အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ဤမိတ်သဟာယဖွဲ့ခြင်းများသည် တစ်ယောက်ချင်းစီတိုင်းအပေါ် ကြီးမားသော သက်ရောက်မှု ရှိသည်။ ယခု နောက်ဆုံးတွင် ဘုရားသခင်၏ စစ်မှန်သော တည်ရှိမှုကို လူတို့အမှန်တကယ် ခံစားနိုင်ပြီဖြစ်သည်။ ဘုရားသခင်သည် သူတို့နှင့် အမှန်တကယ် နီးနီးကပ်ကပ်ရှိနေသည်ဆိုသည်ကို အမှန်တကယ် ခံစားနိုင်ပြီဖြစ်သည်။ လူတို့က ဘုရားသခင်အပေါ် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း သူ၏အတွေးများနှင့် စိတ်ကူးများကို ယခုအချိန်ကဲ့သို့ အမှန်တကယ်နားလည်ခဲ့ခြင်း လုံးဝမရှိကြချေ။ သူ၏လက်တွေ့လုပ်ဆောင်ချက်များကိုလည်း ယခုအချိန်ကဲ့သို့ အမှန်တကယ် တွေ့ကြုံခြင်း မရှိခဲ့ကြချေ။ အသိပညာဖြစ်စေ၊ အမှန်တကယ်လက်တွေ့လုပ်ဆောင်ခြင်းဖြစ်စေ လူအများစုသည် အသစ်တချို့ကို သင်ယူခဲ့ရပြီး နားလည်မှုများ ပိုမိုရရှိခဲ့ကြသည်။ သူတို့၏ ယခင်က ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုများမှ အမှားကို သိမြင်လာကြသည်။ သူတို့ ကြုံတွေ့မှု၏ ပေါ့ပြက်ခြင်းကို သိမြင်လာကြပြီး များပြားလှသော ဤအရာတို့သည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီမှုမရှိကြောင်းကို သိမြင်လာကြသည်။ လူသားတွင် အနည်းပါးဆုံးအရာက ဘုရားသခင်၏ စိတ်သဘောထားကို သိမြင်ခြင်းဖြစ်ကြောင်းကိုလည်း သိမြင်လာကြသည်။ လူတို့၏ ဤအသိပညာသည် အမြော်အမြင်ရှိသော အသိပညာအမျိုးအစား ဖြစ်သည်။ ကျိုးကြောင်းဆင်ခြင်တတ်သော အသိပညာအဆင့်ကို မြှင့်တင်ရန် သူတို့၏ အတွေ့အကြုံများမှတဆင့် တဖြည်းဖြည်း နက်နဲလာမှုနှင့် ခိုင်မာလာမှုတို့ လိုအပ်သည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် နားမလည်ခင် တစ်ဖက်သတ်အမြင်အရ သူတို့၏နှလုံးသားထဲတွင် ဘုရားသခင်၏ တည်ရှိမှုကို အမှန်တကယ်ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဘုရားသခင်သည် အမှန်တကယ်တွင် မည်ကဲ့သို့သော ဘုရားသခင်မျိုးနည်း၊ သူ၏အလိုတော်က အဘယ်နည်း၊ သူ၏စိတ်သဘောထားက အဘယ်နည်း၊ လူသားမျိုးနွယ်အပေါ်တွင် သူ၏တကယ့်သဘောထားက မည်သို့ဖြစ်သနည်းဆိုသော သီးသန့်မေးခွန်းများအပေါ်တွင် သူတို့ အမှန်တကယ် နားလည်ခြင်း မရှိကြချေ။ ဤအချက်က ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်ချက်ကို အကြီးအကျယ် အထိအခိုက်ဖြစ်စေသည်။ သူတို့၏ ယုံကြည်ခြင်းက သန့်စင်ခြင်း သို့မဟုတ် စုံလင်ခြင်းကို အလွယ်တကူ မရရှိနိုင်ချေ။ သင်က ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မျက်နှာချင်းဆိုင်ရလျှင်တောင် သို့မဟုတ် သင့်အတွေ့အကြုံများမှတဆင့် ဘုရားသခင်ကို ကြုံတွေ့ရပြီဟု ခံစားရလျှင်တောင် သူ့ကို သင်အပြည့်အဝ နားလည်ပြီဟု မဆိုနိုင်သေးချေ။ အကြောင်းမှာ ဘုရားသခင်၏ အတွေးများကို သင်မသိချေ။ သို့မဟုတ် သူဘာကို သည်ချစ်သည်၊ သူဘာကို မုန်းသည်၊ သူ့ကို ဘယ်အရာက ဒေါသထွက်စေသည်၊ သူ့ကို ဘယ်အရာက သည်ပျော်ရွှင်စေသည် ဆိုသည်ကို သင်မသိသည့်အတွက်ကြောင့်ဖြစ်ပြီး သူ့ကို သင်အမှန်တကယ် နားလည်မှုမရှိသောကြောင့်ဖြစ်သည်။ သင်၏ယုံကြည်မှုက တို့မရေရာမှုများနှင့် စိတ်ကူးထင်မြင်မှုများ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားပြီး သင်၏ တစ်ဖက်သတ် ဆန္ဒပေါ်တွင် အခြေခံထားသည်။ ဤသည်မှာစစ်မှန်သော ယုံကြည်မှုမှ ဝေးကွာဆဲဖြစ်ပြီး စစ်မှန်သော နောက်လိုက်တစ်ယောက်ဖြစ်ရန် အဝေးကြီးလိုသေးသည်။ ဤသမ္မာကျမ်းစာ အဖြစ်အပျက်များဆီမှ ဥပမာများကို ရှင်းပြခြင်းက ဘုရားသခင်၏ နှလုံးသား၊ သူ၏လုပ်ဆောင်မှုအဆင့်တိုင်းတွင် သူမည်သည်ကိုစဉ်းစားသည်၊ ဘာကြောင့် ဤအလုပ်ကိုလုပ်ခဲ့သည်၊ သူလုပ်ဆောင်သည့်အခါတွင် သူ၏နဂိုရည်ရွယချက်နှင့် သူ၏အစီအစဉ်က မည်သည်ဆိုသည်နှင့် သူ၏စိတ်ကူးများကို သူမည်ကဲ့သို့ ရရှိခဲ့ပုံ၊ သူ၏အစီအစဉ်ကို မည်ကဲ့သို့ပြင်ဆင်ပြီး တည်ဆောက်ခဲ့သည် ဆိုခြင်းများကိုသိရန် လူသားကို အခွင့်ပေးခဲ့သည်။ ဤအဖြစ်အပျက်များမှတစ်ဆင့် ဘုရားသခင်၏ အသေးစိတ် ရည်ရွယ်ချက်တိုင်းအပေါ် အသေးစိတ်နားလည်ခြင်းနှင့် သူ၏နှစ်ခြောက်ထောင်ကြာသော စီမံခန့်ခွဲမှု လုပ်ဆောင်မှု အချိန်ကာလအတွင်း၌ရှိသော တကယ့်စိတ်ကူးတိုင်း၊ မတူညီသောအချိန်များနှင့် မတူညီသောခေတ်ကာလများတွင် လူသားအပေါ် သူ၏သဘောထားတို့ကို ငါတို့ ရရှိနိုင်သည်။ ဘုရားသခင်က ဘယ်အရာကို စဉ်းစားနေခဲ့သည်၊ သူ၏သဘောထားက မည်ကဲ့သို့ရှိခဲ့သည်ဆိုသည်နှင့် အခြေအနေတိုင်းကို သူရင်ဆိုင်သည့်အခါတွင် သူဖွင့်ပြခဲ့သည့့် စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ဆိုသည်များကို နားလည်ခြင်းက လူတိုင်းကို သူ၏ အမှန်တကယ် တည်ရှိမှုကို ပို၍နက်နက်ရှိုင်းရှိုင်း သိမြင်ရန် ကူညီနိုင်ပြီး သူ၏မှန်ကန်မှုနှင့် စစ်မှန်မှုကို ပို၍ နက်နဲစွာ ခံစားရနိုင်သည်။ ဤအဖြစ်အပျက်ဇာတ်လမ်းများကို ပြောရခြင်း၏ ရည်မှန်းချက်သည် လူတို့ ကျမ်းစာဇာတ်လမ်းများကို နားလည်ရန်မဟုတ်သကဲ့သို့ သမ္မာကျမ်းစာ၏ မှတ်စာများနှင့်၊ သို့မဟုတ် ကျမ်းစာထဲမှ လူတို့နှင့် ရင်းနှီးလာရန် ကူညီခြင်းလည်း မဟုတ်ပေ။ အထူးသဖြင့် ပညတ်တော်ခေတ်ကာလအတွင်း၌ ဘုရားသခင်လုပ်ခဲ့သော အကြောင်းရင်းနောက်ခံကို လူတို့ နားလည်အောင် ကူညီပေးရန် မဟုတ်ပေ။ ဘုရားသခင်၏ အလိုတော်၊ သူ၏ စိတ်သဘောထား၊ သူ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုစီတို့ကို လူတို့နားလည်ပြီး ဘုရားသခင်အပေါ် သိမြင်မှုနှင့် ပို၍ တိကျစွာ နားလည်မှုတို့ ရရှိအောင် ကူညီရန်အတွက်ဖြစ်ပါသည်။ ဤနည်းအားဖြင့် လူတို့၏ နှလုံးသားသည် နည်းနည်းချင်း ဘုရားသခင်ဆီသို့ ဖွင့်ဟလာနိုင်သည်။ ဘုရားသခင်နှင့် နီးစပ်လာနိုင်သည်။ သူ၏စိတ်သဘောထား၊ သူ၏အနှစ်သာရနှင့် သူ့ကို လူတို့ ပို၍ နားလည်နိုင်ပြီး စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်ကို ပို၍သိလာနိုင်သည်။

ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို သိမြင်မှုသည် လူသားတို့အပေါ်တွင် အပြုသဘော သက်ရောက်မှု ရှိနိုင်သည်။ ဘုရားသခင်အပေါ်တွင် ယုံကြည်မှုပိုရှိစေရန် ကူညီပေးနိုင်သည်။ သူ့အပေါ်တွင် ကြောက်ရွံ့ပြီး မှန်ကန်သော နာခံမှုကို ရရှိရန် ကူညီပေးနိုင်သည်။ သို့ဆိုလျှင် သူတို့သည် မျက်ကန်းနောက်လိုက်များ မဟုတ်တော့ပေ သို့မဟုတ် သူ့ကို မျက်စိစုံမှိတ် ကိုးကွယ်နေခြင်း မဟုတ်တော့ပေ။ ဘုရားသခင်က လူအလူမိုက်များကို အလိုမရှိချေ။ သို့မဟုတ် လူစုနောက်ကို မျက်စိစုံမှိတ် လိုက်သောသူများကို အလိုမရှိချေ။ သို့သော်လည်း သူတို့နှလုံးသားထဲတွင် ဘုရားသခင်၏ စိတ်သဘောထားအပေါ် ရှင်းလင်းသော နားလည်မှုနှင့် သိမြင်မှုရှိပြီး ဘုရားသခင်၏ သက်သေအဖြစ် ပြုမူနိုင်သောသူများ၊ သူ၏ချစ်မြတ်နိုးဖွယ်ကောင်းမှု၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကြောင့်၊ သူ၏ဖြောင့်မတ်သော စိတ်သဘောထားကြောင့် ဘုရားသခင်ကို လုံးဝ မစွန့်လွှတ်မည့်သူများကို အလိုရှိသည်။ ဘုရားသခင်၏ နောက်လိုက်တစ်ယောက်အနေနှင့် သင့်နှလုံးသားတွင် ကြည်လင်ပြတ်သားမှု နည်းနေသေးလျှင် သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော တည်ရှိမှု၊ သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏အစီအစဉ်တို့နှင့် ပတ်သက်ပြီး ဒွိဟဖြစ်ခြင်းများ သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းများရှိလျှင် သင်၏ယုံကြည်မှုသည် ဘုရားသခင်၏ ချီးမွမ်းမှုကို မရရှိနိုင်ပေ။ ဘုရားသခင်က ဤကဲ့သို့သောလူမျိုးကို သူ့နောက်ကို လိုက်ရန် အလိုမရှိပေ။ ဤကဲ့သို့သောလူမျိုးက သူ့ရှေ့ကို လာခြင်းကိုလည်း ဘုရားသခင် မကြိုက်နှစ်သက်ပေ။ ဤကဲ့သို့သောလူမျိုးက ဘုရားသခင်ကို နားမလည်ခြင်းကြောင့် သူတို့၏နှလုံးသားကို ဘုရားသခင်ကို မပေးအပ်နိုင်ပေ။ သူတို့၏နှလုံးသားက သူ့အတွက် ပိတ်ကာထားပါသည်။ ထို့ကြောင့် ဘုရားသခင်အပေါ် ဤသူတို့၏ယုံကြည်ခြင်းသည် မသန့်စင်မှုများနှင့် ပြည့်နေသည်။ ဘုရားသခင်နောက်ကို သူတို့၏လိုက်ခြင်းက မျက်ကန်းဟု ခေါ်ဆိုနိုင်သည်။ လူတို့ ဘုရားသခင်အပေါ် စစ်မှန်သော နာခံမှုနှင့် ကြောက်ရွံ့မှုကို ဖန်တီးပေးသည့် ဘုရားသခင်ကို နားလည်ခြင်းနှင့် သိမြင်ခြင်းက သူတို့ဆီ၌ ရှိမှသာလျှင် လူတို့သည် မှန်ကန်သော ယုံကြည်မှုကို ရရှိနိုင်ပြီး စစ်မှန်သော နောက်လိုက်များဖြစ်နိုင်သည်။ ဒီနည်းလမ်းဖြင့်သာ ဘုရားသခင်အပေါ် ဖွင့်ဟရန် သူတို့နှလုံးသားကို ပေးအပ်နိုင်သည်။ ဤသည်မှာ ဘုရားသခင် လိုချင်သောအရာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့လုပ်သည့်၊ စဉ်းစားသည့်အရာတိုင်းသည် ဘုရားသခင်၏ စမ်းသပ်စစ်ဆေးမှုကို ခံနိုင်ရည်ရှိပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သည့်အတွက်ကြောင့်ပင်ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း သို့မဟုတ် သူ့ရဲ့အလိုတော်နှင့် သူလုပ်ဆောင်သောအရာတိုင်းတွင် သူ၏တွေးထင်မှု၊ မည်သည့်ရှုထောင့်မှဖြစ်စေ၊ မည်သည့်ရှုထောင့်အမြင်မှ ငါပြောသည်ဖြစ်စေ၊ ၎င်းတို့နှင့်ပတ်သက်ပြီး ငါသင်တို့နှင့် ဆွေးနွေးပြောဆိုသမျှအရာတိုင်းသည် ဘုရားသခင်၏ စစ်မှန်သော တည်ရှိမှုကို သင်တို့ ပို၍ သေချာစေရန်အတွက် ကူညီရန်ဖြစ်ပြီး လူသားမျိုးနွယ်အတွက် သူ့ရဲ့ချစ်ခြင်းကို ပို၍အမှန်တကယ်နားလည်ပြီး အသိအမှတ်ပြုစေရန်၊ လူသားတို့အတွက် ဘုရားသခင်၏ အရေးစိုက်မှု၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်ရန်အတွက် သူ၏စိတ်ရင်းဖြစ်သော ဆန္ဒများကို ပို၍အမှန်တကယ်နားလည်ပြီး အသိအမှတ်ပြုစေရန် ကူညီရန်အတွက်ဖြစ်သည်။

လူသားတို့ကို ဖန်ဆင်းသည့်အချိန်ကတည်းက ဘုရားသခင်၏ အတွေးများ၊ စိတ်ကူးများနှင့် လှုပ်ရှားမှုတိုင်းကို ငါတို့သည် ယနေ့ အရင် အနှစ်ချုပ့်ကြပြီး ကမ္ဘာကိုဖန်ဆင်းခြင်းမှ ကျေးဇူးတော်ခေတ် တရားဝင် စတင်ခြင်းအထိ သူဆောင်ရွက်ခဲ့သည့်အလုပ်များကို ကြည့်မည်ဖြစ်သည်။ ထို့နောက် ဘုရားသခင်၏ မည်သည့်အတွေးများနှင့် စိတ်ကူးများကို လူသားတို့ မသိရှိသနည်းဆိုသည်ကို ငါတို့ ရှာဖွေသိရှိနိုင်ပြီး ထိုနေရာမှစကာ စီမံခန့်ခွဲမှုအတွက် ဘုရားသခင်စီမံမှု၏ အစီအစဉ်ကို ငါတို့ ရှင်းလင်းအောင်ပြုလုပ်နိုင်ပြီး ဘုရားသခင်က သူ၏စီမံခန့်ခွဲမှုအလုပ်ကို ဖန်ဆင်းခဲ့သော အကြောင်းအရာ၊ ယင်းူ၏ အရင်းအမြစ်နှင့် ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်စဉ်ကို သေချာစွာ နားလည်နိုင်ပြီး သူ၏စီမံခန့်ခွဲမှုအလုပ်မှတဆင့် မည်သည့်ရလဒ်များကို သူရရှိလိုသည်ဆိုသည်ကို၊ တစ်နည်းအားဖြင့် သူ၏စီမံခန့်ခွဲမှုအလုပ်၏ အဓိကအချက်နှင့် ရည်ရွယ်ချက်များကိုလည်း သေချာစွာ နားလည်နိုင်သည်။ ဤအရာများကိုနားလည်ရန်၊ လူသားတို့မရှိခဲ့သော၊ ဝေးကွာသော၊ တည်ငြိမ်ပြီး တိတ်ဆိတ်သောအချိန်ကို ငါတို့ ပြန်သွားရန်လိုသည်။

ဘုရားသခင်က သူ့အိပ်ယာမှ ထလာသည့်အချိန်တွင် သူပထမဆုံး စဉ်းစားသောအရာက ဤသို့ဖြစ်သည်၊ သူနှင့်အတူနေထိုင်ရန်လူတစ်ယောက်၊ သူ၏ အမြဲတမ်းအဖော်ဖြစ်သော သက်ရှိလူစစ်မှန်သော သက်ရှိလူပုဂ္ဂိုလ်တစ်ယောက်ကို ဖန်ဆင်းရန်ဖြစ်သည်။ ဤလူသည် သူ့ကို နားထောင်နိုင်ပြီး ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချနိုင်ပြီး သူနှင့်စကား ပြောဆိုနိုင်သည်။ ထို့နောက်တွင် ပထမဆုံးအကြိမ် ဘုရားသခင်သည် မြေမှုန့်လက်တစ်ဆုပ်စာကိုယူပြီး သူစိတ်ကူးထားသည့်အတိုင်း ပထမဆုံးသော သက်ရှိလူသားတစ်ယောက်ကို ဖန်ဆင်းရန် အသုံးပြုလိုက်သည်၊ ထို့နောက်တွင် ဤသက်ရှိဖန်ဆင်းခံကို အာဒံဟူသော အမည်တစ်ခု ပေးလိုက်သည်။ အသက်ရှင်ပြီး အသက်ရှူသော ဤလူကို ဘုရားသခင်ရပြီးသည်နှင့် သူမည်သို့ ခံစားခဲ့ရသနည်း။ ပထမဆုံးအကြိမ် ချစ်ခင်သူတစ်ယောက်၊ အဖော်တစ်ယောက်ရှိခြင်း၏ ပျော်ရွှင်မှုကို သူခံစားခဲ့ရသည်။ ဖခင်ဖြစ်ရခြင်း၏ တာဝန်ဝတ္တရားနှင့် ၎င်းနှင့်အတူပါလာသော စိုးရိမ်မှုလည်း ခံစားခဲ့ရသည်။ အသက်ရှင်ပြီး အသက်ရှူသွင်းသော ဤလူသည် ဘုရားသခင်ကို ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်မှုကို ယူလာပေးခဲ့သည်၊ သူသည် ပထမဆုံးအကြိမ် စိတ်သက်သာရာရမှုကို ခံစားခဲ့ရသည်။ ဤသည်မှာ သူ၏အတွေးများ သို့မဟုတ် နှုတ်ကပတ်တော်များနှင့်ပင် ပြီးမြောက်စေခြင်းမဟုတ်ဘဲ သူ၏ကိုယ်ပိုင် လက်နှစ်ဘက်နှင့် ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သော ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာဖြစ်သည်။ ဤသက်ရှိအမျိုးအစား၊ ကိုယ်ခန္ဓာပုံသဏ္ဌာန်နှင့်၊ အသွေးအသားနှင့်ပြုလုပ်ထားသော၊ ဘုရားသခင်နှင့် စကားပြောနိုင်သော အသက်ရှင်သော၊ အသက်ရှူသော လူတစ်ယောက်သည် ဘုရားသခင်ရှေ့၌ ရပ်သောအခါတွင် ဘုရားသခင်သည် သူယခင်က တစ်ခါမျှ မခံစားရဖူးသည့် ဝမ်းမြောက်မှုမျိုးကို တွေ့ကြုံခံစားခဲ့ရသည်။ သူ၏တာဝန်ဝတ္တရားတို့ကို အမှန်တကယ် ခံစားခဲ့ရပြီး ဤသက်ရှိသည် သူ၏နှလုံးသားကို ဆောင့်ဆွဲလိုက်ရုံမျှမကဘဲ သူ၏သေးငယ်သော လှုပ်ရှားမှုတိုင်းက သူ့ကို ထိတွေ့ခံစားစေပြီး သူ၏နှလုံးသားကို နွေးထွေးစေခဲ့သည်။ ထို့ကြောင့် ဤသက်ရှိသည် ဘုရားသခင်၏ရှေ့၌ ရပ်သောအခါတွင် ဤကဲ့သို့သောလူများ ထပ်မံရရှိအောင်လုပ်ရန် အတွေးကို ပထမဆုံးအကြိမ် သူရသွားသည်။ ဤသည်မှာ ဘုရားသခင်ဖြစ်ပေါ်ခဲ့သည့် ပထမဆုံးအတွေးနှင့် စတင်လာသည့် ဖြစ်ရပ်များပင်ဖြစ်သည်။ ဘုရားသခင်အတွက် ဤဖြစ်ရပ်အားလုံးသည် ပထမဆုံးအကြိမ်ဖြစ်ပေါ်ခြင်းပင်ဖြစ်သည်၊ သို့သော်လည်း ဤပထမဆုံးဖြစ်ရပ်များ၌ ထိုစဉ်က ဝမ်းမြောက်ခြင်း၊ တာဝန်ဝတ္တရား၊ စိုးရိမ်မှုများ စသဖြင့် သူမည်သို့ ခံစားနေခဲ့ရပါစေ၊ သူ့အတွက် ၎င်းတို့ကို ဝေမျှစရာ တစ်ယောက်မျှ မရှိခဲ့ချေ။ ထိုအချိန်မှစပြီး သူယခင်က တစ်ခါမျှ မခံစားခဲ့ဖူးသော အထီးကျန်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို ဘုရားသခင်သည် အမှန်တကယ် ခံစားလိုက်ရသည်။ လူသားတို့သည် သူ၏ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်မှု၊ သို့မဟုတ် လူသားမျိုးနွယ်အတွက် သူ၏ရည်ရွယ်ချက်တို့ကို လက်မခံနိုင်၊ သို့မဟုတ် နားလည်သဘောမပေါက်နိုင်ဟု သူ ခံစားခဲ့ရသည်၊ ထို့ကြောင့် သူ့နှလုံးသားတွင် ဝမ်းနည်းမှုနှင့် နာကျင်မှုကို ခံစားရဆဲပင်ဖြစ်သည်။ လူသားအတွက် ဤအရာများကို သူလုပ်ဆောင်ပေးခဲ့သော်လည်း လူသားသည် ၎င်းကို သတိမပြုမိဘဲ နားမလည်ခဲ့ချေ။ ပျော်ရွှင်ခြင်းကလွဲပြီး လူသားက သူ့ထံယူလာပေးသော ဝမ်းမြောက်မှုနှင့် စိတ်သက်သာရာရမှုသည် သူတို့နှင့်အတူ သူ၏ပထမဆုံးသော ဝမ်းနည်းခြင်းနှင့် အထီးကျန်ခြင်းခံစားမှုတို့ကို လျင်မြန်စွာ ယူလာသည်။ ၎င်းတို့သည် ယင်းအချိန်က ဘုရားသခင်၏ စိတ်ကူးများနှင့် ခံစားချက်များဖြစ်သည်။ ဘုရားသခင်က ဤအရာအားလုံးကို လုပ်ဆောင်နေခဲ့စဉ်တွင် သူ့နှလုံးသားဝယ် ဝမ်းမြောက်ခြင်းမှ ဝမ်းနည်းခြင်း၊ ဝမ်းနည်းခြင်းမှ နာကျင်ခြင်းဆီသို့ ပြောင်းလဲသွားပြီး အားလုံးက စိုးရိမ်သောကများနှင့် ရောထွေးနေခဲ့သည်။ သူလုပ်လိုခဲ့သည်က ဤလူကို၊ ဤလူသားမျိုးနွယ်ကို သူ့နှလုံးသားထဲတွင် ရှိသည့်အရာကို သိစေရန်နှင့် သူ၏ရည်ရွယ်ချက်များကို သာ၍လျင်မြန်စွာ နားလည်ိစေရန် လျင်မြန်စွာလုပ်ဆောင်ရန်ပင် ဖြစ်သည်။ သို့ဆိုလျှင် ထိုသူတို့သည် သူ၏နောက်လိုက်များဖြစ်လာနိုင်ပြီး သူနှင့် လိုက်ဖက်ညီလာနိုင်သည်။ သူတို့သည် ဘုရားသခင်စကားပြောခြင်းကို နားထောင်ပြီး ဘာမှမပြောဘဲနှင့် နေမည် မဟုတ်တော့ချေ၊ ဘုရားသခင်ကို သူ၏အလုပ်တွင် မည်ကဲ့သို့ ပူးပေါင်းပါဝင်ရမည််ကို မသိခြင်း ဖြစ်မည် မဟုတ်တော့ချေ၊ ဤအချက်များ အားလုံးထက်ပို၍ပင် ဘုရားသခင်၏ သတ်မှတ်ချက်များကို စိတ်ဝင်စားမှုမရှိသောသူများ ဖြစ်မည် မဟုတ်တော့ချေ။ ဘုရားသခင် ပြီးဆုံးအောင်လုပ်ဆောင်ခဲ့သော ဤပထမဆုံးအရာများသည် အလွန်အဓိပ္ပာယ်ရှိပြီး သူ၏စီမံခန့်ခွဲမှု အစီအစဉ့်အတွက်နှင့် ယနေ့လူသားမျိုးနွယ်အတွက် ကြီးမားသော တန်ဖိုးရှိသည်။

အရာအားလုံးနှင့် လူသားတို့ကို ဖန်ဆင်းပြီးနောက်တွင် ဘုရားသခင်သည် အနားမယူခဲ့ပေ။ သူ၏စီမံခန့်ခွဲမှုကို လုပ်ဆောင်ရန် သူမစောင့်နိုင်ခဲ့သကဲ့သို့ လူသားမျိုးနွယ်တို့ထဲတွင် သူအလွန်ချစ်သော လူတို့ကို ရရှိရန်ကိုလည်း သူမစောင့်နိုင်ခဲ့ပေ။

နောက်တစ်ခု၊ ဘုရားသခင်သည် လူသားတို့ကို ဖန်ဆင်းပြီး မကြာခင်တွင် တစ်ကမ္ဘာလုံး၌ ရေလွှမ်းမိုးမှုကြီးဖြစ်ပေါ်စေခြင်းကို သမ္မာကျမ်းစာမှ ငါတို့တွေ့ရသည်။ ရေလွှမ်းမိုးခြင်း မှတ်တမ်းထဲတွင် နောဧအကြောင်းကို ပြောထားသည်။ ဘုရားသခင်၏ အလုပ်တစ်ခုကို ပြီးမြောက်စေရန် သူနှင့်အတူ အလုပ်လုပ်ရန်အတွက် ဘုရားသခင်၏ခေါ်ခြင်းကို ခံရသော ပထမဆုံးလူက နောဧဟု ဆိုနိုင်သည်။ ဟုတ်ပါသည်။ ဤသည်က သူ၏အမိန့်နှင့်အညီ ကမ္ဘာပေါ်တွင် လူတစ်ယောက်ကို တစ်စုံတစ်ခုလုပ်ရန် ဘုရားသခင်ခေါ်ခဲ့သော ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ နောဧက သင်္ဘောကြီးကို ဆောက်လုပ်ပြီးသည်နှင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ပထမဆုံးအကြိမ် ရေလွှမ်းမိုးခဲ့သည်။ ဘုရားသခင်က ကမ္ဘာမြေကြီးကို ပထမဆုံးအကြိမ် ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခဲ့သောအခါတွင် လူသားတို့အပေါ် ရွံရှာလွန်းခြင်းကို ခံစားရခြင်းသည် သူတို့ကို ဖန်ဆင်းပြီးကတည်းကဆိုလျှင် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ရေလွှမ်းမိုးခြင်းအားဖြင့် ဤလူသားမျိုးနွယ်ကို ဖျက်ဆီးရန်ဖြစ်သော နာကျင်ဖွယ်ကောင်းသည့် ဆုံးဖြတ်ချက်ကို ပြုလုပ်ရန် ဘုရားသခင်ကို ဖိအားပေးခဲ့သည့်အရာက ဤအရာပင်ဖြစ်သည်။ ရေလွှမ်းမိုးခြင်းက ကမ္ဘာမြေကြီးကို ဖျက်ဆီးပြီးသောနောက်တွင် ဘုရားသခင်သည် ဤကဲ့သို့နောက်တစ်ကြိမ် ဘယ်တော့မျှထပ်မလုပ်တော့ဟုဆိုသော သူ၏ ပထမဆုံး ပဋိညာဉ်ကို လူသားနှင့် ပြုလုပ်ခဲ့သည်။ ဤပဋိညာဉ်၏ သင်္ကေတက သက်တံပင်ဖြစ်သည်။ ၎င်းသည် လူသားမျိုးနွယ်နှင့် ဘုရားသခင်၏ ပထမဆုံး ပဋိညာဉ်ဖြစ်သည်။ ထို့ကြောင့် သက်တံသည် ဘုရားသခင်က ပေးအပ်သော ပဋိညာဉ်၏ ပထမဆုံး သင်္ကေတဖြစ်သည်။ ဤသက်တံသည် အမှန်တကယ် တည်ရှိသော ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုဖြစ်သည်။ ဘုရားသခင် ဆုံးရှုံးခဲ့သော ယခင်က လူသားမျိုးနွယ်အတွက် ဝမ်းနည်းခြင်းကို သူ့အား မကြာခဏ ခံစားရစေမှုမှာ ဤသက်တံ၏ တည်ရှိမှုပင်ဖြစ်ပြီး သူတို့အပေါ်တွင် ဘာဖြစ်ခဲ့သည်ဆိုခြင်းနှင့်ပတ်သက်ပြီး သူ့အတွက် အမြဲတမ်း သတိပေးနေသောအရာဖြစ်သည်။ ဘုရားသခင်က သူ၏ ခြေလှမ်းကို နှောင့်နှေးသွားစေမှာ မဟုတ်ပေ။ သူ၏စီမံခန့်ခွဲမှုနောက်တစ်ဆင့်သို့ တက်ရန် သူမစောင့်နိုင်ပေ။ နောက်ပိုင်းတွင် ဣသရေလနိုင်ငံတစ်လျှောက် သူ၏အလုပ်အတွက် သူ၏ ပထမဆုံးရွေးချယ်မှုအနေနှင့် အာဗြဟံကို ဘုရားသခင် ရွေးချယ်ခဲ့သည်။ ဤကဲ့သို့ သင့်တော်သောလူမျိုးကို ဘုရားသခင်ရွေးချယ်ခြင်းကလည်း ဤသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ဤလူသားမှတဆင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သော သူ၏အလုပ်ကို စတင်လုပ်ဆောင်ရန်၊ ဤလူသား၏ နောက်မျိုးဆက်တို့ထဲတွင် သူ၏အလုပ်ကို ဆက်လက်ပြုလုပ်ရန် ဘုရားသခင် စိတ်ပိုင်းဖြတ်ခဲ့သည်။ ၎င်းသည် ဘုရားသခင်က အာဗြဟံအပေါ် လုပ်ဆောင်ခဲ့သောအရာဖြစ်ကြောင်းကို သမ္မာကျမ်းစာတွင် ငါတို့မြင်နိုင်သည်။ ထို့နောက်တွင် ဘုရားသခင်က ဣသရေလနိုင်ငံကို ပထမဆုံး ရွေးကောက်ခဲ့သော နယ်မြေအဖြစ် ပြုလုပ်ခဲ့ပြီး ဣသရေလလူမျိုးတို့ဖြစ်သော သူ၏ ရွေးချယ်ထားသောသူတို့မှတစ်ဆင့် ပညတ်တော်ခေတ်တွင် သူ၏လုပ်ဆောင်မှုကို စတင်ခဲ့သည်။ ထို့နောက် ပထမဆုံးအကြိမ် ဘုရားသခင်သည် လူသားမျိုးနွယ် လိုက်နာသင့်သော တိကျပြတ်သားသော စည်းမျဉ်းနှင့် ပညတ်တော်တို့ကို ဣသရေလလူမျိုးတို့အတွက် ထောက်ပံ့ပေးခဲ့ပြီး သူတို့ကို အသေးစိတ် ရှင်းပြခဲ့သည်။ လူသားတို့ ယဇ်ပူဇော်ခြင်းကို မည်ကဲ့သို့ပြုလုပ်သင့်သည်၊ သူတို့ မည်ကဲ့သို့နေထိုင်သင့်သည်၊ သူတို့ ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့် စသည်နှင့်၊ မည်သည့်ပွဲတော်များနှင့် မည်သည့်နေ့တို့ကို သူတို့ကျင်းပသင့်သည် စသည်တို့နှင့်၊ သူတို့လုပ်ဆောင်သောအရာရာတိုင်းတွင် လိုက်နာရမည့် နိယာမတို့အတွက် အသေးစိတ်၊ စံသတ်မှတ်ထားသော စည်းမျဉ်းတို့ကို လူသားတို့အတွက် ဘုရားသခင် ပေးအပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပါသည်။ လူသားတို့၏ ဘဝအတွက် အသေးစိတ်၊ စံသတ်မှတ်ထားသော ဤကဲ့သို့ စည်းမျဉ်းစည်းကမ်းများကို ဘုရားသခင်က လူသားမျိုးနွယ်ကို ပေးအပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

"ပထမဆုံးအကြိမ်" ဟုငါပြောသောအခါ၌ ဤကဲ့သို့အလုပ်မျိုးကို ဘုရားသခင်က ယခင်က တစ်ခါမျှမလုပ်ဖူးခဲ့ဟု ဆိုလိုခြင်းဖြစ်သည်။ ယခင်က မရှိခဲ့သော အရာတစ်ခုဖြစ်ပြီး ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သူသည် သတ္တဝါပေါင်းစုံနှင့် သက်ရှိပေါင်းစုံကို ဖန်ဆင်းခဲ့သော်လည်း ဤကဲ့သို့အလုပ်မျိုးကို သူတစ်ကြိမ်တစ်ခါမျှ မလုပ်ရသေးချေ။ ဤအလုပ်များအားလုံးတွင် လူသားအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှု ပါဝင်သည်။ အားလုံးက လူသားတို့နှင့် လူသားတို့ကို သူ၏ကယ်တင်ခြင်း၊ စီမံခန့်ခွဲမှုတို့နှင့် ဆက်စပ်သည်။ အာဗြဟံပြီးနောက်တွင် ဘုရားသခင်သည် နောက်ထပ် ပထမဆုံးအကြိမ် ရွေးချယ်မှုတစ်ခုလုပ်ခဲ့သည်။ ဘုရားသခင်ကို ကြောက်ရွံ့ရင်း၊ မကောင်းမှုကို ရှောင်ကြဉ်ရင်းနှင့် ဘုရားသခင်အတွက် သက်သေခံရင်းနှင့် စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းတို့ကို ခံနိုင်ရည်ရှိသောသူဖြစ်ပြီး ပညတ်တော်၏အောက်တွင်ရှိသောသူတစ်ယောက်ဖြစ်ရန် ယောဘကို သူရွေးချယ်ခဲ့သည်။ ၎င်းသည်လည်း လူတစ်ယောက်ကို ဖြားယောင်းရန် ဘုရားသခင်က စာတန်ကို ခွင့်ပြုခဲ့သော ပထမဆုံးအကြိမ်ပင်ဖြစ်ပြီး စာတန်နှင့် အလောင်းအစားပြုခဲ့သော ပထမဆုံးအကြိမ်လည်းဖြစ်သည်။ နောက်ဆုံးတွင် ပထမဆုံးအကြိမ်ပင် ဘုရားသခင်သည် စာတန်ကို ရင်ဆိုင်ရင်းနှင့် သူ့အတွက် သက်သေအဖြစ် ရပ်တည်နိုင်စွမ်းရှိသောသူ၊ စာတန်ကို သေသေချာချာ အရှက်ရစေပြီး သူ့အတွက် သက်သေကို ခံနိုင်သောသူတစ်ယောက်ကို ရရှိခဲ့သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောအချိန်ကတည်းက ဤလူသည် သူ့အတွက် သက်သေခံနိုင်စွမ်းရှိသော၊ သူရရှိခဲ့သော ပထမဆုံးလူဖြစ်သည်။ ဤလူသားကို သူရရှိပြီးသည်နှင့် သူ၏နောက်လာမည့် ရွေးချယ်မှုနှင့် သူလုပ်ဆောင်မည့်နေရာကို ပြင်ဆင်ရင်း သူ၏စီမံခန့်ခွဲမှုကို ဆက်လုပ်ရန်နှင့် သူ့အလုပ် နောက်တစ်ဆင့်ကို လှမ်းရန် ဘုရားသခင်သည် စိတ်အားထက်သန်နေခဲ့သည်။

ဤအရာအားလုံးတို့အကြောင်းကို ဆွေးနွေးပြီးနောက်တွင် ဘုရားသခင်၏အလိုတော်ကို သင်တို့ အမှန်တကယ် နားလည်ကြပါ၏လော။ ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်ရပ်၊ လူသားတို့ကို ကယ်တင်ခြင်းဖြစ်ရပ်ကို အရာအားလုံးထက် ပို၍အရေးကြီးသကဲ့သို့ ရှုမြင်သည်။ ဤအရာတို့ကို သူ၏စိတ်နှင့် လုပ်ဆောင်ရုံတင် မဟုတ်ဘဲ သူ၏နှုတ်ကပတ်တော်များနှင့်သာ လုပ်ဆောင်ခြင်းလည်း မဟုတ်ချေ၊ သူသည် ၎င်းတို့ကို အထူးသဖြင့် ပေါ့ပေါ့တန်တန် လုပ်ခြင်းမဟုတ်ပေ၊ ဤအရာအားလုံးကို အစီအစဉ်၊ ပန်းတိုင်၊ စံသတ်မှတ်ချက်များ၊ သူ၏အလိုတော် စသည့်အရာတို့နှင့် လုပ်ဆောင်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ဤအလုပ်သည် ဘုရားသခင်နှင့် လူသားနှစ်ဦးစလုံးတို့အတွက် အလွန်တရာ အရေးပါသည်ဆိုသည်မှာ ရှင်းလင်းသည်။ အလုပ်က မည်မျှပင် ခက်ခဲပါစေ၊ အတားအဆီးတို့က မည်မျှပင်မည်မျှကြီးမားပါစေ၊ လူသားတို့က မည်မျှပင်အားနည်းပါစေ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းက မည်မျှပင် နက်ရှိုင်းပါစေ၊ ဤအရာများထဲက မည်သည့်အရာမျှ ဘုရားသခင်အတွက် မခက်ခဲချေ။ ဘုရားသခင်သည် သူ၏ ပင်ပန်းတကြီးလုပ်ရသော အားထုတ်မှုကို အသုံးချရင်း၊ သူကိုယ်တိုင် ဆောင်ရွက်လိုသော အလုပ်တို့ကို စီမံခန့်ခွဲရင်းနှင့် အလုပ်ရှုပ်နေသည်။ သူသည် အရာအားလုံးကိုလည်း စီစဉ်နေပြီး သူပြီးဆုံးအောင်လုပ်လိုသော အလုပ်တို့နှင့် လူသားအားလုံးကို အုပ်ချုပ်နေသည်၊ ဤအရာများထဲက မည်သည့်အရာမျှ ယခင်က မလုပ်ခဲ့ဖူးချေ။ ဘုရားသခင်က ဤနည်းလမ်းတို့ကို အသုံးပြုလျက် ကြီးမားသော စီမံခန့်ခွဲမှုအစီအစဉ်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ခဲ့ခြင်းက ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ဘုရားသခင်က ဤအလုပ်တို့ကို ဆောင်ရွက်နေခိုက်တွင် သူသည် ထိန်ချန်ထားခြင်းမရှိဘဲ အနည်းငယ်ချင်းစီ သူ၏ အလုပ်ကြိုးစားအားထုတ်မှု၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ အသိဉာဏ်ပညာနှင့် အနန္တတန်ခိုး၊ သူ့စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တိုင်းကို လူသားတို့အား ဖော်ပြနေသည်။ ယခင်က တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးသည့်အတိုင်း သူသည် ဤအရာအားလုံးကို လူသားမျိုးနွယ်အား ထိန်ချန်ခြင်းမရှိဘဲ နည်းနည်းချင်း ဖော်ပြရင်း၊ ထုတ်ဖော်ရင်းနှင့် ဖွင့်ပြသည်။ ထို့ကြောင့် စကြဝဠာတစ်ခုလုံးတွင် ဘုရားသခင်က စီမံရန်နှင့် ကယ်တင်ရန် ရည်ရွယ်ထားသော လူတို့မှလွဲပြီး သူနှင့် ဤကဲ့သို့ ရင်းနှီးသည့်ဆက်ဆံရေးရှိသော၊ ဘုရားသခင်နှင့် အလွန်နီးကပ်သော ဖန်ဆင်းခံ တစ်ခုမျှ မရှိခဲ့ချေ။ သူ့နှလုံးသားထဲတွင် သူစီမံခန့်ခွဲပြီး ကယ်တင်လိုသော လူသားမျိုးနွယ်သည် အရေးကြီးဆုံးဖြစ်ပြီး၊ သူသည် ဤလူသားမျိုးနွယ်ကို အရာအားလုံးထက် တန်ဖိုးထားသည်၊ သူတို့အတွက် ကြီးမားသောအဖိုးအခကို ပေးဆပ်ခဲ့သော်လည်း၊ သူတို့ကြောင့် သူသည် အဆက်မပြတ်နာကျင်ရပြီး မနာခံခြင်းတို့ကို ခံရသော်လည်း၊ သူတို့ကို လုံးဝ မစွန့်လွှတ်ဘဲ၊ ညည်းတွားခြင်း သို့မဟုတ် နောင်တရခြင်းအလျဉ်းမရှိဘဲ သူ၏အလုပ်ကိုသာ မမောမပန်းဘဲ ဆက်လက်လုပ်ဆောင်သည်။ ယင်းသည် အနှေးနှင့်အမြန် လူသားတို့သည် တစ်နေ့၌ သူ၏ခေါ်ဆောင်ခြင်းတွင် နိုးထလာပြီး သူ၏နှုတ်ကပတ်တော်တို့အားဖြင့် တို့ထိခံစားရမည်၊ သူသည် ဖန်ဆင်းခြင်း၏ အရှင်သခင် ဖြစ်ကြောင်းကို သိမြင်ပြီး သူ့ထံပါးသို့ ပြန်လာမည်ဆိုသည်ကို သိခြင်းကြောင့်ဖြစ်သည်။

ယနေ့ ဤအရာအားလုံးကို ကြားနာပြီးနောက်တွင် ဘုရားသခင်လုပ်ဆောင်သောအရာအားလုံးက အလွန်တရာ ပုံမှန်ပင်ဖြစ်သည်ဟု သင်တို့ ခံစားရလိမ့်မည်။ လူသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် သူ၏လုပ်ဆောင်မှုတို့မှတဆင့် သူတို့အတွက် ဘုရားသခင်၏ အလိုတော်တစ်ချို့ကို အမြဲတစေခံစားရသည်ဟု ထင်ရသည်။ သို့သော်လည်း သူတို့၏ခံစားချက်များ သို့မဟုတ် သူတို့၏အသိပညာနှင့် ဘုရားသခင်တွေးတောနေသောအရာကြားတွင် အမြဲလိုလို ဝေးကွာမှုတစ်ချို့ရှိနေသည်။ ထို့ကြောင့် ဘုရားသခင်က လူသားမျိုးနွယ်ကို ဘာကြောင့် ဖန်ဆင်းခဲ့သည်၊ သူမျှော်လင့်ထားသည့် လူတို့ကို ရရှိစေလိုသော သူ့ဆန္ဒ၏ နောက်ခံအကြောင်းရင်း စသည်တို့နှင့်ပတ်သက်ပြီး လူသားအားလုံးနှင့် ဆွေးနွေးပြောဆိုရန်လိုအပ်သည်ဟု ငါထင်သည်။ ၎င်းကို လူတိုင်းနှင့် ဝေမျှရန်မှာ အလွန်အရေးကြီးသည်။ သို့မှသာ လူတိုင်းသည် သူတို့၏နှလုံးသားထဲတွင် ရှင်းလင်းနေမှာဖြစ်သည်။ ဘုရားသခင်၏အတွေးနှင့် စိတ်ကူးတိုင်း၊ သူ့အလုပ်၏ အဆင့်တိုင်းနှင့် အချိန်ကာလတိုင်းသည် သူ၏စီမံခန့်ခွဲမှုအလုပ်နှင့် နီးကပ်စွာ ဆက်နွှယ်ပြီး ဆက်စပ်နေသောကြောင့်၊ ဘုရားသခင်၏ အတွေးများ၊ စိတ်ကူးများ၊ သူ့အလုပ်၏အဆင့်အတိုင်းတွင် သူ၏အလိုတော်တို့ကို သင်နားလည်သောအခါတွင်၊ သူ၏စီမံခန့်ခွဲမှုအစီအစဉ်လုပ်ဆောင်မှု၏ အရင်းအမြစ်ကို နားလည်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ဘုရားသခင်အပေါ် သင်၏နားလည်မှုကို ပိုမိုနက်ရှိုင်းစေမှုက ဤအခြေခံအုတ်မြစ်ပေါ်မှာပင်ဖြစ်သည်။ ငါယခင်ကပြောခဲ့သည့်အတိုင်း ဘုရားသခင်က ကမ္ဘာကို ဖန်ဆင်းသောအခါတွင် သူပြုလုပ်သောအရာတိုင်းက ယခုအချိန်တွင် လူတို့အတွက် သတင်းအချက်အလက်တစ်ချို့မျှသာဖြစ်ပြီး သမ္မာတရားနောက်ကိုလိုက်ခြင်းနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေသော်လည်း သင်၏အတွေ့အကြုံလမ်းကြောင်းတစ်လျှောက်တွင် ၎င်းသည် သတင်းအချက်အလက် အစိတ်အပိုင်းလေးများကဲ့သို့ အလွန်ရိုးရှင်းသော အရာတစ်ခုဖြစ်သည်၊ သို့မဟုတ် တစ်ချို့ နက်နဲသောအရာတို့ကဲ့သို့ အလွန်ရိုးရှင်းသောအရာတစ်ခုဖြစ်သည်ဟု သင်မထင်မှတ်သောအချိန်ကို ရောက်လာလိမ့်မည်။ သင့်ဘဝကို ရှေ့ဆက်ရင်းနှင့် သင့်နှလုံးသား၌ ဘုရားသခင်၏နေရာ အနည်းငယ်ရှိလာသောအခါ သို့မဟုတ် သူ့အလိုတော်ကို ပို၍ သေချာစွာ၊ နက်နက်နဲနဲ နားလည်လာသောအခါ၊ ယနေ့ ငါပြောသောစကားတို့၏ အရေးကြီးမှုနှင့် လိုအပ်မှုတို့ကို သင်အမှန်တကယ် နားလည်လာလိမ့်မည်။ အဘယ်အတိုင်းအတာအထိ သင်တို့လက်ခံထားသည်ဆိုခြင်းက အရေးမကြီးချေ။ ဤအရာတို့ကို သင်တို့ နားလည်ပြီး သိရှိရန်သာ လိုအပ်သည်။ ဘုရားသခင်က တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါတွင်၊ သူ့အလုပ်ကို သူလုပ်သောအခါတွင်၊ သူ၏စိတ်ကူးနှင့် သို့မဟုတ် သူ၏ကိုယ်ပိုင်လက်များနှင့်ဖြစ်စေ၊ သူလုပ်သည့်အလုပ်သည် ပထမဆုံးအကြိမ်ဖြစ်ပါစေ၊ နောက်ဆုံးအကြိမ်ဖြစ်ပါစေ၊ နောက်ဆုံး၌ ဘုရားသခင်ထံတွင် အစီအစဉ်တစ်ခုရှိသည်။ သူလုပ်သမျှအရာတိုင်းတွင် သူ၏ရည်ရွယ်ချက်နှင့် သူ၏ အတွေးတို့ ရှိသည်။ ၎င်းရည်ရွယ်ချက်တို့နှင့် အတွေးတို့က ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်။ ဤအရာတို့က သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြသည်။ ဘုရားသခင်ရဲ့ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းဆိုသော ဤနှစ်ခုကို တစ်ယောက်ချင်းစီတိုင်းက နားလည်ရမည်။ သူ၏စိတ်သဘောထားနှင့်အတူ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို လူတစ်ယောက်က နားလည်လိုက်သည်နှင့် ဘုရားသခင်က သူ၏လုပ်ငန်းဆောင်တာတို့ကို ဘာကြောင့် လုပ်ဆောင်သည်၊ သူ့ပြောစကားတို့ကို ဘာကြောင့်ပြောသည်ဆိုခြင်းကို သူတို့ တဖြည်းဖြည်းနှင့် နားလည်လာနိုင်သည်။ ထိုမှတဆင့် ဘုရားသခင်၏နောက်ကိုလိုက်ရန်၊ သမ္မာတရားနောက်ကိုလိုက်ရန်၊ စိတ်သဘောထား ပြောင်းလဲခြင်းနောက်ကိုလိုက်ရန် ယုံကြည်ခြင်းတို့ကို သူတို့ ပိုမိုရရှိနိုင်သည်။ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် လူသား၏ နားလည်ခြင်းနှင့် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းက ခွဲခြား၍မရပေ။

