အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ အစစ် ဖြစ်ပါသလား။

ဘုရားသခင်ကို သင်ယုံကြည်သည်မှာ တစ်နှစ် သို့မဟုတ် နှစ်နှစ်ကျော် ရှိကောင်း ရှိလိမ့်မည်။ သင့်ဘဝတွင် ထိုနှစ်ကာလများအတွင်း၌ အခက်အခဲများကို သည်းခံကောင်း သည်းခံ ခဲ့ရလိမ့်မည်။ သို့မဟုတ် အခက်အခဲများကို ရင်မဆိုင်ခဲ့ရဘဲ၊ ကောင်းကြီးများစွာကို ရရှိကောင်း ရရှိခဲ့လိမ့်မည်။ သင်သည် အခက်အခဲ နှင့် ကောင်းကြီးမင်္ဂလာ တစ်စုံတစ်ခုကိုမျှ မတွေ့ကြုံခဲ့ရသည်လည်း ဖြစ်နိုင်ပြီး၊ အများအားဖြင့် သာမှန်ဘဝဖြင့်သာ အသက်ရှင်နေထိုင်ခဲ့သည်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်နေဆဲ ဖြစ်သောကြောင့် ဘုရားသခင် နောက်သို့ လိုက်ခြင်းအကြောင်း ပြောကြပါစို့။ သို့ရာတွင် ဤစာကို ဖတ်သောသူအားလုံးကို ငါပြန်လည် သတိပေးလိုသည်မှာ ဘုရားသခင်၏နှုတ်ထွက် စကားသည် ဘုရားသခင်ကို အသိအမှတ်ပြုပြီး ဘုရားသခင် နောက်သို့ လိုက်သောသူအားလုံး အတွက်သာ ဖြစ်သည်၊ ဘုရားသခင်ကို အသိအမှတ် ပြုခြင်းမရှိသောသူများ အပါအဝင် လူအားလုံးအတွက် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် မြောက်များစွာသောလူများ၊ တနည်းအားဖြင့် ကမ္ဘာပေါ်ရှိ လူအားလုံးထံသို့ စကားပြောနေသည်ဟု သင်ယုံကြည်ပါက သူ၏ နှုတ်ထွက်စကားများသည် သင့်အပေါ်၌ အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ထွက်စကားများကို နှလုံးသားနှင့် နီးကပ်စွာ ထားရှိကာ နှုတ်ထွက်စကားများ၏ ပြင်ပတွင် မနေသင့်ပေ။ ငါတို့ အိမ်၌ ဖြစ်နေသည့် အရာများ အကြောင်း ပြောကြပါစို့။

သင်တို့သည် ယခုအခါတွင် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ မည်သည့် အဓိပ္ပါယ်ကို စင်စစ်ရည်ညွှန်းကြောင်းကို သဘောပေါက် သင့်ပါပြီ။ ယခင်က ငါပြောခဲ့သည့် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပါယ်သည် သင်တို့၏ အပြုသဘောဆောင်သော ဝင်ရောက်မှုနှင့် ဆက်စပ်သည်။ ယနေ့၌မူ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပါယ်သည် ထိုကဲ့သို့ မဟုတ်ပေ။ ဘုရားသခင် အပေါ်ထား ရှိသော သင်တို့၏ယုံကြည်ခြင်း၏ အနှစ်သာရကို ယနေ့ ငါသည် ခွဲခြမ်းစိတ်ဖြာလိုသည်။ ဤသို့ ပြုခြင်းသည် သင်တို့အား အဆိုးသို့ မရောက်စေရန် လမ်းညွှန်ခြင်း ဖြစ်သည်။ - အကယ်၍ ငါ ဤသို့ မပြုလုပ်ပါက သင်တို့သည် သင်တို့၏ ရုပ်သွင်အမှန်ကို မည်သည့်အခါမှ သိရှိလာမည် မဟုတ်ဘဲ၊ သင်တို့၏ ဘာသာတရားကိုင်းရှိုင်းမှုနှင့် သစ္စာရှိမှု အပေါ်တွင် အမြဲကြွားဝါ နေမည်ဖြစ်သည်။ တနည်းအားဖြင့် သင်တို့၏နှလုံးသားအတွင်းရှိ နက်ရှိုင်းလှသောနေရာမှ အကျည်းတန်မှုကို ငါ ထုတ်ဖော်မပြပါက သင်တို့ တစ်ဦးစီသည် မိမိခေါင်းပေါ်တွင် မိမိဖာသာ သရဖူဆောင်းကာ မိမိကိုယ်ကို ဂုဏ်ဖော်နေမည် ဖြစ်သည်။ သင်တို့၏ မာန်တက်၍ စိတ်ကြီးဝင်တတ်သည့် သဘာဝသည် သင်တို့၏အသိစိတ်ကို ပြန်လည် သစ္စာဖောက်မိ စေရန်၊ ခရစ်တော်ကို ပုန်ကန်၊ ဖီဆန်မိစေရန်၊ သင်တို့ နှလုံးသားထဲရှိ အကျည်းတန်မှုကို ဖော်ပြရန် တွန်းအားပေးပြီး သင်တို့၏ ရည်ရွယ်ချက်များ၊ အယူအဆများ၊ လွန်ကျူးသော တပ်မက်မှုများနှင့် လောဘနှင့်ပြည့်နေသော မျက်လုံးများကို အလင်းထဲတွင် ပေါ်အောင် ပြနေသည်။ ထိုသို့ဖြစ်လင့်ကစား သင်တို့သည် ခရစ်တော်၏ အမှုတော်အတွက် သင်တို့၏ဘဝကို အပ်နှံမည်ဟု ဝန်ခံပြောဆိုနေပြီး၊ လွန်ခဲ့သော နှစ်များစွာက ခရစ်တော် ပြောခဲ့သော အမှန်တရားများကို ထပ်ခါတလဲလဲ ပြန်လည် ပြောဆိုနေကြသည်။ ဤသည်မှာ သင်တို့၏ “ယုံကြည်ခြင်း” ဖြစ်သည်။ ဤသည်မှာ မစင်ကြယ်မှု မရှိသော သင်တို့၏ ယုံကြည်ခြင်း ဖြစ်သည်။ ငါသည် လူအတွက် အလွန်တင်းကြပ်သော စံကို တောက်လျှောက် ထားခဲ့သည်။ အကယ်၍ သင်၏သစ္စာရှိမှုသည် သင်၏ ရည်ရွယ်ချက်များနှင့် အခြေအနေများအပေါ် မူတည်လျှင် သစ္စာဟု သင်တို့ခေါ်သော ထိုသို့သော သစ္စာရှိမှုမျိုးကို ငါ လုံးဝ မရတာက ပိုကောင်းသည်။ အကြောင်းမှာ ကိုယ်ပိုင် ရည်ရွယ်ချက်များဖြင့် ငါ့ကို လှည့်ဖျားသူများ၊ အခြေအနေအမျိုးမျိုးကို အကြောင်းပြပြီး ငါ့ထံမှ လိုချင်တာရအောင် လုပ်သူများကို ငါစက်ဆုပ်ရွံရှာသောကြောင့် ဖြစ်သည်။ လူကို ငါမှလွဲ၍ အခြား မည်သူ့ အပေါ်တွင်၌မျှ သစ္စာခံခြင်း မပြုရန်၊ -ယုံကြည်ခြင်း- ဟူသော စကားလုံးတစ်လုံး အတွက် အရာအားလုံးကို လုပ်ဆောင်ရန်နှင့် ယုံကြည်ခြင်းရှိကြောင်းကို သက်သေခံကြစေလိုသော ဆန္ဒသာ ငါ၌ ရှိသည်။ ငါပျော်ရွှင်စေဖို့အတွက် အချိုသတ်ထားသော စကားများကို သင်တို့ အသုံးပြုသည်ကို ငါ စက်ဆုပ်သည်။ ငါသည် သင်တို့ကို အမြဲ စိတ်ရင်းဖြင့် ဆက်ဆံသဖြင့် ငါ့ကိုလည်း စစ်မှန်သော