အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄။ ဘုရားသခင်၏ အမှုတော်သုံးဆင့်နှင့် ကိုယ်တော်၏နာမတော်များအကြား ဆက်နွှယ်မှုနှင့်ပတ်သက်သည့် သမ္မာတရားများ

၂) ကျေးဇူးတော််ခေတ်တွင် သခင်ယေရှု အမှုတော်ဆောင်ခဲ့ပုံနှင့် နိုင်ငံတော်ခေတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အမှုတော်ဆောင်ပုံအကြား မည်သည့်ကွဲပြားမှု ရှိပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သူ၏ ပထမအကြိမ် လူ့ဇာတိ ခံယူသည့် အတောအတွင်း သူ၏အလုပ်မှာ ရွေးနုတ်ကယ်တင်ရန် ဖြစ်သည့်အတွက် နာမကျန်းသောသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် ဘုရားသခင်အတွက် လိုအပ်ခဲ့သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ကယ်တင်ရန် အလို့ငှာ သူသည် သနားကြင်နာတတ်ရန်နှင့် ခွင့်လွှတ်တတ်ရန် လိုအပ်ခဲ့သည်။ ကားစင်တင်ခြင်း မခံရသေးခင် သူလုပ်ဆောင်ခဲ့သည့် အလုပ်မှာ နာမကျန်းသောသူကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းဖြစ်ပြီး၊ ထိုအရာမှာ လူသားကို အပြစ်တရားနှင့် မစင်ကြယ်ခြင်းမှ သူကယ်တင်မည် ဖြစ်ကြောင်းကို ကြိုတင်နိမိတ်ပြနေခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်သည် ကျေးဇူးတော်ခေတ် ဖြစ်သည့်အတွက် နာမကျန်းသောသူများကို သူကျန်းမာအောင်လုပ်ပေးရန် လိုအပ်ခဲ့ပြီး ဤနည်းဖြင့် ထိုခေတ်တွင် ကျေးဇူးတော်ကို ကိုယ်စားပြုသည့် အရာများဖြစ်သော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုများကို ပြသခဲ့သည်၊ အကြောင်းမှာ ကျေးဇူးတော်ခေတ်သည် ကျေးဇူးတော်ကို အပ်နှင်းခြင်း အပေါ်တွင် ဗဟိုပြုထားခြင်း၊ ယေရှု၌ထားရှိသည့် လူများ၏ ယုံကြည်ခြင်း အမှတ်သညာအားလုံး၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းချီးများ၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို သင်္ကတပြုထားခြင်း တို့ကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

ယေရှုပြုခဲ့သောအမှုသည် ထိုခေတ်မှ လူသား၏လိုအပ်ချက်များနှင့်အညီ ဖြစ်ခဲ့သည်။ သူ၏တာဝန်သည် လူသားတို့ကို ရွေးနုတ်ရန်၊ ၎င်းတို့၏အပြစ်များကို ခွင့်လွှတ်ရန်ဖြစ်ရာ၊ သူ၏စိတ်သဘောထားသည် နှိမ့်ချခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ ဘာသာတရား ကိုင်းရှိုင်းခြင်း၊ စိတ်ရှည်ခြင်း၊ သနားကရုဏာ၊ မေတ္တာတို့ဖြင့် အတိပြီးခဲ့၏။ သူသည် အလျှံပယ်များပြားလှသော ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာတို့နှင့် လူတို့ခံစားနိုင်မည့် အရာအားလုံးကို လူသားတို့ထံ ယူဆောင်လာခဲ့၏၊ ၎င်းတို့ခံစားရန် ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်း၊ သူ၏သည်းခံခြင်းနှင့် ချစ်ခြင်း၊ သူ၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့ကို ၎င်းတို့အား ပေးခဲ့၏။ ယင်းအချိန်၌ လူတို့ကြုံတွေ့ခဲ့ရသည့် အလျှံပယ်များပြားလှသော ခံစားစရာများဖြစ်သည့် ၎င်းတို့၏ စိတ်နှလုံးများအတွင်းမှ ငြိမ်းချမ်းမှုနှင့် လုံခြုံမှုခံစားချက်၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်းမှ စိတ်ချသေချာသော ခံစားချက်၊ ကယ်တင်ရှင်ယေရှုအပေါ် ၎င်းတို့၏ မှီခိုအားကိုးမှု စသည့်အရာအားလုံးတို့သည် ၎င်းတို့ရှင်သန်နေထိုင်ခဲ့သည့်ခေတ်တွင် ပါဝင်ခဲ့၏။ ကျေးဇူးတော်ခေတ်တွင် လူသားသည် စာတန်၏ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ ထို့ကြောင့် လူသားအားလုံးတို့အား ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေရန်အတွက် အလျှံပယ်ပေါများလှသော ကျေးဇူးတော်၊ အဆုံးမရှိသော စိတ်ရှည်သည်းခံခြင်းတို့ လိုအပ်ခဲ့သည့်အပြင်၊ ထိုမျှမက လူသားတို့၏အပြစ်များကို ပြေစေရန်အတွက် အကျိုးသက်ရောက်မှုရှိမည့် လုံလောက်ပြည့်စုံသော ယဇ်တစ်ခုကိုလည်း လိုအပ်ခဲ့သည်။ ကျေးဇူးတော်ခေတ်၌ လူသားတို့မြင်ခဲ့ရသောအရာသည် ၎င်းတို့၏အပြစ်များအတွက် ငါ၏အပြစ်ဖြေရာယဇ်ဖြစ်သည့် ယေရှုသာဖြစ်သည်။ ၎င်းတို့သိခဲ့သမျှမှာ ဘုရားသခင်သည် သနားကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း ရှိနိုင်သည်ဟူ၍ဖြစ်ပြီး၊ ၎င်းတို့မြင်ခဲ့သမျှမှာ ယေရှု၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့ပင် ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ကျေးဇူးတော်ခေတ်တွင် ရှင်သန်နေထိုင်ခဲ့သောကြောင့်သာဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် ရွေးနုတ်ခြင်း မခံရနိုင်မီ၌၊ အကျိုးတရားရရှိစေရန်အလို့ငှာ ၎င်းတို့အပေါ် ယေရှုက အပ်နှင်းထားသော ကျေးဇူးတော်အမျိုးမျိုးတို့ကို မဖြစ်မနေ ခံစားခဲ့ကြရသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ကျေးဇူးတော်ကို ခံစားခြင်းမှတစ်ဆင့် ၎င်းတို့၏အပြစ်များကို ခွင့်လွှတ်ခြင်း ခံရနိုင်သည့်အပြင်၊ ယေရှု၏စိတ်ရှည်သည်းခံမှုကို ခံစားခြင်းမှတစ်ဆင့် ရွေးနုတ်ခံရမည့် အခွင့်အလမ်းကိုလည်း ရနိုင်ခဲ့ကြလေသည်။ ၎င်းတို့သည် ယေရှု၏ စိတ်ရှည်သည်းခံမှုကြောင့်သာ ယေရှုအပ်နှင်းထားသည့် ခွင့်လွှတ်ခြင်းကို ရရှိရန်အခွင့်နှင့် အလျှံပယ်ဖြစ်သော ကျေးဇူးတော်ကို ခံစားရန်အခွင့်ကို ရခဲ့ကြခြင်းဖြစ်၏။ ငါသည် ဖြောင့်မတ်သူတို့ကို ရွေးနုတ်ရန် လာခဲ့ခြင်းမဟုတ်၊ အပြစ်သားတို့ကို ရွေးနုတ်ရန်၊ အပြစ်သားတို့အနေဖြင့် ၎င်းတို့၏ အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရစေရန် လာခဲ့ခြင်းဖြစ်သည်ဟူ၍ ယေရှုပြောခဲ့သလိုပင်ဖြစ်သည်။ အကယ်၍ လူ့ဇာတိခံယူသည့်အခါ ယေရှုသည် တရားစီရင်ခြင်း၊ ကျိန်ဆဲခြင်းနှင့် လူသား၏ ပုန်ကန်ပြစ်မှားခြင်းတို့အား