အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၅။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်နှင့် ကိုယ်တော်၏ ကျေးဇူးတော်ကာလမှ ရွေးနုတ်ခြင်းအမှုတော်အကြား ကွဲပြားမှုများ

၁) ကျေးဇူးတော်ကာလတွင် သခင်ယေရှု ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များနှင့် နိုင်ငံတော်ခေတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များအကြား မည်သည့်ကွဲပြားမှု ရှိပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” (မ ၄:၁၇)

“ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊ ဤသို့ ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။ ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။” (လု ၂၄:၄၅-၄၇)

သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ယော ၁၆:၁၂-၁၃)

ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ယော ၁၂:၄၇-၄၈)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှု၏ အမှုမှာ လူ၏ ရွေးနုတ်ခြင်းနှင့် ကားစင်တင်ခံရခြင်းအတွက်အလို့ငှာသာ ဖြစ်ခဲ့ပါသည်။ သို့ဖြစ်၍၊ လူတစ်ဦးဦးကို သိမ်းပိုက်ရန် အတွက် သူသည် နောက်ထပ် နှုတ်ကပတ်တော်များကို ဟောကြားရန် မလိုအပ်ခဲ့။ လူကို သူသွန်သင်ပေးခဲ့သည် အရာများအထဲက အများအပြားသည် သမ္မာကျမ်းစာလာ နှုတ်ကပတ်တော်များမှ ဖြစ်ပြီး၊ သူ့အမှုက သမ္မာကျမ်းစာများကို မကျော်လွန်ခဲ့သော်ငြားလည်း၊ သူသည် ကားစင်တင်အသတ်ခံရခြင်းအမှုကို ပြီးအောင် ဆောင်ရွက်နိုင်စွမ်းရှိခဲ့သည်။ သူ့အမှုမှာ နှုတ်ကပတ်တော်၏ အမှု မဟုတ်ခဲ့ပါ၊ လူသားမျိုးနွယ်အား သိမ်းပိုက်ဖို့အလို့ငှာ မဟုတ်ခဲ့ဘဲ၊ လူသားမျိုးနွယ်အား ရွေးနှုတ်ပေးရန် ဖြစ်ခဲ့သည်။ သူသည် လူသားမျိုးနွယ်၏ အပြစ်များအတွက် အပြစ်ယဇ်အဖြစ် ပြုမူခဲ့ပြီး လူသားမျိုးနွယ်အတွက် နှုတ်ကပတ်တော်အရင်းအမြစ်အဖြစ် မပြုမူခဲ့ပါ။ လူကို သိမ်းပိုက်ခြင်းအမှုဖြစ်သည့် တပါးအမျိုးသားများ၏ အမှုကို သူမလုပ်ဆောင်ခဲ့ပါ၊ သို့သော် သူသည် ဘုရားသခင် ရှိကြောင်းကို ယုံကြည်ကြသည့် လူများအကြားမှာ လုပ်ဆောင်ခဲ့သည့်အမှုဖြစ်သည့် ကားစင်တင်အသတ်ခံရခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ သူ၏ အမှုကို သမ္မာကျမ်းစာ၏ အခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း၊သူသည် ဖာရိရှဲများကို ရှုတ်ချရန် ပရောဖက်ဟောင်းများ၏ ဟောကြားချက်များကို အသုံးချခဲ့၏၊ ၎င်းမှာ ကားစင်တင် အသတ်ခံရခြင်း အမှုကို ပြီးမြောက်စေရန်အတွက် လုံလောက်ခဲ့ပါသည်။ အကယ်၍ ယနေ့အမှုကို သမ္မာကျမ်းစာထဲရှိ ပရောဖက်ဟောင်းများ၏ ဟောကြားချက်များအခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ကြဦးမည် ဆိုလျှင်၊ ဓမ္မဟောင်းကျမ်းထဲတွင် ထဲတွင် သင်တို့ တရုတ်လူမျိုးများ၏ မနာခံမှု နှင့် အပြစ်များအကြောင်း မှတ်တမ်းများ မပါဝင်သည့် အတွက်၊ ၎င်းထဲတွင် သင်တို့ အပြစ်များ၏ သမိုင်းဟူ၍ မရှိသည့် အတွက်၊ သင်တို့ကို သိမ်းပိုက်ဖို့ရန်မှာ ဖြစ်နိုင်မည်မဟုတ်ပေ၊ သို့ဖြစ်၍၊ ဤအမှုသည် သမ္မာကျမ်းကို စွဲကျန်နေဆဲ ဖြစ်ပါက၊ သင်တို့သည် မည်သည့်အခါမျှ အလျှော့ပေးမည်မဟုတ်ပေ။ သမ္မာကျမ်းထဲတွင် မှတ်တမ်းတင်ပေးခဲ့သည်မှာ ဣသရေလ လူမျိုးများ၏ သမိုင်း အကန့်အသတ်ဖြစ်ပြီး၊ သင်တို့ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ၎င်းက သတ်မှတ် ပေးနိုင်စွမ်း မရှိသကဲ့သို့၊ စီရင်နိုင်စွမ်းလည်း မရှိပါ။ ဣသရေလတို့၏ သမိုင်းကို အခြေခံပြီး ငါသည် သင်တို့ကို စီရင်ခဲ့သည့် အကြောင်းကို စိတ်ကူးကြည့်ကြပါ—သင်တို့သည် ယနေ့ကဲ့သို့ပင် ငါ့ နောက်လိုက်နေကြဦးမည်လော။ သင်တို့သည် မည်မျှ ခက်ခဲကြသည်ကို သင်တို့ သိကြပါသလား။ လက်ရှိအဆင့်မှာ မည်သည့် နှုတ်ကပတ်တော်မျှ မပြောဆိုပဲ နေကြပါက၊ သိမ်းပိုက်ခြင်း အမှုကို ပြီးမြောက်အောင် ပြုလုပ်မရနိုင်ပါ။ ငါလာခဲ့သည်မှာ လက်ဝါးစင်ပေါ် သံမှိုရိုက်ခံရန် မဟုတ်သောကြောင့်၊ သင်သိမ်းပိုက်ခြင်းခံရနိုင်ဖို့အလို့ငှာ ငါသည် သမ္မာကျမ်းနှင့် ကွာခြားသည့် စကားလုံးများကို ပြောဆိုရပါမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)” မှ

“တောင်ပေါ်ဒေသနာ” ၏ အပိုင်းတစ်ခုစီကို အရင်ကြည့်ရအောင်။ ၎င်းတို့အားလုံးက မည်သည်နှင့်ဆက်စပ်သနည်း။ ဤအရာအားလုံးက ပိုပြီး မြှင့်တင်ထားသည်၊ ပိုပြီး ခိုင်မာသည်။ ပညတ်တော်ခေတ်၏ စည်းမျဉ်းတို့ထက်ပိုပြီး လူတို့၏ ဘဝများနှင့် နီးစပ်သည်ဆိုခြင်းကို သေချာပေါက်ပြောနိုင်သည်။ ခေတ်စကားနှင့်ပြောရလျှင် လူတို့၏ လက်တွေ့ကျင့်သုံးမှုတို့နှင့် ပိုပြီးဆက်စပ်သည်။

ဤအသေးစိတ်အကြောင်းအရာတို့ကို ဖတ်ကြည့်ရအောင်။ မင်္ဂလာတရားတော်တို့ကို သင်မည်ကဲ့သို့နားလည်သင့်သနည်း။ ပညတ်တော်နှင့်ပတ်သက်ပြီး သင်ဘာသိသင့်သနည်း။ အမျက်ဒေါသကို မည်ကဲ့သို့အဓိပ္ပာယ်ဖွင့်မည်နည်း။ အိမ်ထောင်ရေးဖောက်ပြန်သူတို့ကို မည်ကဲ့သို့ ကိုင်တွယ်သင့်သနည်း။ အိမ်ထောင်ရေးကွာရှင်းမှုနှင့် ပတ်သက်ပြီး မည်သည်တို့ကိုပြောထားပြီး မည်ကဲ့သို့ စည်းမျဉ်းများရှိသနည်း။ မည်သူက ကွာရှင်း၍ရပြီး မည်သူက ကွာရှင်း၍မရသနည်း။ ကျိန်ဆိုခြင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ ရန်သူကိုချစ်လော့၊ လှူဒါန်းခြင်းနှင့်ပတ်သက်၍ ညွှန်ကြားချက်များရော မည်ကဲ့သို့နည်း၊ စသည်ဖြင့်။ ဤအရာအားလုံးက ဘုရားသခင်အပေါ် လူသား၏ယုံကြည်မှုကို ကျင့်သုံးခြင်းနှင့် ဘုရားနောက်ကို သူတို့လိုက်ခြင်း၏ သွင်ပြင်လက္ခဏာတိုင်းနှင့် သက်ဆိုင်ပါသည်။ ဤအလေ့အကျင့်တို့ထဲမှတစ်ချို့က ယနေ့အထိ အသုံးချ၍ ရနေပါသေးသည်။ သို့သော်လည်း လူတို့၏ လက်ရှိလိုအပ်ချက်တို့ထက် ပိုပြီး ခေတ်နောက်ကျပါသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှု၌ သူတို့ကြုံတွေ့ရသော အတော်လေး အခြေခံကျသော သမ္မာတရားများဖြစ်ပါသည်။ သခင်ယေရှုအလုပ်စလုပ်သောအချိန်မှစပြီး သူသည် လူသား၏ အသက်တာစိတ်သဘောထားအပေါ် အလုပ်လုပ်ရန် စနှင့်နေပြီးဖြစ်ပါသည်။ သို့သော်လည်း ၎င်းသည် ပညတ်တော်တို့၏ အခြေခံအုတ်မြစ်ပေါ်တွင် အခြေခံထားပါသည်။ ဤခေါင်းစဉ်တို့၌ရှိသော စည်းမျဉ်းများနှင့် ဆိုရိုးများသည် သမ္မာတရားနှင့် မည်သို့သက်ဆိုင်ခြင်းရှိပါသနည်း။ သက်ဆိုင်ပေသည်။ ယခင်က စည်းမျဉ်းများ၊ အခြေခံသဘောတရားများနှင့် ကျေးဇူးတော်ခေတ်က ဒေသနာများ အားလုံးသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့နှင့် ဆက်စပ်နေပြီး သမ္မာတရားနှင့်လည်း ဆက်စပ်ပေသည်။ ဘုရားသခင်က ဘာကိုပင်ဖော်ပြပါစေ၊ မည်ကဲ့သို့နည်းလမ်းနှင့် ဖော်ပြပါစေ၊ သို့မဟုတ် မည်ကဲ့သို့သော