အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၈၉။ အဆင့်အတန်း၏ အချုပ်အနှောင်များကို စွန့်ပစ်လိုက်ပြီးနောက်တွင် များစွာပို၍ ပေါ့ပါးသည်ကို ကျွန်တော် ခံစားရသည်

လျန်ကျီ၊ အန်းဟွေ ပြည်နယ်

ကျွန်တော့် နာမည် လျန်ကျီဖြစ်ပြီး နောက်ဆုံးသော ကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို လွန်ခဲ့သော ခြောက်နှစ်က ကျွန်တော် လက်ခံခဲ့ပါသည်။ တစ်ကြိမ်၊ ကျွန်တော်တို့အသင်းတော်က အဖွဲ့ဝင်များသဘောကျစီမံသော ရွေးကောက်ပွဲတစ်ခုတွင်၊ အသင်းတော် ခေါင်းဆောင်အဖြစ် ကျွန်တော် အရွေးခံခဲ့ရပြီး ဤသတင်းက ကျွန်တော့်အတွက် မမျှော်လင့်ခဲ့သလို စိတ်လှုပ်ရှားစရာလည်း ဖြစ်ခဲ့သည်။ ကျွန်တော်က၊ “ညီအစ်ကို မောင်နှမတွေအားလုံးကြားမှာ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရပြီး အသင်းတော်အလုပ်အားလုံးအတွက် တာဝန်ယူဖို့ဆိုတာ ငါက တခြားလူတိုင်းထက် ပိုတော်တာကို ပြတာပဲ” ဟု ကိုယ့်ကိုယ်ကိုယ် တွေးခဲ့သည်။ ဤအရာကို ကျွန်တော် တွေးသည့်အခါ၊ ကျွန်တော့် စိတ်နှလုံး၏ နက်ရှိုင်းသောနေရာတွင် အများထက်သာခြင်း ခံစားမှုတစ်ခုက စတင်အမြစ်တွယ်ခဲ့သည်။ ကျွန်တော်သည် အနီးအနားတွင် ဂုဏ်ယူဝင့်ကြွားမှုဖြင့် စတင်၍ ဟန်ပါပါလျှောက်ပြီး ညီအစ်ကို မောင်နှမများနှင့် ဝတ်ပြုအစည်းအဝေးများတွင် အားအင်များဖြင့် ပြည့်နေခဲ့သည်။ သို့သော် တစ်ခဏကြာပြီးနောက်၊ ကျွန်တော့်တာဝန်ကို အတူလုပ်သည့် ညီအစ်မသည် အရည်အချင်းကောင်းတစ်ခု ရှိပြီး သမ္မာတရားအကြောင်းကို အတွေးအမြင်ရှင်းသည့် နည်းဖြင့် မိတ်သဟာယပြုသည်ကို ကျွန်တော် သတိထားမိခဲ့သည်။ ညီအစ်ကို မောင်နှမများ ဖြစ်ပေါ်စေသည့် မည်သည့်ပြဿနာကိုမဆို အရင်းအမြစ်ကို သူ သဘောပေါက်နိုင်ခဲ့ပြီး ယင်းကို မည်သို့ဖြေရှင်းရန် သူတို့နှင့်အတူ မိတ်သဟာယပြုနိုင်သလို လက်တွေ့လုပ်ဆောင်ရမည့် နည်းလမ်းကို ပြနိုင်လေသည်။ သူ မိတ်သဟာယပြုပေးသည်ကို ညီအစ်ကို မောင်နှမများအားလုံးက ကြားချင်ကြသည်။ဤ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရသည့်အခါ သူမကို ကျွန်တော် စတင်မနာလိုဖြစ်ပြီး အားကျမိခဲ့သည်။ ကိုယ့်ထက် သာသည်ကို ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဝန်ခံဖို့ မလိုလားသောကြောင့် အစည်းအဝေးအသီးသီးမတိုင်ခင်တွင်၊ ညီအစ်ကို မောင်နှမများ၏ အခြေအနေများ၊ ပြဿနာများနှင့် ဆက်နွယ်၍ ဂရုတစိုက် ပြင်ဆင်မှုများကို ကျွန်တော် ပြုလုပ်ခဲ့သည်။ ပြီးလျှင် ကျွန်တော့် ညီအစ်မထက် ပိုမိုပြည့်စုံ၊ ပိုမို ဉာဏ်အလင်းပေးသည့် နည်းဖြင့် မည်သို့ မိတ်သဟာယပြုရမည်ကို ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့သည်။ ကျွန်တော် မိတ်သဟာယပြုပေးပြီးသည့်နောက်၊ ညီအစ်ကို မောင်နှမများက သူတို့၏ ခေါင်းများ ညိတ်ကြသည်ကို မြင်ရသည့်အခါ၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အလွန်ကျေနပ်ပြီး အလွန်စိတ်ချမ်းသာခဲ့သည်။ ညီအစ်ကိုမောင်နှမတို့က ဟက်ဟက်ပက်ပက်မရှိသည့် ပုံစံဖြင့် တုံ့ပြန်သည်ကို ကျွန်တော် မြင်ရလျှင် ကျွန်တော်သည် စိတ်ဓာတ်ကျပြီး အားမလိုအားမရဖြစ်သည်။ နောက်ပိုင်းတွင်၊ ကျွန်တော့်တာဝန်ကို အတူဆောင်ရွက်သည့် ညီအစ်ကိုက ရုပ်ရှင်ဖန်တီးမှုအကြောင်း အတော်များများ သိထားပြီး ကွန်ပြူတာ ကျွမ်းကျင်သည်ကို ကျွန်တော် သိခဲ့ရသည်။ ညီအစ်ကို မောင်နှမများက ရုပ်ရှင်ရိုက်သည့်အခါ သူတို့ ကြုံရသည့် အတတ်ပညာဆိုင်ရာ ပြဿနာများကို ဆွေးနွေးဖို့ သူ့ကို ထွက်ရှာကြသည်ကို ကျွန်တော် မြင်ရသည့်အခါ၊ ကျွန်တော်တို့ အသင်းတော်၏ စီမံသူတစ်ဦး ဖြစ်စေကာမူ ကျွန်တော်သည် စကားပြောခွင့်မရနိုင်သလို ခံစားရသည်။ ချန်ထားခံရသည့် လူပိုတစ်ဦးကဲ့သို့ ကျွန်တော် ခံစားခဲ့ရသည်။ကျွန်တော် တကယ်ကို စိတ်မသက်မသာနှင့် မပျော်မရွှင်ဖြစ်ခဲ့ရပြီး၊ “ညီအစ်ကို မောင်နှမတွေက သူတို့ ပြဿနာတစ်ခုရှိတဲ့အခါ သူ့ကို အမြဲထွက်ရှာကြတယ်။ဒီတော့ သူတို့က သူ့ကို ငါ့ထက် တော်တယ်လို့ ထင်ကြတာလား။ ရုပ်ရှင်ဖန်တီးမှုနဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုတွေကို ငါလည်း နားလည်နိုင်ရင် သိပ်ကောင်းမှာပဲ။ အဲဒီလိုဆိုရင် ညီအစ်ကို မောင်နှမတွေက သူတို့ ပြဿနာတစ်ခုရှိတဲ့အခါ ငါ့ကို အစားထိုး ထွက်ရှာကြမှာပဲ” ဟု တွေးခဲ့သည်။ ထို့ကြောင့်၊ နေ့တိုင်း အာရုဏ်တက်မှ နေဝင်ချိန်အထိ ဆက်နွယ်သည့် သတင်းအချက်အလက်များကို ရှာဖွေပြီး ရုပ်ရှင်များ ဖန်တီးပုံနှင့်ပတ်သက်သည့်အရာအားလုံးကို ကျွန်တော် လေ့လာခဲ့သည်။ အဆင့်အတန်းဖို့အလို့ငှာ ကျွန်တော် သဲကြီးမဲကြီး လုပ်ဆောင်နေစဉ်တွင် အသင်းတော်ထဲက အဖွဲ့တိုင်း၏ အလုပ်တွင် ပြဿနာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျွန်တော် ဝတ်ပြုအစည်းအဝေးများကို မည်မျှ ကျင်းပသည်ဖြစ်စေ သို့မဟုတ် မည်မျှ မိတ်သဟာယပြုပါစေ၊ လုံးဝ အကြောင်းမထူးခဲ့ပါ။ အလွန်များသော ဖိစီးမှုအောက် ကျွန်တော် ရောက်ခဲ့သည်မှာ ကျွန်တော် အသက်မရှုနိုင်သည်အထိ ဖြစ်ပြီးအလွန်အမင်း စိတ်ဆင်းရဲခဲ့ရသည်။ ကျွန်တော်က၊ “ငါ့ ညီအစ်ကို မောင်နှမတွေကငါ့ကို ဘယ်လိုထင်ကြမလဲ။ ခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့်၊ အလုပ်အတွက် ပင်ကိုအရည်အချင်းမရှိဘူး။ ပြီးတော့ ဒီတာဝန်ကိုလုပ်ဖို့ အရည်အချင်းကို မပြည့်မီတာလို့ ထင်ကြမလား။ ကြည့်ရတာ ခေါင်းဆောင်ရာထူးကို ငါ သိပ်ကြာကြာ မထိန်းနိုင်မယ့်ပုံပဲ” ဟု ကိုယ့်ကိုယ်ကိုယ် တွေးမိခဲ့သည်။ ယင်းကို ကျွန်တော် ပိုတွေးလေ၊ အပျက်သဘော ကျွန်တော် ပိုဆောင်လာခဲ့ပြီး ကျွန်တော့်၏ ဖြစ်တည်မှုတစ်ခုလုံးက လေလျော့သွားသည့် ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်လေသည်။ ယခင်က ကျွန်တော် ခံစားခဲ့ရသည့် အားအင်က လုံးဝကုန်ဆုံးသွားသည်။ နောက်ဆုံးတွင် အပျက်သဘောဆောင်ခြင်းထဲ၌ ကျွန်တော် စဉ်ဆက်မပြတ် အသက်ရှင်ခဲ့ပြီး ကျွန်တော့် အလုပ်တွင် ပေါ့ဆလာခဲ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ကျွန်တော် ဆုံးရှုံးခဲ့ပြီး ကျွန်တော့်တာဝန် ဆောင်ရွက်ရာတွင် အစစ်အမှန် မည်သည့်အရာမျှ မရရှိခဲ့ပါ။ ထို့ကြောင့် ကျွန်တော် အစားထိုးခံခဲ့ရပါသည်။ ထိုအခိုက်အတန့်တွင်၊ ကျွန်တော့်အပေါ် အများကယုံကြည်လက်ခံနိုင်မှုအားလုံးကို ကျွန်တော် ဆုံးရှုံးသွားသကဲ့သို့ ခံစားခဲ့ရပြီး ကျွန်တော် မြေအမျိုခံလိုက်ချင်ခဲ့သည်။ တစ်ချိန်တည်းတွင်၊ “ငါ့ကွယ်ရာမှာ ငါ့ညီအစ်ကို မောင်နှမတွေက ငါ့အကြောင်းကို ပြောကြပြီး ငါက အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ပဲ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်ပဲ ငါ ကြိုးပမ်းပြီး တကယ့်အလုပ်တစ်ခုတစ်လေမှ ငါ မလုပ်ဘူးလို့ ပြောနေကြမလား” ဟု ကျွန်တော် တွေးခဲ့သည်။ ဤအရာကို ကျွန်တော် ပိုတွေးလေလေ၊ ကျွန်တော် ခံစားရသည့် နာကျင်မှုက ကျွန်တော့် နှလုံးသားကို ပိုမိုခြုံလွှမ်းခဲ့ပြီး၊ အပြစ်တင်သည့် အသံများစွာက ကျွန်တော့်နားထဲတွင် ပဲ့တင်ထပ်နေသကဲ့သို့ ဖြစ်ခဲ့သည်...။

