၃) ဘုရားသခင်၌ ယုံကြည်မှုနှင့် ဘာသာတရား၌ ယုံကြည်မှုတို့ကြား ကွဲပြားခြားနားမှုများမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘာသာတရား၌ ယုံကြည်မှုသည် အဘယ်နည်း။ ဘုရားသခင်၌ ယုံကြည်မှုသည် အဘယ်နည်း။ ဘာသာတရား၏ တွေ့နေကျဖြစ်ပြီး သိသာပေါ်လွင်သော အင်္ဂါရပ်များမှာ အဘယ်နည်း။ လူတို့သည် ဘာသာတရား၌ ယုံကြည်မှုကို ယေဘုယျအားဖြင့် မည်သို့အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ဘာသာတရားကို ယုံကြည်မှုတွင် အပြုအမူပြောင်းလဲခြင်းများ ပါဝင်၏၊ အခြားသူများနှင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ အခြားသူများကို ကျိန်ဆဲခြင်း၊ မှားယွင်းစွာပြုမူခြင်း၊ အခြားသူများကို အမြတ်ထုတ်ခြင်း၊ အခြားသူများကို အခွင့်အရေးယူခြင်းနှင့် အသေးအဖွဲခိုးမှုများနှင့် ပစ္စည်းကို မတရားသိမ်းယူခြင်းကဲ့သို့သော အပြုအမူများ ပြောင်းလဲခြင်း ပါဝင်ပေသည်။ ယင်းသည် အများအားဖြင့် အပြုအမူပြောင်းလဲခြင်းများကို ရည်ညွှန်းသည်။ တစ်စုံတစ်ဦးသည် ဘာသာတရားကို ယုံကြည်သည့်အခါ၊ ၎င်းတို့သည် လိမ္မာဖို့၊ လူကောင်းတစ်ဦးဖြစ်ဖို့ ကြိုးစားကြသည်။ ဤသည်တို့မှာ အပြင်ပန်း အပြုအမူများ ဖြစ်သည်။ ဘာသာတရားကို စိတ်ဓာတ်ရေးရာ အထောက်အပံ့အဖြစ်ရော အဘယ်သို့နည်း။ စိတ်နယ်ပယ်အတွက်ရော အဘယ်သို့နည်း။ ယုံကြည်ခြင်းဖြင့်၊ တစ်ဦးတစ်ယောက်၌ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တစ်ခု ရှိပေသည်။ ထို့ကြောင့် ဘာသာတရားအား ယုံကြည်မှုကို ဤသို့အဓိပ္ပာယ်ဖွင့်နိုင်သည်- လိမ္မာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ရှိခြင်း- ထို့ထက်ဘာမျှမပို။ ၎င်းတို့ယုံကြည်သောသူ အမှန်တကယ် တည်ရှိခြင်း ရှိမရှိဆိုသည်နှင့် သူသည် အတိအကျ မည်သည့်အရာဖြစ်ပြီး ၎င်းတို့ကို သူမည်သည့်အရာ တောင်းဆိုသည်တို့ကဲ့သို့သော အသေးစိတ်အချက်များနှင့် ပတ်သက်လာသည့်အခါ၊ လူတို့သည် ကောက်ချက်နှင့် ၎င်းတို့၏ စိတ်ကူးထင်မြင်မှုကို အသုံးပြုကြလေသည်။ ထိုသို့သော အခြေခံအကြောင်းရင်းဖြင့် ယုံကြည်မှုကို ဘာသာတရားအား ယုံကြည်မှုဟု ခေါ်ဆိုသည်။ ဘာသာတရား၌ ယုံကြည်မှုသည် အဓိကအားဖြင့် အပြုအမူ ပြောင်းလဲခြင်းကို လိုက်စားရှာဖွေခြင်းနှင့် စိတ်ဓာတ်ရေးရာ အထောက်အပံ့ ရှိခြင်းတို့ကို ဆိုလိုသော်လည်း၊ ယင်းသည် လူတစ်ဦး၏ အသက်တာလမ်းကြောင်းတွင် ပြောင်းလဲမှုတစ်ခုတလေ ဖြစ်ပေါ်စေသလော။ လူတစ်ဦးအသက်တာ၏ လမ်းကြောင်း၊ ရည်ရွယ်ချက်၊ သို့မဟုတ် ဦးတည်ချက်တို့တွင် အပြောင်းအလဲ အနည်းငယ်မျှ မရှိသကဲ့သို့၊ ထိုသူအသက်ရှင်သည့် အခြေခံအကြောင်းရင်းတွင်လည်း အပြောင်းအလဲ မရှိချေ။ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်ဖို့ဆိုသည်မှာ အဘယ်နည်း။ သူ့ကို ယုံကြည်ခြင်းအဖြစ် ဘုရားသခင်သည် မည်သည့်အရာကို သတ်မှတ်ကာ တောင်းဆိုသနည်း။ (သူ၏အချုပ်အခြာအာဏာ၌ ယုံကြည်ခြင်းဖြစ်ပါသည်။) ယင်းမှာ သူတည်ရှိကြောင်းကို ယုံကြည်ခြင်းနှင့် သူ၏အချုပ်အခြာအာဏာကို ယုံကြည်ခြင်း ဖြစ်သည်- ဤသည်မှာ အခြေခံအကျဆုံး ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို ယုံကြည်ခြင်းတွင် လူတို့အား မည်သည့်အရာကို တောင်းဆိုသနည်း။ ယင်းသည် မည်သည့်အရာနှင့် ဆက်နွှယ်သနည်း။ (ရိုးသားသော လူများဖြစ်ခြင်း၊ ပုံမှန်လူ့သဘာဝရှိခြင်း၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားပိုင်းဆိုင်ရာ အသွင်ပြောင်းလဲခြင်းကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို သိရှိဖို့ ကြိုးစားခြင်းတို့ ဖြစ်ပါသည်။) ပြီးလျှင် လူတို့၏ စကားများ၊ အပြုအမူတို့နှင့် စပ်လျဉ်း၍ ၎င်းတို့ကို တစ်ခုတလေ တောင်းဆိုထားသလော။ (ကျွန်ုပ်တို့၏ အပြင်ပန်း အပြုအမူအရ၊ ဘုရားတရားကိုင်းရှိုင်းကာ အကျင့်မပျက်ဖို့ရန်နှင့် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် ကျွန်ုပ်တို့ကို တောင်းဆိုထားပါသည်။) အပြင်ပန်းအားဖြင့် အခြေခံ မြင့်မြတ်သော သင့်တင့်လျောက်ပတ်ခြင်း ရှိရန်နှင့် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် တောင်းဆိုထားသည်။ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ပြောဆိုထားသည့် နှုတ်ကပတ်တော်များအတိုင်း တည်ရှိရန်၊ အသက်ရှင်ရန်နှင့် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန်အပြင် လူ့သဘာဝနှင့်ဆိုင်သည့် လုပ်ဆောင်ချက်များအားလုံးတွင် ပါဝင်လုပ်ဆောင်ရန် ဖြစ်သည်။ ဤအရာက သွယ်ဝိုက်ညွှန်းဆိုသည်မှာ ဘုရားသခင်၌ ယုံကြည်ဖို့သည် ဘုရားသခင်နောက်လိုက်ဖို့၊ သင့်ကို ဘုရားသခင် လုပ်ဆောင်စေသည့်အတိုင်း လုပ်ဆောင်ဖို့နှင့် ဘုရားသခင်က သင့်ကို အသက်ရှင်စေသည့်အတိုင်း အသက်ရှင်ဖို့ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ဖို့သည် သူ့လမ်းကို လိုက်ဖို့ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင်၊ လူတို့အသက်တာများ၏ ရည်မှန်းချက်နှင့် ဦးတည်ချက်တို့သည် ဘာသာတရား၌ ယုံကြည်သော လူတို့၏အသက်တာများနှင့် လုံးဝကွာခြားသည် မဟုတ်လော။ ဘုရားသခင်၌ ယုံကြည်မှုတွင် မည်သည့်အရာ ပါဝင်သနည်း။ လူတို့သည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်သင့်သည်။ ၎င်းတို့ကို ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်ဖို့ စေခိုင်းသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့နာခံသင့်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာများအားလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပါဝင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မည်သည့်အရာ ဖြစ်သနည်း။ (သမ္မာတရား ဖြစ်ပါသည်။) ဘုရားသခင်၌ ယုံကြည်မှုတွင် သမ္မာတရားပါဝင်သည်။ ယင်းသည် အသက်တာ၏ အရင်းအမြစ်နှင့် မှန်ကန်သော လမ်းကြောင်း ဖြစ်သည်။ ယင်း၌ အသက်တာတွင် လူတို့လျှောက်လှမ်းသည့် လမ်းကြောင်း ပါဝင်သည်။ ဘာသာတရား၌ ယုံကြည်မှုတွင် ဤအရာတစ်ခုတလေ ပါဝင်သလော။ မပါဝင်ပေ။ ဘာသာတရား၌ ယုံကြည်ဖို့၊ အပြင်ပန်းအားဖြင့် ကောင်းမွန်စွာ ပြုမူရုံမျှ၊ မိမိကိုယ်ကို ချုပ်တည်းရုံမျှ၊ စည်းမျဉ်းများကို လိုက်နာရုံမျှနှင့် စိတ်ဓာတ်ရေးရာ အထောက်အပံ့တစ်ခု ရှိခြင်းမျှသည် အဆင်ပြေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ကောင်းကောင်းမွန်မွန် ပြုမူပြီး၊ စိတ်အထောက်အပံ့နှင့် အထောက်အကူတစ်ခု ရှိပါက၊ အသက်တာ၌ ၎င်းတို့၏ လမ်းကြောင်းသည် ပြောင်းလဲသလော။ (မပြောင်းလဲပါ။) လူအချို့က၊ “ဘာသာတရား၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းသည် တူညီသော အရာဖြစ်သည်” ဟု ပြောကြသည်။ သို့ဆိုလျှင်၊ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်ကြသလော။ ဘာသာတရား၌ ယုံကြည်မှုသည် အပြုအမူဆိုင်ရာ အပြောင်းအလဲကို လိုက်စားခြင်းမျှဖြစ်သည်၊ စိတ်ဓာတ်ရေးရာ အထောက်အပံ့ကို လိုက်စားရှာဖွေခြင်းထက် ဘာမျှမပိုသကဲ့သို့၊ ယင်း၌ မည်သည့်သမ္မာတရားမျှ မပါဝင်ပေ။ အကျိုးဆက်အနေဖြင့်၊ ဤလူတို့၏ စိတ်သဘောထားများတွင် မည်သည့်ပြောင်းလဲမှုမျှ မရှိနိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိကြ၊ သို့မဟုတ် ခြေခြေမြစ်မြစ်ရှိသည့် အပြောင်းအလဲတစ်ခုတလေကိုမျှ မတတ်စွမ်းနိုင်ကြသကဲ့သို့ ၎င်းတို့၌ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ မရှိကြချေ။ တစ်စုံတစ်ဦးသည် ဘာသာတရား၌ ယုံကြည်သည့်အခါ၊ ၎င်းတို့၏အပြုအမူက မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်ဓာတ်ရေးရာ အထောက်အပံ့က မည်မျှခိုင်မာပါစေ၊ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်ကြသလော။ (မလိုက်ကြပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သူ့နောက်ကို လိုက်ကြသနည်း။ ၎င်းတို့သည် စာတန်နောက်ကို လိုက်ကြပေသည်။ ပြီးလျှင် ၎င်းတို့၏ အသက်တာများတွင် ၎င်းတို့အသက်ရှင်နေထိုင်သည့်အရာ၊ လိုက်စားရှာဖွေသည့်အရာ၊ စိတ်ဆန္ဒရှိသည့်အရာ၊ လက်တွေ့လုပ်ဆောင်ပြီး မှီခိုသည့်အရာ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ထိုအခြေခံအကြောင်းရင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သူ၏အနှစ်သာရလုံးလုံး ဖြစ်သည်။ ၎င်းတို့၏ ပြုမူနေထိုင်ပုံနှင့် အခြားသူများကို ဆက်ဆံပုံသည် စာတန်၏ ရှင်သန်နေထိုင်ခြင်းဆိုင်ရာ ဆင်ခြင်တွေးခေါ်မှု၊ ဒဿနအမြင်တို့နှင့် ကိုက်ညီနေပေသည်။ ၎င်းတို့ပြောမျှအရာရာသည် သမ္မာတရား စိုးစဉ်းမျှ မပါသည့် မုသားတစ်ခုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများတွင် အပြောင်းအလဲ အနည်းငယ်မျှ မစွမ်းဆောင်မရရှိသေးသကဲ့သို့၊ ၎င်းတို့နောက်လိုက်သည်မှာ စာတန်ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့၏ ဘဝအမြင်၊ တန်ဖိုးများ၊ အမှုအရာများကို ကိုင်တွယ်ခြင်း နည်းလမ်းများနှင့် ၎င်းတို့လုပ်ရပ်များ၏ အခြေခံမူများသည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝနှင့်ဆိုင်သည့် ဖော်ပြချက်များသာ ဖြစ်သည်။ ၎င်းတို့၏ အပြင်ပန်း အပြုအမူတွင် သေးငယ်သော အပြောင်းအလဲတစ်ခုသာ ရှိထား၏။ ၎င်းတို့၏ အသက်တာလမ်းကြောင်း၊ ၎င်းတို့အသက်ရှင်ပုံ၊ သို့မဟုတ် ၎င်းတို့၏ အမြင်တွင် အပြောင်းအလဲ အနည်းငယ်မျှ မရှိသေးပေ။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ပါက၊ ဘုရားသခင်၌ နှစ်အချို့ကြာ ယုံကြည်ပြီးနောက်တွင် သင့်အထဲ၌ မည်သည့်အပြောင်းအလဲများ အမှန်တကယ် ဖြစ်ပေါ်ပြီးပြီနည်း။ သင့်အသက်တာ၏ အခြေခံအုတ်မြစ်သည် အပြောင်းအလဲတစ်ခုကို ကြုံရ၏။ မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် သင်အသက်ရှင်သနည်း။ နေ့စဉ် သင်လုပ်ဆောင်ကာ ပြောဆိုသည့်အရာကို မည်သည့်အရာက အုပ်စိုးသနည်း။ ယင်းသည် မည်သည့်အရာပေါ်တွင်သာ အခြေပြုထားသနည်း။ (ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ်သာ အခြေခံထားပါသည်။) ဥပမာအားဖြင့်၊ သင်သည် မုသား ပြောကောင်းပြောတော့မည်မဟုတ်- ဤအရာ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ သင်သည် ထိုနည်းလမ်းဖြင့် အဘယ်ကြောင့် စကားမပြောတော့သနည်း။ (ဘုရားသခင်သည် ယင်းကို မနှစ်သက်သောကြောင့် ဖြစ်ပါသည်။) ထိုနည်းလမ်းဖြင့် သင်စကားမပြော၊ သို့မဟုတ် မဆောင်ရွက်တော့သည့် အခြေခံအကြောင်းရင်းရှိပြီး