သည်းမခံခြင်းဟူသည့် စိတ်သဘောထားကို ယူဆောင်လာခဲ့မည်ဆိုလျှင်၊ လူသားသည် ရွေးနုတ်ခံရမည့် အခွင့်အလမ်းကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်သကဲ့သို့၊ အပြစ်တို့ဖြင့်သာ ထာဝရပြည့်နှက်လျက်ရှိနေလိမ့်မည် ဖြစ်သည်။ ဤသို့သာဖြစ်ခဲ့လျှင်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်သည် ပညတ်တော်ခေတ်၌ ရပ်တန့်သွားခဲ့မည်ဖြစ်ကာ၊ ပညတ်တော်ခေတ်သည် နှစ်ခြောက်ထောင် ရှည်ကြာခဲ့ပေလိမ့်မည်။ လူသား၏ အပြစ်တို့သည်လည်း ပို၍များပြားကာ ပို၍ကြီးလေးလာလိမ့်မည်သာဖြစ်၍၊ လူသားတို့အား ဖန်ဆင်းခြင်းသည် အချည်းနှီးသာ ဖြစ်ခဲ့ပေလိမ့်မည်။ လူသားတို့သည် ယေဟောဝါအား ပညတ်တော်အောက်၌သာ အစေခံနိုင်ကြပေလိမ့်မည်၊ သို့ရာတွင် ၎င်းတို့၏ အပြစ်တို့မှာမူ အဦးအစ ဖန်ဆင်းခံလူသားတို့၏ အပြစ်တို့ထက် ကျော်လွန်သွားမည်သာဖြစ်၏။ ယေရှုသည် လူသားအား ၎င်းတို့၏ အပြစ်များကို ခွင့်လွှတ်လျက်၊ လုံလောက်ပြည့်စုံသော သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုကို ၎င်းတို့အပေါ် ယူဆောင်လာကာ ချစ်ခင်ခဲ့လေလေ၊ လူသားသည် ယေရှုအားဖြင့် ကယ်တင်ခံရရန်နှင့် ယေရှုက ကြီးစွာသော အဖိုးအခဖြင့် ပြန်ဝယ်ယူခဲ့သည့် ပျောက်သောသိုးသငယ်များအဖြစ် ခေါ်ဆိုခံရရန်အခွင့်ကို ပို၍ရလေလေဖြစ်၏။ ယေရှုသည် သူ၏နောက်လိုက်တို့ကို ချစ်သောမိခင်တစ်ဦးက မိမိ၏ရင်ဝယ်ရှိ နို့စို့ကလေးငယ်အား ဆက်ဆံသကဲ့သို့ ဆက်ဆံသောကြောင့်၊ စာတန်သည် ဤအမှုတွင် ဝင်ရောက်မစွက်ဖက်နိုင်ခဲ့ချေ။ ယေရှုသည် ၎င်းတို့အပေါ် ဒေါသဖြစ်ခြင်း၊ သို့မဟုတ် မထီမဲ့မြင်ပြုခြင်း မရှိခဲ့ဘဲ၊ နှစ်သိမ့်မှုဖြင့်သာ ပြည့်နှက်ခဲ့၏၊ သူသည် ၎င်းတို့ကြား၌ ဒေါသတကြီးဖြစ်ခြင်း အလျှင်းမရှိခဲ့ဘဲ၊ “အခြားသူတို့အား အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် ခွင့်လွှတ်ရမည်” ဟု ပြောဆိုခဲ့သည်အထိပင် ၎င်းတို့၏ အပြစ်များကို သည်းခံခဲ့ကာ၊ ၎င်းတို့၏ မိုက်မဲမှုနှင့် မသိနားမလည်မှုတို့ကို မသိကျိုးကျွန်ပြုခဲ့လေသည်။ ထို့ကြောင့် အခြားသူတို့၏ စိတ်နှလုံးတို့သည် သူ၏စိတ်နှလုံးအားဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခဲ့ပြီး ထို့ကြောင့်သာလျှင် လူတို့သည် သူ၏စိတ်ရှည်ခြင်းမှတစ်ဆင့် ၎င်းတို့၏ အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို ရခဲ့ကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်” မှ