ထိုညနေတွင် အိပ်ရာပေါ် လူးကာ လိမ့်ကာဖြင့် ကျွန်တော် လဲလျောင်းပြီး တစ်မှေးမျှ အိပ်မရနိုင်ပါ။ ကျွန်တော် လုပ်နိုင်သမျှမှာ ကျွန်တော့်ကို လမ်းပြပြီး ဦးဆောင်ဖို့ ဘုရားသခင်ထံ ခေါ်ဆိုရင်း အကြိမ်ကြိမ် ဆုတောင်းဖို့သာ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဤနှုတ်ကပတ်တော်များကို ကျွန်တော် တွေ့ခဲ့ရပါသည်။ “သင်တို့ ကြိုးစားရာတွင် သင်တို့ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော တပ်မက်မှုအလိုဆန္ဒများကို ရိုက်နှက်ဆုံးမရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ ရာထူးအဆင့်အတန်းအတွက် တပ်မက်မှု နှင့် အယူအဆများအားလုံးသည် စာတန်နှင့်သက်ဆိုင်သော စိတ်သဘောထား၏ ရှိရိုးရှိစဉ် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ထိုအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်ထံမှ ယင်းစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မပယ်ရှားနိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုဒုစရိုက်အကြားတွင် အသက်ရှင်နေကြသော်လည်း ၎င်းအား မကောင်းမှုဒုစရိုက်ဟူ၍ မယုံကြည်ကြဘဲ ၎င်းတို့သည်၊ ‘ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်် သူသည် ငါတို့အပေါ် ကောင်းချီးမင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးလိမ့်မည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ ရာထူးအဆင့်အတန်းနှင့် အခြားသူများထက်ပိုသော အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကိုပေးရမည်။ ထိုသို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်နိုင်လိမ့်မည် မဟုတ်’ ဟူ၍ ယုံကြည်ကြသည်။...သင်တို့သည် ယခု နောက်လိုက်များဖြစ်ပြီး သင်တို့သည် ဤအမှု၏အဆင့်အကြောင်းကို အနည်းငယ် နားလည်ကြသည်။ သို့သော်လည်း သင်တို့သည် ရာထူးအဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုအလိုဆန္ဒကို ဘေးချိတ်ထားခြင်း မရှိသေးပါ။ သင်တို့၏ ရာထူးအဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း သင်တို့၏ ရာထူးအဆင့်အတန်း နိမ့်သည့်အခါ သင်တို့ ဆက်၍ မကြိုးစားကြတော့ပေ။ ရာထူးအဆင့်အတန်း၏ ကောင်းချီးမင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။ လူအများစုသည် အနုတ်လက္ခဏာထဲမှ အဘယ်ကြောင့် မထွက်လာနိုင်ကြသနည်း။ ၎င်းမှာ စိတ်ပျက်ဖွယ်ရာ တက်လမ်းများကြောင့် အမြဲတစေ ဖြစ်ခြင်း မဟုတ်သလော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို ဝေငှသည်နှင့်တစ်ပြိုင်နက် သင်တို့သည် သင်တို့၏ ရာထူးအဆင့်အတန်းနှင့် သင်တို့ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာမှာ မည်သည့်အရာ ဖြစ်ကြောင်းကို သင်တို့ အလောတကြီး ကြည့်ကြသည်။ သင်တို့သည် ရာထူးအဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာကို အဓိကနေရာတွင် ထားကြပြီး ရူပါရုံမှာ ဒုတိယနေရာတွင် ရှိသည်။ တတိယနေရာမှာ သင်တို့ ဝင်ရောက်သင့်သော အရာနှင့် စတုတ္တနေရာမှာ ဘုရားသခင်၏ လက်ရှိ အလိုတော် ဖြစ်သည်။ သင်တို့အတွက် ဘုရားသခင် ပေးသော နာမည်ဂုဏ်ပုဒ်ဖြစ်သည့် ‘အဖြည့်ခံများ’ မှာ ပြောင်းလဲခြင်း ရှိ မရှိ သင်တို့ ဦးစွာပထမ ကြည့်ကြသည်။ သင်တို့ အဖန်တလဲလဲ ဖတ်ရှုကြပြီး ‘အဖြည့်ခံ’ ဟူသော နာမည်ဂုဏ်ပုဒ်ကို ဖယ်ရှားလိုက်ကြောင်းကို သင်တို့ မြင်သည့်အခါ သင်တို့ ပျော်ရွှင်ကာ ဘုရားသခင်ကို အဆက်အပြတ် ကျေးဇူးတင်ကြသည်၊ သူ၏ ကြီးမြတ်သော တန်ခိုးတော်ကို ချီးမွမ်းကြသည်။ သို့သော်လည်း သင်တို့သည် အဖြည့်ခံများ ဆက်ဖြစ်နေသေးကြောင်းကို သင်တို့ ရိပ်ခနဲမြင်သည့်အခါ သင်တို့သည် ဝမ်းနည်းကာ ချက်ချင်းဆိုသလို သင်တို့၏ စိတ်နှလုံးထဲတွင် လှုံ့ဆော်မှု တစ်စုံတစ်ရာမျှ မရှိတော့ပေ။ ဤနည်းလမ်းကို သင်ရှာဖွေလေ အနည်းငယ်သာ ရိတ်သိမ်းရလေ ဖြစ်လိမ့်မည်။ ရာထူးအဆင့်အတန်းအတွက် လူတစ်ဦး၏ တပ်မက်မှုအလိုဆန္ဒ ပို၍ကြီးမားလေ ၎င်းတို့အား ပို၍ပြင်းထန်စွာ ရိုက်နှက်ဆုံးမရန် လိုလေဖြစ်ပြီး ၎င်းတို့သည် ပို၍ကြီးသော စစ်ဆေးခြင်းကို ကျော်ဖြတ်ရလေ ဖြစ်သည်။ ထိုသို့သော လူအမျိုးအစားသည် အလွန် အသုံးမကျသောသူ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ထိုအရာကို လုံးလုံးလျားလျား လက်လွှတ်ရန်အတွက် ၎င်းတို့အား လုံလောက်စွာ ရိုက်နှက်ဆုံးမကာ တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤလမ်းကို အဆုံးတိုင်အောင် လိုက်စားပါက သင်မည်သည့်အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများကို သဏ္ဌာန်ပြောင်းလဲ၍ မရနိုင်ပါ၊ သမ္မာတရားကို မဆာငတ်သော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ တစ်ကိုယ်ရေ သဏ္ဌာန်ပြောင်းလဲခြင်းကို လိုက်စားရန်နှင့် ထိုထဲ ဝင်ရောက်ရန် သင်အာရုံမစိုက်ပေ၊ သင်သည် လွန်ကဲသော ထိုတပ်မက်မှုအလိုဆန္ဒများ နှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်စေပြီး သူနှင့် နီးကပ်စေရန် ချုပ်တည်းထားသော အရာများအပေါ် အမြဲတစေ အာရုံစိုက်လျက်ရှိသည်။ ထိုအရာများသည် သင့်အား သဏ္ဌာန်ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် အလိုမရှိသနည်း”) “လူအချို့သည် သူတို့၏ ထင်ရှားကျော်ကြားမှုကို အခြားသောသူများက ခိုးယူသွားပြီး မိမိတို့ကိုယ်တိုင် မသိကျိုးကျွန်ပြုခံရစဉ်၊ ထိုသူတို့ကအသိအမှတ်ပြုခြင်းကို ရရှိလျက် သူတို့ထက်သာလွန်မည်ကို အမြဲစိုးရိမ်ကြ၏။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိကိုယ်ကိုယ်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်းနှင့် အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြဘဲ မိမိ၏ ကိုယ်ပိုင် အကျိုးများအကြောင်းကိုသာ စဉ်းစားပြီး ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း - ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိလျှင်၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ တစ်စုံတစ်ဦးကို သင်၏ ထောက်ခံချက်ပေးပြီး ထိုလူသည် ပါရမီရှိသည့် တစ်ဦးတစ်ယောက်အဖြစ် ဖြစ်ထွန်းလာခဲ့လျှင်၊ ထိုသို့အားဖြင့် ဘုရားအိမ်တော်ထဲသို့ ပါရမီရှိသည့် လူတစ်ဦးကို ခေါ်ဆောင်လာခြင်းဖြင့် သင်သည် သင်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးခဲ့လိမ့်မည် မဟုတ်လော။ ထိုသို့ဖြစ်လျှင် သင်သည် သင်၏တာဝန်ကို ဆောင်ရွက်ရာတွင် သစ္စာရှိခဲ့လိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ရှေ့တွင် ကောင်းမြတ်သော လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားများ ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားမျိုး ဖြစ်၏။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သောစိတ်နှလုံးကို ဘုရားသခင်ထံလှည့်ပြီးသည့်အခါမှ သမ္မာတရားကို သင်ရနိုင်မည်”) အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို ရှာဖွေလိုက်စားသည့် ကျွန်တော့်၏ အတွင်းပိုင်း အနှစ်သာရကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်ခဲ့ပြီး ကျွန်တော် အလွန်အမင်း စိတ်ပျက်ခံစားခဲ့ရသည်။ ကျွန်တော်၏ အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်တော် စတင်ဆောင်ရွက်ကတည်းက၊ စိတ်အားထက်သန်စွာ ကိုယ့်ကိုယ်ကိုယ် အမြဲအသုံးတော်ခံခဲ့သည်။ ထို့ကြောင့် သမ္မာတရားကို ရှာဖွေလိုက်စားသူတစ်ဦးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ကျွန်တော် ယုံကြည်ခဲ့သည်။ သို့သော် ယခုတွင် ကျွန်တော့်ထံသို့ အမှန်တရားများ ထုတ်ဖော်ပြသပြီးသောအခါ၊ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ရင်ဆိုင်ရပြီးသောအခါ ကျွန်တော်၏ ဘုရားသခင်၌ ယုံကြည်ခြင်းထဲက ညစ်ညမ်းမှုများကို နောက်ဆုံးတွင် ကျွန်တော် မြင်ခဲ့ရသည်။ ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယပြုဖို့ ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့် စည်းဝေးကြသည့်အကြိမ်တိုင်းတွင်၊ အယောက်တိုင်း ဘုရားနှုတ်ကပတ်တော်များထဲက သမ္မာတရားကို နားလည်နိုင်ဖို့၊ ဘုရားသခင်၏ အလိုတော်ကို နားလည်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်အလို့ငှာ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိဖို့ရန်အတွက် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံဖို့ရန် ကျွန်တော် မလုပ်ဆောင်ခဲ့ပုံကို ကျွန်တော် ဆင်ခြင်သုံးသပ်မိခဲ့ပါသည်။ ယင်းအစား၊ သူတို့၏ စိတ်နှလုံးများထဲတွင် ကျွန်တော့် ကိုယ်ပိုင်ပုံရိပ်ကို တည်ထောင်ပြီး နောက်ထပ် ကျွန်တော့်ကိုယ်ပိုင် ရာထူးကို တည်ငြိမ်စေဖို့ ကြိုးစားရာတွင်၊ ကျွန်တော့် ညီအစ်မထက် ကျွန်တော် မည်သို့ ပိုတော်အောင်လုပ်မည်၊ ညီအစ်ကို မောင်နှမများကို ကျွန်တော်နှင့် မည်သို့ သဘောတူစေမည်၊ ကျွန်တော့်ကို မည်သို့ လေးစားစေမည်ဆိုသည့် တွေးတောခြင်း၌ ကျွန်တော့်အားအင်အားလုံးကို ကျွန်တော် အသုံးပြုခဲ့သည်။ ကျွန်တော့် ညီအစ်ကိုက ကျွန်တော့်ထက် ပညာအားဖြင့် ပိုတတ်စွမ်းနိုင်ပြီး ညီအစ်ကို မောင်နှမများအားလုံးက သူတို့ ပြဿနာများ ရှိသည့်အခါ ရှာဖွေဖို့နှင့် သူနှင့် မိတ်သဟာယပြုဖို့ သူ့ကို ထွက်ရှာကြပြီး ကျွန်တော့်မှာ အခွင့်အရေးမရခဲ့သည့်အခါ၊ ကျွန်တော် သူ့ကို မနာလိုဖြစ်မိခဲ့ပြီး သူ့ကို ဖယ်ကြဉ်မိခဲ့သည်။ ကျွန်တော့်၏ အခွင့်အလမ်းကို သူခိုးယူပြီး ကျွန်တော့်ကို မစွမ်းသာဖြစ်ကျန်ရစ်စေမည်ကို ကျွန်တော် စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော့်ရာထူး ခိုင်မာလာစေဖို့ရန်အလို့ငှာ ပရိုဖက်ရှင်နယ်ကျသည့် အသိပညာများဖြင့် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့သည်။ အသင်းတော်တွင် ကျွန်တော်မဖြေရှင်းနိုင်သည့် ပြဿနာတစ်ခု ရှိသည့်အခါ၊ ဆုတောင်းဖို့ ဘုရားသခင်ရှေ့ ကျွန်တော် မလာခဲ့ဘဲ၊ ဘုရားသခင်အပေါ် ကျွန်တော် မမှီခိုခဲ့သလို ဘုရားသခင်ကို မမျှော်ကိုးခဲ့ပါ။ ပြီးလျှင် ပြဿနာကို ဖြေရှင်းဖို့ ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့်အတူ သမ္မာတရားကို ကျွန်တော် မရှာဖွေခဲ့ဘဲ၊ ယင်းအစား ကျွန်တော့် အဆင့်အတန်းအတွက် အကျိုးအမြတ်များ၊ ဆုံးရှုံးမှုများနှင့်ဆိုင်သော အတွေးများဖြင့် လွှမ်းမိုးလျက် နေ့တိုင်း ကုန်ဆုံးခဲ့ပြီး၊ ကျွန်တော် ကောင်းကောင်းမလုပ်လျှင် ခေါင်းဆောင်အဖြစ် ကျွန်တော့်ရာထူးကို ထိန်းနိုင်လိမ့်မည်မဟုတ်သည်ကို ကျွန်တော် စိုးရိမ်ခဲ့သည်။ သမ္မာတရားကို ရှာဖွေဖို့နှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကျွန်တော့်တာဝန်ကို ကျွန်တော် ဆောင်ရွက်မနေခဲ့သလို၊ ကျွန်တော့်တာဝန်ကို ကျွန်တော် ဆောင်ရွက်ချိန်တွင် ကျွန်တော့် စိတ်သဘောထားထဲက ပြောင်းလဲမှုကို ကျွန်တော် ရှာဖွေမနေခဲ့သည်ကို တွေ့ခဲ့ရသည်။ ယင်းအစား၊ ကျွန်တော့်တာဝန်ကို အသက်မွေးမှုလုပ်ငန်းတစ်ခုကဲ့သို့ ကျွန်တော် သဘာထားနေခဲ့ပြီး လူအုပ်ထဲမှ ထင်ပေါ်ဖို့ နှင့် ကိုယ့်ကိုယ်ကိုယ်အတွက် နာမည်တစ်ခု ဖန်တီးဖို့ အသုံးပြုနိုင်သည့် တန်ဆာပလာတစ်ခုကဲ့သို့ ကျွန်တော် ယူမှတ်နေခဲ့သည်။ ကျွန်တော် တွေးခဲ့သမျှမှာ လူတိုင်းထံမှ လေးစားမှုနှင့် အသိအမှတ်ပြုခြင်းကို ရရှိဖို့၊ အခြားသူတိုင်း၏ အထက် မြင့်မြင့်ထိုးထွက်ဖို့ ကျွန်တော့် ရည်မှန်းချက်များနှင့် စိတ်ဆန္ဒတို့ကို ဖြည့်ဆည်းဖို့ရန် ကိုယ့်ကိုယ်ကိုယ် မည်သို့ ကြွားဝါပြီး သက်သေပြရမည်တို့ ဖြစ်သည်။ ကျွန်တော့် တာဝန်ကို ဆောင်ရွက်ရာတွင် ကောင်းသော လုပ်ရပ်များကို ကျွန်တော် လုံးဝသိုထားမနေခဲ့ဘဲ၊ ယင်းအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်သာ ကျွန်တော် လုံးဝ အသက်ရှင်နေခဲ့ပါသည်။

ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရှုခဲ့ရပါသည်။ “ငါသည် လူတစ်ဦးစီ၏ ခရီး လမ်းဆုံးကို အသက်၊ အဆင့်မြင့်မှု၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအဖြစ် သူတစ်ပါးမှ ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်။ ၎င်းတို့တွင် သမ္မာတရား ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏အလိုကို မလိုက်သောသူတို့အားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်သိရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့”) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ ကိုယ်တော်၏ အလိုတော်ကို ကျွန်တော် နားလည်ခဲ့သည်။ လူတစ်ဦး၏ အဆုံးသတ်ကို ဘုရားသခင် ဆုံးဖြတ်သောအခါ၊ သူ၏ အဆင့်အတန်း မည်မျှ မြင့်သည် နှိမ့်သည်၊ သူတို့၏ ဝါမည်မျှကြီးမားသည်၊ ဘုရားသခင်အတွက် မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် မည်မျှ သူတို့ ဒုက္ခခံစားခဲ့သည် ဆိုသည့်အရာအပေါ် အခြေခံပြီး ထိုသို့ သူမလုပ်ဆောင်ပါ။ ယင်းအစား၊ သူတို့ သမ္မာတရားကို ရှာဖွေလိုက်စားပြီး သမ္မာတရားကို ရရှိသည် မရရှိသည်၊ သူတို့၏ အသက်တာ စိတ်သဘောထား ပြောင်းလဲသည် မပြောင်းလဲသည်တို့အပေါ် အခြေခံပြီး ဘုရားသခင်က လူတစ်ဦး၏ အဆုံးသတ်ကို ဆုံးဖြတ်ပါသည်။ ဘုရားသခင်ကို နှစ်အတော်ကြာ ကျွန်တော် ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း သမ္မာတရားကို ရှာဖွေလိုက်စားရာတွင် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရာတွင် ကျွန်တော်သည် မည်သည့်အားထုတ်မှုကိုမျှ အမှန်တကယ် လုပ်ဆောင်ခြင်း လုံးဝမရှိခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို စဉ်ဆက်မပြတ် ကျွန်တော် ရှာဖွေလိုက်စားခဲ့ပြီး လိုက်စားရမည့်အရာအပေါ် ကျွန်တော် ကိုင်စွဲခဲ့သည့် အမြင်များမှာ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် လုံးဝ သဘောကွဲလွဲခဲ့သည်။ ဤအရာအားလုံး၏ အကျိုးဆက်မှာ၊ နှစ်များစွာ ဘုရားသခင်ကို ကျွန်တော် ယုံကြည်ခဲ့ပြီးသော်လည်း၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ကျွန်တော် မည်သို့မျှ မဝင်ရောက်ခဲ့သလို၊ ကျွန်တော့်၏ အသက်တာ စိတ်သဘောထားမှာ လုံးဝ မပြောင်းလဲခဲ့ပါ။ အစည်းအဝေးများတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အတွေ့အကြုံတစ်ခုတစ်လေ သို့မဟုတ် အသိပညာတစ်ခုတစ်လေအကြောင်းကိုမျှ ကျွန်တော် မဆွေးနွေးနိုင်ခဲ့ပါ။ သို့သော် လူတို့ကို လှည့်ဖြားဖို့ ကျမ်းဟောင်းတရားများနှင့် အယူဝါဒအချို့တို့ကိုသာ ကျွန်တော် မကြာခဏ ဟောပြောခဲ့သည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကျွန်တော် ဆုံးရှုံးခဲ့ရပြီး