၁၇၉ သေရေး ရှင်ရေး ကိစ္စရပ်တစ်ခု
၁
အလွန် အကြီးအကျယ် ဖောက်ပြန်ပျက်စီးလျက် လူသားမျိုးနွယ်သည် ဆိုးယုတ်သော စိတ်သဘောထားနှင့် ပြည့်နှက်သည်။
ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မရှိဘဲ၊ လူတို့သည် ကပ်ဘေးအလယ် ဧကန်မုချ သေကြေကြရလိမ့်မည်။
သခင့်ကို ယုံကြည်ခြင်းတွင် အသက်တစ်စက်မျှ မပါဘဲ၊ သမ္မာကျမ်းစာကို ဖက်တွယ်ခြင်းသာ ရှိပေ။
ခရစ်တော်၏ တရားစီရင်ခြင်းမှ ထွက်ပြေးခြင်းဖြင့်၊ ကောင်းကင်နိုင်ငံတော်ထဲသို့ လူများ ဘယ်သောအခါမျှ ဝင်ကြလိမ့်မည်မဟုတ်ပေ။
နောက်ဆုံးသော ကာလအတွင် ဘုရားသခင်၏ သမ္မာတရား မိန့်မြွက်ချက်များက သေရေး ရှင်ရေး ကိစ္စရပ်တစ်ခု ဖြစ်ပေ။
ပညာသတိရှိသော သတို့သမီးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကာ၊ မှန်သော လမ်းခရီးကို လက်ခံကြသည်။
သို့သော်၊ သမ္မာကျမ်းစာကို မြဲမြံစွာ စွဲကိုင်သူ၊ မိမိတို့၏ ယူဆချက်များကို ဖက်တွယ်သော လူတို့သည် သုတ်သင်ပယ်ရှင်းခံရဖို့ သေချာပေသည်။
ဘုရားသခင်၏ အမှုတော်သည် ဉာဏ်ပညာရှိပြီး ယင်းကို လူသား ဘယ်သောအခါမျှ ဉာဏ်မမီနိုင်ပေ။
၂
မည်မျှ မှန်ကန်သည့်ပုံပေါ်ပါစေ၊ လူတို့၏ အတွေးအမြင်များနှင့် စိတ်ကူးများက သမ္မာတရား မဟုတ်ပေ။
၎င်းတို့၏ ကိုယ်ပိုင် အတွေးအမြင်များနှင့် စိတ်ကူးများကို အသုံးပြုရင်း ဘုရားသခင်ကို ဘောင်ခတ်ဖို့ ကြိုးစားခြင်းက သူတို့ကို ပါးနပ်မှု သားကောင် ဖြစ်စေသည်။
စာတန်၏ အလိမ်အညာများကို နားထောင်ရင်း၊ စာတန်၏ ထောင်ချောက်ထဲသို့ သူတို့ ကျဆင်းကျရပေပြီ။
လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မသန့်စင်သေးပေ၊ သူတို့သည် စာတန်နှင့် သက်ဆိုင်နေဆဲ ဖြစ်သည်။
သမ္မာတရားကို ဖော်ပြခြင်းနှင့် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်း ဖြစ်ပေ။
သမ္မာတရားကို လက်ခံရန် လူတို့ ငြင်းပယ်လျှင်၊ ဘုရားသခင်၏ ရှုတ်ချခြင်းနှင့် အပြစ်ပေးခြင်းတို့မှ သူတို့ မထွက်ပြေး နိုင်ပေ။
ဘုရားသခင် အောင်မြင်သောသူများ အုပ်စုတစ်စုကို ဖန်တီးပြီဖြစ်ကာ ကြီးမားသော ကပ်ဘေး လာနေပြီဖြစ်သည်။
နောက်ဆုံးသော ကာလ၏ ခရစ်တော်ကို သူတို့ လက်ခံနိုင်ခြင်း ရှိမရှိသည် လူတို့၏ အဆုံးသတ်ကို ဆုံးဖြတ်လိမ့်မည်။