အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၉၁။ “သဘောကောင်းခြင်း” ကို နှုတ်ဆက်ခွဲခွာခြင်း

လင်ဖန်း၊ စပိန်

ကျွန်မ၏ ကလေးဘဝကို ကျွန်မ မိထွေး၏ အော်သံနှင့် ဆဲဆိုသံများကြားတွင် ကုန်ဆုံးခဲ့ရသည်။ နောက်ပိုင်းတွင်၊ ကျွန်မ ပိုသိတတ်လာသည့်အခါ၊ ကျွန်မ မိထွေးနှင့် ကျွန်မ၏ အနီးဝန်းကျင်က လူတို့နှင့် အဆင်ပြေဖို့ရန်အလို့ငှာ၊ “ပြဿနာကို ထောက်ပြသည်ထက် မိမိဘာသာ ငြိမ်နေသည်က ပိုကောင်း၏”၊ “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ” ဆိုသည်နှင့် “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် ဆိတ်ဆိတ်ငြိမ်နေခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” ဟူသော ဆိုးယုတ်သည့် ဆက်လက်ရှင်သန်ရေး နိယာမများကို ကျွန်မ လက်ခံလိုက်နာခဲ့သည်။ ဤအရာက ကျွန်မကို အခြားသူများ၏ ချီးမွမ်းမှု ရရှိစေပြီး ကျွန်မနှင့် အဆင်ပြေဖို့ လွယ်သည်ဟု လူတိုင်းက ပြောကြရသည်။ တဖြည်းဖြည်းနှင့်၊ ဘဝသင်ခန်းစာအချို့ကို ကျွန်မ အနှစ်ချုပ်ကောက်နုတ်ခဲ့သည်။ ဤမှောင်မိုက်ပြီး ဆိုးညစ်သော လူမှုအဖွဲ့အစည်းတွင် အသက်ရှင်သန်ဖို့အတွက်ဆိုလျှင် ကျွန်မ အနီးအနားက လူများနှင့် ကျွန်မ အဆင်ပြေရပါမည်။ ထို့နောက်တွင်မှ ကျွန်မ လိုက်လျောညီထွေ ဖြစ်မည်ဖြစ်သည်။ အသင်းတော်ကို ရောက်လာပြီးသည့်နောက် အလားတူ စည်းမျဉ်းများဖြင့် ကျွန်မ ပြုမူဆဲ ဖြစ်သည်။ ကျွန်မ တာဝန်ကို ဆောင်ရွက်စဉ် ပြဿနာတစ်ခုခုနှင့် အမှတ်မထင် တွေ့သည့်အခါတိုင်းတွင်၊ ကျွန်မ နှုတ်ဆိတ်ခဲ့ပြီး၊ ပြဿနာကို ထောက်ပြခြင်းက လူတို့ကို စိတ်အနှောင့်အယှက်ပေးမိပြီး ကျွန်မအတွက် ကောင်းလိမ့်မည်မဟုတ်သည်ကို ကျွန်မ စိုးရိမ်ခဲ့သည်။ သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်ဆောင်နိုင်ခြင်းက အသင်းတော်၏ အလုပ်ကို ထိခိုက်ခဲ့ပြီး ဘုရားသခင်ရှေ့တွင် အပြစ်တစ်ခု ဖြစ်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့က “သဘောကောင်းသာ” လူတစ်ဦးအဖြစ် ကျွန်မ၏ သရုပ်အစစ်အမှန်ကို ဖော်ပြခဲ့ပြီး ထို “သဘောကောင်းသော” လူတို့၏ ဂုဏ်ဒြပ်နှင့် ဆိုင်သော အသိပညာအချို့ကို ရရှိခွင့်ပေးခဲ့သည်။ “သဘောကောင်းသည့်” အဖြစ်က အခြားသူများကို ထိခိုက်စေသလို မိမိကိုယ်ကိုယ်ကိုလည်း နာကျင်စေပြီး ဘုရားသခင်ကို ဆန့်ကျင်ခြင်းလမ်းကြောင်းတည်းဟူသော ပြန်လမ်းမရှိသည့် လမ်းကြောင်းကို ကျွန်မ လျှောက်ခဲ့ပြီးဖြစ်သည်ကို ကျွန်မ မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ကျွန်မ၏ “သဘောကောင်း” ခြင်း စိတ်နေစိတ်ထား၏ အချုပ်အနှောင်များကို စွန့်ပယ်ဖို့၊ သမ္မာရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများကို လိုက်နာဖို့ သတ္တရှိရန်နှင့် ရိုးသားသော သူတစ်ဦးတစ်ယောက်၏ ပုံပန်းအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်ရန် ကျွန်မ စိတ်ဆုံးဖြတ်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အလယ်အဆင့် ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ အရွေးခံခဲ့ရပါသည်။ လေ့ကျင့်ဖို့ရန် ဤအခွင့်အရေး ကျွန်မကို ပေးသည့်အတွက် ဘုရားသခင်ကို ကျွန်မ အလွန်ကျေးဇူးတင်ရှိခဲ့ပြီး၊ ကျွန်မ တာဝန်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်ရန်၊ ဘုရားသခင်ကို ကျေနပ်စေပြီး ကျွန်မအပေါ် ဘုရားသခင်၏ မျှော်လင့်ချက်များနှင့် လျော်ညီအောင် နေထိုင်ရန် ကျွန်မ စိတ်ဆုံးဖြတ်ခဲ့သည်။ ကျွန်မတာဝန်ကို ကျွန်မ လက်ခံလိုက်သည့်အချိန်တွင်၊ အသင်းတော်၏ အရေးကိစ္စအချို့နှင့် ကျွန်မ သိပ်အကျွမ်းမဝင်ခဲ့ပါ။ ကျွန်မနှင့် အဖွဲ့ကျသည့် အစ်မ လျူက ဤတာဝန်ကို တစ်နှစ်ကျော်ဆောင်ရွက်နေခဲ့ပြီး အသင်းတော်၏ အလုပ် ကဏ္ဍအမျိုးမျိုးနှင့် အတော်ကလေး အကျွမ်းဝင်ခဲ့သည်။ ကျွန်မ ပြဿနာတစ်ခု အမှတ်မထင် တွေ့ရသည့်အခါတိုင်းတွင်၊ အစ်မလျူကို ကျွန်မ မေးတတ်ပြီး သူ ကျွန်မကို မကြာခဏ ကူညီခဲ့လေသည်။ သို့သော် အစည်းအဝေးများအတွင်းတွင်၊ အစ်မလျူက ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကိုသာ ပြောဆိုပြီး ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် စစ်မှန်မှု မရှိခဲ့သည်ကို ကျွန်မ တဖြည်းဖြည်း နားလည်ခဲ့ရသည်။ သူမသည် သူမ၏ တာဝန်ကို ဆောင်ရွက်ခြင်းနှင့် ပတ်သက်လာသည့်အခါ အလွန်ပင် မလှုပ်မယှက်ဖြစ်ပြီး တကယ့်အလုပ်ကိုလည်း မလုပ်ပါ။ ညီအစ်ကို မောင်နှမများက သူ့ထံ ပြဿနာများ အစီရင်ခံသည့်အခါ၊ ယင်းတို့ကို ပြုပြင်ဖို့ သူ မကြိုးစားခဲ့ပါ။ အထူးသဖြင့်၊ အရေးတကြီး အစားထိုးရန်လိုအပ်သည့် အသင်းတော်ထဲက အယောင်ဆောင် ခေါင်းဆောင်များကို သူမ ကိုင်တွယ်မဖြေရှင်းခဲ့ဘဲ၊ ယင်းအစား ပြဿနာကို ရှောင်လွှဲနေခဲ့သည်။ ဤအချိန်အတွင်းတွင်၊ အသင်းတော် ခေါင်းဆောင် အစ်မ ကျန်းသည် လုပ်ရိုးလုပ်စဉ်များကိုသာ မည်သို့ သက်သက်လုပ်ဆောင်နေပုံ၊ သူမ၏ တာဝန်ကို ဆောင်ရွက်သည့်အခါ တကယ့်အလုပ်ကို သူမ မည်သို့လုံးဝမလုပ်ခဲ့ပုံနှင့် အစည်းအဝေးများတွင် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကလွဲ၍ ဘာမျှ သူမ မပြောဆိုပုံတို့ကို အစ်မလျူက ကြိမ်ဖန်များစွာ ဖော်ပြခဲ့သည်။ ထို့အပြင်၊ အစ်မ ကျန်းက အခြားသူများ၏ အကြံပြုချက်များ သို့မဟုတ် အကူအညီများကိုပင် လက်မခံခဲ့ပါ။ သို့သော် ဤအရာကို ပြောပြီးနောက်တွင်၊ အစ်မ လျူသည် အစ်မ ကျန်းကို အစားထိုးဖို့ ရည်ရွယ်ချက် တစ်ခုတစ်လေ ရှိပုံမရချေ။ နောက်ပိုင်းတွင်၊ အစ်မကျန်းကို ကျွန်မ တွေ့ရသည့်အခါ၊ သူသည် အစ်မလျူ ပြောသည့်အတိုင်း တကယ်ကို ဖြစ်နေသည်ကို ကျွန်မ ရှာတွေ့ခဲ့ရသည်။ထို့ကြောင့် အစ်မလျူကို ကျွန်မက၊ “စည်းမျဉ်းအရ အစ်မ ကျန်းမှာ သိသာထင်ရှားတဲ့အရာကို အကဲဖြတ်ရရင်၊ သူက သမ္မာတရားကို မလိုက်စားတဲ့၊ တကယ့်အလုပ်ကို မလုပ်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်မရှိတဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ပဲ။ သူ့ကို အစားထိုးသင့်တယ်” ဟု ပြောခဲ့သည်။ သို့သော် အစ်မလျူက ပေါ့ပေါ့တန်တန်ဖြင့်၊ “ညီအစ်မ ကျန်းက လုံလုံလောက်လောက် မလုပ်နိုင်တာ ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမယ့် ခုချိန်မှာတော့ သူက တစ်ချို့အလုပ်တွေ လုပ်နိုင်သေးတယ်လေ။ ကြိုးစားပြီး သူ့ကို ကူညီရအောင်ပါ” ဟုသာ တုန့်ပြန်ခဲ့သည်။ ကျွန်မ စိတ်နှလုံးထဲတွင်၊ “ကျွန်မတို့ရဲ့ အလုပ်စီမံခန့်ခွဲမှုမှာ အသင်းတော်ထဲမှာ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကို ရှာတွေ့တာနဲ့တပြိုင်နက်၊ သူတို့ကို အချိန်မီအစားထိုးရမယ်လို့ ပြောထားတယ်။ အစ်မ ကျန်းက အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအဖြစ် ဖော်ထုတ်ခံရနှင့်ပြီးပြီဆိုတော့ သူ့ကို အစားထိုးသင့်တယ်လေ” ဟု ကျွန်မ တွေးမိခဲ့သည်။ ဤအရာကို ပြောဖို့ ကျွန်မ နှုတ်ကို ဖွင့်ခါနီးဆဲဆဲတွင်ကျွန်မက၊ “အစ်မလျူက အချိန်အကြာကြီး ခေါင်းဆောင်အနေနဲ့ သူ့တာဝန်ကို ဆောင်ရွက်နေခဲ့ပြီးပြီ။ အလုပ်စီမံခန့်ခွဲမှု သတ်မှတ်ချက်တွေကို သူ သတိပြုမိသင့်တယ်။ ငါ မရမကပြောရင်၊ သူ တကယ့်အလုပ်ကို လုပ်မနေဘူးလို့ ငါ ပြောနေတယ်ဆိုပြီး သူထင်မလား။ ငါက ရေးကြီးခွင်ကျယ်လုပ်နေပြီး ငါနဲ့အဆင်ပြေဖို့ ခက်တယ်လို့ သူ ထင်မလား။ အို။ ငါ့အတွက် ဒါက အသစ်အဆန်းဖြစ်သလို ငါ နားမလည်တာတွေ အများကြီးရှိတယ်။ သူ့နဲ့ ငါ အချိန်ခဏ အလုပ်လုပ်ဖို့လည်း ရှိတယ်။ ဒီအရာကြောင့် အစ်မလျူနဲ့ငါ စကားများရင်၊ ငါတို့တာဝန်ကို အတူတူ ဘယ်လိုလုပ်ကြမှာလဲ။ ငါ မေ့လိုက်သင့်ပါတယ်လေ” ဟု ကိုယ့်ကိုယ်ကိုယ် တွေးမိလိုက်သည်။ ဤအရာကို တွေးမိသည့်အခါ၊ ကျွန်မ နောက်ထပ်ဘာမျှမပြောတော့ပါ။

နောက်ပိုင်းတွင် အစ်မကျန်းနှင့် ကျွန်မ အကြိမ်အနည်းငယ် မိတ်သဟာယပြုခဲ့သော်လည်း သူမ၏ အခြေအနေတွင် တိုးတက်မှုမရှိခဲ့ပါ။ ထို့နောက် အသင်းတော်ထဲက အခြားသော ညီအစ်ကို မောင်နှမများက အစ်မကျန်းမှာ တကယ့်အလုပ် လုပ်ဆောင်မနေပါဟု ကျွန်မကို အသိပေးခဲ့ကြပြီး၊ ဤကိစ္စရပ်မှာ အရေးပေါ်ဖြစ်သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ မည်သည့်အချိန်ကိုမျှ ဖြုန်းမနေဘဲ၊ အစ်မ ကျန်းကို အစားထိုးဖို့ ဆွေးနွေးရန် အစ်မ လျူထံ ကျွန်မ ပြန်သွားခဲ့သည်။ သို့သော် အစ်မလျူက ဆင်ခြေများ စတင်ဖန်တီးခဲ့သည်။ “အထက်ခေါင်းဆောင်တွေက စွတ်စွဲချက်တွေနဲ့ဆိုင်တဲ့ စာကို စိစစ်အတည်ပြုနေတယ်။ သူ့ကို အယောင်ဆောင် ခေါင်းဆောင်ဖြစ်တယ်လို့ သူတို့ အတည်ပြုတဲ့အခါ သူ အစားထိုးခံရပါလိမ့်မယ်။” ကျွန်မ၏ စိတ်နှလုံးထဲတွင်၊ “သူက တကယ်ပဲ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ရင်၊ သူ့ကို ဖြစ်နိုင်သမျှ မြန်မြန် အစားထိုးသင့်တယ်။ သူ့ကို အစားမထိုးခင် စိစစ်အတည်ပြုဖို့အတွက် စောင့်မယ်ဆိုရင်၊ အသင်းတော်ရဲ့ အလုပ်က နှောင့်နှေးမယ်။ ပြီးတော့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာထဲ ဝင်ရောက်မှုလည်း နှောင့်နှေးသွားမယ်။ ဒါက ဘုရားသခင်ကို ဆန့်ကျင်သွားနေတာပဲ” ဟု တွေးမိခဲ့သည်။ အယောင်ဆောင် ခေါင်းဆောင်များကို အစားထိုးခြင်း၏ အရေးကြီးမှုကို အစ်မလျူနှင့် ကျွန်မ ပြောဆိုချင်ခဲ့သော်လည်း၊ “အစ်မကျန်းကို အစားထိုးခြင်းနဲ့ ပတ်သက်ပြီး ငါ ထောက်ပြရင်၊ငါက အရမ်းကို မာနထောင်လွှားပြီး စိတ်ကြီးဝင်တယ်၊ ဒီမှာ ကိုယ့်ကိုယ်ကိုယ် ကြွားဝါခြင်းအားဖြင့် ငါ့ရဲ့ ရာထူးသစ်မှာ ငါက ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ ကြိုးစားနေတယ်လို့ အစ်မ လျူက ထင်သွားမလား။ ဒါ့အပြင်၊ အစ်မကျန်းကို ကိုင်တွယ်ဖြေရှင်းမှာမဟုတ်ဘူးလို့ အစ်မ လျူက မပြောခဲ့ဘူးပဲလေ။ တစ်ခုခုကို မလုပ်ခင် အထက်ခေါင်းဆောင်တွေဆီက အတည်ပြုချက်ကို စောင့်ဖို့ပဲ သူပြောခဲ့တာပဲ။ ဒီတော့ ငါ တိတ်တိတ်နေတာ ပိုကောင်းမယ်။ ဒါကရက်နည်းနည်းပဲ ကြာမှာပါ” ဟု ကျွန်မ တွေးခဲ့သည်။ ထိုသို့ဖြင့် ကျွန်မ၏ စကားများကို ကိုယ့်ဘာသာ သိမ်းဆည်းထားခဲ့သည်။ ရက်အချို့ကြာပြီးနောက်၊ အထက်ခေါင်းဆောင်များက အသင်းတော်ထဲရှိ အယောင်ဆောင် ခေါင်းဆောင်များကို ချက်ချင်း မကိုင်တွယ်ခြင်းအတွက် ပြင်းထန်သော ပြစ်တင်မှုကို ကျွန်မတို့ အလယ်အလတ်ခေါင်းဆောင်များအား ခံစေခဲ့သည်။ ဘုရားသခင် ရွေးချယ်ထားသော သူတို့ကို ကျွန်မတို့ ကာကွယ်မနေခဲ့ကြ၊ ကျွန်မတို့က စာတန်၏ ကြံရာပါများ၊ အကာအကွယ်များဖြစ်ကြသည်၊ အခြားညီအစ်ကို မောင်မနှမများကို ကျွန်မတို့ ထိခိုက်စေကြသည်ဟု သူတို့ ပြောခဲ့သည်။ ထို့နောက်တွင်မှ အစ်မကျန်းက အလျင်အမြန် အဖယ်ရှားခံခဲ့ရလေသည်။ ဤအရာကို ဖြေရှင်းစဉ်တွင်၊ အစ်မကျန်းက တကယ့်အလုပ်တစ်ခုတစ်လေကိုမျှ မလုပ်ခဲ့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်ကို ကျွန်မ တွေ့ရှိခဲ့ရသည်။ သူမ တာဝန်ရှိသည့် အသင်းတော်၏ ဧဝံဂေလိအလုပ်တွင် သူမ လုံးဝ မထိရောက်ခဲ့သလို၊ ညီအစ်ကို မောင်နှမအားလုံးက အပျက်သဘောဆောင်ခြင်းနှင့် အားနည်းမှုများကြားတွင် အသက်ရှင်ခဲ့ကြရသည်။ အချို့ဆိုလျှင် အစည်းအဝေးကို သွားပင်မသွားချင်ခဲ့ကြပါ။ အယောင်ဆောင် ခေါင်းဆောင်ကို ချက်ချင်း မဖြေရှင်းခြင်းက အသင်းတော်ဆီသို့ ယူဆောင်ခဲ့သည့် ကြီးမားသော ထိခိုက်မှုကို မြင်ရလျက်၊ ကျွန်မ စိတ်နှလုံးတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများစွာ ခံစားခဲ့ရသည်။ သို့သော် အစ်မကျန်း အစားထိုးခံရသည်ကို အတော်လေးယုံကြည်ခဲ့လျက်၊ ဤကိစ္စရပ်အပေါ် ဆင်ခြင်သုံးသပ်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် သိရှိဖို့ ကြိုးစားခြင်းအပေါ်တွင် နောက်ထပ် အချိန်ကို အသုံးမချခဲ့ပါ။

နောက်တွင်၊ အစ်မလျူ တာဝန်ယူခဲ့သည့် အသင်းတော်များမှ အလုပ်ကဏ္ဍအားလုံးတွင် ဆိုးရွားသော ပြဿနာများ စတင်ပေါ်ထွက်လာခဲ့သည်။ အထက်ခေါင်းဆောင်များအားဖြင့် သူမ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ၊ သူမက နောင်တမရခဲ့ရုံသာမက၊ အပျက်သဘောဆောင်ခြင်းနှင့် အာခံခြင်းတွင် အသက်ရှင်ခဲ့ပြီး သူမ၏ တာဝန်ကို ဆောင်ရွက်ဖို့ မလိုလားတော့ပါ။ အစ်မ လျူ၏ အခြေအနေကို မြင်ရသည့်အခါ၊ ၎င်းတို့ကို သူမ ဆင်ခြင်နိုင်ဖို့ရန်အလို့ငှာ သူမထံ ဤပြဿနာများကို ကျွန်မ ထောက်ပြချင်ခဲ့သော်လည်း၊ “သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ဖို့ ငါ သူ့ကိုပြောလိုက်ရင် သူ့အတွက် ငါ စာနာထောက်ထားမှု မပြဘူး၊ သူ့အတွက် ငါ့မှာ ချစ်ခြင်းမေတ္တာမရှိဘူးလို့ သူထင်မလား။ ငါတို့ကြားမှာ ကိစ္စရပ်တွေ တင်းမာသွားမယ်ဆိုရင် အတူအလုပ်လုပ်ဖို့ ခက်ခဲမှာပဲ” ဟုလည်း ကျွန်မ စိုးရိမ်မိခဲ့ပါသည်။ ယင်းကို အနည်းငယ်တွေးတောပြီးနောက်၊ အလွန်ဝေ့ဝိုက်သော နည်းလမ်းတစ်ခုဖြင့် ဘုရားသခင်၏ အလိုတော်ကို သူ့ထံ ကျွန်မ မိတ်သဟာယပြုခဲ့ပြီး အပျက်သဘောဆောင်သည့်အဖြစ်ကို ရပ်ဖို့ သူ့ကို အကြံပြုခဲ့ပါသည်။ နောက်ပိုင်းတွင်၊ အစ်မလျူသည် အမှန်၊ အမှားနှင့်ပတ်သက်၍ မကြာခဏ ညည်းညူတိုင်တန်းပြီး ငြင်းခုံခဲ့သည်။ သူမတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိသည်မှာ ရှင်းပါသည်။ ကျွန်မတို့၏ တာဝန်များကို အတူတကွ ဆောင်ရွက်နေခဲ့ကတည်းက အစ်မလျူက တကယ့်အလုပ်ကို ဘယ်သောအခါမျှ မလုပ်ဆောင်ခဲ့ပုံနှင့် သူမ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အချိန်တွင် ယင်းတို့ကို သူမ လက်မခံခဲ့ပုံ သို့မဟုတ် သမ္မာတရားကို ရှာဖွေဖို့ မကြိုးစားခဲ့ပုံတို့ကို ကျွန်မ တွေးမိခဲ့သည်။ ဤသည်တို့မှာ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်၏ သရုပ်သကန်များ ဖြစ်ကြသည်။ ကျွန်မကို အစ်မလျူနှင့်ဆိုင်သော ခြုံငုံဆန်းစစ်မှုတစ်ခု ရေးရန် အထက်ခေါင်းဆောင်များက စေခိုင်းခဲ့သည်မှာ ဤအချိန်တွင် ဖြစ်သည်။ ကျွန်မ စိတ်နှလုံးထဲတွင် တကယ်ကို သဘောထားကွဲလွဲမှု ခံစားခဲ့ရသည်။ အစ်မလျူတွင် ပုံမှန်အားဖြင့် ထင်ရှားခဲ့သည့်အရာနှင့်ပတ်သက်၍ ကျွန်မ ရိုးသားသင့်ပါသလား။ ဤအရာကို ကျွန်မ သတင်းမပို့လျှင်၊ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ကျွန်မ အကာအကွယ်ပေးနေခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းခြင်း ဖြစ်လိမ့်မည်မဟုတ်ပါ။ သို့သော် ညီအစ်ကို မောင်နှမအများစုက တကယ်ဖြစ်နေသည့်အရာကို မသိခဲ့ကြပါ။ သူတို့က ဤအရာကို သတိမပြုမိနိုင်ကြဘဲ အစ်မလျူကို အားလုံးက အတော်လေး ထောက်ခံအားပေးခဲ့ကြသည်။ ကျွန်မ အရဲစွန့်ပြီး သူမ၏ ပြဿနာများကို သတင်းပို့မည်ဆိုလျှင်၊ သူတို့ ကျွန်မကို ဆိုးဆိုးရွားရွား တွေးထင်ကြမည်လား။ ထို့အပြင်၊ အစ်မလျူနှင့် ကျွန်မ နေ့တိုင်း နေထိုင်ခဲ့ရပါသည်။ ကျွန်မ ပြဿနာများရှိသည့်အခါ သူက ကျွန်မကို ကူညီခဲ့သည်။ သူမ၏ ပြဿနာများကို ကျွန်မ သတင်းပို့ပြီး သူ တကယ်ကို အစားထိုးခံရလျှင်၊ သူ ကျွန်မကို မုန်းလိမ့်မည်လား။ ထို့ကြောင့် အကောင်းနှင့်အဆိုးတို့ကို ချိန်ဆပြီးသည့်နောက် သူမအပေါ် ငြုံငုံဆန်းစစ်ချက် ရေးသည့်အခါ တကယ့်အလုပ်ကို လုပ်ဆောင်ရန် အစ်မလျူ ပျက်ကွက်ခြင်းနှင့် ဝင်ရောက်မှု ကင်းမဲ့ခြင်းတို့နှင့်ဆိုင်သော သရုပ်သကန်ကို ကျွန်မ အသာဖော့ရေးခဲ့သည်။ ခြုံငုံဆန်းစစ်ချက်ကို အပ်နှံပြီးသည့်နောက်တွင်၊ ကျွန်မ စိတ်နှလုံးထဲတွင် ကြီးကြီးမားမား စိတ်မသက်မသာမှုကို ခံစားခဲ့ရသည်။ အမှန်တရားများကို ကျွန်မ ဖုံးကွယ်မိခဲ့ပြီး ဘုရားသခင်ကို လှည့်ဖြားမိခဲ့ပြီကို ကျွန်မ နားလည်ခဲ့သည်။ ကျွန်မ၏ စိတ်ဝိညာဉ်တွင် စွပ်စွဲချက် ကြီးကြီးမားမားကို ကျွန်မ ခံစားခဲ့ရသည်။ နောက်နေ့ရက်များတွင်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ကျွန်မ ငိုက်မျဉ်းအိပ်ပျော်သွားလေ့ရှိပြီး အစည်းအဝေးများနှင့် မိတ်သဟာယများအတွင်းတွင် ဉာဏ်အလင်းပေးမှု သို့မဟုတ် အလင်းပြမှု မခံခဲ့ရပါ။ ဘုရားသခင်၏ လမ်းပြမှုကို ကျွန်မ မခံစားနိုင်ခဲ့သလို၊ အသင်းတော်ထဲက ပြဿနာများကိုလည်း ကျွန်မ ပိုင်းခြားမသိမြင်နိုင်ခဲ့ပါ။ နောက်ရက်အချို့ကြာပြီးနောက်တွင်၊ အစ်မလျူမှာ တကယ့်အလုပ် မလုပ်သည့် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်သည်ကို လေ့လာဆန်းစစ်မှုနှင့် အတည်ပြုချက် ပြုလုပ်ပြီးသည့်နောက်၊ အထက်ခေါင်းဆောင်များက သူ့ကို ဖယ်ရှားခဲ့ကြသည်။ အစ်မလျူ အဖယ်ရှားခံခဲ့ရသော်လည်း၊ သူမနှင့် ကျွန်မ၏ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ရန်အလို့ငှာ သမ္မာတရားကို ကျွန်မ စွန့်ပစ်ခဲ့ပြီး ပြစ်မှားမိခဲ့လေသည်။ ဤအရာကို စဉ်းစားရင်းဖြင့်၊ ရှက်ရွံ့မှုနှင့် မိမိကိုယ်ကိုယ်တန်ပြန်စွပ်စွဲမှုတို့ဖြင့် ကျွန်မ စိတ်ထိခိုက်ခဲ့ရသည်။ ကျွန်မသည် ဘုရားသခင်ထံ ချက်ချင်းဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် စတင် ဆင်ခြင်သုံးသပ်ခဲ့သည်။

နောက်ပိုင်းတွင်- “တစ်ဦးတစ်ယောက်၏ လူ့သဘာ၀တွင် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး အစိတ်အပိုင်းများမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူအမျိုးအစား ဖြစ်သနည်း။ ယေဘုယျပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ သို့မဟုတ် ဆိုးသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။...ထိုသို့သော လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး မိမိတို့နှင့် ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို သူတို့ အရေးမထားကြသလို ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြုကြပါ။ ဘုရားသခင်အတွက် သက်သေခံခြင်း သို့မဟုတ် သူတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း ဝန်တာကို သူတို့ မယူကြသလို၊ တာဝန်သိစိတ် မပိုင်ဆိုင်ကြပါ။... ပြဿနာကို သိမြင်သောအခါ ဆိတ်ဆိတ်နေသော သူတို့ပင် ရှိကြသည်။ ထိုသူတို့သည် အခြားသောသူတို့ ကြားဖြတ်လျက် နှောင့်ယှက်လျက် ရှိသည်ကို တွေ့မြင်သော်လည်း ထိုသူတို့ကို တားဆီးရန် မည်သည်မျှ ဆောင်ရွက်ခြင်း မရှိ။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်၏ အကျိုးတို့ကို အနည်းဆုံး ထည့်သွင်းစဉ်းစားခြင်း မရှိသည်သာမက ၎င်းတို့တွင်ရှိသည့်ဝတ္တရားကို သို့မဟုတ် တာဝန်တို့ကို လည်း ထည့်သွင်း မစဉ်းစားပေ။ ထိုသူတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဝင့်ဝါမှု၊ မျက်နှာ၊ ရာထူး၊ အကျိုးများနှင့် ဂုဏ်သတင်း အတွက်သာ ပြောဆို၊ လုပ်ဆောင်၊ ထင်ပေါ်၊ အားထုတ်ကြိုးပမ်း ၍ အားအင်ကို အသုံးပြုကြသည်။” ((ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သောစိတ်နှလုံးကို ဘုရားသခင်ထံလှည့်ပြီးသည့်အခါမှ သမ္မာတရားကို သင်ရနိုင်မည်”) ဟူသော ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရပါသည်။ ဤသို့ ပြောထားသည့် မိတ်သဟာယတစ်ခုကိုလည်း ကျွန်မ ဖတ်ခဲ့ရသည်။ “အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တို့ရဲ့ အသွင်အပြင်ကို မြင်ကြသူ၊ သူတို့ကို ပိုင်းခြားသိမြင်နိုင်ပေမယ့် လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ စိုးလို့၊ “သဘောကောင်း” လျက် သူတို့ရဲ့ တာဝန်ကို မလုပ်ဆောင်တဲ့သူ၊ အရွေးချယ်ခံရသူတွေကို