အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၁၄ တရားစီရင်ခြင်းနောက် ကျွန်ုပ် နောက်ဆုံးတွင် မိမိကိုယ်ကိုယ် သိရှိသည်

၁ သခင့်ကို ယုံကြည်ခဲ့သည်နှစ်များတစ်လျှောက် သမ္မာကျမ်း အသိပညာအပေါ်သာ ကျွန်ုပ် အာရုံစိုက်ခဲ့သော်လည်း၊ သမ္မာတရားကို မလိုက်စားခဲ့ပေ။ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ အရာရာကို စွန့်လွှတ်ရင်း၊ ဘုရားသခင်ကို ကျွန်ုပ် အချစ်ဆုံးဟု ထင်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကြုံပြီးနောက်တွင်သာ၊ ကျွန်ုပ် နောက်ဆုံးတွင် မိမိကိုယ်ကိုယ် သိရှိခဲ့သည်။ သမ္မာကျမ်း အသိပညာနှင့် အယူဝါဒတို့ကို ကျွန်ုပ် အသေးစိတ်ရှင်းပြနိုင်သော်လည်း၊ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပါယ်ကို ကျွန်ုပ် နားမလည်ခဲ့ပေ။ နှစ်များစွာအလုပ်ကြိုးစားခဲ့ပြီး ဘုရားတရား ကိုင်းရှိုင်းပုံပေါ်ခဲ့သော်လည်း၊ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် အဆင့်အတန်းကို တပ်မက်ခဲ့သည်။ ဘုရားသခင်ကို ကျွန်ုပ် မကြောက်ရွံ့ခဲ့၊ မကြာခဏ လိမ်ညာကာ လှည့်ဖြားရင်း၊ ယင်းသည် ဘုရားသခင်၏ အလိုတော်နှင့် အဘယ်သို့ ကိုက်ညီမည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တော်တိုင်းက ကျွန်ုပ်၏ စိတ်နှလုံးကို ထိခိုက်ပြီး ကျွန်ုပ်တွင် ပုန်းကွယ်စရာ နေရာမရှိပေ။ ကျွန်ုပ်၏ သူတော်ကောင်းယောင်ဆောင်မှု အမှန်တရားကို ကျွန်ုပ် မြင်ပြီးဖြစ်သည်၊ ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်ဖို့ ကျွန်ုပ် မထိုက်တန်ပေ။ အရှက်ရခြင်းနှင့် နောင်တတို့ဖြင့် ကျွန်ုပ် မိမိကိုယ်ကိုယ် ပျပ်ဝပ်ကာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို လက်ခံရန် ပျော်ရွှင်မိပါသည်။

၂ ဘုရားသခင်၏ တရားစီရင်ခြင်းကို ကြုံရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံး ခိုင်မာသော သမ္မာတရားဖြစ်သည်ကို ကျွန်ုပ် မြင်ရလေပြီ။ လူ၏ သဘာဝမှာ သစ္စာပျက်ခြင်းနှင့်ဆိုင်ပြီး၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် လှည့်ဖြားမှု တို့ဖြင့် ပြည့်လေသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသည် အလွန်နက်ရှိုင်းသည်၊ လူ့သဘာဝအားလုံးကို ကျွန်ုပ် ဆုံးရှုံးလေပြီ၊ ကျွန်ုပ်သည် အမှန်တကယ် စာတန်၏ သားသမီးဖြစ်ပေ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို မကြုံရဘဲ၊ ဘုရားသခင်ကို ကျွန်ုပ် မည်သို့ နာခံကာ ချစ်နိုင်မည်နည်း။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတဆင့် နာကျင်မှု၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုအချို့ကို ကျွန်ုပ် ခံစားရသော်လည်း၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရကာ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ကျွန်ုပ် သိလာသည်။ ကျွန်ုပ်ကို သန့်ရှင်းစေပြီး ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာကို သန့်စင်စေသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ဖြစ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြည်းစမ်းရင်း ကျွန်ုပ်မှာ သူ့အတွက် ကြောက်ရွံ့မှု တိုးလေပြီ၊ သူ့ရှေ့မှောက်တွင် ကျွန်ုပ် အမှန်တကယ် အသက်ရှင်ရသည်။ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် သိကျွမ်းခြင်းသည် ဘုရားသခင်၏ စုံလင်စေခြင်းကြောင့် လုံးဝ ဖြစ်ပေသည်။ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ရရှိရန် သမ္မာတရားကို လိုက်စားခြင်းသည် ကျွန်ုပ်၏ တစ်ခုတည်းသော စိတ်ဆန္ဒ ဖြစ်ပေ။

ယခင်က:ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သူ၏ တရားစီရင်ခြင်းအတွင်း တွေ့မြင်ခြင်း

နောက်တစ်ခုသို့:ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်လျက် ဆင်ခြင်သုံးသပ်ခြင်းများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