ကျွန်တော့် တာဝန်ကို ဆောင်ရွက်ရာတွင် မည်သည့်အရာကိုမျှ မရရှိခဲ့ပါ။ မှားယွင်းသော လမ်းကြောင်းကို ကျွန်တော် ဆက်လျှောက်ခဲ့လျှင် နောက်ဆုံးတွင် ကျွန်တော် ဖော်ထုတ်ခံရပြီး ဘုရားသခင် သုတ်သင်ဖယ်ရှားသည်ကို ခံရမည်ဖြစ်ကာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ ကျွန်တော့် အခွင့်အရေးကို ကျွန်တော် ဆုံးရှုံးသွားမည်ဖြစ်သည်။ ထိုအရာကို ယခု ကျွန်တော် စဉ်းစားသည့်အခါ၊ အစားထိုးခံရခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်သည်ကို ကျွန်တော် နားလည်ခဲ့ရသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းဖို့ဖြစ်သော ကျွန်တော့်အတွင်းရှိ ရည်မှန်းချက်နှင့် စိတ်ဆန္ဒတို့ကို ကိုင်တွယ်ဖြေရှင်းပြီး သန့်စင်ရန်အလို့ငှာ ထိုအရာကို ဘုရားသခင်က လုပ်ဆောင်ခဲ့ပါသည်။ ပြီးလျှင် သမ္မာတရား ရှာဖွေလိုက်စားခြင်းနှင့်ဆိုင်သော မှန်ကန်သည့် လမ်းကြောင်းပေါ် ကျွန်တော့်ကို သူဦးဆောင်နေခဲ့သည်။ ဘုရားသခင်က ကျွန်တော့်ကို ကယ်တင်နေခြင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်အပေါ် ကျေးဇူးတင်ရှိမှုများဖြင့် ကျွန်တော် ပြည့်နေခဲ့ပြီး ကျွန်တော်သည် မနေနိုင်တော့ဘဲ ဘုရားသခင်ရှေ့သို့ လာရောက်၍ “အို ဘုရားရှင်၊ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အတွက် ၊ ကျွန်တော် မှားယွင်းတဲ့ လမ်းကြောင်းနောက်လိုက်လျှောက်နေတာကို သတိပြုမိဖို့နဲ့ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတို့ကို ရှာဖွေလိုက်စားခြင်းရဲ့ အန္တရာယ်များတဲ့ အကျိုးဆက်တွေကို မြင်တွေ့ဖို့ ကျွန်တော့်ကို အခွင့်ပေးတဲ့အတွက်၊ ကျွန်တော် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ အို ဘုရားရှင်၊ ကျော်ကြားမှု၊ အဆင့်အတန်းနဲ့ အကျိုးအမြတ်တွေကို လက်လွှတ်ဖို့၊ ကိုယ်တော့်ဆီ ပြန်လှည့်လာဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ ကိုယ်တော်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်မှု ဆောင်ကျဉ်းနိုင်ဖို့ သမ္မာတရား ရှာဖွေလိုက်စားခြင်း လမ်းကြောင်းကို လိုက်လျှောက်ဖို့ ကျွန်တော် ရွေးချယ်ပါတယ်” ဟု ဆုတောင်းခဲ့သည်။

ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်ခြင်းနှင့် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်း ကာလတစ်လျှောက်တွင်၊ ကျွန်တော့်၏ အခြေအနေ တဖြည်းဖြည်း တိုးတက်ခဲ့ပြီး ယုံကြည်သူအသစ်များကို ရေလောင်းပေးရန် အသင်းတော်ခေါင်းဆောင်က ကျွန်တော့်အတွက် စီစဉ်ခဲ့သည်။ ကျွန်တော့် တာဝန်ကို ဆောင်ရွက်ဖို့ အခွင့်အရေးတစ်ခု ကျွန်တော့်ကို ပေးသည့်အတွက် ဘုရားသခင်ကို အလွန် ကျေးဇူးတင်မိခဲ့ပြီး ကျွန်တော် တိတ်တဆိတ် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ “ငါ့တာဝန်ကို ဆောင်ရွက်ဖို့ ငါ ဒီအခွင့်အရေးကို မြတ်နိုးရမယ်။ ဒီလိုအမှားတွေကိုပဲ ငါ ပြန်လုပ်ပြီး ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေနောက် ငါလိုက်လို့မဖြစ်ဘူး။” ထို့နောက်ပိုင်း ကျွန်တော့် တာဝန်တွင်၊ ပြဿနာတစ်ခုကို ကျွန်တော် ကြုံရသည့်အခါတိုင်း၊ ထိုအရာကို ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့် ကျွန်တော် ပိုမိုဆွေးနွေးခဲ့ပြီး သူတို့၏ အကြံပြုချက်များကို ကျွန်တော် နားထောင်ပြီး လက်ခံခဲ့သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းခြင်းနှင့်ဆိုင်သော ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကျွန်တော် ထုတ်ဖော်ပြဖို့ စတင်သည့်အခါတိုင်း ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့ပြီး လူသား၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် ဆိုင်သည့် ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ဆက်နွယ်သော ဘုရားနှုတ်ကပတ်တော်များကို ကျွန်တော် ရည်ရွယ်ချက်ရှိရှိ ပိုမိုဖတ်ရှုခဲ့သည်။ ထို့နောက် ကိုယ်တော့် နှုတ်ကပတ်တော်များနှင့်အညီ ကျွန်တော် လက်တွေ့လုပ်ဆောင်ခဲ့သည်။ အချိန်ကာလတစ်ခုအကြာ ဤအရာကို တွေ့ကြုံပြီးသည့်နောက်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ကျွန်တော် အနည်းငယ် စွန့်လွှတ်နိုင်ခဲ့သည်။ သို့သော်၊ ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် ကြိုးပမ်းပြီး အခြားသူများအထက်တွင် ထင်ပေါ်ဖို့ ကြိုးစားခဲ့သည့် ကျွန်တော့်၏ ဆိုးယုတ်သော သဘာဝမှာ သိနားလည်မှု အနည်းငယ်ရှိခြင်းမျှဖြင့် အပြီးအပြတ် မပြေလည်ခဲ့ပါ။ နောက်ဆုံးတွင် ကျွန်တော် သန့်စင်ခံရပြီး မပြောင်းလဲမီတွင် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်တော် ပိုမိုကြုံဖို့ လိုအပ်ပါသေးသည်။

နောက်လအနည်းငယ်အကြာတွင်၊ ကျွန်တော့်ကို ဖော်ထုတ်ပြီး ကယ်တင်ဖို့အလို့ငှာ အခြေအနေတစ်ခုကို ဘုရားသခင် တစ်ဖန် စီစဉ်ညွှန်ကြားခဲ့ပါသည်။ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို ပိုမိုများပြားသည့် လူများက လေ့လာဆန်းစစ်ပြီး လက်ခံကြသလို၊ အသစ်သော ယုံကြည်သူများကို ရေလောင်းပြီး ထောက်ပံ့သည့် အလုပ်က ပိုမိုရှုပ်သထက်ရှုပ်လာသောကြောင့်၊ အလုပ်ကို စီမံခန့်ခွဲခြင်းအတွက် တာဝန်ယူဖို့ အဖွဲ့ခေါင်းဆောင်တစ်ဦး ကျွန်တော်တို့ ရွေးရမည်ဟု ကျွန်တော်တို့၏ အသင်းတော် ခေါင်းဆောင်က ပြောလေသည်။ ဤအရာကို ကျွန်တော်ကြားသည့်အခိုက်တွင်၊ ကျွန်တော့် စိတ်ထဲတွင် ဖြစ်နိုင်ခြေများကို စတင်ချိန်ဆခဲ့သည်။ “ဒီအဖွဲ့ထဲက ငါတို့ခုနှစ်ယောက်ထဲကနေ၊ အစ်ကို ကျန်းက အလုပ်မှာ လုပ်ဆောင်နိုင်စွမ်းအရှိဆုံး ဖြစ်နိုင်တယ်။ သူက ဖြောင့်မတ်တဲ့ အသိစိတ်တစ်ခုရှိတယ်။ သမ္မာတရားကို အတော်လေး လက်တွေ့ကျတဲ့ နည်းလမ်းနဲ့ သူ မိတ်သဟာယပြုတယ်။ ပြီးတော့ အသင်းတော်ရဲ့ အလုပ်ကို သူ တက်တက်ကြွကြွ ကာကွယ်နိုင်တယ်။ သူ အဖွဲ့ခေါင်းဆောင်အဖြစ် အရွေးခံရဖို့ အလားအလာအရှိဆုံးပဲ။” သို့သော်၊ ထို့နောက် ယခင်က ကျွန်တော် အသင်းတော်ခေါင်းဆောင်ဖြစ်ခဲ့ပုံနှင့် အစ်ကိုကျန်း လုပ်ရမည့်အရာများကို စီစဉ်ပေးသူမှာ အမြဲတမ်း ကျွန်တော်ပဲ ဖြစ်ခဲ့ပုံတို့ကို တွေးမိခဲ့သည်။ ဤတစ်ကြိမ်တွင် အဖွဲ့ခေါင်းဆောင်အဖြစ် သူ အရွေးခံရလျှင်၊ လုပ်ဖို့ သူပြောသည့်အရာကို ကျွန်တော် အမြဲလုပ်ရလိမ့်မည်ဖြစ်ပြီး ယင်းက သူ့ထက် ကျွန်တော် အဆင့်အတန်း ပိုနိမ့်သည်ကို ပြပေလိမ့်မည်။ သို့ဆိုလျှင် မည်သူကိုမဆို ကျွန်တော် နောက်တစ်ဖန် မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ ဤအရာကို ကျွန်တော် တွေးသည့်အခါ၊ ကျွန်တော် အလွန်စိတ်ပျက်သွားခဲ့သည်။ ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင် ရွေးရမည့်နေ့ ရောက်လာသည့်အခါ၊ ကျွန်တော် စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင်ဖြစ်ခဲ့ပြီး ကျွန်တော့် စိတ်က စဉ်ဆက်မပြတ် သူ့ဟာသူ တိုက်ပွဲဖြစ်နေခဲ့သည်။ မည်သူ့ကို ကျွန်တော် မဲပေးရမည်နည်း။ အစ်ကို ကျန်းကိုလား။ သို့သော် ညီအစ်ကို မောင်နှမများက သူတို့၏ အခက်အခဲများကို ဆွေးနွေးပေးဖို့ သူ့ကို အမြဲထွက်ရှာခဲ့ကြပုံကို ကျွန်တော် တွေးမိသည့်အခါ၊ ကျွန်တော် အနည်းငယ် မနာလိုမှု စတင်ခံစားခဲ့ရပြီး