လူတို့ကြားသောအရာ သို့မဟုတ် နားလည်သောအရာက ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းဖြစ်သော်လည်း သူတို့ရရှိကြသည့်အရာက ဘုရားသခင်ဆီမှလာသော အသက်ပင်ဖြစ်သည်။ ဤအသက်ကို သင့်အထဲတွင် ဖြစ်ပေါ်စေပြီးသည်နှင့် ဘုရားသခင်အပေါ် သင်၏ ကြောက်ရွံ့မှုက ပို၍ ကြီးမားလာပြီး ဤသီးနှံတို့ကို ရိတ်သိမ်းရခြင်းက လုံးဝ သဘာဝအလျောက် ဖြစ်ပေါ်သည်။ သင်က ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် သူ၏အနှစ်သာရကို နားမလည်လို၊ သို့မဟုတ် မသိလိုဟုဆိုလျှင်၊ ဤအရာတို့အပေါ်၌ စဉ်းစားတွေးတောခြင်း သို့မဟုတ် အာရုံစိုက်ခြင်းပင် မလုပ်လိုဟုဆိုလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းကို ယခု သင်ကြိုးပမ်းအားထုတ်သော နည်းလမ်းက သူ၏အလိုတော်ကို ဖြည့်ဆည်းရန် သို့မဟုတ် သူ၏ချီးမွမ်းခြင်းကိုရရန် အခွင့်ကို လုံးဝမပေးနိုင်ကြောင်းကို ငါသေချာပေါက် ပြောနိုင်သည်။ ထို့ထက်ပိုပြောရလျှင် ကယ်တင်ခြင်းသို့ သင်မည်သည့်အခါမျှ အမှန်တကယ် မရောက်ရှိနိုင်ပေ။ ၎င်းတို့သည် နောက်ဆုံး အကျိုးရလဒ်များပင်ဖြစ်သည်။ လူတို့က ဘုရားသခင်ကို နားမလည်သောအခါ၊ သူ၏စိတ်သဘောထားကို မသိသောအခါတွင် သူတို့၏နှလုံးသားသည် သူ့အတွက် လုံးဝ အမှန်တကယ် ဖွင့်ဟထားနိုင်မှာမဟုတ်ပေ။ ဘုရားသခင်ကို သူတို့နားလည်လိုက်သည်နှင့် ဘုရားသခင်ရဲ့နှလုံးသားထဲ၌ရှိသောအရာကို စတင်နားလည်လာပြီး စိတ်ဝင်စားမှုနှင့်အတူ ယုံကြည်ခြင်းနှင့် စတင်ကျေနပ်ခံစားလာလိမ့်မည်။ ဘုရားသခင်၏ နှလုံးသားထဲ၌ရှိသောအရာကို နားလည်ပြီး ကျေနပ်ခံစားရသောအခါတွင် သင်၏နှလုံးသားက နည်းနည်းချင်း တဖြည်းဖြည်းနှင့် သူ့အတွက် ဖွင့်ဟလာပါလိမ့်မည်။ သင့်နှလုံးသားက သူ့အတွက် ဖွင့်ဟသောအခါတွင် ဘုရားသခင်နှင့် သင်၏ခွန်းတုံ့ဖလှယ်မှုများ၊ ဘုရားသခင်ကို သင်၏တောင်းဆိုမှုများ၊ သင်ကိုယ်တိုင်၏ လွန်ကျူးသောဆန္ဒများက မည်မျှရှက်စရာကောင်းသည်၊ မည်မျှ စက်ဆုပ်ဖွယ်ဖြစ်သည်ဆိုသည်ကို သင်ခံစားရလိမ့်မည်။ သင့်နှလုံးသားက ဘုရားသခင်အတွက် အမှန်တကယ် ဖွင့်ဟလာသောအခါတွင် သူ့နှလုံးသားသည် အဆုံးအစမရှိသော ကမ္ဘာတစ်ခုကဲ့သို့ဆိုသည်ကို သင်မြင်ရမည်။ သင်ယခင်က တစ်ခါမျှ မတွေ့ကြုံဖူးသော နယ်ပယ်ထဲသို့ သင်ဝင်ရောက်သွားလိမ့်မည်။ ၎င်းနယ်ပယ်ထဲတွင် လိမ်ညာခြင်းမရှိ။ လှည့်စားခြင်းမရှိ။ မှောင်မိုက်ခြင်းမရှိ။ ဆိုးယုတ်ခြင်း မရှိ။ ရိုးသားဖြူစင်ခြင်းနှင့် ယုံကြည်ခြင်း၊ အလင်းနှင့် ရိုးသားဖြောင့်မတ်ခြင်း၊ မှန်ကန်ဖြောင့်မတ်ခြင်းနှင့် ကြင်နာခြင်းတို့သာ ရှိသည်။ ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ဖြင့် ပြည့်နေသည်။ ကြင်နာခြင်းနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်နေသည်။ ထိုမှတစ်ဆင့် သင်သည် အသက်ရှင်ရခြင်း၏ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုကို ခံစားရသည်။ ဤအရာတို့က ဘုရားသခင်ဆီသို့ သင့်နှလုံးသားကို ဖွင့်ဟသောအခါ၌ သင့်ကို သူဖွင့်ပြမည့်အရာများဖြစ်သည်။ အဆုံးအစမရှိသော ဤကမ္ဘာသည် ဘုရားသခင်၏ အသိဉာဏ်ပညာတို့နှင့် ပြည့်နေသည်။ သူ၏ အတိုင်းအဆမရှိဘုန်းတန်ခိုးတို့နှင့် ပြည့်နေသည်။ သူ၏ချစ်ခြင်းနှင့် သူ၏ အာဏာတို့နှင့်လည်း ပြည့်နေပါသည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ အချက်အလက်တိုင်းနှင့် သူ့ကို ဘယ်အရာက ဝမ်းမြောက်စေသည်၊ သူ ဘယ်အတွက်ကြောင့်စိတ်ပူပြီး ဘာကြောင့် ဝမ်းနည်းလာသည်၊ သူဘာကြောင့် စိတ်ဆိုးလာသည် စသည်တို့ကို ဤနေရာတွင် သင်မြင်နိုင်သည်။ ၎င်းသည် သူတို့၏နှလုံးသားကို ဖွင့်ဟပြီး ဘုရားသခင်ကို ဝင်ခွင့်ပေးသောသူ တစ်ယောက်ချင်းစီတိုင်းက မြင်နိုင်သောအရာ ဖြစ်ပါသည်။ သင်က သူ့ကို ဖွင့်ဟပေးမှသာ ဘုရားသခင်က သင့်နှလုံးသားထဲကို ဝင်လာနိုင်ပါသည်။ သူက သင့်နှလုံးသားထဲကို ဝင်ရောက်လာလျှင် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကိုသာ သင်မြင်နိုင်ပြီး သင့်အတွက် သူ၏အလိုတော်ကိုသာ သင်မြင်နိုင်သည်။ ထိုအချိန်တွင် ဘုရားသခင်နှင့်ပတ်သက်သော အကြောင်းအရာတိုင်းက အလွန်တန်ဖိုးရှိသည်၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် တန်ဖိုးထားရန် အလွန်ထိုက်တန်သည်ဆိုသည်ကို သင်တွေ့လာပါလိမ့်မည်။ ၎င်းနှင့် နှိုင်းယှဉ်လိုက်လျှင် သင့်ပတ်ဝန်းကျင်၌ရှိသောလူများ၊ သင့်ဘဝတွင်ရှိသော အရာဝတ္ထုနှင့် အဖြစ်အပျက်များ၊ သင်ချစ်ရသောသူပင်လျှင်ပါဝင်ပြီး၊ သင်၏အဖော်၊ သင်ချစ်သော အရာတို့သည် ထုတ်ဖော်ပြောရန်ပင် မထိုက်တန်ပေ။ ၎င်းတို့က အလွန်သေးငယ်ပြီး အလွန်နိမ့်ကျပါသည်။ မည်သည့်ရုပ်ဝတ္ထုပစ္စည်းများကမှ သင့်ကို နောက်တစ်ကြိမ် ဆွဲဆောင်နိုင်မှာ မဟုတ်တော့ဟု သင်ခံစားရလိမ့်မည်။ ဤပစ္စည်းများက သူတို့အတွက် အဖိုးအခကို ပေးဆပ်စေရန် သင့်ကို ပြုလုပ်နိုင်မှာ မဟုတ်တော့ချေ။ ဘုရားသခင်၏ နှိမ့်ချခြင်းတွင် သူ၏ကြီးမြတ်မှုနှင့် သာလွန်မှုကို သင်မြင်ရလိမ့်မည်။ တစ်ဖန်လွန်စွာသေးငယ်သည်ဟု သင်ယုံကြည်ထားသော သူလုပ်ဆောင်ခဲ့သည့်အရာတစ်ခုခုတွင် သူ၏အဆုံးအစမရှိသော ဉာဏ်ပညာနှင့် သူ၏သည်းခံခြင်းကို မြင်ရလိမ့်မည်။ သူ၏ စိတ်ရှည်မှု၊ သူ၏ သည်းခံမှု၊ သင့်အပေါ် သူ၏နားလည်မှုကို သင်မြင်ရလိမ့်မည်။ ၎င်းက သင့်အတွင်း၌ သူ့အတွက် အချစ်တစ်ခု ဖြစ်ပေါ်စေလိမ့်မည်။ ထိုနေ့တွင် လူသားမျိုးနွယ်သည် ညစ်ညမ်းနေသော ကမ္ဘာ၌ အသက်ရှင်နေရခြင်းကို၊ သင့်ဘေး၌ရှိသောလူတို့နှင့် သင့်ဘဝ၌ဖြစ်ပျက်နေသောအရာများ၊ သင်ချစ်သောသူများ၊ သင့်အတွက် သူတို့၏အချစ်များ၊ သူတို့၏ အကာအကွယ်ဟုခေါ်သောအရာများ၊ သို့မဟုတ် သင့်အတွက် သူတို့၏ စိုးရိမ်ခြင်းများသည် ပြောပြရန်ပင် မထိုက်တန်ဟုဆိုသည်နှင့်၊ ဘုရားသခင်သာလျှင် သင်ချစ်ခင်မြတ်နိုးရသောသူဖြစ်ပြီး သင်တန်ဖိုးအထားဆုံးက ဘုရားသခင်သာဖြစ်ကြောင်းကို သင်ခံစားရပါလိမ့်မည်။ ထိုအချိန်ရောက်လာသောအခါတွင် တစ်ချို့လူတို့က ဤကဲ့သို့ပြောကြလိမ့်မယ်ဆိုသည်ကို ငါမြင်သည်။ ဘုရားသခင်၏ ချစ်ခြင်းက အလွန်ကြီးမြတ်သည်။ သူ၏အနှစ်သာရသည် အလွန်သန့်ရှင်းမြင့်မြတ်သည်။ ဘုရားသခင်ထံတွင် လှည့်စားခြင်း၊ ဆိုးယုတ်ခြင်း၊ မနာလိုခြင်း၊ ခိုက်ရန်ဒေါသဖြစ်ခြင်းတို့ မရှိဘဲ ဖြောင့်မတ်ခြင်းနှင့် စစ်မှန်ခြင်းသာရှိပြီး ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းဖြစ်သော အရာရာတိုင်းကို လူသားတို့က ဆာငတ်တောင့်တသင့်သည်။ လူသားတို့သည် ဤအရာအပေါ်တွင် အားထုတ်ကြိုးပမ်းသင့်ပြီး မျှော်လင့်ချက်ကြီးမားစွာ ထားရှိသင့်သည်။ ဤအရာကို ရယူနိုင်ရန်အတွက် လူသားမျိုးနွယ်၏ အရည်အချင်းကို မည်သည့်အပေါ်တွင် အခြေခံပြီး တည်ဆောက်ထားသနည်း။ ဘုရားသခင်၏ စိတ်သဘောထားအပေါ် လူသားတို့၏ နားလည်မှုအခြေခံအချက်နှင့် ဘုရားသခင်၏ အနှစ်သာရအပေါ် သူတို့၏ နားလည်မှုအပေါ်တွင် တည်ဆောက်ထားသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ခြင်းသည် လူတိုင်းအတွက် တစ်သက်တာလုံး သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး သူတို့၏ စိတ်သဘောထားတို့ကို ပြောင်းလဲရန် ကြိုးပမ်းသူတို့နှင့် ဘုရားသခင်ကို သိရန် ကြိုးပမ်းသောသူတိုင်း အားထုတ်ကြိုးပမ်းသော တစ်သက်လုံး ကြိုးပမ်းရမည့် ပန်းတိုင်ဖြစ်သည်။

ဘုရားသခင်ပြီးမြောက်ခဲ့သော အလုပ်အားလုံး၊ ပထမဦးဆုံးအကြိမ် သူလုပ်ခဲ့သောအရာအစဉ်လိုက်ကို ငါတို့ ပြောခဲ့ကြသည်။ ဤအရာတစ်ခုချင်းစီတိုင်းက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သက်ဆိုင်ပြီး ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သည်။ ဤအရာတို့က ဘုရားသခင်၏ ကိုယ်ပိုင်စိတ်သဘောထားနှင့် သူ၏အနှစ်သာရနှင့်လည်း သက်ဆိုင်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ပိုပြီးနားလည်လိုလျှင် ဓမ္မဟောင်းကျမ်း သို့မဟုတ် ပညတ်တော်ခေတ်၌ ရပ်နေ၍မရဘဲ ဘုရားသခင်၏ လုပ်ဆောင်မှုတွင် သူလှမ်းခဲ့သော ခြေလှမ်းတို့နှင့်အတူ ငါတို့ ရှေ့ဆက်ရန် လိုအပ်သည်။ ထို့ကြောင့် ဘုရားသခင်က ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့ပြီး ကျေးဇူးတော်ခေတ်ကို စတင်ခဲ့သကဲ့သို့ပင် ငါတို့၏ ကိုယ်ပိုင်ခြေလှမ်းများသည်လည်း ကျေးဇူးတော်ခေတ်ကို လှမ်းလာခဲ့ကြသည်။ ကျေးဇူးတော်နှင့် ရွေးနုတ်ခြင်းတို့ဖြင့် ပြည့်နေသောခေတ်ပင်ဖြစ်သည်။ ဤခေတ်တွင် နောက်တစ်ခါ ဘုရားသခင်က ပထမဆုံးအကြိမ် အလွန်အရေးကြီးသော အရာတစ်ခုကို လုပ်ဆောင်ခဲ့ပါသည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အတွက် ဤခေတ်သစ်တွင်ရှိသော အလုပ်က အသစ်စတင်သော အမှတ်တစ်ခုဖြစ်သည်။ ဤအသစ်စတင်သော အမှတ်က နောက်ထပ် ပထမဆုံးအကြိမ် ဘုရားသခင်ပြုလုပ်ခဲ့သော အရာလည်းဖြစ်သည်။ ဤအလုပ်အသစ်က လူသားတို့နှင့် ဖန်ဆင်းခံအားလုံးတို့ စဉ်းစားကြည့်၍မရနိုင်သည့် ဘုရားသခင် ဆောင်ရွက်ခဲ့သော မသိသေးသော အရာတစ်ခုဖြစ်သည်။ ယခုအချိန်တွင် လူတို့အားလုံး သိကြသော အရာတစ်ခုဖြစ်သည်။ ဘုရားသခင်က လူသားတစ်ယောက်ဖြစ်လာခြင်းသည် ယခုပထမဆုံးအကြိမ်ပင်ဖြစ်သည်။ လူသားတစ်ယောက်အသွင်နှင့် လူသားတစ်ယောက်၏ ဝိသေသလက္ခဏာနှင့် အလုပ်အသစ်ကို သူစတင်ခဲ့သော ပထမဆုံးအကြိမ်ဖြစ်သည်။ ဤအလုပ်အသစ်သည် ဘုရားသခင်က သူ့အလုပ်ကို ပညတ်တော်ခေတ်တွင် ပြည့်စုံစေခဲ့သည်ဆိုသည်နှင့်၊ ပညတ်တော်အောက်တွင် သူသည် ဘာမျှလုပ်ခြင်း သို့မဟုတ် ပြောခြင်းမရှိတော့ဟု ဆိုသည်ကို ဖော်ပြပါသည်။ ပညတ်တော်၏ ပုံသဏ္ဌာန်မှာ သို့မဟုတ် ပညတ်တော်၏ စည်းမျဉ်း စည်းကမ်းတို့နှင့်အညီ သူ ပြောခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း ဘာတစ်ခုမျှ ရှိမည်မဟုတ်ချေ။ တစ်နည်းပြောရလျှင် ပညတ်တော်၌ အခြေခံသော သူ၏အလုပ်အားလုံးသည် ထာဝရ ရပ်တန့်သွားပြီး ရှေ့ဆက်မည်မဟုတ်တော့ချေ။ အကြောင်းမှာ ဘုရားသခင်က အလုပ်အသစ်ကို စတင်လိုခဲ့ပြီး အကြောင်းအရာ အသစ်တို့ကို လုပ်လိုသောအတွက်ကြောင့်ဖြစ်သည်။ သူ့အစီအစဉ်တွင် နောက်တဖန် အသစ်စတင်မှတ်တစ်ခု ရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို နောက်ထပ် ခေတ်တစ်ခုဆီသို့ ဦးဆောင်ခဲ့ရသည်။

၎င်းက လူသားတို့အတွက် ဝမ်းမြောက်ဖွယ်သတင်းလော၊ မကောင်းသောသတင်းလောဆိုသည်က သူတို့၏အနှစ်သာရအပေါ်မှာ မူတည်ခဲ့ပါသည်။ ၎င်းသည် ဝမ်းမြောက်ဖွယ်သတင်းမဟုတ်ဟု ဆိုနိုင်ပြီး လူတစ်ချို့အတွက်မှာမူ မကောင်းသောသတင်း ဖြစ်ပါသည်။ အကြောင်းမှာ ဘုရားသခင်က သူ၏အလုပ်သစ်ကို စတင်ခဲ့သောအခါတွင် ပညတ်များနှင့် စည်းမျဉ်းများကိုသာ လိုက်နာသောလူများ၊ အယူဝါဒများကိုသာ လိုက်နာပြီး ဘုရားသခင်ကို မကြောက်ရွံ့သောသူတို့သည် သူ၏အလုပ်အသစ်ကို ရှုတ်ချရန် ဘုရားသခင်၏ အလုပ်အဟောင်းကို အသုံးပြုကြသည်။ ဤလူတို့အတွက် ၎င်းသည် မကောင်းသောသတင်းပင်ဖြစ်သည်။ သို့သော်လည်း အပြစ်ကင်းစင်ပြီး ပွင့်လင်းသော လူတိုင်းအတွက်၊ ဘုရားသခင်အပေါ်တွင် ရိုးသားဖြူစင်ပြီး သူ၏ ရွေးနုတ်ခြင်းကို လက်ခံရရှိရန် ဆန္ဒရှိသောသူတို့အတွက် ဘုရားသခင်၏ ပထမဆုံး လူ့ဇာတိခံယူခြင်းက အလွန်ဝမ်းမြောက်ဖွယ် သတင်းဖြစ်သည်။ လူသားတို့ ရှိကတည်းက ဘုရားသခင်ပေါ်ထွန်းလာပြီး ဝိညာဉ်တော်မဟုတ်သော အသွင်နှင့် လူသားမျိုးနွယ်တို့ထဲတွင် အသက်ရှင်နေထိုင်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပါသည်။ လူသားတစ်ယောက်မှ မွေးဖွားပြီး လူသားအနေဖြင့် လူသားတို့ကြားထဲတွင် နေထိုင်ပြီး သူတို့၏အလယ်တွင် အလုပ်လုပ်ခဲ့သည်။ ဤ"ပထမဆုံးအကြိမ်" ဆိုသည်မှာ လူတို့၏ အယူအဆတို့ကို ချိုးဖျက်ခဲ့ပြီး စိတ်ကူးထင်မြင်ချက်များ အားလုံးထက် ကျော်လွန်ပါသည်။ ဖြည့်စွက်ပြောရလျှင် ဘုရားသခင်၏ နောက်လိုက်အားလုံးက လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးအမြတ်တို့ကို ရရှိခဲ့သည်။ ဘုရားသခင်သည် ခေတ်ဟောင်းကို အဆုံးသတ်ခဲ့ရုံမကဘဲ သူ၏ အလုပ်လုပ်နည်းတို့နှင့် လုပ်သောပုံစံ အဟောင်းတို့ကိုလည်း အဆုံးသတ်ခဲ့ပါသည်။ သူ၏ သတင်းစကား ပို့ဆောင်သူတို့အား သူ၏အလိုတော်ကို သယ်ဆောင်ရန် ခွင့်မပြုတော့ပါ။ တိမ်များထဲတွင်ပင် ပုန်းမနေတော့ပါ။ မိုးခြိမ်းသံတို့မှတစ်ဆင့် အထက်စီးမှ လူသားတို့ကို စကားပြောခြင်း သို့မဟုတ် ပေါ်ထွန်းလာခြင်း မရှိတော့ပါ။ ယခင်ကနှင့် မတူဘဲ လူသားတို့အတွက် နားလည်ရန် သို့မဟုတ် လက်ခံရန် ခက်ခဲသော၊ လူသားတို့ စဉ်းစား၍မရနိုင်လောက်သော နည်းလမ်းမှတစ်ဆင့် လူ့ဇာတိခံယူလာရင်း ထိုခေတ်၏ လုပ်ဆောင်မှုကို တည်ဆောက်ရန်အတွက် သူသည် လူသားဖြစ်လာခဲ့ပါသည်။ ဤအဆင့်က လူသားမျိုးနွယ်ကို အံ့သြသွားစေခဲ့သည်။ သူတို့အတွက် အလွန်အမင်း အဆင်မပြေမှုလည်း ဖြစ်ခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က သူယခင်က တစ်ခါမျှ မလုပ်ဖူးသော အလုပ်အသစ်တစ်ခုကို နောက်တစ်ကြိမ် စတင်ခဲ့သောအတွက်ကြောင့်ဖြစ်သည်။ ယနေ့ခေတ်သစ်တွင် ဘုရားသခင်က မည်ကဲ့သို့သော အလုပ်သစ်တို့ကို ပြီးမြောက်ခဲ့သနည်းဆိုသည်ကို ငါတို့ ကြည့်ရှုမှာဖြစ်ပြီး ဤအလုပ်သစ်တို့အားလုံးထဲ၌ ဘုရားသခင်၏ စိတ်သဘောထားက အဘယ်နည်း၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ငါတို့နားလည်နိုင်သလော ဆိုသည်ကို ကြည့်ကြမည်။

အောက်ပါစကားလုံးများသည် သမ္မာကျမ်းစာ၏ ဓမ္မသစ်ကျမ်းထဲ၌ မှတ်တမ်းတင်ထားသော စကားလုံးတို့ဖြစ်သည်။

၁။ ရှင်မဿဲ ၁၂:၁ ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။

၂။ ရှင်မဿဲ ၁၂:၆-၈ ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။

ဤစာပိုဒ်ကို အရင်ကြည့်ကြမည်။ "ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။"

ဤစာပိုဒ်ကို ဘာကြောင့် ငါတို့ရွေးချယ်ခဲ့သနည်း။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ၎င်းက မည်သို့သောဆက်စပ်မှုရှိသနည်း။ ဤစာပိုဒ်တွင် ငါတို့သိသော ပထမဆုံးအရာက ထိုနေ့သည် ဥပုသ်နေ့ဖြစ်သည်ဆိုသော်လည်း သခင်ယေရှုက အပြင်ကိုထွက်၍ ပြောင်းဖူးကွင်းကို ဖြတ်ပြီး သူ၏ တပည့်တော်တို့ကို ခေါ်ဆောင်ခဲ့သည်။ ပို၍ "ဆိုးရွားသည်က" သူတို့သည် "စပါးအသီးအနှံကို ဆွတ်၍စားကြ၏" ဆိုသည်ပင်ဖြစ်သည်။ ပညတ်တော်ခေတ်တွင် ယေဟောဝါဘုရားသခင်၏ ပညတ်တော်တို့အရ လူတို့က ခပ်ပေါ့ပေါ့နှင့် အပြင်ထွက်၍မရသော၊ သို့မဟုတ် ဥပုသ်နေ့ လှုပ်ရှားမှုတို့တွင် ပါဝင်ခြင်းတို့ မလုပ်ရ။ ဥပုသ်နေ့တွင် လုပ်ဆောင်၍မရသော အရာများစွာရှိသည်။ သခင်ယေရှု၏ ဤအပြုအမူသည် ပညတ်တော်အောက်တွင် ကြာမြင့်စွာနေခဲ့သောသူတို့အတွက် ခေါင်းရှုပ်စေသည်။ ဝေဖန်မှုတို့ကိုပင် လှုံ့ဆော်ခဲ့သည်။ သူတို့၏ စိတ်ရှုပ်ထွေးမှုနှင့် သခင်ယေရှုလုပ်ဆောင်ခဲ့သည်နှင့်ပတ်သက်ပြီး သူတို့ပြောခဲ့သောပုံစံတို့ကိုမူ ယခုလောလောဆယ် ခေတ္တခဏထားထားပြီး သခင်ယေရှုက နေ့များအားလုံးထဲတွင် ဘာကြောင့် ဥပုသ်နေ့၌ ၎င်းကိုလုပ်ရန် ရွေးချယ်ခဲ့သနည်း၊ ဤအပြုအမူမှတစ်ဆင့် ပညတ်တော်အောက်တွင် နေထိုင်နေသော လူတို့အား သူမည်သည်ကို ဆွေးနွေးပြောဆိုလိုသနည်း ဆိုသည်ကို အရင် ဆွေးနွေးကြမည်။ ၎င်းသည် ဤစာပိုဒ်နှင့် ဘုရားသခင်၏ စိတ်သဘောထားကြား၌ရှိသည့် ငါပြောလိုသော ဆက်စပ်မှုဖြစ်သည်။

သခင်ယေရှု ကြွလာသောအခါတွင် လူတို့ကို ဆက်သွယ်ပြောဆိုရန် သူ၏လက်တွေ့လှုပ်ရှားမှုတို့ကို အသုံးပြုခဲ့သည်။ ဘုရားသခင်က ပညတ်တော်ခေတ်ကို စွန့်ခွာခဲ့ပြီး အလုပ်အသစ်ကို စတင်ခဲ့သည်။ ဒီအလုပ်အသစ်က ဥပုသ်နေ့ကို စောင့်ထိန်းရန် မလိုအပ်ပေ။ ဘုရားသခင်က ဥပုသ်နေ့၏ အကန့်အသတ်တို့မှ ထွက်လာသောအခါတွင် ၎င်းသည် သူ၏လုပ်ဆောင်မှုအသစ်၏ နမူနာတစ်ခုသာဖြစ်ပါသည်။ သူ၏ အမှန်တကယ်ကြီးမြတ်သော လုပ်ဆောင်မှုသည် ဆက်လက်လှုပ်ရှားနေပါသည်။ သခင်ယေရှုက သူ၏အလုပ်ကို စတင်လုပ်ဆောင်သောအခါတွင် သူသည် ပညတ်တော်ခေတ်၏ အချုပ်အနှောင်တို့ကို နောက်ချန်ထားခဲ့ပြီး ထိုခေတ်၏ စည်းမျဉ်းစည်းကမ်းတို့ကို ချိုးဖျက်ခဲ့ပြီးပြီဖြစ်သည်။ သူ့ထံ၌ ပညတ်တော်နှင့် ပတ်သက်သောအရာတို့၏ အရိပ်လက္ခဏာတစ်ခုမျှ မရှိပေ။ သူသည် ၎င်းကို လုံးဝလွှင့်ပစ်ခဲ့ပြီး စောင့်ထိန်းခြင်း မရှိတော့ပေ။ လူသားမျိုးနွယ်ကိုလည်း ၎င်းကိုစောင့်ထိန်းခိုင်းရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ဤနေရာတွင် သခင်ယေရှုသည် ဥပုသ်နေ့တွင်ပင် ပြောင်းဖူးကွင်းကို ဖြတ်သန်းသွားသည်ကို သင်တွေ့ရပါသည်။ သခင်က အနားယူခြင်းမရှိဘဲ အပြင်၌ အလုပ်လုပ်နေပါသည်။ သူ၏ ဤအပြုအမူသည် လူတို့၏ အယူအဆတို့အပေါ် အံ့အားသင့်သွားစေခဲ့ပြီး သူသည် ပညတ်တော်အောက်တွင် မနေတော့ပေ၊ ဥပုသ်နေ့၏ အကန့်အသတ်တို့ကို သူထားခဲ့ပြီး လူသားမျိုးနွယ်ရှေ့တွင်၊ ပုံစံအသစ်နှင့် သူတို့၏ကြားထဲတွင် လုပ်ဆောင်နည်းအသစ်တစ်ခုနှင့် ပေါ်လာသည်။ သူ၏ ဤအပြုအမူသည် ပညတ်တော်မှ ထွက်ခွာခြင်းနှင့် ဥပုသ်မှ ထွက်ခွာခြင်းနှင့်စတင်သော သူ၏ လုပ်ဆောင်မှုအသစ်နှင့် သူယူဆောင်လာခဲ့သော လူတို့ကို ပြောပြပါသည်။ ဘုရားသခင်က သူ၏လုပ်ဆောင်မှုအသစ်ကို လုပ်သောအခါတွင် သူသည် အတိတ်ကို ဖက်တွယ်မနေတော့ပေ။ တဖန် သူသည် ပညတ်တော်ခေတ်၏ စည်းမျဉ်းစည်းကမ်းတို့နှင့် ပတ်သက်ပြီး အလေးထားခြင်း မရှိတော့ပေ။ အရင်ခေတ်ကာလက သူ၏လုပ်ဆောင်ချက်တို့၏ သက်ရောက်မှုတို့လည်း သူ့တွင် မရှိတော့ဘဲ ဥပုသ်နေ့၌ ပုံမှန်အတိုင်းသာ အလုပ်လုပ်ပြီး သူ၏ တပည့်တော်တို့က ဆာလောင်သောအခါတွင် ပြောင်းဖူးသီးနှံတို့ကို စားရန် သူတို့ ခူးဆွတ်နိုင်ကြပါသည်။ ၎င်းတို့အားလုံးက ဘုရားသခင်၏ အမြင်တွင် အမှန်တကယ်သာမန်ပင်ဖြစ်သည်။ ဘုရားသခင်က သူလုပ်လိုသော အလုပ်များစွာအတွက်၊ သူပြောလိုသည်တို့အတွက် အသစ်စတင်နိုင်ပါသည်။ အသစ်စတင်မှုတစ်ခုကို သူလုပ်လိုက်သည်နှင့် သူ၏အရင်အလုပ်ကို မပြောသကဲ့သို့ ဆက်၍လည်းမလုပ်တော့ပေ။ ဘုရားသခင်သည် သူ့အလုပ်တွင် စည်းမျဉ်းတို့ရှိသောကြောင့်ဖြစ်သည်။ အလုပ်အသစ်ကို သူစတင်လိုသောအချိန်သည် သူ့အလုပ်၏ အဆင့်အသစ်တစ်ခုဆီသို့ လူသားမျိုးနွယ်ကို ခေါ်ဆောင်လိုသောအချိန်ပင်ဖြစ်ပြီး သူ့အလုပ်သည် ပိုမိုမြင့်မားသောအဆင့်တစ်ခုကို ဝင်ရောက်သောအချိန်လည်း ဖြစ်ပါသည်။ လူတို့က ဆိုရိုးများ၊ သို့မဟုတ် စည်းမျဉ်းများအတိုင်း ဆက်လက်ပြုမူလျှင်၊ သို့မဟုတ် ဤအရာတို့ကို ဆက်လက်၍ စွဲကိုင်ထားလျှင် သူသည် ၎င်းကို မှတ်မိခြင်း သို့မဟုတ် ချီးမွမ်းခြင်းရှိမည် မဟုတ်ပေ။ အကြောင်းမှာ သူက အလုပ်အသစ်ကို ယူဆောင်လာပြီးဖြစ်ပြီး သူ့အလုပ်၏ အဆင့်အသစ်တစ်ခုဆီသို့ ဝင်ရောက်ပြီးဖြစ်သောကြောင့်ဖြစ်သည်။ အလုပ်အသစ်ကို သူစတင်သောအခါတွင် သူ၏စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၏ မတူညီသော အချက်အလက်တို့ကို လူတို့သိနိုင်ရန်အတွက် ပြီးပြည့်စုံသော ပုံရိပ်အသစ်တစ်ခုနှင့် ရှုထောင့်အသစ်တစ်ခုအနေနှင့် လူသားမျိုးနွယ်ဆီသို့ သူပေါ်ထွန်းလာပါသည်။ ၎င်းသည် သူ၏အလုပ်အသစ်၌ရှိသော သူ၏ပန်းတိုင်တို့ထဲမှ တစ်ခုဖြစ်ပါသည်။ ဘုရားသခင်က ယခင်ကအရာတို့ကို ကိုင်စွဲမထားပေ၊ သို့မဟုတ် အသားကျပြီးသား လမ်းကြောင်းကို မလျှောက်ပေ။ သူအလုပ်လုပ်ပြီး စကားပြောသောအခါတွင် လူတို့ထင်သကဲ့သို့ ပိတ်ပင်တားမြစ်ခြင်း မရှိပေ။ ဘုရားသခင်ထံတွင် အားလုံးက လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းသည်။ ပိတ်ပင်တားမြစ်ခြင်း၊ ကန့်သတ်ခြင်းတို့ မရှိပေ။ လူသားမျိုးနွယ်ဆီသို့ သူယူဆောင်လာသောအရာအားလုံးက လွတ်လပ်ခြင်းနှင့် အချုပ်အချယ်ကင်းခြင်းတို့ဖြစ်ပါသည်။ သူသည် အသက်ရှင်သော ဘုရားသခင်၊ အမှန်တကယ် စစ်မှန်စွာ တည်ရှိသော ဘုရားသခင်ဖြစ်သည်။ သူသည် ရုပ်သေးရုပ်တစ်ရုပ် သို့မဟုတ် ရွှံ့စေးရုပ်တုတစ်ရုပ် မဟုတ်ပေ။ လူတို့ အမြတ်တနိုးထားပြီး ကိုးကွယ်သော ရုပ်တုတို့နှင့် လုံးဝ ကွဲပြားပါသည်။ သူသည် အသက်ရှင်ပြီး အားမာန်အပြည့်ရှိသည်။ လူသားတို့ဆီကို သူ၏နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်မှုတို့က သယ်ဆောင်လာသမျှအားလုံးသည် အသက်နှင့် အလင်း၊ လွတ်လပ်ခြင်းနှင့် အချုပ်အချယ်ကင်းခြင်းတို့ဖြစ်သည်။ သူသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ကိုင်ဆောင်ထားသည့်အတွက် သူ၏ မည်သည့်အလုပ်၏ ကန့်သတ်ခြင်းကိုမျှ မခံရပေ။ လူတို့က မည်သို့ပင်ပြောပါစေ၊ သူတို့က မည်ကဲ့သို့ပင် မြင်ပါစေ၊ သို့မဟုတ် သူ၏အလုပ်အသစ်ကို မည်ကဲ့သို့ အကဲဖြတ်ပါစေ၊ သံသယ မရှိဘဲ သူ၏အလုပ်ကို လုပ်ဆောင်ပါလိမ့်မည်။ မည်သူတစ်ဦးတစ်ယောက်၏ အယူအဆများ၊ သူ့အလုပ်နှင့် နှုတ်ကပတ်တော်တို့ကို လက်ညှိုးထိုးဝေဖန်ခြင်းများ၊ သို့မဟုတ် သူ၏အလုပ်အသစ်အပေါ် သူတို့၏ ပြင်းထန်သော ဆန့်ကျင် ခုခံခြင်းတို့နှင့်ပတ်သက်၍ပင် သူစိုးရိမ်ပူပန်မှာမဟုတ်ပေ။ ဘုရားသခင်လုပ်ဆောင်သောအရာကို တိုင်းတာရန် သို့မဟုတ် အဓိပ္ပာယ်ဖွင့်ရန်၊ သူ့အလုပ်ကို ချိုးနှိမ်ရန် သို့မဟုတ် နှောင့်ယှက်ရန် သို့မဟုတ် တမင်ဖျက်ဆီးရန် ဖန်ဆင်းခံအားလုံးထဲတွင် ဘယ်သူကမျှ လူသား၏ ကျိုးကြောင်းဆင်ခြင်မှု သို့မဟုတ် လူသား၏ စိတ်ကူးတွေးတောမှု၊ အသိပညာ သို့မဟုတ် ကိုယ်ကျင့်တရားကို အသုံးမပြုနိုင်ချေ။ သူ၏အလုပ်နှင့် သူလုပ်သောအရာတို့တွင် ပိတ်ပင်တားမြစ်ထားခြင်းတို့ မရှိပေ။ မည်သည့်လူ၊ အကြောင်းအရာ သို့မဟုတ် အရာဝတ္ထု၏ ကန့်သတ်ခြင်းမျှ ရှိမှာမဟုတ်ပေ။ မည်သို့သော ရန်လိုသောအင်အားစု၏ နှောင့်ယှက်ခြင်းကိုမှ ခံရမှာမဟုတ်ပေ။ သူ၏အလုပ်အသစ်တွင် သူသည် အမြဲတမ်း အောင်နိုင်မှုကို ရရှိနေသော ဘုရင်တစ်ပါးဖြစ်ပြီး လူသားမျိုးနွယ်ဆီမှ ရန်လိုသောအင်အားစုများ၊ မိစ္ဆာဒိဋ္ဌိနှင့် အယူလွဲမှားမှုများ အားလုံးသည် သူ၏ ခြေတင်ခုံအောက်တွင် နင်းချေခြင်းကို ခံကြရသည်။ သူ့အလုပ်၏ မည်သည့်အဆင့်အသစ်ကို သူလုပ်ဆောင်နေသည်ဖြစ်စေ ၎င်းအလုပ်ကို လူသားတို့၏အလယ်တွင် တည်ဆောက်ပြီး ချဲ့ထွင်ရမှာဖြစ်ပြီး သူ၏ ကြီးမားသောအလုပ် ပြီးဆုံးသည်အထိ စကြဝဠာတစ်ခုလုံးတွင် အတားအဆီးမရှိ လုပ်ဆောင်ရမှာဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာဖြစ်သည်။ သူ၏ အာဏာနှင့် တန်ခိုးဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုသည် ဥပုသ်နေ့တွင် အပြင်ကို ပွင့်လင်းစွာ သွားလာနိုင်ပြီး အလုပ်လုပ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော်သူ့နှလုံးသားထဲတွင် စည်းမျဉ်းတို့မရှိ။ လူသားမျိုးနွယ်မှ ဖြစ်ပေါ်လာသော အသိပညာ သို့မဟုတ် အယူဝါဒတို့ မရှိပေ။ သူရှိသောအရာက ဘုရားသခင်၏ လုပ်ဆောင်မှုအသစ်နှင့် သူ၏လမ်းခရီးပင်ဖြစ်သည်။ သူ၏အလုပ်က လူသားမျိုးနွယ်ကို လွတ်မြောက်စေရန်၊ သူတို့ကို လွှတ်ပေးရန်၊ သူတို့ကို အလင်း၌ ဖြစ်တည်ခွင့်ပေးရန်၊ သူတို့ကို အသက်ရှင်ခွင့်ပေးရန် နည်းလမ်းဖြစ်သည်။ ရုပ်တုများ သို့မဟုတ် မှားယွင်းသော ဘုရားများကို ကိုးကွယ်သောသူတို့သည် စာတန်၏ချည်နှောင်ခြင်းကိုခံရရင်း၊ စည်းမျဉ်းနှင့် ဘာသာရေးယဉ်ကျေးမှုဆိုင်ရာ တားမြစ်ချက်ပေါင်းစုံ၏ ကန့်သတ်ချက်တို့နှင့် နေ့စဉ် အသက်ရှင်နေထိုင်ရသည်။ ယနေ့၌ တစ်ခုကို ပိတ်ပင်တားမြစ်ပြီး နောက်တစ်နေ့၌ နောက်တစ်ခုကို ပိတ်ပင်တားမြစ်သည်။ သူတို့ဘဝတွင် လွတ်လပ်ခြင်းမရှိချေ။ သူတို့သည် ဝမ်းမြောက်စရာအကြောင်း ပြောစရာမရှိသော အချုပ်အနှောင်တို့နှင့် အကျဉ်းသားတို့လိုပင်ဖြစ်သည်။ "ပိတ်ပင်တားမြစ်ခြင်း" ဆိုသည်မှာ မည်သည်ကို ကိုယ်စားပြုသနည်း။ အကန့်အသတ်များ၊ ချည်နှောင်မှုများနှင့် ဆိုးယုတ်ခြင်းများကို ကိုယ်စားပြုသည်။ လူတစ်ယောက်က ရုပ်တုတစ်ခုကို ကိုးကွယ်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့သည် မှားယွင်းသော ဘုရားကို ကိုးကွယ်နေခြင်းဖြစ်သည်။ ဆိုးယုတ်သော နတ်ဆိုးကို ကိုးကွယ်နေခြင်း ဖြစ်သည်။ ပိတ်ပင်တားမြစ်ခြင်းတွင် ၎င်းတို့ပါလာပါသည်။ သင်က ဤအရာ၊ ထိုအရာကိုမစားရ။ ယနေ့ သင်အပြင်ထွက်၍မရ။ မနက်ဖြန် မီးဖိုကို ဖွင့်၍မရ။ နောက်တစ်နေ့တွင် သင် အိမ်အသစ်ကို ပြောင်း၍မရ။ မင်္ဂလာဆောင်တို့၊ အသုဘ အခမ်းအနားတို့နှင့် ကလေးမွေးခြင်းတို့အတွက်ပင် သတ်မှတ်ထားသော ရက်တို့ကို ရွေးချယ်ရသည်။ ၎င်းကို မည်သို့ခေါ်သနည်း။ ပိတ်ပင်တားမြစ်ခြင်းဟု ခေါ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏ ကျွန်ခံရခြင်းပင်ဖြစ်သည်။ စာတန်၏ အချုပ်အနှောင်ဖြစ်ပြီး ဆိုးယုတ်သော နတ်ဆိုးတို့က သူတို့ကို ထိန်းချုပ်နေပြီး သူတို့၏နှလုံးသားနှင့် ကိုယ်ခန္ဓာကို ကန့်သတ်နေခြင်းဖြစ်ပါသည်။ ဤပိတ်ပင်တားမြစ်ခြင်းတို့က ဘုရားသခင်တွင် တည်ရှိသလော။ ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်ခြင်းကို ပြောသောအခါတွင် သင်သည် ဤအရာကို အရင်ဆုံးစဉ်းစားသင့်သည်။ ဘုရားသခင်နှင့်ဆိုလျှင် ပိတ်ပင်တားမြစ်ခြင်းတို့ မရှိပေ။ သူ၏နှုတ်ကပတ်တော်တို့နှင့် အလုပ်တွင် စည်းမျဉ်းစည်းကမ်းတို့ ရှိသည်။ သို့သော်လည်း ပိတ်ပင်တားမြစ်ခြင်းတို့ မရှိပေ။ အကြောင်းမှာ ဘုရားသခင်ကိုယ်တော်တိုင်က သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်သောကြောင့်ပင်။

ယခု ဤစာပိုဒ်ကို ကြည့်ကြရအောင်။ "ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။" (ရှင်မဿဲ ၁၂:၆-၈) ဒီနေရာတွင် "ဗိမာန်တော်" ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ရိုးရိုးရှင်းရှင်းပြောရလျှင် "ဗိမာန်တော်" ဆိုသည်မှာ ကြီးကျယ်ခမ်းနားသော မြင့်မားသော အဆောက်အဦးကို ဆိုလိုပြီး ပညတ်တော်ခေတ်တွင် ဗိမာန်တော်သည် ပုရောဟိတ်တို့အတွက် ဘုရားသခင်ကို ကိုးကွယ်ရန် နေရာတစ်ခုဖြစ်ပါသည်။ သခင်ယေရှုက "ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။" လို့ပြောသောအခါတွင် "အရာ" ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ရှင်းပါသည်။ "အရာ"ဆိုသည်မှာ ဇာတိခန္ဓာထဲမှ သခင်ယေရှုပင်ဖြစ်သည်။ ဘာကြောင့်လဲဟု ဆိုရလျှင် သူသာလျှင် ဗိမာန်တော်ထက် ကြီးမြတ်သူဖြစ်သောကြောင့်ဖြစ်သည်။ ဤစကားလုံးတို့က လူတို့ကို မည်သို့ပြောပြနေသနည်း။ ဗိမာန်တော်ထဲမှ ထွက်ရန် လူတို့ကို ပြောနေပါသည်။ ဘုရားသခင်က ထွက်နှင့်ပြီးဖြစ်ပြီး ထိုအထဲတွင် အလုပ်မလုပ်တော့ပေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ ခြေလှမ်းတို့ကို ဗိမာန်တော်၏အပြင်ဖက်တွင် ရှာဖွေပြီး သူ၏အလုပ်အသစ်တွင် သူ၏ခြေလှမ်းတို့နောက်ကို လိုက်သင့်ပါသည်။ သခင်ယေရှုက ၎င်းကိုပြောပြသော နောက်ခံအကြောင်းက ပညတ်တော်အောက်တွင် လူတို့က ဗိမာန်တော်ကို ဘုရားသခင်ကိုယ်တော်တိုင်ထက် ကြီးမြတ်နေသကဲ့သို့ မြင်လာခဲ့ကြ၍ပင်ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းထက် ဗိမာန်တော်ကို ကိုးကွယ်နေကြသည်။ ထို့ကြောင့် သခင်ယေရှုက ဘုရားသခင်သည် သာလွန်ကြီးမြတ်သောအတွက်ကြောင့် ရုပ်တုတို့ကို မကိုးကွယ်ဘဲ ဘုရားသခင်ကို ကိုးကွယ်ရန် သတိပေးခဲ့သည်။ ထို့ကြောင့် "ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏" ဟု သူပြောခဲ့သည်။ ၎င်းသည် သခင်ယေရှု၏အမြင်၌ ပညတ်တော်အောက်တွင်ရှိသော လူအများစုသည် ယေဟောဝါ ဘုရားသခင်ကို မကိုးကွယ်တော့ဘဲ ယဇ်ပူဇော်ခြင်းလမ်းစဉ်ကို လိုက်နေသည်ဆိုသည်ကို ထင်ရှားမြင်သာပြီး သခင်ယေရှုက ဤလမ်းစဉ်သည် ရုပ်တုကိုးကွယ်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ ဤရုပ်တုကိုးကွယ်သူတို့သည် ဗိမာန်တော်ကို ဘုရားသခင်ထက် ပိုပြီးကြီးမြတ်သော၊ ပိုပြီးမြင့်သော အရာတစ်ခုအဖြစ် မြင်ခဲ့ကြသည်။ သူတို့နှလုံးသားတွင် ဗိမာန်တော်သာ ရှိသည်။ ဘုရားသခင်မရှိချေ။ ဗိမာန်တော်ကို သူတို့ ဆုံးရှုံးသွားလျှင်၊ သူတို့ ကျိန်းဝပ်ရာအရပ်ကို ဆုံးရှုံးသွားသကဲ့သို့ပင်။ ဗိမာန်တော်မရှိလျှင် သူတို့ ကိုးကွယ်ရန်နေရာမရှိချေ။ သူတို့၏ ယဇ်ပူဇော်ခြင်းတို့ကို မလုပ်ဆောင်နိုင်တော့ချေ။ သူတို့၏ ကျိန်းဝပ်ရာအရပ်ဆိုသောနေရာက ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်ခြင်းဆိုသော နဖူးစည်းစာတန်းအောက်ဝယ် သူတို့လှုပ်ရှားသောနေရာဖြစ်ပြီး သူတို့ကို ဗိမာန်တော်တွင် နေခွင့်ပေးပြီး သူတို့၏ ကိုယ်ပိုင်အရေးကိစ္စတို့ကို လုပ်ဆောင်ခွင့်ပေးသည်။ သူတို့၏ ယဇ်ပူဇော်ပသခြင်းဆိုသောအရာက ဗိမာန်တော်မှာ သူတို့၏ အစေခံခြင်းကို လုပ်ဆောင်ခြင်းဆိုသော အသွင်ပုံစံအောက်တွင် သူတို့၏ကိုယ်ပိုင် ရှက်စရာကောင်းသော အတွင်းရေးကိစ္စတို့ကို ဆောင်ရွက်ရန်သက်သက်ပင် ဖြစ်ပါသည်။ ၎င်းသည် ဗိမာန်တော်ကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု ယင်းအချိန်တုန်းက လူတို့မြင်ရသော အကြောင်းရင်းပင်ဖြစ်ပါသည်။ သူတို့က ဗိမာန်တော်ကို အကာအကွယ်အနေနှင့် အသုံးပြုပြီး လူတို့ကို လိမ်ညာရန်နှင့် ဘုရားသခင်ကို လိမ်ညာရန်အတွက် အသွင်ပုံစံတစ်ခုအနေနှင့် ယဇ်ပူဇော်ခဲ့ကြသောအတွက်ကြောင့် သခင်ယေရှုက လူတို့ကို သတိပေးရန်အတွက် ဤစကားကို ပြောခဲ့သည်။ သင်တို့သည် ဤစကားလုံးတို့ကို လက်ရှိအချိန်အထိ အသုံးချလျှင် ၎င်းတို့သည် တန်းတူ ကိုက်ညီမှုရှိပြီး တန်းတူ အသုံးပြု၍ ရဆဲပင်ဖြစ်သည်။ ယနေ့လူတို့သည် ပညတ်တော်ခေတ်က လူတို့ ကြုံတွေ့ရခြင်းနှင့်မတူသော ဘုရားသခင်၏ လုပ်ဆောင်မှုကို ကြုံတွေ့ရသော်လည်း ယင်းတို့၏ သဘောတရား အနှစ်သာရက အတူတူပင်ဖြစ်သည်။ ယနေ့ အလုပ်၏ အကြောင်းအရာမှာ လူတို့က "ဗိမာန်တော်သည် ဘုရားသခင်ထက် ကြီးမြတ်သည်" ဆိုသည့်အဖြစ်မျိုး အတူတူပင် လုပ်နေကြဦးမှာပင်ဖြစ်သည်။ ဥပမာ လူတို့ သူတို့၏တာဝန်ကို ထမ်းဆောင်ခြင်းကို သူတို့၏အလုပ်ဟု မြင်ကြသည်။ သူတို့သည် ဘုရားသခင်ကို သက်သေခံခြင်းနှင့် အဆင်းနီသောနဂါးကြီးကို တိုက်ခိုက်ခြင်းကို ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် လူ့အခွင့်အရေးကို ခုခံကာကွယ်သော နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုအနေနှင့် မြင်ကြသည်။ အလုပ်တို့တွင် သူတို့၏ ကျွမ်းကျင်မှုတို့ကို အသုံးချရန်အတွက် သူတို့၏တာဝန်ကို စွန့်ကြသည်။ သို့သော်ငြားလည်း ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို စောင့်ထိန်းရမည့်ဘာသာရေးအယူဝါဒ တစ်ခုသာသာ စသဖြင့် ဆက်ဆံကြသည်။ လူသားတို့၏ အပိုင်းမှာ ဒီဖော်ပြချက်တို့က "ဗိမာန်တော်က ဘုရားသခင်ထက် ကြီးမြတ်သည်" ဆိုသည်နှင့် တော်တော်တူမနေဘူးလော။ ထို လွန်ခဲ့သော နှစ်နှစ်ထောင်ကာလတွင် လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဗိမာန်တော်တွင် သူတို့၏ကိုယ်ပိုင် လုပ်ငန်းတို့ကို လုပ်ဆောင်နေကြသည်။ သို့သော်လည်း ယနေ့ လူတို့သည် သူတို့၏ ကိုယ်ပိုင်လုပ်ငန်းတို့ကို အကောင်အထည်ပြ၍မရသော ဗိမာန်တော်တို့တွင် လုပ်ဆောင်ကြသည်။ စည်းမျဉ်းများကို တန်ဖိုးထားသော ဤလူတို့သည် စည်းမျဉ်းများကို ဘုရားသခင်ထက် ပိုကြီးမြတ်သည်ဟု မြင်ကြသည်။ အဆင့်အတန်းကို ချစ်ကြသော လူတို့သည် အဆင့်အတန်းကို ဘုရားသခင်ထက် ကြီးမြတ်တယ်သည်ဟု မြင်ကြသည်။ အလုပ်ကို ချစ်ကြသောလူတို့သည် အလုပ်ကို ဘုရားသခင်ထက် ပိုကြီးမြတ်သည်ဟု မြင်ကြသည် စသဖြင့်ဖြစ်သည်။ သူတို့၏ ဖော်ပြချက်အားလုံးက ငါ့ကို ဤကဲ့သို့ပြောစေသည်။ "လူတို့က သူတို့၏စကားလုံးတို့မှတစ်ဆင့် ဘုရားသခင်ကို အကြီးမြတ်ဆုံးအဖြစ် ချီးမွမ်းကြသည်။ သို့သော်လည်း သူတို့၏မျက်လုံးမှားမှာဆိုလျှင် အရာရာတိုင်းက ဘုရားသခင်ထက် ပိုပြီး ကြီးမြတ်နေသည်။" ဤအရာသည် လူတို့က သူတို့၏ ကိုယ်ပိုင် အရည်အချင်းတို့ကို ပြသရန်၊ သို့မဟုတ် သူတို့၏ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် သူတို့၏ အသက်မွေးဝမ်းကျောင်းအလုပ်တို့ကို လုပ်ဆောင်ရန်၊ ဘုရားသခင်နောက်ကိုလိုက်သော သူတို့၏လမ်းကြောင်းတစ်လျှောက်မှာ အခွင့်အရေးကို တွေ့သည်နှင့် တစ်ပြိုင်နက် သူတို့ကိုယ်သူတို့ ဘုရားသခင်ဆီမှ ဝေးကွာစေပြီး သူတို့ချစ်သော အသက်မွေးဝမ်းကျောင်းအလုပ်တို့ထဲတွင် နှစ်မြှုပ်လိုက်ကြသောကြောင့်ဖြစ်ပါသည်။ ဘုရားသခင်က သူတို့အပေါ် တာဝန်ပေးစေခိုင်းထားသောအရာနှင့် သူ့အလိုတော်အတွက်မှာမူ၊ ဤအရာတို့က စွန့်ပစ်ခံထားရသည်မှာ ကြာပါပြီ။ ဤနေရာမှာ ဤလူတို့နှင့် လွန်ခဲ့သော နှစ်နှစ်ထောင်တုန်းက ဗိမာန်တော်၌ သူတို့၏ ကိုယ်ပိုင်လုပ်ငန်းတို့ကို လုပ်ဆောင်ကြသောသူတို့နှင့် ဘာကွာသနည်း။

နောက်တစ်ခု၊ ကျမ်းစာ၏ ဤအပိုင်းမှာရှိသော နောက်ဆုံးစာကြောင်းကို ကြည့်ကြစို့။ "လူသားသည် ဥပုသ်နေ့ကို အစိုးရသည်။" ဤစာကြောင်းမှာ လက်တွေ့ကျသောအရာ ရှိသလော။ ဤစာကြောင်း၏ လက်တွေ့ကျသောအရာကို သင်တို့ မြင်နိုင်သလော။ ဘုရားသခင်ပြောသော အရာတစ်ခုချင်းစီတိုင်းက သူ့နှလုံးသားအတွင်းက လာသည်။ ဤသို့ဆိုလျှင် သူဤအရာကို ဘာကြောင့်ပြောသနည်း။ သင်တို့ ဤအရာကို မည်ကဲ့သို့နားလည်သနည်း။ ယခု ဤစာကြောင်း၏ အဓိပ္ပာယ်ကို သင်တို့နားလည်ကောင်း နားလည်နိုင်သည်။ သို့သော်လည်း ယင်းအချိန်မှာတုန်းက နားလည်သောသူ များပြားစွာမရှိပေ။ အကြောင်းမှာ လူသားမျိုးနွယ်က ပညတ်တော်ခေတ်မှ ထွက်ခါစပင် ရှိသေးသောကြောင့်ဖြစ်သည်။ သူတို့အတွက်က ဥပုသ်မှ ထွက်လာခြင်းက လုပ်ဆောင်ရန် အလွန်ခက်ခဲသောအရာဖြစ်သည်။ စစ်မှန်သော ဥပုသ်ဆိုသည်ကို နားလည်ရန်ဆိုသည်မှာဖြင့် ပြောစရာစကားမရှိတော့ပေ။

