အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မေးခွန်း ၃၇- သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘာသာရေးအသိုင်းအဝိုင်းထဲတွင် သြဇာအာဏာကိုင်စွဲကြပြီး သူတော်ကောင်း အယောင်ဆောင် ဖာရိရှဲတို့၏ လမ်းကြောင်းကို သူတို့ လျှောက်ကြသော်လည်း၊ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ကြပြီး သူတို့ကို မယုံကြည်ကြပါ၊ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း ဖာရိရှဲတို့၏ လမ်းကြောင်းကို လျှောက်ကြသည်ဟု သင်တို့ အဘယ်ကြောင့် ဆိုနိုင်သနည်း။ ဘာသာတရားအတွင်းရှိ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမှတဆင့် ကျွန်ုပ်တို့ အမှန်တကယ် ကယ်တင်မခံရနိုင်ပါသလား။

အဖြေ-

ဘာသာတရားထဲတွင် ဖာရိရှဲများကို မျက်ကန်းယုံကြည်ကိုးကွယ်ပြီး၊ ဖာရိရှဲများနောက်ကို လိုက်နေသည့် လူများစွာရှိသည်။ သူတို့လျှောက်သည့်လမ်းက ဖာရိရှဲများ၏ လမ်းဟုတ် မဟုတ်ဆိုသည်မှာ ညီအစ်ကို မောင်နှမတို့ စဉ်းစားကြည့်သည်နှင့် ရှင်းနေပါသည်။ ညီအစ်ကို မောင်နှမတို့ နှလုံးသားထဲမှာ ဖာရိရှဲများကို ကိုးကွယ်ပြီး ကာကွယ်သည်ဟု ပြောရဲပါက၊ သူတို့၏ အပြစ်များနှင့်ကော မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ပါလား။ ညီအစ်ကို မောင်နှမတို့က သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများနောက်လိုက်သည်ဟု ပြောရဲသော်လည်း၊ ဘုရားသခင်ကို ခုခံတော်လှန်သည့် သူများနှင့် မတူပါလား။ ထိုကဲ့သို့ ရိုးရှင်းသည့် မေးခွန်းတစ်ခုကို ကျွန်တော်တို့ ထိုးဖောက်မမြင်နိုင်ဆဲသာ ရှိပါသလား။ ညီအစ်ကို မောင်နှမတို့ လိုက်သည့် လူအမျိုးအစားက ညီအစ်ကို မောင်နှမတို့ လျှောက်သည့်လမ်း အမျိုးအစားဖြစ်သည်။ ညီအစ်ကို မောင်နှမတို့က ဖာရိရှဲများနောက်ကို လိုက်ပါက ဖာရိရှဲများ၏လမ်းပေါ်ကို ရောက်နေခြင်းဖြစ်သည်။ ညီအစ်ကို မောင်နှမတို့က ဖာရိရှဲများ၏ လမ်းကို လျှောက်ပါက၊ ဖာရိရှဲကဲ့သို့ လူမျိုး အလိုလို ဖြစ်သွားသည်။ မည်သူ့ နောက်ကို လိုက်ပြီး၊ မည်သည့်လမ်းကို သူတို့ရွေးသည်မှာ သူတို့၏ သဘာဝနှင့် တိုက်ရိုက်စပ်ဆက်သည်။ ဖာရိရှဲများနောက်ကို လိုက်သည့် မည်သူမဆို ဖာရိရှဲများကဲ့သို့ တူညီသည့်အနှစ်သာရနှင့် သဘာဝရှိသည်။ ဤသည်မှာ မငြင်းနိုင်သည့် အမှန်တရားဖြစ်သည်။ ဖာရိရှဲများ၏ အနှစ်သာရက သူတော်ကောင်း ယောင်ဆောင်ခြင်း ဖြစ်သည်။ သူတို့က ဘုရားသခင်ကို ယုံကြည် သော်လည်း၊ သမ္မာတရားကို မချစ်၊ သို့မဟုတ် အသက်ကို မရှာ။ သူတို့က သူတို့၏ကိုယ်ပိုင် အယူအဆနှင့် စိတ်ကူးယဉ်ထားသည့် ကောင်းကင်ပေါ်မှာရှိသည့် မရေရာသည့် ဘုရားကို ယုံကြည်သော်လည်း၊ လူဇာတိခံသည့်ခရစ်တော်ကို မဝန်ခံ သို့မဟုတ် မယုံကြည်ကြပါ။ အတိအကျပြောရပါက၊ သူတို့က အားလုံး မယုံကြည်သူများဖြစ်သည်။ သူတို့၏ ဘုရားသခင်ကိုယုံကြည်ခြင်းက ဘာသာရေး ယုံကြည်မှု ဆိုင်ရာများကို သုတေသနပြုခြင်းဖြစ်ပြီး၊ ဘုရားသခင်အား ယုံကြည်ခြင်းကို သုတေသနလုပ်ဖို့ အသိပညာပုံစံကဲ့သို့ မှတ်ယူနေသည်။ သူတို့၏ အသက်မွေးဝမ်းကြောင်းက သမ္မာကျမ်းစာနှင့် ဘာသာရေး ယုံကြည်မှုဆိုင်ရာများကို သုတေသနလုပ်တာပေါ်မှာ မှီခိုနေသည်။ သူတို့၏ နှလုံးသားထဲမှာ သမ္မာကျမ်းစာက သူတို့၏ အသက်မွေးဝမ်းကြောင်းသာ ရှိသည်။ သူတို့က သမ္မာကျမ်းအသိပညာများနှင့် ဘာသာရေး ယုံကြည်မှုဆိုင်ရာ အယူအဆများကို ရှင်းပြခြင်းက ပိုကောင်းလေလေ သူတို့ကို ကိုးကွယ်သည့်လူများ ပိုများလေလေဟု ထင်ကြပြီး၊ သူတို့ တရားဟောစင်မြင့်မှာ ပိုမြင့်မြင့်နှင့် ပိုခိုင်ခိုင်မာမာရပ်နိုင်လေလေ သူတို့၏ ဂုဏ်အဆင့်အတန်းများ ပိုပြီး အတည်တကျ ရှိလိမ့်မည်ဟု ထင်ကြသည်။ ဤသည်မှာ ရှင်းလင်းတိကျသည်။ အကြောင်းမှာ ဖာရိရှဲများက သူတို့၏ဂုဏ်အဆင့်အတန်းနှင့် အသက်မွေးဝမ်းကြောင်းများအတွက်သာ အသက်ရှင်နေကြသည့် လူများ ဖြစ်သောကြောင့် ပင်တည်း။ ပြီးလျှင် သူတို့က သမ္မာတရားကို စိတ်ကုန်ပြီး အထင်အမြင်သေးသည့် လူများဖြစ်သည်။ သခင်ယေရှုက လူဇာတိခံပြီး အမှုတော်အတွက် ကြွလာသည့်အခါ၊ သူတို့က သူတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် အသက်မွေးဝမ်းကြောင်းများကို ကာကွယ်ဖို့၊ သူတို့၏ ကိုယ်ပိုင် အယူအဆများ၊ စိတ်ကူးယဉ်ခြင်းများနှင့် သမ္မာကျမ်း အသိပညာများကို ခေါင်းမာမာဖြင့် စွဲကိုင်ထားခဲ့ကြသည်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး သခင်ယေရှုကို ရှုတ်ချကာ ခုခံဖို့ မည်သည့်အရာကို မဆို လုပ်ကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်အရ ကျွန်တော်တို့က ဖာရိရှဲများ၏ သမ္မာတရားမုန်းသည့် အနှစ်သာရနှင့် ဘုရားကို ခုခံတော်လှန်သည့်သူတို့၏ အရင်းအမြစ်များကို အပြည့်အဝ မြင်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဖာရိရှဲတို့ ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း၏ အကြောင်းရင်းကို သင်တို့သိလိုသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုသလော။ သူတို့သည် မေရှိယအကြောင်း စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေခဲ့ကြသည်။ ထို့အပြင် မေရှိယလာမည်ဟုသာ သူတို့ယုံကြည်ခဲ့ပြီး အသက်တာ၏ သမ္မာတရားကို မရှာခဲ့ကြ။ ထို့ကြောင့် သူတို့သည် ယနေ့တိုင် မေရှိယကို စောင့်နေဆဲဖြစ်၏။ ထိုသူတို့သည် အသက်လမ်းကို မသိ၊ သမ္မာတရားလမ်းကိုလည်း မသိသောကြောင့် ဖြစ်၏။ ဤသို့ မိုက်မဲ၊ ခေါင်းမာ၍ အသိဉာဏ်ကင်းမဲ့သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရမည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို သူတို့သည် မည်သို့မြင်နိုင်ကြမည်နည်း။ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဦးတည်ရာကို မသိသဖြင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည်။ ဤသည်မှာ ယေရှုပြောသည့် သမ္မာတရားလမ်းကို သူတို့မသိသောကြောင့်ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို နားမလည်ခဲ့သောကြောင့်လည်း ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို မည်သည့်အခါမျှ မြင်ဖူးခြင်းမရှိ၊ မေရှိယနှင့်အတူ မည်သည့်အခါမျှ အဖော်ပြုခြင်း မရှိခြင်းတို့ကြောင့် မေရှိယ၏အနှစ်သာရကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေစဉ်အခါပင် မေရှိယ၏ နာမအပေါ် အချည်းနှီးသော ချီးကျူးဂုဏ်ပြုမှုကိုပေးပြီး အမှားပြုခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာ၍ ဝင့်ဝါပြီး သမ္မာတရားကို နာခံခြင်းမရှိကြ။ ထိုသူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံသဘောတရားမှာ ကိုယ်တော်၏တရားတော် မည်မျှပင်လေးနက်သည်ဖြစ်စေ၊ ကိုယ်တော်၏သြဇာအာဏာ မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု သတ်မှတ်မခံရလျှင် ကိုယ်တော်သည် ခရစ်တော်မဟုတ် ဟူ၍ဖြစ်သည်။ ဤအမြင်များသည် ကြီးကျယ်လွန်း၍ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်”) “ဘုရားသခင် လူ့ဇာတိမခံယူသေးသည့် အတိတ်ကာလတွင်၊ သင်သည် ဘာသာရေးပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်ကောင်း ဖြစ်ခဲ့ပေမည်။ ဘုရားသခင်က ဇာတိပကတိ ဖြစ်လာခဲ့ပြီးနောက်၊ ထိုကဲ့သို့ ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူများစွာသည် အမှတ်တမဲ့ အန္တိခရစ် ဖြစ်လာကြသည်။ ဤသည်မှာ မည်သို့ဖြစ်သည်ကို သင်သိသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ချက်အရ၊ သင်သည် လက်တွေ့ကျမှုကို အာရုံမစိုက် သို့မဟုတ် သမ္မာတရားကို မလိုက်စားပေ၊ သို့သော် ထိုအစား၊ မုသားများအပေါ် စွဲလမ်းလေသည်- ဤသည်မှာ လူ့ဇာတိခံဘုရားသခင်ကို ထားသော သင့်ရန်ငြိုး၏ အရှင်းလင်းဆုံး အရင်းအမြစ် ဖြစ်သည် မဟုတ်လော။ လူ့ဇာတိခံဘုရားသခင်ကို ခရစ်တော်ဟု ခေါ်သည်၊ ထို့ကြောင့် လူ့ဇာတိခံဘုရားသခင်ကို မယုံကြည်သောသူအပေါင်းတို့သည် အန္တိခရစ်ဖြစ်ကြသည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏”) ဤသည်မှာ ဘာသာရေးဖာရိရှဲများက သမ္မာတရားကို စိတ်ကုန်ပြီး မုန်းသည့် သဘာဝကို ပြနေခြင်း ဖြစ်သည်။ သူတို့၏ ကိုယ်ပိုင်အယူအဆနှင့် စိတ်ကူးယဉ်မှုများကို