အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၉။ ကျွန်မ၏ ရာထူးဂုဏ်ဒြပ် အား ဆုံးရှုံး ပြီးနောက်

ဟူမင်း၊ ဟိုင်နန် ပြည်နယ်

ခေါင်းဆောင် နေရာကို အခြားလူတစ်ယောက်ဖြင့် အစားထိုး ခန့်အပ် ခြင်း ခံရသော သူတစ်ဦး တစ်ယောက် ကိုတွေ့မြင်ရသည့်အပြင်၊ ထိုသူတို့၏ ကျဆုံး ခြင်း၊ ပျော့ညံ့ခြင်း သို့မဟုတ် သုန်မှုန်ခြင်း တို့ကိုပါ ကျွန်မ မြင် ရသည့်အချိန်တိုင်း၊ ကျွန်မ သည် ထိုသူတို့အပေါ် အထင်အမြင်သေးခဲ့ သည်။ “၎င်းမှာ လူအမျိုးမျိုးတို့သည် အသင်းတော်အတွင်း၌ အလုပ်အမျိုးမျိုး ကို ဆောင်ရွက် နေခြင်း ထက်မပို သည့်အပြင်၊ နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ ကွဲပြား ခြားနားခြင်း မရှိဘဲ၊ ကျွန်မ တို့ အားလုံးသည် ဘုရားသခင်၏ ဖန်းဆင်းခြင်းများ သာဖြစ်ကြ၍ စိတ်အားညှိုးငယ် စရာ အဘယ်အရာမျှ မရှိ” ဟု ကျွန်မ သည် တွေးထင်ခဲ့သည်။ ထို့ကြောင့် ကျွန်မ သည် ယုံကြည်သူအသစ်များ အား သွန်းလောင်း နေသည် ဖြစ်စေ သို့မဟုတ် ခေါင်းဆောင် အဖြစ် အစေခံသည် ဖြစ်စေ၊ ကျွန်မ၏ ရာထူးဂုဏ်ဒြပ် အပေါ်တွင် ကျွန်မသည် အလွန်တရာ အာရုံစူးစိုက် သည်ဟု လည်းကောင်း ထိုကဲ့သို့သော သူဖြစ်သည်ဟုလည်းကောင်း မည်သည့်အခါမျှ မထင်မြင်ခဲ့မိပါ။ ကျွန်မကိုယ်တိုင် ခေါင်းဆောင်အဖြစ်ရာထူးနေရာကို အခြားလူတစ်ယောက်ဖြင့် အစားထိုးခြင်း ခံရချိန်တွင်မူ ထိုသို့ရှက်ဖွယ်အမူအကျင့်မျိုး ပြမိလိမ့်မည်ဟု နှစ်သန်းပေါင်းများစွာပင် တွေးမိမည် မဟုတ်ပါ။

အချိန်အတော်အကြာက၊ ကျွန်မသည် စစ်မှန်သော အလုပ် မည်မည်ရရ တစ်စုံတစ်ရာ ထမ်းဆောင်နေခြင်း မရှိသည့်အပြင် ယုံကြည်ခံယူချက် ကိုသာ အစဉ်အမြဲ ဟောပြော နေခြင်းတို့ကြောင့်၊ ကျွန်မ၏ ခေါင်းဆောင်သည် ကျွန်မအား အခြားလူတစ်ယောက်ဖြင့် အစားထိုးခဲ့သည်။ ထိုအချိန် ၌ “အကယ်၍ ကျွန်မ၏ အရည်အချင်း သည် အလယ်အလတ် ခေါင်းဆောင် အဖြစ် မဟုတ်ခဲ့လျှင်ပင်၊ ကျွန်မသည် သမ္မာတရားအကြောင်း ဆွေးနွေးပြောပြခြင်းဖြင့် မိတ်သဟာယဖွဲ့ကာ အသင်းတော်တွင် ရေသွန်းလောင်းခြင်းနှင့် ထောက်ပံ့ခြင်းတို့ကို လုပ်ဆောင်ရန် အရည်အချင်း ရှိသေးသည်” ဟု ကျွန်မကိုယ် ကျွန်မတွေးထင်ခဲ့သည်။ ကျွန်မ၏ ခေါင်းဆောင်သည် ကျွန်မအား