"လူသားသည် ဥပုသ်နေ့ကို အစိုးရသည်" ဆိုသော စာကြောင်းက ဘုရားသခင်၏ အရာအားလုံးက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မဟုတ်ဆိုသည်ကို လူတို့ကို ပြောပြပါသည်။ သင်၏ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်တို့အားလုံးကို ဘုရားသခင်က ထောက်ပံ့ပေးနိုင်သော်လည်း သင်၏ ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်တို့ ပြည့်ပြီဆိုသည်နှင့် ဤအရာတို့ဆီမှလာသော ကျေနပ်ခြင်းက သင်၏ သမ္မာတရားအတွက် ကြိုးပမ်းအားထုတ်ခြင်းကို အစားထိုးနိုင်သလော။ ဤသည်မှာ မဖြစ်နိုင်ဟုဆိုသည်မှာ ရှင်းပါသည်။ ငါတို့ မိဿဟာယဖွဲ့ခဲ့သော ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ နှစ်ခုလုံးက သမ္မာတရားဖြစ်သည်။ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းတို့၏ မြင့်မားသော ဈေးနှုန်းတို့နှင့် တိုင်းတာ၍မရသကဲ့သို့ ငွေနှင့် အဖိုးဖြတ်၍လည်း မရပေ။ အကြောင်းမှာ ၎င်းသည် ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းမဟုတ်သောကြောင့်ဖြစ်ပြီး လူတစ်ယောက်စီတိုင်း၏ နှလုံးသားလိုအပ်ချက်ကို ပံ့ပိုးပေးခြင်းကြောင့်ဖြစ်သည်။ လူတိုင်းအတွက် ဤလက်ဆုပ်လက်ကိုင်ပြ၍မရသော သမ္မာတရားတို့၏ တန်ဖိုးသည် သင်က ကောင်းသည်ဟုထင်သော ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုမှန်သမျှတို့ထက် ပိုပြီး ကြီးမြတ်သင့်သည် မဟုတ်လော။ ဤဖော်ပြချက်က သင်တို့ အပြန်ပြန်စဉ်းစားသင့်သောအရာတစ်ခုပင်ဖြစ်သည်။ ငါပြောသွားသောအရာ၏ အဓိကအချက်က ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် ဘုရားသခင်၏ အရာရာတိုင်းသည် လူတစ်ယောက်ချင်းစီတိုင်းအတွက် အရေးကြီးဆုံးဖြစ်ပြီး မည်သည့်ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုနှင့်မျှ အစားထိုး၍မရနိုင်ဟု ဆိုခြင်းပင်ဖြစ်သည်။ ငါသင့်ကို ဥပမာတစ်ခုပေးမည်။ သင်ဆာလောင်သောအခါတွင် အစားအစာ လိုအပ်သည်။ ဤအစားအစာက ကောင်းချင်ကောင်းမည်၊ သို့မဟုတ် ညံ့ချင်ညံ့မည်၊။ သို့သော်လည်း သင်ဗိုက်ဖြည့်၍ ရသရွေ့ ဤဆာလောင်သည့် မကောင်းသောခံစားချက်က ရှိမှာမဟုတ်တော့ပေ။ ပျောက်သွားလိမ့်မည်။ သင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ထိုင်နေနိုင်သည်။ သင်၏ ကိုယ်ခန္ဓာသည် အနားရလိမ့်မည်။ လူတို့၏ ဆာလောင်မှုကို အစားအစာနှင့် ဖြေရှင်းနိုင်သည်။ သို့သော်လည်း သင်က ဘုရားသခင်နောက်ကိုလိုက်နေပြီး သူ့ကို နားလည်ခြင်း သင့်မှာမရှိဟု ခံစားရလျှင် သင့်နှလုံးသားထဲက ဘာမျှမရှိခြင်းကို သင် မည်ကဲ့သို့ဖြေရှင်းနိုင်မည်နည်း။ အစားအစာနှင့် ဖြေရှင်းလို့ရမည်လော။ သို့မဟုတ် သင်က ဘုရားသခင်နောက်ကိုလိုက်နေပြီး သူ၏အလိုတော်ကို နားမလည်သောအခါတွင် သင့်နှလုံးသားထဲမှ ထိုဆာလောင်မှုအတွက် ဖြည့်ဆည်းရန် သင် ဘာကိုအသုံးပြုနိုင်မည်နည်း။ သင့်စိတ်သဘောထား ပြောင်းလဲမှုအတွက် ကြိုးပမ်းအားထုတ်နေခိုက်တွင် ဘုရားသခင်မှတစ်ဆင့် သင်၏ ကယ်တင်ခြင်းအတွေ့အကြုံဖြစ်စဉ်မှာ သူ့အလိုတော်ကို သင်နားမလည်လျှင် သို့မဟုတ် သမ္မာတရားက ဘာလဲဆိုသည်ကို သင်မသိလျှင်၊ ဘုရားသခင်၏ စိတ်သဘောထားကို သင်နားမလည်လျှင် စိတ်မသက်သာမှုကို သင်မခံစားရပေဘူးလော။ သင့်နှလုံးသားထဲတွင် ပြင်းပြသောဆာလောင်မှုနှင့် ငတ်မွတ်မှုကို မခံစားရပေဘူးလော။ ဤခံစားချက်တို့က သင့်နှလုံးသားထဲတွင် ငြိမ်ဝပ်ခြင်းကို မခံစားရအောင် တားဆီးမနေဘူးလော။ ဤသို့ဆိုလျှင် သင့်နှလုံးသားထဲက ဆာလောင်မှုကို သင်မည်ကဲ့သို့ ဖြည့်ဆည်းနိုင်မည်နည်း။ ၎င်းကို ဖြေရှင်းရန် နည်းလမ်းရှိသလော။ တစ်ချို့လူတို့က ဈေးဝယ်ထွက်သည်။ တစ်ချို့က ရင်ဖွင့်ရန်အတွက် သူတို့၏ သူငယ်ချင်းများကို ရှာကြသည်။ တစ်ချို့လူတို့က အိပ်ရေးဝအောင် အိပ်လိုက်ကြသည်။ တခြားလူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ပို၍ ဖတ်ကြသည်။ သို့မဟုတ် အလုပ်ပိုကြိုးစားကြပြီး သူတို့၏ တာဝန်ကို ထမ်းဆောင်ရန် ပို၍ အားစိုက်ထုတ်ကြသည်။ ဤအရာတို့က သင်၏ တကယ့်အခက်အခဲတို့ကို ဖြေရှင်းနိုင်သလော။ သင်တို့အားလုံး ဤကဲ့သို့အလေ့အကျင့်တို့ကို အပြည့်အဝ နားလည်ကြပါသည်။ သင်သည် မည်သည့်အစွမ်းမျှမရှိဟု ခံစားရသောအခါတွင်၊ သမ္မာတရား၏ အစစ်အမှန်နှင့် သူ၏အလိုတော်ကိုသိခြင်းအခွင့်ကို ရရန်အတွက် ဘုရားသခင်ဆီမှ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရရှိရန် ပြင်းပြသောဆန္ဒကို သင်ခံစားရသောအခါတွင် သင်မည်သည်ကို အလိုအပ်ဆုံးဖြစ်သနည်း။ သင်လိုအပ်သည်မှာ ဗိုက်ပြည့်စေမည့် ထမင်းတစ်နပ်မဟုတ်ပေ။ သနားကြင်နာသော စကားတစ်ချို့မဟုတ်ပေ။ ဇာတိ၏ ယာယီ နှစ်သိမ့်ခြင်းနှင့် စိတ်ကျေနပ်စေခြင်းတို့ဆိုလျှင် ပို၍ပင်မဟုတ်ပေ။ သင်လိုအပ်သည်မှာ ဘုရားသခင်က သင်ဘာလုပ်သင့်သည်၊ မည်ကဲ့သို့လုပ်ဆောင်သင့်သည်ဆိုခြင်းကို တိုက်ရိုက် ရှင်းလင်းစွာပြောပြရန်၊ သမ္မာတရားက ဘာလဲဆိုသည်ကို သင့်ကို ရှင်းရှင်းလင်းလင်း ပြောပြရန်ပင်ဖြစ်သည်။ အနည်းငယ်မျှပင်ဖြစ်ဖြစ် ၎င်းကို သင်နားလည်ပြီးသောနောက်တွင် အစားအစာကောင်းကောင်း စားရခြင်းထက် သင့်နှလုံးသားတွင် ကျေနပ်မှုကို ပိုပြီးမခံစားရပေဘူးလော။ သင့်နှလုံးသားက ကျေနပ်သောအခါတွင် သင့်နှလုံးသားမှ၊ သင့်၏ တစ်ကိုယ်လုံးမှ စစ်မှန်သော ငြိမ်ဝပ်ခြင်းကို မရရှိပေဘူးလော။ ဤနှိုင်းယှဉ်ချက်နှင့် ခွဲခြမ်းစိတ်ဖြာလေ့လာချက်မှတစ်ဆင့် "လူသားသည် ဥပုသ်နေ့ကို အစိုးရသည်" ဆိုသော စာကြောင်းကို ငါဘာကြောင့် သင်တို့နှင့် ဝေမျှလိုသနည်းဆိုသည်ကို သင်တို့ နားလည်သလော။ ထိုစာကြောင်း၏ အဓိပ္ပာယ်က ဘုရားသခင်ဆီမှ လာသောအရာ၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ပင်ဖြစ်သည်။ တဖန် သူ၏အရာရာတိုင်းသည် သင်တန်ဖိုးအထားဆုံးဟု သင်ယုံကြည်ခဲ့သော အရာများ သို့မဟုတ် လူအပါအဝင် တစ်ခြားအရာတို့ထက် ကြီးမြတ်သည်။ ဆိုလိုသည်မှာ လူတစ်ယောက်က ဘုရားသခင်၏နှုတ်မှ စကားလုံးတို့ကို မရယူနိုင်ဟုဆိုလျှင် သို့မဟုတ် သူ၏အလိုတော်ကို နားမလည်နိုင်ဟုဆိုလျှင် သူတို့သည် ငြိမ်ဝပ်ခြင်းကို မရရှိနိုင်ပါပေ။ သင်တို့၏ အနာဂတ် အတွေ့အကြုံတို့တွင် ယနေ့ ဤစာပိုဒ်ကို ငါဘာကြောင့် သင်တို့ကို မြင်စေလိုသည်ဆိုခြင်းကို သင်တို့ နားလည်ပါလိမ့်မည်။ ၎င်းသည် အလွန်အရေးကြီးပါသည်။ ဘုရားသခင် လုပ်ဆောင်သောအရာတိုင်းက သမ္မာတရားနှင့် အသက်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သမ္မာတရားသည် သူတို့ဘဝ၌ မရှိ၍မဖြစ်သောအရာ၊ မရှိဘဲနှင့် လုံးဝ မပြုလုပ်နိုင်သောအရာဖြစ်ပါသည်။ အကြီးမြတ်ဆုံးအရာဟုလည်း သင်ဆိုနိုင်သည်။ ထိုအရာကို သင်ကြည့်၍မရ၊ ထိ၍မရသော်လည်း သင့်အတွက် ဤအရာ၏ အရေးကြီးသောအချက်ကို သင်လျစ်လျူရှု၍မရပါပေ။ သင့်နှလုံးသားကို ငြိမ်ဝပ်ခြင်း သယ်ဆောင်ပေးနိုင်သော တစ်ခုတည်းသော အရာဖြစ်ပါသည်။

သင်တို့၏ သမ္မာတရားအပေါ် နားလည်ခြင်းက သင်တို့၏ ကိုယ်ပိုင်အခြေအနေတို့နှင့် ပေါင်းစပ်ပါသလော။ လက်တွေ့ဘဝတွင် သင်ကြုံတွေ့ဖူးသော လူများ၊ အကြောင်းအရာများ၊ အရာဝတ္ထုများနှင့် ဘယ်သမ္မာတရားတို့က ဆက်စပ်သနည်းဆိုသည်ကို ဦးစွာ စဉ်းစားရပါမည်။ ဘုရားသခင်၏အလိုတော်ကို သင်ရှာနိုင်ပြီး သူ့အလိုတော်ကို သင်ကြုံတွေ့ရသည်နှင့် ဆက်သွယ်နိုင်ခြင်းက ဤသမ္မာတရားတို့ထဲမှာ ဖြစ်ပါသည်။ သင်က သင်ကြုံတွေ့ရသောအရာတို့နှင့် သမ္မာတရား၏ ဘယ်အချက်တို့က ဆက်စပ်သနည်းဆိုသည်ကို မသိဘဲ ဘုရားသခင်၏ အလိုတော်ကို တိုက်ရိုက် ရှာဖွေလျှင် ဤချဉ်းကပ်မှုက အတော်ပင် မျက်ကန်းဆန်ပြီး ရလဒ် မရရှိနိုင်ပေ။ သင်က သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်လိုရင် သင့်ဆီကို မည်ကဲ့သို့အရာများ ရောက်လာသနည်းဆိုသည်နှင့်၊ ၎င်းတို့က သမ္မာတရား၏ ဘယ်အချက်တို့နှင့် ဆက်စပ်သည်ဆိုသည်ကို ကြည့်ရန်လိုအပ်ပြီး သင်ကြုံတွေ့ဖူးသည်နှင့် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်၌ရှိသော သမ္မာတရားကို ရှာဖွေလော့။ ထို့နောက် ၎င်းသမ္မာတရားထဲတွင် သင့်အတွက် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို သင်ရှာဖွေလော့။ ဤနည်းဖြင့် ဘုရားသခင်၏ အလိုတော်ကို သွယ်ဝိုက်ပြီး နားလည်ခြင်းကို သင်ရရှိနိုင်ပါသည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် ကျင့်သုံးခြင်းက အယူဝါဒတစ်ခုကို မစဉ်းမစားဘဲ အသုံးချခြင်း၊ သို့မဟုတ် ပုံသေနည်းတစ်ခုနောက်ကိုလိုက်ခြင်း မဟုတ်ပေ။ သမ္မာတရားက ပုံသေကားကျ မဟုတ်သကဲ့သို့ နိယာမတစ်ခုလည်းမဟုတ်ပေ။ သမ္မာတရားသည် အသေမဟုတ်ပေ။ အသက်ပင်ဖြစ်သည်။ အသက်ရှင်သော အရာတစ်ခုဖြစ်သည်။ ဖန်ဆင်းခံတစ်ယောက်က လိုက်နာရမည့် စည်းကမ်းဖြစ်ပြီး လူသားတစ်ယောက်က သူတို့ဘဝတွင် ရှိရမည့် စည်းကမ်းဖြစ်ပါသည်။ ၎င်းသည် အတွေ့အကြုံမှတဆင့် သင်ပို၍ နားလည်ရမည့်အရာတစ်ခုဖြစ်ပါသည်။ သင့်အတွေ့အကြုံသည် ဘယ်အဆင့်ကို သင်ရောက်နေပါစေ၊ ဘုရားသခင်၏နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားထံမှ သင့်ကို ခွဲခြား၍မရနိုင်ပေ။ ဘုရားသခင်၏ စိတ်သဘောထားကို သင်နားလည်သောအရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သင်သိသောအရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားပါသည်။ ဤအရာတို့သည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်သွယ်နေပါသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကိုယ်၌က သမ္မာတရားဖြစ်သည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ စစ်မှန်သော ထင်ရှားပြသခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဤအရာက တိကျစစ်မှန်စေပြီး တိတိကျကျ ဖော်ပြပါသည်။ ၎င်းက ဘုရားသခင် ဘာကိုကြိုက်သည်၊ သူဘာကို မကြိုက်၊ သင့်ကို သူက ဘာလုပ်စေလိုသည်၊ သင့်ကို သူက မည်သည်တို့ကိုလုပ်ရန် ခွင့်မပြု၊ မည်သို့သောလူတို့ကို သူစက်ဆုပ်ပြီး မည်သို့သောလူတို့ကို သူကျေနပ်ဝမ်းမြောက်သည်ဆိုသည်တို့ကို ရှင်းရှင်းလင်းလင်း ပြောပြပါသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရား၏နောက်တွင် လူတို့သည် သူ၏ကျေနပ်မှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် သူ၏ အနှစ်သာရကို မြင်နိုင်ပါသည်။ ဤအရာသည် သူ၏စိတ်သဘောထားကို ဖွင့်ပြခြင်းပင်ဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် သူ၏ နှုတ်ကပတ်တော်မှ သူ့စိတ်သဘောထားကို နားလည်ခြင်းအပြင် အရေးအကြီးဆုံးအရာမှာ လက်တွေ့အတွေ့အကြုံတို့မှ ဤနားလည်မှုကို ရောက်ရှိရန် လိုအပ်ချက်ဖြစ်ပါသည်။ လူတစ်ယောက်က ဘုရားသခင်ကိုသိရန် လက်တွေ့ဘဝမှ သူတို့ကိုယ်သူတို့အား ဖယ်ထုတ်လိုက်လျှင် သူတို့သည် ၎င်းကို ရရှိနိုင်မှာမဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထံမှ နားလည်မှုတစ်ချို့ ရရှိနိုင်သော လူတို့ ရှိလျှင်ပင် ထိုနားလည်မှုသည် သီအိုရီများ၊ စကားလုံးများနှင့် ကန့်သတ်ထားပြီး ဘုရားသခင်က အမှန်တကယ်တွင် မည်ကဲ့သို့နည်းဆိုသောအရာနှင့် ကွာဟချက် ရှိပါသည်။

ယခု ငါတို့ ဆွေးနွေးပြောဆိုနေသမျှအားလုံးက သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော အဖြစ်အပျက်တို့၏ နယ်ပယ်အတွင်း၌ ရှိသည်။ ဤအဖြစ်အပျက်တို့မှတစ်ဆင့်၊ ဖြစ်ပျက်ခဲ့သော ဤအရာတို့ကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းမှတစ်ဆင့် သူ၏စိတ်သဘောထားနှင့် သူဖော်ပြခဲ့သော သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို လူတို့နားလည်နိုင်ပြီး ဘုရားသခင်၏ အချက်အလက်တိုင်းကို ပိုပြီး ကျယ်ပြန့်စွာ၊ ပိုပြီး နက်ရှိုင်းစွာ၊ ပို၍ပင် နားလည်သဘောပေါက်စွာ၊ ပို၍ပင် နှံ့စပ်စွာသိစေပါသည်။ ဤသို့ဆိုလျှင် ဤအဖြစ်အပျက်တို့မှတစ်ဆင့် ဘုရားသခင်၏အချက်အလက်တိုင်းကို နားလည်ရန်မှာ တစ်ခုတည်းသောနည်းလမ်းပေလော။ မဟုတ်ပေ။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်ပြောသောအရာတို့နှင့် သူလုပ်ဆောင်သောအလုပ်သည် လူတို့အား သူ၏စိတ်သဘောထားကို သိစေရန်၊ ပိုပြီး အပြည့်အဝသိစေရန် ကူညီနိုင်ပါသည်။ သို့သော်လည်း လူတို့ရင်းနှီးသော သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော တစ်ချို့ ဥပမာများ သို့မဟုတ် အဖြစ်အပျက်များမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုသိရန်နှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ရန် ပိုပြီးလွယ်ကူမည်ဟု ငါထင်သည်။ သူ့ကို သင်တိတိကျကျသိစေရန် ယနေ့ ဘုရားသခင်ဖော်ပြသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ နှုတ်ကပတ်တော်တို့ကို လုံးစေ့ပတ်စေ့ ငါယူလိုက်လျှင် ထိုအရာသည် အလွန်ငြီးငွေ့ဖွယ်ကောင်းပြီး အလွန်ပျင်းစရာကောင်းသည်ဟု သင်ခံစားရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က ပုံသေကားကျဆန်ဆန်ဖြစ်နေသည်ဟူ၍ပင် တစ်ချို့လူတို့က ခံစားရလိမ့်မည်။ သို့သော်လည်း လူတို့အား ဘုရားသခင်၏ စိတ်သဘောထားကို သိအောင် ကူညီရန် ဥပမာများအနေဖြင့် ဤသမ္မာကျမ်းစာအဖြစ်အပျက်တို့ကို ငါတို့ယူလျှင် သူတို့က ထိုအရာကို ပျင်းစရာကောင်းသည်ဟု ထင်မှာမဟုတ်ပေ။ ဤဥပမာတို့ကို ရှင်းပြခြင်းအကြောင်းအရာမှာ ဘုရားသခင်၏ စိတ်ခံစားမှု သို့မဟုတ် ခံယူချက်၊ သို့မဟုတ် သူ၏အတွေးများနှင့် စိတ်ကူးများဖြစ်သော၊ ထိုအချိန်က ဘုရားသခင်၏နှလုံးသားထဲ၌ ရှိခဲ့သော အသေးစိတ်အချက်အလက်တို့သည် လူသား၏ဘာသာစကားနှင့်ပင် လူတို့ကို ပြောပြပြီးဖြစ်ပါသည်။ ယင်းတို့အားလုံး၏ ရည်မှန်းချက်က ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ပုံသေနည်းတစ်ခု မဟုတ်ကြောင်းကို အသိအမှတ်ပြုရန်၊ ခံစားရရန်ဖြစ်ပါသည်။ ၎င်းသည် ဒဏ္ဍာရီတစ်ခုမဟုတ်ပေ။ သို့မဟုတ် လူတို့ မမြင်နိုင်သော သို့မဟုတ် ထိတွေ့၍မရသော အရာမဟုတ်ပေ။ လူတို့ခံစားနိုင်သော၊ အသိအမှတ်ပြုနိုင်သော အမှန်တကယ် တည်ရှိသောအရာဖြစ်သည်။ ဤသည်မှာ အဆုံးစွန်သော ပန်းတိုင်ပင်ဖြစ်သည်။ ဤခေတ်၌နေထိုင်နေသော လူတို့သည် ကောင်းချီးခံစားရသည်ဟု သင်ဆိုနိုင်သည်။ ဘုရားသခင်၏ ယခင်ကလုပ်ဆောင်မှုကို ပိုပြီးကျယ်ပြန့်စွာ နားလည်ရန်အတွက် သမ္မာကျမ်းစာ၏အဖြစ်အပျက်တို့ကို သူတို့ ယူပြီး အသုံးပြုနိုင်သည်။ သူလုပ်ဆောင်ခဲ့သောအလုပ်မှတစ်ဆင့် သူ၏ စိတ်သဘောထားကို မြင်နိုင်သည်။ သူဖော်ပြခဲ့သော ဤစိတ်သဘောထားတို့မှတစ်ဆင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလိုတော်ကို သူတို့နားလည်နိုင်သည်။ ဘုရားသခင်၏ စိတ်သဘောထားအပေါ် ပိုပြီးအသေးစိတ်ကျပြီး ပိုမိုနက်နဲသော သိမြင်မှုကို ရောက်ရှိရန် လူသားတို့အတွက် သူ၏ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် သူ၏ဂရုစိုက်မှု၏ တိကျစစ်မှန်သော ထင်ရှားပြသခြင်းကို နားလည်နိုင်ပါသည်။ သင်တို့အားလုံးက ဤအရာကို ခံစားနိုင်သည်ဟု ငါယုံကြည်သည်။

ကျေးဇူးတော်ခေတ်၌ သခင်ယေရှုပြီးမြောက်ခဲ့သော လုပ်ဆောင်မှု၏ နယ်ပယ်ထဲတွင် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ အခြားသောလက္ခဏာသွင်ပြင်တစ်ခုကို သင်မြင်နိုင်သည်။ ၎င်းကို သူ၏ဇာတိမှတစ်ဆင့် ဖော်ပြထားသည်။ သူ၏ လူ့သဘာဝမှတစ်ဆင့် လူသားတို့ သိမြင်ပြီး အသိအမှတ်ပြုရန်အတွက် ပြုလုပ်ထားသည်။ လူသား၏ သားတော်သည် လူ့ဇာတိ၌ရှိသော ဘုရားသခင်က သူ၏လူ့သဘာဝကို မည်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့ကြောင်းကို လူတို့မြင်ခဲ့ရပြီး လူ့ဇာတိမှတစ်ဆင့် ဖော်ပြသော ဘုရားသခင်၏ ဘုရားသဘောသဘာဝကို သူတို့ မြင်ခဲ့ကြသည်။ ဤဖော်ပြချက်နှစ်ခုသည် လူတို့အား အမှန်တကယ်ပင် စစ်မှန်သော ဘုရားသခင်ကို မြင်စေပြီး ဘုရားသခင်အပေါ် မတူညီသော အယူအဆတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း ကမ္ဘာကို ဖန်ဆင်းခြင်းနှင့် ပညတ်တော်ခေတ်အဆုံးကြားတွင်ရှိသော အချိန်ကာလတွင်၊ ကျေးဇူးတော်ခေတ်မတိုင်မီအချိန်ကာလတွင်၊ လူတို့ မြင်သော၊ ကြားသော၊ တွေ့ကြုံခဲ့သော အရာတို့သည် ဘုရားသခင်၏ ဘုရားသဘောသဘာဝ လက္ခဏာသွင်ပြင်တို့သာ ဖြစ်ပါသည်။ ၎င်းသည် မသိမြင်နိုင်သောနယ်ပယ်၌ ဘုရားသခင်ပြုလုပ်ခဲ့၊ ပြောခဲ့ခြင်းဖြစ်ပြီး မြင်၍မရသော သို့မဟုတ် ထိတွေ့၍မရသော သူ၏ တကယ့် လူပုဂ္ဂိုလ်မှ သူဖော်ပြသော အရာတို့ဖြစ်ပါသည်။ ဤအရာတို့သည် မကြာခဏပင် လူတို့ကို ဘုရားသခင်သည် အလွန်ကြီးမြတ်သည်၊ သူ့အနားကို သူတို့ ကပ်၍မရနိုင်ဟု ခံစားရစေသည်။ ဘုရားသခင်က လူတို့ကို ပေးလေ့ရှိသော ပုံစံက ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး သူ၏အတွေးများနှင့် စိတ်ကူးများ တစ်ခုချင်းစီတိုင်းက အလွန်ပင်ဆန်းကြယ်ပြီး တွေ့နိုင်ခဲလှသည့်အတွက် ၎င်းတို့ကို လက်လှမ်းမီရန် နည်းလမ်းမရှိဘူးဟူ၍ပင် လူတို့က ခံစားကြရပြီး ၎င်းတို့ကို နားလည်ပြီး အသိအမှတ်ပြုရန်ဆိုသည်မှာ ပို၍ပင် ဆိုးသေးသည်။ လူတို့အတွက်မှာမူ ဘုရားသခင်နှင့်ပတ်သက်သောအရာတိုင်းက အလွန်ပင် အလှမ်းကွာလွန်းခဲ့သည်။ အလွန်အလှမ်းကွာသည့်အတွက် လူတို့ မမြင်နိုင်၊ ထိ၍မရနိုင်ခဲ့ပေ။ သူသည် ကောင်းကင်ပေါ်၌ရှိနေသောပုံပေါ်ပြီး သူသည် အမှန်တကယ်ပင် မတည်ရှိနေသကဲ့သို့ ဖြစ်ခဲ့သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်၏ နှလုံးသားနှင့် စိတ်ကို နားလည်ခြင်း၊ သို့မဟုတ် သူ၏ မည်သည့်စဉ်းစားပုံကိုမျှ မရရှိနိုင်ပေ။ လက်လှမ်း၍ပင် မမီနိုင်ပေ။ ပညတ်တော်ခေတ်တွင် ဘုရားသခင်က ခိုင်လုံသော လုပ်ဆောင်ချက်တစ်ချို့လုပ်ခဲ့ပြီး သူနှင့်ပတ်သက်သော စစ်မှန်သောအသိပညာတစ်ချို့ကို လူတို့ သိမြင်ရန်နှင့် အသိအမှတ်ပြုစေရန်၊ တစ်ချို့သောသီးသန့် စိတ်သဘောထားတို့ကို ဖော်ပြခဲ့ပြီး တစ်ချို့သောသီးသန့်နှုတ်ကပတ်တော်တို့ကို ထုတ်ပြန်ခဲ့သော်လည်း အဆုံးတွင်မူ ထိုအရာသည် မသိမြင်နိုင်သော နယ်ပယ်မှ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြချက်ဖြစ်ပြီး လူတို့နားလည်သည်မှာ၊ သူတို့သိသည်မှာ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ ဘုရားသဘောသဘာဝဆိုင်ရာ လက္ခဏာသွင်ပြင်တို့ပင် ဖြစ်နေပါသေးသည်။ လူသားမျိုးနွယ်က သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၏ ဖော်ပြချက်မှ[က] ခိုင်မာသော အယူအဆကို မရရှိနိုင်ခဲ့ချေ။ တဖန် ဘုရားသခင်အပေါ် သူတို့၏ ထင်မြင်မှုက "ပေါ်လိုက်ပျောက်လိုက်ဖြစ်သည့် နီးကပ်ရန် ခက်ခဲသောဝိညာဉ်တော်" ဆိုသော နယ်ပယ်အတွင်းမှာ ပိတ်မိနေပါသေးသည်။ ဘုရားသခင်သည် လူတို့ဆီသို့ ပေါ်ထွန်းပြရန်အတွက် ရုပ်ဝတ္ထုနယ်ပယ်၌ သီးသန့် အရာဝတ္ထု သို့မဟုတ် ပုံသဏ္ဌာန်တစ်ခုကို အသုံးမပြုခဲ့သည့်အတွက်ကြောင့် သူတို့သည် လူသား၏ဘာသာစကားကိုအသုံးပြုလျက် ဘုရားသခင်ကို အဓိပ္ပာယ်မဖွင့်ဆိုနိုင်သေးပေ။ လူတို့၏ နှလုံးသားနှင့် စိတ်ထဲတွင် ဘုရားသခင်အတွက် စံသတ်မှတ်ချက်တစ်ခု တည်ဆောက်ရန်၊ သူ့ကို သိသာထင်ရှားလာအောင်ပြုလုပ်ရန်နှင့် လူသားဆန်အောင်ပြုလုပ်ရန် သူတို့၏ ကိုယ်ပိုင်ဘာသာစကားကို အမြဲလိုလို အသုံးပြုလိုခဲ့ကြသည်။ ဘုရားသခင်က အရပ်မည်မျှရှည်သည်၊ မည်မျှကြီးသည်၊ မည်ကဲ့သို့ပုံစံရှိသည်၊ သူ မည်သည်ကို အထူးသဖြင့် ကြိုက်နှစ်သက်သည်၊ သူ၏သီးသန့်အကျင့်စရိုက်က မည်ကဲ့သို့ဆိုသည်မျိုးတို့ဖြစ်သည်။ အမှန်တကယ်တွင်မူ ဘုရားသခင်သည် လူတို့က ဤကဲ့သို့တွေးကြသည်ဆိုခြင်းကို သူ့နှလုံးသားထဲ၌ သိပါသည်။ သူသည် လူတို့၏ လိုအပ်ချက်တို့အပေါ်တွင် အလွန် ရှင်းရှင်းလင်းလင်းသိလျက် သူဘာလုပ်သင့်သည် ဆိုသည်ကိုလည်း သိပါသည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင် သူ၏အလုပ်ကို မတူညီသော နည်းလမ်းနှင့် လုပ်ဆောင်ခဲ့သည်။ ၎င်းနည်းလမ်းမှာ ဘုရားသဘောသဘာဝနှင့် လူ့သဘောသဘာဝနှစ်ခုလုံးပင်ဖြစ်သည်။ သခင်ယေရှုအလုပ်လုပ်နေသော အချိန်ကာလတွင် ဘုရားသခင်၌ လူသားဆိုင်ရာ ဖော်ပြချက်တို့ များစွာရှိသည်ဆိုသည်ကို လူတို့က မြင်နိုင်ခဲ့သည်။ ဥပမာ သူ ကနိုင်သည်။ မင်္ဂလာဆောင်များကို တက်ရောက်နိုင်သည်။ လူတို့နှင့် ဆက်ဆံနိုင်သည်။ စကားပြောနိုင်သည်။ သူတို့နှင့် ဆွေးနွေးနိုင်သည်။ ၎င်းတို့အပြင် သခင်ယေရှုသည် သူ၏ ဘုရားသဘောသဘာဝကို ကိုယ်စားပြုသော အလုပ်များစွာကို ပြီးမြောက်ခဲ့ပြီး ဤအလုပ်များအားလုံးက ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်းဖြစ်ပါသည်။ ဤအချိန်ကာလမှာ ဘုရားသခင်၏ ဘုရားသဘောသဘာဝသည် လူတို့မြင်နိုင်၊ တို့ထိနိုင်သော သာမန်ဇာတိခန္ဓာထဲ၌ အမှန်တကယ်ဖြစ်ပေါ်လာသောအခါ ဘုရားသခင်သည် ပေါ်လိုက်ပျောက်လိုက်ဖြစ်သည်ဟု သူတို့မခံစားရတော့ပေ။ သူနှင့် နီးစပ်အောင် မလုပ်နိုင်ဟူ၍ မခံစားရတော့ပေ။ ဆန့်ကျင်ဖက်အနေနှင့် သူတို့သည် လူသား၏ သား၏ လှုပ်ရှားမှုတိုင်း၊ နှုတ်ကပတ်တော်တို့နှင့် အလုပ်တို့မှ တစ်ဆင့် သူတို့သည် ဘုရားသခင်၏ အလိုတော်ကို သိရှိနိုင်ရန် သို့မဟုတ် သူ၏သဘောသဘာဝကို နားလည်နိုင်ရန် ကြိုးစားနိုင်ခဲ့သည်။ လူ့ဇာတိခံယူထားသော လူသား၏ သားသည် သူ၏ လူ့သဘောသဘာဝမှတစ်ဆင့် ဘုရား၏သဘောသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်အား ဘုရားသခင်၏ အလိုတော်ကို အသိပေးခဲ့သည်။ တဖန် ဘုရားသခင်၏ အလိုတော်နှင့် စိတ်သဘောထား၏ ဖော်ပြချက်မှတစ်ဆင့် ဝိညာဉ်လောက၌ မြင်၍ သို့မဟုတ် ထိတွေ့၍မရသော ဘုရားသခင်ကိုလည်း လူတို့အား ထုတ်ဖော်ခဲ့သည်။ လူတို့ မြင်ခဲ့သောအရာက အသွေးအသားနှင့် အရိုးနှင့် ထိတွေ့နိုင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော လူသားသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာ၊ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ခိုင်မာစေပြီး လူသားဆန်စေခဲ့သည်။ လူသား၏ အပြင်ပန်း အသွင်အပြင်က ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်ပတ်သက်ပြီး အကန့်အသတ်တစ်ချို့ရှိခဲ့သော်လည်း သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ခဲ့သည်၊ ဖော်ပြခြင်းပုံစံ၌ ကွာခြားချက် အချို့သာ ရှိသည်။ လူသား၏ လူ့သဘာဝဖြစ်စေ၊ သူ၏ ဘုရားသဘောသဘာဝဖြစ်စေ၊ သူသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုခဲ့သည်ဆိုခြင်းကို ငါတို့ မငြင်းနိုင်ပေ၊ သို့သော်လည်း ဤအချိန်ကာလအတွင်း၌ ဘုရားသခင်သည် လူ့ဇာတိမှတစ်ဆင့် အလုပ်လုပ်ခဲ့သည်၊ လူ့ဇာတိ၏ ရှုထောင့်မှ ပြောဆိုခဲ့ပြီး လူသား၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်အညီ လူသားမျိုးနွယ်ရှေ့၌ ရပ်ခဲ့ပြီး၊ ဤအချက်က လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်မှုကို ကြုံတွေ့ပြီး သိရှိခံစားရန် အခွင့်အလမ်းကို လူတို့အား ပေးခဲ့သည်။ ဤအချက်သည် နှိမ့်ချခြင်းအလယ်တွင် သူ၏ ဘုရားသဘောသဘာဝနှင့် သူ၏ကြီးမြတ်ခြင်းကို လူတို့အား ထိုးထွင်းသိမြင်စေပြီး၊ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် လက်တွေ့အရှိတရားအပေါ် ပဏာမနားလည်ခြင်းနှင့် ပဏာမအဓိပ္ပာယ် တစ်ရပ်ကို ရရှိစေခဲ့သည်။ သခင်ယေရှုပြီးမြောက်ခဲ့သော လုပ်ဆောင်ချက်၊ သူ၏လုပ်ဆောင်သောနည်းလမ်း၊ သူစကားပြောသော ရှုထောင့်တို့သည် ဝိညာဉ်ရေးရာနယ်ပယ်တွင် ဘုရားသခင်၏ တကယ့်ပုဂ္ဂိုလ်နှင့် ကွာခြားသော်လည်း သူနှင့်ပတ်သက်သောအရာရာတိုင်းက လူတို့ ယခင်က တစ်ခါမျှ မမြင်ဖူးသော ဘုရားသခင် ကိုယ်တော်တိုင်ကို အမှန်တကယ် ကိုယ်စားပြုခဲ့သည်။ ၎င်းကို ငြင်း၍မရပေ။ ဆိုလိုသည်မှာ ဘုရားသခင်က မည်သို့သောပုံသဏ္ဌာန်နှင့် ပေါ်ထွန်းပါစေ၊ မည်သည့်ရှုထောင့်မှ သူစကားပြောပါစေ၊ သို့မဟုတ် လူသားမျိုးနွယ်ကို မည်သည့်ပုံသဏ္ဌာန်နှင့် သူရင်ဆိုင်ပါစေ၊ ဘုရားသခင်သည် သူ့ကိုယ်သူမှလွဲပြီး မည့်သည့်အရာကိုမျှကိုယ်စားမပြုပေ။ သူသည် ဘယ်လူသားကိုမျှ ကိုယ်စားမပြုနိုင်ပေ။ သူသည် ဖောက်ပြန်ပျက်စီးသော ဘယ်လူသားကိုမျှ ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ၎င်းကို ငြင်းပယ်၍မရပေ။

နောက်တစ်ခုမှာ ကျေးဇူးတော်ခေတ်၌ သခင်ယေရှုပြောခဲ့သော ပုံပြင်တစ်ပုဒ်ကို ကြည့်ကြစို့။

၃။ ပျောက်ဆုံးသွားသောသိုး ပုံဥပမာ

ရှင်မဿဲ ၁၈:၁၂-၁၄ အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။ တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။

ဤအရာက တင်စားချက်တစ်ခုဖြစ်သည်။ ဤစာပိုဒ်မှ မည်ကဲ့သို့ခံစားချက်မျိုးကို လူတို့ရရှိသနည်း။ ဤတင်စားချက်ကို ဖော်ပြသောပုံစံက လူသား၏ဘာသာစကားနှင့် စကားပြောသောပုံစံကို အသုံးချထားသည်။ ၎င်းက လူသား၏ အသိပညာနယ်ပယ်အတွင်းမှာရှိသော အရာဖြစ်သည်။ ပညတ်တော်ခေတ်မှာ ဘုရားသခင်က ဆင်တူသော အရာကိုပြောခဲ့မည်ဆိုလျှင် ဘုရားသခင်မည်သူဆိုသည်နှင့် ပတ်သက်ပြီး အမှန်တကယ် တသမတ်တည်းမဖြစ်ဘူးဟု လူတို့ ခံစားကြရလိမ့်မည်။ သို့သော်လည်း လူသားသည် ကျေးဇူးတော်ခေတ်၌ ဒီစာပိုဒ်ကို ပြောကြားသောအခါ လူတို့အတွက် စိတ်သက်သာရာရခြင်း၊ နွေးထွေးခြင်းနှင့် ရင်းနှီးမှုကို ခံစားရစေသည်။ ဘုရားသခင် လူ့ဇာတိခံယူခဲ့စဉ်က၊ လူ့ပုံသဏ္ဌာန်နှင့် ပေါ်ထွန်းလာခဲ့စဉ်က လူ့သဘာဝထဲမှ သူ့နှလုံးသား၏ အသံကို ဖော်ပြရန် အလွန်သင့်တော်သော တင်စားချက်ကို သူအသုံးပြုခဲ့သည်။ ဤအသံက ဘုရားသခင်ကိုယ်တိုင်၏ အသံနှင့် ထိုခေတ်၌ သူလုပ်လိုသော အလုပ်ကို ကိုယ်စားပြုခဲ့သည်။ ကျေးဇူးတော်ခေတ်တွင် လူတို့အပေါ် ဘုရားသခင်ထားခဲ့သော သဘောထားတစ်ခုကိုလည်း ကိုယ်စားပြုခဲ့သည်။ လူတို့အပေါ် ဘုရားသခင်၏ သဘောထား ရှုထောင့်မှ ကြည့်သောအခါတွင် သူသည် လူတစ်ယောက်ချင်းစီတိုင်းကို သိုးနှင့် နှိုင်းလိုက်သည်။ သိုးတစ်ကောင် ပျောက်သွားလျှင် ၎င်းသိုးကို ရှာရန်အတွက် ဘာပဲဖြစ်ဖြစ် သူလုပ်ဆောင်ပါလိမ့်မည်။ ၎င်းသည် လူသားမျိုးနွယ်ထဲ၌ ဤအချိန်မှာ လူ့ဇာတိအသွင်နှင့် ဘုရားသခင်၏အလုပ်၏ သဘောတရားကို ကိုယ်စားပြုပါသည်။ ထိုအလုပ်မှာ သူ၏ ဆုံးဖြတ်ချက်နှင့် သဘောထားကို ဖော်ပြရန် ဤပုံဥပမာကို အသုံးပြုခဲ့သည်။ ဤသည်မှာ ဘုရားသခင်က လူ့ဇာတိဖြစ်လာခြင်း၏ အားသာချက်ပင်ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ အသိပညာ၏ အားသာချက်ကို ယူပြီး လူတို့ကို စကားပြောရန်၊ သူ့အလိုတော်ကို ဖော်ပြရန် လူသား၏ဘာသာစကားကို အသုံးပြုနိုင်ခဲ့သည်။ သူသည် လူသား၏ ဘာသာစကားနှင့် လူတို့ နားလည်ရန်ခက်ခဲသော အလွန်ကြီးမြတ်ပြီး၊ ဘုရားသဘောသဘာဝနှင့်သက်ဆိုင်သော သူ၏ဘာသာစကားကို လူသား၏နည်းလမ်းဖြင့် လူသားတို့ကိုရှင်းပြခဲ့သည်၊ သို့မဟုတ် "ဘာသာပြန်ခဲ့သည်။" ၎င်းက သူ၏အလိုတော်ကို လူတို့နားလည်ပြီး သူလုပ်လိုသောအရာကို လူတို့ သိစေရန် ကူညီခဲ့သည်။ သူသည် လူသား၏ရှုထောင့်မှ၊ လူသားဘာသာစကားကိုအသုံးပြုရင်း လူတို့နှင့် စကားပြောဆိုနိုင်ပြီး သူတို့နားလည်သော နည်းလမ်းဖြင့် လူတို့ကို ဆက်သွယ်ပြောဆိုခဲ့သည်။ လူတို့က ဘုရားသခင်၏ ကြင်နာခြင်းနှင့် နီးစပ်ခြင်းကို ခံစားနိုင်ရန်အတွက်၊ သူ့နှလုံးသားကို သူတို့ မြင်နိုင်ရန်အတွက် သူသည် လူသား၏ဘာသာစကားနှင့် အသိပညာကိုအသုံးချပြီး ပြောဆိုလုပ်ကိုင်နိုင်ပါသေးသည်။ ဤအချက်မှာ သင်တို့ ဘာကိုမြင်ပါသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် အပြုအမူတို့ကို ပိတ်ပင်တားမြစ်ခြင်းမရှိဘူးဆိုခြင်းကိုလော။ ဘုရားသခင်ကိုယ်တော်တိုင် ပြောလိုသောအရာများ၊ သူလုပ်လိုသောအလုပ်များ၊ သို့မဟုတ် သူ၏ကိုယ်ပိုင်အလိုတော်ကို ဖော်ပြရန် လူသား၏အသိပညာ၊ ဘာသာစကား သို့မဟုတ် စကားပြောသောပုံစံကို ဘုရားသခင် သုံးရန် မဖြစ်နိုင်ဟု လူတို့မြင်ကြသည်။ ဤသည်မှာ မှားယွင်းသော စဉ်စားပုံပင်ဖြစ်သည်။ ထိုအချိန်ကာလ၌ လူတို့အပေါ်ထားသော သူ၏သဘောထားကိုမြင်ပြီး ဘုရားသခင်၏ ရိုးသားဖြူစင်မှုနှင့် စစ်မှန်မှုတို့ကို လူတို့ခံစားနိုင်ရန်အတွက် ဘုရားသခင်က ဤကဲ့သို့ တင်စားချက်မျိုးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ဤပုံဥပမာသည် ပညတ်တော်အောက်မှာ အကြာကြီး အသက်ရှင်နေထိုင်ခဲ့သော လူတို့ကို အိပ်မက်မှ နိုးထစေခဲ့ပြီး ကျေးဇူးတော်ခေတ်မှာ အသက်ရှင်နေထိုင်နေသော လူတို့၏ မျိုးဆက်တစ်ခုပြီးတစ်ခုကိုလည်း လှုံ့ဆော်ခဲ့သည်။ ဤပုံဥပမာ၏ စာပိုဒ်ကို ဖတ်ခြင်းအားဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ ရိုးသားဖြူစင်မှုကို လူတို့သိကြပြီး သူ့နှလုံးသားမှာ လူသားမျိုးနွယ်၏ ဝန်ထုပ်ဝန်ပိုးကို လူတို့နားလည်ပါသည်။

ဤစာပိုဒ်မှာရှိသော နောက်ဆုံးစာကြောင်းကို ကြည့်ကြည့်ကြရအောင်။ "ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။" ၎င်းက သခင်ယေရှု၏ ကိုယ်ပိုင် နှုတ်ကပတ်တော်တို့လော၊ သို့မဟုတ် ကောင်းကင်ဘုံမှာရှိသော သူ့ခမည်းတော်၏ နှုတ်ကပတ်တော်တို့လော။ အပေါ်ယံမှာ စကားပြောနေသည်က သခင်ယေရှုဟု ထင်ရသော်လည်း သူ၏အလိုတော်သည် ဘုရားသခင်ကိုယ်တော်တိုင်၏ အလိုတော်ကို ကိုယ်စားပြုသည်။ ထို့ကြောင့် သူက "ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ" ဟုပြောခဲ့ခြင်းပင်။ ထိုအချိန်မှာ လူတို့က ကောင်းကင်ဘုံမှာရှိသော ခမည်းတော်ကိုသာ ဘုရားသခင်အနေနှင့် အသိအမှတ်ပြုကြပြီး သူတို့မျက်စိရှေ့၌ သူတို့မြင်ခဲ့သော ဤလူသည် ဘုရားသခင်၏ စေလွှတ်ခြင်းခံရခြင်းသက်သက်ဖြစ်ပြီး ကောင်းကင်ဘုံမှာရှိသော ခမည်းတော်ကို သူက ကိုယ်စားမပြုနိုင်ပေ။ ထို့ကြောင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏အလိုတော်ကို သူတို့အမှန်တကယ် ခံစားနိုင်ရန်အတွက်၊ သူပြောခဲ့သည့်အတိုင်း စစ်မှန်မှုနှင့် တိကျမှုကို ခံစားနိုင်ရန်အတွက် သခင်ယေရှုသည် ထိုအရာကို ပြောခဲ့ရခြင်းဖြစ်ပါသည်။ ၎င်းက ပြောရန် ရိုးရှင်းသောအရာတစ်ခုဖြစ်သော်လည်း ဂရုစိုက်မှုတို့ပါဝင်ပြီး သခင်ယေရှု၏ နှိမ့်ချခြင်းနှင့် လျှို့ဝှက်ခြင်းကို ဖွင့်ပြပါသည်။ ဘုရားသခင်က လူ့ဇာတိခံယူခဲ့ခြင်းဖြစ်စေ၊ သို့မဟုတ် ဝိညာဉ်နယ်ပယ်မှာ သူအလုပ်လုပ်ခဲ့ခြင်းပင်ဖြစ်စေ၊ လူသား၏နှလုံးသားကို သူအသိဆုံးဖြစ်ပြီး လူတို့ လိုအပ်သောအရာကို အနားလည်ဆုံးဖြစ်သည်။ လူတို့ စိုးရိမ်သောအရာနှင့် သူတို့ကို စိတ်ရှုပ်ထွေးစေသောအရာတို့ကို သိသည်။ ထို့ကြောင့် ဤစာကြောင်းတစ်ကြောင်းကို သူထည့်လိုက်သည်။ ဤစာကြောင်းက လူသားမျိုးနွယ်မှာ ပုန်းကွယ်နေသော ပြဿနာတစ်ခုကို မီးမောင်းထိုးပြထားသည်။ လူသားက ပြောခြင်းနှင့်ပတ်သက်ပြီး လူတို့က လွယ်လွယ်မယုံကြည်ကြချေ။ ဆိုလိုသည်မှာ သခင်ယေရှု စကားပြောသောအခါ "ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ" ဆိုသည်ကို ထည့်လိုက်ရသည်။ သူတို့၏ တိကျမှုကို ယုံကြည်စေပြီး သူတို့၏ ယုံကြည်လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးရန်အတွက် ဤအဆိုကျမှသာ သူ၏နှုတ်ကပတ်တော်တို့မှ အသီးအပွင့်တို့ ဖြစ်ထွန်းလာနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ဘုရားသခင်က လူသား၏ ပုံမှန်သားတစ်ယောက်ဖြစ်လာသောအခါမှာ၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်က အတော်ပင်ခွကျသော ဆက်ဆံရေးရှိလာသည်။ ထို လူသား၏ အခြေအနေက အတော်ပင်အရှက်ရစရာဖြစ်ခဲ့သည်။ ထိုအချိန်မှာ လူသားတို့ကြား၌ သခင်ယေရှု၏ အဆင့်အတန်း မည်မျှသေးငယ်ကြောင်းကိုလည်းပြသည်။ သူက ၎င်းကိုပြောသောအခါမှာ အမှန်တကယ်က လူတို့ကို ဤကဲ့သို့ပြောရန်ဖြစ်သည်။ သင်တို့ စိတ်ချထား၍ ရပါသည်။ ဤအရာက ငါ့၏ကိုယ်ပိုင်နှလုံးသားထဲက အရာကို ကိုယ်စားမပြုချေ။ သင်တို့၏ နှလုံးသားထဲမှာရှိသော ဘုရားသခင်၏ အလိုတော်ကသာလျှင် ကိုယ်စားပြုခြင်းဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဤအရာက အထင်နှင့်အမြင် တလွဲစီ ဖြစ်မနေပေဘူးလော။ ဇာတိခန္ဓာထဲ အလုပ်လုပ်သော ဘုရားသခင်က သူ၏ ပုဂ္ဂိုလ်အဖြစ်၌ မရှိသော အားသာချက်တို့ များစွာရှိသော်လည်း သူတို့၏ သံသယများ၊ ငြင်းပယ်မှုများနှင့် သူတို့၏ ထုံထိုင်းမှုများ၊ ငြီးငွေ့စရာကောင်းမှုများကို သူကြံ့ကြံ့ခံခဲ့ရသည်။ လူသား၏ လုပ်ငန်းစဉ်က လူသားမျိုးနွယ်၏ ငြင်းပယ်ခြင်းနှင့် လူသားမျိုးနွယ်က သူနှင့်ယှဉ်ပြိုင်သော အတွေ့အကြုံဖြစ်စဉ်ကို တွေ့ကြုံခံစားရသော ဖြစ်စဉ်ပင်ဟု ဆိုနိုင်သည်။ တို့ထက်ပိုပြီး ၎င်းသည် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းမှတစ်ဆင့်၊ သူ၏ကိုယ်ပိုင် အနှစ်သာရမှတစ်ဆင့် လူသားမျိုးနွယ်၏ယုံကြည်မှုကို အဆက်မပြတ် ရယူပြီး လူသားမျိုးနွယ်ကို သိမ်းပိုက်ရန် လုပ်ငန်းစဉ်ပင်ဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်က စာတန်နှင့် စစ်ကွင်းပြင်မှာ စစ်တိုက်ခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်က သာမန်လူသားတစ်ယောက်ဖြစ်လာပြီး သူ့နောက်လိုက်သူတို့နှင့် ကြိုးစားရုန်းကန်ရပြီး ဤကြိုးစားရုန်းကန်မှုမှာ လူသားသည် သူ၏အလုပ်ကို သူ၏ နှိမ့်ချခြင်းနှင့်၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်၊ သူ၏ချစ်ခြင်းမေတ္တာနှင့် အသိဉာဏ်ပညာနှင့် ပြီးမြောက်စေခဲ့သည်ဆိုခြင်းမျိုး ပို၍ဖြစ်လာပါသည်။ သူလိုချင်သောလူတို့ကို ရယူခဲ့သည်။ သူရသင့်သော ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို ရယူနိုင်ခဲ့ပြီး သူ၏ပလ္လင်ဆီသို့ ပြန်သွားခဲ့သည်။

နောက်တစ်ခု၊ ကျမ်းစာ၏ ဤ စာပိုဒ်နှစ်ပိုဒ်ကို ကြည့်ကြစို့။

၄။ အကြိမ်ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်ပါ။

ရှင်မဿဲ ၁၈:၂၁-၂၂ ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။

၅။ သခင်ရဲ့ ချစ်ခြင်း

ရှင်မဿဲ ၂၂:၃၇-၃၉ "ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။"

ဤစာပိုဒ်နှစ်ခုတွင် တစ်ခုက ခွင့်လွှတ်ခြင်းအကြောင်းကိုပြောပြီး တစ်ခုက ချစ်ခြင်းမေတ္တာအကြောင်းကိုပြောသည်။ ဤအချက်နှစ်ခုက ကျေးဇူးတော်ခေတ်၌ သခင်ယေရှုလုပ်ဆောင်လိုသောအလုပ်ကို အမှန်တကယ်ပင် မီးမောင်းထိုးပြသည်။

ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအခါတွင် သူ့လုပ်ဆောင်မှု၏ အဆင့်တစ်ခုကို သယ်ဆောင်လာခဲ့သည်။ ဤခေတ်ကာလတွင် သူဖော်ပြလိုသော စိတ်သဘောထားနှင့် သီးသန့်အလုပ်တစ်ခုကို သယ်ဆောင်လာသည်။ ထိုအချိန်ကာလတွင် လူသားလုပ်ဆောင်သော အရာတိုင်းက ဤခေတ်တွင် ဘုရားသခင်လုပ်ဆောင်လိုသောအလုပ်ကို အဓိကထား၍လုပ်သည်။ ပို၍လည်းမလုပ်သကဲ့သို့ လျှော့၍လည်း မလုပ်ပေ။ သူပြောသော အရာရာတိုင်းနှင့် သူလုပ်ဆောင်ခဲ့သော အလုပ်အမျိုးအစားအားလုံးက ဤခေတ်ကာလနှင့် ဆက်စပ်နေသည်။ လူသားဘာသာစကားနှင့်၊ လူသား၏နည်းလမ်းနှင့်၊ ထိုအရာကို သူဖော်ပြခဲ့သည်ဖြစ်စေ၊ ဘုရားသဘောသဘာဝနှင့်သက်ဆိုင်သော ဘာသာစကားမှ တစ်ဆင့်ဖြစ်စေ၊ မည်သည့်နည်းလမ်းနှင့်ဖြစ်စေ၊ သို့မဟုတ် မည်သည့်ရှုထောင့်အမြင်နှင့် ဖော်ပြခဲ့သည်ဖြစ်စေ၊ သူ၏ပန်းတိုင်က သူလုပ်လိုသောအရာ၊ သူ၏အလိုတော်၊ လူတို့အပေါ် သူ၏လိုအပ်ချက်တို့ကို လူတို့နားလည်အောင် ကူညီရန်ဖြစ်သည်။ လူတို့ကို သူ၏အလိုတော်ကို သိပြီး နားလည်အောင်၊ သူ၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအလုပ်ကို နားလည်အောင် ကူညီရန်အတွက် မတူညီသော ရှုထောင့်တို့မှ နည်းလမ်းအမျိုးမျိုးကို သူ အသုံးပြုကောင်းပြုနိုင်သည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက လူသားမျိုးနွယ်နှင့် သူဆက်သွယ်ပြောဆိုလိုသောအရာတို့ကို ဖော်ပြရန် လူသား၏ဘာသာစကားကို မကြာခဏအသုံးပြုခြင်းကို ငါတို့ တွေ့မြင်ရသည်။ ထို့ထက်ပို၍ပင် သူသည် သာမန်လမ်းညွှန်တစ်ယောက်၏ ရှုထောင့်မှ လူတို့ကို စကားပြောခြင်း၊ သူတို့၏လိုအပ်ချက်တို့ကို ပံ့ပိုးပေးခြင်း၊ သူတို့တောင်းဆိုသောအရာတို့ကို ကူညီပေးခြင်းတို့ပြုလုပ်ပုံကို မြင်ရသည်။ ဤကဲ့သို့ အလုပ်လုပ်ပုံမျိုးကို ကျေးဇူးတော်ခေတ်မတိုင်ခင် လာသော ပညတ်တော်ခေတ်၌ မမြင်ရချေ။ သူသည် လူသားမျိုးနွယ်အပေါ် ပိုပြီး ကရုဏာထားလာသည်။ ပိုပြီးရင်းနှီးလာပြီး ပုံသဏ္ဌာန်နှင့် နည်းစနစ်ဟန်ပန်တို့မှ လက်တွေ့ကျသောရလဒ်တို့ကိုလည်း ပို၍ပင် ရရှိနိုင်လာသည်။ လူတို့ကို အကြိမ် ခုနစ်ဆယ် ခုနစ်လီခွင့်လွှတ်ရန် ဖော်ပြချက်က ဤအချက်ကို ပိုပြီး ရှင်းလင်းသွားစေသည်။ ဤဖော်ပြချက်ထဲက ကိန်းဂဏန်းအားဖြင့် ရရှိသော ရည်ရွယ်ချက်က သခင်ယေရှုသည် ၎င်းကိုပြောသောအချိန်၌ သူ၏ ရည်ရွယ်ချက်ကို လူတို့ နားလည်စေရန်ဖြစ်သည်။ သူ့ရည်ရွယ်ချက်က လူတို့သည် သူတစ်ပါးကို ခွင့်လွှတ်ရန်ပင်ဖြစ်သည်။ တစ်ကြိမ် မဟုတ်။ နှစ်ကြိမ်လည်း မဟုတ်။ ခုနစ်ကြိမ်ပင်မဟုတ်ပေ။ ခုနစ်ဆယ် ခုနစ်လီဖြစ်သည်။ "ခုနစ်ဆယ် ခုနစ်လီ" ဆိုသည်မှာ မည်ကဲ့သို့စိတ်ကူးမျိုးဖြစ်သနည်း။ လူတို့က သူတို့၏ ကိုယ်ပိုင် တာဝန်ဝတ္တရားတို့ကို ခွင့်လွှတ်ရန်ဖြစ်ပြီး၊ သူတို့ သင်ယူရမည့် အရာတစ်ခု၊ သူတို့ ထိန်းသိမ်းရမည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဤသည်မှာဖော်ပြချက်သက်သက်တစ်ခုဖြစ်သော်လည်း အလွန်အရေးကြီးသော အချက်တစ်ခုဖြစ်သည်။ ဤအချက်က လူတို့အား သူဆိုလိုသည့်အရာကို လေးနက်စွာ အသိအမှတ်ပြုရန်၊ သင့်တော်သော ကျင့်သုံးခြင်းနည်းလမ်း၊ စည်းမျဉ်းစည်းကမ်းနှင့် ကျင့်သုံးခြင်း၌ စံသတ်မှတ်ခြင်းတို့ကို တွေ့ရှိရန် ကူညီပေးသည်။ ဤဖော်ပြချက်က လူတို့ကို ရှင်းလင်းစွာနားလည်စေရန် ကူညီပေးပြီး သူတို့သည် ခွင့်လွှတ်ခြင်းကို သင်ယူသင့်သည်ဆိုသော တိကျသော အယူအဆကို ပေးသည်။ အခြေအနေ သတ်မှတ်ချက်တို့မပါဘဲ၊ အကန့်အသတ်တို့မပါဘဲ သည်းခံခြင်းသဘောထားနှင့် သူတစ်ပါးတို့အပေါ်တွင် နားလည်ခြင်းနှင့် ခွင့်လွှတ်ရန်ဖြစ်သည်။ သခင်ယေရှုက ဤစကားကိုပြောလိုက်သောအခါတွင် သူ့နှလုံးသားထဲမှာ ဘာရှိသနည်း။ ခုနစ်ဆယ် ခုနစ်လီဆိုသည်ကို အမှန်တကယ်ပင် စဉ်းစားနေခဲ့သလော။ မဟုတ်ပေ။ ဘုရားသခင်က လူသားကို ခွင့်လွှတ်သော အကြိမ်အရေအတွက်တစ်ခုရှိပါသလော။ ဤအရေအတွက်၏ မူလအရင်းအမြစ်နှင့် အဓိပ္ပာယ်ကို နားလည်လိုသော "အကြိမ်အရေအတွက်" ဆိုသည်ကို စိတ်ဝင်စားသော လူတို့ များစွာရှိပါသည်။ ဤကိန်းဂဏန်းက သခင်ယေရှု၏ နှုတ်မှ အဘယ့်ကြောင့်ထွက်လာသနည်းဆိုသည်ကို သူတို့နားလည်လိုကြသည်။ ဤအရေအတွက်၌ ပိုမိုနက်နဲသော သွယ်ဝိုက်သော အချက်တစ်ခုရှိသည်ဟု သူတို့ ယုံကြည်ကြသည်။ အမှန်တကယ်တွင်မူ ၎င်းသည် ဘုရားသခင်၏ လူ့သဘာဝမှလာသော ဖော်ပြချက်ဖြစ်ပါသည်။ သွယ်ဝိုက်သော အချက် သို့မဟုတ် အဓိပ္ပာယ်ကို လူသားမျိုးနွယ်အတွက် သခင်ယေရှု၏ လိုအပ်ချက်တို့နှင့်အတူ ခံယူရပါမည်။ ဘုရားသခင် လူ့ဇာတိ မဖြစ်ခင်က သူပြောသောအရာအများအပြားက လုံးဝခပ်သိမ်း ဘုရား၏သဘောသဘာဝမှ လာသောအတွက်ကြောင့် ၎င်းတို့ကို လူတို့ နားမလည်ခဲ့ကြချေ။ သူ့ပြောစကား၏ ရှုထောင့်နှင့် ဆက်စပ်စဉ်းစားရမည့်အကြောင်းအရာတို့က လူသားမျိုးနွယ်အတွက် မမြင်နိုင်၊ လက်လှမ်းမမီနိုင်ချေ၊ ထိုအရာတို့ကို လူတို့မမြင်နိုင်သော ဝိညာဉ်လောကမှ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ့ဇာတိပကတိ၌နေထိုင်ခဲ့သော လူတို့အတွက် ဝိညာဉ်လောကကို ဖြတ်သန်းမသွားနိုင်ခဲ့ချေ။ သို့သော်လည်း ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီးနောက်တွင် သူသည် လူသားမျိုးနွယ်ကို လူ့သဘာ၀၏ ရှုထောင့်မှ စကားပြောခဲ့ပြီး ဝိညာဉ်လောက၏ နယ်ပယ်မှ သူထွက်လာပြီး ၎င်းကို ကျော်လွန်သွားခဲ့သည်။ သူသည် လူသားမျိုးနွယ်က ဘုရားသခင်ကို သိပြီးနားလည်ရန်၊ သူတို့၏ တတ်နိုင်စွမ်းရှိသော အတိုင်းအတာအတွင်းမှ သူ၏ရည်ရွယ်ချက်နှင့် သူလိုအပ်သော စံသတ်မှတ်ချက်တို့ကို သူတို့တတ်နိုင်သောအဆင့်အထိ နားလည်သဘောပေါက်ရန်၊ လူသားတို့လက်ခံနိုင်သော နည်းလမ်းတို့ကို အသုံးပြုရင်း လူသားတို့ စိတ်ကူးထင်မြင်၍ရသောအရာများ၊ သူတို့မြင်ခဲ့သောအရာများ၊ သူတို့ဘဝ၌ ကြုံတွေ့ခဲ့ရသောအရာများ၊ သူတို့နားလည်နိုင်သော ဘာသာစကားတစ်ခုနှင့်၊ သူတို့နားလည်နိုင်သော အသိပညာတို့မှတစ်ဆင့် သူ၏ ဘုရားသခင်စိတ်သဘောထား၊ အလိုတော်နှင့် သဘောထားတို့ကို သူဖော်ပြနိုင်ခဲ့သည်။ ၎င်းသည် ဘုရားသခင်၏ လူ့သဘာဝထဲက အလုပ်၏ နည်းလမ်းနှင့် အခြေခံစည်းမျဉ်းတို့ဖြစ်သည်။ ဘုရားသခင်၏ နည်းလမ်းတို့နှင့် လူ့ဇာတိ၌ သူ၏အလုပ်လုပ်ပုံ သဘောတရားတို့သည် လူ့သဘာဝအားဖြင့် သို့မဟုတ် လူ့သဘာဝမှတစ်ဆင့် အများစုရရှိသော်လည်း ဘုရား၏သဘောသဘာဝနှင့် တိုက်ရိုက်လုပ်ဆောင်ခြင်းအားဖြင့် မရရှိနိုင်သော ရလဒ်တို့ကို အမှန်တကယ် ရရှိခဲ့သည်။ ဘုရားသခင်၏ လူ့သဘာဝထဲက လုပ်ဆောင်မှုသည် ပိုပြီးခိုင်မာသည်၊ စစ်မှန်သည်၊ ဦးတည်ချက်ရှိသည်၊ နည်းလမ်းတို့က ပို၍ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပုံသဏ္ဌာန်အရ ပညတ်တော်ခေတ်ကို ကျော်လွန်သွားခဲ့သည်။

အောက်တွင် သခင်ကို ချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်ခြင်းအကြောင်းကို ပြောကြစို့။ ဘုရား၏ သဘောသဘာဝမှာ တိုက်ရိုက်ဖော်ပြသော အရာတစ်ခုဖြစ်ပါသလော။ မဟုတ်ဘူးဆိုသည်မှာ ရှင်းပါသည်။ ၎င်းတို့အားလုံးက လူသားက လူ့သဘာဝထဲမှာ ပြောသောအရာတို့ဖြစ်ပါသည်။ "ကိုယ်နှင့်စပ်ဆိုင်သူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်ပါ။ သူတစ်ပါးကို ချစ်ခြင်းက သင့်၏ကိုယ်ပိုင်ဘဝကို ချစ်မြတ်နိုးခြင်းနှင့် အတူတူပင်ဖြစ်သည်" ဆိုသောစကားမျိုးကို လူတို့ပင် ပြောမှာဖြစ်ပြီး လူတို့သာ ဤပုံစံနှင့် ပြောမှာဖြစ်သည်။ ဘုရားသခင်က ဤကဲ့သို့ တစ်ခါမျှ မပြောဖူးပေ။ အနည်းဆုံး ဘုရားသခင်က သူ၏ဘုရားသဘောသဘာဝမှာ ဤကဲ့သို့ ဘာသာစကားအမျိုးအစားမျိုးမရှိပေ။ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းကို ထိန်းသိမ်းရန် "သင့်အိမ်နီးချင်းကို သင့်ကိုယ်သင် ချစ်သကဲ့သို့ချစ်ပါ" ဆိုသော ဤကဲ့သို့ ယုံကြည်မှုမျိုး မလိုသည့်အတွက်ကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ချစ်ခြင်းက သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၏ သဘာဝအလျောက် ဖွင့်ပြခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်က "ငါ့ကိုယ်ငါချစ်သကဲ့သို့ လူသားမျိုးနွယ်ကို ငါချစ်သည်" ဟု ပြောဆိုခြင်းမျိုးကိုသင်ဘယ်တုန်းက ကြားဖူးပါသနည်း။ ချစ်ခြင်းက ဘုရားသခင်၏ အနှစ်သာရမှာ ရှိသောအတွက်ကြောင့်၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းမှာ ရှိသောအတွက်ကြောင့်ဖြစ်ပါသည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့် လူတို့ကို သူဆက်ဆံသောပုံစံနှင့် သူ့သဘောထားသည် သူ့စိတ်သဘောထား၏ သဘာဝအလျောက် ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်းပင်ဖြစ်သည်။ ဤသည်ကို သူ တမင်သက်သက် ပုံစံတစ်မျိုးနှင့် လုပ်ရန် မလိုအပ်ပေ၊ သို့မဟုတ် သူ့ကိုယ်သူချစ်သကဲ့သို့ သူနှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းကို ရရှိရန်သက်သက် နည်းလမ်း၊ သို့မဟုတ် ကိုယ်ကျင့်တရားတစ်မျိုးကို တမင်လိုက်လျှောက်ရန် မလိုအပ်ပေ။ ဤကဲ့သို့အနှစ်သာရမျိုးကို သူပိုင်ဆိုင်နှင့်ပြီးဖြစ်သည်။ ဤနေရာမှာ သင်ဘာကိုမြင်ရသနည်း။ ဘုရားသခင်က လူ့သဘာဝထဲ၌ အလုပ်လုပ်သောအခါတွင် သူ၏နည်းလမ်းအများစု၊ စကားလုံးများနှင့် သမ္မာတရားများ အားလုံးကို လူသား၏နည်းလမ်းဖြင့် ဖော်ပြပါသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏အလိုတော်တို့ကို လူတို့သိရန် နားလည်ရန် ဖော်ပြပါသည်။ သူတို့သိပြီး နားလည်သောအရာက ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုသော သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့ အတိအကျပင်ဖြစ်ပါသည်။ ဆိုလိုသည်မှာ လူ့ဇာတိမှာရှိသော လူသားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုစိတ်သဘောထားနှင့် အနှစ်သာရကို ဖြစ်နိုင်သရွေ့အများဆုံး၊ ဖြစ်နိုင်သရွေ့ အတိကျဆုံးဖော်ပြပါသည်။ လူသား၏ လူ့သဘာဝသည် ကောင်းကင်ဘုံမှာရှိသော ဘုရားသခင်နှင့် လူသား၏ ဆက်သွယ်ပြောဆိုခြင်းနှင့် အပြန်အလှန်ဆက်ဆံခြင်းအတွက် အနှောင့်အယှက် သို့မဟုတ် အတားအဆီးတစ်ခုမဟုတ်ရုံသာမကဘဲ အမှန်တကယ်တွင်မူ ဖန်ဆင်းခြင်း၏အရှင်သခင်ကို လူသားမျိုးနွယ်က ဆက်သွယ်ရန်အတွက် တစ်ခုတည်းသောလမ်းကြောင်းနှင့် တစ်ခုတည်းသော ပေါင်းကူးတံတားဖြစ်ပါသည်။ ဤနေရာတွင် ကျေးဇူးတော်ခေတ်နှင့် လက်ရှိအလုပ်လုပ်ခြင်းအဆင့်၌ သခင်ယေရှုအားဖြင့် ပြီးမြောက်သောအလုပ်၏ နည်းလမ်းတို့နှင့် သဘောသဘာဝကြားတွင် ဆင်တူခြင်း များစွာရှိသည်ဟု သင်တို့ မခံစားရသလော။ ဤလက်ရှိအလုပ်လုပ်ခြင်းအဆင့်က ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြရန် လူသား၏ ဘာသာစကားကို များပြားစွာအသုံးပြုပြီး ဘုရားသခင်ကိုယ်တိုင်၏ အလိုတော်ကို ဖော်ပြရန် လူသားမျိုးနွယ်၏ နေ့စဉ်အသက်တာနှင့် လူသား၏ အသိပညာမှ နည်းလမ်းတို့နှင့် ဘာသာစကားကို များပြားစွာ အသုံးပြုပါသည်။ ဘုရားသခင်က လူ့ဇာတိဖြစ်လိုက်သည်နှင့် သူက လူသား၏ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ သို့မဟုတ် ဘုရား၏သဘောသဘာဝမှ ပြောသည်ဖြစ်စေ၊ သူ၏ ဖော်ပြသော ဘာသာစကားနှင့် နည်းလမ်းအများစုသည် လူသား၏ ဘာသာစကားနှင့် နည်းလမ်း၏ ကြားခံမှတစ်ဆင့်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်က လူ့ဇာတိဖြစ်သောအခါမှာ ဘုရားသခင်၏ အဆုံးအစမရှိဘုန်းတန်ခိုးနှင့် သူ၏အသိပညာကိုမြင်ရန်၊ ဘုရားသခင်၏ စစ်မှန်သော သွင်ပြင်လက္ခဏာတိုင်းကို သိရန် သင့်အတွက် အကောင်းဆုံး အခွင့်အရေးပင်ဖြစ်သည်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအခါ သူကြီးထွားလာနေစဉ်တွင် လူသားမျိုးနွယ်၏ အသိပညာတစ်ချို့၊ ရှိသင့်သောအသိစိတ်၊ ဘာသာစကားနှင့် လူ့သဘာ၀၌ ဖော်ပြခြင်းနည်းလမ်းတို့ကို သူသည် နားလည်လာသည်။ သင်ယူလေ့လာသည်။ သဘောပေါက်လာသည်။ လူ့ဇာတိအဖြစ်ခံယူသော ဘုရားသခင်သည် သူဖန်ဆင်းခဲ့သော လူသားတို့ဆီမှလာသော ဤအရာတို့ကို ပိုင်ဆိုင်သည်။ ဤအရာတို့သည် သူ၏စိတ်သဘောထားနှင့် သူ၏ ဘုရားသဘောသဘာဝကို ဖော်ပြရန်အတွက် လူ့ဇာတိမှာရှိသော ဘုရားသခင်၏ အသုံးချပစ္စည်းတို့ဖြစ်လာသည်။ ဤအရာတို့သည် လူသားမျိုးနွယ်၏အလယ်တွင် သူအလုပ်လုပ်နေသောအခါ၌ လူသား၏ရှုထောင့်နှင့် လူသား၏ ဘာသာစကားကို အသုံးပြုရင်း သူ့လုပ်ဆောင်ချက်တို့ကို ပို၍ပင် အသုံးဝင်စေသည်။ ပို၍ပင် စစ်မှန်စေသည်၊ ပို၍ပင် တိကျစေပါသည်။ ဤအရာတို့သည် လူတို့အတွက် ပို၍ အဆင်ပြေလွယ်ကူစေပြီး ပို၍လွယ်ကူစွာ နားလည်နိုင်စေခဲ့သည်။ ဤသို့နှင့် ဘုရားသခင် လိုချင်သော ရလဒ်ကို ရရှိစေသည်။ ဘုရားသခင်အတွက် ဤကဲ့သို့ လူ့ဇာတိနှင့် အလုပ်လုပ်ဆောင်ခြင်းက ပို၍ပင် လက်တွေ့မကျသလော။ ၎င်းသည် ဘုရားသခင်၏ ဉာဏ်ပညာမဟုတ်သလော။ ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအခါမှာ၊ သူလုပ်ဆောင်လိုသောအလုပ်ကို ဘုရားသခင်၏ဇာတိခန္ဓာမှ လုပ်ဆောင်နိုင်သောအခါ၊ သူ၏စိတ်သဘောထားနှင့် သူ၏အလုပ်ကို လက်တွေ့ကျကျ ဖော်ပြသောအချိန်ဖြစ်ပြီး လူသားအနေဖြင့် သူ၏အမှုတော်ကို အမှန်တကယ် အစပြုသောအချိန်လည်းဖြစ်ပါသည်။ ထို့ကြောင့်ဘုရားသခင်နှင့် လူသားကြား၌ သဘောထားကွာဟချက်တို့ မရှိတော့ချေ၊ ဘုရားသခင်သည် မကြာခင်မှာပင် သတင်းစကားပို့ဆောင်သူတို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုခြင်းအလုပ်ကို ရပ်တန့်လိုက်တော့မည်ဟု ဆိုလိုခြင်းဖြစ်ပြီး သူအလိုရှိပါက ဘုရားသခင်ကိုယ်တော်တိုင် လူ့ဇာတိနှင့် နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်မှုတို့အားလုံးကို ကိုယ်တိုင်ဖော်ပြနိုင်သည်ဟု ဆိုလိုပါသည်။ ဤသည်မှာ ဘုရားသခင် ကယ်တင်သော လူတို့သည် သူနှင့် ပိုနီးစပ်သည်ဟုလည်း ဆိုလိုသည်။ သူ၏ စီမံခန့်ခွဲမှုအလုပ်က နေရာအသစ်ကို ဝင်ရောက်လာပြီး လူသားမျိုးနွယ်အားလုံးသည် ခေတ်သစ်တစ်ခုကို ရင်ဆိုင်ရတော့မည်ဟု လည်း ဆိုလိုခြင်းဖြစ်ပါသည်။

သမ္မာကျမ်းစာကိုဖတ်ပြီးသူတိုင်း သခင်ယေရှုမွေးဖွားသောအခါ၌ အကြောင်းအရာများပြားစွာဖြစ်ခဲ့သည်ဆိုခြင်းကို သိသည်။ ထိုအကြောင်းအရာတို့ထဲတွင် အကြီးမားဆုံးက မာရ်နတ်တို့၏ ရှင်ဘုရင်၏ လိုက်လံဖမ်းဆီးခြင်းကိုခံရခြင်းပင်ဖြစ်သည်။ နှစ်နှစ်နှင့် နှစ်နှစ်အောက်ကလေးများအားလုံး အသတ်ဖြတ်ခံရသောအထိပင်ဖြစ်ခဲ့သည်။ လူသားတို့ကြားတွင် လူ့ဇာတိခံယူခဲ့ခြင်းကြောင့် ရရှိလာမည့် ကြီးမားသော ဘေးအန္တရာယ်ကို ဘုရားသခင် ခံယူခဲ့သည်ဆိုသည်မှာ ထင်ရှားမြင်သာပါသည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သော သူ၏စီမံခန့်ခွဲမှု ပြီးမြောက်ခြင်းအတွက် သူပေးဆပ်လိုက်ရသော ကြီးမားသည့် အဖိုးအခသည်လည်း ထင်ရှားမြင်သာပါသည်။ ဘုရားသခင်သည် လူ့ဇာတိအနေနှင့် လူသားမျိုးနွယ်ကြားထဲတွင် သူ့အလုပ်အတွက် သူကိုင်ဆောင်ထားသည့် ကြီးမားသော မျှော်လင့်ချက်သည်လည်း ထင်ရှားမြင်သာပါသည်။ ဘုရားသခင်၏ လူ့ဇာတိသည် လူသားမျိုးနွယ်ကြားထဲတွင် အလုပ်လုပ်ဆောင်နိုင်သောအခါ သူမည်ကဲ့သို့ခံစားနေခဲ့ရမည်နည်း။ လူတို့ ဤသည်ကို အနည်းငယ်မျှနားလည်သင့်သည်မဟုတ်လော။ အနည်းဆုံး ဘုရားသခင်သည် ပျော်ရွှင်ခဲ့သည်။ အကြောင်းမှာ လူသားမျိုးနွယ်ကြားထဲ၌ သူ၏လုပ်ဆောင်မှုအသစ်ကို စတည်တည်ဆောက်နိုင်ခဲ့၍ဖြစ်ပါသည်။ သခင်ယေရှုသည် နှစ်ခြင်းခံပြီး သူ၏အမှုတော်ကို ပြည့်စုံစေရန် သူ၏အလုပ်ကို အမှန်တကယ်စတင်ခဲ့သောအခါတွင် ဘုရားသခင်၏ နှလုံးသားသည် ဝမ်းမြောက်မှုတို့နှင့် ပြည့်လျှံနေခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော်နှစ်ပေါင်းများစွာစောင့်ပြီး ပြင်ဆင်ပြီးနောက်တွင် သာမန်လူသားတစ်ယောက်၏ ဇာတိခန္ဓာကို နောက်ဆုံးတွင် သူဝတ်ဆင်နိုင်ပြီး လူတို့မြင်နိုင် ထိနိုင်သော အသွေးအသားနှင့်လူတစ်ယောက်၏ အသွင်ဖြင့် သူ၏အလုပ်အသစ်ကို စတင်နိုင်ပြီဖြစ်သည့်အတွက်ကြောင့်ဖြစ်ပါသည်။ ဘုရားသခင်သည် နောက်ဆုံးတွင်မူ လူသားတစ်ယောက်၏ ဝိသေသလက္ခဏာမှတစ်ဆင့် လူတို့နှင့် မျက်နှာချင်းဆိုင်၊ နှလုံးသားချင်း စကားပြောနိုင်ပြီ။ နောက်ဆုံးတွင်မူ ဘုရားသခင်သည် လူသား၏ဘာသာစကားနှင့် လူသား၏နည်းလမ်းနှင့် လူသားမျိုးနွယ်ကို မျက်နှာချင်းဆိုင်နိုင်ပြီ။ သူသည် လူသားမျိုးနွယ်ကို ထောက်ပံ့နိုင်သည်။ ဉာဏ်အလင်းဖွင့်ပေးနိုင်သည်။ လူသား၏ ဘာသာစကားကို အသုံးပြုပြီး သူတို့ကို ကူညီနိုင်သည်။ လူသားတို့နှင့် လက်ရည်တပြင်တည်း စားသောက်ပြီး တစ်နေရာတည်း၌ နေထိုင်နိုင်သည်။ သူသည် လူသားတို့လိုပင် လူတို့ကိုလည်း မြင်နိုင်သည်၊ အရာဝတ္ထုတို့ကို မြင်နိုင်သည်၊ အရာအားလုံးကို မြင်နိုင်ပြီး သူတို့၏ကိုယ်ပိုင်မျက်လုံးတို့မှ တစ်ဆင့်တောင် မြင်နိုင်သည်။ ဘုရားသခင်အတွက် ဤအရာသည် လူ့ဇာတိ၌ သူ့အလုပ်၏ ပထမဆုံး အောင်နိုင်ခြင်းဖြစ်နေနှင့်ပါပြီ။ ကြီးမြတ်သောလုပ်ဆောင်မှုတစ်ခု ပြီးမြောက်ခြင်းဟုလည်း ဆိုနိုင်ပါသည်။ ဤအရာက ဘုရားသခင် အပျော်ရွှင်ဆုံးဖြစ်သောအရာပင်ဖြစ်သည်။ ထိုအချိန်ကစပြီး လူသားမျိုးနွယ်ကြားက သူ၏လုပ်ဆောင်မှုမှာ စိတ်သက်သာရာရသကဲ့သို့မျိုး ဘုရားသခင်ခံစားရခြင်းသည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ဤဖြစ်ရပ်တို့အားလုံးသည် အလွန် လက်တွေ့ကျပြီး အလွန်ပင် သဘာဝဆန်ပါသည်။ ဘုရားသခင်ခံစားရသော စိတ်သက်သာရာရမှုသည် အလွန်ပင် စစ်မှန်ပါသည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏လုပ်ဆောင်မှု အဆင့်သစ်တစ်ခု ပြီးဆုံးသောအချိန်တိုင်းမှာ၊ ဘုရားသခင်က ကျေနပ်အားရမှုကို ခံစားရသော အချိန်တိုင်းက လူသားမျိုးနွယ်သည် ဘုရားသခင်နှင့်ပိုပြီး နီးစပ်လာသောအချိန်ဖြစ်ပါသည်။ လူတို့သည် ကယ်တင်ခြင်းဆီသို့ ပို၍ နီးစပ်လာနိုင်သောအချိန်ဖြစ်ပါသည်။ သူ၏ စီမံခန့်ခွဲမှု အစီအစဉ် နောက်တစ်ဆင့် တက်လှမ်းသောအခါမှာ၊ ထို့နောက် သူ၏အလိုတော်သည် ပြီးပြည့်စုံသော ပြီးမြောက်မှုတစ်ခုဆီသို့ ချဉ်းကပ်လာသောအခါမှာ၊ ဘုရားသခင်အတွက် ဤအရာသည် သူ့အလုပ်သစ် စတင်ခြင်းလည်းဖြစ်ပါသည်။ လူသားမျိုးနွယ်အတွက် ဤကဲ့သို့အခွင့်အရေးရောက်လာခြင်းက ကံကောင်းခြင်းဖြစ်ပြီး အလွန်ပင်ကောင်းမွန်ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို စောင့်သောသူတိုင်းအတွက် အလွန်အရေးပါသော သတင်းဖြစ်သည်။ ဘုရားသခင်က အလုပ်အသစ်တစ်ခု စတင်လုပ်ဆောင်သောအခါတွင် သူ့မှာ အသစ်စတင်ခြင်းတစ်ခုရှိပါသည်။ ဤအလုပ်အသစ်နှင့် အသစ်စတင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင် စတင်ပြုလုပ်ပြီး နိဒါန်းပျိုးလာသောအခါတွင် ဤအလုပ်အဆင့်၏ ရလဒ်က သတ်မှတ်ပြီးသော အချိန်တွင်ဖြစ်ပါသည်။ ဤအလုပ်အသစ်သည် ပြည့်စုံပြီးဖြစ်ပြီး ဘုရားသခင်က သူ၏ နောက်ဆုံး အကျိုးသက်ရောက်မှုတို့နှင့် အသီးအပွင့်တို့ကို မြင်ပြီးနှင့်ပါပြီ။ ဤအကျိုးသက်ရောက်မှုတို့က ဘုရားသခင်ကို ကျေနပ်စေသောအခါတွင် သူ့နှလုံးသားသည်လည်း ပျော်ရွှင်နေပေသည်။ အဘယ့်ကြောင့်ဆိုသော်ဘုရားသခင်၏အမြင်၌ သူရှာဖွေနေသော လူတို့ကို မြင်ပြီး သတ်မှတ်နှင့်ပြီးဖြစ်ပါသည်။ တဖန်သူ့အလုပ်ကို အောင်မြင်စေပြီး သူ့ကို ကျေနပ်မှုတို့ သယ်ဆောင်ပေးနိုင်သော အုပ်စုဖြစ်သော ဤအုပ်စုကို ရရှိပြီးဖြစ်ပါသည်။ ဘုရားသခင်သည် စိတ်အေးချမ်းမှုကို ခံစားရသည်။ သူ၏စိုးရိမ်မှုတို့ကို ဘေးဖယ်ပြီး သူပျော်ရွှင်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ လူ့ဇာတိက လူသားတို့အကြား အလုပ်အသစ်ကို စတင်လုပ်ဆောင်နိုင်သောအခါတွင် သူလုပ်ရမည့်အလုပ်ကို အတားအဆီးမရှိ လုပ်ဆောင်ရန် သူစတင်ပါသည်။ အားလုံးက ပြီးမြောက်သွားပြီဟု သူခံစားရသောအခါတွင် သူသည် အဆုံးကို မြင်ပြီးနှင့်ပါပြီ။ ဤအဆုံးကြောင့်ပင် သူသည် ကျေနပ်ပြီး ပျော်ရွှင်သော နှလုံးသားရှိပါသည်။ ဘုရားသခင်၏ ပျော်ရွှင်မှုကို မည်ကဲ့သို့ ဖော်ပြသနည်း။ သင်တို့ စဉ်းစားကြည့်နိုင်ပါသလော။ ဘုရားသခင်က ငိုမည်လော။ ဘုရားသခင်က ငိုနိုင်သလော။ ဘုရားသခင်က သူ့လက်နှင့် လက်ခုပ်တီးနိုင်သလော။ ဘုရားသခင်က ကနိုင်သလော။ ဘုရားသခင်က သီချင်းဆိုနိုင်သလော။ ဘာသီချင်းများဖြစ်မည်နည်း။ မှန်ပေသည်။ ဘုရားသခင်က လှပပြီး ခံစားရသော သီချင်းကို ဆိုနိုင်ပါသည်။ သူ့နှလုံးသားတွင်ရှိသော ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ဖော်ပြနိုင်သော သီချင်းတစ်ပုဒ်ပင်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူသီဆိုနိုင်သည်။ သူ့အတွက်သူ သီဆိုနိုင်သည်။ ထို့နောက် အရာအားလုံးအတွက် သီဆိုနိုင်သည်။ ဘုရားသခင်၏ ပျော်ရွှင်ခြင်းက မည်သည့်နည်းလမ်းနှင့်မဆို ဖော်ပြနိုင်သည်။ ဤအရာအားလုံးက သာမန်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ထံ၌ ဝမ်းမြောက်ခြင်းရော၊ ဝမ်းနည်းခြင်းပါ ရှိပြီး သူ၏ခံစားချက်အမျိုးမျိုးကို နည်းအမျိုးမျိုးနှင့် ဖော်ပြနိုင်၍ဖြစ်သည်။ ၎င်းက သူ၏အခွင့်အရေးဖြစ်ပြီး သာမန်အဖြစ်ဆုံး အရာတစ်ခုဖြစ်သည်။ တစ်ခြားအရာတို့ကို သင်မစဉ်းစားသင့်ပေ။ သူ၏ပျော်ရွှင်ခြင်းကို ကန့်သတ်ရန် သို့မဟုတ် သူ့၌ရှိသော ခံစားချက်ကို ကန့်သတ်ရန် သူ့ကို ဟိုဟာ၊ ဒီဟာ မလုပ်သင့်၊ သူ ဒီလို၊ ဟိုလို မပြုမူသင့်ဟုပြောရင်းနှင့် သင့်၏ ကိုယ်ပိုင် ကန့်သတ်ချက်ကို ဘုရားသခင်ထံသို့ ထိုးမပေးသင့်ပေ။ လူတို့၏ နှလုံးသား၌ ဘုရားသခင်က ပျော်ရွှင်၍မရပေ။ သူသည် မျက်ရည်ကျ၍မရပေ။ သူငို၍မရပေ။ မည်သည့်စိတ်ခံစားမှုမျှ ဖော်ပြ၍မရပေ။ ဤအရာတို့ကို ငါတို့ နှစ်ကြိမ်ဆွေးနွေးပြောဆိုမှုမှတစ်ဆင့် ဘုရားသခင်ကို သင်တို့ ဤကဲ့သို့မြင်မှာမဟုတ်တော့ဘဲ ဘုရားသခင်ကို လွတ်လပ်မှုနှင့် ဖြေလျှော့ပေးမှုကို ရရှိရန် အခွင့်ကိုပေးလိမ့်မည်ဟု ငါယုံကြည်သည်။ ၎င်းက အလွန်ကောင်းမွန်သောအရာဖြစ်သည်။ အနာဂတ်၌ သူဝမ်းနည်းနေသည်ဟု သင်ကြားသောအခါတွင် သင်သည် ဘုရားသခင်၏ ဝမ်းနည်းခြင်းကို အမှန်တကယ် ခံစားနိုင်လျှင်၊ သူပျော်ရွှင်နေသည်ဟု သင်ကြားရသောအခါတွင် သင်သည် သူ၏ပျော်ရွှင်ခြင်းကို အမှန်တကယ် ခံစားနိုင်လျှင်၊ အနည်းဆုံး သင်သည် ဘုရားသခင်ကို ဘယ်အရာကပျော်ရွှင်စေပြီး ဘယ်အရာက ဝမ်းနည်းစေသည်ဆိုသည်ကို သင်ရှင်းရှင်းလင်းလင်းသိပါလိမ့်မည်။ ဘုရားသခင်က ဝမ်းနည်းသောကြောင့် သင်က ဝမ်းနည်းခြင်းကို ခံစားရနိုင်ပြီး ဘုရားသခင်က ပျော်ရွှင်သောကြောင့် သင်ပျော်ရွှင်လျှင် သူသည် သင့်နှလုံးသားကို အပြည့်အဝရရှိမှာဖြစ်ပြီး သူနှင့် မည်သည့်အတားဆီးမျှ ရှိမှာမဟုတ်တော့ပေ။ သင်သည် လူသား၏ စိတ်ကူးထင်မြင်ခြင်း၊ အယူအဆတို့နှင့် အသိပညာတို့ဖြင့် ဘုရားသခင်ကို ကန့်သတ်ရန် ကြိုးစားမည်မဟုတ်တော့ချေ။ ထိုအချိန်တွင် ဘုရားသခင်သည် သင့်နှလုံးသားထဲ၌ ရှင်သန်ပြီး နိုးကြားနေပါလိမ့်မည်။ သူသည် သင့်ဘဝ၏ ဘုရားသခင်ဖြစ်ပြီး သင်၏ အရာရာတိုင်း၏ အရှင်သခင်ဖြစ်ပါလိမ့်မည်။ သင့်တွင် ဤကဲ့သို့ရည်မှန်းချက်ရှိပါသလော။ သင်တို့ ဤသည်ကို ရယူနိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါသလော။

နောက်တစ်ခါ ဤစာပိုဒ်တို့ကို ဖတ်ကြရအောင်

၆။ တောင်ပေါ်ဒေသနာ

မင်္ဂလာတရားတော်များ (ရှင်မဿဲ ၅:၃-၁၂)

ဆားနဲ့အလင်း (ရှင်မဿဲ ၅:၁၃-၁၆)

ပညတ်တော် (ရှင်မဿဲ ၅:၁၇-၂၀)

အမျက်ဒေါသ (ရှင်မဿဲ ၅:၂၁-၂၆)

အိမ်ထောင်ရေးဖောက်ပြန်ခြင်း (ရှင်မဿဲ ၅:၂၇-၃၀)

အိမ်ထောင်ရေးကွာရှင်းခြင်း (ရှင်မဿဲ ၅:၃၁-၃၂)

ကျိန်ဆိုခြင်း (ရှင်မဿဲ ၅:၃၃-၃၇)

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး (ရှင်မဿဲ ၅:၃၈-၄၂)

ရန်သူကိုချစ်ပါ (ရှင်မဿဲ ၅:၄၃-၄၈)

လှူဒါန်းခြင်းနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက် (ရှင်မဿဲ ၆:၁-၄)

ဆုတောင်းခြင်း (ရှင်မဿဲ ၆:၅-၈)

၇။ သခင်ယေရှုရဲ့ ပုံဥပမာများ

မျိုးစေ့ကြဲသူရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၁-၉)

တောပင်များရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၂:၂၄-၃၀)

မုန်ညင်းစေ့ရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၃၁-၃၂)

တဆေးရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၃၃)

တောပင်များရဲ့ ပုံဥပမာကို ရှင်းပြထားခြင်း (ရှင်မဿဲ ၁၃:၃၆-၄၃)

ဘဏ္ဍာရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၄၄)

ပုလဲရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၄၅-၄၆)

ပိုက်ကွန်ရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၄၇-၅၀)

၈။ ပညတ်တော်များ

ရှင်မဿဲ ၂၂:၃၇-၃၉ ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။

"တောင်ပေါ်ဒေသနာ" ၏ အပိုင်းတစ်ခုစီကို အရင်ကြည့်ရအောင်။ ၎င်းတို့အားလုံးက မည်သည်နှင့်ဆက်စပ်သနည်း။ ဤအရာအားလုံးက ပိုပြီး မြှင့်တင်ထားသည်၊ ပိုပြီး ခိုင်မာသည်။ ပညတ်တော်ခေတ်၏ စည်းမျဉ်းတို့ထက်ပိုပြီး လူတို့၏ ဘဝများနှင့် နီးစပ်သည်ဆိုခြင်းကို သေချာပေါက်ပြောနိုင်သည်။ ခေတ်စကားနှင့်ပြောရလျှင် လူတို့၏ လက်တွေ့ကျင့်သုံးမှုတို့နှင့် ပိုပြီးဆက်စပ်သည်။

ဤအသေးစိတ်အကြောင်းအရာတို့ကို ဖတ်ကြည့်ရအောင်။ မင်္ဂလာတရားတော်တို့ကို သင်မည်ကဲ့သို့နားလည်သင့်သနည်း။ ပညတ်တော်နှင့်ပတ်သက်ပြီး သင်ဘာသိသင့်သနည်း။ အမျက်ဒေါသကို မည်ကဲ့သို့အဓိပ္ပာယ်ဖွင့်မည်နည်း။ အိမ်ထောင်ရေးဖောက်ပြန်သူတို့ကို မည်ကဲ့သို့ ကိုင်တွယ်သင့်သနည်း။ အိမ်ထောင်ရေးကွာရှင်းမှုနှင့် ပတ်သက်ပြီး မည်သည်တို့ကိုပြောထားပြီး မည်ကဲ့သို့ စည်းမျဉ်းများရှိသနည်း။ မည်သူက ကွာရှင်း၍ရပြီး မည်သူက ကွာရှင်း၍မရသနည်း။ ကျိန်ဆိုခြင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ ရန်သူကိုချစ်လော့၊ လှူဒါန်းခြင်းနှင့်ပတ်သက်၍ ညွှန်ကြားချက်များရော မည်ကဲ့သို့နည်း၊ စသည်ဖြင့်။ ဤအရာအားလုံးက ဘုရားသခင်အပေါ် လူသား၏ယုံကြည်မှုကို ကျင့်သုံးခြင်းနှင့် ဘုရားနောက်ကို သူတို့လိုက်ခြင်း၏ သွင်ပြင်လက္ခဏာတိုင်းနှင့် သက်ဆိုင်ပါသည်။ ဤအလေ့အကျင့်တို့ထဲမှတစ်ချို့က ယနေ့အထိ အသုံးချ၍ ရနေပါသေးသည်။ သို့သော်လည်း လူတို့၏ လက်ရှိလိုအပ်ချက်တို့ထက် ပိုပြီး ခေတ်နောက်ကျပါသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှု၌ သူတို့ကြုံတွေ့ရသော အတော်လေး အခြေခံကျသော သမ္မာတရားများဖြစ်ပါသည်။ သခင်ယေရှုအလုပ်စလုပ်သောအချိန်မှစပြီး သူသည် လူသား၏ အသက်တာစိတ်သဘောထားအပေါ် အလုပ်လုပ်ရန် စနှင့်နေပြီးဖြစ်ပါသည်။ သို့သော်လည်း ၎င်းသည် ပညတ်တော်တို့၏ အခြေခံအုတ်မြစ်ပေါ်တွင် အခြေခံထားပါသည်။ ဤခေါင်းစဉ်တို့၌ရှိသော စည်းမျဉ်းများနှင့် ဆိုရိုးများသည် သမ္မာတရားနှင့် မည်သို့သက်ဆိုင်ခြင်းရှိပါသနည်း။ သက်ဆိုင်ပေသည်။ ယခင်က စည်းမျဉ်းများ၊ အခြေခံသဘောတရားများနှင့် ကျေးဇူးတော်ခေတ်က ဒေသနာများ အားလုံးသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့နှင့် ဆက်စပ်နေပြီး သမ္မာတရားနှင့်လည်း ဆက်စပ်ပေသည်။ ဘုရားသခင်က ဘာကိုပင်ဖော်ပြပါစေ၊ မည်ကဲ့သို့နည်းလမ်းနှင့် ဖော်ပြပါစေ၊ သို့မဟုတ် မည်ကဲ့သို့သော ဘာသာစကားကို အသုံးပြုပါစေ၊ သူ၏ အခြေခံအုတ်မြစ်၊ မူလအရင်းအမြစ်နှင့် သူ၏ အစမှတ်တို့ အားလုံးသည် သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၏ အခြေခံစည်းမျဉ်းတို့အပေါ်တွင် အခြေခံထားပါသည်။ ၎င်းတွင် အမှားအယွင်း မပါဝင်ပေ။ ထို့ကြောင့် ယခု သူပြောသောအရာတို့သည် အနည်းငယ် မလေးနက်ဟု ထင်ရသော်လည်း ၎င်းတို့သည်သမ္မာတရားမဟုတ်ဟု သင်မပြောနိုင်ပေ။ အကြောင်းမှာဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်အတွက်နှင့် သူတို့၏ ဘဝ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုကို ရရှိရန် ကျေးဇူးတော်ခေတ်၌ရှိသော လူတို့အတွက် ခွဲခြား၍မရနိုင်သော အရာတို့ဖြစ်သည်။ ဒေသနာထဲမှာပါသော ဘယ်အရာတစ်ခုမှ သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိဘူးဟု သင်ပြောနိုင်သလော။ သင်မပြောနိုင်ပေ။ ဤအရာ တစ်ခုချင်းစီတိုင်းက သမ္မာတရားဖြစ်ပါသည်။ အကြောင်းမှာ ၎င်းတို့အားလုံးက လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ လိုအပ်ချက်တို့ဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။ ဤအရာအားလုံးက ကိုယ့်ကိုယ်ကိုယ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ဆိုခြင်းအတွက် ဘုရားသခင်က ပေးသော အခြေခံသဘောတရားများနှင့် ရည်ရွယ်ချက်များဖြစ်ပြီး ဤအရာတို့က ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုပါသည်။ သို့သော်လည်း ထိုအချိန်၌ရှိသော အသက်တာထဲ၌ သူတို့၏ကြီးပြင်းမှုအဆင့်အပေါ်တွင် အခြေခံပြီး ကြည့်လျှင် သူတို့သည် ဤအရာတို့ကို လက်ခံပြီး နားလည်သဘောပေါက်ခြင်းသာ ပြုလုပ်နိုင်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် လူသား၏အပြစ်တရားသည် မဖြေရှင်းရသေးချေ။ သခင်ယေရှုက ဤနှုတ်ကပတ်တော်တို့ကိုပင် ထုတ်လွှတ်နိုင်သည်။ လူတို့ မည်ကဲ့သို့ပြုမူသင့်သည်၊ သူတို့ ဘာလုပ်သင့်သည်၊ ဘယ်စည်းမျဉ်းနှင့် ရည်ရွယ်ချက်အတွင်းတွင် သူတို့ လုပ်သင့်သည်ဆိုသည်နှင့်၊ ဘုရားသခင်ကို သူတို့ မည်ကဲ့သို့ယုံကြည်ပြီး သူ၏လိုအပ်ချက်တို့ကို မည်ကဲ့သို့ဖြည့်ဆည်းရမည်ဆိုသည်တို့ကို ထိုအချိန်က လူတို့ကို ပြောရန် ဤနယ်ပယ်အတွင်းမှာရှိသော ဤကဲ့သို့ ရိုးရှင်းသော သင်ကြားမှုတို့ကို သူသာလျှင် အသုံးပြုနိုင်ပါသည်။ ဤအရာအားလုံးက ထိုအချိန်၌ လူသားမျိုးနွယ်၏ ဝိညာဉ်အသက်တာအပေါ်တွင် အခြေခံပြီး ပိုင်းခြားသတ်မှတ်ပါသည်။ ပညတ်တော်အောက်တွင် နေထိုင်နေသော လူတို့အတွက် ဤသင်ကြားမှုတို့ကို လက်ခံရန် မလွယ်ကူပေ။ ထို့ကြောင့် သခင်ယေရှုသင်ကြားသော အရာတို့သည် ဤနယ်ပယ်အတွင်းမှာပင် ရှိခဲ့ရပါသည်။

နောက်တစ်ခုအတွက် "သခင်ယေရှုရဲ့ ပုံဥပမာများ" မှာ မည်သည်တို့ပါသနည်း ကြည့်ကြစို့။

ပထမတစ်ခုက မျိုးစေ့ကြဲသူ၏ ပုံဥပမာဖြစ်ပါသည်။ ၎င်းကအမှန်တကယ် စိတ်ဝင်စားစရာကောင်းသော ပုံဥပမာတစ်ခုဖြစ်သည်။ မျိုးစေ့တို့ကိုကြဲခြင်းက လူတို့၏ဘဝမှာ ပြုလုပ်နေကျ အဖြစ်အပျက်ဖြစ်သည်။ ဒုတိယက တောပင်များ၏ ပုံဥပမာဖြစ်သည်။ တောပင်များက ဘာတွေလဲဆိုသည်ကိုမူ ကောက်ပဲသီးနှံများကို စိုက်ပျိုးသောသူ ဘယ်သူမဆိုနှင့် လူကြီးသူမများက သိပါလိမ့်မည်။ တတိယ မုန်ညင်းစေ့ရဲ့ ပုံဥပမာဖြစ်ပါသည်။ သင်တို့အားလုံး မုန်ညင်းပင်က ဘာဆိုသည်ကို သိသည်မဟုတ်လော။ သင်တို့ မသိဘူးဆိုလျှင် သမ္မာကျမ်းထဲမှ ကြည့်ကြည့်နိုင်ပါသည်။ စတုတ္ထတစ်ခုက တဆေးရဲ့ ပုံဥပမာ၊ တဆေးကို အချဉ်ဖောက်ရန်အတွက် အသုံးပြုသည်ဆိုသည်ကို လူအများစု သိကြသည်။ လူတို့က သူတို့၏နေ့စဉ်ဘဝမှာ အသုံးပြုသောအရာပင်ဖြစ်သည်။ ခြောက်ခုမြောက်ဖြစ်သော ဘဏ္ဍာရဲ့ ပုံဥပမာ၊ ခုနစ်ခုမြောက်ဖြစ်သော ပုလဲရဲ့ ပုံဥပမာ၊ ရှစ်ခုမြောက်ဖြစ်သော ပိုက်ကွန်ရဲ့ ပုံဥပမာတို့ အပါအဝင် အောက်တွင်ရှိသော ပုံဥပမာအားလုံးသည် လူတို့၏ဘဝတို့မှ ဆွဲယူထားခြင်း ဖြစ်ပါသည်။ ၎င်းတို့အားလုံးက လူတို့၏ လက်တွေ့ဘဝမှ လာပါသည်။ ဤပုံဥပမာတို့မှာ မည်ကဲ့သို့သောပုံတို့ကို ဆေးခြယ်ထားသနည်း။ ဤအရာက သာမန်ဘဝတစ်ခု၏ ဘာသာစကားကို အသုံးပြုရင်း၊ လူသားတို့နှင့် ဆက်သွယ်ပြောဆိုရန် လူသား၏ ဘာသာစကားကို အသုံးပြုရင်း၊ သူတို့လိုအပ်သည်ကို ပံ့ပိုးရန်အတွက် ဘုရားသခင်က သာမန်လူတစ်ယောက်ဖြစ်လာပြီး လူသားမျိုးနွယ်နှင့်အတူ အသက်ရှင်နေထိုင်သော ပုံဖြစ်ပါသည်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီး လူသားမျိုးနွယ်နှင့်အတူ အချိန်အတော်ကြာအောင် အသက်ရှင်နေထိုင်သောအခါတွင် လူတို့၏ ဘဝနေမှုပုံစံအမျိုးမျိုးကို သူကြုံတွေ့ပြီး၊ မျက်မြင် မြင်တွေ့ပြီးနောက်တွင် ဤအတွေ့အကြုံတို့သည် သူ၏ ဘုရားဘာသာစကားမှ လူသားဘာသာစကားသို့ ကူးပြောင်းရန်အတွက် သူ၏ လက်သုံးစာအုပ်ဖြစ်လာပါသည်။ ဟုတ်ပါသည်။ ဘဝမှာ သူမြင်ပြီး ကြားရသော ဤအရာတို့သည် လူသား၏လူသားအတွေ့အကြုံကိုလည်း တိုးတက်စေပါသည်။ သမ္မာတရားတစ်ချို့ကို လူတို့အား သူ နားလည်စေလိုသောအခါတွင် ဘုရားသခင်၏ အလိုတော်တစ်ချို့ကို နားလည်စေလိုသောအခါတွင်၊ ဘုရားသခင်၏အလိုတော်နှင့် လူသားမျိုးနွယ်အတွက် သူ၏လိုအပ်ချက်တို့နှင့်ပတ်သက်ပြီး လူတို့ကိုပြောပြရန် အပေါ်မှာပါသော အရာတို့နှင့် ဆင်တူသော ပုံဥပမာတို့ကို သူအသုံးပြုနိုင်ပါသည်။ ဤပုံဥပမာတို့အားလုံးက လူသားတို့၏ ဘဝတို့နှင့် ဆက်စပ်နေသည်။ လူသား၏ဘဝနှင့် မသက်ဆိုင်သော အရာတစ်ခုမျှ မပါပေ။ သခင်ယေရှုက လူသားမျိုးနွယ်နှင့်အတူ နေထိုင်သောအခါ၌ လယ်သမားတို့က သူတို့၏လယ်ကွင်းကို ပျိုးထောင်နေသည်ကို သူမြင်ရသည်။ တောပင်တို့က ဘာဆိုသည်၊ တဆေးက ဘာဆိုသည်ကို သူသိသည်။ လူသားတို့က ဘဏ္ဍာများကို ကြိုက်နှစ်သက်သည်ဆိုသည်ကိုလည်း သူသိသည်။ ထို့ကြောင့် ဘဏ္ဍာနှင့် ပုလဲနှစ်ခုလုံးကို တင်စားပြီး အသုံးပြုခဲ့သည်။ ငါးဖမ်းသမားတို့က သူတို့ပိုက်ကွန်များကို ပစ်နေကြခြင်းကို သူမကြာခဏတွေ့ရသည် စသဖြင့်ဖြစ်သည်။ သခင်ယေရှုသည် လူသားမျိုးနွယ်၏ ဘဝတို့မှာ ဤလှုပ်ရှားမှုတို့ကို မြင်တွေ့ရသည်။ ဤကဲ့သို့ဘဝမျိုးကို သူလည်း ကြုံတွေ့ခဲ့ရသည်။ သူသည် အခြား သာမန်လူတို့လိုပင် အတူတူပင်ဖြစ်သည်။ လူသားတို့၏ တစ်ရက်သုံးနပ်နှင့် နေ့စဉ်လုပ်ငန်းတို့ကို ကြုံတွေ့ရသည်။ သာမန်လူတစ်ယောက်၏ ဘဝကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်။ အခြားလူတို့၏ဘဝတို့ကို သူမျက်မြင်တွေ့ကြုံခဲ့ရသည်။ ဤအရာအားလုံးကို သူမျက်မြင်ကြုံတွေ့ပြီး ကိုယ်တိုင်တွေ့ကြုံရသောအခါမှာ သူစဉ်းစားသည်က ကောင်းမွန်သောဘဝကို ရအောင် မည်ကဲ့သို့လုပ်ရမည်နည်း၊ သို့မဟုတ် ပိုပြီးလွတ်လပ်စွာ၊ သက်တောင့်သက်သာရှိစွာနှင့် မည်ကဲ့သို့နေထိုင်နိုင်မည်နည်းဆိုခြင်းတို့ မဟုတ်ပေ။ စစ်မှန်သော လူသားဘဝကို သူကြုံတွေ့ရသောအခါမှာ သခင်ယေရှုသည် လူတို့၏ဘဝများ၌ရှိသော အခက်အခဲတို့ကို သူမြင်ခဲ့သည်။ စာတန်၏ အုပ်စိုးမှုအောက်မှာ အသက်ရှင်နေထိုင်ရင်း၊ အပြစ်တရားထဲ၌ နေထိုင်ရင်း စိတ်ဆင်းရဲမှုများ၊ စာတန်၏ အကျင့်ဖျက်ဆီးခြင်းအောက်၌ လူတို့၏ ဝမ်းနည်းခြင်းတို့ဖြစ်သော အခက်အခဲများကို သူမြင်ခဲ့သည်။ သူသည် လူသားဘဝကို ကိုယ်တိုင် ကြုံတွေ့နေစဉ်မှာ အကျင့်ပျက်စီးခြင်း၌ နေထိုင်နေကြသော လူတို့ မည်မျှ အကူအညီမဲ့နေသည်ဆိုသည်ကိုလည်း ကြုံတွေ့ခဲ့သည်။ အပြစ်တရား၌ အသက်ရှင်နေထိုင်သောသူတို့၏ ဝေဒနာများ၊ စာတန်၏၊ မကောင်းမှု၏ နှိပ်စက်ခြင်းထဲမှာ ပျောက်ဆုံးနေသူတို့ကိုလည်း သူကြုံတွေ့ခဲ့ပါသည်။ သခင်ယေရှုက ၎င်းတို့ကိုမြင်သောအခါမှာ ဤအရာတို့ကို သူ၏ ဘုရားသဘောသဘာဝနှင့် မြင်ခြင်းလော၊ သူ၏ လူ့သဘာဝနှင့် မြင်ခြင်းလော။ သူ၏ လူ့သဘာဝက အမှန်တကယ်ပင် ဖြစ်တည်ခဲ့သည်။ အတော်ပင် အသက်ရှင်နေပါသည်။ သူသည် ဤအရာအားလုံးကို ကြုံတွေ့ပြီး မြင်တွေ့နိုင်သည်။ သူ၏ အနှစ်သာရ၊ သူ၏ ဘုရားသဘောသဘာဝထဲမှာလည်း သူမြင်ခဲ့သည်။ ၎င်းကခရစ်တော်ကိုယ်တိုင်ဖြစ်သော သခင်ယေရှု၊ လူသားက ဤသည်ကိုမြင်ခဲ့သည်။ သူမြင်သောအရာတိုင်းက သူ့ကို ဤအချိန်မှာ လူ့ဇာတိ၌ သူလုပ်ခဲ့သော အလုပ်၏ အရေးကြီးမှုနှင့် လိုအပ်မှုကို ခံစားရစေသည်။ လူ့ဇာတိမှာ သူယူဆောင်ရမည့် တာဝန်ဝတ္တရားက အလွန်ကြီးမားသည်ဆိုသည်၊ သူရင်ဆိုင်ရမည့် နာကျင်မှုက မည်မျှ ရက်စက်မည်နည်းဆိုသည်တို့ကို သူကိုယ်တိုင်သိခဲ့သော်လည်း လူသားမျိုးနွယ်က အပြစ်တရား၌ အကူအညီမဲ့ဖြစ်နေခြင်းကို သူမြင်ရသောအခါတွင်၊ သူက သူတို့ဘဝ၏ စိတ်ဆင်းရဲမှုနှင့် ပညတ်တော်အောက်၌ သူတို့၏ အားနည်းသော ရုန်းကန်မှုကို သူမြင်ရသောအခါမှာ ပိုပြီး ဝမ်းနည်းခြင်းကို ခံစားရပြီး လူသားမျိုးနွယ်ကို အပြစ်တရားမှကယ်တင်ရန် ပိုပြီး အလောကြီးလာပါသည်။ မည်ကဲ့သို့ အခက်အခဲတို့ကို သူကြုံရပါစေ၊ သို့မဟုတ် မည်ကဲ့သို့ နာကျင်မှုမျိုးကို သူခံစားရပါစေ၊ သူသည် အပြစ်တရား၌ အသက်ရှင်နေထိုင်နေသော လူသားမျိုးနွယ်ကို ပြန်လည်ရွေးနုတ်ရန် ပို၍ပို၍ဆုံးဖြတ်လာပါသည်။ ဤဖြစ်စဉ်အတောအတွင်းမှာ သခင်ယေရှုသည် သူလုပ်ရမည့်အလုပ်တို့နှင့် သူ့ကို တာဝန်ပေးစေခိုင်းထားသောအရာအတွက် ပို၍ပို၍ ရှင်းရှင်းလင်းလင်း စတင်နားလည်လာပါပြီ။ သူယူဆောင်ခဲ့သော အလုပ်ကို ပြီးမြောက်စေရန်၊ သူသည် ပို၍ပင် ဆန္ဒပြင်းပြလာသည်။ လူသားမျိုးနွယ်အားလုံး၏ အပြစ်တို့ကို ဆောင်ယူရန်၊ အပြစ်မှာ သူတို့မနေရတော့ရန်အတွက် လူသားမျိုးနွယ်ကို သူ၏ကယ်တင်ခြင်းအလုပ်ကို ပိုပြီး ရှေ့တိုးစေရင်း အပြစ်ဖြေရာယဇ်အတွက်ကြောင့် ဘုရားသခင်သည် လူသား၏ အပြစ်တို့ကို ခွင့်လွှတ်နိုင်ပါလိမ့်မည်။ သခင်ယေရှု၏ နှလုံးသားထဲမှာ သူသည် လူသားမျိုးနွယ်အတွက် သူ့ကိုယ်သူ ပေးဆပ်ရန်၊ သူ့ကိုယ်သူ ယဇ်ပူဖော်ရန် ဆန္ဒရှိနေသည်ဟု ပြော၍ရပါသည်။ အပြစ်ဖြေရာယဇ်အဖြစ် ပြုမူရန်၊ လက်ဝါးကပ်တိုင်မှာ သံနှင့်အရိုက်ခံရန်အတွက်လည်း သူဆန္ဒရှိနေခဲ့သည်။ သူက ဤအလုပ်ကို မြန်မြန်ပြီးလိုခဲ့သည်။ လူသားတို့၏ ဘဝများ၊ စိတ်ဆင်းရဲရသော အခြေအနေများကို သူမြင်ရသောအခါမှာ တစ်မိနစ် တစ်စက္ကန့်မျှ မနှောင့်နှေးဘဲ သူ၏ အလုပ်တာဝန်ကို တတ်နိုင်သမျှ အမြန်ဆုံးပြီးရန် ပို၍ပင်ဖြည့်ဆည်းလိုလာသည်။ သူ့မှာ ဤကဲ့သို့ အလောတကြီး ခံစားမှုမျိုးကို ခံစားရသောအခါတွင် သူ၏ ကိုယ်ပိုင်နာကျင်မှုက မည်မျှများမည်နည်းဆိုသည်ကို သူမစဉ်းစားခဲ့သကဲ့သို့ သူတောင့်ခံရမည့် အရှက်ရခြင်းတို့ မည်မျှများမည်နည်းဆိုသည်ကိုလည်း မစဉ်းစားတော့ပေ။ သူ့နှလုံးသားမှာ ထင်မြင်ယူဆချက် တစ်ခုတည်းပင် ကိုင်စွဲထားသည်။ သူ့ကိုယ်သူပေးဆပ်သရွေ့၊ အပြစ်ဖြေရာယဇ်အနေနှင့် သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့် အရိုက်ခံရသရွေ့ ဘုရားသခင်၏အလိုတော်က ဆောင်ရွက်မှာဖြစ်ပြီး သူက အလုပ်အသစ်ကို စတင်နိုင်ပါလိမ့်မည်။ အပြစ်ထဲမှာရှိသော လူသားမျိုးနွယ်၏ဘဝ၊ အပြစ်တရား၌ သူတို့၏ ဖြစ်တည်မှုအခြေအနေသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူ၏ ထင်မြင်ယူဆချက်နှင့် သူပြုလုပ်ရန် ဆုံးဖြတ်ထားသောအရာတို့သည် လူသားကို ကယ်တင်ခြင်းနှင့် ဆက်စပ်နေသည်။ သူ့မှာ ရည်ရွယ်ချက်တစ်ခုပင်ရှိသည်။ သူ့အလုပ် နောက်တစ်ဆင့်ကို သူသည် အောင်အောင်မြင်မြင်နှင့် စတင်နိုင်ရန်အတွက် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန်ဖြစ်သည်။ ၎င်းသည် ထိုအချိန်၌ သခင်ယေရှု၏ စိတ်ထဲမှာ ဘာရှိသည်ဆိုခြင်းပင်ဖြစ်ပါသည်။

