သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသကဲ့သို့ပင် ဖြစ်သည်၊ “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲ နေတော်မူ၏။” (ဟေဗြဲသြဝါဒစာ ၁၃:၈) ဘုရားသခင်၏ နာမတော်သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်သည်ကို ဤအရာက ပြနေပါသည်။ သို့ဆိုလျှင် သခင်သည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာသည့်အခါ နာမတော်အသစ် ရှိကြောင်း နှင့် သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဟု ခေါ်ကြောင်း သင် အဘယ့်ကြောင့် သက်သေခံသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။” (ဗျာဒိတ်ကျမ်း ၃:၁၂)

ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာဒိတ်ကျမ်း ၁:၈)

တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်၊ သည် စိုးစံတော်မူ၏ ဟုစည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။” (ဗျာဒိတ်ကျမ်း ၁၉:၆-၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အချို့က ဘုရားသခင်၏ အမည်နာမသည် ပြောင်းလဲခြင်းမရှိဟု ပြော၏။ သို့ဖြစ်လျှင် ယေဟောဝါ၏အမည်သည် အဘယ်သို့ ယေရှုဖြစ်လာခဲ့သနည်း။ မေရှိယ ကြွလာမည်ကို ပရောဖက်ပြုထားခဲ့၏၊ သို့ဖြစ်လျှင် ယေရှုဟူသော အမည်ရှိသည့် လူသားတစ်ဦး အဘယ်ကြောင့် ကြွလာခဲ့သနည်း။ ဘုရားသခင်၏ နာမသည် အဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။ ထိုသို့သော အမှုကို အချိန်ကြာမြင့်စွာက ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်သည် သာ၍သစ်လွင်သောအမှုကို မပြုနိုင်သလော။ ယမန်နေ့၏ အမှုသည် ပြောင်းလဲနိုင်သကဲ့သို့၊ ယေဟောဝါ၏ အမှုမှ ယေရှု၏အမှု လိုက်လာနိုင်ပေသည်။ ထိုသို့ဆိုလျှင် ယေရှု၏အမှုကိုလည်း အခြားအမှုက မဆက်ခံနိုင်သလော။ ယေဟောဝါ၏နာမသည် ယေရှုအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါက၊ ယေရှု၏နာမသည်လည်း မပြောင်းလဲနိုင်သလော။ ဤအရာမှ မည်သည့်အရာမျှ မထူးဆန်းပေ။ ယင်းမှာ လူတို့သည် ရိုးအလွန်းကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်။ သူ၏အမှု မည်သို့ပြောင်းလဲသည်ဖြစ်စေ၊ ပြီးလျှင် သူ၏ အမည်နာမ မည်သို့ ပြောင်းလဲနိုင်သည်ကို ပဓာနမထားဘဲ၊ သူ၏စိတ်သဘောထားနှင့် ဉာဏ်ပညာတို့သည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည်မဟုတ်။ ဘုရားသခင်ကို ယေရှု၏နာမဖြင့်သာ ခေါ်ဆိုနိုင်သည်ဟု သင်ယုံကြည်ပါက၊ သင်၏ အသိပညာသည် အလွန် နည်းပါးလွန်းလှပေသည်။ ယေရှုသည် ထာဝစဉ် ဘုရားသခင်၏ အမည်နာမ ဖြစ်လိမ့်မည်၊ ဘုရားသခင်သည် ယေရှုဟူသော အမည်ဖြင့်သာ ထာဝရ၊ အစဉ်အမြဲ နေသွားလိမ့်မည်ဖြစ်ပြီး ဤအရာသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ဟု သင် အခိုင်အမာ ဆိုဝံ့သလော။ ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်မှာ ယေရှု၏ အမည်နာမဖြစ်ပြီး နောက်ဆုံးသော ခေတ်ကိုလည်း နိဂုံးချုပ် ပေးလိမ့်မည်ဟု သေချာမှုဖြင့် သင် အခိုင်အမာ ဆိုဝံ့ပါသလော။ ယေရှု၏ ကျေးဇူးတော်သည် ခေတ်ကို အဆုံးသတ်ပေးနိုင်သည်ဟု အဘယ်သူ ဆိုနိုင်သနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း” မှ

ကမ္ဘာမြေကြီးသို့ ဘုရားသခင်လာသည့်အခါတိုင်း သူ၏ နာမတော်၊ သူ၏ လိင်သဘာဝ၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ အလုပ်တို့ကို ပြောင်းလဲသည်၊ သူသည်သူ၏ အလုပ်ကို ထပ်ကာ ထပ်ကာ မလုပ်။ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသော ဘုရားသခင် ဖြစ်သည်။ ယခင်က ကိုယ်တော်လာသည့်အခါ သူ့ကို ယေရှုဟု ခေါ်သည်၊ ဤတစ်ကြိမ် သူလာသည့်အခါ သူ့ကိုယေရှုဟု ဆက်ခေါ်နေဆဲ ဖြစ်မည်လော။ ယခင်က သူလာသောအခါ သူသည် ယောကျာ်းဖြစ်သည်၊ ဤတစ်ကြိမ်တွင်လည်း သူသည် ယောကျာ်း ဖြစ်နိုင်ပါသလော။ ကျေးဇူးတော်ခေတ်အတွင်း လာစဉ်က သူ၏ အလုပ်သည် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် ရိုက်ခံရန် ဖြစ်သည်။ သူနောက်တစ်ကြိမ် လာသည့်အခါ လူသား မျိုးနွယ်ကို အပြစ်မှ ရွေးနှုတ်နိုင်ဆဲ ဖြစ်သလော။ သူသည် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် နောက်တစ်ကြိမ် အရိုက်ခံနိုင်ပါဦးမည်လော။ ယင်းသည် သူ့အလုပ်ကို ထပ်လုပ်ခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလော။ ဘုရားသခင် သည် အစဉ်အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်မသိဘူးလော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဘူး ပြောသူများရှိသည်။ ယင်းမှာ မှန်သော်လည်း ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ဆိုလိုသည်။ ကိုယ်တော်၏ နာမတော်နှင့် အလုပ်ကို ပြောင်းလဲခြင်း သည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမခံပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်ပြီး ယင်းသည် မည်သည့်အခါမှ မပြောင်းလဲပေ။ အကယ်၍ သင်က ဘုရားသခင်၏ အလုပ်သည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်စွမ်း ရှိပါမည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်း သင်သိသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲပါက သူသည် လူသားမျိုးနွယ်ကို ယနေ့အချိန်အထိ လမ်း တစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့ပါမည်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ခေတ်နှစ်ခေတ်၏ အလုပ်ကို ပြီးစီးအောင် လုပ်ခဲ့နိုင်သနည်း။ သူ၏ အလုပ်သည် ရှေ့သို့ ရွေ့လျားရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ သူ၏ စိတ်သဘောထားသည် လူသားအား တဖြည်းဖြည်း ဖွင့်လှစ်ပြသနေပြီး ယင်းပြသမှုသည် သူ၏ ပင်ကိုစိတ်သဘောထား ဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ဖုံးကွယ်ထားခဲ့သည်။ သူသည် လူသားအား သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ၊ လူသည် သူ့အကြောင်းကို ရိုးရှင်းစွာပင် မသိနားမလည်ခဲ့ပေ။ သို့ဖြစ်သောကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြသရန် သူ၏ အလုပ်ကို အသုံးပြုခဲ့သည်။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်း ကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် ခေတ်တိုင်းတွင် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုတော်သည် အစဉ်အမြဲ ပြောင်းလဲ နေခြင်းကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် အစဉ်အမြဲ ပြောင်းလဲနေခြင်းဟု မဆိုလိုပေ။ ယင်းအစား သူ့အလုပ်၏ ခေတ်များ မတူညီသောကြောင့် ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို လုံးလုံးလျားလျား တစ်ဆင့်ပြီးတဆင့် ယူဆောင်ပြီး ယင်းကို လူသားအား ဖော်ထုတ်ပြသသောကြောင့် လူသားသည် သူ့ကို သိလာနိုင်သည်။ သို့သော်လည်း ယင်းသည် ဘုရားသခင်တွင် မူလက မည်သည့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ခေတ်များ ကျော်ဖြတ် လာသည်နှင့် အမျှ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလာသည်ကို သက်သေပြသည်ဟု မဆိုလိုပေ။ ယင်းသို့နားလည်မှုမှာ မှားယွင်းမှုဖြစ်သည်။ ဘုရားသခင်သည် သူ၏ ပင်ကိုနှင့် သီးခြား စိတ်သဘောထားကို— သူ၏ ဖြစ်ခြင်းကို— လူသားအား ခေတ်များ ကျော်ဖြတ်လာသည်နှင့်အမျှ ထုတ်ဖော် ပြသသည်။ ခေတ်တစ်ခေတ်၏ အလုပ်သည် ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြနိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိ” ဆိုသည်မှာ သူ၏ အလုပ်ကို ရည်ညွှန်းပြီး နှုတ်ကပတ်တော်ဖြစ်သော “ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ” ဆိုသည်မှာ ဘုရားသခင်၏ ပင်ကိုဖြစ်သော အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းသည်။ မည်သို့ပင်ဖြစ်စေ သင်သည် နှစ်ခြောက်ထောင်အလုပ်ကို နေရာတစ်ခုအပေါ်တွင် မပြုလုပ်နိုင် သို့မဟုတ် သေဆုံးနေသော စကားလုံးများဖြင့် ယင်းကို ဘောင်ခတ်ခြင်းမပြုနိုင်ပေ။ ယင်းမှာ လူသား၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူသား ထင်မြင်သကဲ့သို့ ရိုးရှင်းခြင်း မရှိဘဲ မည်သည့် ခေတ်တစ်ခုတွင်မဆို သူ၏ အလုပ်သည် တရစ်ဝဲဝဲ စွဲကျန်ရစ်ခြင်း မရှိပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမတော် အဖြစ် အစဉ်အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမတော် အောက်တွင် သူ၏ အလုပ်ကို လုပ်နိုင်သေးသည်။ ယင်းမှာ ဘုရားသခင်၏ အလုပ်သည် အစဉ်အမြဲ ရှေ့သို့ တိုးတက်ခြင်းဖြင့် ရွေ့လျား နေသည့် လက္ခဏာ ဖြစ်သည်။