ယုံကြည်ခြင်းဖြင့် ဆက်ဆံစေလိုသည်။ ယုံကြည်ခြင်းနှင့် ပတ်သက်လာလျှင် လူအများစုက သူတို့သည် ယုံကြည်ခြင်းရှိသောကြောင့် ဘုရားသခင် နောက်သို့ လိုက်ခြင်းဖြစ်သည် ယုံကြည်ခြင်းမရှိလျှင် ထိုသို့သော ဆင်းရဲဒုက္ခကို ခံကြမည် မဟုတ်ဟု ထင်ကောင်း ထင်ကြလိမ့်မည် ဖြစ်သည်။။ ထိုသို့ဆိုလျှင် ငါက သင့်ကို ဤသို့ မေးလိုသည်။ - ဘုရားသခင် ရှိကြောင်း သင်ယုံကြည်သော်လည်း သူ့ကို အဘယ်ကြောင့် တစ်ခါမျှ မလေးစားခဲ့သနည်း။ ဘုရားသခင် ရှိကြောင်း သင်ယုံကြည်လျှင် အဘယ်ကြောင့် သူ့ကို မကြောက်ရွံ့သနည်း။ ခရစ်တော်သည် ​လောကသို့လာသော ဘုရားသခင်ဖြစ်သည်ကို သင်လက်ခံသော်လည်း အဘယ်ကြောင့် သင်သည် သူ့ကို ထိုသို့မထီမဲ့မြင်ပြုပြီး မရိုမသေဆက်ဆံသနည်း။ သူ့အား အဘယ်ကြောင့် ပေါ်တင် ဝေဖန်အကဲဖြတ်သနည်း။ အဘယ်ကြောင့် သူ၏လှုပ်ရှားမှုများကို သင်အမြဲ ကြည့်ရှုနေသနည်း။ သူ၏အစီအစဉ်များကို အဘယ်ကြောင့် လက်မခံ သနည်း။ အဘယ်ကြောင့် သူ၏ နှုတ်ထွက်စကားနှင့်အညီ မပြုမူသနည်း။ သူ့ထံ၌ ပေးလှူထားသည့် အရာများကို အဘယ်ကြောင့် လုယက်သနည်း။ အဘယ်ကြောင့် သင်သည် ခရစ်တော် နေရာတွင် နေကာ စကားပြော သနည်း။ သူ၏လုပ်ရပ်နှင့် စကားတို့ မှန်၊ မမှန်ကို အဘယ်ကြောင့် ဝေဖန်အကဲဖြတ်သနည်း။ သူ၏ နောက်ကွယ်တွင် အဘယ်ကြောင့် သူ့ကို စော်ကားပြောဆိုရဲ သနည်း။ သင်တို့၏ ယုံကြည်ခြင်းသည် ဤအရာများကိုသာမက အခြားအရာများကိုလည်း လုပ်ဆောင်တတ်သော ယုံကြည်ခြင်းမျိုး ဖြစ်ပါသလား။

သင်တို့သည် သင်တို့၏ အထဲ၌ ခရစ်တော်ကို မယုံကြည်သည့် အရိပ်လက္ခဏာများကို သယ်ဆောင်ထားကြသည်။ သင်တို့၏စကားနှင့် အပြုအမူ အစိတ်အပိုင်းတိုင်းသည် ထိုအရိပ်လက္ခဏာများကို ဖော်ပြနေသည်။ သင်တို့ လုပ်သော အရာများအတွက် သင်တို့၏ရည်ရွယ်ချက်များနှင့် ပန်းတိုင်များသည်လည်း သင်တို့၏ မယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။ - သင်တို့ မျက်လုံးထဲမှ အကြည့်နှင့် သင်တို့ ရှူရှိုက်သော လေတို့သည်ပင်လျှင် မယုံကြည်သည့် အရိပ်လက္ခဏာများဖြင့် စွန်းထင်းနေသည်။ တစ်နည်းအားဖြင့် သင်တို့ တစ်ဦးစီတိုင်းသည် တစ်နေ့တာ၏ မိနစ်တိုင်းတွင် မယုံကြည်သည့် အရိပ်လက္ခဏာများကို သယ်ဆောင်ထားကြသည်။ အဓိပ္ပါယ်မှာ အချိန်တိုင်းတွင် သင်တို့သည် ခရစ်တော်အား