်မှုများမှာ "ထိတ်လန့်တုန်လှုပ်ဖွယ်" ဖြစ်သည်ဟု ဖော်ပြနိုင်သလော။ တစ်နည်းဆိုသော် သမ္မာကျမ်းထဲတွင် ဖော်ပြထားသော ယောဘ၏ စမ်းသပ်မှုများကို ဖတ်ခြင်းသည်ပင် အလွန် တုန်လှုပ်ချောက်ချားဖွယ် ကောင်းသည်၊ ၎င်းတို့သည် လက်တွေ့တွင် အဘယ်သို့ဖြစ်ခဲ့လိမ့်မည်နှင့်ပတ်သက်၍မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ထို့အခါ သင်သည် ယောဘအပေါ် ကျရောက်ခဲ့သည့် အရာများမှာ "လက်တွေ့ လေ့ကျင့်ခန်း" တစ်ခု မဟုတ်ဘဲ "သေနတ်အစစ်များ" နှင့် "ကျည်ဆန်အစစ်များ" ကို ပါဝင်သော "တိုက်ပွဲ" အစစ်အမှန်တစ်ခု ဖြစ်ကြောင်း မြင်ရမည်။ သို့သော် သူသည် မည်သူ၏ လက်အားဖြင့် ဤစမ်းသပ်မှုများကို ခံခဲ့ရသနည်း။ ၎င်းတို့မှာ အမှန်အားဖြင့် စာတန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်၊ ၎င်းတို့ကို စာတန် ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့ကို ဘုရားသခင် အခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ယောဘအား စုံစမ်းနှောင့်ယှက်ရန် နည်းလမ်းများကို စာတန်အား ဘုရားသခင် ပြောပြခဲ့သလော။ သူမပြောခဲ့ပါ။ ဘုရားသခင်သည် ၎င်းကို သတ်မှတ်ချက် တစ်ခုကို ပေးခဲ့ရုံမျှသာဖြစ်ပြီး ယင်းနောက်တွင် ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း ရောက်လာခဲ့သည့်အခါ ၎င်းသည် လူတို့အား စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှု၊ လူအပေါ် ၎င်း၏ အငြိုးထားမှုနှင့် စက်ဆုပ်ရွံ့ရှာမှုနှင့် ဘုရားသခင်အား ရန်လိုမှုအကြောင်း အသိတစ်ခုကို ပေးခဲ့သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းသည် မည်မျှပင် ရက်စက်ကြောင်းကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်ကြောင်းကို ဤအရာထဲမှ ငါတို့မြင်ရသည်။ စာတန်သည် အငြိုးထားသော သဘာဝဖြင့် လူကို နှိပ်စက်ညှဉ်းပန်းမှုနှင့် ၎င်း၏ အကျည်းတန်သော မျက်နှာသည် ဤအခိုက်အတန့်တွင် အပြည့်အဝ ပေါ်ထွက်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ စာတန်သည် ဘုရားသခင်၏ ခွင့်ပြုချက်အားဖြင့် ပေးခဲ့သော ဤအခွင့်အရေးကို အသုံးပြုကာ ယောဘအား ပျာယာခတ်စေပြီး အကြင်နာမဲ့သော ညှဉ်းပန်းနှိပ်စက်မှုကို ခံစေသည်၊ ရက်စက်ကြမ်းကြုတ်မှု နည်းလမ်းနှင့် အဆင့် နှစ်မျိုးစလုံးကို ယနေ့ခေတ် လူများ စိတ်ကူးနိုင်မည် မဟုတ်သည့်အပြင် လုံးဝ ခံနိုင်ကြမည် မဟုတ်ပေ။ ယောဘသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရပြီး ဤစုံစမ်းနှောင့်ယှက်မှု အတောအတွင်း သူ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်ခဲ့သည်ဟု ဆိုခြင်းထက် သူ့အတွက် ဘုရားသခင် စီစဉ်ခဲ့သော စမ်းသပ်မှုများထဲတွင် ယောဘသည် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို ကာကွယ်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုရှောင်သည့်နည်းကို ခုခံရန်အတွက် စာတန်နှင့် ပြိုင်ပွဲတစ်ပွဲကို စတင်ခဲ့သည်ဟု ဆိုခြင်းမှာ ပို၍ကောင်းသည်။ ဤပြိုင်ပွဲတွင် ယောဘသည် တောင်တစ်တောင်စာရှိသော သိုးများနှင့် ကျွဲနွားတိရစ္ဆာန်များကို ဆုံးရှုံးခဲ့သည်၊ သူ၏ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီး သူ၏သားများနှင့် သမီးများကို ဆုံးရှုံးခဲ့သည်၊ သို့သော်လည်း သူ၏စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းကို သူစွန့်ပစ်ခဲ့ခြင်း မရှိချေ။ တစ်နည်းဆိုသော် စာတန်နှင့် ယှဉ်ပြိုင်သည့် ဤပြိုင်ပွဲတွင် သူသည် သူ၏စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းကို ဆုံးရှုံးရမည်ထက် ဥစ္စာပစ္စည်းနှင့် သားသမီးများ ချို့ငဲ့ရမည်ကို ပို၍ ဆန္ဒရှိခဲ့သည်။ လူသားတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ် အရင်းအမြစ်ကို စွဲကိုင်ရန် သူပို၍ ဆန္ဒရှိခဲ့သည်။ သမ္မာကျမ်းတွင် ယောဘသည် သူ၏ ပိုင်ဆိုင်မှုများကို ဆုံးရှုံးခဲ့ရပုံ အသေးစိတ် ဖြစ်စဉ်ကို ကျစ်လစ်ပြည့်စုံစွာ ဖော်ပြထားပြီး ယောဘ၏ ပြုမူပုံနှင့် သဘောထားကိုလည်း မှတ်တမ်းတင်ထားသည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းကို ရင်ဆိုင်ရာ၌ ယောဘသည် စိုးရိမ်သောက ကင်းလုနီးပါး ဖြစ်ခဲ့ကြောင်းကို တိုတောင်း၍ လိုရှင်းတိုရှင်းဖြစ်သော ဤဖြစ်ရပ်များက သတိပြုမိစေသော်လည်း အကယ်၍ စာတန်၏ အငြိုးထားသော သဘာဝကို ထည့်သွင်း၍ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်တို့ကို ပြန်လည်ဖန်တီးခဲ့မည်ဆိုပါက၊ အမှုအရာများသည် ဤစာကြောင်းများထဲတွင် ဖော်ပြထားသကဲ့သို့ ရိုးရှင်းလိမ့်မည် သို့မဟုတ် လွယ်ကူလိမ့်မည် မဟုတ်ပေ။ လက်တွေ့မှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်မည်ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ်နှင့် ဘုရားသခင်၏ လက်ခံခြင်းကို ခံရသောသူ အားလုံးအပေါ် စာတန် သဘောထားသည့် ကြီးစွာသော ပျက်စီးခြင်းနှင့် အမုန်းတရား၏ အဆင့်ဖြစ်သည်။ အကယ်၍ ယောဘကို အန္တရာယ်မပြုရန် စာတန်အား ဘုရားသခင် မတောင်းဆိုခဲ့ပါက စာတန်သည် စိတ်မလုံမလဲဖြစ်ခြင်း တစ်စုံတစ်ရာမရှိဘဲ သူ့ကိုသတ်ဖြတ်မည်မှာ သံသယဖြစ်ဖွယ်ရှိမည် မဟုတ်ပေ။ စာတန်သည် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်အား မကိုးကွယ်စေလိုသည်သာမက ၎င်းသည် ဘုရားသခင်၏အမြင်တွင် ရိုးဖြောင့်ပြီး စုံလင်ဖြောင့်မတ်သောသူများ ဘုရားသခင်ကို ဆက်လက်ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားမည်ကို အလိုမရှိပေ။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည်ဟု ဆိုရာ၌ ၎င်းတို့သည် စာတန်ကို ရှောင်ပြီး ကျောခိုင်းရမည်ကို ဆိုလိုသည်၊ ထို့ကြောင့် စာတန်သည် ၎င်း၏ ပြင်းထန်သောအမျက်နှင့် အမုန်းအားလုံးကို သက်ညှာမှုမရှိဘဲ ယောဘအပေါ် စုပုံရန် ဘုရားသခင်၏ ခွင့်ပြုချက်ကို အခွင့်အရေးယူခဲ့သည်။ ထိုအခါ စိတ်မှ ခန္ဓာအထိ၊ အပြင်မှ အတွင်းအထိ ယောဘ ခံစားခဲ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုမှာ မည်မျှကြီးမားကြောင်း သင်မြင်ရခြင်း ဖြစ်သည်။ ယနေ့တွင် ၎င်းသည် ထိုအချိန်က မည်ကဲ့သို့ ဖြစ်ကြောင်းကို ငါတို့ မကြည့်ဘဲ ယောဘသည် ထိုစဉ်က နှိပ်စက်ညှဉ်းပန်းမှုကို ခံရသည့်အချိန် သူ၏ စိတ်ခံစားချက်များကို အကြမ်းဖျင်းမြင်သော အမြင်တစ်ခုကိုသာ သမ္မာကျမ်းစာ ဖြစ်ရပ်များထဲမှ ရနိုင်ပါသည်။

ယောဘ၏ ယိမ်းယိုင်မှုမရှိသော တည်ကြည်ခြင်းသည် စာတန်အား အရှက်ရစေပြီး ၎င်းအား တုန်လှုပ်၍ ထွက်ပြေးစေသည်

ထို့အပြင် ယောဘသည် ဤညှဉ်းပန်းနှိပ်စက်မှုကို ခံရသည့်အချိန်တွင် ဘုရားသခင်သည် မည်သည့်အရာကို ပြုခဲ့သနည်း။ ဘုရားသခင်သည် ရလဒ်ကို လေ့လာ၊ စောင့်ကြည့်ပြီး စောင့်ဆိုင်းခဲ့သည်။ ဘုရားသခင်သည် လေ့လာပြီး စောင့်ကြည့်နေစဉ် မည်ကဲ့သို့ ခံစားခဲ့ရသနည်း။ သူသည် ပူပင်သောကကို ခံစားခဲ့ရမည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း သူ၏ ပူပင်သောက ရလဒ်ကြောင့် ယောဘအား စာတန်စုံစမ်းနှောင့်ယှက်ရန် သူခွင့်ပြုခဲ့ခြင်းကို သူနောင်တရနိုင်ခဲ့မည်လော။ အဖြေမှာ မဟုတ်ပါ၊ သူနောင်တရနိုင်ခဲ့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယောဘသည် စုံလင်ပြီး ဖြောင့်မတ်၍ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည်ကို သူအခိုင်အမာ ယုံကြည်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်ရှေ့တွင် ယောဘ၏ ဖြောင့်မတ်ခြင်းအား အတည်ပြုစစ်ဆေးရန်နှင့် စာတန်၏ ကောက်ကျစ်စဉ်းလဲမှုနှင့် စက်ဆုပ်ဖွယ်ဖြစ်မှုကို ထုတ်ဖော်ရန် ဘုရားသခင်သည် စာတန်အား ရိုးရှင်းစွာ အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။ ဆက်လက်၍ ၎င်းမှာ ကမ္ဘာသူကမ္ဘာသား၊ စာတန်နှင့် ဘုရားသခင်နောက်သို့ လိုက်သောသူများ၏ ရှေ့တွင်ပင်လျှင် သူ၏ဖြောင့်မတ်ခြင်း၊ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းတို့ကို သက်သေခံရန် ယောဘအတွက် အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့သည်။ နောက်ဆုံး ရလဒ်သည် ယောဘအား ဘုရားသခင်၏ စုံစမ်းခြင်းမှာ အလွဲအမှား မရှိဘဲ မှန်ကြောင်း သက်သေပြခဲ့သလော။ ယောဘသည် စာတန်ကို အမှန်တကယ် အောင်မြင်ခဲ့သလော။ ဤနေရာတွင် ငါတို့သည် ယောဘ ပြောခဲ့သော သမားရိုးကျ စကားများကို ဖတ်ခဲ့ရပြီး ထိုစကားများမှာ သူသည် စာတန်အား အောင်မြင်ခဲ့ပြီး ဖြစ်ကြောင်း သက်သေများပင် ဖြစ်သည်။ သူက "ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်" ဟု ဆိုခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယောဘ၏ နာခံတတ်သော သဘောထားပင် ဖြစ်သည်။ ဆက်လက်၍ သူက "ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း" ဆိုခဲ့ပြန်သည်။ ယောဘ ပြောခဲ့သော ဤစကားများမှာ ဘုရားသခင်သည် လူသား၏ စိတ်နှလုံး အတိမ်အနက်တို့ကို လေ့လာကြောင်း၊ သူသည် လူသား၏ အတွင်းစိတ်ကို မြင်နိုင်ကြောင်း သက်သေပြပြီး ယောဘအပေါ် သူ၏ ထောက်ခံမှုမှာ အမှားအယွင်း မရှိကြောင်း၊ ဘုရားသခင်၏ ထောက်ခံခြင်းကို ခံခဲ့ရသော ဤ လူသားမှာ ဖြောင့်မတ်ခဲ့ကြောင်းကို သက်သေပြခြင်း ဖြစ်သည်။ "ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း။" ဤစကားများမှာ ဘုရားသခင်အား ယောဘ၏ သက်သေခံချက် ဖြစ်သည်။ စာတန်ကို ခြောက်လှန့်ခဲ့၍ ၎င်းကို အရှက်ရစေခဲ့ပြီး ထိတ်လန့်မှုဖြင့် ထွက်ပြေးစေခဲ့သည့်အရာမှာ ဤသာမန်စကားများပင် ဖြစ်သည်၊ ထိုမျှမက ထိုစကားများသည် စာတန်အား ချုပ်နှောင်ပြီး ၎င်း၏ အကြံအဖန်များကို ကင်းမဲ့စေခဲ့သည်။ ထို့ကြောင့် ဤစကားများသည် ယေဟောဝါဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အံ့သြဖွယ်ဖြစ်ပြီး အင်အားကြီးမားကြောင်းကို စာတန်အား ခံစားရစေပြီး ဘုရားသခင်၏ နည်းလမ်းအားဖြင့် အုပ်စိုးခြင်းကို ခံရသောသူတစ်ဦး၌ရှိသော စိတ်နှလုံး၏ သာမန်ထက်လွန်ကဲ့သော သြဇာတိက္ကမနှင့် ပြည့်စုံခြင်းကို အမှန်ပင် မြင်စေခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းကို စောင့်ထိန်းရာ၌ သေးငယ်၍ အရေးမပါသော လူသားတစ်ဦး ပြသခဲ့သည့် တန်ခိုးနှင့်ပြည့်သော တက်ကြွမှုကို စာတန်အား အထင်အရှားပြခဲ့သည်။ ထို့ကြောင့် ပထမအကြိမ် ပြိုင်ပွဲတွင် စာတန် အရေးနိမ့်ခဲ့ရသည်။ ၎င်း၏ "ခဲယဉ်းစွာကြိုးပမ်း၍ ရခဲ့သောဉာဏ်" ရှိစေကာမူ စာတန်သည် ယောဘကို အလွတ်ပေးရန် ရည်ရွယ်ချက် မရှိခဲ့သည့်အပြင် ၎င်း၏ အငြိုးထားတတ်သော သဘာဝမှာလည်း တစ်စုံတစ်ရာ အပြောင်းအလဲ မရှိခဲ့ပေ။ စာတန်သည် ယောဘကို ဆက်လက် တိုက်ခိုက်ရန် ကြိုးစားခဲ့ပြီး ထိုအတွက်ကြောင့် ဘုရားသခင် ရှေ့သို့ နောက်တဖန် လာရောက်ခဲ့သည် …

ဆက်လက်၍ ဒုတိယအကြိမ် ယောဘ စုံစမ်းနှောင့်ယှက်ခြင်း ခံခဲ့ရပုံကို သမ္မာကျမ်းထဲတွင် ဖတ်ကြပါစို့။

၃။ ယောဘကို စာတန် နောက်ထပ်တဖန် စုံစမ်းနှောင့်ယှက်လေ၏ (ယောဘ၏ ခန္ဓာကိုယ် တစ်ခုလုံး၌ ဆိုးသောအနာစိမ်းများ စွဲကပ်ခြင်း)

က။ ဘုရားသခင် ပြောသော စကားများ

ယောဘ ၂:၃ ထာဝရဘုရားကလည်း၊ ငါ့ကျွန် ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာ သူနှင့်အတူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကို ပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။

ယောဘ ၂:၆ ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်။

ခ။ စာတန် ပြောသော စကားများ

ယောဘ ၂:၄-၅ စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။ ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။

ဂ။ စမ်းသပ်မှုကို ယောဘ ကိုင်တွယ်ဖြေရှင်းပုံ

ယောဘ ၂:၉-၁၀ ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။

ယောဘ ၃:၃ ငါဘွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။

ဘုရားသခင်၏ နည်းလမ်းအပေါ် ယောဘ၏ ချစ်ခြင်းမှာ အခြားအရာခပ်သိမ်းထက် သာလွန်ခြင်း

သမ္မာကျမ်းသည် ဘုရားသခင်နှင့် စာတန်အကြား ပြောသောစကားများကို ဤကဲ့သို့ မှတ်တမ်းတင်ထားသည်- "ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူကိုပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။" (ယောဘ၂:၃) အပြန်အလှန်ပြောသော ဤစကားထဲတွင် ဘုရားသခင်သည် စာတန်အား တူညီသောမေးခွန်းကို ထပ်၍မေးလေ၏။ ၎င်းမှာ ပထမအကြိမ် စမ်းသပ်မှုအတောအတွင်း ယောဘ လက်တွေ့ပြခဲ့ပြီး အသက်ရှင်နေထိုင်ခဲ့သော အရာအပေါ် ယေဟောဝါဘုရားသခင်၏ ထောက်ခံကြောင်းပြသည့် အကဲဖြတ်ချက်ကိုပြသော မေးခွန်းတစ်ခုဖြစ်ပြီး စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို မကျော်ဖြတ်မီ ယောဘအပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်နှင့် မကွဲပြားသော အရာတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း မရောက်လာမီ ဘုရားသခင်၏ အမြင်တွင် သူသည် ဖြောင့်မတ်ခြင်းကြောင့် ဘုရားသခင်သည် သူနှင့် သူ၏မိသားစုကို ကာကွယ်ခဲ့ပြီး သူ့ကို ကောင်းချီးပေးခဲ့ခြင်း ဖြစ်သည်၊ သူသည် ဘုရားသခင်၏ အမြင်တွင် ကောင်းချီးပေးခြင်းကို ခံထိုက်သောသူ ဖြစ်ခဲ့သည်။ စုံစမ်းနှောင့်ယှက်ခြင်းပြီးနောက် ယောဘသည် သူ၏ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရခြင်းကြောင့် သူ၏နှုတ်ခမ်းများဖြင့် မပြစ်မှားဘဲ ယေဟောဝါဘုရားသခင်၏နာမကို ဆက်၍ ချီးမွမ်းခဲ့သည်။ သူ၏ပြုမူပုံအမှန်သည် သူ့အား ဘုရားသခင် ချီးကျူးပြီး အမှတ်ပြည့်ပေးစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယောဘ၏အမြင်တွင် သူ၏သားသမီး သို့မဟုတ် သူ၏ ပိုင်ဆိုင်မှုများသည် ဘုရားသခင်ကို သူစွန့်ပစ်ရန် လုံလောက်ခြင်း မရှိခဲ့ပေ။ တစ်နည်းဆိုသော် သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏ နေရာကို သူ၏သားသမီးများ သို့မဟုတ် ဥစ္စာပစ္စည်း တစ်စုံတစ်ရာဖြင့် အစားထိုးနိုင်ခဲ့ခြင်း မရှိပေ။ ယောဘအပေါ် ပထမအကြိမ် စုံစမ်းနှောင့်ယှက်ခြင်း ကျရောက်စဉ် ဘုရားသခင်အပေါ် သူ၏ချစ်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းအပေါ် သူ၏ချစ်ခြင်းသည် အခြား အရာအားလုံးထက် သာလွန်ကြောင်းကို ဘုရားသခင်အား သူပြခဲ့သည်။ ဤစမ်းသပ်မှုသည် ယောဘအား ယေဟောဝါဘုရားသခင်ထံမှ ဆုလာဘ်တစ်ခုကို လက်ခံရရှိပြီး သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဘုရားသခင် ရုပ်သိမ်းသည့် အတွေ့အကြုံကို ပေးခဲ့ရုံမျှသာ ဖြစ်သည်။

ယောဘအတွက်မူကား ဤသည်မှာ သူ၏ စိတ်ဝိညာဉ်ကို သန့်စင်ဆေးကြောပေးသည့် စစ်မှန်သော အတွေ့အကြုံ တစ်ခု ဖြစ်ခဲ့သည်၊ ၎င်းမှာ သူ၏ ရှင်သန်ဖြစ်တည်မှုကို ပြည့်ဝစေသော အသက်ဗတ္တိဇံ တစ်မျိုး ဖြစ်သည် သာမက ဘုရားသခင်အပေါ် သူ၏ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းကို စုံစမ်းခဲ့သော ခမ်းနားသည့် ဧည့်ခံပွဲ တစ်ခုဖြစ်ခဲ့သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းသည် ယောဘအား သူဌေးသူကြွယ်တစ်ဦးအဖြစ် ရပ်တည်နေရာမှ ဘာမျှမရှိသောသူ တစ်စုံတစ်ဦးအဖြစ် ပြောင်းလဲခဲ့ပြီး ၎င်းသည် လူသားမျိုးနွယ်အပေါ် စာတန်၏ နှိပ်စက်ညှဉ်းပန်းမှုကိုလည်း သူ့အား ကြုံတွေ့ခံစားစေရန် အခွင့်ပေးခဲ့သည်။ သူ၏ပျက်စီးခြင်းသည် သူ့အား စာတန်ကို ရွံရှာစေခဲ့ခြင်း မရှိဘဲ သူသည် စာတန်၏ ဆိုးညစ်သော လုပ်ရပ်များထဲမှ စာတန်၏ အကျည်းတန်မှုနှင့် စက်ဆုပ်မှုတို့ကို သာမက ဘုရားသခင်အား စာတန်၏ ရန်လိုမှုနှင့် ပုန်ကန်မှုတို့ကို မြင်ခဲ့ပြီး ဤအရာသည် ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို ခိုင်မြဲစွာ အစဉ်ဆုပ်ကိုင်စေရန် သူ့အား ပို၍ တိုက်တွန်းအားပေးခဲ့သည်။ သူသည် ဥစ္စာပစ္စည်း၊ သားသမီးများ သို့မဟုတ် ဆွေမျိုးရင်းချာများစသည့် ပြင်ပအကြောင်းရင်းများကြောင့် မည်သည့်အခါမျှ ဘုရားသခင်ကို စွန့်ပယ်ပြီး ဘုရားသခင်၏ လမ်းကို ကျောခိုင်းမည် မဟုတ်သည့်အပြင် စာတန်၏ ကျွန်တစ်ဦး၊ ပိုင်ဆိုင်မှု သို့မဟုတ် တစ်စုံတစ်ဦး ဖြစ်မည် မဟုတ်ဘဲ ယေဟောဝါဘုရားသခင်မှအပ မည်သူမျှ သူ၏အရှင်သခင် သို့မဟုတ် သူ၏ဘုရားသခင် ဖြစ်နိုင်မည် မဟုတ်ကြောင်း သူသစ္စာဆိုခဲ့သည်။ ယင်းတို့မှာ ယောဘ၏ ပြင်းပြသောဆန္ဒများ ဖြစ်ခဲ့သည်။ စုံစမ်းနှောင့်ယှက်ခြင်း၏ အခြားတစ်ဖက်တွင် ယောဘသည် တစ်စုံတစ်ခုကိုလည်း ရရှိခဲ့သည်၊ သူအပေါ် ဘုရားသခင်ပေးခဲ့သော စမ်းသပ်မှုများကြားတွင် ကြီးစွာသော ချမ်းသာကြွယ်ဝမှုများကို သူရခဲ့သည်။

လွန်လေပြီးသော ဆယ်စုနှစ်အချို့မှ အသက်တာ တစ်လျှောက်လုံး ယောဘသည် ယေဟေဝါဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှုမြင်ခဲ့ရပြီး သူ့အတွက် ယေဟောဝါဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရခဲ့ပြီး ဖြစ်သည်။ ၎င်းတို့မှာ သူ့အား အလွန့်အလွန် နေမထိထိုင်မသာ ဖြစ်စေပြီး အကြွေးတင်ရှိကြောင်း ခံစားစေခဲ့သော ကောင်းချီးမင်္ဂလာများ ဖြစ်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်အတွက် မည်သည့်အရာကိုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိသော်လည်း ယင်းကဲ့သို့ များစွာသော ကောင်းချီးမင်္ဂလာများ ပေးအပ်ခြင်းကို ခံခဲ့ရပြီး မြောက်မြားစွာသော ကျေးဇူးတော်ကို မွေ့လျော်ခံစားခဲ့ရသည်ဟု သူယုံကြည်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤအကြောင်းပြချက်ကြောင့် သူ၏စိတ်နှလုံးထဲတွင် သူသည် မကြာခဏ ဆုတောင်းခဲ့၍ သူသည် ဘုရားသခင်အား ကျေးဇူးဆပ်နိုင်ရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ကြီးမြတ်ခြင်းတို့ကို သက်သေခံဖို့ အခွင့်အရေးရရန်နှင့် ဘုရားသခင်သည် သူ၏နာခံမှုကို စစ်ဆေးရန် သာမက သူ၏နာခံခြင်းနှင့် ယုံကြည်ခြင်းသည် ဘုရားသခင်၏ ထောက်ခံမှုကို ရသည့်တိုင်အောင် သူ၏ ယုံကြည်ခြင်းအား သန့်စင်နိုင်ဖို့ရန် မျှော်လင့်လျက်နေခဲ့သည်။ ထိုသို့ဖြင့် ယောဘအပေါ် စမ်းသပ်မှု ရောက်လာသောအခါ ဘုရားသခင်သည် သူ၏ ဆုတောင်းချက်များကို နားထောင်ခဲ့ပြီဟု သူယုံကြည်ခဲ့သည်။ ယောဘသည် ဤအခွင့်အရေးကို အခြားအရာများထက် ပို၍ မြတ်နိုးခဲ့သဖြင့် သူသည် ၎င်းကို ပေါ့ပေါ့တန်တန် သဘောထားဝံ့ခြင်း မရှိခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော် သူ၏ အကြီးမားဆုံးသော ရာသက်ပန်ဆန္ဒ ပြည့်မြောက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ဤအခွင့်အရေး ရောက်လာခြင်းမှာ ဘုရားသခင်အပေါ် သူ၏နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို အစစ်ဆေးခံနိုင်ပြီး သန့်စင်စေနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့မျှက ယောဘသည် ဘုရားသခင်၏ ထောက်ခံမှုကိုရရန် အခွင့်အရေးတစ်ခု ရှိခဲ့ကြောင်းကြောင့် သူ့အား ဘုရားသခင်နှင့် ပို၍ နီးစေမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ စမ်းသပ်မှု ကာလအတွင်း ယင်းကဲ့သို့ ယုံကြည်ခြင်းနှင့် လိုက်စားခြင်းသည် သူ့အား ပို၍ စုံလင်စေခဲ့ပြီး ဘုရားသခင်၏အလိုကို ပို၍ ကြီးမားစွာနားလည်သော အသိအမြင်တစ်ခု ရစေခဲ့သည်။ ယောဘသည်လည်း ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များအတွက် ပို၍ ကျေးဇူးတင်ခဲ့သည်၊ သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် သာ၍ကြီးစွာသော ချီးမွမ်းခြင်းကို သွန်းလောင်ခဲ့ပြီး သူသည် ဘုရားသခင်အား ပို၍ ကြောက်ရွံ့ ရိုသေခဲ့သည့်အပြင် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းခြင်း၊ ကြီးမြတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ပို၍ တောင့်တခဲ့သည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော သူတစ်ဦး ဆက်၍ ဖြစ်ခဲ့ပြီး သူ၏ အတွေ့အကြုံများနှင့်ပတ်သက်၍ ယောဘ၏ ယုံကြည်ခြင်းနှင့် အသိပညာသည် ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာခဲ့သည်၊ သူ၏ ယုံကြည်ခြင်း တိုးပွားခဲ့သည်၊ သူ၏ နာခံခြင်းသည် ခြေကုပ်တစ်ခုရခဲ့ပြီး ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းသည် ပို၍ လေးနက်လာခဲ့သည်။ ဤစမ်းသပ်မှုသည် ယောဘ၏ ဝိညာဉ်နှင့် အသက်တာကို အသွင်းပြောင်းလဲစေခဲ့သော်လည်း ယင်းကဲ့သို့ အသွင်ပြောင်းလဲမှုတစ်ခုသည် ယောဘကို မကျေနပ်စေခဲ့သည့်အပြင် ၎င်းသည် သူ၏ ရှေ့ဆက် တိုးတက်မှုကို နှောင့်နှေးစေခဲ့ခြင်း မရှိပါ။ ဤစမ်းသပ်မှုမှ မည်သည်တို့ကို သူရပြီးခဲ့ကြောင်းကို တွက်ချက်နေစဉ် တစ်ချိန်တည်းတွင်၊ သူသည် သူ၏ အားနည်းချက်များကို ဆင်ခြင်သုံးသပ်ကာ တိတ်ဆိတ်စွာ ဆုတောင်းခဲ့ပြီး သူအပေါ် ကျရောက်မည့် နောက်ထပ် စမ်းသပ်မှုကို စောင့်ဆိုင်းခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် ဘုရားသခင်၏ နောက်ထပ် စမ်းသပ်မှုကာလအတွင်း တိုးမြှင့်ခြင်း ခံရမည့်အကြောင်း သူတမ်းတခဲ့ခြင်းကြောင့် ဖြစ်သည်။

ဘုရားသခင်သည် လူသား၏ အတွင်းကျဆုံး အတွေးများနှင့် လူသား ပြောသမျှနှင့် ပြုသမျှတို့ကို လေ့လာစောင့်ကြည့်မူ၏။ ယောဘ၏ အတွေးများကို ယေဟောဝါဘုရားသခင် ကြားခဲ့ပြီး သူ၏ ဆုတောင်းသံများကို ဘုရားသခင် နားထောင်ခဲ့သည်၊ ဤနည်းဖြင့် ယောဘအတွက် ဘုရားသခင်၏ နောက်ထပ် စမ်းသပ်မှုသည် မျှော်လင့်ထားခဲ့သည့်အတိုင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။

ပြင်းထန်လွန်းသော ဒုက္ခဆင်းရဲကြားမှ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စောင့်ရှောက်မှုကို စစ်မှန်စွာ ယောဘ သဘောပေါက်လာခြင်း

ယေဟောဝါဘုရားသခင်သည် စာတန်အား မေးခွန်းများကို မေးပြီးနောက် စာတန်သည် တိတ်တဆိတ် ပျော်ခဲ့သည်။ ဤအရာမှာ အဘယ်ကြောင့်ဆိုသော် စာတန်သည် ဘုရားသခင်၏ အမြင်တွင် စုံလင်သော လူသားတစ်ဦးကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန် အခွင့်ရရှိမည်ကို သိခြင်းကြောင့် ဖြစ်သည်၊ ၎င်းမှာ စာတန်အတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။ စာတန်သည် ယောဘ၏ ခံယူချက်ကို လုံးလုံးလျားလျား လျော့ပါးစေရန်၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျက်စေကာ ဘုရားသခင်အား ဆက်လက်၍ မကြောက်ရွံ့စေရန် သို့မဟုတ် ယေဟောဝါဘုရားသခင်၏ နာမကို ကောင်းချီးပေးခြင်း မရှိတော့စေရန် ဤအခွင့်အရေးကို အသုံးပြုလိုခဲ့သည်။ ဤအရာသည် စာတန်အား အခွင့်အရေးတစ်ခုကို ပေးလိမ့်မည် ဖြစ်သည်၊ မည်သည့်အချိန် သို့မဟုတ် နေရာတွင်မဆို ၎င်းသည် ၎င်း၏ အမိန့်ပေးခြင်းအောက်တွင် ယောဘအား ကစားစရာ တစ်ခုဖြစ်အောင် လုပ်နိုင်ခဲ့လိမ့်မည် ဖြစ်သည်။ စာတန်သည် ၎င်း၏ ကောက်ကျစ်စဉ်းလဲသော အကြံအစည်များကို သဲလွန်စ မကျန်စေဘဲ ဝှက်ခဲ့သော်လည်း ၎င်းသည် ၎င်း၏ ဆိုးယုတ်သော သဘာဝကိုမူ မပေါ်လွင်အောင် ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပေ။ ဤအမှန်တရားသည် သမ္မာကျမ်းထဲတွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယေဟောဝါဘုရားသခင်၏ စကားများကို အဖြေပြန်ပေးသော ၎င်း၏ အဖြေထဲတွင် အရိပ်အမြွက်ပြထားသည်၊ "စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။ ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။" (ယောဘ၂:၄-၅) ဘုရားသခင်နှင့် စာတန်အကြား အပြန်အလှန်ပြောသော ဤစကားထဲမှ စာတန်၏ အငြိုးထားခြင်းအကြောင်း အခြေအမြစ်ရှိသော သိခြင်းနှင့် အသိတစ်ခုကိုရရန် ဖြစ်နိုင်ခြေရှိသည်။ စာတန်၏ မှားယွင်းသော ဤအတွေးများကို ကြားပြီးနောက်၊ သမ္မာတရားကို ချစ်မြတ်နိုးပြီး မကောင်းမှုကို ရွံမုန်းသောသူအားလုံးသည် စာတန်၏ ယုတ်ညံ့ခြင်းနှင့် အရှက်ကင်းမဲ့ခြင်းကို လွန်စွာ မုန်းတီးကြမည်မှာ သိသာပြီး၊ စာတန်၏ မှားယွင်းသောအတွေးများကြောင့် စိတ်ပျက်ပြီး စက်ဆုပ်ရွံ့ရှာကြလိမ့်မည်ဖြစ်၍ တစ်ချိန်တည်းတွင် ယောဘအတွက် အတွင်းကျသော ဆုတောင်းချက်များနှင့် အလွန်လေးနက်သော တောင်းဆုများကို ပေးကာ၊ ဖြောင့်မတ်သော ဤလူသားသည် စုံလင်ခြင်းကို ရနိုင်မည့်အကြောင်း ဆုတောင်း၍ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော ဤလူသားသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို အစဉ် အောင်မြင်မည့်အကြောင်းနှင့် အလင်းထဲတွင် အသက်ရှင်ကာ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းချီးမင်္ဂလာများအကြားတွင် အသက်ရှင်ရမည့်အကြောင်း ဆန္ဒပြုကြသည်၊ ထို့အပြင် ယောဘ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို လေ့လာလိုက်စားသော သူအပေါင်းကို အစဉ် လှုံ့ဆော်ပေးပြီး တိုက်တွန်းအားပေးနိုင်မည့်အကြောင်း ဆန္ဒပြုကြလိမ့်မည်။ ဤထုတ်ဖော်ပြောဆိုချက်ထဲတွင် စာတန်၏ အငြိုးထားသော အကြံကို မြင်နိုင်သော်လည်း ဘုရားသခင်သည် စာတန်၏ "တောင်းဆိုချက်" ကို အပူအပင်ကင်းစွာ ခွင့်ပြုခဲ့သော်လည်း သူ၌ သတ်မှတ်ချက်တစ်ခု ရှိခဲ့သည် "သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်။" (ယောဘ ၂:၆) အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် စာတန်သည် သူ၏လက်ကို ဆန့်တန်းကာ ယောဘ၏ ခန္ဓာကိုယ်နှင့် အရိုးများကို အန္တရာယ်ပေးရန် တောင်းဆိုခဲ့ပြီး ဘုရားသခင်က "သူ့အသက်တခုကိုသာလွတ်စေ" ဟု ဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤစကားများ၏ အဓိပ္ပာယ်မှာ သူသည် ယောဘ၏ ခန္ဓာကိုယ်ကို စာတန်အား ပေးခဲ့သော်လည်း သူသည် ယောဘ၏ အသက်ကို ထိန်းသိမ်းထားခဲ့ကြောင်းကို ဆိုလိုသည်။ စာတန်သည် ယောဘ၏ အသက်ကို မနုတ်ယူနိုင်ခဲ့သော်လည်း ဤအရာမှလွဲ၍ စာတန်သည် ယောဘကို အန္တရာယ်ပေးရန် မည်သည့် နည်းလမ်း သို့မဟုတ် ပုံစံမျိုးကိုမဆို အသုံးပြုနိုင်ခဲ့သည်။