ယင်းအခြေခံအကြောင်းရင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်စေခိုင်းသည့်အရာနှင့် သမ္မာတရားတို့ ဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သော လူတစ်ဦး၌ တူညီသော အသက်တာလမ်းကြောင်း ရှိသလော။ အကျဉ်းချုပ်မှာ ဤသို့ဖြစ်၏- ဘာသာတရား၌ ယုံကြည်မှုသည် မည်သည့်အရာဖြစ်သနည်း။ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုသည် မည်သည့်အရာဖြစ်သနည်း။ လူတို့သည် ဘာသာတရား၌ ယုံကြည်ကြချိန်တွင် စာတန်နောက် လိုက်ကြ၏။ ၎င်းတို့သည် ဘုရားသခင်၌ ယုံကြည်ကြချိန်တွင် ဘုရားသခင်နောက် လိုက်ကြသည်။ ယင်းမှာ ကွာခြားချက် ဖြစ်သည်။ ယနေ့တွင်၊ သင်သည် ဘုရားသခင်၏အိမ်တော်၌ သင်၏တာဝန်ကို ထမ်းဆောင်သည်။ သင်သည် ဘာသာတရား၌ ယုံကြည်သလော၊ သို့မဟုတ် ဘုရားသခင်၌ ယုံကြည်သလော။ ကွာခြားချက်မှာ အဘယ်နည်း။ ဤအရာသည် မည်သည့်အရာအပေါ် မူတည်သနည်း။ ယင်းသည် သင်လျှောက်လှမ်းသည့် လမ်းကြောင်းအပေါ် မူတည်ပေသည်။ သင်လိုက်စားရှာဖွေသည့်အရာက ကောင်းမွန်သော အပြုအမူ၊ စိတ်ပိုင်းဆိုင်ရာရာ အထောက်အပံ့တစ်ခု၊ စည်းမျဉ်းများကို လေးစားလိုက်နာခြင်းနှင့် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် အကြံအစည်များဖြစ်ပါက၊ ပြီးလျှင် သင်သည် သမ္မာတရားကို စိုးစဉ်းမျှပင် မလိုက်စားမရှာဖွေဘဲ၊ သဘောကောင်းပုံရသူတစ်ဦးမျှ ဖြစ်ပြီး၊ သင်၏ သဘာဝ အနှစ်သာရ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် အနည်းမျှ ပြောင်းလဲမှု မရှိပါက၊ သင်သည် ဘာသာတရား၌ ယုံကြည်ပေသည်။ ဘုရားသခင်၌ ယုံကြည်သူတို့သည် ဘုရားသခင်ဖော်ပြသည့် သမ္မာတရားအားလုံးကို လက်ခံနိုင်ကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့်အညီ မိမိတို့ကိုယ်ကို သုံးသပ်ဆင်ခြင်ပြီး သိရှိလာနိုင်ကြသကဲ့သို့၊ အမှန်တကယ် နောင်တရနိုင်ကာ နောက်ဆုံးတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင် အသက်ရှင်နိုင်သည်၊ ဘုရားသခင်ကို နာခံနိုင်ပြီး ဘုရားသခင်ကို ကိုးကွယ်နိုင်လေသည်- ထိုသို့သော လူတို့သာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများ ဖြစ်ကြသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်” မှ

ဘုရားသခင်၌ ယုံကြည်ခြင်းကို ဖော်ပြဖို့ အရိုးရှင်းဆုံးသော နည်းလမ်းမှာ ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းနှင့် ဤအခြေခံအုတ်မြစ်ပေါ်တွင် သူ့နောက်လိုက်ခြင်း၊ သူ့ကိုနာခံခြင်း၊ သူ၏အုပ်စိုးမှု၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို လက်ခံခြင်း၊ သူ၏နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အရာရာကို လုပ်ဆောင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု ဖြစ်သည်။ ဘုရားသခင်နောက်လိုက်ဖို့မှာ ဤအရာကို ဆိုလိုသည်။ ဘုရားသခင်နောက်လိုက်သည်ဟု သင်ပြောသော်လည်း၊ သင်၏စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မလက်ခံသကဲ့သို့ သူ၏အုပ်စိုးမှု၊ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သင်လက်မခံပေ။ သင်သည် ဘုရားသခင်လုပ်ဆောင်သည့်အရာအပေါ် အယူအဆများ အမြဲရှိပြီး၊ သူလုပ်ဆောင်သည့်အရာကို သင်အမြဲနားလည်မှုလွဲကာ ယင်းနှင့်ပတ်သက်၍ အမြဲစောဒကတက်ပါက၊ သင်သည် အမြဲမကျေမနပ်ဖြစ်ပြီး၊ သူလုပ်ဆောင်သည့်အရာကို သင်၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ အသုံးပြုရင်း အမြဲအကဲဖြတ်ကာ ချဉ်းကပ်ပါက၊ သင်၌ သင်၏ကိုယ်ပိုင်သိနားလည်မှုများ အမြဲရှိပါက- ဤအရာက ပြဿနာဖြစ်စေလိမ့်မည်။ သင်သည် ဘုရားသခင်၏အမှုကို တွေ့ကြုံနေခြင်း မဟုတ်သကဲ့သို့ သင်၌ သူ့နောက် အမှန်တကယ် လိုက်ရန် နည်းလမ်းမရှိပေ။ ယင်းမှာ ဘုရားသခင်၌ ယုံကြည်ခြင်း မဟုတ်ပေ။

ဘုရားသခင်၌ ယုံကြည်ခြင်းသည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ဘာသာတရား၌ ယုံကြည်ခြင်းသည် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ညီမျှသလော။ ဘာသာတရားကို လူတို့ယုံကြည်ကြချိန်တွင်၊ ၎င်းတို့သည် စာတန်နောက်လိုက်ကြ၏။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ကြသည့်အခါမှသာ ၎င်းတို့သည် ဘုရားသခင်နောက်လိုက်ပြီး၊ ခရစ်တော်နောက်လိုက်ကြသူတို့သည်သာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိ၏အသက်အဖြစ် မည်သည့်အခါတွင်မျှ လက်ခံလိမ့်မည်မဟုတ်သည့်သူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သောလူတစ်ဦး ဖြစ်သလော။ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာ သင်ယုံကြည်လာပြီးသည်ဖြစ်စေ၊ ယင်းသည် အသုံးမဝင်ပေ။ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘာသာရေး ဓလေ့များ၌ အမြဲပါဝင်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး မဟုတ်သကဲ့သို့၊ ဘုရားသခင်သည် ၎င်းတို့ကို အသိအမှတ်မပြုပေ။ သင့်ကို ဘုရားသခင်က မည်သည့်အခြေခံအကြောင်းရင်းအပေါ် အသိအမှတ်ပြုသနည်း။ သင့်ကို သူ၏အသိအမှတ်ပြုခြင်းသည် သူ၏သတ်မှတ်ချက်များအတိုင်း ကိစ္စရပ်များအားလုံး၌ သင်ပြုမူဆောင်ရွက်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံပေသည်။ သူ၏အသိအမှတ်ပြုခြင်းကို သူ၏နှုတ်ကပတ်တော်များနှင့်အညီ ပေးသည်၊ သင်၏အပြင်ပန်းအပြုအမူ၌ ပြောင်းလဲမှုများ မည်မျှရှိသည်၊ သို့မဟုတ် သူ့အတွက် အလုပ်များရင်း အချိန်မည်မျှ သင်ကုန်ဆုံးသည်ဆိုသည်တို့အပေါ် မဟုတ်ဘဲ၊ သင်လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် သမ္မာတရားကို သင်လိုက်စားခြင်းရှိမရှိဆိုသည်တို့အပေါ် အခြေခံပေသည်။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်သည်ဟု ပြောပြီး ဘုရားသခင်အတွက် ချီးမွမ်းခြင်းစကားများ ပြောဆိုသောသူများစွာ ရှိသည်- သို့သော် ၎င်းတို့၏ စိတ်နှလုံးများတွင်၊ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသည့် နှုတ်ကပတ်တော်များကို မချစ်ကြသကဲ့သို့ သမ္မာတရားကို စိတ်မဝင်စားကြချေ။ ၎င်းတို့၏စိတ်နှလုံးများထဲတွင်၊ စာတန်၏ ဒဿနအမြင်များနှင့် အပြင်လောက၏ အယူဝါဒအမျိုးမျိုးဖြင့် ၎င်းတို့အသက်ရှင်မှသာ ၎င်းတို့ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မိမိတို့ကိုယ်ကို ကာကွယ်နိုင်ကြမည်ဟု ထင်မြင်ယူဆကြကာ၊ ဤကဲ့သို့ အသက်ရှင်ခြင်းသည်သာ ဤလောကထဲတွင် ၎င်းတို့၏ အသက်တာများကို တန်ဖိုးရှိစေလိမ့်မည်ဟု အမြဲထင်မြင်ယူဆကြလေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သူ တစ်စုံတစ်ဦး ဖြစ်သလော။ ကျော်ကြားသည့်၊ ကြီးမြတ်သော ပုဂ္ဂိုလ်များ၏ ဆိုရိုးစကားများအားလုံးသည် အထူးသဖြင့် ဒဿနိကဆန်ပြီး၊ လူတို့ကို အထူးသဖြင့် လှည့်ဖြားနိုင်စွမ်းရှိကြသည်။ ယင်းတို့ကို သမ္မာတရားအဖြစ် သင်သဘောထားပြီး နီတိများအဖြစ် သင်လိုက်နာသော်လည်း၊ ရိုးသားသော လူတစ်ဦးဖြစ်ဖို့၊ သင်၏ကိုယ်ပိုင်၊ သတ်မှတ်ထားသည့် နေရာကို လုံးဝတွယ်ကပ်ပြီး ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ကာ၊ တည်ကြည်ခိုင်မာမြဲဖြစ်နေဖို့ သင့်ကို တောင်းဆိုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သာမန်အဖြစ်ဆုံးသော နှုတ်ကပတ်တော်များနှင့် ပတ်သက်လာသည့်အခါ- သင်သည် ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိသကဲ့သို့ ယင်းတို့ကို သမ္မာတရားအဖြစ် သင်သဘောမထားပါက၊ သင်သည် ဘုရားသခင်၏‌ နောက်လိုက် မဟုတ်ပေ။ သူ၏နှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ထားပြီးဖြစ်သည်ဟု သင်ပြောကောင်းပြောနိုင်သော်လည်း၊ ဘုရားသခင်က သင့်အား သမ္မာတရားအတွက် မရမနေ တိုက်တွန်းပြီး၊ “မည်သည့်အရာကို သင်လက်တွေ့လုပ်ဆောင်ပြီးပြီနည်း။ သင်လက်တွေ့လုပ်ဆောင်သည့် နှုတ်ကပတ်တော်များကို မည်သူပြောဆိုခဲ့သနည်း။ သင်လိုက်နာစောင့်ထိန်းသည့် ကိုယ်ကျင့်တရားများ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း” ဟု မေးလျှင် မည်သို့ဖြစ်မည်နည်း။ ထိုအခြေခံအကြောင်းရင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မဟုတ်ပါက၊ ယင်းသည် စာတန်၏စကားများ ဖြစ်သည်။ သင်အသက်ရှင်နေထိုင်သည့်အရာမှာ စာတန်၏ စကားများဖြစ်သော်လည်း၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို စိတ်ကျေနပ်စေသည်ဟု သင်ပြောနေဆဲဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဘုရားသခင်က လူတို့အနေဖြင့် ရိုးသားသင့်သည်ဟု ပြောသော်လည်း၊ ရိုးသားခြင်းတွင် မည်သည့်အရာ ပါဝင်သည်၊ ရိုးသားမှုကို မည်သို့လက်တွေ့လုပ်ဆောင်သင့်မည်၊ သို့မဟုတ် ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသည့်အရာများထဲမှ မည်သည့်အရာက မရိုးသား၊ မည်သည့်အရာက ရိုးသားသည်ဆိုသည်တို့ကို မတွေးဆသောသူများ ရှိလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက သမ္မာတရား၏ အနှစ်သာရကို မချင့်ချိန်မစဉ်းစားကြဘဲ၊ မယုံကြည်သူများ၏ စာအုပ်များကို ရှာကာ ယင်းကို ဖတ်ရှုပြီးနောက် ၎င်းတို့က၊ “ဤသည်တို့မှာ ကောင်းမွန်သော စကားများဖြစ်သည်- ဘုရားသခင်၏ နှုတ်ကပတ်တော်များထက်ပင် ကောင်းသည်။ ‘မာယာကင်းသောလူများ အမြဲအောင်မြင်သည်’- ယင်းမှာ ဘုရားသခင်ပြောခဲ့သည့်အရာနှင့် တူညီသည် မဟုတ်လော။ ဤအရာသည်လည်း သမ္မာတရားဖြစ်၏” ဟု ဆိုကြသည်။ ထို့ကြောင့်၊ ၎င်းတို့သည် ဤစကားများကို လိုက်နာကြသည်။ ဤစကားများကို ၎င်းတို့လိုက်နာကြသည့်အခါ၊ မည်သည့်အရာကို ၎င်းတို့အသက်ရှင်နေထိုင်ကြသနည်း။ သမ္မာတရား၏ စစ်မှန်မှုကို ၎င်းတို့အသက်ရှင်နေထိုင်နိုင်ကြသလော။ ထိုသို့သောလူများ များစွာရှိသလော။ ၎င်းတို့သည် အသိပညာအနည်းငယ် ရရှိကြသည်၊ စာအုပ်အနည်းငယ်ဖတ်ကြပြီး ထိုးထွင်းသိမြင်မှုအနည်းငယ် ရရှိကြကာ၊ ကျော်ကြားသည့် ဆိုရိုး၊ သို့မဟုတ် လူသိများသည့် ဆိုရိုးစကားအချို့ကို ၎င်းတို့ကြားကြပြီး ယင်းတို့ကို သမ္မာတရားအဖြစ် သဘောထားကြလေသည်။ ၎င်းတို့သည် ဤစကားများအတိုင်း ပြုမူဆောင်ရွက်ကြပြီး ယင်းတို့ကို ၎င်းတို့၏တာဝန်များနှင့် ဘုရားသခင်၌ ယုံကြည်မှုနှင့်ဆိုင်သည့် ၎င်းတို့၏အသက်တာများအဖို့ ကျင့်သုံးကြကာ ဤအရာက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သည်ဟုပင် တွေးထင်ကြလေသည်။ ဤသည်မှာ လှည့်စားမှုဖြစ်သည် မဟုတ်လော။ ဤသည်မှာ လှည့်ကွက်ဖြစ်သည် မဟုတ်လော။ ယင်းသည် ပြစ်မှားစော်ကားမှု ဖြစ်၏။ လူတို့ထဲတွင် ဤအရာများစွာရှိ၏။ ၎င်းတို့သည် နှစ်လိုဖွယ်ဖြစ်ပုံရသည့်၊ မှန်ကန်ပုံရသည့် လူတို့၏အယူဝါဒများကို သမ္မာတရားအလား လိုက်နာစောင့်ထိန်းကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘေးတစ်ဖက်တွင်ထားပြီး ယင်းတို့ကို အလေးဂရုမပြုသကဲ့သို့၊ အကြိမ်မည်မျှ ၎င်းတို့ဖတ်ရှုကြသည်ဖြစ်စေ၊ ယင်းတို့ကို နှလုံးမသွင်းကြပေ၊ သို့မဟုတ် သမ္မာတရားအဖြစ် သဘောမထားကြချေ။ ထိုသို့လုပ်ဆောင်သောသူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်ကြသလော။ ထိုသို့သော လူတစ်ဦးသည် ဘာသာတရား၌ ယုံကြည်ပေသည်။ ၎င်းတို့သည် စာတန်နောက်လိုက်ကြသည်။ စာတန်ပြောဆိုသည့် စကားများတွင် ဒဿနအမြင်ရှိသည်၊ ဤစကားလုံးများ၌ နက်နဲသော အဓိပ္ပာယ်ရှိသည်၊ ယင်းတို့သည် ကျမ်းဂန်ဖြစ်သည်၊ အမြော်အမြင်ရှိသော ဆိုရိုးစကားများဖြစ်ပြီး၊ အခြားမည်သည့်အရာကို ၎င်းတို့ စွန့်လွှတ်ကောင်းစွန့်လွှတ်နိုင်ပါစေ၊ ဤစကားလုံးများကို ၎င်းတို့ မည်သည့်အခါတွင်မျှ ဘေးဖယ်ထား၍မရနိုင်ဟု ၎င်းတို့၏ စိတ်နှလုံးများတွင် တွေးထင်ကြလေသည်။ ၎င်းတို့အဖို့ ထိုသို့လုပ်ဆောင်ခြင်းသည်၊ ၎င်းတို့၏အသက်ကို ဆုံးရှုံးခြင်းကဲ့သို့၊ သို့မဟုတ် ၎င်းတို့၏နှလုံးသား ကော်ထုတ်ခံလိုက်ရခြင်းကဲ့သို့ ဖြစ်ပေမည်။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ စာတန်နောက်လိုက်သော လူတစ်ဦး ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်” မှ

သင်တို့ထဲတွင် ဘာသာတရား၌ ယုံကြည်သူ တစ်ဦးတလေ ရှိသလော။ ဘာသာတရား၌ ယုံကြည်သူများသည် မယုံကြည်သူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) သို့ဆိုလျှင်၊ “ဘာသာတရား၌ ယုံကြည်မှု” သည် မည်သူတို့ကို ရည်ညွှန်းသနည်း။ သမ္မာတရားကို မလိုက်စားသူ၊ ကောင်းမွန်သော အပြုအမူနှင့် စည်းမျဉ်းများကို လိုက်နာခြင်းတို့အပေါ်သာ အာရုံစိုက်သူ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ မိမိအထဲတွင် အပြောင်းအလဲ အနည်းငယ်မျှမရှိသေးသည့်၊ ဘာသာတရား၌ ယုံကြည်သူများအားလုံးကို ဖြစ်သည်။ ဘာသာတရား၌ ယုံကြည်သူတို့ကို မည်သည့်အရာက ခွဲခြားသိမြင်စေသနည်း။ (၎င်းတို့သည် အပြင်ပန်း လုပ်ရပ်များနှင့် ကောင်းကောင်းမွန်မွန် ပြုမူနေပုံပေါက်ဖို့ကိုသာ အရေးစိုက်ကြပါသည်။) ၎င်းတို့ ပြုမူဆောင်ရွက်ပုံ၏ အခြေခံမူများနှင့် အခြေခံအကြောင်းရင်းတို့သည် အဘယ်နည်း။ (ရှင်သန်နေထိုင်ခြင်းအတွက် ဆိုးယုတ်သော ဒဿနအမြင်များဖြစ်ပါသည်။) ရှင်သန်နေထိုင်ခြင်းအတွက် ဆိုးယုတ်သော ဒဿနအမြင်များနှင့် ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ အဘယ်နည်း။ ကောက်ကျစ်စဉ်းလဲခြင်းနှင့် ဉာဏ်နီဉာဏ်နက်များခြင်း၊ စည်းမျဉ်းများကို လျစ်လျူရှုခြင်း၊ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း၊ အမြဲအဆုံးအဖြတ်ပေးခြင်း၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ မရှာဖွေခြင်းနှင့် မည်သည့်အခါတွင်မျှ ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယ မပြုခြင်း၊ ဆောင်ရွက်နေချိန်တွင် မိမိ၏ကိုယ်ပိုင်အကျိုးစီးပွားများ၊ မိမိ၏ကိုယ်ပိုင် သိက္ခာ၊ ဂုဏ်ဒြပ်နှင့် သြဇာအရှိန်အဝါတို့ကို အမြဲတွေးခြင်း- ဤအရာ အလုံးစုံသည် စာတန်နောက်လိုက်ခြင်းဖြစ်ပြီး၊ ဤသည်တို့မှာ ဆိုးယုတ်သော စိတ်သဘောထားတစ်ခု၏ ဖော်ပြချက်များ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏နှုတ်ကပတ်တော်များကို အလေးဂရုမပြုပါက၊ သမ္မာတရားကို လက်မခံပါက၊ သို့မဟုတ် သူ၏အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း မရှိပါက၊ ၎င်းတို့သည် ကောင်းမွန်သည့် အပြုအမူအချို့ကိုသာ ပြသပြီး၊ ၎င်းတို့၏ သိက္ခာ၊ သို့မဟုတ် အကျိုးစီးပွားများနှင့်သက်ဆိုင်၍ မည်သည့်အရာကိုမျှ မစွန့်ပစ်နိုင်ပါက၊ ကြည့်ရသည်မှာ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကြသော်လည်း ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအားဖြင့် အသက်ရှင်ကြဆဲဖြစ်ပြီး၊ စာတန်၏ ဒဿနအမြင်များနှင့် ဖြစ်တည်ခြင်း နည်းလမ်းများကို အနည်းငယ်မျှ မစွန့်လွှတ်သေးသကဲ့သို့ မပြောင်းလဲကြပါက- ၎င်းတို့ ဘုရားသခင်ကို ယုံကြည်သည်မှာ အဘယ်သို့ဖြစ်နိုင်မည်နည်း။ ယင်းမှာ ဘာသာတရား၌ ယုံကြည်ခြင်းဖြစ်သည်။ ထိုသို့သော လူတို့သည် အမှုအရာများကို စွန့်လွှတ်ပြီး၊ မိမိတို့ကိုယ်ကို အပေါ်ယံအားဖြင့် အသုံးတော်ခံကြသော်လည်း၊ ၎င်းတို့လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် ၎င်းတို့လုပ်ဆောင်သမျှတိုင်း၏ အရင်းအမြစ်နှင့် တွန်းအားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သို့မဟုတ် သမ္မာတရားအပေါ် အခြေမခံထားပေ။ ထိုအစား၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးထင်မြင်မှုများ၊ စိတ်ဆန္ဒများ၊ ဓမ္မဓိဋ္ဌာန်မကျသော ယူဆချက်များနှင့် စာတန်၏ဒဿနအမြင်များ၊ စိတ်သဘောထားများအတိုင်း ဆက်လက်ပြုမူဆောင်ရွက်ကြပြီး၊ စာတန်၏ စိတ်သဘောထားများသည် ၎င်းတို့၏ ဖြစ်တည်ခြင်းနှင့် လုပ်ရပ်များ၏ အခြေခံအကြောင်းရင်း ဆက်လက်ဖြစ်လေသည်။ သမ္မာတရားကို ၎င်းတို့နားမလည်သည့် ကိစ္စရပ်များတွင်၊ ယင်းကို ၎င်းတို့ မရှာဖွေကြချေ။ သမ္မာတရားကို ၎င်းတို့နားလည်သည့် ကိစ္စရပ်များတွင်၊ ယင်းကို ၎င်းတို့လက်တွေ့မလုပ်ဆောင်ကြ၊ ဘုရားသခင်ကို ကြီးမြတ်သည်ဟု မချီးမြှောက်ကြချေ၊ သို့မဟုတ် သမ္မာတရားကို တန်ဖိုးမထားကြချေ။ ၎င်းတို့သည် အမည်ခံအားဖြင့် ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်သော်လည်း၊ ယင်းသည် စကားဖြင့်သာ ဖြစ်၏။ ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဖော်ပြချက်များသာ ဖြစ်သည်။ ၎င်းတို့၏ စေ့ဆောချက်နှင့် ရည်ရွယ်ချက်တို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူဖို့ဖြစ်သည်ဟူသည့် လက္ခဏာရပ် မရှိပေ။ အခြားအရာအားလုံးမတိုင်မီ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စဉ်းစားသောလူများ၊ ပထမဦးစွာ မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒများနှင့် ရည်ရွယ်ချက်များကို ဖြည့်ဆည်းသောလူများ- ဤလူတို့သည် ဘုရားသခင်နောက် လိုက်ကြသလော။ (မလိုက်ကြပါ။) ပြီးလျှင် ဘုရားသခင်နောက် မလိုက်ကြသည့်လူများသည် ၎င်းတို့၏ စိတ်သဘောထားများတွင် အပြောင်းအလဲ ဖြစ်ပေါ်စေနိုင်သလော။ (မဖြစ်ပေါ်စေနိုင်ပါ။) ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ပါက၊ သနားစဖွယ်ဖြစ်ကြသည် မဟုတ်လော။ ... ၎င်းတို့၌ ပြဿနာမရှိကြသည့်အချိန်တွင်၊ ၎င်းတို့အတွက် အရာရာချောမွေ့နေသည့်အချိန်တွင်၊ လူအများစုက ဘုရားသခင်သည် တန်ခိုးကြီးမားသည်၊ ဖြောင့်မတ်ပြီး ချစ်ခင်ဖွယ်ဖြစ်သည်ဟု ခံစားကြရသည်။ ဘုရားသခင်က ၎င်းတို့ကို စစ်ဆေးသည့်အခါ၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ ၎င်းတို့ကို ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်သည့်အခါ၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဘေးဖယ်ထားဖို့၊ ဇာတိပကတိကို ကျောခိုင်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့ကို သူတောင်းဆိုသည့်အခါ၊ ၎င်းတို့အပေါ် ဘုရားသခင်အမှုပြုပြီး ၎င်းတို့၏ ကံကြမ္မာများနှင့် ၎င်းတို့၏ အသက်တာများအပေါ် စီစဉ်ညွှန်ကြားချိန်ပြီး အုပ်ချုပ်သောအခါ၊ ၎င်းတို့သည် ပုန်ကန်တတ်လာကြပြီး မိမိတို့ကိုယ်ကိုနှင့် ဘုရားသခင်ကြားတွင် ခပ်တန်းတန်းဖြစ်မှုများကို ဖန်တီးကြလေသည်၊ ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် သဘောထားကွဲလွဲမှုနှင့် ကွာဟချက်တစ်ခု ဖန်တီးကြလေသည်။ ထိုသို့သောအချိန်ကာလများတွင်၊ ၎င်းတို့၏ စိတ်နှလုံးများ၌၊ ဘုရားသခင်သည် အနည်းငယ်မျှ ချစ်ခင်ဖွယ် မဖြစ်ပေ။ သူလုပ်ဆောင်သည့်အရာက ၎င်းတို့၏ စိတ်ဆန္ဒကို မဖြည့်ဆည်းသည့်အတွက် သူသည် လုံးဝ တန်ခိုးမကြီးမားပေ။ ဘုရားသခင်က ၎င်းတို့ကို ဝမ်းနည်းစေသည်။ ၎င်းတို့ကို သူစိတ်ပျက်စေသည်။ သူသည် ၎င်းတို့ထံ နာကျင်မှုနှင့် ဆင်းရဲဒုက္ခကို ဆောင်ကြဉ်းသည်။ သူသည် ၎င်းတို့ကို နေမထိထိုင်မထိ ဖြစ်စေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်းမရှိကြပေ၊ ထိုအစား သူ့ကို ပုန်ကန်ကာ ရှောင်ရှားကြလေသည်။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြခြင်း ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးနောက် လိုက်နေကြခြင်း ဖြစ်သလော။ ဘုရားသခင်နောက် ၎င်းတို့လိုက်ကြသလော။ မလိုက်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် သင်၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများက မည်မျှများပြားသည်ဖြစ်စေ၊ ပြီးလျှင် ယခင်က သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း သင်မည်မျှပြုမူခဲ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့သည်ဖြစ်စေ၊ သမ္မာတရားကို သင်အမှန်တကယ် လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံပါက၊ သူစီစဉ်ညွှန်ကြားသည့် အရာတိုင်းတွင် သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နိုင်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ပါက၊ သူ၏အလိုတော်ကို ရှာဖွေနိုင်ပါက၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏အလိုတော်နှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ပါက၊ ကျိုးနွံနာခံဖို့ ကြိုးစားပြီး သင်၏ကိုယ်ပိုင်အလို၊ စိတ်ဆန္ဒများ၊ စဉ်းစားဆင်ခြင်ခြင်းများ၊ အရင်းခံအကြောင်းရင်းများနှင့် ဘုရားသခင်ကို မုန်းတီးမှုတို့အား ဘေးဖယ်ထားနိုင်ပါက- ထိုအခါမှသာ သင်သည် ဘုရားသခင်နောက် လိုက်နေခြင်း ဖြစ်၏။ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောသော်လည်း၊ သင်လုပ်ဆောင်သမျှအားလုံးတွင် သင်၏ကိုယ်ပိုင်အလိုအတိုင်း သင်လုပ်ဆောင်သည်။ သင်လုပ်ဆောင်သမျှတိုင်းတွင်၊ သင်၌ သင်၏ကိုယ်ပိုင်ရည်မှန်းချက်များ၊ သင်၏ကိုယ်ပိုင်အစီအစဉ်များရှိသည်။ သင်သည် ယင်းကို ဘုရားသခင်အား လုပ်ဆောင်ခွင့်မပေးပေ။ သို့ဆိုလျှင် ဘုရားသခင်သည် သင်၏ဘုရားသခင် ဖြစ်နေဆဲလော။ ဘုရားသခင်က သင်၏ဘုရားသခင် မဟုတ်ပါက၊ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောသည့်အခါ ဤသည်တို့မှာ အနှစ်မဲ့သော စကားများဖြစ်သည် မဟုတ်လော။ ထိုသို့သော စကားများသည် လူတို့ကို လှည့်စားဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်သည် မဟုတ်လော။ ဘုရားသခင်နောက်လိုက်သည်ဟု သင်ပြောသော်လည်း၊ သင်၏လုပ်ရပ်များနှင့် အပြုအမူများ၊ ဘဝနှင့်ပတ်သက်သည့် သင်၏အမြင်၊ သင်၏တန်ဖိုးများ၊ သင်၏သဘောထားနှင့် ကိစ္စရပ်များကို သင်ချဉ်းကပ်‌ပြီး ကိုင်တွယ်သည့် အခြေခံမူအားလုံးတို့သည် စာတန်ထံမှ လာပေသည်- သင်သည် ဤအရာအားလုံးကို စာတန်၏ အခြေခံမူများနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်တို့နှင့်အညီ လုံးဝကိုင်တွယ်ပေသည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်နောက် လိုက်သလော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်” မှ

ယေဟောဝါကို ယုံကြည်သောသူများကို ဘုရားသခင် မည်သည့်အမည် ပေးသနည်း။ ယုဒဘာသာပင်ဖြစ်သည်။ ၎င်းတို့သည် ဘာသာရေးအဖွဲ့တစ်ဖွဲ့ကဲ့သို့ ဖြစ်လာကြသည်။ ထို့အပြင် ဘုရားသခင်သည် ယေရှုကို ယုံကြည်သောသူများကို မည်ကဲ့သို့ သတ်မှတ်သနည်း။ (ခရစ်ယာန်ဘာသာပင်ဖြစ်သည်။) ဘုရားသခင်၏အမြင်တွင် ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာသည် ဘာသာရေးအဖွဲ့များ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို အဘယ်ကြောင့် ထိုကဲ့သို့ သတ်မှတ်သနည်း။ ဘုရားသခင်၏ သတ်မှတ်ခြင်းကို ခံရသော ဤဘာသာရေးအဖွဲ့များ၏ အသင်းဝင်များ ဖြစ်သောသူ အားလုံးအကြားတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော၊ ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်ပြီး ဘုရားသခင်၏လမ်းကို လိုက်နာသောသူ တစ်စုံတစ်ဦးရှိသလော။ (မရှိပါ။) ဤအရာက ရှင်းလင်းသွားစေသည်။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်နောက် အမည်ခံ လိုက်သောသူအပေါင်းသည် ယုံကြည်သူများအဖြစ် ဘုရားသခင် လက်ခံသောသူများ ဖြစ်နိုင်သလော။ ၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် ဆက်နွှယ်မှုတစ်ခု ရှိကြသလော။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ပြစ်မှတ်များ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ထို့ကြောင့် သင်တို့ကို ဘုရားသခင်က ဘာသာရေးအဖွဲ့တစ်ဖွဲ့ဟု မြင်သောအဖွဲ့သို့ ဆိုက်ရောက်သော နေ့ရက်တစ်ရက် ရောက်လာမည်လော။ (ဖြစ်နိုင်ချေရှိသည်။) ဘာသာရေးအဖွဲ့တစ်ဖွဲ့အဖြစ်သို့ ဆိုက်ရောက်စေခြင်း ခံရသည့်အားလျော်စွာ ယင်းမှာ စိတ်ကူး၍မရနိုင်ပုံရ၏။ အကယ်၍ လူတို့သည် ဘုရားသခင်၏အမြင်တွင် ဘာသာရေးအဖွဲ့အစ်ဖွဲ့၏ အစိတ်အပိုင်း ဖြစ်လာပါက၊ သူတို့သည် သူ၏ ကယ်တင်ခြင်းကို ခံရလိမ့်မည်လော။ သူတို့သည် ဘုရားသခင်၏အိမ်တော်သားများ ဟုတ်ကြသလော။ (မဟုတ်ကြပါ။) ထို့ကြောင့် အကျဉ်းချုပ်ကြည့်ပါ- စစ်မှန်သောဘုရားသခင်ကို အမည်ခံ ယုံကြည်သော်လည်း ဘုရားသခင်က ဘာသာရေးအဖွဲ့တစ်ဖွဲ့၏ အစိတ်အပိုင်းဖြစ်သည်ဟု ယူဆသည့် ဤသူများသည် မည်သည့်လမ်းကြောင်းကို လျှောက်ကြသနည်း။ ဤလူများသည် ကိုယ်တော့်လမ်းကို လိုက်ခြင်း၊ ဘုရားသခင်အား ယုံကြည်သော်လည်း ကိုယ်တော့်ကို လုံးဝကိုးကွယ်ခြင်း မရှိ၊ ထို့အစား ကိုယ်တော်ကို စွန့်ပစ်ကြလျှင် ယုံကြည်ခြင်းအလံလွှင့်ထူနေသော လမ်းကြောင်းကို လျှောက်ကြသည်ဟု ဆိုနိုင်သလော။ ယင်းမှာ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောလမ်းကြောင်း၌ လျှောက်ကြသော်လည်း ဘုရားသခင်၏လမ်းကို လိုက်လျှောက်ခြင်းမရှိဘဲ ဘုရားသခင်ကို စွန့်ပစ်ကြသည်။ သူတို့၏လမ်းမှာ ဘုရားသခင်ကို ယုံကြည်သော်လည်း စာတန်ကို ကိုးကွယ်သည့်လမ်းပင် ဖြစ်၏၊ သူတို့သည် မာရ်နတ်ကို ကိုးကွယ်သည်၊ သူတို့သည် သူတို့၏ကိုယ်ပိုင် စီမံခန့်ခွဲမှုကို လုပ်ဆောင်ရန် ကြိုးစားပြီး၊ သူတို့၏ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ရန် ကြိုးပမ်းကြသည်။ ဤသည်မှာ ၎င်း၏အနှစ်သာရလော။ ဤကဲ့သို့သော် လူများသည် လူသားကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆက်နွှယ်မှုတစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) လူမည်မျှ ဘုရားသခင်ကို ယုံကြည်ပါစေ၊ ၎င်းတို့၏ယုံကြည်မှုများမှာ ဘာသာရေးတစ်ခု သို့မဟုတ် အဖွဲ့တစ်ခု ဖြစ်သည်ဟု ဘုရားသခင်၏သတ်မှတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့မှာ ကယ်တင်၍မရနိုင်ဟု ဘုရားသခင် သတ်မှတ်ပြီးဖြစ်၏။ ဤအရာကို အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်၏အမှုနှင့် လမ်းပြခြင်းမရှိသည့်အပြင် ကိုယ်တော့်ကို ကိုးကွယ်ခြင်း လုံးဝမရှိသော လူစု သို့မဟုတ် လူအုပ်တစ်ခုတွင် ၎င်းတို့သည် မည်သူ့ကို ကိုးကွယ်ကြသနည်း။ ၎င်းတို့သည် မည်သူ့နောက်သို့ လိုက်ကြသနည်း။ ပုံစံနှင့် အမည်နာမအရ သူတို့သည် ပုဂ္ဂိုလ်တစ်ဦးနောက် လိုက်ကြသော်လည်း မည်သူ့ကို သူတို့အမှန်တကယ် လိုက်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အသိအမှတ်ပြုကြသော်လည်း၊ အမှန်တွင် ၎င်းတို့သည် လူသား၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ စီစဉ်ခြင်းများနှင့် ထိန်းချုပ်ခြင်းကို ခံကြရ၏။ ၎င်းတို့သည် စာတန်မာရ်နတ်နောက်သို့ လိုက်ကြခြင်းဖြစ်၏၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုသော၊ ဘုရားသခင်၏ရန်သူများဖြစ်ကြသော အင်အားစုများနောက်သို့ လိုက်ကြ၏။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူအုပ်တစ်အုပ်ကို ကယ်တင်မည်လော။ (မကယ်တင်ပါ။) အဘယ့်ကြောင့်နည်း။ ၎င်းတို့သည် နောင်တရနိုင်စွမ်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လွှင့်ကာ လူသားလုပ်ငန်းများကို လုပ်ဆောင်နေကြပြီး၊ ၎င်းတို့၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို ဆောင်ရွက်နေကြပြီး ၎င်းတို့သည် လူသားမျိုးနွယ် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဆန့်ကျင်ကြ၏။ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ဤလူများကို ကယ်တင်ရန် မဖြစ်ေနိုင်ပေ၊ ၎င်းတို့သည် နောင်တရရန် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် စာတန်၏ဖမ်ဆီးချုပ်နှောင်ခြင်းကို ခံရနှင့်ပြီဖြစ်၏၊ ၎င်းတို့သည် စာတန်၏လက်ထဲ၌သာ လုံးလုံးလျားလျား ရှိကြ၏။ သင်၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးဖြစ်သည်ဆိုသည်မှာ သူ၏ ချီးမွမ်းခြင်းကို သင် ခံရခြင်း ရှိမရှိ ဆိုသည့်အရာအဖို့ အရေးကြီးသလော။ သင် လိုက်နာသည့် ဘာသာဓလေ့များနှင့် စည်းကမ်းများသည် အရေးကြီးသလော။ ဘုရားသခင်သည် လူတို့၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များကို ကြည့်သလော။ လူပေါင်း မည်မျှရှိသည်ကို သူ ကြည့်သလော။ သူသည် လူသားမျိုးနွယ်၏ အစိတ်အပိုင်းတစ်ခုကို ရွေးချယ်ပြီးဖြစ်၏။ ၎င်းတို့ ကယ်တင်ခံရနိုင်ပြီး ကယ်တင်ခံရသင့်သည်ကို သူ မည်သို့ တိုင်းတာသနည်း။ သူသည် ဤဆုံးဖြတ်ချက်ကို ဤလူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများအပေါ် အခြေပြု၏။ ကျေးဇူးတော်ခေတ်တွင်၊ လူတို့ကို ဘုရားသခင် ပြောပြခဲ့သည့် သမ္မာတရားများသည် ယနေ့ထက် လျော့နည်းပြီး ယနေ့လောက် မတိကျသော်လည်း၊ သူသည် ထိုအချိန်တွင် လူတို့ကို စုံလင်စေနိုင်ဆဲဖြစ်ကာ ကယ်တင်ခြင်းသည် ဖြစ်နိုင်ဆဲဖြစ်ခဲ့သည်။ ထို့ကြောင့် သမ္မာတရား မြောက်မြားစွာ ကြားဖူးပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်လာပြီဖြစ်သော ဤမျက်မှောက်ခေတ်လူများအနေဖြင့်၊ သူတို့သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်စွမ်းမရှိသည့်အပြင် ကယ်တင်ခြင်းလမ်းကြောင်းတွင် မလျှောက်လှမ်းနိုင်ပါက၊ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့၏နောက်ဆုံးရလဒ်မှာ ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာကို ယုံကြည်သောသူများနည်းတူ ဖြစ်ကြလိမ့်မည်၊ ကွာခြားမှု ရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားပေတည်း။ တရားဟောချက် မည်မျှကို သင် ကြားဖူးပြီး သမ္မာတရားမည်မျှကို နားလည်ပြီးပါစေ၊ အကယ်၍ သင်သည် အဆုံး၌ လူများနှင့် စာတန်နောက်သို့ ဆက်၍လိုက်နေပြီး အဆုံး၌ သင်သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခြင်း မရှိပါက၊ ယင်းကဲ့သို့ လူများသည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။ ကြည့်ရသည်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသော ဤလူများသည် စာစောင်များနှင့် သြဝါဒ အကြောင်းများကို များစွာပြောနိုင်ကြကာ၊ သမ္မာတရား မြောက်မြားစွာကို နားလည်လာကြပြီဖြစ်သော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်နိုင်ခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို မရှောင်နိုင်ကြသည့်အပြင်၊ ဘုရားသခင်ကို အကြွင်းမဲ့နာခံနိုင်ခြင်း မရှိကြပေ။ ဘုရားသခင်၏အမြင်တွင် ၎င်းတို့ကို ဘာသာတစ်ခုအဖြစ်၊ လူတစ်စုသာသာအဖြစ်၊ လူအဖွဲ့တစ်ဖွဲ့အဖြစ်နှင့် စာတန်အတွက် ယာယီနေထိုင်ရန် နေရာတစ်ခုအဖြစ် ဘုရားသခင်သတ်မှတ်၏။ ၎င်းတို့ကို ခြုံငုံ၍ စာတန်၏လူစုအဖြစ် ရည်ညွှန်းပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို အလျှင်းခံကြရ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

အရှေ့သို့- ဘုရားသခင်၌ အမှန်တကယ် ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။

နောက်တစ်ခုသို့- ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားကို ဖယ်ရှားဖို့နှင့် ကယ်တင်ခြင်းခံရဖို့အလို့ငှာ ဘုရားသခင်ကို မည်ကဲ့သို့ ယုံကြည်ရမည်နည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်သည် ဖြူသောပလ္လင်ကြီးထံမှ တရားစီရင်ခြင်း အမှု ဖြစ်သည်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)...

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်လုံးကြား ဆက်နွှယ်မှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည်...

ချီဆောင်ခံရခြင်း အမှန်တကယ် ဖြစ်သည့်အရာနှင့် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ချီမခြင်း ခံရနိုင်သည့်နည်းလမ်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊...

ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်ဟု ဆိုထားသည့် အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်