သူတို့က ယုံကြည်ကြသည်။ သူတို့က သူတို့ကိုယ်တိုင် သုတေသနလုပ်ပြီး ချဲ့ထွင်ထားသည့် ဘာသာရေးယုံကြည်မှုဆိုင်ရာ အယူအဆများကို ယုံကြည်ကြသော်လည်း၊ လူဇာတိခံ ခရစ်တော် သို့မဟုတ် ခရစ်တော် ဖော်ပြထားသည့် သမ္မာတရား များကို မယုံကြည်ကြပါ။ သူတို့အားလုံးက လူဇာတိခံ ဘုရားသခင်၏ ရန်သူများဖြစ်သည်။ သူတို့အားလုံးက နောက်ဆုံးသောကာလမှာ လူဇာတိခံ ဘုရားသခင်၏ အမှုတော်က ဖော်ထုတ်ခဲ့သည့် အန္တိခရစ်များ ဖြစ်သည်။ သူတို့နောက်ကိုလိုက်သည့် လူများက သူတို့နှင့်အတူတူ ဖြစ်သည်။ သူတို့၏ အယူအဆများနှင့် စိတ်ကူးယဉ်များ၊ သမ္မာကျမ်း အသိပညာများနှင့် ဘာသာရေးယုံကြည်မှုဆိုင်ရာ အယူအဆများကိုရော ခေါင်းမာမာနှင့် စွဲကိုင်ထားသည်။ သူတို့က သူတို့၏ ခရစ်တော်ကို ငြင်းဆန်ခြင်း၊ ခရစ်တော်ကို ခုခံတော်လှန်ခြင်းနှင့် ရှုတ်ချခြင်း၊ ခရစ်တော်ကို ရန်သူအဖြစ်ဆက်ဆံခြင်းနှင့် သမ္မာတရားကို လက်ခံဖို့ ငြင်းခြင်းများနောက်ကို လိုက်ကြသည်။ ဤအဖြစ်မှန်များက ဖာရိရှဲများနောက်ကို လိုက်သည့် လူတိုင်းကလည်း သမ္မာတရားကို စိတ်ကုန်ပြီး မုန်းသည့် သဘာဝနှင့် အနှစ်သာရများအရ သက်သေပြဖို့ လုံလောက်သည်။ သူတို့လျှောက်သည့်လမ်းက ဖာရိရှဲများလျှောက်သည့် လမ်းဖြစ်သည်မှာ သေချာပေါက်ပင် ဖြစ်သည်။ သူတို့က ဖာရိရှဲများကဲ့သို့ အမျိုးအစားတူပြီး ခရစ်တော်ကိုဆန့်ကျင်သည့် လူများအားလုံး ဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်သည့် အချက်ဖြစ်သည်။ ၎င်းကို နောက်ဆုံးသောကာလ၏ ဘုရားသခင်၏ အမှုတော်က အပြည့်အဝ ဖော်ထုတ်ခဲ့သည်။

ဘာသာတရားမှာ ဖာရိရှဲများ၏ ထိန်းချုပ်မှုအောက်ကနေ ဘုရားသခင်ကို ယုံကြည်သည့်သူအားလုံးက သူတို့ကို အပြည့်အဝ နားထောင်ပြီး သူတို့နောက်ကိုလိုက်ကြသည်။ ၎င်းတို့ကဲ့သို့ပင် သူတို့က သမ္မာကျမ်းစာနှင့် ဘာသာရေးယုံကြည်မှုဆိုင်ရာ လေ့လာမှုများကို လေ့လာကြသည်။ သမ္မာကျမ်း အသိပညာနှင့် ဘာသာရေးဆိုင်ရာလေ့လာမှု အယူအဆများကို အာရုံစိုက်ကြပြီး သမ္မာတရားကိုရှာဖွေခြင်း သို့မဟုတ် သခင့်၏ စကားများကို လက်တွေ့လုပ်ဆောင်ခြင်းများကို မည်သည့်အခါမျှ အာရုံမထားကြပါ။ ဖာရိရှဲများကဲ့သို့ပင် ကောင်းကင်မှာရှိသည့် မရေရာ မတိကျသည့် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်ကြပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများက မည်မျှ သြဇာအာဏာရှိပြီး တန်ခိုးရှိသည် ဖြစ်စေ၊ သူတို့က သူတို့၏ အယူအဆနှင့် စိတ်ကူးများကို ခေါင်းမာမာနှင့် စွဲကိုင်နေဆဲ ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ခုခံတော်လှန် ရှုတ်ချကြသည့် သင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက်ကို လိုက်ကြသည်။ ပြောစရာမလိုအောင်ပင် ဤကဲ့သို့လူများက ဖာရိရှဲကဲ့သို့ ပုံစံတူ လူမျိုးများဖြစ်ပြီး၊ ဖာရိရှဲများ၏ ဘုရားသခင်ကို ခုခံတော်လှန်သည့်လမ်းကို လျှောက်နေကြသည်။ ထိုကဲ့သို့ လူများက ဖာရိရှဲများနောက်ကို မလိုက်သည့်တိုင်၊ သူတို့က ဖာရိရှဲကဲ့သို့ ပုံစံတူများ ဖြစ်နေကြပြီး၊ သူတို့၏ သဘာဝနှင့် အနှစ်သာရများက ဖာရိရှဲများနှင့် အတူတူ ဖြစ်သောကြောင့်၊ သူတို့က ဖာရိရှဲများ၏ သားစဉ်မြေးဆက်လည်း ဖြစ်ကြသည်။ သူတို့က သူတို့ကိုယ်သူတို့ ယုံကြည်သည့် မယုံကြည်သူများ ဖြစ်ပြီး၊ သမ္မာတရားကို မချစ်ကြပါ။ သူတို့က ခရစ်တော်ကို ဆန့်ကျင်ပြီး သမ္မာတရားကို စက်ဆုပ်ရွံရှာသည့် အန္တိခရစ်များဖြစ်သည်။ အနန္တတန်ခိုးရှင် ထုတ်ဖော်ပြသကဲ့သို့ဖြစ်သည်။ “အသင်းတော်တွင် ထိုးထွင်းသိမြင်မှု မရှိသော လူများစွာရှိပြီး လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံရသောအခါ အလွန်မတရားဟု ခံစားကြသည်။ လူတစ်ဦးတစ်ယောက်က သူတို့ကို ထိုးထွင်းသိမြင်မှုမရှိသူများဟု ပြောကောင်း ပြောနိုင်သည်၊ သို့သော် သူတို့သည် သမ္မာတရား မရှိသည့်ဘက်တွင်သာ အမြဲရပ်တည်ကြသည်။ သမ္မာတရားဘက်၌ သူတို့ရပ်တည်ခဲ့သော အလွန်အရေးပါသည့်အချိန် တစ်ကြိမ်တစ်ခါမျှပင် မရှိခဲ့၊ သမ္မာတရားအတွက် ရပ်တည်ပြီး