ဘာသာစကားကို အသုံးပြုပါစေ၊ သူ၏ အခြေခံအုတ်မြစ်၊ မူလအရင်းအမြစ်နှင့် သူ၏ အစမှတ်တို့ အားလုံးသည် သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၏ အခြေခံစည်းမျဉ်းတို့အပေါ်တွင် အခြေခံထားပါသည်။ ၎င်းတွင် အမှားအယွင်း မပါဝင်ပေ။ ထို့ကြောင့် ယခု သူပြောသောအရာတို့သည် အနည်းငယ် မလေးနက်ဟု ထင်ရသော်လည်း ၎င်းတို့သည်သမ္မာတရားမဟုတ်ဟု သင်မပြောနိုင်ပေ။ အကြောင်းမှာဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်အတွက်နှင့် သူတို့၏ ဘဝ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုကို ရရှိရန် ကျေးဇူးတော်ခေတ်၌ရှိသော လူတို့အတွက် ခွဲခြား၍မရနိုင်သော အရာတို့ဖြစ်သည်။ ဒေသနာထဲမှာပါသော ဘယ်အရာတစ်ခုမှ သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိဘူးဟု သင်ပြောနိုင်သလော။ သင်မပြောနိုင်ပေ။ ဤအရာ တစ်ခုချင်းစီတိုင်းက သမ္မာတရားဖြစ်ပါသည်။ အကြောင်းမှာ ၎င်းတို့အားလုံးက လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ လိုအပ်ချက်တို့ဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။ ဤအရာအားလုံးက ကိုယ့်ကိုယ်ကိုယ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ဆိုခြင်းအတွက် ဘုရားသခင်က ပေးသော အခြေခံသဘောတရားများနှင့် ရည်ရွယ်ချက်များဖြစ်ပြီး ဤအရာတို့က ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုပါသည်။ သို့သော်လည်း ထိုအချိန်၌ရှိသော အသက်တာထဲ၌ သူတို့၏ကြီးပြင်းမှုအဆင့်အပေါ်တွင် အခြေခံပြီး ကြည့်လျှင် သူတို့သည် ဤအရာတို့ကို လက်ခံပြီး နားလည်သဘောပေါက်ခြင်းသာ ပြုလုပ်နိုင်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် လူသား၏အပြစ်တရားသည် မဖြေရှင်းရသေးချေ။ သခင်ယေရှုက ဤနှုတ်ကပတ်တော်တို့ကိုပင် ထုတ်လွှတ်နိုင်သည်။ လူတို့ မည်ကဲ့သို့ပြုမူသင့်သည်၊ သူတို့ ဘာလုပ်သင့်သည်၊ ဘယ်စည်းမျဉ်းနှင့် ရည်ရွယ်ချက်အတွင်းတွင် သူတို့ လုပ်သင့်သည်ဆိုသည်နှင့်၊ ဘုရားသခင်ကို သူတို့ မည်ကဲ့သို့ယုံကြည်ပြီး သူ၏လိုအပ်ချက်တို့ကို မည်ကဲ့သို့ဖြည့်ဆည်းရမည်ဆိုသည်တို့ကို ထိုအချိန်က လူတို့ကို ပြောရန် ဤနယ်ပယ်အတွင်းမှာရှိသော ဤကဲ့သို့ ရိုးရှင်းသော သင်ကြားမှုတို့ကို သူသာလျှင် အသုံးပြုနိုင်ပါသည်။ ဤအရာအားလုံးက ထိုအချိန်၌ လူသားမျိုးနွယ်၏ ဝိညာဉ်အသက်တာအပေါ်တွင် အခြေခံပြီး ပိုင်းခြားသတ်မှတ်ပါသည်။ ပညတ်တော်အောက်တွင် နေထိုင်နေသော လူတို့အတွက် ဤသင်ကြားမှုတို့ကို လက်ခံရန် မလွယ်ကူပေ။ ထို့ကြောင့် သခင်ယေရှုသင်ကြားသော အရာတို့သည် ဤနယ်ပယ်အတွင်းမှာပင် ရှိခဲ့ရပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

လက်ရှိခေတ်ကာလတွင် ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များသည် ပညတ်တော်ခေတ်က ပြောခဲ့သော နှုတ်ကပတ်တော်များနှင့် မတူပေ၊ ထို့အပြင် ကျေးဇူးတော်ခေတ်က ပြောခဲ့သော နှုတ်ကပတ်တော်များနှင့်လည်း မတူပေ။ ကျေးဇူးတော်ခေတ်၌ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့်ဆိုင်သောအမှုကို မလုပ်ဘဲ၊ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ရန်အတွက် လက်ဝါးကပ်တိုင်၌ အသေခံသည့် အကြောင်းကိုသာ ဖော်ပြခဲ့သည်။ ကျမ်းစာက ယေရှုအဘယ်ကြောင့် လက်ဝါးကပ်တိုင်၌ အသေခံဖို့လိုသည့်အကြောင်း၊ လက်ဝါးကပ်တိုင်ပေါ်၌ မည်သို့သောဆင်းရဲဒုက္ခများကို ခံခဲ့ရသည့်အကြောင်းနှင့် လူသားသည် ဘုရားသခင်အတွက် လက်ဝါးကပ်တိုင်ပေါ်၌ မည်သို့အသေခံသင့်သည့်အကြောင်းတို့ကိုသာ ဖော်ပြထားသည်။ ထိုခေတ်၌ ဘုရားသခင်လုပ်ခဲ့သမျှသော အမှုအားလုံးသည် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းအပေါ် ဗဟိုပြုထားခဲ့သည်။ နိုင်ငံတော်ခေတ်၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုယုံကြည်သူများအားလုံးကို သိမ်းပိုက်ရန်အတွက် နှုတ်ကပတ်တော်များပြော၏။ ဤအရာမှာ “လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်” ပင်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလ၌ ဤအမှုကို လုပ်ဆောင်ရန် ရောက်လာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်၏ ရည်ရွယ်ချက်အစစ်အမှန်ကို ဖြစ်မြောက်စေဖို့ ရောက်လာခြင်းဖြစ်သည်။ သူသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုသည်၊ ထို့ပြင် အချက်အလက်များပေါ်ထွန်းလာမှု သိပ်မရှိပေ။ ဤအရာသည်ပင် လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်၏ အနှစ်သာရဖြစ်သည်။ ထို့ပြင် လူ့ဇာတိခံယူသော ဘုရားသခင်က နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ ယင်းသည် လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲသို့ ကြွဆင်းလာခြင်းဖြစ်သည်။ “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍...။” ဤအရာ (လူ့ဇာတိထဲ၌ နှုတ်ကပတ်တော်ပေါ်လာခြင်း၏ အမှု) သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်ပြီးမြောက်အောင်လုပ်မည့် အမှုဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်းလည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လောကသို့ကြွလာပြီး သူ၏နှုတ်ကပတ်တော်များကို လူ့ဇာတိထဲတွင် ထင်ရှားပြခြင်း ဖြစ်သည်။ ယနေ့လုပ်ပြီးသောအရာ၊ အနာဂတ်တွင် လုပ်မည့်အရာ၊ ဘုရားသခင်က အထမြောက်အောင် လုပ်မည့်အရာ၊ လူသား၏ နောက်ဆုံးပန်းတိုင်၊ ကယ်တင်ခြင်း ခံရမည့်သူများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ စသည်တို့နှင့် ပတ်သက်သော ဤအမှုသည် အဆုံး၌ ပြီးမြောက်အောင် လုပ်သင့်သည့် အမှုဖြစ်ပြီး ထိုအမှုနှင့်ပတ်သက်သော အကြောင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်သည်၊ ထို့အပြင် ထိုအရာများအားလုံးသည် လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်၏ ရည်ရွယ်ချက်အစစ်အမှန်ကို အထမြောက်စေခြင်းအလို့ငှာဖြစ်သည်။ ယခင်က ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့် ဥပဒေသများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ၊ ချမ်းသာခြင်းထဲသို့ ဝင်ရောက်ကြမည့်သူများ စသည်တို့နှင့်ပတ်သက်သော နှုတ်ကပတ်တော်များအားလုံးသည် ပြည့်စုံရမည် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်က ပြီးမြောက်အောင်လုပ်မည့် အဓိကအမှုဖြစ်သည်။ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားခြင်း မရှိသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ သူ၏လူများနှင့် သူ၏သားများကို မည်ကဲ့သို့အမျိုးအစား ခွဲခြားသတ်မှတ်မည်ဖြစ်ကြောင်း၊ ဣသရေလပြည်သည် မည်သို့ဖြစ်သွားလိမ့်မည်၊ အဲဂုတ္တုပြည်သည် မည်သို့ဖြစ်သွားလိမ့်မည် စသည်တို့ကို ဘုရားသခင်သည် လူတို့အား နားလည်စေသည်။ အနာဂတ်တွင် ထိုအရာများအကြောင်း ပြောထားသော နှုတ်ကပတ်တော်တိုင်းသည် ပြည့်စုံလိမ့်မည်။ ဘုရားသခင့်အမှု၏ အဆင့်များသည် အရှိန်မြင့်လာလျက်ရှိသည်။ ခေတ်တိုင်းခေတ်တိုင်းတွင် အဘယ်အရာကိုလုပ်ရမည်၊ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်က အဘယ်အရာကိုလုပ်ရမည်၊ ထို့ပြင် လုပ်ဆောင်ရမည့် သူ၏အမှုတော် စသည်တို့ကို လူသားအား ထုတ်ဖော်ပြသရန် နည်းလမ်းများအဖြစ် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ထို့ပြင် ဤနှုတ်ကပတ်တော်များ အားလုံးသည် လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်၏ ရည်ရွယ်ချက်အစစ်အမှန်ကို အထမြောက်စေရန်အလို့ငှာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

ယနေ့တွင် ငါပြောနေသော အရာမှာ လူတို့၏ အပြစ်များနှင့် သူတို့၏ မဖြောင့်မတ်မှုတို့ကို တရားစီရင်ရန် ဖြစ်သည်၊ လူတို့၏ ပုန်ကန်မှုကို ကျိန်ဆိုရန်ဖြစ်သည်။ သူတို့၏ လှည့်ဖြားမှုနှင့် ကောက်ကျစ်မှု၊ သူတို့၏ စကားလုံးများနှင့် လုပ်ရပ်များ၊ ဘုရားသခင်၏ အလိုတော်နှင့် မညီသော အရာခပ်သိမ်းတို့သည် တရား စီရင်ခြင်းကို ခံရပြီး လူတို့၏ ပုန်ကန်မှုသည် အပြစ်ရှိသည်ဟု သတ်မှတ်ရှုတ်ချခံရသည်။ ဘုရားသခင် သည် တရားစီရင်ခြင်း၏ အခြေခံသဘောတရားများအတိုင်း ပြောဆိုပြီး၊ သူတို့၏ ပုန်ကန်မှုကို ကျိန်ဆိုလျက်၊ သူတို့၏ အကျည်းတန်သော မျက်နှာများကို ထုတ်ဖော်လျက်၊ လူတို့၏ မဖြောင့်မတ်မှုကို တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဖော်ပြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်း အမှုတော်၏ ဒုတိယခြေလှမ်း အသီးသီးပုံ” မှ

ယနေ့ခေတ်၌ ဘုရားသခင်လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် သူ၏နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူ့သဘာဝဗီဇ၏ အနှစ်သာရနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ပြခြင်း၊ ဘာသာရေးဆိုင်ရာ အယူအဆများ၊ မြေရှင်ပဒေသရာဇ်စနစ်နှင့်ဆိုင်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်၊ လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ထိုအရာများကို ပေါ်ပေါ်ထင်ထင်ဖော်ပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် သန့်စင်ရမည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူသားကို စုံလင်အောင်ပြုရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို အသုံးမပြုပါ။ ဘုရားသခင်သည် လူသားကို ထုတ်ဖော်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်အောင်ပြုရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ထိုသို့အားဖြင့် လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်မှုကို မြင်လာစေရန်၊ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်စေရန်အတွက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” မှ