ဘုရားသခင်သည် အမြဲတမ်း ဘုရားသခင်ဖြစ်ပြီး၊ မည်သည့်အခါမျှ စာတန်မဖြစ်လာပါ။ စာတန် သည် အစဉ်အမြဲ စာတန်ဖြစ်ပြီး မည်သည့်အခါမျှ ဘုရားသခင် ဖြစ်မလာပါ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့သြဖွယ်ရာများ၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူသည် အစဉ် အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းအိုခြင်း မရှိသည့်အတွက်၊ သူ၏အလုပ်ကမူ အစဉ်တိုးတက်ကာ ရှေ့သို့သွားနေပြီး အစဉ်အမြဲ ပိုမိုနက်ရှိုင်းနေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမတော် အသစ်ကို ခံယူသည်၊ ခေတ်တိုင်းတွင် သူသည် အလုပ်အသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူဖန်ဆင်းသော သတ္တဝါများကို သူ၏ အလိုတော် အသစ်နှင့် စိတ်သဘောထား အသစ်ကို မြင်စေသည်။ အကယ်၍ ခေတ်သစ်တွင် လူများသည် ဘုရားသခင်၏ စိတ်သဘောထားအသစ် ဖော်ပြချက်ကို မြင်နိုင်ရန် ပျက်ကွက်ပါက၊ သူတို့သည် သူ့ကို လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် တစ်သက်လုံး ရိုက်ကြလိမ့်မည် မဟုတ်ပါလော။ ထိုသို့ ပြုလုပ်ခြင်းကြောင့် သူတို့ ဘုရားသခင်ကို အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည် မဟုတ်ပါလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ကျေးဇူးတော်ခေတ်သည် ယေရှု၏ အမည်နှင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏အမှုတော်ကို စတင် ဆောင်ရွက်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏အမည်ကို စတင်၍ သက်သေခံခဲ့ပြီး၊ ယေဟောဝါ၏ အမည်ကို ထပ်မံပြောကြားခြင်း မရှိတော့ပေ။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမတော်အောက်တွင် အဓိကအားဖြင့် အလုပ်သစ်ကို လုပ်ဆောင်ခဲ့သည်။ သူ့ကို ယုံကြည်သူများ၏ သက်သေခံချက်သည် ယေရှုခရစ်တော်အတွက် သက်သေခံခြင်းဖြစ်ပြီး၊ သူတို့လုပ်ခဲ့သော အလုပ်သည်လည်း ယေရှုခရစ်တော်အတွက် ဖြစ်သည်။ ဓမ္မဟောင်း ပညတ်တော်ခေတ် အဆုံးသတ်ခြင်း ဆိုသည်မှာ ယေဟောဝါ၏ နာမတော်အောက်တွင် အဓိကထားပြီး လုပ်ဆောင်ခဲ့သော အလုပ်များ အဆုံးသတ်သို့ ရောက်ခြင်းကို ဆိုလိုသည်။ ၎င်းအချိန်မှစတင်၍ ဘုရားသခင်၏ အမည်သည် ယေဟောဝါအဖြစ် ဆက်ရှိ မနေတော့ပေ။ ယင်းအစား သူ့ကို ယေရှုဟုခေါ်ပြီး ဤနေရာမှစတင်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမတော်အောက်တွင် အဓိကအားဖြင့် အလုပ်စတင်ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် လူသည် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို စားသောက်ဆဲဖြစ်ပြီး ပညတ်တော်ခေတ်၏ အလုပ်များအတိုင်း အရာရာကို လုပ်ဆာင်နေဆဲဖြစ်ရာ— ဤနေရာရှိ စည်းမျဉ်းများကို သင်သည် မျက်စိမှိတ်လျက် လိုက်နာနေသည် မဟုတ်လော။ သင်သည် အတိတ်တွင် တွယ်ငြိနေခြင်း မဟုတ်သလော။ သင်တို့သည် ယခုအခါတွင် နောက်ဆုံးသောကာလ ရောက်လာပြီကို သိကြသည်။ ယေရှုလာသောအခါ သူ့ကို ယေရှုဟုခေါ်ဆဲ ဖြစ်နိုင်သလော။ ယေဟောဝါသည် ဣသရေလလူမျိုးတို့ကို မေရှိယကြွလာလိမ့်မည်၊ သူလာသည့်အခါ သူ့ကို မေရှိယဟုမခေါ်ဘဲ ယေရှုဟုခေါ်လိမ့်မည်ဟု ပြောခဲ့သည်။ ယေရှုက သူထပ်လာဦးမည်၊ သူသည် ကိုယ်တော် ထွက်ခွာသွားသည်ကဲ့သို့ ရောက်ရှိလာလိမ့်မည်ဟု ပြောခဲ့သည်။ ယင်းတို့မှာ ယေရှု၏ နှုတ်ကပတ်တော်များ ဖြစ်ခဲ့သော်လည်း သင်သည် ယေရှုထွက်ခွာသွားသည့် လမ်းကို မြင်ခဲ့ပါသလော။ ယေရှုသည် ဖြူသောမိုးတိမ်ကို စီးလျက် ထွက်ခွာခဲ့သော်လည်း သူသည် သူကိုယ်တိုင် လူအများကြား ဖြူသော မိုးတိမ်ပေါ်တွင် ပြန်လာလိမ့်မည်မှာ ဖြစ်နိုင်သလော။ ထိုသို့ဖြစ်ခဲ့ပါက ကိုယ်တော့်ကို ယေရှုဟုခေါ်ဆဲ ဖြစ်လိမ့်မည် မဟုတ်လော။ ယေရှု တဖန်ပြန်လာ သောအခါ ခေတ်သည် ပြောင်းနေပြီး