ခပ်သိမ်းသော တိုင်းနိုင်ငံများနှင့်လူမျိုးများ အနန္တတန်ခိုးရှင်ဘုရားသခင်အား ချီးမွမ်းကြသည်
၁
လူ့ဇာတိခံယူသည့် ဘုရားသခင် တရုတ်ပြည်တွင် ပေါ်ထွန်းပြီဖြစ်ကာ
တရားစီရင်ရန်နှင့် သန့်စင်ပေးရန် သမ္မာတရားကို ဖော်ပြလျက်သာ။
ထက်မြသော ဓါးတစ်လက်ကဲ့သို့ သူ၏ နှုတ်ကပတ်တော်များသည်
အမိန့်အာဏာဖြင့် ပြည့်ဝလျက်
သူ၏ လူအားလုံးကို သူတို့၏ ကယ်တင်ခြင်းဆီသို့ ခေါ်ဆောင်သည်။
ခပ်သိမ်းသော တိုင်းနိုင်ငံနှင့်လူမျိုးများ
အနန္တတန်ခိုးရှင်ဘုရားသခင် ကိုယ်တော်ကို ချီးမွမ်းကြပြီ။
ဘုန်းအသရေရရှိခြင်းကြောင့် ကိုယ်တော်ကို ချီးမွမ်းကြသည်။
အားလုံး ကိုယ်တော်ကို ချီးမွမ်းဖို့ လာကြသည်၊ ကိုယ်တော်ကို ချီးမွမ်းဖို့ လာကြသည်။
ကိုယ်တော်၏ လုပ်ဆောင်ချက်တို့သည် အံ့သြဖွယ် အမှန်ဖြစ်ပေ။
အနန္တတန်ခိုးရှင်ဘုရားသခင် ကိုယ်တော်ကို ချီးမွမ်းကြသည်။
ဘုန်းအသရေ ရရှိခြင်းကြောင့် ကိုယ်တော်ကို ချီးမွမ်းကြသည်။
အားလုံး ကိုယ်တော်ကို ချီးမွမ်းဖို့ လာကြသည်၊ ကိုယ်တော်ကို ချီးမွမ်းဖို့လာကြသည်။
၂
အဆင်းနီသောနဂါးကြီးအား အသုံးပြုရာ၌
ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာအား ချီးမွမ်းလော့။
အောင်မြင်သောသူအုပ်စုတစ်စုကို သူပြုလုပ်ပြီဖြစ်ကာ
စာတန်၏ အင်အားစုများ ကျရှုံးပြီ။
နှိမ့်ချပြီး ကွယ်ဝှက်သည့်အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်အား
ချီးမွမ်းလော့။ ချစ်ဖွယ်ကောင်းလှပေ။
ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို
ယခုထုတ်ဖော်ပြခြင်းကြောင့် ချီးမွမ်းလော့။
လျှပ်စီးသည် အရှေ့မှ အနောက်သို့ လင်းလက်သည်။
ဉာဏ်ပညာရှိသော သတို့သမီးတို့ အလင်းထဲသို့ ဆွဲခေါ်ခံရသည်။
နိုင်ငံတိုင်းမှ လူတို့သည်
ဘုရားသခင်ရှေ့ သူတို့ပြန်လာကာ၊
ကိုးကွယ်ရန်နှင့် ဘုရားသခင်ထံမှ တရားစီရင်ခြင်းကို လက်ခံရန်
ဦးညွှတ်လျက်ရှိကြသည်။
ခပ်သိမ်းသော တိုင်းနိုင်ငံနှင့်လူမျိုးများ
အနန္တတန်ခိုးရှင်ဘုရားသခင် ကိုယ်တော်ကို ချီးမွမ်းကြသည်။
ဘုန်းအသရေရရှိခြင်းကြောင့် ကိုယ်တော်ကို ချီးမွမ်းကြသည်။
အားလုံး ကိုယ်တော်ကို ချီးမွမ်းဖို့ လာကြသည်၊ ကိုယ်တော်ကို ချီးမွမ်းဖို့ လာကြသည်။
ကိုယ်တော်၏ လုပ်ဆောင်ချက်တို့သည် အံ့သြဖွယ် အမှန်ဖြစ်ပေ။
အနန္တတန်ခိုးရှင်ဘုရားသခင် ကိုယ်တော်ကို ချီးမွမ်းကြသည်။
ဘုန်းအသရေ ရရှိခြင်းကြောင့် ကိုယ်တော်ကို ချီးမွမ်းကြသည်။
အားလုံး ကိုယ်တော်ကို ချီးမွမ်းဖို့ လာကြသည်၊ ကိုယ်တော်ကို ချီးမွမ်းဖို့လာကြသည်။
၃
ထာဝရအသက်လမ်းကို ပေးအပ်ရန် နောက်ဆုံးသောကာလတွင်
ပြန်ကြွလာခြင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းလော့။
လူသားမျိုးနွယ်အားလုံးအား သန့်စင်ပေးပြီး ကယ်တင်ခြင်းကြောင့်
ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်မှုကို ချီးမွမ်းလော့။
သူ၏ အမှုအား အပြီးသတ်ခြင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းလော့။
သူ၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို ပြီးမြောက်သည်။
ခပ်သိမ်းသော နိုင်ငံများနှင့် လူမျိုးများ
အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းတေး သီဆိုနေကြသည်။
ခပ်သိမ်းသော တိုင်းနိုင်ငံနှင့်လူမျိုးများ
အနန္တတန်ခိုးရှင်ဘုရားသခင် ကိုယ်တော်ကို ချီးမွမ်းကြသည်။
ဘုန်းအသရေရရှိခြင်းကြောင့် ကိုယ်တော်ကို ချီးမွမ်းကြသည်။
အားလုံး ကိုယ်တော်ကို ချီးမွမ်းဖို့ လာကြသည်၊ ကိုယ်တော်ကို ချီးမွမ်းဖို့ လာကြသည်။
ကိုယ်တော်၏ လုပ်ဆောင်ချက်တို့သည် အံ့သြဖွယ် အမှန်ဖြစ်ပေ။
အနန္တတန်ခိုးရှင်ဘုရားသခင် ကိုယ်တော်ကို ချီးမွမ်းကြသည်။
ဘုန်းအသရေ ရရှိခြင်းကြောင့် ကိုယ်တော်ကို ချီးမွမ်းကြသည်။
အားလုံး ကိုယ်တော်ကို ချီးမွမ်းဖို့ လာကြသည်၊ ကိုယ်တော်ကို ချီးမွမ်းဖို့လာကြသည်။
ဘုရားသခင်၏ ဖန်ဆင်းခံအားလုံး ချီးမွမ်းဖို့ရန် လာရောက်ကြပေ။
အနန္တတန်ခိုးရှင်ဘုရားသခင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်အား ချီးမွမ်းဖို့ရန်ပေ။
ဘုရားသခင်၏ ဖန်ဆင်းခံအားလုံး ချီးမွမ်းဖို့ရန် လာရောက်ကြပေ၊
အနန္တတန်ခိုးရှင်ဘုရားသခင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်အား။