ဘုရားသခင်၏ ခွင့်ပြုချက်ကို ရပြီးနောက် စာတန်သည် ယောဘထံ အလျင်အမြန် သွား၍ ၎င်း၏ လက်ကို ဆန့်ကာ သူ၏အရေပြားကို နှိပ်စက်၍ သူ၏တစ်ကိုယ်လုံး၌ ဆိုးသောအနာစိမ်းများ ပေါက်စေသဖြင့် ယောဘသည် သူ၏ အရေပြားပေါ်တွင် နာကျင်မှုကို ခံစားခဲ့ရလေ၏။ ယောဘသည် ယေဟောဝါဘုရားသခင်၏ အံ့သြဖွယ်နှင့် သန့်ရှင်းခြင်းကို ချီးမွမ်းခဲ့သည်၊ ယင်းသို့ ချီးမွမ်းခြင်းသည် စာတန်အား သူ၏ ရဲတင်းမှုကို ပို၍ပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်ရန် အကြောင်းဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လူသားအား နာကျင်စေရသည်ကို ဝမ်းသာသဖြင့် စာတန်သည် ၎င်း၏လက်ကိုဆန့်၍ ယောဘ၏ ခန္ဓကိုယ်ကို မွှေနှောက်ခဲ့ပြီး သူ၏ ဆိုးသောအနာစိမ်းများကို ပြည်တည်စေခဲ့သည်။ ယောဘသည် နှိုင်းယှဉ်စရာ မရှိအောင်ပင် သူ၏ ခန္ဓာကိုယ်ပေါ်၌ နာကျင်မှုနှင့် နှိပ်စက်မှုကို ချက်ချင်း ခံစားရခဲ့ပြီး သူသည် ဦးခေါင်းမှ ခြေထောက်တိုင်အောင် သူ၏ လက်ဖြင့် မနှိပ်နယ်ဘဲ မနေနိုင်ခဲ့ပေ၊ ဤသို့နှိပ်နယ်ခြင်းမှာ ဤခန္ဓာကိုယ် နာကျင်မှုမှတစ်ဆင့် သူ၏ ဝိညာဉ်အား ထိုးနှက်မှုကို သက်သာရာရစေသကဲ့သို့ ဖြစ်သည်။ ဘုရားသခင်သည် သူ၏နံဘေး၌ နေ၍ သူ့အား စောင့်ကြည့်နေကြောင်း သူသဘောပေါက်ခဲ့ပြီး သူ့ကိုယ်သူ စိတ်တင်းထားရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ သူသည် မြေပေါ် နောက်တစ်ကြိမ် ဒူးထောက်ပြီး၊ ကိုယ်တော်သည် လူသား၏ အတွင်းစိတ်နှလုံးကို ကြည့်တော်မူ၏၊ ကိုယ်တော်သည် သူ၏ နာကျင်မှုဝေဒနာကို သိတော်မူ၏၊ သူ၏ အားနည်းခြင်းသည် ကိုယ်တော်နှင့် အဘယ်သို့ သက်ဆိုင်သနည်းဟု ဆိုခဲ့သည်။ ယေဟောဝါဘုရားသခင်၏ နာမသည် ချီးမွမ်းခြင်းခံထိုက်ပေ၏။ စာတန်သည် ယောဘ၏ သည်းမခံနိုင်လောက်သော နာကျင်မှုကို မြင်ခဲ့သော်လည်း ၎င်းသည် ယေဟောဝါဘုရားသခင်၏ နာမကို ယောဘ စွန့်ပစ်ခဲ့ခြင်းကို မမြင်ခဲ့ပေ။ ထို့ကြောင့် ၎င်းသည် ၎င်း၏ လက်ကို အလျင်အမြန် ဆန့်ကာ ယောဘ၏ အရိုးများကို နှိပ်စက်ကာ ခြေလက်အင်္ဂါ တစ်ပိုင်းနှင့် တစ်ပိုင်း ဆုတ်ဖြဲပစ်ရန် အသည်းအသန် ဖြစ်လေ၏။ ချက်ချင်းဆိုသလိုပင် ယောဘသည် မကြုံစဖူးသော နှိပ်စက်ခြင်းကို ခံစားခဲ့ရသည်၊ ထိုနှိပ်စက်ခြင်းမှာ သူ၏ ခန္ဓာကိုယ်သည် အရိုးများမှ ပြဲထွက်သည့်အလား၊ သူ၏ အရိုးများသည် အပိုင်းပိုင်း ရိုက်ချိုးခြင်းကို ခံရသည့်အလား ဖြစ်ခဲ့သည်။ မချိမဆန့်ခံစားရသော ဤနှိပ်စက်ညှဉ်းပန်းမှုသည် သူ့အား သေဆုံးခြင်းမှာ ပို၍ပင်ကောင်းကြောင်း တွေးစေခဲ့သည် … သူ၏ သည်းခံနိုင်စွမ်းသည် အဆုံးစွန်ရောက်ခဲ့ပြီး ဖြစ်သည် … သူ အော်ဟစ်လိုခဲ့သည်၊ နာကျင်မှု သက်သာစေရန် သူ၏ ကိုယ်ခန္ဓာပေါ်မှ အရေပြားကို ဆုတ်ခွာလိုခဲ့သည်၊ သို့သော် သူ၏ အော်သံများကို သူချုပ်တည်းခဲ့ပြီး သူ၏ ကိုယ်ခန္ဓာပေါ်မှ အရေပြားကို မဆုတ်ခွာခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အာနည်းချက်ကို စာတန်အား မမြင်စေလိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူနောက်ထပ်တစ်ကြိမ် ဒူးထောက်ခဲ့သော်လည်း ဤအကြိမ်တွင် သူသည် ယေဟောဝါ ဘုရားသခင်၏ မျက်မှောက်ကို မခံစားခဲ့ရပေ။ သူသည် မကြာခဏ သူ၏ အရှေ့၊ အနောက်နှင့် နံဘေးတစ်ဖက်ဖက်တွင် ရှိခဲ့ကြောင်းကို သူသိသည်။ သို့သော်လည်း သူ၏ နာကျင်မှုကာလအတွင်း ဘုရားသခင်သည် မည်သည့်အခါမျှ စောင့်ကြည့်ခဲ့ခြင်း မရှိပါ၊ သူသည် သူ၏မျက်နှာကို ကာ၍ ပုန်းကွယ်နေခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် လူသားကို သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်မှာ လူသားအပေါ် ဒုက္ခဆင်းရဲကို ယူဆောင်လာရန် မဟုတ်ခြင်းကြောင့် ဖြစ်သည်။ ဤအကြိမ်တွင် ယောဘသည် ငိုကြွေးလျက်နေခဲ့ပြီး ဤရုပ်ပိုင်းဆိုင်ရာ မချိမဆံ့ဝေဒနာကို တောင့်ခံရန် သူအကောင်းဆုံး ကြိုးပမ်းနေခဲ့သော်လည်း ဘုရားသခင်အား ကျေးဇူးတော် ဆက်၍ မချီးမွမ်းဘဲ မနေနိုင်ခဲ့ပေ၊ လူသည် ပထမ ထိုးနှက်ချက်တွင် ကျဆုံးသည်၊ သူသည် အားနည်း၍ တန်ခိုး မရှိပေ၊ သူသည် ငယ်ရွယ်ပြီး ပညာမဲ့သည်၊ ကိုယ်တော်သည် အဘယ်ကြောင့် သူ့အပေါ် အလွန်ဂရုစိုက်၍ ကြင်နာရန် ဆန္ဒရှိသနည်း။ ကိုယ်တော်သည် ကျွန်ုပ်ကို ရိုက်နှက်သော်လည်း ထိုသို့ရိုက်နှက်ခြင်းသည် ကိုယ်တော့်အား စိတ်ထိခိုက်စေပြီ။ လူသားသည် ကိုယ်တော်၏ ဂရုစိုက်ခြင်းနှင့် စိုးရိမ်ခြင်းကို အဘယ်သို့ ခံထိုက်သနည်း။ ယောဘ၏ ဆုတောင်းသံများကို ဘုရားသခင်ကြားခဲ့ပြီး ဘုရားသခင်သည် နှုတ်ဆိတ်ကာ အသံမပြုဘဲ ကြည့်ရုံသာကြည့်နေခဲ့သည် …. စာအုပ်ထဲမှ လှည့်ကွက်အမျိုးမျိုးကို အချည်းနှီး စမ်းသုံးခဲ့ပြီးနောက် စာတန်သည် တိတ်ဆိတ်စွာ ထွက်သွားခဲ့လေပြီ၊ သို့သော်လည်း ဤအရာသည် ယောဘအပေါ် ဘုရားသခင်၏ စမ်းသပ်မှု၏ ဆုံးခန်းသို့ ရောက်စေခဲ့ခြင်း မရှိပေ။ ယောဘ၌ ထုတ်ဖော်ခဲ့သော ဘုရားသခင်၏ တန်ခိုးသည် လူသိရှင်ကြား မပြုခဲ့သေးခြင်းကြောင့် ယောဘ၏ ဇာတ်လမ်းသည် စာတန်၏ နောက်ဆုတ်ခြင်းဖြင့် အဆုံးမသတ်သွားခဲ့ပေ။ အခြားဇာတ်ကောင်များ ဝင်ရောက်လာခဲ့ခြင်းကြောင့် ပို၍ ခမ်းနားကြီးကျယ်သော အဖြစ်အပျက်များ မရောက်လာခဲ့သေးပေ။

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ အခြားသော သရုပ်သကန်မှာ အရာခပ်သိမ်း၌ ဘုရားသခင်၏နာမကို ထောမနာပြုခြင်း ဖြစ်သည်

ယောဘသည် စာတန်၏ ဖျက်ဆီးမှုဒဏ်များကို ခံစားခဲ့ရသော်လည်း သူသည် ယေဟောဝါဘုရားသခင်၏ နာမကို မစွန့်ပစ်ခဲ့ပေ။ ဦးစွာ ရှေ့သို့ ထွက်၍ ယောဘအား တိုက်ခိုက်သည့် စာတန်၏ အခန်းကဏ္ဍကို လုပ်ခဲ့သူမှာ သူ၏ဇနီး ဖြစ်ခဲ့ကြောင်းကို မြင်နိုင်သည်။ မူရင်းစာသားတွင် ဤသို့ ဖော်ပြထားသည်၊ "ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။" (ယောဘ ၂:၉) ဤသည်မှာ စာတန်သည် လူသားယောင်ဆောင်၍ ပြောခဲ့သော စကားများဖြစ်သည်။ ၎င်းတို့မှာ တိုက်ခိုက်မှု၊ စွပ်စွဲမှု သာမက သွေးဆောင်ဖြားယောင်းမှု၊ စုံစိမ်းနှောင့်ယှက်မှုနှင့် မဟုတ်မမှန်ပြောဆိုမှုပင် ဖြစ်သည်။ ယောဘ၏ ခန္ဓာကိုယ်အား တိုက်ခိုက်ရာ၌ ရှုံးနိမ့်ခဲ့ပြီးနောက် စာတန်သည် ယောဘ၏ တည်ကြည်မှုကို တိုက်ရိုက် တိုက်ခိုက်ခဲ့ပြီး ဤအရာကို အသုံးပြုကာ ယောဘသည် သူ၏ တည်ကြည်မှုကို လက်လွှတ်စေရန်၊ ဘုရားသခင်ကို စွန့်လွှတ်ရန်နှင့် အသက်ရှင်ခြင်းကို ရပ်တန့်ရန် ဆန္ဒရှိခဲ့သည်။ ထိုနည်းတူပင် စာတန်သည် ယင်းကဲ့သို့ စကားများကို အသုံးပြု၍ ယောဘကို စုံစမ်းနှောင့်ယှက်လိုသည်၊ အကယ်၍ ယောဘသည် ယေဟောဝါဘုရားသခင်၏ နာမကို စွန့်ပစ်ခဲ့ပါက သူသည် ယင်းကဲ့သို့ နှိပ်စက်ညှဉ်းပန်းမှုကို တောင့်ခံရန် မလိုအပ်ဘဲ၊ ခန္ဓာကိုယ် နှိပ်စက်ညှဉ်းပန်းမှုမှ သူ့ကိုယ်သူ လွတ်မြောက်စေနိုင်ခဲ့မည် ဖြစ်သည်။ သူ၏ ဇနီးပေးသော အကြံဉာဏ်နှင့် ရင်ဆိုင်ခဲ့ရသည့် ယောဘသည် ဤသို့ဆိုကာ သူမအား အပြစ်ဖော်ပြဆုံးမခဲ့လေသည်၊ "ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။" (ယောဘ ၂:၁၀) ယောဘသည် ဤ စကားများကို သိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဤအချိန်တွင် ထိုစကားများအပေါ် ယောဘ၏ စစ်မှန်သော သိခြင်းကို သက်သေပြခဲ့သည်။

ဘုရားသခင်အား ကျိန်ဆဲ၍ သေရန် သူ၏ဇနီးက သူ့အား အကြံပေးသည့်အခါ၊ သူဆိုလိုသည့် အဓိပ္ပာယ်မှာ၊ သင်၏ ဘုရားသခင်သည် သင့်အား ဤကဲ့သို့ ဆက်ဆံသဖြင့် အဘယ်ကြောင့် သူ့အား မကျိန်ဆဲသနည်းဟူ၍ ဖြစ်သည်။ သင်ဆက်၍ အသက်ရှင်ကာ ဘာလုပ်မည်နည်း။ သင်၏ ဘုရားသခင်သည် သင့်အား အလွန်မတရားသော်လည်း ယေဟောဝါဘုရားသခင်၏နာမ မင်္ဂလာရှိစေသတည်းဟု သင် ဆိုသေးသည်။ သူ၏နာမကို သင်ကောင်းချီးပေးလျက်နှင့် သူသည် သင့်အပေါ် ဘေးဒုက္ခကို အဘယ်အတွက်ကြောင့် ဆောင်လာခဲ့နိုင်သနည်း။ ဘုရားသခင်၏နာမကို အလျင်အမြန်စွန့်ပြီး သူ့နောက် ဆက်၍မလိုက်နှင့်။ ဤနည်းဖြင့် သင်၏ ဒုက္ခပြဿနာများ ပြီးဆုံးလိမ့်မည်။ ဤအခိုက်အတန့်တွင် ယောဘထဲ၌ ဘုရားသခင် မြင်လိုသော သက်သေခံချက် ထွက်ခဲ့သည်။ သာမန်လူမည်သူမျှ ယင်းကဲ့သို့ သက်သေခံချက်မျိုးကို သက်သေခံနိုင်ခဲ့မည် မဟုတ်သကဲ့သို့ ၎င်းကို သမ္မာကျမ်းစာထဲမှ ဖြစ်ရပ်တစ်စုံတစ်ခုထဲ၌ ငါတို့ ဖတ်ကြရမည် မဟုတ်ပေ၊ သို့သော်လည်း ယောဘသည် ဤစကားများကို မပြောမီ ဘုရားသခင်သည် ယခင်ကတည်းက မြင်ခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် ဤအခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိခဲ့ရုံမျှသာဖြစ်၍ ဘုရားသခင် မှန်ကြောင်း အားလုံးကို သက်သေပြရန်အတွက် ယောဘကို အခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ဇနီးပေးသော အကြံဉာဏ်ကို ရင်ဆိုင်ခဲ့ရသည့် ယောဘသည် သူ၏ တည်ကြည်မှုကို လက်လွှတ်ခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ခြင်း မရှိသည့်အပြင် သူ၏ ဇနီးအား၊ "ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော" ဟူ၍လည်း ဆိုခဲ့သည်။ ဤစကားများသည် အလွန် အလေးချိန်စီးသလော။ ဤနေရာတွင် ဤစကားများ၏ အလေးချိန်ကို သက်သေပြနိုင်စွမ်းရှိသည့်အချက် တစ်ခုတည်းသာ ရှိသည်။ ဤစကားများ၏ အလေးချိန်မှာ ဘုရားသခင်သည် ထိုစကားများကို သူ၏ စိတ်နှလုံးထဲတွင် လက်ခံခဲ့ခြင်း၊ ၎င်းတို့မှာ ဘုရားသခင် တောင့်တသော အရာ ဖြစ်ခြင်း၊ ၎င်းတို့မှာ ဘုရားသခင် ကြားလိုသော အရာဖြစ်ခြင်းနှင့် ၎င်းတို့မှာ ဘုရားသခင်မြင်ရန် တောင့်တခဲ့သော ရလဒ် ဖြစ်ခြင်းပင် ဖြစ်သည်၊ ဤစကားများမှာ ယောဘ၏ သက်သေခံချက်၏ အနှစ်သာရလည်း ဖြစ်သည်။ ဤထဲတွင် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းတို့ကို သက်သေပြခဲ့သည်။ ယောဘ၏ အဖိုးတန်မှုသည် သူမည်သည့်အချိန်တွင်၊ မည်ကဲ့သို့ စုံစမ်းနှောင့်ယှက်ခံရခြင်းအပေါ် မူတည်ခဲ့ပြီး သူ၏ တစ်ကိုယ်လုံး၌ ဆိုးသောအနာစိမ်းများ ဖုံးလွှမ်းခဲ့သည့် အချိန်၊ အဆုံးစွန် နှိပ်စက်ညှဉ်းပန်းမှုကို သူတောင့်ခံခဲ့သည့် အချိန်နှင့် သူ၏ဇနီးနှင့် ဆွေမျိုးရင်းချာတို့က တိုက်တွန်းခဲ့သည့် အချိန်များ၌ပင်လျှင် သူသည် ယင်းကဲ့သို့ စကားများကို မြွက်ဆိုဆဲဖြစ်သည်။ ၎င်းကို အခြားနည်းဖြင့်ဆိုပါက မည်သည့် စုံစမ်းနှောင့်ယှက်မှုများ ဖြစ်ပါစေ၊ သို့မဟုတ် ဆင်းရဲဒုက္ခများ သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှု မည်သို့ပင် ဆိုးရွားပြင်းထန်ပါစေ၊ အကယ်၍ သေခြင်းသည် သူ့အပေါ် ရောက်လာခဲ့လျှင်လည်း သူသည် ဘုရားသခင်ကို စွန့်လွှတ်မည် သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို ပစ်ပယ်မည် မဟုတ်ကြောင်း သူ၏ စိတ်နှလုံးထဲတွင် သူယုံကြည်ခဲ့သည်။ ထိုအခါ သူ၏ စိတ်နှလုံးထဲမှ အရေးကြီးဆုံးသော နေရာ၌ ဘုရားသခင် ရှိကြောင်းနှင့် သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်သာလျှင် ရှိကြောင်း သင်မြင်ရပေမည်။ ဤအရာကြောင့် သမ္မာကျမ်းထဲတွင် ယင်းကဲ့သို့ သူ့အကြောင်း ဖော်ပြချက်များကို ဤကဲ့သို့ ဖတ်ရှုရခြင်းဖြစ်သည်၊ ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှ မမှားယွင်း။ သူသည် သူ၏နှုတ်ဖြင့် မှားယွင်းခြင်း မရှိခဲ့သည်သာမက သူ၏ စိတ်နှလုံးထဲ၌လည်း ဘုရားသခင်အား ညည်းတွားခြင်း မရှိခဲ့ပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ထိခိုက်စေသော စကားများကို သူမပြောခဲ့သည့်အပြင် ဘုရားသခင်ကို ပြစ်မှားခဲ့ခြင်း မရှိပေ။ သူ၏ပါးစပ်ဖြင့် ဘုရားသခင်၏ နာမကို ကောင်းချီးပေးခဲ့သည်သာမက သူ၏စိတ်နှလုံးဖြင့်လည်း ဘုရားသခင်၏ နာမကို ကောင်းချီးပေးခဲ့သည်၊ သူ၏ပါးစပ်နှင့် စိတ်နှလုံးတို့မှာ တစ်ထပ်တည်း ဖြစ်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် မြင်ခဲ့သော စစ်မှန်သည့် ယောဘဖြစ်၍ ဤသည်မှာ ယောဘကို ဘုရားသခင် တန်ဖိုးထားသော အကြောင်းရင်းပင် ဖြစ်ခဲ့သည်။

ယောဘနှင့်ပတ်သက်၍ လူတို့၏ များစွာသော နားလည်မှုလွဲမှားခြင်းများ

ယောဘခံစားခဲ့ရသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင် စေလွှတ်ခဲ့သော တမန်များ၏ လုပ်ရပ်ကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်၏ လက်အားဖြင့် ဖြစ်ပေါ်စေခဲ့ခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ကိုယ်တိုင် ဖြစ်စေခဲ့ခြင်းပင် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ယောဘ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ၏အဆင့်မှာ အလွန်ကြီးမားခဲ့သည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် ယောဘသည် သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို နေ့စဉ် သိသော အသိ၊ သူ၏ နေ့စဉ် လုပ်ဆောင်ချက်များ၏ နိယာမများနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားတို့ကို ကန့်သတ်ချက် မရှိဘဲ လက်တွေ့ပြသခဲ့ပြီး ဤသည်မှာ အမှန်တရား ဖြစ်သည်။ အကယ်၍ ယောဘသည် စုံစမ်းနှောင့်ယှက်ခြင်းကို မခံခဲ့ရပါက၊ အကယ်၍ ဘုရားသခင်သည် ယောဘအပေါ် စမ်းသပ်မှုများကို ဆောင်လာခဲ့ခြင်း မရှိပါက "ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း" ဟု ယောဘ ပြောသည့်အခါ သင်က ယောဘသည် သူတော်ကောင်း ယောင်ဆောင်သောသူတစ်ဦး ဖြစ်သည်၊ ဘုရားသခင်သည် သူ့အား ပစ္စည်းဥစ္စာများစွာကို ပေးခဲ့ခြင်းကြောင့် သူသည် ယေဟောဝါဘုရားသခင်၏ နာမကို ဧကန် ကောင်းချီးပေးခဲ့ခြင်း ဖြစ်သည်ဟု သင်ဆိုလိမ့်မည် ဖြစ်သည်။ အကယ်၍ စမ်းသပ်မှုများကို မခံစားရမီ ယောဘက "ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော" ဟုဆိုခဲ့ပါက ယောဘသည် ပုံကြီးချဲ့ပြောနေခြင်းဖြစ်ပြီး သူသည် ဘုရားသခင်၏ လက်အားဖြင့် မကြာမခဏ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရခြင်းကြောင့် ဘုရားသခင်၏ နာမကို စွန့်ပယ်လိမ့်မည် မဟုတ်ဟု သင်ဆိုလိမ့်မည် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် သူ့အပေါ် ဘေးဒုက္ခကို ဆောင်ယူခဲ့ပါက သူသည် ဘုရားသခင်၏နာမကို ဧကန်အမှန် စွန့်ပယ်ခဲ့လိမ့်မည် ဖြစ်သည်ဟု သင်ဆိုလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ယောဘသည် သူ့ကိုယ်သူ မည်သူမျှ အလိုမရှိသော၊ သို့မဟုတ် မမြင်လိုသော၊ သို့မဟုတ် ၎င်းတို့အပေါ် မကျရောက်စေလိုသော၊ မိမိတို့အပေါ် ကျရောက်မည်ကို လူအများ စိုးရိမ်သော အခြေအနေများ၊ ဘုရားသခင်ပင်လျှင် ကြည့်ရက်နိုင်ခြင်း မရှိသော အခြေအနေများထဲ၌ ရောက်ရှိနေခဲ့ကြောင်း သိသည့်အခါ၊ "ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း၊" ထို့အပြင် "ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော" ဟူ၍ ယောဘသည် သူ၏ တည်ကြည်ခြင်းကို ဆက်၍ ဆုပ်ကိုင်နိုင်ခဲ့သည်။ ယနေ့ခေတ်တွင် ယောဘ၏ပြုမူပုံနှင့် ရင်ဆိုင်ခဲ့ရပါက ကြီးကျယ်သော စကားများ ပြောရသည်ကို နှစ်ခြိုက်သောသူများနှင့် စာလုံးများနှင့် အယူဝါဒများ ဟောပြောရသည်ကို နှစ်ခြိုက်သောသူများသည် နှုတ်ဆိတ်ကုန်ကြသည်။ ဘုရားသခင်၏နာမကို အပြောဖြင့်သာ ထောမနာပြုသော်လည်း ဘုရားသခင်၏ စမ်းသပ်မှုများကို မည်သည့်အခါမျှ လက်မခံခဲ့သောသူများသည် ယောဘ မြဲမြံစွာ စွဲကိုင်ခဲ့သော တည်ကြည်မှုအားဖြင့် ပြစ်တင်ရှုတ်ချခြင်းကို ခံရကြပြီး လူသားသည် ဘုရားသခင်၏ နည်းလမ်းကို မြဲမြံစွာ စွဲကိုင်နိုင်မည် မဟုတ်ဟူ၍ မည်သည့်အခါကမျှ မယုံကြည်ခဲ့သော သူများသည် ယောဘ၏ သက်သေခံချက်အားဖြင့် စီရင်ခြင်းကို ခံရမည် ဖြစ်သည်။ ဤစမ်းသပ်မှုများ အတောအတွင်း ယောဘ၏ ပြုမူပုံနှင့် သူပြောခဲ့သော စကားများကို ရင်ဆိုင်ခဲ့ရပါက လူအချို့တို့သည် စိတ်ရှုပ်ထွေးကြလိမ့်မည်၊ အချို့တို့သည် မနာလိုဖြစ်ကြလိမ့်မည်၊ အချို့တို့သည် သံသယဖြစ်ကြလိမ့်မည်ဖြစ်ပြီး အချို့တို့သည် စိတ်မဝင်စားပုံပေါ်ကာ ယောဘ၏ သက်သေခံချက်အပေါ် ၎င်းတို့၏ နာခေါင်းများကို ရှုံ့ကြလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စမ်းသပ်မှုများ အတောအတွင်း ယောဘအပေါ် ကျရောက်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှုကို မြင်ရပြီး ယောဘပြောခဲ့သော စကားများကို ဖတ်ရကြသည် သာမက မိမိအပေါ် စမ်းသပ်မှုများ ရောက်လာခဲ့သည့်အချိန်တွင် ယောဘပြခဲ့သော လူသား "အားနည်းချက်" မြင်ကြရခြင်းကြောင့် ဖြစ်သည်။ ယောဘ၏ စုံလင်ခြင်းထဲတွင် မစုံလင်ခြင်း ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်သော ဤ"အားနည်ချက်" ဖြစ်သည့် လူသားတစ်ဦး၏ အမည်းစက်မှာ ဘုရားသခင်၏အမြင်တွင် စုံလင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် စုံလင်သောသူများမှာ အပြစ်အနာအဆာကင်းသော၊ အစွန်းအထင်း သို့မဟုတ် ညစ်နွမ်းမှုမရှိသော၊ အားနည်းချက်များ မရှိသော၊ နာကျင်မှုဝေဒနာအကြောင်း မသိသော၊ မပျော်မရွှင်ဖြစ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း မည်သည့်အခါမျှ ခံစားရခြင်း မရှိသော၊ မုန်းတီးခြင်း သို့မဟုတ် အပြင်ပိုင်း အစွန်းရောက်သော အပြုအမူ တစ်စုံတစ်ရာ မရှိသောသူများ ဖြစ်သည်ဟု ယုံကြည်တတ်ကြသည်၊ ရလဒ်အနေဖြင့် ယောဘသည် အမှန်တကယ် စုံလင်ခဲ့ကြောင်းကို လူအများစုတို့က မယုံကြည်ကြပေ။ သူ၏ စမ်းသပ်မှုများ အတောအတွင်း သူ၏အပြုအမူများစွာကို လူတို့က လက်မခံကြပေ။ ဥပမာ ယောဘသည် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရသည့်အခါ၊ သူသည် လူတို့ စိတ်ကူးသကဲ့သို့ မျက်ရည်ကျ ငိုကြွေးခဲ့ခြင်း မရှိခဲ့ပေ။ သူ၏မိသားစုအတွက် သူ၌ မျက်ရည်များ သို့မဟုတ် ချစ်ခြင်း မရှိခဲ့သည့်အတွက် သူ၏ "ဖြစ်ရိုးဖြစ်စဉ်နှင့်မကိုက်ညီမှု" သည် လူတို့က သူ့အား အေးစက်သောသူ ဖြစ်သည်ဟု ထင်စေသည်။ ဤအရာမှာ ယောဘသည် လူတို့အား ပထမဦးဆုံး ပေးသော မကောင်းသည့် ထင်မြင်ချက် ဖြစ်သည်။ ထို့နောက် ၎င်းတို့က သူ၏အပြုအမူသည် ပို၍ပင် ဦးနှောက်ခြောက်စေသည်ဟု မြင်ကြသည်၊ "မိမိဝတ်လုံကို ဆုတ်လေ၏" ဆိုသည်မှာ သူသည် ဘုရားသခင်အား မရိုသေခြင်း ဖြစ်သည်ဟူ၍ လူတို့က အဓိပ္ပာယ်ကောက်ခဲ့ကြပြီး "ဆံပင်ကိုလည်း ရိတ်၍" ဆိုသည်မှာ ယောဘသည် ဘုရားသခင်အား စော်ကားခြင်းနှင့် ဆန့်ကျင်ခြင်းကို ဆိုလိုကြောင်း တလွဲယုံကြည်ကြလေသည်။ "ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း၊" ဟူသော ယောဘ၏ စကားများမှလွဲ၍ လူတို့က ယောဘထဲ၌ ဘုရားသခင်၏ ချီးကျူးခြင်းကို ခံခဲ့ရသော ဖြောင့်မတ်ခြင်း တစ်စုံတစ်ခုမျှ မမြင်ကြသဖြင့် ယောဘအပေါ် အများစုဖြစ်သော ၎င်းတို့၏ အကဲဖြတ်ချက်မှာ နားမလည်နိုင်ခြင်း၊ နားလည်မှုလွဲခြင်း၊ သံသယဖြစ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် အယူအဆအားဖြင့်သာ လက်ခံခြင်းထက် မပိုပေ။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူသားတစ်ဦး ဖြစ်ကြောင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့သောသူတစ်ဦး ဖြစ်ကြောင်း ယေဟောဝါဘုရားသခင်၏ စကားများကို ၎င်းတို့ တစ်ဦးတစ်ယောက်မျှ စစ်မှန်စွာ နားလည်နိုင်ခြင်းနှင့် အသိမှတ်ပြုနိုင်ခြင်း မရှိကြပေ။

ယောဘအပေါ် ၎င်းတို့၏ အထက်ပါ ထင်မြင်ချက်ကို အခြေခံပြီး လူတို့သည် သူ၏ ဖြောင့်မတ်ခြင်းနှင့်စပ်လျဉ်းပြီး ဆက်လက်၍ သံသယများ ရှိကြသည်၊ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းထဲ၌ မှတ်တမ်းတင်ခဲ့သော ယောဘ၏ လုပ်ဆောင်ချက်များနှင့် ပြုမူပုံတို့မှာ လူတို့ စိတ်ကူးထားသကဲ့သို့ ကမ္ဘာတုန်လောက်အောင် ထိမိခြင်း မရှိသောကြောင့် ဖြစ်သည်။ သူသည် ကြီးမားသော စွမ်းဆောင်မှုများကို လုပ်ဆောင်ခြင်း မရှိခဲ့သည့်အပြင် သူသည် ပြာကြားတွင် ထိုင်နေစဉ် သူ့ကိုယ်သူ ကုတ်ခြစ်ရန် အိုးခြမ်းပဲ့ကိုလည်း ယူခဲ့ပြန်သည်။ ဤလုပ်ရပ်သည်လည်း လူတို့အား အံ့အားသင့်စေပြီး ယောဘ၏ ဖြောင့်မတ်ခြင်းကို သံသယ ဖြစ်စေသည့်အပြင် ပို၍ပင် ငြင်းပယ်စေသည်၊ အဘယ်ကြောင့်ဆိုသော် ယောဘသည် သူ့ကိုယ်သူ ခြစ်နေစဉ် ဘုရားသခင်ထံ ဆုတောင်းခဲ့ခြင်း သို့မဟုတ် ဘုရားသခင်အား ကတိပေးခဲ့ခြင်း မရှိခဲ့၊ ထိုမျှမက သူသည် နာကျင်မှု မျက်ရည်များဝိုင်း၍ ငိုကြွေးသည်ကို မမြင်ခဲ့ရပေ။ ယနေ့အချိန်တွင် လူတို့သည် ယောဘ၏ အားနည်ချက်ကိုသာ မြင်ကြပြီး အခြားအရာ တစ်စုံတစ်ခုကိုမျှ မမြင်ကြသောကြောင့် "ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော" ဟု ယောဘ ဆိုသည်ကို ၎င်းတို့ ကြားသော်လည်း ၎င်းတို့သည် လုံးဝ တုန်လှုပ်ခြင်း မရှိပေ၊ သို့မဟုတ် ချီတုံချတုံ ဖြစ်ခြင်း မရှိဘဲ ယောဘ၏ စကားများထဲမှ သူ၏ ဖြောင့်မတ်ခြင်းကို သိမြင်နိုင်ခြင်း မရှိသေးပေ။ စမ်းသပ်မှုများကြောင့် နှိပ်စက်ညှဉ်းပန်းခြင်းကို သူခံရစဉ်အတောအတွင်း လူတို့အား ယောဘပေးသည့် အခြေခံကျသော ထင်မြင်ချက်မှာ သူသည် ကပ်ဖားရပ်ဖားလည်း မလုပ်၊ မာနလည်း မကြီးသောသူ ဖြစ်ခဲ့သည်ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံး အတွင်းခန်းများထဲ၌ ဖြစ်ပျက်ခဲ့သော သူ၏အပြုအမူ နောက်ကွယ်မှ ဇာတ်လမ်းကို မမြင်ကြသည် သာမက သူ၏စိတ်နှလုံးအတွင်းမှ ဘုရားသခင်ကို ကြောက်ရွံခြင်း သို့မဟုတ် မကောင်းမှု ရှောင်သည့် နည်းလမ်း၏ နိယာမကို စောင့်ထိန်းခြင်းကို မမြင်ကြပေ။ သူ၏ တုန်လှုပ်မှုကင်းခြင်းသည် လူတို့အား သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှာ အဓိပ္ပာယ်မရှိသော စကားများဖြစ်ကြောင်း၊ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းမှာ ကောလာဟလမျှသာ ဖြစ်ကြောင်း ထင်စေသည်၊ ထိုစဉ် သူအပြင်ပန်းတွင် ထုတ်ဖော်ခဲ့သော "အားနည်ချက်" သည် ၎င်းတို့အပေါ် အလွန်ကြီးသော ထင်မြင်ချက်ကို ကျန်ရစ်စေပြီး ဘုရားသခင်က စုံလင်ဖြောင့်မတ်သည်ဟု သတ်မှတ်သော လူသားအပေါ် "အမြင်သစ်" တစ်ခုနှင့် "နားလည်မှုအသစ်" တစ်ခုကိုပင် ပေးခဲ့သည်။ ယောဘသည် သူ၏နှုတ်ကိုဖွင့်ကာ သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့သည့်အခါ ယင်းကဲ့သို့ "အမြင်သစ်" နှင့် "နားလည်မှုအသစ်" များမှာ သက်သေပြပြီး ဖြစ်ခဲ့သည်။

သူခံစားခဲ့ရသော နှိပ်စက်ညှဉ်းပန်းမှု အတိုင်းအတာမှာ မည်သည့်လူသားမျှ စိတ်ကူး၍ မရဘဲ နားမလည်နိုင်သော်လည်း သူသည် မိစ္ဆာဒိဋ္ဌိစကားများကို မပြောခဲ့ပါ၊ သို့သော်လည်း သူ၏ ကိုယ်ခန္ဓာ နာကျင်မှုဝေဒနာကို သူ၏ ကိုယ်ပိုင် နည်းလမ်းဖြင့် သက်သာစေခဲ့ခြင်းသာ ဖြစ်သည်။ သမ္မာကျမ်းထဲ၌ မှတ်တမ်းတင်ခဲ့သည်နှင့်အညီ၊ "ငါဘွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ" (ယောဘ ၃:၃) ဟု သူဆိုခဲ့သည်။ ဤစကားများကို အရေးကြီးသည်ဟု မည်သူတစ်ဦးတစ်ယောက်က တစ်ခါမျှ မထင်မှတ်ခြင်းဖြစ်နိုင်ပြီး ၎င်းတို့အား အာရုံစိုက်ခဲ့ပြီးသော လူများလည်း ရှိကောင်းရှိနိုင်ပါသည်။ သင်တို့၏ အမြင်တွင် ယောဘသည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့သည်ဟု ၎င်းတို့ ဆိုလိုခြင်း ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ညည်းညူမှုတစ်ခု ဖြစ်သလော။ သင်တို့ထဲမှ များစွာသည် ယောဘပြောခဲ့သော ဤစကားများနှင့်ပတ်သက်၍ ထိုထိုသော အတွေးအခေါ်များ ရှိကြပြီး အကယ်၍ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်ပါက သူသည် အားနည်းချက် သို့မဟုတ် ပူဆွေးသောက တစ်စုံတစ်ရာကို မပြသင့်ဘဲ ယင်းအစား စာတန်ထံမှ တိုက်ခိုက်မှု တစ်စုံတစ်ရာကို အပြုသဘောဆန်စွာဖြင့် ရင်ဆိုင်ခဲ့သင့်ပြီး စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်ရသော်လည်း ပြုံး၍ပင် နေခဲ့သင့်သည်ဟု ယုံကြည်ကြကြောင်းကို ငါသိသည်။ သူသည် သူ၏ခန္ဓာကိုယ်ပေါ်၌ ကျရောက်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှု တစ်စုံတစ်ရာအပေါ် အနည်းငယ်မျှသော တုံ့ပြန်မှု မရှိသင့်သည့်အပြင် သူ၏ စိတ်နှလုံးအတွင်းမှ စိတ်ခံစားချက် တစ်စုံတစ်ရာအပေါ် သစ္စာဖောက်ခြင်း မပြုခဲ့သင့်ပေ။ ဤစမ်းသပ်မှုများကို ပို၍ပင် ပြင်းထန်စေရန် ဘုရားသခင်အား သူတောင်းလျှောက်ခဲ့သင့်သည်။ ဤသည်မှာ ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ တစ်စုံတစ်ဦး၌ ရှိသင့်ပြီး လက်တွေ့ပြသင့်သောအရာ ဖြစ်သည်။ အလွန်ပြင်းထန်သော ဤနှိပ်စက်ညှဉ်းပန်းမှုကြားတွင် ယောဘသည် သူမွေးဖွားသော နေ့ရက်ကို အမှန်ပင် ကျိန်ဆဲခဲ့သည်။ သူသည် ဘုရားသခင်ကို ညည်းညူခြင်း မပြုခဲ့ပေ၊ ဘုရားသခင်ကို ဆန့်ကျင်ရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ သူ၌ ရှိရန်မှာ ပို၍ပင် မဖြစ်နိုင်ခဲ့ပေ။ ဤအရာသည် အလုပ်ထက် အပြောက ပို၍ လွယ်ကူသည်၊ အဘယ်ကြောင့်ဆိုသော် ရှေးယခင် ခေတ်များကတည်းက ယနေ့အထိ ယောဘပေါ် ကျရောက်ခဲ့သော ယင်းကဲ့သို့ စုံစမ်းနှောင့်ယှက်မှုများကို တွေ့ကြုံဖူးသော သို့မဟုတ် ခံစားဖူးသောသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။ ယောဘ ခံစားခဲ့ရသော တူညီသည့် စုံစမ်းနှောင့်ယှက်မှုမျိုးကို မည်သူတစ်ဦးတစ်ယောက်မျှ အဘယ်ကြောင့် မခံစားခဲ့ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မြင်သည်နှင့်အညီ မည်သူမျှ ယင်းကဲ့သို့ တာဝန် သို့မဟုတ် တာဝန်ပေးစေခိုင်းချက် တစ်ခုကို တာဝန်ယူနိုင်ခဲ့ခြင်း မရှိ၊ ယောဘပြုခဲ့သည့်နည်းတူ မည်သူမျှ မပြုနိုင်ခဲ့ခြင်းနှင့် ထိုမျှမက မည်သူမျှ ၎င်းတို့ မွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခြင်းမှ လွဲ၍ ယောဘအပေါ် ယင်းကဲ့သို့ နှိပ်စက်ညှဉ်းပန်းမှု ကျရောက်စဉ် သူပြုခဲ့သည်နည်းတူ ဘုရားသခင်၏နာမကို မစွန့်ပယ်ခဲ့ဘဲ ယောဟောဝါဘုရားသခင်၏ နာမကို ဆက်၍ကောင်းချီးပေးခြင်းကို မပြုနိုင်သေးခြင်းကြောင့်ဖြစ်သည်။ တစ်စုံတစ်ဦးသောသူသည် ဤအရာကို ပြုနိုင်ခဲ့သလော။ ယောဘနှင့်ပတ်သက်၍ ဤအရာကို ငါတို့ ပြောသောအခါ ငါတို့သည် သူ၏အပြုအမူကို ချီးကျူးနေခြင်း ဖြစ်သလော။ သူသည် ဖြောင့်မတ်သော လူသားတစ်ဦးဖြစ်ခဲ့ပြီး ဘုရားသခင်ကို ယင်းကဲ့သို့ သက်သေခံနိုင်ခဲ့သည့်အပြင် စာတန်အား ၎င်း၏ဦးခေါင်းကို လက်ထဲ၌ ကိုင်ကာ ထွက်ပြေးစေရန် ပြုနိုင်စွမ်းရှိသဖြင့် ၎င်းသည် နောက်တစ်ဖန် ဘုရားသခင် ရှေ့သို့ လာပြီး သူ့ကို မည်သည့်အခါမျှ စွပ်စွဲခြင်း မပြုနိုင်တော့မည် မဟုတ်၊ ထို့ကြောင့် သူ့ကို ချီးကျူးခြင်းမှာ အဘယ် အမှားရှိသနည်း။ သင်တို့၌ ဘုရားသခင်ထက် ပိုမြင့်သော စံနှုန်းများ ရှိနေခြင်းကြောင့် ဖြစ်နိုင်သလော။ သင်တို့အပေါ်၌ စမ်းသပ်မှုများ ရောက်လာခဲ့သည့်အခါ သင်တို့သည် ယောဘထက် ပို၍ ကောင်းစွာ ပြုမူနိုင်မည် ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သလော။ ယောဘသည် ဘုရားသခင်၏ ချီးကျူးခြင်းကို ခံခဲ့ရသည်၊ သင်တို့၌ အဘယ် ကန့်ကွက်ချက်များ ရှိနိုင်သနည်း။

ယောဘသည် သူ့အားဖြင့် ဘုရားသခင်ကို မနာကျင်စေလိုသဖြင့် သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲသည်

ဘုရားသခင်သည် လူတို့၏ အတွင်းစိတ်နှလုံးကို ကြည့်ကြောင်းနှင့် လူတို့သည် လူတို့၏ အပြင်ပန်းများကို ကြည့်ကြောင်း ငါမကြာခဏ ပြောသည်။ ဘုရားသခင်သည် လူတို့၏ အတွင်းစိတ်နှလုံးကို ကြည့်သောကြောင့် သူသည် ၎င်းတို့၏ အနှစ်သာရကို နားလည်သော်လည်း လူတို့သည် အခြားလူတို့၏ အနှစ်သာရကို ၎င်းတို့၏ အပြင်ပန်းကို အခြေခံကာ သတ်မှတ်ကြခြင်း ဖြစ်သည်။ ယောဘသည် သူ၏နှုတ်ကိုဖွင့်ကာ သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့သည့်အခါ ဤလုပ်ရပ်သည် ယောဘ၏ မိတ်ဆွေသုံးဦးအပါအဝင် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ် အားလုံးကို အံ့အားသင့်စေခဲ့သည်။ လူသားသည် ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်ပြီး ဘုရားသခင် သူ့အပေါ် ပေးအပ်ခဲ့သော အသက်နှင့် ဇာတိပကတိကိုသာမက သူမွေးဖွားခဲ့သော နေ့ရက်အတွက် ကျေးဇူးတော်ချီးမွမ်းသင့်ပြီး သူသည် ၎င်းတို့ကို မကျိန်ဆဲသင့်ပေ။ ဤသည်မှာ လူအများစုအတွက် နားလည်နိုင်ပြီး ယုံကြည်လက်ခံနိုင်ပေသည်။ ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူ မည်သူအတွက်မဆို ဤအသိအမြင်မှာ အထွတ်အမြတ်ဖြစ်ပြီး မချိုးဖောက်အပ်ပေ၊ ၎င်းသည် မည်သည့်အခါမျှ ပြောင်းလဲနိုင်ခြင်း မရှိသော သမ္မာတရားတစ်ခုပင်ဖြစ်သည်။ သို့သော်လည်း ယောဘသည် စည်းမျဉ်းများကို ဖောက်ခဲ့သည်၊ သူသည် သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့သည်။ ဤသည်မှာ တားမြစ်တားသော နယ်မြေထဲသို့ ကူးဝင်ခြင်း ဖြစ်သည်ဟု လူအများစုတို့က သတ်မှတ်သော လုပ်ရပ်တစ်ခု ဖြစ်သည်။ သူသည် လူတို့၏ နားလည်ခြင်းနှင့် သနားခြင်းကို မခံထိုက်သည့်အပြင် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကိုလည်း မခံထိုက်ပေ။ တစ်ချိန်တည်းတွင် လူတို့သည် ယောဘ၏ ဖြောင့်မတ်ခြင်းအပေါ် ပို၍ပင် သံသယ ဖြစ်လာကြသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူ့အပေါ် ဘုရားသခင်၏ မျက်နှာသာသည် မိမိကိုယ်ကို အလိုလိုက်စေပြီး၊ ၎င်းသည် သူ့အား အလွန် ရဲတင်းစေပြီး မဆင်မခြင် ဖြစ်စေခဲ့သဖြင့် သူသည် သူ၏ဘဝတစ်လျှောက် သူ့အား ကောင်းချီးပေးပြီး စောင့်ရှောက်သည့်အတွက် ဘုရားသခင်အား ကျေးဇူးမတင်ခဲ့သည့်အပြင် သူမွေးဖွားခဲ့သော နေ့ရက်ကို ပျက်စီးခြင်းသို့ ရှုတ်ချခဲ့ခြင်း ဖြစ်သည်ဟု ထင်ရသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း မဟုတ်ပါက အဘယ်အရာ ဖြစ်သနည်း။ ယင်းကဲ့သို့ ပေါ့ပြက်မှုများသည် ယောဘ၏ ဤလုပ်ရပ်ကို ပြစ်တင်ဝေဖန်ရန်အတွက် လူတို့အား အထောက်အထားကို ပေးသော်လည်း ထိုအချိန်က ယောဘသည် မည်သည့်အရာကို အမှန်တကယ် တွေးနေခဲ့ကြောင်းကို မည်သူ သိနိုင်သနည်း။ ထို့အပြင် ယောဘသည် အဘယ်ကြောင့် ထိုသို့ပြုမူခဲ့ရသည့် အကြောင်းရင်းကို မည်သူသိနိုင်သနည်း။ ဘုရားသခင်နှင့် ယောဘ ကိုယ်တိုင်သာလျှင် အတွင်းထဲမှ အဖြစ်အပျက်နှင့် ဤနေရာမှ အကြောင်းရင်းကို သိနိုင်သည်။