ဖြစ်လိမ့်မည်ဖြစ်ရာ သူ့ကို ယေရှုဟု ခေါ်ဦးမည်လော။ ဘုရားသခင်ကို ယေရှုအမည်ဖြင့်သာ သိခဲ့ခြင်း ဖြစ်ပါသလော။ ခေတ်သစ်တွင် သူသည် အမည်သစ်ဖြင့် အခေါ်ခံရခြင်း မဖြစ်နိုင်ဘူးလော။ လူပုဂ္ဂိုလ် တစ်ဦး၏ ရုပ်လွှာနှင့် တစ်ခုတည်းသော အမည်သည် ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်ပါသလော။ ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် တူညီသော အလုပ်ကို သူ့အနေဖြင့် မည်သို့လျှင် လုပ်နိုင်မည်နည်း။ အဘယ်သို့လျှင် အဟောင်းကို သူတွယ်ဖက်ထားနိုင်မည်နည်း။ ယေရှုအမည်နာမကို ရွေးနုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသောကာလတွင် သူပြန်လည်ကြွလာသောအခါ ထိုအမည်ကိုပင် ခေါ်နေဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း မတူညီသော ခေတ်များတွင် မတူညီသောနာမတော်များဖြင့် ခေါ်ဆိုခံရခြင်းမှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ ခေတ်များသည် မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်သလော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့်အမည် တစ်ခုကမျှ ဘုရားသခင်ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့်ဖြစ်ပြီး အမည်တစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် လိုက်လျောညီထွေရှိစေမည့် မည်သည့်နာမတော်ကိုမဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်တစ်ခုချင်းသည် အမည်နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ခေတ်တိုင်းတွင် ဘုရားသခင်၏ အလုပ်သည် တူညီသည်ဟု ဆိုပါက၊ သူ့ကို နာမည်တစ်ခုတည်းသာ ခေါ်ကြမည်ဖြစ်ရာ လူသည် သူ့ကို မည်သို့လျှင် သိနိုင်မည်နည်း။ ဘုရားသခင်ကို ယေဟောဝါဟု ခေါ်ကြရမည်ဖြစ်ပြီး၊ ယေဟောဝါဟုခေါ်သော ဘုရားမှလွဲ၍ အခြားအမည်ဖြင့်ခေါ်ဆိုသော မည်သူမျှ ဘုရားဖြစ်မည် မဟုတ်ပေ။ သို့မဟုတ်ပါကလည်း ဘုရားသခင်သည် ယေရှုသာလျှင် ဖြစ်နိုင်လိမ့်မည်ဖြစ်ပြီး၊ ယေရှုဟုခေါ်သော နာမတော်မှလွဲ၍ သူ့ကို အခြားမည်သည့် အမည်နှင့်မျှ ခေါ်ဆိုခြင်းမရှိနိုင်ဘဲ ဖြစ်လိမ့်မည်။ ယေရှုမှလွဲ၍ ယေဟောဝါသည် ဘုရားမဟုတ်ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်သည်လည်း ဘုရားမဟုတ်ဘဲ ဖြစ်လိမ့်မည်။ လူက ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်ဟု ယုံကြည်သော်လည်း၊ ဘုရားသခင်သည် လူနှင့်အတူရှိသော ဘုရားသခင်ဖြစ်ပြီး၊ ဘုရားသခင်သည် လူနှင့်အတူ ရှိခြင်းကြောင့် သူ့ကို ယေရှုဟု ခေါ်ရလိမ့်မည်။ ထိုသို့လုပ်ခြင်းသည် အယူဝါဒများကို လိုက်လျှောက်ခြင်းဖြစ်ပြီး ဘုရားသခင်ကို တစ်စုံတစ်ရာ နယ်ပယ်အတွင်း ဘောင်ခတ်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခေတ်တိုင်းတွင် ဘုရားသခင်လုပ်သော အလုပ်၊ သူ့ကို ခေါ်သော နာမတော်နှင့် သူဆောင်ယူသော အဆင်းသဏ္ဌာန်တို့သည်၊ ခေတ်တိုင်းတွင် ယနေ့အထိတိုင်အောင် သူလုပ်ဆောင်သော အလုပ်၊ ယင်းတို့သည် တစ်ခုတည်းသော လုပ်ထုံးလုပ်နည်းကို မလိုက်နာသလို မည်သည့်ကန့်သတ်ချက်များနှင့်မျှ ကန့်သတ် ခံထားရခြင်း မရှိပေ။ သူသည် ယေဟောဝါဖြစ်သည်၊ သူသည် ယေရှုလည်း ဖြစ်သည်သာမက မေရှိယနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်သည်။ သူ၏အလုပ်သည် သူ၏နာမတော် ပြောင်းလဲလာသည်နှင့်အညီ တဖြည်းဖြည်း ပြောင်းလဲနိုင်သည်။ မည်သည့်နာမတော် တစ်ခုတည်းကမျှ သူ့ကိုပြည့်စုံစွာ ကိုယ်စားပြုနိုင်ခြင်း မရှိသော်လည်း၊ သူ့ကိုခေါ်ဆိုသော ဤနာမတော်အားလုံးသည် သူ့ကိုကိုယ်စားပြုနိုင်ပြီး ခေတ်တိုင်းတွင် သူလုပ်သော အလုပ်သည် သူ၏စိတ်သဘောထားကို ကိုယ်စားပြုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