သန့်ရှင်းသော ဝိညာဉ်တော်သည် ခေတ်ကို လိုက်၍ အလုပ်လုပ်သည်။ အလိုအရ သို့မဟုတ် ချမှတ်ထားသော စည်းမျဉ်းများအရသာ မဟုတ်ပေ။ ခေတ်ပြောင်းခဲ့ပြီဖြစ်ရာ ခေတ်သစ်သည် ယင်း၏ အလုပ်သစ်ကို ယူဆောင်လာရမည်။ ယင်းမှာ အလုပ်၏ အဆင့်တိုင်းအတွက် မှန်ကန်ပြီးဖြစ်ရာ သူ၏ အလုပ်သည် မည်သည့်အခါမျှ ထပ်ကျော့လုပ်မည် မဟုတ်ချေ။ ကျေးဇူးတော်ခေတ်တွင် ယေရှုသည် အလုပ်အများစုကို ဥပမာ- နာမကျန်းသူများကို ကုသခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ လူအတွက် ဆုတောင်းပေးရန်နှင့် လူကို ကောင်းချီးပေးရန် သူ၏ လက်ကိုတင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် ယင်းကို ဆက်လုပ်ရန် အတွက်မူ လက်ရှိ မျက်မှောက်နေ့ရက်များတွင် မည်သည့် ရည်ရွယ်ချက်ကိုမျှ မဖြည့်ဆည်းနိုင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုအချိန်က ကျေးဇူးတော်ခေတ် ဖြစ်သည့်အတွက် ထိုအလုပ်ကို ထိုသို့သော နည်းလမ်းဖြင့် လုပ်ခဲ့ပြီး လူတို့အား ပျော်မွေ့ခံစားခြင်းအတွက် ကျေးဇူးတော်ကို လုံလောက်စွာ ပြခဲ့သည်။ လူသည် မည်သည့် အဖိုးအခကိုမျှ ပေးရန်မလိုခဲ့ဘဲ သူ့တွင် ယုံကြည်ခြင်း ရှိနေသမျှ ကျေးဇူးတော်ကို ရရှိနိုင်သည်။ အားလုံးသည် နူးညံ့ကြင်နာစွာ ဆက်ဆံခံကြရသည်။ ယခုအခါ ခေတ်ပြောင်းသွားပြီဖြစ်ပြီး ဘုရားသခင်၏ အလုပ်သည် ရှေ့သို့ ပိုမို တိုးရတော့မည်၊ သူ၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ တဆင့် လူ၏ တော်လှန်ပုန်ကန်မှုနှင့် လူအတွင်းရှိ မသန့်ရှင်းသော အရာများသည် ဖယ်ရှားခံရလိမ့်မည်။ ယင်းသည် ရွေးနှုတ်ခြင်း၏ အဆင့်ဖြစ်ရာ ဘုရားသခင်သည် ယင်းသို့သော အလုပ်များကို လုပ်ရသည်၊ လူကို ပျော်မွေ့ခံစားရန် လုံလောက်သော ကျေးဇူးတော်ကို ပြသထားခြင်းဖြင့် လူသည် အပြစ်မှ ရွေးနှုတ်ခံရကာ ကျေးဇူးတော်မှတစ်ဆင့် သူတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံရသည်။ ဤလက်ရှိအဆင့်တွင် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စကားလုံးများ၏ ပြင်းစွာရိုက်နှက်ခြင်း သာမက စကားလုံးများ၏ ပဲ့ပြင် ဆုံးမခြင်းနှင့် ဖွင့်ပြခြင်း အားဖြင့်လူသားအတွင်းရှိ မဖြောင့်မတ်မှုများကို ဖော်ထုတ်ခြင်းဖြင့် နောက်ပိုင်းတွင် သူတို့ကို ကယ်တင်ခြင်းရစေရန် လုပ်ဆောင်သည်။ ယင်းသည် ရွေးနှုတ်ခြင်းထက် ပိုမိုနက်နဲသော အလုပ် ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် လူသည် လုံလောက်သော ကျေးဇူးတော်ကို ခံစားခဲ့ပြီး ယင်းကျေးဇူးတော်ကို တွေ့ကြုံပြီးလည်း ဖြစ်ရာ လူသားက ယင်းတွင် ပျော်မွေ့ခံစားရန် မရှိတော့ပေ။ ယင်းကဲ့သို့သော အလုပ်သည် ယခုအခါ ခေတ်မမီတော့ဘဲ ဆက်လုပ်စရာလည်း မလိုအပ်တော့ပေ။ ယခုအခါ လူသည် စကားလုံးများအားဖြင့် တရားစီရင်ခြင်းမှ ကယ်တင်ခြင်းခံရသည်။ လူကို တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးပြုပြင်ခြင်းတို့ လုပ်ပြီးနောက်တွင် သူ၏ စိတ်သဘောထားသည် ထိုအခါ ပြောင်းလဲ သွားလိမ့်မည်။ ယင်းမှာ ငါပြောထားသော နှုတ်ကပတ်တော်များကြောင့် မဟုတ်ပါလား။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူသောအခါ၊ သူ၏အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးကာ လက်တွေ့ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားမှ လူသားကိုကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံအကြောင်းရင်းများ ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