“တရားစီရင်ခြင်း” ဟူသော နှုတ်ကပတ်တော်နှင့် ပတ်သက်လာသောအခါ ယေဟောဝါသည် နေရာတိုင်းကို မိန့်ခဲ့ပြီး၊ ယေရှုက ဖာရိရှဲတို့ကို ပြစ်တင်ပြောဆိုရာတွင် သုံးနှုန်းခဲ့သော နှုတ်ကပတ်တော်ဖြစ်၏ဟု သင်စဉ်းစားမိမည်။ သူတို့၏ ပြင်းထန်မှုများ အားလုံးရှိလင့်ကစား ထိုနှုတ်ကပတ်တော်များသည် လူသားအတွက် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ချေ၊ မတူသော ပတ်ဝန်းကျင်၊ အခင်းအကျင်းများ အတွင်း၌ ဘုရားသခင် မိန့်ခဲ့သော နှုတ်ကပတ်တော်များဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် နောက်ဆုံးသော ကာလ၌ ခရစ်တော်က လူသားကို တရားစီရင်ရာတွင် သူပြောခဲ့သော နှုတ်ကပတ်တော်များနှင့် မတူပါ။ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ်လုပ်သည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုကို လူသားအား အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ သူသည် လူဇာတိကိုခံယူခဲ့သည်။ လူကိုသိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်ဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသားသည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အမှုအလုံးစုံကို နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူသားကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသားသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော်တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် ဘုရားသခင်တည်ရှိကြောင်းကို သူယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို သူယုံသည်၊ လူသားအပေါ်ထားသော ဘုရားသခင်၏မေတ္တာနှင့် လူကိုကယ်တင်လိုသည့် ဆန္ဒကိုလည်း သူယုံသည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရိုးသာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်တော်မှထွက်လာသော နှုတ်ကပတ်တော်သည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသား၏နှလုံးသား၊ အယူအဆ၊ စိတ်သဘောထားအဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုကဲ့သို့ စကားပြော၍ လူသားကို ထိုကဲ့သို့ကယ်တင်ရန် ကြွလာသည်။ ထိုအချိန်မှစ၍ လူသားသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ လူအားလုံးတို့သည် နှုတ်ကပတ်တော်၏ကမ္ဘာ၌ ရှင်သန်နေထိုင်လာကြသည်၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများအတွင်း၌ ရှင်သန်နေထိုင်လာကြသည်။ ထို့အပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် ရှင်သန်နေထိုင်လာကြသောသူများမှာ သာ၍ပင်များသေးသည်။ ဤနှုတ်ကပတ်တော်များနှင့် အမှုသည် လူသားကို ကယ်တင်ခြင်းအလို့ငှာ၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်စွမ်းခြင်းအလို့ငှာ၊ ဖန်ဆင်းခြင်းအဟောင်းဆိုင်ရာ လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့မှ လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် လောကဟောင်းတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည်ဖြစ်သည်။ ထို့နောက်တွင်မှ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