စာတန်သည် ၎င်း၏လက်ကိုဆန့်ကာ ယောဘ၏ အရိုးများကို နှိပ်စက်ခဲ့သည့်အခါ ယောဘသည် ၎င်း၏ လက်ခုပ်တွင်းသို့ ကျဆင်းခဲ့ပြီး လွတ်မြောက်ရန် နည်းလမ်းများ သို့မဟုတ် ခုခံရန်ခွန်အား မရှိဖြစ်ခဲ့ရသည်။ သူ၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်သည် အလွန်ကြီးစွာသော နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး ဤနာကျင်မှုသည် သူ့အား ဇာတိပကတိထဲ၌ အသက်ရှင်သော လူသား၏ မရေရာခြင်း၊ အားနည်းခြင်းနှင့် တန်ခိုးကင်းမဲ့ခြင်းတို့ကို နက်ရှိုင်းစွာ သတိပြုမိစေခဲ့သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည် အဘယ်ကြောင့် လူသားမျိုးနွယ်ကို ကြည့်ရှုစောင့်ရှောက်ရန် စိတ်ရှိကြောင်း အလွန်လေးနက်သော အသိတစ်ခုကိုလည်း သူရခဲ့သည်။ အသွေးအသားရှိသော လူသားမှာ စာတန်၏ လက်ခုပ်ထဲ၌ အမှန်တကယ်ပင် အလွန်တန်ခိုးမရှိဘဲ အားနည်းကြောင်းကို ယောဘသဘောပေါက်ခဲ့သည်။ သူဒူးထောက်၍ ဘုရားသခင်ထံ ဆုတောင်းခဲ့သည့်အခါ ဘုရားသခင်သည် သူ့အား စာတန်၏ လက်ထဲသို့ လုံးလုံးလျားလျား အပ်နှံခဲ့ပြီး ဖြစ်သောကြောင့် ဘုရားသခင်သည် သူ၏မျက်နှာကို ဖုံးထားပြီး ပုန်းကွယ်နေသကဲ့သို့ သူခံစားခဲ့ရသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည်လည်း သူ့အတွက် ငိုကြွေးခဲ့သည် သာမက သူ့အတွက် စိတ်ထိခိုက်ခဲ့ရသည်၊ ဘုရားသခင်သည် သူ၏နာကျင်မှုကြောင့် နာကျင်ခဲ့ရပြီး သူ၏အနာတရဖြစ်ခြင်းကြောင့် အနာတရဖြစ်ခဲ့ရသည် …. ယောဘသည် ဘုရားသခင်၏ နာကျင်မှုကို ခံစားမိခဲ့သည့်အပြင် ဘုရားသခင်အတွက် ၎င်းမှာ မည်မျှပင် မခံမရပ်နိုင်ဖွယ် ဖြစ်ကြောင်းကိုလည်း ခံစားမိခဲ့သည် … ယောဘသည် ဘုရားသခင်အပေါ် နောက်ထပ် ပူဆွေးမှု တစ်စုံတစ်ရာကို ဆောင်ယူလိုခြင်း မရှိသကဲ့သို့ ဘုရားသခင်သည် သူ့အတွက် ငိုကြွေးမည်ကိုလည်း သူ အလိုမရှိခဲ့ပေ၊ သူ့ကြောင့် ဘုရားသခင် နာကျင်ရမည်ကို သူပို၍ပင် မမြင်လိုခဲ့ပေ။ ဤအခိုက်အတန့်တွင် ယောဘသည် ဤခန္ဓာကိုယ်အားဖြင့် သူ့အပေါ် ကျရောက်ခဲ့သော နာကျင်မှုကို ဆက်၍ မသည်းခံရစေရန် သူ့ကိုယ်သူ သူ၏ ခန္ဓာကိုယ်ကို အာရုံထဲမှ ဖျောက်ပစ်ရန်သာ အလိုရှိခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဤအရာသည် သူ၏ နာကျင်မှုကြောင့် ဘုရားသခင် စိတ်ဆင်းရဲရခြင်းကို ရပ်တန့်စေနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်၊ သို့သော်လည်း သူမဖျောက်ပစ်နိုင်ခဲ့ဘဲ ခန္ဓာကိုယ်၏ နာကျင်မှုကို သည်းခံခဲ့ရသည် သာမက ဘုရားသခင်အား မစိုးရိမ်စေလိုသည့် ဆန္ဒ၏ နှိပ်စက်ခြင်းကိုလည်း ခံခဲ့ရသည်။ ခန္ဓာကိုယ်မှ လာသော နာကျင်မှုနှင့် ဝိညာဉ်မှလာသော နာကျင်မှုဖြစ်သည့် ဤနာကျင်မှုနှစ်မျိုးသည် ယောဘအပေါ် စိတ်နှလုံးကွဲလုမတတ်၊ အူကလီစာများ ဆောင့်ဆွဲခံရသကဲ့သို့ နာကျင်မှုကို ဆောင်ယူလာခဲ့ပြီး အသွေးအသား ရှိသော လူသား၏ အားနည်းချက်များသည် တစ်စုံတစ်ဦးအား မည်ကဲ့သို့ အနှောင့်အယှက်ဖြစ်စေပြီး ခိုကိုးရာမဲ့စေကြောင်း သူ့အား ခံစားရစေခဲ့သည်။ ဤအခြေအနေများအောက်တွင် ဘုရားသခင်အပေါ် သူ၏ တမ်းတခြင်းသည် ကြီးထွားပြင်းထန်လာခဲ့ပြီး စာတန်အား သူ၏စက်ဆုပ်ရွံ့ရှာခြင်းမှာ ပို၍ ပြင်းပြလာခဲ့သည်။ ဤအချိန်တွင် ယောဘသည် သူ့အတွက်ကြောင့် ဘုရားသခင် မျက်ရည်ကျခြင်း သို့မဟုတ် နာကျင်ခြင်းကို မြင်ရသည်ထက် လူ့လောကထဲ၌ မည်သည့်အခါကမျှ သူမမွေးဖွားလာခဲ့ရန်၊ သူရှင်သန်ဖြစ်တည်ခဲ့ခြင်း မရှိခဲ့ရန် ပို၍ပင် ဆန္ဒရှိခဲ့သည်။ သူသည် သူ၏ ဇာတိပကတိကို စတင်၍ လွန်စွာ စက်ဆုပ်ရွံ့ရှာလာသည်၊ သူ့ကိုယ်သူ၊ သူမွေးဖွားခဲ့သော နေ့ရက်နှင့် သူနှင့်သက်ဆိုင်သမျှ အားလုံးကိုပင် ငြီးငွေ့ပြီး စိတ်ကုန်လာခဲ့သည်။ သူမွေးဖွားခဲ့သော နေ့ရက် သို့မဟုတ် ၎င်းနှင့် သက်ဆိုင်သောအရာ တစ်စုံတစ်ခု အကြောင်းကို ဆက်၍ ဖော်ပြရန် သူအလိုမရှိခဲ့သဖြင့် သူသည် သူ၏နှုတ်ကိုဖွင့်ကာ သူ၏မွေးဖွားရာနေ့ရက်ကို ဤသို့ကျိန်ဆဲခဲ့သည်- "ငါဘွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။ ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါစေနှင့်။" (ယောဘ ၃:၃-၄) ယောဘ၏ စကားများသည် သူ့ကိုယ်သူ စက်ဆုပ်ရွံရှာကြောင်း၊ "ငါဘွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ" ဟူ၍ လည်းကောင်း သူ့ကိုယ်သူ ပြစ်တင်ရှုတ်ချကြောင်းနှင့် ဘုရားသခင်ကို နာကျင်စေသည့်အတွက် အကြွေးတင်ရှိကြောင်း၊ "ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါစေနှင့်၊" ဟူ၍ လည်းကောင်း ပြလျက်ရှိသည်။ ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် ထိုစဉ်က ယောဘ မည်ကဲ့သို့ ခံစားခဲ့ရကြောင်းကို အဆုံးစွန်ဖော်ပြပြီး အယောက်တိုင်းအား သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အပြည့်အဝ ထင်ရှားစေခဲ့သည်။ တစ်ချိန်တည်းတွင် ယောဘ ဆန္ဒရှိခဲ့သည့်နည်းတူ၊ ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်း သာမက ဘုရားသခင်ကို ကြောက်ရွံခြင်းတို့မှာ အမှန်ပင် တိုးမြှင့်ခြင်းကို ခံခဲ့ရသည်။ ဤတိုးမြှင့်ခြင်းမှာ ဘုရားသခင် မျှော်လင့်ခဲ့ပြီးသော အကျိုးဆက် ဧကန်ပင် ဖြစ်သည်။

ယောဘသည် စာတန်ကို အနိုင်ယူကာ ဘုရားသခင်၏ အမြင်တွင် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာသည်

ယောဘသည် သူ၏ စမ်းသပ်မှုများကို ခံရစဉ် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီး အားလုံး သိမ်းယူခြင်းကို ခံခဲ့ရသော်လည်း ရလဒ်အနေဖြင့် သူသည် လဲကျခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားသည့်အရာ တစ်စုံတစ်ခုကိုမျှ မဆိုခဲ့ပေ။ သူသည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်ခဲ့ပြီး သူ၏ ရုပ်ဝတ္ထု ပစ္စည်းများနှင့် သားသမီးများကို အောင်မြင်ခဲ့သည့်အပြင် သူ၏လောကပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးသည့် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုသော် သူသည် သူ့ထံမှ ဘုရားသခင်၏ ရုပ်သိမ်းခြင်းကို နာခံခဲ့နိုင်ပြီး ယင်းအဖြစ်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းနိုင်ခဲ့သည်။ ယင်းမှာ စာတန်၏ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှုကာလအတွင်း ယောဘ၏ပြုမူပုံဖြစ်ခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ ပထမအကြိမ် စမ်းသပ်မှုကာလအတွင်း ယောဘ၏ သက်သေခံချက်လည်း ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် စမ်းသပ်မှု၌ စာတန်သည် ၎င်း၏လက်ကိုဆန့်၍ ယောဘကို ထိုခိုက်ခဲ့သည်၊ ယောဘသည် သူယခင်က ခံစားခဲ့ရသည်ထက် ပို၍ နာကျင်မှုကို ခံစားခဲ့ရသော်လည်း သူ၏သက်သေခံချက်သည် လူတို့ကို အံ့အားသင့်စေခဲ့သည်။ သူသည် သူ၏ခံနိုင်ရည်၊ ခံယူချက်နှင့် ဘုရားသခင်ကို နာခံမှုတို့ကို သာမက ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းတို့ကို အသုံးပြုကာ စာတန်အား နောက်ထပ်တစ်ကြိမ် အနိုင်ယူခဲ့ပြီး သူ၏ ပြုမူပုံနှင့် သက်သေခံချက်သည် ဘုရားသခင်၏ ထောက်ခံခြင်းနှင့် မျက်နှာသာပေးခြင်းကို နောက်တစ်ကြိမ် ခံခဲ့ရသည်။ ဤစုံစမ်းနှောင့်ယှက်မှု ကာလအတွင်း ယောဘသည် သူ၏လက်တွေ့ပြုမူပုံကို အသုံးပြု၍ ခန္ဓာကိုယ် နာကျင်မှုသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို မပြောင်းလဲစေနိုင်ကြောင်း သို့မဟုတ် ဘုရားသခင်အပေါ် သူ၏ ဆက်ကပ်မှုနှင့် ဘုရားသခင်အား ကြောက်ရွံ့မှုကို မနုတ်ယူနိုင်ကြောင်း၊ သေခြင်းကို သူရင်ဆိုင်ခဲ့ရခြင်းကြောင့် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စွန့်လွှတ်မည် သို့မဟုတ် ဘုရားသခင်အား စွန့်ပစ်မည် မဟုတ်ကြောင်း စာတန်အား ကြေငြာခဲ့သည်။ ယောဘ၏ စိတ်ပိုင်းဖြတ်ချက်သည် စာတန်အား သူရဲဘောကြောင် ဖြစ်စေခဲ့သည်၊ သူ၏ယုံကြည်ခြင်းသည် စာတန်အား အသည်းငယ်စေပြီး တုန်လှုပ်စေခဲ့သည်၊ စာတန်နှင့် သူ၏ရှင်ခြင်းနှင့် သေခြင်းတိုက်ပွဲ၏ တွန်းအားသည် စာတန်ထဲတွင် နက်နဲသော မုန်းတီးမှုနှင့် မကျေမချမ်းမှုကို ပေါက်ဖွားစေခဲ့သည်၊ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကြောင့် စာတန်သည် သူ့အား ဆက်၍ မည်သို့မျှ မပြုနိုင်ခဲ့တော့သဖြင့် စာတန်သည် ယောဘအပေါ် ၎င်း၏ တိုက်ခိုက်မှုများကို စွန့်ပစ်ကာ ယေဟောဝါဘုရားသခင်ရှေ့တွင် သူ့အား စွပ်စွဲချက်များကိုလည်း စွန့်လွှတ်ခဲ့လေသည်။ ယောဘသည် လောကကြီးကို အောင်မြင်ခဲ့ကြောင်း၊ ဇာတိပကတိကို အောင်မြင်ခဲ့ကြောင်း၊ စာတန်ကို အောင်မြင်ခဲ့ကြောင်းနှင့် သေခြင်းကို အောင်မြင်ခဲ့ကြောင်းကို ဤအရာက ဆိုလိုခဲ့ခြင်း ဖြစ်သည်၊ သူသည် ဘုရားသခင် ပိုင်ဆိုင်သော လူသားတစ်ဦး အကြွင်းမဲ့နှင့် လုံးလုံးလျားလျား ဖြစ်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခု ကာလအတွင်း ယောဘသည် သူ၏ သက်သေခံချက်အပေါ် မြဲမြံစွာ ရပ်တည်ခဲ့ပြီး သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အမှန်တကယ် အသက်ရှင်ပြခဲ့သည်၊ ထို့အပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့်ဆိုင်သော သူ၏ အသက်ရှင်မှု နိယာမများ၏ အတိုင်းအတာကို ချဲ့ထွင်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုကို ခံရပြီးနောက်တွင် ယောဘထဲ၌ ပို၍ကြွယ်ဝသော အတွေ့အကြုံတစ်ခု မွေးဖွားလာခဲ့ပြီး ဤအတွေ့အကြုံသည် သူ့ကို ပို၍ ရင့်ကျက်ပြီး ဝါရင့်စေခဲ့သည်၊ သူ့ကို ပို၍ သန်စွမ်းစေခဲ့ပြီး သာ၍ ခံယူချက် ကြီးမားစေခဲ့ပြီး သူစွဲမြဲစွာ ဆုပ်ကိုင်ခဲ့သော တည်ကြည်မှု၏ မှန်ကန်ခြင်းနှင့် အဖိုးထိုက်တန်ခြင်းအပေါ် သူ့အား ပို၍ ယုံကြည်မှု ရှိစေခဲ့သည်။ ယောဘအပေါ် ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အား လူသားအပေါ် ဘုရားသခင်၏ စိုးရိမ်မှုအကြောင်း နက်နဲသော နားလည်ခြင်းနှင့် အသိကို ပေးခဲ့ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ အဖိုးထိုက်ခြင်းကို သတိပြုမိစေရန် အခွင့်ပေးခဲ့ပြီး ထိုမှ ဘုရားသခင်အပေါ် အရေးထားခြင်းနှင့် ချစ်ခြင်းတို့ကို ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းထဲသို့ ဖြည့်ပေးခဲ့သည်။ ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် ယောဘအား သူ့ထံမှ ကင်းကွာစေခဲ့သည် သာမက သူ၏ စိတ်နှလုံးကို ဘုရားသခင် အနီးသို့ ဆောင်ယူခဲ့သည်။ ယောဘသည်းခံခဲ့သော ဇာတိပကတိ နာကျင်မှုသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည့်အခါ ယေဟောဝါဘုရားသခင်ထံမှ သူခံစားခဲ့ရသော စိုးရိမ်ပူပန်မှုသည် သူ့အား ရွေးချယ်စရာ မပေးခဲ့ဘဲ သူ၏ မွေးဖွာရာနေ့ရက်ကိုသာ ကျိန်ဆဲစေခဲ့သည်။ ယင်းကဲ့သို့ ပြုမူပုံမှာ ယခင်ကတည်းက ကြံစည်ထားခဲ့ခြင်း မဟုတ်ဘဲ သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အား အရေးထားခြင်းနှင့် ချစ်ခြင်း၏ သဘောဝအလျောက် ထုတ်ဖော်ခြင်း တစ်ခုပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် သူ့ကိုယ်သူ စက်ဆုပ်ရွံ့ရှာခဲ့ပြီး ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းရန် ဆန္ဒမရှိသည့်အပြင် ခံရပ်နိုင်ခြင်းလည်း မရှိသောကြောင့် သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့သည့် အဆင့်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်အပေါ်၌ အချိန်ကြာမြင့်စွာ တည်ရှိခဲ့သော ကြည်ညိုခြင်းနှင့် တမ်းတခြင်းတို့ကို သာမက ဘုရားသခင်အား ဆက်ကပ်ခြင်းကို အရေးထားပြီး မြတ်နိုးသည့် အဆင့်အထိ တိုးမြှင့်ခဲ့သည်။ ဤအချိန်တွင် သူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို သာမက ဘုရားသခင်အား ကြောက်ရွံ့ခြင်းကိုလည်း အရေးထားပြီး မြတ်နိုးသည့် အဆင့်အထိ တိုးမြှင့်ခဲ့သည်။ ဘုရားသခင်ကို ထိခိုက်နစ်နာစေမည့်အရာ တစ်စုံတစ်ခုကိုမျှပြုရန် သူ့ကိုယ်သူ အခွင့်ပေးခဲ့ခြင်း၊ ဘုရားသခင်ကို နာကျင်စေမည့် ပြုမူပုံ တစ်စုံတစ်ခုကိုမျှ သူ့ကိုယ်သူ ခွင့်ပြုခဲ့ခြင်းနှင့် သူ၏ ကိုယ်ပိုင် အကြောင်းရင်းများကြောင့် ဘုရားသခင်အပေါ် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း သို့မဟုတ် မပျော်ရွှင်ခြင်းပင်လျှင် ယူဆောင်လာခြင်းကို သူ့ကိုယ်သူ အခွင့်မပေးခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏ အမြင်တွင် ယောဘသည် ယခင်က ယောဘပင် ဖြစ်နေဆဲ ဖြစ်ခဲ့သော်လည်း ဘုရားသခင်အပေါ် ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ဘုရားသခင်အား အကြွင်းမဲ့ ကျေနပ်အားရမှုနှင့် သာယာကြည်နူးမှုကို ဆောင်ယူလာခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင်သည် ယောဘအား ရစေရန် မျှော်လင့်ထားခဲ့သော စုံလင်ခြင်းကို သူရရှိခဲ့ပြီး သူသည် ဘုရားသခင်၏ အမြင်တွင် "စုံလင်ဖြောင့်မတ်သည်" ဟုခေါ်ဝေါ်ခြင်းကို အမှန်တကယ် ခံထိုက်သောသူ တစ်စုံတစ်ဦး ဖြစ်လာခဲ့သည်။ သူ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် စာတန်အား အောင်မြင်စေရန်နှင့် ဘုရားသခင်အား သူ၏သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်စေရန် အခွင့်ပေးခဲ့သည်။ ထိုအတွက်ကြောင့် သူ၏ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် သူ့အား အမှန်တကယ် စုံလင်စေပြီး သူ၏ ဘဝတန်ဖိုးကို မြှင့်တက်စေသည့်အပြင် ဖြစ်ဖူးသမျှထက် ကျော်လွန်စေပြီး စာတန်၏ တိုက်ခိုက်ခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို ဆက်၍ မခံရတော့သည့် ပထဦးဆုံး လူပုဂ္ဂိုလ်တစ်ဦး ဖြစ်စေသည်။ ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် စာတန်၏ စွပ်စွဲခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရသည်၊ ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် စာတန်လက်သို့ အပ်နှံခြင်းကို ခံခဲ့ရပြီး ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် သူသည် စာတန်ကို အောင်မြင်ပြီး ရှုံးနိမ့်စေခဲ့သည့်အပြင် သူ၏ သက်သေခံချက်၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ ဤအချိန်မှစ၍ ယောဘသည် စာတန်လက်ထဲသို့ အပ်နှံခြင်းကို မည်သည့်အခါမျှ ထပ်မံ၍ မခံရမည့် ပထမဦးဆုံး လူသားတစ်ဦး ဖြစ်လာခဲ့သည်၊ သူသည် ဘုရားသခင်၏ ပလ္လင်ရှေ့တွင် အမှန်တကယ် လာရောက်ခဲ့ပြီး စာတန်၏ စောင့်ကြည့်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပါဘဲ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၊ အလင်းထဲ၌ အသက်ရှင်ခဲ့ရသည် …. သူသည် ဘုရားသခင်၏ အမြင်၌ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာခဲ့ပြီး သူသည် လွတ်မြောက်ခြင်းကို ရရှိခဲ့လေသည် …

ယောဘအကြောင်း

စမ်းသပ်မှုများကို ယောဘ မည်ကဲ့သို့ ဖြတ်ကျော်ခဲ့ပုံကို ကြားသိခဲ့ရပြီးနောက် သင်တို့ထဲမှ အများစုသည် ယောဘအကြောင်း၊ အထူးသဖြင့် ဘုရားသခင်၏ ချီးကျူးခြင်းကို ရခဲ့သည့် လျှို့ဝှက်ချက်နှင့်စပ်လျဉ်းပြီး ပို၍ အသေးစိတ် သိလိုကြမည် ဖြစ်သည်။ ထို့ကြောင့် ယနေ့ ယောဘအကြောင်း ပြောကြပါစို့။

ယောဘ၏ နေ့စဉ် အသက်တာထဲတွင် သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းကို ငါတို့တွေ့ရသည်

အကယ်၍ ငါတို့သည် ယောဘအကြောင်းကို ဆွေးနွေးမည်ဆိုပါက၊ "မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူ" ဟူ၍ ဘုရားသခင်၏နှုတ်မှ ကိုယ်တိုင်မြွက်ဆိုခဲ့သော သူ့အပေါ် အကဲဖြတ်ချက်ဖြင့် စတင်ကြရမည် ဖြစ်သည်။

ပထဦးစွာ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို ဖတ်ကြပါစို့။

"စုံလင်သည်" နှင့် "ဖြောင့်မတ်သည်" ဟူသော စကားလုံးများကို သင်တို့ မည်သို့ နားလည်သနည်း။ ယောဘသည် အပြစ်အနာအဆာ မရှိသောသူ ဖြစ်ပြီး ရိုးသားသောသူ ဖြစ်သည်ဟု သင်တို့ ယုံကြည်သလော။ ဤအရာမှာ "စုံလင်သည်" နှင့် "ဖြောင့်မတ်သည်" ဟူသည်ကို တိုက်ရိုက် အဓိပ္ပာယ်ကောက်ယူချက်နှင့် နားလည်မှုတစ်ခု အမှန်ပင် ဖြစ်လိမ့်မည်။ ယောဘအကြောင်း စစ်မှန်စွာ နားလည်ခြင်း၏ သီးခြားခွဲထုတ်၍ မရသောအရာမှာ လက်တွေ့ အသက်တာပင် ဖြစ်သည်၊ နှုတ်ကပတ်တော်များ၊ စာအုပ်များနှင့် အယူအဆ ချည်းသက်သက်ဖြင့် အဖြေတစ်စုံတစ်ရာကို ပေးလိမ့်မည် မဟုတ်ပေ။ ယောဘ၏ အိမ်၌နေသော အသက်တာကို ငါတို့ စတင်ကာ ကြည့်ခြင်းဖြင့် သူ၏ အသက်တာတစ်လျှောက်လုံး သူ၏ ပုံမှန် ပြုမူပုံမှာ အဘယ်အရာ ဖြစ်ကြောင်းကို ကြည့်ကြမည်။ အသက်တာထဲမှ သူ၏ နိယာမများနှင့် ရည်မှန်းချက်များ အကြောင်းကို သာမက သူ၏ ပင်ကိုစရိုက်နှင့် လိုက်စားမှု အကြောင်းကို ဤအရာက ငါတို့အား ပြောပြလိမ့်မည် ဖြစ်သည်။ ယခု ယောဘ၏ နောက်ဆုံး စကားများကို ဖတ်ကြပါစို့ ၁:၃- "ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။" ဤစကားများက ဆိုနေသော အရာမှာ ယောဘ၏ ဂုဏ်နှင့် အဆင့်အတန်းတို့မှာ အလွန်မြင့်မားခဲ့ပြီး သူ၏ ပေါကြွယ်ဝသော ပိုင်ဆိုင်မှုများကြောင့် သို့မဟုတ် သူသည် စုံလင်ပြီး ဖြောင့်မတ်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းကြောင့် သူသည် အရှေ့အရပ်မှ လူသားအားလုံးထဲတွင် အကြီးမြတ်ဆုံးသောသူ ဖြစ်ခဲ့ မဖြစ်ခဲ့ကို ငါတို့အား မပြောသော်လည်း ယေဘုယျအားဖြင့် ယောဘ၏ ဂုဏ်နှင့် အဆင့်အတန်းတို့သည် များစွာတန်ဖိုးထားခြင်းကို ခံရကြောင်းကို ငါတို့သိပေသည်။ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယောဘအပေါ် လူတို့၏ ပထမဆုံး ထင်မြင်ချက်များမှာ ယောဘသည် စုံလင်ခဲ့သည်၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့ပြီး မကောင်းမှုကို ရှောင်ခဲ့သည့်အပြင် သူသည် ကြီးမားသော ကြွယ်ဝချမ်းသာနှင့် အလေးထားအပ်သော အဆင့်အတန်းကို ပိုင်ဆိုင်ခဲ့သည်ဟူ၍ဖြစ်သည်။ သာမန် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ယင်းကဲ့သို့ ပတ်ဝန်းကျင်တစ်ခုနှင့် ယင်းကဲ့သို့ အခြေအနေများအောက်တွင် အသက်ရှင်ရခြင်း၊ ယောဘ စားနေကျအစားအစာ၊ ဘဝအဆင့်အတန်းနှင့် သူ၏ ကိုယ်ပိုင် အသက်တာ၏ အမျိုးမျိုးသော ရှုထောင့်များသည် လူအများစု၏ အာရုံစူးစိုက်မှု ဖြစ်ခဲ့လိမ့်မည် ဖြစ်သည်၊ ထို့ကြောင့် သမ္မာကျမ်းကို ငါတို့ ဆက်၍ဖတ်ရှုရမည်၊ "ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။" (ယောဘ ၁:၄-၅) ဤကျမ်းပိုဒ်သည် ငါတို့အား အချက် နှစ်ချက်ကို ပြောသည်၊ ပထမ အချက်မှာ ယောဘ၏ သားများနှင့် သမီးများသည် ပုံမှန်ပွဲခံ၍ စားသောက်လေ့ရှိခဲ့ခြင်း ဖြစ်သည်၊ ဒုတိယ အချက်မှာ ဘောဘသည် ၎င်းတို့အတွက် မကြာခဏပူပန်၍ ၎င်းတို့သည် အပြစ်ပြုနေကြမည်၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်ကို ကျိန်ဆဲခဲ့ကြမည်ကို ကြောက်ရွံ့သဖြင့် မကြာမကြာ မီးရှို့သောယဇ်များကို ပူဇော်လေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဤအရာတွင် မတူညီသော လူအမျိုးအစား နှစ်မျိုး၏ အသက်တာများကို ဖော်ပြထားသည်။ ပထမတစ်မျိုးမှာ ယောဘ၏ သားများနှင့် သမီးများသည် ၎င်းတို့၏ ကြွယ်ဝခြင်းကြောင့် မကြာမခဏ ပွဲခံကြသည်၊ ကြီးကျယ်ခမ်းနားစွာ အသက်ရှင်ခဲ့ကြသည်၊ ၎င်းတို့ စိတ်နှလုံး အလိုပြည့်ဝသည်အထိ သောက်စားခဲ့ကြပြီး ရုပ်ဝတ္ထု ကြွယ်ဝချမ်းသာခြင်းအားဖြင့် မြင့်မားသော ဘဝ အဆင့်အတန်းကို ပျော်မွေ့ခဲ့ကြသည်။ ယင်းကဲ့သို့ အသက်တာမျိုး၌ နေထိုင်ခြင်းဖြင့် ၎င်းတို့သည် မကြာခဏ ဘုရားသခင်ကို ပြစ်မှား၍ အပြစ်ပြုမိခဲ့မည်မှာ ဧကန်အမှန် ဖြစ်သည်၊ သို့သော်လည်း ရလဒ်အနေဖြင့် ၎င်းတို့သည် ၎င်းတို့ကိုယ်ကို သန့်ရှင်းစင်ကြယ်စေခြင်း သို့မဟုတ် မီးရှို့သောယဇ်များကို ပူဇော်ခဲ့ကြခြင်း မရှိခဲ့ပေ။ ထိုအခါ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင် နေရာမရှိခဲ့ကြောင်း၊ ဘုရားသခင်၏ ကျေးဇူးတော်များအပေါ် ဆင်ခြင်ခဲ့ကြခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ပြစ်မှားမိမည်ကိုလည်း ကြောက်ရွံ့ခဲ့ကြခြင်း မရှိခဲ့ပေ၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို စွန့်လွှတ်မည်ကို ကြောက်ရွံ့ခြင်းမှာ ပို၍ပင် မဖြစ်နိုင်ကြောင်းကို သင်မြင်ရလေမည်။ ငါတို့၏ အာရုံပြုချက်မှာ ယောဘ၏ သားသမီးများအပေါ်၌ မဟုတ်ဘဲ ယင်းအမှုအရာများနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ ယောဘပြုခဲ့သည့် အရာအပေါ် အာရုံပြုခြင်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်၊ ဤသည်မှာ ကျမ်းပိုဒ်ထဲ၌ ဖော်ပြထားသော အခြားသော အကြောင်းအရာဖြစ်ပြီး ၎င်းထဲတွင် ယောဘ၏ နေ့စဉ်အသက်တာနှင့် သူ၏ လူ့သဘာဝ၏ အနှစ်သာရ ပါဝင်သည်။ ယောဘ၏သားများနှင့် သမီးများ ပွဲခံခြင်းကို သမ္မာကျမ်းစာက ဖော်ပြသည့်အခါ ယောဘအကြောင်းကို ဖော်ပြခြင်း မရှိပါ၊ သူ၏သားများနှင့် သမီးများ မကြာခဏ အတူတကွ စားသောက်ခဲ့ကြကြောင်းကိုသာ ဆိုထားသည်။ တစ်နည်းဆိုသော် သူသည် ပွဲခံခြင်းများကို မပြုခဲ့သည့်အပြင် သူသည် သူ၏သားများနှင့် သမီးများ အလွန်အကျူး စားသောက်ရာ၌ ပါဝင်ခြင်း မရှိခဲ့ပေ။ အလျှံအပယ်ဖြစ်၍ ပိုင်ဆိုင်မှုများနှင့် အစေခံများစွာကို ပိုင်ဆိုင်ခဲ့သော်လည်း ယောဘ၏ အသက်တာမှာ စည်းစိမ်၌ယစ်မူးသော အသက်တာတစ်ခု မဟုတ်ခဲ့ပေ။ သူသည် သူ၏အကောင်းဆုံး လူနေမှုပတ်ဝန်းကျင်အားဖြင့် အချိန်ကို ပျော်ပါးကုန်လွန်စေခဲ့ခြင်းမရှိဘဲ ဇာတိပကတိ ပျော်မွေ့ဖွယ်ရာများအပေါ် လွန်ကျူးစွာ ခံစားခဲ့ခြင်း သို့မဟုတ် သူ၏ ကြွယ်ဝချမ်းသာမှုကြောင့် မီးရှို့သောယဇ်များကို ပူဇော်ရန် မေ့လျော့ခဲ့ခြင်း မရှိပါ၊ ကြွယ်ဝချမ်းသာမှုသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို တဖြည်းဖြည်း ရှောင်ရှားစေရန်မှာ ပို၍ပင် မဖြစ်နိုင်ခဲ့ချေ။ ယောဘသည် သူ၏ နေပုံထိုင်ပုံ၌ စည်းကမ်းရှိခဲ့ပြီး လောဘကြီးခြင်း သို့မဟုတ် ပျော်ရွှင်မှုသာ ပဓာနကျသည်ဟူသော ခံယူချက် မရှိခဲ့သည့်အပြင် သူ့အား ဘုရားသခင် ကောင်းချီးမင်္ဂလာများ ပေးခြင်း၏ ရလဒ်အနေဖြင့် သူ၏ ဘဝ အဆင့်အတန်းအပေါ် အစွဲအလန်းကြီးခဲ့ခြင်း မရှိပေ။ ထိုသို့မဟုတ်ဘဲ သူသည် နှိမ့်ချပြီး ရိုးရိုးကုပ်ကုပ်နေခဲ့သည်၊ ဘုရားသခင်ရှေ့တွင် သတိရှိပြီး ဂရုတစိုက်ရှိခဲ့သည်၊ ဘုရားသခင်၏ ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို မကြာခဏ သူဆင်ခြင်တွေးတောခဲ့ပြီး ဘုရားသခင်ကို စဉ်ဆက်မပြတ် ကြောက်ရွံ့ခဲ့သည်။ သူ၏ နေ့စဉ်အသက်တာထဲတွင် ယောဘသည် မကြာခဏ စောစီးစွာ နိုးထကာ သူ၏ သားများနှင့် သမီးများအတွက် မီးရှို့သောယဇ်များကို ပူဇော်ခဲ့သည်။ တစ်နည်းဆိုသော် ယောဘသည် သူကိုယ်တိုင် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်သာမက သူ၏သားသမီးများသည်လည်း ထို့နည်းတူ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဘုရားသခင်အား မပြစ်မှားမည့် အကြောင်းကိုလည်း သူမျှော်လင့်ခဲ့သည်။ ယောဘ၏ ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝချမ်းသာမှုသည် သူ၏ စိတ်နှလုံးအတွင်း၌ နေရာမရှိခဲ့သည့်အပြင် ၎င်းသည် ဘုရားသခင်ရှိသော နေရာကို အစားထိုးခဲ့ခြင်း မရှိပေ၊ သူကိုယ်တိုင်အတွက် ဖြစ်စေ သူ၏သားသမီးများအတွက် ဖြစ်စေ ယောဘ၏နေ့စဉ် လုပ်ဆောင်ချက် အားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့် ဆက်နွှယ်ခဲ့သည်။ ယေဟောဝါဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းသည် သူ၏ပါးစပ်၌ ရပ်တန့်ခဲ့ခြင်းမရှိဘဲ လက်တွေ့လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သူ၏ နေ့စဉ်အသက်တာ၏ အပိုင်းတစ်ခုစီနှင့် အားလုံးတွင် ထင်ဟပ်ခဲ့သည်။ ယောဘသည် ရိုးသားပြီး တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သည့် အနှစ်သာရတစ်ခုကို ပိုင်ဆိုင်ခဲ့ကြောင်း ငါတို့အား ဤလက်တွေ့ပြုမူပုံက ပြလျက်ရှိသည်။ ယောဘသည် သူ၏သားများနှင့် သမီးများကို မကြာခဏ စေလွှတ်၍ သန့်ရှင်းစေခဲ့သည် ဟူသော အဓိပ္ပာယ်မှာ သူသည် သူ၏ သားသမီးများ၏ အပြုအမူကို ခွင့်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိခဲ့ကြောင်း ဆိုလိုသည်၊ ထိုသို့မဟုတ်ဘဲ သူ၏စိတ်နှလုံးထဲ၌ ၎င်းတို့၏ အပြုအမူကို စိတ်ပျက်ကာ ၎င်းတို့အား ပြစ်တင်ဝေဖန်ခဲ့သည်။ သူ၏သားများနှင့် သမီးများ၏ အပြုအမူသည် ယေဟောဝါဘုရားသခင်ကို ကျေနပ်စေခြင်း မရှိဟူ၍ သူကောက်ချက်ချခဲ့သဖြင့် ၎င်းတို့ကို သူမကြာခဏ ခေါ်ယူကာ ယေဟောဝါဘုရားသခင်ရှေ့သို့ သွား၍ ၎င်းတို့၏အပြစ်များကို ဝန်ခံစေခဲ့သည်။ ယောဘ၏ လုပ်ဆောင်ချက်များသည် သူ၏ လူ့သဘာဝ၏ အခြားတစ်ဖက်ကို ငါတို့အား ပြပေသည်၊ ၎င်းမှာ သူသည် မကြာခဏ အပြစ်ပြုပြီး ဘုရားသခင်ကို ပြစ်မှားသောသူများနှင့်အတူ မည်သည့်အခါမျှ ပေါင်းသင်းခြင်း မရှိခဲ့ဘဲ ၎င်းတို့ကို ရှောင်ဖယ်ပြီး ရှောင်တိမ်းခဲ့သည်။ ဤလူများမှာ သူ၏ သားများနှင့် သမီးများပင် ဖြစ်သော်လည်း ၎င်းတို့သည် သူ၏မိသားစုဝင်များ ဖြစ်ခြင်းကြောင့် သူ၏ ကိုယ်ပိုင် နိယာမများကို ပစ်ပယ်ခဲ့ခြင်း မရှိသည့်အပြင် သူ၏ ကိုယ်ပိုင် ရပ်တည်ချက်များကြောင့် ၎င်းတို့၏ အပြစ်များ၌ မွေ့လျော်ခဲ့ခြင်း မရှိပေ။ ထိုသို့ပြုမည့်အစား ၎င်းတို့အား အပြစ်ဝန်ခံရန်နှင့် ယေဟောဝါဘုရားသခင်၏ သည်းခံခြင်းကို ရရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့၏ အလိုကြီးသော ပျော်ရွှင်မှုအလို့ငှာ ဘုရားသခင်ကို မစွန့်ပယ်ရန် ၎င်းတို့အား သူသတိပေးခဲ့သည်။ အခြားသူများအား ယောဘ ဆက်ဆံခဲ့ပုံ နိယာမများနှင့် ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ နိယာမများကို ခွဲခြား၍ မရနိုင်ပေ။ ဘုရားသခင် လက်ခံခဲ့သော အရာကို သူနှစ်သက်ခဲ့သည်၊ ဘုရားသခင် ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့သော အရာကို သူစက်ဆုပ်ရွံရှာခဲ့သည်၊ ဘုရားသခင်ကို မိမိတို့၏ စိတ်နှလုံးထဲ၌ ကြောက်ရွံ့သောသူများကို သူနှစ်သက်ခဲ့ပြီး ဘုရားသခင်ကို ပြစ်မှားသော သို့မဟုတ် မကောင်းမှု ကျူးလွန်ခဲ့သောသူများကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ယင်းကဲ့သို့ နှစ်သက်မှုနှင့် စက်ဆုပ်ရွံရှာမှုတို့ကို သူ၏ နေ့စဉ် အသက်တာထဲ၌ လက်တွေ့ပြသခဲ့ပြီး ၎င်းမှာ ဘုရားသခင်၏ အမြင်၌ မြင်ခဲ့သော ယောဘ၏ ဖြောင့်မတ်ခြင်းပင် ဖြစ်ခဲ့သည်။ သဘာဝအားဖြင့် ဤသည်မှာ သူ၏ နေ့စဉ်အသက်တာထဲတွင် အခြားသူများနှင့် သူ၏ ဆက်ဆံရေးထဲမှ ယောဘ၏ စစ်မှန်သော လူ့သဘာဝကို ဖော်ပြခြင်းနှင့် အသက်ရှင်နေထိုင်ခြင်းလည်း ဖြစ်ပြီး ငါတို့လေ့လာကြရမည့်အရာ ဖြစ်သည်။