ငြင်းခုံသောအချိန် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့။ ထို့ကြောင့် သူတို့သည် အကယ်ပင် ထိုးထွင်းသိမြင်မှု မရှိသလော။ ထိုသူတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် အမြဲတမ်း ရပ်တည်ကြသနည်း။ ထိုသူတို့သည် သမ္မာတရားအတွက် တရားမျှတကာ ဆင်ခြင်တုံတရားကျသော စကားလုံးတစ်လုံးပင် မည်သည့်အခါမျှ အဘယ်ကြောင့် မပြောကြသနည်း။ ထိုသူတို့၏ တဒင်္ဂ ရှုပ်ထွေးမှုက ဤအခြေအနေကို အကယ်ပင် ဖန်တီးသလော။ တစ်ဦးတစ်ယောက်မှာ ထိုးထွင်းသိမြင်မှုနည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤသည် က အဘယ်အရာကို ပြသနည်း။ ထိုးထွင်းသိမြင်မှု မရှိသောသူများသည် ဒုစရိုက်ကို ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ထိုးထွင်းသိမြင်မှု မရှိသော ထိုသူများသည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ထိုသူတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ထိုသူတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ထိုသူတို့၏ဖော်ပြမှုများမှာ ထိုသူတို့သည် သမ္မာတရားကို ချစ်သောသူမဟုတ်ဘဲ ထိုအစား သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ဟု လိုသည်ထက်မက သက်သေပြနေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများကို သတိပေးချက်”) ဤသည်မှာ အမှန်တရား မဟုတ်ပါလား။ ဘာသာတရားထဲက လူများက သင်းအုပ်ဆရာများနှင့် အကြီးအကဲများ နောက်လိုက်သည့်အခါ သူတို့က နားထောင်ရုံသာမက၊ သူတို့ကို ကာကွယ်ဖို့ သူတို့ လုပ်နိုင်သည့်အရာ များအားလုံးလုပ်သည်။ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို တစ်ယောက်ယောက်က ဖော်ထုတ်သည်ကို ကြားသည်နှင့် ဤလူများက စိတ်မသက်မသာဖြစ်လာပြီး၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ကာကွယ်ဖို့ ထွက်လာကြလိမ့်မည်။ ဤနေရာတွင် ပြဿနာက အဘယ်နည်း။ ဤလူများက သူတို့၏ နှလုံးသားများထဲမှာ ဘုရားသခင်အတွက် နေရာမရှိသော်လည်း၊ သင်းအုပ်ဆရာ များနှင့် အကြီးအကဲများ အတွက်သာ ရှိကြောင်း ဤအရာက သက်သေပြဖို့ မလုံလောက်ပါလား။ ဤလူများ၏ နှလုံးသားများထဲမှာ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘုရားသခင်ထက် အားလုံး ပိုမြင့်နေသည်။ ဤသည်မှာ မည်သည့်ပြဿနာကို ပြသနည်း။ လူက ဘုရားသခင်ကို ခုခံတော်လှန်သည့်အခါ ဘုရားသခင်ကို ကာကွယ်ဖို့ ထွက်လာသည့်သူ များစွာ မရှိပါ။ ဘုရားသခင်ကို ရပ်တည်ပေးနိုင်ပြီး သက်သေခံပေးသည့်သူ များစွာ မရှိပါ။ သို့သော်လည်း ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ဖာရိရှဲ အနှစ်သာရများ ထုတ်ဖော်ခံရသည်နှင့် အဘယ့်ကြောင့် လူများစွာတို့က သူတို့၏ ကိုယ်စား ငိုပြီး၊ သူတို့ကို ကာကွယ်ဖို့ ထွက်လာကြသနည်း။ ဤသည်မှာ ဤလူများက ဖာရိရှဲများ၏ တာဝန်ကျေသည့် သားစဉ်မြေးဆက်များ ဖြစ်ကြောင်းကို သက်သေပြဖို့ လုံလောက်သည်။ သူတို့က အန္တိခရစ်များ၏ ကြံရာပါများနှင့် လက်ပါးစေများဖြစ်သည်။ ဤသည်မှာ ဘယ်သူမှ မငြင်းနိုင်သည့် အချက်တစ်ခုဖြစ်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ဘာသာတရားဆိုသည်မှာ မည်ကဲ့သို့ နေရာမျိုးရှိသနည်း။ ဤသည်မှာ ဖာရိရှဲများ၏ ကမ္ဘာ၊ အန္တိခရစ်များ၏ အသိုက်ဟောင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောကြောင့် ကယ်တင်ခြင်း ခံရသည်ဟု ထင်ပါက၊ ဤသည်မှာ ဖြစ်ချင်သည့် ဆန္ဒ ဖြစ်သည်။ လူတစ်ယောက်က ဘာသာတရားထဲက ဘုရားသခင်ကို ယုံကြည်ပါက၊ အဘယ့်ကြောင့် ကယ်တင်မခံရသနည်း။ အဓိကအကြောင်းရင်းက နောက်ဆုံးသော ကာလမှာ ဘုရားသခင်က အမှုတော်သစ်ကို လုပ်ဆောင်သည့်အခါ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်က ဘုရားသခင်၏ အမှုတော်သစ်နှင့်အတူ ရွှေ့ပြောင်းလာနေပြီး၊ ဘာသာရေး လောကက သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ပျောက်ဆုံး သောကြောင့် အသုံးချ၍မရသည့် မြေဖြစ်လာသည်။ ထို့အပြင် ဘာသာရေးလောကက သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများ၏ ထိန်းချုပ်ခြင်းကို အပြည့်အဝခံနေရပြီး၊ ဘုရားသခင်ကို ဆန့်ကျင်သည့် နေရာတစ်ခု ဖြစ်လာခဲ့သည်မှာ ကြာနေပြီဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က ဘာသာတရားထဲမှာ အလုပ်မလုပ်သည်သာမက၊ လူဇာတိခံ ဘုရားသခင်ကလည်း ဘာသာတရားထဲကို အလုပ်လုပ်ဖို့ မလာပါ။ ထို့ကြောင့် လူတစ်ယောက်က နောက်ဆုံးသောကာလ၏ ဘုရားသခင်၏ အမှုတော်ကို ဘာသာတရားထဲက ဘုရားသခင်ကို ယုံကြည်သည်နှင့် တွေ့ကြုံခံစားနိုင်မည်မဟုတ်ပါ။ သူတို့က နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစား၊ မသောက်နှင့် မပျော်မွေ့နိုင်ဖြစ်သည်။ ထို့ကြောင့် အမှောင်ထဲကို အလွယ်တကူ ကျသည်။ အကယ်၍ လူများက ယခု စစ်မှန်သည့်လမ်းကို မရှာဖွေ၊ မစူးစမ်း မလေ့လာပါက၊ ဤသည်မှာ အသုံးချ၍မရသည့်မြေမှာ ပြိုလဲဖို့ အရမ်းလွယ်သွားပြီး၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရမည် မဟုတ်ပါ။ ဘာသာရေးလောက၏ အသုံးချ၍မရသည့်မြေထဲကို ကျသွားသည့် လူများက အစည်းအဝေးများ အတောအတွင်းမှာ သမ္မာကျမ်းစာကို စွဲကိုင်ပြီး၊ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော် ထဲမှာ မပျော်မွေ့နိုင်ကြပါ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် လမ်းပြမှုသာ မရှိပါက၊ လူများယုံကြည်သည့် ဘုရားသခင်က မရေရာ မတိကျခြင်း တစ်ခုဖြစ်နေမည်။ သူတို့အားလုံး၏ အစည်းအဝေးများမှာ မိတ်သဟာယဖွဲ့ခြင်းက ဘုရားသခင်၏ အမှုတော်၏ မှတ်တမ်းများအကြောင်းနှင့် လွန်ခဲ့သည့်အချိန်က သမ္မာကျမ်းစာထဲက ဖွင့်ပြခြင်းများ ဖြစ်သည်။ ဤကဲ့သို့ လူများက နောက်ဆုံးသောကာလ၏ ဘုရားသခင်၏ ကယ်တင်ခြင်း နှင့် ဘုရားသခင်၏ ကတိတော်ကို မည်ကဲ့သို့များ ရနိုင်ပါ့မည်နည်း။ ဤသည်မှာ ယခင်က သခင်ယေရှု ဘုရားကျောင်း၏ အပြင်မှာ စပြီး အလုပ်လုပ်သည်နှင့် တူသည်။ ဘုရားကျောင်းက သူခိုးများ၏ ဒုစရိုက် အသိုက်အမြုံ ဖြစ်သည့် ပရမ်းပတာ အသုံးချ၍မရသည့် မြေဖြစ်လာသည်။ သူတို့က သခင်ယေရှု၏ အမှုတော်နောက်ကို မလိုက်ကြဘဲ ဘုရားကျောင်းထဲမှာ ကျန်ရစ်သည့် သူများက သခင်၏ ကယ်တင်ခြင်းကို လွယ်လွယ်ကူကူ အဆုံးရှုံးခံပြီး ပညတ်တရားနှင့် စည်းမျဉ်းဟောင်းများကို စွဲကိုင်ထားနေကြသေး သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ပင် ယခု နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က သူ့၏ တရားစီရင်ခြင်း အမှုတော်ကို ဘုရားသခင်၏ အိမ်တော်ကနေအစပြုပြီး လုပ်ဆောင်ခဲ့ပြီး၊ လူသားကို သန့်စင်ဖို့နှင့် တရားစီရင်ဖို့ သမ္မာတရားကို ဖော်ပြသည်။ လူကို ဘုရားသခင်၏ ကယ်တင်ခြင်းရရှိဖို့ နှင့် စာတန်၏ စွမ်းအားများနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်နေသဘောထားကနေ လွတ်မြောက်စေဖို့ လုပ်ပေးခဲ့ပြီး၊ ဘုရားသခင်အားဖြင့် အောင်မြင်သောသူ တစ်ယောက်အဖြစ် ပြည့်စုံကာ သူ့၏ နိုင်ငံတော်ဆီကို တိုက်ရိုက်ခေါ်သွားခဲ့သည်။ ဤသည်မှာ ရွှေအခွင့်အရေး ဖြစ်သည်။ ကျွန်တော်တို့က နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင့် အမှုတော်နောက်ကို မလိုက်လျှင် သူတို့က ကယ်တင်ခြင်း မရနိုင်ဘဲ ကောင်းကင်နိုင်ငံတော်ကို ဝင်ရမည် မဟုတ်ပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက တချို့ကို ဖတ်ကြရအောင်။ “ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံသူများ၌ ဘုရားသခင်၏ မျက်မှောက်တော် ကင်းမဲ့သည့်အပြင် သူတို့၌ ဘုရားသခင်၏ ကောင်းချီးများနှင့် ကာကွယ်ခြင်းတို့ လုံးဝမရှိပေ။ သူတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ ယခင်က သတ်မှတ်ချက်များကို ထိန်းသိမ်းထားသည်။ ယင်းတို့သည် အယူဝါဒဖြစ်ပြီး၊ သမ္မာတရားမဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းတို့သည် ထိုသူတို့ကို အတူတကွ စုစည်းစေသည့် တစ်ခုတည်းသောအရာက ဘာသာတရားဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ ထိုသူတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင် အလုပ်၏ အပြုခံအရာများ မဟုတ်ကြပါ။ ထိုသူတို့အားလုံးကြားမှ စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် မခေါ်ဆိုနိုင်ပါ။ ယင်းသည် ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်မရှိ၊ သူတို့လုပ်ဆောင်သည့်အရာက ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံ ပေါ်နေသည်၊ သူတို့အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာရေးနှင့် ပြည့်နှက်သည့်ပုံ ပေါ်နေသည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် ဉာဏ်ဖွင့်ပေးခြင်းကို ရရှိစိမ့်သောငှာ သင့်လျော်ရန် မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်နှင့် အမှုကိုပင် မပိုင်ဆိုင်ကြပေ။ ထိုလူအားလုံးတို့သည် အသက်မရှိသည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏အလုပ်နှင့် ဘုရားသခင်၏ လက်ရှိအလိုတော်တို့ကို သိရန်မဆိုထားနှင့် လူသား၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုကို သိနားလည်ခြင်းမရှိ၊ လူသား၏ မကောင်းမှုပြုခြင်းကို သိနားလည်ခြင်းမရှိ။ သူတို့အားလုံးသည် ပညာမဲ့သော၊ အသုံးမကျသောလူများ ဖြစ်ကြသည်၊ သူတို့သည် ယုံကြည်သူများဟုပင် ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများပင် ဖြစ်တော့သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု”) “ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရယ်စရာအကောင်းဆုံး သူများဖြစ်၍ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသူတို့သည် စိတ်ကူးယဉ်၌ ပျောက်ဆုံးနေသူများ ဖြစ်ကြ၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသောကာလတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်၍ မည်သူမျှ ရှောင်ကွင်း၍ မရနိုင်ပါ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပါ။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံခြင်းမရှိဘဲ၊ သို့မဟုတ် အသက်၏ထောက်ပံ့မှုကို လက်မခံဘဲ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင်မစဉ်းစားရပါ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံး အသက်ရရှိစေရန် ခရစ်တော်သည် နောက်ဆုံးသောကာလတွင် လာခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်၍ ခေတ်အသစ်ထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ ခေတ်အသစ်သို့ ဝင်ရောက်မည့်သူအားလုံး လိုက်လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သူ့ကို အသိအမှတ်ပြုနိုင်စွမ်း သင့်တွင်မရှိဘဲ ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ သို့မဟုတ် သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက သင်သည် ထာဝရလောင်ကျွမ်းခံရ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရောက်ရမည် မဟုတ်သည်မှာ သေချာ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) ဤသည်မှာ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်မခံသည့်သူများအားလုံးနှင့် ဘုရားသခင်၏ လက်ရှိအမှုတော်နှင့် နှုတ်ကပတ်တော်ကို မနာခံသည့်သူများက ဘုရားသခင် စက်ဆုပ်ရွံရှာသည့် အရာများဖြစ်ကြောင်းကို ပြသည်။ ဤနည်းနှင့် ဘာသာရေးနယ်ပယ်များမှာ ကျန်ရစ်သည့်သူများက ဘုရားသခင်၏ လမ်းပြမှုကို အလိုလို ဆုံးရှုံးကြပြီး၊ ဘုရားသခင်၏ တကယ့်နှုတ်ကပတ်တော်၏ ထောက်ပံ့ခြင်းကို မရနိုင်ကြပါ။ သူတို့က အမှောင်ထဲကို ကျနိုင်ပြီး နောက်ဆုံးသော ကာလ၏ ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးကာ သုတ်သင်ပယ်ရှင်း ခံရမည်။ ဤသည်မှာ ကျေးဇူးတော်ခေတ် တုန်းကကဲ့သို့ပင် လူများက သခင်ယေရှု၏ ကယ်တင်ခြင်းကို အလိုလို ဆုံးရှုံးခံပြီး၊ ပညတ်တော်ခေတ်က အလုပ်နှင့် စည်းမျဉ်းများကို စွဲကိုင်ထားကြ သေးသည်။ နိုင်ငံတော်ခေတ်မှာ လူသားများက ကျေးဇူးတော်ခေတ်တုန်းက စည်းမျဉ်းစည်းကမ်းများနှင့် အမှုများကို ဆုပ်ကိုင်ထားကြဆဲ ဖြစ်နေမည်ဆိုပါက၊ သူတို့ကဘုရားသခင်၏ စွန့်ပစ်ခြင်းနှင့် ဖယ်ရှားခြင်း တို့ကိုခံရမည်ဖြစ်ပြီး၊ ကောင်းကင်နိုင်ငံတော်ထဲကို ကယ်တင်ခံရမည် မဟုတ်ပါ။ ဤသည်မှာ မည်သူမျှပြောင်းလဲ၍မရသည့် အချက်ဖြစ်သည်။

