၃) လှည့်ဖြားတတ်သော လူတို့သည် အဘယ်ကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်ကြပါသနည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း၊ သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။ သင့်အထဲ၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော သစ္စာစောင့်သိမှု ရှိ မရှိ၊ သင့်ထံ၌ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံမှု မှတ်တမ်းတစ်ခု ရှိ မရှိနှင့် ဘုရားသခင်ထံ၌ သင် အပြည့်အဝ ကျိုးနွံနာခံပြီးခြင်း ရှိ မရှိ စသည်တို့ကို သင်သိသင့်သည်။ သင်သည် ဤအရာများ မရှိပါက၊ သင့်အတွင်း၌ မနာခံမှု၊ လှည့်ဖြားမှု၊ လောဘနှင့် မကျေနပ်မှုများသာ ကျန်ရစ်လိမ့်မည်။ သင်၏နှလုံးသားသည် ရိုးသားမှုနှင့်အလှမ်း ကွာဝေးသကဲ့သို့၊ သင်သည် ဘုရားသခင်ထံမှ အပြုသဘောဆောင်သော အသိအမှတ်ပြုမှုကိုလည်း မည်သည့်အခါမျှ မရရှိဘဲ၊ အလင်းထဲတွင် မည်သည့်အခါမျှ မနေခဲ့ရဖူးပေ။ လူတစ်ယောက်၏ကံကြမ္မာသည် အဆုံး၌ မည်သို့ဖြစ်မည်ဆိုသည်မှာ သူ့ထံ၌ ရိုးသားမှုနှင့် သွေးသို့နီသော နှလုံးသားရှိ မရှိအပေါ်နှင့် သူ့ထံ၌ စင်ကြယ်သော စိတ်နှလုံး ရှိ မရှိတို့အပေါ်တွင် မူတည်သည်။ အကယ်၍ သင်သည် အလွန်မရိုးဖြောင့်သောသူတစ်ဦး၊ မလိုတမာစိတ်ရှိသူတစ်ဦး၊ မစင်ကြယ်သော စိတ်ဝိညာဉ်ရှိသူတစ်ဦး ဖြစ်နေပါက၊ သင်၏ ကံကြမ္မာမှတ်တမ်းတွင် ရေးသားသကဲ့သို့ လူတို့ အပြစ်ပေး ခံရသည့် နေရာတွင် သင် အဆုံးသတ်မည်မှာ သေချာ၏။ အကယ်၍ သင်သည် အလွန်တရာ ရိုးသားသည်ဟုဆိုသော်လည်း၊ သမ္မာတရားနှင့် ညီညွတ်စွာ ပြုမူခြင်း၊ အမှန်တရားနှင့်ဆိုင်သော စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းတို့ကို မည်သည့်အခါမျှ မပြုဖူးပါက၊ သင်သည် ဘုရားသခင်ကို သင့်အား ဆုချပေးစေရန် စောင့်မျှော်နေဆဲလော။ ဘုရားသခင်က သင့်ကို သူ၏ အချစ်မြတ်နိုးဆုံးသူအဖြစ် သတ်မှတ်ရန် စောင့်မျှော်နေသေးသလော။ ယင်းသည် ရယ်ဖွယ်ကောင်းသော တွေးနည်း မဟုတ်လော။ သင်သည် အရာရာ၌ ဘုရားသခင်ကို လှည့်စားသည်၊ ထို့ကြောင့် သင်ကဲ့သို့သော လက်မသန့်ရှင်းသူ တစ်ယောက်ကို ဘုရားသခင်၏အိမ်တော်၌ မည်ကဲ့သို့ နေရာ ပေးနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

ငါ့အတွက် ရိုးသားစစ်မှန်စွာ အသုံးခံကြပြီး မိမိတို့ကိုယ်ကိုယ် ငါ့အဖို့ ဆက်ကပ်အပ်နှံသူ အားလုံးကို ငါ ချစ်၏။ ငါ့ထံမှ မွေးဖွားသော်လည်း၊ ငါ့ကို မသိဘဲ အာခံခြင်းပင် ပြုသောသူအားလုံးကို ငါ မုန်း၏။ ငါ့အတွက် ရိုးသားစစ်မှန်သောသူ မည်သူကိုမဆို ငါ စွန့်လိမ့်မည်မဟုတ်။ ယင်းထက်၊ ထိုလူ၏ ကောင်းကြီးမင်္ဂလာများကို ငါ နှစ်ဆဖြစ်စေမည်။ ကျေးဇူးကန်းပြီး ငါ၏ ကြင်နာမှုကို စော်ကားသူများကို ငါသည် နှစ်ဆ ပြစ်ဒဏ်ပေးမည်ဖြစ်ပြီး ၎င်းတို့ကို သက်ညှာမည် မဟုတ်။ ငါ၏ နိုင်ငံတော်တွင် ကောက်ကျစ်ခြင်း သို့မဟုတ် လှည့်စားခြင်း မရှိသကဲ့သို့ လောကီဆန်ခြင်းမရှိ။ ယင်းမှာ လူသေအနံ့မရှိဟု ဆိုလိုသည်။ ယင်းထက်၊ အားလုံးသည် ရိုးသားခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ ရှိလေသည်။ မည်သည့်အရာမျှ ကွယ်ဝှက်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း မရှိဘဲနှင့် အရာအားလုံး ဖြူစင်ခြင်းနှင့် ပွင့်လင်းခြင်း ရှိလေသည်။ အရာရာသည် လတ်ဆတ်၏၊ အရာရာမှာ ပျော်မွေ့စရာဖြစ်ပြီး၊ အရာရာသည် တည်ဆောက်စရာ ဖြစ်လေသည်။ လူသေ အနံ့ထွက်နေသေးသူ မည်သူမဆိုသည် ငါ၏ နိုင်ငံတော်ထဲတွင် မကျန်ရှိနိုင်သကဲ့သို့၊ ယင်းအစား ငါ၏ သံမဏိတောင်ဝှေးဖြင့် အုပ်စိုးခြင်း ခံရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ငါ၏အမျက်ဒေါသ၊ ငါ၏ ကြီးမားသောတန်ခိုးနှင့် ငါ၏ ပြည့်ဝသော ဉာဏ်ပညာတို့ကို ထင်ရှားစေရန်အတွက် ငါ့ထံမှ မွေးဖွားသော်လည်း၊ ငါ့အား မသိသောသူတိုင်းအား ငါ ပြစ်တင်ဆုံးမမည်။ ငါ၌ အရာအားလုံးသည် ဖြောင့်မတ်ပြီး မဖြောင့်မတ်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ကောက်ကျစ်ခြင်း လုံးဝမရှိပေ။ ကောက်ကျစ်စဉ်းလဲသောသူ မည်သူမဆို မရဏနိုင်ငံတွင် မွေးဖွားသည့် ငရဲသားပင်ဖြစ် ရမည်။ ငါ၌ အရာရာတိုင်းသည် ဖုံးကွယ်ခြင်း မရှိ၊ ပြီးမြောက်မည်ဟု ငါဆိုသမျှသည် ပြီးမြောက်ရမည်။ တည်မြဲမည်ဟု ငါဆိုသမျှသည် တည်မြဲမည်ဖြစ်ပြီး၊ မည်သူမျှ ဤအရာများကို ပြောင်းလဲခြင်း သို့မဟုတ် အတုယူခြင်း မပြုလုပ်နိုင်၊ အဘယ့်ကြောင့်ဆိုသော် ငါသည် တစ်ဆူတည်းသော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သောကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသောသူ အားလုံးတို့သည် စာတန်၏စွမ်းအားမှ လွတ်မြောက်ခြင်းငှာ နည်းလမ်းမရှိပေ။ မိမိတို့၏ ဘဝကို ရိုးသားစွာ အသက်ရှင်ခြင်းမရှိသူများ၊ အခြားသူများရှေ့တွင် တစ်မျိုးပြုမူ သော်လည်း၊ ၎င်းတို့၏ နောက်ကွယ်တွင် တစ်မျိုးတစ်ဖုံ ပြုမူသောသူများ၊ ၎င်းတို့၏ အနှစ်သာရသည် ယုတ်မာကာ၊ ကောက်ကျစ်ပြီး ဘုရားသခင်ကို သစ္စာမရှိသော်လည်း၊ နှိမ့်ချခြင်း၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာနှင့်ဆိုင်သည့် ပုံပန်းပေးသောသူများအားလုံး- ထိုသို့သော လူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသူများ၏ ကိုယ်စားပြုသူများစစ်စစ် ဖြစ်ကြသည်။ ၎င်းတို့သည် မြွေကဲ့သို့သော လူမျိုးများ ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ် အတွက်သာ ဘုရားသခင်ကို ယုံကြည်ဖူးသူများ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူပြီး မောက်မာသောသူများ၊ ကြွားဝါသူများနှင့် မိမိတို့ကိုယ်တိုင်၏ အဆင့်အတန်းကို ကာကွယ်သူများသည် စာတန်ကို ချစ်ပြီး သမ္မာတရားကို ဆန့်ကျင်သော လူများ ဖြစ်သည်။ ဤလူများသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်နှင့် လုံးဝ သက်ဆိုင်ကြလေသည်။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အာရုံမစိုက်သောသူများ၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အစေမခံသူများ၊ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ၎င်းတို့မိသားစု၏ အကျိုးစီးပွားများနှင့်သာ အမြဲပူပန်သောသူများ၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် အရာခပ်သိမ်းကို မစွန့်လွှတ်နိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သည့်အခါမျှ အသက်မရှင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင်ရှိသည့်လူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မရရှိနိုင်ကြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်” မှ

လူတို့အား ရိုးသားကြရန် ဘုရားသခင်တောင်းဆိုခြင်းမှာ သူသည် လိမ်လည်လှည့်ဖြားသောသူများကို တကယ်ကို စက်ဆုပ်ရွံရှာကြောင်းနှင့်၊ လိမ်လည်လှည့်ဖြားသော လူများကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လိမ်လည်လှည့်ဖြားသောလူများကို ဘုရားသခင် မနှစ်သက်ရခြင်းမှာ သူသည် ၎င်းတို့၏ အပြုအမူများ၊ စိတ်သဘောထားနှင့် အရင်းခံအကြောင်းများကို မကြိုက်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ အမှုအရာများအား လုပ်ဆောင်ပုံကို သူမကြိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ငါတို့သည် ဘုရားသခင်ကို ကျေနပ်အားရစေရမည် ဆိုပါက၊ ငါတို့သည် ပထမဦးစွာ ငါတို့၏အပြုအမူများနှင့် ငါတို့ ရပ်တည်သည့် နည်းလမ်းကို ပထမဦးစွာ ပြောင်းလဲရမည်။ ယခင်က လူတို့အကြားတွင် အသက်ရှင်ရန် မုသားများနှင့် ဟန်ဆောင်ခြင်းတို့အပေါ် ငါတို့ မှီခိုကြ၏။ ဤအရာကို ငါတို့၏ အရင်းအနှီး၊ ငါတို့ ကိုယ့်ကိုယ်ကိုယ် ပြုမူနေထိုင်ကြသည့် ဖြစ်တည်မှုဆိုင်ရာ အခြေခံအကြောင်းရင်း၊ ဘဝနှင့် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်ရွံရှာသော အရာတစ်ခုဖြစ်သည်။ လောကကြီး၏ မယုံကြည်သူများကြားတွင်၊ မည်သို့ ခြယ်လှယ်ရန် သို့မဟုတ် လှည့်ဖြားတတ်ရန် သင် မသိလျှင်၊ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ သင့်အတွက် ခက်ခဲနိုင်သည်။ မုသားများကိုသာ သင်ပြောနိုင်လိမ့်မည်၊ လိမ်လည်လှည့်စားမှုကိုသာ လုပ်ဆောင်နိုင်ပြီး၊ ပိုမိုကောင်းမွန်သော ဘဝကို ရရှိဖို့ရန်အလို့ငှာ မိမိကိုယ်ကိုယ် ကာကွယ်ပြီး ဖုံးကွယ်ရန်အတွက် ဒုက္ခပေးတတ်ပြီး ခိုးကြောင်ခိုးဝှက် နည်းစနစ်များကိုသာ သင် သုံးနိုင်လိမ့်မည်။ ဘုရားသခင်၏ အိမ်တော်တွင်၊ အတိအကျ ဆန့်ကျင်ဘက်ဖြစ်၏- သင် ပိုမိုလှည့်ဖြားတတ်လေလေ၊ မိမိကိုယ်ကိုယ် ဟန်ဆောင်မှုပြုရန်နှင့် ပြရုပ်တင်ရန် ဆန်းပြားသော ကြိုးကိုင်ခြယ်လှယ်ခြင်းကို သင်အသုံးချလေလေဖြစ်ပြီး၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန် သင် လျော့နည်းလေလေ ဖြစ်သည်၊ ထို့အပြင် ထိုသို့သော လူတို့ကို