စမ်းသပ်မှုများ ခံရစဉ်ကာလအတွင်း ယောဘ၏ လူ့သဘာဝ သရုပ်သကန်များ (စမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်း အကြောင်းကို နားလည်ခြင်း)

အထက်တွင် ငါတို့ဝေငှပြောဆိုခဲ့သော အရာများမှာ စမ်းသပ်မှုများမတိုင်မီ ယောဘ၏ နေ့စဉ် အသက်တာထဲ၌ ပြသခဲ့သော သူ၏ လူ့သဘာဝ၏ အမျိုးမျိုးသော ရှုထောင့်များ ဖြစ်သည်။ အမျိုးမျိုးသော ဤသရုပ်သကန်များသည် ယောဘ၏ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းတို့အကြောင်း ကနဦး အကျွမ်းဝင်မှုနှင့် အသိအမြင်ကို ပေးပြီး သဘာဝအလျောက် ကနဦး အတည်ပြုချက်ကို ပေးသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ "ကနဦး" ဟု ငါဆိုရသည့် အကြောင်းရင်းမှာ လူအများစုတို့သည် ယောဘ၏ ပင်ကိုစရိုက်နှင့် ဘုရားသခင်အပေါ် နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းနှင့်ပတ်သက်၍ သူလိုက်စားခဲ့သည့် နည်းလမ်း၏ အတိုင်းအတာအပေါ် စစ်မှန်သော အသိအမြင်တစ်ခု မရှိကြသေးခြင်းကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ယောဘအပေါ် လူအများစု၏ နားလည်ခြင်းမှာ "ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း" ဟူ၍လည်းကောင်း "ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော" ဟူ၍လည်းကောင်း သမ္မာကျမ်းစာထဲ၌ သူ၏ စကားများအားဖြင့် ဖော်ပြထားသော အနည်းငယ်ကောင်းသော ထင်မြင်ချက်ထက် ကျော်လွန်ခြင်း မရှိပေ။ ထို့ကြောင့် ယောဘသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ရရှိခဲ့ခြင်းကြောင့် သူသည် သူ၏လူ့သဘာဝကို မည်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့ကြောင်းကို ငါတို့နားလည်ရန် အလွန်လိုအပ်သည်၊ ဤနည်းဖြင့် ယောဘ၏ စစ်မှန်သော လူ့သဘာဝကို အယောက်တိုင်းအား အလုံးစုံ ပြသမည် ဖြစ်သည်။

ယောဘသည် သူ၏ဥစ္စာပစ္စည်းများ အခိုးယူခံခဲ့ရကြောင်း၊ သူ၏သားများနှင့် သမီးများ အသက်ဆုံးရှုံးခဲ့ရကြောင်းနှင့် သူ၏အစေခံများ အသတ်ခံခဲ့ရကြောင်းကို ကြားသောအခါ ဤသို့ သူတုံ့ပြန်ခဲ့သည်၊ "ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်။" (ယောဘ ၁:၂၀) ဤစကားများသည် ငါတို့အား အဖြစ်မှန် တစ်ခုကို ပြောပြသည်၊ ဤသတင်းကို ကြားပြီးနောက် ယောဘသည် ထိတ်ထိတ်ပျာပျာ ဖြစ်ခြင်း၊ ငိုကြွေးခြင်း သို့မဟုတ် သူ့အား သတင်းပေးသော အစေခံများကို အပြစ်တင်ခြင်း မရှိခဲ့ပေ၊ သူသည် ဘာဘာညာညာ ဖြစ်ခဲ့သည် ဟူသော အကြောင်းပြချက်များကို စုံစမ်းပြီး မှန်ကန်ကြောင်း အတည်ပြုရန် အခင်းဖြစ်သည့်နေရာကို စစ်ဆေးခြင်းနှင့် အမှန်တကယ် ဖြစ်ခဲ့သည်တို့ကို စုံစမ်းခြင်းတို့ကို ပို၍ပင် မပြုခဲ့ချေ။ သူ၏ ပိုင်ဆိုင်မှုများကို ဆုံးရှုံးရခြင်းကြောင့် နာကျင်ခြင်း သို့မဟုတ် နောင်တရခြင်း တစ်စုံတစ်ရာကို မပြသခဲ့သည် သာမက သူချစ်သော သားသမီးများကို ဆုံးရှုံးရခြင်းကြောင့်လည်း စိတ်မထိန်းနိုင်ဖြစ်ကာ မျက်ရည်ကျငိုကြွေးခဲ့ခြင်း မရှိပေ။ ယင်းကဲ့သို့ မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူသည် သူ၏ ဝတ်လုံကို ဆုတ်ခဲ့သည်၊ သူ၏ ဦးခေါင်းကို ရိတ်ခဲ့သည်၊ မြေပေါ်တွင် ပြပ်ဝပ်လျက် ကိုးကွယ်ခဲ့လေသည်။ ယောဘ၏ လုပ်ဆောင်ချက်များသည် သာမန် လူတစ်စုံတစ်ဦး၏ လုပ်ဆောင်ချက်များနှင့် မတူညီပေ။ ထိုလုပ်ဆောင်ချက်များသည် လူများစွာကို စိတ်ရှုပ်ထွေးစေပြီး ယောဘအား သူ၏ "သွေးအေးစက်မှု" အတွက်ကြောင့် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ အပြစ်ဖော်ဆုံးမစေသည်။ မိမိတို့၏ ပိုင်ဆိုင်မှုများကို ရုတ်တရက် ဆုံးရှုံးပါက သာမန်လူများသည် ဝမ်းနည်းပက်လက် ဖြစ်သည့်ပုံ သို့မဟုတ် မျှော်လင့်ချက်ကုန်သည့်ပုံ ပေါက်ကြမည်၊ သို့မဟုတ် အချို့လူများ၏ အခြေအနေတွင် ၎င်းတို့သည် အလွန် စိတ်ဓာတ်ကျခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် လူတို့၏ ဥစ္စာပစ္စည်းသည် တစ်ဘဝစာ ကြိုးစားမှုကို ကိုယ်စားပြုသည်၊ ထိုအရာအပေါ်တွင် ၎င်းတို့၏ ဆက်လက်ရှင်သန်မှု မူတည်သည်၊ ၎င်းသည် ၎င်းတို့အား ဆက်၍ အသက်ရှင်စေသော မျှော်လင့်ချက် ဖြစ်သည်၊ ၎င်းတို့၏ ဥစ္စာပစ္စည်း ဆုံးရှုံးခြင်းသည် ၎င်းတို့၏ ကြိုးပမ်းမှုများမှာ အချည်းနှီး ဖြစ်ခဲ့ရခြင်း၊ ၎င်းတို့၌ မျှော်လင့်ချက် မရှိခြင်းနှင့် အနာဂတ်ပင် မရှိခြင်း ဖြစ်သည်ဟူ၍ အဓိပ္ပာယ်ရသည်။ ဤသည်မှာ သာမန် လူတစ်စုံတစ်ဦးသည် ၎င်းတို့၏ ဥစ္စာပစ္စည်းအပေါ်ထားသည့် သဘောထားဖြစ်ပြီး ယင်းဥစ္စာပစ္စည်းနှင့်အတူရှိသည့် ၎င်းတို့ အနီးကပ် ဆက်နွှယ်မှုဖြစ်ပြီး ဤသည်မှာ လူတို့၏ အမြင်တွင် ဥစ္စာပစ္စည်း၏ တန်ခိုးရှိခြင်းလည်း ဖြစ်သည်။ ယင်းအကြောင်းကြောင့် လူအများစုသည် မိမိ၏ ဥစ္စာပစ္စည်း ဆုံးရှုံးခြင်းအပေါ်[ခ] ယောဘ၏ အေးစက်သော သဘောထားကြောင့် စိတ်ရှုပ်ကြသည်။ ယောဘ၏ စိတ်နှလုံးအတွင်း မည်သည်တို့ ဖြစ်ပျက်နေခဲ့ကြောင်းကို ရှင်းလင်းပြခြင်းအားဖြင့် ဤလူအားလုံး၏ စိတ်ရှုပ်ထွေးခြင်းကို ယနေ့ ငါတို့ ပပျောက်စေမည် ဖြစ်သည်။

ယင်းကဲ့သို့ အလျှံအပယ်ဖြစ်သော ပိုင်ဆိုင်မှုများကို ပေးအပ်ထားခြင်းကို ခံရပြီးနောက် သူသည် ၎င်းတို့အား ကြည့်ရှုခြင်း သို့မဟုတ် စောင့်ရှောက်မှု မရှိခြင်း၊ ဘုရားသခင် ပေးခဲ့သော ပိုင်ဆိုင်မှုများကို မထိန်းသိမ်းခဲ့ခြင်းကြောင့် ဤပိုင်ဆိုင်မှုများကို ဆုံးရှုံးရသည့်အတွက် ယောဘသည် ဘုရားသခင်ရှေ့တွင် ရှက်ကြောက်သင့်ကြောင်း သာမန် လူပြိန်းအသိက ဆုံးဖြတ်ပေးသည်။ ထို့ကြောင့် သူ၏ ဥစ္စာပစ္စည်းများ အခိုးယူခံခဲ့ရကြောင်းကို ကြားသည့်အခါ သူ၏ ပထမဦးဆုံး တုံ့ပြန်မှုမှာ အခင်းဖြစ်သော နေရာသို့ သွားကာ ကုန်ဆုံးခဲ့သော[ဂ] အရာမှန်သမျှ၏ စာရင်းကိုယူရန် ဖြစ်ခဲ့သင့်သည်၊ ထို့နောက် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို နောက်ထပ်တဖန် ရကောင်းရနိုင်ရန် ဘုရားသခင်ထံ အပြစ်ဝန်ချရန် ဖြစ်ခဲ့သင့်သည်။ သို့သော်လည်း ယောဘသည် ဤသို့မပြုခဲ့ဘဲ သူ၌ သဘာဝအလျောက် ထိုသို့ မပြုရခြင်း၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိခဲ့သည်။ ယောဘ၏ စိတ်နှလုံးထဲ၌ သူပိုင်ဆိုင်သမျှသည် သူ့အပေါ် ဘုရားသခင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး သူ၏ ကိုယ်ပိုင် အားထုတ်မှုကြောင့် ရလာခြင်း မဟုတ်ကြောင်းကို အလေးအနက် သူ ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူသည် ဤကောင်းချီးမင်္ဂလာများမှာ အမြတ်ထုတ်ရသည့် အရာတစ်စုံတစ်ခုအဖြစ် သူမမြင်ခဲ့ပေ၊ သို့သော် သူ၏ နေထိုင်စားသောက်ပုံ နိယာမများအဖြစ် သူ စွဲကိုင်ထားသင့်သော နည်းလမ်းကို ကျားကုတ်ကျားခဲ စွဲကိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မြတ်နိုးခဲ့ပြီး ကောင်းချီးခံစားရသည့်အတွက် ကျေးဇူးတော်ချီးမွမ်းခဲ့သည်၊ သို့သော်လည်း သူသည် ကောင်းချီးမင်္ဂလာများအပေါ် စွဲလန်းခြင်းနှင့် နောက်ထပ် ကောင်းချီမင်္ဂလာများကို တောင်းခံခြင်း မရှိခဲ့ပေ။ ယင်းမှာ ဥစ္စာပစ္စည်းအပေါ်ထားသော သူ၏ သဘောထား ဖြစ်ခဲ့သည်။ ကောင်းချီးမင်္ဂလာများ ရရန်အလို့ငှာ တစ်စုံတစ်ခုကို သူမပြုခဲ့သည့်အပြင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ကင်းမဲ့ခြင်း သို့မဟုတ် ဆုံးရှုံးခြင်းကြောင့် စိုးရိမ်ခြင်း သို့မဟုတ် စိတ်ထိခိုက်ခြင်း မရှိခဲ့ပေ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကြောင့် သူသည် လွန်လွန်ကဲကဲ၊ အရူးအမူး ပျော်ရွင်ခဲ့ခြင်း မရှိသည့်အပြင် သူမကြာခဏ အကျိုးခံစားခဲ့ရသော ကောင်းချီးမင်္ဂလာများကြောင့် ဘုရားသခင်၏ နည်းလမ်းကို လျစ်လျူရှုခြင်း သို့မဟုတ် ဘုရားသခင်၏ ကျေးဇူးတော်ကို မေ့လျော့ခြင်း မရှိခဲ့ပေ။ ဥစ္စာပစ္စည်းအပေါ် ယောဘ၏ သဘောထားသည် သူ၏ စစ်မှန်သော လူ့သဘာဝကို လူတို့အား ထုတ်ဖော်ပြသည်၊ ပထမဦးစွာ ယောဘသည် လောဘကြီးသော လူသားတစ်ဦး မဟုတ်ခဲ့သည့်အပြင် သူ၏ ရုပ်ဝတ္ထု ပေါကြွယ်ဝသော အသက်တာထဲတွင် နားပူနားဆာ မလုပ်ခဲ့ပေ။ ဒုတိယအနေဖြင့် ယောဘသည် သူ၌ ရှိသမျှကို ဘုရားသခင် ရုပ်သိမ်းမည်ကို စိုးရိမ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ၊ ၎င်းမှာ သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို နာခံသည့် သူ၏ သဘောထား ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ သူ့ထံမှ ဘုရားသခင်သည် မည်သည့် အချိန် သို့မဟုတ် ရုပ်သိမ်းခြင်း ပြုမည် မပြုမည်နှင့်ပတ်သက်၍ သူ၌ တောင်းဆိုချက်များ သို့မဟုတ် ညည်းညူချက်များ မရှိခဲ့သည့်အပြင် မည်သည့်အတွက်ကြောင့်ဟူ၍ အကြောင်းပြချက်ကိုလည်း မတောင်းခဲ့ဘဲ ဘုရားသခင်၏ အစီအစဉ်များကို နာခံရန်သာ ကြိုးပမ်းခဲ့သည်။ တတိယအနေဖြင့် သူ၏ ပိုင်ဆိုင်မှုများသည် သူ၏ ကိုယ်ပိုင် အားထုတ်မှုများမှ ရလာခြင်း ဖြစ်သည်ဟု မည်သည့်အခါမျှ သူမယုံကြည်ခဲ့ဘဲ ၎င်းတို့မှာ သူ့အပေါ် ဘုရားသခင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ယုံကြည်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယောဘ၏ ယုံကြည်ခြင်း ဖြစ်ခဲ့ပြီး သူ၏ ခံယူချက်ကို အရိပ်အမြွက်ပြချက် တစ်ခုဖြစ်သည်။ ယောဘ၏ လူ့သဘာဝနှင့် သူ၏ နေ့စဉ် စစ်မှန်သော လိုက်စားမှုတို့သည် သူ့အကြောင်းကို ဤအချက်သုံးချက်ပါ အကျဉ်းချုပ်ထဲတွင် ရှင်းပြခဲ့ခြင်း ရှိသလော။ ယောဘ၏ လူ့သဘာဝနှင့် လိုက်စားမှုတို့မှာ သူ၏ ဥစ္စာပစ္စည်းများ ဆုံးရှုံးခြင်းနှင့် ရင်ဆိုင်ခဲ့စဉ် သူ၏ အေးစက်သော ပြုမူပုံနှင့် တစ်သားတည်း ဖြစ်ခဲ့သည်။ ယောဘသည် သူ၏ နေ့စဉ် လိုက်စားမှုကြောင့် ဘုရားသခင်၏ စမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း "ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း" ဟု ပြောရန် ဝိညာဉ်အသက်တာနှင့် ခံယူချက် ရှိခဲ့ခြင်း ဖြစ်သည်။ ဤစကားများမှာ ညတွင်းချင်း ရခဲ့ခြင်း မဟုတ်သကဲ့သို့ ၎င်းတို့သည် ယောဘ၏ခေါင်းထဲ၌ ရုတ်တရက် ပေါ်လာခဲ့ခြင်း မဟုတ်ပေ။ ၎င်းတို့မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော ဘဝအတွေ့အကြုံတစ်လျှောက် မြင်ခဲ့ပြီး ရခဲ့သော အရာများဖြစ်သည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရယူပြီး ၎င်းတို့ထံမှ ဘုရားသခင် သိမ်းမည်ကို ကြောက်ရွံ့သောသူ၊ ၎င်းကို မုန်းတီးပြီး ညည်းတွားသောသူ အားလုံးနှင့် နှိုင်းယှဉ်ပါက ယောဘ၏ နာခံခြင်းမှာ အလွန် စစ်မှန်သည် မဟုတ်လော။ ဘုရားသခင် တစ်ဆူရှိကြောင်းကို ယုံကြည်သော်လည်း ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးကြောင်းကို မည်သည့်အခါမျှ မယုံကြည်ခဲ့သော သူအားလုံးနှင့် နှိုင်းယှဉ်ပါက ယောဘသည် ထူးကဲသော ရိုးသားမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ပိုင်ဆိုင်သည် မဟုတ်လော။

ယောဘ၏ ဆင်ခြင်တုံတရား

ယောဘ၏ အမှန်တကယ် အတွေ့အကြုံများနှင့် သူ၏ ဖြောင့်မတ်ပြီး ရိုးသားသော လူ့သဘာဝမှာ သူသည် သူ၏ ပိုင်ဆိုင်မှုများနှင့် သားသမီးများကို ဆုံးရှုံးခဲ့သည့်အခါ ယုတ္တိတန်ဆုံးသော စီရင်ခြင်းနှင့် ရွေးချယ်မှုများကို ပြုခဲ့ကြောင်း အဓိပ္ပာယ်သက်ရောက်ခဲ့သည်။ ယင်းကဲ့သို့ ယုတ္တိတန်သော ရွေးချယ်မှုများနှင့် သူ၏ နေ့စဉ်နေ့တိုင်း ဘဝထဲမှ သူသိလာခဲ့သော သူ၏ နေ့စဉ် လိုက်စားမှုများနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ခွဲထုတ်၍ မရခဲ့ပေ။ ယောဘ၏ ရိုးသားခြင်းသည် သူ့အား ယေဟောဝါဘုရားသခင်၏ လက်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးကြောင်း ယုံကြည်နိုင်စေခဲ့သည်၊ သူ၏ယုံကြည်မှုသည် အရာခပ်သိမ်းအပေါ်၌ ရှိသော ယေဟောဝါဘုရားသခင်၏ အချုပ်အခြာအာဏာကို သူ့အား သိစေရန် အခွင့်ပေးခဲ့သည်၊ သူ၏ အသိပညာသည် ယေဟောဝါဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံလိုစေပြီး နာခံနိုင်စေခဲ့သည်၊ သူ၏ နာခံခြင်းသည် ယေဟောဝါဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်း၌ သူ့အား ပို၍ ပို၍ စစ်မှန်စေခဲ့သည်၊ သူ၏ ကြောက်ရွံ့ခြင်းသည် သူ၏ မကောင်းမှု ရှောင်ခြင်း၌ ပို၍ ပို၍ စစ်မှန်စေခဲ့သည်၊ နောက်ဆုံးတွင် ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့ခြင်းကြောင့် စုံလင်လာခဲ့ပြီး သူ၏ စုံလင်ခြင်းသည် သူ့အား ဉာဏ်အမြော်အမြင်ရှိစေခဲ့ပြီး အဆုံးစွန်သော ဆင်ခြင်တုံတရားကို ပေးခဲ့သည်။

"ယုတ္တိတန်သော" ဟူသည့် ဤစကားလုံးကို ငါတို့ အဘယ်သို့ နားလည်သင့်သနည်း။ တိုက်ရိုက် အဓိပ္ပာယ်ကောက်ခြင်း ဆိုသည်မှာ ကောင်းသောအသိ ရှိခြင်း၊ ကျိုးကြောင်းဆီလျော်ခြင်းနှင့် တစ်စုံတစ်ဦး၏ အတွေးအခေါ်မှာ စဉ်းစားချင့်ချိန်တတ်ခြင်း၊ အခြေအမြစ်ရှိသော စကားများ၊ လုပ်ဆောင်မှုများရှိပြီး စီရင်တတ်ခြင်းနှင့် အခြေအမြစ်ရှိ၍ ပုံမှန် ကိုယ်ကျင့်တရား စံနှုန်းများကို ပိုင်ဆိုင်ခြင်းကို ဆိုလိုသည်။ သို့သော်လည်း ယောဘ၏ ဆင်ခြင်တုံတရားကို အလွန်လွယ်ကူစွာ ရှင်းပြထားခြင်း မရှိပါ။ ဤနေရာ၌ ယောဘသည် အဆုံးစွန်သော ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသောအခါ ၎င်းမှာ သူ၏ လူ့သဘာဝနှင့် ဘုရားသခင်ရှေ့၌ သူ၏ပြုမူပုံတို့နှင့် ဆက်နွှယ်ထားခြင်း ဖြစ်သည်။ ဘောဘသည် ရိုးသားခဲ့သည့်အတွက် သူသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ပြီး နာခံနိုင်ခဲ့သည်၊ ၎င်းမှာ အခြားသူများ မရနိုင်သော အသိအပညာ တစ်ခုကို သူ့အား ပေးခဲ့ပြီး ဤအသိပညာသည် သူ့အပေါ် ကျရောက်ခဲ့သည်တို့ကို ပို၍ မှန်ကန်စွာ သိမြင်ခြင်း၊ စီရင်ခြင်းနှင့် သတ်မှတ်ခြင်းတို့ကို ပြုနိုင်စေခဲ့ပြီး မည်သည်တို့ကို ပြုရန်နှင့် မည်သည်တို့ကို မြဲမြံစွာ ဆုပ်ကိုင်ရန် ရွေးချယ်ရာတွင် သူ့အား ပို၍ မှန်ကန်တိကျစေပြီး ထိုးထွင်းဆင်ခြင်နိုင်စေခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သူ၏ စကားများ၊ အပြုအမူ၊ သူ၏ လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများနှင့် သူကျင့်ဆောင်ခဲ့သော ကျင့်ဝတ်တို့မှာ ပုံမှန် ဖြစ်ခဲ့သည်၊ ရှင်းလင်းပြီး အတိအကျ ဖြစ်ခဲ့သည် သာမက ၎င်းတို့မှာ ကျိုးကြောင်းမမြင်ခြင်း၊ စိတ်လိုက်မာန်ပါဖြစ်ခြင်း သို့မဟုတ် စိတ်ခံစားမှုနှင့် သက်ဆိုင်ခြင်း မရှိခဲ့ပေ။ သူ့အပေါ် ကျရောက်ခဲ့သမျှကို မည်ကဲ့သို့ သဘောထားရမည်ကို သူသိခဲ့သည်၊ ခက်ခဲရှုပ်ထွေးသော ဖြစ်ရပ်များအကြားမှ ဆက်နွယ်မှုများကို မည်ကဲ့သို့ ဟန်ချက်ညှိပြီး ကိုင်တွယ်ရမည်ကို သူသိခဲ့သည်၊ မြဲမြံစွာ ဆုပ်ကိုင်ထားသင့်သော နည်းလမ်းကို မည်ကဲ့သို့ မြဲမြံစွာ ဆုပ်ကိုင်ထားရမည်ကို သူသိခဲ့သည်၊ ထိုမျှမက သူသည် ယေဟောဝါဘုရားသခင်၏ ပေးခြင်းနှင့် ရုပ်သိမ်းခြင်းအပေါ် မည်ကဲ့သို့ သဘောထားရမည်ကို သိခဲ့သည်။ ဤသည်မှာ ယောဘ၏ ဆင်ခြင်တုံတရားပင် ဖြစ်ခဲ့သည်။ ယောဘသည် ယင်းကဲ့သို့ ဆင်ခြင်တုံတရားဖြင့် အသင့်ပြင်ခဲ့ခြင်းကြောင့် သူ၏ပိုင်ဆိုင်မှုများနှင့် သူ၏သားများနှင့် သမီးများကို ဆုံးရှုံးခဲ့ရသည့်အခါ "ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု" သူဆိုခဲ့ခြင်း ဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။

ယောဘသည် ကိုယ်ခန္ဓာ၏ အလွန်ကြီးစွာသော နာကျင်မှုနှင့် သူ၏ ဆွေမျိုးသားချင်းနှင့် မိတ်ဆွေများ၏ ကန့်ကွက်မှုများကို ရင်ဆိုင်ခဲ့ရပြီး သေခြင်းနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ သူ၏ အမှန်တကယ်ဖြစ်သော ပြုမူပုံသည် အယောက်တိုင်းအား သူ၏ စစ်မှန်သော သဘောသဘာဝကို နောက်ထပ်တစ်ကြိမ် ထင်ရှားစွာ ပြသခဲ့သည်။

ယောဘ၏ စစ်မှန်သော သဘောသဘာဝ၊ လိမ်ညာမှု ကင်းပြီး စစ်မှန် ဖြူစင်ခြင်း

ယောဘ ၂:၇၈ ကို ဖတ်ကြပါစို့- "စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။ ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။" ဤသည်မှာ ယောဘ၏ ကိုယ်ခန္ဓာပေါ်၌ ဆိုးသောအနာစိမ်းများ ပေါက်ခဲ့သည့်အခါ သူ၏ပြုမူပုံအကြောင်း ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် ပြာထဲ၌ ထိုင်ကာ နာကျင်မှုဝေဒနာကို သည်းခံလျက်နေခဲ့သည်။ မည်သူမျှ သူ့အား မကုသပေးခဲ့သည့်အပြင် သူ၏ ကိုယ်ခန္ဓာ နာကျင်မှုဝေဒနာ သက်သာစေရန် သူ့အား မည်သူမျှ မကူညီခဲ့ပေ၊ ထိုသို့မရှိခဲ့ဘဲ သူသည် ဆိုးသောအနာစိမ်းများ၏ အပေါ်ယံလွှာကိုခြစ်ရန် အိုးခြမ်းပဲ့ တစ်ခုကို အသုံးပြုခဲ့သည်။ အပေါ်ယံအားဖြင့် ဤသည်မှာ ယောဘခံရသော နှိပ်စက်ညှဉ်းပန်းခြင်းထဲမှ အဆင့်တစ်ခုမျှသာ ဖြစ်ခဲ့ပြီး သူ၏ လူ့သဘာဝနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဆက်နွှယ်ခြင်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ယောဘသည် ဤအချိန်က သူ၏ စိတ်နေစိတ်ထားနှင့် အမြင်များကို ထင်ရှားစွာပြရန်အတွက် စကားမပြောခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ယောဘ၏ လုပ်ဆောင်မှုများနှင့် သူ၏ ပြုမူပုံသည် သူ၏ လူ့သဘာဝကို ဖော်ပြသော စစ်မှန်သည့် ဖော်ပြချက် တစ်ခုပင် ဖြစ်သေးသည်။ ယခင် အခန်း၏ မှတ်တမ်းထဲတွင် ယောဘသည် အရှေ့အရပ်မှ လူသားများ အားလုံးထဲတွင် အကြီးမြတ်ဆုံး ဖြစ်ခဲ့ကြောင်းကို ငါတို့ဖတ်ခဲ့ကြရသည်။ ဒုတိယ အခန်း၏ ဤစာပိုဒ်တွင် အရှေ့အရပ်၌ အကြီးမြတ်ဆုံးသော ဤလူသားသည် ပြာထဲ၌ ထိုင်နေစဉ် သူ့ကိုယ်သူ ခြစ်ရန် အိုးခြမ်းပဲ့ တစ်ခုကို ယူသင့်ကြောင်းကို ငါတို့အား ပြသထားသည်။ ဤဖော်ပြချက် နှစ်ခုအကြားတွင် သိသာထင်ရှားသော ခြားနားချက်တစ်ခု ရှိသည်မဟုတ်လော။ ၎င်းမှာ ငါတို့အား ယောဘ၏ စစ်မှန်သော ဇာတိကိုပြသော ခြားနားချက် တစ်ခုပင် ဖြစ်သည်၊ သူ၏ဂုဏ်နှင့် အဆင့်အတန်းတို့မှာ ဂုဏ်သတင်းကျော်စောသော်လည်း သူသည် ၎င်းတို့ကို မည်သည့်အခါမျှ ချစ်ခဲ့ခြင်းနှင့် အာရုံစိုက်ခဲ့ခြင်း မရှိပေ၊ သူ၏ဂုဏ်ကို အခြားသူများ မည်ကဲ့သို့ ရှုမြင်ခဲ့ကြောင်းကို သူဂရုမစိုက်ခဲ့သည့်အပြင် သူ၏ လုပ်ဆောင်မှုများ သို့မဟုတ် ပြုမူပုံတို့သည် သူ၏ဂုဏ်အပေါ် အနုတ်လက္ခဏာဆန်သော အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိမည် သို့မဟုတ် မရှိမည်ကို သူစိုးရိမ်ခဲ့ခြင်း မရှိပေ၊ ကြွယ်ဝချမ်းသာမှုများ၏ အဆင့်အတန်းထဲ၌ သူမွေ့လျော်ခဲ့ခြင်း မရှိသည့်အပြင် ဂုဏ်နှင့် အဆင့်အတန်းတို့ပါသော ထင်ပေါ်ကျော်ကြားမှုကို သူသာယာကြည်နူးခြင်း မရှိခဲ့ပေ။ ယေဟောဝါဘုရားသခင်၏ အမြင်တွင် သူ၏တန်ဖိုးနှင့် သူ၏ နေထိုင်အသက်ရှင်ခြင်း၏ အဓိပ္ပာယ်ကိုသာ သူဂရုစိုက်ခဲ့သည်။ ယောဘ၏ စစ်မှန်သော ဇာတိမှာ သူ၏ အနှစ်သာရပင် ဖြစ်ခဲ့သည်၊ သူသည် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို မချစ်ခဲ့သည့်အပြင် ကျော်ကြားမှုနှင့် အခွင့်အလမ်းအတွက် အသက်မရှင်ခဲ့ပေ၊ သူသည် လိမ်ညာမှု ကင်းပြီး စစ်မှန် ဖြူစင်ခဲ့သည်။

ချစ်ခြင်းနှင့် မုန်းခြင်းအပေါ် ယောဘ၏ ခွဲခြားမှု

ယောဘ၌ရှိသော လူ့သဘာဝ၏ အခြားသော တစ်ဖက်ခြမ်းကို သူနှင့် သူ၏ဇနီးအကြား အပြန်အလှန်ပြောသော ဤစကားထဲတွင် ထင်ရှားစွာပြသထားပါသည်၊ "ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။" (ယောဘ ၂:၉-၁၀) ယောဘ ခံစားနေရသော နှိပ်စက်ညှဉ်းပန်းမှုကို မြင်တွေ့ရသည့် သူ၏ဇနီးက ယောဘအား သူခံရသော နှိပ်စက်ညှဉ်းပန်းမှုထဲမှ လွတ်မြောက်နိုင်ရန် ယောဘကို ကူညီ၍ အကြံဉာဏ်ပေးရန် ကြိုးစားခဲ့သည်၊ သို့သော်လည်း "ကောင်းသော စေတနာများ" မှာ ယောဘ၏ လက်ခံခြင်းကို မရခဲ့ဘဲ ၎င်းတို့သည် သူ၏ဒေါသကို မွှေနှောက်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူ့ဇနီးသည် ယေဟောဝါဘုရားသခင်၌ ရှိသော သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို ငြင်းပယ်ခဲ့သည့်အပြင် ယေဟောဝါဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤအရာကို ယောဘ သည်းမခံနိုင်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်ကို ဆန့်ကျင်သော သို့မဟုတ် ထိခိုက်နာကျင်စေသောအရာ တစ်စုံတစ်ခုကို ပြုရန်၊ အခြားသူများ၏ အကြောင်း တစ်စုံတစ်ခုပြောရန် သူ့ကိုယ်သူ မည်သည့်အခါမျှ အခွင့်မပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်ကို ကျိန်ဆဲပြီး စော်ကားသော စကားများကို ပြောဆိုသည့် အခြားသူများကို သူမြင်သည့်အခါ သူသည် အဘယ်သို့ ဂရုမစိုက်ဘဲ နေနိုင်ခဲ့မည်နည်း။ ထို့ကြောင့် သူ၏ဇနီးအား "မိန်းမမိုက်" တစ်ဦးဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ ယောဘသည် သူ၏ဇနီးအပေါ်ထားသော သဘောထားမှာ ဒေါသနှင့် အမုန်းပါ၍ အပြစ်တင်ပြီး အပြစ်ဖော်ဆုံးမသည့် သဘောထားတစ်ခု ဖြစ်ခဲ့သည်။ ဤအရာမှာ ချစ်ခြင်းနှင့် မုန်းခြင်းအကြား ပိုင်းခြားသော ယောဘ၏ လူ့သဘာဝ၏ သဘာဝ ဖော်ပြချက် ဖြစ်ခဲ့ပြီး သူ၏ ဖြောင့်မတ်သော လူ့သဘာဝကို ကိုယ်စားပြုသော စစ်မှန်သည့် ကိုယ်စားပြုချက်တစ်ခု ဖြစ်ခဲ့သည်။ ယောဘသည် တရားမျှတသော အသိတစ်ခုကို ပိုင်ဆိုင်ခဲ့သည်၊ ၎င်းမှာ ဒီရေနှင့် လေကဲ့သို့ ကောက်ကျစ်စဉ်းလဲမှုကို မုန်းသော၊ ဖြစ်နိုင်အခြေမရှိသော မိစ္ဆာဒိဌိအယူ၊ အဓိပ္ပာယ်မရှိသော အငြင်းပွားမှုများနှင့် သဘာဝမကျသည့် အဆိုများကို စက်ဆုပ်ရွံရှာသော၊ ပြစ်တင်ရှုတ်ချပြီး ငြင်းပယ်သော အသိတစ်ခုဖြစ်ပြီး လူအများစု၏ ငြင်းပယ်ခြင်း သူနှင့် နီးကပ်ခဲ့သော သူများ၏ စွန့်ခွာခြင်းကို ခံခဲ့ရစဉ် စစ်မှန်သော သူကိုယ်တိုင်၊ မှန်ကန်သော နိယာမများနှင့် ရပ်တည်ချက်ကို သူ့အား ဆုပ်ကိုင်စေခဲ့သည်။

ယောဘ၏ ကြင်နာမှုနှင့် ရိုးသားမှု

ယောဘ၏ပြုမူပုံ၌ သူ၏ လူ့သဘာဝဖြစ်သည့် အမျိုးမျိုးသော ရှု့ထောင့်များ၏ ဖော်ပြချက်ကို ငါတို့ မြင်နိုင်သောကြောင့် သူ၏ပါးစပ်ကိုဖွင့်၍ သူ၏မွေးဖွားရာနေ့ရက်ကို ကျန်ဆဲသောအခါ ယောဘ၏ မည်သည့် လူ့သဘာဝကို ငါတို့မြင်ကြရသနည်း။ ဤသည်မှာ ငါတို့အောက်တွင် ဝေငှပြောဆိုမည့် အကြောင်းအရာ ဖြစ်သည်။

အထက်တွင် ယောဘသည် သူ၏မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲရခြင်း၏ အကြောင်းရင်းများကို ငါပြောခဲ့ပြီးဖြစ်သည်။ ဤအထဲတွင် သင်တို့မည်သည့်အရာကို မြင်ရသနည်း။ အကယ်၍ ယောဘသည် စိတ်နှလုံးမာကြောပြီး ချစ်ခြင်းမေတ္တာ မရှိခဲ့ပါက၊ အကယ်၍ သူသည် အေးစက်ပြီး ခံစားချက်မဲ့ကာ လူ့သဘာဝ ကင်းမဲ့ခဲ့ပါက သူသည် ဘုရားသခင်၏ စိတ်နှလုံးအလိုကို ဂရုစိုက်နိုင်ခဲ့မည်လော။ ထို့အပြင် သူသည် ဘုရားသခင်၏ စိတ်နှလုံးကို ဂရုစိုက်သည့် ရလဒ်တစ်ခုကြောင့် သူ၏မွေးဖွားရာနေ့ရက်ကို သူစက်ဆုပ်ရွံရှာနိုင်ခဲ့မည်လော။ တစ်နည်းဆိုသော် အကယ်၍ ယောဘသည် စိတ်နှလုံးမာကြောပြီး လူ့သဘာဝ ကင်းမဲ့ခဲ့ပါက သူသည် ဘုရားသခင်၏ နာကျင်မှုကြောင့် စိတ်ဆင်းရဲနိုင်ခဲ့မည်လော။ ဘုရားသခင်သည် သူ့ကြောင့် စိတ်ထိခိုက်ခဲ့သည့်အတွက် သူသည် သူ၏မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲနိုင်ခဲ့မည်လော။ အဖြေမှာ လုံးဝမဟုတ်ပါ။ ယောဘသည် ကြင်နာတတ်သောသူဖြစ်ခဲ့သည့်အတွက် ဘုရားသခင်၏ စိတ်နှလုံးကို သူဂရုစိုက်ခဲ့သည်၊ ဘုရားသခင်၏ စိတ်နှလုံးကို သူဂရုစိုက်ခဲ့သည့်အတွက် ဘုရားသခင်၏ နာကျင်မှုကို သူသတိပြုမိခဲ့သည်၊ သူသည် ကြင်နာတတ်သည့်အတွက် ဘုရားသခင်၏ နာကျင်မှုကို သတိပြုမိခြင်း၏ ရလဒ်ကြောင့် ပို၍ကြီးသော နှိပ်စက်ညှဉ်းပန်းမှုကို ခံစားခဲ့ရသည်၊ ဘုရားသခင်၏ နာကျင်မှုကို သတိပြုမိခဲ့ခြင်းကြောင့် သူ၏မွေးဖွားရာနေ့ရက်ကို စတင်ကာ သူစက်ဆုပ်ရွံရှာလာသဖြင့် သူ၏ မွေးဖွားရာ နေ့ရက်ကို ကျိန်ဆဲခဲ့ခြင်းဖြစ်သည်။ အပြင်လူများအတွက် ယောဘ စမ်းသပ်မှုများကို ခံရစဉ်ကာလတစ်လျှောက်လုံး သူ၏ပြုမူပုံတစ်ခုလုံးမှာ စံပြဖြစ်သည်။ သူ၏မွေးဖွားရာနေ့ရက်ကို သူကျိန်ဆဲခြင်းသာလျှင် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်သည် သို့မဟုတ် မတူညီသော အကဲဖြတ်ချက် တစ်ခုကို ပေးခြင်းဖြစ်သည်။ အမှန်အားဖြင့် ဤသည်မှာ ယောဘ၏ လူ့သဘာဝ အနှစ်သာရ၏ အစစ်မှန်ဆုံးသော ဖော်ပြချက် ဖြစ်ခဲ့သည်။ သူ၏ လူ့သဘာဝ အနှစ်သာရမှာ ဖုံးကွယ်ထားခြင်း သို့မဟုတ် ထုပ်ပိုးထားခြင်း၊ သို့မဟုတ် အခြားသူ တစ်စုံတစ်ဦးက စိစစ်ပြင်ဆင်ခဲ့ခြင်း မဟုတ်ပေ။ သူ၏ မွေးဖွားရာနေ့ရက်ကို သူကျိန်ဆဲခဲ့သည့်အခါ သူ၏နက်ရှိုင်းသော အတွင်းစိတ်နှလုံးထဲမှ ကြင်နာမှုနှင့် ရိုးသားမှုတို့ကို ထင်ရှားစွာပြသခဲ့ခြင်း ဖြစ်သည်၊ သူသည် အလွန်သန့်ရှင်းပြီး အောက်ခြေကိုပင် မြင်ရသည့် ကြည်လင်ရှင်းသန့်သော ရေများရှိသည့် ရေကြည်စမ်း တစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။

ယောဘနှင့်ပတ်သက်၍ ဤအရာအားလုံးကို လေ့လာခဲ့ပြီးသည့်နောက် လူအများစု၌ ယောဘ၏ လူ့သဘာဝ အနှစ်သာရအပေါ် အတန်အသင့် မှန်ကန်ပြီး မျှတသော အကဲဖြတ်ချက်တစ်ခု ရှိမည်မှာ ဧကန်အမှန် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ပြောခဲ့သော ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအပေါ် လေးနက်သော၊ လက်တွေ့ကျပြီး ပို၍ အဆင့်မြင့်သော နားလည်ခြင်းနှင့် အသိအမှတ်ပြုခြင်းလည်း ရှိသင့်သည်။ ဤနားလည်ခြင်းနှင့် အသိအမှတ်ပြုခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုရှောင်သော နည်းလမ်းကို စတင်လုပ်ဆောင်ရန် လူတို့အား အထောက်အကူ ဖြစ်စေလိမ့်မည်ဟု မျှော်လင့်ပါသည်။

ယောဘအား စာတန်ထံသို့ ဘုရားသခင် စွန့်ပစ်ခြင်းနှင့် ဘုရားသခင်အမှု၏ ရည်မှန်းချက်များအကြားရှိ ဆက်နွှယ်မှု