မကာကွယ်သလို ဘုရားအမှုတော်ကို မထိန်းသိမ်းတဲ့သူအားလုံး - အဲဒီလိုလူတွေဟာ ဘုရားသခင်ကို မချစ်ကြသလို၊ ဘုရားသခင်က အဲဒီလိုလူတွေကို စုံလင်အောင် မလုပ်ပါဘူး။ ဘုရားသခင်က “သဘောကောင်းတဲ့” လူတွေကို စုံလင်အောင် မပြုလုပ်ဘူး။ ဒီလိုလူတွေက စိတ်မချရဘူး၊ လည်တယ်၊ အန္တရာယ်များတယ်။ လေတိုက်တဲ့ ဘယ်ဖက်ကိုမဆို သူတို့ သွားကြတယ်။ သူတို့ ဘာမှမကောင်းဘူး။ သူတို့က ဂန္တဝင် နတ်ဆိုးတွေနဲ့ စာတန်ဖြစ်ကြတယ်” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၉) တွင်ပါဝင်သော “ဘုရားသခင်ကို ချစ်ခြင်းအား ရှာဖွေလိုက်စားခြင်းနှင့် စုံလင်ခံရခြင်းတို့ကြား ဆက်နွယ်မှု”) ဘုရားနှုတ်ကပတ်တော်များနှင့် ဤမိတ်သဟာယတို့ကို ဖတ်ရှုခြင်းက ကျွန်မကို အလွန်စိတ်သောကရောက်စေပြီး ရှက်ရွံ့ခြင်း မျက်ရည်များကို ကျွန်မမထိန်းချုပ်နိုင်ခဲ့ပါ။ ကျွန်မက “သဘောကောင်းသော” သူတစ်ဦးဖြစ်ပြီး၊ တစ်ခုခုဖြစ်သည့်အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အရာရာကို ကျွန်မ လုပ်ဆောင်လိမ့်မည်ဖြစ်ကာ ဘုရားအိမ်တော်၏ အကျိုးကျေးဇူးများကို ထိန်းသိမ်းဖို့ မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့သလို၊ အသင်းတော်၏ အလုပ်နှင့် ညီအစ်ကို မောင်နှမများ၏ အသက်တာထဲ ဝင်ရောက်ခြင်းတို့အပေါ် တာဝန်ယူခြင်း အသိစိတ်မရှိခဲ့သည်ကို ကျွန်မ မြင်ခဲ့ရသည်။ အစ်မကျန်းက အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအဖြစ် ဖော်ထုတ်ခံခဲ့ရသည်ကို ကျွန်မ ကောင်းကောင်း အပြည့်အဝ သိခဲ့ပါသည်။ သူမ တာဝန်ရှိသည့် အသင်းတော်၏ အလုပ်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာထဲ ဝင်ရောက်မှုတို့က ပိတ်ဆို့ခံခဲ့ရပြီး အယောင်ဆောင် ခေါင်းဆောင်များကို ချက်ချင်း မဖယ်ရှားခြင်းက ဘုရားသခင်ကို ဆန့်ကျင် အပြစ်လုပ်ခြင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းဖြစ်သည်ကို ကျွန်မ သိခဲ့ပါသည်။ သို့သော် ကျွန်မ၏ အသိစိတ်ကိုသာ ကျွန်မ ဆန့်ကျင်လုပ်ဆောင်ခဲ့ပြီး လူတို့ကို သဘောမကျဖြစ်စေသည်ထက် ဘုရားသခင်ကို သဘောမကျဖြစ်စေခဲ့သည်။ယင်း၏ အကျိုးဆက်အနေဖြင့်၊ အယောင်ဆောင် ခေါင်းဆောင်များက အသင်းတော်ထဲရှိ ဘုရားရွေးချယ်ထားသောသူတို့ကို နှစ်လကျော် ဆက်လက်ထိခိုက်စေခဲ့သည်။ ဤသို့ဖြစ်စေကာမူ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မဆန်းစစ်ခဲ့သေးပါ။ အစ်မလျူ တာဝန်ရှိသည့် အလုပ်အမျိုးမျိုးတွင် ဆိုးရွားသော ပြဿနာများ ဖြစ်ပေါ်ပြီး အထက်ခေါင်းဆောင်များ၏ ပြုပြင်ပေးခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို သူ လက်မခံခဲ့သည်သာမက၊ အပျက်သဘောဆောင်ခြင်းဖြင့် ပြန်လည်ချေပခဲ့သည့်အခါ၊ ကျွန်မ ချက်ချင်း အကူအညီပေးပြီး နည်းပေးလမ်းပြမှုများကို ပေးခဲ့သင့်ပြီး အစ်မ ချက်ချင်း နောင်တရနိုင်ဖို့အလို့ငှာ ထိုသို့သော သရုပ်သကန်များ၏ သဘာဝနှင့် အကျိုးဆက်များကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးပေးသင့်ပါသည်။ သို့သော်၊ ကျွန်မ၏ ကိုယ်ပိုင် အကျိုးများကို ကျွန်မ ကာကွယ်ခဲ့ပြီး နှစ်သိမ့်မှုနှင့် အကြံပေးမှု စကားအနည်းငယ်ကိုသာ ကျွန်မ ပေးခဲ့မိသည်။ အစ်မ လျူနှင့် သက်ဆိုင်၍ ခြုံငုံဆန်းစစ်မှုတစ်ခု ရေးသားဖို့ ကျွန်မ အခိုင်းခံခဲ့ရသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သူ ဆုံးရှုံးနှင့်ပြီးဖြစ်သည်ကို၊ အသင်းတော်ထဲက ပြဿနာများကို သူ မဖြေရှင်းနိုင်သည်ကို၊ သူက အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်တို့ကို ကျွန်မ ရှင်းရှင်းလင်းလင်း သတိပြုမိခဲ့သော်လည်း၊ ကျွန်မ၏ ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ဖို့၊ မှန်ကန်သော အချက်အလက်များကို ဖုံးကွယ်ပြီး အစ်မလျူကို ကာကွယ်ပေးဖို့ ကျွန်မ ကြိုးစားခဲ့ပါသည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ကျွန်မ အဖန်ဖန် ကာကွယ်ပေးခဲ့မိသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဖြောင့်မတ်ခြင်းတရားကို လိုက်နာသည်ထက် အသင်းတော်၏ အလုပ်ကို ထိခိုက်စေချင်ခဲ့သည်၊ ကျွန်မ၏ ကိုယ်ပိုင်အကျိုးအမြတ်များကိုသာ ကျွန်မ ဂရုစိုက်ခဲ့ပြီး အသင်းတော်၏ အလုပ်ကို သို့မဟုတ် ညီအစ်ကို မောင်နှမများ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်မ အနည်းငယ်မျှ ထည့်သွင်းမစဉ်းစားခဲ့သည်ကို တွေ့ရသည်။ ထိုသို့ပြုမူရင်းဖြင့်၊ ကျွန်မသည် အယောင်ဆောင် ခေါင်းဆောင်များအတွက် အကာအကွယ်ပေးသော ဒိုင်းတစ်ခုဖြစ်ခဲ့သည်။ ကျွန်မသည် ဘုရားအိမ်တော်၏ အလုပ်ကို စွက်ဖက်ဖို့ နှင့် အနှောင့်အယှက်ပေးဖို့ လာသော စာတန်၏ ကြံရာပါတစ်ဦး ဖြစ်ခဲ့ပါသည်။ ကျွန်မ၏ လူသားသဘာဝမှာ အဘယ်မှာနည်း။ ကျွန်မသည် “သဘောကောင်းသော” သူ၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သောသူ၊ စိတ်ချမရသောသူနှင့် ကောက်ကျစ်သောသူတစ်ဦး ဖြစ်ခဲ့ပါသည်။ အသင်းတော်က ထိုသို့သော အရေးကြီးသည့်တာဝန်တစ်ခုကို ကျွန်မအား ပေးခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ချင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေချင်သည်ဟု ကျွန်မ ဟစ်ကြွေးခဲ့သည်။ သို့သော် အမှန်တွင် ဘုရားသခင်ကို ကျွန်မ လှည့်ဖြားဖို့ ကြိုးစားနေခဲ့ပြီး၊ ပြဿနာများ ကြုံရသည့်နောက်၊ ဘုရားသခင်ကို အာခံဖို့ စာတန်ဘက်တွင် ကျွန်မရပ်တည်ခဲ့သည်။ ကျွန်မ၏ လုပ်ရပ်များက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ဘုရားသခင်၏ အထင်သေးခြင်းနှင့် မုန်းတီးမှုကို ရရှိခဲ့သည်။ ကျွန်မ၏ ရှက်ရွံ့မှုက အဆုံးမရှိခဲ့ပါ။ ကျွန်မ မနေနိုင်တော့ဘဲ ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ “အို ဘုရားရှင်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ၊ အသင်းတော်ရဲ့ အလုပ်ကို ပိတ်ဆို့ပြီး၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာတွေကို ထိခိုက်စေရင်းနဲ့ ကိုယ်တော်ရဲ့ အလိုတော်ကို ကျွန်မ အကြိမ်ကြိမ် ဆန့်ကျင်မိပါပြီ။ ကိုယ်တော့်ကို ကျွန်မ ပုန်ကန်မိပါပြီ။ ကိုယ်တော့်ကို ကျွန်မ ဆန့်ကျင်မိပါပြီ။ ကျွန်မ နောင်တမရဘူးဆိုရင် ကိုယ်တော့်ရဲ့ ဖြောင့်မတ်ခြင်းတရားရဲ့ အပြစ်ပေးခြင်းကို ကျွန်မ ခံစားသင့်ပါတယ်။ အို ဘုရားရှင်။ ကျွန်မ အမှားလုပ်မိပါပြီ။ ကျွန်မရဲ့ အပြစ်တွေကို ပြုပြင်ဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် ကိုယ်တော့်ထံ နောင်တရဖို့ကျွန်မ ဆန္ဒရှိပါတယ်”။

နောက်ပိုင်း၊ အစည်းအဝေးတစ်ခုအတွင်းတွင်၊ ညီအစ်ကို မောင်နှမများက ကျွန်မနှင့် အလုပ်အတူလုပ်သည့် အစ်ကို လီက တကယ့်အလုပ် လုပ်မနေခဲ့သည်ကို တိုင်ကြားခဲ့ကြသည်။ အစည်းအဝေးများအတွင်းတွင် လုပ်လေ့လုပ်ထရှိသည့်အရာများကိုသာ သူ အမြဲ လုပ်ဆောင်ခဲ့ပြီး၊ သူတို့၏ တာဝန်များကို ဆောင်ရွက်ရာတွင် ပြဿနာများနှင့် အခက်အခဲများ ကြုံရသည့်အခါ ချက်ချင်း မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းချက်တစ်ခုရှာဖွေခြင်းမပြုလုပ်ဟု သူတို့ တိုင်ကြားခဲ့ကြသည်။ နောက်ပိုင်းတွင်၊ အစ်ကို လီကို မိတ်သဟာယပြုဖို့ ကျွန်မ အကြိမ်များစွာ ကြိုးစားခဲ့ပါသည်။ သို့သော် ကျွန်မ ပြောသည်ကို သူက သဘောတူရုံသာတူခဲ့သည်။ အနည်းငယ် သာမန်ကာလျှံကာ အသိအမှတ်ပြုပြီး ထိုမျှသာဖြစ်ခဲ့သည်။ အချိန်တစ်ချို့ကြာပြီးနောက်၊အသင်းတော်၏ အလုပ်ကို ရှေးယခင်ကတည်းက တားဆီးခဲ့ပြီး တိုးတက်ရာမှ ရပ်တန့်စေခဲ့သည့် အစ်ကိုလီ တကယ့်အလုပ်ကို မလုပ်ခြင်း၏ သိသာထင်ရှားမှုနှင့်ပတ်သက်၍ ညီအစ်ကို မောင်နှမများက တစ်ဖန် စတင်တိုင်ကြားကြပြန်သည်။ စည်းမျဉ်းများအပေါ် အခြေခံပြီး အကဲဖြတ်သည့်အခါ၊အစ်ကိုလီသည်လည်း တကယ့်အလုပ် မလုပ်သည့် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ဤအရာကို ကျွန်မ အထက်ခေါင်းဆောင်များထံ ချက်ချင်း သတင်းပို့ပြီး သူ့ကို ဖယ်ရှားစေသင့်ပါသည်။ သို့သော် အစ်ကိုလီကို တိုင်ကြားရခြင်းအကြောင်း ပြောဆိုရာတွင်၊ စိုးရိမ်မှုနှင့် ပူပန်သောကတို့က ကျွန်မ နှလုံးသားတွင် ပြန်ဖြစ်လာကြသည်။ “ငါတို့အားလုံးထဲမှာ အစ်ကိုလီက သူ့ရဲ့ တာဝန်ကို ဒီမှာ အကြာဆုံး ထမ်းဆောင်ခဲ့တာ။ သူက ‘အကြီးအကဲ’ တစ်ယောက်အဖြစ် မှတ်ယူခံထားရတာလေ။ ငါလည်း သူ့ကို အသင်းတော် အရေးကိစ္စတွေကို မကြာခဏ တိုင်ပင်ခဲ့ပြီး သူ ငါ့ကို အမြဲ ကူညီတယ်။ ငါ့ရဲ့ တိုင်ကြားမှုက သူ့ကို ဖယ်ရှားခံရဖို့ ဖြစ်စေတာကို သူသိရင်၊ သူ ငါ့ကို ဘာများ ထင်မလဲ။ ငါ ကျေးဇူးကန်းတယ်လို့ သူ ပြောမလား။ အဲဒီနောက်မှာ ငါတို့ တွေ့တဲ့အခါ ဘယ်လောက်များ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလိုက်မလဲ။ တခြား လုပ်ဖော်ကိုင်ဖက် အတော်များများက အစ်ကိုလီကို မတိုင်ခဲ့ကြဘူး။ ဒီတော့ ငါ အရဲမစွန့်တာပဲ ကောင်းမှာပါ။ ငါ ရေးကြီးခွင်ကျယ် မလုပ်သင့်ဘူး။ အထက်ခေါင်းဆောင်တွေ ဒါကို မသိမချင်း၊ ငါ ကိုင်တွယ်မဖြေရှင်းတာပဲ ကောင်းမှာပါ။ ဒါပေမယ့် အခြေအနေကို ငါ ချက်ချင်း အကြောင်းကြားပြီး အစ်ကိုလီကို မဖယ်ရှားစေဘူးဆိုရင်၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာထဲ ဝင်ရောက်မှုကို ငါ နှောင့်နှေးစေမှာဖြစ်သလို၊ အသင်းတော်ရဲ့ အလုပ်ထဲ စွက်ဖက်ပြီး နှောင့်ယှက်မိမှာပဲ။” ထိုအခိုက်အတန့်တွင်၊ ကျွန်မ စိတ်နှလုံးထဲ၌ သဘောထားကွဲလွဲမှု အလွန်ခံစားခဲ့ရသည်။ ဘာလုပ်ရမည်ကို ကျွန်မ မသိခဲ့ပါ။ ထို့ကြောင့် ကျွန်မ အချိန်မဖြုန်းတော့ဘဲ ဘုရားသခင်ထံ ဆုတောင်းပြီး ရှာဖွေခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့ပါသည်- “သင့်အထဲတွင် အလုပ်လုပ်နေသည့် ငါ့နှုတ်ကပတ်တော်သည် သင်ထံတွင် အမြဲရှိရမည် ၊ သင်သည် မည်သူနှင့်မဆို ရင်ဆိုင်ရပါစေ၊ ငါ့ကို သင်၏ သက်သေခံခြင်း အပေါ်တွင် ခိုင်မြဲစွာရပ်တည်နိုင်ပြီး ၊ ငါ၏ ဝန်ကို စဉ်းစားဆင်ခြင်ကြောင်း ပြသနိုင်ရမည်။ ကိုယ်ပိုင်အတွေးအခေါ်မရှိဘဲနှင့် သူတစ်ပါးပြောသမျှကို မျက်ကန်း သဘောတူလျက် စိတ်ရှုတ်ထွေးခြင်း မဖြစ်ရ၊ ထိုသို့ဖြစ်မည့်အစား သင်သည် ရပ်တည်ရန်နှင့် ငါ့ထံမှလာသော အရာများမဟုတ်သည်တို့ကို ကန့်ကွက်ရန် သတ္တိရှိရမည်။ တစ်စုံတစ်ခု မှားနေသည်ကို ရှင်းလင်းစွာ သင်သိသော်လည်း နှုတ်ဆိတ်ပြီးနေပါက သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသူတစ်ယောက် မဟုတ်ပေ။ သင်သည် တစ်စုံတစ်ခု မှားနေသည်ကို သိပြီး အကြောင်းအရာကို လှည့်လိုက်သော်လည်း စာတန်သည် သင့်လမ်းကို ပိတ်ထားပါက၊ သင်သည် အကျိုးရလဒ် တစ်စုံတစ်ရာ မရှိဘဲ ပြောဆိုပြီး အဆုံးတိုင်အောင် စွဲမြဲစွာ မပြောဆိုနိုင်ပါက၊ သင်သည် ကြောက်ရွံ့ခြင်းကို မိမိနှလုံးသားထဲတွင် ဆက်သယ်ဆောင်ထားပြီး၊ စာတန်ထံမှလာသော အတွေးများနှင့် သင်၏ နှလုံးသားသည် ပြည့်နှက်ဆဲရှိသည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို ထည့်သွင်းစဉ်းစားကာ၊ အသင်းတော်ဘက်မှ ကာကွယ် သက်သေခံရပ်တည်မည်ဟု၊ အားလုံးပြောခဲ့ကြပြီး ဖြစ်သည်။ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် ထည့်သွင်းစဉ်းစားပေးခဲ့ကြသနည်း။ သင့်ကိုယ်သင် ဤအရာများ မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို ထည့်သွင်းစဉ်းစားပေးမှု ပြသပြီးခဲ့သော သူတစ်ယောက် ဖြစ်သလော၊ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းကို သင်လက်တွေ့ကျင့်သုံးနိုင်သလော။ ငါ့အတွက် သင်ရပ်တည်လျက်၊ ပြောဆိုနိုင်သလော။ သင်သည် တည်ကြည်ခိုင်မာစွာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို တွန်းလှန်တိုက်ခိုက်ရန် သင်သည် ရဲရင့်ခြင်း အလုံအလောက်ရှိသလော။ သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်သလော။ သင့်အထဲတွင် ငါ၏ အလိုကို ပြည့်စုံစေခွင့် ပေးနိုင်သလော။ အရေးပါသောအချိန်တွင် သင်၏ နှလုံးသားကို သင်သည် ပေးရန်ကမ်းလှမ်းခဲ့ပြီးသလော။ သင်သည် ငါ၏အလိုကို ဆောင်ရွက်သော သူတစ်စုံတစ်ဦးလော။ ဤအရာအကြောင်း သင့်ကိုယ်သင် မကြာခဏမေး၍ စဉ်းစားလော့။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၃” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင်၏ အပြစ်တင်မှုနှင့်ပြည့်သော မေးခွန်းအသီးသီးတွင် ကျွန်မအပေါ် ကိုယ်တော်၏ မျှော်လင့်ချက်များ ရှိလေသည်။ သမ္မာတရား၏ စည်းမျဉ်းများကို ချိုးဖောက်သော အရာတစ်ခုခု အသင်းတော်တွင် ဖြစ်ပျက်သည့်အခါ၊ ဘုရားသခင်ဖက်တွင် ရပ်တည်ဖို့၊ စာတန်ကို ဖော်ထုတ်ပြီး အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းဖို့အတွက်သတ္တိရှိဖို့နှင့် ဖြောင့်မတ်ခြင်း အသိစိတ်ရှိဖို့ရန် ကျွန်မကို ဘုရားသခင် မျှော်လင့်ခဲ့ပါသည်။ သို့သော် ကျွန်မအထဲတွင် ထုတ်ဖော်ပြခံရပြီး