ဘုရားသခင် ပိုမို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်လေလေ ဖြစ်သည်။ ရိုးသားသော လူတို့သာ ကောင်းကင်နိုင်ငံတော်တွင် ပါဝင်ဖို့ ကဏ္ဍတစ်ခု ရှိလိမ့်မည်ဖြစ်သည်ဟု ဘုရားသခင်က ရှေးမဆွက ခွဲခန့်မှတ်သားထားပြီးဖြစ်သည်။ သင် မရိုးသားလျှင်၊ ထို့အပြင် သင့်အသက်တာတွင် သင်၏ လက်တွေ့လုပ်ဆောင်မှုက ရိုးသားခြင်းဆီသို့ ဦးတည်ခြင်း မပြုသကဲ့သို့ သင်၏ ကိုယ်ပိုင်စရိုက်မှန်ကို သင် မထုတ်ဖော်လျှင်၊ ဘုရားသခင်၏ အမှုတော်ကို ရရှိခြင်းနှင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိခြင်း အခွင့်အရေးတစ်ခုကိုမျှ သင် ဘယ်သောအခါမျှ ရရှိလိမ့်မည် မဟုတ်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

ခိုးကြောင်ခိုးဝှက်ပြုသောသူတို့သည် အားလုံးထဲတွင် အမိုက်မဲဆုံးဖြစ်သည်။ မရိုးမသား မပြုနှင့်။ မယုံကြည်သူများ၏လောကတွင် ခိုးကြောင်ခိုးဝှက်ပြုသောအခါ သင်သည် သင့်ကိုယ်သင် ကာကွယ်နေခြင်းဖြစ်သည်။ သင့်ကို မည်သူကမျှ ထိုးထွင်းမြင်နိုင်စွမ်းမရှိ၊ သင့်ကို မည်သူကမျှ ရမယ်မရှာရဲပေ။ သို့သော် သင်သည် ဘုရားသခင်၏အိမ်တော်တွင်လည်း ထိုကဲ့သို့ဖြစ်လျှင် ဘုရားသခင်က သင့်ကို ဉာဏ်ပညာမရှိဟု ပြော၏။ သင်သည် ခိုးကြောင်ခိုးဝှက်ပြုသော အရူးတစ်ယောက်ဖြစ်ပြီး ဘုရားသခင်က သင့်ကို ကြည်ဖြူမည်မဟုတ်ပေ။ ဘုရားသခင်က ခိုးကြောင်ခိုးဝှက်ပြုသောသူ၊ အစဉ်သဖြင့် ကျိတ်ကြံစည်နေသောသူ၊ အပြောချိုသောသူနှင့် ဉာဏ်ပြေးသောသူတို့ကို နှစ်သက်သည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဆိုထားဖူးသလော။ (မဆိုထားပါ။) ရိုးသားသောသူတို့ကို ဘုရားသခင်အလိုရှိသည်။ အနည်းငယ် သင်မိုက်မဲလျှင်လည်း ပြဿနာမရှိ၊ သို့သော် ရိုးသားရမည်။ ရိုးသားသောသူတို့သည် တာဝန်ခံယူနိုင်သည်၊ ၎င်းတို့သည် ကိုယ့်အတွက်ကိုယ်တွေးခြင်း မရှိ၊ ၎င်းတို့၏အတွေးတို့သည် သန့်စင်သည်၊ ၎င်းတို့သည် စိတ်နှလုံးအတွင်း၌ ရိုးသားပြီး ကြင်နာသည်။ ၎င်းတို့သည် ရေဖလားခွက်နှင့်တူ၏— အောက်ခြေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သင်သည် အစဉ်သဖြင့် အမှုကိစ္စများကို ဝှက်ထားသည်၊ ဖုံးကွယ်ထားသည်၊ ကိုယ့်စိတ်ထဲ၌သာ သိမ်းထားသည်ဆိုလျှင် သင့်စိတ်နှလုံးအတွင်းထဲ၌ အမှန်တကယ် မည်သည့်အရာရှိသည်ကို လူတို့မပြောနိုင်ကြပေ၊ သို့သော် ဘုရားသခင်ကမူ သင့်စိတ်နှလုံး၏ အတွင်းကျဆုံးနေရာကို မြင်နိုင်၏။ သင်သည် မည်သူဖြစ်သည်ကို ဘုရားသခင်မြင်ပြီး သင့်ကို သူအလိုမရှိပေ၊ သင့်ကို သူမနှစ်သက်ပေ။ မယုံကြည်သူများ၏လောကတွင် နတ်ဆိုးများနှင့် မာရ်နတ်ဘုရင်တို့သည် ဉာဏ်ပြေးပြီး အာဝဇ္ဇန်းရွှင်သောသူတို့ကို နှစ်သက်သည်။ ၎င်းတို့၏အစောင့်များနှင့် နောက်လိုက်များသည် မျက်စိရှင်ပြီး နားပါးကြကာ ၎င်းတို့၏နှုတ်သည် ပျားရည်ကဲ့သို့ဖြစ်၏။ ခေါင်းဆောင်က ကြားချင်သည့်အရာမှန်သမျှကို ၎င်းတို့ပြောပြီး ခေါင်းဆောင်က ပြုလုပ်စေချင်သည့်အရာမှန်သမျှကို