သစ္စာဖောက်သွားနိုင်သည့် အန္တရာယ် ရှိသည်။ အကြောင်းမှာ သင်တို့၏ ကိုယ်ခန္ဓာ ထဲတွင် လည်ပတ်နေသော သွေးတို့သည် လူဇာတိခံယူသော ဘုရားသခင် အပေါ် မယုံကြည်မှုနှင့် ပြည့်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယုံကြည်ခြင်း လမ်း ပေါ်တွင် သင်တို့ထားခဲ့သော ခြေရာတို့သည် များများစားစားမရှိဟု ငါပြောလိုသည်။ သင်တို့၏ ယုံကြည်ခြင်းခရီးသည်လည်း လမ်းတစ်လျှောက်လုံး၌ သက်သေ ကောင်းကောင်း မရှိပေ။ ထိုသို့ပြုမည့်အစား သင်တို့သည် ဝတ်ကျေတမ်းကျေသာ လျှောက်လှမ်းနေခြင်း ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏ စကားများကို အစဉ် ယုံကြည်မှုကင်းမဲ့ကာ၊ လက်တွေ့ တွင် ချက်ချင်း ကျင့်ကြံခြင်း မပြုနိုင်ပေ။ ထို့ကြောင့် သင်တို့သည် ခရစ်တော်ကို မယုံကြည်ခြင်း ဖြစ်သည်။ သူနှင့်ပတ်သက်၍ အယူအဆများ အမြဲရှိနေခြင်းမှာလည်း ခရစ်တော်ကို မယုံကြည်သည့် အခြားအကြောင်းရင်းတစ်ခု ဖြစ်သည်။ ခရစ်တော်၏အမှုတော်နှင့် ပတ်သက်၍ ယုံကြည်မှု အမြဲ ကင်းမဲ့ခြင်း၊ ခရစ်တော်၏ စကားများကို မကြားနိုင်အောင် နားပိတ်ထားခြင်း၊ ခရစ်တော် ပြုလုပ်သော အရာတိုင်းအတွက် ထင်မြင်ချက်တို့ရှိနေခြင်းနှင့် ထိုအရာကို ကောင်းမွန်စွာ နားမလည်နိုင်ခြင်း၊ ဘယ်လို ရှင်းပြချက်မျိုးကို ကြားရ၊ ကြားရ မိမိတို့၏ အယူအဆများကို မစွန့်လွှတ်နိုင်ခြင်း၊ အစရှိသည့်အချက်များသည် သင့်နှလုံးသားထဲမှ ရောနှောနေသော မယုံကြည်သည့် လက္ခဏာများ ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏ အမှုတော် နောက်သို့ လိုက်ပြီး၊ နောက်တွင် တစ်ခါမှ မကျန်ခဲ့ဖူးသော်လည်း သင့်တို့၏ နှလုံးသားထဲ၌ အလွန်များပြားသော ပုန်ကန်မှုများ ရောနှောနေသည်။ ဤပုန်ကန်မှုသည် ဘုရားသခင် အပေါ် ထားသော သင်၏ယုံကြည်ခြင်း၌ ရှိသော မစင်ကြယ်သည့်အရာတစ်ခု ဖြစ်သည်။ သင် သဘောတူချင်မှ တူလိမ့်မည်။ သို့ရာတွင် ထိုမှတဆင့် သင့်ကိုယ်ပိုင် ရည်ရွယ်ချက်ကို သင် သတိမပြုနိုင်လျှင် သင်သည် ပျက်စီးမည့်သူ ဖြစ်မည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် သူ့အား စစ်မှန်စွာ ယုံကြည်သောသူတို့ကိုသာလျှင် ပြီးပြည့်စုံစေသည်၊ သူ့ကို အယုံအကြည် မရှိသူများအတွက် ထိုသို့ မလုပ်ပေ။ သူသည် ဘုရားသခင်ဖြစ်သည်ဟု တစ်ခါမှ မယုံကြည်သော်လည်း သူ့နောက်လိုက်နေသူများ ရှိသည်။ ထိုသူတို့အားလုံးကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးရန်မှာလည်း မဖြစ်နိုင်ဆုံးပင် ဖြစ်သည်။