ထင်ရှားခဲ့သည့်အရာအရ၊ ကျွန်မသည် ဘုရားသခင်၏ အလိုတော်ကို အရေးထားသောသူ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူ မဟုတ်ခဲ့ပါ။ အစ်ကိုလီက အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အစားထိုးဖို့ လိုအပ်သည်ကို ကျွန်မ တွေ့သောအခါ၊ ကျွန်မ၏ ကိုယ်ပိုင် အကျိုးများကို ကာကွယ်ခြင်းနှင့် သူ၏ စိတ်နှလုံးတွင် ကျွန်မ၏ ပုံရိပ်ကို ထိန်းသိမ်းဖို့အလို့ငှာ၊ ပြဿနာများကို ကျွန်မ တွေ့ရှိခဲ့ချိန်တွင်ပင်၊ ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဤကိစ္စရပ်ကို အထက်ခေါင်းဆောင်များပေါ် ကျွန်မ ပုံပေးဖို့ ကြိုးစားရင်း၊ ဘုရားအိမ်တော်၏ အကျိုးအမြတ်များကို နည်းနည်းလေးမျှ ထည့်မစဉ်းစားဘဲလျက် အခြေအနေကို သတင်းပို့ဖို့ ကျွန်မ ဝန်လေးခဲ့သည်။ ကျွန်မ၏ သဘာဝက မည်မျှ တကိုယ်ကောင်းဆန်ပြီး ကောက်ကျစ်ခဲ့သည်ကို ကျွန်မ တွေ့လိုက်ရသည်။ အရေးကြီးသည့် အခိုက်အတန့် ရောက်လာသည့်အခါ၊ အဘယ်ကြောင့် ကျွန်မ အမြဲ “သဘောကောင်း”တတ်ပြီး အသင်းတော်၏ အလုပ်ကို ကာကွယ်ဖို့ မရပ်တည်ဝံ့ခဲ့ပါသနည်း။

နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှုခဲ့ပါသည်။ “လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်၏ အဆိပ်ခတ်ခြင်းနှင့် နင်းခြေခြင်းကို ခံရခြင်းမှ၊ ၎င်း၏စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန်၏ လွန်ကဲစွာ ဘေးသင့်စေမှုတို့မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လူသား၏ ဤအခြေခံအချက်များသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရခဲ့ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို နားမလည်ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်”) “အကယ်၍ သင်သည် ဘုရားသခင်၏အိမ်တော်၌ နေထိုင်ပါက၊ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်ရှေ့သို့ သင် လာသော်လည်း ယင်းအကျင့်ဟောင်းထဲ၌ ဆက်လက်အသက်ရှင်ပါက၊ ဘုရားသခင်၌ သင်၏ယုံကြည်မှုမှာ အဓိပ္ပာယ်ရှိပြီး အဖိုးထိုက်သလော။ အကယ်၍ သင့်ဘဝ ရည်မှန်းချက်များနှင့် အခြေခံသဘောတရားများနှင့် သင် အသက်ရှင်ပုံ မပြောင်းလဲရသေးပါက၊ မယုံကြည်သူများအပေါ် သင်၌ရှိသည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်ကို အသိအမှတ်ပြုခြင်းဖြစ်ပြီး အကယ်၍ သင်သည် အပြင်ပန်းအားဖြင့် ဘုရားသခင်နောက် လိုက်လျှောက်သည်ဟု ထင်ရသော်လည်း သင်၏အသက်တာ စိတ်သဘောထား အနည်းငယ်မျှ မပြောင်းလဲရသေးပါက၊ အဆုံးတွင် သင်သည် ကယ်တင်ခံရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အချည်းနှီးသောယုံကြည်မှုနှင့် အချည်းနှီးသောဝမ်းမြောက်မှု ဖြစ်သည်မဟုတ်လော။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သသမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့်သာ သင်သည် ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းများကို ဖယ်ရှားပစ်နိုင်သည်”) ထို့နောက် မိတ်သဟာယတစ်ခုထဲက စကားများကို ကျွန်မ ဖတ်ခဲ့ရသည်။ “စာတန်ရဲ့ အတွေးအခေါ်ကို လက်ခံပြီး ဘယ်သူကိုမှ လုံးဝ စိတ်အနှောင့်အယှက်မပေးဖို့ ကြိုးစားတဲ့ အသင်းတော်ထဲက လူတွေဟာ ဘုရားသခင် ချီးမွမ်းတာကို ခံရနိုင်လား။ လုံးဝ ဘုရားချီးမွမ်းတာ မခံရနိုင်ပါဘူး။ အခြားသူတွေကို ဘယ်တော့မှ စိတ်အနှောင့်အယှက်မပေးဖို့ ကြိုးပမ်းကြသူတွေက ဘာသက်သေမှ မခံကြဘူး။ဘုရားဖက်မှာ သူတို့ မရပ်တည်ကြသလို၊ ဘုရားသခင်ကို ပြတ်ပြတ်သားသား မနာခံကြဘူး။ အခြားသူတွေကို ဘယ်တော့မှ စိတ်အနှောင့်အယှက်မပေးဖို့ ကြိုးစားကြတဲ့ လူတွေမှာ သမ္မာတရားရဲ့ စစ်မှန်မှု မရှိဘူး။ ဒါကြောင့် သူတို့ ကယ်တင်မခံရနိုင်ပါဘူး။ အခြားသူတွေကို ဘယ်တော့မှ စိတ်အနှောင့်အယှက်မပေးဖို့ ကြိုးစားကြတဲ့သူတွေက စာတန်အားဖြင့် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးကြပြီး စာတန်ရဲ့ အတွေးမခေါ်နဲ့ အသက်ရှင်ကြတယ်။ တခြားလူတွေက သူတို့ကို လူကောင်းတွေအဖြစ် မြင်ကြပေမယ့်၊ ဘုရားသခင်က သူတို့ကို သမ္မာတရားရဲ့ စည်းမျဉ်းတွေ မပိုင်ဆိုင်ကြသူတွေနဲ့ စာတန်ဖက်မှာ ရပ်တည်ပြီး စာတန်ကို နာခံသူတွေအဖြစ် မြင်ပါတယ်။ ဒါအမှန်ပဲ မဟုတ်လား။ ဒီခေတ်မှာ အဲဒီလိုလူတွေ အသင်းတော်ထဲမှာ အများကြီးရှိတယ်။ သူတို့ရဲ့ အမြင်တွေ မပြောင်းလဲရင်၊ အနှေးနဲ့အမြန် သူတို့ ပျက်စီးခြင်း ရောက်လိမ့်မယ်။ ဘုရားသခင်ရဲ့ ဖက်မှာ သင် မရပ်တည်နိုင်ရင်၊ သင် အဆုံးသတ်သွားပြီဖြစ်တယ်” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း၊ အတွဲ ၁၅၁) ဤစကားများကို ဖတ်ရှုခြင်းက ကျွန်မ၏ စိတ်နှလုံးကို ဉာဏ်အလင်းပေးခဲ့သည်။ ထို့နောက်တွင်မှ၊ ကျွန်မ၏ ကိုယ်ပိုင်အကျိုးအမြတ်များကိုသာ အမြဲ ရှာဖွေပြီး ပြဿနာတစ်ခု ရှိသည့်အခါ သဘောကောင်းသောသူ ဖြစ်ဖို့ ကြိုးစားရသည့် အကြောင်းရင်းမှာ "ပြဿနာကို ထောက်ပြသည်ထက် နှုတ်ဆိတ်သည်က ပိုကောင်းသည်"၊ “မိမိကိုယ်ကိုယ် ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ”၊ “ဒုက္ခနည်းခြင်းသည် ပို၍ကောင်း၏” နှင့် “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် ဆိတ်ဆိတ်ငြိမ်နေခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” ကဲ့သို့သော စာတန်၏ အသက်ဆက်ခြင်း နိယာမများက အချိန်အကြာကြီးကတည်းက ကျွန်မ၏ ဘဝဖြစ်လာခဲ့သောကြောင့် ဖြစ်သည်ကို ကျွန်မ နားလည်ခဲ့ရပါသည်။ ယင်းသို့ဖြစ်လာခဲ့သည်မှာ ကျွန်မ ငယ်ရွယ်စဉ်ကတည်းကပင် အခြားသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးများရှိပြီး မည်သူကိုမျှ စိတ်အနှောင့်အယှက်မပေးလျှင်၊ ကမ္ဘာကြီးတွင် ကျွန်မ နေရာတစ်နေရာ ရှိလိမ့်မည်ဟု တွေးထင်ရင်း၊ ကျွန်မ၏ မိသားစု၊ အိမ်နီးချင်းများနှင့် သူငယ်ချင်းများနှင့် အပြန်အလှန်ဆက်ဆံမှုများတွင် ဂရုစိုက်ပြီး ဆင်ခြင်ခဲ့ပါသည်။ အခြားသူများ မှားယွင်းသည့် အရာများ လုပ်ဆောင်သည်ကို ကျွန်မ မြင်သည့်အချိန်တွင်ပင်၊ ယင်းကို ကျွန်မ ပြောရဲခဲ့ပါ။ ကျွန်မ၏ ကိုယ်ပိုင်အကျိုးများကိုသာ ကျွန်မ ရှာဖွေခဲ့ပြီး ကိုယ်ကိုယ်ကိုယ် လေးစားမှု တစ်ခုတစ်လေမျှ မရှိဘဲ အသက်ရှင်ခဲ့သည်။ ဘုရားသခင်ကို ကျွန်မ ယုံကြည်ပြီး ကျွန်မ၏ တာဝန်ကို စတင်ဆောင်ရွက်ပြီးနောက်တွင်၊ ဤအသက်ရှင်သန်ရေးနှင့်ဆိုင်သော