ပြုလုပ်ကြသည်။ ၎င်းတို့၏ခေါင်းဆောင်က တစ်ချက်စောင်းကြည့်လိုက်ရုံမျှဖြင့် အမှုအရာများကို နေထားတကျ စီစဉ်ကြသည်။ သို့သော် ၎င်းတို့၏စိတ်နှလုံးတွင် မည်သည့်အရာကို တွေးတောနေသည်၊ ခေါင်းဆောင်ကို ၎င်းတို့ ကြိုက်နှစ်သက်ခြင်းရှိမရှိ၊ သို့မဟုတ် ၎င်းတို့တွင် မည်သည့်အစီအစဉ်များရှိသည်တို့ကို ခေါင်းဆောင်က မည်သည့်အခါမျှ မေးခြင်း၊ သို့မဟုတ် သိလိုခြင်း မရှိပေ။ ဤအကြောင်းအရာများကို ၎င်းတို့ မည်သည့်အခါမျှ ပြောဆိုခြင်း၊ သို့မဟုတ် ထုတ်ဖော်ခြင်း မရှိပေ။ ထိုကဲ့သို့သောသူကို ခေါင်းဆောင်များက ကြိုက်နှစ်သက်ကြသည်။ သို့သော် ဘုရားသခင်က ကြိုက်နှစ်သက်သလော။ (မကြိုက်နှစ်သက်ပါ။) နတ်ဆိုးများက ထိုလူစားမျိုးကို နှစ်သက်သည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်အရွံ့မုန်းဆုံးသောသူများ ဖြစ်ကြသည်။ သင်တို့သည် မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ ထိုသို့သောသူမျိုး မဖြစ်စေနှင့်။ ပျားရည်လွှမ်းသော နှုတ်ရှိသူများ၊ အကင်းပါးသူများ၊ မျက်စိရှင်ပြီး နားပါးသောသူများ၊ လောကီရေးရာ၌ ဉာဏ်ရှိသောသူများ၊ အခြေအနေ အရိပ်အကဲကို နားလည်သူများ၊ မိမိတို့လုပ်ဆောင်သည့်အရာကို ကြွားဝါသူများ၊ ထိုကဲ့သို့သောသူများသည် ဘုရားသခင်ရှေ့တွင် စက်ဆုပ်ရွံရှာခြင်းခံရသည်ဟု သင့်ကို ငါဆိုသည်။ ထိုကဲ့သို့သောသူတို့ကို ဘုရားသခင်မနှစ်သက်၊ ၎င်းတို့ကို ဘုရားသခင်စက်ဆုပ်ရွံရှာ၏။ ဤသို့ဆိုလျှင် ဘုရားသခင်က ၎င်းတို့ကို ကျေးဇူးတော်ပေးအပ်ပြီး ဉာဏ်အလင်းဖွင့်ပြနိုင်သလော။ ထိုသို့သောသူများကို ဘုရားသခင်က ကောင်းချီးပေးနိုင်သလော။ မပေးနိုင်ပေ။ ၎င်းတို့သည် ခိုးကြောင်ခိုးဝှက်ပြုကြပြီး ဘုရားသခင်က ၎င်းတို့ကို တိရစ္ဆာန်များနှင့် တစ်တန်းတည်းအဖြစ် သတ်မှတ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို လူသားများအဖြစ် မဆက်ဆံဘဲ တိရစ္ဆာန်အဖြစ် ဆက်ဆံသည်။ ဘုရားသခင်၏အမြင်တွင် ဤလူတို့သည် လူ့အရေခွံကို ဝတ်ဆင်ထားခြင်းမျှသာဖြစ်ပြီး ၎င်းတို့၏ အတွင်းပိုင်း အနှစ်သာရက စာတန်မာရ်နတ်နှင့် သက်ဆိုင်သည်။ ၎င်းတို့သည် တိရစ္ဆာန်တစ်ကောင်၊ သို့မဟုတ် လမ်းလျှောက်နေသော လူသေတစ်ကောင်နှင့် တူညီပြီး ဘုရားသခင်က ၎င်းတို့ကို မည်သည့်အခါမျှ ကယ်တင်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က မည်သို့ပြုမည်နည်း။ ဤလူများတွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် ဉာဏ်အလင်းဖွင့်ပြခြင်း၊ သို့မဟုတ် အလင်းပေးခြင်း လုံးဝမခံရပေ။ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့ပြီး ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်စွာ အမှီပြုနိုင်ခြင်း မရှိပေ။ ဤအကြောင်းကြောင့် ၎င်းတို့သည် မိမိတို့အတွင်းတွင် စစ်မှန်သော ဝန်ထုပ်ဝန်ပိုးကို မဖြစ်ပေါ်စေနိုင်ခြင်းဖြစ်သည်။ ဤအရာများအားလုံး