လူ့ဇာတိမှာ အသက်ရှင်နေထိုင်ရင်း လူ့ဇာတိခံယူထားသော ဘုရားသခင်သည် သာမန် လူ့သဘာဝကို ပိုင်ဆိုင်ပါသည်။ သာမန်လူတစ်ယောက်၏ စိတ်ခံစားမှုတို့နှင့် ကျိုးကြောင်းဆင်ခြင်မှုတို့ရှိသည်။ ပျော်ရွှင်ခြင်းက ဘာဆိုသည်၊ နာကျင်ခြင်းက ဘာဆိုသည်ကို သူသိပြီး လူသားမျိုးနွယ်ကို ဤကဲ့သို့ဘဝအမျိုးအစားမှာ သူမြင်သောအခါမှာ လူတို့ကို သင်ကြားမှုတစ်ချို့ပေးရန်၊ သူတို့ကို တစ်စုံတစ်ခုထောက်ပံ့ရန် သို့မဟုတ် သူတို့ကို တစ်စုံတစ်ခုသင်ပေးခြင်းက အပြစ်တရားမှ မလွတ်မြောက်စေနိုင်ပါကြောင်းကို အလေးအနက်ခံစားခဲ့ရသည်။ သူတို့ကို ပညတ်တော်တို့ကိုသာ နာခံပြီး အပြစ်မှ ရွေးနုတ်ရန် မလုပ်နိုင်ခဲ့ပါချေ။ လူသားမျိုးနွယ်၏ အပြစ်တရားကို သူယူတင်ပြီး အပြစ်ရှိသော လူ့ဇာတိ၏ ပုံသဏ္ဌာန်ဖြစ်လာသောအခါမှသာ လူသားမျိုးနွယ်၏ လွတ်လပ်ခြင်းအတွက် သူလဲလှယ်နိုင်ပါသည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို လဲလှယ်နိုင်သည်။ ထို့ကြောင့် သခင်ယေရှုက အပြစ်တရား၌ရှိသော လူသားတို့၏ ဘဝကို ကြုံတွေ့ပြီး မျက်မြင်တွေ့ကြုံခဲ့ပြီးနောက် သူ့နှလုံးသားမှာ ထင်ရှားလာသော ပြင်းထန်သော ဆန္ဒတစ်ခုရှိခဲ့သည်။ အပြစ်တရား၌ ရှိသော သူတို့၏ ဘဝတို့ကို သူတို့ဘာသာသူတို့ ဖယ်ထုတ်ပစ်ရန် လူတို့ကို အခွင့်ပေးရန်ဖြစ်ပါသည်။ ဤဆန္ဒသည် သူ့ကို ဖြစ်နိုင်သမျှ မြန်နိုင်သမျှ လက်ဝါးကပ်တိုင်ကိုသွားပြီး လူသား၏အပြစ်ကိုယူဆောင်ရန် ပို၍ပို၍ခံစားရစေပါသည်။ ဤအရာတို့သည် လူတို့နှင့် အတူ သူအသက်ရှင်နေထိုင်ပြီး အပြစ်တရား၌ရှိသော သူတို့ဘဝများ၏ စိတ်ဆင်းရဲမှုတို့ကို မြင်ပြီး၊ ကြားပြီး ခံစားရပြီးနောက်မှာ ထိုအချိန်မှာ ရှိသော သခင်ယေရှု၏ အတွေးတို့ဖြစ်ပါသည်။ လူ့ဇာတိခံယူသောဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ဤကဲ့သို့အလိုတော်မျိုးကို ရှိနိုင်သည်ဆိုသည်နှင့်၊ ဤကဲ့သို့ စိတ်သဘောထားမျိုးကို သူဖော်ပြပြီး ဖွင့်ပြနိုင်သည်ဆိုသည်မှာ၊ သာမန်လူတစ်ယောက်၌ ရှိနိုင်သော အရာတစ်ခုလော။ သာမန်လူတစ်ယောက်က ဤကဲ့သို့ပတ်ဝန်းကျင်မျိုးမှာ အသက်ရှင်နေထိုင်ခြင်းကို မည်ကဲ့သို့မြင်မည်နည်း။ သူတို့ ဘာကိုတွေးမည်နည်း။ သာမန်လူတစ်ယောက်က ၎င်းတို့အားလုံးကို ရင်ဆိုင်ရလျှင် ပြဿနာတို့ကို မြင့်မားသော ရှုထောင့်တို့မှ ကြည့်မည်လော။ လုံးဝ မဟုတ်ပေ။ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အသွင်အပြင်သည် လူသားတစ်ယောက်နှင့် အတိအကျတူသော်လည်း၊ သူသည် လူသား၏ အသိပညာကို လေ့လာသင်ယူပြီး လူသား၏ ဘာသာစကားကို ပြောသော်လည်း၊ တစ်ခါတရံ၌ လူသားမျိုးနွယ်၏ နည်းလမ်းများ သို့မဟုတ် ဖော်ပြချက်များမှတစ်ဆင့် သူ၏ စိတ်ကူးတို့ကိုပင်လျှင် သူဖော်ပြသော်လည်း လူသားတို့ကို သူမြင်သောပုံစံ၊ အမှုအရာတို့၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော လူတို့က လူသားမျိုးနွယ်နှင့် အမှုအရာတို့၏ အနှစ်သာရကို မြင်သောပုံစံသည် လုံးဝမတူပေ။ သူ့ရှုထောင့်နှင့် သူရပ်တည်သောအမြင့်သည် ဖောက်ပြန်ပျက်စီးသောလူတစ်ယောက် မရရှိနိုင်သော အရာတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သမ္မာတရားဖြစ်သော်ကြောင့်၊ သူဝတ်ဆင်သော ဇာတိခန္ဓာသည်လည်း ဘုရားသခင်၏အနှစ်သာရ ရှိ်ပြီး သူ၏အတွေးတို့နှင့် သူ၏လူ့သဘာဝမှ ဖော်ပြသောအရာသည်လည်း သမ္မာတရားဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူတို့အတွက် ဇာတိခန္ဓာထဲမှာ သူဖော်ပြသောအရာသည် သမ္မာတရား၏ပံ့ပိုးပေးခြင်းနှင့် အသက်တာအတွက် ပံ့ပိုးပေးခြင်း ဖြစ်သည်။ ဤပံ့ပိုးခြင်းတို့က လူတစ်ယောက်အတွက်မဟုတ်ဘဲ လူသားမျိုးနွယ်အားလုံးအတွက် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော မည်သူမဆို သူ့စိတ်ထဲမှာ သူနှင့်ဆက်စပ်သောသူ အနည်းငယ်သာရှိသည်။ သူဂရုစိုက်သော၊ သူစိတ်မအေးသောလူ တစ်ချို့သာရှိသည်။ ဘေးဒုက္ခ နီးကပ်လာသောအခါ သူ၏သားသမီးတို့၊ အိမ်ထောင်ဘက် သို့မဟုတ် မိဘတို့ကို သူအရင်စဉ်းစားသည်ပြီး ပို၍ ပရဟိတဆန်သောလူက အများဆုံးအနေဖြင့် ဆွေမျိုးတစ်ချို့၊ သို့မဟုတ် မိတ်ဆွေကောင်းတစ်ယောက်ကို စဉ်းစားမည်၊ ထပ်ပြီး စဉ်းစားသေးသလော။ မည်သည့်အခါမျှ မစဉ်းစားပေ။ အဘယ့်ကြောင့်ဆိုသော် လူသားတို့သည် အမှန်တကယ်တွင်မူ လူသားတို့ပင်ဖြစ်ပြီး လူတစ်ယောက်၏ ရှုထောင့်နှင့် အမြင့်မှသာ အရာရာတိုင်းကို သူတို့ ကြည့်ရှုနိုင်သည်။ သို့သော်လည်း လူ့ဇာတိခံယူထားသော ဘုရားသခင်က ဖောက်ပြန်ပျက်စီးသောလူနှင့် လုံးဝ ကွာခြား၏။ ဘုရားသခင်၏ လူ့ဇာတိက မည်မျှပင် သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ မည်မျှပင် နိမ့်ကျပါစေ သို့မဟုတ် လူတို့က သူ့ကို မည်မျှလောက်ထိ အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ၏ အတွေးတို့နှင့် သဘောထားတို့က မည်သည့်လူသားမျှ မပိုင်ဆိုင်နိုင်သော မည်သည့်လူသားမျှ မတုပနိုင်သော အရာများဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ၊ ဖန်ဆင်းရှင်အနေနှင့် သူ၏နေရာ၏ အမြင့်မှူ အမြဲတမ်း ကြည့်ရှုလေ့လာလိမ့်မည်။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ အနှစ်သာရနှင့် တွေးတောပုံမှတစ်ဆင့် သူအမြဲတမ်း မြင်လိမ့်မည်။ လူသားမျိုးနွယ်ကို သာမန်လူတစ်ယောက်၏အမြင့်၊ ဖောက်ပြန်ပျက်စီးသောလူတစ်ယောက်၏ အမြင့်မှ သူလုံးဝ မမြင််နိုင်ပေ။ လူတို့က လူသားမျိုးနွယ်ကို ကြည့်သောအခါမှာ လူသား၏အမြင်နှင့် ့ကြည့်ကြပြီး၊ တိုင်းတာချက်တစ်ခုအနေနှင့် လူသား၏ အသိပညာ၊ လူသား၏ စည်းမျဉ်းနှင့် အယူအဆများကဲ့သို့ အရာတို့ကို အသုံးပြုကြသည်။ ဤသည်မှာ လူတို့ သူတို့၏မျက်လုံးဖြင့် မြင်နိုင်သော အတိုင်းအတာအတွင်းမှာ ဖြစ်သည်၊ ဖောက်ပြန်ပျက်စီးသော လူတို့ ရရှိနိုင်သော အတိုင်းအတာအတွင်းမှာ ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်သောအခါမှာ ဘုရား၏အမြင်နှင့် သူကြည့်ပြီး၊ တိုင်းတာချက်တစ်ခုအနေဖြင့့် သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို အသုံးပြုသည်။ ဤနယ်ပယ်မှာ လူတို့ မမြင်နိုင်သောအရာတို့ ပါဝင်ပြီး၊ ဤနေရာသည် လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ဖောက်ပြန်ပျက်စီးသောလူသားတို့ လုံးဝ ကွဲပြားသောနေရာ ဖြစ်သည်။ ဤကွဲပြားမှုက လူသားနှင့် ဘုရားသခင်၏ မတူညီသော အနှစ်သာရအားဖြင့် သတ်မှတ်ပြီး၊ သူတို့၏ ဝိသေသ လက္ခဏာတို့နှင့် နေရာများအပြင် အမှုအရာများကို သူတို့မြင်သော အမြင်နှင့် အမြင့်တို့ကို ပိုင်းခြားသတ်မှတ်သည်က ဤမတူညီသော အနှစ်သာရတို့ပင်ဖြစ်သည်။ သခင်ယေရှုဆီမှာ ဘုရားသခင်ကိုယ်တော်တိုင် ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်းကို သင်တို့ မြင်ပါသလော။ သခင်ယေရှုလုပ်ဆောင်သော၊ ပြောသောအရာတို့သည် သူ၏ အမှုတော်နှင့် ဘုရားသခင်ကိုယ်တိုင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်စပ်နေသည်၊ ၎င်းတို့အားလုံးက ဘုရားသခင်၏ အနှစ်သာရ၏ ဖော်ပြခြင်း၊ ဖွင့်ပြခြင်းဖြစ်သည်ဟု သင်တို့ ဆိုနိုင်သည်။ သူသည် လူသားအနေနှင့် ကိုယ်ထင်ပြခြင်း ရှိခဲ့သော်လည်း သူ၏ ဘုရားအနှစ်သာရနှင့် သူ၏ ဘုရားသဘောသဘာဝကို ဖွင့်ပြခြင်းကိုတော့ ငြင်း၍မရပေ။ ဤလူသားအနေနှင့် ကိုယ်ထင်ပြခြင်းက အမှန်တကယ်ပင် လူ့သဘာဝ၏ ကိုယ်ထင်ပြခြင်းလော။ သူ၏ လူသားအနေနှင့် ကိုယ်ထင်ပြခြင်းက သူ၏ အနှစ်သာရအရ ဖောက်ပြန်ပျက်စီးသော လူတို့၏ လူသားအနေနှင့် ထင်ရှားပြသခြင်းနှင့် လုံးဝ ကွဲလွဲပါသည်။ သခင်ယေရှုက လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်သည်။ သူက ပုံမှန်၊ ဖောက်ပြန်ပျက်စီးသောလူ အမှန်တကယ်ဖြစ်ခဲ့လျှင် ဘုရားသဘောသဘာဝ၏ ရှုထောင့်အမြင်မှ အပြစ်တရား၌ရှိသော လူသားမျိုးနွယ်၏ ဘဝတို့ကို သူမြင်နိုင်ပါမည်လော။ လုံးဝ မမြင်နိုင်ပေ။ ဤသည်က လူသားနှင့် ပုံမှန်လူတို့ကြားထဲမှ ကွာဟချက်ဖြစ်ပါသည်။ ဖောက်ပြန်ပျက်စီးသောလူတို့ အားလုံးက အပြစ်တရား၌ နေထိုင်ကြသည်။ တဖန် တစ်ယောက်ယောက်က အပြစ်တရားကို မြင်သောအခါတွင် သူတို့မှာ ၎င်းနှင့်ပတ်သက်ပြီး သီးသန့်ခံစားချက် မရှိပေ။ သူတို့အားလုံးက တစ်ပုံစံတည်းပင်။ ရွှံ့ထဲမှာနေသော ဝက်လိုပင် သက်သောင့်သက်သာမရှိခြင်းမျိုး သို့မဟုတ် ညစ်ပတ်သကဲ့သို့ လုံးဝ မခံစားရပေ။ ကောင်းမွန်စွာစားနိုင်ပြီး ကောင်းမွန်စွာ အိပ်နိုင်သည်။ တစ်ယောက်ယောက်က ဝက်ခြံကို သန့်ရှင်းရေးလုပ်လျှင်ပင် ဝက်က အမှန်တကယ် သက်သာသကဲ့သို့ မခံစားရပေ။ ၎င်းက သန့်သန့်ရှင်းရှင်း ရှိနေမှာ မဟုတ်ပေ။ မကြာခင်မှာပင် ဝက်က ရွှံ့ထဲမှာပင် ထပ်ပြီး လှိမ့်နေရင်း လုံးဝ သက်သောင့်သက်သာရှိနေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူက ရွံစရာကောင်းသော သတ္တဝါဖြစ်သောကြောင့်ပင်ဖြစ်သည်။ လူတို့က ဝက်ကိုမြင်သောအခါမှာ ရွံစရာကောင်းသည်ဟု ခံစားကြသည်။ သင်က ဝက်ကို သန့်ရှင်းရေးလုပ်ပေးလျှင်ပင် သူက ပိုပြီး နေလို့ကောင်းသွားမှာ မဟုတ်ပေ။ ထို့ကြောင့် အိမ်မှာ ဝက်ကို မည်သူမျှ မထားကြခြင်းဖြစ်သည်။ လူတို့က ဝက်တို့ကို မြင်သောပုံစံက ဝက်တို့ သူတို့ကိုယ်သူတို့ခံစားရသည်နှင့် အမြဲတမ်း ကွာခြားနေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် လူတို့နှင့်ဝက်တို့က တူညီသောအမျိုးအစားမဟုတ်၍ဖြစ်သည်။ လူ့ဇာတိခံယူသော လူသားက ဖောက်ပြန်ပျက်စီးသောလူတို့နှင့် တူညီသောအမျိုးအစား မဟုတ်ချေ။ လူ့ဇာတိခံယူထားသော ဘုရားသခင်သာ ဘုရားအမြင်မှ ရပ်တည်နိုင်သည်။ လူသားမျိုးနွယ်ကိုကြည့်ရန်၊ အရာရာတိုင်းကို ကြည့်ရန် ဘုရားသခင်၏ အမြင့်မှ ရပ်တည်နိုင်သည်။

ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီး လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်သောအခါ လူ့ဇာတိမှာ သူသည် မည်ကဲ့သို့ ဒုက္ခခံစားမှုတို့ကို ကြုံတွေ့ရသနည်း။ မည်သူက တကယ်နားလည်သနည်း။ တစ်ချို့လူတို့က ဘုရားသခင်က အလွန်ပင်ဒုက္ခခံရသည်ဟု ပြောသည်။ သူက ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သော်လည်း လူတို့က သူ၏အနှစ်သာရကို နားမလည်ဘဲ သူ့ကို လူတစ်ယောက်ကဲ့သို့ အမြဲတစေဆက်ဆံပြီး ၎င်းက သူ့ကို ထိခိုက်နစ်နာစေပြီး မှားယွင်းသည်ဟု ခံစားရစေပါသည်ဟု ပြောကြသည်။ ဘုရားသခင်၏ ဒုက္ခခံစားရခြင်းက အမှန်တကယ် များပြားသည်ဟု ပြောကြသည်။ အခြားလူတို့က ဘုရားသခင်က အပြစ်ကင်းစင်ပြီး အပြစ်တရားမပါဝင်ပေ။ သို့သော်လည်း သူက လူသားမျိုးနွယ်ကဲ့သို့ပင် ဒုက္ခခံစားပြီး လူသားမျိုးနွယ်နှင့်အတူ နှိပ်စက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခံရခြင်း၊ ဂုဏ်အသရေဖျက်ခံရခြင်းတို့ကို ခံစားရသည်ဟု ပြောကြသည်။ သူ့နောက်လိုက်တို့၏ အထင်လွဲခြင်းနှင့် မနာခံခြင်းတို့ကိုလည်း သူခံရသည်ဟု ပြောကြသည်။ ဘုရားသခင်၏ ဒုက္ခခံစားရခြင်းက အမှန်တကယ်ပင် တိုင်းတာ၍ မရနိုင်ဟု ပြောကြသည်။ သင်တို့က ဘုရားသခင်ကို အမှန်တကယ်နားလည်ပုံမရချေ။ အမှန်တကယ်တွင်မူ သင်တို့ပြောသော ဤဒုက္ခခံစားရခြင်းက ဘုရားသခင်အတွက် အမှန်တကယ် ဒုက္ခခံစားရခြင်းအနေနှင့် ထည့်သွင်း၍မရပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းထက် ပိုပြီးကြီးမားသော ဒုက္ခခံစားရခြင်း ရှိသောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကိုယ်တော်တိုင်အတွက် တကယ့်ဒုက္ခခံစားရခြင်းက အဘယ်နည်း။ လူ့ဇာတိခံယူထားသော ဘုရားသခင်အတွက် အမှန်တကယ် ဒုက္ခခံစားရခြင်းက အဘယ်နည်း။ ဘုရားသခင်အတွက် လူသားမျိုးနွယ်က သူ့ကို နားမလည်ခြင်းကို ဒုက္ခခံစားရခြင်းအဖြစ် ထည့်မတွက်ပေ။ လူတို့က ဘုရားသခင်ကို အထင်လွဲခြင်းနှင့် သူ့ကို ဘုရားသခင်အဖြစ် မမြင်ခြင်းက ဒုက္ခခံစားရခြင်းမဟုတ်ပေ။ သို့သော်လည်း ဘုရားသခင်က အလွန်ကြီးမားသော တရားမမျှတမှုကို ခံစားရလိမ့်မည်၊ ဘုရားသခင်က လူ့ဇာတိ၌ရှိနေသော အချိန်မှာ လူသားမျိုးနွယ်ကို သူ၏ ဇာတိအဖြစ်တော်ကို ပြ၍မရပေ၊ သူ၏ကြီးမြတ်မှုကို လူတို့ကို မြင်ခွင့်ပေး၍မရပေ၊ ဘုရားသခင်က အရေးမပါသော လူ့ဇာတိ၌ ပုန်းကွယ်နေရသည်၊ ထို့ကြောင့် ၎င်းက သူ့အတွက် ညှဉ်းပန်းနှိပ်စက်သကဲ့သို့ဖြစ်နေမှာပင်ဟု လူတို့က ခံစားကြရသည်။ လူတို့က ဘုရားသခင်၏ ဒုက္ခခံစားရခြင်းအပေါ် သူတို့နားလည်သောအရာအတိုင်း သူတို့မြင်သည့်အတိုင်း ခံယူပြီး ဘုရားသခင်အပေါ်ကို သနားခြင်းပေါင်းစုံနှင့် ပြသကြပြီး ဤသည်အတွက် ချီးမွမ်းခြင်းပင် အနည်းအပါး ပြုလုပ်ကြသည်။ လက်တွေ့မှာမူ ဘုရားသခင်၏ ဒုက္ခခံစားရခြင်းကို လူတို့နားလည်ခြင်းနှင့် သူအမှန်တကယ်ခံစားရခြင်းတို့ကြားထဲ၌ ကွဲပြားမှု၊ ကွာဟမှုတစ်ခုရှိပါသည်။ ငါသင်တို့ကို အမှန်တရားကို ပြောပြနေခြင်းဖြစ်သည်။ ဘုရားသခင်အတွက် ဘုရားသခင်၏ ဝိညာဉ်တော် သို့မဟုတ် ဘုရားသခင်၏ ဇာတိခန္ဓာဖြစ်ပါစေ၊ ဤဒုက္ခခံစားရခြင်းက အမှန်တကယ် ဒုက္ခခံစားရခြင်း မဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင် အမှန်တကယ် ဒုက္ခခံစားရခြင်းက အဘယ်နည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ ရှုထောင့်မှပင် ဘုရားသခင်၏ ဒုက္ခခံစားရခြင်းအကြောင်းကို ပြောကြစို့။

ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအခါ၌၊ လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်ရင်းနှင့် လူတို့နှင့် ဘေးချင်းယှဉ်ပြီး သာမန်၊ ပုံမှန်လူသားတစ်ယောက်ဖြစ်လာသောအခါတွင် လူတို့၏ စားဝတ်နေရေးအတွက် နည်းလမ်းများ၊ ဥပဒေများ၊ အတွေးအခေါ်များကို သူ မမြင်ရ၊ မခံစားရသလော။ ဤစားဝတ်နေရေးအတွက် နည်းလမ်းများနှင့် ဥပဒေများက သူ့ကို မည်ကဲ့သို့ခံစားရစေသနည်း။ သူ့နှလုံးသားမှာ စက်ဆုပ်ရွံရှာခြင်းကို ခံစားရသလော။ သူက အဘယ်ကြောင့် စက်ဆုပ်ရွံရှာခြင်းကို ခံစားရမည်နည်း။ စားဝတ်နေရေးအတွက် လူသားမျိုးနွယ်၏ နည်းလမ်းများနှင့် ဥပဒေများက မည်သည်တို့ဖြစ်သနည်း။ မည်သည့်စည်းမျဉ်းစည်းကမ်းတို့အပေါ်မှာ သူတို့ အခြေခံထားသနည်း။ မည်သည့်အရာအပေါ်မှာ သူတို့အခြေခံသနည်း။ လူသားမျိုးနွယ်၏ စားဝတ်နေရေးအတွက် နည်းလမ်းများ၊ ဥပဒေများစသဖြင့်၊ ၎င်းတို့အားလုံးသည် စာတန်၏ စဉ်းစားပုံ၊ အသိပညာနှင့် အတွေးအခေါ်တို့ကို အခြေခံထားပြီး ဖန်တီးခဲ့သည်။ ဤဥပဒေတို့အောက်တွင် အသက်ရှင်နေထိုင်သော လူသားတို့သည် လူ့သဘာဝမရှိပေ။ သမ္မာတရားမရှိပေ။ သူတို့အားလုံးက သမ္မတရားကို ဖီဆန်သည်။ ဘုရားသခင်ကို ရန်လိုကြသည်။ ဘုရားသခင်၏ အနှစ်သာရကို ကြည့်ကြည့်လျှင် သူ၏အနှစ်သာရသည် စာတန်၏ စဉ်းစားပုံ၊ အသိပညာနှင့် အတွေးအခေါ်တို့နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရသည်။ သူ့အနှစ်သာရသည် ဖြောင့်မတ်ခြင်း၊ သမ္မာတရား၊ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် အပြုသဘောဆောင်သောအရာတို့အားလုံး၏ တကယ့်အစစ်အမှန်တို့နှင့် ပြည့်နေသည်။ ဤအနှစ်သာရကို ပိုင်ဆိုင်ပြီး ဤကဲ့သို့ လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်နေသော ဘုရားသခင်သည် သူ့နှလုံးသားမှာ သူ မည်ကဲ့သို့ခံစားရမည်နည်း။ နာကျင်မှုတို့နှင့် ပြည့်နေသလော။ သူ့နှလုံးသားက နာကျင်နေပြီး ဤနာကျင်မှုက မည်သူကမျှနားလည်နိုင် သို့မဟုတ် သိမြင်နိုင်သော အရာတစ်ခုမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူရင်ဆိုင်ရသော၊ ကြုံတွေ့ရသော၊ ကြားရ၊ မြင်ရသောအရာရာတိုင်းက လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၊ ဆိုးယုတ်ခြင်း၊ သမ္မာတရားအပေါ် သူတို့၏ ပုန်ကန်ခြင်း၊ ခုခံခြင်းတို့ပင် ဖြစ်သောကြောင့်ဖြစ်သည်။ လူသားဆီမှ လာသောအရာအားလုံးက သူ၏ ဒုက္ခခံစားရခြင်း အရင်းအမြစ်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ အနှစ်သာရက ဖောက်ပြန်ပျက်စီးသော လူသားတို့နှင့် မတူညီသည့်အတွက်ကြောင့် ဖောက်ပြန်ပျက်စီးသောလူသားတို့သည် သူ၏ကြီးမားသော ဒုက္ခခံစားရခြင်း၏ အရင်းအမြစ်ဖြစ်လာပါသည်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအခါမှာ သူနှင့် ဘာသာစကားတူညီသော လူတစ်ယောက်ကို သူရှာတွေ့နိုင်ပါသလော။ လူသားမျိုးနွယ်ကြားမှာ သူရှာ၍မရနိုင်ပေ။ ဘုရားသခင်နှင့် ဆက်သွယ်ပြောဆိုနိုင်သော၊ ဘုရားသခင်နှင့် ခွန်းတုံ့ဖလှယ်နိုင်သောသူ တစ်ယောက်မျှ မတွေ့ပေ။ ဘုရားသခင်မှာ မည်ကဲ့သို့ခံစားချက်မျိုးရှိမည်ဟု သင်ဆိုမည်နည်း။ လူတို့ ဆွေးနွေးသော အကြောင်းအရာများ၊ သူတို့ချစ်သောအရာများ၊ သူတို့ အားထုတ်ကြိုးပမ်းသောအရာတို့နှင့် တောင့်တမှုတို့အားလုံးက အပြစ်နှင့် မကောင်းမှုဘက်ကို ယိုင်နေသောအရာတို့နှင့်ပင် ပတ်သက်နေပါသည်။ ဘုရားသခင်က ၎င်းတို့အားလုံးကို ရင်ဆိုင်ရသောအခါ၌ သူ့နှလုံးသားကို ဓါးတစ်ချောင်းထိုးထားသကဲ့သို့မဖြစ်ဘူးလော။ ဤအရာတို့ကို ရင်ဆိုင်ပြီးသောနောက် သူ့နှလုံးသားမှာ ဝမ်းမြောက်ခြင်း ရှိနိုင်ပါမည်လား။ ဖြေသိမ့်စရာကို သူရှာနိုင်ပါမည်လား။ သူနှင့် နေထိုင်နေသောသူတို့သည် ပုန်ကန်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်နေပါသည်။ သူ့နှလုံးသားက မည်ကဲ့သို့ ဒုက္ခမခံစားဘဲ နေနိုင်မည်နည်း။ ဤဒုက္ခခံစားခြင်းက အမှန်တကယ် မည်မျှကြီးမားသနည်း။ တဖန် ဤသည်ကို မည်သူက ဂရုစိုက်သနည်း။ မည်သူက အလေးထားသနည်း။ မည်သူက အသိအမှတ်ပြုနိုင်မည်နည်း။ လူတို့က ဘုရားသခင်၏ နှလုံးသားကို နားလည်ရန် မဖြစ်နိုင်ပေ။ သူ၏ ဒုက္ခခံစားရခြင်းသည် လူတို့က သေချာစွာ အသိအမှတ်မပြုနိုင်သောအရာဖြစ်ပြီး လူသားမျိုးနွယ်၏ အေးစက်ခြင်းနှင့် ထုံထိုင်းခြင်းက ဘုရားသခင်၏ ဒုက္ခခံစားရခြင်းကို ပို၍ နက်ရှိုင်းစေသည်။

သမ္မာကျမ်းစာထဲမှာ ဤကဲ့သို့ပြောထားသော ကျမ်းတစ်ပိုဒ်ကြောင့် ခရစ်တော်၏ ဒုက္ခကို မကြာခဏသနားကြသော လူတစ်ချို့ရှိကြသည်။ "ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။" လူတို့က ဤသည်ကို ကြားသောအခါ လေးလေးနက်နက်ခံယူပြီး ၎င်းသည် ဘုရားသခင်ခံယူရသော အကြီးမားဆုံး ဒုက္ခခံစားရခြင်းပင်၊ ခရစ်တော်ခံယူရသော အကြီးဆုံး ဒုက္ခခံရခြင်းပင်ဟု ယုံကြည်ကြသည်။ ယခု အမှန်တရား၏ ရှုထောင့်မှ ကြည့်သောအခါ ဤကဲ့သို့ဟုတ်ပါသလော။ ဤအခက်အခဲတို့က ဒုက္ခခံစားရခြင်းပင်ဟု ဘုရားသခင်က မမြင်ပေ။ လူ့ဇာတိ၏ အခက်အခဲတို့အတွက် တရားမမျှတမှုအတွက် ဘယ်သောအခါမျှ ငိုယိုအော်ဟစ်ခြင်းမရှိပေ။ တဖန် သူသည် လူသားတို့ကို ပြန်လည်ပေးဆပ်ရန် သို့မဟုတ် သူ့ကို တစ်ခုခုနှင့် ဆုချရန် တစ်ခါမျှ မလုပ်ဖူးချေ။ သို့သော်လည်း ဖောက်ပြန်ပျက်စီးသော ဘဝတို့နှင့် အကျင့်ပျက်စီးသော လူသားတို့၏ ဆိုးယုတ်ခြင်းဖြစ်သော လူသားမျိုးနွယ်၏ အရာရာတိုင်းကို သူမျက်မြင် ကြုံတွေ့ရသောအခါ၊ လူသားမျိုးနွယ်သည် စာတန်၏ လက်ထဲ၌ရှိပြီး စာတန်၏ အကျဉ်းချခြင်းကို ခံထားရပြီး မလွတ်မြောက်နိုင်ဘူးဆိုသည်ကို မျက်မြင်ကြုံတွေ့ရသောအခါ၊ အပြစ်တရား၌ နေထိုင်နေသော လူတို့သည် သမ္မာတရားက အဘယ်နည်းဆိုသည်ကို မသိဘူးဆိုခြင်းကို မျက်မြင်ကြုံတွေ့ရသောအခါ ဤအပြစ်တရားတို့အားလုံးကို သူသည်းညည်းမခံနိုင်တော့ပေ။ လူသားတို့အပေါ် သူ၏ စက်ဆုပ်ရွံရှာခြင်းက တစ်နေ့တခြား တိုးပွားလာနေသည်။ သို့သော်လည်း ဤအရာအားလုံးကို သူတောင့်ခံရသည်။ ၎င်းက ဘုရားသခင်၏ ကြီးမားသော ဒုက္ခခံစားခြင်းပင်။ ဘုရားသခင်သည် သူ့နောက်လိုက်တို့ကြားမှာ သူ့နှလုံးသား သို့မဟုတ် သူ့ခံစားချက်တို့၏ အသံကိုပင်တောင်မှ အပြည့်အဝ မဖော်ပြနိုင်ပေ။ တဖန် သူ၏ ဒုက္ခခံစားရခြင်းကို သူ၏နောက်လိုက်တို့ထဲက ဘယ်သူကမျှ အမှန်တကယ် နားမလည်နိုင်ပေ။ မည်သူကမျှသူ့နှလုံးသားကို နှစ်သိမ့်မှုပေးရန် သို့မဟုတ် နားလည်ရန်ပင် မကြိုးစားကြပေ။ သူ့နှလုံးသားသည် ဤဒုက္ခခံစားရခြင်းတို့ကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ခါပြီးနောက်တစ်ခါ ခံစားရပါသည်။ ဤအရာအားလုံးထဲ၌ သင်တို့ ဘာကိုမြင်ပါသနည်း။ ဘုရားသခင်က သူပေးခဲ့သောအရာအတွက် လူသားတို့ဆီမှ အပြန်အလှန်အနေနှင့် ဘာကိုမျှ မလိုအပ်ခဲ့ပေ။ သို့သော်လည်း ဘုရားသခင်၏ အနှစ်သာရကြောင့် လူသား၏ ဆိုးယုတ်ခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အပြစ်တရားကို လုံးဝ သည်းမခံနိုင်ဘဲ စက်ဆုပ်ရွံရှာမှုနှင့် မုန်းတီးမှုကို အတော်ကလေးခံစားရပြီး ဘုရားသခင်၏ နှလုံးသားနှင့် သူ၏လူ့ဇာတိသည် အဆုံးမရှိသော ဒုက္ခခံစားရခြင်းတို့ကို တောင့်ခံရခြင်းကို ဖြစ်စေပါသည်။ ၎င်းတို့အားလုံးကို သင်မြင်နိုင်ပါသလော။ သင်တို့ထဲက မည်သူကမျှ ဤသည်ကို မမြင်နိုင်ရန်က များပါသည်။ အဘယ့်ကြောင့်ဆိုသော် သင်တို့ထဲက မည်သူမျှ ဘုရားသခင်ကို အမှန်တကယ် နားမလည်နိုင်သောကြောင့်ပင်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သင်တို့ဘာသာ ဤသည်ကို တဖြည်းဖြည်းနှင့် တွေ့ကြုံခံစားနိုင်ပါသည်။

နောက်တစ်ခု၊ ကျမ်းစာ၏ ဤစာပိုဒ်တို့ကို ကြည့်ရအောင်

၉။ သခင်ယေရှုက ထူးဆန်းအံ့ဖွယ်တွေကို ပြုလုပ်တယ်။

၁။ သခင်ယေရှုဟာ လူငါးထောင်ကို အစာကျွေးမွေးတယ်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆:၈-၁၃ ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက်များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်း ဟုလျှောက်၏။ ယေရှုကလည်း၊ လူများတို့ကိုလျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။ ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကိုလူများလိုချင်သမျှ ဝေငှကြ၏။ ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊ စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။

၂။ လာဇရုရဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေတယ်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၁:၄၃-၄၄ လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။

သခင်ယေရှုလုပ်ဆောင်ခဲ့သော ထူးဆန်းအံ့သြဖွယ်တို့ထဲမှ ဤနှစ်ခုကိုပင် ရွေးထားပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤနေရာမှာ ငါပြောလိုသော အကြောင်းအရာကို ထုတ်ဖော်ပြသရန် လုံလောက်သောအတွက်ဖြစ်သည်။ ဤအံ့ဖွယ်နှစ်ခုက အတော်ပင် အံ့သြဖို့ကောင်းပါသည်။ ၎င်းတို့က ကျေးဇူးတော်ခေတ်မှာ သခင်ယေရှု၏ အံသြဖွယ်တို့ကို အလွန်ပင် ကိုယ်စားပြုပါသည်။

ပထမဆုံး၊ ပထမစာပိုဒ်ကို အရင်ကြည့်ရအောင်။ သခင်ယေရှုက လူငါးထောင်ကို ကျွေးမွေးသည်။

"မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်" ဆိုသည်မှာ မည်ကဲ့သို့ အယူအဆမျိုးနည်း။ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်က ပုံမှန်ဆိုလျှင် လူဘယ်နှစ်ယောက်အတွက် လုံလောက်သနည်း။ ပုံမှန်လူတစ်ယောက် စားသောအပေါ်မှာ အခြေခံပြီး သင်တို့ တိုင်းတာကြည့်လျှင် လူနှစ်ယောက်စာအတွက်ပင် လုံလောက်ပါလိမ့်မည်။ ၎င်းက မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်၏ အခြေခံအကျဆုံး အယူအဆဖြစ်သည်။ သို့သော်လည်း မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကို လူဘယ်နှစ်ယောက်ကို ကျွေးသည်ဟု ဤစာပိုဒ်မှာ ရေးထားသနည်း။ ကျမ်းစာမှာ ဤကဲ့သို့ မှတ်တမ်းတင်ထားပါသည်။ "ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။" မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်နှင့် ယှဉ်ကြည့်လျှင် လူငါးထောင်က များပါသလော။ အရေအတွက်က အလွန်များနေခြင်းက ဘာအဓိပ္ပာယ်နည်း။ လူသားရှုထောင့်မှကြည့်လျှင် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို လူငါးထောင်ခွဲဝေရန် မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ကွာခြားချက်က အလွန်များသည်။ လူတိုင်းက ခပ်သေးသေး တစ်ကိုက်ပင်ကိုက်လျှင်တောင် လူငါးထောင်အတွက် လောက်မှာမဟုတ်ချေ။ သို့သော်လည်း ဤနေရာမှာ သခင်ယေရှုက အံဖွယ်တစ်ခုကို လုပ်ဆောင်ခဲ့သည်။ သူသည် လူငါးထောင်ကို ဗိုက်ပြည့်အောင် စားရရုံမက အပိုပါထွက်အောင် လုပ်ခဲ့သည်။ ကျမ်းစာမှာ ဤကဲ့သို့ဖော်ပြပါသည်။ "ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊ စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။" ဤအံ့သြဖွယ်ရာဆန်းကြယ်မှုသည် လူတို့ကို သခင်ယေရှု၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို မြင်စေပြီး ဘုရားသခင်အတွက် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဟုဆိုသည်ကိုလည်း မြင်စေခဲ့သည်။ ဘုရားသခင်၏ အဆုံးအစမရှိသော ဘုန်းတန်ခိုးကို သူတို့ မြင်ခဲ့သည်။ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်က လူငါးထောင်ကိုကျွေးရန် လုံလောက်ခဲ့သည်။ သို့သော်လည်း ဘာအစားအစာမှ မရှိခဲ့လျှင် ဘုရားသခင်က လူငါးထောင်ကို ကျွေးနိုင်ပါ့မည်လော။ ကျွေးနိုင်ပါသည်။ ၎င်းသည် အံ့သြဆန်းကြယ်သော အရာတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် သေချာပေါက် လူတို့သည် ဤသည်ကို ဉာဏ်မမီနိုင်ဘူးဟု ခံစားခဲ့ရပြီး အလွန်အံ့သြစရာကောင်းပြီး ထူးခြားဆန်းကြယ်သည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ဘုရားသခင်အတွက်က ဤကဲ့သို့အရာမျိုးကို လုပ်ဆောင်ခြင်းက ဘာမျှမဟုတ်သေးပေ။ ၎င်းက ဘုရားသခင်အတွက် သာမန်ပင်ဖြစ်သောကြောင့် ဘာကြောင့် ဤတစ်ခုကိုပင် အဓိပ္ပာယ်ဖွင့်ရန် ယူသနည်း။ အဘယ့်ကြောင့်ဆိုသော် ဤအံ့သြဖွယ်နောက်မှာ တည်ရှိသည်မှာ လူသားမျိုးနွယ်က တစ်ခါမျှ မတွေ့ရှိသေးသော သခင်ယေရှု၏ အလိုတော်ပါဝင်ပါသည်။

ပထမဆုံး ဤ လူငါးထောင်က မည်ကဲ့သို့လူမျိုးများဖြစ်သနည်းဆိုသည်ကို နားလည်ရန် ကြိုးစားကြည့်ကြမည်။ သူတို့က သခင်ယေရှု၏ နောက်လိုက်တို့ ဟုတ်ပါသလော။ ကျမ်းစာမှာ သူတို့သည် သူ၏နောက်လိုက်တို့မဟုတ်ဘူးဆိုသည်ကို ငါတို့သိကြသည်။ သခင်ယေရှု မည်သူဆိုသည်ကို သူတို့သိကြသလော။ လုံးဝ မသိပေ။ အနည်းဆုံး သူတို့ရှေ့မှာရပ်နေသော သူက ခရစ်တော်ဆိုသည်ကို သူတို့ မသိခဲ့၏ပေ၊ သို့မဟုတ် တစ်ချို့က သူ့နာမည်က ဘာဆိုသည်ကို သိချင်သိလိမ့်မည်။ သူလုပ်ခဲ့သမျှတစ်ချို့ကို သိမည်၊ သို့မဟုတ် ကြားဖူးလိမ့်မည်။ သူတို့က သတင်းများ၌ ကြားရသော သခင်ယေရှုအကြောင်းကို သိလိုရုံလောက်ပင်ရှိသည်။ သို့သော်လည်း သူတို့က သူ့နောက်ကို လိုက်သည်ဟု သင်တို့ သေချာပေါက် မပြောနိုင်ပေ။ သူ့ကိုနားလည်ရန်ဆိုသည်မှာ ပို၍ပင်မဖြစ်နိုင်ပေ။ သခင်ယေရှုက ဤလူငါးထောင်ကို မြင်သောအခါမှာ သူတို့သည် ဆာလောင်ပြီး သူတို့ဗိုက်ပြည့်အောင် စားရန်ပင် စဉ်းစားနိုင်ကြပါသည်။ ဤအကြောင်းအရာကြောင့် သခင်ယေရှုသည် သူတို့၏ ဆန္ဒကို ဖြည့်ဆည်းခဲ့သည်။ သူတို့၏ ဆန္ဒကို ဖြည့်ဆည်းသောအခါ သူ့နှလုံးသားထဲမှာ မည်သည်တို့ ရှိနေခဲ့သနည်း။ ဗိုက်ပြည့်သွားအောင်သာ စားချင်နေသော ဤလူတို့အပေါ် သူ့သဘောထားက မည်ကဲ့သို့နည်း။ ဤအချိန်မှာ သခင်ယေရှု၏ အတွေးတို့နှင့် သူ့သဘောထားက ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့် သက်ဆိုင်ပါသည်။ အစားအစာ လုံလုံလောက်လောက်စားရရန်သာဖြစ်နေသော ဗိုက်ဟာလာဟင်းလင်းနှင့် ဤလူငါးထောင်ကို ရင်ဆိုင်ရသောအခါ၊ သူနှင့်ပတ်သက်ပြီး သိလိုစိတ်တို့၊ မျှော်လင့်ချက်တို့ပြည့်နေသော ဤလူတို့ကို ရင်ဆိုင်ရသောအခါ သခင်ယေရှုသည် သူတို့ကို ကျေးဇူးတော် ချပေးသနားရန် ဤအံ့သြဖွယ်ရာကို အသုံးချရန်သာ စဉ်းစားခဲ့သည်။ သို့သော်လည်း သူတို့ကို သူ၏နောက်လိုက်တို့ဖြစ်လာရန် သူမမျှော်လင့်ခဲ့ပေ။ သူတို့သည် ပျော်ချင်၍သက်သက်ဖြစ်ပြီး ဗိုက်ပြည့်အောင် စားချင်၍သက်သက်ပင် ဆိုသည်ကို သူသိသောအတွက်ဖြစ်သည်။ ထို့ကြောင့် သူ့မှာရှိသမျှနှင့် အကောင်းဆုံးလုပ်ခဲ့ပြီး လူငါးထောင်ကို ကျွေးရန် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို အသုံးပြုခဲ့သည်။ ဖြေဖျော်မှုကို နှစ်သက်သောလူတို့၊ အံ့သြဖွယ်ရာတို့ကို ကြည့်လိုသောသူတို့၏ မျက်လုံးကို သူဖွင့်ခဲ့ပြီး လူ့ဇာတိခံယူထားသော ဘုရားသခင် ပြီးမြောက်အောင်လုပ်နိုင်သော အရာတို့ကို သူတို့၏ မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရသည်။ သခင်ယေရှုက သူတို့၏ သိလိုစိတ်ကို ဖြည့်ဆည်းရန် သိသာမြင်သာသော အရာတစ်ခုကို အသုံးပြုခဲ့သော်လည်း ဤလူငါးထောင်က အစာကောင်းကောင်းစားလိုခြင်းသက်သက်ပင်ဆိုသည်ကို သူ့နှလုံးသားထဲမှာ သူသိနေခဲ့သည်။ ထို့ကြောင့် သူ ဘာမျှမပြောခဲ့ပေ၊ သို့မဟုတ် သူတို့ကို ဘာမျှ တရားမဟောခဲ့ပေ။ ဤအံ့သြဖွယ်ရာကိုသာ သူတို့ကို မြင်စေခဲ့သည်။ သူ့နောက်ကို အမှန်တကယ်လိုက်သော သူ၏တပည့်တော်တို့ကို သူဆက်ဆံသကဲ့သို့ ဤလူတို့ကို လုံးဝ ဆက်ဆံ၍မရပေ။ သို့သော်လည်း ဘုရားသခင်၏ နှလုံးသားမှာ ဖန်ဆင်းခံအားလုံးက သူ၏ စည်းမျဉ်းအောက်မှာဖြစ်ပြီး လိုအပ်သောအခါမှာ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရစေရန် သူ့မြင်ကွင်းမှာရှိသော ဖန်ဆင်းခံအားလုံးကို သူခွင့်ပြုမှာဖြစ်သည်။ ဤလူတို့က သူမည်သူဆိုသည်ကို မသိသော်လည်း သို့မဟုတ် သူ့ကို နားမလည်သော်လည်း သို့မဟုတ် သူ့ကို မည်ကဲ့သို့ သီးသန့် အမြင်တစ်ခုမျှ မရှိသော်လည်း သို့မဟုတ် မုန့်တို့နှင့် ငါးကို သူတို့စားပြီးသည့်တိုင် သူ့ကို ကျေးဇူးတင်ခြင်း မရှိသော်လည်း၊ ၎င်းက ဘုရားသခင် အရေးစိုက်သော အရာမဟုတ်ပေ။ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရန် ဤလူတို့ကို အလွန်ကောင်းသော အခွင့်အလမ်းတစ်ခုကို သူပေးခဲ့သည်။ ဘုရားသခင်က သူလုပ်သောအရာတို့မှာ စည်းရှိပြီး မယုံကြည်သူတို့ကို ကြည့်ရှုခြင်း သို့မဟုတ် ကာကွယ်ခြင်း မပြုလုပ်ပေ၊ အထူးသဖြင့် သူ၏ကျေးဇူးတော်ကို ခံစားရရန် သူတို့ကို အခွင့်မပေးဘူးဟု လူတစ်ချို့တို့က ပြောကြသည်။ အမှန်တကယ်ပင် ဤကဲ့သို့လော။ ဘုရားသခင်၏ အမြင်မှာ သူကိုယ်တိုင်ဖန်ဆင်းခဲ့သော သက်ရှိ ဖန်ဆင်းခံတို့ဖြစ်နေသရွေ့ သူတို့ကို စီမံပြီး ဂရုစိုက်ပါလိမ့်မည်။ သူတို့ကို ကျွေးမွေးလိမ့်မည်။ သူတို့အတွက် စီစဉ်လိမ့်မည်။ သူတို့ကို မတူညီသော နည်းလမ်းတို့နှင့် အုပ်ချုပ်လိမ့်မည်။ ၎င်းတို့က အရာအားလုံးအပေါ်မှာ ဘုရားသခင်၏ အတွေးများနှင့် စိတ်သဘောထားဖြစ်သည်။

မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို စားခဲ့သော လူငါးထောင်သည် သခင်ယေရှုနောက်ကိုလိုက်ရန် မစီစဉ်ခဲ့သော်လည်း သခင်ယေရှုသည် သူတို့ကို မတင်းကြပ်ခဲ့ပေ။ သူတို့ ဗိုက်ပြည့်အောင်စားပြီးသည်နှင့် သခင်ယေရှု ဘာလုပ်ခဲ့သည်ဆိုသည်ကို သင်သိပါသလော။ သူတို့ကို တစ်ခုခု တရားဟောခဲ့သလော။ ဤသည်ကိုလုပ်ပြီးနောက် သူဘယ်ကိုသွားသနည်း။ သခင်ယေရှုက သူတို့ကို တစ်ခုခုပြောသည်ဟု ကျမ်းစာ၌ မှတ်တမ်းတင်မထားပေ။ သူ၏ အံ့သြဖွယ် ပြီးမြောက်သွားသောအခါမှာ သူတိတ်တဆိတ် ထွက်ခွာသွားပါသည်။ သို့ဆိုလျှင် ဤလူတို့အတွက် သတ်မှတ်ချက်တို့ သူပြုလုပ်ခဲ့ပါသလော။ မုန်းတီးခြင်းတစ်ခုခု ရှိပါသလော။ ၎င်းတို့ တစ်ခုမျှ မရှိပေ။ သူ့နောက်ကိုမလိုက်သူတို့ကို သူအာရုံမစိုက်လိုတော့ခြင်းသက်သက်ပင်ဖြစ်သည်။ တဖန် ဤအချိန်မှာ သူ့နှလုံးသားသည် နာကျင်နေသည်။ အဘယ့်ကြောင့်ဆိုသော် ပျက်ဆီးနေသော လူသားမျိုးနွယ်ကို သူမြင်ပြီးပြီ။ သူ့အပေါ် လူသား၏ ငြင်းပယ်မှုကို သူခံစားခဲ့ရပြီးပြီ။ ဤလူတို့ကို သူမြင်သောအခါ၊ သို့မဟုတ် သူတို့နှင့် အတူရှိနေသောအချိန်မှာ လူသား၏ တုံးအမှုနှင့် အသိမဲ့မှုတို့က သူ့ကို အလွန်ကို ဝမ်းနည်းစေပြီး သူ့နှလုံးသားကို နာကျင်စေသည်။ ထို့ကြောင့် ဤလူတို့ကို တတ်နိုင်သမျှ အမြန်ဆုံးပင် ထားခဲ့လိုသည်။ သခင်က သူ့နှလုံးသားထဲမှာ သူတို့အတွက် ဘာသတ်မှတ်ချက်မျှ မရှိခဲ့ပေ။ သူတို့ကို သူအာရုံမစိုက်လိုခဲ့ပေ။ အထူးသဖြင့် သူတို့အပေါ်မှာ သူ၏ စွမ်းအင်ကို အသုံးမချလိုပေ။ သူတို့က သူ့နောက်ကိုမလိုက်နိုင်ဘူးဆိုသည်ကို သူသိခဲ့သည်။ ဤကဲ့သို့ဖြစ်နေသော်လည်း သူတို့အပေါ်၌ ထားသော သူ့သဘောထားက အလွန်ရှင်းလင်းနေပါသေးသည်။ သူတို့ကို သူက ကျေးဇူးတော်ချပေးသနားရန် ကြင်နာစွာ ဆက်ဆံချင်ရုံသက်သက်ဖြစ်သည်။ ၎င်းက သူ့အုပ်စိုးမှုအောက်မှာရှိသော ဖန်ဆင်းခံတိုင်းအပေါ် ဘုရားသခင်၏ သဘောထားဖြစ်သည်။ ဖန်ဆင်းခံတိုင်းအတွက် သူတို့ကို ကြင်ကြင်နာနာဆက်ဆံသည်။ ထောက်ပံ့သည်။ ပြုစုစောင့်ရှောက်သည်။ သခင်ယေရှုက လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ခြင်းကြောင့် သူသည် ဘုရားသခင်ကိုယ်တိုင်၏ အနှစ်သာရကို အလွန်ပင် သဘာဝကျစွာဖြင့် ဖွင့်ပြပြီး ဤလူတို့ကို ကြင်ကြင်နာနာနှင့် ဆက်ဆံခဲ့သည်။ သူတို့ကို သနားကြင်နာသော နှလုံးသားနှင့် သည်းခံခြင်းနှင့် ကြင်ကြင်နာနာ ဆက်ဆံခဲ့သည်။ သခင်ယေရှုကို ဤလူတို့က မည်ကဲ့သို့ပင်မြင်ပါစေ၊ မည်ကဲ့သို့သောရလဒ်တို့ပင် ရလာပါစေ၊ ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင်အဖြစ် သူ၏နေရာကို အခြေခံပြီး ဖန်ဆင်းခံတိုင်းကို ဆက်ဆံခြင်းသက်သက်ပင်ဖြစ်သည်။ သူဖွင့်ပြသောအရာက ခြွင်းချက်မရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သခင်ယေရှုက တိတ်တဆိတ်နှင့် တစ်ခုခုလုပ်ခဲ့သည်။ ထို့နောက် တိတ်တဆိတ်နှင့် ထွက်ခွာသွားခဲ့သည်။ ၎င်းက ဘုရားသခင်၏ စိတ်သဘောထား၏ မည်သည့်လက္ခဏာသွင်ပြင်နည်း။ ၎င်းက ဘုရားသခင်၏ ချစ်ခင်ကြင်နာခြင်းဟု သင်တို့ ဆိုနိုင်သလော။ ဘုရားသခင်က တစ်ကိုယ်ကောင်းမဆန်ဘူးဟု သင်ဆိုနိုင်မည်လော။ သာမန်လူတစ်ယောက်က ဤသည်ကို လုပ်နိုင်သလော။ လုံးဝ မလုပ်နိုင်ပေ။ တကယ့်အနှစ်သာရမှာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်နှင့် သခင်ယေရှုကျွေးခဲ့သော ဤလူငါးထောင်က မည်သူတို့နည်း။ သူတို့သည် သခင်ယေရှုနှင့် ကိုက်ညီသောလူတို့ဟု သင်တို့ ဆိုနိုင်သလော။ သူတို့အားလုံးက ဘုရားသခင်ကို ဆန့်ကျင်သူတို့ဟု ဆိုနိုင်သလော။ သူတို့သည် သခင်နှင့် ကိုက်ညီမှု မရှိဘူးဟု သေချာပေါက် ပြောနိုင်ပါသည်။ တဖန် သူတို့၏ အနှစ်သာရသည် ဘုရားသခင်ကို လုံးဝဆန့်ကျင်သည်။ သို့သော်လည်း ဘုရားသခင်က သူတို့ကို မည်ကဲ့သို့ ဆက်ဆံခဲ့သနည်း။ ဘုရားသခင်အပေါ် လူတို့၏ ရန်လိုမှုကို ထိန်းရန် နည်းလမ်းတစ်ခုကို သူအသုံးပြုခဲ့သည်။ ၎င်းသည် သခင်ယေရှုက သူတို့ကို အပြစ်သားတို့အဖြစ် မြင်သော်လည်း မည်ကဲ့သို့ပင်ဖြစ်ဖြစ် ဘုရားသခင်၏ အမြင်မှာ သူတို့သည် သူ၏ ဖန်ဆင်းခြင်းတို့ပင်ဖြစ်သည်။ ထို့ကြောင့် ဤအပြစ်သားတို့ကို ကြင်ကြင်နာနာနှင့် သူဆက်ဆံဆဲပင်ဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏သည်းခံခြင်းဖြစ်ပြီး ဤသည်းခံခြင်းက ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာနှင့် အနှစ်သာရအားဖြင့် သတ်မှတ်ပါသည်။ ထို့ကြောင့် ၎င်းသည် ဘုရားသခင်က ဖန်ဆင်းခဲ့သော မည်သည့်လူသားကမျှ လုပ်နိုင်သော အရာမဟုတ်ပေ။ ဘုရားသခင်သာလျှင် လုပ်နိုင်ပါသည်။