ယခုအခါ လူအများစုသည် ယောဘ စုံလင်ဖြောင့်မတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှု ရှောင်ကြောင်းကို အသိအမှတ်ပြုကြသော်လည်း ဤသို့ အသိအမှတ်ပြုခြင်းသည် ၎င်းတို့အား ဘုရားသခင်၏ ရည်ရွယ်ချက်အပေါ် ပို၍ နက်ရှိုင်းသော နားလည်မှုကို မပေးချေ။ ယောဘ၏ လူ့သဘာဝနှင့် လိုက်စားမှုကို အားကျသည့် တစ်ချိန်တည်းတွင် ၎င်းတို့က ဤကဲ့သို့ မေးခွန်းကို ဘုရားသခင်အား မေးကြသည်၊ ယောဘသည် အလွန် စုံလင်ဖြောင့်မတ်ခဲ့သည်၊ သူ့ကို လူအများက မြတ်နိုးခဲ့ကြသည်၊ ထိုသို့ဆိုသော် ဘုရားသခင်သည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့အပ်၍ မြောက်မြားစွာသော နှိပ်စက်ညှဉ်းပန်းမှုကို ခံစေသနည်း။ ယင်းကဲ့သို့ မေးခွန်းများသည် လူများစွာတို့၏ စိတ်နှလုံးထဲ၌ တည်ရှိရန် နှောင်ဖွဲ့ထားသည်၊ အတိအကျဆိုပါက ဤသံသယသည် လူများစွာ၏ စိတ်နှလုံးများထဲမှ မေးခွန်းဖြစ်သည်။ ၎င်းသည် မြောက်မြားစွာသော လူတို့ကို ဝေခွဲမရ ဖြစ်စေခဲ့သည့်အတွက် ငါတို့သည် ဤမေးခွန်းကို စားပွဲပေါ်၌တင်ကာ ၎င်းကို ကောင်းစွာ ရှင်းပြရမည် ဖြစ်သည်။

ဘုရားသခင် ပြုသော အရာခပ်သိမ်းမှာ မရှိမဖြစ် လိုအပ်ပြီး အံ့မခန်းသော အဓိပ္ပာယ်ကို ပိုင်ဆိုင်သည်၊ အဘယ်ကြောင့်ဆိုသော် လူသားအထဲ၌ သူပြုသမျှသည် သူ၏စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်၏အမြင်တွင် ယောဘသည် စုံလင်ဖြောင့်မတ်သော်လည်း သဘာဝအားဖြင့် ယောဘထဲ၌ ဘုရားသခင်ပြုခဲ့သော အမှုမှာ ကွဲပြားခြင်း မရှိပေ။ တစ်နည်းဆိုသော် ဘုရားသခင်သည် မည်သည့်အရာကို ပြုသည်ဖြစ်စေ မည်သည့်နည်းလမ်းဖြင့် သူပြုသည်ဖြစ်စေ၊ မည်မျှ ကုန်ကျသည် ဖြစ်စေ၊ သူ၏ရည်မှန်းချက်မှာ မည်သည့် ရည်မှန်းချက် ဖြစ်ပါစေ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လူသားအတွက် ဘုရားသခင်၏အလိုကို လူသားထဲ၌ ပုံသွင်းပေးရန် ဖြစ်သည်၊ တစ်နည်းဆိုသော် ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို လူသားထဲ၌ သူ၏ခြေလှမ်းများနှင့်အညီ ပုံသွင်းပေးကာ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေပြီး ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေ၍ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သူ့အားနာခံစေသဖြင့် လူအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ခြင်းကို ရရှိစေသည်၊ ထိုအရာ အားလုံးမှာ ဘုရားသခင်ပြုသမျှထဲ၌ သူ၏ရည်ရွယ်ချက်၏ ရှုထောင့်တစ်ခုဖြစ်သည်။ အခြားသော ရှုထောင့်မှာ စာတန်သည် အဖြည့်ခံဖြစ်ပြီး ဘုရားသခင်၏ အလုပ်ထဲ၌ အစေခံသောအရာ ဖြစ်သောကြောင့် လူသားသည် စာတန်ထံ မကြာခဏပေးခြင်းကို ခံရခြင်း ဖြစ်သည်၊ ဤသည်မှာ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများနှင့် တိုက်ခိုက်မှုများအကြားတွင် စာတန်၏ ကောက်ကျစ်စဉ်းလဲမှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို လူတို့မြင်စေရန်အတွက် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အနုတ်လက္ခဏာဖြစ်သောအရာကို သိနိုင်စေရန်နှင့် အသိအမှတ်ပြုနိုင်စေရန် ဖြစ်သည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ နားလည်မှုနှင့် နာခံမှုနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းအပေါ် ကျေးဇူးတော်ချီးမွမ်း၍ စာတန်၏ တိုက်ခိုက်မှုများနှင့် စာတန်၏ စွဲစွပ်မှုများကို အောင်မြင်သည်အထိ ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စာတန်၏ စွပ်စွဲမှုများ၊ ဝင်ရောက်နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ ၎င်းတို့ကိုယ်ကို တဖြည်းဖြည်း လွတ်မြောက်စေခြင်း ဖြစ်သည်၊ ထိုအခါမှသာလျှင် ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်မှ လုံးလုံးလျားလျား ကယ်ဆယ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူတို့၏ ကယ်ဆယ်ခြင်း ဆိုသည်မှာ ၎င်းတို့သည် စာတန်၏ ပါးစပ်ထဲမှ အစာ မဟုတ်တော့ကြောင်း ဆိုလိုခြင်း ဖြစ်သည်၊ စာတန်သည် ၎င်းတို့အား မျိုချမည့်အစား စွန့်လွတ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ယင်းကဲ့သို့ လူများမှာ စုံလင်ခြင်း၊ ၎င်းတို့၌ ယုံကြည်ခြင်း၊ နာခံခြင်းရှိ၍ ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းကြောင့် ဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် လုံးလုံးလျားလျား အဆက်ပြတ်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေသည်၊ စာတန်အား သူရဲဘောကြောင်ဖြစ်စေပြီး အပြတ်အသတ် အနိုင်ယူကြသည်။ ဘုရားသခင် နောက်သို့ လိုက်ရာတွင် ၎င်းတို့၏ခံယူချက်အပြင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းတို့သည် စာတန်ကို ရှုံးနိမ့်စေပြီး စာတန်အား ၎င်းတို့ကို လုံးလုံးလျားလျား လက်လျှော့စေသည်။ ဤကဲ့သို့သော လူများသာလျှင် ဘုရားသခင်၏ရယူခြင်းကို အစစ်အမှန်ခံရပြီး ၎င်းသည် လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်မှန်းချက်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အကယ်တင်ခံလိုပြီး ဘုရားသခင်၏ ရယူခြင်းကို အကြွင်းမဲ့ ခံလိုပါက ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ အကြီးနှင့် အငယ်နှစ်မျိုးလုံး ဖြစ်သော စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ကြရမည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်လာသောသူများနှင့် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ခံပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်ထံ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ အလိုနှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောတူညီနိုင်သည့်အပြင် ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအကြားတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို ပစ်ပယ်ခြင်း မရှိကြပေ။ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာတတ်ကြသည်၊ ချစ်ခြင်းနှင့် အမုန်းကို ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့ထံ၌ တရားသော အသိတစ်ခုရှိပြီး ဆင်ခြင်ဆုံးဖြတ်နိုင်ကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်၏ အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ယင်းကဲ့သို့ လူများသည် စာတန်၏ ချုပ်နှောင်ခံရခြင်း၊ စောင့်ကြည့်ခံရခြင်း၊ စွပ်စွဲခံရခြင်း သို့မဟုတ် နှိပ်စက်ညှည်းပန်းခြင်းကို မခံရပေ၊ ၎င်းတို့သည် အကြွင်းမဲ့ လွတ်မြောက်ခြင်း ရှိကြသည်၊ ၎င်းတို့သည် အကြွင်းမဲ့ အချုပ်အနှောင်ကင်းပြီး လွှတ်ခြင်းကို ခံရသည်။ ယောဘသည် ယင်းကဲ့သို့ လွတ်မြောက်ခြင်း ရှိသော လူသားတစ်ဦးဖြစ်ပြီး ဤသည်မှာ ဘုရားသခင်သည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့ အပ်ခဲ့ရသည်ဟူသော ရည်ရွယ်ချက် အမှန်ပင် ဖြစ်သည်။

ယောဘသည် စာတန်၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရသော်လည်း သူသည် ထာဝရ လွတ်လပ်မှုနှင့် လွတ်မြောက်ခြင်းကိုလည်း ရခဲ့ပြီး စာတန်၏ ဖျက်ဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် စွပ်စွဲခြင်းများကို မည်သည့်အခါမျှ ထပ်မံ၍ မခံရတော့မည့်အခွင့်ကို ရခဲ့သည့်အပြင် ဘုရားသခင်၏ ထောက်ခံမှုအရ လွတ်လပ်စွာနှင့် ဝန်မပိစွာ အသက်ရှင်ရန်နှင့် သူ့အား ဘုရားသခင်ပေးသော ကောင်းချီးမင်္ဂလာများအကြားတွင် အသက်ရှင်ရန် အခွင့်ကို ရခဲ့သည်။ ဤအခွင့်ကို မည်သူမျှ နုတ်ယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်း သို့မဟုတ် ဝယ်ယူခြင်း မပြုနိုင်ခဲ့ပေ။ ယောဘ၏ ယုံကြည်ခြင်း၊ စိတ်ဆုံးဖြတ်ချက်နှင့် ဘုရားသခင်ကို နာခံ၍ ကြောက်ရွံ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် သူ့အား ပေးခဲ့ခြင်းဖြစ်သည်၊ ယောဘသည် မြေကြီးပေါ်တွင် ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းကိုရရန်၊ ကောင်းကင်ဘုံ၏ အပ်နှင်းခြင်းနှင့် မြေကြီး၏ အသိအမှတ်ပြုခြင်းကို ခံရသော အခွင့်နှင့် ခံစားပိုင်ခွင့်ကို ရရန်၊ ဖန်ဆင်းရှင်ကို ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအဖြစ် အနှောင့်အယှက်မရှိ ကိုးကွယ်ရန် သူ၏အသက်ကို အဖိုးအခ ပေးခဲ့သည်။ ယင်းမှာ ယောဘသည်းခံခဲ့ရသော စုံစမ်းနှောင့်ယှက်ခြင်းများ၏ အကြီးဆုံး ရလဒ်လည်း ဖြစ်ခဲ့သည်။

လူတို့သည် ကယ်တင်ခြင်းကို မခံရသေးမီ ၎င်းတို့၏ အသက်တာများသည် စာတန်၏ ဝင်ရောက် နှောင့်ယှက်ခြင်းနှင့် ထိန်းချုပ်ခြင်းကိုပင် မကြာခဏ ခံရသည်။ တစ်နည်းဆိုသော် ကယ်တင်ခြင်း မခံရသေးသော လူများသည် စာတန်၏ အကျဉ်းသားများ ဖြစ်ကြသည်၊ ၎င်းတို့၌ လွတ်မြောက်ခြင်း မရှိ၊ ၎င်းတို့သည် စာတန်၏ လက်လွှတ်ခြင်းကို မခံရကြပေ၊ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်ရန် အရည်အချင်း မပြည့်မီကြပေ သို့မဟုတ် အခွင့်မရှိကြပေ၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ အနီးကပ် လိုက်ခြင်းနှင့် ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံရသည်။ ယင်းကဲ့သို့ လူများ၌ ပျော်ရွှင်မှုအကြောင်း ပြောစရာ မရှိ၊ ၎င်းတို့၌ သာမန် တည်ရှိမှုအကြောင်း ပြောရန် အခွင့်မရှိ၊ ထိုမျှမက ၎င်းတို့၌ ဂုဏ်သိက္ခာအကြောင်း ပြောစရ မရှိကြပေ။ သင်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား လက်နက်များအဖြစ် အသုံးပြုကာ စာတန်နှင့် သေခြင်းနှင့် ရှင်ခြင်း တိုက်ပွဲကို တိုက်ရန် ထ၍ တိုက်မှသာ သင်သည် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေကာ ၎င်းသည် သင့်ကို မြင်သည့်အချိန်တိုင်း လှည့်၍ ပြေးစေရန်နှင့် သူရဲဘောကြောင် ဖြစ်စေခြင်းကြောင့် ၎င်းသည် သင့်အပေါ် တိုက်ခိုက်မှုများနှင့် စွပ်စွဲချက်များကို လုံးလုံးလျားလျား စွန့်ပစ်မည်ဖြစ်သည်၊ ထိုအခါမှသာ သင်သည် ကယ်တင်ခြင်းကို ခံရလိမ့်မည် ဖြစ်၍ လွတ်မြောက်လာလိမ့်မည်။ အကယ်၍ သင်သည် စာတန်နှင့် အပြည်အဝ အဆက်ဖြတ်ရန် စိတ်ဆုံးဖြတ်ပြီးသော်လည်း စာတန် ရှုံးနိမ့်စေရန် သင့်အား အထောက်အကူပေးမည့် လက်နက်များကို သင်အသင့်မပြင်ဆင်ရသေးပါက သင်သည် အန္တရာယ်ထဲ၌ ရှိသေးသည်၊ အချိန်ကုန်လွန်လာသည်နှင့်အမျှ စာတန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသဖြင့် သင့်အထဲ၌ ခွန်အား တစ်အောင်စမျှပင် ကျန်မည် မဟုတ်တော့ပေ၊ သို့သော်လည်း သင်၌ သက်သေခံနိုင်စွမ်း မရှိသေးဘဲ သင့်အား စာတန်၏ စွပ်စွဲမှုများနှင့် တိုက်ခိုက်မှုများထဲမှ သင့်ကိုယ်သင် လုံးလုံးလျားလျား လွတ်မြောက်စေခြင်း မရှိသေးချေ၊ ထိုအခါ သူ၌ ကယ်တင်ခြင်း မျှော်လင့်ချက် အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်သည်။ အဆုံးတွင် ဘုရားသခင်၏ အမှုတော်ပြီးပြတ်ကြောင်း ကြေညာသည့်အခါ သင်သည် စာတန်၏ လက်ဆုပ်ထဲ၌သာ ဆက်ရှိနေကာ သင့်ကိုယ်သင် မလွတ်မြောက်နိုင်သဖြင့် သင်၌ မည်သည့်အခါမျှ အခွင့်အရေး သို့မဟုတ် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်ပေ။ ထိုအခါ အဆုံး၌ ယင်းကဲ့သို့ လူများသည် စာတန်၏ အကျဉ်းချထားခြင်းကို လုံးလုံးလျားလျား ခံရမည်ဖြစ်သည်။

ဘုရားသခင်၏ စစ်ဆေးမှုများကို လက်ခံပါ၊ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အနိုင်ယူပြီး သင်၏ ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင် ရယူစေရန် ခွင့်ပြုပါ

လူအတွက် မဖျောက်ဖျက်နိုင်သော ထောက်ပံ့ခြင်းနှင့် ချီးမြှောက်ခြင်း အမှုကို လုပ်ဆောင်စဉ် အတောအတွင်း ဘုရားသခင်သည် သူ၏အလုံးစုံသော အလိုနှင့် သတ်မှတ်ချက်များကို လူအား ပြောပြပြီး သူ၏ လုပ်ဆောင်ချက်များ၊ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို ပြသသည်။ ရည်ရွယ်ချက်မှာ လူသားကို ဝိညာဉ်အသက်တာဖြင့် အသင့်ပြင်ဆင်ပေးရန်ဖြစ်ပြီး လူသားသည် သူ၏နောက်သို့ လိုက်လျှောက်နေစဉ် ဘုရားသခင်ထံမှ အမျိုးမျိုးသော သမ္မာတရားများကို ရစေရန်ဖြစ်သည်၊ ယင်းသမ္မာတရားများမှာ လူသားကို ဘုရားသခင်ပေးသော လက်နက်များဖြစ်၍ ၎င်းတို့ဖြင့် စာတန်ကို တိုက်ခိုက်ရန်ဖြစ်သည်။ ထိုကဲ့သို့ အသင့်ပြင်ဆင်ပြီး လူသားသည် ဘုရားသခင်၏ စစ်ဆေးမှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ လူသားကို စစ်ဆေးရန် ဘုရားသခင်၌ နည်းလမ်းများနှင့် လမ်းကြောင်းများ များစွာ ရှိသော်လည်း ၎င်းတို့ တစ်ခုချင်းစီတွင် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏ "ပူးပေါင်းဆောင်ရွက်မှု" ကို လိုအပ်သည်။ တစ်နည်းအားဖြင့်ဆိုသော် စာတန်နှင့် တိုက်ရန် လက်နက်များကို လူသားအား ပေးပြီးသောအခါ ဘုရားသခင်သည် လူသားကို စာတန်ထံ အပ်နှံလိုက်ပြီး စာတန်အား လူသား၏ ဝိညာဉ်အသက်တာကို "စစ်ဆေး" စေသည်။ အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထိုးဖောက်နိုင်ပါက၊ သူသည် စာတန်၏ ဝန်းရံခြင်းမှ လွတ်မြောက်ပြီး ဆက်၍ ရှင်သန်နိုင်ပါက လူသားသည် စစ်ဆေးမှုကို အောင်မြင်မည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထွက်ရန် မအောင်မြင်ဘဲ စာတန်ထံ အညံ့ခံအရှုံးပေးပါက သူသည် စစ်ဆေးမှုကို အောင်မြင်မည် မဟုတ်ပေ။ လူသား၏ မည်သည့် ရှုထောင့်ကိုမဆို ဘုရားသခင် စစ်ဆေးခြင်း ဖြစ်ပါစေ သူ၏ စစ်ဆေးခြင်း၏ စံသတ်မှတ်ချက်များမှာ လူသားသည် စာတန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အခါ သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိနှင့် သူသည် စာတန်၏ ကျော့ကွင်း၌ မိနေစဉ် ဘုရားသခင်ကို စွန့်ပယ်ပြီး စာတန်ထံ အညံ့ခံပြီး နာခံခြင်း ရှိ မရှိ ဖြစ်သည်။ လူသားသည် ကယ်တင်ခြင်းကို ခံရမည် မခံရမည်မှာ သူသည် စာတန်ကို အောင်နိုင်၍ အနိုင်ယူနိုင်ခြင်း ရှိ မရှိအပေါ် မူတည်ပြီး သူသည် လွတ်မြောက်ခြင်းကို ရနိုင်ခြင်း ရှိ မရှိမှာ သူသည် စာတန်အား မျှော်လင့်ချက် လုံးလုံးလျားလျား စွန့်လွှတ်စေပြီး သူ့အား အနှောင့်အယှက် မပေးစေဘဲ စာတန်၏ ချုပ်နှောင်မှုကို ကျော်လွှားရန်အတွက် ဘုရားသခင် သူ့အား ပေးထားသော လက်နက်များကို သူကိုယ်တိုင် မနိုင်စွမ်း ရှိ မရှိအပေါ် မူတည်သည်ဟု ဆိုကောင်းဆိုနိုင်ပါသည်။ အကယ်၍ စာတန်သည် မျှော်လင့်ချက် စွန့်လွှတ်ပြီး တစ်စုံတစ်ဦးအား လက်လျှော့ပါက၊ ဤအရာမှာ စာတန်သည် ဤလူပုဂ္ဂိုလ်အား ဘုရားသခင်ထံမှယူရန် မည်သည့်အခါမျှ ထပ်မံ ကြိုးစားတော့မည် မဟုတ်ကြောင်း၊ ဤလူပုဂ္ဂိုလ်အား မည်သည့်အခါမျှ ထပ်မံစွပ်စွဲ၍ နှောင့်ယှက်တော့မည် မဟုတ်ကြောင်း၊ ၎င်းတို့အား မည်သည့်အခါမျှ ထပ်မံ၍ အကြောင်းမဲ့ နှိပ်စက်တော့မည် သို့မဟုတ် တိုက်ခိုက်တော့မည် မဟုတ်ကြောင်း ဆိုလိုခြင်းဖြစ်သည်၊ ဤကဲ့သို့သော လူတစ်စုံတစ်ဦးသာလျှင် ဘုရားသခင်၏ ရယူခြင်းကို စစ်မှန်စွာ ခံရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူတို့အား ရယူသည့် နည်းစနစ် တစ်ခုလုံး ဖြစ်သည်။

နောင်လာမည့် မျိုးဆက်များကို ယောဘ၏ သက်သေခံချက်မှ ပေးသော သတိပေးချက်နှင့် ဉာဏ်အလင်း

ဘုရားသခင်သည် တစ်စုံတစ်ဦးကို လုံးလုံးလျားလျား ရယူသော နည်းစနစ်ကို နားလည်သည်နှင့် တစ်ချိန်တည်းတွင် ဘုရားသခင်သည် ယောဘကို စာတန်ထံ အပ်နှံခြင်း၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်ကို လူတို့ နားလည်ကြလိမ့်မည် ဖြစ်သည်။ လူတို့သည် ယောဘခံရသော ညှဉ်းပန်းမှုဒဏ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြတော့မည် မဟုတ်ဘဲ ၎င်း၏အဓိပ္ပာယ်အပေါ် အသစ်သော နားလည်မှုတစ်ခု ရှိကြမည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင် ယောဘကဲ့သို့ တူညီသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရမည်လောဟု မစိုးရိမ်ကြတော့သည့်အပြင် ဘုရားသခင်၏ စမ်းသပ်မှုများ ရောက်လာခြင်းကို ဆန့်ကျင်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုကြတော့မည် မဟုတ်ပေ။ စာတန်ကို အောင်မြင်ရာ၌ ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် သူ၏သက်သေခံချက်တို့သည် လူတို့အတွက် ကြီးမားသော အထောက်အကူနှင့် အားပေးတိုက်တွန်းမှု အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။ ယောဘထဲ၌ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ကိုမြင်ကြပြီး ယုံကြည်ခြင်း၊ ဘုရားသခင်ကို နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းအားဖြင့် စာတန်ကို အနိုင်ယူရန်နှင့် စာတန်ကို လွှမ်းမိုးရန် လုံးလုံးလျားလျား ဖြစ်နိုင်ခြေရှိကြောင်း မြင်ကြရသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံပြီး အရာခပ်သိမ်းကို ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင်လည်း ဘုရားသခင်ကို မစွန့်ပစ်သည့် စိတ်ဆုံးဖြတ်ချက်နှင့် ယုံကြည်ခြင်းရှိသည့် ကာလပတ်လုံး ၎င်းတို့သည် စာတန်ကို အရှက်ရစေပြီး အောင်မြင်နိုင်ကြောင်းကို မြင်ကြပြီး ၎င်းတို့သည် ၎င်းတို့၏ အသက်များကို ဆုံးရှုံးရပါကလည်း စာတန်ကြောက်လန့်ပြီး ဆုတ်ခွာစေရန်အတွက် ၎င်းတို့၏ သက်သေခံချက်ထဲတွင် မြဲမြံစွာ ရပ်တည်ရန် စိတ်ဆုံးဖြတ်ချက်နှင့် လုံ့လဝီရီယ ရှိရန်သာ လိုအပ်ကြောင်း မြင်ကြသည်။ ယောဘ၏ သက်သေခံချက်သည် နောင်လာမည့် မျိုးဆက်များအတွက် သတိပေးချက် တစ်ခု ဖြစ်ပြီး အကယ်၍ ၎င်းတို့သည် စာတန်ကို အနိုင်ယူခြင်း မရှိပါက စာတန်၏ စွပ်စွဲချက်များနှင့် နှောင့်ယှက်မှုများထဲမှ ၎င်းတို့ကိုယ်ကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ကြောင်း ဤသတိပေးချက်က ပြောခြင်းဖြစ်သည်။ ယောဘ၏ သက်သေခံချက်သည် နောင်လာမည့် မျိုးဆက်များကို ဉာဏ်အလင်းပေးခဲ့သည်။ ဤဉာဏ်အလင်းက လူတို့အား အကယ်၍ ၎င်းတို့သည် စုံလင်ဖြောင့်မတ်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်မှသာလျှင် ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မည် ဖြစ်ကြောင်း၊ ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မှသာလျှင် ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းကို မည်သည့်အခါမျှ မခံရဘဲ ဘုရားသခင်၏ လမ်းပြမှုနှင့် ကာကွယ်မှုအောက်တွင် အသက်ရှင်ရမည် ဖြစ်ကြောင်းနှင့် ထိုအခါမှသာ ၎င်းတို့သည် ကယ်တင်ခြင်းကို အမှန် ခံရမည် ဖြစ်ကြောင်း သွန်သင်ပေးသည်။ ကယ်တင်ခြင်းကို လိုက်စားသောသူ အယောက်တိုင်းသည် ယောဘ၏ ပင်ကိုစရိုက်နှင့် သူ၏ ဘဝလိုက်စားမှုတို့ကို အတုယူသင့်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှု ရှောင်သည့် နည်းလမ်းကို လိုက်စားသောသူ အားလုံးအတွက် သူ၏ တစ်ဘဝလုံး အသက်ရှင်နေထိုင်မှုနှင့် စမ်းသပ်မှုများ ခံရစဉ်ကာလအတွင်း သူ၏ပြုမူပုံတို့မှာ အဖိုးထိုက်သော ရတနာတစ်ပါးပင် ဖြစ်သည်။

ယောဘ၏ သက်သေခံချက်သည် ဘုရားသခင်ကို စိတ်ချမ်းသာစေသည်

ယောဘသည် နှစ်လိုဖွယ်ကောင်းသော လူသားတစ်ဦးဖြစ်သည်ဟု သင်တို့အား ငါယခုဆိုပါက သင်တို့သည် ဤစကားများထဲမှ အနက်အဓိပ္ပာယ်ကို သဘောပေါက်နိုင်ခြေ ရှိမည်မဟုတ်ဘဲ ဤအရာအားလုံးကို ငါပြောရခြင်း၏ နောက်ကွယ်မှ သဘောထားကို နားလည်သဘောပေါက်နိုင်ခြေ ရှိမည်မဟုတ်ပေ၊ သို့သော်လည်း ယောဘခံခဲ့ရသော စမ်းသပ်မှုများနှင့် တူညီသော သို့မဟုတ် ဆင်တူသော စမ်းသပ်မှုများကို သင်တို့ခံဖူးသည့် နေ့ရက်၊ ဘေးဒုက္ခကို သင်တို့ ဖြတ်သန်းဖူးသည့် နေ့ရက်၊ သင်တို့အတွက် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ထားသော စမ်းသပ်မှုများကို သင်တို့ခံဖူးသည့် နေ့ရက်၊ စုံစမ်းနှောင့်ယှက်ခြင်းများအကြားတွင် စာတန်ကို အောင်နိုင်လွှမ်းမိုးရန်နှင့် ဘုရားသခင်ကို သက်သေခံရန်အတွက် သင်၌ရှိသမျှကို ပေးပြီး အရှက်ကွဲခြင်းနှင့် အခက်အခဲကို သည်းခံသည့် နေ့ရက်အထိ စောင့်ကြလော့၊ ထိုအခါ သင်သည် ငါပြောသော ဤစကားများ၏ အဓိပ္ပာယ်ကို သဘောပေါက်နိုင်လိမ့်မည်။ ထိုအချိန်တွင် သင်သည် ယောဘထက် အလွန်နိမ့်ကျကြောင်း သင်သိလိမ့်မည်၊ ယောဘသည် မည်မျှ နှစ်လိုဖွယ်ကောင်းကြောင်းနှင့် သူသည် အတုယူထိုက်ကြောင်း သင်သိလိမ့်မည်၊ ထိုအချိန် ရောက်သောအခါ သင်သည် ယောဘပြောခဲ့သည့် စံပြုထိုက်သော ထိုစကားများမှာ ဤခေတ်ကာလများ၌ နေထိုင်ပြီး ပျက်စီးယိုယွင်းသောသူ တစ်ဦးအတွက် မည်မျှအရေးကြီးကြောင်း သင်သဘောပေါက်လာလိမ့်မည်ဖြစ်ပြီး ယောဘစွမ်းဆောင်ခဲ့သောအရာသည် ယနေ့ခေတ်လူများ စွမ်းဆောင်ရန် မည်မျှပင် ခက်ခဲကြောင်းကို သင်သဘောပေါက်လာလိမ့်မည် ဖြစ်သည်။ ခက်ခဲသည်ဟု သင်ခံစားရသည့်အခါ ဘုရားသခင်၏ စိတ်နှလုံးမှာ မည်မျှစိုးရိမ်ပူပန်ကြောင်းကို သင်နားလည်လာမည်၊ ယင်းကဲ့သို့ လူများကို ရရန်အတွက် ဘုရားသခင် ပေးခဲ့သော အဖိုးအခမှာ မည်မျှပင် ကြီးမားကြောင်းနှင့် လူသားမျိုးအတွက်အတွက် ဘုရားသခင်ပြုခဲ့ပြီး အသုံးပြုခဲ့သည်တို့မှာ မည်မျှပင် အဖိုးထိုက်ကြောင်းကို သင်နားလည်လာမည် ဖြစ်သည်။ ယခုအခါ သင်တို့သည် ဤစကားများကို ကြားခဲ့ပြီး ဖြစ်သောကြောင့် ယောဘအပေါ် တိကျမှန်ကန်ပြီး မှန်သော အကဲဖြတ်ချက်တစ်ခု သင်တို့၌ ရှိသလော။ သင်တို့၏ အမြင်တွင် ယောဘသည် အမှန်တကယ် စုံလင် ဖြောင့်မတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သော လူတစ်ဦး ဖြစ်ခဲ့သလော။ လူအများစုက ဖြစ်ခဲ့ပါသည်ဟူ၍ ပြောကြလိမ့်မည်ဟု ငါကျိန်းသေ ယုံကြည်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယောဘ လုပ်ဆောင်ခဲ့ပြီး ထုတ်ဖော်ခဲ့သော ဖြစ်ရပ်မှန်များမှာ မည်သည့် လူသားတစ်ဦးတစ်ယောက်မျှ သို့မဟုတ် စာတန်အနေဖြင့် မငြင်းနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့မှာ စာတန်အပေါ် ယောဘ အောင်နိုင်ခြင်း၏ တန်ခိုးအရှိဆုံး သက်သေဖြစ်သည်။ ဤသက်သေသည် ယောဘထဲမှ ထွက်ခဲ့ခြင်းဖြစ်ပြီး ဘုရားသခင် လက်ခံရရှိသော ပထမဦးဆုံး သက်သေခံချက် ဖြစ်ခဲ့သည်။ ထို့ကြောင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများထဲ၌ ယောဘအောင်နိုင်ပြီး ဘုရားသခင်အား သက်သေခံခဲ့သည့်အခါ ဘုရားသခင်သည် ယောဘထဲ၌ မျှော်လင့်ခြင်းကို မြင်ခဲ့ပြီး သူ၏စိတ်နှလုံးသည် ယောဘအားဖြင့် သက်သာရာ ရခဲ့သည်။ ဖန်ဆင်းမှုအစမှ ယောဘခေတ်အထိ ဤအကြိမ်မှာ ဘုရားသခင်သည် စိတ်ချမ်းသာခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်းနှင့် လူသားကြောင့် စိတ်ချမ်းသာရခြင်း၏ အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်ကြောင်းကို ပထမဆုံးအကြိမ် စစ်မှန်စွာ ခံစားခဲ့ရခြင်း ဖြစ်ပြီး သူ့အတွက်ဖြစ်သော စစ်မှန်သော သက်သေခံချက်ကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့ခြင်းနှင့် ရခဲ့ခြင်း ဖြစ်သည်။

ယောဘ၏ သက်သေခံချက်နှင့် ယောဘ၏ အမျိုးမျိုးသော ရှုထောင့်များ၏ ဖြစ်စဉ်များကို ကြားပြီးနောက်တွင် လူအများစုသည် ၎င်းတို့ ရှေ့၌ရှိသော လမ်းကြောင်းအတွက် အစီအစဉ်များ ရှိကြလိမ့်မည်ဟု ငါယုံကြည်သည်။ ထို့အပြင် စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသော လူအများစုသည် စတင်ကာ ဖြည်းဖြည်းချင်း ကိုယ်ရောစိတ်ပါ ငြိမ်းအေးလာပြီး တဖြည်းဖြည်း စိတ်သက်သာရာ ရကြလိမ့်မည်ဟုလည်း ငါယုံကြည်သည် …

အောက်ပါကျမ်းပိုဒ်များမှာ ယောဘနှင့်သက်ဆိုင်သော ဖြစ်စဉ်များ ဖြစ်သည်။ ဆက်လက် ဖတ်ရှုကြပါစို့။

၄။ ဘုရားသခင်အကြောင်းကို ယောဘသည် နားနှင့်ကြားခဲ့၏

ယောဘ ၉:၁၁ ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။

ယောဘ ၂၃:၈-၉ ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။

ယောဘ ၄၂:၂-၆ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။ ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။ နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင်တော်မူပါ။ သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက်လေ၏။

ဘုရားသခင်သည် သူ့ကိုယ်သူ ယောဘအား မထုတ်ဖော်ပြခဲ့သော်လည်း ယောဘသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်၏

ဤစကားများ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ဤနေရာတွင် အမှန်တရား တစ်ခု ရှိကြောင်းကို သင်တို့ထဲမှ တစ်စုံတစ်ဦး သဘောပေါက်ခဲ့ပြီလော။ ပထမဦးစွာ ဘုရားသခင် တစ်ဆူရှိကြောင်းကို ယောဘ မည်ကဲ့သို့ သိခဲ့သနည်း။ ထို့အပြင် ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးအပြင် အရာခပ်သိမ်းကို အုပ်စိုးကြောင်းကို သူ မည်ကဲ့သို့ သိခဲ့သနည်း။ ဤမေးခွန်းကို အဖြေပေးသော ကျမ်းပိုဒ် တစ်ပိုဒ် ရှိသည်၊ သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက်လေ၏။ (ယောဘ ၄၂:၅-၆) ယောဘသည် ဘုရားသခင်ကို သူ၏မျက်စိဖြင့် မြင်ဖူးခြင်းထက် ဘုရားသခင်အကြောင်းကို ဒဏ္ဍာရီထဲမှ လေ့လာသိရှိခဲ့ကြောင်း ငါတို့သိရသည်။ သူ၏အသက်တာနှင့် အရာခပ်သိမ်းအလယ်၌ ဘုရားသခင် တည်ရှိကြောင်း သူအတည်ပြုပြီးသည့်နောက်တွင် ဘုရားသခင် နောက်သို့ လိုက်လျှောက်သော လမ်းကြောင်းကို သူစတင်လျှောက်လှမ်းခဲ့ခြင်းမှာ ဤအခြေအနေများအောက်၌ ဖြစ်ခဲ့သည်။ ဤနေရာ၌ မငြင်းနိုင်သော အမှန်တရား တစ်ခုရှိသည်၊ ၎င်းမှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော နည်းလမ်းကို လိုက်နာနိုင်သော်လည်း ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ။ ဤအရာ၌ သူသည် ယနေ့ခေတ် လူများနှင့် မတူညီခဲ့သလော။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ၊ ထိုအရာ၏ သုံးသပ်ချက်မှာ သူသည် ဘုရားသခင်အား ကြားခဲ့သော်လည်း ဘုရားသခင်သည် မည်သည့်နေရာ၌ ရှိကြောင်း သို့မဟုတ် ဘုရားသခင်သည် မည်ကဲ့သို့ဖြစ်ကြောင်း သို့မဟုတ် ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်နေခဲ့ကြောင်းကို သူမသိခဲ့ပေ၊ ၎င်းတို့မှာ ဓမ္မဓိဌာန်မကျသော အကြောင်းရင်းများဖြစ်သည်၊ ဓမ္မဓိဌာန်ကျကျ ဆိုပါက သူသည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခဲ့သော်လည်း ဘုရားသခင်သည် သူ့အား မည်သည့်အခါမျှ ထင်ရှားပြခဲ့ခြင်း သို့မဟုတ် စကားပြောခဲ့ခြင်း မရှိပေ။ ဤသည်မှာ အဖြစ်မှန်တစ်ခု မဟုတ်လော။ ဘုရားသခင်သည် ယောဘကို စကားပြောခြင်း သို့မဟုတ် တစ်စုံတစ်ရာ အမိန့်ပေးခြင်း မရှိခဲ့ဖူးသော်လည်း ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ခဲ့ပြီး သူ၏နားဖြင့် ဘုရားသခင်အကြောင်း ကြားခဲ့ဖူးသော ဒဏ္ဍာရီထဲနှင့် အရာခပ်သိမ်း၏အလယ်မှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှုမြင်ခဲ့ရပြီးနောက် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် အသက်တာကို စတင်ခဲ့လေသည်။ ယင်းမှာ ဘုရားသခင်နောက်သို့ ယောဘ လိုက်လျှောက်ခဲ့သည့် အကြောင်းရင်းများနှင့် နည်းစနစ် ဖြစ်ခဲ့သည်။ သို့သော်လည်း သူသည် ဘုရားသခင်ကို မည်မျှပင် ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့ပါစေ၊ သူ၏ တည်ကြည်မှုကို မည်မျှပင် ခိုင်မြဲစွာ ဆုပ်ကိုင်ခဲ့ပါစေ ဘုရားသခင်သည် မည်သည့်အခါမျှ သူ့အား ထင်ရှားပြခဲ့ခြင်း မရှိပေ။ ဤကျမ်းပိုဒ်ကို ဖတ်ကြပါစို့။ သူက "ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်သွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ" (ယောဘ ၉:၁၁) ဟူ၍ ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်က ဆိုနေသောအရာမှာ ယောဘသည် သူ၏နံဘေး၌ ဘုရားသခင်ရှိခဲ့ကြောင်းကို ခံစားရခြင်း ရှိကောင်းရှိနိုင်သည် သို့မဟုတ် ခံစားခဲ့ရခြင်း မရှိဘဲ နေကောင်းနေနိုင်သည်၊ သို့သော်လည်း သူသည် ဘုရားသခင်ကို မည်သည့်အခါမျှ မြင်ခဲ့ဖူးခြင်း မရှိပေ။ ဘုရားသခင်သည် သူ၏ရှေ့၌ ဖြတ်လျှောက်ကြောင်း သို့မဟုတ် လုပ်ဆောင်နေကြောင်း၊ သို့မဟုတ် လူသားကို လမ်းပြနေကြောင်းကို သူစိတ်ကူးမိခဲ့သည့် အချိန်များ ရှိခဲ့သော်လည်း သူမည်သည့်အခါမျှ မသိခဲ့ပေ။ ဘုရားသခင်သည် လူသားအပေါ် လူသား မမျှော်လင့်ထားသည့် အချိန်၌ ကြွလာသည်၊ လူသားသည် သူ၏အပေါ် ဘုရားသခင် မည်သည့်အချိန်၌ ကြွလာကြောင်း သို့မဟုတ် သူ့အပေါ် မည်သည့်နေရာမှ ကြွာလာကြောင်းကို မသိပေ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မမြင်နိုင်ခြင်းကြောင့် ဖြစ်သဖြင့် လူသားအတွက်မူကား ဘုရားသခင်သည် ပုန်းကွယ်နေခြင်းပင် ဖြစ်သည်။

ဘုရားသခင်သည် ယောဘ မမြင်အောင် ပုန်းကွယ်ခြင်းကြောင့် ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်း တုန်လှုပ်မှု မရှိ