ဆိုးယုတ်သည့် နိယာမများအတိုင်း ကျွန်မ ဆက်လက် ပြုမူခဲ့သည်။ အသင်းတော်၏ အလုပ်ကို ဆုံးရှုံးမှုများ ယူဆောင်ခဲ့သည့် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး အသင်းတော်ထဲတွင် ထွက်ပေါ်သည်ကို ကျွန်မ မြင်ခဲ့ရချိန်တွင်၊ ကျွန်မ ပထမဆုံး စဉ်းစားသည့်အရာမှာ ကျွန်မ၏ ကိုယ်ပိုင် အကျိုးများဖြစ်ခဲ့သည်။ အခြားလူများထက် ဘုရားသခင်ကို ကျွန်မ ပို၍ပုန်ကန်ပြစ်မှားချင်ခဲ့သည်။ သမ္မာတရား၏ စည်းမျဉ်းများကို ကျွန်မ မလိုက်နာဝံ့ခဲ့သလို ဘုရားသခင်ဖက်တွင် မရပ်တည်ဝံ့ခဲ့ပါ။ ပြီးလျှင် အထပ်ထပ် အခါခါ အသင်းတော်၏ အလုပ်ကို ကျွန်မ အရေးမစိုက်ခဲ့ပါ။ ကျွန်မသည် စာတန်၏ ကျွန်ဖြစ်ပြီး ဘုရားသခင် စက်ဆုပ်ရွံ့ရှာသည်ကို ခံခဲ့ရသည်။ ဤအကြိမ်တွင်၊ အစ်ကို လီက အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်ကို ကျွန်မ သိရှိသည့်အချိန်တွင်၊ ကျွန်မသည် သူ့စိတ်နှလုံးရှိ ကျွန်မ၏ ပုံရိပ်ကို ထိန်းသိမ်းဖို့ စာတန်၏ လူလူချင်း ဆက်ဆံရေးဆိုင်ရာ အတွေးအခေါ်များဖြင့် အသက်ရှင်ဖို့ ကျွန်မ ကြိုးစားနေဆဲဖြစ်ခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင် အကျိုးများကို ကျွန်မ စဉ်းစားနေခဲ့သည်။ “သဘောကောင်းသော” သူ အဖြစ်နှင့်ဆိုင်သော ဘဝအမြင်ဖြင့် အသက်ရှင်ရင်း၊ ကျွန်မ ပိုမို တကိုယ်ကောင်းဆန်လာပြီး ယုတ်ညံ့လာသည်၊ လူသားအသွင် တစ်ခုတစ်လေမျှ မရှိဘဲ စိတ်မချရသလို ကောက်ကျစ်လာခဲ့သည်ကို ကျွန်မ တွေ့ခဲ့ရသည်။ တစ်ချိန်တည်းတွင်၊ သဘောကောင်းသော လူများသည်လည်း မှားယွင်းကြပြီး မျက်နှာလိုမျက်နှာရလုပ်ကြသည်ကို ကျွန်မ သိလာခဲ့သည်။ သူတို့က ဘုရားသခင်၏ အမှုတော်ကို ကဏ္ဍတိုင်းတွင် ကာဆီးပြီး နှောင့်ယှက်သည်ကလွဲ၍ ဘာမျှမလုပ်ကြပါ။ သူတို့သည် အခြားသူများအပေါ် အန္တရာယ်ပေးခြင်းနှင့် ပျက်စီးခြင်းကို ဆောင်ကျဉ်းရာတွင် ကျွမ်းကျင်ကြသည့် စာတန်၏ လက်ပါးစေများ ဖြစ်ကြသည်။ နောက်လိုက်ခွေးများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရန်သူများ ဖြစ်ကြလေသည်။ ဘုရားသခင်သည် “သဘောကောင်းသော” လူတို့ကို စက်ဆုပ်ရွံရှာပြီး အထင်သေးသလို သူတို့ကို မကယ်တင် သို့မဟုတ် မစုံလင်စေပါ။ ကျွန်မ နောင်တမရဘဲ “သဘောကောင်းသော” သူတစ်ဦး၏ လမ်းကြောင်းကို ဆက်လျှောက်လျှင်၊ နောက်ဆုံးတွင် ဘုရားသခင်၏ ပယ်ရှင်းခြင်းခံရပြီး ပြစ်ဒဏ်ပေးခံရလိမ့်မည်ဖြစ်သည်။ ဤအရာကို သိလျက်၊ ကျွန်မ၏ အခြေအနေမှာ အလွန်အန္တရာယ်များပြီး ဤအတိုင်း ဆက်လုပ်၍မဖြစ်မှန်း ကျွန်မ နားလည်ခဲ့ရသည်။ ဘုရားသခင်ထံ ကျွန်မ စစ်မှန်စွာ နောင်တရပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ၊ ဖြောင့်မတ်ခြင်း အသိစိတ်ရှိသော သူတစ်ဦးဖြစ်ရပါမည်။

နောက်ပိုင်းတွင်၊ အစ်ကိုလီ၏ အခြေအနေကို အထက်ခေါင်းဆောင်များထံ ကျွန်မ သတင်းပို့ခဲ့သည်။ သူတို့၏ လေ့လာဆန်းစစ်မှုနှင့် စိစစ်မှုများပြီးသည့်နောက်၊ အစ်ကိုလီမှာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည်ကို သူတို့ ဆုံးဖြတ်ခဲ့ကြပြီး သူ၏တာဝန်များကို ရပ်စဲစေဖို့ ကျွန်မကို စေခိုင်းခဲ့ကြသည်။ အစ်ကိုလီကို အစားထိုးခြင်း၊ တကယ့်အလုပ်ကို မလုပ်ဆောင်ခြင်းအတွက် သူ့ကို ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာခြင်းတို့ကို တွေးရာတွင်၊ ကျွန်မ စိတ်နှလုံးထဲ အနည်းငယ် တွန့်ဆုတ်မိနေခဲ့သည်။ သူ့ကို ကျွန်မ ရင်မဆိုင်ချင်ပါ။ သူ့ကို နာကျင်စေမည်ကို ကျွန်မ စိုးရိမ်ခဲ့သည်။ ထိုအခိုက်အတန့်တွင်၊ ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့ပါသည်- “‘သဘောကောင်းသော လူတစ်ဦး’ ၏ စိတ်ဓါတ်လှုံ့ဆော်မှုများနှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ ဤကိစ္စရပ်များတွင် အမြဲ လဲကျပြီး ကျရှုံးလိမ့်မည်။ သို့ဆိုလျှင် ထိုသို့သော အခြေအနေများတွင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများနှင့် ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်ထံ သင် ဆုတောင်းရမည်။ ဘုရားသခင်က သင့်ကို ခွန်အားပေးရန်၊ သင့်အား ကိုယ်ကျင့်တရား လိုက်နာခွင့်ပြုရန့်၊ သင် လုပ်သင့်သည့်အရာကို လုပ်ဆောင်ရန့်၊ ကိုယ်ကျင့်တရား အတိုင်း အမှုအရာများကို ကိုင်တွယ်ရန့်၊ သင်၏အနေအထားအတို့င်း ရပ်တည်ခွင့်ပေးရန် နှင့် ဘုရားသခင်အိမ်တော်၏ အမှုဆီသို့ အန္တရာယ်ရောက်လာခွင့် မပေးရန် တောင်းလျှောက်လော့။ ‘သဘောကောင်းသော လူတစ်ဦး’ နှင့်ဆိုင်သော သင်၏ ကိုယ်ပိုင်အကျိုးများ၊ မျက်နှာနှင့် ရှုထောင့်အမြင်တို့ကို သင် စွန့်လွှတ်နိုင်လျှင်၊ သင်လုပ်သင့်သည့်အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီးလိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်”) မိတ်သဟာယတစ်ခုတွင်၊ “ဘုရားရွေးချယ်တဲ့သူတစ်ချို့မှာ ဖြောင့်မတ်ခြင်း အသိစိတ်တစ်ခု ရှိကြတယ်။ ဘုရားရွေးချယ်ထားတဲ့ သူတွေနဲ့ ဘုရားအိမ်တော်ရဲ့ အမှုတော်ကို ကာကွယ်ဖို့ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို ဖော်ထုတ်ဖို့ သတ္တိ သူတို့မှာ ရှိကြတယ်။ အဲဒီလို လူတွေက ရိုးသားပြီး ပွင့်လင်းကြတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ အချစ်တော်တွေဖြစ်ပြီး သမ္မာတရားကို အမှန်တကယ် ချစ်တဲ့သူတွေဖြစ်တယ်။ သမ္မာတရားကို ချစ်ပြီး စစ်မှန်တဲ့ သရုပ်သကန်တွေကို ထုတ်ဖော်ပြသူတွေပဲ အမှန်တကယ် နောင်တရသူတွေ ဖြစ်ပြီး ကယ်တင်ခံရမယ့် သူတွေ အတိအကျဖြစ်ကြပါတယ်” (အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ (၁၂) တွင်ပါဝင်သေ “ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း တရားဟောချက်များနှင့် မိတ်သဟာယဖွဲ့ခြင်း ‘အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၂’ (၂၀)”) ဘုရားနှုတ်ကပတ်တော်များနှင့် ဤမိတ်သဟာယမှ၊ ဘုရားသခင်သည် ရိုးသားပြီး ဖြောင့်မတ်သော အသိစိတ်ရှိသူများကို ချစ်သည်၊ ဤသူများသည် ကယ်တင်ခံရပြီး စုံလင်ခံရမည့် လူမျိုးများ ဖြစ်ကြသည်ကို တွေ့နိုင်သည်။ ယနေ့တွင်၊ အသင်းတော်၌ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ပေါ်ထွန်းခဲ့ပေသည်။ ဤကိစ္စရပ်ကို ကျွန်မ မည်သို့ ချဉ်းကပ်သည်၊ ကျွန်မ၏ ကိုယ်ပိုင် တစ်ကိုယ်ရည် အကျိုးများကို ကာကွယ်သည် သို့မဟုတ် အသင်းတော်၏ အကျိုးများကို