လူသားသည်ငါ့အား ယေရှုခရစ်တော်ဟု အမြဲတစေ ခေါ်သော်လည်း ငါ၏နောက်ဆုံးသော ကာလအတွင်း၌ ခေတ်ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး အမှုသစ်တစ်ခု စတင်ဆောင်ရွက်ခဲ့သည်ကို လူသားတို့သည် မသိရှိခြင်းဖြစ်စေ၊ အမြဲတစေပင် ကယ်တင်ရှင်ယေရှု ကြွလာရန်သာ သဲသဲမဲမဲ စောင့်မျှော်ကြခြင်း ဖြစ်စေ ပြုလုပ်ကြပါက ထိုကဲ့သို့သော လူသားတို့အား ငါ့အပေါ် ယုံကြည်ကိုးစားခြင်း မရှိသူများဟု ခေါ်မည်။ ထိုသူတို့သည် ငါ့အား မသိကျွမ်းသူများသာဖြစ်ပြီး ငါ့အပေါ်ထားရှိသော သူတို့၏ ယုံကြည်မှုမှာ အတုအယောင်သာဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးတို့သည် ကယ်တင်ရှင်ယေရှု ကောင်းကင်ဘုံမှ ကြွလာခြင်းကို တွေ့မြင်နိုင် မည်လော။ ထိုသူတို့ စောင့်မျှော်သည်မှာ ငါ၏ ကြွလာခြင်း မဟုတ်ဘဲ ယုဒရှင်ဘုရင်၏ ကြွလာခြင်းသာ ဖြစ်သည်။ မသန့်စင်သော ကမ္ဘာမြေဟောင်းအား ငါ၏ အမြစ်ပြတ် ချေမှုန်းခြင်းကို ထိုသူတို့ တမ်းတနေသည်မဟုတ်ဘဲ သူတို့ ရွေးနှုတ်ခြင်းခံရမည် ဖြစ်သည့် ယေရှု၏ ဒုတိယကြိမ်မြောက် ပြန်ကြွလာခြင်းအား တောင့်တနေကြခြင်း ဖြစ်သည်၊ ညစ်ညမ်း၍ ဖြောင့်မတ် မှန်ကန်ခြင်းမရှိသော ဤမြေကြီးမှ လူသားမျိုးနွယ်အားလုံးကို ယေရှု နောက်တစ်ကြိမ် ရွေးနှုတ်ပေးရန် သူတို့မျှော်လင့် စောင့်စားနေကြခြင်း ဖြစ်သည်။ ထိုကဲ့သို့သောလူများက နောက်ဆုံးသော ကာလအတွင်း ငါ၏အမှုကို ပြီးမြောက်စေမည့်သူများ အဘယ်သို့ဖြစ်လာနိုင်မည်နည်း။ လူသား၏ စိတ်ဆန္ဒများက ငါ၏အလိုများ ပြီးပြည့်စုံခြင်း သို့မဟုတ် ငါ၏လုပ်ငန်းကို ပြီးမြောက်စေခြင်းကို မစွမ်းဆောင်နိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ငါယခင်က ဆောင်ရွက်ခဲ့သည့် အမှုကို အားကျရုံ သို့မဟုတ် မြတ်နိုးရုံမျှသာ တတ်နိုင်ကြပြီး ငါသည် မည်သည့်အခါမျှ အိုမင်းခြင်းမရှိဘဲ ထာဝရ သစ်လွင်နေသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ကို သူတို့ လုံးဝမသိပေ။ ငါသည် ယေဟောဝါ ဖြစ်သည်၊ ယေရှုဖြစ်သည်ကိုသာ လူသားသိရှိထားပြီး ငါသည် လူသားမျိုးနွယ်ကို အဆုံးသတ်ပေးမည့် နောက်ဆုံးနှင့်တစ်ဆူတည်းသော ဘုရားသခင်ဖြစ် သည်ကို အရိပ်အမြွက်မျှပင် မသိရှိကြပါ။ လူသား သိရှိပြီး တမ်းတသမျှသော အရာမှာ ၎င်း၏စိတ်ကူးနှင့် ၎င်းတို့မျက်လုံးများဖြင့် ကိုယ်တိုင် တွေ့မြင်နိုင်သော အရာသာဖြစ်သည်။ ယင်းက ငါလုပ်ဆောင်သော အမှုနှင့် တစ်ပြေးညီမဟုတ်သကဲ့သို့၊ သဟဇာတဖြစ်ခြင်းလည်း မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” မှ

“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမတော်သည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို ကိုယ်စားပြုနိုင်သလော။ ယင်းနာမသည် ဘုရားသခင်ကို ရှင်းလင်းစွာ ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုရမည်ဖြစ်ပြီး အခြားနာမတော်မရှိနိုင်ဟု လူသည်ဆိုလျှင် ယင်းစကားလုံးများသည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အစစ်အမှန် ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှုနာမတော် တစ်ခုတည်းသာ သူ၏အလုံးစုံကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမတော် အများအပြားဖြင့် ခေါ်ဆိုနိုင်သော်လည်း ယင်းနာမတော်များအကြားတွင် ဘုရားသခင်၏ အလုံးစုံကို အချုပ်အားဖြင့် ဖော်ပြနိုင်သောနာမ တစ်ခုမျှမရှိပေ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ သို့ဖြစ်သောကြောင့် ဘုရားသခင်တွင် နာမတော် အများအပြားရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားမှာ ကြွယ်ဝလွန်းကာ သူ့ကိုနားလည်နိုင်သော လူသား၏ သိခြင်းစွမ်းရည်ကို ကျော်လွန်နေသောကြောင့် ယင်းနာမတော် အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်းစွာ ဖော်ပြနိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုပြီး ဘုရားသခင်ကို အပြည့်အဝ အချုပ်အားဖြင့် ဖော်ပြနိုင်ရန် လူသားတွင် နည်းလမ်း မရှိပေ။ လူသားမျိုးနွယ်တို့တွင် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ သူတို့သိသမျှကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ မြင့်မြတ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော၊ စသဖြင့်၊ အကန့်အသတ်ရှိသော ဝေါဟာရများသာ ရှိသည်။ စကားလုံးများ များပြားလှသည်။ ယင်းအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ခဲ့သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြရန် မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူ အများအပြားကလည်း သူတို့၏ စိတ်နှလုံးများတွင် ပြင်းပြလာမှုကို ပိုမိုဖော်ပြနိုင်ရန် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင်သည် ကြီးမြတ်လွန်းသည်။ ဘုရားသခင်သည် အလွန်သန့်ရှင်းသည်။ ဘုရားသခင်သည် အလွန်အမင်း ချစ်မြတ်နိုးဖွယ်ဖြစ်သည်။ ယနေ့တွင် လူသား၏ ထိုကဲ့သို့သော ပြောဆိုမှုများသည် သူတို့၏ အဆုံးစွန်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သော်လည်း လူသားသည် သူတို့ကိုယ်တိုင်ကိုပင် ရှင်းလင်းစွာ ဖော်ပြနိုင်စွမ်း မရှိသေးပေ။ သို့ဖြစ်ရာ လူအတွက် ဘုရားသခင်တွင် နာမတော်အများအပြား ရှိနေသော်လည်း ဘုရားသခင်၌မူ အမည်တစ်ခုမျှ မရှိပေ၊ ယင်းမှာ ဘုရားသခင်၏ ဖြစ်တည်မှုသည် ကြွယ်ဝလွန်းလှပြီး လူသား၏ ဘာသာစကားမှာ မွဲတေလွန်းလှသောကြောင့် ဖြစ်သည်။ စကားလုံးတစ်လုံး၊ သို့မဟုတ် နာမတော်တစ်ပါးသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားပြုနိုင်သည့် စွမ်းရည် မရှိပေ၊ ထို့ကြောင့် သူ၏နာမတော်ကို တသမတ်တည်းထား၍ ဖြစ်နိုင်မည်ဟု သင်ထင်ပါသလော။ ဘုရားသခင်သည် ကြီးမြတ်လွန်းပြီး သန့်ရှင်းလွန်းလှသော်လည်း သင်သည် ခေတ်သစ် တစ်ခုချင်းအတွက် သူ၏နာမတော်ကို ပြောင်းလဲရန် ခွင့်မပြု လိုသလော။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အလုပ်ကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ထိုခေတ်နှင့် ကိုက်ညီသော နာမတော်ကို အသုံးပြုသည်။ ထိုခေတ်တွင် သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် သီးသန့်နာမတော်ဖြစ်သော၊ ယာယီ အရေးပါမှုကို ပိုင်ဆိုင်သော နာမတော်ကို အသုံးပြုသည်။ ယင်းသည် ဘုရားသခင်က သူ၏ ကိုယ်ပိုင်စိတ်သဘောထားကို ဖော်ပြရန် လူသားတို့၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။ သို့သော်ငြားလည်း ဝိညာဉ်ရေးရာ အတွေ့အကြုံများရှိပြီး ဘုရားသခင်ကို ကိုယ်တိုင်မြင်တွေ့ဖူးသော လူအများကမူ အမည်နာမတစ်ခုသည် ဘုရားသခင်ကို သူ၏အလုံးစုံတွင် ကိုယ်စားပြုခြင်းမရှိနိုင်ဟု ခံစားကြရသည်၊ အလိုလေး၊ ကူကယ်ရာမဲ့နေသည်တကား၊ ထို့ကြောင့် လူသည် ဘုရားသခင်ကို မည်သည့် နာမတော်နှင့်မျှ ခေါ်ဆိုခြင်းမပြုတော့ဘဲ သူ့ကို “ဘုရားသခင်” ဟုသာခေါ်သည်။ လူ၏ စိတ်နှလုံးသည် ချစ်ခြင်းမေတ္တာဖြင့် ပြည့်နေသည့်တိုင်အောင် လူသည် ဘုရားသခင်ကို မည်သို့ရှင်းပြရမည်ကို မသိသည့်အတွက်ကြောင့် ဝိရောဓိများနှင့်လည်း ဝန်းရံခံနေရသည့်အလား ဖြစ်သည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် အလွန်ကြွယ်ဝသည်ဖြစ်ရာ ယင်းကို ဖော်ပြနိုင်သည့်နည်းလမ်း အကယ်ပင်မရှိပေ။ ဘုရားသခင်၏ စိတ်သဘောထားကို အကျဉ်းချုပ်နိုင်သည့် တစ်ခုတည်းသော နာမတော် မရှိဘဲ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော နာမတော်မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်က ငါ့ကို “အတိအကျအားဖြင့် ကိုယ်တော်သည် မည်သည့်နာမတော်ကို သုံးသနည်း” ဟုမေးလာပါက “ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်” ဟု သူတို့ကို ငါပြောမည်။ ယင်းသည် ဘုရားသခင်အတွက် အကောင်းဆုံး နာမတော် မဟုတ်လော။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို အကောင်းဆုံး အချုပ်အားဖြင့် ဖော်ပြနိုင်သည် မဟုတ်လော။ သို့ဖြစ်သည့်အတွက် သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်၏ နာမတော်ကို ရှာဖွေရန် လုံ့လများစွာကို စိုက်ထုတ်နေကြသနည်း။ အမည်နာမတစ်ခုအတွက်နှင့် အစာမစား အိပ်လည်းမအိပ်ဘဲ ဦးနှောက်ခြောက်အောင် အဘယ်ကြောင့် တွေးတောနေကြသနည်း။ ဘုရားသခင်ကို ယေဟောဝါ၊ ယေရှု၊ သို့မဟုတ် မေရှိယဟု မခေါ်သည့်နေ့ရက်သည် ရောက်လာလိမ့်မည်၊ သူသည် ဖန်ဆင်းရှင်သက်သက်ပင်ဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အလုပ်သည် အဆုံးသတ်ပြီးနောက် သူ၏အမည်နာမများလည်း