သူ့အတွက် ကျွန်တော် မဲမပေးလိုတော့ပါ။ မိမိကိုယ်ကိုယ်အတွက် ကျွန်တော် မဲပေးသင့်သည်လား။ သို့သော် အစ်ကို ကျန်းလောက် ကျွန်တော် မတတ်စွမ်းနိုင်သည်ကို ကျွန်တော်သိခဲ့သည်။ အကယ်၍ အခြားညီအစ်ကို မောင်နှများက ကျွန်တော့်အတွက် မဲမပေးခဲ့ကြလျှင်၊ ကျွန်တော် အဖွဲ့ခေါင်းဆောင် ဖြစ်လာနိုင်လိမ့်မည်မဟုတ်ပါ။ ထို့နောက်တွင်ပင် ကျွန်တော် အလွန်စိတ်ညိုးငယ်သွားသည်မှာ၊ ကျွန်တော့် စိတ်ထဲတွင် မလိုမုန်းထားသော အတွေး ထွက်ပေါ်လာသည်အထိ ဖြစ်သည်။ “ငါ အဖွဲ့ခေါင်းဆောင် မဖြစ်နိုင်ဘူးဆိုရင်၊ မင်းလည်း ဖြစ်မှာမဟုတ်ဘူး။” ထို့ကြောင့် ကျွန်တော်နှင့် ပုံမှန်အားဖြင့် အဆင်ပြေသော်လည်း လုပ်နိုင်ကိုင်နိုင်မှု ပိုနည်းပါးသည့် အစ်ကို ဝူအတွက် မဲပေးခြင်းဖြင့် ကျွန်တော် အဆုံးသတ်သွားခဲ့သည်။ သို့သော် နောက်ဆုံးတွင်၊ အစ်ကို ကျန်းက အဖွဲ့ခေါင်းဆောင် အဖြစ် အရွေးခံရဆဲဖြစ်ခဲ့သည်။ ဤရလဒ်ကို မြင်ရသည်မှာ ကျွန်တော် မပျော်ရွှင်ခဲ့ပါ။ သို့သော် ထို့နောက်တွင် စိုးရိမ်ပူပန်စိတ်တစ်ခုကပါလာခဲ့ပြီး လုံးဝမရိုးသားသည့် အရာတစ်ခုခုကို ကျွန်တော် လုပ်ခဲ့မိသကဲ့သို့ ခံစားခဲ့ရသည်။ ထိုနေ့ ကျွန်တော့် အိမ်အပြန်လမ်းတွင်၊ မဲပေးသည့်အတောအတွင်း ကျွန်တော် ထုတ်ဖော်ပြခဲ့သည့် အတွေးများနှင့် စိတ်ကူးများအပေါ် ကျွန်တော် ဆင်ခြင်သုံးသပ်ခဲ့သည်။ အစ်ကို ကျန်းအတွက် မဲပေးဖို့ ကျွန်တော် အဘယ်ကြောင့် လိုလားမနေခဲ့ပါသနည်း။ အစ်ကို ကျန်းက ကျွန်တော့်ထက် ပိုမြင့်သွားမည်ကို ကျွန်တော် စိုးရိမ်ခဲ့သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းခြင်း အခြေအနေတစ်ခုထဲသို့ ကျွန်တော် တစ်ဖန်ပြန်နှစ်သွားခဲ့သည် မဟုတ်ပါလား။ ကျွန်တော် အလွန် စိတ်ဖိစီးမှု ခံစားခဲ့ရသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကျွန်တော် မကြိုးပမ်းချင်ခဲ့ပါ။ ထို့ကြောင့် ဤအခြေအနေမျိုး ထွက်ပေါ်သည့်အခါတိုင်း လမ်းဟောင်းထဲသို့ ကျွန်တော် အဘယ်ကြောင့် အမြဲပြန်ကျခဲ့ရပါသနည်း။ ကျွန်တော့် စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့ပြီး ဤပြဿနာ၏ အရင်းအမြစ်ကို ကျွန်တော် ရှာတွေ့နိုင်ဖို့ရန်အလို့ငှာ ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့သည်။ အိမ်ပြန်ရောက်သည့်အချိန်တွင် ဤနှုတ်ကပတ်တော်များကို ကျွန်တော် တွေ့ခဲ့ရပါသည်။ “လူသားအား လှောင်ပိတ်၍ ထိန်းချုပ်ထားရန် စာတန်သည် မည်သည်ကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) ဤသို့ဆိုလျှင် လူတို့အား ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည်အထိဖြစ်အောင်၊ ၎င်းတို့၏အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှားကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အရှက်ရခြင်းများကို သည်းညည်းခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ၎င်းတို့တွင်ရှိသည့်အရာတိုင်းကို ပေးဆပ်ကြသကဲ့သို့၊ ယင်းအရာတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤသို့သောနည်းလမ်းဖြင့် စာတန်သည် လူသားအား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်လေသည်။ ဤအချုပ်အနှောင်တို့သည် လူတို့အပေါ် လွှမ်းမိုးလျက်ရှိကာ၊ လူတို့သည် ဤအရာတို့ကို လွှင့်ပစ်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ထို့ကြောင့် လူတို့သည် ဤအချုပ်အနှောင်တို့အားအမှုမဲ့အမှတ်မဲ့စွာ သယ်ဆောင်ကြလျက်၊ ကြီးစွာသောအခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကန် ကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်သကဲ့သို့၊ ၎င်းတို့သည် ပို၍ ပို၍ပင် ကောက်ကျစ်လာကြသည်။ ထို့ကြောင့် ဤနည်းလမ်းဖြင့် မျိုးဆက်တို့တစ်ခုပြီးတစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်းအောက်တွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခုတွင် ကြည့်သည့်အခါ၊ ၎င်း၏ မကောင်းသောစေ့ဆော်မှုတို့သည် စက်ဆုပ်စရာမကောင်းပေသလော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် ဘဝဟူသည် မရှိဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ မကောင်းသောစေ့ဆော်မှုတို့ကို သင်တို့သည် ယနေ့တွင် မြင်နိုင်ကြဦးမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။ သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်းဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ်ကောင်းသော အချုပ်အနှောင်များဖြစ်သည်ဆိုသည်ကို သင်တို့အားလုံးသည် တဖြည်းဖြည်းဖြင့် တစ်နေ့တွင် သိမြင်လာကြလိမ့်မည်။ သင်သည် ဤအရာကို သိမြင်လာသည့်နေ့အထိ သင်သည် စာတန်၏ ထိန်းချုပ်မှုကို အလုံးစုံ ခုခံရမည်ဖြစ်သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ထားသော အချုပ်အနှောင်များကိုလည်း အလုံးစုံ ခုခံရလိမ့်မည်။ စာတန်က သင့်ထံတွင် သွတ်သွင်းထားသော အရာအားလုံးကို သင့်အနေဖြင့် လွှင့်ပစ်ချင်သည့်အချိန် ရောက်လာသောအခါ၌၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ပို့ဆောင်ထားသောအရာအားလုံးကိုလည်း အမှန်တကယ် ရွံရှာမုန်းတီးလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင်မှ သင်သည် ဘုရားသခင်အတွက် စစ်မှန်သည့်ချစ်ခြင်းနှင့် တောင့်တခြင်း ရှိလာလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)”)

ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသော လူတစ်ဦးသည် မည်သို့သော အပြုအမူမျိုး ပြသလိမ့်မည်နည်း။ (သူတို့နှစ်သက်သည့်အရာတိုင်းကို သူတို့ လုပ်ကြလိမ့်မည်မဟုတ်ပါ၊ သို့မဟုတ် လက်လွတ်စပယ် ပြုမူကြလိမ့်မည်မဟုတ်ပါ။) သို့ဆိုလျှင် သူတို့ နှစ်သက်သလို မပြူမူဖို့ရန် တစ်စုံတစ်ဦးသည် မည်သည့်အရာကို လုပ်ဆောင်သင့်ပါသနည်း။ (ရှာဖွေသည့် နှလုံးသားတစ်ခု ရှိပါ။) လူအချို့က မိမိတို့၏ တွေးတောမှု မှားယွင်းသည်ဟု ခံစားနိုင်သည်၊ သို့သော် သူတို့သည်၊ ‘သူ့ထက် ငါ ပုံမန်အားဖြင့် ပိုကောင်းပါတယ်။ အခု သူ့ရဲ့ အကြံပြုချက်ကို ငါနားထောင်ရင်၊ သူက ငါ့ထက် ပိုသာသလို ထင်ရလိမ့်မယ်။ မဖြစ်ဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သူပြောတာကို ငါ နားမထောင်နိုင်ဘူး။ ငါ ကြိုက်သလို ငါလုပ်မယ်’ ဟု တွေးရင်း အခြားသူများ၏ မှန်ကန်သော အကြုံပြုချက်များကို နားထောင်ရန် မလိုလားသလိုလည်း ခံစားရသည်။ ထို့နောက် အခြားလူကို ချန်လှပ်ရန် အကြောင်းပြချက်နှင့် ဆင်ခြေတစ်ခုကို သူတို့ ရှာကြသည်။ မိမိတို့ထက် ပိုတော်သည့် တစ်စုံတစ်ဦးကို သူတို့တွေ့လျှင်၊ ၎င်းတို့ကို သူတို့ ဖိနှိပ်ကြသည်၊ ၎င်းတို့အကြောင်း ကောလဟလတစ်ခုကို စတင်ကြသည်၊ သို့မဟုတ် အခြားလူတို့က ထိုသူတို့အပေါ် အထင်မကြီးကြစေဖို့နှင့် မည်သူမျှ အခြားတစ်ဦးတစ်ယောက်မျှထက် မတော်ဖို့ရန်အလို့ငှာ မသမာသော နည်းလမ်းအချို့ကို အသုံးပြုကြသည်၊ သို့ဆိုလျှင် ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ခြင်းအပြင်၊ ကောက်ကျစ်ခြင်း၊ လှည့်ဖြားတတ်ခြင်းနှင့် အန္တရာယ်များခြင်းတို့နှင့်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်ပြီး၊ ဤလူများသည် မိမိတို့၏ ရည်မှန်းချက်များ မရမချင်း မရပ်တန့်ကြပေ။ ဤသို့ သူတို့ အသက်ရှင်ကြသော်လည်း သူတို့သည် ကြီးမြတ်ပြီး ကောင်းမြတ်သည့်လူများဖြစ်သည်ဟု ထင်မှတ်ကြသေး၏။ သို့သော် သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားများ ရှိကြပါသလော။ ပထမဦးစွာ၊ ဤကိစ္စရပ်များ၏ သဘောသဘာဝများနှင့်ဆိုင်သည့် ရှုထောင့်အမြင်မှနေ၍ ပြောရ လျှင်၊ ဤနည်းဖြင့် ပြုမူသည့် လူများသည် မိမိတို့ နှစ်သက်သည်အတိုင်း လုပ်ဆောင်နေကြခြင်းသက်သက် မဟုတ်လော။ ဘုရားသခင့် မိသားစု၏ အကျိုးများကို ၎င်းတို့ စဉ်းစားကြပါသလော။ ဘုရားသခင်၏ မိသားစု၏အမှုတော်က ဆုံးရှုံးမှု ခံစားရပါစေ၊ မိမိတို့၏ ခံစားချက်များကိုသာ ၎င်းတို့ စဉ်းစားကြပြီး မိမိတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကိုသာ ရရှိလိုကြသည်။ ဤသို့သော လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ကြရုံသာမက၊ တစ်ကိုယ်ကောင်းဆန်ကြပြီး စက်ဆုပ်စရာလည်း ဖြစ်ကြ၏၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ၎င်းတို့ လုံးဝအရေးမထားကြသလို၊ ဤကဲ့သို့သော လူတို့သည် ဧကန်မုချ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မပိုင်ဆိုင်ကြပေ။ ဤသည်မှာ အပြစ်ကိုသိခြင်း မရှိဘဲ၊ စိုးရိမ်ပူပင်ခြင်းတစ်ခုတစ်လေ မရှိဘဲ၊ စိုးရိမ်ကြောင့်ကြမှု သို့မဟုတ် ပူပန်မှု မရှိသလို အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ သူတို့လုပ်ချင်သည့်အရာတိုင်းကို လုပ်ဆောင်ပြီး လက်လွတ်စပယ် ပြုမူကြသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်ကို သူတို့ မကြောက်ပါ၊ မိမိတို့ကိုယ်ကိုယ် အရေးပါဆုံးအဖြစ် ယုံကြည်ကြပြီး၊ မိမိတို့ကိုယ်ကိုယ်၏ လက္ခဏာသွင်ပြင်တိုင်းကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင်၊ ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဆုံးဖြစ်ပြီး အရေးမပါဆုံးဖြစ်ကာ၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်ခုတစ်လေမျှ မရှိပါ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”)

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ချင့်ချိန်စဉ်းစားသည့်အခါ၊ ရွေးကောက်ပွဲ မဲပေးရာတွင် ကျွန်တော်တွေးခဲ့ပြီး လုပ်ခဲ့သည့် အရာရာတိုင်းကို ကျွန်တော် ပြန်တွေးမိခဲ့သည်။ စကားလုံးများဖြင့် ပြောပြ၍မရနိုင်အောင် ကျွန်တော် ရှက်ရွံ့ခဲ့မိသည်။ ကျွန်တော် အမြဲရှာဖွေလိုက်စားခဲ့သည့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့မှာ အမှန်တကယ်တွင် ကျွန်တော်တို့ကို ချည်နှောင်ဖို့ စာတန်အသုံးပြုသည့် မမြင်နိုင်သော အချုပ်အနှောင်များဖြစ်ပြီး ကျွန်တော်တို့ကို စာတန် လှည့်ဖြားပြီး ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းတစ်ခု ဖြစ်ခဲ့သည်ကို ကျွန်တော် နားလည်ခဲ့ရသည်။ “ငန်းတစ်ကောင်သည် ၎င်း ပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏။” “လူတို့သည် ၎င်းတို့နှင့်တစ်ခေတ်တည်း မွေးသူများထက် ပိုမိုသာလွန်ရန် အစဉ်ကြိုးစားသင့်သည်” “ဆင်းရဲဒုက္ခ ခံလေလေ၊ ပိုပြီးအောင်မြင်လေလေ ဖြစ်မည်” နှင့် “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်- ရေသည်နိမ့်ရာသို့ စီးဆင်း၏” ကဲ့သို့သော စာတန်၏ စိတ်ကူးများနှင့် အမြင်များကို ကျွန်တော့်ဘဝ၏ နဂိုမှန်အဆိုများနှင့် မှန်ကန်သော ဆိုရိုးစကားများကဲ့သို့ ကျွန်တော် ယူမှတ်ခဲ့သည့် ဘုရားသခင်ကို ကျွန်တော် မယုံကြည်ခင်ကအချိန်ကို ကျွန်တော် ပြန်တွေးမိခဲ့သည်။ ကျွန်တော် ဤဆိုးယုတ်သော စိတ်ကူများကို လက်ခံခဲ့ပြီး အာဏာနှင့် အဆင့်အတန်းတို့ကို စွဲမက်လာခဲ့သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရှာဖွေလိုက်စားခြင်းနှင့် အခြားသူများအထက်တွင် ထင်ပေါ်ဖို့တို့ကို ဘဝတွင် ကျွန်တော့်၏ ရည်မှန်းချက်များအဖြစ် ခံယူခဲ့ပြီး ၎င်းတို့အတွက် ကျွန်တော် ရုန်းကန်ပြီး တိုက်ခိုက်ခဲ့သည်။ မိမိကိုယ်ကိုယ်အတွက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ကျွန်တော် ရရှိနိုင်သရွေ့၊ မည်သည့် ဆင်းရဲဒုက္ခနှင့် ခြေကုန်လက်ပန်းကျခြင်း ပမာဏကိုမဆို ကျွန်တော် ကြံ့ကြံ့ခံခဲ့သည်။ ဘုရားသခင်ကို ကျွန်တော် စတင် ယုံကြည်ပြီးသည့်နောက်တွင်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့နှင့်ဆိုင်သော ကျွန်တော့်၏ ရှာဖွေလိုက်စားခြင်းတွင် စာတန်၏ ဤအဆိပ်များဖြင့် ကျွန်တော် ဆက်လက်အသက်ရှင်ခဲ့ပြီး အခြားလူများအထက်တွင် ထင်ပေါ်ဖို့ ကျွန်တော် ကြိုးစားခဲ့သည်။ ဤအရာများသည် အချိန်ကြာမြင့်ကတည်းက ကျွန်တော့် ဘဝဖြစ်လာခဲ့ပြီး၊ ၎င်းတို့က ကျွန်တော့်ကို ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းမှ ကိုယ့်ကိုယ်ကိုယ် မရပ်တန့်နိုင်အောင် ဖြစ်စေခဲ့သည်။ အစ်ကို ကျန်းက အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အသင်းတော်ကို အကျိုးပြုလိမ့်မည်ကို ကျွန်တော် လုံးဝ ကောင်းကောင်းသိခဲ့ပါသည်။ သို့သော် သူ အလွန်စွမ်းဆောင်နိုင်ခြင်းကို ကျွန်တော် မနာလိုဖြစ်ခဲ့ပြီး ကျော်ဖြတ်ခံရမည်ကို ကျွန်တော် စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော့် ရာထူးနှင့် သိက္ခာကို ထိန်းသိမ်းဖို့ရန်အလို့ငှာ၊ အစ်ကို ကျန်းအတွက် မဲပေးဖို့ထက် မသင့်တော်သူတစ်ဦးဦးကို အဖွဲ့ခေါင်းဆောင် ရာထူး ရရှိစေပြီး အသင်းတော်၏ အလုပ် အထိအခိုက်ခံမည်ဟု ကျွန်တော် ဆုံးဖြတ်ခဲ့သည်။ ကျွန်တော့် လုပ်ရပ်များတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံဖို့ ကျွန်တော် ငြင်းပယ်နေခဲ့ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း အနည်းငယ်မျှ ကျွန်တော် မရှိသလို ပြဿနာတစ်ခုကို ကျွန်တော် ကြုံရသည့်အခါတိုင်း ကျွန်တော့်၏ ကိုယ်ပိုင် သိက္ခာနှင့် ရာထူးတို့ကိုသာ အမြဲစဉ်းစားခဲ့ပြီး အသင်းတော်၏ အလုပ်ကို တကယ်ကို မထိန်းသိမ်းခဲ့သည်ကို ကျွန်တော် မြင်ခဲ့ရသည်။ သို့ဆိုလျှင် ထိုသို့သော တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာ

အပြုအမူက ဘုရားသခင်မှ စက်ဆုပ်ရွံရှာပြီး ကျွန်တော့်ကို မုန်းတီးခြင်း မဖြစ်စေဘဲ မည်သို့ နေနိုင်မည်နည်း။ “ဒုစရိုက်အပြစ်များက လူကိုငရဲသို့ ပို့ဆောင်လိမ့်မည်” ဟု ပြောသည့် ဘုရားနှုတ်ကပတ်တော်များကို ကျွန်တော် တွေးမိခဲ့ပြီး အလွန်အန္တရာယ်များသည့် အခြေအနေတစ်ခုတွင် ကျွန်တော် ရှိသည်ဟု ခံစားခဲ့ရသည်။ ဤသို့ ကျွန်တော် ဆက်လုပ်မည်ဆိုလျှင် ကျွန်တော်သည် ဘုရားသခင် စက်ဆုပ်၊ ငြင်းပယ်ပြီး သုတ်သင်ဖယ်ရှားသည့် သူတစ်ဦး ဖြစ်လာလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင်ပင်၊ သခင်ယေရှုကို ဆန့်ကျင်ခဲ့သည့် ဖာရိရှဲများကို ကျွန်တော် တွေးမိခဲ့သည်။ ဗိမာန်တော်ထဲက သူတို့၏ ရာထူးများနှင့် အာဏာများကို ကာကွယ်ဖို့ရန်အလို့ငှာ သခင်ယေရှု၏ ပေါ်ထွန်းခြင်း သို့မဟုတ် သူ ဖော်ပြသည့် သမ္မာတရားများကို လုံးဝ သူတို့ မရှာဖွေခဲ့ကြပါ။ ယင်းအစား သခင်ယေရှုကို အာခံပြီး ရှုတ်ချရာတွင်သာ မရမကလုပ်ဆောင်ခဲ့ကြသည်မှာ ကားတိုင်ပေါ် သူ့ကို ကားစင်တင်ခဲ့ကြသည်အထိ ဖြစ်ပြီး