ယနေ့တွင် ငါပြောနေသော အရာမှာ လူတို့၏ အပြစ်များနှင့် သူတို့၏ မဖြောင့်မတ်မှုတို့ကို တရားစီရင်ရန် ဖြစ်သည်၊ လူတို့၏ ပုန်ကန်မှုကို ကျိန်ဆိုရန်ဖြစ်သည်။ သူတို့၏ လှည့်ဖြားမှုနှင့် ကောက်ကျစ်မှု၊ သူတို့၏ စကားလုံးများနှင့် လုပ်ရပ်များ၊ ဘုရားသခင်၏ အလိုတော်နှင့် မညီသော အရာခပ်သိမ်းတို့သည် တရား စီရင်ခြင်းကို ခံရပြီး လူတို့၏ ပုန်ကန်မှုသည် အပြစ်ရှိသည်ဟု သတ်မှတ်ရှုတ်ချခံရသည်။ ဘုရားသခင် သည် တရားစီရင်ခြင်း၏ အခြေခံသဘောတရားများအတိုင်း ပြောဆိုပြီး၊ သူတို့၏ ပုန်ကန်မှုကို ကျိန်ဆိုလျက်၊ သူတို့၏ အကျည်းတန်သော မျက်နှာများကို ထုတ်ဖော်လျက်၊ လူတို့၏ မဖြောင့်မတ်မှုကို တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဖော်ပြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်း အမှုတော်၏ ဒုတိယခြေလှမ်း အသီးသီးပုံ” မှ

ဘုရားသခင်တွင် လူသားကို စုံလင်အောင် ပြုခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချသည်၊ လူသားကို ဖော်ထုတ်လှန်ထားရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး တစ်ဖက်တွင် လူသားကို ဖော်ထုတ်လှန်ထားကာ အခြားတစ်ဖက်တွင် လူသားကို ဖွင့်ဟပြသည်၊ လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြသည်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေသည်။ ဘုရားသခင်သည် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်၊ ဖော်ပြခြင်း၊ ကိုယ်တွယ်ဆုံးမခြင်း၊ စစ်ဆေးပြုပြင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများကို အသုံးပြုသည်၊ ထိုသို့အားဖြင့် ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည်” မှ

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေခြင်းဖြစ်သည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းအားဖြင့်သာ လူသားကိုစုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ “အကယ်၍ ဘုရားသခင်သည် လူသားကိုကျိန်ဆိုခဲ့မည်ဆိုလျှင်၊ လူသား သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကိုတရားစီရင်မည်ဆိုလျှင်၊ လူသားသည် အစီရင်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း” ဟု ၎င်းတို့က ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများ ပြောသောစကားများ ဖြစ်သည်။ ဘုရားသခင် ကျိန်ဆိုသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူ တရားစီရင်သည့်အရာမှာ လူသား၏အပြစ်များ ဖြစ်သည်။ ကိုယ်တော်သည် သနားညှာတာခြင်းမရှိပဲ ပြင်းထန်စွာ ပြောဆိုသော်လည်း၊ သူသည် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်ပြီး၊ ဤခက်ထန်သော နှုတ်ကပတ်တော်များအားဖြင့် လူသားအတွင်း၌ မည်သည့်အရာက အရေးကြီးကြောင်းကို သူဖော်ထုတ်လေ၏။ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့်၊ သူသည် လူသားအား လူ့ဇာတိ အနှစ်သာရ၏ လေးနက်သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် နာခံခြင်းကို ဆက်ကပ်ခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး၊ စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် မနာခံခြင်းဖြစ်၍၊ ဘုရားသခင် ပြစ်တင်ဆုံးမသည့် အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်စေကာ စစ်ဆေးခြင်းအမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုမှသာလျှင်၊ ဘုရားသခင်၏အမှု ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

ယခင်က ဘုရားသခင်၏ ကယ်တင်ခြင်းနည်းလမ်းမှာ အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာကို ပြသခြင်းဖြစ်ခဲ့ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် အလဲအလှယ်လုပ်ရန်အတွက် ဘုရားသခင်သည် သူ၏အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိပင်ဖြစ်သည်။ ယနေ့ကာလတွင်မူ ယခင်ကဲ့သို့မဟုတ်။ ယနေ့ကာလ၌ သင်တို့၏ကယ်တင်ခြင်းသည် တစ်ဦးစီကို အမျိုးအစားအလိုက် အုပ်စုခွဲခြားချိန်အတွင်းဖြစ်သည့် နောက်ဆုံးသောကာလ၏အချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်၊ သင်တို့ကို ကယ်တင်သည့်နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်တော့ဘဲ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရစေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ပင်ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ဖြစ်သော်လည်း ဤကဲ့သို့ အကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါသည်ကို သိမှတ်လော့၊ ငါ၏နှုတ်ကပတ်တော်တို့သည် မည်မျှကြမ်းတမ်းသည်ဖြစ်စေ သင်တို့အပေါ်သို့ ကျရောက်သည့်အရာမှာ သင်တို့အတွက် လုံးဝအကြင်နာမဲ့ဟန်တူသည့် နှုတ်ကပတ်တော် အနည်းငယ်သာလျှင်ဖြစ်သည်ကို သိမှတ်လော့၊ ထို့အပြင် ငါ၏ဒေါသသည် မည်မျှပင်ကြီးပါစေ သင်တို့အပေါ်သို့ ကျရောက်သည်မှာ အဆုံးအမနှုတ်ကပတ်တော်များသာလျှင် ဖြစ်သည်ကို သိမှတ်လော့၊ သင့်တို့ကို ထိခိုက်နစ်နာအောင်ပြုရန်၊ သို့မဟုတ် ကွပ်မျက်ရန် ငါမရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းပင် မဟုတ်လော။ ယခုခေတ်၌ ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းပင်ဖြစ်စေ အားလုံးသည် ကယ်တင်ခြင်းအဖို့အလို့ငှာဖြစ်ကြောင်း သိမှတ်လော့။ ယနေ့ တစ်ဦးစီကို