သမ္မာကျမ်းထဲမှ ဤကျမ်းပိုဒ်တွင် ယောဘက၊ "ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ" (ယောဘ ၂၃:၈-၉) ဟု ဆက်၍ ဆိုလေသည်။ ဤဖြစ်စဉ်၌ ယောဘ၏ အတွေ့အကြုံများထဲတွင် ဘုရားသခင်သည် တစ်လျှောက်လုံး သူမမြင်အောင် ပုန်းကွယ်နေခဲ့ကြောင်း ငါတို့သိရသည်၊ ဘုရားသခင်သည် သူ့အား ပွင့်ပွင့်လင်းလင်း ထင်ရှားပြခဲ့ခြင်း မရှိသကဲ့သို့ သူ့အား စကားတစ်ခွန်းကိုမျှ ပွင့်ပွင့်လင်းလင်း ပြောခဲ့ခြင်း မရှိပေ၊ သို့သော် ယောဘသည် သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင် တည်ရှိကြောင်း ယုံကြည်ခဲ့သည်။ ဘုရားသခင်သည် သူ၏ရှေ့၌ လမ်းလျှောက်နေနိုင်ကြောင်း၊ သို့မဟုတ် သူ၏နံဘေး၌ လုပ်ဆောင်နေနိုင်ကြောင်းနှင့် ဘုရားသခင်ကို သူမမြင်နိုင်ခဲ့သော်လည်း ဘုရားသခင်သည် သူ၏ဘေးမှ သူ၏အသက်ကို ထိန်းချုပ်နေကြောင်းကို အမြဲတစေ ယုံကြည်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း သူ၏ ယုံကြည်ခြင်းအပေါ် သစ္စာစောင့်နိုင်ခဲ့သည်၊ ၎င်းကို အခြားသောသူ မည်သူမျှ လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ အဘယ်ကြောင့် ၎င်းတို့ မလုပ်နိုင်ခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယောဘအား စကားပြောခြင်း သို့မဟုတ် သူ့အား ထင်ရှားပြခြင်း မရှိခဲ့သောကြောင့်ဖြစ်ပြီး အကယ်၍ သူသည် စစ်မှန်စွာ မယုံကြည်ခဲ့ပါက သူရှေ့ဆက်သွားနိုင်မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော နည်းလမ်းကို မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ခဲ့မည် မဟုတ်ပေ။ ဤအရာမှာ မမှန်သလော။ ဤစကားများကို ပြောသော ယောဘအကြောင်းကို သင်ဖတ်ရသည့်အခါ သင်မည်ကဲ့သို့ ခံစားရသနည်း။ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ရှေ့၌ သူ၏ဖြောင့်မတ်ခြင်းတို့မှာ စစ်မှန်ပြီး ဘုရားသခင် ဘက်မှ ပုံကြီးချဲ့ပြောခြင်း မဟုတ်ကြောင်း သင်ခံစားရသလော။ ဘုရားသခင်သည် ယောဘအား အခြား လူများနည်းတူ ဆက်ဆံခဲ့ပြီး သူ့အား စကားပြောခြင်း သို့မဟုတ် ထင်ရှားပြခြင်း မရှိခဲ့သော်လည်း ယောဘသည် သူ၏တည်ကြည်မှုကို ဆက်၍ မြဲမြံစွာ ဆုပ်ကိုင်ခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ခဲ့သေးသည်၊ ထိုမျှမက ဘုရားသခင်ကို ပြစ်မှားမိမည်ကို သူစိုးရိမ်သည့် ရလဒ်ကြောင့် ဘုရားသခင်ရှေ့၌ မီးရှို့သောယဇ်များကို မကြာခဏ ပူဇော်ကာ ဆုတောင်းခဲ့သည်။ ဘုရားသခင်ကို မမြင်ရဘဲ ဘုရားသခင်အား ယောဘ၏ ကြောက်ရွံ့နိုင်စွမ်း၌ သူသည် အပြုသဘောဆောင်သော အရာများကို မည်မျှ ချစ်မြတ်နိုးကြောင်းနှင့် သူ၏ယုံကြည်ခြင်းမှာ မည်မျှပင် ခိုင်မာပြီး စစ်မှန်ကြောင်းကို ငါတို့မြင်ကြရသည်။ ဘုရားသခင်သည် သူမမြင်အောင် ပုန်းကွယ်ခဲ့ခြင်းကြောင့် ဘုရားသခင်၏ တည်ရှိမှုကို သူမငြင်းပယ်ခဲ့သည့်အပြင် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးခြင်းကြာင့် သူ၏ယုံကြည်ခြင်းပျက်၍ ဘုရားသခင်ကို စွန့်ပစ်ခဲ့ခြင်း မရှိပေ။ ထိုသို့မဟုတ်ဘဲ အရာခပ်သိမ်းအပေါ် အုပ်စိုးသည့် ဘုရားသခင်၏ ဝှက်ထားသော အမှုအကြား၌ ဘုရားသခင်၏ တည်ရှိမှုကို သူသဘောပေါက်ခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် တန်ခိုးကို ခံစားခဲ့ရသည်။ ဘုရားသခင် ပုန်းကွယ်ခဲ့ခြင်းကြောင့် ဖြောင့်မတ်ခြင်းကို သူလက်မလွှတ်ခဲ့သည့်အပြင် ဘုရားသခင်သည် မည်သည့်အခါမျှ သူ့အား ထင်ရှားပြခဲ့ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို သူမစွန့်ပယ်ခဲ့ပေ။ ယောဘသည် ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြရန်အတွက် ဘုရားသခင်ကို သူ့အား ပွင့်လင်းစွာ ထင်ရှားပြရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်း၏အလယ်၌ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သူရှုမြင်ခဲ့နှင့်ပြီးဖြစ်၌ သူသည် အခြားသူများ မရခဲ့သော ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များကို ရရှိခဲ့သည်ဟု ယုံကြည်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ယောဘ မမြင်အောင် ပုန်းကွယ်၍ နေခဲ့သော်လည်း ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းမှာ မည်သည့်အခါမျှ တုန်လှုပ်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူသည် အခြားသူများ မရိတ်သိမ်းခဲ့ရသည့် ဘုရားသခင်၏ ထောက်ခံခြင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရိတ်သိမ်းခဲ့ရခြင်း ဖြစ်သည်။

ယောဘသည် ဘုရားသခင်၏ နာမကို ကောင်းချီးပေးပြီး ကောင်းချီးမင်္ဂလာများ သို့မဟုတ် ဘေးဒုက္ခ အကြောင်း မတွေးပေ

သမ္မာကျမ်းစာထဲမှ ယောဘ၏ ဇာတ်လမ်းများထဲတွင် မည်သည့်အခါမျှ ရည်ညွှန်းခဲ့ခြင်း မရှိသော ဖြစ်ရပ်မှန် တစ်ခုရှိသည်၊ ၎င်းမှာ ယနေ့ ငါတို့အာရုံပြုမည့်အရာ ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မြင်ခဲ့ဖူးခြင်း သို့မဟုတ် သူ၏ နားဖြင့် ဘုရားသခင်၏ စကားသံများကို မကြားခဲ့သော်လည်း ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရှိခဲ့သည်။ ထို့အပြင် ဘုရားသခင်အပေါ် ယောဘ၏ သဘောထား အဘယ်သို့ရှိခဲ့သနည်း။ ၎င်းမှာ ယခင်က ရည်ညွှန်းခဲ့သည်နှင့်အညီ "ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း" ဟူ၍ပင် ဖြစ်သည်။ ဘုရားသခင်၏နာမကို သူကောင်းချီးပေးခြင်းမှာ အခြေအနေအပေါ် မမူတည်ပါ၊ အကြွင်းမဲ့ဖြစ်၍ အကြောင်းပြချက် မရှိခဲ့ပေ။ ယောဘသည် ဘုရားသခင်အား သူ၏စိတ်နှလုံးကို ပေးခဲ့ပြီး ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးကြောင်းကို ငါတို့မြင်ရသည်၊ သူတွေးသမျှ၊ သူဆုံးဖြတ်သမျှနှင့် သူ၏စိတ်နှလုံးထဲ၌ သူကြံစည်သမျှသည် ဘုရားသခင်ရှေ့၌ ဖွင့်ချထားပြီး ဘုရားသခင်အား ပိတ်ပင်ခဲ့ခြင်း မရှိပေ။ သူ၏စိတ်နှလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်အား သူ့အတွက် တစ်စုံတစ်ခု လုပ်ပေးရန် သို့မဟုတ် သူ့အား တစ်စုံတစ်ခုပေးရန် မည်သည့်အခါမျှ မတောင်းခဲ့ပေ၊ ထို့အပြင် ဘုရားသခင်အား သူကိုးကွယ်ခြင်းဖြင့် တစ်စုံတစ်ခုကို ရမည်ဟူ၍ လွန်ကဲသော အလိုဆန္ဒများကို သူ သိုလှောင်ထားခြင်း မရှိခဲ့ပေ။ ယောဘသည် ဘုရားသခင်နှင့် အရောင်းအဝယ်များအကြောင်း မပြောသည့်အပြင် ဘုရားသခင်ထံ တောင်းခံချက်များနှင့် တောင်းဆိုချက်များကို တင်ခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏နာမကို သူချီးမွမ်းခြင်းသည် အရာခပ်သိမ်းအပေါ် အုပ်စိုးသော ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် အာဏာကြောင့် ဖြစ်ခဲ့ပြီး ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရာက်ခဲ့ခြင်း ရှိမရှိအပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးခြင်း သို့မဟုတ် ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘုရားသခင်၏ တန်ခိုးနှင့် အာဏာသည် ပြောင်းလဲခြင်း မရှိသဖြင့် လူပုဂ္ဂိုလ်တစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံရခြင်းမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခကျရောက်သည့်အခါတွင်လည်း ၎င်းမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်ပင် ဖြစ်သည်။ ဘုရားသခင်၏ တန်ခိုးနှင့် အာဏာသည် လူသား၏ ခပ်သိမ်းသောအရာအပေါ် အုပ်စိုး၍ ပြင်ဆင်မူ၏၊ မတည်တံ့သော လူသား၏ ကံကြမ္မာမှာ ဘုရားသခင်၏ တန်ခိုးနှင့် အာဏာ ထုတ်ဖော်ခြင်းပင် ဖြစ်ပြီး တစ်စုံတစ်ဦး၏ သဘောထားကို ပဓာနမထားဘဲ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်။ ဤသည်မှာ ယောဘခံစားခဲ့ရပြီး သူ၏အသက်တာ နှစ်များအတောအတွင်း သိလာခဲ့ခြင်း ဖြစ်သည်။ ယောဘ၏ အတွေးအခေါ်နှင့် လုပ်ရပ်အားလုံးကို ဘုရားသခင် ကြားခဲ့ပြီး ယင်းတို့သည် ဘုရားသခင်ရှေ့သို့ ရောက်ခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု အမြင်ခံခဲ့ရသည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ယင်းကဲ့သို့ စိတ်နှလုံးမျိုးရှိသည့်အတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံး၌၊ မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာ ဖြစ်ပါစေ ၎င်းသည် သူ့အပေါ် ကျရောက်မည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်ထံ တောင်းဆိုချက်များ တင်ခြင်းကို မပြုခဲ့ပေ။ သူ့ကိုယ်သူ တောင်းဆိုခဲ့သောအရာမှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် နာခံရန်ဖြစ်သည်၊ ဤအရာမှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ၎င်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာပင် ဧကန်ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ဖူးခဲ့ခြင်း မရှိသကဲ့သို့ ဘုရားသခင်သည် တစ်စုံတစ်ရာသော စကားများကို ပြောခြင်း၊ အမိန့်တစ်စုံတစ်ရာကို ထုတ်ပြန်ခြင်း၊ သွန်သင်ချက် တစ်စုံတစ်ရာကို ပေးခြင်း သို့မဟုတ် သူ့အား တစ်စုံတစ်ရာကို ညွှန်ကြားခြင်းကို ကြားခဲ့ဖူးခြင်းလည်း မရှိပေ။ ယနေ့ခေတ် စကားများဖြင့်ဆိုပါက ဘုရားသခင်သည် သူ့အား ဉာဏ်အလင်းဖွင့်ပြချက်၊ သမ္မာတရားနှင့်စပ်လျဉ်း၍ လမ်းပြမှု သို့မဟုတ် ထောက်ပံ့မှုတို့ကို မပေးခဲ့သောအခါ သူ့အတွက် ယင်းကဲ့သို့ အသိပညာနှင့် ဘုရားသခင်အပေါ် သဘောထား တစ်ခုကို ပိုင်ဆိုင်နိုင်ရန်မှာ အဖိုးထိုက်ပြီး သူ့အတွက်မူကား ယင်းကဲ့သို့ အရာများကို ထင်ရှားစွာပြခြင်းမှာ ဘုရားသခင်အတွက် လုံလောက်ခဲ့ပြီး သူ၏ သက်သေခံချက်မှာ ဘုရားသခင်၏ ချီးကျူးခြင်းနှင့် ဘုရားသခင်၏ မြတ်နိုးခြင်းကို ခံခဲ့ရသည်။ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ခဲ့ဖူးခြင်း မရှိပေ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင် သူ့အား သွန်သင်ချက် တစ်စုံတစ်ရာကို ဖွင့်ဟပြောဆိုခြင်းကို ကြားခဲ့ဖူးခြင်း မရှိသော်လည်း ဘုရားသခင်အတွက် သူ၏ စိတ်နှလုံးနှင့် သူကိုယ်တိုင်သည် ဘုရားသခင်ရှေ့တွင် အလွန်လေးနက်သော အယူအဆအကြောင်းကိုသာ ပြောနိုင်သောသူများ၊ ဝါကြွားနိုင်သောသူများနှင့် ယဇ်များကို ပူဇော်ရန် ပြောသော်လည်း ဘုရားသခင်အပေါ်၌ မည်သည့်အခါမျှ စစ်မှန်သော အသိပညာ မရှိခဲ့သည့်အပြင် ဘုရားသခင်ကို မည်သည့်အခါမှ စစ်မှန်စွာ မကြောက်ရွံ့ခဲ့သောသူများထက် ပို၍ပင် အဖိုးထိုက်တန်ခဲ့ပေသည်။ ယောဘ၏ စိတ်နှလုံးသည် စင်ကြယ်ခဲ့ပြီး ဘုရားသခင်ထံမှ မဖုံးကွယ်ခဲ့ခြင်းကြောင့် သူ၏လူ့သဘာဝမှာ ရိုးသားပြီး ကြင်နာတတ်သည် သာမက တရားမျှတမှုနှင့် အပြုသဘောဆန်သော အရာကို နှစ်သက်ခဲ့သည်။ ယင်းကဲ့သို့ စိတ်နှလုံးနှင့် လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သော ဤကဲ့သို့ လူသားတစ်ဦးတည်းသာလျှင် ဘုရားသခင် နည်းလမ်းနောက်သို့ လိုက်နိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်နိုင်စွမ်းရှိမည်ဖြစ်သည်။ ယင်းကဲ့သို့သော လူသားတစ်ဦးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မြင်နိုင်သည်၊ သူ၏အာဏာနှင့် တန်ခိုးကို မြင်နိုင်ပြီး သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် နာခံခြင်းကို ရရှိနိုင်စွမ်းရှိခဲ့သည်။ ဤကဲ့သို့ လူသားတစ်ဦးတည်းသာလျှင် ဘုရားသခင်၏နာမကို စစ်မှန်စွာ ချီးမွမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့အား ကောင်းချီးပေးမည် မပေးမည် သို့မဟုတ် ဘေးဒုက္ခ ကျရောက်စေမည် မကျေရောက်စေမည်ကို သူမကြည့်ခဲ့ခြင်းကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်ဖြင့် ထိန်းချုပ်ခြင်းကို ခံရကြောင်းကို သူသိခဲ့ပြီး လူသားအတွက် စိုးရိမ်မှုဆိုသည်မှာ မိုက်မဲမှု၊ ပညာမဲ့မှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့မှု၏ လက္ခဏာတစ်ခုဖြစ်ပြီး အရာခပ်သိမ်းအပေါ်ရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် သံသယဖြစ်ခြင်းနှင့် ဘုရားသခင်အား မကြောက်ရွံ့ခြင်းကြောင့်ပင် ဖြစ်သည်။ ယောဘ၏ အသိပညာမှာ ဘုရားသခင် အလိုရှိခဲ့သော အသိပညာပင် ဧကန်အမှန် ဖြစ်သည်။ ထိုသို့ဆိုသော် ယောဘ၌ သင်တို့ထက် ဘုရားသခင်နှင့်ပတ်သက်၍ ပိုမိုများပြားသော အယူအဆဆိုင်ရာ အသိပညာ ရှိခဲ့သလော။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ဘုရားသခင်၏ အမှုတော်နှင့် မိန့်မြွက်ချက်များမှာ အနည်းငယ်သာ ဖြစ်ခဲ့သောကြောင့် ဘုရားသခင်နှင့်ပတ်သက်သော အသိပညာကို ရရန်မှာ လွယ်သည့်ကိစ္စ မဟုတ်ခဲ့ပေ။ ယောဘ၏ ယင်းကဲ့သို့ အောင်မြင်မှု တစ်ခုမှာ စွမ်းဆောင်မှုကြောင့် မဟုတ်ခဲ့ပေ။ သူသည် ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့ခဲ့ဖူးခြင်း မရှိခဲ့သည်သာမက ဘုရားသခင် စကားပြောသည်ကို ကြားဖူးခြင်း သို့မဟုတ် ဘုရားသခင်၏ မျက်နှာကို မြင်ဖူးခြင်း မရှိပေ။ ဘုရားသခင်အပေါ် ယင်းကဲ့သို့ သဘောထားတစ်ခု ရှိနိုင်ခြင်းမှာ သူ၏လူ့သဘာဝနှင့် ယနေ့ခေတ်လူတို့ ပိုင်ဆိုင်ခြင်းမရှိသော သူ၏ ကိုယ်တိုင်ကိုယ်ကျ လိုက်စားမှု၊ လူ့သဘာဝတစ်ခုနှင့် လိုက်စားမှုရလဒ်ကြောင့်သာ လုံးလုံးလျားလျား ဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုခေတ်ကာလ၌ ဘုရားသခင်က "မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏" ဟုဆိုခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်ကာလ၌ ဘုရားသခင်သည် သူ့အပေါ် ယင်းကဲ့သို့ အကဲဖြတ်ချက်ကို ပြုလုပ်နှင့်ပြီဖြစ်၍ ယင်းကဲ့သို့ သုံးသပ်ချက်တစ်ခုကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ယနေ့တွင် မည်မျှပင် ပို၍ မှန်ကန်ခဲ့လိမ့်မည်နည်း။

ဘုရားသခင်သည် လူသားများ မမြင်နိုင်အောင် ပုန်းကွယ်နေသော်လည်း အရာခပ်သိမ်းအလယ်၌ သူ၏ လုပ်ဆောင်ချက်များအားဖြင့် သူ့ကို သိစေရန် လူသားအတွက် လုံလောက်ပေသည်

ယောဘသည် ဘုရားသခင်၏ မျက်နှာကို မြင်ဖူးခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ပြောသော စကားများကို ကြားဖူးခဲ့ခြင်း မရှိပေ၊ ဘုရားသခင်၏ အမှုတော်ကို ကိုယ်တိုင် ကြုံတွေ့ခံစားဖူးခြင်းမှာ ပို၍ပင် မဖြစ်နိုင်သော်လည်း စမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း ဘုရားသခင်ကို သူ၏ကြောက်ရွံ့ခြင်းနှင့် သက်သေခံချက်ကို အားလုံး မြင်တွေ့ခဲ့ရပြီး ၎င်းတို့သည် ဘုရားသခင်၏ချစ်ခြင်း၊ ကြည်နူးခြင်းနှင့် ချီးကျူးခြင်းကို ခံရသည်၊ ထို့အပြင် လူတို့သည် ၎င်းတို့ကို အားကျခြင်းနှင့် သဘောကျခြင်း ရှိကြသည်သာမက ချီးမွမ်းသီချင်းများကို သီဆိုကြသည်။ သူ၏အသက်တာနှင့်ပတ်သက်၍ ကြီးမြတ်ခြင်း သို့မဟုတ် သာမန်ထက်လွန်ကဲခြင်း တစ်စုံတစ်ရာ မရှိခဲ့ပေ၊ သာမန်လူ တစ်စုံတစ်ဦးကဲ့သို့ပင် နေထွက်ချိန် အလုပ်သွား၍ နေဝင်ချိန် အိမ်ပြန်ကာ သာမည အသက်တာ တစ်ခုဖြင့် သူအသက်ရှင်ခဲ့သည်။ ကွဲပြားချက်မှာ အနည်းငယ်သော သာမည ဆယ်စုနှစ်များအတောအတွင်း အခြားသောသူ တစ်စုံတစ်ဦးမှ မရရှိခဲ့သော ဘုရားသခင်၏နည်းလမ်းကို ထိုးထွင်းသိမြင်သောဉာဏ်ကို သူရခဲ့ပြီး ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် အချုပ်အခြာအာဏာကို သဘောပါက်ကာ နားလည်ခဲ့သည်။ သူသည် သာမန်လူ တစ်စုံတစ်ဦးထက် ပို၍တော်သောသူ မဟုတ်ခဲ့ပေ၊ သူ၏အသက်တာမှာ အထူးသဖြင့် ကျားကုတ်ကျားခဲ ဖြစ်ခဲ့ခြင်း မရှိသကဲ့သို့ သူ၌မမြင်ရသော အထူးကျွမ်းကျင်မှုများ မရှိခဲ့ပေ။ သူအမှန်တကယ် ပိုင်ဆိုင်ခဲ့သောအရာမှာ ရိုးသားသော၊ ကြင်နာသော၊ ဖြောင့်မတ်သော လူ့သဘာဝ ဖြစ်ခဲ့သည်၊ မျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို နှစ်သက်ပြီး အပြုသဘောဆောင်သော အရာများကို နှစ်သက်သော လူ့သဘာဝ တစ်ခု ဖြစ်သည်၊ သာမန်လူ အများစုသည် ထိုအရာများကို တစ်ခုမျှ ပိုင်ဆိုင်ကြခြင်း မရှိပေ။ သူသည် ချစ်ခြင်းနှင့် မုန်းခြင်းကို ပိုင်းခြားသိမြင်ခဲ့သည်၊ တရားသော အသိတစ်ခု ရှိခဲ့သည်၊ အလျှော့မပေးခြင်း၊ ဇွဲကောင်းခြင်းနှင့် သူ၏အတွေးအခေါ်များ၌ လုံ့လဝီရိယ ရှိခြင်းတို့ကြောင့် ကမ္ဘာမြေကြီးပေါ်တွင် သူ၏ သာမည အသက်တာဖြင့် အသက်ရှင်စဉ်ကာလအတွင်း ဘုရားသခင် ပြုခဲ့ပြီးသော သာမန်ထက် လွန်ကဲသော အမှုအရာများ အားလုံးကို မြင်ခဲ့ရပြီး ဘုရားသခင်၏ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို မြင်ခဲ့ရသည်၊ ဘုရားသခင်၏ ပူပန်မှု၊ သဘောထားကြီးမှုနှင့် လူသားအတွက် ကာကွယ်မှုတို့ကို သူမြင်ခဲ့ရပြီး အထွတ်အမြတ်ဖြစ်သော ဘုရားသခင်၏ ဂုဏ်အသရေရှိခြင်းနှင့် အာဏာကို မြင်ခဲ့ရသည်။ သာမန် လူ တစ်စုံတစ်ဦးထက် ကျော်လွန်သည့် ဤအရာများကို ယောဘရနိုင်ခဲ့ခြင်း၏ ပထမအကြောင်းရင်းမှာ သူ၌ စင်ကြယ်သော စိတ်နှလုံးရှိခဲ့ခြင်းနှင့် သူ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဖန်ဆင်းရှင်၏ ဦးဆောင်မှုကို ခံခဲ့ရခြင်းကြောင့် ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ သူ၏လိုက်စားမှုဖြစ်သည်၊ သူ၏လိုက်စားမှုမှာ အပြစ်အနာအဆာကင်း၍ စုံလင်ခဲ့ပြီး ကောင်းကင်ဘုံ၏အလိုနှင့် ကိုက်ညီကာ ဘုရားသခင်၏ချစ်ခြင်းကိုခံရ၍ မကောင်းမှုကို ရှောင်သော သူတစ်စုံတစ်ဦးဖြစ်သည်။ ဘုရားသခင်ကို မမြင်နိုင် သို့မဟုတ် ဘုရားသခင်၏ စကားများကို မကြားနိုင်သော်လည်း ယောဘသည် ဤအရာများကို ပိုင်ဆိုင်ပြီး လိုက်စားခဲ့သည်၊ သူသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသော်လည်း အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော နည်းလမ်းများကို သူသိလာခဲ့ပြီး ထိုသို့ဘုရားသခင်ပြုသော ဉာဏ်ပညာကို နားလည်ခဲ့သည်။ ယောဘသည် ဘုရားသခင် ပြောသော စကားများကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးသော်လည်း သူသည် ဆုချီးမြှင့်သော လုပ်ဆောင်ချက်များနှင့် လူသားထံမှ သိမ်းရုပ်ခြင်း အားလုံးများမှာ ဘုရားသခင်ထံမှ လာကြောင်းကို သိခဲ့သည်။ သူ၏ အသက်တာ နှစ်များမှာ အခြားသော သာမန်လူ တစ်စုံတစ်ဦးနှင့် မကွာခြားဘဲ သူ၏ အသက်တာ သာမည ဖြစ်ခြင်းကို အရာခပ်သိမ်းပေါ်၌ရှိသော ဘုရားသခင်၏ အာဏာနှင့်ပတ်သက်သည့် သူ၏အသိပညာ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းနောက် သူလိုက်လျှောက်ခြင်းအပေါ် အကျိုးသက်ရောက်စေရန် အခွင့်မပေးခဲ့ပေ။ သူ၏အမြင်တွင် အရာခပ်သိမ်း၏ နိယာမများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြင့် ပြည့်လျက်နေပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို လူပုဂ္ဂိုလ်တစ်ဦး၏ အသက်တာထဲမှ မည်သည့် အစိတ်အပိုင်း၌မဆို မြင်နိုင်ခဲ့ပေသည်။ သူသည် ဘုရားသခင်ကို မြင်ခဲ့ဖူးခြင်း မရှိသော်လည်း ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် နေရာတကာ၌ ရှိကြောင်းကို သူသဘောပေါက်နိုင်ခဲ့ပြီး ကမ္ဘာမြေကြီးပေါ်၌ သူ၏ သာမည အချိန်အတောအတွင်း သူ၏ အသက်တာ၏ ထောင့်စွန်းတိုင်းတွင် ဘုရားသခင်၏ သာမန်ထက် လွန်ကဲပြီး အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို မြင်၍ သဘောပေါက်နိုင်ခဲ့သည့်အပြင် ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသော အစီအစဉ်များကို မြင်နိုင်ခဲ့သည်။ ဘုရားသခင်၏ ပုန်းကွယ်ခြင်းနှင့် နှုတ်ဆိတ်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် ယောဘ၏ နားလည်သဘောပေါက်ခြင်းကို တားဆီးခဲ့ခြင်း မရှိသကဲ့သို့ ၎င်းတို့သည် အရာခပ်သိမ်းအပေါ်၌ရှိသော ဘုရားသခင်၏ အချုပ်အခြာအာဏာအကြောင်း သူ၏ အသိပညာအပေါ် အကျိုးသက်ရောက်စေခဲ့ခြင်း မရှိပေ။ သူ၏ နေ့စဉ် အသက်တာ ကာလတစ်လျှောက်လုံးတွင် သူ၏ ဘဝသည် ခပ်သိမ်းသောအရာတို့၏ အလယ်၌ ပုန်းကွယ်နေသော ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ ဖြစ်မြောက်ခဲ့ခြင်းပင် ဖြစ်သည်။ သူ၏ နေ့စဉ် အသက်တာထဲတွင် အရာခပ်သိမ်းအလယ်၌ နှုတ်ဆိတ်၍ နေသော်လည်း အရာခပ်သိမ်း၏ ဥပဒေသများကို စိုးမိုးခြင်းဖြင့် သူ၏ စိတ်နှလုံးအသံနှင့် သူ၏ နှုတ်ကပတ်တော်များကို ထုတ်ဖော်သော ဘုရားသခင်၏ စိတ်နှလုံးအသံနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ကြားပြီး နားလည်ခဲ့သည်။ အကယ်၍ လူတို့သည် ယောဘကဲ့သို့ တူညီသော လူ့သဘာဝနှင့် လိုက်စားမှုရှိပါက ၎င်းတို့သည် ယောဘကဲ့သို့ တူညီသော ဖြစ်မြောက်မှုနှင့် အသိပညာကို ရနိုင်ပြီး ယောဘကဲ့သို့ အရာခပ်သိမ်းအပေါ်၌ရှိသော ဘုရားသခင်၏ အချုပ်အခြာအာဏာအကြောင်း တူညီသော နားလည်မှုနှင့် အသိပညာကို ရရှိနိုင်ကြောင်းကို သင်မြင်ရပေမည်။ ဘုရားသခင်သည် ယောဘအား ထင်ရှားပြခဲ့ခြင်း သို့မဟုတ် သူ့အား စကားပြောခဲ့ခြင်း မရှိသော်လည်း ယောဘသည် စုံလင်၍ ဖြောင့်မတ်နိုင်ခဲ့သည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခဲ့သည်။ တစ်နည်းဆိုသော် ဘုရားသခင်သည် လူသားအား ထင်ရှားပြရန်နှင့် စကားပြောရန် မလိုအပ်ဘဲ အရာခပ်သိမ်းအလယ်၌ရှိသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် အရာခပ်သိမ်းအပေါ်ရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာသည် ဘုရားသခင်၏ တည်ရှိခြင်း၊ တန်ခိုးနှင့် အာဏာကို လူသားတစ်ဦး သိလာရန်အတွက် လုံလောက်ပြီး ဘုရားသခင်၏တန်ခိုးနှင့် အာဏာသည် ဤလူအား ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သည့် နည်းလမ်းနောက်သို့ လိုက်စေရန်အတွက် လုံလောက်ပေသည်။ ယောဘကဲ့သို့သော သာမန်လူသားတစ်ဦးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းကို ရယူနိုင်ခဲ့ပါက ဘုရားသခင်နောက်သို့လိုက်သော သာမန်လူပုဂ္ဂိုလ် အယောက်စီတိုင်းသည်လည်း ရယူနိုင်သင့်သည်။ ဤစကားများသည် ကျိုးကြောင်းဆီလျော်သော ကောက်ချက်သဖွယ် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဤအရာသည် အမှုအရာများ၏ ဥပဒေသများနှင့် ဆန့်ကျင်ခြင်း မရှိပေ။ သို့သော်လည်း အဖြစ်မှန်များသည် မျှော်လင့်ချက်များနှင့် ကိုက်ညီခြင်း မရှိသေးပေ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းသည် ယောဘနှင့် ယောဘတစ်ဦးတည်း၏ ကျွမ်းကျင်မှု ဖြစ်သည်ဟု ထင်ရလိမ့်မည်။ "ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း" ဟုဆိုသောအခါ လူတို့က ဤသည်မှာ ယောဘသာလျှင် လုပ်ဆောင်သင့်ကြောင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းမှာ ယောဘ၏ အမည်ဖြင့်သာ တံဆိပ်တပ်ထားပြီး အခြားသူများနှင့် မသက်ဆိုင်ကြောင်း တံဆိပ်တပ်ထားသကဲ့သို့ ဖြစ်ခဲ့သည်။ ဤအရာအတွက် အကြောင်းရင်းမှာ သိသာထင်ရှားပေသည်၊ ယောဘ တစ်ဦးတည်းသာလျှင် ရိုးသားသော၊ ကြင်နာပြီး ဖြောင့်မတ်သော၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်းအပြင် အပြုသဘောဆောင်သော အရာများကို နှစ်သက်သည့် လူ့သဘာဝတစ်ခုကို ပိုင်ဆိုင်ခဲ့ခြင်းကြောင့် ယောဘ တစ်ဦးတည်းသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို လိုက်နာနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤနေရာမှအဓိပ္ပာယ်ကို သင်တို့အားလုံး နားလည်ရမည်၊ ၎င်းမှာ အဘယ်ကြောင့်ဆိုသော် ရိုးသားသော၊ ကြင်နာပြီး ဖြောင့်မတ်ခြင်းရှိပြီး မျှတမှုနှင့် ဖြောင့်မတ်ခြင်းအပြင် အပြုသဘောဆောင်သော လူ့သဘာဝတစ်ခုကို မည်သူမျှ မပိုင်ဆိုင်ခြင်းကြောင့် ဘုရားသခင်ကို မည်သူမျှ ကြောက်ရွံ့ခြင်း မရှိဘဲ မကောင်းမှုကို မရှောင်နိုင်ခြင်းဖြစ်သဖြင့် ၎င်းတို့သည် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို မည်သည့်အခါမျှ မရနိုင်ပေ သို့မဟုတ် စမ်းသပ်မှုများအလယ်တွင် မြဲမြံစွာ ရပ်တည်နိုင်ခြင်း မရှိပေ။ ယောဘမှလွဲ၍ လူအားလုံးသည် စာတန်၏ ချုပ်နှောင်ခြင်းနှင့် ကျော့ကွင်း၌ ပိတ်မိခြင်းကို ဆက်၍ ခံရကြသည်၊ ၎င်းတို့ အားလုံးသည် ၎င်း၏စွပ်စွဲခြင်း၊ တိုက်ခိုက်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရပြီး စာတန်ဝါးမြိုရန် ကြိုးစားခြင်းကို ခံရသောသူများဖြစ်ကာ ၎င်းတို့အားလုံးသည် လွတ်လပ်မှု ကင်းမဲ့ကြပြီး၊ စာတန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးသော အကျဉ်းသားများ ဖြစ်ကြသည်။

အကယ်၍ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်ကို ရန်လိုပါက သူသည် ဘုရားသခင်ကို အဘယ်သို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်မည်နည်း

ယနေ့ခေတ် လူများသည် ယောဘကဲ့သို့သော လူ့သဘာဝကို မပိုင်ဆိုင်ကြခြင်းကြောင့် ၎င်းတို့၏ သဘာဝနှင့် သဘောထား၏ အနှစ်သာရသည် ဘုရားသခင်အပေါ် မည်သို့ရှိသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကြသလော။ ၎င်းတို့သည် မကောင်းမှုကို ရှောင်ကြသလော။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် မကောင်းမှုကို ရှောင်ခြင်း မရှိသောသူများကို ဘုရားသခင်၏ ရန်သူများဟူသော ဤစကားစုဖြင့်သာ အကျဉ်းချုပ်သုံးသပ်နိုင်သည်။ သင်တို့သည် ဤစကားစုကို မကြာခဏ ပြောကြသော်လည်း သင်တို့သည် ၎င်းတို့၏ အဓိပ္ပာယ်အမှန်ကို မည်သည့်အခါမျှ သိခဲ့ကြခြင်း မရှိပေ။ "ဘုရားသခင်၏ ရန်သူများ" ဟူသော စကားလုံးများတွင် အနှစ်သာရရှိသည်၊ ၎င်းတို့မှာ ဘုရားသခင်သည် လူသားကို ရန်သူအဖြစ် မြင်ကြောင်း ပြောနေခြင်း မဟုတ်သော်လည်း လူကသာ ဘုရားသခင်ကို ရန်သူအဖြစ် မြင်နေခြင်း ဖြစ်သည်။ ပထမဦးစွာ၊ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါ မည်သူ့ထံ၌ ၎င်းတို့၏ ရည်မှန်းချက်များ၊ စိတ်ပါဝင်စားမှုများနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုထဲတွင် ထိုစိတ်ပါဝင်စားမှုများ ဆက်၍ပါဝင်နေပြီး ဘုရားသခင်အပေါ် ယုံကြည်ရာ၌ ၎င်းတို့၏ မူရင်း ရည်ရွယ်ချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့အလိုရှိသော အရာများကို လက်ခံရရှိရန်ပင် ဖြစ်သည်။ လူတို့၏ ဘဝအတွေ့အကြုံများထဲတွင် ၎င်းတို့သည် ၎င်းတို့ကိုယ်ကို မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးမှုလုပ်ငန်းကို လက်လွှတ်ခဲ့သည်၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးခဲ့ပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်၍ အတည်ပြုရဦးမည်၊ မကြာသေးမီက ကောင်းချီးမင်္ဂလာတစ်စုံတစ်ခုကို လက်ခံရရှိခဲ့ပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်း များစွာ ပေးခဲ့ပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက် ပြေးလျက်နေခဲ့ပြီး မြောက်မြားစွာ ခံစားရခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်သည် အကျွန်ုပ်အား တုံ့ပြန်သည့်အနေဖြင့် ကတိတစ်စုံတစ်ရာကို ပေးခဲ့ပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိနိုင်သလော … အယောက်တိုင်းသည် ယင်းကဲ့သို့ တွက်ချက်မှုများကို ၎င်းတို့၏စိတ်နှလုံးအတွင်း အဆက်မပြတ်နှင့် မကြာခဏ ပြုတတ်ကြပြီး ၎င်းတို့၏ စိတ်ပါဝင်စားမှုများနှင့် ရည်မှန်းချက်များနှင့် အပေးအယူများပါသော တောင်းဆိုချက်များကို ဘုရားသခင်ထံ တင်ပြကြသည်။ တစ်နည်းအားဖြင့်ဆိုသော် လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အဆက်မပြတ် စစ်ဆေးခြင်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော အစီအစဉ်များကို အဆက်မပြတ် တီထွင်ခြင်းနှင့် သူ၏အဆုံးသတ်အတွက် ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံခြင်းနှင့် ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားခြင်း၊ ဘုရားသခင်သည် သူအလိုရှိသော အရာကို ပေးမည် သို့မဟုတ် မပေးမည်ကို ကြည့်ခြင်းတို့ကို ပြုလျက်နေသည်။ ဘုရားသခင်ကို လိုက်စားနေသည့် တစ်ချိန်တည်း၌ပင် လူသားသည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ သဘောမထားပေ။ သူသည် ဘုရားသခင်နှင့် အပေးအယူများလုပ်ရန် အမြဲကြိုးစားခဲ့သည်၊ သူ့အပေါ် မရပ်မနား တောင်းဆိုချက်များကို တင်ပြပြီး ခြေလှမ်းတိုင်းတွင် သူ့အား ဖိအားပေးခြင်းပင်ပြု၍ တစ်လက်မ ပေးပြီးနောက် တစ်မိုင်လောက်ယူရန် ကြိုးစားလျက်ရှိသည်။ ဘုရားသခင်နှင့် အပေးအယူများလုပ်ရန် ကြိုးစားနေသည့် တစ်ချိန်တည်းတွင် လူသားသည် သူနှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ သို့မဟုတ် တိကျသော အခြေအနေများ၌ ၎င်းတို့ကိုယ်ကို ရောက်ရှိနေကြောင်း သိသည့်အခါ မကြာခဏ ခွန်အားနည်းခြင်း၊ မတုန်မလှုပ် ဖြစ်ခြင်းနှင့် ၎င်းတို့၏ အလုပ်ထဲ၌ ပေါ့ဆခြင်းဖြစ်လာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူစရာများ အပြည့်ရှိသည်။ သူသည် ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ကတည်းက လူသားသည် ဘုရားသခင်အား ကော်နူကိုပီယာ ခေါ် ဆွစ်တပ်မတော် စွယ်စုံသုံးဓားကဲ့သို့ သဘောထားခဲ့ပြီး သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော အကြွေးရှင်အဖြစ် သဘောထားခဲ့ကာ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်၍ ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ် စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သကဲ့သို့ သဘောထားခဲ့သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ "ဘုရားသခင်အပေါ် ယုံကြည်ခြင်း" ၏ အခြေခံအသိဖြစ်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော အသိဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှ သူ၏ ဓမ္မဓိဌာန်မကျသော လိုက်စားမှုတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့်သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် သက်ဆိုင်နိုင်ခြေ ရှိမည်မဟုတ်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်ကြောင်း လူသားသည် မည်သည့်အခါမျှ သဘောထားခဲ့ခြင်း သို့မဟုတ် နားလည်ခဲ့ခြင်း မရှိပေ။ ယင်းကဲ့သို့ အခြေအနေများအရ လူသား၏ အနှစ်သာရမှာ သိသာထင်ရှားပေသည်။ ထို့အပြင် ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးမှာ အငြိုးထားတတ်ခြင်း၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို လက်သင့်ခံခြင်း၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်ခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်၍ အလိုကြီးခြင်းကြောင့် ဖြစ်သည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ၊ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးခဲ့ပြီးခြင်း မရှိပေ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မြင်ဖူးခြင်း မရှိသည့်အပြင် သူသည် လူသား၏ ကိုးကွယင်ခြင်းကိုလည်း ခံဖူးခြင်း မရှိပေ။ ဘုရားသခင်သည် မည်မျှ ကြီးမားသော အဖိုးအခကို ပေးပါစေ သို့မဟုတ် အလုပ်မည်မျှကို သူ ပြုပါစေ၊ သို့မဟုတ် လူသားကို မည်မျှ ထောက်ပံ့ပါစေ၊ လူသားသည် ၎င်းကို သတိမပြုမိဘဲ လုံးလုံးလျားလျား စိတ်ဝင်စားမှု မရှိပေ။ လူသားသည် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ ပေးဖူးခြင်း မရှိပေ၊ သူ၏စိတ်နှလုံးကို သူကိုယ်တိုင်သာ ဂရုစိုက်ရန်၊ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချရန် အလိုရှိသည်၊ ဤအရာ၏ သွယ်ဝှက်သော အဓိပ္ပာယ်မှာ လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို လိုက်နာရန် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံရန် အလိုမရှိခြင်း ဖြစ်သည် သာမက သူသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မကိုးကွယ်လိုခြင်းပင် ဖြစ်သည်။ ၎င်းမှာ ယနေ့ခေတ် လူသား၏ အနေအထား ဖြစ်သည်။ ယခု ငါတို့ ယောဘကို နောက်တစ်ကြိမ် ကြည့်ကြပါစို့။ ပထမဆုံးအနေဖြင့် သူသည် ဘုရားသခင်နှင့် အပေးအယူ တစ်ခု လုပ်ခဲ့သလော။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို မြဲမြံစွာ ဆုပ်ကိုင်ရာတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက် တစ်စုံတစ်ရာ သူ၌ရှိခဲ့သလော။ ထိုအချိန်က ဘုရားသခင်သည် အစွန်အဖျားမှ တစ်စုံတစ်ဦးအား လာရန် ပြောခဲ့ပြီးပြီလော။ ထိုအချိန်က ဘုရားသခင်သည် အဆုံးသတ် အကြောင်း မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ကတိများ ပေးခဲ့ခြင်း မရှိသည့်အပြင် ၎င်းမှာ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခဲ့သည်ဟူသော ဤနောက်ခံအကြောင်းနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်။ ယနေ့ခေတ် လူများသည် ယောဘနှင့် နှိုင်းယှဉ်ခြင်းကို ရင်ဆိုင်ရဲသလော။ အလွန်ပင် ကွာဟချက် တစ်ခုရှိပြီး ၎င်းတို့မှာ မတူညီသော အတန်းအစားများထဲ၌ ရှိကြသည်။ ယောဘသည် ဘုရားသခင်အကြောင်း အသိပညာ မြောက်မြားစွာ မရှိခဲ့သော်လည်း သူသည် သူ၏စိတ်နှလုံးကို ဘုရားသခင်အား ပေးခဲ့ပြီး သူ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ခဲ့သည်။ သူသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ အပေးအယူ မလုပ်ခဲ့သည့်အပြင် ဘုရားသခင်အပေါ် လွန်ကဲသော အလိုဆန္ဒများ သို့မဟုတ် တောင်းဆိုချက်များ မရှိခဲ့ပါ၊ ထိုသို့မဟုတ်ဘဲ "ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏" ဟူ၍ သူယုံကြည်ခဲ့သည်။ ဤအရာမှာ များစွာသော အသက်တာ နှစ်များအတောအတွင်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို စစ်မှန်စွာ စွဲကိုင်ရာမှ သူမြင်ပြီး ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့နည်းတူစွာ၊ "ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော" ဟူသည့် ရလဒ်ကိုလည်း သူရခဲ့သည်။ ဤဝါကျနှစ်ကြောင်းမှာ သူ၏အသက်တာ အတွေ့အကြုံများအတွင်း ဘုရားသခင်အပေါ် သူ၏နာခံခြင်း သဘောထား၏ ရလဒ်ကြောင့် မြင်ခဲ့ပြီး သိလာသော အရာဖြစ်၍ ၎င်းတို့မှာ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများ၌ အောင်နိုင်ခဲ့သော သူ၏ တန်ခိုးအရှိဆုံး လက်နက်များ ဖြစ်သည့်အပြင် ဘုရားသခင်ကို သက်သေခံရာတွင် မြဲမြံစွာ သူရပ်တည်ရခြင်း၏ အုတ်မြစ်လည်း ဖြစ်သည်။ ဤနေရာတွင် သင်တို့သည် ယောဘအား နှစ်လိုဖွယ်ကောင်းသူတစ်ဦးအဖြစ် တွေးကြည့်ကြသလော။ သင်တို့သည် ယင်းကဲ့သို့သော သူတစ်ဦးဖြစ်ရန် မျှော်လင့်ကြသလော။ သင်တို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို ခံရမည်ကို စိုးရိမ်သလော။ ယောဘကဲ့သို့ တူညီသော စမ်းသပ်မှုများကို သင်တို့လည်းခံရန် ဘုရားသခင်ထံ ဆုတောင်းဖို့အတွက် သင်တို့ စိတ်ဆုံးဖြတ်ခြင်း ရှိသလော။ ယင်းကဲ့သို့သော အရာများကို လူအများစုအနေဖြင့် ဆုတောင်းဝံ့မည် မဟုတ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သင်တို့၏ ယုံကြည်ခြင်းမှာ သနားစရာကောင်းလောက်အောင်ပင် သေးငယ်သည်မှာ ထင်ရှားမြင်သာပါသည်၊ ယောဘနှင့် နှိုင်းယှဉ်ပါက သင်တို့၏ ယုံကြည်ခြင်းမှာ ဖော်ပြရန်ပင် မထိုက်တန်ပေ။ သင်တို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည်၊ သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြပေ၊ ဘုရားသခင်အား သင်တို့ သက်သေခံရာ၌ မြဲမြံစွာ ရပ်တည်နိုင်စွမ်း မရှိကြသည့်အပြင် စာတန်၏ တိုက်ခိုက်မှုများ၊ စွပ်စွဲချက်များနှင့် စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်နိုင်ခြင်း မရှိကြပေ။ ဘုရားသခင်၏ ကတိများကို လက်ခံရရှိစေရန် မည်သည့်အရာက သင်တို့အား အရည်အချင်းပြည့်မီစေသနည်း။ ယောဘ၏ ဘဝဇာတ်ကြောင်းကို ကြားခဲ့ပြီး လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသားကို ကယ်တင်ခြင်း၏ အဓိပ္ပာယ်ကို နားလည်ပြီးနောက် ယောဘကဲ့သို့ တူညီသော စမ်းသပ်မှုများကို လက်ခံရန် သင်တို့၌ ယုံကြည်ခြင်း ရှိသလော။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို လိုက်နာဖို့အတွက် သင်တို့ကိုယ်ကို အခွင့်ပေးရန် သင်တို့၌ အနည်းငယ်သော စိတ်ဆုံးဖြတ်ချက် မရှိသင့်သလော။