ရှိတော့မည် မဟုတ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်တွင် သူရယူခဲ့သည့် အမည်နာမများ အားလုံးသည်လည်း အဆုံးသတ်သို့ ရောက်ပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ အရာအားလုံးရောက်ရှိသည့်အခါ၊ အလွန်သင့်လျော်သော်လည်း မပြည့်စုံသည့် အမည်နာမတစ်ခုကို သူသည် အဘယ်ကြောင့် လိုလိမ့်မည်နည်း။ သင်သည် ယခု ဘုရားသခင်၏ အမည်နာမကို ရှာဖွေနေဆဲပင်လော။ ဘုရားသခင်ကို ယေဟောဝါဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့သေးလော။ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့သေးလော။ ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အပြစ်ကို သင်ခံနိုင်မည်လော။ ဘုရားသခင်တွင် မူလအစက အမည်နာမ မရှိကြောင်း သင်သိသင့်သည်။ သူသည် လုပ်ဆောင်ရန် အလုပ်ရှိပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲရသည့်အတွက် သူသည် အမည်နာမ တစ်ခု၊ သို့မဟုတ် နှစ်ခု၊ သို့မဟုတ် အမည်နာမများစွာကို ယူခဲ့ရခြင်းသာ ဖြစ်သည်။ သူ့ကို မည်သည့်အမည်နာမဖြင့် ခေါ်သည်ဖြစ်စေ၊ ဤအရာကို သူကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ သူ၏ဖန်ဆင်းခံများထဲမှ တစ်ဦးဖြစ်သည့် သင်က ဆုံးဖြတ်ပေးရန် သူသင့်ကို လိုအပ်သလော။ ဘုရားသခင် အခေါ်ခံရသည့် အမည်နာမသည် လူသား၏ ဘာသာစကားဖြင့် လူကနားလည်နိုင်စွမ်း ရှိသည့်အရာနှင့် ညီထွေအောင်ပေးသည့် အမည်ဖြစ်သော်လည်း၊ ဤအမည်နာမသည် လူက ခြုံငုံနိုင်သည့် အရာမဟုတ်ပေ။ ကောင်းကင်ဘုံတွင် ဘုရားတစ်ပါးရှိသည်၊ သူ့ကို ဘုရားသခင်ဟုခေါ်သည်၊ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ပြီး ကြီးမြတ်သည့် တန်ခိုးရှိသည်၊ သူသည် အလွန်အမြော်အမြင်ကြီးသည်၊ အလွန်မြင့်မြတ်သည်၊ အလွန်အံ့သြဖွယ်ကောင်းသည်၊ အလွန်နက်နဲပြီး အနန္တတန်ခိုး အလွန်ရှိလှသည်ဟုသာ သင်ပြောနိုင်သည်၊ ဤထက်ပိုပြီး သင်ဘာမျှမပြောနိုင်ပေ။ ဤနည်းနည်းလေးမှာ သင်သိနိုင်သမျှ အကုန်သာဖြစ်သည်။ ဤကဲ့သို့ဖြစ်နေသဖြင့် ယေရှုဟူသည့်အမည်က ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုနိုင်သလော။ နောက်ဆုံးသောကာလ ရောက်လာသည့်အချိန်တွင် ဘုရားသခင် ကသာ သူ၏အလုပ်ကို လုပ်ဆောင်ခြင်းပင်ဖြစ်သော်လည်း မတူညီသည့် ခေတ်ဖြစ်သည့်အတွက် သူ၏အမည်နာမက ပြောင်းရလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

နောက်ဆုံးသော ကာလအတွင်း ကယ်တင်ရှင်ယေရှု ကြွလာရန်အတွက် လူသားတို့ တောင့်တနေဆဲဖြစ်ပြီး ယုဒပြည်တွင်ရှိခဲ့သော ရုပ်သွင်အတိုင်း သူကြွလာရန် မျှော်မှန်းနေဆဲဖြစ်ပါက ရွေးနုတ်ရာခေတ်တွင် နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး ရပ်တန့်သွားမည်ဖြစ်ကာ ရှေ့ဆက်တိုးတက်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသော ကာလသည် မည်သည့်အခါမျှ ရောက်လာလိမ့်မည် မဟုတ်တော့ဘဲ ခေတ်ကာလသည်လည်း မည်သည့်အခါမျှ အဆုံးသတ်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့်ဖြစ်သည်။ ကျေးဇူးတော်ခေတ်မှ အပြစ်သားအားလုံး အဖို့အလို့ငှာ ယေရှု၏နာမကို ငါခံယူခဲ့ခြင်းဖြစ်ကာ ယင်းနာမသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမမဟုတ်ပေ။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့ အားလုံးက ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း ထိုအမည်နာမများသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲရှိ ကွဲပြားခြားနားသော ခေတ်ကာလများကိုသာ ရည်ညွှန်းပြီး ငါ၏အလုံးစုံသော ဖြစ်တည်မှုကို ကိုယ်စားမပြုပါ။ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့က ငါ့အားခေါ်ဝေါ်သော အမည်နာမများသည် ငါ၏အလုံးစုံသော စိတ်နေသဘောထားနှင့် ငါ၏ဖြစ်ခြင်းအားလုံးကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိပါ။ ၎င်းတို့မှာ ကွဲပြားသော ခေတ်ကာလများ အတွင်း၌ ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများသာ ဖြစ်ပေသည်။ ထို့ကြောင့်ပင် အဆုံးသတ်ခေတ်၊ နောက်ဆုံးသော ခေတ်ကာလ ရောက်သည့်အခါ ငါ၏အမည်နာမသည် ထပ်မံပြောင်းလဲပေ ဦးမည်။ ငါ့အား မေရှိယဟု ခေါ်တွင်စေရန်ဝေးစွ၊ ယေဟောဝါ၊ သို့မဟုတ် ယေရှုဟုပင် မခေါ်တွင်စေဘဲ တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်တွင်စေလျက် ဤအမည်နာမ အောက်တွင် ငါသည် ခေတ်ကာလကြီးတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။ ငါ့အား တစ်ခါက ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း လူအများ ခေါ်ခဲ့ကြသည့်အပြင် ထိုသူများက ငါ့အားလေးစားပြီး ချစ်မြတ်နိုးခဲ့ကြသည့်အတွက် ကယ်တင်ရှင်ယေရှု ဟုလည်း တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများ အတိတ်က သိခဲ့ကြသည့် ယေဟောဝါလည်းမဟုတ်၊ ယေရှုလည်းမဟုတ်ပေ- ငါသည် နောက်ဆုံးသောကာလတွင် တစ်ဖန်ပြန်ကြွလာခဲ့သည့် ဘုရားသခင်၊ ထိုခေတ်ကို အဆုံးသတ်မည့် ဘုရားသခင်ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်နေသဘောထားနှင့် ပြည့်ဝသော၊ သြဇာအာဏာနှင့် ပြည့်ဝသော၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်နှက်နေသော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ လူအများသည် ငါနှင့် မည်သည့်အခါမျှ ဆက်ဆံခြင်း၊ သိကျွမ်းဖူးခြင်း မရှိကြ၊ ငါ၏စိတ်နေသဘောထားကို အမြဲတစေ မသိရှိခဲ့ကြပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ ငါ့အား မြင်ဖူးခဲ့ခြင်း မရှိပေ။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း လူသားတို့ထံ ပေါ်ထွန်းလာခဲ့သော်လည်း လူသားတို့အကြားတွင် ဖုံးကွယ်ထားသော ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးကဲ့သို့၊ တန်ခိုးနှင့်ပြည့်လျက်၊ သြဇာအာဏာဖြင့် ပြည့်လျှံလျက် လူသားတို့အကြားတွင် အမှန်တကယ် စစ်မှန်စွာ နေထိုင်လျက်ရှိသည်။ ငါ့နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်းမခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှမရှိပါ၊ မီး၏လောင်ကျွမ်းခြင်းအားဖြင့် သန့်စင်ခြင်း မခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုလည်း တစ်ခုမျှမရှိပါ။ တိုင်းနိုင်ငံအားလုံးသည် နောက်ဆုံးတွင် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည်ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်ပင် တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းအားဖြင့် နောက်ဆုံးသောကာလ၌ ငါသည် ပြန်ကြွလာသော လူအပေါင်းတို့၏ ကယ်တင်ရှင်ဖြစ်သည်၊ လူသားမျိုးနွယ် အပေါင်းတို့ကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်၊ ထို့အပြင် ငါသည် တစ်ချိန်က လူသားတို့အတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို လောင်ကျွမ်းစေသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာ သကဲ့သို့ ခပ်သိမ်းသောအရာတို့ကို ဖော်ထုတ်သည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို လူသားအားလုံး တွေ့ရလိမ့်မည်။ ယင်းက နောက်ဆုံးသောကာလရှိ ငါ၏အမှုပင်ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသောနေမင်းနှင့် တောက်လောင်နေသော မီးတောက်မီးလျှံဖြစ်သည်ကို လူအားလုံး တွေ့မြင်နိုင်ရန်အလို့ငှာ ဤအမည်နာမကို ငါခံယူခဲ့ပြီး ဤစိတ်နေသဘောထားကို ငါပိုင်ဆိုင် ထားသည်။ လူအားလုံးသည် ငါ့အား စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်အဖြစ် ဝတ်ပြုကိုးကွယ်စေရန်နှင့် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်စေရန်အလို့ငှာ ဖြစ်သည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အဖြစ်သာမဟုတ်၊ ရွေးနုတ်ရှင်အဖြစ်သာ မဟုတ်ဘဲ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင်တစ်ခွင်လုံးမှ အားလုံးသော သတ္တဝါများ၏ ဘုရားသခင် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” မှ

ယခင်က:မေးခွန်း ၂- ခေတ်အသီးသီးရှိ ဘုရားသခင်၏ အမည်နာမက ဘုရားသခင်၏ အရာအားလုံးကို ကိုယ်စားမပြုနိုင်ပေ၊ သို့ဆိုလျှင် ခေတ်အသီးသီးထဲက ကိုယ်တော့် အမည်နာမ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