အသင်းတော်၏ သာမန်အရေးအခင်းများ ကိုသာ ကိုင်တွယ်ဆောင်ရွက်ရန် တာဝန်ပေး မည်ဟု ကျွန်မ မည်သည့် အခါမျှ မမျှော်လင့်မိခဲ့ပေ။ ကျွန်မသည် အံ့သြသွား ခဲ့ပြီး “ကျွန်မလို အလယ်အလတ် ခေါင်းဆောင်တစ်ယောက် အနေဖြင့် အခုလိုမျိုး တောက်တိုမည်ရ အလုပ်တွေကို လုပ်ဖို့တာဝန်ပေးခံရတာလား။ အသင်းတော်က ဘယ်သူမဆို ဒါမှမဟုတ် ဉာဏ်ရည်နဲနဲ ရှိတဲ့ သူလောက်လည်း ဒီအလုပ်ကို လုပ်နိုင်တာပဲ။ ကျွန်မကို ဒီလိုမျိုး အလုပ်လုပ်ခိုင်းတာက ကျွန်မစွမ်းရည်တွေကို သိသိသာသာကြီး ဖြုန်းတီးရာ ရောက်မနေဘူးလား” ဟု ကျွန်မသည် တွေးခဲ့သည်။ သို့သော်လည်း ကျွန်မသည် နာခံမှုမရှိသောသူ တစ်ယောက်ဖြစ်ပြီး မိမိ၏ ရာထူးဂုဏ်ဒြပ် ကို ဂရုစိုက်သည် ဟု ကျွန်မ၏ ခေါင်းဆောင်ပြောခြင်းခံရမည်ကို စိုးရိမ် သောကြောင့် ကျွန်မသည် အတင်းကြိုးစား ပြုံးကာ သဘောတူခဲ့သည်။ သို့သော်လည်း ကျွန်မသည် အိမ်ပြန်ရောက်လျှင်ရောက်ခြင်း၊ အိပ်ယာပေါ်တွင် လဲကျပြီး၊ စိတ်မသက်မသာခံစားရသည်။ “ကျွန်မမှာ ရာထူးဂုဏ်ဒြပ် မရှိတဲ့အတွက်ကြောင့် ကျွန်မရဲ့ မောင်နှမများ ကျွန်မကို ဘယ်လိုထင်မြင်ကြမလဲ။ အခုတော့ ကျွန်မက တောက်တိုမည်ရ အလုပ်တွေကိုပဲ လုပ်နေရပြီးတော့ ကျွန်မ နေ့ရက်ကို ဘယ်လို ပြန်ရနိုင်မှာလဲ။” ဤအတွေးများ သည် ကျွန်မ၏ ခေါင်းထဲ၌ ပြည့်နှက်လျက်ရှိနေသည်။ ၎င်းအား ကျွန်မ ပို၍ တွေးမိလေ၊ ကျွန်မ ပို၍ စိတ်မသက်သာဖွယ်ရာ ခံစားရလေဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ အထွေထွေ အရေးကိစ္စများ ကို တာဝန်ယူ ဆောင်ရွက်သည့် အစ်မ အား ကျွန်မတွေ့ခဲ့သည်။ သူမအား ကျွန်မ တွေလျှင်တွေ့ချင်းပင်၊ သူမသည် ကျွန်မအား မိတ်သဟာယဖွဲ့ခြင်းကို ပေးကာ၊ “ဒီအလုပ်လုပ်ရတာ လွယ်တယ် ထင်ရပေမယ့်၊ အလုပ်လုပ်တဲ့နေရာမှာ ဝတ်ပြုကိုးကွယ်ခြင်းနဲ့ လုပ်ဆောင်ရမယ်” ဟုပြောပြီး ဉာဏ်ပညာနှင့် နာခံမှုအစရှိသည့် သမ္မာတရား၏ ရှုထောင့်များအကြောင်းကို ဆက်လက်ပြောဆိုခဲ့သည်။ ကျွန်မ၏ သဘောတူညီ ကြောင်းကို ထုတ်ဖေါ်ပြောလိုက်သော်လည်း၊ ကျွန်မ၏ နှလုံးသား မှာ ဒေါသအမျက်ခြောင်းခြောင်းထွက်သော မီးလျှံသကဲ့သို့ ဖြစ်ကာ၊ “ရှင်က ကျွန်မကို ဘာမှမသိတဲ့ လူတစ်ယောက်ပုံစံနဲ့ မိတ်သဟာပြုနေတယ်။ ကျွန်မပဲ ဒီလိုမိတ်သဟာယမျိုးကို ရှင့်ကိုပေးခဲ့တာ မဟုတ်ဘူးလား။ အခုတော့ ရှင်က ကျွန်မကို မိတ်သဟာယပြန်ပေး နေတယ်” ဟုတွေးတောနေသည်။ ကျွန်မ၏ အစ်မ ပေး သော မိတ်သဟာယဖွဲ့ခြင်း စကားတစ်လုံးမျှ နားမဝင်ပဲ၊ ထိုအစား ကျွန်မသည် သူမ၏ စကားကြောရှည် ခြင်းကို သာ မကျေမချမ်းနိုင် ဖြစ်ခဲ့သည်။ အဆုံး ၌ စိတ်မရှည်စွာ ဖြင့် ကျွန်မသည် “တခြားရှိသေးလား၊ မရှိတော့ဘူးဆို သွားတော့မယ်” ဟု စိတ်မရှည်စွာ ဖြင့် ပြောလိုက်သည်။ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက်၊ ကျွန်မသည် “မိမိ၏ ညီအစ်မ အပေါ်အဘယ့်ကြောင့် ဤကဲ့သို့ သဘောထား ရှိရသနည်း။ အကယ်၍ သူမ၏ ရာထူးဂုဏ်ဒြပ် မှာ အစဉ်အမြဲ မိမိ ထက်ပိုမြင့် ခြင်း သို့မဟုတ် တူညီ ခဲ့သည် ရှိသော်၊ သူမအား ကျွန်မ ဤကဲ့သို့ ဆက်ဆံ ခဲ့မည်လော။ မဟုတ်ပါ၊ ကျွန်မ လုံးဝ ပြုခဲ့လိမ့်မည် မဟုတ်ပါ။ ဤသည်မှာ ကျွန်မသည် သူမအား အစဉ်အမြဲ ဦးဆောင်သော သူဖြစ်ခဲ့ပြီးလျှင်ယခုတွင် သူမသည် ကျွန်မအား ကျွန်မအနေဖြင့် ယုံကြည်လက်ခံနိုင်ခြင်း မရှိသည့်အရာများကို တစ်ဖန်ပြန်လည် ထောက်ပြနေသောကြောင့် ဖြစ်ပါသလား။ ဤသည်မှာ ကျွန်မသည် ရာထူးဂုဏ်ဒြပ်ကို လိုလားတောင့်တခြင်း၏ လွှမ်းမိုးမှုကို ခံနေရကြောင်း ပြသခြင်း မဟုတ်သလော။” ကျွန်မသည် ရုတ်တရက် မိမိ၏ ရှက်ဖွယ်ကောင်းသော အပြုအမှု အတွက် စိတ်မသက်မသာ ဖြစ်လာပြီး၊ ဘုရား သခင်၏ နှုတ်ကပတ်တော် များ၏ တရားစီရင် ခြင်းသည် ကျွန်မထံ ရောက်ရှိလာ ခဲ့သည်။ “ဤနည်းလမ်းကို သင်ရှာဖွေလေ အနည်းငယ်သာ ရိတ်သိမ်းရလေ ဖြစ်လိမ့်မည်။ ရာထူးအဆင့်အတန်းအတွက် လူတစ်ဦး၏ တပ်မက်မှုအလိုဆန္ဒ ပို၍ကြီးမားလေ ၎င်းတို့အား ပို၍ပြင်းထန်စွာ ရိုက်နှက်ဆုံးမရန် လိုလေဖြစ်ပြီး ၎င်းတို့သည် ပို၍ကြီးသော စစ်ဆေးခြင်းကို ကျော်ဖြတ်ရလေ ဖြစ်သည်။ ထိုသို့သော လူအမျိုးအစားသည် အလွန် အသုံးမကျသောသူ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ထိုအရာကို လုံးလုံးလျားလျား လက်လွှတ်ရန်အတွက် ၎င်းတို့အား လုံလောက်စွာ ရိုက်နှက်ဆုံးမကာ တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤလမ်းကို အဆုံးတိုင်အောင် လိုက်စားပါက