ထိုသို့ဖြင့် ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို သူတို့ ခံစားခဲ့ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ သမ္မာတရားကို ရှာဖွေဖို့နှင့် သမ္မာတရားထဲ ဝင်ရောက်ဖို့ အရေးမစိုက်ဘဲ၊ ယင်းအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုသာ အဆက်မပြတ် ရှာဖွေလိုက်စားလျှင် ဘုရားသခင်ကို အာခံရာတွင် ဖာရိရှဲတို့၏ လမ်းကြောင်းကို လိုက်လျှောက်နေခြင်း ဖြစ်သည်ကို ယခု ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ရလေသည်။ ဤအရာများကို ကျွန်တော် စဉ်းစားရင်းဖြင့်၊ မှားယွင်းသော လမ်း လိုက်လျှောက်ခြင်းကို ကျွန်တော် မကြောက်ပဲမနေနိုင်အောင်ဖြစ်ခဲ့ပြီး ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့၏ ချည်နှောင်မှုများနှင့် အန္တရာယ်မှ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေဖို့၊ သမ္မာတရားကို ရှာဖွေလိုက်စားခြင်းနှင့် ကျွန်တော့် တာဝန်ကို သစ္စာရှိရှိ ဆောင်ရွက်ခြင်း လမ်းကြောင်းကို လိုက်လျှောက်ပြီး ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိဖို့ ကျွန်တော် မဆိုင်းမတွဆုံးဖြတ်ခဲ့ပါသည်။

နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထံ ကျွန်တော် ပြန်လှည့်ပြီး ဖတ်ရှုခဲ့ပါသည်။ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များ၌ ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ သင်၏စိတ်နှလုံးသည် အမှန်ပြုပြင်ခြင်းခံရ၏။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသလော။ ဤကဲ့သို့သောလူများမှာ ဘုရားသခင်ကိုကြောက်ရွံသော စိတ်နှလုံးမရှိသောသူများဖြစ်ကြသည်။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ သင်၏အဆင့်အတန်း၊ မျက်နှာ သို့မဟုတ် ဂုဏ်သတင်းကို ထည့်သွင်းစဉ်းစားခြင်းမပြုနှင့်။ သင်သည် ဘုရားသခင်၏အိမ်တော်၏အကျိုးများကို ပထမဦးစွာစဉ်းစားပြီး ၎င်းကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်သည်၊ ဘုရားသခင်၏အိမ်တော်၏အလုပ်ကို သင် စဉ်းစားနေခြင်း ရှိမရှိနှင့် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ခဲ့ခြင်း ရှိမရှိ ဆင်ခြင်သင့်သည်။ သင်သည် ဘုရားသခင်၏အိမ်တော်၏အလုပ်ကို သင်၏စိတ်နှလုံးထဲ၌ အစဉ်ထည့်သွင်းစဉ်းစားပြီး သင်၏ညီအစ်ကိုမောင်နှမများ၏ အသက်တာဝင်ရောက်မှုအကြောင်း စဉ်းစားနေပါက၊ သင်၏တာဝန်ကို သင်ကောင်းစွာထမ်းဆောင်နိုင်လိမ့်မည်။...ထို့အပြင်၊ သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်လျှင်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်လျှင်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်လျှင်၊ သင်၏ ကိုယ်ပိုင် အကြံများနှင့် ရည်ရွယ်ချက်များကို ဘေးဖယ်ထားနိုင်လျှင်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်နှင့် သူ၏အိမ်တော်တို့၏ အကျိုးများကို ဦးစားပေးနိုင်လျှင်၊ ဤအတွေ့အကြုံမျိုး တစ်ခဏကြာပြီးနောက်တွင်၊ ဤသည်မှာ အသက်ရှင်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်- ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စိတ်သဘောထားကျဉ်းမြောင်းခြင်း သို့မဟုတ် ခက်ထန်ခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင့်စိတ်နှလုံးအတွင်းရှိ သင်၏ ကိုယ်ပိုင်အကျိုးများကို ဖြည့်ဆည်းလိုသည့် စိတ်ဆန္ဒသည် လျော့နည်းသွားလိမ့်မည်ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သောစိတ်နှလုံးကို ဘုရားသခင်ထံလှည့်ပြီးသည့်အခါမှ သမ္မာတရားကို သင်ရနိုင်မည်”) ဤနှုတ်ကပတ်တော်များက လူသားတစ်ဦးဖြစ်ဖို့ ကျွန်တော် ရှိသင့်သည့် ရည်မှန်းချက်များနှင့် ကျွန်တော် လျှောက်လှမ်းသင့်သည့် ဦးတည်ချက်ကို ပြသခဲ့သည်။ ကျွန်တော့် စိတ်နှလုံးက သိမြင်မှုနှင့် ပြည့်ခဲ့ပြီးနောက်၊ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ကျွန်တော် သိခဲ့သည်။ နောက်ပိုင်းတွင်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် ကြိုးပမ်းခြင်း အခြေအနေတစ်ခုတွင် ကျွန်တော် မည်သို့ စဉ်ဆက်မပြတ် အသက်ရှင်နေခဲ့သည့်အကြောင်းနှင့် သူ့ကို ကျွန်တော် မည်သို့ မနာလိုဖြစ်ခဲ့သည့်အကြောင်းကို အစ်ကို ကျန်းထံ ကျွန်တော် ဦးစွာ ဖွင့်ဟခဲ့သည်။ မဲပေးသည့်အတောအတွင်း ကျွန်တော့်၏ စက်ဆုပ်ဖွယ်ရာ ရည်ရွယ်ချက်ကိုလည်း ကျွန်တော် ဖွင့်ဟခဲ့သည်။ ကျွန်တော့်စကားကို နားထောင်ပြီးသည့်နောက်၊ သူ ကျွန်တော့်ကို အထင်မသေးခဲ့ဘဲ၊ ယင်းအစား ကျွန်တော့် အခြေအနေနှင့် ပတ်သက်သည့် သမ္မာတရားများအပေါ် မိတ်သဟာယ ပြုပေးခဲ့ပြီး သူလည်း ကျွန်တော့်ကို ဖွင့်ဟခဲ့ကာ သူ၏ အတွေ့အကြုံများနှင့် သိနားလည်မှုအကြောင်း ကျွန်တော့်ကို ဆွေးနွေးခဲ့ပါသည်။ ဤမိတ်သဟာယပြီးသည့်နောက်၊ ကျွန်တော်တို့ကြားရှိ မည်သည့် ဝေးကွာမှုမဆို ကုန်ဆုံးသွားခဲ့ပြီး အလွန်အမင်း လွတ်မြောက်မှုနှင့် ငြိမ်းအေးခြင်း ခံစားမှုတစ်ခု ကျွန်တော် ခံစားခဲ့ရသည်။ နောက်ပိုင်းတွင်၊ ကျွန်တော့်တာဝန်၌ အခက်အခဲတစ်ခု ရှိသည့်အခါတိုင်း၊ သို့မဟုတ် ကျွန်တော် နားမလည်သည့် ပြဿနာတစ်ခုကို အမှတ်မထင် တွေ့ရသည့်အခါတိုင်းတွင်၊ အစ်ကိုကျန်းနှင့်အတူ ကျွန်တော် တက်တက်ကြွကြွ အမြဲရှာဖွေခဲ့ပြီး အဖြေတစ်ခု ရှာတွေ့သည်အထိ သူက ကျွန်တော်နှင့်အတူ စိတ်ရှည်စွာ အမြဲမိတ်သဟာယပြုခဲ့သည်။ ဤနည်းဖြင့် ဘုရားနှုတ်ကပတ်တော်များ လက်တွေ့လုပ်ဆောင်ခြင်းကို ကျွန်တော် ကျင့်သုံးလေလေ၊ ဘုရားသခင်နှင့် ကျွန်တော့် ဆက်နွယ်မှု၊ အခြားညီအစ်ကို မောင်နှမများနှင့် ကျွန်တော်၏ ဆက်နွယ်မှု ပိုမိုနီးစပ်လာသည်ဟု ကျွန်တော်ခံစားရလေလေဖြစ်ပြီး ကျွန်တော့်တာဝန်တွင် ကျွန်တော် ရရှိခဲ့သည့် ရလဒ်များကလည်း ပိုကောင်းသထက် ကောင်းလာခဲ့သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်ခြင်း၊ ဘုရားသခင်ထံ လှည့်ပြန်ခြင်းနှင့် မိမိ၏ တာဝန်ကို ဖြည့်ဆည်းခြင်းအားဖြင့်၊ ဘုရားသခင်၏ ကောင်းကြီးပေးခြင်းကို ခံစားရပြီး မိမိ၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ငြိမ်းအေးခြင်း ခံစားမှုတစ်ခုဖြင့် တရားမျှတပြီး ဂုဏ်သရေရှိသော အသက်တာတစ်ခုကို အသက်ရှင်နိုင်သလို ဘုရားသခင်နှင့် မိမိ၏ ဆက်နွယ်မှု ပိုနီးသထက် နီးစပ်လာလိမ့်မည်ဖြစ်သည်ကို ကျွန်တော် အမှန်တကယ် အသိအမှတ်ပြုလာခဲ့ပါသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် နှစ်ပတ်လည် အသင်းတော် ရွေးကောက်ပွဲများ ပြန်စတင်ခဲ့ပြီး ကျွန်တော်သည် အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ သင့်တော်သူတစ်ဦးအဖြစ် အဆိုပြုခံခဲ့ရသည်။ ဤသတင်းကို ကျွန်တော် ကြားသည့်အခါ၊ တစ်ချိန်ကလောက် ကျွန်တော် စိတ်လှုပ်ရှားမှု မခံစားခဲ့ဘဲ၊ ယင်းအစား ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံဖို့အလို့ငှာ ကျွန်တော့် စိတ်အခြေအနေကို ကျွန်တော် ပြင်ခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမှာ အသင်းတော်ခေါင်းဆောင်တစ်ဦး ကျွန်တော် ဖြစ်နိုင်ဖို့ မဟုတ်ဘဲ၊ ယင်းထက် ဤလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် ကျွန်တော့်၏ တာဝန်ကို ဖြည့်ဆည်းဖို့ရန်၊ သမ္မာတရားကို ရှာဖွေဖို့ သင်ယူရန်နှင့် ခေါင်းဆောင်များကို ရွေးချယ်ခြင်းနှင့်ပတ်သက်သည့် အသင်းတော်၏ စည်းမျဉ်းများနှင့်အညီ ခေါင်းဆောင်ဖြစ်ရန် မှန်ကန်သော လူကို ရွေးချယ်ဖို့ ဖြစ်ခဲ့သည်။ ခေါင်းဆောင်အဖြစ် ကျွန်တော် အရွေးခံရလျှင်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ အဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် ကျွန်တော့်တာဝန်ကို စစ်မှန်ပြီး စနစ်ကျသော ပုံစံဖြင့် ဆောင်ရွက်ရန်သာ ဆန္ဒရှိခဲ့သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် ကြိုးပမ်းပြီး ဘုရားသခင်ကို ဝမ်းနည်းကြေကွဲစေလျက်၊တစ်ချိန်က ကျွန်တော် ဖြစ်ခဲ့သကဲ့သို့ဖြစ်ဖို့ရန် ကျွန်တော် ဆန္ဒမရှိခဲ့ပါ။ ကျွန်တော် အရွေးမခံရလျှင်၊ ဘုရားသခင်ကို ကျွန်တော် အပြစ်တင်မည်မဟုတ်ဘဲ၊ ဘုရားသခင်နှင့် ဆက်လက် ပူးပေါင်းလုပ်ဆောင်ကာ ကျွန်တော့် အရည်အချင်း အကောင်းဆုံးဖြင့် ကျွန်တော့် တာဝန်ကို ဆောင်ရွက်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် စီမံမှုများကို နာခံပါမည်။ ကျွန်တော်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းများထဲမှ တစ်ဦးဖြစ်ပြီး ကျွန်တော့်ကို ပေးထားသည့် မည်သည့်တာဝန်ကိုမဆို ဆောင်ရွက်ဖို့ရန်မှာ ကျွန်တော့် တာဝန်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ကျွန်တော့် စိတ်နှလုံးနှင့် ခွန်အားရှိသမျှတို့ဖြင့် ကျွန်တော် အမြဲလုပ်ဆောင်သင့်ပါသည်။မဲများကို ရေတွက်ပြီး ရလဒ်များကို ကြေငြာသည့်အချိန်တွင်၊ အသင်းတော် ခေါင်းဆောင်ဖြစ်ဖို့ ကျွန်တော် အရွေးခံခဲ့ရသည်ကို တွေ့ရှိရသည်။ သို့သော် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း ကျေနပ်အားရမှု မဖြစ်မိခဲ့ပါ။ ပြီးလျှင် ကိုယ့်ကိုယ်ကိုယ် အလွန်ကောင်းသည် သို့မဟုတ် အခြားသော ညီအစ်ကို မောင်နှမများထက် ပိုတော်သည်ဟု ကျွန်တော် မခံစားရတော့ပါ။ ဆန့်ကျင်ဖက်အနေဖြင့်၊ ဤအရာက စေခိုင်းချက်တစ်ခုနှင့် တာဝန်တစ်ခုဖြစ်သကဲ့သို့ ကျွန်တော် ခံစားခဲ့ရပြီး၊ ဘုရားသခင်က သူ၏ မျှော်လင့်ချက်များကို ကျွန်တော့်ပုခုံးပေါ် ထားနေသကဲ့သို့ ကျွန်တော် ခံစားခဲ့ရသည်။ သမ္မာတရားကို ဝီရိယရှိရှိ ကျွန်တော် ရှာဖွေလိုက်စားရမည်ဖြစ်ပြီး ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ကာ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်တော့် တာဝန်ကို ဖြည့်ဆည်းရမည်ဖြစ်ပြီး ကိုယ်တော် ကျွန်တော့်ကို ပေးနေခဲ့သည့် ချစ်ခြင်းမေတ္တာ၊ ကယ်တင်ခြင်းတို့နှင့် လျော်ညီအောင်နေဖို့ သေချာပြုလုပ်ရမည်ကို ကျွန်တော် သိခဲ့ပါသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “သူ့အသက်တာတွင် လူသည် သန့်ရှင်းခြင်းသို့ ရောက်လိုပြီး သူ၏ စိတ်သဘောထား အပြောင်းအလဲများကို ရရှိလိုသည့်အပြင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် ရှင်သန်လိုကာ လူသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ကျေပွန်လိုလျှင်၊ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်သည်။ ဘုရားသခင်၏ စည်းမျဉ်းစည်းကမ်းများနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများတို့ကို သူ့ထံမှ မခွာစေရပါ။ သို့နှင့် သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် သြဇာလွှမ်းမိုးခြင်းတို့မှ သူ့ကိုယ်သူ လွတ်အောင်ရုန်းနိုင်ပြီး ဘုရားသခင်၏ အလင်းအောက်တွင် နေထိုင်နိုင်ပေမည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ကြောင်း၊ လူ၏ ကယ်တင်ခြင်းအလင်းဖြစ်ကြောင်းနှင့် လူအတွက် ထို့ထက်သာသော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် အကာအကွယ်မရှိတော့ကြောင်းကို သိနားလည်ပါ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း”)

ကျွန်တော့်၏ လက်တွေ့ကျသော အတွေ့အကြုံမှတဆင့်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှာ ကျွန်တော်တို့ကို ကယ်တင်ပေးသည့် အလင်းဖြစ်ပြီး၊ ဘုရားသခင်၏ အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာဖြစ်သည်ကို ကျွန်တော် အမှန်တကယ် အသိအမှတ်ပြုမိလာခဲ့ပါသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့က ကျွန်တော့်ကို ဖြစ်နေစေခဲ့သည့် အန္တရာယ်ကို ကျွန်တော့်ကို မြင်နိုင်စေခဲ့ပြီး သမ္မာတရားကို ရှာဖွေလိုက်စားဖို့ ကျွန်တော့် သတ္တိနှင့် ဆုံးဖြတ်ချက်တို့ကို နိုးကြွစေခဲ့သည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ခြင်းနှင့် ပဲ့ပြင်ခြင်းတို့ ဖြစ်ပါသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ကျွန်တော် လက်လွှတ်လိုက်သည့်အခါ၊ ကျွန်တော့် စွန့်လွှတ်ခဲ့သည်မှာ အဆင့်အတန်းသာမဟုတ်ဘဲ၊ ယင်းထက် ကျွန်တော့်ကို ချည်နှောင်ခဲ့သည့် စာတန်၏ အချုပ်အနှောင်များဖြစ်သကဲ့သို့ ကျွန်တော် ခံစားခဲ့ရသည်။ ပြီးလျှင် ကျွန်တော့် စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာတွင် တစ်ခါမှ မကြုံဖူးသည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ခံစားမှုတစ်ခု နှင့် ပေါ့ပါးခြင်း နှင့် လွတ်မြောက်ခြင်း ခံစားချက်တစ်ခုကို ကျွန်တော် ခံစားလာခဲ့ရသည်။ ယခုပင်လျှင်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းခြင်းတည်းဟူသော ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကျွန်တော် ထုတ်ဖော်ပြနိုင်ဆဲဖြစ်သော်လည်း၊ ထိုအရာအားဖြင့် ကျွန်တော် ထိန်းချုပ်မခံရတော့သလို အချည်အနှောင်လည်း မခံရတော့ပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို စွန့်ပစ်နိုင်ပြီး သမ္မာတရားကို ပိုမိုလက်တွေ့လုပ်ဆောင်လေလေ၊ လူသားတစ်ဦး၏ ပုံသဏ္ဍာန်ကို ပိုမို အသက်ရှင်နေထိုင်နိုင်လေလေဖြစ်ပြီး ဘုရားသခင်၏ ကောင်းကြီးပေးခြင်း ခံရနိုင်သည်ကို ကျွန်တော့် အတွေ့အကြုံများမှတဆင့် ကျွန်တော် သင်ယူခဲ့ရပါသည်။ ကျွန်တော့်အပေါ် ဘုရားသခင်ပြုသည့် အသေးအမွှားကိစ္စတိုင်းသည် အပင်ပန်းခံသော အဖိုးအခတစ်ခုကို ဘုရားသခင် ပေးနေခဲ့ခြင်း ဖြစ်သည်ကို ကျွန်တော် အမှန်တကယ် ခံစားလာရသည်။ ကျွန်တော့်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းမှာ အလွန် လက်တွေ့ကျပြီး၊ သူ၏ ချစ်ခြင်းမေတ္တာမှာ အလွန်ကြီးမြတ်ကာ စစ်မှန်ပါသည်။ ဤနေ့မှစ၍၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ပို၍ပင် တွေ့ကြုံဖို့ ၊ ကျွန်တော့်၏ ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ကျွန်တော် ဖြစ်နိုင်သမျှ မြန်မြန်စွန့်ပစ်နိုင်ဖို့အလို့ငှာ သမ္မာတရားကို ရှာဖွေလိုက်စားဖို့နှင့် ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်မှု ဆောင်ကျဉ်းဖို့အတွက် စစ်မှန်သည့် လူသားပုံသဏ္ဍာန်တစ်ခုကို အသက်ရှင်နေထိုင်ဖို့ ကျွန်တော် ဆန္ဒရှိပါသည်။ ကျွန်တော့်ကို ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

ယခင်က:တရားစီရင်ခြင်းသည်အလင်းဖြစ်သည်။

နောက်တစ်ခုသို့:နာခံခြင်း သင်ခန်းစာ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