ကင်းမဲ့နေလျက်ဖြင့် ဤလူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ဤသို့ဆိုလျှင် သင်တို့မည်သို့ပြောမည်နည်း— ဤလူတို့သည် ဉာဏ်ပညာရှိသလော၊ သို့မဟုတ် မိုက်မဲသလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လိမ္မာပါးနပ်သည်ဟု ထင်ကြသည်၊ သို့သော် အမှန်တကယ်တွင် ၎င်းတို့သည် လိမ္မာပါးနပ်ခြင်းမဟုတ်ဘဲ ခိုးကြောင်ခိုးဝှက်ပြုခြင်းဖြစ်ပြီး ဤခိုးကြောင်ခိုးဝှက်ပြုခြင်းက ၎င်းတို့ကို ကျရှုံးစေခဲ့ပြီဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အလိုမရှိ၊ ၎င်းတို့သည် စီရင်ခံရသည်။ ဘုရားသခင်က အလိုမရှိလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းတွင် မည်သည့်မျှော်လင့်ချက်ရှိသနည်း။ ဘုရားသခင်အပေါ် သင့်ယုံကြည်ခြင်း၏ အရေးပါမှုမှာ ဆုံးရှုံးသွားပြီဖြစ်သောကြောင့် အဘယ်ကြောင့် ယုံကြည်နေဦးမည်နည်း။ နောက်ဆုံးတွင် မည်သည့်အရာကိုမျှ သင်မရရှိရန် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၈)” မှ

လှည့်စားတတ်သောသူတစ်ဦးက ၎င်းသည် ကောက်ကျစ်ကြောင်း၊ လိမ်လည်ရခြင်းကို နှစ်သက်ပြီး သမ္မာတရားကို ပြောခြင်းအား မနှစ်သက်ကြောင်းနှင့် ၎င်းသည် မည်သည့်အရာ လုပ်ဆောင်နေသည်ဆိုသည်ကို အခြားလူများထံမှ ဖုံးကွယ်ဖို့ အစဉ်သဖြင့် ကြိုးစားနေကြောင်းကို သတိပြုမိကောင်း ပြုမိနိုင်သည်၊ သို့သော် ဤသို့သတိပြုမိနိုင်သော်ငြားလည်း “ဤသို့ ရှင်သန်ရခြင်းမှာ ကောင်းလှသည်။ တခြားလူများကို ငါအဆက်မပြတ် လှည့်စားလျက်ရှိသော်လည်း ၎င်းတို့က ငါ့ကို ထိုကဲ့သို့ မပြုလုပ်နိုင်။ ငါ၏ကိုယ်ပိုင်အကျိုးစီးပွား၊ ဂုဏ်၊ အဆင့်အတန်း၊ မာနနှင့်ပတ်သက်လျှင် ငါသည် အမြဲလိုလို ကျေနပ်မှုရှိ၏။ အမှုအရာများသည် ငါ၏အစီအစဉ်များအတိုင်း အမှားကင်းစွာ၊ ချောမွေ့စွာ ဖြစ်ပျက်ပြီး မည်သူမျှ ၎င်းတို့ကို မရိပ်စားမိ” ဟူ၍ တွေးတောလျက် ထိုအရာကို ၎င်းတို့က အကြိုက်တွေ့ကြလိမ့်မည်။ ထိုလူစားမျိုးတွင် ရိုးသားလိုသော ဆန္ဒရှိသလော။ မရှိပေ။ ၎င်းတို့၏ကောက်ကျစ်မှုနှင့် မရိုးမဖြောင့်မှုတို့ကို အပြုသဘောဆောင်သောအရာများအဖြစ် ၎င်းတို့က မြင်ကြသည်။ ယင်းတို့ကို ချစ်မြတ်နိုးကြပြီး စွန့်ပစ်ဖို့ရန် တွန့်ဆုတ်ကြသည်။ ၎င်းတို့က ယုံကြည်ကြသည်မှာ “ဤသည်မှာ အသက်ရှင်ရန် တစ်ခုတည်းသော သက်သောင့်သက်သာဖြစ်သည့် နည်းလမ်းဖြစ်၏။ ဤသည်မှာ အသက်တာ၌ မှန်ကန်သောလမ်းကြောင်းဖြစ်၏။ ဤသို့ရှင်သန်ခြင်းကသာ ငါ့ကို စစ်မှန်သောသူတစ်ယောက် ဖြစ်စေသည်၊ ငါ့ကို စုံလင်စေသည်၊ တစ်စုံတစ်ခုအထိ တန်ဖိုးရှိစေသည်၊ ဂုဏ်ရှိခံ့ညားစေသည်၊ အခြားလူများထဲ၌ အားကျသည့်စိတ်များ ဖြစ်စေပြီး ငါ့ကို အထင်ကြီးလေးစားစေသည်။ ငါသာ ရိုးသားသောသူတစ်ယောက် ဖြစ်ပါက လူများအား အရာရာတိုင်းကို ငါပြောပြရလိမ့်မည်၊ ‘သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့’ (မဿဲ ၅:၃၇) ဟူ၍ သခင်ယေရှုပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ထိုသို့သောလူများသည် ဖန်သားကဲ့သို့ ပွင့်လင်းမြင်သာသည်။ ၎င်းတို့သည် သူတစ်ပါးတို့ကို ၎င်းတို့အား လုံးဝထိုးထွင်းမြင်စေသည်၊ အရာရာတိုင်းတွင် သူတစ်ပါးတို့ကို ၎င်းတို့အား ခြယ်လှယ်ခွင့်ပေးပြီး ၎င်းတို့ကမူ သူတစ်ပါးတို့အား ခြယ်လှယ်နိုင်စွမ်းမရှိ။ ထိုကဲ့သို့ ငါလုံးဝအဖြစ်မခံနိုင်” ဟူ၍ ဖြစ်သည်။ ထိုကဲ့သို့သောသူတစ်ယောက်သည် ၎င်း၏ကိုယ်ပိုင်လှည့်စားတတ်မှုကို စွန့်လွှတ်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ မည်မျှကြာပြီဖြစ်စေ၊ သမ္မာတရားမည်မျှကို ကြားပြီးဖြစ်စေ၊ သမ္မာတရားလမ်းမည်မျှကို နားလည်ပြီးဖြစ်စေ ထိုသို့သောသူများသည် ဘုရားသခင်နောက်သို့ မည်သည့်အခါမျှ အမှန်တကယ် လိုက်လျှောက်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့ မည်သည့်အခါမျှ ဝမ်းမြောက်စွာ လိုက်လျှောက်မည်မဟုတ်၊ အကြောင်းမှာ ထိုသို့ပြုလုပ်ရန်အတွက် ၎င်းတို့သည် များစွာ စွန့်လွှတ်ရမည်ဖြစ်သောကြောင့်ဖြစ်၏။ ဘုရားသခင်အပေါ် ယုံကြည်မှုရှိခြင်းဆိုသည်မှာ ဘာသာတရားတစ်ခုကို ယုံကြည်ခြင်း၊ နာမည်ခံ ယုံကြည်သူတစ်ယောက်ဖြစ်ခြင်း၊ ကောင်းမှုအနည်းငယ်ပြုခြင်း၊ မိမိတို့ကို ဝိညာဉ်အာဟာရပေးမည့် တစ်စုံတစ်ခုရှိခြင်းသာ ဖြစ်၏၊ ဤမျှသာဖြစ်၏ဟု ၎င်းတို့ထင်မြင်ကြသည်။ ၎င်းတို့၏ကိုယ်ပိုင်အကျိုးစီးပွားကို တစ်နည်းနည်းဖြင့် ထိခိုက်စေသည့် အဖိုးအခတစ်ခုကို ပေးဖို့လိုအပ်သည်၊ သို့မဟုတ် တစ်စုံတစ်ခုကို စွန့်လွှတ်ဖို့လိုအပ်သည်ဟု ၎င်းတို့မထင်မြင်ကြပေ။ ဤမျှလောက်သည် ၎င်းတို့အတွက် ကောင်းမွန်စွာ လုံလောက်သည်၊ ဤအရာနှင့် ၎င်းတို့ကျေနပ်ကြပြီး ဤယုံကြည်ခြင်းမျိုးသည် တကယ့်ကို ကောင်းမွန်သည်။ ဤကဲ့သို့သောသူတို့သည် အဆုံးတွင် သမ္မာတရားကို ရနိုင်ကြမည်လော။ (မရနိုင်ကြပါ။) အဘယ်ကြောင့်နည်း။ ၎င်းတို့၌ အပြုသဘောဆောင်သောအရာတို့ကို ချစ်မြတ်နိုးခြင်း မရှိ၊ အလင်းကို ၎င်းတို့မတောင့်တ၊ ဘုရားသခင်၏လမ်းကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ၎င်းတို့မချစ်မြတ်နိုးကြပေ။ ၎င်းတို့သည် မကောင်းမှုကို ချစ်ကာ ကြည်ညိုလေးစားပြီး မြတ်နိုး၏— အပျက်သဘောဆောင်သောအရာများကို ၎င်းတို့မြတ်နိုးကြသည်။ ၎င်းတို့စိတ်နှလုံးတွင် ကြည်ညိုလေးစားကာ သဘောကျ၍ အားထုတ်ကြိုးပမ်းပြီး တောင့်တသည့်အရာမှာ သမ္မာတရားကို ပိုင်ဆိုင်သောသူ ဖြစ်ရန်မဟုတ်သကဲ့သို့ ဘုရားသခင်၏ချစ်ခြင်းကို ခံရသောသူတစ်ယောက်ဖြစ်ရန်လည်းမဟုတ်ဘဲ အပြင်ပန်းတွင် ကောင်းမှုများလုပ်သည့် ပုံစံပေါ်သောသူတစ်ယောက် ဖြစ်ရန်သာ ဖြစ်သည်။ ၎င်းတို့၏စိတ်ထဲတွင် လုပ်ကြံထားသည့်အရာ၊ ၎င်းတို့၏ မည်သည့်လိုအင်ဆန္ဒ၊ သို့မဟုတ် ကြံစည်မှုမဆိုဖြင့် ၎င်းတို့၏လှည့်စားမှုကို လျှို့ဝှက်စွာ အောင်မြင်နိုင်စေရန်၊ ၎င်းတို့နှင့် တွေ့ဆုံသည့်သူတိုင်းကို လှည့်စားရန် ၎င်းတို့အလိုရှိကြသည်။ ထိုသို့ဖြင့် ၎င်းတို့ကို မည်သူကမျှ ထိုးထွင်းမမြင်နိုင်ဖို့အတွက် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်လူစုလူဝေးအတွင်းသို့မဆို လုံးဝအဆင်ချောစွာဖြင့် အကွက်ဆင်ချဉ်းကပ်နိုင်ရန်၊ ပြောင်မြောက်သော ပညာဖြင့် လှည့်ကွက်၊ ပရိယာယ်၊ နည်းလမ်းပေါင်းစုံကို အသုံးပြုနိုင်ရန် ဆန္ဒရှိကြပြီး ၎င်းတို့မည်သည့်နေရာကိုသွားပါစေ ချစ်ခင်လေးစားစွာဖြင့် ကြိုဆိုနှုတ်ဆက်ခံလိုကြသည်။ ဤသည်မှာ ၎င်းတို့ဖြစ်လိုသည့် လူစားမျိုးဖြစ်သည်။ ဤသည်မှာ မည်သို့သော လမ်းမျိုးဖြစ်သနည်း။ နတ်ဆိုးတို့၏ လမ်းပင်ဖြစ်သည်။ စစ်မှန်သောလူသားက လျှောက်သောလမ်းမဟုတ်ပေ။ လူတို့ကို အယုံသွင်း၍ ၎င်းတို့၏ပုဂ္ဂိုလ်ရေးယုံကြည်မှုကို ချိုင်ယူရန်၊ ၎င်းတို့အား စိတ်ခံစားချက်ကောင်းနှင့် မှားယွင်းသော အာရုံမှားမှုကို ပေးရန်အတွက် စာတန်၏ လောကီအတွေးအခေါ်များ၊ ၎င်း၏တွေးခေါ်ပုံစနစ်၊ ၎င်း၏လုပ်ရပ်များကို ၎င်းရည်ရွယ်ထားသော ဦးတည်ချက်နှင့် ၎င်း၏လုပ်ရပ်များကို ထိန်းကျောင်းထားသော အခြေခံသဘောတရားများကို ၎င်းတို့အသုံးပြုကြသည်။ ၎င်းတို့သည် နေရာတိုင်းတွင် ပရိယာယ်၊ မာယာရှိသမျှကို အသုံးပြုကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူများ လျှောက်ရမည့် လမ်းကြောင်းမဟုတ်ပေ။ ယင်း၏နောက်ဆုံးအဆုံးသတ်မှာ ၎င်းတို့သည် ကယ်တင်ခြင်း မခံရမည်သာမကဘဲ အပြစ်ပေးခံရခြင်းကိုလည်း ကြုံရမည့်အဖြစ်ပင် ဖြစ်သည်။ ဤပန်းတိုင်မျိုး ဖြစ်လိမ့်မည်— ဤအရာနှင့်ပတ်သက်၍ သံသယအနည်းငယ်မျှပင် မရှိနိုင်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်” မှ

အရှေ့သို့- ၂) လှည့်ဖြားတတ်သော လူတစ်ဦးဆိုသည်မှာ အဘယ် အရာဖြစ်ပြီး ၎င်းတိုက မည်သို့ထင်ရှားပြသနည်း

နောက်တစ်ခုသို့- ၄) ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၌ လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများမှာ အဘယ်နည်း

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၅) ယနေ့အချိန်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဦးဆောင်၍ ထောက်ပံ့ပေးခဲ့သည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ...

၃) ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်လုံးကြား ဆက်နွှယ်မှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည်...

၁) ကျေးဇူးတော်ခေတ်၌ နောင်တလမ်းခရီးနှင့် နောက်ဆုံးသော ကာလ၌ ထာဝရအသက်လမ်းခရီးတို့ကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောင်တရရှိရေး ဧဝံဂေလိတရားကို ကျေးဇူးတော်ခေတ်၌ ဟောကြားခဲ့ပြီး၊ လူသားသည် ယုံကြည်ပါက ကယ်တင်ခြင်း...

၇) နောက်ဆုံးသော ကာလတွင် အမှုပြုဖို့ရန် တရုတ်ပြည်၌ ဘုရားသခင် လူဇာတိခံခြင်း၏ ရည်မှန်းချက်နှင့် အရေးပါမှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်