သင်မည်သည့်အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများကို သဏ္ဌာန်ပြောင်းလဲ၍ မရနိုင်ပါ၊ သမ္မာတရားကို မဆာငတ်သော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ တစ်ကိုယ်ရေ သဏ္ဌာန်ပြောင်းလဲခြင်းကို လိုက်စားရန်နှင့် ထိုထဲ ဝင်ရောက်ရန် သင်အာရုံမစိုက်ပေ၊ သင်သည် လွန်ကဲသော ထိုတပ်မက်မှုအလိုဆန္ဒများ နှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်စေပြီး သူနှင့် နီးကပ်စေရန် ချုပ်တည်းထားသော အရာများအပေါ် အမြဲတစေ အာရုံစိုက်လျက်ရှိသည်။ ထိုအရာများသည် သင့်အား သဏ္ဌာန်ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။ သင်လိုက်စားသော အရာမှာ သမ္မာတရားကို ရှာဖွေခြင်း မဟုတ်ပါက ဤအခွင့်အရေးကို စိတ်မပါတပါ အသုံးချပြီး လောကထဲသို့ ပြန်ပြီး လိုက်စားသော အရာတွင် အောင်မြင်အောင် လုပ်နိုင်ပါသည်။ ဤပုံစံဖြင့် သင်၏အချိန်ကို ဖြုန်းတီးခြင်းမှာ အမှန်တကယ် မတန်ပါ၊ အဘယ်ကြောင့် သင့်ကိုယ်သင် နှိပ်စက်ရသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် အလိုမရှိသနည်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို တွေးတောစဉ်းစား ပြီး၊ မိမိကိုယ်ကို ပြန်လည်ကြည့်ကာ၊ ကျွန်မ လေ့လာလိုက်စား နေသော အရာ သည် သမ္မာတရား နှင့် အသက် လုံးဝမဟုတ် သည်သာမက ဘုရားသခင်အား ကျေနပ်အားရစေရန် ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ဖို့အတွက် ရှာဖွေနေခဲ့ခြင်း လည်းမဟုတ်သည် ကို ကျွန်မသည် စတင်နားလည် သဘောပေါက်လာခဲ့ပြီး၊ ထိုသို့ရှာဖွေမည့်အစား အချည်းနှီးသော အရာများ ဖြစ်သည့် ကျော်ကြားမှု၊ အမြတ်အစွန်း နှင့် ရာထူးဂုဏ်ဒြပ် များ ကို ကျွန်မသည် လေ့လာလိုက်စား နေခြင်းဖြစ်သည်။ ကျွန်မ သည် ရာထူးဂုဏ်ဒြပ် များ ရှိခဲ့သော အခါ၊ မကုန်ခမ်းနိုင်သော ထကြွလုံ့လမှု အစဉ်အမြဲ ရှိခဲ့သည်။ သို့သော်လည်း ကျွန်မ၏ ရာထူးဂုဏ်ဒြပ် ဆုံးရှုံးသွား သည် အချိန်တွင်၊ ကျွန်မသည် ပျော့ခွေ ခြင်းနှင့် အားအင် ချည့်နဲ့ ခြင်းကို ခံစား ရ၍ အာဃာတတစ်ခုကို မကြာခဏစွဲကိုင်ထားခြင်းဖြင့် မလှုပ်မယှက်နှင့် ကျွန်မအလုပ်ကိုလည်း တမင်သက်သက် ကောင်းမွန်စွာ လုပ်ကိုင်ခြင်း မရှိတော့သည်မှာ ကျွန်မသည် အခြားလူတစ်ယောက်ပုံစံ ပြောင်းလဲသွားခဲ့ပါသည်။ ကျွန်မဟာ မိမိရဲ့ ရာထူးဂုဏ်ဒြပ် နောက်ကို အမှန်တကယ် လိုက်ပါသွား ခဲ့ကာ၊ ဤကဲ့သို့ အရေးမပါ သော တန်ဖိုးမဲ့သော အရာများ ၌ မိမိကိုယ် တစ်နေကုန် ပျာယာခတ် နေခဲ့ကာ၊ အချိန်များ စွာ ဖြုန်းတီးခဲသည့်အပြင် အဆုံး ၌ ထိုသို့ဖြစ်ခဲ့ခြင်းများသည် ကျွန်မအတွက် မည်သည့်အရာကို ရရှိစေခဲ့သနည်း။ ၎င်းမှာ ယနေ့ ကျွန်မ ပြသခဲ့ သော ရှက်ဖွယ် အမှုအယာ ဖြစ်သလော။ ဘုရားသခင် ကျွန်မအတွက် ပြုခဲ့သော အရာအားလုံး ကို ပြန်လည် စဉ်းစား ကာ၊ ကျွန်မသည် သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံနိုင်ခြင်း မရှိခဲ့ သကဲ့သို့ သမ္မာတရားကို လိုက်စားပြီး မိမိတာဝန်ကို မိမိ၏ အချိန်စွမ်းအားများ လုံးလုံးလျားလျား ပေးအပ်မြုပ်နှံထားခြင်းလည်း မရှိသည့်အပြင်၊ ဆန့်ကျင်ဖက်အားဖြင့် ကျွန်မကိုပေးအပ်သောတာဝန်သည် ကျွန်မအတွက် နိမ့်ကျသည်ဆိုပြီးလည်းကောင်း၊ တိုးတက်မှုအလားအလာ မရှိဟု ဆိုပြီးလည်းကောင်း ထိုအလုပ်တာဝန်ကို လုပ်ဆောင်လိုခြင်းလည်း မရှိခဲ့ပါ။ ဤကဲ့သို့ပြုမှုခြင်း ဖြင့်၊ ဖန်ဆင်းခံသတ္တဝါတစ်ဦး ၏ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား မရှိ သော သူအဖြစ် မိမိကိုယ်ကို လုံးလုံးလျားလျား ဖေါ်ပြခဲ့သည်။ ကျွန်မသည် မိမိ၏ ကိုယ်ပိုင် ကျော်စောခြင်း၊ အမြတ်အစွန်း နှင့် ရာထူးဂုဏ်ဒြပ်များ နောက်ကိုကောက်ကောက်ပါအောင် လိုက်ခဲ့ကြောင်းကို ကျွန်မအား ပြသခဲ့ခြင်း နှင့် ကျွန်မသည် မာနကြီးခြင်း၊ စိတ်ကြီးဝင်ခြင်း နှင့် ရာထူးဂုဏ်ဒြပ် အပေါ် အလွန်အမင်း အရေးထား ခြင်းတို့ အပေါ် ဘုရားသခင်၏ ထုတ်ဖော်ခြင်း အတွက် သူ့အား ကျွန်မ ကျေးဇူးတင်ခဲ့သည်။

ထို့နောက် ခေါင်းထဲသို့ သီချင်းတစ်ပုဒ် ဝင်ရောက်ခဲ့သည်- “အို ဘုရားသခင်။ ကျွန်ုပ်၌ ရာထူးအဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ ရာထူးအဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး ရာထူးအဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ သို့မဟုတ် ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။...အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံသင့်ကြောင်း။...အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်အောင်ပြုလျှင်လည်း ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်အောင်မပြုလျှင်လည်း ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ကျွန်ုပ်သည် သေးနုပ်သော ဖန်ဆင်းခံမျှသာဖြစ်သည်”) ကျွန်မသည် ဤသီချင်းအား ထပ်ခါထပ်ခါ သီဆိုပြီးလျှင်၊ ကျွန်မ၏ မျက်လုံးများ မှ မျက်ရည်များ သွန်ကျလာခဲ့ကာ၊ဘုရားသခင်ရှေ့တွင် ဒူးထောက်၍ ဆုမတောင်းပဲ မနေနိုင်ဖြစ်ခဲ့ရပါသည်။ အိုဘုရားသခင်၊ ကိုယ်တော် ၏ နှုတ်ကပတ်တော်များ မှတဆင့် ကိုယ်တော်၏ ရည်ရွယ်ချက်များ ကို ကျွန်မသည် နားလည်သဘောပေါက်ခဲ့ပါသည်။ ကျွန်မ၏ ရာထူးဂုဏ်ဒြပ် သည် မြင့်မားသည် ဖြစ်စေ သို့မဟုတ် နိမ့်ကျသည် ဖြစ်စေ၊ ကျွန်မသည် ကိုယ်တော်၏ ဖန်ဆင်းခြင်းခံ ရသော သူဖြစ်ပြီး ကိုယ်တော်၏ အစီအစဉ်မှန်သမျှတို့ကို အပြည့်အဝ နာခံရပါမည်။ ကိုယ်တော်၏ ဖန်ဆင်းခံသတ္တဝါများထဲများ တစ်ဦးအနေဖြင့် လုပ်ဆောင်ရန် လိုအပ်သည့် တာဝန်ကိုလည်း အစွမ်းကုန် ထမ်းဆောင် ရပါမည်။ ပြီးနောက်တွင်လည်း ကိုယ်တော် စီစဉ်ပေးသည့်တာဝန်များကိုလည်း ဇီဇာကြောင်ရမည် မဟုတ်ပါ။ အိုဘုရားသခင်။ ကျွန်မသည် ကိုယ်တော်၏ အစီအစဉ်များကို ကို နာခံဖို့ရန် ဆန္ဒရှိသည်၊ ကိုယ်တော်၏ ရှေ့ ၌ နွားတစ်ကောင်ကဲ့သို့ အလုပ်လုပ်ပြီး ကိုယ်တော်၏ အလိုရှိသကဲ့သို့ အသုံးပြုနိုင် သူဖြစ်ကာ၊ ရာထူးဂုဏ်ဒြပ် အတွက် ကိုယ်တော့် အား နာကျင်စေ သော အရာများ ကို နောက်တစ်ဖန် အဘယ်သော အခါမှ မပြုတော့ပါ။ အို ဘုရားသခင်။ ကိုယ်တော် ကျွန်မအား ပို၍ပင် တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်၊ ကျွန်မ၏ ရာထူးဂုဏ်ဒြပ်များ နောက်သို့ လိုက်ပါခြင်းအား လွှတ်ချနိုင်စေဖို့ ကျွန်မအားပြုလုပ်ပေးရန်၊ ကျွန်မ၏တာဝန်ကို ရိုးသားခြင်းအလုံးစုံဖြင့် ကျွန်မ၏အစွမ်းရှိသမျှ ပြုစေရန်နှင့် ဖြောင့်မှန်သောသူကဲ့သို့ သဏ္ဌာန် တူစွာအသက်ရှင်နိုင်ရန်ကိုသာ ကျွန်မတောင့်တပါသည်။

ယခင်က:မကျရှုံးမီ မာနထောင်လွှားသောဝိညာဉ်လေး

နောက်တစ်ခုသို့:ဘုရားသခင်၏ အမှုတော်သည် အလွန် ဉာဏ်ပညာရှိ၏

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