သင်က လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အတွေးတို့နှင့် သဘောထားကို အမှန်တကယ် အသိအမှတ်ပြု တန်ဖိုးထားနိုင်သောအခါ၊ သင်က ဘုရားသခင်၏ စိတ်ခံစားမှုတို့ကို အမှန်တကယ်နားလည်နိုင်ပြီး ဖန်ဆင်းခံတိုင်းကို အရေးစိုက်သောအခါ၊ ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့သော လူတို့တစ်ယောက်ချင်းစီတိုင်းအပေါ် သက်ရောက်စေခဲ့သော ချစ်ခြင်းနှင့် အလေးထားခြင်းကို သင်နားလည်နိုင်ပါလိမ့်မည်။ ဤကဲ့သို့ ဖြစ်သောအခါ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် စကားလုံးနှစ်လုံးကို သင်အသုံးပြုလိမ့်မည်။ ထို စကားလုံးနှစ်လုံးက မည်သည်နည်း။ တစ်ချို့လူတို့က "တစ်ကိုယ်ကောင်းမဆန်ခြင်း" ဟုပြောကြပြီး တစ်ချို့လူတို့က "ပရဟိတ" ဟုပြောကြသည်။ ဤနှစ်ခုထဲမှာ "ပရဟိတ" က ဘုရားသခင်၏ ချစ်ခြင်းကိုဖော်ပြရန် မသင့်တော်ဆုံး အရာဖြစ်သည်။ ၎င်းက လူတစ်ယောက်၏ ကျယ်ပြန့်သော အတွေးတို့နှင့် ခံစားချက်တို့ကို ဖော်ပြရန် လူတို့ အသုံးပြုသော စကားလုံးတစ်လုံးဖြစ်သည်။ ဤစကားလုံးကို ငါ အတော်ပင် စက်ဆုပ်ရွံရှာသည်။ အဘယ့်ကြောင့်ဆိုသော် အစီအစဉ်တကျမဟုတ်၊ လက်လွတ်စပယ်၊ မည်သည့်စည်းမျဉ်းတစ်ခုမျှမပါဝင်ဘဲ အချို့သောသူတို့ကို ကူညီမှု ပြုလုပ်ခြင်းကို ဆိုလိုသောအတွက်ဖြစ်သည်။ ၎င်းက မိုက်မဲပြီး ခေါင်းရှုပ်နေသော လူတို့၏ အလွန်အမင်း စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်တစ်ခုဖြစ်သည်။ ဤစကားလုံးကို ဘုရားသခင်၏ချစ်ခြင်းကို ဖော်ပြရန် အသုံးပြုသောအခါ သေချာပေါက် ဘုရားသခင်ကို စော်ကားလိုသော ရည်ရွယ်ချက်ရှိနေပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပိုပြီး ကိုက်ညီစွာ ဖော်ပြသော စကားလုံးနှစ်လုံး ငါ့မှာရှိသည်။ ထိုစကားလုံးနှစ်လုံးက မည်သည်တို့နည်း။ ပထမတစ်ခုက "အလွန်ကြီးမားသည်။" ဤစကားလုံးက စိတ်အာရုံကို အလွန်မနှိုးဆွပေးသလော။ ဒုတိယက "အလွန်ကျယ်ပြန့်သည်။" ဘုရားသခင်၏ ချစ်ခြင်းကို ငါဖော်ပြလေ့ရှိသော ဤစကားလုံးနှစ်လုံးနောက်မှာ တကယ့် အဓိပ္ပာယ်တို့ရှိသည်။ တိုက်ရိုက်ယူလျှင် "အလွန်ကြီးမားသည်" ဆိုခြင်းက အရာဝတ္ထုတစ်ခု၏ ထုထည် သို့မဟုတ် စွမ်းအားကိုဖော်ပြသည်။ သို့သော်လည်း ထိုအရာဝတ္ထုက မည်မျှကြီးသည်ဆိုသည်မှာ အရေးမကြီးပေ။ ၎င်းသည် လူတို့ ထိနိုင်၊ မြင်နိုင်သော အရာဖြစ်သည်။ ဤအရာက တည်ရှိသောအတွက်ကြောင့် ဖြစ်သည်။ စိတ်ကူးသက်သက် အရာဝတ္ထုတစ်ခု မဟုတ်ပေ။ ယှဉ်ကြည့်သောအခါ ဤအရာက တိကျပြီး လက်တွေ့ကျသည်ဟု လူတို့ကို မြင်စေသည်။ သင်က ဤသည်ကို မြေပြင်ညီမှကြည့်၍ဖြစ်စေ သို့မဟုတ် သုံးဖက်မြင်ရှုထောင့်မှကြည့်၍ဖြစ်စေ အရေးမကြီးပေ။ သူ၏ တည်ရှိမှုကို စိတ်ကူးကြည့်ရန် မလိုအပ်ပေ။ အဘယ့်ကြောင့်ဆိုသော် တကယ်တည်ရှိသော အရာဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန်အတွက် "အလွန်ကြီးမားသည်" ဆိုသည်ကို အသုံးပြုခြင်းက သူ၏ချစ်ခြင်းကို တိုင်းတာနေသကဲ့သို့ ခံစားရနိုင်သည်။ သို့သော်လည်း ၎င်းသည် တိုင်းတာ၍မရနိုင်ဘူးဆိုသော ခံစားချက်ကိုလည်း ပေးပါသည်။ ဘုရားသခင်၏ ချစ်ခြင်းက တိုင်းတာ၍ ရနိုင်သည်ဟု ငါပြောလိုသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ချစ်ခြင်းက သာမန်အမျိုးအစားတစ်ခုမဟုတ်သကဲ့သို့ ဒဏ္ဍာရီထဲက ပေါက်ဖွားလာခြင်းလည်းမဟုတ်၍ပင်။ ဘုရားသခင်၏ အုပ်ချုပ်မှုအောက်မှာ အရာအားလုံး ဝေမျှသော အရာတစ်ခုဖြစ်ပါသည်။ မတူညီသော အဆင့်တို့နှင့် မတူညီသော ရှုထောင့်တို့မှ ဖန်ဆင်းခံအားလုံး ခံစားကြရသော အရာဖြစ်ပါသည်။ လူတို့ကဤသည်ကို မမြင်နိုင်၊ မထိနိုင်သော်လည်း ဤချစ်ခြင်းက အရာအားလုံးဆီကို အထောက်အပံ့နှင့် အသက်ကို သယ်ဆောင်ပေးပြီး သူတို့ဘဝမှာ နည်းနည်းချင်းစီ ဖွင့်ပြပါသည်။ ဤအရာတို့သည် အရေအတွက်များပြီး အချိန်တိုင်း သူတို့ နှစ်သက်ခံစားကြသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သက်သေခံကြသည်။ ဘုရားသခင်၏ ချစ်ခြင်းက တိုင်းတာ၍မရနိုင်ဘူးဟု ပြောမည်။ အဘယ့်ကြောင့်ဆိုသော် အရာအားလုံးကို ပံ့ပိုးပြီး ပြုစုစောင့်ရှောက်သော ဘုရားသခင်၏ နက်နဲမှုက လူသားတို့ နားလည်သဘောပေါက်ရန်အတွက် ခက်ခဲသော အရာတစ်ခုဖြစ်ပြီး အရာအားလုံးအတွက် ဘုရားသခင်၏ အတွေးများနှင့် အထူးသဖြင့် လူသားမျိုးနွယ်အတွက် အတွေးများသည်လည်း ခက်ခဲသောအတွက်ကြောင့်ဖြစ်ပါသည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင် သွန်းလောင်းခဲ့ရသော သွေးနှင့် မျက်ရည်တို့ကို ဘယ်သူမျှ မသိပေ။ သူကိုယ်တိုင်၏လက်တို့နှင့် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ချစ်ခြင်း၏ နက်ရှိုင်းမှု သို့မဟုတ် ဝန်ထုပ်ဝန်ပိုးကို မည်သူမျှသဘောမပေါက်နိုင်၊ မည်သူမျှ နားမလည်နိုင်ပေ။ ဘုရားသခင်၏ ချစ်ခြင်းကို အလွန်ကြီးမားသည်ဟု ဖော်ပြခြင်းက သူ၏အကျယ်အဝန်းနှင့် သူ့ဖြစ်တည်မှု၏ သမ္မာတရားကို လူတို့အသိအမှတ်ပြုတန်ဖိုးထားပြီး နားလည်အောင် ကူညီပေးရန် ဖြစ်ပါသည်။ "ဖန်ဆင်းရှင်" ဆိုသော စကားလုံး၏ တကယ့်အဓိပ္ပာယ်ကို ပိုပြီး နက်နဲစွာ နားလည်သဘောပေါက်နိုင်ရန်အတွက်လည်း ဖြစ်ပြီး "ဖန်ဆင်ခြင်း" ဆိုသော အမည်နာမ၏ စစ်မှန်သော အဓိပ္ပာယ်အပေါ် ပိုမိုနက်နဲသော နားလည်မှုကို ရရှိနိုင်ရန်အတွက်ဖြစ်ပါသည်။ "အလွန်ကျယ်ပြန့်သည်" ဆိုသော စကားလုံးက ဘာကို ဖော်ပြလေ့ရှိသနည်း။ ပင်လယ် သို့မဟုတ် စကြဝဠာ၊ အလွန်ကျယ်ပြန့်သော စကြဝဠာ သို့မဟုတ် အလွန်ကျယ်ပြန့်သော ပင်လယ်ကဲ့သို့အရာမျိုးအတွက် အကြမ်းဖျင်း အသုံးပြုပါသည်။ စကြဝဠာ၏ ကျယ်ပြန့်မှုနှင့် နက်ရှိုင်းမှုသည် လူသား၏ နားလည်မှုထက် ကျော်လွန်ပြီး သူတို့ လေးစားရှုမောမှုအပြည့်ရှိသော၊ လူသား၏စိတ်ကူးထင်မြင်မှုကို ဖမ်းစားသော အရာတစ်ခုဖြစ်ပါသည်။ သူ၏ ထူးခြားဆန်းကြယ်မှုနှင့် နက်နဲမှုသည် မျက်စိနှင့်မြင်နိုင်မှုအတွင်းမှာရှိသော်လည်း လက်လှမ်းမမီနိုင်သော နေရာမှာရှိပါသည်။ ပင်လယ်ကို သင်စဉ်းစားကြည့်သောအခါ သူ၏ အကျယ်အဝန်းကို သင်စဉ်းစားပါသည်။ အကန့်အသတ်မရှိဘူးဟု ထင်ရသည်။ သူ၏ ဆန်းကြယ်မှုနှင့် ပါဝင်မှုကို သင်ခံစားနိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ချစ်ခြင်းကို ဖော်ပြရန် "အလွန်ကျယ်ပြန့်သည်" ဆိုသောစကားလုံးကို အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ ၎င်းသည် မည်မျှတန်ဖိုးရှိသည်ဆိုသည်ကို လူတို့ခံစားရရန်၊ သူ့ချစ်ခြင်း၏ ကြီးမြတ်သောအလှအပကို ခံစားရရန်၊ ဘုရားသခင်၏ ချစ်ခြင်း၏ စွမ်းအားသည် အဆုံးအစမရှိဖြစ်ပြီး ကျယ်ပြန့်သည်ဆိုသည်ကို ခံစားရစေရန် လူတို့ကို ကူညီရန်အတွက်ဖြစ်ပါသည်။ သူ့ချစ်ခြင်း၏ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် သူ့ချစ်ခြင်းမှတစ်ဆင့် ဖွင့်ပြသော ဘုရားသခင်၏ ထိပါးစော်ကား၍မရနိုင်ခြင်းနှင့် ဂုဏ်ကျက်သရေကို ခံစားနိုင်အောင် ကူညီပေးရန်အတွက်ဖြစ်ပါသည်။ ယခု"အလွန်ကျယ်ပြန့်သည်" ဆိုခြင်းက ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန်အတွက် သင့်တော်သော စကားလုံးဖြစ်သည်ဟု သင်တို့ ထင်ပါသလော။ ဘုရားသခင်၏ ချစ်ခြင်းက ဤစကားလုံးနှစ်လုံး "အလွန်ကြီးမားသည်" နှင့် "အလွန်ကျယ်ပြန့်သည်" ဆိုသည်တို့နှင့် လျော်ညီနိုင်ပါသလော။ လုံးဝလျော်ညီနိုင်ပါသည်။ လူသားဘာသာစကားမှာ ဤစကားလုံးနှစ်လုံးသာ နှိုင်းယှဉ်ကြည့်လျှင် သင့်တော်ပါသည်။ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် နှိုင်းယှဉ်ကြည့်လျှင် နီးစပ်ပါသည်။ သင်တို့ ဤကဲ့သို့မထင်ဘူးလော။ သင်တို့ကို ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြခိုင်းလျှင် ဤစကားလုံးနှစ်လုံးကို သုံးမည်လော။ သင်တို့ မသုံးဖြစ်ရန် ဖြစ်နိုင်ခြေအများဆုံးပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ချစ်ခြင်းအပေါ် သင်တို့၏ နားလည်ခြင်းနှင့် အသိအမှတ်ပြု တန်ဖိုးထားခြင်းတို့က ပြန့်ပြူးသော အယူအဆအပေါ်မှာ ကန့်သတ်ထားပြီး သုံးဖက်မြင်နေရာ၏ အမြင့်ကို မတက်လှမ်းသေးသောကြောင့်ဖြစ်ပါသည်။ သို့ဆိုလျှင် သင်တို့ကို ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြခိုင်းလျှင် သင်တို့မှာ စကားလုံးမရှိဘူးဟု သင်တို့ ခံစားရလိမ့်မည်။ သင်တို့ ဘာမျှမပြောနိုင်ဘဲနှင့်တောင် ရှိလိမ့်မည်။ ယနေ့ ငါပြောသော ဤစကားလုံး နှစ်လုံးသည် သင်တို့အတွက် နားလည်ရန် ခက်နိုင်ပါသည် သို့မဟုတ် သင်ဤအတိုင်းပင် သဘောမတူခြင်းဖြစ်နိုင်ပါသည်။ ၎င်းက ဘုရားသခင်၏ချစ်ခြင်းအပေါ် သင့်၏ အသိအမှတ်ပြုခြင်းနှင့် နားလည်ခြင်းက အပေါ်ယံဆန်ပြီး ကျဉ်းမြောင်းသော နယ်ပယ်မှာရှိသည်ဟုပင် ဆိုနိုင်ပါသည်။ ဘုရားသခင်က တစ်ကိုယ်ကောင်းမဆန်ဘူးဟု ယခင်က ငါပြောခဲ့သည်။ တစ်ကိုယ်ကောင်းမဆန်ဘူးဆိုသော စကားကို သင်တို့ မှတ်မိသည်။ ၎င်းက နယ်အလွန်မကျဉ်းလေသလော။ ဤအချက်မှ တစ်ခုခုရရန်အတွက် ဤကိစ္စကို သင်တို့ ပိုပြီး စဉ်းစားတွေးတောသင့်ပါသည်။

အပေါ်ကအကြောင်းအရာက ပထမဆုံး အံ့သြဖွယ်မှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို ငါတို့ မြင်သော အရာဖြစ်သည်။ လူတို့ နှစ်ထောင်ပေါင်းအချို့ ဖတ်ခဲ့သော ပုံပြင်တစ်ပုဒ်ဖြစ်သော်လည်း သူ့မှာ ရိုးရှင်းသော ဇာတ်ကွက်တစ်ခုရှိပြီး ရိုးရှင်းသော ဖြစ်ရပ်ကို လူတို့ကို မြင်စေသည်။ သို့သော်လည်း ဤရိုးရှင်းသော ဇာတ်ကွက်၌ ပိုပြီး တန်ဖိုးရှိသော အရာတစ်ခုကို ငါတို့မြင်နိုင်သည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ဖြစ်ပါသည်။ သူ့မှာရှိသောဤအရာတို့က ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုပြီး ဘုရားသခင်ကိုယ်တိုင်၏ အတွေးတို့၏ ဖော်ပြချက်တစ်ခုဖြစ်ပါသည်။ ဘုရားသခင်က သူ့အတွေးတို့ကို ဖော်ပြသောအခါမှာ ဤအရာက သူ့နှလုံးသားထဲမှ အသံ၏ ဖော်ပြခြင်းတစ်ခုဖြစ်ပါသည်။ သူ့ကိုနားလည်နိုင်သောသူများ၊ သူ့ကိုသိပြီး သူ့ကို နားလည်သဘောပေါက်သောသူများရှိရန် သူမျှော်လင့်ပါသည်။ သူ့နှလုံးသား၏အသံကို ကြားနိုင်ပြီး သူ့အလိုတော်ကို ဖြည့်ဆည်းရန် တက်ကြွစွာ လက်တွဲလုပ်ကိုင်နိုင်သောသူတို့ရှိရန် သူမျှော်လင့်ပါသည်။ သခင်ယေရှုလုပ်ဆောင်သော ဤအရာတို့သည် ဘုရားသခင်၏ တိတ်ဆိတ်သော ဖော်ပြချက်ဖြစ်ပါသည်။

နောက်တစ်ခုအတွက် ဤစာပိုဒ်ကို ကြည့်ကြစို့။ လာဇရု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေသည်။

ဤစာပိုဒ်ကိုဖတ်ပြီး သင်တို့၏ အမြင်က အဘယ်နည်း။ သခင်ယေရှုပြသခဲ့သော ဤတန်ခိုး၏ အဓိပ္ပာယ်က ယခင်က တစ်ခုထက် ပိုပြီး ကြီးမားသည်။ အကြောင်းမှာ သေသောသူကို အုတ်ဂူမှ ပြန်ပြီး ရှင်စေခြင်းထက် မည်သည့်အံ့သြဖွယ်ကမျှ ပိုပြီး အံ့သြစရာမကောင်းပေ။ သခင်ယေရှုက ဤကဲ့သို့ အရာမျိုးကိုလုပ်ခြင်းသည် ထိုခေတ်မှာ အတော်ပင် အရေးပါပါသည်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအတွက်ကြောင့် လူတို့က သူ၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်၊ သူ၏ လက်တွေ့ကျသောအပိုင်း၊ သူ၏ မထင်ရှားသောအပိုင်းကို မြင်နိုင်သည်။ တစ်ချို့လူတို့က သူ့ဆီမှာ ရှိပုံရသော အားအင်တစ်ချို့ သို့မဟုတ် သူ၏ စရိုက်လက္ခဏာတစ်ချို့ကို မြင်ပြီး နားလည်လျှင်တောင် သခင်ယေရှုက မည်သည့်နေရာကလာသည်၊ သူ၏တကယ့်အနှစ်သာရက မည်သည်နည်း၊ နောက်ထပ် တကယ်တမ်း မည်သည်တို့ကို သူထပ်လုပ်နိုင်သည်ဆိုသည်ကို မည်သူမျှ မသိပေ။ ဤအရာအားလုံးကို လူသားမျိုးနွယ်က မသိရှိပေ။ လူတို့တော်တော်များများက ဤအရာ၏ သက်သေကို လိုချင်ကြပြီး အမှန်တရားကို သိလိုကြသည်။ ဘုရားသခင်က သူကိုယ်တိုင်၏ ဝိသေသလက္ခဏာကို သက်သေပြရန် တစ်ခုခုလုပ်ပြနိုင်ပါသလော။ ဘုရားသခင်အတွက် ၎င်းက အလွန်လွယ်လွန်းပါသည်။ အလွန်လွယ်ကူသောအရာဖြစ်သည်။ သူ၏ ဝိသေသလက္ခဏာနှင့် အနှစ်သာရကို သက်သေပြရန် မည်သည့်နေရာမှာမဆို၊ မည်သည့်အချိန်မှာမဆို သူတစ်ခုခုလုပ်ပြနိုင်ပါသည်။ သို့သော်လည်း ဘုရားသခင်က အမှုအရာတို့ကို အစီအစဉ်နှင့် အဆင့်တို့နှင့် လုပ်ဆောင်ခြင်းဖြစ်သည်။ သူသည် အကြောင်းအရာတို့ကို လက်လွတ်စပယ်မလုပ်ပေ။ လူသားမျိုးနွယ်မှ မြင်ရရန်အတွက် အဓိပ္ပာယ်အရှိဆုံးအရာတစ်ခုကိုလုပ်ရန် သင့်တော်သောအချိန်နှင့် သင့်တော်သော အခွင့်အရေးကို သူကြည့်သည်။ ဤအချက်က သူ၏အာဏာနှင့် သူ၏ဝိသေသလက္ခဏာကို သက်သေပြသည်။ သို့ဆိုလျှင် လာဇရု၏ ရှင်ပြန်ထမြောက်ခြင်းက သခင်ယေရှု၏ ဝိသေသလက္ခဏာကို သက်သေပြပါသလော။ ကျမ်းစာ၏ ဤစာပိုဒ်ကို ကြည့်ရအောင်။ "လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။" သခင်ယေရှုက ဤကဲ့သို့လုပ်ဆောင်လိုက်သောအခါမှာ သူတစ်ခုပဲ ပြောခဲ့သည်။ "လာဇရုထွက်၍လာလော့" ထိုအချိန်တွင် လာဇရုက သူ့အုတ်ဂူမှ ထွက်လာသည်။ သခင်ယေရှု မြွက်ကြားခဲ့သော စကားတစ်ခွန်းကြောင့် ၎င်းသည် ပြီးမြောက်ခဲ့သည်။ ဤအချိန်ကာလမှာ သခင်ယေရှုက ယဇ်ပလ္လင်တစ်ခု မပြင်ဆင်ခဲ့ပေ။ အခြား အပြုအမူတို့ကို မလုပ်ခဲ့ပေ။ တစ်ခုပဲ သူပြောခဲ့သည်။ ဤသည်ကို အံ့သြဖွယ်ဟု ခေါ်မည်လော၊ အမိန့်ဟု ခေါ်မည်လော။ သို့မှမဟုတ် မှော်အစွမ်းတစ်ခုလော။ အပေါ်ယံကိုကြည့်လျှင် အံ့သြဖွယ်ရာတစ်ခုဟု ခေါ်နိုင်ပါသည်။ ယခုခေတ် ရှုထောင့်မှကြည့်လျှင် ဤသည်ကို သင်တို့ အံ့သြဖွယ်ရာဟုပင် ခေါ်ဆိုနိုင်သေးသည်။ သို့သော်လည်း သေချာသည်မှာ ဝိညာဉ်တစ်ခုကို သေခြင်းမှ ပြန်ရှင်သန်စေသော မှော်ဂါထာတစ်ခုဟု မခေါ်နိုင်ပေ။ မှော်အစွမ်းတစ်ခု လုံးဝ မဟုတ်ပေ။ ဤအံ့သြဖွယ်ရာက အလွန်ပင် သာမန်ဖြစ်သော ဖန်ဆင်းရှင်၏ အာဏာထုတ်ဖော်ပြသခြင်း အသေးစားတစ်ခုပင်ဟု ပြောမည်ဆိုလျှင် မှန်ကန်ပါသည်။ ၎င်းသည် ဘုရားသခင်၏ အာဏာနှင့် အရည်အချင်းဖြစ်ပါသည်။ လူတစ်ယောက်ကို သေစေရန်၊ သူ့ဝိညာဉ်က သူ့ကိုယ်ခန္ဓာမှ ထွက်ပြီး မရဏနိုင်ငံကိုပြန်သွားရန် သို့မဟုတ် ဘယ်ကိုပင် သွားရန်ဖြစ်ပါစေ ဘုရားသခင်ဆီမှာ အာဏာရှိပါသည်။ လူတစ်ယောက်သေသောအခါမှာ သေပြီးနောက် သူတို့ ဘယ်ကိုသွားမည်၊ စသည်တို့ကို ဘုရားသခင်က သတ်မှတ်သည်။ ဤသည်ကို သူမည်သည့်အချိန်နှင့် မည်သည့်နေရာ၌မဆို လုပ်နိုင်သည်။ သူသည် လူသား၊ အဖြစ်အပျက်တို့၊ အရာဝတ္ထုတို့၊ စကြဝဠာ သို့မဟုတ် တည်နေရာတို့၏ ကန့်သတ်ထားခြင်းကို မခံရပေ။ သူလုပ်ချင်သည်ဆိုလျှင် သူလုပ်နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အရာအားလုံးနှင့် သက်ရှိအားလုံးသည် သူ့အုပ်စိုးမှုအောက်၌ရှိပြီး အရာအားလုံးသည် သူ၏ စကားလုံး၊ သူ၏ အာဏာအားဖြင့် အသက်ရှိသည်၊ သေသည်၊ သူသည် သေသူတစ်ယောက်ကို ပြန်ရှင်စေနိုင်သည်။ ဤသည်မှာလည်း သူဘယ်အချိန်၊ ဘယ်နေရာ၌မဆို ပြုလုပ်နိုင်သော အရာဖြစ်သည်။ ၎င်းသည် ဖန်ဆင်းရှင်သာလျှင် ပိုင်ဆိုင်သော အာဏာဖြစ်ပါသည်။

လာဇရုကို သေခြင်းမှ ပြန်ရှင်စေခြင်းကဲ့သို့ အရာတစ်ခုကို သခင်ယေရှုက လုပ်ဆောင်သောအခါမှာ သူ၏ ရည်မှန်းချက်က လူသားတို့အတွက် သက်သေပြရန်နှင့် စာတန်မြင်ရန်အတွက်ဖြစ်ပြီး လူသားမျိုးနွယ်၏ အရာရာတိုင်း၊ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် ဘုရားသခင်က သတ်မှတ်သည်ဆိုသည်ကို လူသားတို့နှင့် စာတန်ကို သိစေရန်ဖြစ်ပြီး သူသည် လူ့ဇာတိဖြစ်လာသော်လည်း မြင်နိုင်သော ရုပ်ဝတ္ထုလောကနှင့် လူတို့ မမြင်နိုင်သော ဝိညာဉ်လောကမှာပါ အုပ်စိုးလျက်ရှိနေသည်ဆိုသည်ကို စာတန်ကို သိစေရန်ဖြစ်သည်။ ၎င်းသည် လူသား၏ အရာရာတိုင်းက စာတန်၏ အုပ်ချုပ်မှုအောက်မှာ မရှိဘူးဆိုသည်ကို လူသားတို့နှင့် စာတန်ကို သိစေရန်ဖြစ်ပါသည်။ ၎င်းသည် ဘုရားသခင်၏ အာဏာကို ဖွင့်ပြခြင်းနှင့် ထုတ်ဖော်ပြသခြင်းဖြစ်ပါသည်။ ၎င်းသည် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် ဘုရားသခင်၏ လက်ထဲမှာရှိသည်ဆိုသည်ကို အရာအားလုံးဆီသို့ သတင်းစကားပေးပို့ရန်အတွက် ဘုရားသခင်၏ နည်းတစ်ခုလည်းဖြစ်ပါသည်။ သခင်ယေရှု၏ လာဇရုကို သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်စေခြင်းဆိုသော ဤချဉ်းကပ်ပုံမျိုးက လူသားမျိုးနွယ်ကို သင်ကြား၊ ညွှန်ကြားရန် ဖန်ဆင်းရှင်အတွက် နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းသည် လူသားမျိုးနွယ်ကို ညွှန်ကြားရန်၊ လူသားမျိုးနွယ်ကို ထောက်ပံ့ရန်သူ၏ အရည်အချင်းနှင့် အာဏာကို သူအသုံးပြုသော၊ ခိုင်မာသော အပြုအမူတစ်ခုဖြစ်ပါသည်။ ၎င်းသည် အရာအားလုံးကို အုပ်ချုပ်သော သူ၏ အမှန်တရားကို လူသားမျိုးနွယ်ကို မြင်စေရန် ဖန်ဆင်းရှင်အတွက် စကားလုံးတို့မပါသော နည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းသည် သူမှလွဲပြီး တခြားကယ်တင်ခြင်းမရှိဆိုသည်ကို လက်တွေ့ အပြုအမူတို့မှတစ်ဆင့် လူသားမျိုးနွယ်ကို ပြောပြရန် နည်းလမ်းတစ်ခုဖြစ်သည်။ ဤကဲ့သို့ လူသားမျိုးနွယ်ကို သူ့ညွှန်ကြားခြင်း၏ ငြိမ်သက်သောနည်းနာမျိုးသည် ထာဝရတည်ခံပါသည်။ ၎င်းသည် ပယ်ဖျက်၍မရသောအရာဖြစ်သည်။ ၎င်းသည် လူသား၏နှလုံးသားကို အံ့သြထိတ်လန့်သွားစေပြီး မည်သည့်အခါမျှ ပျောက်ကွယ်မသွားမည့် ဉာဏ်အလင်းပွင့်ခြင်းကို ရရှိစေသည်။ လာဇရု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေသည်။ ဤအချက်က ဘုရားသခင်၏ နောက်လိုက် တစ်ယောက်ချင်းစီတိုင်းအပေါ် လေးနက်သော သက်ရောက်မှုတစ်ခုရရှိစေသည်။ ဤဖြစ်ရပ်ကို လေးလေးနက်နက်နားလည်သော လူတိုင်းကို၊ ဘုရားသခင်သာလျှင် လူသားမျိုးနွယ်၏ သေခြင်းနှင့် ရှင်ခြင်းကို အမိန့်ပေးနိုင်သည်ဆိုသော အမြင်ကို၊ နားလည်မှုကို ခိုင်မြဲစေပါသည်။ ဘုရားသခင်က ဤကဲ့သို့ အာဏာမျိုးရှိသော်လည်း၊ လာဇရု၏ ရှင်ပြန်ထမြောက်ခြင်းမှတစ်ဆင့် လူသားမျိုးနွယ်၏ သေခြင်းနှင့် ရှင်ခြင်းအပေါ် သူ၏ ပိုင်စိုးမှုအကြောင်းကို အသိပေးပို့လိုက်သော်လည်း ၎င်းက သူ၏ အဓိက အလုပ်မဟုတ်ပေ။ ဘုရားသခင်က တစ်စုံတစ်ခုကို အဓိပ္ပာယ်မရှိဘဲ လုပ်လေ့မရှိပေ။ သူလုပ်သော အရာတစ်ခုစီတိုင်းက ကြီးမားသော တန်ဖိုးတို့ရှိပါသည်။ အားလုံးက အလွန်ကောင်းမွန်သော အဖိုးထိုက် ရတနာတို့ဖြစ်သည်။ လူတစ်ယောက်ကို သူ၏အုတ်ဂူမှ ပြန်ထွက်လာခြင်းကို သူ၏ အဓိက သို့မဟုတ် တစ်ခုတည်းသော ပန်းတိုင် သို့မဟုတ် အလုပ်ကိစ္စအဖြစ် လုံးဝ လုပ်မှာမဟုတ်ပေ။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသော အရာတစ်ခုမျှ လုပ်မှာမဟုတ်ပေ။ လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်း တစ်ခုက ဘုရားသခင်၏ အာဏာကို ထုတ်ဖော်ပြသရန် လုံလောက်ပါသည်။ ၎င်းသည် သခင်ယေရှု၏ ဝိသေသလက္ခဏာကို သက်သေပြရန် လုံလောက်ပါသည်။ ထို့ကြောင့် သခင်သည် ဤကဲ့သို့အံ့သြဖွယ်ရာမျိုးကို ထပ်မံမလုပ်ခဲ့ခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် စည်းမျဉ်းတို့နှင့် အကြောင်းအရာတို့ကို လုပ်ဆောင်ပါသည်။ လူသားဘာသာစကားတွင် ဘုရားသခင်က အလုပ်ကို လေးလေးနက်နက်လုပ်သည်ဆိုသကဲ့သို့ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်က အမှုအရာတို့ကို လုပ်ဆောင်သောအခါ သူ့အလုပ်၏ ရည်ရွယ်ချက်မှ လမ်းလွဲမသွားပေ။ ဤအဆင့်၌ မည်သည့်အလုပ်ကို သူလုပ်ဆောင်လိုသည်ဆိုသည်နှင့်၊ သူမည်သည်ကို ပြီးမြောက်စေလိုသည်ဆိုသည်ကို သူသိပြီး သူ၏အစီအစဉ်နှင့်အညီ တင်းကြပ်စွာ အလုပ်လုပ်ပါလိမ့်မည်။ ဖောက်ပြန်ပျက်စီးသောလူတစ်ယောက်က ဤကဲ့သို့အရည်အချင်းမျိုးရှိလျှင် လူတို့က သူ့ကို ဦးညွှတ်ကြရန် သူတို့ကို သူထိန်းချုပ်နိုင်ပြီး ဝါးမျိုနိုင်ရန်အတွက် သူမည်မျှ အထင်ကြီးစရာကောင်းသည်ဆိုသည်ကို တခြားလူတို့သိအောင် သူ၏အရည်အချင်းကို ဖွင့်ပြရန် နည်းလမ်းတို့ကို စဉ်းစားနေပါလိမ့်မည်။ ၎င်းသည် စာတန်ဆီမှလာသော ဆိုးယုတ်ခြင်းပင်ဖြစ်သည်။ ဤသည်ကို ဖောက်ပြန်ပျက်စီးခြင်းဟုခေါ်ပါသည်။ ဘုရားသခင်မှာ ဤကဲ့သို့ စိတ်သဘောထားမျိုး မရှိပေ။ ဤကဲ့သို့ အနှစ်သာရမျိုး မရှိပေ။ အမှုအရာတို့ကို သူလုပ်ဆောင်ရာမှာ သူ၏ ရည်ရွယ်ချက်က သူ့ကိုယ်သူထုတ်ဖော်ကြွားဝါရန်မဟုတ်ဘဲ လူသားမျိုးနွယ်ကို ဖွင့်ပြခြင်း၊ လမ်းညွှန်ခြင်းတို့ ပံ့ပိုးရန်အတွက်ဖြစ်ပါသည်။ ထို့ကြောင့် ဤကဲ့သို့အရာမျိုးကို သမ္မာကျမ်းစာမှာ ဥပမာ အနည်းငယ်ကိုပင် တွေ့ရသည်။ ၎င်းက သခင်ယေရှု၏ အရည်အချင်းတို့က အကန့်အသတ်ရှိသည်ဟု မဆိုလို၊ သို့မဟုတ် ဤကဲ့သို့အရာမျိုးကို မလုပ်နိုင်ဟု မဆိုလိုပေ။ ဘုရားသခင်က ဤသည်ကို မလုပ်လိုခြင်း သက်သက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သခင်ယေရှုက လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းက အလွန်ပင် လက်တွေ့ကျသော အရေးပါမှုပါဝင်ပြီး ဘုရားသခင်က လူ့ဇာတိဖြစ်လာခြင်း၏ အဓိက အလုပ်သည် ထူးခြားအံ့သြဖွယ်ရာတို့ကို လုပ်ဆောင်ရန်အတွက် မဟုတ်ခြင်းကြောင့်၊ လူတို့ကို သေခြင်းမှ ပြန်လည်ရှင်သန်အောင်လုပ်ခြင်း မဟုတ်ဘဲ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းအလုပ်ဖြစ်၍ပင်ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှု လုပ်ဆောင်ခဲ့သော အလုပ်အများစုက လူတို့ကို သင်ကြားခြင်း၊ သူတို့အတွက် ထောက်ပံ့ပေးခြင်း၊ ကူညီခြင်းဖြစ်ပြီး လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်အောင်ပြုလုပ်ခြင်းက သခင်ယေရှုလုပ်ခဲ့ခြင်းတို့၏ သေးငယ်သော အပိုင်းသာ ဖြစ်ပါသည်။ တဖန် "ကြွားလုံးထုတ်ခြင်း" က ဘုရားသခင်၏ အနှစ်သာရမဟုတ်ဘူးဟု သင်တို့ ဆိုနိုင်သည်။ ထို့ကြောင့် အံ့သြဖွယ်ရာတို့ထပ်ပြီး မပြခြင်းက ကန့်သတ်ချက်များကို တမင်လုပ်နေခြင်းမဟုတ်သကဲ့သို့ အခြေအနေအရ ကန့်သတ်ချက်တို့ကြောင့်လည်း မဟုတ်ပေ။ သေချာသည်မှာ အရည်အချင်းမရှိ၍ မဟုတ်ပေ။

သခင်ယေရှုက လာဇရုကို သေခြင်းမှ ပြန်လည်ခေါ်ဆောင်သောအခါမှာ စကားတစ်ခွန်းကို သူအသုံးပြုခဲ့သည်။ "လာဇရုထွက်၍လာလော့" ဤသည်မှလွဲပြီး တစ်ခြားမပြောပေ။ ဤစကားလုံးတို့က ဘာကို ကိုယ်စားပြုသနည်း။ ဘုရားသခင်သည် သေသူကို ပြန်ရှင်စေခြင်းအပါအဝင် အရာအားလုံးကို စကားပြောခြင်းမှတစ်ဆင့် ပြီးမြောက်စေနိုင်သည်ဆိုသည်ကို ကိုယ်စားပြုပါသည်။ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့သောအခါ၊ ကမ္ဘာကြီးကို သူဖန်ဆင်းခဲ့သောအခါ၌ စကာလုံးတို့နှင့်ပင် လုပ်ခဲ့သည်။ အမိန့်ပေးစကား၊ အာဏာပါဝင်သော စကားလုံးတို့ကို သူအသုံးပြုခဲ့ပြီး ဤကဲ့သို့ အရာအားလုံးကို ဖန်ဆင်းခဲ့သည်။ ဤကဲ့သို့ပင် ပြီးမြောက်ခဲ့သည်။ သခင်ယေရှုပြောခဲ့သော ဤစကားတစ်ခွန်းက ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သောအခါမှာ သူပြောခဲ့သော စကားလုံးတို့လိုပင်ဖြစ်သည်။ ဘုရားသခင်၏ အာဏာ၊ ဖန်ဆင်းရှင်၏ အရည်အချင်းတို့ ညီတူညီမျှ ပါဝင်ပါသည်။ ဘုရားသခင်၏ နှုတ်မှလာသော စကားလုံးတို့ကြောင့် အရာအားလုံးသည် ဖြစ်ပေါ်လာပြီး ရပ်တည်လာသည်။ ဤကဲ့သို့ပင် သခင်ယေရှု၏ နှုတ်ကလာသော စကားလုံးတို့ကြောင့် လာဇရုသည် သူ့အုတ်ဂူမှ လမ်းလျှောက်ထွက်လာခဲ့သည်။ ၎င်းသည် ဘုရားသခင်၏ လူ့ဇာတိက ထုတ်ဖော်ပြသပြီး အကောင်အထည်ဖော်ခဲ့သော သူ၏ အာဏာဖြစ်ပါသည်။ ဤအာဏာနှင့် အရည်အချင်းမျိုးသည် ဖန်ဆင်းရှင်နှင့်သက်ဆိုင်ပြီး ဖန်ဆင်းရှင်က အကောင်အထည်ဖော်ခဲ့သော လူသားနှင့် သက်ဆိုင်ပါသည်။ ၎င်းသည် ဘုရားသခင်က လာဇရုကို သေခြင်းမှ ရှင်ခြင်းကို သယ်ဆောင်လာခြင်းအားဖြင့် လူသားမျိုးနွယ်ကို သင်ကြားပေးသော နားလည်ခြင်းဖြစ်ပါသည်။ ဤခေါင်းစဉ်မှာ ဤမျှလောက်ပင်ဖြစ်သည်။ နောက်တစ်ခု၊ ကျမ်းစာကို ဖတ်ကြရအောင်။

၁၀။ သခင်ယေရှုအပေါ် ဖာရိရှဲတို့ရဲ့ ဝေဖန်အကဲဖြတ်ခြင်း

ရှင်မာကု ၃:၂၁-၂၂ ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ထွက်သွားကြ၏။ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။

၁၁။ ဖာရိရှဲတွေကို သခင်ယေရှု ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခြင်း

ရှင်မဿဲ ၁၂:၃၁-၃၂ ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။

ရှင်မဿဲ ၂၃:၁၃-၁၅ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။"

အပေါ်မှာ ခွဲထားသော စာပိုဒ်နှစ်ပိုဒ်ရှိသည်။ ပထမတစ်ခုကို အရင်ကြည့်ရအောင်။ သခင်ယေရှုအပေါ် ဖာရိရှဲတို့ရဲ့ ဝေဖန်အကဲဖြတ်ခြင်း။

သမ္မာကျမ်းစာမှာ သခင်ယေရှုကိုယ်တိုင်အပေါ် ဖာရိရှဲတို့၏ သုံးသပ်ချက်နှင့် သူလုပ်ဆောင်ခဲ့သော အရာတို့က။ "သူသည် အရူးဖြစ်၏ဟုဆို၍ … သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။" (ရှင်မာကု ၃:၂၁-၂၂) ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့၏ သခင်ယေရှုအပေါ် ဝေဖန်အကဲဖြတ်ခြင်းက သံယောင်လိုက်နေခြင်း သို့မဟုတ် လျှောက်စဉ်းစားခြင်းမဟုတ်ပေ။ သူ့အပြုအမူတို့အပေါ်မှာ သူတို့ မြင်ရ ကြားရခြင်းတို့မှလာသော သခင်ယေရှုအပေါ် သူတို့၏ ကောက်ချက်ချခြင်းဖြစ်သည်။ သူတို့၏ ကောက်ချက်က အပေါ်ယံအားဖြင့် တရားမျှတမှုနှင့် ပြုလုပ်ထားပြီး ခိုင်မာသည်ဟု လူတို့ထင်ရသော်လည်း သခင်ယေရှုကို သူတို့ အကဲဖြတ်ဝေဖန်သော မာနကြီးခြင်းက သူတို့အတွက်ပင် ခံယူရန် ခက်ခဲသည်။ သခင်ယေရှုအပေါ် သူတို့၏ ထိန်းမနိုင်သိမ်းမရသော အမုန်းစွမ်းအားတို့မှာ သူတို့၏ ကိုယ်ပိုင် ကြမ်းတမ်းသောရည်ရွယ်ချက်တို့၊ သူတို့၏ ဆိုးယုတ်သော စာတန်သဘောပါဝင်သော မျက်နှာရိပ်မျက်နှာကဲတို့နှင့် ဘုရားသခင်ကို ဆန့်ကျင်သော သူတို့၏ မလိုမုန်းထားသော အကျင့်စရိုက်တို့ကို ထုတ်ဖော်ပြသနေပါသည်။ သခင်ယေရှုအပေါ် သူတို့၏ အကဲဖြတ်ဝေဖန်ခြင်းမှာ သူတို့ပြောသောအရာတို့သည် သူတို့၏ ကြမ်းတမ်းသော ရည်ရွယ်ချက်တို့၊ မနာလိုမှု၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် သူတို့၏ ရန်လိုမှု၏ ဆိုးသွမ်းပြီး မလိုမုန်းထားသော အကျင့်စရိုက်တို့အားဖြင့် တွန်းအားပေးခြင်းခံရသည်။ သခင်ယေရှု၏ အပြုအမူတို့၏ အရင်းအမြစ်ကို သူတို့ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်သကဲ့သို့ သူပြောခဲ့၊ လုပ်ခဲ့သမျှတို့၏ အနှစ်သာရကိုလည်း သူတို့ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ခဲ့ပေ။ သို့သော်လည်း သူတို့သည် သူလုပ်ဆောင်ခဲ့သောအရာတို့ကို မစဉ်းမစားဘဲနှင့်၊ စိတ်မရှည်စွာနှင့်၊ ရူးသွပ်စွာနှင့်၊ တမင် အန္တရာယ်ပြုသော တိုက်ခိုက်ခြင်းတို့နှင့် နှိမ်ချခြင်းတို့ပြုလုပ်ခဲ့သည်။ ၎င်းသည် သူ၏ဝိညာဉ်တော်ဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို လက်လွတ်စပယ်နှင့် နှိမ်ချခြင်းအဆင့်ထိရောက်နေပါသည်။ "သူသည် အရူးဖြစ်၏" "သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏" ဟု သူတို့ပြောသည်မှာ ဤသည်ကို သူတို့ဆိုလိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဗေလဇဗုလဖြစ်သည်။ နတ်ဆိုးမင်းဖြစ်သည်ဟု သူတို့ပြောခဲ့သည်။ ဘုရားသခင်၏ ဝိညာဉ်တော်က လွှမ်းခြုံထားသော ဇာတိခန္ဓာ၏ လုပ်ဆောင်မှုကို ရူးသွပ်ခြင်းဟု သူတို့က ဖော်ဆောင်ခဲ့သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ဗေလဇဗုလအဖြစ်၊ နတ်ဆိုးမင်းအဖြစ် စော်ကားခဲ့ရုံမက ဘုရားသခင်၏ အလုပ်ကို သူတို့ ရှုတ်ချခဲ့သည်။ သခင်ယေရှုကို၊ ခရစ်တော်ကို သူတို့ ရှုတ်ချပြီး ထိခိုက်စော်ကားခဲ့ကြသည်။ သူတို့၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ထိပါးစော်ကားခြင်း၏ အနှစ်သာရက စာတန်၏ အနှစ်သာရနှင့် နတ်ဆိုး၏ ဘုရားသခင်ပေါ် ဆန့်ကျင်ခြင်းနှင့် ထိပါးစော်ကားခြင်းတို့နှင့် လုံးဝ အတူတူပင်ဖြစ်သည်။ သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားတို့ကို ကိုယ်စားပြုရုံတင်မကဘဲ စာတန်၏ အသွင်ဆောင်သူတို့ဖြစ်ကြသည်။ သူတို့သည် လူသားမျိုးနွယ်ကြားထဲမှာ စာတန်အတွက် လမ်းကြောင်းတစ်ခုဖြစ်သည်။ သူတို့သည် စာတန်၏ ကြံရာပါများ၊ သတင်းစကားပို့ဆောင်သူများ ဖြစ်ကြသည်။ သခင်ယေရှုခရစ်တော်အပေါ် သူတို့၏ ထိပါးစော်ကားခြင်းနှင့် ရှုတ်ချမှု၏ အနှစ်သာရသည် အဆင့်အတန်းအတွက် ဘုရားသခင်အပေါ် သူတို့၏ ရုန်းကန်ကြိုးစားခြင်း၊ ဘုရားသခင်နှင့် ယှဉ်ပြိုင်ခြင်း၊ ဘုရားသခင်ကို အဆက်မပြတ် စမ်းသပ်ခြင်းတို့ဖြစ်ကြပါသည်။ ဘုရားသခင်အပေါ် သူတို့ဆန့်ကျင်ခြင်း၏ အနှစ်သာရနှင့် သူ့အပေါ် ရန်လိုသော သူတို့၏ သဘောထားနှင့် သူတို့၏စကားလုံးများ၊ သူတို့၏ အတွေးများသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို တိုက်ရိုက် ထိပါးစော်ကားပြီး အမျက်ထွက်စေပါသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ပြောခဲ့ခြင်း၊ လုပ်ခဲ့ခြင်းအပေါ်မှာ ကျိုးကြောင်းသင့်မြတ်သော တရားစီရင်မှုကို သတ်မှတ်ခဲ့သည်။ သူတို့၏လုပ်ဆောင်ချက်တို့ကို သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်စော်ကားသော အပြစ်တရားအဖြစ် သတ်မှတ်ခဲ့သည်။ ဤအပြစ်သည် ဤဘ၀နှင့် တမလွန်ဘဝ နှစ်ခုလုံး၌ ခွင့်လွှတ်၍မရပေ၊ အောက်ပါကျမ်းပိုဒ်၌ ပြောထားသကဲ့သို့ပင်ဖြစ်သည်၊ "… ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ"နှင့် "… သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။" ယနေ့ ဘုရားသခင်ထံမှလာသော ဤနှုတ်ကပတ်တော်တို့၏ တကယ့်အဓိပ္ပာယ်အကြောင်းကို ပြောကြရအောင်။ "သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။" ၎င်းသည် ဘုရားသခင်က "သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်" ဆိုသော နှုတ်ကပတ်တော်တို့ကို မည်ကဲ့သို့ပြည့်စုံစေသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းဖြစ်စေခြင်းပင်ဖြစ်သည်။

ငါတို့ပြောသောအကြောင်းအရာတိုင်းက ဘုရားသခင်၏ စိတ်သဘောထား၊ လူတို့အပေါ်၊ အကြောင်းကိစ္စများနှင့် အမှုအရာများအပေါ် သူ၏သဘောထားနှင့် သက်ဆိုင်ပါသည်။ သဘောတရားအားဖြင့် အပေါ်မှာရှိသော စာပိုဒ်နှစ်ပိုဒ်က ခြွင်းချက်တို့ မဟုတ်ပေ။ ကျမ်းစာ၏ ဤစာပိုဒ်နှစ်ပိုဒ်ထဲမှာ သင်တို့ တစ်ခုခု သတိပြုမိကြသလော။ တစ်ချို့လူတို့က သူတို့ ဘုရားသခင်၏ အမျက်ဒေါသကို မြင်သည်ဟု ပြောသည်။ တစ်ချို့လူတို့က လူသားမျိုးနွယ်၏ ထိပါးစော်ကားမှုကို သည်းမခံသော၊ လူတို့က ဘုရားသခင်ကို ထိပါးစော်ကားသော အရာတစ်ခုခုလုပ်လျှင် သူ၏ ခွင့်လွှတ်ခြင်းကို မရနိုင်သော၊ ဘုရားသခင်၏ စိတ်သဘောထားကိုမြင်သည်ဟု ပြောသည်။ လူတို့က ဤစာပိုဒ်နှစ်ခုမှာ ဘုရားသခင်၏ အမျက်ဒေါသနှင့် လူသားမျိုးနွယ်၏ စော်ကားခြင်းကို သည်းမခံခြင်းကိုမြင်ပြီး သိမြင်သော်လည်း သူ့သဘောထားကို သူတို့ အမှန်တကယ်နားမလည်သေးချေ။ ဤစာပိုဒ်နှစ်ခုမှာ ဘုရားသခင်၏ စစ်မှန်သောသဘောနှင့် ပတ်သက်ခြင်းရှိနေပြီး သူ့ကို ထိပါးစော်ကားပြီး အမျက်ထွက်စေသော သူတို့ဆီသို့ ချဉ်းကပ်ထားပါသည်။ ကျမ်းစာမှာရှိသော ဤစာပိုဒ်က သူ့သဘောထားနှင့် ချဉ်းကပ်ပုံ၏ စစ်မှန်သော အဓိပ္ပာယ်ပါဝင်နေပါသည်။ "သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။" လူတို့က ဘုရားသခင်ကို ထိပါးစော်ကားသောအခါ၌၊ သူ့ကို အမျက်ထွက်စေသောအခါ၌၊ သူသည် ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ပြန်သည်။ ဤဆုံးဖြတ်ချက်က သူ၏ နောက်ဆုံးရလဒ်ဖြစ်သည်။ ဤသည်ကို သမ္မာကျမ်းစာထဲမှာ ဤကဲ့သို့ဖော်ပြထားသည်။ "ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။" (ရှင်မဿဲ ၁၂:၃၁) နှင့် "လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။" (ရှင်မဿဲ ၂၃:၁၃) သို့သော်လည်း ဤကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့၏ ရလဒ်နှင့် သခင်ယေရှုက ဤအရာတို့ကို ပြောပြီးနောက်မှာ သူသည် အရူးဖြစ်သည်ဟု ပြောသောလူတို့၏ ရလဒ်က ဘာဆိုသည်ကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားသလော။ သူတို့ ပြစ်ဒဏ်တစ်ခုခု ခံကြရသည်ဟု မှတ်တမ်းတင်ထားသလော။ မှတ်တမ်းတင်ထားခြင်းမရှိဘူးဆိုသည်မှာ သေချာပါသည်။ မှတ်တမ်းတင်မထားပေ၊ မရှိပေဟု ပြောသော်လည်း အမှန်တကယ်တွင်မူ လူမျက်လုံးနှင့် မြင်နိုင်သော ရလဒ်မရှိချေ။ ဤ "မရှိချေ" ဆိုသည်မှာ ကိစ္စတစ်ရပ်ကို ရှင်းလင်းပေးသည်။ ဘုရားသခင်၏ သဘောထားနှင့် တစ်ချို့အရာတို့ကို ကိုင်တွယ်ရာမှာ အခြေခံသဘောတရားတို့ကို ရှင်းလင်းပေးသည်။ သူ့ကို ထိပါးစော်ကားသောသူ သို့မဟုတ် ဆန့်ကျင်သောသူ၊ သို့မဟုတ် သူ့ကိုမကောင်းပြောသောသူ၊ သူ့ကို တမင်သက်သက် တိုက်ခိုက်၊ မကောင်းပြော၊ ကျိန်ဆဲသောသူအပေါ် ဘုရားသခင်၏ ဆက်ဆံပုံက၊ သူသည် မမြင်ချင်ယောင်၊ မသိချင်ယောင်မဆောင်ပေ။ သူတို့အပေါ်မှာ ရှင်းလင်းသောသဘောထားတစ်ခု သူ့မှာရှိသည်။ ဤလူတို့ကို သူ စက်ဆုပ်ရွံရှာသည်။ သူ့နှလုံးသားမှာ သူတို့ကို ရှုတ်ချသည်။ သူ့ကို ထိခိုက်စော်ကားသောသူတို့အပေါ်မှာ ရှင်းလင်းပြတ်သားသော သဘောထားရှိသည်ဆိုသည်ကို လူတို့သိရန်၊ သူတို့၏ရလဒ်တို့ကို သူမည်ကဲ့သို့သတ်မှတ်မည်ဆိုသည်ကို သူတို့သိရန်အတွက် သူတို့အတွက် ရလဒ်ကိုပင်လျှင် ပွင့်ပွင့်လင်းလင်းကြေညာသည်။ သို့သော်လည်း ဘုရားသခင်က ၎င်းတို့ကို ပြောပြီးနောက်မှာ လူတို့သည် ဘုရားသခင်က ဤလူတို့ကို မည်ကဲ့သို့ကိုင်တွယ်မည်ဆိုသည်နှင့်ပတ်သက်ပြီး အမှန်တရားကို မမြင်နိုင်ကြသေးပေ။ ဘုရားသခင်၏ အကျိုးဆက်နောက်က အခြေခံသဘောတရားတို့နှင့်၊ သူတို့အတွက် သူ၏ ဆုံးဖြတ်ချက်ကို သူတို့ နားမလည်နိုင်ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်သည် ဘုရားသခင်က သူတို့ကိုင်တွယ်ရန်အတွက် နည်းလမ်းတို့နှင့် သီးသန့်သဘောထားတို့ကို မမြင်နိုင်ကြပေ။ ၎င်းသည် အမှုအရာတို့ကို လုပ်ဆောင်သည်နှင့် ပတ်သက်သော ဘုရားသခင်၏ နိယာမတို့နှင့် သက်ဆိုင်ပါသည်။ တစ်ချို့လူတို့၏ ဆိုးယုတ်သော အပြုအမူကို ကိုင်တွယ်ရန် အမှန်တရား၏ ထွန်းကားလာမှုကို ဘုရားသခင် အသုံးပြုပါသည်။ ဆိုလိုသည်မှာ သူတို့၏အပြစ်တရားကို သူမကြေညာပေ။ သူတို့၏ အကျိုးရလဒ်ကို မသတ်မှတ်ပေ။ သို့သော်လည်း သူတို့ကို အပြစ်ဒဏ်ခတ်ရန်အတွက်၊ သူတို့၏ ပြစ်ဒဏ်ခံရရန်အတွက် အမှန်တရား၏ ထွန်းကားလာမှုကို သူ တိုက်ရိုက်အသုံးပြုသည်။ ဤအမှန်တရားတို့ ဖြစ်ပျက်သောအခါမှာ အပြစ်ဒဏ်ကို ခံစားရခြင်းက လူတို့၏ ဇာတိဖြစ်သည်။ လူ့မျက်စိနှင့် မြင်နိုင်သော အရာတို့ပင်ဖြစ်ပါသည်။ တစ်ချို့လူတို့၏ ဆိုးယုတ်သော အပြုအမူတို့ကို ကိုင်တွယ်သောအခါမှာ ဘုရားသခင်က သူတို့ကို စကားလုံးတို့နှင့် ကျိန်ဆဲပါသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ အမျက်ဒေါသက သူတို့အပေါ်ကို ကျရောက်လာပြီး သူတို့ရရှိသောအပြစ်ဒဏ်က လူတို့မမြင်နိုင်သော အရာဖြစ်နိုင်သည်။ သို့သော်လည်း ဤကဲ့သို့ရလဒ်မျိုးက လူတို့မြင်နိုင်သော အပြစ်ဒဏ်ခတ်ခြင်း သို့မဟုတ် အဆုံးစီရင်ခံရခြင်း ရလဒ်ထက် ပို၍ပင် ပြင်းထန်နိုင်ပါသည်။ ၎င်းသည် ဘုရားသခင်က ဤကဲ့သို့လူမျိုးကို မကယ်တင်ရန်၊ သနားကြင်နာမှု မပြသတော့ရန် သို့မဟုတ် သူတို့အတွက် သည်းမခံတော့ရန်၊ သူတို့ကို အခွင့်အရေးထပ် မပေးတော့ရန် သတ်မှတ်ထားသော အခြေအနေအောက်၌ သူတို့အပေါ်မှာ သူထားရှိသော သဘောထားက သူတို့ကို ဘေးဖယ်ထားရန်အတွက်ဖြစ်သောကြောင့်ဖြစ်ပါသည်။ "ဘေးဖယ်" ဆိုသော အဓိပ္ပာယ်က အဘယ်နည်း။ ဤဝေါသည်၏ အဓိပ္ပာယ်ကိုယ်၌က တစ်ခုခုကို တစ်ဖက်ဖက်မှာ ထားရန်၊ အာရုံမစိုက်တော့ရန် ဖြစ်ပါသည်။ ဤနေရာမှာ ဘုရားသခင်က "ဘေးဖယ်" လိုက်သောအခါမှာ သူ၏ မတူညီသော အဓိပ္ပာယ်နှစ်မျိုးရှိပါသည်။ ပထမရှင်းပြချက်က သူသည် ထိုလူ၏ အသက်၊ ထိုလူ၏ အရာရာတိုင်းကို စာတန်ကို ကိုင်တွယ်ရန် ပေးအပ်လိုက်သည်ဆိုခြင်းဖြစ်ပါသည်။ ဘုရားသခင်က တာဝန်ရှိမှာမဟုတ်တော့ဘဲ စီမံခန့်ခွဲမှာမဟုတ်တော့ချေ။ ဤလူက ရူးသွားပါစေ၊ သို့မဟုတ် မိုက်မဲပါစေ၊ အသက်ရှင်ချိန် သို့မဟုတ် သေသောအချိန်မှာဖြစ်ပါစေ၊ သို့မဟုတ် သူတို့၏ အပြစ်ဒဏ်အတွက် ငရဲကို သက်ဆင်းသွားပါစေ၊ ဘုရားသခင်နှင့် ဘာမျှ မသက်ဆိုင်တော့ပေ။ ဤဖန်ဆင်းခံသည် ဖန်ဆင်းရှင်နှင့် ဆက်စပ်မှုမရှိတော့ဘူးဟု ဆိုလိုပါသည်။ ဒုတိယ ရှင်းပြချက်က ဘုရားသခင်သည် သူကိုယ်တိုင် သူ၏လက်နှင့် ဤလူကို တစ်ခုခုပြုလုပ်ရန် ဆုံးဖြတ်ထားသည်။ ဤကဲ့သို့လူမျိုး၏ အစေခံခြင်းကို သူအသုံးချရန် ဖြစ်နိုင်သည်။ သို့မဟုတ် ဤလူမျိုးကို အဖြည့်ခံတစ်ခုအနေနှင့် အသုံးချရန်ဖြစ်နိုင်သည်။ ဤကဲ့သို့လူမျိုးကို ကိုင်တွယ်ရန် သူ့၌ အထူးနည်းလမ်းတစ်ခု၊ သူတို့ကို ဆက်ဆံရန် အထူးနည်းလမ်းတစ်ခုရှိရန် ဖြစ်နိုင်ပါသည်။ ရှင်ပေါလုကဲ့သို့ဖြစ်သည်။ ၎င်းသည် ဤကဲ့သို့လူမျိုးကို ကိုင်တွယ်ရန် သူမည်ကဲ့သို့ သတ်မှတ်ထားသည်ဆိုသော ဘုရားသခင်၏ နှလုံးသားမှာရှိသော သဘောထားနှင့် အခြေခံစည်းမျဉ်းဖြစ်ပါသည်။ ထို့ကြောင့် လူတို့က ဘုရားသခင်ကို ဆန့်ကျင်သောအခါ၊ မကောင်းပြောသောအခါ၊ သူ့ကို ထိပါးစော်ကားသောအခါမှာ၊ သူ၏ စိတ်သဘောထားကို နှောင့်ယှက်လျှင် သို့မဟုတ် ဘုရားသခင်၏ နောက်ဆုံးသည်းခံနိုင်စွမ်းအထိရောက်သွားလျှင်၊ အကျိုးဆက်က မတွေးဝံ့စရာဖြစ်သည်။ အပြင်းထန်ဆုံး အကျိုးဆက်က ဘုရားသခင်သည် သူတို့၏ဘဝနှင့် သူတို့၏ အရာရာတိုင်းကို စာတန်ဆီသို့ ထာဝရ လွှဲပြောင်းပေးလိုက်ခြင်းပင်ဖြစ်သည်။ သူတို့ကို ထာဝရ ခွင့်လွှတ်တော့မှာ မဟုတ်တော့ပေ။ ၎င်းက ဤလူသည် စာတန်၏ ပါးစပ်က အစာ၊ သူ့လက်ထဲမှာ ရှိသော ကစားစရာအရုပ် ဖြစ်သွားသည်ဟု ဆိုလိုပြီး ထိုအချိန်မှစပြီး ဘုရားသခင်က သူတို့နှင့် ဘာမျှ မသက်ဆိုင်တော့ပေ။ စာတန်က ယောဘကို ဖြားယောင်းသွေးဆောင်သောအခါမှာ မည်ကဲ့သို့စိတ်ဆင်းရဲမှုမျိုးဖြစ်ခဲ့သနည်းဆိုသည်ကို သင်တို့ စိတ်ကူးကြည့်နိုင်ပါ၏လော။ ယောဘ၏အသက်ကို ထိခိုက်ရန် စာတန်ကို ခွင့်မပြုသော သတ်မှတ်ချက်အောက်မှာ ယောဘသည် ဒုက္ခကို ကြီးစွာ ခံစားရဆဲပင်ဖြစ်သည်။ စာတန်ဆီသို့လုံးဝ လွှဲအပ်ခြင်းခံရသော၊ စာတန်၏ လက်ထဲမှာ လုံးဝကျရောက်နေသော၊ ဘုရားသခင်၏ ဂရုစိုက်မှုနှင့် သနားကြင်နာမှုကို လုံးဝ ဆုံးရှုံးသွားသော၊ ဖန်ဆင်းရှင်၏ အုပ်ချုပ်မှုအောက်မှာ မရှိတော့သော၊ သူ့ကို ကိုးကွယ်ရန် အခွင့်၊ ဘုရားသခင်၏အုပ်ချုပ်မှုအောက်မှာ ရှိသော ဖန်ဆင်းခံဖြစ်ရန်အခွင့်ကို ဖယ်ရှားခံလိုက်ရသော၊ ဖန်ဆင်းခြင်း၏ အရှင်သခင်နှင့် ဆက်ဆံရေးကို လုံးဝ ဖြတ်တောက်ခံလိုက်ရသောသူအပေါ်မှာ ကျရောက်မည့် စာတန်၏ ဖျက်ဆီးခြင်းကို စဉ်းစားကြည့်ရန် ပို၍ပင် မခက်ခဲသလော။ စာတန်၏ ယောဘကို နှိပ်စက်ညှင်းပန်းခြင်းက လူ့မျက်စိနှင့်မြင်နိုင်သော အရာတစ်ခုဖြစ်သည်။ သို့သော်လည်း ဘုရားသခင်က လူတစ်ယောက်၏ အသက်ကို စာတန်ဆီကို လွှဲပြောင်းပေးလိုက်ပါက အကျိုးဆက်က မည်သူကမျှ စဉ်းစား၍မရနိုင်သော အရာဖြစ်လိမ့်မည်။ နွားသို့မဟုတ် မြည်းအနေနှင့် ပြန်လည်မွေးဖွားလာသောလူတစ်ချို့ကဲ့သို့၊ သို့မဟုတ် မသန့်ရှင်းသော ဆိုးယုတ်သော နတ်ဆိုးတို့ဝင်ပူးခြင်းခံရသော လူတို့ကဲ့သို့ စသဖြင့် ဖြစ်လိမ့်မည်။ ၎င်းက ဘုရားသခင်အားဖြင့် စာတန်ဆီသို့ လွှဲပြောင်းပေးခြင်းခံရသော တစ်ချို့လူတို့၏ အကျိုးရလဒ်ဖြစ်သည်။ အဆုံးသတ်ဖြစ်သည်။ အပြင်ပန်းမှကြည့်လျှင် သခင်ယေရှုကို လှောင်ပြောင်သော၊ မကောင်းပြောသော၊ ရှုတ်ချသော၊ ထိပါးစော်ကားသော သူတို့သည် မည်သည့်အကျိုးဆက်မျှ မခံစားရဘူးဟု ထင်ရသည်။ သို့သော်လည်း အမှန်တကယ်တွင် ဘုရားသခင်သည် အရာရာတိုင်းကို ကိုင်တွယ်ရန် သဘောထားတစ်ခု ရှိပါသည်။ လူအမျိုးအစားတိုင်းကို သူမည်ကဲ့သို့ကိုင်တွယ်သည်ဆိုသော အကျိုးဆက်ကို လူတို့ကို ပြောပြရန် ရှင်းလင်းသော ဘာသာစကားကို သူအသုံးပြုချင်မှ ပြုလိမ့်မည်။ တစ်ခါတရံ၌ သူ တိုက်ရိုက် စကားမပြောပေ။ သို့သော်လည်း အကြောင်းကိစ္စတို့ကို တိုက်ရိုက်လုပ်ဆောင်သည်။ သူက ကိစ္စတစ်ခုကို မပြောခြင်းက ရလဒ်မရှိဘူးဟု မဆိုလိုပေ။ ရလဒ်က ပို၍ပင် လေးနက်ရန် ဖြစ်နိုင်ပါသည်။ အပြင်ပန်း အသွင်အပြင်မှကြည့်လျှင် သူ၏သဘောထားကို ဖွင့်ပြရန် လူတစ်ချို့ကို ဘုရားသခင်က စကားမပြောဘူးဟု ထင်ရသည်။ အမှန်တကယ်တွင်မူ ဘုရားသခင်က သူတို့ကို အာရုံမစိုက်လိုခဲ့သည်မှာ အတော်ကြာပါပြီ။ သူတို့ကို ဘုရားသခင် ထပ်မတွေ့လိုတော့ပေ။ သူတို့လုပ်ခဲ့သော အရာတို့ကြောင့်၊ သူတို့၏အပြုအမူတို့ကြောင့်၊ သူတို့၏ အကျင့်စရိုက်နှင့် သူတို့၏ အနှစ်သာရတို့ကြောင့်၊ ဘုရားသခင်သည် သူတို့ကို သူ့မြင်ကွင်းမှ ပျောက်သွားရန်ပင် အလိုရှိသည်။ စာတန်လုပ်လိုသမျှလုပ်ရန်အတွက် သူတို့၏ စိတ်ဓာတ်၊ ဝိညာဉ်နှင့် ခန္ဓာကို စာတန်ကိုပေးရန်၊ သူတို့ကို စာတန်ဆီ တိုက်ရိုက်လွှဲပေးလိုက်ချင်သည်။ ဘယ်အတိုင်းအတာထိ ဘုရားသခင်က သူတို့ကို မုန်းသနည်း၊ ဘယ်အတိုင်းအတာအထိ သူတို့ကို ရွံမုန်းသနည်းဆိုသည်မှာ ရှင်းပါသည်။ ဘုရားသခင်က သူတို့ကို ကြည့်ပင် မကြည့်ချင်လောက်သောအထိ လူတစ်ယောက်က သူ့ကို အမျက်ထွက်စေလျှင်၊ ဘုရားသခင်က သူတို့ကို သူကိုယ်တိုင်ပင် မကိုင်တွယ်ချင်လောက်သောအထိ သူတို့ကို လုံးဝစွန့်လွှတ်လိုက်မည်ဆိုလျှင်၊ စာတန်ကို သူလုပ်လိုသမျှလုပ်ရန်၊ စာတန်ကို ထိန်းချုပ်ခွင့်ပေးရန်၊ ဝါးမျိုခွင့်ပေးရန်၊ အလိုရှိသလို ဆက်ဆံစေရန် ဘုရားသခင်က လွှဲပြောင်းပေးလိုက်သော အဆင့်အထိရောက်လျှင် ဤလူသည် လုံးဝပြီးဆုံးသွားပါပြီ။ သူတို့၏ လူသားဖြစ်ရန် အခွင့်အရေးကို ထာဝရ ရုတ်သိမ်းခံလိုက်ရပါပြီ။ ဖန်ဆင်းခံတစ်ယောက်အနေနှင့် သူတို့၏ အခွင့်အရေးသည် အဆုံးသတ်ကို ရောက်သွားပါပြီ။ ၎င်းသည် အပြင်းထန်ဆုံး အပြစ်ဒဏ် မဟုတ်သလော။

ဤအထက်က အရာအားလုံးသည် နှုတ်ကပတ်တော်တို့၏ ပြည့်စုံသော ရှင်းပြချက်ဖြစ်သည်။ "သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။" ၎င်းသည် ဤကျမ်းစာ စာပိုဒ်တို့အပေါ်မှာ ရိုးရှင်းသော ရှင်းလင်းချက်လည်း ဖြစ်ပါသည်။ ယခု သင်တို့ ၎င်းအပေါ်မှာ နားလည်မှုတစ်ခုရှိပြီဟု ငါထင်ပါသည်။

ယခု အောက်မှာရှိသော ကျမ်းစာ စာပိုဒ်ကို ဖတ်ကြည့်ရအောင်။

၁၂။ သခင်ယေရှု သေခြင်းမှရှင်ပြန်ထမြောက်အပြီးမှာ သူ့ရဲ့တပည့်တော်တွေကိုပြောတဲ့ စကားများ

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၀:၂၆-၂၉ ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၁:၁၆-၁၇ တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုးတို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။ ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။

ဤစာပိုဒ်မှာ ပြန်လည်ဖော်ပြထားသောအရာတို့က သူ၏ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ သခင်ယေရှု လုပ်ဆောင်ခဲ့ပြီး သူ၏တပည့်တော်တို့ကို ပြောခဲ့သော အရာတစ်ချို့ဖြစ်ပါသည်။ ပထမဆုံး သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်နှင့် ပြီးနောက်ကြားက ကွာခြားချက်ကို ကြည့်ရအောင်။ သူသည် ယခင်က သခင်ယေရှုနှင့် အတူတူပင်လော။ ကျမ်းစာမှာ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ ဖော်ပြထားသော ဤစာသားတို့ပါဝင်သည်။ "တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။" ထိုအချိန်မှာ သခင်ယေရှုသည် လူ့ဇာတိမဟုတ်တော့ဘဲ ဝိညာဉ်ခန္ဓာတစ်ခုဖြစ်နေသည်ဆိုသည်မှာ အလွန်ရှင်းပါသည်။ ၎င်းသည် လူ့ဇာတိ၏ အကန့်အသတ်ကို သူကျော်လွန်သွားသောအတွက်ကြောင့်ဖြစ်သည်။ တံခါးပိတ်ထားစဉ်မှာ လူတို့ကြားထဲကို သူလာပြီး သူတို့ကို မြင်စေနိုင်သေးသည်။ ၎င်းသည် ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းမတိုင်မီ လူ့ဇာတိမှာ အသက်ရှင်သော သခင်ယေရှုကြား အကြီးမားဆုံး ခြားနားချက်ဖြစ်သည်။ ထိုအချိန်ခဏမှာ ဝိညာဉ်ခန္ဓာ၏ အသွင်အပြင်နှင့် ယခင်က သခင်ယေရှု၏ အသွင်အပြင်ကြားမှာ ခြားနားချက်မရှိသော်လည်း ထိုအချိန်ခဏမှာ သခင်ယေရှုသည် လူတို့အတွက် သူစိမ်းတစ်ယောက်ကဲ့သို့ခံစားရသော ယေရှုဖြစ်သွားပါသည်။ အဘယ့်ကြောင့်ဆိုသော် သေခြင်းမှ ရှင်ပြန်ထမြောက်လာပြီးနောက်မှာ သူသည် ဝိညာဉ်ခန္ဓာဖြစ်လာသောအတွက်ကြောင့်ဖြစ်ပြီး သူ၏ယခင်က လူ့ဇာတိနှင့်ယှဉ်လျှင် ဝိညာဉ်ခန္ဓာက လူတို့အတွက် ပို၍ပဟေဠိဆန်ပြီး ပို၍ရှုပ်ထွေးစေပါသည်။ သခင်ယေရှုနှင့် လူတို့ကြား၌ ပိုဝေးသော အကွာအဝေးကိုလည်း ဖန်တီးခဲ့ပြီး ထိုအချိန်ခဏမှာ သခင်ယေရှုသည် ပိုပြီး ထူးခြားဆန်းကြယ်သည်ဟု သူတို့၏ နှလုံးသားထဲမှာ ခံစားရပါသည်။ လူတို့၏ ဤနားလည်မှုတို့နှင့် ခံစားချက်တို့သည် မမြင်နိုင်၊ မထိတွေ့နိုင်သော ဘုရားသခင်ကို ယုံကြည်ခြင်းခေတ်ကို ရုတ်တရက် ပြန်လည်သယ်ဆောင်သွားသည်။ ထို့ကြောင့် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှာ သခင်ယေရှုလုပ်ဆောင်ခဲ့သော ပထမဆုံးအရာက လူတိုင်းက သူ့ကိုမြင်ရန်၊ သူတည်ရှိသည်ဆိုသည်ကို အတည်ပြုရန်နှင့် သူ၏ ရှင်ပြန်ထမြောက်ခြင်းကို အတည်ပြုရန် ဖြစ်ပါသည်။ ထပ်ပြောရလျှင် ဤအချက်က လူ့ဇာတိနှင့် သူအလုပ်လုပ်နေသောအချိန်မှာ သူတို့နှင့် ရှိခဲ့သော ဆက်ဆံရေးအတိုင်း လူတို့နှင့် သူ့ဆက်ဆံရေးကို ပြန်လည်ရရှိစေခဲ့ပြီး သူသည် သူတို့မြင်နိုင်ပြီး ထိတို့နိုင်သော ခရစ်တော်ဖြစ်သည်။ ဤနည်းလမ်းနှင့်ပတ်သက်၍ ရလဒ်တစ်ခုက သခင်ယေရှုသည် လက်ဝါးကပ်တိုင်မှာ သံနှင့်ရိုက်ခံရပြီးနောက် သေခြင်းမှ ရှင်ပြန်ထမြောက်လာခြင်းကို လူတို့ သံသယမရှိတော့ပေ။ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် သခင်ယေရှု၏ လုပ်ဆောင်မှုမှာ သံသယမရှိတော့ပေ။ နောက်ရလဒ်တစ်ခုက သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းပြီးနောက် လူတို့ဆီသို့ သခင်ယေရှု ပေါ်ထွန်းခြင်းနှင့် လူတို့ကို သူ့ကို မြင်ခွင့် ထိခွင့်ပေးခြင်းက ကျေးဇူးတော်ခေတ်မှာ လူသားမျိုးနွယ်ကို ခိုင်ခိုင်မာမာနှင့် ထိန်းသိမ်းနိုင်စေခဲ့သည်။ ဤအချိန်မှစပြီး လူတို့သည် ယခင်ခေတ်ဖြစ်သော ပညတ်တော်ခေတ်ကို ပြန်မသွားနိုင်တော့ပေ။ သခင်ယေရှု၏ "ပျောက်ကွယ်ခြင်း" သို့မဟုတ် "စွန့်ပစ်ခြင်း" ကြောင့်ဖြစ်ပါသည်။ သို့သော်လည်း သူတို့သည် သခင်ယေရှု၏ ဆုံးမစကားတို့နှင့် သူလုပ်ဆောင်ခဲ့သော အလုပ်တို့ကို လိုက်လျှောက်ရင်း ရှေ့ဆက်ပါလိမ့်မည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်မှာ အဆင့်အသစ်တစ်ခုသည် စနစ်တကျ ပေါ်ထွက်လာသည်။ ပညတ်တော်အောက်မှာရှိနေသော လူတို့သည် ထိုအချိန်မှစပြီး စနစ်တကျ ထွက်ပေါ်လာခဲ့ပြီး အသစ်စတင်ခြင်းနှင့်အတူ ခေတ်သစ်တစ်ခုဆီကို ဝင်ရောက်ခဲ့ပါသည်။ ၎င်းတို့က ရှင်ပြန်ထမြောက်အပြီးမှာ လူသားမျိုးနွယ်ဆီကို သခင်ယေရှုပေါ်ထွန်းခြင်း၏ အမျိုးမျိုးသော အဓိပ္ပာယ်တို့ဖြစ်ပါသည်။

သူသည် ဝိညာဉ်ခန္ဓာတစ်ခုဖြစ်သောကြောင့် လူတို့က သူ့ကို မည်ကဲ့သို့ ထိနိုင်၊ မြင်နိုင်သနည်း။ ၎င်းက လူသားမျိုးနွယ်အပေါ် သခင်ယေရှု၏ ပေါ်ထွန်းခြင်း၏ အဓိပ္ပာယ်နှင့် သက်ဆိုင်ပါသည်။ ကျမ်းစာ၏ ဤစာပိုဒ်တို့မှာ သင်တို့ တစ်ခုခု သတိပြုမိသလော။ ယေဘူယျအားဖြင့် ဝိညာဉ်ခန္ဓာတို့က မမြင်နိုင် သို့မဟုတ် ထိတွေ့၍မရနိုင်ပေ။ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သခင်ယေရှုလုပ်ဆောင်ခဲ့သောအလုပ်သည် ပြီးပြည့်စုံသွားပါပြီ။ ထို့ကြောင့် သီအိုရီအရဆိုလျှင် သူသည် လူတို့နှင့်တွေ့ရန်အတွက် သူ၏ ပင်ကိုပုံရိပ်နှင့် လူတို့ကြားထဲကို ပြန်လာရန် လုံးဝ မလိုအပ်ပေ။ သို့သော်လည်း သောမလိုမျိုးလူတို့ဆီကို သခင်ယေရှု၏ ဝိညာဉ်ခန္ဓာ ပေါ်ထွန်းခြင်းက သူ၏ အဓိပ္ပာယ်ကို ပို၍ပင် ခိုင်မာပြီး လူတို့၏ နှလုံးသားထဲကို ပို၍ပင် နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ပါသည်။ သောမဆီကို သူလာခဲ့သောအခါ သူသည် သံသယဝင်နေသော သောမကို သူ့လက်ကိုထိစေပြီး သူ့ကိုပြောခဲ့သည်။ "သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။" ဤစကားလုံးတို့ ဤအမူအရာတို့သည် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှာမှ သူပြောလို၊ လုပ်လိုခဲ့သော အရာတို့မဟုတ်ဘဲ ၎င်းတို့သည် လက်ဝါးကပ်တိုင်မှာ သံနှင့်မရိုက်ခံရခင်မှာ သူလုပ်လိုခဲ့သော အရာတို့ဖြစ်ပါသည်။ ၎င်းသည် လက်ဝါးကပ်တိုင်မှာ ရိုက်ခြင်းမခံရသေးသော သခင်ယေရှုသည် သောမလိုလူမျိုးတို့အပေါ် နားလည်မှုရှိနှင့်ပြီးဖြစ်သည်ဆိုသည်ကို ထင်ရှားမြင်သာစေပါသည်။ ဤသို့ဆိုလျှင် ဤအချက်မှ ငါတို့ ဘာကို မြင်နိုင်သနည်း။ သူသည် ရှင်ပြန်ထမြောက်ပြီးနောက်မှာ ဤတူညီသော သခင်ယေရှုပင်ဖြစ်သည်။ သူ၏ အနှစ်သာရသည် ပြောင်းလဲမသွားပေ။ သောမ၏ သံသယက အခုလေးတင် စဖြစ်ခြင်းမဟုတ်ဘဲ သခင်ယေရှုနောက်ကိုလိုက်နေစဉ် တစ်ချိန်လုံးမှာ သူနှင့်အတူ ရှိနေခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း သူသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သော သခင်ယေရှုဖြစ်ပြီး သူ၏ နဂိုမူလ ပုံရိပ်နှင့်၊ သူ၏ နဂိုမူလ စိတ်သဘောထားနှင့်၊ သူ၏ လူ့ဇာတိဖြစ်နေစဉ် လူသားမျိုးနွယ်အပေါ် သူ၏ နားလည်ခြင်းနှင့် ဝိညာဉ်ကမ္ဘာမှ ပြန်လာခဲ့ပါသည်။ ထို့ကြောင့်သောမကို အရင်ရှာရန် သူသွားခဲ့သည်။ သောမကို သူ၏နံရိုးကို ထိစေရန်၊ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူ၏ ဝိညာဉ်ခန္ဓာကို မြင်စေရုံတင်မကဘဲ သူ၏ ဝိညာဉ်ခန္ဓာ၏ တည်ရှိမှုကို ထိတွေ့ခံစားစေပြီး သူ၏ သံသယတို့ကို လုံးဝ လွှတ်စေလိုက်ပါသည်။ သခင်ယေရှုသည် လက်ဝါးကပ်တိုင်မှာ သံနှင့်အရိုက်မခံခင်မှာ သူသည် ခရစ်တော်ဖြစ်သည်ဆိုသည်ကို သောမကအမြဲတစေသံသယရှိနေပြီး မယုံကြည်နိုင်ခဲ့ပေ။ ဘုရားသခင်အပေါ်မှာ သူ၏ ယုံကြည်ခြင်းက သူ့မျက်လုံးနှင့် သူမြင်နိုင်သည့်အပေါ်၊ သူ၏ကိုယ်ပိုင်လက်နှင့် ထိတွေ့နိုင်သည့်အပေါ်မှာသာ အခြေခံပြီး တည်ဆောက်ပါသည်။ သခင်ယေရှုသည် ဤကဲ့သို့သောလူမျိုး၏ ယုံကြည်မှုအပေါ် ကောင်းမွန်သော နားလည်မှုရှိပါသည်။ သူတို့သည် ကောင်းကင်ဘုံက ဘုရားသခင်ကိုပင် ယုံကြည်ပြီး ဘုရားသခင်စေလွှတ်လိုက်သောသူ သို့မဟုတ် လူ့ဇာတိခံယူသော ခရစ်တော်ကို လုံးဝမယုံကြည်ဘဲ လက်မခံပေ။ သခင်ယေရှု၏ တည်ရှိမှုနှင့် သူသည် အမှန်တကယ်ပင် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည်ဆိုသည်ကို သူအသိအမှတ်ပြုပြီး ယုံကြည်စေရန်အတွက်၊ သောမကို သူ၏လက်ကိုလှမ်းပြီး သူ့နံရိုးကိုထိစေရန် ခွင့်ပြုခဲ့ပါသည်။ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမတိုင်မီနှင့် ပြီးနောက်မှာ သောမ၏ သံသယဝင်ခြင်းက ကွဲပြားမှုရှိသလော။ သူက အမြဲတမ်း သံသယဝင်နေပြီး သခင်ယေရှု၏ ဝိညာဉ်ခန္ဓာက သူ့ဆီကို သီးသန့်ပေါ်လာပြီး သူ့ကိုယ်ခန္ဓာက သံရိုက်ရာတို့ကို သောမကို ထိစေခြင်းကလွဲ၍ မည်သူကမျှ သူ့သံသယကို မဖြေရှင်းနိုင်ပေ။ မည်သူကမျှ သူ၏သံသယတို့ကို စွန့်လွှတ်အောင် မလုပ်နိုင်ပေ။ ထို့ကြောင့် သခင်ယေရှုက သူ့နံရိုးကို သူ့ကို ထိခွင့်ပေးပြီး သူ့ကို သံရိုက်ရာတို့ရှိကြောင်းကို အမှန်တကယ်ခံစားစေခဲ့သောအချိန်ကစ၍ သောမ၏ သံသယတို့သည် ပျောက်ကွယ်သွားပြီး သခင်ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့သည်ဆိုခြင်းကို အမှန်တကယ်ပင် သိပြီး သခင်ယေရှုသည် စစ်မှန်သော ခရစ်တော်ဖြစ်ကြောင်း၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ကြောင်းကို အသိအမှတ်ပြုပြီး ယုံကြည်ခဲ့သည်။ ဤအချိန်မှာ သောမက သံသယမရှိတော့သော်လည်း သူသည် ခရစ်တော်နှင့်တွေ့ဆုံရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီ။ သူနှင့် အတူရှိရန်၊ သူ့နောက်ကိုလိုက်ရန်၊ သူ့ကိုသိရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီ။ သခင်ယေရှုက သူ့ကို စုံလင်စေရန်အတွက် အခွင့်အရေးကို သူဆုံးရှုံးခဲ့ပြီ။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် သူ၏နှုတ်ကပတ်တော်တို့သည် သံသယတို့နှင့် ပြည့်နေသောသူတို့၏ ယုံကြည်ခြင်းအပေါ်မှ ဆုံးဖြတ်ချက်နှင့် အဆုံးသတ်ကို ထောက်ပံ့ပေးခဲ့သည်။ သံသယရှိသူတို့ကို ပြောရန်၊ ကောင်းကင်ဘုံက ဘုရားသခင်ကိုသာ ယုံကြည်ပြီး ခရစ်တော်ကိုမယုံကြည်သောသူတို့ကို ပြောရန် သူ၏ အစစ်အမှန် နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်ချက်တို့ကို သူအသုံးပြုခဲ့သည်။ ဘုရားသခင်သည် သူတို့၏ ယုံကြည်မှုကို မချီးကျူးခဲ့သကဲ့သို့ သံသယတို့ပြည့်နေသော သူတို့၏ လိုက်လျှောက်ခြင်းကိုလည်း မချီးကျူးခဲ့ပေ။ ဘုရားသခင်နှင့် ခရစ်တော်ကို သူတို့ အပြည့်အဝယုံကြည်သော နေ့၌သာ ဘုရားသခင်က သူ၏ ကြီးမြတ်သောအလုပ်ကို ပြည့်စုံစေသောနေ့ဖြစ်နိုင်ပါသည်။ ထိုနေ့က သူတို့၏သံသယသည် စီရင်ခြင်းကို ရရှိသော နေ့လည်းဖြစ်ပါသည်။ ခရစ်တော်အပေါ်မှာထားသော သူတို့၏ သဘောထားသည် သူတို့၏ ကံကို သတ်မှတ်ပြီး သူတို့၏ ခေါင်းမာသော သံသယတို့က သူတို့ယုံကြည်ခြင်းသည် ရလဒ်မရှိပေဟု ဆိုလိုခြင်းဖြစ်သည်။ သူတို့၏ မာကျောခြင်းက သူတို့မျှော်လင့်ချက်တို့သည် အလဟဿဖြစ်သည်ဟု ဆိုလိုပါသည်။ ကောင်းကင်ဘုံက ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းက အစွဲမှားတို့ကိုမှီပြီး ကြီးထွားလာခြင်းဖြစ်သောကြောင့်၊ ခရစ်တော်အပေါ် သူတို့၏သံသယသည် အမှန်တကယ်တွင်မူ ဘုရားသခင်အပေါ် သူတို့၏ တကယ့် သဘောထားဖြစ်ခြင်းကြောင့် သူတို့သည် သခင်ယေရှု၏ ကိုယ်ခန္ဓာပေါ်က သံရိုက်ရာတို့ကို ထိတွေ့ခဲ့ရသော်လည်း သူတို့၏ ယုံကြည်ခြင်းသည် အသုံးမဝင်ဆဲဖြစ်ပြီး သူတို့၏ ရလဒ်တို့သည်လည်း လေကိုရိုက်နှက်နေသကဲ့သို့ အလဟဿဖြစ်နေသည်ဟုပင် ဖော်ပြနိုင်ပါသည်။ သခင်ယေရှုက သောမကို ပြောသောအရာက လူတိုင်းကိုလည်း ရှင်းရှင်းလင်းလင်းပြောပြနေပါသည်။ ရှင်ပြန်ထမြောက်ပြီးသော သခင်ယေရှုသည် အစပိုင်း၌ လူသားမျိုးနွယ်ကြားမှာ အလုပ်လုပ်ရင်းနှင့် သုံးဆယ့်သုံးနှစ်ခွဲကုန်ဆုံးခဲ့သော သခင်ယေရှုဖြစ်ပါသည်။ သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့်ရိုက်ခံရပြီး သေမင်းအရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းကို ကြုံတွေ့ခဲ့ရပြီး သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကို ကြုံတွေ့ခဲ့ရသော်လည်း သူ၏ သွင်ပြင်လက္ခဏာတိုင်းက ပြောင်းလဲခြင်းမရှိပေ။ သူ့ကိုယ်ခန္ဓာမှာ သံရိုက်ရာတို့ရှိသော်လည်း၊ သူသည် သေခြင်းမှရှင်ပြန်ထမြောက်ပြီး အုတ်ဂူထဲမှ ထွက်ခဲ့သော်လည်း၊ သူ၏စိတ်သဘောထား၊ လူသားမျိုးနွယ်အပေါ် သူ၏နားလည်မှုနှင့် လူသားမျိုးနွယ်အပေါ် သူ၏ ရည်ရွယ်ချက်တို့သည် အနည်းငယ်မျှ မပြောင်းလဲပေ။ သူသည် လက်ဝါးကပ်တိုင်မှ ဆင်းခဲ့သည်၊ အပြစ်တရားကို အောင်နိုင်ခဲ့သည်၊ အခက်အခဲတို့ကို အောင်နိုင်ခဲ့သည်၊ သေခြင်းကို အောင်နိုင်ခဲ့သည်ဟုလည်း လူတို့ကို ပြောနေပါသည်။ သံရိုက်ရာတို့က စာတန်အပေါ် သူ၏ အောင်နိုင်မှုသက်သေ၊ လူသားမျိုးနွယ်အားလုံးကို အောင်မြင်စွာ ရွေးနုတ်ရန် အပြစ်ဖြေရာယဇ်ဖြစ်ခြင်း၏ သက်သေဖြစ်ပါသည်။ သူသည် လူသားမျိုးနွယ်၏ အပြစ်ကို ယူဆောင်ပြီး သူ၏ ရွေးနုတ်ခြင်းအလုပ်ကို ပြီးမြောက်စေခဲ့သည်ဟု လူတို့ကို ပြောနေပါသည်။ သူ၏ တပည့်တော်တို့ကို တွေ့ရန် သူပြန်လာသောအခါ သူ၏ ပေါ်ထွန်းမှုနှင့် သူတို့ကိုပြောခဲ့သည်။ "ငါသည် အသက်ရှင်ဆဲပင်။ ငါသည် တည်ရှိနေဆဲပင်။ ယနေ့ သင်တို့ ငါ့ကို မြင်နိုင်ပြီး ထိတွေ့နိုင်ရန်အတွက် သင်တို့ရှေ့မှာ ငါအမှန်တကယ် ရှိနေပါသည်။ ငါသည် သင်တို့နှင့်အတူ အမြဲတစေရှိလိမ့်မည်။" သခင်ယေရှုသည် နောက်လူတို့အတွက် သတိပေးချက်အနေနှင့် သောမ၏ အကြောင်းအရာကိုလည်း အသုံးပြုလိုခဲ့ပါသည်။ သင်က သခင်ယေရှုကို ယုံကြည်သော်လည်း သင်သည် သူ့ကို မမြင်နိုင်၊ မထိတွေ့နိုင်ပေ။ သို့သော်လည်း သင့်၏ စစ်မှန်သော ယုံကြည်ခြင်းအားဖြင့် သင်ကောင်းချီးခံစားရနိုင်သည်။ သင်သည် သင့်၏ စစ်မှန်သော ယုံကြည်ခြင်းမှတစ်ဆင့် သခင်ယေရှုကို မြင်နိုင်သည်။ ဤကဲ့သို့လူမျိုးသည် ကောင်းချီးခံစားရပါသည်။

သခင်ယေရှုသည် သောမရှေ့၌ ပေါ်လာသောအချိန်မှာ သူစကားပြောခြင်းကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားသော ဤစကားတို့သည် ကျေးဇူးတော်ခေတ်မှာရှိသော လူတို့အားလုံးအတွက် အလွန်ပင် အထောက်အကူဖြစ်သည်။ သောမရှေ့မှာ ပေါ်ထွက်လာခြင်းနှင့် သူ့ကိုပြောခဲ့သော စကားတို့သည် အနာဂတ်မျိုးဆက်တို့အပေါ် ကြီးမားသော သက်ရောက်မှုရှိပြီး ထာဝရတည်ရှိနေမည့် အဓိပ္ပာယ်ပါဝင်ပါသည်။ သောမသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို သံသယဝင်သော လူအမျိုးအစားကို ကိုယ်စားပြုသည်။ သူတို့မှာ သံသယဝင်တတ်သော အကျင့်စရိုက်၊ ထိခိုက်မှုပြုတတ်သော နှလုံးသားရှိပြီး ဖောက်ပြန်တတ်သည်။ ဘုရားသခင်ပြီးမြောက်စေနိုင်သောအရာတို့ကို မယုံကြည်ကြပေ။ ဘုရားသခင်၏ အဆုံးအစမရှိသော ဘုန်းတန်ခိုးနှင့် သူ၏ အုပ်ချုပ်မှုကို မယုံကြည်ကြပေ။ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်ကြပေ။ သို့သော်လည်း သခင်ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက သူတို့ကို အထိနာသွားစေသည်။ ဤအချက်က သူတို့ကိုယ်တိုင်၏ သံသယတို့ကို ရှာဖွေတွေ့ရှိရန်၊ သူတို့ကိုယ်တိုင်၏ သံသယတို့ကို သတိပြုမိရန်၊ သူတို့ကိုယ်တိုင်၏ ဖောက်ပြန်မှုတို့ကို သိမြင်ရန်ကိုလည်း ထောက်ပံ့ပေးသောကြောင့် သခင်ယေရှု၏ တည်ရှိမှုနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို အမှန်တကယ် ယုံကြည်သွားစေပါသည်။ သောမ၏ အဖြစ်အပျက်သည် နောက်ပိုင်းမျိုးဆက်တို့အတွက် သတိပေးချက်နှင့် သတိထားစရာတစ်ခုဖြစ်ခဲ့ပြီး လူတို့သည် သောမကဲ့သို့ သံသယမဝင်ရန်အတွက် သူတို့ကိုယ်သူတို့ ပိုပြီး သတိပေးနိုင်ရန်အတွက် ဖြစ်ခဲ့ပါသည်။ သံသယဝင်ခဲ့လျှင် သူတို့သည် မှောင်မိုက်ထဲ၌ နှစ်မြုပ်သွားပါလိမ့်မည်။ သင်သည် ဘုရားသခင်နောက်ကိုလိုက်သော်လည်း သောမကဲ့သို့ သခင်၏ နံရိုးကို အမြဲထိတွေ့လိုပြီး ဘုရားသခင် ရှိမရှိ အတည်ပြုရန်၊ သေချာစေရန်၊ သုံးသပ်ရန်အတွက် သူ၏ သံရိုက်ရာတို့ကို အမြဲ စမ်းကြည့်ချင်နေလျှင် ဘုရားသခင်က သင့်ကို စွန့်ပစ်ပါလိမ့်မည်။ ထို့ကြောင့် သခင်ယေရှုသည် လူတို့ကို သောမကဲ့သို့မဖြစ်စေလိုပေ။ သူတို့၏ ကိုယ်ပိုင်မျက်လုံးနှင့် မြင်နိုင်သောအရာကိုသာ ယုံကြည်ခြင်းမျိုးမဖြစ်စေလိုဘဲ သန့်စင်သော၊ ရိုးသားသော သူတစ်ယောက်ဖြစ်ရန်၊ ဘုရားသခင်အပေါ် သံသယတို့ မွေးမြူမထားဘဲ သူ့ကိုယုံကြည်ပြီး သူ့နောက်ကိုသာ လိုက်စေလိုပါသည်။ ဤကဲ့သို့လူမျိုးသည် ကောင်းကြီးခံစားရသည်။ ၎င်းက လူတို့အတွက် သခင်ယေရှု၏ အလွန်သေးငယ်သော သတ်မှတ်ချက်တစ်ခုဖြစ်ပြီး သူ့နောက်လိုက်တို့အတွက် သတိပေးချက်တစ်ခုဖြစ်ပါသည်။

၎င်းက သံသယတို့နှင့် ပြည့်နေသောသူတို့အပေါ် သခင်ယေရှု၏ သဘောထားဖြစ်ပါသည်။ သို့ဆိုလျှင် သခင်ယေရှုက သူ့ကို ရိုးရိုးသားသားယုံကြည်ပြီး သူ့နောက်ကိုလိုက်သူတို့ကို ဘာပြောခဲ့သနည်း။ သူတို့အတွက် ဘာလုပ်ခဲ့သနည်း။ ၎င်းက သခင်ယေရှုက ပေတရုကို ပြောသောအရာနှင့် ပတ်သက်ပြီး ငါတို့နောက်ထပ် ကြည့်မည့်အချက်ဖြစ်သည်။

ဤစကားပြောဆိုခြင်း၌ သခင်ယေရှုက ပေတရုကို ထပ်ခါထပ်ခါ မေးခဲ့သည်။ "ပေတရု သင်ငါ့ကိုချစ်သလား။" ၎င်းက သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ပေတရုလိုလူတို့၊ ခရစ်တော်ကို အမှန်တကယ်ယုံကြည်ပြီး သခင်ကို ချစ်ရန် အစွမ်းကုန် ကြိုးစားသောသူတို့ဆီမှ သခင်ယေရှုလိုအပ်သော ပိုမိုမြင့်မားသောစံသတ်မှတ်ချက်တစ်ခုဖြစ်သည်။ ဤမေးခွန်းက စူးစမ်းရှာဖွေခြင်းပုံစံမျိုး၊ စစ်ကြောမေးမြန်းခြင်းပုံစံမျိုးဖြစ်ပါသည်။ သို့သော်လည်း ထို့ထက်ပို၍ပင် ၎င်းသည် ပေတရုလိုလူတို့၏ လိုအပ်ချက်နှင့် မျှော်မှန်းချက်တို့ဖြစ်ပါသည်။ လူတို့သည် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရှုစစ်ဆေးရန်အတွက် ဤကဲ့သို့မေးသောနည်းလမ်းကို သူ အသုံးပြုခဲ့ပါသည်။ လူတို့အတွက် သခင်ယေရှု၏ လိုအပ်ချက်တို့က အဘယ်နည်း။ သခင့်ကို ငါချစ်သလော။ ငါက ဘုရားသခင်ကို ချစ်သော လူတစ်ယောက်လော။ သခင်ယေရှုက ပေတရုကိုပင် ဤမေးခွန်းကိုမေးခဲ့သော်လည်း အမှန်တကယ်က သူ့နှလုံးသားထဲတွင် ဘုရားသခင်ကို ချစ်ရန် အားထုတ်ကြိုးပမ်းသူတို့ဖြစ်သော နောက်ထပ်လူတို့ကို ဤကဲ့သို့မေးခွန်းကို မေးရန် ပေတရုကို မေးသောအခွင့်အလမ်းကို သူအသုံးပြုလိုခဲ့ပါသည်။ ပေတရုသည် ဤကဲ့သို့လူတို့၏ ကိုယ်စားပြုအဖြစ် ပြုမူရန်၊ သခင်ယေရှုကိုယ်တိုင်၏ နှုတ်မှ မေးခြင်းကို လက်ခံရရှိရန် ကောင်းချီးခံရသောအတွက်ကြောင့်သာ ဖြစ်ပါသည်။

သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သောမကို ပြောခဲ့သော "သင်၏လက်ကိုဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏" ဆိုသည်နှင့် ယှဉ်ကြည့်လျှင် ပေတရုကို သုံးကြိမ်မေးသော "ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော" ဆိုသည်က သခင်ယေရှု၏ သဘောထား၏ လေးနက်မှု၊ သူမေးခွန်းထုတ်နေစဉ် သူခံစားရသော အရေးတကြီးဖြစ်မှုကို လူတို့ကို ပိုပြီး ခံစားရစေပါသည်။ သောမ၏ လိမ်လည်လှည့်ဖြားတတ်သော အကျင့်စရိုက်နှင့် သံသယဝင်နေသောသူ့အတွက်၊ သူ့လက်ကိုဆန့်ထုတ်ပြီး သူ၏ သံရိုက်ရာတို့ကို ထိကြည့်ရန် ခွင့်ပြုခဲ့ပြီး သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သောလူသားဖြစ်ကြောင်းကို သူ့ကို ယုံကြည်စေခဲ့ပြီး သခင်ယေရှု၏ ဝိသေသလက္ခဏာကို ခရစ်တော်အဖြစ် အသိအမှတ်ပြုစေခဲ့သည်။ သခင်ယေရှုသည် သောမကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုခြင်းမပြုသကဲ့သို့ သူ့အတွက် ရှင်းလင်းသော တရားစီရင်မှုတစ်ခုခုကို နှုတ်မှ မဖော်ပြခဲ့ပေ။ သခင်ယေရှုသည် သူ့ကို နားလည်သည်ဆိုကြောင်းကို လက်တွေ့ လုပ်ဆောင်မှုတို့မှတစ်ဆင့် သိစေခဲ့ပြီး ဤကဲ့သို့လူမျိုးအပေါ် သူ၏ သဘောထားနှင့် သံန္နိဋ္ဌာန်ကိုလည်း ပြသခဲ့ပါသည်။ ဤကဲ့သို့လူမျိုးအပေါ် သခင်ယေရှု၏ လိုအပ်ချက်တို့နှင့် မျှော်မှန်းချက်တို့သည် သူပြောသောအရာတို့မှတစ်ဆင့် မသိနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သောမကဲ့သို့သောလူတို့သည် မှန်ကန်သော ယုံကြည်ခြင်းတစ်စတစ်လေမျှ အမှန်တကယ်မရှိသောကြောင့်ဖြစ်သည်။ သူတို့အတွက် သခင်ယေရှု၏ လိုအပ်ချက်တို့က ဤအရာထဲမှာပင် ရှိပါသည်။ သို့သော်လည်း ပေတရုလိုလူတို့အပေါ် သူဖွင့်ပြသော သဘောထားက လုံးဝ မတူပေ။ ပေတရုကို သူ့လက်ကို ဆန့်ပြီး သူ့သံရိုက်ရာတို့ကိုစမ်းရန် မလိုအပ်ခဲ့သကဲ့သို့ ပေတရုကို "ယုံမှားခြင်းမရှိနှင့်။ ယုံလော့" ဟုလည်း မပြောခဲ့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူသည် ပေတရုကို ဤမေးခွန်းတစ်ခုကိုပင် ထပ်ခါထပ်ခါမေးခဲ့သည်။ ၎င်းသည် ခရစ်တော်၏နောက်လိုက်တိုင်းကို နောင်တရစေမည့်၊ ကြောက်ရွံ့စေမည့်၊ သခင်ယေရှု၏ စိုးရိမ်ပူပန်ပြီး ဝမ်းနည်းသော စိတ်ခံစားမှုကိုလည်း ခံစားသိရှိစေရမည့်၊ စဉ်းစားစရာ အဓိပ္ပာယ်ပြည့်ဝသော မေးခွန်းတစ်ခု ဖြစ်ပါသည်။ သူတို့သည် ကြီးမားသော နာကျင်မှုတို့၊ ဒုက္ခခံစားရခြင်းတို့ ဖြစ်သောအခါမှာ သူတို့သည် သခင်ယေရှုခရစ်တော်၏ အလေးထားမှုနှင့် သူ၏ ဂရုစိုက်မှုကို ပိုပြီး နားလည်နိုင်လာကြသည်။ သန့်စင်ပြီး ရိုးသားသောလူတို့၏ တင်းကြပ်သော လိုအပ်ချက်တို့နှင့် သူ၏လေးနက်သော ဆုံးမစကားတို့ကို သူတို့ သိမြင်ကြသည်။ သခင်ယေရှု၏ မေးခွန်းသည် ဤရိုးရှင်းသောစကားလုံးတို့ထဲမှာ ဖွင့်ပြသော လူတို့အပေါ် သခင်ယေရှု၏ မျှော်မှန်းချက်တို့သည် သူ့ကို ယုံကြည်ပြီး သူ့နောက်လိုက်ရုံသက်သက်မဟုတ်ဘဲ ချစ်ခြင်းရရှိရန်၊ သင်၏ သခင့်ကို ချစ်ခြင်း၊ သင့်ဘုရားသခင်ကို ချစ်ခြင်းကို ရရှိရန်ဖြစ်သည်ဆိုသည်ကို လူတို့ကို ခံစားရစေပါသည်။ ဤကဲ့သို့အချစ်မျိုးသည် ဂရုစိုက်ခြင်းနှင့် နာခံခြင်းပင်ဖြစ်သည်။ ၎င်းသည် လူသားတို့က ဘုရားသခင်အတွက် အသက်ရှင်ခြင်း၊ ဘုရားသခင်အတွက် အသေခံခြင်း၊ ဘုရားသခင်အတွက် အရာအားလုံးကို နှစ်မြှုပ်ခြင်း၊ဘုရားသခင်အတွက် အရာရာတိုင်းကို အသုံးတော်ခံပြီး ပေးအပ်ခြင်းတို့ဖြစ်သည်။ ဤကဲ့သို့ချစ်ခြင်းမျိုးသည် ဘုရားသခင်ကို စိတ်သက်သာရာရမှုကိုလည်းပေးသည်။ သူ့ကို သက်သေခံခြင်းကို နှစ်သက်ခံစားစေသည်၊ သူ့ကို အနားယူစေသည်။ ၎င်းသည် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ပြန်လည်ပေးဆပ်ခြင်းဖြစ်သော သူတို့၏ တာဝန်ယူမှု၊ ဝတ္တရားနှင့် လုပ်ဆောင်ရမည့်တာဝန်တို့ဖြစ်ပြီး လူသားမျိုးနွယ်တို့ သူတို့ဘဝတစ်ခုလုံး၌ လိုက်နာရမည့် လမ်းဖြစ်ပါသည်။ ဤမေးခွန်းသုံးခုသည် သခင်ယေရှု ပေတရုအပေါ် ပြုလုပ်သော လိုအပ်ချက်နှင့် တိုက်တွန်းချက်တစ်ခုဖြစ်ပြီး လူအားလုံးကို စုံလင်စေပါလိမ့်မည်။ ပေတရုအား သူ့အသက်တာလမ်းကြောင်းကို ဦးဆောင်ပြီး တွန်းအားပေးခဲ့ခြင်းက ဤမေးခွန်းသုံးခုဖြစ်ပါသည်။ ၎င်းသည် သခင့်၏ နှလုံးသားကို ဂရုစိုက်ရန်၊ သခင့်ကို နာခံရန်၊ သခင့်ကို စိတ်သက်သာရာရခြင်းကို ပေးအပ်ရန်၊ ဤချစ်ခြင်းကြောင့် သူ့ဘဝတစ်ခုလုံးနှင့် သူ့ခန္ဓာတစ်ခုလုံးကို ပေးအပ်ရန် သခင့်အတွက် သူ၏ချစ်ခြင်းကြောင့် စုံလင်စေရန်ဖြစ်သော ပေတရု၏ လမ်းကြောင်း၌ သူ့ကို အစပြုစေရန် ဦးဆောင်ခဲ့သော၊ သူ့ကို ဦးဆောင်ခဲ့သော သခင်ယေရှု၏ ခွဲခွာခြင်းအချိန်က မေးခွန်းတို့ဖြစ်ပါသည်။