ဘုရားသခင်၏ စမ်းသပ်မှုများအပေါ် ဒွိဟအတွေးများ မရှိစေနှင့်

ယောဘထံမှ သက်သေခံချက်ကို ရပြီးနောက် သူ၏စမ်းသပ်မှုများ ပြီးဆုံးသည့်နောက်တွင် ယောဘကဲ့သို့သော လူများ ပါဝင်သည့် အုပ်စုတစ်စု သို့မဟုတ် တစ်စုထက်ပိုသော အုပ်စုများကို ရလိမ့်မည်ဟု ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့သည်၊ သို့သော်လည်း စာတန်သည် ဘုရားသခင်နှင့် အလောင်းအစား လုပ်ခြင်းအားဖြင့် ယောဘအား စုံစမ်းနှောင့်ယှက်ခဲ့သော၊ တိုက်ခိုက်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခဲ့သော နည်းလမ်းများကို အသုံးပြု၍ အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမဆို တိုက်ခိုက်ရန် သို့မဟုတ် နှိပ်စက်ညှဉ်းပန်းရန် စာတန်ကို နောက်ထပ် မည်သည့်အခါမျှ အခွင့်အပေးရန် ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့သည်၊ ခွန်အားနည်းသော၊ မိုက်မဲပြီး ပညာမဲ့သော လူသားအပေါ် ယင်းကဲ့သို့ အရာများကို နောက်ထပ်ပြုရန် စာတန်အား ဘုရားသခင် ခွင့်မပြုခဲ့ပေ၊ ယောဘကို စာတန် စုံစမ်းနှောင့်ယှက်ခဲ့သည်မှာ လုံလောက်ပေပြီ။ လူတို့ကို အလိုရှိသည့်အတိုင်း နှိပ်စက်ညှဉ်းပန်းရန် စာတန်အား ဘုရားသခင် အခွင့်မပေးခြင်းမှာ ဘုရားသခင်၏ သနားခြင်းကရုဏာပင် ဖြစ်သည်။ ဘုရားသခင်အတွက်မူကား ယောဘသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ပြီးသည်မှာ လုံလောက်ပြီဖြစ်သည်။ ယင်းကဲ့သို့ အရာများကို နောက်ထပ်ပြုရန် စာတန်အား ဘုရားသခင် ခွင့်မပြုခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နောက်သို့ လိုက်သောလူများ၏ အသက်နှင့် အရာခပ်သိမ်းကို ဘုရားသခင်အုပ်စိုးပြီး ဘုရားသခင် စီစဉ်ညွှန်ကြားသောကြောင့်ဖြစ်ပြီး စာတန်သည် အလိုရှိသလို ဘုရားသခင် ရွေးချယ်ထားသောသူများကို ကြိုးကိုင်ညွှန်ကြားရန် အခွင့်မရှိပေ၊ ဤအချက်ကို သင်တို့ ရှင်းလင်းစွာ သိသင့်သည်။ ဘုရားသခင်၏ လူသား၏ အားနည်းချက်ကို ဂရုစိုက်ပြီး သူ၏မိုက်မဲခြင်းနှင့် ပညာမဲ့ခြင်းကို နားလည်မူ၏။ လူသားသည် ကယ်တင်ခြင်းကို အလျှင်းခံနိုင်ရန် ဘုရားသခင်သည် သူ့ကို စာတန်လက်သို့ အပ်လိုက်ရသော်လည်း လူသားသည် အရုပ်တစ်ရုပ်ကဲ့သို့ ဆော့ကစားခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်း ခံရသည်ကို ဘုရားသခင် မမြင်လိုပေ။ လူသားသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံခဲ့ရပြီး ဘုရားသခင်သည် လူသား၏ အရာခပ်သိမ်းကို အုပ်စိုးပြီး စီစဉ်ခြင်းမှာ အမှန်ပင် အကျိုးသင့်အကြောင်းသင့် ရှိပေသည်၊ ဤသည်မှာ ဘုရားသခင်၏ တာဝန်ဖြစ်ပြီး ဘုရားသခင်၏ အရာခပ်သိမ်းကို အုပ်စိုးသော အာဏာပင် ဖြစ်သည်။ ဘုရားသခင်သည် စာတန်အား လူသားကို အလိုရှိသလို ညှဉ်းပန်းရန်နှင့် နှိပ်စက်ရန် ခွင့်မပြုပေ၊ လူသားကို လမ်းလွှဲစေရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုရန် စာတန်အား အခွင့်မပေးချေ၊ ထိုမျှမက လူသားအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ဝင်ရောက်နှောင့်ယှက်ရန် စာတန်အား အခွင့်မပေးသည့်အပြင် အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော ဥပဒေသများကို နင်းခြေရန် သို့မဟုတ် ဖျက်ဆီးရန်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်သော ဘုရားသခင်၏ ကြီးမြတ်သည့် အမှုအကြောင်းကို တစ်စုံတစ်ရာပြောရန် အခွင့်မပေးချေ။ ဘုရားသခင် ကယ်တင်လိုသောသူများနှင့် ဘုရားသခင်အား သက်သေခံနိုင်သောသူများသည် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အမှု၏ အချက်အချာဖြစ်၍ ပုံဆောင်ခြင်းဖြစ်သည် သာမက သူ၏ နှစ်ခြောက်ထောင် အမှုထဲမှ သူ၏ကြိုးပမ်းမှုများ၏ အဖိုးအခလည်း ဖြစ်သည်။ ဘုရားသခင်သည် ဤလူများကို စာတန်အား သာမန်ကာလျှံကာ အဘယ်သို့ ပေးနိုင်ခဲ့မည်နည်း။

လူတို့သည် ဘုရားသခင်၏ စမ်းသပ်မှုများကို မကြာခဏ စိုးရိမ်ကြပြီး ကြောက်ရွံ့တတ်ကြသော်လည်း ၎င်းတို့သည် စာတန်၏ ကျော့ကွင်းနှင့် အန္တရာယ်များသော နယ်မြေထဲ၌ အချိန်တိုင်း အသက်ရှင်နေ၍ ထိုနယ်မြေထဲ၌ ၎င်းတို့သည် စာတန်၏ တိုက်ခိုက်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရသော်လည်း ၎င်းတို့သည် ကြောက်ရွံ့ရမှန်း မသိကြသည့်အပြင် တုန်လှုပ်ချောက်ချားခြင်းလည်း မရှိပေ။ အဘယ်သို့ ဖြစ်ကုန်ပြီနည်း။ ဘုရားသခင်အပေါ် လူသား၏ ယုံကြည်ခြင်းမှာ သူမြင်နိုင်သော အရာများ၌သာ ကန့်သတ်ထားခြင်း ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့် စိုးရိမ်ခြင်း၊ သို့မဟုတ် လူသားအပေါ် သူ၏ကြင်နာမှုနှင့် စာနာထောက်ထားမှုကို သူသည် အနည်းငယ်မျှ အသိအမှတ်ပြုခြင်း မရှိပေ။ သို့သော်လည်း ဘုရားသခင်၏ စမ်းသပ်မှုများနှင့်ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပန်ခြင်းနှင့် ကြောက်ရွံ့ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသအတွက် လူသားသည် ဘုရားသခင်၏ ကောင်းသော ရည်ရွယ်ချက်များအပေါ် အနည်းငယ်မျှပင် နားလည်မှု မရှိပေ။ စမ်းသပ်မှုများအကြောင်း ဖော်ပြသည့်အခါ လူတို့က ဘုရားသခင်၌ ဖုံးကွယ်ထားသော အကြောင်းရင်းများ ရှိသကဲ့သို့ ထင်မြင်ကြပြီး၊ အချို့က ဘုရားသခင်သည် မကောင်းသော အကြံအစည်များကို လက်သင့်ခံထားသည်ဟူ၍ပင် ယုံကြည်ကြကာ ဘုရားသခင်သည် ၎င်းတို့အား မည်သို့ အမှန်တကယ်ပြုမည်ကို မသိကြပေ၊ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံသည်ဟု ကြွေးကြော်သည့် တစ်ချိန်တည်းတွင် ၎င်းတို့သည် လူသားအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လူသားအတွက် အစီအစဉ်များကို ခုခံရန်နှင့် ဆန့်ကျင်ရန် ၎င်းတို့ တတ်နိုင်သမျှကို ပြုကြလေသည်၊ အဘယ်ကြောင့်ဆိုသော် အကယ်၍ ၎င်းတို့သည် သတိမထားပါက ဘုရားသခင်၏ လှည့်စားခြင်းကို ခံရကြမည်၊ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ကံကြမ္မာကို မဆုပ်ကိုင်ပါက ၎င်းတို့၌ ရှိသမျှကို ဘုရားသခင် ရုပ်သိမ်းနိုင်ပြီး ၎င်းတို့၏ အသက်ပင်လျှင် ဆုံးနိုင်သည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။ လူသားသည် စာတန်၏ စခန်းထဲ၌ ရှိသော်လည်း သူသည် စာတန်၏ နှိပ်စက်ညှဉ်းပန်းခံနေရမည်ကို တစ်ကြိမ်တစ်ခါမျှ စိုးရိမ်ပူပန်ခြင်း မရှိပေ၊ ထို့အပြင် သူသည် စာတန်၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရသော်လည်း စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည်ကို တစ်ကြိမ်တစ်ခါမျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသည်ဟု ဆိုမြဲဆိုသော်လည်း ဘုရားသခင်ကို ယုံကြည်စိတ်ချခြင်း သို့မဟုတ် ဘုရားသခင်သည် စာတန်၏ လက်သည်းများမှ လူသားကို အမှန်တကယ် ကယ်တင်လိမ့်မည်ဟု မည်သည့်အခါမျှ ယုံကြည်ခြင်း မရှိပေ။ အကယ်၍ လူသားသည် ယောဘကဲ့သို့ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ပြီး သူ၏ ဖြစ်တည်သမျှကို ဘုရားသခင်၏ လက်ထဲသို့ ပေးနိုင်ပါက လူသား၏ အဆုံးသတ်သည် ယောဘ၏ အဆုံးသတ်ကဲ့သို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိခြင်းနှင့် တူညီလိမ့်မည် မဟုတ်လော။ အကယ်၍ လူသားသည် ဘုရားသခင်၏ အုပ်စိုးမှုကို လက်ခံပြီး ကျိုးနွံနာခံနိုင်ပါက ဆုံးရှုံးရန်အကြောင်း အဘယ်ရှိသနည်း။ ထို့ကြောင့် သင်တို့အား သင်တို့၏ လုပ်ဆောင်မှုများ၌ သတိပြုရန်နှင့် သင်တို့အပေါ် ရောက်လုဆဲဖြစ်သော အရာခပ်သိမ်းအပေါ် သတိရှိရန် ငါအကြံပြုသည်။ မဆင်မခြင် သို့မဟုတ် စိတ်လိုက်မာန်ပါ မပြုကြနှင့်၊ ထို့အပြင် ဘုရားသခင်နှင့် လူအများ၊ အကြောင်းကိစ္စများ၊ သင့်အတွက် စီစဉ်ပြီးသော အရာများအပေါ် သင်၏ ပူသောသွေး သို့မဟုတ် သင်၏ သဘာဝဖြစ်ခြင်း သို့မဟုတ် သင်၏ စိတ်ကူးများနှင့် အယူအဆများအပေါ် မူတည်ကာ မဆက်ဆံနှင့်၊ သင်တို့သည် ဘုရားသခင်၏ အမျက်ဒေါသအား လှုံ့ဆော်ပေးခြင်းကို ရှောင်ရှားရန် သင်တို့၏ လုပ်ဆောင်မှုများ၌ သတိရှိရမည် ဖြစ်ပြီး ဆုတောင်းကာ ပို၍ ရှာဖွေရမည် ဖြစ်သည်။ ဤအရာကို မှတ်သားလော့။

ဆက်လက်၍ စမ်းသပ်မှုများပြီးနောက် ယောဘသည် မည်ကဲ့သို့ ဖြစ်ခဲ့ကြောင်း ငါတို့ ကြည့်ကြမည်။

၅။ စမ်းသပ်မှုများ နောက်ပိုင်းမှ ယောဘ

ယောဘ ၄၂:၇-၉ ထိုသို့ထာဝရဘုရားသည် ယောဘအား မိန့်တော်မူပြီးမှ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့်သင်၏ အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက်ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော။ သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ်ကောင်တို့ကို ယူပြီးလျှင်၊ ငါ့ကျွန်ယောဘထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ် ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့သည် မပြောသောအပြစ်နှင့်အလျောက် ငါစီရင်မည်ဟု မိန့်တော်မူ၏။ ထိုသို့ထာဝရဘုရား မှာထားတော်မူသည်အတိုင်း တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား၍ ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာကို ထောက်တော်မူ၏။

ယောဘ ၄၂:၁၀ ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသော ဒုက္ခအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။

ယောဘ ၄၂:၁၂ ထိုသို့ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုးတသောင်းလေးထောင်၊ ကုလားအုပ်ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကို ရတတ်၏။

ယောဘ ၄၂:၁၇ အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။

ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှု ရှောင်သောသူများကို ဘုရားသခင် အမြတ်တနိုး သဘောထားသော်လည်း မိုက်မဲသောသူများကို အရေးမပါသူများဟူ၍ ဘုရားသခင် မြင်၏

ယောဘ ၄၂:၇-၉ တွင် ဘုရားသခင်က ယောဘသည် သူ၏ အစေခံဖြစ်ကြောင်း ဆိုထားသည်။ "အစေခံ" ဟူသော ဝေါဟာရကို သူအသုံးပြု၍ ယောဘအား ရည်ညွှန်းခြင်းမှာ သူ၏ စိတ်နှလုံးထဲ၌ ယောဘ၏ အရေးပါပုံကို ထင်ရှားစွာပြခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ယောဘအား ပို၍ တန်ဖိုးထားသော တစ်စုံတစ်ခု ဟူ၍ မခေါ်ခဲ့သော်လည်း ဤအမည်နာမသည် ဘုရားသခင်၏ စိတ်နှလုံးအတွင်း ယောဘ၏ အရေးပါခြင်းနှင့် ဆက်စပ်မှု မရှိခဲ့ပေ။ ဤနေရာမှ "အစေခံ" မှာ ယောဘအတွက် ဘုရားသခင် ပေးသော ချစ်စနိုးအမည် ဖြစ်သည်။ "ငါ့ကျွန်ယောဘ" ဟူ၍ ဘုရားသခင်၏ ကြိမ်ဖန်များစွာ ရည်ညွှန်းချက်များက သူသည် ယောဘအပေါ် မည်မျှ ကျေနပ်အားရခဲ့ကြောင်းကို ပြပြီး "အစေခံ" ဟူသော စကားလုံး နောက်ကွယ်မှ အဓိပ္ပာယ်ကို ဘုရားသခင် မပြောခဲ့သော်လည်း "အစေခံ" ဟူသော စကားလုံးအတွက် ဘုရားသခင်၏ အနက်အဓိပ္ပာယ်ကို သမ္မာကျမ်းထဲရှိ ဤကျမ်းပိုဒ်မှ သူ၏ နှုတ်ကပတ်တော်များမှ မြင်နိုင်ပါသည်။ တေမန်အမျိုးသား ဧလိဖတ်အား ဘုရားသခင်က၊ "သင်နှင့်သင်၏ အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက် ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော" ဟူ၍ ဦးစွာ ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များမှာ ယောဘသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ခံပြီးနောက် ယောဘ ပြောခဲ့သမျှနှင့် ပြုခဲ့သမျှတို့ကို သူလက်ခံကြောင်း ပထမဆုံးအကြိမ် လူတို့အား ဘုရားသခင် ပွင့်ပွင့်လင်းလင်း ပြောခဲ့ခြင်းဖြစ်ပြီး ယောဘ ပြုခဲ့ပြီးသမျှနှင့် ပြောခဲ့ပြီးသမျှ၏ တိကျမှုနှင့် မှန်ကန်မှုကို ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း သူအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဧလိဖတ်နှင့် အခြားသူများအား ၎င်းတို့၏ မဟုတ်မှန်သော၊ အဓိပ္ပာယ်မရှိသော အပြောကြောင့် အမျက်ထွက်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ယောဘကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မမြင်နိုင်ခြင်း သို့မဟုတ် ၎င်းတို့၏ အသက်တာများထဲ၌ သူပြောခဲ့သော နှုတ်ကပတ်တော်များကို မကြားနိုင်ခြင်းကြောင့် ဖြစ်သော်လည်း ယောဘသည် ဘုရားသခင်အကြောင်း ယင်းကဲ့သို့ တိကျမှန်ကန်သော အသိရှိခဲ့သည်၊ တစ်ဖက်တွင် ၎င်းတို့မှာ ဘုရားသခင်အကြောင်းကို မျက်ကန်းသဖွယ် မှန်းဆနိုင်ခဲ့ပြီး ဘုရားသခင်၏အလိုကို ထိပါးနှောင့်ယှက်ကာ ၎င်းတို့ပြုခဲ့သမျှတွင် သူ၏ စိတ်ရှည်ခြင်းကို အကဲစမ်းခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ယောဘပြုခဲ့သမျှနှင့် ပြောခဲ့သမျှကို လက်ခံသည့် တစ်ချိန်တည်းတွင် ဘုရားသခင်သည် အခြားသူများအပေါ် အမျက်ထွက်လာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထဲ၌ သူသည် ဘုရားသခင်ကို တစ်စုံတစ်ရာ အမှန်ကြောက်ရွံ့မှုကို မမြင်နိုင်ခဲ့သည့်အပြင် ၎င်းတို့ ပြောခဲ့သော အရာထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကြောင်း တစ်စုံတစ်ရာကိုမျှ မကြားခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့အား ဆက်လက်၍ ဤသို့တောင်းဆိုလေသည်၊ "သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ်ကောင်တို့ကို ယူပြီးလျှင်၊ ငါ့ကျွန်ယောဘထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ် ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့သည် မပြောသောအပြစ်နှင့်အလျောက် ငါစီရင်မည်ဟု မိန့်တော်မူ၏။" ဤကျမ်းပိုဒ်တွင် ဘုရားသခင်က ဧလိဖတ်နှင့် အခြားသူတို့အား ၎င်းတို့၏အပြစ်များမှ ရွေးနုတ်မည့် အရာတစ်စုံတစ်ခုကိုပြုရန် ပြောနေခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မိုက်မဲမှုသည် ယေဟောဝါဘုရားသခင်အား ပြစ်မှားသည့် အပြစ်တစ်ခု ဖြစ်ခဲ့ခြင်းကြောင့် ၎င်းတို့သည် ၎င်းတို့၏ အမှားများကို ကုစားရန်အလို့ငှာ မီးရှို့ရာယဇ်များကို ပူဇော်ခဲ့ကြရသည်။ မီးရှို့ရာယဇ်များမှာ ယေဘုယျအားဖြင့် ဘုရားသခင်ထံ ပူဇော်ရခြင်း ဖြစ်သည်၊ သို့သော်လည်း ဤမီးရှို့ရာယဇ်များ၏ တစ်မူထူးခြားသော အရာမှာ ထိုယဇ်များကို ယောဘအား ပူဇော်ခဲ့ခြင်းပင် ဖြစ်သည်။ ယောဘသည် စမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း ဘုရားသခင်ကို သက်သေခံခဲ့ခြင်းကြောင့် သူ့ကို ဘုရားသခင် အသိအမှတ်ပြုလက်ခံခဲ့သည်။ ထိုစဉ် ယောဘ၏ ဤမိတ်ဆွေများကို သူစမ်းသပ်မှုများကို ခံရသည့် ကာလအတွင်း ထုတ်ဖော်ခဲ့သည်၊ ၎င်းတို့၏ မိုက်မဲမှုကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ရှုတ်ချခြင်းကို ခံခဲ့ရသည်၊ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ အမျက်ဒေါသကို လှုံ့ဆော်ခဲ့ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံသင့်သည်၊ ယောဘအား မီးရှို့ရာယဇ်များကို ပူဇော်၍ အပြစ်ဒဏ်ပေးခြင်းကို ခံသင့်သည်၊ ထိုသို့ ပူဇော်ပြီးနောက် ၎င်းတို့အပေါ်၌ ဘုရားသခင်၏ အပြစ်ဒဏ်နှင့် အမျက်ဒေါသ ပပျောက်စေရန် ယောဘ ဆုတောင်းခဲ့လေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို အရှက်ရစေရန် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောလူများ မဟုတ်သည့်အပြင် ၎င်းတို့သည် ယောဘ၏ တည်ကြည်မှုကို ပြစ်တင်ဝေဖန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တစ်ဖက်တွင် ဘုရားသခင်သည် ၎င်းတို့၏ လုပ်ရပ်များကို လက်မခံသော်လည်း ယောဘကို လွန်စွာ အသိအမှတ်ပြုလက်ခံပြီး ကျေနပ်အားရကြောင်း ၎င်းတို့အား ပြောနေခဲ့ခြင်း ဖြစ်သည်၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ အသိအမှတ်ပြုလက်ခံခြင်းကို ခံရခြင်းသည် ဘုရားသခင်၏ရှေ့သို့ လူသားကို မြှင့်တင်ပေးကြောင်း၊ လူသားသည် သူ၏ မိုက်မဲမှုကြောင့် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ခံရကြောင်း၊ မိုက်မဲမှုကြောင့် ဘုရားသခင်ကို ပြစ်မှားမိ၍ ဘုရားသခင်၏ အမြင်တွင် အောက်တန်းကျပြီး ဆိုးညစ်ကြောင်း ပြောနေခဲ့ခြင်း ဖြစ်သည်။ ဤသည်တို့မှာ လူအမျိုးအစား နှစ်မျိုးအကြောင်း ဘုရားသခင် ပေးခဲ့သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဖြစ်သည်၊ ၎င်းတို့မှာ ဤလူအမျိုးအစား နှစ်မျိုးအပေါ် ဘုရားသခင်၏ သဘောထားများဖြစ်ပြီး ၎င်းတို့မှာ ဤလူအမျိုးအစား နှစ်မျိုး၏ တန်ဖိုးနှင့် အဆင့်အတန်းကို စကားလုံးဖြင့် ဘုရားသခင် ထုတ်ဖော်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ယောဘအား သူ၏အစေခံဟု ခေါ်ခဲ့သော်လည်း ဘုရားသခင်၏အမြင်တွင် ဤအစေခံမှာ ချစ်လှစွာသောသူဖြစ်ခဲ့ပြီး အခြားသူများအတွက် ဆုတောင်းပေးရန်နှင့် ၎င်းတို့၏ အမှားများကို ခွင့်လွှတ်ရန် အခွင့်အာဏာ ပေးအပ်ခံခဲ့ရသောသူ ဖြစ်သည်။ ဤအစေခံသည် ဘုရားသခင်နှင့် တိုက်ရိုက် စကားပြောနိုင်ပြီး ဘုရားသခင်ရှေ့သို့ တိုက်ရိုက် လာရောက်နိုင်ခဲ့သည်၊ သူ၏ အရိုက်အရာသည် အခြားသူများ၏ အရိုက်အရာထက် ပို၍မြင့်ပြီး ပို၍ ဂုဏ်သရေရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင် ပြောခဲ့သော "အစေခံ" ဟူသော စကားလုံး၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ယောဘသည် ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းကြောင့် ဤအထူးဂုဏ်သရေကို ပေးအပ်ခြင်းကို ခံခဲ့ရပြီး အခြားသူများကို ဘုရားသခင်က အစေခံများဟူ၍ မခေါ်ခဲ့သည့် အကြောင်းရင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ထင်ထင်ရှားရှား ကွဲပြားသော ဘုရားသခင်၏ ဤသဘောထား နှစ်မျိုးမှာ လူအမျိုးအစား နှစ်မျိုးအပေါ် ထားသော သူ၏သဘောထားများဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူများသည် ဘုရားသခင်၏ အသိအမှတ်ပြုလက်ခံခြင်းနှင့် သူ၏အမြင်တွင် မြတ်နိုးအပ်သည်ဟု မြင်ခြင်းကို ခံရစဉ်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိသည့်အပြင် မကောင်းမှုကို ရှောင်နိုင်စွမ်း မရှိသည့် မိုက်မဲသောသူများနှင့် ဘုရားသခင်၏ မျက်နှာသာကို မရနိုင်သော သူများမူကား ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုနှင့် ရှုတ်ချခြင်းကို မကြာခဏခံရပြီး ဘုရားသခင်၏ အမြင်တွင် အောက်တန်းကျသည်။

ယောဘအပေါ် ဘုရားသခင် အာဏာ အပ်နှင်းသည်

ယောဘသည် သူ၏မိတ်ဆွေများအတွက် ဆုတောင်ပေးခဲ့ပြီးနောက် ယောဘ၏ ဆုတောင်းချက်များကြောင့် ဘုရားသခင်သည် ၎င်းတို့၏ မိုက်မဲမှုနှင့် သင့်လျော်သည်နှင့်အညီ ၎င်းတို့အား အရေးယူခဲ့ခြင်း မရှိပေ၊ ၎င်းတို့အား သူအပြစ်ဒဏ်ပေးခြင်း သို့မဟုတ် ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဒဏ်ခတ်ခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အတွက် ဘုရားသခင်၏ အစေခံ ယောဘ၏ ဆုတောင်းချက်များသည် သူ၏နားသို့ ရောက်ခဲ့သည်၊ ဘုရားသခင်သည် ယောဘ၏ ဆုတောင်းချက်များကို လက်ခံခဲ့ခြင်းကြောင်း ၎င်းတို့အား ခွင့်လွတ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဤအရာ၌ မည်သည့်အရာကို ငါတို့ မြင်ရသနည်း။ ဘုရားသခင်သည် တစ်စုံတစ်ဦးကို ကောင်းချီးပေးသောအခါ သူသည် ၎င်းတို့အား ဆုကျေးဇူး များစွာကိုပေးသည်၊ ရုပ်ဝတ္ထုဆုကျေးဇူးများသာ မဟုတ်ပါ၊ ဘုရားသခင်သည် ၎င်းတို့အား သြဇာအာဏာကာကိုလည်းပေးပြီး အခြားသူများအတွက် ဆုတောင်းပေးရသည့်အခွင့်ကို ၎င်းတို့အား ပေးသည်၊ ထို့အပြင် ဘုရားသခင်သည် ဤဆုတောင်းချက်များကို နားညောင်းသောကြောင့် ထိုလူတို့၏ ပြစ်မှားခြင်းများကို သတိမရဘဲနေ၍ လွန်သွားလေမည်။ ဤသည်မှာ ယောဘအား ဘုရားသခင် ပေးခဲ့သော အာဏာပင် ဖြစ်သည်။ ၎င်းတို့၏ ပြစ်ဒဏ်ကို ရပ်တန့်ရန် ယောဘ၏ ဆုတောင်းချက်များအားဖြင့် ယေဟောဝါဘုရားသခင်သည် ထိုမိုက်မဲသော လူများကို အရှက်ရစေခဲ့သည်၊ ၎င်းမှာ ဧလိဖတ်နှင့် အခြားသူများအတွက် သူ၏ အထူး အပြစ်ဒဏ်ပေးခဲ့ခြင်းပင် အမှန်ဖြစ်သည်။

ယောဘသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို နောက်တဖန် ခံစားရပြီး စာတန်၏ စွပ်စွဲခြင်းကို ဘယ်သောအခါမျှ နောက်ထပ် ခံရခြင်း မရှိတော့

ယေဟောဝါဘုရား၏ မိန့်မြွက်ချက်များထဲမှ နှုတ်ကပတ်တော်များမှာ "ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော" ဟူ၍ဖြစ်သည်။ ယောဘ ပြောခဲ့သော အရာမှာ အဘယ်အရာ ဖြစ်သနည်း။ ၎င်းမှာ ယခင်က ငါတို့ပြောခဲ့ပြီးသော အရာပင် ဖြစ်သကဲ့သို့ ယောဘ ပြောခဲ့သည်ဟူ၍ မှတ်တမ်းတင်ထားသည့် ယောဘဝတ္ထုထဲမှ များစွာသော စာမျက်နှာများပေါ်ရှိ စကားလုံးများပင် ဖြစ်သည်။ များစွာသော ဤစာမျက်နှာပေါ်ရှိ စကားလုံးများ အားလုံးထဲတွင် ယောဘသည် ဘုရားသခင်နှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှပင် တစ်စုံတစ်ရာ ညည်းတွားခြင်း သို့မဟုတ် ဒွိဟဖြစ်ခြင်း မရှိခဲ့ပေ။ သူသည် ရလဒ်ကိုသာ ရိုးရိုးရှင်းရှင်း စောင့်ဆိုင်းလေ၏။ ဤသို့စောင့်ဆိုင်းခြင်းမှာ သူ၏ နာခံသော သဘောထား ဖြစ်ပြီး ထိုသို့ နာခံခြင်း၏ ရလဒ်နှင့် ဘုရားသခင်အား သူပြောခဲ့သော စကားများ၏ ရလဒ်ကြောင့် ယောဘသည် ဘုရားသခင်၏ အသိအမှတ်ပြုလက်ခံခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ စမ်းသပ်မှုများကို သည်းခံပြီး ခက်ခဲခြင်းကို သူကြုံခဲ့ရသည့်အချိန်တွင် ဘုရားသခင်သည် သူ၏နံဘေး၌ ရှိနေခဲ့သည်၊ ထို့အပြင် သူ၏ ခက်ခဲခြင်းသည် ဘုရားသခင် ရှိနေခြင်းကြောင့် လျော့နည်းခဲ့ခြင်း မရှိပေ၊ ဘုရားသခင်သည် သူမြင်လိုသော အရာကို မြင်ခဲ့ရပြီး သူကြားလိုသော အရာကို ကြားခဲ့ရသည်။ ယောဘ၏ လုပ်ဆောင်မှု တစ်ခုချင်းစီနှင့် စကား တစ်ခွန်းချင်းစီသည် ဘုရားသခင်၏ နားနှင့် မျက်စိရှေ့ ရောက်ခဲ့သည်၊ ဘုရားသခင် မြင်ခဲ့၊ ကြားခဲ့သည်၊ ဤသည်မှာ အဖြစ်မှန်ပင် ဖြစ်သည်။ ဘုရားသခင်အကြောင်း ယောဘ၏ သိခြင်းနှင့် ထိုအချိန်က သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့်ပတ်သက်သည့် သူ၏အတွေးများမှာ ထိုကာလအတွင်း ယနေ့ခေတ် လူများ၏ အတွေးများကဲ့သို့ အတိအကျ ဖြစ်ခဲ့မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်၊ သို့သော်လည်း ခေတ်ကာလနှင့် ဆက်စပ်စဉ်းစားရာ၌ ယောဘ၏ အပြုအမူနှင့် သူ၏ စိတ်နှလုံးထဲမှ အတွေးများနှင့် သူဖော်ပြခဲ့ပြီး ထုတ်ဖော်ခဲ့သည်တို့မှာ ဘုရားသခင်၏ လိုအပ်ချက်များနှင့် ပြည့်စုံခဲ့သောကြောင့် သူပြောခဲ့သမျှကို ဘုရားသခင် ဆက်၍ အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်မှုများကို ယောဘခံခဲ့ရသည့် အချိန်အတောအတွင်း၊ သူ၏ စိတ်နှလုံးထဲ၌ စဉ်းစားခဲ့ပြီး လုပ်ရန် စိတ်ဆုံးဖြတ်ခဲ့ခြင်းမှာ ဘုရားသခင်အား ရလဒ်တစ်ခုကို ပြခဲ့ပြီး၊ ထိုရလဒ်မှာ ဘုရားသခင်ကို ကျေနပ်စေခဲ့သည်၊ ထို့နောက် ဘုရားသခင်သည် ယောဘခံရသော စမ်းသပ်မှုများကို ရုပ်သိမ်းခဲ့သည် ယောဘသည် သူ၏ဒုက္ခဆင်းရဲများထဲမှ ထွက်ပေါ်လာခဲ့ပြီး သူခံရသော စမ်းသပ်မှုများမှာ ကုန်လွန်ခဲ့ပြီး သူ့အပေါ် နောက်ထပ် မည်သည့်အခါမျှ ကျရောက်ခြင်း မရှိခဲ့ပေ။ ယောဘသည် စမ်းသပ်မှုများကို ခံနှင့်ပြီးဖြစ်၍ ဤစမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း မြဲမြံစွာ ရပ်တည်ခဲ့ပြီး စာတန်ကို လုံးလုံးလျားလျား အောင်နိုင်ခဲ့ခြင်းကြောင့် ဘုရားသခင်သည် သူတရားသဖြင့် အလွန် ရသင့်ရထိုက်သော ကောင်းချီးမင်္ဂလာများကို သူ့အားပေးခဲ့သည်။ ယောဘ ၄၂:၁၀၊ ၁၂ တွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယောဘသည် နောက်ထပ်တဖန် ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရပြီး ပထမ ဖြစ်စဉ်ထက် ပို၍ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရသည်။ ဤအချိန်တွင် စာတန်သည် နောက်ဆုတ်ခဲ့ပြီးဖြစ်၍ မည်သည့်အရာကိုမျှ ပြောခဲ့ခြင်း သို့မဟုတ် ပြုခဲ့ခြင်း မရှိတော့ပေ၊ ထိုအချိန်မှစ၍ ယောဘသည် စာတန်၏ နှောင့်ယှက်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း မရှိတော့ပေ၊ ထို့အပြင် စာတန် ယောဘအား ဘုရားသခင် ကောင်းချီးမင်္ဂလာများ ပေးခြင်းကို ဆန့်ကျင်၍ စွပ်စွဲချက်များကို တင်ခဲ့ခြင်း မရှိတော့ပေ။

ယောဘသည် သူ၏ နောက်ပိုင်း အသက်တာ တစ်ဝက်ကို ဘုရားသခင်ပေးသော ကောင်းချီးမင်္ဂလာများဖြင့် ကုန်လွန်စေသည်

