အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၅၅၉ ဘုရားကို လူတို့ယုံကြည်ကြသော်လည်း မသိကျွမ်းကြပေကျူး

၁ ယုဒလူတို့သည် ငါ၏ကျေးဇူးတော်ကြောင့် ငါ့ကိုယုံကြည်ကြပြီး ငါသွားရာနောက်သို့ လိုက်ခဲ့ကြသည်။ အသိဉာဏ်နှင့် အတွေ့အကြုံနည်းသည့် ဤမသိနားမလည်သော လူသားတို့သည် ငါပြသည့် နိမိလက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုတွေ့ရန်သာ ကြိုးပမ်းကြ၏။ အကြီးမြတ်ဆုံးအံ့ဖွယ်အမှုတို့ ပြုလုပ်နိုင်သည့် ယုဒလူတို့၏အိမ်၏ဦးခေါင်းဟု ငါ့ကိုမှတ်ယူကြ၏။ ထို့ကြောင့် ငါသည် လူသားတို့အထဲမှ နတ်ဆိုးတို့ကို နှင်ထုတ်သောအခါ ထိုသူတို့သည် ဇဝေဇဝါကြီးစွာဖြစ်လျက် ငါသည် ဧလိယဖြစ်၏။ ငါသည် မောရှေဖြစ်၏။ ငါသည် ပရောဖက်တို့အနက် ရှေးအကျဆုံး ဖြစ်၏။ ငါသည် အကြီးမြတ်ဆုံးသော သမားတော်ဖြစ်၏ဟု ၎င်းတို့အကြား ပြောဆိုကြ၏။

၂ ငါသည် အသက်ဖြစ်၏။ လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ မည်သူမျှ ငါ၏ဖြစ်တည်ခြင်းကိုသော်၎င်း၊ ငါမည်သူမည်ဝါဖြစ်ခြင်းကိုသော်၎င်း မသိနိုင်ခဲ့။ ကောင်းကင်ဘုံသည် ငါ့အဖ နေထိုင်ရာနေရာဖြစ်၏ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ ငါသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းနှင့် ဘုရားသခင် ကိုယ်တိုင် ဖြစ်ကြောင်းကို မည်သူမျှ မသိခဲ့။ ငါသည် လူသားမျိုးနွယ်အားလုံးထံ ရွေးနုတ်ခြင်းကို ယူဆောင်လာမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရွေးမည်ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ ငါသည် လူသားတို့ကို ရွေးနုတ်တော်မူသောသူ ဖြစ်ကြောင်း မည်သူမျှမသိခဲ့။ လူသားတို့သည် ငါ့ကို ကျေးဇူးပြုတတ်သောသူနှင့် သနားကြင်နာတတ်သောသူအဖြစ်သာ သိခဲ့ကြသည်။ ထို့အပြင် ငါမည်သူ ဖြစ်သည်အားလုံးကို ငါကိုယ်တိုင် ရှင်းပြနိုင်ခြင်းမှလွဲ၍ မည်သူမျှ ငါ့ကိုမသိ။ ထို့အပြင် ငါသည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို မည်သူမျှ ယုံကြည်ခြင်းမရှိ။ လူသားသည် ငါ့ကို ဤသို့သာယုံကြည်ပြီး ငါ့ကို ဤသို့ လှည့်စားခဲ့သည်။ ငါ့အပေါ် ဤသို့အမြင်များရှိလျှင် လူသားသည် ငါ့အတွက် မည်သို့သက်သေခံနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ထိုသို့သော ဆင်ခြင်တုံတရားဖြင့် ဘုရားသခင်ကို ဆက်သွယ်ရန် သင်မထိုက်တန်ကျူး

နောက်တစ်ခုသို့:ကမ္ဘာကြီးသည် သင်နားခိုရာနေရာလောကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