ကျေးဇူးတော်ခေတ်ကာလအတွင်း၌ ဘုရားသခင်၏လုပ်ဆောင်မှုသည် အဓိကအားဖြင့် လူအမျိုးအစားနှစ်မျိုးအတွက် ဖြစ်သည်။ ပထမက သူ့ကိုယုံကြည်ပြီး သူ့နောက်လိုက်သောသူ၊ သူ၏ ပညတ်တော်တို့ကို ထိန်းသိမ်းနိုင်သူ၊ လက်ဝါးကပ်တိုင်ကို ထမ်းနိုင်ပြီး ကျေးဇူးတော်ခေတ်၏ လမ်းဆီသို့ ကိုင်ဆောင်နိုင်သောသူဖြစ်သည်။ ဤလူမျိုးသည် ဘုရားသခင်၏ ကောင်းချီးကို ရရှိပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရမှာဖြစ်သည်။ ဒုတိယလူအမျိုးအစားက ပေတရုကဲ့သို့ဖြစ်သည်။ စုံလင်စေခြင်းခံရမည့် သူမျိုးပင်။ ထို့ကြောင့် သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးသောအခါမှာ ပထမဦးဆုံး ဤအလွန်အဓိပ္ပာယ်ရှိလှသောအရာနှစ်ခုကို အရင်ပြုလုပ်ခဲ့သည်။ တစ်ခုက သောမအပေါ် ပြုခဲ့ပြီး တစ်ခုက ပေတရုအပေါ်ပြုခဲ့သည်။ ဤနှစ်ခုက မည်သည်ကို ကိုယ်စားပြုသနည်း။ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ တကယ့်ရည်ရွယ်ချက်ကို ကိုယ်စားပြုသလော။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ရိုးသားဖြူစင်မှုကို ကိုယ်စားပြုသလော။ သောမကို သူပြုခဲ့သော လုပ်ဆောင်မှုသည် သံသယမရှိဘဲ ယုံကြည်လိုက်ရန် လူတို့ကို သတိပေးရန်ဖြစ်သည်။ ပေတရုကို သူပြုခဲ့သော လုပ်ဆောင်မှုသည် ပေတရုလိုလူတို့၏ ယုံကြည်မှုကို ခိုင်မာစေရန်ဖြစ်ပြီး ဤကဲ့သို့သောလူမျိုးအတွက် ရှင်းလင်းသော လိုအပ်ချက်တို့ ပြုလုပ်ရန်၊ သူတို့ ဘယ်ပန်းတိုင်နောက်ကို လိုက်သင့်သည်ဖြစ်ကြောင်းကို ပြသရန်အတွက်ဖြစ်ပါသည်။

သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ လိုအပ်သည်ဟု သူထင်သော လူတို့ဆီမှာ သူကိုယ်ထင်ပြခဲ့သည်။ သူတို့နှင့်စကားပြောခဲ့ပြီး သူ၏ ရည်ရွယ်ချက်တို့ကို ထားခဲ့ရင်း၊ လူတို့အပေါ် သူ၏မျှော်မှန်းချက်တို့ကို ထားခဲ့ရင်း၊ သူတို့အတွက် သတ်မှတ်ချက်တို့ကို ပြဋ္ဌာန်းခဲ့သည်။ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်အနေနှင့် လူ့ဇာတိခံယူထားသော အချိန်အတွင်းမှာ ဖြစ်စေ၊ လက်ဝါးကပ်တိုင်၌ သံနှင့်အရိုက်ခံရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာဖြစ်စေ၊ လူသားမျိုးနွယ်နှင့် လူတို့အပေါ်ထားရှိသော သတ်မှတ်ချက်တို့အတွက် သူ၏ အလေးထားမှုက မပြောင်းလဲပေ။ သူသည် လက်ဝါးကပ်တိုင်ပေါ် မရောက်ခင်၌ ဤတပည့်တော်တို့အတွက် စိုးရိမ်ခဲ့သည်။ သူ့နှလုံးသားထဲမှာ လူတစ်ယောက်ချင်းစီတိုင်း၏ အခြေအနေက ရှင်းလင်းနေပါသည်။ လူတိုင်း၏ ချို့ယွင်းချက်တို့ကို သူနားလည်သည်။ သူသေပြီး ရှင်ပြန်ထမြောက်ပြီးနောက် ဝိညာဉ်ခန္ဓာဖြစ်သွားသော်ငြားလည်း လူ့ဇာတိမှာရှိတုန်းကကဲ့သို့ပင် လူတိုင်းအပေါ် သူ၏ နားလည်မှုက အတူတူပင်ဖြစ်သည်။ လူတို့က သူ၏ ဝိသေသလက္ခဏာကို ခရစ်တော်အနေနှင့် လုံးဝ သေချာခြင်းမရှိကြောင်းကို သူသိခဲ့သည်။ သို့သော်လည်း လူ့ဇာတိမှာရှိနေစဉ်က လူတို့အပေါ် သူတင်းကြပ်စွာ တောင်းဆိုမှုတို့ မပြုလုပ်ခဲ့ပေ။ သို့သော်လည်း သူသည် ရှင်ပြန်ထမြောက်ပြီးနောက် သူတို့ရှေ့မှာ ကိုယ်ထင်ပြခဲ့ပြီး သခင်ယေရှုသည် ဘုရားသခင်ဆီမှလာပုံ၊ သူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ကြောင်းကို သူတို့ကို လုံးဝ သေချာအောင်ပြုလုပ်ခဲ့ပြီး သူ၏ ကိုယ်ထင်ပြခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို လူသားမျိုးနွယ်၏ တစ်သက်တာ ကြိုးစားအားထုတ်မှုအတွက် အကြီးမားဆုံးမျှော်လင့်ချက်နှင့် တွန်းအားအဖြစ် အသုံးပြုခဲ့သည်။ သူ၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက သူ့နောက်လိုက်သူတို့ အားလုံးကို ခိုင်ခံ့စေခဲ့ရုံမကဘဲ ကျေးဇူးတော်ခေတ်၏ သူ၏လုပ်ဆောင်မှုကို လူသားမျိုးနွယ်ကြားထဲမှာ သေချာစွာ အကျိုးသက်ရောက်မှု ရှိစေခဲ့ခြင်းကြောင့် ကျေးဇူးတော်ခေတ်မှာ သခင်ယေရှု၏ ကယ်တင်ခြင်း၏ ဧဝံဂေလိတရားတော်သည် လူသားမျိုးနွယ်၏ နေရာအနှံ့ကို တဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့သည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ သူ၏ ကိုယ်ထင်ပြခြင်းက အဓိပ္ပာယ်တစ်ခုခုရှိသည်ဟု သင်ဆိုမည်လော။ ထိုအချိန်မှာ သင်က သောမ သို့မဟုတ် ပေတရုဖြစ်ပြီး အဓိပ္ပာယ်အလွန်ရှိသော ဤအရာကို သင်ကြုံတွေ့ခဲ့လျှင် သင့်အပေါ်မှာ မည်ကဲ့သို့သက်ရောက်မှု ရှိမည်နည်း။ သင့်၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းအသက်တာမှာ အကောင်းဆုံးနှင့် အကြီးမြတ်ဆုံးရူပါရုံပင်ဟု သင်မြင်မည်လော။ ဤသည်ကို သင့်၏ ဘုရားသခင်နောက်ကိုလိုက်ခြင်း၊ သူ့ကိုဖြည့်ဆည်းပေးရန်အတွက် အားထုတ်ကြိုးပမ်းခြင်း၊ သင့်အသက်တာမှာ ဘုရားသခင်၏ ချစ်ခြင်းကို အားထုတ်ကြိုးပမ်းခြင်းအတွက် တွန်းအားပေးသော စွမ်းအားအနေနှင့် သင်မြင်မည်လော။ ဤအကြီးမြတ်ဆုံး ရူပါရုံကို ဖြန့်ဝေရန်အတွက် တစ်သက်လုံး အားစိုက်ထုတ်သွားမည်လော။ သခင်ယေရှု၏ ကယ်တင်ခြင်းကို ဖြန့်ဝေခြင်းကို ဘုရားသခင်ဆီမှ သင်လက်ခံသော တာဝန်တစ်ခုအဖြစ် ပြုလုပ်မည်လော။ သင်တို့က ဤသည်ကို မကြုံတွေ့ဖူးသော်လည်း သောမနှင့် ပေတရု၏ အဖြစ်အပျက်နှစ်ခုက ယခုခေတ်လူတို့အတွက် ဘုရားသခင်၏ အလိုတော်နှင့် ဘုရားအပေါ် ရှင်းလင်းသော နားလည်ခြင်းကို ရရှိရန် လုံလောက်နေပါပြီ။ ဘုရားသခင်သည် လူ့ဇာတိဖြစ်ပြီးနောက်မှာ၊ လူသားမျိုးနွယ်နှင့် လူသားတစ်ယောက်၏ဘဝကို သူကိုယ်တိုင် ကြုံတွေ့ပြီးနောက်၊ လူသားမျိုးနွယ်၏ ဆိုးယုတ်ခြင်းနှင့် လူ့အသက်တာ၏ အခြေအနေကို သူမြင်ပြီးနောက် လူ့ဇာတိ၌ရှိသော ဘုရားသခင်သည် လူသားမျိုးနွယ် မည်မျှ ခိုကိုးရာမဲ့ကြောင်း၊ ဝမ်းနည်းဖွယ်ရာကောင်းကြောင်းနှင့် သနားစရာကောင်းကြောင်းတို့ကို နက်နက်နဲနဲ ပိုပြီး ခံစားခဲ့ရသည်။ ဘုရားသခင်သည် လူ့ဇာတိနှင့် နေထိုင်စဉ် သူ၏ လူ့သဘာ၀ကြောင့် လူ့ဇာတိမှာရှိသော သူ၏ ဗီဇစိတ်ကြောင့် လူသား၏ အခြေအနေအတွက် ပိုပြီး ကြင်နာသနားခြင်းတို့ ရှိခဲ့ပါသည်။ ဤအချက်က သူ့နောက်လိုက်တို့အတွက် ပိုမိုကြီးမားသော ပူပန်မှုတို့ ဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့က သင်တို့နားမလည်နိုင်သော အရာတို့ ဖြစ်ကောင်းဖြစ်မည်။ သို့သော်လည်း သူ့နောက်လိုက်တစ်ယောက်ချင်းစီတိုင်းအတွက် ဘုရားသခင်၏ စိုးရိမ်မှုနှင့် ဂရုစိုက်မှုကို ပြင်းထန်သော ပူပန်မှုဆိုသော စကားစုနှင့် ငါဖော်ပြနိုင်ပါသည်။ ဤဝေါသည်ရက လူသား၏ ဘာသာစကားမှ လာခြင်းဖြစ်သော်လည်း၊ အလွန်လူသားဆန်သော စကားစုဖြစ်သော်လည်း ဘုရားသခင်၏ နောက်လိုက်တို့အတွက် သူ၏ ခံစားချက်ကို အမှန်တကယ် ဖော်ပြပြီး ရှင်းလင်းပြပါသည်။ လူသားတို့အတွက် ဘုရားသခင်၏ပြင်းထန်သော ပူပန်မှုအတွက် သင်တို့၏အတွေ့အကြုံလမ်းကြောင်းတစ်လျှောက်မှာ သင်ဤသည်ကို တဖြည်းဖြည်း ခံစားရမှာဖြစ်ပြီး မြည်းစမ်းရမှာဖြစ်ပါသည်။ သို့သော်လည်း ၎င်းက သင်တို့ကိုယ်တိုင်၏ စိတ်သဘောထားပြောင်းလဲမှုနောက်ကိုလိုက်ခြင်း၏ အခြေခံအချက်အပေါ်မှာ ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်းနားလည်ခြင်းအားဖြင့်သာ ရရှိနိုင်ပါသည်။ သခင်ယေရှု၏ ကိုယ်ထင်ပြခြင်းသည် လူသားမျိုးနွယ်၌ရှိသော သူ၏နောက်လိုက်တို့အတွက် ပြင်းထန်သော ပူပန်မှုကို ရုပ်လုံးထင်စေခဲ့ပြီး ထိုအရာကို သူ၏ ဝိညာဉ်ခန္ဓာဆီသို့ လွှဲပြောင်းပေးခဲ့သည်၊ သို့မဟုတ် သူ၏ ဘုရားသဘောသဘာဝကို လွှဲပြောင်းပေးခဲ့သည်ဟု သင်တို့ဆိုနိုင်ပါသည်။ သူ၏ ကိုယ်ထင်ပြမှုသည် ခေတ်တစ်ခုကို ဖြစ်ပေါ်စေခြင်း၊ ခေတ်တစ်ခုကို တည်ဆောက်ခြင်းသည် ဘုရားသခင်ဖြစ်ကြောင်းကို စွမ်းအားကြီးစွာ သက်သေပြရင်းနှင့် ဘုရားသခင်၏ ပူပန်မှုနှင့် ဂရုစိုက်မှုကို လူတို့ နောက်ထပ် တွေ့ကြုံခံစားရစေပါသည်။ တဖန် ခေတ်တစ်ခုကို အဆုံးသတ်သောသူသည် သူပင်ဖြစ်သည်။ သူ၏ ကိုယ်ထင်ပြခြင်းမှတစ်ဆင့် လူတို့အားလုံး၏ ယုံကြည်ခြင်းကို ပိုမိုခိုင်မာစေခဲ့ပြီး သူ၏ ကိုယ်ထင်ပြခြင်းမှတစ်ဆင့် သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်ဆိုသည်ကို သက်သေပြခဲ့သည်။ ဤအချက်က သူ့နောက်လိုက်တို့ကို ထာဝရ အတည်ပြုချက်ကို ပေးခဲ့သည်။ သူ၏ကိုယ်ထင်ပြခြင်းမှတစ်ဆင့် ခေတ်သစ်၌ သူ့အလုပ်၏ အဆင့်တစ်ခုကိုလည်း စတင်ခဲ့သည်။

၁၃။ သခင်ယေရှုဟာ သူ့ရဲ့ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ပေါင်မုန့်ကိုစားပြီး ကျမ်းစာကို ရှင်းပြတယ်။

ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၀-၃၂ စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။ တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။

၁၄။ တပည့်တော်တွေဟာ သခင်ယေရှု စားဖို့ ငါးကင်ကိုပေးတယ်။

ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၆-၄၃ ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။

နောက်တစ်ခုမှာ အပေါ်က ကျမ်းစာ၏ စာပိုဒ်ကို ငါတို့ ကြည့်ကြမည်။ ပထမအပိုဒ်က သခင်ယေရှု ပေါင်မုန့်စားပုံကို ပြန်ပြောပြခြင်းဖြစ်ပြီး သူ၏ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ကျမ်းစာတို့ကို ရှင်းပြနေခြင်းဖြစ်သည်။ ဒုတိယအပိုဒ်က သခင်ယေရှု ငါးကင်စားပုံကို ပြန်ပြောပြခြင်းဖြစ်သည်။ ဤစာပိုဒ်နှစ်ခုက ဘုရားသခင်၏ စိတ်သဘောထားကို သိရန်အတွက် အကူအညီရရန် မည်သို့ထောက်ပံ့ပေးသနည်း။ သခင်ယေရှု ပေါင်မုန့်စားခြင်းနှင့် ငါးကင်ကိုစားခြင်း၏ ဤအသေးစိတ်အချက်အလက်တို့မှ သင်တို့ရသော အဓိပ္ပာယ်ကို စဉ်းစားကြည့်နိုင်မည်လော။ သင်တို့ရှေ့မှာ သခင်ယေရှုက ပေါင်မုန့်စားနေလျှင် သင်တို့ မည်ကဲ့သို့ခံစားရမည်နည်းဆိုသည်ကို စဉ်းစားကြည့်နိုင်သလော။ သို့မဟုတ်သူက သင်တို့နှင့်အတူတူ စားပွဲတစ်ခုတည်းမှာ စားနေလျှင်၊ လူတို့နှင့်အတူ ငါးနှင့်ပေါင်မုန့်ကိုစားနေလျှင်၊ ထိုအချိန်မှာ သင်တို့ မည်ကဲ့သို့ခံစားမှုမျိုး ရနိုင်မည်နည်းဆိုသည်ကို သင်တို့ စဉ်းစားကြည့်နိုင်သလော။ သင်က သခင်နှင့် အလွန်နီးစပ်နေမည်၊ သူက သင်နှင့် အလွန်ရင်းနှီးမည်ဟု ခံစားရလျှင် ဤခံစားချက်က မှန်ကန်ပါသည်။ ၎င်းသည် သခင်ယေရှု၏ရှင်ပြန်ထမြောက်ပြီးနောက်မှာ လူတို့ရှေ့၌ ပေါင်မုန့်နှင့် ငါးကို စားခြင်းမှ သူရရှိလိုသော အသီးအပွင့်တို့ပင်ဖြစ်သည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူသည် လူတို့နှင့် စကားသာပြောခဲ့လျှင် လူတို့က သူ၏ အသွေးအသားနှင့် အရိုးတို့ကို မခံစားရဘဲ သူသည် လက်လှမ်းမမီနိုင်သော ဝိညာဉ်တစ်ခုဖြစ်သည်ဟု ခံစားရလျှင် သူတို့ မည်ကဲ့သို့ခံစားရမည်နည်း။ သူတို့ စိတ်ပျက်သွားမှာ မဟုတ်သလော။ လူတို့သည်စိတ်ပျက်သွားလျှင် စွန့်ပစ်ခံရသည်ဟု သူတို့ မခံစားရသလော။ သခင်ယေရှုခရစ်တော်နှင့် ဝေးကွာသွားသည်ဟု သူတို့ မခံစားရသလော။ ဤအကွာအဝေးက ဘုရားသခင်နှင့် လူတို့၏ ဆက်ဆံရေးအပေါ် မည်ကဲ့သို့ အဖျက်သဘောဆောင်သော သက်ရောက်မှုတို့ကို ဖန်တီးပေးမည်နည်း။ သေချာသည်မှာ လူတို့သည် ကြောက်ရွံ့ကြလိမ့်မည်။ သူ့အနားကို မသွားရဲတော့ဘဲ သင့်တော်သော အကွာအဝေးမှာထားရန် စိတ်သဘောထားတို့ ရှိလာကြလိမ့်မည်။ ထိုအချိန်မှစပြီး သခင်ယေရှုနှင့် ရင်းနှီးသော သူတို့၏ ဆက်ဆံရေးကို ဖြတ်တောက်ပြီး ကျေးဇူးတော်ခေတ်မတိုင်ခင်က လူသားမျိုးနွယ်နှင့် ကောင်းကင်ဘုံပေါ်မှ ဘုရားသခင်ကြားက ဆက်ဆံရေးကို ပြန်သွားလိမ့်မည်။ လူတို့ ထိတွေ့၍၊ ခံစား၍မရသော ဝိညာဉ်ခန္ဓာသည် ဘုရားသခင်နှင့်သူတို့၏ ရင်းနှီးမှုကို ဖျက်ဆီးပစ်လိမ့်မည်။ သူနှင့်လူသားတို့ကြားမှာ အကွာဝေးမရှိခဲ့သော၊ သခင်ယေရှု လူ့ဇာတိ၌ရှိသော အချိန်ကာလအတွင်းမှာ တည်ဆောက်ခဲ့သော ဤရင်းနှီးသောဆက်ဆံရေးကို ပျောက်ကွယ်စေပါလိမ့်မည်။ ဝိညာဉ်ခန္ဓာအပေါ် လူတို့၏ ခံစားချက်တို့သည် ကြောက်ရွံ့ခြင်း၊ ရှောင်ကြဉ်ခြင်းနှင့် စကားမပြောဘဲ စူးစိုက်ကြည့်ခြင်းတို့သာ ဖြစ်ပါလိမ့်မည်။ သူတို့သည် အနားမကပ်ရဲပေ သို့မဟုတ် သူနှင့် စကားမပြောရဲပေ။ သူ့နောက်ကိုလိုက်ရန်၊ ယုံကြည်ရန် သို့မဟုတ် မျှော်လင့်ချက်ထားရန်ဆိုသည်ကို ထားလိုက်ပါဦး။ ဘုရားသခင်သည် သူ့အတွက် လူသားတို့ရှိသော ဤခံစားချက်မျိုးကို မြင်ရရန် သူမလိုလားပေ။ လူတို့က သူ့ကို ရှောင်ကြဉ်ခြင်းမျိုး သို့မဟုတ် သူတို့ကိုယ်သူတို့ သူ့ဆီမှ ဆုတ်ခွာနေခြင်းမျိုးကို သူမမြင်လိုပေ။ သူသည် လူတို့အား သူ့ကိုနားလည်ရန်၊ သူ့အနားကိုလာရန်၊ သူ့မိသားစုဖြစ်ရန်သာ အလိုရှိပါသည်။ သင်၏ကိုယ်ပိုင်မိသားစု၊ သင်၏ ကလေးတို့က သင့်ကိုမြင်သော်လည်း သင့်ကို မမှတ်မိလျှင်၊ သင့်အနားကိုမလာရဲဘဲ သင့်ကို အမြဲတမ်းရှောင်နေလျှင်၊ သူတို့အတွက် သင်လုပ်ခဲ့သော အရာတိုင်းအတွက် သူတို့၏ နားလည်မှုကို သင်မရရှိလျှင်၊ သင် မည်ကဲ့သို့ခံစားရမည်နည်း။ နာကျင်ရမည် မဟုတ်သလော။ သင်အသည်းကွဲရမည် မဟုတ်သလော။ ၎င်းက လူတို့က ဘုရားသခင်ကို ရှောင်ကြဉ်သောအခါ၌ သူခံစားရသောအရာ အတိအကျပင်ဖြစ်သည်။ ထို့ကြောင့် သူရှင်ပြန်ထမြောက်အပြီးမှာ သခင်ယေရှုသည် သူ၏ အသွေးအသားပုံသဏ္ဌာန်နှင့် လူတို့ရှေ့ဝယ် ပေါ်လာဆဲဖြစ်ပြီး သူတို့နှင့်အတူ စားသောက်ခဲ့သည်။ ဘုရားသခင်သည် လူတို့ကို မိသားစုအနေနှင့် ရှုမြင်ပြီး လူသားမျိုးနွယ်ကိုလည်း သူ့ကို ဤကဲ့သို့သောပုံစံရှုမြင်ရန် သူအလိုရှိပါသည်။ ဤနည်းနှင့်သာ ဘုရားသခင်သည် လူတို့ကို အမှန်တကယ်ရရှိနိုင်မှာဖြစ်ပြီး လူတို့က ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ကိုးကွယ်နိုင်မှာ ဖြစ်ပါသည်။ ယေရှုက ပေါင်မုန့်ကိုစားပြီး သူရှင်ပြန်ထမြောက်အပြီး ကျမ်းစာကိုရှင်းပြပြီး တပည့်တော်တို့က သူစားရန် ငါးကင်ပေးသော ကျမ်းနှစ်ပိုဒ်ကို ကောက်နုတ်ရသော ငါ့၏ရည်ရွယ်ချက်ကို သင်တို့ အခု နားလည်နိုင်သလော။

သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းမှာ သူပြောခဲ့၊ လုပ်ခဲ့သောအရာတို့က ဂရုတစိုက်ထည့်သွင်းစဉ်းစားခြင်းရှိပြီး ကြင်နာတတ်သော ရည်ရွယ်ချက်နှင့် လုပ်ဆောင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ဤအရာတို့သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်ထားသော ကြင်နာခြင်းနှင့် ချစ်ခင်ခြင်းတို့နှင့် ပြည့်နေပြီး သူ၏လူ့ဇာတိခံယူချိန်မှာ လူသားမျိုးနွယ်နှင့် သူတည်ဆောက်ခဲ့သည့် ရင်းနှီးသော ဆက်ဆံရေးအတွက် သူထားရှိခဲ့သော အသိအမှတ်ပြုတန်ဖိုးထားခြင်းနှင့် တိကျစေ့စပ်မှုတို့နှင့် ပြည့်နေပါသည်။ ထို့အပြင်သူ၏ လူ့ဇာတိခံယူချိန်မှာ သူ့နောက်လိုက်တို့နှင့် စားသောက်ခဲ့သော အသက်တာအတွက် သူထားရှိခဲ့သော မျှော်လင့်ချက်တို့နှင့် အတိတ်ကို လွမ်းဆွတ်တမ်းတမှုတို့နှင့် ပြည့်နေပါသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားနှင့် ဘုရားသခင်အကြား ဝေးကွာခြင်းကို လူတို့ခံစားရရန် အလိုမရှိသကဲ့သို့ လူသားမျိုးနွယ်ကိုလည်း သူတို့ကိုယ်သူတို့ ဘုရားနှင့် ဝေးကွာအောင်ပြုလုပ်ရန် အလိုမရှိပေ။ ထို့အပြင်ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း သခင်ယေရှုသည် လူတို့နှင့် အလွန်ရင်းနှီးခဲ့သော သခင်မဟုတ်တော့ကြောင်း၊ သူသည် ဝိညာဉ်လောကကို ပြန်သွားသောကြောင့်၊ လူတို့ လုံးဝ မမြင်နိုင်၊ လက်လှမ်းမမီနိုင်သော ခမည်းတော်ဆီသို့ ပြန်သွားသောကြောင့် လူသားမျိုးနွယ်နှင့် အတူမရှိတော့ဟုဆိုခြင်းမျိုးကို လူသားမျိုးနွယ်ကို သူမခံစားစေလိုပေ။ သူနှင့် လူသားမျိုးနွယ်ကြားမှာ အနေအထားမတူညီမှုတို့ရှိသည်ဟု လူတို့ကို မခံစားစေလိုခဲ့ပေ။ သူ့နောက်ကိုလိုက်လိုသော်လည်း သူနှင့် ခပ်ခွာခွာနေသော လူတို့ကို ဘုရားသခင် မြင်သောအခါမှာ သူတို့၏နှလုံးသားသည် သူနှင့် အလွန်ဝေးကွာနေသည်ဟု အဓိပ္ပာယ်ရခြင်းကြောင့်၊ သူတို့၏နှလုံးသားကို ရရှိရန် သူ့အတွက် အလွန်ခက်ခဲသည်ဟု အဓိပ္ပာယ်ရခြင်းကြောင့် သူ့နှလုံးသားသည် နာကျင်ရပါသည်။ ထို့ကြောင့် သူသည် လူတို့ မမြင်နိုင်၊ ထိတွေ့၍မရနိုင်သော ဝိညာဉ်ခန္ဓာနှင့် သူတို့ရှေ့၌ ကိုယ်ထင်ပြလျှင် ၎င်းက လူသားကို ဘုရားသခင်ဆီမှ နောက်တစ်ကြိမ်ထပ်ပြီး ဝေးကွာစေပါလိမ့်မည်။ တဖန် ၎င်းသည် ခရစ်တော် ရှင်ပြန်ထမြောက်ပြီးနောက် လူသားမျိုးနွယ်က သူ့ကို အလွန်မြင့်မြတ်သွားသောအနေနှင့်၊ လူသားတို့နှင့် မတူညီသော ပုံစံအဖြစ်နှင့်၊ လူသားတို့သည် အပြစ်ရှိသောကြောင့်၊ ညစ်ညမ်းပြီး ဘုရားသခင်နှင့် လုံးဝမနီးစပ်နိုင်ခြင်းကြောင့် လူသားနှင့်အတူ စားပွဲတစ်ခုထဲ မထိုင်နိုင်တော့သောသူတစ်ယောက်အဖြစ်နှင့် မှားယွင်းစွာ မြင်စေပါလိမ့်မည်။ လူသားမျိုးနွယ်၏ ဤအထင်လွဲခြင်းတို့ကို ဖယ်ရှားရန်အတွက် သခင်ယေရှုသည် သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားသည့်အတိုင်း သူလူ့ဇာတိမှာရှိစဉ်က လုပ်ခဲ့သော အရာတစ်ချို့ကို လုပ်ဆောင်ခဲ့ပါသည်။ "မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်"။ သူလုပ်လေ့ရှိသကဲ့သို့ပင် သူတို့အား ကျမ်းစာကိုလည်း ရှင်းပြခဲ့သည်။ သခင်ယေရှုလုပ်ခဲ့သော ဤအရာအားလုံးသည် သခင်သည် ပြောင်းလဲမသွားကြောင်း၊ သူသည် ယခင်က သခင်ယေရှုပင်ဖြစ်သည်ဆိုကြောင်းကို သူ့ကိုမြင်သောလူတိုင်းကို ခံစားသိရှိစေခဲ့သည်။ သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့်ရိုက်ခံရပြီး သေခြင်းကို ကြုံတွေ့ခဲ့ရပြီး ရှင်ပြန်ထမြောက်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်ကို ထားမသွားပေ။ သူသည် လူသားတို့ကြားထဲသို့ ပြန်လာပြီး သူ၏ အရာရာတိုင်းသည် ပြောင်းလဲမသွားပေ။ လူတို့ရှေ့မှာရပ်နေသော လူသားသည် ယခင်က သခင်ယေရှုပင်ဖြစ်သည်။ သူ၏အပြုအမူနှင့် သူ၏ လူတို့နှင့် စကားပြောခြင်းတို့က အလွန်ရင်းနှီးသကဲ့သို့ ခံစားရသည်။ သူသည် ချစ်ခင်ကြင်နာခြင်းများ၊ ကျေးဇူးတော်နှင့် သည်းခံခြင်းများနှင့် ပြည့်နေတုန်းပင်ဖြစ်သည်။ သူသည် သူ့ကိုယ်သူချစ်သကဲ့သို့ သူတပါးကိုချစ်သော၊ လူသားမျိုးနွယ်ကို ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်နိုင်သော ထိုသခင်ယေရှုပင်ဖြစ်သည်။ ခါတိုင်းလိုပင်၊ လူတို့နှင့်အတူ သူစားသည်။ သူတို့နှင့် ကျမ်းစာ ဆွေးနွေးသည်။ ပိုအရေးကြီးသည်မှာ ယခင်ကလိုပင် သူသည် အသွေးအသားနှင့်ပြုလုပ်ထားပြီး ထိတွေ့နိုင်၊ မြင်နိုင်ပါသည်။ ဤပုံစံနှင့်လူသားသည် ဤရင်းနှီးမှုကို လူတို့အား ခံစားရစေသည်။ စိတ်သက်သာရာရစေသည်။ ပျောက်ဆုံးသွားသော အရာတစ်ခုကို ပြန်လည်ရရှိသော ဝမ်းမြောက်မှုကို ခံစားရစေသည်။ သူတို့သည်လည်း လူသားမျိုးနွယ်၏အပြစ်တို့ကို ခွင့်လွှတ်နိုင်သော ဤလူသားကို ရဲရင့်စွာ၊ ယုံကြည်မှုရှိစွာနှင့် အမှီပြု အားထားရန် လုံလောက်စွာ စိတ်သက်သာရာရခြင်းကို ခံစားကြရပါသည်။ သူတို့သည်လည်း နှောင့်နှေးမနေဘဲ သခင်ယေရှု၏ အမည်နာမ၌ကို ဆုတောင်းရန်၊ သူ၏ ကျေးဇူးတော်၊ သူ၏ကောင်းချီးကို လက်ခံရရှိစေရန်၊ သူ့ဆီမှ ငြိမ်ချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းကို လက်ခံရရှိရန်အတွက် ဆုတောင်းရန်၊ သူ့ဆီမှ ဂရုစိုက်မှုနှင့် ကာကွယ်မှုကို ရရှိရန်အတွက် ဆုတောင်းရန် စတင်ပြုလုပ်လာကြပြီး သခင်ယေရှု၏နာမတော်ဖြင့် ဆေးကုသခြင်းနှင့် နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းတို့ကို အစပြုလုပ်ဆောင်လာကြပါသည်။

သခင်ယေရှုသည် လူ့ဇာတိ၌အလုပ်လုပ်နေသောအချိန်ကာလအတွင်းမှာ သူ၏ နောက်လိုက်အများစုက သူ၏ ဝိသေသလက္ခဏာနှင့် သူပြောခဲ့သော အရာတို့ကို အပြည့်အဝ အတည်မပြုနိုင်ခဲ့ပေ။ သူလက်ဝါးကပ်တိုင်ပေါ်ရောက်သောအခါမှာ သူ့နောက်လိုက်တို့၏ သဘောထားသည် မျှော်လင့်ထားသောအတိုင်းပင်ဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့်အရိုက်ခံရပြီး ဂူထဲ သွင်းခံရသောအချိန်အထိ တစ်လျှောက်လုံးမှာ သူ့အပေါ် လူတို့၏ သဘောထားသည် စိတ်ပျက်ခြင်းပင်ဖြစ်သည်။ ဤအချိန်ကာလအတွင်းမှာ လူတို့သည် သခင်ယေရှု လူ့ဇာတိခံသော အချိန်၌ ပြောခဲ့သောအရာတို့ကို သံသယဖြစ်နေရာမှ ငြင်းပယ်ခြင်းအထိ သူတို့နှလုံးသားထဲမှာ ရွေ့သွားနေပါပြီ။ ဂူထဲမှ သူပြန်ထွက်လာပြီး လူတို့ရှေ့ တစ်ယောက်ချင်းစီရှေ့ ပေါ်ထွက်လာသောအခါ သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်သောသူအများစု၊ သို့မဟုတ် သူ၏ ရှင်ပြန်ထမြောက်ခြင်းသတင်းကို ကြားသောသူအများစုသည် ငြင်းပယ်ခြင်းမှ သံသယဝင်ခြင်းကို တဖြည်းဖြည်းကူးပြောင်းသွားသည်။ သခင်ယေရှုက သောမအား သူ့လက်ကို သူ၏ဘေးဖက်ကို ထိစေသောအချိန်မှာ၊ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုသည် ပေါင်မုန့်ကိုဖဲ့ပြီး လူအုပ်ရှေ့၌ စားသောအချိန်မှာ၊ နောက်ပိုင်း သူတို့ရှေ့၌ ငါးကင်ကို စားသောအခါမှာ၊ ထိုအချိန်ကျမှသာ သခင်ယေရှုသည် လူ့ဇာတိနှင့် ခရစ်တော်ဖြစ်သည် ဆိုသောအချက်ကို အမှန်တကယ်လက်ခံခဲ့ကြသည်။ ထိုအချိန်၌ ဤလူတို့ရှေ့မှာ အသွေးအသားနှင့် ရပ်နေသော ဤဝိညာဉ်ခန္ဓာသည် သူတို့တစ်ယောက်ချင်းစီတိုင်းကို အိပ်မက်မှ နိုးထစေခြင်းမျိုးပင်ဖြစ်သည်ဟု သင်ဆိုနိုင်ပါသည်။ သူတို့ရှေ့မှာ ရပ်နေသော လူသားသည် ရှေးအတီတေကတည်းက တည်ရှိခဲ့သောသူတစ်ယောက်ဖြစ်သည်။ သူ့မှာ ပုံသဏ္ဌာန်၊ အသွေးနှင့်အသားရှိခဲ့ပြီး သူသည် လူသားမျိုးနွယ်နှင့်အတူ အချိန်အကြာကြီး အသက်ရှင်၍ စားသောက်ခဲ့ပြီးပါပြီ။ ဤအချိန်မှာ သူ၏ တည်ရှိမှုသည် အလွန်ကိုစစ်မှန်သည်၊ အလွန်အံ့သြစရာကောင်းသည်ဟု လူတို့ခံစားကြရသည်။ သူတို့သည်လည်း ဝမ်းမြောက်ပြီး ပျော်ရွှင်နေကြသည်။ တစ်ချိန်တည်းမှာပင် စိတ်ခံစားမှုတို့နှင့် ပြည့်နေသည်။ သူ၏ ပြန်လည်ပေါ်ထွက်လာခြင်းက လူတို့ကို သူ၏ နှိမ့်ချမှုကို အမှန်တကယ်မြင်စေရန်၊ သူ၏နီးစပ်ခြင်းကို ခံစားစေရန်၊ လူသားမျိုးနွယ်အတွက် သူ၏ တောင့်တမှု၊ သူ၏ တွယ်တာမှုကို ခံစားစေရန် အခွင့်ကို လူတို့ကို ပေးပါသည်။ ဤအကျဉ်းချုံး ပြန်လည်တွေ့ဆုံခြင်းက သခင်ယေရှုကို မြင်ခဲ့သော လူတို့ကို အချိန်တစ်သက်တာကုန်ဆုံးသွားပြီးသကဲ့သို့ ခံစားရအောင် ပြုလုပ်ခဲ့ပါသည်။ သူတို့၏ ပျောက်ဆုံးနေသော၊ ရှုပ်ထွေးနေသော၊ ကြောက်ရွံ့နေသော၊ စိုးရိမ်ပူပန်နေသော၊ တောင့်တနေသော၊ ထုံထိုင်းနေသော နှလုံးသားတို့ကို သက်သာစေသည်။ သူတို့သည် သံသယမရှိတော့ပေ၊ သို့မဟုတ် စိတ်မပျက်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုမျှော်လင့်ချက်နှင့် အမှီပြုစရာရှိပြီဟု ခံစားရခြင်းကြောင့်ပင်ဖြစ်သည်။ သူတို့ရှေ့မှာရပ်နေသော လူသားသည် သူတို့နောက်မှာ ထာဝရရှိနေပါလိမ့်မည်။ သူသည် အချိန်ပြည့် သူတို့၏ မျှော်စင်၊ သူတို့၏ ခိုလှုံရာဖြစ်နေပါလိမ့်မည်။

သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သော်လည်း သူ့နှလုံးသားနှင့် သူ၏လုပ်ဆောင်မှုသည် လူသားမျိုးနွယ်ဆီမှ ထွက်ခွာမသွားပေ။ သူသည် မည်ကဲ့သို့သောပုံစံနှင့် တည်ရှိနေပါစေ၊ သူသည် လူတို့ကို အဖော်ပြုမည်။ သူတို့နှင့်အတူ လျှောက်လှမ်းမည်။ အချိန်တိုင်း၊ နေရာတိုင်းမှာ သူတို့နှင့်အတူရှိမည်ဟု သူ့ကိုယ်ထင်ပြခြင်းနှင့်အတူ လူတို့ကို ပြောခဲ့သည်။ တဖန် အချိန်တိုင်း၊ နေရာတိုင်းမှာ သူသည် လူသားမျိုးနွယ်ကို ပံ့ပိုးပြီး သူတို့ကို ဦးဆောင်လမ်းပြမည်။ သူ့ကို ကြည့်ပြီး ထိတွေ့ရန် သူတို့ကို ခွင့်ပြုမည်။ သူတို့သည် နောက်တစ်ကြိမ် အကူအညီမဲ့သကဲ့သို့ မခံစားရအောင် သေချာစေလိမ့်မည်။ သခင်ယေရှုသည် လူတို့ကို ၎င်းကိုလည်း သိစေလိုခဲ့သည်။ ဤကမ္ဘာမှာ သူတို့အသက်တာသည် တစ်ဦးတစ်ယောက်တည်းမဟုတ်ပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စောင့်ရှောက်မှုကို ရရှိသည်။ ဘုရားသခင်သည် သူတို့နှင့်အတူရှိသည်။ လူတို့သည် ဘုရားသခင်ကို အမြဲတစေ အမှီပြုနိုင်သည်။ သူသည် သူ့နောက်လိုက်သူ တစ်ယောက်ချင်းစီတိုင်း၏ မိသားစုဖြစ်သည်။ ဘုရားသခင်ကို အမှီပြုပြီး လူသားမျိုးနွယ်သည် အထီးကျန်မှာမဟုတ်တော့ပေ၊ သို့မဟုတ် အကူအညီမဲ့မှာ မဟုတ်တော့ပေ။ တဖန် သူ့ကို သူတို့၏အပြစ်ဖြေရာယဇ်အဖြစ် လက်ခံသူတို့သည် အပြစ်တရား၌ ချည်နှောင်ခြင်းမခံရတော့ပေ။ လူသား၏အမြင်မှာ သခင်ယေရှုရှင်ပြန်ထမြောက်ပြီးနောက် သူလုပ်ဆောင်ခဲ့သော သူ့အလုပ်၏ ဤအပိုင်းတို့သည် အလွန်သေးငယ်သောအရာတို့ ဖြစ်သည်။ သို့သော်လည်း ငါမြင်သော ပုံစံမှာမူ အကြောင်းအရာတစ်ခုချင်းစီတိုင်းက အလွန်အဓိပ္ပာယ်ရှိသည်။ အလွန်တန်ဖိုးရှိသည်။ သူတို့အားလုံးသည် အလွန်အရေးကြီးပြီး လေးနက်ပါသည်။

လူ့ဇာတိမှာ သခင်ယေရှုအလုပ်လုပ်သောအချိန်၌ အခက်အခဲများ၊ ဒုက္ခခံစားခြင်းများ အပြည့်ရှိသော်လည်း သူ၏ အသွေးအသားနှင့် ဝိညာဉ်ခန္ဓာ၏ ကိုယ်ထင်ပြခြင်းမှတစ်ဆင့် လူသားမျိုးနွယ်ကို ရွေးနုတ်ရန် ထိုအချိန်မှာ သူ၏လုပ်ဆောင်မှုကို လုံးဝပြီးပြည့်စုံစွာ ပြီးမြောက်စေခဲ့သည်။ သူသည် လူ့ဇာတိခံယူခြင်းအားဖြင့် သူ၏အမှုတော်ကို အစပြုခဲ့ပြီး သူ၏လူ့ဇာတိဆန်သော ပုံသဏ္ဌာန်နှင့် လူသားမျိုးနွယ်ဆီကို ကိုယ်ထင်ပြခြင်းအားဖြင့် သူ၏ အမှုတော်ကို နိဂုံးချုပ်ခဲ့ပါသည်။ သူသည် ကျေးဇူးတော်ခေတ်ကို ကြိုတင်နိမိတ်ပြခဲ့သည်။ ခရစ်တော်အနေနှင့် သူ၏ ဝိသေသလက္ခဏာမှတစ်ဆင့် ကျေးဇူးတော်ခေတ်ကို သူစတင်ခဲ့သည်။ ခရစ်တော်အနေနှင့် သူ၏ ဝိသေသလက္ခဏာမှတစ်ဆင့် ကျေးဇူးတော်ခေတ်မှာ သူအလုပ်လုပ်ဆောင်ခဲ့ပြီး သူ၏နောက်လိုက်တို့ကို အားအင်ဖြည့်ဆည်းပေးခဲ့ပြီး ဦးဆောင်ခဲ့သည်။ သူစခဲ့သောအရာကို သူအမှန်တကယ်ပင် ပြီးဆုံးအောင်လုပ်ခဲ့သည်ဟု ဘုရားသခင်၏အလုပ်ကို ပြောနိုင်ပါသည်။ အဆင့်တို့နှင့် အစီအစဉ်တစ်ခုရှိပြီး ဘုရားသခင်၏ အသိဉာဏ်ပညာ၊ သူ၏ အဆုံးအစမရှိဘုန်းတန်ခိုးနှင့် သူ၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုတို့နှင့် ပြည့်ဝနေပါသည်။ ဘုရားသခင်၏ ချစ်ခြင်းနှင့် သနားညှာတာခြင်းတို့နှင့်လည်း ပြည့်ဝနေပါသည်။ ဘုရားသခင်၏အလုပ်အားလုံးမှာ ပါဝင်နေသော အဓိကအချက်က လူသားမျိုးနွယ်အတွက် သူ၏ ဂရုစိုက်ခြင်းပင်ဖြစ်သည်။ သူလုံးဝဘေးဖယ်ထား၍မရသော သူ၏ အလေးထားသော ခံစားချက်တို့နှင့် စိမ့်ဝင်ပျံ့နှံ့နေပါသည်။ သမ္မာကျမ်းစာ၏ ဤစာပိုဒ်တို့၌၊ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုလုပ်ဆောင်ခဲ့သော အရာတစ်ခုချင်းစီတိုင်းမှာ ဖွင့်ပြသောအရာက လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ မပြောင်းလဲသော မျှော်လင့်ချက်နှင့် အလေးထားမှုတို့ဖြစ်ပြီး ဘုရားသခင်၏ တိကျစေ့စပ်သော ဂရုစိုက်မှုနှင့် လူသားတို့ကို ချစ်ခင်မြတ်နိုးမှုတို့ဖြစ်ပါသည်။ ယခုအချိန်အထိ ဤအရာတို့ထဲက တစ်ခုမျှ မပြောင်းလဲပေ။ ဤသည်ကို သင်တို့ မြင်နိုင်ပါ၏လော။ ဤသည်ကို သင်တို့မြင်သောအခါမှာ သင်တို့၏ နှလုံးသားသည် ဘုရားသခင်နှင့် အလိုအလျောက် မနီးစပ်သွားပေဘူးလော။ သင်တို့သည် ထိုခေတ်မှာနေပြီး သခင်ယေရှုက သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် သင်မြင်ရန်အတွက် မြင်သာသော အသွင်သဏ္ဌာန်နှင့် သင့်ရှေ့မှာ ကိုယ်ထင်ပြလာပြီး သင်တို့ရှေ့မှာ သူထိုင်လျှင်၊ ပေါင်မုန့်နှင့်ငါးကိုစားလျက် ကျမ်းစာတို့ကို သင်တို့အား ရှင်းပြလျှင်၊ သင်တို့နှင့် စကားပြောလျှင် သင်တို့ မည်ကဲ့သို့ခံစားရမည်နည်း။ ပျော်ရွှင်ခြင်းကို ခံစားရမည်လော။ အပြစ်ရှိသကဲ့သို့ ခံစားရသလော။ ဘုရားသခင်အပေါ် ယခင်က အထင်လွဲမှုတို့နှင့် ရှောင်ကြဉ်မှုတို့၊ ဘုရားသခင်အပေါ် အမြင်ကွဲလွဲမှုတို့နှင့် သံသယတို့၊ ဤအရာတို့အားလုံးက ပျောက်ကွယ်မသွားဘူးလော။ ဘုရားသခင်နှင့် လူသားကြားမှာ ရှိသော ဆက်ဆံရေးသည် ပို၍ပင် သင့်တော်လာမည် မဟုတ်သလော။

သမ္မာကျမ်းစာ၏ ဤကန့်သတ်ထားသောအခန်းတို့၏ အနက်ဖွင့်ဆိုချက်မှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားမှာ ချို့ယွင်းချက်တစ်ခုခုကို သင်တို့ တွေ့ရှိပါသလော။ ဘုရားသခင်၏ချစ်ခြင်းမှာ မစစ်မှန်မှုတို့ကို သင်တွေ့ရှိပါသလော။ ဘုရားသခင်၏ အဆုံးအစမရှိဘုန်းတန်ခိုး သို့မဟုတ် အသိဉာဏ်ပညာ၌ လှည့်စားမှု သို့မဟုတ် ဆိုးယုတ်မှုတစ်ခုခုကို သင်တို့ မြင်ပါသလော။ လုံးဝ မရှိပေ။ ယခုတွင် ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်သည်ဆိုသည်ကို သင်တို့ သေချာပေါက် ပြောနိုင်ပါသလော။ ဘုရားသခင်၏ စိတ်ခံစားမှုတို့ အားလုံးသည် သူ၏အနှစ်သာရနှင့် စိတ်သဘောထားကို ဖွင့်ပြခြင်းဖြစ်သည်ဆိုသည်ကို သင်တို့ သေချာပေါက်ပြောနိုင်ပါသလော။ ဤစကားလုံးများကို သင်တို့ ဖတ်ပြီးသည့်နောက်တွင် ထိုမှ သင်တို့နားလည်သောအရာက စိတ်သဘောထားပြောင်းလဲခြင်းနှင့် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအပေါ် သင်တို့၏ အားထုတ်ကြိုးပမ်းမှုသည် အကျိုးအမြတ်တို့ကို သယ်ဆောင်လာပြီး သင်တို့ကို ကူညီပေးလိမ့်မည်ဟု ငါမျှော်လင့်ပါသည်။ ဤစကားလုံးတို့သည် သင်တို့အတွက် တဖြည်းဖြည်းချင်းကြီးထွားလာသော အသီးအပွင့်တို့ဖြစ်စေပြီး ဤအားထုတ်ကြိုးပမ်းမှုမှာ ဘုရားသခင်ဆီသို့ သင့်ကို ပိုပိုပြီး နီးစပ်လာစေရန်၊ သင်တို့သည် သမ္မာတရားနောက်ကိုလိုက်ခြင်း၌ မငြီးငွေ့ဘဲ သမ္မာတရားနှင့် စိတ်သဘောထားပြောင်းလဲမှုအတွက် ကြိုးစားအားထုတ်ခြင်းသည် ဒုက္ခရောက်သည် သို့မဟုတ် မလိုအပ်သောအရာဖြစ်သည်ဟု မခံစားရစေရန်အတွက် ဘုရားသခင်လိုအပ်သော စံသတ်မှတ်ချက်ဆီသို့ ပိုပိုပြီးနီးစပ်အောင် သယ်ဆောင်လာရန်ကိုလည်း ငါမျှော်လင့်ပါသည်။ ၎င်းသည် အလင်းကိုတောင့်တရန်၊ တရားမျှတမှုကို တောင့်တရန်၊ သမ္မာတရားနောက်ကိုလိုက်ရန် ဆန္ဒပြင်းပြစေရန်၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းကို အားထုတ်လိုက်လျှောက်ရန်၊ ဘုရားသခင်အားဖြင့် လက်ခံရရှိသော လူသားတစ်ယောက်ဖြစ်ရန်၊ စစ်မှန်သော လူတစ်ယောက်ဖြစ်ရန် သင်တို့ကို တွန်းအားပေးသော ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်သော အနှစ်သာရနှင့် ဘုရားသခင်၏ မှန်ကန်သော စိတ်သဘောထား၏ ဖော်ပြချက်ဖြစ်ပါသည်။

ယနေ့ ပထမဆုံးအကြိမ် လူ့ဇာတိခံယူခဲ့သောအခါ၌ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်လုပ်ဆောင်ခဲ့သော တစ်ချို့အကြောင်းအရာတို့အကြောင်းကို ငါတို့ပြောခဲ့ကြသည်။ ဤအကြောင်းအရာတို့မှတစ်ဆင့် လူ့ဇာတိမှာ သူဖော်ပြ၊ ဖွင့်ပြခဲ့သော စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ သွင်ပြင်လက္ခဏာတိုင်းကို ငါတို့မြင်ပြီးပါပြီ။ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ သွင်ပြင်လက္ခဏာအားလုံးသည် အတော်ပင် လူသားဆန်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ သူဖွင့်ပြ၊ ဖော်ပြခဲ့သော အရာအားလုံး၏ အနှစ်သာရသည် သူကိုယ်တိုင်၏ စိတ်သဘောထားမှ ခွဲခြား၍မရပေ။ လူ့သဘာဝမှာ သူ၏ စိတ်သဘောထားကို ဖော်ပြနေသော လူ့ဇာတိခံယူသော ဘုရာသခင်၏ နည်းလမ်းတိုင်းနှင့် သွင်ပြင်လက္ခဏာတိုင်းသည် သူ၏ကိုယ်ပိုင်အနှစ်သာရနှင့် မခွဲနိုင်အောင် ဆက်သွယ်နေပါသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ဆီသို့ လူ့ဇာတိခံယူခြင်းနည်းလမ်းဖြင့် လာခြင်းက အလွန်အရေးကြီးပြီး လူ့ဇာတိမှာ သူလုပ်ဆောင်ခဲ့သော အလုပ်သည်လည်း အလွန်အရေးကြီးပါသည်။ တဖန် သူဖွင့်ပြသော စိတ်သဘောထားနှင့် သူဖော်ပြခဲ့သော အလိုတော်သည် လူ့ဇာတိမှာ အသက်ရှင်နေသောလူတိုင်းအတွက်၊ ဖောက်ပြန်ပျက်စီးခြင်း၌ နေထိုင်နေသော လူတိုင်းအတွက် ပို၍ပင် အရေးကြီးပါသည်။ ၎င်းက သင်တို့ နားလည်နိုင်သော အရာဟုတ်ပါသလော။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ပြီးနောက်မှာ သင်တို့ ဘုရားသခင်ကို မည်ကဲ့သို့ဆက်ဆံသင့်သည်ဆိုသည့်အပေါ်မှာ ကောက်ချက်တစ်ခုခု ချပြီးပါသလော။ ဤမေးခွန်းကို ပြန်လည်ဖြေကြားရန်အတွက်၊ နိဂုံးချုပ်အနေနှင့် သင်တို့ကို သတိပေးချက်သုံးခု ပေးလိုပါသည်။ ပထမအနေဖြင့် ဘုရားသခင်ကို အစုံအစမ်းမပြုပါနှင့်။ ဘုရားသခင်အကြောင်းကို သင်မည်မျှပင် နားလည်ပါစေ၊ သူ့စိတ်သဘောထားကို သင်မည်မျှအထိ သိပါစေ၊ သူ့ကို လုံးဝ အစုံအစမ်းမပြုပါနှင့်။ ဒုတိယအနေဖြင့် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် မယှဉ်ပြိုင်ပါနှင့်။ ဘုရားသခင်က သင့်ကို မည်ကဲ့သို့သောအဆင့်အတန်းကို ပေးသည်ဖြစ်စေ၊ သို့မဟုတ် သင့်ကို မည်ကဲ့သို့အလုပ်မျိုးကိုပင် သူတာဝန်ပေး စေခိုင်းပါစေ၊ မည်ကဲ့သို့တာဝန်မျိုးကို ဆောင်ရွက်ရန် သူသည် သင့်ကို ပျိုးထောင်ပါစေ၊ ဘုရားသခင်အတွက် သင်မည်မျှပင် အသုံးချပြီး စွန့်လွှတ်ခဲ့ပါစေ၊ အဆင့်အတန်းအတွက် သူနှင့် လုံးဝ မယှဉ်ပြိုင်ပါနှင့်။ တတိယအနေဖြင့် ဘုရားသခင်နှင့် မယှဉ်ပြိုင်ပါနှင့်။ သင်နားလည်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်က သင့်ကို လုပ်ဆောင်သောအရာ၊ သင့်အတွက် သူစီစဉ်သောအရာ၊ သင့်ဆီသို့ သူသယ်ဆောင်လာသောအရာတို့ကို သင်နာခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် လုံးဝမယှဉ်ပြိုင်ပါနှင့်။ ဤသတိပေးချက်သုံးခုကို သင်လုပ်ဆောင်နိုင်လျှင် သင်သည် သူတပါးနှင့်ယှဉ်လျှင် ဘေးကင်းပါလိမ့်မည်။ ဘုရားသခင်ကို သင်လွယ်လွယ်နှင့် ဒေါသထွက်စေမည်မဟုတ်ပေ။ ယနေ့အတွက် မျှဝေရန်က ဤမျှလောက်ပင်ဖြစ်သည်။

၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

အောက်ခြေမှတ်စုများ-

က။ မူရင်းစာသားတွင် "ဤဖော်ပြချက်" ဟူသောပုဒ်စု မပါဝင်ပါ။

ယခင်က:ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

နောက်တစ်ခုသို့:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