ထည့်သွင်းစဉ်းစားသည် မစဉ်းစားသည်၊ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်နိုင်ပြီး စာတန်ကို လိုက်လျောမှုပြုသည် မပြုသည်တို့ကို ဘုရားသခင် ကြည်နေခဲ့ပါသည်။ ယခင်က၊ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ အရေးမစိုက်ခဲ့သလို ကျွန်မအပေါ် ဘုရားသခင်၏ မျှော်လင့်ချက်များကို သစ္စာဖောက်ခဲ့ပါသည်။ ဤအကြိမ်တွင်၊ အစ်ကိုလီကို အစားထိုးခြင်း ကိစ္စရပ်အပေါ်၊ ဘုရားသခင်၏ စိစစ်ခြင်းကို ကျွန်မ လက်ခံသည်။ ကျွန်မ၏ ရည်ရွယ်ချက်များကို မှန်ကန်စေပြီး ကျွန်မကို အစ်ကိုလီ မည်သို့ တွေးပါစေ သို့မဟုတ် ဆက်ဆံပါစေ၊ ကျွန်မ၏ အကျိုးကို ကျွန်မ နောက်ထပ် ကာကွယ်ရမည်မဟုတ်ပါ။ အယောင်ဆောင် ခေါင်းဆောင်များကို ဖော်ထုတ်ခြင်းနှင့် အစားထိုးခြင်းသည် ကျွန်မ၏မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သော ဝတ္တရားဖြစ်ပြီး ယင်းမှာ ကျွန်မ၏ တာဝန် ဖြစ်ပါသည်။ အသင်းတော်၏ အလုပ်ကို ကျွန်မ ထိန်းသိမ်းသင့်ပြီး ညီအစ်ကို မောင်နှမများ၏ အသက်တာထဲ ဝင်ရောက်မှုကို ထည့်သွင်းစဉ်းစားသင့်သည်။ ဘုရားသခင် ဖက်တွင် ရပ်တည်ပြီး အစ်ကို လီကို ချက်ချင်း အစားထိုးကာ သူ၏ သရုပ်သကန်ကို ဖော်ထုတ်သင့်ပါသည်။ အကယ်၍ အစ်ကိုလီသည် သမ္မာတရားကို ရှာဖွေလိုက်စားသော သူတစ်ဦးဦး ဖြစ်ခဲ့လျှင်၊ သူ၏ အစားထိုးခံရခြင်းသည် သူ့ကိုယ်သူ သုံးသပ်ဖို့ ကူညီလိမ့်မည်ဖြစ်ပြီး ယင်းက သူ၏ အသက်တာ ဝင်ရောက်မှုအဖို့ အကျိုးပြုလိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်ရှေ့တွင် အပြစ်ပိုမို လုပ်ဆောင်ခြင်းမှ သူ့ကို တားဆီးလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့ပါသည်။ အစ်ကို လီနှင့် မိတ်သဟာယပြုဖို့ ကျွန်မကို ဘုရားသခင် လမ်းပြပြီး ရဲရင့်ခြင်းသတ္တိ ပေးပါစေ။ အစ်ကိုလီ၏ တကယ့်အလုပ်ကိုလုပ်ဖို့ ပျက်ကွက်ခြင်းနှင့်ဆိုင်သော သရုပ်သကန်အသီးသီးကို ကျွန်မ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာပြီးသည့်နောက်တွင်၊ သူက ကျွန်မကို မမုန်းခဲ့ရုံသာမက၊ နောင်တလည်း ရခဲ့ပြီး၊ “ကျွန်တော် ဒီနေ့ အစားထိုးခံရတာက ဘုရားရဲ့ ဖြောင့်မတ်ခြင်းပါပဲ။ အဲဒါက ကျွန်တော့်အပေါ် ဘုရားရဲ့ ချစ်ခြင်းနဲ့ ကွယ်ကာခြင်းပါ။ ဒါကို ကျွန်တော့်ဆီ ခင်ဗျား မထောက်ပြခဲ့ရင်၊ အသင်းတော်ကို ကျွန်တော်လုပ်နေမိခဲ့တဲ့ ထိခိုက်မှုက ဘယ်လောက်ကြီးမားလဲဆိုတာ ကျွန်တော် သိခဲ့မှာ မဟုတ်ဘူး။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒါကို ကျွန်တော် သုံးသပ်ဆင်ခြင်ပါ့မယ်။ ကျွန်တော့်အထဲမှာ တခြား ဘာဖောက်ပြန်ပျက်စီးမှုရှိလဲဆိုတာကို ကျွန်တော့်ကို ပြောပါဗျာ။ အဲဒါက ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် သုံးသပ်ဖို့ ကူညီမှာပါ...။” အစ်ကို လီ၏ စကားများကို ကြားရင်း၊ ကျွန်မ တို့ထိမှု ခံစားခဲ့ရသည်။ သူ၏ သရုပ်သကန်များကို ဖော်ထုတ်ခြင်းက သူ့ကို နာကျင်စေမည်ဟု ကျွန်မ ခံစားမိခဲ့သည်။ သို့သော် လတ်စသတ်တော့ ဤအရာများက ကျွန်မ၏ စိတ်ကူးများ ဖြစ်နေခဲ့ပေသည်။ ယင်းတို့ကို သူ့ထံ ကျွန်မ မထောက်ပြခဲ့လျှင်၊ သူ့ကို ကျွန်မ အမှန်တကယ် ထိခိုက်စေခဲ့လိမ့်မည်ဖြစ်သည်။ ထိုအခိုက်အတန့်တွင်၊ ကျွန်မ စိတ်ဝိညာဉ်၌ တည်ကြည်ခိုင်မာမှုနှင့် ငြိမ်းအေးမှုကို ကျွန်မ ခံစားခဲ့ရပြီး၊ ဘုရားသခင်ထံ ပိုမိုနီးကပ်သည်ဟု အထူးသဖြင့် ခံစားခဲ့ရသည်။ထို့ကြောင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဖြောင့်မတ်ခြင်းဖက်တွင် ရပ်တည်ခြင်းအားဖြင့်သာ၊ ညီအစ်ကို မောင်နှမများကို ကျွန်မ အမှန်တကယ် ကူညီနိုင်သည်ကိုလည်း ကျွန်မ အမှန်တကယ် အသိအမှတ်ပြုမိခဲ့သည်။ နောက်ပိုင်းတွင်၊ ညီအစ်ကို မောင်နှမများက သမ္မာတရား၏ စည်းမျဉ်းများ ချိုးဖောက်သည်ကို ကျွန်မ တွေ့သည့်အခါ “သဘောကောင်းသော” အဖြစ်၏ ရှုထောင့်အမြင်ကို ကျွန်မ ထုတ်ဖော်နေဆဲဖြစ်ပြီး အခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်ရွံ့နေဆဲဖြစ်သော်လည်း၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ကာ ဤအရာများကို သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီ ဆက်ဆံပြုမူရင်းဖြင့်၊ ဘုရားသခင်ရှေ့သို့ ဆုတောင်းဖို့ ချက်ချင်း လာခဲ့ပါသည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဤလက်တွေ့လုပ်ဆောင်ခြင်းနှင့် ဝင်ရောက်မှုအနည်းငယ်ကို ကျွန်မ ရရှိနိုင်ခြင်းအဖြစ်မှာ ဘုရားနှုတ်ကပတ်တော်များ၏ အကျိုးဆက် ဖြစ်ပါသည်။

ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံပြီး အမှန်တရားများကို ဖော်ထုတ်ခံရပြီးသည့်နောက်တွင်၊ “သဘောကောင်းသော” သူများက ကောက်ကျစ်သည်၊ ဆိုးညစ်ကြသည်၊ အသိစိတ် သို့မဟုတ် လူသားသဘာဝ မရှိကြသလို ဘုရားသခင်၏ ကယ်တင်မှုကို ခံရဖို့ အခွင့်အရေးမရှိသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုနှင့် ဦးဆောင်မှုတို့အတွက်လည်း ကျွန်မ ကျေးဇူးတင်ရှိပါသည်။ ယင်းတို့က ကျွန်မ၏ “သဘောကောင်း” သည့် အဖြစ်နှင့်ဆိုင်သော စိတ်နေစိတ်ထား၏ အချုပ်အနှောင်များကို ခါချဖို့နှင့် ရိုးသားသော သူတစ်ဦး၏အသွင်ကို အနည်းငယ် အသက်ရှင်နေထိုင်ဖို့ ကျွန်မကို အခွင့်ပေးခဲ့သည်။ တွေ့ကြုံနေရစဉ်တွင်၊ ဘုရားသခင်၏ အိမ်တော်၌ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတို့က မည်သို့ တန်ခိုးအာဏာရှိသည်ကို ကျွန်မ အမှန်တကယ် အသိအမှတ်ပြုခဲ့ရသည်။ ဘုရားသခင်၏ အိမ်တော်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်သူများ၊ သမ္မာတရား၏ စည်းမျဉ်းများအတိုင်း ပြုမူသည့်သူများနှင့် ဖြောင့်မတ်ခြင်း အသိစိတ်ဖြင့် ရိုးသားသောသူသာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပြီး ဘုရားသခင်၏ အတည်ပြုခြင်း ခံရနိုင်သည်။အနာဂတ်တွင်၊ သမ္မာတရားကို ရှာဖွေလိုက်စားဖို့၊ ဖြောင့်မတ်ခြင်း အသိစိတ်ရှိသောသူတစ်ဦး ဖြစ်ဖို့၊ ကျွန်မ၏ တာဝန်ကို မှန်မှန်ကန်ကန် ဆောင်ရွက်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့နှင့် ကိုယ်တော်၏ စိတ်နှလုံးကို နှစ်သိမ့်ခြင်း ဆောင်ကျဉ်းဖို့ရန် ကျွန်မ တတ်နိုင်သမျှ လုပ်ဆောင်ပါမည်။

ယခင်က:နာခံခြင်း သင်ခန်းစာ

နောက်တစ်ခုသို့:ဘုရားသခင်၌ ယုံကြည်ခြင်းလမ်းပေါ် စတင်ခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