အမျိုးအစားအလိုက် အုပ်စုခွဲခြားမှုရှိသည်ဖြစ်စေ၊ သို့မဟုတ် လူသား၏ အမျိုးအစားများကို ဖော်ထုတ်ပြသည်ဖြစ်စေ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန်အတွက်ပင် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းမှာ လူသားကို သန့်စင်စေရန်ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းမှာ လူသားကို သန့်စင်စေရန်ဖြစ်သည်၊ ကြမ်းတမ်းသောစကားလုံးများ၊ သို့မဟုတ် ဆုံးမခြင်းတို့မှာ သန့်စင်စေရန်သာဖြစ်ပြီး ကယ်တင်ခြင်းအတွက်သာလျှင် ဖြစ်သည်။ ထို့ကြောင့် ယနေ့ကယ်တင်ခြင်း၏ နည်းစနစ်မှာ ရှေးယခင်ကနှင့် မတူပေ။ ယနေ့တွင် ဖြောင့်မတ်သည့် တရားစီရင်ခြင်းက သင်တို့ကို ကယ်တင်သည့်အပြင် အမျိုးအစားအလိုက် သင်တို့တစ်ဦးစီကို အုပ်စုခွဲခြားရန်အတွက် တန်ဆာပလာကောင်းပင်ဖြစ်သည်၊ ရက်စက်သည့် ပြစ်တင်ဆုံးမခြင်းသည် သင်တို့အတွက် အမြင့်ဆုံးသော ကယ်တင်ခြင်းကို ယူဆောင်လာပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့် ရင်ဆိုင်တွေ့သောအခါ သင်တို့၌ အဘယ်ပြောစရာရှိသနည်း။ ကယ်တင်ခြင်းကို အစမှအဆုံးတိုင်အောင် သင်တို့မွေ့လျော်ခဲ့သည် မဟုတ်လော။ လူ့ဇာတိခံယူသော ဘုရားသခင်၊ သူ၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာနှစ်ခုလုံးကို သင်တို့မြင်ခဲ့ကြပြီးဖြစ်သည်၊ ထို့အပြင် အကြိမ်ကြိမ် ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကိုလည်း သင်တို့တွေ့ကြုံပြီးဖြစ်သည်။ သို့သော် အဆုံးစွန်ကျေးဇူးတော်ကိုလည်း သင်တို့ရရှိထားကြသည် မဟုတ်လော။ သင်တို့၏ကောင်းချီးမင်္ဂလာများသည် အခြားသူများ၏ ကောင်းချီးမင်္ဂလာတို့ထက် ပို၍ကြီးမားသည် မဟုတ်သလော။ သင်တို့ရရှိသော ကျေးဇူးတော်များမှာ ရှောလမုန်မင်းကြီး ခံစားခဲ့ရသည့် ဂုဏ်ကျက်သရေနှင့် ချမ်းသာကြွယ်ဝမှုများထက် ပို၍ရက်ရောကုံလုံသည် မဟုတ်လော။ စဉ်းစားကြည့်ကြလော့- ငါကြွလာခြင်း၏ ရည်ရွယ်ချက်သည် သင်တို့ကို စီရင်ချက်ချရန်နှင့် အပြစ်ဒဏ်ပေးရန်ဖြစ်ပြီး သင်တို့ကို ကယ်တင်ရန်မဟုတ်ပါက၊ သင်တို့၏နေ့ရက်များသည် ဤမျှကြာရှည်ခံနိုင်ခဲ့လိမ့်မည်လော။ အပြစ်နှင့်ပြည့်သော အသွေးအသားနှင့်ဖြစ်တည်သည့် သင်တို့သည် ယနေ့တိုင်အောင် ရှင်သန်နိုင်ခဲ့လိမ့်မည်လော။ အကယ်၍ ငါကြွလာခြင်း၏ ရည်ရွယ်ချက်သည် သင်တို့ကို အပြစ်ဒဏ်ပေးရန်သာဖြစ်ပါက၊ ငါသည် အဘယ့်ကြောင့် လူ့ဇာတိကိုခံယူပြီး ယင်းသို့သော ကြီးလေးသည့်အမှုကို စတင်လုပ်ဆောင်ခဲ့ရမည်နည်း။ သေမျိုးမျှသာဖြစ်သော သင်တို့ကို ပြစ်ဒဏ်ပေးရန်မှာ စကားတစ်ခွန်းကို မိန့်မြွက်ချိန်သာ ကြာမည်မဟုတ်လော။ ငါသည် သင်တို့ကို စီရင်ချက်ချပြီးနောက် ဖျက်ဆီးပစ်ရန် လိုလားနေဦးမည်လော။ ငါပြောသော ဤနှုတ်ကပတ်တော်များကို သင်တို့မယုံကြသေးသလော။ ငါသည် ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာအားဖြင့်သာ လူသားကို ကယ်တင်နိုင်မည်လော။ သို့တည်းမဟုတ် လူသားကို ကယ်တင်ရန် ကားတိုင်ပေါ်တွင် အသေခံခြင်းကိုသာ ငါအသုံးပြုနိုင်မည်လော။ ငါ၏ဖြောင့်မတ်သောစိတ်သဘောထားက လူသားတို့ကို လုံးလုံးနာခံလာရန် ပို၍ထောက်ကူနေသည် မဟုတ်လော။ ဤအရာက လူသားတို့ကို စေ့စေ့စပ်စပ် ပို၍ကယ်တင်နိုင်သည် မဟုတ်လော။