ဘာသာတရားထဲက ဘုရားသခင်ကို ယုံကြည်ပြီး လက်တစ်ဖက်မှာ စာတန်နှင့် အန္တိခရစ်များကို ကျေနပ်စေလိုကာ၊ တခြားတစ်ဖက်မှာတော့ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရလိုနေသေးသည်မှာ ဖြစ်နိုင်ပါ့မလား။ ဘာသာရေးလောကက သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများ၏ ထိန်းချုပ်ခြင်းကို ခံနေရပြီး သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ထိန်းချုပ်တာကို ခံနေရသည်။ တကယ်က ဘုရားသခင်ကို ဆန့်ကျင်သည့် အန္တိခရစ်များ၏ ထိန်းချုပ်ခြင်းကို ခံနေရခြင်း ဖြစ်သည်။ ဤသည်မှာ ခိုင်မာသည့် အမှန်တရားတစ်ခု ဖြစ်သည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ အလုပ်လုပ်ပြီး ဟောပြောသည့်အခါ သခင်၏နှုတ်ကပတ်တော်ကို ရှင်းပြခြင်း သို့မဟုတ် သက်သေခံခြင်းများ၊ သို့မဟုတ် ဘုရားသခင်၏ အမှုတော်နှင့် သမ္မာကျမ်းစာထဲက သူ့၏စိတ်နေသဘောထားကို သက်သေခံခြင်းများကို မည်သည့်အခါမျှ အာရုံမစိုက်ကြပါ။ သူတို့က သမ္မာကျမ်းစာထဲက လူ၏စကားများကို ရှင်းပြဖို့ကို အာရုံစိုက်ကြပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အစားထိုးဖို့ သမ္မာကျမ်းစာထဲက လူ၏စကားများကိုသုံးပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို မဆီလျော်အောင်လုပ်ကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကနေ လူများဝေးနေသည့် အချိန်မှာ လူ၏စကားများနောက်ကို လိုက်အောင်လုပ်ခဲ့သည်။ ထို့အပြင် သူတို့က သမ္မာကျမ်းဆိုင်ရာအသိပညာနှင့် ဘာသာရေးယုံကြည်မှုဆိုင်ရာ အယူအဆများကိုလည်း အာရုံစိုက်ပြီး သမ္မာကျမ်းစာထဲက ဇာတ်ကောင်များ၊ သမိုင်းနောက်ခံ အစရှိတာများကို ရှင်းပြကြသည်။ သူတို့က တခြားသူများကို ကြွားဖို့နှင့် သူတို့ကို ကိုးကွယ်ဖို့ ဤအရာများကို ရှင်းပြကြပြီး၊ လူများကို ဘုရားသခင်ကို ဆန့်ကျင်ကာ လူကို ကိုးကွယ်၊ လူ၏နောက်ကိုလိုက်သည့် လမ်းပေါ်ကို ခေါ်သွားကြသည်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလ၏ သူ၏ အမှုတော်ကို လုပ်ဖို့ လာသည့်အခါ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြင်းပြင်းထန်ထန် ရှုတ်ချ ဆန့်ကျင်ပြီး လူများ စစ်မှန်သည့်လမ်းကို ရှာဖွေ၊ စူးစမ်းလေ့လာခြင်းကို ကန့်သတ် ပိတ်ဆို့ဖို့ သူတို့လုပ်နိုင်သည့် အရာများအားလုံး လုပ်ကြသည်။ လူများ အနန္တတန်ခိုးရှင် ဖော်ပြထားသည့် သမ္မာတရားကို လက်ခံခြင်းမှနေ တားမြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ထောက်ပံ့ခြင်းကို လက်ခံခွင့်မပေးကြ။ သူတို့က လူများကို သူတို့၏အတွေးမှားအမျိုးမျိုးနှင့် သူတို့၏ အတွေးအမြင်အယူအဆများကို လက်ခံခွင့်ပေးသည်။ ထို့ကြောင့် လူများက ဖာရိရှဲများနှင့် အန္တိခရစ်များ ထိန်းချုပ်ထားသည့် ဘာသာရေးနယ်ပယ်များက ဘုရားသခင်ကို ယုံကြည်သည့်အခါနှင့် ဘာသာရေး ဖာရိရှဲများ၏ သင်ကြားတာများကို လက်ခံသည့်အခါ သူတို့၏ အတွေးအခေါ်များ၊ အမြင်များ၊ ရွေးချယ်မှုများနှင့် ရရှိသည့် စွမ်းရည်များက သူတို့၏ လွှမ်းမိုးခြင်းနှင့် ထိခိုက်ခြင်းများ အားလုံးကိုခံရသည်။ သူတို့က အတွင်းထဲမှာ အလိုလို မှောင်သထက်မှောင်လာပြီး ဘုရားသခင်နှင့် တသီးတခြားဖြစ်လာကြသည်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ့၏အမှုတော်ကို လုပ်ဖို့ လာသည့်အခါ သူတို့က ဘာသာရေး ဖာရိရှဲများနှင့် အန္တိခရစ်များ၏ ထွက်၍ မရအောင်လုပ်ထားသည်နှင့် ထိန်းချုပ်ခြင်းများခံရသောကြောင့် သူတို့က ဘုရားသခင်၏ တကယ့် ဖွင့်ဆိုချက်များကို မကြားနိုင်တော့ပါ၊ သို့မဟုတ် ဘုရားသခင်၏ ပလ္လင်ကနေ စီးဆင်းလာသည့် အသက်၏ အသက်ရှင်သည့်ရေ ထောက်ပံထားသည်ကို မခံယူနိုင်တော့ပါ။ ထိုနည်းနှင့်၊ နောက်ဆုံးသောကာလ၏ ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိဖို့ သူတို့ တတ်နိုင်တော့မည်မဟုတ်ပါ။ ပိုကြောက်စရာကောင်းသည်မှာ လူများက ဘာသာတရားထဲက ဘုရားသခင်ကို ယုံကြည်သော်လည်း သူတို့က လူများ၊ အန္တိခရစ်များ၏ နောက်ကိုလိုက်တာဖြစ်ပြီး