ထိုအချိန်က ယေရှုသည် သူ၏တပည့်များ နားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို လုပ်ဆောင်ခဲ့ပြီး၊ လူများ နားမလည်သည့် အရာများစွာက မိန့်ကြားခဲ့သည်။ ထိုစဉ်တုန်းက သူသည် ရှင်းပြချက်မပေးခဲ့၍ ထိုသို့ဖြစ်ခဲ့ရသည်။ သို့ဖြစ်၍ သူခွဲခွာသွားခဲ့သည့်နောက် နှစ်အချို့ကြာမှ မဿဲက သူ၏ ဆွေစဉ်မျိုးဆက်စာရင်းကို ပြုစုခဲ့ပြီး အခြားသူများကလည်း မိမိတို့ဆန္ဒအလျောက် အလုပ်များစွာ လုပ်ဆောင်ခဲ့ကြသည်။ ယေရှုသည် လူသားကို စုံလင်စေရန်နှင့် ရယူရန် လာခဲ့ခြင်းမဟုတ်ဘဲ၊ အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ရန် လာခဲ့ခြင်းဖြစ်သည်- ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ယူဆောင်လာရန်နှင့် လက်ဝါးကပ်တိုင်ပေါ် အသက်စွန်သည့်အမှုကို ပြီးဆုံးအောင်လုပ်ဆောင်ရန် ဖြစ်သောကြောင့် ယေရှု ကားစင်တင်သတ်ခြင်းခံခဲ့ရပြီးသည်နှင့် သူ၏အမှုမှာ ပြီးပြည့်စုံသော အဆုံးသတ်ကို ရောက်လာခဲ့သည်။ သို့သော် လက်ရှိအဆင့်ဖြစ်သည့် သိမ်းပိုက်ခြင်းအလုပ်ထဲတွင် သာ၍များသော နှုတ်ကပတ်တော်များကို ပြောကြားရပေမည်၊ သာ၍များသော အလုပ်ကို လုပ်ကိုင်ရပေမည်ဖြစ်ပြီး လုပ်ငန်းစဉ်များ မြောက်မြားစွာ ရှိရမည်ဖြစ်သည်။ သို့ဖြစ်၍ ယေရှုနှင့် ယေဟောဝါတို့၏ အမှု၏ နက်နဲရာများကိုပါ ထုတ်ဖော်ရပေမည်၊ သို့မှသာ လူသားအားလုံးတို့သည် သူတို့၏ ယုံကြည်မှုတွင် နားလည်မှုနှင့် စိတ်ရှင်းလင်းပြတ်သားမှု ရှိနိုင်ကြမည်ဖြစ်သည်၊ အကြောင်းမှာ ဤအရာသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်ပြီး နောက်ဆုံးသောကာလသည် ဘုရားသခင့်အလုပ်၏အဆုံး၊ ဤအလုပ်၏ နိဂုံးကာလဖြစ်သောကြောင့် ဖြစ်သည်။ အမှု၏ လက်ရှိအဆင့်က သင့်အား ယေဟောဝါ၏ ပညတ်တရားနှင့် ယေရှု၏ ရွေးနုတ်ခြင်းတို့ကို ရှင်းပြပေးမည်ဖြစ်၍၊ အဓိကအားဖြင့် သင်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ လုပ်ငန်းတစ်ခုလုံးကို နားလည်လျက် ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အရေးပါမှုနှင့် အနှစ်သာရအလုံးစုံကို တန်ဖိုးထားရန်၊ ယေရှုလုပ်ဆောင်ခဲ့သည့် အမှုနှင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံး၏ ရည်ရွယ်ချက်ကို နားလည်ရန်နှင့် သင်၏ သမ္မာကျမ်းစာအပေါ် မျက်ကန်းယုံကြည်လက်ခံမှုနှင့် ကြည်ညိုမှုကိုပင်လျှင် နားလည်ရန် ဖြစ်သည်။ ၎င်းက သင့်အား ထိုအချက်များ အားလုံးကို သတိမူမိလာစေမည်။ သင်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်ကိုရော ဘုရားသခင်၏ ယနေ့ လုပ်ရပ်ကိုပါ နားလည်လာလိမ့်မည်ဖြစ်ပြီး၊ သင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီး အားလုံးတို့ကို သိနားလည်လျက် စွဲကိုင်ထားလိမ့်မည် ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်အဆင့်တွင် ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်၏ အလုပ်ကို ဆုံးခန်းတိုင်အောင် မလုပ်ဘဲ ထွက်ခွာသွားခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ယေရှုအလုပ်၏အဆင့်သည် အဆုံးသတ်ခြင်းအလုပ် မဟုတ်ခဲ့၍ ဖြစ်သည်။ သူသည် ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရသည့်အချိန်တွင် သူ၏ နှုတ်ကပတ်တော်များသည်လည်း အဆုံးသို့ ရောက်လာခဲ့သည်၊ ကားတိုင်ပေါ် အသက်စွန့်ခဲ့ပြီးသည့်နောက် သူ၏ အလုပ်မှာ လုံးလုံးလျားလျား ပြီးဆုံးသွားခဲ့သည်။ လက်ရှိအဆင့်မှာ ကွဲပြားခြားနားသည်- နှုတ်ကပတ်တော်များကို အဆုံးတိုင်အောင် မိန့်ကြားပြီးသွားလျက် ဘုရားသခင်၏ လုပ်ဆောင်ချက် တစ်ရပ်လုံး ပြီးဆုံးသွားမှသာ သူ၏အလုပ်သည် ပြီးဆုံးလိမ့်မည်ဖြစ်သည်။ ယေရှု၏ လုပ်ဆောင်ချက်အဆင့်တွင် ထုတ်မပြောခဲ့သည့် သို့မဟုတ် ရှင်းလင်းစွာ အပြည့်အဝ မမိန့်ကြားခဲ့ဘဲ ကျန်ရစ်ခဲ့သည့် နှုတ်ကပတ်တော်များ မြောက်မြားစွာ ရှိခဲ့သည်။ သို့သော် ယေရှု၏ သာသနာမှာ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့်သာသနာ မဟုတ်သည့်အတွက် သူသည် မိန့်ကြားပြီးခဲ့သည့်အရာများ သို့မဟုတ် မမိန့်ကြားခဲ့သည့်အရာများကို အမှုမထားဘဲ ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရပြီးသည်နှင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ အမှု၏ ထိုအဆင့်မှာ အဓိကအားဖြင့် ကားတိုင်ပေါ် အသက်စွန့်ဖို့ရန်သာဖြစ်ပြီး ယနေ့အဆင့်နှင့် မတူချေ။ လုပ်ဆောင်ချက်၏ လက်ရှိအဆင့်မှာ အဓိကအားဖြင့် ပြီးပြည့်စုံစေရန်၊ အားလုံး ဖြေရှင်းရန်နှင့် အလုပ်အားလုံးကို နိဂုံးသို့ ပို့ဆောင်ပေးရန်ပင် ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ အလုပ်အားလုံးကို အဆုံးသို့ ပို့ဆောင်ပြီး နှုတ်ကပတ်တော်များကို အသုံးပြုခြင်းဖြင့် ပြီးမြောက်ပြီဖြစ်သည့်အတွက် နှုတ်ကပတ်တော်များကို ၎င်းတို့၏အဆုံးထိ မြွက်ကြားမပေးလျှင် လက်ရှိအမှုနိဂုံးချုပ်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်က ယေရှုသည် လူသားနားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို ဆောင်ရွက်ခဲ့သည်။ ယေရှုသည် တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး ယနေ့တွင် သူ၏ နှုတ်ကပတ်တော်များကို နားမလည်ကြသူများ အများအပြား ရှိနေကြဆဲပင်၊ သူတို့၏ နားလည်ခြင်းသည် မှားနေသော်ငြားလည်း သူတို့က မှန်ကန်သည်ဟု ယုံကြည်နေကြပြီး သူတို့ မှားနေကြောင်းကို မသိရှိကြချေ။ နောက်ဆုံးတွင် လက်ရှိအဆင့်သည် ဘုရားသခင်၏ အလုပ်ကို ပြီးပြည့်စုံသော အဆုံးသတ်သို့ ပို့ဆောင်ပေးလျက် ၎င်း၏နိဂုံးကို စီစဥ်ပေးလိမ့်မည်ဖြစ်သည်။ အားလုံးက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်လျက် သိရှိလာလိမ့်မည်ဖြစ်သည်။ လူသားအတွင်းရှိ အယူအဆများ၊ သူ၏ ရည်မှန်းချက်များ၊ သူ၏ လွဲမှားနေသည့် နားလည်မှု၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုအပေါ် သူ၏အယူအဆများ၊ တစ်ပါးအမျိုးသားများအပေါ် သူ၏ အမြင်များနှင့် သူ၏ အခြားလွဲချော်မှုများနှင့် အမှားများမှာ မှန်အောင်ပြင်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့နောက် လူသားသည် အသက်တာ၏ မှန်ကန်သောလမ်းကြောင်းများအားလုံး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးနှင့် သမ္မာတရားတစ်ခုလုံးကို နားလည်လာလိမ့်မည်။ ထို့သို့ဖြစ်လာသည့်အခါ အမှု၏ လက်ရှိအဆင့်မှာ အဆုံးသို့ ရောက်လာလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” မှ

ယခင်က:ဘုရားသခင်နာမတော်၏ အရေးပါမှုကို မသိခြင်းနှင့် ဘုရားသခင်၏ နာမတော်အသစ်ကို လက်မခံသည့် လူ့သား၏ ပြဿနာ သဘောသဘာဝကား အဘယ်နည်း။

နောက်တစ်ခုသို့:ကျေးဇူးတော််ခေတ်တွင် သခင်ယေရှု အမှုတော်ဆောင်ခဲ့ပုံနှင့် နိုင်ငံတော်ခေတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အမှုတော်ဆောင်ပုံအကြား မည်သည့်ကွဲပြားမှု ရှိပါသနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