ငါ၏နှုတ်ကပတ်တော်တို့သည် ခက်ထန်နိုင်သော်လည်း ၎င်းတို့အားလုံးကို လူသား၏ ကယ်တင်ခြင်းအတွက် ပြောထားခြင်းဖြစ်သည်၊ ငါသည် နှုတ်ကပတ်တော်များကို ပြောခြင်းသာ ပြုပြီး လူသား၏ဇာတိခန္ဓာကိုယ်ကို အပြစ်ဒဏ်ပေးခြင်းကို မပြုသောကြောင့်ပင်တည်း။ ဤနှုတ်ကပတ်တော်များသည် လူသားတို့ကို အလင်းထဲတွင် နေထိုင်စေပြီး အလင်းရှိကြောင်း သိစေသည်၊ အလင်းသည် တန်ဖိုးရှိကြောင်း သိစေသည်၊ ထို့ထက်မက ဤနှုတ်ကပတ်တော်တို့သည် လူသားကို အဘယ်မျှလောက်အကျိုးပြုကြောင်း သိစေပြီး ဘုရားသခင်သည် ကယ်တင်ခြင်းဖြစ်ကြောင်းကို သိစေသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များကို ငါများစွာပြောခဲ့သော်လည်း စင်စစ်အားဖြင့် ၎င်းတို့ကို သင်တို့အပေါ်သို့ ငါမလုပ်ဆောင်ရသေး။ ငါ၏အမှုကို လုပ်ဆောင်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို မိန့်ကြားရန် ငါလာခဲ့သည်၊ ငါ၏နှုတ်ကပတ်တော်တို့သည် ခက်ထန်နိုင်သော်လည်း သင်တို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် ပုန်ကန်မှုတို့ကို တရားစီရင်သောအားဖြင့် ၎င်းတို့ကို မိန့်ကြားထားခြင်းဖြစ်၏။ ဤသို့ ငါပြုရသည့် ရည်ရွယ်ချက်မှာ စာတန်၏ အုပ်စိုးမှုအောက်မှ လူသားများကို ကယ်တင်ရန်၊ ငါ့နှုတ်ကပတ်တော်များကို အသုံးပြု၍ လူသားတို့ကို ကယ်တင်ရန်သာ ဖြစ်နေသေးသည်၊ ငါ၏ရည်ရွယ်ချက်မှာ လူသားတို့ကို ငါ၏နှုတ်ကပတ်တော်တို့ဖြင့် ထိခိုက်နာကျင်စေရန်မဟုတ်။ ငါ၏အမှုမှ ရလဒ်များ ရလာနိုင်ရန်အလို့ငှာ ငါ၏နှုတ်ကပတ်တော်များက ခက်ထန်နေခြင်း ဖြစ်သည်။ ဤနည်းဖြင့် အမှုပြုခြင်းဖြင့်သာ လူသားတို့သည် မိမိတို့ကိုယ်မိမိ သိလာကြမည်ဖြစ်ပြီး သူတို့၏ ပုန်ကန်တတ်သည့် စိတ်နေသဘောထားမှ ထွက်ပြေးလွတ်မြောက်နိုင်ကြမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားတို့ကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” မှ

ယခင်က:ကျေးဇူးတော်ကာလတွင် သခင်ယေရှု ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များနှင့် နိုင်ငံတော်ခေတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များအကြား မည်သည့်ကွဲပြားမှု ရှိပါသနည်း။

နောက်တစ်ခုသို့:ကျေးဇူးတော်ကာလအတွင်း အသင်းတော်၏အသက်တာနှင့် နိုင်ငံတော်ခေတ်အတွင်း အသင်းတော်၏ အသက်တာကြားတွင် မည်သည့်ကွဲပြားမှု ရှိပါသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