သူတို့လျှောက်သည့်လမ်းက ဖာရိရှဲများနှင့် အန္တိခရစ်များ၏လမ်း ဖြစ်နေသည်။ သိပ်မကြာမီတွင်၊ သူတို့က ဖာရိရှဲများဆီကို အလိုလို ပြန်လှည့်မည်ဖြစ်သည်။ ဤသို့နှင့် သူတို့က ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်ကို ဝင်ပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်သည့်လူများ မည်ကဲ့သို့လုပ်ပြီး ဖြစ်လာနိုင်မည်နည်း။ ၎င်းမှာ မဖြစ်နိုင်သည်မှာ အသေအချာဖြစ်သည်။ ယခု ဘာသာရေး လောက၏ အနှစ်သာရက နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကြောင့် သေသေချာချာကို ထုတ်ဖော်ခံနေရခြင်းဖြစ်သည်။ ဘာသာရေးလောကက ကောင်းကင်နိုင်ငံ မဟုတ်ပါ။ ဤသည်မှာ အန္တိခရစ်များ၏ အသိုက်ဟောင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ခုခံတော်လှန်သည့် ခိုင်မာသည့် ခံတပ်တစ်ခု၊ ဘုရားသခင်ကို ဆန့်ကျင်သည့် ဆိုးယုတ်သည့် နိုင်ငံတစ်ခုဖြစ်သည်။ ထို့ကြောင့် လူများက ဘာသာရေးထဲက ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရဖို့ မတတ်နိုင်ပါ။ သူတို့က သမ္မာတရားကို ချစ်မြတ်နိုးသည့်သူများဖြစ်နေလျှင်ပင်၊ နောက်ဆုံးသော ကာလ၏ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်မခံ သောကြောင့်၊ နောက်ဆုံးသောကာလ ခရစ်တော် ဖော်ပြသည့် နှုတ်ကပတ်တော်၏ ထောက်ပံ့ခြင်းကို ရနိုင်မည်မဟုတ်ဘဲ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကိုလည်းရနိုင်မှာ မဟုတ်ပါ။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ယခင်က:မေးခွန်း ၃၆- ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘာသာရေးလောကတွင် သြဇာအာဏာ ကိုင်စွဲကြပြီး လူအများစုက သူတို့ကို နာခံကာ နောက်လိုက်ကြသည်။ ဤသည်မှာ အမှန်တရားဖြစ်၏။ သင်တို့က ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အသိအမှတ်မပြုကြ၊ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသော သမ္မာတရားကို သူတို့ မယုံကြည်ကြသလို၊ ဖာရိရှဲတို့၏ လမ်းကြောင်းကို သူတို့ လျှောက်နေကြသည်ဟု ဆိုသည်၊ ဤအချက်အပေါ် ကျွန်ုပ်တို့ လက်ခံပါသည်။ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများအားလုံးသည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများ၊ နောက်ဆုံးသော ကာလတွင် ဖော်ထုတ်ခံရသည့် အန္တိခရစ်များအားလုံးဖြစ်ကြပြီး၊ သူတို့၏ နောက်ဆုံး ရလဒ်မှာ ပျက်စီးခြင်းနှင့် ထာဝရပြစ်ဒဏ်ထဲ နှစ်မြှုပ်ဖို့ရန် ဖြစ်သည်ဟု သင်တို့ အဘယ်ကြောင့် ပြောဆိုရပါသနည်း။ ဤသည်မှာ ယခုအချိန်တွင် ကျွန်ုပ်တို့ လက်မခံနိုင်သည့် အရာတစ်ခု ဖြစ်ပါသည်။ ဤလူတို့ ကယ်တင်မခံရနိုင်သလို ပျက်စီးခြင်းနှင့် ထာဝရပြစ်ဒဏ်ထဲ သူတို့အားလုံး နှစ်မြှုပ်လိမ့်မည်ဟူသည့် ဤအခိုင်အမာ ပြောဆိုချက်အတွက် သင်တို့၏ အခြေပြုချက်အပေါ် ကျေးဇူးပြုပြီး ဆွေးနွေးပေးပါ။

နောက်တစ်ခုသို့:မေးခွန်း ၃၈- လတ်တလော နှစ်များတွင်၊ ဘာသာရေးလောကထဲရှိ ဂိုဏ်းဂဏအမျိုးမျိုးက ခြောက်ကပ်မှု ပို၍တိုးလာကြသည်၊ လူတို့သည် သူတို့ တစ်ချိန်က ရှိခဲ့ကြသည့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမျိုး ဆုံးရှုံးခဲ့ကြပြီး အရင်ထက် ပို၍ အပျက်သဘောဆောင်ပြီး အားနည်းလာနေကြသည်။ ကျွန်ုပ်တို့အားလုံးသည်လည်း စိတ်ဝိညာဉ် ညိုးနွမ်းမှုကို ခံစားခဲ့ရသည်၊ ဟောပြောဖို့ မည်သည့်အရာမျှ မကျန်ရှိသလို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကျွန်ုပ်တို့အားလုံး ဆုံးရှုံးခဲ့ကြသည်ဟု ခံစားခဲ့ရသည်။ ဘာသာရေး လောကတစ်ခုလုံးသည် အဘယ်ကြောင့် မျှော်လင့်အားရဖွယ်မရှိ ဖြစ်ရပါသနည်းဟု ကျွန်ုပ်တို့ မေးချင်ပါသည်။ ယင်းသည် ဘုရားသခင်၏ စက်ဆုပ်မှုကို အမှန်တကယ် ခံရပါသလား၊ ယင်းသည် အမှန်တကယ် ဘုရားသခင်၏ ဘေးဖယ်ထားခြင်း ခံရပါသလား။ ဘာသာရေး လောကအတွက် ဗျာဒိတ်ကျမ်းထဲရှိ ဘုရားသခင်၏ စီရင်ခြင်း နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ မည်သို့ နားလည် သင့်ပါသနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