ထိုအချိန်က ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများသည် သိုးများ၊ ကျွဲနွားတိရစ္ဆာန်၊ ကုလားအုပ်များ၊ ရုပ်ဝတ္ထုပိုင်ဆိုင်မှုများနှင့် အစရှိသည်တို့ကိုသာ ကန့်သတ်ခဲ့သော်လည်း ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲ၌ ယောဘအပေါ် ပေးအပ်လိုသော ကောင်းချီးမင်္ဂလာများမှာ ဤအရာထက် လွန်စွာပိုခဲ့သည်။ ထိုအချိန်က ယောဘအား မည်ကဲ့သို့သော ထာဝရကတိများကို ဘုရားသခင် ပေးလိုခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ခြင်း ရှိသလော။ ယောဘအား ပေးသော သူ၏ကောင်းချီးမင်္ဂလာများထဲတွင် ဘုရားသခင်သည် ယောဘ၏ အဆုံးသတ်ကို ဖော်ပြခြင်း သို့မဟုတ် ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ၊ ထို့အပြင် ဘုရားသခင်၏ စိတ်နှလုံးအတွင်း ယောဘသည် မည်သည့် အရေးပါခြင်း သို့မဟုတ် နေရာ၌ ရှိကြောင်းကို ပဓာနမထားပါက၊ အချုပ်အားဖြင့် ဘုရားသခင်သည် သူပေးသော ကောင်းချီးမင်္ဂလာများအပေါ် အမြော်အမြင် ရှိခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ အဆုံးသတ်ကို ကြေငြာခဲ့ခြင်း မရှိပေ။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ထိုအချိန်က ဘုရားသခင်၏ အစီအစဉ်သည် လူသား၏ အဆုံးသတ်ကို ကြေညာသည့် အဆင့်အထိ မရောက်ခဲ့သေးချေ၊ ထိုအစီအစဉ်သည် ကိုယ်တော်၏ နောက်ဆုံး အမှုထဲသို့ ဝင်ရောက်ခြင်း မရှိခဲ့သေးပေ၊ ဘုရားသခင်သည် အဆုံးသတ်ကို ဖော်ပြခဲ့ခြင်း မရှိဘဲ လူသားအပေါ် ရုပ်ဝတ္ထု ကောင်းချီးမင်္ဂလာများကို ပေးအပ်ရုံမျှသာ ဖြစ်သည်။ ဤအရာ၏ အဓိပ္ပာယ်မှာ ယောဘ၏ နောက်ပိုင်း အသက်တာ တစ်ဝက်ကို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအကြား၌ ကုန်လွန်စေခဲ့ပြီး ၎င်းမှာ သူ့အား အခြားလူများနှင့် ကွဲပြားစေခဲ့သည်၊ သို့သော်လည်း ၎င်းတို့နည်းတူ သူအသက်အိုမင်းခဲ့ပြီး အခြားသာမန်လူတစ်ဦးကဲ့သို့ပင် လောကကြီးအား နှုတ်ဆက်ခဲ့သည် နေ့ရက်အချိန်အခါ ရောက်ခဲ့လေသည်။ ထို့ကြောင့် "အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စရောက်လေ၏ (ယောဘ ၄၂:၁၇) ဟူ၍ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဤနေရာတွင် "နေ့ရက်ကာလနှင့် ကြွယ်ဝသော် … အနိစ္စရောက်လေ၏" ဟူသော အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့၏ အဆုံးသတ်ကို ဘုရားသခင် မကြေညာမီခေတ်တွင် ဘုရားသခင်သည် ယောဘအတွက် လူ့သက်တမ်းတစ်ခုကို သတ်မှတ်ပေးခဲ့ပြီး ထိုသက်တမ်းစေ့သည့်အခါ သူသည် ယောဘအား ဤလောကထဲမှ သဘာဝအလျောက် ထွက်ခွာစေခဲ့သည်။ ယောဘ ဒုတိယအကြိမ် ကောင်းချီးမင်္ဂလာ ခံစားခဲ့ရသည့် အချိန်မှ သူသေဆုံးချိန်အထိ ဘုရားသခင်သည် နောက်ထပ် အခက်အခဲ တစ်စုံတစ်ရာကို ထပ်ထည့်ခဲ့ခြင်း မရှိပေ။ ဘုရားသခင်အတွက်မူကား ယောဘ၏ သေခြင်းမှာ သဘာဝပင်ဖြစ်ပြီး ရှောင်လွှဲ၍လည်း မရပေ၊ ၎င်းမှာ အလွန် ပုံမှန် ဖြစ်သော အရာတစ်စုံတစ်ခုပင် ဖြစ်ခဲ့သည်၊ ၎င်းမှာ တရားစီရင်ခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်း မဟုတ်ခဲ့ပေ။ ယောဘသည် သူအသက်ရှင်စဉ် ဘုရားသခင်ကို ကိုးကွယ်ပြီး ကြောက်ရွံ့ခဲ့သည်၊ သူသေဆုံးပြီးနောက် မည်သည့် အဆုံးသတ်မျိုး သူရခဲ့ကြောင်းနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် တစ်စုံတစ်ရာကို မပြောခဲ့သည့်အပြင် ၎င်းအကြောင်းကိုလည်း တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မပြုခဲ့ပေ။ ဘုရားသခင်သည် သူပြောသောအရာနှင့် ပြုသောအရာတွင် အမြော်အမြင်ရှိပြီး သူ၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်မှုများ၏ အကြောင်းအရာနှင့် နိယာမများသည် သူ့အမှု၏ အဆင့်နှင့် သူအလုပ်လုပ်နေသော ခေတ်ကာလနှင့်အညီ ဖြစ်သည်။ ယောဘကဲ့သို့ တစ်စုံတစ်ဦး၏ မည်ကဲ့သို့ အဆုံးသတ်မျိုးသည် ဘုရားသခင်၏ စိတ်နှလုံးထဲ၌ ရှိခဲ့သနည်း။ ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲတွင် ဆုံးဖြတ်ချက် တစ်စုံတစ်ရာကို ချမှတ်ခဲ့ပြီး ဖြစ်သလော။ သူချမှတ်ခဲ့ပြီးသည်မှာ သေချာလေစွ။ လူသားသည် ဤအရာကို မသိခြင်းသာ ဖြစ်လေ၏၊ လူသားကို ဘုရားသခင်သည် မပြောပြလိုသကဲ့သို့ လူသားကို ပြောပြရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိခဲ့ပေ။ ထို့ကြောင့် သာမန်ကာလျှံကာ ပြောမည်ဆိုပါက ယောဘသည် နေ့ရက်ကာလစေ့သော် သေဆုံးခဲ့ပြီး ၎င်းမှာ ယောဘ၏ အသက်တာပင် ဖြစ်လေသည်။

ယောဘ၏ ဘဝတစ်လျှောက်လုံးတွင် သူအသက်ရှင်နေထိုင်ခဲ့သည့် တန်ဖိုး

ယောဘသည် တန်ဖိုးရှိသော အသက်တာ တစ်ခုဖြင့် အသက်ရှင်ခဲ့သလော။ ယင်းတန်ဖိုးမှာ အဘယ်၌ ရှိခဲ့သနည်း။ သူသည် တန်ဖိုးရှိသော အသက်တာတစ်ခုဖြင့် အသက်ရှင်ခဲ့သည်ဟု အဘယ်ကြောင့် ဆိုခဲ့သနည်း။ လူသားအတွက် သူ၏တန်ဖိုးမှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ လူသား၏ ရှုထောင့်မှ ကြည့်ပါက စာတန်နှင့် လောက လူများ၏ရှေ့တွင် ဘုရားသခင်အား ထူးကဲသော သက်သေခံချက်တစ်ခုကို သက်သေခံရာ၌ သူသည် ဘုရားသခင် ကယ်တင်ရန် အလိုရှိသော လူသားမျိုးနွယ်ကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်ကို ဖြည့်ဆည်းခဲ့ပြီး ဘုရားသခင် ကယ်တင်ရန် အလိုရှိသော သူအားလုံးအတွက် စံတစ်ခု ချမှတ်၍ နမူနာတစ်ခုအဖြစ် အသက်ရှင်ခဲ့ပြီး ဘုရားသခင်ကို အမှီပြုခြင်းအားဖြင့် စာတန်ကို အောင်နိုင်ရန် အပြည့်အဝ ဖြစ်နိုင်ကြောင်းကို လူတို့အား မြင်စေသည်။ ထို့အပြင် ဘုရားသခင်အတွက် သူ၏တန်ဖိုးမှာ အဘယ်အရာ ဖြစ်ခဲ့နည်း။ ဘုရားသခင်အတွက်မူကား ယောဘ အသက်တာ၏ တန်ဖိုးမှာ ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း၊ ကိုးကွယ်နိုင်စွမ်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံနိုင်စွမ်းနှင့် ချီးမွမ်းနိုင်စွမ်း၊ ဘုရားသခင်အား စိတ်ချမ်းသာမှုနှင့် ဝမ်းမြောက်စရာ တစ်စုံတစ်ခုကို ဆောင်ယူလာနိုင်စွမ်း၌ တည်ရှိခဲ့သည်၊ ဘုရားသခင်အတွက်မူကား ယောဘ အသက်တာ၏ တန်ဖိုးမှာ ယောဘသည် သူမသေဆုံးမီ စမ်းသပ်မှုများကို မည်သို့ခံစားပြီး စာတန်အပေါ် အောင်နိုင်ခဲ့၍ စာတန်နှင့် လောက လူတို့၏ ရှေ့၌ ဘုရားသခင်အား ထူးကဲသော သက်သေခံချက်ကို သက်သေခံနိုင်ခြင်း၊ လူသားမျိုးနွယ်အလယ်၌ ဘုရားသခင်ကို ဘုန်းထင်ရှားစေခြင်း၊ ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ခြင်းနှင့် ဘုရားသခင်၏ စိတ်အားထက်သန်သော စိတ်နှလုံးကို ရလဒ်တစ်ခုအား ရှုမြင်စေခြင်းနှင့် မျှော်လင့်ချက် မြင်စေခြင်း၌လည်း တည်ရှိခဲ့သည်။ သူ၏သက်သေခံချက်သည် ဘုရားသခင်အတွက် တစ်ယောက်သောသူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်စွမ်းနှင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အမှုတော်၌ ဘုရားသခင်၏ ကိုယ်စား စာတန်အား အရှက်ရစေနိုင်ရန်အတွက် အစဉ်အလာတစ်ခုကို သတ်မှတ်ပေးခဲ့သည်။ ဤသည်မှာ ယောဘ အသက်တာ၏ တန်ဖိုးပင် ဖြစ်သည် မဟုတ်လော။ ယောဘသည် ဘုရားသခင်၏ စိတ်နှလုံးကို သက်သာရာ ရစေခဲ့သည်၊ ဘုန်းထင်ရှားခံရခြင်းကြောင့် ဝမ်းမြောက်ခြင်း၏ အမြည်းတစ်ခုကို ဘုရားသခင်အား သူပေးခဲ့ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဝမ်းမြောက်ဖွယ်ကောင်းသော အစအဦး တစ်ခုကို ပေးခဲ့သည်။ ထို့အပြင် ဤအချိန်မှ စတင်ကာ ရှေ့လျှောက် ယောဘ၏အမည်သည် ဘုရားသခင်ကို ဘုန်းထင်ရှားစေသော သင်္ကေတတစ်ခုနှင့် စာတန်အပေါ် လူသားမျိုးနွယ်၏ အောင်နိုင်မှု အမှတ်အသားတစ်ခု ဖြစ်လာခဲ့သည်။ ယောဘသည် သူ၏ ဘဝတစ်လျှောက်လုံး အသက်ရှင်နေထိုင်ခဲ့သည့် အရာနှင့် စာတန်အပေါ် သူ၏ ထူးခြားသော အောင်နိုင်မှုကို ဘုရားသခင်သည် အစဉ်မြတ်နိုးမည်ဖြစ်၍ သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းကို နောင်လာမည့် မျိုးဆက်များက အမွန်အမြတ်ထား၍ အတုယူကြလိမ့်မည် ဖြစ်သည်။ သူသည် အပြစ်အနာအဆာကင်း၍ တောက်ပသော ပုလဲလုံး တစ်လုံးကဲ့သို့ ဘုရားသခင်၏ အစဉ်ချစ်ခင်မြတ်နိုးခြင်းကို ခံရမည်ဖြစ်ပြီး သူသည် လူသား၏ တန်ဖိုးထားရန်လည်း ထိုက်တန်ပေသည်။

ပညတ်တော်ခေတ်အတွင်း ဘုရားသခင်၏ အမှုတော်ကို ဆက်လက်၍ ကြည့်ကြပါစို့။

ဃ။ ပညတ်တော်ခေတ်၏ စီရင်ချက်များ

ပညတ်တော်ဆယ်ပါး

ယဇ်ပလ္လင် တည်ခြင်းဆိုင်ရာ တရားနုများ

အစေခံများအပေါ် ဆက်ဆံခြင်းဆိုင်ရာ စီရင်ချက်များ

ခိုးမှုနှင့် အလျော်ပေးခြင်းဆိုင်ရာ စီရင်ချက်များ

ဥပုသ်နှစ် သတ်မှတ်၍ သုံးကြိမ်ပွဲလုပ်ခြင်း

ဥပုသ်နေ့ဆိုင်ရာ စီရင်ချက်များ

ပူဇော်သက္ကာများဆိုင်ရာ စီရင်ချက်များ

မီးရှို့ရာယဇ်များ

ဘောဇဉ်ပူဇော်သက္ကာများ

မိတ်ဿဟာယယဇ်များ

အပြစ်ဖြေရာယဇ်များ

ဒုစရိုက်ဖြေရာယဇ်များ

ယဇ်ပုရောဟိတ်များ ပူဇော်သက္ကာဆက်ကပ်ခြင်းဆိုင်ရာ စီရင်ချက်များ (အာရုန်နှင့် သူ၏ သားများ လိုက်နာရန် စီရင်ထားခြင်း)

ယဇ်ပုရောဟိတ်များ၏ မီးရှို့ရာယဇ်များ

ယဇ်ပုရောဟိတ်များ၏ ဘောဇဉ်ပူဇော်သက္ကာများ

ယဇ်ပုရောဟိတ်များ၏ အပြစ်ဖြေရာယဇ်များ

ယဇ်ပုရောဟိတ်များ၏ ဒုစရိုက်ဖြေရာယဇ်များ

ယဇ်ပုရောဟိတ်များ၏ မိတ်ဿဟာယယဇ်များ

ယဇ်ပုရောဟိတ်များ ပူဇော်သက္ကာ မှီဝဲခြင်းဆိုင်ရာ စီရင်ချက်များ

စင်ကြယ်သော တိရစ္ဆာန်များနှင့် မစင်ကြယ်သော တိရစ္ဆာန်များ (စားနိုင်သော အကောင်များနှင့် မစားအပ်သည့် အကောင်များ)

သားဖွားပြီးသော အမျိုးသမီးများကို စင်ကြယ်စေခြင်းဆိုင်ရာ စီရင်ချက်များ

နူနာစွဲခြင်းကို စစ်ဆေးခြင်းဆိုင်ရာ စံများ

နူနာပျောက်ကင်းသောသူများနှင့်ဆိုင်သော စီရင်ချက်များ

မစင်ကြယ်သောအိမ်များကို စင်ကြယ်စေခြင်းဆိုင်ရာ စီရင်ချက်များ

ပုံမှန်မဟုတ်သော ရိနာစွဲသောသူများနှင့်ဆိုင်သော စီရင်ချက်များ

တစ်နှစ်တစ်ကြိမ် ကျင်းပရမည့် အပြစ်ဖြေရာနေ့

ကျွဲနွားတိရစ္ဆာန်နှင့် သိုးများကို သတ်ဖြတ်ခြင်းဆိုင်ရာ စီရင်ထုံးဖွဲ့ချက်များ

တစ်ပါးအမျိုးသားများ၏ စက်ဆုပ်ဖွယ်သော အလေ့အထများနောက်သို့ လိုက်ခြင်းအပေါ် တားမြစ်ချက် (သွေးရင်းစပ်ယှက်မှု မကျူးလွန်ခြင်းနှင့် အစရှိသဖြင့်)

လူမျိုးတော် လိုက်နာရမည့် စီရင်ချက်များ ("ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။")

မိမိတို့၏ သားသမီးများကို မောလုတ်ဘုရားအား ပူဇော်သောသူများကို ကွပ်မျက်ခြင်း

သူ့မယားကိုပြစ်မှားသော အပြစ်ကို အပြစ်ပေးခြင်းဆိုင်ရာ စီရင်ချက်များ

ယဇ်ပုရောဟိတ်များ လိုက်နာရမည့် စီရင်ထုံးဖွဲ့ချက်များ (၎င်းတို့၏ နေ့စဉ် အပြုအမူဆိုင်ရာ စီရင်ထုံးဖွဲ့ချက်များ၊ သန့်ရှင်းသော အရာများကို စားသုံးခြင်းဆိုင်ရာ စီရင်ထုံးဖွဲ့ချက်များ၊ ယဇ်ပူဇော်ခြင်းဆိုင်ရာ စီရင်ထုံးဖွဲ့ချက်များနှင့် အစရှိသဖြင့်)

ကျင်းပရမည့် ပွဲများ (ဥပုသ်နေ့၊ ပသခါ၊ ပင်တေကုတ္တေ၊ အပြစ်ဖြေရာနေ့နှင့် အစရှိသဖြင့်)

အခြားသောစီရင်ချက်များ (မီးခုံများကို မီးထွန်းခြင်း၊ ယုဘိလနှစ်၊ မြေကို ရွေးနုတ်ခြင်း၊ သစ္စာကတိပြုခြင်း၊ ဆယ်ဖို့တစ်ဖို့ ပေးခြင်းနှင့် အစရှိသဖြင့်)

ပညတ်တော်ခေတ်၏ စီရင်ချက်များမှာ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်လမ်းပြခြင်း၏ စစ်မှန်သော သက်သေများ ဖြစ်သည်

သင်တို့သည် ပညတ်ခေတ်၏ ဤစီရင်ချက်များနှင့် တရားနုများကို ဖတ်ခဲ့ပြီးပြီ၊ မဟုတ်သလော။ စီရင်ချက်များသည် ကျယ်ပြန့်သော အမျိုးအစားကို ခြုံငုံမိသလော။ ပထမဦးစွာ ၎င်းတို့သည် ပညတ်တော်ဆယ်ပါးကို ခြုံငုံထားသည်၊ ထို့နောက်တွင် ယဇ်ပလ္လင်များ တည်ပုံနှင့် အစရှိသည်တို့နှင့်သက်ဆိုင်သော စီရင်ချက်များကို ခြုံငုံထားခြင်း ဖြစ်သည်။ ထို့နောက် ဥပုသ်နေ့ သတ်မှတ်ခြင်းနှင့် သုံးကြိမ်ပွဲလုပ်ခြင်းဆိုင်ရာ စီရင်ချက်များဖြစ်ပြီး၊ ထို့နောက်တွင် ပူဇော်သက္ကာများနှင့်သက်ဆိုင်သော စီရင်ချက်များ ဖြစ်သည်။ ပူဇော်သက္ကာ အမျိုးအစား မည်မျှရှိကြောင်းကို သင်တို့ မြင်ခဲ့သလော။ မီးရှို့ရာယဇ်များ၊ ဘောဇဉ်ပူဇော်သက္ကာများ၊ မိတ်ဿဟာယယဇ်များ၊ အပြစ်ဖြေရာယဇ်များနှင့် အစရှိသည့် ယဇ်များရှိပြီး၊ ၎င်းတို့နောက်တွင် ယဇ်ပုရောဟိတ်များ၏ မီးရှို့ရာယဇ်များနှင့် ဘောဇဉ်ပူဇော်သက္ကာများ အပါအဝင် ယဇ်ပုရောဟိတ်များနှင့်သက်ဆိုင်သော စီရင်ချက်များဖြစ်ပြီး အခြားသော ပူဇော်သက္ကာ အမျိုးအစားများ ရှိသည်။ အဌမမြောက် စီရင်ချက်များမှာ ယဇ်ပုရောဟိတ်များ ပူဇော်သက္ကာများကို စားသုံးခြင်းနှင့်သက်ဆိုင်သော စီရင်ချက်များဖြစ်ပြီး၊ ထို့နောက်တွင် လူတို့၏ အသက်တာများထဲ၌ လိုက်နာသင့်သော စီရင်ချက်များ ရှိသည်။ စားအပ်သော သို့မဟုတ် မစားအပ်သော အရာနှင့်သက်ဆိုင်သော၊ သားဖွားပြီးသော အမျိုးသမီးများကို စင်ကြယ်စေခြင်းနှင့်သက်ဆိုင်သော စီရင်ချက်များနှင့် နူနာပျောက်ကင်းသောသူများနှင့်သက်ဆိုင်သော စီရင်ချက်များ စသဖြင့် လူတို့၏ အသက်တာ ရှုထောင့်များစွာနှင့်သက်ဆိုင်သော ပြဌာန်းချက်များရှိသည်။ ဤစီရင်ချက်များထဲတွင် ဘုရားသခင်သည် အနာရောဂါ အကြောင်းကိုပင် ပြောခဲ့ပြီး သိုးများနှင့် ကျွဲနွားတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းနှင့်သက်ဆိုင်သော စီရင်ထုံးဖွဲ့ချက်များနှင့် အစရှိသည်တို့ပင် ရှိသည်။ သိုးများနှင့် ကျွဲနွားများကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး သင်သည် ဘုရားသခင် သင့်အားပြောသည့် မည်သည့်နည်းဖြင့်မဆို ၎င်းတို့အား သတ်ဖြတ်သင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အကြောင်းရင်း ရှိသည်မှာ သံသယဖြစ်ဖွယ် မရှိပါ၊ ဘုရားသခင် အမိန့်ပေးသည့်အတိုင်း ပြုမူခြင်းမှာ ဧကန်မုချ မှန်ကန်၍ ၎င်းမှာ လူတို့၏ အကျိုးအတွက်ပင် အမှန် ဖြစ်သည်။ ဥပုသ်နေ့၊ ပသခါနှင့် နောက်ထပ် စသဖြင့် လိုက်နာကျင်းပရမည့် ပွဲများနှင့် စီရင်ထုံးဖွဲ့ချက်များလည်း ရှိသည်၊ ဘုရားသခင်သည် ဤအရာအားလုံးကို ပြောခဲ့သည်။ မီးခုံများကို မီးထွန်းခြင်း၊ ယုဘိလနှစ်၊ မြေကို ရွေးနုတ်ခြင်း၊ သစ္စာကတိပြုခြင်း၊ ဆယ်ဖို့တစ်ဖို့ ပေးခြင်းနှင့် စသဖြင့် အခြားသောစီရင်ချက်များဖြစ်သည့် နောက်ဆုံးမှ စီရင်ချက်များကို ကြည့်ကြပါစို့။ ဤစီရင်ချက်များသည် ကျယ်ပြန့်သော အမျိုးအစားကို ခြုံငုံမိသလော။ ပထမဆုံး ပြောရမည့်အရာမှာ လူတို့၏ ပူဇော်သက္ကာအကြောင်းဖြစ်၍ ခိုးမှုနှင့် အလျော်ပေးခြင်းဆိုင်ရာ စီရင်ချက်များနှင့် ဥပုသ်နေ့ ကျင်းပခြင်း … စသဖြင့်၊ အသက်တာ၏ အသေးအဖွဲ တစ်ခုချင်းစီ ပါဝင်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှု အစီအစဉ်၏ တရားဝင် အလုပ်ကို စတင်ခဲ့သည့်အခါ သူသည် လူသားလိုက်နာရမည့် စီရင်ချက်များစွာကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဤစီရင်ချက်များမှာ လူသားကို ကမ္ဘာမြေကြီးပေါ်တွင် လူသား၏ သာမန် အသက်တာဖြင့် ဦးဆောင်၍ အသက်ရှင်စေရန်ဖြစ်၍ ယင်းအသက်တာမှာ ဘုရားသခင်နှင့် သူ၏ လမ်းပြမှုအောက်မှ ခွဲထုတ်၍မရသော သာမန် လူသား အသက်တာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူသားကို ယဇ်ပလ္လင် ပြုလုပ်ပုံ၊ ယဇ်ပလ္လင် မည်ကဲ့သို့ တည်ပုံကို ဦးစွာ ပြောပြခဲ့သည်။ ထို့နောက်တွင် သူသည် လူသားအား ပူဇော်သက္ကာများကို ပူဇော်ပုံကို ပြောပြခဲ့ပြီး လူသားသည် မိမိ၏အသက်တာထဲ၌ မည်သည်တို့ကို အာရုံစိုက်ရမည်၊ မည်သည်တို့ကို လိုက်နာရမည်၊ မည်သည်တို့ကို ပြုသင့် မပြုသင့်ကြောင်း စသဖြင့် မည်ကဲ့သို့ အသက်ရှင်ပုံကို ပြဌာန်းခဲ့သည်။ လူသားအတွက် ဘုရားသခင် သတ်မှတ်ပေးခဲ့သမျှမှာ လက်ခံယုံကြည်ဖွယ်ကောင်းပြီး ဤထုံးတမ်းများ၊ စီရင်ချက်များနှင့် တရားနုများဖြင့် သူသည် လူတို့၏ အပြုအမူကို စံသတ်မှတ်ခြင်း၊ ၎င်းတို့၏ အသက်တာကို ဦးဆောင်လမ်းပြခြင်း၊ ဘုရားသခင်၏ ပညတ်များအပေါ် ၎င်းတို့၏ အစပျိုးခြင်းကို ဦးဆောင်လမ်းပြခြင်း၊ ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရန် ၎င်းတို့အား ဦးဆောင်လမ်းပြခြင်း၊ လူသားအတွက် ဘုရားသခင် ပြုလုပ်ပေးခဲ့သော အရာခပ်သိမ်းအလယ်၌ စနစ်တကျဖြစ်ခြင်း၊ ပုံမှန်ဖြစ်ခြင်းနှင့် ထိန်းချုပ်နိုင်ခြင်းကို ပိုင်ဆိုင်သော အသက်တာတစ်ခုရှိစေသည့်အရေးတွင် ၎င်းတို့အား ဦးဆောင်လမ်းပြခြင်းကို ပြုခဲ့သည်။ ဘုရားသခင်သည် ရိုးရှင်းသော ဤစီရင်ချက်များနှင့် တရားနုများကို ဦးစွာအသုံးပြုကာ လူသားအတွက် ကန့်သတ်ချက်များကို ချမှတ်ပေးခဲ့သည်၊ ထိုမှသာ ကမ္ဘာမြေကြီးပေါ်တွင် လူသားသည် ဘုရားသခင်ကို ကိုးကွယ်သည့် သာမန် အသက်တာ တစ်ခုကို ရလိမ့်မည်၊ လူသား၏ သာမန်အသက်တာကို ရကြလိမ့်မည် ဖြစ်သည်၊ ယင်းမှာ သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် ပါဝင်သည့် တိကျသော အကြောင်းအရာ၏ အစအဦးပင် ဖြစ်သည်။ စီရင်ချက်များနှင့် စီရင်ထုံးဖွဲ့ချက်များသည် အလွန် ကျယ်ပြန့်သော အကြောင်းအရာ တစ်ခုကို ခြုံငုံထားသည်၊ ၎င်းတို့မှာ ပညတ်တော်ခေတ်အတွင်း လူသားများကို ဘုရားသခင် ဦးဆောင်လမ်းပြသော အသေးစိတ်အချက်အလက်များ ဖြစ်သည်၊ ၎င်းတို့ကို ပညတ်တော်ခေတ်မတိုင်မီ ရောက်လာခဲ့သောလူများလက်ခံ၍ လိုက်နာစောင့်ထိန်းခဲ့ကြခြင်းဖြစ်သည်၊ ၎င်းတို့မှာ ပညတ်တော်ခေတ်အတွင်း ဘုရားသခင်ပြုပြီးသော အမှုမှတ်တမ်း တစ်ခုဖြစ်ပြီး ၎င်းတို့မှာ လူသားမျိုးနွယ် အားလုံးအပေါ် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုတို့၏ စစ်မှန်သော သက်သေပင် ဖြစ်သည်။

ဘုရားသခင်၏ သွန်သင်ချက်များနှင့် ထောက်ပံ့မှုများမှာ လူသားမျိုးနွယ်နှင့် အစဉ် တစ်ထပ်တည်းကျခြင်း

ဤစီရင်ချက်များထဲတွင် ဘုရားသခင်သည် သူ၏ အမှု၊ စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်အပေါ်ထားသော သဘောထားမှာ တည်ကြည်လေးနက်ကြောင်း၊ တာဝန်ကျေပွန်ကြောင်း၊ တင်းကျပ်ကြောင်းနှင့် တာဝန်ရှိကြောင်းကို ငါတို့ မြင်ရသည်။ သူသည် သူ၏ခြေလှမ်းများနှင့်အညီ လူသားမျိုးနွယ်အကြားတွင် သူလုပ်ရမည့်အမှုကို အနည်းငယ် ကွာဟချက်မရှိဘဲ သူလုပ်သည်၊ လူသားမျိုးနွယ်အား ပြောရမည့် စကားများကို အနည်းငယ် မှားယွင်းခြင်း သို့မဟုတ် ထိမ်ချန်မှု မရှိဘဲ သူပြော၍ လူသားသည် ဘုရားသခင်၏ ခေါင်းဆောင်မှုအောက်မှ ခွဲထုတ်၍ မရကြောင်းကို မြင်စေပြီး ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် ပြုသမျှ ပြောသမျှတို့မှာ မည်မျှပင် အရေးကြီးကြောင်း သူ့ကို မြင်စေခြင်းဖြစ်သည်။ လူသားသည် နောင်လာမည့် ခေတ်ကာလတွင် မည်ကဲ့သို့ ဖြစ်မည်ကို ပဓာနမထားပေ၊ အတိုချုပ်အားဖြင့် အစအဦး၊ ပညတ်တော်ခေတ်အတွင်း၊ ဘုရားသခင်သည် ရိုးရှင်းသော ဤအရာများကို လုပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်အတွက်မူကား ဘုရားသခင်အပေါ် လူတို့၏ အယူအဆများ၊ ကမ္ဘာလောကကြီးနှင့် ထိုခေတ်ကာလရှိ လူသားမျိုးနွယ်တို့မှာ စိတ်ကူးသက်သက်ဖြစ်ပြီး နားလည်ရ ခက်ခဲခဲ့သည်၊ ထို့အပြင် ၎င်းတို့၌ သတိရှိသော စိတ်ကူးနှင့် ရည်ရွယ်ချက်အချို့ ရှိခဲ့သော်လည်း ၎င်းတို့ အားလုံးမှာ ရှင်းလင်းခြင်းနှင့် မှန်ကန်ခြင်း မရှိခဲ့ပေ၊ ထို့ကြောင့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ သွန်သင်ချက်များနှင့် ၎င်းတို့အတွက်ဖြစ်သော ထောက်ပံ့မှုများထံမှ ခွဲထုတ်၍ မရနိုင်ခဲ့ခြင်း ဖြစ်သည်။ အစောဆုံး လူသားမျိုးနွယ်သည် မည်သည့်အရာကိုမျှ မသိခဲ့ကြပေ၊ ထို့ကြောင့် ဘုရားသခင်သည် လူသားအား အသက်ရှင်ရန်အတွက် မရှိမဖြစ် လိုအပ်သော ဆက်လက်ရှင်သန်မှုနှင့် စီရင်ချက်များနှင့်သက်ဆိုင်သည့် အပေါ်ယံနှင့် အခြေခံအကျဆုံး တရားနုများကို စတင် သင်ကြားခဲ့ရသည်၊ ဤအရာများကို လူသား၏ စိတ်နှလုံးထဲတွင် နည်းနည်းချင်း စိမ့်ဝင်စေပြီး လူသားအား ဘုရားသခင်ကို တဖြည်းဖြည်းချင်း သိလာသည့်အသိ၊ ဘုရားသခင်၏ ခေါင်းဆောင်မှုအကြောင်း တဖြည်းဖြည်းချင်း အသိအမှတ်ပြုခြင်း၊ သိနားလည်ခြင်းနှင့် ဘုရားသခင်နှင့် လူသားအကြားရှိ ဆက်နွယ်မှု အကြောင်း အခြေခံအယူအဆတစ်ခုကို နှုတ်ဖြင့်ပြောသော စကားများဖြစ်ခဲ့သည့် ဤစီရင်ချက်များနှင့် ဤစီရင်ထုံးဖွဲ့ချက်များမှတစ်ဆင့် ပေးခဲ့ခြင်းဖြစ်သည်။ ဤအကျိုးဆက်ကို ရရှိပြီးမှသာ ဘုရားသခင်သည် နောင်တွင် သူလုပ်မည့် အမှုကို တဖြည်းဖြည်း လုပ်နိုင်ခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ဤစီရင်ချက်များနှင့် ပညတ်တော်ခေတ်အတွင်း ဘုရားသခင်လုပ်ခဲ့သော အမှုများမှာ လူသားမျိုးနွယ်ကို သူကယ်တင်သော အမှု၏ အခြေခံအချက်ဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲမှ ပထမဆုံး လုပ်ငန်းအဆင့် ဖြစ်သည်။ ပညတ်တော်ခေတ်၏ အမှုမတိုင်မီ ဘုရားသခင်သည် အာဒံ၊ ဧဝနှင့် ၎င်းတို့၏ သားစဉ်မြေးဆက်တို့ကို စကားပြောခဲ့သော်လည်း၊ အဆိုပါ အမိန့်များနှင့် သွန်သင်ချက်များမှာ လူသားအား တစ်ဦးချင်းစီ ထုတ်ပြန်ရန်နှင့်စပ်လျဉ်း၍ အလွန်စနစ်ကျခြင်း သို့မဟုတ် တိကျခြင်း မရှိခဲ့ပေ၊ ထို့အပြင် ၎င်းတို့ကို ရေးချခဲ့ခြင်း မရှိသည့်အပြင် ၎င်းတို့မှာ စီရင်ချက်များ ဖြစ်လာခဲ့ခြင်းလည်း မရှိပေ။ ဤအရာမှာ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ဘုရားသခင်၏ အစီအစဉ်မှာ ထိုအထိ မရောက်သေးခြင်းကြောင့် ဖြစ်ခဲ့သည်၊ ဘုရားသခင်သည် လူသားကို ဤအဆင့်အထိ ဦးဆောင်ခဲ့ပြီးမှသာလျှင် ပညတ်တော်ခေတ်၏ ဤစီရင်ချက်များ အကြောင်းကို သူစတင်ကာ ပြောဆိုပြီး ၎င်းတို့ကို လူသားအား စတင်ကာ လုပ်ဆောင်စေနိုင်မည် ဖြစ်သည်။ ၎င်းမှာ မရှိမဖြစ် လိုအပ်သော လုပ်ငန်းစဉ်တစ်ခုဖြစ်ခဲ့ပြီး ရလဒ်မှာ ကျိန်းသေခဲ့သည်။ ရိုးရှင်းသော ဤထုံးတမ်းများနှင့် စီရင်ချက်များသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုအဆင့်များနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် ထုတ်ဖော်ခဲ့သော ဘုရားသခင်၏ ဉာဏ်ပညာကို လူသားအား ပြခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ့အား သက်သေခံမည့် လူတစ်စုကို ရနိုင်ရန်၊ သူနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သော လူတစ်စုကို ရနိုင်ရန်အလို့ငှာ အစပြုရာ၌ မည်သည့် အကြောင်းအရာနှင့် နည်းလမ်းကို အသုံးပြုရမည် ဖြစ်ကြောင်း၊ ဆက်ဖြစ်စေရာ၌ မည်သည့် နည်းလမ်းကို အသုံးပြုရမည် ဖြစ်ကြောင်း၊ အဆုံးသတ်ရာ၌ မည်သည့် နည်းလမ်းကို အသုံးပြုရမည် ဖြစ်ကြောင်း သိသည်။ လူသား၏ အတွင်း၌ ရှိသောအရာ၊ လူသားကို သူမည်ကဲ့သို့ ဦးဆောင်သင့်ကြောင်းနှင့် လူသား လုပ်သင့်သောအရာနှင့် မလုပ်သင့်သောအရာမှာ မည်သည့်အရာ ဖြစ်ကြောင်းကို သူသိသည်။ လူသားသည် ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ ဖြစ်သည်၊ သူသည် ဘုရားသခင်၏ အလိုကို သိနားလည်ခြင်း မရှိခဲ့သော်လည်း သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှု၏ ဦးဆောင်ခြင်းကို တစ်ဆင့်ပြီး တစ်ဆင့်၊ ယနေ့တိုင်အောင် မခံဘဲ မနေနိုင်ခဲ့ပေ။ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူပြုရမည့် အရာနှင့်ပတ်သက်၍ မထင်မရှားဖြစ်ခြင်း မရှိပေ၊ သူ၏ စိတ်နှလုံးထဲတွင် အလွန်ရှင်းလင်းပြီး ထက်မြတ်သော အစီအစဉ်တစ်ခု ရှီခဲ့ပြီး သူသည် သူကိုယ်တိုင် လုပ်လိုခဲ့သော အမှုကို သူ၏ ခြေလှမ်းများနှင့် သူ၏ အစီအစဉ်နှင့်အညီ လုပ်ဆောင်ခဲ့၍ အပေါ်ယံဖြစ်ခြင်းမှ အလွန်လေးနက်ခြင်းအထိ တိုးတက်ခဲ့သည်။ သူသည် နောက်ပိုင်းလုပ်မည့် အမှုအကြောင်းကို အရိပ်အယောင်ပြခဲ့ခြင်း မရှိသော်လည်း သူ၏ နောက်ဆက်တွဲအမှုကို ဆက်လက်၍ လုပ်ဆောင်ခဲ့ပြီး သူ၏ အစီအစဉ်နှင့်အညီ အတိအကျ တိုးတက်ခဲ့သည်၊ ၎င်းမှာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၏ သရုပ်သကန်တစ်ခုဖြစ်ပြီး ဘုရားသခင်၏ အာဏာလည်း ဖြစ်သည်။ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ မည်သည့်အဆင့်၌ သူလုပ်ဆောင်နေသည်ကို ပဓာနမထားဘဲ သူ၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရသည် သူကိုယ်တိုင်ကို ကိုယ်စားပြုသည်။ ဤအရာမှာ အကြွင်းမဲ့ မှန်ကန်သည်။ မည်သည့် ခေတ်ကာလ သို့မဟုတ် အမှုအဆင့်ဖြစ်စေ၊ ဘုရားသခင်ချစ်သော မည်သည့် လူအမျိုးအစားဖြစ်စေ၊ သူစက်ဆုပ်ရွံရှာသော မည်သည့် လူအမျိုးအစားဖြစ်စေ ပဓာနမထားဘဲ သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းမှန်သမျှသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ပညတ်တော်ခေတ်တွင် အလုပ်လုပ်နေစဉ် ဘုရားသခင် ပြဌာန်းခဲ့သော ဤစီရင်ချက်များနှင့် တရားနုများသည် ယနေ့ခေတ် လူများအတွက် အလွန်ရိုးရှင်းပြီး အပေါ်ယံဆန်သည်ဟု ထင်ရသော်လည်း၊ ၎င်းတို့ကို နားလည်ရန်နှင့် စွမ်းဆောင်ရန် လွယ်ကူသော်လည်း ယင်းစီရင်ချက်များနှင့် တရားနုများအတွင်း ဘုရားသခင်၏ ဉာဏ်ပညာအပြင် သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း ရှိနေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အပြင်ပန်းအားဖြင့် ရိုးရှင်းသော စီရင်ချက်များအတွင်း လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏တာဝန်၊ စောင့်ရှောက်မှုနှင့် သူ့အကြံအစည်များ၏ လှပသိမ်မွေ့သော အနှစ်သာရကို ဖော်ပြထားပြီး ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုး၍ အခရာခပ်သိမ်းကို သူ၏ လက်ဖြင့် ထိန်းချုပ်ထားသည်ဟူသော အမှန်တရားအကြောင်း လူသားကို စစ်မှန်စွာ သဘောပေါက်စေသည်။ လူသားမျိုးနွယ်သည် အသိပညာမည်မျှကို ပိုင်ဆိုင်ပါစေ သို့မဟုတ် သူသည် အယူအဆများ သို့မဟုတ် နက်နဲမှုများကို မည်မျှပင် နားလည်ပါစေ၊ ဘုရားအတွက်မူကား ထိုအရာတစ်ခုမျှ လူသားအပေါ် သူ၏ ထောက်ပံ့ခြင်းနှင့် ခေါင်းဆောင်မှုတို့ကို အစားထိုးနိုင်ခြင်း မရှိပေ၊ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ဦးဆောင်လမ်းပြမှုနှင့် ဘုရားသခင်၏ ကိုယ်ပိုင်အမှုမှ ထာဝရခွဲထုတ်၍ ရလိမ့်မည် မဟုတ်ပေ၊ ယင်းမှာ လူသားနှင့် ဘုရားသခင်အကြားမှ ခွဲထုတ်၍မရသော ဆက်နွှယ်မှုဖြစ်သည်။ ဘုရားသခင်သည် သင့်အား သူ၏အလိုကို နားလည်စေရန် ပညတ်ချက် တစ်ခု၊ သို့မဟုတ် စီရင်ချက်၊ သို့မဟုတ် သမ္မာတရားကို ပေးခြင်းကို ပဓာနမထားဘဲ၊ သူမည်သည့်အမှုကို ပြုသည်ဖြစ်စေ ဘုရားသခင်၏ ရည်မှန်းချက်မှာ လူသားအား လှပသော နံနက်ဖြန် တစ်ခုသို့ ဦးဆောင်လမ်းပြရန် ဖြစ်သည်။ ဘုရားသခင် မိန့်မြွက်ခဲ့သော နှုတ်ကပတ်တော်များနှင့် သူလုပ်သော အမှုနှစ်မျိုးလုံးမှာ သူ့နှစ်သာရ၏ ရှုထောင့်တစ်ခုကို ထုတ်ဖော်ခြင်း ဖြစ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ၏ ဉာဏ်ပညာတို့၏ ရှုထောင့်တစ်ခုကို ထုတ်ဖော်ခြင်း ဖြစ်သည်၊ ၎င်းတို့မှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ မရှိမဖြစ်သော အဆင့်တစ်ဆင့်ဖြစ်သည်။ ဤအရာကို လျစ်လျူရှု၍ မရပေ။ ဘုရားသခင်၏ အလိုသည် သူပြုလေသမျှ၌ တည်ရှိသည်၊ ဘုရားသခင်သည် ယုံမှားမိသော ဝေဖန်ချက်များကို မကြောက်ရွံ့သည့်အပြင် သူ၏အကြောင်းနှင့်ပတ်သက်၍ လူသား၏ အယူအဆများ သို့မဟုတ် အတွေးအခေါ် တစ်စုံတစ်ရာကို စိုးရိမ်ပူပန်ခြင်းလည်း မရှိပေ။ သူ၏အမှုကို သူလုပ်ရုံမျှသာဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှုကို လူပုဂ္ဂိုလ်၊ ကိစ္စရပ် သို့မဟုတ် အရာဝတ္ထု တစ်စုံတစ်ခု၏ ဘောင်ခတ်ခြင်းကို မခံဘဲ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်အညီ ဆက်လုပ်မည် ဖြစ်သည်။

ကောင်းပါပြီ၊ ယနေ့အတွက် ဤမျှပင် ဖြစ်သည်။ နောက်တစ်ကြိမ် ပြန်တွေ့ကြစို့။

၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်

အောက်ခြေမှတ်စုများ-

(က) မူရင်းစာသားတွင် "ဂုဏ်ပုဒ်၏" ကို ချန်လှပ်ထားသည်။

(ခ) မူရင်းစာသားတွင် "ဆုံးရှုံးခြင်းအပေါ်" ကို ချန်လှပ်ထားသည်။

(ဂ) မူရင်းစာသားတွင် "ကုန်ဆုံးခဲ့သော"ကို ချန်လှပ်ထားသည်။

ယခင်က:ဘုရားသခင်၏ စိတ်သဘောထား နှင့် သူ့အမှုတော်၏ ရလဒ်ကို သိနားလည်ပုံ

နောက်တစ်ခုသို့:ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃

သင်နှစ်သက်နိုင်သည့် အရာများ