အချို့သော သူများသည် အမှန်တရား၌ မပျော်မွေ့ကြပေ။ စီရင်မှုကို ပို၍ပင် မနှစ်မြို့ကြပေ။ ထို့အစား သူတို့သည် အာဏာနှင့် ချမ်းသာမှုတွင် မွေ့လျော်ပြီးနေကြသည်။ ထိုသို့သောသူများသည် သွေးကြီးသောသူများ ဖြစ်လာတတ်ကြသည်။ သူတို့သည် ကမ္ဘာပေါ်၌ အရှိန်အဝါရှိသောဂိုဏ်းကွဲများနှင့် ကျမ်းစာကျောင်းများမှ လာသော သင်းအုပ်များနှင့် ဆရာသမားကြီးများကိုသာ အထူးသီးသန့် ရှာဖွေ ကြသည်။ အမှန်တရားလမ်းကို လက်ခံပြီးဖြစ်သော်ငြားလည်း အယုံအကြည် ကင်းမဲ့နေဆဲဖြစ်ပြီး သူတို့ကိုယ်ကို အပြည့်အဝ မြှုပ်နှံနိုင်ခြင်း မရှိကြပေ။ ဘုရားသခင်အတွက် စွန့်လွှတ်အနစ်နာခံခြင်းအကြောင်း ပြောသော်လည်း သူတို့မျက်လုံးများသည် နာမည်ကြီးသင်းအုပ်များ၊ ဆရာကြီးသမားကြီးများအပေါ်တွင်သာ အာရုံစိုက်ပြီး ခရစ်တော်ကို ဘေးသို့ဖယ်ထားကြသည်။ သူတို့၏နှလုံးသားများသည် ကျော်ကြားမှု၊ ကြွယ်ဝမှုနှင့် ဂုဏ်အသရေ ရလိုမှုတို့ဖြင့်သာ ပြည့်နေပါသည်။ နှံချာလွန်းသူတစ်ယောက်သည် မြောက်မြားစွာသော အရာများကို အောင်နိုင်စွမ်းရှိကြောင်းနှင့် မထင်ရှားသောသူတစ်ဦးသည် လူများကို ပြီးပြည့်စုံအောင် စွမ်းဆောင်နိုင်ကြောင်းကို လုံးဝ မယုံကြည်ကြပေ။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲ၌ရှိသော မထင်ရှားသောသူများသည် ဘုရားသခင် ရွေးချယ်ထားသောသူများ ဖြစ်သည်ကို သူတို့ လုံးဝ မယုံကြည်ကြပေ။ အကယ်၍ ထိုသို့သော သူများသည် ဘုရားသခင် ကယ်တင်မည့်သူများဖြစ်လျှင် ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်ဖြစ်ကာ လူတိုင်း ခေါင်းပြုတ်မတတ် ရယ်မောကြလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။ အကယ်၍ ဘုရားသခင်သည် ထိုသို့ ဘာမှ မဟုတ်သည့် လူများကို ပြီးပြည့်စုံအောင်လုပ်ခဲ့သည်ဆိုပါက ကြီးမြတ်သော သူများသည် ဘုရားပင် ဖြစ်လိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။ သူတို့၏ ထင်မြင်ယူဆချက်များသည် မယုံကြည်မှုနှင့် စွန်းထင်းနေသည်။ စင်စစ် သူတို့သည် မယုံကြည်မှုနှင့် ဝေးနေသည့် ရယ်စရာကောင်းသော သားရဲတိရိစ္ဆန်များ ဖြစ်သည်။ အကြောင်းမှာ သူတို့သည် နေရာ၊ ဂုဏ်နှင့် အာဏာတို့ကိုသာ တန်ဖိုးထားကြသည်။ - သူတို့ အထင်ကြီးသည့် အရာမှာ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများသာ ဖြစ်သည်။ ခရစ်တော် ဦးဆောင်သော သူများကို အလေးထားမှု မရှိကြ။ သူတို့သည် ခရစ်တော်ကို ကျောခိုင်းထားသော သစ္စာဖောက်များ၊ အမှန်တရားနှင့် ဘဝကို ကျောခိုင်းထားသော သစ္စာဖောက်များသာ ဖြစ်သည်။

သင်နှစ်သက်မြတ်နိုးသည် အရာမှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ သိုးထိန်းယောင်ဆောင်သော ထင်ရှားသည့် ထိုသူတို့သာ ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု သို့မဟုတ် ဉာဏ်ပညာကို ချစ်ခင်ခြင်း မရှိဘဲ၊ ဆိုးညစ်သော ကမ္ဘာကြီးနှင့်ပတ်သက်နေကြသော လျှပ်ပေါ် လော်လည်သူများကိုသာ ချစ်သည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ ခံစားနာကျင်မှုကို သင်သည် လှောင်ရယ်သည်။ အလှူငွေများကို သိမ်းဆည်းကာ သောက်စားပျော်ပါးနေသော လူသေကောင်ကဲ့သို့သော သူများကို သင်သည် နှစ်သက်မြတ်နိုးနေသည်။ သင်သည် ခရစ်တော်နှင့်အတူတကွ ဒုက္ခ ခံစားလိုစိတ် မရှိဘဲ အသွေးအသား၊ စကားလုံးနှင့် ထိန်းချုပ်မှုတို့ကိုသာ သင့်အားပေးသော အကျိုးအကြောင်း မစဉ်းစားဘဲ ခရစ်တော်ကို ဆန့်ကျင်သူများထံသို့ ပျော်ရွင်စွာ သွားနေသည်။ ယခုအချိန်အထိတိုင်အောင် သင့်နှလုံးသားသည် သူတို့၏ဂုဏ်သတင်းထံ၊ စာတန်အားလုံး၏ အလည်ရှိ သူတို့၏ရပ်တည်မှုထံ၊ သူတို့၏ အရှိန်အဝါထံ၊ သူတို့၏ တန်ခိုးအာဏာထံနှင့် သူတို့ထံသို့ သွားလိုဆဲ ဖြစ်သည်။ ခရစ်တော်၏ အမှုတော်ကို လက်ခံရန် တင်းခံ၊ ငြင်းဆန်တတ်သည့် စိတ်သဘောထား သင့်ထံတွင် ဆက်လက် ရှိနေဆဲ ဖြစ်သည်။ ဤသို့သော အကြောင်းရင်းကြောင့် သင်တို့၌ ခရစ်တော်ကို အသိအမှတ်ပြုသော ယုံကြည်ခြင်း မရှိဟု ငါပြောခြင်း ဖြစ်သည်။ ခရစ်တော်နောက်သို့ သင်ယနေ့အထိ လိုက်သည်မှာ ဖိအားပေးခံရသောကြောင့်သာ ဖြစ်သည်။ သင့်နှလုံးသားထဲတွင် မြင့်မြတ်သော ပုံရိပ်များစွာတို့သည် အစဉ်အမြဲ အခိုင်အမာ ရှိနေသည်။- သူတို့၏ စကားလုံးနှင့်လုပ်ရပ်တိုင်းကို သာမက သူတို့၏ လွှမ်းမိုးမှုရှိသော စကားလုံးများနှင့် လက်များကို သင် မမေ့နိုင်ပေ။ သင်တို့ နှလုံးသားထဲတွင် သူတို့သည် အစဉ်အမြဲ အကြီးမြတ်ဆုံး ဖြစ်နေသည်၊ ထာဝရ သူရဲကောင်းများ ဖြစ်နေကြသည်။ သို့ရာတွင် ယနေ့တွင် ခရစ်တော်မှာမူ ထိုသို့ မဟုတ်ပေ။ သင်၏စိတ်ထဲတွင် သူသည် အစဉ် မထင်မရှား ဖြစ်နေပြီး ရိုသေလေးစားခံထိုက်ခြင်း မရှိသူ အစဉ် ဖြစ်နေသည်။ အကြောင်းမှာ သူသည် သင့်အတွက် အလွန်သာမန် ဖြစ်နေပြီး၊ မြင့်မြတ်ရန် မဆိုနှင့် လွှမ်းမိုးမှုလည်း အလွန်နည်းသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အမှန်တရားကို တန်ဖိုးထား လေးစားခြင်း မရှိသောသူ အားလုံးသည် မယုံကြည်သူများ၊ အမှန်တရားကို သစ္စာဖောက်သူများ ဖြစ်သည်ဟု ငါပြောလိုသည်။ ထိုသို့သောသူများသည် ခရစ်တော်၏ နှစ်သက်မှုကို မည်သည့်အခါမှ ရမည် မဟုတ်ပေ။ သင့်ထဲတွင် မယုံကြည်မှု မည်မျှရှိသည်ကို သင် ယခု ဖော်ထုတ်သိရှိခဲ့ပြီးပြီလား။ သင်၏အထဲ၌ ခရစ်တော်အား မည်မျှ သစ္စာဖောက်လိုသည်ကို သင် ယခု ဖော်ထုတ်သိရှိခဲ့ပြီးပြီလား။ သင့်ကို ငါတိုက်တွန်းမည်။- သင်သည် မှန်ကန်သောလမ်းကို ရွေးချယ်ခဲ့သဖြင့် သငသည် အမှန်တရားအတွက် စိတ်ရောကိုယ်ပါ ပေးအပ်မြှုပ်နှံသင့်သည်၊- စိတ်နှစ်ခွဖြစ်ခြင်း သို့မဟုတ် စိတ်မပါ့တပါဖြစ်ခြင်း မရှိနှင့်။ ဘုရားသခင်သည် ဤကမ္ဘာနှင့် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးနှင့် သက်ဆိုင်ခြင်းမရှိဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သော သူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံး၊ မိမိကိုယ်ကို မြှုပ်နှံကာ သူ့အပေါ် သစ္စာရှိသော သူများအားလုံးနှင့်သာ သက်ဆိုင်ကြောင်း ကို သင် နားလည်သင့်သည်။

ယခု သင်တို့ထဲတွင် မယုံကြည်မှုများစွာ ရှိနေဆဲ ဖြစ်သည်။ ဇွဲရှိစွာဖြင့် သင်တို့၏ အတွင်းသို့ သင်တို့ကိုယ်တိုင်ကြည့်ကြည့်လျှင် သင်တို့၏အဖြေကို သင်တို့ အမှန်တကယ် တွေ့ရှိလာလိမ့်မည်။ စစ်မှန်သော အဖြေကို သင် တွေ့ရှိသောအခါ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး မဟုတ်၊ ဘုရားသခင်ကို လှည့်စားသူ၊ စော်ကားပြောဆိုသူ၊ သစ္စာဖောက်သောသူ၊ ဘုရားသခင်အပေါ် သစ္စာမရှိသောသူ တစ်ယောက်ဖြစ်နေသည်ဟု ဝန်ခံမည် ဖြစ်သည်။ ထို့နောက် ခရစ်တော်သည် လူမဟုတ် ဘုရားဖြစ်သည်ကို သင်သိရှိ လာလိမ့်မည်။ ထိုနေ့ရက်အချိန်ရောက်လျှင် သင်သည် ခရစ်တော်ကို ရိုသေလေးစား၊ ကြောက်ရွံ့၍ စစ်မှန်စွာ ချစ်လာလိမ့်မည်။ လက်ရှိတွင် သင်တို့၏ ယုံကြည်ခြင်းသည် သင်တို့နှလုံးသား၏ သုံးဆယ်ရာခိုင်နှုန်းသာ ရှိပြီး၊ ခုနှစ်ဆယ်ရာခိုင်နှုန်းက သံသယဖြစ်နေသည်။ ခရစ်တော် လုပ်ဆောင်သည့်အရာနှင့် ပြောဆိုသည့်စကားတိုင်းသည် သင်တို့၏အထဲ၌ ကိုယ်ပိုင် အယူအဆအမျိုးမျိုးနှင့် ခရစ်တော်အပေါ် ထင်မြင်ချက်များကို ဖြစ်ပေါ်လာစေနိုင်သည်။ ထိုအယူအဆများနှင့် အတွေးများသည် သူ့အပေါ်တွင် ထားသော သင်တို့၏ လုံးလုံးလျားလျား မယုံကြည်မှုမှ စတင်လာသည်။ သင်သည် ကောင်းကင်ဘုံမှ မတွေ့ရသော ဘုရားသခင်ကိုသာ နှစ်သက်မြတ်နိုး၍ ကြောက်ရွံ့ပြီး၊ မြေကြီးပေါ်ရှိ ခရစ်တော်ကိုမူ လုံးဝ အလေးမထားပေ။ ဤအရာသည်လည်း သင်တို့၏ မယုံကြည်မှုပင် မဟုတ်ပါသလော။ သင်တို့သည် အတိတ်တွင် အလုပ်လုပ်ခဲ့သော ဘုရားသခင်ကိုသာ တောင့်တပြီး၊ ယနေ့ ခရစ်တော်ကို လက်မခံကြ။ ယနေ့ခရစ်တော်ကို မယုံကြည်သော သင်တို့၏ နှလုံးသားထဲတွင် အရောအနှော ပါသည့် “ယုံကြည်ခြင်း” အမြဲ ရှိနေသည်။ ငါသည် သင်တို့ကို အထင်သေးခြင်း မဟုတ်။ အကြောင်းမှာ သင်တို့ထဲတွင် မယုံကြည်မှုများ များလွန်းနေပြီး၊ မသန့်ရှင်းမှုများ များစွာရှိနေသဖြင့် ခွဲခြမ်းစိတ်ဖြာလေ့လာမှု ပြုရမည်။ ဤမသန့်ရှင်းမှုများသည် သင်တို့ထံတွင် ယုံကြည်ခြင်း လုံးဝ မရှိကြောင်းကို ပြသော သင်္ကေတ ဖြစ်သည်။- ယင်းသည် ခရစ်တော်ကို သင်တို့စွန့်လွှတ်ကြောင်းကို ဖော်ပြသည့် အမှတ်အသား ဖြစ်သည်။ ခရစ်တော်ကို သစ္စာဖောက်သူ အဖြစ် သင်တို့ကို တံဆိပ်ခတ်သည့် အရာလည်း ဖြစ်သည်။ ယင်းတို့သည် ခရစ်တော်နှင့် ပတ်သက်သော အသိဉာဏ်ကို ဖုံးအုပ်ထားသော မျက်နှာဖုံးပဝါ တစ်ခု ဖြစ်ပြီး၊ သင်တို့ကို ခရစ်တော် မရအောင် တားဆီးသည့် အတားအဆီး တစ်ခု၊ သင်တို့နှင့်ခရစ်တော် သဟဇာတမဖြစ်အောင် တားဆီးထားသော အတားအဆီးတစ်ခု ဖြစ်ပြီး ခရစ်တော်က သင်တို့ကို သဘောမကျကြောင်းကို ဖော်ပြသည့် သက်သေတစ်ခုလည်း ဖြစ်သည်။ ယခု သင်တို့ဘဝ၏ ကဏ္ဍအားလုံကို စစ်ဆေးရန် အချိန်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် သင်တို့ကို ဘက်ပေါင်းစုံမှ အကျိုးပြုမည် ဖြစ်သည်။

ယခင်က:သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်

နောက်တစ်ခုသို့:ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

သင်နှစ်သက်နိုင်သည့် အရာများ